Skip to main content

ယောဂိပါရဂူကျမ်း

ယောဂိပါရဂူကျမ်း

▬ஜ۩۞۩ஜ▬

မာတိကာ

၁။ ပဏာမ
၂။ သတိပဋ္ဌာန်၏ နိဒါန်းကို ပြခြင်း
၃။ လောကီမဂ္ဂင် လောကုတ္တရာမဂ္ဂင်ကို ပြုခြင်း
၄။ မဂ္ဂင်ရှစ်ပါးကို ဘုံသုံးဆင့်စပ်၍ ခန္ဓာသုံးပါးဖွဲ့ခြင်း
၅။ သာသနာတွင်း သာသနာပ ပုဂ္ဂိုလ်ကို ပြခြင်း
၆။ မဂ္ဂင်ရှစ်ပါး၏ ခန္ဓပဟာန်ကိုပြခြင်း
၇။ သီလခံယူနိုင်ခြင်း အကျဉ်းစကား
၈။ ကမ္မဋ္ဌာန်းစီးဖြန်းသောသူတို့ မဂ်ကိုရနိုင်ခြင်း
၉။ ကမ္မဋ္ဌာန်းယူရန် ဆရာ ၆-ယောက်ကို ပြခြင်း
၁၀။ ပလိဗောဓ ပယ်ဖြတ်ခြင်း
၁၁။ သဗ္ဗတ္ထက ကမ္မဋ္ဌာန်း စီးဖြန်းရန်
၁၂။ ပါရိဟာရိယကမ္မဋ္ဌာန်းကို စီးဖြန်းရန် ပထမနည်းကို ပြခြင်း
၁၃။ ပါရိဟာရိယကမ္မဋ္ဌာန်းကို စီးဖြန်းရန် ဒုတိယနည်းကို ပြုခြင်း
၁၄။ ပါရိဟာရိယကမ္မဋ္ဌာန်းကို စီးဖြန်းရန် တတိယနည်းကို ပြခြင်း
၁၅။ ပါရိဟာရိယကမ္မဋ္ဌာန်းကို စီးဖြန်းရန် စတုတ္ထနည်းကို ပြခြင်း
၁၆။ ကမ္မဋ္ဌာန်းတို့၏ ပဂုဏဂုဏ်ကို ပြုခြင်း
၁၇။ သမထမှ ဝိပသာနာကို ကူးနိုင်ခြင်း
၁၈။ ဥပစာမှ ဝိပသနာကို ကူးနိုင်ခြင်း
၁၉။ ယခုအခါ အရိယာ ဖြစ်ထိုက်ကြောင်း
၂၀။ ဓမ္မတာနည်းဖြင့် ရူပပရိဂ္ဂဟကို ပြုခြင်း
၂၁။ ပစ္စက္ခဉာဏ် အနုလောမဉာဏ်ကို ပြခြင်း
၂၂။ ရုပ်နာမ်တို့၏ပျက်ခြင်း အာကာရကို ပြခြင်း
၂၃။ ရုပ်ခန္ဓာ နာမ်ခန္ဓာတို့၏ များခြင်းအကြောင်း
၂၄။ ဓမ္မတာနည်းအားဖြင့် နာမပရိဂ္ဂဟကို ပြခြင်း
၂၅။ ပဝတ္တိနည်းအားဖြင့် ရူပပရိဂ္ဂဟကို ပြခြင်း
၂၆။ ပဝတ္တိနည်းအားဖြင့် နာမပရိဂ္ဂဟကို ပြခြင်း
၂၇။ ရူပပရိဂ္ဂဟ နာမပရိဂ္ဂဟတို့ကိုယှက်၍ ခန္ဓာ အာယတန ဓာတ်တို့ကို သာမညမုခ သာဝသေသမုခ, အနဝသေသမုခတို့ဖြင့် ပြခြင်း
၂၈။ သက္ကာယဒိဋ္ဌိ နှစ်ဆယ်တို့ကို ပြခြင်း
၂၉။ ပစ္စယပရိဂ္ဂဟကို အကျယ်ပြခြင်း
၃၀။ အဒ္ဓါနပရိဂ္ဂဟကို ပြုခြင်း
၃၁။ ပရိညာ ၃-ပါးကို ပြခြင်း
၃၂။ လက္ခဏဝ ဝတ္ထာနဝါရကို ပြခြင်း
၃၃။ ဝိပဿနာရှုသောသူအား ဥပမာငါးပါး ထင်လာရခြင်း
၃၄။ ဥဒယဝယဉာဏ်ကို ပြခြင်း
၃၅။ တစ်နည်း ဥဒယဝယဉာဏ်ကို အကျယ်ပြခြင်း
၃၆။ အနိစ္စလက္ခဏာကို မြင်က ကြွင်းသော လက္ခဏာတို့ကို မြင်နိုင်ခြင်း
၃၇။ ဒုက္ခလက္ခဏာကို ပြုခြင်း
၃၈။ အနတ္တလက္ခဏာကို ပြခြင်း
၃၉။ အနတ္တလက္ခဏာကို ထင်-မြင်-မြဲ အခြင်းအရာ သုံးပါးဖြင့် ပြခြင်း
၄၀။ အနတ္တလက္ခဏာ လွန်စွာနက်နဲခြင်း အကြောင်း
၄၁။ အနုလောမခန္တီဝါရကို ပြခြင်း
၄၂။ နာမရူပ ပဝတ္တိက္ကမဝါရကို ပြခြင်း
၄၃။ နာမရူပ သတ္တကဝါရကို ပြခြင်း
၄၄။ မဟာဝိပဿနာဝါရကို ပြခြင်း
၄၅။ ဥပက္ကိလေသတရား ဆယ်ပါးကို ပြခြင်း
၄၆။ အန္ဓ ကလျာဏတို့ အမည်ကွဲပြားပုံကို ပြခြင်း
၄၇။ ဘင်္ဂဉာဏ်ကို ပြခြင်း
၄၈။ ဘယဉာဏ်ကို ပြခြင်း
၄၉။ အာဒီနဝဉာဏ်ကို ပြခြင်း
၅၀။ နိဗ္ဗိဒါဉာဏ်ကို ပြခြင်း
၅၁။ မုစ္စိတုကမျတာဉာဏ်ကို ပြခြင်း
၅၂။ ပဋိသင်္ခါဉာဏ်ကို ပြခြင်း
၅၃။ သင်္ခါရုပေက္ခာဉာဏ်ကို ပြခြင်း
၅၄။ သာမညအားဖြင့် မဂ်ကိုကူးနိုင်ခြင်း အကျဉ်းစကား
၅၅။ ဝိပဿနာဉာဏ်တို့ ရောယှက်ပုံကို ပြခြင်း
၅၆။ ဝိပဿနာဉာဏ်ကို ပစ္စက္ခအားဖြင့် မြင်နိုင်ခြင်း
၅၇။ ဝိပဿနာဉာဏ် ဆယ်တန်ကို ဓာတ်လေးပါး၌ သွင်း၍ပြခြင်း
၅၈။ အနုလောမဉာဏ် ဂေါတြဘူဉာဏ်တို့နှင့်တကွ မဂ်ကို ကူးနိုင်ခြင်း
၅၉။ မဂ်ဖိုလ်တို့၏ အာရုံပြုအပ်သော နိဗ္ဗာန်ကို ပုစ္ဆာ ၇-ချက်တို့ဖြင့် မေးပုံ
၆၀။ နိဗ္ဗာန်၏ ဝစနတ္ထကို ပြခြင်း
၆၁။ နိဗ္ဗာန်၏အပြားကို ပြခြင်း
၆၂။ နိဗ္ဗာန်၏သဘောကို ပြခြင်း
၆၃။ နိဗ္ဗာန်ကို ဟောတော်မူခြင်း အကြောင်း
၆၄။ နိဗ္ဗာန်ကို ရှာရခြင်း အကြောင်း
၆၅။ နိဗ္ဗာန်ကိုမြင်သောသူတို့ကို ပြုခြင်း
၆၆။ နိဗ္ဗာန်ကို မြင်သောအခါ ဖြစ်သော အာကာရဘာဝတို့ကို ပြခြင်း
၆၇။ နိဗ္ဗာန်ကိုမြင်ရာ၌ သစ္စာလေးပါးကို ဒဿနအားဖြင့် မြင်ခြင်း
၆၈။ နိဗ္ဗာန်ကိုမြင်သောအခါ သတ္တိကိုပြခြင်း
၆၉။ နိဗ္ဗာန်ကို မြင်သောသူတို့၏ စိတ်ပေါ့ပါးခြင်း သုံးပါးကို ပြခြင်း
၇၀။ နိဗ္ဗာန်ကို မြင်ပြီးသောသူတို့၏ လက္ခဏာကိုပြခြင်း
၇၁။ သောတာပတ္တိမဂ်စိတ်၏ လက္ခဏာကိုပြခြင်း
၇၂။ မဂ္ဂပစ္စဝေက္ခဏာငါးပါး စသည်ကိုပြခြင်း
၇၃။ ဖလသမာပတ်ကိုပြခြင်း
၇၄။ အထက်မဂ်ကိုကူးရန် ဝိပဿနာ အားထုတ်ခြင်း
၇၅။ ဝိပဿနာမဂ်ဖိုလ် အမည်နာမစသည်ကိုပြခြင်း
၇၆။ ဝိပဿနာမဂ်ဖိုလ် အမည်နာမ စသည်ကို ဗောဓိပက္ခိယတရား ၃၇-ပါး၌ သွတ်သွင်း၍ ပြခြင်း
၇၇။ အရိယာခုနှစ်ယောက်တို့ကို ရွေးကောက်၍ပြခြင်း
၇၈။ အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းရသော အကျိုးငါးပါးကို ပြခြင်း
၇၉။ သတိပြုရန် မှာထားချက်
၈၀။ ပညာရှိတို့အား ပန်ကြားခြင်း
၈၁။ ကျမ်းပြီးနိဂုံး

ယောဂိပါရဂူကျမ်း

▬ஜ۩۞۩ஜ▬

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁ - ပဏာမ

▬▬▬▬▬

ပါရင်္ဂတံ လောကနာထံ၊ ပါရုပေတံ ဘိဝန္ဒိယ။ ပါရပတ္တံ ရာယာသံဃံ၊ ဝေနေယျာနံ ပရတ္ထယ။

မဟန္တဂုဏသမ္ပန္နံ၊ ဂရုံ ဝန္ဒာမိ သီရသာ။ ကဿာမိ ယောဂိပါရင်္ဂံ၊ မယှံ တေဟိ ဘိပေသိတော။

ပတ္တုကာမေဟိ ပါရင်္ဂံ၊ သပ္ပုရိသေဟိ မေ ဣမံ။ သံပဿန္တု ပုနပ္ပုနံ နိစ္စံ ဒဠှပရက္ကမန္တိ။

(ပဌမ ဂါထာ - ပဌမ ရ-ကာရဝိပုလာ ဂါထာ။ ။ ဆန္ဒာနုရက္ခဏ-အကျိုးငှါ ပရတ္တယ-ထားသည်။ ပါရတ္ထာယ သာ ပုဒ်ရင်း။ ဒုတိယနှင့် တတိယ ဂါထာ-ပတျာဝတ္တ)။

အဟံ၊ ငါသည်။
ပါရင်္ဂတံ၊ သံသရာအဝှမ်း တစ်ဘက်ကမ်းသို့ ကူးသန်း ထုတ်ချောက် ရောက်တော် မူပြီးထသော။
လောကနာထံ၊ လူ နတ် ဗြဟ္မာ သတ္တဝါဟူသမျှတို့၏ ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာ တမူလည်း ဖြစ်တော်မူထသော။
ပါရင်္ဂမကုဋံ၊ သံသရာအဝှမ်း တစ်ဘက်ကမ်းသို့ ကူးသန်း ထုတ်ချောက် ပေါက်မြောက် အောင်မြင်တော်မူပြီးသော ပစ္စေကဗုဒ္ဓါ အရိယာ သာဝကတို့၏ သင်းကျစ်ဦးစိုက် မကိုဋ်သဖွယ် ဖြစ်တော်မူသော လောကသေဌ်နင်း တရားမင်း ဘုရားရှင်ကို။
သိရသာ၊ ဦးခေါင်းရတနာ မြတ်အင်္ဂါနှင့်။
အဘိဝန္ဒိယ-အဘိဝန္ဒာမိ၊ တုပ်ကွရိုကျိုး လက်စုံမိုး၍ ရှိခိုးပါ၏။
အဘိဝန္ဒိယ-အဘိဝန္ဒိတွာ၊ တုပ်ကွရိုကျိုး လက်စုံမိုးလျက် ရှိခိုးပြီး၍။
ပါရူပေတံ၊ သံသရာအဝှမ်း ကမ်းတစ်ဘက်သို့ ဗိုလ်ခြေဟိန္ဒဂူ များနတ်လူကို ကယ်ယူ ပို့ဆောင်ပေတတ်သော ဂုဏ်ကျေးဇူး အထူးတို့နှင့် ပြည့်စုံတော်မူထသော။
ဓမ္မဉ္စ၊ မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ပရိယတ် ဆယ်ပါးသော တရားတော်မြတ် အပေါင်းကိုလည်း။
အဘိဝန္ဒိယ-အဘိဝန္ဒာမိ၊ တုပ်ကွရိုကျိုး လက်စုံမိုး၍ ရှိခိုးပါ၏။
အဘိဝန္ဒိယ-အဘိဝန္ဒိတွာ၊ တုပ်ကွရိုကျိုး လက်စုံမိုးလျက် ရှိခိုးပြီး၍။
ပါရပတ္တံ၊ သံသရာအဝှမ်း တစ်ဘက်ကမ်းဟု ဆိုအပ်သော အသင်္ခတဓာတ် ပရမတ္ထနိဗ္ဗာန်သို့ ဧကန်ထုတ်ချောက် ကူးမြောက်တော်မူပြီးသော။
အရိယသံဃဉ္စ၊ အရိယရှစ်ဖော် သံဃာတော်အပေါင်းကိုလည်း။
အဘိဝန္ဒိယ-အဘိဝန္ဒာမိ၊ တုပ်ကွရိုကျိုး လက်စုံမိုး၍ ရှိခိုးပါ၏။
အဘိဝန္ဒိယ-အဘိဝန္ဒိတွာ၊ တုပ်ကွရိုကျိုး လက်စုံမိုးလျက် ရှိခိုးပြီး၍။
ဝေနေယျာနံ၊ လူနတ်ဗြဟ္မာ သတ္တဝါဝေနေယျ ဟူသမျှတို့၏။
ပါရတ္ထာယ၊ ဩဃလေးဖြာ သံသရာမှ လျင်စွာထုတ်ချောက် ထွက်မြောက်စေခြင်း အကျိုးငှါ (ကဿာမိ၌ စပ်)။

မဟန္တဂုဏသမ္ပန္နံ၊ အနန္တငါးပါးတို့တွင် တစ်ပါးအဝင် ဖြစ်၍ များဖြင်ကြီးကျယ် အံ့ဩဖွယ်ရှိသော ဂုဏ်တို့နှင့် ပြည့်စုံတော်မူပေသော။
မယှံ၊ အကျွန်ုပ်၏။
ဂရုံစ၊ ကျောက်စာတိုင်ဟန် မြဲမြံခိုင်ကြံ့သော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် တို့နှင့် ပြည့်စုံခြင်း ရှိတော်မူကြပေသော ဆရာသခင် အရှင်မြတ်အပေါင်းကိုလည်း။
သိရသာ၊ ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်။
ဝန္ဒာမိ၊ ရှိခိုးပါ၏။
ဝန္ဒိတွာ၊ ရှိခိုးပြီး၍။
တေဟိ၊ ထိုကျေးဇူးသခင် ဆရာအရှင်တို့သည်။
အဘိပေသိတော၊ အထူးသဖြင့် ချီးမြှင့်စေခိုင်းတော်မူကြသည်ဖြစ်၍ (ဝါ) စေခိုင်း တော်မူကြသောကြောင့်။
ယောဂိပါရင်္ဂံ၊ ယောဂီသခင် အရှင်သူတော်ကောင်းတို့၏ ခနောင်း ရစ်စုပ် သမုဒ်ဩဃာ သံသရာမှ ထွက်မြောက်ရာ ထွက်မြောက်ကြောင်း ဖြစ်သော ဂုဏ်အထူးနှင့် ပြည့်စုံခြင်းရှိသော “ယောဂိပါရဂူ” မည်သော ကျမ်းကို။
ကဿာမိ၊ စီရင်ရေးသား အားထုတ်ပေအံ့။

ပါရင်္ဂံ၊ သံသရာအဝှမ်း ကမ်းတစ်ဘက်ရပ် ပရမတ္ထနိဗ္ဗာန်သို့။
ပတ္တုကာမေဟိ၊ သံသရာဘေး လာမည့်ရေးကို မျှော်တွေးပြန်ခေါက် ကြောက်လှ ၍လျှင် လွန်ရောက်ချင်ကုန်သော။
သပ္ပုရိသေဟိ၊ သူတော်ကောင်းအပေါင်းတို့သည်။
မေ-မမ၊ အကျွန်ုပ်၏။
သန္တိကာ၊ အထံမှ။
ဣမံ ဂန္ထံ၊ ဤ“ယောဂိပါရဂူ”မည်သော ကျမ်းကို။
နိစ္စံ၊ အမြဲ။
ဒဠှပရက္ကမံ ဒဠှပရက္ကမန္တော၊ မဆုတ်မနစ် အားသစ် တက်ကြွသော လုံ့လရှိကြကုန် သည်ဖြစ်၍။
ပုနပ္ပုနံ၊ အဖန်ဖန်အခါခါ (ဝါ) ပုနပ္ပုနံ၊ အပြန်ပြန်အထပ်ထပ်။
သံပဿန္တု၊ အာဒါသတလ ကြေးမုံဝဝယ် မုခနိမိတ် မျက်နှာရိပ်သို့ မမှိတ်မသုန် ရှုတော်မူကြပါကုန်လော့။

၂ - သတိပဋ္ဌာန်၏ နိဒါန်းကို ပြခြင်း

▬▬▬▬▬▬▬▬▬▬▬▬

တြိခေတ္တ၊ တိလောကဟု၊ ဘဝသုံးဆိုင်၊ သုံးခရိုင်ထက်၊ အပိုင်အပိုင်၊ ဦးကိုင်ပြုသူ၊ ဟူဟူသမျှ၊ မနုဇဒေဝါ၊ မြတ်ဗြဟ္မာတို့၏၊ ပသာဒစက္ခု၊ ဝတ္ထု မနိန္ဒြေ တည်းဟူသော ကျေးငှက်ခပင်းတို့၏ မှီတင်းပျော်ပါး မြူးစား ရွှင်လန်းရာ အနုဗျဉ္ဇနာ၊ လက္ခဏာတော်စုံ၊ အံ့မကုန်သော၊ ရူပါရုံ တကာတို့၏ အထွတ်အထိပ်၊ ဝိသိဋ္ဌဣဋ္ဌာရုံကြီးဖြစ်၍၊ ညီးညီးလျှပ်လျှပ်၊ ယိုစီးမတတ်၊ ဖိတ်ဖိတ်ဟပ်သော၊ နဝရတ်ဘုံဆောင်၊ ဝေပုလ်တောင်ကို၊ နေအရောင် ဟပ်သကဲ့သို့၊ တလျှပ်လျှပ် တဝင်းဝင်း၊ ထွန်းလင်းသော ရောင်ခြည်တော် ခြောက်သွယ်ဖြင့်၊ မိုးနယ်အထက်၊ ဘဝဂ်တိုင်တိုင်၊ ယှဉ်ပြိုင်ပျံမြူး၊ လျံလူးရွှန်းဝေ၊ ထွန်းလင်းပေဘော၊ လောကသာဒိတျ၊ ပဝရထွတ်ဖျား၊ ဘုရားကိုယ်တော်မြတ်သည်၊ နှစ်စဉ်မပြတ်၊ လှည့်ပတ်တော် မူမြဲဖြစ်သော ဒေသစာရီ၊ ဌာယီသုံးဝန်းတွင်၊ အကြင်အခါ၊ မဟာမဏ္ဍလ၊ ခရီးမဖြင့်၊ မြန်းကြွလှည့်လည်တော်မူ၍၊ ဇမ္ဗူပတ်ဝိုက်၊ တိုက်အလယ်ကြော၊ သောဠသနဂိုရ်တွင်၊ နုပျိုသာလွန်၊ မြေနက်သန်နှင့်၊ ဟိမဝန်မြိုင်၊ ဂနိုင်စုံနီးဝယ်၊ ပျော်ဘွယ်ကြီးစုလှသော၊ ကုရုတိုင်းဌာန၊ ကမ္မာသဓမ္မနိဂုံးသို့ ရောက်တော်မူလျှင်၊ တိုင်းသူပြည်သားတို့အား၊ တရားဖိုးထိုက်၊ မျိုးအမြိုက်ကို၊ စရိုက်သင့်ပေးတော်မူခြင်းငှါ၊ နိဂုံးရွာမှ၊ တာငါးရာ အလွန်၊ မဟာဝန် တောအုပ်သို့ကပ်၍၊ လျောက်ပတ်သန့်ရှင်း၊ မြိုင်အုပ်တွင်း၌၊ သီတင်းသုံး နေတော်မူသတည်း။

ထိုအခါ ဖူးမြော်ပူဇော်လာကုန်သော လေးဖြာသောပရိသတ်တို့အား ဘုရားတို့တံထွာ၊ အသယာနုသယ၊ ဣန္ဒြိယပရောပရိယတ်၊ အမြတ်နှစ်ဖော်၊ မျက်စိတော်ဖြင့်၊ တန့်မျှော်ထောက်ဆတော်မူသည်မှာ၊ မဟာကုရုရဋ္ဌ၊ ဤဒေသသည်၊ သာမည မဟုတ်၊ ဝိသုဒ်ဒေဝိန်၊ မုနိန်ခေါင်ဖျား၊ ငါဘုရားသည်၊ ရှေးဖျားကပ်စ၊ သမ္မတမှသည်၊ ရာဇဝံသာ၊ စဉ်လာဆက်ထ၊ သတ္တမ ရာဇိန်၊ ခါအကြိမ်၌၊ တာဝတိံတိုင်၊ စိုးပိုင်အုပ်ကွပ်၊ တန်ခိုးလွှတ်သော၊ သုဒဿန၊ ဝရစက္ကရတ်၊ မန္ဓာတ်မင်းစစ် ဖြစ်တော်မူ၍၊ ဘယ်သူတစ်ဦး၊ မဖူးသော၊ တိမ်ဦးမိုးညွှန့်၊ ပျံကွန့်ဒေသစာ၊ လှည့်နိုင် စွာသော၊ ရုစာင်္ဂီဆင်၊ ပြောင်ယာဉ်ဆဒ္ဒန်၊ မြင်းပျံအဿဇာ၊ ဝေဟာပြင်ကြီး၊ လေခရီးကို၊ ညီးညီးပျံကြွ၊ စကြာရ၍၊ ဆတ္တိံသယူဇနာ၊ ဗိုလ်ပါဝန်းမြောင်၊ အပါဆောင်လျက်၊ နှစ်ထောင်ဝန်းပတ်၊ ကျွန်းလေးရပ်ကို၊ မပြတ်လှည့်လည်၍၊ အပြည်ပြည်သား၊ ဗိုလ်တလွှားကို၊ တရားဩဝါဒ၊ နတ်လမ်းပြ၍၊ မစ ချီးမြှောက်တော်မူသောအခါ၊ ဂေါယာဒီပ၊ ဥတ္တရနှင့်၊ ဝိဒေဟသူ၊ အများလူတို့သည်၊ ဇမ္ဗူကျွန်းမြတ်၊ အောင်မြေရပ်ကား၊ စက္ကဝတ်သေဌ်နင်း၊ မင်းမင်းထွတ်တင်၊ ဘုရားရှင်တို့၊ အစဉ် သစ်သစ်၊ ပွင့်ရာဖြစ်သောကြောင့်၊ စင်စစ်ပျော်ဖွယ် ရှိလှသည်။ ငါတို့လိုက်၍၊ နှစ်ခြိုက်ရွှင်ကြည်၊ ကရားရည်ကို၊ နေ့ရှည် ရက်လ၊ သောက်ချိုးရမူ၊ သုခအခေါင် တိုင်လိမ့်မည်ဟု၊ မှတ်ရည်ဖြဖြ၊ လိုက်လာကြသည်ကို၊ ပရိဏာယက၊ ဩရဇဖြစ်သော ဝရမင်းမြတ်သည်၊ နေရပ်ဂုဏ်ရင်းနှင့်၊ ပုံခင်းညီစွာ၊ လျော်ရာဒေသ၊ စုငန်းချပြီးလျှင်၊ ဝိဒေဟသား၊ ဗိုလ်အများကို၊ ထားရာဒေသ၊ ရပ်ဌာနကို၊ ဝိဒေဟတိုင်း တွင်စေသည်၊ ထိမ်ပင် ရောက်သော၊ အနောက်ကျွန်းသူ၊ တဝန်းလူတို့ ထူထောင်တည်စံ၊ ပြည်ရပ်ဌာန်လည်း၊ အပရန္တတိုင်း တွင်လေသည်၊ ပဒေသာ ရောက်၊ မြောက် ဥတ္တရာ၊ နတ်လျာကျွန်းနေ၊ ဗိုလ်လူတွေတို့၊ မြစ်ခြေတည်ပြု၊ နေရပ်စုသည်လည်း၊ ကုရုတိုင်းဟု၊ သမိုင်းဆင့်ဆင့်၊ မော်ကွန်းမြှင့်လျက်၊ ယခုငါပွင့် သည်တိုင် တည်လေသည်။

ယင်းသို့ဖြစ်၍၊ နေခေတ်ဌာန၊ မွန်မြတ်လှလျက်၊ ကမ္မဝါဒီ၊ ပဉ္စသီကြောင့်၊ သုံးမည် ပစာယန၊ ဂါရဝဖြင့်၊ ညီမျှမေတ္တာ၊ ဉာဏ်ရင့်မာသော၊ ပဒေသာကျွန်းနွယ်ဖြစ်ပေသည်၊ ကမ္မာသဓမ္မ, အန္ဓတ္ထဖြင့်၊ ခေါ်ကြစွဲသုံး၊ ဤနိဂုံးသည်လည်း၊ သုံးလူ့ ဥသျှောင်၊ ငါမင်းခေါင်သည်၊ များမြောင် ပါရမီ၊ ဖြည့်ညီကာလ၊ ဇာတ်ဘဝတွင်၊ သုတသောမ၊ လောကမှန်ကူ၊ ဇမ္ဗူ့ကြေညာ၊ မင်းဖြစ်ခါက၊ ဗာရာမင်းစော၊ ပေါရိသာဒ်မိုက်၊ လူသား ကြိုက်ကို၊ အမိုက်ကင်းအောင်၊ အလင်းရောင်ဖြင့်၊ ငါဆောင်ပြ၍၊ ဓမ္မလေးပါး၊ ငါ့တရားလျှင်၊ တည်နားရာရပ် ဖြစ်ပေသည်၊ သို့သည်ဂုဏ်ထူး ကျေးဇူးကြီးမြတ်၊ ဤတိုင်းရပ်၌၊ ပညတ်များများ၊ တရားသာမည၊ အကာမျှနှင့်၊ သပ္ပါယ မဖြစ်ပေရာ၊ ပါဠိစဉ်ဆက်၊ အနက်ဒေသနာ၊ သိဖွယ်ရာဟု၊ လေးဖြာဂမ္ဘီ၊ ဂုဏ်ဆီပြည့်ဘိ၊ အတိသုခုမ၊ ပရမတ္ထစစ်၊ အနှစ်ခေါက်ခေါက်၊ မဂ်ရောက် ဖိုလ်ထိ၊ အကျိုးရှိသော၊ သတိပဋ္ဌာန်၊ တရားမွန်နှင့်သာ၊ အလွန် သင့်လျော်လှပေသည်။

ဤသည့်သုတ်ကို၊ အားထုတ်လေ့ကျက်၊ သင့်ဆောင်ရွက်မူ၊ အသက်ရှည်စွာ၊ ကိန်းလျက်ပါသော၊ ရာဂ ဒေါသ၊ စသည်ညစ်ကြေး၊ ကိလေ မြှေးလည်း၊ ဖြည်းဖြည်း ကွာလွင့်၊ ပညာရင့်၍၊ အသင့်စင်ကြယ်ဘိရာသည်။ သောက ပရိဒေဝ၊ လောင်မီး ကျလည်း၊ ဓမ္မရေချမ်း၊ ဆွတ်ခါဖျန်း၍၊ ငြိမ်းချမ်းဧမြဘိရာသည်။ ဒုက္ခ ဒေါမနသိ၊ ရောဂါကပ်လည်း၊ ဆေးမြတ်ပမာ၊ ဒေသနာကြောင့်၊ လွတ်ကွာပျောက်ချုပ်၊ ငြိမ်းရာသည်။ မြတ်ခေါင်ထိသော၊ အရိယမဂ်ဉာဏ်၊ ဖိုလ်လေးတန်ကို၊ အမြန်ရလွယ် ဘိရာသည်။ ဌာနခေါင်ချုပ်၊ လောကုတ္တရံ၊ မြိုက်နိဗ္ဗာန်ကိုလည်း၊ ဧကန်မျက်မှောက် သိရာသည်။

၃ - လောကီမဂ္ဂင် လောကုတ္တရာမဂ္ဂင်ကို ပြုခြင်း

▬▬▬▬▬▬▬▬▬▬▬

ဤအကျိုးထူး၊ ခုနစ်ဦးကို ဆွတ်ခူးနိုင်ကြောင်း၊ အကောင်းလွန်လှ၊ ဓမ္မရတနာ၊ ဒေသနာမြတ်၊ မဏိရသ်ကို၊ ကုရုရပ်သား၊ လေးပါးပရိသာ၊ ရွှေသေတ္တာ၌၊ ငါသိုမှီး တော်မူခဲ့မည်ဟု၊ အရှည်မြင်မြော်၊ ရွှေဉာဏ်ရော်၍၊ မြွက်ဖော်ဟောကြားတော် မူခြင်းငှါ -

ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ၊ သောကပရိဒေဝါနံ သမတိက္ကမာယ၊ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ၊ ဉာယဿ အဓိဂမာယ၊ နိဗ္ဗာနဿ သစ္ဆိကိရိယာယ -

အစရှိသဖြင့် ဟောတော်မူသည်။ ဒီ၊၂၊၂၃၁

ဘိက္ခဝေ၊ ရဟန်းတို့။
ဧကာယနော၊ နှစ်ကြောင်းနှစ်မြွှာ မကွဲလာ၍ ဧကာပထ အမည်ရသော။

[ဤအနက်ကား။ “ဧကမဂ္ဂေါ အယံ ဘိက္ခဝေ မဂ္ဂေါ န ဒွိဓာပထဘူတော”-ဟူသည်ကိုငဲ့သည်။]

(ဝါ) အဖော် မလှောက် တစ်ယောက်ထီးထီး မဂ်ယာဉ်စီး၍ ခရီးဆုံးသွားအပ်သော။

[“ဧကေန ဟိ ဂဏသင်္ဂဏိကံ ပဟာယ ဝူပကဋ္ဌေန ပဝိဝိတ္တစိတ္တေန အယိတဗ္ဗော ပဋိပဇ္ဇိတဗ္ဗော” ဟူသည်ကို ငဲ့။]

(ဝါ) မဂ္ဂင်ရှစ်ပါး ယာဉ်ရထားဖြင့် သွားအပ်သော။

[“အယန္တိ ဝါ ဧတေနာတိ အယနော၊ သံသာရတော နိဗ္ဗာနံ ဂစ္ဆန္တီတိ အတ္ထော”ကိုငဲ့။]

(ဝါ) လူတွင်အလွန် အမွန်ဥက္ကဋ္ဌ ဗုဒ္ဓမြတ်စွာ ဘဂဝါတို့၏ သွားရာဖြစ်သော။

[ဧကဿာတိ သေဋ္ဌဿ၊ သဗ္ဗသတ္တသဋ္ဌော စ ဘဂဝါ ကိုငဲ့။]

(ဝါ) ဗုဒ္ဓမြတ်စွာ သာသနာဟု သုံးဖြာသုံးရပ် ပိဋကတ်ဝယ် လျှပ်လျှပ်ရောင်ဝေ ကွန့်မြူး၍ ဖြစ်ပေတတ်သော။

[ဧကသ္မိံ အယနောတိ ဧကာယနော၊ ဣမသ္မိံ ယေဝ ဓမ္မဝိနယေ ပဝတ္တတိ ကိုငဲ့။]

(ဝါ) ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာအပေါင်း သူတော်ကောင်းတို့၏ ပုန်းအောင်း ပျော်စံ၊ တစ်နိဗ္ဗာန်သို့၊ ဝင်ရန်ခရီးဖြစ်သော။

[ပုဗ္ဗဘာဂေ နာနာမုခဘာဝနာနယပဝတ္တော ပိ အပရဘာဂေ ဧကံ နိဗ္ဗာနမေဝ ဂစ္ဆတိ ကိုငဲ့။]

အယံမဂ္ဂေါ၊ ဤ လောကုတ္တရာမဂ်၏ ရှေ့အဖို့၌ဖြစ်သော မဂ္ဂင်ရှစ်ပါး မြတ်တရား သည်။

[ကာယနမဂ္ဂေါ ဝုစ္စတိ ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ္ဂေါ ကို ထောက်။]

(ဝါ) နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော မဂ္ဂင်ရှစ်ပါးသည်။

(ဝါ) နိဗ္ဗာန်ကို ရကြောင်းဖြစ်သော မဂ္ဂင်ရှစ်ပါးသည်။

(ဝါ) နိဗ္ဗာန်ကို အလိုရှိကုန်သော သူတို့သည် နိဗ္ဗာန်ကို ရှာမှီးအပ်သော မဂ္ဂင်ရှစ်ပါး မြတ်တရားသည်။

[မဂ္ဂေါတိ ကေနဋ္ဌေန မဂ္ဂေါ၊ နိဗ္ဗာနဂမနဋ္ဌေန နိဗ္ဗာနတ္ထိကေဟိ မဂ္ဂနီယဋ္ဌေန စ ကို ထောက်။]

သတ္တာနံ၊ သတ္တဝါတို့၏။

(ဝါ) သတ္တဝါ ခေါ်ဝေါ်ကြသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏။

ဝိသုဒ္ဓိယာ၊ ရာဂ အစရှိသော အညစ်အကြေးတို့မှ စင်ကြယ်ခြင်းငှါ။

(ဝါ) ဝိသမလောဘ အဘိဇ္ဈာ အစရှိကုန်သော အညစ် အကြေးတို့မှ စင်ကြယ်ခြင်းငှါ။

[သတ္တာနံ ဝိသုဒ္ဓိယာတိ ရာဂါဒိမလေဟိ အဘိဇ္ဈာဝိသမလောဘာဒီဟိ စ ဥပက္ကိလေသေဟိ ကိလိဋ္ဌစိတ္တာနံ သတ္တာနံ ဝိသုဒ္ဓတ္ထာယ ကို ထောက်။]

သောကပရိဒေဝါနံ၊ စိုးရိမ်ပူဆွေး ငိုကြွေးမြည်တမ်းခြင်းတို့ကို။

(ဝါ) သန္တတိအမတ် သုဗြဟ္မာနတ် အစရှိကုန်သော သတ္တဝါတို့ စိုးရိမ်ပူဆွေး ငိုကြွေး မြည်တမ်းခြင်းတို့ကို။

သမတိက္ကမာယ၊ လွန်မြောက်ခြင်းငှါ။

(ဝါ) ပယ်ခြင်းငှါ။

ဒုက္ခဒေါမနဿာနံ၊ ကာယိကဒုက္ခ စေတသိကဒုက္ခတို့ကို။

(ဝါ) တိဿရဟန်း သုံးကျိပ်သော ရဟန်းတို့၏ ပေါင်ကျိုးခြင်း ကျားစားခြင်း အစရှိသော ကာယိကဒုက္ခ၊ စေတသိကဒုက္ခတို့ကို။

အတ္ထင်္ဂမာယ၊ ငြိမ်းခြင်းငှါး (ချုပ်ခြင်းငှါလည်းဟူ)။

[အာဒိဝန်ကား ပိတမလ္လထေရ်, သိကြားမင်း စသည်ကိုယူ။]

ဉာယဿ၊ မြတ်သော ဖြူစင်သော ကိလေသာ အညစ်အကြေးမရှိသော အင်္ဂါ ရှစ်ပါးနှင့် ပြည့်စုံသော လောကုတ္တရာမဂ်ကို။

[ဉာယော ဝုစ္စတိ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ ကိုထောက်။]

အဓိမာယ၊ ရခြင်းငှါ။
(ဝါ) ရောက်ခြင်းငှါ။
နိဗ္ဗာနဿ၊ နိဗ္ဗာန်ကို။
(ဝါ) ဝါန-ဟူသော ချုပ်စပ်တတ်သော တဏှာမှ ကင်းရာဖြစ်သော နိဗ္ဗာန်ကို။
သစ္ဆိကိရိယာယ၊ မျက်မှောက်ပြုခြင်းငှါ။
(ဝါ) မိမိကိုယ်တိုင် မျက်မှောက်ပြုခြင်းငှါ။

[နိဗ္ဗာနဿ သစ္ဆိကိရိယာယာတိ တဏှာဝါန ဝိရဟိတတ္တာ နိဗ္ဗာနန္တိ လဒ္ဓနာမဿ အမတဿ သစ္ဆိကိရိယာယ၊ အတ္တပစ္စက္ခာယာတိ ဝုတ္တံ ဟောတိ - ကိုထောက်။]

သံဝတ္တတိ၊ ဖြစ်၏။

ဤသို့ ဟောတော်မူရာ ဒေသနာနယ ပိဏ္ဍတ္ထမှာမူ ဗုဒ္ဓမြတ်စွာ သာသနာဝယ် ငါးဖြာဒုလ္လဘ ပြည့်စုံကြသော အာစာရကုလပုတ္တ အမျိုးသား ဤမဂ္ဂင်ရှစ်ပါး တည်းဟူသော ပုဗ္ဗဘာဂ သတိပဋ္ဌာန်စသော တစ်ကြောင်းတည်းသော ခရီးလမ်းကို ဖြောင့်တန်းညီညာစွာ ကျင့်ဆောင် မယုတ် အားထုတ်ကြသော သူတို့သည် ရှေးအစ မထင် သံသရာအစဉ်မှ စ၍ အကြောင်း မစင်ကြယ်ခြင်း တည်းဟူသော လောဘ ဒေါသ, မောဟ အစရှိသော ကိလေသာ တရားတို့ကြောင့် နောက်နောက်သော သံသရာ၌ အကျိုး၏ မစင်ကြယ်ခြင်း တည်းဟူသော အပါယ် ဝိပါက် နာမက္ခန္ဓာ ကမ္မဇရုပ်တို့ကို ခံစားခြင်း တည်းဟူသော အကြောင်းအကျိုးယုတ် တို့ကဲ့သို့မဟုတ်၊ ဤလောကီဘာဝနာ ပုဗ္ဗဘာဂဖြစ်သော မဂ္ဂင်ရှစ်ပါး ကျင့်ဝတ်ကရားတို့ကြောင့် အကြောင်းဖြစ်သော သီလ သမာဓိ ပညာ တည်းဟူသော ဝိဝဋ္ဋဂုဏ်တို့ကြောင့် အကျိုးဖြစ်သော ဝိပဿနာ နာမက္ခန္ဓာ မဂ္ဂနာမက္ခန္ဓာ, ဖလနာမက္ခန္ဓာ တည်းဟူသော ဝိသုဒ္ဓိတရား ခုနစ်ပါးတို့ကို ရနိုင်ခြင်း၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ စသော မီးတစ်ဆယ့်တစ်ပါးတို့၏ ကုန်ရခြင်း၊ သောတာပတ္တိမဂ် သကဒါဂါမိမဂ်, စသော လောကုတ္တရာမဂ် တရားတို့ကို ရနိုင်ခြင်း၊ နိဗ္ဗာန်ကို မျက်မှောက် ပြုရခြင်းတည်း ဟူသော ဤအကျိုးတရားတို့ကို ဧကန်မုချ ရနိုင်မည်ဟူ၍ ဟောတော်မူသည်။

ဤသို့ ပြအပ်ခဲ့သော ဒေသနာပါဌ်ဝယ် ဧကာယနော အယံ မဂ္ဂေါ ဟူသော ပါဌ်ဖြင့် လောကီမဂ္ဂင်တရားရှစ်ပါးကို ပြ၏။

ကာယာဒိစတုအာရမ္မဏပ္ပဝတ္တော ဟိ ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ္ဂေါဣဓ အဓိပ္ပေတော၊ န လောကုတ္တရော။

ဒီ၊ဋ္ဌ၊၂၊၃၄၆

ဟိ၊ သင့်စွ။
ကာယာဒိစတုအာရမ္မဏပ္ပဝတ္တော၊ ကာယာနုပဿနာ အစရှိသော လေးပါးသော အာရုံ၌ဖြစ်သော။
ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ္ဂေါ၊ လောကုတ္ထရာမဂ်၏ ရှေ့အဖို့၌ဖြစ်သော လောကီ သတိပဋ္ဌာန် တည်းဟူသောမဂ်ကို။
ဣဓ၊ ဤ “ဧကာယနော အယံ မဂ္ဂေါ” ဟူသော အရာ၌။
အဓိပ္ပေတော၊ အလိုရှိအပ်၏၊
လောကုတ္တရော၊ လောကုတ္တရာ ဖြစ်သော မဂ်လေးပါးကို။
န အဓိပ္ပေတော၊ အလိုမရှိအပ်။ (လောကီဖို့)။

သတ္တာနံ ဝိသုဒ္ဓိယာ, သောက ပရိဒေဝါနံ သမတိက္ကမာယ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ-ဟူသော ပါဌ်တို့ဖြင့် လောကီပုဗ္ဗဘာဂ မဂ္ဂင်ရှစ်ပါး လောကတ္တရာ မဂ္ဂင်ရှစ်ပါးတို့ကို ပြတော်မူသည်။ (မိဿဖို့)။

ဉာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ ဟူသော ပါဌ်တို့ဖြင့် လောကုတ္တရာမဂ် ဖိုလ် နိဗ္ဗာန်ကို ပြတော်မူသည်။ (လောကုတ္တရာဖို့)။

ဤသို့ ဆိုအပ်ခဲ့ပြီးသော လောကိယ မိဿက လောကုတ္တရာတည်း ဟူသော မဂ္ဂင်တရား ရှစ်ပါး အပေါင်းတို့တွင် လောကီဖြစ်သော ပုဗ္ဗဘာဂ ဟု ဆိုအပ်သော မဂ္ဂင်ရှစ်ပါး မြတ်တရားကို ကြိုးစားအားထုတ်ကြသော အမျိုးကောင်းသား ယောက်ျား ယောဂါဝစရတို့အား ယခုဘဝ၌ဖြစ်စေ၊ ဒုတိယဘဝ၌ဖြစ်စေ၊ တတိယဘဝတို့၌ ဖြစ်စေ ဧကန်မုချ လောကုတ္တရာဖြစ်သော မဂ္ဂင်ရှစ်ပါး မြတ်တရားတို့ကို စင်စစ် အားဖြင့် ရနိုင်လိမ့်မည်၊ (ဝါ) ရရှာတော့အံ့၊ (ဝါ) ဧကန်မလွဲ အမြဲယူကျုံး စိတ်နှလုံးဖြင့် တုံးတုံးကြီး ချရတော့မည်။

အယဥှိ ပုဗ္ဗဘာဂေ လောကိယော သတိပဋ္ဌာနမဂ္ဂေါ ဘာဝိတော လောကုတ္တရ-မဂ္ဂဿအဓိဂမာယ သံဝတ္တတိ။

ဒီ၊ဋ္ဌ၊၂၊၃၄၂

ဟိ သစ္စံ၊ မှန်၏။
ပုဗ္ဗဘာဂေ၊ လောကုတ္တရာမဂ်၏ ရှေ့အဖို့၌။
ဘာဝိတော၊ ပွားစေအပ်သော။
လောကိယော၊ လောကီဖြစ်သော။
အယံ သတိပဋ္ဌာနမဂ္ဂေါ၊ ဤသတိပဋ္ဌာန်တည်း ဟူသော မဂ်ခရီးသည်။
လောကုရမဂ္ဂဿ၊ လောကုတ္တရာမဂ်ကို။
အဓိဂမာယ၊ ရခြင်းငှါ။
သံဝတ္တတိ၊ ဖြစ်၏။

ဤပုဗ္ဗဘာဂဖြစ်သော မဂ္ဂင်ရှစ်ပါးဟူသော်ကား သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ သမ္မာသမာဓိ - ဟူ၍ ရှစ်ပါးဖြစ်သတည်း။

(မဂ္ဂင်ရှစ်ပါး၏ ပါဌ်ကို အလွန်ထင်ရှား ပေါများလှ၍ မရေးလိုက်ပြီ။ အောက်ကရေးခဲ့ သမျှသော ပါဠိ-အဋ္ဌကထာစုသည် သတိပဋ္ဌာန်ပါဠိ-အဋ္ဌကထာနှင်နှင် ချည်းတည်း။)

၄ - မဂ္ဂင်ရှစ်ပါးကို ဘုံသုံးဆင့်စပ်၍ ခန္ဓာသုံးပါးဖွဲ့ခြင်း

▬▬▬▬▬▬▬▬▬▬▬▬

ထိုမဂ္ဂင်ရှစ်ပါးတို့၏ ခန္ဓပဟာတဗ္ဗကို ဤဆိုလတ္တံ့သော နည်းတို့ဖြင့် သိအပ်၏။ အဘယ်သို့ သိအပ်သနည်းဟူမူ - တေဘူမက ဝဋ်ဒုက္ခသံနှောင်အိမ်ဝယ် တထိန်ထိန် လောင်ကျွမ်း၍ နေရှာသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့မှ ကင်းပြတ်ကွာဝေး တစ်ဆယ့်တစ်ပါးသော မီးတို့၏ အေးငြိမ်းရာ မဟာအသင်္ခတ အောင်ဇေယျရွှေဘုံကို ခိုလှုံစံမြန်းလိုသော အမျိုးကောင်းသား ယောကျ်ား သူတော်စင်တို့သည် လက်မွန် မဆွတို့၌ သီလကို ကျင့်သုံးရမည်၊ ထိုထိုသီလဟူသတို့နှင့် ပြည့်စုံသောသူသည် သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ တည်းဟူသော သီလက္ခန္ဓ မဂ္ဂင်သုံးပါးနှင့် ပြည့်စုံသောသူ မည်ပေ၏။

ယာစာဝုသော ဝိသာခ သမ္မာဝါစာ၊ ယော စ သမ္မာကမ္မန္တော၊ ယော စ သမ္မာအာဇီဝေါ၊ ဣမေ ဓမ္မာ သီလက္ခန္ဓေ သင်္ဂဟိတာ။

မ၊၁၊၃၇၅

အာဝုသော ဝိသာခ၊ တကာ ဝိသာခ။
ယာ စ သမ္မာဝါစာ၊ အကြင် သမ္မာဝါစာသည် လည်းကောင်း။
ယော စ သမ္မာကမ္မန္တ၊ အကြင် သမ္မာကမ္မန္တသည် လည်းကောင်း။
ယော စ သမ္မာအာဇီဝေါ၊ အကြင် သမ္မာအာဇီဝသည် လည်းကောင်း။
ဣမေ ဓမ္မာ၊ ဤမဂ္ဂင်တရား သုံးပါးတို့ကို။
သီလက္ခန္ဓေ၊ သီလက္ခန္ဓမဂ္ဂင်၌။
သင်္ဂဟိတာ၊ ရေတွက်အပ်ကုန်၏။

ထိုနည်းတူစွာ သီလကို ပြည့်စုံစေပြီးသော အမျိုးကောင်းသား ယောက်ျား သူတော်စင်သည် သမာဓိက္ခန္ဓမဂ္ဂင် ဟုဆိုအပ်သော သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ တည်းဟူသော အဓိစိတ္တတရားကို အားသစ်ကြိုးစားပါလျှင် သမာဓိက္ခန္ဓ မဂ္ဂင်သုံးပါးနှင့် ပြည့်စုံသောသူ မည်ပေ၏။

ယော စ သမ္မာဝါယာမော၊ ယာ စ သမ္မာသတိ၊ ယော စ သမ္မာသမာဓိ၊ ဣမေ ဓမ္မာ သမာဓိက္ခန္ဓေ သင်္ဂဟိတာ။

မ၊၁၊၃၇၅

ယော စ သမ္မာဝါယာမော၊ အကြင် သမ္မာဝါယာမ တရားသည် လည်းကောင်း။
ယာ စ သမ္မာသတိ၊ အကြင် သမ္မာသတိ တရားသည် လည်းကောင်း။
ယော စ သမ္မာသမာဓိ၊ အကြင် သမ္မာသမာဓိ တရားသည် လည်းကောင်း။
ဣမ ဓမ္မာ၊ ဤတရားသုံးပါးတို့ကို။
သမာဓိက္ခန္ဓ၊ သမာဓိက္ခန္ဓ မဂ္ဂင်၌။
သင်္ဂဟိတာ၊ ရေတွက်အပ်ကုန်၏။

၎င်းနည်းတူစွာ အဓိသီလ အဓိစိတ္တ သိက္ခာတို့နှင့်ပြည့်စုံပြီးသော အမျိုးကောင်းသား ယောက်ျား သူတော်စင်သည် အဓိစိတ္တသိက္ခာကို ကောင်းစွာ အားထုတ်စဉ် မြင်လာအပ်သော ရုပ်နာမ်တရားတို့၌ ပုဗ္ဗကိစ္စတို့ကို သိမ်းဆည်းပြီး၍ သမ္မသန စသော ဝိပဿနာတရားတို့ကို ကောင်းစွာမြင်သော သူသည် သမ္မာဒိဋ္ဌိ -သမ္မာသင်္ကပ္ပ တည်းဟူသော ပညာမဂ္ဂင် နှစ်ပါးနှင့် ပြည့်စုံ၍ အဓိပညာသိက္ခာနှင့် ပြည့်စုံသောသူ မည်၏။

ဃာ စ သမ္မာဒိဋ္ဌိ၊ ယော စ သမ္မာသင်္ကပ္ပေါ၊ ဣမေ ဓမ္မာ ပညာက္ခန္ဓေ သင်္ဂဟိတာ။

မ၊၁၊၃၇၅

ယာ စ သမ္မာဒိဋ္ဌိ၊ အကြင်သမ္မာဒိဋ္ဌိ ထရားသည် လည်းကောင်း။
ယော စ သမ္မာသင်္ကပ္ပေါ၊ အကြင်သမ္မာသင်္ကပ္ပတရားသည် လည်းကောင်း။
ဣမေ ဓမ္မာ၊ ဤတရားနှစ်ပါးတို့ကို။
ပညာက္ခန္ဓေ၊ ပညာက္ခန္ဓမဂ္ဂ၌။
သင်္ဂဟိတာ၊ ရေတွက်အပ်ကုန်၏။

ဤသို့ ပြည့်စုံရုံမတ္တသည် လောကီပုဗ္ဗဘာဂ မဂ္ဂင်ရှစ်ပါးသာ ရှိသေးသည်။ ထိုသို့ လောကီပုဗ္ဗဘာဂ မဂ္ဂင်ရှစ်ပါးနှင့် ပြည့်စုံလျှင်ပင် ရှင်တော်ဘုရား၏ ရွှေရင်တော်နှစ် သားတော်စစ်ဖြစ်ရ၍ သာသနာတော်တွင်းသို့ ရောက်ပေပြီ။ အဘယ်ကြောင့်နည်း ဟူမူ မဂ္ဂင်ရှစ်ပါး၏ တံခွန်အမွန် ပုဗ္ဗင်္ဂမဖြစ်သော သမ္မာဒိဋ္ဌိသည် လောကီသမ္မာဒိဋ္ဌိ လောကုတ္တရာသမ္မာဒိဋ္ဌိ ဟူ၍ နှစ်ပါးရှိ၏။ ထိုနှစ်ပါးတို့တွင် ကံ-ကံ၏အကျိုးကို ယုံကြည်ရုံမတ္တ ဖြစ်သော ကမ္မဿကတာဉာဏ် ဝိပဿနာဉာဏ်တို့၏ ရင့်သန် ခိုင်ခံ့သော သင်္ခါရုပေက္ခာဉာဏ်ဟု ဆိုအပ်သော သစ္စာနုလောမိကဉာဏ် နှစ်ပါးသည် လောကီသမ္မာဒိဋ္ဌိမည်၏။ မဂ်ဉာဏ် ဖိုလ်ဉာဏ်သည် လောကုတ္တရာသမ္မာဒိဋ္ဌိ မည်၏။

၅ - သာသနာတွင်း သာသနာပ ပုဂ္ဂိုလ်ကို ပြခြင်း

▬▬▬▬▬▬▬▬▬▬

ထိုနှစ်ပါးတို့တွင် သာသနာပ ဗာဟိရပုဂ္ဂိုလ် ဟူဟူသမျှသည် လူဖြစ်စေ၊ သာမဏေ ဖြစ်စေ၊ ရဟန်းဖြစ်စေ ကမ္မသကတာ ဉာဏ်နှင့်သာပြည့်စုံရှာသေးပါမူ ဂတိမမြဲသေး။ သသနာတော်တွင်း သားတော်ရင်း ဖြစ်ကြသော ပုဂ္ဂိုလ်ဟူသည် လူ ရှင်ရဟန်း မည်သူမဆို ကမ္မဿကတာဉာဏ် သစ္စာနုလောမိကဉာဏ် နှစ်ပါးတို့နှင့် ပြည့်စုံရှာပါမူ ဂတိမြဲ၏ ဟူ၍ အဋ္ဌကထာ ဆရာကြီးတို့ ဆိုပေ၏။

တတ္ထ ဗာဟိရကော ကမ္မဝါဒီ ကမ္မဿကတာဒိဋ္ဌိယာ သမ္မာဒိဋ္ဌိ ဟောတိ၊ နော သစ္စာနုလောမိကာယ။ အတ္တဒိဋ္ဌိပရာမာသကတ္တာ၊ သာသနိကော ဒွီဟိပိ၊

မ၊ဋ္ဌ၊၁၊၂၀၀

တတ္ထ၊ ထိုနှစ်ပါးတို့တွင်။
ဗာဟိရကော၊ သာသနာပ ပုဂ္ဂိုလ်သည်။
ကမ္မဝါဒီ၊ ကံကိုလည်း ယုံကြည်လေ့ရှိ၏။
ကမ္မဿကတာဒိဋ္ဌိယာ၊ ကံ ကံ၏အကျိုးကို မြင်သဖြင့်။
သမ္မာဒိဋ္ဌိ၊ ကောင်းစွာမြင်သည်။
ဟောတိ၊ ဖြစ်၏။
သစ္စာနုလောမိကာယ၊ ဝိပဿနာဉာဏ်ဟု ဆိုအပ်သော သစ္စာနုလောမိက ဉာဏ်ဖြင့်။
သမ္မာဒိဋ္ဌိ၊ ကောင်းစွာမြင်သည်။
နော ဟောတိ၊ မဖြစ်။
ကသ္မာ၊ အဘယ်ကြောင့်နည်း ဟူမူကား။
အတ္တဒိဋ္ဌိပရာမာသကတ္တာ၊ ငါဟူသော အတ္တဒိဋ္ဌိကို သုံးသပ်ခြင်းရှိသည်၏ အဖြစ် ကြောင့်တည်း။
သာသနိကော၊ အဓိသီလ အဓိစိတ္တ အဓိပညာ ဤသိက္ခာသုံးပါးတို့နှင့် ပြည့်စုံသော သာသနာတော်တွင်း၌ နေသော ရဟန်း-ရှင်-လူ အမှတ်မဲ့ တစ်ယောက်ယောက် သော သူသည်။
ဒွီဟိပိ၊ နှစ်ပါးကုန်သော ကမ္မဿကတာဉာဏ် သစ္စာနုလောမိကဉာဏ် တို့ဖြင့်လည်း။
သမ္မာဒိဋ္ဌိ၊ ကောင်းစွာမြင်ခြင်းရှိသည်။
ဟောတိ၊ ဖြစ်၏။

၆ - မဂ္ဂင်ရှစ်ပါး၏ ခန္ဓပဟာန်ကို ပြခြင်း

▬▬▬▬▬▬▬

လောကီပုဗ္ဗဘာဂ မဂ္ဂင်ရှစ်ပါး မြတ်တရားတို့တွင် သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ ဤမဂ္ဂင်သုံးပါးကို လုံခြုံအောင် စောင့်သုံးသော သူတော်ကောင်း တို့သည် အဓိသီလ သိက္ခာနှင့် ပြည့်စုံကုန်၏။ အဓိသီလသိက္ခာနှင့် ပြည့်စုံသော သူတော်တောင်းတို့သည် ကာယကံ ဝစီကံတို့ကြောင့် ဖြစ်သော ဝီတိက္ကမ ကိလေသာကို ပယ်နိုင်၏၊ ဝိနည်းပိဋကတ်တော်နှင့် ညီအောင် ကျင့်ပေ၏။

တထာ ဟိ ဝိနယပိဋကေ ဝိသေသေန အဓိသီလသိက္ခာ ဝုတ္တာ၊ ဝိနယပိဋကေ စ ဝီတိက္ကမပ္ပဟာနံ၊ ကိလေသာနံ ဝီတိက္ကမပဋိပက္ခတ္တာ သီလဿ။

အဘိ၊ဋ္ဌ၊၁၊၂၂

တထာ-တံဝစနံ၊ ထိုစကားကို။
ဟိဝိတ္ထာရေမိ၊ ချဲ့ဦးအံ့။
ဝိနယပိဋကေ၊ ဝိနည်းပိဋကတ်၌။
ဝိသေသေန၊ အဓိစိတ္တသိက္ခာ အဓိပညာသိက္ခာတို့မှ ထူးသည်၏ အဖြစ်ဖြင့်။
အဓိသီလသိက္ခာ၊ အဓိသီလသိက္ခာကို။
ဝုတ္တာ၊ ဟောတော်မူအပ်၏။
၊ သီလက္ခန္ဓသိက္ခာမှ တပါး ပဟာန်ကို ဆိုဦးအံ့။
ဝိနယပိဋကေ၊ ဝိနည်းပိဋကတ်၌။
ကိလေသာနံ၊ ကိလေသာတို့၏။
ဝီတိက္ကမပ္ပဟာနံ၊ လွန်ကျူးခြင်း အခိုက်အတန့်ကို ပယ်ခြင်းကို။
ဝုတ္တံ၊ ဆိုအပ်၏။
ကသ္မာ၊ အဘယ့်ကြောင့်နည်းဟူမူကား။
သီလဿ၊ သီလ၏။
ဝီတိက္ကမပဋိပက္ခတ္တာ၊ လွန်ကျူးခြင်း၏ ဆန့်ကျင်ဘက်၏ အဖြစ်ကြောင့်တည်း။
(ပဌမ ဘုမ္မဖို့။)

သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဤမဂ္ဂင်တရား သုံးပါးကို လုံခြုံအောင် စောင့်သုံးသော သူတော်ကောင်းတို့သည် အဓိစိတ္တသိက္ခာနှင့် ပြည့်စုံကုန်၏။ အဓိစိတ္တသိက္ခာနှင့် ပြည့်စုံသော သူတော်ကောင်းတို့သည် မနောကံကြောင့်ဖြစ်သော ပရိယုဋ္ဌာန ကိလေသာကို ပယ်နိုင်၏။ သုတ္တန် ပိဋကတ်တော်နှင့် ညီအောင် ကျင့်ပေ၏။

သုတ္တန္တပိဋကေ အဓိစိတ္တသိက္ခာ၊ သုတ္တန္တပိဋကေ ပရိယုဋ္ဌာနပ္ပဟာနံ၊ ပဋိပက္ခတ္တာ သမာဓိဿ။

အဘိ၊ဋ္ဌ၊၁၊၂၂

သုတ္တန္တပိဋကေ၊ သုတ္တန်ပိဋကတ်၌။
ဝိသေသေန၊ အဓိသီလသိက္ခာ အဓိပညာသိက္ခာတို့မှ ထူးသည်၏အဖြစ်ဖြင့်။
အဓိစိတ္တသိက္ခာ၊ အဓိစိတ္တသိက္ခာကို။
ဝုတ္တာ၊ ဟောတော်မူအပ်၏။
သုတ္တန္တပိဋကေ၊ သုတ္တန်ပိဋကတ်၌။
ကိလေသာနံ၊ ကိလေသာတို့၏။
ပရိယုဋ္ဌာနပ္ပဟာနံ၊ ထက်ဝန်းကျင်မှ ကုသိုလ်တရားကို လုယက်၍တည်သော အခိုက်အတန့်ကို ပယ်ခြင်းကို။
ဝုတ္တံ၊ ဆိုအပ်၏။
ကသ္မာ၊ အဘယ့်ကြောင့်နည်း ဟူမူကား။
သမာဓိဿ၊ သမာဓိ၏။
ပရိယုဋ္ဌာနပဋိပက္ခတ္တာ၊ လုယက်တတ်သော ပရိယုဋ္ဌာန်၏ ဆန့်ကျင်ဘက်၏ အဖြစ်ကြောင့်တည်း။ (ဒုတိယ ဘုမ္မဖို)

သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ ဤမဂ္ဂင်နှစ်ပါးကို လုံခြုံအောင် စောင့်သုံးသော သူတော်စင် တို့သည် အဓိပညာသိက္ခာနှင့် ပြည့်စုံကုန်၏၊ အဓိပညာသိက္ခာနှင့် ပြည့်စုံသော သူတော်စင်တို့သည် ကာယကံ ဝစီကံ မနောကံသို့ မရောက်သေးသော ဥပ္ပတ္တိရဟ အနုသယကိလေသာကို ပယ်နိုင်၏၊ အဘိဓမ္မာ ပိဋကတ်တော်နှင့် ညီအောင် ကျင့်ပေ၏။

အဘိဓမ္မပိဋကေ အဓိပညာသိက္ခာ၊ အဘိဓမ္မပိဋကေ အနုသယပ္ပဟာနံ၊ အနုသယပဋိပက္ခတ္တာပညာယ။

အဘိ၊ဋ္ဌ၊၁၊၂၂

အဘိဓမ္မပိဋကေ၊ အဘိဓမ္မာပိဋကတ်၌။
ဝိသေသေန၊ အဓိသီလသိက္ခာ အဓိစိတ္တတို့မှ ထူးသည်၏ အဖြစ်ဖြင့်။
အဓိပညာသိက္ခာ၊ အဓိပညာသိက္ခာကို။
ဝုတ္တာ၊ ဆိုအပ်၏။
အဘိဓမ္မပိဋကေ၊ အဘိဓမ္မာပိဋကတ်၌။
ကိလေသာနံ၊ ကိလေသာတို့၏။
အနုသယပ္ပဟာနံ၊ အနုသယအခိုက်အတန့်ကို ပယ်ခြင်းကို။
ဝုတ္တံ၊ ဆိုအပ်၏။
ကသ္မာ၊ အဘယ့်ကြောင့်နည်းဟူမူကား။
ပညာယ၊ ပညာ၏။
အနုသယပဋိပက္ခတ္တာ၊ အနုသယ၏ ဆန့်ကျင်ဘက်၏ အဖြစ်ကြောင့်တည်း။
(တတိယ ဘုမ္မဖို့။)

၇ - သီလခံယူနိုင်ခြင်း အကျဉ်းစကား

အဓိသီလသိက္ခာအဓိစိတ္တသိက္ခာအဓိပညာသိက္ခာ တို့ဖြင့် လုံခြုံအောင် စောင့်သုံး၍ သိက္ခာသုံးပါးနှင့် ပြည့်စုံလိုလတ်သော အမျိုးကောင်းသား ယောက်ျား သဇ္ဇနသည် ရှေးဦးစွာ ရဟန်း ယောက်ျား၊ ရဟန်းမိန်းမ၊ ဆယ်ပါးသောသီလ၏ လက္ခဏာကိုသိသော ဥပါသကာယောက်ျား ဥပါသိကာ မိန်းမတို့၏ အထံ၌ သရဏဂုံသုံးပါးနှင့် တကွ ငါးပါးသီလ၊ အာဇီဝဋ္ဌမကသီလ၊ အဋ္ဌင်္ဂသီလ၊ နဝင်္ဂသီလ၊ ဒသင်္ဂသီလတို့ကို ကျင့်သုံး ဆောက်တည်ရာ၏။ ထိုသို့ ရဟန်းယောကျ်ား စသော ဘီလဝန္တပုဂ္ဂိုလ် မရရှိသည်ဖြစ်စေ၊ ရှိပါသော်လည်း ဝေးကွာလှ၍ မသွားနိုင်သည် ဖြစ်စေ မိမိတို့ဘာသာ ဘုရားရှင်၏ စေတီတော်ရှိရာသို့ ဦးခိုက်၍ ကျင့်သုံး ဆောက်တည်ရာ၏။

ဥပေါသထဒိဝသေ ပါတောဝ ဘိက္ခုဿာဝါ ဘိက္ခုနိယာ ဝါ ဒသသီလ-လက္ခဏညုနော ဥပါသကဿ ဝါ ဥပါသိကာယ ဝါ သန္တိကေ ဝါစံ ဘိန္ဒိတွာ ဥပေါသထင်္ဂါနိ သမာဒါတဗ္ဗာနိ။ ပါဠိံ အဇာနန္တေန ပန ဗုဒ္ဓပညတ္တံ ဥပေါသထံ အဓိဋ္ဌာမီတိ အဓိဋ္ဌာတဗ္ဗံ။ အညံ အလဘန္တေန အတ္တနာပိ အဓိဋ္ဌာတဗ္ဗံ။ ဝစီဘေဒေါ ပန၊ ကာတဗ္ဗောယေဝ။

အံ၊ဋ္ဌ၊၂၊၁၉၉-၂၀၀။

ယော၊ အကြင်သူသည်။
ဥပေါသထ ဒိဝသေ၊ ဥပုသ်နေ့၌။
ပါတောဝ၊ စောစောကလျှင်။
ဘိက္ခုဿဝါ၊ ရဟန်းယောက်ျား၏ လည်းကောင်း။
ဘိက္ခုနိယာဝါ၊ ရဟန်းမိန်းမ၏ လည်းကောင်း။
ဒသသီလလက္ခဏညုနော၊ ဆယ်ပါးသီလ၏ လက္ခဏာကိုသိသော။
ဥပါသကဿဝါ၊ သရဏဂုံတည်သော လူယောက်ျား၏ လည်းကောင်း။
ဥပါသိကာယဝါ၊ သရဏဂုံတည်သော လူမိန်းမ၏လည်းကောင်း။
သန္တိကေ၊ အထံ၌။
ဝါစံ၊ နှုတ်ကို။
ဘိန္ဒိတွာ၊ မြွက်၍။
ဥပေါသထင်္ဂါနိ၊ ဥပုသ်၏အင်္ဂါတို့ကို။
သမာဒါတဗ္ဗာနိ၊ ဆောက်တည်အပ်ကုန်၏။
ပါဠိံ၊ ပါဠိကို။
အဇာနန္တေနပန၊ မသိသောသူသည်ကား။
ဗုဒ္ဓပညတ္တံ ဥပေါသထံ အဓိဋ္ဌာမီတိ၊ ဗုဒ္ဓပညတ္တံ ဥပေါသထံ အဓိဋ္ဌာမိဟူ၍။
အဓိဋ္ဌာတဗ္ဗံ၊ ဆောက်တည်အပ်၏။
အညံ၊ တစ်ပါးသော ရဟန်း ယောက်ျား စသောသူကို။
အလဘန္တေန၊ မရသောသူသည်။
အတ္တနာပိ၊ မိမိအလိုလိုလည်း။
အဓိဋ္ဌာတဗ္ဗံ၊ ဆောက်တည်အပ်၏။
ဝစီဘေဒေါပန၊ နှုတ်မြွက်ခြင်းကိုကား။
ကာတဗ္ဗောယေဝ၊ ပြုအပ်သည်သာလျှင်တည်း။

၎င်းအဋ္ဌကထာပါဌ်၌ သရဏဂုံယူပုံကိုကား မဆို။ ထိုသို့မဆိုသော်လည်း သရဏံ ပန ဧကဘိက္ခုဿဝါ သန္တိကေ သံဃဿဝါ ဂဏဿဝါ ဟု ကူဋဒန္တသုတ် အဋ္ဌကထာ [ဒီ၊ဋ္ဌ၊၁၊၂၇၂] တို့၌ ဆိုသောကြောင့် ရေးလိုက်သည်။ သာမဏေ ရဟန်းတို့ သီလမှာ အထူးမှာဖွယ် မရှိပြီ။

ထို အဓိသီလသိက္ခာ၌ သရဏဂုံ၏ အကာရ ပဘေဒ တို့ကိုလည်းကောင်း၊ သီလ၏ အာကာရ ပဘေဒတို့ကို လည်းကောင်း စိစစ်ရွေးချယ်၍ သရဏ၊ သရဏဂမန၊ သရဏဂစ္ဆ၊ သရဏဂမနပဘေဒ၊ သရဏဂမနာနိသံသ၊ သံကိလေသ၊ ဘေဒ-ဟူ၍ ခုနှစ်ပါး။ ဥပါသကာ ဥပါသကာ၏သီလ၊ ဥပါသကာ၏ အာဇီဝ၊ ဥပါသကာ၏ ပျက်စီးခြင်း၊ ဥပါသကာ၏ ပြည့်စုံခြင်း၊ ဟူ၍ ငါးပါး အစရှိသဖြင့် ဆုံးဖြတ်အပ်ခြင်း၊ လူတို့၏ ပဉ္စင်္ဂစသော သီလတို့၏ ဝါရိတ္တ၊ စာရိတ္တ၊ စေတနာစသော သီလ ငါးပါး။ ဝဋ္ဋနိဿိတ၊ ဝိဝဋ္ဋနိဿိတ စသော သီလတို့ကို ဆုံးဖြတ်အပ်ခြင်း၊ ရဟန်းတို့၏ စတုပါရိသုဒ္ဓိသီလကို ဆုံးဖြတ်အပ်ခြင်း၊ ဤသို့သော အဆုံးအဖြတ်တို့ကို ရေး၍ ဆုံးဖြတ်အပ်သည် ရှိသော် အလွန်ကျယ်စွာ ဖြစ်လတ္တံ့။

သရဏဂုံယူနည်း၊ သီလယူနည်းတို့ကား ပေါများ ထင်ရှားကြလှ၏။ သို့အတွက် ကြောင့် သရဏဂုံ၏ အဆုံးအဖြတ်၊ သီလ၏ အဆုံးအဖြတ်တို့ကို မရေးသေးမူ၍ အဓိစိတ္တသိက္ခာကို အားသစ်ကြိုးပမ်း ထမ်းဆောင် အားထုတ်လိုသော ဓယာက်ျား သူတော်စွာသူတို့၏ အကျိုးငှာ လဒ္ဓေါပဒေသ ဟတ္ထမုဋ္ဌိ ယုတ္တိအာဂမတို့နှင့် လျော်စွာ သင်္ခေပ အားဖြင့် ကြိုးစား ချီးမြှင့်ပေဦးအံ့။

အဟံ ဟိ သစေပိ မေ တိခိဏေန အသိနာ သီသံ ဆိန္ဒေယျ။ နေဝ ဗုဒ္ဓံ န ဗုဒ္ဓေါတိ ဝါ ဓမ္မံ န ဓမ္မောတိ ဝါ သံဃံ န သံဃောတိ ဝါဝဒေယျန္တိ။

အံ၊ဋ္ဌ၊၂၊၂၂

ဟိ၊ သင့်စွ။
အဟံ၊ ငါသည်။
သစေပိ၊ အကယ်၍လည်။
တိခိဏေန၊ ထက်လှစွာသော။
အသိနာ၊ သံလျက်ဖြင့်။
မေ၊ ငါ၏။
သီသံ၊ ဦးခေါင်းကို။
ဆိန္ဒေယျ၊ ဖြတ်မူလည်း ဖြတ်ပစေ။
ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။
န ဗုဒ္ဓေါတိဝါ၊ ငါ၏ ဆရာဘုရား မဟုတ်ဟူ၍ လည်းကောင်း။
ဓမ္မံ၊ ကျင့်ဝတ်ပဋိပတ်နှင့် တကွ လောကုတ္တရာတရားကို။
န ဓမ္မောတိဝါ၊ တရား မဟုတ်ဟူ၍ လည်းကောင်း။
သံဃံ၊ ကလျာဏ ပုထုဇဉ်နှင့်တကွ အရိယာရှစ်ယောက်ကို။
န သံဃောတိဝါ ၊ သံဃာ မဟုတ်ဟူ၍ လည်းကောင်း။
နေဝဝဒေယျံ၊ မပြောမဆိုပါတော့အံ့။

ဤ အင်္ဂုတ္တရ အဋ္ဌကထာ မိန့်မှာတော်မူအပ်သည် နှင့်အညီ ကိုယ့်အသက်ကိုလျက် ငဲ့ကွက်ထောက်ထား ညှာတာခြင်း မရှိမူ၍ သရဏဂုံ သုံးပါးနှင့်ကွ ငါးပါးသော သီလ စသော အဓိသီလသိက္ခာကို ရိုသေစွာ ကျင့်သုံးပြီးသော သီလဝန္တ ပေသလ ပုဂ္ဂိုလ်သည် ပုဗ္ဗဘာဂ လောကိယ မဂ္ဂင်ရှစ်ပါးတို့တွင် ပုဗ္ဗသုဒ္ဓိက ပုဗ္ဗာရင်္ဂ ပါရိသုဒ္ဓိကြီးသို့ ရောက်၍ သီလဝိသုဒ္ဓိ မည်ပေ၏။

ပုဗ္ဗေဝ ခေါ ပနဿာတိ အဿ ဘိက္ခုနော ဝါစာကမ္မန္တာဇီဝါ ပုဗ္ဗသုဒ္ဓိကာ နာမ၊ အာဒိတော ပဋ္ဌာယ ပရိသုဒ္ဓါဝ ဟောန္တိ။

မ၊ဋ္ဌ၊၄၊၂၄၀

ပုဗ္ဗေဝ ခေါ ပနဿာတိ၊ ဟူသည်ကား။
အဿဘိက္ခုနော၊ ထိုရဟန်းအား။
ဝါစာကမ္မန္တာဇီဝါ၊ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ မဂ္ဂင်တရား သုံးပါးတို့သည်။
ပုဗ္ဗသုဒ္ဓိကာ နာမ၊ ပုဗ္ဗသုဒ္ဓိကတို့ မည်ကုန်၏၊
အာဒိတော၊ ပဉ္စင်း ဖြစ်သောအခါမှ။ (ရဟန်းအဖို့)
အာဒိတော၊ သရဏဂုံသီလယူ ပြီးသော အခါမှ။ (လူ-သာမဏေ အဖို့)
ပဋ္ဌာယ၊ စ၍။
ပရိသုဒ္ဓါဝ၊ စင်ကြယ်ကုန်တော့သည်သာလျှင်။
ဟောန္တိ၊ ဖြစ်ကုန်၏။

၎င်းသီလ၏အကျယ်ကို နောက်သစ္စပါရဂူကျမ်း၌ တွေ့ရလတ္တံ့။

၈ - ကမ္မဌာန်း စီးဖြန်းသောသူတို့ မဂ်ကိုရနိုင်ခြင်း

ထိုသို့ ပုဗ္ဗဘာဂ လောကီယမဂ္ဂင် သုံးအင်သော ပုဗ္ဗသုဒ္ဓိက သီလ၏ ဖြုစင်ခြင်းနှင့် ပြည့်စုံပြီးသော အမျိုးကောင်းသား ယောက်ျား အရဒ္ဓသည် အဓိသီလ သိက္ခာကို ဖြည့်ကျင့်ရခြင်းဖြင့် ရောင့်ရဲခြင်း မပြေနိုင်ရှာလှ၍။ (ဝါ) သိက္ခာသုံးပါးနှင့် ပြည့်စုံ လိုလှ၍။ (ဝါ) ကလျာဏဘုံ သေက္ခဘုံ အသေက္ခဘုံသို့ ရောက်လိုလှ၍ -

စတ္တာရော မေ ဘိက္ခဝေ ဓမ္မာ ဘာဝိတာ ဗဟုလီကတာ သောတာပတ္တိဗလ-သစ္ဆိကိရိယာယ သံဝတ္တန္တိ။ ကတမေ စတ္တာရော သပ္ပုရိသသံသေဝေါ သဒ္ဓမ္မသဝနံ ယောနိသောမနသိကာရော ဓမ္မာနုဓမ္မပဋိပတ္တိ ဣမေ ခေါ ဘိက္ခဝေ စတ္တာရော ဓမ္မာ ဘာဝိတာ ဗဟုလီကတာ သောတာပတ္တိဖလသစ္ဆိကိရိကာယ သံဝတ္တန္တိ။

ပဋိသံ၊၃၇၀

ဘိက္ခဝေ၊ ရဟန်းတို့။
စတ္တာရော၊ လေးပါးကုန်သော။
ဣမေဓမ္မာ၊ ဤတရားတို့ကို။
ဘာဝိတာ၊ ပွားများအပ်ကုန်သည်ရှိသော်။
ဗဟုလီကတာ၊ အကြိမ်များစွာ ပွားအပ်ကုန်သည်ရှိသော်။
သောတာပတ္တိဗလသစ္ဆိကိရိယာယ၊ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ။
သံပတ္တန္တိ၊ ဖြစ်ကုန်၏။

စတ္တာရော၊ လေးပါးတို့ဟူသည်။
ကတမေ၊ အဘယ်သည်တို့နည်း ဟူမူကား။
သပ္ပုရိသသံသေဝေါ၊ ဘုရားစသော သူတော်ကောင်းတို့ကို ပေါင်းဖော်ယှဉ်တွဲ မှီဝဲ ဆည်းကပ်ခြင်း လည်းကောင်း။
သဒ္ဓမ္မသဝနံ၊ နာမ်ရုပ်နှစ်ပါးကို ပိုင်းခြားထင်ထင် သိမြင်နိုင်သော သူတော်ကောင်း တရားကို နာခံမှတ်သား နာကြားရခြင်း လည်းကောင်း။
ယောနိသောမနသိကာရော၊ နိစ္စဟု ထင်မြင်မှားယွင်းခြင်းကို အနိစ္စ, သုခဟု ထင်မြင်မှားယွင်းခြင်းကို ဒုက္ခ, အတ္တဟု ထင်မြင်မှားယွင်းခြင်းကို အနတ္တ, သုဘဟု ထင်မြင်မှားယွင်းခြင်းကို အသုဘ အားဖြင့် နှလုံးသွင်းခြင်း လည်းကောင်း။
ဓမ္မာနုဓမ္မပဋိပတ္တိ၊ လောကုတ္တရာတရား ကိုးပါး အားလျော်သော မဂ္ဂင်ရှစ်ပါး မြတ်တရားကို ကျင့်ဆောင်မယုတ် အားထုတ် ဆည်းပူးခြင်း လည်းကောင်း။

ဘိက္ခဝေ၊ ရဟန်းတို့။
စတ္တာရော၊ လေးပါးကုန်သော။
ဣမေခေါဓမ္မာ၊ ဤတရားတို့ကို။
ဘာဝိတာ၊ ပွားများအပ်ကုန်သည်ရှိသော်။
ဗဟုလီကတာ၊ အကြိမ်များစွာ ပွားအပ်ကုန်သည်ရှိသော်။
သောတာပတ္တိဖလသစ္ဆိကိရိကာယ၊ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ။
သံဝတ္တန္တိ၊ ဖြစ်ကုန်၏။

၉ - ကမ္မဋ္ဌာန်းယူရန် ဆရာခြောက်ယောက်ကို ပြခြင်း

ဤသို့ အစရှိသောအားဖြင့် မိမိ၏ဉာဏ်သွား တရားကို အားထားလျက် ဘုရားစသော သူတော်ကောင်းတို့ကို လိုက်လံ၍ ရှေးဦးစွာ ရှာကြံ ဆည်းကပ်ရာ၏။ ထို သူတော်ကောင်းတို့တွင် ရှေးဦးစွာ ဘုရားကို မရရှိခဲ့လျှင် -

(၁) ရဟန္တာကို၊
(၂) ရဟန္တာကို မရရှိခဲ့လျှင် အနာဂါမ်ကို
(၃) အနာဂါမ်ကို မရရှိခဲ့လျှင် သကဒါဂါမ်ကို၊
(၄) သကဒါဂမ်ကို မရရှိခဲ့လျှင်သောတာပန်ကို
(၅) သောတာပန်ကို မရရှိခဲ့လျှင် ထိုကမ္မဋ္ဌာန်းဖြင့် ဈာန်ရသောပုဂ္ဂိုလ်ကို
(၆) ဈာန်ရပုဂ္ဂိုလ်ကို မရရှိခဲ့လျှင် တိပိဋကဓရ ဒွိပိဋကဓရ ဧကပိဋကဓရ၊ ဧကသင်္ဂီတိအဋ္ဌကထာဓရ, ကမ္မဋ္ဌာနပဂုဏလဇ္ဇီပေသလ ဖြစ်သော ဗဟုဿုတ ပုဂ္ဂိုလ်ကို -

ရှာကြံ ဆည်းကပ်အပ်၏။

သစေ ခီဏာသဝံ လဘတိ၊ ဣစ္စေတံ ကုသလံ နော စေ လဘတိ အနာဂါမိ သကဒါဂါမိ သောတာပန္န ဈာနလာဘီ ပုထုဇ္ဇနတိပိဋကဓရ ဒွိပိဋကဓရ ဧကပိဋကဓရေသု ပုရိမဿ ပုရိမဿ သန္တိကေ၊ ဧကပိဋကဓရေပိ အသတိ ယဿ ဧကသင်္ဂီတိပိ အဋ္ဌကထာယ သဒ္ဓိံ ပဂုဏာ၊ အယဉ္စ လဇ္ဇီ ဟောတိ တဿ သန္တိကေ ဂဟေတဗ္ဗံ။

ဝိသုဒ္ဓိ၊၁၊၉၅

ခီဏာသဝံ၊ ရဟန္တာကို။
သစေ လဘတိ၊ အကယ်၍ ရငြားအံ့။
ဣစ္စေတံ ဣတိဧတံ၊ ဤသို့ ရဟန္တာကို ရခြင်းသည်။
ကုသလံ၊ ကောင်းလှ၏။
နောစေ လဘတိ၊ အကယ်၍ ရဟန္တာကို မရငြားအံ့။
အနာဂါမိ သကဒါဂါမိ သောတာပန္န ဈာနလာဘီ ပုထုဇ္ဇန တိပိဋကဓရ ဒွိပိဋကဓရ ဧကပိဋကဓရေသု၊ အနာဂါမ် သကဒါဂါမ် သောတာပန် ဈာန်ရ ပုထုဇဉ်ဖြစ်လျက် ပိဋကတ် သုံးပုံဆောင် နှစ်ပုံဆောင် တစ်ပုံဆောင် သခင်တို့တွင်။
ပုရိမဿ ပုရိမဿ၊ ရှေးရှေးသခင်၏။
သန္တိကေ၊ အထံ၌။
ဧကပိဋကဓရေပိ၊ ပိဋကတ် တစ်ပုံဆောင် သခင်သည်လည်း။
အသတိ၊ မရှိခဲ့သော်။
ယဿ၊ အကြင်သခင်သည်။
ဧကသင်္ဂီတီပိ၊ တစ်ခုသော နိကာယ်ကိုမျှလည်း။
အဋ္ဌကထာယ၊ အဋ္ဌကထာနှင့်။
သဒ္ဓိံ၊ တကွ။
ပဂုဏာ၊ လေ့လာအပ်သည်။
ဟောတိ၊ ဖြစ်၏။
အယဉ္စ၊ အဋ္ဌကထာနှင့်တကွ တစ်နိကာယ်ကို လေ့လာအပ်သော သခင်သည်လည်း လဇ္ဇီ၊ လဇ္ဇီသည်။
ဟောတိ၊ ဖြစ်အံ့။
တဿ၊ ထို လဇ္ဇီ၏။
သန္တိကေ၊ အထံ၌။
ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်းကို၊ (ထည့်)
ဂဟေတဗ္ဗံ၊ ယူအပ်၏။

၁၀ - ပလိဗောဓ ပယ်ဖြတ်ခြင်း

ထိုသို့ရှာကြံဆည်းကပ်ပြီးလျှင် -

ဒသသု ပလိဗောဓေသု ပလိဗောဓော အတ္ထိ၊ တံ ဥပစ္ဆိန္ဒိတွာ ကမ္မဋ္ဌာနဒါယကံ ကလျာဏမိတ္တံ ဥပသင်္ကမိတွာ အတ္တနော စရိယာနုကူလံ စတ္တာလီသာယ ကမ္မဋ္ဌာနေသု အညတရံ ကမ္မဋ္ဌာနံ သမာဓိဘာဝနာယ အနနုရူပဝိဟာရံ ပဟာယ အနုရူပေ ဝိဟာရေ ဝိဟရန္တေန ခုဒ္ဒကပလိဗောဓုပစ္ဆေဒံ ကတွာ သဗ္ဗံ ဘာဝနာဝိဓာနံ အပရိဟာပေန္တေန ဘာဝေတဗ္ဗော၊

ဝိသုဒ္ဓိ၊၁၊၈၆

ဒသသု ပလိဗောဓေသု၊ ဆယ်ပါးသော ပလိဗောဓတို့တွင်။
ပလိဗောဓော၊ ပလိဗောဓသည်။
အတ္ထိ၊ ရှိ၏။
တံ၊ ထိုပလိဗောကို။
ဥပစ္ဆိန္ဒိတွာ၊ ဖြတ်၍။
ကမ္မဋ္ဌာနဒါယကံ၊ ကမ္မဋ္ဌာန်းကို ပေးတတ်သော။
ကလျာဏမိတ္တံ၊ ကလျာဏမိတ်သို့။
ဥပသင်္ကမိတွာ၊ ကပ်၍။
အတ္တနော၊ မိမိ၏။
စရိယာနုကူလံ၊ စရိုက်အားလျော်သော။
စတ္တာလီသာယကမ္မဋ္ဌာနေသု၊ အမျှ လေးဆယ်သော ကမ္မဋ္ဌာန်းတို့တွင်။
အညတရံ၊ တပါးပါးသော။
ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်းကို။
(ဘာဝေတဗ္ဗံ၌ စပ်)။
သမာဓိဘာဝနာယ၊ သမာဓိ ဘာဝနာနှင့်။
အနနုရူပဝိဟာရံ၊ မလျောက်ပတ်သော ကျောင်းကို။
ပဟာယ၊ ပယ်စွန့်၍။
အနုရူပေ၊ လျောက်ပတ်သော။
ဝိဟာရေ၊ ကျောင်း၌။
ဝိဟရန္တေန၊ နေလျက်။
ခုဒ္ဒကပလိဗောဓုပစ္ဆေဒံ၊ ငယ်သော ပလိဗောဓကို ဖြတ်ခြင်းကို။
ကတွာ၊ ပြု၍။
သဗ္ဗံ၊ အလုံးစုံသော။
ဘာဝနာဝိဓာနံ၊ ဆရာညွှန်းအပ်သော အစီအရင်ကို။
အပရိဟာပေန္တေန၊ မယုတ်စေသဖြင့်။
ဘာဝေတဗ္ဗံ၊ ပွားများအပ်၏။

၁၁ - သဗ္ဗတ္ထက ကမ္မဋ္ဌာန်း စီးဖြန်းရန်

ဤသို့ အဋ္ဌကထာ မိန့်မှာတော် မူအပ်သည်နှင့်အညီ ကလျာဏမိတ္တဖြစ်သော ကမ္မဋ္ဌာန်းဆရာ၏ ဩဝါဒကို ဦးလည်မသုန် အမှန်မပေါ် ဆယ်ကျော်မရောက် ပြန်မခေါက်ဘဲ လျောက်ပတ်စွာ နားထောင် မှတ်သားပြီးလျှင် ဆယ်ပါးသော ပလိဗောဓကြီး စသော နဝကမ္မ ဝတ္တာနုရူပတို့ကို ကမ္မဋ္ဌာန်းကျောင်းသို့ မဝင်မီ ပြီးစေလျက် စရိုက်အားလျော်စွာ သဗ္ဗတ္ထက ကမ္မဋ္ဌာန်းပါရိဟာရိယ ကမ္မဋ္ဌာန်း တို့တွင် ဆရာသည် ပေးအပ်သော ကမ္မဋ္ဌာန်းကို ရှေးဦးစွာ ဘုရားကို ပူဇော်ရခြင်း၊ မိမိနေသော အရာမ်သံဃာမှစ၍ ရဟန်း၊ နတ်၊ လူ၊ သတ္တဝါတို့ကို “သီမဋ္ဌကဘိက္ခု အဝေရော ဟောတု၊ အဗျာပဇ္ဇော ဟောတု၊ အနီဃော ဟောတု၊ သုခီ အတ္တာနံ ပရိဟရန္တု” စသည်ဖြင့် ၅၂၈-သွယ် မေတ္တာ-စသည်ကို ပွားများခြင်း၊ … “အဝဿံ မယာ မရိတဗ္ဗံ”စသည်ကို ပွားများရခြင်းအားဖြင့် အစီရင်ကို ပြီးစေရမည်။

တတ္ထ သဗ္ဗတ္ထကကမ္မဋ္ဌာနံ နာမ ဘိက္ခုသံဃာဒီသ မေတ္တာ မရဏဿတိ စ။

ဝိသုဒ္ဓိ၊၁၊၉၄

ကတ္ထ၊ ထိုနှစ်ပါးသော ကမ္မဋ္ဌာန်းတို့တွင်။
သဗ္ဗတ္ထကကမ္မဋ္ဌာနံ နာမ၊ သဗ္ဗတ္ထက ကမ္မဋ္ဌာန်းမည်သည်ကား။
ဘိက္ခုသံဃာဒီသု၊ ရဟန်းသံဃာ စသည်တို့၌။
မေတ္တာ စ၊ အမျှချစ်ခြင်း လည်းကောင်း။
မရဏဿတိ စ၊ သေခြင်းတရားကို အောက်မေ့ခြင်းလည်းကောင်း၊

သဗ္ဗတ္ထက ကမ္မဋ္ဌာန်းကို ပြီးစေပြီး၍ စရိုက်အားလျော်စွာ ဆရာက ပေးသော လေးဆယ်သော ကမ္မဋ္ဌာန်းတို့တွင် သင့်လျော် လျောက်ပတ်သော ကမ္မဋ္ဌာန်းကို စီးဖြန်း အားသစ်လျက် နေ့ညဉ့် ကို ကုန်စေသောအားဖြင့် ပါရိဟာရိယ အစီအရင်ကို ပြီးစေရမည်။

စတ္တာလီသာယ ပန ကမ္မဋ္ဌာနေသု ယံ ယဿ ဧရိယာနုကူလံ တံ တဿ နိစ္စံ ပရိဟရိတဗ္ဗတ္တာ ဥပရိမဿ စ ဘာဝနာကမ္မဿ ပဒဋ္ဌာနတ္တာ ပါရိဟာရိယကမ္မဋ္ဌာနန္တိ ဝုစ္စတိ။

ဝိသုဒ္ဓိ၊၁၊၉၄

စတ္တာလီသာယ ပန ကမ္မဋ္ဌာနေသု၊ အမျှလေးဆယ်သော ကမ္မဋ္ဌာန်းတို့တွင်။
ယံ၊ အကြင်ကမ္မဋ္ဌာန်းသည်။
ယဿ၊ အကြင် ရဟန်းအား။
စရိယာနုကူလံ၊ စရိုက်အား လျော်၏။
တံ၊ ထိုကမ္မဋ္ဌာန်းကို။
တဿ၊ ထိုကမ္မဋ္ဌာနိက ရဟန်းသည်။
နိစ္စံ၊ အမြဲ။
ပရိဟရိတဗ္ဗတ္တာ၊ ဆောင်ရွက် အားထုတ်အပ်သည်၏ အဖြစ်ကြောင့် လည်းကောင်း။
ဥပရိမဿ ဥပရိမဿ၊ အထက် အထက်၌ ဖြစ်သော။
ဘာဝနာကမ္မဿ၊ ဘာဝနာမှု၏။
ပဒဋ္ဌာနတ္တာ စ၊ နီးသောအကြောင်း၏ အဖြစ်ကြောင့် လည်းကောင်း။
ပါရိဟာရိယကမ္မဋ္ဌာနန္တိ၊ ပါရိဟာယကမ္မဋ္ဌာန်းဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။

သဗ္ဗတ္တကပါရိဟာရိယ အစီအရင် နှစ်ပါးတို့တွင် သဗ္ဗတ္ထက အစီအရင်ကား ဆရာပြသော နည်းဖြင့် သိလွယ်၏။ ပါရိဟာရိယကမ္မဋ္ဌာန်း ဖြစ်သော ၃၈-ပါး သော ကမ္မဋ္ဌာန်းတို့တွင် တပါးပါးသော ကမ္မဋ္ဌာန်း၏ အစ အလယ် အဆုံးသို့ ရောက်အောင်ကား အလွန်ဖြစ်ခဲလှ၏။

ထိုသို့ဖြစ်ခဲလှသော်လည်း မိမိတို့၏ ယထာဗလ အားလျော်စွာ အစတွင် ဖြစ်စေ အလယ်တွင် ဖြစ်စေ အဆုံးသို့ ရောက်အောင် ဖြစ်စေ မဆုတ်မနစ် အားထုတ်ရာ၏။ ထိုသို့အားထုတ်ရာ၌ အလယ်အဆုံးသို့ မရောက်မူ အားမထုတ်ဘဲ မဆုတ်ရာ မနစ်ရာ မတွန့်ရာ။ အဘယ့်ကြောင့်နည်းဟူမူ မိမိ၏ သီလ သမာဓိ ပညာကို သူတပါး အားထုတ်၍ အဘယ်အခါ၌ ပေးလာလိမ့်မည်ဟူ၍ တောင့်တ၍ မရခြင်းကြောင့် တည်း။

တသ္မာတိဟာနန္ဒ အတ္တဒီပါ ဝိဟရထ အတ္တသရဏာ အနည သရဏာ ဓမ္မဒီပါ ဓမ္မသရဏာ အနညသရဏာ။

ဒီ၊၂၊၈၅

အာနန္ဒ၊ အာနန္ဒာ။
ဣဟ၊ ဤလောက၌။
တသ္မာ၊ ထိုသို့ ဓမ္မာနုဓမ္မပဋိပန္နကို ကျင့်အပ်သည်၏ အဖြစ်ကြောင့်။
အတ္တဒီပါ၊ မိမိကိုယ်ကိုလျှင် မှီခိုရာ ကျွန်းကြီးသဖွယ် ရှိကြကုန်သည်ဖြစ်၍။
ဝိဟရထ၊ နေရစ်ကြကုန်။
အတ္တသရဏာ၊ မိမိကိုယ်ကိုသာလျှင် ကိုးကွယ်ရာ ရှိကြကုန်သည် ဖြစ်၍။
ဝိဟရထ၊ နေရစ်ကြကုန်။
အနညသရဏာ၊ မိမိကိုယ်မှတပါး မှီခိုရာမရှိကြ ကုန်သည်ဖြစ်၍။
ဝိဟရထ၊ နေရစ်ကြကုန်။
ဓမ္မဒီပါ၊ မဂ္ဂင်ရှစ်ပါး မြတ်တရားကိုသာလျှင် မှီခိုရာ ကျွန်းကြီးသဖွယ် ရှိကြကုန်သည် ဖြစ်၍။
ဝိဟရထ၊ နေရစ်ကြကုန်။
ဓမ္မသရဏာ၊ မဂ္ဂင်ရှစ်ပါး မြတ်တရားကို သာလျှင် ကိုးကွယ်ရာ ရှိကြကုန်သည် ဖြစ်၍။
ဝိဟရထ၊ နေရစ်ကြကုန်။
အနညသရဏာ၊ မဂ္ဂင်ရှစ်ပါး မြတ်တရားမှ တစ်ပါးသော ကိုးကွယ်ရာ မရှိကြကုန် သည်ဖြစ်၍။
ဝိဟရထ၊ နေရစ်ကြကုန်။

ထိုကြောင့် ယခုအခါ၌ အောက်က ပဋိညာဉ်ရှိသည် အတိုင်း “အနာဂတေ ပန ဥပနိဿယော မန္ဓော ဘဝိဿတိ” ရှင်တော်ဘုရား၏ မနော ဝိသယိတ် အလိုတော် ဗျာဒိတ်နှင့် လျော်စွာလည်းကောင်း၊ (မဇ္ဈိမပဏ္ဏာသ)။ “အာနာပါနံ မောဟစရိတဿ ဝိတက္ကစရိတဿစ” ဟု သင်္ဂြိုဟ်ဆရာ၏ အာဘော်ထားရင်း နှလုံးသွင်း အားလျော်စွာ လည်းကောင်း ယခုဘဝ လူ့လောက၌ မန္ဓပသာ ပေါများ၍ ဖြာဖြာဝိတက် မငြိမ်သက်သဖြင့် တိမ်ဖျက်သော လေဟုန်ကဲ့သို့ အာရုံမလောက် ကမောက်ကမ ရှိကြသောသူ များပါလှသည် ဖြစ်၍ လေးဆယ်သော ကမ္မဋ္ဌာန်းတို့မှ အသီးထုတ်နုတ်၍ အာနာပါနပရိဟာရိယ ကမ္မဋ္ဌာန်းကို စီးဖြန်းရန် ရေးလိုက်ပေအံ့။ (ဝါ) လဒ္ဓေါပဒေသ ဟတ္ထမုဋ္ဌိ ယုတ္တိအဂမတို့နှင့် လျော်စွာ ရေးပေအံ့ဟူလို။

၁၂ - ပါရိဟာနိယ ကမ္မဋ္ဌာန်းကို စီးဖြန်းရန် ပထမနည်းကို ပြခြင်း

ဣဓ ဘိက္ခဝေ ဘိက္ခု၊ အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ နိသီဒတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ၊ သော သတောဝ အဿသတိ၊ သတောဝ ပဿသတိ၊

ဒီ၊၂၊၂၃၁

ဤကား သုံးလောကဓိပတိ တုမရှိ မုနိပုင်္ဂဝ သုံးလူ့ဘ ချစ်ဆွေသည် များဝေနေ လူတလွှားတို့ကို သနားခြင်းအားကြီးလှ၍ ဟောပြအပ်သော ဒေသနာနယတော် ပေတည်း။

ဘိက္ခဝေ၊ ရဟန်းတို့။
ဣဓ၊ ဤငါဘုရားသာသနာတော်၌။
ဘိက္ခု၊ ရဟန်း ရှင် လူ ဘယ်လူ မကောက် တယောက်ယောက်သော သူသည်။
အရညဂတောဝါ၊ လူသံမနီး ရိပ်မြိုင်ကြီးသို့ကပ်၍ လည်းကောင်း။
ရုက္ခမူလဂတောဝါ၊ သစ်ပင်ရင်းသို့ ကပ်၍လည်းကောင်း။
သညာဂါရဂတောဝါ၊ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်၍ လည်းကောင်း။
ပလ္လင်္ကံ၊ ထက်ဝယ်ကို။
အာဘုဇိတွာ၊ ခွေ၍။
ကာယံ၊ ဥပရိကာယကိုယ်ကို။
ဥဇုံ၊ ဖြောင့်ဖြောင့်။
ပဏိဓာယ၊ ထား၍။
သတိံ၊ ထွက်သက်ဝင်သက်၌ မှတ်မိသော သတိကို။
ဝါ၊ ဖောဋ္ဌဗ္ဗကာယ၌ မှတ်သော သတိကို။
ပရိမုခံ၊ ကမ္မဋ္ဌာန်းသို့ရှေးရှု။
ဥပဋ္ဌပေတွာ၊ ဖြစ်စေ၍။
နိသီဒတိ၊ နေ၏။
သော၊ ထို အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းသော ရဟန်းရှင်လူ ဘယ်သူမကောက် တစ်ယောက်ယောက်သော သူသည်။
သတောဝ၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍သာလျှင်။
(ဝါ) ထွက်တိုင်း ထွက်တိုင်း မှတ်မိသည် ဖြစ်၍သာလျှင်။
အဿသတိ၊ ထွက်သက်ကိုရှု၏။
သတောဝ၊ သတိနှင့် ပြည့်စုံသည်ဖြစ်၍သာလျှင်။
(ဝါ) ဝင်တိုင်း ဝင်တိုင်း မှတ်မိသည် ဖြစ်၍သာလျှင်။
ပဿသတိ၊ ဝင်သက်ကို ရှိုက်၏။

ထိုဒေသနာနယ၌ မနသိကာရပဋိပတ်ကို အားထုတ်လိုသော အမျိုးကောင်းသား ယောက်ျားအာတပတို့သည် တောအရပ်၊ သစ်ပင်ရင်း၊ ဆိတ်ငြိမ်ရာအရပ်၊ ဥမင် ဂူ လိုဏ်စသော အရပ်သို့ ချဉ်းကပ်၍ ထက်ဝယ် ဖွဲ့ခွေနေပြီးမှ … ငါ၏သတိကို နှာသီးဖျား၏အတွင်း မွေးညင်းပေါက်ရာ အန္တောစမ္မ၏နံရံသို့ စိတ္တဇကြောင့် ဖြစ်သော ထွက်သက်လေတို့သည် တိုက်၍ တိုက်၍ ထွက်ကုန်၏။ ထို တိုက်၍ တိုက်၍ ထွက်သောလေကို ထွက်တိုင်းထွက်တိုင်း မှတ်အံ့။ ထို့အတူ တိုက်၍ တိုက်၍ ဝင်သောလေကို ဝင်တိုင်း ဝင်တိုင်း မှတ်အံ့ဟု ဖြစ်စေ၍ ထွက်တိုင်း ဝင်တိုင်း မှတ်ရမည်။

ထိုထွက်တိုင်း ဝင်တိုင်းမှတ်ရာ၌ … အထွက်တစ်ကြိမ်၊ အဝင်တစ်ကြိမ် တစ်ဟု၍ လည်း မှတ်အပ်၏။ အထွက်ကို နှစ်ကြိမ် အဝင်ကို နှစ်ကြိမ်ကိုတစ်ဟူ၍ လည်း မှတ်အပ်၏၊ အထွက်ကို သုံးကြိမ် အဝင်ကိုသုံးကြိမ် တစ်ဟူ၍ လည်း မှတ်အပ်၏။

တစ်ဟုမှတ်ပြီးသော် ရှေးနည်းတူစွာ -
ထွက်သည် ဝင်သည် နှစ်။
ထွက်သည် ဝင်သည် သုံး။
ထွက်သည် ဝင်သည် လေး။
ထွက်သည် ဝင်သည် ငါး။
ထွက်သည် ဝင်သည် ခြောက်။
ထွက်သည် ဝင်သည် ခုနှစ်။
ထွက်သည် ဝင်သည် ရှစ် ဟူ၍ မှတ်ရမည်။

နှစ်ကြိမ်မှတ်၊ သုံးကြိမ်မှတ်သော သူတို့သည်လည်း တစ်ကရှစ်ထိ သိအောင်မှတ်ကြ။ ရှစ်သို့ရောက်က တစ်ဝါရဟု ခေါ်ရ၏။

ထိုဝါရသည်လည်း သံသယဝါရ၊ သန္နိဋ္ဌာနဝါရ ဟု နှစ်ပါး အပြားရှိ၏။

ထိုတွင် တစ်က ရှစ်တိုင်ရုံ အတွင်း၌ အရုံခြောက်ပါးတို့တွင် တစ်ပါးပါးသော အာရုံသို့ ပြေးဝင်ခြင်းရှိမူ လည်းကောင်း၊ နီဝရဏ ငါးပါးတို့တွင် တစ်ပါးပါးသော နီဝဏသို့ ပြေးဝင်ခြင်းရှိမူ လည်းကောင်း၊ အကုသလဝိဘက် သုံးပါးတို့တွင် တပါးပါးသော ဝိတက်သို့ ပြေးဝင်ခြင်းရှိမူ လည်းကောင်း သံသယဝါရမည်၏။ ဝါရပေါက် ဝါရကျိုး မည်၏။ တစ်ဝါရဟု မရေတွက်အပ်။ ကာယဝိညတ် ဝစီဝိညတ် ဖြစ်သောသူမူ အဘယ်ဆိုဖွယ် ရှိတော့အံ့နည်း။ ဝါရဟူ၍မျှ မဆိုအပ်။

ထို ဆိုခဲ့သော အာရုံခြောက်ပါး နီဝရဏ ငါးပါး ဝိတက်သုံးပါးတို့သို့ တစ်ကြိမ်တစ်ခါမျှ မပြေးမသွားဘဲ တစ်က ရှစ်တိုင်အောင် ထွက်တိုင်း ဝင်တိုင်း မှတ်မိသော ယောဂါဝစရသည် သန္နိဋ္ဌာနဝါရကို တစ်ဝါရ ရ၏၊

အကြင်အခါ၌ တစ် နှစ် စသည်တို့ကို ရေတွက်စဉ် လူသံ ဆင်သံ မြင်းသံ စည်သံ မောင်းသံ စသည်တို့တွင် တစ်ခုခုသော အသံကို ကြားလိုက်ရ၏။ ကြားခဲ့ပါမူ အာဝတ္တနသာ ဖြစ်၏။ အနွာဝတ္တန မဖြစ်ရာ၊ သဒ္ဒါရုံကိုကြားကာမျှ ဖြစ်ခြင်းသည် အာဝတ္တန၊

ဤအသံကား (၁) လူသံ၊ (၂) မိန်းမသံလော ယောက်ျားသံလော (၃) မိ မည်သူ၏ အသံတည်း၊ ဤသို့ စသောအားဖြင့် ဖြစ်ခြင်းသည် အနွာဝတ္တန ဟူ၍မှတ်။

ထို သဒ္ဒါရုံကိုပြက ကြွင်းသောကမ္မဋ္ဌာန်း၏ အာရုံမှတစ်ပါး ငါးပါးသော အာရုံတို့၏ အာဝတ္တန, အနွာဝတ္တနကို သိကြလေကုန်။

ဝါရလုပ်စဉ် ထွက်သက် ဝင်သက် လေတိုက်ခတ်၍သွားတိုင်း မမှတ်အပ်၊ နှာသီးဖျား၏ လက်တစ်သစ်ခန့် အတွင်း၌သာ မှတ်ရမည်၊ မျက်စိကိုမှိတ်၍ အားထုတ်မည်၊ ရှေ့နောက် ဝဲယာ ထက်အောက် လက်တစ်သစ်ခန့်မျှ နယ်မှတပါး အခြားကို မကြည့်ရာ။ မအောက်မေ့ရာ မကြံရာ မသိရာ မမြင်ရာ၊

အဘယ်ကြောင့်နည်းဟူမူ ဤအာနာပါန ကမ္မဋ္ဌာန်းကို စီးဖြန်း အားထုတ်သော သူအား သမာဓိကို ပထမနည်းဖြင့် တည်စဖြစ်၍ ထိုသမာဓိ၌ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဟူသော မဂ္ဂင်သုံးပါးတို့ကို လုံခြုံအောင် စောင့်သုံးရမည်။

အကယ်၍တည်း အားထုတ်စဉ်၌ ထွက်သော် ဝင်စေရမည်။ ဝင်သော် ထွက်စေ ရမည်။ ဆက်၍ ဆက်၍ ဝီရိယကို မချီးမပင့် တစ်က ရှစ်ထိအောင် အတွင်း၌ တစ်ကြိမ်မျှ နေမိအံ့၊ သမ္မာဝါယာမ မဂ္ဂင်ပေါက်၏။ ဝီရိယက ချီးမြှင့်တိုင်း ချီးမြှင့်တိုင်း တစ် နှစ် သုံး စသည်ဖြင့် မမှတ်မိအံ့ သမ္မာသတိ မဂ္ဂင်ပေါက်၏။ ဝီရိယက ချီးမြှင့်တိုင်း သတိက မှတ်တိုင်းတို့၌ မတည်မူ၍ တပါးသော အာရုံသို့ ပြေးမူ ကမ္မဋ္ဌါန်းကို နှလုံးသွင်းတုန်းကို မြုံးဝ ငါးငယ်ကဲ့သို့ အာရုံရှိသောသူသည် သမ္မာသမာဓိ မဂ္ဂင်ပေါက်၏။ ထိုကြောင့် အခြားကို မကြည့်ရာ၊ မအောက်မေ့ရာ၊ မကြံရာ၊ မသိရာ၊ မမြင်ရာ။

တစ်ခုခု မြင်ခဲ့ပါမူလည်း အလေးမပြုရာ၊ အကယ်၍ မိမိရှေ့တူရူ၌ အခိုးကို လည်းကောင်း အရောင်ကို လည်းကောင်း အဆင်းကို လည်းကောင်း ပတ္တမြားလောက် ဥက္ကာလောက် ကြယ်လောက်ပင် တောက်ပသော အရောင်ကို မြင်ပါငြားသော်လည်း မကြည့်ရသေးရာ။ မိမိ နှလုံးသွင်းမြဲတိုင်းသော တစ် နှစ် စသော ကမ္မဋ္ဌာန်းအာရုံ၌ မြဲစွာသော သတိဖြင့် ဖွဲ့ချည်ထားရမည်။

အဘယ်ကဲ့သို့နည်းဟူမူ -

စဉ်းလဲ ကောက်ကျစ်သော နွားငယ်မိုက်ကို ဆုံးမလိုသော ယောကျ်ားသည် ခိုင်မြဲသော သည်တိုင်ကို စိုက်၍ ထိုသည်တိုင်၌ ခိုင်မြဲစွာသော ကြိုးဖြင့် ဖွဲ့ချည်ထား ရာ၏။ ထိုအခါ နွားငယ်မိုက်သည် တပါးသောအရပ်သို့ ပြေးလို သွားလိုပါလျက် မပြေး မသွားနိုင်၍ ထိုတိုင်ရင်း၌သာ အိပ်ရရှာတော့သကဲ့သို့ ထို့အတူ -

ရှည်မြင့်စွာသော ကာလပတ်လုံး ရူပါရုံ စသော အာရုံတို့၌ ကျက်စားတတ်သော စိတ်မိုက်ကို ဆုံးမလိုသော ရဟန်းရှင်လူသည် ထွက်သက် ဝင်သက်တည်း ဟူသော သည်တိုင်၌ နွားငယ်နှင့်တူသော စိတ်မိုက်ကို သတိတည်း ဟူသော ကြိုးဖြင့် ဖွဲ့ချည်ထားရာ၏။

ဧဝမေဝ ဣမိနာ ပိ ဘိက္ခုနာ ဒီဃရတ္တံ ရူပါရမ္မဏာဒိရသပါနဝဍ္ဎိတံ ဒုဋ္ဌစိတ္တံ ဒမေတုကာမေန ရူပါဒိအာရမ္မဏတော အပနေတွာ အရညံ ဝါ။ပ။ သုညာဂါရံ ဝါ ပဝေသေတွာ တတ္ထ အဿာသ ပဿာသထမ္ဘေ သတိယောတ္တေန ဗန္ဓိတဗ္ဗံ။

ဝိသုဒ္ဓိ၊၁၊၂၆၀

ဧဝမေဝ၊ ဤသို့ ဆိုးညစ်ယုတ်မာ မကောင်းစွာသော နွားမိုက်ငယ်ကို ဆုံးမသူ အတူသာလျှင်။
ဒီဃရတ္တံ၊ ရည်မြင့်စွာသော ကာလပတ်လုံး။
ရူပါရမ္မဏာဒိ ရသပါနဝဍ္ဎိတံ၊ ရူပါရုံစသည်ကို စွဲ၍ဖြစ်သော သာယာအပ်သော သုခဝေဒနာ ဟူသော အရသာကို သောက်သဖြင့် ကြီးပြင်းသော။
ဒုဋ္ဌစိတ္တံ၊ ပျက်ချော်သောစိတ်ကို။
ဒမေတုကာမေန၊ ဆုံးမလိုသော။
ဣမိနာပိ ဘိက္ခုနာ၊ ဤရဟန်းရှင်လူ အကြင်သူသည်လည်း။
ရူပါဒိအာရမ္မဏတော၊ ရူပါရုံ အစရှိသော အာရုံမှ။
အပနေတွာ၊ ပယ်၍။
အရညဝါ၊ တောသို့လည်းကောင်း။ (ပ)။
သုညာဂါရံဝါ၊ ဆိတ်ငြိမ်ရာသို့ လည်းကောင်း။
ပဝေသေတွာ၊ ဝင်၍။
တတ္ထ၊ ထိုတော စသည်၌။
အဿာသ ပဿာသထမ္ဘေ၊ ထွက်သက် ဝင်သက်တည်းဟူသော သည်တိုင်၌။
သတိယောတ္တေန၊ သတိဟူသော ကြိုးဖြင့်။
ဗန္ဓိတဗ္ဗံ၊ ဖွဲ့ချည်၍ထားအပ်၏။

(ပ)ကား ရုက္ခမူလ သစ်ပင်ရင်းကိုယူ။ ဤသို့ အဿာသ ပဿာသ ဟူသော သည်တိုင်၌ သတိဟူသော ကြိုးဖြင့် မိမိစိတ်ကို ဖွဲ့ချည်၍ သန္နိဋ္ဌာနဝါရပေါင်း နှစ်ဆယ်တန်သည် သုံးဆယ်တန်သည် စသည်ဖြင့် တစ်ခု တစ်ခုသော ဣရိယာပုထ်၌ ရသမျှ အားထုတ်ကြရမည်။

အားထုတ်၍ အကြင်သူသည် တစ်နေ့နှင့် တစ်ညဉ့် အတွက်တို့တွင် ညဉ့်အဖို့၌ သုံးစုပြု၍ တစ်စုကို ချန်လှပ်ပြီးလျှင် ဆွမ်းခံခြင်း၊ ဆွမ်းစားခြင်း ဝစ္စကိစ္စ ပဿာဝကိစ္စ တို့ကို ထား၍ တစ်နေ့နှင့် ညဉ့်၏နှစ်ဖို့ကို အားထုတ်နိုင်ပါလျှင် ဥက္ကဌ်ဟု ဆိုသင့်ပေ၏။ ထိုသူအား ဆယ်ရက်လောက်မျှနှင့် ပထမနည်းကို အအောင် ပေးထိုက်ပေ၏။ တိက္ခဖြစ်၍ ဥဂ္ဂဟနိမိတ်အာရုံ အလွန် စကားပြောလှပါမူ ခုနှစ်ရက် ရှစ်ရက်နှင့်ခွင့် ပေးထိုက်ပေ၏။

အကြင်သူသည် တစ်နေ့နှင့် ညဉ့် နှစ်ဖို့တို့တွင် ငါးစုပြု၍ လေးစုမျှ အားထုတ်နိုင် ပါလျှင် မဇ္စုံ-ဟု ဆိုသင့်ပေ၏။ ထိုသူအား အရက်နှစ်ဆယ်လောက်နှင့် ပထမ နည်းကို အအောင်ပေးထိုက်၏။ တိက္ခဖြစ်၍ နိမိတ်အလွန်စကား ပြောလှပါမူ တစ်ဆယ့်ငါးရက် တစ်ဆယ့် ခြောက်ရက်နှင့်ပင် အအောင် ပေးထိုက်ပေ၏။

အကြင်သူသည် တစ်နေ့နှင့် ညဉ့် နှစ်ဖို့တိုတွင် ငါးစုပြု၍ သုံးစု အားထုတ်နိုင်ပါလျှင် မုဒုဟု ဆိုသင့်ပေ၏။ ထိုသူအား တစ်လလောက်နှင့် ပထမနည်းကို အအောင် ပေးထိုက်ပေ၏။ တိက္ခဖြစ်၍ နိမိတ် အလွန် စကားပြောလှပါမူ အရက်နှစ်ဆယ် နှစ်ဆယ့်ငါးရက်နှင့်ပင် အအောင် ပေးထိုက်ပေ၏။

ဤစကားရပ်၌ “စကားပြောလှပါမူ” ဟူ၍ ဆိုရာ၌ အကြင်သူသည် တစ်ရက် နှစ်ရက် စသည်ဖြင့် အားထုတ်၍နေစဉ် မီးခိုး တိမ်တောင် မီးရောင် လျှပ်နွယ် စသည်တို့ကဲ့သို့ မိမိ၏ ရှေ့တူရူ နံပါး စသည်၌ အကယ်၍ ထင်မြင်လာခဲ့အံ့။ ထိုသူသည် စကားပြောသောသူ မည်၏။ အကြင်သူသည် တစ်ရက် နှစ်ရက် စသည်ဖြင့် အားထုတ်ပါငြားသော်လည်း မည်ကဲ့သို့မှ မထင်မြင်၊ ထိုသူသည် စကား မပြောသောသူ မည်၏။

ထိုသို့ စကားပြောလာသည် ဖြစ်စေ မပြောလာသည် ဖြစ်စေ အာရမ္မဏသင်္ကန္တိက ကသိဏသင်္ကန္တိက ပြည့်စုံမှသာလျှင် ဒုတိယ စသော တစ်နည်း တစ်နည်းသို့ ပြောင်းရွှေ့ရမည်။

အာမ္မဏိသင်္ကန္တိက ဟူသည်ကား တစ်ရက် နှစ်ရက် စသည် အားထုတ်ရုံမျှနှင့် ကမ္မဋ္ဌာန်း၏ အာရုံသည် ပထမအာရုံမှ ဒုတိယအာရုံသို့ ပြောင်းပါသော်လည်း အာရမ္မဏသင်္ကန္တိကသာ ရောက်၍ ကသိဏသင်္ကန္တိက မရောက်ရကား နည်းကို မပြောင်းအပ်။ ကမ္မဋ္ဌာန်း စီးဖြန်းသော ရက်ကား များလှလေပြီ။ ကမ္မဋ္ဌာန်း၏ အာရုံကား မရခဲ့။ ထိုသူသည် ကသိဏသင်္ကန္တိကသာ ရောက်၍ အာရမ္မဏသင်္ကန္တိက သို့ မရောက်ရကား နည်းကို မပြောင်းအပ်။

အကြင်သူသည် အာရမ္မဏသင်္ကန္တိကလည်း ရောက်ခဲ့၏။ ကသိဏသင်္ကန္တိကလည်း ရောက်ခဲ့၏။ ထိုသူအားသာလျှင် နည်းကို ပြောင်းရွှေ့၍ ပေးအပ်၏၊

အကြင်သူသည် ရှေးရှေး ဘဝက ဆည်းပူးခဲ့သော ပါရမီအားကြီးလှပေ၍ အာရမ္မဏသင်္ကန္တိကလည်း အလွန်ထက်သန်လှ၏။ မဆုတ်မနစ် ထင်မြင်၏။ ပြုပြင်၍မျှ မနစ်၊ ထွက်သစ်သော နေလုလင်ကဲ့သို့ လွန်စွာ အားရှိလှပါမူကား သမာဓိ၏ အားကိုကြည့်၍ ပြောင်းရွှေ့အပ်၏။

ဤသို့ အစဉ်ဖြင့် ငါတို့၏ ကျေးဇူးရှင် လက်ပံဆရာတော်ဘုရားကြီးသည် အဋ္ဌကထာကြီးတို့၌ လာအပ်သော ဂဏနနည်း၊ အနုဗန္ဓနနည်း၊ ဖုသနနည်း၊ ထပနနည်း၊ သလ္လက္ခဏနည်း၊ ဝိဝဋ္ဋနနည်း၊ ပါရိသုဒ္ဓိနည်း၊ ပဋိပဿနနည်းတို့တွင် သမထနည်းလေးပါး ဝိပသနာဝိဝဋ္ဋနနည်း လေးပါးတို့ကို သန့်၍ ပထမနည်း ဒုတိယနည်းတို့၌ ဂဏန ဖုသန ထပန တို့၏ အားကို ယှက်၍ ပြတော်မူ၏။ ထိုပြရာ၌လည်း ဒသက မယှက်၊ ယောဂါဝစရ၏ သုခပဋိပဒါအကျိုးငှာ အဋ္ဌဂဏနဝါရဖြင့် ယှက်၍ ပြတော်မူ၏။ တတိယတို့ကို တွေ့လတ္တံ့။

“တဿေဝံ ဂဏယတော နိက္ခမန္တာစ ပဝိသန္တာစ အဿာသ ပဿသာ ပါကဋာ ဟောန္တိ”

ဟူသော ပါဌ်၏နည်းဖြင့် ဂဏန ဖုသန ထပန ကို ပြတော်မူ၏။ (၁) ဝိသုဒ္ဓိ၊၁၊၂၇၁

“ဂဏနပဋိဗန္ဓေ ဟိ ကမ္မဋ္ဌာနေ ဂဏနဗလေနေဝ စိတ္တံ ဧကဂ္ဂံ မဟာတိ”-

ဟူသော ပါဋ္ဌ်၏နည်းဖြင့် ထပန ဂဏန ဖုသန ကို ပြတော်မူ၏။ (၂) ဝိသုဒ္ဓိ၊၁၊၂၇၁

“ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တဿေဝ ဘာဝနာ သမ္ပဇ္ဇတိ

ဟူသော ပါဌ်နည်းဖြင့် ဖုသန ထပန ဂဏန ကို ပြတော်မူ၏။ (၃) ဝိသုဒ္ဓိ၊၁၊၂၇၁

တစ်နည်း။ ပထမပါဌ်ဖြင့် သမ္မာဝါစာမဂ္ဂင်ကို ပြတော်မူ၏။
တစ်နည်း။ ဒုတိယပါဌ်ဖြင့် သမ္မာသမာဓိမဂ္ဂင်ကို ပြတော်မူ၏။
တစ်နည်း။ ။တတိယပါဌ်ဖြင့် သမ္မာသတိမဂ္ဂင်ကို ပြတော်မူ၏။

ထပနမှာ ဥပစာ၏ အန္တရာသမာဓိကို ရည်လိုက်၏။

ဧဝံ-ဝုတ္တပကာရေန၊ ဤသို့ ဆိုအပ်ပြီးသော အပြားအားဖြင့်။
ဂဏယတော၊ ရေတွက်သော။
တဿ၊ ထိုယောဂီအား။
နိက္ခမန္တာ စ၊ ထွက်သည်လည်း ဖြစ်ကုန်သော။
ပဝိသန္တာစ၊ ဝင်သည်လည်း ဖြစ်ကုန်သော။
အဿာသ ပဿာသာ၊ အဿာသ ပဿာသတို့သည်။
ပါကဋာ၊ ဂဏနာပထဖြင့် ဗဟိဒ္ဓ၌ ဝိက္ခေပ၏ မရှိခြင်းကြောင့် ထင်ရှားကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
(၁)၏ အနက်။

ဟိ၊ ထင်စွာ ပြဦးအံ့။
ဂဏနပဋိဗန္ဓေ၊ ရေတွက်ခြင်းနှင့် စပ်သော။
ကမ္မဋ္ဌာနေ၊ ကမ္မဋ္ဌာန်း၌။
ဂဏနဗလေနေဝ၊ ရေတွက်ခြင်းနှင့် စပ်သောအား၏ အစွမ်းအားဖြင့်သာလျှင်။
စိတ္တံ၊ စိတ်သည်။
ဧကဂ္ဂံ၊ တည်ကြည်သည်။
ဟောတိ၊ ဖြစ်၏။
(၂)၏ အနက်။

ဖုဋ္ဌဖုဋ္ဌောကာသေ ပန၊ ထိရာ ထိရာ အရပ်၌။
သတိံ၊ သတိကို။
ဌပေတွာ၊ ထား၍။
ဘာဝေန္တဿေဝ၊ ပွားစေသော သူအားသာလျှင်။
ဘာဝနာ၊ ဂဏန ဖုသနတို့၏ ဘာဝနာသည်။
သမ္ပဇ္ဇတိ၊ ပြည့်စုံ၏။
(၃)၏ အနက်။

ဤကား လဒ္ဓေါပဒေသ စသည်တို့နှင့် ယှက်၍ ရေးအပ်သော ပထမနည်း၏ ပဗ္ဗတည်း၊ စေ့စေ့စုံစုံ ရှိအောင်ကိုကား ဆရာနှင့်လက်ထပ် ယူကြရမှ ပြည့်စုံမည်။ တစ်ယောက်သောသူ၏ ဓာတ်သည် တစ်ယောက်သော သူ၏ ဓာတ်နှင့် မတူ ကွဲပြားကြသည် များလှ၏၊ ကွဲပြားခြင်း များကြသော်လည်း ခရီးကို လိမ္မာလှသော ခရီးလမ်းညွှန်ကဲ့သို့ ပြသောသူသည် ခရီးလမ်း၏ အဆုံ အဆုံကို သိမြင်တတ် သည်သာ ပဓာနပေတည်း။

ဣတိ ပထမဒုကပဗ္ဗံ။

၁၃ - ပါရိဟာရိယ ကမ္မဋ္ဌာန်းကို စီးဖြန်းရန် ဒုတိယနည်းကိုပြခြင်း

ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ၊
ဒီဃံ ဝါ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ။
ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ၊
ရဿံ ဝါ ပဿသန္တော ရဿံ ပဿသာမီတိ ပဇာနာတိ။

ဒီ၊၂၊၂၃၁

ဒီဃံ ဝါ၊ ရှည်စွာမူလည်း။
အဿသန္တော၊ ထွက်သက် ရှူလတ်သော်။
ဒီယံ၊ ရှည်စွာ။
အဿသာမီတိ၊ ထွက်သက် ရှူ၏ ဟူ၍။
ပဇာနာတိ၊ သိ၏။
ဒီဃံ ဝါ၊ ရှည်စွာမူလည်း။
ပဿသန္တော၊ ဝင်သက် ရှိုက်လတ်သော်။
ဒီဃံ၊ ရှည်စွာ။
ပဿသာမီတိ၊ ဝင်သက် ရှိုက်၏ဟူ၍။
ပဇာနာတိ၊ သိ၏။
ရဿံ ဝါ၊ တိုစွာမူလည်း။
အဿသန္တော၊ ထွက်သက် ရှူလတ်သော်။
ရဿံ၊ တိုစွာ။
အဿသာမီတိ၊ ထွက်သက် ရှူ၏ဟူ၍။
ပဇာနာတိ၊ သိ၏။
ရဿံ ဝါ၊ တိုစွာမူလည်။
ပဿသန္တော၊ ဝင်သက် ရှိုက်လတ်သော်။
ရဿံ၊ တိုစွာ။
ပဿသာမီတိ၊ ဝင်သက် ရှိုက်၏ဟူ၍။
ပဇာနာတိ၊ သိ၏။

ဤသို့ ပထမ ဒုက၏ အခြားမဲ့၌ ဒုတိယ ဒုကကို ဟောတော်မူ၏။ ထိုဒုတိယဒုကဟု ဆိုအပ်သော ဒုတိယနည်းကို ကြိုးပမ်း အားထုတ်လိုသော ယောဂါဝစရသည် ပြောလာမူ သာ၍ကောင်း၏။

ထင်စေအံ့၊ ပြောခြင်းသည် -

(၁) မမေးဘဲနှင့် ပြောသောသူ၊
(၂) မေးမှ ပြောသောသူ။
(၃) မမေးဘဲလည်း မပြော၊ မေးသော်လည်း မပြောသောသူ
ဟူ၍သုံးယောက်ရှိ၏။

ထိုသုံးယောက်တို့တွင် -

(၁) အကြင်သူသည် အာရမ္မဏသင်္ကန္တိကလည်း ရောက်၊ ကသိဏသင်္ကန္တိကလည်း ရခဲ့အံ့၊ ထိုသူသည် ဒုတိယ ဒုကသို့ ပြောင်းရခြင်း။

(၂) အကြင်သူသည် ကသိဏသင်္ကန္တိကသာ ရ၍ အာရမ္မဏသင်္ကန္တိက တစ်စုံ တစ်ခုမျှ ထင်မြင်မလာ၍ ထင်မြင်မည်လောဟု ဒုတိယနည်းဖြင့် မေးလိုက်က တစ်စုံတစ်ခု ထင်မြင်လာမူ ထိုသူသည် မေးမှရ၍ ဒုတိယ ဒုကသို့ ပြောင်းရခြင်း။

(၃) အကြင်သူသည် ဘာသာလည်း မထင်မြင်၊ မေးသော်လည်း မရ၊ ကသိဏသင်္ကန္တိက ကား ကြာလှလေပြီ၊ ဤသူကား သဒ္ဓါတရားလည်း ရှိ၏၊ မလှည့်စားတတ်၊ ဝီရိယလည်း ရှိ၏။ ထိုသူကို ပြောင်း၍ ပေးသင့်ပြီဟု ဆရာက ဆ၍ ဒုတိယ ဒုကသို့ ပြောင်းရခြင်း။

ထို ဒုတိယ ဒုကသို့ ပြောင်းရာ၌လည်း အချို့ အချို့သော သူတို့သည် မြွေ ဆင် ကျွဲ နွား တို့ကဲ့သို့ ထွက်သက် ဝင်သက်ကို ရှည်ရှည်ရှူ၍ ရှည်ရှည်ရှိုက်လေ့ ရှိကြ၏၊ အချို့ အချို့သော သူတို့သည် ခွေး ယုန် တို့ကဲ့သို့ ထွက်သက် ဝင်သက်ကို တိုတိုရှူ၍ တိုတိုရှိုက်လေ့ ရှိကြ၏။

မနုဿေသု ပန ကေစိ ဟတ္ထိ အ ဟိအာဒယော ဝိယ ကာလဒ္ဓါနဝသေန ဒီယံ အဿသန္တိ စ ပဿသန္တိ စ၊ ကေစိ သုနခ သသာဒယော ဝိယ ရဿံ။

ဝိသုဒ္ဓိ၊၁၊၂၆၃

မနုဿေသု ပန၊ သမာနပမာဏရှိကုန်သော လူတို့ကိုယ်၌ကား။
ကေစိ၊ အချို့ကုန်သော သူတို့သည်။
ဟတ္ထိ အဟိ အာဒယော ဝိယ၊ ဆင် မြွေ စသည်တို့ကဲ့သို။
ကာလဒ္ဓါနဝသေန၊ ကာလအမွန်၏ အစွမ်းဖြင့်။
ဒီဃံ၊ ရှည်စွာ။
အဿသန္တိ စ၊ အဿာသကိုလည်း ဖြစ်စေကုန်၏။
ပဿသန္တိ စ၊ ပဿာသကိုလည်း ဖြစ်စေကုန်၏၊
ကေစိ၊ အချို့ကုန်သော သူတို့သည်။
သုနခ သသာဒယော ဝိယ၊ ခွေး, ယုန် စသည်တို့ကဲ့သို့။
ကာလဒ္ဓါနဝသေန၊ ကာလအဓွန့်၏ အစွမ်းဖြင့်။
ရဿံ၊ တိုစွာ။
အဿသန္တိ စ၊ အဿာသကိုလည်း ဖြစ်စေကုန်၏။
ပဿသန္တိ စ၊ ပဿာသကိုလည်း ဖြစ်စေကုန်၏၊

ထိုနှစ်ပါးသော ဒီဃဗန္ဓန, ရဿဗန္ဓန တို့တွင် ယခုအခါ၌ကား များသောအားဖြင့် ဒီဃဗန္ဓနသာ အလွန်များကြ၍ ဒီဃဗန္ဓနကို ပဓာန ပြု၍ ပြပေအံ့။ ဤဒီဃဗန္ဓနကို အားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်အား ဆရာဖြစ်သောသူက အဒ္ဓါနာကာရ ဆန္ဒဝသာကာရ, ပါမောဇ္ဇဝသာကာရ-ဟူ၍ အာကာရကြီး သုံးပါးကိုမှတ်၍ တစ်ပါး တစ်ပါး၌ -

(၁) အဿာသာကာရ
(၂) ပဿာသာကာရ
(၃) အဿာသ ပဿာသာကာရ -
တို့ဖြင့် သုခုမ-သုခုမတရ- သုခုမတမသို့ ရောက်အောင် သွင်းရမည်။

တတြာယံ ဘိက္ခု နဝဟာကာရေဟိ ဒီဃံ အဿသန္တော ပဿသန္တော စ ဒီဃံ အဿသာမိ ပဿသာမီတိ ပဇာနာတိ။

ဝိသုဒ္ဓိ၊၁၊၂၆၄

တတြ၊ ထိုပါဠိတော်၌။
နဝဟာကာရေဟိ၊ ကိုးပါးသော အခြင်းအရာတို့ဖြင့်။
ဒီဃံ၊ ရှည်စွာ။
အဿသန္တော စ၊ ထွက်သက်ရှူသည်လည်းဖြစ်သော။
ပ ဿသန္တော စ၊ ဝင်သက်ရှိုက်သည်လည်း ဖြစ်သော။
အယံ ဘိက္ခု၊ ဤ ရဟန်းသည်။
ဒီဃံ၊ ရှည်စွာ။
အဿသာမိ၊ ထွက်သက်ကို ဖြစ်စေ၏။
ပဿသာမိ၊ ဝင်သက်ကို ဖြစ်စေ၏။
ဣတိ၊ ဤသို့။
ပဇာနာတိ၊ သိ၏။

အဘယ်သို့ သွင်းရမည်နည်း၊ ငါ၏ ထွက်သက်လေကို ရှည်ရှည်ရှူမည် ရှည်ရှည်ရှူမည် ဟု ရှည်ရှည် နှေးနှေး နှာဝမှ လွတ်ရမည်။ ထို့အတူ ငါ၏ ဝင်သက်လေကို ရှည်ရှည်ရှိုက်မည် ရှည်ရှည်ရှိုက်မည်ဟု ရှည်ရှည်နှေးနှေး လွှတ်သော လေအဆုံးမှ ရှိုက်ရမည်။

ထိုသို့ ရှူရာ ရှိုက်ရာ ၌ မိမိနှာဝကို ဖြောင့်စွာ ထား၍ နှာဝမဖြောင့်သော်လည်း မိမိစိတ်က ဖြောင့်၏ဟု မှတ်ထား၍ နှာဝမှစ၍ နှစ်တောင့်ထွာခန့် သုံးတောင်ခန့် လေးတောင်ခန့် အရပ်၌ သုံးထွာနှင့် လက်ရှစ်သစ်လောက်ရှိသော အမြင့်နှင့် ဖြောင့်စွာ တသားတပြေးတည်း ကိုက်စေလျက် ထွက်သက်ကို လွှတ်လိုက်သော အခါ၌ ခုနှစ်ကြိမ် ရှစ်ကြိမ်မျှလောက် တွန်း၍ တွန်း၍ တွန်းပို့၊ ဝင်သက်ကို ရှိုက်လိုက်သောအခါ ခုနှစ်ကြိမ် ရှစ်ကြိမ်မျှလောက် ဆွဲ၍ ဆွဲ၍ယူ၊ လေးကြိမ် ငါးကြိမ်လည်း ဖြစ်၏။ မိမိ နှာဝမှ တမျဉ်းကြိုးဆွဲ၍ တန်းသကဲ့သို့သော အရပ်ဖြောင့်ဖြောင့်မှ ထက် အောက် ဝဲ ယာ ရှေ့ နောက် တို့ကို မကြည့်လင့်။

ဥပမာ အဘယ်ကဲ့သို့နည်း၊ တောင်သူလူမျိုး သူငယ်ကလေးတို့သည် စပါးပင်မှု စပါးရိုးကို တစ်ထွာခန့်မျှဖြတ်၍ ထိပ်မှ လေးမြွာခွဲပြီးလျှင် ဆီးကင်းငယ်ခန့်လောက် ရွှံ့လုံးကို လုံး၍ နှုတ်ခမ်းဖြင့်ငုံပြီးလျှင် လေးမြွာခွ ကြား၌ တည်လုံးခေါ်သော ရွှံ့လုံးကို ဖြည်းညင်းသာယာစွာ အထက်သို့ မှုတ်၍ မှုတ်၍ မြင့်စေခြင်း၊ အောက်သို့ လျော့၍ လျှော့၍ အခွသို့ ရောက်စေခြင်းကဲ့သို့။

ဤအတူ ယောဂါဝစရပုဂ္ဂိုလ်သည်လည်း နှာဝမှု စ၍စ၍ လေးကြိမ် ငါးကြိမ်မြောက်ကြိမ် ခုနစ်ကြိမ် ရှစ်ကြိမ်သော လေတို့ဖြင့် တွန်း၍ တွန်း၍ ထွက်သက်ကိုပို့။ ၎င်းနည်းတူစွာ လေးကြိမ်၊ (ပ) ရှစ်ကြိမ်သော လေတို့ဖြင့် ဆွဲ၍ဆွဲ၍ ဝင်သက်ကို ယူရမည်။ ဗိုင်းငင့် ဥပမာ ပွတ်ကြိုးဆွဲသော ဥပမာလည်း နည်းတူ မှတ်ကြလေ။

ထိုသို့ ရှူသော သူတို့တွင် ထွက်သက်၏ ရှည်ရှည် ရှူခြင်းကိုသာ မှတ်သောသူသည် အဿာသာကာရအဒ္ဓါန ပုဂ္ဂိုလ်မည်၏။ ဝင်သက်၏ ရှည်ရှည်ရှိုက်ခြင်းကိုသာ မှတ်သောသူသည် ပဿာသာကာရအဒ္ဓါန ပုဂ္ဂိုလ် မည်၏။ တွက်သက် ဝင်သက်၏ ရှည်ရှည်ရှူခြင်း ရှည်ရှည်ရှိုက်ခြင်း တို့ကိုသာ မှတ်သော သူသည် အဿာသ- ပဿာသာကာရအဒ္ဓါန ပုဂ္ဂိုလ် မည်၏။ (သုခုမ သွင်း။)

ထိုအဒ္ဓါနာကာရဖြင့် နှစ်တောင့်ထွာ သုံးတောင်ဟူသော မိမိနယ်ကို မလွန်မူ၍ မဂ္ဂင်သုံးပါးဖြင့် စောင့်ရှောက်စေလျက် အားထုတ်အပ်သော ယောဂါဝစရ သားသည် တစ်ရှူထက်တစ်ရှူ, တစ်ရှိုက်ထက် တစ်ရှိုက်, တစ်ထိုင်ထက်တစ်ထိုင်, တစ်နေ့ထက် တစ်နေ့ မိမိ၏ ဘာဝနာ၌ သာယာသဖြင့် အစိုးရခြင်း ရှိလှ၍ တိုး၍ တိုး၍ အားထုတ်လိုသောန္ဒဖြင့် ကုသလစ္ဆန္ဒဖြစ်၍ တိုး၍ တိုး၍ အားထုတ်သော ယောဂါဝစရသည် ဆန္ဓဝသာကရသို့ ရောက်ပေ၏။

ဆန္ဒော ဥပ္ပဇ္ဇတီတိ ဘာဝနာယ ပုဗ္ဗေနာပရံ ဝိသေသံ အာဝဟန္တိယာ လဒ္ဓဿာဒတ္တာ တတ္ထ သာတိသယော ကတ္တု ကာမတာလက္ခဏော ကုသလစ္ဆန္ဒော ဥပ္ပဇ္ဇတိ။

ဝိသုဒ္ဓိ၊ဋီ၊၁၊၃၁၉

ဆန္ဒော ဥပ္ပဇ္ဇတီတိ၊ ကား။
ဘာဝနာယ၊ အဒ္ဓါနာကာရ ဘာဝနာ၏ အဟုန်သည်။
ပုဗ္ဗေနာပရံ၊ ရှေးကာလမှ နောက်ကာလ၌။
ဝိသေသံ၊ ထူးသော သမာဓိဆန္ဒ ပါမောဇ္ဇကို။
အာဝဟန္တိယာ၊ ဆောင်လတ်သော်။
လဒ္ဓဿာဒတ္တာ၊ ရအပ်သော သာယာဖွယ်ရှိသည်၏ အဖြစ်ကြောင့်။
တတ္ထ၊ ထိုအဒ္ဓါနာကာရ ဘာဝနာ၌။
သာတိသယော၊ အစိုးရခြင်း ရှိသည်ဖြစ်၍ ဖြစ်သော။
ကတ္တုကာမတာလက္ခဏော၊ စီးဖြန်းခြင်းငှာ အလိုရှိသည်၏ အဖြစ်လျှင် လက္ခဏာ ရှိသော။
ကုသလစ္ဆန္ဒော၊ ကုသလစ္ဆန္ဒသည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။

ထို ဆန္ဒဝသာကာရ အားရှိလှသဖြင့် တိုး၍ တိုး၍ အားထုတ်သော သူသည် ထွက်သက် ဝင်သက်၏ ရုံ့ရင်းခြင်းမရှိ၊ လေဟုန်ကို စီး၍ လိုက်သော ငှက်ကြီးကဲ့သို့ အလွန်နူးညံ့ခြင်းသို့ ရောက်လေ၏။ ဤစကားသည် မှန်၏၊ ပူပန်ခြင်းမှ ကင်းသော သူသည် ထွက်သက် ဝင်သက်၌ အလွန် လိမ္မာလှ၍ အလွန် နူးညံ့ခြင်းသို့ ရောက်လေ၏။

တတော သုခုမာရန္တိ ယထာဝုတ္တဆန္ဒပ္ပဝတ္တိယာ ပုရိမတော သုခုမတရံ၊ ဘာဝနာဗလေန ဟိ ပဋိပ္ပဿဒ္ဓဒရထ ပရိဠာဟတာယ ကာယဿ အဿာသပဿာသာ သုခုမတရာ ဟုတွာ ပဝတ္တန္တိ။

ဝိသုဒ္ဓိ၊ဋီ၊၁၊၃၁၉

တတော သုခုမတရန္တိ၊ ကား။
ယထာဝုတ္တဆန္ဒပ္ပဝတ္တိယာ၊ အကြင် အကြင် ဆိုခဲ့အပ်ပြီးသော ဆန္ဒ၏ ဖြစ်ခြင်းကြောင့်။
ပုရိမတော၊ ရှေးဖြစ်ဟောင်း အဿာသပဿာသတို့ထက်။
သုခုမတရံ၊ သာ၍သိမ်မွေ့သော။
ဟိ၊ သင့်စွ။
ဘာဝနာဗလေန၊ ဘာဝနာအစွမ်းဖြင့်။
ကာယဿ၊ ကိုယ်၏။
ပဋိပ္ပဿဒ္ဓဒရထပရိဠာဟတာယ၊ ငြိမ်းအေးပြီးသော ပူပန်ခြင်း ပူလောင်ခြင်း ရှိသည် ၏အဖြစ်ကြောင့်။
အဿာသပဿာသာ၊ ထွက်သက်ဝင်သက် တို့သည်။
သုခုမတရာ၊ သာ၍ သိမ်မွေ့ကုန်သည်။
ဟုတွာ၊ ဖြစ်၍။
ပဝတ္တန္တိ၊ ဖြစ်ကုန်၏။

ထိုအလွန်နူးညံ့ခြင်းသို့ရောက်သော ယောဂါဝစရအား ထိုဆန္ဒဝသာကာရအစွမ်း သည် သုခုမတရ အကြိမ်များစွာ ဖြစ်လှ၍ မိမိစိတ်သည် ငြိမ်သက်လှသည် ဖြစ်၍ ကမ္မဋ္ဌာန်း၏ခရီးသို့ သက်ခြင်းကြောင့် မထင်မြင်ဖူးသော ဥဂ္ဂဟနိမိတ် ပဋိဘာဂ-နိမိတ်တို့ကို ထင်မြင်ရခြင်းကြောင့် ပါမောဇ္ဇသာကာရသို့ ရောက်လေ၏။ ထို ပါမောဇ္ဇဝသာကာရ သို့ရောက်သော ယောဂါဝစရအား ပကတိသော ထွက်သက် ဝင်သက်ကို လွှတ်၍ နိမိတ်ဟူသော အာရုံ၌ တည်ရှာလေတော့သည်။

ပါမောဇ္ဇံ ဥပ္ပဇ္ဇတီတိ အဿာသပဿာသာနံ သုခုမတရဘာဝေန အာရမ္မဏဿ သန္တတရတာယ ကမ္မဋ္ဌာနဿ စ ဝီထိပဋိပန္နတာယ ဘာဝနာစိတ္တသဟဂတော ပမောဒါ ခုဒ္ဒိကာဒိဘေဒါ တရုဏပီတိ ဥပ္ပဇ္ဇတိ။

ဘာဝနာဗလေန ပန သုခုမတရဘာဝပတ္တေသု အဿာသပဿာသေသု တတ္ထ ပဋိဘာဂနိမိတ္တေ ဥပ္ပန္နေ ပကတိအဿာသပဿာသတော စိတ္တံ နိဝတ္တတိ။

ဝိသုဒ္ဓိ၊ဋီ၊၁၊၃၁၉

ပါမောဇ္ဇံ ဥပ္ပဇ္ဇတီတိ၊ ကား။
အဿာသပဿာသာနံ၊ ထွက်သက် ဝင်သက်တို့၏။
သုခုမတရဘာဝေန၊ အလွန် နူးညံ့သိမ်မွေ့သည်၏ အဖြစ်ဖြင့်။
အာရမ္မဏဿ၊ ဘာဝနာအာရုံ၏။
သန္တတရတာယ စ၊ အလွန် ငြိမ်သက်သည်၏အဖြစ်ကြောင့် လည်းကောင်း။
ကမ္မဋ္ဌာနဿ၊ ထွက်သက် ဝင်သက် ကမ္မဋ္ဌာန်း၏။
ဝီထိပဋိပန္နတာယ စ၊ လမ်းရိုးလမ်းမှန်ကို သွားသည်၏ အဖြစ်ကြောင့် လည်းကောင်း။
ဘာဝနာစိတ္တသဟဂတော၊ ဘာဝနာစိတ်နှင့် တကွဖြစ်သော။
ပမောဒေါ၊ ဝမ်းမြောက်ခြင်းတည်း ဟူသော။
ခုဒ္ဒိကာဒိဘေဒါ၊ ခုဒ္ဒိကာပီတိ အစရှိသည် အပြားရှိသော။
တရုဏပီတိ၊ နုသောပီတိသည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။

ပန၊ အထူးကို ဆိုဦးအံ့။
ဘာဝနာဗလေန၊ အဿာသပဿာသ ဘာဝနာ၏အစွမ်းဖြင့်။
(ဝါ) ကြောင့်။
အဿာသပဿာသေသု၊ ထွက်သက် ဝင်သက်တို့သည်။
သုခုမတရဘာဝပတ္တေသု၊ အလွန်နူးညံ့သည် အဖြစ်သို့ ရောက်ကုန်လတ်သော်။
တတ္ထ၊ ထိုအဿာသပဿာသ ကမ္မဋ္ဌာန်း၌။
ပဋိဘာဂနိမိတ္တေ၊ ပဋိဘာဂနိမိဘ်သည်။
ဥပ္ပန္နေ၊ ဖြစ်လတ်သော်။
ပကတိအဿာသပဿာသတော၊ ပြကတေ့ ဖြစ်သော ထွက်သက် ဝင်သက်မှ။
စိတ္တံ၊ စိတ်သည်။
နိဝတ္တတိ၊ နစ်၏။

ထို ပါမောဇ္ဇဝသာကာရသို့ ရောက်လျှင် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်တို့ ထင်မြင် လာရမြဲပေတည်း။ (ဤဋီကာရှင် ဗဒရတိတ္ထဆရာ ရှင်ဓမ္မပါလကြီးကား ဥက္ကဋ္ဌနည်း အားဖြင့် ပဋိဘာဂနိမိတ်ကို ပြတော်မူသည်။ အမှာ)။ ဤသို့ ပါမောဇ္ဇဝသာကာရသို့ ရောက်သော ယောဂါဝစရအား မိမိရအပ်သော အာနာပါနကို မှီ၍ ဖြစ်သော နိမိတ်ကိုသာ အစဉ်တစိုက် လိုက်၌ ကြည့်အပ်၏။ အဘယ်ကြောင့်နည်း ဟူမူ ဤ အဿာသပဿာသ နိမိတ်သည်လည်း အဿာသ ပဿာသ မည်တော့၏။ ထို့ကြောင့် အစဉ်တစိုက် လိုက်၍ ကြည့်အပ်၏။

အဿာသ ပဿာသေ နိဿာယ ဥပ္ပန္နနိမိတ္တမ္ပေတ္ထ အဿာသ ပဿာသမညမေဝ ဝုတ္တံ။

ဝိသုဒ္ဓိ၊ဋီ၊၁၊၃၁၉

အဿာသ ပဿာသေ၊ ထွက်သက်ဝင်သက်တို့ကို။
နိဿာယ၊ မှီ၍။
ဥပ္ပန္နနိမိတ္တမ္ပိ၊ ဖြစ်သောနိမိတ်ကိုလည်း။
ဧတ္ထ၊ ဤကမ္မဋ္ဌာန်းစီးဖြန်းသော အရာ၌။
အဿာသ ပဿာသမညမေဝ၊ အဿာသပဿာသ မည်၏ ဟူ၍သာလျှင်။
ဝုတ္တံ၊ ဆိုအပ်၏။

ဤသို့သော စကားအစဉ်ဖြင့် ပထမနည်းတို့နှင့် သတောကာရီ၏ အဖြစ်ကို ပြခဲ့၏။ ဤဒုတိယနည်းတို့ဖြင့် ကိုးပါးသော အာကာရတို့တွင် တစ်ပါး တစ်ပါးသော အာကာရသို့ တက်၍ တက်၍ အဆုံးဖြစ်သော ပါမောဇ္ဇဝသာကာရဖြင့် သတုပဋ္ဌာနကို ပြရ၏။ ထိုသတုပဋ္ဌာနသို့ ရောက်မှ ကလျာဏ စသော ဘုံသို့ တက်နိုင်မည်။

ဥပဋ္ဌာနံ သတီတိ တံ အာရမ္မဏံ ဥပဂန္တွာ တိဋ္ဌတီတိ သတိ ဥပဋ္ဌာနံ နာမ။

ဝိသုဒ္ဓိ၊ဋီ၊၁၊၃၁၉

ဥပဋ္ဌာနံသတီတိ၊ ကား။
တံ အာရမ္မဏံ၊ ထို အဿာသ ပဿာသ နိမိတ်၏ အာရုံကို။
ဥပဂန္တွာ၊ ကပ်၍။
ယံ စိတ္တံ၊ အကြင်ကမ္မဋ္ဌာန်း စီးဖြန်းသောစိတ်သည်။
တိဋ္ဌတိ၊ တည်တတ်၏။
ဣတိ တသ္မာ၊ ထိုကြောင့်။
တံ စိတ္တံ၊ ထိုစိတ်သည်။
သတိ ဥပဋ္ဌာနံ နာမ၊ သတိဥပဋ္ဌာန မည်၏။

(ကလျာဏဘုံသို့ တက်ပုံကို သိတော့လတ္တံ့။)

ထိုသတုပဋ္ဌာနသို့ ရောက်က နိမိတ်တို့ ထင်မြင်ရ၏ ဆိုသော် အဘယ်သို့ ထင်မြင်ရမည်နည်း၊ ယောဂါဝစရပုဂ္ဂိုလ်၏ ဝီရိယ သတိ သမာဓိ ဘာဝနာအဟုန် ဂုဏ်ကြောင့် အလိုအလျောက် ပေါ်ပေါက်လာရသော ဥဂ္ဂဟ ပဋိဘာဂနိမိတ်သည် သမာဓိကို ရသောသူ၏ ဘာဝနာသညာကြောင့် ဖြစ်သော တရားထူးတစ်ခု ပေတည်း။

ကေဝလဥှိ သမာဓိလာဘိနော ဥပဋ္ဌာနကာရမတ္တံ၊ သညဇမေတံ။

ဝိသုဒ္ဓိ၊၁၊၁၂၂

သညဇန္တိ ဘာဝနာသညာ ဇနိတံ၊ ဘာဝနာသညာယ သဉ္ဇာတမတ္တံ။ န ဟိ အသဘာဝဿ ကုတောစိ သမုဋ္ဌာနံ အတ္ထိ၊ တေနဟ ဥပဋ္ဌာနကာရမတ္တန္တိ။

ဝိသုဒ္ဓိ၊ဋီ၊၁၊၁၄၇။ ဒီ၊ဋီ၊၂၊၂၁၉

ဟိသစ္စံ၊ မှန်၏။
ကေဝလံ၊ အလိုလို။
သမာဓိလာဘိနော၊ သမာဓိကို ရသောသူ၏။
ဥပဋ္ဌာန ကာရမတ္တံ၊ ထင်မြင်လာသည်ကို ပြုရုံမတ္တသာတည်း။
ဧတံ၊ ဤနိမိတ်သည်။
သညဇံ၊ ဘာဝနာသညာကြောင့် ဖြစ်၏။
(အဋ္ဌကထာအနက်)

သညဇန္တိ၊ ကား။
ဘာဝနာသညာဇနိတံ၊ ဘာဝနာသညာသည် ဖြစ်စေအပ်သော အာရုံတည်း။
ဘာဝနာသညာယ၊ ဘာဝနာသညာကြောင့်။
သဉ္ဇာတမတ္တံ၊ ဖြစ်သောအာရုံမျှသာတည်း။
ဟိ၊ သင့်စွ။
အသဘာဝဿ၊ ထင်ရှားမရှိသော တရား၏။
ကုတောစိ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်။
သမုဋ္ဌာနံ၊ ဖြစ်လာရခြင်းသည်။
န အတ္ထိ၊ မရှိ။
တေန၊ ထို့ကြောင့်။
ဥပဋ္ဌာနကာရမတ္တန္တိ၊ ဟူ၍။
အာဟ၊ အဋ္ဌကထာအရှင် မိန့်တော်မူ၏။
(ဋီကာ အနက်)

ထိုတရားထူးသည် အကြင်အခါ မိမိယူအပ်သော အာနာပါနဟူသော ပရိကံ အားရှိလတ်သော် စိတ်ဖြင့် ကောင်းစွာ ထွက်သည် ဝင်သည်ဟု သညာက ယူခဲ့အံ့၊ (ဝါ) ထွက်ရှာပြီ, ဝင်ရှာပြီ ဟူ၍ ထင်မြင်ခဲ့အံ့၊ ထိုအခါ၌ မျက်စိဖြင့် မြင်သကဲ့သို့၊ (ဝါ) အခိုးကို နှာခေါင်းမှ လွှတ်၍ ကြည့်သကဲ့သို့ မိမိ၏ စိတ်အား ထင်မြင်ခဲ့၏။ ထိုသို့ ထင်မြင်သော တရားထူးတစ်ခုသည် ဥဂ္ဂဟနိမိတ် ခေါ်သော တရားသည် တည်လေ၏။

ယဒါ ပန တံ နိမိတ္တံ စိတ္တေန သမုဂ္ဂဟိတံ ဟောတိ၊ စက္ခုနာ ပဿန္တဿေဝ မနောဒွါရဿ အာပါထံ မာဂတံ၊ တဒါ တမေဝါရမ္မဏံ ဥဂ္ဂဟနိမိတ္တံ နာမ၊ သာ စ ဘာဝနာ သမာဓိယတိ။

(သင်္ဂဟ၊၁၅၂-၁၅၃)

ပန၊ ပရိကမ္မနိမိတ်မှ တစ်ပါး ဥဂ္ဂဟနိမိတ်ကို ဆိုအံ့။
ယဒါ၊ အကြင်အခါ၌။
တံ နိမိတ္တံ၊ ထိုပရိကမ္မနိမိတ်ဟု ဆိုအပ်သော ပထဝီကသိုဏ်းဝန်း အစရှိသော အာရုံကို။
(ဝါ) ထို ပရိကမ္မနိမိတ်ဟု ဆိုအပ်သော ပထဝီ ကသိုဏ်းဝန်း အစရှိသော အာရုံသည်။
စိတ္တေန၊ မနောဒွါရစိတ်ဖြင့်။
သမုဂ္ဂဟိတံ၊ ကောင်းစွာ ယူအပ်သည်။
ဟောတိ၊ ဖြစ်၏။
စက္ခုနာ၊ စက္ခုဝိညာဉ်ဖြင့်။
ပဿန္တဿေဝ၊ မြင်သကဲ့သို့။
မနောဒွါရဿ၊ မနောဒွါရအား။
အာပါထံ၊ ထင်ခြင်းသို့။
အာဂတံ၊ ရောက်၏။
တဒါ၊ ထိုအခါ၌။
တမေဝအာရမ္မဏံ၊ ထိုကသိုဏ်းဝန်း စသော အာရုံသည်ပင်လျှင်။
ဥဂ္ဂဟနိမိတ္တံနာမ၊ ဥဂ္ဂဟနိမိတ် မည်၏။
သာစ ဘာဝနာ၊ ထိုဘဘာဝနာသည်လည်း။
သမာဓိယတိ၊ တည်ကြည်၏။

ထို ထင်မြင်လာသော ဥဂ္ဂဟနိမိတ်သည် အမြဲမဟုတ်၊
အချို့သော သူတို့အား သောက်ရှူးကြယ်၊
အချို့သောသူတို့အား ပတ္တမြားလုံး၊
အချို့သော သူတို့အား ပုလဲလုံး၊
အချို့သော သူတို့အား ဝါစေ့၊ သစ်သားနှစ်တံကျင်၊
အချို့ ဆောက်လုံးကြိုး၊ ပန်းဆိုင်း၊ မီးခိုး၊ တိမ်ညွှန့် -
စသည်တို့ကဲ့သို့ ထင်မြင်လာရ၏။ အမြဲမဟုတ်။

ဣဒဥှိ ကဿစိ တာရကရူပံ ဝိယ မဏိဂုဠိကာ ဝိယ မုတ္တာဂုဠိကာ ဝိယ စ၊ ကဿစိ ခရသမ္ဖဿံ ဟုတွာ ကပ္ပါသဋ္ဌိ ဝိယ ဒါရုသာရသုစိ ဝိယ စ၊ ကဿစိ ဒီဃပါမင်္ဂသုတ္တံ ဝိယ ကုသုမဒါမံ ဝိသ ဓူမသိခါ ဝိယ စ။

ဝိသုဒ္ဓိ၊၁၊၂၇၂

ဟိ၊ ထင်စွာပြုအံ့။
ဣဒံ နိမိတ္တံ၊ ဤနိမိတ်သည်။
ကဿစိ၊ အချို့သောသူအား။
တာရကရူပံဝိယ၊ သောက်ရှူးကြယ်ကဲ့သို့ လည်းကောင်း။
မဏိဂုဠိကာဝိယ၊ ပတ္တမြားလုံးကဲ့သို့ လည်းကောင်း။
မုတ္တာဂုဠိကာဝိယ၊ ပုလဲလုံးကဲ့သို့ လည်းကောင်း။
ဥပဋ္ဌာတိ၊ ထင်မြင်၏။
ကဿစိ၊ အချို့သောသူအား။
ခရသမ္ဖဿံ၊ ကြမ်းသောအတွေ့ ရှိသည်။
ဟုတွာ၊ ဖြစ်၍။
ကပ္ပါသဋ္ဌိ ဝိယ၊ ဝါစေ့ကဲ့သို့ လည်းကောင်း။
ဒါရုသာရသုစိ ဝိယ စ၊ သစ်သားနှစ် တံကျင်ကဲ့သို့ လည်းကောင်း။
ဥပဋ္ဌာတိ၊ ထင်မြင်၏။
ကဿစိ၊ အချို့သောသူအား။
ဒီဃပါမင်္ဂသုတ္တံ ဝိယ၊ ရှည်စွာသော ဆောက်လုံးကြိုး ကဲ့သို့လည်းကောင်း။
ကုသုမဒါမံ ဝိယ၊ ပန်းဆိုင်းကဲ့သို့ လည်းကောင်း။
ဓူမသိခါဝိယ စ၊ အခိုးညွှန့်ကဲ့သို့ လည်းကောင်း။
ဥပဋ္ဌာတိ၊ ထင်မြင်လာ၏။

ဤသို့ စသည် အဋ္ဌကထာကြီး၌ များစွာ ဆို၏။ ထိုအဋ္ဌကထာတို့၌ များစွာ ဆိုအပ်သော နိမိတ်တို့တွင် တစ်ပါးပါးသော နိမိတ်ကို ထင်မြင် လာစဖြစ်သော ယောဂါဝစရ ရအပ်သော ဥဂ္ဂဟနိမိတ်ကို ယူဆောင်၍ ဘာဝေတဗ္ဗ သမန္နာဟရိတဗ္ဗ တက္ကာဟတ ဝိတက္ကာဟတတို့သို့ ရောက်အောင် စီးဖြန်းအပ်၏။

နိမိတ္တံ အာဒါယ အာဂန္တွာ သုခနိသိန္နေနေ ဘာဝေတဗ္ဗံ၊ ပုနပ္ပုနံ သမန္နာဟရိတဗ္ဗံ၊ တက္ကာဟတ ဝိတက္ကာဟတံ ကာတဗ္ဗံ။

ဝိသုဒ္ဓိ၊၁၊၁၂၂

နိမိတ္တံ၊ မိမိအားဖြစ်လာသော ဥဂ္ဂဟနိမိတ်ကို။
အာဒါယ၊ မိမိစိတ်ဖြင့် ယူ၍။
အာဂန္တွာ၊ ပဓာနကျောင်းသို့သွား၍။
သုခနိသိန္နေန၊ ချမ်းသာစွာ နေသဖြင့်။
ဘာဝေတဗ္ဗံ၊ မိမိစိတ်ကို နိမိတ်ရှေ့ရူ ပွားများအပ်၏။
ပုနပ္ပုနံ၊ အဖန်ဖန်။
သမန္နာဟရိတဗ္ဗံ၊ နှလုံးဖြင့် ဆင်ခြင်အပ်၏။
တက္ကာဟတ ဝိတက္ကာဟတံ၊ တက္ကာဟတ ဝိတက္ကာဟတကို။
ကာတဗ္ဗံ၊ ပြုအပ်၏။

ထိုသုံးပါးတို့တွင် ဥဂ္ဂဟနိမိတ်၌ နေ့ရောညဉ့်ပါ အခါခပ်သိမ်း ပွားများခြင်းသည် ဘာဝေဘဗ္ဗမည်၏၊ ထို နေ့ရောညဉ့်ပါ ပွားများအပ်သော ဥဂ္ဂနိမိတ်၌သာလျှင် မိမိစိတ်ကို ထားခြင်းသည် သမန္နာဟရိတဗ္ဗ မည်၏။

ထို နေ့ရောညဉ့် ပါ ပွားများအပ်သော ဥဂ္ဂဟနိမိတ်၌ ဘာဝနာစိတ်ကို သမ္မယုတ် တရားတို့နှင့် ရှေ့ရှုကြံဆောင်ခြင်း၊ ဝိသေသဖြစ်သော ဘာဝနာစိတ်ကို သမ္မယုတ် တရားတို့နှင့်တကူ ရှေ့ရှုကြံဆောင်ခြင်းသည် တက္ကာဟတ ဝိတက္ကာဟတ မည်၏၊

ကြမ်းကြုတ်သော ဥဂ္ဂဟနိမိတ်၌ ကြမ်းသောအလျောက် နူးညံ့သော ဥဂ္ဂဟနိမိတ်၌ နူးညံ့သောအလျောက် ရှေ့ရှုကြံဆောင်အပ်၏ ဟူလို။

ဤသို့လျှင် ပြအပ်ပြီးသော စကားအစဉ်ဖြင့် ကမ္မဋ္ဌာန်းဆရာက အာကာရသုံးပါးသို့ ရောက်အောင် သွင်းရမည်။ ထိုသို့သွင်းသောအခါ၌ မိမိ၏ဥဂ္ဂဟနိမိတ် အာရုံသည် သမာဓိရင့်သည် မရင့်သည်ကိုလည်း ပထမနည်း၌ ပြခဲ့သော သင်္ကန္တိက နှစ်ပါးဖြင့် သိအပ်၏။ မဂ္ဂင်ကျိုးသည် ပေါက်သည်ကိုလည်း ပထမနည်း၌ ပြခဲ့သော နည်းကိုမှီး၍ သိအပ်၏။

ထိုဥဂ္ဂဟအာရုံနိမိတ်သည် ဤ အာကာရသုံးပါး ဘာဝေတဗ္ဗသုံးပါးတို့ဖြင့် အဒ္ဓါန - ဆန္ဒ - ပါမောဇ္ဇ သုံးပါး, ဘာဝေတဗ္ဗ သမန္နာဟရိတဗ္ဗ တက္ကာဟတ ဝိတက္ကတ သုံးပါးကို ယူ။ ပွားများ အားထုတ်အပ်သော ယောဂါဝစရသည် -

(၁) အဘိက္ကမပဋိက္ကမ ဟူသော နောက်ဆုတ်ထိုင် တစ်ယောက်၊

(၂) ပဋိက္ကမ အဘိက္ကမ ဟူသော ရှေ့တိုးထိုင် တစ်ယောက်၊

(၃) ဌိတိ၊ ရပ်၍ ငုတ်တုပ်ထိုင် တစ်ယောက်
ဟူ၍ လူသုံးယောက်ရှိ၏။

ထိုသုံးယောက်သောသူတို့တွင် အကြင်သူသည် ပေါ်လာသော ဥဂ္ဂဟနိမိတ်သည် နောက်ကျု၏၊ အခိုးကဲ့သို့ ထင်မြင်ခဲ့မူ ရေနံမီးခိုး အမှိုက်မီးခိုး စသည်တို့ကဲ့သို့ နောက်ကျု၏။ ထိုနောက်ကျုသော ဥဂ္ဂဟနိမိတ်ကို တစ်ရက် နှစ်ရက် စသည်ဖြင့် ရှည်ရှည် ရှုဖန်များလတ်သော် ဖြူစွာဖြစ်တတ်၏။ ထိုနည်းတူစွာ များလတ်သော် ခတောက်ပန်း တိမ်ညွန့် မရမံ စသည်တို့ကဲ့သို့ ဖြစ်တတ်၏။

ထိုနည်းတူစွာ ရက်များလတ်သော် အဆင်းပျောက်၍ အလွန် ကြည်လင်ခြင်းသို့ ရောက်လေ၏။ ထိုအခါ မိမိ၏အာရုံကို ဩော် - ငါ၏ ဥဂ္ဂဟနိမိတ်သည် အဆင်း ပျောက်ခဲ့ပြီ၊ အလွန်ကြည်လင်သော ဆီးနှင်းရေ၏ အရောင်ကဲ့သို့ လည်းကောင်း ဆီ၏အရောင် ဖလ်၏အရောင်ကို ကဲ့သို့လည်းကောင်း တံလျှပ်၏အရောင် မီးပေါက် မီးဖွား၏အရောင် နှုတ်ခမ်းလေဖြင့် ပြင်းစွာလွှတ်အပ်သော ရေမှုံတို့၏ အရောင်ကို ကဲ့သို့ လည်းကောင်း ရှုရမည်ကို မရှု၊ ငါမြင်သောမီးခိုးကို မမြင်ပါခဲ့၊ မြင်စေ ရဦးမည်ဟူ၍ မီးခိုး၏အရောင် စသည်တို့ကဲ့သို့သော အရောင်ကို အာရုံပြုခြင်းသည် နောက်ဆုတ်ထိုင် မည်၏။

အကြင်သူသည် မြင်လာသော ဥဂ္ဂဟနိမိတ်ကား မီးခိုး တိမ်ညွန့်ကဲ့သို့သာ ရှိသေးသည်၊ မိမိ၏အာရုံကား ဆီးနှင်းရေစသော အကြည်ကိုးပါးတို့ အရောင်ကို အာရုံပြုခြင်းသည် ရှေ့တိုးထိုင် မည်၏။

အကြင်သူသည် မြင်လာသော ဥဂ္ဂဟနိမိတ်ကား မီးခိုး-တိမ်ညွန့်စသည် ကို မြင်ရ၏။ ထိုပထမ မြင်ရသော အာရုံကိုသာ အာရုံပြု၏။ နိမိတ်က တိုးသော်လည်း အာရုံက မလိုက်၊ ထိုသူသည် ငုတ်တုပ်ထိုင် မည်၏။

ထိုသို့ နောက်ဆုတ်ထိုင် ရှေ့တိုးထိုင် ငုပ်တုပ်ထိုင်တို့သို့ မသက်မူ၍ အနုပုဗွိပဋိပဒါပါကဖြင့် နောက်ကျုသော ဥဂ္ဂဟသည် တစ်နေ့ထက်တစ်နေ့ ရင့်သန်သဖြင့် အဆင်းပျောက်ခြင်းဟု ဆိုအပ်သော ကြည်လင် သန့်ရှင်းခြင်းသို့ ရောက်လေ၏။

ထိုကြည်လင် သန့်ရှင်းခြင်းသည်လည်း ဥဂ္ဂဟ၏ ကြည်လင်ခြင်း၊ ပဋိဘာဂ၏ ကြည်လင်ခြင်း ဟူ၍ နှစ်ပါးပြား၏။ ထို နှစ်ပါးတို့တွင် အကြင်သူသည် တစ်ရံတစ်ခါမျှ နိမိတ်ကို မမြင်ဖူးသေး၊ ထိုသို့ မမြင်ဖူးသေးသောသူ၏ ထင်မြင်လာသော ဥဂ္ဂဟနိမိတ်သည် မည်းညစ်၏၊ မသန့်ရှင်း။ အမှိုက်ကို တိုက်အပ်သော မီးခိုး စသည်နှင့် တူ၏။ ထိုမီးခိုးနှင့်တူသော နိမိတ်သည် ရံခါရံခါသာ ရ၏၊ ရံခါရံခါ မရ၊ ထိုသူသည် ဥပဋ္ဌာနမတ္တသာတည်း၊ ဥဂ္ဂဟ မဟုတ်။ အကြင်သူသည် ထိုနိမိတ်၏ အာရုံကို ယူတိုင်းယူတိုင်း ရ၏၊ ထိုသူသည် ဥဂ္ဂဟမည်၏။

ထိုယူတိုင်း ယူတိုင်းရသော ဥဂ္ဂဟနိမိတ်သည် ပထမ ရစကပင် ကြည်လင်အံ့၊ ဥဂ္ဂဟ၏ကြည်လင်ခြင်း မည်၏၊ မိမိ၏ အလိုသို့ မလိုက်သေး၊ ပွါး၍မရသေး။

အကြင်သူ၏ ဥဂ္ဂဟသည် ယူတိုင်း ယူတိုင်းလည်း ရ၏။ တစ်ရက်ထက် တစ်ရက် လည်း ကြည်လင်၏။ မိမိ၏ အလိုသို့လည်း လိုက်၏။ ပွား၍လည်း ရ၏။ ထို နိမိတ်သည် ပဋိဘာဂသို့ သက်သည်ဖြစ်၍ ပဋိဘာဂ၏ကြည်လင်ခြင်း မည်၏။

အဘယ်သို့ သက်၍ အဘယ်သို့ ကြည်လင်သနည်း၊ အဘယ်သို့ ပွား၍ ရသနည်း ဟူမူ ယူတိုင်းတိုင်းရသော ဥဂ္ဂဟနိမိတ်သည် မည်းညစ်ခဲ့အံ့ အမှိုက်မီးခိုး၊ ရေနံမီးခိုးတို့ကဲ့သို့ ရှိအံ့။ ထိုမည်းညစ်သော ဥဂ္ဂဟနိမိတ်ကိုပင် နေ့ရော ညဉ့်ပါ ထပ်၍ထပ်၍ ရှူအပ် ရှိုက်အပ်၏။

ထိုသို့ ရှူဖန် ရှိက်ဖန် များလတ်သော် လဲ ဝါဂွမ်းတို့ကဲ့သို့ လည်းကောင်း၊ ဆောင်းလတို့၏ တိမ်တောင်ကဲ့သို့ လည်းကောင်း၊ ဇလပ်ပန်းတို့ ကဲ့သို့ လည်းကောင်း၊ ခတောက်ပန်းတို့ကဲ့သို့ လည်းကောင်း စသည်ဖြင့် ဖြစ်၏။ ဤသို့ စသည် ဖြစ်လာမူ ပဋိဘာဂသို့ သက်၏။

ထို ပဋိဘာဂသို့ သက်သော နိမိတ်ကို ရှေးနည်းတူစွာ ရှူဖန်ရှိုက်ဖန် များလတ်သော် အလွန်ကြည်လင်သော ရေကဲ့သိုလည်းကောင်း၊ ဆီ ဖလ်ကဲ့သို့ လည်းကောင်း၊ မီးပေါက်မီးပွား ကဲ့သို့လည်းကောင်း၊ ထင်မြင်လာမူ မိမိ၏စိတ်က ရှည်စေလိုရမူ ရှည်၏၊ တိုစေလိုရမူ တို၏၊ ကြီးစေလိုရမူ ကြီး၏၊ အကယ်၍ ထက်ခဲ့ပါမူ ကောင်းကင်သို့ လည်းကောင်း၊ စကြဝဠာသို့ လည်းကောင်း ရောက်အောင် လွှတ်လိုက်နိုင်၏။ ဤကား သက်ပုံ၊ ကြည်ပုံ ပွားပုံတည်း။

သဗ္ဗမ္ပိ ဟိ ဥဂ္ဂဟနိမိတ္တံ ဝဍ္ဎိယမာနံ န ဝဍ္ဎတိယေဝ၊ သတိ ပိ စ ဝဍ္ဎေတုမတာယံ ဝဍ္ဎနာ န သမ္ဘဝတိ၊ ဘာဝနာယ ပရိဒုဗ္ဗလတ္တာ၊ ဘာဝနာဝသေန ဟိ နိမိတ္တဝဍ္ဎနာ၊ ပဋိဘာဂနိမိတ္တံ ပန တသ္မိံ ဥပ္ပန္နေ ဘာဝနာ ထိရာတိ ကတွာ ဝဍ္ဎိယမာနံ ဝဍ္ဎတီတိ ဝုတ္တံ။

ဝိသုဒ္ဓိ၊ဋီ၊၁၊၁၉၇

ဟိ ယုတ္တံ၊ ထိုစကားသင့်စွ။
သဗ္ဗမ္ပိ၊ အလုံးစုံလည်း ဖြစ်သော။
ဥဂ္ဂဟနိမိတ္တံ၊ ဥဂ္ဂဟနိမိတ်သည်။
ဝဍ္ဎိယမာနံ၊ ပွားစေအပ်သည် ရှိသော်။
န ဝဍ္ဎတိယေဝ၊ မကျယ် မစန့် မပွားသည်သာတည်း။
ဝဍ္ဎေတုမတာယံ၊ ပွားစေလိုသည်၏ အဖြစ်သည်။
သတိပိ စ၊ ရှိသော်လည်း။
ဘာဝနာယ၊ ဘာဝနာ၏။
ပရိဒုဗ္ဗလတ္တာ၊ ထက်ဝန်းကျင် အားနည်းသေးသည်၏ အဖြစ်ကြောင့်။
ဝဍ္ဎနာ၊ ပြန့်ပွားခြင်းသည်။
န သမ္ဘဝတိ၊ မဖြစ်သင့်။
ဟိ သစ္စံ၊ ထိုစကား မှန်၏။
ဘာဝနာဝသေန၊ အာရမ္မဏိက ဘာဝနာ၏ အစွမ်းဖြင့်။
နိမိတ္တဝဍ္ဎနာ၊ အာရုံနိမိတ်၏ ပွားခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ပဋိဘာဂနိမိတ္တံ ပန၊ ပဋိဘာဂ နိမိတ်သည်ကား။
တသ္မိံ၊ ထိုပဋိဘာဂနိမိတ်သည်။
ဥပ္ပန္နေ၊ ဖြစ်လာသည်ရှိသော်။
ဘာဝနာ၊ အာရမ္မဏိက ဘာဝနာစိတ်သည်။
ထိရာ၊ ခိုင်ခံ့၏။
ဣတိ ကတွာ၊ ဤ အကြောင်းကြောင့် (ဝါ) ဤသို့ နှလုံးပြု၍။
ဝဍ္ဎိယမာနံ၊ ပွားစေအပ်သည် ရှိသော်။
ဝဍ္ဎတိ၊ ကျယ်ပြန့်တိုးပွား၏။
ဣတိ၊ ဤသို့သော စကားကို။
ဝုတ္တံ၊ အဋ္ဌကထာ ဆရာမြတ်မိန့်အပ်၏။

ဤသို့သော စကားစဉ်ဖြင့် ဒုတိယနည်း၌ အားထုတ်နိုင်လောက်ပြီ ဖြစ်၍ သိမ်းလိုက်ပြီ။ ကျကျနနမှာမူ ဟတ္ထမုဋ္ဌိမှ သာ၍ ပိုင်သည်။

ဣတိ ဒုတိယပဗ္ဗံ။

၁၄ - ပါရိဟာရိယ ကမ္မဋ္ဌာန်းကို စီးဖြန်းရန် တတိယနည်းကို ပြခြင်း

သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊ သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။
ဒီ၊၂၊၂၃၂

သဗ္ဗကာမ ပဋိသံဝေဒီ၊ အလုံးစုံသော ထွက်သက်၏ အစ အလယ် အဆုံး သုံးပါး အပေါင်းကို ထင်စေလျက်။
အဿသိဿာမီတိ၊ ထွက်သက် ကိုရှူအံ့ဟူ၍။
သိက္ခတိ၊ အားထုတ်သဖြင့် ကျင့်၏။
သဗ္ဗကာယ ပဋိသံဝေဒီ၊ အလုံးစုံသော ဝင်သက်၏ အစ အလယ် အဆုံး သုံးပါး အပေါင်းကို ထင်စေလျက်။
ပဿသိဿာမီတိ၊ ဝင်သက်ကို ရှိုက်အံ့ဟူ၍။
သိက္ခတိ၊ အားထုတ်သဖြင့် ကျင့်၏။

ဤဒေသနာတော်နှင့် လျော်ညီစွာ တတိယနယကို အားထုတ်လိုသော အမျိုးကောင်းသားတို့သည် အနုဗန္ဓန ဖုသနဟု ဆိုအပ်သော နည်းတို့ကို ထွက်သက်၏ အစ အလယ် အဆုံး၊ ဝင်သက်၏ အစ အလယ် အဆုံး သုံးပါးတို့၌ နှာသီးဖျားမှသည် ရင်လယ်၊ ရင်လယ်မှသည် ချက် (ဝင်သက်)။ ချက်မှသည် ရင်လယ်၊ ရင်လယ်မှသည် နှာသီးဖျား၊ (ထွက်သက်)။ ဤသို့ အစဉ်လိုက်ခြင်း ဟူသော အနုဗန္ဓန။ ထွက်သက် ဝင်သက်၏ ထိရာထိရာ၌ မှတ်ခြင်းဟူသော ဖုသန ပြု၍ပြု၍ ရှိုက်အပ် ရှူအပ်၏။ ထိုသို့ ရှိုက်အပ် ရှူအပ်သော အနုဗန္ဓန ဖုသနာကာရတို့တွင် -

(၁) အကြင်သူသည် နှာသီးဖျား၌သာ မှတ်မိလိုက်၏။ ရင်လယ်သို့ ရောက်ရာ၌ လည်းကောင်း ချက်သို့ ရောက်ရာ၌ လည်းကောင်း မမှတ်မိ၊ ထိုသူသည် အာဒိလဒ္ဓ ပုဂ္ဂိုလ် မည်၏။
(၂) အကြင်သူသည် ရင်လယ်၌သာ မှတ်မိ၏၊ ချက်သို့ ရောက်ရာ၌ လည်းကောင်း နှာသီးဖျားသို့ ရောက်ရာ၌ လည်းကောင်း မမှတ်မိ၊ ထိုသူသည် မဇ္ဈေလဒ္ဓ ပုဂ္ဂိုလ် မည်၏။
(၃) အကြင်သူသည် ချက်၌သာ မှတ်မိ၏၊ ရင်လယ်သို့ ရောက်ရာ၌ လည်းကောင်း နှာသီးဖျားသို့ ရောက်ရာ၌လည်းကောင်း မမှတ်မိ၊ ထိုသူသည် အန္တေလဒ္ဓ ပုဂ္ဂိုလ်မည်၏။
(၄) အကြင်သူသည် ဝင်သက် ထွက်သက်၏ နှာသီးဖျား- ရင်လယ်- ချက်။ ချက်-ရင်လယ် နှာသီးဖျား ဟူသော သုံးပါးလုံးသော အရပ်တို့၌ အစဉ်လျှောက်၍ ထိတိုင်း ထိတိုင်း မှတ်မိ၏။ သိ၏။ ထိုသူသည်သာလျှင် တယောလဒ္ဓ ပုဂ္ဂိုလ်မည်၏။

ဧကဿ သဗ္ဗမ္ပိ ပါကဋံ ဟောတိ၊ သော သဗ္ဗမ္ပိ ပရိဂ္ဂဟေတုံ သက္ကောတိ၊ န ကတ္ထစိ ကိလမတိ၊ တာဒိသေန ဘဝိတဗ္ဗံ။
တာဒိသေန ဘဝိတဗ္ဗန္တိ စတုတ္တပုဂ္ဂလသဒိသေန ဘဝိတဗ္ဗံ။
ဝိသုဒ္ဓိ၊ဋီ၊၁၊၃၂၁

ဧကဿ၊ တစ်ယောက်သော ယောဂါဝစရအား။
သဗ္ဗမ္ပိ၊ အလုံးစုံသော ဝင်သက်ထွက်သက်၏ အစ အလယ် အဆုံး သုံးပါးလုံး အပေါင်းသည်လည်း။
ပါကဋံ၊ အထူးသဖြင့် ထင်ရှားသည်။
ဟောတိ၊ ဖြစ်၏။
သော၊ ထိုသူသည်။
သဗ္ဗမ္ပိ၊ အလုံးစုံသော ဝင်သက် ထွက်သက်၏ အစ အလယ် အဆုံး သုံးပါးလုံး အပေါင်းကိုလည်း။
ပရိဂ္ဂဟေတုံ၊ သိမ်ဆည်းခြင်းငှာ။
သက္ကောတိ၊ စွမ်းနိုင်၏။
ကတ္ထစိ၊ အစ အလယ် အဆုံး သုံးပါးလုံးတို့တွင် တစ်ပါးပါးသော အရပ်၌။
န ကိလမတိ၊ မပင်ပန်း။
တာဒိသေန၊ ထိုသို့ သဘောရှိသော လေးယောက်မြောက်သော ပုဂ္ဂိုလ်နှင့် တူသည်သာ။
ဘဝိတဗ္ဗံ၊ ဖြစ်အပ်၏။
(အဋ္ဌကထာ အနက်)

တာဒိသေန ဘဝိတဗ္ဗန္တိ၊ ကား။
စတုတ္တပုဂ္ဂလသဒိသေန၊ လေးယောက် မြောက်သော တယောလဒ္ဓ ပုဂ္ဂိုလ်နှင့် တူသဖြင့်။
ဘဝိတဗ္ဗံ၊ ဖြစ်အပ်၏။
(ဋီကာ အနက်)

ဤသို့ ပြတော်မူအပ်သော လေးယောက်သော ပုဂ္ဂိုလ်တို့တွင် လေးယောက်မြောက်သော တယောလဒ္ဓ ပုဂ္ဂိုလ်ဖြစ်အောင် စီးဖြန်းရာ၏။ ထို စီးဖြန်းရာ၌လည်း ဒုတိယနည်း၌ ပြခဲ့ပြီးသော ပဋိဘာဂနိမိတ်ကို ရပြီးသော ယောဂါဝစရသည် ဤ တတိယနည်းကို အားထုတ်ရာ- နှာသီးဖျား - ရင်လယ် - ချက်၊ ချက် ရင်လယ် နှာသီးဖျား စသည်ဖြင့် အားထုတ်ဖန် များလတ်သော် နှာသီးဖျားမှ ချက် တိုင်အောင်သော အရပ်၌ ဒုတိယနည်း၌ မြင်ပြီးသော အလွန်ကြည်လင် သန့်ရှင်းသော ပဋိဘာဂနိမိတ်သည်ပင် ဝင်သကဲ့သို့ ထွက်သကဲ့သို့ ထင်မြင်လာရ၏။

အဘယ်သို့ ထင်မြင်လာသနည်းဟူမူ -
ဖလ်ဖြူဖြင့်ပြီးသော လူရုပ်တစ်ခုသည် ရှိသတတ်၊ ထိုလူရုပ် ဝမ်းတွင်းသို့ ကြည်လင်လှစွာသော ရေကို နှာဝမှ လောင်းသွန်လိုက်သော် စက္ခုအမြင်နှင့် ပြည့်စုံသော အနီး၌ ရှိသော ယောက်ျား သတိမာသည် သွန်းလောင်းလိုက်သော ရေကား နှာသီးဖျား၌ ရှိသေး၏၊ ရင်၏အလယ်သို့ ရောက်ခဲ့ပြီ၊ ချက်ကို ရောက်ခဲ့ပြီတကား ဟူ၍လည်းကောင်း၊ တစ်ဖန် အောက်မှအထက်သို့ တက်အောင် ပိုက်ပြွန်တို့ဖြင့် မှုတ်လိုက်ပြန်သော် ထိုရေသည် ချက်၌ရှိသေး၏၊ ရင်၏ အလယ်သို့ ရောက်ခဲ့ပြီ၊ နှာသီးဖျားသို့ ရောက်ခဲ့ပြီတကား ဟူ၍ လည်းကောင်း ဝင်တိုင်း-ထွက်တိုင်း ထင်မြင်လာရ၏။

၎င်းနည်းတူ အချို့ အချို့သော သူတို့အား ပုလဲလုံး ဆင်းသည် တက်သည်ကဲ့သို့ လည်းကောင်း၊ အိုးပူသောအခါ ရေနွေးကိုပွက်၍ တက်သည် ဆင်းသည်ကဲ့သို့ လည်းကောင်း၊ ယမ်းတုံး ယမ်းတိုင်ကို မီးစားလျက် သက်သည် တက်သည်ကဲ့သို့ လည်းကောင်း၊ ဖလ်ပြွန်မှထွက်အပ်သော မီးခိုး-မီးဖွား မီးပန်း-မီးပေါက် ကဲ့သို့ လည်းကောင်း ဤသို့စသည်ဖြင့် ထင်မြင်လာရ၏။

ထိုသို့ ထင်မြင်လာသော တစ်ပါးပါးသော နိမိတ်၏ အစ အလယ် အဆုံးတို့ကို ကြည့်၍ ကြည့်၍ ငါ၏ဝင်သက်သည် နှာသီးဖျားတွင် ရှိသေး၏၊ ရင်လယ်သို့ ရောက်ခဲ့ပြီး၊ ချက်သို့ရောက်ခဲ့ပြီတကား။ ငါ၏ထွက်သက်သည် ချက်တွင်ရှိသေး၏၊ ရင်လယ်သို့ ရောက်ခဲ့ပြီ၊ နှာသီးဖျားသို့ ရောက်ခဲ့ပြီ တကားဟု အဖန်ဖန် အစ အလယ် အဆုံးကို နှလုံးပြု၍ ကြည့်ရှုရမည်။

အလွန် ဉာဏ်ထက်လှ၍ လည်းကောင်း၊ ဒုတိယနည်းက ပရိကံ အားကောင်းလှ၍ လည်းကောင်း။ ဤတတိယနည်းကို ပြောင်းရအံ့သော ယောဂါဝစရအား လွယ်လင့် တကူဖြင့် ဆရာက ပြောင်းရွှေ့လိုလတ်မူ မိမိ ရပြီးသော အလွန် ကြည်လင် သန့်ရှင်းသော ဒုတိယ၌ရအပ်သော ပဋိဘာဂနိမိတ်ကို ပဂုဏ ပြုစေရာ၏။

အဘယ်ကဲ့သို့ ပြုစေရာသနည်း၊ ဒုတိယနည်းကို အားထုတ်၍ သင်္ကန္တိက တရား နှစ်ပါး လုံလောက်သောအခါ၌ အလွန် ကြည်လင် သန့်ရှင်းစွာ အဿာသ ပဿာသ နိမိတ်သည် ရှုတိုင်း ရှိုက်တိုင်း ရခဲ့အံ့၊ ထိုသို့ရသော နိမိတ်ကို -
ရှည်စေ - ရှည်စေ ဟူ၍လည်းကောင်း၊
တိုစေ - တိုစေ ဟူ၍လည်းကောင်း၊
ကြီးစေ - ကြီးစေ ဟူ၍လည်းကောင်း၊
ငယ်စေ - ငယ်စေဟူ၍လည်းကောင်း၊
ကွေးစေ - ကောက်စေဟူ၍ လည်းကောင်း၊
ထောင်စေ - စိုက်စေဟူ၍ လည်းကောင်း၊
ဝန်းစေ - အထောင့်ဖြစ်စေ ဟူ၍လည်းကောင်း၊
မျက်စိထွက်စေ၊ နားမှ ထွက်စေ၊
ပါးမှထွက်စေ၊ ပါးစပ်မှထွက်စေ၊
နီးစေ၊ ဝေးစေ
စသည်ဖြင့် မိမိအလိုရှိတိုင်း ရခဲ့ပါမူ ပဂုဏဖြစ်ပေ၍ ၎င်းနိမိတ်သည် ငါ၏အလိုသို့ လိုက်ခဲ့ပြီ၊ ယခု ဗာဟိရ၌ ထင်မြင်၍နေသော ဤ ပဋိဘာဂနိမိတ်ကို အဇ္ဈတ္တသို့ သွင်း၍ ရှူတော့ ရှိုက်တော့အံ့ဟု ကြံစည်၍ ၎င်းဗာဟိရ၌ ရှိသော ကြည်လင်သော နိမိတ်ကို နှစ်ထွာတိုင် - သုံးထွာခန့် ကြီးစေလျက် ရှေ့တူရူသို့ ခပ်လျင်လျင် ထွက်သက်ဖြင့် လွှတ်ခြင်း မိမိ၏ မျက်နှာသို့ ရှေ့ရှူ ခပ်လျင်လျင် ဝင်သက်ဖြင့် ဆွဲခြင်းတို့ကို ပြီးစေ၍ ၎င်းနိမိတ် အကြည်ဓာတ်သည် ငါ၏ဦးခေါင်းကို ဖြတ်နိုင် မည်လောဟု လျင်သော အဟုန်ဖြင့် ဖြတ်လိုက်ရမည်။ မကြောက်လင့်။

မိမိဦးခေါင်းပြတ်၍ သွားအောင်ဖြတ်။ တစ်ကြိမ်တည်းနှင့်မရမူ အကြိမ်ကြိမ်ဖြတ်၊ တစ်ချက်တည်းနှင့် ဦးခေါင်းမပြတ်မူ ထန်းလှီးသောသူ တောင်ပို့ဖျက်သောသူ ဆေးရိုး စဉ်းသောသူတို့ကဲ့သို့ တစ်ဖြည်းဖြည်း ဦးထိပ်က စ၍ စ၍ဖြတ်၊ ပြတ်၍ ဦးခေါင်း မရှိခဲ့ပြီဟု ထင်မြင်လာမူ အဇ္ဈတ္တသို့ စွဲလေ၏

ထို ဦးခေါင်းဖြတ်သော နည်းကို အားကိုး၍ ယခု ငါ၏နိမိတ်သည် ဦးခေါင်းကိုကား စားခဲ့၏။ ဤကိုယ်ကိုလည်း စားရှာတော့မည်ဟု ယုံကြည် မြတ်နိုးလျက် ယမ်းတုံးကို အပေါ်မှ မီးတိုက်လိုက်သကဲ့သို့ လည်းကောင်း၊ ဝါဂွမ်းစိုင်ကို မီးတိုက်လိုက်သကဲ့သို့ လည်းကောင်း၊ မိမိ၏နိမိတ်ကို နှမ်းပွတ်သော ကျည်ပွေ့၏ အရင်းလောက်ပြု၍ ထိပ်ထက် ပခုံးထက်မှစ၍ အောက်သို့ ဝင်သက်ဖြင့် စားစေရာသည်။

တင်ပါး၏အစွန်းသို့ လည်းကောင်း၊ ခြေဖျားသို့လည်းကောင်း ရောက်လျှင် ဖြည်းညင်း သာယာစွာ အောက်မှ အထက်သို့ ထွက်သက်ဖြင့် စားစေရာသည်။ ပခုံးစွန်း တင်ပါးစွန်းတို့ ကျန်လျှင် ထပ်၍ ထပ်၍ စားစေရမည်။ အထက်မှသည် အောက်၊ အောက်မှသည် အထက် ကောင်းကင်မှ ကျသော မိုးပေါက်တို့ကို မြင်ရသကဲ့သို့ လည်းကောင်း၊ ဖလ်ပြွန်ဖြင့် အထက်သို့ပြန်၍ မှုတ်အပ်သော ရေမှုန်တို့ကို မြင်ရသကဲ့သို့ လည်းကောင်း၊ သဲကမ်းပြိုသကဲ့သို့ လည်းကောင်း၊ ယမ်းတုံး ယမ်းတိုင်ကို မီးစား၍ သွားသကဲ့သို့ လည်းကောင်း စသည်ဖြင့် ထင်မြင်လာမူ အဇ္ဈတ္တသို့ ဝင်လေ၏

ဤသို့ အဇ္ဈတ္တသို့ ဝင်သော အဿာသ ပဿာသ ပဋိဘာဂနိမိတ်၏ အစ အလယ် အဆုံး သုံးပါးလုံးကို ကြည့်၍ရှု။ အဘယ်သို့ ရှုရမည်နည်း၊ ငါ၏ နိမိတ်ထင်မြင် လာသော အဿာသ-ပဿာသသည် နောက်က ပြခဲ့သောအတိုင်း နှာသီးဖျား ရင်လယ် ချက်သို့ ရောက်ခဲ့ပြီ၊ ချက် ရင်လယ် နှာသီးဖျားသို့ ရောက်ခဲ့ပြီ၊ ဤသို့ ရှူခြင်း ရှိုက်ခြင်းကား ပဋိသံဝေဒိသာ အတ္ထက္ခရ ဖြစ်သေးသည်။

အကြင်သူသည် သဗ္ဗကာယ၏ အတ္ထက္ခရဖြစ်အောင် ရှူရှိုက်လိုသော် ထိပ် ရင်လယ် တင်ပါးသို့ ရောက်ခဲ့ပြီ၊ တင်ပါး ရင်လယ် ထိပ်သို့ ရောက်ခဲ့ပြီ ဟူ၍လည်းကောင်း၊ ထိပ် ရင်လယ် ခြေဖျားသို့ ရောက်ခဲ့ပြီ။ ခြေဖျား ရင်လယ် ထိပ်သို့ရောက်ခဲ့ပြီ ဟူ၍လည်းကောင်း အဿာသ-ပဿာသ နိမိတ်ကို ကြည့်၍ ကြည့်၍ အစ အလယ် အဆုံး သုံးပါးတို့၌ လိုက်၍ လိုက်၍ ရှူရ ရှိုက်ရမည်။ အဇ္ဈတ္တနှင့် ဗဟိဒ္ဓ ဗဟိဒ္ဓနှင့် အဇ္ဈတ္တ အကြားမလပ် တစ်စပ်တည်း ဖြစ်ရှာလေ၏ဟူလို။ ထိုသို့သောအနက်ကို ရည်တော်မူ၍ မူလပဏ္ဏာသ၊ သုတ်မဟာဝါအဋ္ဌကထာ၊ ဋီကာဆရာကြီးတို့သည် -

ဧတေနဿ ပဂုဏကမ္မဋ္ဌာနံ အဋ္ဌပေတွာ အပရာပရံ သဉ္စရဏကာလောကထိတော။
ဒီ၊ဋ္ဌ၊၂၊၃၅၅

အပရာပရံ သဉ္ဇရဏကလောတိ အဇ္ဈတ္တဗဟိဒ္ဓါ ဓမ္မေသု ပိ နိရန္ထရံ ဝါ ဘာဝနာယ ပဝတ္တနကာလော ကထိတော -
ဟု ပြတော်မူကြကုန်၏။
ဒီ၊ဋီ၊၂၊၃၀၁

ဧတေန၊ ထိုအဇ္ဈတ္တဗဟိဒ္ဓါဝါ ဟူသောပါဠိဖြင့်။
အဿ၊ ထိုယောဂါဝစရပုဂ္ဂိုလ်၏။
ပဂုဏကမ္မဋ္ဌာနံ၊ လေ့လာအပ်သော ကမ္မဋ္ဌာန်းကို။
အဋ္ဌပေတွာ၊ အကြား၌ မရပ်မူ၍။
အပရာပရံ၊ အဆက်မပြတ်။
သဉ္စရဏ ကာလော၊ ဖြစ်သော ကာလကို။
ကထိတော-၊ ဟောတော်မူအပ်၏
(အဋ္ဌကထာ-အနက်)

အပရာပရံ သဉ္ဇရဏကလောတိ၊ ကား။
အဇ္ဈတ္တဗဟိဒ္ဓါ၊ အဇ္ဈတ္တ ဗဟိဒ္ဓဖြစ်ကုန်သော။
ဓမ္မေသုပိ၊ တရားတို့လည်း။
သိရန္တရံဝါ၊ အကြား မလပ်သည်ကိုလည်း။
တတွာ၊ ပြု၍။ (ထည့်)၊
ဘာဝနာယ၊ ဘာဝနာ၏။
ပဝတ္တနကာလော၊ ဖြစ်သောကာလကို။
ကထိတော၊ ဟောတော်မူအပ်၏။
(ဋီကာ အနက်)

ဤကား သဗ္ဗကာယ၏ သာမညဖြစ်သော အတ္ထက္ခရ ယူနည်းတည်း။

ဝိသေသအားဖြင့် အားထုတ်လိုမူ ဤသို့ မှတ်ရာ၏၊ တတိယနည်းကို အားထုတ် သော ယောဂါဝစရအား အစ အလယ် အဆုံးကို မှတ်၍ မှတ်၍ ရှုဖန် ရှိုက်ဖန်များလှမူ -
(၁) အလယ်က မဏ္ဍိုင်စိုက်သကဲ့သို့ ထင်မြင်သောသူ။
(၂) ကိုယ်၏ ထက်ခြမ်း ထင်မြင်သောသူ၊
(၃) ကောင်လုံးကျွတ် ထင်မြင်သောသူ - ဟူ၍ သုံးယောက်ရှိ၏။

ထိုသုံးယောက်တို့တွင် ကိုယ်၏အလယ်၌ မှန်တုံး မှန်တိုင် စသည်တို့ကဲ့သို့ ထင်မြင်သောသူသည် မဏ္ဍိုင်စိုက်သကဲ့သို့ ထင်မြင်သောသူ မည်၏။ ထိုသူသည် အပ္ပနာသို့ မတက်မှု၍ ဝိပဿနာသို့ သက်လိုလတ်မူ မိမိထင်မြင်သော မဏ္ဍိုင်နိမိတ်ကို ပွား၍ပွား၍ ကိုယ်လုံးကျွတ်အောင် စားစေရာ၏။

ဤစကားရပ်၌ အပ္ပနာသို့ မတက်ဟူသော စကား၌ ငါတို့ကျေးဇူးရှင် ဘုရားတို့အား အပ္ပနာသို့တက်ရန် စူးစမ်း၍ လျှောက်ထားရာ ကျမ်းဂန်နည်းကိုသာ ဟောတော် မူကြသည်။ အဇ္ဈတ္တကာယလေးပါး သွင်းပုံကိုကား ဟတ္ထမုဋ္ဌိအားဖြင့် ပြတော်မမူကြ၍ မုချမရေးဝံ့၊ အကြင်ပညာရှိတို့သည် အဇ္ဈတ္တကာယလေးပါး သွင်းပုံ၌ သံသယမဲ့ခဲ့၏၊ ထိုပညာရှိတို့သည် အကျယ်တဝင့် ဖွင့်ပြ ဆုံးမတော်မူကြစေသတည်း။ ငါတို့ကား ဝိပဿနာသို့ သက်ပုံကိုသာ ယထာရဟ ယူဖူး၏၊ ထိုကြောင့် ဝိပဿနာ သက်ပုံကိုသာ ရှေ့၌ရေးတော့အံ့။

ကိုယ်ထက်ခြမ်း ထင်မြင်လာသော ဥပဍ္ဎုပဋ္ဌာန နိမိတ်ကိုလည်း ရှေးနည်းတူစွာ ပွား၍ ပွား၍ ကိုယ်လုံးကျွတ်အောင် စားစေရာ၏။

ကောင်လုံးကျွတ် ထင်မြင်သော သကလုပဋ္ဌာန နိမိတ်ကိုလည်း ကောင်လုံး ကျွတ်သောအတိုင်း နိမိတ်၏ အစ အလယ် အဆုံး သုံးပါးကို မှတ်၍ မှတ်၍ ရှိုက်အပ် ရှူအပ်၏။

ထိုသို့ ရှုနည်းသည်လည်း -
(၁) မဏ္ဍလ
(၂) အဍ္ဎမဏ္ဍလ
(၃) မဟာမဏ္ဍလ ဟူ၍လည်းကောင်း၊
(၁) ဩဓိ
(၂) အန္တောဓိ
(၃) အနန္တောဓိ ဟူ၍လည်းကောင်း သုံးနည်း ပြားသေး၏။

ထိုသုံးပါးတို့တွင် မဏ္ဍလုပဋ္ဌာန, ဥပဍ္ဎုပဋ္ဌာန သကလုပဋ္ဌာန သုံးပါးသို့ ရောက်အောင် အားထုတ်သော သူသည် မဏ္ဍလလည်း မည်၏။ ဩဓိလည်း မည်၏။

ထိုမဏ္ဍလ ဩမိတို့ထက် မိမိပဋိဘာဂကို စူးစမ်းလိုသော ယောဂါဝစရသည် မိမိကိုယ်ကို လွန်၍ အထက်သို့ တစ်ဆယ့်နှစ်တောင်ရှု၍ ထို တစ်ဆယ့်နှစ်တောင် ရှိရာ အရပ်ကစ၍ “အစ”၊ မိမိကိုယ်ကို “အလယ်”၊ အောက် တစ်ဆယ့် နှစ်တောင်၏ အဆုံးကို “အဆုံး”ဟူ၍ ဝင်သက်ဖြင့် အောက်ကိုရှု၊ ၎င်းနည်းတူ အောက်ကစ၍ “အစ”၊ မိမိကိုယ်ကို “အလယ်” အထက်ဘက် တစ်ဆယ့် နှစ်တောင်၏ အဆုံးကို “အဆုံး”ဟူ၍ ထွက်သက်ဖြင့် အထက်ကိုရှု။

အရှေ့ အနောက် တောင် မြောက် ဖြစ်သော အရပ်လေးမျက်နှာကိုလည်း တစ်ဆယ့် နှစ်တောင်လောက် ရောက်စေပါလျက် သက်တုံ တက်တုံ ရှိအောင် ရှု၊ ထိုသို့ရှု၍ ထက်အောက်-ဖီလာ ဆယ်မျက်နှာတို့၌ အာကာသဂင်္ဂါမှ ကျ၍လာသော ရေစိုင်ကြီးတို့ ကဲ့သို့လည်းကောင်း၊ တိရစ္ဆာနတောင်တန်းကို တိုက်၍ အထက်သို့ တက်ရသော ရေစိုင်ကြီးတို့ ကဲ့သို့လည်းကောင်း၊ ဝင်သက် ထွက်သက် အားလျော်စွာ မြင်ရခြင်းသည် အဍ္ဎမဏ္ဍလလည်းမည်၏။ အန္တောဓိလည်းမည်၏။ မီးပုံကြီးတို့၏ အလျှံဥပမာ, ဥဒ္ဓင်္ဂမ အဓောဂမလေယူသော တံလှပ် ဥပမာတို့လည်း နည်းတူမှတ်။

ထိုနည်းတူစွာ အဍ္ဎမဏ္ဍလ အန္တောဓိတို့ထက် မိမိ၏ပဋိဘာဂကို စူးစမ်းလိုသော ယောဂါဝစရသည် ထိုမိမိရပြီးသော အဍ္ဎမဏ္ဍလ အန္တောဓိ တို့ဖြင့် ချင်ရဲမပြေရကား ဝင်သက်၏ ပဋိဘာဂနိမိတ်ကို အထက် မိုးကောင်းကင် အဆုံးမမြင်ရာက စ၍ “အစ” မိမိကိုယ်ကို “အလယ်” အောက်ဟင်းလင်းအပြင် အဆုံးမထင်ရာ ကောင်းကင်သည် “အဆုံး” ဟူ၍ ဝင်သက်ဖြင့် အောက်ကိုရှု၊ ၎င်းနည်းတူ အောက်ကစ၍ ကောင်းကင်ကား “အစ”၊ မိမိကိုယ်ကို “အလယ်” အဆုံးမထင် အထက် ကောင်းကင်သည် “အဆုံး”ဟူ၍ ထွက်သက်လေဖြင့် အထက်ကိုရှု။

ရှေ့ နောက် ဝဲ ယာ ရှစ်မျက်နှာ တို့ကိုလည်း အဆုံးမရှိ မှတ်၍ မှတ်၍သက်တုံ တက်တုံ ရှိအောင်ရှု။ ဝါယောသံဋ္ဋေ၌ လေတို့တိုက်ဖျက်ကြေမွ လွင့်ပျောက်၍ ခပ်သိမ်းကုန်သော တော တောင် ရေ မြေ စကြဝဠာ မြင်းမိုရ် စသည်တို့ မရှိလတ်သော် အထက် ကောင်းကင်နှင့် အောက်ကောင်းကင် တစ်စပ်တည်း တည်လတ်သော် ကမ္ဘာပြုမိုးတို့ ရွာရာ၌ အဆီးအတားမရှိ အောက်ကောင်းကင်သို့ သက်သည်ကို ကြည့်ရသကဲ့သို့ ဝင်သက် ထွက်သက်အားလျော်စွာ မြင်ရခြင်းသည် မဟာမဏ္ဍလလည်း မည်၏။ အနန္တောဓိလည်း မည်၏။

ထို သုံးပါးသော မဏ္ဍလ၊ သုံးပါးသော ဩဓိတို့တွင် ပဌမဖြစ်သော မဏ္ဍလ ဩဓိ ၌သာ မိမိ၏ ပဋိဘာဂ အာရုံကို အမြဲ ထားရာ၏။

အဍ္ဎမဏ္ဍလ မဟာမဏ္ဍလ, အန္တောဓိ အနန္တောဓိ တို့၌ကား ကွန့်မြူး စူးစမ်းရုံမျှသာ ရံခါရံခါ ရှုရာ ပဂ္ဂင်စောင့်နည်း နယ်ဖြင့် မှတ်နည်းတို့ကို ပဌမနည်းကို မှီး၍ သိကြလေ။

ဣတိ တတိယပဗ္ဗံ။

၁၅ - ပါရိဟာရိယ ကမ္မဋ္ဌာန်းကို စီးဖြန်းရန် စတုတ္ထနည်းကို ပြခြင်း

ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ၊ ပသမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ၊

ဒီ၊၂၊၂၃၂

ကာယသင်္ခါရံ၊ အရှူပြင်း၍ ရုန့်ရင်းသော ထွက်သက်ကို။
ပဿမ္ဘယံ ပဿမ္ဘယန္တော၊ သာယာဖြည်းညင်း ရှူခြင်းဖြင့် ငြိမ်းစေလျက်။
အဿသိဿာမီတိ၊ ထွက်သက်ကို ရှူအံ့ဟူ၍။
သိက္ခတိ၊ အားထုတ်သဖြင့် ကျင့်၏။

ကာယသင်္ခါရံ၊ အရှိုက်ပြင်း၍ ရုန့်ရင်းသော ဝင်သက်ကို။
ပဿမ္ဘယံ ပဿမ္ဘယန္တော၊ သာယာဖြည်းညင်း ရှိုက်ယူခြင်းဖြင့် ငြိမ်းစေလျက်။
ပဿသိဿာမီတိ၊ ဝင်သက်ကို ရှိုက်အံ့ဟူ၍။
သိက္ခတိ၊ အားထုတ်ဖြင့် ကျင့်၏။


ဤသို့လျှင် -

ပထမနည်းဖြင့် သတောကာရီဖြစ်အောင် အားထုတ်ခြင်း၊

ဒုတိယနယဖြင့် သတုပဋ္ဌာနဖြစ်အောင် အားထုတ်ခြင်း၊

တတိယနယဖြင့် သတိဒုက္ကရကာရီဖြစ်အောင် အားထုတ်ခြင်း

တို့ဖြင့် အားထုတ်ကုန်ပြီးသော ယောက်ျား ယောဂါဝစရတို့အား ဩော် - ယခု ငါ အားထုတ်ခဲ့အပ်သော နည်းသုံးပါးတို့တွင် -

ဗထမနည်းဖြင့် မိမိ၏အာရုံကို တပါးသို့ မပြေးစေမူ၍ တစ်ခုသော နှာသီးဖျား၌သာ ထား၍ ထွက်သက် ဝင်သက်ကို မှတ်မိရုံမျှသာ ဟူသော သတောကာရီ

... ဒုတိယနည်းဖြင့် နှာသီးဖျား၏ ရှေ့တူရူ နှစ်တောင့်ထွာ၊ သုံးတောင် စသော တမျဉ်းကြိုးတန်းရာ အရပ်၌ ထွက်သက် ဝင်သက်၏ အာရုံ ဥဂ္ဂဟနိမိတ်၊ အစ အလယ် အဆုံး၊ ပဋိဘာဂနိမိတ်၏ အစကိုသာ ထင်ရုံမျှဟူသော သတုပဋ္ဌာန

... တတိယနည်းဖြင့် ဗာဟိရ၏အာရုံ လွန်စွာ ကြည်လင်သန့်ရှင်းသော ပဋိဘာဂ နိမိတ်ကို အဇ္ဈတ္တသို့မဝင်လျှင် ဝင်အောင်၊ မစားလျှင် စားအောင် မထင်လျှင် ထင်အောင် ပြုနိုင်ခဲသောအမှုကို ထွက်သက် ဝင်သက်ဖြင့် ပြုရုံမျှဟူသော သတိဒုက္ကရကာရီမျှသာ ရှိချေသေးသည်။

ထိုသို့ အားထုတ်အပ်သော နည်းသုံးပါးတို့၌ ငါ၏ အဿာသ-အဿာသနိမိတ် ပဿာသ-ပဿာသနိမိတ်တို့သည် ရုန့်ရင်းလှသေး၏။ ကြမ်းကြုတ်လှသေး၏၊ ထို ရုန့်ရင်း ကြမ်းကြုတ်လှသော အဿာသ ပဿာသကို ယခုအခါ၌မူ သိမ်မွေ့စွာ ဖြစ်စေလျက် ငြိမ်းစေအံ့။

သဒရထ၊ သပရိဠာဟတို့နှင့် တကွဖြစ်သောငါ၏ အဿာသ ပဿာသကို ငြိမ်သက်သာယာ ဖြည်းညင်းစွာ ငြိမ်းစေတော့အံ့ဟူ၍-(၁)ကိုယ်ကို ရှေးဦးစွာ သိမ်းဆည်းခြင်း ကာယပရိဂ္ဂဟ၊ (၂) နီဝရဏငါးပါးတို့တွင် တစ်ပါးပါးကိုမျှ မကြံမူ၍ ကမ္မဋ္ဌာန်းသို့သာ မိမိ၏စိတ်ကို ရှေ့ရှုထားခြင်း ဟူသော စိတ်ကို သိမ်းဆည်းခြင်း စိတ္တပရိဂ္ဂဟ နှစ်ပါးတို့ကို ရှေးဦးစွာ ပြီးစေလျက်၊

