Skip to main content

တောလေးဆယ် အဖွင့်

တောလေးဆယ် အဖွင့်

▬▬ஜ۩۞۩ஜ▬▬

သထုံမြို့၊ မူလမင်းကွန်း ဇေတဝန် ဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသည်။

မာတိကာ

▬▬▬

ကျမ်း၏နိဒါန်းကို ပြုခြင်း

အနိစ္စလက္ခဏာ ၁၀-ပါးကို ပြခြင်း

  1. အနိစ္စတော
  2. ပလောကတော
  3. စလတော
  4. ပဘင်္ဂုတော
  5. အဓုဝတော
  6. ဝိပရိဏာမ ဓမ္မတော
  7. အသာရကတော
  8. ဝိဘဝတော
  9. သင်္ခတတော
  10. မရဏဓမ္မတော

ဒုက္ခလက္ခဏာ ၂၅-ပါးကို ပြခြင်း

  1. ဒုက္ခတော
  2. ရောဂတော
  3. ဂဏ္ဍတော
  4. သလ္လတော
  5. အဃတော
  6. အာဗာဓတော
  7. ဤတိတော
  8. ဥပဒ္ဓဝတော
  9. ဘယတော
  10. ဥပသဂ္ဂတော
  11. အတာဏတော
  12. အလေဏတော
  13. အသရဏတော
  14. အာဒီနဝတော
  15. အဃမူလတော
  16. ဝဓကတော
  17. သာသဝတော
  18. မာရာမိသတော
  19. ဇာတိဓမ္မတော
  20. ဇရာဓမ္မတော
  21. ဗျာဓိဓမ္မတော
  22. သောကဓမ္မတော
  23. ပရိဒေဝဓမ္မတော
  24. ဥပါယာသဓမ္မတော
  25. သံကိလေသိကဓမ္မတော

အနတ္တလက္ခဏာ ၅-ပါးကို ပြုခြင်း

  1. ပရတော
  2. ရိတ္တတော
  3. တုစ္ဆတော
  4. သုညတော
  5. အနတ္တတော

နိဒါန်း

▬▬▬

သာသနသောဓက သာသနပါလ ပညဝန္တ ဂန္ထန္တရ၊ ဗဟုဿုတ ပရိယတ္တိဝိသာရဒ လဇ္ဇီပေသလ သိက္ခာကာမ သီလဝန္တ သဒ္ဓမ္မမာမက သံသာရဘယဘီရုက အစစ် ဖြစ်ကြီးဖြစ်တော်မူသော သထုံမြို့ ဇေတဝန်ကျောင်းတိုက်၌ ယာပထလေးလီဖြင့် မျှညီရွှင်ပြုံး သီတင်းသုံး နေတော်မူစဉ် မူလမင်းကွန်း ဇေတဝန်ဆရာတော်ဘုရားကြီး သည် သဇ္ဇနဂိုဏ်းဝင် သူတော်စင်အများတို့၏ အကျိုးငှါ ဝိပဿနာဉာဏ် အဆင့်ဆင့် နိဗ္ဗာနကထာအဆုံး ပေါင်းရုံးဝေဖြာ အာရမ္ဘာဝိဓိ ဝိဿဇ္ဇနာကျမ်းကြီး ကို အံ့ချီးဘွယ်ရာ ကရုဏာရှေ့ထား၊ ရေးသား စီရင်ပြုစုတော်မူခဲ့ဘူးပြီ ဖြစ်ပါကြောင်း။

၎င်း အာရမ္ဘာဝိဓိ ဝိဿဇ္ဇနာကျမ်းကြီး၌ ဝိပဿနာလေးဆယ်အနက် တပါးတပါးသော ဝိပဿနာ၏ ဆန့်ကျင်ဘက် နိဗ္ဗာန်ထင်၍ မဂ်ဝင်ပုံ ၄ဝ၊ နိဗ္ဗာန်ထင်ပုံ ၄၀၊ ပဋိသမ္ဘိဒါမဂ် ဝိပဿနာကထာ အခဏ်း၌ ပါဝင်သော တောလေးဆယ်ကို အကျယ် တဝင့် ဖွင့်ဆိုရေးသားပါမည့် အကြောင်းနှင့် ယောဂီတပည့်များ အပေါင်းက အကြိမ်ကြိမ် တောင်းပန် လျှောက်ထားကြသည်ဖြစ်၍ ဤ တောလေးဆယ်အဖွင့်ကို ထောက်ချင့် လေးမူ သနားခြင်းရှေးရှုပြီး ကြည်ဖြူစွာ ရေးသားတော်မူပြန်ပါကြောင်း။

၎င်းတောလေးဆယ်အဖွင့်၌၊ အနိစ္စထင်ချက် ၁၀-ပါး၊ ဒုက္ခထင်ချက် ၂၅-ပါး၊ အနတ္တ ထင်ချက် ၅-ပါး၊ မဂ်ဝင်ပုံ, နိဗ္ဗာန်ထင်ပုံ အနုပဿနာ အစုံလေးဆယ် အနက် အဓိပ္ပါယ် တို့ဖြင့် တန်ဆာဆင်ယင်လျက် ကွက်ကွက်ကွင်းကွင်း ထင်လင်းသေချာ လူပြိန်းတို့ ဉာဏ်မှာပင် သန့်ရှင်းအောင် ချဲ့ထွင် ရေးသားသော ကျမ်းဖြစ်လေ သောကြောင့် ကလျာဏ သပ္ပုရိသဂိုဏ်းဝင် နိဗ္ဗာန်ကို ခင်မင်သည့် သူတော်စင် အပေါင်းတို့ နှစ်ထောင်းအားရ ယောနိသော မနသိကာရဖြင့် ကျနစွာကြည့်ရှု လေ့လာနိုင်ကြ စေကုန်သောဝ်။