ဤစကားရပ်၌ “ယဒါ ပနဿ ကာယောပိ စိတ္တမ္ပိ ပရိဂ္ဂဟိတာ ဟောန္တိ၊ တဒါ တေ သန္တာ ဟောန္တိ ဝူပသန္တာ”[ဝိသုဒ္ဓိ၊၁၊၂၆၆] ဟူသော ဤစကားသည် လေးပါးသော နည်းတို့နှင့် ယထာရဟ - အကယ်၍ကား ဆက်ဆံ၏ရှင့်၊ ထိုသို့ဆက်ဆံပါ သော်လည်း ယခု စတုတ္ထနယ၌သာ လွန်စွာ ငြိမ်သက်သဖြင့် အထူး ကိုယ်စိတ်နှစ်ပါးကို သိမ်းဆည်းရမည် ဟူ၍ အဋ္ဌကထာဆရာ ပြတော်မူသည်။ ထို့ကြောင့် - တေသု ဝူပသန္တေသု - ဟူသော ဝါကျကို တစ်ဖန် ပြတော်မူပြန်သည်။ (၎င်းဝါကျ တွေ့လတ္တံ့။)

ယဒါပန = အကြင်အခါ၌ကား၊ အဿ = ထိုယောဂါဝစရပုဂ္ဂိုလ်အား၊ ကာယောပိ = ကိုယ်ကိုလည်းကောင်း၊ စိတ္တမ္ပိ = စိတ်ကိုလည်းကောင်း (ပရိဂ္ဂဟိတာ၌ စပ်)၊ ပရိဂ္ဂဟိတာ = သိမ်းဆည်းအပ်ကုန်သည်၊ ဟောန္တိ = ဖြစ်ကုန်၏။

တဒါ = ထိုအခါ၌၊ တေ = ထိုသိမ်းဆည်းအပ်သော ကိုယ်စိတ်တို့သည်၊ သန္တာ = ငြိမ်သက်ကုန်သည်၊ ဝူပသန္တာ = အထူးသဖြင့် ငြိမ်သက်ကုန်သည်၊ ဟောန္တိ = ဖြစ်ကုန်၏။

(၎င်းအနက်။)

ထိုသိမ်းဆည်းခြင်း နှစ်ပါးတို့တွင်“ပလ္လင်္ဂံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ” ဟူသောပါဌ်ဖြင့် ထိုင်သော ဣရိယာပုထ်ဖြင့် ထက်ဝက်သော ကိုယ်ကို ဖြောင့်စွာ ထား၍ ခြေ လက် ဦးခေါင်း စသည်ကို မလှုပ်ရှားအောင် နေခြင်း၊ ဤမှတပါးသော ရပ်သော ဣရိယာပုထ် လျောင်းသော ဣရိယာပုထ် နှစ်ပါးတို့မှာလည်း ထိုနည်းတူစွာ မလှုပ်ရှားရအောင် နေရခြင်း ဟူသော ကာယပရိဂ္ဂဟိတ တစ်ပါး၊ (သွားသော ဣရိယာပုထ်မှာ ကြမ်းကြုတ်လှ၏။) “ပရိမုခံ သတိံ ဥပဋ္ဌပေတွာ” ဟူသော ပါဌ်ဖြင့် မိမိစိတ်ကို ကမ္မဋ္ဌာန်း၏ အာရုံမှတပါး အခြားသော အာရုံသို့ မသွားစေဘဲ အဿာသ ပဿာသနိမိတ်၏ အာရုံ၌ ထားရခြင်းဟူသော စိတ္တပရိဂ္ဂဟိတ တစ်ပါးအားဖြင့် နှစ်ပါးသော ပရိဂ္ဂဟိတတို့ကို အထူးသဖြင့် သိမ်းဆည်း ပြီး၍ အားထုတ်လိုသော ယောဂါဝစရသည် မိမိရှေးက ဒုတိယနည်း၌ ယူခဲ့ဖူးသော ဥဂ္ဂဟနိမိတ်နှင့်တူသော နှာသီးဖျား၌ လူတို့၏ မီးလင်းဖို၏ အခိုးထုတ်သော ခေါင်ပေါက်မှ ရံခါရံခါ လေ၏အဟုန်ကြောင့် ထွက်ပေါ် လာသော မီးတောက်ငယ်ကဲ့သို့ မိမိ၏နှာသီးဖျား၌ ထွက်သက် ဝင်သက်ဖြင့် ပဋိဘာဂနိမိတ်ကို အာရုံပြု၍ တစ်ဖန် အားထုတ်ဖန် များလတ်ပြန်သော် နှာသီးဖျား၌ လက်လေးသစ်ခန့်၊ တစ်မိုက်ခန့်၊ ကွန့်မြူးစမ္ပယ် လာသော အဿာသ ပဿာသ၏ ပဋိဘာဂကို မြင်လတ္တံ့။

ထိုမြင်လာသော ပဋိဘာဂ နိမိတ်ကို “ငါသည်ငြိမ်းစေအံ့၊ ရုန့်ရင်းကြမ်းကြုတ်သော သဒရထ သပရိဠာဟ တို့နှင့်တကွဖြစ်သော ထွက်သက် ဝင်သက်ကို ငြိမ်းစေအံ့” ဟူ၍ ဝင်သက်လေဖြင့် ၎င်းနိမိတ်ကို ရှေးဦးစွာ သိမ်းလိုက်ရမည်။

သိမ်းလိုက်ပြီး၍ တစ်ဖန် ထွက်သက်လေကိုကား ဖြည်းညင်း သာယာစွာ အထူး သာယာစေလျက် လွှတ်မည် ၎င်းနည်းတူ ဒုတိယ စသော ဝင်သက် ထွက်သက်တို့ကို သာနိုင်သမျှ-သာစေ၍ ဝင်စေ-ထွက်စေရမည်။

မိမိသည်မူကား အသက်ရှိုက်ခြင်း ရှူခြင်း၌ ဥဿာဟ မပြု၊ ဝင်သက် ထွက်သက်၏ ပဋိဘာဂနိမိတ်၏ သက်တုံ တက်တုံကိုသာ ရှု၍ ရှု၍ အလွန်ငြိမ်သက်စွာ နေရကား မိမိစိတ်သည် အပသို့မလွင့်၊ ကမ္မဋ္ဌာန်း၌သာ အာရုံယူ၍ နေသောကြောင့် သန္တ ဝူပသန္တသို့ ရောက်သည် ဖြစ်၍ ကောင်လုံးကျွတ် လောင်သော မီးပုံကြီး၏ အလယ်၌ နေသကဲ့သို့ ဖြစ်ရှာလေ၏။

ထို့ ကြောင့် “သန္တာ ဟောန္တိ ဝူပသန္တာ”ဟူသော အဋ္ဌကထာ၊ “သန္တာ ဟောန္တီတိ စိတ္တံ တာဝ ဗဟိဒ္ဓါ ဝိက္ခေပါဘာဝေန ဧကဂ္ဂံ ဟုတွာ ကမ္မဋ္ဌာနံ ပရိဂ္ဂဟေတွာ ပဝတ္တမာနံ သန္တံ ဟောတိ ဝူပသန္တံ” (ဝိသုဒ္ဓိ၊ဋီ၊၁၊၃၂၃။) ဟူ၍ ရှင်ဓမ္မပါလတို့ ပြတော်မူကြ၏။ (အဋ္ဌကထာအနက် နောက်က ရှိပြီ။)

သန္တာ ဟောန္တီတိ၊ ကား။
စိတ္တံ၊ မနသိကာရစိတ်သည်။
တာဝ၊ ရှေးဦးစွာ။
ဗဟိဒ္ဓါ၊ ကမ္မဋ္ဌာန်းအာရုံမှ အပဖြစ်သော အာရုံ၌။
ဝိက္ခေပါဘာဝေန၊ ပျံလွင့်ခြင်း မရှိသည်၏ အဖြစ်ဖြင့်။
ဧကဂ္ဂံ၊ တည်ကြည်သည်။
ဟုတွာ၊ ဖြစ်၍။
ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်းကို။
ပရိဂ္ဂဟေတွာ၊ သိမ်းဆည်း၍။
ပဝတ္တမာနံ၊ ဖြစ်လတ်သော်။
သန္တံ၊ ငြိမ်သက်သည်။
ဝူပသန္တ၊ အထူးသဖြင့် ငြိမ်သက်သည်။
ဟောတိ၊ ဖြစ်၏။

(ဋီကာ အနက်။)

ထို မိမိစိတ် ငြိမ်သက်လတ်သော် စိတ်ကြောင့်ဖြစ်သော ဝါယောဓာတ် နှင့်တကွ ဝိညတ္တိဘာဂဖြစ်သော ရုပ်တို့သည် ပေါ့ပါးခြင်း နူးညံခြင်း ခိုင်ခံ့ခြင်းသို့ ရောက်ရ သောကြောင့် ကြွင်းသော ကံကြောင့်ဖြစ်သောရုပ်၊ ဥတုကြောင့်ဖြစ်ရုပ်၊ အာဟာရနှင့်ဖြစ်သော ရုပ်တို့သည်လည်း ပေါ့ပါး နူးညံ့ ခိုင်ခံ့ခြင်းသို့ ရောက်ရရှာ၍ စိတ်ကိုမှီ၍ ဖြစ်သော အဿာသ-ပဿာသ တို့သည်လည်း နူးညံ့ခြင်း၊ အထူးသဖြင့် နူးညံ့ခြင်း၊ အထူးသဖြင့် အလွန်နူးညံ့ခြင်းသို့ ရောက်လေ၏။

တတောဧဝ တံသမုဋ္ဌာနာ ရူပဓမ္မာ လဟုမုဒုကမ္မညတာဝပ္ပတ္တာ တဒနုဂုဏတာယ သေသံ တိသန္တတိရူပန္တိ ဧဝံ စိတ္တေကာယေ စ ဝူပသန္တေ ပဝတ္တမာနေ တန္နိဿိတာ အဿာသ ပဿာသာ သန္တသဘာဝါ အနုက္ကမေန သုခုမတရသုခုမတမာ ဟုတွာ ပဝတ္တန္တိ။

ဝိသုဒ္ဓိ၊ဋီ၊၁၊၃၂၃

တတောဧဝ၊ ထိုစိတ်၏ ငြိမ်သက်ခြင်းကြောင့်သာလျှင်။

တံသမုဋ္ဌာနာ၊ ထိုစိတ်ကြောင့်ဖြစ်ကုန်သော။
ရူပဓမ္မာ၊ ရုပ်တရားတို့သည်။

(ပဝတ္တန္တိ၌စပ်)။

လဟုမုဒုကမ္မညတာဝပ္ပတ္တာ၊ ပေါ့ပါးခြင်း၊ နူးညံ့ခြင်း၊ ခိုင်ခန့်ခြင်း ရှိသည် ဖြစ်၍။

(သန္တံ ဟောတိ သို့ပြန်)၊

တဒနုဂုဏတာယ၊ ထိုစိတ်ကြောင့်ဖြစ်သော ဂုဏ်အား လျောက်ပတ်စွာ ဖြစ်ခြင်း ရှိသဖြင့်။
သေသံ၊ ကြွင်းသော။
တိသန္တတိရူပံ၊ ကံ၊ ဥတု၊ အာဟာရကြောင့်ဖြစ်သော ရုပ်သည်။
သန္တံ၊ ငြိမ်သက်သည်။
ဟောတိ၊ ဖြစ်၏။

ဣတိဧဝံ၊ ဤသို့။

ဝူပသန္တေ၊ အထူးသဖြင့် ငြိမ်သက်သော။
စိတ္တေစ၊ စိတ်သည် လည်းကောင်း။
ကာယေစ၊ ကိုယ်သည် လည်းကောင်း။
ပဝတ္တမာနေ၊ ဖြစ်လတ်သော်။

တန္နိဿိတာ၊ ထိုကိုယ်စိတ်ကိုမှီ၍ ဖြစ်ကုန်သော။
အဿာသ ပဿာသာ၊ ထွက်သက် ဝင်သက်တို့သည်။
သန္တသဘာဝါ၊ ငြိမ်သက်သော သဘောရှိကုန်သည် ဖြစ်၍။

အနုက္ကမေန၊ အစဉ်အတိုင်း။
သုခုမတရ သုခုမတမာ၊ အထူးသဖြင့် နူးညံ့ခြင်း၊ အထူးသဖြင့် အလွန်နူးညံ့ခြင်း ရှိကုန်သည်။
ဟုတွာ၊ ဖြစ်၍။
ပဝတ္တန္တိ၊ ဖြစ်ကုန်၏။

သုခုမ သုခုမတရ သုခုမတမသို့ ရောက်သည်ဖြစ်၍ အထူးသဖြင့် ငြိမ်သက်သော ယောဂါဝစရအား ယခု ငါ၏ထွက်သက် ဝင်သက်သည် ရှိရှာလေသေးသလော၊ မရှိရှာလေသလောဟု မိမိ၏ထွက်သက် ဝင်သက်ကို စူးစမ်း၍ ကြည့်ရခြင်းသို့ ရောက်ရှာလေ၏။

တေသု ဝူပသန္တေသု အဿာသပဿာသာ သုခုမာ ဟုတွာ ပဝတ္တန္တိ၊ “အတ္ထိနုခေါနတ္ထီ”တိ ဝိစေတဗ္ဗတာကာရပတ္တာ ဟောန္တိ။

ဝိသုဒ္ဓိ၊၁၊၂၆၆

တေသု၊ ထိုကိုယ်စိတ်တို့သည်။
ဝူပသန္တေသု၊ အထူးသဖြင့် ငြိမ်းစေအပ်ကုန်သည်ရှိသော်။
အဿာသပဿာသာ၊ ထွက်သက် ဝင်သက်တို့သည်။
သုခုမာ၊ နူးညံ့ခြင်းရှိကုန်သည်။

ဟုတွာ၊ ဖြစ်ကုန်၍။
ပဝတ္တန္တိ၊ ဖြစ်ကုန်၏။
မေ၊ ငါ၏။
အဿာသ ပဿာသော၊ ထွက်သက် ဝင်သက်သည် (ထည့်)။

အတ္တိနုခေါ၊ ရှိလေသေးသလော။
နတ္ထိနုခေါ၊ မရှိရှာလေသလော။
ဣတိ၊ ဤသို့။
ဝိစေတဗ္ဗတာကာရပတ္တာ၊ စူးစမ်းရှာဖွေ အပ်သည်၏ အဖြစ်တည်းဟူသော အခြင်းအရာသို့ ရောက်ခြင်း ရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

ဤသို့ ဝိစေတဗ္ဗဟု ဆိုအပ်သော မိမိ၏ ထွက်သက် ဝင်သက်ကို ရှိလေသေး သလော၊ မရှိရှာပြီလောဟု စူးစမ်းလောက်အောင် သုခုမ = နူးညံ့ခြင်း သုခုမတရ = နှစ်ကြိမ် သုံးကြိမ် စသည်ဖြင့် အထူးသဖြင့် နူးညံ့ခြင်း၊ သုခုမတမ = မိမိ အားထုတ် လိုသမျှ ကာလပတ်လုံး အထူးသဖြင့် အလွန် နူးညံ့ခြင်းသို့ ရောက်သော ယောဂါဝစရအား ထိုသို့ ရုန့်ရင်းကြမ်းကြုတ်သော ထွက်သက် ဝင်သက်ကို သိမ်းလိုက်၍ ပဋိဘာဂနိမိတ်ကိုသာ နူးညံ့စွာလှသော ဝင်သက်ဖြင့် သက်တုံကိုသာ ရှု၍လည်းကောင်း၊ နူးညံ့လှသော ထွက်သက်ဖြင့် တက်တုံကိုသာ ရှု၍လည်းကောင်း၊ ငြိမ်သက်စွာနေ၍ ရှုသောအခါတို့၌ မိမိ၏ ကိုယ်သည် နေရာမှ လွတ်၍ ကောင်းကင်သို့ တက်သကဲ့သို့ လည်းကောင်း၊ ကြီးထွားပွားပြန့်၍ လာသကဲ့သို့ လည်းကောင်း ရှည်ခြင်း တိုခြင်း ရှိသကဲ့သို့ လည်းကောင်း၊ လုံးခြင်း ပြားခြင်း ရှိသကဲ့သို့ လည်းကောင်း စသည်ဖြင့် ထင်လာရ၏။

ကဿစိ ပန ဂဏနာဝသေနေဝ မနသိကာရကာလတော ပဘုတိ အနုက္ကမတော ဩဠာရိက အဿာသ ပဿာသ နိရောဓဝသေန ကာယဒရထေ ဝူပသန္တေ ကာယောပိ စိတ္တမ္ပိ လဟုကံ ဟောတိ သရီရံ အာကာသေ လင်္ဃနာကာလပတ္တံ ဝိယ ဟောတိ။

ဝိသုဒ္ဓိ၊၁၊၂၇၄

ကဿစိ ပန၊ အချို့သော ယောဂီအား။
ဂဏနာဝသေနေဝ၊ ပထမနည်း၌ ရေတွက်သော အစွမ်းဖြင့်သာလျှင်။
မနသိကာရ ကာလတော၊ နှလုံးသွင်းသောကာလမှ။
ပဘုတိ၊ စ၍။

အနုက္ကမတော၊ အစဉ်အတိုင်း အားဖြင့်။
ဩဠာရိက အဿာသ ပဿာသ နိရောဓ ဝသေန၊ ရုန့်ရင်းသော ထွက်သက် ဝင်သက် ချုပ်ခြင်း၏အစွမ်းဖြင့်။
ကာယဒရထေ၊ ကိုယ်၏ ပူပန်ခြင်းသည်။
ဝူပသန္တေ၊ ငြိမ်းလတ်သော်။

ကာယောပိ၊ ကိုယ်သည်လည်းကောင်း။
စိတ္တမ္ပိ၊ စိတ်သည်လည်းကောင်း။
လဟုကံ၊ ပေါ့သည်။
ဟောတိ၊ ဖြစ်၏။

သရီရံ၊ ကိုယ်သည်။
အာကာသေ၊ ကောင်းကင်၌။
လင်္ဃနာကာလပတ္တံ ဝိယ၊ ခုန်လွှားတက်အံ့သော အခြင်းအရာသို့ ရောက်သကဲ့သို့။
ဟောတိ၊ ဖြစ်၏။

ထိုသို့ စတုတ္ထနယ၏ ကာယပရိဂ္ဂဟိတ စိတ္တပရိဂ္ဂဟိတတို့ဖြင့် သိမ်းဆည်း၍ အားထုတ်သော ယောဂါဝစရအား သန္တ၊ ဝူပသန္တ၊ သုခုမ၊ ဝိစေတဗ္ဗာကာရပတ္တ၊ လဟုကသို့ ရောက်စေလျက် အထူးသဖြင့် အလွန် နေ့ညဉ့် မယုတ် အားထုတ် ဆည်းပူးအပ်သည်ရှိသော် ပဘာဝနတရား လေးပါး၏ အညစ်အကြေးတို့ကို ကြဉ်ရှောင်ရခြင်း၊ ပဘာဝနတရား လေးပါးတို့၏ ပြည့်စုံရာသည်ကို သိရခြင်းအားဖြင့် နှစ်ပါးအားရှိ၏။

ထိုနှစ်ပါးတို့တွင် ပဘာဝနတရား၏ အညစ်အကြေး ဟူသော်ကား မိမိ၏ ကိုယ်စိတ် နှစ်ပါးကို သိမ်းဆည်း၍ -

၁။ ထွက်သက်ကို လည်းကောင်း၊

၂။ ဝင်သက်ကို လည်းကောင်း၊

၃။ ထိုထွက်သက် ဝင်သက်၏ ပဋိဘာဂနိမိတ်ကို လည်းကောင်း၊

ထိုသုံးပါးတို့၌ အာရုံမမြဲ ကွဲပြားခြင်းမရှိ ဌိတိဘာဝ ဧကဂ္ဂဟု ဆိုအပ်သော တစ်သားတည်းသော အာရုံကို လုံခြုံစွာ စောင့်ရှောက်၍ သန္တ၊ ဝူပသန္တ၊ သုခုမ၊ ဝိစေတဗ္ဗ၊ လဟုက တို့သို့ ရောက်စေရာ မိမိ၏ကိုယ်ကို အဿာသ၊ အဿာသ၏ ပဋိဘာဂနိမိတ်ကို ရှုစဉ်၌ လည်းကောင်း၊ ပဿာသ၊ ပဿာသ၏ ပဋိဘာဂနိမိတ်ကို ရှုစဉ်၌လည်းကောင်း

အာနမန၊ ရှေ့ရှု ညွှတ်ခြင်း၊
ဝိနမန၊ နံပါးသို့ ညွှတ်ခြင်း၊
သန္နမနု၊ ထက်ဝန်းကျင် ညွှတ်ခြင်း၊
ပဏမန၊ နောက်သို့ ညွက်ခြင်း၊
ဣဉ္စန၊ စဉ်းငယ် ရှေ့ရှု လှုပ်ခြင်း၊
ဖန္ဒန၊ စဉ်းငယ် နံပါးသို့ လှုပ်ခြင်း၊
စလန၊ စဉ်းငယ် ထက်ဝန်းကျင် လှုပ်ခြင်း၊
ကမ္ပန၊ စဉ်းငယ် နောက်သို့ လှုပ်ခြင်း

အားဖြင့် ပဘာဝန အညစ်အကြေး ရှစ်ပါးတို့နှင့် လည်းကောင်း၊ ရှစ်ပါးလုံး မဟုတ်သော်လည်း တစ်ပါးပါးနှင့် လည်းကောင်း ယှဉ်စေသော ယောဂါဝစရသည် ပဘာဝနတရား လေးပါးတို့နှင့် မပြည့်စုံသည်ဖြစ်၍ ဘာဝနာ၏ ပြီးဆုံးခြင်းသို့ မရောက်။

ထိုနည်းတူစွာ အားထုတ်အပ်သော ယောဂါဝစရအား မိမိကိုယ်ကို အဿာသ အဿာသ၏ ပဋိဘာဂနိမိတ်ကို ရှုစဉ်၌ လည်းကောင်း၊ ပဿာသ ပဿာသ၏ ပဋိဘာဂနိမိတ်ကို ရှုစဉ်၌လည်းကောင်း -

(၁) န အာနမန၊ ရှေ့ရှု မညွှတ်ခြင်း၊
(၂) န ဝိနမန၊ နံပါးသို့ မညွတ်ခြင်း၊
(၃) န သန္နမန၊ ထက်ဝန်းကျင် မညွတ်ခြင်း၊
(၄) န ပဏမန၊ နောက်သို့ မညွတ်ခြင်း၊
(၅) အနိဉ္စန၊ စဉ်းငယ် ရှေ့ရှုမလှုပ်ခြင်း၊
(၆) န ဖန္ဒန၊ စဉ်းငယ် နံပါးသို့ မလှုပ်ခြင်း၊
(၇) န စလန၊ စဉ်းငယ် ထတ်ဝန်းကျင် မလှုပ်ခြင်း၊
(၈) န ကမ္ပန၊ စဉ်းငယ် နောက်သို့ မလှုပ်ခြင်း

အားဖြင့် ပဘာဝန အညစ်အကြေးရှစ်ပါး တို့နှင့်လည်းကောင်း၊ ရှစ်ပါးလုံး မဟုတ်သော်လည်း တစ်ပါးပါးနှင့် လည်းကောင်း မယှဉ်စေသော ယောဂါဝစရသည် ပဘာဝန တရားလေးပါးတို့နှင့် ပြည့်စုံသည်ဖြစ်၍ ဘာဝနာ၏ ပြီးဆုံးခြင်းသို့ ရောက်လေ၏။

ဣတိ ကိရ ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ၊ ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။ ဧဝံ သန္တေ ဝါတုပလဒ္ဓိယာ စ ပဘာဝနာ ဟောတိ၊ အဿာသပဿာသာနဉ္စ ပဘာဝနာ ဟောတိ၊ အာနာပါနဿတိယာ စ ပဘာဝနာ ဟောတိ၊ အာနာပါနဿတိ သမာဓိဿ စ ပဘာဝနာ ဟောတိ။

ပဋိသံ၊၁၈၃

ဣတိ ဧဝံ မယာ ဝုတ္ထပကာရေန၊ ဤသို့ ငါဆိုအပ်ပြီးသော ပဘာဝန အညစ် အကြေးရှစ်ပါးမှ ကင်းသော အခြင်းအရာအားဖြင့်။

ကာယသင်္ခါရံ၊ ရုန့်ရင်းသော ထွက်သက်ကို။
ပဿမ္ဘယံ-ပဿမ္ဘယန္တော၊ ငြိမ်းစေလျက်။
အဿသိဿာမိ၊ ရှူအံ့။ ဣတိ၊ ဤသို့။
ကိရ ယဒိ သိက္ခတိ၊ အကယ်၍ ကျင့်ငြားအံ့။

ကာယသင်္ခါရံ၊ ရုန့်ရင်းသော ဝင်သက်ကို။
ပဿမ္ဘယံ-ပဿမ္ဘယန္တော၊ ငြိမ်းစေလျက်။
ပဿသိဿာမိ၊ ရှိုက်အံ့။ ဣတိ၊ ဤသို့။
ကိရ ယဒိ သိက္ခတိ၊ အကယ်၍ ကျင့်ငြားအံ့။

ဧဝံ ပဿမ္ဘနေ၊ ဤသို့ ဩဠာရိကောဠာရိက ကာယသင်္ခါရကို ငြိမ်းစေ ချုပ်စေသည်။ သန္တေ၊ ဖြစ်လတ်သော်။

ဝါတုပလဒ္ဓိယာ၊ အဿာသပဿာသလေကို အာရုံ မူသောအားဖြင့် ကပ်၍သိသော စိတ်၏။
ပဘာဝနာစ၊ ဖြစ်ခြင်းသည်လည်း (ဝါ) ပွားခြင်းသည်လည်း။
ဟောတိ၊ ဖြစ်၏။

အဿာသပဿာသာနံ၊ ထွက်သက် ဝင်သက်တို့၏။
ပဘာဝနာစ၊ ဖြစ်ခြင်းသည်လည်း (ဝါ) ပွားခြင်းသည်လည်း။
ဟောတိ၊ ဖြစ်၏။

အာနာပါနဿတိယာ၊ အာနာပါနလျှင် အာရုံရှိသော သတိ၏ (ဝါ) အာနာပါနနိမိတ်လျှင် အာရုံရှိသော သတိ၏။
ပဘာဝနာ၊ ဖြစ်ခြင်းသည်လည်း (ဝါ) ပွားခြင်းသည်လည်း။
ဟောတိ၊ ဖြစ်၏။

အာနာပါနဿတိ သမာဓိဿ၊ အာနာပါန သတိနှင့် ယှဉ်သော သမာဓိ၏ (ဝါ) အာနာပါနနိမိတ် သတိနှင့်ယှဉ်သော တည်ကြည်ခြင်း၏။
ပဘာဝနာ၊ ဖြစ်ခြင်းသည်လည်း (ဝါ) ပွားခြင်းသည်လည်း။
ဟောတိ၊ ဖြစ်၏။

[ဘာပနတရားလေးပါးလည်း သိလောက်ပြီ၊ ဤစကားရပ်၌ အရှင်သာရိပုတ္တရာသည် ဟောတော်မူရာ စောဒနာ-သောဓနာတို့ကို ယထာဝုတ္တ စောဒနာပြု၍ ယထာဝုတ္တ ဝိသဇ္ဇနာတော်မူကြမှ သဘာဝသို့ ကျပါမည်။ ဋီကာကြီးကိုကို ကြည့်တော်မူကြပါ။ အန္တောလီန စသည် မဟုတ်၊ ပညာရှင်တို့ မှာထားချက်။]

ပဘာဝန တရားလေးပါးသို့ ဆိုက်အောင် အားထုတ်အပ်သော ယောဂါဝစရသည် ရုန့်ရင်းကြမ်းကြုတ်သော အဿာသ ပဿာသတို့သည် ငြိမ်းခြင်းသို့ ရောက်ကုန်၏၊ နူးညံ့သိမ်မွေ့လှစွာသော အဿာသ ပဿာသ မျှသည်သာလျှင် ကျန်ရှာသေး တော့၏။ ထိုနူးညံ့လှသော အဿာသ ပဿာသကား ပဋိဘာဂနိမိတ်၏ ဖြစ်ခြင်း ကြောင့် အာနာပါနသတိလျှင် ပြဋ္ဌာန်းခြင်း ရှိသော ပဋိဘာဂနိမိတ်၊ ထို ပဋိဘာဂနိမိတ်၌သာ အာရုံကို တစ်ခုတည်းထားခြင်းအားဖြင့် -

(၁) အာနာပါန

(၂) အာနာပါနသတိ

(၃) အာနာပါနသတိ သမာဓိ

သုံးပါးတို့သည် ပြည့်စုံရှာရသည်ဖြစ်၍ အာနာပါန ပထမ စတုက္က အာဒိကမ္မိက ပုဂ္ဂိုလ်၏ ဥပစာရသို့ရောက်သော အပ္ပနာသို့ သက်ဝင်နိုင် လောက်သော ဘာဝနာ၏ ပြီးဆုံးခြင်းသို့ ရောက်ရှာလေတော့၏။

ပဘာဝနာ ဟောတီတိ ယဒိ ပိ ဩဠာရိကာ ကာယသင်္ခါရာ ပဋိပ္ပဿမ္ဘန္တိ၊ သုခုမာ ပန အတ္ထေဝါတိ အနုက္ကမေန ပရမသုခုမ ဘာဝပ္ပတ္တဿ ဝသေန နိမိတ္တုပ္ပတ္တိယာ အာနာပါနဿတိယာ အာနာပါနဿတိ သမာဓိဿ စ ပဘာဝနာ ဣဇ္ဈတေဝါတိ အဓိပ္ပါယော။

ဝိသုဒ္ဓိ၊ဋီ၊၁၊၃၂၆

ပဘာဝနာ ဟောတီတိ၊ ပဘာဝနာ ဟောတိ ဟူသည်ကား။

ဝါ၊

(၁) ဝါတုပလဒ္ဓပဘာဝနာ

(၂) အဿာသ ပဿာသ ပဘာဝနာ

(၃) အာနာပါနသတိ ပဘာဝနာ

(၄) အာနာပါနသတိ သမာဓိ ပဘာဝနာ

သို့ ရောက်သောသူ ဟူသည်ကား။

ဩဠာရိကာ၊ ရုန့်ရင်းကုန်သော။

ကာယသင်္ခါရာ၊ ထွက်သက် ဝင်သက်တို့သည်။

ယဒိပိ ပ ဋိပ္ပဿမ္ဘန္တိ၊ အကယ်၍ ငြိမ်းကုန်သည်ဖြစ်ငြားအံ့။

ဧဝံ သန္တေသု၊ ဤသို့ ငြိမ်းကုန်သည်ရှိသော် (ဖော်)။

သုခုမာပန၊ ဝိစေတဗ္ဗ ဖြစ်လောက်သော ထွက်သက် ဝင်သက်တို့သည်ကား။

အတ္ထေဝ အတ္ထိ သန္တိ ဧဝ၊ ရှိကုန်သေးသည်သာလျှင်တည်း။

ဣတိ တသ္မာ၊ ထို့ကြောင့်။

အနုက္ကမေန၊ အစဉ်အတိုင်းအားဖြင့်။

(၁) ပရမသုခုမ ဘာဝပ္ပတ္တဿ၊ အလွန်နူးညံ့ သိမ်မွေ့သော အဿာသ ပဿာသ ဖြစ်ခြင်းသို့ ရောက်သော အဖြစ်၏။

ဝသေန၊ အစွမ်းဖြင့်။

နိမိတ္တုပ္ပတ္တိယာစ၊ ပဋိဘာဂနိမိတ် ဖြစ်ခြင်း၏ လည်းကောင်း။

(၂) အာနာပါနဿတိယာစ၊ အာနာပါနသတိ၏ လည်းကောင်း၊

(၃) အာနာပါနဿတိ သမာဓိဿ စ၊ အာနာပါနသတိ သမာဓိ၏ လည်းကောင်း၊

ပဘာဝနာ၊ အာဒိကမ္မိက ပထမ စတုက္က၏ ဘာဝနာသည်။

ဣဇ္ဈတေဝ၊ ပြီးတော့သည် သာလျှင်တည်း။

ဣတိ အယံ၊ ဤသည်ကား။

အဓိပ္ပါယော၊ ပထမ စတုက္က၏ အဓိပ္ပာယ် တည်း။

ပဘာဝနာတရား လေးပါးသို့ရောက်အောင် အားထုတ်သော ယောဂါဝစရသည် မိမိကိုယ် ဦးခေါင်းမှစ၍ ခြေဖျားသို့ ရောက်အောင်သော မဏ္ဍလအတွင်းတို့၌ လွန်စွာ ကြည်လင်သန့်ရှင်းသော မှန်တုံး မှန်တိုင်း မှန်ရုပ်ကြီး ကဲ့သို့လည်းကောင်း၊ မီးတုံး မီးလျှံ မီးရုပ်ကြီးကဲ့သို့လည်းကောင်း၊ တစ်ခုခုသော အဆင်းနှင့်တကွသော ဖလ်တုံး, ဖလ်တိုင် ဖလ်ရုပ်ကြီးကဲ့သို့လည်းကောင်း၊ (သုညတဖို့)။ ဂွမ်းစိုင် ဂွမ်းပုံကြီးတို့ ကဲ့သို့လည်းကောင်း၊ နီသော ကမ္ဗလာ, ရွှေသော ကမ္ဗလာ, မောင်းသော ကမ္ဗလာ စသည်တို့ကဲ့သို့လည်းကောင်း၊ (ဝဏ္ဏဖို့)။ မိမိကိုယ်၌ အရိုးစု အသားစိုင် အူသိမ် အူမ အစရှိသော ကြောက်မက်ဖွယ်တို့ကိုလည်းကောင်း၊ (အသုဘဖို့)။ ထိုသုံးပါးတို့တွင် တစ်ပါးပါး ထင်မြင်လာတတ်သည်။

ထိုသို့ ထင်မြင်လာသော အာကာရတို့တွင် ဝဏ္ဏ အသုဘ တစ်ပါးပါး ထင်မြင် လာသောသူသည် ၎င်းထင်မြင်လာသော အဿာသ ပဿာသနိမိတ်ကို အကြိမ် များစွာ သုံးသပ်ရာ၏၊ သုံးသပ်ပါ များလတ်သော် လွန်စွာ ကြည်လင် သန့်ရှင်းလာရ၍ ပွတ်သစ်သော ခရုသင်း၊ အိတ်တွင်းမှ ထုတ်သောမှန်၊ ကောင်းကင်ယံ၌ လဝန်း စသည်တို့ကဲ့သို့ တစ်ခုတစ်ခု သူ့အာရုံနှင့် သူ့အာရုံ တွေ့ကြုံကြလျက် ထိရဘာဝ ထာဝရ မြဲသော အခါ၌ သုညတဘောသို့ သက်၍ တလက်လက် တဝင်းဝင်း တောက်လောင်သော မီးလျှံတွင်း သက်ဆင်း ထိုင်နေသကဲ့သို့သော ပဋိဘာဂ နိမိတ်သို့ ဆိုက်လေ၏။

ပဋိဘာဂနိမိတ္တံ ထဝိကတော နီဟတာဒါသမဏ္ဍယံ ဝိယ သုဓောတသင်္ခတာလံ ဝိယ ဝလာဟကန္တရာ နိက္ခန္တစန္ဒမဏ္ဍလံ ဝိယ မေဃမုခေ ဗကာ ဝိယ ဥဂ္ဂဟနိမိတ္တံ ပဒါလေတွာ နိက္ခန္တမိဝ တတော သဘဂုဏံ သဟဿဂုဏံ သုပရိသုဒ္ဓံ ဟုတွာ ဥပဋ္ဌာတိ။

ဝိသုဒ္ဓိ၊၁၊၁၂၂

ပဋိဘာဂနိမိတ္တံ၊ ပဋိဘာဂနိမိတ်သည်။

ထဝိကတော၊ အိတ်မှ။

နီဟတာဒါသ မဏ္ဍလံ ဝိယ၊ ထုတ်အပ်သော ကြေးမုံဝန်းကဲ့သို့ လည်းကောင်း။

သုဓောတ သင်္ခတာလံ ဝိယ၊ ကောင်းစွာ ပွတ်သပ်ပြီးသော ခရုသင်းခွက် ကဲ့သို့ လည်းကောင်း။

ဝလာဟကန္တရာ၊ တိမ်တိုက်ကြားမှ။

နိက္ခန္တစန္ဒမဏ္ဍလံ ဝိယ၊ ထွက်သော လပြည့်ဝန်းကဲ့သို့ လည်းကောင်း။

မေဃမုခေ၊ မိုးတိမ်ညိုဝ၌။

ဗကာဝိယ၊ သဗျိုင်းဖြူပျံကဲ့သို့ လည်းကောင်း။

ဥဂ္ဂဟ နိမိတ္တံ၊ ဥဂ္ဂဟနိမိတ်ကို။

ပဒါလေတွာ၊ ထွင်းဖောက်၍။

နိက္ခန္တမိဝ၊ ထွက်၏သို့။

တတော၊ ထိုဥဂ္ဂဟနိမိတ်ထက်။

သတဂုဏံ၊ အဆ အရာ။

သဟဿဂုဏံ၊ အဆ အထောင်။

သုပရိသုဒ္ဓံ၊ အလွန်စင်ကျယ်သည်။

ဟုတွာ၊ ဖြစ်၍။

ဥပဋ္ဌာတိ၊ ထင်မြင်လာ၏။

ဤဥပမာစုတို့၌ ကြည်လင်သော အဆင်းကိုသာ ယူရမည်၊ သဏ္ဌာန်ကို မယူရ။ ထိုစကား၌ “တဉ္စ ခေါ ပန နေဝ ဝဏ္ဏဝန္တံ၊ န သဏ္ဌာနဝန္တံ” (ဝိသုဒ္ဓိ၊၁၊၁၂၂) ဟူသော စကားကို ထိုပဋိဘာဂ နိမိတ်သည် အဆင်းလည်းမရှိ သဏ္ဌာန်လည်း မရှိဆိုသည် မဟုတ်ဟူမူ၊ စက္ခုဝိညာဉ်ဖြင့် မြင်ကောင်းသော အဆင်းသဏ္ဌာန်သာ မရှိသည်။ မနောဝိညာဉ်ဖြင့် မြင်ကောင်းသော အဆင်းသဏ္ဌာန်ကား ရှိ၏ဟူ၍မှတ်။

ထိုကောင်လုံးကျွတ် ကြည်လင် သန့်ရှင်းသော ပဋိဘာဂနိမိတ် ထင်မြင်လာ၍ ယောဂါဝစရအား ပဋိဘာဂနိမိတ် ထင်မြင်လာသော အခါမှ ကာမစ္ဆန္ဒ ဗျာပါဒ ထိနမိဒ္ဓ ဥဒ္ဓစ္စ ကုက္ကစ္စ ဝိစိကိစ္ဆာဟု ဆိုအပ်သော နီဝရဏတရား ငါးပါးတို့သည် ၎င်းပဋိဘာဂ နိမိတ်ကို အာရုံပြုသော အတွင်းတို့၌ ဖဲခွာဆုတ်ရှားကြလျက် ကိလေသာတို့သည် ကုန်ခန်းသကဲ့သို့ ငြိမ်သက်စွာ နေကြ၍သာလျှင် မိမိစိတ်သည် ဥပစာရဘုံ၌ တည်ရှာလေတော့၏။

ဥပ္ပန္နကာလတော စ ပနဿ ပဋ္ဌာယ နီဝရဏာနိ ဝိက္ခမ္ဘိတာ နေဝ ဟောန္တိ၊ ကိလေသာ သန္နိသိန္နာဝ၊ ဥပစာရသမာဓိနာ စိတ္တံ သမာဟိတမေဝါတိ၊

ဝိသုဒ္ဓိ၊၁၊၁၂၂

တတော ပဋ္ဌာယ ပရိဗန္ဓဝိပ္ပဟီနာ ကာမာဝစရသမာဓိသင်္ခါတာ ဥပစာရဘာဝနာ နိပ္ဖန္နာနာမ ဟောတိ။

(သင်္ဂြိုဟ်။)

တတော ပဋ္ဌာယာတိ ပဋိဘာဂနိမိတ္ထုပ္ပတ္တိတော ပဋ္ဌာယ။

(အဘိဓမ္မတ္ထဝိဘာဝိနီဋီကာ-၂၆၃။)

တတောပဋ္ဌာယာတိ ပဋိဘာဂနိမိတ္တုပ္ပတ္တိတော ပဘုတိ။

(သုမင်္ဂလ)။

(မဟာဋီကာ အထူးမဖွင့်။)

ပန၊ အကျိုးကိုဆိုအံ့။

အဿ၊ ထိုပဋိဘာဂနိမိတ်၏။

ဥပ္ပန္နကာလတောစ၊ ဖြစ်သောအခါမှသာလျှင်။

ပဋ္ဌာယ၊ စ၍။

နီဝရဏာနိ၊ နီဝရဏ တရားတို့သည်။

ဝိက္ခမ္ဘိတာ နေဝ၊ ခွါအပ်ကုန်သည်သာလျှင်။

ဟောန္တိ၊ ဖြစ်ကုန်၏။

ကိလေသာ၊ တဒေကဋ္ဌကိလေသာတို့သည်။

သန္နိသိန္နာဝ၊ ငြိမ်ဝပ်စွာ နေကုန်သည်သာလျှင်။

ဟောန္တိ၊ ဖြစ်ကုန်၏။

ဥပစာရသမာဓိနာ၊ ဥပစာရသမာဓိသည်။

စိတ္တံ၊ စိတ်ကို။

သမာဟိတမေဝ၊ ကောင်းစွာ ထားအပ်သည်သာလျှင်။

ဟောတိ၊ ဖြစ်၏။

ဣတိအယံ၊ ဤသည်ကား။

ဝိသေသော၊ အထူးတည်း။

(ဝိသုဒ္ဓိမဂ်အနက်။)

တတော၊ ထိုပဋိဘာဂနိမိတ် ထင်မြင်သည်မှ။

ပဋ္ဌာယ၊ စ၍။

ပရိဗန္ဓဝိပ္ပဟီနာ၊ ပယ်အပ်ပြီးသော နီဝရဏ တည်းဟူသော ဘေးရန်ရှိသော။

ကာမာဝစရသမာဓိသင်္ခါတာ၊ ကာမာဝစရသမာဓိဟု ဆိုအပ်သော။

ဥပစာရဘာဝနာ၊ ဥပစာရဘာဝနာသည်။

နိပ္ဖန္နာနာမ၊ ဖြစ်လာသည် မည်သည်။

(ဝါ) ပြီးပြည့်စုံသည် မည်သည်။

ဟောတိ၊ ဖြစ်၏။

(သင်္ဂြိုဟ်အနက် ဋီကာနှစ်စောင်အနက်ကား လွယ်၏။)

ဤ ဥပစာရဘုံသို့ ရောက်ရာ၌လည်း စတုတ္ထနည်းကို သိမ်းလိုက်ပြီး၍ မိမိ -

(၁) အဿာသကို လည်းကောင်း၊

(၂) ပဿာသကို လည်းကောင်း၊

(၃) ထိုအဿာသ-ပဿာသတို့၏ ပဋိဘာဂနိမိတ်ကို လည်းကောင်း

ထို သုံးပါးသော မနသိကာရတရားတို့ကို အာရုံပြုလျက် မကြည့်မရှု နေခဲ့သော ယောဂါဝစရသည် ဥပစာရဘုံသို့မဆိုက်၊ အပ္ပနာဘုံသို့ကား အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း။

အကြင် ယောဂါဝစရပညာရှိသည် -

(၁) ထွက်သက်ကိုလည်းကောင်း၊

(၂) ဝင်သက်ကိုလည်းကောင်း၊

(၃) ထိုထွက်သက်၊ ဝင်သက်တို့၏ ပဋိဘာဂ နိမိတ်ကိုလည်းကောင်း

ထိုသုံးပါးသော မနသိကာရတရားတို့ကို အာရုံပြုလျက် ကြည့်ရှု၍နေသော ယောဂါဝစရသည်သာလျှင် ဥပစာရဘုံသို့ ဆိုက်လေ၏ အပ္ပနာဘုံသို့ တက်ခြင်း ငှါလည်း ခံ့၏။

ဧတ္ထ စ အညမေဝ အဿာသာရမ္မဏံ စိတ္တံ၊ အညံ ပဿာသာရမ္မဏံ၊ အညံ နိမိတ္တာရမ္မဏံ၊ ယဿ ဟိ ဣမေ တယော ဓမ္မာ နတ္ထိ၊ တဿ ကမ္မဋ္ဌာနံ နေဝ အပ္ပနံ၊ န ဥပစာရံ ပါပုဏာတိ။ ယဿ ပန ဣမေတယော ဓမ္မာ အတ္ထိ၊ တဿေဝ ကမ္မဋ္ဌာနံ ဥပစာရဉ္စ အပ္ပနဉ္စ ပါပုဏာတိ။

ဝိသုဒ္ဓိ၊၁၊၂၇၇

ဧတ္ထစ၊ ဤသုံးပါးတို့တွင်လည်း။

အဿာသာရမ္မဏံ၊ အဿာသလျှင် အာရုံရှိသော။

စိတ္တံ၊ စိတ်သည်။

အညမေဝ၊ တပါးသာလျှင်တည်း။

ပဿာသာရမ္မဏံ၊ ပဿာသလျှင် အာရုံရှိသော။

စိတ္တံ၊ စိတ်သည်။

အညံဧဝ၊ တပါးသာလျှင်တည်း။

နိမိတ္တာရမ္မဏံ၊ နိမိတ်လျှင်အာရုံရှိသော။

စိတ္တံ၊ စိတ်သည်။

အညံဧဝ၊ တပါးသာလျှင်တည်း။

ဟိ၊ ဗျတိရိက်ကိုဆိုဦးအံ့။

ယဿ၊ အကြင်သူအား။

ဣမေ တယော ဓမ္မာ၊ ဤအဿာသ ပဿာသ နိမိတ် သုံးပါးကုန်သော တရား တို့သည်။

နတ္ထိ၊ မရှိကုန်။

တဿ၊ ထိုသူ၏။

ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်းသည်။

အပ္ပနံ၊ အပ္ပနာသို့။

နေဝ ပါပုဏာတိ၊ မရောက်နိုင်။

ဥပစာရံ ဥပစာရမ္ပိ၊ ဥပစာကိုသော်လည်း။

န ပါပုဏာတိ၊ မရောက်နိုင်။

ပန၊ အနွယကို ဆိုအံ့။

ယသ္မာ၊ အကြင်သူအား။

ဣမေ တယော ဓမ္မာ၊ ဤအဿာသ ပဿာသ နိမိတ် သုံးပါးကုန်သော တရား တို့သည်။

အတ္ထိ၊ ရှိကုန်၏။

တဿေဝ၊ ထိုသူ၏သာလျှင်။

ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်းသည်။

ဥပစာရဉ္စ၊ ဥပစာရသို့ လည်းကောင်း။

အပ္ပနဉ္စ၊ အပ္ပနာသို့ လည်းကောင်း။

ပါပုဏာတိ၊ ရောက်၏။

ဥပစာရဘုံသို့ ဆိုက်ပြီးသော ယောဂါဝစရသည် ရံခါ မိမိရအပ်သော ပဋိဘာဂ နိမိတ်ကို အာရုံပြုရသောကြောင့် နီဝရဏတရားတို့မှ ကင်း၍ ဝိက္ခမ္ဘနပဟာန်သို့ သက်၏။ ရံခါရံခါမှာမူကား ထိုပဋိဘာဂ နိမိတ်အာရုံကို လွှတ်၍ ဘဝင်သို့ လည်းကောင်း၊ တပါးသောအာရုံသို့ လည်းကောင်း သက်လေ၏။

အဘယ့်ကြောင့်နည်းဟူမူ - မိမိ၏ ပဋိဘာဂ နိမိတ်လျှင် အာရုံရှိသော ဥပစာရ သမာဓိအား အင်္ဂါငါးပါးနှင့် ပြည့်စုံသော ဈာန်ဟူသော အားအစွမ်း မရှိသေးသည်၏ အဖြစ်ကြောင့်ပေတည်း။

ဥပမာ အဘယ်ကဲ့သို့နည်းဟူမူ - ထ၍မသွားနိုင်သေးသော သူငယ်ကလေးကို မိဘတို့က လက်ဖြင့်ကိုင်၍ ရပ်စေသောအခါ၌ ရံခါရံခါ၌ကား ရပ်တန့်၍ မတ်မတ် တည့်တည့် နေနိုင်၏။ ရံခါရံခါ၌ကား ရပ်တန့်ခြင်းငှါ မစွမ်းနိုင်ရှာ၍ ရှေ့သို့ လည်းကောင်း၊ နောက်သို့ လည်းကောင်း ကိုယ်ကို ဆောင်ရွက်နိုင်သော စိတ္တဇဝါယောဓာတ်တည်း ဟူသော အားမရှိခြင်းကြောင့် လဲရှာရဘိသို့တည်း။

ယထာ နာမ ဒဟရော ကုမာရကော ဥက္ခိပိတွာ ဌပိယမာနော ပုနပ္ပုနံ ဘူမိယံ ပတတိ၊ ဧဝမေဝ ဥပစာရေ ဥပ္ပန္နေ စိတ္တံ ကာလေန နိမိတ္တမာရမ္မဏံ ကရောတိ၊ ကာလေန ဘဝင်္ဂမောတရတိ။

ဝိသုဒ္ဓိ၊၁၊၁၂၃

ယထာနာမ၊ ဥပမာမည်သည်ကား။

ဒဟရော၊ နုသော။

ကုမာရကော၊ သူငယ်ကို။

ဥက္ခိပိတွာ၊ ထူမ၍။

ဌပိယမာနော၊ ထားအပ်သည်ရှိသော်။

ပုနပ္ပုနံ၊ အဖန်ဖန်။

ဘူမိယံ၊ မြေ၌။

ပတတိယထာ၊ လဲရသကဲ့သို့။

ဧဝ မေဝ၊ ဤအတူသာလျှင်။

ဥပစာရေ၊ ဥပစာရသည်။

ဥပ္ပန္နေ၊ ဖြစ်လတ်သော်။

စိတ္တံ၊ စိတ်သည်။

ကာလေန၊ ရံခါ။

နိမိတ္တမာရမ္မဏံ၊ ပဋိဘာဂနိမိတ်၏ အာရုံကို။

ကရောတိ၊ ပြု၏။

ကာလေန၊ ရံခါ။

ဘဝင်္ဂံ၊ ဘဝင်ကို (ဝါ) ဘဝင်သို့။

ဩတရတိ၊ သက်လေ၏၊

ထိုဥပစာရ ဆိုက်ခြင်းတို့တွင် အလုပ်တို့ ဝေါဟာရ၌ ရုပ်ဥပစာ နာမ်ဥပစာ ဟူ၍ နှစ်ပါးအပြားရှိ၏၊ ထိုနှစ်ပါးတို့တွင် ရုပ်ဥပစာဆိုက်ပုံကား ထိုစထုတ္ထနည်းကို သိမ်းလိုက်သောအခါ ထွက်သက် ဝင်သက်ကို ငြိမ်းသည်ထက် ငြိမ်းသည် သာသည်ထက် သာသည် ဖြစ်လတ်သော် မိမိကိုယ်သည် လေဖြင့်ပြည့်သော သားရေအိတ်ကဲ့သို့ ဖောင်းကြွပြည့်ဖြိုး တိုးတက်မြှောက်ပင့် ချီးမြှင့်ဝဲပျံသကဲ့သို့ ဖြစ်သောအခါ၌ ရုပ်ဥပစာသို့ ဆိုက်သည်ဟုခေါ်၏။

ထိုနည်းတူစွာ စတုတ္ထနည်းကို သိမ်းလိုက်သောအခါ၌ မိမိကိုယ်ဟု ခေါ်အပ်သော လေးတောင်မျှ မဏ္ဍလအတွင်း လွန်မင်းစွာ ကြည်လင် သန့်ရှင်းလှသော အဿာသ ပဿာသ ပဋိဘာဂနိမိတ်ကို မြင်ရ၏၊ ထိုသို့ မြင်ရခြင်းသည်ပင် နာမ်ဥပစာ ဆိုက်သည်ဟု ခေါ်၏။

ဣတိ စတုတ္ထပဗ္ဗံ။

၁၆ - ကမ္မဋ္ဌာန်းတို့၏ ပဂုဏဂုဏ်ကို ပြခြင်း

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပသီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။

ဒီ၊၂၊၂၃၂

ဣတိ ဧဝံ ဝုတ္ထပကာရေန၊ ဤသို့ဆိုအပ်ပြီးသော အပြားအားဖြင့်။

အဇ္ဈတ္တံ ဝါ၊ မိမိသန္တာန်၌လည်း ဖြစ်သော။

ကာယေ၊ ထွက်သက်ဝင်သက် အပေါင်း၌။

ကာယာနုပဿီ၊ ထွက်သက် ဝင်သက်အပေါင်းကို အဖန် တလဲလဲ ရှုသည်ဖြစ်၍။

ဝိဟရတိ၊ နေ၏။

ဗဟိဒ္ဓါ ဝါ၊ အပသန္တာန်၌လည်း ဖြစ်သော။

ကာယေ၊ ထွက်သက်ဝင်သက် အပေါင်း၌။

ကာယာ နုပဿီ၊ ထွက်သက်ဝင်သက် အပေါင်းကို အဖန်တလဲလဲ ရှုသည်ဖြစ်၍။

ဝိဟရတိ၊ နေ၏။

အဇ္ဈတ္တဗဟိဒ္ဓါ ဝါ၊ ရံခါ မိမိသန္တာန် ရံခါအပသန္တန်၌လည်း ဖြစ်သော။

ကာယေ၊ ထွက်သက်ဝင်သက် အပေါင်း၌။

ကာယာ နုပဿီ၊ ထွက်သက်ဝင်သက် အပေါင်းကို အဖန်တလဲလဲ ရှုသည်ဖြစ်၍။

ဝိဟရတိ၊ နေ၏။

ဤသို့ဟောတော်မူသော ဒေသနာ၏ သဘောတော်ကိုကား ပထမနည်း စသည်တို့၌ ပဂုဏသဉ္စရဏပြု၍ လေ့လာအပ်သည်၏ အဖြစ်ကို ဟောတော်မူသည်၊ ထို ပဂုဏသဉ္စရဏပြုနည်းမှာ အဿာသ ပဿာသ၊ ထို အဿာသ ပဿာသတို့၏ ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်တို့ကို ရမှ လေ့လာနိုင်သည်။

ပထမနည်း၌ကား ရခဲ၏၊ ဒုတိယ နည်းဖြင့်ကား ဗဟိဒ္ဓ သန္တာန်၌ အမျိုးမျိုးသော လေ့လာခြင်းဖြင့် လေ့လာနိုင်၏၊ တတိယနည်းဖြင့်ကား အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် နှစ်ပါးလုံးတို့၌ အမျိုးသော လေ့လာခြင်းဖြင့် လေ့လာနိုင်၏။ စထုတ္ထနည်းဖြင့်ကား အဇ္ဈတ္တသန္တာန်၌ လေ့လာနိုင်၏။ ထိုလေ့လာပုံကို တတိယနည်းက ပြခဲ့ပြီ၊ သို့ဖြစ်၍ အာဂုံစသည်ဖြင့် အကျယ်မရေးလိုက်သည်။

ထိုသို့လျှင် လူသုံးဦးတို့၏ ကိုးကွယ်ရာ ရာဇာဓိရာဇိန် ဒေဝါဓိဒေဝိန် ဗြဟ္မာဓိဗြဟ္မိန် ဂုဏ်မဟိန်ဟူသမျှတို့၏ ဦးခညွတ်ကျိုး ဝပ်လျှိုးကော်ရော် အပူဇော်ခံထိုက်သောသူ ဟူသမျှတို့၏ ထိပ်ပန် ဖြစ်တော်မူသော သုံးလောကထွတ်သား ရှင်တော်ဘုရားသည် “သော သတောဝ အဿသတိ” အစ “အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ” အဆုံးရှိသော သမထဘာဝနာကို ကုရုရဋ္ဌကမ္မာသအရပ်၌ လျောက်ပတ် စွာ မွေ့လျော်ကြသော ရဟန်း ရှင်လူ ဟူသမျှတို့ကစ၍ သဗ္ဗသတ္တာ ဝေနေယျာ တို့ကို ခေမာရောက်လမ်း စိတ်ပြဋ္ဌာန်းကာ သာမုက္ကသိက သဘာဝဖြင့် ထုတ်ပြညွှန်တော် မူအပ်ပေသတည်း။

ထိုဒေသနာနယ ပထမစတုက္ကဖြင့် သီလထက် လွန်ကဲ၍ မွန်မြတ်သော အဓိစိတ္တ သိက္ခာဘုံသို့တက်၍ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ မဂ္ဂင်တရား သုံးပါး တို့နှင့် လုံလောက်သဖြင့် ဥပစာရသမာဓိ အပ္ပနာသမာဓိ နှစ်ပါးတို့တွင် ယခုပြသ ရေးသားအပ်ခဲ့သော နည်းတို့နှင့် ပြည့်စုံသော အမျိုးသားကောင်း ယောက်ျား သတိမာတို့၏ ဥပစာရသမာဓိ စိတ္တဝိသုဒ္ဓိအဖြစ်သို့ ရောက်သည်ကိုလည်း ဟောတော်မူပေ၏။

၁၇ - သမထမှ ဝိပဿနာ ကူးနိုင်ခြင်း

ထို ဥပစာရသမာဓိ စိတ္တဝိသုဒ္ဓိကို ဟောတော်မူသည်၏ အခြားမဲ့၌ ဒိဋ္ဌိဝိသုဒ္ဓိ စသည်ကို ဟောတော်မူခြင်းငှါ “သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ” စသည်ကို ဟောတော်မူပြန်၏။ (ဝါ) သတိပဋ္ဌာန်ကို ဟောတော်မူခဲ့သည်၏ အခြားမဲ့၌ သတိပဋ္ဌာန်၏ ဘာဝနာကို ဟောတော်မူခြင်းငှါ “သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ” စသည်ကို ဟောတော်မူပြန်ပေ၏။ (ဝါ) အဓိစိတ္တသိက္ခာကို ဟောတော်မူသည်၏ အခြားမဲ့၌ အဓိပညာသိက္ခာကို ဟောတော်မူခြင်းငှါ “သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ” စသည်ကို ဟောတော်မူပြန်ပေ၏။ (ဝါ) ဒုက္ခပဋိပဒါ သုခပဋိပဒါ တို့ကို ဟောတော်မူသည်၏ အခြားမဲ့၌ ခိပ္ပါဘိည ဒန္ဒာဘိညတို့ကို ဟောတော်မူခြင်းငှါ “သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ” စသည်ကို ဟောတော်မူပြန်ပေ၏၊ (ဝါ) သမထဉာဏ်ကို ဟောတော်မူသည်၏ အခြားမဲ့၌ ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ဟောတော်မူခြင်းငှါ “သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ” စသည်ကို ဟောတော်မူပြန်ပေ၏။

အကြင်သို့ ဟောတော်မူအပ်သော “သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ” အစရှိသော ဒေသနာနယ၏ သဘာဝသည် နက်နဲ၏၊ ခက်ခဲ၏၊ သိမ်မွေ့ ၏၊ သိနိုင်ခဲ၏။ ထိုသို့ နက်နဲ ခက်ခဲ သိမ်မွေ့လှစွာသော ဒေသနာနယ သဘာဝကို ငါတို့ရအပ်သော နယဂ္ဂါဟ ဟတ္တမုဋ္ဌိ ယုတ္တိအာဂမတို့နှင့် လျော်စွာ ပြအပ်သော နည်းကို ပညာရှင်တို့ ဆင်ခြင်စဉ်းစား သတိထား၍ ပိုင်းခြား ကြည့်ရှုတော် မူကြစေကုန်သတည်း။ (အမှာ။)

ပြန်၍တက်။

ငါ့ရှင် သောဓန - သမထဉာဏ်ကို ဟောတော်မူသည်။ အခြားမဲ့၌ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ဟောပြတော်မူခြင်းငှါ “သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ” အစရှိသော ဒေသနာကို ဟောတော်မူပြန်ပေ၏ဟု ငါ့ရှင် ဆို၏။ ထိုငါ့ရှင်ဆိုသော စကား၌ ဝိပဿနာဉာဏ်ဟူသည် ဈာန်၏အခြားမဲ့၌သာလျှင် ဈာန်၏ အင်္ဂါတို့ကို အရင်းပြု၍ တက်ရသည် မဟုတ်လော၊ ယခု ငါ့ရှင်ပြခဲ့သော နည်းကား ဥပစာရသို့ ရောက်ရုံသာ ရှိသေးသည်။

ထိုဥပစာရက ဝိပဿနာသို့ ကူးနိုင်ရန် ရှင်တော်ဘုရား ဟောတော်မူသော “သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ” ဟူသော ဤဝိပဿနာဉာဏ် တက်နည်း စသည်ကို ငါတို့ ယုံကြည်သဖြင့် ယူရတော့အံ့လော ဟူ၍ မေးခဲ့မူ - အရှင်စောဒက - သင်တို့သည် ဈာန်မှသာ ဝိပဿနာဉာဏ် စသည်ကို တက်ထိုက်သည်ဟု တစ်ခုတည်းသော သဘောကိုသာယူ၍ မမှတ်ပါလင့်။

၁၈ - ဥပစာမှ ဝိပဿနာ ကူးနိုင်ခြင်း

ဤဝိပဿနာဉာဏ် - မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့မည်သည် ဈာန်မှလည်းကောင်း ဥပစာမှလည်းကောင်း တက်ထိုက်၏။ ထိုတက်ထိုက်သော အကြောင်းကိုလည်း ဤသို့ သိအပ်၏။

ဥပစာရကမ္မဋ္ဌာနေ အပ္ပနာကမ္မဋ္ဌာနေ စ ဝိပဿနာ ဘာဝပတ္တော ကာမာဝစရသမာဓိသင်္ခါတော ဥပစာရသမာဓိ ရူပါရူပဈာနသင်္ခါတော အပ္ပနာသမာဓိ စာတိ ဒုဝိဓောပိ သမာဓိဝိမောက္ခသမ္ဘာရဘူတတ္တာ စိတ္တဝိသုဒ္ဓိနာမ။
(သင်္ဂြိုဟ်ဋီကာဟောင်း-၄၀၇။)

ဥပစာရကမ္မဋ္ဌာနေ စ၊ ဗုဒ္ဓါနုဿတိ အစရှိသော ရှစ်ပါးသော အနုဿတိ ပဋိကူလသညာ ဓာတုသညာ - ဟုဆိုအပ်သော ဆယ်ပါးသော ဥပစာရကမ္မဋ္ဌာန်း၌ လည်းကောင်း။
အပ္ပနာကမ္မဋ္ဌာနေ စ၊ ကသိုဏ်းစသော အပ္ပနာဝဟ ကမ္မဋ္ဌာန်း သုံးဆယ်၌ လည်းကောင်း။
ဝိပဿနာဘာဝပတ္တော၊ ဝိပဿနာဉာဏ်၏ ဖြစ်ကြောင်းသို့ ရောက်သော။
ကာမာဝစရသမာဓိသင်္ခါတော၊ ကာမာဝစရသမာဓိဟု ဆိုအပ်သော။
ဥပစာရသမာဓိ စ၊ ဥပစာရသမာဓိ လည်းကောင်း။
ရူပါရူပဈာနသင်္ခါတော၊ ရူပဈာန် အရူပဈာန်ဟု ဆိုအပ်သော။
အပ္ပနာသမာဓိ စ၊ အပ္ပနာသမာဓိ လည်းကောင်း။
ဣတိ ဣမိနာ ပဘေဒေန၊ ဤသို့သော အပြားအားဖြင့်။
ဒုဝိဓောပိ၊ နှစ်ပါး အပြားရှိသည်လည်း ဖြစ်သော။
သမာဓိ၊ သမာဓိသည်။
ဝိမောက္ခသမ္ဘာရဘူတတ္တာ၊ မဂ်၏ အဆောက်အဦ ဖြစ်၍ ဖြစ်သည်၏ အဖြစ်ကြောင့်။
စိတ္တဝိသုဒ္ဓိနာမ၊ စိတ္တဝိသုဒ္ဓိမည်၏။

(ဋီကာကျော်ကား အထူးမဖွင့်။)

ဒုဝိဓောယေဝ သွာယံ ဣဓ အဓိပ္ပေတော ဥပစာရသမာဓိ စေဝ အပ္ပနာသမာဓိ စ၊ တတ္တ ဒသသု ကမ္မဋ္ဌာနေသု အပ္ပနာ ပုဗ္ဗဘာဂစိတ္တေသု စ ဧကဂ္ဂတာ ဥပစာရသမာဓိ၊ အဝသေသကမ္မဋ္ဌာနေသု စိတ္တေကဂ္ဂတာ အပ္ပနာသမာဓိ။
ဝိသုဒ္ဓိ၊၁၊၃၆၈

ဥပစာရသမာဓိစေဝ၊ ဥပစာရသမာဓိ လည်းကောင်း။
အပ္ပနာသမာဓိစ၊ အပ္ပနာသမာဓိ လည်းကောင်း။
ဣတိ၊ ဤသို့။
ဒုဝိဓောယေဝ၊ နှစ်ပါးသာလျှင်ဖြစ်သော။
သွာယံသမာဓိ၊ ထိုသမာဓိကို။
ဣဓ၊ ဤဝိပဿနာ အရာစသော အကျိုးငါးပါးတို့၏အရာ၌။
အဓိပ္ပေတော၊ အလိုရှိအပ်၏။
တတ္ထ၊ ထိုနှစ်ပါးတို့တွင်။
ဒသသု၊ ဆယ်ပါးကုန်သော။
ကမ္မဋ္ဌာနေသုစ၊ ဥပစာရဝဟ ကမ္မဋ္ဌာန်းတို့၌ လည်းကောင်း။
အပ္ပနာ ပုဗ္ဗဘာဂ စိတ္တသု စ၊ အပ္ပနာ၏ ပုဗ္ဗဘာဂ ဖြစ်ကုန်သော ရှစ်ပါးသော ဈာန်တို့၏ ရှေ့အဖို့၌ဖြစ်သော စိတ္တုပ္ပါဒ်တို့၌လည်းကောင်း။
ပဝတ္တာ၊ ဖြစ်သော (ထည့်)။
ဧကဂ္ဂတာ၊ ဧကဂ္ဂတာ စေတသိက်သည်။
ဥပစာရသမာဓိ၊ ဥပစာရသမာဓိ မည်၏။
အဝသေသကမ္မဋ္ဌာနေသု၊ ကြွင်းကုန်သော သုံးဆယ်သော အပ္ပနာ ကမ္မဋ္ဌာန်းတို့၌။
စိတ္တေကဂ္ဂတာ၊ စိတ္တေကဂ္ဂတာ စေတသိက်သည်။
အပ္ပနာသမာဓိ၊ အပ္ပနာသမာဓိ မည်၏။

အပ္ပနာသမာဓိ ဥပစာသမာဓိ နှစ်ပါးတို့တွင် ဥပစာသမာဓိမှ ဝိပဿနာသို့ အဘယ့်ကြောင့် ကူးလွယ်ရာသနည်းဟူမူ ယောဂါဝစရ၏ဉာဏ်ဝ၌ -

“ဩော်-ငါသည် ကမ္မဋ္ဌာန်းကို အားထုတ်နိုင်သော အတ္တဘောထူး ကိုလည်း ရပေ၏။ ရှင်တော်ဘုရား ထင်ရှားပွင့်တော်မူသော ဗုဒ္ဓပ္ပါဒ နဝမခဏကိုလည်း ရခဲ့ပေ၏။ ထို ဗုဒ္ဓပ္ပါဒ နဝမခဏ တော်ကြီးကိုကား အလွန်ရခဲ၏။ ဈာန်တရား ဟူသည်ကို ငါ ငံ့လင့်၍ မနေနိုင်တော့ပြီ။ လျင်မြန်စွာသာလျှင် သံသရာဝဋ်ဒုက္ခကြီးမှ ကူးတော့အံ့”

ဟူ၍ နှလုံးပိုက် သောကြောင့်လည်းကောင်း၊ ဈာန်ကို ရလိုပါသော်လည်း အခါကာလ ခေတ်မဟုတ်ဟူ၍ နှလုံးပိုက်သောကြောင့် လည်းကောင်း ထိုနှစ်ပါးသော သမာဓိ တို့တွင် ဥပစာရသမာဓိ ရရှိရုံမျှဖြင့်ပင်လျှင် ဝိပဿနာဉာဏ် စသည်ကို တက်ထိုက်ပေ၏။

တဿ ဟိ ဒုလ္လဘတာယ အပ္ပနာဓိဂမမ္ပိ အနဓိဂမယမာနော သံဝေဂဗဟုလော ပုဂ္ဂလော ဥပစာရသမာဓိမှိယေဝ ဌတွာ ဝိပဿနာယ ကမ္မံ ကရောတိ သီဃံ သံသာရဒုက္ခံ သမတိက္ကမိဿာမီ”တိ။
ဝိသုဒ္ဓိ၊ဋီ၊၁၊၄၆၀

ဟိသစ္စံ၊ မှန်၏။
တဿ၊ ထိုဗုဒ္ဓုပ္ပါဒနဝမက္ခဏကို။
ဒုလ္လဘတာယ၊ ရခဲသည်၏ အဖြစ်ကြောင့်။
အပ္ပနာဓိဂမံ၊ အပ္ပနာကိုရခြင်းကို။
အနဓိဂမယမာနောပိ၊ မရသေးပါသော်လည်း။
သံဝေဂဗဟုလော၊ သံဝေဂအဖြစ်များသော။
ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။
ဥပစာရသမာဓိမှိယေဝ၊ ဥပစာရသမာဓိ၌သာလျှင်။
ဌတွာ၊ တည်၍။
သီဃံ၊ လျင်စွာ။
သံသာရဒုက္ခံ၊ သံသရာ တည်းဟူသော ဝဋ်ဆင်းရဲကို။
သမတိက္ကမိဿာမိ၊ လွန်မြောက်စေအံ့။
ဣတိမနသိကတွာ၊ ဤသို့နှလုံးပိုက်၍။
ဝိပဿနာယ၊ ဝိပဿနာ၏။
ကမ္မံ၊ အမှုကို။
ကရောတိ၊ ပြု၏။ ဟုဖြေ၊

ငါ့ရှင် သောဓန - ဝိပဿနာဉာဏ် စသည်ကို တက်ခြင်းတို့မည်သည် ဈာန်ကို ဝင်စား၍ ဈာန်မှထပြီးလျှင် ဝိပသနာသို့ ကူးသောသူသည် လှေဖောင် စသည်တို့ကို မှီ၍ ကမ်းတစ်ဘက်ကို ကူးရသကဲ့သို့ သာ၍ပင် မလွယ်ပါလော။

သမာပတ္တိံ တာဝ ပဒဋ္ဌာနံ ကတွာ ဝိပဿနံ ဝဍ္ဎေတွာ အရဟတ္တံ ဂဏှန္တော ဘိက္ခု နာဝံ ဝါ ဥဠုမ္ပါဒီနိ ဝါ နိဿာယ မဟောဃံ တရိတွာ ပါရံ ဂစ္ဆန္တော ဝိယ န ကိလမတိ။
မ၊ဋ္ဌ၊၄၊၄၄

တာဝ၊ ရှေးဦးစွာ။
သမာပတ္တိံ၊ ရှစ်ပါးသော သမာပတ်ကို။
ပဒဋ္ဌနံ ကတွာ၊ နီးသောအကြောင်းကို ပြု၍။
ဝိပဿနံ၊ ဝိပဿနာကို။
ဝဍ္ဎေတွာ၊ ပွား၍။
အရဟတ္တံ၊ အရဟတ္တဖိုလ်ကို။
ဂဏှန္တော၊ ယူသော။
ဘိက္ခု၊ ရဟန်းသည်။
နာဝံ ဝါ၊ လှေကိုလည်းကောင်း။
ဥဠုမ္ပါဒီနိ ဝါ၊ ဖောင်စသည် တို့ကိုလည်းကောင်း။
နိဿာယ၊ မှီ၍။
မဟောဃံ၊ ကြီးသော ရေဂယက်ကို။
တရိတွာ၊ ကူး၍။
ပါရံ၊ ကမ်းတစ်ဘက်သို့။
ဂစ္ဆန္တော ဝိယ၊ ရောက်ဘိသကဲ့သို့။
နကိလမတိ၊ မပင်ပန်း - ဟူသော အဋ္ဌကထာပါဌ်ကို ထောက်၍ မေး။

၁၉ - ယခုအခါ အရိယာ ဖြစ်ထိုက်ကြာင်း

အရှင်စောဒက - ဈာန်ကိုဖြစ်စေ၍ ဈာန်မှထ၍ ဝိပဿနာကို တက်ရခြင်းကား အလွန်ကောင်းလှပေ၏၊ ထိုသို့ ကောင်းလှပါသော်လည်း ငါတို့ သာသနာ ငါးထောင်ကို ထားတော်မူရင်း ဖြစ်သော စူဠဝါပါဠိတော်၌ ရှင်တော်ဘုရား ထားတော်မူရင်းကား (တစ်ထောင်)၊ ၎င်းအဋ္ဌကထာ ဗုဒ္ဓမတညူ ဖြစ်တော်မူကြသော ရဟန္တာ အရှင်မြတ်တို့ ထားတော်မူရင်းကား -

  1. ပဋိသမ္ဘိဒါပတ္တခေတ် တစ်ထောင်
  2. သုက္ခဝိပဿကခေတ် တစ်ထောင်
  3. အနာဂါမ်ခေတ် တစ်ထောင်
  4. သကဒါဂါမ်ခေတ် တစ်ထောင်
  5. သောတာပန်ခေတ် တစ်ထောင်

တို့ကို ကြားတော်မူခဲ့၍ ယခုအခါကား သာသနာ (၂၄၆၆) သို့ ရောက်လာပြီဖြစ်၍ ဈာနလာဘီတို့ခေတ်မှာ ခဲလှသဖြင့် ဈာန်မှထ၍ ဝိပသနာသို့ တက်ခြင်းငှါ မထိုက်ဟု ဖြေ။ (တစ်ဝါဒ)

ဒီဃဘာဏက, သံယုတ္တဘာဏက, အဋ္ဌကထာဆရာကြီးတို့ အလိုအားဖြင့် -

  1. ပဋိသမ္ဘိဒါပတ္တခေတ် တစ်ထောင်
  2. ဆဠဘိညခေတ် တစ်ထောင်
  3. တေဝိဇ္ဇခေတ် တစ်ထောင်
  4. သုက္ခဝိပဿကခေတ် တစ်ထောင်
  5. ပါတိမောက္ခသံဝရခေတ် တစ်ထောင်

ဟူ၍ သာသနာ ငါးထောင်ကို ထားတော်မူခဲ့ကြ၏၊ (နှစ်ဝါဒ။)

အင်္ဂုတ္တရဘာဏက ခုဒ္ဒကဘာဏက သမ္မောဟဝိနောဒနီ အဋ္ဌကထာ ဆရာကြီးတို့ အလိုအားဖြင့် -

  1. ပဋိသမ္ဘိဒါပတ္တခေတ် တစ်ထောင်
  2. ဆဠဘိညခေတ် တစ်ထောင်
  3. တေဝိဇ္ဇခေတ် တစ်ထောင်
  4. သုက္ခဝိဿကခေတ် တစ်ထောင်
  5. အနာဂါမ် သကဒါဂါမ် သောတာပန်ခေတ် တစ်ထောင်

ဟူ၍ သာသနာငါးထောင်ကို ထားတော်မူခဲ့ကြ၏။ (သုံးဝါဒ။)

ထိုအဋ္ဌကထာကြီး ငါးလက်တို့တွင် စူဠဝါအဋ္ဌကထာကို ထား၍ ကြွင်းသော အဋ္ဌကထာကြီး လေးလက်တို့၏ဝါဒ တတိယခေတ် တေဝိဇ္ဖဟူသော အရိပ်ရှိပေ၏။

တေဝိဇ္ဖဟူသည် ပဉ္စမဈာန်၏ အခြားမဲ့၌ ဖြစ်ရသော အဘိညာဉ်မျိုးဖြစ်၍ ပထမဈာန် စသည်တို့ကို ရထိုက်ခြင်းငှာ အရိပ် ရှိပေသေးသည်။ ထိုသို့ အရိပ် ရှိသော်လည်း ကျမ်းဂန် လာသော နည်းကိုမှီး၍ နယဂ္ဂါဟ ဟတ္ထမုဋ္ဌိ ယူခဲ့ဖူးသော ဆရာကောင်းကို တွေ့ရမှသာလျှင် ရနိုင်မည်။

ယခုအခါမူ စူဠဂန္ဓာရီမန္တန်ကိုကား တတ်လိုသသူ များလှပေ၏၊ ၎င်းမန္တန်ကို ပြတတ်သောသူ ရှားလှချေသကဲ့သို့ဖြစ်၍ ဥပစာရဘုံကပင်လျှင် ဝိပဿနာသို့ တက်ရမည်ဟု ဖြေလေ၊ ၎င်းဝါဒတို့၏ အာဂုံကို အလိုရှိကြပါမူ ၎င်းအဋ္ဌကထာကြီး တို့မှာ ယူကြပါကုန်၊ ကျယ်အံ့မည်စိုး၍ မထည့်လိုက်ပြီ။

ကျက်ဆောင်ရန် ပုဒ်ကား

ဝိနည်းသဘော၊ ပ သုက် နာ သ သော
(စူဠဝါ အဋ္ဌကထာ အလို။)

ဒီ-သံ-အလာ၊ ပ ဆ တေ သုက် ပါ”။
(ဒီဃနိကာယ်ပါထေယျဝဂ် သံပသာဒနိယသုတ် အဋ္ဌကထာတို့၊ သံယုတ္တနိကာယ် သဂါထာဝဂ္ဂ သံယုတ် အဋ္ဌကထာတို့ အလို။)

အင်-သမ် သဘော၊ ပ ဆ တေ သုက် နာတြော
(အင်္ဂုတ္တရနိကာယ် ဧကင်္ဂုတ္တရ အဋ္ဌကထာ၊ သမ္မောဟဝိနောဒနီ အဋ္ဌကထာတို့ အလို။)

ထိုသို့ ဈာန်ခေတ် မဟုတ်သောကြောင့် လည်းကောင်း၊ ဈာန်ခေတ်ပင် အရိပ် ရှိပါသေးငြားသော်လည်း လက်သို့ရောက်အောင် ပြသနိုင်သော ဆရာကောင်းကို ရနိုင်ခဲသည်၏ အဖြစ်ကြောင့် လည်းကောင်း၊ ဥပစာရဘုံမှ ဝိပသနာဘုံသို့လည်း တက်ထိုက်ပါ၏။

ထိုကြောင့် သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ - ဟူသော ဒေသနာတော်ကို ပြတော်မူရပြန်၏။

ကာယသ္မိံ၊ ထွက်သက် ဝင်သက်အပေါင်း၌။
(ဝါ) ထွက်သက်ဝင်သက်၏ ပဋိဘာဂနိမိတ် အပေါင်း၌။
အဿာသပဿာသေ နိဿယ ဥပ္ပန္နနိမိတ္တမ္ပေတ္ထ အဿာသပဿာသ သမညမေဝ ဝုတ္တံ - ဟူသော မဟာဋီကာကြီးကို ထောက်လိုက်သည်၊ အနက်လွယ်၏၊ ရှေ့နောက်တို့၌လည်း ဤနည်းတူမှတ်။

သမုဒယဓမ္မာနုပဿီဝါ၊ ကိုယ် နှာခေါင်း စိတ်ကိုစွဲ၍ ဖြစ်သော သဘောကို အဖန်တလဲလဲ ရှုသည်ဖြစ်၍။
(ဝါ) ဝတ္ထုရုပ် နှာခေါင်းဖု စိတ်ကို စွဲ၌ဖြစ်သော နိမိတ်၏ဖြစ်ကြောင်း သဘောကို အဖန်တလဲလဲ ရှုသည် ဖြစ်၍။

[ဧဝံ ဘိက္ခုနော ကရဇကာယဉ္စ နာသပုဋဉ္စ စိတ္တဉ္စ ပဋိစ္စ အဿာသပဿာသကာယော အပရာပရံ သဉ္စရတိ (ဒီ၊ဋ္ဌ၊၂၊၃၅၆။) ဟူသော သုတ်မဟာဝါ အဋ္ဌကထာကြီးကို ထောက်။]

ဧဝံ၊ ဤအတူ။
ဘိက္ခုနာ၊ ရဟန်း၏။
ကရဇကာယဉ္စ၊ ဝတ္ထုရုပ်ကို လည်းကောင်း။
နာသပုဋဉ္စ၊ နှာခေါင်းဖုကိုလည်းကောင်း။
စိတ္တဉ္စ၊ စိတ်ကိုလည်းကောင်း။
ပဋိစ္စ၊ စွဲ၍။
အာဿာသပဿာသကာယော၊ ထွက်သက် ဝင်သက်သည်။
(ဝါ) ထွက်သက် ဝင်သက်၏ ပဋိဘာဂနိမိတ်သည်။
အပရာ ပရံ၊ ထိုမှ ဤမှ။
သဉ္စရတိ၊ ပြောင်းရွှေ့၏။
ဝိဟရတိ၊ နေ၏။
ကာယသ္မိံ၊ ထွက်သက် ဝင်သက်အပေါင်း၌။
(ဝါ) ထွက်သက်ဝင်သက်၏ ပဋိဘာဂ နိမိတ်အပေါင်း၌။
ဝယဓမ္မာနုပဿီဝါ၊ ကိုယ် နှာခေါင်း စိတ်တို့၏ ချုပ်ခြင်းဟူသော ပျက်စီးကြောင်း သဘောကို။
(ဝါ) ဝတ္ထုရုပ် နှာခေါင်း စိတ်ကို စွဲ၍ဖြစ်သော နိမိတ်၌ ပျက်ကြောင်းသဘောကို အဖန်တလဲလဲ ရှုသည်ဖြစ်၍။
ဝိဟရတိ၊ နေ၏။
ကာယသ္မိံ ၊ ထွက်သက် ဝင်သက်အပေါင်း၌။
(ဝါ) ထွက်သက်ဝင်သက်၏ ပဋိဘာဂနိမိတ် အပေါင်း၌။
သမုဒယဝယဓမ္မာနုပဿီဝါ၊ ဖြစ်ကြောင်းသဘော ပျက်ကြောင်း သဘောကို အဖန် တလဲလဲ ရှုသည်ဖြစ်၍။
(ဝါ) ဝတ္ထုရုပ် နှာခေါင်းဖု စိတ်ကိုစွဲ၍ဖြစ်သော နိမိတ်၏ ဖြစ်ကြောင်း ပျက်ကြောင်း သဘောကို အဖန်တလဲလဲ ရှုသည်ဖြစ်၍။
ဝိဟရတိ၊ နေ၏။

ထိုသို့ ပြတော်မူအပ်သော ဒေသနာနယ တိဟိတ်ပဋိသန္ဓေပညာဖြင့် ပညာ ရှိကုန်သော ကျွတ်ထိုက်သော ယောဂါဝစရ ပုဂ္ဂိုလ်တို့သည် စတုတ္ထနယကို သိမ်းလိုက်ပြီး၍ ဥပစာရဘုံသို့ ရောက်သောအခါ၌ မဏ္ဍလဟု ဆိုအပ်သော ဤကိုယ်၏ အတွင်း၌ အရှိန်မစဲ တသဲသဲ တရိပ်ရိပ် ဖြစ်၍နေသော ရုပ်တို့ကို လည်းကောင်း၊ ဝိညာဉ်-ဖဿ-ဝေဒနာ ပဉ္စကတို့ဖြင့် သိအပ် တွေ့အပ် ခံစားအပ် သည်ဖြစ်၍ ရပ်တည်ခြင်း မရှိသော နာမ်တရားတို့၏ ဖြစ်ခြင်းတို့ကို လည်းကောင်း၊ ထို ဆိုအပ်ပြီးသော ရုပ်နာမ်တရားတို့၏ ပျက်ခြင်းကို လည်းကောင်း၊ ထိုရုပ်နာမ် တရား နှစ်ပါးတို့၏ ဖြစ်ခြင်းပျက်ခြင်း တို့ကိုလည်းကောင်း ရှု၍ ရှု၍ နေကြကုန်၏ ဟူလို။

ထိုရုပ်နာမ်တို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ပျက်ခြင်းကိုလည်းကောင်း၊ ဖြစ်ပျက်ခြင်း ကိုလည်းကောင်း ရှု၍ ရှု၍ နေရာ၌လည်း သမထယာနိက ပုဂ္ဂိုလ်တို့၏ရှုခြင်း၊ သုဒ္ဓဝိပဿက ပုဂ္ဂိုလ်တို့၏ ရှုခြင်းအားဖြင့် နှစ်ပါး အပြားရှိ၏။

ထိုနှစ်ပါးတို့တွင် ဥပစာရသမာဓိ အပ္ပနာသမာဓိ နှစ်ပါးနှင့် ပြည့်စုံသောသူသည် သမထယာနိက ပုဂ္ဂိုလ်မည်၏။ ထိုသမထယာနိက ပုဂ္ဂိုလ်သည် နာမ်ကို လည်းကောင်း၊ ရုပ်ကိုလည်းကောင်း ရှေ့သွားပြု၍ ရှုအပ်၏။

စိတ္တဝိသုဒ္ဓိ နာမ သဥပစာရာ အဋ္ဌ သမာပတ္တိယော။
ဝိသုဒ္ဓိ၊၂၊၂၂၂

ဥပစာရသမာဓိပိ အပ္ပနာသမာဓိ ဝိယ ဝိပဿနာယ အဓိဋ္ဌာနဘာဝတော စိတ္တဝိသုဒ္ဓိယေဝါတိ အာဟ သဥပစာရာတိ။
ဝိသုဒ္ဓိ၊ဋီ၊၂၊၃၅၀

မထထောဝ ယာနံ သမထယာနံ၊ တံ ဧတဿ အတ္တီတိ သမထယာနိကော၊ ဈာနေ ဈာနူပစာရေ ဝါ ပတိဋ္ဌာယ ဝိပဿနံ အနုယုဉ္ဇန္တဿေတံ နာမံ၊
ဝိသုဒ္ဓိ၊ဋီ၊၂၊၃၅၀

စိတ္တဝိသုဒ္ဓိနာမ၊ စိတ္တဝိသုဒ္ဓိ မည်သည်ကား။
သဥပစာရာ၊ ဥပစာရသမာဓိနှင့် တကွ။
အဋ္ဌသမာပတ္တိယော၊ ရှစ်ပါးကုန်သော သမာပတ်တို့တည်း။
(ဝိသုဒ္ဓိမဂ် အနက်။)

ဥပစာရသမာဓိပိ၊ ဥပစာရသမာဓိသည်လည်း။
အပ္ပနာသမာဓိဝိယ၊ အပ္ပနာသမာဓိကဲ့သို့။
ဝိပဿနာယ၊ ဝိပဿနာ၏။
အဓိဋ္ဌာနဘာဝတော၊ တည်ရာ၏ အဖြစ်ကြောင့်။
စိတ္တဝိသုဒ္ဓိယေဝ၊ စိတ္တဝိသုဒ္ဓိ မည်သည်သာလျှင်တည်း။
ဣတိတသ္မာ၊ ထို့ကြောင့်။
သဥပစာရာတိ၊ သဥပစာရဟူ၍။
အာဟ၊ အဋ္ဌကထာဆရာ မိန့်တော်မူ၏။
(ဋီကာ အနက်။)

မထထောဝ၊ သမထသည်သာလျှင်။
(ဝါ) သုံးဆယ့်ရှစ်ပါးသော ကမ္မဋ္ဌာန်းသည်သာလျှင်။
ယာနံ၊ ယာဉ်တည်း။
သမထယာနံ၊ သမထသည်လျှင် ယာဉ်။
တံ၊ ထိုသမထယာဉ်သည်။
ဧတဿ၊ ဥပစာ-အပ္ပနာရဟပုဂ္ဂိုလ်အား။
အတ္ထိ၊ ရှိ၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
သမထယာနိကော၊ သမထယာနိက မည်၏။
ဧတံ၊ ထိုသမထယာနိက ဟူသောအမည်သည်။
ဈာနေဝါ၊ ဈာန်၌လည်းကောင်း။
ဈာနူပစာရေ ဝါ၊ ဈာန်၏ ဥပစာ၌ လည်းကောင်း။
ပတိဋ္ဌာယ၊ တည်၍။
ဝိပဿနံ၊ ဝိပဿနာကို။
အနုယုဉ္ဇန္တဿ၊ အားထုတ်သော ယောဂီပုဂ္ဂိုလ်၏။
နာမံ၊ အမည်တည်း။
(၎င်းဋီကာ အနက်။)

သုံးဆယ့်ရှစ်ပါးသော ကမ္မဋ္ဌာန်းတို့တွင် တစ်ပါးပါးကိုမျှ မယူမူ၍ ဥပစာရသမာဓိ-အပ္ပနာသမာဓိ နှစ်ပါးတို့တွင် တစ်ပါးပါးနှင့် မပြည့်စုံသော သူသည် ဝိပဿနာကိုသာ အားထုတ်ခြင်းရှိပါမူ သုဒ္ဓဝိပဿက ပုဂ္ဂိုလ်မည်၏၊ ထိုသုဒ္ဓဝိပဿက ပုဂ္ဂိုလ် တို့မှာကား ရုပ်ကိုရှေ့သွားပြု၍ ရှုအပ်၏။

ဝိပဿနာဘိနိဝေသော ဝိပဿနာယာနိကဿ ပန သမတံ အနိဿာယာထိ အာဟ သုဒ္ဓဝိပဿနာယာနိကောတိ။
ဝိသုဒ္ဓိ၊ဋီ၊၂၊၃၅၁

ဝိပဿနာယာနိကဿ ပန၊ ဝိပသာနာယာနိက ပုဂ္ဂိုလ်အားကား။
(ဝါ) သမထမဖက် သက်သက်သော ခဏိကသမာဓိသာလျှင် ယာဉ်ရှိသော ပုဂ္ဂိုလ်အား။
သမထံ၊ ဥပစာရသမာဓိ အပ္ပနာသမာဓိဟု ဆိုအပ်သော သမထဘာဝနာကို။
အနိဿာယ၊ မမှီမူ၍။
ဝိပဿနာဘိနိဝေသော၊ ဝိပဿနာကို နှလုံးသွင်းခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
သုဒ္ဓဝိပဿနာယာနိကောတိ၊ သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်ဟူ၍။
အာဟ၊ မိန့်ဆိုတော်မူပြီ။

အဿာသ ပဿာသေ ပရိဂ္ဂဏှာတိ ရူပမုခေန ဝိပဿနံ အဘိနိဝိသန္တော၊ ယော အဿာသပဿာသကမ္မိကောတီ ဝုတ္တော၊ ဈာနင်္ဂါနိ ပရိဂ္ဂဏှာတိ အရူပမုခေန ဝိပဿနံ အဘိနိဝိသန္တော။
ဒီ၊ဋီ၊၂၊၃၀၀

ယော၊ အကြင်ပုဂ္ဂိုလ်သည်။
ရူပမုခေန၊ ရုပ်ကိုအဦးမူသဖြင့်။
ဝိပဿနံ၊ ဝိပဿနာကို။
အဘိနိဝိသန္တော၊ နှလုံးသွင်းလိုသည်ရှိသော်။
အဿာသပဿာသေ၊ ထွက်သက်ဝင်သက်တို့ကို။
ပရိဂ္ဂဏှာတိ၊ သိမ်းဆည်း၏။
သော၊ ထိုပုဂ္ဂိုလ်ကို။
အဿာသပဿာသကမ္မိကောတိ၊ အဿာသပဿာသကမ္မိက ပုဂ္ဂိုလ်ဟူ၍။
ဝုတ္တာ၊ ဆိုအပ်၏။

ယော၊ အကြင်ပုဂ္ဂိုလ်သည်။
အရူပမုခေန၊ နာမ်ကိုအဦးမူသဖြင့်။
ဝိပဿနံ၊ ဝိပဿနာကို။
အဘိနိဝိသန္တော၊ နှလုံးသွင်းလိုသည်ရှိသော်။
ဈာနင်္ဂါနိ၊ ဈာန်အင်္ဂါတို့ကို။
ပရိဂ္ဂဏှာတိ၊ သိမ်းဆည်း၏။
သော၊ ထိုပုဂ္ဂိုလ်ကို။
ဈာနကမ္မိကောတိ၊ ဈာနကမ္မိကပုဂ္ဂိုလ်ဟူ၍။
ဝုတ္တာ၊ ဆိုအပ်၏၊

ဆရာကြီးတို့ကား ဤဥပစာရဘုံ၌နေသော ယောဂါဝစရပုဂ္ဂိုလ်သည် သမထယာနိက ကား ဟုတ်ခဲ့၏။ သို့သော်လည်း -

“သမထယာနိကေန တာဝ ဌပေတွာ နေဝသညာနာသညာယတနံ အဝသေသ- ရူပါရူပါဝစရဇ္ဈာနာနံ အညတရတော ဝုဋ္ဌာယ ဝိတက္ကာဒီနိ ဈာနင်္ဂါနိ၊ တံသမ္ပယုတ္တာ ဝ ဓမ္မာ လက္ခဏရသာဒိဝသေန ပရိဂ္ဂယေတဗ္ဗာ” -

ဈာနင်္ဂါနိဟူ၍ ဝိသေသ အဋ္ဌကထာဆရာကြီး ပြတော်မူသည် ဖြစ်၍ မိမိသန္တာန်၌ သိမ်းဆည်းအပ်သော ဈာန်အင်္ဂါ မရှိရကား သုဒ္ဓဝိပဿက ပုဂ္ဂိုလ်ကဲ့သို့ ရုပ်ကို ရှေ့သွားပြု၍ သိမ်းဆည်းပါမူ လျောက်ပတ်လိမ့်မည် ဟူသောမူကြမ်း -

သမထယာနိကေန၊ သမထယာနိက ပုဂ္ဂိုလ်သည်။
တာဝ၊ ရှေးဦးစွာ။
နေဝသညာနာသညာယတနံ၊ နေဝသညာနာသညာယတနဈာန်ကို။
ဌပေတွာ၊ ထား၍။
အဝသေသရူပါရူပါဝစရဇ္ဈာနာနံ၊ ကြွင်းသော ရူပါဝစရ အရူပါဝစရဈာန်တို့တွင်။
အညတရတော၊ တပါးပါးသောဈာန်မှ။
ဝုဋ္ဌာယ၊ ထ၍။
ဝိတက္ကာဒီနိ၊ ဝိတက် အစရှိကုန်သော။
ဈာနင်္ဂါနီ၊ ဈာနင်တို့ကို လည်းကောင်း။
တံသမ္ပယုတ္တာ၊ ထိုဈာန်နှင့် ယှဉ်ကုန်သော။
ဓမ္မာ စ၊ ဖဿစသော တရားတို့ကို လည်းကောင်း။
လက္ခဏရသာဒိဝသေန၊ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့်။
ပရိဂ္ဂဟေတဗ္ဗာ၊ ဉာဏ်ဖြင့်ပိုင်းခြား၍ မှတ်သားအပ်ကုန်၏။

ပဋိဘာဂနိမိတ်ကိုသိသော နာမ်တရားကစ၍ နာမ်ကို ရှေ့သွားပြုလျက် သိမ်းဆည်းခဲ့ ပါမူလည်း နောက်ကပြခဲ့သော “ဈာနေ ဈာနူပစာရေ ဝါ ပတိဋ္ဌာယ ဝိပဿနံ အနုယုဉ္ဇန္တဿေတံ နာမံ” ဟူသော ရှင်ဓမ္မပါလကြီး၏ အယူနှင့် ညီတန်ပေ၏ ဟူ၍လည်း ယူတော်မူကြ၏။

၂၀ - ဓမ္မတာနည်းဖြင့် ရူပပရိဂ္ဂဟကို ပြခြင်း

ထိုသို့ သိမ်းဆည်းခြင်း နှစ်ပါးတို့တွင် ရှေးဦးစွာ -

  1. ရုပ်ကို သိမ်းဆည်းခြင်း ရူပပရိဂ္ဂဟ၊ (ပြီးမှ)၊
  2. နာမ်ကို သိမ်းဆည်းခြင်း နာမပရိဂ္ဂဟ၊
  3. ထို ရုပ်နာမ် နှစ်ပါးတို့၏ ဖြစ်ကြောင်းကို သိမ်းဆည်းခြင်း ပစ္စယပရိဂ္ဂဟ၊
  4. အကြောင်း ငါးပါးနှင့်တကွဖြစ်သော ရုပ်နာမ် တရားနှစ်ပါးတို့၏ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ဟူသော အဓွန့်ကို သိမ်းဆည်းခြင်း အဒ္ဓါနပရိဂ္ဂဟ -

ဟူသော သိမ်းဆည်းခြင်း (၄) ပါးတို့ဖြင့် သိမ်းဆည်ပြီး၍ ရုပ်နာမ်နှစ်ပါး သင်္ခါရ တရားတို့၏ ဖြစ်ခြင်းဟု ဆိုအပ်သော သမုဒယ၊ ပျက်ခြင်းဟု ဆိုအပ်သော ဝယ၊ ဖြစ်ခြင်း ပျက်ခြင်းဟု ဆိုအပ်သော ဥဒယဝယတို့ကို ရှု၍ နေအပ်၏၊ နေရမည်၊ နေကြလေ။

ထိုလေးပါးသော သိမ်းဆည်းခြင်း တို့တွင်လည်း ရုပ်ကို သိမ်းဆည်းခြင်းသည် အာဂမသုတဖြင့် သိမ်းဆည်းခြင်း၊ အဓိဂမသုတဖြင့် သိမ်းဆည်းခြင်း ဟူ၍ နှစ်ပါး အပြားရှိ၏။

ထိုနှစ်ပါးတို့တွင် အကြင်သူသည် ဆရာကောင်းတို့၏ အထံ၌ (၂၈) ပါးသော ရုပ်တို့၏ ဥဒ္ဒေသ ဝိဘာဂ သမုဋ္ဌာန ကလာပ ပဝိတ္တိက္ကမတို့၌ လေ့လာ ကျွမ်းကျင်လှ သဖြင့် ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ် စသော နည်းတို့၌ နှုတ်သို့ တက်အောင်ပြုခြင်း ဥဂ္ဂဟ၊ ဆွေးနွေးမေးမြန်းခြင်း ပရိပုစ္ဆာ၊ ဆုံးဖြတ်နိုင်ခြင်း ဝိနိစ္ဆယ တို့နှင့် ပြည့်စုံလှ၌ ဤနေရာ၌ ရုပ်တရားသည် ဤ၍ ဤမျှ ရထိုက်၏ ဟု သုတမယဉာဏ်ဖြင့် သိမ်းဆည်းခြင်းသည် အာဂမသုတဖြင့် သိမ်းဆည်းခြင်း မည်၏။

အကြင်သူသည် ထိုအာဂမသုတနှင့် ပြည့်စုံလှသဖြင့် လည်းကောင်း၊ အာဂမသုတပင် မရှိပါသော်လည်း ဆရာကောင်းတို့၏ ဩဝါဒကို အလွန် ယုံကြည်လှသဖြင့် လည်းကောင်း ထိုဩဝါဒကို လိုက်၍ သမာဓိကို ထူထောင်ခြင်း အားကောင်းလှ သဖြင့် အာလောက သညာကြောင့် ယထာဘူတ အားရှိလှ၍ ရုပ်တရားတို့၏ ဖြစ်ပွားဟန်၊ ချုပ်ပျက်ဟန်ကို ပစ္စက္ခဉာဏ်ဖြင့် ဧကန်မြင်ရလျက် ဘာဝနာမယ ဉာဏ်ဖြင့် သိမ်းဆည်းခြင်းသည် အဓိဂမသုတဖြင့် သိမ်းဆည်းခြင်း မည်၏။

ယဿ ဟိ ခန္ဓဓာတုအာယတနသစ္စပစ္စယာကာရသတိပဋ္ဌာနာဒီသု ဥဂ္ဂဟပရိပုစ္ဆာ ဝိနိစ္ဆယရဟိတတ္တာ မညနာပဋိသေဓကော နေဝ အာဂမော၊ ပဋိပတ္တိယာ အဓိဂန္တဗ္ဗဿ အနဓိဂတတ္တာ နေဝ အဓိဂမော အတ္ထိ၊ သော အာဂမာဓိဂမာဘာဝါ ဉေယျော အသုတ ဝါ ဣတိ -
မ၊ဋ္ဌ၊၁၊၂၁

ဟူသော မူလပရိယာယသုတ် အဋ္ဌကထာ၏ ဗျတိရိက်ကို ထောက်။

ဟိ၊ ထင်စွာ ဆိုဦးအံ့။
ယဿ၊ အကြင်သူအား။
ခန္ဓဓာတုအာယတနသစ္စပစ္စယာကာရသတိပဋ္ဌာနာဒီသု၊ ခန္ဓာ ဓာတ် အာယတန သစ္စာ ပဋိစ္စသမုပ္ပါဒ် သတိပဋ္ဌာန် စသည်တို့၌။
ဥဂ္ဂဟပရိပုစ္ဆာဝိနိစ္ဆယရဟိတတ္တာ၊ သင်ခြင်း မေးမြန်းခြင်း ဆုံးဖြတ်ခြင်း ကင်းသည်၏ အဖြစ်ကြောင့်။
မညနာပဋိသေဓကော၊ မညနာ သုံးပါးကို တားမြစ်တော်သော။
အာဂမော၊ အာဂမသုတသည်။
နေဝ အတ္ထိ၊ မရှိခဲ့။
ပဋိပတ္တိယာ၊ ကျင့်ဝတ်ပဋိပတ်ဖြင့်။
အဓိဂန္တဗ္ဗဿ၊ ရအပ်ရောက်အပ်သော အဓိသီလ အဓိစိတ္တ အဓိပညာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို။
အနဓိဂတတ္တာ၊ မရအပ် မရောက်အပ်သေးသည်၏ အဖြစ်ကြောင့်။
အဓိဂမော၊ ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်သည်။
နေဝ အတ္ထိ၊ မရှိသော။
သော၊ ထိုသူကို။
အာဂမာဓိဂမာဘာဝါ၊ အာဂသုတ အဓိဂမသုတ မရှိသည်၏ အဖြစ်ကြောင့်။
အသုတဝါ ဣတိ၊ အန္ဓပုထုဇဉ်ပုဂ္ဂိုလ်ဟူ၍။
ဉေယျော၊ သိအပ်၏။

ထိုသို့ အာဂမသုတ ရှိ၍ပင် ဖြစ်စေ၊ အဓိဂမသုတ ရှိ၍ပင် ဖြစ်စေ၊ နှစ်ပါးလုံးနှင့် ပြည့်စုံ၍ဖြစ်စေ ရုပ်ကို သိမ်းဆည်း လိုလတ်သော် အဿာသ ပဿာသ ကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂါဝစရသည် အဿာသ ပဿာသ၏ ပဋိဘာဂကို လည်းကောင်း၊ ထိုအဿာသ၏ ပဋိဘာဂ၏ အာလောကကြောင့် ပစ္စက္ခဉာဏ်ဝ၌ ထင်မြင်လာရသော ဆယ် ရာ ထောင် သောင်း သိန်း သန်း ဂဏန်းသင်္ချေ မရေတွက်နိုင်လောက်အောင် များပြားလှစွာသော ဝတ္ထုရုပ်တို့ ကိုလည်းကောင်း၊ ပဿာသ ပဿာသ၏ ပဋိဘာဂကို လည်းကောင်း၊ ထို ပဿာသ၏ ပဋိဘာဂ၏ အာလောကကြောင့် ပစ္စက္ခုဉာဏ်ဝ၌ ထင်မြင်လာရသော ဆယ် ရာ ထောင် သောင်း သိန်း သန်း ဂဏန်းသင်္ချေ မရေမတွက်နိုင်လောက်အောင် များပြားလှစွာသော ဝတ္ထုရုပ် တို့ကိုလည်းကောင်း (ပေါင်းတတ်မူ သုံးခုသာ ရှိ၏)၊ “ဧဝံ ရူပံ၊ ဧဝံရူပံ” ဟူ၍ လည်းကောင်း၊ “ရုပ် ရုပ်”ဟူ၍ လည်းကောင်း သိမ်းဆည်းအပ်၏။

တတ္ထ အဿာသပဿာသကမ္မိကော ဣမေ အဿာသပဿာသာ ကိံ နိဿိတာ၊ ဝတ္ထုံ နိဿိတာ၊ ဝတ္ထုနာမ ကရဇကာယော၊ ကရဇကာယော နာမ စတ္တာရိ မဟာ ဘူတာနိ ဥပါဒါရူပဉ္စာတိ ဧဝံ ရူပံ ပရိဂ္ဂဏှာတိ။
မ၊ဋ္ဌ၊၁၊၂၅၄

တတ္ထ၊ ထိုနှစ်ပါးတို့တွင်။
အဿာသပဿာသကမ္မိကော၊ အဿာသ ပဿာသ ကမ္မဋ္ဌာန်းကို စီးဖြန်းသော ပုဂ္ဂိုလ်သည်။
ဣမေ အဿာသပဿာသာ၊ ဤ ထွက်သက် ဝင်သက် တို့သည်။
(ဝါ) ဤထွက်သက်ဝင်သက် တို့၏ ပဋိဘာဂနိမိတ်တို့သည်။
ကိံ နိဿိတာ၊ အဘယ်ကိုမှီ၍ ဖြစ်ကုန်သနည်း။
ဝတ္ထုံ နိဿိတာ၊ ဝတ္ထုကိုမှီ၍ ဖြစ်ကုန်၏။
ဝတ္ထုနာမ၊ ဝတ္ထုမည်သည်ကား။
ကရဇကာယော၊ ကရဇကာယတည်း။
ကရဇကာယော နာမ၊ ကရဇကာယ မည်သည်။
ဧတ္တာရိ၊ လေးပါးကုန်သော။
မဟာဘူတာနိ စ၊ မဟာဘုတ်တို့ လည်းကောင်း။
ဥပါဒါရူပဉ္စ၊ ဥပါဒါရုပ်လည်းကောင်း။
ဣတိ ဧဝံ၊ ဤသို့။
ရူပံ၊ ရုပ်ကို။
ပရိဂ္ဂဏှာတိ၊ သိမ်းဆည်း၏။

ဤစကားရပ်၌ အဿာသ ပဿာသ၏ ပဋိဘာဂ နိမိတ်ကိုလည်းကောင်း ဆိုရာ၌ -

“အဿာသပဿာသေ နိဿာယ ဥပ္ပန္နနိမိတ္တမ္ပေတ္ထ အဿာသပဿာသ-သာမညမေဝ ဝုတ္တံ”
ဝိသုဒ္ဓိ၊ဋီ၊၁၊၃၁၉

ဟူသော မဟာဋီကာကို ထောက်၍ နိမိတ်သည် ရုပ်ပင် မဟုတ်ပါသော်လည်း အကြောင်း၏ အမည်ကို အကျိုး၌ တင်စား၍ အကျိုးဖြစ်သော ပဋိဘာဂနိမိတ်ကို ရုပ်ဟူ၍ မှတ်ရမည်။

(အနက်ကို နောက်ကရေးခဲ့ပြီ။)

အာလောကကြောင့်ဖြစ်သော ဟူရာ၌ ဤအာလောကသညာဟူသည် လူသာမန် တို့၌ မဖြစ်၊ ပဋိဘာဂနိမိတ်ကို ရရှိ၍ ဥပစာရသမာဓိသို့ ရောက်မှ ထင်စွာ ဖြစ်လာရမြဲတည်း။

အာလောကသညာ ဥပစာရပတ္တာ ဝါ အပ္ပနာပတ္တာ ဝါ ယောယောစိ ကသိဏဇ္ဈာနာဒိဘေဒေါ သမထော။
အံ၊ဋီ၊၃၊၅၈-၅၉။

အာလောကသညန္တိ ဝိဘူတံ ကတွာ မနသိကရဏေန ဥပဋ္ဌိတအာလောကသဉ္ဇနနံ။
အံ၊ဋီ၊၂၊၂၇၄

ဥပစာရပတ္တာဝါ၊ ဥပစာရသို့ ရောက်သည်လည်း ဖြစ်သော။
အပ္ပနာပတ္တာဝါ၊ အပ္ပနာသို့ ရောက်သည်လည်း ဖြဂ်သော။
အာလောကသညာ၊ အာလောကသညာသည်။
ကသိဏဇ္ဈာနာဒိဘေဒေါ၊ ကသိုဏ်းဈာန် အစရှိသည် အပြားရှိသော။
သမထော၊ သမထ နှင့်ပြည့်စုံသော။
ယောကောစိ၊ အမှတ်မရှိ တစ်ယောက်ယောက်သော သူပင်တည်း။

အာလောကသညန္တိ၊ အာလောကသညံ ဟူသည်ကား။
ဝိဘူတံ၊ အထူးသဖြင့် ထင်ရှားသည်ကို။
ကတွာ၊ ပြု၍။
မနသိကရဏေန၊ နှလုံးသွင်းခြင်းကို ပြုခြင်းကြောင့်။
ဥပဋ္ဌိတအာလောက သဉ္ဇနနံ၊ ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ ထင်မြင်လာရသော ပဋိဘာဂ၏ အရောင် ဖြစ်ခြင်းပင်တည်း။

၂၁ - ပစ္စက္ခဉာဏ် အနုလောမဉာဏ်ကို ပြခြင်း

ပစ္စက္ခဉာဏ်ဝ၌ ထင်မြင်လာရ၏ဟူရာ၌ ဉာဏ်သည် -

(၁) အနုမာနဉာဏ်၊
(၂) ပစ္စက္ခဉာဏ် ဟူ၍ နှစ်ပါးအပြားရှိ၏။

ထိုနှစ်ပါးသော ဉာဏ်သည်လည်း -

(၁) အန္ဓပုထုဇဉ်ပုဂ္ဂိုလ်တို့၏ အနုမာနဉာဏ် ပစ္စက္ခဉာဏ်ဟူ၍ နှစ်ပါး၊
(၂) ကလျာဏပုထုဇဉ် ပုဂ္ဂိုလ်တို့၏ အနုမာနဉာဏ်, ပစ္စက္ခဉာဏ်ဟူ၍နှစ်ပါး၊
(၃) သေက္ခပုဂ္ဂိုလ်တို့၏ အနုမာနဉာဏ် ပစ္စက္ခဉာဏ်ဟူ၍ နှစ်ပါး၊
(၄) အသေက္ခပုဂ္ဂိုလ်တို့၏ ပစ္စက္ခဉာဏ် ဟူ၍ တစ်ပါး -

ဤသို့ အပေါင်းအားဖြင့် လေးပါး၊ အစိတ်အားဖြင့် ခုနှစ်ပါး ရထိုက်၏။

ထိုခုနစ်ပါးတို့တွင် အန္ဓပုထုဇဉ်တို့ကား ခန္ဓာဟူသည် အဘယ်တရားနည်း၊ အဘယ်ကို ခန္ဓာဆိုသနည်း၊ ခန္ဓာတို့၏ဖြစ်မှုကား အဘယ်သို့ နေရှာဘိသနည်း၊ ခန္ဓာတို့၏ ပျက်မှုကား အဘယ်သို့ နေရှာဘိသနည်း၊ အနိစ္စ စသော ဝိပဿနာဉာဏ် ဆိုသည် ဤတရားလေလော၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုသည် မည်ကဲ့သို့ နေရှာဘိ သနည်း စသည်ဖြင့် တွေးတောမှန်းဆ ရသော ဉာဏ်သည် အန္ဓပုထုဇဉ်ပုဂ္ဂိုလ်တို့၏ အနုမာနဉာဏ် မည်၏။ အာယတနဟူသည် ဓာတ်ဟူသည် ပဋိစ္စသမုပ္ပါဒ်ဟူသည် သတိပဋ္ဌာန် ဟူသည် ဝိပဿနဟူသည် စသည် ဖြင့် နည်းတူ ပွားကြလေ။

ရူပါရုံ ကိုမြင်ခဲ့သော် နှစ်သက်အပ်သည်ဖြစ်အံ့ လှလေခြင်း၊ မနှစ်သက်အပ်သည် ဖြစ်အံ့ မလှလေခြင်း စသည်ဖြင့် သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဗောဋ္ဌဗ္ဗာရုံ ဓမ္မာရုံဟု ဆိုအပ်သော ဤအာရုံ ခြောက်ပါးတို့နှင့် တွေ့ကြုံသော အခါကာလတို့၌ နှစ်သက်ခြင်း၊ မနှစ်သက်ခြင်းကို အားကြီးလှ၍ လောကဓမ္မတာ တံထွာအလိုက် စရိုက်နှင့်လျော်စွာ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ ယထာဘူတ အစစ်ကား မဟုတ်၊ ပညတ္တိမတ္တမျှသာ ဖြစ်ကြသော ဉာဏ်သည် အန္ဓပုထုဇဉ် ပုဂ္ဂိုလ်တို့၏ ပစ္စက္ခဉာဏ် မည်၏။ ကလျာဏ ပုထုဇဉ် စသည်တို့ကဲ့သို့ အနိစ္စစစ် ဒုက္ခစစ် စသည်ကို မမြင်ရရှာသေး ဟူလို။

တေသု ဉာဏေန အဒဿာဝီ ဣဓ အဓိပ္ပေတော၊ မံသ စက္ခုနာ ဟိ ဒိဗ္ဗစက္ခုနာ ဝါ အရိယာ ဒိဋ္ဌာပိ အဒိဋ္ဌာဝ ဟောန္တိ၊ တေသံ စက္ခူနံ ဝဏ္ဏမတ္တဂ္ဂဟဏတော။

မ၊ဋ္ဌ၊၁၊၂၂

တေသု၊ ထိုအရိယာကို မြင်သောသူ မမြင်သောသူတို့တွင်။ ဉာဏေန၊ ဝိပဿနာဉာဏ်ဖြင့်။ အဒဿာဝီ၊ အနိစ္စစသည်ကို မမြင်ခြင်းရှိသောသူကို။ ဣဓ၊ ဤအရိယာနံ အဒဿာဝီဟူသော ပုဒ်၌။ (ဝါ) အန္ဓပုထုဇဉ်အရာ၌။ အဓိပ္ပေတော၊ အလိုရှိအပ်၏။

ဟိ၊ ထိုစကားကို ထင်စေအံ့။ မံသစက္ခုနာ ဝါ၊ မံသစက္ခုဖြင့် လည်းကောင်း။ ဒိဗ္ဗစက္ခုနာ ဝါ၊ ဒိဗ္ဗစက္ခုဖြင့် လည်းကောင်း။ အရိယာ၊ ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့ကို။ ဒိဋ္ဌာပိ၊ မြင်ပါကုန်သော်လည်း။ အဒိဋ္ဌာဝ၊ မမြင်ကုန်သည်လျှင်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ကသ္မာ၊ အဘယ့်ကြောင့်နည်းဟူကား။ တေသံစက္ခူနံ၊ ထို မံသစက္ခု, ဒိဗ္ဗစက္ခုတို့၏။ ဝဏ္ဏမတ္တက္ခဏတော၊ အဆင်းကို ယူရုံကာ မတ္တမျှ ဖြစ်သောကြောင့်တည်း။

(အန္ဓပုထုဇဉ်ဖို့။)

ကလျာဏ ပုထုဇဉ် ပုဂ္ဂိုလ်တို့ကား - သောတာပတ္တိ မဂ်ဉာဏ်ဟူသည် အဘယ် ကဲ့သို့နည်း၊ အဘယ်ကဲ့သို့သော ဉာဏ်သည် သောတာပတ္တိ မဂ်ဉာဏ် မည်သနည်း၊ သောတာပတ္တိ ဖိုလ်ဉာဏ် ဟူသည် အဘယ်ကဲ့သို့နည်း၊ အဘယ်ကဲ့သို့သော ဉာဏ်သည် သောတာပတ္တိဖိုလ်ဉာဏ် မည်သနည်း၊ အဘယ်ကဲ့သို့သော ဉာဏ်သည် သောတာပတ္တိမဂ်၏ ပစ္စဝေက္ခဏာ မည်သနည်း စသည်ဖြင့် တွေးမှန်းဆရသော ဉာဏ်သည် ကလျာဏ ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ အနုမာနဉာဏ် မည်၏။

ခန္ဓာ - အာယတန - ဓာတ် - သစ္စာ - ပဋိစ္စသမုပ္ပါဒ် စသည့်တို့၌ လိမ္မာလှ၍ လည်းကောင်း၊ ခန္ဓာ စသည်ကို၌ မလိမ္မာသော်လည်း ဆရာကောင်းတို့၏ ဩဝါဒ၌တည်၍ ရုပ် နာမ် ခန္ဓာတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို မျက်ဝါးဆတ်ဆတ် တပ်တပ် ထင်ထင် လက်ပေါ်၌ တင်ထားအပ်သော မီးတောက်တို့၏ ငြိမ်းခြင်းကို မြင်ရသကဲ့သို့ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာတို့ကို မုချရခြင်းသည် ကလျာဏပုထုဇဉ် ပုဂ္ဂိုလ်တို့၏ ပစ္စက္ခဉာဏ် မည်၏။

တသ္မာ စက္ခုနာ ပဿန္တောပိ ဉာဏေန အရိယေဟိ ဒိဋ္ဌံ အနိစ္စာဒိလက္ခဏံ အပဿန္တော အရိယာဓိဂတဉ္စ ဓမ္မံ အနဓိဂစ္ဆန္တော အရိယကရဓမ္မာနံ အရိယဘာဝဿ စ အဒိဋ္ဌတ္တာ “အရိယာနံ အဒဿာဝီ” တိ ဝေဒိတဗ္ဗော -

မ၊ဋ္ဌ၊၁၊၂၃

ဟူသော မူလပရိယာယသုတ် အဋ္ဌကထာ၏ ဗျတိရိက် သဘောကိုထောက်။

တသ္မာ၊ ထို့ကြောင့်။ စက္ခုနာ၊ မံသစက္ခုဖြင့်။ ပဿန္တောပိ၊ မြင်ပါငြားသော်လည်း။ ဉာဏေန၊ ဝိပဿနာဉာဏ်ဖြင့်။ အရိယေဟိ၊ အရိယာပုဂ္ဂိုလ် တို့သည်။ ဒိဋ္ဌံ၊ မြင်တော်မူအပ်သော။ အနိစ္စာဒိလက္ခဏံ၊ အနိစ္စ အစရှိသော လက္ခဏာကို။ အပဿန္တော စ၊ မမြင်သောသူကို လည်းကောင်း။ (ဝေဒိတဗ္ဗော၌စပ်)၊ (အန္ဓကို ရည်၊ မြင်မူ ကလျာဏကို ရည်)၊ အရိယာဓိဂတံ၊ အရိယာတို့သည် ရအပ်သော။ ဓမ္မဉ္စ၊ ဝိပဿနာတရားကိုလည်း။ အနဓိဂစ္ဆန္တော စ၊ မရသောသူကို လည်းကောင်း။ (အန္ဓကို ရည်၊ ရမူ ကလျာဏကို ရည်)။ အရိယကရဓမ္မာနံ၊ အရိယာတို့သည် ပြုတော်မူအပ်သော ဝိပဿနာတရား အပေါင်းတို့ကို။ အကရောန္တော စ၊ မပြုသော သူကိုလည်ကောင်း။ (မုချငဲ့၊ ထည့်) (အန္ဓကို ရည်၊ ပြုမူ ကလျာဏကို ရည်)။ အရိယဘာဝဿ စ၊ မြတ်သော ဝိပဿနာဉာဏ်၏ အဖြစ်ကိုလည်း။ အဒိဋ္ဌတ္တာ၊ ဒိဋ္ဌမမြင်သည်အဖြစ်ကြောင့်။ (အန္ဓကို ရည်၊ ဒိဋ္ဌမြင်လျှင် ကလျာဏကို ရည်)။ အရိယာနံ အဒဿာဝီတိ၊ အရိယာနံအဒဿာဝီ ဟူ၍။ ဝေဒိတဗ္ဗော၊ သိအပ်၏။ (အန္ဓကို ရည်၊ အရိယာနံဒဿာဝီတိ - ပြန်လိုက်မူ ကလျာဏ ထွက်၏)။

(ကလျာဏဘို့။)

သေက္ခပုဂ္ဂိုလ်တို့ကား အထက်အထက်ဖြစ်သော မဂ်ဉာဏ်သည် အဘယ်ကဲ့သို့နည်း၊ အဘယ်ကဲ့သို့သော ဉာဏ်သည် အထက်အထက် မဂ်ဉာဏ်မည်သနည်း။ အထက် အထက် ဖြစ်သော ဖိုလ်ဉာဏ်သည် အဘယ်ကဲ့သို့နည်း၊ အဘယ်ကဲ့သို့သော ဉာဏ်သည် အထက်အထက် ဖိုလ်ဉာဏ် မည်သနည်း စသည်ဖြင့် တွေးတော မှန်းဆအပ်သော ဉာဏ်သည် သေက္ခပုဂ္ဂိုလ်တို့၏ အနုမာနဉာဏ် မည်၏။

ခန္ဓာ-အာယတန-ဓာတ်-သစ္စာ-ပဋိစ္စသမုပ္ပါဒ် စသည်တို့၌ လိမ္မာလှ၍ လည်းကောင်း၊ ခန္ဓာ စသည်တို့၌ မလိမ္မာသော်လည်း ဆရာကောင်းတို့၏ ဩဝါး၌ တည်၍ ရုပ်နာမ် ခန္ဓာတို့၏ ဖြစ်ခြင်း ပျက်ခြင်းတို့ကို မျက်ဝါး ဆတ်ဆတ် တပ်တပ် ထင်ထင် လက်ပေါ်၌ တင်ထားအပ်သော မီးတောက် တို့၏ ငြိမ်းခြင်းကို မြင်ရသကဲ့သို့ အနိစ္စ-ဒုက္ခ-အနတ္တလက္ခဏာတို့ကို မုချမြင်ရခြင်းသည် လည်းကောင်း၊ မိမိရပြီးသော အောက်အောက် ဖြစ်သော မဂ်ဉာဏ်သည် ဤကဲ့သို့တည်း။

ဤကဲ့သို့သော ဉာဏ်သည် မိမိရပြီးသော အောက်ဘက်ဖြစ်သော မင်ဉာဏ်မည်၏။ မိမိ ရပြီးသော အောက်အောက်ဖြစ်သော ဖိုလ်ဉာဏ်သည် ဤကဲ့သို့တည်း၊ ဤကဲ့သို့သော ဉာဏ်သည် မိမိရပြီးသော အောက်အောက်ဖြစ်သော ဖိုလ်ဉာဏ် မည်၏ စသည်ဖြင့် လက်ပေါ်၌ တင်ထပ်သော ပတ္တမြား ကျောက်မျက်ရွဲကို မြင်ရသကဲ့သို ဧကန်မုချ ဒိဋ္ဌထင်ထင် မိမိရသော မဂ်ကို မြင်ရသော ဉာဏ်သည်လည်းကောင်း သေက္ခပုဂ္ဂိုလ်တို့၏ ပစ္စက္ခဉာဏ် မည်၏။

နိဗ္ဗာနံ ပန အနာသဝဘာဝေန တေဘူမက ဝဋ္ဋသင်္ခါတဿ လောကဿ ဥတ္တရဏတော အတိက္ကမနတော လောကုတ္တရန္တိ သင်္ခါတေန စ စတုဗ္ဗိဓအရိယမဂ္ဂေန သဟဇာတ-ဉာဏေန သစ္ဆိကာတဗ္ဗံ ဣမိနာ အရိယပုဂ္ဂလသင်္ခါတာနံ ယောဂီနံ အရိယေန ဉာဏစက္ခုနာ ပဿိတဗ္ဗတော နိဗ္ဗာနဿ ပစ္စက္ခသိဒ္ဓတာ ဒဿိတာ ဟောတိ၊ စတုန္နံ အရိယမဂ္ဂါနံ စတုန္နံ ဖလာနဉ္စ အာရမ္မဏ ပစ္စယဘူတံ ဣမိနာ ကလျာဏပုထုဇ္ဇနာနံ နိဗ္ဗာနဿ အနုမာန သိဒ္ဓတာ ဒဿိတာ ဟောတိ။

(သင်္ဂြိုဟ်ဋီကာဟောင်း-၃၇၅)။ ဋီကာကျော်လည်း သဘောတူပင် ဖွင့်သေး၏။

အနာသဝဘာဝေန၊ အာသဝေါ မရှိသည်၏ အပြစ်ဖြင့်။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို (ပန-ကား နိပါတ်)။ တေဘူမက ဝဋ္ဋသင်္ခါတဿ၊ တေဘူမကဝဋ်ဟု ဆိုအပ်သော။ လောကဿ၊ လောကမှ။ ဥတ္တရဏတော အတိက္ကမနတော၊ ထွက်မြောက်တတ်သည်၏ အဖြစ်ကြောင့်။ လောကုတ္တရန္တိ သင်္ခါတေန၊ လောကုတ္တရာ ဆိုအပ်သော။ စတုဗ္ဗိဓအရိယမဂ္ဂေန၊ လေးပါးသော မဂ်ဉာဏ်နှင့်။ သဟဇာတဉာဏေန၊ သဟဇာတဖြစ်သောဉာဏ်ဖြင့် (ဝါ) သဟဇာတ်ဖြစ်သော ဉာဏ်သည်။ သစ္ဆိကာတဗ္ဗံ၊ မျက်မှောက်ပြုအပ်သော။ ဣမိနာ၊ “လောကုတ္တရသင်္ခါတေန စတုမဂ္ဂ ဉာဏေန သစ္ဆိကာတဗ္ဗံ” ဟူသော ဤ ဝိသေသနဖြင့်။ အရိယပုဂ္ဂလသင်္ခါတာနံ၊ အရိယာပုဂ္ဂိုလ်ဟု ဆိုအပ်ကုန်သော။ ယောဂီနံ၊ ယောဂီပုဂ္ဂိုလ်တို့အား။ အရိယေန၊ မြတ်သော (ဝါ) အရိယမဂ်နှင့် ယှဉ်သော။ ဉာဏစက္ခုနာ၊ ဉာဏ်တည်းဟူသော မျက်စိဖြင့်။ ပဿိတဗ္ဗတော၊ မြင်အပ်သည်၏ အဖြစ်ကြောင့်။ နိဗ္ဗာနဿ၊ နိဗ္ဗာန်၏။ ပစ္စက္ခသိဒ္ဓတာ၊ မျက်မှောက်အားဖြင့် ထင်ရှားသည်၏ အဖြစ်ကို။ ဒဿိတာ၊ ပြတော်မူအပ်သည်။ ဟောတိ၊ ဖြစ်၏။ စတုန္နံ၊ လေးပါးကုန်သော။ အရိယမဂ္ဂါနဉ္စ၊ အရိယမဂ်တို့၏ လည်းကောင်း။ စတုန္နံ၊ လေးပါးကုန်သော။ ဖလာနဉ္စ၊ ဖိုလ်တို့၏လည်းကောင်း။ အာရမ္မဏပစ္စယဘူတံ၊ အာရမ္မဏ ပစ္စည်းဖြစ်၍ ဖြစ်သော။ နိဗ္ဗာနဿ၊ နိဗ္ဗာန်ကို။ ဣမိနာ၊ “မဂ္ဂဖလာန မာလမ္ဗဏဘူတံ” ဟူသော နောက်ဝိသေသနဖြင့်။ ကလျာဏပုထုဇ္ဇနာနံ၊ ကလျာဏ ပုထုဇဉ်တို့အား။ အနုမာနသိဒ္ဓတာ၊ ရော်ရမ်းထောက်ဆ၍ သိသောအားဖြင့် ထင်ရှားသည်၏အဖြစ်ကို။ ဒဿသိတာ၊ ပြတော်မူအပ်သည်။ ဟောတိ၊ ဖြစ်၏။

(သေက္ခဖို့။)

အသေက္ခ ပုဂ္ဂိုလ်၏ကား အနုမာနဉာဏ် မရှိ။

အဘယ်ကြောင့်နည်း- မိမိတို့၏ ပြုဖွယ်ကိစ္စကို ပြုပြီးပြီ ဖြစ်သောကြောင့်တည်း။

ပစ္စက္ခဉာဏ်မှာမူ မိမိရအပ်သော အရဟတ္တမဂ်ဉာဏ် အရဟတ္တဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ်တို့၏ သဘောတို့ကား ဤ၍တည်းဟု ဧကန်မုချ ဒိဋ္ဌမြင်ရခြင်း သည်ပင် ပစ္စက္ခဉာဏ် မည်၏။

နိဗ္ဗာနသစ္ဆိကိရိယာ နာမ ဣဓ အရဟတ္တဖလံ အဓိပ္ပေတံ၊ တမ္ပိ ဟိ ပဉ္စဂတိဝါနေန ဝါနသညိတာယ တဏှာယ နိက္ခန္တတ္တာ နိဗ္ဗာနန္တိ ဝုစ္စတိ၊ တဿ ပတ္တိ ဝါ ပစ္စက္ခနာ ဝါ သစ္ဆိကိရိယာတိ။

ခုဒ္ဒကပါဌ်၊၁၊၁၂၈။

နိဗ္ဗာနသစ္ဆိကိရိယာ နာမ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း မည်သည်ကား။ ဣဓ၊ ဤမင်္ဂလသုဏ်၌။ အရဟတ္တဖလံ၊ အရဟတ္တဖိုလ်ကို။ အဓိပ္ပေတံ၊ အလိုအပ်၏။ ဟိ၊ ထင်စေအံ့။ တမ္ပိ၊ ထိုအရဟတ္တဖိုလ်ကိုလည်း။ ပဉ္စဂတိဝါနေန၊ ငါးပါးသော ဂတိကို ချုပ်စပ်တတ်သဖြင့်။ ဝါနသညိတာယ၊ ဝါနဟု ဆိုအပ်သော။ တဏှာယ၊ တဏှာမှ။ နိက္ခန္တတ္တာ၊ ထွက်မြောက်တတ်သည်၏ အဖြစ်ကြောင့်။ နိဗ္ဗာနန္တိ၊ နိဗ္ဗန်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ကဿ၊ ထိုနိဗ္ဗာန်ကို။ ပတ္တိ ဝါ၊ ရောက်ခြင်းကို လည်းကောင်း။ ပစ္စက္ခနာဝါ၊ မျက်မှောက်ပြုခြင်းကို လည်းကောင်း။ သစ္ဆိကိရိယာတိ၊ သစ္ဆိကိရိယာ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

(အသေက္ခဖို့။)

၂၂ - ရုပ်နာမ်တို့၏ ပျက်ခြင်း အာကာရကို ပြခြင်း

ပစ္စက္ခဉာဏ်ဝ၌ ထင်မြင်လာရသော ဝတ္ထုရုပ်တို့ကို ဟူရာ၌ ထို စတုတ္ထနည်းကို သိမ်းလိုက်ပြီးသော ယောဂါဝစရအား မိမိ၏ ပဋိဘာဂ အာလောက သညာအတွင်း၌ အရှိန်မစဲ တသဲသဲဖြစ်ပေါ်၍ ထင်မြင်လာရသော သဘောတရား တို့ကား ဝတ္ထရုပ်တို့ကို ပဋိဘာဂ၏ အာလောကကြောင့် မြင်ကုန်၏ဟူလို။

ကာယာဒယော ဓမ္မာ သမုဒယဓမ္မာ ၊ တေ ပဿန္တော “သမုဒယ ဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတီ”တိ ဝုစ္စတိ။

ဒီ၊ဋ္ဌ၊၂၊၃၅၆

ကာယာဒယော၊ ကာယအစရှိကုန်သော။ (ဝါ) အဿာသ ပဿာသဝတ္ထုရုပ်ဟု ဆိုအပ်ကုန်သော။ ဓမ္မာ၊ သဘောတရားတို့သည်။ သမုဒယဓမ္မာ၊ ဖြစ်တတ်သော သဘောတရားတို့ မည်ကုန်၏။ တေ၊ ထိုဝတ္ထုရုပ် အဿာသ ပဿာသ၏ ပဋိဘာဂတို့ကို။ [အဿာသ ပဿာသ ဟူရာ၌ ပဋိဘာဂကို ကောက်ရကြောင်း နောက်က ရေးခဲ့လှပြီ။] ပဿန္တော၊ ရှုသောပုဂ္ဂိုလ်ကို။ ကာယသ္မိံ၊ ဝတ္ထုရုပ် ထွက်သက်၏ ပဋိဘာဂ, ဝင်သက်၏ ပဋိဘာဂ အပေါင်း၌။ သမုဒယ ဓမ္မာနုပဿီ ဝါ၊ ဖြစ်ခြင်း သဘောကို အဖန်တလဲလဲ ရှုလေ့ရှိသည် ဖြစ်၍။ ဝိဟရတိ၊ နေ၏။ ဣတိ၊ ဤသို့။ ဝုစ္စတိ၊ ဆိုအပ်၏။

တေ - ဟု သာမညသဗ္ဗနာမ် ဆိုရုံမျှဖြင့် အဘယ့်ကြေ၁င့် ဝတ္ထုရုပ် စသည်ကို ဆိုနိုင်ဘိ သနည်း၊ “တေတိ ကရဇကာယာဒိကေ”ဟု ဖွင့်သောကြောင့် ဆို၏။

တေတိ၊ တေ ဟူသည်ကား။ ကရဇကာယာဒိကေ၊ ကရဇကာယ စသည်တို့ကို။

ဒီ၊ဋီ၊၂၊၃၀၁

ကရဇကာယလည်း ဝတ္ထု၊ ဝတ္ထုလည်း ကရဇကာယ မည်၏။ ထို့ကြောင့်- “ဝတ္ထု နာမ ကရဇကာယော စိတ္တစေတသိကာနံ ပဝတ္တိဋ္ဌာနဘာဝတော”ဟု ၎င်းတို့ ဋီကာကြီးတို့ မိန့်၏။ ဒီ၊ဋီ၊၂၊၃၀၁

ဝတ္ထုနာမ၊ ဝတ္ထုရုပ်မည်သည်။ ကရဇကာယော၊ ကရဇကာယတည်း။ စိတ္တစေတသိကာနံ၊ စိတ် စေတသိက်တို့၏။ ပဝတ္တိဋ္ဌာနဘာဝတော၊ ဖြစ်ရာအရပ်၏ အဖြစ်ကြောင့်တည်း။

ဝတ္ထုရုပ်ဟု ဆိုအပ်သော အရှိန်မစဲ တသဲသဲ ဖြစ်ပေါ်၍ နေလာသော ဤ ကရဇကာယသည်ကား အဿာသ အဿာသ၏ ပဋိဘာဂနှင့်စပ်ရမြဲ။ ပဿာသ ပဿာသ၏ ပဋိဘာဂနှင့် စပ်ရမြဲ ဓမ္မပေတည်း။

ထို့အတူ အဿာသ-အဿာသ၏ ပဋိဘာဂ၊ ပဿာသ-ပဿာသ၏ ပဋိဘာဂသည် လည်း ဝတ္ထုရုပ်ဟု ဆိုအပ်သော အရှိန်မစဲ အသဲသဲ ဖြစ်ပေါ်၍ နေလေသော ကရဇကာယနှင့် စပ်ရမြဲ ဓမ္မတာပေတည်း။ အဘယ့်ကြောင့်နည်းဟူမူ ပဋိဘာဂ နိမိတ်၏ ထင်ခြင်းကြောင့်တည်း (ဝါ) ပဋိဘာဂနိမိတ်၏ အာလောကကြောင့်တည်း။

ယထာ အဿာသပဿာသကာယော ကရဇကာယသမ္ဗန္ဓိ တံ နိမိတ္တတာယ၊ ဧဝံ ကရဇကာယာဒယောပိ အဿာသပဿာသသမ္ဗန္ဓိနော တံ နိမိတ္တဘာဝေန။

ဒီ၊ဋီ၊၂၊၃၀၁

အဿာသပဿာသကာယော၊ အဿာသပဿာသကာယသည်။ တံ နိမိတ္တတာယ၊ ထိုအဿာသပဿာသကာယ၏ အကြောင်းရင်း၏အဖြစ်ကြောင့်။ ကရဇကာယသမ္ဗန္ဓိ၊ ကရဇာကာယ စသည်တို့နှင့် ဆက်စပ်မှု ရှိသည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ ကရဇကာယာဒယောပိ၊ ကရဇကာယ စသည်တို့သည်လည်း။ တံ နိမိတ္တဘာဝေန၊ ထိုအဿာသ ပဿာသကာယ၏ အကြောင်း၏ အဖြစ်ကြောင့်။ အဿာသပဿာသသမ္ဗန္ဓိနော၊ အဿာသ ပဿာသကာယနှင့် ဆက်စပ်မှု ရှိကြကုန်၏။

၂၃ - ရုပ်ခန္ဓာ နာမ်ခန္ဓာတို့၏ များခြင်းအကြောင်း

ဝတ္ထုရုပ်ကို မြင်ရ၏ဆိုသော် ဝတ္ထုရုပ်တစ်ခုကိုသာ မြင်ရမြဲ မဟုတ်လော၊ အဘယ့်ကြောင့် ဆယ် ရာ ထောင် သောင်း သိန်း သန်း ဂဏန်း သင်္ချေ မရေတွက်နိုင် လောက်အောင် များပြားလှစွာသော ဟူသော ဝိသေသနကို ဆိုဘိသနည်း။

ဤဝတ္ထုရုပ်မည်သည် နာမ်ခန္ဓာတို့၏ မှီရာတည်း၊ ထိုနာမ်ခန္ဓာတို့သည်လည်း မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက် ကာလအတွင်းတစ်ခု၌ ကုဋေ အသိန်းမကဖြစ်၍ ချုပ်ကုန်၏။ ထိုနာမ်ခန္ဓာမှီသော ဝတ္ထုရုပ်၊ ရုပ်ခန္ဓာတို့သည်လည်း ကုဋေငါးထောင် မက ဖြစ်၍ ချုပ်ကုန်၏၊

နာမ်ခန္ဓာ (၁,ဝဝဝ,ဝဝဝ,ဝဝဝ,ဝဝဝ) ကုဋေတစ်သိန်း ချုပ်ခဲ့လျှင် ရုပ်ခန္ဓာ (၅၈,၈၂၃,၅၂၉,၄၁၁) ငါးထောင် ရှစ်ရာ ရှစ်ဆယ် နှစ်ကုဋေ သုံးသန်း, ငါးသိန်း နှစ်သောင်း ကိုးထောင် လေးရာ တစ်ဆယ် တစ်ခုလောက် ချုပ်ရရှာပြန်၏။ ထို နာမ်ခန္ဓာများတိုင်း များတိုင်း ရုပ်ခန္ဓာများလှ၍ မရေမတွက်နိုင်လောက်အောင်ဖြစ်၍ ဖြစ်၍ ပျက်သည်ကို မြင်ရ၏။

ဧကစ္ဆရက္ခဏေ ကောဋိသတသဟဿသင်္ချာ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ။

အဘိ၊ဋ္ဌ၊၂၊၃၁

ဧကစ္ဆရက္ခဏေ၊ လက်ဖျစ်တစ်တွက်ခဏ၌။ ကောဋိသတသဟဿ သင်္ချာ၊ ကုဋေတစ်သိန်း အရေအတွက်ရှိသော။ (ဝါ) ဆယ် ရာ ထောင် သောင်း သိန်း သန်း ဂဏန်းသင်္ချေ မရေတွက်နိုင်သဖြင့် များစွာဖြစ်ခြင်း ရှိသော။

[“ကောဋိသတသဟဿသင်္ချာတိ ဣဒံ န ဂဏန ပရိစ္ဆေဒဒဿနံ၊ ဗဟုဘာဝ ဒဿနမေဝ ပနေတံ ဒဋ္ဌဗ္ဗံ” ဟူသော (မူလဋီ၊၂၊၂၇) ကိုထောက်။]

ဝေဒနာ၊ ဝေဒနာသည်။ (ဝါ) ဝေဒနာ, သညာ, သင်္ခါရ ဝိညာဉ်သည်။ ဥပ္ပဇ္ဇိတွာ၊ ဖြစ်ပြီး၍။ နိရုဇ္ဈတိ၊ ချုပ်၏။ [အဋ္ဌကထာအနက်။]

ကောဋိသတသဟဿသင်္ချာတိဣဒံ၊ ဟူသော ဤပုဒ်သည်။ ဂဏနပရိစ္ဆေဒဒဿနံ၊ ရေတွက်ခြင်း အပိုင်းအခြားကို ပြုခြင်းသည်။ ၊ မဟုတ်။ ပန၊ စင်စစ်သော်ကား။ ဧတံ၊ ကောဋိသတသဟဿဟူသော ဤသင်္ချာကို။ ဗဟုဘာဝဒဿနမေဝ၊ များသောအဖြစ်ကို ပြခြင်းကို သာလျှင်။ ဒဋ္ဌဗ္ဗံ၊ မှတ်အပ်၏။

မူလဋီ၊၂၊၂၇

ထိုသို့ နာမ်ခန္ဓာ များတိုင်း များတိုင်း ရုပ်ခန္ဓာ များလှ၍ ရေတွက် ပိုင်းခြား ဂဏန်း ထားခြင်းငှာ မဝံ့လောက်အောင် ဖြစ်၍ လက်ဖျစ် တစ်တွက် အတွင်းကာလ၌ ဖြစ်သော စိတ္တက္ခဏ စပါးတင်းပေါင်း (၈၀၅၉-တင်း ၆-ပြည်) ရှစ်ထောင် ငါးဆယ့် ကိုးတင်း ခြောက်ပြည်လောက်သော စပါးစေ့တို့နှင့် ဥပမာ နှိုင်းယှဉ်၍ ရှင်နာဂသိန် ပြတော် မူရှာပေသတည်း။

ဝါဟသတံ ခေါ မဟာရာဇ ဝီဟီနံ အဍ္ဎစူဠဉ္စ ဝါဟာ ဝီဟိသတ္တမ္ဗဏာနိ ဒွေ စတုမ္ဗာတိ ဧကစ္ဆရက္ခဏေ ပဝတ္တစိတ္တဿ ဧတ္တကာ ဝီဟိလက္ခံ ဌပိယမာနာ ပရိက္ခယံ ပရိယာဒါနံ ဂစ္ဆေယျုံ။

(မိလိန္ဓ-၁၀၉။)

မဟာရာဇ၊ မင်းမြတ်။ ဝီဟိနံ၊ စပါးတို့၏။ ဝါဟသတံခေါ၊ လှည်းအစီး တစ်ရာလည်းကောင်း။ ဝါဟာ၊ လှည်းတစ်စီးစပါးမှ။ အဍ္ဎစူဠဉ္စ၊ အနည်းငယ် လျော့သော စပါးအတင်းလေးဆယ် လည်းကောင်း။ ဝီဟိသတ္တမ္ဗဏာနိ၊ စပါးတို့၏ ခုနစ်အမ္ဗဏတို့လည်းကောင်း။ (ဝါ) တဆယ့်ကိုးတင်း တစ်စိတ်တို့ လည်းကောင်း။ ဒွေ စ တုမ္ဗာ၊ နှစ်ပြည်တို့လည်းကောင်း။ ဣတိ၊ ဤသို့။ ဧတ္တကာဝီဟိ၊ ဤမျှလောက်သော စပါးတို့သည်။ ဧကစ္ဆရက္ခဏေ၊ လက်ဖျစ် တစ်တွက်ခဏ၌။ ပဝတ္တစိတ္တဿ၊ ဖြစ်သောစိတ်၏။ လက္ခံ၊ မှတ်ကြောင်း စပါးလုံးတစ်လုံးကို။ ကတ္တာ၊ ပြု၍။ (ထည့်)၊ ဌပိယမာနာ၊ ထားအပ် ရေတွက်အပ် ကုန်သည်ရှိသော်။ ပရိက္ခယံ၊ ကုန်ခြင်းသို။ ပရိယာဒါနံ၊ သိမ်းကျုံးယူငင်ခြင်းသို့။ ဂစ္ဆေယျုံ၊ ရောက်ကုန်ရာ၏။

ဤစာ၌ ဝါဟဟူသည် လက်တစ်ဘက်ဖြင့် ဆုပ်ယူအပ်သော စပါး လေးဆုပ်သည် တစ်ကုဍုံမည်၏၊ (တစ်လက်ခုပ်) လေးကုဍုံသည် တစ်ပတ္ထ (ကွမ်းစား)၊ လေးပတ္ထသည် တစ်အာဠှက (ပြည်)၊ လေးအာဠှက သည် တစ်ဒေါဏ (စိတ်)၊ လေးဒေါဏသည် တစ်မာနိက (တင်း)၊ လေး မာနိကသည် တစ်ခါရီ (တောင်း)၊ ခါရီနှစ်ဆယ်သည် တစ်ဝါဟ (လှည်းတစ်စီးတိုက်စပါး)၊ အတင်းရှစ်ဆယ်ရှိ၏ဟု သာရတ္ထဒီပနီဆရာ ဆို၏။ တစ်ဆယ့်တစ်စိတ်သည် တစ်အမ္ဗဏမည်၏၊ တုမ္ဗနှင့် အာဠှကကာ ပြည် ချည်းဟု အဘိဓာန်ဆို၏။

ထိုသို့ ပဋိဘာဂ၏ အာလောကကြောင့် ပစ္စက္ခဉာဏ်ဝ၌ ထင်မြင်လာရသော ဆယ် ရာ ထောင် သောင်း သိန်း သန်း ဂဏန်းသင်္ချေ မရေတွက်နိုင်သော ဝတ္ထုရုပ်ကို သိမ်းဆည်းသော ကာလ၌လည်း တစ်ကိုယ်လုံးကို တစ်စပ်တည်းကဲ့သို့ ထင်မြင်ခဲ့မူ သန္ဓိမည်၏။ ထိုသန္ဓိသည် အာရုံကို မပြတ်နိုင်သေးရကား မိမိကိုယ်ကို နှစ်ပိုင်း သုံးပိုင်း လေးပိုင်း ငါးပိုင်း စသည် ဆစ်၍ ဆစ်၍ ကြည့်ရာ၏၊

ထိုသို့ ဆစ်၍ ဆစ်၍ ကြည့်တိုင်း ကြည့်တိုင်း ထင်မြင်လာခဲ့မူ ပဗ္ဗ မည်၏။ ထိုပဗ္ဗသည်လည်း အာရုံကိုမပြတ်နိုင် သေးရကား မိမိကိုယ်ကို အာရုံယူနိုင်သမျှ လက်လေးသစ်ခန့် တစ်မိုက်ခန့် ပိုင်း၍ ပိုင်း၍ ရုပ်ကိုအာရုံပြုလျက် ရုပ်-ရုပ်-ဟု ထင်မြင်ခဲ့မူ ဩဓိ မည်၏။ ထိုဩဓိကို လက်မလွှတ်မူ၍ ရုပ် ရုပ်-ဟူ၍ သိမ်းဆည်း ရမည်။

အရှိန်မစဲ တသဲသဲ ဖြစ်ပေါ်၍နေသော ဤရုပ်ကား ဝတ္ထုရုပ် မည်သတတ်။ ဤဝတ္ထုရုပ်သည် ငါ၏နှလုံးအိမ် တစ်လက်ဖက်၏ ထက်ဝက် လောက်သောသွေး၌ မှီ၍ဖြစ်၏။ ထိုသို့ဖြစ်သောအတိုင်း ငါ၏သန္တာန် တစ်ကိုယ်လုံး၌ အရှိန်မစဲ တသဲသဲ တဖွားဖွား မြင်လာရ၏၊ ထိုမြင်လာရသော ဝတ္ထုရုပ်၏ အရင်းမူလကား အဘယ့်ကဲ့သို့ ရှိသနည်းဟု စူးစမ်းလတ်သော် အန္တရ ဗာန္တရ ဗဟရန္တရဟု ဆိုအပ်သော အစွန်းသုံးပါး တို့တွင် ရှေးဦးစွာ ဗဟရန္တရဟု ဆိုအပ်သော မိမိ၏ နိမိတ်၏ ထိပ်မဏ္ဍလဋ္ဌာန ပသာဒမဇ္ဈုံ အပြင်ဝယ် ငယ်စွာသော ပုန်းညက်စေ့ ပမာဏ ရှိလောက်သော အရပ်၌ တဖြုတ်ဖျတ်ခုန်၍ ပွင့်လျက်နေသော အာကာရကို မြင်ရ၏။

ထိုအာကာရကို အစပြု၍ မဏ္ဍလတစ်ပြင်လုံးကို ကြည့်လိုက်သော် တဖျတ်ဖျတ် ခုန်လျက်နေကြသော အာကာရကား ယောဂါဝစရပုဂ္ဂိုလ်၏ ဓမ္မတာအားဖြင့် ဝတ္ထုရုပ်တို့၏ ထင်မြင်ခြင်း ပေတည်း။

အဘယ်ကဲ့သို့နည်းဟူမူ - သည်းခြေပျက်သော ရောဂါရှိသူသည် ညဉ့်အခါတို့၌ ကြည့်ရှုသည်ရှိသော် တိုင်ကြား ထုပ်လျောက် စသည်တို့မှ မြွေထွက်၍ လာသကဲ့သို့ လည်းကောင်း၊ ဘီလူး၊ သရဲ၊ သားဘက်စသည်တို့ကဲ့သို့ လည်းကောင်း ရှေ့တူရူ စသည်တို့၌ မြင်ရသကဲ့သို့တည်း။ ထို့အတူ ယောဂါဝစရအား ထိုမဏ္ဍလဋ္ဌာန ပသာဒ မဇ္ဈုံဝယ် မြင်လာရခြင်း ဓမ္မတာသည် ဗဟရန္တရအစွန်း၌ မိမိ၏ဝတ္ထု ရုပ်ကို မြင်ရခြင်း ဓမ္မတာ တစ်ပါးပင်တည်း။

ထိုဗဟန္တရ အစွန်းကား ဝေးသော အစွန်းတည်း၊ အချို့သော ဈာနလာဘီတို့၏ လမ်းနှင့်တူ၏။ ငါသည် ဤဗဟရန္တရဖြင့် အဘယ်မူ စအံ့နည်းဟု မိမိဦးခေါင်းထိပ် ထက်ကို စိုက်၍ နာနာကြည့်လတ် အရှိန်မစဲ တစ်သဲသဲ ဖြစ်ပျက်၍နေသော ဝတ္ထုရုပ်ကို မြင်ရပြန်၏။ ထိုသို့ မြင်ရသော ဝတ္ထုရုပ်သည် ဗာန္တရမည်၏။

ထိုဗာန္တရအစွန်းကနေ၍ အောက်ကို စိုက်လိုက်သော် တစ်ကိုယ်လုံး၏ ဝတ္ထုရုပ်တို့ ဖြစ်ပျက်ဟန်ကို မြင်ရ၏။ ထိုသို့မြင်ရခြင်းသည် ဗာန္တရအစွန်းကစ၍ ဝတ္ထုရုပ်တို့ကို မြင်ရခြင်း ဓမ္မတာ တစ်ပါးပင်တည်း။

ထိုဗာန္တရအစွန်းကား မနီးလွန်း-မဝေးလွန်းသော အစွန်းတည်း၊ အဇ္ဈတ္တသို့ ကောင်းစွာ မသက်သေး၊ ဤဗာန္တရဖြင့် အဘယ်မူစအံ့နည်းဟု မိမိ၏နှလုံးအိမ်သို့ စိုက်၍စိုက်၍ နာနာကြည့်လတ်သော် မိမိ၏ ရင်လယ်အတွင်း၌ ဗဟရန္တမဏ္ဍလဋ္ဌာန ပသာဒမဇ္ဈုံဝယ် ဆတ်ဆတ်ခုန်ဖြစ်သော အသားကဲ့သို့ လည်းကောင်း၊ မီးဒုံး-မီးကျည်တို့၏ စနက်ပေါက်မှ ထွက်ပေါ်လာသော မီးပေါက် မီးဖွားကဲ့သို့ လည်းကောင်း၊ စက်ယန္တယားတို့ လည်သကဲ့သို့ လည်းကောင်း စသည်ဖြင့် မြင်လာတတ်၏။

ထိုသို့ မြင်လာသော ဟဒယပဒေသ အဇ္ဈတ္တမှစ၍ တစ်ချက်တည်းသော အာရုံဖြင့် တစ်ကိုယ်လုံးကို ကြည့်လိုက်သော် ဤ အရှိန်မစဲ တသဲသဲဖြစ်ပေါ်၍ နေသော အာကာရကား ငါ၏ရင်လယ်ကစ၍ဖြစ်သော အာကာရတည်းဟု တစ်ချက်တစ်ချက် အာရုံဖြင့် တစ်ကိုယ်လုံး ထင်မြင်၍နေသော ဝတ္ထုရုပ်ကို မြင်ရခြင်းသည် အန္တရဖြင့် မြင်ရခြင်း ဓမ္မတာတစ်ပါးပင်တည်း။

ထိုအန္တရဖြင့် ရုပ်ကိုသိမ်းဆည်းနိုင်ပါမူ ရောင်ကိုင်နိုင်၍ သိမ်းဆည်းသောသူ မည်ပေ၏။ ထိုသို့ ရောင်ကိုင်၍ ဖြစ်စေ နောက်က ပြခဲ့သော ဩဓိနှင့်ဖြစ်စေ မိမိရုပ်ကို သိမ်းဆည်းအပ်၏။

သိမ်းဆည်းဖန် များလတ်မူ ယောဂါဝစရ၏ ဉာဏ်ဝ၌ အချို့သောသူတို့အား စတုတ္ထနည်း သိမ်းဆည်းရုံနှင့်၊ အချို့သောသူတို့အား ရုပ်ကို သိမ်းဆည်းရုံနှင့်၊ အချို့ သူတို့အား သမ္မသနသို့ရောက်မှ ငါးပါးသောရုပ်၏ ဥပမာတို့တွင် တစ်ပါးပါး ဖြစ်စေ၊ ရော၍ဖြစ်စေ ထင်မြင်လာရမြဲ ဓမ္မတာတည်း။

၎င်းဥပမာ ငါးပါးကို ရှေ့၌ တွေ့လတ္တံ့၊ ဤကား အလုပ်လမ်းရိုးတို့၏ ဝေါဟာရအစဉ် တည်း။ ရုပ်တို့၏ ဂဏန ခန္ဓာ လက္ခဏ စသည်တို့ကား နောက်မှပေါင်း၍ ရေးတော့မည်။

၂၄ - ဓမ္မတာနည်းအားဖြင့်
နာမပရိဂ္ဂဟကို ပြခြင်း

တတော တဒါရမ္မဏေ ဖဿပဉ္စမကေ နာဝံန္တိ၊ ဧဝံ နာမရူပံ ပရိဂ္ဂဟေတွာ။

ဒီ၊ဋ္ဌ၊၂၊၃၅၅

တတော၊ ထိုရုပ်ကိုသိမ်းဆည်းပြီးသော နောက်မှ။
တဒါရမ္မဏေ၊ ထိုရုပ်လျှင် အာရုံရှိကုန်သော။
ဖဿပဉ္စမကေ၊ ဖဿလျှင် ငါးခုမြောက်ရှိသော တရားတို့ကို။
နာမံ၊ နာမ်တည်း။
ဣတိ၊ ဤသို့။
နာမရူပံ၊ နာမ်ရုပ်ကို။
ပရိဂ္ဂဟေတွာ၊ သိမ်းဆည်း၍ (ပြန်ချ)၊
[ဧဝံ၊ဤသို့။
နာမရူပံ၊ နာမ်ရုပ်ကို။
ဝဝတ္ထပေတွာ၊ မှတ်ပြီး၍။]

ဤသို့ အဋ္ဌကထာဆရာကြီးတို့ မိန့်မှာတော်မူအပ်သည်နှင့်အညီ ရုပ်ကို သိမ်းဆည်းပြီးသော ယောဂါဝစရ ပုဂ္ဂိုလ်အား နာမ်ကိုသိမ်းဆည်းရာ၏။ ထိုနာမ်ကို သိမ်းဆည်းရာ၌လည်း အာဂမသုတဖြင့် သိမ်းဆည်းခြင်းအဓိဂမ သုတဖြင့် သိမ်းဆည်းခြင်းဟူ၍ နှစ်ပါးပင် ရှိထိုက်၏။

ထိုနှစ်ပါးတို့တွင် အကြင် ယောဂါဝစရသည် ဆရာကောင်းတို့၏ အထံ၌ စိတ်တစ်ခုယုတ် ကိုးဆယ်၊ စေတသိက် ဒွေပညာသတို့၌ သင်္ခေပ၊ ဝိတ္တာရ၊ ကုသလ၊ အကုသလ၊ အဗျာကတ၊ သမ္ပယောဂ၊ ဝိပ္ပယောဂ၊ သင်္ဂဟာသင်္ဂဟ စသည်တို့ဖြင့် လေ့လာ ကျွမ်းကျင်လှ၍ ခန္ဓာ - အာယတန - ဓာတ် - သစ္စာ - ပဋိစ္စသမုပ္ပါဒ် စသော နည်းတို့၌ ဥဂ္ဂဟ၊ ပရိပုစ္ဆာ၊ ပိနိစ္ဆယတို့နှင့် ပြည့်စုံလှ၍ ဤနေရာ၌ စိတ်ကား ဤရွေ့ဤမျှ ရထိုက်၏၊ အဘယ်စိတ်တို့ပေတည်း။ စေတသိက်ကား ဤရွေ့ဤမျှ ရထိုက်၏၊ အဘယ်စေတသိက်တို့ပေတည်းဟု သုတမယဉာဏ်ဖြင့် သိမ်းဆည်းခြင်းသည် အာဂမသုတဖြင့် သိမ်းဆည်းခြင်း မည်၏။

အကြင်သူသည် ထိုအာဂသုတနှင့် ပြည့်စုံ၍လည်းကောင်း၊ အာဂမသုတပင် မရှိပါသော်လည်း ဆရာကောင်းတို့ ဩဝါဒကို အလွန်ယုံကြည်လှသဖြင့် ထိုဩဝါဒကို လိုက်နာ၍ သမာဓိကို ထူထောင်လျက် နာမ်တရား ကို၏ ဖြစ်ပွားပျက်ဟန်ကို ယထာဘူတအားဖြင့် ပစ္စက္ခဉာဏ်ဝ၌ ပဉ္စက သုံးပါးတို့၏အဖို့တို့ကို ဆိုက်စေလျက် ဘာဝနာမယဉာဏ်ဖြင့် သိမ်းဆည်းခြင်းသည် အဓိဂမသုတဖြင့် သိမ်းဆည်းခြင်း မည်၏။

အာဂမသုတ အဓိဂမသုတ နှစ်ပါးကို ရူပပရိဂ္ဂဟ၌ ပြအပ်သောနည်းကို မှီ၍ သိအပ်၏။ ထိုသို့ အာဂမသုတ အဓိဂမသုတ အခြေတို့နှင့် ပြည့်စုံသော ယောဂါဝစရအား နာမ်ကို သိမ်းဆည်းလိုလတ်မူ ရူပပရိဂ္ဂဟ၌ ပြခဲ့သော အဿာသ အဿာသ၏ ပဋိဘာဂ၊ ပဿာသ ပဿာသ၏ ပဋိဘာဂ၏ အာလောက၊ သညာကြောင့် ပစ္စက္ခဉာဏ်ဝ၌ ထင်မြင်လာရသော ဆယ် ရာ ထောင် သောင်း သိန်း သန်း ဂဏန်းသင်္ချေ မရေတွက်နိုင်လောက်အောင် များပြားလှစွာသော ဝတ္ထုရုပ်တို့ကို အပြုသော စိတ်-စေတသိက်တို့ကို “ဧဝံ နာမ”ဟူ၍လည်းကောင်း၊ “နာမ်-နာမ်”ဟူ၍လည်းကောင်း၊ ပဉ္စက အစွမ်းအားဖြင့် “သိသည်-သိသည်” ဟူ၍လည်းကောင်း သိမ်းဆည်းအပ်၏။

ထို စကားရပ်၌ -

  • (၁) အဿာသ အဿာသ၏ ပဋိဘာဂ, ပဿာသ ပဿာသ၏ပဋိဘာဂ၊
  • (၂) အာလောကသညာ၊
  • (၃) ပစ္စက္ခဉာဏ်၊
  • (၄) မရေတွက်နိုင်သော ဝတ္ထုရုပ် -

ဤ စကားလေးရပ်တို့ကိုလည်း ရူပပရိဂ္ဂဟက ပြခဲ့သော နည်းကို မှီ၍ သိအပ်၏။

အထူးအားဖြင့်ကား ပစ္စက္ခဉာဏ်ယူရာဝယ် ရုပ်တို့၏ပစ္စက္ခကဲ့သို့ ဥပမာ ငါးပါးသို့ သက်၍ ထင်မြင်လာရသည် မဟုတ်၊ စင်စစ်သော် -

  • (၁) ဖဿ ပဉ္စက
  • (၂) ဝေဒနာ ပဉ္စက
  • (၃) ဝိညာဏ ပဉ္စက

တို့ဖြင့် သက်ဝင်၍ အာရုံနှင့်အာရမ္မဏိက တွေ့ရုံမတ္တ ခံစားရုံမတ္တ အာရုံကို သိရုံမတ္တမျှ ဖြစ်၍ ထင်မြင်ခြင်းသည်ပင် နာမ်တရား၌ ပစ္စက္ခဉာဏ်မည်၏။

ဧဝံ သုဝိသုဒ္ဓရူပပရိဂ္ဂဟဿ ပနဿ အရူပဓမ္မာ တီဟိ အာကာရေဟိ ဥပဋ္ဌဟန္တိ ဖဿဝသေန ဝါ ဝေဒနာဝသေန ဝါ ဝိညာဏဝသေန ဝါ။

ဝိသုဒ္ဓိ၊၂၊၂၂၆

ပန၊ ရူပပရိဂ္ဂဟမှတစ်ပါး နာမပရိဂ္ဂဟကို ဆိုအံ့။
ဧဝံ ဝုတ္တနယေန၊ ဤသို့ ရူပပရိဂ္ဂဟ၌ ဆိုအပ်ပြီးသောနည်းဖြင့်။
သုဝိသုဒ္ဓရူပပရိဂ္ဂဟဿ၊ ကောင်းစွာ စင်ကြယ်သော ရုပ်ကိုသိမ်းဆည်းခြင်းရှိသော။
အဿ၊ ထိုယောဂီအား။
အရူပဓမ္မာ၊ နာမ်တရားတို့သည်။
ဖဿဝသေန ဝါ၊ ဖဿ၏သဘောသတ္တိ ဖုသနလက္ခဏာအားဖြင့် လည်းကောင်း။
(ဝါ) ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဉ်ဟုဆိုအပ်သော ဖဿပဉ္စမကအားဖြင့် လည်းကောင်း။
ဝေဒနာဝသေန ဝါ၊ ဝေဒနာ၏သဘောသတ္တိ အနုဘဝနလက္ခဏာအားဖြင့် လည်းကောင်း။
(ဝါ) ဝေဒနာ သညာ ဖဿ စေတနာ ဝိညာဉ်ဟု ဆိုအပ်သော ဝေဒနာပဉ္စကအားဖြင့် လည်းကောင်း။
ဝိညာဏဝသေန ဝါ၊ ဝိညာဉ်၏သဘောသတ္တိ ဝိဇာနနလက္ခဏာ အားဖြင့် လည်းကောင်း။
(ဝါ) ဝိညာဉ် ဝေဒနာ သညာ ဖဿ စေတနာဟု ဆိုအပ်သော ဝိညာဏပဉ္စက အားဖြင့် လည်းကောင်း။
ဣတိ၊ ဤသို့။
တီဟိ၊ သုံးပါးကုန်သော။
အာကာရေဟိ၊ နာမ်တရားတို့ကို သိခြင်း၏အကြောင်းတို့ဖြင့်။
(ဝါ) နာမ်တရားတို့၏ ဉာဏ်အား ရှေ့ရှုထင်မြင်ခြင်း၏ အကြောင်းတို့ဖြင့်။
ဥပဋ္ဌဟန္တိ၊ ဉာဏ်အားကပ်၍ ထင်မြင်ကုန်၏။

ထို ပဉ္စကသုံးပါးတို့ဖြင့် ရှုသော ယောဂါဝစရ ပုဂ္ဂိုလ်သည်လည်း မိမိ၏ ပစ္စက္ခဉာဏ်၌ ထင်မြင်လာရခြင်းသည် ရုပ်တို့ကဲ့သို့ ထင်မြင်လာသည် မဟုတ်၊ အလွန် ဉာဏ်တော်ကြီးကြ ပေသော အဘိညာဉ်၏အရှင် ပဋိသမ္ဘိဒါ အရှင်မြတ်ကြီးတို့ သော်မှ ခဲယဉ်းလှပြု၍ သိမြင်ရသော အရာပေတည်း။

အဘယ်ကဲ့သို့နည်းဟူမူ မိမိ၏ လက်ယာဘက် လက်ညှိုးဖြင့် ၎င်း လက်ယာဘက် လက်ညှိုး၏ ထိပ်ကို သုံးသပ်ခြင်းငှာ မတတ်နိုင်သကဲ့သို့ နာမ်ကို ရှုကြည့်သော ဝိပဿနာစိတ်ဖြင့် ၎င်းရှုကြည့်သော ဝိပဿနာ စိတ်ကို ရှုကြည့်ခြင်းငှာ မတတ်နိုင်။ ထိုကြောင့် ရုပ်တို့ကဲ့သို့ ပစ္စက္ခဉာဏ်၌ အရှိန်မစဲ တသဲသဲဖြစ်ပျက်၍ နေသည်ကို မြင်ရသည်မဟုတ်။ နာမ်၏ အစ္စမ်းအားဖြင့် တွေ့ရုံမတ္တ, ခံစားရုံမတ္တ သိရုံမတ္တ မျှဖြင့်ပင် နာမ်တရား၏ ပစ္စက္ခဉာဏ်ဟူ၍ မှတ်ရမည်။ (သိခဲစွ။)

ယထာ ဟိ တေနေဝ အင်္ဂုလဂ္ဂေန တံ အင်္ဂုလဂ္ဂံ န သက္ကာ ဖုသိတုံ၊ ဧဝမေဝ တေနေဝ စိတ္တေန တဿ စိတ္တဿ ဥပ္ပါဒေါ ဝါ ဌိတိ ဝါ ဘင်္ဂေါ ဝါ န သက္ကာ ဇာနိတုန္တိ။

မ၊ဋ္ဌ၊၄၊၆၀

ယထာ ဟိ ယထာ ပန၊ ဥပမာ မည်သည်ကား။
တေနေဝ အင်္ဂုလဂ္ဂေန၊ ထိုလက်ယာလက်ညှိုး၏ အဖျားဖြင့်သာလျှင်။
တံ အင်္ဂုလဂ္ဂံ၊ ထို လက်ယာလက်ညှိုး၏အဖျားကို။
ဖုသိတုံ၊ စမ်းသပ်တွေ့ထိခြင်းငှာ။
န သက္ကာ၊ မတတ်နိုင်။
ဧဝမေဝ၊ ဤအတူသာလျှင်။
တေနေဝ စိတ္တေန၊ ထိုဝိပဿနာ စိတ်ဖြင့်သာလျှင်။
တဿ စိတ္တဿ၊ ထိုဝိပဿနာစိတ်၏။
ဥပ္ပါဒေါ ဝါ၊ ဥပါဒ်ကိုလည်းကောင်း။
ဌိတိ ဝါ၊ ဌီကိုလည်းကောင်း။
ဘင်္ဂေါ ဝါ၊ ဘင်ကို လည်းကောင်း။
ဇာနိတုံ၊ သိခြင်းငှါ။
နသက္ကာ၊ မတတ်နိုင်။

ဆယ် ရာ ထောင် သောင်း သိန်း သန်း ဂဏန်းသင်္ချေ မရေတွက် နိုင်လောက်အောင် များပြားလှသော ဝတ္ထုရုပ်တို့ကို အာရုံပြုသော စိတ်၊ စေတသိက်ဟူသည်ကား ထိုထိုသို့သော ဝတ္ထုရုပ်တို့ကို အာရုံပြုသော သုံးပါးသော ပဉ္စကတို့ဖြင့် မှတ်အပ်သော ကာမာဝစရကုသိုလ် ဉာဏသမ္ပယုတ်စိတ် (၁)၊ အညသမာန်းတေရသ (၁၃)၊ သောဘနစေတသိက် ပဉ္စဗီသ(၂၅)၊ အားဖြင့် (၃၈)ပါး ဤတရားတို့ပင်တည်း။

ကုသလစိတ္တသမ္ပယုတ္တံ ဝိပဿနာဉာဏံ ပညာ။

ဝိသုဒ္ဓိ၊၂၊၆၆

ကုသလစိတ္တသမ္ပယုတ္တံ၊ ကာမာဝစရ ကုသိုလ်စိတ်နှင့် ယှဉ်သော။
ဝိပဿနာဉာဏံ၊ ပညိန္ဒြေစေတသိက်ဟု ဆိုအပ်သော ဝိပဿနာဉာဏ်သည်။
ပညာ၊ ဤ၌ ဆိုအပ်သော ပညာမည်၏။

ထို စိတ်-စေတသိက်တို့ကို သုံးပါးသော ပဉ္စကတို့ဖြင့် သက်စေ၍ ဆယ် ရာ ထောင် သောင်း သိန်း သန်း ဂဏန်းသင်္ချေ မရေတွက်နိုင်သော ဝတ္ထုရုပ်တို့ကို အာရုံပြုလိုက်သော စိတ်စေတသိက်တို့၏ တစ်ဝတ္ထု တစ်အာရုံတည်းဖြစ်သော နာမ်တရားတို့၏ အပေါင်းကို တပေါင်းတည်း ပြု၍ သိမ်းဆည်းအပ်၏။

တစ်ခုတစ်ခုသော စိတ္တက္ခဏ၌ဖြစ်သော နာမ်တရားတို့၏ အပေါင်းကို မသိမ်းဆည်းအပ်၊ သိမ်းဆည်းနိုင်ဟူလို။ ယခုကာလ လူတို့ကို မဆိုနှင့်ဦး၊ ငါတို့ ကျေးဇူးအရှင်သခင် သာရိပုတ္တရာကြီးသော်မှ တစ်ဝတ္ထု တစ်အာရုံ တစ်ဝီထိတို့၏ အဆုံး-အလယ်-အစ-၊ အစ အလယ်-အဆုံးကို သိမ်းဆည်းတော်မူရသေး၏။

ထေရေန ဟိ ဝတ္ထုဉ္စေဝ အာရမ္မဏဉ္စ ပရိဂ္ဂဟိတံ၊ တေနဿ တေသံ ဓမ္မာနံ ဥပ္ပါဒံ အာဝဇ္ဇန္တဿ ဥပ္ပါဒေါ ပါကဋော ဟောတိ၊ ဌာနံ အာဝဇ္ဇန္တဿ ဌာနံ ပါကဋံ ဟောတိ၊ ဘေဒံ အာဝဇ္ဇန္တဿ ဘေဒေါ ပါကဋော ဟောတိ။

မ၊ဋ္ဌ၊၄၊၆၀

ဟိ၊ ထင်စွာဆိုဦးအံ့။
ထေရေန၊ အရှင်သာရိပုတ္တရာသည်။
ဝတ္ထုဉ္စေဝ၊ တစ်ပါးသာ ဝတ္ထုကိုလည်းကောင်း။
အာရမ္မဏဉ္စ၊ တစ်ခုသာ အာရုံကိုလည်းကောင်း။
ပရိဂ္ဂဟိတံ၊ သိမ်းဆည်းတော်မူအပ်၏။
တေန၊ ထို့ကြောင့်။
တေသံဓမ္မာနံ၊ ထိုခန္ဓာငါးပါး သင်္ခါရတရားတို့၏။
ဥပ္ပါဒံ၊ ဖြစ်ခြင်းကို။
အာဝဇ္ဇန္တဿ၊ ဆင်ခြင်သော။
အဿ၊ ထိုအရှင်သာရိပုတ္တရာအား။
ဥပ္ပါဒေါ၊ ဖြစ်ခြင်းသည်။
ပါကဋော၊ ထင်ရှားသည်။
ဟောတိ၊ ဖြစ်၏။
ဌာနံ၊ တည်ခြင်းကို။
အာဝဇ္ဇန္တဿ၊ ဆင်ခြင်သော။
အဿ၊ ထိုအရှင်သာရိပုတ္တရာ အား။
ဌာနံ၊ ဌီခဏသည်။
ပါကဋံ၊ ထင်ရှားသည်။
ဟောတိ၊ ဖြစ်၏။
ဘေဒံ၊ ပျက်ခြင်းကို။ (ဘင်ခဏကိုလည်းဟူ)
အာဝဇ္ဇန္တဿ၊ ဆင်ခြင်သော။
အဿ၊ ထိုအရှင်သာရိပုတ္တရာအား။
ဘေဒေါ၊ ပျက်ခြင်းသည်။ (ဘင်ခဏသည်လည်းဟူ)။
ပါကဋော၊ ထင်ရှားသည်။
ဟောတိ၊ ဖြစ်၏။

တစ်ဝတ္ထု၊ တစ်အာရုံတည်းဖြစ်သော နာမ်တရားတို့၏ အပေါင်းကို တစ်ပေါင်းတည်းပြု၍ သိမ်းဆည်းအပ်၏ ဟုဆိုသော် အဘယ့်ကဲ့သို့ ပေါင်း၍ သိမ်းဆည်းအပ်သနည်း။ နာမ်တရားတို့၏ သဘာဝတို့မည်သည် ဤစိတ်နှင့် ဤစေတသိက်ကို ယှဉ်စေအံ့၊ ဤစိတ်နှင့် ဤစေတသိက်ကို မယှဉ်စေအံ့ဟု တစ်စုံတယောက်သောသူ ပေါင်းဆုံ ယှဉ်တွဲခြင်းငှါ မတတ်နိုင်၊

စင်စစ်သော်ကား စိတ္တနိယာမ အားလျော်စွာ အဿာသ ပဿာသတို့၏ ပဋိဘာဂ အာလောက သညာကြောင့် ထင်လာရသော ဓမ္မတာဖြစ်၍ ငါးပါးသော ဥပမာ တို့တွင် တစ်ပါးပါးသာ ဥပမာဖြင့် ထင်မြင်ရသော သဘောတရား အပေါင်းကို အာရုံပြုသော စိတ်၊ စေတသိက် တို့၏ အပေါင်းတို့ကို နမနလက္ခဏာဖြင့် တစ်ပေါင်းတည်း ပြု၍ သိမ်းဆည်းအပ်၏။ ပဝတ္တိသဘာဝအားဖြင့်ကား ရအပ်သော ရုပ်တရား၊ နာမ်တရား တို့ကို နောက်မှ ရေးပေးအံ့၊

ထိုသို့ ထင်မြင်အပ်သော ဓမ္မတာသဘောတရားတို့ကို အာရုံပြုလိုက်သော စိတ်၊ စေတသိက် တရားတို့သည် မနောဒွါရ၏ အစွမ်းဖြင့် သုံးပါးသော ပဉ္စကသို့ သက်လေ၍ ဤတရားစုအား နာမ်တရားတို့ပေတည်းဟု ထင်ရှားစွာ သိရကုန်၏။

တဿေဝံ ပရိဂ္ဂဟိတ ရူပဿ ဒွါရဝသေန အရူပဓမ္မာ ပါကဋာဟောန္တိ။

ဝိသုဒ္ဓိ၊၂၊၂၃

ဧဝံ ဣမိနာ ဝုတ္တနယေန၊ ဤသို့ဆိုအပ်ပြီးသော နည်းဖြင့်။
ပရိဂ္ဂဟိတ ရူပဿ၊သိမ်းဆည်းအပ်ပြီးသော ရုပ်ရှိသော။
တဿ၊ ထိုယောဂါဝစရအား။
ဒွါရဝသေန၊ ဒွါရ၏ အစွမ်းအားဖြင့်။
အရူပဓမ္မာ၊ နာမ်တရားတို့သည်။
ပါကဋာ၊ ထင်ရှားကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

ထို နာမ်တရားတို့ကို သိမ်းဆည်းပါသော်လည်း သုံးပါးသော ပဉ္စကသို့ သက်၍ မိမိ၏ အသိဉာဏ် လေးဖင့်ရကား အကယ်၍မသိနိုင် မမြင်နိုင်သည် ဖြစ်ငြားအံ့၊ ထိုသို့ ဖြစ်သော်လည်း ဝန်ချခြင်းကို မပြုမူ၍ ဓမ္မတာ၏ အစွမ်းဖြင့်မြင်သော ရုပ်တို့ကို အဖန်တလဲလဲ ထပ်၍ ထပ်၍ ရှုအပ်၏။ ထိုသို့ ရှုသောသူ၏အသိဉာဏ်ဖြစ်သော ပဉ္စကတရားသည်ပင် လွန်စွာသန့်ရှင်း၍ လာရ၏၊ နာမ်တရားတို့၏ ထင်ခြင်းသို့လည်း ရောက်ကုန်၏။

သစေ ပနဿ တေန တေန မုခေန ရူပံ ပရိဂ္ဂဟေတွာ အရူပံ ပရိဂ္ဂဏှတော သုခုမတ္တာ အရူပံ န ဥပဋ္ဌာတိ၊ တေန ဓုရနီက္ခေပံ အကတွာ ရူပမေဝ ပုနပ္ပုနံ သမ္မသိတဗ္ဗံ မနသိကာတဗ္ဗံ ပရိဂ္ဂဟေတဗ္ဗံ ဝဝတ္ထပေတဗ္ဗံ၊ ယထာ ယထာ ဟိဿ ရူပံ သုဝိက္ခာလိတံ ဟောတိ နိဇ္ဇဋံ သုပရိသုဒ္ဓံ၊ တထာ တထာ တဒါရမ္မဏာ အရူပဓမ္မာ သယမေဝ ပါကဋာ ဟောန္တိ။

ဝိသုဒ္ဓိ၊၂၊၂၂၅

ပန၊ ဆက်၌ဆိုအံ့။
တေန တေန မုခေန၊ ထိုထိုသော မုခဖြင့်။
ရူပံ၊ ရုပ်ကို။
ပရိဂ္ဂဟေတွာ၊ သိမ်းဆည်း၍။
အရူပံ၊ နာမ်တရားကို။
ပရိဂ္ဂဏှတော၊ သိမ်းဆည်းသော။
အဿ၊ ထိုယောဂီအား။
သုခုမတ္တာ၊ အလွန်နူးညံ့သည်၏ အဖြစ်ကြောင့်။
အရူပံ၊ နာမ်တရားသည်။
သစေ န ဥပဋ္ဌာတိ၊ အကယ်၍ မထင်သည်ဖြစ်ငြားအံ့။
တေန၊ ထိုယောဂီသည်။
ဓုရနီက္ခေပံ၊ ဝန်ချခြင်းကို။
အကတွာ၊ မပြုမူ၍။
ရူပမေဝ၊ ရုပ်ကိုသာလျှင်။
ပုနပ္ပုနံ၊ တဖန်တလဲလဲ။
သမ္မသိတဗ္ဗံ၊ သုံးသပ်အပ်၏။
မနသိကာတဗ္ဗံ၊ နှလုံးသွင်းအပ်၏။
ပရိဂ္ဂဟေတဗ္ဗံ၊ ပိုင်းခြား၍ ယူအပ်၏။
ဝဝတ္ထပေတဗ္ဗံ၊ အချင်းချင်း ရောယှက်သောအားဖြင့် ဆုံးဖြတ်အပ်၏။
ဟိ၊ အကျိုးထူးကို ဆိုအံ့။
ယထာ ယထာ၊ အကြင် အကြင် သမ္မသန စသော အစီအရင်ဖြင့်။
အဿ ယောဂိနော၊ ထိုယောဂီအား။
ရူပံ၊ ရုပ်သည်။
သုဝိက္ခာလိတံ၊ ကောင်းစွာ သုတ်သင်အပ်သည်။
နိဇ္ဇဋံ၊ အချင်းချင်း မရောယှက်သည်။
သုပရိသုဒ္ဓံ၊ ထက်ဝန်းကျင်မှ စင်ကြယ်သည်။
ဟောတိ၊ ဖြစ်၏။
တထာ တထာ၊ ထိုထို သမ္မသနစသော အစီအရင်ဖြင့်။
တဒါရမ္မဏာ၊ ထိုရုပ်တရားလျှင် အာရုံရှိကုန်သော။
အရူပဓမ္မာ၊ နာမ်တရားတို့သည်။
သယမေဝ၊ မိမိအလိုလိုလျှင်။
(ဝါ) သူ့သဘော အတိုင်း။
ပါကဋာ၊ ထင်လာရကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏

အဖန်တလဲလဲ ရှုအပ်သည်ရှိသော် ထိုသို့ ရှုအပ်သော အသိဉာဏ်ဖြစ်သော ပဉ္စကတရားသည် လွန်စွာ သန့်ရှင်း၏ဟူရာ၌ အဘယ်သို့ သန့်ရှင်း လာသနည်းဟူမူ-

အဿာသ-အဿာသ၏ပဋိဘာဂ၊ ပဿာသ-ပဿာသ၏ ပဋိဘာဂ အာလောက ကြောင့် ပစ္စက္ခဉာဏ်ဝ၌ ထင်မြင်လာရသော ဝတ္ထု ရုပ်တရား စသည်တို့ကို ညွှတ်လိုက်သော ရှေးဦးစွာသော ဝိပသနာ ကုသိုလ်စိတ် ယှဉ်သော ဖဿစေတသိက် ဟူသော အာရမ္မဏိကနှင့်ဤတရားအပေါင်းစုကား ဖောက်ပြန်ခြင်း အစရှိသော ရုပ်တရားတို့တည်းဟု ရှေးဦး တွေ့ထိအပ်သော ရုပ်၏ အာရုံတရားသည် အာရမ္မဏိကနှင့် အာရုံတရားကို တွေ့ထိခြင်း အရင်းမူလကို ပြဋ္ဌာန်း၍ ခေါ်ဝေါ်အပ်သောကြောင့် ဖဿပဉ္စကမည်၏။

ဤဖဿပဉ္စက၌ ဖဿချည်းသာ မဟုတ်၊ ဖဿနှင့် သဟဇာတ် ဖြစ်ကြကုန်သော ဝေဒနာ သညာ စေတနာ ဝိညာဉ် ဤတရား လေးပါးသည် လည်းကောင်း၊ ဤသဟဇာတ် အပေါင်း၌ ကြွင်းသော စေတသိက်တရား (၃၄) ပါးတို့သည် လည်းကောင်း၊ မိမိ မိမိတို့ ခန္ဓာအစွမ်းအားဖြင့် သူလက္ခဏာနှင့် သူ ပါကြရလေကုန်၏။

ဝေဒနာပဉ္စက၌လည်း ၎င်းနည်းတူ ဝေဒနာစေတသိက် ဟူသော အာရမ္မဏိကနှင့် ဤတရားစု အပေါင်းကား ဖောက်ပြန်ခြင်း အစရှိသော ရုပ်တရားတို့တည်း ဟု ရှေးဦးစွာ ခံစားအပ်သော ရုပ်၏အာရုံတရားသည် အာရမ္မဏိကနှင့် အာရုံတရားကို ခံစားခြင်းမူလကို ပြဋ္ဌာန်း၍ ခေါ်ဝေါ် အပ်သောကြောင့် ဝေဒနာပဉ္စကမည်၏။

ဤဝေဒနာပဉ္စက၌ ဝေဒနာ ချည်းသာမဟုတ်၊ ဝေဒနာနှင့် သဟဇာတ် ဖြစ်ကြ ကုန်သော သညာ ဖဿ စေတနာ ဝိညာဉ် ဤတရားလေးပါးသည် လည်းကောင်း၊ ဤ သဟဇာတ်တရားအပေါင်း၌ ကြွင်းသော စေတသိက်တရား (၃၄) ပါး တို့သည် လည်းကောင်း မိမိ မိမိတို့ ခန္ဓာအစွမ်းအားဖြင့် သူ့လက္ခဏာနှင့် သူ ပါကြရလေ ကုန်၏။

ဝိညာဏပဉ္စက၌လည်း ၎င်းနည်းတူ ဝိပဿနာ ဝိညာဉ်စိတ် ဟူသော အာရမ္မဏိက နှင့် ဤတရားစုအပေါင်းကား ဖောက်ပြန်ခြင်း အစရှိသော ရုပ်တရားတို့တည်း ဟု ရှေးဦးစွာ သိအပ်သော ရုပ်၏အာရုံတရားသည် အာရမ္မဏိကနှင့် အာရုံတရားကို သိခြင်းမူလကို ပြဓာန်း၍ ခေါ်ဝေါ်အပ် သောကြောင့် ဝိညာဏပဉ္စကမည်၏။

ဤဝိညာဏပဉ္စ၌ ဝိညာဉ်ချည်းသာ မဟုတ်၊ ဝိညာဉ်နှင့်သဟဇာတ် ဖြစ်ကြကုန်သော ဝေဒနာ သညာ ဖဿ စေတနာ ဤတရားလေးပါးသည် လည်းကောင်း၊ ဤ သဟူဇာတ်တရား အပေါင်း၌ ကြွင်းသော စေတသိက်တရား (၃၄) ပါးတို့သည် လည်းကောင်း မိမိ မိမိတို့ ခန္ဓာအစွမ်းအားဖြင့် သူ့လက္ခဏာနှင့်သူ ပါကြရလေကုန်၏။

(အာဂုံကိုလိုမူ ဝိသုဒ္ဓိမဂ်မှာယူ။)

ဤကား ယောဂါဝစရပုဂ္ဂိုလ်တို့၏ ဆိုက်ရောက်မြဲ ဓမ္မတာ၏ အစွမ်းဖြင့် ပြအပ်သော ရူပပရိဂ္ဂဟ, နာမပရိဂ္ဂဟ နည်းတို့ပေတည်း၊ နာမ်၌ အထပ်ထပ် ပြခြင်းသည်ကား အလွန်ထင်ရှားခဲလှ၍ ပြလိုက်ရသည်။

၂၅ - ပဝတ္တိနည်းအားဖြင့်
ရူပပရိဂ္ဂဟကို ပြခြင်း

ပဝတ္တိသဘာဝအားဖြင့်ကား ဤဆိုလတ္တံ့သော နည်းကို သိအပ်၏။

ထိုပဝတ္တိသဘာဝ၌ သာမညမုခ ခန္ဓမုခ အာယတနမုခ ဓာတုမုခအားဖြင့် လေးပါး အပြားရှိ၏။ ထိုလေးပါးတို့တွင် တစ်ပါး တစ်ပါးသော မုခ၌ သာဝသေသ အနဝသေသ ဟူ၍လည်းကောင်၊ ဥပဂ, အနုပဂဟူ၍လည်းကောင်း နှစ်ပါး နှစ်ပါးစီ ဝေဖန်အပ်၏။

ထိုသို့ဝေဖန်လျက် သာမညမုခ၌ သာဝသေသအားဖြင့် ထုတ်၍ ရုပ်တရား နာမ်တရားတို့ကို သိမ်းဆည်း လိုလတ်သော ယောဂါဝစရသည် မိမိအားထုတ် အပ်သော အာနာပါန၌ ရအပ်သော ရုပ်တရားကား အဘယ်ရွေ့ အဘယ်မျှလောက် ရအပ်ပေသနည်းဟု စူးစမ်းလတ်သော် ... အဿာသ-ပဿာသ၌ ရအပ်သော ရုပ်ကား ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာဟူ၍ သုဋ္ဌက ကလာပ်တစ်စည်း ဟူ၍လည်းကောင်း၊ [သစ္စသင်္ခေပ အဋ္ဌကထာ အလိုတည်း။]

၎င်း သုဋ္ဌကကလာပ်တွင် သဒ္ဒရုပ်ထည့်၍ သဒ္ဒနဝကကလာပ် တစ်စည်းဟူ၍ လည်းကောင်း၊ [ဝိသုဒ္ဓိမဂ်အဋ္ဌကထာ အလိုတည်း။] ၎င်းသုဒ္ဓဋ္ဌကကလာပ်နှင့် သမ္ဗန္ဓိက ဖြစ်ကြသော ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ ဇီဝိတ ဝတ္ထု- ဟူသော ဝတ္ထုဒသက ကလာပ်ဟူ၍ လည်းကောင်း ပေါင်း တစ်ဆယ့်ရှစ်ပါး၊ တစ်နည်းအားဖြင့် တစ်ဆယ့်ကိုးပါးသော ရုပ်တို့ကို ရအပ်ကုန်၏။

ဤကား -

တတော ယထာ နာမ ပုရိသော အန္တောဂေဟေ သပ္ပံ ဒိသွာ တံ အနုဗန္ဓမာနော တဿ အာသယံ ပဿတိ၊ ဧဝမေဝ အယမ္ပိ ယောဂါဝစရော တံ နာမံ ဥပပရိက္ခန္တော ဣဒံ နာမံ ကိံ နိဿယ ပဝတ္တတီတိ ပရိယေသမာနော တဿ နိဿယံ ဟဒယရူပံ ပဿတိ -

ဝိသုဒ္ဓိ၊၂၊၂၂၂

ဟူသော ဝိသုဒ္ဓိမဂ် အဋ္ဌကထာကို လည်းကောင်း။

“ကိဉ္စာပိ အဿာသပဿာသာ စိတ္တသမုဋ္ဌာနာ၊ ကရဇကာယံ ပန ဝိနာ တေသံ ကပဝတ္တနတော ကာယဉ္စ စိတ္တဉ္စ ပဋိစ္စ အဿာသ ပဿာသာတိ ဝုတ္တံ”

ဝိသုဒ္ဓိ၊ဋီ၊၁၊၃၃၇

ဟူသော မဟာဋီကာကြီးကို လည်းကောင်း ထောက်၍ သာဝသေသ သာမညမုခ၌ ယူရမည်ကို ပြလိုက်သည်။ ဝတ္ထုရုပ်နှင့် အဿာသပဿာသ နိမိတ်ကို စပ်ပုံကို နောက်က ပြခဲ့ပြီ။

တတော တသ္မိံ ကာလေ၊ ထိုသို့ နာမ်ရုပ်ကို သိမ်းဆည်းရာ၌။
ယထာ နာမ၊ ဥပမာမည်သည်ကား။
ပုရိသော၊ ယောက်ျားသည်။
အန္တောဂေဟေ၊ အိမ်တွင်း၌။
သပ္ပံ၊ မြွေကို။
ဒိသွာ၊ မြင်၍။
တံ၊ ထိုမြွေကို။
အနုဗန္ဓမာနော၊ အစဉ်တစိုက် လိုက်လတ်သည်ရှိသော်။
တဿ၊ ထိုမြွေ၏။
အာသယံ၊ အောင်းရာနေရာကို။
ပဿတိယထာ၊ မြင်၏သို့။
ဧဝမေဝ၊ ဤအတူသာလျှင်။
အယမ္ပိ ယောဂါဝစရော၊ ဤယောဂါဝစရသည်လည်း။
တံ နာမံ၊ ထိုနာမ်ကို။
ဥပပရိက္ခန္တော၊ ဉာဏ်ဖြင့်ကပ်၍ ရှုအပ်သည် ရှိသော်။
ဣဒံနာမံ၊ ဤနာမ်သည်။
ကိံ၊ အဘယ်တရားကို။
နိဿာယ၊ မှီ၍။
ပဝတ္တတိ၊ ဖြစ်သနည်း။
ဣတိ၊ ဤသို့။
ပရိယေသမာနော၊ ထက်ဝန်းကျင်မှ ရှာလတ်သော်။
တဿ၊ ထိုနာမ်၏။
နိဿယံ၊ မှီရာဖြစ်သော။
ဟဒယရူပံ၊ ဟဒယဝတ္ထုရုပ်ကို။
ပဿတိ၊ မြင်၏။

အဿာသ ပဿာသာ၊ ထွက်သက် ဝင်သက်တို့သည်။
ကိဉ္စာပိ စိတ္တသမုဋ္ဌာနာ၊ အကယ်၍ စိတ်ကြောင့်ဖြစ်ကုန်၏ရှင့်။
ပန တထာပိ၊ ထိုသို့ စိတ်နှင့်ဖြစ်ပါကုန်သော်လည်း။
ကရဇကာယံ၊ ကရဇကာယကို (ဝါ) ဝတ္ထုရုပ်ကို။
ဝိနာ၊ ကြဉ်၍။
တေသံ၊ ထိုထွက်သက် ဝင်သက်တို့၏။
အပ္ပဝတ္တနတော၊ မဖြစ်ခြင်းကြောင့်။
ကာယဉ္စ စိတ္တဉ္စ ပဋိစ္စ အဿာသ ပဿာသာတိ၊ ကာယဉ္စ စိတ္တဉ္စ ပဋိစ္စ အဿာသ ပဿာသ ဟူ၍။
ဝုတ္တံ၊ အဋ္ဌကထာဆရာ မိန့်တော်မူအပ်၏။

ထို တစ်ဆယ့်ရှစ်ပါးသော ရုပ်တို့ကို တစ်ပေါင်း တစ်စည်းတည်းပြု၍ သိမ်းဆည်း အပ်သော အခါကာလ၌လည်း “ယာထာဝ သရသလက္ခဏတော အာဝိဘူတာသု ဓာတူသု”ဟု အဋ္ဌကထာဆရာ မိန့်မှာတော်မူအပ် သည်နှင့်အညီ ၎င်းတစ်ဆယ့် ရှစ်ပါးသော ရုပ်တို့၏ ဖောက်ပြန် ပျက်စီးခြင်း၏ သဘောကို မိမိ မိမိတို့ သဘော လက္ခဏာစသည်တို့၌ ဟုတ်မှန်စွာ ထိုးထွင်း၍ သိအပ်မြင်အပ်၏။

အဘယ်သို့ သိအပ်မြင်အပ်သနည်းဟူမူ -

ပထဝီဓာတ်သည်

(၁) ခက်မာသော အဖြစ်တည်းဟူသော လက္ခဏ၊
(၂) သဟဇာတ်တရားတို့၏ တည်ခြင်းဟူသော ရသ၊
(၃) သဟဇာတ်တရားတို့ကို ခံလင့်ခြင်းဟူသော ပစ္စုပဋ္ဌာန်၊
(၄) ကြွင်းသော ဘူတရုပ်လျှင် နီးစွာသော အကြောင်းရှိသော ပဒဋ္ဌာန်ရှိ၏။

အာပေါဓာတ်သည်

(၁) ယိုစီးခြင်းဟူသော လက္ခဏ၊
(၂) သဟဇာတ်တရားတို့ကို ပွားစေခြင်းဟူသော ရသ။
(၃) သဟဇာတ်တရားကို ဖွဲ့စည်းခြင်းဟူသော ပစ္စုပဋ္ဌာန်ရှိ၏။
(၄) ကြွင်းသော ဘူတရုပ်လျှင် နီးစွာသော အကြောင်းရှိသော ပဒဋ္ဌာန်ရှိ၏။

တေဇောဓာတ်သည်

(၁) ပူခြင်း အေးခြင်းဟူသော လက္ခဏ၊
(၂) ကျက်ခြင်း ရင့်ခြင်းဟူသော ရသ၊
(၃) သဟဇာတ် တရားတို့၏ နူးညံ့သော အဖြစ်ကို ပေးခြင်းဟူသော ပစ္စုပဋ္ဌာန်ရှိ၏၊
(၄) ကြွင်းသော ဘူတရုပ်လျှင် နီးစွာသော အကြောင်းရှိသော ပဒဋ္ဌာန်ရှိ၏။

ဝါယောဓာတ်သည်

(၁) သဟဇာတ်တရားတို့ကို ထောက်ပံ့ခြင်းဟူသော လက္ခဏ၊
(၂) သဟဇာတ်တရားတို့ကို တွန်းပို့ခြင်းဟူသော ရသ၊
(၃) သဟဇာတ်တရားတို့ကို ရှေ့ရှုဆောင်ခြင်း ဟူသော ပစ္စုပဋ္ဌာန်ရှိ၏။
(၄) ကြွင်းသော ဘူတရုပ်လျှင် နီးစွာသော အကြောင်းရှိသော ပဒဋ္ဌာန်ရှိ၏။

ပထဝီဓာတု ကက္ခဠတ္တလက္ခဏာ၊ ပတိဋ္ဌာနရသာ။ သမ္ပဋိစ္ဆနပစ္စုပဋ္ဌာနာ၊ သေသဘူတတ္တယပဒဋ္ဌာနာ။

အာပေါဓာတု ပဂ္ဃရဏလက္ခဏာ၊ ဗြူဟနရသာ၊ သင်္ဂဟ ပစ္စုပဋ္ဌာနာ။

တေဇောဓာတု ဥဏှတ္တလက္ခဏာ၊ ပရိပါစန ရသာ၊ မဒ္ဒဝါနုပ္ပါဒနပစ္စုပဋ္ဌာနာ။

ဝါယောဓာတု ဝိတ္ထမ္ဘန လက္ခဏာ၊ သမုဒီရဏရသာ၊ အဘိနီဟာရ ပစ္စုပဋ္ဌာနာ။

ဝိသုဒ္ဓိ၊၁၊၆၂

အနက်မှာ ရေးခဲ့ပြီးသော သဘောအတိုင်း မှတ်ရာ၏။ (ဘူတရုပ်ဖို့။)

ဝဏ္ဏဓာတ်သည်

(၁) စက္ခုပသာဒကို ထိခတ်ခြင်းလျှင် မှတ်ခြင်းရှိသော လက္ခဏ၊
(၂) စက္ခုဝိညာဉ်အား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုခြင်း ဟူသော ရသ၊
(၃) စက္ခုဝိညာဉ်၏သာလျှင် ကျက်စားရာအာရုံ၏ အဖြစ်ဟူသော ပစ္စုပဋ္ဌာန်၊
(၄) လေးပါးသော မဟာဘုတ်လျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန်ရှိ၏။
(အာသန္နတ္ထ၊ အပ္ပကဋ္ဌ မြန်မာ ၂-ခုကို သတိပြု)

စက္ခုပဋိဟနန လက္ခဏံ ရူပံ၊ စက္ခုဝိညာဏဿ ဝိသယဘာဝရသံ၊ တဿေဝ ဂေါစရပစ္စုပဋ္ဌာနံ၊ စတုမဟာဘူတပဒဋ္ဌာနံ။

ဝိသုဒ္ဓိ၊၂၊၇၆

(အနက် ရေးပြီးသော သဘောအတိုင်း။)

ဂန္ဓဓာတ်သည်

(၁) ဃာနပသာဒကို ထိခတ်ခြင်းလျှင် မှတ်ကြောင်းလက္ခဏ၊
(၂) ဃာနဝိညာဉ်အား အာရမ္မဏပစ္စယ သတ္တိဖြင့်ကျေးဇူးပြုခြင်း ဟူသော ရသ၊
(၃) ဃာနဝိညာဉ်၏ သာလျှင် ကျက်စားရာ အာရုံ၏ အဖြစ်တည်းဟူသော ပစ္စုပဋ္ဌာန်၊
(၄) လေးပါးသော မဟာဘုတ်လျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန်ရှိ၏။

ဃာနပဋိဟနနလက္ခဏော ဂန္ဓော၊ ဃာနဝိညာဏဿ ဝိသယ ဘာဝရသော၊ တဿေဝ ဂေါစရပစ္စုပဋ္ဌာနာ။ ၎င်းနည်း၊

ဝိသုဒ္ဓိ၊၂၊၇၇

ရသဓာတ်သည်

(၁) ဇိဝှါပသာဒကို ထိခတ်ခြင်းလျှင် မှတ်ကြောင်းလက္ခဏ၊
(၂) ဇိဝှါဝိညာဉ်အား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုခြင်း ဟူသော ရသ၊
(၃) ဇိဝှါဝိညာဉ်၏သာလျှင် ကျက်စားရာဌာရုံ၏ အဖြစ်တည်းဟူသော ပစ္စုပဋ္ဌာန်၊
(၄) လေးပါးသော မဟာဘုတ်လျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန်ရှိ၏။

ဇိဝှါပဋိဟနနလက္ခဏော ရသော၊ ဇိဝှါဝိညာဏဿ ဝိသယဘာဝရသော၊ တဿေဝ ဂေါစရ ပစ္စုပဋ္ဌာနာ။ ၎င်းနည်းတူ။

ဝိသုဒ္ဓိ၊၂၊၇၇

ဩဇာဓာတ်သည်

(၁) အလုတ်အလွေး မဟုတ်သော်လည်း အလုတ်အလွေးကဲ့သို့ ပြုအပ်သော အာဟာရသည် အင်္ဂါကြီးငယ်ကိုလျှောက်သော ရသ၏ အနှစ်သာရဟု ဆိုအပ်သော အာဟာရ၏ အစေးအဆီ ဖြစ်သော ဘုတ်၌မှီသော တစ်ခုသော ဝိသေသတရား ဟူသော လက္ခဏ၊

(၂) ဩဇာလျှင်ရှစ်ခုမြောက် ရုပ်ကိုဆောင်ခြင်း ဟူသော ရသ၊

(၃) ဩဇာဋ္ဌမကရုပ်ကို ဖြစ်စေသောအားဖြင့် ရူပကာရကို ထောက်ပံ့တတ်သော သဘောဟူသော ပစ္စုပဋ္ဌာန်၊

(၄) အလုတ်အလွေး မဟုတ်သော်လည်း အလုတ်အလွေးကဲ့သို့ပြု၍ ဩဇာလျှင် ရှစ်ခုမြောက်သော ရုပ်ကို ဆောင်ထတ်သော ဝတ္ထုလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏။

ဩဇာလက္ခဏော ကဗဠီကာရော အာဟာရော၊ ရူပါဟရဏရသော၊ ဥပထမ္ဘန ပစ္စုပဋ္ဌာနော၊ ကဗဠံ ကတွာ အာဟာရိတဗ္ဗ ဝတ္ထုပဒဋ္ဌာနော။ (၎င်းနည်းတူ)

ဝိသုဒ္ဓိ၊၂၊၈၀

ဤကား စိတ်ကြောင့်ဖြစ်သော သုဒ္ဓဋ္ဌက ကလာပ်၌ ရအပ်သော လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်လေးပါး လေးပါးတို့တည်း။

ဝတ္ထုဒသက ကလာပ်၌ ရအပ်သော လက္ခဏ စသည်တို့တွင် အဝိနိဗ္ဗောဂရုပ် ရှစ်ပါး၏ လက္ခဏ စသည်တို့ကား ရေးခဲ့ပြီးသော စိတ္တဇကြောင့်ဖြစ်သော အဿာသ ပဿာသနှင့် အတူတူပင်တည်း။ ကြွင်းသော ရုပ်၏ လက္ခဏ စသည်တို့ကိုသာ ဖွဲ့၍ ပြတော့အံ့။

ဇီဝိတိန္ဒြေသည်

(၁) မိမိနှင့်တကွဖြစ်သော ကမ္မဇရုပ်တို့ကို စောင့်ရှောက်ခြင်း ဟူသော လက္ခဏ၊

(၂) ထိုသဟဇာတ်ရုပ်တို့ကို မျှစေခြင်း၊ ယှဉ်စေခြင်း ဟူသော ရသ၊

(၃) ထိုသဟဇာတ်ရုပ် တို့ကိုသာလျှင် ထားခြင်း၊ တည်စေခြင်း ဟူသော ပစ္စုပဋ္ဌာန်၊

(၄) မိမိသည် အစဉ်စောင့်သည်၏ အစွမ်းဖြင့် မျှစေအပ်သော သဟဇာတ် မဟာဘုတ်လျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏။

သဟဇရူပါနုပါလန လက္ခဏံ ဇီဝိတိန္ဒြိယံ၊ တေသံ ပဝတ္တန ရသံ၊ တေသညဝဌပနပစ္စုပဋ္ဌာနံ၊ ယာပယိတဗ္ဗဘူတပဒဋ္ဌာနံ။ (၎င်းနည်းတူ)

ဝိသုဒ္ဓိ၊၂၊၇၇

ဟဒယဝတ္ထုသည်

(၁) မနောဓာတ်၊ မနောဝိညာဏဓာတ်တို့၏ မှီရာ၏အဖြစ်တည်းဟူသော လက္ခဏ၊

(၂) ထိုဓာတ်နှစ်ပါးတို့ကိုသာလျှင် နိသယပစ္စည်းအဖြစ်ဖြင့် လွန်စွာ ဆောင်ခြင်း ဟူသော ရသ၊

(၃) ထိုဓာတ်နှစ်ပါးတို့ကို မိမိအပေါ်၌ တင်၍ ထမ်းဆောင်သကဲ့သို့ ထင်ခြင်းဟူသော ပစ္စုပဋ္ဌာန်၊

(၄) မဟာဘုတ်လျှင် နီးစွာသောအကြောင်း ပဒဋ္ဌာန်ရှိ၏။

မနောဓာတုမနောဝိညာဏဓာတူနံ နိဿယလက္ခဏံ ဟဒယဝတ္ထု၊ တာသညေဝဓာတူနံ အာဓာရဏရသံ၊ ဥဗ္ဗဟနပစ္စုပဋ္ဌာနံ။ (၎င်းနည်းတူ)

ဝိသုဒ္ဓိ၊၂၊၇၇

ဤကား သစ္စသင်္ခပအဋ္ဌကထာအလို ဖွဲ့အပ်သော တစ်ဆယ့်ရှစ်ပါးသော ရုပ်တို့ တည်း။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာအလို ဖွဲ့ပါမူ သဒ္ဒရုပ်၏ လက္ခဏ စသည်တို့ကိုဖွဲ့၍ တစ်ဆယ့်ကိုးပါး ဖွဲ့ကြပါလေ။ (ဥပါဒါရုပ်ဖို့။)

၂၆ - ပဝတ္တိနည်းအားဖြင့်
နာမပရိဂ္ဂဟကို ပြခြင်း

အဿာသ ပဿာသကို စီးဖြန်း အားထုတ်ခိုက်၌ ရအပ်သော နာမ်တရားကား-"ကုသလသမ္ပယုတ္တစိတ္တံ ဝိပဿနာဉာဏံ"ဟူ၍ အဋ္ဌကထာ ပြတော်မူသောကြောင့် ကာမာဝစရကုသိုလ် အသင်္ခါရိကဉာဏသမ္ပယုတ်စိတ် တစ်ပါး။

ကာမာဝစရ သောဘနေ ပန ကုသလေသု တာဝ ပထမဒွယေ အညသမာနာ တေရသ စေတသိကာ ပဉ္စဝီသတိ သောဘနစေသိကာစေတိ အဋ္ဌတိံသ ဓမ္မာ သင်္ဂဟံ ဂစ္ဆန္တိ -

ဤသို့ သင်္ဂဟ အဋ္ဌကထာ မိန့်မှာတော်မူသည်နှင့်အညီ -

ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိန္ဒြေ၊ မနသိကာရ၊ ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ၊ ဝီရိယ၊ ပီတိ၊ ဆန္ဒ-ဟူသော အညသမာန်း စေတသိက် တစ်ဆယ့်သုံးပါး။

သဒ္ဓါ၊ သတိ၊ ဟိရီ၊ ဩတ္တပ္ပ၊ အလောဘ၊ အဒေါသ၊ တတြမဇ္ဈတ္တတာ၊ ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ၊ ကာယလဟုတာ၊ စိတ္တလဟုတာ၊ ကာယမုဒုတာ၊ စိတ္တမုဒုတာ၊ ကာယကမ္မညတာ၊ စိတ္တကမ္မညတာ၊ ကာယပါဂုညတာ၊ စိတ္တပါဂုညတာ၊ ကာယုဇုကတာ၊ စိတ္တုဇုကတာ - ဟူသော သောဘနစေတသိက် တစ်ဆယ့်ကိုးပါး။

သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ - ဟူသော ဝိရတီစေတသိက် သုံးပါး။

ကရုဏာ၊ မုဒိတာ-ဟူသော အပ္ပမညာစေတသိက် နှစ်ပါး။

ပညိန္ဒြေ စေတသိက် တစ်ပါး အားဖြင့် -

ပေါင်း (၃၈) ပါးသော စေတသိက်တို့သည် ကာမာဝစရကုသိုလ်စိတ်၌ ယှဉ်၍ ဖြစ်ကုန်ရကား (၃၉) ပါးသော နာမ်တရားကို ရအပ်ကုန်၏။

ပန၊ မဟဂ္ဂုတ်စိတ်၌ သင်္ဂဟနည်းမှတစ်ပါး ကာမာဝစရသောဘန စိတ်၌ သင်္ဂဟနည်းကို ဆိုဦးအံ့။
ကာမာဝစရသောဘနေသု၊ ကာမာဝစရ သောဘနစိတ် နှစ်ဆယ့်လေးခုတို့တွင်။
ကုသလေသု၊ မဟာကုသိုလ်စိတ် ရှစ်ခုတို့၌။
တာဝ၊ ရှေးဦးစွာ။
သင်္ဂဟော၊ ပေါင်းခြင်းကို။
မယာ၊ ငါသည်။
ဝုစ္စတေ၊ မိန့်အပ်၏။
ပထမယေ၊ မဟာကုသိုလ်ပထမဒွေး၌။
အညသမာနာ၊ အညသမာန်း အမည်ရှိကုန်သော။
တေရသ၊ ၁၃-ပါး ကုန်သော။
စေတသိကာ စ၊ စေတသိက်တို့လည်းကောင်း။
ပဉ္စဝီသတိ၊ ၂၅-ပါးကုန်သော။
သောဘနစေတသိကာစ၊ သောဘနစေတသိက်တို့ လည်းကောင်း။
ဣတိ၊ ဤသို့။
အဋ္ဌတိံသ၊ ၃၈-ပါးကုန်သော။
ဓမ္မာ၊ စေတသိက်တရားတို့သည်။
သင်္ဂဟံ၊ ရေတွက်ခြင်းသို့။
ဂစ္ဆန္တိ၊ ရောက်ကုန်၏၊ (သင်္ဂြိုဟ် အနက်)

ထိုသုံးဆယ့်ကိုးပါးကုန်သော နာမ်တရားတို့၏ လက္ခဏ ရသ, ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် တို့ကို အဋ္ဌကထာကြီးတို့နှင့် ညီညွတ်စွာ မှတ်လွယ်စေခြင်းငှါ ဆရာကြီးတို့ ဆောင်ရွက်ကြသော အစဉ်ကို ပြလိုက်အံ့။

---

ကုသိုလ်စိတ်သည် -

(၁) အပြစ်မရှိခြင်း ကောင်းသောအကျိုးကို ပေးခြင်း လက္ခဏ
(၂) အကုသိုလ်ကို ဖျက်ဆီးခြင်း ကိစ္စ
(၃) ဖြူစင်ခြင်းလျှင် ထင်သော အခြင်းအရာ၊
(၄) အသင့်အတင့် နှလုံးသွင်းခြင်းလျှင် နီးစွာသော အကြောင်း ရှိ၏။

ကုသလံ အနဝဇ္ဇ သုခဝိပါက လက္ခဏံ၊ အကုသလ ဝိဒ္ဓိံသန ရသံ၊ ဝေါဒါန ပစ္စုပဋ္ဌာနံ၊ ယောနိသော မနသိကာရပဒဋ္ဌာနံ။ အဘိ၊ဋ္ဌ၊၁၊၁၀၅

အနက်ရေးခဲ့ပြီးသော သဘောအတိုင်း နောက်ကိုလည်း နည်းတူ။ ယူလေ။
(စိတ်ဖို့။)

---

ဖဿသည် -

(၁) အာရုံကို တွေ့ထိခြင်း လက္ခဏ
(၂) အာရုံကို ထိခတ်ခြင်း ကိစ္စ
(၃) ဝတ္ထု အာရုံ ဝိညာဉ်သုံးပါးတို့ စုဝေးခြင်းလျှင် အခြင်းအရာ၊
(၄) ထင်ခြင်းသို့ရောက်သောအာရုံလျှင် နီးစွာသောအကြောင်းရှိ၏။

ဖဿော ဖုသနလက္ခဏော၊ သံဃဋ္ဋနရသော သန္နိပါတ ပစ္စုပဋ္ဌာနော၊ အပါထဂတဝိသယပဒဋ္ဌာနော။ အဘိ၊ဋ္ဌ၊၁၊၁၅၁-၁၅၂။ ဝိသုဒ္ဓိ၊၂၊၁၅၉

---

ဝေဒနာသည် -

(၁) အရုံ၏ အရသာကို ခံစားခြင်း လက္ခဏ
(၂) အာရုံ၏ အရသာကို သုံးဆောင်ခြင်း ကိစ္စ
(၃) သုခ ဒုက္ခဖြစ်၍ ဉာဏ်အား ရှေ့ရှုထင်ခြင်း၊
(၄) ဖသာလျှင် နီးစွာသော အကြောင်းရှိ၏၊

အနုဘဝနလက္ခဏာ ဝေဒနာ၊ ဝိသယရသသမ္ဘောဂ ရသာ။ သုခ ဒုက္ခ ပစ္စုပ္ပဋ္ဌာနာ၊ ဖဿ ပဒဋ္ဌာနာ။ အဘိ၊ဋ္ဌ၊၁၊၁၅၂။ ဝိသုဒ္ဓိ၊၂၊၁၅၉

---

သညာသည် -

(၁) အမှတ်ပြု၍ သိခြင်း လက္ခဏ
(၂) “ဤဝတ္ထုသည် ထိုရှေးမှတ်ဖူးသော ဝတ္ထုပင်တည်း” ဤသို့နောင် သိကြောင်း အမှတ်ကို ပြုခြင်း ကိစ္စ
(သစ် စသည်တို့၌ တစီးသမား စသည်တို့ကဲ့သို့တည်း။)
(၃) ယူတိုင်းသော အမှတ်အသား၏ အစွမ်းဖြင့် ထိုးထွင်း၍ မကြံဘဲ အပေါ်ရံ လျှံကာသာ နှလုံးသွင်းခြင်း ပစ္စုပဋ္ဌာန်
(ဆင်ကို စမ်းမိကြသော သူကန်းတို့ကဲ့သို့တည်း၊)
(၄) အကြင် အကြင် ထင်တိုင်းသော အာရုံလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန်ရှိ၏။
(မြက်ဖြင့် ပြုလုပ်အပ်သော လူရုပ်တို့၌ သမင်ငယ်တို့၏ လူဟူ၍ ထင်မှတ် သကဲ့သို့တည်း။)

သညာ သဉ္ဇာနန လက္ခဏာ၊ “တဒေဝတန္တိ” ပုန သဉ္ဇာနန ပစ္စယနိမိတ္တကရဏရသာ ဒါရုအာဒီသု တစ္ဆကာဒယော ဝိယ။ ယထာဂဟိတနိမိတ္တဝသေန အဘိနိဝေသကရဏ-ပစ္စုပဋ္ဌာနာ ဟတ္ထိဒဿက အန္ဓာ ဝိယ။ ယထာ ဥပဋ္ဌိတဝိသယပဒဋ္ဌာနာ တိဏပုရိသကေသု မိဂပေါတကာနံ “ပုရိသာ”တိ ဥပ္ပန္နသညာ ဝိယ။ အဘိ၊ဋ္ဌ၊၁၊၁၅၃-၁၅၄။ ဝိသုဒ္ဓိ၊၂၊၉၂

---

စေတနာသည် -

(၁) နှိုးဆော်ကြောင့်ကြခြင်း လက္ခဏ
(၂) သမ္ပယုတ်တရားတို့ကို ထိုထိုကိစ္စ၌ ရုံးစည်းယက်သယ်ခြင်းကိစ္စ
(၃) စီရင်ခြင်း ပစ္စုပဋ္ဌာန်
(၄) ကြွင်းသော ခန္ဓာသည် ပဒဋ္ဌာန်

စေတနာယ စေတနာဘာဝေါ၊ အာယူဟော သံဝိဓာနနံ။ အဘိ၊ဋ္ဌ၊၁၊၁၅၅

---

ဧကဂ္ဂတာသည် -

(၁) မိမိ၏အာရုံတပါး မရွေ့ရှားခြင်း၊ သမ္ပယုတ်တရားတို့ကို မပျံ့လွင့်စေခြင်း နှစ်ပါးသော လက္ခဏာ
(၂) သဟဇာတ် နာမ်တို့ကို ပေါင်းစုခြင်း ကိစ္စ
(၃) စိတ်၏ငြိမ်သက်ခြင်း ပစ္စုပဋ္ဌာန်
(၄) သုခဝေဒနာလျှင် ပဒဋ္ဌာန်

ဧကဂ္ဂတာ အဝိသာရ- အဝိက္ခေပ ဒွိလက္ခဏာ။
သဟဇာတသံဗန္ဓနာ၊ ဥပသမာ သုခါ ကမာ။
အဘိ၊ဋ္ဌ၊၁၊၁၆၂။ ဝိသုဒ္ဓိ၊၂၊၉၄

---

ဇီဝိတိန္ဒြေသည် -

(၁) မိမိနှင့်တကွဖြစ်သော သမ္မယုတ်တရားတို့ကို စောင့်ရှောက်ခြင်းလက္ခဏ
(၂) ထိုသဟဇဇာတ် နာမ်တို့ကို မျှစေခြင်း, ယှဉ်စေခြင်း ရသ
(၃) ထိုသဟဇာတ် နာမ်တို့ကိုသာလျှင် ထားခြင်း, တည်စေခြင်း ပစ္စုပဋ္ဌာန်
(၄) မိမိသည် အစဉ်စောင့်သည်၏ အစွမ်းဖြင့် မျှစေအပ်သော သဟဇာတ် နာမ်တရားတို့လျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန်

သဟဇာတနာမာနုပါလနလက္ခဏံ ဇီဝိတိန္ဒြိယံ၊
တေသံ ပဝတ္တနရသံ၊ တေသညေဝ ဌပနပစ္စုပဋ္ဌာနံ။
အဘိ၊ဋ္ဌ၊၁၊၁၆-၇။

(ပဒဋ္ဌာန်မပါသော သဘောတို့၌ သေသခန္ဓပဒဋ္ဌာန်ချည်းမှတ်။)

---

မနသိကာရသည် -

(၁) သမ္ပယုတ်တရားတို့ကို အာရုံသို့ စိုင်းနှင်ခြင်း ပြေးစေခြင်း လက္ခဏ
(၂) အာရုံ၌ ယှဉ်စေခြင်း ကိစ္စ
(၃) အာရုံသို့ ရှေ့ရှုသည်၏အဖြစ်လျှင် ပစ္စုပဋ္ဌာန်
(၄) အာရုံလျှင် နီးစွာသောအကြောင်း ပဒဋ္ဌာန်ရှိ၏။

မနသိကာရော သာရဏော၊ သံယောဇနရသော။
အာလမ္ဗဏာဘိမုခဘာဝေါ၊ အာလမ္ဗဏ ပဒဋ္ဌာနော။
အဘိ၊ဋ္ဌ၊၁၊၁၇၇

---

ဝိတက်သည် -

(၁) သမ္မယုတ်တရားတို့ကို အာရုံသို့ ရှေ့ရှုတင်ခြင်း လက္ခဏာ
(၂) အာရုံကို ရှေးဦးစွာ ခေါက်ခြင်း ကိစ္စ
(၃) အာရုံကို ရှေ့ရှုဆောင်ခြင်း ပစ္စုပဋ္ဌာန်
(ငှက်ကြီးတို့၏ ရှေးဦးစွာ အတောင်ခတ်သကဲ့သို့တည်း။)

ဝိတက္ကော ဘိနိရောပနော၊ အာဟနပ္ပရိယာဟနော။
အာနယနဥပဋ္ဌာနော၊ ပက္ခဝိက္ခေပနံ ယထာ။
အဘိ၊ဋ္ဌ၊၁၊၁၅၇

---

ဝိစာရသည် -

(၁) အဖန်တလဲလဲ သုံးသပ်ခြင်း လက္ခဏ
(၂) သမ္ပယုတ်တရားတို့ကို အာရုံ၌ မပြတ် ယှဉ်စပ်ခြင်း ကိစ္စ
(၃) အဖန်တလဲလဲ ဖွဲ့ခြင်း ပစ္စုပဋ္ဌာန်
(လေဟုန်စီးသော ငှက်ကြီး ကဲ့သို့တည်း။)

ဝိစာရော အနုမဇ္ဇနော၊ အနုသံယောဇနရသော။
အနုပဗန္ဓနုပဋ္ဌာနော ၊ ပက္ခပသာရဏံ ယထာ။
အဘိ၊ဋ္ဌ၊၁၊၁၅၈

---

အဓိမောက္ခသည် -

(၁) သန္နိဋ္ဌာန်ချခြင်း လက္ခဏ
(၂) မရွေ့ရှားခြင်း ကိစ္စ
(၃) ဆုံးဖြတ်ခြင်းလျှင် ပစ္စုပဋ္ဌာန်
(၄) နိယတသန္နိဋ္ဌာန်လျှင် ပဒဋ္ဌာန်

အဓိမောက္ခော သန္နိဋ္ဌာနော၊
အသံသပ္ပနနိစ္ဆယော။
သန္နိဋ္ဌေယျပဒဋ္ဌာနော။
အဘိ၊ဋ္ဌ၊၁၊၁၇၇

---

ဝီရိယသည် -

(၁) အားထုတ်ခြင်း လက္ခဏ
(၂) သဟဇာတ်တရားတို့ကို အားပေးထောက်ပံ့ခြင်း ကိစ္စ
(၃) မတွန့်တိုခြင်း ပစ္စုပဋ္ဌာန်
(၄) သံဝေဂရှစ်ပါး၌ ထိတ်လန့်ခြင်း ပဒဋ္ဌာန်

ဝီရိယံ တု ဥဿဟနံ၊ သဟဇာတုပထမ္ဘနံ။
အသံသီဒနံ သံဝေဂံ။

---

ပီတိသည် -

(၁) ချစ်နှစ်သက်ခြင်း လက္ခဏ
(၂) ကိုယ်စိတ်တို့ကို ပြည့်ဖြိုးစေခြင်း ကိစ္စ
(၃) တက်ကြွခြင်း ပစ္စုပဋ္ဌာန်

ပီတိ သံပိယာယနာ၊ ပီဏနောဒဂျုပဋ္ဌာနာ။ အဘိ၊ဋ္ဌ၊၁၊၁၅၈

---

ဆန္ဒသည် -

(၁) အာရုံကို ပြုလိုသော အဖြစ်ဟူသော လက္ခဏ
(၂) အာရုံကို ရှာမှီးခြင်း ကိစ္စ
(၃) အာရုံဖြင့် အလိုရှိသည်၏ အဖြစ်ဟူသော ပစ္စုပဋ္ဌန်
(၄) အလိုရှိအပ်သော အာရုံလျှင် နီးစွာသော အကြောင်းပဒဋ္ဌာန်

ဆန္ဒဿ ကတ္တုကာမတာ၊ အာလမ္ဗံပရိယေသနာ။
အာလမ္ဗဏေ နတ္ထိကတာ၊ အာလမ္ဗံ လက္ခဏာဒယော။

(အညသမာန်းဖို့။)
အဘိ၊ဋ္ဌ၊၁၊၁၇၆

---

သဒ္ဓါသည် -

(၁) ကြည်ညိုခြင်း လက္ခဏာ
(၂) ကြည်လင်စေခြင်း ကိစ္စ
(၃) မနောက်ကျုခြင်း ပစ္စုပဋ္ဌာန်
(၄) ရတနတ္တယ စသော ကြည်ညိုဖွယ်သော ဝတ္ထုလျှင် ပဒဋ္ဌာန် ရှိ၏။

သဒ္ဓါ သဒ္ဒဟနလက္ခဏာ၊ ပသာဒနရသာ။
အကာဠုဿိယ ပစ္စုပဋ္ဌာနာ၊ သဒ္ဓေယျဝတ္ထု ပဒဋ္ဌာနာ။
အဘိ၊ဋ္ဌ၊၁၊၁၆၃

---

သတိသည် -

(၁) သမ္ပယုတ်တရားအပေါင်းကို မပေါ်စေခြင်း လက္ခဏ
(၂) မေ့လျော့ခြင်းကို ဖျက်ဆီးခြင်း ကိစ္စ
(၃) စိတ်ကိုစောင့်ရှောက်ခြင်း ပစ္စုပဋ္ဌာန်၊ (ဝါ) အာရုံတပါး မသွားမူ၍ စိတ်၏အာရုံ၌ ရှေ့ရှုသည်အဖြစ်လျှင် ပစ္စုပဋ္ဌာန်
(၄) မြဲမြံသော အမှတ်သညာလျှင် ပဒဋ္ဌာန်ရှိ၏။

သတိ အပိလာပနာ၊ အသမ္မောသာ၊ အာရက္ခုပဋ္ဌာနာ ဝိသယာ ဘိမုခတ္တာ ဝါ၊ ထိရသညာ ပဒဋ္ဌာနာ။ အဘိ၊ဋ္ဌ၊၁၊၁၆၅

---

ဟိရီသည် -

(၁) တရားယုတ်ကို စက်ဆုပ်ခြင်း လက္ခဏ
(၂) မပြုခြင်း ကိစ္စ
(၃) တွန့်ဆုတ်ခြင်း ပစ္စုပဋ္ဌာန်
(၄) မိမိကိုယ်ကို အလေးပြုခြင်း ပဒဋ္ဌာန်

---

ဩတ္တပ္ပသည် -

(၁) တရားယုတ်မှ လန့်ခြင်း လက္ခဏ
(၂) မပြုခြင်း ကိစ္စ
(၃) တွန့်ဆုတ်ခြင်း ပစ္စုပဋ္ဌာန်
(၄) သူတပါးကို ရိုသေခြင်း ပဒဋ္ဌာန်

ဇိဂုစ္ဆနာ ဟိရီ အကရဏံ၊ သင်္ကောစနတ္တ ဂါရဝါ။
ဥတ္တာသနောတ္တပ္ပါ ကရဏံ၊ သင်္ကောစံ ပရဂါရဝံ။
အဘိ၊ဋ္ဌ၊၁၊၁၆၈-၁၇၀။

---

အလောဘသည် -

(၁) စိတ်၏ အာရုံ၌ မမက်မောခြင်း လက္ခဏ
(၂) မသိမ်းဆည်းခြင်း ကိစ္စ
(၃) မကပ်ငြိလိုခြင်း ပစ္စုပဋ္ဌာန်

---

အဒေါသသည် -

(၁) မကြမ်းတမ်းခြင်း လက္ခဏ၊ (ဝါ) မဆန့်ကျင်ခြင်း လက္ခဏ
(၂) ရန်ငြိုးဖွဲ့ခြင်းဟူသော အပူကိုဖျောက်စေခြင်း ကိစ္စ
(၃) အေးချမ်းခြင်း ပစ္စုပဋ္ဌာန်

အလောဘော အဂေဓာလဂ္ဂဘာဝေါ အနလ္လီနော၊ အဒေါသော အစဏ္ဍိကကာဝိရောဓော အာဃာပရိဠာဟဝိနယော သောသမ္မဘာဝုပဋ္ဌာနော အဘိ၊ဋ္ဌ၊၁၊၁၇၀-၁၇၁။

---

တတြမဇ္ဈတ္တတာသည် -

(၁) သမ္ပယုတ်တရားတို့ကို မိမိတို့ကိစ္စ၌ ညီအောင် ဆောင်ခြင်းလက္ခဏ
(၂) ယုတ်လွန်သည်အဖြစ်ကို တားမြစ်ခြင်း ကိစ္စ
(၃) အလယ်အလတ်ဖြစ်ခြင်း ပစ္စုပဋ္ဌာန်

တတြမဇ္ဈတ္တတာ ယုတ္တာနံ၊ သမဝါဟိတ လက္ခဏာ။
ဦနာဓိကတာ နီဝါရဏာ၊ မတ္တဘာဝပဋ္ဌနား
အဘိ၊ဋ္ဌ၊၁၊၁၇၇

---

ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ နှစ်ပါးသည် -

(၁) ကိလေသာအပူတို့၏ ငြိမ်းခြင်း လက္ခဏ
(၂) နှိမ်နင်းခြင်း ကိစ္စ
(၃) စေတသိက် စိတ်တို့ တုန်လှုပ်ခြင်း ကင်းသည်၏ အဖြစ်လျှင် ပစ္စုပဋ္ဌာန်
(၄) စေတသိက် စိတ်လျှင် ပဒဋ္ဌာန်။ (ပဒဋ္ဌာန်မှာ နောက်ကိုလည်း နည်းတူ။)

ပဿဒ္ဓိယာ ဝူပသမာ၊ ဒရထာနံ နိမဒ္ဒနာ။
အပရိဖန္ဓသီတတ္တာ၊ ကာယစိတ္တ ပဒဋ္ဌာနာ။
အဘိ၊ဋ္ဌ၊၁၊၁၇၄

---

လဟုတာ နှစ်ပါးသည် -

(၁) ကိလေသာအပူတို့၏ ငြိမ်းခြင်း လက္ခဏ
(၂) လေးသော ကိလေသာ ဝန်တို့ကို နှိမ်နင်းခြင်း ကိစ္စ
(၃) ပေါ့ပါးခြင်း ပစ္စုပဋ္ဌာန်

လဟုတာယော ဝူပသမာ၊ ဂရုကာနံ နိမဒ္ဒနာ။
အဒန္ဓတာ ဥပဋ္ဌာနာ၊ ကာယစိတ္တ ပဒဋ္ဌာနာ။
အဘိ၊ဋ္ဌ၊၁၊၁၇၄

---

မုဒိတာ နှစ်ပါးသည် -

(၈) ကိလေသာအပူတို့၏ ငြိမ်းခြင်း လက္ခဏ
(၂) ကိလေသာ ခက်ထန်ခြင်းတို့ကို နှိမ်နင်းခြင်း ကိစ္စ
(၃) မထိခတ်ခြင်း ပစ္စုပဋ္ဌာန်

မုဒုတာယော ဝုပသမာ၊ ထဒ္ဓတာနံ နိမဒ္ဒနာ။
အပဋိဂ္ဃာတုပဋ္ဌာနာ၊ ကာယစိတ္တ ပဒဋ္ဌာနာ။
အဘိ၊ဋ္ဌ၊၁၊၁၇၄

---

ကမ္မညတာ နှစ်ပါးသည် -

(၁) ကိလေသာအပူတို့၏ ငြိမ်းခြင်း လက္ခဏ
(၂) ကောင်းသော အမှု၌ မခံ့ခြင်းတို့ကို နှိမ်နင်းခြင်း ကိစ္စ
(၃) ကောင်းမွန်စွာ အာရုံကို ယူခြင်း ပစ္စုပဋ္ဌာန်

ကမ္မညတာ ဝူပသမာ၊ အကမ္မညာနံ နိမဒ္ဒနာ။
အာလမ္ဗကရဏုပဋ္ဌာနာ၊ ကာယစိတ္တ ပဒဋ္ဌာနာ။
အဘိ၊ဋ္ဌ၊၁၊၁၇၄

---

ပါဂုညတာ နှစ်ပါးသည်—

(၁) ကိလေသာအပူတို့၏ ငြိမ်းခြင်း လက္ခဏ
(၂) အကုသိုလ် ကျင်နာခြင်းတို့ကို နှိမ်နင်းခြင်း ကိစ္စ
(၃) အပြစ်ဒေါသ ကင်းခြင်း ပစ္စုပဋ္ဌာန်

ပါဂုညတာ ဝူပသမာ၊ ဂေလညာနံ နိမဒ္ဒနာ။
နိရာဒီနဝုပဋ္ဌာနာ၊ ကာယစိတ္တ ပဒဋ္ဌာနာ။
အဘိ၊ဋ္ဌ၊၁၊၁၇၅

---

ဥဇုကတာ နှစ်ပါးသည် -

(၁) ဖြောင့်မတ်ခြင်း လက္ခဏ
(၂) ကောက်ခြင်းသုံးပါးတို့ကို နှိမ်နင်းခြင်း ကိစ္စ
(၃) ဖြောင့်မတ်ခြင်း ပစ္စုပဋ္ဌာန်

ဥဇုကတာ အဇ္ဇဝတာ၊ ကောဋိလ္လာနံ နိမဒ္ဒနာ။
အဇိမှတာ ဥပဋ္ဌာနာ၊ ကာယစိတ္တ ပဒဋ္ဌာနာ။
အဘိ၊ဋ္ဌ၊၁၊၁၇၅

---

ဝိရတီစေတသိက် သုံးပါးတို့သည် -

(၁) မလွန်ကျူး မကျော်နင်းခြင်း လက္ခဏ
(၂) တွန့်ဆုတ်ခြင်း ကိစ္စ
(၃) မပြုကျင့်ခြင်း ပစ္စုပဋ္ဌာန်
(၄) သဒ္ဓါ အစရှိသော ဂုဏ်လျှင် နီးစွာသောအကြောင်း ပဒဋ္ဌာန် ရှိ၏။

ဝိရတီ အဝီတိက္ကမာ၊ ဝတ္ထုတော သင်္ကောစရသာ။
အကြိယ ပစ္စုပဋ္ဌာနာ၊ သဒ္ဓါဒိဂုဏ ပဒဋ္ဌာနာ။
အဘိ၊ဋ္ဌ၊၁၊၁၇၇

---

ကရုဏာသည် -

(၁) သူတပါးဆင်းရဲကို ပယ်လိုသော အခြင်းအရာဖြစ်ခြင်း လက္ခဏ
(၂) သူတပါးဆင်းရဲကို သည်းခံခြင်း ကိစ္စ
(၃) မညှဉ်းဆဲခြင်း ပစ္စုပဋ္ဌာန်
(၄) ကိုးကွယ်ရာ မရှိသည်၏အဖြစ်ကို တွေ့မြင်ခြင်း ပဒဋ္ဌာန်

ကရုဏာ ပရဒုက္ခာပနယာကာရပ္ပဝတ္တိကာ။
ဒုက္ခာသနာ ဝိဟိံသာ၊ အနာထဘာဝဒဿနာ။
အဘိ၊ဋ္ဌ၊၁၊၂၃၇

---

မုဒိတာသည် -

(၁) သူတပါးစည်းစိမ်ကို ဝမ်းမြောက်ခြင်း လက္ခဏ
(၂) မငြူစူခြင်း ကိစ္စ
(၃) သူတပါးစည်းစိမ်၌ မမွေ့လျော်ခြင်းကို ဖျက်ဆီးခြင်း ပစ္စုပဋ္ဌာန်
(၄) သူတပါးစည်းစိမ်ကို တွေ့မြင်ခြင်း ပဒဋ္ဌာန်

မုဒိတာ ပမောဒနာ၊ အနိဿာယန ရသာ။
အရတိဝိဃာတုပဋ္ဌာနာ၊ ပရသမ္ပတ္တိ ဒဿနာ။
အဘိ၊ဋ္ဌ၊၁၊၂၃၈

---

ပညိန္ဒြေ စေတသိက်သည် -

(၁) အနိစ္စ ဒုက္ခ ကက္ခဠ ဖုသန စသော ဟုတ်မှန်တိုင်းသော သဘောကို သိမြင်ခြင်း လက္ခဏ
တစ်နည်းကား - လိမ္မာသော လေးသမားသည် ပစ်အပ်သော မြား၏ စူးဝင်ခြင်းကဲ့သို့ မချွတ်မယွင်း ဖောက်ထွင်းခြင်း လက္ခဏ
(၂) ဆီမီးတောက်ကဲ့သို့ အာရုံကို ထွန်းပြခြင်း လင်းစေခြင်းကိစ္စ
(၃) လမ်းညွှန် လိမ္မာတောရောက်ခါကဲ့သို့ မတွေဝေသော အခြင်းအရာလျှင် အာရုံ၌ ရှေ့ရှုတည်၏။

အမောဟော ယထာသဘာဝပ္ပဋိဝေဓလက္ခဏော၊ အက္ခလိတပ္ပဋိဝေဓလက္ခဏော ဝါ ကုသလိဿာသော ခိတ္တဥသုပ္ပဋိဝေဓော ဝိယ၊ ဝိသယောဘာသနရသော ပဒီပေါ ဝိယ။ အသမ္မောဟပစ္စုပဋ္ဌာနော အရညဂတသုဒေသကော ဝိယ။ (နာမ်ဖို့။)
အဘိ၊ဋ္ဌ၊၁၊၁၆၆

၂၇ - ရူပပရိဂ္ဂဟ၊ နာမပရိဂ္ဂဟ တို့ကိုယှက်၍ ခန္ဓာ အာယတန ဓာတ်တို့ကို သာမညမုခ၊ သာဝသေသမုခ၊ အနဝသေသမုခ တို့ဖြင့် ပြုခြင်း

ဤကား -

“ကာယညတရန္တိ ပထဝီကာယာဒီသု စတူသု ကာယေသု အညတရံ ဝဒါမိ၊ ဝါယောကာယံ ဝဒါမီတိ အတ္ထော”

ဟူသော ဥပရိပဏ္ဏာသ အဋ္ဌကထာကြီး (မ၊ဋ္ဌ၊၄၊၉၉။) တို့နှင့် အညီ ဝါယောကာယကို ပုဗ္ဗင်္ဂမပြု၍ ပြအပ်သော နာမရူပ သာဝသေသ သာမညမုခ ပေတည်း။

ကာယညတရန္တိ၊ ကာယညတရံ ဟူသည်ကား။
စတူသု၊ လေးပါးကုန်သော။
ပထဝီကာယာဒီသု၊ ပထဝီကာယ အစရှိကုန်သော။
ကာယေသု၊ ကိုယ်တို့တွင်။
အညတရံ၊ တစ်ပါးပါးသော ကိုယ်ကို။
ဝဒါမိ၊ ဟောတော်မူ၏။
ဝါယောကာယံ၊ ဝါယောကာယ သုဒ္ဓဋ္ဌက ကလပ်ကို။
ဝဒါမိ၊ ဟောတော်မူ၏။
ဣတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။

---

တစ်နည်းကား -

၎င်း ဝါယောကာယဖြင့် ပြအပ်သော ရူပကာယ တစ်ဆယ့်ရှစ်ပါးတို့တွင် ဖောဋ္ဌဗ္ဗဖြင့် ရေတွက်အပ်သောကြောင့် ကာယဒသက ကလာပ်ကို လောင်းစိုက်ပြန်၍ နှစ်ဆယ့် ရှစ်ပါးသော ရုပ်တို့ကို ရေတွက်အပ်ကုန်၏။ (သင်္ဂြိုဟ်နည်း)။

(ထို ကာယဒသက ကလာပ်၌ ပထဝီ အစ ဇီဝိတအဆုံးရှိသော ရုပ်ကိုးပါးတို့၏ လက္ခဏ, ရသ စသည်တို့ကား နောက်က ပြအပ်ပြီးသည်နှင့် တူ၏။)

ဖောဋ္ဌဗ္ဗာယတန ထိုက်သော ကာယပသာဒရုပ်ကား - ကာယပသာဒ သည် -

(၁) ဖောဋ္ဌဗ္ဗာရုံ၌ ထိခတ်ခြင်း လက္ခဏ၊

(ဝါ) ဖောဋ္ဌဗ္ဗာရုံ၏ ထိခတ်ခြင်းကို ထိုက်သော မဟာဘုတ်တို့ကို ကြည်စေခြင်း လက္ခဏာရှိ၏။

(၂) ဖောဋ္ဌဗ္ဗာရုံတို့၌ အာဝဇ္ဇန်းစသော ဝိညာဉ်ကို ဆွဲငင်ခြင်းကိစ္စရှိ၏။

(၃) ကာယဝိညာဉ်၏ တည်ရာအဖြစ် ဟူသော ပစ္စုပဋ္ဌာန်ရှိ၏။

(၄) တွေထိလိုသော အဖြစ် ဟု ဆိုအပ်သော ဖောဋ္ဌဗ္ဗတဏှာလျှင် အကြောင်းရှိသော ကံကြောင့်ဖြစ်သော မဟာဘုတ်လျှင် နီးစွာသော အကြောင်း ရှိ၏။

ဖောဋ္ဌဗ္ဗာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏော၊ ဖုသိတုကာမတာနိဒါန-ကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏော ဝါ ကာယော၊ ဖောဋ္ဌဗ္ဗေသု အာဝိဉ္ဆနရသော၊ ကာယဝိညာဏဿ အာဓာရဘာဝပစ္စုပဋ္ဌာနော၊ ဖုသိတုကာမတာနိဒါနကမ္မဇ-ဘူတပဒဋ္ဌာနာ။

ဝိသုဒ္ဓိ၊၂၇၄။ (အနက်ရေး သဘော အတိုင်း။)

---

ဤကား -

“အထဝါ ရူပါယတနံ ။လ။ ကဗဠီကာရော အာဟာရောတိ ပဉ္စဝီသတိ ရူပကောဋ္ဌာသာ ရူပကာယော နာမ။ တေသု အာနာပါနံ ဖောဋ္ဌဗ္ဗာယတနေ သင်္ဂဟိတတ္တာ ကာယညတရံ ဟောတိ”

ဟူသော ၎င်း ဥပရိပဏ္ဏာသ အဋ္ဌကထာကြီး (မ၊ဋ္ဌ၊၄၊၉၉) နှင့်အညီ ဖောဋ္ဌဗ္ဗကာယကို ပုဗ္ဗင်္ဂမပြု၍ ပြအပ်သော နာမရူပ သာဝသေသ သာမညမုခ ပေတည်း။

အထဝါ၊ တစ်နည်းကား။
ရူပါယတနံ၊ ရူပါရုံလည်းကောင်း။လ။
ကဗဠီကာရော၊ အလုတ်အလွေးကို မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော။
အာဟာရော၊ အာဟာရလည်းကောင်း။
ဣတိ၊ ဤသို့။
ပဉ္စဝီသတိ၊ ၂၅ ပါးကုန်သော။
ရူပကောဋ္ဌာသာ၊ ရုပ်၏အစုတို့သည်။
ရူပကာယော နာမ၊ ရူပကာယမည်၏။
တေသု၊ ထို ၂၅-ပါးကုန်သော ရုပ်တို့တွင်။
အနာပါနံ၊ ထွက်သက်ဝင်သက်ကို။
ဖောဋ္ဌဗ္ဗာယတနေ၊ ဖောဋ္ဌဗ္ဗာယတန၌။
သင်္ဂဟိတတ္တာ၊ ရေတွက်အပ်သည်၏ အဖြစ်ကြောင့်။
ကာယညတရံ၊ ၂၅ပါးသော ကိုယ်တွင် ဖောဋ္ဌဗ္ဗကိုယ်သည်။
ဟောတိ၊ ဖြစ်၏။

---

တစ်နည်းကား။

ဖောဋ္ဌဗ္ဗကာယဖြင့်ရအပ်သော (၂၈) ပါးသော ရုပ်တို့တွင် ဘာဝဒသက, ဥတုဇ- သုဒ္ဓဋ္ဌက, အာဟာရဇသုဒ္ဓဋ္ဌက တို့ကိုလည်း ရေတွက် သိမ်းအပ်သည်၏ အဖြစ်ကြောင့် ပေါင်း အဿာသပဿာသ အခိုက်၌ (၅၄) ပါးသော ကမဇ္မ စိတ္တဇ ဥတုဇ အာဟာရဇရုပ်တို့ကို ရအပ်ကုန်၏။

(စိတ္တဇနောက်က ပြခဲ့ပြီးပြီ။)

---

ဤကား -

“ဧဝံ စတုသမုဋ္ဌာနေသု စတုဝီသတိ ကောဋ္ဌာသေသု စတုစတ္တာလီသ စတုစတ္တာလီသရူပါနိ”

ဟူသော ဝိသုဒ္ဓိမဂ်၌ ပြအပ်သော … ဥဒရိယံ ကရီသံ ပုဗ္ဗော မုတ္တံ - ဟူသော ဥတု, ကောဋ္ဌာသ လေးပါး၊ သေဒေါ မေဒေါ အဿု သိင်္ဃာဏိကာ - ဟူသော စိတ္တဇ, ဥတုဇ ကောဋ္ဌာသလေးပါး၊ ပေါင်း ဧကဇ လေးပါး၊ ဒွိဇ လေးပါးကို ချန်လှပ်၍ ကြွင်းသော ကောဋ္ဌာသ(၂၄) ပါးတို့၌ ကာယဒသက ဘာဝဒသက စိတ္တဇ ဥတုဇ အာဟာရဇ သုဒ္ဓဋ္ဌကလာပ်တို့၌ (၄၄) ပါးစီသော ရုပ်တို့ကို ရအပ်ရကား ၎င်း အဿာသပဿာသအခိုက်၌ ဖောဋ္ဌဗ္ဗကာယသို့ ထိုက်လေသော အူမ ရင်လယ် လည်ချောင်းတို့အတွင်းသို့ သက်တုံ တက်တုံ ဖြစ်ခါဝယ် (၄၄) ပါးစီ ရအပ်လှ၍ ၎င်း (၄၄) ပါးတို့တွင် ဝတ္ထုဒသက သုဒ္ဓစိတ္တဇဝါယော ထည့်၍ ကလာပ်တူချေ၍ (၆၂) ပါးသော ရုပ်တို့ကို ရအပ်ပေ၏။

ဧဝံ၊ ဤကေသာနှင့်အတူ။
လောမာဒီသု၊ လောမ အစရှိကုန်သော။ (ထည့်)
စတုသမုဋ္ဌာနေသု၊ ကံ စိတ် ဥတု အာဟာရ ဟူသော လေးပါးသော အကြောင်း တို့ကြောင့် ဖြစ်ကုန်သော။
စတုဝီသတိ ကောဋ္ဌာသေသု၊ (၂၄) ပါးသော ကောဋ္ဌာသတို့၌။
စတုစတ္တာလီသ စတုစတ္တာလီသ ရူပါနိ၊ (၄၄)ပါး (၄၄) ပါးသော ရုပ်တို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

ထို (၆၂) ပါးသော ရုပ်ရှိတွင် ဘာဝရုပ်နှစ်ပါး၏ လက္ခဏ ရသ စသည်ကား-

ဣတ္ထိဘာဝရုပ်သည် -

(၁) ဤသူကား မိန်းမဟု သိသော ဉာဏ် ဣတ္ထိသဒ္ဒါ ဖြစ်ခြင်း၏ အကြောင်း၏အဖြစ် တည်းဟူသော မှတ်ကြောင်း လက္ခဏ၊

(၂) ဤသူကား မိန်းမဟု ပြခြင်း ကိစ္စ၊

(၃) ဣတ္ထိလိင်္ဂ ဣတ္ထိနိမိတ္တ ဣတ္ထိကုတ္တ ဣတ္ထိအာကပ္ပတို့၏ အကြောင်းလျှင် ပစ္စုပဋ္ဌာန်။

(ပုမ္ဘာဝရုပ်သည် ဣတ္ထိဘာဝရုပ်နှင့်တူ၏၊ လှည့်၍ထည့်။)

ဣတ္ထိဘာဝလက္ခဏံ ဣတ္ထိန္ဒြိယံ၊ ဣတ္ထီတိ ပကာသန ရသံ။
ဣတ္ထိလိင်္ဂနိမိတ္တကုတ္တာကပ္ပါနံ ကာရဏဘာဝ ပစ္စုပဋ္ဌာနံ။

ပုရိသဘာဝလက္ခဏံ ပုရိသိန္ဒြိယုံ၊ ပုရိသောတိပကာသနရသံ။
ပုရိသလိင်္ဂ နိမိတ္တကုတ္တာကပ္ပါနံ ကာရဏဘာဝ ပစ္စုပဋ္ဌာနံ။

အဘိ၊ဋ္ဌ၊၁၊၃၅၀

(ပဒဋ္ဌာန်မှာ မဟာဘူတ သာတည်း၊ ကြွင်းသောရုပ်စုမှာ နည်းတူမှတ်။)

---

ဤကား သာဝသေသ သာမညမုခဖြင့် ရအပ်သော ရုပ် (၆၂) ပါး နာမ် (၃၉) ပါး ပေါင်း (၁၀၁)ပါးသော ပရမတ္ထတရားတို့သည် အဿာသ ပဿာသ အခိုက်၌ ရအပ် ရထိုက်ကုန်၏၊

ထိုသို့ ရထိုက်ကုန်သော ရုပ်နာမ်နှစ်ပါးတို့တွင် (၆၂) ပါးသာ ရုပ်တရားအပေါင်းတို့ အနက်ဝယ် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော ဤရုပ်(၄)ပါးကား ဘူတရုပ်တည်း။ ကြွင်းကုန်သော ရုပ်တို့ကား ဥပါဒါရုပ်တို့တည်း။

ထို ဘူတရုပ် ဥပါဒါရုပ် (၆၂) ပါးတို့သည် ဖောက်ပြန်တတ်သော လက္ခဏာချည်း ရှိကုန်၏ဟု တစ်ပေါင်းတည်းပြု၍ နောက်က ပြခဲ့သောအတိုင်း ရုပ်ကို သိမ်းဆည်း ရာ၏။

(၃၉) ပါးသော စိတ် စေတသိက် တရားတို့သည် နာမ်တို့ချည်းသာတည်း။ ထို နာမ်တရား (၃၉)ပါးတို့သည် အာရုံသို့ညွှတ်ခြင်း လက္ခဏာချည်း ရှိကုန်၏ဟု တစ်ပေါင်းတည်းပြု၍ နောက်ကပြခဲ့သောအတိုင်း နာမ်ကို သိမ်းဆည်းကုန်ရာ၏။

ရုပ် (၆၂)ပါး ယူပုံကား၊

ဝတ္ထုရုပ်၌ ရအပ်ကုန်သော -
ကာယဒသက (၁၀)၊
ဘာဝဒသက (၁၀)၊
ဝတ္ထုဒသက (၁၀)၊
စိတ္တဇ (၈)၊
ဥတုဇ (၈)၊
အာဟာရဇ (၈)။

ဖောဋ္ဌဗ္ဗာယတန၌ရအပ်ကုန်သော -
ကာယဒသက (၁၀)၊
ဘာဝဒသက (၁၀)၊
စိတ္တဇ (၈)၊
ဥတုဇ (၈)၊
အာဟာရဇ (၈)။

ထွက်သက် ဝင်သက် သက်သက်သုဒ္ဓဋ္ဌက (၈)တို့တွင် တူသော ကလာပ်တို့ကိုချေ၍ အကြွင်း (၆၂) ပါးပြု၍ ယူတော်မူကြကုန်။ (အမှာ။)

တတော ဟဒယရူပဿ နိဿာယဘူတာနိ ဘူတာနိဿိတာနိ စ သေသုပါဒါရူပါနိတိ ရူပံ ပရိဂ္ဂဏှတိ၊ သော သဗ္ဗံပေတံ ရုပ္ပနတော ရူပန္တိ ဝဝတ္ထပေတိ၊ တတော နမနလက္ခဏံ နာမံ။

ဝိသုဒ္ဓိ၊၂၊၂၂၂

တတော၊ ထိုဟဒယဝတ္ထုရုပ်ကို မြင်သည်မှ။
ပရံ၊ နောက်၌။
ဟဒယရူပဿ၊ ဟဒယဝတ္ထုရုပ်၏။
နိဿာယဘူတာနိ၊ မှီရာဖြစ်ကုန်သော မဟာဘုတ် တို့ကိုလည်းကောင်း။
ဘူတာနိဿိတာနိ၊ ဘူတရုပ်တို့ကို မှီကုန်သော။
သေသုပါဒါရူပါနိစ၊ ဘူတရုပ်ကြွင်းသော ဥပါဒါရုပ်တို့ကိုလည်းကောင်း။
ပဿတိ၊ မြင်၏။
ဣတိ၊ ဤသို့။
ရူပံ၊ ရုပ်ကို။
ပရိဂ္ဂဏှတိ၊ သိမ်းဆည်း၏။
သော၊ ထိုယောဂါဝစရသည်။
သဗ္ဗံပိ၊ အလုံးစုံလည်းဖြစ်သော။
ဧတံဓမ္မဇာတံ၊ ဤဘူတရုပ် ဥပါဒါရုပ်ဟုဆိုအပ်သော တရားအပေါင်းသည်။
ရုပ္ပနတော၊ ဖောက်ပြန်တတ်သည်၏ အဖြစ်ကြောင့်။
ရူပံ၊ ရုပ်မည်၏။
ဣတိ၊ ဤသို့။
ဝဝတ္ထပေတိ၊ မရောမယှက်သောအားဖြင့် နှလုံး၌ ထား၏။
တတော၊ ထိုထားပြီးသည်မှ။
ပရံ၊ နောက်၌။
နာမံ၊ နာမ်သည်။
နမနလက္ခဏံ၊ အာရုံ ကို ရှေ့ရှုညွှတ်ခြင်း လက္ခဏာရှိ၏။
ဣတိ၊ ဤသို့။
ဝဝတ္ထပေတိ၊ မရောမယှက်သောအားဖြင့် နှလုံး၌ ထား၏။

(ဤကား သာမညမုခ သာဝသေသနည်းဖြင့် ရုပ်နာမ်နှစ်ပါးတို့ကို သိမ်းဆည်းပုံ ပေတည်း။)

---

အနဝသေသ အားဖြင့်ကား

သုံးဆယ့်နှစ်ပါးသော ဂောဋ္ဌာသ၌ ဥဒရိယ၊ ကရီသ၊ ပုဗ္ဗ၊ မုတ္တ-လေးပါးတို့၌ ဥတုဇသုဒ္ဓဋ္ဌက ကလာပ် လေးစည်း။ သေဒေါ၊ မေဒေါ၊ အဿု၊ သိင်္ဃာဏိကာ-လေးပါးတို့၌ စိတ္တဇ ဥတုဇ၊ သုဒ္ဓဋ္ဌက ကလာပ် လေးစည်းဖြစ်ရကား ပေါင်း ရှစ်စည်း။ ကြွင်းသော ကောဋ္ဌာသ (၂၄) ပါးတို့၌ ကာယဒသက၊ ဘာဝဒသက၊ စိတ္တဇ၊ ဥတု၊ အာဟာရဇကလာပ် ငါးစည်းစီ ဖြစ်ရကား ကလာပ်ပေါင်း (၁၂၀)။

တေဇော ကောဋ္ဌာသ လေးခုတို့တွင် ပါစကဝမ်းမီး၌ ဇီဝိတနဝကကလပ် တစ်ခု၊ ကြွင်းသော သန္တပ္ပန၊ ဇီရဏ၊ ဒဟန-သုံးပါး၌ ဇီဝိတနဝကကလပ် တစ်စည်း၊ စိတ္တဇ၊ ဥတုဇ၊ အာဟာရဇ၊ သုဒ္ဓဋ္ဌကကလာပ် သုံးစည်း အားဖြင့် ကလာပ်ပေါင်း (၁၃) စည်း။

ဝါယောကောဋ္ဌာသ ခြောက်ပါးတို့တွင် အဿာသ ပဿာသ၌ စိတ္တဇ သုဒ္ဓဋ္ဌက ကလာပ်တစ်စည်း၊ ကြွင်းသော ဥဒ္ဓင်္ဂမ၊ အဓောဂမ၊ ကုစ္ဆိဋ္ဌ၊ ကောဋ္ဌာသယ၊ အင်္ဂမင်္ဂါနုသာရီတို့၌ ဇီဝိတနဝက ကလာပ်၊ စိတ္တဇ၊ ဥတုဇ၊ အာဟာရဇ၊ သုဒ္ဓဋ္ဌက ကလာပ် သုံးစည်းစီ ဖြစ်ရကား ပေါင်း ကလာပ် (၂၁) စည်း။

ပထဝီကောဋ္ဌာသ (၂၀)၊
အာပေါကောဋ္ဌာသ (၁၂)၊
တေဇောကောဋ္ဌာသ (၄)၊
ဝါယောကောဋ္ဌာသ (၆)

မှ ကြွင်းသော ပဒေသဝုတ္တိကလာပ်ဟု ဆိုအပ်သော ထိုထိုဆိုင်ရာ မံသာနုဃနတို့၌ ဖြစ်ကြသော စက္ခုဒသက၊ သောတဒသက၊ ဃာနဒသက၊ ဇိဝှါဒသက၊ ဝတ္ထုဒသက စိတ္တဇ၊ သဒ္ဒနဝက၊ ဥတုဇသဒ္ဒနဝက အားဖြင့် ခုနစ်စည်း၊ ပဒေသဝုတ္တိကလာပ်နှင့် တကွ (၄၂) ပါးသော ကောဋ္ဌာသတို့၌ (၁၇၃) ပါးသော ကလာပ်တို့ကို ရအပ်ကုန်၏။

ထို (၁၇၃) ပါးသော ကလာပ်တို့တွင် ဒသကကလာပ် (၅၃)၊ နဝကကလာပ် (၁၁)၊ သုဒ္ဓဋ္ဌက ကလာပ် (၁၀၉) ပါးတို့ကို ရအပ်သည်ဖြစ်၍ -

ဒသကကလာပ် (၅၃)က (၅၃၀)၊
နဝက ကလာပ်(၁၁)က (၉၉)၊
သုဒ္ဓဋ္ဌက ကလာပ်(၁၀၉)က (၈၇၂)

ပါးသော ရုပ်တို့ကို ရအပ်လှ၍ ပေါင်း ဤရူပကာယ ခန္ဓာကိုယ်၌ (၁၅၀၁-ပါး) တစ်ထောင့် ငါးရာ့ တစ်ပါးသော ရုပ်တို့ကို ရအပ်ပေ၏။ ထိုကြောင့် -

သေကပဉ္စသတံ ကာယေ၊ သဟဿံ တံ ပဝတ္တတိ။
ပရိပုဏ္ဏိန္ဒြိယေ ရူပံ၊ နိပ္ဖန္နံ ဓာတုဘေဒတော -

ဟူသော ဂါထာကို သစ္စသင်္ခေပအဋ္ဌကထာဆရာ မိန့်တော်မူ၏။

သစ္စသင်္ခေပ၊ဋ္ဌ၊၅။

တံ နိပ္ဖန္နရူပံ၊ ထိုနိပ္ဖန္နရုပ်သည်။
ပရိပုဏ္ဏိန္ဒြိယေ၊ ပြည့်စုံသော ဣန္ဒြေ ရှိသော။
ကာယေ၊ ကိုယ်၌။
ဓာတုဘေဒတော၊ ဓာတ်တို့၏အပြားအားဖြင့်။
သေကပဉ္စသတံ-သ ဧက ပဉ္စသတံ၊ ငါးရာ့တစ်ခုနှင့် တကွသော။
သဟဿ၊ တစ်ထောင်သည်။
(ဝါ) တစ်ထောင့်ငါးရာ့တစ်ခု (၁၅၀၁) သည်။
ပဝတ္တတိ၊ ဖြစ်၏။

ဝိသုဒ္ဓမဂ်အဋ္ဌကထာ၌ကား တစ်ထောင့်လေးရာကိုးဆယ့်လေး (၁၄၉၄)၊ ၎င်း မဟာဋီကာရှင်ကား တစ်ထောင့်လေးရာရှစ်ဆယ့်ငါး (၁၄၈၅) ရှိ၏ဟု ပြတော်မူ ကြ၏။ သင်္ချာ သင်္ချေ မညီကြ၍ မပြလိုက်ပြီ။

ထို တစ်ထောင့်ငါးရာ့တစ်ခုသော ရုပ်တို့ကို တစ်ပေါင်းတည်း ပြု၍ သိမ်းဆည်းရမည် ဟူ၏။ ထို သိမ်းဆည်းရာ၌လည်း ရုပ်တို့၏ အရေအတွက် ရုပ်တို့၏ဖြစ်ခြင်း လက္ခဏ ရသ စသည်တို့နှင့်တကူ သိမ်းဆည်းရမည်။ ၎င်း လက္ခဏ, ရသ စသည်တို့ကား နောက် သာဝသေသနည်းကို မှီး၍ သိလောက်ပြီး (ရုပ်ဖို့။၊)

နာမ်တရား၌လည်း သုဒ္ဓဝိပဿကပုဂ္ဂိုလ် ဥပစာရသမထယာနိက ပုဂ္ဂိုလ်တို့မှာမူ ကာမစိတ် စတုပညာသ=ငါးဆယ့်လေး၊ စေတသိက် ဒွေပညာသ=ငါးဆယ့်နှစ်တို့ကို တစ်ပေါင်းတည်းပြု၍ နာမ်တရားတို့ကို သိမ်းဆည်း အပ်၏။ ဈာနလာဘီပုဂ္ဂိုလ်မှာမူ ကာမစိတ် စတုပညာသ (၅၄)၊ မဟဂ္ဂုတ်စိတ် သတ္တဝီသ (၂၇) ၊ စေတသိက် ဒွေပညာသ (၅၂) တို့ကို တစ်ပေါင်းတည်းပြု၍ သိမ်းဆည်းအပ်၏။

နာမ်ကို သိမ်းဆည်းရာ၌လည်း နာမ်တို့၏ အရေအကွက်၊ နာမ်တို့၏ ဖြစ်ခြင်း လက္ခဏ ရသ စသည်တို့နှင့် တကွ သိမ်းဆည်းအပ်၏။ ၎င်း လက္ခဏ ရသ စသည် တို့ကား နောက် သာဝသေသနည်းကို မှီး၍ သိလောက်ပြီ။

လောကုတ္တရာစိတ်ကို မသိမ်းဆည်းကောင်း။

သော သဗ္ဗေပိ တေ အရူပဓမ္မေ နမနလက္ခဏေန ဧကတော ကတွာ ဧတံ နာမန္တိ ပဿတိ။

ဝိသုဒ္ဓိ၊၂၊၂၂၃

သော၊ ထိုယောဂါဝစရပုဂ္ဂိုလ်သည်။
သဗ္ဗေပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။
တေ အရူပဓမ္မေ၊ - ထိုလောကီစိတ် ဧကသီတိ ဖဿ စသော စေတသိက် ပညာသဟု ဆိုအပ်သော နာမ်တရားတို့ကို။
နမနလက္ခဏေန၊ အာရုံကို ညွှတ်တတ်သော လက္ခဏာဖြင့်။
ဧကတော ကတွာ၊ တစ်ပေါင်းတည်းပြု၍။
ဧကံ ဓမ္မဇာတံ၊ လောကီစိတ် ဧကသီတိ စေတသိက် ဒွေပညာသဟု ဆိုအပ်သော ဤ တရားသဘောသည်။
နာမံ၊ နမ် မည်၏ဟူ၍။
(ဝါ) နာမန္တိ၊ နာမ်မည်၏ဟူ၍။
ပဿတိ၊ ရှု၏။ (နာမ်ဖို့။)

---

ဤသို့သော စကားအစဉ်ဖြင့် -
ရုပ် (၁၅၀၁) ခု၊
နာမ်ပေါင်း သုဒ္ဓဝိပသကပုဂ္ဂိုလ် ဥပစာရသမထယာနိက ပုဂ္ဂိုလ်တို့မှာမူ (၁၀၆) ခု၊
ဈာနလာဘီအပ္ပနာသမထယာနိကပုဂ္ဂိုလ်မှာမူ (၁၃၃) ခု-

တို့ကို တစ်ပေါင်း တည်းပြု၍ ရုပ်နာမ်တို့ကို သိမ်းဆည်းအပ်ကုန်၏။

အထူးမှာမူ - သာဝသေသ သာမညမုခသာ ပဓာနဖြစ်၍ အနဝသေသ သာမညမုခ၌ အကျယ်မရေးလိုက်ပြီ။ (သာမညမုခ နာမရူပပရိဂ္ဂဟ။)

---

ခန္ခမုခ၌လည်း ဤသို့မှတ်အပ်၏။

ခန္ဓာသည်ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ ဟူ၍ ငါးပါးအပြားရှိ၏။ ထိုငါးပါးသော ခန္ဓာတို့ကိုလည်း သာဝသေသ အနဝသေသ နှစ်နည်းပင် ရအပ်၏။ ထိုနှစ်ပါးတို့တွင် သာဝသေသ သာမညမုခ၌ ပြခဲ့ပြီးသော -

(၁) ရုပ်ပေါင်း (၆၂)ပါးသည် ရူပက္ခန္ဓာ မည်၏။

(၂) နာမ်ပေါင်း (၃၉)ပါးတို့တွင် ဝေဒနာစေတသိက်သည် ဝေဒနာက္ခန္ဓာ မည်၏။

(၃) သညာစေတသိက်သည် သညာက္ခန္ဓာ မည်၏။

(၄) ဝေဒနာ သညာမှကြွင်းသော စေတသိက် (၃၆) ပါးသည်သင်္ခါရက္ခန္ဓာ မည်၏။

(၅) ဝိပဿနာကုသိုလ်စိတ်သည် ဝိညာဏက္ခန္ဓာ မည်၏။

လက္ခဏ, ရသ, ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့မှာမူ သာမညမှခကို မှီး၍ သိလေ။
(သာဝသေသ သာမညမုခ။)

---

အနဝသေသ သာမညမှခ၌

(၂၇) ပါးကုန်သော ရုပ်တို့၏ အာကာရ ဝိကာရ ဌာန ပဗန္ဓ - အားလျော်စွာ ဖြစ်ကုန်သော -

(၁) ရုပ်ပေါင်း (၁၅၀၁) ခုတို့သည် ရူပက္ခန္ဓာ မည်၏။

(၂) နာမ်ပေါင်း (၁၀၆) ခု တို့တွင် ဝေဒနာ စေတသိက်သည် ဝေဒနာက္ခန္ဓာ မည်၏။

(၃) သညာစေတသိက်သည် သညာက္ခန္ဓာ မည်၏။

(၄) ဝေဒနာ သညာမှကြွင်းသော စေတသိက် (၅၀) သည် သင်္ခါရက္ခန္ဓာ မည်၏။

(၅) ကာမစိတ် စတုပညာသ (၅၄) သည် ဝိညာဏက္ခန္ဓာ မည်၏။

ဈာနလာဘီတို့ ရအပ်သော နာမ်ကိုကား အရာမဟုတ်၍ မဖွဲ့လိုက်ပြီး
(နောက်ကိုလည်း နည်းတူ။)

---

ဤကား -

ဣတိ သဗ္ဗာနိ ပေတာနိ သတ္တဝီသတိ ရူပါနိ ရူပက္ခန္ဓော၊ ဧကာသီတိယာ လောကိယစိတ္တေဟိ သဒ္ဓိံ ဥပ္ပန္နာ ဝေဒနာ ဝေဒနာက္ခန္ဓော၊ တံ သမ္ပယုတ္တာ သညာ သညာက္ခန္ဓော၊ သင်္ခါရာ သင်္ခါရက္ခန္ဓော၊ ဝိညာဏံ ပိညာဏက္ခန္ဓောတိ၊ ဣတိ ရူပက္ခန္ဓော ရူပံ၊ စတ္တာရော အရူပိနော ခန္ဓာ နာမန္တိ ဧဝမေကော ပဉ္စက္ခန္ဓဝသေန နာမရူပံ ဝဝတ္ထပေတိ။

ဝိသုဒ္ဓိ၊၂၊၂၂၅

ဟူသော ဝိသုဒ္ဓိမဂ်၏ သဘာဝကို ဆောင်၍ လဒ္ဓ လဒ္ဓါကာရ တို့ဖြင့် ပြအပ်သော သာဝသေသ အနဝသေသ ခန္ဓမုခ တို့ပေတည်း။

ဣတိ ဣမိနာနယေန၊ ဤသို့ ဆိုအပ်ပြီးသောနည်းဖြင့်။
သဗ္ဗာနိပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။
ဧတာနိသတ္တဝီသတိရူပါနိ၊ ထို (၂၇)ပါး ကုန်သော ရုပ်တို့သည်။
ရူပက္ခန္ဓာ၊ ရူပက္ခန္ဓာ မည်၏။
ဧကာသီတိယာ၊ (၈၁) ခုကုန်သော။
လောကိယစိတ္တေဟိ၊ လောကီစိတ်တို့နှင့်။
သဒ္ဓိံ ၊ တကွ။
ဥပ္ပန္နာ၊ ဖြစ်သော။
ဝေဒနာ၊ ဝေဒနာစေတသိက်သည်။
ဝေဒနာက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာမည်၏။
တံ သမ္ပယုတ္တာ၊ ထို လောကီစိတ်နှင့်ယှဉ်သော။
သညာ၊ သညာစေတသိက်သည်။
သညာက္ခန္ဓာ၊ သညာက္ခန္ဓာ မည်၏။
တံ သမ္ပယုတ္တာ၊ ထိုလောကီစိတ်နှင့် ယှဉ်ကုန်သော။
သင်္ခါရာ၊ ဝေဒနာ သညာမှကြွင်းသော စေတသိက် (၅၀) တို့သည်။
သင်္ခါရက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ မည်၏။
ဝိညာဏံ၊ လောကီစိတ် ဧကာသီတိ (၈၁) သည်။
ဝိညာဏက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာမည်၏။
ဣတိ၊ ဤသို့။
ဝဝတ္ထပေတိ၊ မှတ်၏။
ဣတိ၊ ဤသို့။
ရူပက္ခန္ဓာ၊ ရူပက္ခန္ဓာသည်။
ရူပံ၊ ရုပ်မည်၏။
စတ္တာရော၊ လေးပါးကုန်သော။
အရူပိနော၊ နာမ်ဖြစ်ကုန်သော။
ခန္ဓာ၊ ခန္ဓာတို့သည်။
နာမံ၊ နာမ်မည်၏။
ဣတိ ဧဝံ၊ ဤသို့။
ဧကော၊ တစ်ဦးသော ယောဂီသည်။
ပဉ္စက္ခန္ဓဝသေန၊ ခန္ဓာငါးပါး၏ အစွမ်းဖြင့်။
နာမရူပံ၊ နာမ်ရုပ်ကို။
ဝဝတ္ထပေတိ၊ မှတ်၏။ (ခန္ဓမုခ။)

---

အာယတနမုခ၌ ဤသို့ မှတ်အပ်၏၊

အာယတနသည် ရူပါယတန သဒ္ဒါယတန ဂန္ဓာယတန ရသာယတန ဖောဋ္ဌဗ္ဗာယတန ဓမ္မာယတန ဟူ၍ ဗာဟိရာယတန ခြောက်ပါး၊ စက္ခာယတန သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာယတန မနာယတန ဟူ၍ အဇ္ဈတ္တိ ကာယတန ခြောက်ပါး အားဖြင့် (၁၂) ပါး အပြားရှိ၏။ ထို(၁၂)ပါးသော အာယတနတို့ကိုလည်း သာဝသေသ အနဝသေသ နှစ်နည်း ရအပ်၏။

ထိုနှစ်ပါးတို့တွင် အဿာသပဿာသတို့၏ ထွက်ရာကာလတို့မှ စ၍ ကာယာယတန၌ ရအပ်သော ---

ကာယဒသက ၁၀-ပါး၊ ဘာဝဒသက ၁၀-ပါး၊ စိတ္တဇသုဒ္ဓဋ္ဌက ၈-ပါး၊ ဥတုဇ ၈-ပါး အာဟာရဇ ၈-ပါး၊ ပေါင်း ၄၄-ပါးသည် ကာယာယတန မည်၏။

ဖောဋ္ဌဗ္ဗာယတန၌ ရအပ်သော စိတ်ကြောင့်ဖြစ်သော သုဒ္ဓဋ္ဌကကလာပ်သည် ဖောဋ္ဌဗ္ဗာယတန မည်၏။

ဝတ္ထုဒသကသည် ဓမ္မာယတန တစ်ခွဲ မည်၏။ ပေါင်း ရုပ်အာယတန နှစ်ခုခွဲ။

ဝိပဿနာကုသိုလ်စိတ်သည် မနာယတန မည်၏။ စေတသိက် (၃၈) ပါးသည် ဓမ္မာယတန တစ်ခွဲ မည်၏။ (ပေါင်း နာမ်အာယတန တစ်ခုခွဲ)

ရုပ်အာယတန (၂) ခုခွဲ နာမ်အာယတန (၁) ခုခွဲ ပေါင်းသော် အဿာသပဿာသ အခိုက်၌ အာယတန လေးပါးရ၏။ (ဥပစာနည်း၊)
(သာဝသေသ အာယတနမုခ။)

---

အနဝသေသ မုခ၌

(၂၇) ပါးကုန်သော ရုပ်တို့၏ အာကာရ ဝိကာရ ဌာန ပဗန္ဓ - အားလျော်စွာ ဖြစ်ကုန်သော ရုပ်ပေါင်း (၁၅၀၁)ခုတို့တွင် စက္ခုဒသက (၁၀) ကို မံသနှင့်စပ်၍ ကာယဒသက(၁၀)၊ ဘာဝဒသက (၁၀)၊ စိတ္တဇ (၈)၊ ဥတုဇ (၈)၊ အာဟာရဇ (၈) ထည့်၍ (၅၄)ပါးသော ရုပ်ကို စက္ခာယတနဟု ပဗန္ဓပြု၍ယူမူ ရအပ်ရကား စက္ခာယတန (၅၄)

၎င်းနည်းတူ သောတာယတန (၅၄)ဃာနာယတန (၅၄)ဇိဝှါယတန (၅၄)ကာယာယတန (၄၄)ရူပါယတန (၈)သဒ္ဒါယတန (၉)ဂန္ဓာယတန (၈)ရသာယတန (၈)ဖောဋ္ဌဗ္ဗာယတန (၈)၊ ဘာဝရုပ်နှစ်ခု ဇီဝိတ, ဟဒယဝတ္ထု, အာပေါ ဩဇာရုပ် (၆) ခုတို့သည် ရုပ်ဓမ္မာယတနတစ်ခွဲ မည်၏။

ကြွင်းသော ဩဠာရိကရုပ်တို့ကား အဇ္ဈတ္တ ဗာဟိရပဉ္စာယတနတို့ဖြင့် သင်္ဂြိုဟ်အပ်၏။

မနောဓာတ် (၃)၊ မနောဝိညာဏဓာတ် (၄၁)၊ ပဉ္စဝိညာဏဓာတ် (၁၀) ပေါင်း ကာမစိတ် စတုပညာသ (၅၄) ပါးသည် မနာယတန မည်၏။

စေတသိက် ဒွေပညာသ (၅၂) ပါး သည် နာမ်ဓမ္မာယတန တစ်ခွဲမည်၏။

ပေါင်း အဿာသ ပဿာသအခိုက်၌ ရုပ်အာယတန (၁၀) ခုခွဲ။ နာမ်အာယတန (၁)ခုခွဲအားဖြင့် (၁၂)ပါးသော အာယတန၊ စိတ်(၅၄)၊ စေတသိက်(၅၂)၊ ရုပ်(၂၇) (ဝါ) ရုပ် (၁၅၀၁)ပါး၊ အာယတနအားဖြင့် (၁၂)ပါးရ၏။ ရုပ်ပေါင်း (၁၅၀၁)၊ နာမ်ပေါင်း (၁၀၆)ရ၏။ ဤကား -

အပရော ဒွါဒသာယတနဝသေန ကထံ၊ စက္ခုဓာတုယံ ဝုတ္တနယေနေဝ ဌပေတွာ တေပဏ္ဏာသရူပါနိ စက္ခုပသာဒမတ္တံ စက္ခာယတနန္တိ ဝဝတ္ထပေဟိ၊ တတ္ထ ဝုတ္တနယေနေဝ စ သောတဃာနဇိဝှါကာယဓာတုယော သောတဃာနဇိဝှါကာယာ-ယတနာနီတိ၊ တေသံ ဝိသယဘူတေ ပဉ္စဓမ္မေ ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာ ယတနာနီတိ၊ လောကိယသတ္တဝိညာဏဓာတုယော မနာယတနန္တိ၊ တံ သမ္ပယုတ္တဖဿာဒယော သေသရူပဉ္စ ဓမ္မာယတနန္တိ၊ ဧဝ မေတ္ထ အဍ္ဎေကာဒသ အာယတနာနိ ရူပံ၊ ဒိယဍ္ဎအာယတနာနိ နာမန္တိ၊ ဧဝမေကော ဒွါဒသာယတနဝသေန နာမရူပံ ဝဝတ္ထပေတိ-

ဝိသုဒ္ဓိ၊၂၊၂၂၄-၂၂၅။

ဟူသော ဝိသုဒ္ဓိမဂ်၏ သဘာဝကိုဆောင်၍ လဒ္ဓ လဒ္ဓါကာရ တို့ဖြင့် ပြအပ်သော သာဝသေသ အနဝသေသ အာယတနမုခ တို့ပေတည်း။

အပရော၊ တစ်ပါးသော ယောဂီသည်။
ဒွါဒသာယတနဝသေန၊ တစ်ဆယ့်နှစ်ပါးသော အာယတနတို့၏ အစွမ်းအားဖြင့်။
နာမရူပံ၊ နာမ် ရုပ်ကို။
ဝဝတ္တပေတိ၊ မှတ်၏။
ကထံ ဝဝတ္တပေတိ၊ အဘယ်သို့မှတ်သနည်း ဟူမူကား။
စက္ခုဓာတုယံ၊ စက္ခုဓာတ်၌။
ဝုတ္တနယေနေဝ၊ ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင်။
တေပဏ္ဏာသရူပါနိ၊ ၅၃-ပါးကုန်သော ရုပ်တို့ကို။
ဌပေတွာ၊ ထား၍။
စက္ခုပသာဒမတ္တံ၊ စက္ခုပသာဒမျှကို။
စက္ခာယတနန္တိ၊ စက္ခာယတနဟူ၍။
ဝဝတ္ထပေတိ၊ မှတ်၏။
တတ္ထ စက္ခုဓာတုယာ၊ ထိုစက္ခုဓာတ်၌။
ဝုတ္တနယေနေဝ၊ ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင်။
သောတဃာနဇိဝှါကာယဓာတုယော၊ သောတဓာတ် ဃာနဓာတ် ဇိဝှါဓာတ် ကာယဓာတ် တို့ကို။
သောတ ဃာန ဇိဝှါ ကာယာယတနာနီတိ၊ သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာယတနတို့ ဟူ၍။
ဝဝတ္ထပေတိ၊ မှတ်၏။
တေသံ၊ ထိုငါးပါးသော အာယတနတို့၏။
ဝိသယဘူတေ၊ အာရုံဖြစ်၍ ဖြစ်ကုန်သော။
ပဉ္စဓမ္မေ၊ ငါးပါးသော ဓမ္မတို့ကို။
ရူပသဒ္ဒဂန္ဓရသဖောဋ္ဌဗ္ဗာယတနာနီတိ၊ ရူပါယတန, သဒ္ဒါယတန ဂန္ဓာယတန, ရသာယတန, ဖောဋ္ဌဗ္ဗာယတန မည်ကုန်၏ ဟူ၍။
ဝဝတ္ထပေတိ၊ မှတ်၏။
လောကိယ သတ္တဝိညာဏ ဓာတုယော၊ လောကီ ဖြစ်သော ခုနှစ်ပါးသော ဝိညာဏဓာတ်တို့ကို။
မနာယတနန္တိ၊ မနာယတနဟူ၍။
ဝဝတ္ထပေတိ၊ မှတ်၏။
တံ သမ္ပယုတ္တ ဖဿာဒယော ၊ ထိုလောကိယသတ္တဝိညာဏဓာတ်နှင့် ယှဉ်ကုန်သော ဖဿ စသော တရားတို့ကိုလည်းကောင်း။
သေသရူပဉ္စ၊ ဩဠာရိကာယတနမှ ကြွင်းသော ရုပ်ကိုလည်းကောင်း။
ဓမ္မာယတနန္တိ၊ ဓမ္မယတနဟူ၍။
ဝဝတ္တပတိ၊ မှတ်၏။
ဧဝံ ယထာဝုတ္တနယေန၊ ဤသို့ အကြင်အကြင် ဆိုအပ်ပြီးသော နည်းဖြင့်။
ဧတ္ထ၊ ဤအာယတနတို့တွင်။
အဍ္ဎေကာဒသအာယတနာနိ၊ အခွဲနှင့်တကွ တစ်ဆယ့်တစ်ခုသော အာယတန တို့ကို။
(ဝါ) အခွဲလျှင် တစ်ဆယ့်တစ်ခုမြောက် ရှိသော အာယတနတို့ကို။
ရူပံ၊ ရုပ်ဟူ၍။ (ဝဝတ္ထပေတိ၌ စပ်)။
ဒိယဍ္ဎအာယတနာနိ၊ အခွဲနှင့်တကွ နှစ်ခုသော အာယတနတို့ကို
(ဝါ) တစ်ခုခွဲသော အာယတနတို့ကို။
နာမန္တိ၊ နာမ် ဟူ၍။
ဝဝတ္ထပေတိ၊ မှတ်၏။
ဧဝံ၊ ဤသို့။
ဧကော၊ တစ်ဦးသောယောဂီသည်။
ဒွါဒသာယတနဝသေန၊ တစ်ဆယ့်နှစ်ပါးသော အာယတန တို့၏ အစွမ်းအားဖြင့်။
နာမရူပံ၊ နာမ်ရုပ်ကို။
ဝဝတ္တပေတိ၊ မှတ်၏။ (အာယတနမုခ။)

---

ဓာတုမုခ၌ ဤသို့ မှတ်အပ်၏။

ဓာက်သည် စက္ခုဓာတ် သောတဓာတ် ဃာနဓာတ် ဇိဝှါဓာတ် ကာယဓာတ် ရူပဓာတ် သဒ္ဒဓာတ် ဂန္ဓဓာတ် ရသဓာတ် ဖောဋ္ဌဗ္ဗဓာတ် စက္ခုဝိညာဏဓာတ် သောတ- ဝိညာဏဓာတ် ဃာနဝိညာဏဓာတ် ဇိဝှါဝိညာဏဓာတ် ကာယဝိညာဏဓာတ် မနောဓာတ် မနောဝိညာဏဓာတ် ဓမ္မဓာတ် အားဖြင့် (၁၈)ပါး အပြားရှိ၏။

ထို (၁၈) ပါးသော ဓာတ်တို့ကိုလည်း သာဝသေသ, အနဝသေသ နှစ်နည်းတို့ဖြင့် ရအပ်၏။ ထိုနှစ်ပါးတို့တွင် အဿာသ ပဿာသ ထွက်ရာ ဝင်ရာ ကာလတို့မှစ၍ ကာယဓာတ်၌ ရအပ်သော ကာဒသက (၁၀)၊ ဘာဝဒသက (၁၀)၊ စိတ္တဇသုဒ္ဓဋ္ဌက (၈)၊ ဥတုဇ (၈)၊ အာဟာရဇ (၈)၊ ပေါင်း (၅၄) ပါးသည် ကာယဓာတ် မည်၏။ (ဥပစာဖွဲ့)။

ဖောဋ္ဌဗ္ဗဓာတ်၌ ရအပ်သော စိတ်ကြောင့်ဖြစ်သော သုဒ္ဓဋ္ဌက ကလာပ်သည် ဖောဋ္ဌဗ္ဗဓာတ် မည်၏။ ဝတ္ထုဒသက ကလာပ်သည် ဓမ္မဓာတ် တစ်ခွဲ မည်၏။ ပေါင်း ရုပ်ဓာတ် နှစ်ခုခွဲရ၏၊ ဝိပဿနာ ကုသိုဟ်စိတ်သည် မနောဝိညာဏဓာတ် မည်၏။ စေတသိက် (၃၈) ပါးသည် ဓမ္မဓာတ်တစ်ခွဲ မည်၏၊ ပေါင်း ရုပ်ဓာတ်နှစ်ခုခွဲ၊ နာမ်ဓာတ် တစ်ခုခွဲအားဖြင့် ပေါင်းသော် အဿာသ ပဿာသအခိုက်၌ ဓာတ်ပေါင်း လေးခုရ၏။ (သာဝသေသ ဓာတုမုခ။)

---

အနဝသေသမုခ၌

(၂၇) ပါးကုန်သော ရုပ်တို့၏ အာကာရ ဝီကာရ ဌာန ပဗန္ဓ အားလျော်စွာ ဖြစ်ကုန်သော ရုပ်ပေါင်း“၁၅၀၁”ခုတို့တွင် စက္ခုဒသက (၁၀)ကို မံသနှင့်စပ်၍ ကာယဒသက (၁၀)၊ ဘာဝဒသက (၁၀)၊ စိတ္တဇ (၈)၊ ဥတုဇ (၈)၊ အာဟာရဇ (၈)ထည့်၍ (၅၄) ပါးသော ရုပ်တို့ကို စက္ခုဓာတ်ဟု ပဗန္ဓပြု၍ ယူအပ်ရကား စက္ခုဓာတ် (၅၄)၊ ၎င်းနည်းတူ သောတဓာတ် (၅၄)ဃာနဓာတ် (၅၄)ဇိဝှါဓာတ် (၅၄)ကာယဓာတ် (၅၄)ရူပဓာတ် (၈)သဒ္ဒဓာတ် (၉)ဂန္ဓဓာတ် (၈)ရသဓာတ် (၈)ဖောဋ္ဌဗ္ဗတ်(၈)၊ ဘာဝရုပ် (၂)ခု ဇီဝိတ ဟဒယဝတ္ထု အာပေါ ဩဇာ ရုပ် (၆) ခုတို့သည် ရုပ်ဓမ္မဓာတ် တစ်ခွဲမည်၏။

[ကြွင်းသော ဩရိကရုပ် တို့ကိုကား အဇ္ဈတ္တ ဗာဟိရဓာတ်တို့ဖြင့် သင်္ဂြိုဟ်အပ်၏။]

သမ္မဋိစ္ဆွိုင်းဒွေး ပဉ္စဒွါရဝဇ္ဇန်း ပေါင်း (၃)ခုသည် မနောဓာတ်မည်၏၊ ပဉ္စဝိညာဏဓာတ် (၁၀) သည် စက္ခုဝိညာဏဓာတ်စသော ပဉ္စဝိညာဏဓာတ် ငါးခု မည်၏။ ကြွင်းသော ကာမစိတ် (၄၁) ခုသည် မနောဝိညာဏဓာတ် မည်၏။ စေဟသိက် ဒွေပညာသ (၅၂) ခုသည် နာမ်ဓမ္မဓာတ်တစ်ခွဲ မည်၏။

ပေါင်း အဿာသ ပဿာသပဗန္ဓ အခိုက်၌ ရုပ်ဓာတ်ဆယ်ခုခွဲ၊ နာမ်ဓာတ် ခုနစ်ခုခွဲအားဖြင့် (၁၈)ပါးသော ဓာတ်တို့ကို ရအပ်ကုန်၏။ စိတ် (၅၄)၊ စေတသိက် (၅၂)၊ ရုပ် (၂၇) (ဝါ) (၁၅၀၁) ပါး အားဖြင့် ရုပ်ပေါင်း (၁၅၀၁)ခု၊ နာမ်ပေါင်း (၁၀၆)ခု ရအပ်၏။

---

ဤကား -

ဧဝမေတ္ထ အဍ္ဎေကာဒသ ဓာတုယော ရူပံ၊ အဍ္ဎဋ္ဌမာ ဓာတုယော နာမန္တိ ဧဝမေကော အဋ္ဌာရသဓာတုဝသေန နာမရူပံ ဝဝတ္ထပေတိ။

ဝိသုဒ္ဓိ၊၂၊၂၄

ဟူသော ဝိသုဒ္ဓိမဂ်၊ ဥပရိပဏ္ဏာသအဋ္ဌကထာတို့၏ သဘာဝကို ဆောင်၍ လဒ္ဓ လဒ္ဓါကာရ တို့ဖြင့် ပြအပ်သော သာဝသေသ အနဝသေသ ဓာတုမုခတို့ပေ တည်း။ (ဥပစာဘာဝနာဖွဲ့ အကျယ်ကိုလိုမူ ၎င်းတို့မှာယူ။)

ဧဝံ ဣမိနာ ဝုတ္တနယေန၊ ဤဆိုအပ်ခဲ့သော နည်းဖြင့်။ ဧတ္ထ၊ ဤ (၁၈)ပါးသော ဓာတ်တို့တွင်။ အဍ္ဎေကာဒသ ဓာတုယော၊ အခွဲနှင့်တကွ တစ်ဆယ့်တစ်ပါးသော ဓာတ်တို့သည်။ (ဝါ) အခွဲလျှင် တစ်ဆယ့်တစ်ခုမြောက်ရှိသော ဓာတ်တို့သည်။ ရူပံ၊ ရုပ်မည်၏။ အဍ္ဎဋ္ဌမာ၊ အခွဲနှင့်တကွ ရှစ်ခုကုန်သော။ (ဝါ) အခွဲလျှင် ရှစ်ခုမြောက် ရှိကုန်သော။ ဓာတုယော၊ ဓာတ်တို့သည်။ နာမံ၊ နာမ်မည်၏။ ဣတိ ဧဝံ၊ ဤသို့။ ဧကော၊ တစ်ဦးသော ယောဂီသည်။ အဋ္ဌာရသ ဓာတုဝသေန၊ တစ်ဆယ့်ရှစ်ပါးသော ဓာတ်တို့၏ အစွမ်းအားဖြင့်။ နာမရူပံ၊ နာမ်ရုပ်ကို။ ဝဝတ္ထပေတိ၊ မှတ်၏။ (အနဝသေသ ဓာတုမုခ။)

(၁) ဤသို့သော သဒ္ဒါအစဉ် အနက်အစဉ်ဖြင့် ဓမ္မတာ၊
(၂) ပဝတ္တိ၏ သာမညမုခ နှစ်ပါး၊
(၃) ခန္ဓမုခ နှစ်ပါး၊
(၄) အာယတနမုခ နှစ်ပါး၊
(၅) မာတုမုခ နှစ်ပါးတို့ဖြင့်

ရုပ်နာမ်နှစ်ပါးတို့၏ ဖြစ်ဟန် ပျက်ဟန်တို့ကို ဝေဖန်ပိုင်းခြား၍ ငါးကြိမ် တိုင်တိုင် ပြရခြင်းကား အလွန်သိမြင်နိုင်ခဲ၍ ပြလိုက်ရသည်။

စင်စစ်မှာမူ တစ်ခု တစ်ခုသော မုခဖြင့် ဤရုပ်ဓမ္မ နာမ်ဓမ္မတို့ကို ဓမ္မတာနှင့် ပဝတ္တိ, ပဝတ္တိနှင့်ဓမ္မတာ ရော၍ သိနိုင် မြင်နိုင် ထင်နိုင်ပါမူ ကိစ္စပြီးတော့သည် သာတည်း။

ထိုသို့သော ကမ္မဋ္ဌာန်းကို စီးဖြန်း အားထုတ်သောသူ၏ ထိုထိုသော အာရုံတို့၌ စိတ်တရားကား အဘယ်စိတ်၊ စေတသိက်တရားတို့ကား အဘယ်စေတသိက်၊ ရုပ်တရားတို့ကား အဘယ်ရုပ်တို့တည်း ဟု ဧကန် သိမြင်ခြင်းသည်ကား ရှင်တော်ဘုရား၏ ဉာဏ်တော် သတ္တိတို့အရာပေတည်း။

အဘယ်ကဲ့သို့နည်းဟူမူ လှေသင်္ဘောတို့ဖြင့် မဟာသမုဒ္ဒရာကို ကူးသောသူတို့သည် ခွက်ငယ်တစ်ခုဖြင့် မဟာသမုဒ္ဒရာရေကို ခပ်၍ သောက်ချိုးအံ့သောငှာ ဤ မဟာသမုဒ္ဒရာရေ၏ အတွင်း၌ ဤရေကား အစိရဝတီ ရေတည်း၊ ဤရေကား မဟီ ရေတည်း၊ ဤရေကား သရဘူ ရေတည်း၊ ဤကား ယမုနာ ရေတည်း၊ ဤရေကား ဂင်္ဂါရေ တည်းဟု တပါးသောသူတို့ ပိုင်းခြားဝေဖန်၍ မသိမြင်နိုင်ရာ။

ရှင်တော်ဘုရားမှာမူ မြစ်ကြီး ငါးသွယ် မြစ်ငယ် ငါးရာ ကန္ဒရာ တစ်သောင်းတို့၏ ရေကိုသော်လည်း ဤရေကား အဘယ်မြစ်ကြီး၊ အဘယ်မြစ်ငယ်၊ အဘယ်ကန္ဒရာမှ လာသော ရေပေတည်း စသည်ဖြင့် ခွဲခြမ်းဝေဖန်၍ ဧကန်သိမြင်တော် မူနိုင်သကဲ့သို့ ဤကမ္မဋ္ဌာန်း၏ အာရုံ စသည်တို့၌ ရထိုက်သော ရုပ်နာမ် တရားတို့ကို ပိုင်းခြား ဝေဖန်၍ ဧကန်သိမြင်တော်မူနိုင်၏။ တပါးသောသူတို့ အရာ မဟုတ်ကုန်၊ ထို့ကြောင့် ရှင်နာဂသိန်သည် -

ဒုက္ကရံ မဟာရာဇ ဘဂဝတာ ကတံ၊ ဣမေသံ အရူပီနံ စိတ္တစေတသိကာနံ ဧကာရမ္မဏေ ဝတ္တမာနာနံ ဝဝတ္ထာနံ အက္ခာတံ အယံ ဖဿော အယံ ဝေဒနာ, အယံ သညာ အယံ စေတနာ ဣဒံ စိတ္တန္တိ -

မိလိန္ဒ၊၉၄။ အစရှိသဖြင့် ယခင်ပြခဲ့သော ဥပမာနှင့်တူစွာ ဥပမာကို ပြတော်မူ၍ ဟောတော်မူပေ၏။

မဟာရာဇ၊ မင်းမြတ်။ ဒုက္ကရံ၊ လူသာမန်တို့ သိခြင်းငှါပြုရန် ခဲယဉ်းသည်ကို။ ဘဂဝတာ၊ ရှင်တော်ဘုရားသည်။ ကတံ၊ ပြုတော်မူခဲ့ပေ၏။ ဒုက္ကရံ၊ လူသာမန်တို့ သိခြင်းပြုရန် ခဲယဉ်းသည်ကို။ ကိံ ကတံ၊ အဘယ်သို့ပြုသနည်းဟူမူ။ ဧကာရမ္မဏေ၊ တစ်ခုခုသော အာရုံ၌။ ဝတ္တမာနာနံ၊ ဖြစ်ကုန်သော။ အရူပီနံ၊ နာမ်ဖြစ်ကုန်သော။ ဣမေသံ စိတ္တစေတသိကာနံ ဓမ္မာနံ၊ ဤ စိတ်စေတသိက်တရားတို့၏။ အယံ၊ ဤ သဘောကား။ ဖဿော၊ ဖဿပေတည်း။ အယံ၊ ဤသဘောကား။ ဝေဒနာ၊ ဝေဒနာပေတည်း။ အယံ၊ ဤသဘောကား။ သညာ၊ သညာပေတည်း။ အယံ၊ ဤသဘောကား။ စေတနာ၊ စေတနာပေတည်း။ ဣဒံ၊ ဤသဘောကား။ စိတ္တံ၊ စိတ်ပေတည်း။ ဣတိ၊ ဤသို့။ ယံ ဝဝတ္ထာနံ၊ အကြင် ပိုင်းခြားခြင်းကို။ အက္ခာတံ၊ ဟောတော်မူအပ်၏။ တံ ဝဝတ္ထာနံ၊ ထိုပိုင်းခြားခြင်းသည်။ ဘဝဂတာ၊ ရှင်တော်ဘုရားသည်။ ကတံ၊ ပြုအပ်သော။ ဒုက္ကရံ၊ ခဲယဉ်းသောအမှုပေတည်း။ (ဤကား နိဒဿနအာဘော်ပေတည်း။)

ထိုထိုကမ္မဋ္ဌာန်းတို့၏ အာရုံတို့၌လည်းကောင်း၊ တပါးသောအာရုံတို့၌ လည်းကောင်း ဤ သင်္ခါရ နိမိတ္တ သန္တတိ အစဉ်ဝယ် ရုပ်တရားကား ဘယ်ရွေ့ ဘယ်မျှရှိ၏၊ နာမ်တရားကား ဘယ်ရွေ့ဘယ်မျှရှိ၏ဟု အရေအတွက်နှင့်တကွ သဘာဝတို့ကို သိမြင်မှ ၎င်းသင်္ခါရ နိမိတ္တ သန္တတိ အစဉ်သည် ရုပ်ပေါင်း ဘယ်မျှကို အစဉ်တည်း၊ နာမ်ပေါင်း ဘယ်မျှတို့ အစဉ်တည်းဟု ဧကန်သိမြင်ပြီးမှ ထိုရုပ်နာမ်နှစ်ပါးကို အကြောင်းကို ရှာ၍ အကြောင်းနှင့် တကွသော ရုပ်နာမ်နှစ်ပါးတို့ကို လက္ခဏာရေး (၃)ပါးသို့ တင်၍ သုံးသပ်မှသာ အထက် မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ရောက်နိုင်မည်ဟူ၍ မှတ်။

ယခု ဥပစာရ သမထယာနိကလမ်း၌လည်း ဓမ္မတာနှင့် ပဝတ္တိကို ရော၍ ရုပ်တရားကား အဿာသ ပဿာသ ပဋိဘာဂအခိုက်၌ (၆၂) ပါး၊ နာမ်တရားကား (၃၉) ပါးသာတည်းဟူ၍ သာဝသေသနည်းတို့ဖြင့် သိမ်းဆည်းပါ၍ အကြောင်းကို ရှာ၍ အကြောင်းနှင့်တကွသော ရုပ်နာမ် နှစ်ပါးတို့ကို လက္ခဏာရေး (၃)ပါးသို့တင်၍ သုံးသပ်ကြရမည် ဟူလို။

သော ဂဏနတော ရူပံ အဇာနန္တော ရူပံ ပရိဂ္ဂဟေတွာ အရူပံ ဝဝတ္ထပေတွာ ရူပါရူပံ ပရိဂ္ဂဟေတွာ ပစ္စယံ သလ္လက္ခေတွာ လက္ခဏံ အာရောပေတွာ ကမ္မဋ္ဌာနံ မတ္ထကံ ပါပေတုံ န သက္ကောတိ -

ဟူသော မဟာဂေါပါလသုတ် အဋ္ဌကထာ၏ ဗျတိရိက်ကို ထောက်။ မ၊ဋ္ဌ၊၂၊၁၆၃

သော၊ ထိုယောဂီသည်။ ဂဏနတော၊ အရေအတွက်အားဖြင့်။ ရူပံ၊ ရုပ်တရားအပေါင်းကို။ အဇာနန္တော၊ မသိဘဲလျက်။ ရူပံ၊ ရုပ်တရား အပေါင်းကို။ ပရိဂ္ဂဟေတွာ၊ သိမ်းဆည်း၍။ အရူပံ၊ နာမ်တရားကို။ ဝဝတ္ထပေတွာ၊ မှတ်၍။ ရူပါရူပံ၊ ရုပ်နာမ်နှစ်ပါးကို။ ပရိဂ္ဂဟေတွာ၊ ယူ၍။ ပစ္စယံ၊ အကြောင်းကို။ သလ္လက္ခေတွာ၊ မှတ်၍။ လက္ခဏံ၊ လက္ခဏာရေးသို့။ အာရောပေတွာ၊ တင်၍။ ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်းကို။ မတ္ထကံ၊ အပြီးသို့။ ပါပေတုံ၊ ရောက်စေခြင်းငှာ။ န သက္ကောတိ၊ မတတ်နိုင်။

ထို အဿာသပဿာသ အခိုက်၌ ရုပ်နာမ် (၂)ပါး၊ ခန္ဓာ (၅)ပါး၊ အာယတန (၄)ပါး၊ ဓာတ် (၄)ပါး၊ ပရမတ္ထတရား (၁၀၁)ပါးတို့ကို မျက်ဝါးထင်ထင် သိမြင်အပ်သည် ရှိသော် တေဘူမက ဟု ဆိုအပ်သော ဤသင်္ခါရတရား (၁၀၁) ပါးတို့၌ (ဝါ) (၁၆၀၇) ပါးသော သင်္ခါရတရား တို့၌ [သာဝသေသ အနဝသေသ (၂)နည်းငဲ့။] အကြင် ထက်လှစွာသော သန်လျက်ဖြင့် ပန်းကပ်ကို ဖွင့်သကဲ့သို့လည်းကောင်း၊ နှစ်ရွက်ပူး၍ နေသော ထန်းဖူးကို ခွဲ၍ ကြည့်သကဲ့သို့လည်းကောင်း မိမိ၏ ကိုယ်ဟု ခေါ်သော ဤသင်္ခါရ နိမိတ္တ သန္တတိ နာမရူပသမူဟ၏အတွင်း၌ ရုပ်နာမ် နှစ်ပါးကိုသာ မြင်ရှာတော့၏။ ရုပ်နာမ်မှတစ်ပါး သတ္တ ပုဂ္ဂလ ငါ သူတစ်ပါး ယောက်ျား မိန်းမ လူ နတ် ဗြဟ္မာမရှိဟု ယောဂါဝစရ၏ ယထာဘူတသင်္ခါရ ပဋိစ္ဆေဒဉာဏ်တော်ဟု ဆိုအပ်သော ဝိပဿနာခန္ဓာ ငါးပါးတော်သည်ဖြစ်၍ ဆုံးဖြတ်ခြင်းသို့ ရောက်လေ၏။

ဣတိ အဋ္ဌာရသဓာတုယော ဒွါဒသာယတနာနိ ပဉ္စက္ခန္ဓာတိ သဗ္ဗေပိ တေဘူမက ဓမ္မေ ခဂ္ဂေန သမုဂ္ဂံ ဝိဝရမာနော ဝိယ ယမကတာလက္ခန္ဓံ ဖါလယမာနော ဝိယ စ နာမဉ္စ ရူပဉ္စာတိ ဒွေဓာ ဝဝတ္ထပေတိ၊ နာမရူပမတ္တတော အညော သတ္တော ဝါ ပုဂ္ဂလောဝါ ဒေဝေါ ဝါ ဗြဟ္မာ ဝါ နတ္ထီတိ နိဋ္ဌံ ဂစ္ဆတိ။

ဝိသုဒ္ဓိ၊၂၊၂၂၈

ဣတိ ဣမိနာ နယေန၊ ဤဆိုအပ်ပြီးသောနည်းဖြင့်။ အဋ္ဌာရသဓာတုယော၊ (၁၈)ပါးသော ဓာတ်တို့ကို လည်းကောင်း။ ဒွါဒသာယတနာနိ၊ (၁၂) ပါးသော အာယတနတို့ကို လည်းကောင်း။ ပဉ္စက္ခန္ဓာ၊ ငါးပါးသော ခန္ဓာတို့ကိုလည်းကောင်း။ ဣတိ၊ ဤသို့။ သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။ တေဘူမက၊ ဘုံသုံးပါး၌ ဖြစ်ကုန်သော။ ဓမ္မေ၊ ရုပ်နာမ်ဓမ္မတို့ကို။ ခဂ္ဂေန ခဂ္ဂအဂ္ဂေန၊ သန်လျက်ဖျားဖြင့်။ သမုဂ္ဂံ၊ ပူတာတံတင်းနှင့် တူသော ပန်းကပ်ကို။ ဝိဝရမာနော ဝိယ၊ ဖွင့်သကဲ့သို့ လည်းကောင်း။ ယမကတာလက္ခန္ဓံ၊ အစုံသော ထန်းဖူးညှောက်ကို။ ဖါလယမာနော ဝိယစ၊ ခွဲသကဲ့သို့လည်းကောင်း။ နာမဉ္စ၊ နာမ်ဟူ၍ လည်းကောင်း။ ရူပဉ္စာတိ၊ ရုပ်ဟူ၍လည်းကောင်း။ ဒွိမာ၊ နှစ်ဖို့အားဖြင့်။ ဝဝတ္ထပေတိ၊ မှတ်၏။ နာမရူပမတ္တတော၊ နာမ်ရုပ်မတ္တမှ။ ဥဒ္ဓံ၊ အထက်၌။ အညော၊ တစ်ပါးသော။ သတ္တောဝါ၊ သတ္တဝါဟူသည် လည်းကောင်း။ ပုဂ္ဂလောဝါ၊ ပုဂ္ဂိုလ်ဟူသည် လည်းကောင်း။ ဒေဝေါဝါ၊ နတ်ဟူသည် လည်းကောင်း။ ဗြဟ္မာဝါ၊ ဗြဟ္မာဟူသည် လည်းကောင်း။ နတ္ထိ၊ မရှိပြီ။ ဣတိ၊ ဤသို့။ နိဋ္ဌံ၊ ဆုံးဖြတ်ခြင်းသို့။ ဂစ္ဆတိ၊ ရောက်၏။

ရုပ်နာမ်တရားတို့ကို ပိုင်းခြားထင်ထင် သိမြင်ပြီးသော ယောဂါဝစရသည် သတ္တ ပုဂ္ဂလ ငါ သူတစ်ပါး ယောက်ျား မိန်းမ လူ နတ် ဗြဟ္မာ ဟူသော ဝေါဟာရကို ဖျောက်ခြင်းငှါ လည်းကောင်း၊ သတ္တဝါဟု ယူသော တွေဝေခြင်းကို လွန်ခြင်းငှါ လည်းကောင်း၊ အသမ္မောဟဘုံ၌ စိတ်ကို အမြဲ ထားခြင်းငှါ လည်းကောင်း ဆိုလတ္တံ့သော သမ္ဗဟုလသုတ္တန်တို့ကို အခါမလပ် သုံးသပ်ဆင်ခြင်၍ မိမိဉာဏ်အမြင်နှင့် ရောကုန်ရာ၏။

ယထာ ဟိ အင်္ဂသမ္ဘာရာ၊ ဟောတိ သဒ္ဒေါ ရထော ဣတိ။ ဧဝံ ခန္ဓေသု သန္တေသု၊ ဟောတိ သတ္တောတိ သမ္မုတိ။

ဝိသုဒ္ဓိ၊၂၊၂၂၈

ဒုက္ခမေဝ ဟိ သမ္ဘောတိ၊ ဒုက္ခံ တိဋ္ဌတိ ဝေတိ စ။ နာညတြ ဒုက္ခာ သမ္ဘောတိ၊ နာညံ ဒုက္ခာ နိရုဇ္ဈတိ။

သံ၊၁၊၁၃၇

အင်္ဂသမ္ဘာရာ၊ ဝင်ရိုး လှည်းဘီး စသော အကြောင်းရှိသောကြောင့်။ ရထော ဣတိ သဒ္ဒေါ၊ လှည်း ရထားဟူသော။ ဝေါဟာရော၊ ခေါ်ဝေါ် ခြင်းသည်။ ဟောတိ ယထာ၊ ဖြစ်၏သို့။ ဧဝံတထာ၊ ဤအတူ။ ခန္ဓေသု၊ ဥပါဒါနက္ခန္ဓာတို့သည်။ (ဝါ) ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည်ဖြင့် စွဲလမ်းခြင်းတို့သည်။ သန္တေသု၊ ရှိကုန်လတ်သော်။ သတ္တောတိ သမ္မုတိ၊ သတ္တဝါဟူသော ဝေါဟာရသည်။ ဟောတိ၊ ဖြစ်၏။

ဟိသစ္စံ၊ မှန်၏။ ဒုက္ခမေဝ၊ ဒုက္ခဒုက္ခ သင်္ခါရဒုက္ခ ဝိပရိဏာမဒုက္ခ သည်သာလျှင်။ သမ္ဘောတိ၊ ဖြစ်၏။ ဒုက္ခံ၊ သုံးပါးသော ဒုက္ခတရား သည်သာလျှင်။ တိဋ္ဌတိ၊ ခဏဌီ ပဗန္ဓဌီ အားဖြင့် တည်၏။ ဝေတိစ၊ ခဏနိရောဓအားဖြင့် ချုပ်ပျက်မူလည်း ချုပ်ပျက်၏။ ဒုက္ခာ၊ သုံးပါးသော ဒုက္ခကို။ အညတြ၊ ထား၍။ တတော၊ ထိုဆိုအပ်ပြီးသောဒုက္ခမှ။ အညံ၊ တစ်ပါးသော။ ကိဉ္စိ ဓမ္မဇာတံ၊ တစ်စုံတစ်ခုသော တရားသဘောသည်။ န သမ္ဘောတိ၊ မဖြစ်။ ဒုက္ခာ၊ သုံးပါးသော ဒုက္ခမှ။ အညံ၊ တစ်ပါးသာ။ ကိဉ္စိ ဓမ္မဇာတံ၊ တစ်စုံတစ်ခုသော တရားသဘောသည်။ န နိရုဇ္ဈတိ၊ ချုပ်သည် မဟုတ်။

နာမဉ္စ ရူပဉ္စ ဣဓတ္ထိ သစ္စတော၊ န ဟေတ္ထ သတ္တော မနုဇော စ ဝိဇ္ဇတိ။ သုညံ ဣဒံ ယန္တမိဝါဘိသင်္ခတံ၊ ဒုက္ခဿ ပုဉ္ဇော တိဏကဋ္ဌသဒိသောတိ။

ယမကံ နာမရူပဉ္စ၊ ဥဘော အညောညနိဿိတာ။ ဧကသ္မိံ ဘိဇ္ဇမာနသ္မိံ၊ ဥဘော ဘိဇ္ဇန္တိ ပစ္စယာတိ။

ဝိသုဒ္ဓိ၊၂၊၂၃၀

ဣဓ၊ ဤခန္ဓာဟူသော လောက၌။ သစ္စတော၊ အမှန်အားဖြင့် (ဝါ) ပရမတ္ထအားဖြင့်။ နာမဉ္စ၊ နာမ်သည်လည်းကောင်း။ ရူပဉ္စ၊ ရုပ်သည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဟိသစ္စံ၊ မှန်၏။ ဧတ္ထ၊ ဤရုပ်နာမ်အစုမျှ၌။ သတ္တော စ၊ သတ္တဝါသည်လည်းကောင်း။ မနုဇော စ၊ လူမည်သည် လည်းကောင်း။ န ဝိဇ္ဇတိ၊ မရှိ။ ဣဒံ ဒွယံ၊ ဤနာမ်ရုပ်နှစ်ပါးအပေါင်းသည်။ သုညံ၊ သတ္တဇီဝမှ ဆိတ်၏။ အဘိသင်္ခတံ၊ ယန္တရားကြိုးငင်ခြင်း တည်းဟူသော အကြောင်းထူးသည် ပြုပြင် အပ်သော။ ယန္တမိဝ၊ ယန္တရား ရုပ်ကဲ့သို့။ ပစ္စယဝသေန၊ ပစ္စည်း၏အစွမ်းအားဖြင့်။ ပဝတ္တတိ၊ ဖြစ်၏။ (ထည့်)၊ နိစ္စာတုရကာယ၊ အမြဲကျင်နာသည်၏အဖြစ်ကြောင့်။ ဒုက္ခဿ၊ ဆင်းရဲ၏။ ပုဉ္ဇော၊ အစုမျှသာဖြစ်၏။ အတ္တသုညတာယ၊ အတ္တမှ ဆိတ်သည်၏အဖြစ်ကြောင့်။ တိဏကဋ္ဌသဒိသော၊ မြက် ထင်းတုံးနှင့် တူ၏။ (၁)

နာမဉ္စ၊ နာမ်လည်းကောင်း။ ရူပဉ္စ၊ ရုပ်လည်းကောင်း။ ဣတိ၊ ဤသို့။ ယမကံ၊ အစုံဖြစ်သော။ ယံ ဓမ္မဇာတံ၊ အကြင် တရားသဘောသည်။ အတ္ထိ၊ ရှိ၏။ (ထည့်)။ တေ ဥဘော၊ ထိုနှစ်ပါးစုံသော တရားတို့သည်။ အညောညနိဿိတာ၊ တစ်ပါးသည် တစ်ပါးကိုမှီ၍ ဖြစ်ကုန်၏။ တတော ဧဝ၊ ထိုကြောင့်သာလျှင်။ ဧကသ္မိံ၊ တစ်ပါးသည်။ ဘိဇ္ဇမာနသ္မိံ၊ ပျက်သည်ရှိသော်။ ဥဘော၊ နှစ်ပါးကုန်သော ရုပ်နာမ်တို့သည်။ ဘိဇ္ဇန္တိ၊ ပျက်ကုန်၏။ ယွာယံ-ယော အယံ ဘင်္ဂေါ၊ အကြင်ရုပ်နာမ်၏ ပျက်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ သွာယ-သော အယံ ဘင်္ဂေါ၊ ထိုရုပ်နာမ်၏ ပျက်ခြင်းသည်။ ပစ္စယာ-ပစ္စယနိရောဓေန၊ အကြောင်းတရား၏ ချုပ်ခြင်းကြောင့်။ ဟောတိ၊ ဖြစ်၏။

[အကျယ်ကိုလိုမူ ဝိသုဒ္ဓိမဂ်မှာယူ။ ]

သမ္ဗဟုလသုတ္တ ပေါရာဏဂါထာတို့ဖြင့် မိမိမြင်သော ဉာဏ်၊ ဧကန် ရောက်အပ်သော တရား၊ ၎င်းနှစ်ပါးတို့၏လက္ခဏာတို့နှင့် မှန်စွာ ပြည့်စုံသော ယောဂီသည် နှစ်လီသောနာမ်ရုပ်ကို အဟုတ်ကြီးသိရှာ၍ ရှေးခါ ခုတိုင် မစွန့်နိုင်၍ လက်မှိုင်ကြီးချ ငါဟူသောဝါဒသည် အစသတ် ပြုတ်လေ၍ တွေဝေသော မှောင်မိုက် အဝိဇ္ဇာလောင်တိုက်ကို မီးတိုက်၍ခပင်း ယထာဉာဏ် ရောက်လင်းလျက် သားရင်းစူဠ၊ သေက္ခညီ ကလျာဏတို့၏ ရအပ်သော ဗုဒ္ဓိ ဒိဋ္ဌိ ဉာဏ်သုဒ္ဓိနှင့် ဒွိနိစ္ဆယ ခေါ်ဝေါ်ရသော နာမရူပ ဝဝတ္ထာန သင်္ခါရပရိစ္ဆေဒ တေဇမသုန် ဉာဏ်တော်ဘုံသို့ ခိုလှုံစံမြန်းတော်မူပေသတည်း။

ဧဝံ နာနာနယေဟိ နာမရူပံ ဝဝတ္ထာပယတော သတ္တသညံ အဘိဘဝိတွာ အသမ္မောဟဘူမိယံ ဌိတံ နာမရူပါနံ ယာထာဝဒဿနံ ဒိဋ္ဌိဝိသုဒ္ဓီတိ ဝေဒိတဗ္ဗံ၊

ဝိသုဒ္ဓိ၊၂၊၂၃၂

ဧဝံ ဣမိနာ ဝုတ္တနယေန၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်။ နာနာနယေဟိ၊ အထူးထူးသော နည်းတို့ဖြင့်။ နာမရူပံ၊ နာမ်ရုပ်ကို။ ဝဝတ္ထာပယတော၊ ပိုင်းခြားမှတ်သားသော ယောဂီ၏။ သတ္တသညံ၊ အစမထင် သံသရာကာလပတ်လုံး ထုံအပ်သော ခန္ဓာပဉ္စက၌ အတ္တဟု စွဲလမ်းသော အမှတ်သညာကို။ အဘိဘဝိတွာ ဝိက္ခမ္ဘေတွာ၊ ခွါ၍။ အသမ္မောဟဘူမိယံ၊ အသမ္မောဟဘုံ၌။ ဌိတံ၊ တည်သော။ နာမရူပါနံ၊ နာမ်ရုပ်တို့ကို။ ယာထာဝဒဿနံ၊ မဖောက်မပြန်သော သဘောအားဖြင့် ပြခြင်းကို (ဝါ) မဖောက်မပြန် မှန်သောသဘောကို ပြခြင်းကို။ ဒိဋ္ဌိဝိသုဒ္ဓီတိ၊ အတ္တစွဲဟု စွဲလမ်းအပ်သော ဒိဋ္ဌိဟူသော အညစ်အကြေးကို သုတ်သင်တတ် စင်ကြယ်စေတတ်သောကြောင့် ဒိဋ္ဌိဝိသုဒ္ဓိဟူ၍။ ဝေဒိတဗ္ဗံ၊ သိအပ်၏။

နာမရူပပရိဂ္ဂဟ ပုဗ္ဗကိစ္စံ။

---

၂၈ - သက္ကာယဒိဋ္ဌိ နှစ်ဆယ်တို့ကို ပြခြင်း

ဤ နာမရူပပရိစ္ဆေဒဉာဏ်ဖြင့် ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်သည်၏ အဖြစ်ကို သိအပ်၏ ဟူရာ၌ ဒိဋ္ဌိသည် -

၁။ နိယတမိစ္ဆာဒိဋ္ဌိ၊
၂။ ဒသဝတ္ထုကမိစ္ဆာဒိဋ္ဌိ၊
၃။ အန္တဂ္ဂါဟိကဒိဋ္ဌိ၊
၄။ ပုဗ္ဗန္တာပရန္တာနုကပ္ပိကဒိဋ္ဌိ၊
၅။ သက္ကာယဒိဋ္ဌိ -

ဟူ၍ (၅)ပါးအပြားရှိ၏။

ထိုငါးပါးတို့တွင် နိယတမိစ္ဆာဒိဋ္ဌိ (၃)ပါး၊ ဒသဝတ္ထုကမိစ္ဆာဒိဋ္ဌိ (၁၀)ပါးတို့ကို အစစွာ ကံ ကံ၏အကျိုးကို ယုံကြည်သည်ဖြစ်၍ သရဏဂုံစသည်တို့ကို မြဲမြံ ဆောက်တည် ခဲ့လျှင်ပင် ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်၏။

အန္တဂ္ဂါဟိကဒိဋ္ဌိ (၁၀) ပါး၊ သက္ကာယဒိဋ္ဌိ (၂၀)၊ ပုဗ္ဗန္တာပရန္တာနုကပ္ပိကဒိဋ္ဌိ (၆၂) ပါးတို့ကိုကား အလွန်အားရှိသော ဝိပဿနာဉာဏ်ဖြင့် ရုန့်ရင်းသော ဒိဋ္ဌိတို့ကို ပယ်နိုင်သည်ဖြစ်မှ ဒိဋ္ဌိဝိသုဒ္ဓိ ဖြစ်၏။ ထိုကြောင့် ဤအရာ၌ သက္ကာယဒိဋ္ဌိသာ ပဓာနဖြစ်၍ သက္ကာယဒိဋ္ဌိတို့၏ စွဲယူဟန်ကို အတန်ငယ် ပြဦးအံ့ -

သက္ကာယဒိဋ္ဌိပမုခါနိ ဒွါဒသဋ္ဌိဒိဋ္ဌိဂတိကာနိ

ပဋိသံ၊၁၆၀

ဒွါဒသဋ္ဌိဒိဋ္ဌိဂတိကာနိ၊ (၆၂) ဖြာ မိစ္ဆာအယူတို့သည်။ သက္ကာဒိဋ္ဌိပမုခါနိ၊ (၂၀) သော သက္ကာယဒိဋ္ဌိလျှင် အဦးအစဖြစ်ရာ ပဘဝ အကြောင်း ရှိကုန်၏၊

ထို့ကြောင့် ဤလောက၌ အရိယာတို့၏ဉာဏ် အရိယာတို့၏ဝိနည်း အရိယာတို့၏ တရားတို့၌ မလိမ္မာသော ပုထုဇဉ်မိုက်သည် ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်တို့ကို ကိုယ်ဟူ၍မြဲမြဲ စွဲလမ်း၏။ ထိုသို့ စွဲလမ်းသော သူမိုက်ကို ထို ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်တို့သည် သံသရာမှ မလွတ်ရအောင် အတွင်းအပ တည်းဟူသော နှောင်အိမ် ခြေကျင်း ကြိုးလွန်တို့ဖြင့် ဖွဲ့ချည်၏။

ထိုသို့ ဖွဲ့ချည်သောသူအား နိဗ္ဗာန် တည်းဟူသော ကမ်းကိုလည်း မမြင်၊ သံသရာ နှောင်အိမ်ကြိုးလွန်တို့ဖြင့် ချည်လျက် အိုလည်း အိုရ၏။ နာလည်း နာရ၏။ သေလည်း သေရ၏။ ဤဘဝမှ ထိုဘဝသို့ ပြောင်းလည်း ပြောင်းရ၏။ ဤ သက္ကာယဒိဋ္ဌိဟူသည် ဩော် - လွန်စွာ ကြောက်ဖွယ်ကောင်းလှစွတကား။

ဣဓ ဘိက္ခဝေ အသုတဝါ ပုထုဇ္ဇနော အရိယာနံ အဒဿာဝီ။(ပ)။ သပ္ပုရိသဓမ္မေ အဝိနီတော ရူပံ အတ္တတော သမနုပဿတိ၊ ရူပဝန္တံ ဝါ အတ္တာနံ၊ အတ္တနိ ဝါ ရူပံ၊ ရူပသ္မိံ ဝါ အတ္တာနံ၊ အယံ ဝုစ္စတိ ဘိက္ခဝေ အသုတဝါ ပုထုဇ္ဇနော ရူပဗန္ဓနဗန္ဓော၊ အန္တရဗာဟိရ ဗန္ဓနဗန္ဓော။(ပ)။ အသ္မာ လောကာ ပရံ လောကံ ဂစ္ဆတိ

သံ၊၂၊၁၃၄

(ဝေဒနာက္ခန္ဓာ စသည်တို့ကိုလည်း နည်းတူယှဉ်၍ ဟောတော်မူ၏။)

ဘိက္ခဝေ၊ ရဟန်းတို့။ ဣဓ၊ ဤလောက၌။ အရိယာနံ၊ အရိယာတို့ကို။ အဒဿာဝီ၊ ဉာဏ်ဖြင့်မြင်လေ့ မရှိသော (ပ)။ သပ္ပုရိသဓမ္မေ၊ သူတော်ကောင်းတရား၌။ အဝိနီတော၊ သော။ အသုတဝါ၊ အကြားအမြင်မရှိသော။ ပုထုဇ္ဇနော၊ ပုထုဇဉ်သည်။ ရူပံ၊ ရူပက္ခန္ဓာကို။ အတ္တတော၊ မီးရောင် မီးလျှံ မပြားဟန်သို့ ရုပ်ကားငါ, ငါကား ရုပ်ဟူ၍။ သမနုပဿတိ၊ အမြဲ ရှု၏။ အတ္တာနံ၊ ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်ဟူသော အတ္တကို။ ရူပဝန္တံ ဝါ၊ အရိပ်ရှိသော သစ်ပင်ကဲ့သို့ ရုပ်ရှိဟူ၍လည်း။ သမနုပဿတိ၊ အမြဲ ရှု၏။ အတ္တနိဝါ၊ ဝေဒနာစသော နာမ်အတ္တ၌မူလည်း။ ရူပံ၊ ရုပ်ကို။ သမနုပဿတိ၊ ပန်းရနံ့ကဲ့သို့ရှု၏။ အတ္တာနံ၊ ဝေဒနာစသော နာမ်အတ္တကို။ ရူပသ္မိံ ဝါ၊ ရုပ်၌မူလည်း။ သမနုပဿတိ၊ ကြုတ်၌ ပတ္တမြားကဲ့သို့ ရှု၏။ ဘိက္ခဝေ၊ ရဟန်းတို့။ အသုတဝါ၊ အကြားအမြင်မရှိသော။ အယံ ပုထုဇ္ဇနော၊ ဤရုပ်ကို အတ္တရှုခြင်းစသော သက္ကာယဒိဋ္ဌိရှိသော ပုထုဇဉ်ကို။ ရူပဗန္ဓနဗန္ဓော၊ ရုပ်တည်းဟူသော အနှောင်အဖွဲ့ အချုပ်အထိန်းသည် ကိန်းအောင်း ရှည်ကြာ သံသရာနောင်အိမ်မှ မကွာရအောင် ဖွဲ့နှောင်ချုပ်ထိန်းထား အပ်၏။ အန္တရ ဗာဟိရ ဗန္ဓန ဗန္ဓော၊ ကိုယ်တွင်း ကိုယ်ပ နှစ်ဝသော အနှောင်အဖွဲ့သည် ဖွဲ့ချည် တုပ်နှောင်အပ်၏။ (ဝါ) အတွင်းအပ ဖြစ်သော ကာမဓာတ်, အပဖြစ်သော ရူပါရူပဓာတ်အဖွဲ့သည် ဖွဲ့ချည် တုပ်နှောင်အပ်၏။ အတီရဒဿီ၊ သံသရာဝဋ်တည်းဟူသော ဤမှာ ဘက်ကမ်းကိုလည်း မမြင်။ အပါရဒသီ၊ နိဗ္ဗာန်တည်းဟူသော ဟိုမှာ ဘက်ကမ်းကိုလည်းမမြင်။ ဗန္ဓော၊ ကိလေသာသည် ဖွဲ့ချည်တုပ်နှောင် အပ်လျက်။ ဇိယျတိ၊ အိုရ၏။ ဗန္ဓော၊ ကိလေသာသည် ဖွဲ့ချည်တုပ်နှောင် အပ်လျက်။ မိယျတိ၊ သေရ၏။ ဗန္ဓော၊ ကိလေသာသည် ဖွဲ့ချည်တုပ်နှောင် အပ်လျက်။ အသ္မာ လောကာ၊ ဤလောက ဤဘဝမှ။ ပရံလောကံ၊ တမလွန်လောက တမလွန်ဘဝသို့။ ဂစ္ဆတိ၊ သွားရ၏။ ဣတိ၊ ဤသို့။ (ထည့်) ဝုစ္စတိ၊ ဆိုအပ်၏။

၎င်းသက္ကာယဒိဋ္ဌိ (၂၀) ၏ “ပုဒ်လေးချက် အနက်ခြောက်သွယ် ပြန့်ပြောကျယ် နှစ်ဆယ်သက္ကာယ”ဟု ဆရာမြတ်တို့ မိန့်အပ်သည်နှင့်အညီ ယူဟန်ကား- ရုပ်သည်ပင် ငါ, ငါသည်ပင် ရုပ် ဟူ၍ -

(၁) ရုပ်နှင့်အတ္တ အတ္တနှင့်ရုပ် မကွဲမပြား မှတ်ခြင်း တစ်ပါး၊
(၂) ရုပ်ရှိသောငါ ရုပ်နှင့်ပြည့်စုံသော ငါဟူ၍ ရုပ်နှင့်မကင်း အတ္တကိုဆ၍မှတ်ခြင်း တစ်ပါး၊
(၃) ငါ၌ရုပ်တည်၏ ရုပ်သည် ငါ၌တည်၏ဟူ၍ မှတ်ခြင်း တစ်ပါး၊
(၄) ရုပ်၌ ငါတည်၏ ငါသည်ရုပ်၌တည်၏ဟူ၍ မှတ်ခြင်းတစ်ပါး -
ဤသို့ ရူပက္ခန္ဓာ၌ သက္ကာယဒိဋ္ဌိ လေးပါး။

(၁) ဝေဒနာသည် ငါ, ငါသည်ပင် ဝေဒနာဟူ၍ မှတ်ခြင်း တစ်ပါး၊
(၂) ဝေဒနာရှိသော ငါ, ငါသည် ဝေဒနာရှိ၏ဟူ၍ မှတ်ခြင်းတစ်ပါး၊
(၃) ငါ၌ ဝေဒနာတည်၏, ဝေဒနာသည် ငါ၌တည်၏ဟူ၍မှတ်ခြင်းတစ်ပါး၊
(၄) ဝေဒနာ၌ ငါတည်၏, ငါသည် ဝေဒနာ၌တည်၏ဟူ၍ မှတ်ခြင်းတစ်ပါး -
ဤသို့ ဝေဒနာက္ခန္ဓာ၌ သက္ကာယဒိဋ္ဌိ လေးပါး။

(၁) သညာသည်ပင် ငါ, ငါသည်ပင် သညာဟူ၍ မှတ်ခြင်း တစ်ပါး၊
(၂) သညာရှိသောငါ ငါသည် သညာရှိ၏ ဟူ၍ မှတ်ခြင်း တစ်ပါး၊
(၃) ငါ၌ သညာသည်၏ သညာသည် ငါ၌တည်၏ဟူ၍ မှတ်ခြင်းတစ်ပါး။
(၄) သညာ၌ ငါတည်၏ ငါသည် သညာ၌ တည်၏ဟူ၍ မှတ်ခြင်းတစ်ပါး -
ဤသို့ သညာက္ခန္ဓာ၌ သက္ကာယဒိဋ္ဌိ လေးပါး။

(၁) သင်္ခါရသည်ပင် ငါ ငါသည်ပင် သင်္ခါရဟူ၍ မှတ်ခြင်း တစ်ပါး၊
(၂) သင်္ခါရရှိသော ငါ ငါသည် သင်္ခါရရှိ၏ဟူ၍ မှတ်ခြင်း တစ်ပါး၊
(၃) ငါ၌ သင်္ခါရတည်၏ သင်္ခါရသည် ငါ၌တည်၏ဟူ၍ မှတ်ခြင်း၊တစ်ပါး၊
(၄) သင်္ခါရ၌ ငါတည်၍ ငါသည် သင်္ခါရ၌တည်၏ ဟူ၍ မှတ်ခြင်းတစ်ပါး -
ဤသို့ သင်္ခါရက္ခန္ဓာ၌ သက္ကာယဒိဋ္ဌိ လေးပါး။

(၁) ဝိညာဉ်သည်ပင် ငါ ငါသည်ပင် ဝိညာဉ် ဟူ၍ မှတ်ခြင်းတစ်ပါး၊
(၂) ဝိညာဉ်ရှိသော ငါ ငါသည် ဝိညာဉ်ရှိ၏ဟူ၍ မှတ်ခြင်း တစ်ပါး၊
(၃) ငါ၌ ဝိညာဉ်တည်၏ ဝိညာဉ်သည် ငါ၌ တည်၏ ဟူ၍ မှတ်ခြင်းတစ်ပါး၊
(၄) ဝိညာဉ်၌ ငါတည်၏၊ ငါသည် ဝိညာဉ်၌တည်၏ ဟူ၍ မှတ်ခြင်းတစ်ပါး -
ဤသို့ ဝိညာဏက္ခန္ဓာ၌ သက္ကာယဒိဋ္ဌိ လေးပါး။

ဤသို့ ပုဒ်လေးချက်တို့၌ အနက်ခြောက်သွယ်သည် ယှဉ်၍ဖြစ်ကုန်၏။ ထိုသို့ ဖြစ်ခြင်းသည် ပုထုဇဉ်မိုက်တို့၏ သန္တာန်၌ လွန်စွာလည်း စွဲလမ်းတတ်ကုန်၏၊ စွဲလမ်းသော အတိုင်းအားဖြင့် ပြောဆိုလေ့ ရှိကြကုန်၏။

အဘယ်ကဲ့သို့ စွဲလမ်းပြောဆိုကြကုန်သနည်း ဟူမူကား -

ရုပ်၌ မာသည် ပျော့သည် ပူသည် လှုပ်သည် စသည်ဖြင့် ရုပ်နှင့် ငါကို မကွဲပြားအောင် ပြောဆိုတတ်ကြကုန်၏။ (ပ-၏ ပထမတ္ထ။)
အဘယ်သူသည် မာသနည်းဟု မေးမူ ငါဟူ၍လည်းကောင်း သူဟူ၍ လည်းကောင်း ပြောဆိုလေ့ရှိ၏။ (ပ-၏ ဒုတိယတ္ထ။)
မာသည် ကျွန်ုပ်မာသောသူဟူ၍ ပြောဆိုလေ့ရှိ၏။(ဒု-၏ ပထမတ္ထ။)
ငါ မာသည် သူ မာသည်ဟူ၍ ပြောဆိုလေ့ရှိ၏။ (ဒု-၏ ဒုတိယတ္ထ။)
ငါ မာသည် ကြာပြီဟူ၍ ပြောဆိုလေ့ရှိ၏။(တတိယတ္ထ။)
မာသည် ငါ ကြာပြီဟူ၍ ပြောဆိုလေ့ရှိ၏။ (စတုတ္ထတ္ထ။)

ဤသို့ ပထဝီဓာတ် တစ်ခုကိုပြလျှင် ကြွင်းသော ရုပ်(၂၇)ပါးကိုလည်း သိအပ်၏။ (ရုပ်၌ သက္ကာယ စွဲပုံ)

ဝေဒနာ၌ နာသည် (ပ-၏ ပထမတ္ထ။)
ဘယ်သူ နာသနည်း မေးမူ ငါ သူဟူ၍ ပြောဆို၏၊ (ပ-၏ ဒုတိယတ္ထ။)
နာသောသူ (ဒု-၏ ပထမတ္ထ။)
သူ နာသည် (ဒု-၏ ဒုတိယတ္ထ။)
နာသော ငါ ကြာပြီ (တတိယတ္ထ။)
ငါ နာသည်၊ ကြာပြီ (စတုတ္ထက္က။)

ဤသို့ ဒုက္ခဝေဒနာကို ပြလျှင် ကြွင်းသော ဝေဒနာ လေးပါးတို့ကို သိအပ်ကုန်၏။ (ဝေဒနာ၌ သက္ကာယ စွဲပုံ။)

သညာ၌ မှတ်မိသည် (ပ-၏ ပထမတ္ထ။)
အဘယ်သူ မှတ်သနည်း မေးမူ ငါဟုပြောဆို၏ (ပ-၏ ဒုတိယတ္ထ။)
မှတ်သော သူ (ဒု-၏ ပထမတ္ထ။)
သူ မှတ်သည်။ (ဒု-၏ ဒုတိယတ္ထ။)
ငါ မှတ်မိသည် ကြာပြီ၊(တတိယတ္ထ။)
မှတ်သည့် ကြာပြီ၊ (စတုတ္ထတ္ထ။)

ဤသို့ သညာတစ်ခုကိုပြလျှင် ကြွင်းသော သားတို့ကို သိအပ်ကုန်၏။ (သညာ၌ သက္ကာယ စွဲပုံ။)

သင်္ခါရ၌ တွေ့သည်၊ (ပ-၏ ပထမတ္ထ။)
ဘယ်သူတွေ့သနည်း မေးမူ ငါဟုပြော၏၊ (ပ-၏ ဒုတိယတ္ထ။)
တွေ့သာ သူ၊(ဒု-၏ ပထမတ္ထ။)
သူ တွေ့သည်၊ (ဒု၏ ဒုတိယတ္ထ။)
ငါ တွေ့သည် ကြာပြီ၊ (တတိယတ္ထ။)
တွေ့သည် ငါကြာပြီ၊ (စတုတ္ထတ္ထ။)

ဤသို့ ဖဿတစ်ခုကို ပြလျှင် ကြွင်းသော စေတသိက် (၄၉)ပါးကို သိအပ်၏။ (သင်္ခါရ၌ သက္ကာယ စွဲပုံ။)

ဝိညာဉ်၌ မြင်သည်၊ (ပ-၏ ပထမတ္ထ။)
ဘယ်သူမြင်သနည်း မေးမူ ငါဟု ပြောဆို၏၊ (ပ-၏ ဒုတိယတ္ထ။)
မြင်သော သူ၊ (ဒု-၏ ပထမတ္ထ။)
သူ မြင်သည်။(ဒု-၏ ဒုတိယတ္ထ။)
ငါ မြင်သည်၊ ကြာပြီ၊(တတိယတ္ထ။)
မြင်သည် ငါပြီ (စတုတ္ထတ္ထ။)

ဤသို့ စက္ခုဝိညာဉ်တစ်ခုကို ပြလျှင် ကြွင်းသော လောကီဝိညာဉ် ဟူသမျှကို သိအပ်၏။ (ဝိညာဉ်၌သက္ကာယ စွဲပုံ။)

ဤသို့ ပုထုဇဉ်မိုက်တို့သည် စွဲလည်း စွဲလမ်းကုန်၏၊ စွဲလမ်းသော အတိုင်းလည်း ပြောဆိုလေ့ ရှိကုန်၏။

ဒိဋ္ဌိံ ဂဏှာတီတိ တသ္မိံ တသ္မိံ ဝစနေ သဒ္ဓါဝသေနေဝ ဂန္တွာ ပညာယ အတ္ထံ အနုပပရိက္ခန္တော“အတ္ထိ ပုဂ္ဂလောတိ”အာဒိဝသေန ဒိဋ္ဌိံ ဂဏှာတိ။

အဘိ၊ဋ္ဌ၊၃၊၄၄၃

ဒိဋ္ဌိံ ဂဏှာတီတိ၊ ဒိဋ္ဌိံ ဂဏှာတိ ဟူသည်ကား။ တသ္မိံ တသ္မိံ ဝစနေ၊ ထိုထို ပြောဆိုတိုင်းသော စကား၌။ သဒ္ဓါဝသေနေဝ၊ ယုံကြည်သော အစွမ်းအားဖြင့်သာလျှင်။ ဂန္တွာ၊ မှားသောအားဖြင့် သွား၍။ ပညာယ၊ ယထာဘူတဉာဏ်ဖြင့်။ အတ္ထံ၊ဟုတ်မှန်သော သဘောကို။ အနုပပရိက္ခန္တော၊ မစူးစမ်း မဆင်ခြင်ဘဲ။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ (ဝါ) သူ ငါသည်။ အတ္ထိ၊ ရှိ၏။ ဣတိ အာဒိဝသေန၊ ဤသို့ အစရှိသော အစွမ်းအားဖြင့်။ ဒိဋ္ဌိံ၊ မှားယွင်းချွတ်ချော် မတော်သော အယူကို။ ဂဏှာတိ၊ ယူ၏။

ကလျာဏ ပုထုဇဉ်စသော အရိယာ သူတော်ကောင်းတို့မှာကား လောက စရိုက် အလိုက်သင့်ကိုကား ပြောဆိုတော်မူကြကုန်၏။ ပုထုဇဉ်တို့ကဲ့သို့ကား ငါ သူ စသည်ဖြင့် စွဲလမ်းခြင်း မရှိကုန်။

ယဉ္စ လောကေ ဝုတ္တံ၊ တေန ဝေါဟရတိ အပရာမသံ။

မ၊၂၊၁၆၈

ယဉ္စ၊ အကြင်စကားကိုလည်း။ လောကေ၊ လောက၌။ ဝုတ္တံ၊ ပြောဆို ခေါ်ဝေါ် အပ်၏။ တေန၊ ထိုလောက ဝေါဟာရဖြင့်။ အပရာမသံ-အပရာမသန္တော၊ မိစ္ဆာယောင်ရမ်း မစွဲလမ်းဘဲ။ ဝိမုတ္တစိတ္တော၊ ကိလေသာမှ လွတ်ပြီးသောစိတ် ရှိသော ရဟန္တာပုဂ္ဂိုလ်သည်။ ဝေါဟရတိ၊ ခေါ်ဝေါ် ပြောဆို၏။

ငါ သူ လူ နတ် ဗြဟ္မာ မိန်းမ ယောက်ျား ရေ မြေ တော တောင် သစ်ပင် စသော အမည်မျိုးတို့သည် အတ္တစွဲကြီး ဟူ၍မှတ်။

သက္ကာယဒိဋ္ဌိ ပြီး၏။

နာမရူပပရိစ္ဆေဒဉာဏ် ဒိဋ္ဌိဝိသုဒ္ဓိ ပြီး၏။

၂၉ - ပစ္စယပရိဂ္ဂဟကို အကျယ်ပြခြင်း

တဿ ပစ္စယံ ပရိယေသန္တော အဝိဇ္ဇာဒိပဋိစ္စသမုပ္ပါဒံ ဒိသွာ ပစ္စယပစ္စယုပ္ပန္နဓမ္မမတ္တမေဝေတံ -

ဒီ၊ဋ္ဌ၊၂၊၃၅၅

ဟူသော သုတ်မဟာဝါ မူလပဏ္ဏာသအဋ္ဌကထာ ဆရာမြတ်တို့ မိန့်အပ်သည်နှင့် လျော်ညီစွာ ဆရာကောင်းတို့ အထံ၌ သင်အပ်ပြီးသော အတတ်ရှိသော ပါရိဟာရိယ ပညာနှင့် ပြည့်စုံသော သမားလူလိမ္မာသည် တစ်စုံ တစ်ယောက်သော သူနာက ခေါ်ပင့် အပ်နှံအပ်သည်ရှိသော် ထိုသူနာ ရောဂါကိုမြင်လျှင် ၎င်းရောဂါ၏ ဖြစ်ကြောင်းကား အဘယ်တရား တို့နည်း၊ ၎င်းရောဂါသည် ဘယ်အကြောင်းကြောင့် ဖြစ်သနည်း၊ ၎င်းရောဂါ၏ ဖြစ်ကြောင်းကား အကြောင်းဘယ်နှစ်ပါး ရှိသနည်းဟု ဤသို့ စသည်ဖြင့် စူးစမ်းရှာဖွေလတ်သော် ရောဂါ၏ ဖြစ်ကြောင်း ၎င်းသမုဋ္ဌာန် တို့ကို ဧကန်တိတိ ဉာဏ်မျက်စိဖြင့် သိမြင်ဘိသကဲ့သို့၊

ထိုနည်းတူစွာ ဆရာကောင်း ခြောက်ယောက်တို့တွင် တစ်ယောက်ယောက်သော သူတို့၏ အထံ၌ ဧကန် သင်အပ် အားထုတ်အပ်ပြီးသော ပါရိဟာရိယ ပညာနှင့် ပြည့်စုံသော လိမ္မာသော ယောဂီသည်လည်း (၁) ဓမ္မတာ၊ (၂) ပဝတ္တိရှိဖြင့် လက်ဝါး ပေါ်၌ တင်ထားအပ်သော ပတ္တမြားကို မျက်ဝါးထင်ထင် ငါးစို့သော ဥပမာတို့တွင် -

  • (၁) တစ်ပါးပါးသော ဥပမာဖြင့် မြင်အပ်သော အမြင်ဉာဏ် ဟူသော ဓမ္မတာ၊
  • (၂) ထိုထို ဓမ္မတာတို့၌ ရုပ်နာမ်တို့၏ အရေအတွက် ဂဏန, ရုပ်နာမ်တို့၏ အပိုင်းအခြား ပရိစ္ဆေဒ, ရုပ်နာမ်တရားတို့၏ ဖြစ်ရာဌာန ရုပ်နာမ်တရားတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် သဘာဝတို့ကို ဧကန်သိသော အသိဉာဏ် ဟူသော ပဝတ္တိ (ဥပမာ ငါးစို့ကား တွေ့လတ္တံ့) နှစ်ပါးတို့ဖြင့် ရုပ်ဓမ္မ နာမ်ဓမ္မတို့ကို သိမ်းဆည်းပြီး၍ ထိုရုပ်နာမ်နှစ်ပါးတို့သည်၊
    (ဝါ) ခန္ဓာငါးပါးတို့သည်၊
    (ဝါ) အာယတန လေးပါး တို့သည်၊
    (ဝါ) ဓာတ်လေးပါးတို့သည်၊
    (ဝါ) ပရမတ္ထတရား (၁၀၁) ပါးတို့သည် အကြောင်းကင်း၍ ဖြစ်သည်မဟုတ်၊ အကြောင်းနှင့် တကွ ဖြစ်၏၊

အဘယ့်ကြောင့်နည်း ဟူမူ -

  1. အလုံးစုံသော သတ္တဝါတို့၏ အဇ္ဈတ္တ ဗဟိဒ္ဓသန္တာန်၌ ဤနာမ်ရုပ် နှစ်ပါးသည် တစ်ခုတည်းကဲ့သို့ တည်သည်၏ အဖြစ်သို့ရောက်ရခြင်းကြောင့်လည်းကောင်း၊
  2. ခပ်သိမ်းသော သတ္တဝါ၏ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ၌ တစ်ခုတည်း ကဲ့သို့ တည်သည်၏အဖြစ်သို့ ရောက်ရခြင်းကြောင့်လည်းကောင်း၊
  3. ခပ်သိမ်းကုန်သော သတ္တဝါတို့အားလည်း တစ်ခုတည်းကဲ့သို့ တည်သည်၏ အဖြစ်သို့ ရောက်ရခြင်းကြောင့် လည်းကောင်း အကြောင်းမရှိသည် မဟုတ် အကြောင်းနှင့်တကွ ဖြစ်၏၊ ထိုအကြောင်းနှင့် တကွ ဖြစ်သော်လည်း ဣဿရ နိမ္မာနဝိသမဟေတုဟု ဆိုအပ်သော ဗြဟ္မာ ဗိဿနိုး စသော တန်ခိုးကြီးသူတို့ ဖန်ဆင်း၍ ဤနာမ်ရုပ်နှစ်ပါးသည် ဖြစ်လာရသည် မဟုတ်ဟု သိအပ်၏။

သော အာဒိတောဝ ဣတိ ပဋိသဉ္စိက္ခတိ၊ န တာဝိဒံ နာမရူပံ အဟေတုကံ။ သဗ္ဗတ္ထ သဗ္ဗဒါ သဗ္ဗေသဉ္စ ဧကသဒိသဘာဝပတ္တိတော န ဣဿရာဒိဟေတုကံ။ နာမရူပတော ဥဒ္ဓံ ဣဿရာဒီနံ အဘာဝတော။

ဝိသုဒ္ဓိ၊၂၊၂၃၃

သော၊ ထိုယောဂီသည်။
အာဒိတောဝ၊ အစ၌သာလျှင်။
ဣတိ၊ ဤသို့။
ပဋိသဉ္စိက္ခတိ၊ ဆင်ခြင်၏။
ဣဒံ နာမရူပံ၊ ဤနာမ်ရုပ်သည်။
တာဝ၊ ရှေးဦးစွာ။
အဟေတုကံ၊ အကြောင်းမရှိသည်။
၊ မဟုတ်။
သဟေတုက မေဝ၊ အကြောင်းရှိသလျှင်ကတည်း၊ (ထည့်)။
ကသ္မာ၊ အဘယ့်ကြောင့်ကား။
သဗ္ဗတ္ထ၊ အလုံးစုံသော အဇ္ဈတ္တ ဗဟိဒ္ဓသန္တာန်၌။
ဧက သဒိသဘာဝပတ္တိတော၊ တစ်ခုတည်းကဲ့သို့ တည်သည်၏အဖြစ်သို့ ရောက်ခြင်းကြောင့် လည်းကောင်း။
သဗ္ဗဒါစ၊ ခပ်သိမ်းသော အခါ၌လည်း။
ဧကသဒီသဘာဝပတ္တိတော၊ တစ်ခုတည်းကဲ့သို့ တည်သည်၏ အဖြစ်သို့ ရောက်ခြင်း ကြောင့်လည်းကောင်း။
သဗ္ဗေသဉ္စ၊ ခပ်သိမ်းသောပုဂ္ဂိုလ်တို့အားလည်း။
ဧကသဒိသဘာဝပတ္တိတော၊ တစ်ခုတည်းကဲ့သို့ တည်သည်၏ အဖြစ်သို့ ရောက်ခြင်း ကြောင့် လည်းကောင်း။
နာမရူပံ၊ နာမ်ရုပ်သည်။ (ထည့်)
ဣဿရာဒိ ဟေတုကံ၊ ဣဿရ နိမ္မာန ဝိသမဟေတု စသော အကြောင်းတို့သည်။
နဟောတိ၊ မဖြစ်။
ကသ္မာ၊ အဘယ်ကြောင့်ကား။
နာမရူပတော၊ နာမ်ရုပ်မှ။
ဥဒ္ဓံ၊ အလွန်။
ဣသရာဒီနံ၊ ဣဿရ စသည်တို့၏။
အဘာဝတော၊ မရှိခြင်းကြောင့်တည်း။

ထိုနာမ်ရုပ်နှစ်ပါးသည် အကြောင်းမရှိသည် မဟုတ်၊ အကြောင်းနှင့် တကွ ဖြစ်၏ ဟူသော်။ ၎င်းနာမ်ရုပ်နှစ်ပါး၏ အကြောင်းကား အဘယ် တရားတို့နည်းဟု စူးစမ်း လတ်သော် ... အဝိဇ္ဇာ တဏှာ, ဥပါဒါန် ကံ အာဟာရ ဟူသော ဟေတုအကြောင်း၊ ပစ္စယအကြောင်း၊ ပဋိစ္စ အကြောင်းအားဖြင့် အကြောင်းရင်းကြီး သုံးပါးကို မြင်လေ၏။

ထိုသုံးပါးတို့တွင် အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ ဤလေးပါးတို့ကား ဇနက ဖြစ်၍ ဟေတုအကြောင်း မည်၏။ အာဟာရသည် ဥပထမ္ဘကဖြစ်၍ ပစ္စယ အကြောင်း မည်၏။ အစိတ်အားဖြင့်ကား ထိုဟေတု အကြောင်း လေးပါးတို့တွင် အဝိဇ္ဇာ တဏှာ ဥပါဒါန် သုံးပါးတို့သည် အမိနှင့်တူသည်ဖြစ်၍ ဥပနိဿယဟေတု အကြောင်းမည်၏။

ကံသည် အဖနှင့်တူသည်ဖြစ်၍ ဇနကဟေတုအကြောင်း မည်၏။ ပစ္စယအကြောင်း၌ အာဟာရသည် နို့ထိန်းနှင့်တူသည်ဖြစ်၍ သန္ဓာရကပစ္စယ အကြောင်းမည်၏။ ဤကား ပဋိသန္ဓေအခါ ပစ်ချတတ်သော ကံကြောင့်ဖြစ်သော ရုပ်တို့၏ ဟေတု ပစ္စယ အကြောင်းတို့တည်း။ (ရုပ်ဖို့။)

ပဋိသန္ဓေ ဝိညာဉ်စသော နာမ်တို့ ဖြစ်ခြင်း၏မူလ ၎င်းအဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ အာဟာရ အကြောင်း ငါးပါးတို့ပင် အပကာရန္တ အစွမ်းဖြင့် ရထိုက်၏။

ကာမေဉ္စတ္တ အဝိဇ္ဇာဒယော နာမကာယဿာပိ ပစ္စယော၊ ပကာရန္တေန ပန တဿ ပါကဋံ ပစ္စယပရိဂ္ဂဟဝိဓိံ ဒဿေတုံ စက္ခုဉ္စ ပဋိစ္စာတိ အာဒိ ဝုတ္တံ။

ဝိသုဒ္ဓိ၊ဋီ၊၂၊၃၇၂

ဧတ္ထ၊ ဤပစ္စယပရိဂ္ဂဟ၌။
အဝိဇ္ဇာဒယော၊ အဝိဇ္ဇာ အစရှိသော အကြောင်းတရား ငါးပါးတို့ သည်။
နာမကာယဿာပိ၊ နာမကာယအားလည်း။
ပစ္စယော၊ အကြောင်းတရားသည်။
ကာမဉ္စဟောတိ၊ အကယ်၍ကား ဟုတ်၏ရှင့်။
ပန၊ ထိုသို့ အပကာရန္တအားဖြင့် ဟုတ်သော်လည်း။
ပကာရန္တေန၊ အစိတ်၏ အပြားအားဖြင့်။
တဿ နာမကာယဿ၊ ထိုနာမကာယ၏။
ပစ္စယပရိဂ္ဂဟဝိဓိံ၊ ပစ္စယပရိဂ္ဂဟ၏အစီရင်ကို။
ပါကဋံ၊ ထင်စွာ။
ဒဿေတုံ၊ ပြခြင်းငှါ။
စက္ခုဉ္စ ပဋိစ္စာတိ အာဒိ၊ စက္ခုဉ္စ ပဋိစ္စ ဤသို့ အစရှိသော စကားကို။
ဝုတ္တံ၊ အဋ္ဌကထာ အရှင်မိန့်တော်မူ၏။
(နာမ်ဖို့။)

ထိုသို့ အပကာရန္တအားဖြင့် ရထိုက်သောကြောင့် ပဋိသန္ဓေအခါ ရအပ်သော ရုပ်တရား နာမ်တရားတို့၏ အကြောင်းငါးပါးတို့တွင် ရုပ်တရား၏ အကြောင်းငါးပါး၌ အဝိဇ္ဇာသည် ရှေးရှေးသော အမှတ်မဲ့ တစ်ခုခုဘဝ၌ ကာမ ရူပ အရူပဘဝတို့ကို မတပ်မက်အပ်သော တရားစု ဖြစ်လျက်နှင့် ဒါန သီလ ဘာဝနာတို့ကို ပြုပြီး၍ မစားအပ်သော အဆိပ်ကို စားအပ်၏ဟု ထင်မှားသော ယောက်ျားမိုက်ကဲ့သို့ နောက်နောင် ဖြစ်လတ္တံ့သော လူ နတ် ဗြဟ္မာတို့၏ သန္တာန်၌ ဧကန်ကပ်ငြိသော ဇာတိ ဇရာ မရဏ စသော ဘေးကြီးကို မှန်ကန်စွာ ယုံကြည်ပိုင်းဖြတ်၍ မသိတတ်သော တရားသည် အဝိဇ္ဇာမည်၏။ (၁)

အဝိဒွါ ဘိက္ခဝေ အဝိဇ္ဇာဂတော ပုညာဘိသင်္ခါရမ္ပိ အဘိသင်္ခရောတိ၊ အပုညာဘိသင်္ခါရမ္ပိ အဘိသင်္ခရောတိ၊ အာနေဉ္ဇာဘိသင်္ခါရမ္ပိ အဘိသင်္ခရောတိ-

ဝိသုဒ္ဓိ၊၂၊၁၆၃

ဟူသော ဝိသုဒ္ဓိမဂ်၏ သာဓကပါဠိတော်ကို ထောက်။

ဘိက္ခဝေ၊ ရဟန်းတို့။
အဝိဒွါ၊ ပညာမရှိသော။
အဝိဇ္ဇာဂတော၊ အဝိဇ္ဇာနှင့် ပြည့်စုံသောသူသည်။
ပုညာဘိသင်္ခါရမ္ပိ၊ ပုညာဘိသင်္ခါရကိုလည်း။
အဘိသင်္ခရောတိ၊ ပြုပြင်စီရင်၏။ (ဝါ) အားထုတ်၏။
အပုညာဘိသင်္ခါရမ္ပိ၊ အပုညာဘိသင်္ခါရကိုလည်း။
အဘိသင်္ခရောတိ၊ အားထုတ်၏။
အာနေဉ္ဇာဘိသင်္ခါရမ္ပိ၊ အာနေဉ္ဇာဘိသင်္ခါရကိုလည်း။
အဘိသင်္ခရောတိ၊ အားထုတ်၏။

ထိုထိုလူ့ဘဝ နတ်ဘဝ, ဗြဟ္မာဘဝတို့၌ ရအပ်သော ရုပ်တရားတို့ကို “ငါသည် ရမူ ဩော် - ကောင်းလေစွ ချမ်းသာလေစွ”ဟု နှလုံးပြု၍ ဒါန သီလ ဘာဝနာတို့ကို ပြုပြီး၍ သင်တုန်းသွား၌ ထားအပ်သော ပျားရည်ကို လျက်လိုသော လူမိုက်ကဲ့သို့ နောက်နောင်ဖြစ်လတ္တံ့သော နတ် လူ ဗြဟ္မာ တို့၏သန္တာန်၌ ဧကန်ကပ်ငြိတတ်သော ဇာတိ ဇရာ, မရဏစသော ဘေးကြီးတို့ကို မှန်ကန်စွာ မသိဘဲလျက် အာသာ ငင်းငင်း တပ်မက်ခြင်းသည် တဏှာမည်၏။ (၂)

အဆက်ဆက် တပ်မက်ခြင်းသည် ဥပါဒါန်မည်၏။ (၃)

တဿာ သမုဋ္ဌာပိကာ ပုရိမတဏှာ သမုဒယသစ္စံ။
နိကန္တိတဏှာ ဥပဂမနံ ဥပါဒါနံ - ဟူသော ဝိသုဒ္ဓိမဂ် စသည်ကိုထောက်။

ဒီ၊ဋ္ဌ၊၂၊၃၅၆

တဿာ၊ ထိုသတိကို။
သမုဋ္ဌာပိကာ၊ ဖြစ်စေအပ်သော။
ပုရိမတဏှာ၊ ရှေးဘဝ၌ ဖြစ်စေအပ်သော တဏှာသည်။
သမုဒယသစ္စံ၊ သမုဒယသစ္စာ မည်၏။

နိကန္တိ၊ ဘဝကို တပ်မက်ခြင်းသဘောသည်။
တဏှာ၊ တဏှာမည်၏။
ဥပဂမနံ၊ တပ်ခြင်း စွဲလမ်းခြင်းသည်။
ဥပါဒါနံ၊ ဥပါဒါန်မည်၏။

ထိုထို လူ့ဘဝ နတ်ဘဝ, ဗြဟ္မာဘဝတို့၌ ရအပ်သော ရုပ်တရားတို့ကို “ငါသည်ရပါမူ သော် ကောင်းလေစွ” ဟု နှလုံးပြု၍ ဒါန, သီလ ဘာဝနာတို့ကို ပြုပြီး၍ ၎င်းကုသိုလ်တို့၏ အကျိုးအားဖြင့် လူ နတ်တို့၏ သမ္ပတ္တိကို ရရစေသတည်းဟု မိမိ၏ စေတနာကို ဖြစ်စေခြင်းသည် လည်းကောင်း၊ ကာမဂုဏ်အရသာကို ခံစားလိုသော ယောက်ျားမိုက်သည် ဘီလူးမတို့၏ လှည့်ပတ်သော ရူပါရုံ၌ အာသာဝင်းဝင်း တပ်မက်ခြင်းကြောင့် မငြင်းမဆန် သူ့နိုင်ငံ၌ အစားခံလိုက်ရသကဲ့သို့ ဇာတိ ဇရာ မရဏ၏ အာရုံ၌ အာသာငင်းငင်း တပ်မက်ခြင်းသည် လည်းကောင်း ကံမည်ပေ၏။ (၄)

ဣမေ ပဉ္စ ဓမ္မာ ပုရိမကမ္မဘဝသ္မိံ ဣဓ ပဋိသန္ဓိယာ ပစ္စယာ။

ဝိသုဒ္ဓိ၊၂၊၂၃၅

ကမ္မန္တိ စေတနာဝ အဓိပ္ပေတာ၊ သာစ ခေါ ကုသလာကုသလာ။

ဝိသုဒ္ဓိ၊ဋီ၊၂၊၃၇၅

ဣမေ ပဉ္စဓမ္မာ၊ ဤအဝိဇ္ဇာ, သင်္ခါရ, တဏှာ, ဥပါဒါန် ဘဝဟူသော တရားငါးပါး တို့သည်။
ပုရိမကမ္မဘဝသ္မိံ၊ ရှေးဖြစ်သော ကမ္မဘဝကို။
ကရီယမာနေ၊ ပြုအပ်သည်ရှိသော်။
ဣဓ၊ ဤပစ္စုပ္ပန်ဘဝ၌။
ပဋိသန္ဓိယာ၊ ပဋိသန္ဓေ၏။
ပစ္စယာ၊ အကြောင်းတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

ကမ္မန္တိ၊ ကံဟူသည်ကား။
စေတနာဝ၊ စေတနာကို သာလျှင်။
အဓိပွေတာ၊ အလိုရှိအပ်၏။
သာ စ ခေါ၊ ထို စေတနာသည်လည်း။
ကုသလာကုလာ၊ ကုသိုလ် အကုသိုလ်ပင်တည်း။

(ရုပ်မှာ ဥပပတ္တိ ဘဝကိုငဲ့၊ နာမ်မှာ ကမ္မဘဝကိုငဲ့၍ ယူကြလေ။)

ထိုထို လူ့ဘဝ နတ်ဘဝ ဗြဟ္မာဘဝတို့၌ ရအပ်သော ရုပ်တရားတို့ကို “ငါသည် ရပါမူ ဩော် - ကောင်းလေစွ” ဟု နှလုံးပြု၍ ဒါန သီလ ဘာဝနာတို့ကို ပြုပြီး၍ လာလတ္တံ့သော နိကန္တိ ဘေး ဥပဂမနဘေး အာယူဟနဘေး အဘိနိပါတဘေး ဟူသော လေးပါးသော ဘေးကြီးတို့ကို မကြည့်မရှု မူမူရရ အားကျပါးကျ အစာကို မက်သော ငှက်ခါးသည် အစာကိုသာမြင်၍ ညောင်စေးကျော့ကွင်းတို့ ဘေးကို မမြင်သကဲ့သို့ အာသဝနှင့်တကွ အားထုတ် ဆောင်ရွက်တတ်သော တရားလည်း အာဟာရ မည်၏။ (၅)

ထို အာဟာရသည်လည်း ရုပ်အာဟာရ နာမ်အာဟာရ ဟူ၍ နှစ်ပါး အပြားရှိ၏၊ ထိုနှစ်ပါးတို့တွင် ရုပ်အာဟာရသည် ပဝတ္တိဖြစ်သော ဥပါဒိန္နကရုပ် အနုပါဒိန္နကရုပ် ကိုသာ ဆောင်နိုင်၏၊ နာမ်အာဟာရသည် ပဋိသန္ဓေ အခါ၌ဖြစ်သော ကမ္မဇရုပ် သုံးဆယ်ကို လည်းကောင်း၊ ပဋိသန္ဓေ၌ ဖြစ်သော နာမ်တရားတို့ကို လည်းကောင်း ဆောင်နိုင်၏။

ထိုနှစ်ပါးသော အာဟာရတို့တွင် ရုပ်အာဟာရ၌ ကမ္မဇရုပ်သုံးဆယ်၏ အတွင်း၌ ရှိသော ဩဇာသည် ဥပါဒိန္နက ကဗဠိကာရာဟာ ရမည်၏။ မိမိသုံးစွဲ စားသောက်သော ဆွမ်းစသော အာဟာရသည် ကမ္မဇရုပ်၏အတွင်းသို့ ဩဇာ၏ အဖြစ်ဖြင့် မသက်သေးမူ အနုပါဒိန္နက ကဗဠိကာရာဟာရ မည်၏။ ဩဇာလျှင် ရှစ်ခုမြောက်သော ရုပ်ကို ဆောင်နိုင်၏။

နာမ်အာဟာရ၌ အပြားတို့သည် ဖဿာဟာရ စေတနာဟာရ ဝိညာဏာဟာရ ဟူ၍ သုံးပါး အပြားရှိ၏၊ ထိုသုံးပါးတို့တွင် -

  1. အာရုံခြောက်ပါးတို့၌ ဣဋ္ဌ သုခ သောမနဿတို့ကို တွေ့စဉ်ဆဲဆဲဖြစ်မူ ဖဿာဟာရသည် သုခဝေဒနာကို ဆောင်၏။ အနိဋ္ဌ ဒုက္ခ ဒေါမနဿတို့ကို တွေ့စဉ်ဆဲဆဲဖြစ်မူ ဖဿာဟာရသည် ဒုက္ခဝေဒနာကို ဆောင်၏။ ဣဋ္ဌာ နိဋ္ဌ မဇ္ဈတ္တ တို့ကို တွေ့စဉ်ဆဲဆဲ ဖြစ်မူ ဖဿာဟာရသည် ဥပေက္ခာဝေဒနာကို ဆောင်၏။
  2. ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အာနေဉ္စာဘိသင်္ခါရ တို့၌ဖြစ်သော စေတနာသည် ပုညာဘိသင်္ခါရဖြစ်ပါမူ ကာမ သုဂတိဘဝ, ရူပဘဝဟု ဆိုအပ်သော. ကမ္မဘဝ, ဥပပတ္တိဘဝ နှစ်ပါးကို ဆောင်၏၊ အပုညာဘိသင်္ခါရ ဖြစ်ပါမူ အပါယိက ကာမ ဘဝဟု ဆိုအပ်သော ကမ္မဘဝ, ဥပပတ္တိ ဘဝနှစ်ပါးကို ဆောင်၏၊ အာနေဉ္စာဘိသင်္ခါရဖြစ်ပါမူ အရူပဘဝ ဟုဆိုအပ်သော ကမ္မဘဝ, ဥပပတ္တိဘဝ နှစ်ပါးကို ဆောင်၏။
  3. ဝိညာဏာဟာရ၌ ဝိညာဉ်သည် ပဋိသန္ဓေဝိညာဉ် ပဝတ္တိ ဝိညာဉ်ဟူ၍ နှစ်ပါးရှိ၏။ ထိုနှစ်ပါးတို့တွင် ပဋိသန္ဓေ ဝိညာဉ်သည် မိမိနှင့်သမ္ပယုတ်ဖြစ်သော နာမက္ခန္ဓာ သုံးပါးတို့ကိုလည်းကောင်း၊ ကမ္မဇရုပ် သုံးဆယ်တို့ကို လည်းကောင်း ဤသို့သော နာမ်ရုပ် နှစ်ပါးတို့ကို ဆောင်၏။ ပဝတ္တိဝိညာဉ် သည်လည်း မိမိနှင့် သမ္ပယုတ် နာမက္ခန္ဓာ သုံးပါးတို့ကို လည်းကောင်း၊ သဟဇာတအဖြစ်ဖြင့် တည်သော စိတ်ကြောင့်ဖြစ်သော ရုပ်တို့ကို လည်းကောင်း ဤသို့ အစရှိသော နာမ်ရုပ်နှစ်ပါးကို ဆောင်၏။

ကဗဠီကာရာဟာရော ဩဇဋ္ဌမက ရူပါနိ အာဟရတိ။ ဖဿာ ဟာရောတိဿော ဝေဒနာ၊ မနောသဉ္စေတနာဟာရော တယော ဘဝေ၊ ဝိညာဏာဟာရော ပဋိသန္ဓိနာမရူပန္တိ၊

မ၊ဋ္ဌ၊၁၊၂၁၃

ကဗဠီကာရာဟာရော၊ ကဗဠီကာရ အာဟာရသည်။
ဩဇဋ္ဌမကရူပါနိ၊ ဩဇာလျှင် ရှစ်ခုမြောက်သော ရုပ်တို့ကို။
အာဟရတိ၊ ဆောင်နိုင်၏။
ဖဿဟာရောပိ၊ ဖဿာဟာရသည်လည်း။
တိဿောဝေဒနာ၊ သုံးပါးသော ဝေဒနာတို့ကို။
အာဟာရတိ၊ ဆောင်နိုင်၏။
မနောသဉ္စေတနာဟာရော၊ မနောသေဉ္စတနာဟာရသည်။
တယောဘဝေ၊ သုံးပါးသောဘဝတို့ကို။
အာဟရတိ၊ ဆောင်နိုင်၏။
ဝိညာဏာဟာရော၊ ဝိညာဏဟာရသည်။
ပဋိသန္ဓိနာမရူပံ၊ ပဋိသန္ဓေ နာမ်ရုပ်ကို။
အာဟရတိ၊ ဆောင်နိုင်၏။

ဤပါဌ်ဖြင့်ကား ပဋိသန္ဓေဝိညာဉ်သာ ပါသေး၏၊ ပဝတ္တိဝိညာဉ် မပါခဲ့ချေ ဟူမူ-

“စိတ္တသမုဋ္ဌာနံ နာမ တယော အရူပိနော ခန္ဓာ သဒ္ဒနဝကံ ကာယဝိညတ္တိ ဝစီဝိညတ္တိ အာကာသဓာတု လဟုတာ မုဒုတာ ကမ္မညတာ ဥပစယော သန္တတီတိ သတ္တရသဝိဓံ ရူပဉ္စ”

ဟူသော ဝိသုဒ္ဓိပါဋ္ဌိ စသည်ဖြင့် ပဝတ္တိ ဝိညာဉ်ကြောင့် နာမ်ရုပ်ဖြစ်ပုံကို သိအပ်၏။

တယော၊ သုံးပါးကုန်သော။
အရူပိနော၊ နာမ်ဖြစ်ကုန်သော။
ခန္ဓာ၊ ခန္ဓာတို့သည် လည်းကောင်း။
သဒ္ဒနဝကံ၊ အသံဖြင့် မှတ်အပ်သော ရုပ်ကိုးခု လည်းကောင်း။
ကာယဝိညတ္တိ၊ ကာယဝိညတ္တိရုပ် လည်းကောင်း။
(ပ) သန္တတိ၊ သန္တတိရုပ် လည်းကောင်း။
ဣတိ ဣမိနာ ပဘေဒေန၊ ဤသို့သော အပြားအားဖြင့်။
သတ္တရသဝိဓံ၊ တစ်ဆယ့်ခုနစ်ပါး အပြား ရှိသော။
ရူပဉ္စ၊ ရုပ်တရားသည် လည်းကောင်း။
စိတ္တသမုဋ္ဌာနံ နမ၊ စိတ်ကြောင့်ဖြစ်သော တရားစု မည်၏။

ဤသို့ ပြခဲ့ပြီးသော အာဟာရ လေးပါးတို့တွင် ကဗဠီကာရာဟာရ, ဖဿာဟာရ ဝိညာဏာဟာရ သုံးပါးသည် ပစ္စုပ္ပန်ဖြစ်သော ရုပ်တရား နာမ်တရားတို့ကို ဆောင်၏။ မနောသေဉ္စတနာဟာရသည်ကား ပစ္စုပ္ပန် အနာဂတ် နှစ်ပါးကို သာသဝ သဥပါဒါန သရာ ဝဋ္ဋနိဿိတ ဖြစ်ပါမူ ဆောင်နိုင်သော သတ္တိထူး ရှိ၏။

ဧတ္ထ မနောသေဉ္စတနာဟာရော တယော ဘဝေ အာဟရတီတိ သာသဝါ ကုသလာ ကုသလစေတနာဝ ဝုတ္တာ။

မ၊ဋ္ဌ၊၁၊၂၁၃

ဧတ္ထ၊ ဤအာဟာရ လေးပါးတို့တွင်။
မနောသေဉ္စတနာဟာရော၊ မနောသေဉ္စတနာဟာရသည်။
တယော ဘဝေ၊ သုံးပါးသောဘဝတို့ကို။
အာဟရတီတိ၊ ဆောင်နိုင်၏ဟူသည်ကား။
သာသဝါ၊ အာသဝေါနှင့်တကွ ဖြစ်ကုန်သော။
ကုသလာ ကုသလစေတနာဝ၊ ကုသိုလ် အကုသိုလ် စေတနာတို့ကိုသာလျှင်။
ဝုတ္တာ၊ ဟောတော်မူအပ်ကုန်၏။

ထိုကြောင့် ပစ္စုပ္ပန် ပဋိသန္ဓေ၏ အကြောင်းကား စေတနာဟာရပင်တည်း။ ပြခဲ့ပြီးသော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကား ကံ စေတနာဟာရ၏ အာသဝချည်း ဖြစ်ကြ၍ -

“အဝိဇ္ဇာနုသယပရိက္ခိတ္တေန တဏှာနုသယ မူလကေန သင်္ခါရေန ဇနီယမာနံ”

ဟူသော လက်သန်းအဋ္ဌကထာနှင့် လျော်ညီစွာ ကံ စေတနာဟာရ၏ ပရိက္ခိတ္တ မူလတို့သာ-ဟု မှတ်ကြလျက် ရှေးဘဝ၌ ဖြစ်ခဲ့ဖူးသော စေတနာဟာရသည် အနာဂတ် ဖြစ်သော ယခုဘဝ၏ အကြောင်းငါးပါးတို့ပေတည်း။

ဤကား ပဋိသန္ဓေအခါ၌ ရထိုက်သော အပကာရန္တ အစွမ်းဖြင့် ယူအပ်သော ဟေတုအကြောင်း ပစ္စယအကြောင်းတို့ပေတည်း။ ထိုဟေတု ပစ္စယအကြောင်း တို့ဖြင့် ရအပ်သော ပဋိသန္ဓေ ဝိပါက်ခန္ဓာတို့ ချုပ်ပြီးသော ပဝတ္တိခန္ဓာငါးပါး, ငါးပါးတို့၏ အစဉ်၌ကား ပဋိစ္စ အကြောင်းကို ရအပ်၏။ အဘယ့်ကြောင့်ဟူမူ ဟေတု ပစ္စယဖြင့် ပစ်ချ၍ ရောက်အပ်ပြီးသော ပဋိသန္ဓေခန္ဓာ၏ နောက်မှ စိတ္တဇရုပ် စသည် တို့ ဖြစ်လာရခြင်းကြောင့်တည်း။

ဤစကား၌ စတုဇရုပ် နာမက္ခန္ဓာဖြစ်ပုံ သာမညကား မနောသဉ္စေတနာဟာရဟု ဆိုအပ်သော ကံကြောင့်ဖြစ်သော ရုပ်သည် ပဋိသန္ဓေစိတ် ဥပါဒ်ကစ၍ ကာယ ဘာဝ, ဝတ္ထု အားဖြင့် သုံးဆယ်စီဖြစ်၍ ကလာပ်တို့ ကြီးပွားလတ်သော် (၁၅၃) စည်းသော ကလာပ်အားဖြင့်ဆောင်၍ စက္ခု သောတ ဃာန ဇိဝှါဒသက လေးလီတို့ဖြင့် အားရှိပြန်၍ (၃၅၇) စည်းသော ကလာပ်တို့၏အားဖြင့် အသက် ရှည်သမျှ ကာလပတ်လုံး တည်သည်ဖြစ်၍ စုတိစိတ်မှ ပြန်၍ရေသော် (၁၇) ချက် မြောက်သော စိတ်နှင့် ဥပါဒ် ပြိုင်လျက် ချုပ်ပျက်ရှာလေ၏။ (ကမ္မဇရုပ်။)

ဖဿာဟာရ, ဝိညာဏာဟာရ ဟု ဆိုအပ်သော စိတ်ကြောင့်ဖြစ်သော ရုပ်သည် ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်ကစ၍ သုဒ္ဓဋ္ဌက ကလာပ် တစ်စည်း တစ်နည်း အားဖြင့် တိုးပွားလတ်သော် (၁၇) စည်းသော ကလာပ်တို့အားဖြင့် ဆောင်၍ အဋ္ဌကထာ အလိုအားဖြင့် ရဟန္တာဖြစ်အံ့ စုတိစိတ် အနန္တရစိတ်တိုင်၊ မူလဋီကာ အလိုအားဖြင့် ခပ်သိမ်းသော ပုဂ္ဂိုလ်တို့အား စုတိစိတ်တို့မှ ပြန်၍ရေသော် (၃၃) ချက်သော စိတ်နှင့် ဥပါဒ်ပြိုင်လျက် ချုပ်ရှာလေ၏။ (စိတ္တဇရုပ်။)

ကဗဠီကာရာဟာရဟု ဆိုအပ်သော အာဟာရနှင့် ဖြစ်သော ရုပ်သည် အကြင်အခါ၌ အမိသည် စားသောက်အပ်သော အစာမှ ဖြစ်သော ဩဇာရုပ်ကို ပဋိသန္ဓေနေသော သူသည် ကျေးဇူးကိုခံနိုင်သဖြင့် အမိ၏ဝမ်းရေနှင့် စပ်သော ချက်ကြိုးဖြင့် ယူနိုင်၏။

ထိုအခါကစ၍ သုဒ္ဓဋ္ဌက ကလာပ် တစ်စည်း တစ်စည်းအားဖြင့် တိုးပွားလတ်သော် (၅၁) စည်းသော ကလာပ်တို့ အားဖြင့်ဆောင်၍ စုတ်စိတ်မှ ပြန်၍ရေသော် (၁၇) ချက်သော စိတ်နှင့် ဥပါဒ်ပြိုင်၍ ချုပ်ရှာလေ၏။

ဤစကား၌ ချက်ကြိုးဖြင့် ယူနိုင်၏ ဟူရာဝယ် “ဧကဿ ဝါ ဒွိန္နံ ဝါ သတ္တာဟာနံ ဂတကာလေ ပတိဋ္ဌတိ”ဟူသော ဝိဘင်းအဋ္ဌကထာ (အဘိ၊ဋ္ဌ၊၂၊၂၃။)ကို ထောက်၍ နှစ်သတ္တာဟ သုံးသတ္တာဟသို့ ရောက်မှ ယူနိုင်ရာ၏ဟု မှတ်။
(အာဟာရဇရုပ်။)

ဥတုသည် -

  1. ကံကြောင့်ဖြစ်သော ဥတု
  2. စိတ်ကြောင့်ဖြစ်သော ဥတု
  3. အာဟာရ ကြောင့်ဖြစ်သော ဥတု
  4. ဗဟိဒ္ဓဥတုကြောင့်ဖြစ်သော ဥတု

ဟူ၍ လေးပါးအပြား ရှိ၏။

ထိုလေးပါးတို့တွင် -

  1. ကံကြောင့်ဖြစ်သော ဥတုသည် ပဋိသန္ဓေစိတ်၏ ဌီကစ၍ ကမ္မဇ သုံးဆယ်၌ ပါသော တေဇောဓာတ်သည် ကမ္မဇရုပ်ကလာပ်နှင့်အတူ (၃၅၇) ပါးသော ကလာပ်တို့ အားကိုဆောင်၍ စုတိစိတ်မှ ပြန်၍ရေသော် (၁၇) ချက်မြောက်သော စိတ်၏ဌီနှင့် ဥပါဒ်ပြိုင်၍ ချုပ်ရှာလေ၏။
  2. စိတ်ကြောင့်ဖြစ်သော ဥတုသည် ပဋိသန္ဓေနောင် ပထမဘဝင်၏ ဌီကစ၍ သုဒ္ဓဋ္ဌက ကလာပ်၌ပါသော တေဇောဓာတ်သည် စိတ္တဇရုပ်နှင့် အတူ (၁၇) ပါးသော ကလာပ်တို့အားကို ဆောင်၍ စုတိစိတ်မှ ပြန်၍ ရေသော် (၃၂)ချက်မြောက်သော စိတ်၏ဌီနှင့် ဥပါဒ်ပြိုင်၍ ချုပ်ရှာလေ၏။
  3. အာဟာရကြောင့် ဖြစ်သော ဥတုသည် နှစ်သတ္တာဟ သုံးသတ္တာဟသို့ ရောက်သောအခါ အမိသည် မျိုအပ်သော အစာမှ ဩဇာရုပ်သည် အကြင် အမှတ်မဲ့ တစ်ပါးပါးသော စိတ်၏ ဥပါဒ် ဌီ ဘင်တို့တွင် တစ်ခုခုက စ၍ဖြစ်၏။ ထိုအခါ၌ ဖြစ်သော အာဟာရဇ သုဒ္ဓဋ္ဌက ကလာပ်ဝယ် ပါသော တေဇောဓာတ်သည် အာဟာရဇ ကလာပ်နှင့်အတူ (၅၁) စည်းသော ကလာပ်တို့အားကိုဆောင်၍ စုတိစိတ်မှပြန်၍ ရေသော် (၁၇) ချက်မြောက်သော စိတ်နှင့် စုတိစိတ်သည် ဥပါဒ် ပြိုင်၍ ချုပ်ရှာလေ၏။
  4. ဗဟိဒ္ဓဥတုကြောင့်ဖြစ်သော ဥတုသည် ပဋိသန္ဓေစိတ်၏ဌီခဏက စ၍သော် လည်းကောင်း၊ ပဋိသန္ဓေစိတ်နောင် အမှတ်မဲ့ တစ်ခုခုသော စိတ်က စ၍သော် လည်းကောင်း ဖြစ်နိုင်၍ ၎င်းဗဟိဒ္ဓဥတု သုဒ္ဓဋ္ဌက ကလာပ်ဝယ် ပါသော တေဇောဓာတ် သည် ကမ္မဇကလာပ်နှင့်အတူ လည်းကောင်း၊ အာဟာရဇနှင့်အတူ လည်းကောင်း (၃၅၇) စည်းသော ကလာပ်၊ (၅၁) စည်းသော ကလာပ်တို့အားကို ဆောင်၍ စုတိစိတ်မှ ပြန်၍ရေသော် (၁၇)ချက်မြောက်သော စိတ်နှင့် စုတိစိတ်သည် ဥပါဒ်ပြိုင်၍ ချုပ်ရှာလေ၏။ (ဥတုဇရုပ်။)

(ဥပါဒ်ပြိုင်ရာ၌ ကမ္မဇရုပ် စိတ္တဇရုပ်တို့သာ လျှော့၍မှတ်၊ အာဟာရဇရုပ် ဥတုဇရုပ် တို့မှာ စုတိစိတ် တိုင်အောင် ကလာပ်ရင်းအတိုင်း သွား၍ ချုပ်ကြလေ။ အကျယ်ကို သိလိုမူ ရုပ်ဝီထိလက်ရိုးတို့မှာ ယူ။)

ဤသို့ ပြခဲ့ပြီးသော ရှေးဦးစွာသော ကံလျှင် ပြုပြင်သော ဟေတု, ပစ္စယကြောင့် ဖြစ်သော ကမ္မဇရုပ်, ၎င်းကမ္မဇရုပ်နောင် ဥတုဇရုပ် စိတ္တဇရုပ် အာဟာရဇရုပ် တို့သည် ယခုထက်တိုင် ထိုထိုသော နာမ်တရားတို့နှင့် အတူတကွ မြစ်ရေအလျဉ် တသွင်သွင်စီးသကဲ့သို့ လည်းကောင်း၊ ဆီမီးအလျှံကဲ့သို့ လည်းကောင်း၊ အကြောင်း အကျိုးစပ်ကြ၍ ပရမတ်တို့ ဘာသာ အာရမ္မဏိကနှင့် အာရုံနှစ်ပါးတို့သည် ငါးထန်းရွက်စပ် စပ်သကဲ့သို့ လည်းကောင်း၊ အဇ္ဈတ္တာယတနနှင့် ဗာဟီရာယတန တို့သည် ငကန်းနှင့် ငဆွံ့တို့ ပေါင်းဖက်၍ အသက်မွေး ဝမ်းကျောင်း သကဲ့သို့ လည်းကောင်း အကြောင်းလေးပါး လေးပါးတို့ကိုစွဲ၍ ပဉ္စာရမ္မဏိက ခန္ဓာငါးပါး ငါးလီ၊ အကြောင်းသုံးပါး သုံးပါးတို့ကိုစွဲ၍ ဓမ္မာရမ္မဏိက ခန္ဓာငါးပါး (၇၆) လီတို့၏ ဖြစ်ရခြင်းသည် ပဋိစ္စအကြောင်း မည်၏။

ထို ပဋိစ္စအကြောင်း ခြောက်ပါး၊ အကျယ် ရှစ်ဆယ့်တစ်ပါးတို့တွင် ပဉ္စာရမ္မဏိက ခန္ဓာ၏အစ စက္ခုဒွါရကြောင့်ဖြစ်သော အကြောင်းလေးပါး ဟူသော်ကား --

  1. စက္ခုပသာဒ၊ ရူပါရုံ၊ အာလောက၊ မနသိကာရ - ဟူသော အကြောင်းလေးပါး ကိုစွဲ၍ ခန္ဓာငါးပါး ဖြစ်ရရှာ၏။ ၎င်းနည်းတူ -
  2. သောတပသာဒ သဒ္ဒါရုံ အာကာသ မနသိကာရ၊
  3. ဃာနပသာဒ ဂန္ဓာရုံ ဝါယောဓာတ် မနသိကာရ၊
  4. ဇိဝှါပသာဒ ရသာရုံ အာပေါဓာတ် မနသိကာရ၊
  5. ကာယပသာဒ ဖောဋ္ဌဗ္ဗာရုံ ပထဝီ တေဇော ဝါယောဓာတ် တစ်ခုခု မနသိကာရ -

ဟူသော အကြောင်းလေးပါး လေးပါးတို့ကိုစွဲ၍ ခန္ဓာငါးပါး ငါးပါးတို့ ဖြစ်ရှာကြကုန်၏။

(လူ နတ် ဗြဟ္မာ ဖြစ်ကြသည် မဟုတ်။)

စက္ခုရူပါလောက မနသိကာရာဒိဘေဒံ ဓမ္မဇာတံ နိဿယပစ္စယဘူတံ ကာရဏံ လဘိတွာ တေဟိ သမေစ္စ သမ္ဘူယ ကတတ္တာ သင်္ခတာ ဖဿာဒယော ဓမ္မာ ဥပ္ပဇ္ဇန္တိ။

ဝိသုဒ္ဓိ၊ဋီ၊၂၊၃၆၅

စက္ခုရူပါလောက မနသိကာရာဒိဘေဒံ၊ စက္ခုပသာဒ ရူပါရုံ အာလောက မနသိကရ အစရှိသည် အပြားရှိသော။
ဓမ္မဇာတံ၊ တရားသဘောသည်။
နိဿယ ပစ္စယဘူတံ၊ နိဿယပစ္စည်း ဖြစ်၍ဖြစ်သော။
ကာရဏံ၊ ပဋိစ္စအကြောင်းကို။
လဘိတွာ၊ ရ၍။
တေဟိ၊ ထိုအကြောင်း တရားလေးပါး လေးပါးတို့သည်။
သမေစ္စ၊ ပေါင်းဆုံ၍။
သမ္ဘူယ၊ တစ်ပေါင်းတည်းပြု၍။
ကတတ္တာ၊ ပြုအပ်သည်၏ အဖြစ်ကြောင့်။
သင်္ခတာ၊ သင်္ခတဟု ဆိုအပ်ကုန်သော။
ဖဿာဒယော၊ ဖဿ အစရှိကုန်သော။
ဓမ္မာ၊ ဖဿပဉ္စမက တရားတို့သည်။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။

(ပဉ္စာရမ္မဏိကခန္ဓဖို့။)

ဓမ္မာရမ္မဏိက ခန္ဓာငါးပါးတို့၏ အပြားမှာမူ အလွန် များပြား၏။ မနောဝိညာဏဓာတ် လျှင် အပိုင်းအခြားရှိ၏၊ ထိုသို့ များပြားသော ခန္ဓာ တို့၏ အကြောင်းမူကား -

န ဝတ္ထုရူပါ ပဘဝန္တိ သင်္ခတာ၊
န စာပိ ဓမ္မာယတနေဟိ နိဂ္ဂတာ။
ဟေတုံ ပဋိစ္စ ပဘဝန္တိ သင်္ခတာ၊
ယထာပိ သဒ္ဒေါပဟာတာယ ဘေရိယာတိ-

[ဝိသုဒ္ဓိ၊၂၊၂၃၁။]

ဟူသော ဝိသုဒ္ဓိမဂ်ဂါထာကို ထောက်၍ ဝတ္ထုရုပ် ဓမ္မာရုံ ပဉ္စာရမ္မဏိကကို ထောက်သော အားဖြင့် မနသိကာရဟူသော သုံးပါးသော အကြောင်း တရားတို့ကို စွဲ၍ ငါးပါး ငါးပါးသော ခန္ဓာတို့ ဖြစ်ရှာကြကုန်၏။

ဝတ္ထုရူပါ၊ ဟဒယဝတ္ထု ရုပ်မှ။
နိဂ္ဂစ္ဆန ဝသေန၊ ထွက်သည်၏ အစွမ်းဖြင့်။ (ထည့်)
သင်္ခတာ၊ ဖဿပဉ္စမက တရားတို့သည်။
န ပဘဝန္တိ၊ မဖြစ်ကုန်။
ဓမ္မာယတနေဟိ၊ ဓမ္မာယတနတို့မှ။
နိဂ္ဂတာစာပိ၊ ထွက်ကုန်၍လည်း။
န ပဘဝန္တိ၊ မဖြစ်ကုန်။
ဟေတုံ၊ မိမိတို့ လျောက်ပတ်သော ပစ္စည်းတရားကို။
ပဋိစ္စ၊ စွဲ၍။
သင်္ခတာ၊ ဖဿပဉ္စမက တရားတို့သည်။
ပဟတာယ၊ တီးခတ်အပ်သော။
ဘေရိယာ၊ စည်ကြီးမှ။
သဒ္ဒေါ၊ အသံသည်။
ဘဝတိယထာ၊ ဖြစ်သကဲ့သို။
ပဘဝန္တိ၊ ဖြစ်ကုန်၏။
(အပိ-ကား နိပါတ်။)

ဤသို့ ပြခဲ့ပြီးသော အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ အာဟာရ ဟူသော ရှေးရှေးသော သမုဒယဖြစ်သော အကြောင်းတရား ငါးပါး တို့သည် ဟေတုအစွမ်း ပစ္စယအစွမ်း သတ္တိဟု ဆိုအပ်သော အပကာရန္တ ဂုဏ်တို့ဖြင့် ပဋိသန္ဓေအခါ ရုပ် နာမ် ၂-ပါးတို့ကို ဆောင်ပို့လိုက်၍ ၎င်းအကြောင်း ငါးပါးတို့ပင် အကြောင်းရင်း မကင်းရာဝယ် အမိသည် သားကို မွေးဖွား၍ နို့ထိန်းအား အပ်နှံသကဲ့သို့ လည်းကောင်း၊ ဟိုမှာ ဘက်ကမ်းကို ကူးခတ်လိုသော ယောက်ျားဗလဝါသည် ကမ်းထိပ်၌ရှိသော လှေငယ်ကို မြစ်တွင်းသို့ ဆွဲချ၍ မိမိသည်ပင် လှော်ခပ်၍ကူးသကဲ့သို့ လည်းကောင်း ကံသည် မိမိသည်ပင် ဆွဲချ၍ မိမိသည်ပင် စုတိစိတ်ရှိ ရောက်အောင် စောင့်ရှောက် ထောက်ပံ့လျက် ရုပ်နာမ်နှစ်ပါးတို့ကို အပကာရန္တဂုဏ်တို့ဖြင့် ပဝတ္တိအခါ၌ဖြစ်သော ပဋိစ္စအကြောင်း တို့အား ဆောင်ပို့အပ်နှင်းပြန်၏။

(အပကာရန္တအကြောင်းမှာ ရုပ်နာမ် နှစ်ပါးလုံး သက်နိုင်၏။)

ပကာရန္တဖြစ်သော ပဋိစ္စအကြောင်းမှာ နာမ်တရားတစ်ခုသာ ရထိုက်၏။ အဘယ် နာမ်တရားကို ရထိုက်သနည်း၊ ပဝတ္တိအခါ၌ ယောဂီပုဂ္ဂိုလ်၏ ဒိဋ္ဌထင်ထင် သိအပ် တွေ့အပ်သော ဖဿပဉ္စမကဟူသော နာမ်တရား ကိုသာ ရထိုက်၏။

ထင်စေအံ့ -

ထို ဖဿပဉ္စမကဖြစ်သော နာမ်တရားကို သိမ်းဆည်းသော ယောဂီသည် အာရုံ ခြောက်ပါး၌ ပဋိစ္စအကြောင်း သုံးပါး သုံးပါးကို စွဲ၍ဖြစ်သည်ဟု အကြောင်းသုံးပါးနှင့် တကွသော နာမ်တရားကို သိမ်းဆည်းအပ်၏။

အကြောင်းသုံးပါး သုံးပါးဟူသော်ကား -

  1. စက္ခုပသာဒ၊
  2. ရူပါရုံ၊
  3. စက္ခု ဝိညာဉ် -

၎င်းသုံးပါးတို့ ပေါင်းဆုံ ယှဉ်တွဲမိခြင်း တည်းဟူသော ပဋိစ္စအကြောင်းကြောင့် စက္ခုသမ္ဖဿ တည်းဟူသော ဖဿပဉ္စမကနာမ်သည် ဖြစ်ပေါ်လာရ၏ဟု ဧကန် သိအပ်၏။ (၁)

ထိုကြောင့်

စက္ခုဉ္ဇ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာ ပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ -

သံ၊၂၊၃၀၆

အစရှိသည်ဖြင့် များစွာသော ပါဠိတော်တို့၌ ဟောတော်မူသည်။

စက္ခုဉ္စ၊ စက္ခုဓာတ်ကို လည်းကောင်း။
ရူပေစ၊ ရူပဓာတ်တို့ကို လည်းကောင်း။
ပဋိစ္စ၊ စွဲ၍။
စက္ခု ဝိညာဏံ၊ စက္ခုဝိညာဏဓာတ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
တိဏ္ဏံ၊ စက္ခုဓာတ် ရူပဓာတ် စက္ခုဝိညာဏဓာတ် သုံးပါးတို့၏။
သင်္ဂတိ၊ ပေါင်းဆုံမှုသည်။
ဖဿော၊ ဖဿမည်၏။
ဖဿပစ္စယာ၊ ဖဿဟူသော အကြောင်းကြောင့်။
ဝေဒနာ၊ ဝေဒနာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဝေဒနာပစ္စယာ၊ ဝေဒနာဟူသော အကြောင်းကြောင့်။
တဏှာ၊ တဏှာသည်။
သမ္ဘဝတိ၊ ဖြစ်၏။
တဏှာပစ္စယာ၊ တဏှာ ဟူသော အကြောင်းကြောင့်။
ဥပါဒါနံ၊ ဥပါဒါန်သည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဥပါဒါနပစ္စယာ၊ ဥပါဒါန် ဟူသောအကြောင်းကြောင့်။
ဘဝေါ၊ ဘဝသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဘဝပစ္စယာ၊ ဘဝဟူသော အကြောင်းကြောင့်။
ဇာတိ၊ ဇာတိသည်။
သမ္ဘဝတိ၊ ဖြစ်၏။
ဇာတိပစ္စယာ၊ ဇာတိ ဟူသော အကြောင်းကြောင့်။
ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ၊ အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း၊ သက်ကြီးရှိုက်တငင် ပင်ပန်းခြင်း တို့သည်။
သမ္ဘဝန္တိ၊ ဖြစ်ကုန်၏။
ဧဝံ၊ ဤသို့။
ကေဝလဿ ဒုက္ခက္ခန္ဓဿ၊ သုခမဖက် သက်သက် ဒုက္ခအစုဖြစ်သော။
တဿ၊ ထိုဝဋ်တရား၏။
သမုဒယော၊ အဖန်ဖန်ဖြစ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။

စက္ခုကိုပြလျှင် သောတ ဃာန ဇိဝှါ ကာယ မန တို့ကို သိလေ။

ထိုသို့ ပကာရန္တ ပဋိစ္စ အကြောင်းသည် ဒွါရခြောက်ပါး၌ လေးပါးငါးလီ၊ သုံးပါး တစ်လီ ဟူသော အကြောင်းတို့ကြောင့် ဖဿပဉ္စမက ဟူသော နာမ်တို့ ဖြစ်ကုန်၏။ အကြောင်းမရှိက မဖြစ်နိုင်။

ဧဝမေဝံ စက္ခုဉ္စ ပဋိစ္စ ရူပေ စ ဥပ္ပန္နံ ဝိညာဏံ၊ တသ္မိံ ဒွါရေ စက္ခုရူပအာလောက-မနသိကာရသင်္ခါတေ ပစ္စယမှိ သတိယေဝ ဥပ္ပဇ္ဇတိ၊ တသ္မိံ အသတိ ပစ္စယဝေကလ္လေန တတ္ထေဝ နိရုဇ္ဈတိ။

မ၊ဋ္ဌ၊၂၊၂၀၇

ဧဝံတထာ၊ ဤထင်းမီး မြက်မီး အစရှိသော ဥပမာအတူ။
ဧဝံ စက္ခုဉ္စ၊ ဤစက္ခုဓာတ်ကို လည်းကောင်း။
ရူပေစ၊ ရူပဓာတ်တို့ကို လည်းကောင်း။
ပဋိစ္စ၊ စွဲ၍။
ဝိညာဏ်၊ ဝိညာဉ်သည်။
ဥပ္ပန္နံ၊ ဖြစ်၏။
တသ္မိံ ဒွါရေ၊ ထို စက္ခုစသော တစ်ခုခုသောဒွါရ၌။
စက္ခုရူပအာလောကမနသိကာရသင်္ခါတေ၊ စက္ခု ရူပ အာလောက မနသိကာရ-ဟု ဆိုအပ်သော။
ပစ္စယမှိ၊ အကြောင်းသည်။
သတိယေဝ၊ ရှိသော်သာလျှင်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
တသ္မိံ ၊ ထိုအကြောင်းသည်။
အသတိ၊ မရှိခဲ့သော်။
ပစ္စယ ဝေကလ္လေန၊ ပစ္စည်း၏ ချို့တဲ့ခြင်းကြောင့်။
တတ္ထေဝ၊ ထိုဒွါရ၌သာလျှင်။
နိရုဇ္ဈတိ၊ ချုပ်၏။

ထို ဟေတုအကြောင်း, ပစ္စယအကြောင်းတို့သည် ဆောင်ပို့၍ ပဋိစ္စ အတွင်းသို့ ရောက်သော ရုပ်နာမ်နှစ်ပါးတို့သည် ၎င်းဟေတု ပစ္စယကမ္မ သတ္တိသည်လျှင် စောင့်ရှောက်ခြင်း ထောက်ပံ့ခြင်း ရှိရလျက် ပဋိစ္စ အကြောင်းရင်း ခြောက်ပါးတို့ဖြင့် ပဋိသန္ဓေမှစ၍ စုတိစိတ်သို့တိုင်အောင် တစ်ဘဝ တစ်ဘဝ၏ ရုပ်နာမ်ကို ဆီထည့်၍ ထွန်းညှိအပ်သောမီးသည် မီးစား၍ ကုန်လောက်ပါလျက်နှင့် ဆီကို ထပ်၍ထပ်၍ ထည့်ပြန်သော် မိုးသောက်အောင် မီးလျှံ ၏အစဉ် ခံရှာသကဲ့သို့ ကဗဠီကာရာဟာရ တည်းဟူသော ဩဇာကို ထပ်၍ထပ်၍ ထည့်သွင်းရပြန်ရကား ကမ္မဇရုပ် အားရှိသလောက် ဆယ်နှစ် အနှစ်နှစ်ဆယ်။ပ။ အနှစ်တစ်ရာ စသည်တို့ တိုင်တိုင် အစဉ်ဖြစ်လျက် ဆောင်၍ တည်လေ၏။

ကမ္မဇနိတော ပိ ဟိ အယံ ကာယော ကဗဠိကာရာဟာရေန ဥပထမ္ဘိတော ဒသပိ ဝဿာနိ ဝဿသတမ္ပိယာဝ အာယုပရိမာဏံ တိဋ္ဌတိ။

မ၊ဋ္ဌ၊၁၊၂၁၄။ [ဝိသုဒ္ဓိလည်း ပါဌ်လွဲ-သဘောတူ ရှိသေး၏။]

ဟိ၊ ထိုစကားကိုထင်စွာ ဆိုအံ့။
ကမ္မဇနိတော၊ ကံသည် ဖြစ်စေ အပ်သော။
အယံပိ ကာယော၊ ဤနာမကာယ, ရူပကာယသည်လည်း။
ကဗဠီကာရာဟာရေန၊ ကဗဠီကာရာဟာရသည်။
ဥပထမ္ဘိတော၊ ထောက်ပံ့အပ်သည်ဖြစ်၍။
ဒသပိ ဝဿာနိ၊ ဆယ်နှစ်တို့ပတ်လုံး လည်းကောင်း။
ဝဿသတမ္ပိ၊ အနှစ်တစ်ရာတို့ပတ်လုံး လည်းကောင်း။
ယာဝ အာယုပရိမာဏံ၊ အကြင် အသက်အပိုင်းအခြား ရှိသမျှ ကာလပတ်လုံး။
တိဋ္ဌတိ၊ အစဉ်ဖြစ်၍ တည်၏။

ပြခဲ့ပြီးသော ပဋိစ္စအကြောင်း ခြောက်ပါးတို့တွင် ယခု ကမ္မဋ္ဌာန်းကို စီးဖြန်း အားထုတ်အပ်သော အခါ၌ကား။ “မနဉ္စ ပဋိစ္စ ဓမ္မေ စ ဥပ္ပဇ္ဇတိ မနောဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ ဖဿော”အစရှိသဖြင့် ဟောတော်မူအပ်သော ဝိပဿနာ နာမက္ခန္ဓာနှင့် သဟဇာတ်ဖြစ်သော ပဋိဘာဂနိမိတ် အာလောကသညာ၌ ထင်လာရသော ရုပ်တရား နာမ်တရားတို့ အကြောင်းဖြစ်သော -

  1. ပစ္စုပ္ပန် ရုပ်နာမ်နှစ်ပါးတို့၏ ဓမ္မာရုံ၊
  2. ဝတ္ထုရုပ်၌ ပုရေဇာတဖြစ်သော ဘဝင်စိတ်၊
  3. ဝိပဿနာကို နှလုံးသွင်းခြင်း ဟူသော မနသိကာရ -

၎င်းအကြောင်းသုံးပါးတို့ကို စွဲ၍ ဖဿပဉ္စမက ဟူသော ဤနာမ်ဖြစ်၏ ဟူ၍ သိမ်းဆည်းရမည်။ အဘယ့်ကြောင့်နည်းဟူမူ- ပဉ္စဒွါရအာရုံဖြစ်ခိုက်တို့၌ မဂ်ကို မကူးနိုင်၊ မနောဒွါရ ဝိပဿနာအာရုံဖြစ်ခိုက်၌သာ မဂ်ကို ကူးနိုင် ခြင်းကြောင့်တည်း။

သတ္ထာရာ ဟိ ပဉ္စဝိညာဏကာယာ ဧကန္တအဗျာကတာဝ ဝုတ္တာ၊ တံ သမင်္ဂိဿ ကုသလာကုသလံ ပဋိက္ခိတ္တံ၊ လောကုတ္တရမဂ္ဂေါ စ ဧကန္တကုသလော။

မ၊ဋ္ဌ၊၃၊၁၃၄

ဧဝံ တုမှေ ပိ ဆဒွါရိကေသု အာရမ္မဏေသု သေသာနိ ပဉ္စဒွါရာနိ ပိဓာယ မနောဒွါရေ ကမ္မံ ပဋ္ဌပေထာတိ။

ဓမ္မပဒ၊ဋ္ဌ၊၂၊၂၆၃

ဟိ၊ ထင်စွာပြဦးအံ့။
သတ္ထာရာ၊ မြတ်စွာဘုရားသခင်သည်။
ပဉ္စဝိညာဏကာယာ၊ ပဉ္စဝိညာဉ်၌ဖြစ်သော ရုပ်နာမ်တို့ကို။
ဧကန္တံ၊ စင်စစ်။
အဗျာကတာဝ၊ အဗျာကတဟူ၍ သာလျှင်။
ဝုတ္တာ၊ ဟောတော်မူအပ်ကုန်၏။
တံ သမင်္ဂိဿ၊ ထိုပဉ္စဝိညာဉ်နှင့် ပြည့်စုံဆဲဖြစ်သော ပုဂ္ဂိုလ်အား။
ကုသလာ ကုသလံ၊ ကုသိုလ် အကုသိုလ်ကို။
ပဋိက္ခိတ္တံ၊ ပယ်အပ်၏။
လောကုတ္တရမဂ္ဂေါစ၊ လောကုတ္တရာမဂ်သည်ကား။
ဧကန္တ ကုသလော၊ ဧကန္တကုသိုလ်သာတည်း။

(ကီဋာဂီရိသုတ် အဋ္ဌကထာ အနက်။)

ဧဝံ၊ ဤ ဖွတ်ဖမ်းသော ယောက်ျားအတူ။
တုမှေပိ၊ အရှင်ဘုရားတို့သည်လည်း။
ဆဒွါရိကေသု၊ ဒွါရခြောက်ပါး၌ ဖြစ်ကုန်သော။
အာရမ္မဏေသု၊ အာရုံတို့တွင်။
သေသာနိ၊ မနောဒွါရမှ ကြွင်းကုန်သော။
ပဉ္စဒွါရာနိ၊ စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရတို့ကို။
ပိဓာယ၊ ပိတ်၍။
မနောဒွါရေ၊ မနောဒွါရ၌။
ကမ္မံ၊ ကမ္မဋ္ဌာန်း စီးဖြန်းသောအမှုကို။
ပဋ္ဌပေထ၊ ဖြစ်စေကုန်ပါလော့။

ထိုသို့ မနောဒွါရဖြင့် ကမ္မဋ္ဌာန်းကို စီးဖြန်းအပ်သောကြောင့် အပကာရန္တ ပကာရန္တတို့ဖြင့် ရအပ်သော ဤမနောဒွါရ ပဋိစ္စအကြောင်းဖြင့် ဖြစ်ပေါ်၍ နေလာသော ရုပ်နာမ်တရားတို့အား ရှေးဦးစွာ ပဋိသန္ဓေအခါ ဟေတုအကြောင်း ပစ္စယအကြောင်းဟု ဆိုအပ်သော ရှေးရှေးသော ဘဝက အဝိဇ္ဇာ, တဏှာ, ဥပါဒါန် ကံ အာဟာရသည် ပစ်ချလိုက်ရသည်ဖြစ်၍ လည်းကောင်း၊ ပဝတ္တိကာလဟု ဆိုအပ်သော ယခုကမ္မဋ္ဌာန်း စီးဖြန်းသော အခါ၌လည်း မျက်ဝါးထင်ထင် မြင်လာသော ငါးပါးသော ဥပမာတို့တွင် တစ်ပါးပါးသော ဥပမာဖြင့် ထင်လာသော ရုပ်၊ ရုပ်ကဲ့သို့ မမြင်အပ်သော်လည်း ဒိဋ္ဌိသို့လိုက်အပ်သော နာမ်နှစ်ပါးတို့၏ မနော ဟူသော ဘဝင်၊ ရုပ်နာမ်ဟူသော ဓမ္မာရုံ၊ နှလုံးသွင်းခြင်းဟူသော မနသိကာရ၊ ဤပဋိစ္စ အကြောင်းသုံးပါးသည်လည်း အဝိဇ္ဇာစသော ဟေတုပစ္စယ အကြောင်း ငါးပါးပြုပြင်၍ ဖြစ်၏ဟူ၍လည်းကောင်း၊ အတိတ် အကြောင်း ငါးပါးကို ပစ္စုပ္ပန် အကြောင်းသုံးပါး၌ ပေါင်း၍ -

“ပစ္စယ ပစ္စယုပ္ပန္နဓမ္မမတ္တ မေဝေတံ၊ ပစ္စယ ပစ္စယုပ္ပန္န ဓမ္မမတ္တ မေဝေတံ”

ဟူ၍ လည်းကောင်း။ ယခုဖြစ်ဆဲဖြစ်သော ရုပ်နာမ်နှစ်ပါးသည် အတိတ် အကြောင်း ငါးပါးကြောင့် ဖြစ်ပေါ်လာသော ပစ္စုပ္ပန် အကြောင်း သုံးပါးတို့သည် ပြုပြင်၍ ဖြစ်သည်ကို ရည်၍ “ပြုပြင်သည် ၊ ပြုပြင်သည်” ဟူ၍ လည်းကောင်း အကြောင်းကို သိမ်းဆည်းအပ်၏။

ပစ္စယပရိဂ္ဂဟပုဗ္ဗကိစ္စံ။

၃၀- အဒ္ဓါန ပရိဂ္ဂဟကိုပြခြင်း

ဤသို့ အတိတ်အကြောင်း ငါးပါးကြောင့်ဖြစ်သော ပဋိသန္ဓေနာမ်ရုပ်၊ အတိတ် အကြောင်း ငါးပါးလျှင် အရင်းရှိသော ပစ္စုပ္ပန်အကြောင်း သုံးပါး သုံးပါးတို့ကြောင့် ဖြစ်သော ပဝတ္တိနာမ်ရုပ်တို့ကို သိမ်းဆည်းပြီးသော ယောဂါဝစရအား ဤအကြောင်း ငါးပါး၊ အကြောင်းသုံးပါး နှင့်တကွ ဖြစ်စေအပ်သော နာမ်ရုပ်နှစ်ပါးသည် ယခုအခါ ပစ္စုပ္ပန်ဘဝ ဤခဏ၌ ဖြစ်သကဲ့သို့ ရှေးရှေးသော အတိတ်ဘဝ ထိုထိုကာလ တို့၌လည်း ၎င်းနည်းတူ ဖြစ်ခဲ့ဖူးလှပြီ။

နောင်လာလတ္တံ့ အနာဂတ်ဘဝ ထိုထိုကာလ တို့၌လည်း ၎င်းနည်းတူ ဖြစ်လတ္တံ့ ဟူ၍ ပိုင်းဖြတ်ယုံကြည်စွာ နှလုံးထား၍ အတိတ်ကာလ၊ အနာဂတ်ကာလနှစ်ပါးကို ပစ္စုပ္ပန်ကာလ၌ ပေါင်း၍ “ဣဒံ ဧတရဟိ၊ ဣဒံ ဧတရဟိ” ဟူ၍လည်းကောင်း၊ ဤ ခန္ဓာငါးပါး ရုပ်နာမ်တရား တို့သည် “ဖြစ်ဆဲ- ဖြစ်ဆဲ”ဟူ၍လည်းကောင်း။ ကာလ သုံးပါး ဟူသော အဓွန့်ကို သိမ်းဆည်းအပ်၏။

သော ဧဝံ ပစ္စယတော နာမရူပဿ ပဝတ္တိံ ဒိသွာ ယထာ ဣဒံ ဧတရဟိ၊ ဧဝံ အတီတေ ပိ အဒ္ဓါနေ ပစ္စယတော ပဝတ္တိတ္ထ၊ အနာဂတေ ပိ ပစ္စယတော ပဝတ္တိသတီတိ သမနပဿတိ။

ဝိသုဒ္ဓိ၊၂၊၂၃၄

သောဘိက္ခု၊ ထိုယောဂီရဟန်းသည်။
ဧဝံ၊ ဤသို့။
ပစ္စယတော၊ အကြောင်းအားဖြင့်။
နာမရူပဿ၊ နာမ်ရုပ်၏။
ပဝတ္တိံ၊ ယခုပစ္စုပ္ပန်ဘဝ၌ ဖြစ်ခြင်းကို။
(ဝါ) ယခုခဏ၌ ဖြစ်ခြင်းကို။
ဒိသွာ၊ မြင်၍။
ဣဒံ၊ ဤနာမ်ရုပ်သည်။
ဧတရဟိ၊ ယခုပစ္စုပ္ပန်ဘဝ၌။
(ဝါ) ယခုခဏ၌။
ပစ္စယတော၊ အဝိဇ္ဇာစသော အကြောင်းကြောင့်။
ပဝတ္တတိ ယထာ၊ ဖြစ်၏သို့ (ထည့်)။
ဧဝံ တထာ၊ ဤအတူ။
အဟီတေပိ အဒ္ဓါနေ၊ အတိတ်ဖြစ်သော အဓွန့်၌လည်း။
ဣဒံ၊ ဤနာမ်ရုပ်သည်။
ပစ္စယတော၊ အဝိဇ္ဇာစသော အကြောင်းကြောင့်။
ပဝတ္တိတ္ထ၊ ဖြစ်ပြီ။
အနာဂတေပိ အဒ္ဓါနေ၊ အနာဂတ်ဖြစ်သော အဓွန့်၌လည်း။
ပစ္စယတော၊ အဝိဇ္ဇာစသော အကြောင်းကြောင့်။
ပဝတ္တိဿတိ၊ ဖြစ်လတ္တံ့။
ဣတိ၊ ဤသို့။
သမနုပဿတိ၊ အဖန်တလဲလဲ ရှု၏။

အဓိပ္ပာယ်ကား -

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါး တို့တွင် အတိတ်ဘဝ၌ဖြစ်သော အကြောင်းငါးပါးတို့သည် ပြုပြင်၍ ဖြစ်သောရုပ်, နာမ်ခန္ဓာတို့ ချုပ်၍သာ ယခု ဘဝ ပစ္စုပ္ပန်၌ ရုပ်နာမ်ခန္ဓာတို့ဖြစ်လာကုန်၏။

(ဝါ) ယောဂါဝစရပုဂ္ဂိုလ်၏ ပဋိဘာဂနိမိတ်၏ အာလောက၌ ပစ္စက္ခဖြစ်သော ဉာဏ်ဖြင့် နာမက္ခန္ဓာနှင့် တကွ ဥပမာ-ငါးပါးတို့တွင် တစ်ပါးပါးဖြင့် မြင်လာရသော ဝတ္ထု ရုပ်နှင့်တကွ ဖြစ်သော အကြောင်းငါးပါးတို့သည် ပြုပြင်၍ဖြစ်သော အတိတ် စိတ္တက္ခဏ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ယခုတွင် ချုပ်၍သာ ယခုတစ်ဖန် ဤရုပ်နာမ်တို့သည် ဖြစ်လာရပြန်ကုန်၏။

ယခုပစ္စုပ္ပန် ဘဝ၌ရှိသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ ချုပ်ပြန်ပါမူ နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ရှာရဦးလတ္တံ့။ (ဝါ) ယောဂါဝစရပုဂ္ဂိုလ်၏ ပဋိဘာဂနိမိတ်၏ အလောက၌ ပစ္စက္ခဖြစ်သောဉာဏ်ဖြင့် နာမက္ခန္ဓာ နှင့်တကွ ဥပမာ ငါးပါးတို့တွင် တစ်ပါးပါးဖြင့် မြင်လာရသော ဝတ္ထုရုပ်နှင့်တကွဖြစ်သော အကြောင်းငါးပါးတို့သည် ပြုပြင်၍ ဖြစ်သော ပစ္စုပ္ပန်ဖြစ်သော ယခုခဏ မျက်မှောက် ခန္ဓာငါးပါး ရုပ်နာမ်တရား တို့သည် ယခုပင် ဖြစ်ခြင်း ချုပ်ခြင်းကိုပြု၍ တစ်ဖန်ယခုပင် ဖြစ်ရှာရဦး တော့လတ္တံ့ ဟု ရှုအပ်၏ ဟူလို။

ထိုအဓွန့်သုံးပါးကို အဖန်တလဲလဲရှု၍ သိမ်းဆည်းသော ယောဂီအား အတိတ် အဓွန့်ကို သိမ်းဆည်းသောအခါ အတိတ်ခန္ဓာငါးပါးကိုအာရုံပြု၍ -

(၁) ငါသည် လွန်လေပြီးသော ဘဝကာလ၌ ဖြစ်ဖူးလေပြီးလော၊
(၂) ငါသည် လွန်လေပြီးသော ဘဝကာလ၌ မဖြစ်ဖူးလေသေးသလော၊
(၃) ငါသည် လွန်လေပြီးသော ဘဝကာလ၌ အဘယ်သို့သောသူ ဖြစ်ဖူးလေသနည်း၊ (ဝါ) အဘယ်သို့သောသူ၏ ရုပ်နာမ်ဖြစ်ဖူးလေသနည်း၊
(၄) ငါသည် လွန်လေပြီးသော ဘဝကာလ၌ အဘယ်သို့ မြဲသော အခြင်းအရာဖြင့် ဖြစ်ဖူးလေသနည်း၊ (ဝါ) မြဲသောရုပ်နာမ်ဖြင့် ဖြစ်ဖူးလေသနည်း၊
(၅) ငါသည် လွန်လေပြီးသော ဘဝကာလ၌ အဘယ်သို့သော သူသည်ဖြစ်၍၊ အဘယ်သို့သော သူသည် ဖြစ်ဖူးလေသနည်း၊ (ဝါ) အဘယ်သူ၏ ရုပ်နာမ်သည် ဖြစ်၍ အဘယ်သို့သောသူ၏ ရုပ်နာမ်ဖြစ်ဖူးလေသနည်း -

ဤသို့ အတိတ်ဘဝ အတိတ်ကာလ၌ ဖြစ်သော ယုံမှားခြင်းငါးပါးကို ဖျောက်နိုင်၏။

၎င်းနည်းတူ အနာဂတ်ဘဝ ကာလတို့၌လည်း -

(၁) ငါသည် အနာဂတ်ဘဝ ကာလ၌ ဖြစ်လတ္တံ့လော၊
(၂) ငါသည် အနာဂတ်ဘဝကာလ၌ မဖြစ်လတ္တံ့လော၊
(၃) ငါသည် အနာဂတ်ဘဝကာလ၌ အဘယ်သို့သော သူသည် ဖြစ်ရလတ္တံ့နည်း၊ (ဝါ) အဘယ်သို့သောသူ၏ ရုပ်နာမ်ဖြစ်ရလတ္တံ့နည်း။
(၄) ငါသည် အနာဂတ်ဘဝကာလ၌ အဘယ်သို့ မြဲသော အခြင်းအရာအားဖြင့် ဖြစ်ရလတ္တံ့နည်း၊ (ဝါ) မြဲသော ရုပ်နာမ်ဖြင့် ဖြစ်ရလတ္တံ့နည်း၊
(၅) ငါသည် အနာဂတ် ဘဝကာလ၌ အဘယ်သို့သောသူ ဖြစ်၍ အဘယ်သို့သော သူသည် ဖြစ်လတ္တံ့နည်း၊ (ဝါ) အဘယ်သူ၏ ရုပ်နာမ်သည် ဖြစ်၍ အဘယ်သို့သော သူ၏ ရုပ်နာမ်သည် ဖြစ်လတ္တံ့နည်း”

ဤသို့ အနာဂတ်ဘဝ အနာဂတ်ကာလ၌ဖြစ်သော ယုံမှားခြင်းငါးပါးကို ဖျောက်နိုင်၏။

၎င်းနည်းတူ ပစ္စုပ္ပန်ခန္ဓာ ကောဋ္ဌာသကို အာရုံပြု၍ ယခုပစ္စုပ္ပန်ဘဝ၌ (ဝါ) ပစ္စုပ္ပန် ယခုခဏ၌ -

(၁) ငါသည် ဟုတ်ပါ၏လော။
(၂) ငါသည် မဟုတ်လေသလော၊
(၃) ငါသည် အဘယ်သို့သောသူသည် ဖြစ်လေသနည်း၊ (ဝါ) အဘယ်သို့သောသူ၏ ရုပ်နာမ်သည် ဖြစ်လေသနည်း၊
(၄) ငါသည် အဘယ်သို့ မြဲသော အခြင်းအရာအားဖြင့် ဖြစ်လေသနည်း၊
(၅) ဤသတ္တဝါသည် အဘယ်ဘဝမှလာသနည်း၊ (ဝါ) ဤသတ္တဝါ၏ ရုပ်နာမ်သည် အဘယ်ဘဝ အဘယ်ကာလမှ လာသနည်း၊
(၆) ထိုသတ္တဝါသည် အဘယ်ဘဝ အဘယ်ကာလသို့ သွားသည် ဖြစ်လတ္တံ့နည်း၊ (ဝါ) ထိုသတ္တဝါ၏ရုပ်နာမ်သည် အဘယ်ဘဝ ဘယ်ကာလသို့သွားသည် ဖြစ်လတ္တံ့ နည်း

ဤသို့ ပစ္စုပ္ပန်ဘဝ ပစ္စုပ္ပန်ကာလ၌ ဖြစ်သော ယုံမှားခြင်း ခြောက်ပါးကို ဖျောက်နိုင်၏။

(အာဂုံကိုလိုမူ ဝိသုဒ္ဓိမဂ် ကင်္ခါဝိတရဏဝိသုဒ္ဓိ နိဒ္ဒေသ မှာယူ)

ဆောင်ပုဒ်ကား --

(၁) ဖြစ်ဖူးသလား၊
(၂) မဖြစ်လားနှင့်၊
(၃) ငါ့အားဘယ်သူ။
(၄) ခြင်းရာယူ၊
(၅) ဘယ်သူဖြစ်၍-ဘယ်သူနည်း။
(အတီတ် ကာလဖို့။)

(၁) ဖြစ်လတ္တံ့လား၊
(၂) မဖြစ်လားနှင့်၊
(၃) ငါအားဘယ်သူ၊
(၄) ခြင်းရာယူ၊
(၅) ဘယ်သူဖြစ်၍- ဘယ်သူနည်း။
(အနာဂတ်ကာလဖို့။)

(၁) ဟုတ်လေသလား၊
(၂) မဟုတ်လားနှင့်၊
(၃) ငါ့အားဘယ်သူ၊
(၄) ခြင်းရာယူ၊
(၅) သူသည်ဘယ်ကလာ၊
(၆) သူသာ ဘယ်ကိုသွား။
(ပစ္စုပ္ပန်ကာလဖို့။)

ဤကား ယုံမှားခြင်း (၁၆)ပါး ဖျောက်ပုံတည်း။

တစ်နည်း။

ယုံမှားခြင်းရှစ်ပါး ဖျောက်ပုံမှာ အတ္တနိယျာတန စသော သရဏဂုံကြီး လေးပါးတို့တွင် တစ်ပါးပါးတည်သော သူသည် -

(၁) ဗုဒ္ဓေ ကင်္ခတိ
(၂) ဓမ္မေ ကင်္ခတိ
(၃) သံဃေ ကင်္ခတိ - ဟူသော ယုံမှားခြင်း သုံးပါးကို ဖျောက်နိုင်ပေ၏။

(၄) ပဉ္စင်္ဂသီလ အဋ္ဌင်္ဂသီလ အစရှိသော ဂဟဋ္ဌသီလ, ရဟန်းတို့ စတုပါရိသုဒ္ဓိသီလ တို့ကိုမကျိုးမပေါက် မပြောက်မကျားအောင် ကျင့်သုံးသော သူတို့သည် သိက္ခာယ ကင်္ခတိ ဟူသော ယုံမှားခြင်းကို ဖျောက်နိုင်ပေ၏။

(၅) ရှေးဘဝ ရှေးကာလ၌ ဖြစ်ပြီးသော အကြောင်း ငါးပါးနှင့် တကွသော ရုပ်နာမ်တို့သည် ဖြစ်၍ ဖြစ်၍ ပျက်ပြီ၊ ငါသူတစ်ပါး ပျက်သည် မဟုတ်ဟု မိမိ၏ သံသယကင်းလျှင် ပုဗ္ဗန္တေ ကင်္ခတိ ဟူသော ယုံမှားခြင်းကို ဖျောက်နိုင်ပေ၏။

(၆) နောက်ဘဝ နောက်ကာလ၌ ဖြစ်လတ္တံ့သော အကြောင်း ငါးပါးနှင့် တကွသော ရုပ်နာမ်တို့သည် ဖြစ်၍ ဖြစ်၍ ပျက်လတ္တံ့။ ငါ သူတစ်ပါး ပျက်သည်မဟုတ်ဟု မိမိ၏ သံသယကင်းလျှင် အပရန္တေ ကင်္ခတိ ဟူသော ယုံမှားခြင်းကို ဖျောက်နိုင်ပေ၏။

(၇) ရှေ့နောက်ဘဝ ကာလတို့၌ ဖြစ်ပြီးဖြစ်လတ္တံ့သော အကြောင်း ငါးပါးနှင့် တကွသော ရုပ်နာမ်တို့သည် ဖြစ်၍ပျက်ပြီးပြီ၊ ဖြစ်၍ ပျက်လတ္တံ့။ ငါ သူတစ်ပါး ပျက်သည်မဟုတ်ဟု မိမိ၏ သံသယ ကင်းလျှင်ပင် ပုဗ္ဗန္တာပရန္တေ ကင်္ခတိ ဟူသော ယုံမှားခြင်းကို ဖျောက်နိုင်ပေ၏။

(၈) ရှေ့နောက် ကာလနှင့်တကွ ယခု ပစ္စုပ္ပန်ဘဝ ကာလ၌ ဖြစ်ဆဲ ဖြစ်သော အကြောင်းငါးပါးနှင့် တကွသော ရုပ်နာမ် တို့သည် ဖြစ်၍ ဖြစ်၍ ပျက်ဆဲ ဖြစ်၏။ ငါ သူတစ်ပါး ဖြစ်၍ ပျက်သည် မဟုတ်ဟု မိမိ၏ သံသယ ကင်းလျှင်ပင် “ဣဓ ပစ္စယတာ ပဋိစ္စသမုပ္ပါဒေ ကင်္ခတိ”ဟူသော ယုံမှားခြင်းကို ဖျောက်နိုင်ပေ၏။

န ကေဝလဉ္စ သာ ဧဝ၊ သတ္ထရိ ကင်္ခတီတိ အာဒိနယပ္ပဝတ္တာ အဋ္ဌဝိဓာပိ ကင်္ခါ ပဟီယတိယေဝ။

ဝိသုဒ္ဓိ၊၂၊၂၃၉

ကေဝလဉ္စ၊ သက်သက်သော်ကား။
သာ ဧဝ၊ ထို တစ်ဆယ့်ခြောက်ပါးသော ယုံမှားခြင်းသည်သာလျှင်။
ပဟီယတိ၊ ကင်းသည်။
၊ မဟုတ်သေး။
သတ္ထရိကင်္ခတီတိ အာဒိနယပ္ပဝတ္တာ၊ သတ္ထရိကင်္ခတိ ဤသို့ အစရှိသော နည်းဖြင့် ဖြစ်သော။
အဋ္ဌဝိဓာ၊ ရှစ်ပါးအပြားရှိသော။
ကင်္ခါပိ၊ ယုံမှားခြင်းသည်လည်း။
ပဟီယတိယေဝ၊ ကင်းပျောက်တော့သည်သာလျှင်တည်း။

ထိုအဓွန့်ကို သိမ်းဆည်းရာ၌ အချို့သော ယောဂီသည် သာဓာရဏာ - သာဓာရဏ အားဖြင့် နာမ်၏အကြောင်းနှစ်ပါးကို ကံ စိတ် ဥတု အာဟာရ အားဖြင့် ရုပ်၏ အကြောင်းလေးပါးကို ရှု၏။ ထိုတွင် ဒွါရအာရုံ ပေါင်းဆုံခြင်းတို့သည် နာမ်၏ သာဓာရဏ အကြောင်းပေတည်း။

ယောနိသော မနသိကာရ၊ သဒ္ဓမ္မသဝန၊ သပ္ပုရိသူပနိဿယ၊ စတုစက္ကသမ္ပတ္တိ တို့သည် ကုသိုလ်၏ အသာဓာရဏ အကြောင်းကြောင့် ပေတည်း။

အယောနိသောမနသိကာရ အသဒ္ဓမ္မသဝန အသပ္ပုရိသူပနိဿယ စတုစက္ကဝိပ္ပတ္တိ စသည်တို့သည် အကုသိုလ်၏ အသာဓာရဏ အကြောင်းကြောင့် ဖြစ်ပေသတည်း။

ကံ အဝိဇ္ဇာ ဂတိ ကာလ စသည်တို့သည် ဝိပါက်၏ အသာဓာရဏ အကြောင်းကြောင့် ဖြစ်ပေသတည်း။ ဘဝင် သန္တီရဏ၊ ကာမကြိယာ၊ မဂ်ဖိုလ်တို့သည် အာဝဇ္ဇန်း ဝုဋ္ဌော မဟဂ္ဂုတ်ကြိယာ, ဇောကြိယာ တို့၏ အသာဓာရဏ အကြောင်းကြောင့် ဖြစ်ပေသတည်း။

ဤနည်းကို ဆောင်၍ အတိတ် အနာဂတ်၌လည်း နာမ်ရုပ်၏ အကြောင်းကို မြင်သည်ရှိသော် အဓွန့်သုံးပါးတို့၌ ယုံမှားခြင်း(၁၆)ပါး (၈) ပါးတို့ကင်းပျောက်ပေ၏။

တစ်နည်း။

အချို့သော ယောဂီသည် နာမ်ရုပ်၏ ဇရာ မရဏ မြင်သည် သိသည်ရှိသော် ဤဇရာ မရဏသည် ဇာတိကြောင့် ဖြစ်၏။ ဇာတိသည် ရှေးကံဟူသော ဘဝကြောင့် ဖြစ်၏။ (ပ)။ သင်္ခါရသည် အဝိဇ္ဇာကြောင့် ဖြစ်၏ဟု ပဋိစ္စသမုပ္ပါဒ်၏ အစွမ်းဖြင့် အဓွန့်သုံးပါး တို့၌ အကြောင်းကို သိမ်းဆည်း၍ ယုံမှားခြင်း (၁၆) ပါး၊(၈)ပါးတို့ ကင်းပျောက်ပေ၏။

တစ်နည်း။

အချို့သော ယောဂီသည် အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်၏ စသည်ဖြင့် အနုလောမရှု၍ အဓွန့်သုံးပါးတို့၌ အကြောင်းကို သိမ်းဆည်း၍ ယုံမှားခြင်း (၁၆) ပါး (၈)ပါးတို့ ကင်းပျောက်ပေ၏။

တစ်နည်း။

အချို့သော ယောဂီသည် အတိတ်အကြောင်း ငါးပါး ဟူသော အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ဘဝကြောင့် ပစ္စုပ္ပန်အကျိုး ငါးပါးဟူသော ဝိညာဉ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတို့ ဖြစ်ကုန်၏၊ တဏှာ ဥပါဒါန် ဘဝ အဝိဇ္ဇာ သင်္ခါရဟူသော ပစ္စုပ္ပန်အကြောင်း ငါးပါးကြောင့် ဝိညာဉ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဟူသော အနာဂတ် အကျိုးငါးပါးသည် ဖြစ်လတ္တံ့ဟု ကမ္မဝဋ် ဝိပါကဝဋ် နှစ်ပါးဖြင့် အဓွန့်သုံးပါးတို့၌ အကြောင်းကို သိမ်းဆည်း၍ ယုံမှားခြင် (၁၆) ပါး၊ (၈)ပါးတို့ ကင်းပျောက်ပေ၏။ (မဟာဋီကာကြီးနည်း။)

ထိုသို့ အနည်းနည်းသော ပစ္စယပရိဂ္ဂဟ အဒ္ဓါနပရိဟတို့ဖြင့် ယုံမှားခြင်း (၁၆) ပါး (၈) ပါးတို့ကို ကင်းပျောက်စေအပ်သော ယောဂီအား ဩော် - ငါဟုခေါ်သော ဤ သင်္ခါရနိမိတ္တ သန္တာန်ဝယ် ကံသည် ပြုပြင်၍ ဝိပါက်မျှဖြစ်ချေ၏ ဟူသော ကမ္မဝဋ်ကြောင့် ဝိပါကဝဋ်၊ ကိလေသဝဋ်ကြောင့် ဝိပါကဝဋ်တို့ အနမတဂ္ဂသံသရာက စ၍ စ၍ ဖြစ်ဟန်ကို မြင်တော်မူပြန်ပေ၏။

ကမ္မာ ဝိပါကာ ဝတ္တန္တိ၊
ဝိပါကော ကမ္မသမ္ဘဝေါ။
ကမ္မာ ပုနဗ္ဘဝေါ ဟောတိ၊
ဧဝံ လောကော ပဝတ္တတိ။

ဝိသုဒ္ဓိ၊၂၊၂၃၇

ကမ္မာ၊ ကံ စသော ငါးပါးသော ကမ္မဝဋ်ကြောင့်။
ဝိပါကာ၊ ဝိညာဉ် စသော ငါးပါးသော အကျိုးဝိပါကဝဋ်တို့သည်။
ဝတ္တန္တိ၊ ဖြစ်ကုန်၏။
ဝိပါကော၊ ဝိပါကဝဋ်သည်။
ကမ္မသမ္ဘဝေါ၊ အဝိဇ္ဇာ စသော ကမ္မဝဋ်ငါးပါးလျှင် ဖြစ်ကြောင်းရှိ၏။
ကမ္မာ၊ ကမ္မဝဋ်ကြောင့်။
ပုနဗ္ဘဝေါ၊ အသစ်တစ်ဖန် ဖြစ်ပြန်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဧဝံ၊ ဤသို့။
လောကော၊ ခန္ဓာ ငါးပါး ရုပ်နာမ်တရား တည်းဟူသော သတ္တလောကသည်။
ပဝတ္တတိ၊ ဖြစ်၏။
(ကိလေသဝဋ်ကို ကမ္မဝ၌၌ ထည့်သွင်း၍ ယူ။)

ကမ္မဝဋ် ဝိပါကဝဋ်တို့ ဖြစ်ဟန်ကို အမှန်မြင်သော ယောဂီသည် စင်စစ် တမူ ယုံမှားခြင်း (၁၆) ပါး (၈)ပါးတို့ကို ဖျောက်၍ ဤသင်္ခါရသန္တတိ သန္တာန်ဝယ် အမှန်မှာမူ အကြောင်းကြောင့် အကျိုးဖြစ်ရုံမျှသာ ရှိချေသည်။ ပြုတတ်သောသူ ဟူသော ကာရကပုဂ္ဂိုလ်၊ ခံစားတတ်သောသူ ဟူသော ဝေဒကပုဂ္ဂိုလ်၊ ငါ သူတစ်ပါး ယောက်ျား မိန်းမ မရှိချေဟူ၍ သိတော်မူလျက် အကြောင်းနှင့် တကွသော ရုပ်နာမ်တရားတို့၏ ဖြစ်ဟန် ပျက်ဟန်ကို ဧကန် မြင်တော်မူ၏။

ကမ္မဿ ကာရကော နတ္ထိ၊ ဝိပါကဿ စ ဝေဒကော။
သုဒ္ဓမ္မော ပဝတ္တန္တိ၊ ဧဝေတံ သမ္မဒဿနံ။

ယထေဝ စက္ခုဝိညာဏံ၊ မနောဓာတုအနန္တရံ။
န စေဝ အာဂတံ နာပိ၊ န နိဗ္ဗတ္တံ အနန္တရံ။

တထေဝ ပဋိသန္ဓိမှိ၊ ဝတ္တကေ စိတ္တသန္တတိ။
ပုရိမံ ဘိဇ္ဇတေ စိတ္တံ၊ ပစ္ဆိမံ ဇာယတေ တတော။

ဝိသုဒ္ဓိ၊၂၊၂၃၇-၂၃၉။

ကမ္မဿ၊ ကံကို။
ကာရကော၊ ပြုတတ်သော ပုဂ္ဂိုလ်သတ္တဝါသည်။
နတ္ထိ၊ မရှိ။
ဝိပါကဿ၊ ဝိပါက်ကို။
ဝေဒကောစ၊ စားတတ်သော ပုဂ္ဂိုလ် သတ္တဝါသည်လည်း။
နတ္ထိ၊ မရှိ။
သုဒ္ဓမ္မော၊ ပုဂ္ဂိုလ်သတ္တဝါနှင့် မရောမယှက် သက်သက်သော နာမ်ရုပ်တို့သည် သာလျှင်။
ပဝတ္တန္တိ၊ ဖြစ်ကုန်၏။
ဧဝေတံ - ဧဝံ ဧတံ ဒဿနံ၊ ဤသို့သော မြင်ခြင်းသည်သာလျှင်။
သမ္မဒဿနံ၊ မဖောက်မပြန် ဟုတ်မှန်သော မြင်ခြင်းမည်ပေ၏။

မနောဓာတု အနန္တရံ၊ ပဉ္စဒွါရာဝဇ္ဇန်း၏ အခြားမဲ့၌။
စက္ခုဝိညာဏံ၊ စက္ခုဝိညာဉ်စိတ်သည်။
နစေဝအာဂတံ၊ ထိုစိတ်မှ လာသည်လည်း မဟုတ်။
အနန္တရံ၊ အခြားမဲ့၌။
နာပိ နနိဗ္ဗတ္တံ၊ မဖြစ်ဘဲလည်းမနေ။
နိဗ္ဗတ္တံဧဝ၊ ဖြစ်သည်သာလျှင်။
ဟောတိယထေဝ၊ ဖြစ်၏သို့လျှင်။
တထေဝ၊ ထို့အတူ။
ပဋိသန္ဓိမှိ၊ ပဋိန္ဓေအခါ၌။
စိတ္တသန္တတိ၊ စိတ်အစဉ်သည်။
ဝတ္တတေ၊ ဖြစ်၏။
ပုရိမံစိတ္တံ၊ ရှေး စုတိစိတ်သည်၊
(ဝါ) စုတိနှင့်တကွသော ရုပ်သည်။
ဘိဇ္ဇတေ၊ ပျက်၏။
တတော၊ ထိုစုတိစိတ်မှ။
အနန္တရံ၊ အခြားမဲ့၌။
ပစ္ဆိမံ၊ နောက်ဖြစ်သော ပဋိသန္ဓေစိတ်သည်။
(ဝါ) ပဋိသန္ဓေစိတ်နှင့် တကွသော ရုပ်သည်။
ဇာယတေ၊ ဖြစ်၏။

ဤသို့လျှင် နာမ်ရုပ်နှစ်ပါး၏ အကြောင်းကို ကောင်းစွာ သိမ်းဆည်းလျက် အဓွန့် သုံးပါး၌ ယုံမှားခြင်း (၁၆)ပါး၊ (၈)ပါးတို့ကို ကူးမြောက်ပြီးသော ဉာဏ်တော်သည် -

(၁) အကြောင်းတရားတို့ကို သိမ်းဆည်းနိုင်သောကြောင့် ပစ္စယပရိဂ္ဂဟဉာဏ် ဟူသော အမည်၊
(၂) မဂ်ဖိုလ်ဟူသော အကျိုးတရားတို့၏တည်ရာ ဝိပဿနာဉာဏ် တည်းဟူသော အကြောင်းတရား၌ တည်နိုင်သောကြောင့် ဓမ္မဋ္ဌိတိဉာဏ်ဟူသော အမည်၊
(၃) သင်္ခါရတို့၏ ဖြစ်ခြင်း၊ ပျက်ခြင်း ဟုတ်မှန်သော သဘောကို သိနိုင်သောကြောင့် ယထာဘူတဉာဏ်ဟူသော အမည်၊
(၄) မချွတ်မယွင်း မဖောက်မပြန် အမှန်ကို သိနိုင်သောကြောင့် သမ္မဒဿနဉာဏ် ဟူသော အမည်၊
(၅) အထက် ဝိပဿနာဉာဏ် ဆယ်တန်တို့၏ အနီးသို့ ကပ်၍ လျောက်ပတ်စွာ သိနိုင်သောကြောင့် အနုလောမဝိပဿနာ ဉာဏ်ဟူသော အမည်၊
(၆) ဝါတာတပ ဘယဘေရဝ အရတိ ရတိ နိဝါတ နိမာန ခန္တိ စသည်ကို တည်လာရသည် ဖြစ်သောကြောင့် ဌိတိဉာဏ်ဟူသော အမည်၊

ဤခြောက်လီသော အမည်ထူးနှင့်တကွ -

(၁) သောဠသဝိဓ အဋ္ဌဝိဓ ဝိစိကိစ္ဆာတို့ကို ပယ်ခွာခုတ်ပိုင်း ဉာဏ်မုန်တိုင်းဖြင့် လူတိုင်းဒေသ လူ့ဌာနဝယ် သာမည မဟုတ် လောကုတ်မဂ္ဂံ ဤလေးတန်တို့၏ တည်နိုင်ရန်သော ပတိဋ္ဌ၊
(၂) လေးဝဖလာ ကဲ့ပမာသို့ သက်သာရာဟူသော အဿာသ၊
(၃) ယခုဘဝ မဂ်မရ၍ လက်စမပြတ်သေးသော်လည်း ပါယ်မြေမရောက် လမ်းမကောက်ဘဲ ထက်အောက် လူနတ် ကံပစ်၍ ရပ်ရသော နိယတဂတိ၊
(၄) အာဒိဒဿန ဉာဏ်ထူးရသည့် မဟန္တသောတာပန် မဟုတ်ပြန်သော်လည်း လေးတန်သော သစ္စာကို ဝိပဿနာကာရဖြင့် ဧကန္တ သိတော်မူသော စူဠသောတာပန်၊ လေးတန်သော ဂုဏမဟတ္တ ဘွဲ့တံဆိပ်တို့ဖြင့် ခပ်နှိပ်သော သမညာကြောင့် ကင်္ခါဝိတရဏဝိသုဒ္ဓိဘုမ္မ၌ ခေတ္တမျှ စံတော်မူလေ၏။

ဤစကား၌ သစ္စာလေးပါးကို သိ၏ဟူရာ၌ ပုဗ္ဗကိစ္စလေးပါးတို့တွင် -

(၁) ရူပပရိဂ္ဂဟ၊ နာမပရိဂ္ဂဟ နှစ်ပါးဟူသော နာမရူပဝဝတ္ထာန ဉာဏ်ဖြင့် ဒုက္ခသစ္စာကို ပိုင်းခြား၍သိ၏၊
(၂) ပစ္စယပရိဂ္ဂဟ၊ အဒ္ဓါနပရိဂ္ဂဟ နှစ်ပါးဟူသော ဓမ္မဋ္ဌိတိဉာဏ်ဖြင့် သမုဒယသစ္စာကို ပယ်၏။
(၃) ထိုဉာဏ်၏ နောက်အဖို့၌ ဖြစ်ခြင်း ပျက်ခြင်းကို သိသော အနုလောမဝိပဿနာ ဟူသော လောကီဝိပဿနာမဂ်ဖြင့် မဂ္ဂသစ္စာကို ပွား၏၊
(၄) ထိုသို့ လောကီဝိပဿနာမဂ်ဖြင့် ရုပ်နာမ်ခန္ဓာတို့၏ ဖြစ်ခြင်း ပဝတ္တကို သိမြင်သဖြင့် ရုပ်နာမ်ခန္ဓာတို့၏ မဖြစ်ခြင်း အပဝတ္တ၊ နိရောဓ၌ ဧကန်ညွတ်ကိုင်းသော အဇ္ဈာသယဓာတ်ကြီးသည် နိရောဓသစ္စာကို မျက်မှောက်ပြုသည် မည်တော့၏။

နာမရူပဝဝတ္ထာနေန ဒုက္ခသစ္စံ၊ ဓမ္မဋ္ဌိတိဉာဏေန သမုဒယသစ္စံ၊ ကဿေဝ အပရဂေန အနိစ္စတော မနသိကာရာဒိဝိဓိနာ မဂ္ဂသစ္စဉ္စ အဘိညာယ ပဝတ္တိယာ ဒုက္ခဘာဝံ ဒိသွာ အပဝတ္တေ နိရောဓေ ဧကံသေနေဝ နိန္နဇ္ဈာသယတာယ လောကိယေနေဝ ဉာဏေန စတုန္နံ အရိယသစ္စာနံ အဓိဂတတ္တာ အပါယေသု အဘဗ္ဗုပ္ပတ္တိကော သောတာပန္နဘူမိယံ ဘဗ္ဗုပ္ပတ္တိကော စ ဟောတီတိ ဝုတ္တံ နိယဂတိကောတိ။

ဝိသုဒ္ဓိ၊ဋီ၊၂၊၃၈၅

နာမရူပဝဝတ္ထာနေန၊ နာမရူပဝဝတ္ထနဉာဏ်ဖြင့်။
ဒုက္ခသစ္စံ၊ ဒုက္ခသစ္စာကို။
ဓမ္မဋ္ဌိတိဉာဏေန၊ ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့်။
သမုဒယသစ္စံ၊ သမုဒယသစ္စာကို။
အပရဘာဂေန၊ ပစ္စယပရိဂ္ဂဟကို သိမ်းပြီးသောနောက်မှ။
တဿေဝ ဉာဏဝသေန၊ ထိုပစ္စယပရိဂ္ဂဟဉာဏ်၏ အစွမ်းဖြင့်သာလျှင်။
အနိစ္စတော မနသိကာရာဒိ ဝိဓိနာ၊ အနိစ္စကို နှလုံးသွင်းခြင်း အစရှိသော အစီအရင် ဖြင့်။
မဂ္ဂသစ္စဉ္စ၊ မဂ္ဂသစ္စာကိုလည်း။
အဘိညာယ၊ ထူးသော ဝိပဿနာဉာဏ်ဖြင့်သိ၍။
ပဝတ္တိယာ၊ နာမ်ရုပ်တို့ အဆက်ဆက်ဖြစ်ခြင်း၏။
ဒုက္ခဘာဝံ၊ ဒုက္ခ၏အဖြစ်ကို။
ဒိသွာ၊ မြင်၍။
အပဝတ္တေ၊ အသစ်အဆက်ဆက် ဖြစ်ခြင်း ကင်းသော။
နိရောဓေ၊ နိရောဓသစ္စာ၌။ (ဝါ) နိဗ္ဗာန်၌။
ဧကံသေနေဝ နိန္နဇ္ဈာသယတာယ၊ စင်စစ်အားဖြင့် ညွတ်ကိုင်း သက်ဝင်သော အဇ္ဈာသယ ရှိသည်၏ အဖြစ်ကြောင့်သာလျှင်။
လောကိယေနေဝ၊ လောကီဖြစ်သော။
ဉာဏေန၊ ဉာဏ်ဖြင့်။
စတုန္နံ၊ လေးပါးကုန်သော။
အရိယသစ္စာနံ၊ အရိယာသစ္စာတို့ကို။
အဓိဂတတ္တာ၊ သိအပ်သည်၏ အဖြစ်ကြောင့်။
အပါယေသု၊ အပါယ်လေးဘုံတို့၌။
အဘဗ္ဗုပ္ပတ္တိကောစ၊ ဖြစ်ခြင်းငှာ မထိုက်သည် လည်းကောင်း။
သောတာပန္နဘူမိယံ၊ သောတာပန်၏ဘုံ၌။
ဘဗ္ဗုပ္ပတ္တိကောစ၊ ဖြစ်ခြင်းငှါထိုက်သည် လည်းကောင်း။
ဟောတိ၊ ဖြစ်၏။
ဣတိ တသ္မာ၊ ထိုကြောင့်။
နိယတဂတိကောတိ၊ နိယတဂတိကော ဟူ၍။
ဝုတ္တံ၊ အဋ္ဌကထာရှင် မိန့်တော်မူအပ်၏။

ဣမိနာ ပန ဉာဏေန သမန္နာဂတော ဝိပဿကော ဗုဒ္ဓသာသနေ လဒ္ဓဿာသော လဒ္ဓပတိဋ္ဌော နိယတဂတိကော စူဠသောတာပန္နော နာမ ဟောတိ။

ဝိသုဒ္ဓိ၊၂၊၂၄၀

ပန၊ အကျိုးကြီးမားသည်ကို ဆိုဦးအံ့။
ဣမိနာ ဉာဏေန၊ ဤဆိုအပ်ခဲ့ ပြီးသော ယထာဘူတဉာဏ်ဟု ဆိုအပ်သော ပစ္စယပရိဂ္ဂဟဉာဏ်နှင့်။
သမန္နာဂတော၊ ပြည့်စုံသော။
ဝိပဿကော၊ ဝိပဿနာ ကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂီသည်။
ဗုဒ္ဓသာသနေ၊ ဘုရားမြတ်စွာ သာသနာတော်၌။
လဒ္ဓဿာသော၊ ရအပ်သော သက်သာရာရှိသည်။
လဒ္ဓပတိဋ္ဌော၊ ရအပ်သော ထောက်တည်ရာရှိသည်။
နိယတဂတိဋ္ဌော၊ မြဲသောဂတိ ရှိသော။
စူဠသောတာပန္နော နာမ၊ စူဠသောတာပန်မည်သည်။
ဟောတိ၊ ဖြစ်၏။

ဤသို့သော နည်းဖြင့် ရုပ်နာမ်ဓမ္မသင်္ခါရ အာရုံတို့၏ ဖြစ်ခြင်း ပျက်ခြင်းတို့ကို ဧကန္တ ဥပမာ ငါးပါးတို့တွင် တစ်ပါးပါးသော ဥပမာဖြင့် ပစ္စက္ခဉာဏ်ဖြင့် မြင်ရ၍ တေဘုမ္မက ဝဋ်ဒုက္ခဟူသော ရုပ်နာမ်တို့တွင် ...