၎င်း တောလေးဆယ် အဖွင့်ကျမ်းသည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၅နှစ်ခန့်က စက်တင် ပုံနှိပ်ခဲ့ရာ၊ စာအုပ်ရေ တထောင်ကျော်မျှသာ ရိုက်နှိပ် ဝေငှရပါသဖြင့် ယခုအခါ ကျွင်းကျန်မရှိ အလိုရှိသူတို့၏ဆန္ဒ မပြည့်ဝ ဖြစ်ခဲ့ရာသည်။ သို့မပြည့်ဝ လေသော ကြောင့် ရန်ကုန်မြို့ မင်းကွန်းဆရာတော်ဘုရားသည် အလိုရှိသော တပည့်အပေါင်း တို့၏ လိုအင်ဆန္ဒ ပြည့်ဝစေခြင်း၊ ပဋိပတ္တိသာသနာတော်၏ ပြန့်ပွားစေခြင်း၊ မူလ မင်းကွန်းဇေတဝန် ဆရာတော် ဘုရားကြီး၏ ကျေးဇူးတော်ကို ဆပ်ရာရောက်စေခြင်း ဟူသော အကျိုးသုံးခု အာရုံပြု၍၊ ထပ်မံ၍ စက်တင်ပုံနှိပ်မည် ဆန္ဒရှိစဉ် ဗျာဓိဓမ္မ ဂိလာနဝဋ်ကိဉ္စတွေ ချွတ်၍ မလွတ် ဘင်္ဂက္ခဏ၊ မရဏဓမ္မော အနတိတော-ဟု ရှင်စော ဘုရား ဟောကြားဒေသနာ၊ ခေမာအမတ နိဗ္ဗာနဓာတ် သူမြတ်တို့ခိုလှုံ ဓမ္မာရုံသို့ အစုံခန္ဓာ ဇာတ်သိမ်းပါ၍ မြန်စွာစိုက်စိုက် ကြွခါ လိုက်သဖြင့် မရိုက်ဖြစ်ဘဲ ကြွင်းကျန်ရစ်ပါသည်။

သို့ကြွင်းကျန်ရစ်ခဲ့ပါသော်လဲ၊ “ဆရာကျေးဇူး၊ ဂုဏ်အထူးကို ပြန့်ပြူးစေငှါ ဆပ်ဘို့ရာ၊ တပည့်တာဝန်သာ” ဟူသော ပရိဘာသာနှင့် အညီ ဆရာ၏ အလိုတော်ဆန္ဒ ပြည့်ဝ ထပ်ထပ် ကျေးဇူးဆပ်အနေ သာသနာတော် ပြန့်ပွားစေ ဟူသော ယောနိသော နှလုံးသားဖြင့် လက်ရှိ မင်းကွန်းဆရာတော်ဘုရားက ထပ်မံ၍ ပြင်ဆင် သုဓ်သင်ခါ ပုဒ်ပါဌ် ရှင်းလင်းစွာ တည်းဖြတ်ပြီး ချို့ယွင်းမှု ကင်းလတ်အောင် ဒုတိယအကြိမ် စက်တင်၍ ပုံနှိပ်အပ်ပါသတည်း။

မင်းကွန်း ပဋိပတ္တိ သာသနာနုဂ္ဂဟ အသင်းချုပ်ကြီး၊
မင်းကွန်းတောရကျောင်းတိုက်
မင်းကွန်းဝိဟာရလမ်း
ရန်ကုန်မြို့။

*

တောလေးဆယ် အဖွင့်

▬▬ஜ۩۞۩ஜ▬▬

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

အနိစ္စလက္ခဏာ ၁၀-ပါး

၁။ အနိစ္စတော အဖွင့်

▬▬▬

အနိစ္စတော သမ္မာသတိ၊ ကထံ

အနိစ္စတော၊ မမြဲဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
အနိစ္စတော၊ မမြဲဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

အနိစ္စဘဲ-မမြဲဟု သုံးသပ်သော သမ္မသနဉာဏ်၏ အာရုံဖြစ်သော၊ မမြဲသော သဘော၏အရ-အနိစ္စ
အနိစ္စ၏အရ-ခန္တပဉ္စက
ခန္ဓပဉ္စက၏ အရ-ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်
ဤရုပ် ဤဝေဒနာ ဤသညာ ဤသင်္ခါရ ဤဝိညာဏ်၊
တပါးတပါးသော ခန္ဓာ၏မဖြစ်ခင် မထင်မြင်ရာမှ ပေါ်လာ၍၊
ဖြစ်သောခဏ သစ်သော ကာလလည်း မမြဲ
ဖြစ်သောခဏ သစ်သောကာလမှ ပြောင်းရှေ့၍ တည်သောခဏ ဟောင်းသော ကာလလည်း မမြဲ
တည်သောခဏ ဟောင်းသောကာလမှ ပြောင်းရှေ့၍ ပျက်သောခဏ ကုန်သော ကာလလည်း မမြဲ

ဤရုပ် ဤဝေဒနာ ဤသညာ ဤသင်္ခါရ ဤဝိညာဏ်၊
တပါးတပါးသော ခန္ဓာ၏မဖြစ်ခင် မထင်မြင်ရာမှ ပေါ်လာ၍၊
ဖြစ်သောခဏ သစ်သောကာလ အစလည်း မမြဲ
ဖြစ်သောခဏ သစ်သောကာလ အစမှ ပြောင်းရှေ့၍ တည်သောခဏ ဟောင်းသော ကာလ အလယ်လည်း မမြဲ
တည်သောခဏ ဟောင်းသောကာလ အလယ်မှ ပြောင်းရှေ့၍ ပျက်သောခဏ ကုန်သောကာလ အဆုံးလည်း မမြဲ

ဤရုပ် ဤဝေဒနာ ဤသညာ ဤသင်္ခါရ ဤဝိညာဏ်၊
တပါးတပါးသော ခန္ဓာ၏မဖြစ်ခင် မထင်မြင်ရာမှ ပေါ်လာ၍၊
ဖြစ်သောခဏ သစ်သောကာလ၊ အစ, ဥပ္ပါဒ သင်္ကေတလက္ခဏာလည်း မမြဲ။ အနိစ္စ လက္ခဏာ တပါး။