(၁) ယခု ငါမြင်ရသော ရုပ်တရားကား မည်သည့်ရုပ် ဘယ်ရွေ့ဘယ်မျှရှိ၏။ ငါသိရသော နာမ်တရားကား မည်သည့်နာမ် ဘယ်ရွေ့ ဘယ်မျှ ရှိ၏ဟု သိခြင်း၊
(၂) ထိုရုပ်နာမ်တို့၌ ခင်မင်တွယ်တာခြင်း မရှိခြင်း၊
(၃) ၎င်း ရုပ်နာမ်တို့၏ ဖြစ်ခြင်း ပျက်ခြင်း တို့ကို လောကီဝိပဿနာဉာဏ်ဖြင့် ရှုနိုင်ခြင်း၊
(၄) ၎င်းရုပ်နာမ်တို့၏ ဖြစ်ခြင်းပျက်ခြင်းတို့ကို မြင်က ထိုရုပ်နာမ်တို့၏ မဖြစ်ခြင်း မပျက်ခြင်းရှိသော နိဗ္ဗာန်ကို အာရုံညွတ်ကိုင်းစေခြင်း၊

ဤသို့သော သစ္စာလေးပါးကို လောကီ ဝိပဿနာ ပညာဖြင့် မျက်မှောက် ပြုရုံမျှဖြင့် ငါသည် လောကုတ္တရာမဂ်ကို ရလေပြီဟု ထင်မှတ် မှားယွင်းတတ်သည်။

အဘယ့်ကြောင့်ဟူမူ ထိုသို့သော ဉာဏ်မျိုးသည် လောကုတ္တရာစိတ်၏ အဓိပတိ မတတ်သေး သောကြောင့်တည်း။

စင်စစ်မူကား စူဠသောတာပန် ပုထုဇဉ်ကလျာဏအနွယ်သို့ သက်ရုံမျှသာတည်း။

ထင်စေဦးအံ့။

ထိုသို့သော ဝိပဿနာဉာဏ်ဖြင့် လောကီသစ္စာ လေးပါးကို မျက်မှောက်ပြုခြင်းငှာ စွမ်းနိုင်ကြသော ယောဂီတို့သည် ကိလေသာကို ပယ်ခွာကြသော -

(၁) အသမုဒါစရ သတ္တိ
(၂) အနနုဘူတာရမ္မဏ သတ္တိ
(၃) မဂ္ဂ သတ္တိ --

ဟူသော သတ္တိကြီး သုံးပါးတို့တွင် အသမုဒါစာရသတ္တိ မျှသာ ရှိသေး၍ လောကုတ္တရာမဂ်ဟူ၍ မဆိုထိုက်။

ထို အသမုဒါစာရသည် —

(၁) ဝတ္တ
(၂) ဂန္ထ
(၃) ဓုတင်္ဂ
(၄) သမထ
(၅) ဝိပဿနာ
(၆) နဝကမ္မ
(၇) ဗြဟ္မလောကာဂတ -

စသည်ဖြင့် ရှိ၏။ ထိုတွင် -

(၁) အကြင်သူသည် စေတိယင်္ဂဏ ဗောဓိယင်္ဂဏ စသော ဝတ်တို့ကို နေ့ညဉ့် မစဲ အားထုတ်၍ နေရသောကြောင့် ကိလေသာ နီဝရဏတို့ ခဏမျှ မဥပါဒ် ရသောကြောင့် ကိလေသာ စသည်တို့ မဖြစ်ခြင်းသည် ဝတ္တာသမုဒါစာရ မည်၏။
(၂) ၎င်းနည်းတူ ကျမ်းဂန်တို့ကို နေ့ညဉ့် မစဲ အားထုတ်၍ နေရသောကြောင့် ကိလေသာတို့ မဥပါဒ်ရခြင်း ဂန္ထသမုဒါစာရ
(၃) ဓုတင်တရားတို့ကို နေ့ည၌မစဲ အားထုတ်၍ နေရသောကြောင့် ကိလေသာတို့ မဥပါဒ်ရခြင်း ဓုတင်္ဂါသမုဒါစာရ
(၄) သမထ(၄၀) ကို ပွားများ၍ ရအပ်သော ဥပစာဈာန် အဘိညာဉ်၊ သမာပတ်တို့ကို နေ့ညဉ့် မစဲ အားထုတ်၍ နေရသောကြောင့် ကိလေသာတို့ မဥပါဒ်ရခြင်း သမထာ သမုဒါစာရ
(၅) အနိစ္စစသော ဝိပဿနာတို့ကို နေ့ညဉ့် မစဲအားထုတ်၍ နေရသောကြောင့် ကိလေသာတို့ မဥပါဒ်ရခြင်း ဝိပဿနာ သမုဒါစာရ
(၆) စေတီ ကျောင်းဇရပ် စသည်တို့ အမှုကို နေ့ညဉ့် မစဲအားထုတ်၍ နေရသောကြောင့် ကိလေသာတို့ မဥပါဒ်ရခြင်း နဝကမ္မာ သမုဒါစာရ
(၇) ဗြဟ္မာပြည်မှလာသော သတ္တဝါသည် ရှေးဝသီ၏အနီး၌ တည်သည် ဖြစ်သော ကြောင့် ကိလေသာတို့ မဥပါဒ်ရခြင်း ဗြဟ္မလောဂတာ သမုဒါစာရ မည်၏။

ထိုဆိုအပ်ခဲ့ပြီးသော အသမုဒါစာရတို့သည် အကြင်အခါ၌ အယောနိသော မနသိကာရကြောင့် လည်းကောင်း၊ သတိဝေါသဂ္ဂကြောင့်လည်းကောင်း ကိလေသာတို့ အခွင့်ကို ရခဲ့အံ့၊ ထိုအခါ၌ ဥပါဒ်ခြင်းသို့ ရောက်နိုင်ကုန်သေးသည် သာတည်း။ (၁)

အကြင်သူသည် တစ်ပါးပါးသော မနာပိယ ဣဋ္ဌ ကန္တ စသော အာရုံတို့တွင် တစ်ခုခုသော အာရုံကို ရှေးကမှစ၍ ယခုတိုင်တိုင် အာရုံ မပြုဖူးသည်ဖြစ်အံ့၊ ထို အာရုံမပြုဖူးသော မနာပိယ စသော တရားသည်ပင် အနနုဘူတာရမ္မဏသတ္တိမည်၏။

အကြင်အခါ၌ အယောနိသောမနသိကာရကြောင့် လည်းကောင်း၊ သတိဝေါသဂ္ဂ ကြောင့် လည်းကောင်း ကိလေသာတို့ အခွင့်ရခဲ့အံ့၊ ထိုအခါ၌ အာရုံဖြစ်ခြင်းသို့ ရောက်နိုင်ကုန် သေးသည်သာတည်း။ (၂)။

သော ပနေသ အသမုဒါစာရဝသေန ဝါ အနနုဘူတာရမ္မဏဝသေန ဝါ အနုပ္ပန္နော ဥပ္ပဇ္ဇတီတိ ဝေဒိတဗ္ဗော၊

အံ၊ဋ္ဌ၊၁၊၂၃

သော ပနေသ-သော ပန ဧသေ ဧသော အနုပ္ပန္နော၊ ထိုသို့ကိလေသာ နီဝရဏတို့၏ မဖြစ်ခြင်းကို။
အသမုဒါစာရဝသေနဝါ၊ အသမုဒါစာရ အစွမ်းဖြင့်လည်းကောင်း။
[“ကိလေသာ မဥပါဒ်သည်၏ အစွမ်းဖြင့် လည်းကောင်း”လည်းဟူ။]
အနနုဘူတာရမ္မဏဝသေနဝါ၊ အနနုဘူတာရမ္မဏ အစွမ်းဖြင့် လည်းကောင်း။
[“ကိလေသာအာရုံ မဖြစ်ဖူးသည်၏ အစွမ်းဖြင့် လည်းကောင်း”လည်းဟူ။]
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
ဝေဒိတဗ္ဗော၊ သိအပ်၏။

နိဗ္ဗာနံ ပန လောကုတ္တရသင်္ခါတံ စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ မဂ္ဂဖလာနမာလမ္ဗဏဘူတံ။

[သင်္ဂြိုဟ်။]

စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗန္တိ ဣမိနာ နိဗ္ဗာနဿ တံ တံ အရိယပုဂ္ဂလာနံ ပစ္စက္ခသိဒ္ဓတံ ဒဿေတိ၊ မဂ္ဂဖလာနမာလမ္ဗဏဘူတန္တိ ဣမိနာ ကလျာဏပုထုဇ္ဇနာနံ အနုမာနသိဒ္ဓတံ။

ဋီကာကျော်-၂၁၆။

ဤသို့ အဋ္ဌကထာ၊ ဋီကာ စသည်တို့နှင့်အညီ လေးပါးသော မဂ်ဉာဏ် တို့တွင် တစ်ပါးပါးသော လောကုတ္တရာစိတ်၏ မဂ်ဉာဏ်ဖြင့် သင်္ခါရပဋိက္ခေပဖြစ်သော နိဗ္ဗာန်ကို ဧကန်မုချ ဒိဋ္ဌထင်ထင် မြင်ဖူးပေသော အရိယာ၏ ပစ္စက္ခမဂ်ဉာဏ်သည် မဂ္ဂသတ္တိ မည်ပေ၏။ (၃)

ကလျာဏ ပုထုဇဉ်ပုဂ္ဂိုလ်တို့ သုတမယဉာဏ်ဖြင့် ရုပ်နာမ်တို့ မဖြစ်ခြင်းတို့ကို ညွတ်ကိုင်းရုံမျှ နိဗ္ဗာန်ကိုတောင့်တရုံမျှသည် မဂ္ဂသတ္တိ မမည်သေးပေ၊ အသမုဒါစာရ သာတည်း။

ပန၊ ရူပဥဒ္ဒေသ၏ ဝိဘာဂမှတစ်ပါး နိဗ္ဗာနဥဒ္ဒေသ၏ ဝိဘာဂကို ဆိုအံ့။
လောကုတ္တရသင်္ခါတံ၊ လောကုတ္တရာဟု ဆိုအပ်သော။
စတုမဂ္ဂဉာဏေန၊ လေးပါးသော မဂ်ဉာဏ်နှင့် သဟဇာတ်ဖြစ်သော ဉာဏ်ဖြင့်။
(ဝါ) မဂ်ဉာဏ်သည်။
သစ္ဆိကာတဗ္ဗံ၊ မျက်မှောက်ပြုအပ်သော။
မဂ္ဂဖလာနံ၊ မဂ်ဖိုလ်ရှိ၏။
အာလမ္ဗဏဘူတံ၊ အာရုံဖြစ်၍ ဖြစ်သော တရားသည်။
နိဗ္ဗာနံ၊ နိဗ္ဗာန်မည်၏။
[သင်္ဂြိုဟ် အနက်။]

စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗန္တိ ဣမိနာ၊ စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ ဟူသော ဤဝိသေသနပါဌ်ဖြင့်။
နိဗ္ဗာနဿ၊ နိဗ္ဗာန်၏။ (ဝါ) နိဗ္ဗာန်ကို။
တံ တံ အရိယာပုဂ္ဂလာနံ၊ သောတာပန် အစရှိသော ထိုထိုသော အရိယာ ပုဂ္ဂိုလ်တို့အား။
ပစ္စက္ခသိဒ္ဓတံ၊ ပစ္စက္ခသိဒ္ဓိအဖြစ်ကို။
ဒဿေတိ၊ ပြတော်မူပေ၏။
မဂ္ဂဖလာနမာလမ္ဗဏဘူတန္တိ ဣမိနာ၊ မဂ္ဂဖလာနမာလမ္ဗဏဘူတံဟူသော ဤပါဌ်ဖြင့်။
ကလျာဏပုထုဇ္ဇနာနံ၊ ကလျာဏ ပုထုဇဉ်တို့အား။
အနုမာနသိဒ္ဓတံ၊ အနုမာနသိဒ္ဓိအဖြစ်ကို။
ဒဿေတိ၊ ပြတော်မူ၏။
[ဋီကာကျော် အနက်။]

အယောနိသောမနသိကာရ, သတိဝေါသဂ္ဂတို့ကြောင့် မိမိတို့ ပယ်ပြီးသော ကိလေသာ တို့သည် အခွင့်ရထိုက်သော်လည်း အသစ်တစ်ဖန် ဖြစ်ရိုးမရှိတော့ပြီ။ (၃)

[ဤသတ္တိကြီး သုံးပါးနှင့်တကွ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ဋီကာ၊ အင်္ဂုတ္တိုရ် အဋ္ဌကထာတို့စကားကို ပညာရှင်တို့ ဆင်ခြင်၍ယူရန် ထည့်လိုက်သည်။]

အဒ္ဓါနပရိဂ္ဂဟပုဗ္ဗကိစ္စံ

၃၁-ပရိညာသုံးပါးကို ပြခြင်း

အယံ မဂ္ဂေါ အယံ န မဂ္ဂေါတိ ဧဝံ မဂ္ဂဉ္စ အမဂ္ဂဉ္စ ဉတွာ ဌိတံ ဉာဏံ ပန မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိနာမ။
ဝိသုဒ္ဓိ၊၂၊၂၄၁

ဤသို့ အဋ္ဌကထာ မိန့်မှာတော်မူအပ်သည်နှင့်အညီ မဂ်ဟုတ်သည် မဟုတ်သည်ကို ယုံကြည်ပိုင်းဖြတ် နှလုံးသွင်းနိုင်သော မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိကို ကူးခပ်လိုသော ကင်္ခါဝိတရဏဝိသုဒ္ဓိနှင့် ပြည့်စုံပြီးသော ယောက်ျား ယောဂါဝစရ သူမြတ်သည် ယံကိဉ္စိ ရူပံ-အစရှိသော သမ္မသနဉာဏ် ဟုဆိုအပ်သော နယဝိပဿနာကို လွန်စွာ ကြိုးပမ်းထမ်းဆောင် အားထုတ်သော အခါ အခါ၌ ဩဘာသ အစရှိသော ဝိပဿနုပက္ကိလေသ တရားဆယ်ပါးတို့တွင် တစ်ပါးပါးကို တွေ့ကြုံသော အခါဝယ် ဤတရားကား လောကုတ္တရာမဂ် မဟုတ်၊ ဩဘာသ စသော တရားသာတည်းဟု ဧကန် မဂ်မဟုတ်သည် ဟုတ်သည်၌ ဆုံးဖြတ်နိုင်သော ဉာဏ်သည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိဉာဏ် မည်၏။

သမ္မသနဉာဏ် နယဝိပဿနာဉာဏ် ကလာပသမ္မသနဉာဏ် ဟူသော သုံးတန်သော အမည်ကိုရသော သမ္မသနဉာဏ်ကို အားထုတ်ကြိုးပမ်း ထမ်းဆောင်လိုသော ယောဂီသည် ရှေးဦးစွာ လောကီပရိညာသုံးပါးကို ပိုင်းခြားဝေဇန်၍ သိအပ်၏။

ထိုစကားကို ထင်စေဦးအံ့၊ ထိုပရိညာသည် -

  • (၁) ဉာတပရိညာ
  • (၂) တီရဏ ပရိညာ
  • (၃) ပဟာန ပရိညာဟူ၍ သုံးပါးအပြားရှိ၏။

ထိုသုံးပါးတို့တွင် -

(၁) ရုပ်သည် ဖောက်ပြန်ခြင်း ရုပ္ပနလက္ခဏာ
ဝေဒနာသည် ခံစားခြင်း ဝေဒယိတလက္ခဏာ
သညာသည် ကောင်းစွာမှတ်ခြင်း သဉ္ဇာနနလက္ခဏာ
သင်္ခါရသည် ပြုပြင်ခြင်း အဘိသင်္ခါရဏလက္ခဏာ
ဝိညာဉ်သည် အထူးသဖြင့်သိခြင်း ဝိဇာနနလက္ခဏာ-

ဤသို့ စသည်ဖြင့် အကျဉ်းအားဖြင့်လည်းကောင်း။
တစ်နည်း။

ရုပ်နှစ်ဆယ့်ရှစ်ပါး၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်။
ဝေဒနာခြောက်ပါး၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်။
သညာခြောက်ပါး၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်။
သင်္ခါရ ငါးဆယ်၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်။
လောကီဝိညာဉ် ရှစ်ဆယ့်တစ်၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်။
တို့၏ သဘောကို သိခြင်းအားဖြင့်လည်းကောင်း။

အထူးအားဖြင့် မိမိ၏အာရုံပြုသော နိယကဇ္ဈတ္တသို့သက်သော ကမ္မဋ္ဌာန်း၏ အတွင်း၌ အကျုံးဝင်သော ရုပ်တရား နာမ်တရားတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့၏ သဘောကို ဧကန်သိခြင်းသည်ပင် ဉာတပရိညာ မည်၏။
(လက္ခဏ ရသ စသည်တို့ကို နောက်က ဖွဲ့၍ပြခဲ့ပြီးပြီ)။

(၂) ထို နိယကဇ္ဈတ္တသို့သက်သော ကမ္မဋ္ဌာန်း၏ အတွင်း၌ အကျိုးဝင်သော ရုပ်တရား နာမ်တရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ ဟူသော အလုံးစုံ သဘာဝနှင့် ဆိုင်သော သာမညလက္ခဏာ သုံးပါးတို့တွင် တစ်ပါးပါးဖြင့် ဖြစ်စေ သုံးပါးလုံးဖြင့် ဖြစ်စေ သုံးသပ်ဆင်ခြင်သော အာရမ္မဏိက ဝိပသနာပညာဖြင့် ဧကန်ပစ္စက္ခဖြစ်သော သုံးသပ်သောဉာဏ်သည် တီရဏ ပရိညာမည်၏။

(၃) ထို နိယကဇ္ဈတ္တသို့ သက်သော ကမ္မဋ္ဌာန်း၏ အတွင်း၌ အကျုံးဝင်သော ရုပ်တရားနမ်တရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ စသည်ဖြင့် သုံးသပ် ဆင်ခြင်သောအခါ အနိစ္စကို ဆင်ခြင်က နိစ္စဟူသော သညာ၊ နိစ္စ၌ တပ်သော ဆန္ဒရာဂ၊ ဒုက္ခကိုဆင်ခြင်က သုခဟူသော သညာ၊ သုခ၌ တပ်သော ဆန္ဒရာဂ၊ အနတ္တကိုဆင်ခြင်က အတ္တဟူသော သညာ၊ အတ္တ၌ တပ်သော ဆန္ဒရာဂတို့ကို ဥပစာ အပ္ပနာသို့ မသက်မီ တဒင်္ဂပဟာန်ဖြင့် ပယ်ခြင်း ဥပစာ-အပ္ပနာသို့သက်၍ ဝိက္ခမ္ဘနပဟာန်ဖြင့် ပယ်ခြင်းသည် ပဟာနပရိညာ မည်၏။

တတ္ထ ရုပ္ပနလက္ခဏံ ရူပံ ဝေဒယိတလက္ခဏာ ဝေဒနာတိ ဧဝံ တေသံ တေသံ ဓမ္မာနံ ပစ္စတ္တလက္ခဏသလ္လက္ခဏဝသေန ပဝတ္တာ ပညာ ဉာတပရိညာ နာမ၊

ရူပံ အနိစ္စံ ဝေဒနာ အနိစ္စာတိ အာဒိနာ ပန နုယေန တေသံ တေသံ ဓမ္မာနံ သာမညလက္ခဏံ အာရောပေတွာ ပဝတ္တာ လက္ခဏာရမ္မဏိက ဝိပဿနာ ပညာ တီရဏပရိညာနာနာမ၊

တေသုယေဝ ပန ဓမ္မေသု နိစ္စသညာဒိပဇဟနဝသေန ပဝတ္တာ လက္ခဏာရမ္မဏိက-ဝိပဿနာ ပညာ ပဟာနပရိညာနာမ။
ဝိသုဒ္ဓိ၊၂၊၂၄၁

(၎င်းနည်းသဘောတူ ပါဌ်လွဲ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ၊ မူလပဏ္ဏာသ အဋ္ဌကထာ စသည်တို့။)

(၁) တတ္ထ၊ ထိုသုံးပါးပရိညာတို့တွင်။
ရူပံ၊ ရုပ်သည်။
ရုပ္ပနလက္ခဏံ၊ ဖောက်ပြန်ခြင်း လက္ခဏာရှိ၏။
ဝေဒနာတိ၊ ဝေဒနာသည်။
ဝေဒယိတလက္ခဏာ၊ အာရုံ၏အရသာကိုခံစားခြင်းလက္ခဏာရှိ၏။
ဣတိ ဧဝံ၊ ဤသို့။
တေသံ တေသံ ဓမ္မာနံ၊ ထိုထိုရုပ်ဝေဒနာသညာ သင်္ခါရ စသောတရား တို့၏။
ပစ္စတ္တလက္ခဏသလ္လက္ခဏဝသေန၊ မိမိတို့၏လက္ခဏာကိုကောင်းစွာ မှတ်သည်၏ အစွမ်းအားဖြင့်။
ပဝတ္တာ၊ ဖြစ်သော။
ပညာ၊ ပညာသည်။
ဉာတပရိညာနာမ၊ ညာတပရိညာမည်၏။

(၂) ပန၊ ထိုမှတပါး။
ရုပံ၊ ရုပ်သည်။
အနိစ္စံ၊ မမြဲ။
ဝေဒနာ၊ ဝေဒနာသည်။
အနိစ္စံ၊ မမြဲ။
ဣတိ အာဒိနာ၊ ဤသို့အစရှိသော။
နယေန၊ နည်းဖြင့်။
တေသံ တေသံ ဓမ္မာနံ၊ ထိုထို မိမိ မိမိတို့၏ အသီးသီးသော လက္ခဏာကို ကောင်းစွာ မှတ်သောအားဖြင့် ယူအပ်ကုန်သော တေဘူမက တရားတို့၏သာလျှင် (ဝါ) ရုပ် ဝေဒနာ စသော တရားတို့၏ သာလျှင်။
သာမညလက္ခဏံ၊ အလုံးစုံတို့အား ဆက်ဆံသော အနိစ္စစသော လက္ခဏာကို။
အာရောပေတွာ၊ တင်၍။
ပဝတ္တာ၊ ဖြစ်သော။
လက္ခဏာရမ္မဏိက ဝိပဿနာပညာ၊ အနိစ္စတာစသော လက္ခဏာလျှင် အာရုံရှိသော ဝိပဿနာပညာသည်။
တီရဏပရိညာနာမ၊ အနိစ္စတာ စသောလက္ခဏာကို စုံစမ်း သုံးသပ် အတပ်ပိုင်းခြား၍ သိတတ်သော ပညာမည်၏။

(၃) ပန၊ ထိုမှတပါး။
တေသုယေဝဓမ္မေသု၊ ထိုပစ္စတ္တလက္ခဏာ၊ သာမညလက္ခဏာကို ကောင်းစွာ မှတ်အပ်သည်၏ အစွမ်းဖြင့် ယူအပ်ကုန်သော တေဘူမကဓမ္မတို့၌သာလျှင်။
နိစ္စသညာဒိပဇဟနဝသေန၊ မြဲ၏ဟု မှတ်မှားသော သညာ စသည်တို့ကို ပယ်စွန့်သည်၏ အစွမ်းဖြင့်။
ပဝတ္တာ၊ ဖြစ်သော။
လက္ခဏာရမ္မဏိကဝိပဿနာပညာ၊ အနိစ္စတာစသော လက္ခဏာလျှင် အာရုံရှိသော ပိပဿနာပညာသည်။
ပဟာနပရိညာ နာမ၊ မဟာတဗ္ဗဓမ္မကို စွန့်ပယ်လတ်သော ပရိညာမည်၏။

ထိုသို့ ပြခဲ့ပြီးသော ပရိညာ သုံးပါးတို့တွင် နောက်က ပြခဲ့ပြီးသော ပုပ္ပကိစ္စ လေးပါးတို့၌ ပထမရူပပရိဂ္ဂဟမှသည် ပစ္စယပရိဂ္ဂဟ၊ အဒ္ဓါနပရိဂ္ဂဟ တိုင်တိုင် ဒိဋ္ဌိဝိသုဒ္ဓိ၊ ကင်္ခါဝိတရဏဝိသုဒ္ဓိနှစ်ပါးတို့ကို ပစ္စတ္တလက္ခဏပဋိဝေဓသည် အစိုးရလျက် ဉာတပရိညာ၏ နယ်မည်၏။

ယံ ကိဉ္စိ ဝါရ - စသည်ဖြင့် ရုပ်တရား နာမ်တရားတိုကို ကလာပ သမ္မသန ဉာဏ်သို့သက်၍ စီးဖြန်းသော ကာလမှစ၍ ဥဒယဝယဉာဏ်သို့ ဆိုက်အောင် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ၏ နယ်ကို သာမညလက္ခဏ ပဋိဝေဓသည် အစိုးရလျက် တီရဏပရိညာ၏ နယ်မည်၏။

သမ္မသနဉာဏ် ဥဒယဝယဉာဏ် အားသန် ထက်မြက်လှ၍ သင်္ခါရတို့ ပျက်ခြင်းကို ထင်၍နေသော ယောဂီအား ၎င်းပျက်ခြင်းသည် ဘင်္ဂဉာဏ်မည်၏၊

ထို ဘင်္ဂဉာဏ်မှ စ၍ အထက်အထက်ဖြစ်သော ဘယ။(ပ)။ အနုလောမဉာဏ် တိုင်အောင် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိနယ် အတွင်း၌ကား လောကီသစ္စာ လောကီအဘိညာဉ် လောကီပဟာနပရိညာ ဘာဝနာကို အားကောင်းလှသဖြင့် ဆန္ဒရာဂတို့ကို ပယ်ဖျောက်နိုင်သော ပဟာနပရိညာ၏ နယ်မည်၏။

ထို ပရိညာ သုံးပါးတို့တွင် ဉာတပရိညာ၏ အစီအရင်စသည်ကို ပြခဲ့ပြီးသော ပုဗ္ဗကိစ္စလေးပါးဖြင့် သိအပ်၏။ တီရဏပရိညာ၏ အစီအရင်ကို ဤဆိုလတ္တံ့သော နည်းကို အစဉ်မှီးသဖြင့် ပညာရှင်တို့ သိအပ်၏။

၃၂ - လက္ခဏဝဝတ္ထာနဝါရကို ပြခြင်း

တီရဏပရိညာဖြင့် သမ္မသနဉာဏ်မှစ၍ ဥဒယဗယဉာဏ် ရင့်သန် ကြီးပွားလျက် ဆယ်ပါးသော ဝိပဿနာဉာဏ်ကို ဧကန်တိတိ မြင်လိုဘိသော ယောဂီသည် (ဝါ) ဥဒယဝယဉာဏ်သို့ ငါးပါးသော ဥပမာတို့တွင် တစ်ပါးပါးသို့သက်၍ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ၏ အခြားမဲ့၌ မြင်ထိုက်သော အထက်ထက် ဝိပဿနာဉာဏ်တို့ကို ဧကန်တိတိ မြင်လိုဘိသော ယောဂီသည် --

ငါးပါးသောဝါရ

(၁) သင်္ခေပ ဝါရ၊
(၂) အနုလောမခန္တိ ဝါရ၊
(၃) နာမရူပပဝတ္တိက္ကမ ဝါရ၊
(၄) နာမရူပသတ္တက ဝါရ၊
(၅) မဟာဝိပဿနာ ဝါရ -

ဟူသော ငါးပါးသောဝါရတို့ကို အစဉ်အတိုင်း မကိုင်းမဖောက် မကောက် မကွေး မလေးမဖင့် ပွင့်သစ်စသော ကြာ၊ တက်ခါစသော နေလုလင်၊ ပြည်ဝင်စသော မန္ဓတ်မင်းတို့ကဲ့သို့ မပျင်းမနွမ်း မပန်းမရိ စိတ်ထိကိုယ်ကျ လေးအင်သောဝီရိယ တို့ဖြင့် ဥဿာဟပြုကြရမည်။

ပြုဟန်ကား -

ကထံ အတီတာနာဂတပစ္စုပ္ပန္နာနံ ဓမ္မာနံ သံခိပိတွာ ဝဝတ္ထာနေ ပညာ သမ္မသနေ ဉာဏံ။ ယံကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ အနိစ္စတော ဝဝတ္ထပေတိ ဧကံ သမ္မသနံ၊ ဒုက္ခတော ဝဝတ္ထပေတိ ဧကံ သမ္မသနံ၊ အနတ္တခတာ ဝဝတ္ထပေတိ ဧကံ သမ္မသနံ၊ ယာကာစိ ဝေဒနာ။(ပ)။ ယာကာစိ သညာ။ပ။ ယေကေစိ သင်္ခါရာ။ပ။ ယံကိဉ္စိ ဝိညာဏံ။ပ။ အနတ္တတော ဝဝတ္ထပေတိ ဧကံ သမ္မသနံ၊ စက္ခု။ ။ပ။ ဇရာ မရဏံ အတီတာနာဂတပစ္စုပ္ပန္နံ အနိစ္စတော ဝဝတ္ထပေတိ ဧကံ သမ္မသနံ၊ ဒုက္ခတော ဝဝတ္ထပေတိ ဧကံ သမ္မသနံ၊ အနတ္တတော ဝဝတ္ထပေတိကံ သမ္မသနံ။

ပဋိသံ၊၅၁-၅၂။

ဤသို့ စသည်ဖြင့် ဓမ္မသေနာပတိ ကဝိအမွန် ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ မိန့်မှာ ကျူးရင့်တော်မူသည်နှင့်အညီ ရှေးဦးစွာ သင်္ခေပဝါရဖြင့် သမ္မသနဉာဏ်သို့ မသက်မီ ပုဗ္ဗကိစ္စ လေးပါးဖြင့် သိမ်းဆည်းပြီးသောအတိုင်း ယခုအခါ၌လည်း အကြောင်းငါးပါးတို့သည် ပြုပြင်ခဲ့ဖူး၍ ဖြစ်ဆဲဖြစ်သော ရုပ်တရား နာမ်တရားဟု ဆိုအပ်သော နိယကဇ္ဈတ္တအာရုံအတွင်းသို့ ရောက်သော သင်္ခါရတရားတို့ကိုသာလျှင် အနိစ္စ ဒုက္ခ အနတ္တဟူ၍ မိမိ၏ပစ္စက္ခဝိပဿနာဉာဏ်ဖြင့် ရှုကြရမည်။

ထင်စေဦးအံ့။

ထို ဝါကြီးငါးပါးတို့တွင် သင်္ခေပဝါရ၌လည်း -

သုံးပါး အပြား

(၁) လက္ခဏဝဝတ္ထာန ဝါရ၊
(၂) ဟေတု ဝါရ၊
(၃) ဟေတုပတိဋ္ဌာပန ဝါရ - ဟူ၍ သုံးပါး အပြားရှိ၏။

ထိုသုံးပါးတို့တွင် “ယံကိဉ္စ ရူပံ (ပ) အနိစ္စတော ဝဝတ္ထပေတိ” စသည်ဖြင့် -

(၁) လက္ခဏာကို မှတ်သော ဝါရသည် လက္ခဏဝဝတ္ထာနဝါရ မည်၏၊
(၂) အနိစ္စံ ခယဋ္ဌေန - စသည်ဖြင့် လက္ခဏာတို့၏ အကြောင်းကို ကြားသော ဝါရသည် ဟေတုဝါရ မည်၏၊
(၃) အနိစ္စ သင်္ခတံ စသည်ဖြင့် အကြောင်းတို့၏တည်ရာဖြစ်သော အကျိုးကို ကြားသော ဝါရသည် ဟေတုပတိဋ္ဌာပနဝါရ မည်၏။

ထိုသုံးပါးတို့တွင် လက္ခဏဝဝတ္ထာန ဝါရဖြင့်ပင် လောကုတ္တရာ တရားထူးကို ယူနိုင်ပုံကို အနတ္တလက္ခဏသုတ် စသည်တို့၌ ရှင်တော်ဘုရား ဟောတော် မူခြင်းကြောင့် ၎င်းလက္ခဏဝငတ္တာနဝါရကိုသာ ပဓာနပြု၍ ပြပေအံ့။

၎င်းပဋိသမ္ဘိဒါမဂ်၏ အနက်ကား -

အတီတာနာဂတပစ္စုပ္ပန္နာနံ၊ အတိတ် အနာဂတ် ပစ္စုပ္ပန်၌ ဖြစ်ကုန်သော။
ဓမ္မာနံ၊ တေဘူမကတရားတို့ကို။
(ဝါ) ရုပ် ဝေဒနာ စသော တရားတို့ကို။
သံခိပိတွာ၊ တစ်ခုအားဖြင့် ရုံးချဉ်းပေါင်းစု၍။
ဝဝတ္ထာနေ၊ အနိစ္စ စသည်အားဖြင့် ဆုံးဖြတ်မှတ်ခြင်းကို။
သာဓေတဗ္ဗေ၊ ပြီးစေအပ်သည် ရှိသော်။ (ထည့်)
ပညာ၊ ထိုသို့သော ဆုံးဖြတ်ခြင်းကို ပြီးစေတတ်သော ပညာကို။
သမ္မသနေ၊ အနိစ္စ စသည်တို့၏ အစွမ်းဖြင့် စုံစမ်းခြင်း၌။
(ဝါ) စုံစမ်းခြင်းကို။
နိပ္ဖါဒေတဗ္ဗေ၊ ပြီးစေအပ်သည်ရှိသော်။ (ထည့်)
ဉာဏံ၊ သမ္မသနဉာဏ် ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
သာ ပညာ၊ ထိုပညာသည်။
ကထံ၊ အဘယ်နည်း။
ယံကိဉ္စိ၊ အကြင် အမှတ်မရှိ အလုံးစုံသော။
ရူပံ၊ ရုပ်သည်။
အတ္ထိ၊ ရှိ၏။
အတီတာနာဂတပစ္စုပ္ပန္နံ၊ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော ရုပ်သည် လည်းကောင်း။
အဇ္ဈတ္တံဝါ၊ အဇ္ဇတ္တ သန္တာန်၌ဖြစ်သော ရုပ်သည် လည်းကောင်း။
ဗဟိဒ္ဓါဝါ၊ ဗဟိဒ္ဓသန္တာန်၌ ဖြစ်သော ရုပ်သည်လည်းကောင်း။
ဩဠာရိကံဝါ၊ ရုန့်ရင်းသော ရုပ်သည် လည်းကောင်း။
သုခုမံ ဝါ၊ နူးညံ့သော ရုပ်သည်လည်းကောင်။
ဟီနံဝါ၊ ယုတ်ညံ့သော ရုပ်သည်လည်းကောင်း။
ပဏီတံဝါ၊ မွန်မြတ်သော ရုပ်သည်လည်းကောင်း။
အတ္ထိ၊ ရှိ၏။
ယံ၊ အကြင်ရုပ်သည်။
ဒူရေ၊ ဝေးသောအရပ်၌။
အတ္ထိ၊ ရှိ၏။
ယံဝါ၊ အကြင်ရုပ်သည်မူလည်း။
သန္တိကေ၊ နီးသောအရပ်၌။
အတ္ထိ၊ ရှိ၏။
သဗ္ဗံ၊ အလုံးစုံသော။
တံ ရူပံ၊ ထိုရုပ်ကို။
အနိစ္စတော၊ မမြဲသော အခြင်းအရာအားဖြင့်။
ဝဝတ္ထပေတိ၊ ဆုံးဖြတ် ပိုင်းခြား မှတ်သား၏။
တံ၊ ထို တိက် တစ်ပါး, ဒုက် လေးပါး, အပေါင်း တင်ဆယ့်တစ်ပါးတို့ဖြင့် ပိုင်းခြား၍ အနိစ္စဟု သုံးသပ်အပ်သောဉာဏ်သည်။
ဧကံသမ္မသနံ၊ တစ်ခုသော သမ္မသနဉာဏ် မည်၏၊

ဒုက္ခတော၊ ဖြစ်ခြင်း ပျက်ခြင်းဟူသော ဘေးအားဖြင့်။
ဝဝတ္ထပေတိ၊ ဆုံးဖြတ် ပိုင်းခြား မှတ်သား၏။
ဝါ၊ ထို တိက် တစ်ပါး, ဒုတ် လေးပါး အပေါင်း တစ်ဆယ့်တစ်ပါးတို့ဖြင့် ပိုင်းခြား၍ ဒုက္ခဟု သုံးသပ်အပ်သော ဉာဏ်သည်။
ဧကံ သမ္မသနံ၊ တစ်ခုသော သမ္မသနဉာဏ်မည်၏။

အနတ္တတော၊ ကိုယ်မဟုတ်သောအားဖြင့်။
(ဝါ) အစိုးမရ မိမိအလိုသို့ မလိုက် နိစ္စ စသော အနှစ်မရှိသောအားဖြင့်။
ဝဝတ္ထပေတိ၊ ဆုံးဖြတ်ပိုင်းခြား မှတ်သား၏။
တံ၊ ထို တိက်တစ်ပါး ဒုက် လေးပါး အပေါင်း တစ်ဆယ့် တစ်ပါးတို့ဖြင့် ပိုင်းခြား၍ အနတ္တဟုသုံးသပ်အပ်သော ဉာဏ်သည်။
ဧကံ သမ္မသနံ၊ တစ်ခုသော သမ္မသနဉာဏ်မည်၏။
(ရူပက္ခန္ဓာ)။

ယာကာစိ၊ အကြင်အမှတ်မရှိ အလုံးစုံသော။
ဝေဒနာ၊ ဝေဒနာသည်။
(ခံစားတတ်သော လက္ခဏာသည် လည်းဟူ။)

(ဤသို့ စသည်ဖြင့် ထည့်သွင်း၍ သညာ သင်္ခါရ ဝိညာဉ်တို့ကိုလည်း သိလေ။)

ထည့်သွင်းဟန်ကား -

ယာကာစိ ဝေဒနာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါဝါ ဩဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ ဝေဒနာ အနိစ္စတော ဝဝတ္ထပေတိ ဧကံ သမ္မသနံ၊ ဒုက္ခတော ဝဝတ္ထပေတိ ဧကံ သမ္မသနံ၊ အနတ္တတော ဝဝတ္ထပေတိ ဧကံ သမ္မသနံ။ (ဝေဒနာက္ခန္ဓာ။)

ယာကာစိ သညာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါဝါ ဩဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ သညာ အနိစ္စတော ဝဝတ္ထပေတိ ဧကံ သမ္မသနံ၊ ဒုက္ခတော ဝဝတ္ထပေတိ ဧကံ သမ္မသနံ၊ အနတ္တတော ဝဝတ္ထပေတိ ဧကံ သမ္မသနံ။ (သညာက္ခန္ဓာ။)

ယေကေစိ သင်္ခါရာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါဝါ ဩဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယေ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗေ သင်္ခါရာ အနိစ္စတော ဝဝတ္ထပေတိ ဧကံ သမ္မသနံ၊ ဒုက္ခတော ဝဝတ္ထပေတိ ဧကံ သမ္မသနံ၊ အနတ္တတော ဝဝတ္ထပေတိ ဧကံ သမ္မသနံ။ (သင်္ခါရက္ခန္ဓာ။)

ယံကိဉ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္ဒံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓ ဝါ ဩဠာရိကံ သုခုမံဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ သဗ္ဗံ ဝိညာဏံ အနိစ္စတော ဝဝတ္ထပေတိ ဧကံ သမ္မသနံ၊ ဒုက္ခတော ဝဝတ္ထပေတိ, ဧကံ သမ္မသနံ၊ အနတ္တတော ဝဝတ္ထပေတိ ဧကံ သမ္မသနံ။ (ဝိညာဏက္ခန္ဓာ။)

စက္ခု အတီတာနာဂတပစ္စုပ္ပန္နာ အနိစ္စတော ဝဝတ္ထပေတိ ဧကံ သမ္မသနံ၊ ဒုက္ခတော ဝငတ္ထပေတိ ဧကံ သမ္မသနံ၊ အနတ္တတော ဝဝတ္ထပေတိ ဧကံ သမ္မသနံ။

ဤသို့ချည်းနှင်နှင် အနိစ္စ ဒုက္ခ အနတ္တ ထိုက်ကုန်သော အဘိညေယျ တရားဟု ဆိုအပ်သော စက္ခုအစ ဇရာ မရဏ အဆုံးရှိသော တရားတို့ကို ပါဠိဝဝတ္ထာန် ပြုကြ၍ သိလေကုန်။

အနိစ္စ ဒုက္ခ အနတ္တ ထိုက်ကုန်သော အဘိညေယျတရားတို့ ဟူသည်ကား -

(၁) ခန္ဓာငါးပါး၊
(၂) ဒွါရ ခြောက်ပါး၊
(၃) အာရုံ ခြောက်ပါး
(၄) ဝိညာဉ် ခြောက်ပါး၊
(၅) ဖဿ ခြောက်ပါး၊
(၆) ဝေဒနာ ခြောက်ပါး၊
(၇) သညာ ခြောက်ပါး၊
(၈) စေတနာ ခြောက်ပါး၊
(၉) တဏှာ ခြောက်ပါး၊
(၁၀) ဝိတက် ခြောက်ပါး၊
(၁၁) ဝိစာရ ခြောက်ပါး၊
(၁၂) ဓာတ် ခြောက်ပါး
(၁၃) ကသိုဏ်း ဆယ်ပါး
(၁၄) ကောဋ္ဌာသ သုံးဆယ့်နှစ်ပါး၊
(၁၅) အာယတန တစ်ဆယ့်နှစ်ပါး
(၁၆) ဓာတ် တစ်ဆယ့်ရှစ်ပါး၊
(၁၇) လောကီဣန္ဒြေ တစ်ဆယ့် ရှစ်ပါး၊
(၁၈) ကာမစသော ဓာတ်သုံးပါး၊
(၁၉) ဘဝ ကိုးပါး၊
(၂၀) ဈာန် လေးပါး၊
(၂၁) အပ္ပမညာ လေးပါး၊
(၂၂) သမာပတ် လေးပါး၊
(၂၃) ပဋိစ္စသမုပ္ပါဒ် တစ်ဆယ့်နှစ်ပါး

ရူပဈာန် ရူပသမာပတ်နှင့် ယှက်၍ယူသော် (၂၅) ပါးသော ဝါရကို ရ၏၊

ပဘေဒအားဖြင့် (၁၉၈) ပါးသော အနိစ္စ ဒုက္ခ အနတ္တ ထိုက်ကုန်သော အဘိညေယျ တရားတို့ကို သိအပ်ကုန်၏။

ထို့ကြောင့် -

ဧဝ မေတေ သမ္မသနီယဘာဝေန ဂဟိတာ ခန္ဓာဒိဝသေန ကောဋ္ဌာသတော ပဉ္စဝီသတိဝိဓာ ပဘေဒတော ပန အတီတာဒီ ဘေဒံ အနာမသိတွာဝ ဂယှမာနာ ဒွီဟိ ဦနာနိ ဒွေသတာနိ ဟောန္တိ -

ဟု မဟာဋီကာရှင် မိန့်တော်မူပေ၏။

ဝိသုဒ္ဓိ၊ဋီ၊၂၊၃၈၉-၃၉၀။

ထံ ဣမိနာ ဝုတ္တနယေန၊ ဤသို့ဆိုအပ်ပြီးသော နည်းဖြင့်။
ဧတေ၊ ထိုခန္ဓာငါးပါး အစရှိကုန်သော တစ်ရာ့ကိုးဆယ့်ရှစ်ပါးသော သဘောတရား တို့ကို။
(ဝါ) တစ်ဆယ့်တစ်ပါးသော အာကာရတို့ဖြင့် ဖွဲ့အပ်သော ရုပ်နာမ်တို့ကို။
သမ္မသနီယဘာဝေန၊ အနိစ္စ အစရှိသော လက္ခဏာတို့ကို သုံးသပ်အပ်သည်၏ အဖြစ်ဖြင့်။
ဂဟိတာ၊ ယူအပ်ကုန်သည် ရှိသော်။
ခန္ဓာဒိဝသေန၊ ခန္ဓာအစရှိသည် အစွမ်းရှိသော။
ကောဋ္ဌာသတော၊ အစုအားဖြင့်။
ပဉ္စဝီသတိ ဝိဓာ၊ ၂၅-ပါး အပြား ရှိကုန်သည်။
(ဟောန္တိ ၌စပ်။)၊
ပဘေဒတောပန၊ အပြားအားဖြင့်ကား။
အတီတာဒိဘေဒံ၊ အတိတ် အစရှိသော အပြားကို။
အနာမသိတွာဝ၊ မသုံးသပ်မူ၍ သာလျှင်။
ဂယှမာနာ၊ ယူအပ်ကုန်သည်ရှိသော်။
ဒွီဟိ ဦနာနိ၊ နှစ်ခုတို့ဖြင့် ယုတ်ကုန်သော။
ဒွေသတာနိ၊ နှစ်ရ တို့သည်။
(ဝါ) တစ်ရာ့ကိုးဆယ့်ရှစ်ပါးတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

ထို လက္ခဏဝ ဝတ္ထာနဝါရ၌ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက, သုခုမ ဟီန ပဏီတ သန္တိက ဒူရ ဟူသော တိက် တစ်ပါး ဒုက် လေးပါး အပေါင်း တစ်ဆယ့်တစ်ပါးတို့၏ သဘာဝကား မိမိ၏ ပဋိသန္ဓေစိတ်၏ ရှေးအနန္တရဘဝတို့၌ ဖြစ်စေ၊ ဘဝကုဋေတစ်သိန်း ထက်တို့၌ ဖြစ်စေ ရှေးရှေး ဖြစ်သော ရုပ်သည် အတိတ်ဖြစ်သော ရုပ်မည်၏။

စုတိစိတ်၏ နောက်အဖို့ ကာလတို့၌ဖြစ်စေ၊ ဘဝကုဋေ တစ်သိန်းထက်၌ ဖြစ်စေ နောက်နောက်ဖြစ်သော ရုပ်သည် အနာဂတ် ဖြစ်သော ရုပ်မည်၏။

စုတိ ပဋိသန္ဓေ နှစ်ပါးတို့၏အကြား၌ ဖြစ်စေအပ်သော ရုပ်တို့သည် ပစ္စုပ္ပန်ဖြစ်သော ရုပ်မည်ကုန်၏။

(ဤကား သုတ္တန်နည်းတည်း။)

တစ်ခုခုသော ဝီထိ၏ အာရုံအတွင်း၌ ဥပါဒ် ဌီ ဘင် ဟူ၍ သုံးပါး အပြားရှိ၏။ ထိုရုပ်၏ ဥပါဒ် ဌီ ဘင် သုံးပါးတို့နှင့်ပြည့်စုံသော တစ်ဝီထိ တစ်အာရုံ အတွင်းသို့ မရောက်သေး၊ ရှေးရှေးဖြစ်သော ရုပ်ဖြစ်စေ၊ ဘဝကုဋေ တစ်သိန်းထက်တို့၌ ဖြစ်စေ ရှေးရှေးသော ရုပ်သည် အတိတ်ဖြစ်သောရုပ် မည်၏။

၎င်းရောက်ဆဲဖြစ်သော တစ်ဝီထိ တစ်အာရုံ အတွင်းသို့ မရောက်သေး၊ နောက်နောက်ဖြစ်သော ရုပ်ဖြစ်စေ၊ ဘဝ ကုဋေ တစ်သိန်း လာလတ္တံ့ တို့၌ ဖြစ်စေ၊ နောက်နောက်သော ရုပ်သည် အနာဂတ်ဖြစ်သော ရုပ်မည်၏၊

၎င်းရောက်ဆဲဖြစ်သော တစ်ဝီထိ တစ်အာရုံအတွင်း ရုပ်၌ ဥပါဒ် ဌီ ဘင် အတွင်း၌ ဖြစ်သောရုပ်သည် ပစ္စုပ္ပန်ဖြစ်သော ရုပ်မည်၏။

တစ်နည်းကား။

ထိုအတိတ် အနာဂတ် ပစ္စုပ္ပန်သည် အဒ္ဓါအတိတ် သန္တတိအတိတ် သမယအတိတ် ခဏအတိတ်ဟူ၍ အတိတ်၌ လေးပါး။ ၎င်းအမည်အတိုင်းပင် အနာဂတ်၌ လေးပါး။ ပစ္စုပ္ပန်၌ လေးပါး အပြားရှိ၏။

ထိုလေးပါး လေးပါးတွင် တစ်ယောက်သောသူ၏ တစ်ခုတစ်ခုသော ဘဝ၌ ပဋိသန္ဓေစိတ်၏ ရှေးရှေး တစ်ဘဝ တစ်ဘဝ၏ အဓွန့်ကာလရုပ်သည် အဒ္ဓါအတိတ် ရုပ်မည်၏။

စုတိစိတ်၏ နောက်နောက် တစ်ဘဝ တစ်ဘဝ၏ အဓွန့်ကာလရုပ်သည် အဒ္ဒါအနာဂတ်ရုပ် မည်၏။

စုတိ ပဋိသန္ဓေ နှစ်ခုတို့၏ အကြား တစ်ဘဝ၏ အဓွန့်ကာလရုပ်သည် အဒ္ဓါပစ္စုပ္ပန် ရုပ်မည်၏။

(အဒ္ဓါဖို့။)

သဘောတူသော တစ်ခုတစ်ခုသော ဥတုကြောင့်ဖြစ်သော ရုပ်သည် လည်းကောင်း၊ တစ်ခုတစ်ခုသော အာဟာရကြောင့်ဖြစ်သော ရုပ်သည် လည်းကောင်း၊ ၎င်း တစ်ဥတု အာဟာရတစ်ခုအတွက် ရုပ်တို့၏ အစဉ်တစ်ခု ဖြစ်ခြင်းသည် သန္တတိပစ္စုပ္ပန် မည်၏။

၎င်းသဘောတူသော ဥတု၊ တစ်ခုသော အာဟာရတို့၏ ရှေ့၌ သဘောမတူသော ဥတု၊ တစ်ခုသော အာဟာရတို့၏အတွက် ဖြစ်ကြသောရုပ်တို့၏ အစဉ်တစ်ခု ဖြစ်ခြင်းသည် သန္တတိ အတိတ်မည်၏။

၎င်းနည်း နောက်၌ နောက်၌ဖြစ်ခြင်း ရုပ်အစဉ်တစ်ခုသည် သန္တတိအနာဂတ် မည်၏၊

စိတ္တဇ၌ကား တစ်ခုသော ဝီထိ တစ်ခု အတွင်း၌ဖြစ်သော ရုပ်အစဉ်သည် သန္တတိ ပစ္စုပ္ပန်မည်၏။

၎င်းဝီထိတစ်ခု၏ ရှေ့တစ်ဝီထိအတွင်း၌ဖြစ်သော ရုပ်အစဉ်သည် သန္တတိ အတိတ်မည်၏။

၎င်းနည်းတူ နောက်တစ်ဝီထိအတွင်း၌ ဖြစ်သော ရုပ်အစဉ်သည် သန္တတိအနာဂတ် မည်၏။

တစ်ဝီထိ တစ်ဇော ဆိုသော်လည်း တစ်ဝါရ, တစ်အာရုံကို ယူရမည်ဟု အနုဋီကာ ဆိုတော်မူ၏။ ကံနှင့်ဖြစ်သော ရုပ်တို့၏ သန္တတိကိုကား အသီး မဖွဲ့ကောင်း၊ စိတ် ဥတု အာဟာရကို အစဉ်၌ ထောက်ပံ့စောင့်ရှောက်ရုံမျှသာရှိ၏။

(သန္တတိဖို့။)

တစ်ခုသော ခဏ၊ တစ်နံနက်၊ တစ်နေ့ တစ်ညဉ့် စသည်ဖြင့် တစ်ခုတစ်ခု သောအခါအတွင်း၌ ဖြစ်သောရုပ်သည် သမယ ပစ္စုပ္ပန်မည်၏။

၎င်းတစ်ခု တစ်ခုသော အခါမှ ရှေး၌ဖြစ်သောရုပ်သည် သမယအတိတ် မည်၏။

၎င်းနည်းတူ နောက်နောက်အခါ၌ ဖြစ်သောရုပ်သည် သမယအနာဂတ် မည်၏၊ သမယဟူရာ၌လည်း မျက်စိတစ်မှိတ်ကစ၍ ယူလေ။

(သမယဖို့။)

ဥပါဒ် ဌီ ဘင် သုံးခုတို့၏ အပေါင်း၌ အကျုံးဝင်သော ရုပ်သည် ခဏ ပစ္စုပ္ပန်မည်၏။ ၎င်းဥပါဒ်၏ ရှေး၌ဖြစ်သော ရုပ်သည် ခဏအတိတ် မည်၏။ ဘင်၏နောက်၌ဖြစ်သော ရုပ်သည် ခဏအနာဂတ် မည်၏။

တစ်နည်းကား။

လွန်လေပြီးသော ဟေတုကိစ္စ ပစ္စယကိစ္စ ရှိပြီးသော ရုပ်သည် ခဏအတိတ် မည်၏။ ပြီးပြီးသော ဟေတုကိစ္စ မပြီးသေးသော ပစ္စယကိစ္စရှိသော ရုပ်သည် ပစ္စုပ္ပန်မည်၏။ မပြီးသေးသော ဟေတုကိစ္စ ပစ္စယကိစ္စရှိသော ရုပ်သည်၊(ဝါ) မရောက်သေးသော ကိစ္စရှိသော ရုပ်သည် ခဏအနာဂါတ်မည်၏။

တစ်နည်းအား-

မိမိ၏ ကိစ္စခဏ၌၊ (ဝါ) ကိစ္စနှင့် တကွသော ခဏ၌ ဖြစ်ဆဲ ဖြစ်သော ရုပ်သည် ခဏပစ္စုပ္ပန် မည်၏။ ၎င်းကိစ္စနှင့်တကွဖြစ်ဆဲ ဖြစ်သော ရုပ်၏ ရှေ့အဖို့၌ ဖြစ်ပြီးသော ရုပ်သည် ခဏအတိတ်မည်၏။ ၎င်းရုပ်၏နောက်အဖို့၌ ဖြစ်လတ္တံ့ ဖြစ်သောရုပ်သည် ခဏအနာဂတ်မည်၏။

ဤ အဒ္ဓါ သန္တတိ သမယ ခဏ လေးပါးတို့တွင် ယခုပြခဲ့ပြီးသော ခဏအတိတ် ခဏပစ္စုပ္ပန် ခဏအနာဂတ် သည်သာလျှင် မုချစကားမျိုးဖြစ်၍ ဤကမ္မဋ္ဌာန်းကို စီးဖြန်းသော အရာ၌ မုချအလို ရှိအပ်ပေ၏၊ အဒ္ဓါ စသော အတိတ် အနာဂတ် ပစ္စုပ္ပန် သုံးပါးတို့ကို ဥပစာစကားမျိုးဖြစ်၍ ဥပစာဖြင့်သာ အလိုရှိအပ်ပေ၏။

ဧတ္ထ စ ခဏာဒိကထာဝ နိပ္ပရိယာယာ၊ သေသာ သပရိယာယာ၊ တာသု နိပ္ပရိယာယကထာ ဣဓ အဓိပ္ပေတာ။

အဘိ၊ဋ္ဌ၊၂၊

ဧတ္ထ ဧတေသုစ၊ ထိုလေးပါးသော စကားတို့တွင်လည်း။
ခဏာဒိကထာဝ၊ ခဏအစရှိသော စကားသည်သာလျှင်။
(ဝါ) ခဏဖြစ်သော စကားသည်သာလျှင်။
နိပ္ပရိယာယာ၊ မုချဖြစ်သော စကားပေတည်း။
သေသာ၊ ကြွင်းသောစကားသည်။
သပရိယာယာ၊ ဥပစာဖြစ်သော စကားပေတည်း။
တာသု၊ ထိုနှစ်ပါးသော စကားတို့တွင်။
နိပ္ပရိယာယကထာ၊ မုချဖြစ်သော စကားကိုသာလျှင်။
ဣဓ၊ ဤပဓာနအရာ၌။
အဓိပ္ပေတာ၊ အလိုရှိအပ်၏။

(ဝိသုဒ္ဓိ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာကြီးတို့လည်း နည်းတူ။) (ခဏဖို့။)

(တိက်၏သဘော၊ အဘိဓမ္မာနည်း။)

အဇ္ဈတ္တ ဗဟိဒ္ဓဖြစ်သော ဒုက်၌ အဇ္ဈတ္တသည် ဂေါစရဇ္ဈတ္တ နိယကဇ္ဈတ္တ အဇ္ဈတ္တဇ္ဈတ္တ ဝိသယဇ္ဈတ္တ ဟူ၍ လေးပါးအပြားရှိ၏။

ထိုလေးပါးတို့တွင် -

(၁) အကြင်ယောဂီသည် ရှေး၌ လေ့လာဖူးသော ထိုပထမဈာန် အစရှိသော သမာဓိ၏ အာရုံဖြစ်သော ကသိုဏ်းစသော ပဋိဘာဂ၏ အာရုံ၌သာလျှင် မိမိ၏ စိတ်ကို ကောင်းစွာထားနိုင်၏။ ထိုသို့ ထားနိုင်ခြင်း အစရှိသည်သည် ဂေါစရဇ္ဈတ္တ မည်၏။

တစ်နည်း။

သမာဓိ၏ အာရုံဖြစ်သော ကမ္မဋ္ဌာန်း၌ ကာမာဝစရကုသိုလ် ကာမာဝစရကြိယာစိတ် တို့ဖြင့်ထိုက်သည် အားလျော်စွာ မွေ့လျော်သော ကောင်းစွာ တည်ကြည်သော စိတ်သည် ဂေါစရဇ္ဈတ္တ မည်၏။

(၂) မိမိသန္တာန်၌ အကျုံးဝင်သော၊ (ဝါ) မိမိကိုစွဲ၍ ဖြစ်သော စိတ်ကို ကြည်စေတတ်သော မိမိသန္တာန်၌ အကျုံးဝင်သော၊ (ဝါ) မိမိကို စွဲ၍ဖြစ်သော သင်္ခါရ တရားတို့၌မူလည်း ဤတရားတို့ကား သင်္ခါရတို့သာတည်း၊ သတ္တမဟုတ် ဇီဝမဟုတ် ဟု ရှုလေ့ ရှိသည်ဖြစ်၍ နေသော စိတ်သည် နိယကဇ္ဈတ္တ မည်၏။

(၃) ခြောက်ပါးကုန်သော အပေါင်းဖြစ်သော နိယကဇ္ဈတ္တ၌ ဖြစ်ကုန်သော။ (ဝါ) အပေါင်းဖြစ်သော နိယကဇ္ဈတ္တ၌ အစိတ်အဖြစ်ဖြင့် တည်ကုန်သော အာယတန တို့သည် အဇ္ဈတ္တဇ္ဈတ္တ မည်၏။

(၄) အကြင်အရိယာ သူမြတ်တို့သည် အလုံးစုံသော ရူပါရုံစသော သင်္ခတနိမိတ် တို့ကို နှလုံးမမူခြင်းကြောင့် လည်းကောင်း၊ နိဗ္ဗာန်ဟူသော အသင်္ခတနိမိတ် ကိုသာလျှင် နှလုံးမူခြင်းကြောင့် လည်းကောင်း အစိုးရသော အရာဖြစ်၍ဖြစ်သော အကြင် သုညတဖလသမာပတ်ကို ပြည့်စုံစေ၍ နေနိုင်သော အရိယာသူမြတ်သည် ဝိသယဇ္ဈတ္တ မည်၏။

တေနာနန္ဒ ဘိက္ခုနာ တသ္မိံ ယေဝ ပုရိမသ္မိံ သမာဓိ နိမိတ္တေ အဇ္ဈတ္တမေဝ စိတ္တံ သဏ္ဌပေတဗ္ဗံ။ အဇ္ဈတ္တရတော သမာဟိတောတိ အာဒီသု ဟိ ဂေါစရဇ္ဈတ္တေ ဒိဿတိ။ အဇ္ဈတ္တံ သမ္ပသာဒနံ အဇ္ဈတ္တံ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတီတိ အဒီသု နိယကဇ္ဈတ္တေ။ ဆ အဇ္ဈတ္တိကာနိ အာယတနာနီတိ အာဒီသု အဇ္ဈတ္တဇ္ဈတ္တေ။ အယံ ခေါပနာနန္ဒ ဝိဟာရော တထာဂတေန အဘိသမ္ဗုဒ္ဓေါ ယဒိဒံ သဗ္ဗနိမိတ္တာနံ အမနသိကာရာ အဇ္ဈတ္တံ သုညတံ ဥပသမ္ပဇ္ဇ ဝိဟရတီတိ အာဒီသု ဝိသယဇ္ဈတ္တေ။

အဘိ၊ဋ္ဌ၊၁၊၈၈

ဟိ၊ ထိုစကားကို ထင်စွာဆိုဦးအံ။
အာနန္ဒ၊ အာနန္ဒာ။
တေန ဘိက္ခုနာ၊ ထိုရဟန်းသည်။
ပုရိမသ္မိံ ၊ ရှေး၌ပြုဖူး ။
တသ္မိံ ယေဝ သမာဓိနိမိတ္တေ၊ ထိုပဌမဈာန် အစရှိသော သမာဓိ၏ အာရုံဖြစ်သော ကသိုဏ်း စသော ပဋိဘာဂအာရုံ၌ သာလျှင်။
စိတ္တံ၊ မိမိစိတ်ကို။
သဏ္ဌပေတဗ္ဗံ၊ ကောင်းစွာထားအပ်၏။
အဇ္ဈတ္တမေဝ၊ ပဌမဈာန်စသော သမာဓိပဋိဘာဂ၏ အာရုံ၌ သာလျှင်။
စိတ္တံ၊ မိမိစိတ်ကို။
သဏ္ဌပေတဗ္ဗံ၊ ကောင်းစွာ ထားအပ်၏။
အဇ္ဈတ္တရတော၊ သမာဓိ၏ အာရုံဖြစ်သောကမ္မဋ္ဌာန်း၌ ကာမာဝစရကုသိုလ် ကြိယာ စိတ်တို့ဖြင့် ထိုက်သည် အားလျော်စွာ မွေ့လျော်သော။
သမာဟိတော၊ ကောင်းစွာ တည်ကြည်သောသူသည်။
ဣတိ အာဒီသု၊ ဤသို့ အစရှိသည်တို့၌။
အယံ အဇ္ဈတ္တသဒ္ဒေါ၊ ဤအဇ္ဈတ္တ သဒ္ဒါသည်။
ဂေါစရဇ္ဈတ္တေ၊ ဂေါစရဇ္ဈတ္တ၌။
ဒိဿတိ၊ ထင်၏။ (၁)

အဇ္ဈတ္တံ၊ မိမိသန္တာန်၌ အကျုံးဝင်သော။
(ဝါ) မိမိကို စွဲ၍ဖြစ်သော စိတ်ကို။
သမ္ပသာဒနံ၊ ကြည်စေတတ်သော။
အဇ္ဈတ္တံ၊ မိမိသန္တာန်၌ အကျုံးဝင်ကုန်သော။
(ဝါ) မိမိကိုစွဲ၍ဖြစ်ကုန်သော။
ဓမ္မေသုဝါ၊ သင်္ခါရတရားတို့၌ မူလည်း။
ဓမ္မာနုပဿီ၊ ဤတရားတို့ကား သင်္ခါရတို့သာတည်း သတ္တမဟုတ် ဇီဝမဟုတ်ဟု ရှုလေ့ရှိသည်ဖြစ်၍။
ဝိဟရတိ၊ နေ၏။
ဣတိအာဒီသု၊ ဤသို့ အစရှိသည်တို့၌။
နိယကဇ္ဈတ္တေ၊ နိယကဇ္ဈတ္တ၌။
ဒိဿတိ၊ ထင်၏။(၂)

၊ ခြောက်ပါးကုန်သော။
အဇ္ဈတ္တိကာနိ၊ အပေါင်း ဖြစ်သော နိယကဇ္ဈတ္တ၌ ဖြစ်ကုန်သော။
(ဝါ) အပေါင်းဖြစ်သော နိယကဇ္ဈတ္တ၌ အစိတ် အဖြစ်ဖြင့်တည်ကုန်သော။
အာယတနာနိ၊ အာယတနတို့သည်။
ဣတိ အာဒီသု၊ ဤသို့အစရှိသည်တို့၌။
အဇ္ဈတ္တဇ္ဈတ္တေ၊ အဇ္ဈတ္တဇ္ဈတ္တ၌။
ဒိဿတိ၊ ထင်၏။ (၃)

အာနန္ဒ၊ အာနန္ဒာ။
သဗ္ဗနိမိတ္တာနံ၊ အလုံးစုံ ရူပါရုံစသော သင်္ခတ နိမိတ်တို့ကို။
အမနသိကာရာ၊ နှလုံးမမူခြင်းကြောင့် လည်းကောင်း။
အသင်္ခတ နိမိတ္တဿေဝ၊ နိဗ္ဗာန်ဟူသော အသင်္ခတ နိမိတ်ကိုသာလျှင်။
မနသိကာရာ၊ နှလုံးမူခြင်းကြောင့် လည်းကောင်း။
အဇ္ဈတ္တံ၊ အစိုးရသော အရာဖြစ်၍ဖြစ်သော။
ယဒိဒံ ယံ ဣဒီ သုညတံ၊ အကြင်သုညတဖလ သမာပတ်ကို။
ဥပသမ္မဇ္ဇ၊ ပြည့်စုံစေ၍။
ဝိဟရတိ၊ နေ၏။
အယံ ဝိဟာရော၊ ဤသို့ သုညဖလ သမာပတ်ဟူသော နေခြင်းကို။
တထာဂတေန၊ မြတ်စွာဘုရားသည်။
ဗောဓိပလ္လင်္ကေယေဝ၊ ဗောဓိပလ္လင်၌သာလျှင်။ (ထည့်)
အဘိသမ္ဗုဒ္ဓေါ၊ ထိုးထွင်း၍သိအပ်ပြီ။
ဣတိ အာဒီသု၊ ဤသို့ အစရှိသည်တို့၌။
ဝိသယဇ္ဈတ္တေ၊ ဝိသယဇ္ဈတ္တ၌။
ဒိဿတိ၊ ထင်၏။ (၄)

ထိုအဇ္ဈတ္တလေးပါးတို့တွင် ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ် တို့၏ နယ်ဥပစာ ဈာန်၊ စိတ္တဝိသုဒ္ဓိတို့၏ အတွင်း၌ ဂေါစရဇ္ဈတ္တသည် နိယကဇ္ဈတ္တ၊ အဇ္ဈတ္တဇ္ဈတ္တတို့ထက် ထက်၏။

ပုဗ္ဗကိစ္စကို သိမ်းသည်မှစ၍ ဝိပဿနာဉာဏ် ဆယ်တန်တို့အတွင်း၌ နိယကဇ္ဈတ္တသည် ဂေါစရဇ္ဈတ္တ အဇ္ဈတ္တဇ္ဈတ္တတို့ထက် ထက်၏၊

အရိယာဘုံသို့ တက်ပြီးသော်လည်း ဝိပဿနာတို့ကိစ္စကို အထက်မဂ်အလို့ငှာ အားထုတ်သော ယောဂီအားလည်း ၎င်း နိယကဇ္ဈတ္တသည်ပင် အမွန်ရှိ၏၊

ဒိဋ္ဌဓမ္မသုခဝိဟာရ အကျိုးငှာ အကြင်အခါ၌ သုညတဖလသုခ သမာပတ်ကို ဝင်စား၏၊ ထိုအခါ ဝိသယဇ္ဈတ္တသည် အောက်အဇ္ဈတ္တ သုံးပါးကို လွှမ်းမိုး၍ ဖြစ်လေ၏။ ဤ အဇ္ဈတ္တလေးပါးတို့တွင် ဤ လက္ခဏဝဝတ္ထာန အစရှိသော ဝိပဿနာဉာဏ်၏ အရာ၌လည်း နိယကဇ္ဈတ္တ ကိုသာလျှင် အလိုရှိအပ်၏။

ဣဓ ပန နိယကဇ္ဈတ္တေ အဓိပ္ပေတော။

အဘိ၊ဋ္ဌ၊၁၊၈၈

ပန၊ အတ္ထုဒ္ဓါရမှတပါး အတ္ထုဒ္ဒေလကို ဆိုဦးအံ့။
ဣဓ၊ ဤအဇ္ဈတ္တ တိက်၌။
(ဝါ) အဇ္ဈတ္တံဝါ ဟူသောပုဒ်၌။
နိယကဇ္ဈတ္တေ၊ နိယကဇ္ဈတ္တကို။
အဓိပ္ပေတော၊ အလိုရှိအပ်၏။

မိမိသည် စီးဖြန်းအားထုတ်သော နိယကဇ္ဈတ္တ အာရုံဖြစ်သော ရုပ်တရားဖြစ်စေ၊ နာမ်တရားဖြစ်စေ ထိုကမ္မဋ္ဌာန်း၏ အာရုံမှတစ်ပါး ရုပ်ဣန္ဒြေ နာမ်ဣန္ဒြေ တို့သည် ဖွဲ့သည်လည်း ဖြစ်ကုန်သော၊ မဖွဲ့သည်လည်း ဖြစ်ကုန်သော သင်္ခါရတရားတို့သည် ဗဟိဒ္ဓမည်သော တရားတို့ မည်ကုန်၏။

တတော ဗာဟိရဘူတာ ပန ဣန္ဒြိယဗဒ္ဓါ ဝါ အနိန္ဒြိယဗဒ္ဓါ ဝါ ဗဟိဒ္ဓါ နာမ။

အဘိ၊ဋ္ဌ၊၁၊၈၈

ပန၊ ထိုမှတစ်ပါး။
တတော၊ ထိုမိမိသန္တာန်မှ။
(ခ) နိယကဇ္ဈတ္တမှ။
ဗာဟိရဘူတာ၊ အပဖြစ်၍ ဖြစ်ကုန်သော။
ဣန္ဒြိယဗဒ္ဓါ ဝါ၊ ဣန္ဒြေ ဖွဲ့သည်လည်း ဖြစ်ကုန်သော။
အနိန္ဒြိယဗဒ္ဓါ ဝါ၊ ဣန္ဒြေ မဖွဲ့သည်လည်း ဖြစ်ကုန်သော။
ဓမ္မာ၊ သင်္ခါရတရားတို့သည်။ (ကတ္တားထည့်)၊
ဗဟိဒ္ဓါနာမ၊ ဗဟိဒ္ဓမည်သော တရားတို့ မည်ကုန်၏။
(အဇ္ဈတ္တဒုက် သဘော)

ဩဠာရိကဒုက်၌ -

စက္ခု သောတ ဃာန ဇိဝှါ ကာယ ရူပ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗဟု ဆိုအပ်သော ပထဝီ တေဇေ ဝါယော အားဖြင့် ပေါင်း (၁၂) ပါးသော ရုပ်တို့သည် ဝိသယီ ဝိသယဖြစ်၍ ထိခိုက်သည်၏အစွမ်း ဖြင့် ယူအပ်သည်၏ အဖြစ်ကြောင့် ဩဠာရိကမည်၏။

အာပေါ ဣတ္ထိန္ဒြေ ပုရိသိန္ဒြေ ဇီဝိတိန္ဒြေ ဟဒယဝတ္ထု ဩဇာ အာကာသဓာတ် ကာယဝိညတ် ဝစီဝိညတ် ရူပဿလဟုတာ မုဒုတာ ကမ္မညတာ ဥပစယ သန္တတိ ဇရတာ အနိစ္စတာ အားဖြင့် (၁၆)ပါးသော ရုပ်တို့သည် ဝိသယီ-ဝိသယဖြစ်၍ ထိခိုက်သည်၏ အစွမ်းဖြင့် မယူအပ်သည်၏ အဖြစ်ကြောင့် သုခုမ မည်၏။

ဝိသယီ-ဝိသယ ဟူသည် ကမ္မဋ္ဌာန်း စီးဖြန်းသော လက္ခဏစသော အာရုံသည် ဝိသယ မည်၏။ ကမ္မဋ္ဌာန်း စီးဖြန်းသောစိတ်သည် ဝိသယီ မည်၏၊

စက္ခာဒီနိ နဝ အာပေါဓာတုဝဇ္ဇိတာ တိဿော ဓာတုယော စာတိ ဒွါဒသဝိဓံ ဃဋ္ဋနဝသေန ဂဟေတဗ္ဗတော ဩဠာရိကံ၊ သေသံ တတော ဝိပရီတတ္တာ သုခုမံ၊

ဝိသုဒ္ဓိ၊၂၊၈၁

စက္ခာဒီနိ၊ စက္ခု အစရှိကုန်သော။
နဝ၊ ကိုးပါးသော ရုပ်တို့လည်း ကောင်း။
အာပေါဓာတု ဝဇ္ဇိတာ၊ အာပေါဓာတ်သည် ကြဉ်အပ်ကုန်သော။
တိဿော ဓာတုယောစ၊ သုံးပါးသော ဓာတ်တို့လည်းကောင်း။
ဣတိ၊ ဤသို့။
ဒွါဒသဝိဓံ၊ ၁၂-ပါး အပြားရှိသော ရုပ်သည်။
ဃဋ္ဋန ဝသေန၊ ဝိသယံ, ဝိသယဖြစ်၍။
(ဝါ) အာရမ္မဏိက အာရုံဖြစ်၍ ထိခိုက်သည် အစွမ်းဖြင့်။
ဂဟေတဗ္ဗတော၊ ယူအုပ်သည်၏ အဖြစ်ကြောင့်။
ဩဠာရိကံ၊ ရုန့်ရင်းသော ရုပ်မည်၏။
သေသံ၊ ကြွင်းသော ၁၆-ပါးသော ရုပ်သည်။
တတော၊ ထိုဆိုအပ်ပြီးသည်မှ။
ဝိပရီတတ္တာ၊ ပြန်၍ ဃဋ္ဋနအဖြစ်ဖြင့် မယူအပ်သည်၏ အဖြစ်ကြောင့်။
သုခုမံ၊ သိမ်မွေ့သော ရုပ်မည်၏။

(ဩဠာရိကဒုက် သဘော။)

ဟီနဒုက်၌ -

ထို ဟိန၊ ပဏီတသည် ပရိယာယဟီန ပဏီတ၊ နိပ္ပရိယာယဟီန ပဏီတ ဟူ၍ နှစ်ပါးအပြားရှိ၏။ ထိုနှစ်ပါးတို့တွင် အကနိဋ္ဌဗြဟ္မာတို့၏ ရုပ်သည် ပဏီတမည်၏။ သုဒဿီဗြဟ္မာတို့ရုပ်သည် ဟီနမည်၏။ သုဒဿီ ဗြဟ္မာတို့ရုပ်သည် ပဏီတမည်၏။ သုဒဿာဗြဟ္မာတို့ရုပ်သည် ဟီနမည်၏။

၎င်းနည်းတူ အောက်အောက်ဖြစ်သော သတ္တဝါတို့ရုပ်ထက် အထက်အထက် ဖြစ်သော သတ္တဝါတို့ရုပ်သည် မြတ်၏။ ဤအတိုင်း အဝီစိသို့ ကျအောင်ယူကြ၍ ပရိယာယအားဖြင့် ဟီနရုပ် ပဏီတရုပ်ကို သိအပ်၏။

အကြင်အကြင် အာယတနဖြစ်၍ ဖြစ်သောရုပ်၌ အကုသိုလ်၏ အကျိုးကြောင့် ဖြစ်သော ဝိညာဉ်သည် ဖြစ်၏၊ ထိုအကုသလဝိပါက် ဝိညာဉ်၏ အာရုံဖြစ်သော ရုပ်သည် ဟီနရုပ်မည်၏။ အကြင်အကြင် အာယတနဖြစ်၍ ဖြစ်သော ရုပ်၌ ကုသိုလ်၏ အကျိုးကြောင့် ဖြစ်သော ဝိညာဉ်သည် ဖြစ်၏။ ထိုကုသလဝိပါက် ဝိညာဉ်၏ အာရုံဖြစ်သော ရုပ်သည် ပဏီတရုပ် မည်၏။

ဟီနပဏီတဘေဒေါ ဒုဝိဓော ပရိယာယတော နိပ္ပရိယာယ တောစ၊ တတ္ထ အကနိဋ္ဌာနံ ရူပတော သုဒဿီနံ ရူပံ ဟီနံ၊ တဒေဝ သုဒဿာနံ ရူပတော ပဏီတံ၊ ဧဝံ ယာဝ နရက သတ္တာနံ ရူပံ။ တာဝ ပရိယာယတော ဟီနပဏီတတာ ဝေဒိတဗ္ဗာ။ နိပ္ပရိယာယတော ပန ယတ္ထ အကုသလဝိပါကံ ဥပ္ပဇ္ဇတိ၊ တံဟီနံ။ ယတ္တ ကုသလဝိပါကံ၊ တံ ပဏီတံ။

ဝိသုဒ္ဓိ၊၂၊၁၀၃

ဟီနပဏီတဘေဒေါ၊ ဟီနပဏီတ အပြားကို။
ပရိယာယတောစ၊ ပရိယာယ်အားဖြင့် လည်းကောင်း။
နိပ္ပရိယာယတောစ၊ မုချအားဖြင့် လည်းကောင်း။
ဒုဝိဓော၊ နှစ်ပါးအပြားရှိ၏ ဟူ၍။
ဝေဒိတဗ္ဗော၊ သိအပ်၏။ (ထည့်စပ်)
တတ္ထ၊ ထိုနှစ်ပါးတို့တွင်။
အကနိဋ္ဌာနံ၊ အကနိဋ္ဌဗြဟ္မာတို့၏။
ရူပတော၊ ရုပ်အောက်။
သုဒဿီနံ၊ သုဒဿီဗြဟ္မာတို့၏။
ရူပံ၊ ရုပ်သည်။
ဟီနံ၊ ယုတ်၏။
တဒေဝ၊ ထိုသုဒဿီ ဗြဟ္မာတို့၏ ရုပ်သည်ပင်လျှင်။
သုဒဿာနံ၊ သုဒဿာဗြဟ္မာတို့၏။
ရူပတော၊ ရုပ်ထက်။
ပဏီတံ၊ မြတ်၏။
ဧဝံ၊ ဤ အတူနှင်နှင်။
ယာဝ၊ အကြင်မျှလောက်။
နရက သတ္တာနံ၊ နရက် သတ္တဝါတို့၏။
ရူပံ၊ ရုပ်သည်။
အတ္ထိ၊ ရှိ၏။
တာဝ၊ ထိုမျှလောက်။
ပရိယာယတော၊ ပရိယာယ်အားဖြင့်။
ဟီန မဏီတတာ၊ ယုတ်သည်၏အဖြစ် မြတ်သည်၏အဖြစ် တို့ကို။
ဝေဒိတဗ္ဗော၊ သိအပ်ကုန်၏။

နိပ္ပရိယာယတော ပန၊ မုချအားဖြင့်ကား။
ယတ္ထ ယသ္မိံ အာယတန ဘူတေ၊ အကြင်အာယတန ဖြစ်၍ ဖြစ်သော။
ရူပေ၊ ရုပ်၌။ (လိုက်)
အကုသလ ဝိပါကံ၊ အကုသိုလ်၏ အကျိုးကြောင့်ဖြစ်သော။
ဝိညာဏံ၊ ဝိညာဉ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
တံ၊ ထိုအကုသလဝိပါက် ဝိညာဉ်၏ အာရုံဖြစ်သော ရုပ်သည်။
ဟိနံ၊ ဟီနရုပ်မည်၏။
ယတ္ထ ယသ္မိံ အာယတနဘူတေ၊ အကြင် အာယတန ဖြစ်၍ဖြစ်သော။
ရူပေ၊ ရုပ်၌။
ကုသလဝိပါကံ၊ ကုသိုလ်၏ အကျိုးကြောင့်ဖြစ်သော။
ဝိညာဏံ၊ ဝိညာဉ်သည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
တံ၊ ဝိပါက်ဝိညာဉ်၏ အာရုံဖြစ်သော ရုပ်သည်။
ပဏီတံ၊ ပဏီတရုပ်မည်၏။
ထိုကုသလ (ဤသို့ ဋီကာနှင့်အညီ ယောဇနာ။ ဟီနဒုက် သဘော။)

ဒူရဒုက်၌-

ယခင် ဩဠာရိကဒုက်၌ ဆိုအပ်ခဲ့ပြီးသော အကြင်သုခုမ ရုပ်သည် ရှိ၏။ ထို သုခုမရုပ်သည်ပင်လျှင် သိမ်မွေ့သည်ဖြစ်၍ ထိုးထွင်း၍ သိနိုင်ခဲသော သဘော ရှိသည်၏ ဖြစ်ကြောင့် ဉာဏ်နှင့်ဝေးသည် ဖြစ်၍ ဒုရရုပ် မည်၏။ ဤသုခုမရုပ်မှ တပါးသော တစ်ဆယ့်နှစ်ပါးသော ဩဠာရိကရုပ်သည် ရုန့်ရင်းသည် အဖြစ်ဖြင့် ထိုးထွင်း၍ သိလွယ်သော သဘောရှိသည်၏ အဖြစ်ကြောင့် ဉာဏ်၏ အနီး၌ ဖြစ်၍ သန္တိကေရုပ် မည်၏။

တဒေဝ ဒုပ္ပဋိဝိဇ္ဈသဘာဝတ္တာ ဒူရေ။ ဣတရံ သုပ္ပဋိဝိဇ္ဈ သဘာဝတ္တာ သန္တိကေ။

ဝိသုဒ္ဓိ၊၂၊၈၁

တဒေဝ၊ ထို ၁၆-ပါးသော သုခုမရုပ်သည် ပင်လျှင်။
ဒုပ္ပဋိဝိဇ္ဈသဘာဝတ္တာ၊ သိမ်မွေ့သည်ဖြစ်၍ ထိုးထွင်းသိနိုင်ခဲသော သဘောရှိသည်၏ အဖြစ်ကြောင့်။
ဒူရေ၊ မိမိကိုယ်တွင်း၌ ရှိသော်လည်း ဉာဏ်နှင့်ဝေးသည် ဖြစ်၍ ဒူရရုပ် မည်၏။
ဣတရံ၊ ဤမှတပါးသော ၁၂-ပါးသော ဩဠာရိက ရုပ်သည်။
သုပ္ပဋိဝိဇ္ဈသဘာဝတ္တာ၊ ရုန့်ရင်းသည်၏ အဖြစ်ဖြင့် ထိုးထွင်း၍ သိလွယ်သော သဘောရှိသည်၏ အဖြစ်ကြောင့်။
သန္တိကေ၊ အလွန်ဝေး သော်လည်း ဉာဏ်နှင့်နီးသည်ဖြစ်၍ သန္တိကရုပ် မည်၏။
(ရုပ်ဖို့။) (ဒူရဒုက်သဘော)

နာမ်တရားဟူ၍ ခေါ်ဝေါ်သော နာမက္ခန္ဓာ လေးပါးတို့၏ အတိတ် အနာဂါတ် ပစ္စုပ္ပန် စသော တစ်ဆယ့် တစ်ပါးသော အခြင်းအရာတို့ကိုကား တစ်ပါးသော ဝေဒနာက္ခန္ဓာ ကို ပြလျှင်ပင် ကြွင်းသော သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ သုံးပါးတို့ကို သိလိမ့်မည်ဖြစ်၍ (ဝါ) သိနိုင်လောက်သောကြောင့် ဝေဒနာက္ခန္ဓာကိုသာ ပြလိုက်တော့အံ့။

ထို နာမက္ခန္ဓာလေးပါးတို့တွင် ဝေဒနာက္ခန္ဓာ၌ အတိတ်စသည်တို့ကား သန္တတိ ခဏ၏ အစွမ်းအားဖြင့် နှစ်ပါးသာ ရထိုက်၏။ ထိုတွင် တစ်ခုသော ဝီထိ တစ်ခုသော အာရုံ၏ အတွင်း၌ ဖြစ်သော ဝေဒနာသည် သန္တတိပစ္စုပ္ပန် မည်၏။ ၎င်းတစ်ဝီထိ တစ်အာရုံ၏ ရှေ့၌ ဖြစ်သော ဝီထိ၊ အာရုံ၌ ယှဉ်သော ဝေဒနာသည် သန္တတိ အတိတ်မည်၏။ ၎င်းနည်းတူ နောက်၌ ဖြစ်သော ဝေဒနာသည် သန္တတိအနာဂတ် မည်၏။ (သန္တတိဖို့။)

ဥပါဒ် ဌီ ဘင် တို့၏အစွမ်းဖြင့် ဖြစ်ဆဲဖြစ်သော ဝေဒနာသည် ခဏပစ္စုပ္ပန်မည်၏။ ပုရေဇာတ အဖြစ်ဖြင့် ရှေ့ဖြစ်သော စိတ်၌ ယှဉ်သော ဝေဒနာသည် ခဏအတိတ် မည်၏။ ၎င်းနည်းတူ ပစ္ဆာဇာတ အဖြစ်ဖြင့် နောက်ဖြစ်သော စိတ်၌ ယှဉ်သော ဝေဒနာသည် ခဏ အနာဂတ်မည်၏။ (ခဏဖို့။)၊ (တိက် သဘော။)

အဇ္ဈတ္တဒုက်၌-

လေးပါးသော အဇ္ဈတ္တတို့တွင် နိယကဇ္ဈတ္တအာရုံ၌ ရှိသော ဝေဒနာသည် အဇ္ဈတ္တမည်၏။ ထနိယကဇ္ဈတ္တအာရုံ၏ အပ၌ရှိသော ဝေဒနာသည် ဗဟိဒ္ဓ မည်၏။ နောက်ကနည်း တူ၍ မချဲ့ပြီ။ (အဇ္ဈတ္တဒုက်သဘော။)

ဩဠာရိကဒုက်၌ကား-

ဇာတ် သဘာဝ ပုဂ္ဂိုလ် လောကီ လောကုတ္တရာတို့၏ အစွမ်းဖြင့် ဝိဘင်း၌ ဟောတော်မူသော နည်းကို သိအပ်၏။ ချဲ့ဦးအံ့ - ဇာတ်၏ အစွမ်းဖြင့် အကုသိုလ်၌ ယှဉ်သော ဝေဒနာသည် ပါဏာတိပါတ စသော ကဲ့ရဲ့အပ်သော အမူအရာ၏ အကြောင်း၏ အဖြစ်ကြောင့် လည်းကောင်း၊ ကိလေသာ ဟူသော မီးဖြင့် ပူလောင်ခြင်း ရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း အပူမငြိမ်းသော ဖြစ်ခြင်း ရှိသည် ဖြစ်၏။

ထို့ကြောင့် အပူငြိမ်းအေးသော သဘောရှိသော ကုသိုလ်စိတ်၌ ယှဉ်သော ဝေဒနာအောက် ရုန့်ရင်းလှ၍ ဩဠာရိက ဝေဒနာ မည်၏။ အကုသိုလ်စိတ်၌ ယှဉ်ခိုက် ဝေဒနာသည် ဩဠာရိက၊ ကုသိုလ် ဝိပါက် ကြိယာတို့၌ ယှဉ်ခိုက် သုခုမ၊ (၁)

(နောက်ကိုလည်း နည်းတူ။)

(၁) ကြောင့်ကြဗျာပါရ နှင့်တကွ ဖြစ်သည်၏ အဖြစ်ကြောင့် လည်းကောင်း၊
(၂) ဝိပါက်ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်သော သတ္တိနှင့်တကွ ဖြစ်သည်၏ အဖြစ်ကြောင့် လည်းကောင်း၊
(၃) ဝိပါက်၏ ထင်ရှားရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း၊
(၄) ကိလေသာဟူသော မီးဖြင့် ပူလောင်ခြင်း ရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း၊
(၅) ကဲ့ရဲထိုက်သော အပြစ်နှင့်တကွ ဖြစ်သည်၏ အဖြစ်ကြောင့် လည်းကောင်း အကုသိုလ်၌ ယှဉ်သော ဝေဒနာသည် ဝိပါက် အဗျာကအောက် ရုန့်ရင်းလှ၏။ အကုသလ ဝေဒနာ ဩဠာရိက။ ဝိပါကဝေဒနာ သုခုမ (၂)

(၁) ဝိပါက်ထင်ရှား ရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း၊
(၂) ကိလေသာ ဟူသော မီးဖြင့် ပူလောင်ခြင်း ရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း၊
(၃) ကိလေသာ ဒုက္ခဖြင့် ဒုက္ခမကင်းသည်၏ အဖြစ်ကြောင့် လည်းကောင်း၊
(၄) ကဲ့ရဲ့ထိုက်သော အပြစ်နှင့်တကွ ဖြစ်သည်၏ အဖြစ်ကြောင့် လည်းကောင်း၊
(၅) အကုသိုလ်၌ ယှဉ်သော ဝေဒနာသည် ကြိယာအဗျာကတအောက် ရုန့်ရင်းလှ၏။ အကုသလ ဝေဒနာ ဩဠာရိက ကြိယာဝေဒနာ သုခုမ၊ (၃) (အကုသိုလ် ဝေဒနာဖို့။)

ကုသိုလ်စိတ်၌ ယှဉ်သော ဝေဒနာ၊ အဗျာကတစိတ်၌ ယှဉ်သော ဝေဒနာ တို့သည် ဆိုအပ်ခဲ့ပြီးသော နည်းသုံးပါးမှ ပြန်သောအားဖြင့် အကုသိုလ်စိတ်၌ ယှဉ်သော ဝေဒနာထက် နူးညံ့ကုန်၏။ အကုသိုလ်စိတ်၌ ယှဉ်သော ဝေဒနာသည် ရုန့်ရင်း၏။

အစိတ်အစိတ်မူ - အကုသလဝေဒနာ ဩဠာရိက၊ ကုသလ အဗျာကတ သုခုမ၊ ကုသလာ ကုသလ ဩဠာရိက။ အဗျာကတ သုခုမ၊ ကုသလ ဝိပါက ဩဠာရိက၊ ကြိယာ သုခုမ စသည် ထွက်လေ၏။ (ဇာတ်ဖို့။)

သဘော၏ အစွမ်းအားဖြင့် ဒုက္ခဖြစ်သော ဝေဒနာသည် -
(၁) သာယာအပ်သော သဘောမရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း၊
(၂) တုန်လှုပ်ခြင်း ရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း၊
(၃) ချောက်ချားခြင်း ကို ပြုတတ်သည်၏ အဖြစ်ကြောင့် လည်းကောင်း၊
(၄) ထိတ်လန့်ဖွယ် ရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း၊
(၅) နှိပ်စက်ဖွယ် ရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း --

နှစ်ပါးကုန်သော သုခဝေဒနာ, ဥပေက္ခာဝေဒနာတို့အောက် ရုန့်ရင်း၏။

ဒုက္ခဝေဒနာ ဩဠာရိက။ သုခဝေဒနာ ဥပေက္ခာဝေဒနာ သုခုမ။ ဒုက္ခမှ တပါး ကုန်သော သုခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့သည် သာယာခြင်း ငြိမ်သက်ခြင်း မွန်မြတ်ခြင်း နှလုံးကိုပွားစေခြင်း လျစ်လျူရှုစေခြင်း ရှိသည်၏ အဖြစ်ကြောင့် ယထာရဟ ဒုက္ခဝေဒနာထက် နူးညံ့ကုန်၏။ ဒုက္ခ ဝေဒနာသည် ရုန့်ရင်း၏။ အစိတ်အစိတ်မူ - ဒုက္ခဝေဒနာ ဩဠာရိက၊ သုခ ဥပေက္ခာ သုခုမ၊ သုခ ဒုက္ခ ဩဠာရိက၊ ဥပေက္ခာ၊ သုခုမ။(သဘာဝဖို့။)

ပုဂ္ဂိုလ်အစွမ်းအားဖြင့် သမာပတ် မဝင်စားနိုင်သေးသော ပုဂ္ဂိုလ်၏ ဝေဒနာသည် အထူးထူးသော အာရုံ၌ ပျံလွင့်သည် အဖြစ်ကြောင့် သမာပတ်ကို ဝင်စားနိုင်သော ပုဂ္ဂိုလ်၏ ဝေဒနာအောက် ရုန့်ရင်း၏။ သမာပတ်ကို ဝင်စားနိုင်သော ပုဂ္ဂိုလ်၏ ဝေဒနာသည် နူးညံ့၏။(ပုဂ္ဂိုလ်ဖို့။)

လောကီ လောကုတ္တရာ အစွမ်းအားဖြင့် အာသဝေါနှင့်တကွ ဖြစ်စေအပ်သော ဝေဒနာသည် လောကီမည်၏။

ထိုလောကီဝေဒနာသည် -
(၁) အာသဝေါဖြစ်ခြင်း၏ အကြောင်း၏ အဖြစ်ကြောင့် လည်းကောင်း၊
(၂) ဩဃလေးပါးတို့သည် အာရုံပြု၍ လွှမ်းမိုးအပ်သည်၏ အဖြစ်ကြောင့် လည်းကောင်း၊
(၃) ယောဂလေးပါးတို့သည် အာရုံပြု၍ လွှမ်းမိုးအပ်သည်၏ အဖြစ်ကြောင့် လည်းကောင်း၊
(၄) ဂန္ထလေးပါးတို့၏ အစီးအပွားဖြစ်တတ်သောကြောင့် လည်းကောင်း၊
(၅) နီဝရဏတရားတို့သည် အာရုံပြုသောအားဖြင့် မြှေးယှက်ပိတ်ဖုံး အပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊
(၆) ဥပါဒါန်တရားတို့၏ အစီးအပွားအဖြစ်ကြောင့် လည်းကောင်း၊
(၇) ပူပန်စေတတ်သော ကိလေသာကို ရခြင်းငှာထိုက်သည်၏ အဖြစ်ကြောင့် လည်းကောင်း၊
(၈) ပုထုဇဉ်ပုဂ္ဂိုလ်တို့အား ဆက်ဆံသည်၏ အဖြစ်ကြောင့် လည်းကောင်း --

အနာသဝ ဝေဒနာအောက် ရုန့်ရင်းကုန်၏။ ထိုသာသဝမှ ပြန်သောအားဖြင့် အနာသဝ ဝေဒနာသည် သာသဝ ဝေဒနာထက် နူးညံ့၏။
(လောကီ လောကုတ္တရာဇို့။)

ထိုလေးပါးသော အာကာရဘေဒတို့၌ အကြင်အခြင်းဖြင့် ဩဠာရိက သုခုမ ဝေဒနာသည် ဇာတ်စသော အစွမ်းဖြင့် ဖြစ်တတ် ရောက်တတ်၏။ ထိုအခြင်းဖြင့် ဖြစ်တတ် ရောက်တတ်သော်လည်း သင်္ကရဒေါသကို ဖျောက်၍ ယူအပ်၏၊ ယူလော့။

အဘယ်သို့ ရောက်တတ်သနည်းဟူမူ --
(၁) အကုသလဝိပါက် ကာယဝိညာဉ်၌ ယှဉ်သော ဝေဒနာသည် ဇာတ်အားဖြင့် အဗျာကတ ဖြစ်သောကြောင့် သုခုမ၊ သဘာဝ ပုဂ္ဂိုလ် လောကိယ အားဖြင့် ဩဠာရိက
(၂) အကုသိုလ် သုခဝေဒနာသည် ဇာတ်ကားဖြင့် ဩဠာရိက၊ သဘာဝအားဖြင့် သုခုမ
(၃) ကုသလဇ္ဈာန သဟဂတ သုခဝေဒနာသည် ဇာတ်အားဖြင့် ဩဠာရိက၊ ပုဂ္ဂိုလ်၏အစွမ်းဖြင့် သုခုမ

ဤနည်းကိုမှီး၍ ဇာတ် သဘာဝ ပုဂ္ဂိုလ် လောကိယ လောကုတ္တရာ ဖြစ်သော အစွမ်းဖြင့် ရောယှက်တတ်သော သဘောကို သိကြလေ၊ ထိုသို့ရောယှက်တတ် သော်လည်း သင်္ကရဒေါသကို ပယ်ရမည်။

တတ္ထ ဇာတိအာဒိဝသေန သမ္ဘေဒေါ ပရိဟရိတဗ္ဗော။

ဝိသုဒ္ဓိ၊၂၊၁၀၅

တတ္ထ-ယထာ ဝတ္တ္ကာယ ဩဠာရိက သုခုမတာယ၊ အကြင် ဆိုအပ်ခဲ့ပြီးသော ဩဠာရိက သုခုမ အဖြစ်၌။
ဇာတိ အာဒိဝသေန၊ ဇာတ် အစရှိသော အစွမ်းဖြင့်။
သမ္ဘေဒေါ သင်္ကရော၊ ရောယှက်ခြင်း သင်္ကရ ဒေါသကို။
ပရိဟရိတဗ္ဗော၊ ပယ်အပ်၏။

ဤ ဩဠာရိက သုခုမသည် -
(၁) ဥပါဒါယုပါဒါယတို့၏ အစွမ်းအားဖြင့် အောက်အောက်ဖြစ်သော ဝေဒနာသည် လည်းကောင်း၊
(၂) အယုတ်အယုတ်ဖြစ်သော ဝေဒနာသည် လည်းကောင်း၊
(၃) ကြမ်းကြုတ်သော ဝေဒနာသည် လည်းကောင်း၊

ဩဠာရိက ဩဠာရိက မည်ကုန်၏၊

(၁) အထက်အထက်ဖြစ်သော ဝေဒနာသည် လည်းကောင်း၊
(၂) အမြတ်အမြတ်ဖြစ်သော ဝေဒနာသည် လည်းကောင်း၊
(၃) နူးညံ့သော ဝေဒနာသည် လည်းကောင်း

သုခုမ သုခမတို့ မည်ကုန်၏။

အကျယ်ကို သိလိုမူ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ၊ ဝိသုဒ္ဓိမဂ်တို့မှာ ယူကြလေ။ (ဩဠာရိက ဒုက်သဘော။)

ဟီနဒုက်သဘောကား-

အကြင်ဝေဒနာသည် ရုန့်ရင်း၏၊ ကြမ်းကြုတ်၏၊ ဒုက္ခနှင့် စပ်လွယ်၏၊ ထိုဝေဒနာသည် ဟီနဝေဒနာမည်၏။

အကြင်ဝေဒနာသည် နူးညံ့၏၊ မကြမ်းကြတ်၊ သုခနှင့် စပ်လွယ်၏၊ ထိုဝေဒနာသည် ပဏီတဝေဒနာ မည်၏။ (ဟီနဒုက် သဘော။)

သန္တိကဒုက်ကား-

အကြင်ဝေဒနာသည် အကုသိုလ်စိတ်၌ ယှဉ်၏။ ထိုဝေဒနာသည် ကုသိုလ် အဗျာကတ ဖြစ်ကုန်သော ဝေဒနာတို့မှ ဝေးလှ၍ ဒူရ ဝေဒနာ မည်၏။ အကုသိုလ်စိတ်၌ ယှဉ်ကုန်သော ဝေဒနာတို့သည် အကုသိုလ်ဖြစ်ကုန်သော ဝေဒနာနှင့်ကား နီးလှ၍ သန္တိက ဝေဒနာ မည်၏။

ကုသိုလ် အဗျာကတ၌ ယှဉ်ကုန်သော ဝေဒနာတို့သည် အကုသိုလ် ဖြစ်ကုန်သော ဝေဒနာတို့မှ ဝေးလှ၍ ဒူရ ဝေဒနာမည်ကုန်၏။ ကုသိုလ် အဗျာကတ၌ ယှဉ်ကုန်သော ဝေဒနာတို့သည် ကုသိုလ် အဗျာကတ ဖြစ်ကုန်သော ဝေဒနာတို့နှင့်ကား နီးလှ၍ သန္တိက ဝေဒနာမည်ကုန်၏။ (သန္တိကဒုက် သဘော)၊ (ဝေဒနာက္ခန္ဓာဖို့။)

ဤနည်းအဘူ ဝေဒနာက္ခန္ဓာနှင့် အတူတကွ ဖြစ်ကြကုန်သော သညာ သင်္ခါရ ဝိညာဉ် တို့၏လည်း အတိတ် အနာဂတ် ပစ္စုပ္ပန် အစရှိသော တစ်ဆယ့်တစ်ပါးသော ဝိဘာဂကို ဤဝေဒနာနှင့် အတူသာလျှင် သိအပ်၏။ (နာမက္ခန္ဓာဖို့။)

တံ တံ ဝေဒနာသမ္ပယုတ္တာနံ ပန သညာဒီနမ္ပိ ဧတံ ဧဝမေဝ ဝေဒိတဗ္ဗံ။

ဝိသုဒ္ဓိ၊၂၊၁၀၇

တံတံ ဝေဒနာသမ္ပယုတ္တာနံ၊ ထိုထိုဝေဒနာနှင့် အတူတကွ ယှဉ်ကုန်သော။
သညာဒီနမ္ပိ၊ သညာ စသည်တို့၏လည်း။
ဧတံ၊ အတီတာဒိဝိ ဘာဂဟု ဆိုအပ်သော ဤ ဝိတ္တာရမုခကို။
ဧဝမေဝ၊ ဤဝေဒနာနှင့် အတူသာလျှင်။
ဝေဒိတဗ္ဗံ၊ သိအပ်၏။

ဤသို့ ပြခဲ့အပ်ပြီးသော ရုပ်ခန္ဓာ, နာမ်ခန္ဓာတို့၌ အထူးအားဖြင့် သင်္ကရဘော အသင်္ကရဘော တို့ကိုလည်း သိအပ်၏။

အသို့ သိအပ်သနည်း -
(၁) ရုပ်ခန္ဓာ၌ ဩဠာရိကကို ဆင်ခြင်ရာ သုခုမနှင့် ရော၍တည်၏။ သဘာဝသာ ကွဲရမည်။
(၂) ဒူရဆင်ခြင်ရာ သန္တိကနှင့် ရော၍တည်၏၊ သဘာဝသာ ကွဲရမည်။
(၃) နာမ်ခန္ဓာ၌ ဝေဒနာကိုဆင်ခြင်ရာ သညာ သင်္ခါရ ဝိညာဉ်ကိုနှင့် ရော၍တည်၏၊ သဘာဝသာ ကွဲရမည်။
(၄) သညာ၊
(၅) သင်္ခါရ၊
(၆) ဝိညာဉ်တို့လည်း နည်းတူ၊
(၇) နာမ်ကိုဆင်ခြင်ရာ ရုပ်နှင့်ရော၍ တည်၏၊ သဘာဝသာ ကွဲရမည်။
(၈) ရုပ်ကိုဆင်ခြင်ရာ နာမ်နှင့်ရော၍ တည်၏၊ သဘာဝသာ ကွဲရမည် -

ဤသို့ စသည်ဖြင့် သင်္ကရဘောကို သိအပ်၏။

(၁) ရုပ်ခန္ဓာ၌ အတိတ်ကိုဆင်ခြင်ရာ ပစ္စုပ္ပန်နှင့် မရောမူ၍ တည်၏၊ သဘာဝလည်း ကွဲရ၏၊
(၂) ပစ္စုပ္ပန်ကိုဆင်ခြင်ဆု အနာဂတ်နှင့် မရောမူ၍ တည်၏၊ သဘာဝလည်း ကွဲရ၏။
(၃) အဇ္ဈတ္တကို ဆင်ခြင်ရာ ဗဟိဒ္ဓနှင့် မရောမူ၍ တည်၏၊ သဘာဝလည်း ကွဲရ၏၊
(၄) ဟီနကိုဆင်ခြင်ရာ ပဏီတနှင့် မရောမူ၍ တည်၏၊ သဘာဝလည်း ကွဲရ၏၊ (နာမ်ခန္ဓာ၌ အသင်္ကရဘော မရှိ) -

ဤသို့ စသည်ဖြင့် အသင်္ကရဘောကို အပ်၏။

ထို အတိတ် ပစ္စုပ္ပန် အနာဂတ် အဇ္ဈတ္ထ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ သန္တိက ဒူရ ဟုဆိုအပ်သော တစ်ဆယ့်တစ်ပါးသော အကာရဘေဒတို့တွင် အကြင် ယောဂါဝစရ ပုဂ္ဂိုလ်သည် မိမိ၏ပဋိဘာဂ အာလောကသညာကြောင့် မြင်ရပြီးသော အဿာသ၊ အဿာသ၏ ပဋိဘာဂ၊ ပဿာသ ပဿာသ၏ပဋိဘာဂ အတွင်း၌ အဿာသ ပဿာသနှင့်တကွ ဆယ် ရာ ထောင် သောင်း သိန်းသန်း ဂဏန်းသင်္ချေ မရေတွက်နိုင် လောက်အောင် များပြားသော ဝတ္ထုရုပ်တို့ကို အစိတ်အစိတ်အားဖြင့် ခြောက်ဆယ့်နှစ်ပါးပင် ရှိသော်လည်း တစ်ပေါင်းတည်းပြု၍ ရူပပရိဂ္ဂဟဉာဏ်၌ သိမ်းဆည်းသောအတိုင်း ယခု သမ္မသနဉာဏ် အာကာရဘေဒ တစ်ဆယ့်တစ်ပါးသို့ သက်သောအခါဝယ် အာရုံတစ်ခုကို မူတည်၍ ၎င်း အာရုံတစ်ခု၏ အ တွင်း သို့ (၁) မသက်မီ။ (၂) သက်ဆဲ။ (၃) သက်လတ္တံ့ ဟူသော အတိတ်စသော ကာလ သုံးပါးတွင် ခဏအတိတ် ခဏပစ္စုပ္ပန် ခဏအနာဂတ် ရုပ်တို့ကိုသာ ယူရမည်။ အဇ္ဈတ္တ စသည်တို့တွင် နိယကဇ္ဈတ္တရုပ် ပဏီတရုပ် ဩဠာရိကဒုက် သန္တိကဒုက် တို့မှာ သင်္ကရဘော ဖြစ်ကြ၍ သဘာဝကွဲသောရုပ်ကို ယူရမည်။

(ဋီကာရှင်ကား အဒ္ဓါကိုပြ၏၊ နီးမှ သာ၍ ကောင်းသည်။) (ရုပ်။)

ဝိညာဏပဉ္စကဖြင့် ထိုထိုရုပ်အပေါင်း သိလိုက်သော အစိတ်အစိတ် အားဖြင့် (၃၉)ပါး ပင်ရှိသော်လည်း တစ်ပေါင်းတည်းပြု၍ နာမပရိဂ္ဂဟဉာဏ်၌ သိမ်းဆည်းသော အတိုင်း ယခုသမ္မသနဉာဏ် အာကာရဘေဒ တစ်ဆယ့်တစ်ပါးသို့ သက်သော အခါဝယ် အာရုံတစ်ခုကိုမူတည်၍ ၎င်းအာရုံတစ်ခု၏ အတွင်းသို့ (၁) မသက်မီ၊ (၂) သက်ဆဲ။ (၃) သက်လတ္တံ့ ဟူသော အတိတ်သော ကာလာသုံးပါးတို့တွင် သန္တတိအတိက် သန္တတိပစ္စုပ္ပန် သန္တတိအနာဂတ် နာမ်တို့ကိုသာ ယူရမည်။ အဇ္ဈတ္တစသည်တို့တွင် နိယကဇ္ဈတ္တဖြစ်သော နာမ်၊ ဩဠာရိက၌ ဇာတ်၊ သဘာဝမှာ သုခုမ၊ ပုဂ္ဂိုလ် လောဟိယ၊ လောကုတ္တရာမှာ ဩဠာရိကဖြစ်သော နာမ်၊ ဟီနပဏီတပဏီတနာမ် ထက်လှမူ ဟီနနာမ်၊ သန္တိကဒုက်ဒူရနာမ်တို့ကိုသာ ယူရမည်။ (နာမ် သဘောစု။)

ထိုသို့ အတိတ် အနာဂတ် ပစ္စုပ္ပန်စသော တစ်ဆယ့်တစ်ပါးသော အာကာရတို့ သဘောကို သိပြီး၍ ၎င်း တစ်ဆယ့် တစ်ပါးသော အာကာရသို့သက်လျက် တည်၍နေသော ရုပ်နာမ်ဓမ္မ သင်္ခါရတို့ကို တီရဏပရိညာဖြင့် တင်၍ အနိစ္စ စသော အဖြစ်ဖြင့် စီးဖြန်းအားထုတ်လိုသော ယောဂီသည် မိမိ၏အာလောက ပစ္စက္ခဉာဏ်ဝ၌ ဥပမာငါးပါးတို့တွင် တစ်ပါးပါးဖြင့် ထင်မြင်လာသော ရုပ်အပေါင်း တို့ကို နိယကဇ္ဈတ္တ က ရပ်လျက် ဩော် .. ဤရုပ်အပေါင်းတို့တွင် အတိတ်ခဏ၌ အတိတ်ဘဝတို့၌ ဖြစ်ကြကုန်သော ရုပ်အပေါင်းသည် အတိတ်ခဏ စသည်တို့၌ ပင်လျှင် ကုန်ခဲ့ပြီ။ ယခု ပစ္စုပ္ပန်ခဏ စသည်သို့ မရောက်။ ထိုသို့လျှင် အတိတ် ရုပ်သည် ပစ္စုပ္ပန်သို့ မရောက်၊ ကုန်ခြင်းကို မြင်ရသိရသော အနက်ကြောင့် (အနိစ္စ အနိစ္စ) ဟူ၍ မိမိ၏ဉာဏ်ကို သန္နိဋ္ဌာန်ကျကျ ဆုံးဖြတ်။ (နောက်ကိုလည်း နည်းတူ။)

ပစ္စုပ္ပန်ခဏစသည်တို့၌ ဖြစ်ကြသော ရုပ်အပေါင်းသည် ပစ္စုပ္ပန်ခဏ စသည်၌ပင်လျှင် ကုန်ဆဲဖြစ်ခဲ့၏။ အနာဂတ်ခဏသို့ မရောက်။ ထိုသို့လျှင် ပစ္စုပ္ပန်ရုပ်သည် အနာဂတ်သို့ မရောက်၊ ကုန်ခြင်းကိုမြင်ရ သိရ အနက်ကြောင့် (အနိစ္စ အနိစ္စ) ဟူ၍ မိမိ၏ဉာဏ်ကို သန္နိဋ္ဌာန်ကျကျ ဆုံးဖြတ်။

အနာဂတ်ခဏ စသည်တို့ ဖြစ်ကြလတ္တံ့သော ရုပ်အပေါင်းသည် အနာဂတ်ခဏ စသည်၌ပင်လျှင် ကုန်ရဦးလတ္တံ့။ တစ်ဖန် နှစ်ခုသောခဏ စသည်သို့ မရောက်။ ထိုသို့လျှင် အနာဂတ်ရုပ်သည် တစ်ဖန် နှစ်ခုသော အနာဂတ်သို့ မရောက်၊ ကုန်ခြင်းကို မြင်မှ သိရသော အနက်ကြောင့် (အနိစ္စ အနိစ္စ) ဟူ၍ မိမိ၏ဉာဏ်ကို သန္နိဋ္ဌာန်ကျကျ ဆုံးဖြတ်။ (တိက်သဘော)

နိယကဇ္ဈတ္တ အာရုံ၏အတွင်း စသည်တို့၌ ဖြစ်ကြသော ရုပ်အပေါင်းသည် ထို နိယကဇ္ဈတ္တ အာရုံအတွင်း စသည်၌သာလျှင် ကုန်ဆဲဖြစ်ခဲ့၏။ နောက်တစ်ခု တစ်ခုသော နိယကဇ္ဈတ္တအာရုံ အစရှိသော ဗဟိဒ္ဓအာရုံ၏ အတွင်းစသည်၌ ဖြစ်ကြသော ရုပ်၏အပေါင်းသို့ မရောက်။

ထိုသို့လျှင် နိယကဇ္ဈတ္တအာရုံ၏ အတွင်း စသည်၌ ဖြစ်သော ရုပ်သည် ဗဟိဒ္ဓအာရုံ၏ အတွင်း စသည်၌ ဖြစ်ကြသော ရုပ်သို့မရောက်၊ ကုန်ခြင်းကို မြင်ရ သိရသော အနက်ကြောင့် (အနိစ္စ အနိစ္စ) ပြ၍ မိမိ၏ဉာဏ်ကို သန္နိဋ္ဌာန် ကျကျ ဆုံးဖြတ်။

နောက်တစ်ခု တစ်ခုသော နိယကဇ္ဈတ္တအာရုံအစရှိသော ဗဟိဒ္ဓအာရုံ၏ အတွင်း စသည်၌ဖြစ်ကြသော ရုပ်အပေါင်းသည်လည်း ထိုဗဟိဒ္ဓအာရုံ၏ အတွင်း၌သာလျှင် ကုန်ခဲ့၏။ နိယကဇ္ဈတ္တအာရုံ အတွင်းရုပ်သို့ မရောက်။ ထိုသို့ ဗဟိဒ္ဓရုပ်သည် နိယကဇ္ဈတ္တသို့ မရောက်၊ ကုန်ခြင်းကို မြင်ရ သိရသော အနက်ကြောင့် (အနိစ္စ အနိစ္စ) ဟူ၍ မိမိ၏ဉာဏ်ကို သန္နိဋ္ဌာန် ကျကျ ဆုံးဖြတ်။ (တစ်ဒုက်။)

ထို နိယကဇ္ဈတ္တ အာရုံသာလျှင် ဝိပဿနာ အရာ၌ ပဓာနပြု၍ နာနာမှတ်။

နိယကဇ္ဈတ္တအာရုံ၏အတွင်း စသည်၌ ဩဠာရိကဇာတ်ဖြစ်ကြသော ရုပ်အပေါင်း သည်လည်း ထိုဩဠာရိကဇာတ်အတွင်း၌ပင်လျှင် ကုန်ခဲ့၏။ သုခုမဇာတ်သို့ မရောက်။ ထိုသို့ ဩဠာရိကဇာတ်ဖြစ်သော ရုပ်အပေါင်းသည် သုခုမဇာတ်သို့ မရောက်၊ ကုန်ခြင်းကို မြင်ရ သိရသော အနက်ကြောင့် ( အနိစ္စ အနိစ္စ) ဟူ၍ မိမိ၏ဉာဏ်ကို သန္နိဋ္ဌာန်ကျကျ ဆုံးဖြတ်။

နိယကဇ္ဈတ္တအာရုံ၏ အတွင်းစသည်၌ သုခုမဇာတ်ဖြစ်ကြသော ရုပ်အပေါင်း သည်လည်း ထိုသုခုမဇာတ် အတွင်း၌ပင်လျှင် ကုန်ခဲ့၏။ ဩဠာရိကဇာတ်သို့ မရောက်။ ထိုသို့ သုခုမဇာတ်ဖြစ်သော ရုပ်အပေါင်း သည် ဩဠာရိကဇာတ်သို့ မရောက်၊ ကုန်ခြင်းကို မြင်ရ သိရသော အနက်ကြောင့် (အနိစ္စ အနိစ္စ) ဟူ၍ မိမိ၏ဉာဏ်ကို သန္နိဋ္ဌာန်ကျကျ ဆုံးဖြတ်။

ယခု နိယကဇ္ဈတ္တအာနာပါန အာရုံအတွင်း၌ကား ဩဠာရိကဇာတ် (၄၃)ပါး၊ သုခုမဇာတ် (၁၉)ပါး ရထိုက်၏။ (နှစ်ဒုက်။)

နိယကဇ္ဈတ္တ အာရုံ၏အတွင်း စသည်၌ ပဏီတဖြစ်သော ရုပ်အပေါင်း သည်လည်း ထိုပဏီတ ဖြစ်သော ရုပ်ဖြစ်၍ပင်လျှင် ကုန်ခဲ့၏။ ဟီနသို့ မရောက်။ ထိုသို့ ပဏီတ ဖြစ်သော ရုပ်အပေါင်းသည် ဟီနသို့ မရောက်၊ ကုန်ခြင်းကို မြင်ရ သိရသော အနက်ကြောင့် ( အနိစ္စ အနိစ္စ) ဟူ၍ မိမိ၏ဉာဏ်ကို သဋ္ဌာန်ကျကျ ဆုံးဖြတ်။
၎င်းနည်းတူ -

ဟီနဖြစ်သော ရုပ်အပေါင်းသည်လည်း ထိုဟီနရုပ် ဖြစ်၍ပင်လျှင် ကုန်ခဲ့၏။ ပဏီတရုပ်သို့ မရောက်။ ထိုသို့ ဟီနဖြစ်သော ရုပ်အပေါင်းသည် ပဏီတသို့ မရောက်။ ကုန်ခြင်းကို မြင်ရ သိရသော အနက်ကြောင့် (အနိစ္စ အနိစ္စ) ဟူ၍ မိမိ၏ဉာဏ်ကို သန္နိဋ္ဌာန်ကျကျ ဆုံးဖြတ်။ (သုံးဒုက်။)

၎င်းနည်းတူ -
သန္တိကဖြစ်သော ရုပ်အပေါင်းသည်လည်း ထိုသန္တိက ရုပ်ဖြစ်၍ပင်လျှင် ကုန်ခဲ့၏။ ဒူရရုပ်သို့ မရောက်။ ထိုသို့ သန္တိကဖြစ်သော ရုပ်အပေါင်းသည် ဒူရသို့ မရောက်၊ ကုန်ခြင်းကို မြင်ရ သိရသော အနက်ကြောင့် (အနိစ္စ အနိစ္စ) ဟူ၍ မိမိ၏ဉာဏ်ကို သန္နိဋ္ဌာန်ကျကျ ဆုံးဖြတ်။

၎င်းနည်းတူ -
ဒူရဖြစ်သော ရုပ်အပေါင်းသည်လည်း ထိုဒူရရုပ်ဖြစ်၍ ပင်လျှင် ကုန်ခဲ့၏။ သန္တိကရုပ် သို့ မရောက်။ ထိုသို့ ဒူရဖြစ်သော ရုပ်အပေါင်းသည် သန္တိကသို့ မရောက်၊ ကုန်ခြင်းကို မြင်ရ သိရသော အနက်ကြောင့် (အနိစ္စ အနိစ္စ) ဟူ၍ မိမိ၏ဉာဏ်ကို သန္နိဋ္ဌာန်ကျကျ ဆုံးဖြတ်။ (လေးဒုက်)။ (ရုပ်သဘော ဖို့။)

တသ္မာ သေယံ အတီတံ ရူပံ၊ တံ ယသ္မာ အတီတေယေဝ ခီဏံ၊ န ယိမံ ဘဝံ သမ္ပတ္တန္တိ အနိစ္စံ ခယဋ္ဌေန။ ယံ အနာဂတံ အနန္တရ ဘဝေ နိဗ္ဗတ္တိဿတိ၊ တမ္ပိ တတ္ထေဝ ဒီယိဿတိ၊ န တတော ပရံ ဘဝံ ဘဝိဿတီတိ အနိစ္စံ ခယဋ္ဌေန၊ ယံ ပစ္စုပ္ပန္နံ ရူပံ၊ တမ္ပိ ဣဓေဝ ခီယတိ၊ န ဣတော ဂမ္ဘတီတိ အနိစ္စံ ခယဋ္ဌေန၊ ယံ အဇ္ဈတ္တံ၊ တမ္ပိ အဇ္ဈတ္တမေဝ ခီယဟိ၊ န ဗဟိဒ္ဓဘာဝံ ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေန၊ ယံ ဗဟိဒ္ဓါ၊ တမ္ပိ ဗဟိဒ္ဓါဧဝ ခီယတိ၊ န အဇ္ဈတ္တဘာဝံ ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေန၊ ယံဩဠာရိကံ၊ တမ္ပိ တတ္ထေဝ ခီယတိ၊ န သုခုမ ဘာဝံ ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေန၊ ယံသုခုမံ၊ တမ္ပိ တတ္ထေဝ ခီယတိ၊ န ဩဠာရိကဘာဝံ ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေန၊ ယံ ဟီနံ၊ တမ္ပိ တတ္ထေဝ ခီယတိ၊ န ပဏီတဘာဝံ ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေန၊ ယံ ပဏီတံ၊ တမ္ပိ တတ္ထေဝ ခီယတိ၊ န ဟီနဘာဝံ ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေန၊ ယံ ဒူရေ၊ တမ္ပိ တတ္ထေဝ ခီယတိ၊ န သန္တိကဘာဝံ ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေန၊ ယံ သန္တိကေ၊ တမ္ပိ တတ္ထေဝ ခီယတိ၊ န ဒူရဘာဝံ ဂစ္ဆတီတိ အနိစ္စံ ခယဋ္ဌေနာတိ သမ္မသတိ။

ဝိသုဒ္ဓိ၊၂၊၂၄၅

[ဝိသုဒ္ဓိမဂ်၊ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ၊ ပေယျာလဖေါ်သည်။]

ဧသ ဧသော၊ ဤယောဂီဘည်။
အတီတံ၊ အတိတ်၌ဖြစ်သော။
ယံရူပံ၊ အကြင်ရုပ်သည်။
အတ္ထိ၊ ရှိ၏။
တံ ရူပံ၊ ထိုရုပ်သည်။
ယသ္မာ၊ အကြင့်ကြောင့်။
အတီတေယေဝ၊ အတိတ်၌သာလျှင်။
ခီဏံ၊ ကုန်ခဲ့ပြီ။
တသ္မာ၊ ထို့ ကြောင့်။
ဣမံ ဘဝံ၊ ဤပစ္စုပ္ပန်ဘဝသို့။
န သမ္ပတ္တံ၊ မရောက်လာ။
ဣတိ တသ္မာ၊ ထို့ကြောင့်။
ခယဋ္ဌေန၊ ကုန်တတ်သော သဘောရှိသည်၏ အဖြစ်ကြောင့်။
အနိစ္စံ၊ အနိစ္စမည်၏။
ဣတိ၊ ဤသို့။
သမ္မသတိ၊ သုံးသပ်၏။

အနာဂတံ၊ အနာဂတ်ဖြစ်သော။
ယံ ရူပံ၊ အကြင်ရုပ်သည်။
အနန္တရ ဘဝေ၊ အခြားမဲ့ဘဝ၌။
နိဗ္ဗတ္တိသတိ၊ ဖြစ်လတ္တံ့။
တမ္ပိ၊ ထိုရုပ်သည်လည်း။
တတ္ထေဝ၊ ထိုဘဝ၌သာလျှင်။
ခီယိဿတိ၊ ကုန်လတ္တံ့။
တတော၊ ထိုအနန္တရဘဝမှ။
ပရံ ဘဝံ၊ တစ်ပါးသော ဘဝသို့။
န ဂမဿတိ၊ မရောက်လတ္တံ့ ။
ဣတိတသ္မာ၊ ထို့ကြောင့်။
ခယဋ္ဌေန၊ ကုန်တတ်သော သဘောရှိသည်၏ အဖြစ်ဖြင့်။
အနိစ္စံ၊ အနိစ္စမည်၏။
ဣတိ၊ ဤသို့။
သမ္မသတိ၊ သုံးသပ်၏။

ပစ္စုပ္ပန္နံ၊ ပစ္စုပ္ပန်ဖြစ်သော။
ယံ ရူပံ၊ အကြင်ရုပ်သည်။
အတ္ထိ၊ ရှိ၏။
တမ္ပိ၊ ထိုရုပ်သည်လည်း။
ဣဓေဝ၊ ဤပစ္စုပ္ပန်ခဏ၌သာလျှင်။
ခီယတိ၊ ကုန်ဆဲ။
ဣတော၊ ဤပစ္စုပ္ပန်ခဏမှ။
ပရံ၊ နောက်ဖြစ်သော အနာဂတ်ခဏသို့။
န ဂစ္ဆတိ၊ မရောက်။
ဣတိ တသ္မာ၊ ထို့ကြောင့်။
ခယဋ္ဌေန၊ ကုန်တတ်သော သဘောရှိသည်၏ အဖြစ်ကြောင်း။
အနိစ္စံ၊ အနိစ္စမည်၏။
ဣတိ၊ ဤသို့။
သမ္မသတိ၊ သုံးသပ်၏။

အဇ္ဈတ္တံ၊ အဇ္ဈတ္တဖြစ်သော။
ယံ ရူပံ၊ အကြင်ရုပ်သည်။
အတ္ထိ၊ ရှိ၏။
တမ္ပိ၊ ထိုရုပ်သည်လည်း။
အဇ္ဈတ္တမေဝ၊ အဇ္ဈတ္တ၌သာလျှင်။
ခီယတိ၊ ကုန်၏။
ဗဟိဒ္ဓဘာဝံ၊ ဗဟိဒ္ဓအဖြစ်သို့။
န ဂစ္ဆတိ၊ မရောက်။
ဣတိ တသ္မာ၊ ထို့ကြောင့်။
ခယေဋ္ဌေန၊ ကုန်တတ်သော သဘောရှိသည်၏ အဖြစ်ကြောင့်။
အနိစ္စံ၊ အနိစ္စမည်၏။
ဣတိ၊ ဤသို့။
သမ္မသတိ၊ သုံးသပ်၏။

ဗဟိဒ္ဓါ၊ ဗဟိဒ္ဓဖြစ်သော။
ယံ ရူပံ၊ အကြင်ရုပ်သည်။
အတ္ထိ၊ ရှိ၏။
တမ္ပိ၊ ထိုရုပ်သည်လည်း။
ဗဟိဒ္ဓါဧဝ၊ ဗဟိဒ္ဓ၌သာလျှင်။
ခီယတိ၊ ကုန်၏။
အဇ္ဈတ္တဘာဝံ၊ အဇ္ဈတ္တအဖြစ်သို့။
န ဂစ္ဆတိ၊ မရောက်။
ဣတိတသ္မာ၊ ထို့ ကြောင့်။
ခယဋ္ဌေန၊ ကုန်တတ်သော သဘောရှိသည်၏ အဖြစ်ကြောင့်။
အနိစ္စံ၊ အနိစ္စမည်၏။
ဣတိ၊ ဤသို့။
သမ္မသတိ၊ သုံးသပ်၏။

ဩဠာရိကံ၊ ဩဠာရိကဖြစ်သော။
ယံ ရူပံ၊ အကြင်ရုပ်သည်။
အတ္ထိ၊ ရှိ၏။
တမ္ပိ၊ ထိုရုပ်သည်လည်း။
တတ္ထေဝ၊ ထိုဩဠာရိက၌သာလျှင်။
ခီယတိ၊ ကုန်၏။
သုခုမဘာဝံ၊ သုခုမအဖြစ်သို့။
န ဂစ္ဆတိ၊ မရောက်။
ဣတိတသ္မာ၊ ထို့ ကြောင့်။
ခယဋ္ဌေန၊ ကုန်တတ်သော သဘောရှိသည်၏ အဖြစ်ကြောင့်။
အနိစ္စံ၊ အနိစ္စမည်၏။
ဣတိ၊ ဤသို့။
သမ္မသတိ၊ သုံးသပ်၏။

သုခုမံ၊ သုခုမဖြစ်သော။
ယံ ရူပံ၊ အကြင်ရုပ်သည်။
အတ္ထိ၊ ရှိ၏။
တမ္ပိ၊ ထိုရုပ်သည်လည်း။
တတ္ထေဝ၊ ထိုသုခုမ၌သာလျှင်။
ခီယတိ၊ ကုန်၏။
ဩဠာရိကဘာဝံ၊ ဩဠာရိက အဖြစ်သို့။
န ဂစ္ဆတိ၊ မရောက်။
ဣတိတသ္မာ၊ ထို့ကြောင့်။
ခယဋ္ဌေန၊ ကုန်တတ်သော သဘောရှိသည်၏ အဖြစ်ကြောင့်။
အနိစ္စံ၊ အနိစ္စမည်၏။
ဣတိ၊ ဤသို့။
သမ္မသတိ၊ သုံးသပ်၏။

ဟီနံ၊ ဟီနဖြစ်သော။
ယံ ရူပံ၊ အကြင်ရုပ်သည်။
အတ္ထိ၊ ရှိ၏။
တမ္ပိ၊ ထိုရုပ်သည်လည်း။
တတ္ထေဝ၊ ထိုဟီန၌သာလျှင်။
ခီယတိ၊ ကုန်၏။
ပဏီတဘာဝံ၊ ပဏီတအဖြစ်သို့။
န ဂစ္ဆတိ၊ မရောက်။
ဣတိတသ္မာ၊ ထို့ကြောင့်။
ခယဋ္ဌေန၊ ကုန်တတ်သော သဘောရှိသည်၏ အဖြစ်ကြောင့်။
အနိစ္စံ၊ အနိစ္စမည်၏။
ဣတိ၊ ဤသို့။
သမ္မသတိ၊ သုံးသပ်၏။

ပဏီတံ၊ ပဏီတဖြစ်သော။
ယံ ရူပံ၊ အကြင်ရုပ်သည်။
အတ္ထိ၊ ရှိ၏။
တမ္ပိ၊ ထိုရုပ်သည်လည်း။
တတ္ထေဝ၊ ထိုပဏီတ၌သာလျှင်။
ခီယတိ၊ ကုန်၏။
ဟီနဘာဝံ၊ ဟီနအဖြစ်သို့။
နဂစ္ဆတိ၊ မရောက်။
ဣတိတသ္မာ၊ ထို့ကြောင့်။
ခယဋ္ဌေန၊ ကုန်တတ်သော သဘောရှိသည်၏ အဖြစ်ကြောင့်။
အနိစ္စံ၊ အနိစ္စမည်၏။
ဣတိ၊ ဤသို့။
သမ္မသတိ၊ သုံးသပ်၏။

ဒူရေ၊ ဒူရဖြစ်သော။
ယံ ရူပံ၊ အကြင်ရုပ်သည်။
အတ္ထိ၊ ရှိ၏။
တမ္ပိ၊ ထိုရုပ်သည်လည်း။
တတ္ထေဝ၊ ထိုဒူရ၌သာလျှင်။
ခိယတိ၊ ကုန်၏။
သန္တိကဘာဝံ၊ သန္တိကအဖြစ်သို့။
န ဂစ္ဆတိ၊ မရောက်။
ဣတိတသ္မာ၊ ထို့ကြောင့်။
ခယဋ္ဌေန၊ ကုန်တတ်သော သဘောရှိသည်၏ အဖြစ်ကြောင့်။
အနိစ္စံ၊ အနိစ္စမည်၏။
ဣတိ၊ ဤသို့။
သမ္မသတိ၊ သုံးသပ်၏။

သန္တိကေ၊ သန္တိကဖြစ်သော။
ယံ ရူပံ၊ အကြင်ရုပ်သည်။
အတ္ထိ၊ ရှိ၏။
တမ္ပိ၊ ထိုရုပ်သည်လည်း။
တတ္ထေဝ၊ ထိုသန္တိက၌သာလျှင်။
ခီယတိ၊ ကုန်၏။
ဒူရဘာဝံ၊ ဒူရအဖြစ်သို့။
န ဂစ္ဆတိ၊ မရောက်။
ဣတိတသ္မာ၊ ထို့ကြောင့်။
ခယဋ္ဌေန၊ ကုန်တတ်သော သဘောရှိသည်၏ အဖြစ်ကြောင့်။
အနိစ္စံ၊ အနိစ္စမည်၏။
ဣတိ၊ ဤသို့။
သမ္မသတိ၊ သုံးသပ်၏။

(အဋ္ဌကထာဆရာ ကျေးဇူးရှင်တို့ကား ဒေသနက္ကမအတိုင်း ဖွင့်တော်မူကြပေ၏၊ ယခုကား ပဝတ္တိအတိုင်း ပြလိုက်ပေသည်။)

ဤသို့ ပြခဲ့ပြီးသော တိက်ဒုက်တို့ကို အနုလုံ၊ ပဋိလုံ အတိတ်မှသည် သန္တိက၊ သန္တိကမှသည် အတိတ်တိုင်အောင် အကြိမ်ကြိမ် အဖန်ဖန် သုံးသပ် ပြီး၍ မိမိ၏ ပဋိဘာဂ အာလောကသညာ ဥပစာပစ္စက္ခ၌ ထင်လာ မြင်လာသော ဥပမာ ငါးပါးတွင် တစ်ပါးပါးသို့ သက်လာသော ရုပ်အပေါင်းကို ကောင်းစွာ သန္တတိပြတ်အောင် ဝိပဿနာစိတ်ဖြင့် တရိပ်ရိပ် အနိစ္စ အနိစ္စ-ဟု နေ့ရက်မညောင်း နေ့ လ နှင့်ပေါင်း၍ ကောင်းကောင်းကြီး ဆင်ခြင်ကြရမည်။ နိဗ္ဗာန်ကို မြင်လိုသော ချစ်ဆွေ ယောဂီရှင်တို့။ (ရုပ်သဘောဖို့။)

နာမ်တရားတို့၌ ၎င်းနည်းတူ အတိတ်ခဏ အတိတ်ဘဝတို့၌ ဖြစ်ကြကုန်သော နာမ်အပေါင်းသည် အတိတ်ခဏ အတိတ်ဘဝစသည်၌ ကုန်ခဲ့ပြီ။ ယခု ပစ္စုပ္ပန် ခဏ ဘဝ စသည်သို့ မရောက်။ ထိုသို့လျှင် အတိတ်နာမ်သည် ပစ္စုပ္ပန်သို့ မရောက်၊ ကုန်ခြင်းကို မြင်ရ သိရသော အနက် (အနိစ္စ အနိစ္စ)ဟု မိမိဉာဏ်ကို သန္နိဋ္ဌာန်ကျကျ ဆုံးဖြတ် - စသည်ဖြင့် ရုပ်နေရာဝယ် နာမ်ကို ထည့်သွင်း၍ နှလုံးသွင်းကြလေ။

ဤသို့သောနည်းတို့ဖြင့် နာမ်တရားတို့၏ တိက် ဒုက်တို့ကိုလည်း အနုလုံ ပဋိလုံ အတိတ်မှသည် သန္တိက၊ သန္တိကမှသည် အတိတ်တိုင်အောင် အကြိမ်ကြိမ် အဖန်ဖန် သုံးသပ်ပြီး၍ ဥပမာ သက်၍နေသော ရုပ်အပေါင်းကို အာရုံပြုသော နာမ်အပေါင်းကို လည်းကောင်း၊ မိမိ၏ နှလုံးအိမ်၌ တန့်ရပ် ထောက်တည်လျက် ထားခြင်းငှာ စွမ်းနိုင်သော ဓိတိ သမာဓိဂုဏ်နှင့် ပြည့်စုံသော ယောဂီသည် နှလုံးအိမ်၌ ရပ်၍ ပထမစိတ်ကို ဒုတိယစိတ်က အနိစ္စ၊ ဒုတိယစိတ်ကို တတိယစိတ်က အနိစ္စ (ပ) နဝမစိတ်ကို ဒသမစိတ်က အနိစ္စဟူ၍ အနိစ္စသည်ပင်လျှင် အာရုံ၊ အာရုံသည် ပင်လျှင် အနိစ္စဖြစ်စေ၍ သန္တိဂုဏ်နှင့် ပြည့်စုံသော နာမ်အပေါင်းကို လည်းကောင်း၊ ကောင်းစွာ သန္တတိ ပြတ်အောင် ဝိပဿနာစိတ်ဖြင့် တရိပ်ရိပ် အနိစ္စ အနိစ္စ ဟု နေ့ရက်မညောင်း နေ့ လနှင့် ပေါင်း၍ ကောင်းကောင်းကြီး ဆင်ခြင်ကြရမည်။ နိဗ္ဗာန်ကို မြင်လိုသော ချစ်ဆွေ ယောဂီရှင်တို့။ (နာမ်သဘောဖို့။)

၎င်း ရုပ် နာမ် နှစ်ပါးတို့တွင် ရုပ်ကို အာရုံပြု၍ အနိစ္စရှုက နာမ်လည်း အနိစ္စဖြစ်၍ ပါမြဲ၊ နာမ်ကိုအာရုံပြု၍ အနိစ္စရှုက ရုပ်လည်း အနိစ္စဖြစ်၍ ပါမြဲ ဓမ္မတာသာတည်း။

ရူပံ ပန အရူပံ, အရူပံ ဝါ ရူပံ, ဩဟာယ ပဝတ္တိတုံ နသက္ကောန္တိ။

အဘိ၊ဋ္ဌ၊၂၊၂၄

ပန၊ ဆိုဦးအံ့။
ရူပံ၊ ရုပ်တရားသည်။
အရူပံ၊ နာမ်တရားကို။
အရူပံ ဝါ၊ နာမ်တရားသည် မူလည်း။
ရူပံ၊ ရုပ်တရားကို။
ဩဟာယ၊ စွန့်၍။
ပဝတ္တိတုံ၊ ပဉ္စဝေါကာရဘုံ၌ ဖြစ်ခြင်းငှာ။
န သက္ကောန္တိ၊ မတတ်နိုင်ကုန်။

ထိုသို့ နှစ်ပါးစုံပင် ပါသော်လည်း လက္ခဏာကိုခွဲ၍ ရှေးဦးစွာ ရုပ်ကို အာရုံပြုလျက် အနိစ္စ အနိစ္စ ဟူ၍ နေ့ရက်များစွာ အားထုတ်ရမည်။ ထိုသို့အားထုတ်စဉ် ငါဟု ခေါ်သော ဤရုပ်အပေါင်းသည် အာရုံတစ်ခုခု အတွင်း၌ ဖြစ်၍ဖြစ်၍ ပျက်ဆဲ ပျက်ဆဲကိုသာ ငါဟုခေါ်သော ပဋိဘာဂ အာလောကသညာ ပစ္စက္ခဝိပဿနာ ဉာဏ်ဖြင့် မြင်ရပြန်ပြီ။ အဖန်ဖန် ဖြစ်၍ အဖန်ဖန် ပျက်ခဲ့ရာ၌ အဏုမြူခန့်မျှ ကျန်ရစ်သော ဝတ္ထုမရှိသည် ဖြစ်၍ ဖြစ်ခြင်းကိုလည်း မမြဲ၊ ပျက်ခြင်းတို့လည်း မမြဲသောကြောင့် အနိစ္စ အနိစ္စဟု အဖန်ဖန် ရှုကြရမည်။

အနိစ္စံ ခယဋ္ဌေနာတိ စ ဟုတွာ အဘာဝါကာရောတိ ပဝုစ္စတိ။
(သင်္ဂြိုဟ်ဋီကာဟောင်း၊ ၄၀၅။)

အနိစ္စာတိ ဟုတွာ အဘာဝဋ္ဌေန အနိစ္စာ။
အံ၊ဋ္ဌ၊၂၊၂၄၂

အနိစ္စံ ခယဋ္ဌေနာတိ စ၊ အနိစ္စ ခယဋ္ဌေန ဟူသည်လည်း။
ဟုတွာ၊ ထင်ရှားဖြစ်၍။
အဘာဝါကာရော၊ ထင်ရှားမရှိသော အခြင်းအရာတည်း။
ဣတိ၊ ဤသို့။
ပဝုစ္စတိ၊ ဆိုအပ်၏။

အနိစ္စာတိ၊ အနိစ္စ ဟူသည်ကား။
ဟုတွာ၊ ပရမတ္ထအားဖြင့် ထင်ရှားဖြစ်၍။
အဘာဝဋ္ဌေန၊ ပရမတ္ထအားဖြင့် ထင်ရှားမရှိသည်၏ အနက်ကြောင့်။
အနိစ္စာ၊ အနိစ္စမည်၏။
(ပညတ်မှာ ဆိုဖွယ်မရှိ)။

ထိုသို့ ရုပ်အပေါင်းကို တစ်ပေါင်းတည်းပြု၍ “အနိစ္စ အနိစ္စ” ဟု သုံးသပ်ဖန် များလှ၍ နေ့ရက်ကြာပါမူ ဉာဏ်ထက်သော သူတို့အား ဤ လက္ခဏဝဝတ္ထာနဝါရ ဖြင့်ပင်လျှင် ဥဒယ ဝယ ဉာဏ်သို့ သက်လျက် ဩော် … ဤရုပ်အပေါင်းသည် ရှေး၌ မဖြစ်ကုန်သည်ဖြစ်၍ ယခုတရိပ်ရိပ် ဖြစ်ခဲ့ကုန်၏။ တရိပ်ရိပ် ဖြစ်ကုန်ပြီး၍လည်း တစ်ဖန် ချုပ်ကြပြန်ကုန်၏။ ဤသို့ အသစ်အသစ်ဖြစ်သော ရုပ်တရားတို့သည် ပင်လျှင် ယောဂါဝစရ၏ ပစ္စက္ခဉာဏ်ဝ၌ ဖြစ်၍ဖြစ်၍ ပျက်ခြင်းပျက်ခြင်းတို့သည် အဟုတ်မျက်စိဖြင့် မြင်သကဲ့သို့ ထင်မြင်လာရကုန်၏။

တဿေဝံ ပါကဋီဘူတသစ္စပဋိစ္စသမုပ္ပါဒနယလက္ခဏဘေဒဿ ဧဝံ ကိရ နာမိမေ ဓမ္မာ အနုပ္ပန္နပုဗ္ဗာ ဥပ္ပဇ္ဇန္တိ ဥပ္ပန္နာ နိရုဇ္ဈန္တီတိ နိစ္စ နဝါဝ ဟုတွာ သင်္ခါရာ ဥပဋ္ဌဟန္တိ၊
ဝိသုဒ္ဓိ၊၂၊၂၆၈

ဧဝံ ယထာဝုတ္တ နယန၊ ဖြင့်။
ပါကဋီဘူတ သစ္စ ပဋိစ္စသမုပ္ပါဒ နယ လက္ခဏ ဘေဒဿ၊ ထင်ရှားသည်ဖြစ်၍ ဖြစ်သော သစ္စာအပြား ပဋိစ္စသမုပ္ပါဒ်နည်းအပြား အနိစ္စ စသော လက္ခဏာ အပြား ရှိသော။
တဿ၊ ထိုယောဂီအား။
ဧဝံ၊ ဤသို့။
ဣမေ ဓမ္မာ၊ ဤသင်္ခါရတရားတို့သည်။
အနုပ္ပန္နပုဗ္ဗာ၊ ရှေး၌ ဥပါဒ်ခဏမျှ မဖြစ်ဖူးကုန်သည် ဖြစ်၍။
ဥပ္ပဇ္ဇန္တိ ကိရနာမ၊ ယခုမှ အသစ်ဖြစ်ကုန်သတတ်။
ဥပ္ပန္နာ၊ ဖြစ်ကုန်ပြီးသော သင်္ခါရတရားတို့သည်။
နိရုဇ္ဈန္တိ ကိရ၊ ချုပ်ပျက်ကုန်သတတ်။
ဣတိ၊ ဤသို့။
နိစ္စနဝါဝ၊ အမြဲအမြဲ အသစ်အသစ်တို့သည်သာလျှင်။
ဟုတွာ၊ ဖြစ်၍။
သင်္ခါရာ၊ သင်္ခါရတရားတို့သည်။
ယောဂီနံ၊ ယောဂီတို့အား၊ (ထည့်)။
ဥပဋ္ဌဟန္တိ၊ ထင်လာမြင်လာရကုန်၏။

၃၃ - ဝိပဿနာ ရှုသောသူအား ဥပမာငါးပါး ထင်လာရခြင်း

ဤသို့ အကြိမ်ကြိမ် အဖန်ဖန် အတန်တန် လက္ခဏ ဝဝတ္ထာနဝါရဖြင့် ရုပ်တရားတို့၏ ဖြစ်ပျက်ဟန်ကို ရှုဖန်များလှသော ယောဂီအား အမြဲမပြတ် တရိပ်ရိပ်ဖြစ်၍ တရိပ်ရိပ်ပျက်ပုံကို၊ အသစ်အသစ်ဖြစ်၍ အဟောင်းအဟောင်း ချုပ်ပျက်ဟန်ကို ဧကန် မိမိ၏မျက်စိနှင့် ကြည့်၍ မြင်ရဘိသကဲ့သို့ မုချတင်ထင် သိမြင်ရရှာတော့၏။ အဘယ်ကဲ့သို့ ထင်ရ မြင်ရသနည်းဟူမူ -

(၁) နေအရုဏ်တက်၍ နေထွက်သောအခါ ပြိန်းမြက်ပင်တို့၏ အဖျား၌ တသားတည်း ခဲ၍နေသော ဆီးနှင်းပေါက်တို့သည် တဖြောက်ဖြောက် ကြွေကျ သည်ကို မြင်ရဘိ သကဲ့သို့ လည်းကောင်း၊
(၂) ထုံးချောင်းဂရက် ကျောက်စပျက် ဝဲကွေ့၌ ရေဝှေ့၍ ထုတ်အပ်သော ရေပြွက်ကို မြင်ရဘိသကဲ့သို့ လည်းကောင်း၊
(၃) ကြည်လင် ငြိမ်သက်လှသော ရေအပြင်ဝယ် နှင်တံတောင်ဝှေးတို့ဖြင့် ရေးခြစ် လိုက်သောအခါ အလွှာအလွှာ အလိပ်အလိပ် တရိပ်ရိပ်သော ရေလှိုင်းအစဉ်ကို မြင်ရဘိသကဲ့သို့ လည်းကောင်း၊
(၄) ပွတ်ဆောက်ဖျား၌ တင်ထားသော မုန်ညင်းစေ့၊ လေလှေ့အပ်သော လူးနှမ်းစေ့ တို့၏ တရွေ့ရွေ့ တရိပ်ရိပ် တဖိတ်ဖိတ် ကြွေကျသည်ကို မြင်ရဘိသကဲ့သို့ လည်းကောင်း၊
(၅) မိုးလအခါ ဝသန္တာဝယ် ညိုပြာရီမှောင် တိမ်တောင်တိမ်လိပ်တို့၏ အတွင်း၌ လေပြင်းမီးဓာတ် နဂါးပတ်တွင်း လေဟုန်ဆင်း၍ တဝင်းဝင်း တောက်ပအပ်သော လျှပ်စစ်နွယ်ရောင် များအမြောင်ကို မြင်ရဘိသကဲ့သို့ လည်းကောင်း - အလွန်လျှင် မြန်၍ တိုသော အသက်ရှိသော ရုပ်တို့၏ ဖြစ်ဟန် ပျက်ဟန်ကို ဧကန်မုချ ထင်မြင်လာရကုန်၏။ ထိုကြောင့် ၎င်းအဋ္ဌကထာ ဆရာကြီးတို့သည် -

န ကေဝလဉ္စ နစ္စနဝါ။
(၁) သူရိယာဂ္ဂေမနေ ဥဿာဝဗိန္ဒု ဝိယ၊
(၂) ဥဒက ပုပ္ဖုဠော ဝိယ၊
(၃) ဥဒကေ ဒဏ္ဍရာဇိ ဝိယ၊
(၄) အာရဂ္ဂေ သာသပေါ ဝိယ၊
(၅) ဝိဇ္ဖုပ္ပါဒေါ ဝိယ ပရိတ္တဋ္ဌာယိနော -

ဟူသော ပါဌ်ကို မိန့်ဆို ဖွင့်လှစ်တော်တော်မူကြကုန်၏။

ဝိသုဒ္ဓိ၊၂၊၂၆၉

ကေဝလဉ္စ၊ သက်သက်ကား။
နိစ္စ နဝါ၊ အမြဲအမြဲ အသစ်အသစ်သော သင်္ခါရတရားတို့ သည်သာလျှင်။
၊ မဟုတ်ကုန်သေး။
(ဤသင်္ခါရ တရားတို့သည် တိုသောအသက် ရှိကုန်၏ဟု မိမိ၏ဉာဏ်ဖြင့် သိရသာဝ မဟုတ်သေးဟူလို)။
သူရိယာဂ္ဂေမနေ၊ နေထွက်သောအခါ၌ -
(၁) ဥရုံဿာ ဗိန္ဒုဝိယစ၊ ကြွေကျသော ဆီးနှင်းပေါက်ကဲ့သို့ လည်းကောင်း။
(၂) ဥဒက ပုပ္ဖုဠော ဝိယ စ၊ ရေပြွက်ကဲ့သို့ လည်းကောင်း။
(၃) ဥဒကေ၊ ရေ၌။
ဒဏ္ဍရာဇိ ဝိယ စ၊ တောင်ဝှေးဖြင့် ရေးခြစ်အပ်သော အရေးကဲ့သို့ လည်းကောင်း။
(၄) အာရဂ္ဂေ၊ ပွတ်ဆောက်ဖျား၌။
သာသပေါ ဝိယစ၊ မုန်ညင်းစေ့ကဲ့သို့ လည်းကောင်း၊
(၅) ဝိဇ္ဖုပ္ပါဒေါ ဝိယစ၊ လျှပ်စစ် နွယ်ရောင် ပြက်သကဲ့သို့လည်းကောင်း။
ပရိတ္တဋ္ဌာယိနော ပရိတ္တဋ္ဌာယိနောတိစ၊ တိုစွာ တိုစွာသော ကာလမျှသာ တည်ခြင်း ရှိကုန်၏ ဟူ၍လည်း။
ဥပဋ္ဌဟန္တိ၊ ထင်မြင်ကုန်၏။ (ပြန်စပ်)။

ဆီးနှင်းပေါက် အစရှိသော ဤဥပမာငါးပါးကို ပြခြင်းသည် မိမိ သန္တာန်၌ အတိုင်းထက် အလွန် တိုသောဖြစ်ခြင်းကို ပြုခြင်းငှါ နိဒဿန ဥပမာသာ ရှိသေး၏။ ထိုဥပမာတို့ နှိုင်းရှည့်ရာဖြစ်သော ဤ ရုပ်သင်္ခါရတို့က သာ၍ လျင်ခြင်းရှိ၏။

အဘယ်ကဲ့သို့နည်းဟူမူ -

ဦးခေါင်းခြေတို့၌ သင်တုန်းစက်သွားတို့ကိုဖွဲ့၍ ရှေ့ကျွမ်း နောက်ကျွမ်း ပစ်လျက် ကစားအပ်သော ဂန္ဓဗ္ဗနတ်သားတို့အား သင်တန်းသွား နှစ်ခုတို့သည် တစပ်တည်း နေအောင် ဖြစ်၍ သွားနိုင်သည်ထက် ယောဂီ၏ဉာဏ်ဝ၌ ထင်မြင်သော ရုပ်တို့ ချုပ်ခြင်း သည်သာလျှင် သာ၍ လျင်မြန်၏။

ဥဿာဝဗိန္ဒုအာဒယော ပဉ္စ ကိဉ္စာပိ ဥတ္တရုတ္တရိ အတိပရိတ္တဋ္ဌာသိဘာဝဒဿနတ္တံ နိဒဿိတာ၊ တထာပိ တေ ဒန္ဓနိရောဓာ ဧဝ နိဒဿိတာ၊ တတောပိ လဟုတရနိရောဓတ္တာ သင်္ခါရာနံ၊ တထာ ဟိ ဂမနဿာဒါနံ ဒေဝပုတ္တာနံ ဟေဋ္ဌုပရိယာယေန ပရိမုခံ ဓာဝန္တာနံ သိရသိ ပါဒေစ ဗန္ဓဓုရဓာရာ သန္နိပါတတောပိ သီဃတရော ရူပဓမ္မာနံ နိရောဓော ဝုတ္တော။
ဝိသုဒ္ဓိ၊ဋီ၊၂၊၄၂၆

ဥဿာဝဗိန္ဒုအာဒယော၊ ဆီးနှင်းပေါက် အစရှိကုန်သော။
ပဉ္စ၊ ငါးပါးကုန်သော ဥပမာတို့ကို။
ဥတ္တရုတ္တရိ အတိပရိတ္တဋ္ဌာယိတာဝ ဒဿနတ္ထံ၊ လျင်မြန်သည်ထက် အလွန် လျင်မြန်သော, တိုသောတည်ခြင်း ရှိသောအဖြစ်ကို ပြခြင်းအကျိုးငှါ။
ကိဉ္စာပိ နိဒဿိတာ၊ အကယ်၍ပြအပ်ကုန်၏ရှင့်။
ကထာပိ၊ ထိုသို့ ပြအပ်ကုန်သော်လည်း။
တေ၊ ထိုဥပမာဖြင့် ပြအပ်သော ရုပ်တရားတို့သည်။
ဒန္ဓနိရောဓာ ဧဝ၊ နှေးသော ချုပ်ခြင်းတို့ကိုသာလျှင်။
နိဒဿိတာ၊ ညွှန်ပြအပ်ကုန်၏။
ကသ္မာ၊ အဘယ့်ကြောင့် နည်းဟူမူကား။
တတော၊ ထိုထက်။
သင်္ခါရာနံ၊ သင်္ခါရတို့၏။
လဟုတရနိရောဓတ္တာ၊ ပေါ့သော လျင်ခြင်းရှိသည်ဖြစ်၍ ချုပ်သည်၏ အဖြစ်ကြောင့် တည်း။
ကထာဟိ တတော ဧဝ၊ ထို့ကြောင့်သာလျှင်။
ပရိမုခံ၊ ရှေးရှု။
ဟေဋ္ဌုပရိယာယေန၊ အောက် အထက် ပြန်သောအားဖြင့်။
ဓာဝန္တာနံ၊ ပြေးကုန်သော။
ဂမနဿာဒါနံ၊ သွားခြင်း၌ သာယာကုန်သော။
ဒေဝပုတ္တာနံ၊ နတ်သားတို့၏။
သိရသိ စ၊ ဦးခေါင်း၌လည်းကောင်း။
ပါဒေစ၊ ခြေ၌လည်းကောင်း။
ဗန္ဓဓုရဓာရာ၊ ဖွဲ့အပ်သောသင်တုန်းစက်တို့သည်။
သန္နိပါတတောပိ၊ ကပ်၍ တစ်စပ်တည်း တည်သည်ထက်လည်း။
ရူပဓမ္မာနံ၊ ရုပ်တရားတို့၏။
သီဃတရော၊ သာ၍ လျင်မြန်သော။
နိရောဓော၊ ချုပ်ခြင်းကို။
ဝုတ္တော၊ ဟောတော်မူအပ်၏။

ဥပမာငါးပါးသို့ သက်၍ နေသော ရုပ်တို့၏ အသစ် အသစ် ဖြစ်၍ ဖြစ်၍ သွားသည်ကို တရိပ်ရိပ် ဥပမာ အာကာရဖြင့်မြင်သော ယောဂီအား ဤအသစ် အသစ်ဖြစ်ခြင်းကား အဟောင်း အဟောင်းချုပ်၍ ဖြစ်ခဲ့ရာ၏ဟု တစ်ဖန်ဖြစ်ခြင်းကို မြင်ရက ပျက်ခြင်းကို မြင်ရှာရပြန်၏။

ရူပဿ နိဗ္ဗတ္တိယာ ဒိဋ္ဌာယ တဿ ဘင်္ဂေါပိ ဒိဋ္ဌေယေဝ ဟောတိ။
ဝိသုဒ္ဓိ၊ဋီ၊၂၊၄၀၄

ရူပဿ၊ ရုပ်တရား၏။
နိဗ္ဗတ္တိယာ၊ ဖြစ်ခြင်းကို။
ဒိဋ္ဌာယ၊ မြင်အပ်သည်ရှိသော်။
တဿ၊ ထိုရုပ်တရား၏။
ဘင်္ဂေါပိ၊ ပျက်ခြင်းကိုလည်း။
ဒိဋ္ဌောယေဝ၊ မြင်အပ်တော့သည်သာလျှင်။
ဟောတိ၊ ဖြစ်၏၊

ထိုသို့ ရုပ်တို့၏ ဥပမာသို့သက်အောင်သော ကာလတိုင်တိုင် အားထုတ်သော ယောဂီအား နာမ်တရားတို့၏ ဖြစ်ပွား ပျက်ချုပ်ဟန်ကို ဒွါရ၏ အစွမ်းဖြင့် သိရရှာတော့လေ၏။

တဿေဝံ ပရိဂ္ဂဟိတရူပဿ ဒွါရဝသေန အရူပဓမ္မာ ပါကဋာ ဟောန္တိ၊
ဝိသုဒ္ဓိ၊၂၊၂၂၃

ဧဝံ၊ ဤသို့။
ပရိဂ္ဂဟိတရူပဿ၊ ရုပ်ကိုသိမ်းဆည်းပြီးသော။
တဿ၊ ထိုယောဂီအား။
ဒွါရဝသေန၊ ဒွါရ၏အစွမ်းဖြင့်။
အရူပဓမ္မာ၊ နာမ်တရားတို့သည်။
ပါကဋာ၊ တင်ရှားကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

အထူးအားဖြင့်ကား ရုပ်တရားတို့မှာ ထင်မြင်၍ ဖြစ်လျက် ထင်မြင်၍ ပျက်ရမြဲတည်း။ နာမ်တရားတို့မှာ -

(၁) အာရုံကို တွေ့ထိ၍လည်းကောင်း၊
(၂) အာရုံ၏အရသာကို ခံစား၍လည်းကောင်း၊
(၃) အာရုံကို သိ၍ လည်းကောင်း၊ ဖြစ်လျက် တွေ့ထိ၍ လည်းကောင်း၊ ခံစား၍ လည်းကောင်း၊ သိ၍လည်းကောင်း ပျက်မြဲသာတည်း။

ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါး သင်္ခါရတရားတို့ကို ဤလက္ခဏဝဝတ္ထာနဝါရဖြင့် နေ့ရက်များစွာ အခါခါသုံးသပ်၍ ဥပမာငါးပါးတို့တွင် တစ်ပါးပါးသို့ အဒ္ဓါန ကာလတို့ကို မသုတ်သင်ရဘဲနှင့် သက်သည်ဖြစ်စေ၊ သို့မဟုတ် နှစ်ပါးသုံးပါး စသည်သို့ သက်၍နေမှု မိမိ၏နှလုံးအိမ်၏ လက်နှစ်သစ်အဓွန့်၌ ရပ်လျက် နေ့ရက်များစွာ ကြည့်၍ လည်းကောင်း၊ မွန်းတည့် နေဝင် ညဉ့်ဦး မိုးသောက်ကာလ တို့၌ ရသောအာရုံကို မလွှတ်မူ၍ လည်းကောင်း အားထုတ်ခဲ့လျှင် တစ်ပါးပါး၌ ရပ်ရမြဲတည်း၊

ထိုသို့ ရပ်သော ဥပမာအာကာရကို မလွတ်စေမူ၍ ဖြစ်ခြင်းပျက်ခြင်းတို့ကို ဥဒယ, ဝယသို့သက်၍ အထက်ဝိပဿနာဉာဏ် မဂ်ဉာဏ်သို့တိုင်အောင် အားထုတ်ရမည်။ အဘယ်သို့ ဥဒယ ဝယသို့ သက်မည်နည်း။ ဤသို့ လက္ခဏဝဝတ္ထာနဝါရဖြင့် ရုပ်ကစ၍ ဇရာ မရဏတိုင်တိုင်ဖြစ်စေ၊ ရုပ်နာမ် နှစ်ပါး ခန္ဓာငါးပါးတွင်ဖြစ်စေ သမ္မသနဉာဏ်ကို အတန်တန် အားထုတ်ပြီးသော ယောဂီအား ..

၃၄ — ဥဒယ ဝယဉာဏ်ကို ပြခြင်း

ပစ္စုပ္ပန္နာနံ ဓမ္မာနံ ဝိပရိဏာမာနုပဿနေ ပညာ ဥဒယဗ္ဗယာနုပဿနေ ဉာဏံ။
(ပဋိ-သံ၊ ၅၂။)

ဤသို့ ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ မိန့်မှာတော်မူသည် နှင့်အညီ အတိတ် အနာဂတ် တို့ကို မယူမူ၍ သန္တတိခဏ ပစ္စုပ္ပန်တို့အစွမ်းဖြင့် ဖြစ်ဆဲဖြစ်သော အာနာပါန ပဋိဘာဂနိမိတ်၏ အတွင်း၌ နိယကဇ္ဈတ္တ၏ အာရုံဖြစ်သော (၆၂) ပါးသော ရုပ် အပေါင်းသည် ပစ္စုပ္ပန် မည်၏။

ထိုပစ္စုပ္ပန် ဖြစ်သော ရုပ်အပေါင်း၏ စ၍ဖြစ်ခြင်းဟူ၍ မှတ်အပ်သော သင်္ကေတ၏ လက္ခဏာသည် ဖြစ်ခြင်း မည်၏။ ဤ (၆၂) ပါးသော ရုပ်အပေါင်း၏ ဖောက်ပြန် ပျက်စီးခြင်းဟူ၍ မှတ်အပ်သော သင်္ခတ၏ လက္ခဏာသည် ပျက်ခြင်း မည်၏။ အကြင်ရုပ် ဥဒယ ဝယကို အဖန်တလဲလဲရှုသော ပညာသည် ရှိ၏၊ ထိုပညာသည် ဥဒယ ဝယဝိပဿနာဉာဏ် မည်၏၊

ဇာတံ ရူပံ ပစ္စုပ္ပန္နံ၊ တဿ နိဗ္ဗတ္ထိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ ဝယော၊ အနုပဿနာ ဉာဏံ။
ဝိသုဒ္ဓိ၊၂၊၂၆၅

ဇာတံ၊ ဖြစ်ဆဲဖြစ်သော (ဝါ) ရအပ်သော အတ္တဘောရှိသော။
ရူပံ၊ ရုပ်အပေါင်းသည်။
ပစ္စုပ္ပန္နံ၊ ခဏပစ္စုပ္ပန် မည်၏။
တဿရူပဿ၊ ထိုခဏပစ္စုပ္ပန်ဖြစ်သော ရုပ်အပေါင်း၏။
နိဗ္ဗတ္တိလက္ခဏံ၊ စ၍ ဖြစ်ခြင်းဟူ၍ မှတ်အပ်သော သင်္ခတ၏ လက္ခဏာသည်။
ဥဒယော၊ ဖြစ်ခြင်းမည်၏။
ဝိပရိဏာမလက္ခဏံ၊ ရုပ်အပေါင်းမှ ဖောက်ပြန် ပျက်စီးခြင်းဟူ၍ မှတ်အပ်သော သင်္ခတ၏ လက္ခဏာသည်။
ဝယော၊ ပျက်စီးခြင်း မည်၏။
ယာ အနုပဿနာ၊ အကြင် ဥဒယ ဝယကို အဖန်တလဲလဲရှုသောပညာသည်။
အတ္ထိ၊ ရှိ၏။
တံ၊ ထိုပညာသည်။
ဉာဏံ၊ ဥဒယ ဝယ ဝိပသာနာဉာဏ် မည်၏။

ထိုသို့ ဥပမာတစ်ပါးပါး၏ အာကာရဖြင့် လက္ခဏဝဝတ္ထာန ၌ကဲ့သို့ တစ်ဆယ့် တစ်ပါးကို ပေါင်းရုံး၍ဖြစ်ခြင်း ပျက်ခြင်းတို့ကိုသာ သုံးသပ်အပ်၏။ ရိပ်ခနဲ ရိပ်ခနဲ ဖြစ်စေ၊ သိမ့်ခနဲ့ သိမ့်ခနဲဖြစ်စေ သန္တတိသန့်၍ သန့်၍ ပြတ်လိမ့်မည်ဟူလို။

ထိုကဲ့သို့ သိမ့်ခနဲ့ သိမ့်ခနဲ နေသောအခါ အနိစ္စ အနိစ္စဟု နေ့ရက်များစွာ အားထုတ်ရမည်၊ အကြင်ရွေ့လောက် ကာလပတ်လုံး အထက်ဝိပသာနာသို့တက်၍ မဂ်ဉာဏ်ကို မကူးသေး၊ ထိုရွေ့လောက် ကာလပတ်လုံး ဤ ဥဒယ ဝယကို မလွှတ်အပ်။

စင်စစ်မှာမူ သောတာပတ္တိမဂ်ဉာဏ်ကို ကူးပြီးသော်လည်း ဖလသမာပတ်ကို ဝင်စားသော သေက္ခအား လည်းကောင်း၊ အထက် အထက် မဂ်ဉာဏ်၏ အကျိုးငှါ ဝိပဿနာဉာဏ်ကို အားထုတ်သော သေက္ခအားလည်းကောင်း ဤ ဥဒယ ဝယကို မလွှတ်အပ်၊ ပဓာနနန်း ထိုင်ပြီ ဟူလို။

(၁) နာမ်တရားတို့မှာလည်း ဤရုပ်တရားနှင့်အတူ အတိတ် အနာဂတ်တို့ကိုလွှတ်၍ ခဏ ပစ္စုပ္ပန်အစွမ်းဖြင့် ဖြစ်ဆဲဖြစ်သော အာနာပါန ပဋိဘာဂနိမိတ်၏ အတွင်း၌ နိယကဇ္ဈတ္တ၏အာရုံ အာရမ္မဏိက ဖြစ်သော (၃၉) ပါးသော နာမ်အပေါင်းသည် အစိတ် အစိတ်အားဖြင့်ကား (၃၉)-တွင်
(၂) ဝေဒနာသည်
(၃) သညာသည်
(၄) သင်္ခါရတို့သည်
(၅) ဝိညာဉ်သည်
ခဏပစ္စုပ္ပန်မည်၏။ (စသည်ဖြင့်ဆို။)

ထိုပစ္စုပ္ပန်ဖြစ်သော နာမ်အပေါင်း၏ (၁) ဝေဒနာ၏။(ပ)။ ဝိညာဉ်၏ စ၍ဖြစ်ခြင်းဟု မှတ်အပ်သော သင်္ကေတ၏ လက္ခဏာသည် ဖြစ်ခြင်း မည်၏၊ ဤ (၃၉) ပါးသော နာမ်အပေါင်း၏ (၁) ဝေဒနာ၏။(ပ)။ ဝိညာဉ်၏ ဖောက်ပြန်ပျက်စီးခြင်း ဟူ၍ မှတ်အပ်သော သင်္ခတ၏ လက္ခဏာသည် ပျက်ခြင်းမည်၏။ အကြင်နာမ်၏ ဥဒယ ဝယကို အဖန်တလဲလဲ ရှုသော ပညာသည် ရှိ၏၊ ထိုပညာသည် ဥဒယ ဝယ ဝိပဿနာဉာဏ် မည်၏။

ဇာတံ နာမံ ပစ္စုပ္ပန္နံ၊ တဿ နိဗ္ဗတ္တိလက္ခဏံ ဥဒယော ဝိပရိဏာမလက္ခဏံ ဝယော၊ အနုပဿနာ ဉာဏံ။

နယာဟာရ၊ ဇာတာ ဝေဒနာ၊ ဇာတာ သညာ၊ ဇာတာ သင်္ခါရာ၊ ဇာတံ ဝိညာဏံ ပစ္စုပ္ပန္နံ၊ တဿ နိဗ္ဗတ္တိလက္ခဏံ ဥဒယော၊ ဝိပရိဏာမလက္ခဏံ ဝယော၊ အနုပဿနာ ဉာဏံ။
ဝိသုဒ္ဓိ၊၂၊၂၆၅

[ဇရာ မရဏ, တိုင်အောင် သွားနိုင်၏။ ဝိသုဒ္ဓိမဂ်၊ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ။ ပေယျာလနှင့်အနက်မှာ နောက်နည်းအတိုင်း မှတ်လေ။

ဖြစ်ခြင်း၊ ပျက်ခြင်းကို အဖန်တလဲလဲ ရှု၍နေသော ယောဂီသည် ဤသို့သောနည်းဖြင့် ရုပ်နာမ်တရားတို့၏ စ၍ဖြစ်ခြင်းဟု မှတ်အပ်သော သင်္ခတ၏ လက္ခဏာဖြစ်သော ဖြစ်ခြင်းကို အသစ်ဖြစ်သော အခြင်းအရာကို ဥဒယဟူ၍ အဖန်တလဲလဲရှု၏၊

ဖောက်ပြန်ခြင်းဟူ၍ မှတ်အပ်သော သင်္ခတ၏ လက္ခဏာဖြစ်သော ကုန်ခြင်းကို ပျက်ခြင်းကို ဝယဟူ၍ အဖန် တလဲလဲရှု၏။ ထိုယောဂီသည် ဤသို့သော အခြင်း အရာဖြင့် သိ၏။ ဤ ရုပ်နာမ်၏ ဖြစ်သည်မှ ရှေး၌မဖြစ်သေးသော အကြင်အစုမှ ဖြစ်ရာသို့ လာရာ၏။ ထိုအစုသည် လည်းကောင်း၊ ထို ဟုတ်ဟုတ်ငြားငြားသော အစိုင်အခဲ့သည် လည်းကောင်း မရှိ။

အဘယ့်ကြောင့်နည်းဟူမူကား - မရအပ်သော အတ္တဘော၏ အချင်းခပ်သိမ်း မရှိသည်၏ အဖြစ်ကြောင့်တည်း။ ဖြစ်ဆဲဖြစ်သော ရုပ်နာမ်၏လည်း စုန့်စုန့် တက်သော အစုမှ လည်းကောင်း၊ ဟုတ်ဟုတ်ငြားငြား အစိုင်အခဲမှ လည်းကောင်း လာခြင်းသည် မရှိ။

ချုပ်ဆဲဖြစ်သော ရုပ်နာမ်၏လည်း တူရူထောင့် အရပ်သို့ ကပ်၍ သွားခြင်းသည် မရှိ၊ ချုပ်ပြီးသော ရုပ်နာမ်၏လည်း တစ်ခုသောအရပ်၌ စုန့်စုန့်တက်သော အစုအားဖြင့် လည်းကောင်း၊ ဟုတ်ဟုတ်ငြားငြားသော အစိုင်အခဲအားဖြင့် လည်းကောင်း၊ မြေ၌ မြှုပ်ထားသောအားဖြင့် လည်းကောင်း တည်ခြင်းမည်သည် မရှိရှာတော့ပြီ။

သော ဧဝံ ပဇာနာတိ ဣမဿ နာမရူပဿ ဥပ္ပတ္တိတော ပုဗ္ဗေ အနုပ္ပန္နဿ ရာသိ ဝါ နိစယောဝါ နတ္ထိ၊ ဥပ္ပဇ္ဇမာနဿာပိ ရာသိတော ဝါ နိစ ယတော ဝါ အာဂမနံ နာမ နတ္ထိ နိရုဇ္ဈမာနဿာပိ ဒိသာဝိဒိသာ ဂမနံ နာမ နတ္ထိ၊ နိရုဒ္ဓဿာပိ ဧကသ္မိံ ဌာနေ ရာသိ တော နိစယတော နိဓာနတော အဝဋ္ဌာနံ နာမ နတ္ထိ။
ဝိသုဒ္ဓိ၊၂၊၂၆၆

သော ယောဂီ၊ ထိုယောဂီသည်။
ဧဝံ၊ ဤသို့သော အခြင်းအရာအားဖြင့်။
ပဇာနာတိ၊ သိ၏။
ဣမဿ နာမရူပဿ၊ ဤ နာမ်ရုပ်၏။
ဥပ္ပတ္တိတော၊ ဖြစ်သည်မှ။
ပုဗ္ဗေ၊ ရှေး၌။
အနုပ္ပန္နဿ၊ မဖြစ်သေးသော။
ယတော၊ အကြင်အစုမှ။
ဥပ္ပဇ္ဇမာနံ၊ ဖြစ်ရာသို့။
အာဂစ္ဆေယျ၊ လာရာ၏၊ (ထည့်)။
သာ ရာသိ ဝါ၊ ထို စုန့်စုန့်တက်သော အစုသည် လည်းကောင်း။
သော နိစယော ဝါ၊ ထို ဟုတ်ဟုတ်ငြားငြားသော အစိုင်အခဲသည် လည်းကောင်း။
နတ္ထိ၊ မရှိ။
ကသ္မာ၊ အဘယ်ကြောင့်ကား။
အလဒ္ဓအတ္တဘာဝဿ၊ မရအပ်သေးသော အတ္တဘော၏။
သဗ္ဗေန သဗ္ဗံ၊ အချင်းခပ်သိမ်း။
အဝိဇ္ဇမာနတ္တာ၊ ထင်ရှားမရှိသေးသည်၏ အဖြစ်ကြောင့်တည်း။ (ထည့်)။
ဥပ္ပဇ္ဇမာနဿာပိ၊ ဖြစ်ဆဲဖြစ်သော ရုပ်နာမ်၏လည်း။
ရာသိတော ဝါ၊ စုန့်စုန့်တက်သော အစုမှလည်းကောင်း။
နိစယတော ဝါ၊ ဟုတ်ဟုတ်ငြားငြားသော အစိုင်အခဲမှ လည်းကောင်း။
အာဂမနံ နာမ၊ လာခြင်းမည်သည်။
နတ္ထိ၊ မရှိ။
နိရုဇ္ဈမာနဿာပိ၊ ချုပ်ဆဲဖြစ်သော ရုပ်နာမ်၏လည်း။
ဒိသာဝိဒိသာဂမနံ နာမ၊ တူရူ အထောင့်အရပ်သို့ ကပ်၍သွားခြင်းသည်။
နတ္ထိ၊ မရှိ။
နိရုဒ္ဓဿာပိ၊ ချုပ်ပြီးသော ရုပ်နာမ်၏လည်း။
ဧကသ္မိံ ဌာနေ၊ တစ်ခုသောအရပ်၌။
ရာသိတော၊ စုန့်စုန့်တက်သော အစုအားဖြင့် လည်းကောင်း။
နိစယတော၊ ဟုတ်ဟုတ်ငြားငြား အစိုင်အခဲအားဖြင့် လည်းကောင်း။
နိဓာနတော၊ မြေ၌မြှုပ်ထားသောအားဖြင့် လည်းကောင်း။
အဝဋ္ဌာနံနာမ၊ တည်ခြင်းမည်သည်။
နတ္ထိ၊ မရှိ။

ဥပမာအားဖြင့်ကား

တီးသောစောင်းမှ အသံသည် အသံဖြစ်သည်မှ ရှေးကာလ၌ အစိုင်အခဲ စွဲ၍ ရှိနှင့်သော မည်သည်လည်း မရှိ၊ ဖြစ်ဆဲသော အသံသည် အစိုင်အခဲ စွဲသော အစုမှ လာသည်လည်း မဟုတ်၊ ချုပ်ဆဲသော အသံ၏လည်း တူရူ ထောင့်စပ် အရပ် တစ်ပါးသို့ သွားခြင်းလည်း မရှိ၊ ချုပ်ပြီးသော အသံသည်လည်း ထိုထို အရပ်တစ်ပါး၌ ပေါင်းစု၍လည်း မတည်၊

စင်စစ်သော်ကား စောင်းကို လည်းကောင်း၊ သားရေလွန်ကြိုးကို လည်းကောင်း၊ စောင်းတီးသောသူ၏ လုံ့လကို လည်းကောင်း၊ အကြောင်းသုံးပါးကို စွဲ၍ ရှေးက မရှိမှု၍ ယခုမှဖြစ်၏။ ယခုဖြစ်ပြီး၍လည်း အရှည်မတည် ချုပ်ပျောက်၏။

ထိုကြောင့် -

ဧဝံ သဗ္ဗေပိ ရူပါရူပိနော ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တိ-
ဝိသုဒ္ဓိ၊၂၊၂၆၆

ဟူသောစကားကို ၎င်းအဋ္ဌကထာရှင်တို့ မိန့်တော်မူအပ်ပေ၏။

ဧဝံ တထာ၊ ဤစောင်းသံပမာ အတူသာလျှင်။
သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။
ရူပါ ရူပိနော၊ ရုပ်နာမ်ဖြစ်ကုန်သော။
ဓမ္မာ၊ တရားတို့သည်။
အဟုတွာ၊ ရှေးကမရှိမူ၍။
သမ္ဘောန္တိ၊ ယခုမှ ဖြစ်ကြကုန်၏။
ဟုတွာ၊ ယခုဖြစ်ကုန်ပြီး၍။
ပဋိဝေန္တိ၊ အရှည်မတည် ခပ်တစ်ဖြုတ်ဖြုတ် ချုပ်ပျောက်ကြကုန်၏။

(ဤကား အကျဉ်းနည်းတည်း။)

၃၅ - တစ်နည်း ဥဒယ
ဝယဉာဏ်ကို အကျယ် ပြခြင်း

အစိတ် အစိတ် အကျယ်အားဖြင့် နှလုံးသွင်းလိုသော ယောဂီအား ဤအာနာပါန ပဋိဘာဂ နိယကဇ္ဈတ္တ အာရုံအတွင်း၌ တစ်ရာ့တစ်ပါး တည်းဟူသော ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါး ဟူသော သင်္ခါရတရား တို့ကို ရုပ်အစုအားဖြင့် ရူပက္ခန္ဓာ (၆၂)ပါး နာမ်အစုအားဖြင့် ဝေဒနာက္ခန္ဓာ (၁)ပါး၊ သညာက္ခန္ဓာ (၁)ပါး၊ သင်္ခါရက္ခန္ဓာ (၃၆)ပါး ဝိညာဏက္ခန္ဓာ (၁)ပါး၊ အားဖြင့် ပေါင်း ငါးပါး။ အပြား တစ်ရာ့ တစ်ပါးရှိ၏။

ထိုငါးပါးတို့တွင် -

(၁) ရှေးဘဝ၌ အဝိဇ္ဇာ၏ ဖြစ်ပြီးခြင်းကြောင့် ယခုဘဝ၌ ရူပက္ခန္ဓာ၏ ဖြစ်ရခြင်းကို ရှု၏။
(၂) ရှေးဘဝ၌ တဏှာ၏ ဖြစ်ပြီးခြင်းကြောင့် ယခုဘဝ၌ ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှု၏။
(၃) ရှေးဘဝ၌ ကံ၏ ဖြစ်ခြင်းကြောင့် ယခုဘဝ၌ ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှု၏။ (အတိတ်အကြောင်းသုံးပါး)
(၄) ယခုဘဝ၌ အဆက်ဆက်သော ကဗဠိကာရအာဟာရ၏ ထင်ရှား ရှိသည်၏ အဖြစ်ကြောင့် ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှု၏။
(၅) စ၍ဖြစ်ခြင်းဟု မှတ်အပ်သော သင်္ကေတလက္ခဏာကို ရှုသည် ဖြစ်၍လည်း ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကိုရှု၏။ (ပစ္စုပ္ပန်အကြောင်းနှစ်ပါး)

ပေါင်း ရူပက္ခန္ဓာဥဒယဉာဏ် ငါးပါး။

(၁) အရဟတ္တမဂ်ဉာဏ်ဖြင့် အဝိဇ္ဇာ၏ တစ်ဖန် မဖြစ်ပြန်ခြင်း တည်းဟူသော ချုပ်ခြင်းကြောင့် ရူပက္ခန္ဓာ၏ အနာဂတ်ကာလ၌ မဖြစ်ခြင်းဟူသော ချုပ်ခြင်းသည် ဖြစ်၏။ ဤသို့ အကြောင်း ချုပ်ခြင်း၏ အဖြစ်ဖြင့် ရုပ်ပျက်ခြင်းကို ရှု၏။
(၂) အရဟတ္တိမဂ်ဉာဏ်ဖြင့် တဏှာ၏ တစ်ဖန် မဖြစ်ပြန်ခြင်း တည်းဟူသော ချုပ်ခြင်းကြောင့် ရူပက္ခန္ဓာ၏ အနာဂတ်ကာလ၌ မဖြစ်ခြင်း ဟူသော ချုပ်ခြင်းသည် ဖြစ်၏၊ ဤသို့ အကြောင်း ချုပ်ခြင်း၏ အဖြစ်ဖြင့် ရုပ်ပျက်ခြင်းကို ရှု၏။
(၃) အရဟတ္တမဂ်ဉာဏ်ဖြင့် ကံ၏ တစ်ဖန် မဖြစ်ပြန်ခြင်းတည်း ဟူသော ချုပ်ခြင်း ကြောင့် ရူပက္ခန္ဓာ၏ အနာဂတ် ကာလ၌ မဖြစ်ခြင်းဟူသော ချုပ်ခြင်းသည်ဖြစ်၏။ ဤသို့ အကြောင်း ချုပ်ခြင်း၏ အဖြစ်ဖြင့် ရုပ်၏ ပျက်ခြင်းကို ရှု၏။ (အတိတ် အကြောင်း သုံးပါး)
(၄) ပစ္စုပ္ပန်အကြောင်းဖြစ်သော ကဗဠီကာရ အာဟာရ၏ မရှိခြင်းကြောင့် ရူပက္ခန္ဓာ၏ မဖြစ်ခြင်းသည် ဖြစ်၏။ ဤသို့ အကြောင်း ချုပ်ခြင်း၏ အဖြစ်ဖြင့် ရုပ်၏ ပျက်ခြင်းကို ရှု၏။
(၅) ရုပ်၏ ဘင်ဟု ဆိုအပ်သော ဖောက်ပြန်ခြင်းလက္ခဏာကို ရှုသော သူသည်လည်း ရုပ်၏ပျက်ခြင်းကို ရှု၏။ (ပစ္စုပ္ပန်အကြောင်း နှစ်ပါး)။

ပေါင်း ရူပက္ခန္ဓာဝယဉာဏ် ငါးပါး။ ထို့အတူ -

(၁) အဝိဇ္ဇာ၏ ရှေးဘဝ၌ ဖြစ်ပြီးခြင်းကြောင့် ယခုဘဝ၌ ဝေဒနာ ဖြစ်ခြင်းသည် ဖြစ်၏။ ဤသို့ အကြောင်း၏ ဖြစ်ပြီးခြင်းကြောင့် ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှု၏။
(၂) တဏှာ၏ ရှေးဘဝ၌ ဖြစ်ပြီးခြင်းကြောင့် ယခုဘဝ၌ ဝေဒနာ၏ ဖြစ်ခြင်းသည် ဖြစ်၏။ ဤသို့အကြောင်း၏ ဖြစ်ပြီးခြင်းကြောင့် ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှု၏။
(၃) ကံ၏ရှေးဘဝ၌ ဖြစ်ပြီးခြင်းကြောင့် ယခုဘဝ၌ ဝေဒနာ၏ ဖြစ်ခြင်းသည် ဖြစ်၏။ ဤသို့ အကြောင်း၏ ဖြစ်ပြီးခြင်းကြောင့် ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှု၏။ (အတိတ် အကြောင်းသုံးပါး)
(၄) ယခုဘဝ၌ ဖဿ၏ ထင်ရှားရှိသည်၏ အဖြစ်ကြောင့် ဝေဒနာ၏ ဖြစ်ခြင်းသည် ဖြစ်၏။ ဤသို့အကြောင်း၏ ထင်ရှားရှိသည်၏ အဖြစ်ကြောင့် ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှု၏။
(၅) စ၍ ဖြစ်ခြင်းဟု မှတ်အပ်သော သင်္ကေတလက္ခဏာကို ရှုသည်ဖြစ်၍လည်း ဝေဒနာက္ခန္ဓာဖြစ်ခြင်းကို ရှု၏။ (ပစ္စုပ္ပန်အကြောင်း နှစ်ပါး)။

ပေါင်း ဝေဒနာက္ခန္ဓာဥဒယဉာဏ်ငါးပါး။

(၁) အရဟတ္တမဂ်ဉာဏ်ဖြင့် အဝိဇ္ဇာ၏ တစ်ဖန် မဖြစ်ခြင်းဟူသော ချုပ်ခြင်းကြောင့် ဝေဒနာ၏ ချုပ်ခြင်းသည် ဖြစ်၏။ ဤသို့ အနာဂတ်၌ ဝေဒနာဖြစ်ခြင်း၏ အကြောင်း၏ ချုပ်သည်၏ အဖြစ်ဖြင့် ဝေဒနာက္ခန္ဓာ၏ ချုပ်ခြင်းကို ရှု၏။
(၂) အရဟတ္တမဂ်ဉာဏ်ဖြင့် တဏှာ၏ တစ်ဖန် မဖြစ်ခြင်း ဟူသော ချုပ်ခြင်းကြောင့် ဝေဒနာ၏ မဖြစ်ခြင်းသည် ဖြစ်၏။ ဤသို့ အနာဂတ်၌ ဝေဒနာဖြစ်ခြင်း၏ အကြောင်း၏ ချုပ်သည်၏ အဖြစ်ဖြင့် ဝေဒနာက္ခန္ဓာ၏ ချုပ်ခြင်းကို ရှု၏။
(၃) အရဟတ္တမဂ်ဉာဏ်ဖြင့် ကံ၏ တစ်ဖန် မဖြစ်ခြင်းဟူသော ချုပ်ခြင်းကြောင့် ဝေဒနာ၏ မဖြစ်ခြင်းသည် ဖြစ်၏။ ဤသို့ အနာဂတ်၌ ဝေဒနာဖြစ်ခြင်း၏ အကြောင်း၏ ချုပ်သည်၏အဖြစ်ဖြင့် ဝေဒနာက္ခန္ဓာ၏ ချုပ်ခြင်းကို ရှု၏။ (အတိတ်အကြောင်း သုံးပါး။)
(၄) ပစ္စုပ္ပန်အကြောင်းဖြစ်သော ဖဿ၏မရှိခြင်းကြောင့် ဝေဒနာ၏ မရှိခြင်းသည် ဖြစ်၏။ ဤသို့ ဝေဒနာဖြစ်ခြင်း၏ အကြောင်း မရှိသည်၏ အဖြစ်ဖြင့် ဝေဒနာက္ခန္ဓာ၏ ပျက်ခြင်းကို ရှု၏။
(၅) ဝေဒနာ၏ ဘင်ဟုဆိုအပ်သော ဖောက်ပြန်ခြင်း လက္ခဏာကို ရှုသော ယောဂီသည်လည်း ဝေဒနာက္ခန္ဓာ၏ ပျက်ခြင်းကို ရှု၏။ (ပစ္စုပ္ပန်အကြောင်း နှစ်ပါး။)။

ပေါင်း ဝေဒနာက္ခဝယဉာဏ် ငါးပါး။

(၁) အဝိဇ္ဇာ၏ ရှေးဘဝ၌ ဖြစ်ပြီးခြင်းကြောင့် ယခုဘဝ၌ သညာ၏ ဖြစ်ခြင်းသည် ဖြစ်၏။ ဤသို့ အကြောင်း၏ ဖြစ်ပြီးခြင်းကြောင့် သညာက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှု၏။
(၂) တဏှာ၏ ရှေးဘဝ၌ ဖြစ်ပြီးခြင်းကြောင့် ယခုဘဝ၌ သညာ၏ ဖြစ်ခြင်းသည် ဖြစ်၏။ ဤသို့ အကြောင်း၏ ဖြစ်ပြီးခြင်းကြောင့် သညာက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှု၏။
(၃) ကံ၏ ရှေးဘဝ၌ ဖြစ်ပြီးခြင်းကြောင့် ယခုဘဝ၌ သညာ၏ ဖြစ်ခြင်းသည် ဖြစ်၏။ ဤသို့ အကြောင်း၏ ဖြစ်ပြီးခြင်းကြောင့် သညာက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှု၏။ (အတိတ် အကြောင်းသုံးပါး။)
(၄) ယခုဘဝ၌ ဖဿ၏ ထင်ရှားရှိသည်၏ အဖြစ်ကြောင့် သညာ၏ ဖြစ်ခြင်းသည် ဖြစ်၏။ ဤသို့ အကြောင်းမှာ ထင်ရှားရှိသည်၏ အဖြစ်ကြောင့် သညာက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှု၏။
(၅) စ၍ဖြစ်ခြင်းဟု မှတ်အပ်သော သင်္ကေတလက္ခဏာကို ရှုသည် ဖြစ်၍လည်း သညာက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှု၏။ (ပစ္စုပ္ပန် အကြောင်းနှစ်ပါး။)

ပေါင်း သညာက္ခန္ဓာဥဒယဉာဏ် ငါးပါး။

(၁) အရဟတ္တမဂ်ဉာဏ်ဖြင့် အဝိဇ္ဇာ၏ တစ်ဖန်မဖြစ်ခြင်း ဟူသော ချုပ်ခြင်းနှင့် သညာ၏ ချုပ်ခြင်းသည် ဖြစ်၏၊ ဤသို့ အနာဂတ်၌ သညာ၏ဖြစ်ခြင်း အကြောင်း၏ ချုပ်သည်၏ အဖြစ်ဖြင့် သညာက္ခန္ဓာ၏ ချုပ်ခြင်းကို ရှု၏၊
(၂) အရဟတ္တမဂ်ဉာဏ်ဖြင့် တဏှာ၏ တဖန် မဖြစ်ခြင်း ဟူသော ချုပ်ခြင်းကြောင့် သညာ၏ မဖြစ်ခြင်းသည် ဖြစ်၏၊ ဤသို့ အနာဂတ်၌ သညာ ဖြစ်ခြင်း၏ အကြောင်း၏ ချုပ်သည်၏ အဖြစ်ဖြင့် သညာက္ခန္ဓာ၏ ချုပ်ခြင်းကိုရှု၏။
(၃) အရဟတ္တ မဂ်ဉာဏ်ဖြင့် ကံ၏တစ်ဖန် မဖြစ်ခြင်းဟူသော ချုပ်ခြင်းကြောင့် သညာ၏ မဖြစ်ခြင်းသည် ဖြစ်၏။ ဤသို့ အနာဂတ်၌ သညာဖြစ်ခြင်း၏ အကြောင်း၏ ချုပ်သည်၏ အဖြစ်ဖြင့် သညာက္ခန္ဓာ၏ ချုပ်ခြင်းကိုရှု၏။ (အတိတ် အကြောင်း သုံးပါး။)
(၄) ပစ္စုပ္ပန်အကြောင်းဖြစ်သော ဖဿ၏ မရှိခြင်းကြောင့် သညာ၏ မရှိခြင်းသည် ဖြစ်၏၊ ဤသို့ သညာဖြစ်ခြင်း၏ အကြောင်း မရှိသည်၏အဖြစ်ဖြင့် သညာက္ခန္ဓာ၏ ပျက်ခြင်းကို ရှု၏၊
(၅) သညာ၏ ဘင်ဟု ဆိုအပ်သော ဖောက်ပြန်ခြင်း လက္ခဏာကို ရှုသော ယောဂီသည်လည်း သညာက္ခန္ဓာ၏ ပျက်ခြင်းကိုရှု၏။ (ပစ္စုပ္ပန်အကြောင်း နှစ်ပါး။)

ပေါင်း သညာက္ခန္ဓာဝယဉာဏ်ငါးပါး။

(၁) အဝိဇ္ဇာ၏ ရှေးဘဝ၌ ဖြစ်ပြီးခြင်းကြောင့် ယခုဘဝ၌ သင်္ခါရတို့၏ ဖြစ်ခြင်း သည်ဖြစ်၏၊ ဤသို့ အကြောင်း၏ ဖြစ်ပြီးခြင်းကြောင့်သင်္ခါရက္ခန္ဓာတို့၏ ဖြစ်ခြင်းကို ရှု၏။
(၂) တဏှာ၏ ရှေးဘဝ၌ ဖြစ်ပြီးခြင်းကြောင့် ယခုဘဝ၌ သင်္ခါရတို့၏ ဖြစ်ခြင်းသည် ဖြစ်၏။ ဤသို့ အကြောင်း၏ ဖြစ်ပြီးခြင်းကြောင့် သင်္ခါရက္ခန္ဓာတို့၏ ဖြစ်ခြင်းကို ရှု၏၊
(၃) ကံ၏ ရှေးဘဝ၌ ဖြစ်ပြီးခြင်းကြောင့် ယခုဘဝ၌ သင်္ခါရတို့၏ ဖြစ်ခြင်းသည် ဖြစ်၏။ ဤသို့အကြောင်း၏ ဖြစ်ပြီးခြင်းကြောင့် သင်္ခါရက္ခန္ဓာတို့၏ ဖြစ်ခြင်းကို ရှု၏။ (အတိတ်အကြောင်းသုံးပါး။)
(၄) ယခုဘဝ၌ ဖဿ၏ ထင်ရှားရှိသည်၏ အဖြစ်ကြောင့် သင်္ခါရတို့ ဖြစ်ခြင်း သည်ဖြစ်၏၊ ဤသို့ အကြောင်း၏ ထင်ရှားရှိသည်၏ အဖြစ်ကြောင့် သင်္ခါရက္ခန္ဓာ တို့၏ ဖြစ်ခြင်းကို ရှု၏။
(၅) စ၍ဖြစ်ခြင်းဟု မှတ်အပ်သော သင်္ခတ လက္ခဏာကို ရှုသည် ဖြစ်၍လည်း သင်္ခါရက္ခန္ဓာတို့၏ ဖြစ်ခြင်းကို ရှု၏။ (ပစ္စုပ္ပန်အကြောင်း နှစ်ပါး။)

ပေါင်း သင်္ခါရက္ခန္ဓာဥဒယဉာဏ်ငါးပါး။

(၁) အရဟတ္တမဂ်ဉာဏ်ဖြင့် အဝိဇ္ဇာ၏ တဖန်မဖြစ်ခြင်း ဟူသော ချုပ်ခြင်းကြောင့် သင်္ခါရတို့၏ ချုပ်ခြင်းသည် ဖြစ်၏၊ ဤသို့ အနာဂတ်၌ သင်္ခါရတို့၏ ဖြစ်ခြင်းတို့၏ အကြောင်း၏ချုပ်သည်၏ အဖြစ်ဖြင့် သင်္ခါရက္ခန္ဓာတို့၏ ချုပ်ခြင်းကို ရှု၏။
(၂) အရဟတ္တ မဂ်ဉာဏ်ဖြင့် တဏှာ၏ တဖန် မဖြစ်ခြင်း ဟူသော ချုပ်ခြင်းကြောင့် သင်္ခါရတို့၏ မဖြစ်ခြင်းသည်ဖြစ်၏။ ဤသို့ အနာဂါတ်၌ သင်္ခါရတို့၏ ဖြစ်ခြင်းတို့၏ အကြောင်း၏ ချုပ်သည်၏ အဖြစ်ဖြင့် သင်္ခါရက္ခန္ဓာတို့၏ ချုပ်ခြင်းကို ရှု၏၊
(၃) အရဟတ္တမဂ်ဉာဏ်ဖြင့် ကံ၏ တဖန် မဖြစ်ခြင်းဟူသော ချုပ်ခြင်းကြောင့် သင်္ခါရတို့၏ မဖြစ်ခြင်းသည် ဖြစ်၏၊ ဤသို့ အနာဂတ်၌ သင်္ခါရတို့၏ ဖြစ်ခြင်းတို့၏ အကြောင်း၏ ချုပ်သည်၏ အဖြစ်ဖြင့် သင်္ခါရက္ခန္ဓာတို့၏ ချုပ်ခြင်းကို ရှု၏။ (အတိတ် အကြောင်း သုံးပါး။)
(၄) ပစ္စုပ္ပန်အကြောင်းဖြစ်သော ဖဿ၏ မရှိခြင်းကြောင့် သင်္ခါရတို့၏ မရှိခြင်းသည် ဖြစ်၏၊ ဤသို့ သင်္ခါရတို့၏ အကြောင်း မရှိသည်၏ အဖြစ်ဖြင့် သင်္ခါရက္ခန္ဓာတို့၏ ပျက်ခြင်းကိုရှု၏။
(၅) သင်္ခါရက္ခန္ဓာတို့၏ ဘင်ဟု ဆိုအပ်သော ဖောက်ပြန်ခြင်း လက္ခဏာကို ရှုသော ယောဂီသည်လည်း သင်္ခါရက္ခန္ဓာတို့၏ ပျက်ခြင်းကို ရှု၏၊ (ပစ္စုပ္ပန်အကြောင်း နှစ်ပါး။)

ပေါင်း သင်္ခါရက္ခန္ဓာဝယဉာဏ် ငါးပါး။

(၁) အဝိဇ္ဇာ၏ ရှေးဘဝ၌ ဖြစ်ပြီးခြင်းကြောင့် အခုဘဝ၌ ဝိညာဉ်၏ ဖြစ်ခြင်းသည် ဖြစ်၏။ ထိုသို့ အကြောင်း၏ ဖြစ်မြင်းကြောင့် ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှု၏။
(၂) တဏှာ၏ ရှေးဘဝ၌ ဖြစ်ပြီးခြင်းကြောင့် ယခုဘဝ၌ ဝိညာဉ်၏ ဖြစ်ခြင်းသည် ဖြစ်၏၊ ဤသို့ အကြောင်း၏ ဖြစ်ပြီးခြင်းကြောင့် ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှု၏၊
(၃) ကံ၏ရှေးဘဝ၌ ဖြစ်ပြီးခြင်းကြောင့် ယခုဘဝ၌ ဝိညာဉ်၏ ဖြစ်ခြင်းသည် ဖြစ်၏။ ဤသို့ အကြောင်း၏ ဖြစ်ပြီးခြင်းကြောင့် ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှု၏။ (အတိတ်အကြောင်းသုံးပါး)
(၄) ယခုဘဝ၌ နာမ်ရုပ်၏ ထင်ရှားရှိသည်၏ အဖြစ်ကြောင့် ဝိညာဉ်၏ဖြစ်ခြင်းသည် ဖြစ်၏၊ ဤသို့ အကြောင်း၏ ထင်ရှား ရှိသည်၏အဖြစ်ကြောင့် ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှု၏။
(၅) စ၍ ဖြစ်ခြင်းဟု မှတ်အပ်သော သင်္ခတလက္ခဏာကို ရှုသည် ဖြစ်၍လည်း ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှု၏။ (ပစ္စုပ္ပန် အကြောင်း နှစ်ပါး)

ပေါင်း ဝိညာဏက္ခန္ဓာဥဒယဉာဏ်ငါးပါး။

(၁) အရဟတ္တမဂ်ဉာဏ်ဖြင့် အဝိဇ္ဇာ၏ တစ်ဖန်မဖြစ်ခြင်း ဟူသော ချုပ်ခြင်းကြောင့် ဝိညာဉ်၏ ချုပ်ခြင်းသည် ဖြစ်၏။ ဤသို့ အနာဂတ်၌ ဝိညာဉ် ဖြစ်ခြင်း၏ အကြောင်း၏ ချုပ်သည်၏ အဖြစ်ဖြင့် ဝိညာဏက္ခန္ဒာ၏ ချုပ်ခြင်းကို ရှု၏၊
(၂) အရဟတ္တမဂ်ဉာဏ်ဖြင့် တဏှာ၏ တစ်ဖန်မဖြစ်ခြင်း ဟူသော ချုပ်ခြင်းကြောင့် ဝိညာဉ် ချုပ်ခြင်းသည် ဖြစ်၏၊ ဤသို့ အနာဂတ်၌ ဝိညာဉ် ဖြစ်ခြင်း၏ အကြောင်း၏ ချုပ်သည်၏ အဖြစ်ဖြင့် ဝိညာဏက္ခန္ဓာ၏ ချုပ်ခြင်းကို ရှု၏၊
(၃) အရဟတ္တမဂ်ဉာဏ်ဖြင့် ကံ၏ တစ်ဖန် မဖြစ်ခြင်းဟူသော ချုပ်ခြင်းကြောင့် ဝိညာဉ်၏ ချုပ်ခြင်းသည် ဖြစ်၏၊ ဤသို့ အနာဂတ်၌ ဝိညာဉ်ဖြစ်ခြင်း၏ အကြောင်း၏ ချုပ်သည်၏ အဖြစ်ဖြင့် ဝိညာဏက္ခန္ဓာ၏ ချုပ်ခြင်းကို ရှု၏။ (အတိတ် အကြောင်း သုံးပါး)
(၄) ပစ္စုပ္ပန် အကြောင်းဖြစ်သော နာမ်ရုပ်၏ မရှိခြင်းကြောင့် ဝိညာဉ်၏ မရှိခြင်းသည် ဖြစ်၏၊ ဤသို့ အနာဂတ်အကြောင်း မရှိသည်၏ အဖြစ်ဖြင့် ဝိညာဏက္ခန္ဓာ၏ ပျက်ခြင်းကို ရှု၏။
(၅) ဝိညာဏက္ခန္ဓာဘင်ဟု ဆိုအပ်သော ဖောက်ပြန်ခြင်း လက္ခဏာကို ရှုသော ယောဂီသည်လည်း ဝိညာဏက္ခန္ဓာ၏ ပျက်ခြင်းကို ရှု၏။ (ပစ္စုပ္ပန် အကြောင်း နှစ်ပါး)

ပေါင်း ဝိညာဏက္ခန္ဓာဝယဉာဏ် ငါးပါး။

ရူပက္ခန္ဓာ၌ ပေါင်း ဥဒယဉာဏ်ငါးပါး, ဝယဉာဏ်ငါးပါး။
ဝေဒနာက္ခန္ဓာ၌ ပေါင်း ဥဒယဉာဏ်ငါးပါး, ဝယဉာဏ်ငါးပါး။
သညာက္ခန္ဓာ၌ ပေါင်း ဥဒယဉာဏ်ငါးပါး, ဝယဉာဏ်ငါးပါး။
သင်္ခါရက္ခန္ဓာ၌ ပေါင်း ဥဒယဉာဏ်ငါးပါး, ဝယဉာဏ်ငါးပါး။
ဝိညာဏက္ခန္ဓာ၌ ပေါင်း ဥဒယဉာဏ်ငါးပါး, ဝယဉာဏ်ငါးပါး။

ဤသို့အားဖြင့် ငါးဆယ်သော ဥဒယဗ္ဗယဉာဏ်တို့ကို အစိတ်စိတ်အားဖြင့် ရှု၍ ဆင်ခြင်အပ်၏။

မာတိကာကား

(၁) အဝိဇ္ဇာသမုဒယာ ရူပသမုဒယော
(၂) တဏှာသမုဒယာ ရူပသမုဒယော
(၃) ကမ္မသမုဒယာ ရူပသမုဒယော
(၄) အာဟာရ သမုဒယာ ရူပသမုဒယော
(နိဗ္ဗတ္တိ လက္ခဏံ။)

(၁) အဝိဇ္ဇာနိရောဓာ ရူပနိရောဓော
(၂) တဏှာနိရောဓာ ရူပနိရောဓော
(၃) ကမ္မနိရောဓာ ရူပနိရောဓော
(၄) အာဟာရ နိရောဓာ ရူပနိရောဓော
(ဝိပရိဏာမလက္ခဏံ။) (ရူပက္ခန္ဓာ။)

(၁) အဝိဇ္ဇာသမုဒယာ ဝေဒနာသမုဒယော
(၂) တဏှာသမုဒယာ ဝေဒနာသမုဒယော
(၃) ကမ္မသမုဒယာ ဝေဒနာသမုဒယော
(၄) ဖဿသမုဒယာ ဝေဒနာသမုဒယော
(နိဗ္ဗတ္တိလက္ခဏံ။)

(၁) အဝိဇ္ဇာနိရောဓာ ဝေဒနာနိရောဓော
(၂) တဏှာနိရောဓာ ဝေဒနာနိရောဓော
(၃) ကမ္မနိရောဓာ ဝေဒနာနိရောဓော
(၄) ဖဿနိရောဓာ ဝေဒနာနိရောဓော
(ဝိပရိဏာမလက္ခဏံ။) (ဝေဒနာက္ခန္ဓာဖို့)။

(၁) အဝိဇ္ဇာသမုဒယာ သညာသမုဒယော
(၂) တဏှာသမုဒယာ သညာသမုဒယော
(၃) ကမ္မသမုဒယာ သညာသမုဒယော
(၄) ဖဿသမုဒယာ သညာသမုဒယော
(နိဗ္ဗတ္တိလက္ခဏံ။)

(၁) အဝိဇ္ဇာနိရောဓာ သညာနိရောဓော
(၂) တဏှာနိရောဓာ သညာနိရောဓော
(၃) ကမ္မနိရောဓာ သညာနိရောဓော
(၄) ဖဿနိရောဓာ သညာနိရောဓော
(ဝိပရိဏာမလက္ခဏံ) (သညာက္ခန္ဓာဖို့။)

(၁) အဝိဇ္ဇာသမုဒယာ သင်္ခါရသမုဒယော
(၂) တဏှာသမုဒယာ သင်္ခါရသမုဒယော
(၃) ကမ္မသမုဒယ သင်္ခါရသမုဒယော
(၄) ဖဿသမုဒယာ သင်္ခါရသမုဒယော
(နိဗ္ဗတ္တိလက္ခဏံ။)

(၁) အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓော
(၂) တဏှာနိရောဓာ သင်္ခါရနိရောဓော
(၃) ကမ္မနိရောဓာ သင်္ခါရနိရောဓော
(၄) ဖဿနိရောဓာ သင်္ခါရနိရောဓော
(ဝိပရိဏာမလက္ခဏံ။) (သင်္ခါရက္ခန္ဓာဖို့။)

(၁) အဝိဇ္ဇာသမုဒယာ ဝိညာဏသမုဒယော
(၂) တဏှာသမုဒယာ ဝိညာဏသမုဒယော
(၃) ကမ္မသမုဒယာ ဝိညာဏသမုဒယော
(၄) နာမရူပ သမုဒယာ ဝိညာဏသမုဒယော
(နိဗ္ဗတ္တိလက္ခဏံ။)

(၁) အဝိဇ္ဇာနိရောဓာ ဝိညာဏနိရောဓော
(၂) တဏှာနိရောဓာ ဝိညာဏနိရောဓော
(၃) ကမ္မနိရောဓာ ဝိညာဏနိရောဓော
(၄) နာမရူပနိရောဓာ ဝိညာဏနိရောဓော
(ဝိပရိဏာမလက္ခဏံ။) (ဝိညာဏိက္ခန္ဓာဖို့။)

(အကျယ်ကိုလိုပါမူ ပဋိသမ္ဘိဒါမဂ်မှာ ယူပါလေ။)

ဤသို့ ဥပမာငါးပါးတို့တွင် တစ်ပါးပါးဖြင့် ထင်မြင်အောင် ရှုလျက် အစိတ်စိတ် အားဖြင့် ပြခဲ့ပြီးသော အမျှငါးဆယ်သော လက္ခဏတို့ကို ထိုးထွင်း၍တည်သော ယောဂီသည် ရှေးဦးစွာသော တရုဏဥဒယဗ္ဗယ ဝိပသာနာဉာဏ်ကို ရလေ၏။

ဣမိနာ အာကာရေန သမပညာသ လက္ခဏာနိ ပဋိဝိဇ္ဈိတွာ ဌိတံ ဥဒယဗ္ဗယာနုပဿနံ နာမ ပဌမံ တရုဏဝိပဿနာ ဉာဏံ အဓိဂတံ ဟောတိ။
ဝိသုဒ္ဓိ၊၂၊၂၆၉

ဣမိနာအာကာရေန၊ ဤသို့ ဆိုအပ်ပြီးသော အပြားရှိသော ဥဒယ ဝယကို ပစ္စက္ခ ပြုသော အခြင်းအရာအားဖြင့်။
သမပညာသလက္ခဏာနိ၊ အမျှငါးဆယ်သော လက္ခဏာတို့ကို။
ပဋိဝိဇ္ဈိတွာ၊ ထိုးထွင်း၍။
ဌိတံ၊ တည်သော။
ဥဒယဗ္ဗယာနုပဿနံ နာမ၊ ဥဒယဗ္ဗယာနုပဿနာ မည်သော။
ပဌမံ၊ ရှေးဦးစွာသော။
တရုဏ ဝိပဿနာ ဉာဏံ၊ နုသော ဝိပဿနာဉာဏ်ကို။
အဓိဂတံ၊ ရအပ်သည်။
ဟောတိ ဖြစ်၏။

၃၆ - အနိစ္စလက္ခဏာကို မြင်က ကြွင်းသော လက္ခဏာတို့ကို မြင်နိုင်ခြင်း

ဤသို့ ဥပမာ ငါးပါးတို့တွင် တစ်ပါးပါးသို့ သက်စေလျက် အကျဉ်းအားဖြင့် လည်းကောင်း၊ အကျယ်အားဖြင့် လည်းကောင်း ရုပ်နာမ်နှစ်ပါး တို့ကို အနိစ္စ လက္ခဏာဖြင့် သုံးသပ်ဆင်ခြင်သော ယောဂီသည် ဒုက္ခလက္ခဏာ အနတ္တလက္ခဏာ တို့သည် မိမိမိမိတို့ သဘောအားဖြင့် အလိုလို ထင်လာ မြင်လာရတော့၏။

ဧတေသု ဟိ တီသု လက္ခဏေသု ဧကသ္မိံ ဒိဋ္ဌေ ဣတရဒွယံ ဒိဋ္ဌမေဝ ဟောတိ။
အံ၊ဋ္ဌ၊၃၊၂၅၈

အနိစ္စသညိနော မေဃိယ အနတ္တသညာ သဏ္ဌာတိ။
အံ၊၃၊၁၆၉

ဟိ၊ ထိုစကား သင့်စွ။
တီသု၊ သုံးပါးကုန်သော။
ဧတေသု လက္ခဏေသု၊ ထိုလက္ခဏာရေး တရားတို့တွင်။
ဧကသ္မိံ၊ တစ်ခုသော အနိစ္စလက္ခဏာကို။
ဒိဋ္ဌေ၊ မြင်အပ်သည်ရှိသော်။
ဣတရဒွယံ၊ ဤမှတပါးသော ဒုက္ခ အနတ္တ လက္ခဏာနှစ်ပါးကို။
ဒိဋ္ဌမေဝ၊ မြင်အပ်တော့သည်သာလျှင်။
ဟောတိ၊ ဖြစ်၏။
[အဋ္ဌကထာအနက်။]

မေဃိယ၊ ချစ်သား မေဃိယ။
အနိစ္စသညိနော၊ အနိစ္စသညာကို ကောင်းစွာ သိမြင်သောသူအား။
အနတ္တသညာ၊ အနတ္တသညာသည်။
သဏ္ဌာတိ၊ ကောင်းစွာ တည်လာ၏။
[သုတ်အနက်။]

ထိုသို့ ရုပ်နာမ်နှစ်ပါး သင်္ခါရတရားတို့ကို အနိစ္စအဖြစ်ဖြင့် ထင်မြင်အောင် စီးဖြန်း အားထုတ်သော ယောဂီသည် ဒုက္ခလက္ခဏာကို အဘယ်သို့ ထင်မြင်လာသနည်း။ ပြခဲ့ပြီးသော ရုပ်နာမ်နှစ်ပါး သင်္ခါရတရားတို့သည် ငါ၏သန္တာန်ဝယ် အရှိန်မစဲ တသဲသဲ ဖြစ်ခြင်းတည်းဟူသော ဘေး၊ ပျက်ခြင်းတည်းဟူသော ဘေး၊ (ဝါ) ဖြစ်ခြင်းဖြင့် နှိပ်စက်ခြင်း ပျက်ခြင်းဖြင့် နှိပ်စက်ခြင်းဟူသော ဘေးကို ဆောင်တတ်ချေ၏ဟု ဖြစ်ခြင်း ပျက်ခြင်း၌ ဒုက္ခဒုက္ခဝယ် ရပ်လျက် သင်္ခါရတရားတို့၏ ဖြစ်ပွားပျက်ချုပ် ဟန်ကို အဖန်ဖန် တောင့်တ၍ မရခြင်းတည်းဟူသော သင်္ခါရဒုက္ခ၊ တောင့်တစဉ် ဆဲဆဲဝယ် တသဲသဲ တလိပ်လိပ် တရိပ်ရိပ် နှိပ်စက်၍ ဖောက်ပြန်အပ်သော ဝိပရိဏာမ ဒုက္ခတည်းဟူသော ဒုက္ခဘေးကြီး သုံးတန်ကို နှစ်တန်နှစ်တန်သော ဘယာဝဟပဋိပီဠနသဘောရှိခြင်းကြောင့် ကောင်းစွာ ဒုက္ခ ဒုက္ခ ဟု ရှုအပ်၏။

၃၇ - ဒုက္ခလက္ခဏာကို ပြခြင်း

သဗ္ဗမေဝ စ တံ ဒုက္ခံ ဘယဋ္ဌေန၊ ဘယဋ္ဌေနာတိ သပ္ပဋိဘယ တာယ၊ ယဥှိ အနိစ္စံ တံ ဘယာဝဟံ ဟောတိ။ ဝိသုဒ္ဓိ၊၂၊၂၄၅

ဒုက္ခာတိ သမ္ပဋိပိဠနဋ္ဌေန ဒုက္ခာ။ အံ၊ဋ္ဌ၊၂၊၂၄၂

၊ ထိုမှတစ်ပါး။
သဗ္ဗမေဝ၊ အလုံးစုံသာလျှင်ဖြစ်သော။
တံ ဧကာဒသဝိဓမ္ပိရူပံ၊ ထိုတစ်ဆယ့်တစ်ပါးသော ရုပ်သည်။
(ဝါ) တစ်ဆယ့် တစ်ပါးသော အခြင်းအရာဖြင့် သိမ်းဆည်းအပ်သော ရုပ်အပေါင်း သည်။
(ဝါ) တစ်ဆယ့်တစ်ပါးသော အခြင်းအရာဖြင့် သိမ်းဆည်းအပ်သော နာမ်အပေါင်း သည်။
ဘယဋ္ဌေန၊ ကြောက်အပ်သော သဘောရှိသည်၏ အဖြစ်ကြောင့်။

[ငါသည် ပျက်စီးတော့အံ့။ ငါ၏ဥစ္စာသည် ပျက်စီးတော့အံ့၊ ရုပ်နာမ်သည် ပျက်စီး တော့အံ့၊ ရုပ်နာမ်၏ ဥစ္စာဟုထင်မှတ်သော ဝိပလ္လာသကို မပယ်နိုင်သောကြောင့် ရုပ်နာမ်ဟုမထင်မူ၍ ငါ့ကိုယ် ငါ့သား ငါ့မယား အစရှိသည် ပျက်စီးတော့အံ့ဟု သဘောရှိသည်ဟူလို။ ဋီကာ။]

ဒုက္ခံ၊ ဒုက္ခမည်၏။
ဣတိ၊ ဤသို့။
သမ္မသတိ၊ သုံးသပ်၏။
ဘယဋ္ဌေနာတိ၊ ဘယဋ္ဌေန ဟူသည်ကား။
သပ္ပဋိဘယတာယ၊ ကြောက်အပ်သော သဘောရှိသည်၏ အဖြစ်ကြောင့်။
ဟိ သစ္စံ၊ မှန်၏။
ယံ ရူပံ၊ အကြင်ရုပ်သည်။
(ဝါ) အကြင်နာမ်သည်။
အနိစ္စံ၊ မမြဲသောသဘော ရှိ၏။
တံ ရူပံ၊ ထိုရုပ်သည်။
(ဝါ) ထိုနာမ်သည်။
ဘယာဝဟံ၊ ဘေးကို ဆောင်တတ်သည်။
ဟောတိ၊ ဖြစ်၏။

ဒုက္ခာတိ၊ ဒုက္ခဟူသည်ကား။
သမ္ပဋိပိဠနဋ္ဌေန၊ ဘေးဘျမ်းနှင့်တကွ အကြိမ်ကြိမ် အဖန်ဖန် အတန်တန် ဖြစ်ခြင်း ပျက်ခြင်းဖြင့် နှိပ်စက်အပ်သည်အဖြစ်ကြောင့်။
ဒုက္ခာ၊ ဒုက္ခမည်၏။

တစ်နည်းကား။

ထိုရုပ်နာမ် နှစ်ပါး သင်္ခါရတရားတို့သည် ပရမတ္ထအားဖြင့် ထင်ရှားဖြစ်၍ ပရမတ္ထအားဖြင့် ထင်ရှားမရှိသည့် အနက်ကြောင့် အနိစ္စမည်ရုံသာ မဟုတ်သေး -

(၁) တစ်ခုတစ်ခုသော နိယကဇ္ဈတ္တအာရုံအတွင်း၌ ရအပ် ရောက်အပ်သော ဖြစ်ခြင်း ဟူသော ဥပါဒ်၊ ပျက်ခြင်းဟူသော ဘင်အားဖြင့် လည်းကောင်း၊
(၂) မပြတ်မလုပ် ထပ်၍ထပ်၍ ဖောက်ပြန်တတ်သောအားဖြင့် လည်းကောင်း၊
(၃) တစ်မုဟုတ္တ တစ်ခဏ အခိုက်အတန့်မျှ တည်သောအားဖြင့် လည်းကောင်း၊
(၄) မြဲသော သဘောတရား၏ ဆန့်ကျင်ဖက်အားဖြင့် လည်းကောင်း

ဤသို့ လေးပါးသော အကြောင်းတို့ဖြင့် ရုပ်နာမ်တရားတို့၏ အနိစ္စတို့ကို သိအပ်၏။

စိုးရိမ်ရခြင်းဖြစ်ပြီး၍ ဌီသို့ရောက်ခြင်း၊ ဌီသို့ရောက်ပြီး၍ ပျက်ရခြင်း တည်းဟူသော ---

(၁) ဘင်သို့ ရောက်ခြင်းအားဖြင့် မပြတ်မလပ် ထပ်၍ထပ်၍ နှိပ်စက်တတ်သော အားဖြင့်လည်းကောင်း၊
(၂) ယောဂီပုဂ္ဂိုလ်အား မဖြစ်လိုဘဲလျက် ဖြစ်ရခြင်းဟူသော ငြိုငြင်စွာ သည်းခံနိုင် ခဲသောအားဖြင့် လည်းကောင်း၊
(၃) တေဘူမကဓာတ်ဖြစ်၍ ဒုက္ခမှမလွတ်နိုင်သေးရကား ဒုက္ခ၏ အကြောင်းအားဖြင့် လည်းကောင်း၊
(၄) ချမ်းသာခြင်း၏ ဆန့်ကျင်ဖက် ဒုက္ခအားဖြင့် လည်းကောင်း ဤသို့ လေးပါးသော အကြောင်းတို့ဖြင့် ဒုက္ခကို ရှုအပ်၏။

အပရေဟိ ပိ စတူဟိ ကာရဏေဟိ အနိစ္စံ ဥပ္ပါဒဝယဝန္တတော ဝိပရိဏာမတော တာဝကာလိကတော နိစ္စပဋိပက္ခတောတိ၊ တဒေဝ သပ္ပဋိပီဠနဋ္ဌေန ဒုက္ခံ၊ ယသ္မာ ဝါ ဧတံ ဥပ္ပန္နံ ဋ္ဌိတိံ ပါပုဏာတိ၊ ဋ္ဌိတိယံ ဇရာယ ကိလမတိ၊ ဇရံပတွာ အဝဿံ ဘိဇ္ဇတိ၊ တသ္မာ အဘိဏှ သပ္ပဋိပီဠနတော ဒုက္ခမတော ဒုက္ခဝတ္ထုတော သုခပဋိပက္ခတောတိ ဣမေဟိ စတူဟိ ကာရဏေဟိ ဒုက္ခံ။ အဘိ၊ဋ္ဌ၊၂၊၄၅

အပရေဟိ၊ တစ်ပါးကုန်သော။
(ကာရဏေဟိ ၌ ဝိသေသန စပ်။)
ဥပ္ပါဒ ဝယဝန္တတော စ၊ ဥပါဒ် ဘင်လျှင် အဆုံးရှိသောအားဖြင့် လည်းကောင်း။
ဝိပရိဏာမတောစ၊ ဖောက်ပြန်တတ်သောအားဖြင့် လည်းကောင်း။
တာဝကာလိကတောစ၊ အခိုက်အတန့်အားဖြင့် လည်းကောင်း။
နိစ္စပဋိပက္ခတောစ၊ နိစ္စ၏ဆန့်ကျင်ဖက်အားဖြင့် လည်းကောင်း။
ဣတိ ဣမေဟိ စတူဟိ ကာရဏေဟိ၊ ဤလေးပါးသော အကြောင်းတို့ဖြင့်။
နာမရူပံ၊ နာမ်ရုပ်သည်။
အနိစ္စံ၊ အနိစ္စမည်၏။
တဒေဝ၊ ထိုနာမ်ရုပ်သည်လျှင်။
သပ္ပဋိပီဠနဋ္ဌေန၊ မပြတ်နှိပ်စက်ခြင်း အနက်ကြောင့်။
ဒုက္ခံ၊ ဒုက္ခ မည်၏၊
(ဝါ) တစ်နည်းကား။
ယသ္မာ၊ အကြင်ကြောင့်။
ဥပ္ပန္နံ၊ ဖြစ်ပြီးသော။
ဧတံ၊ ထိုနာမ်ရုပ်သည်။
ဌိတိံ၊ ဌီသို့။
ပါပုဏာတိ၊ ရောက်၏။
ဌိတိယံ၊ ဌီ၌။
ဥပ္ပန္နံ၊ ဖြစ်ပြီးသာ။
ဧတံ၊ ထိုနာမ်ရုပ်သည်။
ဧရာယ၊ ဇရာဖြင့်။
ကိလမတိ၊ ပင်ပန်း၏။
ဇရံ၊ ဇရာသို့။
ပတွာ၊ ရောက်၍။
အဝဿံ၊ မချွတ်။
ဘိဇ္ဇတိ၊ ပျက်၏။
တသ္မာ၊ ထိုကြောင့်။
အဘိဏှသပ္ပဋိပီဠန စ၊ မပြတ်နှိပ်စက်တတ်သော အားဖြင့်လည်းကောင်း။
ဒုက္ခမတောစ၊ သည်းခံနိုင်ခဲ့သော အားဖြင့် လည်းကောင်း။
ဒုက္ခဝတ္ထုတော စ၊ ဒုက္ခ၏ အကြောင်းအားဖြင့် လည်းကောင်း။
သုခ ပဋိပက္ခတော စ၊ သုခ၏ ဆန့်ကျင်ဖက်ဖြင့် လည်းကောင်း။
ဣတိ၊ ဤသို့။
စတူဟိ၊ လေးပါးကုန်သော။
ဣမေဟိ ကာရဏေဟိပိ၊ ဤအကြောင်းတို့ဖြင့်လည်း။
ဒုက္ခံ၊ ဒုက္ခမည်၏။

ရုပ်နာမ်ဓမ္မသင်္ခါရတို့၏ အနိစ္စ ဒုက္ခတို့၏ ဖြစ်ဟန်ကို အတန်တန်သော ဒေသနာ အဖြာဖြာသော သုတ်တို့ဖြင့် ထုတ်ဖော်၍ ရှင်တော်ဘုရား ဟောကြားတော်မူခြင်း သည် စင်စစ် အနတ္တလက္ခဏာကို သိစေတော်မူလိုရာ၌ ဟောတော်မူပေ၏၊

ထိုစကားသင့်စွ၊ “စက္ခု အတ္တာတိ ယော ဝဒေယျဟံ နုပပဇ္ဇတိ စက္ခုဿ ဥပ္ပါဒေါပိ ဝယောပိ ပညာယတိ - အစရှိသော ဆဆက္ကသုတ် ပါဠိတော်တို့၌ အနိစ္စလက္ခဏာ၏ အစွမ်းအားဖြင့် အနတ္တလက္ခဏာကို ကောင်းစွာ ပြတော်မူပေ၏။

ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿနယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ
အစရှိသော အနတ္တလက္ခဏသုတ် ပါဠိတော်၌ ဒုက္ခလက္ခဏာ၏ အစွမ်းအားဖြင့် အနတ္တလက္ခဏာကို ကောင်းစွာ ပြတော်မူပေ၏။

ရူပံ ဘိက္ခဝေ အနိစ္စံ ယဒနိစ္စံ တံ ဒုက္ခံယံဒုက္ခံ တဒနတ္တာယဒနတ္တာ တံ နေတံ မမ နေသော ဟမသ္မိ န မေသော အတ္တာတိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ
အစရှိသော အရဟတ္တသုတ် ပါဠိတော်တို့၌ အနိစ္စ ဒုက္ခ လက္ခဏာနှစ်ပါးတို့၏ အစွမ်းဖြင့် အနတ္တလက္ခဏာကို ကောင်းစွာ ပြတော်မူပေ၏။

၃၈ - အနတ္တလက္ခဏာကို ပြခြင်း

ဤ အာနာပါနဒေသနာတော်၌လည်း အနိစ္စ ဒုက္ခ လက္ခဏာတို့၏ အစွမ်းအားဖြင့် အနတ္တလက္ခဏာကို ကောင်းစွာ ပြတော်မူပေ၏။ ထို အနတ္တလက္ခဏာသည် လူသာမာန်တို့၏ ဉာဏ်ဝယ် မထင်ရှားနိုင်၊ အမိုက် အတိသာဖြစ်၏၊ ထင်ရှားစွာ မဖြစ်၊ ထိုးထွင်း၍ သိနိုင်ခဲ၏၊ ပြနိုင်ခဲ၏။ ပညတ်ခြင်းငှါ တတ်နိုင်ခဲ၏၊

အနိစ္စ ဒုက္ခ လက္ခဏာ တို့သည်မူကား ဘုရားရှင်တို့သည် ဖြစ်ကုန်သော် လည်းကောင်း၊ မဖြစ်ကုန်သော် လည်းကောင်း၊ သရဘင်္ဂအစရှိသော သုခမိန်ကြီးသည် ဟောကြားပညတ်ခြင်းငှါ စွမ်းနိုင်ကုန်၏၊

အနတ္တလက္ခဏာကိုကား ဟောကြားခြင်းငှါ မစွမ်းနိုင်ကုန်။ ထိုအနတ္တလက္ခဏာသည် ဘုရားဖြစ်တော်မူခြင်းမှကြဉ်၍ မထင်နိုင်၊ ဘုရားဖြစ်တော်မူသော အခါ၌သာလျှင် အနိစ္စ, ဒုက္ခလက္ခဏာ တို့၏ အစွမ်းအားဖြင့် အနတ္တလက္ခဏာကို ကောင်းစွာ ပြတော်မူပေရကား အနတ္တလက္ခဏာသည် ထင်ရှားဖြစ်ပေ၏။

အနတ္တလက္ခဏံ အပါကဋံ အန္ဓကာရံ အဝိဘူတံ ဒုပ္ပဋိဝိဇ္ဇံ ဒုဒ္ဒီပနံ ဒုပ္ပညာပနံ၊ အနိစ္စ ဒုက္ခ လက္ခဏာနိ ဥပ္ပါဒါ ဝါ တထာဂတာနံ အနုပ္ပါဒါ ဝါ ပညာယန္တိ၊ အနတ္တလက္ခဏံ ဝိနာ ဗုဒ္ဓုပ္ပါဒါ နပညာယတိ၊ ဗုဒ္ဓုပ္ပါဒေယေဝ ပညာယတိ။

အဘိ၊ဋ္ဌ၊၂၊၄၆

အနတ္တလက္ခဏံ၊ အနတ္တလက္ခဏာသည်။
အပါကဋံ၊ မထင်။
အန္ဓကာရံ၊ အမိုက်တိုက်ဖြစ်၏။
အဝိဘူတံ၊ ထင်ရှားစွာ မဖြစ်။
ဒုပ္ပဋိဝိဇ္ဇံ၊ ထိုးထွင်း၍ သိခြင်းငှါ တတ်နိုင်ခဲ၏။
ဒုဒ္ဒီပနံ၊ ပြနိုင်ခဲ၏။
ဒုပ္ပညာပနံ၊ ပညတ်ခြင်းငှါ တတ်နိုင်ခဲ၏။
အနိစ္စ ဒုက္ခ လက္ခဏာနိ၊ အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ တို့သည်။
တထာဂတာနံ၊ ဘုရားရှင်တို့သည်။
ဥပ္ပါဒါ ဝါ၊ ဖြစ်ကုန်သော် လည်းကောင်း။
အနုပ္ပါဒါ ဝါ၊ မဖြစ်ကုန်သော် လည်းကောင်း။
ပညာယန္တိ၊ ထင်ကုန်၏။
အနတ္တလက္ခဏံ၊ အနတ္တလက္ခဏာသည်။
ဗုဒ္ဓုပ္ပါဒ၊ ဘုရား ဖြစ်သည်မှ။
ဝိနာ၊ ကြဉ်၍။
နပညာယတိ၊ မထင်။
ဗုဒ္ဓုပ္ပါဒေယေဝ၊ ဘုရားဖြစ်သောအခါ၌သာလျှင်။
ပညာယတိ၊ ထင်၏။

ထိုကြောင့် လွန်စွာထင်နိုင်ခဲသော အနတ္တလက္ခဏာကို ထိုးထွင်း၍ သိတော် မူနိုင်ကြရန် ဤသို့ မှတ်အပ်၏၊

အနိစ္စ ဒုက္ခ လက္ခဏာတို့ဖြင့် ကောင်းစွာ သိမြင်အပ်သော အဿာသ ပဿာသ ပဋိဘာဂ၏ အာရုံ၌ တရိပ်ရိပ်ပျက်စီးခြင်း၊ မပြတ် နှိပ်စက်ခြင်းဖြင့် အရှိန်မစဲ တစ်သဲသဲ ဖြစ်ပျက်၍နေသော ရုပ်နာမ်ဓမ္မ သင်္ခါရတရား အပေါင်းတို့သည် ဖြစ်၍ လည်းကောင်း ပျက်ခဲ့၏။ ပျက်၍လည်းကောင်း အသစ် ဖြစ်ပြန်ခဲ့၏။ ထိုသို့ ဖြစ်ပျက်သောကြောင့် ကိုယ်ဟူ၍ စွဲလမ်းစရာ အနှစ်သာရ မရှိသဖြင့် အနတ္တ အနတ္တဟု အဖန်တလဲလဲ အမြဲမကွာ သုံးသပ်အပ်၏။

ထင်ရှားစေဦးအံ့ -

အနှစ်သာရ မရှိဟူသည် သာသနာပ ဗာဟိရတိတ္ထိတို့ ယူအပ်သော အယူမှာ -
(၁) ဤငါ၏ကိုယ်သည် သူတစ်ပါးတို့နှင့် မဆိုင်၊ သူတစ်ပါးတို့နှင့် မစပ်၊ သူတစ်ပါးတို့၏ အရာမဟုတ်၊ သူတစ်ပါးတို့နှင့် စပ်ယှက်ခြင်းမရှိ။ နိဝါသီမည်၏ဟု ယူခြင်း။
(၂) ဤကိုယ်သည် ချမ်းသာခြင်းကို ပြုတတ်၏၊ ဆင်းရဲခြင်းကို ပြုတတ်၏။ ချမ်းသာ ဆင်းရဲကို စီရင်တတ်၏ဟု ကာရကဟု ယူခြင်း၊
(၃) ဤကိုယ်သည် ချမ်းသာကို ခံစားတတ်၏၊ ဆင်းရဲကို ခံစားတတ်၏၊ ချမ်းသာ ဆင်းရဲကို ခံစားတတ်၏ဟု ဝေဒကဟုယူခြင်း။
(၄) ဤကိုယ်သည် ငါ၏အလိုအတိုင်း ဖြစ်၏၊ ငါ၏အလိုနှင့် စပ်၏၊ ငါသည် အစိုးရခြင်း ရှိ၏၊ ငါ၏အလိုသို့ လိုက်စေနိုင်၏ဟု သယံဝသီဟု ယူခြင်း -

ဤသို့အားဖြင့် အတ္တ နိုဝါသီ ကာရက ဝေဒက သယံဝသီ ဟူသော ငါးပါးသော အယူတို့ကို အနှစ်မဟုတ်ဘဲလျက် အနှစ်ဟု စွဲလမ်း မှတ်ယူလေ့ ရှိကြကုန်၏။

ငါတို့မြတ်စွာဘုရား သာသနာတော်၌မှာမူကား ၎င်းတိတ္ထိတို့ ကြံဆအပ်သော အတ္တ နိဝါသီ ကာရက ဝေဒက သယံဝသီ ဟူသော အနှစ်ကို ကြံဆခြင်းသည် စိန္တနမတ္တ (ကြံဆရုံမျှ) သာရှိချေ၏။ ဝေါဟာရမက္က (ခေါ်ဝေါ်ရုံမျှ)သာ ရှိချေ၏။ (ဝါ) ပညတ်ရုံမျှသာ ရှိချေ၏။ (ဝါ) သမုတ်ရုံမျှသာ ရှိချေ၏။

စင်စစ်သော်ကား ရုပ်တရား နာမ်တရားတို့၏ ဖြစ်စဉ်ဝယ် တင်၍ခေါ်ဝေါ် အပ်သော ပေါရာဏဝိပလ္လာသဝါဒီမျှသာ ရှိချေ၏။

ထိုစကားမှန်၏၊

အကြင်ရုပ်နာမ်နှစ်ပါး သင်္ခါရတရားသည် အဖြစ်လည်းမမြဲ။ အပျက်လည်းမမြဲ။ ထို ရုပ်နာမ်နှစ်ပါး သင်္ခါရတရားသည် စိုးရိမ်ရခြင်း အနှိပ်စက်ကို ရခြင်းသာ ရှိ၏။ ထိုသို့ အနိစ္စ ဒုက္ခဖြစ်သော ရုပ်နာမ်နှစ်ပါး သင်္ခါရတရားသည် မိမိသော်လည်း မမြဲသော အဖြစ်ကို လည်းကောင်း၊ ဖြစ်ခြင်း၊ ပျက်ခြင်းဖြင့် နှိပ်စက်ခြင်းကို လည်းကောင်း၊ တစ်မုဟုတ္တ တစ်ခဏမျှ ဆီးတားပိတ်ပင်ခြင်းငှာ မတတ်နိုင်။

ထို့ကြောင့် အတ္တ နိဝါသီ ကာရက ဝေဒက သယံဝသီ ဟူသော တိတ္ထိတို့ ကြံဆ ယူငင်အပ်သော အနှစ်သာရသည် အဘယ်မှာ ရှိနိုင်တော့အံ့နည်း။ စင်စစ်မရှိဟု သန္နိဋ္ဌာန်ကျကျ မှတ်။

ယထာ စ ဒုက္ခံ၊ ဧဝံ သဗ္ဗမ္ပိ တံ အနတ္တာ အသာရကဋ္ဌေန။ အသာရကဋ္ဌေနာတိ အတ္တာ နိဝါသီ ကာရကော ဝေဒကော သယံဝသီတိ ဧဝံ ပရိကပ္ပိတဿ အတ္တသာရဿ အဘာဝေန။ ယဥှိ အနိစ္စံ ဒုက္ခံ၊ တံ အတ္တနော ပိ အနိစ္စတံ ဝါ ဥဒယဗ္ဗယပီဠနံ ဝါ ဝါရေတုံ န သက္ကောတိ၊ ကုတော တဿ ကာရကာဒိဘာဝေါ။

(ဝိသုဒ္ဓိ၊၂၊၂၄၅။ ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ။)

သဗ္ဗံ ရူပံ၊ အလုံးစုံသောရုပ်သည်။
ဒုက္ခံ ယထာစ၊ ဒုက္ခချည်းသာလျှင် ဖြစ်၏သို့။
ဧဝံတထာ၊ ဤအတူ။
သဗ္ဗမ္ပိ၊ အလုံးစုံလည်းဖြစ်သော။
တံ ရူပံ၊ ထိုရုပ်သည်။
အသာရကဋ္ဌေန၊ ကိုယ်ဟူသော အနှစ်သာရ မရှိသည်၏ အဖြစ်ကြောင့်။
အနတ္တာ၊ အနတ္တမည်၏။
(ဝါ) ကိုယ်ဟူသော အနှစ်သာရ မရှိ။
ဣတိ၊ ဤသို့။
သမ္မသတိ၊ သုံးသပ်၏။
အသာရကဋ္ဌေနာတိ၊ အသာရကဋ္ဌေန ဟူသည်ကား။
အတ္တာ၊ ကိုယ်သည်။
နိဝါသီ၊ သူတပါးတို့ အလိုနှင့် စပ်ခြင်းမရှိ။
ကာရကော၊ သုခဒုက္ခကို ပြုတတ်စီရင်တတ်၏။
ဝေဒကော၊ သုခဒုက္ခကို ခံစားတတ်၏။
သယံဝသီ၊ မိမိအလိုနှင့်သာ စပ်ခြင်းရှိ၏။
(ဝါ) မိမိအစိုးရခြင်းရှိ၏။
(ဝါ) မိမိအလိုသို့ လိုက်စေနိုင်၏။
ဣတိ ဧဝံ၊ ဤသို့။
ပရိကပ္ပိတဿ၊ တိတ္ထိတို့သည် ကြံဆအပ်သော။
အတ္တသာရဿ၊ ကိုယ်ဟူသော အနှစ်သာရ၏။
အဘာဝေန၊ မရှိသည်၏ အဖြစ်ကြောင့်။
ဟိ သစ္စံ၊ မှန်၏။
ယံ ရူပံ အကြင်ရုပ်သည်။
အနိစ္စ၊ မမြဲ။
တံ ရူပံ၊ ထိုရုပ်သည်။
ဒုက္ခံ၊ ဒုက္ခသာတည်း။
တံ၊ ထိုအနိစ္စ ဒုက္ခဖြစ်သော ရုပ်သည်။
အတ္တနောပိ၊ မိမိ၏သော်လည်း။
အနိစ္စတံဝါ၊ အနိစ္စ၏ အဖြစ်ကို လည်းကောင်း။
ဥဒယဗ္ဗယပီဠနံဝါ၊ ဖြစ်ခြင်းပျက်ခြင်းဖြင့် နှိပ်စက်ခြင်းကို လည်းကောင်း။
ဝါရေတုံ နိဝါရေတုံ၊ တားမြစ်ခြင်းငှါ။
န သက္ကာတိ၊ မတတ်နိုင်သေး၏ရှင့်။
တဿ၊ ထိုအနိစ္စဒုက္ခဖြစ်သောရုပ်၏။
ကာရကာဒိဘာဝေါ၊ ပြုပြင်စီရင်တော်သည် အစရှိသော အဖြစ်သည်။
(ဝါ) ကာရက ဝေဒက သယံဝသီ၏ အဖြစ်သည်။
ကုတောအတ္ထိ၊ အတီမှာ ရှိအံ့နည်း။

ဤကား အဝသဝတ္တန အစွမ်းအားဖြင့် ပြအပ်သော အနတ္တလက္ခဏာ ပေတည်း။

ချဲ့ဦးအံ့ -

ထိုအနတ္တလက္ခဏာသည် အဝသဝတ္တနသလ္လက္ခဏ၊ တုစ္ဆသင်္ခါရသမနုပဿန အစွမ်းအားဖြင့် နှစ်ပါးအပြားရှိ၏။

ထိုနှစ်ပါးတို့တွင် အကြင်အကြင် ယောဂီသည် မိမိ၏သန္တာန်၌ အရှိန်မစဲ တစ်သဲသဲဖြစ်၍ နေသော ရုပ်အပေါင်းတို့၌ တစ်ခုဖြစ်စေ နှစ်ခုဖြစ်စေ အားလုံးကို ဖြစ်စေ ဤပထဝီသည် ဤအာပေါသည်။(ပ)။ ဤအနိစ္စတာသည် ငါ၏သန္တာန်၌ မဖြစ်စေသတည်း၊ ဤရုပ်သည် မည်ကဲ့သို့ ဖြစ်စေသတည်း စသည်ဖြင့် တောင့်တ ပါသော်လည်း မိမိအလိုသို့ မလိုက်၊ သူ့သဘာဝ အတိုင်းဖြစ်၍သာ ပျက်ရှာခဲ့၏။ ထိုကြောင့် ရုပ်တရား ဟူဟူသမျှသည် အ,ဝသ မည်ပေရကား အနတ္တမှန်ပေ၏။ (၁)

အကြင်အကြင်ယောဂီသည် မိမိ၏သန္တာန်၌ အရှိန်မစဲ တသဲသဲဖြစ်၍ နေသော ဝေဒနာအပေါင်းတို့၌ တစ်ခုဖြစ်စေ နှစ်ခုဖြစ်စေ အားလုံးကို ဖြစ်စေ ဤသုခ ဝေဒနာသည် ဤဒုက္ခဝေဒနာသည်။(ပ)။ ဤဥပေက္ခာ ဝေဒနာသည် ငါ၏သန္တာန်၌ မဖြစ်စေသတည်း။ ဤဒုက္ခဝေဒနာသည် သုခဖြစ်စေသတည်း စသည်ဖြင့် တောင့်တ ပါသော်လည်း မိမိအလိုသို့ မလိုက်၊ သူ့သဘာဝအတိုင်း ဖြစ်၍သာ ပျက်ခဲ့၏။ ထို့ ကြောင့် ဝေဒနာတရား ဟူဟူသမျှသည် အဝသ မည်ပေရကား အနတ္တ မှန်ပေ၏။ (၂)

အကြင်အကြင် ယောဂီသည် မိမိ၏သန္တာန်၌ အရှိန်မစဲ တသဲသဲဖြစ်၍ နေသော သညာအပေါင်းတို့၌ တစ်ခုဖြစ်စေ နှစ်ခုဖြစ်စေ အားလုံးကို ဖြစ်စေ ဤရူပ သညာသည် (ပ)။ ဤဓမ္မသညာသည် ငါ၏သန္တာန်၌ မဖြစ်စေသတည်း။ ဤရူပ သညာသည် သဒ္ဒသညာ ဖြစ်စေသတည်း စသည်ဖြင့် တောင့်တပါသော်လည်း မိမိအလိုသို့မလိုက်၊ သူသဘာဝ အတိုင်း ဖြစ်၍သာ ပျက်ရှာခဲ့၏။ ထို့ကြောင့် သညာတရား ဟူဟူသမျှသည် အဝသ မည်ပေရကား အနတ္တ မှန်ပေ၏။ (၃)

အကြင်အကြင် ယောဂီသည် မိမိ၏သန္တာန်၌ အရှိန်မစဲတသဲသဲဖြစ်၍ နေသော သင်္ခါရ အပေါင်းတို့၌ တစ်ခုဖြစ်စေ၊ နှစ်ခုဖြစ်စေ။ အားလုံးကို ဖြစ်စေ။ ဤဖဿသည် ။ပ။ ဤပညိန္ဒြေသည် ငါ၏သန္တာန်၌ မဖြစ်စေသတည်း၊ ဤဖဿသည် စေတနာ ဖြစ်စေသတည်း စသည်ဖြင့် တောင့်တပါ သော်လည်း မိမိအလိုသို့ မလိုက် သူ့သဘာဝ အတိုင်းဖြစ်၍သာ ပျက်ရှာခဲ့၏။ ထို့ ကြောင့် သင်္ခါရတရားဟူသမျှသည် အ ဝသမည်ပေရကား အနတ္တမှန်ပေ၏။ (၄)

အကြင်အကြင် ယောဂီသည် မိမိ၏သန္တာန်၌ အရှိန်မစဲ တသဲသဲဖြစ်၍ နေသော ဝိညာဉ် အပေါင်းတို့၌ တစ်ခုဖြစ်စေ။ နှစ်ခုဖြစ်စေ။ အားလုံးကို ဖြစ်စေ။ ဤ စက္ခုဝိညာဉ်။ပ။ ဤမနောဝိညာဉ်သည် ငါ၏သန္တာန်၌ မဖြစ်စေသတည်း၊ ဤ စက္ခုဝိညာဉ်သည် မနောဝိညာဉ် ဖြစ်စေသတည်း စသည်ဖြင့် တောင့်တ ပါသော်လည်း မိမိအလိုသို့မလိုက် သူ့သဘာဝအတိုင်း ဖြစ်၍သာ ပျက်ရှာခဲ့၏။ ထိုကြောင့် ဝိညာဉ်တရားဟူသမျှသည် အ ဝသ မည်ပေကား အနတ္တမှန်ပေ၏။ (၅)

ယင်းသို့ ပြအပ်ပြီးသော ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်တို့ကို ချန်လှပ်၍ မိမိအလိုသို့ လိုက်စေတတ်သော တရားထူးလည်း တစ်ခုမျှ မရှိချေတော့သည်။

ကထံ အဝသိယပဝတ္တသလ္လက္ခဏဝသေန သုညတော လောကံ အဝေက္ခတိ။ ရူပေ ဝသော န လဗ္ဘတိ ဝေဒနာယ ဝသော န လဗ္ဘတိ။ သညာယ ဝသော န လဗ္ဘတိ။ သင်္ခါရေသု ဝသော န လဗ္ဘတိ။ ဝိညာဏေ ဝ န လဗ္ဘတိ။

[ခု၊၅၊၁၀၁၊ စူဠနိဒ္ဒေသပါဠိတော်။]

အဝသိယ ပဝတ္တ သလ္လက္ခဏ ဝသေန၊ မိမိအလိုသို့ မလိုက်သော ဖြစ်ခြင်းကို ကောင်းစွာ မှတ်သည်၏ အစွမ်းအားဖြင့်။
လောကံ၊ ခန္ဓာငါးပါးတည်းဟူသော လောကကို။
သုညတော၊ သုဉ်းသောအားဖြင့်။
ကထံ အဝေက္ခတိ၊ အဘယ်သို့ ရှုသနည်းဟူမူကား။
ရူပေ၊ ရုပ်အပေါင်း၌။
(ဝါ) ရူပက္ခန္ဓာ၌။
ဝသော၊ မိမိအလိုသို့ လိုက်သည်၏အဖြစ်ကို။
န လဗ္ဘတိ၊ မရအပ်။
ဣတိ၊ ဤသို့။
အဝေက္ခတိ၊ ရှု၏။
ဝေဒနာယ၊ ဝေဒနာ အပေါင်း၌။
(ဝါ) ဝေဒနာက္ခန္ဓာ၌။
ဝသော၊ မိမိအလိုသို့ လိုက်သော အဖြစ်ကို။
န လဗ္ဘတိ၊ မရအပ်။
ဣတိ၊ ဤသို့။
အဝေက္ခတိ၊ ရှု၏။
သညာယ၊ သညာအပေါင်း။
(ဝါ) သညာက္ခန္ဓာ၌။
ဝသော၊ မိမိအလိုသို့ လိုက်သော အဖြစ်ကို။
န လဗ္ဘတိ၊ မရအပ်။
ဣတိ ဤသို့။
အဝေက္ခတိ၊ ရှု၏။
သင်္ခါရေသု၊ သင်္ခါရအပေါင်းတို့၌။
(ဝါ) သင်္ခါရက္ခန္ဓာတို့၌။
ဝသော၊ မိမိအလိုသို့ လိုက်သော အဖြစ်ကို။
န လဗ္ဘတိ၊ မရအပ်။
ဣတိ၊ ဤသို့။
အဝေက္ခတိ၊ ရှု၏။
ဝိညာဏေ၊ ဝိညာဉ်အပေါင်း၌။
(ဝါ) ဝိညာဏက္ခန္ဓာ၌။
ဝသော၊ မိမိအလိုသို့ လိုက်သောအဖြစ်ကို။
န လဗ္ဘတိ၊ မရအပ်။
ဣတိ၊ ဤသို့။
အဝေက္ခတိ၊ ရှု၏။

(ဤကား အဝသိယပဝတ္တသလ္လက္ခဏ အစွမ်းအားဖြင့် မှတ်အပ်သော အနတ္တလက္ခဏာ ပေတည်း၊ အကျယ်ကိုလိုပါမူ ခန္ဓဝဂ္ဂသံယုတ်။ နိဒ္ဒေသ။ သမ္မောအဋ္ဌကထာတို့မှာ ယူပါလေ။)

တုစ္ဆသင်္ခါရ သမနုပဿန၏ အစွမ်းဖြင့်ကား အကြင်အကြင် ယောဂီသည် အရှိန်မစဲ တသဲသဲဖြစ်၍နေသော ရုပ်အပေါင်း၌ မျက်စိ တစ်မှိတ်ခန့်မျှ မြဲသော အနှစ်ကို လည်းကောင်း၊ မျက်စိတမှိတ်ခန့်မျှ ချမ်းသာသော အနှစ်ကိုလည်းကောင်း။ တိတ္တိတို့ကြံဆအပ်သော အတ္တ နိဝါသီ ကာရက ဝေဒက သယံဝသီ ဟူသော အနှစ်ကိုလည်းကောင်း အခိုင်အမြဲစွဲ၍ တည်သော နိစ္စ ဓုဝ သဿတ အဝိပရိဏာမ ဟူသော အနှစ်တို့ကိုလည်းကောင်း၊ အကြိမ်ကြိမ် အဖန်ဖန် အတန်တန် ရှာပါငြား သော်လည်း အဏုမြူခန့်မျှ မရခဲ့ရကား နိစ္စအစရှိသော ခြောက်ပါးသော အနှစ်မရှိ။ ခြောက်ပါးသော အနှစ်မှ ကင်းခဲ့၏။ ထိုကြောင့် အနတ္တ မှန်ပေ၏ဟု ရှု၏။ (၁)

အကြင်အကြင် ယောဂီသည် အရှိန်မစဲ တသဲသဲဖြစ်၍နေသော ဝေဒနာအပေါင်း၌ မျက်စိ တစ်မှိတ်ခန့်မျှ မြဲသော အနှစ်ကို လည်းကောင်း၊ မျက်စိတမှိတ်ခန့်မျှ ချမ်းသာသော အနှစ်ကိုလည်းကောင်း။ တိတ္တိတို့ ကြံဆအပ်သော အတ္တ နိဝါသီ ကာရက ဝေဒက သယံဝသီ ဟူသော အနှစ်ကိုလည်းကောင်း အခိုင်အမြဲစွဲ၍ တည်သော နိစ္စ ဓုဝ သဿတ အဝိပရိဏာမ ဟူသော အနှစ်တို့ကိုလည်းကောင်း၊ အကြိမ်ကြိမ် အဖန်ဖန် အတန်တန် ရှာပါငြား သော်လည်း အဏုမြူခန့်မျှ မရခဲ့ရကား နိစ္စအစရှိသော ခြောက်ပါးသော အနှစ်မရှိ။ ခြောက်ပါးသော အနှစ်မှ ကင်းခဲ့၏။ ထိုကြောင့် အနတ္တ မှန်ပေ၏ဟု ရှု၏။ (၂)

အကြင်အကြင် ယောဂီသည် အရှိန်မစဲ တသဲသဲဖြစ်၍နေသော သညာအပေါင်း၌ မျက်စိ တစ်မှိတ်ခန့်မျှ မြဲသော အနှစ်ကို လည်းကောင်း၊ မျက်စိတမှိတ်ခန့်မျှ ချမ်းသာသော အနှစ်ကိုလည်းကောင်း။ တိတ္တိတို့ ကြံဆအပ်သော အတ္တ နိဝါသီ ကာရက ဝေဒက သယံဝသီ ဟူသော အနှစ်ကိုလည်းကောင်း အခိုင်အမြဲစွဲ၍ တည်သော နိစ္စ ဓုဝ သဿတ အဝိပရိဏာမ ဟူသော အနှစ်တို့ကိုလည်းကောင်း၊ အကြိမ်ကြိမ် အဖန်ဖန် အတန်တန် ရှာပါငြား သော်လည်း အဏုမြူခန့်မျှ မရခဲ့ရကား နိစ္စအစရှိသော ခြောက်ပါးသော အနှစ်မရှိ။ ခြောက်ပါးသော အနှစ်မှ ကင်းခဲ့၏။ ထိုကြောင့် အနတ္တ မှန်ပေ၏ဟု ရှု၏။ (၃)

အကြင်အကြင် ယောဂီသည် အရှိန်မစဲ တသဲသဲဖြစ်၍နေသော သင်္ခါရအပေါင်း၌ မျက်စိ တစ်မှိတ်ခန့်မျှ မြဲသော အနှစ်ကို လည်းကောင်း၊ မျက်စိတမှိတ်ခန့်မျှ ချမ်းသာသော အနှစ်ကိုလည်းကောင်း။ တိတ္တိတို့ ကြံဆအပ်သော အတ္တ နိဝါသီ ကာရက ဝေဒက သယံဝသီ ဟူသော အနှစ်ကိုလည်းကောင်း အခိုင်အမြဲစွဲ၍ တည်သော နိစ္စ ဓုဝ သဿတ အဝိပရိဏာမ ဟူသော အနှစ်တို့ကိုလည်းကောင်း၊ အကြိမ်ကြိမ် အဖန်ဖန် အတန်တန် ရှာပါငြား သော်လည်း အဏုမြူခန့်မျှ မရခဲ့ရကား နိစ္စအစရှိသော ခြောက်ပါးသော အနှစ်မရှိ။ ခြောက်ပါးသော အနှစ်မှ ကင်းခဲ့၏။ ထိုကြောင့် အနတ္တ မှန်ပေ၏ဟု ရှု၏။ (၄)

အကြင်အကြင် ယောဂီသည် အရှိန်မစဲ တသဲသဲဖြစ်၍နေသော ဝိညာဉ်အပေါင်း၌ မျက်စိ တစ်မှိတ်ခန့်မျှ မြဲသော အနှစ်ကို လည်းကောင်း၊ မျက်စိတမှိတ်ခန့်မျှ ချမ်းသာသော အနှစ်ကိုလည်းကောင်း။ တိတ္တိတို့ ကြံဆအပ်သော အတ္တ နိဝါသီ ကာရက ဝေဒက သယံဝသီ ဟူသော အနှစ်ကိုလည်းကောင်း အခိုင်အမြဲစွဲ၍ တည်သော နိစ္စ ဓုဝ သဿတ အဝိပရိဏာမ ဟူသော အနှစ်တို့ကိုလည်းကောင်း၊ အကြိမ်ကြိမ် အဖန်ဖန် အတန်တန် ရှာပါငြား သော်လည်း အဏုမြူခန့်မျှ မရခဲ့ရကား နိစ္စအစရှိသော ခြောက်ပါးသော အနှစ်မရှိ။ ခြောက်ပါးသော အနှစ်မှ ကင်းခဲ့၏။ ထိုကြောင့် အနတ္တ မှန်ပေ၏ဟု ရှု၏။ (၅)

ကထံ တုစ္ဆသင်္ခါရ သမနုပဿနာ ဝသေန သုညတောလောကံ အဝေက္ခတိ။ ရူပေ သာရော န လဗ္ဘတိ၊ ဝေဒနာယသာရော န လဗ္ဘတိ။ သညာယ သာရော န လဗ္ဘတိ။ သင်္ခါရေသုသာရော၊ န လဗ္ဘတိ၊ ဝိညာဏေ သာရော န လဗ္ဘတိ။ ရူပံအသာရံ နိဿာရံ သာရာပဂတံ။ နိစ္စသာရ သာရေနဝါ သုခသာရသာရေန ဝါ၊ အတ္တသာရသာရေနဝါ နိစ္စေန ဝါ ဓုဝေန ဝါ သဿတေန ဝါ အဝိပရိဏာမဓမ္မေန ဝါ၊ ဝေဒနာ အသာရာ နိဿရာ သာရာပဂတာ၊ သညာ အသာရာ နိဿရာ သရာပဂတာ၊ သင်္ခါရာ အသာရာ နိဿာရာ သာရာပဂတာ၊ ဝိညာဏံ အသာရံ နိဿာရံ သာရာပဂတံ၊ နိစ္စသာရ သာရေန ဝါ သုခသာရသာရေန ဝါ အတ္တသာရသာရေန ဝါ နိစ္စေနဝါ ဓုဝေန ဝါ သဿတေန ဝါ အဝိပရိဏာမဓမ္မေန ဝါ။

[ခု၊၅၊၁၈၂။ စူဠနိဒ္ဒေသပါဠိတော်။]

တုစ္ဆသင်္ခါရ သမနုပဿနာ ဝသေန၊ အချည်းနှီးသော သင်္ခါရကို ရှုသည်၏ အစွမ်း အားဖြင့်။
လောကံ၊ ခန္ဓာငါးပါးတည်း ဟူဇသာ လောကကို။
သုညတော၊ သုဉ်းသောအားဖြင့်။
ကထံ အဝက္ခတိ၊ အဘယ်သို့ ရှုသနည်းဟူမူကား။
ရူပေ၊ ရုပ်အပေါင်း၌။
သာရော၊ ခြောက်ပါးအနှစ်ကို။
န လဗ္ဘတိ၊ မရအပ်။
ဝေဒနာယ၊ ဝေဒနာ အပေါင်း၌။
သာရော၊ ခြောက်ပါးသောအနှစ်ကို။
န လဗ္ဘတိ၊ မရအပ်။
သညာယ၊ သညာအပေါင်း၌။
သာရော၊ ခြောက်ပါးသောအနှစ်ကို။
န လဗ္ဘတိ၊ မရအပ်။
သင်္ခါရေသု၊ သင်္ခါရအပေါင်းတို့၌။
သာရော၊ ခြောက်ပါးသော အနှစ်ကို။
န လဗ္ဘတိ၊ မရအပ်။
ဝိညာဏေ၊ ဝိညာဉ် အပေါင်း၌။
သာရော၊ ခြောက်ပါးသောအနှစ်ကို။
န လဗ္ဘတိ၊ မရအပ်။
ရူပံ၊ ရုပ်တရားသည်။
အသာရံ၊ အနှစ်မဟုတ်။
နိဿာရံ၊ အနှစ်မရှိ။
သာရာပဂတံ၊ အနှစ်မှကင်း၏။
နိစ္စ သာရ သာရေနဝါ၊ မြဲသော အနှစ်ဟု ဆိုအပ်သော အနှစ်ဖြင့် လည်းကောင်း။
သုခသာရသာရေနဝါ၊ ချမ်းသာသော အနှစ်ဟု ဆိုအပ်သော အနှစ်ဖြင့် လည်းကောင်း။
အတ္တသာရ သာရေနဝါ၊ အတ္တ နိဝါသီ အစရှိသော အနှစ်ဟုဆိုအပ်သော အနှစ်ဖြင့် လည်းကောင်း။
နိစ္စေနဝါ၊ မြဲသောအားဖြင့် လည်းကောင်း။
ဓုဝေနဝါ၊ ခိုင်ခန့်သောအားဖြင့် လည်းကောင်း။
သဿတေနဝါ၊ အရှည်တည်သော အားဖြင့် လည်းကောင်း။
အဝိပရိဏာမဓမ္မေနဝါ၊ မဖောက်မပြန်သော အားဖြင့် လည်းကောင်း။
သာရော၊ အနှစ်ကို။
န လဗ္ဘတိ၊ မရအပ်။ (ပြန်စပ်။)
ဝေဒနာ၊ ဝေဒနာသည်။
အသာရာ၊ အနှစ်မဟုတ်။
နိဿရာ၊ အနှစ်မရှိ။
သာရာပဂတာ၊ အနှစ်မှကင်း၏။ (ပ)။
အဝိပရိဏာမဓမ္မေနဝါ၊ မဖောက်မပြန်သော အားဖြင့်လည်းကောင်း။
သာရော၊ အနှစ်ကို။
နလဗ္ဘတိ၊ မရအပ်။

ဤကား တုစ္ဆသင်္ခါရသမနုပဿန၏ အစွမ်းအားဖြင့် အနတ္တလက္ခဏာကို ပြခြင်း ပေတည်း။ ဤမှတစ်ပါးလည်း ခြောက်ပါးသော အခြင်းအရာ၊ ဆယ်ပါးသော အခြင်းအရာ၊ တစ်ဆယ့် နှစ်ပါးသော အခြင်းအရာတို့ဖြင့် လည်းကောင်း၊ နိဒ္ဒေသ၌ အရှင်သာရိပုတ္တရာသည် အကျယ်အားဖြင့် ပြတော်မူပေ၏။ အလိုရှိသောသူတို့ ယူကြလေကုန်၊ ပဓာနအဖြစ်ဖြင့် ဝိပဿနာအာရုံသည် မဂ်အာရုံသို့သာ ကူးနိုင်လောက်ရုံ ပြလိုက်ပေသည်။

---

၃၉ - အနတ္တလက္ခဏာကို ထင်-မြင်-မြဲ အခြင်းအရာ သုံးပါးဖြင့် ပြခြင်း

ဤသို့ ရုပ်နာမ်ဓမ္မ သင်္ခါရတို့ကို အနိစ္စ ဒုက္ခ အနတ္တ သဘောအားဖြင့် ကောင်းစွာ မြင်အောင် ရှုရာ၏၊ ထိုအနိစ္စ ဒုက္ခ အနတ္တ လက္ခဏာ တို့ကိုလည်းကောင်း၊ အသုဘလက္ခဏာကို လည်းကောင်း ထင်အောင် ရှုသော သူတို့သည် လွန်စွာ ထင်နိုင်ခဲကုန်၏။

သိစေအံ့ -

ထို အနိစ္စ ဒုက္ခ အနတ္တ အသုဘ သဘောတို့ကိုရှုကြသော သူတို့သည် -
ထင်သော သူတစ်ယောက်
မြင်သော သူတစ်ယောက်
မြဲသော သူတစ်ယောက် ဟူ၍ သုံးယောက် ရှိကုန်၏၊

အကြောင်းမှာကား -

လက္ခဏာသဘောတို့၏ ဖြစ်ရာသည် သတ္တဝါတို့၌ ဖြစ်သော လက္ခဏာရေး သုံးပါး သင်္ခါရတို့၌ ဖြစ်သော လက္ခဏာရေး သုံးပါး ဟူ၍ နှစ်ပါးအပြား ရှိ၏။ ဤအရာ၌ သင်္ခါရဟူသည် ရေ-မြေ-လေ-တော-တောင် အစရှိသော အဝိညာဏက ဝတ္ထုမျိုး တို့ကိုသာ ယူအပ်ကုန်၏၊ သတ္တဝါကို သင်္ခါရ မဟုတ်ဟု ဆိုသည်မဟုတ်၊ (တစ်ဆင့်)။

သတ္တဝါတို့၏ လက္ခဏာရေး သုံးပါးတို့မှာ ခန္ဓာငါးပါးစသည်ကို ရအပ်၏၊ သင်္ခါရတို့၏ လက္ခဏာရေး မှာ ဓမ္မတာရုပ်တစ်ခုကိုသာ ရအပ်၏၊ (နှစ်ဆင့်)။

သတ္တဝါတို့၏ လက္ခဏာရေးမှာ ကာလသုံးပါးကို ရအပ်၏၊ သင်္ခါရတို့၏ လက္ခဏာရေး မှာ ပစ္စုပ္ပန် တစ်ခုကိုသာ ရအပ်၏၊ (သုံးဆင့်)။

သတ္တဝါတို့၏ လက္ခဏာရေးမှာ အဒ္ဓါ-သန္တတိ-ခဏ-သမယ လေးပါးကို ရအပ်၏၊ သင်္ခါရတို့၏ လက္ခဏာရေးမှာ သန္တတိ-ခဏ-သမယ တို့ကိုသာ ရအပ်ကုန်၏၊ (လေးဆင့်)။

ထို့ကြောင့် အနိစ္စ အစရှိသော သဘောတို့ကို လွန်စွာ မြင်နိုင်ခဲသည်။

ထိုစကားသင့်စွ -

အကြင် အန္ဓပုထုဇဉ်သည် ထိုအနိစ္စ အစရှိသော သဘောလေးပါးတို့ကို ထင်ရုံသာ ထင်နိုင်၏။ မြင်လည်းမမြင်၊ မြဲလည်းမမြဲ။

အကြင် ကလျာဏ ပုထုဇဉ်သည် ထိုအနိစ္စ စသော သဘောလေးပါးတို့ကို ထင်လည်းထင်၏၊ မြင်လည်းမြင်၏၊ မြဲကားမမြဲ။

အကြင် သောတာပန် ပုဂ္ဂိုလ်သည် ထိုအနိစ္စ အစရှိသော လေးပါးကို ထင်လည်း ထင်၏။ မြင်လည်း မြင်၏။

အမှန်မူ အနိစ္စ လက္ခဏာ၊ အနတ္တ လက္ခဏာ နှစ်ပါးတို့ မြဲလည်း မြဲ၏၊ ဒုက္ခ-အသုဘတို့ကား မမြဲနိုင်၊ အကြင်အနာဂါမ်သည် ထိုအနိစ္စ စသော သဘော လေးပါးကို ထင်လည်းထင်၏၊ မြင်လည်းမြင်၏။

အမှန်မူ အနိစ္စ-အနတ္တ-အသုဘ သဘောတို့ မြဲလည်းမြဲ၏၊ ဒုက္ခကား မမြဲနိုင်၊ အကြင် ရဟန္တာပုဂ္ဂိုလ်သည် ထိုအနိစ္စ စသော သဘောလေးပါးတို့ကို ထင်လည်း ထင်၏၊ မြင်လည်းမြင်၏။ မြဲလည်းမြဲ၏၊

ထို့ကြောင့် ထင်သာ ထင်၍ မမြင်နိုင်၊ မြင်သာမြင်၍ မမြဲနိုင် ဟူသတတ်။

ဥပမာကို ဆိုဦးအံ့ -

ထိုငါးယောက်သော ပုဂ္ဂိုလ်တို့တွင် အန္ဓပုထုဇဉ်သည် အကြင်အခါ၌ လှပ တင့်တယ်သော ခတ္တိယမဟာသာလ၏ ၁၆-နှစ် အရွယ်ရှိသော သတို့သမီးငယ်ကို အနိစ္စစသော သဘောတို့ဖြင့် တင်၍ ရှုသတတ်၊ ထိုသို့ရှုခိုက်၌သာလျှင် မတ္တမျှသာ ထင်၏၊ ရုပ်နာမ်ခန္ဓာ စသည် တို့ဖြင့် ပိုင်းခြားဝေဖန်၍ မထင်သကဲ့သို့ရှိ၏။

ကလျာဏပုထုဇဉ်ကား ထိုသတို့သမီး၏ သန္တာန်၌ဖြစ်သော ရုပ်နာမ်စသည်တို့ကို အနိစ္စစသည် တို့ဖြင့် ရှုလတ်သော် အခါတစ်ပါးဝယ် စကြာမင်းအား ကာမာဝစရနတ် တို့သည် ဒိဗ္ဗစက္ခု မျက်မှန်ကို ဆက်လှာသတတ်၊ ထိုမျက်မှန်ဖြင့် အရပ် ထက်ဝန်းကျင်ကို ကြည့်လတ်သော် ရေ မြေ လေ တော တောင် သစ်ပင် သတ္တဝါတို့၏ အတွင်း၌ ဝတ္ထု ဒြပ် ဟူသမျှတို့ကို အကုန်မြင်သကဲ့သို့ ကလျာဏ ပုထုဇဉ်သည်လည်း ထိုသူငယ်မ၏သန္တာန်၌ ဤသည်ကား ရုပ် ဤသည်ကား နှာမ် ဤသည်ကား ခန္ဓာ စသည် ထင်လည်းထင်၏။ မြင်လည်းမြင်၏။ အကြောင်းမူ ထိုမျက်မှန်ဖြင့် ကြည့်ခိုက်သာလျှင် မြင်ရကား မြဲသော သဘောရှိသကဲ့သို့ ဖြစ်၏။

သောတာပန် ပုဂ္ဂိုလ်အားကား ထိုဒိဗ္ဗစက္ခုမျက်မှန်ဖြင့် စကြာမင်းသည် ထို ၁၆-နှစ် ရွယ် သတို့သမီးငယ်အား အခါခပ်သိမ်းကြည့်သကဲ့သို့ ရုပ်နာမ်စသောသဘောတို့၏ အနိစ္စ စသည်တို့ဖြစ်စဉ်ကို ထင်လည်းထင်၏။ မြင်လည်းမြင်၏၊ အနိစ္စ အနတ္တ မြဲလည်းမြဲ၏၊ အသုဘနှင့်ဒုက္ခကို မပယ်နိုင်သေးရကား တပ်ခြင်းကား မကင်းနိုင် ကဲ့သို့ဖြစ်၏။

သကဒါဂါမ် အားကား ထို ၁၆-နှစ်ရွယ် သတို့သမီးငယ်၊ လတ်တလော သေသော အလောင်းကို စကြာမင်းရှုလျှင် အနိစ္စ စသော သဘောတို့ကို ထင်လည်း ထင်၏ မြင်လည်းမြင်၏၊ သောတာပန်ကဲ့သို့ မြဲလည်းမြဲ၏။ အသုဘတို့ကို အလျှင်းမဲ့ မပယ်နိုင်သေးရကား ဆန္ဒရာဂ လျော့ရုံမျှသာ ရှိသကဲ့သို့ ဖြစ်၏။

အနာဂါမ်အားကား ထိုသတို့သမီးငယ်၏ အလောင်းသည် ခြောက်ရက် လွန်ရကား ပိုးလောက်တို့ ပြည့်သည်ဖြစ်၍ တည်သော အပုပ်ကောင်ကို စကြာမင်း ရှုသတတ်၊ ထိုအခါ ထိုအပုပ်ကောင်၏ အတွင်း၌ရှိသော အနိစ္စ စသော သဘောတို့ကို ကောင်းစွာလည်း မြင်၏။ ဆန္ဒရာဂ ကင်းသည်ဖြစ်၍ မြဲလည်း မြဲ၏၊ ဒုက္ခကို မပယ်နိုင်သေးရကား လျစ်လျူမရှုနိုင်သကဲ့သို့ ဖြစ်၏။

ရဟန္တာအားကား ထိုသတို့သမီး၏ အလောင်းကို ကောင်းစွာ မီးကိုဖြင့် ဖုတ်ကြည်း ပြီးသော ပြာစုကို ယခင် စကြာမင်းသည် ရှုသတတ်၊ ထိုအခါ ထိုသူငယ်မ၏ သဏ္ဌာန်၌ ဖြစ်ထိုက်သော အနိစ္စစသော သဘောတို့ကို ထင်လည်း ထင်၏ မြင်လည်း မြင်၏။ မြဲလည်း မြဲသကဲ့သို့ ဖြစ်၏၊ ထိုကြောင့် ရဟန္တအား ဆဠုပေက္ခာဂုဏ်နှင့် ပြည့်စုံတော်မူပေ၏။ ခဲလေစွ။

၄၀ - အနတ္တလက္ခဏာ လွန်စွာ နက်နဲခြင်း အကြောင်း

အနတ္တလက္ခဏာ ဟူသည် လွန်စွာ နက်နဲ၏၊ သိမ်မွေ့၏၊ သိနိုင်ခဲ၏။ လေးစင်းသော သမုဒ္ဒရာဝယ် လေးဖြာသော နက်နဲခြင်းကဲ့သို့ ငါးရပ်သော နိကာယ်ဝယ် လေးသွယ်သော နယတို့ဖြင့် အနတ္တသဘောကို ဘုရားအစရှိသော သူတော်ကောင်းတို့သည် ဟောကြားပြသ ဆုံးမတော်မူကြပေ၏။

ထင်စေအံ့ - အနတ္တဟူ၍ ဟောတော်မူခြင်းသည်

(၁) သင်္ခတရားတို့နှင့်တကွ နိဗ္ဗာန်ကိုသာ ဟောတော်မူသော အနတ္တ၊
(၂) လောကီသင်္ခတတရား တို့နှင့်တကွ ပညတ်ကို ဟောတော်မူသော အနတ္တ၊
(၃) သင်္ခတ တရားတို့ကို ဟောတော်မူသော အနတ္တ၊
(၄) သင်္ခတတရားတို့နှင့်တကွ နိဗ္ဗာန် ပညတ် နှစ်ပါးကိုပင် ဟောတော်မူသော အနတ္တ -
ဟူ၍ လေးချက် ရှိ၏။

ထိုလေးချက်တို့တွင် “သဗ္ဗေ ဓမ္မာ အနတ္တာတိ သောတာဝဓာနေ ပညာ သုတမယ ဉာဏံ” ဟူသော ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌ သင်္ခတ တရားတို့နှင့်တကွ နိဗ္ဗာန်ကို အတွင်းပြု၍ အနတ္တဟု ဟောတော်မူသတည်း။ ထို့ကြောင့် “သဗ္ဗေ ဓမ္မာ အနတ္တာတိ နိဗ္ဗာနံ အန္တော ကတွာ ဝုတ္တာ” ဟူ၍ ၎င်းအဋ္ဌကထာ ဖွင့်ပြတော်မူသည်။ ပဋိ-သံ၊ဋ္ဌ၊၅၈။

သဗ္ဗေ ဓမ္မာ အနတ္တာတိ - ဟူသည်ကား။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
အန္တော၊ အတွင်းပြု၍။
ဝုတ္တာ၊ ဟောတော်မူအပ်ကုန်၏။
(အနက်)

၎င်း၌ ပညတ်မပါ၊ မပါကြောင်းကား အနတ္တအစရှိသဖြင့် ကသိုဏ်း ပဋိဘာဂနိမိတ် တို့၌ အတ္တဒိဋ္ဌိစွဲယူခြင်း ဖြစ်သင့်သောကြောင့် လည်းကောင်း၊ တစ်နည်း - ဤအလုံးစုံ ဓမ္မသဘာဝတို့ကို အနတ္တဟူ၍ သင်ကြား နာခံခြင်း သုတမယပညာ၏ အရာ ဖြစ်သောကြောင့် လည်းကောင်း မပါ၊ ပညတ်ကား ဓမ္မသဘာဝ မဟုတ် ဟူ၏။

နိဗ္ဗာနံ အန္တော ကတွာတိ ဧတ္ထ ပညတ္တိမဝစနံ အတ္တာနတ္တာဒိနာ ကသိဏာဒီသု အတ္တဂါဟသမ္ဘဝါ ကတံ၊ ဣမာယ ဝါ ပညာယ သဘာဝဝိသယတ္တာ တံ ကတံ။
(ပဋိသံ ဂဏ္ဌိ၊ ၈၇။)

နိဗ္ဗာနံ အန္တော ကတွာတိ ဧတ္ထ၊ ဟူသောပုဒ်တို့၌။
ပညတ္တိံ၊ ပညတ်ကို။
အဝစနံ၊ မဆိုခြင်းကို။
အတ္တာနတ္တာဒိနာ၊ အတ္တ အနတ္တ အစရှိသည်ဖြင့်။
ကသိဏာဒီသု၊ ကသိုဏ်းပဋိဘာဂ နိမိတ်စသည်တို့၌။
အတ္တဂါဟသမ္ဘဝါ၊ အတ္တဒိဋ္ဌိ စွဲလမ်းခြင်း၏ ဖြစ်သင့်သောကြောင့်။
ကတံ၊ ပြုအပ်၏။
(ဝါ) တစ်နည်းကား။
ဣမာယ ပညာယ၊ ဤသုတမယပညာ၏။
သဘာဝ ဝိသယတ္တာ၊ သဘာဝဓမ္မလျှင် အရာရှိသည်၏ အဖြစ်ကြောင့်။
တံ၊ ထိုပညတ်ကို မဆိုခြင်းကို။
ကတံ၊ ပြုအပ်၏။ (အနက်)

ဣမာယ ဝါ ပညာယ သဘာဝဝိသယတ္တာ” ဟူသော ဤဟိတ်ပါဌ် ဖြင့် - “သဗ္ဗေ ဓမ္မာ အနတ္တာတိ သောတာဝဓာနေ ပညာ သုတမယေ ဉာဏံ” ဟူသော အရာသည် သင်္ခတဓမ္မသဘာဝ အသင်္ခတဓမ္မသဘာဝ တို့ကို အနတ္တ အဖြစ်ဖြင့် သင်ကြား နာခံသော အနာဖြစ်၏။ ထိုနှစ်ပါးတို့တွင် သင်္ခတဓမ္မ-သဘာဝကား ဥပါဒ် ဌီ ဘင်နှင့် စပ်သဖြင့် ကာရက ဝေဒက စသော ပရပရိကပ္ပိတ အတ္တသဘော ကင်းသောကြောင့် အနတ္တ၊ အသင်္ခတဓမ္မ သဘာဝကား ဥပါဒ် ဌီ ဘင် နှင့် မစပ်သဖြင့် ကာရက ဝေဒက စသော ပရပရိကပ္ပိတ အတ္တသဘော ကင်းသောကြောင့် လည်းကောင်း အနတ္တအဖြစ်ကိုပြသော အရာဖြစ်၏။

ဤသို့ ပရမတ္ထအားဖြင့် ထင်ရှားရှိသော ဓမ္မသဘာဝ ဖြစ်သောကြောင့် နိဗ္ဗာန်ကို အတွင်းပြု၍ အနတ္တအရာ၌ ဟောတော်မူသည်၏ အဖြစ်ကို ဗျတိရိက်နည်းဖြင့် ပြတော်မူသည်။ ပညတ်ကား အနတ္တပင် ဖြစ်သော်လည်း ပရမတ္ထအားဖြင့် ထင်ရှား ရှိသော ဓမ္မသဘာဝ မဟုတ်သောကြောင့် ဤ အနတ္တအရာ၌ ဟောတော်မမူ။ ဤ အနတ္တဟူသည် ကား ပရမတ္ထအားဖြင့် ထင်ရှားရှိသော ဓမ္မသဘာဝ ဟူသမျှကိုသာ ပြသည်ဟူလို၊ သိမ်မွေ့ခက်ခဲစွ။ (၁)

လောကီသင်္ခတ သဘာဝတရားတို့နှင့် ပညတ်ကိုသာ ဟောတော်မူသော အရာကား-

အဋ္ဌာနမေတံ ဘိက္ခဝေ အနဝကာသော၊ ယံ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော ကိဉ္စိ ဓမ္မံ အတ္တတော ဥပစ္ဆေယျ၊ နေတံ ဌာနံ ဝိဇ္ဇတိ၊ ဌာနဉ္စ ခေါ ဘိက္ခဝေ ဝိဇ္ဇတိ၊ ယံ ပုထုဇ္ဇနော ကိဉ္စိ ဓမ္မံ အတ္တတော ဥပဂစ္ဆေယျ၊ ဌာနမေတံ ဝိဇ္ဇတိ” ဟူ၍ ဟောတော်မူသော ဧကင်္ဂုတ္တရ၊ အဋ္ဌာနသုတ် ပါဠိတော်၊ ဉာဏဝိဘင်း ပါဠိတော် တို့တည်း။ ဤပါဠိတော်တို့၌ နိဗ္ဗာန်မပါ၊ လောကီသင်္ခတ သဘာဝတရားတို့နှင့်တကွ ပညတ်ကိုသာ ဟောတော်မူ၏။

အတ္တဝါဒေ ကသိဏာဒိပဏ္ဏတ္တိသင်္ဂဟဏတ္ထံ သင်္ခါရန္တိ အဝတွာ ကိဉ္စိဓမ္မန္တိ ဝုတ္တံ။
အဘိ၊ဋ္ဌ၊၂၊၄၀၅
[၎င်းအင်္ဂုတ္တရ အဋ္ဌကထာ၊ သမ္မောဟဝိနောဒနီ ဉာဏဝိဘင်း အဋ္ဌကထာ။]

အတ္တဝါဒေ၊ အတ္တဝါဒ၌။
ကသိဏာဒိပဏ္ဏတ္တိသင်္ဂဟဏတ္ထံ၊ ကသိုဏ်း အစရှိသော ပဋိဘာဂနိမိတ် ပညတ်ကို ပေါင်းယူခြင်း အကျိုးငှါ။
သင်္ခါရန္တိ၊ သင်္ခါရဟူ၍။
အဝတွာ၊ ရှေး နိစ္စ သုခ တို့၌ကဲ့သို့ မဆိုမူ၍။
ကိဉ္စိ ဓမ္မန္တိ၊ ဟူ၍။
ဝုတ္တံ၊ သဒ္ဒါအထူးအားဖြင့် ဟောတော်မူအပ်၏။ (အနက်)

ဤ၌ နိဗ္ဗာန် အဘယ်ကြောင့် မပါသနည်း၊ မိစ္ဆာဒိဋ္ဌိ၏ အာရုံပြုရာ အရာမဟုတ် သောကြောင့် မိစ္ဆာဒိဋ္ဌိ၏ အာရုံပြုရာ အစုဖြစ်သော ကသိုဏ်းစသော နိမိတ်ပညတ် ကိုသာ ယူသတည်း။ ထို့ကြောင့် -

ဒိဋ္ဌိယာ နိဗ္ဗာနဿ အဝိသယဘာဝေါ ဟေဋ္ဌာ ဝုတ္တော ဧဝါတိ ကသိဏာဒိ-ပဏ္ဏတ္တိသင်္ဂဟဏတ္တန္တိ ဝုတ္တံ
(အံ၊ဋီ၊၁၊၂၁၁။)

ဤသို့ ၎င်းအင်္ဂုတ္တရမဟာဋီကာကြီး မိန့်တော်မူသည်။

ဒိဋ္ဌိယာ၊ မိစ္ဆာဒိဋ္ဌိ၏။
နိဗ္ဗာနဿ၊ နိဗ္ဗာန်၏။
အဝိသယဘာဝေါ၊ အာရုံပြုရာ အရာမဟုတ်သည်၏ အဖြစ်ကို။
ဟဋ္ဌော၊ အောက်၌။
ဝုတ္တော ဧဝ၊ ဆိုအပ်ပြီးသည်သာလျှင်တည်း။
ဣတိ တသ္မာ၊ ထို့ကြောင့်။
ကသိဏာဒိ ပဏ္ဏတ္တိ သင်္ဂဟဏတ္တန္တိ၊ ဟူ၍။
ဝုတ္တံ၊ အဋ္ဌကထာဆရာ မိန့်ဆိုအပ်၏။ (အနက်)

ဤ အဋ္ဌာနသုတ်ကား ပုထုဇဉ်တို့ နိစ္စ သုခ အတ္တ ဟူ၍ မိစ္ဆာဒိဋ္ဌိ စွဲလမ်းရာ လောကီ သင်္ခတဓမ္မ သဘာဝတို့နှင့်တကွ ကသိုဏ်း စသော နိမိတ်ပညတ်တို့ကို သောတာပန် စသော အရိယာပုဂ္ဂိုလ်တို့က အနိစ္စ ဒုက္ခ အနတ္တဟူ၍ ယထာဘူတ သမ္မာဒိဋ္ဌိဉာဏ် အမြင်ဖြင့် ဖြေခြင်းကို ဟောရာဖြစ်သတည်း။ ထို့ကြောင့် နိဗ္ဗာန်ကို ပုထုဇဉ်တို့၏ အရာမဟုတ်၊ မိစ္ဆာဒိဋ္ဌိ၏ အာရုံပြု၍ အတ္တဟု မစွဲလမ်းနိုင်သောကြောင့် လည်းကောင်း၊ အနတ္တဟူ၍ ဖြေဖွယ်မရှိဖြစ်သဖြင့် လည်းကောင်း၊ ဝါ နိဗ္ဗာန်ကို အတ္တဝါရ၌ မသွင်းမယူ၊ ပုထုဇဉ်တို့ အတ္တဟုစွဲလမ်းရာ လောကီသင်္ခတ သဘာဝတို့နှင့် တကွ ကသိုဏ်း စသော ပဋိဘာဂနိမိတ် ပညတ် ကိုသာ အရိယာတို့၏ အနတ္တ ဖြေရန် သွင်းယူပါသတည်း။

နိဗ္ဗာန်သည် အတ္တဖြစ်သောကြောင့် မသွင်းမယူဘဲ ချန်ထားသည် မဟုတ်၊ ရှေးက ပြဆိုခဲ့ပြီးသည့် နည်းအတိုင်း အသင်္ခတ ဓမ္မသဘာဝဖြစ်၍ အနတ္တသာတည်း။ ဤလည်း သိမ်မွေ့စွ။

သင်္ခတဓမ္မ သဘာဝတို့ကိုသာ ဟောတော်မူသော အရာကား
သဗ္ဗေ ဓမ္မာ အနတ္တာတိ၊ ယဒါ ပညာယ ပဿတိ။ အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ” ဟူသော ဓမ္မပဒဂါထာ (ဓမ္မပဒ၊၅၃) ၌ တေဘူမက သင်္ခါရဖြစ်သော ခန္ဓာငါးပါး တို့ကိုသာ ဟောတော်မူသတည်း။ ထိုကြောင့် ၎င်းဓမ္မပဒ အဋ္ဌကထာ၌ “သဗ္ဗေ ဓမ္မာတိ ပဉ္စက္ခန္ဓာယေဝ အဓိပ္ပေတာ” ဟူ၍ ဖွင့်တော်မူသတည်း။

အဘယ့်ကြောင့် နိဗ္ဗာန် ပညတ်တို့ကို မယူပါသနည်း ဟူမူကား၊ ဝိပဿနာ၏ အရာ ဖြစ်သောကြောင့်ပေတည်း။ ထိုနိဗ္ဗာန် ပညတ်တို့သည်ကား သင်္ခတမဟုက်၊ အသင်္ခတမျိုး ဖြစ်သောကြောင့် ဝိပဿနာ၏ အရာမဟုတ်သော အားဖြင့် ဤ ဝိပဿနာအရာ၌ နိဗ္ဗာန် ပညတ် နှစ်ပါးလုံးကိုပင် မယူ။ လောကီသင်္ခတဓမ္မ သဘာဝတို့ကိုသာ အနတ္တဟု ယူသည် ဟူလို။ ဤလည်း သိမ်မွေ့စွ။ (၃)

သင်္ခတတရား တို့နှင့်တကွ နိဗ္ဗာန် ပညတ် နှစ်ပါးလုံးကိုပင် ဟောတော်မူသော အရာကား --

အနိစ္စာ သဗ္ဗေ သင်္ခါရာ၊ ဒုက္ခာနတ္တာ စ သင်္ခတာ။ နိဗ္ဗာနဉ္စေဝ ပညတ္တိ၊ အနတ္တာ ဣတိ နိစ္ဆယာ”-
ဝိ၊၅၊၁၅၇

ဟူသော ပရိဝါပါဠိတော်တည်း။ ဤပါဠိတော်၌ အလုံးစုံသင်္ခတ သဘာဝတရား တို့သည် အနိစ္စ ဒုက္ခ အနတ္တ တို့သာတည်း။ နိဗ္ဗာန် ပညတ် တရားတို့ကား အနိစ္စ ဒုက္ခ မမည်ကုန်၊ အနတ္တကား မည်ကုန်ရာသတည်း။

အဘယ့်ကြောင့်နည်း၊ ပညတ်သည် ပရမတ္ထအားဖြင့် ထင်ရှား မရှိသောကြောင့် လည်းကောင်း၊ ဖြစ်ခြင်း ပျက်ခြင်းအားဖြင့်လည်း သဘာဝတရားတို့၏ မြဲသော အမှတ်ကြောင့်လည်းကောင်း အနိစ္စ ဒုက္ခလက္ခဏာ နှစ်ပါးနှင့် ယှဉ်၏ဟု ဆိုခြင်းငှာ မသင့်။ ကာရက ဝေဒက စသော သာသနာတော်မှ အပ တိတ္ထိတို့ ကြံဆသော အတ္တသဘောမှ ကင်းသောကြောင့်ကား အနတ္တဟု ဆိုခြင်းငှာ သင့်၏။ ထို့ ကြောင့် သင်္ခတသဘာဝဓမ္မ မဟုတ်။ အသင်္ခတမျိုး ဖြစ်သော ဤပညတ်ကို အသင်္ခတမျိုးချင်း တူသောအားဖြင့် သဘာဝတရား ထင်ရှားရှိသော အသင်္ခတနိဗ္ဗာန် နှင့်တကွ အနတ္တဟူ၍ ဟောပါသတည်း။

ဤအရာကား အနတ္တထိုက်သမျှကို ဖော်ပြဆုံးဖြတ်သော အရာပေတည်း၊ ဤနိဗ္ဗာန် ပညတ်ကို ဝိပသာနာရှုစရာမဟုတ် ဟူလို။

ပါဠိယံ နိဗ္ဗာနဉ္စေဝ ပညတ္တီတိ ဧတ္ထ ယသ္မာ သင်္ခတဓမ္မေ ဥပါဒါယ ပညတ္တာ သမ္မုတိသစ္စဘူတာ ပုဂ္ဂလာဒိပညတ္တိ ပရမတ္ထတော အဝိဇ္ဇမာနတ္တာ စ ဥပ္ပတ္တိဝိနာသတောပိ ဝတ္ထုဓမ္မနိယတေန အနိစ္စဒုက္ခလက္ခဏဒွယေန ယုတ္တာတိ ဝတ္တုံ အယုတ္တာ၊ ကာရကဝေဒကာဒိရူပေန ပန ပရိကပ္ပိတေန အတ္တသဘာဝေန ဝိရဟိတတ္တာ အနတ္တာတိ ဝတ္တုံ ယုတ္တာ၊ တသ္မာ အယံ ပညတ္တိပိ အသင်္ခတတ္ထသာမညတော ဝတ္ထုဘူတေန နိဗ္ဗာနေနဝ အနတ္တာ ဣတိ နိစ္ဆယာတိ ဝုတ္တာ။
(ဝိမတိ၊၂၊၂၇၂။)

ပါဠိယံ၊ ပါဠိတော်၌။
နိဗ္ဗာနဉ္စေဝ ပညတ္တီတိ ဧတ္ထ၊ ဟူသော ပုဒ်တို့၌။
ယသ္မာ၊ အကြင်ကြောင့်။
သင်္ခတဓမ္မေ၊ အကြောင်းလေးပါး ပြုပြင်အပ်သော ရုပ်နာမ်တရားတို့ကို။
ဥပါဒါယ၊ စွဲ၍။
ပညတ္တာ၊ ပညတ်အပ်သော။
သမ္မုတိသစ္စဘူတာ၊ သမ္မတိသစ္စာဖြစ်၍ ဖြစ်သော။
ပုဂ္ဂလာဒိပညတ္တိ၊ ပုဂ္ဂိုလ်အစရှိသော ပညတ်သည်။
ပရမတ္ထတော၊ ပရမတ္ထအားဖြင့်။
အဝိဇ္ဇမာနတ္တာ စ၊ ထင်ရှားမရှိသည်၏ အဖြစ်ကြောင့်လည်း။
ဥပ္ပတ္တိဝိနာသတောပိ၊ ဖြစ်ပေါ်ခြင်း ပျောက်ပျက်ခြင်းအားဖြင့်လည်း။
ဝတ္ထုဓမ္မနိယတေန၊ သဘာဝဓမ္မတို့၏ မြဲသော အမှတ်ဖြစ်သော။
အနိစ္စ ဒုက္ခ လက္ခဏ ဒွယေန၊ အနိစ္စ ဒုက္ခ လက္ခဏာနှစ်ပါး အပေါင်းနှင့်။
ယုတ္တာတိ၊ ယှဉ်၏ဟူ၍။
ဝတ္တုံ၊ ဆိုခြင်းငှာ။
အယုတ္တာ၊ မသင့်။
ကာရက ဝေဒကာဒိ ရူပေန၊ ကာရက ဝေဒက စသည်သဘောရှိသော။
ပရိကပ္ပိတေန၊ တိတ္ထိတို့ ကြံဆအပ်သော။
အတ္တသဘာဝေန၊ အတ္တသဘောမှ။
ဝိရဟိတတ္တာ ပန၊ ကင်းသည်၏ အဖြစ်ကြောင့်ကား။
အနတ္တာတိ၊ အနတ္တဟူ၍။
ဝတ္တုံ၊ ဆိုခြင်းငှာ။
ယုတ္တာ၊ သင့်၏။
တသ္မာ၊ ထို့ကြောင့်။
အယံ ပညတ္တိပိ၊ ဤအဝိဇ္ဇမာနပညတ်ကိုလည်း။
အသင်္ခတ္ထသာမညတော၊ အသင်္ခတသဘောချင်း တူသည်၏ အဖြစ်ကြောင့်။
ဝတ္ထုဘူတေန၊ သဘာဝအားဖြင့် ထင်ရှားရှိသော။
နိဗ္ဗာနေန၊ နိဗ္ဗာန် အသင်္ခတတရားနှင့်။
သဟဧဝ၊ တကွသာလျှင်။
အနတ္တာ ဣတိ၊ အနတ္တဟူ၍။
နိစ္ဆယာ၊ ဆုံးဖြတ်အပ်၏။
ဣတိ၊ ဤသို့။
ဝုတ္တာ၊ ဟောအပ်၏။

ယသ္မာ။(ပ)။ အဝိဇ္ဇမာနတ္တာ - ဟူ၍ မိန့်ခြင်းကြောင့်။ အဝိဇ္ဇမာနသမ္မုတိ ပညဘ်သည်သာ အသင်္ခတ ဖြစ်ရာ၏၊ ဝိဇ္ဇမာနသမ္မုတိ ပညတ်သည်ကား အသင်္ခတ မဖြစ်ရာဟူသော ဝါကျမရှင်း အပြစ်တင်ဖွယ် မကင်းသော အတွင်းငုပ် လီနန္တရ စောဒနာ၊ တစ်နည်း - အန္တောလီန စောဒနာကို ဋီကာအရှင် ကောင်းစွာမြင်သဖြင့် ပြစ်တင်လွတ်စေ ရှင်းရှင်း ကြေအောင် ဖြေတော်မူပြန်လိုသောကြောင့် -

ဝိဇ္ဇမာနာပိ ဟိ သမ္မုတိ ကေနစိ ပစ္စယေန အကတတ္တာ အသင်္ခတာ ဧဝါတိ” ဟူ၍လည်းကောင်း ဝိမတိဋီကာဆရာ မိန်ပြန်ရှာသတည်း။

ဟိ၊ ရှေ့ဝါကျတွင် ပြစ်တင်မကင်း စကားကြွင်းကို ဆိုပေဦးအံ့။
ဝိဇ္ဇမာနာပိ၊ ပရမတ္ထအားဖြင့် ထင်ရှားရှိသည်လည်း ဖြစ်သော။
သမ္မုတိ၊ ဖဿ, ဝေဒနာစသော ပညတ်သည်။
ကေနစိ၊ တစ်စုံတစ်ခုသော။
ပစ္စယေန၊ အကြောင်းသည်။
အကတတ္တာ၊ မပြုမပြင် မစီရင်အပ်သည်၏ အဖြစ်ကြောင့်။
အသင်္ခတာ ဧဝ၊ အသင်္ခတ ဖြစ်သည်သာလျှင်တည်း။
ဣတိ၊ ဤမှတ်လေ။

ဤသို့သော ဋီကာပါဌ်ဖြင့် နိဗ္ဗာန် ပညတ်တို့၏ အသင်္ခတအဖြစ်ကို ပြသည်။

နိဗ္ဗာန် အသင်္ခတသည် အကြောင်းလေးပါးကို မပြုပြင် မစီရင်အပ်သော ဥပါဒ် ဌီ ဘင် ကင်းသော သန္တိလက္ခဏာနှင့် ပြည့်စုံသော ပရမတ္ထအားဖြင့် ထင်ရှားရှိသော အသင်္ခတ တရားပေတည်း။

ပညတ်သည်ကား အကြောင်း လေးပါးတို့ မပြုပြင် မစီရင်အပ်သော ဥပါဒ် ဌီ ဘင် လည်းကင်းသော၊ ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အသင်္ခတတရားပေတည်းဟု ခွဲ၍သိမှတ်လေ။ အသင်္ခတ နှစ်ပါးလုံးပင် အနတ္တချည်းသာဟူ၍လည်း သိလေ၊ မှတ်လေ။ ဤလည်း သိမ်မွေ့စွ။ (၄)

ထိုသို့ ပြခဲ့အပ်ပြီးသော အနတ္တလက္ခဏာကို ဟောတော်မူသော အချက်ကြီး လေးပါးတို့တွင် သုံးခုမြောက်သော အသင်္ခတ လက္ခဏာကိုသာ ဟောတော်မူသော အနတ္တဖြင့်လျှင် ယခုအခါ ဝိပဿနာ၏ အရာ၌ ယူအပ်၏။

ဤသို့ ဥပမာငါးပါးဖြင့် ထင်မြင်အပ်သော ရုပ်၊ ဖဿပဉ္စက၊ ဝေဒနာပဉ္စက၊ ပိညာဏပဉ္စက တို့ဖြင့် မှတ်အပ်သော နာမ်၊ ထိုရုပ်နာမ် နှစ်ပါး သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ ဟုဆိုအပ်သော လက္ခဏာရေး သုံးပါးတို့ဖြင့် သုံးသပ်ဆင်ခြင် အပ်သာ ယောဂီအား ဥဒယ ဝယ တည်းဟူသော တရုဏဝိပဿနာဉာဏ်သို့ သက်လျက် ဩဘာသ အစရှိသော ဥပက္ကိလေသ တရားတို့ကို လွန်မြောက်၍ မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိ စသည်မှကူး၍ အထက်မဂ်ဉာဏ်ကို ကူးတတ်သည်။

၄၁ - အနုလောမခန္တီဝါရကို ပြခြင်း

အကယ်၍ တရုဏဝိပဿနာသို့ သက်လျက် မဂ္ဂါမဂ္ဂဉာဏဒဿန စသည်မှ မကူးမြောက်နိုင်သေးလျှင် လက္ခဏဝဝတ္ထာနဝါရကို လွှတ်၍ အနုလောမခန္တီဝါရဖြင့် ရုပ်နာမ်နှစ်ပါး သင်္ခါရတရားတို့ကို သုံးသပ် ဆင်ခြင်အပ်၏။

သုံးသပ်ဟန်ကား

ခန္ဓာငါးပါး၌ အနိစ္စလက္ခဏာရှုရန် မာတိကာ (၁၀) ပါး။

“နိစ္စ, ပလောက၊ စလ, ပဘင်္ဂု၊ အဓုဝ, ပရိဏာ၊ အသာရက၊ ဝိဘဝ, သင်္ခံ၊ မရဏံ”။

ခန္ဓာငါးပါး၌ ဒုက္ခလက္ခဏာ ဆင်ခြင်ရန် မာတိကာ (၂၅) ပါး။

“ဒုက္ခ, ရောဂ၊ အဃ, ဂဏ္ဍာ၊ သလ္လ, အာဗာဓ၊ ဥပဒ္ဒဝ, ဘယာ၊ ဤတိ, သာဟု၊ ဥပသဂ္ဂါ၊ အတာ, လေဏ၊ သရဏ, ဝဓ၊ အဃမူလံ၊ အာဒီ, မှန်လျက်၊ သာသဝံ, မာရ၊ ဇာ, ဇ, ဗျာ, သော၊ ဒေဝေါပရိ၊ ဥ, သံကိ”။

ခန္ဓာငါးပါး၌ အနန္တလက္ခဏာ ဆင်ခြင်ရန် မာတိကာ (၅) ပါး။

“ပရာ, ရိတ္တ၊ တုစ္ဆ, သညာ၊ အနတ္တာ”။

(၎င်းလင်္ကာသုံးပိုဒ်၌ အက္ခရာ မပြည့်လျှင် ရှေ့အနက်ဖြင့် ဖြည့်၍ ယူတော်မူကြကုန်။)

အနက်ကား

ရူပံ၊ ရုပ်သည်။
အနိစ္စံ၊ မမြဲ။
ပလောကံ၊ ပျက်စီးတတ်၏။
စလံ၊ တုန်လှုပ်တတ်၏။
ပဘင်္ဂု၊ သူ့ဘာသာ ပျက်တတ်ချေ၏။
အဓုဝံ၊ မခိုင်ခန့်။
ဝိပရိဏာမံ၊ ဖောက်ပြန်တတ်၏။
အသာရတံ၊ အနှစ်မရှိ။
ဝိဘဝံ၊ တဏှာ ဒိဋ္ဌိလျှင် ဖြစ်ကြောင်းရှိ၏။
သင်္ခတံ၊ အကြောင်းတရားတို့သည် ပြုပြင်အပ်၏။
မရဏံ၊ သေတတ်သော အလေ့ရှိ၏။

(အနိစ္စလက္ခဏာအနက် ၁၀-ပါး၊)

အနက်ကား

ရူပံ၊ ရုပ်သည်။
ဒုက္ခံ၊ ဥပါဒ် ဘင်ဖြင့် နှိပ်စက်တတ်၏။
ရောဂံ၊ ပစ္စည်းနှင့်တကွ ယာပျဟူသော ရောဂါရှိချေ၏။
အဃံ၊ မကောင်းမှုတို့၏ တည်ရာဖြစ်၏။
ဂဏ္ဍံ၊ ကိလေသာတည်းဟူသော မန်းပြည့်သော အိုင်းအမာရှိ၏။
သလ္လံ၊ ကိလေသာတည်းဟူသောငြောင့် ရှိ၏။
အာဗာဓံ၊ ယာပျမှတစ်ပါး များသော အနာရှိချေ၏။
ဥပဒ္ဒဝံ၊ မထင်မရှား များသောဥပဒ္ဒဝေါ ရှိ၏။
ဘယံ၊ နိဗ္ဗာန်၏ ဆန့်ကျင်ဘက် ဖြစ်သော ဘေးရှိချေ၏။
ဤတိ၊ အနေကဗျသနတို့ကြောင့် များသော ဘေးရန်ရှိ၏။
ဥပသဂ္ဂါ၊ များပြားစွာသော အနတ္ထရှိချေ၏။
အတာဏံ၊ သူကိုလည်း မစောင့် မိမိလည်း ဘေးမငြိမ်းချေ။
အလေဏံ၊ မိမိ သူတစ်ပါး ပုန်းအောင်းရာမရှိ။
အသရဏံ၊ မိမိ သူတစ်ပါး ကိုးကွယ်ရာမရှိ။
ဝဓံ၊ သူသတ်ယောက်ျားနှင့်တူ၏။
အဃမူလံ၊ မကောင်းမှုတို့၏ အကြောင်းရင်းတည်း။
အာဒီနဝံ၊ ဖြစ်ခြင်း ပျက်ခြင်းတည်းဟူသော ဘေးရှိ၏။
သာသဝံ၊ အသဝေါတရားတို့နှင့် တကွဖြစ်၏။
မာရာမိသံ၊ မာရ်တို့၏ အစာ ဖြစ်ချေ၏။
ဇာတိ၊ ပဋိသန္ဓေနေခြင်း ရှိ၏။
ဧရံ၊ အိုရခြင်း ရှိ၏။
ဗျာဓိ၊ ကျင်နာရခြင်း ရှိ၏။
သောကံ၊ စိုးရိမ်ရခြင်း ရှိ၏။
ပရိဒေဝ၊ ငိုကြွေးရခြင်း ရှိ၏။
ဥပါယာသံ၊ သက်ကြီးရှိုက်တငင် ပင်ပန်းရခြင်း ရှိ၏။
သံကိလေသိကံ၊ တဏှာ ဒိဋ္ဌိတို့၏ အာရုံဖြစ်၍ ညစ်ညူးရခြင်း ရှိ၏။

(ဒုက္ခလက္ခဏာအနက် ၂၅-ပါး။)

အနက်ကား

ရူပံ၊ ရုပ်သည်။
ပရာ၊ မိမိမဟုတ်သဖြင့် သူစိမ်း ပြင်ပနှင့်တူချေ၏။
ရိတ္တံ၊ တိတ္ထိတို့ ကြံဆအပ်သော အနှစ်မှ ကင်းချေ၏။
တုစ္ဆံ၊ တိတ္ထိတို့ ကြံဆအပ်သော အနှစ်မှ အချည်းနှီးရှိချေ၏။
သုညံ၊ သာမီ နိဝါသီ ကာရက ဝေဒက အဓိဋ္ဌာယက ဟု ကြံဆခေါ်ဆိုအပ်သော ကိုယ်မှ ဆိတ်ချေ၏။
အနတ္တာ၊ သာမီ နိဝါသီ ကာရက ဝေဒက အဓိဋ္ဌာယက ဟု ကြံဆ ခေါ်ဆိုအပ်သော ကိုယ်လည်း မဟုတ်ချေ။

(အနတ္တလက္ခဏာ၏အနက် ၅-ပါး။)

ဤသို့သော အမျှ (၄၀) သော ဝိပဿနာတို့ဖြင့် ခန္ဓာငါးပါးတို့ကို ခန္ဓာငါးပါးတို့၌ အကြိမ်ကြိမ် အဖန်ဖန် အတန်တန် သုံးသပ်အပ်သည် ရှိသော် နှစ်ရာသော အနုလောမခန္တီဉာဏ်သို့ သက်လေ၏။ ထို အနုလောမ ခန္တီဉာဏ်သို့ သက်ပြီးသော ယောဂီအား မြေကြီးလက်ခတ်မလွဲ တောင်ထိပ်မှကျသော ရေအလျဉ်သည် မြစ်ပြင်သို့ သက်ရောက်သကဲ့သို့ သောတာပတ္တိဖိုလ် သကဒါဂါမိဖိုလ် အနာဂါမိဖိုလ် အရဟတ္တဖိုလ်တို့သို့ စင်စစ်မုချ မျက်မှောက်ပြုရတော့မည် မလွဲတည်း၊

သော ဝတ ဘိက္ခဝေ ဘိက္ခု သဗ္ဗသင်္ခါရေ အနိစ္စတော သမနုပဿန္တော အနုလောမိကာယ ခန္တိယာ သမန္နာဂတော ဘဝိဿတီတိ ဌာနမေတံ ဝိဇ္ဇဘိ၊ အနုလောမိကာယ ခန္တိယာ သမန္နာဂတော သမ္မတ္တနိယာမံ ဩက္ကမိဿတီတိ ဌာနမေတံ ဝိဇ္ဇတိ၊ သမ္မတ္တနိယာမံ ဩက္ကမမာနော သောတာပတ္တိဖလံ ဝါ သကဒါဂါမိဖလံ ဝါ အနာဂါမိဖလံ ဝါ အရဟတ္တဖလံ ဝါ သစ္ဆိကရိဿတီတိ ဌာနမေတံ ဝိဇ္ဇတိ။ ပဋိသံ၊၄၀၉

ဘိက္ခဝေ၊ ရဟန်းတို့။
ဝတ၊ စင်စစ်။
သော ဘိက္ခု၊ ထိုရဟန်းသည်။
သဗ္ဗသင်္ခါရေ၊ အလုံးစုံသော ခန္ဓာငါးပါး ရုပ်နာမ်တရား၌။
အနိစ္စတော၊ မမြဲသောအားဖြင့်။
သမနုပဿန္တော၊ ရှုသည်ရှိသော်။
အနုလောမိကာယ၊ မဂ်လေးတန်အား ရခြင်းငှါသော။
(အနုလောမိကန္တိ အရိယမဂ္ဂါဓိဂမဿ အနုကူလံ - မဟာဋီကာ)၊
ခန္တိယာ၊ ဝိပဿနာဉာဏ်နှင့်။
(ခန္တိန္တိဉာဏခန္တိံ - မဟာဋီကာ)။
သမန္နာဂတော၊ ပြည့်စုံသည်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။
ဣတိ၊ ဤသို့။
ဧတံ ဌာနံ၊ ဤသို့သော အကြောင်းသည်။
ဝိဇ္ဇတိ၊ ရှိ၏။
အနုလောမိကာယ၊ မဂ်လေးတန်အား ရခြင်းငှါ လျော်သော။
ခန္တိယာ၊ ဝိပဿနာဉာဏ်နှင့်။
သမန္နာဂတော၊ ပြည့်စုံသောသူသည်။
သမ္မတ္တနိယာမံ၊ အရိယာမဂ်သို့။
(သမ္မတ္ထနိယာမန္တိ အရိယမဂ္ဂံ - မဟာဋီကာ)။
ဩက္ကမိဿတိ၊ သက်လတ္တံ့။
ဣတိ၊ ဤသို့။
ဧတံ ဌာနံ၊ ဤသို့သော အကြောင်းသည်။
ဝိဇ္ဇတိ၊ ရှိ၏၊
သမ္မတ္တ နိယာမံ၊ အရိယာမဂ်သို့။
ဩက္ကမမာနော၊ သက်သောသူသည်။
သောတာပတ္တိဖလံ ဝါ၊ သောတာပတ္တိဖိုလ်သို့ လည်းကောင်း။
သကဒါဂါမိဖလံ ဝါ၊သကဒါဂါမိဖိုလ်သို့ လည်းကောင်း။
အနာဂါမိဖလံ ဝါ၊ အနာဂါမိဖိုလ်သို့ လည်းကောင်း။
အရဟတ္တဖလံ ဝါ၊ အရဟတ္တဖိုလ်သို့ လည်းကောင်း။
သစ္ဆိကရိဿတိ၊ မျက်မှောက်ပြုလတ္တံ့။
ဣတိ၊ ဤသို့။
ဧတံ ဌာနံ၊ ဤသို့သော အကြောင်းသည်။
ဝိဇ္ဇတိ၊ ရှိ၏။
(အနက်။)

(ဒုက္ခလက္ခဏာ အနတ္တလက္ခဏာ တို့၌လည်း ၎င်းနည်းတူပင်တည်း။)

ဤ ဝိပဿနာလေးဆယ်ဖြင့် ထိရဘာဝဖြစ်အောင် နေ့ရက်မညောင်း ကောင်းစွာ အားထုတ်သော ယောဂီအား သောတာပန်ပင် မုချမဟုတ်သေးသော်လည်း သောတာပန်ဟု ခေါ်ဝေါ်အပ်၏။

ဥပမာ။

တိုင်းနိုင်ငံကို သိမ်းကျုံး၍ အောင်အပ်ပြီးသော ရန်သူရှိသော မင်းသည် ရာဇာဘိသေက အဘိသိက်ကို မသွန်းရသေး၍ ရှင်ဘုရင် မဟုတ်သေးသော်လည်း ရှင်ဘုရင်ဟု ခေါ်ဝေါ်အပ် သကဲ့သို့ပေတည်း။ ထို့ကြောင့် -

သော ထေရေ အနုမောဒနံ ကထေန္တေ ဧကဂ္ဂစိတ္တော ဟုတွာ ဓမ္မံ သုဏန္တော သောတာပတ္တိမဂ္ဂဿ ဩရတော အနုလောမိကံ ခန္တိံ နိဗ္ဗတ္တေသိ -
ဤသို့ ဓမ္မပဒအဋ္ဌကထာရှင် မိန့်တော်မူ၏။ ဓမ္မပဒ၊ဋ္ဌ၊၁၊၄၀၇

သော၊ ထို စောရဃာတက ခိုးသူသတ် ယောက်ျားသည်။
ထေရေ၊ ရှင်သာရိပုတ္တရာမထေရ်သည်။
အနုမောဒနံ၊ အနုမောဒနာကို။
ကထေန္တေ၊ တစ်ဖန် ဟောအပ်သည်ရှိသော်။
ဧကဂ္ဂစိတ္တော၊ တည်ကြည်သောစိတ်ရှိသည်။
ဟုတွာ၊ ဖြစ်၍။
ဓမ္မံ၊ တရားကို။
သုဏန္တော၊ နာသည်ရှိသော်။
သောတာပတ္တိမဂ္ဂဿ၊ သောတာပတ္တိမဂ်၏။
ဩရတော၊ အတွင်း၌။
အနုလောမိကံ၊ မဂ်အားလျော်သော။
ခန္တိံ၊ ဝိပသာနာဉာဏ်ကို။
နိဗ္ဗတ္တေသိ၊ ဖြစ်စေ၏။

ဤ အနုလောမခန္တီဝါရဖြင့်လည်း ပြခဲ့ပြီးသော အတိုင်း မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ စသည်ကို ကူးရောက်၍ အထက်မဂ်ဉာဏ်သို့ ရောက်နိုင်၏။

၄၂ - နာမရူပ ပဝတ္တိက္ကမဝါရကို ပြခြင်း

အကယ်၍ မကူးမြောက်နိုင်သေးပါမူ -

(၁) ဣန္ဒြေငါးပါးတို့ကို အထူးသဖြင့် ထက်မြက်ရန် ဥပါဒ် ဌီ တို့ကို လွှတ်၍ ပျက်ခြင်း။
(၂) အာဝါသသပ္ပါယ၊ ဂေါစရသပ္ပါယ၊ ဘာသသပ္ပါယ၊ ပုဂ္ဂလသပ္ပါယ၊ ဘောဇနသပ္ပါယ၊ ဥတုသပ္ပါယ၊ ဣရိယာပထသပ္ပါယ အားဖြင့် ၇-ပါးသော သပ္ပါယ တို့တွင် မိမိနှင့် လျောက်ပတ်သော သပ္ပါယကို မှီဝဲ၍ ဘင်ကို ရှုခြင်း။
(၃) နေ့ရော ညဉ့်ပါ အခါခပ်သိမ်း ဘင်ကို ရှုခြင်း။
(၄) အရိုအသေ အလေးအမြတ်ပြု၍ ဘင်ကို ရှုခြင်း။
(၅) ဝိပဿနာ အာရုံ၌ အခါခပ်သိမ်း ယူ၍ ဘင်ကို ရှုခြင်း။
(၆) စိတ်တွန့်လွန်းသော် သတိနှင့်တကွ ဓမ္မဝိစယ၊ ဝီရိယ၊ ပီတိ ဗောဇ္ဈင်လေးပါးကို မှီဝဲလျက်၊ စိတ်တွန့်လွန်းသော် သတိနှင့် တကွ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ ဗောဇ္ဈင်လေးပါးကို မှီဝဲလျက် ဘင်ကို ရှုခြင်း။
(၇) မိမိကိုယ်အသက်ကိုပင် ငဲ့ကွက်ခြင်းမရှိ အားထုတ်၍ ဘင်ကို ရှုခြင်း။
(၈) ဖြစ်တိုင်း ဖြစ်တိုင်းသော ဒုက္ခ သုခတို့ကို ဝိပဿနာဖြင့်လွှမ်းမိုး၍ ဘင်ကို ရှုခြင်း။
(၉) ငါသည် အလိုရှိအပ်သော မဂ်သို့ မရောက်လျှင် ဤကိုယ်စိတ်ကို မလျော့ခြင်း တည်းဟူသော အဗျောသာန ဂုဏ်ကိုဆောက်တည်၍ ဘင်ကိုသာ ရှုခြင်း -

အားဖြင့် ကိုးပါးသော ဣန္ဒြိယပက္ကတရားတို့ကို ဆောက်တည်လျက် ရံခါ ရုပ်တို့၏ ဖြစ်ခြင်းအစ၊ ရံခါ နာမ်တို့၏ ဖြစ်ခြင်းအစ ဟုဆိုအပ်သော နာမရူပပဝတ္တိက္ကမဝါရကို တစ်ဖန်ပြန်၍ သုံးသပ်ရာ၏။

သုံးသပ်ဟန်ကား -

ငါ၏သန္တာန်ဝယ် အမှန်ဖြစ်ရသော သင်္ခတ တရားတို့ဝယ် ရှေးဦး အစစွာ -

  • (၁) ကမ္မ၊ (၂) ကမ္မသမုဋ္ဌာန၊ (၃) ကမ္မပစ္စယ၊ (၄) ကမ္မပစ္စယ စိတ္တသမုဋ္ဌာန၊ (၅) ကမ္မပစ္စယ အာဟာရသမုဋ္ဌာန၊ (၆) ကမ္မပစ္စယ ဥတုသမုဌာန ဟူသော ကံ၌ဝေဖန်ခြင်း ခြောက်ပါး။
  • (၁) စိတ္တ၊ (၂) စိတ္တသမုဋ္ဌာန၊ (၃) စိတ္တပစ္စယ၊ (၄) စိတ္တပစ္စယ အာဟာရသမုဋ္ဌာန၊ (၅) စိတ္တပစ္စယ ဥတုသမုဋ္ဌာန ဟူ၍ စိတ်၌ ဝေဖန်ခြင်း ငါးပါး။
  • (၁) အာဟာရ၊ (၂) အာဟာရသမုဋ္ဌဌာန၊ (၃) အာဟာရပစ္စယ၊ (၄) အာဟာရပစ္စယ အာဟာရသမုဋ္ဌာန၊ (၅) အာဟာရပစ္စယ ဥတုသမုဋ္ဌာန ဟူ၍ အာဟာရ၌ ဝေဖန်ခြင်း ငါးပါး။
  • (၁) ဥတု၊ (၂) ဥတုသမုဋ္ဌာန၊ (၃) ဥတုပစ္စယ၊ (၄) ဥတုပစ္စယ ဥတုသမုဋ္ဌာန၊ (၅) ဥတုပစ္စယ အာဟာရသမုဋ္ဌာန ဟူ၍ ဥတု၌ ဝေဖန်ခြင်းငါးပါး။

အပေါင်းအားဖြင့် နှစ်ဆယ့်တစ်ပါး။

ဤသို့အားဖြင့် ရုပ်နာမ် နှစ်ပါး သင်္ခတတရားတို့၏ ဖြစ်ပွားခြင်း အစကို ရှုအပ်၏။

ထိုတွင် ရှေးရှေးသောဘဝ၌ ယခုအစရှိသော ရုပ်နာမ်တို့ကို ဖြစ်ရာ ဖြစ်ကြောင်း ဖြစ်သော --

(၁) နာနာက္ခဏိကစေတနာ - နှစ်ဆယ့်ငါးပါးသည် ကံမည်၏။

(၂) ပဋိသန္ဓေစိတ် နှင့်တကွ နာမက္ခန္ဓာ လေးပါးတို့သည် လည်းကောင်း၊ စက္ခုဒသက၊ သောတ ဃာန၊ ဇိဝှါ၊ ကာယ၊ ဘာဝ၊ ဝတ္ထုဒသက ဟူသော ကံကြောင့် ဖြစ်သော ရုပ်သည် လည်းကောင်း ကမ္မသမုဋ္ဌာန မည်၏။

(၃) ၎င်းကမ္မသမုဋ္ဌာန တရားတို့သည်ပင်လျှင် ကံဟူသော အထောက်အပံ့ရှိ၍ ကမ္မပစ္စယ မည်ပေ၏။

(၄) ပဋိသန္ဓေစိတ်လျှင် ဖြစ်ကြောင်းရှိသော ကမ္မဇရုပ် သုံးဆယ်သည် ကံလျှင် အထောက်အပံ့ ရှိသည်ဖြစ်၍ စိတ်လျှင်ဖြစ်ခြင်း ရှိရကား ကမ္မပစ္စယ စိတ္တသမုဋ္ဌာန မည်၏။

(၅) ကံကြောင့်ဖြစ်သော ပဋိသန္ဓေ၏ ရုပ်တို့၌ ဌီသို့ ရောက်သော ဩဇာသည် တပါးသော ဩဇဋ္ဌမကရုပ်ကို ဖြစ်စေခြင်း၊ ၎င်း ဒုတိယ ဩဇဋ္ဌမကရုပ်၌ ဌီသို့ရောက်သော ဩဇာသည် တတိယ ဩဇဋ္ဌမကရုပ်ကို ဖြစ်စေခြင်း။ ၎င်းနည်းတူ လေးဆက်-ငါးဆက်သော ဩဇာကို ဖြစ်စေသော ရုပ်သည် ကမ္မပစ္စယ အာဟာရ သမုဋ္ဌာနမည်၏။

(၆) ၎င်းနည်းတူ ကံကြောင့်ဖြစ်သော ပဋိသန္ဓေစိတ်၏ ရုပ်တို့၌ ဌီသို့ရောက်သော တေဇောဓာတ်သည် ဥတုလျှင် ဖြစ်ကြောင်း ရှိသော ဩဇဋ္ဌမကရုပ်ကို ဖြစ်စေ၏။ ထိုဩဇဋ္ဌမကရုပ်၌လည်း ဌီသို့ရောက်သော ဥတုသည် ဩဇဋ္ဌမကရုပ်ကို တစ်ဖန် ဖြစ်စေ၏။

၎င်းနည်းတူ - လေးဆက်လည်းကောင်း ငါးဆက်လည်းကောင်း၊ ကံကြောင့်ဖြစ်သော ဥတုတို့၏ အဆက်ဆက် ဖြစ်ခြင်းသည် ကမ္မပစ္စယ ဥတုသမုဋ္ဌာန မည်ပေ၏။ ဤကား ကံ၊ ကံ ကြောင့် ဖြစ်သော စိတ်၊ ကံကြောင့်ဖြစ်သော အာဟာရ၊ ကံကြောင့်ဖြစ်သော ဥတုဟုဆိုအပ်သော သင်္ခတတရားတို့၏ ဖြစ်ခြင်း အရင်းအစ ပေတည်း။

စိတ် တစ်ခုယုတ်ကိုးဆယ်သည် စိတ်မည်၏။ ထိုတွင် -

၁။ ဝုဋ္ဌော၊ ကာမဇော တစ်ခုယုတ်သုံးဆယ်၊ အဘိညာဉ်ဒွေး ပေါင်း (၃၂) ပါး တစ်ရပ်။
၂။ မဟဂ္ဂုတ် လောကုတ္တရာ (၂၆)ပါး တစ်ရပ်။
၃။ တဒါရုံ ဧကာဒသ၊ သမ္ပဋိစ္ဆိုင်းဒွေး၊ ရူပါဝစရဝိပါက် ငါးခု၊ ပဉ္စဒွါရဝဇ္ဇန်းဟု ဆိုအပ်သော တစ်ဆယ့်ကိုးပါး တစ်ရပ်။
၄။ ဒွေပဉ္စဝိညာဉ် တစ်ဆယ်၊ အရူပဝိပါက် လေးခု၊ ခပ်သိမ်းသော ပဋိသန္ဓေစိတ်၊ ရဟန္တာတို့၏ စုတိစိတ်၊ (ဝါ) ခပ်သိမ်းသော သူတို့၏ စုတိစိတ်အားဖြင့် တစ်ဆယ့် ခြောက်ပါး တစ်ရပ်။

ထိုလေးရပ်သော အစုတို့တွင် -

(၁) ပဌမသုံးဆယ့်နှစ်ပါးသော စိတ်အစုတို့သည် ရုပ် ဣရိယာပုထ် ဝိညတ်တို့ကို ဖြစ်စေနိုင်ကုန်၏။
(၂) ဒုတိယ အစု (၂၆) ပါးသော စိတ်တို့သည် ရုပ် ဣရိယာပုထ်တို့ကို ဖြစ်စေနိုင်ကုန်၏။
(၃) တတိယအစု (၁၉) ပါးသော စိတ်တို့သည် ရုပ်ကိုသာလျှင် ဖြစ်စေနိုင်ကုန်၏။
(၄) စတုတ္ထအစု (၁၆) ပါးသော စိတ်တို့သည် ရုပ်ကိုလည်းကောင်း၊ ဣရိယာပုထ်ကို လည်းကောင်း၊ ဝိညတ်ကိုလည်းကောင်း မဖြစ်စေနိုင်ကုန်။

(၁) ဤသို့ အပေါင်းအားဖြင့် (၇၇) ပါးသော စိတ်တို့သည် ရုပ်ကို ဖြစ်စေနိုင်သော စိတ် မည်ကုန်၏။

ဆောင်ရန်လင်္ကာ

ဝုဋ္ဌော ဇောလည်းကာမ၊ ဘိညာဉ်ဒွ၊ တိံသဗာတ်ဟုရေ။
ဆဗ္ဗိသေ မဟဂ္ဂုတ်၊ ဇောမှန် ကြဉ်၍ထုတ်။
ရုဒ်ရုဒ်တဒါ၊ ဋိစ္ဆုင်းပါ၊ ရူပါဝိပါက်၊ ပဉ်ဒွါစွက်။
ဝိပါက်အရူ, ဆယ်ဝိဉ်ကူ၊ ဘိန္ဒူ သန္တိဟော၊
သုံးသဘော ရုပ် ဣ ဝိ၊ နောက်ကကြဉ်၍ နငယ်ထည့်။

(၂) သုံးပါးသော နာမက္ခန္ဓာ၊ သဒ္ဒနဝက ကလာပ်၊ ကာယဝိညတ်၊ ဝစီဝိညတ်၊ အာကာသဓာတ်၊ လဟုတာ၊ မုဒုတာ၊ ကမ္မညတာ၊ ဥပစယ၊ သန္တတိ ဤသို့ အပေါင်းအားဖြင့် (၁၇) ပါးသော ရုပ်သည် စိတ်ကြောင့် ဖြစ်ခြင်းကြောင့် စိတ္တသမုဋ္ဌာန် မည်၏။

(၃) တစ်ဝီထိအတွင်း၌ စိတ်တို့အဆက်ဆက်ကြောင့် ဖြစ်သော စတုဇရုပ်သည် စိတ္တပစ္စယ မည်၏။

(၄) စိတ်ကြောင့်ဖြစ်သော ရုပ်တို့၌ ဌီသို့ရောက်သော ဩဇာသည် တစ်ပါးသော ဩဇဋ္ဌမကရုပ်ကို ဖြစ်စေ၏။ ဤသို့ နှစ်ဆက် သုံးဆက် ဖြစ်သော ဩဇဋ္ဌမကရုပ် သည် စိတ္တပစ္စယအာဟာရသမုဋ္ဌာန် မည်၏။

(၅) ပဋိသန္ဓေစိတ်နောင် ပဌမဘဝင်၏ ဌီသို့ရောက်သော ဥတုသည် တစ်ပါးသော ဩဇဋ္ဌမကရုပ်ကို ဖြစ်စေ၏။ ဤသို့ နှစ်ဆက် သုံးဆက် ဩဇဋ္ဌမကရုပ်ဖြစ်ခြင်းသည် စိတ္တပစ္စယ ဥတုသမုဋ္ဌာန် မည်၏။

ဤသို့ စိတ်ကြောင့်ဖြစ်သော သင်္ခတ တရားတို့၏ဖြစ်ပွားခြင်း အစကို သိအပ်၏။

(၁) အလုပ်အလွေးကို မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော အာဟာရသည် အာဟာရ မည်၏။

(၂) ဥပါဒိန္နဖြစ်သော ကမ္မဇရုပ်ကို ထောက်ပံ့မှီ၍ အမှတ်မဲ့သော ကာလ၌ ဌီသို့ ရောက်သော ဩဇာသည် ဖြစ်စေအပ်သော ဩဇဋ္ဌမကရုပ်၊ ကာကာသဓာတ်၊ လဟုတာ၊ မုဒုတာ၊ ကမညတာ၊ ဥပစယ၊ သန္တတိ၊ ဤတစ်ဆယ့်လေးပါးသော ရုပ်သည် အာဟာရကြောင့်ဖြစ်သောကြောင့် အာဟာရ သမုဋ္ဌာန မည်၏။

(၃) အာဟာရကြောင့်ဖြစ်သော ရုပ်တို့၌ ဌီသို့ရောက်သော ဩဇာသည် တစ်ပါးသော ဩဇဋ္ဌမကရုပ်ကို ဖြစ်စေ၏ ဤသို့ ဆယ်ဆက် ဆယ်နှစ်ဆက် ဩဋ္ဌမကရုပ်တို့၏ ဖြစ်ခြင်းသည် အာဟာရပစ္စယ အာဟာရ သမုဋ္ဌာန မည်၏။

(၄) အာဟာရပစ္စယ-မှာ ဥပါဒိန္နရုပ်သို့ ရောက်အောင် ထောက်ပံ့ခြင်းကို ယူ။

(၅) ကမ္မဇာဟာရဟု ဆိုအပ်သော ဥပါဒိန္နကာဟာရ၏ ဌီသို့ရောက်သော ရုပ်ကို ဖြစ်စေရာ၌ ဩဇာသည် တစ်ပါးသော ရုပ်ကိုဖြစ်စေ၏၊ ဤသို့ လေးကြိမ် ငါးကြိမ် ဆက်သောအခါ အာဟာရကြောင့် ဖြစ်သော ဥတုသည် ဌီသို့ရောက်၍ ဩဇဋ္ဌမက ရုပ်ကို ဖြစ်စေ၏။ ဤသို့ဖြစ်ခြင်းသည် အာဟာရပစ္စယ ဥတုသမုဋ္ဌာန် မည်၏။

ဤသို့ အာဟာရကြောင့်ဖြစ်သော သင်္ခတတရားတို့၏ ဖြစ်ပွားခြင်း အစကိုသိအပ်၏။

(၁) လေးပါးသော အကြောင်းတို့ကြောင့် ဖြစ်သော တေဇောဓာတ်သည် ဥတု မည်၏။

(၂) ထိုဥတုသည် ဥပါဒိန္နရုပ်ကို ထောက်ပံ့၍ ဌီသို့ရောက်လျက် ထို၌ရုပ်ကို ဖြစ်စေ၏၊ ထိုရုပ်သည် သဒ္ဒနဝက အာကာသဓာတ် လဟုတ မုဒုတာ ကမညတာ ဥပစယ သန္တတိ အားဖြင့် ပေါင်းတဆယ့် ငါးပါးသည် ဥတုသမုဋ္ဌာန် မည်၏။

(၃) ဥတုပစ္စယလည်း ၎င်းတို့ပင်တည်း။

(၄) ဥတုကြောင့်ဖြစ်သောတေဇောဓာတ်သည် ဌီသို့ရောက်၍ တပါးသော ဩဇဋ္ဌမကရုပ်ကို ဖြစ်စေ၏။ ဤနည်းအတူ ရှည်မြင့်စွာသော ကာလပတ်လုံး အနုပါဒိန္နဖြစ်သော အရိုးပျောက်သည် တိုင်အောင် အဆက်ဆက် ဖြစ်ခြင်းသည် ဥတုပစ္စယ ဥတုသမုဋ္ဌာန် မည်၏။

(၅) ဥတုကြောင့်ဖြစ်သော ဌီသို့ရောက်သော ဩဇာသည် တပါးသော ဩဇဋ္ဌမက ရုပ်ကို ဖြစ်စေ၏၊ ဤသို့ ဆယ်ဆက် ဆယ့်နှစ်ဆက် ဖြစ်ခြင်းသည် ဥတုပစ္စယ အာဟာရသမုဋ္ဌာန် မည်၏။

ဤသို့ ပြခဲ့ပြီးသော လေးပါးသော သင်္ခတ တရားတို့တွင် ရှေးရှေးဘဝ၌ အမှတ်မဲ့သောကံသည် ကံအစစ်ပင်တည်း၊ ထိုကံကြောင့်ဖြစ်သော ပဋိသန္ဓေစိတ်၌ ပါသော ရုပ်နာမ်သည် ကံ၏သားပင်တည်း။

၎င်းစိတ်၏ ဌီမှစ၍ ကလာပ်တို့၏ လေးဆက် ငါးဆက်ဖြစ်ခြင်းသည် ကံ၏မြေး ကံ၏မြစ် ကံ၏တီ, ကံ၏တွတ် တို့ပင်တည်း၊ ၎င်းနည်းတူ ယခုထက်တိုင် ကံကြောင့် ဖြစ်သောရုပ်နာမ်တို့သည် ဆက်၍ဆက်၍ ဖြစ်ကုန်၏။

ပဋိသန္ဓေနောင် ပဌမဘဝင်၌ဖြစ်သော နာမ်သည် စိတ်မည်၏၊ ထိုစိတ်၏ ဌီမှစ၍ ရုပ်တို့၏ နှစ်ဆက် သုံးဆက် ဖြစ်ခြင်းသည် စိတ်သား စိတ်မြေး စိတ်မြစ်တို့တည်း၊ ၎င်းနည်းတူ ယခုထက် တိုင်တိုင် ဖြစ်ကုန်၏။

အမှတ်မဲ့သောကာလ တပါးပါးသော စိတ်၏ ဥပါဒ်၌ ဖြစ်သော အာဟာရသည် အာဟာရ မည်၏၊ ထိုအာဟာရကြောင့်ဖြစ်သောရုပ်တို့၏ ဆယ်ဆက် ဆယ့်နှစ်ဆက် သည် အာဟာရ၏သား မြေး မြစ် တီ တွတ် ကျွတ် ဆပ် ဆပ်သား ဆပ်မြေး စသည်တို့ပင်တည်း၊ ၎င်းနည်းတူ ယခုထက် တိုင်တိုင် ဖြစ်ကုန်၏။

ဗဟိဒ္ဓဥတုနှင့် တွေ့၍ဖြစ်သော ဥတုသည် ဥတုမည်၏၊ ထိုဥတု၌ ပါသော တေဇောဓာတ်သည် အဆက်ဆက်ဆောင်၍ အရိုးပျောက် သည်တိုင်အောင်၊ (ဝါ) ကမ္ဘာပျက်သည် တိုင်အောင် ရုပ်၏အဆက်ဆက် ဖြစ်ခြင်းသည် ဥတု၏ သား မြေး မြစ် စသည်တို့ပင်တည်း၊ (အာဂုံကိုလိုပါမူ ဝိသုဒ္ဓိမဂ်မှာယူ။)

ထို့ကြောင့် ခန္ဓာငါးပါး ရုပ်နာမ်တရားဘို၏ ဖြစ်ခြင်း ပျက်ခြင်းသည် -

(၁) ဧကုပ္ပါဒ နာနာနိရောဓ၊
(၂) နာနုပ္ပါဒ ဧကနိရော၊
(၃) ဧကုပ္ပါဒ ဧကနိရောဓ၊
(၄) နာနုပ္ပါဒ နာနာ နိရောဓ

ဟူ၍ လေးပါးအပြားရှိ၏။

ထိုတွင် အဆုံးဖြစ်သော ကမ္မဇရုပ်ကို ထား၍ ပဋိသန္ဓေစိတ်၏ ဥပါဒ်၌ ဖြစ်၍ဖြစ်သော ကမ္မဇရုပ် သုံးဆယ်သည် တစ်ဆယ့် ခုနစ်ချက်မြောက်သော ဘဝင်စိတ်၏ ဥပါဒ်၌ ချုပ်၏၊ ဌီ၌ရှိသော ကမ္မဇရုပ် (၃၀)သည် ဌီသို့ရောက်မှသာလျှင်ချုပ်၏၊ ဘင်၌ရှိသော ကမ္မဇရုပ (၃၀)သည် ဘင်သို့ရောက်မှသာလင် ချုပ်၏။ ၎င်းနည်းတူ ဒုတိယ ဘဝင်စိတ် စသည်ကိုယူ။ ဤသို့ အဖြစ်သာတူ၍ အပျက်မတူသော တရားသည် ဧကုပ္ပါဒ နာနာနိရောဓ မည်၏။ (၁)

ထို့ကြောင့် -

ဧဝံ ဒုတိယဘဝင်္ဂစိတ္တံ အာဒိံ ကတွာ အတ္တနော အတ္တနော သတ္တရသမေန စိတ္တေန သဒ္ဓိံ ယောဇေတွာ နယော နေတဗ္ဗာ -

ဟူသော ပါဌ်ကို သမ္မောဆရာ မိန့်မှာတော်မူပေ၏။ အဘိ၊ဋ္ဌ၊၂၊၂၅

ဧဝံ ယထာ ဝုတ္တ နယေန၊ ဤသို့ အကြင်အကြင် ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်။
ဒုတိယဘဝင်္ဂစိတ္တံ၊ ဒုတိယဘဝင်စိက်ကို။
အာဒိံ ကတွာ၊ အစပြု၍။
အတ္တနော အတ္တနော၊ မိမိ မိမိ၏။
သတ္တရသမေန၊ ၁၇-ခုမြောက်သော။
စိတ္တေန၊ စိတ်နှင့်။
သဒ္ဓိံ၊ တကွ။
ယောဇေတွာ၊ ယှဉ်၍။
နယော၊ နည်းကို။
နေတဗ္ဗာ၊ ဆောင်အပ်၏။

စုတိစိတ်၏အောက် ၁၇-ချက်မြောက်သော စိတ်၏ ဥပါဒ်၌ဖြစ်သော ကမ္မဇရုပ် သုံးဆယ်သည် စုတိစိတ်၏ ဥပါဒ်၌ ချုပ်၏၊ ဌီ၌ဖြစ်သော ကမ္မဇရုပ် သုံးဆယ်သည် စုတိစိတ်၏ ဌီ ၌ ချုပ်၏၊ ဘင်၌ဖြစ်သော ကမ္မဇရုပ်သုံးဆယ်သည် စုတိစိတ်၏ဘင်၌ ချုပ်၏၊ ဤသို့ အဖြစ်မတူ အပျက်သာတူသော တရားသည် နာနုပ္ပါဒ ဧကနိရောဓ မည်၏။ (၂)

ထို့ကြောင့်

တတော ပဋ္ဌာယ ကမ္မဇရူပပဝေဏီ န ပဝတ္တတိ -

(အဘိ၊ဋ္ဌ၊၂၊၂၆။)ဟု ၎င်းအဋ္ဌကထာရှင် မိန့်တော်မူ၏။

တတော၊ ထိုစုတိစိတ်မှ။
ပဋ္ဌာယ၊ စ၍။
ကမ္မဇရူပ ပဝေဏီ၊ ကမ္မဇရုပ်တို့၏ အစဉ်သည်။
န ပဝတ္တတိ၊ မဖြစ်။
(ဥတုဇမျှသာ ကျန်တော့သည်။ မီးဖုတ်တော့ ဟူလို။)

ကံကြောင့်ဖြစ်သော ရုပ်သည် ကံကြောင့်ဖြစ်သော ရုပ်နှင့်တကွ၊
စိတ်ကြောင့်ဖြစ်သော ရုပ်သည် စိတ်ကြောင့်ဖြစ်သော ရုပ်နှင့်တကွ၊
အာဟာရကြောင့်ဖြစ်သော ရုပ်သည် အာဟာရကြောင့်ဖြစ်သော ရုပ်နှင့် တကွ၊
ဥတုကြောင့်ဖြစ်သော ရုပ်သည် ဥတုကြောင့်ဖြစ်သော ရုပ်နှင့် တကွ
(၁၇) ချက်အတွင်း နာမ်သည် နာမ်နှင့်တကွ စိတ္တက္ခဏအတွင်း တူသော ဖြစ်ခြင်း ရှိသည်ဖြစ်၍ တူသော ပျက်ခြင်းရှိသော တရား အပေါင်းသည် ဧကုပ္ပါဒ ဧကနိရောဓ မည်၏။ (၃)

လေးပါးသော အကြောင်းတို့ကြောင့်ဖြစ်သော ရုပ်အပေါင်းတို့တွင် ကံကြောင့် ဖြစ်သော ရုပ်၏ ဥပါဒ်ခဏ၌ စိတ် ဥတု အာဟာရတို့ကြောင့် ဖြစ်သော တစ်ခု တစ်ခုသော ရုပ်၏ ဥပါဒ်ဆဲလည်း ဖြစ်၏။ ဌီသို့ ရောက်ဆဲလည်း ဖြစ်၏၊ ဘင်သို့ ရောက်ဆဲလည်း ဖြစ်၏။

၎င်းနည်းတူ ကမ္မဇရုပ်၏ ဌီခဏ၌ တစ်ပါးသောရုပ်၏ ဥပါဒ် ဌီ ဘင်တို့သည် ဖြစ်ကုန်၏။ ဤအတူ စိတ္တဇရုပ်ကို မူသုံးချက်တည်၍ ကြွင်းသော ရုပ်သုံးပါးကို မူလီသွတ်။ အာဟာရကို မူသုံးချက်တည်၍ ကြွင်းသောရုပ် သုံးပါးကို မူလီသွတ်။ ဥတုကို သုံးချက်တည်၍ ကြွင်းသောရုပ်သုံးပါးကို မူလီသွတ်။ ဤသို့ စတုသန္တတိရုပ် တို့၏ အဖြစ်မတူ အပျက်မတူခြင်းသည် နာနုပ္ပါဒ နာနာနိရောဓ မည်၏။ (၄)

ဥပမာ။

ငွါးငွါးစွင့်စွင့် မြင့်၍နေသော တောင်ပို့တစ်ခုကို ကြည့်လိုက်သည်ရှိသော် တစ်ချက်တည်း ဖွဲ့သကဲ့သို့ ထင်မြင်ရ၏၊ စင်စစ်မှာမူ အချို့လည်းပြုစ အချို့လည်း ပြုဆဲ အချို့လည်းပြီးဆဲ မပြတ်မလပ် စပ်၍ ပြုရ၏သို့၊

ဤခန္ဓာကိုယ်၌လည်း ကံ စိတ် ဥတု အာဟာရ တည်းဟူသော လေးပါးသော အကြောင်းတို့ကြောင့် ဖြစ်သော ရုပ်တို့သည် အချို့လည်း ဖြစ်ဆဲ၊ အချို့လည်း တည်ဆဲ၊ အချို့လည်း ပျက်ဆဲဖြစ်၍ နေရှာကြကုန်၏။

ဧဝမေဝ စတုသန္တတိရူပါနမ္ပိ အညဿ ဥပ္ပါဒက္ခဏေ အညဿ ဥပ္ပါဒေါပိ ဟောတိ ဋ္ဌိတိပိ ဘင်္ဂေါပိ၊ အညဿ ဌိတိက္ခဏေ အညဿ ဥပ္ပါဒေါပိ ဟောတိ ဌိတိပိ ဘင်္ဂေါပိ၊ အညဿ ဘင်္ဂက္ခဏေ အညဿ ဥပ္ပါဒေါပိ ဟောတိ ဋ္ဌိတိပိ ဘင်္ဂေါပိ။

အဘိ၊ဋ္ဌ၊၂၊၂၇

ဧဝမေဝ၊ ဤတောင်ပို့ပမာ အတူသာလျှင်။
စတုသန္တတိရူပါနမ္ပိ၊ စတုသန္တတိရုပ် တို့တွင်လည်း။
အညဿ၊ တစ်ပါးသောရုပ်၏။
ဥပ္ပါဒက္ခဏေ၊ ဥပါဒ်ခဏ၌။
အညဿ၊ တစ်ပါးသော ရုပ်၏။
ဥပ္ပါဒေါပိ၊ ဥပါဒ်ခြင်းသည်လည်း။
ဟောတိ၊ ဖြစ်၏။
ဌိတိပိ၊ တည်ခြင်းသည်လည်း။
ဟောတိ၊ ဖြစ်၏။
ဘင်္ဂေါပိ၊ ပျက်ခြင်းသည်လည်း။
ဟောတိ၊ ဖြစ်၏။
အညဿ၊ တပါးသော ရုပ်၏။
ဌီတိက္ခဏေ၊ ဌီခဏ၌။
အညဿ၊ တစ်ပါးသော ရုပ်၏။
ဥပ္ပါဒေါပိ၊ ဥပါဒ်ခြင်းသည်လည်း။
ဟောတိ၊ ဖြစ်၏။
ဌိတိပိ၊ တည်ခြင်းသည်လည်း။
ဟောတိ၊ ဖြစ်၏။
ဘင်္ဂေါပိ၊ ပျက်ခြင်းသည်လည်း။
ဟောတိ၊ ဖြစ်၏။
အညဿ၊ တပါးသောရုပ်၏။
ဘင်္ဂက္ခဏေ၊ ဘင်ခဏ၌။
အညဿ၊ တစ်ပါးသော ရုပ်၏။
ဥပ္ပါဒေါပိ၊ ဥပါဒ်ခြင်းသည်လည်း။
ဟောတိ၊ ဖြစ်၏။
ဌိတိပိ၊ တည်ခြင်းသည်လည်း။
ဟောတိ၊ ဖြစ်၏။
ဘင်္ဂေါပိ၊ ပျက်ခြင်းသည်လည်း။
ဟောတိ၊ ဖြစ်၏။

ဤသို့ လေးပါးသောရုပ်တို့၏ အစဉ်ဝယ် ကမ္မဇရုပ်ကို ချန်လှပ်၍ ယခုအခါ စိတ်ကြောင့်ဖြစ်သော အာနာပါန ပဋိဘာဂ၌ ရုပ်တို့၏ဖြစ်ခြင်းကို ရှုသည်ရှိသော် ပျက်ခြင်းကိုလည်း မြင်လတ္တံ့။

ထိုသို့ရှုရာ၌ တွေးဆရော်ရမ်း စိတ်မှန်း၍မြင်သော အမြင်မျိုးသည် ဖြစ်ခြင်း ပျက်ခြင်းကို မြင်သည်မဟုတ်သေး။ စင်စစ် လက်ပေါ်၌တင်၍ ရှို့အပ်သော ယမ်းမီး တို့၏ ဖြစ်ခြင်း ချုပ်ခြင်းတို့ကို မြင်သကဲ့သို့ မြင်မှသာလျှင် ဝိပဿနာ အမြင်ဟူ၍ မှတ်ရမည်။

န ဟိ နိဗ္ဗတ္တိမတ္တဒဿနံ သမ္မသနံ နာမ ဟောတိ။

ဝိသုဒ္ဓိ၊ဋီ၊၂၊၄၀၄

ဟိ၊ ထိုစကားသင့်စွ။
နိဗ္ဗတ္တိမတ္တဒဿနံ၊ အနုမာနဉာဏ်ဖြင့် ဖြစ်ခြင်းမျှကို မြင်ခြင်းသည်။
သမ္မသနံနာမ၊ သုံးသပ်သည် မည်သည်။
န ဟောတိ၊ မဖြစ်။

လက္ခဏာရေး တင်ပုံမှာ လက္ခဏ ဝဝတ္ထာနဝါရ၌ကဲ့သို့ ရုပ်တရား နာမ်တရားတို့ကို တင်လျှင် ရှေးနည်းတူစွာ တရုဏ ဥဒယဝယ ဝိပဿနာသို့ သက်လျက် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ စသည်ကို လွန်မြောက်၍ အထက် မဂ်ဉာဏ်သို့ ကူးနိုင်၏။

၄၃ - နာမရူပ သတ္တကဝါရကို ပြခြင်း


အကယ်၍ မကူးနိုင်သေးမူ နာမရူပသတ္တက အစွမ်းအားဖြင့် ဆင်ခြင်အပ်၏။ ထင်စေဦးအံ့၊ သတ္တကသည် - ရူပသတ္တက နာမသတ္တကဟူ၍ နှစ်ပါး အပြားရှိ၏၊ ထိုတွင် -

(၁) အာဒါနနိက္ခေပ
(၂) ဝယောဝုဒ္ဓ
(၃) အာဟာရ
(၄) ဥတု
(၅) ကံ
(၆) စိတ်
(၇) ဓမ္မတာရုပ်
အားဖြင့် ရုပ်၌ (၇)ပါး အပြားရှိ၏။

ထိုတွင် တစ်ခုသော ဘဝဟောင်းကို စွန့်၍ ဘဝသစ်ကို ယူရာ အကြား၌ ဖြစ်ကုန်သော ရုပ်တို့သည် ဖြစ်၍ ပျက်ခဲ့၏၊ ဖောက်ပြန်တတ်၏၊ အခိုက်အတန့်မျှ ဖြစ်၏။ မြဲသောသဘောကို ပယ်တတ်၏၊ အမြဲမရှိကုန်။ ဖြစ်သော ရုပ်တို့သည် ဌီသို့ရောက်၍ ပင်ပန်းကုန်၏။ ပင်ပန်းကုန်၍ ပျက်တတ်၏။

ဤသို့ ဖြစ်ခြင်း ပျက်ခြင်းဖြင့် နှိပ်စက်ကုန်၏ဟု ဒုက္ခကို ရှုခြင်း။ ဖြစ်သော ရုပ်တရား တို့သည် ဌီသို့မရောက်စေလင့်၊ ဌီသို့ရောက်သော ရုပ်တရားတို့သည် မအိုစေလင့်၊ အိုသော ရုပ်တရားတို့သည် မပျက်စေလင့်ဟု တောင့်တ၍မရခြင်း၊ နိဝါသီ ကာရက ဝေဒက အဒိဋ္ဌာယက ဖြစ်၍ အစိုးမရခြင်းကြောင့် အနတ္တဟုရှုခြင်း။ ဤသို့ တစ်ဘဝလုံး၏ အကြား၌ ဖြစ်သော ရုပ်တို့ကို အနိစ္စ ဒုက္ခ အနတ္တဟု ရှုခြင်းသည် အာဒါနနိက္ခေပ မည်၏။ (၁)

ပဌမအရွယ်၌ဖြစ်သောရုပ်သည် ဒုတိယအရွယ်သို့ မရောက်မီ ချုပ်ခဲ့၏။ ထိုကြောင့် အနိစ္စ ဒုက္ခ အနတ္တ မည်၏။ ဒုတိယအရွယ်ဖြစ်သော ရုပ်သည် တတိယအရွယ်သို့ မရောက်မီ ချုပ်ခဲ့၏။ ထိုကြောင့် အနိစ္စ ဒုက္ခ အနတ္တ မည်၏။ တတိယအရွယ်၌ ဖြစ်သော ရုပ်သည် သေသည်မှနောက်သို့ မရောက်မူ၍ ချုပ်ခဲ့၏၊ ထိုကြောင့် အနိစ္စ ဒုက္ခ အနတ္တ မည်၏။ ၎င်းနည်းတူ -

(၁) မန္ဒဒသက၊
(၂) ခိဋ္ဋာဒသက၊
(၃) ဂဏ္ဏဒသက၊
(၄) ဗလဒသက၊
(၅) ပညာဒသက၊
(၆) ဟာနိဒသက၊
(၇) ပဗ္ဘာရဒသက၊
(၈) ဝင်္ကဒသက၊
(၉) မောမူဟဒသက၊
(၁၀) သရဏဒသက - ဟူသော ဒသက။

ပဌမငါးနှစ်၊ ဒုတိယငါးနှစ်။(ပ)။ လေးနှစ်၊ သုံးနှစ်၊ နှစ်နှစ်၊ တစ်နှစ်။
ဒက္ခိဏာယန်၊ ဥတ္တရာယန်။
ဝသန္တ၊ ဟေမန္တ၊ ဂိမှာန။
ဝဿာန၊ သရဒ၊ ဟေမန္တ၊ သိသိရ၊ ဝသန္တ၊ ဂိမှ။
တန်ခူးလ။(ပ)။ တပေါင်းလ။
ကာဠပက္ခ၊ ဇုဏှပက္ခ၊ တနေ့၊ နေ့ ညဉ့် ။ ပုဗ္ဗနှ၊ မဇ္ဇျိနှ၊ သာယနှ။
ပဌမယာမ၊ ပဇ္ဈိမယာမ၊ ပစ္ဆိမယာမ။
အဘိက္ကမ၊ ပဋိက္ကမ၊ အာလောကန၊ ဝိလောကန၊ သမိဉ္ဇန၊ ပသာရဏ။
ဥဒ္ဓရဏ၊ ခြေကြွခြင်း။
အဘိဟရဏ၊ ခြေကိုရှေ့သို့ဆောင်ခြင်း။
ဝီတိဟရဏ၊ ကွင်း၍ ဆောင်ခြင်း။
ဝေါသဇ္ဇန၊ အောက်သို့ လွှတ်ခြင်း။
သန္နိက္ခေပန၊ မြေ၌ချခြင်း။
သန္နိရုဇ္ဈန၊ ဒုတိယခြေကို ကြွခြင်း။

တို့၌ ဖြစ်သော ရုပ်တို့သည် ရှေ့ဖြစ်သောရုပ်သို့ မရောက်မီ ချုပ်ခဲ့၏။ ထိုကြောင့် အနိစ္စ ဒုက္ခ အနုတ္တမည်၏။ ဤသို့လျှင် ရှုခြင်းသည် ဝယောဝုဒ္ဓ မည်၏။

ဣတိ တတ္ထ တတ္ထ ဥပ္ပန္နာ ဣတရံ ဣတရံ ကောဋ္ဌာသံ အပတွာ တတ္ထတတ္ထေဝ ပဗ္ဗံပဗ္ဗံ သန္ဓိသန္ဓိ ဩဓိဩဓိ ဟုတွာ တတ္တကပါလေ ပက္ခိတ္တတိလာဝိယ တဋတဋာယန္တာ သင်္ခါရာ ဘိဇ္ဇန္တိ။ တသ္မာ အနိစ္စာ ဒုက္ခာ အနတ္တာ။

ဝိသုဒ္ဓိ၊၂၊၂၅၇

ဣတိ ဧဝံ၊ ဤသို့။
တတ္ထ တတ္ထ၊ ထိုထို ဥဒ္ဓရဏစသော ကောဋ္ဌာသ၌။
ဥပ္ပန္နာ၊ ဖြစ်ကုန်သော။
သင်္ခါရာ၊ ဘူတရုပ် ဥပါဒါရုပ်ဖြစ်ကုန်သော သင်္ခါရတို့သည်။
ဣတရံ ဣတရံ ကောဋ္ဌာသံ၊ ဤမှတပါး ဤမှတပါးသော အဖို့သို့။
အပတွာ၊ မရောက်မူ၍။
တတ္ထ တတ္ထေဝ၊ ထိုထိုအဖို့၌ပင်လျှင်။
ပဗ္ဗံ ပဗ္ဗံ၊ အဆစ်အဆစ်။
သန္ဓိ သန္ဓိ၊ အစပ်အစပ်။
ဩဓိ ဩဓိ၊ အပိုင်းအပိုင်း။
ဟုတွာ၊ ဖြစ်၍။
ဟတ္တ ကပါလေ၊ ခြစ်ခြစ်ပူသော အိုးကင်း၌။
ပက္ခိတ္တတိလာဝိယ၊ ထည့်အပ်သော နှမ်းတို့ကဲ့သို့။
တဋတဋာယန္တာ၊ ဖျစ်ဖျစ်အသံ ပြုကုန်၏သို့။
သင်္ခါရာ၊ ဘူတရုပ် ဥပါဒါရုပ် အားဖြင့် ပြားကုန်သောသင်္ခါရ တရားတို့သည်။
ဘိဇ္ဇန္တိ၊ ပျက်ပြားကုန်၏။
တသ္မာ၊ ထို့ကြောင့်။
အနိစ္စာ၊ အမြဲမရှိကုန်။
ဒုက္ခာ၊ ဆင်းရဲကုန်၏။
အနတ္တာ၊ ကိုယ်မဟုတ်ကုန်။

(ဤကား ဝယောဝုဒ္ဓ၌ ရှုပုံ။) (၂)

ဆာမွတ်သောအခါ၌ ဖြစ်သောရုပ်သည် ဝဖြိုးသောအခါသို့ မရောက်မူ၍ ချုပ်၏။ ဝဖြိုးသောအခါ၌ ဖြစ်သောရုပ်သည် ဆာမွတ်သောအခါသို့ မရောက်မူ၍ ချုပ်၏။ ထိုကြောင့် အနိစ္စ ဒုက္ခ အနတ္တ မည်ကုန်၏ (ဤကား အာဟာရ၌ ရှုပုံ။) (၃)

အေးသောအခါ၌ ဖြစ်သောရုပ်သည် ပူသောအခါသို့ မရောက်မီ ချုပ်၏။ ပူသော အခါ၌ ဖြစ်သော ရုပ်သည် အေးသောအခါသို့ မရောက်မီ ချုပ်၏။ ထို့ကြောင့် အနိစ္စ ဒုက္ခ အနတ္တ မည်၏။ (ဥတု၌ ရှုပုံ) (၄)

စက္ခုဒွါရ၌ဖြစ်သော ငါးဆယ့် လေးပါးသော ရုပ်သည် သောတဒွါရသို့မရောက်မီ ချုပ်၏။ စက္ခုဒသက ကာယဒသက ဘာဝဒသက စိတ္တဇ ဥတုဇ အာဟာရဇ သုဒ္ဓဋ္ဌက အားဖြင့် (၅၄)ပါး ဖြစ်၏။ ၎င်းနည်းတူ သောတ ဃာန ဇိဝှါ တို့၌ဖြစ်၏။ ကာယ၌ကား စက္ခုဒသကကိုနှုတ်၍ (၄၄) ပါးဖြစ်၏။ မနောဒွါရ၌ကား ဝတ္ထုဒသကကို ထည့်၍ (၅၄) ပါး ဖြစ်၏။ ထို့ကြောင့် အနိစ္စ ဒုက္ခ အနတ္တ မည်၏။(ကမ္မဇရုပ်၌ ရှုပုံ)။(၅)။

ဝမ်းမြောက်သောအခါ၌ ဖြစ်သောရုပ်သည် နှလုံးမသယာသော အခါသို့ မရောက်မီ ချုပ်၏။ ထို့ ကြောင့် အနိစ္စ ဒုက္ခ အနတ္တမည်၏။ ၎င်းနည်းတူ ဒေါမနဿ သောမနဿ လောဘ ဒေါသ မောဟ ကစ၍ နေဝသညာနာသညာ, တိုင်အောင် ရှုလေ။ (စိတ်၌ ရှုပုံ။) (၆)

နီသော ရုပ်သည် ဖြူသော ရုပ်သို့ မရောက်မီ ချုပ်၏။ ပျော့သောရုပ်သည် မာသော ရုပ်သို့မရောက်မီ ချုပ်၏။ ထို့ကြောင့် အနိစ္စ ဒုက္ခ အနတ္တ မည်၏။ ၎င်းနည်းတူ အဝိညာဏကရုပ်တို့၌ ရှုလေ။ (ဓမ္မတာရုပ် ၌ ရှုပုံ။) (၇)

ရူပသတ္တကပြီး၏။

အရူပသတ္တက၌ -
(၁) ကလာပ
(၂) ယမက
(၃) ခဏိက
(၄) ပဋိပါဋိ
(၅) ဒိဋ္ဌိဥဂ္ဃါဋန
(၆) မာနဥဂ္ဃါဋန
(၇) နိကန္တိပရိယာဒါန
အားဖြင့် (၇)ပါး အပြားရှိ၏။

ထိုတွင် အောက်ရူပသတ္တကတို့၌ ဖြစ်သော စိတ်တို့သည်ရှိကုန်၏။ ထိုစိတ်တို့သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ မည်ကုန်၏။ ဤကား အရိယဝံသကထာ၌ လာသော ကလာပ ရှုပုံတည်း။ တစ်ခုတစ်ခုသော အာရုံ၌ ဖြစ်သောစိတ်သည် တစ်ခုတစ်ခုသော အာရုံသို့မရောက်မီ ချုပ်၏။ ဤသို့ တစ်ခုတစ်ခုသော ပဉ္စက အပေါင်းသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ မည်၏။ (ဤကား ဝိသုဒ္ဓိကထာ၌လာသော ကလာပရှုပုံ။) (၁)

ရူပသတ္တက၌ ရုပ်သည် ချုပ်သည်ရှိသော် နာမ်လည်း ချုပ်ခဲ့၏။ နာမ်သည် ချုပ်သည်ရှိသော် ရုပ်သည်လည်း ချုပ်ခဲ့၏။ ဤသို့ ရူပသတ္တက အစဉ်၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုခြင်းသည် ယမကမည်၏။ (၂)

ရုပ်ကိုလည်းကောင်း နာမ်ကိုလည်းကောင်း အာရုံပြုသောစိတ်ကို ဒုတိယစိတ်ဖြင့် ဒုတိယစိတ်ကို တတိယစိတ်ဖြင့်၊ တတိယစိတ်ကို စတုတ္ထစိတ်ဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုခြင်းသည် ခဏိကမည်၏။ (၃)

၎င်းနည်းတူ ပထမမှသည် ဒသမတိုင်အောင် ရှုခြင်းသည် ပဋိပါဋိ မည်၏။ (၄)

ဒိဋ္ဌိဥဂ္ဃါဋနမာနဥဂ္ဃါဋနနိကန္တိပရိယာဒါန သုံးပါးတို့၌ သုံးသပ်နည်းသည် အသီး အခြား မရှိပြီ။ အောက်ရူပသတ္တကဖြင့် ရုပ်ကိုသုံးသပ်ခြင်း၊ ဤအရူပသတ္တကဖြင့် နာမ်ကို သုံးသပ်ခြင်းဖြင့် ဖြစ်ပြီးရကား ရုပ်နာမ်မှဘပါး သတ္တဝါကို မမြင် ရုပ်နာမ်သာရှိချေ၏။

သတ္တဝါ ငါ သူတစ်ပါး ယောက်ျား မိန်းမဟု ထင်မှတ်သော သညာဝိပလ္လာသသည် ပျောက်ခဲ့၏။ ယင်းသို့ သညာဝိပလ္လာသ ပျောက်ခဲ့လျှင် စိတ္တဝိပလ္လာသ၊ ဒိဋ္ဌိဝိပလ္လာသ တို့သည် ပျောက်ခဲ့ကုန်၏။ ဤသို့ဖြစ်ခြင်းသည် ဒိဋ္ဌိဥဂ္ဃါဋန မည်၏။ (၅)

ယင်းသို့ ဒိဋ္ဌိဝိပလ္လာသ ပျောက်ခဲ့လျှင် ဒိဋ္ဌိကြောင့် ဖြစ်သော အပါယ်လားကြောင်း မကောင်းသော မာနသည် ပျောက်ခဲ့၏။ ဤသို့ ဖြစ်ခြင်းသည် မာနဥဂ္ဃါဋန မည်၏။ (၆)

ယင်းသို့ မာနပျောက်ခဲ့လျှင် သိမ်မွေ့စွာသော တဏှာ နိကန္တိသည် ပျောက်ခဲ့လေ၏၊ ဤသို့ဖြစ်ခြင်းသည် နိကန္တိ ပရိယာဒါန မည်၏။ (၇)

တံ ပဿန္တော ရူပါရူပတော ဥဒ္ဓံ အညံ သတ္တံ နာမ န ပဿတိ သတ္တဿ အဒဿနတော ပဋ္ဌာယ သတ္တသညာ ဥဂ္ဃါဋိတာ ဟောတိ။ သတ္တသညံ ဥဂ္ဃါဋိတစိတ္တေန သင်္ခါရေ ပရိဂ္ဂဏှတော ဒိဋ္ဌိ နုပ္ပဇ္ဇတိ။ ဒိဋ္ဌိယာ အနုပ္ပဇ္ဇမာနာယ ဒိဋ္ဌိ ဥဂ္ဃါဋိတာ နာမ ဟောတိ။ ဒိဋ္ဌိဥဂ္ဃါဋိတစိတ္တေန သင်္ခါရေ ပရိဂ္ဂဏှတော မာနော နုပ္ပဇ္ဇတိ။ မာနေ အနုပ္ပဇ္ဇန္တေ မာနော သမုဂ္ဃါဋိတော နာမ ဟောတိ။ မာနသမုဂ္ဃါဋိတ စိတ္တေန သင်္ခါရေ ပရိဂ္ဂဏှတော တဏှာ နုပ္ပဇ္ဇတိ။ တဏှာယ အနုပဇ္ဇ္ပန္တိယာ နိကန္တိ ပရိယာဒိန္နာ နာမ ဟောတိ။

ဝိသုဒ္ဓိ၊၂၊၂၆၃

တံ ရူပါရူပံ၊ ထိုရုပ်နာမ်ကို။
ပဿန္တော၊ ရှုသော ယောဂီသည်။
ရူပါရူပတော၊ ရုပ်နာမ်ထက်။
ဥဒ္ဓံ၊ အလွန်။
အညံ၊ တပါးသော။
သတ္တံ နာမ၊ သတ္တဝါမည်သည်ကို။
န ပဿတိ၊ မမြင်။
သတ္တဿ၊ သတ္တဝါကို။
အဒဿနတော၊ မမြင်သောအခါမှ။
ပဋ္ဌာယ၊ စ၍။
သတ္တသညာ-သတ္တောအတ္ထိတိဥပ္ပဇ္ဇနကသညာ၊ သတ္တဝါသည် ပရမတ္ထအားဖြင့် ရှိသည်ဟု ဖြစ်သော သညာသည်။
ဥဂ္ဃါဋိတာ၊ ကွာသည်။ (ဝါ) ခွာအပ်သည်။
ဟောတိ၊ ဖြစ်၏။
သတ္တသညံ၊ သတ္တဝါဟူသော အမှတ်ကို။
ဥဂ္ဃါဋိတစိတ္တေန၊ ခွာခြင်း၏ အစွမ်းဖြင့် ဖြစ်သော စိတ်ဖြင့်။
သင်္ခါရေ၊ သင်္ခါရတို့ကို။
ပရိဂ္ဂဏှတော၊ သိမ်းဆည်းသော ပုဂ္ဂိုလ်အား။
ဒိဋ္ဌိ၊ ဒိဋ္ဌိသည်။
နုပ္ပဇ္ဇတိ၊ မဖြစ်။
ဒိဋ္ဌိယာ၊ ဒိဋ္ဌိသည်။
အနုပ္ပဇ္ဇမာနာယ၊ မဖြစ်သည်ရှိသော်။
ဒိဋ္ဌိ၊ ဒိဋ္ဌိသည်။
ဥဂ္ဃါဋိတာ နာမ၊ ကွာသည် မည်သည်။
(ဝါ) ခွာအပ်သည် မည်သည်။
ဟောတိ၊ ဖြစ်၏။
ဒိဋ္ဌိဥဂ္ဃါဋိတစိတ္တေန၊ ဒိဋ္ဌိကိုခွာခြင်း၏ အစွမ်းဖြင့်ဖြစ်သောစိတ်ဖြင့်။
သင်္ခါရေ၊ သင်္ခါရတို့ကို။
ပရိဂ္ဂဏှတော၊ သိမ်းဆည်းသော ပုဂ္ဂိုလ်အား။
မာနော၊ မာနသည်။
နုပ္ပဇ္ဇတိ၊ မဖြစ်။
မာနေ၊ မာနသည်။
အနုပ္ပဇ္ဇန္တေ၊ မဖြစ်သည်ရှိသော်။
မာနော၊ မာနသည်။
သမုဂ္ဃါဋိတော နာမ၊ ခွာအပ်သည် မည်သည်။
ဟောတိ၊ ဖြစ်၏။
မာနသမုဂ္ဃါဋိတစိတ္တေန၊ မာနကို ခွာသည်၏ အစွမ်းအားဖြင့် ဖြစ်သော စိတ်ဖြင့်။
သင်္ခါရေ၊ သင်္ခါရတို့ကို။
ပရိဂ္ဂဏှတော၊ သိမ်းဆည်းသော ပုဂ္ဂိုလ်အား။
တဏှာ၊ တဏှာသည်။
နုပ္ပဇ္ဇတိ၊ မဖြစ်။
တဏှာယ၊ သိမ်မွေ့သော တဏှာသည်။
အနုပဇ္ဇ္ပန္တိယာ၊ မဖြစ်သည်ရှိသော်။
နိကန္တိ၊ သိမ်မွေ့သော တဏှာဟူသော နိကန္တိသည်။
ပရိယာဒိန္နာ နာမ၊ ကုန်သည်မည်သည်။
(ဝါ) ခန်းခြောက်သည် မည်သည်။
ဟောတိ၊ ဖြစ်၏။

(ဤကား ဝိသုဒ္ဓိအဋ္ဌကထာ၌လာသော နည်းတည်း။)

အကြင်အကြင ယောဂီသည် မိမိရှုသော ဝိပဿနာ၌ ငါသည်ဝိပဿနာ ရှုအံ့။ ငါ၏ ဝိပဿနာတည်း၊ ဤသို့သော ယောဂီအား ဒိဋ္ဌိကိုခွာသည် မမည်။ ဤစကား၌ ဒိဋ္ဌိကို ခွာခြင်းမည်သည် ရူပပရိဂ္ဂဟ၊ နာမပရိဂ္ဂဟ၊ ပစ္စယပရိဂ္ဂဟ တို့၌ကပင်လျှင် အတ္တဒိဋ္ဌိကို ခွာသည် မဟုတ်ပါလော။ အဘယ့်ကြောင့် ယခုမှ အတ္တဒိဋ္ဌိကို ခွာရပြန်ပါသနည်းဟု မေး။

ရူပပရိဂ္ဂဟ စသည်တို့၌ အတ္တဒိဋ္ဌိကို ခွါသည်ကား တဒင်္ဂ ဝိက္ခမ္ဘန တို့၏ အစွမ်းအားဖြင့် အကယ်၍ ခွါရုံသာရှိသေး၏။ သမုစ္ဆေဒဟု ဆိုအပ်သော မဂ်ဖြင့် မပယ်ရသေးသောကြောင့် နူးညံ့သော ဒိဋ္ဌိကို ပယ်သည့် အစွမ်းအားဖြင့် ပယ်ရမည် ဟု ဖြေ။

ကာမဉ္စာယံ ဒိဋ္ဌိဝိသုဒ္ဓိ ကင်္ခါဝိတရဏဝိသုဒ္ဓိ သမဓိဂမေန ဝိသုဒ္ဓဒိဋ္ဌိကော မဂ္ဂေန ပန အသမုဂ္ဃါဋိတတ္တာ အနောဠာရိကာယ စ ဒိဋ္ဌိယာ ဝသေနေဝ ဝုတ္တံ။

ဝိသုဒ္ဓိ၊ဋီ၊၂၊၄၁၅

အယံ၊ ဤယောဂီသည်။
ဒိဋ္ဌိဝိသုဒ္ဓိ ကင်္ခါဝိတရဏဝိသုဒ္ဓိ သမဓိဂမေန၊ ဒိဋ္ဌိဝိသုဒ္ဓိ ကင်္ခါဝိတရဏဝိသုဒ္ဓိကို ကောင်းစွာ ရသဖြင့်။
ဝိသုဒ္ဓဒိဋ္ဌိကော၊ စင်ကြယ်သော ဒိဋ္ဌိရှိသည်။
ကာမံ ဟောတိ၊ အကယ်၍ကား ဖြစ်ပေ၏။
ပန တထာပိ၊ ထိုသို့ပင်ဖြစ်ပါသော်လည်း။
မဂ္ဂေန၊ သောတာပတ္တိမဂ်ဖြင့်။
အသမုဂ္ဃါဋိတတ္တာ၊ မပယ်အပ်သေးသည်၏ အဖြစ်ကြောင့်။
(ဝါ) မရောက်အပ်သေးသည်၏ အဖြစ်ကြောင့်။
အနောဠာရိကာယ၊ နူးညံ့သော။
ဒိဋ္ဌိယာ၊ ဒိဋ္ဌိ၏။
ဝသေနေဝ စ၊ အစွမ်းအားဖြင့်သာလျှင်။
ဝုတ္တံ၊ ဆိုအပ်၏။

ထိုကြောင့် ပိပဿနာ ရှုအပ်သော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို ဝိပဿနာ ရှုတတ်သော ရုပ်နာမ်ဓမ္မသင်္ခါရ တို့သည်သာလျှင် ရှုကြကုန်၏။ သုံးသပ်ကြကုန်၏။ မှတ်ကြကုန်၏၊ သိမ်းဆည်းကြကုန်၏၊ ပိုင်းခြားကြကုန်၏။ ဤသို့ယူသော ယောဂီအား ငါဟူသော ဒိဋ္ဌိကို ခွာသည်မည်၏။

အဟံ ဝိပဿိဿာမိ မမ ဝိပဿနာတိ ဂဏှတော ဟိ ဒိဋ္ဌိသမုဂ္ဃါဋနံ နာမ န ဟောတိ၊ သင်္ခါရာဝ သင်္ခါရေ ဝိပဿန္တိ သမ္မသန္တိ ဝဝတ္ထပေန္တိ ပရိဂ္ဂဏှန္တိ ပရိစ္ဆိန္ဒန္တီတိ ဂဏှတော ပန ဒိဋ္ဌိဥဂ္ဃါဋနံ နာမ ဟောတိ။

ဝိသုဒ္ဓိ၊၂၊၂၆၃

အဟံ၊ ငါသည်။
ဝိပဿိဿာမိ၊ ဝိပဿနာရှုအံ့။
မမ၊ ငါ၏။
ဝိပဿနာ၊ ဝိပဿနာတည်း။
ဣတိ၊ ဤသို့။
ဂဏှတော၊ ယူသော ယောဂီအား။
ဒိဋ္ဌိသမုဂ္ဃါဋနံ နာမ၊ ဒိဋ္ဌိ၏ ပျောက်ခြင်း ကွာခြင်းမည်သည်။
န ဟောတိ၊ မဖြစ်။
ပန၊ အလျော်ကို ဆိုဦးအံ့။
သင်္ခါရာဝ၊ သင်္ခါရတို့သည်သာလျှင်။
သင်္ခါရေ၊ သင်္ခါရတို့ကို။
ဝိပဿန္တိ၊ ရှုကုန်၏။
သမ္မသန္တိ၊ သုံးသပ်ကုန်၏။
ဝဝတ္ထပေန္တိ၊ မှတ်ကုန်၏။
(ဝါ) နှလုံး၌ ထားကုန်၏။
ပဋိဂ္ဂဏှန္တိ၊ သိမ်းဆည်းကုန်၏။
ပရိစ္ဆိန္ဒန္တိ၊ ပိုင်းခြားကုန်၏။
ဣတိ၊ ဤသို့။
ဂဏှတော၊ ယူသော ယောဂီအား။
ဒိဋ္ဌိဥဂ္ဃါဋနံ နာမ၊ ဒိဋ္ဌိကို ခွာခြင်း မည်သည်။
ဟောတိ၊ ဖြစ်၏။

ကောင်းစွာရှုအံ့, နှလုံးကိုပွားစေ၍ ရှုအံ့, အကြိမ် အရာအထောင် ပွားစေအံ့ဟူလို၊ ဤသို့ ယူသော ယောဂီအား မာနကို ခွာသည်မမည်။ စင်စစ် ဝိပဿနာရှုအပ်သော ရုပ်နာမ်ဓမ္မအင်္ခါရတို့ကို ဝိပဿနာ ရှုတတ်သော ရုပ်နာမ်ဓမ္မသင်္ခါရတို့သည်သာလျှင် ကြကုန်၏။(ပ)။ ပိုင်းခြားကြကုန်၏။ ဤသို့ ယူသော ယောဂီအား မာနကို ခွာသည် မည်၏။

သုဠု ဝိပဿိဿာမိ မနာပံ ဝိပဿိဿာမီတိ ဂဏှတော မာန သမုဂ္ဃါဋော နာမ န ဟောတိ၊ သင်္ခါရာဝ သင်္ခါရေ ဝိပဿန္တိ သမ္မသန္တိ ဝဝတ္ထပေန္တိ ပရိဂ္ဂဏှန္တိ ပရိစ္ဆန္ဒန္တီတိ ဂဏှတော ပန မာနသမုဂ္ဃါဋော နာမ ဟောတိ။

ဝိသုဒ္ဓိ၊၂၊၂၆၃

သုဋ္ဌု၊ ကောင်းစွာ။
ဝိပဿိဿာမိ၊ ရှုအံ့။
မနာပံ၊ နှလုံးကို ပွားစေသည်ဖြစ်၍။
(ဝါ) ပွားစေသော အခြင်းအရာဖြင့်။
ဝိပဿိဿာမိ၊ ရှုအံ့။
ဣတိ၊ ဤသို့။
ဂဏှတော၊ ယူသော ယောဂီအား။
မာန သမုဂ္ဃါဋော နာမ၊ မာနကို ခွာအပ်သည် မည်သည်။
န ဟောတိ၊ မဖြစ်။
ပန၊ အလျော်ကို ဆိုဦးအံ့။
သင်္ခါရာဝ၊ သင်္ခါရတို့သည်သာလျှင်။
သင်္ခါရေ။ သင်္ခါရတို့ကို။
ဝိပဿန္တိ၊ ကုန်၏။
သမ္မသန္တိ၊ သုံးသပ်ကုန်၏။
ဝဝတ္ထပေန္တိ၊ မှတ်သားကုန်၏၊
ပရိဂ္ဂဏှန္တိ၊ သိမ်းဆည်းကုန်၏၊
ပရိစ္ဆန္ဒန္တိ၊ ပိုင်းခြားကုန်၏။
ဣတိ၊ ဤသို့။
ဂဏှတော၊ ယူသော ယောဂီအား။
မာနသမုဂ္ဃါဋော နာမ၊ မာနကို ခွာအပ်သည် မည်သည်။
ဟောတိ၊ ဖြစ်၏။

ငါသည် ဝိပဿနာကို ရှုခြင်းငှာ စွမ်းနိုင်၏။ ထိုကြောင့် ဝိပဿနာကို ရှု၍သာလျှင် ကာလကို လွန်စေအံ့၊ ဤသို့ ဝိပဿနာကို သာယာသော ယောဂီအား တဏှာကို ခွါသည်မမည်။ စင်စစ်အားဖြင့် ဝိပဿနာ ရှုအပ်သော ရုပ်နာမ်ဓမ္မ သင်္ခါရတို့ကို ဝိပဿနာ ရှုတတ်သော ရုပ်နာမ်ဓမ္မသင်္ခါရ တို့သည် သာလျှင် ရှုကြကုန်၏။ (ပ) ပိုင်းခြားကြကုန်၏ဟု ယူသော ယောဂီအား တဏှာကို ခွာသည် မည်ပေ၏။

ဝိပဿတုံ သက္ကောမီတိ ဝိပဿနံ အဿာဒေန္တဿ နိကန္တိပရိယာ ဒါနံ နာမ န ဟောတိ၊ သင်္ခါရာဝ သင်္ခါရေ ဝိပဿန္တိ သမ္မသန္တိ ဝဝတ္ထပေန္တိ ပရိဂ္ဂဏှန္တိ ပရိစ္ဆန္ဒန္တီတိ ဂဏှတော ပန နိကန္တိ ပရိယာဒါနံ နာမ ဟောတိ။

ဝိသုဒ္ဓိ၊၂၊၂၆၃

အဟံ၊ ငါသည်။
စိတ္တံ၊ စိတ်ကို။ (ထည့်)။
ဝိပဿိတုံ၊ ရှုခြင်းငှါ။
သက္ကောမိ၊ စွမ်းနိုင်၏။
တသ္မာ၊ ထိုကြောင့်။
ဝိပဿန္တော ဧဝ၊ ဝိပသနာ ရှု၍သာလျှင်။
ကာလံ၊ အခါကာလကို။
ဝီတိနာမေဿာမိ၊ လွန်စေအံ့။ (ထည့်)။
ဣတိ၊ ဤသို့။
ဝိပဿနံ၊ ဝိပဿနာကို။
အဿာဒေန္တဿ၊ သာယာသော ယောဂီအား။
နိကန္တိ ပရိယာဒါနံ နာမ၊ တဏှာကို ကုန်စေသည် မည်သည်။
(ဝါ) နိကန္တိဟူသော ရေကို ခန်းခြောက်စေသည် မည်သည်။
န ဟောတိ၊ မဖြစ်။

ပန၊ စင်စစ်သော်ကား။
သင်္ခါရာဝ၊ သင်္ခါရတို့သည်သာလျှင်။
သင်္ခါရေ၊ သင်္ခါရတို့ကို။
ဝိပဿန္တိ၊ ရှုကုန်၏။
သမ္မသန္တိ၊ သုံးသပ်ကုန်၏။
ဝဝတ္ထပေန္တိ၊ မှတ်သားကုန်၏၊
ပရိဂ္ဂဏှန္တိ၊ သိမ်းဆည်းကုန်၏၊
ပရိစ္ဆန္ဒန္တိ၊ ပိုင်းခြားကုန်၏။
ဣတိ၊ ဤသို့။
ဂဏှတော၊ ယူသော ယောဂီအား။
နိကန္တိပရိယာဒါနံနာမ၊ တဏှာကို ကုန်စေသည် မည်သည်။
ဟောတိ၊ ဖြစ်၏။

ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့သည် အကယ်၍ ကိုယ်ဖြစ်ငြားအံ့၊ ကိုယ်ဟူ၍ ခေါ်ဝေါ်ခြင်းငှာ သင့်ကုန်ရာ၏။ အကယ်၍ကား ကိုယ်မဟုတ်သည် ဖြစ်၍ အနတ္တ ဟူ၍ ယူအပ်ကုန်၏။

အဘယ့်ကြောင့်နည်းဟူမူ -

မိမိအလိုသို့ မလိုက်၊ တိတ္ထိတို့ ကြံဆပ်သော ကိုယ်မဟုတ်သည်၏ အဖြစ်ကြောင့် အနတ္တမည်ကုန်၏။ ထို သင်္ခါရတရားတို့သည် ရှေး၌ တစ်ခုမျှ မရှိ၊ ယခုမှ အသစ်ဖြစ်၍ အရှည်မတည် ပျက်စီးခြင်းကြောင့် အနိစ္စမည်ကုန်၏။

ဖြစ်ခြင်း ပျက်ခြင်းဖြင့် အဖန်တလဲလဲ အမြဲနှိပ်စက်တတ်သည်၏ အဖြစ်ကြောင့် ဒုက္ခ မည်ကုန်၏။

ထိုသင်္ခါရတရားတို့သည် နိစ္စ သုခ ဖြစ်ခဲ့အံ့၊ နိစ္စ သုခဟု ခေါ်ဝေါ်ကုန်ရာ၏။ စင်စစ် မြဲသောအဖြစ်၊ ချမ်းသာသောအဖြစ် မရှိသောကြောင့် အနိစ္စ ဒုက္ခ မည်ကုန်၏။

ဤသို့သောနည်းဖြင့် ရုပ်နာမ်ဓမ္မ သင်္ခါရတို့ကို အနတ္တလက္ခဏာဖြင့် ရှုသော ယောဂီအား ဒိဋ္ဌိကို ခွါနိုင်၏။ အနိစ္စလက္ခဏာဖြင့်ရှုသော ယောဂီအား မာနကို ခွါနိုင်၏။ ဒုက္ခလက္ခဏာဖြင့်ရှုသော ယောဂီအား တဏှာကို ခွာနိုင်၏။

ဧဝံ သင်္ခါရေ အနတ္တတော ပဿန္တဿ ဒိဋ္ဌိသမုဂ္ဃါဋနံ နာမ ဟောတိ၊ အနိစ္စတော ပဿန္တဿ မာနသမုဂ္ဃါဋနံ နာမ ဟောတိ၊ ဒုက္ခတော ပဿန္တဿ နိကန္တပရိယာဒါနံ နာမ ဟောတိ။

ဝိသုဒ္ဓိ၊၂၊၂၆၅

ဧဝံ ဣမိနာ ဝုတ္တနယေန၊ ဤဆိုအပ်ပြီးသော နည်းဖြင့်။
သင်္ခါရေ၊ ရုပ်နာမ်ဓမ္မ သင်္ခါရတို့ကို။
အနတ္တတော၊ အနတ္တအားဖြင့်။
ပဿန္တဿ၊ ရှုသောသူအား။
ဒိဋ္ဌိသမုဂ္ဃါဋနံ နာမ၊ ဒိဋ္ဌိကိုကောင်းစွာ ခွါသည်မည်သည်။
ဟောတိ၊ ဖြစ်၏။
အနိစ္စတော၊ အနိစ္စအားဖြင့်။
ပဿန္တဿ၊ ရှုသော သူအား။
မာနသမုဂ္ဃါဋနံ နာမ၊ မာနကို ကောင်းစွာ ခွါသည်မည်သည်။
ဟောတိ၊ ဖြစ်၏။
ဒုက္ခတော၊ ဒုက္ခအားဖြင့်။
ပဿန္တဿ၊ ရှုသောသူအား။
နိကန္တိပရိယာဒါနံ နာမ၊ နိကန္တိတဏှာကို ကုန်စေသည် မည်သည်။
ဟောတိ၊ ဖြစ်၏။

ဤကား အရိယဝံသကထာ၌ပြအပ်နည်းတည်း။

အရူပသတ္တက ပြီး၏။

ဤသို့ နာမရူပသတ္တကဖြင့် တရုဏ ဥဒယဗ္ဗယဉာဏ်သို့ သက်၍ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ စသည်ကို လွန်မြောက်လျက် အထက်မဂ်ဉာဏ်ကို ကူးနိုင်၏။

၄၄ - မဟာဝိပဿနာဝါရ ကို ပြခြင်း


အကယ်၍ နာမရူပသတ္တကဝါရဖြင့် ဥဒယ ဝယ တရုဏ ဝိပဿနာသို့ သက်လျက် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ စသည်ကို ကူးမြောက်၍ အထက် မဂ်ဉာဏ်သို့ မကူးရောက်နိုင်မူ မိမိသည် ရှုအပ်သော အာနာပါန ပဋိဘာဂ၏အာရုံ၌ ရုပ်တရား နာမ်တရားတို့၏ ပျက်ခြင်းတည်းဟူသော ဘင်္ဂဉာဏ်၏ အစွမ်းအားဖြင့် ရုပ်တရား နာမ်တရားတို့၌ ဆန္ဒရာဂကို ပယ်လျက် အနိစ္စ ဒုက္ခ အနတ္တ တို့ကို လွန်မင်းစွာ အားထုတ်သည်ရှိသော် သုံးပါးသော လက္ခဏာရေးတို့နှင့် ပြည့်စုံခြင်းနှင့် နိဗ္ဗိဒါဉာဏ် တိုင်အောင် ဖြစ်လာရခြင်း၊ ထို နိဗ္ဗိဒါဉာဏ်နှင့်တကွ သုံးပါးသော လက္ခဏာတို့ ပြည့်စုံခြင်းကြောင့် ဝိရာဂဉာဏ်နှင့်တကွ လေးပါးသော ဝိပဿနာကို ပြည့်စုံရခြင်း၊ ထိုလေးပါးသော ဝိပဿနာကို ပြည့်စုံခြင်းကြောင့် နိရောဓဉာဏ်နှင့် ပြည့်စုံရခြင်း၊ နိရောဓဉာဏ်နှင့်တကွ ငါးပါးသော ဝိပဿနာဉာဏ်ကို ပြည့်စုံခြင်းကြောင့် ပဋိနိဿဂ္ဂဉာဏ်နှင့်ပြည့်စုံရခြင်း၊ ဤ ၇-ပါးသော အနုပဿနာဉာဏ်နှင့်ပြည့်စုံသော ယောဂီသည် (၁၈) ပါးသော မဟာဝိပဿနာနှင့် ပြည့်စုံလေ၏။

တိဿန္နံ အနုပဿနာနံ ပရိပူရတ္တာ နိဗ္ဗိန္ဒတီတိ နိဗ္ဗိဒါ၊ စတဿန္နံ အနုပဿနာနံ ပရိပူရတ္တာ ဝိရဇ္ဇ တီတိ ဝိရာဂေါ၊ ပဉ္စန္နံအနုပဿနာနံပရိပူရတ္တာ နိရောဓေတီတိ နိရောဓော၊ ဆန္နံ အနုပဿနာနံ ပရိပူရတ္တာ ပဋိနိဿဇ္ဇတီတိ ပဋိနိဿဂ္ဂေါ။

ပဋိသံ၊ဋ္ဌ၊၁၊၈၆

တိဿန္နံ၊ သုံးပါးကုန်သော။
အနုပဿနာနံ၊ အနိစ္စ ဒုက္ခ အနတ္တ အနုပဿနာတို့၏။
ပရိပူရတ္တာ၊ ပြည့်စုံသည်၏အဖြစ်ကြောင့်။
နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။
ဣတိ တသ္မာ၊ ထို့ကြောင့်။
နိဗ္ဗိဒါ၊ နိဗ္ဗိဒါ မည်၏။
စတဿန္နံ၊ လေးပါးကုန်သော။
အနုပဿနာနံ၊ အနုပဿနာတို့၏။
ပရိပူရတ္တာ၊ ပြည့်စုံသည်၏အဖြစ်ကြောင့်။
ဝိရဇ္ဇတိ၊ ရာဂမှ ကင်း၏။
ဣတိ တသ္မာ၊ ထို့ကြောင့်။
ဝိရာဂေါ၊ ဝိရာဂမည်၏။
ပဉ္စန္နံ၊ ငါးပါးကုန်သော။
အနုပဿနာနံ၊ အနုပဿနာတို့၏။
ပရိပူရတ္တာ၊ ပြည့်စုံသည်၏အဖြစ်ကြောင့်။
နိရောဓေတိ၊ ချုပ်တတ်၏။
ဣတိ တသ္မာ၊ ထို့ကြောင့်။
နိရောဓော၊ နိရောဓ မည်၏။
ဆန္နံ၊ ခြောက်ပါးကုန်သော။
အနုပဿနာနံ၊ အနုပဿနာတို့၏။
ပရိပူရတ္တာ၊ ပြည့်စုံသည်၏အဖြစ်ကြောင့်။
ပဋိနိဿဇ္ဇတိ၊ စွန့်တတ်၏။
ဣတိ တသ္မာ၊ ထို့ကြောင့်။
ပဋိနိဿဂ္ဂေါ၊ ပဋိနိဿဂ္ဂ မည်၏။

ဤသို့ လက္ခဏာရေး သုံးပါးတို့၏ ပြည့်စုံခြင်းတည်းဟူသော ဘင်ကို ရှုသဖြင့် နိစ္စ သုခ အတ္တ သညာတို့ကို ပယ်နိုင်ခြင်း လက္ခဏာရေး သုံးပါးတို့၏ ပြည့်စုံခြင်းကြောင့် နိဗ္ဗိဒါအစရှိသော အနုပဿနာဉာဏ် (၇) ပါးတို့နှင့် အစ္စန္တသတ္တိကိုပင် မရောက်ငြား သော်လည်း ခယသတ္တိသို့ ရောက်စေ၍ တစ်ဆယ့်ရှစ်ရပ်သော မဟာဝိပဿနာနှင့် ပြည့်စုံလျက် ပဟာနပရိညာဖြင့် ပယ်အပ်သော သညာဝိပလ္လာသ စသည်ကို ပယ်နိုင် လေ၏။

ဤစကား၌ လက္ခဏာရေးသုံးပါး ပြည့်စုံလျှင် (၇) ပါးသော အနုပဿနာ၊ (၁၈) ပါးသော မဟာဝိပဿနာတို့နှင့် အဘယ်သို့ ပြည့်စုံ၍ သညာဝိပလ္လာသ စသည်ကို အဘယ်သူ ပယ်သနည်း။

ထင်စေဦးအံ့ -

အနိစ္စလက္ခဏာကို ထင်မြင်အောင် စီးဖြန်းသော ယောဂီသည် အနိစ္စ အနိမိတ္တ နိရောဓ ခယ ဝယ ဝိပရိဏာမ ဟူသော (၆) ပါးသော အနုပဿနာဉာဏ်တို့နှင့် ပြည့်စုံသည်မည်၏။

ဒုက္ခလက္ခဏာကို ထင်မြင်အောင် စီးဖြန်းသော ယောဂီသည် ဒုက္ခ၊ အပ္ပဏိဟိတ၊ နိဗ္ဗိဒါ၊ အာဒီနဝ ဟူသော (၄) ပါးသော အနုပဿနာဉာဏ်တို့နှင့် ပြည့်စုံသည်မည်၏။

အနတ္တလက္ခဏာကို ထင်မြင်အောင် စီးဖြန်းသော ယောဂီသည် အနတ္တ၊ သုညတ၊ ဝိရာဂ၊ ပဋိနိဿဂ္ဂ၊ ပဋိသင်္ခါ၊ ဝိဝဋ္ဋ ဟူသော (၆) ပါးသော အနုပဿနာဉာဏ်တို့နှင့် ပြည့်စုံသည်မည်၏။

ထိုသို့ သူလက္ခဏာနှင့်သူ ပြည့်စုံကြ၍ ပဟာနပရိညာဖြင့် သညာဝိပလ္လာသ စသည်ကို ပယ်ဟန်ကား -

အနိစ္စာနုပဿနံ ဘာဝေန္တော နိစ္စသညံ ပဇဟတိ၊ ဒုက္ခာနုပဿနံ ဘာဝေန္တော သုခသညံ ပဇဟတိ၊ အနတ္တာနုပဿနံ ဘာဝေန္တော အတ္တသညံ ပဇဟတိ။ ဧဝံ နိဗ္ဗိဒါနုပဿနံ နန္ဒိံ ဝိရာဂါနုပဿနံ ရာဂံ၊ နိရောဓာနုပဿနံ သမုဒယံ၊ ပဋိနိဿဂ္ဂါနုပဿနံ အာဒါနံ၊ ခယာနုပဿနံ ဃနသညံ၊ ဝယာနုပဿနံ အာယူဟနံ၊ ဝိပရိဏာမာနုပဿနံ ဓုဝသညံ၊ အနိမိတ္တာနုပဿနံ နိမိတ္တံ၊ အပ္ပဏိဟိတာနုပဿနံ ပဏိဓိံ၊ သုညတာနုပဿနံ အဘိနိဝေသံ၊ အဓိပညာဓမ္မဝိပဿနံ သာရာဒါနာဘိနိဝေသံ၊ ယထာဘူတ ဉာဏဒဿနံ သမ္မောဟာဘိနိဝေသံ၊ အာဒီနဝါနုပဿနံ အာလယာဘိနိဝေသံ၊ ပဋိသင်္ခါနုပဿနံ အပ္ပဋိသင်္ခံ၊ ဝိဝဋ္ဋာနုပဿနံ ဘာဝေန္တော သံယောဂါ ဘိနိဝေသံ ပဇဟတိ။

ပဋိသံ၊၁၅

အနိစ္စာနုပဿနံ၊ အနိစ္စာနုပဿနာကို။
ဘာဝေန္တော၊ ပွားများသောသူသည်။
နိစ္စသညံ၊ နိစ္စသညာကို။
ပဇဟတိ၊ ပယ်၏။
ဒုက္ခာနုပဿနံ၊ ဒုက္ခာနုပဿနာကို။
ဘာဝေန္တော၊ ပွားများသောသူသည်။
သုခသညံ၊ သုခသညာကို။
ပဇဟတိ၊ ပယ်၏။
အနတ္တာနုပဿနံ၊ အနတ္တာနုပဿနာကို။
ဘာဝေန္တော၊ ပွားများသောသူသည်။
အတ္တသညံ၊ အတ္တသညာကို။
ပဇဟတိ၊ ပယ်၏။
ဧဝံ၊ ဤအတူ။
နိဗ္ဗိဒါနုပဿနံ၊ နိဗ္ဗိဒါနုပဿနာကို။
နန္ဒိံ၊ နှစ်သက်ခြင်း သပ္ပီတိကတဏှာကို။
ဝိရာဂါနုပဿနံ၊ စက်ဆုပ်သော အခြင်းအရာကို အဖန်တလဲလဲ ရှုသော အနုပဿနာကို။
ရာဂံ၊ တပ်ခြင်း ရာဂကို။
နိရောဓာနုပဿနံ၊ တစ်ဖန်မဖြစ် ချုပ်ကြောင်းဖြစ်သော အနုပဿနာကိုး။
သမုဒယံ၊ တစ်ဖန်ဖြစ်ခြင်းကို။
ပဋိနိဿဂ္ဂါနုပဿနံ၊ တစ်ဖန် မစွဲလမ်းမူ၍ စွန့်လွတ်ကြောင်း ဖြစ်သော အနုပသာနာကို။
အာဒါနံ၊ ဘဝသစ်ကိုယူခြင်းကို။
ခယာနုပဿနံ၊ သင်္ခါရတို့၏ ကုန်ခြင်းဟူသော အနုပဿနာကို။
ဃနသညံ၊ သန္တတိသမှုဟအာရုံ၌ မပြိုမကွဲ တခဲတည်း မှတ်ခြင်းကို။
ဝယာနုပဿနံ၊ သင်္ခါရတို့၏ပျက်ခြင်း အနုပဿနာကို။
အာယူဟနံ၊ သင်္ခါရတို့ကို ပေါင်းစုရုံးစည်း ဆည်းပူးခြင်းကိုပြုသော တဏှာကို။
ဝိပရိဏာမာနုပဿနံ၊ ဇရာ မရဏ တို့ကြောင့် ဖောက်ပြန်တတ်သော အနုပဿနာကို။
ဓူဝသညံ၊ မြဲ၏ဟူသော အမှတ်ကို။
အနိမိတ္တာနုပဿနံ၊ အနိစ္စာနုပဿနာကို။
နိမိတ္တံ၊ လုံးလုံးလျောင်းလောင်း ပေါင်း၍ကြာရှည် တည်၏ဟုထင်သော သန္တတိသမူဟ သင်္ခါရနိမိတ်ကို။
အပ္ပဏိဟိတာနုပဿနံ၊ ဒုက္ခာနုပဿနာကို။
ပဏိဓိံ၊ သုခကို တောင့်တခြင်း တဏှာကို။
သုညတာနုပဿနံ၊ အနတ္တာနုပဿနာကို။
အဘိနိဝေသံ၊ ကိုယ်ဟူ၍ မှားသော နှလုံးသွင်းခြင်းကို။
အဓိပညာဓမ္မဝိပဿနံ၊ လွန်ကဲသော ဝိပဿနာပညာကို။
သာရာဒါနာဘိနိဝေသံ၊ နိစ္စ သာရ စသည်ကို ယူ၍ ဖြစ်သော မှားသော နှလုံးသွင်းခြင်းဟူသော တဏှာနှင့်တကွသော ဒိဋ္ဌိကို။
ယထာဘူတ ဉာဏဒဿနံ၊ အကြောင်းပြုပြင်သော ရုပ်နှင့်နာမ်ကို မှန်သောအတိုင်း သိသောဉာဏ်အမြင်ကို။
သမ္မောဟာဘိနိဝေသံ၊ ယုံမှားခြင်း (၁၆) ပါး၌ တွေဝေသော နှလုံးသွင်းခြင်းကို။
အာဒီနဝါနုပဿနံ၊ ဘေးဟု ရှုသော အာဒီနဝဉာဏ်ကို။
အာလယာဘိနိဝေသံ၊ ကပ်ငြိတွယ်တာ မှီခိုရာ မှားသော နှလုံးသွင်းခြင်းကို။
ပဋိသင်္ခါနုပဿနံ၊ သင်္ခါရတို့ကို စွန့်လွှတ်ရကြောင်း ကောင်းစွာ အနိစ္စစသည်ဖြင့် ဆင်ခြင်ပြန်သော ဉာဏ်ကို။
အပ္ပဋိသင်္ခံ၊ ဆင်ခြင်ခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သော အဝိဇ္ဇာကို။
ဝိဝဋ္ဋာနုပဿနံ၊ ခပ်သိမ်းသော ဘဝသင်္ခါရတို့မှ စိတ်၏တွန့်တို့ ဆုတ်နစ်ကြောင်း ဖြစ်သော သင်္ခါရုပေက္ခာ အနုလောမဉာဏ်ကို။
ဘာဝေန္တော၊ ပွားများသောသူသည်။
သံယောဂါ ဘိနိဝေသံ၊ ကာမသံယောဂ စသော ကိလေသာ၏ ဖြစ်ခြင်းကို။
ပဇဟတိ၊ စွန့်ပယ်၏။