ဖြစ်သောခဏ သစ်သောကာလမှ ပြောင်းရှေ့၍ တည်သောခဏ ဟောင်းသော ကာလ၊ အလယ်, ဌိတိ သင်္ခတလက္ခဏာလည်း မမြဲ။ အနိစ္စလက္ခဏာ တပါး။

တည်သောခဏ ဟောင်းသောကာလ အလယ်မှ ပြောင်းရှေ့၍ ပျက်သောခဏ ကုန်သောကာလ၊ အဆုံး, ဝယ သင်္ခတ လက္ခဏာလည်း မမြဲ။ အနိစ္စလက္ခဏာ တပါး။

တီဏိမာနိ ဘိက္ခဝေ သင်္ခတဿ သင်္ခတလက္ခဏာနိ။ ကတမာနိ တီဏိ။ ဥပ္ပါဒေါ ပညာယတိ၊ ဝယော ပညာယတိ၊ ဌိတဿ အညတတ္တံ ပညာယတိ။ ဣမာနိ ခေါ ဘိက္ခဝေ တီဏိ သင်္ခတဿ သင်္ခတလက္ခဏာနိ

ဘိက္ခဝေ၊ ရဟန်းတို့။
သင်္ခတဿ၊ ခဏတ္တယ သမင်္ဂီသင်္ခတ၏။
သင်္ခတလက္ခဏာနိ၊ ဥပါဒ် ဌီ ဘင် သင်္ခတလက္ခဏာတို့သည်။
ဣမာနိ တီဏိ၊ ဤ သုံးပါးတို့တည်း။
ကတမာနိ တီဏိ၊ အဘယ်သုံးပါးတို့နည်း။
ဥပ္ပါဒေါ၊ ဖြစ်ခြင်းသည်။
ပညာယတိ၊ ထင်၏။
ဝယော၊ ပျက်ခြင်းသည်။
ပညာယတိ၊ ထင်၏။
ဌိတဿ၊ တည်ခြင်း၏။
အညထတ္တံ၊ ဖြစ်သည်, ပျက်သည်မှ တပါးသော အခြင်းအရာသည်။
ပညာယတိ၊ ထင်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
သင်္ခတဿ၊ ခဏတ္တယ သမင်္ဂီသင်္ခတ၏။
သင်္ခတလက္ခဏာနိ၊ ဥပါဒ် ဌီ ဘင် သင်္ခတလက္ခဏာတို့သည်။
ဣမာနိ ခေါ တီဏိ၊ ဖြစ် တည်, ခြုတ်ပျက် ဤ သုံးချက်တို့ပင်တည်း။

ဤသို့အားဖြင့် အသီးအခြား တပါးတပါးသော ခန္ဓာ၏ ခဏတ္တယ သမင်္ဂီ အနိစ္စ လက္ခဏာ သုံးပါးပြားသော၊ ဥပါဒ်, ဌီ, ဘင်၊ အစ အလယ် အဆုံး သုံးပါးလုံး အတူအမျှရှိကြသော၊ ဤရုပ် ဤဝေဒနာ ဤသညာ ဤသင်္ခါရ ဤဝိညာဏ်၊ တပါး တပါးသော ခန္ဓာကို မြဲသောသဘော မရှိ၊ အစ, အလယ် အဆုံး၏ ရှိခြင်းကြောင့် အနိစ္စဘဲ-မမြဲဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကိုရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် အနိစ္စဘဲ-မမြဲဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏။

သော ဧကေကံ ခန္ဓံ အနိစ္စန္တိကတာယ အာဒိအန္တဝန္တတာယစ အနိစ္စတော သမ္မသတိ

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
အနိစ္စန္တိကတာယစ၊ မြဲသောသဘော၏ မရှိခြင်းကြောင့်၎င်း။
အာဒိအန္တဝန္တတာယစ၊ အစ, အဆုံး ရှိသည်၏ အဖြစ်ကြောင့်၎င်း။
အနိစ္စတော၊ မမြဲဟု။
သမ္မသတိ၊ သုံးသပ်၏။

အနိစ္စဘဲ-မမြဲဟု သုံးသပ်သော သမ္မသနဉာဏ် အစ၊ အနိစ္စဘဲမမြဲဟု ရှုမြင်သော အနုလောမဉာဏ် အဆုံးရှိသော ဆယ်ပါးသော ဝိပဿနာဉာဏ်တို့၏ ထိခိုက်ခဏ သိခိုက်ခဏ၊ မြဲသော သဘော၏အရ-နိစ္စ။ နိစ္စ၏အရ-နိဗ္ဗာန်။ နိဗ္ဗာန်၏အရ-အနိစ္စဘဲ မမြဲဟု သုံးသပ်သော သမ္မသနဉာဏ် အစ၊ အနိစ္စဘဲ-မမြဲဟု ရှုမြင်သော အနုလောမ ဉာဏ် အဆုံး ရှိသော ဆယ်ပါးသော ဝိပဿနာဉာဏ်တို့၏အာရုံဖြစ်သော အတိတ် အနာဂတ် ပစ္စုပ္ပန်၊ ခန္ဓာနာမ်ရုပ် သုံးပါးသောကာလတို့၌၊ ယခုယခု အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ ထိခိုက်ခဏ၊ ကံကိလေသာ ဘဝတဖန် ခန္ဓာ နာမ်ရုပ်၊ တဒင်္ဂ တဒင်္ဂ-ယခုမဖြစ်ဘဲ ခြုဓ်သော-အနုပ္ပါဒနိရောဓ။ ဤအနုပ္ပါဒနိရောဓ၏ နောင်ခါ အသစ်အသစ် ဖြစ်သောခဏ မထင်၊ သစ်သော ကာလနှင့် မယှဉ်ခြင်း သည်လည်း မြဲသောသဘော နိဗ္ဗာန်ပင်တည်း။