(ယထာဘူတဉာဏ်မှာ ကင်္ခါဝိတရဏဝိသုဒ္ဓိက ပြီးခဲ့ပြီ။ အဓိပညာဓမ္မ ဝိပဿနာ ဉာဏ်မှာ (၁၈) ပါးသော ဝိပသာနာတို့၏ အမည်သာတည်း။)

ဆောင်ပုဒ်

နိစ် နိ ရောဓိ၊ ခ ဝ ရိ၊ ဒုက် အပ် ဗိဒါဒိ။
နတ် သုဉ် ဝိရာ၊ နိဿဂ္ဂါ ၊ သင်္ခါ ဝိဝဋ္ဋိ။

ဤသို့ မဟာဝိပဿနာ ဝါရဖြင့် သမ္မသနဉာဏ်တို့၏ ကမ်းတစ်ဘက်သို့ ရောက်၍ လက္ခဝပတ္ထာနဝါရ၏ အဆုံး၌ ပြခဲ့သော ဥဒယ, ဝယ ဉာဏ်သက်လျက် တည်တတ်၏၊ အကယ်၍ မတည်သေးပါမူ တစ်ဖန် လက္ခဏ ဝဝတ္ထာနဝါရကို ပြန်၍ သုံးသပ်အပ်၏။

အကြင်ယောဂီသည် ဤငါးပါးသော ဝါရတို့တွင် မိမိနှစ်သက်သော ဝါရသည် ရှိ၏၊ သုံးသပ်ခြင်းငှာ လွယ်၏၊ ထိုဝါရဖြင့်သာလျှင် ကောင်းစွာ သုံးသပ်အပ်၏၊ တစ်ခု တစ်ခုသော ဝါရ၌ အယုတ်ဆုံးအားဖြင့် သုံးလလောက် အားထုတ်အပ်၏။

ယေပိ စ သမ္မသနူပဂါ၊ တေသု ယေ ယဿ ပါကဋာ ဟောန္တိ၊ သုခေန ပရိဂ္ဂဟံ ဂစ္ဆန္တိ၊ တေသု တေန သမ္မသနံ အာရဘိတဗ္ဗံ။

ဝိသုဒ္ဓိ၊၂၊၂၄၄

ယေပိ စ၊ အကြင်ရုပ်နာမ် ဓမ္မတို့သည်လည်း။
သမ္မသနူပဂါ၊ သုံးသပ်ခြင်းငှါ ကပ်ကုန်၏။
တေသု၊ ထိုရုပ်နာမ်တို့တွင်။
ယေ၊ ရုပ်တရား နာမ်တရားတို့သည်။
ယဿ၊ အကြင် ယောဂီပုဂ္ဂိုလ်အား။
ပါကဋာ၊ ထင်ရှားကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
သုခေန၊ လွယ်လွယ်။
ပရိဂ္ဂဟံ၊ သိမ်းဆည်းခြင်းသို့။
ဂစ္ဆန္တိ၊ ရောက်ကုန်၏။
တေသု၊ ထိုရုပ်နာမ်တို့၌။
တေန ယောဂီနာ၊ ထိုယောဂီသည်။
သမ္မသနံ၊ သုံးသပ်ခြင်းကို။
အာရဘိတဗ္ဗံ၊ အားထုတ်အပ်၏။

၄၅ - ဥပက္ကိလေသ တရား ဆယ်ပါးကို ပြခြင်း

ထိုသို့ ဥဒယဝယဉာဏ်သို့ကပ်၍ တည်နိုင်လောက်သော ဉာဏ်ရှိသော ယောဂီအား လက္ခဏဝဝတ္ထာနဝါရအတွင်း၌ ဖြစ်စေ၊ ငါးပါးသော ဝါရတို့တွင် တစ်ပါးပါးသော ဝါရအတွင်း၌ ဖြစ်စေ၊ ဩဘာသ၊ ဉာဏ၊ ပီတိ၊ ပဿဒ္ဓိ၊ သုခ၊ အဓိမောက္ခ၊ ပဂ္ဂဟ၊ ဥပဋ္ဌာန၊ ဥပေက္ခာ၊ နိကန္တိ ဟူသော ဥပက္ကိလေသတရား ဆယ်ပါးတို့တွင် တစ်ပါးဖြစ်စေ၊ နှစ်ပါး ဖြစ်စေ စသည်ဖြင့် ဖြစ်ပေါ်လာတတ်၏။

ထိုဆယ်ပါးတို့တွင် ဩဘာသဟူသည် ဝိပဿနာ၏ အရောင်တည်း၊ ထိုဝိပဿနာ၏ အရောင်အလင်းသည် တစ်ခါတစ်ရံမျှ မဖြစ်ဖူးဘဲ ဖြစ်လာ၍ “ ငါသည် မဂ်ကိုရပေပြီ၊ ဖိုလ်ကို ရပေပြီ” ဟု ထင်မှတ်မှား၍ အဓိမာန လွှမ်းမိုးတတ်သည်။ မိမိ၏ ကမ္မဋ္ဌာန်းကို လွှတ်၍နေတတ်၏၊ ထိုဩဘာသသည် အချို့သောသူအား ဟတ္ထပါသ်၊ အချို့သောသူအား လေးတောင် ငါးတောင် အတောင်တစ်ရာ စကြဝဠာနှံ့မျှ ထင်တတ်၏။ ၎င်းထင်လာသော အရောင်အလင်းကိုပင် ဩဘာသဟု ခေါ်၏။

ဝတ္ထုကား -

သီဟိုဠ်ကျွန်း စိတ္တလတောင်၌ အထွတ် နှစ်ခုရှိသော ကျောင်းငယ်တစ်ခု၌ မထေရ်နှစ်ပါးတို့ နေကြသတတ်၊ တစ်ရံသောအခါ အရှင်ကောင်းတို့ ကမ္မဋ္ဌာန်းကို နှလုံးသွင်း၍နေစဉ် အလွန် မိုးမှောင်ကျသော လကွယ်နေ့ ညဉ့်အခါ၌ မထေရ်ငယ်သည် မထေရ်ကြီးအား ဤသို့လျှောက်၏။

“အရှင်ဘုရား … ကျွန်ုပ်အား ယခုအခါ၌ စေတီရင်ပြင်ဝယ် မြတ်သောနေရာ၌ ငါးပါးသော အဆင်းရှိကုန်သော ပန်းတို့သည် ထင်ကုန်၏” ဟု လျှောက်၏၊ ဆိုစကားကို ကြားသော် မထေရ်ကြီးသည် “ငါ့ရှင် … သင်သည် မအံ့လောက်သည် ကိုဆိုဘိ၏၊ ငါ့အားမူကား ယခုအခါ၌ မဟာသမုဒ္ဒရာဝယ် ယူဇနာမျှလောက်သော အရပ်၌ ငါးလိပ်တို့သည် ထင်ကုန်၏” ဟုဆို၏၊ ဤကား ဩဘာသ သဘောတည်း။ (၁)

အကြင်ယောဂီသည် မိမိသုံးသပ်အပ်သော ရုပ်နာမ်ဓမ္မသင်္ခါရတို့၏ ဖြစ်ခြင်းကို လည်းကောင်း၊ ပျက်ခြင်းကိုလည်းကောင်း၊ သိကြားမင်း၏ ပစ်လွှတ်အပ်သော ဝဇီရစိန် ကဲ့သို့ ထက်မြက်စူးရှလျက် မြင်၏၊ ဤသို့မြင်သည်ကို မဂ်ဟုထင်တတ်၏ ဤကား ဉာဏ သဘောတည်း။ (၂)

အကြင်ယာဂီသည် ဝိပဿနာ စီးဖြန်းစဉ်ကာလ၌ ခုဒ္ဒိကာပီတိ ခဏိကာပီတိ ဩက္ကန္တိကာပီတိ ဥဗ္ဗေဂါပီတိ ဖရဏာပီတိ တို့သည် အစဉ်အတိုင်း ဖြစ်ကုန်၏။ ဤသို့ဖြစ်သည်ကို မဂ်ဟုထင်တတ်၏။ ဤကား ပီတိ သဘောတည်း။ (၃)

အကြင်ယောဂီသည် “ဝိပဿနာ စီးဖြန်းစဉ်ကာလ၌ ညဉ့် ၌ လည်းကောင်း၊ နေ့၌ လည်းကောင်း ကိုယ်စိတ်တို့၏ -

(၁) ပူပန်ခြင်း မဖြစ်၊
(၂) လေးသည် မဖြစ်
(၃) ကြမ်းတမ်းသည် မဖြစ်၊
(၄) မခံ့သည် မဖြစ်၊
(၅) ကျင်နာသည်မဖြစ်၊
(၆) ကောက်သည်မဖြစ်၊

စင်စစ်ကား ကိုယ်စိတ်တို့၏ -

(၁) ငြိမ်းခြင်း၊
(၂) ပေါ့ပါးခြင်း၊
(၃) နူးညံ့ခြင်း၊
(၄) ခံ့ခြင်း၊
(၅) စင်ကြယ်ခြင်း၊
(၆) ဖြောင့်ခြင်း

ဟူသော ဤခြောက်ပါးသော ဂုဏ်တို့နှင့် ပြည့်စုံသည်ဖြစ်၍ လေးကျွန်းသေနင်း မန္ဓာတ်မင်း၊ နတ် သိကြားတို့၏ ခံစားအပ်သော စည်းစိမ်ထက် ဆတက်ထောင်ရာ မကသာသော အမာနုသီ မည်သော ဝိပဿနာ ချမ်းသာကြီးကို ခံစားတော်မူလျက် နေတော်မူ၏။

သုညာဂါရံ ပဝိဋ္ဌဿ၊
သန္တစိတ္တဿ ဘိက္ခုနော။
အမာနုသီ ရတိ ဟောတိ၊
သမ္မာ ဓမ္မံ ဝိပဿတော။

သုညာဂါရံ၊ ဆိတ်ငြိမ်သောကျောင်းသို့ (ဝါ) ဝိပဿနာသို့။
ပဝိဋ္ဌဿ၊ ဝင်၍။
သန္တစိတ္တဿ၊ ငြိမ်သက်သော စိတ်ရှိသော။
သမ္မာ၊ အသင့်အားဖြင့်။
ဓမ္မံ၊ ရုပ်နာမ်တရားကို။
ဝိပဿတော၊ ဥဒယ ဝယ စသည်ဖြင့်ရှုသော။
ဘိက္ခုနော၊ ယောဂီရဟန်းအား။
အမာနုသီ၊ အားထုတ်အပ်သော ဝိပဿနာရှိသောသူတို့၏ အရာမဟုတ်သည်အဖြစ် ကြောင့် အမာနုသီ မည်သော။
ရတိ၊ ဝိပဿနာနှင့်ယှဉ်သော မွေ့လျော်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။

ထိုခြောက်ပါးသော ဂုဏ်နှင့် ပြည့်စုံစေ၍ နေသော ယောဂီသည် ငါသည် မဂ်ကို ရောက်ပြီဟု ထင်တတ်၏။ ဤကား ပဿဒ္ဓိ သဘောတည်း။ (၄)

အကြင်ယောဂီသည် ဝိပဿနာ စီးဖြန်းစဉ်ကာလ၌ ဝိပဿနာနှင့်ယှဉ်သော စေတသိက သုခသည် ကိုယ်အလုံးကို စွတ်စိုစေလျက် အလွန်မြတ်သော ချမ်းသာသည် ဖြစ်၏။ ဤသို့ ချမ်းသာသည်ကို မဂ်ဟုထင်မှတ်တတ်၏။ ဤကား သုခ သဘောတည်း။ (၅)

အကြင်ယောဂီသည် ဝိပဿနာ စီးဖြန်းစဉ်ကာလ၌ ကိလေသ ချောက်ချားခြင်း ကင်းသဖြင့် အလွန်ကြည်လင် သန့်ရှင်းသော အလွန်အားရှိသော သဒ္ဓါတရားသည် ဖြစ်၏။ ထိုသဒ္ဓါတရားကိုပင် မဂ်ဟု ထင်မှတ်တတ်၏။ ဤကား အဓိမောက္ခ သဘောတည်း။ (၆)

အကြင်ယောဂီသည် ဝိပဿနာ စီးဖြန်းစဉ်ကာလ၌ ဝိပဿနာနှင့်ယှဉ်သော မလျော့သော၊ အားမထုတ်လွန်းသော၊ ကောင်းစွာချီပင့်သော ဝီရိယသည် ဖြစ်၏။ ဤ ဝီရိယကိုပင် မဂ်ဟု ထင်မှတ်တတ်၏။ ဤကား ပဂ္ဂဟ သဘောတည်း။ (၇)

အကြင်ယောဂီသည် ဝိပဿနာ စီးဖြန်းစဉ်ကာလ၌ ဝိပဿနာနှင့် ယှဉ်သော ကျောက်စာတိုင်နှင့် တူသော သတိသည် ဖြစ်၏။ ရှေးရှုသော ရုပ်နာမ်တရားတို့ကို နှလုံးသွင်းတိုင်း ရ၏၊ ဆင်ခြင်တိုင်း ထင်၏၊ သက်ဝင်၏။ ဤ သတိကိုပင် မဂ်ဟု ထင်မှတ်တတ်၏။ ဤကား ဥပဋ္ဌာန သဘောတည်း။ (၈)

အကြင်ယောဂီသည် ဝိပဿနာ စီးဖြန်းစဉ် ကာလ၌ သင်္ခါရတို့ကို လျစ်လျူရှုခြင်း ရှိသည်ဖြစ်၍ သမ္ပယုတ်တရားတို့ကို လျစ်လျူရှုလျက် သင်္ခါရတို့၌ အလွန်အားရှိသော ဥပေက္ခာသည် ဖြစ်၏။ ထိုဥပေက္ခာကိုပင် မဂ်ဟုထင်မှတ်တတ်၏။ ဤကား ဥပေက္ခာ သဘောတည်း။ (၉)

အကြင်ယောဂီသည် ဝိပဿနာ စီးဖြန်းစဉ်ကာလ၌ ဩဘာသစသည် တို့ဖြင့် တန်ဆာဆင်အပ်သော ဝိပဿနာ၌ အာသာငင်းငင်း တွယ်တာခြင်းကို ပြုလျက် သိမ်မွေ့ငြိမ်သက်သော တဏှာသည် ဖြစ်၏။ ထိုတဏှာကို သိမ်းဆည်းခြင်းငှာ မတတ်နိုင်၊ ထိုကပ်ငြိတတ်သော တဏှာကိုပင်လျှင် မဂ်ဟု ထင်မှတ်တတ်၏။ ဤကား နိကန္တိ သဘောတည်း။ (၁၀)

အကြင် ပညာမဲ့သော ယောဂီသည် ဤဆယ်ပါးသော ဥပက္ကိလေသ တရားတို့တွင် တစ်ပါးပါးဖြစ်လာ၏၊ ထိုအခါ ငါသည် ဤသို့သောတရားကို ရှေး၌မဖြစ်ဖူး၊ ငါသည် မဂ်သို့ရောက်သည် ဖြစ်ရာ၏ဟု ထင်မှတ်တတ်၏၊

ထိုသို့ ထင်မှတ်ခြင်းသည် မဂ်မဟုတ်သည်ကို မဂ်ဟု ထင်မှတ်ခြင်းကြောင့် “အမဂ္ဂ” မည်၏။ အကြင်ပညာရှိသော ယောဂီသည် ဤဆယ်ပါးသော ဥပက္ကိလေသ တရားတို့တွင် တစ်ပါးပါး ဖြစ်လာသောအခါ ဆရာကို ကြားအပ်၏။

တစ်နည်း။

ဤတရားကား ဆရာမှာလိုက်သော ဥပက္ကိလေသ တရားသာတည်း၊ ဤ တရားသည်လည်း မြဲသော သဘောမရှိ၊ ဆင်းရဲသော သဘောရှိ၏။ ကိုယ်လည်း မဟုတ်ဟု လက္ခဏာရေးကို တင်၍ သုံးသပ်၏၊

၎င်းဥပက္ကိလေသတရား ဆယ်ပါး၌ တစ်ပါးပါးဝယ် တဏှာ မာန ဒိဋ္ဌိ ပြားရကား ဥပက္ကိလေသတရား သုံးဆယ်ဖြစ်၏၊ ထိုသုံးဆယ်သော ဥပက္ကိလေသ တရားတို့ကို ရှင်းလင်း၍ ဤ ဥဒယ ဝယ စသော ဝိပဿနာဉာဏ် သည်သာလျှင် မဂ်သို့ ရောက်ကြောင်း ကောင်းသောခရီး ဖြစ်ပေ၍ `မဂ္ဂ´မည်၏၊

ဤသို့မဂ်မဟုတ်သည်ကို လည်းကောင်း၊ မဂ်ဟုတ်သည်ကို လည်းကောင်း သိ၍ မဂ်မဟုတ်သည်ကို မလိုက်ဘဲ မဂ်ဟုတ်သော ဥဒယ ဝယ စသော လမ်းမှန်ကို လိုက်၍ တည်သော ဉာဏ်တော်သည် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ မည်၏။

သော ဧဝံ ဝိက္ခေပမဂစ္ဆန္တော တံ သမတိံ သဝိဓံ ဥပတ္တိလေသဇဋံ ဝိဇဋေတွာ ဩဘာသာဒယော ဓမ္မာ န မဂ္ဂေါ၊ ဥပက္ကိလေသဝိမုတ္တံ ပန ဝီထိပဋိပန္နံ ဝိပဿနာဉာဏံ မဂ္ဂေါတိ မဂ္ဂဉ္စ အမဂ္ဂဉ္စ ဝဝတ္ထပေတိ၊ တဿေဝံ အယံ မဂ္ဂေါ အယံ န မဂ္ဂေါတိ မဂ္ဂဉ္စ အမဂ္ဂဉ္စ ဉတွာ ဌိတံ ဉာဏံ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓီတိ ဝေဒိတဗ္ဗံ။

ဝိသုဒ္ဓိ၊၂၊၂၇၄

သော၊ ထိုယောဂီသည်။
ဧဝံ၊ ဤသို့။
ဝိက္ခေပံ၊ ပျံ့လွင့်ခြင်းသို့။
အဂစ္ဆန္တော၊ မရောက်သည်ဖြစ်၍။
သမတိံ သဝိတံ၊ အမျှသုံးဆယ် အပြားရှိသော။
တံဥပက္ကိလေသဇဋံ၊ ထို ဥပက္ကိလေသတည်းဟူသော အမြှေး အယှက်ကို။
ဝိဇဋေတွာ၊ သုတ်သင်ရှင်းလင်း တျင်းတျင်းကုန်အောင် ဖျက်ဆီး၍။
ဩဘာသာဒယော၊ ဩဘာသ အစရှိကုန်သော။
ဓမ္မာ၊ တရားတို့သည်။
နမဂ္ဂေါ၊ မဂ်မဟုတ်ကုန်။
ပန၊ အလျော်ကို ဆိုဦးအံ့။
ဥပက္ကိလေသဝိမုတ္တံ၊ ဥပက္ကိလေသမှလွတ်သော။
ဝီထိပဋိပန္နံ၊ ဥဒယဗ္ဗယာနုပဿနာ၏အစွမ်းဖြင့် ဝိပဿနာ ခရီးမှန်သွားသော။
ဝိပဿနာဉာဏံ၊ ဝိပဿနာဉာဏ်သည်။
မဂ္ဂေါ၊ ဖြောင့်မှန်သော ခရီးတည်း။
ဣတိ၊ ဤသို့။
မဂ္ဂဉ္စ၊ ခရီးဟုတ်သည်ကို လည်းကောင်း။
အမဂ္ဂဉ္စ၊ ခရီးဟုတ်သည်ကို လည်းကောင်း။
ဝဝတ္ထပေတိ၊ ပိုင်းခြားမှတ်သား၏။
တဿ၊ ထိုယောဂီ၏။
ဧဝံ၊ ဤသို့။
အယံ၊ ဤဝီထိပဋိပန္န ဝိပဿနနာဉာဏ်သည်။
မဂ္ဂေါ၊ ခရီးတည်း။
အယံ၊ ဤဥပက္ကိလေသသည်။
န မဂ္ဂေါ၊ ခရီးမဟုတ်။
ဣတိ၊ ဤသို့။
မဂ္ဂဉ္စ၊ မဂ်ကိုလည်းကောင်း။
အမဂ္ဂဉ္စ၊ မဂ်မဟုတ်သည်ကို လည်းကောင်း။
ဉတွာ၊ သိ၍။
ဌိတံ၊ တည်သော။
ဉာဏံ၊ ဉာဏ်သည်။
မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ၊ မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိ မည်၏။
(ဝါ) အကြောင်းဟုတ်သည် မဟုတ်သည်ကို သိတတ်သော မြင်တတ်သောဉာဏ် အမြင်၏ စင်ကြယ်ခြင်းမည်၏။
ဣတိ၊ ဤသို့။
ဝေဒိတဗ္ဗံ၊ သိအပ်၏။

ဤကား လောကသေဌ်နင်း တရားမင်းဘုရားသည် ဟောကြားတော်မူအပ်သော အာနာပါန ဒေသနာတော်ဝယ် ကျယ်စွာသော နယတို့ကို ဝိသေသနမကူပေ သော်လည်း ဧကဒေသ နည်းနယတို့ဖြင့် ပြသတော်မူအပ်သော ရူပပရိဂ္ဂဟကစ၍ ဥဒယဝယဉာဏ်တိုင်အောင် ယူရာ ယူကြောင်း ကောင်းမြတ်သော။

“သမုဒယ ဓမ္မာနုပဿီဝါ ကာယသ္မိံ ဝိဟရဟိ။
ဝယဓမ္မာ နုပဿီဝါ ကာယသ္မိံ ဝိဟရတိ၊
သမုဒယဝယဓမ္မာ နုပဿီဝါ ကာယသ္မိံ ဝိဟရတိ”

ဟူသော ဒေသနာတော်၏ အကျဉ်းအားဖြင့် ယူအပ်သော အဓိပ္ပာယ်ပေတည်း။

၄၆ - အန္ဓ ကလျာဏတို့ အမည်ကွဲပြားပုံကို ပြခြင်း

ယင်းသို့ ရုပ်တရား နာမ်တရားတို့၏ ဖြစ်ခြင်း ပျက်ခြင်းတို့ကို ပစ္စက္ခအားဖြင့် မျက်စိဖြင့်မြင်သကဲ့သို့ ရုပ်တရားတို့၏ အာကာရကို မြင်ခြင်း၊ ဝိညာဏပဉ္စက အစွမ်းဖြင့် နာမ်တရားတို့၏ အာကာရကို မြင်ခြင်းအားဖြင့် မြင်ကုန်သော ယောဂီတို့အား အရိယာတို့ မြင်တော်မူအပ်သော မြင်တော်မူမြဲဖြစ်သော ဥပမာ ငါးပါးသို့ သက်ဝင်၍ ထင်လာရသော အနိစ္စ ဒုက္ခ အနတ္တတို့ကို မြင်ပေရ၍ ထိုယောဂီသည် အရိယဒဿာဝီ မည်ပေ၏။

ထင်စေဦးအံ့ - ရှင်တော်ဘုရားလည်း ထိုသို့သော ဒေသနာသုတ္တန်တို့၌ -

(၁) အရိယာနံ ဒဿာဝီ ဟူ၍လည်းကောင်း၊
(၂) အရိယဓမ္မကောဝိဒ ဟူ၍လည်းကောင်း၊
(၃) အရိယဓမ္မဝိနီက ဟူ၍လည်းကောင်း၊
(၄) သပ္ပုရိသာနံ ဒဿာဝီ ဟူ၍လည်းကောင်း၊
(၅) သပ္ပုရိသဓမ္မကောဝိဒ ဟူ၍လည်းကောင်း၊
(၆) သပ္ပုရိသဓမ္မဝိနီတ ဟူ၍လည်းကောင်း၊
(၇) သုတဝါ ဟူ၍လည်းကောင်း၊
(၈) သာသနိကပုဂ္ဂိုလ် ဟူ၍လည်းကောင်း၊
(၉) ကလျာဏပုထုဇဉ် ဟူ၍လည်းကောင်း၊
(၁၀) စူဠသောတာပန် ဟူ၍လည်းကောင်း -

ဤသို့ အထူးထူးသော အမည်တို့ဖြင့် ဟောတော်မူ၏။

တသ္မာ စက္ခုနာ ပဿန္တောပိ ဉာဏေန အရိယေဟိ ဒိဋ္ဌိံ အနိစ္စာဒိလက္ခဏံ အပဿန္တော အရိယာဓိဂတဉ္စ ဓမ္မံ အနဓိဂစ္ဆန္တော အရိယကရဓမ္မာနံ အရိယဘာဝဿ စ အဒိဋ္ဌတ္တာ အရိယာနံ အဒဿာဝီတိ ဝေဒိတဗ္ဗော။

မ၊ဋ္ဌ၊၁၊၂၃

ဤသို့ မူလပရိယာယသုတ် အဋ္ဌကထာ၏ ဗျတိရိက်ကိုထောက်။
(အနက်ကို နောက်က ရေးခဲ့ပြီးပြီ။)

သေက္ခာ ဝါ ပုထုဇ္ဇနာ ဝါ ကုသလံ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿန္တိ၊

ပဋ္ဌာန၊၁၊၁၃၃

သေက္ခာဝါ၊ သေက္ခပုဂ္ဂိုလ် ၇-ယောက်တို့သည် လည်းကောင်း။
ပုထုဇ္ဇနာ ဝါ၊ ကလျာဏပုထုဇဉ် ပုဂ္ဂိုလ်တို့သည် လည်းကောင်း။
ကုသလံ၊ ကုသိုလ် နာမက္ခန္ဓာကို။
အနိစ္စတော၊ အနိစ္စအားဖြင့် လည်းကောင်း။
ဒုက္ခတော၊ ဒုက္ခအားဖြင့် လည်းကောင်း။
အနတ္တတော၊ အနတ္တအားဖြင့် လည်းကောင်း။
ဝိပဿန္တိ၊ ရှုကုန်၏။

ထိုမှ ပြန်သောအားဖြင့် -

(၁) အရိယာနံ အဒဿာဝီ
(၂) အရိယဓမ္မ အကောဝိဒ
(၃) အရိယဓမ္မ အဝိနီတ
(၄) သပ္ပုရိသာနံ အဒဿာဝီ
(၅) သပ္ပုရိသဓမ္မ အကောဝိဒ
(၆) သပ္ပုရိသဓမ္မအဝိနီတ
(၇) အသုတဝါ
(၈) ဗဟိရကပုဂ္ဂိုလ်
(၉) အန္ဓပုထုဇဉ်

ဟူ၍ ခေါ်ဝေါ်သော အမည်ရှိသည် ၎င်းအန္ဓပုထုဇဉ်၏ အမည်ချည်းသာမှတ်။ (နောက်ပါဌ်ကိုရှု။)

ထိုသို့ ရုပ်တရား နာမ်တရားတို့၏ ဖြစ်ခြင်း ပျက်ခြင်း လက္ခဏာကို သိမြင်သော ယောဂီသည် ကလျာဏပုထုဇဉ် ဖြစ်ခဲ့လျှင် အဘယ်အကျိုး ရှိသနည်း။ အရိယာပင် မဟုတ်ပါသေးလည်း အရိယာတို့ကဲ့သို့ ဝဋ်မှထွက်မြောက်ခြင်း အဖို့၌ ဝင်ခဲ့၍ သိမ်းဆည်းအပ်သောကြောင့် ဒက္ခိဏေယျ ဂုဏ်တော်၌ တည်ပေ၏။

သော ပိ ဟိ ကိဉ္စာပိ အရိယေန ဒိဋ္ဌိသီလသာမညေန အသံဟတော၊ နိယျာနိကပက္ခိယေန ပန ပေါထုဇ္ဇနိကေန သံဟတတ္တာ ဒက္ခိဏေယျ-ပါဏိပါတာရဟော သံဃောဝ။

ကင်္ခါဋီသစ်၊၁၂၁။

(ဝိနယတ္တမဉ္ဇူသာ၊ ၎င်းအတူ သီလက္ခန်ဋီကာကြီး၊ မဏိဒီပတို့၌ ရှိသေး၏။)

ဟိသစ္စံ၊ မှန်၏။
သောပိ၊ ထိုကလျာဏ ပုထုဇဉ်ပုဂ္ဂိုလ်ကိုလည်း။
အရိယေန၊ အရိယာပုဂ္ဂိုလ်နှင့်။
ဒိဋ္ဌိ သီလ သာမညေန၊ အယူသီလ တူမျှသည်၏ အဖြစ်ဖြင့်။
ကိဉ္စာပိ အသံဟတော၊ အကယ်၍ကား မပေါင်းသေး၏ရှင့်။
ပနတထာပိ၊ ထိုသို့ မပေါင်းသော်လည်း။
နိယျာနိကပက္ခိယေန၊ ဝဋ်မှ ထွက်မြောက်ခြင်းအဖို့၌ တည်သော။
ပေါထုဇ္ဇနိကေန၊ ပုထုဇဉ်၏အကျင့်ဖြင့်။
သံဟတတ္တာ၊ ပေါင်းရုံးအပ်သည်၏ အဖြစ်ကြောင့်။
ဒက္ခိဏေယျ ပါဏိပါတာရဟော၊ မြတ်သောအလှူကို ခံထိုက် လက်အုပ်ချီမိုး ရှိခိုးခြင်းငှာ ထိုက်သော။
သံဃောဝ၊ သံဃာတော် တစ်ယောက်ပေပင်တည်း။

ဤဋီကာဆရာကြီးတို့ ပြတော်မူအပ်သော စကားကို ကျမ်းနုသည်ဟု မထင်အပ်၊

နိကာယ်ငါးရပ် အဋ္ဌကထာရှင်ကြီးတို့ပင် သေက္ခပုဂ္ဂိုလ်တို့နှင့် ကလျာဏပုထုဇဉ် ပုဂ္ဂိုလ်တို့ကို ဝသန္တိက ပုဂ္ဂိုလ်အဖြစ်ဖြင့် -“ကလျာဏ ပုထုဇ္ဇနေန သဒ္ဓိံ သတ္တ အရိယာ တိဿော သိက္ခာ သိက္ခန္တိ”ဟူ၍ ပြတော်မူ၏။ ပါရာဇိကဏ် အဋ္ဌကထာ စသည်တို့၌ သဘောတူ ပါဌ်လွှဲရုံမျှ ထား၍ ပြတော်မူခြင်းကြောင့်တည်း။

၎င်း ကလျာဏပုထုဇဉ်ပုဂ္ဂိုလ်ကိုလည်း ကျမ်းဂန်ကို လိမ္မာလှ၍ ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိစ္စသမုပ္ပါဒ် သတိပဋ္ဌာန် စသော နည်းတို့ကို ဆရာကောင်းတို့ထံ၌ သင်အံ မှတ်သား ပိုင်းခြား ဝေဖန်နိုင်ရုံမျှနှင့် ငါ ကလျာဏပုထုဇဉ် ဖြစ်ပြီးပြီဟု ထင်မှတ်၍ မာနမညန ကပ်တတ်ကြသည်။

အဘယ့်ကြောင့်နည်းဟူမူ ဤ ကလျာဏပုထုဇဉ်၏ အရာကို သီလအစ သမာဓိအလယ် ပညာအဆုံး ထား၍ ဟောကြားခြင်း ရှိသောကြောင့် အာဂမသုတမျှနှင့် မယူသင့်ပေဟူ၍ မှတ်တော်မူကြကုန်။

ထို့ကြောင့် -

တေသု ကလျာဏပုထုဇ္ဇနော ဣဓာဓိပ္ပေတော၊ ဣတရဿ ဘာဝနာယ ဧဝ အဘာဝါ

ဟူ၍လည်းကောင်း ပဋိသံ၊ဋ္ဌ၊၁၊၂၄၆

ပုထုဇ္ဇနော စ ကိလေသာနံ အသမုစ္ဆိန္နတ္တာ ကလျာဏော စ သီလာဒိပဋိပတ္တိယုတ္တတ္တာတိ ပုထုဇ္ဇနကလျာဏော

ဟူ၍လည်းကောင်း။ ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာရှင် ပြတော်မူသည်။ ပဋိသံ၊၊၁၀၅။

တေသု၊ ထိုနှစ်ယောက်ကုန်သော ပုထုဇဉ်တို့တွင်။
ကလျာဏပုထုဇ္ဇနော၊ ကလျာဏ ပုထုဇဉ်ကို။
ဣဓ၊ ဥဒယအစ သင်္ခါရုပေက္ခာ အဆုံး ရှိသော ဝိပဿနာဉာဏ်အရာ၌။
အဓိပ္ပေတော၊ အလိုရှိအပ်၏။
ဣတရဿ၊ ဤကလျာဏမှ တပါးသော အန္ဓပုထုဇဉ်အား။
ဘာဝနာယ၊ သမထ ဝိပဿနာ ဘာဝနာ၏။
အဘာဝါ ဧဝ၊ မရှိခြင်းကြောင့်သာလျှင်။
ဣဓ၊ ဤအရာ၌။
နအဓိပ္ပေတော၊ အလိုမရှိအပ်။

ကိလေသာနံ၊ ကိလေသာတို့ကို။
အသမုစ္ဆိန္နတ္တာ၊ မပယ် မဖြတ်အပ်သေးသည်၏ အဖြစ်ကြောင့်။
ပုထုဇ္ဇနော စ၊ ပုထုဇဉ်သည်လည်း။
ဟောတိ၊ ဖြစ်၏။
သီလာဒိပဋိပတ္တိယုတ္တတ္တာ၊ သီလအစရှိသော။
(ဝါ) သီလ သမာဓိ ပညာဟု ဆိုအပ်သော ပဋိပတ်နှင့် ယှဉ်သည်၏ အဖြစ်ကြောင့်။
ကလျာဏော စ၊ ကလျာဏသည်လည်း။
ဟောတိ၊ ဖြစ်၏။
ဣတိ တသ္မာ၊ ထိုနှစ်ပါးသော သတ္တိကြောင့်။
ပုထုဇ္ဇနကလျာဏော၊ ပုထုဇ္ဇနကလျာဏ မည်၏။

ထိုသို့ ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ ဖြစ်ခြင်း ပျက်ခြင်းတို့ကို မြင်၍နေသော ကလျာဏ ပုထုဇဉ်ယောဂီသည် ဤကိုယ်၌ ရုပ်ဟူသော ကိုယ် နာမ်ဟူသော ကိုယ်သာ ရှိ၏။ သတ္တဝါမဟုတ်၊ ပုဂ္ဂိုလ်မဟုက် စသည်ဖြင့် ဝိပဿနာဉာဏ် သတိရှိသည့် အတိုင်းထက်အလွန် ထင်မြင်၍ သာယာခြင်း၊ ငါဟူသော ယူခြင်းတို့ကို မမှီမူ၍ နေတော်မူနိုင်သည်၏ အဖြစ်ကို ပြတော်မူခြင်းငှါ -

အတ္ထိ ကာယောတိဝါ ပနဿ တိ ပစ္စုပဋ္ဌိတာ ဟောတိ၊ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ၊ အနိဿိတော စ ဝိဟရတိ -

ဒီ၊၂၊၂၃၂။ ဟူသော ဒေသနာကို မိန့်မှာတော်မူပြန်ပေ၏။

ကာယော၊ ထွက်သက်ဝင်သက် အပေါင်းသည်သာလျှင်။
(ဝါ) ရုပ်အပေါင်းသည်လျှင်။
အတ္ထိ၊ ရှိ၏။
ဣတိ၊ ဤသို့။
အဿ၊ ထိုယောဂီရဟန်း၏။
သတိဝါ ပန၊ အာနာပါန သတိသည်မူလည်း။
ပစ္စုပဋ္ဌိတာ၊ ရှေ့ရှုထင်လာသည်။
ဟောတိ၊ ဖြစ်၏။
သာ သတိ၊ ထိုအာနာပါနသတိသည်။
ယာဝဒေဝ၊ အကြင်မျှလောက်။
ဉာဏမတ္တာယ၊ အထက်၌ အဆင့်ဆင့် ကာယာနုပသနာဉာဏ်၏ ပွားခြင်း အတိုင်းအရှည် အကျိုးငှာ လည်းကောင်း။
(ဝါ) အထက်၌ အဆင့်ဆင့် ဘင်္ဂဉာဏ် ဘယဉာဏ် စသည်တို့ ပွားခြင်း အတိုင်းအရှည် အကျိုးငှာ လည်းကောင်း။
ပဋိဿတိမတ္တာယ၊ အထက်၌ အဆင့်ဆင့် အာနာပါနသတိ၏ ပွားခြင်း အတိုင်း အရှည် အကျိုးငှာလည်းကောင်း။
ဟောတိ၊ ဖြစ်၏။
သောဘိက္ခု၊ ထိုရဟန်းသည်။
အနိဿိတောစ၊ အာနာပါန၌ တဏှာဒိဋ္ဌိအားဖြင့် မမှီမူ၍လည်း။
ဝိဟရတိ၊ နေ၏။

ဤ ရုပ်ဓမ္မ နာမ်တို့ ဖြစ်ပွား ပျက်ချုပ်ဟန်ကို ဧကန်မုချ ထင်မြင်ရသော ယောဂီသည် အဿာသ ပဿာသပဋိဘာဂ အာရုံအတွင်း၌ (၆၂) ပါးသော ရူပကာယ၊ (၃၉)ပါး သော နာမကာယသာလျှင် ရှိချေ၏၊

စင်စစ် သတ္တဝါစသည် မရှိချေ-မဟုတ်ချေ ဟု သတိပြဋ္ဌာန်းလျက် ဝိပဿနာသည် ဖြစ်၏။ ထို သတိပြဋ္ဌာန်းလျက် ဖြစ်သော ဝိပဿနာသည် အထက်၌ အဆင့်ဆင့် ဘင်္ဂ,ဘယ။(ပ) ။သင်္ခါရုပေက္ခာဉာဏ်တိုးပွားခြင်း အတိုင်းအရှည် အကျိုးဖြစ်၏။

အတ္ထိ ကာယောတိဝါ ပနဿတိ ကာယောဝ အတ္ထိ၊ န သတ္တော န ပုဂ္ဂလော၊ န ဣတ္ထီ၊ န ပုရိသော၊ န အတ္တာ၊ န အတ္တနိယံ၊ နာဟံ၊ န မမ၊ န ကောစိ၊ န ကဿစီတိ ဧဝမဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ။

ဒီ၊ဋ္ဌ၊၂၊၃၅၆

သာ န အညဒတ္ထာယ အထ ခေါ ယာဝဒေဝ ဉာဏမတ္တာယ အပရာပရံ ဥတ္တရုတ္တရိ ဉာဏပမာဏတ္ထာယ စေဝ သတိပမာဏတ္ထာယ။

ဒီ၊ဋ္ဌ၊၂၊၃၅၆

အတ္ထိ ကာယောတိဝါ ပနဿတိ၊ ကား။
ကာယောဝ၊ ရူပကာယ နာမကာယ သည်သာလျှင်။
အတ္ထိ၊ ရှိ၏။
သတ္တော၊ သတ္တဝါသည်။
န အတ္ထိ၊ မရှိ။
ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။
န အတ္ထိ၊ မရှိ။
ဣတ္ထီ၊ မိန်းမသည်။
န အတ္ထိ၊ မရှိ။
ပုရိသော၊ ယောကျ်ားသည်။
န အတ္ထိ၊ မရှိ။
အတ္တာ၊ ကိုယ်သည်။
န အတ္ထိ၊ မရှိ။
အတ္တနိယံ၊ ကိုယ်နှင့်စပ်သော ဝတ္ထုသည်။
န အတ္ထိ၊ မရှိ။
အဟံ၊ ငါသည်။
န အတ္ထိ၊ မရှိ။
မမ၊ ငါ၏။
သန္တကံ၊ ဥစ္စာသည်။
န အတ္ထိ၊ မရှိ။
ကေစိ၊ တစ်စုံတစ်ယောက်သော သူသည်။
န အတ္ထိ၊ မရှိ။
ကဿစိ၊ တစ်စုံ တစ်ယောက်သော သူ၏။
သန္တကံ၊ ဥစ္စာသည်။
န အတ္ထိ၊ မရှိ။
ဣတိ ဧဝံ၊ ဤသို့။
အဿ၊ ထိုယောဂီအား။
သတိ၊ သတိသည်။
ပစ္စုပွဋ္ဌိတာ၊ ရှေ့ရှုတည်သည်။
ဟောတိ၊ ဖြစ်၏။

သာ သတိ၊ ထိုသတိသည်။
အညဒတ္ထာယ၊ တစ်ပါးသောအကျိုးငှာ။
န ဟောတိ၊ မဖြစ်။
အထခေါ၊ စင်စစ်သော်ကား။
ယာဝဒေဝ၊ အကြင်မျှလောက်။
ဉာဏမတ္တာယ၊ ဉာဏ် အတိုင်းအရှည် အလို့ငှာ။
အပရာပရံ၊ အဆင့်ဆင့်။
ဥတ္တရုတ္တရိ ဉာဏ ပမာဏတ္ထာယ စေဝ၊ အထက် အထက်၌ ဉာဏ်အတိုင်း အရှည် အကျိုးငှာ လည်းကောင်း။
သတိပမာဏတ္ထာယစ၊ သတိ အတိုင်းအရှည် အကျိုးငှါ လည်းကောင်း။
ဣတိ၊ ဤသို့။
ဝုတ္တံ၊ ဟောတော်မူသည်။
ဟောတိ၊ ဖြစ်၏။

ဤစကားရပ်၌ “အပရာပရံ ဥတ္တရုတ္တရိဉာဏပမာဏတ္ထာ စေဝ”ဟု အဋ္ဌကထာဆရာ မိန့်တော်မူအပ်သည်နှင့်အညီ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိကို လွန်မြောက်၍ ပဋိပဒါ ဉာဏဒဿနဝိသုဒ္ဓိသို့ ကူးခပ်လိုသော ယောဂီသည် ဥဒယဗ္ဗယအစ သင်္ခါရုပေက္ခာ အဆုံးရှိကုန်သော ရှစ်ပါးကုန်သော ဉာဏ်တို့၏ အစွမ်းဖြင့် အထွတ်သို့ရောက်သော သိခါပတ္တဉာဏ် အနုလောဉာဏ် နှစ်ပါးတို့နှင့် ပြည့်စုံခြင်းသည် ပဋိပဒါဉာဏဒသန ဝိသုဒ္ဓိ မည်၏။

ထို ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိကို ပြည့်စုံလိုသော ယောဂီသည် တစ်ဖန် ဥပက္ကိလေသမှ လွတ်သော ဥဒယဗ္ဗယဉာဏ် စသည်ကို တည်ထောင်ပြန်အပ်၏။ အဘယ့်ကြောင့် တည်ထောင်အပ်သနည်း ဟူမူ-ရှေး၌ စီးဖြန်းအပ်ခဲ့သော ဥဒယဗ္ဗယဉာဏ်သည် ဥပက္ကိလေသတို့ဖြင့် မြှေးယှက်အပ်သည်ဖြစ်၍ မိမိတို့ သဘောအားဖြင့် အနိစ္စ ဒုက္ခ အနတ္တ ဟူသော လက္ခဏာကို ကောင်းစွာမှတ်ခြင်းငှာ မစွမ်းနိုင်၊ ထို့ကြောင့် ဥပက္ကိလေသမှ လွတ်သော ဥဒယဗ္ဗဉာဏ်ကို တစ်ဖန် သုံးသပ်ပြန်အပ်၏။

ထင်စေဦးအံ့ -

ဤ လက္ခဏာရေး သုံးပါးတို့သည် အဘယ်တရားကို နှလုံးမသွင်းခြင်းကြောင့် အဘယ်တရားသည် ဖုံးလွှမ်းအပ်သည်၏ အဖြစ်ကြောင့် မထင်ကုန်သနည်း။

အကြင်အကြင် ယောဂီသည် ရုပ်နာမ်ဓမ္မတို့၏ ဖြစ်ပွားပျက်ချုပ်ဟန်ကို ဧကန် နှလုံးမသွင်းခြင်းကြောင့် လည်းကောင်း၊ ရုပ်တရား နာမ်တရားတို့၏ ပွားဆင့် ဆက်လက်၍ မပျက်သော အစဉ်ကို ငါပင်ဟု ထင်မှတ်သဖြင့် အစဉ်သည် ဖုံးလွှမ်းခြင်းကြောင့် လည်းကောင်း အနိစ္စလက္ခဏာသည် မထင်နိုင်။

အကယ်၍ ဖြစ်ခြင်း ပျက်ခြင်းကို နှလုံးသွင်းအံ့၊ ရုပ်နာမ်တို့၏ အစဉ်ကို သိအံ့၊ အနိစ္စသည်ထင်နိုင်၏။ ရုပ်နာမ်ဓမ္မတို့၏ ဖြစ်ခြင်းဖြင့် နှိပ်စက်ခြင်း ပျက်ခြင်းဖြင့် နှိပ်စက်ခြင်းတို့ကို နှလုံးမသွင်း ခြင်းကြောင့် လည်းကောင်း၊ သွားခြင်း ရပ်ခြင်း ထိုင်ခြင်း လျောင်းခြင်းတို့သည် ဖုံးလွှမ်းအပ်သည်၏ အဖြစ်ကြောင့် လည်းကောင်း ဒုက္ခကို မထင်နိုင်။

အကယ်၍ အဖန်တလဲလဲ နှိပ်စက်သည်ကို နှလုံးသွင်းအံ့၊ ရူပကာယ၏ ဣရိယာပုထ်ကို ပိုင်းဖြတ်အံ့၊ ဒုက္ခကို ထင်နိုင်၏။ ပထဝီ အာပေါ စသော အထူးထူးသော ဓာတ်၊ ဖဿ ဝေဒနာ စသော အထူးထူးသော သဘောကို အသီးအသီး မိမိတို့၏ လက္ခဏာအားဖြင့် ဝေဖန်ခြင်းကို နှလုံးမသွင်းခြင်းကြောင့် လည်းကောင်း၊ သမူဟဃန ကိစ္စဃန အာရမ္မဏဃန တို့သည် ဖုံးလွှမ်းအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း၊ အနတ္တကို မထင်နိုင်။

အကယ်၍ အထူးထူးသော ဓာတ်၊ အထူးထူးသော နာမ်တို့ကို ဝေဖန်ခြင်းကို နှလုံးသွင်းအံ့၊ သမူဟကိစ္စ-အာရမ္မဏဟူသော ဃနကို ပိုင်းခြား၍ သိအံ့၊ အနတ္တကို ထင်နိုင်၏။

အနိစ္စလက္ခဏံ တာဝ ဥဒယဗ္ဗယာနံ အမနသိကာရာ သန္တတိယာ ပဋိစ္စန္နတ္တာ န ဥပဋ္ဌာတိ၊ ဒုက္ခလက္ခဏံ အဘိဏှသမ္ပဋိပီဠနဿ အမနသိကာရာ ဣရိယာပထေဟိ ပဋိစ္ဆန္နတ္တာန ဥပဋ္ဌာတိ အနတ္တလက္ခဏံ နာနာဓာတုဝိနိဗ္ဘောဂဿ အမနသိကာရာ ဃနေန ပဋိစ္ဆန္နတ္တာ န ဥပဋ္ဌာတိ။

ဝိသုဒ္ဓိ၊၂၊၂၇၆

တာဝ၊ ရှေးဦးစွာ။
အနိစ္စလက္ခဏံ၊ အနိစ္စလက္ခဏာသည်။
ဥဒယဗ္ဗယာနံ၊ ဖြစ်ခြင်း ပျက်ခြင်းတို့ကို။
အမနသိကာရာ၊ နှလုံးမသွင်းခြင်းကြောင့်။
သန္တတိယာ၊ အစဉ်သည်။
ပဋိစ္ဆန္နတ္တာ၊ ဖုံးလွှမ်းအပ်သည်၏ အဖြစ်ကြောင့်။
န ဥပဋ္ဌာတိ၊ မထင်။
ဒုက္ခလက္ခဏံ၊ ဒုက္ခလက္ခဏာသည်။
အဘိဏှသမ္ပဋိပီဠနဿ၊ မပြတ် အဖန်တလဲလဲ နှိပ်စက်ခြင်းကို။
အမနသိကာရာ၊ နှလုံးမသွင်းခြင်းကြောင့်။
ဣရိယာပထေဟိ၊ ဣရိယာပုထ်တို့သည်။
ပဋိစ္ဆန္နတ္တာ၊ ဖုံးလွှမ်းအပ်သည်၏ အဖြစ်ကြောင့်။
န ဥပဋ္ဌာတိ၊ မထင်။
အနတ္တလက္ခဏံ၊ အနတ္တလက္ခဏာသည်။
နာနာဓာတု ဝိနိဗ္ဘောဂဿ၊ ပထဝီ အာပေါ စသော အထူးထူးသော ဓာတ် ဖဿဝေဒနာ စသော အထူးထူးသော သဘာဝဓမ္မကို အသီးသီး ခွဲခြမ်း ဝေဖန်ခြင်းကို။
အမနသိကာရာ၊ နှလုံးမသွင်းခြင်းကြောင့်။
ဃနေန၊ တစ်ခဲနက်သည်။
ပဋိစ္ဆန္နတ္တာ၊ ဖုံးလွှမ်းအပ်သည်၏ အဖြစ်ကြောင့်။
နဥပဋ္ဌာတိ၊ မထင်။

အချင်းချင်း ထောက်ပံ့၍ ပေါင်းစုံကုန်သော ရုပ်နာမ်တရားတို့၌ တစ်ပေါင်းတည်း ထင်ခြင်းသည် သမူဟဃန မည်၏၊ ထိုရုပ်နာမ်တရားတို့တွင် -
ပထဝီသည် ပထဝီကိစ္စ၊
အာပေါသည် အာပေါကိစ္စ၊
ဖဿသည် ဖဿကိစ္စ၊
ဝေဒနာသည် ဝေဒနာကိစ္စ -
စသည်အားဖြင့် ယူအပ်ပါလျက် တစ်ပေါင်းတည်းပြု၍ ကိုယ်ပြုသည် သူပြုသည် စသည်ဖြင့် ယူခြင်းသည် ကိစ္စဃန မည်၏၊

အာရုံကိုယူတတ်ကုန်သော တရားတို့၏ အာရုံပြုခြင်း အထူးအပြားသည် ရှိပါလျက် ငါသိသည် သူသိသည် စသည်ဖြင့် ယူခြင်း သည် အာရမ္မဏဃန မည်၏။ (ဋီကာ)။

ဥဒယဗ္ဗယဉာဏ်။

၄၇ - ဘင်္ဂဉာဏ်ကို ပြခြင်း

ဤသို့ ဥပက္ကိလေသမှ လွတ်သော လမ်းဖြောင့်သော ဥဒယဗ္ဗယဉာဏ်ဖြင့် ဟုတ်မှန်သော အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာတို့ကို အဖန်တလဲလဲ စွဲယူသိမ်းပိုက်နိုင်သော ယောဂီသည် ရုပ်ဓမ္မ, နာမ်ဓမ္မတို့၌ ချိန်ဖန်ဆဖန်များ၍ ဉာဏ်အား ထက်သန်သည်ရှိသော် ဖြစ်ခြင်း၊ ပျက်ခြင်းတို့သည် လျင်စွာ လျင်စွာ ထင်ခဲ့ကုန်၏။

ထိုသို့ ထင်ခဲ့ကုန်သည်ရှိသော် တီရဏပရိညာကို ကူးမြောက်၍ ပဟာနပရိညာဖြင့် ဖြစ်ခြင်း၊ တည်ခြင်းကို လွှတ်လျက် ကုန်ခြင်း၊ ပျက်ခြင်း၊ ချုပ်ခြင်းတို့သည်သာလျှင် အနိစ္စ၊ ဒုက္ခ၊ အနတ္တကို အာရုံပြု၍ ကောင်းစွာ တည်ကုန်၏။

ထိုသို့ အာရုံ၏ ပျက်ခြင်း၊ ချုပ်ခြင်းကို ရှုသော ယောဂီသည် ဥဒယဗ္ဗယဉာဏ်ကို လွန်၍ ဘင်္ဂဉာဏ်၌ တည်သည်မည်၏။

တယိဒံ သဗ္ဗမ္ပိ အယံ ယောဂါဝစရော ဥပက္ကိလေသဝိနိမုတ္တေန ဝီထိပဋိပန္နဝိပဿနာ-သင်္ခါတေန ဥဒယဗ္ဗယာ နုပဿနာဉာဏေန ယာထာဝသသတော သလ္လက္ခေတိ။ တဿေဝံ သလ္လက္ခေတွာ ပုနပ္ပုနံ “အနိစ္စံ ဒုက္ခမနတ္တာ”တိ ရူပါရူပဓမ္မေ တုလယတော တီရယတော တံ ဉာဏံ တိက္ခံ ဟုတွာ ဝဟတိ၊ သင်္ခါရာ လဟုံ ဥပဋ္ဌဟန္တိ၊ ဉာဏေ တိက္ခေ ဝဟန္တေ သင်္ခါရေသု လဟုံ ဥပဋ္ဌဟန္တေသု ဥပ္ပါဒံ ဝါ ဌိတိံဝါ ပဝတ္တံဝါ နိမိတ္တံဝါ န သမ္ပာပုဏာတိ၊ ခယဝယဘေဒနိရောဓေယေဝ သတိ သန္တိဋ္ဌတိ၊ တဿဧဝံ ဥပ္ပဇ္ဇိတွာ ဧဝံ နာမ သင်္ခါရဂတံ နိရုဇ္ဈတီတိ ပဿာတော ဧကသ္မိံ ဌာနေ ဘင်္ဂါနုပဿနံ နာမ ဝိပသာနာဉာဏံ ဥပ္ပဇ္ဇတိ။

ဝိသုဒ္ဓိ၊၂၊၇၇

တယိဒံ= တံ ဣဒံ သဗ္ဗမ္ပိ၊ ထိုအလုံးစုံသော လက္ခဏတ္တယ လက္ခိတမ္မ ဖြစ်သော ခန္ဓာပဉ္စကကိုလည်း။

အယံယောဂါဝစရော= ဤ ယောဂါဝစရသည်။

ဥပက္ကိလေသ ဝိနိမုတ္တေန= ဥပက္ကိလေသမှ လွတ်သော။

ဝီထိ ပဋိပန္နဝိပဿနာသင်္ခါတေန= ခရီးလမ်းမှန်သွားသော ဝိပဿနာဟုဆိုအပ်သော။

ဥဒယဗ္ဗယာနုပဿနာဉာဏေန= ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့်။

ယာထာဝသရသတော= မဖောက်မပြန် ဟုတ်မှန်သော မိမိ၏ သဘော လက္ခဏာ အားဖြင့်။

သလ္လက္ခေတိ= ကောင်းစွာမှတ်၏။

ဧဝံ= ဤသို့။

သလ္လက္ခေတွာ= ကောင်းမှတ်ပြီး၍။

ပုနပ္ပုနံ= အဖန်တလဲလဲ။

အနိစ္စံ= အနိစ္စ။

ဒုက္ခံ= ဒုက္ခ။

အနတ္တာ= အနတ္တ။

ဣတိ= ဤသို့။

ရူပါရူပဓမ္မေ= ရုပ်နာမ်တရားတို့ကို။

တုလယတော= ချိန်သော။

တီရယတော= စူးစမ်းသော။

တဿ= ထိုယောဂါဝစရ၏။

တံဉာဏံ= ထိုဉာဏ်သည်။

တိက္ခံ= ထက်သည်။

ဟုတွာ= ဖြစ်၍။

ဝဟတိ ပဝတ္တတိ= ဖြစ်၏။

တစ်နည်း။

အတ္တနော= မိမိ၏။

တိက္ခဘာဝံ= ထက်သည်၏အဖြစ်ကို။(ထည့်)။

ဝဟတိ= ဆောင်၏။

သင်္ခါရာ= သင်္ခါရတရားတို့သည်။

လဟုံ= လျင်စွာ။

ဥပဋ္ဌဟန္တိ= ထင်ကုန်၏။

ဉာဏေ= ဉာဏ်သည်။

တိက္ခေ= ထက်သည်ဖြစ်၍။

ဝဟန္တေ= ဆောင်သည်ရှိသော်။

ဝါ= ကား။

တိက္ခေ တိက္ခဘာဝံ= ထက်သည်၏အဖြစ်ကို။

ဝဟန္တေ= ဆောင်သည်ရှိသော်။

သင်္ခါရေသု= သင်္ခါရတို့သည်။

လဟုံ= လျင်စွာ။

ဥပဋ္ဌဟန္တေသု= ထင်ကုန်သည်ရှိသော်။

ဥပ္ပါဒံ ဝါ= ဖြစ်ခြင်းဟုဆိုအပ်သော ဝိကာရသို့လည်းကောင်း။

ဌိတိံ ဝါ= ဌီဟုဆိုအပ်သော ဇရာသို့လည်းကောင်း။

ပဝတ္တံဝါ= ဥပါဒိန္နကဟု ဆိုအပ်သော ပဝတ္တတရားသို့ လည်းကောင်း။

နိမိတ္တံဝါ= သင်္ခါရတို့၏ အထည်ကိုယ် လုံးလုံး လျောင်းလျောင်း ထင်ခြင်းမျှသို့ လည်းကောင်း။

ပဝတ္တံဝါ= ရူပါရူပဘဝဟု ဆိုအပ်သော ပဝတ္တကိုလည်းကောင်း။

နိမိတ္တံ ဝါ= သင်္ခါရဟူသော နိမိတ်ကိုလည်းကောင်း။

န သမ္ပာပုဏာတိ= မရောက်။

ခယဝယဘေဒနိရောဓေယေဝ= ခယဝယဘေဒဟု ဆိုအပ်သော ခဏိကနိရောဓ သာလျှင်။

သတိ= သတိသည်။

သန္တိဋ္ဌတိ= ကောင်းစွာ တည်၏။

သင်္ခါရဂတံ= သင်္ခါရ၌ အတွင်းဝင်သော တရားအပေါင်းသည်။

ဧဝံ= ဤသို့။

ဥပ္ပဇ္ဇိတွာ= ဖြစ်၍။

ဧဝံ= ဤသို့။

နိရုဇ္ဈတိ နာမ= စက်ဆုပ်ဖွယ် ချုပ်ဘိ၏တကား။

ဣတိ= ဤသို့။

ပဿတော= ရှုသော။

တဿ= ထိုယောဂါဝစရအား။

ဧကသ္မိံ ဌာနေ= ဖြစ်ခြင်းကိုလွှတ်၍ ပျက်ခြင်းကိုသာလျှင် နှလုံးပြုရာ တစ်ခုသော ဌာန၌။

ဘင်္ဂါနုပဿနံ နာမ= ဘင်ကိုသာလျှင် အဖန်တလဲလဲ ရှုသည်မည်သော။

ဝိပဿနာဉာဏံ= ဝိပဿနာဉာဏ်သည်။

ဥပ္ပဇ္ဇတိ= ဖြစ်၏။

ဖြစ်ခြင်းကိုလွှတ်၍ ပျက်ခြင်းကို ရှုရာ၌လည်း အကြင်အကြင် ယောဂီသည် အာနာပါန ပဋိဘာဂအာရုံ၏ အတွင်း၌ (၁) ရုပ်ပျက်ခြင်းကိုလည်းကောင်း၊ (၂) နာမ်၏ပျက်ခြင်းကိုလည်းကောင်း ဆင်ခြင်၏၊

(၁) ထို ရုပ်၏ပျက်ခြင်း၊ (၂) နာမ်၏ပျက်ခြင်းကို ဆင်ခြင်သောစိတ်၏ ဘင်ကို ဆက်၍ဆက်၍ အဖန်တလဲလဲရှုခြင်း၌ ငါ၏ဝိပဿနာစိတ်သည် ပျက်ခဲ့ပြီ ပျက်ခဲ့ပြီဟု ဝိပဿနာ ပညာသည် ရှိသတတ်။ ဤပညာသည်ပင်လျှင် ဘင်္ဂဉာဏ် မည်၏။

ထိုဘင်္ဂဉာဏ်သည်လည်း မမြဲသောအားဖြင့် ဘင်ကို အနိစ္စ ရှု၏။ (၁) မြဲသော အားဖြင့် မရှု၊ (၂) နှိပ်စက်သောအားဖြင့် ဒုက္ခဟု ရှု၏၊ သုခဟု မရှု။ (၃) အစိုးမရသောအားဖြင့် ဘင်ကို အနတ္တဟု ရှု၏၊ အတ္တဟု မရှု။ ထိုသို့ ပျက်ခြင်း၌ ငြီးငွေ့၏။ မနှစ်သက်။ တပ်ခြင်းကင်း၏၊ မတပ်မက်။ တဏှာကို ချုပ်စေ၏။ မဖြစ်စေ။ စွန့်လွှတ်၏၊ မစွဲလမ်း။

ဤ၌ စသည်ဖြင့် ရုပ်ကိုဆင်ခြင်သော စိတ်၏ ဘင်ကို လည်းကောင်း၊ နာမ်ကို ဆင်ခြင်သောစိတ်၏ ဘင်ကိုလည်းကောင်း ရှုသောဉာဏ်သည် ဘင်္ဂဉာဏ်မည်၏။

ရူပါရမ္မဏတာ စိတ္တံ ဥပ္ပဇ္ဇိတွာ ဘိဇ္ဇတိ၊ တံ အာရမ္မဏံ ပဋိသင်္ခါတဿ စိတ္တဿ ဘင်္ဂံ အနုပဿတိ၊ အနုပဿတီတိ ကထံ အနုပဿတိ၊ အနိစ္စတော အနုပဿတိ၊ နော နိစ္စတော၊ ဒုက္ခတော အနုပဿတိ၊ နော သုခတော၊ အနတ္တတော အနုပဿတိ၊ နော အတ္တတော၊ နိဗ္ဗိန္ဒတိ၊ နော နန္ဒတိ၊ ဝိရဇ္ဇတိ နော ရဇ္ဇတီတိ နိရောဓေတိ၊ နော သမုဒေတိ၊ ပဋိနိဿဇ္ဇတီ၊ နောအာဒိယတိ။

ပဋိ-သံ ၅၅။

(၎င်းနည်းတူ -

ဝေဒနာရမ္မဏတာ၊

သညာရမ္မဏတာ၊

သင်္ခါရာရမ္မဏတာ၊

ဝိညာဏာရမ္မဏတာ

ဟု ထည့်၍ ယူကြလေ။)

ရူပါရမ္မဏတာ= ရုပ်လျှင် အာရုံရှိသော။

(ဝါ) ရူပါရမ္မဏတာ- ရူပါရမ္မဏတာယ၊ ရုပ်လျှင် အာရုံရှိသည်၏အဖြစ်၌။

(ဝါ) ရုပ်လျှင် အာရုံရှိသည်၏ အဖြစ်ဖြင့်။

စိတ္တံ= စိတ်သည်။

ဥပ္ပဇ္ဇိတွာ= ဖြစ်၍။

ဘိဇ္ဇတိ= ပျက်၏။

တံ အာရမ္မဏံ= ထိုရုပ်ဟူသော အာရုံကို။

ပဋိသင်္ခါ= ပဋိသင်္ခါယ၊ သိ၍။

(ဝါ) ခယဝယအားဖြင့် မြင်၍။

တဿ စိတ္တဿ= ထိုခယဝယအားဖြင့် သိသောစိတ်၏။

ဘင်္ဂံ= ဘင်ကို။

အနုပဿတိ= အဖန်တလဲလဲ ရှု၏။

အနုပသာတီတိ= ကား။

ကထံ= အသို့သော အခြင်းအရာအားဖြင့်။

အနုပဿတိ= အဖန်တလဲလဲ ရှုသနည်း။

အနိစ္စတော= အနိစ္စအားဖြင့်။

အနုပဿတိ= အဖန်တလဲလဲ ရှု၏။

နိစ္စတော= မြဲသောအားဖြင့်။

နော အနုပဿဘိ= မရှု။

ဒုက္ခတော= ဒုက္ခအားဖြင့်။

အနုပဿတိ= အဖန်တလဲလဲ ရှု၏။

သုခတော= သုခအားဖြင့်။

နော အနုပဿတိ= မရှု။

အနတ္တတော= အနတ္တအားဖြင့်။

အနုပဿတိ= အဖန်တလဲလဲ ရှု၏။

အတ္တတော= အတ္တအားဖြင့်။

နော အနုပသတိ= မရှု။

နိဗ္ဗိန္ဒတိ= ငြီးငွေ၏၊

နော နန္ဒတိ= မနှစ်သက်။

ဝိရဇ္ဇတိ= တပ်ခြင်းကင်း၏။

နော ရဇ္ဇတိ= မတပ်မက်။

နိရောဓောတိ= ချုပ်စေ၏။

နောသမုဒေတိ= မဖြစ်စေ။

ပဋိနိဿဇ္ဇတိ= စွန့်၏။

နော အာဒိယတိ= မစွဲလမ်း။

ဤသို့ ရုပ်နာမ်နှစ်ပါးတို့တွင် တစ်ပါးပါးသော တရားကို အာရုံပြုသော စိတ်၏ ပျက်ခြင်းဟု ဆိုအပ်သော ဘင်္ဂဉာဏ်သည် အလွန်ထက်သန် သည်ဖြစ်၍ အနိစ္စ အစရှိသော အနုပဿနာဉာဏ် ရင့်သန်လတ်သည် ရှိသော် အနိစ္စဟု ရှုအံ့။ မြဲ၏ဟူသော အမှတ်ကို ပယ်၏။ ဒုက္ခဟု ရှုအံ့၊ ချမ်းသာ၏ဟူသော အမှတ်ကို ပယ်၏။ အနတ္တဟု ရှုအံ့၊

အတ္တဟူသော အမှတ်ကို ပယ်၏။

ငြီးငွေ့အံ့။ နှစ်သက်ခြင်း တဏှာကို ပယ်၏။

တပ်ခြင်း ကင်းအံ့။ ရာဂကို ပယ်၏။

တဏှာ ကို ချုပ်စေအံ့။ တစ်ဖန် ဖြစ်ခြင်းကို ပယ်၏၊

စွန့်လွှတ်သည် ဖြစ်အံ့။ စွဲလမ်းခြင်းကို ပယ်၏။

ဘင်္ဂဉာဏ် ပြီး၏။

---

၄၈ - ဘယဉာဏ်ကို ပြခြင်း

အကြင်အကြင်ယောဂီသည် ရုပ်နာမ်ဓမ္မသင်္ခါရတို့၏ ခယဝယဘေဒ နိရောဓ ဟု ဆိုအပ်သော ပျက်ခြင်းအာရုံကိုသာလျှင် အာရုံပြု၍ မှီဝဲခြင်း၊ ပွားများခြင်း၊ အကြိမ် များစွာ ပွားများခြင်းတို့ကိုပြုလတ်သော် အလုံးစုံသော ယောနိ-ဂတိ-ဝိညာဏဋ္ဌိတိဟု ဆိုအပ်သော တေဘူမက သင်္ခါရ တို့၌ ချမ်းသာစွာ အသက်မွေး၍နေရန် တစ်မုဟုတ္တ၊ တစ်ခဏမျှ ချမ်းသာခွင့်ကို မမြင်ရ၍ ကြောက်တတ်သော ယောက်ျားသည် -

ခြင်္သေ့၊ သစ်၊ ကျား၊ သားကျူးသော ဘီလူး စသည်တို့၏ နေရာကို ရောက်လတ်သကဲ့သို့ မိမိ၏ အတိတ်အာရုံ၌ ဖြစ်သော ရုပ်နာမ်တရားတို့၏ ချုပ်ပြီးခြင်း၊ ပစ္စုပ္ပန်ဖြစ်သော ရုပ်နာမ်တရားတို့၏ ချုပ်ခြင်း၊ ဖြစ်လတ္တံ့သော အနာဂတ်ဖြစ်သော ရုပ်နာမ်တရားတို့၏ ချုပ်လတ္တံ့သည်ကို ဧကန်မုချ မြင်သည်ရှိသော် ...

ရပ်တည်မရ မင်းဒဏ်သင့် အသတ်ခိုင်းအပ်သော သားသုံးယောက်၏ မိခင်သည် သုသာန်တစဝယ် သတ်ပြီးဖြစ်သော သားကြီးကိုရှု၍ ကြောက်ရွံ့ခြင်း၊ သတ်မည့်ဆဲဆဲဖြစ်သော သားလတ်ကို ရှု၍ ကြောက်ရွံ့ခြင်း၊ သတ်လတ္တံ့သော သားငယ်ကို ရှု၍ ကြောက်ရွံ့တုန်လှုပ်ခြင်း ရှိသကဲ့သို့ -

အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၌ ဖြစ်သော ရုပ်နာမ်ဓမ္မ သင်္ခါရတို့၌ လွန်စွာ ကြောက်ရွံ့ တတ်သောဉာဏ်သည် ဘယဉာဏ် မည်၏။

တတ္ထ တဿာ ဣတ္ထိယာ ဇေဋ္ဌပုတ္တဿ ဆိန္နသီသဒသနံ ဝိယ ယောဂိနော အတီတသင်္ခါရာနံ နိရောဓဒဿနံ၊ မဇ္ဈိမဿ ဆိဇ္ဇမာန သီသဒဿနံ ဝိယ ပစ္စုပ္ပန္နာနံ နိရောဓဒဿနံ၊ အယမ္ပိ ဧတေသညေဝ သဒိသော ဘဝိဿတီတိ ကနိဋ္ဌပုတ္တမှီ အာလယဝိဿဇ္ဇနံ ဝိယ အနာဂတေပိ နိဗ္ဗတ္တနကသင်္ခါရာ ဘိဇ္ဇိဿန္တီတိ အနာဂတာနံ နိရောဓဒဿနံ၊ တဿေဝံ ပဿတော ဧတသ္မိံ ဌာနေ ဥပ္ပဇ္ဇတိ ဘယတုပဋ္ဌာနဉာဏံ။

ဝိသုဒ္ဓိ၊၂၊၂၈၂

တတ္ထ= ထိုဥပမာ၌။

တသ္မာ ဣတ္ထိယာ= ထိုမိန်းမ၏။

ဇေဋ္ဌပုတ္တဿ= သားကြီး၏။

ဆိန္ဒ သီသ ဒသနံ ဝိယ= ပြတ်ပြီးသော ဦးခေါင်းကို ရှုခြင်းကဲ့သို့။

ယောဂိနော= ယောဂီ၏။

အတီတသင်္ခါရာနံ= အတိတ် သင်္ခါရတို့၏။

နိရောဓဒဿနံ= ခဏိကနိရောဓကို ရှုခြင်းကို (ဝါ) ဘင်ကို ရှုခြင်းကို။

ဒဋ္ဌဗ္ဗံ= မှတ်အပ်၏။

မဇ္ဈိမဿ= သားလတ်၏။

ဆိဇ္ဇမာန သီသ ဒဿနံ ဝိယ= ပြတ်ဆဲသော ဦးခေါင်းကို ရှုခြင်းကဲ့သို့။

ပစ္စုပ္ပန္နာနံ= ပစ္စုပ္ပန်သင်္ခါရတို့၏။

နိရောဓ ဒဿနံ= ခဏိက နိရောဓကို ရှုခြင်းကို။

ဒဋ္ဌဗ္ဗံ= မှတ်အပ်၏။

အယမ္ပိ= ဤသားငယ်သည်လည်း။

ဧတေသညေဝ= ထိုသားကြီး သားလတ်တို့၏သာလျှင်။

သဒိသော= အတူ ဦးခေါင်းပြတ်သည်။

ဘဝိဿတိ= ဖြစ်လတ္တံ့။

ဣတိ= ဤသို့။

ကနိဋ္ဌပုတ္တမှိ= သားငယ်၌။

အာလယ ဝိဿဇ္ဇနံ ဝိယ= တပ်ခြင်း အာလယကို စွန့်၏သို့။

အနာဂတေပိ= နောင်အခါ၌လည်း။

နိဗ္ဗတ္တနကသင်္ခါရာ= ဖြစ်လတ္တံ့သော သင်္ခါရတို့ သည်။

ဘိဇ္ဇိဿန္တိ= ပျက်ကုန်လတ္တံ့ (ဝါ) ချုပ်ကုန်လတ္တံ့။

ဣတိ= ဤသို့။

အနာဂတာနံ= အနာဂတ်ဖြစ်သော သင်္ခါရတို့၏။

နိရောဓဒဿနံ= ချုပ်လတ္တံ့သော ဘင်ကိုရှုခြင်းကို။

ဒဋ္ဌဗ္ဗံ= မှတ်အပ်၏။

ဧဝံ= ဤသို့။

ပဿတော= ရှုသော။

တဿ= ထိုယောဂီအား။

ဧတသ္မိံဌာနေ= ထိုရှုသော အရာ၌။

ဘယတုပဋ္ဌာနဉာဏံ= ဘယတုပဋ္ဌာနဉာဏ်သည်။

ဥပ္ပဇ္ဇတိ= ဖြစ်၏။

ဘယဉာဏ် ပြီး၏။

---

၄၉ - အာဒီနဝဉာဏ်ကို ပြခြင်း

ထိုသို့ ရုပ်နာမ်သင်္ခါရတို့၏ ပျက်ခြင်းတည်း ဟူသောဘေးကို မြင်သည်ဖြစ်၍ အဖန်တလဲလဲ မှီဝဲအပ်သော ယောဂီအား အလုံးစုံသော တေဘူမကဖြစ်သော ယောနိ၊ ဂတိ၊ ဝိညာဏဌိတိတို့၌ မှီခိုရာ၊ ပုန်းအောင်းရာ၊ ကိုးကွယ်ရာကို မထင်ခြင်းသည် ဖြစ်ခဲ့၏။ အဘယ်ကဲ့သို့နည်းဟူမူ -

ချမ်းသာစွာ အသက်ရှည်လိုသော ကြောက်တတ်သော ယောကျ်ားအား မွေ့လျော်စွာ နေလိုသော်လည်း သားရဲ၊ သစ်၊ ကျား ထူပြောသော တောအုပ်ကို မဝင်ဝံ့သကဲ့သို့ လည်းကောင်း၊ မိမိဦးခေါင်းကို ဖြတ်တော့အံ့ဟု ချီအပ်သော သန်လျက်ရှိသော ရန်သူကို မြင်သကဲ့သို့ လည်းကောင်း ဤယောဂါဝစရသည် ပျက်ခြင်းကိုရှု၍ ကြောက်အပ်သည် အဖြစ်ဖြင့် ထင်ကုန်လတ်သော် ထက်ဝန်းကျင်သော တေဘူမက တရားမှ ပြည့်စုံခြင်း ကင်းသော၊ သာယာအပ်သည်၏ အဖြစ်ကင်းသော အပြစ်ကိုသာလျှင် အဖန်ဖန်မြင်၏။ ထိုသို့ မြင်သောဉာဏ်သည် ရုပ်နာမ်တရားတို့၏ အပြစ်ကို မြင်ရကား အာဒီနဝဉာဏ် မည်၏။

ယထာ ဟိ သော ပုရိသော ဧတာနိ သဝါဠကဝနဂဟနာဒီနိ အာဂမ္မ ဘီတော သံဝိဂ္ဂေါ လောမဟဋ္ဌဇာတော သမန္တတော အာဒီနဝမမေဝ ပဿတိ၊ ဧဝမေဝါယံ ယောဂါဝစရော ဘင်္ဂါနုပဿနာဝသေန သဗ္ဗသင်္ခါရေသု ဘယတော ဥပဋ္ဌိတေသု သမန္တတော နိရသံ နိရဿာဒံ အာဒီနဝမေဝ ပဿတိ၊ တဿေဝံ ပဿတော အာဒီနဝဉာဏံ နာမ ဥပ္ပန္နံ ဟောတိ။

ဝိသုဒ္ဓိ၊၂၊၂၈၄

ဟိ= တပွါကဋံ ကရောမိ၊ ထိုစကားကို ထင်စွာပြုအံ့။

သော ပုရိသော= ထိုကြောက်တတ်သော ယောက်ျားသည်။

ဧတာနိ သဝါဠက ဝနဂဟနာ ဒီနိ= ထိုသားရဲရှိသော သက်ဝင်ခြင်းငှာ ခဲယဉ်းသော တောအုပ် စသည်တို့သို့။

အာဂမ္မ= ရောက်လတ်၍။

ဘီတော= ကြောက်သည်ဖြစ်၍။

သံဝိဂ္ဂေါ= ထိတ်လန့်သည်ဖြစ်၍။

လောမဟဋ္ဌဇာတော= ဖြစ်သော ကြက်သီးမွေးညင်း ထခြင်း ရှိသည်ဖြစ်၍။

သမန္တတော= ထက်ဝန်းကျင်မှ။

အာဒီနဝမေဝ= အပြစ်ကိုသာလျှင်။

ပဿတိ ယထာ= မြင်သကဲ့သို။

ဧဝမေဝ= ဤအတူ။

အယံ ရောဂါဝစရော= ဤရောဂါဝစရသည်။

ဘင်္ဂါနုပဿနာဝသေန= သင်္ခါရတို့၏ ပျက်ခြင်းကို ရှုသည်၏ အစွမ်းဖြင့်။

သဗ္ဗသင်္ခါရေသု= အလုံးစုံသော သင်္ခါရတို့သည်။

ဘယတော= ကြောက်အပ်သည်၏အဖြစ်ဖြင့်။

ဥပဋ္ဌိတေသု= ထင်ကုန်လတ်သော်။

သမန္တတော= ထက်ဝန်းကျင်မှု။

နိရသံ= ပြည့်စုံခြင်းကင်းသော။

နိရဿာဒံ= သာယာအပ်သည်၏အဖြစ် ကင်းသော။

အာဒီနဝမေဝ= အပြစ်ကိုသာလျှင်။

ပဿတိ= ရှု၏။

ဧဝံ= ဤသို့သော နည်းဖြင့်။

ပဿတော= ရှုသော။

တဿ= ထိုယောဂါဝစရအား။

အာဒီနဝဉာဏံ နာမ= အပြစ်ကိုရှုတတ်သော ဉာဏ်မည်သည်။

ဥပ္ပန္နံ= ဖြစ်သည်။

ဟောတိ= ဖြစ်၏။

အာဒီနဝဉာဏ် ပြီး၏။

---

၅၀ - နိဗ္ဗိဒါဉာဏ်ကို ပြခြင်း

ထိုယောဂီသည် ဤသို့ အလုံးစုံသော ရုပ်နာမ်ဓမ္မ သင်္ခါရ၌ ရှေးကံကြောင့် ဖြစ်ခြင်းရှိသော ရုပ်နာမ်အပေါင်းတို့၏ ပေါင်း၍တည်လာခြင်း အစရှိသောအဖြစ်တို့ကို မြင်သည်ရှိသော် အလုံးစုံသော တေဘူမကဖြစ်သော ယောနိ၊ ဂတိ စသည်တို့၌ ပျက်စီးခြင်းနှင့် တကွဖြစ်သော သင်္ခါရ တရားအပေါင်း၌ လွန်စွာ ငြီးငွေ့သော နိဗ္ဗိဒါဉာဏ် အဖြစ်သို့ ရောက်၏။

အဘယ်ကဲ့သို့နည်းဟူမူ -

ဟင်္သာကိုးသောင်းတို့၏အရှင် ဘုရင် ဓတရဋ္ဌ ရွှေဟင်္သာမင်းသည် စက်ဆုပ် အပ်သော ဒွန်းစဏ္ဍာဂါမ တံခါးဝ၌ ခဏမျှ မပျော်၊ ခုနစ်ဘော်သော ရေအိုင်၌သာလျှင် နှစ်ခြိုက်မွေ့လျော် ပျော်နိုင်ဘိသကဲ့သို့ လည်းကောင်း၊ တောသုံးတောင်ကို အစိုးရသော ခြင်္သေ့မင်းကို နှောင်သွင်း၍ ထားဘိသကဲ့သို့ လည်းကောင်း၊ ကိုယ်လုံး ကျွတ် ဖြူစင်သော ဆဒ္ဒန်ဆင်မင်းကို ပြည်တွင်း၌ ဝစွာကျွေး၍ မွေးမြူပါသော်လည်း တစ်ခဏမျှ မပျော်ဘိသကဲ့သို့ လည်းကောင်း၊

ထို့အတူ ရွှေဟင်္သာမင်း စသည်တို့နှင့်တူသော ယောဂီသည်လည်း တေဘူမက သင်္ခါရ၌ လွန်စွာ ငြီးငွေ့လှ၍ ခုနှစ်ပါးသော အနုပဿနာဉာဏ်၊ သုံးတန်သော လက္ခဏာရေးတို့ဖြင့် အေးမြ ငြိမ်းချမ်းရာ ဖြစ်သော နိဗ္ဗာန်ကို ဧကန် ကိုင်းရှိုင်း သက်ဝင်ပျော်ရှာဘိ၏။

ဧဝမယံ ယောဂိ ဝရဝါရဏော သဗ္ဗသ္မိမ္ပိ သင်္ခါရဂတေ နာဘိရမတိ အနုပ္ပါဒေါ ခေမန္တိ အာဒိနာ နယေန ဒိဋ္ဌေ သန္တိပဒေယေဝ အဘိရမတိ၊ တန္နိန္နတပ္ပေါဏတပ္ပဗ္ဘာရ မာနသော ဟောတိ။

ဝိသုဒ္ဓိ၊၂၊၂၈၈

ဧဝံ= ဤအတူ။

အယံ ယောဂိဝရဝါရဏော= ဤယောဂီ ဟူသော ဆင်မြတ်သည်လည်း။

သဗ္ဗသ္မိမ္ပိ= အလုံးစုံလည်းဖြစ်သော။

သင်္ခါရဂတေ= ဝေဘူမကသင်္ခါရ၌။

နာဘိရမတိ= မမွေ့လျော်။

အနုပ္ပါဒေါခေမန္တိ အာဒိနာ= ဤသို့အစရှိသော။

နယေန= နည်းဖြင့်။

ဒိဋ္ဌေ= နှလုံးသွင်းခြင်း ရှေ့ရှိသော အလျော်သဘော ဉာဏ်ဖြင့် မြင်အပ်သော။

သန္တိပဒေယေဝ= အလုံးစုံသော သင်္ခါရတို့၏ ငြိမ်းရာဖြစ်သော အမြိုက်နိဗ္ဗာန်၌ သာလျှင်။

အဘိရမတိ= မွေ့လျ၏။

တန္နိန္နတပ္ပေါဏ တပ္ပဗ္ဘာရ မာနသော= ထိုသန္တိပဒ၌ ညွတ်သော ထိုသန္တိပဒ၌ ကိုင်းသော ထိုသန္တိပဒ၌ ရှိုင်းသောစိတ် ရှိသည်။

ဟောတိ= ဖြစ်၏။

နိဗ္ဗဒါဉာဏ် ပြီး၏။

---

၅၁ - မုစ္စိတုကမျတာဉာဏ်ကို ပြခြင်း

ဤသို့ နိဗ္ဗိဒါဉာဏ်ဖြင့် အလုံးစုံသော တေဘူမကသင်္ခါရဟု ဆိုအပ်သော ယောနိဂတိ စသည်တို့၌ အလွန် ငြီးငွေ့ခြင်းရှိသော ယောဂီအား ထို တေဘူမက တရားတွင် တစ်ခုသော ရုပ်တရား၊ နာမ်တရား၌လည်း ငြိတွယ်ခြင်း မရှိ။ အလုံးစုံသော တေဘူမက သင်္ခါရတရား အပေါင်းမှ လွတ်လိုခြင်း၊ ထွက်မြောက် လိုခြင်းသည် ဖြစ်၏။

အဘယ်ကဲ့သို့နည်းဟူမူ -

ကွန်မိသော ငါး၊ မြွေဖမ်းအပ်သောဖား စသည်တို့သည် လွန်စွာ လွတ်လိုကုန်သကဲ့သို့တည်း။

ဧဝံ တဿ ယောဂိနော စိတ္တံ သဗ္ဗသ္မာ သင်္ခါရဂတာ မုစ္စိတုကာမံ နိဿရိတုကာမံ ဟောတိ၊ အထဿ ဧဝံ သဗ္ဗသင်္ခါရေသု ဝိဂတာလယဿ သဗ္ဗသ္မာ သင်္ခါရဂတာ မုစ္စိတုကာမဿ ဥပ္ပဇ္ဇတိ မုစ္စိတုကမျတာဉာဏံ။

ဝိသုဒ္ဓိ၊၂၊၂၈၉

ဧဝံ= ဤအတူ။

တဿ ယောဂိနော= ထိုယောဂီ၏။

စိတ္တံ= စိတ်သည်။

သဗ္ဗသ္မာ= အလုံးစုံ။

သင်္ခါရဂတာ= သင်္ခါရ၌ အတွင်းဝင်သော တေဘူမက တရားအပေါင်းမှ။

မုစ္စိတုကာမံ= လွတ်လိုသည်။

နိဿရိတု ကာမံ= ထွက်မြောက်လိုသည်။

ဟောတိ= ဖြစ်၏။

အထ= ထိုအခါ၌။

ဧဝံ= ဤသို့ဆိုအပ်ပြီးသေနည်းဖြင့်။

သဗ္ဗသင်္ခါရေသု= အလုံးစုံသော သင်္ခါရတို့၌။

ဝိဂတာ လယဿ= ကင်းသော အာလယရှိသော။

သဗ္ဗသ္မာ= အလုံးစုံသော။

သင်္ခါရဂတာ= သင်္ခါရ တရားအပေါင်းမှ။

မုစ္စိတုကာမဿ= လွတ်ခြင်းငှာ အလိုရှိသော။

အဿ= ထိုယောဂီအား။

မုစ္စိတုကမျတာဉာဏံ= မုစ္စိတုကမျတာဉာဏ်သည်။

ဥပ္ပဇ္ဇတိ= ဖြစ်၏။

မုစ္စတုကမျတာဉာဏ် ပြီး၏။

---

၅၂ - ပဋိသင်္ခါဉာဏ်ကို ပြခြင်း

ဤသို့ တေဘူမက သင်္ခါရဟုဆိုအပ်သော ယောနိ၊ ဂတိ စသည်တို့မှ၊ (ဝါ) ဖြစ်ဆဲ၊ ပျက်ဆဲဖြစ်သော ရုပ်တရား၊ နာမ်တရားတို့မှ လွတ်လိုသော ယောဂီသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ ဟူသော အနုပဿနာဉာဏ်တို့ကို အဖန်ဖန်သုံးသပ်အပ်၏။

ထိုတွင် -

အနိစ္စလက္ခဏာ ဆယ်ပါး၊

ဒုက္ခလက္ခဏာ နှစ်ဆယ့်ငါးပါး၊

အနတ္တလက္ခဏာ ငါးပါး

တို့ကို အနုလောမခန္တီဝါရက ပြခဲ့ပြီးပြီ။

အသုဘမှာမူ ဖြစ်ဆဲ၊ ပျက်ဆဲသော ရုပ်တရားတို့ကိုရှု၍ “အဇညံ - ဒုဂ္ဂန္ဓံ - ဇေဂုစ္ဆံ -ပဋိကူလံ - အမဏ္ဍနဟတံ - ဝိရူပံ - ဝိဂစ္ဆံ”ဟု ရှုအပ်၏။

အဇညံ= မနှစ်သက်ဖွယ်ရှိ၏။

ဒုဂ္ဂန္ဓံ= မကောင်းသော အနံ့ရှိ၏။

ဇေဂုစ္ဆံ= စက်ဆုပ်ဖွယ်ရှိ၏။

ပဋိကူလံ= ရွံရှာဖွယ်ရှိ၏။

အမဏ္ဍနဟတံ= ဝတ်စားတန်ဆာကို ပယ်ခွာအပ်သည် ရှိသော် လွန်စွာ စက်ဆုပ်ဖွယ် ရှိ၏။

ဝိရူပံ= မကောင်းသဖြင့် တည်သော ရုပ်ရှိ၏။

ဝိဂစ္ဆံ= ရှုသောသူတို့ကို ဖွဲ့တတ်၏။

ဤသို့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ တို့ဖြင့် သင်္ခါရတရားတို့ကို အားနည်းအောင် ပြု၍ ရှုအပ်၏။

အဘယ်ကဲ့သို့နည်းဟူမူ -

ငါးဆောင်းအပ်သော ယောက်ျားသည် အဆောတလျင် ရေ၌ဆောင်းကိုလွှတ်၍ အုပ်သည်ရှိသော် မြွေနဂါးကို အုပ်မိလျက် ငါးဟုထင်မှတ်၍ လက်ဖြင့် ဆောင်းဝမှ မြွေနဂါး၏လည်ကို ဆွဲငင် ကြည့်ရှုသည်ရှိသော် မြွေနဂါးမှန်းသိ၍ ငြီးငွေ့၊ ကြောက်ရွံ့ရကား ထိုမြွေနဂါး၏ဘေးမှ လွတ်လိုသ၍ မိမိ၏ထိပ်ထက်၌ နှစ်ပတ် သုံးပတ် လည်စေ၍ အားနည်းအောင်ပြု၍ မြွေနဂါးကို စွန့်ပစ်ပြီးလျှင် ကမ်းသို့ တက်၍ မြွေနဂါးဘေးမှ လွတ်ပေပြီဟု မိမိလာလမ်းကို ကြည့်ရှုလျက် တည်ဘိသကဲ့သို့တည်း။

ဤဥပမာ၌ မြွေနဂါးကို ငါးဟုထင်မှတ်သကဲ့သို့ ယောဂီပုဂ္ဂိုလ်၏ ငါ့ရုပ်ငါ့နာမ်ဟု မှတ်ခြင်းကို ဥပမေယျ ယှဉ်ရမည်။

လည်ကို ကိုင်၍ကြည့်ရှုသောအခါ မြွေနဂါးမှန်း သိမြင်သကဲ့သို့ ရုပ်နာမ်ဓမ္မတို့၏ မမြဲခြင်း၊ နှိပ်စက်ခြင်း၊ ကိုယ်မဟုတ်ခြင်းကို ရှုသကဲ့သို့ ဥဒယ၊ ဝယ၊ ဘင်္ဂဉာဏ်၌ ဥပမေယျ ယှဉ်ရမည်။

ကြောက်သကဲ့သို့ ဘယဉာဏ်၊

မြွေနဂါး၏အပြစ်ကို မြင်သကဲ့သို့ အာဒီနဝဉာဏ်၊

မြွေနဂါး၌ ငြီးငွေ့သကဲ့သို့ နိဗ္ဗိဒါဉာဏ်၊

မြွေနဂါးကို လွှတ်ပစ်လိုဘိသကဲ့သို့ မုစ္စိတုကမျတာဉာဏ်၊

မြွေနဂါးကို အားနည်းအောင်ပြုသကဲ့သို့ ဤ ပဋိသင်္ခါဉာဏ်၌ ဥပမေယျ ယှဉ်ရမည်။

ဧဝမယံ ယောဂါဝစရော တိလက္ခဏာရောပနေန သင်္ခါရေ အာဝိဉ္ဆိတွာ ဒုဗ္ဗလေ ကတွာ ပုန နိစ္စသုခသုဘအတ္တာကာရေန ဥပဋ္ဌာတုံ အသမတ္ထတံ ပါပေတွာ သုမုတ္တံ မုစ္စတိ၊ တေန ဝုတ္တံ မုစ္စနဿ ဥပါယသမ္ပါဒနတ္ထံ ဧဝံ ပရိဂ္ဂဏှာတီတိ၊ ဧတ္တာဝတာ တဿ ဥပ္ပန္နံ ဟောတိ ပဋိသင်္ခါဉာဏံ။

ဝိသုဒ္ဓိ၊၂၊၂၉၀

ဧဝံ တထာ= ထို့အတူ။

အယောဂါဝစရော= ဤယောဂါဝစရသည်။

တိလက္ခဏာရောပနေန= လက္ခဏာရေးသုံးပါးတို့ ထင်သဖြင့်။

သင်္ခါရေ= သင်္ခါရတို့ကို။

အာဝိဉ္ဆိတွာ= ပတ်ပတ်မွှေ၍။

ဒုဗ္ဗလေ= အားနည်းသည်တို့ကို။

ကတွာ= ပြု၍။

ပုန= တစ်ဖန်။

နိစ္စသုခသုဘအတ္တာကာရေန= နိစ္စအခြင်းအရာ၊ သုခ၊ သုဘ၊ အတ္တ-အခြင်းအရာဖြင့်။

ဥပဋ္ဌာတုံ= ထင်ခြင်းငှာ။

အသမတ္ထတံ= မစွမ်းနိုင်သည်၏ အဖြစ်ကို။

ပါပေတွာ= ရောက်စေ၍။

သုမုတ္တံ= လွှတ်ခြင်းကောင်းစွာ။

မုစ္စတိ= လွတ်၏။

တေန= ထို့ကြောင့်။

မုစ္စနဿ ဥပါယသမ္ပါဒနတ္ထံ ဧဝံ ပရိဂ္ဂဏှာတီတိ= ဟူ၍။

ဝုတ္တံ= ဆိုအပ်ပြီ။

ဧတ္တာဝတာ= ဤသို့ အနိစ္စန္တိကတော အစရှိသော လေးဆယ်ကျော်သော အခြင်းအရာ တို့ဖြင့် သင်္ခါရတို့၏ အနိစ္စ စသည်၏အဖြစ်ကို ကောင်းစွာ မှတ်သည်၏ အစွမ်းဖြင့်ဖြစ်သော ဆင်ခြင်ခြင်းဖြင့်။

တဿ= ထိုယောဂီအား၊

ပဋိသင်္ခါဉာဏံ= ပဋိသင်္ခါဉာဏ်သည်။

ဥပ္ပန္နံ= ဖြစ်သည်။

ဟောတိ= ထင်ရှားဖြစ်၏။

ပဋိသင်္ခါဉာဏ် ပြီး၏။

၅၃ - သင်္ခါရုပေက္ခာဉာဏ်ကို ပြခြင်း

ထိုယောဂီသည် ဤပဋိသင်္ခါဉာဏ်ဖြင့် အကြိမ်ကြိမ် အဖန်ဖန် အတန်တန် ရှုအပ်သည်ဖြစ်၍ အဿာသ ပဿာသပဋိဘာဂ၏ အာရုံအတွင်း၌ဖြစ်သော ရုပ်နာမ်နှစ်ပါး သင်္ခါရတရားတို့သည် အတ္တမှ ဆိတ်ကုန်၏ဟု အနိစ္စ ဒုက္ခ အနတ္တတို့ဖြင့် သိမ်းဆည်းအပ်သည်ရှိသော် ဉာဏ်ထက်သာသူတို့အား သောမနဿ, ဒေါမနဿတို့သို့ မသက်မူ၍ ဥပေက္ခာအဖြစ်၌ တည်လေ၏။

ထိုသို့ သုံးသပ်၍ ဥပေက္ခာ၌ မတည်သေးသော် “သုညမိဒံ အတ္တေနဝါ အတ္တနိယေန ဝါ” ဟု ဒွိကောဋိက နည်းဖြင့် သိမ်းဆည်း ဆင်ခြင်အပ်၏။

ဣဒံ ဓမ္မဇာတံ၊ ဤရုပ်နာမ်ဓမ္မ သင်္ခါရသဘောသည်။
အတ္တေန ဝါ၊ အတ္တမှ လည်းကောင်း။
အတ္တနိယေန ဝါ၊ အတ္တနှင့် စပ်သော ဥစ္စာမှ လည်းကောင်း။
သုညံ၊ ဆိတ်၏။

ထိုသို့ သုံးသပ်၍ ဥပေက္ခာ၌ မတည်သေးသော် -

“နာဟံ ကွစနိ ကဿစိ ကိဉ္စနသ္မိံ၊ န စ မမ ကွစနိ၊ ကိသ္မိဉ္စိ ကိဉ္စနတတ္ထီတိ”

ဟု စတုကောဋိက နည်းဖြင့် သိမ်းဆည်း ဆင်ခြင်အပ်၏။

အဟံ၊ ငါသည်။
ကွစနိ၊ တစ်စုံတစ်ခုသော အဇ္ဈတ္တ ဗဟိဒ္ဓ၌။
အတ္တာနံ၊ ကိုယ်ကို။
နပဿတိ၊ မမြင်။
အတ္တနော၊ မိမိ၏၊
အတ္တာနံ၊ ကိုယ်ကို (ထည့်)။
ကဿစိ၊ တစ်စုံ တစ်ယောက်သောသူ၏။
ကိဉ္စနသ္မိံ၊ ကြောင့်ကြအပ်သော ဥစ္စာ၏ အဖြစ်၌။
ဥပနေတဗ္ဗံ၊ ဆောင်အပ်သည်ကို။
န ပဿတိ၊ မမြင်။
ကွစနိ၊ တစ်စုံတစ်ခုသော ဌာန၌။
ပရဿ စ၊ သူတပါး၏လည်း။
အတ္တာနံ၊ ကိုယ်ကို။
န ပဿတိ၊ မမြင်။
ပရဿ၊ သူတပါး၏။
အတ္တာ၊ ကိုယ်သည်။ (ထည့်)။
မမ၊ ငါ၏။
ကိသ္မိဉ္စိ၊ တစ်စုံတစ်ခုသော အတ္တ ဗဟိဒ္ဓ၌။
ကိဉ္စနတာ ကိဉ္စနဘာဝေ၊ ကြောင့်ကြအပ်သော အဖြစ်၌။
အတ္ထီတိ၊ ရှိ၏ ဟူ၍။
န ပဿတိ၊ မမြင်။

ထိုသို့ သုံးသပ်၍ ဥပေက္ခာ၌ မတည်သေးသော်၊

“ရူပံ သုညံ အတ္တေနဝါ အတ္တနိယေန ဝါ နိစ္စေန ဝါ ဓုဝေန ဝါ သဿတေန ဝါ အဝိပရိဏာမဓမ္မေန ဝါ”

ဟု ဆကောဋိကနည်းဖြင့် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ် တိုင်အောင် သုံးသပ်အပ်၏။
(အနက်ကို အနတ္တလက္ခဏာက ရေးခဲ့ပြီးပြီ။)

ထိုသို့ သုံးသပ်၍ ဥပေက္ခာ၌ မတည်သေးသော် -

“ရူပံ အသာရံ နိဿာရံ သာရာပဂတံ နိစ္စသာရသာရေ န ဝါ ဓုဝသာရသာရေနဝါ သုခသာရသာရေနဝါ အတ္တသာရသာရေန ဝါ နိစ္စေနဝါ ဓုဝေန ဝါ သဿတေန ဝါ အဝိပရိဏာမဓမ္မေန ဝါ၊ ဝေဒနာ၊ သညာ၊ သင်္ခါရာ၊ ဝိညာဏံ”

(အနက်ကို ရေးခဲ့ပြီးပြီ။)

ထိုသို့ သိမ်းဆည်း၍ ဥပေက္ခာ၌ မတည်သေးသော် -

“ရူပံ ရိတ္တတော ပဿတိ၊ တုစ္ဆတော သုညတော အနတ္တတော အနိဿရိယတော အကာမကာရိယတော အလဗ္ဘနီယတော အဝသဝတ္တနတော ပရတာ ဝိဝိတ္တတော ပဿတိ၊ ဝေဒနံ။(ပ) ။ဝိညာဏံ”

ရူပံ၊ ရုပ်ကို။
ရိတ္တတော၊ နိစ္စသာရ စသည်တို့၏ မရှိခြင်းကြောင့် အနှစ်ကင်းသောအားဖြင့်။
ပဿတိ၊ ရှု၏။
တုစ္ဆတော၊ အနည်းငယ်အားဖြင့် (ဝါ) အယုတ်အားဖြင့်။
ပဿတိ၊ ရှု၏။
သုညတော၊ အတ္တသာရမှဆိတ်သောအားဖြင့်။
အနတ္တတော၊ အတ္တမဟုတ်သော အားဖြင့်။
အနိဿရိယတော၊ အစိုးရသူမရှိသော အားဖြင့်။
(ဝါ) တစ်စုံတစ်ယောက်သော အစိုးရသည်၏အဖြစ်ကို ပြုစေခြင်းငှာ မတတ်ကောင်း သောအားဖြင့်။
အကာမကာရိယတော၊ အလိုအလျောက် မပြုအပ်သောအားဖြင့်။
အလဗ္ဘနီယတော၊ ရုပ်သည် ဤသို့ဖြစ်စေသတည်း ဤသို့ မဖြစ်စေသတည်းဟု အလိုကို မရကောင်းသည်၏ အဖြစ်အားဖြင့်။
အဝသဝတ္တနတော၊ မိမိသည် တစ်ပါးသောသူ၏ အလိုသို့ မလိုက်တတ် သည်၏ အဖြစ်, သူတစ်ပါးကို မိမိအလို၌ မလိုက်စေနိုင်သည်၏ အဖြစ်အားဖြင့်။
ပရတော၊ သူစိမ်းပြင်ပအားဖြင့်။
ဝိဝိတ္တတော၊ အကြောင်းမှ ဆိတ်သောအားဖြင့်။
(ဝါ) အကျိုးမှ ဆိတ်သောအားဖြင့်။
ပဿတိ၊ ရှု၏။

ဤသို့ ဒသကောဋိက နည်းဖြင့်သုံးသပ်အပ်၏။

ဤသို့ သိမ်းဆည်း၍ ဥပေက္ခာ၌ မတည်သေးသော် -

“ရူပံ န သတ္တော၊ န ဇီဝေါ၊ န နရော၊ န မာဏဝေါ၊ န ဣတ္ထိ၊ န ပုရိသော၊ န အတ္တာ၊ နာဟံ၊ န အတ္တနိယံ၊ န မမ၊ န အညဿ၊ န ကဿစိ။ ဝေဒနာ။ (၂)။ ဝိညာဏံ”

ဟု ဒွါဒသကောဋိက နည်းဖြင့် သုံးသပ်အပ်၏။

ရူပံ၊ ရုပ်သည်။
သတ္တော၊ တိတ္ထိတို့ ကြံဆအပ်သော အတ္တဟု ဆိုအပ်သော သတ္တဝါသည်။
န ဟောတိ၊ မဖြစ်။
ရူပံ၊ ရုပ်သည်။
ဇီဝေါ၊ တိတ္တိတို့သည် ကြံဆအပ်သော ဇီဝသည်။
န ဟောတိ၊ မဖြစ်။
နရော၊ ဆောင်တတ်သော သူသည်။
န ဟောတိ၊ မဖြစ်။
မာဏဝေါ၊ မာဏဝ၏ ဖြစ်ရာသည်။
န ဟောတိ၊ မဖြစ်။
ဣတ္ထိ၊ တိတ္ထတို့ ကြံဆအပ်သော ဣတ္ထိသည်။
ပုရိသော၊ တိတ္ထိတို့ ကြံဆအပ်သော ပုရိသသည်။
အတ္တာ၊ ငါဟူသောမာနကို ထားရာ အတ္တသည်။
အဟံ၊ ငါသည်။
အတ္တနိယံ၊ အတ္တ၏ အရံအကာ အစောင့် အရှောက် အဖြစ်တည်းဟူသော သတ္တဝါ သင်္ခါရသည်၊
(၆) အတ္တ၏ဥစ္စာဖြစ်သော သတ္တဝါသင်္ခါရသည်။
မမ၊ ငါ၏။
အတ္တနာ၊ မိမိ၏။
သန္တကံ၊ ဥစ္စာသည်။ (ထည့်)။
န ဟောတိ၊ မဖြစ်။
အညဿ၊ တစ်ပါးသောသူ၏။
အတ္တနော၊ မိမိ၏။
သန္တကံ၊ ဥစ္စာသည်။
န ဟောတိ၊ မဖြစ်။
ကဿစိ၊ တစ်စုံတစ်ယောက်သောသူ၏။
အတ္တနော၊ မိမိ၏။
သန္တကံ၊ ဥစ္စာသည်။
န ဟောတိ၊ မဖြစ်။

ထိုသို့ သုံးသပ်၍ ဥပေက္ခာ၌ မတည်သေးသော် အနုလောမခန္တီဝါရ၌ ပြခဲ့အပ်သော အနုလောမဉာဏ် လေးဆယ်တို့ဖြင့် တစ်ဖန် သုံးသပ်ပြန်အပ်၏။ ဤသင်္ခါရုပေက္ခာ ဉာဏ်၌ အကြိမ်ကြိမ် အဖန်ဖန် ထပ်မံ၍ ပြခြင်းသည် သင်္ခါရတရားတို့၏ အတ္တမှ သုဉ်းသည်၏အဖြစ်ကို သိနိုင်ခဲသည်၏ အဖြစ်ကြောင့် လည်းကောင်း၊ ထိုးထွင်း၍ သိပါငြားသော်လည်း သုညတာနုပဿနာဉာဏ်၏ မြဲစွာဖြစ်သည်၏ အဖြစ်ကို ရောက်ခြင်းအကျိုးငှာ လည်းကောင်း ပြတော်မူရှာဘိ၏။

သင်္ခါရာနံ အတ္တသုညတာယဒုဝိညေ ဘာဝတော အနေကဝါရံ ပဋိဝိဒ္ဓါယပိ သုညတာနုပဿနာယ ဒဠှီဘာဝါပါဒနတ္ထံ ပုနံ သုညမိဒန္တိအာဒိ အာရဒ္ဓံ။

ဝိသုဒ္ဓိ၊ဋီ၊၂၊၄၅၅

သင်္ခါရာနံ၊သင်္ခါရတရားတို့၏။
အတ္တသုညတာယ၊ အတ္တမှဆိတ်သည်၏ အဖြစ်ကို။
ဒုဝိညေယျ ဘာဝတော၊ အလွန်သိနိုင်ခဲသည်၏အဖြစ်ကြောင့် လည်းကောင်း။
ပဋိဝိဒ္ဓါယပိ၊ ထိုးထွင်း၍ သိပါငြားသော်လည်း။
သုညတာနုပဿနာယ၊ သုညတာနုပဿနာဉာဏ်၏။
ဒဠှီဘာဝါပါဒနတ္ထ္ထံ၊ မြဲမြံသည်၏အဖြစ်သို့ ရောက်ခြင်းအကျိုးငှာ လည်းကောင်း။
ပုနံ၊ တစ်ဖန်။
အနေကဝါရံ၊ အကြိမ်ကြိမ်။
သုညမိဒန္တိအာဒိ၊ သုညမိဒံ ဤသို့အစရှိသော စကားကို။
အာရဒ္ဓံ၊ အားထုတ်တော်မူပေ၏။

ဤသို့ အတ္တမှသုဉ်းသည်၏ အဖြစ်ဖြင့် ကောင်းစွာမြင်၍ လက္ခဏာရေး သုံးပါးသို့ တင်၍ သင်္ခါရတရားတို့ကို သိမ်းဆည်းသော ယောဂီအား ဒေါမနဿ - သောမနဿ တို့ကို ပယ်ခွာ၍ လျစ်လျူရှုတော်မူ၍ ငါဟူ၍ လည်းကောင်း၊ ငါ၏ဥစ္စာဟူ၍ လည်းကောင်း ယူတော်မမူ။

အဘယ်ကဲ့သို့နည်းဟူမူ - ချစ်လှစွာသော မယားရှိသော ယောက်ျားသည် ထို မယားနှင့် ကွေကွင်း၍နေခြင်းငှာ တစ်နေ့တစ်ရက် တစ်နံနက်မျှ မစွမ်းနိုင်၊ တရံသောအခါ ထိုမိန်းမသည် တစ်ပါးသော ယောက်ျားနှင့် ပေါင်းဖက်ယှဉ်တွဲ မှီဝဲသည်ကိုမြင်ရ၍ လွန်စွာ အမျက်ထွက်သဖြင့် ထိုမိန်းမ၌ တပ်ခြင်းကင်း၍ ဤ မိန်းမယုတ်ဖြင့် ငါသည် အဘယ်မူ စအံ့နည်း၊ ဤမိန်းမမှ လွတ်ပါမူ ကောင်းလေစ္စဟု အကြိမ်ကြိမ် ကြံ၍ စွန့်လွှတ် ကွာရှင်းလိုက်၏။

မိမိမိန်းမဟု မထင်မှတ်၊ တရံသောအခါ ထိုမိန်းမသည် တပါးသောယောက်ျားတို့နှင့် အတိစာရသင့်သည်ကို မြင်သော်လည်း အမျက်ထွက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ မရှိမှု၍ လျစ်လျူ ရှု၍ နေနိုင်ဘိသကဲ့သို့ ဤယောဂီသည်လည်း မိမိ၏ ရုပ်နာမ်ဓမ္မ သင်္ခါရ တို့၌ သောမနဿ ဒေါမနဿတို့ကိုခွာ၍ ဥပေက္ခာဖြင့် နေရှာတော်မူပေ၏။

ဧဝ မေဝါယံ သဗ္ဗသင်္ခါရေဟိ မုစ္စိတုကာမော ဟုတွာ ပဋိသင်္ခါနုပဿနာယ သင်္ခါရေ ပရိဂ္ဂဏှန္တော အဟံ မမာတိ ဂဟေတဗ္ဗံ အဒိသွာ ဘယဉ္စ နန္ဒိဉ္စ ဝိပ္ပဟာယ သဗ္ဗသင်္ခါရေသု ဥဒါသိနော ဟောတိ မဇ္ဈတ္တော။

ဝိသုဒ္ဓိ၊၂၊၂၉၄

ဧဝ မေဝ၊ ဤမိန်းမကို စွန့်ပစ်သော ယောက်ျားပမာ အတူသာလျှင်။
အယံ၊ ဤယောဂီသည်။
သဗ္ဗသင်္ခါရေဟိ၊ အလုံးစုံသော သင်္ခါရတို့မှ။
မုစ္စိတုကာမော၊ လွတ်လိုသည်။
ဟုတွာ၊ ဖြစ်၍။
ပဋိသင်္ခါနုပဿနာယ၊ ပဋိသင်္ခါနုပဿနာဖြင့်။
သင်္ခါရေ၊ သင်္ခါရတို့ကို။
ပရိဂ္ဂဏှန္တောသမ္မသန္တော၊ သုံးသပ်သော ယောဂီသည်။
အဟံ၊ ငါ။
မမ၊ ငါ၏။
သန္တကံ၊ ဥစ္စာ။
ဣတိ၊ ဤသို့။
ဂဟေတဗ္ဗံ၊ ယူအပ်သည်ကို။
အဒိသွာ၊ မမြင်မူ၍။
ဘယဉ္စ၊ လျစ်လျူမရှုသည်၏အဖြစ်ဖြင့် သင်္ခါရတို့၏ ပျက်စီးခြင်းကိုမှီ၍ ဖြစ်လတ္တံ့ သော ဘေးကိုလည်းကောင်း။
နန္ဒိဉ္စ၊ ထိုသင်္ခါရတို့၏ ပြည့်စုံခြင်းကိုမှီ၍ ဖြစ်လတ္တံ့သော ဝမ်းမြောက်နှစ်သက်ခြင်း ကိုလည်းကောင်း။
ဝိပ္ပဟာယ၊ စွန့်၍။
သဗ္ဗသင်္ခါရေသု၊ အလုံးစုံသောသင်္ခါရတို့၌။
ဥဒါသိနော၊ ဥပေက္ခာဖြင့်နေသည်။
မဇ္ဈတ္တော၊ လျစ်လျူရှုသည်။
ဟောတိ၊ ဖြစ်၏။

ထိုယောဂီအားဤသို့ ဥပေက္ခာအဖြစ်၌ တည်သည်ရှိသော် -
၃-ပါးသော ဘဝ၊
၄ ပါးသော ယောနိ၊
၅-ပါးသော ဂတိ၊
၇-ပါးသော ဝိညာဏဋ္ဌိတိ၊
၉-ပါးသော သတ္တာဝါသ
တို့၌ မိမိ၏စိတ်သည် ကြက်တောင် သားရေလွန်ကြိုးတို့ကို မီး၌ထည့်ဘိသကဲ့သို့ တွယ်တာခြင်းမရှိ၊ တွန့်၏။ ဆုတ်၏၊ နစ်၏။ မွေ့လျော်သောအားဖြင့် မပြေးဝင် သည်ဖြစ်၍ သင်္ခါရုပေက္ခာဉာဏ်၌ တည်ရှာတော့၏။

ထိုသင်္ခါရုပေက္ခာဉာဏ်သည် အကြင်အခါ၌ တိက္ခ ဝိသဒ သူရဘာဝသို့ ရောက်၍ အဘိနန္ဒနဓာတ်ကို လွှတ်၍ ဝိပဿနာဟုဆိုအပ်သော ပက္ခန္ဒနဓာတ်သို့ရောက်လျက် နိဗ္ဗာန်တည်း ဟူသော အာရုံကို မြင်သည်ဖြစ်အံ့၊ ထိုအခါ အလုံးစုံသော သင်္ခါရတို့ကို လွှတ်၍၊ (ဝါ) ပစ္စက္ခအားဖြင့် မျက်ဝါးထင်ထင် အနိစ္စ ဒုက္ခ အနတ္တ အဖြစ်ဖြင့် မြင်အပ်သိအပ်သော ရုပ်နာမ်တရားတို့၏ ဖြစ်ခြင်းကို ရိပ်ခနဲ လွှတ်၍ နိဗ္ဗာန်၏ အာရုံတော်သို့ ပြေးဝင်ရှာလေ၏။

အကယ်၍ နိဗ္ဗာန်ကို မမြင်သည်ဖြစ်အံ့၊ မိမိ၏ ပစ္စက္ခဉာဏ်ဝ၌ မြင်အပ် သိအပ်သော အနိစ္စ စသည်ဖြင့် ရှုသော ရုပ်နာမ်ဓမ္မသင်္ခါရအာရုံ ၌သာလျှင် အာရုံပြုသည်ဖြစ်၍ နေရှာ၏။

(ဥပမာ) သမုဒ္ဒရာကို ကူးခပ်တတ်သော သင်္ဘောသူကြီးတို့သည် အရပ်ကိုစူးစမ်းရန် ဒိသာကာကကျီးတို့ကိုယူ၍ သွားကုန်သတတ်၊ အကြင် အခါ၌ လေ၏အဟုန်ကြောင့် ပြေးလွင့်ကုန်၏။ အရှေ့ အနောက် တောင် မြောက် ဝဲ ယာ မသိ၊ကမ်းမျှမမြင်သည် ဖြစ်ခဲ့၏။

ထိုအခါ ဒိသာကာက ကျီးကို လွှတ်ကုန်၏၊ ထိုကျီးသည် ကောင်းကင်သို့တက်၍ အရပ်ရှစ်မျက်နှာကို ကြည့်လတ်သော် အရှေ့အရပ်၌ ကမ်းကိုမြင်သည်ဖြစ်အံ့၊ အရှေ့အရပ်သို့ ပျံလေ၏၊ အကယ်၍ ကမ်းကို မမြင်သည်ဖြစ်အံ့၊ အဖန်ဖန်စူးစမ်း ပျံလာ၍ လင်းယဉ်တိုင်ထက်၌ နားရှာသကဲ့သို့တည်း။

ဧဝမေဝ သစေ သင်္ခါရုပေက္ခာဉာဏံ သန္တိပဒံ နိဗ္ဗာနံ သန္တတော ပဿတိ၊ သဗ္ဗံ သင်္ခါရပဝတ္တံ ဝိဿဇ္ဇေတွာ နိဗ္ဗာနမေဝ ပက္ခန္ဒတိ။ နော စေ ပဿတိ၊ ပုနပ္ပုနံ သင်္ခါရာရမ္မဏမေဝ ဟုတွာ ပဝတ္တိ။

ဝိသုဒ္ဓိ၊၂၊၂၉၅

ဧဝ မေဝ၊ ဤ ဒိသာကာကကျီး၏ အတူသာလျှင်။
သင်္ခါရုပေက္ခာဉာဏံ၊ သင်္ခါရုပေက္ခာဉာဏ်သည်။
သန္တိပဒံ၊ ငြိမ်သက်ခြင်း၏ အကြောင်းဖြစ်သော။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
သန္တတော၊ ငြိမ်သက်သောအားဖြင့်။
သစေ ပဿတိ၊ အကယ်၍မြင်အံ့။
သဗ္ဗံ၊ အလုံးစုံသော။
သင်္ခါရ ပဝတ္တံ၊ သင်္ခါရ၌ ဖြစ်ခြင်းကို။
ဝိဿဇ္ဇေတွာ၊ လွှတ်၍။
နိဗ္ဗာနမေဝ၊ နိဗ္ဗာန်သို့သာလျှင်။
ပက္ခန္ဒတိ၊ ပြေးဝင်တတ်၏။
နော စေ ပဿတိ၊ အကယ်၍မမြင်သည်ဖြစ်အံ့။
ပုနပ္ပုနံ၊ အဖန်တလဲလဲ။
သင်္ခါရာရမ္မဏမေဝ၊ သင်္ခါရဆုံးလျှင် အာရုံရှိ သည်သာလျှင်။
ဟုတွာ၊ ဖြစ်၍။
ပဝတ္တတိ၊ ဖြစ်၏။

၅၄ - သာမညအားဖြင့် မဂ်ကိုကူးနိုင်ခြင်း အကျဉ်းစကား

ဤကား သာမညအားဖြင့် မဂ်ကိုကူးပုံ၊ ဝိသေသအားဖြင့် ကူးပုံကို ရှေ့၌ တွေ့ဦး လတ္တံ့။ သမ္မသနဉာဏ်အစ သင်္ခါရုပေက္ခာဉာဏ် အဆုံးရှိသော ဉာဏ်သို့ သက်၍ မဂ်ကိုကူးရာ၌ ဤမဟာဝိပဿနာဝါရဖြင့် ကူးပုံကို မဆိုထားလင့်၊ ရှေးဦးစွာသော လက္ခဏဝဝတ္ထာနဝါရဖြင့်ပင်လျှင် ကူးခြင်းငှာ စွမ်းနိုင်၏။

တေပရိဝဋ္ဋဒေသနာဝသာနေ ပန ထေရော အရဟတ္တံ ပတ္တော။

သံ၊ဋ္ဌ၊၂၊၁၁၇

ပန၊ အထူးကိုဆိုအံ့။
တေပရိဝဋ္ဋဒေသနာဝသာနေ၊ သုံးကြိမ်သုံးဖန် ပြန်လှန်၍ ဟောအပ်သော လက္ခဏဝဝတ္ထာန ဒေသနာတော် အဆုံး၌။
ထေရော၊ သုသိမ မထေရ်သည်။
အရဟတ္တံ၊ အရဟတ္တဖိုလ်သို့။
ပတ္တော၊ ရောက်တော်မူ၏။

၎င်းနည်းတူ။

သမ္မပ္ပညာယ ပဿတီတိ တံ သဟ ဝိပဿနာယ မဂ္ဂပညာယ သမ္မာ ပဿတိ။

အံ၊ဋ္ဌ၊၃၊၁၇၂

သမ္မပ္ပညာယ ပဿတီတိ၊ ဟူသည်ကား။
တံ၊ ထိုနိဗ္ဗာန်ကို။
ဝိပဿနာယ၊ ဝိပသာနာဉာဏ်နှင့် တကွဖြစ်သော။
မဂ္ဂပညာယ၊ မဂ်ပညာနှင့်။
သဟ၊ တကွ။
သမ္မာ၊ ကောင်းစွာ။
ပဿတိ၊ မြင်၏။

သင်္ခါရုပေက္ခာဉာဏ် ပြီး၏။

၅၅ - ဝိပဿနာဉာဏ်တို့ ရောယှက်ပုံကို ပြခြင်း

ဤသို့ ပြအပ်ပြီးသော ဝိပဿနာဉာဏ်တို့တွင် သမ္မသနဉာဏ် ဥဒယဉာဏ်ဖြစ်က ဝယဉာဏ် ဘင်္ဂဉာဏ် နှစ်ပါးတို့သည် ဖြစ်မြဲ ဓမ္မတာသာတည်း၊ အနိစ္စလက္ခဏ၌ ထစ်ပေါင်းတည်း သင်္ဂြိုဟ်ခြင်းကြောင့်တည်း။ (အနိစ္စ။)

ဘယဉာဏ်ဖြစ်ခဲ့လျှင် အာဒီနဝဉာဏ် နိဗ္ဗိဒါဉာဏ်ထိုသည် ဖြစ်မြဲ ဓမ္မတာသာတည်း။

ယာ စ ဘယတုပဋ္ဌာနေ ပညာ, ယဉ္စ အာဒီနဝေ ဉာဏံ ယာစနိဗ္ဗိဒါ၊ ဣမေ ဓမ္မာ ဧကတ္ထာ၊ ဗျဉ္ဇနမေဝနာနံ။

ပဋိသံ၊၂၅၉

ဘယတုပဋ္ဌာနေ၊ ဘယတုပဋ္ဌာနဉာဏ်၌။
ပဝတ္တာ၊ ဖြစ်သော။
ယာစ ပညာ၊ အကြင်ပညာသည် လည်းကောင်း။
အာဒီနဝေ၊ အာဒီနဝဉာဏ်၌။
ပဝတ္တံ၊ ဖြစ်သော။
ယဉ္စ ဉာဏံ၊ အကြင်ဉာဏ်သည် လည်းကောင်း။
နိဗ္ဗိဒါ၊ ငြီးငွေ့သောအားဖြင့်။
ပဝတ္တာ၊ ဖြစ်သော။
ယာ စ ပညာ၊ အကြင်ပညာ သည်လည်းကောင်း။
အတ္ထိ၊ ရှိ၏။
ဣမေ ဓမ္မာ၊ ဤတရားတို့သည်။
ဧကတ္တာ၊ တူသောအနက် ရှိကုန်၏။
ဗျဉ္ဇနမေဝ၊ သဒ္ဒါသည်သာလျှင်။
နာနံ၊ ထူး၏။ (ဒုက္ခ။)

မုစ္စိတုကမျတာဉာဏ် ဖြစ်ခဲ့လျှင် ပဋိသင်္ခါဉာဏ်သင်္ခါရုပေက္ခာဉာဏ်တို့သည် ဖြစ်မြဲ ဓမ္မတာသာတည်း။

ယာ စ မုစ္စိတုကမျတာ ယာ စ ပဋိသင်္ခါနုပဿနာ ယာ စ သင်္ခါရုပေက္ခာ၊ ဣမေ ဓမ္မာ ဧကတ္ထာ၊ ဗျဉ္ဇနမေဝ နာနံ။

ပဋိသံ၊၂၅၉

ယာ စ မုစ္စိတုကမျတာ၊ အကြင်မုစ္စိတုကမျတာဉာဏ်သည် လည်းကောင်း။
ယာ စ ပဋိသင်္ခါနုပဿနာ၊ အကြင် ပဋိသင်္ခါနုပဿနာ ဉာဏ်သည် လည်းကောင်း။
ယာ စ သင်္ခါရုပေက္ခာ၊ အကြင် သင်္ခါရုပေက္ခာဉာဏ်သည် လည်းကောင်း။
အတ္ထိ၊ ရှိ၏။
ဣမေ ဓမ္မာ၊ဤတရားတို့သည်။
ဧကတ္တာ၊ တူသောအနက် ရှိကုန်၏။
ဗျဉ္ဇနမေဝ၊ သဒ္ဒါသည်သာလျှင်။
နာနံ၊ ထူး၏။ (အနတ္တ)

ထို့ကြောင့် “ဧကေကတော တယော တီဏိ”ဟူသည်တည်း။

တစ်ခု တစ်စုသော သမ္မသနဉာဏ်နောင်မှ သုံးပါးသုံးပါးသော ဝိပဿနာဉာဏ် တို့သည် ဖြစ်ကုန်၏ ဟူလို။

ထိုဝိပဿနာဉာဏ်တို့တွင် အားတို့သည် တရုဏအား ဗလဝအား ဟူ၍ နှစ်ပါး အပြားရှိကုန်၏။

ထိုတွင် နာမရူပပရိစ္ဆေဒဉာဏ်မှစ၍ ဥပမာငါးပါး ထင်သောကာလ၊ ဘင်္ဂဉာဏ် တိုင်တိုင် တရုဏဝိပဿနာအား မည်၏။ ဘယဉာဏ်မှစ၍ နိဗ္ဗိဒါဉာဏ် မုစ္စိတုကမျတာဉာဏ် ပဋိသင်္ခါဉာဏ် သင်္ခါရုပေက္ခာဉာဏ်တို့၏ အားသည် ဗလဝ ဝိပဿနာအား မည်၏။

ထိုအားနှစ်ပါးတို့တွင်လည်း တရုဏအားသည် ဥပမာ ငါးပါးသို့ သက်၍တည်၏။ ဗလဝ အားသည် အကြင်အခါ၌ ဝိပဿနာကို အားထုတ်သော ယောဂီသည် ဒုက္ခနှင့် နီးလှ၍ နေသောကာလ၌ ထိုထို ရပ်တိုင်း ရပ်တိုင်း၌ လည်းကောင်း၊ ထိုင်တိုင်း ထိုင်တိုင်း၌ လည်းကောင်း မိမိ၏ကိုယ် ဟတ္ထပါသ် ဗဟိဒ္ဓ အဇ္ဈတ္တ တို့၌ မီးတောက်သကဲ့သို့ လည်းကောင်း၊ လက်ကတီးကြားရှိမှ ချွေးတို့ သည် ယိုစီးကုန်၏။ ဦးခေါင်းထက်မှ အမိုးတို့ကို ကျစ်ကုန်သကဲ့သို့ လည်းကောင်း၊ ကွဲပြိုသကဲ့သို့ လည်းကောင်း ဖြစ်၏။ မိမိ၏စိတ်သည် ပင်ပန်း၏၊ အထူးသဖြင့် ပင်ပန်း၏၊ တုန်လှုပ်၏။ ထိုအခါ ဒုက္ခနှင့်ယှဉ်၍ ဗလဝ အားသို့သက်၍ တည်၏။

ယထာဘူတ ဉာဏဒဿနန္တိ နာမရူပပရိစ္ဆေဒဉာဏံ အာဒိံ ကတွာ တရုဏဝိပဿနာ၊ နိဗ္ဗိဒါဝိရာဂေါတိ နိဗ္ဗိဒါ စ ဝိရာဂေါ စ၊ တတ္ထ နိဗ္ဗိဒါ ဗလဝဝိပဿနာ၊ ဝိရာဂေါ မဂ္ဂေါ။

အံ၊ဋ္ဌ၊၃၊

ဝိပဿနံ ပဋ္ဌပေတွာ နိသိန္နဿ ဟိ အဒ္ဒါနေ ဂစ္ဆန္တေ ဂစ္ဆန္တေ တတ္ထ တတ္ထ အဂ္ဂိ ဥဋ္ဌာနံ ဝိယ ဟောတိ။ ကစ္ဆေဟိ သေဒါ မုစ္စန္တိ၊ မတ္ထကတော ဥသုမဝဋ္ဋိဥဋ္ဌာနံ ဝိယ ဟောတီတိ စိတ္တံ ဟညတိ ဝိဟညတိ ဝိပ္ဖန္ဒတိ၊ ဧတံ တာဝ ဝိပဿနာ သုခဿ ပစ္စနီကာ၊ ဒုက္ခဿ အာသန္နာ။

မ၊ဋ္ဌ၊၂၊၁၈၇

ယထာဘူတ ဉာဏဒဿနန္တိ၊ သည်ကား။
နာမရူပပရိစ္ဆေဒဉာဏံ၊ နာမရူပပရိစ္ဆေဒဉာဏ်ကို။
အာဒိံ ကတွာ၊ အစပြု၍။
ဥဒယဗ္ဗယဉာဏာ၊ ဥဒယဗ္ဗယဉာဏ် တိုင်အောင်သော။
တရုဏဝိဿနာ၊ နုသောဝိပဿနာ ဉာဏ်တည်း။
နိဗ္ဗိဒါဝိရာဂေါတိ၊ သည်ကား။
နိဗ္ဗိဒါ စ၊ နိဗ္ဗိဒါဉာဏ် လည်းကောင်း။
ဝိရာဂေါ စ၊ မဂ်ဉာဏ် လည်းကောင်း။
တတ္ထ၊ ထိုတွင်။
နိဗ္ဗိဒါ၊ နိဗ္ဗိဒါဉာဏ်သည်။
ဗလဝဝိပဿနာ၊ အားရှိသော ဝိပဿနာဉာဏ်တည်း။
ဝိရောဂေါ၊ အစ္စန္တဝိရာဂဉာဏ်သည်။
မဂ္ဂေါ၊ မဂ်ဉာဏ်သာတည်း။

ဟိ၊ ထင်စွာပြဦးအံ့။
ယော၊ အကြင်ယောဂီသည်။
ဝိပဿနံ၊ ဝိပဿနာကို။
ပဋ္ဌပေတွာ၊ ဖြစ်စေ၍။
နိသိန္နဿ၊ နေသောသူ၏။
အဒ္ဒါနေ၊ ပစ္စုပ္ပန်ကာလ၌။
ဂစ္ဆန္တေ ဂစ္ဆန္တေ၊ ရောက်တိုင်း ရောက်တိုင်းဟု ဆိုအပ်သော။
တတ္ထတတ္ထ၊ ထိုထိုသော ဣရိယာပုထ်၌။
အဂ္ဂိ၊ မီးသည်။
ဥဋ္ဌာနံ ဝိယ၊ ထဘိသကဲ့သို။
ဟောတိ၊ ဖြစ်၏။
ကစ္ဆေဟိ၊ လက်ကတီးကြား တို့မှ။
သေဒါ၊ သွေးတို့သည်။
မုစ္စန္တိ၊ ထွက်ကုန်၏၊
မတ္ထကတော၊ ထိပ်ထက်မှ။
ဥသုမဝဋ္ဋိဥဋ္ဌာနံ ဝိယ၊ အခိုးလိမ်တို့သည် ထဘိသကဲ့သို့။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့ဖြစ်သည်ရှိသော်။
စိတ္တံ၊ စိတ်သည်။
ဟညတိ၊ ပင်ပန်း၏။
ဝိဟညတိ၊ အထူးသဖြင့် ပင်ပန်း၏။
ဝိပ္ဖန္ဒတိ၊ တုန်လှုပ်၏။
ဧဝံ၊ ဤသို့။
ဝိပဿနာ၊ ဝိပဿနာသည်။
(တာဝ-ကား နိပါတ်)
သုခဿ၊ သုခ၏။
ပစ္စနီကာ၊ ဆန့်ကျင်ဘက်ဖြစ်၏။
ဒုက္ခဿ၊ ဒုက္ခနှင့်။
အာသန္နာ၊ အလွန်နီး၏။

၂၆ - ဝိပဿနာဉာဏ်ကို ပစ္စက္ခအားဖြင့် မြင်နိုင်ခြင်း

သမ္မသနဉာဏ်အစ သင်္ခါရုပေက္ခာဉာဏ် အဆုံးရှိသော ဝိပဿနာဉာဏ် တို့ကို သုံးသပ်ဆင်ခြင်သော ယောဂီသည်။

“န ဟိ နိဗ္ဗတ္တိမတ္တဒဿနံ သမ္မသနံ နာမ ဟောတိ”

ဟူ၍ မဟာဋီကာ မိန့်မှာတော်မူသည်နှင့် အညီ အနိစ္စ ဒုက္ခ အနတ္တတို့၏ ဖြစ်ဟန်ကို လူသာမန်တို့ သိအပ်သော အနုမာနဉာဏ်မျိုး မဟုတ်၊ ဟုတ်ဟုတ် ဟတ်ဟတ် တပ်တပ် ထင်ထင် သိမြင်အပ်သော ကလျာဏပုထုစဉ် သီလဝန်ပညာရှင်တို့ သိတော်မူအပ်သော ပစ္စက္ခဉာဏ်မျိုးဖြင့် ဧကန်သိမြင်အပ်၏။

အဘယ်ကဲ့သို့နည်းဟူမူ -

မျက်စိ အမြင်နှင့် ပြည့်စုံသော မင်းသားပျိုသည် အဘ၏ ဥစ္စာဖြစ်သော အကောက် သုံးခုရှိသာ ပတ္တမြားဝယ် ကကောက်ပေါက်၌ ကြိုးဖြူ ကြိုးနီ ကြိုးနက်ဖြင့် လျှို၍ထားအပ်သော ပတ္တမြားကိုရ၍ စိမ်းစိမ်း ဝါးဝါး ကြည့်ရှုသည်ရှိသော် ဤကား ပတ္တမြား, ဤသည်တို့ကား ကြိုးဖြူ, ကြိုးနီ, ကြိုးနက် တို့တည်းဟု မြင်ရသကဲ့သို့ တည်း။

ဤဥပမာ၌ ပတ္တမြားကဲ့သို့ ဤ ကရဇကာယကို မှတ်ရမည်။

သီသော ကြိုးတို့ကဲ့သို့ ဖဿပဉ္စက ဝေဒနာပဉ္စက ဝိညာဏပဉ္စက ဖြစ်သော ဝိပဿနာဉာဏ်ကို မှတ်ရမည်။

စက္ခုမမြင်နှင့် ပြည့်စုံသော မင်းသား ကဲ့သို့ ယောဂီပုဂ္ဂိုလ်ကို မှတ်ရမည်။

ဤ၌ ပတ္တမြားကို လည်းကောင်း၊ ပတ္တမြား၌တည်သော ကြိုးတို့ကိုလည်းကောင်း၊ ကြည့်သောသူကို လည်းကောင်း ပစ္စက္ခချည်း ယူရသကဲ့သို့ ဤအဿာသ ပဿာသ အာရုံအတွင်း၌ ပစ္စက္ခဖြစ်သော (၆၂) ပါးသော ရုပ်တို့ကို လည်းကောင်း၊ ဝိပဿနာ နာမက္ခန္ဓာဖြစ်သော ဖဿပဉ္စက ဝေဒနာပဉ္စက ဝိညာဏပဉ္စက ဟူသော ဝိပဿနာဉာဏ်ကို လည်းကောင်း၊ ရုပ်နှင့်နာမ်ကို မကွဲလျှင်ကွဲအောင် မသိလျှင် သိအောင် မမြင်လျှင် မြင်အောင် ရှုသောယောဂီကို လည်းကောင်း ပစ္စက္ခအားဖြင့် ယူကြရမည်၊ ထိုသို့ ပစ္စက္ခဖြစ်မှ မဂ်ကို ကူးနိုင်သည်။

ဟတ္ထေ ကရိကွာ ပစ္စဝေက္ခတော အယံ ခေါ မဏီတိ မဏိနော အာဝိဘူတကာလော ဝိယ ဝိပဿနာ ဉာဏံ၊ အဘိနီဟရိတွာ နိသိန္နဿ ဘိက္ခုနော စာတုမဟာဘူတိကကာယဿ အာဝိဘူတကာလော၊ တတြိဒံ သုတ္တံ အာဝုတန္တိ သုတ္တဿ အာဝိဘူတကာလော ဝိယ ဝိပဿနာဉာဏံ၊ အဘိနီဟရိတွာ နိသိန္နဿ ဘိက္ခုနော တဒါရမ္မဏာနံ ဖဿပဉ္စမကာနံ ဝါ သဗ္ဗစိတ္တစေတသိကာနံ ဝါ ဝိပဿနာ ဉာဏဿေဝ ဝါ အာဝိဘူတကာလော။

မ၊ဋ္ဌ၊၃၊၁၈၀

ဟတ္ထေ္တ၊ လက်၌။
ကရိကွာ၊ တင်ထားသည်ကို ပြု၍။
ပစ္စဝေက္ခတော၊ ဆင်ခြင်သော ယောက်ျားအား။
အယံ ခေါ၊ ဤဝတ္ထုသည်။
မဏီတိ၊ ပတ္တမြားဟူ၍။
မဏိနော၊ ပတ္တမြား၏။
အာဝီဘူတကာလော ဝိယ၊ လွန်စွာ ထင်သော ကာလကဲ့သို။
ဝိပသာနာဉာဏံ၊ ဝိပဿနာဉာဏ်ကို။
အဘိနီဟရိတွာ၊ အာရုံပြု၍။
နိသိန္နဿ၊ နေသော။
ဘိက္ခုနော၊ ရဟန်းအား။
စာတုမဟာဘူတိက ကာယဿ၊ လေးပါးသော မဟာဘုတ်နှင့် ယှဉ်သော ကရဇ ကာယ၏။
အာဝိဘူတကာလော၊ လွန်စွာထင်သော ကာလသည်။
ဟောတိ၊ ဖြစ်၏။ (ထည့်စပ်)။
တတြ၊ ထိုပတ္တမြား၌။
ဣဒံ သုတ္တံ၊ ဤချည်ကို။
အာဝုတံ၊ သိအပ်၏။
ဣတိ၊ ဤသို့။
သုတ္တဿ၊ ချည်၏။
အာဝိဘူတကာလော ဝိယ၊ လွန်စွာဝင်သော ကာလကဲ့သို့။
ဝိပဿနာဉာဏံ၊ ဝိပဿနာဉာဏ်ကို။
အဘိနီဟရိတွာ၊ အာရုံပြု၍။
နိသိန္နဿ၊ နေသော။
ဘိက္ခုနော၊ ရဟန်းအား။
တဒါရမ္မဏာနံ၊ ထိုရုပ်လျှင် အာရုံရှိကုန်သော။
ဖသပဉ္စမကာနံ ဝါ၊ ဖဿပဉ္စမကတို့သည် လည်းကောင်း။
သဗ္ဗစိတ္တစေတသိကာနံ ဝါ၊ အလုံးစုံသော စိတ်စေတသိက်တို့သည် လည်းကောင်း။
ဝိပဿနာဉာဏဿေဝါ၊ ဝိပဿနာဉာဏ်အားသာလျှင် လည်းကောင်း။
အာဝိဘူတကာလော၊ လွန်စွာထင်သော ကာလသည်။
ဟောတိ၊ ဖြစ်၏။

ထိုလက်ပေါ်၌ တင်ထားအပ်သော ကြိုးတို့ဖြင့်သီအပ်သော ပတ္တမြားကို မျက်ဝါး ထင်ထင် ရှုမြင်အပ်သောသူကဲ့သို့ ဝိပဿနာဉာဏ် (၉) တန်ကို ဧကန်သိမြင်သော ယောဂီသည်လည်း အကြင်အခါ အနုလောမဉာဏ်သို့ သက်၍ အထက်ဖြစ်သော မဂ်ဉာဏ်သို့ကူးခြင်းငှာ ခံ့သည်ဖြစ်အံ့၊ ထိုအခါ ဝိပဿနာဉာဏ် (၁၀) တန်တို့သည် လေးပါးသော ဓာတ်တို့၏ကိစ္စကို ဆောင်နိုင်၏။

၅၇ - ဝိပဿနာဉာဏ် ဆယ်တန်ကို ဓာတ်လေးပါး၌ သွင်း၍ ပြခြင်း

အဘယ်လေးပါးတို့နည်းဟူမူ -

  1. သမ္မသနဓာတ်
  2. နိဗ္ဗိဒါဓာတ်
  3. ပက္ခန္ဒနဓာတ်
  4. ဩက္ကမဓာတ် - ဤလေးပါးတို့တည်း။

မကူးနိုင်သေးသည်ဖြစ်အံ့၊ စဘုတ္ထဓာတ်သို့ မရောက်နိုင်။ ထိုလေးပါးတို့တွင် အကြင် ယောဂီသည် ကောင်းစွာကျင့်သည်ဖြစ်၍ နိယကဇ္ဈတ္တ အာရုံအတွင်း၌ ရုပ်တရား နာမ်တရားတို့၏ ဖြစ်ခြင်းပျက်ခြင်းတို့ကို သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ် ဘင်္ဂဉာဏ် တိုင်အောင် ပစ္စက္ခအားဖြင့် သုံးသပ်၏၊ ထိုယောဂီသည် သမ္မသနဓာတ်ကို ဆောင်နိုင်ပေ၏။

ထိုရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ ဖြစ်ခြင်း ပျက်ခြင်း အရှိန်မစဲ တသဲသဲ တရိပ်ရိပ် ဖြစ်ပျက်ဟန်တို့ကို ဧကန်မုချ သိမြင်ရသည်ရှိသော် ချမ်းသာဖွယ် သာယာဖွယ် နှစ်သက်ဖွယ် တစ်စုံတစ်ခုသော ရုပ်တရား နာမ်တရားတို့ကို အစမှလည်းကောင်း၊ အလယ်မှလည်းကောင်း၊ အဆုံးမှလည်းကောင်း ယူအပ်သော ဝတ္ထုကိုမမြင်၊ အလျှံပြောင်ပြောင် တောက်သော တစ်နေ့လုံး လောင်အပ်သော သံစိုင်သံခဲ၌ ချမ်းသာဖွယ် နှစ်သက်ဖွယ်ရှိသော ယူအပ်သော ဝတ္ထုကို မမြင်သကဲ့သို့ ဤ ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အရှိန်မစဲ တသဲသဲ ဖြစ်ပျက်၍ နေသောအခါ၌ ချမ်းသာဖွယ် နှစ်သက်ဖွယ်ဖြစ်သော ယူငင်အပ်သော တရားတို့ကို မမြင်ရဘဲလျက်နှင့် သုံးသပ် ရှာပေ၏။

ထိုယောဂီသည် ထိုသမ္မသနဓာတ်ဖြင့် သုံးသပ်လျက် ရုပ်တရား နာမ်တရားတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို မြင်ရ၍ ထိုဖြစ်ခြင်းပျက်ခြင်း၌ ချမ်းသာဖွယ် သာယာဖွယ် ဖြစ်သော အစ အလယ် အဆုံးမှ ယူအပ်သော တရားကို မမြင်သော ယောဂီအား စိတ်၌ မပျော်မွေ့ခြင်း ကိုယ်၌ ပူလောင်ခြင်းသို့ သက်၏၊ ထိုယောဂီသည် ပုန်းအောင်းရာ ကိုးကွယ်ရာ မရှိသည် ဖြစ်၍ ဘယဉာဏ် အာဒီနဝဉာဏ် နိဗ္ဗိဒါဉာဏ် တို့ဖြင့် မိမိ၏ ရုပ်နာမ် တို့၌လည်းကောင်း၊ ဘဝယောနိဂတိတို့၌ လည်းကောင်း လွန်စွာ ငြီးငွေ့၏။ ထိုယောဂီသည် နိဗ္ဗိဒါဓာတ်ကို ဆောင်နိုင်ပေ။

အဘယ်ကဲ့သို့နည်းဟူမူ - အလျှံပြောင်ပြောင် တောက်သော မီးပုံ၏အတွင်းသို့ ဝင်မှားသော ယောက်ျားသည် ပုန်းအောင်းရာ ကိုးကွယ်ရာ မရှိသည်ဖြစ်၍ ငြီးငွေ့သကဲ့သို့တည်း၊ ရုပ်တရား နာမ်တရားတို့၏ ဖြစ်ခြင်းပျက်ခြင်း၌ ဘေးဟု ရှုလေ့ရှိသော ယောဂီအား ဤရုပ်တရား နာမ်တရားသည် ပူလောင်ခြင်း ရှိ၏၊ အလျှံပြောင်ပြောင် တောက်လောင်၏၊ များသောဒုက္ခ ရှိ၏၊ များသောစိုးရိမ်ပူပန်ဖွယ် ရှိ၏။ အကယ်၍ ရုပ်တရား နာမ်တရားတို့၏ မဖြစ်ခြင်းရှိသော ငြိမ်သက်သော မြတ်သော အလုံးစုံသော သင်္ခါရတို့၏ ငြိမ်းရာဖြစ်သော ဥပဓိကင်းသော တဏှာ ရာဂတို့၏ ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်ကို ရငြားအံ့၊ ဩော် - ကောင်းလေစွဟု နှလုံးပြု၍ ရုပ်တရား နာမ်တရားတို့၏ ဖြစ်ခြင်းမရှိသော နိဗ္ဗာန်၌ မိမိစိတ်ကို မုစ္စိတုကမျတာဉာဏ် ပဋိသင်္ခါဉာဏ် သင်္ခါရုပေက္ခာဉာဏ်တို့ဖြင့် ပြေးဝင်စေ၏၊ ကြည်စေ၏၊ ရွှင်စေ၏။ ငါ့အားကိုးကွယ်ရာရပြီ ဟူလို။ ဤ၌ ပက္ခန္ဒနဟူသည် ရုပ်တရား နာမ်တရားတို့ကို အနိစ္စစသည်ဖြင့် သုံးသပ်သည်ရှိသော် ကိုယ်ကိုမလှုပ်ရှားစေခြင်း စိတ်ကို မပျံလွင့်စေခြင်းဟူသော ကာယဝိဝေက စိတ္တဝိဝေက တို့ကို အထူးပြု၍ နိဗ္ဗာန်သို့ အာရုံကိုလွှတ်လျက် စီးဖြန်းသည်ရှိသော် တွေဝေ မိန့်မောသကဲ့သို့ ရုပ်နာမ်တရားတို့ကို လျစ်လျူရှုလျက်နေ၏။ မိမိကိုယ်သည် ရှည်သကဲ့သို့ လည်းကောင်း၊ တိုသကဲ့သို့ လည်းကောင်း၊ ဦးစောက်သွားကဲ့သို့ လည်းကောင်း စသည်ဖြင့် ဖြစ်သော်လည်း ချမ်းသာခြင်း ဆင်းရဲခြင်း မရှိ၊ ပကတိသော ဝိပဿနာဉာဏ်ဖြင့် နေနိုင်ရှာ၏၊ ပဉ္စာရုံတို့သည်လည်း ချုပ်၍နေကုန်၏ဟူလို။

ထိုယောဂီသည် ပက္ခန္ဒနဓာတ်ကို ဆောင်နိုင်ပေ၏။ အဘယ်ကဲ့သို့နည်း ဟူမူ - ခရီးမှားသောယောက်ျားသည် လမ်းမှန်လမ်းကောင်းကို တွေ့သကဲ့သို့ သံသရာ၌ မိစ္ဆာမဂ္ဂတည်းဟူသော ခရီးမှားသော ယောက်ျားသည် နိဗ္ဗာန်သို့ရောက်ကြောင်း ကောင်းမြတ်သောခရီးကို မြင်သည်ဖြစ်၍ နိဗ္ဗာန်ကို အာရုံလွှတ်၍ ပြေးဝင်စေ၏၊ ကြည်စေ၏၊ ရွှင်စေ၏။ နှစ်သက်စေ၏။ နိဗ္ဗာန်ခရီးကို ငါ့အားရပြီဟူလို။

ထိုယောဂီသည် ပက္ခန္ဒနဓာတ်ဟု ဆိုအပ်သော သင်္ခါရုပေက္ခာဉာဏ်ဖြင့် ရုပ်နာမ် တရားတို့၏ မဖြစ်ခြင်းငှါ လည်းကောင်း ပက္ခန္ဒနဓာတ် သင်္ခါရုပေက္ခာဉာဏ် တည်း ဟူသော ခရီးမှန်ကို အားထုတ်၏။ ရှာမှီး၏၊ ပွားများ၏ အကြိမ်များစွာပြု၏။ ထိုသို့ အားထုတ်ရာ၌ ထိုနိဗ္ဗာန်ကို ရောက်ခြင်း အကျိုးငှါ သတိကို တည်စေ၏။ ဝီရိယကို ခိုင်စေ၏၊ ပီတိကို ရွှင်စေ၏။ ထိုယောဂီအား ထိုဝိပဿနာစိတ်ကို အကြိမ်ကြိမ် အဖန်ဖန် နှစ်-လ-မညောင်း ကောင်းစွာ နှလုံးသွင်းသည် ရှိသော် သင်္ခါရတို့၏ ဖြစ်ခြင်းကိုလွန်၍ သင်္ခါရတို့၏ ဖြစ်ခြင်းမရှိသော နိဗ္ဗာန်တည်း ဟူသော အာရုံတော်သည် သက်လာပေ၏၊ ထိုယောဂီသည် ဩက္ကမဓာတ်ကို ဆောင်နိုင်ပေ၏၊ ၎င်းဩက္ကမဓာတ်၏ ဥပမာနှင့် တကွ အကျယ်ကို တွေ့ဦးလတ္တံ့။

ယော သော မဟာရာဇ သမ္မာပဋိပန္နော၊ သော သင်္ခါရာနံ ပဝတ္တံ သမ္မသတိ။ ပဝတ္တံ သမ္မသမာနော တတ္ထ ဇာတိံ ပဿတိ ဇရံ ပဿတိ ဗျာဓိံ ပသာတိ မရဏံ ပဿတိ၊ န တတ္ထ ကိဉ္စိ သုခံ သာတံ ပဿတိ အာဒိတောပိ မဇ္ဈတောပိ ပရိယောသာန တောပိ။ သော တတ္ထ န ကိဉ္စိ ဂယှူပဂံ ပဿတိ။ ယထာ မဟာရာဇ ပုရိသော ဒိဝသံ သန္တတ္တေ အယောဂုဠေ ဇလိတေ တတ္ထေ ကုထိတေ အာဒိတော ပိ မဇ္ဈတော ပိ ပရိယောသာနတော ပိ နကိဉ္စိ ဂယှူပဂံ ပဒေသံ ပဿတိ၊ ဧဝမေဝ ခေါ မဟာရာဇ ယော သင်္ခါရာနံ ပဝတ္တံ သမ္မသတိ သော ပဝတ္တံ သမ္မသမာနော တတ္ထ ဇာတိံ ပဿတိ ဇရံ ပဿတိ ဗျာဓိံ ပဿတိ မရဏံ ပဿတိ၊ န တတ္ထ ကိဉ္စိ သုခံ သာတံ ပဿတိ အာဒိတော ပိ မဇ္ဈတော ပိ ပရိယောသာနတောပိ။ သော တတ္ထ န ကိဉ္စိ ဂယှူပဂံ ပဿတိ၊ တဿ ဂယှူပဂံ အပဿန္တဿ စိတ္တေ အရတိ သဏ္ဌာတိ။ ကာယသ္မိံ ဍာဟော ဩက္ကမတိ၊ သော အတာဏော အဿရဏော အဿရဏိဘူတော ဟဝေသု နိဗ္ဗိန္ဒတိ။

မဟာရာဇ၊ မင်းမြက်။ ယော၊ အကြင်သူသည်။ သမ္မာပဋိပန္နော၊ ကောင်းစွာကျင့်၏။ သော၊ ထိုသူသည်။ သင်္ခါရာနံ၊ ရုပ်နာမ်ဓမ္မသင်္ခါရ တို့၏။ ပဝတ္တံ၊ ဖြစ်သောအစဉ်ကို (ဝါ) ပျက်သောအစဉ်ကို။ သမ္မသတိ၊ သုံးသပ်၏။ ပဝတ္တံ၊ ဖြစ်သောအစဉ်ကို (ဝါ) ပျက်သောအစဉ်ကို။ သမ္မသမာနော၊ သုံးသပ်သည်ရှိသော်။ တတ္တ၊ ထိုရုပ်နာမ်ဓမ္မ သင်္ခါရ၌။ ဇာတိံ၊ ဖြစ်ဆဲကို။ ပဿတိ၊ မြင်၏။ ဇရံ၊ ရင့်ဆဲကို။ ပဿတိ၊ မြင်၏။ ဗျာဓိံ၊ နာကျင်ဆဲကို။ ပဿတိ၊ မြင်၏။ မရဏံ၊ ပျက်ဆဲကို။ ပဿတိ၊ မြင်၏။ တတ္ထ၊ ထိုရုပ်နာမ်ဓမ္မ သင်္ခါရ၌။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ သုခံ၊ ချမ်းသာဖွယ်ကို။ သာတံ၊ သာယာဖွယ်ကို။ န ပဿတိ၊ မမြင်လေ။ သော၊ ထိုသူသည်။ တတ္တ၊ ထိုသင်္ခါရ၌။ အာဒိတောပိ၊ အစမှ လည်း ကောင်း။ မဇ္ဈတောပိ၊ အလယ်မှလည်းကောင်း။ ပရိယောသာနတောပိ၊ အဆုံးမှလည်းကောင်း။ ကိဉ္စိ၊ ကစ်စုံတခုသော။ ဂယှူပဂံ၊ ယူအပ်သော သင်္ခါရကို။ န ပဿဟိ၊ မမြင်။

မဟာရာဇ၊ မင်းမြတ်။ ပုရိသော၊ ယောကျ်ားသည်။ ဒိဝသံ၊ တစ်နေ့လုံး။ သန္တတ္တေ၊ ပူလောင်သော။ ဇလိတေ၊ တောက်လောင်သော။ တတ္ထေ၊ ရဲရဲပြောင်သော။ ကုထိတေ၊ ပြင်းထန်သော။ အယောဂုဠေ၊ သံတွေခဲ၌။ အာဒိတောပိ၊ အစမှ လည်းကောင်း။ မဇ္ဈတောပိ၊ အလယ်မှလည်းကောင်း။ ပရိယောသာနတောပိ၊ အဆုံးမှုလည်းကောင်း။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ ဂယှူပဂံ၊ ယူအပ်သော။ ပဒေသံ၊ အရပ်ကို။ န ပဿတိ ယထာ၊ မမြင်သကဲ့သို့။

မဟာရာဇ၊ မင်းမြတ်။ ဧဝမေဝ ခေါ၊ ဤ သံတွေခဲတမူ အတူသာလျှင်။ ယော၊ အကြင်သူသည်။ သင်္ခါရာနံ၊ သင်္ခါရတို့၏။ ပဝတ္တံ၊ ဖြစ်သောအစဉ်ကို (ဝါ) ပျက်သောအစဉ်ကို။ သမ္မသတိ၊ သုံးသပ်၏။ သော၊ ထိုသူသည်။ ပဝတ္တံ၊ ဖြစ်သောအစဉ်ကို (ဝါ) ပျက်သောအစဉ်ကို။ သမ္မသမာနော၊ သုံးသပ်သည်ရှိသော်။ တတ္ထ၊ ထိုသင်္ခါရ၌။ ဇာတိံ၊ ဖြစ်ဆဲကို။ ပဿတိ၊ မြင်၏။ ဇရံ၊ ရင့်ဆဲကို။ ပဿတိ၊ မြင်၏။ ဗျာဓိံ၊ နာကျင်ဆဲကို။ ပဿတိ၊ မြင်၏။ မရဏံ၊ ပျက်ဆဲကို။ ပဿတိ၊ မြင်၏။ တတ္ထ၊ ထိုသင်္ခါရ၌။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ သုခံ၊ ချမ်းသာဖွယ်ကို။ သာတံ၊ သာယာဖွယ်ကို။ အာဒိတောပိ၊ အစမှ လည်းကောင်း။ မဇ္ဈတောပိ၊ အလယ်မှလည်းကောင်း။ ပရိယောသာနတောပိ၊ အဆုံးမှ လည်းကောင်း။ န ပဿတိ၊ မမြင်။ သော၊ ထိုသူသည်။ တတ္ထ၊ ထိုသင်္ခါရ၌။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ ဂယှူပဂံ၊ ယူအပ်သော သင်္ခါရကို။ န ပဿတိ၊ မမြင်။ ဂယှူပဂံ၊ ရယူအပ်သော သင်္ခါရကို။ အပဿန္တဿ၊ မမြင်သော။ တဿ၊ ထိုယောဂီ၏။ စိတ္တေ၊ စိတ်၌။ အရတိ၊ ငြီးငွေ့ခြင်းသည်။ သဏ္ဌာတိ၊ မကောင်းစွာ တည်လာ၏။ ကာယသ္မိံ၊ ကိုယ်၌။ ဍာဟော၊ ပူလောင်ခြင်းသည်။ ဩက္ကမတိ၊ သက်လာ၏။ သော၊ ထိုသူသည်။ အတာဏော၊ ပုန်းခိုရာမရ၍။ အဿရဏော၊ ကိုးစားရာမရ၍။ အဿရဏိဘူတော၊ ကိုးစားရာ မရှိသကဲ့သို့ ဖြစ်၍။ ဘဝေသု၊ ဘုံသုံးပါးတို့၌။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။

ယထာ မဟာရာဇ ပုရိသော ဇာလိတဇာလံ မဟန္တံ အဂ္ဂိက္ခန္ဓံ ပဝိသေယျ။ သော တတ္ထ အတာဏော အဿရဏော အဿရဏီဘူတော အဂ္ဂမှိ နိဗ္ဗိန္ဒေယျ၊ ဧဝမေဝ ခေါ မဟာရာဇ တဿ ဂယှူပဂံ အပဿန္တဿ စိတ္တေ အရတိ သဏ္ဌာတိ၊ ကာယသ္မိံ ဍာဟော ဩက္ကမတိ၊ သော အတာဏော အဿရဏော အဿရဏီဘူတော ဘဝေသု နိဗ္ဗိန္ဒတိ။

မဟာရာဇ၊ မင်းမြတ်။ ပုရိသော၊ ယောကျ်ားသည်။ ဇလိတဇာလံ၊ တောက်လောင် မီးတောက်ရှိသော။ မဟန္တံ၊ ကြီးစွာသော။ အဂ္ဂိက္ခန္ဓံ၊ မီးပုံတွင်းသို့။ ပဝိသေယျ၊ ဝင်မှားငြားအံ့။ သော၊ ထိုသူသည်။ တတ္ထ၊ ထိုသင်္ခါရ၌။ အတာဏော၊ ပုန်းခိုရာမရ၍။ အဿရဏော၊ ကိုးစားရာ မရ၍။ အဿရဏီဘူတော၊ ကိုးစားရာ မရှိသကဲ့သို့ ဖြစ်၍။ အဂ္ဂမှိ၊ မီးပုံတွင်း၌။ နိဗ္ဗိန္ဒေယျ ယထာ၊ ငြီးငွေ့သကဲ့သို့။

မဟာရာဇ၊ မင်းမြတ်။ ဧဝမေဝ ခေါ၊ ဤမီးပုံတွင်းသို့ ဆင်းမှားသောသူ အတူသာလျှင်။ ဂယှူပဂံ၊ ယူအပ်သောသင်္ခါရကို။ အပဿန္တဿ၊ မမြင်သော။ တဿ၊ ထိုသူ၏။ စိတ္တေ၊ စိတ်၌။ အရတိ၊ ငြီးငွေ့ခြင်းသည်။ သဏ္ဌာတိ၊ ကောင်းစွာ တည်လာ၏။ ကာယသ္မိံ၊ ကိုယ်၌။ ဍာဟော၊ ပူလောင်ခြင်းသည်။ ဩက္ကမတိ၊ သက်လာ၏။ သော၊ ထိုသူသည်။ အတာဏော၊ ပုန်းခိုရာမရ၍။ အဿရဏော၊ ကိုးစားရာမရ၍။ အဿရဏီဘူတော၊ ကိုးစားရာ မရှိသကဲ့သို့ဖြစ်၍။ ဘဝေသု၊ ဘုံသုံးပါးတို့၌။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။

တဿ ပဝတ္တေ ဘယဒဿာပိဿ ဧဝံ စိတ္တံ ဥပ္ပဇ္ဇတိ “သန္တတ္တံ ခေါ ပနေတံ ပဝတ္တံ အာဒိတ္တံ သမ္ပဇ္ဇလိတံ ဗဟုဒုက္ခံ ဗဟုပါယာသံ၊ ယဒိ ကောစိ လဘေထ အပ္ပဝတ္တံ ဧတံ သန္တံ ဧတံ ပဏီတံ၊ ယဒိဒံ သဗ္ဗသင်္ခါရသမထော သဗ္ဗူပဓိပဋိနိဿဂ္ဂေါ တဏှက္ခယော ဝိရာဂေါ နိရောဓော နိဗ္ဗာနန္တိ” ဣတိဟေတံ တဿ အပ္ပဝတ္တေ စိတ္တံ ပက္ခန္ဒတိ ပသီဒတိ သမ္ပဟံသယတိ တုသယတိ ပဋိလဒ္ဓံ ခေါ မေ နိဿရဏ”န္တိ။

တဿ၊ ထိုယောဂီသည်။ ပဝတ္တေ၊ ဖြစ်စဉ်၌။ ဘယဒဿာဝိဿ၊ ဘေးဟု ရှုလေ့ရှိ၏။ ဧဝံ၊ ဤသို့ ရှုသည်ရှိသော်။ စိတ္တံ၊ စိတ်သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဧတံ ပဝတ္တံ၊ ဤသို့ဖြစ်ခြင်း အစဉ်သည်။ သန္တတ္တံခေါ ပန၊ ပူလောင်လှ၏တကား။ ဧတံ ပဝတ္တံ၊ ဤသို့ဖြစ်ခြင်းအစဉ်သည်။ အာဒိတ္တံ ခေါပန၊ ရဲရဲတောက်သည်တကား။ ဧတံ ပဝတ္တံ၊ ဤသို့ဖြစ်ခြင်း အစဉ်သည်။ သမ္ပဇ္ဇလိတံ ခေါပန၊ အလျှံတပြောင်ပြောင်တောက်လောင်၏ တကား။ ဧတံ ပဝတ္တံ၊ ဤသို့ဖြစ်ခြင်းအစဉ်သည်။ ဗဟူဒုက္ခံခေါပန၊ ဒုက္ခ များလှ၏တကား။ ဧတံ ပဝတ္တံ၊ ဤသို့ဖြစ်ခြင်းအစဉ်သည်။ ဗဟုပါယာသံခေါပန၊ ပူပန်ခြင်း များလှ၏တကား။ ကောစိ၊ တစ်စုံတစ်ယောက်သည်။ အပ္ပဝတ္တံ၊ သင်္ခါရတို့ အစဉ်မဖြစ်ရာကို။ ယဒိ၊ အကယ်၍။ လဘေထ၊ ရလေရာ၏။ ယဒိဒံ သဗ္ဗသင်္ခါရ သမထော၊ အကြင် အလုံးစုံသော သင်္ခါရတို့၏ ငြိမ်းအေးရာသည်။ ယဒိဒံ သဗ္ဗူပဓိ ပဋိနိဿဂ္ဂေါ၊ အကြင် အလုံးစုံသော ခန္ဓာငါးပါးတို့၏ လွတ်လွတ် စွန့်ပစ်ရာသည်။ ယဒိဒံ တဏှက္ခယော၊ အကြင်တဏှာ၏ ကုန်ခန်းရာသည်။ ယဒိဒံ ဝိရာဂေါ၊ အကြင် ရာဂကင်းရာသည်။ ယဒိဒံ နိရောဓော၊ အကြင် သင်္ခါရတို့၏ ချုပ်ရာသည်။ ယဒိဒံ နိဗ္ဗာနံ၊ အကြင်တဏှာမှ ထွက်မြောက်ရာ နိဗ္ဗာန်သည်။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤနိဗ္ဗာန်သည်။ သန္တံ၊ ငြိမ်သက်၏။ ဧတံ၊ ဤနိဗ္ဗာန်သည်။ ပဏီတံ၊ မွန်မြတ်၏။ ဣတိ၊ ဤသို့။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဣတိဟိ၊ ဤသို့လျှင်။ တဿ၊ ထိုသူ၏။ ဧတံ စိတ္တံ၊ ဤစိတ်သည်။ အပ္ပဝတ္တေ၊ သင်္ခါရအစဉ်မဖြစ်ရာ နိဗ္ဗာန်၌။ ပက္ခန္ဒတိ၊ ပြေးဝင်၏။ ပသီဒတိ၊ ကြည်လင်၏။ သမ္ပဟံသယတိ၊ ရွှင်ပျ၏။ မေ၊ ငါ့အား။ နိဿရဏံ၊ သင်္ခါရမှ ထွက်မြောက်ကြောင်းကို။ ပဋိလဒ္ဓံ ခေါ၊ ရအပ်လေပြီ။ ဣတိ၊ ဤသို့။ တုသယတိ၊ နှစ်သက်၏။

ယထာ မဟာရာဇ ပုရိသော ဝိပ္ပနဋ္ဌော ဝိဒေသပက္ခန္ဒော နိဗ္ဗာဟနမဂ္ဂံ ဒိသွာ တတ္ထ ပက္ခန္ဒတိ ပသီဒတိ သမ္ပဟံသယတိ တုသိယတိ “ပဋိလဒ္ဓေါ မေ နိဗ္ဗာနမဂ္ဂေါ”တိ။ ဧဝမေဝ ခေါ မဟာရာဇ ပဝတ္တေ ဘယဒဿာဝိဿု အပ္ပဝတ္တေ စိတ္တံ ပက္ခန္ဒတိ ပသီဒတိ သမ္ပဟံသိယတိ တုသိယတိ “ပဋိလဒ္ဓံ ခေါ မေ နိဿရဏ”န္တိ။

မဟာရာဇ၊ မင်းမြတ်။ ဝိပ္ပနဋ္ဌော၊ ပျက်စီးသော။ ဝိဒေသပက္ခန္ဒော၊ ခရီးမှားသို့ ရောက်သော။ ပုရိသော၊ ယောက်ျားသည်။ နိဗ္ဗာနမဂ္ဂံ၊ ထွက်မြောက်ကြောင်းဖြစ်သော ခရီးကို။ ဒိသွာ၊ မြင်၍။ တတ္ထ၊ ထိုခရီး လမ်းမှန်၌။ ပက္ခန္ဒတိ၊ ပြေးဝင်၏။ ပသီဒတိ၊ ကြည်၏။ သမ္ပဟံသယတိ၊ ကောင်းစွာ ရွှင်၏။ မေ၊ ငါ့အား။ နိဗ္ဗာနမဂ္ဂေါ၊ ထွက်မြောက်ကြောင်း ဖြစ်သော ခရီးကို။ ပဋိလဒ္ဓေါ၊ ရအပ်ပြီ။ ဣတိ၊ ဤသို့။ တုသိယတိ ယထာ၊ နှစ်သက်သကဲ့သို့။

မဟာရာဇ၊ မင်းမြတ်။ ဧဝမေဝခေါ၊ လမ်းမှန်ကိုမူ တွေ့သောသူ၏ ဤအတူသာလျှင်။ ပဝတ္တေ၊ ဖြစ်ခြင်း အစဉ်၌။ ဘယဒဿာဝိဿု၊ ဘေးဟုရှုလေ့ရှိသော ယောဂီအား။ အပ္ပဝတ္တေ၊ ဖြစ်ခြင်းမရှိသော နိဗ္ဗာန်၌။ စိတ္တံ၊ စိတ်သည်။ ပက္ခန္ဒတိ၊ ပြေးဝင်၏။ ပသီဒတိ၊ ကြည်လင်၏။ သမ္ပဟံသိယတိ၊ ရွှင်ပျ၏။ မေ၊ ငါ့အား။ နိဿရဏံ၊ ထွက်မြောက်ကြောင်းကို။ ပဋိလဒ္ဓံ ခေါ၊ ရအပ်ပြီ။ ဣတိ၊ ဤသို့။ တုသိယတိ၊ နှစ်သက်၏။

သော အပ္ပဝတ္တတ္ထာယ မဂ္ဂံ အာယူဟတိ ပဝေသတိ ဘာဝေတိ ဗဟုလီကရောတိ၊ တတ္ထ တဒတ္ထံ သတိ သန္တိဋ္ဌတိ၊ တဒတ္ထံ ဝီရိယံ သန္တိဋ္ဌတိ၊ တဒတ္တံ ပီတိ သန္တိဋ္ဌတိ၊ တဿ တံ စိတ္တံ အပရာပရံ မနသိကရောတော ပဝတ္တံ သမတိက္ကမိတွာ အပ္ပဝတ္တံ ဩက္ကမတိ၊ အပ္ပဝတ္တမနုပ္ပတ္တော မဟာရာဇ သမ္မာ ပဋိပန္နော နိဗ္ဗာနံ သစ္ဆိကရောတီတိ ဝုစ္စတိ။

သော၊ ထိုယောဂီသည်။ အပ္ပဝတ္တတ္ထာယ၊ နိဗ္ဗာန်၏ အကျိုးငှါ။ မဂ္ဂံ၊ ရောက်ကြောင်းခရီးကို။ အာယူဟတိ၊ အားထုတ်၏။ ပဝေသတိ၊ ရှာ၏။ ဘာဝေတိ၊ ပွားများ၏။ ဗဟုလီကရောတိ၊ အကြိမ်များစွာ ပြု၏။ တတ္ထ၊ ထိုအားထုတ်ရာ၌။ တဒတ္ထံ၊ ထိုနိဗ္ဗာန်အကျိုးငှါ။ သတိ၊ သတိသည်။ သန္တိဋ္ဌတိ၊ ကောင်းစွာ တည်၏။ တဒတ္ထံ၊ ထိုနိဗ္ဗာန် အကျိုးငှာ။ ဝီရိယံ၊ ဝိရိယသည်။ သန္တိဋ္ဌတိ၊ စွဲ၍ တည်၏။ တဒတ္တံ၊ ထိုနိဗ္ဗာန်အကျိုးငှာ။ ပီတိ၊ ပီတိသည်။ သန္တိဋ္ဌတိ၊ စွဲ၍တည်၏။ တဿ၊ ထိုယောဂီသည်။ တံစိတ္တံ၊ ထိုစိတ်ကို။ အပရာပရံ၊ အထပ်ထပ်။ မနသိကရောတော၊ နှလုံးသွင်းစဉ်။ ပဝတ္တံ၊ ဖြစ်ခြင်းအစဉ်ကို (ဝါ) ပျက်ခြင်း အစဉ်ကို။ သမတိက္ကမိတွာ၊ လွန်၍။ အပ္ပဝတ္တံ၊ ဖြစ်ခြင်းမရှိသောနိဗ္ဗာန်သို့ (ဝါ) ဖြစ်ခြင်းမရှိသော နိဗ္ဗာန်အာရုံသို့။ ဩက္ကမတိ၊ သက်၏။

မဟာရာဇ၊ မင်းမြတ်။ အပ္ပဝတ္တံ၊ ဖြစ်ခြင်မရှိသော နိဗ္ဗာန်သို့ (ဝါ) ဖြစ်ခြင်း မရှိသော နိဗ္ဗာန်အာရုံသို့။ အနုပ္ပတ္တော၊ အစဉ်ရောက်သော။ သမ္မာပဋိပန္နော၊ ကောင်းစွာကျင့်သောသူကို။ နိဗ္ဗာနံ သစ္ဆိကရောတီတိ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုသောသူဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

မိလိန္ဒ၊၃၁၀

ထိုဩက္ကမဓာတ်ဟုဆိုအပ်သော နိဗ္ဗာန်အာရုံတော်ကြီးကို သက်လိုလှသော ယောဂီသည် ဤသို့ ပြပြီးသော -

  1. လက္ခဏဝဝတ္ထာန ဝါရ
  2. အနုလောမခန္တီ ဝါရ
  3. နာမရူပပဝတ္တိက္ကမ ဝါရ
  4. နာမရူပသတ္တက ဝါရ
  5. မဟာဝိပဿနာ ဝါရ

အားဖြင့် ငါးပါးသော ဝါရတို့တွင် တစ်ပါး တစ်ပါးသောဝါရ၌ ကိုးလ ကိုးလတို့ တိုင်တိုင် အားထုတ်ရာ၏။

ထိုသို့အားထုတ်၍ သမ္မသနဓာတ်ဟု ဆိုအပ်သော အနိစ္စ ဒုက္ခ အနတ္တ နိဗ္ဗိန္ဒဓာတ် ဟုဆိုအပ်သော -

နိဗ္ဗိန္ဒ
ခယဝိရာဂ
ခယနိရောဓ
ပရိစ္စာဂ
ဝေါဿဂ္ဂ
ပက္ခန္ဒနဓာတ်ဟုဆိုအပ်သော အစ္စန္တဝိရာဂ
အစ္စန္တနိရောဓ
ပက္ခန္ဒန
ဝေါဿဂ္ဂ -

သို့ သက်ဝင်၍ ဩက္ကမဓာတ်ဟု ဆိုအပ်သော နိဗ္ဗာန် အာရုံတော်ကြီးကို သက်နိုင်သည် ဖြစ်အံ့၊ ထိုးပါးသော ဝါရတို့တွင် တစ်ပါးတစ်ပါးသော ဝါရဖြင့် သက်စေ၏။ မသက်နိုင်သေးသည်ဖြစ်အံ့၊ တစ်ဖန် လက္ခဏပဝတ္ထာနဝါရကစ၍ တစ်ဆယ့်ရှစ်လစီ သုံးနှစ်စီ ပြန်၍ ပြန်၍ အားထုတ်ရာ၏။

အကြင်ယောဂီသည် ထိုငါးပါးသော ဝါရတို့တွင် တစ်ပါးပါးသော ဝါရဖြင့် သုံးသပ် နိုင်၏။ သင်္ခါရ ထင်လွယ်၏။ ထိုချမ်းသာသော ဝါရဖြင့်သာလျှင် အသက်ထက်ဆုံး ယူကျုံး သိမ်းပိုက် စီးဖြန်းရာ၏။

ထိုယောဂီသည် ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ်ဟု ဆိုအပ်သော ပဋိသင်္ခါဉာဏ် သင်္ခါရုပေက္ခာဉာဏ်တို့ကို အတန်တန် အာသေဝန၊ ဘာဝန၊ ဗဟုလီကရဏ ပြုသည်ရှိသော် သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာ တို့သည် လွန်စွာထက်မြက်လှ၍ ဩက္ကမဓာတ်ဟုဆိုအပ်သော မဂ်ဉာဏ်သို့ သက်တော့မည်ဖြစ်အံ့၊ ထိုအခါ ၎င်း ဝုဋ္ဌာနဂါမိနီဝိပဿနာ ဉာဏ်တို့သည် အနိစ္စ ဒုက္ခ အနတ္တတို့တွင် တစ်ပါးပါးကို နှလုံးသွင်း၍ မနေဒွါရာဝဇ္ဇန်း ပရိကံ ဥပစာ အနုလောမဉာဏ်ဟု ဆိုအပ်သော အနုလုံဂေါတြဘူဉာဏ်ဟု ဆိုအပ်သော ဂေါတြဘူသို့ ပြေးဝင်၍ ၎င်း ဂေါတြဘူဉာဏ်သည် မဂ်ဉာဏ်အား အမှတ်ပေး၍ သက်စေလျက် ချုပ်ငြိမ်းလေ၏။

(ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ)။

၅၈ - အနုလောမဉာဏ် ဂေါတြဘူဉာဏ် တို့နှင့် တကွ မဂ်ကို ကူးနိုင်ခြင်း

ပြခဲ့ပြီးသော လေးပါးသောဓာတ်တို့တွင် ဩက္ကမဓာတ် ဟုဆိုအပ်သော သောတာပတ္တိမဂ် ဉာဏဒဿနဝိသုဒ္ဓိကို ပစ္စက္ခအားဖြင့် သက်လိုသော ပြည့်စုံစေလိုသော ယောဂီသည် ဥဒယ အစ အနုလောမ အဆုံးရှိသော ဝိပဿနာ ဉာဏ်တို့ကို အဖန်ဖန် အာသေဝန၊ ဘာဝန၊ ဗဟုလီကရဏ ပြုသည်ရှိသော် ဝိပဿနာအာနုဘော် အားလျော်စွာ ရုန့်ရင်းကြမ်းကြုတ် ကုန်သော သစ္စာလေးပါးကို ဖုံးလွှမ်းတတ်သော မောဟကို ကွယ်စေအပ်သည်ရှိသော် အလုံးစုံရုပ်နာမ်ဓမ္မ သင်္ခါရတို့၌ မိမိစိတ်သည် မပြေးဝင် မတည် နှလုံးမသွင်း မကပ်ငြိ၊ ပဒုမ္မာကြာဖက် မှာကျသော ရေကဲ့သို့ တွန့်လိပ်၍ တည်၏။ အလုံးစုံသော သင်္ခါရနိမိတ်ဟူသော ဝိပဿနာ အာရုံသည် လည်းကောင်း အလုံးစုံသော အရှိန်မစဲ တသဲသဲ တလျှပ်လျှပ် စပ်၍ ဖြစ်တတ်သော ဥပါဒိန္နက ခန္ဓာဟူသော ပဝတ္တ အာရုံသည် လည်းကောင်း အလွန်ကြောင့်ကြသည်ဖြစ်၍ ထင်၏။

ထိုယောဂီအား အလုံးစုံသော နိမိတ္တ၊ ပဝတ္တ အာရုံသည် ကြောင့်ကြအားဖြင့် ထင်လတ်သော် နှစ်ကြိမ် သုံးကြိမ်မြောက်သော အနုလောမဉာဏ်၏အဆုံး၌ (ဝါ) ပရိကံ၊ ဥပစာ၊ အနုလုံ၏ အဆုံး၌ ဝိပသနာအာရုံဟူသော သင်္ခါရ နိမိတ်မှကင်းသော အစဉ်မလပ် စပ်၍ ဖြစ်ခြင်းဟူသော ပဝတ္တအာရုံမှ ကင်းသော သင်္ခါရမဟုတ်သော သင်္ခါရ၏ချုပ်ရာ ဖြစ်သော နိဗ္ဗာန်ကို အာရုံပြုလျက် ပုထုဇဉ်တို့၏ အနွယ်၊ အမည်၊ ပညတ်၊ အရာ၊ အခိုက်အတန့်ကို လွှမ်းမိုးဖျက်ဆီး၍ အရိယာတို့၏ အနွယ်၊ အမည်၊ ပညတ်၊ အရာဟူသော အဝတ္တာဘုံသို့ သက်ဝင်လျက် နိဗ္ဗာန်အာရုံ၌ ရှေးဦးစွာ လည်ခြင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်းဖြစ်၍ ဖြစ်သော မဂ်စိတ်အား အနန္တရ သမနန္တရ အာသေဝန ဥပနိဿယ နတ္ထိ ဝိဂတ ဟူသော ခြောက်ပါးသော ပစ္စယ သတ္တိတို့ဖြင့် ကျေးဇူးပြုလျက် အပြီးသို့ရောက်သော အဦးဖြစ်သော ဧကန္တအားဖြင့် တစ်ကြိမ်သာ ဖြစ်အပ်သော ဂေါတြဘူဉာဏ်သည်ဖြစ်၍ ချုပ်၏၊ ထို့ကြောင့် ၎င်းဂေါတြဘူဉာဏ်သည် မဂ်စိတ်၏ အာဝဇ္ဇန်း မည်၏။

(ဥပမာ) ရေမြောင်းကြီးတစ်ခုကို ခုန်လိုသော ယောက်ျားသည် လျင်စွာပြေး၍ ဤမှာဘက်ကမ်း၌ နှောင်ဖွဲ့အပ်သော ကြိုးကိုလည်းကောင်း၊ လှင်ကန်ကို လည်းကောင်း ကိုင်၍ ခုန်သည်ရှိသော် ထိုမှာဘက်ကမ်းသို့ ညွတ်သော ကိုယ်ရှိသည် ဖြစ်၍ ထိုမှာဘက်ကမ်း၏ အထက်သို့ ရောက်သည် ဖြစ်၍ ကိုင်သော ကြိုး လှင်ကန်တို့ကို လွှတ်၍ ထိုမှာဘက်ကမ်း၌ တည်ရှာသကဲ့သို့တည်း။

ထို့အတူ ယောဂီပုဂ္ဂိုလ်သည်လည်း ဘဝ ယောနိ ဂတိ ဟုဆိုအပ်သော ဤမှာဘက်ကမ်းမှ နိဗ္ဗာန်အာရုံ ဟုဆိုအပ်သော ထိုမှာဘက်ကမ်း၌ တည်လိုသည်ဖြစ်၍ ဥဒယဝယ အစရှိသော ဝိပဿနာဉာဏ် အဟုန်တို့ဖြင့် ရုပ်ကိုလည်းကောင်း၊ နာမ်ကိုလည်းကောင်း အနိစ္စ ဒုက္ခ အနတ္တတို့တွင် တစ်ပါးပါးဖြင့် ဆွဲကိုင်လျက် နိဗ္ဗာန်တည်းဟူသော ထိုမှာဘက်ကမ်းသို့ ကျရှာလေ၏။

ထိုစကား၌ အနုလောမဉာဏ်သည် သစ္စာကို ဖုံးလွှမ်းတတ်သော ကိလေသာဟူသော အမိုက်မှောင်ကို ဖျောက်နိုင်၏၊ နိဗ္ဗာန်ကိုကား အာရုံမပြုနိုင်၊ ဂေါတြဘူဉာဏ်သည် နိဗ္ဗာန်ကိုကား အာရုံ ပြုနိုင်၏၊ ကိလေသာဟူသော မိုက်မှောင်ကို မဖျောက်နိုင်။

အဘယ်ကဲ့သို့ နည်းဟူမူ - မျက်စိအမြင်နှင့် ပြည့်စုံသော ယောက်ျားသည် စန်းယှဉ်နက္ခတ်ကို သိအံ့ဟူ၍ အိမ်မှထွက်၍ မော်လျက် ကြည့်လတ်သော် ထိုအခါ လကို တိမ်တိုက်တို့သည် ဖုံးလွှမ်းခြင်းကြောင့် လကို မမြင်ခဲ့။ ထိုယောက်ျားရှုစဉ်အခါ တစ်ခုသောလေသည် ထ၍ ထူသော တိမ်တိုက်ကို လွင့်၏။ ထိုနောင် နှစ်ခုသောလေသည် ထ၍ မထူမပါးသော တိမ်တိုက်ကို လွင့်၏၊ ထို့နောင် သုံးခုသောလေသည်ထ၍ သိမ်မွေ့ ပါးလျားသော တိမ်တိုက်ကို လွှင့်သည်ရှိသော် ကြည်လင်သန့်ရှင်းစွာ လနှင့်တကွ နက္ခတ်ကို မြင်ရဘိသကဲ့သို့တည်း။

ဤဥပမာ၌ -
တိမ်တိုက်သုံးခုကဲ့သို့ သစ္စပဋိစ္ဆာဒက ကိလေသာ အမိုက်မှောင် သုံးပါးကို မှတ်ရမည်။
လေသုံးပါးကိုကဲ့သို့ အနုလုံသုံးပါးကို၊ (ဝါ) ပရိကံ-ဥပစာ-အနုလုံတို့ကို မှတ်ရမည်။
မျက်စိအမြင်နှင့် ပြည့်စုံသော ယောက်ျားကဲ့သို့ အလွန်စင်ကြယ်သော နိဗ္ဗာန် အာရုံတော်ကြီးကို မြင်နိုင်သော ဂေါတြဘူဉာဏ်ကို မှတ်ရမည်။

ထို ဂေါတြဘူဉာဏ်သည် မဂ်၏ အာဝဇ္ဇန်းဖြစ်၍ အနုလောမ စသော အောက်အောက်ဖြစ်သော ဝိပဿနာ ဉာဏ်တို့ကဲ့သို့ သင်္ခါရကို အာရုံမပြုမူ၍ မဂ်စိတ်ကို ငါကဲ့သို့ နိဗ္ဗာန်ကို အာရုံပြုပါလောဟု အမှတ်ကို ပေးသကဲ့သို့ ဖြစ်၍ ချုပ်၏၊ မဂ်စိတ်သည်လည်း ထိုဂေါတြဘူဉာဏ်ပေးသော နိဗ္ဗာန် အာရုံအမှတ်ကို မလွှတ်မူ၍ သာလျှင် အကြားမလပ် တစ်စပ်တည်း လိုက်လျက် ဖောက်မထွင်း မခွဲမစိတ်ဖူး သေးသော လောဘအစု ဒေါသအစု, မောဟအစုတို့ကို ဖောက်ထွင်း ခွဲစိတ်၍ သာလျှင် ဖြစ်၏။

အဘယ်ကဲ့သို့နည်းဟူမူ - သဒ္ဒဝေဓိ လေးအတတ်ကို တတ်သော လေးသမားကို စူးစမ်းအံ့သောငှာ ဆီဆုံချားကဲ့သို့ အပေါင်တပ်၍ အပေါင်လှည့်တိုင်း လှည့်တိုင်း ထိခိုက်အပ်သော အမှတ်တိုင်ငယ်ကို စိုက်လျက် ထိုတိုင်ငယ်နှင့် တည့်တည့် ပိတောက်နှစ် ပျဉ်ချပ်တစ်ရာကို ထို ယန္တရားမှ ရှစ်ဥသဘ ဝေးသောအရပ်၌ စိုက်ထားစေ၍ လေးသမားကို ယန္တရား၌ ရပ်စေလျက် မျက်နှာကို ဦးရစ်စည်းလျက် အချင်း လေးသမား … ယန္တရားအပေါင်ခတ်သော အသံတူရူ၏ ရှစ်ဥသဘ၌ ပိတောက်နှစ် ပျဉ်ချပ် တစ်ရာရှိ၏၊ ပစ်ဘိလော့ဟု လေးသမားကို ယန္တရား၌တင်၍ တစ်ပါးသော ယောက်ျားသည် ယန္တရားကိုလည်စေ၏။ ထိုအခါ လေးသမားသည် ကောင်းစွာ ဖွဲ့အပ်သော မြှားရှိသော လေးကိုကိုင်လျက် တျက် တျက် ဟူသော အသံ၏အမှတ်ကို မလွှတ်မူ၍ ထိုပိတောက်နှစ် ပျဉ်ချပ်တစ်ရာကို ဖောက်ထွင်း ခွဲစိတ်အောင် ပစ်နိုင်ဘိသကဲ့သို့တည်း။

ထိုဥပမာ၌ တျက် တျက် ဟူသော တိုင်ငယ်၏အသံ အမှတ်အသား ကဲ့သို့ ဂေါတြဘူဉာဏ်ကို မှတ်ရမည်။ လေးသမားကဲ့သို့ မဂ်ဉာဏ်ကို မှတ်ရမည်။

ထိုစကားမှန်၏၊ လေးသမားသည် တျက် တျက် ဟူသော အသံအမှတ်ကို မလွှတ်မူ၍ ပိတောက်နှစ် ပျဉ်ချပ်ကို ဖောက်ထွင်းအောင် ပစ်နိုင်သကဲ့သို့ မဂ်ဉာဏ်၏ ဂေါတြဘူသည် ပေးသောအမှတ်ကို မလွှတ်မူ၍ နိဗ္ဗာန်တည်းဟူသော အာရုံတော်ကြီးကို အာရုံပြု၍ အနမတဂ် စက်သံသရာ အဏ္ဏဝါ၌ ရံခါလေမျှ အိပ်မက်တွင်မှသော်လည်း မဖောက် မထွင်း မခွဲမစိတ်ဖူးသေးသော လောဘ ဒေါသ မောဟ အစုတို့ကို အသင်္ခတဓာတ် မွန်မြတ်သော နိဗ္ဗာန် အာရုံတော်ကြီးကို မျက်ဝါး ဆတ်ဆတ် တပ်တပ် ထင်ထင် ပစ္စက္ခဉာဏ်ဖြင့် ဧကန် မြင်ရခြင်းကြောင့် ဖောက်ထွင်းခွဲစိတ်၍ အဘိသိက် မြှောက်ရှာတော်မူပေ၏။ ထိုနောင် ဖိုလ်စိတ် နှစ်ကြိမ် သုံးကြိမ်သက်၍ ချုပ်၏။ ဤ အသင်္ခတဓာတ် မွန်မြတ်သော နိဗ္ဗာန်အာရုံတော်ကို မျက်ဝါးဆတ်ဆတ် တပ်တပ် ထင်ထင် ပစ္စက္ခ အားဖြင့် သိမြင်ရခြင်းဟူရာ စကားရပ်၌ နက်နဲသည်၊ ခက်ခဲသည်။ သိနိုင်ခက်သည်။ အန္ဓပုထုဇဉ် ကလျာဏပုထုဇဉ် လူသာမန်တို့၏ အရာ မဟုတ်ကုန်။ ပိဋကတ်သုံးပုံကြီးကို ပါဠိအားဖြင့် လည်းကောင်း၊ အနက်အားဖြင့် လည်းကောင်း၊ အနုသန္ဓေအားဖြင့် လည်းကောင်း ရှေ့နောက်အားဖြင့် အထက်အောက် ပြန်လှန်လျက် သင်ကြားပို့ချနိုင်ပါငြားသော်လည်း ထိုနိဗ္ဗာန်အာရုံတော်ကြီးကို မျက်မှောက်မပြုဖူးပါက ပညာရှိ မမည်ကုန်။ ဝိညာဏစရိတမျှသာ မည်သေးသည်။ အနိစ္စ ဒုက္ခ အနတ္တ တို့ကို ဒိဋ္ဌထင်ထင် သိမြင်ရ၍ ဤယနေ့ ရဟန္တာဖြစ်စေရမည်ဟု အားထုတ်ဆဲ ဖြစ်သော ကလျာဏ ပုထုဇဉ်သည်လည်း ပညာရှိ မမည်။ ပညဝါပက္ခ မျှသာ မည်သေးသည်။ အကြင်သူသည် အသင်္ခတဓာတ် မွန်မြတ်သော နိဗ္ဗာန် အာရုံတော်ကြီးကို တစ်ကြိမ်မျှ မြင်ဖူး၏။ ထိုသူသည်သာလျှင် ဧကန္တ ပညာရှိ မည်ပေ၏။ ထို့ကြောင့် ဧကန္တပညာရှိကြီးတို့၏ အရာဖြစ်၍ နက်နဲသည်။ ခက်ခဲသည်။ သိနိုင်ခက်သည်။

တသ္မာ ပညဝါတိ ဝုစ္စတီတိ ဧတ္ထ ဟေဋ္ဌိမကောဋိယာ သောတာပန္နော ဥပရိမကောဋိယာ ခိဏာသဝေါ ပညတိဝါ နိဒ္ဒိဋ္ဌော -

မ၊ဋ္ဌ၊၂၊၂၃၉

အစရှိသော မဟာမဝဒလ္လသုတ် အဋ္ဌကထာကြီးကို ထောက်။

တသ္မာ ပညဝါတိ ဝုစ္စတီတိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။ ဟေဋ္ဌိမကောဋိယာ၊ အောက်ဆုံး အစွန်းအားဖြင့်။ သောတာပန္နော၊ သောတာပန် ပုဂ္ဂိုလ်ကို။ ဥပရိမကောဋိယာ၊ အထက် အစွန်းအားဖြင့်။ ခိဏာသဝေါ၊ ရဟန္တာပုဂ္ဂိုလ်ကို။ ပညဝါတိ၊ ပညာရှိဟူ၍။ နိဒ္ဒိဋ္ဌော၊ ပြအပ်၏။

ထိုသို့ နက်နဲခက်ခဲလှစွာသော အသင်္ခတ ဓာတ်မွန်မြတ်သော နိဗ္ဗာန် အာရုံတော်ကြီးကို ပစ္စက္ခအားဖြင့် မျက်မှောတ်ပြုလိုက်ရခြင်းကြောင့် ထိုမျက်မှောက် ပြုဆဲခဏမှစ၍ ခန္ဓာငါးပါး တည်းဟူသော ဤလောက၌ (ဝါ) မဂ်ကိုရောက်ဆဲ ဖြစ်သော ဘူမိလဒ္ဓ တည်းဟူသော လောက၌ ဂဟဏုပါဒါန် ပစ္စယုပါဒါန် နှစ်ပါးတို့ဖြင့် စွဲလမ်းခြင်းမရှိ၊ ဌိတိဘာဝသန္ထတ္တ ဂုဏ်ကိုပြတော်မူလိုသော သုံးလူ့ ဘချစ်ဆွေ တို့ဆရာ စိန္တေသည် -

သော လတောဝ အဿသတိ။ (လ)။ အနိဿိတော စ ဝိဟရတိ” ဟူသော သမာဓိ လောကီပညာ ဒေသနာကို ထင်ရှားပြီးသည် ၏ အခြားမဲ့၌ -

န စ ကိဉ္စိ လောကေ ဥပါဒိယတိ၊ ဧဝံ ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ -

ဟူသော ဒေသနာကို မိန့်မှာ ကျူးရင့်တော်မူပေ၏။ ဒီ၊၂၊၂၃၂

လောကေ၊ ဥပါဒါနက္ခန္ဓာ ဟူသော လောက၌။ (ဝါ) နိဗ္ဗာန်အာရုံကို မြင်ဆဲဖြစ်သော ဘူမိလဒ္ဓဟူသော လောက၌။ ကိဉ္စိ၊ တစ်စုံတစ်ခုသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်ကို။ အတ္တာတိဝါ၊ အစိုးရသော ကိုယ်ဟူ၍ ဒိဋ္ဌိအားဖြင့် လည်းကောင်း။ အတ္တနိယန္တိဝါ၊ ငါ၏ဥစ္စာဟူ၍ တဏှာအားဖြင့် လည်းကောင်း။ န စ ဥပါဒိယတိ၊ ဥပါဒါန်နှစ်ပါးတို့တွင် တစ်ပါးပါးဖြင့် မစွဲလမ်း။ ဘိက္ခဝေ၊ ရဟန်းတို့။ ဧဝံပိ၊ ဤသို့လည်း။ ဘိက္ခု၊ ရဟန်းသည်။ ကာယေ၊ ရူပကာယ နာမကာယ၌။ ကာယာနုပဿီ၊ ရူပကာယ နာမကာယကို အဖန်တလဲလဲ ရှုသည်ဖြစ်၍။ ဝိဟရတိ၊ နေ၏။

ဥပါဒါန်နှစ်ပါး ဟူရာ၌ - ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် ဤလေးပါးသည် ဂဟဏုပါဒါန် မည်၏။

အကြောင်းကြောင့် အကျိုးတို့ ဖြစ်ခြင်း ဟူသော အဝိဇ္ဇာပစ္စယာ သင်္ခါရာ အစရှိသော အကြောင်း-အကျိုး မချုပ်ငြိမ်းသေးသော တရားသည် ပစ္စယုပါဒါန် မည်၏။

ဤ အသင်္ခတဓာတ် မွန်မြတ်သော နိဗ္ဗာန် အာရုံတော်ကြီးကို မျက်မှောက်ပြုရာ၌ အကြောင်းအကျိုးဖြစ်သော ရုပ်နာမ် တရားတို့၏ ချုပ်ငြိမ်းဟန်ကို ဧကန်ပြပေရကား ပစ္စယုပါဒါန်ဖြင့် မစွဲလမ်းသော နိဗ္ဗာန်ဟူလို။ (ဂဟဏုပါဒါန်လည်း ပါ၏။)

အနုပါဒါပရိနိဗ္ဗာနတ္ထံ ခေါ အာဝုသောတိ ဧတ္ထ အနုပါဒါပရိနိဗ္ဗာနံ နာမ အပ္ပစ္စယပရိနိဗ္ဗာနံ။

မ၊ဋ္ဌ၊၂၊၆၂

အနုပါဒါ ပရိနိဗ္ဗနတ္ထံ ခေါ အာဝုသောတိ ဧတ္ထ၊ ဟူသောဤပါဌ်၌။ အနုပါဒါ ပရိနိဗ္ဗာနံ နာမ၊ မစွဲလမ်းခြင်းသည် နိဗ္ဗာန်မည်သည်ကား။ အပ္ပစ္စယ ပရိနိဗ္ဗာနံ၊ အပ္ပစ္စယပရိနိဗ္ဗာန်တည်း။ (ဝါ) အကြောင်းအကျိုး ငြိမ်းသော တရားထူးတစ်ခုပင်တည်း။

ထိုအသင်္ခတ အပ္ပစ္စယ နိဗ္ဗာနအာရုံကို ပစ္စက္ခအားဖြင့် မျက်မှောက် ပြုရခြင်းကြောင့် ခန္ဓာငါးပါးတည်းဟူသော ဤလောက၌ ဥပါဒါန်တို့ မစွဲလမ်းဟန်ကို ဤဆိုလတ္တံ့သော ပဥှာကထနတို့ဖြင့် အမျိုးကောင်းသား ယောက်ျားသူမွန် ပညဝန်သူမြတ်တို့ ဆုံးဖြတ် ယုံကြည်အပ်ကုန်၏။

၅၉ - မဂ်ဖိုလ်ကို အာရုံပြုအပ်သော နိဗ္ဗာန်ကို ပုစ္ဆာ ၇-ချက်တို့ဖြင့်မေးပုံ

  1. အဘယ့်ကြောင့် နိဗ္ဗာန်မည်သနည်း၊
  2. ထိုနိဗ္ဗာန်သည် အဘယ်မျှ ပြားသနည်း၊
  3. ထိုနိဗ္ဗာန်၏ သဘောသည် အဘယ်သို့ရှိသနည်း၊
  4. ထိုနိဗ္ဗာန်ကို အဘယ်သူ ဟောအပ်သနည်း၊
  5. ထိုနိဗ္ဗာန်ကို အဘယ်မှာရှာရမည်နည်း၊
  6. နိဗ္ဗာန်ကို အဘယ်သူသာ မြင်အပ်သနည်း၊ အဘယ်သူ မမြင်အပ်သနည်း၊
  7. ထိုနိဗ္ဗာန်ကို မြင်သောအခါ အဘယ်သို့ မြင်ရှာဘိသနည်း၊

ဤသို့ ပုစ္ဆာ (၇) ပါးတို့ဖြင့် မေးအပ်၏။

၆၀ - နိဗ္ဗာန်၏ ဝစနတ္ထကို ပြခြင်း

ထို (၇) ပါးတို့တွင် အဘယ့်ကြောင့် နိဗ္ဗာန်မည်သနည်း ဟူသော ပဌမပုစ္ဆာ၌ -

ဝါနသင်္ခါတာယ တဏှာယ နိက္ခန္တတ္တာ နိဗ္ဗာနန္တိ ပစ္စတိ” ဟူသော အဘိဓမ္မတ္ထသင်္ဂဟ အဋ္ဌကထာ။

ဝါနသင်္ခါတာယ တဏှာယ နိက္ခန္တံ”ဟူသော ဋီကာကျော်။

ဝါနတော နိက္ခန္တတ္တာ နိဗ္ဗာနံ” ဟူသော သင်္ဂြိုဟ်ဋီကာဟောင်း၊

တတော ဝါနတော နိက္ခန္တတ္တာ နိဗ္ဗာနန္တိ ပဝုစ္စတိ”ဟူသော အဘိဓမ္မာဝတရ အဋ္ဌကထာတို့နှင့် အညီ ဝါန ဟု ဆိုအပ်သော တဏှာမှ ကင်းလွတ် ထွက်မြောက်သည်၏ အဖြစ်ကြောင့် နိဗ္ဗာန် မည်၏ ဟူလေ။ ဤအဋ္ဌကထာ ဋီကာတို့အလိုအားဖြင့် “ဝါနတော နိက္ခန္တတ္တိ နိဗ္ဗာနံ”ဟု ဝစနတ္ထပြု။

ယံ ဓမ္မဇာတံ၊ အကြင် တရားသဘောသည်။
ဝါနတော၊ တဏှာမှ။
နိက္ခန္တံ၊ ကင်းလွတ်ထွက်မြောက်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
တံဓမ္မဇာတံ၊ ထိုတရားသဘောသည်။
နိဗ္ဗာနံ၊ နိဗ္ဗာန်မည်၏။

နိ-ပုဒ် ဝါန-ပုဒ်၊ နိ-ကား နိက္ခန္တတ္ထနိ ကို နာမ်ပုဒ်ဟူသော် ပဉ္စမီတပ္ပုရိသ်။ မဏိသာရမဉ္ဇူ၌ ဝါနတော နိက္ခန္တံ စသည်၌ ဝါန-သဒ္ဒါကို ကတ္တုသာဓိ၊ နိနှင့် ဝါနကို ပဉ္စမီတပ္ပုရိသ်သမာသ် ပြုရမည့်အကြောင်းကို ဧတ္ထ စ ပဌမဝိကပ္ပေ ဝိသံသိဗ္ဗနေတိ ဓာတု။ ဝါန-သဒ္ဒေါ ကတ္တုသာဓနော၊ နိဗ္ဗာနသဒ္ဒေါ စ ပဉ္စမီတပ္ပုရိသသမာသော”ဟူ၍ ပြဆိုသည်နှင့် အညီတည်း။

၊ အထူးကိုဆိုဦးအံ့။
ဧတ္ထ၊ ဤနှစ်ဝိကပ်တို့တွင်။
ပဌမဝိကပ္ပေ၊ ၌။
ဝိ၊ ဝိသဒ္ဒါသည်။
သံသိဗ္ဗနေတိ အတ္ထေ၊ ချုပ်စပ်ခြင်း ဟူသော အနက်၌။
ဓာတု၊ ဖြစ်သောဓာတ်တည်း။
ဝါန သဒ္ဒေါ၊ ဝါနသဒ္ဒါသည်။
ကတ္ထုသာသာဓနော၊ ကတ္တုသာမ်ဖြင့်ပြီး၏။
နိဗ္ဗာနသဒ္ဒေါစ၊ သည်လည်း။
ပဉ္စမီတပ္ပုရိသသမာသော၊ တည်း။
ဝါနနိ ဟုဆိုအပ်လျက် ပုဒ်ကို ရှေ့နောက် ပြန်ခြင်း ပဒဝိပရိတ်ပြု၍ ဝကိုဗပြု၍ ယင်းဗကို ဒွေးဘော်ပြု၍ နိဗ္ဗာနဟုဖြစ်သည်။

နိ-ကိုဥပသာရသော် လည်းကောင်း၊ နိပါတ်သော် လည်းကောင်း ယူမူ-ဥပသဂ္ဂ နိပါတပုဗ္ဗကော အဗျယိဘာဝေါ ဟူသည်နှင့် အညီ ဥပသာရနိပါတ်ပုဒ်အနက် ပြဋ္ဌာန်းခြင်းရှိသောကြောင့် - အဗျယိဘော။

ဤနောက်နည်းအလိုသော် ပဒဝိပရိတ်ပြုဖွယ်မရှိပြီ။

နိက္ခန္တေတ္တာတိ ဝိသံယောဂဝသေန နိဿဋတ္တာ” ဟူသော အဘိဓမ္မာဝတာရဋီကာ အလိုအားဖြင့် တဏှာမှ ထွက်မြောက်သော ဟူသည် တဏှာနှင့် မယှဉ်သည်၏အစွမ်းဖြင့် တဏှာမှလွတ်သည် ဟူလို၏။

နိက္ခန္တတ္တာကို “အနာသဝဘာဝေန တဗ္ဗိသယာတီတတ္တာ”ဟု ဖွင့်သော သင်္ဂြိုဟ် ဋီကာဟောင်း၊

ဝိသယာတိက္ကမနဝသေန အတီတတ္တာ” ဟု ဖွင့်သော ဋီကာကျော်တို့အလိုအားဖြင့် အာသဝေါတရားတို့၏ အာရုံမဟုတ် သည်၏အစွမ်း၊ တဏှာ၏ အာရုံအဖြစ်ကို လွန်သည်၏ အစွမ်းအားဖြင့် တဏှာမှ ထွက်မြောက်သည်ဟူလို၏။

ဝါနာဘာဝေန နိဗ္ဗာန်” ဟူသော သံယုတ် အဋ္ဌကထာ။

တဏှာသင်္ခါတဝါနာဘာဝတော နိဗ္ဗာနံ” ဟူသော သုတ္တသင်္ဂဟအဋ္ဌကထာ - တို့အလိုသော် “နတ္ထိ ဝါနံ ဧတဿာတိ နိဗ္ဗာနံ”ဟု စတုတ္ထီ ဗဟုဗ္ဗီဟိသမာသ်ပြု။

ဤအလို နိ-ကား အဘာဝတ္တ

ဧတဿ၊ ထိုနိဗ္ဗာန်အား။
ဝါနံ၊ ဝါနဟူသော တဏှာသည်။
နတ္ထိ၊ မရို။
ဣတိ၊ ထို့ကြောင့်။
တံ၊ ထိုနိဗ္ဗာန်သည်။
နိဗ္ဗာနံ၊ နိဗ္ဗာန်မည်၏။

ယှဉ်နိုင် အာရုံပြုနိုင်သော တဏှာမရှိသောကြောင့် နိဗ္ဗာန်မည်၏ ဟူလေ။

၆၁ - နိဗ္ဗာန်၏ အပြားကို ပြခြင်း

ထိုနိဗ္ဗာန်သည် အဘယ်မျှ ပြားသနည်းဟူသော ဒုတိယ ပုစ္ဆာ၌နိဗ္ဗာန်သည် တစ်ပါး တည်းပင် ရှိသော်လည်း သဘောအားဖြင့် -

(၁) သဥပါဒိသေသ နိဗ္ဗာန်
(၂) အနုပါဒိသေသ နိဗ္ဗာန်

ဟူ၍ သိစေတတ်သော အကြောင်း၏ အမြွက်အားဖြင့် နှစ်ပါးအပြားရှိ၏။ ထိုမှတပါး -

၁။ သုညတ နိဗ္ဗာန်
၂။ အနိမိတ္တ နိဗ္ဗာန်
၃။ အပ္ပဏိဟိတ နိဗ္ဗာန်

ဟူ၍ အခြင်းအရာတို့၏ အပြားအားဖြင့် သုံးပါးအပြားရှိ၏။

တဒေတံ သဘာဝတော ဧကဝိဓမ္ပိ သဥပါဒိသေသနိဗ္ဗာနဓာတု အနုပါဒိသေသနိဗ္ဗာန-ဓာတုစေတိ ဒုဝိဓံ ဟောတိ ကာရဏပရိယာယေန၊ တထာ သုညတံ အနိမိတ္တံ အပ္ပဏိဟိတဉ္ဇေတိ တိဝိဓံ ဟောတိ အာကာရဘေဒေန။

[သင်္ဂြိုဟ်ပါဌ်။]

သဘာဝတော၊ သဘောအားဖြင့်။
(ဝါ) မိမိ၏ ကိစ္စလက္ခဏာအားဖြင့်။
ဧကဝိဓမ္ပိ၊ တစ်ခုအဖို့ရှိသည်လည်း ဖြစ်သော။
တဒေတံ တံ ဧတံ နိဗ္ဗာနံ၊ ထိုနိဗ္ဗာန်သည်။
သဥပါဒိသေသနိဗ္ဗာနဓာတု စ၊ ခန္ဓာငါးပါးသာလျှင် ကိလေသာတို့မှ ကြွင်းသည် နှင့်တကွဖြစ်သော သဥပါဒိသေသနိဗ္ဗာနဓာတ် လည်းကောင်း။
အနုပါဒိသေသနိဗ္ဗာနဓာတု စ၊ ခန္ဓာ ငါးပါးသာလျှင် ကိလေသာတို့မှ အကြွင်း မရှိသော အနုပါဒိသေသနိဗ္ဗာနဓာတ် လည်းကောင်း။
(ဝါ) ကိလေသာတို့မှ ကြွင်းသော ခန္ဓာ ငါးပါးမရှိသော အနုပါဒိသေသ နိဗ္ဗာနဓာတ် လည်းကောင်း။
ဣတိ၊ ဤသို့။
ကာရဏပရိယာယေန၊ သိစေတတ်သော အကြောင်း၏ အမြွက်အားဖြင့်။
ဒုဝိဓံ၊ နှစ်ပါးအပြားရှိသည်။
ဟောတိ၊ ဖြစ်၏။
တထာ၊ ထိုမှတပါး။
သုညတဉ္စ၊ ရာဂ ဒေါသ မောဟတို့မှ ဆိတ်သည်၏ အဖြစ်ကြောင့် သုညတ အမည်ရှိသော နိဗ္ဗာန်လည်းကောင်း။
အနိမိတ္တဉ္စ၊ ရာဂ ဒေါသ မောဟ တည်းဟူသော အကြောင်းကင်းသည်၏ အဖြစ်ကြောင့် အနိမိတ္တ အမည်ရှိသော နိဗ္ဗာန်လည်းကောင်း။
အပ္ပဏိဟိတဉ္စ၊ ရာဂ ဒေါသ မောဟ တည်းဟူသော တောင့်တခြင်း ကင်းသည်၏ အဖြစ်ကြောင့် အပ္ပဏိဟိတ အမည်ရှိသော နိဗ္ဗာန်လည်းကောင်း။
ဣတိ၊ ဤသို့။
အာကာရဘေဒေန၊ အခြင်းအရာတို့၏ အပြားအားဖြင့်။
တိဝိဓံ၊ သုံးပါးအပြားရှိသည်။
ဟောတိ၊ ဖြစ်၏။

ဤမှတစ်ပါးလည်း -

အဘိဓမ္မာဝတာရ၌ (၃၆) ပါး၊
သဠာယတန သံယုတ်၌ (၃၂) ပါး၊
အနုဋီကာ၌ (၃၁) ပါး၊
အဘိဓာန်၌ (၄၆) ပါး

အစရှိသောအားဖြင့် နိဗ္ဗာန်၏ ပရိယာယ်တို့ကို အသွယ်သွယ် ဟောတော် မူကြ ကုန်၏။ ထိုသို့ ဟောတော်မူကြသော်လည်း သဥပါဒိသေသနိဗ္ဗာန် အနုပါဒိသေသ-နိဗ္ဗာန် နှစ်ပါး၌သာလျှင် အကျုံးဝင်ကုန်၏။

ထို့ကြောင့် ရှင်တော်ဘုရားသည် -

ဒွေမာ ဘိက္ခဝေ နိဗ္ဗာနတုယော၊ ကတမာ ဒွေ သဥပါဒိသေသာ စ နိဗ္ဗာနဓာတု အနုပါဒိသေသာ စ နိဗ္ဗာနဓာတူတိ" ဟူ၍သင်္ချာကန့်လျက် ဣတိဝုတ်ပါဠိတော်၌ ဟောတော်မူသောကြောင့် နှစ်ပါးသာ ရှိ၏ ဟူပေ။

၆၂ - နိဗ္ဗာန်၏သဘောကို ပြခြင်း

ထိုနိဗ္ဗာန်၏ သဘောသည် အဘယ်သို့ရှိသနည်း ဟူသော တတိယပုစ္ဆာ၌

(၁) ထိုမဂ်ဖိုလ်တို့၏ အာရုံဖြစ်သော အသင်္ခတဓာတ် မြတ်သော နိဗ္ဗာန်သည် ရာဂ၏ ကုန်ခြင်း အစရှိသောအားဖြင့် အလုံးစုံသော ဒုက္ခတို့၏ ငြိမ်းခြင်းအကြောင်း ဖြစ်သည်၏အဖြစ်၊ ကိလေသာ ဟူသော ပူပန်ခြင်း မရှိသည်၏ အဖြစ်တို့ကြောင့် ငြိမ်းခြင်းလက္ခဏာ ရှိ၏။

(၂) မိမိ၏သဘောကို တရံတခါမျှ မစွန့်ခြင်းကြောင့် စုတိ ရွေ့လျော့ခြင်းမရှိဟူသော ဂုဏ်နှင့် ပြည့်စုံ၏။ (ဝါ) သက်သာရာကို ရအောင် ပြုခြင်း ကိစ္စရှိ၏။

(၃) ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ် - ဟူသော ခန္ဓနိမိတ်မှ ကင်းဆိတ်သည် ၏အဖြစ်ကြောင့် ခန္ဓာမဟုတ်ဟူ၍ ဉာဏ်သည် အာရုံ ပြုသောအားဖြင့် ယူအပ်ရကား ခန္ဓနိမိတ်မှ ကင်းဆိတ်သောတရားဟူ၍ ယောဂီပုဂ္ဂိုလ်၏ဉာဏ်ဝ၌ ရှေ့ရှုထင်ခြင်း ပစ္စုပဋ္ဌာန် ရှိ၏၊

(ဝါ) သံသရာကို မြင့်ကြာ ရှည်လျား ပြန့်ပွားစေတတ်သော တဏှာ မာန ဒိဋ္ဌိတို့ကို နိဗ္ဗာန်လျှင် အာရုံရှိသော အရိယမဂ်ဖြင့် အကြွင်းမဲ့ ဖြတ်အပ်ပြီးသည် ဖြစ်၍ ပပဉ္စတရားမရှိခြင်း အကျိုးရှိ၏။

ပဒဋ္ဌာန် မရအပ်။

(နေတ္တိ၌ “တံ နိရောဓဿ ပဒဋ္ဌာနံ”ဟု ပြတော်မူခြင်းကား သမ္ပာပကဟိတ်ကို ရည်၍ ပြတော်မူသည်၊ ဇနက မဟုတ်။)

တယိဒံသန္တိလက္ခဏံ၊ အစ္စုတိရသံ၊ အဿာသကရဏရသံ ဝါ၊ အနိမိတ္တပစ္စုပဋ္ဌာနံ၊ နိပ္ပပဉ္စ ပစ္စုပဋ္ဌာနံ ဝါ။

ဝိသုဒ္ဓိ၊၂၊၁၃၉

တယိဒံ တံ ဣဒံ နိဗ္ဗာနံ၊ ထိုမဂ်ဖိုလ်တို့၏ အာရုံဖြစ်သော အသင်္ခတဓာတ် နိဗ္ဗာန်သည်။
သန္တိလက္ခဏံ၊ ရာဂ၏ ကုန်ခြင်းအစရှိသောအားဖြင့် အလုံးစုံသော ဒုက္ခငြိမ်းခြင်း၏ အကြောင်းဖြစ်သည်၏အဖြစ် ကိလေသာဟူသော ပူပန်ခြင်းမရှိသည်၏ အဖြစ် တို့ကြောင့် ငြိမ်းခြင်း လက္ခဏာ ရှိ၏။
အစ္စုတိရသံ၊ မိမိ၏သဘောကို တရံတခါမျှ မစွန့်ခြင်းကြောင့် မိမိ သန္တိသဘောမှ မရွေ့လျောခြင်းဟူသော ဂုဏ်နှင့် ပြည့်စုံ၏၊
(ဝါ) တစ်နည်းကား။
အဿာသကရဏ ရသံ၊ သက်သာရာကိုရအောင်ပြုခြင်း ကိစ္စရှိ၏။
အနိမိတ္တပစ္စုပဋ္ဌာနံ၊ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ် ဟူသော ခန္ဓာနိမိတ်မှ ကင်းဆိတ်သည်၏ အဖြစ်ကြောင့် ခန္ဓာမဟုတ်ဟူ၍ ဉာဏ်သည် အာရုံပြုသော အားဖြင့် ယူအပ်ရကား ခန္ဓနိမိတ်မှ ကင်းဆိတ်သော တရားဟူ၍ ယောဂီပုဂ္ဂိုလ်၏ ဉာဏ်အား ရှေးရှုထင်သော အခြင်း အရာဟူသော အနိမိတ္တပစ္စုပဋ္ဌာန် ရှိ၏။
(ဝါ) တစ်နည်းကား။
နိပ္ပပဉ္စ ပစ္စုပဋ္ဌာနံ၊ သံသရာကို မြင့်ကြာရှည်လျား စည်ကား ပြန့်ပွားအောင် ချဲ့တတ်သော တဏှာ မာန ဒိဋ္ဌိ ဟူသော ပပဉ္စတရား တို့ကို နိဗ္ဗာန်လျှင် အာရုံ ရှိသော အရိယာမဂ်ဖြင့် အကြွင်းမဲ့ ပယ်ဖျက်အပ်ပြီး သည်ဖြစ်၍ ပပဉ္စ တရားမရှိခြင်း ဟူသော အကျိုး ရှိ၏။
(ဝါ) ပယ်အပ်ပြီးသည်ဖြစ်၍ သံသရာ စက်ရဟတ် ပြတ်ကင်း မကျယ်ပြန့်ခြင်း အကျိုးရှိ၏။

ဤကား သဥပါဒိသေသ အနုပါဒိသေသ နှစ်ပါးလုံး၌ ယထာရဟ ရထိုက်သော သဘောတို့ပေတည်း။

ဤသာသနာတော်၌ သပ္ပုရိသသံသေဝ - စသော ဂုဏ်တို့နှင့် ပြည့်စုံသောသူသည် လောကုတ္တရာတရား ကိုးပါး အားလျော်သော အကျင့်နှင့် ပြည့်စုံသည်ဖြစ်၍ လေးပါးသော အာသဝေါတရားတို့ကို ကုန်စေသည် ဖြစ်၍ ရဟန္တာသည်ဖြစ်၏။

ထိုရဟန္တာအား ငါးပါးသော ဣန္ဒြေတို့သည် အဆုံးစွန်သောဘဝကို ဖြစ်စေတတ်သော ဇနကကံကြောင့် ဖြစ်သော ရုပ်နာမ်တရားတို့သည် တစ်သက်လျာ တည်သမျှ ကာလပတ်လုံး တည်ကုန်သေးသည်သာတည်း။

ဣဋ္ဌ၊ အနိဋ္ဌ၊ သုခ၊ ဒုက္ခတို့ကိုလည်း ဣန္ဒြေရှိသေးသည် အဖြစ်ကြောင့် ခံစားရုံမတ္တဖြင့် ခံစားသေးသည်သာတည်း။ ထိုရဟန္တာအား ရာဂ ဒေါသ မောဟ တို့သည်ကုန်ခဲ့၏။

ဤသို့ကိလေသာမှ ကြွင်းသော ခန္ဓာငါးပါးဟူသော ဥပါဒိရှိသေးသော ရဟန္တာ၏ အရဟတ္တမဂ်သည် အကြွင်းမဲ့ ပယ်ဖျက်အပ်သည်ဖြစ်၍ ရာဂစသည်တို့၏ ဧကန် စင်စစ်တစ်ဖန် မဖြစ်ခြင်း ကုန်ခြင်းကို သဥပါဒိသေသ နိဗ္ဗာန်မည်၏ဟူ၍ ဆိုအပ်၏။

ဣဓ ဘိက္ခဝေ ဘိက္ခု အရဟာ ဟောတိခီဏာသဝေါ ဝုသိတဝါ ကတကရဏီယော ဩဟိတဘာရော အနုပ္ပတ္တသဒတ္ထော ပရိက္ခီဏဘဝသံယောဇနော သမ္မဒညာ ဝိမုတ္တော။ တဿ တိဋ္ဌန္တေဝ ပဉ္စိန္ဒြိယာနိ၊ ယေသံ ဘာဝိတတ္တာ မနာပါမနာပံ ပစ္စနုဘောတိ၊ သုခဒုက္ခံ ပဋိသံဝေဒယတိ၊ တဿ ယော ရာဂက္ခယော ဒေါသက္ခယော မောဟက္ခယော၊ အယံ ဝုစ္စတိ ဘိက္ခဝေ သဥပါဒိသေသာ နိဗ္ဗာနဓာတု။

ဣတိဝုတ်၊၂၂၁

ဘိက္ခဝေ၊ ရဟန်းတို့။
ဣဓ၊ ဤသာသနာတော်၌။
ဘိက္ခု၊ ရဟန်းသည်။
ခီဏာသဝေါ၊ ကုန်ပြီးသော အာသဝေါ ရှိသည်ဖြစ်၍။
ဝုသိတဝါ၊ ကျင့်သုံးအပ်ပြီးသော အရိယမဂ်ဟူသော အကျင့်ရှိသည်ဖြစ်၍။
ကတကရဏီယော၊ ပြုအပ်ပြီးသော တစ်ဆယ့်ခြောက်ချက်သော မဂ်ကိစ္စရှိသည် ဖြစ်၍။
ဩဟိတဘာရော၊ သွန်ချ စွန့်ပစ်အပ်ပြီးသော ကိလေသာဟူသော ဝန်ရှိသည်ဖြစ်၍။
အနုပ္ပတ္တသဒတ္ထော၊ မဂ်လေးပါး အစဉ်အားဖြင့် ရောက်အပ်ပြီးသော အရဟတ္တဖိုလ် ရှိသည်ဖြစ်၍။
ပရိက္ခီဏဘဝသံယောဇနော၊ အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ကုန်ခန်းစေအပ်ပြီးသော သတ္တဝါတို့ကို ဘဝမှမကင်း မကျွတ်မလွတ်နိုင်အောင် ဖွဲ့နှောင်တတ်သော သံယောဇဉ် ရှိသည်ဖြစ်၍။
သမ္မဒညာဝိမုတ္တော၊ မဖောက်မပြန် အမှန်သိမြင်သဖြင့် ကိလေသာတို့မှ လွတ်ပြီးသည် ဖြစ်၍။
အရဟာ၊ လူနတ် ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံထိုက်သော ရဟန္တာသည်။
ဟောတိ၊ ဖြစ်၏။

တဿ၊ ထိုရဟန္တာပုဂ္ဂိုလ်အား။
ပဉ္စိန္ဒြိယာနိ၊ စက္ခုအစရှိကုန်သော ပသာဒိန္ဒြေ ငါးပါးတို့သည်။
တိဋ္ဌန္တေဝ၊ အဆုံးစွန်သော ဘဝကိုဖြစ်စေတတ်သော ထိုပစ္ဆိမဘဝ၏ ဇနက အကြောင်းဖြစ်သော ကံ၏ အစွမ်းသတ္တိအဟုန် မကုန်သေးသမျှ ကာလပတ်လုံး တည်ကုန်သေးသည် သာလျှင်တည်း။
ယေသံ၊ အကြင်ငါးပါး ပသာဒိန္ဒြေတို့၏။
ဘာဝိတတ္တာ၊ ထင်ရှားဖြစ်သေး ရှိသေးသည်၏ အဖြစ်ကြောင့်။
မနာပါမနာပံ၊ စိတ်နှလုံးကို ပွားစေတတ်သော ဣဋ္ဌာရုံ စိတ်နှလုံးကို မပွားစေ တတ်သော အနိဋ္ဌာရုံ ဟူသော ရူပါရုံအစရှိသော အာရုံငါးပါးကို။
ပစ္စနုဘောတိ၊ ခံစားရ၏။
သုခဒုက္ခံ၊ ဝိပါက်ဖြစ်သော သုခဝေဒနာ ဒုက္ခဝေဒနာကို။
ပဋိသံဝေဒယတိ၊ ခံစား၏။

တဿ၊ ထိုတဏှာဒိဋ္ဌိတို့သည် အာရုံပြုသောအားဖြင့် ပြင်းစွာ စွဲလမ်းအပ်သည် ဖြစ်၍ ဥပါဒိမည်သော ခန္ဓာငါးပါး အကြွင်းရှိသေးသော ရဟန္တာ ပုဂ္ဂိုလ်အား။
ယော ရာဂက္ခယော၊ အရိယမဂ်သည် အကြွင်းမဲ့ပယ်ဖျက် အပ်သည် ဖြစ်၍ ရာဂ၏ တစ်ဖန် အသစ်မဖြစ် နိုင်ခြင်းဟူသော အကြင် ရာဂ၏ ကုန်ခြင်းသည်။
(ဝါ) အကြင်ရာဂ၏ ကုန်ခြင်းဟူသော မရှိခြင်းသည်။
ဒေါသက္ခယော၊ အကြင်ဒေါသ၏ ကုန်ခြင်းဟူသော မရှိခြင်းသည်။
ယော မောဟက္ခယော၊ အကြင် မောဟ၏ ကုန်ခြင်းဟူသော မရှိခြင်းသည်။
ဟောတိ၊ ဖြစ်၏။

ဘိက္ခဝေ၊ ရဟန်းတို့။
အယံ၊ ဤကိလေသာမှ ကြွင်းသော ခန္ဓာငါးပါးသော ဥပါဒိရှိသေးသော ရဟန္တာ ပုဂ္ဂိုလ်၏ အရဟတ္တမဂ်သည် အကြွင်းမဲ့ ပယ်ဖျက်အပ်သည်ဖြစ်၍ ရာဂ ဒေါသ မောဟတို့၏ ဧကန်စင်စစ် တစ်ဖန် မဖြစ်နိုင်သော မဖြစ်ခြင်းဟူသော ရာဂ ဒေါသ မောဟတို့၏ကုန်ခြင်းကို။
သဥပါဒိသေသာ၊ တဏှာ ဒိဋ္ဌိ ဟူသော ဥပါဒါန်တို့သည် အာရုံပြုသောအားဖြင့် စွဲယူအပ်သော ခန္ဓာငါးပါးဟူသော ကိလေသာတို့မှ ကြွင်းကျန်ရစ်သော ဥပါဒိ နှင့်တကွ ဖြစ်သော။
(ဝါ) ဥပါဒိရှိသော။
နိဗ္ဗာနဓာတု၊ နိဗ္ဗာနဓာတ် ဟူ၍။
(ဝါ)၊ ရာဂ ဒေါသ မောဟ ကိလေသာတို့၏ ငြိမ်းအေးခြင်းသဘောဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။

တစ်နည်း။

ကာမုပဓိ၊ ခန္ဓုပဓိ၊ ကိလေသုပဓိ၊ အဘိသင်္ခါရုပဓိဟု ဆိုအပ်သော ဥပဓိလေးပါး တို့တွင် အရဟတ္တမဂ်သို့ ရောက်သောပုဂ္ဂိုလ်သည် ကာမုပဓိ၊ ကိလေသုပဓိ၊ အဘိသင်္ခါရုပဓိဟူသော ဥပဓိသုံးပါး တို့ကိုအကြွင်းမဲ့ ပယ်အပ်ပြီးသည်မှ ကြွင်းကျန် ရစ်သော ဝိပါက်နာမက္ခန္ဓာ ကမ္မဇရုပ်ဟူသော ခန္ဓုပဓိသာ ရှိရှာတော့သည်၊

ထိုရဟန္တာအား ရာဂ ဒေါသ မောဟ တို့၏ ကုန်ခြင်း ဧကန်စင်စစ် တစ်ဖန် ဖြစ်ခြင်း မရှိသော ကိလေသာဘာဝကို သဥပါဒိသေနိဗ္ဗာန် ဟူ၍ မှတ်အပ်၏။

တတ္ထ တဿာတိ ဥပါဒိသေသဿ သတော အရဟတော၊ ယော ရာဂက္ခယောတိ-ရာဂဿ ခယော ခီဏာကာရော အဘာဝေါ အစ္စန္တမနုပ္ပါဒေါ၊ ဧသနယော သေသေသုပိ၊ ဧတ္တာဝတာ ရာဂါဒိခယော သဥပါဒိသေသာ နိဗ္ဗာနဓာတူတိ။

ဣတိဝုတ်၊ဋ္ဌ၊၁၅၉

တတ္ထ၊ ထို တဿ ယော - အစရှိသော စကား၌။
တဿာတိတဿ ဟူသည်ကား။
ဥပါဒိသေသဿ၊ အရဟတ္တမဂ်သည် အကြွင်းမဲ့ ပယ်အပ် ပြီးသော ကိလေသာမှ ကြွင်းကျန်ရစ်သော ဝိပါက်နာမက္ခန္ဓာကမ္မဇရုပ် ဟူသော ဥပါဒိသည်။
သတော၊ ထင်ရှားရှိသေးသော။ (ဝါ) ထင်ရှား ဖြစ်သော။
တဿ အရဟတော၊ ထိုရဟန္တာအား။
ယော ရာဂက္ခယောတိယော ရာဂက္ခယော ဟူသည်ကား။
ရာဂဿ၊ ရာဂ၏။
ခယော၊ ကုန်ခြင်းတည်း။
ခီဏာကာရော၊ ကုန်သော အခြင်းအရာတည်း။
အဘာဝေါ၊ မရှိခြင်းတည်း။
အစ္စန္တမနုပ္ပါဒေါ၊ အရဟတ္တမဂ်သည် အကြွင်းမဲ့ ပယ်ဖျက်အပ်သည်ဖြစ်၍ဧကန်စင်စစ် တစ်ဖန် မဖြစ်ကောင်းသော မဖြစ်ခြင်းတည်း။
သေသေသုပိ၊ ကြွင်းသော ဒေါသက္ခယော မောဟက္ခယော ဟူသောပုဒ်တို့၌လည်း။
ဧသနယော၊ ဤနည်းကို။
ဝေဒိတဗ္ဗော၊ သိအပ်၏။
ဧတ္တာဝတာ၊ ဤမျှ အတိုင်းအရှည်ရှိသော စကားအစဉ်ဖြင့်။
ရာဂါဒိခယော၊ အရဟတ္တမဂ်သည် အကြွင်းမဲ့ပယ်ဖျက်အပ်သည် ဖြစ်၍ ရာဂ အစ ရှိသည်တို့၏ ရဟန္တာပုဂ္ဂိုလ်သန္တာန်ဝယ် တစ်ဖန်အသစ် မဖြစ်နိုင်ခြင်း တည်းဟူသော ကုန်ခြင်း အဘာဝကို။
သဥပါဒိသေသာ နိဗ္ဗာနဓာတူတိသဥပါဒိသေသနိဗ္ဗာနဓာတ်ဟူ၍။
ဒဿိတော၊ ပြတော်မူအပ်သည်။
ဟောတိ၊ ဖြစ်၏။

သဥပါဒိသေသနိဗ္ဗာနဓာတ်ကို ပြဆိုသောအရာ၌ အရဟတ္တဖိုလ်ကိုသာမဟုတ်၊ အောက်အောက် ဖြစ်ကုန်သော သောတာပတ္တိဖိုလ် သကဒါဂါမိဖိုလ် အနာဂါမိဖိုလ် တို့ကိုလည်း ဥပါဒါပညတ်နည်း၊ နေယျတ္ထနည်း တို့ဖြင့် သဥပါဒိသေသ နိဗ္ဗာနဓာတ် ဟူ၍ ယူအပ်ယူထိုက်ပေသည်။

(ဤကား သဥပါဒိသေသနိဗ္ဗာန် သဘောတည်း။)

ဤသာသနာတော်၌ အာသဝေါ ကုန်ပြီးသော ရဟန္တာသည် ဤ ပစ္စက္ခ၌ပင်လျှင် အလုံးစုံသော ဝေဒနာတို့သည်။ (ဝါ) ခန္ဓာငါးပါးတို့သည် တဏှာ မာန ဒိဋ္ဌိတို့၏ အစွမ်းဖြင့် မစွဲလမ်းသည်ဖြစ်၍ ပူပန်ခြင်းမရှိ ငြိမ်းအေးကုန်လတ္တံ့။

ပဋိသန္ဓေကိစ္စတပ်၍ မဖြစ်နိုင်ခြင်း ဟူသော ချုပ်ခြင်းဖြင့် စုတိစိတ်၏ ဘင်ခဏ၌ ချုပ်ပြီးသည်၏ အခြားမဲ့ဝယ် ဖြစ်လတ္တံ့သော အလုံးစုံသော ဝေဒယိတတရားတို့၏ သင်္ခါရဟူသော ပူပန်ခြင်းမှ၊
(ဝါ) ခန္ဓာငါးပါး တည်းဟူသော ပူပန်ခြင်းမှ၊
(ဝါ) သံသရာတွင် အစဉ်မပြတ် စပ်၍စပ်၍ ဖြစ်ခြင်းတည်း ဟူသော ပူပန်ခြင်းမှ ငြိမ်းအေးခြင်းကို၊
(ဝါ) အပူဟူသမျှ လက်စသတ် ဇာတ်သိမ်း ငြိမ်းအေးခြင်း တကာတို့ထက် အလွန် ငြိမ်းရကား “သိဝ” မည်သော ငြိမ်းအေးခြင်းကို အနုပါဒိသေသနိဗ္ဗာနဓာတ် မည်၏ ဟူ၍ ဆိုအပ်၏။

ဣဓ ဘိက္ခဝေ ဘိက္ခု အရဟာ ဟောတိ ခီဏာသဝေါ ဝုသိတဝါ ကတကရဏီယော ဩဟိတဘာရော အနုပ္ပတ္တသဒတ္ထော ပရိက္ခီဏဘဝသံယောဇနော သမ္မဒညာ ဝိမုတ္တော၊ တဿ ဣဓေဝ ဘိက္ခဝေ သဗ္ဗဝေဒယိတာနိ အနဘိနန္ဒိတာနီ သီတိ ဘဝိဿန္တိ၊ အယံ ဝုစ္စတိ ဘိက္ခဝေ အနုပါဒိသေသာ နိဗ္ဗာနဓာတု။

ဣတိဝုတ်၊၂၂၁

ဘိက္ခဝေ၊ ရဟန်းတို့။
ဣဓ၊ ဤသာသနာ၌။
ဘိက္ခု၊ ရဟန်းသည်။
ခီဏာသဝေါ၊ ကုန်ပြီးသော အာသဝေါ ရှိသည်ဖြစ်၍။
ဝုသိတဝါ၊ ကျင့်သုံးအပ်ပြီးသော အရိယမဂ်ဟူသော အကျင့်ရှိသည်ဖြစ်၍။
ကတ ကရဏီယော၊ ပြုအပ်ပြီးသာ ၁၆-ချက်သော မဂ်ကိစ္စ ရှိသည်ဖြစ်၍။
ဩဟိတဘာရော၊ သွန်ချစွန့်ပစ်အပ်ပြီးသော ကိလေသာဟူသော ဝန်ရှိသည်ဖြစ်၍။
အနုပ္ပတ္တသဒတ္ထော၊ မဂ်လေးပါး အစဉ်အားဖြင့် ရောက်အပ်ပြီးသော အရဟတ္တဖိုလ် ရှိသည်ဖြစ်၍။
ပရိက္ခီဏဘဝသံယောဇနော၊ အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ကုန်ခန်းစေအပ်ပြီးသော သတ္တဝါတို့ကို ဘဝမှ မကင်း မကျွတ် မလွတ်နိုင်အောင် ဖွဲ့နှောင်တတ်သော သံယောဇဉ် ရှိသည်ဖြစ်၍။
သမ္မဒညာဝိမုတ္တော၊ မဖောက်မပြန် အမှန် သိမြင်သဖြင့် ကိလေသာတို့မှ လွတ်ပြီး သည်ဖြစ်၍။
အရဟာ၊ ရဟန္တာသည်။
ဟောတိ၊ ဖြစ်၏။

ဘိက္ခဝေ၊ ရဟန်းတို့။
တဿ၊ ထိုရဟန္တာဖြစ်ပြီးသော ပုဂ္ဂိုလ်အား။
ဣဓေဝ၊ ဤ ပစ္စက္ခဘဝ၌ပင်လျှင်။
သဗ္ဗဝေဒယိတာနိ၊ သုခအစရှိကုန်သော အလုံးစုံသော အဗျာကတဝေဒနာတို့သည်။
(ဝါ) ဝေဒနာကို အဦးထား၍ ဟောကြားတော်မူအပ်ကုန်သော အလုံးစုံသော ခန္ဓာငါးပါးတို့သည်။
အနဘိနန္ဒိတာနိ၊ တဏှာစသည်တို့ဖြင့် မစွဲလမ်း မစုံမက် မနှစ်သက် မချစ်ခင်အပ် ကုန်သည် ဖြစ်၍။
သီတိ၊ စင်စစ်ကန် အမှန်ငြိမ်းသောအားဖြင့် သင်္ခါရဟူသော ပူပန်ခြင်းမှ ငြိမ်းအေး သဖြင့် ငြိမ်းအေးခြင်း ရှိကုန်သည်။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
ဘိက္ခဝေ၊ ရဟန်းတို့။
အယံ၊ ဤ ပဋိသန္ဓေကိစ္စတပ်၍ မဖြစ်နိုင်ခြင်းဟူသော ချုပ်ခြင်းဖြင့် ချုပ်လတ္တံ့ သည်ဟု ဆိုအပ်သော စုတိဘင်္ဂက္ခဏ ဖြစ်လတ္တံ့သော အလုံးစုံသော ဝေဒယိ တရားတို့၏ သင်္ခါရဟူသော ပူပန်ခြင်းမှငြိမ်းအေးခြင်းဟူသော ငြိမ်းအေးခြင်းကို။
အနုပါဒိသေသာအနုပါဒိသေသ မည်သော။
(ဝါ) ဥပါဒါန်တရားတို့သည် အာရုံပြုသောအားဖြင့် စွဲလမ်းအပ်သော ဝိပါက် နာမက္ခန္ဒာကမ္မဇရုပ် ဟူသော ခန္ဓာငါးပါး အကြွင်းမရှိဘဲ။
နိဗ္ဗာနဓာတုနိဗ္ဗာနဓာတ်ဟူ၍။
(ဝါ) ဥပါဒိမည်သော ခန္ဓာငါးပါးတို့၏ ပဋိသန္ဓေကိစ္စ တပ်သောအားဖြင့် ဧကန်စင်စစ် တစ်ဖန်အသစ်မဖြစ်ခြင်း ဟူသော အေးငြိမ်းခြင်း သဘောဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။

ထိုနှစ်ပါးတို့တွင် သဥပါဒိသေသ နိဗ္ဗာန်သည် ကိလေသာ ဟူသော ဝဋ်ဒုက္ခမျိုးတို့၏ ချုပ်ငြိမ်းမှုကြီးပေတည်း။

အနုပါဒိသေသ နိဗ္ဗာန်သည် ကိလေသာ ဟူသော ဝဋ်ဒုက္ခ၊ ဝိပါက်နာမက္ခန္ဓာ ကမ္မဇရုပ် ဟူသော ခန္ဓာငါးပါး တည်းဟူသော ဝဋ်ဒုက္ခ ဤဒုက္ခကြီး နှစ်မျိုးတို့၏ ချုပ်ငြိမ်းမှုကြီး ပေတည်း။

ထိုကြောင့် ရှင်တော်ဘုရားသည် ထိုထိုသောဒေသနာတော်၌ -

ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ” ဟူ၍ ဟောတော်မူ သည်။

ကေဝလဿ၊ အလုံးစုံသော။
(ဝါ) သုခ စသည်တို့နှင့် ရောယှက်ခြင်းမရှိ သက်သက်သော။
ဒုက္ခက္ခန္ဓဿ၊ ကိလေသဒုက္ခ ခန္ဓဒုက္ခ အစု၏။
နိရောဓော၊ ချုပ်ခြင်းသည်။ (ဝါ) မဖြစ်ရာသည်။
ဟောတိ၊ ဖြစ်၏။

ထို ပါဠိင်၏အနက်ကို ပြက်ပြက်ထင်ထင် သိမြင်အောင် ပြတော်မူခြင်းငှာ ၎င်း အနုပါဒိသေသ နိဗ္ဗာန်၏သဘောကို နိဒါနဝဂ္ဂသံယုတ်အဋ္ဌကထာရှင်သည် --

တတ္ထ ကေဝလဿာတိ သကလဿ သုဒ္ဓဿဝါ၊ သတ္တ ဝိရဟိတဿာတိ အတ္ထော။ ဒုက္ခက္ခန္ဓဿာတိ ဒုက္ခရာသိဿ။ နိရောဓော ဟောတီတိ အနုပ္ပါဒေါ ဟောတိ-

သံ၊ဋ္ဌ၊၂၂၉။ ဟူ၍ ဖွင့်တော်မူ၏။

တတ္တ၊ ထို ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ ဟူသော ပါဌ်၌။
ကေဝလဿာတိ ပဒဿကေဝလဿ ဟူသောပုဒ်၏။
သကလဿ၊ အလုံးစုံသော (ဝါ) တစ်နည်းကား။
သုဒ္ဓဿ၊ သတ္တ ဇီဝ စသည်တို့နှင့် ရောခြင်းမရှိ သက်သက်သော။
သတ္တဝိရဟိတဿ၊ သတ္တဝါ ကြဉ်သော ဆင်းရဲအစု၏။
ဣတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်၏တည်း။
ဒုက္ခက္ခန္ဓဿာတိ ပဒဿဒုက္ခက္ခန္ဓဿ ဟူသော ပုဒ်၏။
ဒုက္ခရာသိဿ၊ ဆင်းရဲအစု၏။
ဣတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
နိရောဓော ဟောတီတိ ပဒဿနိရောဓော ဟောတိ ဟူသော ပုဒ်၏။
အနုပ္ပါဒေါ၊ မဖြစ်ရာသဘောသည်။
ဟောတိ၊ ဖြစ်၏။
ဣတိအယံ၊ ဤသည်လျှင်။
အတ္ထော၊ အနက်တည်း။

၎င်းအနုပါဒိသေသ နိဗ္ဗာန်ကို ခိုလှုံစံမြန်းသော ပုဂ္ဂိုလ်တို့ကို ယူရာ၌ လွန်စွာ နေရာကျအောင် ယူနိုင်ခဲသည်။

ထင်စေအံ့ -

နိဗ္ဗာန်စံဝင်သော ပုဂ္ဂိုလ်သည် နိဗ္ဗာန်စံဝင်သော စတိ စိတ်၏ ဘင်္ဂက္ခဏ၏အခြားမဲ့၌ မြဲ၏၊ မပျက်မစီး၊ အိုခြင်းနာခြင်း သေခြင်း မရှိဟု ယူအံ့၊ သဿတဒိဋ္ဌိအယူကို ယူသောသူ မည်ပေ၏။

ထိုနိဗ္ဗာန်စံဝင်သော ပုဂ္ဂိုလ်သည် နိဗ္ဗာန်စံဝင်သော စုတိစိတ်၏ ဘင်္ဂက္ခဏ၏ အခြားမဲ့၌ ပြတ်၏၊ ချုပ်၏၊ ငြိမ်း၏၊ ဘာမျှ မရှိဟု ယူခဲ့အံ့၊ ဥစ္ဆေဒဒိဋ္ဌိအယူကို ယူသောသူ မည်ပေ၏။

ထိုစကားမှန်၏၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတစ်ပါး ယောက်ျား မိန်းမ စသည်တို့သည် ပညတ်မျှသာတည်း၊ ၎င်းပညတ်သည် ပင်ကိုယ်ကပင်လျှင် အလျဉ်းမရှိရကား နိဗ္ဗာန်စံယူဖွယ် မရှိ၊ နိဗ္ဗာန်မစံယူရက အရှည်စွဲ၍ မြဲမြံစွာ အဘယ်မှာတည်ခြင်း အဘယ်မှာ ပြတ်ခြင်း ရှိနိုင်တော့အံ့နည်း၊ မရှိသည် ဧကန်သာတည်း။

ပရိနိဗ္ဗုတော ပုဂ္ဂလော သဿတောတိ န ဟေဝံ ဝတ္တဗ္ဗေ။ ပရိနိဗ္ဗုတော ပုဂ္ဂလော ဥစ္ဆိန္နောတိ၊ န ဟေဝံ ဝတ္တဗ္ဗေ။

အဘိ ၅၊ ၅၄။

ပရိနိဗ္ဗုတော၊ ပရိနိဗ္ဗာန်စံလွန်ပြီးသော။
ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။
သဿတောတိ၊ အရှည်စွဲ၍ မြဲလေသလာ။
ဧဝံ၊ ဤသို့ အရှည်စွဲ၍ မြဲလေသည်ဟူ၍။
န ဟိ ဝတ္တဗ္ဗေ၊ မဆိုအပ်။
ပရိနိဗ္ဗုတော၊ ပရိနိဗ္ဗာန် စံလွန်ပြီးသော။
ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။
ဥစ္ဆိန္နောတိ၊ ပြတ်လေသလော။
ဧဝံ၊ ဤသို့ ပြတ်လေသည်ဟူ၍။
န ဟိ ဝတ္တဗ္ဗေ၊ မဆိုအပ်။

ဤသို့ သကအမေး ပရအဖြေ၊ ပရအမေး သကအဖြေ ထုတ်ရကား သဿတအယူ ဥစ္ဆေဒအယူသို့ သက်ဝင်တတ်သည်ဖြစ်၍ ၎င်းအယူနှစ်ပါးတို့မှ ကင်းလွတ်သော သမ္မာအယူသို့ သက်ဝင်အောင် ဤသို့ ယူအပ်၏။

ပရိနိဗ္ဗာန်စံလွန်တော်မူပေသော ရဟန္တာပုဂ္ဂိုလ် အရှင်မြတ်တို့၏ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်ဟု ဆိုအပ်သော ခန္ဓာငါးပါးသင်္ခါရ တရားတို့သည် ပရိနိဗ္ဗာန်မယူမီ အစဉ်မပြတ် စပ်၍ ဖြစ်လည်း ဖြစ်ကုန်၏။ ချုပ်လည်းချုပ်ကုန်၏။

၎င်းအစဉ်မပြတ် စပ်၍ ဖြစ်တတ် ချုပ်တတ် ကုန်သော ရုပ်နာမ်ဓမ္မ သင်္ခါရ အပေါင်းသည်ပင်လျှင် ပရိနိဗ္ဗာန် စံလွန်သော အခါ၌၊ (ဝါ) စုတိစိတ်တော်၏ ဘင်္ဂက္ခဏမှစ၍ မဖြစ်သည် ချုပ်ငြိမ်းသည် ဖြစ်၏။

ဤသို့ ယူသည်ရှိသော် သာသနာတော်ဝယ် သင့်လျော် လျောက်ပတ်သော ရှင်တော်ဘုရား၏ အယူတော်နှင့် ညီမျှသော သမ္မာအယူ ဖြစ်ပေ၏ဟု ယူအပ်၏၊ ယူကြလေ။

တတိယေ ဒိဋ္ဌိဂတန္တိ သစေ ဟိဿ ဧဝံ ဘဝေယျ၊ “သင်္ခါရာ ဥပ္ပဇ္ဇန္တိ စေဝ နိရုဇ္ဈန္တိစ သင်္ခါရပ္ပဝတ္တမေဝ အပ္ပဝတ္တံ ဟောတီ”တိ၊ ဒိဋ္ဌိဂတံ နာမ န ဘဝေယျ၊ သာသနာဝစာရိကံ ဉာဏံ ဘဝေယျ၊ ယသ္မာ ပနဿ “သတ္တော ဥစ္ဆိဇ္ဇတိ ဝိနဿတီ” တိ အဟောသိ၊ တသ္မာ ဒိဋ္ဌိဂတံ နာမ ဇာတံ။

သံ၊ဋ္ဌ၊၂၊၂၈၄

ဟိ၊ ချဲ့ဦးအံ့။
တတိယေ၊ တတီယသုတ်၌။
ဒိဋ္ဌိဂတန္တိ၊ ဟူသည်ကား။
သင်္ခါရာ၊ သင်္ခါရတရားတို့သည်။
ဥပ္ပဇ္ဇန္တိစေဝ၊ ဖြစ်လည်း ဖြစ်ကုန်၏။
နိရုဇ္ဈန္တိ စ၊ ချုပ်လည်း ချုပ်ကုန်၏။
သင်္ခါရပ္ပဝတ္ထမေဝ၊ အစဉ်မပြတ် ဖြစ်တတ်သော သင်္ခါရတရားသည် သာလျှင်။
အပ္ပဝတ္တံ၊ မဖြစ်သည် ပြတ်သည် ချုပ်သည်။
ဟောတိ၊ ဖြစ်၏။
ဣတိဧဝံ၊ ဤသို့သော အယူသည်။
အဿ၊ ထိုယမကထေရ်အား။
သစေ ဘဝေယျ၊ အကယ်၍ ဖြစ်ငြားအံ့။
ဒိဋ္ဌိဂတံ နာမ၊ မိစ္ဆာအယူမည်သည်။
န ဘဝေယျ၊ မဖြစ်ရာ။
သာသနာဝ စာရိကံ၊ သာသနာတော်၌ သက်ဝင်သော။
ဉာဏံ၊ သမ္မာ ဉာဏ်သည်။
ဘဝေယျ၊ ဖြစ်ရာ၏။
ယသ္မာ ပန၊ အကြင်ကြောင့်ကား။
သတ္တော၊ ရဟန္တာမြတ်ဖြစ်သာ သတ္တဝါသည်။
ဥစ္ဆိဇ္ဇတိ၊ သေသည်မှ နောက်၌ ပြတ်၏။
ဝိနဿတိ၊ ပျောက်၏။
ဣတိ၊ ဤသို့သော အယူသည်။
အဿ၊ ထိုအရှင်ယမကအား။
အဟောသိ၊ ဖြစ်၏။
တသ္မာ၊ ထိုကြောင့်။
ဒိဋ္ဌိဂတံ နာမ၊ မိစ္ဆာအယူမည်သည်။
ဇာတံ၊ ဖြစ်၏။

ဤသို့ အနုပါဒိသေသနိဗ္ဗာန်ကို ခိုလှုံစံမြန်းတော်မူသော ရဟန္တာ အရှင်မြတ်၏ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ် တို့သည် တစ်ဖန် ဖြစ်ခြင်း မရှိ ချုပ်ငြိမ်း ခဲ့သည်ရှိသော် ခံစားတတ်သော ဝေဒနာ စေတသိက်တို့သည် အလျဉ်းမဲ့ကုန်သည် ဖြစ်ခဲ့ရကား ထိုအနုပါဒိသေသ နိဗ္ဗာန်၌ အဘယ်သို့သော သဘောကို နိဗ္ဗာန်နသုခ ဟူ၍ ယူမည်နည်း။

၎င်းအနုပါဒိသေသနိဗ္ဗာန်ကို ခိုလှုံစံမြန်းတော်မူပြီးသော ရဟန္တာအား စက္ခုသမ္ဖဿ ကြောင့်ဖြစ်သော ဝေဒနာသုံးပါး၊ (ပ) ။မနောသမ္မဿ ကြောင့်ဖြစ်သော ဝေဒနာသုံးပါး၊ အကျဉ်းအားဖြင့်(၁၈)ပါး၊ အကျယ်အားဖြင့် (၈၉)ပါး၊ အာရုံ ကာလ သန္တာန ကိစ္စတို့၏ အစွမ်းအားဖြင့် အနေကပဘေဒရှိသော ဝေဒနာတို့သည် ထို ရဟန္တာပုဂ္ဂိုလ်တို့၏ စုတိစိတ် ဘင်္ဂက္ခဏ၌ တစ်ပြိုင်နက် ချုပ်ငြိမ်းရကား ထိုနိဗ္ဗာန်၌ အကြင် ခံစားသော အခြင်းအရာဖြင့် ဝေဒနာတို့သည် အလျဉ်းမဲ့ မရှိကုန်။

ဤနိဗ္ဗာန်၌ ထိုခံစားသော အခြင်းအရာဖြင့် ဖြစ်သော ဝေဒနာ၏ မရှိခြင်းသည်ပင် လျှင် ဧကန်မုချ အသင်္ခတဓာတ် မြတ်သောနိဗ္ဗာန်တော် မည်၏။

(၁) လောကီကာမသုခ
(၂) မီဠှသုခ
(၃) အနရိယသုခ
(၄) နေက္ခမ္မသုခ
(၅) ပဝိဝေကသုခ

တို့ထက် လွန်ကဲသော သမ္ဗောဓသုခ ကြောင့် ရောက်အပ်ရအပ်သော ဥပသမသုခ ကြီးပေသည်။

ကိံ ပနေတ္ထ အာဝုသော သာရိပုတ္တ သုခံ၊ ယဒေတ္ထ နတ္ထိ ဝေဒယိတန္တိ၊ ဧတဒေဝ ဧတ္ထ အာဝုသော သုခံ၊ ယဒေတ္တ နတ္ထိ ဝေဒယိတံ။

အံ၊၃၊၂၁၃

အာဝုသော သာရိပုတ္တ၊ ငါ့ရှင်သာရိပုတ္တရာ။
ဧတ္ထ၊ ဤနိဗ္ဗာန်၌။
ယံ ဝေဒယိတံ၊ အကြင် ခံစားသော အခြင်းအရာဖြင့် ဖြစ်သော ဝေဒနာသည်။
နတ္ထိ၊ မရှိ။
ဧတ္ထ၊ ဤနိဗ္ဗာန်၌။
သုခံ၊ ချမ်းသာသည်။
ကိံ ပန၊ အဘယ်နည်း။
ဣတိ၊ ဤသို့။
အဝေါစ၊ အရှင်ကာဠုဒါယီက မေးလျှောက်၏။

အာဝုသော ကာဠုဒါယီ၊ ငါ့ရှင် ကာဠုဒါယီ။
ဧတ္ထ၊ ဤနိဗ္ဗာန်၌။
ယံ ဝေဒယိတံ၊ အကြင်ခံစားသော အခြင်းအရာဖြင့် ဖြစ်သောဝေဒနာသည်။
နတ္ထိ၊ မရှိ။
ဧတ္ထ၊ ဤနိဗ္ဗာန်၌။
ဧတဒေဝ၊ ထိုခံစားသော အခြင်းအရာဖြင့် ဖြစ်သောဝေဒနာ၏ မရှိခြင်းသည်ပင်လျှင်။
သုခံ၊ ချမ်းသာကြီးမည်ပေ၏။

(ခေါ-ကား နိပါတ်၊)

(ဤကား အနုပါဒိသေသ နိဗ္ဗာန်၏သဘောတည်း။)

၆၃ - နိဗ္ဗာန်ကို ဟောတော်မူခြင်း အကြောင်း

ထိုနိဗ္ဗာန်ကို အဘယ်သူ ဟောသနည်းဟူသော စတုတ္ထပုစ္ဆာ၌ -

ယာဝတာ ဘိက္ခဝေ ဓမ္မာ သင်္ခတာ ဝါ အသင်္ခတာ ဝါ၊ ဝိရာဂေါ တေသံ ဓမ္မာနံ အဂ္ဂမက္ခာယတီတိ - (အံ၊၁၊၃၄၃။)

ဟူသော စတုကင်္ဂုတ္တရ ပါဠိတော်ဖြင့်ပင် ရှင်တော်ဘုရား ဟောတော်မူသည့် အဖြစ်ကို သိရာ၏။

ဘိက္ခဝေ၊ ရဟန်းတို့။
ယာဝတာ၊ အကြင်မျှလောက်ကုန်သော။
သင်္ခတာ ဝါ၊ သင်္ခတလည်း ဖြစ်ကုန်သော။
(ဝါ) စိတ် စေတသိက် ရုပ် လည်းဖြစ်ကုန်သော။
အသင်္ခတာ ဝါ၊ အသင်္ခတလည်း ဖြစ်ကုန်သော။
(ဝါ) နိဗ္ဗာန် ပညတ်လည်း ဖြစ်ကုန်သော။
ဓမ္မာ၊ တရားတို့သည်။
သန္တိ၊ ရှိကုန်၏။
တေသံ ဓမ္မာနံ၊ ထိုတရားတို့တွင်။
ဝိရာဂေါ၊ နိဗ္ဗာန်ကို။
အဂ္ဂံအဂ္ဂေါ၊ အမြတ်ဆုံးဟူ၍။
အက္ခာယတိ၊ ဟောတော်မူအပ်၏။

ဤပုစ္ဆာကိုကား ဒဠှီကရဏ အကျိုးငှာသာ ရေးလိုက်သည်။ စင်စစ်မှာမူ ငါးရပ်သော နိကယ်တို့ဝယ် အကျယ် အကျဉ်းအားဖြင့် သုံးလူ့မင်း ထိပ်ခေါင် တို့ဆရာ ငါးမာရ်အောင်သည် အဆောင်ဆောင်သော သုတ် ဝေဝုစ် နေယျတ္ထနီတတ္ထ အဖြာဖြင့်တို့ဖြင့် ကောင်းမွန်စွာ ဟောတော်မူကြောင်း ကိုယ်တော်မြတ် ဝန်ခံဟန်ကို ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၌ -

အသင်္ခတဉ္စ ဝေါ ဘိက္ခဝေ ဒေသိဿာမိ။ သစ္စဉ္စ ပါရဉ္စ သုဒုဒ္ဒသဉ္စ အဇရဉ္စ ဓုဝဉ္စ နိပ္ပပဉ္စဉ္စ အမတဉ္စ သိဝဉ္စ ခေမဉ္စ အဗ္ဘုတဉ္စ အနီတိကဉ္စ အဗျာပဇ္ဈဉ္စ ဝိသုဒ္ဓဉ္စ ဒီပဉ္စ တာဏဉ္စ လေဏဉ္စ ဝေါ ဘိက္ခဝေ ဒေသိဿာမီတိ အာဒီသု သုတ္တေသု၊ ဥပသမာဂုဏာ ဝုတ္တာ။

(သံ၊၂၊၅၃၅၊ ၅၄၃။)

ဘိက္ခဝေ၊ ရဟန်းတို့။
ဝေါ၊ သင်တို့အား။
အသင်္ခတဉ္စ၊ အသင်္ခတတရားကို လည်းကောင်း။
ဒေသိဿာမိ၊ ဟောအံ့။
သစ္စဉ္စ၊ မှန်သော တရားကို လည်းကောင်း။
ပါရဉ္စ၊ ကမ်းမည်သော တရားကို လည်းကောင်း။
သုဒုဒ္ဒသဉ္စ၊ မြင်နိုင်ခဲသော တရားကို လည်းကောင်း။
အဇရဉ္စ၊ အိုခြင်းမရှိသော တရားကို လည်းကောင်း။
ဓုဝဉ္စ၊ မြဲသော တရားကို လည်းကောင်း။
နိပ္ပပဉ္စဉ္စ၊ ချဲ့ခြင်းကင်းသော တရားကို လည်းကောင်း။
အမတဉ္စ၊ သေခြင်း မရှိသော တရားကို လည်းကောင်း။
သိဝဉ္စ၊ ချမ်းအေးသော တရားကို လည်းကောင်း။
ခေမဉ္စ၊ ဘေးကင်းသော တရားကို လည်းကောင်း။
အဗ္ဘုတဉ္စ၊ အံ့ဖွယ်ဖြစ်သော တရားကို လည်းကောင်း။
အနီတိကဉ္စ၊ အကျိုးမဲ့ကင်းသော တရားကို လည်းကောင်း။
အဗျာပဇ္ဈဉ္စ၊ ကြောင့်ကြကင်းသော တရားကို လည်းကောင်း။
ဝိသုဒ္ဓဉ္စ၊ စင်ကြယ်သော တရားကို လည်းကောင်း။
ဒီပဉ္စ၊ ကျွန်းသဖွယ်ဖြစ်သော တရားကို လည်းကောင်း။
တာဏဉ္စ၊ စောင့်ရှောက်တတ်သော တရားကို လည်းကောင်း။
လေဏဉ္စ၊ ပုန်းအောင်းရာဖြစ်သော တရားကို လည်းကောင်း။
ဘိက္ခဝေ၊ ရဟန်တို့။
ဝေါ၊ သင်တို့အား။
ဒေသိဿာမိ၊ ဟောအံ့။
ဣတိ အာဒီသု၊ ဤသို့အစရှိကုန်သော။
သုတ္တေသု၊ သုတ်တို့၌။
ဥပသမာဂုဏာ၊ နိဗ္ဗာန်၏ဂုဏတို့ကို။
ဝုတ္တာ၊ ဟောတော်မူအပ်ကုန်၏။

.

၆၄ - နိဗ္ဗာန်ကို ရှာရခြင်းအကြောင်း

ထိုနိဗ္ဗာန်ကို အဘယ်မှာ ရှာရမည်နည်း ဟူဓသာ ပဉ္စမ ပုစ္ဆာ၌ -

မဟာသမုဒ္ဒရာ၏ အတွင်းသို့ ဆင်းလိုသက်လို တက်လိုသော သူတို့သည် ဇမ္ဗူဒိပ် ကျွန်း၏ အရှေ့ အနောက် တောင် မြောက် အထောင့် အမှတ်မဲ့သော ဆိပ်ကမ်းမှ သက်ခြင်းငှာ အလိုရှိကုန်၏။ ထိုဆိပ်ကမ်းဖြင့်သာလျှင် သမုဒ္ဒရာသို့ သက်ရာဖြစ်၍ ဆိပ်မည်၏။ ဆိပ်မရှိ ဟူ၍ မရှိနိုင်သကဲ့သို့ ထိုနည်းတူစွာ နိဗ္ဗာန်ကို ရလိုရောက်လိုသော သူတို့သည် မြတ်စွာဘုရား၏ သာသနာတော်ဝယ် အာကာသကသိုဏ်း၊ အာလောက ကသိုဏ်း တို့ကို ကြဉ်၍ (၃၈) ပါးသော ကမ္မဋ္ဌာန်း တို့တွင် တစ်ပါးပါးသော ကမ္မဋ္ဌာန်းဖြင့် နိဗ္ဗာန်သို့ သက်လိုကုန်၏။

ထိုကမ္မဋ္ဌာန်းဖြင့်သာလျှင် နိဗ္ဗာန်သို့သက်ရာ ဖြစ်သောကြောင့် ဆိပ်မည်၏။ နိဗ္ဗာန်၏ ဆိပ်မဟုတ်သော ကမ္မဋ္ဌာန်း မည်သည် မရှိ။

နိဗ္ဗာနဿ ကိရ ယထာ မဟာသမုဒ္ဒဿ ယတော ယတော ဩတရိတုကာမာ ဟောန္တိ။ တံ တဒေဝ တိတ္ထံ၊ အတိတ္ထံ နာမ နတ္ထိ။ ဧဝမေဝံ အဋ္ဌတိံ သာယ ကမ္မဋ္ဌာနေသု ယေန ယေန မုခေန နိဗ္ဗာနံ ဩတရိတုကာမာ ဟောန္တိ၊ တံ တဒေဝ တိတ္ထံ နိဗ္ဗာနဿ အတိတ္ထံ နာမ ကမ္မဋ္ဌာနံ နတ္ထိ။

(မ၊ဋ္ဌ၊၂၊၃၁၀။)

ကိရ၊ ထင်စေဦးအံ့။
နိဗ္ဗာနဿ၊ နိဗ္ဗာန်အား။
မဟာသမုဒ္ဒဿ၊ မဟာသမုဒ္ဒရာ၏။
(ဝါ) မဟာသမုဒ္ဒရာသို့။
ယတော ယတော၊ အကြင် အကြင် အရပ်မှ။
ဩတရိတုကာမာ၊ သက်ခြင်းအလိုရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တံ၊ ထိုသမုဒ္ဒရာကို။
တဒေဝ၊ သက်ခြင်းငှါ အလိုရှိသော အရပ်သည်သာလျှင်။
တိတ္ထံ၊ သက်ရာဆိပ်မည်၏။
အတိတ္ထံ နာမ၊ ဆိပ်မဟုတ်သော အရပ်မည်သည်။
နတ္ထိယထာ၊ မရှိသကဲ့သို့။
ဧဝ မေဝံ ဧဝံ တထာ၊ ဤအတူ။
အဋ္ဌတိံသာယ၊ ၃၈-ပါးကုန်သော။
ကမ္မဋ္ဌာနေသု၊ ကမ္မဋ္ဌာန်းတို့တွင်။
ယေန ယေန မုခေန၊ အကြင်အကြင် အမှူးဖြစ်သော ကမ္မဋ္ဌာန်းဖြင့်။
နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။
ဩတရိတုကာမာ၊ သက်ခြင်းငှာ အလိုရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တံ၊ ထိုနိဗ္ဗာန်ကို။
တဒေဝ၊ ထိုကမ္မဋ္ဌာန်းဖြင့်သာလျှင်။
တိတ္ထံ၊ သက်ရာဆိပ်မည်၏။
နိဗ္ဗာနဿ၊ နိဗ္ဗာန်၏။
အတိတ္ထံ၊ ဆိပ်မဟုတ်သော။
ကမ္မဋ္ဌာနံ နာမ၊ ကမ္မဋ္ဌာန်းမည်သည်။
နတ္ထိ၊ မရှိ။

ထိုသို့ သက်သော်လည်း ခြောက်ပါးသော ဒွါရတို့တွင် စက္ခုဒွါရ သောတဒွါရ ကာနဒွါရ ဇိဝှာဒွါရ ကာယဒွါရတို့ဖြင့် မသက်ကောင်း။ အဘယ်ကြောင့်နည်းဟူမူ-

ပဉ္စဝိညာဉ်တို့သည် အဗျာကတ ဖြစ်သောကြောင့် ထိုဝိညာဉ်နှင့် ပြည့်စုံဆဲ ဖြစ်သော ယောဂီအား ကုသိုလ် အကုသိုလ်ကို ပယ်အပ်၏။ ထိုကြောင့် ပဉ္စဝိညာဉ်ဒွါရဖြင့် မသက်ကောင်း။ မနောဒွါရဖြင့်သာလျှင် သက်ကောင်း၏။ အဘယ်ကြောင့်နည်းဟူမူ -

နိဗ္ဗာန်ကို အာရုံပြုသော မဂ်စိတ်သည် စင်စစ်ကုသိုလ်စိတ် ဖြစ်သောကြောင့်တည်း။ ထိုကြောင့် လောကုတ္တရာ မနောဝိညာဉ် ကုသိုလ်မဂ်စိတ်ဖြင့် သာလျှင် သက်အပ်၏။

သတ္ထာရာ ဟိ ပဉ္စဝိညာဏကာယော ဧကန္တံ အဗျာကတောဝ ဝုတ္တော။ တံသမင်္ဂိဿ ကုသလာကုသလံ ပဋိက္ခိတ္တံ။ လောကုတ္တရမဂ္ဂေါစ ဧကန္တကုသလော။

(မ၊ဋ္ဌ၊၃၊၁၃၄။)

ဟိ၊ ထိုစကားသင့်စွ။
သတ္ထာရာ၊ မြတ်စွာဘုရားသည်။
ပဉ္စဝိညာဏ ကာယော၊ ပဉ္စဝိညာဉ် ငါးပါးတို့၏ အပေါင်းကို။
ဧကန္တံ၊ စင်စစ်။
အဗျာကတောဝ၊ အဗျာကတ ဟူ၍ သာလျှင်။
ဝုတ္တော၊ ဟောတော်မူအပ်၏။
တံ သမင်္ဂိဿ၊ ထိုပဉ္စငါညာဉ်နှင့် ပြည့်စုံဆဲဖြစ်သော ပုဂ္ဂိုလ်အား။
ကုသလာကုသလံ၊ ကုသိုလ် အကုသိုလ်ကို။
ပဋိက္ခိတ္တံ၊ ပယ်အပ်၏။
လောကုတ္တရမဂ္ဂေါစ၊ လောကုတ္တရာမဂ်စိတ်သည်လည်း။
ဧကန္တကုသလော၊ စင်စစ် ကုသိုလ်စိတ်သာတည်း။

.

၆၅ - နိဗ္ဗာန်ကို မြင်သောသူတို့ကို ပြခြင်း

ထိုနိဗ္ဗာန်ကို အဘယ်သူမှ မြင်အပ်သနည်း။ အဘယ်သူ မမြင်အပ် သနည်း ဟူသေ ဆဋ္ဌပုစ္ဆာ၌ -

“နိဗ္ဗာနံ ပန လောကုတ္တရသင်္ခါတံ စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ မဂ္ဂဖလာန မာလမ္ဗဏဘူတံ”

ဟူသော လက်သန်းအဋ္ဌကထာ မိန့်မှာ ကျူးရင့်တော်မူသည်နှင့် အညီ ထိုနိဗ္ဗာန်ကို လူသာမန်တို့ ဉာဏ်ပညာမျက်စိတ်ဖြင့် ကြည့်ရှုထင်မြင်ခြင်းငှါ မထိုက်။ လေးကျွန်း သေဌ်နင်း မန္ဓာတ်မင်းပင် ဖြစ်သော် လည်းကောင်း၊ တစ်သောင်းသော လောကဓာတ်ကို တလျှပ်လျှပ် တဝင်းဝင်း ကိုယ်ရောင်ဖြင့် ထွန်းလင်းနိုင်သော ဗြဟ္မာမင်းပင်ဖြစ်သော် လည်းကောင်း။ မိမိ၏အလို ပင်ကိုယ်ဖြစ်သော ပညာမျက်စိဖြင့် ကြည့်ရှုထင်မြင်ခြင်းငှါ မထိုက်။

သုံးတိုက်လုံးမှန်ကူ သယမ္ဘူထွတ်ထား ရှင်တော်ဘုရား၏ သားရင်းအစစ် ဖြစ်တော်မူ ကြပေသော ရှစ်ယောက်သော အရိယာတို့ အားသာလျှင် မြတ်လှစွာသော မဂ်ဉာဏ်နှင့်ယှဉ်သော ပညာစက္ခုဖြင့် သာလျှင် လက်ပေါ်၌ တင်ထားသော ပတ္တမြားကို ရှုသကဲ့သို့ အသင်္ခတဓာတ် မြတ်သော နိဗ္ဗာန်၏အာရုံကို ပစ္စက္ခအားဖြင့် မြင်ထိုက်မြင်အပ်လှပေ၏။

ထိုသို့ အရိယာအစစ် အဖြစ်သို့ မရောက်သေးသော ကလျာဏ ပုထုဇဉ် ပညဝန် ပုဂ္ဂိုလ်တို့အား ရော်ရမ်းမှန်းဆ၍ ဤနိဗ္ဗာန်သည် အဘယ်သို့ရှိမည် ဤသို့ရှိမည် ထိုသို့ရှိမည် စသည်ဖြင့် အာရုံပြုလျက် အနုမာန ဉာဏ်အားဖြင့် မြင်ခြင်းငှါ ထိုက်၏၊ ပစ္စက္ခအားဖြင့် မထိုက်။

နိဗ္ဗာနံ ပန အနာသဝဘာဝေန တေဘူမကဝဋ္ဋသင်္ခါတဿ လောကဿ ဥတ္တရဏတော အတိက္ကမနတော လောကုတ္တရန္တိ သင်္ခါတေန စတုဗ္ဗိဓအရိယမဂ္ဂေန သဟဇာတ-ဉာဏေန သစ္ဆိကာတဗ္ဗံ၊ ဣမိနာ အရိယပုဂ္ဂလသင်္ခါတာနံ ယောဂီနံ အရိယေန ဉာဏစက္ခုနာ ပဿိတဗ္ဗတော နိဗ္ဗာနဿ ပစ္စက္ခသိဒ္ဓတာဒဿိတာ ဟောတိ။ စတုန္နံ အရိယမဂ္ဂါနံ စတုန္နံ ဖလနဉ္စ အာရမ္မဏပစ္စယဘူတံ၊ ဣမိနာ ကလျာဏပုထုဇ္ဇနာနံ နိဗ္ဗာနဿ အနုမာနသိဒ္ဓတာ ဒဿိတာ ဟောတိ။

[သင်္ဂြိုဟ်ဋီကာဟောင်း။]

အနာသဝဘာဝေန၊ အာသဝေါတရား မဟုတ်သည်၏ အဖြစ်ဖြင့်။
တေဘူမကဝဋ္ဋသင်္ခါတဿ၊ တေဘူမကဝဋ်ဟုဆိုအပ်။
လောကဿ၊ လောကကို။
ဥတ္တရဏတော၊ ကူးမြောက်သောကြောင့်။
အတိက္ကမနတော၊ လွန်သောကြောင့်။
လောကုတ္တရန္တိ သင်္ခါတေန၊ လောကုတ္တရာဟု ဆိုအပ်သော။
စတုဗ္ဗိဓအရိယမဂ္ဂေန၊ လေးပါးအပြားရှိသော အရိယာမဂ်နှင့်။
သဟဇာတဉာဏေန၊ တကွဖြစ်သောဉာာဏ်ဖြင့်။ (ဝါ) ဉာဏ်သည်။
သစ္ဆိကာတဗ္ဗံ၊ မျက်မှောက်ပြုအပ်သော။
ဣမိနာ၊ ဤ လောကုတ္တရ သင်္ခါတ စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ ဟူသော ရှေ့ဝိသေသနဖြင့်။
အရိယပုဂ္ဂလသင်္ခါတာနံ၊ အရိယာပုဂ္ဂိုလ်ဟု ဆိုအပ်ကုန်သော။
ယောဂီနံ၊ ယောဂီပုဂ္ဂိုလ်တို့အား။
အရိယေန၊ မြတ်သော (ဝါ) အရိယမဂ်နှင့်ယှဉ်သော။
ဉာဏစက္ခုနာ၊ ဉာဏ်တည်းဟူသော မျက်စိဖြင့်။
ပဿိတဗ္ဗတော၊ မြင်အပ်သည်၏ အဖြစ်ကြောင့်။
နိဗ္ဗာနဿ၊ နိဗ္ဗာန်၏။
ပစ္စက္ခသိဒ္ဓတာ၊ မျက်မှောက် အားဖြင့် ထင်ရှားရှိသည်၏အဖြစ်ကို။
ဒဿိတာ၊ ပြတော်မူအပ်သည်။
ဟောတိ၊ ဖြစ်၏။
စတုန္နံ၊ လေးပါးကုန်သော။
အရိယာမဂ္ဂါနဉ္စ၊ အရိယမဂ်တို့၏ လည်းကောင်း။
စတုန္နံ၊ လေးပါးကုန်သော။
ဖလနဉ္စ၊ ဖိုလ်တို့၏ လည်းကောင်း။
အာရမ္မဏပစ္စယဘူတံ၊ အာရမ္မဏပစ္စည်း ဖြစ်၍ဖြစ်သော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း၊
ဣမိနာ၊ ဤမဂ္ဂဖလာန မလမ္ဗဏဘူတံ ဟူသော နောက် ဝိသေသနဖြင့်။
ကလျာဏပုထုဇ္ဇနာနံ၊ ကလျာဏ ပုထုဇဉ်တို့အား။
နိဗ္ဗာနဿ၊ နိဗ္ဗာန်၏။
အနုမာနသိဒ္ဓတာ၊ ရော်ရမ်းထောက်ဆ၍ သိသောအားဖြင့် ထင်ရှားရှိသည်၏ အဖြစ်ကို။
ဒဿိတာ၊ ပြအပ်သည်။
ဟောတိ၊ ဖြစ်၏။

အဘယ်သူ မမြင်အပ်သနည်း ဟူရာ၌ -

ယေ စ တေ သတ္တာ ကမ္မာဝရဏေန ဝါ သမန္နာဂတာ ကိလေသာဝရဏေန ဝါ သမန္နာဂတာ ဝိပါကာဝရဏေန ဝါ သမန္နာဂတာ အသဒ္ဓါ အစ္ဆန္ဒိကာ ဒုပ္ပညာ အဘဗ္ဗာ နိယာမမောက္ကမိတုံ ကုသလေသု ဓမ္မေသု သမ္မတ္တန္တိ ဝုတ္တာ၊ တေသမေကဿာပေက-ကသိဏေပိ ဘာဝနာ နဣဇ္ဈတိ -

(ဝိသုဒ္ဓိ၊၁၊၁၇၁။)

ဟူသော ဝိဘင်း၊ ပုဂ္ဂလပညတ်၊ အင်္ဂုတ္တိုရ်၊ ပဋိသမ္ဘိဒါမဂ် တို့ကို ဆောင်၍ ဝိသုဒ္ဓိမဂ် အဋ္ဌကထာရှင် ပြတော်မူသော ပါဌ်နှင့်အညီ -

(၁) ကမ္မာဝရဏ ပုဂ္ဂိုလ်
(၂) ကိလေသာဝရဏ ပုဂ္ဂိုလ်
(၃) ဝိပါကာဝရဏ ပုဂ္ဂိုလ်
(၄) အသဒ္ဓ ပုဂ္ဂိုလ်
(၅) အစ္ဆန္ဒပုဂ္ဂိုလ်
(၆) ဒုပ္ပည ပုဂ္ဂိုလ်
(၇) (ပုဂ္ဂလပညတ်အဋ္ဌကထာ အလိုအားဖြင့်) အနုပနိဿယ ပုဂ္ဂိုလ်

ဤ ခြောက်ယောက် ခုနစ်ယောက်သော သူတို့သည် ကုသိုလ်တရားတို့၌ သမ္မတ္တနိယာမဟု ဆိုအပ်သော အရိယမဂ်သို့ သက်ခြင်းငှာ မထိုက်ကုန်။

တစ်ခုခုသော ကမ္မဋ္ဌာန်းကို စီးဖြန်း အားထုတ်ပါသော်လည်း -

(၁) ဥပစာဘာဝနာအပ္ပနာဘာဝနာဟု ဆိုအပ်သော သမာဓိဘာဝနာ၊
(၂) ဝိပဿနာဉာဏ်မဂ်ဉာဏ်ဟုဆိုအပ်သော ပညာဘာဝနာ၊

ဤ ဘာဝနာ နှစ်ပါးတို့နှင့် မပြည့်စုံထိုက်။ မကျွတ်ထိုက်သော သူတို့ဖြစ်၍ ဤ ခြောက်ယောက် ခုနှစ်ယောက်သော သူတို့သည် နိဗ္ဗာန်ကို မမြင်အပ်ကုန်။

ကမ္မာဝရဏေန၊ ကံတားမြစ်ခြင်းနှင့်။
သမန္နာဂတာ ဝါ၊ ပြည့်စုံကုန်သော သူတို့သည် လည်းကောင်း။
ကိလေသာဝရဏေန၊ ကိလေသာ တားမြစ်ခြင်းနှင့်။
သမန္နာဂတာ ဝါ၊ ပြည့်စုံကုန်သော သူတို့သည် လည်းကောင်း။
ဝိပါကာဝရဏေန၊ ဝိပါက်ပဋိသန္ဓေ တားမြစ်ခြင်းနှင့်။
သမန္နာဂတာ ဝါ၊ ပြည့်စုံကုန်သောသူတို့သည် လည်းကောင်း။
အသဒ္ဓါ ဝါ၊ သဒ္ဓါတရား ကင်းကုန်သော သူတို့သည် လည်းကောင်း။
အစ္ဆန္ဒိကာ ဝါ၊ အလိုမရှိကုန်သော သူတို့သည် လည်းကောင်း။
ဒုပ္ပညာ ဝါ၊ ပညာကင်းကုန်သော သူတို့သည် လည်းကောင်း။
ကုသလေသု၊ ကုသိုလ်ဖြစ်ကုန်သော။
ဓမ္မေသု၊ တရားတို့၌။
နိယာမံ၊ နိယာမဟုဆိုအပ်သော။
သမ္မတ္တံ၊ သမ္မတ္တဟုဆိုအပ်သော အရိယာမဂ်သို့။
ဩက္ကမိတုံ၊ သက်ခြင်းငှါ။
အဘဗ္ဗာ၊ မထိုက်ကုန်။
ဣတိ၊ ဤသို့။
ယေ စ တေ သတ္တာ၊ အကြင် သတ္တပါတို့ကိုလည်း။
ဝုတ္တာ၊ ဘုရားမြတ်စွာ ဟောတော်မူအပ်ကုန်၏။
တေသံ၊ ထိုသတ္တဝါတို့တွင်။
ဧကဿပိ၊ တစ်ယောက်သော သတ္တဝါအားလည်း။
ဧကကသိဏေပိ၊ တစ်ခုသော ကသိုဏ်း၌လည်း။
ဘာဝနာ၊ သမာဓိဘာဝနာသည်။
န ဣဇ္ဈတိ၊ မပြည့်စုံနိုင်။

ထို ၆-ယောက် ၇-ယောက်သော သူတို့တွင် --

(၁) ပဉ္စာနန္တရိယ ကံငါးပါးတို့၌ တစ်ပါးပါး ထိုက်သောသူသည် ကမ္မာဝရဏ မည်၏၊
(ကမ္မာဝရဏေနာတိ ပဉ္စဝိဓေန အနန္တရိယကမ္မေန။ အဘိ၊ဋ္ဌ၊၂၊၄၄၂)

(၂) နိယတမိစ္ဆာဒိဋ္ဌိအယူနှင့် ပြည့်စုံသော သူသည် ကိလေသာဝရဏ မည်၏။
(ကိလေသာဝရဏေနာတိ နိယတမိစ္ဆာဒိဋ္ဌိယာ- အဘိ၊ဋ္ဌ၊၂၊၄၄၂)

(၃) ဒုဂ္ဂတိအဟိတ် သုဂတိအဟိတ် ဒွိဟိတ် ပဋိသန္ဓေ နေသောသူသည် ဝိပါကဝရဏ မည်၏။
(ဝိပါကာဝရဏေန သမန္နာဂတာတိ အဟေတုက ဒွိဟေတုက ပဋိသန္ဓိကာ - အဘိ၊ဋ္ဌ၊၂၊၄၄၂)

(၄) ဘုရားအစရှိသော ရတနာသုံးပါးတို့၌ ယုံကြည်ခြင်း ကင်းသော သူသည် အသဒ္ဓ မည်၏။
(အသဒ္ဓါတိ ဗုဒ္ဓါဒီသု သဒ္ဓါရဟိတာ - အဘိ၊ဋ္ဌ၊၂၊၄၄၃)

(၅) ပြုလိုသော ဆန္ဒကင်းသောသူသည် အစ္ဆန္ဒ မည်၏။
(အစ္ဆန္ဒိကာ တိ ကတ္တုကမျတာ ဆန္ဒရဟိတာ - အဘိ၊ဋ္ဌ၊၂၊၄၄၃)

(၆) ဘဝင်ပညာချို့သော ဒုဂ္ဂတိအဟိတ် သုဂတိအဟိတ် ဒွိဟိတ်၊ ဘဝင်ပညာ နုံ့သော တိဟိတ်၊ ဘဝင်ပညာနှင့် ပြည့်စုံသော တိဟိတ်သော်လည်း ဈာန်အား လည်းကောင်း၊ မဂ်ဖိုလ်အား လည်းကောင်း အခြေပါဒက မဖြစ်နိုင်ပါမူ ဒုပ္ပည မည်၏။
(ဒုပ္ပညာတိ ဘဝင်္ဂပညာယ ပရိဟီနာ - အဘိ၊ဋ္ဌ၊၂၊၄၄၃)

ဘဝင်္ဂပညာယ ပန ပရိပုဏ္ဏဿာပိ ယဿ ဘဝင်္ဂံ ဈနာဿဝါ လောကုတ္တရဿဝါ ပါဒကံ န ဟောတိ၊ သော ဒုပ္ပညော ယေဝ နာမ။

(ပဋိသံ၊ဋ္ဌ၊၂၊၁၁။)

ပန၊ ဥပစာကို ဆိုဦးအံ့။
ဘဝင်္ဂပညာယ၊ ဘဝင်ပညာနှင့်။
ပရိပုဏ္ဏဿာပိ၊ ပြည့်စုံသည်လည်း ဖြစ်သော။
ယဿ၊ အကြင် တိဟိတ်ပုဂ္ဂိုလ်၏။
ဘဝင်္ဂံ၊ ဘဝင်သည်။
ဈာနဿဝါ၊ ဈာန်၏လည်းကောင်း။
လောကုတ္တရဿ ဝါ၊ မဂ်ဖိုလ်၏ လည်းကောင်း။
ပါဒကံ၊ အခြေသည်။
နဟောတိ၊ မဖြစ်။
သော၊ ထိုတိဟိတ်ပုဂ္ဂိုလ်သည်။
ဒုပ္ပညောယေဝ နာမ၊ ဒုပ္ပည မည်သလျှင် ကတည်း။

ဆောင်ပုဒ်

ကံ ကိလေသဝိပါကအသဒ် အစ္ဆန် ဒုပ်
သောတာမဂ်ကိုမရလိုလူဗိုလ် ၆-ယောက်ထုတ်

ပုဂ္ဂလပညတ်အဋ္ဌကထာ၌“ယေသဉ္စ မဂ္ဂဖလာနံ ဥပနိဿယော နတ္ထိ” ဟူသော စကားအရ အနုပနိဿယ ပုဂ္ဂိုလ်ကို ခွဲ၍ ရေမူ ခုနစ်ယောက် ဖြစ်၏။ ၎င်းပုဂ္ဂိုလ်ကို ပါဠိတော်ဝယ် ဒုပ္ပညပုဂ္ဂိုလ်၌ ထည့်သွင်း၍ ဟောတော်မူအပ်၏။

ဤ ပြခဲ့အပ်ပြီးသော ၆-ယောက် ၇-ယောက်သော သူတို့တွင် အကြင် တစ်ယောက် ယောက်သော သူသည် ဈာန် ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကို ငါ့အား မရထိုက်ဟူ၍ အားလျော့လျက် မနေအပ်။ အဘယ့်ကြောင့်နည်းဟူမူ -

မိမိအား ဥပနိဿယ မရှိသေးမူ ရှိခြင်း အကျိုးငှာ လည်းကောင်း၊ ရှိပြီးဖြစ်မူ ရင့်စေခြင်းအကျိုးငှာ လည်းကောင်း၊ လင်းနို့သား၊ မဟာဒတ္တ နွားလား၊ တိပိင်္ဂလငါး၊ ဖားသူငယ်၊ ဥဒုမ္ဗရိကပရိဗိုဇ်၊ သစ္စကပရိဗိုဇ် စသော သူတို့ကဲ့သို့ ငါကား တိဟိတ် မဟုတ်ဟု အားမလျော့ရာ။

အကယ်၍ သီလသမာဓိပညာ၊ ဟူသော သိက္ခာ သုံးထပ် အကျင့်မြတ်တို့ကို အလွန် ကြိုးပမ်း နိဗ္ဗာန်လမ်းကို စွမ်းသမျှဖွင့် အားထုတ်၌ ကျင့်ပါမူ လူ့ရွာဒေသ လူ့လောကဝယ် ပဒပရမ မုချစင်စစ် ဖြစ်နိုင်ပေ၏။

ထိုသို့ မုချ ပဒပရမ ဖြစ်ကြပါမူ ဒုတိယစသော ဘဝတို့၌ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ဧကန်မုချ ရတော့မည် စင်စစ်ပေတည်း။

ပဒပရမဿ ဟိ ဣမသ္မိံ အတ္တဘာဝ ဓမ္မံ ပဋိဝိဇ္ဈိတုံ အသက္ကောန္တဿာပိ အနာဂတေ ပစ္စယော ဘဝိဿတိ။

(အံ၊ဋ္ဌ၊၂။ဂ၉။)

ဟိ၊ အံ့။
ပဒပရမဿ၊ ပဒပရမ ပုဂ္ဂိုလ်အား။
ဣမသ္မိံ” အတ္တဘာဝေ၊ ဤ ကိုယ်၏အဖြစ်၌။
ဓမ္မံ၊ မဂ်ဖိုလ် လောကုတ္တရာတရားကို။
ပဋိဝိဇ္ဈိတုံ၊ ထိုးထွင်း၍ သိခြင်းငှာ။
အသက္ကောန္တဿာပိ၊ မတတ်နိုင်သော်လည်း။
အနာဂတေ၊ ဒုတိယစသော ဘဝနောင်လာ ဖြစ်သောအခါ၌။
ပစ္စယော၊ မဂ်ဖိုလ်၏ အထောက်အပံ့ဖြစ်သော ဥပနိဿယ ဗလဝအကြောင်းသည်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။

.

၆၆ - နိဗ္ဗာန်ကိုမြင်သောအခါ ဖြစ်သော အာကာရဘာဝတို့ကို ပြခြင်း

ထိုနိဗ္ဗာန်ကို မြင်သောအခါ အဘယ်သို့ မြင်ရှာဘိသနည်း ဟူသော သတ္တမပုစ္ဆာ၌ -

၎င်းပုစ္ဆာ၏ သဘာဝကား နက်နဲခက်ခဲသည်။ ဧကန္တ ပညာရှင်ကြီးတို့၏ အရာ ဖြစ်သည်။ ပဓာနအလုပ်ကို အားထုတ်တော်မူကြပေသော သူတော်ကောင်းတို့၏ လိုရင်း အချက်ကြီး ဖြစ်ပေသည်။

ထို့ကြောင့် ဆင်ခြင်စဉ်းစား သတိထား၍ မှတ်သား ကြည့်ရှုကြစေကုန်သတည်း။ ထိုသို့ အသင်္ခတဓာတ် မွန်မြတ်သော နိဗ္ဗာန် အာရုံတော် ကြီးကို မြင်လိုလှ၍ နောက်ကပြခဲ့ပြီးအတိုင်း အနိစ္စ-ဒုက္ခ-အနတ္တ တို့ကို ဂေါတြဘူဉာဏ် တိုင်အောင် စီးဖြန်းမယုတ် အားထုတ် ဆည်းပူးသော ယောဂီအား အကြင်အခါ ဂေါတြဘူဉာဏ် သည် အမှတ်ပေးအပ်သည်ဖြစ်၍ နိဗ္ဗာန်ကိုမြင်ခြင်းငှာခံ့၏။ ထိုအခါ -

(၁) အာကာရ
(၂) ဘာဝ
(၃) ဒဿန
(၄) သတ္တိ
(၅) လဟုက
(၆) လက္ခဏ

ဟူသော ၆-ပါးသော ဂုဏ်တို့ကို ဆောင်ယူလျက် မြင်တော်မူရှာပေ၏။

ထိုစကားကို ထင်စွာ ချဲ့ဦးအံ့ -

ထို ၆-ပါးတွင် အာကာရ ဟူသည် သမ္မသနဓာတ်၊ နိဗ္ဗိဒါဓာတ်၊ ပက္ခန္ဒနဓာတ် သုံးပါးကိုလွန်၍ ဩက္ကမဓာတ် ဟု ဆိုအပ်သော၊ လောကုတ္တရာ မဂ်စိတ်သည် သင်္ခါရနိမိတ် ဖြစ်သော အနိစ္စ၊ အနိစ္စဟူသော နိမိတ္တအာရုံမှ လည်းကောင်း၊ အနမတဂ် စက်သံသရာ အဏ္ဏဝါ၌ လွန်စွာဆည်းပူးခြင်း သမုဒယကြောင့်ဖြစ်သော ဥပါဒိန္နကခန္ဓာဟူသော ပဝတ္တမှ လည်းကောင်း၊ နိဗ္ဗာန်တည်းဟူသော အာရုံတော် ကြီးကို မပြုဖူး မမြင်ဖူးပါဘဲလျက် ယခုမှ မြင်ရသောကြောင့် နိမိတ္တ ပဝတ္တ ဟူသော ၎င်းနှစ်ပါးစုံမှ လွှတ်လိုက်ရခြင်းသည် အာကာရ မည်၏။

ဥဘတော ဝုဋ္ဌာနဝိဋ္ဋာနေ ပညာ မဂ္ဂေ ဉာဏံ။

(ပဋိသံ၊။)

ဥဘတော၊ နှစ်ပါးစုံသော ဃနသညာ ဖြစ်ခြင်းအကြောင်း လုံးလုံး လျောင်းလျောင်း ပေါင်း၍ တည်ဟန် သဏ္ဌာန် အထည်အားဖြင့် ထင်တတ်သော သင်္ခါရနိမိတ်၊

[နိမိတ္တန္တိ သင်္ခါရနိမိတ္တံအတ္တတော ပဉ္စက္ခန္ဓာတေဟိ ဃနသညာပဝတ္တိယာ ဝတ္ထုဘာဝတော နိမိတ္တံ၊ မဟာဋီကာ။]

ကိလေသာ ဘိသင်္ခါရတို့ကြောင့် အဆင့်ဆင့် ဖြစ်ပွား၍ မှားယွင်းလျက် နေသော ဥပါဒိန္နကခန္ဓာ ဟုဆိုအပ်သော ပဝတ္တ၊

[ပဝတ္တန္တိ ဥပါဒိန္နပ္ပဝတ္တံတံ ဟိ ကိလေသာဘိသင်္ခါရေဟိ ပဝတ္တိတတ္တာ သာတိ- သယံဒုက္ခဝေ န ဥပဋ္ဌာတိ။ ။ မဟာဋီကာ။]

ဤသို့အားဖြင့် မိတ္တ ပဝတ္တမှ၊
ဝုဋ္ဌာန ဝိဝဋ္ဋာနေ၊ ထမြောက်ခြင်း အာရုံမပြုခြင်း၌။
ပဝတ္တာ၊ ဖြစ်သော။ (ထည့်)
ပညာ၊ ပညာသည်။
မဂ္ဂဉာဏံ၊ မဂ်ဉာဏ်မည်၏။

ထို့ကြောင့် ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာရှင်သည် -

တေနေဝါဟ စတ္တာရိပိ မဂ္ဂဉာဏာနိ အနိမိတ္တာရမ္မဏတ္တာ နိမိတ္တတော ဝုဋ္ဌဟန္တိ၊ သမုဒယဿ သမုစ္ဆိန္ဒနတော ပဝတ္တာ ဝုဋ္ဌဟန္တီတိ ဥဘတော ဝုဋ္ဌာနာနိ ဟောန္တီတိ။

(ပဋိသံ၊ဋ္ဌ၊၁၊၂၅။ ဝိသုဒ္ဓိ၊၂၊၃၂၁။)

ဟူသော သာဓကစကားကို မှာထား ဖွင့်လှစ်တော်မူပေ၏။

တေနေဝ၊ ထို့ကြောင့်သာလျှင်။
စတ္တာရိပိ။(ပ)။ ဟောန္တီတိ၊ ဟောန္တိဟူ၍။
အာဟ၊ ရှင်သာရိပုတ္တရာ မိန့်တော်မူ၏။

သာဓက အနက်ကား-

စတ္တာရိပိ၊ လေးပါးလည်းဖြစ်ကုန်သော။
မဂ္ဂဉာဏာနိ၊ မဂ်ဉာဏ်တို့သည်။
အနိမိတ္တာရမ္မဏတ္တာ၊ နိဗ္ဗာန်ကို အာရုံပြုသည်၏ အဖြစ်ဖြင့် (ဝါ) အဖြစ်ကြောင့်။
နိမိတ္တတော၊ သင်္ခါရနိမိတ်မှ။
ဝုဋ္ဌဟန္တိ၊ ထမြောက်ကုန်၏၊
သမုဒယဿ၊ အဆက်ဆက် ဖြစ်ကြောင်းကို။
သမုစ္ဆိန္ဒနတော၊ နိဗ္ဗာန်ကိုအာရုံပြုရ၍ ကောင်းစွာ ဖြတ်ခြင်းကြောင့်။
ပဝတ္တ၊ အဆက်ဆက်ဖြစ်တတ်သော ဥပါဒိန္နကခန္ဓ ပဝတ္တမှ။
ဝုဋ္ဌဟန္တိ၊ ထမြောက်ကုန်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
ဥဘတော ဝုဋ္ဌာနာနိ၊ ဥဘတောဝုဋ္ဌာန မည်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

သဘောမှာ - မဂ်သို့ရောက်အောင် ရှုနိုင်သော ပက္ခန္ဒန အားရှိသော ဝိပဿနာ ဉာဏ်သည် အကြင်အခါ နိဗ္ဗာန်ကို မြင်လိုက်ရ၏။

ထိုအခါ အနိစ္စ-အနိစ္စ-ဟူသော မိမိအသိဉာဏ်သည် ရိပ်ခနဲလွတ်၍ သင်္ခါရနိမိတ်မှ ထမြောက်ရခြင်း၊ ထိုနိဗ္ဗာန်ကို မမြင်ရသေးပါက သံသရာဝယ် ချာချာ ပတ်ပက် ချားရဟတ်ကဲ့သို့ စပ်၌ဖြစ်ရခြင်းမှ မလွတ်နိုင်ချေ။

ယခုမှာ မူကား နိဗ္ဗာန်ကို မြင်လိုက်ရသောကြောင့် သံသရာ၌ လွန်စွာဖြစ်ကြောင်း မကောင်းသော ဥပါဒိန္နကခန္ဓပဝတ္တမှ ထမြောက်ရခြင်း တည်းဟူသော ထမြောက်ခြင်းကြီး နှစ်ပါးတို့ဖြင့် ထမြောက်တော်မူ၏ ဟူလို။ (အာကာရဖို့။)

ဤသို့ အာဏာရ၏ အစွမ်းအားဖြင့် နိဗ္ဗာန်၏အာရုံတော်ကို မြင်သောအခါ၌ နိမိတ္တ ပဝတ္တ တည်းဟူသော အခြင်းအရာ နှစ်ပါးသာလျှင် ထမြောက်ရုံ မဟုတ်သေး၊

ဝိပဿနာဉာဏ်စိတ်ဖြင့် တေဘူမက သင်္ခါရ တရားတို့ကို လောကီဝိပဿနာ ဉာဏ်ဖြင့် အနိစ္စ အစရှိသည် အစွမ်းအားဖြင့် ဖျက်ဆီးသော အဆုံး၌ မဂ်စိတ်သည် ဘုမ္မိလဒ္ဓအစွမ်းအားဖြင့် တည်သော ဝဋ်ဒုက္ခအပေါင်းကို ကောင်းစွာ ပယ်လျက် ကောင်းစွာ ငြိမ်းစေလျက် ဖြစ်တော်မူပေ၏။

ထိုသို့ ဝဋ်ဒုက္ခအပေါင်းကို ကောင်းစွာ ပယ်လျက် ကောင်းစွာငြိမ်းစေလျက် ဖြစ်သောအခါ ဧးမြလှစွာသော ရေအိုး တစ်ထောင်ကို မ-၍ မိမိ၏ ထိပ်ထက်၌ သွန်းလောင်း လိုက်ဘိသကဲ့သို့ နိဗ္ဗာန်ကို အာရုံမြင်သောအခါ ဖြစ်တော်မူရှာပေ၏။

ဝိပဿနာသမ္မာဒိဋ္ဌိ စ တေဘူမကသင်္ခါရေ အနိစ္စာဒိ ဝသေန ပရိဝိဒ္ဓံသတိ၊ မဂ္ဂသမ္မာဒိဋ္ဌိ ပန ပရိဝိဒ္ဓံသနပရိယောသာနေ ဘုမ္မိလဒ္ဓံ ဝဋ္ဋံ သမုဂ္ဃါတယမာနာ ဝူပသမယမာနာ သီတုဒကဃဋသဟဿံ မတ္ထကေ အာသိဉ္စမာနာယ ဥပ္ပဇ္ဇတိ။

(မ၊ဋ္ဌ၊၄၊၉၂။)

ဝိပဿနာသမ္မာဒိဋ္ဌိ စ၊ ဝိပဿနာသမ္မာဒိဋ္ဌိ သည်ကား။
တေဘူမက သင်္ခါရေ၊ တေဘူမက သင်္ခါရဟု ဆိုအပ်သော ရုပ်နာမ်တရားကိုကို။
အနိစ္စာဒိ ဝသေန၊ အနိစ္စအစရှိသည်တို့၏ အစွမ်းအားဖြင့်။
ပရိဝိဒ္ဓံသတိ၊ တဏှာ မာန ဒိဋ္ဌိ မဖြစ်အောင် ဖျက်ဆီး၏။
မဂ္ဂသမ္မာဒိဋ္ဌိ ပန၊ မဂ္ဂသမ္မာဒိဋ္ဌိသည်လည်း။
ပရိဝိဒ္ဓံသနပရိယောသာနေ၊ ဝိပဿနာသမ္မာဒိဋ္ဌိ ဖျက်ဆီးသော အဆုံး၌။
ဘုမ္မိလဒ္ဓံ၊ ဘူမိလဒ္ဓ၏ အစွမ်းဖြင့်ရအပ်သော။
ဝဋ္ဋံ၊ တေဘူမကဝဋ်တရားကို။
သမုဂ္ဃါတယမာနာ၊ ကောင်းစွာပယ်လျက်။
ဝူပသမယမာနာ၊ ငြိမ်းစေလျက်။
သီတုဒကဃဋသဟဿံ၊ ဧမြလှစွာသော ရေအိုး တစ်ထောင်ကို။
မတ္ထကေ၊ ထိပ်ထက်၌။
အာသိဉ္စမာနာဝိယ၊ သွန်းလောင်းလိုက်ဘိသကဲ့သို့။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
(ဘာဝဖို့။)

၆၇ - နိဗ္ဗာန်ကိုမြင်ရာ၌ သစ္စာလေးပါးကို ဒဿနအားဖြင့် မြင်ခြင်း

နိဗ္ဗာန်၏ အာရုံတော်ကြီးကို မြင်ဆဲသောအခါ၌ နိမိတ္တ ပဝတ္တတို့မှ ထမြောက်၍ ရူပကာယကြီးသည် ပီတိလွှမ်း၍ ချမ်းအေးတုန်လှုပ်ရုံမျှသာ မဟုတ်သေး။ စင်စစ်မှာမူ နိဗ္ဗာန်၏အာရုံတော်ကြီးကို မြင်ခြင်းဟူသည် သစ္စာလေးပါးကို မြင်ခြင်းပင်တည်း။ ထိုကြောင့် “အရိယသစ္စာနဒဿန” ဟူ၍ ရှင်တော်ဘုရား ဟောတော်မူအပ်၏။

ထင်စေအံ့ -

အရိယသစ္စာသည် ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာ ဟူ၍ လောကီသစ္စာနှစ်ပါး၊ လောကုတ္တရာ သစ္စာနှစ်ပါး (ဝါ) လောကီသစ္စာ နှစ်ပါးခွဲ။ လောကုတ္တရာ သစ္စာတစ်ပါးခွဲ အားဖြင့် လေးပါးအပြားရှိ၏။

ထိုလေးပါးတို့တွင် ဝေဘူမကသင်္ခါရ တရားဟု ဆိုအပ်သော ဤရုပ်နာမ်တရား ခန္ဓာငါးပါး အပေါင်းသည် လွန်စွာ စက်ဆုပ်အပ်သည်၏ အဖြစ်ကြောင့် (ဒု) မည်၏။ ဤ တေဘူမကသင်္ခါရဟု ဆိုအပ်သော ရုပ်နာမ်နှစ်ပါး သင်္ခါရတရားတို့သည် ဖြစ်ပျက်ခြင်း။ ပျက်၍ဖြစ်ခြင်းသာ ရှိခဲ့၏။ အနှစ်မရှိ။

ကောင်းကင်သို့ တက်သော ဝါဂွမ်းနိုင်ကို မီးလောင်သကဲ့သို့ လည်းကောင်း၊ ကောင်းကင်သို့ စုန့်စုန့်တက်သော ယမ်းစိုင်ကို မီးလောင်သကဲ့သို့ လည်းကောင်း တစ်စုံတစ်ခု သုံးစားရစ်စရာ မကျန်ရစ်။ အချည်းနှီးဖြစ်၍ (ခံ) မည်၏။ ထိုနှစ်ပါးကို ပေါင်းသည်ရှိသော် (ဒုက္ခ) မည်၏။ ထိုသို့ စက်ဆုပ်အပ်သော အချည်းနှီး သုဉ်းတတ်သော သဘောအမှန်သည် သစ္စာမည်၏။

ဒုက္ခေတိ ဧတ္ထ ဒုဣတိ အယံ သဒ္ဒေါ ကုစ္ဆိတေ ဒိဿတိ၊ ခံသဒ္ဒေါ ပန တုစ္ဆေ။
ပဋိသံ၊ဋ္ဌ၊၁၊၅၁

ဒုက္ခေတိဧတ္ထ၊ ၌။
ဒုဣတိ အယံ သဒ္ဒေါ၊ ဒု-ဟူသော ဤသဒ္ဒါသည်။
ကုစ္ဆိတေ၊ စက်ဆုပ်အပ်သော အနက်၌။
ဒိဿတိ၊ ထင်၏။
ခံသဒ္ဒေါ ပန ၊ ခံ-သဒ္ဒါသည်ကား။
တုစ္ဆေ၊ အချည်းနှီးသုဉ်းသော အနက်၌။
ဒိဿတိ၊ ထင်၏။

ဤသို့ စက်ဆုပ်အပ်သော ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ ဖြစ်လျှင်ပျက်မြဲ၊ ပျက်လျှင်ဖြစ်မြဲ မလွဲဧကန် အမှန်မုချ ဖြစ်ပေလှ၍ ဒုက္ခသစ္စာမည်၏။ (ဒုက္ခသစ္စာ။)

တေဘူမက သင်္ခါရဟု ဆိုအပ်သော ရုပ်နာမ်တရားတို့ကို လောဘစေတသိက် ဟု ဆိုအပ်သော သမုဒယ။ ၎င်းမှကြွင်းသော အကုသိုလ်စိတ်၊ အကုသိုလ်စေတသိက်။ ဉာဏဝိပ္ပယုတ်စိတ်။ ၎င်းနှင့်ယှဉ်သော စေတသိက် တို့သည် သမုဒယပက္ခ မည်၏။

ထို သမုဒယ သမုဒယပက္ခတို့သည် သံသရာတွင် တမင်မင်စုံမက် နှစ်သက် တွယ်တာ၍ ယှဉ်ခြင်းသည် (သံ) မည်၏။ ထိုသမုဒယ သမုဒယပက္ခတို့သည် မိမိကိုလည်းကောင်း၊ ဒုက္ခကို လည်းကောင်း ဖြစ်စေခြင်းသည် (ဥဒ) မည်၏။

ထိုသမုဒယတို့သည် နောင်တစ်ဖန် ရုပ်နာမ်တရားတို့၏ ဖြစ်ကြောင်းတည်းဟု အကြောင်းကို ပြခြင်းသည် (အယ) မည်၏။ ၎င်းသဘာဝတရား သုံးပါးတို့သည် ပေါင်းဆုံယှဉ်တွဲ မှီဝဲထုံအပ်သည်ဖြစ်၍ စင်စစ်ဧကန် မှန်သော ပရမတ္ထ တရားသည် သမုဒယသစ္စာ မည်၏။

ဒုက္ခသမုဒယေတိ ဧတ္ထ သံဣတိ အယံသဒ္ဒေါ သမာဂမော သမေတန္တိ အာဒီသု ဝိယ သံယောဂံ ဒီပေတိ၊ ဥဣတိ အယံ သဒ္ဒေါဥပ္ပန္နံ ဥဒိတန္တိ အာဒီသု ဝိယ ဥပ္ပတ္တိံ၊ အယသဒ္ဒေါ ပန ကာရဏံ ဒီပေတိ။
ပဋိသံ၊ဋ္ဌ၊၁၊၅၁

ဒုက္ခသမုဒယတိ ဧတ္ထ၊ ၌။
သံဣတိ အယံသဒ္ဒေါ၊ သံ ဟူသော ဤသဒ္ဒါသည်။
သမာဂမော သမေတန္တိ အာဒီသုဝိယ၊ ဤသို့ အစရှိသည် တို့၌ကဲ့သို့။
သံယောဂံ၊ သံသရာတွင် တမင်မင်စုံမက်၍ ယှဉ်ခြင်း တည်းဟူသော အနက်ကို။
ဒီပေတိ၊ ပြပေ၏။
ဥဣတိ အယံသဒ္ဒါ၊ ဥဒ ဟူသော ဤသဒ္ဒါသည်။
ဥပ္ပန္နံဥဒိတန္တိ အာဒီသုဝိယ၊ ဥပ္ပန္နံ ဥဒိတံ ဤသို့ အစရှိသည်တို့၌ကဲ့သို။
ဥပ္ပတ္တိံ၊ သမုဒယ သမုဒယပက္ခတို့၏ ဖြစ်ခြင်း အနက်ကို။
ဒီပေတိ၊ ပြ၏။
အယသဒ္ဒေါ ပန၊ အယသဒ္ဒါ သည်ကား။
ကာရဏံ၊ သမုဒယဒုက္ခတို့၏ ဖြစ်ကြောင်းအနက်ကို။
ဒီပေတိ၊ ပြ၏။
(သမုဒယသစ္စာ။)

အစမထင်သော သံသရာမှစ၍ အသင်္ခတဓာတ် မြတ်သော နိဗ္ဗာန် အာရုံတော်ကို မြင်ရသော သောတာပတ္တိမဂ် တိုင်အောင် ဘဝများစွာ သံသရာ၌ ရုပ်တရား နာမ်တရား ဥပါဒါနက္ခန္ဓာငါးပါးဟု ဆိုအပ်သော ဝဋ်ဒုက္ခတို့၏ အကြိမ်ကြိမ် အဖန်ဖန် အတန်တန် ကျင်လည်ရခြင်းသည် (ရောဓ) မည်၏။

ထိုခန္ဓာဓမ္မ ဝဋ်ဒုက္ခတို့၏ နိဗ္ဗာန်တည်းဟူသော အာရုံတော်ကို မျက်မှောက်ပြုရ သောကြောင့် သောတာပန်အား ခုနစ်ဘဝကိုထား၍ ချုပ်ငြိမ်းခြင်း မရှိရခြင်း၊ တစ်ဖန် မဖြစ်ရခြင်းသည် (နိ) မည်၏။

ထိုသို့ နိဗ္ဗာန်တည်းဟူသော အာရုံတော်ကို ဧကန်မြင်ဖူးသောကြောင့် သံသရာ၌ ကျင်လည်တတ်သော ခန္ဓာ ဓမ္မ ဝဋ်ဒုက္ခ၏ မရှိခြင်းသည် စင်စစ်ဧကန် အမှန်ဖြစ်သော သဘောတရား သုံးပါးတို့၏ အပေါင်းသည် နိရောဓသစ္စာ မည်၏။

ဒုက္ခနိရောဓေတိ ဧတ္ထ နိသဒ္ဒေါ အဘာဝံ၊ ရောဓသဒ္ဒေါစ စာရကံ ဒီပေဟိ။ တသ္မာ အဘာဝေါ ဧတ္ထ သံသာရစာရကသင်္ခါတဿ ဒုက္ခရောဓဿ သဗ္ဗဂတိသုညတ္တာ။
ပဋိသံ၊ဋ္ဌ၊၁၊၅၁

ဒုက္ခနိရောဓေတိ ဧတ္ထ၊ ၌။
ယသ္မာ၊ အကြင့်ကြောင့်။
နိသဒ္ဒေါ၊ နိ-သဒ္ဒါသည်။
အဘာဝံ၊ မရှိခြင်းအနက်ကို။
ဒီပေတိ၊ ပြ၏။
ရောဓသဒ္ဒေါ စ၊ ရောဓ-သဒ္ဒါသည်ကား။
စာရကံ၊ သံသရာ၌ မပြတ်ကျင်လည်တတ် ဖြစ်တတ်သော ဝဋ်ဒုက္ခအပေါင်းကို။
ဒီပေတိ၊ ပြ၏။
တသ္မာ၊ ထို့ကြောင့်။
ဧတ္ထ၊ အသင်္ခတဓာတ် မြတ်သော နိဗ္ဗာန်၌။
သဗ္ဗဂတိသုညတ္တာ၊ အလုံးစုံသော ယောနိဂတိ ဘုံဌာန ဘဝတို့မှ ဆိတ်သည်၏ အဖြစ်ကြောင့်။
သံသာရစာရကသင်္ခါတဿ၊ သံသရာ၌ မပြတ် ကျင်လည်တတ်သော သဘောဟု ဆိုအပ်သော။
ဒုက္ခရောဓဿ၊ ခန္ဓာဟူသော ကျင်လည်ခြင်း၏။
အဘာဝေါ၊ မရှိခြင်းတည်း။

ထို ခန္ဓခမ္မ ဝဋ်ဒုက္ခတို့၏ မရှိခြင်းအမှန်ကို သာမညဖြင့် မရအပ်။ သမာဓိအာဂမ္မ၊ ဝိပဿနာအာဂမ္မ၊ မဂ္ဂအာဂမ္မ အားဖြင့် အာဂမ္မတရား သုံးပါးတို့တွင် မဂ္ဂအာဂမ္မကို ရမှသာလျှင် ခန္ဓာဓမ္မ ဝဋ်ဒုက္ခတို့၏ ကျင်လည်တတ်သော သဘော၏ မရှိခြင်း အမှန်ကို ဧကန် ရပေလိမ့်မည်။

ထင်စေဦးအံ့-

သမာဓိအာဂမ္မသည် ကသိုဏ်း ပညတ်စသော ပဋိဘာဂနိမိတ်ကို အာရုံပြုခြင်း ကြောင့် သံသရာမှ ထွက်မြောက်ကြောင်း မဟုတ်သေး၊ ဝိပဿနာအာဂမ္မသည် သင်္ခါရတရားကို အာရုံပြုသော်လည်း သံသရာမှ ထွက်မြောက်ကြောင်းကား မှန်၏။

နိဗ္ဗာန်ကိုအာရုံပြုသော မဂ္ဂအာဂမ္မကဲ့သို့ သမုစ္ဆေဒမဟုတ်၊ တဒင်္ဂဖြစ်ခဲ့ရကား စင်စစ် ထွက်မြောက်ကြောင်း မဟုတ်သေး၊ မဂ္ဂအာဂမ္မသည်ကား နိဗ္ဗာန်ကို အာရုံပြုရသော ကြောင့် စဝ်စစ် ထွက်မြောက်ကြောင်း မှန်ပေ၏။

တတ္ထ အသင်္ခတဓာတူတိ အသင်္ခတသဘာဝံ နိဗ္ဗာနံ။ ယသ္မာ ပနေတံ အာဂမ္မ ရာဂါဒယော ခီယန္တိ၊ တသ္မာ ရာဂက္ခေယော ဒေါသက္ခယော မောဟက္ခယောတိ ဝုတ္တံ။
အဘိ၊ဋ္ဌ၊၂၊၄၈

တတ္ထဝစနေ၊ ထိုစကား၌။
အသင်္ခတဓာတူတိ၊ ဟူသည်ကား။
အသင်္ခတသဘာဝံ၊ ကံ စိတ် ဥတု အာဟာရ တည်းဟူသော အကြောင်းတရား လေးပါး တို့သည် မပြုမပြင် မစီရင်အပ်သော သဘောရှိသော။
နိဗ္ဗာနံ၊ မဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်ဟည်း။
ယသ္မာ ပန၊ အကြင်ကြောင့်ကား။
ဧတံ နိဗ္ဗာနံ၊ ထိုနိဗ္ဗာန်ကို။
အာဂမ္မ၊ အရိယမဂ်ဖြင့် မျက်မှောက်ပြုသောအားဖြင့် ရောက်ခြင်းကြောင့်။
ရာဂါဒယော၊ ရာဂ အစရှိသည်တို့သည်။
ခီယန္တိ၊ ကုန်တတ်ကုန်၏။
တသ္မာ၊ ထို့ကြောင့်။
တံနိဗ္ဗာနံ၊ ထိုနိဗ္ဗာန်ကို။
ရာဂက္ခေယော ဒေါသက္ခယော မောဟက္ခယောတိ၊ ဟူ၍။
ဝုတ္တံ၊ ဆိုအပ်၏။

ထိုသို့ မဂ္ဂအာဂမ္မဖြင့် ရအပ် ရောက်အပ် မျက်မှောက်ပြုအပ်သော ခန္ဓာဓမ္မ ဝဋ်ဒုက္ခတို့၏ ကျင်လည်ခြင်း၏ မရှိခြင်းဟုဆိုအပ်သော နိရောဓ သည်လည်း -
(၁) အကြောင်းနိရောဓ၊
(၂) အကျိုးနိရောဓ ဟူ၍ နှစ်ပါးအပြားရှိ၏။

ထိုတွင် အရိယမဂ်ဖြင့် မျက်မှောက်ပြုရ၍ မဂ်လေးပါး တို့၏ သတ္တိအားလျော်စွာ ကိလေသာတို့၏ ချုပ်ခြင်း မရှိခြင်းသည် အကြောင်း နိရောဓ မည်၏။

ကိလေသာ ဟိ နိဗ္ဗာနံ အာဂမ္မ နိရုဒ္ဓါပိ ယတ္ထ နတ္ထိ၊ တတ္ထ နိရုဒ္ဓါတိ ဝုစ္စန္တိ၊ သွာယမတ္ထော ဧတ္ထေသာ တဏှာ နိရုဇ္ဈမာနာ နိရုဇ္ဈတိတိ သမုဒယပေဥှန ဒီပေတဗ္ဗော။
မ၊ဋ္ဌ၊၄။၂၁၃။

ဟိ၊ သင့်စွ။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
အာဂမ္မ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် အာရုံပြုသည်ဖြစ်၍ ရောက်ခြင်းကြောင့်။
ကိလေသာ၊ ကိလေသာတို့သည်။
နိရုဒ္ဓါပိ၊ ချုပ်ကုန်သော်လည်း။
(ဝါ) သံသရာဝယ် ကျင်လည်ကြောင်း မရှိကုန်သော်လည်း။
ယတ္ထ၊ အကြင်မဂ်စိတ်၌။
တဏှာ၊ တဏှာသည်။
နတ္ထိ၊ မရှိ။
တတ္တ၊ ထိုတဏှာမရှိသော မဂ်စိတ်ကို။
နိရုဒ္ဓါတိ၊ နိရုဒ္ဓဟူ၍။
ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။
သွာယမတ္ထော-သော အယံအတ္ထော၊ ထိုအနက်ကို။
ဧတ္ထေသာ တဏှာ နိရုဇ္ဈမာနာ နိရုဇ္ဈတိတိ၊ နိရုဇ္ဈတိဟူ၍။
သမုဒယပေဥှန၊ သမုဒယပဥှာဖြင့်။
ဒီပေတဗ္ဗော၊ ပြအပ်၏။

ကိလေသဒုက္ခ ခန္ဓဒုက္ခတို့၏ အသစ်တစ်ဖန် ဖြစ်ပြန်ခြင်းမရှိ စင်စစ် ငြိမ်းခြင်း သင်္ခါရဟူသော ပူပန်ခြင်း ငြိမ်းသောအားဖြင့် ငြိမ်းလတ္တံ့သော ပဋိသန္ဓေ ကိစ္စအားဖြင့် မဖြစ်နိုင်ခြင်းဟူသော ချုပ်ခြင်းဖြင့် တစ်ခါတည်းပြီး ခန္ဓာ ဓမ္မ ဝဋ်ဒုက္ခတို့၏ ကျင်လည်ခြင်း၏ မရှိလတ္တံ့သော ရဟန္တာတို့၏ စုတိစိတ်တော်၏ ဘင်္ဂက္ခဏ၏ အခြားမဲ့သည် အကျိုး နိရောဓမည်၏။

သီတီ ဘဝိဿန္တီတိ အစ္စန္တဝူပသမေန သင်္ခါရဒရထပဋိပဿဒ္ဓိယာ သီတလီ ဘဝိဿန္တိ၊ အပ္ပဋိသန္ဓိကနိရောဓေန နိရုဇ္ဈိဿန္တီတိ အတ္ထော။
ဣတိဝုတ်၊ဋ္ဌ၊၁၅၉

အနုပ္ပါဒေါ ဧဝ နိရောဓော အနုပ္ပါဒနိရောဓော၊ အာယတိံ ဘဝါဒီသု အပ္ပဝတ္တိ။
မူလဋီ၊၂၊၅၁

သီတီ ဘဝိဿန္တီတိ၊ သီတီ ဘဝိဿန္တိ ဟူသည်ကား။
အစ္စန္တဝူပသမေန၊ စင်စစ် ငြိမ်းအေးသောအားဖြင့်။
သင်္ခါရ ဒရထ ပဋိပဿဒ္ဓိယာ၊ သင်္ခါရဟူသော ပူပန်ခြင်း အေးငြိမ်းသော အားဖြင့်။
သီတလီ၊ အေးငြိမ်းခြင်း ရှိကုန်သည်။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
အပ္ပဋိသန္ဓိက နိရောဓေန၊ ပဋိသန္ဓေကိစ္စအားဖြင့် မဖြစ်နိုင်ခြင်းတည်း ဟူသော ချုပ်ခြင်းဖြင့်။
နိရုဇ္ဈိဿန္တိ၊ ချုပ်ကုန်လတ္တံ့။
ဣတိအယံ၊ ဤဆိုအပ်ပြီးသည်ကား။
အတ္ထော၊ အနက်တည်း။
[ဣတိဝုတ်အဋ္ဌကထာ အနက်]

အနုပ္ပါဒေါ ဧဝ၊ ဒုက္ခတို့၏ မဖြစ်ခြင်းသည်ပင်လျှင်။
နိရောဓော၊ ချုပ်ခြင်းတည်း။
အနုပ္ပါဒနိရောဓော၊ ဒုက္ခတို့၏ မဖြစ်ခြင်းသည်ပင်လျှင် ချုပ်ခြင်း။
အာယတိံ၊ စုတိ ကျပြီးသည်မှ နောက်ကာလ၌။
ဘဝါဒီသု၊ ဘဝအစရှိသည်တို့၌။
(ဝါ) ဘဝ ယောနိ ဂတိ ဝိညာဏဌိတိ သတ္တာဝါသ တို့၌။
အပ္ပဝတ္တိ၊ မဖြစ်ခြင်းတည်း။
[မူလဋီကာအနက်။]

ထိုရဟန္တာတို့၏ စုတိစိတ်တော်၏ ဘင်္ဂက္ခဏ၏ အခြားမဲ့၌ ရအပ် ရောက်အပ်သော အကျိုးနိရောဓဖြစ်သော နိဗ္ဗာန်ကို “အသင်္ခတဓာတု နိရောဓသစ္စံ”ဟု နေတ္တိအဋ္ဌကထာ မိန့်မှာတော် မူသည်နှင့်အညီ စင်စစ် ပရမတ္ထ၏ အစွမ်းအားဖြင့် မဖောက်မပြန် မှန်လှသော နိဗ္ဗာန်ကို နိရောဓသစ္စာမည်၏ ဟူ၍ ဆိုအပ်၏။

ပရမတ္ထတော ဟိ ဒုက္ခနိရောဓံ အရိယသစ္စန္တိ နိဗ္ဗာနံ ဝုစ္စတိ။
ပဋိသံ၊ဋ္ဌ၊၁၊၁၄၈

ပရမတ္ထတော ဟိ-ပရမတ္ထတောဧဝ၊ မဖောက်မပြန် မီးတစ်ဆယ့် တစ်တန်တို့၏ ငြိမ်းအေးရာ ဖြစ်သော သဘော၏ အစွမ်းအားဖြင့်သာလျှင်။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
နိရောဓံအရိယသစ္စန္တိ၊ ဒုက္ခနိရောဓံ အရိယသစ္စံဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။

၎င်းအကျိုးဖြစ်သော နိရောဓသည်ပင်လျှင် စင်စစ် အသင်္ခတဓာတ် ဖြစ်သောနိဗ္ဗာန် မည်၏။ (ထောက်)။ သို့သော် ရဟန္တာတို့၏ စုတိစိတ်တော်၏ ဘင်္ဂက္ခဏ၏ အခြားမဲ့၌ ရအပ် ရောက်အပ်သော မဖောက်မပြန် ငြိမ်းအေးသော သဘောသည်သာလျှင် အသင်္ခတဓာတ် မည်၏ဟု ဆိုသော် ဟုတ်တန်စေ၊

သောတာပတ္တိမဂ် သကဒါဂါမိမဂ် စသည်တို့သည် နိဗ္ဗာန်ကို အာရုံပြုရကား ၎င်း သောတာပတ္တိမဂ် စသည်တို့သည် အာရမ္မဏိက၊ နိဗ္ဗန်သည် အာရုံ ဤသို့ဖြစ်၍၊ ထိုမဂ်စိတ်သည် ဥပါဒ် ဌီ ဘင်နှင့် မကင်းရကား သင်္ခတအရိပ် ထင်ခဲ့၏။

သို့ဖြစ်၍ ထိုမဂ်စိတ်တို့၌ ပစ္စယ-သင်္ခတ တရားတို့သည် အပစ္စယ အသင်္ခတ မည်နိုင်ပါမည်လော၊ မဂ်စိတ်တည်း ဟူသော ဉာဏဒဿနဝိသုဒ္ဓိ အခိုက်၌ ဥပါဒ် ဌီ ဘင်နှင့် မကင်းသော်လည်း အသင်္ခတဟု ဆိုအပ်ပေ၏။

ဉာဏဒဿနဝိသုဒ္ဓိယံ ပန သပ္ပစ္စယဓမ္မမေဝ အပ္ပစ္စယဓမ္မံ သင်္ခတဓမ္မမေဝ အသင်္ခတဓမ္မန္တိ ပညပေယျာတိ အယမေဝ အတ္ထာ ဂဟေတဗ္ဗော။
မ၊ဋ္ဌ၊၂၊၆၂

ပန၊ အထူးကို ဆိုဦးအံ့။
ဉာဏဒဿနဝိသုဒ္ဓိယံ၊ ဉာဏဒဿနဝိသုဒ္ဓိ၌။
သပ္ပစ္စယဓမ္မမေဝ၊ သပ္ပစ္စယဓမ္မကို သာလျှင်။
အပ္ပစ္စယဓမ္မံ၊ အပ္ပစ္စယဓမ္မ ဟူ၍။
သင်္ခတဓမ္မမေဝ၊ သင်္ခတဓမ္မကိုသာလျှင်။
အသင်္ခတဓမ္မန္တိ၊ အသင်္ခတဓမ္မဟူ၍။
ပညပေယျ၊ ပညတ်ရာ၏။
ဣတိအယမေဝ အတ္ထော၊ ဤသို့သော အနက်ကိုသာလျှင်။
ဂဟေတဗ္ဗော၊ ယူအပ်၏။
(နိရောဓသစ္စာ။)

စတုတ္ထသစ္စာ၌ မဂ္ဂသဒ္ဒါသည် “မဂ္ဂေါ ပန္ထော ပထော ပဇ္ဇော” စသည်တို့၌ကဲ့သို့ သွားရာလမ်းကြောင်း ကောင်းသော ခရီးသည် မဂ္ဂ မည်၏၊ ထို မဂ္ဂသည် “သာဝတ္တိမဂ္ဂံ ရာဇဂဟမဂ္ဂံ” စသည်တို့၌ ရံခါ ခရီးသက်သက်ကို ဟော၏၊

“တတ္ထ ရူပုပဝတ္တိယာ မဂ္ဂံ ဘာဝေတီတိ ရူပံ ဝုစ္စတိ ရူပဘဝေါ၊ ဥပပတ္တီတိနိဗ္ဗတ္တိဇာတိ သဉ္ဇာတိ၊ မဂ္ဂေါတိ ဥပါယော”

ဟူသော အဋ္ဌသာလိနီ စသည်တို့၌ ဇနကအကြောင်းဖြစ်သော လောကီမဂ်ကို ဟော၏။ ထို လောကီမဂ်သည်လည်း အကုသိုလ်မဂ် ကုသိုလ်မဂ် ဟူ၍ နှစ်ပါး အပြားရှိ၏။ ထိုတွင် -

“နိရယဉ္စာဟံ သာရိပုတ္တ ပဇာနာမိ နိရယဂါမိဉ္စ မဂ္ဂန္တိ”

စသည်တို့၌ ဇနကအကြောင်းဖြစ်သော အကုသိုလ်မဂ်ကို ဟော၏။

၎င်း အကုသိုလ်မဂ်သည်လည်း ငရဲလားကြောင်း တိရစ္ဆာန်သို့လားကြောင်း စသော ဘူမိဘေဒအားဖြင့်လေးပါး၊ မိစ္ဆာဒိဋ္ဌိ။ (ပ) မိစ္ဆာဝိမုတ္တိဟူသော ဇာတိဘေဒအားဖြင့် ဆယ်ပါး၊ အကုသလရာသိအား (၁၂၄)ပါး အပြားရှိ၏။

ကုသိုလ်မဂ်သည်လည်း ဝဋ္ဋနိဿိတကုသိုလ်မဂ်၊ ဝိဝဋ္ဋနိဿိတကုသိုလ်မဂ်ဟူ၍ နှစ်ပါးအပြားရှိ၏။ ထိုတွင် လူပြည် နတ်ပြည် ဗြဟ္မာပြည်ကို လိုလားတောင့်တ၍ ပြုအပ်သော ဒါန သီလ ဘာဝနာ အစရှိသော ဇနကအကြောင်းသည် ဝဋ္ဋနိဿိတ ကုသိုလ်မဂ်မည်၏။

ထိုဝဋ္ဋနိဿိတကုသိုလ်မဂ်၌လည်း လူ့ပြည် အစ ဗြဟ္မာပြည် အဆုံးရှိသော ဘူမိဘေဒ, ကာမကုသိုလ်အစ အရူပ ကုသိုလ်အဆုံးရှိသော ဇာတိဘေဒ စသည်တို့ကို ယူအပ်၏။

ဝိဝဋ္ဋနိဿိတ ကုသိုလ်မဂ်၌လည်း လူ့ပြည် နတ်ပြည် ဗြဟ္မာပြည်တို့ကို မလိုလား မတောင့်တမူ၍ ပြုအပ်သော ဒါန သီလ ဘာဝနာ ဟူသော ဇနကအကြောင်းရင်းကြီး သုံးပါးပင်တည်း။ ထိုတွင် လောကီဖြစ်သော ကာမ ကုသိုလ်အစ အရူပကုသိုလ် အဆုံးရှိသော ဇာတိဘေဒကို သိအပ်၏။ သမ္မာဒိဋ္ဌိ။ (ပ) သမ္မာဝိမုတ္တိတို့ကိုလည်း ရအပ်၏၊

ဤ အာနာပါန ကမ္မဋ္ဌာန်းအရာ၌ကား လောကုတ္တရာမဂ် ဖြစ်ကြောင်း ကောင်းမြတ်သော ဇနကမဂ်ကို ဆည်းပူးရာ ဆည်းပူးကြောင်းဖြစ်၍ ဝိဝဋ္ဋနိဿိတ သီလ သမာဓိ ပညာ ဖြစ်သော ကုသိုလ်မဂ်သည် လောကုတ္တရာမဂ်ကို ရခြင်း အကျိုးငှာ ဖြည့်ကျင့်အပ်၏။

အယဥှိ ပုဗ္ဗဘာဂေ လောကိယော သတိ ပဋ္ဌာနမဂ္ဂေါ ဘာဝိတော လောကုတ္တရမဂ္ဂဿ အဓိဂမာယ သံဝတ္တတိ၊
ဒီ၊ဋ္ဌ၊၂၊၃၄၂။ [အနက် နောက်က ရေးပြီးပြီ။]

ထိုဝိဝဋ္ဋနိဿိတ ကုသိုလ်မဂ်ဖြစ်သော ဇနကအကြောင်းသည်လည်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အဋ္ဌင်္ဂိကမဂ် သည်သာလျှင် နိဗ္ဗာန် ရောက်ကြောင်း မဟုတ်သေး၊ ယခင်ပြအပ်ခဲ့ပြီးသော ဒါန သီလ ဘာဝနာ တို့၌ဖြစ်သော ပဉ္စင်္ဂိက ဆဠင်္ဂိကမဂ် တို့သည်လည်း နိဗ္ဗာန်ရောက်ကြောင်း ဖြစ်၏။ ထို ပဉ္စင်္ဂိက ဆဠင်္ဂိကမဂ်တို့ကို မဆိုလင့်ဦး၊ သမ္ပယုတ်ဖြစ်သော တရားတို့သည်လည်း နိဗ္ဗာန်သို့ ရောက်ကြောင်း ပင်တည်း။

န ကေဝလံ အဋ္ဌင်္ဂိကော မဂ္ဂေါဝ ပဋိပဒါ၊ ပုဗ္ဗေဝ ခေါ ပနဿ ကာယကမ္မံ ဝစီကမ္မံ အာဇီဝေါ သုပရိသုဒ္ဓေါ ဟောတီတိ ဝစနတော ပန ပုဂ္ဂလဇ္ဈာသယဝသေန ပဉ္စင်္ဂိကော မဂ္ဂေါ ပဋိပဒါ ဧဝ၊ န ကေဝလံ အဋ္ဌင်္ဂိက ပဉ္စင်္ဂိကမဂ္ဂါဝ ပဋိပဒါ၊ သမ္ပယုတ္တာ ပန အတိရေကပညာသဓမ္မာပိ ပဋိပဒါ ဧဝ။
အဘိ၊ဋ္ဌ၊၂၊၁၁၅

ကေဝလံ၊ သက်သက်။
အဋ္ဌင်္ဂိကော၊ သမ္မာဒိဋ္ဌိစသော အင်္ဂါရှစ်ပါး ရှိသော။
မဂ္ဂေါဝ၊ လောကုတ္တရာမဂ် သည်သာလျှင်။
ပဋိပဒါ၊ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်သည်။
နဟောတိ၊ ဖြစ်သည်မဟုတ်။
ပန၊ စင်စစ်သော်ကား။
ပုဗ္ဗေဝ ခေါ ပနဿ ကာယကမ္မံ ဝစီကမ္မံ အာဇီဝေါ သုပရိသုဒ္ဓေါ ဟောတီတိ၊ ပုဗ္ဗေဝ။ပ။ ဟောတိ ဟူ၍။
ဝစနတော၊ ဟောတော်မူသောကြောင့်။
ပုဂ္ဂလဇ္ဈာသယဝသေန၊ ဓမ္မပဋိဂ္ဂါဟကပုဂ္ဂိုလ်၏ အလို ဆန္ဒ အဇ္ဈာသယ၏ အစွမ်းဖြင့်။
ပဉ္စင်္ဂိကော၊ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝတို့မှ တပါးသော သမ္မာဒိဋ္ဌိစသော အင်္ဂါငါးပါးရှိသော။
မဂ္ဂေါပိ၊ လောကီ ကုသိုလ်မဂ်သည်လည်း။
ပဋိပဒါ ဧဝ၊ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သည် သာတည်း။

အဋ္ဌင်္ဂိက ပဉ္စင်္ဂိကမဂ္ဂါဝ၊ အဋ္ဌင်္ဂိက ပဉ္စင်္ဂိကဖြစ်သော မဂ္ဂင်တရားကိုယ် တို့သည် သာလျှင်။
ကေဝလံ၊ သက်သက်။
န ပဋိပဒါ၊ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ဖြစ်ကုန်သည် မဟုတ်သေး။
ပန၊ စင်စစ်ကား။
သမ္ပယုတ္တာ၊ မဂ်နှင့်ယှဉ်ကုန်သော။
အတိရေကပညာသဓမ္မာပိ၊ ငါးဆယ်ထက် ပိုလွန်သော အရေအတွက် ရှိကုန်သော ဖဿအစရှိသော တရားတို့သည်လည်း။
ပဋိပဒါ ဧဝ၊ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်တို့ပင်တည်း။

ထို ဝိဝဋ္ဋနိဿိတဖြစ်သော ကုသိုလ်မဂ်သည် ပါရမီကို ဆည်းပူးသော ဘဝမှစ၍ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်တိုင် ကြာသော်လည်း အကျိုးဆက်တို့ကို မကုန်စေနိုင်၊ အကြင်အခါ အရဟတ္တမဂ်ဉာဏ်၏ ဝေါဒါန်သို့ ရောက်၏၊

ထိုအခါ အောက်မဂ်တို့ကို ချန်လှပ်၍ ကြွင်းသမျှသော ဝိဝဋ္ဋနိဿိတ ကုသိုလ်ဇနက အကြောင်းဟူသမျှသည် လောကုတ္တရာမဂ်ကို ဖြစ်စေခြင်း ရောက်စေခြင်း အကြောင်းရင်းချည်းသာတည်း။ (လောကီမဂ် ပြီး၏။)

“နိဗ္ဗာနံ မဂ္ဂတိ ဂဝေသတီတိ မဂ္ဂေါ၊ ကိလေသာ ဝါ မာရေန္တော ဂစ္ဆတီတိ မဂ္ဂေါ”

ဟူသော ဝစနတ္တတို့နှင့်အညီ နိဗ္ဗာန်ကို ရှာမှီးခြင်း ကိလေသာကိုသတ်လျက် နိဗ္ဗာန်ကို သွားခြင်း ရောက်ခြင်း ဟူသောအနက်ကြောင့် မဂ်မည်၏၊

ထိုမဂ်သည်လည်း -
၁။ သောတာပတ္တိမဂ်
၂။ သကဒါဂါမိမဂ်
၃။ အနာဂါမိမဂ်
၄။ အရဟတ္တမဂ်
အားဖြင့် လေးပါး၊ အဝတ္ထာအားဖြင့် တစ်ပါးဟူသော ဇာတိဘေဒ စသည်ကို ရအပ်၏။

ထို လောကုတ္တရာမဂ်သည် လောကီအကုသိုလ်၊ ကုသိုလ်မဂ်တို့ကဲ့သို့ ဇနက အကြောင်း မဟုတ်၊ နိဗ္ဗာန်ကို ရောက်စေတတ်သော အကြောင်းဖြစ်၍ သမ္ပာပက အကြောင်းသာဖြစ်၏။ နိဗ္ဗာန်သည် အရိယမဂ်သည် အာရုံပြုသောအားဖြင့် ရောက် အပ်သော အကျိုးမည်၏။

ဧတ္ထစ နိဗ္ဗာနံ ပတ္တဗ္ဗော အတ္ထော၊ မဂ္ဂေါ သမ္ပါပကော ဟေတု။
[အဘိဓမ္မတ္ထဝိကာသနီဋီကာ။]

ပတ္တဗ္ဗမေဝ ဟိ တံ မဂ္ဂေန၊ န ဥပ္ပါဒတဗ္ဗံ။
(ဝိသုဒ္ဓိ၊၂၊၁၄၀။)

ဧတ္ထ စ၊ ဤ အတ္ထ ငါးပါးတို့တွင်လည်း။
နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။
ပတ္တဗ္ဗော၊ အရိယမဂ်သည် အာရုံပြုသောအားဖြင့် ရောက်အပ်သော။
အတ္ထော၊ အကျိုးဖြစ်သော အနက်မည်၏။
မဂ္ဂေါ၊ အရိယမဂ်သည်။
သမ္ပါပကော၊ နိဗ္ဗာန်သို့ ရောက်စေတတ်သော။
ဟေတု၊ အကြောင်း မည်၏။

ဟိ သစ္စံ၊ မှန်၏။
တံ၊ ထိုနိဗ္ဗာန်သည်။
မဂ္ဂေန၊ အရိယာမဂ်သည်။
ပတ္တဗ္ဗမေဝ၊ ရောက်အပ်သော အကျိုးတရား သည်သာလျှင်။
ဟောတိ၊ ဖြစ်၏။
ဥပ္ပါဒေတဗ္ဗံ၊ အရိယာမဂ်သည် ဖြစ်စေအပ်သော ဇနက နိဗ္ဗတ္တေ တဗ္ဗ အကျိုးတရား သည်။
န ဟောတိ၊ မဖြစ်။

ထိုသမ္ပါပက အကြောင်းဖြစ်သော အရိယမဂ်သည် စင်စစ် နိဗ္ဗာန်သို့ ရောက်ကြောင်း အမှန်ဖြစ်သော အရိယမဂ္ဂသစ္စာ တရားမည်၏။
(မဂ္ဂသစ္စာ။)

(ဤသို့ သစ္စာလေးပါးတို့၏ သဘောကို သိအပ်၏။)

ကိစ္စအားဖြင့်ကား - ၎င်းသစ္စာလေးပါးကို မြင်ရာ၌ -
(၁) လောကီ ဝိပဿနာဉာဏ်ဖြင့် မြင်ခြင်း၊
(၂) လောကုတ္တရာမဂ်ဉာဏ်ဖြင့် မြင်ခြင်း၊
ဟူ၍ မြင်ခြင်းနှစ်ပါး အပြားရှိ၏။

ထိုတွင် နာမ်ရုပ်ကို ပိုင်းခြား၍သိခြင်းဖြင့် ဒုက္ခသစ္စာကို မြင်ခြင်း၊ ဓမ္မဋ္ဌိတိဉာဏ်ဖြင့် သမုဒယသစ္စာကို ပယ်ခြင်း၊ အနိစ္စအစရှိသော လောကီမဂ္ဂသစ္စာကို ပွားခြင်း၊ ဒုက္ခသစ္စာ ဖြစ်ခြင်းကို မြင်သဖြင့် ဖြစ်ခြင်းမရှိသော နိဗ္ဗာန်ကို မဂ်ဉာဏ်ဖြင့် ဘုရား အစရှိသော သူတော်ကောင်းတို့ ပြောဟောသံကို အစဉ်လျှောက်၍ အောက်မေ့ သဖြင့် သိမ်းဆည်းလျက် လောကီဉာဏ်ပစ္စက္ခ လောကုတ္တရာဉာဏ် အနုမာန အားဖြင့် မြင်ခြင်းသည် လောကီဝိပဿနာဉာဏ်တို့၏ မြင်ခြင်းမည်၏။

ကထံ ပန အာဒိကမ္မိကော နိရောဓမဂ္ဂသစ္စာနိ ပရိဂ္ဂဏှာတီတိ။ အနုဿဝါဒိသိဒ္ဓမာကရံ ပရိဂ္ဂဏှာတိ၊
ဒီ၊ဋီ၊၂၊၃၄၈

ကထံ ပန၊ အဘယ်သို့လျှင်။
အာဒိကမ္မိကော၊ မဂ်ဖိုလ်ကို မရသေးသော အာဒိကမ္မိကပုဂ္ဂိုလ်သည်။
နိရောဓ မဂ္ဂသစ္စာနိ၊ နိရောဓသစ္စာ မဂ္ဂသစ္စာတို့ကို။
ပရိဂ္ဂဏှာတိ၊ အာရုံပြု၍ သိမ်းဆည်းနိုင်သနည်း။
ဣတိ၊ ဤကား အမေးတည်း။
အနုဿဝါဒိသိဒ္ဓံ၊ အဆင့်ကြားခြင်း အစရှိသည်ဖြင့် ပြီးသော။
အာကာရံ၊ နိရောဓသစ္စာ မဂ္ဂသစ္စာ၏ အခြင်းအရာ အရိပ်အရောင် အတုမျှကို။
ပရိဂ္ဂဏှာတိ၊ အာရုံပြု၍ သိမ်းဆည်းနိုင်၏။

လောကုတ္တရာ မဂ်ဉာဏ်ဖြင့် မြင်ခြင်းကား လောကုတ္တရာဉာဏ် ပစ္စက္ခ၊ လောကီဝိပဿနာဉာဏ် အဝုတ္တသိဒ္ဓိအားဖြင့် မြင်ပေ၏။

အဝုတ္တသိဒ္ဓေါ ဟိ တဿ ဘာဝနာပဋိဝေဓော။
ဒီ၊ဋီ၊၂၊၃၀၃

ဟိ၊ သင့်စွ။
တဿ၊ ထိုမဂ္ဂသစ္စာ၏။
ဘာဝနာပဋိဝေဓော၊ ဘာဝနာဖြင့် ထိုးထွင်း၍ သိခြင်းသည်။
အဝုတ္တသိဒ္ဓေါ၊ မဆိုသဖြင့် ပြီး၏။

ဤသို့ မဂ္ဂသစ္စာသည် နိဗ္ဗာန်ကို အာရုံပြု၍ မြင်လိုက်သဖြင့် ကြွင်းသော သစ္စာတို့၏ အလိုလို မြင်ခြင်းတို့သည် ပြီးရတော့သည်သာတည်း။ ကာလတစ်ပါး၌ ခြား၍ မြင်ခြင်းကို မယူအပ်၊ တစ်ပြိုင်နက် တစ်ချက်တည်းသော မြင်ခြင်းဖြင့် မြင်သည်ကို သစ္စာလေးပါး၌မြင်သော ဉာဏ် ဟူ၍ ဆိုအပ်၏။

န စေတံ ကာလန္တရဒဿနံ သန္ဓာယ ဝုတ္တံ၊ အထ ခေါ ဧကပဋိဝေဓမေဝါတိ ဒဿေန္တေန မဂ္ဂသမင်္ဂိသဉာဏံ၊ ဒုက္ခေပေတံ ဉာဏန္တိ အာဒိနာ အပရံ သုတ္တပဒံ အာနီတံ၊
ဝိသုဒ္ဓိ၊ဋီ၊၂၊၅၀၄

ဧတံ ဒဿနံ၊ ဤသို့ သစ္စာတစ်ပါးကိုမြင်က သစ္စာသုံးပါး၌ပြီးသော မြင်ခြင်းကို။
ကာလန္တရ ဒဿနံ၊ ကာလတစ်ပါး၌ မြင်ခြင်းကို။
သန္ဓာယ၊ ရည်၍။
နစဝုတ္တံ၊ ဆိုလည်း မဆိုအပ်။
အထခေါ၊ စင်စစ်သော်ကား။
ဧကပဋိဝေဓမေဝါတိ၊ ဟူ၍။
ဒဿေန္တေန၊ ပြခြင်းကြောင့်။
မဂ္ဂသမင်္ဂိဿ၊ မဂ်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်၏။
ဧတံ ဉာဏံ၊ ဤမဂ်ဉာဏ်သည်။
ဒုက္ခေပိ၊ ဒုက္ခသစ္စာ၌လည်း။
ဉာဏံ၊ သိသောဉာဏ်မည်၏။
(ပိ-သဒ္ဒါဖြင့် ကျန်သစ္စာကို ဆည်း။)
ဣတိအာဒိနာ၊ ဤသို့အစရှိသဖြင့်။
အပရံ သုတ္တပဒံ၊ တစ်ပါးသော သုတ်ပုဒ်ကို။
အာနီကံ၊ ဆောင်အပ်၏။

(၁) ဒုက္ခ ပစ္စက္ခ ကြွင်း သုံးပါး အဝုတ္တသိဒ္ဓိ၊

(၂) သမုဒယ ပစ္စက္ခ ကြွင်းသုံးပါး အဝုတ္တသိဒ္ဓိ၊ (လောကီဖို့)။

(၁) မဂ္ဂ ပစ္စက္ခ ကြွင်းသုံးပါး အဝုတ္တသိဒ္ဓိ၊

(၂) နိယျာ ပစ္စက္ခ ကြွင်းသုံးပါး အဝုတ္တသိဒ္ဓိ၊

ဤသို့ သစ္စစတုက္ကကို လောကီ ဝိပသာနာဉာဏ်၌ လည်းကောင်း၊ လောကုတ္တရာ မဂ်ဉာဏ်၌လည်းကောင်း ရအပ်ကြောင်းကို အရှင်ဂဝံပတိ ဟောတော်မူသည်။ ၎င်းစတုက္ကတို့ အဆက်ဆက် မျက်မှောက်ပြုကြ၍ နိရောဓစတုက္ကကို မျက်မှောက် ပြုမှသာလျှင် အရိယသစ္စာနဒဿနံ ဟူသောပုဒ်၏ အရသာကို ခံစားရမည်။

ထင်စေဦးအံ့ -

အကြင်ယောဂီသည် ပြအပ်ခဲ့ပြီးသော အာနာပါန ကမ္မဋ္ဌာန်း၌ အကြင်အခါ ရုပ်ကို သိမ်းဆည်းခြင်း၊ နာမ်ကိုသိမ်းဆည်းခြင်း ဟုဆိုအပ်သော သိမ်းဆည်းခြင်းတို့ဖြင့် ရုပ်နာမ်နှစ်ပါး သင်္ခါရ တရားတို့ကို ပိုင်းခြားထင်ထင် သိမြင်ခဲ့၏၊

ထိုအခါ ပီဠန သင်္ခတ သန္တာပ ဝိပရိဏာမဟု ဆိုအပ်သော နှိပ်စက်ခြင်း ပြုပြင်ခြင်း ပူပန်ခြင်း၊ ဖောက်ပြန်ခြင်း အနက်လေးပါးတို့နှင့်တကွ ဒုက္ခသစ္စာစတုက္ကကို လောကီဝိပဿနာဉာဏ်ဖြင့် ပြီးစေ၏။

အကြင်အခါ အကြောင်းကို သိမ်းဆည်းခြင်း အဓွန့်ကို သိမ်းဆည်းခြင်းဟု ဆိုအပ်သော သိမ်းဆည်းခြင်းတို့ဖြင့် သိမ်းဆည်း၏။

ထိုအခါ အာယူဟန နိဒါန သံယောဂ ပလိဗောဓ ဟုဆိုအပ်သော အားထုတ်ခြင်း ဆောင်နှင်းခြင်း ယှဉ်ခြင်း နှောင့်ယှက်ခြင်း အနက်လေးပါးတို့နှင့်တကွ သမုဒယသစ္စာစတုက္ကကို လောကီဝိပဿနာဉာဏ်ဖြင့် ပြီးစေ၏၊

အကြင်အခါ ဆည်းပူးအပ်ခဲ့သော ဒါန သီလ တို့၌လည်းကောင်း၊ သမာဓိတို့၌ လည်းကောင်း၊ သမ္မသနဉာဏ်အစ အနုလောမဉာဏ် အဆုံးရှိသော ဝိပဿနာ ဉာဏ်တို့၌ လည်းကောင်း ဝဋ်မှထွက်မြောက်လိုသဖြင့် ကောင်းစွာ အားထုတ် ဆည်းပူး ပွားများ၏၊

ထိုအခါ ဖြစ်ခြင်း ပျက်ခြင်းတို့ကို လောကီမဂ္ဂသစ္စာဖြင့် ပွားများ၍ ဖြစ်ခြင်း ပျက်ခြင်း မရှိသော နိဗ္ဗာန်၌ ညွတ်ကိုင်း ရှိုင်းလွှမ်းလျက် သက်ဝင်သော စိတ်ကို ထား၍ အားထုတ်ခြင်းကြောင့် နိယျာန ဟေတု ဒဿန, အဓိပတေယျ ဟူသော ထွက်မြောက်ခြင်း၊ နိဗ္ဗာန်ကို ရခြင်းအကြောင်း၊ မြင်ခြင်းအကြောင်း၊ အစိုးရခြင်း အနက် လေးပါးတို့နှင့်တကွ လောကီမဂ္ဂသစ္စာစတုက္ကကို လောကီဝိပဿနာဉာဏ် ဖြင့် ပြီးစေ၏။

၎င်းနည်းတူ နိဗ္ဗာန်ကို ညွတ်ကိုင်းရှိုင်းဝှမ်းလျက် သက်ဝင်သောစိတ်ဖြစ်သော အခါ၌ နိဿရဏ, ဂိဝေက အသင်္ခတ အမတဟု ဆိုအပ်သော သံသရာမှထွက်မြောက်ခြင်း၊ တဏှာမှ ဆိတ်ခြင်း၊ အကြောင်း တရားတို့သည် မပြုပြင်ခြင်း၊ သေခြင်းမှ ကင်းခြင်း အနက်လေးပါးတို့နှင့်တကွ နိရောဓသစ္စာစတုက္ကကို လောကီဝိပဿနာဉာဏ်ဖြင့် ပြီးစေ၏။
(လောကီဖို့။)

အကြင်အခါ လောကီကို လွန်မြောက်၍ လောကုတ္တရာသို့ ရောက်အံ့သော ယောဂီသည် နောက်ကပြခဲ့အပ်ပြီးသော ဝိပဿနာဉာဏ် ဆယ်တန်တို့၌ သမ္မသနဓာတ် နိဗ္ဗိဒါဓာတ် ပက္ခန္ဒနဓာတ်တို့အားကိုဆောင်၍ ဩက္ကမဓာတ်သို့ သက်ခြင်းငှာ စွမ်းနိုင်၏၊

ထိုအခါ

“ယဿ ဣဒါနိ မဂ္ဂေါ ဥပ္ပဇ္ဇိဿတီတိ သင်္ခါရုပေက္ခာယ သင်္ခါရေ အနိစ္စာတိဝါ ဒုက္ခာတိဝါ အနတ္တာတိဝါ သမ္မသိတွာ ဘဝင်္ဂံ ဩတရတိ”

အစရှိသဖြင့် ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ မိန့်မှာတော်မူအပ်သည်နှင့်အညီ အကြင် သင်္ခါရုပေက္ခာဉာဏ်သည် မိမိယူအပ်သော လက္ခဏာရေးသုံးပါးတို့တွင် တစ်ပါးပါးကို သုံးသပ်၍ မဂ်ကိုကူးအံ့သောအခါ၌ ---

န ဒ မ ပ ဥ န ဘူ မဂ် ဖိုလ် ဖိုလ် ဖိုလ် ဘွင် ဘွင်
ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ

ဟူသော မဂ္ဂဝီထိသို့ သက်လာရ၏။ ၎င်းဝီထိ၌ -

န-သည် ဘဝင်္ဂစလန မည်၏။
ဒ-ဘဝင်္ဂုပစ္ဆေဒ မည်၏။
မ-သည် မနောဒွါရာဝဇ္ဇန်း မည်၏။
ပ-သည် ပရိကံ မည်၏။
ဥ-သည် ဥပစာ မည်၏။
နု-သည် အနုလုံမည်၏။
ဘူ-သည် ဂေါတြဘူမည်၏။
မဂ်-သည် သောတာပတ္တိမဂ်မည်၏။
ဖိုလ်-သည် သောတာပတ္တိဖိုလ်မည်၏။

ထို ဝီထိ၌ အနုလုံတိုင်အောင်သော ဝုဋ္ဌာနဂါမိနီ ဝိပဿနာ ဖြစ်သော သင်္ခါရုပေက္ခာဉာဏ်သည် လောကီမဂ္ဂသစ္စာ၏ အစွမ်းဖြင့် သင်္ခါရတရားတို့ကို အာရုံပြု၏။ ထိုအနုလောမဉာဏ်၏ အခြားမဲ့၌ ဖြစ်သော ဂေါတြဘူစိတ် မဂ်စိတ် ဖိုလ်စိတ်တို့သည်သာလျှင် နိဗ္ဗာန်ကို အာရုံပြုကုန်၏၊

စတုန္နံ မဂ္ဂါနံယေဝ ဂေါတြဘူ နိဗ္ဗာနာရမ္မဏံ။
ပဋိသံ၊ဋ္ဌ၊၁၊၂၅၄

မဂ္ဂဉာဏဿ ဂေါတြဘုဉာဏေန ဒိန္နသညံ အမုဉ္ဇိတွာဝ နိဗ္ဗာနံ အာရမ္မဏံ ကတွာ။
ဝိသုဒ္ဓိ၊၂၊၃၁၄။ ပဋိသံ၊ဋ္ဌ၊၁၊၂၆

စတုန္နံ၊လေးပါးကုန်သော။
မဂ္ဂါနံယေဝ၊ မဂ်တို့၏သာလျှင်။
ဂေါတြဘု၊ ဂေါတြဘူသည်။
နိဗ္ဗာနာရမ္မဏံ၊ နိဗ္ဗာန်လျှင် အာရုံရှိ၏။

မဂ္ဂဉာဏဿ၊ မဂ်ဉာဏ်အား။
ဂေါတြဘုဉာဏေန၊ဂေါတြဘူဉာဏ်သည်။
ဒိန္နသညံ၊ ပေးအပ်သောအမှတ်ကို။
အမုဉ္ဇိတွာဝ၊ မလွှတ်မူ၍သာလျှင်။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
အာရမ္မဏံ ကတွာ၊ အာရုံပြု၍။

ထိုသို့ နိဗ္ဗာန်ကို အာရုံပြုရခြင်းကြောင့် မဂ်စိတ်သည် သံသရာမှ၊ စင်စစ် ထွက်မြောက်ကြောင်းကြီး ဖြစ်ပေ၍ လောဘအစရှိသော ကိလေသာတို့ကို မဂ္ဂသမ္မာဒိဋ္ဌိ အစရှိသော လောကုတ္တရာ မဂ်တရားတို့သည် ကောင်းစွာ ဖြတ်တောက်ကုန်၏။

အရိယမဂ္ဂဓမ္မာယေဝ ဟိ နိယျာနိကာ။ ဥဒါန၊ဋ္ဌ၊၃၂

ဟိ သစ္စံ၊ မှန်၏။
အရိယမဂ္ဂဓမ္မာယေဝ၊ အရိယာမဂ်တရားတို့သည် သာလျှင်။
နိယျာနိကာ၊ ထွက်မြောက်ကြောင်းရှိသည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

နိဗ္ဗာနဥှိ အာရမ္မဏံ ကတွာ ပဝတ္တမာနာ သမ္မာဒိဋ္ဌိအာဒယော အရိယမဂ္ဂဓမ္မာ အနဝသေသ ကိလေသေ သမုစ္ဆိန္ဒန္တိ။ ဥဒါန၊ဋ္ဌ၊၃၅၈

နိဗ္ဗာနဥှိ နိဗ္ဗာနံ ဧဝ၊ နိရောဓသစ္စာဖြစ်သော နိဗ္ဗာန်ကိုသာလျှင်။
အာရမ္မဏံ ကတွာ၊ အာရုံပြုရခြင်းကြောင့်။
ပဝတ္တမာနာ၊ ဖြစ်သော။
သမ္မာဒိဋ္ဌိ အာဒယော၊ သမ္မာဒိဋ္ဌိ အစရှိကုန်သော။
အရိယမဂ္ဂဓမ္မာ၊ အရိယမဂ် တရားတို့သည်။
အနဝသေသ ကိလေသေ၊ အကြွင်းမရှိသော ကိလေသာတို့ကို။
သမုစ္ဆိန္ဒန္တိ၊ ကောင်းစွာဖြတ်ကုန်၏။

ထိုသို့ ကိလေသာတို့ကို ဖြတ်နိုင်ခြင်းကား အာဓမ္မဏိကဖြစ်သော မဂ်စိတ်သည် အာရုံဖြစ်သော နိဗ္ဗာန်ကို အာရုံပြုရခြင်းကြောင့်သာ သမုစ္ဆေဒပဟာန်ဖြင့် ပယ်သတ်နိုင်၏။

ထို့ကြောင့် အာရမ္မဏိကဖြစ်သော မဂ်စိတ်သည် နိယျာန၊ ဟေတု၊ ဒဿန၊ အဓိပတေယျ ဟူသော -
သံသရာမှ ထွက်မြောက်ခြင်း,
နိဗ္ဗာန်သို့ရောက်ကြောင်း,
နိဗ္ဗာန်ကိုမြင်ခြင်း,
သမ္ပယုတ်တရားတို့ထက် အကြီး အမှူးဖြစ်ခြင်း -
အနက်လေးပါး တို့နှင့်တကွ လောကုတ္တရာ မဂ္ဂသစ္စာစတုက္ကကို ပြီးစေ၏။

အာရုံဖြစ်သော အသင်္ခတဓာတ် မြတ်သော နိဗ္ဗာန်တည်းဟူသော နိရောဓသစ္စာသည် အနမတဂ် စက်သံသရာ အဏ္ဏဝါဝယ် လွန်စွာ ဆင်းရဲခြင်းတည်းဟူသော ကိလေသ ဒုက္ခ ခန္ဓဒုက္ခ အပေါင်းကို ချုပ်ငြိမ်းကြောင်းဖြစ်၍ နိဿရဏ၊ ဝိဝေက၊ အသင်္ခတ၊ အမတ ဟူသော သံသရာမှထွက်မြောက်ခြင်း၊ သမုဒယသစ္စာ၊ တဏှာမှဆိတ်ခြင်း အကြောင်းတရား လေးပါးတို့သည် မပြုပြင်ခြင်း သေခြင်းမှကင်းခြင်း အနက်လေးပါး တို့နှင့်ကွ လောကုတ္တရာ နိရောဓသစ္စာ စတုက္ကကို ပြီးစေ၏။

နိရောဓောတိ နိဗ္ဗာနံ။ နိဗ္ဗာနဥှိ အာဂမ္မ ဒုက္ခံ နိရုဇ္ဈတီတိ နိရောဓောတိ ဝုစ္စတိ။

ပဋိသံ၊ဋ္ဌ၊၁၊၁၁၃

နိရောဓောတိ၊ ဟူသည်ကား။ နိဗ္ဗာနံ၊ မဂ်၏အာရုံ နိရောဓသစ္စာဖြစ်သော နိဗ္ဗာန်တည်း။ ဟိ သစ္စံ၊ မန်၏။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ အာဂမ္မ၊ မဂ်ဉာဏ် ဖြင့် အာရုံပြုရ၍။ ဒုက္ခံ၊ ဝဋ်ဒုက္ခအပေါင်းသည်။ နိရုဇ္ဈတိ၊ ချုပ်၏။ (ဝါ) မဖြစ်။ ဣတိတသ္မာ၊ ထို့ကြောင့်။ နိရောဓောတိ၊ နိရောဓသစ္စာ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

ထိုမဂ္ဂသစ္စာစတုက္က၊ နိရောဓသစ္စာစတုက္က ဆိုက်ခြင်းကို အကြောင်း အသုံးပြု၍ ပဓာနအလုပ်လမ်းရိုးတို့၌ -

(၁) မုစ္စန
(၂) သစ္ဆိကိရိယ
(၃) ပဿဒ္ဓိ - ကို ပြအပ်၏။ ထိုတွင်

(၁) ဝိပဿနာဉာဏ်မှ လွှတ်လိုက်ရခြင်းသည် မုစ္စန မည်၏။

(၂) နိဗ္ဗာန်ကို မြင်လိုက်ရခြင်းသည် သစ္ဆိကိရိယ မည်၏။

(၃) ဖိုလ်စိတ်တို့၏ ငြိမ်းချမ်းခြင်းသည် ပဿဒ္ဓီ မည်၏။

တစ်နည်း-

(၁) သိလည်းသိစေ-
(၂) မသိလည်း မသိစေနှင့်၊
(၃) မြင်လည်းမြင်လိုက်စေ၊ ကိုယူအပ်၏။ ထိုတွင်-

(၁) ဝိပဿနာဉာဏ်ကို သိခြင်းသည် သိလည်း သိစေ မည်၏။

(၂) ဝိပဿနာဉာဏ်မှ လွှတ်လိုက်ခြင်းသည် မသိလည်း မသိစေနှင့် မည်၏။

(၃) နိဗ္ဗာန်ကို မြင်လိုက်ခြင်းသည် မြင်လည်း မြင်လိုက်စေ မည်၏။

တစ်နည်း။

နိမိတွု၊ ဗတွု၊ ပကော၊ ပဲကး၊ ညာဏရို၊ သင်္က၆း၊ ဟူ၍ ငါးပါး အပြားရှိ၏။

နိမိတ္ထု၊ ဗတ္ထု၊ ပကော၊ ညာဏရို၊ သင်္ကရော ဟု ဖတ်လေ။

ထိုတွင် အကြင်ယောဂီအား ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ်တို့ကို မြင်ရခြင်းသည် နိမိတ္ထု မည်၏။

ဝတ္ထုရုပ်တို့ကို မြင်ရခြင်းသည် ဗတ္ထု မည်၏။

ပုဗ္ဗကိစ္စလေးပါးကို သိမ်းဆည်းရခြင်းသည် ပကော မည်၏။

ဝိပဿနာဉာဏ် ဆယ်တန်ကို မြင်ရခြင်းသည် ညာဏရို မည်၏။

ဝိပဿနာဉာဏ်ဆယ်တန်ကိုလွှတ်၍ နိဗ္ဗာန်ကိုအာရုံပြုသဖြင့် မဂ်သို့ပြောင်းရွှေလိုက် ရခြင်းသည် သင်္ကေရော မည်၏ -

ဟု ဓမ္မတာသုံးပါး၊ ဓမ္မတာငါးပါးတို့ကို ဒိဘက်ဆရာကြီးတို့၏ နည်းဟူ၍ တို့ ကျေးဇူးရှင် အဆက်ဆက်မှ မှတ်ယူအပ်၏။

ထိုမဂ္ဂစတုက္က၊ နိရောဓစတုက္ကသို့ ဆိုက်ရောက်သောအခါ မဂ်စိတ်ခဏ ဆဲဆဲ၌ ငါသည် -

(၁) ဒုက္ခသစ္စာကိုသိ၏။
(၂) သမုဒယသစ္စာကို ပယ်၏။
(၃) နိရောဓသစ္စာကို မျက်မှောက်ပြု၏။
(၄) မဂ္ဂသစ္စာကိုပွားစေ၏။

ဤသို့ အလွန်နီးသော နှလုံးသွင်းခြင်း ဆင်ခြင်ခြင်းသည် မရှိ။ မဂ္ဂသစ္စာကို အာရမ္မဏိကပြု၍ နိရောဓသစ္စာကို အာရုံပြုလျက် သိမ်းဆည်းဆဲဖြစ်သော ထို ယောဂီအား မဂ္ဂသစ္စာသည် သုံးပါးကုန်သော သစ္စာတို့၌ ပရိညာကိစ္စ၊ ပဟာနကိစ္စ၊ ဘာဝနာကိစ္စတို့ကို နိဗ္ဗာန်ကိုမြင်လိုက် ရသောကြောင့် အဝုတ္တသိဒ္ဓိအားဖြင့် ပြီးစေလျက် မဂ္ဂစတုက္က၊ နိရောဓ စတုက္ကကို ထိုးထွင်း၍ သိတော်မူ၏။

တသ္မိံ စဿ ခဏေ အဟံ ဒုက္ခံ ပရိဇာနာမိ၊ သမုဒယံပဇဟာမိ၊ နိရောဓံ သစ္ဆိကရောမိ၊ မဂ္ဂံ ဘာဝေမီတိ အာဘောဂသန္နာဟာရ မနသိကာရပစ္စဝေက္ခဏာ နတ္ထိ။ ဧတဿ ပန ပရိဂ္ဂဏှန္တဿေဝ မဂ္ဂါတီသု သစ္စေသု ပရိညာဒိကိစ္စံ သာဓေန္တောဝ နိရောဓံအာရမ္မဏတော ပဋိဝိဇ္ဈတိ။

မ၊ဋ္ဌ၊၂၊၂၃၉

၊ ဆက်၍ဆိုဦးအံ့။ အဿ၊ ထိုယောဂီအား။ တသ္မိံ ခဏေ၊ ထိုမဂ်စိတ် ခဏ၌။ အဟံ၊ ငါသည်။ ဒုက္ခံ၊ ဒုက္ခသစ္စာကို။ ပရိဇာနာမိ၊ သိ၏။ သမုဒယံ၊ သမုဒယသစ္စာကို။ ပဇဟာမိ၊ ပယ်၏။ နိရောဓံ၊ နိရောဓသစ္စာကို။ သစ္ဆိကရောမိ၊ မျက်မှောက်ပြု၏။ မဂ္ဂံ၊ မဂ္ဂသစ္စာကို။ ဘာဝေမိ၊ ပွားစေ၏။ ဣတိ၊ ဤသို့။ အာဘောဂသန္နာဟာရ မနသိကာရ ပစ္စဝေက္ခဏာ၊ ဖြင့် နှလုံးသွင်းခြင်း စူးစမ်းခြင်း ဆုံးဖြတ်ခြင်း ဆင်ခြင်ခြင်းသည်။ နတ္ထိ၊ မရှိ။

ပန၊ စင်စစ်သော်ကား။ ပရိဂ္ဂဏှန္တဿေဝ၊ နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် သိမ်းဆည်းဆဲသာလျှင် ဖြစ်သော။ ဧတဿ၊ ထိုယောဂီ၏။ မဂ္ဂေါ၊ မဂ္ဂသစ္စာသည်။ တီသု၊ သုံးပါးကုန်သော။ သစ္စေသု၊ သစ္စာတို့၌။ နိရောဓံ၊ နိဗ္ဗာန်ကို။ အာရမ္မဏတော၊ အာရုံပြုရသောကြောင့်။ ပရိညာဒိကိစ္စံ၊ ပရိညာအစရှိသော ကိစ္စကို။ သာဓေန္တောဝ၊ ပြီးစေလျက်သာလျှင်။ ပဋိဝိဇ္ဈတိ၊ ထိုးထွင်း၍သိ၏။

အဘယ်ကဲ့သို့နည်းဟူမူ - ဆီမီးသည် မရှေးမနှောင်း တပေါင်းတည်းသော ခဏ၌ လေးပါးသော ကိစ္စတို့ကိုပြု၏။
မီးစာကို လောင်စေ၏။
အမိုက်တိုက်ကို ဖျောက်၏။
အလင်းကိုပြ၏။
ဆီကို ကုန်စေ၏-သို့။

ဤအတူ မဂ္ဂစတုက္က၌ဖြစ်သော မဂ်ဉာဏ်သည် မရှေးမနှောင်း တပေါင်းတည်းသော မဂ်ဏေ၌ လေးပါးသော သစ္စာတို့ကို အဝုတ္တသိဒ္ဓိကို ဆောင်၍ သိ၏။
ဒုက္ခ သစ္စာကို ပိုင်းခြား၍ သိ၏။
သမုဒယသစ္စာကို သမုစ္ဆေဒပဟာန်ဖြင့် ပယ် ၏။
မဂ္ဂသစ္စာကို
(ဝါ) သမ္မာသင်္ကပ္ပ စသော မဂ္ဂင် ၈-ပါးကို။
(ဝါ) ၃၇-ပါးသော ဗောဓိပက္ခိယတရားကို ပွားစေ၏။
နိဗ္ဗာန်ကို မျက်မှောက်ပြုစေ၏။

ဤသို့ ၄-ပါးသော ကိစ္စတို့ဖြင့် ထိုးထွင်း၍ သိ၏။

(နေ-ဥပမာ လှေ ဥပမာ တို့ကိုလည်း နည်းတူယူလေ။)

ထိုမဂ္ဂသစ္စာစတုက္က၌ နိဗ္ဗာန်ကို မျက်မှောက်ပြု၏ ဟူသည် အနုမာနဖြင့် ရော်ရမ်း မှန်းဆ၍ ပြုရမည်လော မျက်မှောက်အားဖြင့် ပြုရမည်လော ဟူသော-

နိရောဓံ သစ္ဆိကိရိယာဘိသမ ယေန အဘိသမေတိ ကိံ ဝုတ္တံ ဟောတိ”-

ဟူသော အဋ္ဌကထာ ပုစ္ဆာ။

နိရောဓံ အာရမ္မဏံ ကရိတွာ စတ္တာရိပိ သစ္စာနိ ပါပုဏာတိ ပဿတိ ပဋိဝိဇ္ဈတိ -”

ဟူသော ဝိသုဒ္ဓိမဂ်အဋ္ဌကထာ အဖြေအာဘော်ကို ထင်စွာ ပြတော်မူလိုသော မဟာဋီကာရှင်သည် -

နိရောဓန္တိ နိဗ္ဗာနံ။ သစ္ဆိကိရိယာဘိ သမယေနာတိ ပစ္စက္ခကရဏသင်္ခါတေန ပဋိဝိဇ္ဈနေန၊ ပါပုဏာတီတိ အဓိဂစ္ဆတိ။ သွာယံအဓိဂမော ဒဿန ပဋိဝေဓောတိ အာဟ ပဿတိ ပဋိဝိဇ္ဈတီတိ

ဟူသော ပစ္စက္ခဉာဏ်ဖြင့် မြင်အပ်သော အဖြစ်ကို ဝန်ခံတော်မူသည်။

နိရောဓန္တိ၊ ဟူသည်ကား။ နိဗ္ဗာနံ၊ မဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်တည်း။ သစ္ဆိကိရိယာဘိ သမယေနာတိ၊ ဟူသည်ကား။ ပစ္စက္ခကရဏသင်္ခါတေန၊ မျက်မှောက်ပြုသည်၏ အဖြစ်ဟုဆိုအပ်သော်။ ပဋိဝိဇ္ဈနေန၊ ထိုးထွင်း၍ သိခြင်းဖြင့်။ ပါဏာတီတိ၊ ဟူသည်ကား။ အဓိဂစ္ဆတိ၊ ရ၏။ သွာယံ အဓိဂမော၊ ထိုသို့ရခြင်းသည်။ ဒဿန ပဋိဝေဓော၊ မြင်သော ထိုးထွင်းခြင်းပင်တည်း။ ဣတိ ဣမံ အတ္ထံ၊ ဤသို့သော အနက်ကို။ သန္ဓာယ၊ ရည်၍။ ပဿဟိ ပဋိဝိဇ္ဈတီတိ၊ ဟူ၍။ အာဟ၊ အဋ္ဌကထာရှင် မိန့်တော်မူ၏။

ဤဋီကာ စကားဖြင့် နိဗ္ဗာန်ကို ပစ္စက္ခဉာဏ်ဖြင့် မြင်ရ၏ဟု ဝန်ခံရာ မခိုင်သေးဟူမူ -

(၁) ပစ္စတ္တံယေဝ ပရိနိဗ္ဗာယတီတိ သယမေဝကိလေသပရိနိဗ္ဗာနေန ပရိနိဗ္ဗာယတိ
မ၊ဋ္ဌ၊၂၊၂၀၀

(၂) သယံ အဘိညာ သစ္ဆိကတွာတိ အတ္တနာယေဝ ပညာယ ပစ္စက္ခံ ကတွာ။
မ၊ဋ္ဌ၊၃၊၇၅

(၃) နိဗ္ဗာနဿ သစ္ဆိကိရိယာယာတိ အပစ္စယနိဗ္ဗာနဿ ပစ္စက္ခကရကာတ္ထာယ
အံ၊ဋ္ဌ၊၃၊၂၇၉

(၄) နိဗ္ဗာနဿ သစ္ဆိကိရိယာယာတိ တဏှာဝါနဝိရ ဟိတတ္တာ နိဗ္ဗာနန္တိလဒ္ဓနာမဿ အမတဿ သစ္ဆိကိရိယာယ၊ အတ္တပစ္စက္ခတာယာတိ ဝုတ္တံ ဟောတိ-
မ၊ဋ္ဌ၊၁၊၂၄၁

ဟူသောသုတ်မဟာဝါ၊ မူလပဏ္ဏာသအဋ္ဌကထာကြီး စသည်တို့ကိုထောက်။

(၁) ပစ္စတ္တံယေဝ ပရိနိဗ္ဗာယတီတိ၊ ဟူသည်ကား။ သယမေဝ၊ ကိုယ်တိုင်သာလျှင်။ ကိလေသပရိနိဗ္ဗာနေန၊ ကိလေသပရိနိဗ္ဗာန်ဖြင့်။ ပရိနိဗ္ဗာယတိ၊ ပရိနိဗ္ဗာန်ယူ၏။

(၂) သယံ အဘိညာ သစ္ဆိကတွာတိ၊ ဟူသည်ကား။ အတ္တနာယေဝ၊ မိမိဥစ္စာသာလျှင်ဖြစ်သော။ ပညာယ၊ မဂ်ပညာဖြင့်။ ပစ္စက္ခံ ကတွာ၊ မျက်မှောက်ပြု၍။

(၃) နိဗ္ဗာနဿ သစ္ဆိကိရိယာယာတိ၊ ဟူသည်ကား။ အပစ္စယ နိဗ္ဗာနဿ၊ အပစ္စယနိဗ္ဗာန်ကို။ (ဝါ) အကြောင်းကင်းသော နိဗ္ဗာန်ကို။ ပစ္စက္ခကရကာတ္ထာယ၊ မျက်မှောက်ပြုခြင်း အကျိုးငှါ။

(၄) နိဗ္ဗာနဿ သစ္ဆိကိရိယာယာတိ၊ ဟူသည်ကား။ တဏှာဝါနဝိရဟိတတ္တာ၊ တဏှာ တည်းဟူသော ချုပ်စပ်တတ်သော ဝါနမှ ကင်းသည်၏ အဖြစ်ကြောင့်။ နိဗ္ဗာနန္တိ၊ ဟူ၍။ လဒ္ဓနာမဿ၊ ရအပ်သောအမည်ရှိသော။ အမတဿ၊ အမြိုက်နိဗ္ဗာန်ကို။ သစ္ဆိကိရိယာယ၊ မျက်မှောက်ပြုခြင်းငှါ။ အတ္တပစ္စက္ခတာယ၊ မိမိကိုယ်တိုင် မျက်မှောက်ပြုခြင်းငှါ။ ဣတိ၊ ဤသို့။ ဂုတ္တံ ဝုတ္တာ၊ ဆိုလိုသည်။ ဟောတိ၊ ဖြစ်၏။

ထင်စွာပြပါဦး ဟူမူ -

ပဋိသန္ဓေအားဖြင့် ကန်းသော သူအား နေ စသည်တို့ကို ကြည့်၍မမြင်ရသောကြောင့် နေ စသည်တို့သည် မရှိကုန်ဟူ၍ မဆိုအပ်သကဲ့သို့ မျက်စိအမြင်နှင့် ပြည့်စုံသော သူတို့အား အာရုံ၏ အဖြစ်ဖြင့် ထင်ရှားသည်၏ အဖြစ်ကြောင့် နေ-စသည်တို့သည် ရှိကုန်၏ ဟူ၍ ဆိုအပ်သကဲ့သို့။ ထို့အတူ ထိုနိဗ္ဗာန်ကိုလည်း အန္ဓပုထုဇဉ်ပုဂ္ဂိုလ်တို့ မမြင်နိုင်ရုံမျှနှင့် မရှိဟု၍ မဆိုအပ်။

စင်စစ်သော်ကား အရိယာပုဂ္ဂိုလ်တို့အား ပညာစက္ခု တည်းဟူသော အရောင် အလင်းဖြင့်သာလျှင် ဧကန် ထင်လာခြင်းကြောင့် နိဗ္ဗာန်သည် ရှိ၏ဟူ၍ ဧကန် ဝန်ခံအပ်၏။

ယထာ ဟိ ဇစ္စန္တတေမီရိကာဒီနံ အဒဿနေန သူရိယာဒယော နတ္ထီတိ နဝတ္တဗ္ဗံ၊ စက္ခုမန္တာနံ ဂေါစရဘာဝေန အတ္ထေဝါတိ သိဒ္ဓတ္တာ၊ ဧဝမေဝ တမ္ပိ ဗာလပုထုဇ္ဇနဿ အဒဿနမတ္တေန နတ္ထီတိ န ဝတ္တဗ္ဗံ။ အရိယာနံ ပန ပညာ စက္ခုနောပဒေသေနေဝ ဥပဋ္ဌာနတော ဧကန္တေန သမ္ပဋိစ္ဆိတဗ္ဗံအတ္ထိ နိဗ္ဗာနန္တိ။ အယမေတ္ထ အဓိပ္ပါယော။

အဘိဓမ္မာဝတာရ၊ဋီ၊၂၊၁၉၁။

ဇစ္စန္တတေမီရိကာဒီနံ၊ ပဋိသန္ဓေအားဖြင့် ကန်းသော အမှောင်ရှိသူ။ (ဝါ) မျက်စိရောဂါရှိသူ စသည်တို့၏။ အဒဿနေန၊ နေဗိမာန် စသည်တို့ကို မမြင်နိုင်ခြင်းနှင့်။ (ဝါ) မမြင်ရရုံနှင့်။ သူရိယာဒယော၊ နေအစ ရှိသည်တို့သည်။ နတ္ထီတိ၊ မရှိကုန်ဟူ၍။ နဝတ္တဗ္ဗံ ယထာ၊ မဆိုအပ်သကဲ့သို့။ စက္ခုမန္တာနံ၊ မျက်စိအမြင်ရှိကုန်သော သူတို့အား။ ဂေါစရဘာဝေန၊ အာရုံ၏အဖြစ်ဖြင့်။ သိဒ္ဓတ္တာ၊ စက္ခုဝိညာဉ်၌ ထင်ရှားသည်၏အဖြစ်ကြောင့်။ အတ္ထေဝါတိ၊ ရှိကုန်၏ဟူ၍ သာလျှင်။ ဝတ္တဗ္ဗံ ယထာ၊ ဆိုအပ်သကဲ့သို။ ဧဝမေဝ၊ ဤအတူသာလျှင်။ တမ္ပိ၊ ထိုနိဗ္ဗာန်ကိုလည်း။ ဗာလပုထုဇ္ဇနဿ၊ ဗာလပုထုဇဉ်၏။ အဒဿနမတ္တေန၊ မမြင်နိုင်ရုံမျှဖြင့်။ နတ္ထီတိ၊ မရှိဟူ၍။ နဝတ္တဗ္ဗံ၊ မဆိုအပ် မဆိုထိုက်။ ပန၊ ထိုသို့ ပုထုဇဉ်တို့ မမြင်နိုင်သော်လည်း။ အရိယာနံ၊ အရိယာပုဂ္ဂိုလ်တို့အား။ ပညာစက္ခုနော၊ ပညာစက္ခု၏။ ပဒေသေနေဝ၊ အရာဖြင့်သာလျှင်။ ဥပဋ္ဌာနတော၊ ထင်ခြင်းကြောင့်။ နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ဤသို့။ ဧကန္တေန၊ စင်စစ်အားဖြင့်။ သမ္ပဋိစ္ဆိတဗ္ဗံ၊ ဝန်ခံအပ်၏။ အယံ၊ ဤဆိုအပ်ပြီးသည်ကား။ ဧတ္ထ၊ ဤယံဟိအစရှိသော ဝါကျ၌။ အဓိပ္ပါယော၊ အဋ္ဌကထာ ဆရာ၏အလိုတော်တည်း။

ဤသို့ မဂ်စိတ်သည် နိဗ္ဗာန်ကိုမြင်ရာ၌ ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၊ ဝိသုဒ္ဓိမဂ် မဟာဋီကာ၊ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာဆရာကြီးတို့ကား လ-ကိုမြင်ခြင်းကို ဥပမာပြု၍ပြကုန်၏။

အဘိဓမ္မာဝတာရ၊ ၎င်းဋီကာဆရာကြီးတို့ကား နေကို မြင်ပုံကို ဥပမာပြု၍ပြကုန်၏။

ထိုဆရာကြီးတို့ပြခြင်းကား အကြောင်းကင်းသည် မဟုတ်၊ စင်စစ်မှာမူ ဤနိရောဓ သစ္စာဖြစ်သော နိဗ္ဗာနဓာတ်သည် ပရမတ္ထတရားတို့တွင် အကဲအလွန် အမွန် အမြတ်ဆုံးဖြစ်၍ အလွန် စင်ကြယ်သော တရားထူး ဖြစ်ပေ၏။ ထိုအလွန် စင်ကြယ်သော နိဗ္ဗာနဓာတ်ကို မြင်သောခဏကို သောတာပတ္တိမဂ်ဟု ခေါ်ရ၏။

သောတာပတ္တိမဂ္ဂသမ္မာဒိဋ္ဌိသင်္ခါတေန ဒဿနေန သမ္ပန္နော။

သုတ္တနိ၊ဋ္ဌ၊၁၊၁၉၁

သောတာပတ္တိမဂ္ဂသမ္မာဒိဋ္ဌိသင်္ခါတေန၊ သောတာပတ္တိမဂ္ဂသမ္မာဒိဋ္ဌိဟု ဆိုအပ်သော။ (ဝါ)သောတာပတ္တိမဂ်ဉာဏ်ဖြင့် ကောင်းစွာ မြင်ခြင်းဟု ဆိုအပ်သော။ ဒဿနေန၊ ပစ္စက္ခဖြစ်သော ဉာဏ်အမြင်နှင့်။ သမ္ပန္နော၊ ပြည့်စုံ၏။

ထိုသို့ နိဗ္ဗာန်ကို မြင်သောအခိုက်၌ ပရမတ္ထတရား အပေါင်းတို့သည် အလွန် စင်ကြယ်ခြင်းသို့ ရောက်ကုန်၏၊ ထိုသို့ရောက်ခြင်းသည် မြင်ခြင်းပင်တည်း။

အထ တေသု သဗ္ဗသတ္တသညိတေသု သင်္ခါရေသု အနိစ္စတာ ဒဿနေန နိဗ္ဗိန္ဒမာနာ အနုပုဗ္ဗေန ဒုက္ခဿန္တကရော ဟောတိ၊ ပရမတ္ထဝိသုဒ္ဓိံ ပါပုဏာတိ။

ခုဒ္ဒက၊ဋ္ဌ၊၆၄

အထ၊ ထိုသို့။ သဗ္ဗသတ္တသညိတေသု၊ အလုံးစုံသတ္တဝါဟု ဆိုအပ်ကုန်သော။ တေသုသင်္ခါရေသု၊ ထိုသင်္ခါရ တရားတို့၌။ အနိစ္စတာ ဒဿနေန၊ အနိစ္စ အဖြစ်ဖြင့် မြင်ခြင်းရှိသဖြင့်။ နိဗ္ဗိန္ဒမာနာ၊ ငြီးငွေအပ်သည် ရှိသော်။ အနုပုဗ္ဗေန၊ အစဉ်သဖြင့်။ ဒုက္ခဿန္တကရော၊ ဒုက္ခ၏အဆုံးကို ပြုနိုင်သည်။ ဟောဟိ၊ ဖြစ်၏။ ပရမတ္ထဝိသုဒ္ဓိံ ၊ ပရမတ္ထတရားတို့၏ အထူးသဖြင့် စင်ကြယ်ခြင်းအဖြစ်သို့။ ပါပုဏာတိ၊ ရောက်ရှာ၏။

ပရမတ္ထတရားတို့၏ အထူးသဖြင့် စင်ကြယ်ခြင်းသို့ ရောက်သောအခါ မြင်အပ်သော အာရမ္မဏိက ဖြစ်သောမဂ်စိတ်ဖြင့် အာရုံဖြစ်သော သင်္ခါရတို့မှလွတ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်ကို မြင်ခြင်းသည်ပင် ပထမသောတာပတ္တိမဂ် ပုဂ္ဂိုလ် မည်၏။

ထို သောတာပတ္တိမဂ် ပုဂ္ဂိုလ်သည် နိဗ္ဗာန်ကို မြင်လိုက်သော အခါ၌ ဉာဏ်ထက်သော သူတို့အား မိုးကောင်းကင်ပြည့်မျှ အလွန်ကြည်လင်သန့်ရှင်းသော တခဲနက် တောက်ပသော အလင်းကြီး ကို မြင်လိုက်ရ၏။

ဉာဏ်နုံ့သော သူတို့အားကား မွန်းတည့် သောအခါ ထွန်းလင်းသောနေလုလင်ကို ဦးဖြင့်တိုက်လိုက်ရဘိ သကဲ့သို့လည်းကောင်း၊ ဟတ္ထပါသ် အတွင်း၌ မြင်လိုက်ရဘိ သကဲ့သို့လည်းကောင်း၊ သရဒအခါ လမင်းကို မြင်လိုက်ရဘိကဲ့သို့ လည်းကောင်း၊ အလွန်စင်ကြယ် သန့်ရှင်းသော အရောင်အလင်းကြီးကို မြင်ရတတ်၏။

ထိုသို့ မြင်လိုက်ရသည် ရှိသော်မဂ်ဖိုလ်တို့၏ အာရုံဖြစ် နှိရောသစ္စာ စတုက္က ဟုဆိုအပ်သော နိဗ္ဗာန်ကို မဂ္ဂသစ္စာ စတုက္ကဖြင့် ဧကန် မျက်မှောက်ပြုသည်မည်၏။

ခန္ဓာ ၅-ပါးတို့ ချုပ်ငြိမ်းဟန်ကို မြင်လိုက်ရသည်မည်၏။ (ခက်ခဲစွ)။

ထိုသို့တခဲနက်သော အရောင်းအလင်းကြီးကို မြင်ရာ၌ -

(၁) အာလောက သညာကိုမြင်ခြင်း၊
(၂) ပညိန္ဒြေပွင့်ခြင်းကိုမြင်ခြင်း၊
(၃) ပဋိဘာဂနိမိတ် ကိုမြင်ခြင်း။
(၄) ဩဘာသကိုမြင်ခြင်း။
(၅) ဗလဝဆိုက်သည်ကိုမြင်ခြင်း၊
(၆) နိဗ္ဗာန်ကို မြင်ခြင်း

အားဖြင့် ခြောက်ပါးအပြားရှိ၏။ ထိုတွင် -

(၁) မိမိ၏ တစ်ဆယ့်နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်း၌ ပဋိဘာဂနိမိတ်၏ သတ္တိကြောင့် ကြည့်တိုင်းမြင်ခြင်းသည် အာလောကသညာကို မြင်ခြင်း မည်၏။

(၂) အကြင်ယောဂီ၏ သမာဓိသည်လွန်စွာ ငြိမ်သက်သည်ဖြစ်၍ ညဉ့် အခါ ပိုးစုန်းကြူး တောက်သကဲ့သို့ လည်းကောင်း၊ ပိုးပြိတ္တာ ကွန့်မြူးသကဲ့သို့ လည်းကောင်း၊ မီးဖွားကိုချသကဲ့သို့ လည်းကောင်း၊စသည်ဖြင့် ပွင့်၍ မြင်ခြင်းသည် ပညိန္ဒြေပွင့်သည်ကို မြင်ခြင်းမည်၏။

(၃) အကြင်ယောဂီ၏ သမာဓိသည် ငြိမ်သက်လှ၍ ဥဂ္ဂဟနိမိတ်ကို ဖောက်ထွင်း လွှမ်းမိုး၍ ဖလ်တုံး၊ မှန်တုံး၊ စိန်တုံး၊ မီးခဲ၊ ရွဲ၊ ပတ္တမြား၊ မြသား၊ ပုလဲသွယ် စသည် တို့ကဲ့သို့ မြင်ခြင်းသည် ပဋိဘာဂနိမိတ်ကိုမြင်ခြင်းမည်၏။

(၄)အကြင်ယောဂီသည် သမာဓိ ရင့်လှသည်ဖြစ်၍ ကမ္မဋ္ဌာန်းကို နှလုံးသွင်းစဉ် အတွင်း၌ ဟတ္ထပါသ်ကိုလွန်၍ တစ်တိုင်၊ နှစ်တိုင်၊ တစ်သောင်း၊ နှစ်သောင်း စသည်တို့ဖြင့် ဖောက်ထွင်း၍မြင်ခြင်းသည် ဩဘာသကိုမြင်ခြင်း မည်၏။

(၅)အကြင် ယောဂီသည်ဝိပဿနာ၏ အတွင်း၌ အနီး၌ လည်းကောင်း၊ အဝေး၌ လည်းကောင်း မီးတောက် မီးလျှံ အခိုးတိမ်တောင် နဂါးပတ် လျှပ်စစ် နွယ်ရောင် စသည်တို့ကို မြင်ခြင်းသည် ဗလဝဆိုက်သည်ကို မြင်ခြင်းမည်၏။

ထို ၅-ပါးသော မြင်ခြင်းတို့တွင် တစ်ပါးပါးကိုမြင်သော ယောဂီသည် အာကာရ၊ ဘာဝ၊ ဒဿန၊ သတ္တိ၊ လဟုက၊ လက္ခဏာ၊ တို့နှင့်ပြည့်စုံခြင်းကြောင့် နိရောဓသစ္စာကို မျက်မှောက်ပြုသည် မမည်။

(၆) အကြင် ယောဂီသည် ဆိုအပ်ပြီးသော မဂ်ဂုဏ် ခြောက်ပါးကို ဆောင်လျက် ဆိုခဲ့ပြီးသောအတိုင်း အလွန်စင်ကြယ် သန့်ရှင်းသော တခဲနက် တောက်ပသော အရောင်အလင်းကြီးကို မြင်လိုက်ရ၏။ ထိုသို့ မြင်လိုက်ရသည်ရှိသော် မဂ်ဖိုလ်တို့၏ အာရုံဖြစ်သော နိရောဓသစ္စာဟု ဆိုအပ်သော နိဗ္ဗာန်တော်ကြီးကို မဂ္ဂသစ္စာ စတုက္ကဖြင့် ဧကန် မျက် မှောက်ပြုသော ခြောက်ခုမြောက်သော မြင်ခြင်းမည်၏။

ထိုသို့ နိဗ္ဗာန်ကို မြင်ခြင်းမှန်ပါလျှင် တစ်ဖန်-ဥဒယဝယဉာဏ်ကို အစပြု၍ နိဗ္ဗာန်သည် ငြိမ်သက်၏ မွန်မြတ်၏ဟု နိဗ္ဗာန်သို့ စိတ်ကို ညွတ်ကိုင်းစေလျက် ဖလသမာပတ်ဖြင့် သုံးသပ်ပါမူ ဝသီဘော် နိုင်လောက်လျှင် သုံးသပ်တိုင်း သုံးသပ်တိုင်း ထိုနိဗ္ဗာန်၏ အာရုံတော်ကြီးကို မဂ်၌ကဲ့သို့ မြင်လာရတတ်၏။

ဝသီဘော် နိုင်လောက်လျက်နှင့် နိဗ္ဗာန်ကို မမြင်ရပါမူ မဂ်ဟူ၍ မဆိုအပ်။

(သတိရှိကြစေ)။

ထို့ကြောင့် “မဂ်ကိုသိလို၊ ဖိုလ်နှင့်မေး” ဟူသတတ်၊ ထို မဂ်စိတ်ခဏ၌ ဆိုခဲ့ပြီးသော အတိုင်း အလွန်စင်ကြယ် သန့်ရှင်းသော တခဲနက် တောက်ပသော အရောင် အလင်းကြီးကို မြင်လိုက် ရ၏ ဟူရာ၌ အာဂုံကိုဆောင်၍ ထင်ရှားစွာပြုပါဦးဟူမူ -

ဝိညာဏံ အနိဒဿနံ၊ အနန္တံ သဗ္ဗသော ပဘံ။ သဗ္ဗတောပဘန္တိ သဗ္ဗသော ပဘာသမ္ပန္နံ၊ နိဗ္ဗာနတော ဟိ အညော ဓမ္မော သုပဘာ တရော ဝါ ဇာတိဝန္တ တရော ဝါ ပရိသုဒ္ဓ တရော ဝါ ပဏ္ဍရတရော ဝါ နတ္ထိ။

မ၊ဋ္ဌ၊၂၊၃၁၀

တံ၊ ထိုနိဗ္ဗာန်ကို။ ဝိညာဏံ၊ မနောဝိညာဉ်ဖြင့် သိအပ်၏၊ (ဝိညာဏန္တိ ဝိနိတဗ္ဗံ၊ ၎င်းအဋ္ဌကထာ)။ အနိဒဿနံ၊ စက္ခုဝိညာဉ်၏ မကပ် မရောက်နိုင်ခြင်းကြောင့် စက္ခုဝိညာဉ်ဖြင့် မမြင်အပ်။ (အနိဒဿနန္တိ စက္ခုဝိညာဏဿ အနုပဂမနတော အနိဒဿနံနာမ။ ၎င်းအဋ္ဌကထာ။) အနန္တံ၊ ဘင်ဟူသော အစွန်းမရှိ။ (အနန္တန္တိ တယိဒံ ဥပ္ပါဒဝယအန္တရဟိတတ္တာ အနန္တံ နာမ။ ၎င်း အဋ္ဌကထာ။) သဗ္ဗတောပဘံ၊ အချင်းခပ်သိမ်း အရောင်အဆင်း ထွန်းလင်း တောက်ပခြင်းနှင့် ပြည့်စုံ၏။

(ပါဠိတော်အနက်။) မ၊ဋ္ဌ၊၂၊၃၁၀

သဗ္ဗတောပဘန္တိသဗ္ဗတော ပဘံ ဟူသည်ကား။ သဗ္ဗသော၊ အချင်းခပ်သိမ်း။ ပဘာသမ္ပန္နံ၊ အရောင်အဆင်း ထွန်းလင်း တောက်ပခြင်းနှင့် ပြည့်စုံ၏။ ဟိ တဒေဝ သစ္စံ၊ နိဗ္ဗာန်သည် အချင်းခပ်သိမ်း အရောင်အဆင်း ထွန်းလင်း တောက်ပခြင်းနှင့် ပြည့်စုံ၏ဟု ငါဆိုသော စကားသည်သာလျှင် ကန်မလွဲ အမြဲ မှန်၏။ နိဗ္ဗာနတော၊ အသင်္ခတဓာတ် မြတ်သော နိဗ္ဗာန်အာရုံထက်။ သု ပဘာတရော ဝါ၊ အလွန် အရောင်အဆင်းရှိသည်လည်း ဖြစ်သော။ ဇာတိဝန္တတရော ဝါ၊ အလွန် ထွန်းလင်းတောက်ပခြင်း ရှိသည်လည်း ဖြစ်သော။ ပရိသုဒ္ဓတရော ဝါ၊ ထက်ဝန်းကျင်းမှ စင်ကြယ်သန့်ရှင်းသည်လည်း ဖြစ်သော။ ပဏ္ဍရတရော ဝါ၊ ဖြူစင်သန့်ရှင်းသည်လည်း ဖြစ်သော။ အညော၊ တပါးသော။ ဓမ္မော၊ တရား မည်သည်။ နတ္ထိ၊ မရှိ။ (အဋ္ဌကထာအနက်။}

န စ သက္ကာ နိဗ္ဗာနံ ဥပဒဿိတုံ ဝဏ္ဏေနဝါ သဏ္ဌာနေနဝါ၊

မိလိန္ဒ၊၃၀၃

နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ ဝဏ္ဏေန ဝါ၊ အဆင်းအားဖြင့် လည်းကောင်း။ သဏ္ဌာနေန ဝါ၊ သဏ္ဌာန်အားဖြင့် လည်းကောင်း။ ဥပဒဿိတုံ၊ ကပ်၍ ရှုမြင်ခြင်းငှာ။ န စ သက္ကာ၊ မတတ်ကောင်း။

ဤသို့ အရှင်နာဂသိန် မထေရ်မြတ် ဟောတော်မူသော စကား၌ အဆင်းဟူသော ပရမတ်ဝဏ္ဏရုပ် အစစ်ကို ရည်၍ ဟောတော်မူသည်။ ယခု နိဗ္ဗာနဓာတ်ကို မြင်သော အခါ၌ ပရမတ္ထတရားတို့ ဝိသုဒ္ဓိဖြစ်သောအခါ၌ မြင်သော ပဘဿရဓာတ်ကြီးကို မယူအပ်။ ထိုပဘဿရဓာတ်ကြီး သည်ကား သာမညလူတို့ မထိုက်။

စင်စစ်မှာမူ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်ဟု ဆိုအပ်သော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ ချုပ်ငြိမ်းဟန်ကို ဧကန်မြင်ရသော သင်္ခါရပဋိက္ခေပဖြစ်သော တရားထူး တရားမှန် တရားမြတ်ကြီးပေတည်း။

ထို့ကြောင့် -

ဝိညာဏံ အနိဒဿနံ အနန္တံ သဗ္ဗတော ပဘန္တိ စ ဧတ္ထ သင်္ခါရပဋိက္ခေပေန နိဗ္ဗာနံ ဒဿိတံ -

မ၊ဋ္ဌ၊၄၊၁၈

ဟု ဥပရိပဏ္ဏာသ အဋ္ဌကထာဆရာ မိန့်မှာဖွင့်ပြတော်မူသည်။

ဝိညာဏံ အနိဒဿနံ အနန္တံ သဗ္ဗတော ပဘန္တိ စ ဧတ္ထ၊ ဟူသော ဤ ပါဠိ၌။ သင်္ခါရပဋိက္ခေပေန၊ သင်္ခါရတို့ကို စွန့်လွှတ်လိုက်သော အားဖြင့်။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ ဒဿိတံ၊ ရှင်တော်ဘုရား ပြတော်မူအပ်၏။

သို့ တခဲနက်သော အရောင်ကြီးကို ဦးထိပ်ထက် တူရူ စသည်တို့၌ မြင်ရခြင်းသည် မနောဒွါရဖြင့် မြင်ရခြင်း ဟုတ်ပါလော၊ ဟုတ်ပါ၏။ ၎င်း မနောဒွါရဖြင့် မြင်ရာ၌လည်း မျက်စိဖြင့် မြင်လိုက်သကဲ့သို့ မြင်တတ်သော သဘောတရားမျိုးကို ဒိသ-ဓာတ်ဖြင့် ဟောတော်မူမြဲတည်း။

ယဒါ ပန တံ နိမိတ္တံ စိတ္တေန သမုဂ္ဂဟိတံ ဟောတိ၊ စက္ခုနာ ပဿန္တဿေဝ မနောဒွါရဿ၊ အာပါထမာဂတံ တဒါ တမေဝ အာလမ္ဗဏံ ဥဂ္ဂဟနိမိတ္တံ နာမ -

(သင်္ဂဟ၊၁၅၂။) စသည်တို့၌ကဲ့သို့တည်း။ (အနက်ရေးခဲ့ပြီးပြီ။)

မနောဒွါရသက်သက်ဖြင့် မြင်သော အမြင်မျိုးတို့ကို ဉာတဗ္ဗံ၊ အညာတဗ္ဗံ၊ ဝေဒိတဗ္ဗံ၊ ဧညာ၊ ဇာနေယျ - စသည်တို့၌ကဲ့သို့ ဉာ-ဓာတ်၊ ဝိဒ-ဓာတ်တို့ဖြင့် ဟောတော်မူမြဲတည်း။

ထိုကြောင့် နိဗ္ဗာန်ကို မျက်မှောက်ပြု ခြင်း၌ “အရိယသစ္စာန ဒဿနံ”ဟူသောပုဒ်ဖြင့် မျက်စိဖြင့်မြင်သကဲ့သို့ မနောဒွါရအားဖြင့် မြင်ခြင်းကို ဒိသ-ဓာတ်ဖြင့် ပြတော်မူပေ၏။ (ဒဿနဖို့။)

၆၈ - နိဗ္ဗာန်ကိုမြင်သောအခါ သတ္တိကို ပြခြင်း

ဤသို့ အလွန် စင်ကြယ် သန့်ရှင်းသော တခဲနက် တောက်ပသော အရောင် အလင်းကြီးရှိသော နိဗ္ဗာန်ကိုမြင်တတ်သော မဂ်စိတ်၏ သတ္တိကြောင့် -

တသ္မာ ပနေတံ အာဂမ္မ ရာဂါဒယော ခီယန္တိ" ဟူသော ဝိဘင်းအဋ္ဌကထာဆရာ မိန့်မှာတော်မူအပ်သည်နှင့်အညီ နိဗ္ဗာန်ကို အာရုံ ပြုရသောကြောင့် ရာဂ ဒေါသ မောဟတို့၏ ကုန်ခြင်းသည် သတ္တိမည်၏။

ဤစကား၌ သောတာပတ္တိမဂ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို အာရုံပြုရခြင်းကြောင့် ရာဂ ဒေါသ မောဟတို့သည် အကြွင်းမရှိ ကုန်လေသလော ဟူမူ၊ အကြွင်း မရှိသောအားဖြင့်ကား မကုန်နိုင်၊ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ သုံးပါးတို့ကိုသာလျှင် ကုန်စေနိုင်၏။

သဟာဝဿ ဒဿနသမ္ပဒါယ၊ တယဿု ဓမ္မာ ဇဟိတာ ဘဝန္တိ။ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆိတဉ္စ၊ သီလဗ္ဗတံ ဝါ ပိ ယဒတ္ထိ ကိဉ္စိ။

ခုဒ္ဒက၊။ သုတ္တနိ၊၃၁၃

သက္ကာယဒိဋ္ဌိစ၊ မိမိကိုယ်ရှိဟူသော အယူလည်းကောင်း။
ဝိစိကိစ္ဆိတဉ္စ၊ ရှစ်ပါးသော ဌာန၌ယုံမှားခြင်း လည်းကောင်း။
သီလဗ္ဗတံဝါပိ၊ နွား၏သီတင်းအကျင့် ခွေး၏ သီတင်းအကျင့် စသည်ဖြင့် သံသရာမှ ထွက်မြောက်၏ဟူသော အယူလည်းကောင်း။
တယော၊ သုံးပါးကုန်သော။
ဓမ္မာ၊ သဘောတရားတို့။
အဿ၊ ထိုသောတာပန်ပုဂ္ဂိုလ်၏။
ဒဿန သမ္ပဒါယ၊ သောတာပတ္တိမဂ်၏ ပြည့်စုံခြင်းနှင့်။
သဟာဝ၊ တကွနှက်လျှင်။
ဇဟိတာ၊ စွန့်အပ်ကုန်သည်။
အဿု ဘဝန္တိ၊ ဖြစ်ကုန်၏။
ကိဉ္စိ၊ တစ်စုံတစ်ခုသော။
ယံ၊ အကြင် မှားသောအယူသည်။
အတ္ထိ၊ ရှိ၏။
တမ္ပိ၊ ထိုမှားသောအယူကိုလည်း။
ဧဟိတံ၊ စွန့်အပ်၏။

အကုသလရာသီဖြစ်သော -

၁။ ကာမရာဂ၊ ရူပရာဂ၊ အရူပရာဂ၊ မာန၊ ဥဒ္ဓစ္စ၊ အဝိဇ္ဇာ၊ သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတ ပရာမာသ၊ ပဋိဃ - ဟူသော သံယောဇဉ် (၁၀) ပါး။
၂။ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရီက၊ အနောတ္တပ္ပ ဟူသော ကိလေသာ (၁၀) ပါး
၃။ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာဝါစာ ၄-ပါး၊ မိစ္ဆာကမ္မန္တ ၃-ပါး၊ မိစ္ဆာအာဇီဝ၊ မိစ္ဆာဝါယာမ၊ မိစ္ဆာသတိ၊ မိစ္ဆာသမာဓိ၊ မိစ္ဆာဝိမုတ္တိ၊ မိစ္ဆာဉာဏ - ဟူသော မိစ္ဆတ္တ (၁၅) ပါး။
၄။ လာဘ၊ အလာဘ၊ ယသ၊ အယသ၊ သုခ၊ ဒုက္ခ၊ နိန္ဒာ၊ ပသံသာ - ဟူသော လောကဓံ (၈)ပါး။
၅။ အာဝါသမစ္ဆရိယ၊ ကုလမစ္ဆရိယ၊ လာဘမစ္ဆရိယ၊ ဓမ္မမစ္ဆရိယ ဝဏ္ဏမစ္ဆရိယ-ဟူသော မစ္ဆရိယ (၅) ပါး။
၆။ အနိစ္စေ နိစ္စသညာဝိပလ္လာသ
ဒုက္ခေ သုခသညာဝိပလ္လာသ
အနတ္တေ အတ္တသညာဝိပလ္လာသ
အသုဘေ သုဘသညာဝိပလ္လာသ
အနိစ္စေ နိစ္စစိတ္တဝိပလ္လာသ
ဒုက္ခေ သုခစိတ္တဝိပလ္လာသ
အနတ္တေ အတ္တစိတ္တဝိပလ္လာသ
အသုဘေ သုဘစိတ္တဝိပလ္လာသ
အနိစ္စေ နိစ္စဒိဋ္ဌိဝိပလ္လာသ
ဒုက္ခေ သုခဒိဋ္ဌိဝိပလ္လာသ
အနတ္တေ အတ္တဒိဋ္ဌိဝိပလ္လာသ
အသုဘေ သုဘဒိဋ္ဌိဝိပလ္လာသ ဟူသော ဝိပလ္လာသ (၁၂) ပါး။
၇။ အဘိဇ္ဈာကာယဂန္ထ
ဗျာပါဒကာယဂန္ထ
သီလဗ္ဗတပရာမာသ ကာယဂန္ထ
ဣဒံသစ္စာဘိနိဝေသကာယဂန္ထ -
ဟူသော ဂန္ထ (၄) ပါး။
၈။ ရာဂ၊ ဆန္ဒ၊ ဒေါသ၊ မောဟ၊ ဘယ - ဟူသော အဂတိ (၄) ပါး
၉။ ကာမောဃ၊ ဘဝေါဃ၊ ဒိဋ္ဌောဃ၊ အဝိဇ္ဇောဃ - ဟူသော ဩဃ (၄) ပါး။
၁၀။ ၎င်းနည်းတူ ယောဂ (၄) ပါး။
၁၁။ ၎င်းနည်းတူ အာသဝ (၄) ပါး။
၁၂။ ကာမစ္ဆန္ဒနီဝရဏ၊
ဗျာပါဒနီဝရဏ၊
ထိနမိဒ္ဓနီဝရဏ၊
ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ၊
ဝိစိကိစ္ဆာနီဝရဏ -
ဟူသော နီဝရဏ (၅)ပါး၊ (၇)ပါး။
၁၃။ ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန် ဟူသော ဥပါဒါန် (၄) ပါး။
၁၄။ ကာမရာဂ၊ ပဋိဃ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ဘဝရာဂ၊ အဝိဇ္ဇာ - ဟူသော အနုသယ (၇) ပါး။
၁၅။ လောဘ၊ ဒေါသ၊ မောဟ- ဟူသော မလ (၃) ပါး။
၁၆။ ပါဏာတိပါတ အဒိန္နာဒါနာ ကာမေသုမိစ္ဆာစာရာ မုသာဝါဒ ပိသုဏဝါစာ ဖရုသဝါစာ သမ္ဖပ္ပလာပ အဘိဇ္ဈာ ဗျာပါဒ မိစ္ဆာဒိဋ္ဌိ - ဟူသော အကုသလကမ္မပထ (၁၀) ပါး။
၁၇။ လောဘမူစိတ် ၈-ပါး၊ ဒေါသမူစိတ် ၂-ပါး၊ မောဟမူစိတ် ၂-ပါး၊ ပေါင်း အကုသိုလ်စိတ် (၁၂) ပါး။
၁၈။ ဒိဋ္ဌိပရာမာသ တစ်ပါး။

ဤသို့အားဖြင့် ၁၈-ပါးသော အကုသလရာသီတို့တွင် သောတာပန် ပုဂ္ဂိုလ်အား အနဝသေသအစွမ်းအားဖြင့် (၅၀)၊ တနုကရအားဖြင့် (၂၇) ပါးတို့ကို ပယ်နိုင်သော သတ္တိရှိ၏။

ထို့ကြောင့် မဂ်လေးပါးတို့၏ ပယ်ဟန်ကို သောတုဇနတို့၏ အကျိုးငှါ အဋ္ဌကထာနှင့်အညီ လင်္ကာကို ပြလိုက်ပေအံ့။

ပယ်ကြ ရိယာ၊ ယောဇဉ်မှာကား၊ မှတ်သားဒိဋ္ဌိ၊ ဝိစိသီလဗ်၊ဤသုံးရပ်ကို၊ သောတာပ် ပယ်ခွာ၊ ကာမရာဂ၊ ပဋိဃကို၊ ပယ်ထနာဂါမ်၊ ကြွင်းငါးတန်ကို၊ အရဟန်မှ၊ ပယ်နိုင်ကြ၏။ ဆယ်ဝ ကိလေ၊ ယင်းအနေတွင်၊ ဒိဋ္ဌေ ဝိစိ၊ ပတ္တိပယ်ရ၊ ဒေါသနာဂါမ်၊ ကြွင်းသတ္တံကို၊ အရဟန်ချ၊ မိစ္ဆတ္တဝယ်၊ ဒိဋ္ဌ မုပါ၊ ဒိန္ဒာကာမေ၊ မိစ္ဆေဇီဝ၊ သောတပယ်ခွါ၊ မိစ္ဆာသင်္ကု၊ ပိံ ဖရုကို၊ ပယ်မှုနာဂါမ်။ ကြွင်းခြောက်တန်ကို၊ အရဟန်ပစ်။ ဓမ္မရှစ်ဝယ်၊ ဖြစ်သည်အ-လာ၊ အ-ယသာနှင့်၊ ဒုက္ခာ-နိန္ဓ၊ ဤလေးဝကို၊ ပယ်ကြ နာဂါမ်၊ လေးတန်ဆုံးဘိ။ မစ္ဆရိငါး၊ ပယ်ငြားပထမ။ ဝိပလ္လဝယ်၊ အနိစ္စသုံး၊ အနတ်သုံးနှင့်၊ ပေါင်းရုံးဒုက္ခ၊ အသုဘမှု၊ ဒိဋ္ဌိကိုယူ၍၊ ရှစ်မူသောပ၊ အသုဘ၌၊ သညစိတ္တာ၊ အနာပယ်ရ၊ ဒုက်ပလ္လ၌၊ သည-စိတ္တာ၊ ပယ်ခွာစတုတ္ထ။ ဂန်လေးဝ၌၊ သီလ ဣဒံ၊ ပယ်ပြန်ပထမ၊ ဗျာပါဒကို၊ တတိယခွါ၊ အဘိဇ္ဈာမူ၊ ပယ်ရာဆုံးဘိ၊ ဂတိသောခွါ။ ဩယောဂါသွ၊ ဤဒွါဒ၌၊ ဒိဋ္ဌ သောတာ၊ ကာမာ နာဂါမ်၊ နှစ်တန်ဆုံးပ။ နီဝရဏ၌၊ ကိစ္ဆသောပစ်၊ ကာမစ် ဗျာကု၊ သုံးခုနာပယ်၊ သုံးသွယ်ဆုံးပ။ ဥပါဒ၌၊ ဒိဋ္ဌသီအတ်၊ သုံးရပ်သောခွါ၊ ကာမာဆုံးပ။ နုသယဝယ်၊ ဒိဋ္ဌ ကိစ္ဆာ၊ သော မဂ်ခွါ၍။ ကာမာ ပဋိ၊ ပယ်ဘိအနာ၊ သုံးဖြာဟတ္တ။ သုံးမလတွင်၊ ဒေါသနာပစ်၊ ကြွင်းလစ်ဟန္တာ။ ဒုဆယ်ဖြာတွင်၊ ဒိဋ္ဌိပါဒိန္နေ၊ ကာမေ မုသ၊ ဤငါးဝကို၊ သောတာတ္ပယ်ပြု၊ ပိံ ဖရုဖျာ၊ သုံးဖြာ နာပစ်၊ ကြွင်းနှစ်ဟတ္တ။ စိတ်ဒွါဒ၌၊ ဒိဋ္ဌိယောဂါ၊ စိကိစ္ဆာကို၊ သောတာပယ်လစ်၊ ဒေါနာပစ်၏၊ ကြွင်းလစ်ငါးဝ၊ စတုတ္ထတည်း။ ပရာမ ပယ်။ လေးသွယ်မဂ္ဂ၊ လေးဝဖလေ၊ ယင်းအနေတွင်၊ ဝသေသန၊ သောက ငါးဆယ်၊ နာဝယ်သတ်ဗီ၊ သတ်စာလီကို၊ ဆုံးမည်ပယ်ကြ၊ နုကရကား၊ သောအား သတ်ဗီ၊ ထိုပြီသကဒါ၊ အနာသတ်ဇော၊ အကုန်ရောမူ၊ ဇော ဒွေးဧက၊ ပေါင်းရုံး ရသည်၊ ဂန္ထ အဆီ နက်လေးတည်း။

ဤလင်္ကာကိုမှီး၍ မဂ်လေးပါးတို့၏ ပယ်ဟန်ကို သီအပ်၏။

ထိုသောတာပတ္တိမဂ်သည် မိမိပယ်ထိုက်သော ကိလေသာတို့ကို ပယ်၏ ဟူသည် -

၎င်းသောတာပတ္တိမဂ်သည် အာရမ္မဏိက ဖြစ်၍ နိဗ္ဗာန်ကို အာရုံပြုရကား ထိုမဂ်ဖိုလ်တို့၏ အာရုံဖြစ်သောနိဗ္ဗာန်ကို-

နိဗ္ဗာနံ ဌပေတွာ သဗ္ဗေ ဓမ္မာ သိယာ အတီတာတိပိ သိယာ အနာဂတာတိပိ သိယာ ပစ္စုပန္နာ တိပိ၊ နိဗ္ဗာနံ ပန န ဝတ္တဗ္ဗံ အတီတန္တိပိ အနာဂတန္တိပိ ပစ္စုပ္ပန္တိပိ

ဟူ၍ ဝိဘင်း၌ ဟောတော်မူသောကြောင့် နိဗ္ဗာန်ကို အတိတ် အနာဂတ် ပစ္စုပ္ပန် ဟူ၍ မဆိုအပ်သောကြောင့် ထိုမဂ်စိတ်၏ အခိုက်၌လည်း ကိလေသာတို့ကို ပယ်ရာ အတိတ်ကာလ၌ ပယ်သလော၊ အနာဂတ် ကာလ၌ပယ်သလော၊ ပစ္စုပ္ပန်ကာလ၌ ပယ်သလော။ ထိုကာလ သုံးပါးတို့တွင် တစ်ပါးပါးသော ကာလ၌ ပယ်သည် မဟုတ်၊ မပယ်နိုင်။

အကယ်၍ အတိတ်ဖြစ်သော ကိလေသာကို ပယ်အံ့ ၎င်းအတိတ် ကိလေသာ တို့သည် ကုန်ပြီးချုပ်ပြီး ဖြစ်သောကြောင့် မရှိ၊ ထိုကြောင့် မပယ်နိုင်။

အကယ်၍ အနာဂတ်ကိလေသာတို့ကိုပယ်အံ့၊ ထိုအနာဂတ် ကိလေသာတို့သည် မဖြစ်ရသေး။ထိုကြောင့် မပယ်နိုင်။

အကယ်၍ ပစ္စုပ္ပန် ကိလေသာတို့ကို ပယ်အံ့၊ ထိုသို့ ပစ္စုပ္ပန် ကိလေသာတို့ကို ပယ်ခဲ့လျှင် ရာဂသည် ရာဂကို လည်းကောင်း၊ ဒေါသသည် ဒေါသကို လည်းကောင်း၊ မောဟသည် မောဟကို လည်းကောင်း၊ စသည်ဖြင့် ပယ်သည် မည်ရာ၏။

၎င်းမဂ်သည် ကဏှသုက္ကတို့ ပြွမ်းလျက် ကုသိုလ်, အကုသိုလ်တို့သည် အစုံဖြစ်၍ မည်းညစ်သောမဂ် ဖြစ်ခဲ့ရာ၏။ ထို့ကြောင့် ၎င်းမဂ်သည် မဂ္ဂင်ရှစ်ပါးကို ပွားခြင်း ဖိုလ်ကို မျက်မှောက်ပြုခြင်း ကိလေသာကိုပယ်ခြင်း သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းသည် မရှိခဲ့ရာ၊ ရှိကား ရှိခဲ့၏။

အဘယ်ကဲ့သို့နည်းဟူမူ - အသီးရှိ သရက်ပင်ကိုကပ်၍ လူတို့သည် သရက်သီးတို့ကို ကုန်အောင် ဆွတ်ယူကုန်၏။ ထိုနောင် တစ်ပါးသော သူတို့သည် ထိုသရက်ပင်မှ အသီးကိုမရ၍ ပုဆိန်ဖြင့် ဖြတ်လှဲ ဖျက်ဆီးကုန်၏။ ထိုနောက် လူတို့လည် အတိတ်သရက်သီးတို့ကို ဖျက်ဆီးသလော။ ၎င်း အတိတ်သရက်သီးတို့သည် မရှိတော့ မဖျက်ဆီးနိုင်။

အနာဂတ် သရက်သီးတို့ကို ဖျက်ဆီးသလော၊ ၎င်းအနာဂတ် သရက်သီးတို့သည် မသီးသေးရကား မဖျက်ဆီးနိုင်။ ပစ္စုပ္ပန် သရက်သီးတို့ကို ဖျက်ဆီးသလော၊ ၎င်းပစ္စုပ္ပန် သရက်သီးတို့သည် ရှိဆဲမဟုတ်ရကား မဖျက်ဆီးနိုင်။

စင်စစ်သော်ကား - ၎င်းသရက်ပင်ကို မခုတ်ဖြတ် မဖျက်ဆီးသည် ရိုသော် ရှေ့နှစ် စသည်တို့၌ သီးထိုက်သေး၏။ ထိုသီးထိုက်သော သရက်သီးတို့ကိုသာ ဖျက်ဆီးနိုင် ကုန်၏ သို့တည်း။

ထို့ကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးမှ လွတ်သော နိဗ္ဗာန်ကို အာရုံပြုရကား အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော ကိလေသာတို့ကို မပယ်နိုင်၊ ဥပ္ပတ္တိရဟဖြစ်သော ဘူမိလဒ္ဓကိလေသာတို့ကိုသာလျှင် ပယ်နိုင်၏။

မဂ္ဂေါ ဟိ ဥပ္ပဇ္ဇမာနော ဧတေ ကိလေသေ ပဇဟတိ၊ သော ယေ ကိလေသေ ပဇဟတိ၊ တေ အတီတာ ဝါ အနာဂတာ ဝါ ပစ္စုပ္ပန္နာ ဝါတိ န ဝတ္တဗ္ဗာ၊

မ၊၃၊၁၇၄

ဟိ၊ သင့်စ္စ။
မဂ္ဂေါ၊ မဂ်သည်။
ဥပ္ပဇ္ဇမာနော၊ ဖြစ်သည်ရှိသော်။
ဧတေ ကိလေသေ၊ ထိုကိလေသာတို့ကို။
ပဇဟတိ၊ ပယ်၏။
သော မဂ္ဂေါ၊ ထိုမဂ်သည်။
ယေ ကိလေသေ၊ အကြင် ကိလေသာတို့ကို။
ပဇဟတိ၊ ပယ်၏။
တေ ကိလေသေ၊ ထိုပယ်သော ကိလေသာတို့ကို။
အတီတာ ဝါ၊ အတိတ်ဟူ၍ လည်းကောင်း။
အနာဂတာ ဝါ၊ အနာဂတ်ဟူ၍ လည်းကောင်း။
ပစ္စုပ္ပန္နာ ဝါ၊ ပစ္စုပ္ပန်ဟူ၍ လည်းကောင်း။
ဣတိ၊ ဤသို့။
န ဝတ္တဗ္ဗာ၊ မဆိုအပ်ကုန်။

ထိုသို့ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ သုံးပါးမှလွတ်သော ဘူမိလဒ္ဓဖြစ်သော ကိလေသာတို့ကိုသာလျှင် ပယ်နိုင်၏ဟူရာ၌ ကိလေသာတို့၏ ဖြစ်ရာဌာနသည် -

(၁) ဝတ္တမာနုပ္ပန္န၊
(၂) ဘူတာပဂတုပ္ပန္န၊
(၃) ဩကာသဂတုပ္ပန္န၊
(၄) ဘူမိလဒ္ဓုပ္ပန္န-

ဟူ၍ လေးပါးအပြားရှိ၏။ ထိုတွင်

(၁) ဥပါဒ် ဌီ ဘင်နှင့် ပြည့်စုံသည်ဟု ဆိုအပ်သော အလုံးစုံသော သင်္ခါရတရား အပေါင်းသည် ဖြစ်ဆဲဖြစ်သော ဝတ္တမာနုပ္ပန္န မည်၏။

(၂) ဣဋ္ဌ အနိဋ္ဌ အာရုံ၏ အရသာကို ခံစား၍ ချုပ်ပြီးသော၊ ခံစားပြီး၍ ကင်းသည် ချုပ်သည်ဟု ဆိုအပ်သော ကုသိုလ်၊ အကုသိုလ်သည် အာရုံ၏အရသာကို ခံစားပြီး၍ ချုပ်ပြီး ကင်းပြီးသော ဘူတာပဂတုပ္ပန္န မည်၏။

(၃) ရှေး၌ပြုအပ်ကုန်ပြီးသော ကံတို့သည် ရှိကုန်၏၊ထိုကံကို တစ်ပါးသောကံသည် တားမြစ်၍ မိမိ၏အကျိုးကို တည်စေတတ်သော ဖြစ်ခြင်းသည် ဩကာသဂတုပ္ပန္န မည်၏။

(၄) နတ်စသည်တို့၏ အတ္တဘောဟု ဆိုအပ်သော ထိုထို ဥပါဒါနက္ခန္ဓာတို့၌ တစ်ဖန် မဖြစ်ခြင်းသဘော ရှိသည်၏အဖြစ်သို့ မရောက်စေအပ် သေးသည်၏အဖြစ်ကြောင့် အရိယမဂ်ဖြင့် မပယ် မနုတ်အပ်သေးသော ဖြစ်ထိုက်သော အကုသိုလ်သည် ဘူမိလဒ္ဓုပ္ပန္န မည်၏။

ဤဘူမိလဒ္ဓုပ္ပန္န၌ -

(၁)ဘူမိ၊ (၂)ဘူမိလဒ္ဓ ဟူ၍နှစ်ပါး အပြားရှိ၏။ ထိုနှစ်ပါးတို့တွင် -

(၁) ဝိပဿနာ၏အာရုံဖြစ်ကုန်သော တေဘူမကခန္ဓာငါးပါးတို့သည် ဘူမိ မည်၏။

(၂) ထို ဥပါဒါနက္ခန္ဓာ တို့၌ ဖြစ်ခြင်းငှါထိုက်သော ကိလေသာ အပေါင်းသည် ဘူမိလဒ္ဓ မည်၏၊ ထို ဘူမိလဒ္ဓ၌ ဖြစ်သော ကိလေသာတို့ကိုသာလျှင် မဂ်ဖြင့် ပယ်နိုင်၏။