ဖြစ်သောခဏ မထင်၊ သစ်သောကာလနှင့် မယှဉ်က၊ အသစ်, အဟောင်း ပြောင်းရွှေ့ခြင်းမရှိ၊ တည်သောခဏ မထင်၊ ဟောင်းသော ကာလနှင့် မယှဉ်ခြင်း သည်လည်း မြဲသောသဘော နိဗ္ဗာန်ပင်တည်း။

တည်သောခဏ မထင်၊ ဟောင်းသော ကာလနှင့် မယှဉ်က၊ အဟောင်းအပျက် ပြောင်းရွှေ့ခြင်းမရှိ၊ ပျက်သောခဏ မထင်၊ ကုန်သောကာလနှင့် မယှဉ်ခြင်း သည်လည်း မြဲသော နိဗ္ဗာန်ပင်တည်း။

ဤအနုပ္ပါဒနိရောဓ၏၊ နောင်ခါ အသစ်အသစ် ဖြစ်သောခဏ မထင်၊ သစ်သော ကာလနှင့် မယှဉ်၍၊ အစ၏မရှိခြင်းသည်လည်း၊ မြဲသောသဘော နိဗ္ဗာန်ပင်တည်း။

ဖြစ်သောခဏ မထင်၊ သစ်သော ကာလနှင့် မယှဉ်က၊ အသစ်, အဟောင်း ပြောင်းရွှေ့ခြင်းမရှိ၊ တည်သောခဏ ထေင်၊ ဟောင်းသောကာလနှင့် မယှဉ်၍၊ အလယ်၏ မရှိခြင်းသည်လည်း၊ မြဲသောသသော နိဗ္ဗာန်ပင်တည်း။

တည်သောခဏ မထင်၊ ဟောင်းသော ကာလနှင့် မယှဉ်က၊ အဟောင်းအပျက် ပြောင်းရွှေ့ခြင်းမရှိ၊ ပျက်သောခဏ မထင်၊ ကုန်သောကာလနှင့် မယှဉ်၍၊ အဆုံး၏ မရှိခြင်းသည်လည်း မြဲသောသဘော နိဗ္ဗာန်ပင်တည်း။

ဤ အနုပ္ပါဒနိရောဓ၏၊ နောင်ခါ အသစ်အသစ် -
ဖြစ်သောခဏ မထင်ခြင်း အသင်္ခတလက္ခဏာ တပါး။
တည်သောခဏ မထင်ခြင်း အသင်္ခတလက္ခဏာ တပါး။
ပျက်သောခဏ မထင်ခြင်း အသင်္ခတ လက္ခဏာ တပါး။

တီဏိမာနိ ဘိက္ခဝေ အသင်္ခတဿ အသင်္ခတလက္ခဏာနိ။ ကတမာနိ တီဏိ။ န ဥပ္ပါဒေါ ပညာယတိ၊ န ဝယော ပညာယတိ၊ နဌိ တဿ အညတတ္တံ ပညာယတိ။ ဣမာနိ မေ ဘိက္ခဝေ တီဏိ အသင်္ခတဿ အသင်္ခတလက္ခဏာနိ

ဘိက္ခဝေ၊ ရဟန်းတို့။
အသင်္ခတဿ၊ နိဗ္ဗာန်၏။
အသင်္ခတလက္ခဏာနိ၊ နိဗ္ဗာန်၏လက္ခဏာတို့သည်။
ဣမာနိ တီဏိ၊ ဤသုံးပါးတို့တည်း။
ကတမာနိ တီဏိ၊ အဘယ်သုံးပါးတို့နည်း။
ဥပ္ပါဒေါ၊ ဖြစ်ခြင်းသည်။
န ပညာယတိ၊ မထင်။
ဝယော၊ ပျက်ခြင်းသည်။
န ပညာယတိ၊ မထင်။
ဌိတဿ၊ တည်ခြင်း၏။
အညတတ္တံ၊ ဖြစ်သည်, ပျက်သည်မှ တပါးသော အခြင်းအရာသည်။
န ပညာယတိ၊ မထင်။
ဘိက္ခဝေ၊ ရဟန်းတို့။
အသင်္ခတဿ၊ နိဗ္ဗာန်၏။
အသင်္ခတလက္ခဏာနိ၊ နိဗ္ဗာန်၏လက္ခဏာတို့သည်။
ဣမာနိခေါ တီဏိ၊ ဤသုံးပါးတို့ပင်တည်း။

ဤသို့အားဖြင့် အသီးအခြား အသင်္ခတလက္ခဏာ သုံးပါးပြားသော ဥပါဒ်လည်းမရှိ ဌီလည်းမရှိ ဘင်လည်းမရှိ၊ အစ အလယ် အဆုံး သုံးပါးလုံးလည်း မရှိသော၊ ကံ ကိလေသာ ဘဝတဖန် ခန္ဓာနာမ်ရုပ်၊ သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော ဆယ်ပါးသော ဝိပဿနာဉာဏ်တို့၏ အာရုံဖြစ်သော၊ အတိတ် အနာဂတ် ပစ္စုပ္ပန် ခန္ဓာနာမ်ရုပ်၊ သုံးပါးသော ကာလတို့၌ ယခုယခု အသစ် ဖြစ်ခြင်းမထိုက်၊ ထိခိုက်ခဏ ထိခိုက်ခဏ၊ ဝိပဿနာဉာဏ်ဖြင့် ယခုယခုအသစ်၊ မဖြစ်ဘဲ ခြုဓ်သော တဒင်္ဂ တဒင်္ဂ၏ မဂ်ဉာဏ်ဖြင့် နောင်ခါ သမုစ္ဆေဒ-မဖြစ်ဘဲ ခြုဓ်ခြင်းသည် မြဲသောသဘော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကိုရ၏။

ပဉ္စက္ခန္ဓေ အနိစ္စတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓောနိစ္စံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
အနိစ္စတော၊ မမြဲဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
နိစ္စံ၊ မြဲသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

*

၂။ ပလောကတော အဖွင့်

▬▬▬

ပလောကတော သမ္မသတိ။ ကထံ

ပလောကတော၊ ပျက်စီးသော သဘောဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
ပလောကတော၊ ပျက်စီးသော သဘောဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် တပါးတပါးသော ခန္ဓာကို -

မျက်စိနာသဖြင့် ပျက်စီးသည်၏အဖြစ်၊ မျက်စိအိုသဖြင့် ပျက်စီးသည်၏ အဖြစ်၊ မျက်စိသေသဖြင့် ပျက်စီးသည်၏အဖြစ်ကြောင့်၊ ပျက်စီးသော သဘောဟု သုံးသပ်၏။

နားနာသဖြင့် ပျက်စီးသည်၏အဖြစ်၊ နားအိုသဖြင့် ပျက်စီးသည်၏အဖြစ်၊ နားသေ သဖြင့် ပျက်စီးသည်၏အဖြစ်ကြောင့် ပျက်စီးသောသဘောဟု သုံးသပ်၏။

နှာနာသဖြင့် ပျက်စီးသည်၏အဖြစ်၊ နှာအိုသဖြင့် ပျက်စီးသည်၏အဖြစ်၊ နှာသေ သဖြင့် ပျက်စီးသည်၏အဖြစ်ကြောင့် ပျက်စီးသောသဘောဟု သုံးသပ်၏။

လျှာနာသဖြင့် ပျက်စီးသည်၏အဖြစ်၊ လျှာအိုသဖြင့် ပျက်စီးသည်၏အဖြစ်၊ လျှာသေ သဖြင့် ပျက်စီးသည်၏အဖြစ်ကြောင့် ပျက်စီးသောသဘောဟု သုံးသပ်၏။

ကိုယ်နာသဖြင့် ပျက်စီးသည်၏အဖြစ်၊ ကိုယ်အိုသဖြင့် ပျက်စီးသည်၏အဖြစ်၊ ကိုယ် သေသဖြင့် ပျက်စီးသည်၏အဖြစ်ကြောင့် ပျက်စီးသောသဘောဟု သုံးသပ်၏။

စိတ်နာသဖြင့် ပျက်စီးသည်၏အဖြစ်၊ စိတ်အိုသဖြင့် ပျက်စီးသည်၏အဖြစ်၊ စိတ်သေ သဖြင့် ပျက်စီးသည်၏အဖြစ်ကြောင့် ပျက်စီးသောသဘောဟု သုံးသပ်၏။

မသုံးသပ်မိက ဖြစ်သောခဏ တည်သောခဏ ပျက်သောခဏ ပစ္စုပ္ပန်ကာလ၌၊ ယခုယခု အသစ်အသစ်၊ ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် တပါးတပါးသော ခန္ဓာကို -

မျက်စိနာသဖြင့် ပျက်စီးသည်၏အဖြစ်၊ မျက်စိအိုသဖြင့် ပျက်စီးသည်၏အဖြစ်၊ မျက်စိသေသဖြင့် ပျက်စီးသည်၏ အဖြစ်ကြောင့် ပျက်စီးသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

နားနာသဖြင့် ပျက်စီးသည်၏အဖြစ်၊ နားအိုသဖြင့် ပျက်စီးသည်၏အဖြစ်၊ နားသေ သဖြင့် ပျက်စီးသည်၏အဖြစ်ကြောင့် ပျက်စီးသောသဘောဟု သုံးသပ်သော ယောဂီ ပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

နှာနာသဖြင့် ပျက်စီးသည်၏အဖြစ်၊ နှာအိုသဖြင့် ပျက်စီးသည်၏အဖြစ်၊ နှာသေ သဖြင့် ပျက်စီးသည်၏ အဖြစ်ကြောင့် ပျက်စီးသောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

လျှာနာသဖြင့် ပျက်စီးသည်၏အဖြစ်၊ လျှာအိုသဖြင့် ပျက်စီးသည်၏အဖြစ်၊ လျှာသေ သဖြင့် ပျက်စီးသည်၏အဖြစ်ကြောင့် ပျက်စီးသောသဘောဟု သုံးသပ်သော ယောဂီ ပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ကိုယ်နာသဖြင့် ပျက်စီးသည်၏အဖြစ်၊ ကိုယ်အိုသဖြင့် ပျက်စီးသည်၏အဖြစ်၊ ကိုယ်သေသဖြင့် ပျက်စီးသည်၏ အဖြစ်ကြောင့် ပျက်စီးသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

စိတ်နာသဖြင့် ပျက်စီးသည်၏အဖြစ်၊ စိတ်အိုသဖြင့် ပျက်စီးသည်၏အဖြစ်၊ စိတ်သေသဖြင့် ပျက်စီးသည်၏ အဖြစ်ကြောင့် ပျက်စီးသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် ပျက်စီးသော သဘောဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏။

သော ဧကေကံ ခန္ဓံ ဗျာဓိဇရာ မရဏေဟိ ပလုဇ္ဇနတာယပလောကတော သမ္မသတိ

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသောခန္ဓာကို။
ဗျာဓိ ဇရာ မရဏေဟိ၊ နာခြင်း, အိုခြင်း, သေခြင်းတို့ဖြင့်။
ပလုဇ္ဇနတာယ၊ ပျက်စီးသည်၏အဖြစ်ကြောင့်။
ပလောကတော၊ ပျက်စီးသောသဘောဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့်သုံးသပ်ရှုမြင်မိက ဖြစ်သောခဏ, တည်သောခဏ, ပျက်သောခဏ ပစ္စုပ္ပန်ကာလ၌၊ ယခုယခု အသစ်ဖြစ်ခြင်းငှါမထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ

ပျက်စီးခြင်း ကင်းသော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် ပျက်စီးခြင်းကင်း နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏။

ပဉ္စက္ခန္ဓေ ပလောကတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော အပလောကိကံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
ပလောကတော၊ ပျက်စီးသောသဘောဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
အပလောကိကံ၊ ပျက်စီးသောအလေ့ ပျက်စီးသောသဘောကင်းသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