ဘူမိလဒ္ဓါနံ ကိလေသာနံ ပဟာနံ ဒီပိတံ ဟောတိဒ

ဝိသုဒ္ဓိ၊၂၊၃၂၈

ဘူမိလဒ္ဓါနံ၊ ဘူမိလဒ္ဓ ဖြစ်ကုန်သော။
ကံလေသာနံ၊ ကိလေသာတို့ကို။
ပဟာနံ၊ မဂ်ဖြင့်ပယ်ခြင်းကို။
ဒီပိတံ၊ ပြအပ်သည်။
ဟောတိ၊ ဖြစ်၏။

ထိုစကားမှန်၏၊

အကြင်သူတို့၏ ကိလေသာတို့အား မဂ်ဖြင့် သမုစ္ဆေဒပဟာန်ဖြင့် မပယ်အပ် သေးသော ခန္ဓာတို့၌ဖြစ်၏၊ မဂ်သည် ဖြစ်ခြင်းကြောင့် ခန္ဓာတို့ကို သမုစ္ဆေဒဖြင့် ပိုင်းခြား၍ သိခြင်းကြောင့် ကိလေသာတို့သည် မဖြစ်နိုင်ကုန်တော့သည် သာလျှင်တည်း။

ယေသံ ဟိ ကိလေသာနံ မဂ္ဂေန ခန္ဓေသု အပရိညာတေသု ဥပ္ပတ္တိ သိယာ၊ မဂ္ဂေန ဥပ္ပဇ္ဇိတွာ ခန္ဓာနံ ပရိညာတတ္တာ တေ ကိလေသာ အဇာတာဝ န ဇာယန္တိ၊ အနိဗ္ဗတ္တာဝ န နိဗ္ဗတ္တန္တိ၊ အပါတုဘူတာဝ န ပါတုဘဝန္တိ။

မ၊ဋ္ဌ၊၃၊၁၇၅

ဟိသစ္စံ၊ မှန်၏။
ယေသံ၊ အကြင်သူတို့၏။
ကိလေသာနံ၊ ကိလေသာတို့အား။
မဂ္ဂေန၊ မဂ်ဉာဏ်ဖြင့်။
အပရိညာတေသု၊ မပိုင်းခြားအပ်ကုန်သေးသော။
ခန္ဓေသု၊ ခန္ဓာတို့၌။
ဥပ္ပတ္တိ၊ ဖြစ်ခြင်းသည်။
သိယာ၊ ဖြစ်ရာ၏။
မဂ္ဂေန၊ မဂ်ဉာဏ်သည်။
ဥပ္ပဇ္ဇိတွာ၊ ဖြစ်ခြင်းကြောင့်။
ခန္ဓာနံ၊ ခန္ဓာတို့ကို။
ပရိညာတတ္တာ၊ သမုစ္ဆေဒပဟာန်ဖြင့် ပိုင်းခြားသည်၏ အဖြစ်ကြောင့်။
တေ ကိလေသာ၊ ထိုကိလေသာတို့သည်။
အဇာတာဝ၊ ဖြေဖြစ်ကုန်မူ၍သာလျှင်။
န ဇာယန္တိ၊ မဖြစ်နိုင်ကုန်။
အနိဗ္ဗတ္တာဝ၊ မဖြစ်ကုန်မူ၍သာလျှင်။
နနိဗ္ဗတ္တန္တိ၊ မဖြစ်နိုင်ကုန်။
အပါတုဘူတာဝ၊ ထင်ရှားမဖြစ်ကုန်မူ၍ သာလျှင်။
န ပါတုဘဝန္တိ၊ ထင်ရှားမဖြစ်နိုင်ကုန်။

ထို့ကြောင့် ပုထုဇဉ်တို့၏ ခန္ဓာငါးပါး ရုပ်နာမ်တရားသည် ကိလေသာ တည်းဟူသော အနုသယတို့ကို မဂ်ဉာဏ်ဖြင့် မပယ်ရသေးသောကြောင့် ကိလေသာတည်းဟူသော ပြောင်း၊ ပဲ၊ လူး၊ ဆပ်တို့၏ တည်ရာဘူမိဟု ဆိုအပ်သော ဝတ္ထုမည်၏။

ယဿ ယေသု ခန္ဓေသု အပ္ပဟီနဋ္ဌေန အနုသယိတာ ကိလေသာ၊ တဿ တေ ဧဝ ခန္ဓာ တေသံ ကိလေသာနံ ဝတ္ထု။

ဝိသုဒ္ဓိ၊၂၊၃၂၉

ယဿ၊ အကြင်သူ၏။
အဇ္ဈတ္တကာဝသာမညေ၊ အဇ္ဈတ္တ အဖြစ်ဖြင့် တူသည်၏ အဖြစ်သည်။
သတိပိ၊ ရှိသော်လည်း။ (ထည့်။)
ယေသု ခန္ဓေသု၊ အကြင်ခန္ဓာတို့၌။
အပ္ပဟီနဋ္ဌေန၊ မဂ်ဖြင့် မပယ်အပ်သေးသည်၏ အဖြစ်ကြောင့်။
ကိလေသာ၊ ကိလေသာတို့သည်။
အနုသယိတာ၊ ကိန်းကုန်၏။
တဿ၊ ထိုသူ၏။
တေ ဧဝ ခန္ဓာ၊ ထိုကိလေသာတို့၏ကိန်းရာ ဖြစ်သော ခန္ဓာတို့သည်သာလျှင်။
တေသံ ကိလေသာနံ၊ ထို လူး ပဲ ပြောင်း ဆပ်နှင့် တူသော ကိလေသာတို့၏။
ဝတ္ထု၊ တည်ရာဘူမိဖြစ်သော ဝတ္ထု မည်၏။

သောတာပန် အစရှိသည်တို့တွင် အကြင်အကြင် အရိယာပုဂ္ဂိုလ်၏ ခန္ဓာတို့၌ ထိုဝဋ်မြစ်ဖြစ်သော ကိလေသာ၏ ဖြစ်ခြင်းကို ထိုထိုမဂ်ဖြင့် ပယ်အပ်၏။

ထိုထို အရိယာပုဂ္ဂိုလ်အား ထိုခန္ဓာငါးပါးတို့သည် ပယ်အပ်ကုန်ပြီးသော ထိုထို ဝဋ်မြစ်ဖြစ်ကုန်သော လူး ပဲ ပြောင်း ဆပ်နှင့် တူသော ကိလေသာတို့၏ စိုက်ပျိုးရာ ဘူမိ မဟုတ်သောကြောင့် အဝတ္ထု မည်၏။

သောတာပန္နာဒီသု ပန ယဿ ယဿ အရိယပုဂ္ဂလဿ ခန္ဓေသု တံ တံ ဝဋ္ဋမူလံ ကိလေသဇာတံ တေန တေန မဂ္ဂေနပဟီနံ၊ တဿ တဿ တေတေ ခန္ဓာ ပဟီနာနံ တေသံ တေသံ ဝဋ္ဋမူလကိလေသာနံ အဝတ္ထုတော ဘူမီတိ သင်္ခံ န လဘန္တိ။

ဝိသုဒ္ဓိ၊၂၊၃၂၉

ပန၊ အထူးကို ဆိုဦးအံ့။
သောတာပန္နာဒီသု၊ သောတာပန်ပုဂ္ဂိုလ် စသည်တို့တွင်။
ယဿယဿ အရိယပုဂ္ဂလဿ ၊ အကြင် အကြင် အရိယာ ပုဂ္ဂိုလ်၏။
ခန္ဓေသု၊ ခန္ဓာတို့၌။
ဝဋ္ဋမူလံ၊ ဝဋ်၏အမြစ်ဖြစ်သော။
တံ တံ ကိလေသဇာတံ၊ ထိုထို ကိလေသာအပေါင်းကို။
တေန တေန မဂ္ဂေန၊ ထိုထိုမဂ်ဖြင့်။
ပဟီနံ၊ ပယ်အပ်ပြီ။
တဿ တဿ အရိယပုဂ္ဂလဿ၊ ထိုထို အရိယာပုဂ္ဂိုလ်၏။
တေ တေ ခန္ဓာ၊ ထိုထို ခန္ဓာတို့သည်။
ပဟီနာနံ၊ ပယ်အပ်ကုန်ပြီးသော။
တေသံ တေသံ ဝဋ္ဋမူလ ကိလေသာနံ၊ ထိုထို ဝဋ္ဋမူလကိလေသာ တို့၏။
အဝတ္ထုတော၊ တည်ရာဌာန ဝတ္ထု ယာခင်း မဟုတ်သည်၏ အဖြစ်ကြောင့်။
ဘူမီတိသင်္ခံ၊ ဘူမိဟူသော ခေါ်ဝေါ် ခြင်းကို။
နလဘန္တိ၊ မရကုန်။

ထိုအဝတ္ထုသည် -

(၁) သောတာပန်၏ အဝတ္ထု၊
(၂) သကဒါဂါမ်၏ အဝတ္ထု၊
(၃) အနာဂါမ်၏ အဝတ္ထု၊
(၄) ရဟန္တာ၏ အဝတ္ထု၊

အားဖြင့် လေးပါးအပြားရှိ၏၊ ထိုတွင် -

(၁) သောတာပတ္တိမဂ်ဖြင့် ကိလေသာတို့ကို မိမိ၏ သတ္တိအားလျော်စွာ ပယ်နိုင်သော သတ္တိသည် သောတာပန်၏ အဝတ္ထု မည်၏၊

(၂) သကဒါဂါမိမဂ်ဖြင့် မိမိသတ္တိအားလျော်စွာ ပယ်နိုင်သော သတ္တိသည် သကဒါဂါမ်၏ အဝတ္ထု မည်၏၊

(၃) အနာဂါမိမဂ်ဖြင့် မိမိသတ္တိ အားလျော်စွာ ပယ်နိုင်သော သတ္တိသည် အနာဂါမ်၏ အဝတ္ထု မည်၏၊

(၄) အရဟတ္တမင်ဖြင့် မိမိ၏သတ္တိ အားလျော်စွာ ပယ်နိုင်သော သတ္တိသည် ရဟန္တာ၏ အဝတ္ထု မည်၏။

(ပယ်ပုံကို နောက်က ပြခဲ့ပြီးပြီ။)

အဘယ်ကဲ့သို့နည်းဟူမူ -

သတ္တဝါတို့ကို လွန်စွာ သေကြေပျက်စီး စေတတ်သော အဆိပ်ပင်ကြီး တစ်ပင်သည် အပင်အဆက်ဆက်ကို ဆောင်လျက် ရှိသတတ်၊

ထိုအဆိပ်ပင်တို့၏ အဆက်ဆက်သည် အသီးအဆိပ် အရွက်အဆိပ် ပင်စည်အဆိပ် အမြစ်အဆိပ် - အားဖြင့် လေးပါးသော အဆိပ်တို့ဖြင့် ကာလရှည်ကြာစွာ လောကဓာတ်၌ သတ္တဝါတို့ကို အဆက်ဆက် သေကြေ ပျက်စီးစေကုန်၏။

ထိုအခါ ဗြဟ္မာမင်းကြီး တစ်ယောက်သည် သတ္တဝါတို့အား လွန်နာသနားသဖြင့် လူ့လောကသို့ သက်လာ၍ ပညာရှိသောသူတစ်ယောက်အား -

(၁) ဖလဝိသကို ပြေစေတတ်သော မန္တန်၊
(၂) ပတ္တဝိသကို ပြေစေတတ်သော မန္တန်၊
(၃) ခန္ဓဝိသကို ပြေစေတတ်သော မန္တန်၊
(၄) မူလဝိသကို ပြေစေတတ်သော မန္တန် -

ဤမန္တန် လေးပုဒ်ကို သင်ကြား၏။

ထိုယောက်ျားသည် ထိုမန္တန်လေးပုဒ်ကို ဆောင်ယူ၍ ၎င်းအဆိပ်ပင် သို့ကပ်လျက် အသီးကိုကိုင်၍ သရဇ္ဈာယ်သည်ရှိသော် ထိုအဆိပ်ပင်နှင့် အတူ အဆိပ်သီးမျိုးတို့၏ အဆိပ်တို့သည် ပြေပျောက်ကုန်၏။

ထိုနည်းထူ စွာ အရွက် ပင်စည် အမြစ်တို့ကိုကိုင်လျက် သရဇ္ဈာယ်သည်ရှိသော် ၎င်း တို့၏ အဆိပ်တို့သည် အပင်ရှိတိုင်း ပြေပျောက်ရကုန်၏။ သတ္တဝါတို့သည် ချမ်းသာခြင်းသို့ ရောက်ကုန်၏။ ထိုမန္တန်လည်း အဆက်ဆက် ပြန့်ပွား၍ လောကဓာတ်၌ ရှည်ကြာစွာ တည်ကုန်သကဲ့သို့တည်း။

ဤဥပမာ၌ အဆိပ်ရှိသော အပင်ကဲ့သို့ ကိလေသာကိုမှတ်ရမည်။
ဗြဟ္မာကိုကဲ့သို့ ဘုရားကို မှတ်ရမည်။
မန္တန်ကဲ့သို့ တရားကို မှတ်ရမည်။
မန္တန်ကို သင်သကဲ့သို့ တရားနာခြင်း၊ အားထုတ်ခြင်းကို မှတ်ရမည်။
သရဇ္ဈာယ်၍ အဆိပ်တို့ကို ပြေစေသကဲ့သို့ ကိလေသာတို့ ပြေခြင်းကို မှတ်ရမည်၊
ထိုမန္တန်တည်သော ကာလကဲ့သို့ သာသနာတော်ကို မှတ်ရမည်။
အဆက်ဆက် သရဇ္ဈာယ်၍ အဆက်ဆက် အဆိပ်ပြေသကဲ့သို့ ဘုရားသားတော် တို့ကို မှတ်ရမည်။

ဤကား ဘူမိလဒ္ဓဖြစ်သော ကိလေသာတို့ကို ပယ်ပုံတည်း။

ထိုသောတာပတ္တိမဂ်ဖြင့် ဘူမိလဒ္ဓဖြစ်သော ကိလေသာတို့ကို ဖောက်ထွင်း၍ ပယ်ရုံသာ မဟုတ်သေး၊ စင်စစ်သော်ကား -

(၁) အနမတဂ် စက်သံသရာ အဏ္ဏဝါဟုဆိုအပ်သော ကိလေသာဒုက္ခ၊ ခန္ဓာ ဒုက္ခ တည်းဟူသော မဟာသမုဒ္ဒရာရေကို ခုနစ်ဘဝကို ချန်လှပ်၍ ခန်းခြောက်စေခြင်း၊
(၂) အလုံးစုံသော အပါယ်တံခါးတို့ကို ပိတ်စေခြင်း၊
(၃) သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ ဩတ္တပ္ပ-ဟူသော သူတော်ကောင်းဥစ္စာ ၇-ပါးတို့ကို မျက်မှောက်ပြုခြင်း၊
(၄) မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပ စသော မိစ္ဆာမဂ္ဂင် ၈-ပါးကို ပယ်ခြင်း၊
(၅) ပါဏာတိပါတ စသော ငါးပါးသောရန်တို့ကို ငြိမ်းစေခြင်း၊
(၆) မြတ်စွာဘုရား၏ ရွှေရင်တော်နှစ် သားတော်အစစ်အဖြစ်သို့ ရောက်ခြင်း
(၇) ရတနာသုံးပါး၌ မတုန်မလှုပ်သော ယုံကြည်ခြင်း

အားဖြင့် ၇-ပါးသော တံဆိပ်တို့ဖြင့် ခတ်နှိပ်ခြင်း စသည်ကို ခံတော်မူရ၏။

အပိ စ ခေါ အနမတဂ္ဂသံသာရဝဋ္ဋဒုက္ခသမုဒ္ဒံ သောသေတိ၊ သဗ္ဗအပါယဒွါရာနိ ပိဒဟတိ၊ သတ္တန္နံ အရိယဓနာနံ သမ္မုခီဘာဝံ ကရောတိ၊ အဋ္ဌင်္ဂိကံ မိစ္ဆာမဂ္ဂံ ပဇဟတိ၊ သဗ္ဗဝေရဘယာနိ ဝူပသမေတိ သမ္မာသမ္ဗုဒ္ဓဿ ဩရသပုတ္တဘာဝံ ဥပနေတိ၊ အညေသဉ္စ အနေကသတာနံ အာနိသံသာနံ ပဋိလာဘာယ သံဝတ္တတိ။

ဝိသုဒ္ဓိ၊၂၊၃၁၄

အပိ စ ခေါ၊ စင်စစ်သော်ကား။
အနမတဂ္ဂသံသာရဝဋ္ဋဒုက္ခသမုဒ္ဒံ၊ ပထမဘဝမှစ၍ ဖြစ်လတ္တံ့သော မအပ်သော အစရှိသော သံသရာ ဝဋ်ဆင်းရဲဟူသော သမုဒ္ဒရာရေကို။
သောသေတိ၊ ခြောက်စေ၏။
သဗ္ဗအပါယဒွါရာနိ၊ အလုံးစုံသော အပါယ်တံခါးတို့ကို။
ပိဒဟတိ၊ ပိတ်၏။
သတ္တန္နံ အရိယဓနာနံ၊ သဒ္ဓါ သီလစသော သူတော်ကောင်းဥစ္စာ ခုနစ်ပါးတို့၏။
သမ္မုခီဘာဝံ၊ မျက်မှောက်ပြုသည်၏ အဖြစ်ကို။
ကရောတိ၊ ပြု၏။
အဋ္ဌင်္ဂိကံ၊ အင်္ဂါရှစ်ပါးရှိသော။
မိစ္ဆာမဂ္ဂံ၊ မိစ္ဆာမဂ်ကို။
ပဇဟတိ၊ စွန့်၏။
သဗ္ဗဝေရဘယာနိ၊ ပါဏာတိပါတစသော ငါးပါးသောရန် နှစ်ဆဲ့ငါးပါးသော ဘေးကြီး တို့ကို။
ဝူပသမေတိ၊ ငြိမ်းစေ၏။
သမ္မာသမ္ဗုဒ္ဓဿ၊ သဗ္ဗညုရှင်တော်ဘုရား၏။
ဩရသပုတ္တဘာဝံ၊ ရွှေရင်တော်နှစ် သားတော်စစ်အဖြစ်သို့။
ဥပနေတိ၊ ဆောင်တတ်၏။
အညေသု၊ ထိုမှတပါးကုန်သော။
အနေကသတာနံ၊ အရာမက များကုန်သော။
အာနိသံသာနဉ္စ၊ ရတနာ သုံးပါး၌ သက်ဝင်ယုံကြည်ခြင်း စသော အာနိသင် တို့ကိုလည်း။
ပဋိလာဘာယ၊ ရခြင်းငှာ။
သံဝတ္တတိ၊ ဖြစ်ပေ၏။

ဤစကား၌ အနမတဂ္ဂသံသာရဝဋ္ဋဒုက္ခသမုဒ္ဒံ သောသေတိ - ဟူသော ပါဌ်ဖြင့် သောတာပန် ပုဂ္ဂိုလ်အား ကာမလောကဓာတ်၌ ခုနစ်ဘဝကို ထား၍ ထိုထက်အလွန် မနေကြောင်းကို ပြပေ၏။

သဗ္ဗအပါယဒွါရာနိ ပိဒဟတိ - ဟူသောပါဌ်ဖြင့် သောတာပန်အား အပါယ်လေးပါး တို့သို့ မလားမူ၍ လူ့ဘုံ နတ်ရပ် မြတ်သောအမျိုးတို့၌သာလျှင် ချမ်းသာစွာ ဖြစ်ရကြောင်းကို ပြပေ၏။

သတ္တန္နံ။ပ။ သံဝတ္တတိ - ပါဌ်တို့ဖြင့် သောတာပန်အား ခုနှစ်ပါးသော သူတော်ကောင်း ဥစ္စာရတနာတို့နှင့် ပြည့်စုံလျက် မိစ္ဆာအယူကို စွန့်၍ သရဏဂုံသုံးပါး နှင့်တကွ ငါးပါးသော သီလနှင့်ပြည့်စုံသော အရိယာအဖြစ်ကိုပြပေ၏။

ထိုသရဏဂုံသုံးပါးနှင့်တကွ ငါးပါးသော သီလနှင့်ပြည့်စုံပြီးသော သောတာပန်သည် ယခုဘဝမှစုတေ၍ ဘဝတပါး၌ မိမိကိုယ်ကို အရိယာဖြစ်ပြီးသော အဖြစ်ကို မသိပါငြားသော်လည်း ပါဏာတိပါတစသော ငါးပါးသီလကို အရိယာတို့ဓမ္မတာ အားဖြင့် မပြစ်မှားမလွန်ကျူး။

တစ်စုံ တစ်ယောက်သောသူသည် ထိုသူကို အချင်းယောက်ျား … ဤ ပိုးရွ ခြပုန်းငယ်ကို သတ်ပါမူကား လေးကျွန်း သေဌ်နင်း စကြာမင်း အဖြစ်ကို ရပေအံ့ ဟု ဆိုပါငြားသော်လည်း မသတ်တော့ပြီ။

ထိုနည်းတူ ဟယ် အချင်းယောက်ျား … ဤပိုးရွ ခြပုန်းငယ်ကို သတ်လော့၊ အကယ်၍ မသတ်လျှင် သင်၏ဦးခေါင်းကို ငါဖြတ်အံ့ဟု ဆိုပါငြားသော်လည်း မသတ်၊ ဦးခေါင်းကို အဖြတ်ခံဝံ့ရှာလေ၏။

အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ၊ သုရာမေရယ တို့မှာလည်း ၎င်းနည်းတူ မှတ်လေ။

သစေပိ ဘဝန္တရဂတံ အရိယသာဝကံ အတ္တနောအရိယသာဝက ဘာဝံ အဇာနန္တမ္ပိ ကောစိ ဧဝံ ဝဒေယျ၊ ဣမံ ကုန္ထကိပိလ္လိကံ ဇီဝိတာ ဝေါရောပေတွာ သကလစက္ကဝါဠဂဗ္ဘေ စက္ကဝတ္တိရဇ္ဇံ ပဋိပဇာဟီတိ၊ နေဝသော တံ ဇီဝိတာ ဝေါရောပေယျ၊ အထာပိနံ ဧဝံ ဝဒေယျုံ၊ သစေ ဣမံ န ဃာတေဿသိ၊ သီသံ တေ ဆိန္ဒိဿာ မာတိ၊ သီသမေဝဿ ဆိန္ဒေယျုံ၊ န စ သော တံ ဃာတေယျ။

အံ၊ဋ္ဌ၊၁၊၃၅၃

အရိယကန္တသီလာနိနာမ ပဉ္စ သီလာနိ၊ တာနိ ဟိ ဘဝန္တရ ဂတောပိ အရိယသာဝကော အတ္တနော အရိယသာဝကဘာဝံ အဇာနန္တောပိ န ဝီတိက္ကမတိ။

မ၊ဋ္ဌ၊၁၊၃၁၄

ဘဝန္တရဂတံ၊ ဘဝတပါးသို့ လားပြီးသော။
အရိယသာဝကံ၊ အရိယသာဝကကို။
အတ္တနော၊ မိမိ၏။
အရိယသာဝကဘာဝံ၊ အရိယသာဝကအဖြစ်ကို။
အဇာနန္တမ္ပိ၊ မသိဘဲလျက်လည်း။
ကောစိ၊ တစ်စုံတစ်ယောက်သောသူသည်။
ဧဝံ၊ ဤသို့။
သစေပိ ဝဒေယျ၊ အကယ်၍ဆိုငြားအံ့။
ဘော၊ အချင်း။
ဣမံ ကုန္ထကိပိလ္လိကံ၊ ဤပိုးရွခြပုန်းကို။
ဇီဝိတာ၊ အသက်မှ။
ဝေါရောပေတွာ၊ ချ၍။
သကလစက္ကဝါဠဂဗ္ဘေ၊ အလုံးစုံသော စကြာဝဠာတိုက်၌။
စက္ကဝတ္တိရဇ္ဇံ၊ စကြာဝတေးမင်း အဖြစ်ကို။
ပဋိပဇာဟိ၊ ရောက်လော့။
ဣတိ ဧဝံ၊ ဤသို့။
ဝဒေယျ၊ ဆိုငြားအံ့။၊
ထိုသူသည်။
တံ၊ ထိုပိုးရွခြပုန်းကို။
ဇီဝိတာ၊ အသက်မှ။
နေဝ ဝေါရောပေယျ၊ ချလည်း မချရာ။
(ဝါ) ဧကန် မချသည်သာ။
အထာပိ၊ ထိုမှတပါးလည်း။
နံ၊ ထိုသူကို။
ဧဝံ၊ ဤသို့။
ဝဒေယျုံ၊ ဆိုကုန်ရာ၏။
ဟရေ၊ ဟယ် အချင်း။
ဣမံ၊ ဤပိုးရွခြပုန်းကို။
သစေ န ဃာတေဿသိ၊ အကယ်၍ မသတ်ငြားအံ့။
တေ၊ သင်၏။
သီသံ၊ ဦးခေါင်းကို။
ဆိန္ဒိဿာမ၊ ဖြတ်ကုန်အံ့။
ဣတိ ဧဝံ၊ ဤသို့။
ဝဒေယျုံ၊ ဆိုကုန်ရာ၏။
အဿ၊ ထိုသူအား။
သီသမေဝ၊ ဦးခေါင်းကိုသာလျှင်။
ဆိန္ဒေယျုံ၊ ဖြတ်ကုန်ရာ၏။
သော၊ ထိုသူသည်။
တံ၊ ထိုပိုးရွခြပုန်းကို။
န စ ဃာတေယျ၊ မုချမသတ်ပေရာ။
(အင်္ဂုတ္တိုရ်အနက်)။

အရိယကန္တသီလာနိ နာမ၊ အရိယာတို့နှစ်သက်သော သီလတို့ မည်သည်ကား။
ပဉ္စသီလာနိ၊ ငါးပါးသောသီလတို့တည်း။
ဟိ၊ သင့်စွ။
ဘဝန္တရဂတောပိ၊ ဘဝတပါးသို့လားသော။
အရိယသာဝကောပိ၊ အရိယသာဝကသည်လည်း။
တာနိ၊ ထိုငါးပါးသီလတို့ကို။
အတ္တနော၊ မိမိ၏၊
အရိယ သာဝကဘာဝံ၊ အရိယသာဝကအဖြစ်ကို။
အဇာနန္တောပိ၊ မသိသော်လည်း။
နဝီတိက္ကမတိ၊ မလွန်ကျူးပြီ။
(မူလပဏ္ဏာသအနက်။)

ရဟန်းသာမဏေ ဖြစ်ကုန်သော သောတာပန် ပုဂ္ဂိုလ်တို့အားကား မြတ်စွာဘုရား သခင်သည် ပညတ်တော်မူအပ်သော လောကဝဇ္ဇ သိက္ခာပုဒ်တို့ကို လွန်ကျူးလိုသော စိတ်ဖြင့် မိမိ၏ အသက်ကြောင့်လည်း မလွန်ကျူး၊ ရှေ့၌ထင်ဦးလတ္တံ့၊ ဤကား သောတာပတ္တိမဂ်ဖြင့် ပယ်နိုင်သော အစွမ်းကို ပြသော သတ္တိတည်း။ (သတ္တိဖို့။)။

၆၉- နိဗ္ဗာန်ကိုမြင်သော သူတို့၏စိတ်ပေါ့ပါးခြင်း သုံးပါးကိုပြခြင်း

နိဗ္ဗာန်ကို အာရုံပြု၍ သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသဟု ဆိုအပ်သော သုံးပါးသော အရာဌာနတို့၌ အလွန်ပေါ့ပါး၏။ အလွန်လျင်၏။ အထက်မဂ်တို့၏ အရာဌာနတို့၌သာလျှင် လေးဖင့်၏။

အဘယ်ကဲ့သို့နည်းဟူမူ -

ခုနစ်ခုသော အဆစ်အမျက် အခက်တို့ဖြင့် မြှေးယှက်သပ်သော ဝါးရုံ၌ သုံးခုသော အဆစ်အမျက်အခက်တို့ကို ဓားငယ်တို့ဖြင့် သုတ်သင်လျက် ဆွဲငင်အပ်သည်ရှိသော် သုံးဆစ်သော အရာဌာနတို့၌ အလွန်ပေါ့၏။ အလွန်လွယ်၏။ အတက်အဆစ် အမျက်အခက်တို့၏ အရာဌာနတို့၌သာလျှင် လေးဖင့်သကဲ့သို့တည်း။

အဘယ်ကြောင့်ဟူမူ -

သောတာပန်ပုဂ္ဂိုလ်တို့အား ပုထုဇဉ်ပုဂ္ဂိုလ်တို့ကဲ့သို့မဟုတ်၊ ပွားအပ်ပြီးသောကိုယ်ပွားအပ်ပြီးသောသီလပွားအပ်ပြီးသောသမာဓိပွားအပ်ပြီးသော ဝိပဿနာဉာဏ် ရှိကြကုန်၏။

ထို့ကြောင့် စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ အစောပနကာယ၊ ကာယဝိညတ်၊ ဝစီဝိညတ်၊ မနောဒွါရ ဟူသော သံဝရတရားတို့၌ လည်းကောင်း၊ ဗဟိဒ္ဓဖြစ်သော ဣန္ဒြိယဗဒ္ဓ အနိန္ဒြိယဗဒ္ဓတို့၌ လည်းကောင်း အကြင်အခါ အာရုံ အာရမ္မဏိကသို့ သက်၏။

ထိုအခါ ရုပ်ချင်းခိုက်၍ နာမ်ကမြင်သည်၊ ထိုရုပ်နာမ်နှစ်ပါးတို့သည် အဝိဇ္ဇာစသော အကြောင်းတရားတို့ကြောင့် ဖြစ်ကုန်၏၊ ဤသို့မြင်ခြင်းကား ပရမတ္ထဓမ္မတို့၏ ဓမ္မတာသာတည်းဟု စက္ခု၌ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီတဗ္ဗတပရာမာသ သုံးဌာနတို့၌ လွန်စွာပေါ့၏။

၎င်းနည်းတူ ရုပ်ချင်းချင်း ခိုက်၍ နာမ်ကကြားသည်။ (ဒိဋ္ဌိ ပေါ့ပုံ။)
ထိုရုပ်နာမ်တို့၏ဖြစ်ကြောင်းကား အဝိဇ္ဇာစသော အကြောင်းငါးပါး ပင်တည်း။ (ဝိစိကိစ္ဆာ ပေါ့ပုံ။)
ထိုသို့ကြားခြင်းသည် ပရမတ္ထဓမ္မတို့၏ ဓမ္မတာသာတည်း။ (သီလဗ္ဗတ ပေါ့ပုံ။)

ဃာန၊ ဇိဝှါ၊ ကာယ၊ ကာယပိညတ်၊ ဝစီဝိညတ်၊ မနောဒွါရ စသည်တို့၌လည်း ၎င်းနည်းကိုမှီး၍ လောက်ပေပြီ၊ (ဝါ) နာမရူပသတ္တကဝါရ၌ ပြခဲ့ပြီးသော နည်းကိုမှီး၍ သိလောက်ပေပြီ။

ယေ တေ မဟာရာဇ သောတာပန္နာ ပိဟိတာပါယာ ဒိဋ္ဌိပ္ပတ္တာ ဝိညာတသတ္ထုသာသနာ၊ တေသံ တံ စိတ္တံ တီသု ဌာနေသု လဟုကံ ဥပ္ပဇ္ဇတိ၊ လဟုကံ ပဝတ္တတိ။ ဥပရိဘူမိသု ဂရုကံ ဥပ္ပဇ္ဇတိ၊ ဒန္ဓံဝတ္တတိ၊ ကိံ ကာရဏာ၊ တိသု ဌာနေသု စိတ္တဿ ပရိသုဒ္ဓတ္တာ ဥပရိကိလေသာနံ အပ္ပဟီနတ္တာ။
(မိလိန္ဒ၊၁၀၉။)

မဟာရာဇ= မင်းမြတ်။
ယေတေ သောတာပန္နာ= အကြင်သောတာပန် ပုဂ္ဂိုလ်တို့သည်။
ပိဟိတာပါယာ= ပိဟ်အပ်ပြီးသော အပါယ်တံခါး ရှိကုန်၏။
ဒိဋ္ဌိပ္ပတ္တာ= သစ္စာလေးအင်ကို သိမြင်ခြင်းဖြင့် နိဗ္ဗာန်သို့ ရောက်ကုန်၏။
ဝိညာတ သတ္တု သာသနာ= သိပြီးသော ဘုရားရှင်၏ ပဋိဝေဓ သာသနာ ရှိကုန်၏။
တေသံ သောတာပန္နာနံ= ထိုသောတာပန်ပုဂ္ဂိုလ်တို့၏။
တံစိတ္တံ= ထိုစိတ်သည်။
တီသုဌာနေသု= သုံးပါးသောအရာတို့၌။ (ဝါ) ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတ ပရာမာသ တို့၌။
လဟုကံ= လျင်စွာ။
ဥပ္ပဇ္ဇတိ= ဖြစ်၏။
လဟုကံ= လျင်စွာ။
ပဝတ္တတိ= ဖြစ်၏။
ဥပရိဘူမိသု= အထက် မဂ်ဖိုလ်အရာတို့၌။
ဂရုကံ= လေးဖင့်စွာ။
ဥပ္ပဇ္ဇတိ= ဖြစ်၏။
ဒန္ဓံ= နှေးစွာ။
ပဝတ္တတိ= ဖြစ်၏။
ကိံ ကာရဏာ= အဘယ့်ကြောင့်နည်းဟူမူကား။
တီသုဌာနေသု= သုံးပါးသောအရာတို့၌။
စိတ္တဿ= စိတ်၏။
ပရိသုဒ္ဓတ္တာ= စင်ကြယ်ပြီးသည်၏ အဖြစ်ကြောင့်။
ဥပရိကိလေသာနံ= အထက် ကိလေသာတို့ကို။
အပ္ပဟီနတ္တာ= မပယ်အပ်သေးသည်၏ အဖြစ်ကြောင့်တည်း။
(လဟုကဖို့။)

၇၀- နိဗ္ဗာန်ကိုမြင်ပြီးသော သူတို့၏ လက္ခဏာကို ပြခြင်း

နိဗ္ဗာန်ကို မြင်ပြီးသော သောတာပန် ပုဂ္ဂိုလ်အား -
(၁) အပဋိစ္ဆာဒ လက္ခဏာ
(၂) အသမ္ပဋိစ္ဆန လက္ခဏာ
အားဖြင့် နှစ်ပါးသော လက္ခဏာ တို့နှင့် ပြည့်စုံရ၏။

ထိုတွင် အကြင်သောတာပန်သည် မေ့လျော့ခြင်းကို စွဲ၍ မြတ်စွာဘုရားသည် ပညတ်တော်မူအပ်သော အကြင် လောကဝဇ္ဇ သိက္ခာပုဒ်သည်ရှိ၏။ ထိုလောကဝဇ္ဇ သိက္ခာပုဒ်ကို လွန်ကျူးလိုသောစိတ်ဖြင့် မလွန်ကျူး။ လူ၊ နတ်၊ အရိယာတို့မှာ ငါးပါးသီလ၊ ရဟန်း၊ သာမဏေ၊ အရိယာတို့မှာ လောကဝဇ္ဇ သိက္ခာပုဒ်ဟူသမျှတို့ကို အသက်ကိုပင် သတ်မည်ဆိုသော်လည်း စေတနာနှင့်တကွ မလွန်ကျူး။

သော ဒဿနသမ္ပန္နော ကိဉ္စာပိ သတိသမ္မောသေန ပမာဒဝိဟာရံ အာဂမ္မ ယံ တံ ဘဂဝတာ လောကဝဇ္ဇံ သဉ္စိစ္စ နာတိက္ကမနံ သန္ဓာယ ဝုတ္တံ၊ ယံမယာ သာဝကာနံ သိက္ခာပဒံ ပညတ္တံ။ တံ မမ သာဝကာ ဇီဝိတဟေတုပိ နာတိက္ကမန္တီတိ။
သုတ္တနိ၊ဋ္ဌ၊၁၊၂၈၈

ဒဿနသမ္ပန္နော= နိဗ္ဗာန်ကိုမြင်ခြင်းနှင့်ပြည့်စုံသော။ (ဝါ) ရှေးဦးစွာ နိဗ္ဗာန်ကိုမြင်သော။
သော= ထိုသောတာပန်ပုဂ္ဂိုလ်သည်။
သတိသမ္မောသေန= သတိမေ့လျော့သဖြင့်။
ပမာဒဝိဟာရံ= မေ့လျော့သော နေခြင်းကို။
အာဂမ္မ= စွဲ၍။
ဘဂဝတာ= မြတ်စွာဘုရားသည်။
ယံ လောကဝဇ္ဇံ= အကြင်လောကဝဇ္ဇ သိက္ခာပုဒ်အပေါင်းကို။
ပညတ္တံ= ပညတ်တော်မူအပ်၏။
တံ လောကဝဇ္ဇံ= ထို လောကဝဇ္ဇသိက္ခာပုဒ်အပေါင်းကို။
သဉ္စိစ္စ= လွန်ကျူးလိုသော စိတ်ဖြင့်။
နာတိက္ကမနံ= မလွန်ကျူးခြင်းကို။
သန္ဓာယ= ရည်၍။
ယံ မယာ သာဝကာနံ။ပ။ နာတိက္ကမန္တီတိ= နာတိက္ကမန္တိ ဟူ၍။
ကိဉ္စာပိဝုတ္တံ= အကယ်၍ကား ဟောတော်မူအပ်၏။

သာဓကအနက်ကား -
ဘိက္ခဝေ= ရဟန်းတို့။
မယာ= ငါဘုရားသည်။
သာဝကာနံ= တပည့်တို့အား။
ယံသိက္ခာပဒံ= အကြင်သိက္ခာပုဒ်ကို။
ပညတ္တံ= ပညတ်အပ်၏။
တံသိက္ခာပဒံ= ထိုသိက္ခာပုဒ်ကို။
မမဘဝကာ= ငါဘုရား၏ တပည့်တို့သည့်။
ဇီဝိတဟေတုပိ= မိမိအသက်ဟူသော အကြောင်းကြောင့်လည်း။
နာတိက္ကမန္တိ= မလွန်ကျူးကုန်။

ထိုလောကကဇ္ဇသိက္ခာပုဒ်အပေါင်းကို ချန်ထား၍ ၎င်းသောတာပန်သည် တပါးသော
(၁) ကုဋိကာရ
(၂) သဟသေယျ
(၃) ဒိဝါသေယျ -
အစရှိသော မြတ်စွာဘုရားသခင်သည် စက်ဆုပ်တော်မူအပ်သော ပဏ္ဏတ္တိဝဇ္ဇ သိက္ခာပုဒ်တို့ကိုကား ကာယကံဖြင့် လွန်ကျူးမိသေး၏။

(၁) ပဒသော ဓမ္မ
(၂) ဥတ္တရိဆပဉ္စဝါစာ
(၃) ဖရုသဝါစာ
(၄) သမ္ဖပလာပ
အစရှိသော ပဏ္ဏတ္တိဝဇ္ဇသိက္ခာပုဒ်။

(၁) ဇာတရူပါဒိသာဒိယန
(၂) စီဝရာဒိ ပရိဘောဂေသု အပစ္စဝေက္ခဏ -
ဤသို့ အစရှိသော ပဏ္ဏတ္တိဝဇ္ဇသိက္ခာပုဒ်။

ထိုမြတ်စွာဘုရားသခင်သည် စက်ဆုပ်တော်မူအပ်သော သိက္ခာပုဒ်တို့ကိုကား ၎င်းသောတာပန်သည် ဝစီကံဖြင့်လည်းကောင်း၊ မနောကံဖြင့်လည်းကောင်း၊ လွန်ကျူးမိသေး၏။ ထိုသို့ လွန်ကျူးမိသည်ရှိသော် ဤမအပ်သောအမှုကို ငါသည်မပြုအပ် ဟုသိ၍ တစ်ခဏ မဖုံးလွှမ်း။

ထိုလွန်ကျူးမိရာ ခဏ၌ပင်လျှင် ဆရာဘုရားထံ၌လည်းကောင်း၊ သိကြားလိမ္မာကုန်သော သီတင်းသုံးဖော်တို့၏ အထံ၌လည်းကောင်း ထင်စွာပြု၍ ကန်တော့ခြင်း၊ လျှောက်ထားခြင်း၊ ပြောကြားခြင်းကို မီးခဲကို နင်းမိသောသူသည် လျင်စွာ ကြွဘိသကဲ့သို့ လျင်မြန်စွာ ကုသ၍ အပြစ်ကို မဖုံးလွှမ်းခြင်းသည် အပဋိစ္ဆာဒ လက္ခဏာ မည်၏။

န သော တံ ဣဒံ အကပ္ပိယ မကရဏီယန္တိ ဇာနိတွာ မုဟုတ္တမ္ပိ ပဋိစ္ဆာဒေတိ။ တံ ခဏံယေဝ ပန သတ္ထရိ ဝါ ဝိညူသု ဝါ သဗြဟ္မစာရီသု အာဝိ ကတွာ ယထာဓမ္မံ ပဋိကရောတိ။ ပုန န ကရိဿာမီတိ ဧဝံ သံဝရိတဗ္ဗံ သံဝရတိ။
သုတ္တနိ၊ဋ္ဌ၊၁၊၂၈၈

သော= ထိုသောတာပန်ပုဂ္ဂိုလ်သည်။
တံ= ထိုလွန်ကျူးခြင်းကို။
ဣဒံ အကပ္ပိယံ= ဤမအပ်သောအမှုကို။
အကရဏီယံ= မပြုမကျင့်အပ်။
ဣတိ= ဤသို့။
ဇာနိတွာ= သိ၍။ (ဝါ) သိသည်ရှိသော်။
မုဟုတ္တမ္ပိ= တစ်ခဏမျှလည်း။
န ပဋိစ္ဆာဒေတိ= မဖုံးလွှမ်း။
ပန= အထူးကို ဆိုဦးအံ့။
တံခဏံယေဝ= ထိုလွန်ကျူးသော ခဏ၌သာလျှင်။
သတ္ထရိ ဝါ= ဆရာဘုရား အထံ၌လည်းကောင်း။
ဝိညူသု= သိကြားလိမ္မာကုန်သော။
သဗြဟ္မစာရီသုဝါ= သီတင်းသုံးဖော်တို့ အထံ၌လည်းကောင်း။
အာဝိကတွာ= ထင်စွာပြု၍။
ယထာဓမ္မံ= အပြစ်အလျောက်။
ပဋိကရောတိ= ကုစား၏။ (ဝါ) ကန်တော့၏။
ပုန= တစ်ဖန်။
ကရိဿာမိ= ဤအမှုကိုငါမပြုတော့အံ့။
ဣတိ ဧဝံ= ဤသို့။
သံဝရိတဗ္ဗံ= စောင့်ရှောက်အပ်သည်ကို။
သံဝရတိ= စောင့်ရှောက်၏။

လူအရိယာတို့မှာ ဘုရားအစရှိသော အထံတို့၌ ကန်တော့၍ စောင့်ရှောက်၏။ ရဟန်းသာမဏေ အရိယာတို့မှာ ဘုရားအစရှိသည်တို့၏ အထံတို့၌ ကန်တော့၍ ကုစားပြီးလျှင် စောင့်ရှောက်၏။ (အပဋိဝါစ္ဆာဒလက္ခဏာ။)

လောက၌ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်းတို့အား ငါမြင်သည်။ သူမြင်သည်။ မိန်းမမြင်သည်၊ ယောက်ျားမြင်သည်။ လူမြင်သည်။ နတ်မြင်သည်၊ ဗြဟ္မာမြင်သည်ဟု ခေါ်ဝေါ်ပညတ် သမုတ်အပ်သော စကားသည် မှန်ပေ၏ဟု မှတ်ယူစွဲလမ်းခြင်း ရှိကုန်၏။ နိဗ္ဗာန်ကိုမြင်ပြီးသော သောတာပန်အစရှိသော ပုဂ္ဂိုလ်တို့အား ဤလူ၊ နတ်၊ ဗြဟ္မာတို့ ခေါ်ဝေါ်အပ်သော စကားသည် အမှားချည်းသာတည်း။

စင်စစ်မှာမူ ရုပ်ချင်းချင်း ထိခိုက်၍ နာမ်ကမြင်ပေရကား ပရမတ္ထတရားတို့၏ ဓမ္မတာအားဖြင့် မမြဲသောသဘော၊ နှိပ်စက်တတ်သောသဘော၊ ကိုယ်မဟုတ်သောသဘောပေတည်းဟု ယထာဘူတမြင်ပေရကား သူတို့ခေါ်ခေါ်ခြင်းကို ဝန်မခံခြင်း အသမ္ပဋိစ္ဆနလက္ခဏာ ရှိ၏။

၎င်းနည်းတူ -
ငါကြားသည်။ပ။ ဗြဟ္မာကြားသည်ဟု။
ငါနံသည်။ပ။ နတ်နံသည်ဟု။
ငါလျက်သည်။ပ။ နတ်လျက်သည်ဟု။
ငါတွေ့ထိသည်။ပ။ နတ်တွေ့ထိသည်ဟု
ခေါ်ဝေါ် ပညတ်သမုတ်အပ်သော စကားသည် မှန်ပေ၏ဟု မှတ်ယူစွဲလမ်းခြင်း ရှိကုန်၏။

နိဗ္ဗာန်ကို မြင်ပြီးသော သောတာပန် အစရှိသော ပုဂ္ဂိုလ်တို့အား ဤလူ၊ နတ်၊ ဗြဟ္မာတို့ ခေါ်ဝေါ်အပ်သော စကားသည် အမှားချည်းသာတည်း၊ စင်စစ်မှာမူ ရုပ်ချင်းချင်း ထိခိုက်၍ နာမ်က တွေ့ပေရကား ပရမတ္ထတရားတို့၏ ဓမ္မတာအားဖြင့် မမြဲသောသဘော၊ နှိပ်စက်တတ်သောသဘော၊ ကိုယ်မဟုတ်သောသဘောပေတည်းဟု ယထာဘူတမြင်ပေရကား သူတို့ခေါ်ဝေါ်ခြင်းကို ဝန်မခံခြင်း အသမ္ပဋိစ္ဆနလက္ခဏာ ရှိ၏။

ငါသွားသည်၊ သူသွားသည်။ပ။ ဗြဟ္မာသွားသည်ဟု၊
ငါဆိုသည်။ပ။ ဗြဟ္မာဆိုသည်ဟု၊
ငါလိုချင်သည်။ပ။ ဗြဟ္မာသိုချင်သည်ဟု၊
ငါ အမျက်ထွက်သည်။ပ။ ဗြဟ္မာ အမျက်ထွက်သည်ဟု၊
ငါဒါန၊ သီလ၊ ဘာဝနာပြုသည်။ပ။ ဗြဟ္မာ ဒါန၊ သီလ၊ ဘာဝနာ ပြုသည်ဟု၊
စသည်ဖြင့် ခေါ်ဝေါ်ပညတ် သမုတ်အပ်သော စကားသည် မှန်ပေ၏ဟု မှတ်ယူ စွဲလမ်းခြင်း ရှိကုန်၏။

နိဗ္ဗာန်ကို မြင်ပြီးသော သောတာပန် အစရှိသောပုဂ္ဂိုလ်တို့အား ဤလူ၊ နတ်၊ ဗြဟ္မာတို့ ခေါ်ဝေါ်အပ်သော စကားသည် အမှားချည်းသာတည်း။ စင်စစ်မှာမူ ရုပ်နာမ်ချင်း ထိခိုက်ကြ၍ ရုပ်နာမ်ချင်း ဆောင်ပေရကား ပရမတ္ထတရားတို့၏ ဓမ္မတာအားဖြင့် မမြဲသဘော၊ နှိပ်စက်တတ်သောသဘော၊ ကိုယ်မဟုတ်သောသဘောပေတည်းဟု ယထာဘူတမြင်ပေရကား သူတို့ခေါ်ဝေါ်ခြင်းကို ဝန်မခံခြင်း အသမ္ပဋိစ္ဆနလက္ခဏာ ရှိ၏။

ယံ ဘိက္ခဝေ သဒေဝကဿ လောကဿ သမာရကဿ သဗြဟ္မကဿ သဿမဏဗြဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ ဣဒံ သစ္စန္တိ ဥပနိဇ္ဈာယိတံ။ တဒရိယာနံ ဧတံ မုသာတိ ယထာဘူတံ သမ္မပ္ပညာယ သုဒိဋ္ဌံ။ [သုတ္တနိ၊၃၉၆။]

ဘိက္ခဝေ= ရဟန်းတို့။
သဒေဝကဿ= နတ်နှင့်တကွသော။
သမာရကဿ= မာရ်နှင့်တကွသော။
သဗြဟ္မကဿ= ဗြဟ္မာနှင့်တကွသော။
သဿမဏဗြဟ္မဏိယာ= ရဟန်းပုဏ္ဏားနှင့် တကွသော။
ပဇာယ= အပြားအားဖြင့် ဖြစ်သော။
သဒေဝမနုဿာယ= နတ်လူနှင့်တကွသော။
လောကဿ= လူအပေါင်းအား။
ယံ ဣဒံ ဝစနံ= အကြင် ငါ, သူတပါး, ယောက်ျား မိန်းမ, လူ, နတ်, ဗြဟ္မာ သတ္တဝါ အစရှိသဖြင့် ခေါ်ဝေါ် ပညတ် သမုတ်အပ်သောဤစကားသည်။
သစ္စံ= မှန်ပေ၏။
ဣတိ= ဤသို့။
ဥပနိဇ္ဈာယိတံ= မှားသောအားဖြင့် မှတ်ယူစွဲလမ်းလေ့ရှိ၏။

ဘိက္ခဝေ= ရဟန်းတို့။
တံ= ထို လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့ မှားသောအားဖြင့် စွဲလမ်း၍ ခေါ်ဝေါ် ပညတ် သမုတ်အပ်သော စကားကို။
အရိယာနံ= သောတာပန် စသော အရိယာပုဂ္ဂိုလ်တို့အား။
ဧတံ= ဤသူတို့ စကားသည်။
မုသာတိ= အမှားချည်းသာတည်းဟု။
ယထာဘူတံ= ဟုတ်မှန်သော အတိုင်း။ (ဝါ) ရုပ်ချင်းချင်း နာမ်ချင်းချင်း ရုပ်နာမ်ချင်း ဖြစ်သော အတိုင်း။
သမ္မပ္ပညာယ= ကောင်းသော ဝိပဿနာပညာဖြင့်။ (ဝါ) မဖေါက်မပြန်သော ဝိပဿနာပညာ မဂ်ပညာဖြင့်။
သုဒိဋ္ဌံ= ကောင်းမြင်လေ့ ရှိတော်မူ၏။

(အသမ္ပဋိစ္ဆနလက္ခဏာ)။ (လက္ခဏဖို့။)

၇၁- သောတာပတ္တိ မဂ်စိတ်၏ လက္ခဏာကိုပြခြင်း

ဤသို့ သောတာပတ္တိမဂ်ခဏ၌ -
(၁) အာကာရ
(၂) ဘာဝ
(၃) ဒဿန
(၄) သတ္တိ
(၅) လဟုက
(၆) လက္ခဏာ
ဟူသော ဤခြောက်ပါးသော ဂုဏ်ကို ဆောင်ယူတော်မူလျက် နိဗ္ဗာန်ကို မြင်တော်မူရှာ၏။ ထိုနိဗ္ဗာန်ကို အာရုံပြုသော သောတာပတ္တိမဂ်ဉာဏ်၏ အခြားမဲ့၌ ထိုမဂ်ဉာဏ်၏ အကျိုးဖြစ်၍ ဖြစ်ကုန်သော နှစ်ကြိမ်၊ သုံးကြိမ်သော ဖိုလ်စိတ်တို့သည် ဖြစ်ကုန်၏။

ဣမဿ ပန ဉာဏဿ အနန္တရံ တဿေဝ ဝိပါကဘူတာနိ ဒွေ တီဏိ ဝါ ဖလစိတ္တာနိ ဥပ္ပဇ္ဇန္တိ။
ဝိသုဒ္ဓိ၊၂၊၃၁၅

ပန= မဂ်စိတ်မှတပါး ဖိုလ်စိတ်ကို ဆိုဦးအံ့။
ဣမဿဉာဏသ= ဤသောတာပတ္တိမဂ်ဉာဏ်၏။
အနန္တရံ= အခြားမဲ့၌။
တဿေဝ= ထိုမဂ်စိတ်၏သာလျှင်။
ဝိပါကဘူတာနိ= အကျိုးဖြစ်၍ ဖြစ်ကုန်သော။
ဒွေတီဏိ= နှစ်ကြိမ် သုံးကြိမ်ကုန်သော။
ဖလစိတ္တာနိဝါ= ဖိုလ်စိတ်တို့သည်လည်း။
ဥပ္ပဇ္ဇန္တိ= ဖြစ်ကြကုန်၏။

ထိုနှစ်ကြိမ်၊ သုံးကြိမ်သော ဖိုလ်စိတ်တို့၏ ဖြစ်ခြင်းဟူသည် နိမိတ္တပဝတ္တ ဟူသော အာကာရ၌ ပြခဲ့ပြီးသော အခြင်းအရာနှစ်ပါးမှ ထမြောက်ခြင်း ဟူသောနိဗ္ဗာန်ကို မြင်လိုက်သော အာရုံ၏ ငြိမ်းခြင်း ပြီးဆုံးခြင်းသည် ဖိုလ်စိတ်တို့ မည်ကုန်၏။ နိဗ္ဗာန်ကို မြင်လိုက်သော အာရုံ၏ ရိပ်ခနဲငြိမ်း၍ အဆုံးသို့ရောက်သော တရားထူးဟူလို။

ပယောဂပဋိပဿဒ္ဓိ ပညာ ဖလေ ဉာဏံ။
ပဋိသံ၊၆၈

ပယောဂပဋိပဿဒ္ဓိ= သင်္ခါရ၊ ပဝတ္တ နှစ်ပါးမှ ထမြောက်ခြင်း ပယောဂ၏ ငြိမ်းခြင်းကြောင့်။
ပဝတ္တာ= ဖြစ်သော။
ပညာ= ပညာသည်။
ဖလေ ဉာဏံ= ဖိုလ်ဉာဏ် မည်၏။

ပယောဂေါပဋိပဿဒွိပညာဖလေ ဉာဏန္တိ ဧတ္ထ ပယောဂေါတိ ဘုသော ယောဂေါ၊ ဖလသစ္ဆိကိရိယာယ မဂ္ဂဘာဝနာယ ဥဘတော ဝုဋ္ဌာနပယောဂေါ။ တဿ ပယောဂဿ ပဋိပ္ပဿမ္ဘနံနိဋ္ဌာနံ ပယောဂပဋိပဿဒ္ဓိ၊
ပဋိသံ၊ဋ္ဌ၊၁၊၂၇

ပယောဂေါ ပဋိပဿဒ္ဓိ ပညာ ဖလေဉာဏန္တိ ဧတ္ထ= ဟူသောဤပါဌ်၌။
ပယောဂေါတိ= ပယောဂေါ ဟူသည်ကား။
ဘုသော= ပြင်းစွာသော။
ယောဂေါ= လုံ့လတည်း။
ဖလသစ္ဆိကိရိယာယ= ဖိုလ်ကိုမျက်မှောက် ပြုခြင်းငှါဖြစ်။
မဂ္ဂဘာဝနာယ= မဂ္ဂဘာဝနာ၏။
ဥဘတော= နှစ်ပါးစုံသော နိမိတ္တပဝတ္တမှ။
ဝုဋ္ဌာနပယောဂေါ= ထမြောက်သောလုံ့လတည်း။
တဿပယောဂဿ= ထိုလုံ့လ၏။
ပဋိပ္ပဿမ္ဘနံ နိဋ္ဌာနံ= နိဗ္ဗာန်အာရုံ၏ ပြီးဆုံးခြင်းသည်။
ပယောဂ ပဋိပဿဒ္ဓိ= ပယောဂပဋိပဿဒ္ဓိ မည်၏။

ထိုဖိုလ်စိတ်တို့သည်လည်း “မဂ္ဂဖလာနိ နိဗ္ဗာနာရမ္မဏာနိ”ဟု ဋီကာဆရာတို့ မိန့်မှာတော်မူအပ်သည်နှင့် အညီ နိဗ္ဗာန်ကိုသာလျှင် အာရုံပြုကုန်၏။ ဤကား မဇ္ဈိမမန္ဒပညာ ပုဂ္ဂိုတို့ ဝီထိအစဉ်တည်း။

တိက္ခပညာပုဂ္ဂိုလ်တို့မှာမူ --

န ဒ မ ဥ နု ဘူ မဂ် ဖိုလ် ဖိုလ် ဖိုလ် ဘွင် ဘွင် ဘွင်
ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ
ဟူ၍သက်ရာ၏။

မဟာပညဿ ပန ဒွေ အနုလောမာနိ ဟောန္တိ။ တတိယံ ဂေါတြဘူ။ စတုတ္ထံ မဂ္ဂစိတ္တံ။ ဟီဏီ ဖလာနိ။ မဇ္ဈိမပညဿ တီဏိ အနုလောမာနိ၊ စတုတ္ထံ ဂေါတြဘူ။ ပဉ္စမံ မဂ္ဂစိတ္တံ။ ဒွေ ဖလာနိ။ မန္ဒပညဿ စတ္တာရိ အနုလောမာနိ ဟောန္တိ။ ပဉ္စမံ ဂေါတြဘူ။ ဆဋ္ဌံ မဂ္ဂစိတ္တံ။ သတ္တမံ ဖလံ -
အဘိ၊ဋ္ဌ၊၁၊၂၇၅

ဟူသော အရှင်မဟာဗုဒ္ဓဃောသ၏ အဋ္ဌကထာသစ်နှင့်အညီ ပြအပ်သော ဝီထိအစဉ်တို့ပေတည်း။

မဟာပညဿ ပန= မဟာပညာ ပုဂ္ဂိုလ်အားကား။
ဒွေ အနုလောမာနိ= နှစ်ကြိမ်ကုန်သော အနုလုံတို့သည်။
ဟောန္တိ= ဖြစ်ကုန်၏။
တတိယံ= သုံးကြိမ်မြောက်သော။
ဂေါတြဘူ= ဂေါတြဘူသည်။
ဟောတိ= ဖြစ်၏။
စတုတ္ထံ= လေးကြိမ်မြောက်သော။
မဂ္ဂစိတ္တံ= မဂ်စိတ်သည်။
ဟောတိ= ဖြစ်၏။
တီဏိဖလာစိတ္တာနိ= သုံးကြိမ်ကုန်သော ဖိုလ်စိတ်တို့သည်။
ဟောန္တိ= ဖြစ်ကုန်၏။
မဇ္ဈိမပညဿ= ပညာအလတ်ရှိသော ပုဂ္ဂိုလ်အား။
တီဏိ= သုံးကြိမ်ကုန်သော။
အနုလောမာနိ= အနုလုံတို့သည်။
ဟောန္တိ= ဖြစ်ကုန်၏။
စဟုတ္ထံ= လေးကြိမ်မြောက်သော။
ဂေါတြဘူ= ဂေါတြဘူသည်။
ဟောတိ= ဖြစ်၏၊
ပဉ္စမံ= ငါးကြိမ်မြောက်သော။
မဂ္ဂစိတ္တံ= မဂ်စိတ်သည်။
ဟောန္တိ= ဖြစ်ကုန်၏။
ဒွေ ဖလာစိတ္တာနိ= နှစ်ကြိမ်သော ဖိုလ်စိတ်တို့သည်။
ဟောန္တိ= ဖြစ်ကုန်၏။
မန္ဒပညဿ= နုန့်သော ပညာရှိသော ပုဂ္ဂိုလ်အား၊
စတ္တာရိ= လေးကြိမ်ကုန်သော။
အနုလောမာနိ= အနုလုံတို့သည်။
ဟောန္တိ= ဖြစ်ကုန်၏။
ပဉ္စမံ= ငါးကြိမ်မြောက်သော။
ဂေါတြဘူ= ဂေါတြဘူသည်။
ဟောတိ= ဖြစ်၏။
ဆဋ္ဌံ= ခြောက်ကြိမ်မြောက်သော။
မဂ္ဂစိတ္တံ= မဂ်စိတ်သည်။
ဟောတိ= ဖြစ်၏။
သတ္တမံ= ခုနစ်ကြိမ်မြောက်သော။
ဖလံ= ဖိုလ်သည်။
ဟောတိ= ဖြစ်၏။

၇၂- မဂ္ဂပစ္စဝေက္ခဏာ ငါးပါး စသည်ကိုပြခြင်း

ထိုနှစ်ကြိမ်သုံးကြိမ်သာ ဖိုလစိတ်တို့၏ အဆုံး၌ သောတာပတ္တိ ဖလဋ္ဌာန်ပုဂ္ဂိုလ်၏ စိတ်သည် ဘဝင်သို့ သက်ရှာ၏၊ ၎င်းဘဝင်အစဉ်ကိုဖြတ်၍ သောတာပန်သည် ငါသည် ဤအာရမ္မဏိကဖြစ်သော မဂ်စိတ်ဖြင့် နိဗ္ဗာန်ကို မြင်လျက်လာ၏တကားဟု မဂ်ကို မနောဒွါရဝီထိဖြင့် ဆင်ခြင်၏။

သော ဟိ ဣမိနာ ဝတာဟံ မဂ္ဂေန အာဂတောတိ မဂ္ဂံ ပစ္စဝေက္ခတိ။
ဝိသုဒ္ဓိ၊၂၊၃၁၆

ဟိ= ထင်စေဦးအံ့။
သော ပုဂ္ဂလော= ထိုသောတာပတ္တိ ဖလဋ္ဌာန် ပုဂ္ဂိုလ်သည်။
အဟံ= ငါသည်။
ဣမိနာ မဂ္ဂေန= ဤအာရမ္မဏိကဖြစ်သော မဂ်စိတ်ဖြင့်။
အာဂတော ဝတ= အာရုံပြုသော နိဗ္ဗာန်ကို မြင်လျက်လာ၏တကား။
ဣတိ= ဤသို့။
မဂ္ဂံ= နိဗ္ဗာန်ကို မြင်တတ်သော အာရမ္မဏိက ဖြစ်သော မိမိမဂ်စိတ်ကို။
ပစ္စဝေက္ခတိ= ဆင်ခြင်၏။

န ဒ မ ဇ ဇ ဇ ဇ ဇ ဇ ဇ ဘွင် ဘွင်
ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ
ဤကား သောတာပတ္တိ ဖလဋ္ဌာန်ပုဂ္ဂိုလ်သည် နိဗ္ဗာန်ကိုမြင်တတ်သော အာရမ္မဏိက ဖြစ်သော မိမိမဂ်စိတ်ကို ဆင်ခြင်သော မဂ္ဂပစ္စဝေက္ခဏာဝီထိ ပုံတည်း။

မဂ်ကိုဆင်ခြင်ပြီးသောနောင်မှ ၎င်းသောတာပတ္တိ ဖလဋ္ဌာန်ပုဂ္ဂိုလ်သည် နိဗ္ဗာန်ကို မြင်လိုက်သော အာရုံ၏အဆုံး၌ ကိုယ်စိတ်တို့သည် လွန်စွာငြိမ်းချမ်း၏။ ထိုအခါ ငါသည် ဤနိဗ္ဗာန်အာရုံကို မြင်ပြီးဆဲဆဲ၌ ငြိမ်းချမ်းသော ဤအကျိုးကို ရအပ်ပေ၏ဟု အကျိုးကို မနောဒွါရဖြင့် ဆင်ခြင်၏။

တတော အယံ မေ အာနိသံသော လဒ္ဓေါတိ ဖလံ ပစ္စဝေက္ခတိ။
ဝိသုဒ္ဓိ၊၂၊၃၁၆

တတော= ထိုမဂ်ကို ဆင်ခြင်ပြီးသော နောက်မှ။
မေ မယာ= ငါသည်။
အယံ အာနိသံသော= နိဗ္ဗာန်ကိုမြင်သော အဆုံး၌ ကိုယ်စိတ်တို့၏ ငြိမ်းချမ်းသော ဤအကျိုးကို။
လဒ္ဓေါ= ရအပ်၏။
ဣတိ= ဤသို့။
ဖလံ= ဖိုလ်ကို။
ပစ္စဝေက္ခတိ= ဆင်ခြင်၏။

န ဒ မ ဇ ဇ ဇ ဇ ဇ ဇ ဇ ဘွင်
ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ
ဤကား သောတာပတ္တိ ဖလဋ္ဌာန်ပုဂ္ဂိုလ်သည် နိဗ္ဗာန်ကိုမြင်တတ်သော အာရမ္မဏိက ဖြစ်သော မိမိဖိုလ်စိတ်ကို ဆင်ခြင်သော ဖလပစ္စဝေက္ခဏာ ဝီထိပုံတည်း။

(၁) ပယ်ပြီးသော ကိလေသာ၊ (၂) ပယ်ကြွင်းကိလေသာ တို့ကို ဆင်ခြင်ရာ၌ သေက္ခပုဂ္ဂိုလ်တို့အား ဆင်ခြင်မိသောသူလည်း ရှိ၏။ မဆင်ခြင်မိသောသူလည်း ရှိ၏။

ဆင်ခြင်မိသောသူတို့မှာ ငါသည် ဤအမည်ရှိသော ကိလေသာတို့ကို ပယ်အပ်ပြီး၊ ဤမျှလောက် ကြွင်းကျန်သေးသည်ဟု ဆင်ခြင်၏။ ဝီထိပုံစံမှာ နောက်က ပစ္စဝေက္ခဏာ မနောဒွါရဝီထိ အတိုင်း ဖြစ်၏။

မဆင်ခြင်မိသော သူမှာ မဆင်ခြင်မူ၍ နိဗ္ဗာန်ကိုသာ ဆင်ခြင်၏။ ထိုကြောင့် သကဒါဂါမ်တည်ပြီး၍ အနာဂါမ်ဟု ဆိုလောက်သော မဟာနာမ် မင်းသားသည် မိမိ၌ မပယ်အပ်သေးသော ကိလေသာကို မေးလိုရကား -

ကောသု နာမ မေ ဓမ္မော အဇ္ဈတ္တံ အပ္ပဟီနော၊ ယေန မေ ဧကဒါလောဘဓမ္မာပိ စိတ္တံ ပရိယာဒါယတိဋ္ဌန္တီတိ ပုစ္ဆိ -
မ၊၁၊၁၂၆
အစရှိသဖြင့် ရှင်တော်ဘုရားအား မေးလျှောက်တော်မူ၏။

ဘန္တေ= ရွှေဘုန်းတော်သခင် အရှင်ဘုရား။
ယေန= အကြင် မပယ်အပ်သေးသော ကိလေသာဖြင့်။
မေ= အကျွန်ုပ်၏။
စိတ္တံ= ဝိပသနာစိတ်ကို။
ဧကဒါ= တစ်ရံတစ်ခါ။
လောဘဓမ္မာပိ= လောဘဖြစ်သော တရားတို့သည်လည်း။
ပရိယာဒါယ= ကုန်စေ၍။
တိဋ္ဌန္တိ= တည်လာကုန်၏။
မေ= အကျွန်ုပ်၏။
အဇ္ဈတ္တံ= အတွင်းသန္တာန်၌။
အပ္ပဟီနာ= မပယ်အပ်သေးသော။
သော ဓမ္မာ= ထိုကိလေသာ တရားသည်။
ကောသု နာမ= အဘယ်မည်သော ကိလေသာ တရားမည်သနည်း။
ဣတိ= ဤသို့။
ပုစ္ဆိ= မေးလျှောက်၏။

ထို ပယ်ကြွင်း ကိလေသာကို ဆင်ခြင်ပြီးသော နောင်မှ အာရမ္မဏိက ဖြစ်သော မဂ်ဖိုလ်တို့ဖြင့် ပစ္စက္ခဒိဋ္ဌထင်ထင် သိမြင်လိုက်ရသော နိဗ္ဗာ၏ အာရုံတော်ကြီးကို “ဩော် - ငါသည် မမြင်ဖူးဘဲ ထူးကဲမွန်မြတ်သော အာရုံဖြစ်၍ ဖြစ်သောနိဗ္ဗာန်ကို အာရုံ ပြုသောအားဖြင့် ထိုးထွင်း၍ မြင်လိုက်ရပေပြီ၊ သိလိုက်ရပေပြီ”ဟု မိမိမြင်လိုက်သော နိဗ္ဗာန်ကို ဆင်ခြင်၏။

အဝသာနေ စ အယံ မေ ဓမ္မော အာရမ္မဏတော ပဋိဝိဒ္ဓေါတိ အမတံ နိဗ္ဗာနံ ပစ္စဝေက္ခတိ။
ဝိသုဒ္ဓိ၊၂၊၃၁၆

အဝသာနေစ= အဆုံး၌လည်း။
အယံ ဓမ္မာ= ဤနိဗ္ဗာန်အာရုံတရားတော်ကြီးကို။
မေ မယာ= ငါသည်။
အာရမ္မက္ခတော= ပစ္စက္ခအာရုံ ပြုသောအားဖြင့်။
ပဋိဝိဒ္ဓေါ= ထိုးထွင်း၍သိအပ်ပြီ။
ဣတိ= ဤသို့။
အမတံ= သေခြင်းကင်းသော။
နိဗ္ဗာနံ= နိဗ္ဗာန်ကို။
ပစ္စဝေက္ခတိ= ဆင်ခြင်၏။

န ဒ မ ဇ ဇ ဇ ဇ ဇ ဇ ဇ ဘွင် ဘွင်
ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ
ဤကား သောတာပတ္တိ ဖလဋ္ဌာန်ပုဂ္ဂိုလ်သည် မြင်အပ်သော အာရုံ ဖြစ်သော နိဗ္ဗာန်ကို ဆင်ခြင်သော နိဗ္ဗာနပစ္စဝေက္ခဏာ ဝီထိပုံတည်း။

ဤကား ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၊ ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ ဆရာကြီးတို့ နည်းတည်း။

ဆရာကြီးတို့ကား နိဗ္ဗာနပစ္စဝေက္ခဏာကို တတိယထား၍ ပြတော်မူကြကုန်၏။ ထိုသို့ ပြတော်မူကြသော်လည်း ၎င်းမဂ်သို့ရောက်သော ယောဂီအား စိတ္တက္ခဏ အလွန်လျင်မြန်လှ၍ တပြိုင်နက်တည်းကဲ့သို့သာ ထင်လိုက်ရသည်။ အကြောင်းမှာ -
(၁) နိဗ္ဗာန်ကိုမြင်၍၊
(၂) ငြိမ်း၍၊
(၃) မြင်သောစိတ်ကိုဆင်ခြင်၊
(၄) ငြိမ်းသောစိတ်ကို ဆင်ခြင်၊
(၅) မြင်လိုက်သောအာရုံကို ဆင်ခြင်
ဤသို့ ဆင်ခြင်လိုက်သည်သာ ဓမ္မတာ များသောအားဖြင့် ဖြစ်စဉ်ပေတည်း။ ထိုသို့ သောတာပတ္တိမဂ်သို့ ရောက်ပြီးသော ပုဂ္ဂိုလ်သည် အထက်မဂ်သို့ ရောက်ခြင်း အကျိုးငှာ ဥဒယ-ဝယ အစရှိသော ဝိပဿနာဉာဏ်ကိုလည်း အားထုတ်အပ်၏။ (၎င်းသည် ထင်ဦးလတ္တံ့။) သို့မဟုတ် ကိလေသာတို့ကို ဖျက်ဆီး၍ ဒိဋ္ဌဓမ္မ သုခ ဝိဟာရ အကျိုးငှာ ဖလသမာပတ်ကိုလည်း ဝင်စား၍ နေကြကုန်၏။

၇၃ - ဖလသမာပတ်ကို ပြခြင်း

ထိုဖလသမာပတ်သည်လည်း -

(၁) နိရောဓဖလသမာပတ်၊
(၂) သမာပဇ္ဇနဖလသမာပတ်

အားဖြင့် နှစ်ပါးအပြားရှိ၏။

ထိုထွင် နိရောဓ ဖလသမာပတ် ကိုကား ဈာန်ရသော အနာဂါမ်ရဟန္တာတို့မှသာ ဝင်စားနိုင်ကုန်၏။ ဤသမာပဇ္ဇန ဖလသမာပတ် ကိုကား အလုံးစုံသော ဈာန်ရသော ပုထုဇဉ် ဈာန်မရသော ပုထုဇဉ် တို့သည် မဝင်စားနိုင်ကုန်။

အရိယာတို့မှာကား -

ဝိပဿနာ နိယမေန ဟိ သုက္ခဝိပဿကဿ ဥပ္ပန္နမဂ္ဂေါပိ သမာပတ္တိ လာဘိနော

(ဝိသုဒ္ဓိ၊၂၊၃၀၅။) ဟု အဋ္ဌကထာဆရာ မိန့်မှာတော်မူသည်နှင့်အညီ ဈာန်မရသော အရိယာသည်လည်း ဈာန်ရ မည်ပေရကား ဈာန်ရသည်ဖြစ်စေ, ဈာန်မရသည်ဖြစ်စေ အလုံးစုံသော အရိယာတို့သည် ဝင်စားနိုင်ကုန်၏။

ကေန သမာပဇ္ဇန္တီတိ သဗ္ဗေပိ ပုထုဇ္ဇနာ န သမာပဇ္ဇန္တိ။ ကသ္မာ၊ အနဓိဂတတ္တာ။ အရိယာ ပန သဗ္ဗေပိ သမာပဇ္ဇန္တိ။

ဝိသုဒ္ဓိ၊၂၊၃၄၁

သဗ္ဗေပိ ပုထုဇ္ဇနာတိ ဈာနသမာပတ္တိလာဘိနောပိ ပုထုဇ္ဇနာ န သမာပဇ္ဇန္တိ။

ဝိသုဒ္ဓိ၊ဋီ၊၂၊၅၁၅

ကေန သမာပဇ္ဇန္တီတိ၊ ဟူသည်ကား။
သဗ္ဗေပိ၊ အလုံးစုံကုန်သော။
ပုထုဇ္ဇနာပိ၊ ဈာန်ရ မရကုန်သော ပုထုဇဉ်တို့သည်လည်း။
န သမာပဇ္ဇန္တိ၊ မဝင်စားနိုင်ကုန်။
ကသ္မာ၊ အဘယ့်ကြောင့်နည်း ဟူမူကား။
အနဓိဂတတ္တာ၊ မဂ်ဉာဏ်ကို မရသေးသည်၏ အဖြစ်ကြောင့်လည်း။
သဗ္ဗေပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။
အရိမာ ပန၊ အရိယာပုဂ္ဂိုလ်တို့သည်ကား။
သမာပဇ္ဇန္တိ၊ ဝင်စားနိုင်ကုန်၏။

သဗ္ဗေပိ ပုထုဇ္ဇနာတိ၊ ဟူသည်ကား။
ဈာနသမာပတ္တိ လာဘိနောပိ၊ ဈာန်ရသော ပုထုဇဉ်တို့သည် လည်းကောင်း။
ပုထုဇ္ဇနာပိ၊ ဈာန်မရသော ပုထုဇဉ်တို့သည် လည်းကောင်း။
န သမာပဇ္ဇန္တိ၊ မဝင်စားနိုင်ကုန်။

ထိုသို့ အရိယာတို့သည် ဝင်စားနိုင်ကုန်သော်လည်း မိမိ မိမိတို့ရပြီးကာမတ္တ ဖြစ်သော ဖိုလ်တို့ကိုသာလျှင် ဝင်စားနိုင်ကုန်၏။ အောက် အထက် ဖြစ်သော ဖိုလ်တို့ကို မဝင်စားနိုင်ကုန်။

ထိုမိမိတို့၏ ဖိုလ်ကို ဝင်စားလိုလတ်သော် ဖလဋ္ဌာန်ပုဂ္ဂိုလ်သည် ဆိတ်ငြိမ်ရာ အရပ်သို့ ချဉ်းကပ်၍ ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ ဖြစ်ခြင်း ပျက်ခြင်းဟု ဆိုအပ်သော ဥဒယ ဝယဉာဏ် စသည်တို့၏ အစွမ်းအားဖြင့် အနိစ္စ အနိစ္စ စသည်အားဖြင့် သမ္မသနဓာတ် နိဗ္ဗိဒါဓာတ် ပက္ခန္ဒနဓာတ် တို့ကို လွန်အောင် ရှုအပ်၏။

ထိုသို့ ရှုသောအခါ အစဉ်အတိုင်း ဂေါတြဘူ၏ အခြားမဲ့၌ သောတာပန်အား သောတာပတ္တိဖိုလ်၏ အစွမ်းအားဖြင့် ဩက္ကမဓာတ်ဟု ဆိုအပ်သော နိဗ္ဗာန်အာရုံ၌ မိမိ၏ စိတ်သည် မဂ်၌ကဲ့သို့ ဖြစ်ပြန်၏။

ဖိုလ်ကို ညွှတ်ခြင်းကြောင့်ကား ဂေါတြဘူ၏ အခြားမဲ့၌ အာရမ္မဏိကဖြစ်သော ဖိုလ်စိတ်သည် အာရုံဖြစ်သော နိဗ္ဗာန်၌ မျက်မှောက်ပြု၍ ဖြစ်၏။ မဂ်စိတ်သည် မဖြစ်လာ။

ဖလသမာပတ္တတ္ထိကေန ဟိ အရိယသာဝကေန ရဟောဂတေန ပဋိသလ္လီနေန ဥဒယဗ္ဗယာဒိဝသေန သင်္ခါရာ ပဿိတဗ္ဗာ၊ တဿ ပဝတ္တာနုပုဗ္ဗဝိပဿနဿ သင်္ခါရာ ရမ္မဏ ဂေါတြဘု ဉာဏာနန္တရာ ဖလသမာပတ္တိဝသေန နိရောဓေ စိတ္တံ အပ္ပေတိ၊ ဖလသမာပတ္တိနိန္နတာယ ဧတ္ထ သေက္ခဿာပိ ဖလမေဝ ဥပ္ပဇ္ဇတိ၊ န မဂ္ဂေါ။

ဝိသုဒ္ဓိ၊၂၊၃၄၂

ဟိ၊ ချဲ့အံ့။
ဖလသမာပတ္တတ္ထိကေန၊ ဖလသမာပတ်ကို ဝင်စေခြင်းဖြင့် အလိုရှိသော။
အရိယသာဝကေန၊ အရိယသာဝကသည်။
ရဟောဂတေန၊ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်လျက်။
ပဋိသလ္လီနေန၊ အထူးထူးသော အာရုံမှ ဖဲခွာ၍ တစ်ယောက်တည်းသာ ကိန်းအောင်းလျက်။
ဥဒယဗ္ဗယာဒိဝသေန၊ ဥဒယဗ္ဗယဉာဏ် ဘင်္ဂဉာဏ် ဘယတုပဋ္ဌာနဉာဏ် အစရှိသော ကိုးပါးသော ဉာဏ်တို့၏ အစွမ်းဖြင့်။
သင်္ခါရာ၊ သင်္ခါရတို့ကို။
ပဿိတဗ္ဗာ၊ ရှုအပ်ကုန်၏။
ပဝတ္တာနုပုဗ္ဗဝိပဿနဿ၊ ဖြစ်သော ဥဒယဗ္ဗယ ဘင်္ဂ စသော အစဉ်အတိုင်းသော ဝိပဿနာရှိသော။
တဿ အရိယသာဝကဿ၊ ထို အရိယသာဝက၏။
သင်္ခါရာရမ္မဏ ဂေါတြဘု ဉာဏာနန္တရာ၊ သင်္ခါရလျှင် အာရုံရှိသော ဝေါဒါန်ဟု ရအပ်သော အမည်ရှိသော ဂေါတြဘူဉာဏ်၏ အခြားမဲ့၌။
ဖလသမာပတ္တိဝသေန၊ ဖလသမာပတ်၏ အစွမ်းဖြင့်။
နိရောဓေ၊ နိဗ္ဗာန်တည်းဟူသော အာရုံ၌။
စိတ္တံ၊ စိတ်သည်။
အပ္ပေတိ၊ အပ္ပနာဈာန်၏ အစွမ်းဖြင့်ဖြစ်၏။

၊ ဆက်၍ ဆိုဦးအံ့။
ဧတ္ထ၊ ဤအနုပုဗ္ဗဝိပဿနာ၏ အစွမ်းဖြင့် ဖလသမာပတ်ကို ဝင်စားရာ၌။
ဖလသမာပတ္တိနိန္နတာယ၊ ဖလသမာပတ်သို့ ညွတ်သည်၏ အဖြစ်ကြောင့်။
သေက္ခဿာပိ၊ သေက္ခအားလည်း။
ဖလမေဝ၊ ဖိုလ်သည်သာလျှင်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
မဂ္ဂေါ၊ မဂ်သည်။
န ဥပ္ပဇ္ဇတိ၊ မဖြစ်။

ဤသို့ ဖလသမာပတ်ကို ဝင်စားသောအခါ သင်္ခါရလျှင် အာရုံရှိသော မနောဒွါရဝီထိ တို့သည် ရှေးဦးစွာ အကြိမ်များစွာ ကျ၍ဖြစ်၏။ ထိုထို မနောဒွါရဝီထိတို့ နောင်မှသာလျှင် -








ဖိုလ်
ဖိုလ်
များစွာကျ၍
ဘွင်
ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ

ဤဖလသမာပတ္တိဝီထိဖြင့် အကြိမ်များစွာသက်၍ ကျ၏၊ မန္ဒပုဂ္ဂိုလ် ဝီထိတည်း။

တိက္ခ ပုဂ္ဂိုလ်မှာ အနုလုံ သုံးကြိမ်သာ ချ၊ ထိုသို့ဝင်စားသော အခါ၌လည်း (၁) ဌာနအား၊ (၂) ဝုဋ္ဌာနအား တို့ကို အလွန် နိုင်ခြင်း၊ အလွန် လိမ္မာခြင်းရှိမှသာလျှင် ဝင်စားရာ၏၊

ထိုတွင် အကြင်ယောဂီသည် ဥဒယ ဝယ အစရှိသော ဝိပဿနာဉာဏ် ကိုးပါးဖြင့်သာလျှင် သုံးသပ် နိုင်သေး၏။ နိဗ္ဗာန်အာရုံသို့ ရောက်အောင် မဆောင်နိုင်သေး။

ထိုပုဂ္ဂိုလ်သည် ဖလသမာပတ်ကို ညွတ်ရုံမျှသာ ရှိသေး၍ ဌာနအားဖြင့် မပြည့်စုံ သေး။

စတဿန္နံ ဖလသမာပတ္တီနံ ဂေါတြဘူ သင်္ခါရာရမ္မဏံ၊ ဖလသမာပတ္တိ နိန္နတ္တာတိ ဝဒန္တိ။

(ပဋိသံ၊ဋ္ဌ၊၁၊၂၅၄။)

စတဿန္နံ၊ လေးပါးကုန်သော။
ဖလသမာပတ္တီနံ၊ ဖလသမာပတ်တို့၏။
ဂေါတြဘူ၊ ဂေါတြဘူသည်။
သင်္ခါရာရမ္မဏံ၊ သင်္ခါရတရားလျှင် အာရုံရှိသည်။
ဟောတိ၊ ဖြစ်၏။
ကသ္မာ၊ အဘယ့်ကြောင့်နည်းဟူမူကား။
ဖလသမာပတ္တိနိန္နတ္တာ၊ ဖလသမာပတ်သို့ ညွတ်သည်၏အဖြစ်ကြောင့်တည်း။
ဣတိ၊ ဤသို့။
ဝဒန္တိ၊ ဆိုကုန်၏။

အကြင်ယာဂီသည် ထိုဝိပဿနာဉာဏ်တို့၏ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်ဟု ဆိုအပ်သော နိမိတ္တာရုံတို့ကို လွန်၍ အနိမိတ္တ ဖြစ်သော နိဗ္ဗာန်အာရုံ၌သာလျှင် အကြင်ရွေ့လောက် တည်စေသတည်း ဟု အဓိဋ္ဌာန်၍ မိမိ ဝိပဿနာအာရုံကို ဩက္ကမဓာတ်သို့ သက်အောင် ငြိမ်စေလျက်၊ အထူးသဖြင့် ငြိမ်စေလျက်၊ အထူးသဖြင့် အလွန်ငြိမ်စေလျက် လွှတ်၏။

ထိုယောဂီသည် ထိုပိုင်းခြားသော ကာလပတ်လုံး နိဗ္ဗာန်အာရုံ၌ “သန္တမေတံ ပဏီတမေတံ နိဗ္ဗာနမေတံ” စသည်ဖြင့် မိမိစိတ်ကို တစ်နေ့လုံးသော်လည်း တည်ခြင်းငှာ ခံ့၏။ ထိုယောဂီသည် -

(၁) နိုမိတ္တမနသိကာရ၊
(၂) အနိမိတ္တအမနသိကာရ၊
(၃) အဘိသင်္ခါရ၊

ဟု ဆိုအပ်သာ ဌာန အင်္ဂါသုံးပါးနှင့် ပြည့်စုံပေ၍ ဖလသမာပတ်ကို ဝင်စားနိုင်သော သူ မည်ပေ၏။

ဧတံ သန္တံ ဧတံ ပဏီတန္တိ သန္တံ သန္တန္တိ အပ္ပေတွာ နိသိန္နဿ ဒိဝသမ္ပိ စိတ္တုပ္ပါဒေါ သန္တံ သန္တန္တွေဝ ပဝတ္တတိ၊ ပဏီတံ ပဏီတန္တိ အပ္ပေတွာ နိသိန္နဿ ဒိဝသမ္ပိ စိတ္တုပ္ပါဒေါ ပဏီတံ ပဏီတန္တွေဝ ပဝတ္တတိ။ ယဒိဒံ သဗ္ဗ သင်္ခါရသမထောတိ နိဗ္ဗာနံ နိဗ္ဗာနန္တိ အပ္ပေတွာ နိသိန္နဿ ဒိဝသမ္ပိ စိတ္တုပ္ပါဒေါ နိဗ္ဗာနံ နိဗ္ဗာနန္တွေဝ ပဝတ္တတီတိ သဗ္ဗမ္ပေတံ ဖလသမာပတ္တိ သမာဓိံ သန္ဓာယ ဝုတ္တံ။

အံ၊ဋ္ဌ၊၃၊၂၈၈

ဧတံ သန္တံ ဧတံ ပဏီတန္တိ၊ ဟူသည်ကား။
သန္တံ သန္တန္တိ၊ ရာဂ စသည်မှ ငြိမ်သက်ပေ ငြိမ်သက်ပေ၏ဟု။
အပ္ပေတွာ၊ နိဗ္ဗာန်၌ အာရုံကိုဖြစ်စေ၍။
နိသိန္နဿ၊ နေသော ဖလဋ္ဌာန်ပုဂ္ဂိုလ်အား။
ဒိဝသမ္ပိ၊ တစ်နေ့ပတ်လုံးလည်း။
စိတ္တုပ္ပါဒေါ၊ ဖိုလ်စိတ်၏ဖြစ်ခြင်းသည်။
သန္တံ သန္တန္တွေဝ၊ သန္တံ သန္တံ ဟူ၍သာလျှင်။
ပဝတ္တတိ၊ ဖြစ်၏။
ပဏီတံ ပဏီတန္တိ၊ မြတ်ပေ၏ မြတ်ပေ၏ဟု။
အပ္ပေတွာ၊ ဖြစ်စေ၍။
နိသိန္နဿ၊ နေသော ဖလဋ္ဌာန်ပုဂ္ဂိုလ်အား။
ဒိဝသမ္ပိ၊ တစ်နေ့ပတ်လုံးလည်း။
စိတ္တုပ္ပါဒေါ၊ ဖိုလ်စိတ်၏ ဖြစ်ခြင်းသည်။
ပဏီတံ ပဏီတန္တွေဝ၊ ပဏီတံ ပဏီတံဟူ၍သာလျှင်။
ပဝတ္တတိ၊ ဖြစ်၏။
ယဒိဒံ သဗ္ဗ သင်္ခါရ သမထောတိ၊ ဟူသည်ကား။
နိဗ္ဗာနံ နိဗ္ဗာနန္တိ၊ ရာဂစသည်တို့မှ ငြိမ်းပေ၏ ငြိမ်းပေ၏ဟု။
အပ္ပေတွာ၊ နိဗ္ဗာန်၌ အာရုံကိုဖြစ်စေ၍။
နိသိန္နဿ၊ နေသော ဖလဋ္ဌာန် ပုဂ္ဂိုလ်အား။
ဒိဝသမ္ပိ၊ တစ်နေ့ပတ်လုံးလည်း။
စိတ္တုပ္ပါဒေါ၊ ဖိုလ်စိတ်၏ ဖြစ်ခြင်းသည်။
နိဗ္ဗာနံ နိဗ္ဗာနန္တွေဝ၊ နိဗ္ဗာနံ နိဗ္ဗာနံ ဟူ၍သာလျှင်။
ပဝတ္တတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
သဗ္ဗမ္ပိ၊ အလုံးစုံလည်း ဖြစ်သော။
ဧတံ ဝစနံ၊ ဤစကားကို။
ဖလသမာပတ္တိ သမာဓိံ၊ ဖလသမာပတ္တိ သမာဓိကို။
သန္ဓာယ၊ ရည်၍။
ဝုတ္တံ၊ ရှင်တော်ဘုရား ဟောအပ်၏။

အကြင်ယောဂီသည် ဆိုခဲ့ပြီးသော ဌာနအင်္ဂါ သုံးပါးကို ပြည်စုံစေပြီး၍ ဖလသမာပတ်မှ အကြင်အခါ ထ၏။ ထိုအခါ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်ဟု ဆိုအပ်သော ငါးပါးသော သင်္ခါရနိမိတ္တအာရုံတို့တွင် -

(၁) တစ်ပါးပါးကို အာရုံပြုခြင်းဟု ဆိုအပ်သော နိမိတ္တမနသိကာရ၊

(၂) နိဗ္ဗာန်အာရုံကို အာရုံပြုခြင်းဟု ဆိုအပ်သော အနိမိတ္တအမနသိကာရ

၎င်းအင်္ဂါနှစ်ပါးသို့ သက်ခဲ့လျှင် သမာပတ်မှ ထရခြင်းဟူသော ဝုဋ္ဌာနဖြစ်ပေ၏။ ဤသို့ သမာပတ်ကို ပြန်၍ဝင်စားနိုင်အောင် နေ့ရက် များစွာ ပြန်လှန်၍ သုံးသပ်ကြရမည်။ သို့မှ မိမိမဂ်၌ စိတ်ချရမည်။ ယုံကြည်ရမည် သူတော်ကောင်းတို့။

ဧဝံ ပစ္စဝေက္ခိတွာ ပန သော သောတာပန္နော အရိယသာဝကော တသ္မိညေဝ ဝါ အာသနေ နိသိန္နော အပရေန ဝါ သမယေန ကာမရာဂဗျာပါဒါနံ တနုဘာဝါယ ဒုတိယာ ဘူမိယာ ပတ္တိယာ ယောဂံ ကရောတိ

(ဝိသုဒ္ဓိ၊၂၊၃၁၆) ဟု အဋ္ဌကထာဆရာ မိန့်တော်မူအပ်သည်နှင့်အညီ ဤသို့ ပစ္စဝေက္ခာတို့ကို ဆင်ခြင်ပြီး၍ ထိုသောတာပန်သည် ထိုတစ်ထိုင်တည်း နေရာ၌ လည်းကောင်း၊ သို့မဟုတ် ဖလသမာပတ်တို့ကို အကြိမ်ကြိမ် နေ့ရက်များစွာ ဝင်စားပြီးသောအခါ၌ လည်းကောင်း၊ ကာမရာဂ, ဗျာပါဒတို့ကို ခေါင်းပါးစေခြင်း သကဒါဂါမိ မဂ်သို့ ရောက်ခြင်းငှါ တစ်ဖန် ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လကို ပြုအပ်၏။


၇၄ - အထက်မဂ်ကိုကူးရန်
ဝိပဿနာ အားထုတ်ခြင်း

ထိုသောတာပန်အား ကာမရာဂ - ဗျာပါဒတို့ကို ခေါင်းပါးစေခြင်း သကဒါဂါမိမဂ်သို့ ရောက်ခြင်းအကျိုးငှါ အဘယ်သို့ အားထုတ်အပ်သနည်း။

ထိုသောတာပန်သည် ဣန္ဒြေ - ဗိုလ် - ဗောဇ္ဈင်တို့ကို တပေါင်းတည်းပြု၍ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်တို့၏ ဖြစ်ခြင်း ပျက်ခြင်းကိုသာလျှင် အနိစ္စ ဒုက္ခ အနတ္တ ဟူသော လက္ခဏာရေး သုံးပါးတို့ဖြင့် ဥဒယဗ္ဗယဉာဏ် စသည်ကို ဖြစ်စေခြင်း၌ ဆိုပြီးသော နည်းဖြင့်သာလျှင် သင်္ခါရုပေက္ခာဉာဏ် တိုင်အောင် (ဝါ) ထိုထက်အလွန်တိုင်အောင် သုံးသပ်အပ်၏။

ထိုကြောင့် -

တဿေဝံ ပဋိပန္နဿ ဝုတ္တနယေနေဝ သင်္ခါရုပေက္ခာ ဝသာနေ

ဟူသော ဝိသုဒ္ဓိမဂ်။ ဝိသုဒ္ဓိ၊၂၊၃၁၆

ဝုတ္တနယနေဝါတိ ဥဒယဗ္ဗယဉာဏဒီနံ ဥပ္ပါဒနေ ဝုတ္တနယေန

ဟူသော ၎င်းဋီကာဆရာတို့ မိန့်မှာတော်မူကုန်၏။ ဝိသုဒ္ဓိ၊ဋီ၊၂၊၄၇

ဧဝံ၊ ဤသို့ ဆိုပြီးသောအတိုင်း။
ပဋိပန္နဿ၊ ကျင့်သော။
တဿ၊ ထိုသောတာပန်အား။
ဝုတ္တနယေနေဝ၊ ဥဒယဗ္ဗယဉာဏ် စသည်တို့ကို ဖြစ်စေခြင်း၌ ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင်။
သင်္ခါရုပေက္ခာဝသာနေ၊ သင်္ခါရုပေက္ခဉာဏ်၏ အဆုံး၌။
(အဋ္ဌကထာ အနက်။)

ဝုတ္တနယေနေဝါတိ၊ ဟူသည်ကား။
ဥဒယဗ္ဗယဉာဏာဒီနံ၊ ဥဒယဗ္ဗယဉာဏ် စသည်တို့ကို။
ဥပ္ပါဒနေ၊ ဖြစ်စေခြင်း၌။
ဝုတ္တနယေန၊ ဆိုအပ်ပြီးသော နည်းဖြင့်သာလျှင်။
(၎င်းဋီကာအနက်။)

ဤသို့သော ပါဌ်တို့နှင့်အညီ သောတာပတ္တိမဂ်၌ အာလယကိုဖြတ်၍ ဥဒယဝယ ဉာဏ်စသည်တို့ကို အသစ်တည်ထောင်၍ သင်္ခါရုပေက္ခာဉာဏ်၏ အခြားမဲ့၌ သကဒါဂါမိမဂ်သို့ အကြင်အခါ ရောက်အောင် စီးဖြန်းရာ၏။ ထိုအခါ -

(၁) အဓိစ္စုပ္ပတ္တိအစွမ်း၊ (၂) ပရိယုဋ္ဌာနမန္ဒအစွမ်း ဤသို့ အစွမ်းနှစ်ပါးကို ဆောင်၍ တည်ရှာ၏။ လောကဓံတရားကို မတွေ့သည် ရှိသော် အနာဂါမ်ကဲ့သို့ နေရှာ၏။ တွေ့သည် ရှိသော်ကား အနည်းငယ်မျှသာ တုန်လှုပ်ရှာ၏။ ဖြစ်၏ဟု ဆိုရုံမျှသာ ရှိတော့၏။

တတ္ထ ဒွီဟိ ကာရဏေဟိ တနုဘာဝေါ အဓိစ္စုပ္ပတ္တိယာ ပရိယုဋ္ဌာန မန္ဒတာယ စ၊ သကဒါဂါမိဿဟိ ဝဋ္ဋာနုသာရီ မဟာဇနဿ ဝိယ ကိလေသာ အဘိဏှံ န ဥပ္ပဇ္ဇန္တိ၊ ကဒါစိ ကဒါစိ ဝိရဠာကာရာ ဟုတွာ ဥပ္ပဇ္ဇန္တိ၊ တထာ ဥပ္ပဇ္ဇန္တာပိ မဒ္ဒန္တာ ဆာဒေန္တာ အန္ဓကာရံ ကရောန္တော န ဥပ္ပဇ္ဇန္တိ၊ ဒွီဟိ ပန မဂ္ဂေဟိ ပဟီနတ္တာ မန္ဒမန္ဒာ တနုကာရာ ဟုတွာ ဥပ္ပဇ္ဇန္တိ။

အဘိ၊ဋ္ဌ၊၁၊၂၈၁

တတ္ထ ဝစနေ၊ ထိုတနုဘာဝါ ဟူသောပါဌ်၌။
အဓိစ္စုပ္ပတ္တိယာ၊ ရံခါ ကြိုးကြားဖြစ်သဖြင့် လည်းကောင်း။
ပရိယုဋ္ဌာနမန္ဒတာယ စ၊ ထိုးကျင့်ခြင်း နုံ့ညံ့သည်၏ အဖြစ်ဖြင့် လည်းကောင်း။
ဣတိ၊ ဤသို့။ (ထည့်။)
ဒွီဟိ၊ နှစ်ပါးကုန်သော။
ကာရဏေဟိ၊ အကြောင်းတို့ဖြင့်။
ကာမရာဂ ဗျာပါဒါနံ၊ ကာမရာဂ ဗျာပါဒတို့၏။
တနုဘာဝေါ၊ ခေါင်းပါးသည်၏ အဖြစ်ကို။
(ဝါ) ကျဲပါးသည်၏ အဖြစ်ကို။
(ဝါ) သေးသိမ် နုံ့ညံ့သည်၏ အဖြစ်ကို။
ဝေဒိတဗ္ဗော၊ သိအပ်၏။

ဟိ၊ ချဲ့ဦးအံ့။
ဝဋ္ဋာနုသာရီ မဟာဇနဿ၊ ဝဋ်သို့အစဉ်လျောက်သော လူအများအား။
ကိလေသာ၊ ကိလေသာတို့သည်။
အဘိဏှံ၊ မပြတ်။
ဥပ္ပဇ္ဇန္တိဝိယ၊ ဖြစ်ကုန်၏သို့။
သကဒါဂါမိဿ၊ သကဒါဂါမ်အား။
ကိလေသာ၊ ကိလေသာတို့သည်။
အဘိဏှံ၊ မပြတ်။
န ဥပ္ပဇ္ဇန္တိ၊ မဖြစ်ကုန်။
ကဒါစိ ကဒါစိ၊ ရံခါရံခါ ကြိုးကြားကြိုးကြား၌သာ။
ဝိရဠာကာရာ၊ ကျဲသောအခြင်းအရာ ရှိကုန်သည်။
ဟုတွာ၊ ဖြစ်၍။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။
တထာ ဥပ္ပဇ္ဇန္တာပိ၊ ထိုသို့ ရံခါကြိုကြား ကျဲပါးသော အခြင်းအရာဖြင့် ဖြစ်ကုန် သော်လည်း။
မဒ္ဒန္တာ၊ နှိပ်နင်းကုန်လျက်။
ဆာဒေန္တာ၊ ဖုံးလွှမ်းကုန်လျက်။
အန္ဓကာရံ၊ အမိုက်မှောင်ကို။
ကရောန္တော၊ ပြုကုန်လျက်။
န ဥပ္ပဇ္ဇန္တိ၊ မဖြစ်ကုန်။
ပန၊ အလျော်ကို ဆိုဦးအံ့။
ဒွီဟိ မဂ္ဂေဟိ၊ နှစ်ပါးသောမဂ်တို့ဖြင့်။
ပဟီနတ္တာ၊ ပယ်အပ်ပြီးသည်၏ အဖြစ်ကြောင့်။
မန္ဒမန္ဒာ၊ အလွန် နုံ့ကုန်သည်။
တနုကာရာ၊ ကျဲပါးသောအခြင်း အရာ ရှိကုန်သည်။
ဟုတွာ၊ ဖြစ်၍။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။

ထို သကဒါဂါမိမဂ် စသည်တို့သည် ဘာဝနာအားရှိကုန်၏၊ နိဗ္ဗာန်ကို မြင်ခြင်းမှာကား သောတာပတ္တိမဂ်ထက် မထူးကုန်၊ မိုးကြိုးပဲ့တင်သံ ကဲ့သို့ လည်းကောင်း၊ မီးပုံး ကဲ့သို့လည်းကောင်း၊ မုန်တိုင်းကဲ့သို့ လည်းကောင်း စသည်ဖြင့် ဗလဝဝိပဿနာ အားကို ဆောင်လျက် ဘာဝနာအားသာ အားကြီးကုန်၏။

ထိုစကား သင့်စွ၊ သစ္ဆိကိရိယတရားတို့သည် -

(၁) လောကိယသစ္ဆိကိရိယ၊
(၂) လောကုတ္တရသစ္ဆိကိရိယ နှစ်ပါးပင် ရှိသော်လည်း -

လောကုတ္တရ သစ္ဆိကိရိယ၌ ဒဿန သစ္ဆိကိရိယ၊ ဘာဝနာ သစ္ဆိကိရိယ နှစ်ပါး ပြားရကား သုံးပါးအပြားရှိ၏။

သစ္ဆိကိရိယာတီတိ လောကိယသစ္ဆိကိရိယာ လောကုတ္တရသစ္ဆိကိရိယာတိ ဒွေဓာ ဘိန္နာပိ လောကုတ္တရာယ ဒဿနဘာဝနာ ဝသေန ဘေဒတော တိဝိဓာ ဟောတိ။

ဝိသုဒ္ဓိ၊၂၊၃၃၈

သစ္ဆိကိရိယာတီတိ၊ ဟူသည်ကား။
လောကိယ သစ္ဆိကိရိယာ၊ လောကိယ သစ္ဆိကိရိယာ လည်းကောင်း။
လောကုတ္တရ သစ္ဆိကိရိယာ၊ လောကုတ္တရ သစ္ဆိကိရိယာ လည်းကောင်း။
ဣတိ၊ ဤသို့။
ဒွေဓာ၊ နှစ်ပါးသောအပြားအားဖြင့်။
ဘိန္နာပိ၊ ပြားသော်လည်း။
လောကုတ္တရာယ၊ သောကုတ္တရသစ္ဆိကိရိယ၏။
ဒဿနဘာဝနာ ဝသေန၊ ဒဿန ဘာဝနာ၏ အစွမ်းအားဖြင့်။
ဘေဒတော၊ ပြားခြင်းကြောင့်။
တိဝိဓာ၊ သုံးပါးအပြား ရှိသည်။
ဟောတိ၊ ဖြစ်၏။

ထိုသုံးပါးတို့တွင် -

(၁) ဥပစာရသမာဓိ အပ္ပနာသမာမိ ဝိပဿနာဉာဏ်တို့ကို နာမကာယ ရူပကာယ တို့ဖြင့် တွေ့ထိရ၍ မျက်မှောက်ပြုခြင်းသည် လောကိယ သစ္ဆိကိရိယာ မည်၏။
(၂) သောတာပတ္တိမဂ်သည် နိဗ္ဗာန်ကို ရှေးဦးစွာ မြင်ရသောကြောင့် ဒဿနသစ္ဆိကိရိယ မည်၏။
(၃) အထက်မဂ် သုံးတန်တို့သည် ဘာဝနာသာလျှင် အားရှိသောကြောင့် ဘာဝနာသစ္ဆိကိရိယ မည်၏။

ပဌမမဂ္ဂက္ခဏေ ပန နိဗ္ဗာနဒဿနံ ဒဿနသစ္ဆိကိရိယာ သေသ မဂ္ဂက္ခဏေသု ဘာဝနာသစ္ဆိကိရိယာတိ။

ဝိသုဒ္ဓိ၊၂၊၃၃၈

ပန၊ လောကီ သစ္ဆိကိရိယမှတပါး လောကုတ္တရာ သစ္ဆိကိရိယကို ဆိုဦးအံ့။
ပဌမ မဂ္ဂက္ခဏေ၊ သောတာပတ္တိမဂ်ခဏ၌။
နိဗ္ဗာနဒဿနံ၊ နိဗ္ဗာန်ကို မြင်ခြင်းသည်။
ဒဿနသစ္ဆိကိရိယာ၊ ဒဿနမည်သော သောတာပတ္တိမဂ်ဖြင့် မျက်မှောက်ပြုခြင်း မည်၏။
သေသမဂ္ဂက္ခဏေသု၊ သောတာပတ္တိမဂ်မှ ကြွင်းသော အထက်မဂ်ခဏတို့၌။
ဘာဝနာသစ္ဆိကိရိယာ၊ ဘာဝနာမည်သော အထက်မဂ်ဖြင့် မျက်မှောက်ပြုခြင်း မည်၏။
ဣတိ၊ ဤသို့မှတ်အပ်၏။

(ဉာဏဒဿနဝိသုဒ္ဓိ၊)


၇၅ - ဝိပဿနာမဂ်ဖိုလ်
အမည်နာမ စသည်ကိုပြခြင်း

ဤသို့ သကဒါဂါမိမဂ် စသည်ကို ရောက်အောင် စီးဖြန်း အားထုတ်ရာ၏၊ ထိုသို့ အားထုတ်ပါသော်လည်း အထက်မဂ် စသည်ကို မရောက်သေးမူ၍ သောတာပတ္တိဖလဋ္ဌာန်၏အဖြစ်၌ တည်သောပုဂ္ဂိုလ်ကို -

(၁) အာဂမနိယ၊
(၂) ဗောဓိပက္ခိယပူရဏ၊
(၃) သမညာ တို့ကို ဤသို့ ရအပ်၏။
အကြင်ယာဂီသည် အာနာပါန ပဋိဘာဂ ဥပစာရအတွင်း၌ ရုပ် နာမ် ဓမ္မသင်္ခါရတို့ကို အနိစ္စဖြင့် သိမ်းဆည်း၍ အနိစ္စဖြင့်မြင်၍ မဂ်ကိုကူးအံ့သောအခါ၌ ပဋိသင်္ခါဉာဏ် သင်္ခါရုပေက္ခာဉာဏ် နှစ်ပါးတို့သည် အနိစ္စ အဖြစ်ဖြင့် သုံးသပ်၍ ထမြောက်၏။

ထို ပဋိသင်္ခါဉာဏ် သင်္ခါရုပေက္ခာဉာဏ် တို့သည် ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ် မည်၏၊ ၎င်း ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ်သည် -

(၁) အနိမိတ္တဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ် မည်၏။

(၂) ထို အနိမိတ္တဝုဋ္ဌာနဂါမိနီ ဝိပဿနာကြောင့်ဖြစ်သော မဂ်သည်လည်း အနိမိတ္တမဂ္ဂ မည်၏။

(၃) ၎င်းမဂ်၏ဖိုလ်သည်လည်း အနိမိတ္တဖိုလ်မည်၏။

(၄) ဖလသမာပတ်သည်လည်း အနိမိတ္တဖလသမာပတ် မည်၏။

၎င်းနည်းတူ ဒုက္ခလက္ခဏာဖြင့် ထမြောက်ခြင်းစသော ယောဂီသည် -

(၁) အပ္ပဏိဟိတ ဝုဋ္ဌာနဂါမိနီ ဝိပဿနာ

(၂) အပ္ပဏိဟိတမဂ်

(၃) အပ္ပဏိဟိတဖိုလ်

(၄) အပ္ပဏိဟိတဖလသမာပတ် တို့ကို ရအပ်ကုန်၏။

အနတ္တလက္ခဏာဖြင့် ထမြောက်ခြင်းစသော ယောဂီသည် -

(၁) သုညတ ဝုဋ္ဌာနဂါမိနီ ဝိပဿနာ

(၂) သုညတမဂ်

(၃) သုညတဖိုလ်

(၄) သုညတဖလသမာပတ် တို့ကိုရအပ်၏။

တတ္ထ ယော ဘိက္ခု သင်္ခါရေ အနိစ္စတော ပရိဂ္ဂဟေတွာ အနိစ္စတော ဒိသွာ အနိစ္စတော ဝုဋ္ဌာတိ၊ တဿ ဝုဋ္ဌာဂါမိနီဝိပဿနာ အနိမိတ္တာ နာမ ဟောတိ။ ယော ဒုက္ခတောပရိဂ္ဂဟေတွာ ဒုက္ခတော ဒိသွာ ဒုက္ခတော ဝုဋ္ဌာတိ၊ တဿ အပ္ပဏီဟိတာ နာမ၊ ယော အနတ္တတော ပရိဂ္ဂဟေတွာ နတ္တတော ဒိသွာ အနတ္တတော ဝုဋ္ဌာတိ၊ တဿ သုညတာ နာမ၊ တတ္ထ အနိမိတ္တဝိပဿနာယ မဂ္ဂေါ အနိမိတ္တော နာမ၊ အနိမိတ္တမဂ္ဂဿ ဖလံ အနိမိတ္တံနာမ၊ အနိမိတ္တဖလသမာပတ္တိ သဟဇာတေ ဖဿေ ဖုသန္တေ အနိမိတ္တော ဖဿော ဖုသတီတိ ဝုစ္စတိ။ အပ္ပဏီဟိတသုညတေသုပိ ဧသေဝနယော။

မ၊ဋ္ဌ၊၂၊၂၆၆

တတ္ထ ဝစနေ၊ ထိုစကား၌။
ယော ဘိက္ခု၊ အကြင်ရဟန်းသည်။
သင်္ခါရေ၊ ရုပ်နာမ်ဓမ္မ သင်္ခါရတို့ကို။
အနိစ္စတော၊ အနိစ္စအားဖြင့်။
ပရိဂ္ဂဟေတွာ၊ သိမ်းဆည်း၍။
အနိစ္စတော၊ အနိစ္စအားဖြင့်။
ဒိသွာ၊ မြင်၍။
အနိစ္စတော၊ အနိစ္စအားဖြင့်။
ဝုဋ္ဌာတိ၊ ထမြောက်၏။
တဿ၊ ထိုရဟန်း၏။
ဝုဋ္ဌာဂါမိနီဝိပဿနာ၊ ဝုဋ္ဌာနဂါမိနီ ဖြစ်သော ပဋိသင်္ခါဉာဏ် သင်္ခါရုပေက္ခာဉာဏ်သည်။
အနိမိတ္တာ နာမ၊ အနိမိတ္တာ မည်သည်။
ဟောတိ၊ ဖြစ်၏။

ယော ဘိက္ခု၊ အကြင်ရဟန်းသည်။
ဒုက္ခတော၊ ဒုက္ခဒာဖြင့်။
ပရိဂ္ဂဟေတွာ၊ သိမ်းဆည်း၍။
ဒုက္ခတော၊ ဒုက္ခအားဖြင့်။
ဒိသွာ၊ မြင်၍။
ဒုက္ခတော၊ ဒုက္ခအားဖြင့်။
ဝုဋ္ဌာတိ၊ ထမြောက်၏။
တဿ၊ ထိုရဟန်း၏။
ဝုဋ္ဌာနဂါမိနီဝိပဿန၊ ဝုဋ္ဌာနဂါမိနီ ဝိပဿနာသည်။
အပ္ပဏိဟိတာ နာမ၊ အပ္ပဏိဟိတ မည်သည်။
ဟောတိ၊ ဖြစ်၏။

ယော ဘိက္ခု၊ အကြင်ရဟန်းသည်။
အနတ္တတော၊ အနတ္တအားဖြင့်။
ပရိဂ္ဂဟေတွာ၊ သိမ်းဆည်း၍။
အနတ္တတော၊ အနတ္တအားဖြင့်။
ဒိသွာ၊ မြင်၍။
အနတ္တတော၊ အနတ္တအားဖြင့်။
ဝုဋ္ဌာတိ၊ ထမြောက်။
တဿ၊ ထိုရဟန်း၏။
ဝုဋ္ဌာနဂါမိနီ ဝိပသာနာ၊ ဝုဋ္ဌာနဂါမိနီဝိပဿနာသည်။
သုညတာနာမ၊ သုညတ မည်သည်။
ဟောတိ၊ ဖြစ်၏။

တတ္ထ၊ ထိုသုံးပါးတို့တွင်။
အနိမိတ္တဝိပဿနာယ၊ အနိမိတ္တဝိပဿနာကြောင့်။
ပဝတ္တော၊ ဖြစ်သော။ (ထည့်)
မဂ္ဂေါ၊ မဂ်သည်။
အနိမိတ္တော နာမ၊ အနိမိတ္တမဂ္ဂ မည်၏။
အနိမိတ္တမဂ္ဂဿ၊ အနိမိတ္တမဂ္ဂ၏။
ဖလံ၊ ဖိုလ်သည်။
အနိမိတ္တံနာမ၊ အနိမိတ္တဖိုလ်မည်၏။
အနိမိတ္တဖလသမာပတ္တိ သဟဇာတေ၊ အနိမိတ္တဖလသမာပတ်နှင့် တကွ ဖြစ်သော။
ဖဿေ၊ နာမကာယဖဿကို။
ဖုသန္တေ၊ တွေထိအပ်သည် ရှိသော်။
အနိမိတ္တော၊ အနိမိတ္တအမည်ရှိသော။
ဖဿော၊ ဖဿကို။
ဖုသတီတိ၊ တွေ့ထိ၏ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
အပ္ပဏီဟိတသုညတေသုပိ၊ အပ္ပဏိဟိတသုညတ တို့၌လည်း။
ဧသေဝ နယော၊ ဤနည်းလျှင် နည်းရှိ၏။
(အာဂမနိယဖို့။)


၇၆ - ဝိပဿနာမဂ်ဖိုလ် အမည်နာမ စသည်တို့ကို ဗောဓိပက္ခိယတရား ၃၇-ပါး၌ သွတ်သွင်း၍ပြခြင်း

ဗောဓိပက္ခိယပူရဏ၌ ဗောဓိပက္ခိယတရားတို့သည် -

(၁) လောကီဝိသုဒ္ဓိ၌ ပြည့်စုံခြင်း၊
(၂) လောကုတ္တရာဝိသုဒ္ဓိ၌ ပြည့်စုံခြင်း
အားဖြင့် နှစ်ပါးအပြားရှိ၏။

ထိုတွင် လောကီဝိသုဒ္ဓိ၌ ပြည့်စုံခြင်းဟူရာဝယ် -

လောကီဝိသုဒ္ဓိသည် -
၁။ သီလဝိသုဒ္ဓိ
၂။ စိတ္တဝိသုဒ္ဓိ
၃။ ဒိဋ္ဌိသုဒ္ဓိ
၄။ ကင်္ခါဝိတရဏဝိသုဒ္ဓိ
၅။ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ
၆။ ပဋိပဒါ ဉာဏဒဿနဝိသုဒ္ဓိ

အားဖြင့် ခြောက်ပါးအပြားရှိ၏၊

ထိုတွင် သီလဝိသုဒ္ဓိဟု ဆိုအပ်သော ပါတိမောက္ခသံဝရသီလ၊ အာဇီဝပါရိသုဒ္ဓိသီလ ဖြစ်ခိုက် သောမနဿသဟဂုတ်ဉာဏသမ္မယုတ် မဟာကုသိုလ်စိတ် ဖြစ်သောအခါ၌ သမ္မပ္ပဓာန် (၄)ပါး၊
ဣဒ္ဓိပါဒ် (၄)ပါး၊
ဣန္ဒြေ (၅)ပါး၊
ဗိုလ် (၅)ပါး၊
ဗောဇ္ဈင် (၇)ပါး၊
မဂ္ဂင် (၈)ပါး
ပေါင်း (၃၃) ပါးသော ဗောဓိပက္ခိယတရားတို့ကို ရအပ်ကုန်၏။

ဉာဏဝိပ္ပယုတ်ဖြစ်ခိုက် -
သမ္မပ္ပဓာန် (၄)ပါး၊
ဝီမံသိဒ္ဓိပါဒ်ကြဉ်သော ဣဒ္ဓိပါဒ် (၃) ပါး၊
ပညိန္ဒြေကြဉ်သော ဣန္ဒြေ (၄)ပါး၊
ပညာဗိုလ်ကြဉ်သော ဗိုလ် (၄)ပါး၊
ဓမ္မဝိစယ ဗောဇ္ဈင်ကြဉ်သော ဗောဇ္ဈင် (၆)ပါး၊
သမ္မာဒိဋ္ဌိ ကြဉ်သော မဂ္ဂင် (၇)ပါး
ပေါင်း (၂၈) ပါးတို့ကို ရအပ်ကုန်၏။

ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အခိုက်၌ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ်၌ ရအပ်သော (၃၃) တို့တွင် ပီတိသမ္ဗောဇ္ဈင် ကိုကြဉ်၍ (၃၂) တို့ကို ရအပ်ကုန်၏။

ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် အခိုက်၌လည်း သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ်၌ ရအပ်သော (၂၈) ပါးတို့တွင် ပီတိသမ္ဗောဇ္ဈင်ကိုကြဉ်၍ (၂၇)ပါး တို့ကို ရအပ်ကုန်၏။

ဣန္ဒြိယသံဝရသီလ ပစ္စယသန္နိဿိတသီလ အသုဘဥပစာ ကြွင်းသော ကမ္မဋ္ဌာန်း တို့၏ ဥပစာဟု ဆိုအပ်သော စိတ္တဝိသုဒ္ဓိ၊ နာမ်ရုပ်ကိုသိခြင်း ဒိဋ္ဌိဝိသုဒ္ဓိ၊ အကြောင်း အဓွန့်ကိုသိခြင်း ကင်္ခါဝိတရဏဝိသုဒ္ဓိ ဤ လေးပါးသော ဝိသုဒ္ဓိဖြစ်ခိုက်၌ ကာယာနုပနာသတိပဋ္ဌာန်(၁) သောမနဿသဟဂုတ် ဉာဏသမ္ပယုတ်၌ဖြစ်သော ဗောဓိပက္ခိယ (၃၃) ပါးတို့တွင် ဝိရတိ (၃)ပါးကိုကြဉ်၍ ပေါင်း (၃၁)ပါး တို့ကို ရအပ်ကုန်၏။

မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ (၂)ပါးဖြစ်သောအခါ၌ကား -သတိပဋ္ဌာန် (၄) ပါး၊ သောမနဿသဟဂုတ်ဉာဏသမ္ပယုတ်၌ ရအပ်သော (၃၃)ပါး တို့တွင် ဝိရတိ (၃)ပါးကိုကြဉ်၍ ပေါင်း (၃၄)ပါး တို့ကို ရအပ်ကုန်၏။
(သုက္ခဝိပဿကဖို့။)

အသုဘ ပဌမဈာနလာဘီပုဂ္ဂိုလ် အခိုက်၌ကား ကာယာနုပဿနာ သတိပဋ္ဌာန်(၁)၊ သောမနဿသဟဂုတ်ဉာဏသမ္ပယုတ်၌ရသော (၃၃)ပါးတွင် ဝိရတီ (၃)ပါးကို ကြဉ်၍ ပေါင်း (၃၁)ပါးကို ရအပ်၏။ ကြွင်းသော ကမ္မဋ္ဌာနပဌမဈာနလာဘီ ပုဂ္ဂိုလ် အခိုက်၌လည်း သောမနဿသဟဂုတ် ဉာဏသမ္ပယုတ်၌ ရအပ်သော (၃၃) ပါး တို့တွင် ဝိရတိ (၃)ပါးကို ကြဉ်၍ (၃၀) ကိုသာ ရထိုက်၏။

ခပ်သိမ်းသော ကမ္မဋ္ဌာန ဒုတိယ, တတိယ ဈာနလာဘီ အခိုက်၌လည်း သောမနဿသဟဂုတ် ဉာဏသမ္ပယုတ်၌ ရအပ်သော (၃၃)ပါး တို့တွင် ဝိရတိ (၃)ပါး သမ္မာသင်္ကပ္ပ (၁)ပါး ကြဉ်သော (၂၉)ပါး ကိုသာ ရအပ်၏။

၎င်းနည်းတူ စတုတ္တ, ပဉ္စမဈာနလာဘီ အခိုက်၌လည်း သောမနဿသဟဂုတ် ဉာဏသမ္ပယုတ်၌ ရအပ်သော (၃၃)ပါးတို့တွင် ပီတိသမ္ဗောဇ္ဈင် (၁) ဝိရတိ (၃)ပါး၊ သမ္မာသင်္ကပ္ပ (၁) ၎င်းငါးပါးကြဉ်သော (၂၈)ပါး ကို ရအပ်၏။

(အထက် ဝိသုဒ္ဓိမှာ သုက္ခဝိပဿကနှင့် အတူတူပင်။)။ (ဈာနလာဘီဖို့။)

ပါဠိအာဂုံကိုလိုမူ မဏိမဉ္ဇူသာမှာ ယူကြပါလေ။

ထိုကြောင့် ပညာရှင်တို့သည် -

မ-ဣဒ်-ဣန်-ဗ၊ ဗောမဂ္ဂ၊
ဉာဏတေတိံမှန်။
ငါးတန်ကိုချ၊ အဌ်ဗိသ။
ဗောက ပီကြဉ်၊ ဒွတ္တိံ ပင်။
ဝိတွင်ငါးချ၊ သတ်ဗီသ။

ကာယကိုတင်၊ ရတိကြဉ်၊
လေးအင်သုဒ္ဓိ၊ ဧက်ကြိ။
သုံးဆဲ့ခွန်တွင်၊ ရတိကြဉ်၊
နှစ်အင်မဂ်ဋိ၊ ဇောတြိ၊
မှတ်ဘိသုက္ခပင်။
ရူပါသုဘ၊ ဧက်တိံသ။

ဌာန်ချကြွင်းပေ၊ တိံ သရေ။

သင်္ကေကိုချ၊ ဒွေနဝ၊ ဒုတကိုဟော။

ဗောမှာပီတိ၊ ကြဉ်ဘိ အဌ်ဒွေး၊
စပရွေး၊ ဉာဏ်ဒွေးမုက္ကဋ္ဌော -

ဟူ၍ စပ်ဆိုကြသည်။ (လောကီဖို့။)


လောကုတ္တရာဖြစ်သော ဉာဏဒဿန ဝိသုဒ္ဓိမဂ်ဉာဏ်၏ အခိုက်၌ကား အလုံးစုံသော (၃၇)ပါးသော ဗောဓိပက္ခိယတရားတို့ကို ရအပ်ကုန်၏။

ဖိုလ်စိတ်၏ အခိုက်၌ကား သမ္မပ္ပဓာန် လေးပါးတို့ကို ချန်လှပ်၍ ကြွင်းသော (၃၃) ပါးသော ဗောဓိပက္ခိယတို့ကို ရအပ်ကုန်၏။

သဗ္ဗေ လောကုတ္တရေ ဟောန္တိ။” (သင်္ဂြိုဟ်၊ အနက်လွယ်ပြီ။)

ဣမေသံ ပန စတုန္နံ ဉာဏာနံ ဥပ္ပတ္တိကာလေ ဧကစိတ္တေ လဗ္ဘန္တိ၊ ဖလက္ခဏေ ထပေတွာ စတ္တာရော သမ္မပ္ပဓာနေ အဝသေသာ တေသိံသ လဗ္ဘန္တိ။

ဝိသုဒ္ဓိ၊၂၊၃၂၀

ပန၊ အထူးကို ဆိုဦးအံ့။
ဣမေသံ စတုန္နံ ဉာဏာနံ၊ ဤလေးပါးသော အရိယမဂ်ဉာဏ်တို့၏။
ဥပ္ပတ္တိကာလေ၊ ဖြစ်ရာကာလ၌။
ဣမေ သတ္တတိံသ ဗောဓိပက္ခိယဓမ္မာ၊ ဤ သုံးဆယ့်ခုနစ်ပါးသော ဗောဓိပက္ခိယ တရားတို့ကို (လိုက်)။
ဧကစိတ္တေ၊ တစ်ခုသော မဂ်စိတ္တုပ္ပါဒ်၌။
လဗ္ဘန္တိ၊ ရအပ်ကုန်၏။
ဖလက္ခဏေ၊ ဖိုလ်ခဏ၌။
စတ္တာရော သမ္မပ္ပဓာနေ၊ လေးပါးသော သမ္မပ္ပဓာန်တို့ကို။
ထပေတွာ၊ ထား၍။
အဝသေသာ၊ သမ္မပ္ပဓာန်လေးပါးမှ ကြွင်းကုန်သော။
တေသိံသ၊ သုံးဆယ့်သုံးပါးသော ဗောဓိပက္ခိယတရားတို့ကို။
လဗ္ဘန္တိ၊ ရအပ်ကုန်၏။

(ဗောဓိပက္ခိယပူရဏဖို့။)

၇၇ - အရိယာ ခုနစ်ယောက်တို့ကို ရွေးကောက်၍ ပြခြင်း

သမညာအားဖြင့်ကား ထိုသုံးဆယ့်ရှစ်ပါးသော ကမ္မဋ္ဌာန်းတို့တွင် တစ်ပါးပါးသော ကမ္မဋ္ဌာန်းကို အားထုတ်၍ ရောက်အပ် ရအပ်သော အရိယာပုဂ္ဂိုလ်တို့၏ အမည်တော် ၇-ပါးတို့သည် သမညာ မည်ကုန်၏။ အဘယ်သည်တို့နည်းဟူမူ -

(၁) ဥဘတောဘာဂဝိမုတ္တ
(၂) ပညာဝိမုတ္တ
(၃) ကာယသက္ခိ
(၄) ဒိဋ္ဌိပတ္တ
(၅) သဒ္ဓါဝိမုတ္တ
(၆) ဓမ္မာနုသာရီ
(၇) သဒ္ဓါနုသာရီ -

ဤခုနစ်ယောက် အမည်တို့ပင်တည်း။

ထိုတွင် အကြင် ရဟန်း တစ်ယောက်သည် ပညာပြဋ္ဌာန်းသဖြင့် ကမ္မဋ္ဌာန်းတို့ကို နှလုံးသွင်းသည်ဖြစ်၍ ရှစ်ပါးသော သမာပတ်တို့ကို ဖြစ်စေ၍ သောတာပတ္တိမဂ်သို့ ရောက်စေ၏။ ထိုရဟန်းသည် ထိုမဂ်ခဏ၌ ဓမ္မာနုသာရီပုဂ္ဂိုလ် မည်၏။ သောတာပတ္တိဖိုလ်အစ အရဟတ္တမဂ် အဆုံးရှိသော ခြောက်ဌာနတို့၌ ကာယသက္ခိ ပုဂ္ဂိုလ် မည်၏။ အရဟတ္တဖိုလ် ခဏ၌ ဥဘတောဘာဂဝိမုတ္တပုဂ္ဂိုလ် မည်၏။

၎င်းနည်းတူ ပညာပြဋ္ဌာန်းသဖြင့် ကမ္မဋ္ဌာန်းကို နှလုံးသွင်း၍ သမာပတ်တို့ကို ဖြစ်စေခြင်းငှာ မတတ်နိုင်သော သုက္ခဝိပဿကဖြစ်၍ သောတာပတ္တိမဂ်သို့ ရောက်၏။ ထိုရဟန်းသည် ထိုခဏ၌ ဓမ္မာနုသာရီ ပုဂ္ဂိုလ်မည်၏။ အလယ် နောက်ဌာနတို့၌ ဒိဋ္ဌိပတ္တ မည်၏။ အရဟတ္တဖိုလ်ခဏ၌ ပညာဝိမုတ္တ ပုဂ္ဂိုလ်မည်၏။

၎င်းနည်းတူ သဒ္ဓါပြဋ္ဌာန်းသဖြင့် ကမ္မဋ္ဌာန်းတို့ကို နှလုံးသွင်း၍ သမာပတ် ရှစ်မျိုးတို့ကို ဖြစ်စေ၍ သောတာပတ္တိမဂ်သို့ ရောက်၏။ ထိုရဟန်းသည် ထိုခဏ၌ သဒ္ဓါနုသာရီ ပုဂ္ဂိုလ်မည်၏။ အလယ်ခြောက်ဌာနတို့၌ ကာယသက္ခိ ပုဂ္ဂိုလ်မည်၏။ အရဟတ္တဖိုလ် ခဏ၌ ဥဘတောဘာဂဝိမုတ္တ ပုဂ္ဂိုလ် မည်၏။

၎င်းနည်းတူ သဒ္ဓါပြဋ္ဌာန်းသဖြင့် ကမ္မဋ္ဌာန်းတရားတို့ကို နှလုံး သွင်း၍ သမာပတ်တို့ကို ဖြစ်စေခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ သုက္ခဝိပဿက ဖြစ်၍ သောတာပတ္တိမဂ်သို့ ရောက်၏။ ထိုရဟန်းသည် ထိုဏေ၌ သဒ္ဓါနုသာရီ ပုဂ္ဂိုလ် မည်၏။ အလယ် ခြောက်ဌာနတို့၌ သဒ္ဓါဝိမုတ္တပုဂ္ဂိုလ် မည်၏။ အရဟတ္တဖိုလ်ခဏ၌ ပညာဝိမုတ္တပုဂ္ဂိုလ် မည်၏။

ဧကော ဘိက္ခု ပညာဓုရေန အဘိနိဝိဋ္ဌော အဋ္ဌသမာပတ္တိယော နိဗ္ဗတ္ထေတွာ သောတာပတ္တိမဂ္ဂံ ပါပုဏာတိ၊ သော တသ္မိံ ခဏေ ဓမ္မာနုသာရီ နာမ ဟောတိ၊ သောတာပတ္တိဖလာဒီသု ဆသု ဌာနေသု ကာယသက္ခိ နာမ၊ အရဟတ္တဖလက္ခဏေ ဥဘတောဘာဂဝိမုတ္တော နာမ၊ အပရော ပညာဓုရေန အဘိနိဝိဋ္ဌော သမာပတ္တိယော နိဗ္ဗတ္တေတုံ အသက္ကောန္တော သုက္ခဝိပဿကောဝ ဟုတွာ သောတာပတ္တိမဂ္ဂံ ပါပုဏာတိ၊ သော တသ္မိံ ခဏေ ဓမ္မာနုသာရီ နာမ ဟောတိ၊ သောတာပတ္တိဖလာဒီသု ဆသု ဌာနေသု ဒိဋ္ဌိပ္ပတ္တော နာမ၊ အရဟတ္တဖလက္ခဏေ ပညာဝိမုတ္တော နာမ၊ အပရော သဒ္ဓါဓုရေန အဘိနိဝိဋ္ဌော အဋ္ဌသမာပတ္တိယော နိဗ္ဗတ္တေတွာ သောတာပတ္တိမဂ္ဂံ ပါပုဏာတိ၊ သော တသ္မိံ ခဏေ သဒ္ဓါနုသာရီ နာမ ဟောတိ၊ သောတာပတ္တိဖလာဒီသု ဆသု ဌာနေသု ကာယသက္ခိနာမ၊ အရဟတ္တဖလက္ခဏေ ဥဘတောဘာဂ ဝိမုတ္တောနာမ၊ အပရော သဒ္ဓါဓုရေန အဘိနိဝိဋ္ဌော သမာပတ္တိယော နိဗ္ဗတ္တေတုံ အသက္ကောန္တော သုက္ခဝိပဿကောဝ ဟုတွာ သောတာပတ္တိမဂ္ဂံ ပါပုဏာတိ၊ သော တသ္မိံ ခဏေ သဒ္ဓါနုသာရီ နာမ ဟောတိ၊ သောတာပတ္တိဖလာဒီသု ဆသု ဌာနေသု သဒ္ဓါဝိမုတ္တော နာမ၊ အရဟတ္တဖလက္ခဏေ ပညာဝိမုတ္တော နာမ။

အံ၊ဋ္ဌ၊၂၊၄၉

ဧကော ဘိက္ခု၊ တယောက်သော ရဟန်းသည်။
ပညာဓုရေန ၊ ပညာပြဋ္ဌာန်းသဖြင့်။
အဘိနိဝိဋ္ဌော၊ ကမ္မဋ္ဌာန်းကို အာရုံပြုသည်ဖြစ်၍။
အဋ္ဌသမာပတ္တိယော၊ ရှစ်ပါးကုန်သော သမာပတ်တို့ကို။
နိဗ္ဗတ္ထေတွာ၊ ဖြစ်စေ၍။
သောတာပတ္တိမဂ္ဂံ၊ သောတာပတ္တိမဂ်သို့။
ပါပုဏာတိ၊ ရောက်၏။
သောဘိက္ခု၊ ထိုရဟန်းသည်။
တသ္မိံ ခဏေ၊ ထိုမဂ်ခဏ၌။
ဓမ္မာနုသာရီ နာမ၊ ဓမ္မာနုသာရီ ပုဂ္ဂိုလ်သည်။
ဟောတိ၊ ဖြစ်၏။
သောတာပတ္တိဖလာဒီသု၊ သောတာပတ္တိဖိုလ် အစရှိကုန်သော။
ဆသု ဌာနေသု၊ အလယ်ခြောက်ဌာနတို့၌။
ကာယသက္ခိ နာမ၊ ကာယသက္ခိ ပုဂ္ဂိုလ်မည်သည်။
ဟောတိ၊ ဖြစ်၏။
အရဟတ္တဖလက္ခဏေ၊ အရဟတ္တဖိုလ် ခဏ၌။
ဥဘတောဘာဂဝိမုတ္တော နာမ၊ ဥဘတောဘာဂ ဝိမုတ္တပုဂ္ဂိုလ် မည်သည်။
ဟောတိ၊ ဖြစ်၏။

အပရော၊ တစ်ပါးသော ရဟန်းသည်။
ပညာဓုရေန၊ ပညာပြဋ္ဌာန်းသဖြင့်။
အဘိနိဝိဋ္ဌော၊ ကမ္မဋ္ဌာန်းကို အာရုံပြုသည်ဖြစ်၍။
သမာပတ္တိယော၊ သမာပတ်တို့ကို။
နိဗ္ဗတ္တေတုံ၊ ဖြစ်စေခြင်းငှာ။
အသက္ကောန္တော၊ မတတ်နိုင်သည်ဖြစ်၍။
သုက္ခဝိပဿကော၊ သုက္ခဝိပဿက ရဟန်းသည်။
ဟုတွာဝ၊ ဖြစ်၍သာလျှင်။
သောတာပတ္တိမဂ္ဂံ၊ သောတာပတ္တိမဂ်သို့။
ပါပုဏာတိ၊ ရောက်၏။
သော၊ ထိုရဟန်းသည်။
တသ္မိံ ခဏေ၊ ထိုမင်္ဂခဏ၌။
ဓမ္မာနုသာရီ နာမ၊ ဓမ္မာနုသာရီ ပုဂ္ဂိုလ်မည်သည်။
ဟောတိ၊ ဖြစ်၏။
သောတာပတ္တိဖလာဒီသု၊ သောတာပတ္တိဖိုလ် အစရှိကုန်သော။
ဆသု ဌာနေသု၊ ခြောက်ဌာနတို့၌။
ဒိဋ္ဌိပ္ပတ္တော နာမ၊ ဒိဋ္ဌိပုတ္တ ပုဂ္ဂိုလ်မည်သည်။
ဟောတိ၊ ဖြစ်၏။
အရဟတ္တဖလက္ခဏေ၊ အရဟတ္တဖိုလ် ခဏ၌။
ပညာဝိမုတ္တော နာမ၊ ပညာဝိမုတ္တ ပုဂ္ဂိုလ်မည်သည်။
ဟောတိ၊ ဖြစ်၏။

အပရော၊ တစ်ပါးသော ရဟန်းသည်။
သဒ္ဓါဓုရေန၊ သဒ္ဓါ ပြဋ္ဌာန်းသဖြင့်။
အဘိနိဝိဋ္ဌော၊ ကမ္မဋ္ဌာန်းကို အာရုံပြုသည်ဖြစ်၍။
အဋ္ဌသမာပတ္တိယော၊ ရှစ်ပါးကုန်သော သမာပတ်တို့ကို။
နိဗ္ဗတ္ထေတွာ၊ ဖြစ်စေ၍။
သောတာပတ္တိမဂ္ဂံ၊ သောတာပတ္တိမဂ်သို့။
ပါပုဏာတိ၊ ရောက်၏။
သော၊ ထိုရဟန်းသည်။
တသ္မိံ ခဏေ၊ ထိုမင်္ဂခဏ၌။
သဒ္ဓါနုသာရီ နာမ၊ သဒ္ဓါနုသာရီ ပုဂ္ဂိုလ်မည်သည်။
ဟောတိ၊ ဖြစ်၏။
သောတာပတ္တိဖလာဒီသု၊ သောတာပတ္တိဖိုလ် အစရှိကုန်သော။
ဆသု ဌာနေသု၊ ခြောက်ဌာနတို့၌။
ကာယသက္ခိနာမ၊ ကာယသက္ခိ ပုဂ္ဂိုလ်မည်သည်။
ဟောတိ၊ ဖြစ်၏။
အရဟတ္တဖလက္ခဏေ၊ အရဟတ္တဖိုလ် ခဏ၌။
ဥဘတောဘာဂ ဝိမုတ္တော နာမ၊ ဥဘတောဘာဂ ဝိမုတ္တ ပုဂ္ဂိုလ်မည်သည်။
ဟောတိ၊ ဖြစ်၏။

အပရော၊ တစ်ပါးသော ရဟန်းသည်။
သဒ္ဓါဓုရေန၊ သဒ္ဓါ ပြဋ္ဌာန်းသဖြင့်။
အဘိနိဝိဋ္ဌော၊ ကမ္မဋ္ဌာန်းကို အာရုံပြုသည်ဖြစ်၍။
သမာပတ္တိယော၊ သမာပတ်တို့ကို။
နိဗ္ဗတ္တေတုံ၊ ဖြစ်စေခြင်းငှာ။
အသက္ကောန္တော၊ မတတ်နိုင်သည်ဖြစ်၍။
သုက္ခဝိပဿကော၊ သုက္ခဝိပဿက ရဟန်းသည်။
ဟုတွာဝ၊ ဖြစ်၍သာလျှင်။
သောတာပတ္တိမဂ္ဂံ၊ သောတာပတ္တိမဂ်သို့။
ပါပုဏာတိ၊ ရောက်၏။
သော၊ ထိုရဟန်းသည်။
တသ္မိံ ခဏေ၊ ထိုမင်္ဂခဏ၌။
သဒ္ဓါနုသာရီ နာမ၊ သဒ္ဓါနုသာရီ ပုဂ္ဂိုလ်မည်သည်။
ဟောတိ၊ ဖြစ်၏။
သောတာပတ္တိဖလာဒီသု၊ သောတာပတ္တိဖိုလ် အစရှိကုန်သော။
ဆသု ဌာနေသု၊ ခြောက်ဌာနတို့၌။
သဒ္ဓါဝိမုတ္တော နာမ၊ သဒ္ဓါဝိမုတ္တပုဂ္ဂိုလ် မည်သည်။
ဟောတိ၊ ဖြစ်၏။
အရဟတ္တဖလက္ခဏေ၊ အရဟတ္တဖိုလ် ခဏ၌။
ပညာဝိမုတ္တော နာမ၊ ပညာဝိမုတ္တ ပုဂ္ဂိုလ်မည်သည်။
ဟောတိ၊ ဖြစ်၏။

ထိုပုဂ္ဂိုလ်ခုနစ်ယောက်တို့တွင် ဤသို့ပြခဲ့ပြီးသော အာနာပါနလမ်းအတိုင်း အကယ်၍ မဂ်ကိုရောက်လျက် ဖိုလ်၌ ရှေးဦးစွာ တည်အံ့။ ထိုပုဂ္ဂိုလ် ပညာဓုရ ဖြစ်ခဲ့ပါမူ ဒိဋ္ဌိပတ္တ ပုဂ္ဂိုလ်မည်ပေ၏။ သဒ္ဓါဓုရဖြစ်ခဲ့ပါမူ သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်မည်ပေ၏။

ထိုဓုရနှစ်ပါးကို အဘယ်သို့ သိရမည်နည်းဟူမူ -

ပညာဓုရပုဂ္ဂိုလ်မှာ ပရမတ္ထ ဝိသုဒ္ဓိဖြစ်သောအခါဆဲဆဲ၌ မွန်းတည့် တက်ထွန်းသော နေဝန်းလျှင် ဥပမာရှိရ၏။

သဒ္ဓါဓုရပုဂ္ဂိုလ်မှာ ပရမတ္ထ ဝိသုဒ္ဓိဖြစ်သော အခါဆဲဆဲ၌ နေထွက်စ နေဝင်စ လပြည့်ဝန်း ရှိသည်သာလျှင် ဥပမာရှိရ၏ဟု ငါတို့ကျေးဇူးရှင် မိန့်တော်မူ၏။ (သမညာဖို့။)

၇၈ - အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းရသော အကျိုးငါးပါးကို ပြခြင်း

ဧဝမ္မိ ပဋိပန္နဿ၊ သစေ သာ န ပဝတ္တတိ။
တထာပိ န ဇဟေ ယောဂံ၊ ဝါယမေယျဝ ပဏ္ဍိတော -

အစရှိသော အဋ္ဌကထာ မိန့်မှာဆုံးမ ညွှန်ပြတော်မူအပ်သည် နှင့်အညီ ဤသို့ ပြခဲ့အပ်ပြီးသော လမ်းအစဉ်ကို မငြိုမငြင် မပင်မပန်းသော စိတ်ဖြင့် မဖြစ်လျှင် မနေရဟု မိမိကိုယ်ကို အလွန်သော ဆုံးမခြင်းတို့ဖြင့် ဆုံးမကြ၍ အလွန်သော အားထုတ်ခြင်းတို့ဖြင့် အားထုတ်ကြပါမူ စင်စစ် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ဧကန် ရကြောင်း မုချရှိပေ၏ဟု မှတ်ကြရမည်။

ထို့ ကြောင့် အာနပါန ကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်ခဲ့ပါမူ -

(၁) ယခုခေတ် ယခုကာလ ယခုဘဝ၌ပင်လျှင် ရဟန္တာအဖြစ်သို့ ရောက်နိုင်သေး၏။
(၂) အကယ်၍ အသက်ရှိစဉ် ရဟန္တာအဖြစ်သို့ မရောက်သေးပါ သေခါနီးသော ကာလ၌ သမသီသီရဟန္တာအဖြစ်သို့ ရောက်နိုင်သေး၏။
(၃) အကယ်၍ သမသီသီရဟန္တာ မဖြစ်နိုင်သေးပါမူ နတ်ပြည်သို့ ရောက်သောအခါ ဓမ္မကထိကနတ်သား၏ တရားသံကို ကြားရ၍ ရဟန္တာ အဖြစ်သို့ ရောက်နိုင်သေး၏။
(၄) အကယ်၍ နတ်ပြည်၌ ရဟန္တာမဖြစ်သေးပါမူ အရိမေတ္တေယျ ဘုရားမပွင့်မီ ပစ္စေကဗုဒ္ဓါအဖြစ်သို့ ရောက်နိုင်သေး၏။
(၅) အကယ်၍ ပစ္စေကဗုဒ္ဓါ မဖြစ်ရသေးပါမူ ပွင့်တော်မူလတ္တံ့ကုန်သော အရိမေတ္တယျ အစရှိကုန်သော ဘုရားသခင် ကိုယ်တော် အရှင်မြတ်တို့၏ ခြေတော်ရင်း၌ ဒါရုစီရိယ မထေရ်တို့ ကဲ့သို့ ခိပ္ပါဘိည ရဟန္တာဖြစ်ရတော့မည်မုချပေတည်းဟု -

ဧကန်မှတ်ကြ။

ဣဓ ဘိက္ခု အာနာပါနဿတိံ အနုယုတ္တော ဧကာသနေ နိသိန္နောဝ သဗ္ဗာသဝေ ခေပေတွာ အရဟတ္တံ ပါပုဏာတိ၊ တထာ အသက္ကောန္တော မရဏကာလေ သမသီသီ ဟောတိ၊ တထာ အသက္ကောန္တော ဒေဝလောကေ နိဗ္ဗတ္တိတွာ ဓမ္မကထိကဒေဝ ပုတ္တဿ ဓမ္မံ သုတွာ အရဟတ္တံ ပါပုဏာတိ၊ တတော ဝိရဒ္ဓေါ အနုပ္ပန္နေ ဗုဒ္ဓုပါဒေ ပစ္စေကဗောဓိံ သစ္ဆိကရောတိ၊ တံ အသစ္ဆိကရောန္တော ဗုဒ္ဓါနံ သမ္မုခီဘာဝေ ဗာဟိယတ္ထေရာဒယော ဝိယ ခိပ္ပါဘိညော ဟောတိ။

မ၊ဋ္ဌ၊၃၊၉၆

[ညီတော် အာနန္ဒာကို ဟောတော်မူသော ပုဗ္ဗယောဂါဝစရသုတ်၌ကား စတုတ္ထ အကျိုးကို ပဉ္စမထား၍ ဟောတော်မူသည်။ သဘောမှာ အတူတူပင်။ ၎င်းသုတ်ကို အလိုရှိသေးပါမှု သုတ္တနိပါတ်အဋ္ဌကထာ၊ ဥရဂဝဂ်၊ ခဂ္ဂဝိသာဏသုတ် အဖွင့်မှာ ယူကြလေ။]

ဘိက္ခု၊ ရဟန်းသည်။
ဣဓ၊ ဤငါဘုရား သာသနာတော်၌။
အာနာပါနဿတိံ ၊ အာနာပါနဿတိ ကမ္မဋ္ဌာန်းကို။
အနုယုတ္တော၊ ယှဉ်သည်ဖြစ်၍။
ဧကာသနေ၊ တထိုင်တည်းသောနေရာ၌။
နိသိန္နောဝ၊ နေလျက်သာလျှင်။
သဗ္ဗာသဝေ၊ အလုံးစုံသော အာသဝေါတရား လေးပါးတို့ကို။
ခေပေတွာ၊ ကုန်စေ၍။
အရဟတ္တံ၊ ရဟန္တာအဖြစ်သို့။
ပါပုဏာတိ၊ ရောက်နိုင်၏။

တထာ၊ ထိုဆိုပြီးသောအတိုင်း။
အသက္ကောန္တော၊ မရောက်နိုင်သေးသည်ရှိသော်။
မရဏကာလေ၊ သေခါနီးသောကာလ၌။
သမသီသီ၊ သမသီသီရဟန္တာသည်။
ဟောတိ၊ ဖြစ်နိုင်၏။

တထာ၊ ထိုဆိုပြီးသော အတိုင်း။
အသက္ကောန္တော၊ မရောက်နိုင်သေးသည်ရှိသော်။
ဒေဝလောကေ၊ နတ်ပြည်၌။
နိဗ္ဗတ္တိတွာ၊ ဖြစ်၍၊
ဓမ္မကထိကဒေဝ ပုတ္တဿ၊ ဓမ္မကထိကနတ်သား၏။
ဓမ္မံ၊ တရားတော်ကို။
သုတွာ၊ နာရ၍၊ (ဝါ) နာရသည်ရှိသော်။
အရဟတ္တံ၊ ရဟန္တအဖြစ်သို့။
ပါပုဏာတိ၊ ရောက်နိုင်၏။

တတော၊ ထိုနတ်ပြည်မှ။
ဝိရဒ္ဓေါ၊ ချက်လွဲခဲ့သည်ရှိသော်။
ဗုဒ္ဓုပ္ပါဒေ၊ ဘုရားရှင်တို့၏ဖြစ်ခြင်းသည်။
အနုပ္ပန္နေ၊ မရောက်သေးသော ကာလ၌။
ပစ္စေကဗောဓိံ၊ ပစ္စေကဗောဓိဉာဏ်ကို။
သစ္ဆိကရောတိ၊ မျက်မှောက်ပြုနိုင်၏။

တံ၊ ထိုပစ္စေကဗောဓိဉာဏ်ကို။
အသစ္ဆိကရောန္တော၊ မျက်မှောက် မပြုနိုင်သေးသည်ရှိသော်။
ဗုဒ္ဓါနံ၊ ပွင့်တော်မူလတ္တံ့ကုန် အရိမေတ္တေယျ အစရှိသော ဘုရားရှင်တို့၏။
သမ္မုခီဘာဝေ၊ မျက်မှောက်အဖြစ်၌။
ဗာဟိယတ္ထေရာဒယော ဝိယ၊ ဗာဟိယထေရ် အစရှိသည်တို့ကဲ့သို့။
ခိပ္ပါဘိညော၊ လျင်သော အဘိညာဉ်ရှိသော။
ခီဏာသဝေါ၊ ရဟန္တာသည်၊ (ထည့်။)
ဟောတိ၊ ဖြစ်နိုင်၏။

ဤသို့ အာနာပါနကို အားထုတ်ခြင်းရှိသော ပုဂ္ဂိုလ်တို့တွင်လည်း တိက္ခပုဂ္ဂိုလ်တို့မှာမူ တစ်နေ့ခြင်း၊ တညဉ့် ခြင်းဖြင့်သာလျှင် မဂ်ဖိုလ်ကို ရကြ ရောက်ကြရကုန်၏။ မဇ္ဈိမပညာ မန္ဒပညာပုဂ္ဂိုလ်တို့မှာမူကား ယခုဘဝ၌ ခုနစ်နှစ်ဖြစ်စေ၊ ခုနှစ်လဖြစ်စေ၊ ခုနှစ်ရက်ဖြစ်စေ ကျင့်ဆောင်အားထုတ်၍ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရကြရခြင်း တမလွန်မှ ရကြရခြင်းရှိပေ၏။ ထို့ကြောင့် -

သဗ္ဗမ္ပိစေတံ မဇ္ဈိမဿ ဝေနေယျ ပုဂ္ဂလဿ ဝသေန ဝုတ္တံ၊ တိက္ခပညံ ပန သန္ဓာယ “ပါတောဝ အနုသိဋ္ဌော သာယံ ဝိသေသံ အဓိဂမိဿတိ၊ သာယံ အနုသိဋ္ဌော ပါတော ဝိသေသံ အဓိဂမိဿတီ”တိ ဝုတ္တံ -

ဟူ၍ သုတ်မဟာဝါ အဋ္ဌကထာရှင် မိန့်တော်မူ၏။ ဒီ၊ဋ္ဌ၊၂၊၃၉၅

သဗ္ဗမ္ပိ၊ အလုံးစုံလည်းဖြစ်သော။
ဧတံဝစနံ၊ ယောဟိ ကောစိ ဘိက္ခဝေ အစရှိသော ဤစကားကို။
မဇ္ဈိမဿ၊ အလယ်ဖြစ်သော။
ဝေနေယျ ပုဂ္ဂလဿ၊ ဝေနေယျပုဂ္ဂိုလ်၏။
ဝသေန၊ အစွမ်းဖြင့်။
ဝုတ္တံ၊ ဆိုအပ်၏။
တိက္ခပညံ ပန၊ တိက္ခပညာ ပုဂ္ဂိုလ်ကိုကား။
သန္ဓာယ၊ ရည်၍။
ပါတောဝ အနုသိဋ္ဌော။ (ပ)။ အဓိဂမိဿတီတိ၊ ဟူ၍။
ဝုတ္တံ၊ ဟောတော်မူအပ်၏။

(ပါတောဝ၊ နံနက်အခါ၌သာလျှင်။
အနုသိဋ္ဌော၊ ဆုံးမအပ်သည် ရှိသော်။
သာယံ၊ ညဉ့် အခါ၌။
ဝိသေသံ၊ မဂ်ဖိုလ်အထူးကို။
အဓိဂမိဿတိ၊ ရလတ္တံ့။
သာယံ၊ ညဉ်အခါ၌။
အနုသိဋ္ဌော၊ ဆုံးမအပ်သည်ရှိသော်။
ပါတော၊ နံနက်အခါ၌။
ဝိသေသံ၊ မဂ်ဖိုလ်အထူးကို။
အဓိဂမိဿတိ၊ ရလတ္တံ့။)

ဤသို“သော သဘောဝ အဿသတိ” အစ “န စ ကိဉ္စိလောကေ ဥပါဒိယတိ” အဆုံးရှိသော အာနာပါနပဗ္ဗ၌ ဆိုအပ်ခဲ့ပြီးသော အကြင် အကြင် စကားတို့သည် ရှိကုန်၏။

ထိုထိုစကားတို့ကို ဆိုခြင်းသည် ကျေးဇူးတော်ရှင် သခင်ဘုရားတို့၏ လက်မှ ရအပ်သော ဟတ္ထမုဋ္ဌိ ယုတ္တိဂမ နယူပဒေသ ဓမ္ဗူပဒေသတို့နှင့် လျော်စွာ သင်္ခေပ အားဖြင့် အကျွန်ုပ်ရေးသား ဆုံးဖြတ်လိုက်အပ်ပေသည်။

၇၉ - သတိပြုရန် မှာထားချက်

ယောဂီပုဂ္ဂိုလ်ဖြစ်တော်မူကြပေသော ရဟန်း ရှင် လူ အကြင်အကြင် သူတော်ကောင်း အပေါင်းတို့ - အကျွန်ုပ်သည် ရေးသား စီရင်အပ်ခဲ့ပြီးသော ဤ ယောဂိပါရဂူကျမ်းကို သုံးသပ်ကြည့်ရှု အားထုတ်တော်မူကြရန်မှာ သတိပဋ္ဌာန် ပါဠိတော်၏ ပဌမအာနာပါနပဗ္ဗကိုမူတည်၍ ကြွင်းသော ပါဠိ-အဋ္ဌကထာ ဋီကာတို့ကို မူလီသွတ်၍ သုံးသပ်ဆင်ခြင်ရန် ပြလိုက်ပါသည်။

ထိုသို့ပြခဲ့ပြီးသောအတိုင်း ပုဗ္ဗာပရ၊ သာမည၊ ဝိသေသ၊ အနုသန္ဓေ တို့ကို ရုတ်ခြည်း သိမ်းဆည်းခြင်း ခဲယဉ်းကြလိမ့်မည် ထင်မှတ်ပါ၍ လုပ်စဉ်လမ်းရိုး အကျဉ်းသွားဟန် မျှကို ဤသို့ မှတ်တော်မူကြပါကုန်။

မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန် တည်းဟူသော ချမ်းသာကြီး သုံးတန်ကို ဧကန် တောင့်တလေ့ ရှိတော်မူကြပေသော အမျိုးကောင်းသား ယောကျ်ား သူတော်စွာ တို့သည် လက်မွန်အစ ပဌမရှေးဦးစွာ သဗ္ဗတ္ထက ကမ္မဋ္ဌာန်း သုံးပါးကို အာရုံ သိမ်းလျက် ဓမ္မတာနည်း၊ ပဝတ္တိနည်း နှစ်ပါးတို့တွင် ရှေးဦးစွာ ဓမ္မတာကိုခင်းလျက် ပဝတ္တိကို သွတ်သွင်း အားထုတ်ကုန်ရာ၏၊

ထိုတွင် ပဌမနည်း၌ ပြခဲ့ပြီးသော သန္နိဋ္ဌဝါရဖြင့် နေ့ရက်များစွာ အားထုတ်ခြင်းကို ပြုရာကုန်၏၊ ထိုသို့ အားထုတ်၍ အာရမ္မဏသင်္ကန္တိက ကသိဏသင်္ကန္တိကတို့ ရင့်လှသဖြင့် ဒုတိယနည်းကို ပြောင်းရွေ့သည်ရှိသော် အကြင်မျှလောက် ကာလ ပတ်လုံး ဥဂ္ဂဟနိမိတ်သည် မပေါ်သေး၊ ထိုမျှလောက် ကာလပတ်လုံး ပကတိ ထွက်သက်- ဝင်သက်ကို မလွှတ်ရာ၊

အကြင်အခါ ဥဂ္ဂဟနိမိတ်သည် ထင်၏၊ ထိုအခါ ပကတိ ထွက်သက် ဝင်သက်ကို လွှတ်၍ အဿာသ ပဿာသ နိမိတ်ဖြင့် အားထုတ်ရာ၏။ ထိုသို့အားထုတ်ရာ၌ -

  • (၁) အကြင်သူသည် မိမိရသော ဥဂ္ဂဟနိမိတ်ကို မပျောက်ပျက်အောင် စောင့်ရှောက် တတ်သဖြင့် ပဋိဘာဂသို့ကူး၍ တတိယသို့ တက်နိုင်ပါမူ ဥဂ္ဂဟသား မည်၏။
  • (၂) အကြင်သူသည် နိမိတ်ကို မပျောက်ပျက်ရင် မစောင့်ရှောက်တတ်သည်ဖြစ်၍ လည်းကောင်း၊ သတိမေ့လျော့သည်ဖြစ်၍ လည်းကောင်း ဥဂ္ဂဟမှ ပဋိဘာဂသို့ မကူး မူ၍ ပျောက်ခဲ့၏။ မိမိနှင့် ငါးတောင်ကျော်မျှ သာလျှင် ကာရံသကဲ့သို့ ထင်၏၊ ထိုသူ ကို အကြိမ်ကြိမ်ကြာမြင့်စွာ အားထုတ်စေ၍ နိမိတ်ပေါ်မလာပါက တတိယသို့ သာလျှင် အသက်ခိုင်းရပါမူ မဏ္ဍလသား မည်၏။
  • (၃) အကြင်သူသည် မိမိရသော ဥဂ္ဂဟနိမိတ်သည် တူရူမသွား၍ မြင်းမြီးဆံကို လေလှန်၍ တိုက်သကဲ့သို့ ထင်ခဲ့၏၊ ထိုအခါ နှာဝမှ ငါးထောင်ခန့်အတွင်း၌ မိမိစိဘ်ဖြင့် အကွင်း-ငယ်ငယ်-ကြီးကြီး တို့ကို ဆက်စေလျက် ၎င်းအကွင်း၏ အတွင်းသို့ သွတ်၍ မှုတ်ပါ များလတ်မှု နိမိတ်သည် ယူဆောင်တိုင်းရသဖြင့် တတိယသို့ သက်ရပါမူ ပဗ္ဗသား မည်၏။
  • (၄) အကြင်သူသည် နှာဝ၏တူရူ၌ကား မထင်၊ မနီးမဝေးသော အရပ်၌ မှန်တုံးကဲ့သို့ လည်းကောင်း၊ မှန်အိုးကဲ့သို့ လည်းကောင်း၊ မုန်သေတ္တာကြီးကဲ့သို့ လည်းကောင်း ထင်ခဲ့၏၊ ထိုထင်သော အကြင်နိမိတ် အစိုင်အခဲကြီးကို မိမိထိပ်ပေါ်သို့တင်၍ တတိယသို့ တက်ရပါမူ ဩကာသ မည်၏။
  • (၅) အကြင်သူသည် ၎င်းဒုတိယနည်းကို အားထုတ်သောအခါ နိမိတ်ကို ယူဆောင်စဉ် လောင်မီးကျသကဲ့သို့ ဦးခေါင်းကို လည်းကောင်း၊ ကိုယ်ထက်ဝက်ကို လည်းကောင်း၊ ကိုယ်အားလုံးကို လည်းကောင်း လောင်ကျွမ်းခဲ့၏၊ ထိုလောင်ကျွမ်း သောအတိုင်း တတိယသို့ သက်ရပါမူ ပရိဆိန္န မည်၏။

၎င်းငါးယောက်သော ယောဂီတို့တွင် ဥဂ္ဂဟသား ဖြစ်အောင် အားဟုတ်ရာ၏၊

အားထုတ်၍မရမှသာ မဏ္ဍလ စသည်သို့ သက်စေရာ၏၊

ဤသို ငါးယောက်သော သူတို့တွင် အဘယ်သူမဆို တတိယ၏ အစ-အလယ်အဆုံး- သုံးပါးသို့သက်နိုင်ခြင်းသည်သာ ပဓာနတည်း၊

ထိုသို့ တတိယနည်းသို့ သက်ပြီးမှ ဩဓိ - အန္တောဓိ - အနန္တောဓိ-ကို ရောက်စေရာ၏၊

ဉာဏ်မထက်သော အားမရှိသော သူတို့မှာမူ ဩဓိ၌ပင်လျှင် တန့်ရပ်၍ စတုတ္ထနည်း သို့ ကူးစေရာ၏၊ အနန္တောဓိသို့ ရောက်ပြီးသောသူသည်လည်း ဩဓိသို့ ပြန်လျက် စတုတ္ထသို့ သက်စေရာ၏။ ၎င်းနည်းလေးပါးတို့တွင် ပဌမနည်း၌ မဂ္ဂင်စောင့်ပုံကိုကား ပြခဲ့ပြီးပြီ။

ဒုတိယ၌မှာကား -

နှာဝမှသည် မိမိထားသောအမှတ်သို့ ရောက်အောင် ထွက်သက် ဝင်သက်ကို လည်းကောင်း၊ ၎င်း၏နိမိတ်ကို လည်းကောင်း အားပင့်၍-အားပင့်၍-လွှတ်ခြင်း အမှတ်မှသည် နှာဝသို့ရောက်အောင် အားပင့်၍-အားပင့်၍-ရှိုက်ခြင်းသည် သမ္မာဝါယာမမည်၏။

အားပင့်တိုင်း-ပင့်တိုင်း-သိခြင်းသည် သမ္မာသတိမည်၏။

အာရုံတပါးသို့ မပြေးမသွားစေခြင်းသည် သမ္မာသမာဓိမည်၏။

တတိယ၌ -

အစမှသည်အလယ်၊ အလယ်မှသည်-အဆုံး၊ အဆုံးမှုသည်-အလယ်၊ အလယ်မှ သည်-အစ၊ ပဋိဘာဂနိမိတ်ကို အားပင့်၍-အားပင့်၍-ရှိုက်ခြင်းနှင့် ပင့်၍-ပင့်၍ ရူခြင်းသည် သမ္မာဝါယာမမည်၏။

အစ-အလယ်-အဆုံး၊ အဆုံး-အလယ်-အစ ကို သိခြင်းသည် သမ္မာသတိ မည်၏၊

အာရုံတပါးသို့ မပြေး မသွားစေခြင်း သည် သမ္မာသမာဓိ မည်၏။

စတုတ္တ၌ -

အစမှအဆုံးသို့ရောက်အောင် အဆုံးမှ-အစသို့ရောက်အောင် ညင်း၍-ညင်း၍-ရှုခြင်း ရှိုက်ခြင်းသည် သမ္မာဝါယာမမည်၏။

ညင်းတိုင်း - ညင်းတိုင်း-သိခြင်းသည် သမ္မာသတိ မည်၏။

အာရုံတပါးသို့ မပြေးမသွား စေခြင်းသည် သမ္မာသမာဓိ မည်၏။

ဤလေးပါးသော နည်းတို့၌ သန္နိဋ္ဌဝါရဖြင့် သတိမြဲသော သူကိုသာလျှင် ဒုတိယ နည်းသို့ ပြောင်းရာ၏။ ထိုဒုတိယနည်း၌လည်း ဥဂ္ဂဟနိမိတ်ရ၍ ပဋိဘာဂသို့ သက်လျက် တည်သောသူကိုသာ တတိယနည်းသို့ ပြောင်းရာ၏။ နိမိတ်မရသေးပါမှု ပဌမနည်းသို့ ပြန်၍သက်စေရာ၏၊

ပဋိဘာဂသို့ သက်၍တည်ပါမူ ဦးခေါင်းကို ဖြတ်၍ အဇ္ဈတ္တ၌ မသက်မခြင်း အကြိမ် များစွာ သွတ်သွင်း၍ အစအလယ်-အဆုံး-တို့ကို ယူရာ၏၊

အဇ္ဈတ္တ-ဗဟိဒ္ဓ၊မခြား တသားတည်းကဲ့သို့ နေပါမူ စတုတ္ထသို့ သက်ရာ၏။ ၎င်းစတုတ္ထ၌ တန့်ရပ်၍ ဓမ္မတာအစွမ်းဖြင့် ပေါ်လာသော အရှိန်မစဲ တသဲသဲ ဖြစ်ပေါ်လျက်နေသော ဝတ္ထု ရုပ်ကို အဿာသ ပဿာသနှင့်တကွ ဘယ်ရွေ့ ဘယ်မျှပင် များသော်လည်း တပေါင်းတည်းပြု၍ -

  • ဤရုပ်တရားတို့သည် ဖောက်ပြန်ခြင်း လက္ခဏာရှိ၏၊
  • ဖရိုဖရဲ ကျဲခြင်းကိစ္စရှိ၏။
  • အဗျာကတဟု ယောဂီပုဂ္ဂိုလ်အား ထင်ခြင်း ပစ္စုပဋ္ဌာန်ရှိ၏၊
  • ဝိပဿနာဝိညာဏ်သာလျှင် နီးစွာသော ပဒဋ္ဌာန်ရှိ၏

ဟု လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်တို့ကို သိမ်းကျုံး၍ ရုပ် ရုပ် ဟု ရုပ်ကို သိမ်းဆည်းရာ၏၊

သံသယ မပြတ်ကင်းသည်ဖြစ်၍ လည်းကောင်း၊ ပိုင်းခြားလိုသည် ဖြစ်၍ လည်းကောင်း နောက်ကပြခဲ့ပြီးသော ရောင်ကိုင်နည်း သုံးချက်တို့ဖြင့် ရုပ်ကို သိမ်းဆည်းရာ၏၊

၎င်းနောက် ထိုရုပ်လျှင် အာရုံရှိသော ဝိပဿနာ နာမက္ခန္ဓာ အပေါင်းကို ဘယ်ရွေ့ ဘယ်မျှပင် များသော်လည်း တပေါင်းတည်းပြု၍ -

  • ဤနာမက္ခန္ဓာသည် အာရုံကိုညွှတ်ခြင်း လက္ခဏာ
  • စိတ် စေတသိက်တို့ကို ယှဉ်စေခြင်းကိစ္စ
  • ကွဲပြားခြင်းမရှိဟု ယောဂီ ပုဂ္ဂိုလ်အားထင်ခြင်း ပစ္စုပဋ္ဌာန်
  • ဝိပဿနာ ဝိညာဏ်လျှင် နီးစွာသော ပဒဋ္ဌာန်ရှိ၏ -

ဟု လက္ခဏာ, ရသ, ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို သိမ်းရုံး၍ ပြခဲ့ပြီးသော ပဉ္စက သုံးပါးတို့တွင် တစ်ပါးပါးဖြင့် လည်းကောင်း၊ ဝိညာဏပဉ္စကဖြင့် လည်းကောင်း သိသည် သိသည်ဟု နာမ်ကိုသိမ်းဆည်းရာ၏။

၎င်းနောက် ဝိပဿနာ, ခန္ဓာငါးပါး ရုပ် နာမ် တ ရား တို့ သည် အကြောင်းကင်း၍ မဖြစ်ရာ၊ အကြောင်းကား အဘယ်သည်တို့နည်းဟု စူးစမ်းလတ်သော် သုတမယဖြင့် ရအပ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် ကံ အာဟာရ ဟူသော ပဋိစ္စသမုပ္ပါဒ်ကို မြင်သိရ၍ ဤအကြောင်း ငါးပါးသည် ဤဝိပဿနာ ခန္ဓာရုပ်နာမ်တို့ကို ဖြစ်စေဘိ၏ ဟု အာရုံဖြင့် သိမ်းယူ၍ ပြုပြင်သည်ဟူ၍ လည်းကောင်း၊ ပြုပြင်၍ ဖြစ်သည်ဟူ၍ လည်းကောင်း၊ ပြုပြင်သောကြောင့် ဖြစ်သည် ဟူ၍ လည်းကောင်း အကြောင်းကို သိမ်းဆည်းရာ၏၊

၎င်းနောက် ဤအကြောင်း ငါးပါးကြောင့်ဖြစ်သော ပဋိသန္ဓေခန္ဓာ ပဝတ္တိခန္ဓာ နှစ်ပါးတို့တွင် ပဝတ္တိခန္ဓာ ဟုဆိုအပ်သော ရုပ်နာမ်တရား ဤနှစ်ပါးတို့သည် ရှေး၌လည်း ဖြစ်ဖူးလှလေပြီ၊ နောင်အခါ၌လည်း ဖြစ်ရဦးလတ္တံ့၊ ယခုအခါ၌လည်း ဖြစ်ဆဲရှိ၏ဟု အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့တွင် ပစ္စုပ္ပန်ကာလ၌ သိမ်းရုံး၍ ဖြစ်ဆဲ ဖြစ်ဆဲ ဟု အဓွန့်ကို သိမ်းဆည်းရာ၏၊

(ပုဗ္ဗကိစ္စလေးပါး ပြီး၏။)

၎င်းနောက် အဒ္ဓါနပရိဂ္ဂဟ၌ရပ်လျက် ဥပမာငါးပါးတို့တွင် တစ်ပါးပါး၌ ထင်လာသော ဝိပဿနာ အာရုံတစ်ခု၏ အတွင်း၌ရအပ်သော ရုပ်တရားကို လည်းကောင်း၊ နာမ်တရားကို လည်းကောင်း ကာလငံ့လင့်၍ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ သန္တိကေ ဒူရေ ဤတစ်ဆယ့်တစ်ပါးတို့၏ ပြားဟန်ကို အဖန်ဖန် စူးစမ်းဆင်ခြင်လျက် ရုပ်ကိုရှေးဦးစွာ တစ်လတန်သည် နှစ်လတန်သည် လက္ခဏဝဝတ္ထာနဝါရဖြင့် အနိစ္စဟူ၍ လည်းကောင်း၊ ဒုက္ခဟူ၍ လည်းကောင်း၊ အနတ္တဟူ၍ လည်းကောင်း သုံးသပ်ဆင်ခြင်ရာ၏။

၎င်းနောက်မှ ဤနည်းအတူ နာမ်ကိုဆင်ခြင်ရာ၏၊ ရုပ်နာမ်ကိုဆင်ခြင်ရာ၏။ ၎င်း၌ ရုပ်တို့၏ အဖြစ်မမြဲ အပျက်မမြဲခြင်းသည် အနိစ္စမည်၏၊ ဖြစ်ခြင်း ပျက်ခြင်းတို့ဖြင့် နှိပ်စက်ခြင်းသည် ဒုက္ခမည်၏၊ မဖြစ်ပါလင့် မပျက်ပါလင့်ဟု တောင့်တ၍ မရခြင်း သည် အနတ္တမည်၏။

ဤနည်းအတူ -

  • ၁။ အနိစ္စ၌ ဖြစ်ခြင်းပျက်ခြင်းသည် ဥပ္ပါဒဝယ
  • ၂။ အခိုက်အတန့် တည်ခြင်းသည် တာဝကာလိက
  • ၃။ ဖောက်ပြန်ခြင်း အဆုံးသို့ ရောက်ခြင်းသည် ဝိပရိဏာမကောဋိ
  • ၄။ နိစ္စ မဟုတ်သည်၏ အဖြစ်သည် နိစ္စပဋိက္ခေပ -

ဟူသော အနိစ္စလက္ခဏာ လေးပါးတို့ကို ထင်အောင် လည်းကောင်း၊

  • ၁။ ဒုက္ခဒုက္ခ ဝိပရိဏာမဒုက္ခ သင်္ခါရဒုက္ခ ပဋိစ္ဆန္နဒုက္ခ, အပဋိစ္ဆန္နဒုက္ခ ပရိယာယဒုက္ခ နိပ္ပရိယာယ ဒုက္ခ တို့ဖြင့် အတန်တန်ပူလောင်ခြင်း တည်းဟူသော သန္တာပ
  • ၂။ ၎င်းဒုက္ခ ၇-ပါးတို့သည် နှိပ်စက်အပ်သည်ဖြစ်၍ သည်းမခံနိုင်ခြင်း တည်းဟူသော ဒုက္ခမ
  • ၃။ ထိုသို့ သည်းမခံနိုင်သော်လည်း တေဘူမက ဒုက္ခနယ်မှ မလွဘ်သေးရကား ဒုက္ခဝတ္ထုက
  • ၄။ သုခမဟုတ်သည့် အဖြစ်ဟု ဆိုအပ်သော သုခပဋိက္ခေပ -

ဟူသော ဒုက္ခလက္ခဏာ လေးပါးတို့ကို ထင်အောင် လည်းကောင်း၊

  • ၁။ အတိတ်စသည်ဖြင့် ပြားသော အဝသဝတ္တန
  • ၂။ အစိုးမရခြင်းတည်းဟူသော အသာမိက
  • ၃။ ပြုပြင်ခြင်းစသည်မှ ဆိတ်သော သုညတ
  • ၄။ တိတ္ထိတို့ကြံဆအပ်သော အတ္တ နိဝါသီ သယံဝသီ ကာရက ဝေဒက တို့မှ ဆန့်ကျင်ဘက်ဖြစ်သော အတ္တပဋိပက္ခ -

ဟူသော အနတ္တ လက္ခဏာလေးပါးတို့ကို ထင်အောင် လည်းကောင်း သုံးသပ်ရာ၏။

ဤထက် အလွန် မဟာဝိပဿနာ ၇-ပါးသို့ ရောက်အောင် လည်းကောင်း၊ လက္ခဏဝဝဝတ္ထာနဝါရဖြင့် ဝိပဿနာဉာဏ် ဆယ်တန်ကို သုံးတန်သော သမ္မသန နိဗ္ဗိဒါ ပက္ခန္ဒန ဓာတ်သို့ရောက်အောင် လည်းကောင်း သုံးသပ် ဆင်ခြင်၍ ဩက္ကမ ဓာတ်တော်ကြီးသို့ သက်စေရာ၏။

အကယ်၍ ဩက္ကမဓာတ်သို့ မသက်သေးပါမူ အကြိမ်ကြိမ် အဖန်ဖန် အတန်တန် သော ဝိပဿနာ ဓာတ်သုံးပါးတို့ဖြင့် ရက် လ များစွာ အားထုတ်ရာ၏၊

ဤသို့အားထုတ်ပါလျက် ဩက္ကမဓာတ်သို့ မသက်သေးပါမူ အနုလောမခန္တီဝါရဖြင့် သုံးသပ်ဆင်ခြင်ရာ၏။

ဤသို့ အားထုတ်ပါလျက် ဩက္ကမဓာတ်သို့ မသက်သေးပါမှု နာမရူပပဝတ္တိက္ကမဝါရဖြင့် သုံးသပ် ဆင်ခြင်ရာ၏၊

ဤသို့အားထုတ်ပါလျက် ဩက္ကမဓာတ်သို့ မသက်သေးပါမူ နာမရူပသတ္တကဝါရဖြင့် သုံးသပ်ဆင်ခြင်ရာ၏။

ဤသို့အားထုတ်ပါလျက် ဩက္ကမဓာတ်သို့ မသက်သေးပါမူ မဟာဝိပဿနာဝါရဖြင့် သုံးသပ် ဆင်ခြင်ရာ၏။

ဤသို့ ပုဗ္ဗကိစ္စမှစ၍ ဝိပဿနာဉာဏ်ဆယ်တန် တိုင်တိုင်လည်းကောင်း၊ မဂ်ဉာဏ်သို့ တိုင်တိုင်လည်းကောင်း သုံးသပ်ဆင်ခြင်စဉ် အခါ၌ကား သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ ဟူသော ကာရာပကင်္ဂ မဂ္ဂင်ငါးပါးတို့ဖြင့် တစ်မုဟုတ္တမျှ မလစ်လပ်ရအောင် စောင့်ရှောက်ရာ၏။

အဘယ်ကဲ့သို့နည်းဟူမူ -

  • ဝိပဿနာစိတ်ကို အားထုတ်ခြင်းသည် သမ္မာဝါယာမ မည်၏။
  • ရုပ်နာမ်တရားတို့၏ ထင်ခြင်းသည် သမ္မာသတိ မည်၏၊
  • အာရုံတစ်ပါးသို့ မပြေးသွားစေခြင်းသည် သမ္မာသမာဓိ မည်၏၊
  • ရုပ်နာမ် တရားကို ကြံဆခြင်းသည် သမ္မာသင်္ကပ္ပမည်၏၊
  • ဖြစ်ခြင်း ပျက်ခြင်း အစရှိသော အနိစ္စ ဒုက္ခ အနတ္တတို့ကို မြင်ခြင်းသည် သမ္မာဒိဋ္ဌိ မည်၏။

ထိုသို့ လုံစွာ စောင့်ရှောက်ရာ၏။

ဤသို့ ပုဗ္ဗကိစ္စမှစ၍ ဝိပဿနာဉာဏ် ဆယ်တန်သို့တိုင်တိုင် အားထုတ်အပ်သော ယောဂီအား ရှေးဦးစွာသော သစ္စာလေးပါး မြတ်တရားကိုသိခြင်း မည်၏။ အစဖြစ်သော သစ္စာလေးပါးကို သိခြင်းနှင့် ကိစ္စအပြီးသို့မရောက်သေး

အကြင်သူသည် သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင် ဆိုက်၍ သစ္စာလေးပါးကို အစသိခြင်းဖြင့် သိရကား အနှစ်တစ်ရာ၊ အနှစ်တစ်ထောင် စသည်တို့ တိုင်တိုင် ကိလေသာ နီဝရဏ စသည်တို့ကို ပယ်နိုင်ပါငြားသော်လည်း အလယ်၏ သိခြင်း မဟုတ်သည်ဖြစ်၍ ကိစ္စ မပြီးသေး။

မိမိ၏ကိုယ်ကိုသာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဟု ထင်မှတ် မှားတတ်သည် -

တဿ ဟိ သမထဝိက္ခမ္ဘိတာနံ ဝါ ဝိပဿနာဝိက္ခမ္ဘိတာနံ ဝါ ကိလေသာနံ သမုဒါစာရံ အပဿတော သောတာပန္နော အဟံတိ ဝါ (ပ) အရဟာ အဟံတိ ဝါ အဓိမာနော ဥပ္ပဇ္ဇတိ။

မ၊ဋ္ဌ၊၁၊၁၈၇။ ဟူသော မူလပဏ္ဏာသအဋ္ဌကထာကို ထောက်။

ထိုကြောင့် ဝိပဿနာအခိုက်၌ သစ္စာလေးပါးကို သိခြင်းသည်အစ၏ သိခြင်းမည်၏။

မဂ်တို့၏အခိုက်၌ ပရမတ္တတရားတို့၏ ဝိသုဒ္ဓိ နိရောဓ ဧကန်အမှန် အသင်္ခတဓာတ်ကို ပစ္စက္ခအားဖြင့် အာရုံပြုရ၍ သစ္စာလေးပါးကို သိခြင်းသည် အလယ်၏သိခြင်းမည်၏။

ရဟန္တာတို့၏ စရိမဝိညာဏစုတိ စိတ်တော်၏ ဘင်္ဂက္ခဏ၏ အခြားမဲ့၌ အနုပါဒိသေသ နိဗ္ဗာန်အာရုံကို ခိုလှုံ ဝင်ရောက် မျက်မှောက်ပြုတော်မူကြရခြင်းသည် သစ္စာလေးပါးကို အဆုံး ဖြစ်သော သိခြင်းမည်၏။

ဤသိခြင်း သုံးပါးတို့တွင် အစ၏သိခြင်းဖြင့် လောကိယသစ္ဆိကိရိယ မည်၏။

သောတာပတ္တိမဂ် အခိုက်၌ နိဗ္ဗာန်ကို လက်ပေါ်၌ တင်ထားသော ပတ္တမြားကို မြင်သကဲ့သို့ ပစ္စက္ခမြင်ခြင်းသည် လောကုတ္တရာဒဿနသစ္ဆိကိရိယမည်၏။

အထက်မဂ်သုံးတန်တို့ဖြင့် နိဗ္ဗာန်ကို အာရုံပြု၍ လောကဓံတို့နှင့် တွေ့ကြုံပါ သော်လည်း တုန်လှုပ်ခြင်း မရှိသဖြင့် မျက်မှောက် ပြုရခြင်းသည် လောကုတ္တရာ ဘာဝနာ သစ္ဆိကိရိယ မည်၏။

၎င်းဘာဝနာသစ္ဆိကိရိယ၌ ပထမမဂ်ကို မျက်မှောက် ပြုပြီးသော် ၎င်းမဂ်၏ ဖလသမာပတ်ကို ဝင်စားလိုလတ်မူ မိမိမျက်မှောက် ပြုအပ်ခဲ့ ပြီးသော နိဗ္ဗာန်ကို နိန္န-ပေါဏ-ပဗ္ဘာရပြု၍ ဥဒယဗယဉာဏ်ကစ၍ အနိစ္စ-အနိစ္စ စသည်ဖြင့် နေ့ရက်များစွာ ဝသီဘော်သို့ တက်အောင် နှလုံးသွင်းရာ၏။

ဤသို့နှလုံးသွင်းရာ၌ အနိစ္စ ဒုက္ခ အနတ္တ သညာမလွတ်သေးပါမူ ၎င်း သမာပတ်သည် သင်္ခါရအား မည်၏၊

၎င်း သင်္ခါရအားကိုလွှတ်၍ မိမိထားလိုသရွေ့ ကာလပတ်လုံး နိဗ္ဗာန်၌သာလျှင် မိမိအားကိုထား၍ “သန္တမေတံ ပဏီတမေတံ” - ဟု ထားနိုင်ပါမူ သန္တအား မည်၏။

လွှတ်လိုက်သော အာရုံသည် သင်္ခါရအားသန္တအားတို့ကို လွန်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါမူ နိရောဓအား မည်၏။

(အထက်မဂ် သုံးတန်တို့၏ သမာပတ်ကိုလည်း ဤနည်းကို မှီး၍ ဝင်စားရာ၏။ အထူးမှာ တတိယမဂ်သို့ရောက်ခဲ့လျှင် သင်္ခါရအားကို လွှတ်နိုင်၏။)

ဤသို့ ပထမမဂ်သို့ ရောက်ပြီးသော ယောဂီသည် အထက်မဂ်သုံးတန် တို့၏ အကျိုးငှာ အားထုတ်လိုလတ်မူ ပထမမဂ်၏ အာလယကိုဖြတ်၍ ဒုတိယမဂ် စသည်တို့ကို ကိုင်းရှိုင်း ညွတ်ဝှမ်းသော စိတ်တို့ဖြင့် ဥဒယဝယ ဉာဏ်မှစ၍ ဝိပဿနာဓာတ်လေးပါးတို့ကို အသစ်အသစ် တည်ထောင် အားထုတ်စီးဖြန်း ကုန်ရာ၏။

ဤသို့ပြခဲ့ပြီးသော စကားအစဉ်၌ သရဏဂုံနှင့်တကွ သီလရှိမြဲသမျှ ကာလ ပတ်လုံးသည် သီလဝိသုဒ္ဓိ မည်၏။ အဓိသီလ သိက္ခာလည်း မည်၏။ ပုဗ္ဗာယင်္ဂမဂ္ဂင် သုံးပါး ကိန်းဝပ်၏။

  • (၁) ပထမနည်းမှ စတုတ္ထနည်းသိမ်းမူ စိတ္တဝိသုဒ္ဓိ မည်၏။ အဓိစိတ္တ သိက္ခာလည်း မည်၏။
  • (၂) ရူပပရိဂ္ဂဟနာမပရိဂ္ဂဟ အတွင်းသည် ဒိဋ္ဌိဝိသုဒ္ဓိ မည်၏။
  • (၃) ပစ္စယပရိဂ္ဂဟအဒ္ဓါနပရိဂ္ဂဟအတွင်းသည် ကင်္ခါဝိတရဏဝိသုဒ္ဓိ မည်၏။
  • (၄) အကြင်အခါ အမှတ်မဲ့သော ဩဘာသ စသည်တို့သည် ဆိုက်ရောက်၏။ ထို ဩဘာသစသည်တို့ကို လွန်မြောက်ခြင်းသည် မဂ္ဂါမဂ္ဂ ဉာဏဒဿန ဝိသုဒ္ဓိ မည်၏။
  • (၅) ငါးပါးသော ဝါရတို့တွင် တစ်ပါးပါးသော ဝါရဖြင့် ပက္ခန္ဒန ဓာတ်သို့တိုင်အောင် ဝိပဿနာကို အားထုတ်ခြင်းသည် ပဋိပဒါ ဉာဏဒဿနဝိသုဒ္ဓိမည်။ လောကီ အဓိပညာ သိက္ခာလည်းမည်၏။ လောကီကာရာပကင်္ဂ မဂ္ဂင်ငါးပါးလည်း ကိန်းဝပ်၏။ ကလျာဏ ပုထုဇဉ်လည်း မည်၏။ သုတဝါအရိယသာဝကလည်း မည်၏။
  • (၆) နိဗ္ဗာန်ကို ပစ္စက္ခမျက်မှောက်ပြုရ၍ သောတာပတ္တိမဂ်သို့ ရောက်ခြင်းသည် လောကုတ္တရာဉာဏဒဿနံ ဝိသုဒ္ဓိ မည်၏။
  • (၇) လောကုတ္တရာ အဓိပညာသိက္ခာလည်း မည်၏။ လောကုတ္တရာ ကာရာပကင်္ဂ မဂ္ဂင်ငါးပါးလည်း ကိန်းဝပ်၏။ သေက္ခပုဂ္ဂိုလ်လည်း မည်၏။

ဤသို့သတိပြုတော် မူကြပါကုန်။

၈၀ - ၎င်းကျမ်း၌ ပညာရှိတို့အား ပန်ကြားခြင်း

အကြင်အကြင် ပုဒ်-ပါဌ်-အက္ခရာ သဒ္ဒါ-အနက် စကားထွက် စကားဝင် လင်္ကာ ဟူသမျှ၌ ကျနချွတ်လွဲ ဖောက်လွဲ၊ ဖောက်ပြန် မမှန်ယုတ္တိ ရှိခဲ့သည်ဖြစ်အံ့။ ထိုထို ပုဒ်-ပါဌ်-အက္ခရာ သဒ္ဒါအနက် စကားထွက် - စကားဝင် လင်္ကာ ဟူသမျှတို့ကို အကြင် အကြင် ပညာရှင်ကြီးတို့သည် ရှိကုန်၏။

ထိုပညာရှင်ကြီးတို့သည် ယုတ္တာယုတ္တိ ရှိမရှိကို နှိုင်းညှိ တိုင်းထွာတော် မူကြလျက် ငါ့အား လည်းကောင်း သတ္တဝါတို့အား လည်းကောင်း သနား ချစ်ခင် မေတ္တာဝင်၍ ပြင်ဆင်တော်မူကြ စေကုန်သတည်း။

ထိုစကား သင့်စွ -

ပညာမရှိသော သူတို့၏အထံ၌ စကားဆိုခြင်းငှာ လွန်စွာဆင်းရဲ၏။

အဘယ့်ကြောင့်နည်းဟူမူ ထိုပညာမရှိသောသူတို့သည် ဆိုအပ်သော စကား၌ ပုဒ်-ပါဌ်-အက္ခရာ-သဒ္ဒါ-လိင်အံ-ဟူသမျှ၌ အပြစ်ကိုသာ ဆိုလေ့ ရှိကြကုန်၏။ ဧကန္တဓိပတိ ပညာရှိကြီးတို့သည်ကား ဆိုအပ်သောစကားကို ကြား၍ ကောင်းစွာ ဆိုအပ်သော စကားကို ချီးမွမ်းလေ့ ရှိကြကုန်၏။

မကောင်းသဖြင့် ဆိုမိသောအခါ၌ ပါဠိ-ပဒ-အတ္ထ-သဒ္ဒါတို့၌ အကြင်အကြင် စကားသည် ဆန့်ကျင်၏။ ထိုထိုစကားကို ဖြောင့်စွာပြု၍ ပေးလေ့ရှိကြကုန်၏။ ထိုကြောင့် ရိုသေစ္စာတောင်းပန်လိုက်ပါသည်။

ပဏ္ဍိတပဋိရူပကာနံ ဟိ သန္တိကေ ကထေတုံ ဒုက္ခံ ဟောတိ၊ တေ ပဒေ အက္ခရက္ခရေ ဒေါသမေဝ ဝဒန္တိ၊ ဧကန္တပဏ္ဍိတာ ပန ကထံ သုတွာ သုကထိတံ ပသံသန္တိ၊ ဒုက္ကထိတေ ပါဠိ ပဒအတ္ထ ဗျဉ္ဇနေသု ယံ ယံ ဝိရုဇ္ဈတိ၊ တံ တံ ဥဇုကတွာ ဒေန္တိ။

မ၊ဋ္ဌ၊၃၊၃၀၃

ဟိ၊ ထိုစကားသင့်စွ။ ပဏ္ဍိတ ပဋိရူပကာနံ၊ ပညာရှိဟူ ဝိဒူအသွင် စိတ်၌ ထင်ကုန်သော သူတို့၏။ သန္တိကေ၊ အထံ၌။ ကထေတုံ၊ စကား ဆိုခြင်းငှာ။ ဒုက္ခံ၊ ဆင်းရဲသည်။ ဟောတိ၊ ဖြစ်၏။ ကသ္မာ၊ အဘယ့်ကြောင့်နည်းဟူမူကား။ တေ၊ ထိုပညာရှိယောင်ဆောင်သောသူတို့သည်။ ပဒေပဒေ၊ ပုဒ်တိုင်းပုဒ်တိုင်း။ အက္ခရက္ခရေ၊ အက္ခရာတိုင်း အက္ခရာတိုင်း။ ဒေါသမေဝ၊ အပြစ်ကိုသာလျှင်။ ဝဒန္တိ၊ ဆိုတတ်ကြကုန်၏။ ဧကန္တ ပဏ္ဍိတာ ပန၊ ဧကန်ပညာရှိသော ပညာရှိကြီးတို့သည်ကား။ ကထံ၊ စကားကို။ သုတွာ၊ ကြား၍။ သုကတိတံ၊ ကောင်းစွာ ဆိုအပ်သောစကားကို။ ပသံသန္တိ၊ ချီးမွှမ်းကုန်၏။ ဒုက္ကထိတေ၊ မကောင်းသောစကားကို ဆိုမိသောအခါ၌။ ပါဠိ ပဒအတ္ထ ဗျဉ္ဇနေသု၊ ပါဠိပုဒ် အနက် သဒ္ဒါတို့၌။ ယံ ယံ၊ အကြင်အကြင်စကားသည်။ ဝိရုဇ္ဈတိ၊ ဆန့်ကျင်၏။ တံ တံ၊ ထိုထို ဆန့်ကျင်သော စကားကို။ ဥဇုကတွာ၊ ဖြောင့်စွာပြု၍။ ဒေန္တိ၊ ပေးကုန်၏။

ကျမ်းပြီးနိဂုံး

မဇ္ဈိမမဏ္ဍလဿ နိမိတ္တဘူတာယ သလ္လာဝတီနဒိယာ မကုဋ သဒိသဿ ကန္နီနဂရဿ ဒက္ခိဏာနုဒိသဘာဂေ ကမ်းဖြုတိနာမကေ မဟာဂါမေ ဇာတိဝါဒေန အနုပကုဋ္ဌာ ဝိသာလကုလသမ္ဘဝါ ဥဠာရသဒ္ဓါဒိဂုဏသမ္ပန္နာ ရတနတ္တယာဘိ မာမကာ အာဝသန္တိ မဟာကုလာ၊ တေသု အနာကုလေန သုဇာတေနသီလာဒိဂုဏေဟိ အနေကဂုဏသမ္ပန္နာနံ အမှာကံ အနန္တ ဂုဏဋ္ဌာနိယာနံ သေဋ္ဌာ စရိယာနံ အန္တေဝါသိကေန သောဘိတောတိနာမေန သုပါကဋေန တေန ကန္နီနဂရဿ ဒက္ခိဏာနုဒိသာဘာဂေ ဒက္ခိဏာစလဿ မကုဋဘူတေ စေကုန္တိမဟာစေတိယဿ ပစ္ဆိမဒိသာဘာဂေပေါရာဏမဟာထေရ ပေါရာဏမဟာရာဇူဟိ ဘုမာပိတေ သုဝိသုဒ္ဓတလ ဘူမိပဒေသေ ဝတ္တထလန္တိနာမကေ ဌာနေ အတ္ထိ သဗ္ဗသန္တာ ရမ္မဏာရာမော၊ တသ္မိံ ပဉ္စသင်္ဂီတျာရူဠှဓမ္မရာဇုနောဒက္ခိဏဂေဟ နာယကရတန-မဟေသီ မစ္စာနံ နတ္တေဟိ ဘာတုဘဂိနီဟိ ကာရိတေ သုဇနာရာမေ ဝိဟာရေ ဝသန္ထေန အနန္တဂုဏသမ္ပန္နဿ အနန္တဉာဏာဓိဝါသဿ အသင်္ချေယျဂုဏဂဏာ ဓာရဿ ဗုဒ္ဓဿ ဘဂဝတော ဩဝါဒေ သာသနေ သစ္စဃဋ္ဌေ သာကေ မဇ္ဇဋ္ဌိကေ သမ္ပတ္တေ ဇေဋ္ဌမာသဿ ကာလပက္ခတေရသမေ ဘရဏိယာ စန္ဓေ သုယောဇိတေ စန္ဒရဒိနေ အယံ ဂန္တော နိဋ္ဌင်္ဂတော အမှာကံ အတိမာမကေဟိသေဋ္ဌာစရိယေဟိ အာဏာပိတော သုကာရိတော၊ ယောဂိနံ နိဗ္ဗာနသင်္ခါတံ ပါရံ ဂတဟေတုဘူတတ္တာ ယောဂိပါရဂူနာမ ဟောတိ နာမေနာတိ။

မဇ္ဈိမ မဏ္ဍလဿ၊ အဝန်းယူဇန၁ ကိုးရာရှိသော မဇ္ဈိမတိုက်ကြီး၏။ နိမိတ္တဘူတာယ၊ အရှေ့တောင်အရပ် အမှတ်တံဆိပ် နိမိတ်အပိုင်းအခြား ဖြစ်၍ ဖြစ်သော။ သလ္လဝတီ နဒိယာ၊ သလ္လာဝတီ အမည်ရှိသော ချင်းတွင်းမြစ်၏။ မကုဋ သဒိသဿ၊ အထွက်ဦးစိုက် မကိုဋ်တန်းဆာနှင့် အလားတူသော။ ကန္နီ နဂရဿ၊ ကန္နီမြို့၏။ ဒက္ခိဏာနုဒိသာဘာဂေ၊ အနောက်တောင်ထောင့် အရပ်၌။ ကမ်းဖြူတိ နာမကေ၊ ကမ်းဖြူဟူ၍ အမည်ရသော။ မဟာဂါမေ၊ ရွာကြီး၌။ ဇာတိဝါဒေန၊ အမျိုးကိုစွဲ၍ဖြစ်သော စကားဖြင့်။ အနုပကုဋ္ဌာ၊ မသမ္မာအယူရှိသောလူတို့ ငြူစူချောက်ခြား ပျက်ပြားအောင် မစွပ်စွဲနိုင်ကုန်သော။ ဝိသာလကုလသမ္ဘဝါ၊ ပြန့်ပြော မွန်မြတ်သော အမျိုး၌ ကောင်းစွာဖြစ်ခြင်း ရှိကုန် ထသော။ ဥဠာရသဒ္ဓါဒိဂုဏသမ္ပန္နာ၊ မွန်မြတ် စင်ကြယ်သော သဒ္ဓါစသော ဂုဏ်ကျေးဇူးတို့နှင့် တင့်တယ်ပြည့်စုံခြင်း ရှိကုန်ထသော။ ရတနတ္တယာ ဘိမာမကာ၊ သုံးတန်သောရတနာ၌ လွန်စွာစုံမက် မရက်မစက် မြတ်နိုး တတ်ကုန်ထသော။ မဟာကုလာ၊ မြတ်သောအမျိုးတို့သည်။ အာဝသန္တိ၊ မြဲမြံခိုင်ကြံ့ တည်တံ့ နေထိုင်ကြကုန်၏။

တေသု ကုလေသု၊ ထိုအမျိုး တို့၌။ အနာကုလေန၊ ဘေးရန်မနှောင့် နှောင့်ယှက်ခြင်း မရှိသဖြင့်။ သုဇာတေန၊ ကောင်းစွာ မွေးဖွားသော။ သီလာဒိဂုဏေဟိ၊ သီလအစ ရှိသော ဂုဏ်တို့ဖြင့်။ အနေကဂုဏသမ္ပန္နာနံ၊ တစ်ပါးမက များလှစွာသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံကုန် ထသော။ အမှာကံ၊ ငါတို့၏။ (ဝါ) ငါတို့အား။ အနန္တဂုဏဋ္ဌာနိယာနံ၊ အနန္တဂုဏ်ငါးပါးတို့တွင် တစ်ပါးအပါ အဝင်ဖြစ်သော အရာ၌ တည်ကုန်ထသော။ သေဋ္ဌာစရိယာနံ၊ တောသုံးထောင်သေဌ်နင်း ခြင်္သေ့မင်း၏ပမာ ပရိယတ္တိသာသနာ၌ ရွံ့ရှားခြင်း ကင်းကုန်ထသော ဆရာမြတ်တို့၏။ (ဝါ) အရညကင် ဓုတင်္ဂါဒိအစရှိသော ဂုဏ်တို့နှင့်ပြည့်စုံသော ဆရာမြတ်တို့၏။ အန္တေဝါသိကေန၊ လက်ပါးထံရင်း အတွင်းနေတပည့်ဖြစ်သော။ သောဘိတောတိနာမေန၊ ဆရာသခင် ကျေးဇူးရှင်တို့သည် ကြည်လင်လေးမြတ် မှည့်ခေါ်အပ်သော သောဘိတ ဟူသောအမည်ဖြင့်။ သုပါကဋေန၊ ကောင်းစွာထင်ရှားသော။ တေန မယာ၊ ထိုငါသည်။ (သုကာရိတော၌စပ်။)

ကန္နီ နဂရဿ၊ ကန္နီမြို့၏။ ဒက္ခိဏာ အနုဒိသာ ဘာဂေ၊ အနောက်တောင်ထောင့် အရပ် မျက်နှာအဖို့၌။ ဒက္ခိဏာစလဿ၊ ကန္နီမြို့အနောက်တောင် စဉ်းငယ် ယွန်းသော တောင်ကြီး၏။ မကုဋဘူတေ၊ အထွတ်ဦးစိုက် မကိုဋ်တန်းဆာ သဖွယ်ဖြစ်၍ဖြစ်စေသော။ စေကုန္တိမဟာစေတိယဿ၊ “စေကုန်”ဟူ၍ အမည်ရသော တောင်ညွန့် စေတီတော်ကြီး၏။ ပစ္ဆိမဒိသာဘာဂေ၊ အနောက် မျက်နှာအဖို့၌။ ပေါရာဏမဟာထေရ ပေါရာဏမဟာရာဇူဟိ၊ ရှေး၌ ဖြစ်သော မဟာထေရ် ရှေး၌ဖြစ်သော မင်းကောင်းမင်းမြတ်တို့သည်။ သုမာပိတေ၊ ကောင်းစွာတည်ထွင် ပြုပြင်ဖန်ဆင်းအပ်သော။ သုဝိသုဒ္ဓတလ ဘူမိပဒေသေ၊ ငွေပြားအဆင်းနှင့်တူသော သန့်ရှင်းသောသဲတို့ ဖြင့် တန်းဆာဆင်အပ်သော မြေထူးမြေမြတ် အရပ်လည်းဖြစ်ထသော။ ဝတ္တထလန္တိနာမကေ၊ ဝတ်ကုန်းဟူ၍ အမည်ရသော။ ဌာနေ၊ အရပ်၌။ သဗ္ဗသန္တာ ရမ္မဏာရာမော၊ ခပ်သိမ်းကုန်သော သူတော်ကောင်းတို့၏ စိတ်နှလုံးကို ရွှင်ပြုံးမွေ့လျော် စေတတ်သော တိုက်အာရာမ်သည်။ အတ္ထိ၊ ရှိ၏။

တသ္မိံ၊ ထိုဝတ်ကုန်းကျောင်းတိုက်အာရာမ်ကြီး၌။ ပဉ္စသင်္ဂီတျာရူဠှဓမ္မရာဇုနော၊ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းဘုရင် မင်းတရားကြီး၏။ ဒက္ခိဏဂေဟ နာယကရတနမဟေသီ မစ္စာနံ၊ လက်ယာ ဝင်းတော်မှူး ရတနာ တစ်ပါးအဝင်ဖြစ်သော တောင်ညာဒေဝီ မဟေသီဘွဲ့ထူးရသော နန်းမတော် မိဖုရားကြီး၏ နာရီတော်အတွင်းဝန် နန်းမတော်ဝန်အမတ် ကြီးတို့၏။ နတ္တေဟိ၊ မြေးရင်းအစစ်ဖြစ်ကြကုန်သော။ ဘာတုဘဂိနီဟိ၊ မောင်တော် ကန္နီမြို့သူကြီး ဇနီး ကျောင်းအမတို့သည်။ ကာရိတေ၊ ကောင်းစွာ ချီးမြှောက်ဆောက်လုပ် လှူဒါန်းအပ်သော။ သုဇနာရာမေ၊ သူတော်ကောင်းတို့သည် မွေ့လျော်ရာဖြစ်သော။ ဝိဟာရေ၊ ကျောင်း၌။ ဝသန္ထေန၊ ကြည်လည်ရွှင်ပြုံး သီတင်းသုံးနေလေ့ရှိသော။ (တေနမယာ ၌ပြန်စပ်။)

အနန္တဂုဏသမ္ပန္နဿ၊ တစ်-နှစ်-ရေသုံး ဂဏန်းကျလည်း မဆုံး မကုန်နိုင်သော ကျေးဇူးတော်အပုံ ဂုဏ်တော်အပေါင်းနှင့်လည်း ပြည့်စုံတော် မူထသော။ အနန္တ ဉာဏာဓိဝါသဿ၊ အဆုံးမရှိသော သဗ္ဗညုတဉာဏ် အနာဝရဏစသော ဉာဏ်တို့၏ ကိန်းစက်တည်နေရာလည်းဖြစ်တော် မူထသော။ အသင်္ချေယျဂုဏဂဏာ ဓာရဿ၊ ဂဏန်းသင်္ချေ မရေတွက်သာ များလာသော ဂုဏ်တော်အပေါင်းတို့၏ စုဝေးတည်နေရာလည်း ဖြစ်တော်မူထသော။ ဘဂဝတော၊ ဣဿရိယ အစ ပယတ္တ အဆုံး ဘုန်းတော် ခြောက်ပါးနှင့်လည်း ပြည့်စုံတော်မူထသော။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ဩဝါဒေ၊ ဟောကြားညွှန်ပြ ဆုံးမရာဖြစ်တော်မူသော။ သာသနေ၊ သာသနာတော်သည်။ သစ္စဃဋ္ဌေ၊ ၂၄၆၇-ခုသို့။ (သမ္ပတ္တေ၌စပ်)။ သာကေ၊ မြန်မာ့ဝေါဟာ ဂေါဇာတွက်စစ် သက္ကရာဇ်သည်။ မဇ္ဇဋ္ဌိကေ၊ ၁၂၈၅-ခုသို့။ သမ္ပတ္တေ၊ ရောက်လတ်သော်။ (ဝါ) ရောက်သောနှစ်၌။ ဇေဋ္ဌမာသဿ၊ နယုန်လ၏။ ကာလပက္ခ တေရသမေ၊ လဆုတ်-၁၃-ရက် နေ့၌။ ဘရဏိယာ၊ ဘရဏီနက္ခတ်နှင့်။ စန္ဒေ၊ လသည်။ သုယောဇိတေ၊ ကောင်းငှာ ယှဉ်ပြိုင်စဉ်။ (ဝါ) ယှဉ်ပြိုင်ဆဲအခါ၌။ (ဝါ) ယှဉ်ပြိုင်ခဲ့သည် ရှိသော်။ (ဝါ) ယှဉ်ပြိုင်ကြတုန်း။ စန္ဒရဒိနေ၊ တနင်းလာနေ့၌။

အမှာကံ၊ ငါတို့၏။ (ဝါ) ငါတို့အား။ အတိမာမကေဟိ၊ အလွန် မြတ်နိုးခြင်း ရှိတော်မူပေကုန်။ သေဋ္ဌာစရိယေဟိ၊ ဆရာမြတ်တို့သည်။ အာဏာပိတော၊ အကြိမ်ကြိမ် အထပ်ထပ် စေခိုင်းအပ်သည်ဖြစ်၍။ သုကာရိတော၊ ကောင်းစွာစီရင်အပ်သော။ အယံ ဂန္တော၊ ဤကျမ်းသည်။ နိဋ္ဌင်္ဂတော၊ အပြီးအဆုံး နိဂုံးကံပတ်သတ်ခြင်းသို့ ရောက်လေပြီ။ နာမေန၊ ကျမ်း၏နာမ အနွတ္ထအားဖြင့်။ ယောဂိနံ၊ ယောဂီအပေါင်း သူတော်ကောင်းတို့၏။ နိဗ္ဗာန သင်္ခါတံ၊ နိဗ္ဗာန်ဟုဆိုအပ်သော။ ပါရံ၊ သံသရာဝှမ်း တစ်ဖက်ကမ်းသို့။ ဂတဟေတုဘူတတ္တာ၊ ရောက်ခြင်း၏ အကြောင်း ဖြစ်သည်၏ အဖြစ်ကြောင့်။ ယောဂိပါရဂူနာမ၊ ယောဂိပါရဂူ ဟူသော အမည်ထူးရှိသည်။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသည်လျှင် နိဂုံး စကားတစ်ရပ် အပြီးသတ်တည်း

နိပုဏသုဒ္ဓစေတသာ၊ သုကာရိတံ ဣမံ ဂန္တံ။ မမံဝသုဒ္ဓစေတသာ၊ သာဓူ သုဒ္ဓေန ပဿန္တု။
(ဝိပရီတမထျာဝတ္တ ဂါထာ။)

နိပုဏသုဒ္ဓစေတသာ၊ သိမ်မွေ့ဖြူစင်သောစိတ်ရှိသော။ သုဒ္ဓစေတသာ၊ စင်ကြင်သောစိတ်တရားဖြင့်။ မမံဝ မမံဧဝ၊ အကျွန်ုပ်၏သာလျှင်။ သုကာရိတံ၊ ကောင်းစွာစီရင်အပ်ပြီးသော။ ဣမံ ဂန္တံ၊ ဤကျမ်းကို။ သာဓူ၊ သူတော်ကောင်းတို့သည်။ သုဒ္ဓေန၊ ကြည်လင် ယိုဖိတ် သဒ္ဓါစိတ်ဖြင့်။ ပဿန္တု၊ ရှုကြပါကုန်လော။

သုနိပုဏော အယံ ဂန္ထော၊ နိဋ္ဌင်္ဂတော အနာကုလံ။ အယံ ပဇာ ဧဝမေဝ၊ သဗ္ဗဒါ ဟောန္တု သုခိတာ။
(ပထျာဝတ္တ ဂါထာ။)

သုနိပုဏော၊ ကောင်းမြတ်သိမ်မွေ့လှစွာသော။ အယံ ဂန္ထော၊ ဤကျမ်းသည်။ အနာကုလံ၊ နှောင့်နှေးခြင်းမရှိဘဲ။ နိဋ္ဌင်္ဂတော၊ ပြီးဆုံးခြင်းသို့ရောက်သည်။ ဟောတိ ဣဝ၊ ဖြစ်သကဲ့သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ အယံ ပဇာ၊ ဤသတ္တဝါအပေါင်းသည်။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ သုခိတာ၊ ချမ်းသာခြင်း ရှိကြကုန်သည်။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။

ဧတေန ပုညကမ္မေန၊ အညေန ကုသလေန စ။ သီဃံ ပပ္ပေါမိ နိဗ္ဗာနံ၊ ဣဓမေဝ အနာကုလန္တိ။
(ပထျာဝတ္တ ဂါထာ။)

ဧတေန ပုညကမ္မေန စ၊ ဤကျမ်းကို ရေးသားပြုပြင် စီရင်ရသော ကောင်းမှုကံ ကြောင့်၎င်း။ အညေန ကုသလေန စ၊ ဤကောင်းမှုမှတပါး ကုသိုလ်အများကြောင့်၎င်း။ ဣဓမေဝ၊ ဤယခုဘဝ ပစ္စက္ခ၌ သာလျှင်။ အနာကုလံ၊ နှောင့်နှေးခြင်းမရှိသည်ဖြစ်၍။ သီဃံ၊ ဆောလျင်စွာ။ နိဗ္ဗာနံ၊ အသင်္ခတဓာတ် နိဗ္ဗာန်မြတ်သို့။ ဣတိ ပပ္ပေါမိ၊ ဤသို့ ယခု မြတ်ကောင်းမှုကြောင့် ရောက်ရပါလို၏။

ယောဂိပါရဂူကျမ်းပြီးပြီ။

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

လေ့လာစရာများ

လေ့လာစရာ မာတိကာ မဟာဗုဒ္ဓဝင်များ မဟာဗုဒ္ဓဝင်မာတိကာ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) English မဟာဗုဒ္ဓဝင် ပထမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဒုတိယတွဲ English မဟာဗုဒ္ဓဝင် တတိယတွဲ English မဟာဗုဒ္ဓဝင် စတုတ္ထတွဲ English မဟာဗုဒ္ဓဝင် ပဉ္စမတွဲ English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပထမပိုင်း) English မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ဒုတိယပိုင်း) မဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ (ပ) ဇိနတ္ထပကာသနီကျမ်း ကျမ်းညွှန်းများ ပိဋကလမ်းညွှန် (ပ၊ဒု) ပိဋကလမ်းညွှန် (တ) ပိဋကတ်သုံးပုံ သရုပ်စုံအဘိဓာန် တိပိဋက သုတ္တသူစီ ဝိဘာဝိနီ (ပ, ဒု, တ) ပိဋကတ်ဝတ္ထုလမ်းညွှန် သုတေသနသရုပ်ပြအဘိဓာန် သုခမှတ်စု သုံးပုံလှေခါးကျမ်း, သုံးပုံတံတားကျမ်း ဗုဒ္ဓဘာသာဝေါဟာရ စွယ်စုံအဘိဓာန် သုတ္တန်ပိဋက ပေတဝတ္ထု၊ ထေရ၊ ထေရီဂါထာ မဟာသုတကာရီ မဃဒေဝလင်္ကာသစ် ဓမ္မပဒဂါထာနိဿယ ဝိနည်းကျမ်းစာများ ရှင်ကျင့်ဝတ်များ ဝိနည်းပဒေသာသင်တန်း ကပ္ပိယကောင်းတစ်ယောက် ဝိနည်းဥပဒေတော်ကြီး ဘုရားဥပဒေတော်ကြီး ဝိနည်းမှတ်စု အဘိဓမ္မာဆိုင်ရာများ ကိုယ်ကျင့်အဘိဓမ္မာ သင်္ဂြိုလ်ဘာသာဋီကာ အဘိဓမ္မာဘာသာသင်တန်း အခြေပြုပဋ္ဌာန်းတရားတော် အထွေထွေ ဓမ္မအမေးအဖြေများ ပေါင်းချုပ် ၁, ၂...