*

၃။ စလတော အဖွင့်

▬▬▬

စလတော သမ္မသတိ၊ ကထံ

စလတော၊ တုန်လှုပ်သော သဘောဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
စလတော၊ တုန်လှုပ်သောသဘောဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါး တပါးသော ခန္ဓာကို -

နာသဖြင့်လည်း တုန်လှုပ်သည်၏ အဖြစ်ကြောင့် တုန်လှုပ်သော သဘောဟု သုံးသပ်၏။

အိုသဖြင့်လည်း တုန်လှုပ်သည်၏ အဖြစ်ကြောင့် တုန်လှုပ်သော သဘောဟု သုံးသပ်၏။

သေသဖြင့်လည်း တုန်လှုပ်သည်၏ အဖြစ်ကြောင့် တုန်လှုပ်သော သဘောဟု သုံးသပ်၏။

လာဘ်ပေါများသဖြင့်လည်း တုန်လှုပ်သည်၏ အဖြစ်ကြောင့် တုန်လှုပ်သော သဘောဟု သုံးသပ်၏။

လာဘိနည်းပါးသဖြင့်လည်း တုန်လှုပ်သည်၏ အဖြစ်ကြောင့် တုန်လှုပ်သော သဘောဟု သုံးသပ်၏။

အခြွေအရံ ပေါများသဖြင့်လည်း တုန်လှုပ်သည်၏ အဖြစ်ကြောင့် တုန်လှုပ်သော သဘောဟု သုံးသပ်၏။

အခြံအရံ နည်းပါးသဖြင့်လည်း တုန်လှုပ်သည်၏ အဖြစ်ကြောင့် တုန်လှုပ်သော သဘောဟု သုံးသပ်၏။

ချီးမွမ်းသဖြင့်လည်း တုန်လှုပ်သည်၏ အဖြစ်ကြောင့် တုန်လှုပ်သော သဘောဟု သုံးသပ်၏။

ကဲ့ရဲ့သဖြင့်လည်း တုန်လှုပ်သည်၏ အဖြစ်ကြောင့် တုန်လှုပ်သော သဘောဟု သုံးသပ်၏။

ချမ်းသာသဖြင့်လည်း တုန်လှုပ်သည်၏ အဖြစ်ကြောင့် တုန်လှုပ်သော သဘောဟု သုံးသပ်၏။

ဆင်းရဲသဖြင့်လည်း တုန်လှုပ်သည်၏ အဖြစ်ကြောင့် တုန်လှုပ်သော သဘောဟု သုံးသပ်၏။

မသုံးသပ်မိက နာသောခဏ၊ အိုသောခဏ၊ သေသောခဏ၊ လာဘ်ပေါများသော ခဏ၊ လာဘ်နည်းပါးသောခဏ၊ အခြွေအရံ ပေါများသော ခဏ၊ အခြွေအရံ နည်းပါးသော ခဏ၊ ချီးမွမ်းသောခဏ၊ ကဲ့ရဲ့သောခဏ၊ ချမ်းသာသောခဏ၊ ဆင်းရဲသောခဏ ပစ္စုပ္ပန်ကာလ၌၊ ယခုယခု အသစ် ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် တပါး တပါးသော ခန္ဓာကို၊ နာသဖြင့်လည်း တုန်လှုပ်သည်၏ အဖြစ်ကြောင့် တုန်လှုပ်သောသဘောဟု သုံးသပ်သော ယောဂီ ပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

အိုသဖြင့်လည်း တုန်လှုပ်သည်၏ အဖြစ်ကြောင့် တုန်လှုပ်သောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သေသဖြင့်လည်း တုန်လှုပ်သည်၏ အဖြစ်ကြောင့် တုန်လှုပ်သောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

လာဘ်ပေါများသဖြင့်လည်း တုန်လှုပ်သည်၏ အဖြစ်ကြောင့် တုန်လှုပ်သော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

လာဘ်နည်းပါး သဖြင့်လည်း တုန်လှုပ်သည်၏ အဖြစ်ကြောင့် တုန်လှုပ်သော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

အခြွေအရံ များသဖြင့်လည်း တုန်လှုပ်သည်၏ အဖြစ်ကြောင့် တုန်လှုပ်သော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

အခြွေအရံနည်း ပါးသဖြင့်လည်း တုန်လှုပ်သည်၏ အဖြစ်ကြောင့် တုန်လှုပ်သော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ချီးမွမ်းသဖြင့်လည်း တုန်လှုပ်သည်၏ အဖြစ်ကြောင့် တုန်လှုပ်သောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ကဲ့ရဲ့သဖြင့်လည်း တုန်လှုပ်သည်၏ အဖြစ်ကြောင့် တုန်လှုပ်သောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ချမ်းသာသဖြင့်လည်း တုန်လှုပ်သည်၏ အဖြစ်ကြောင့် တုန်လှုပ်သောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ဆင်းရဲသဖြင့်လည်း တုန်လှုပ်သည်၏ အဖြစ်ကြောင့် တုန်လှုပ်သောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် တုန်လှုပ်သောသဘောဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏။

သော ဧကေကံ ခန္ဓံ ဗျာဓိဇရာမရဏေဟိ စေဝ လာဘာ ဒီဟိစ လောကဓမ္မေဟိ ပစလိတတာယ စလတော သမ္မသတိ

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
ဗျာဓိ ဇရာ မရဏေဟိ စေဝ၊ နာခြင်း, အိုခြင်း, သေခြင်းတို့ဖြင့်၎င်း။
လာဘာဒီဟိ၊ လာဘအစရှိကုန်သော။
လောက ဓမ္မေဟိစ၊ လောကဓမ်တရား ရှစ်ပါးတို့ဖြင့်၎င်း။
ပစလိတတာယ၊ တုန်လှုပ်သည်၏အဖြစ်ကြောင့်။
စလတော၊ တုန်လှုပ်သောသဘောဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့်သုံးသပ်ရှုမြင်မိက နာသောခဏ၊ အိုသောခဏ၊ သေသောခဏ၊ လာဘ်ပေါများသော ခဏ၊ လာဘ်နည်းပါးသော ခဏ၊ အခြွေအရံ ပေါများသောခဏ၊ အခြွေအရံ နည်းပါးသောခဏ၊ ချီးမွမ်းသောခဏ၊ ကဲ့ရဲ့သောခဏ၊ ချမ်းသာသော ခဏ၊ ဆင်းရဲသောခဏ၊ ပစ္စုပ္ပန်ကာလ၌၊ ယခုယခု အသစ်ဖြစ်ခြင်းငှါမထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ

တုန်လှုပ်ခြင်း ကင်းသော ယခုယခု တဒင်္ဂ၏ နောင်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာတို့၏ ခြုဓ်ခြင်းသည် တုန်လှုပ်ခြင်းကင်း နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏။

ပဉ္စက္ခန္ဓေ စလတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော အစလံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
စလတော၊ တုန်လှုပ်သောသဘောဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
အစလံ၊ တုန်လှုပ်ခြင်းကင်းသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

*

၄။ ပဘင်္ဂုတော အဖွင့်

▬▬▬

ပဘင်္ဂုတော သမ္မသတိ။ ကထံ

ပဘင်္ဂုတော၊ ပျက်စီးသော အလေ့ သဘောဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
ပဘင်္ဂုတော၊ ပျက်စီးသော အလေ့ သဘောဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ ,ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို မိမိဖျက်ဆီးသော လုံ့လပယောဂအားဖြင့်လည်း ပျက်စီးခြင်းသို့ ရောက်သော အလေ့ သဘော ရှိသည်၏အဖြစ်ကြောင့် ပျက်စီးသော အလေ့ သဘောဟု သုံးသပ်၏။

သူတပါး ဖျက်ဆီးသော လုံ့လပယောဂ အားဖြင့်လည်း ပျက်စီးခြင်းသို့ ရောက်သော အလေ့ သဘော ရှိသည်၏အဖြစ်ကြောင့် ပျက်စီးသော အလေ့ သဘောဟု သုံးသပ်၏။

သဘာဝဓမ္မ ပျက်စီးသော ကိစ္စအားဖြင့်လည်း ပျက်စီးခြင်းသို့ ရောက်သော အလေ့ သဘော ရှိသည်၏အဖြစ်ကြောင့် ပျက်စီးသော အလေ့ သဘောဟု သုံးသပ်၏။

မသုံးသပ်မိက ဖျက်ဆီးသော ခဏ၊ ပျက်စီးသော ခဏ၊ ပစ္စုပ္ပန်ကာလ၌ ယခုခုအသစ် ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို မိမိဖျက်ဆီးသော လုံ့လ ပယောဂအားဖြင့်လည်း ပျက်စီးခြင်းသို့ ရောက်သော အလေ့ သဘော ရှိသည်၏ အဖြစ်ကြောင့် ပျက်စီးသော အလေ့ သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သူတပါးဖျက်ဆီးသော လုံ့လ ပယောဂ အားဖြင့်လည်း ပျက်စီးခြင်းသို့ ရောက်သော အလေ့ သဘော ရှိသည်၏ အဖြစ်ကြောင့် ပျက်စီးသော အလေ့ သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သဘာဝဓမ္မ ပျက်စီးသော ကိစ္စအားဖြင့်လည်း ပျက်စီးခြင်းသို့ ရောက်သော အလေ့ သဘော ရှိသည်၏ အဖြစ်ကြောင့် ပျက်စီးသော အလေ့ သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် ပျက်စီးသော အလေ့သဘောဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏။

သော ဧကကံ ခန္ဓံ ဥပက္ကမေနစေဝ သရသေနစ ပဘင်္ဂု ပဂမန သီလတာယ ပဘင်္ဂုတော သမ္မသတိ

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
ဥပက္ကမေနစေ၊ မိမိလုံ့လ, သူတပါးလုံ့လ အားဖြင့်၎င်း။
သရသေနစ၊ သဘောကိစ္စ အားဖြင့်၎င်း။
ပဘင်္ဂုပဂမနသီလတာယ၊ ပျက်စီးခြင်းသို့ရောက်သော အလေ့ သဘောရှိသည်၏ အဖြစ်ကြောင့်။
ပဘင်္ဂုတော၊ ပျက်စီးသော အလေ့ သဘောဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့်သုံးသပ်ရှုမြင်မိက ဖျက်ဆီးသော ခဏ၊ ပျက်စီးသော ခဏ၊ ပစ္စုပ္ပန် ကာလ၌၊ ယခုယခု အသစ်ဖြစ်ခြင်းငှါမထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသော ခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ

ပျက်စီးခြင်း အလေ့သဘော ကင်းသော ယခုယခု တဒင်္ဂ၏ နောင်အသစ် အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် ပျက်စီးခြင်း အလေ့ သဘော ကင်းသော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏။

ပဉ္စက္ခန္ဓေ ပဘင်္ဂုတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော အပဘင်္ဂု နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
ပဘင်္ဂုတော၊ ပျက်စီးသော အလေ့သဘောဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
အပဘင်္ဂု၊ ပျက်စီးသော အလေ့သဘောကင်းသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

၅။ အဓုဝတော အဖွင့်

အဓုဝတော သမ္မသတိ။ ကထံ။

အဓုဝတော၊ မမြဲဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
အဓုဝတော၊ မမြဲဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

သွားသောခဏ၊ ပြန်သောခဏ၊ အခိုက်အတန့်ကျသဖြင့်လည်း၊ မြဲမြံခိုင်ခံ့ တည်တံ့သော သဘော မရှိသည်၏ အဖြစ်ကြောင့် မမြဲဟု သုံးသပ်၏

တူရှုကြည့်သောခဏ၊ တစောင်းကြည့်သောခဏ၊ အခိုက်အတန့်ကျသဖြင့်လည်း၊ မြဲမြံခိုင်ခံ့ တည်တံ့သော သဘော မရှိသည်၏ အဖြစ်ကြောင့် မမြဲဟု သုံးသပ်၏

ကွေးသောခဏ၊ ဆန့်သောခဏ၊ အခိုက်အတန့်ကျသဖြင့်လည်း၊ မြဲမြံခိုင်ခံ့ တည်တံ့သော သဘော မရှိသည်၏ အဖြစ်ကြောင့် မမြဲဟု သုံးသပ်၏

သင်္ကန်းသပိတ်၊ အဝတ်အရုံ၊ တစုံတခု ကိုင်ယူသောခဏ အခိုက်အတန့် ကျသဖြင့်လည်း၊ မြဲမြံခိုင်ခံ့ တည်တံ့သော သဘော မရှိသည်၏ အဖြစ်ကြောင့် မမြဲဟု သုံးသပ်၏

စားသောခဏ၊ သောက်သောခဏ၊ ခဲသောခဏ လျက်သောခဏ၊ အခိုက်အတန့် ကျသဖြင့်လည်း၊ မြဲမြံခိုင်ခံ့ တည်တံ့သော သဘော မရှိသည်၏ အဖြစ်ကြောင့် မမြဲဟု သုံးသပ်၏

ကျင်ကြီးစွန့်သောခဏ၊ ကျင်ငယ်စွန့်သော ခဏ၊ အခိုက်အတန့်ကျသဖြင့်လည်း၊ မြဲမြံခိုင်ခံ့ တည်တံ့သော သဘော မရှိသည်၏ အဖြစ်ကြောင့် မမြဲဟု သုံးသပ်၏

သွားသောခဏ၊ ရပ်သော ခဏ၊ ထိုင်သောခဏ၊ အိပ်သောခဏ၊ နိုးသောခဏ၊ အခိုက်အတန့်ကျသဖြင့်လည်း၊ မြဲမြံခိုင်ခံ့ တည်တံ့သော သဘော မရှိသည်၏ အဖြစ်ကြောင့် မမြဲဟု သုံးသပ်၏

ပြောဆိုသောခဏ၊ ဆိတ်ဆိတ်နေသောခဏ၊ အခိုက်အတန့်ကျသဖြင့်လည်း၊ မြဲမြံခိုင်ခံ့ တည်တံ့သော သဘော မရှိသည်၏ အဖြစ်ကြောင့် မမြဲဟု သုံးသပ်၏

မသုံးသပ်မိက သွားသောခဏ၊ ပြန်သောခဏ၊ တူရူကြည့်သော ခဏ၊ တစောင်း ကြည့်သောခဏ၊ ကွေးသောခဏ၊ ဆန့်သောခဏ၊ သင်္ကန်းသပိတ်၊ အဝတ်အရုံ၊ တစုံတခု ကိုင်သောခဏ၊ စားသောခဏ၊ သောက်သောခဏ၊ ခဲသောခဏ၊ လျက်သောခဏ၊ ကျင်ကြီးစွန့်သောခဏ၊ ကျင်ငယ် စွန့်သောခဏ၊ သွားသောခဏ၊ ရပ်သောခဏ၊ ထိုင်သောခဏ၊ အိပ်သောခဏ၊ နိုးသောခဏ၊ ပြောဆိုသောခဏ၊ ဆိတ်ဆိတ်နေသောခဏ၊ ပစ္စုပ္ပန်ကာလ၌ ယခုခုအသစ် ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို သွားသောခဏ၊ ပြန်သော ခဏ၊ အခိုက်အတန့်ကျသဖြင့်လည်း မြဲမြံခိုင်ခံ့ တည်တံ့သော သဘော မရှိသည်၏အဖြစ်ကြောင့် မမြဲဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

တူရူကြည့်သောခဏ၊ တစောင်းကြည့်သောခဏ အခိုက်အတန့်ကျသဖြင့်လည်း မြဲမြံခိုင်ခံ့ တည်တံ့သော သဘော မရှိသည်၏အဖြစ်ကြောင့် မမြဲဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

ကွေးသောခဏ၊ ဆန့်သောခဏ အခိုက်အတန့်ကျသဖြင့်လည်း မြဲမြံခိုင်ခံ့ တည်တံ့သော သဘော မရှိသည်၏အဖြစ်ကြောင့် မမြဲဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

သင်္ကန်းသပိတ်၊ အဝတ်အရုံ တစုံတခု ကိုင်ယူသောခဏ၊ အခိုက်အတန့် ကျသဖြင့်လည်း မြဲမြံခိုင်ခံ့ တည်တံ့သော သဘော မရှိသည်၏အဖြစ်ကြောင့် မမြဲဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

စားသောခဏ၊ သောက်သောခဏ၊ ခဲသောခဏ၊ လျက်သောခဏ၊ အခိုက်အတန့် ကျသဖြင့်လည်း မြဲမြံခိုင်ခံ့ တည်တံ့သော သဘော မရှိသည်၏အဖြစ်ကြောင့် မမြဲဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

ကျင်ကြီးစွန့်သောခဏ၊ ကျင်ငယ် စွန့်သောခဏ အခိုက်အတန့်ကျသဖြင့်လည်း မြဲမြံခိုင်ခံ့ တည်တံ့သော သဘော မရှိသည်၏အဖြစ်ကြောင့် မမြဲဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

သွားသောခဏ၊ ရပ်သောခဏ၊ ထိုင်သောခဏ၊ အိပ်သောခဏ၊ နိုးသောခဏ၊ အခိုက်အတန့် ကျသဖြင့်လည်း မြဲမြံခိုင်ခံ့ တည်တံ့သော သဘော မရှိသည်၏ အဖြစ်ကြောင့် မမြဲဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

ပြောဆိုသောခဏ၊ ဆိတ်ဆိတ်နေသောခဏ၊ အခိုက်အတန့် ကျသဖြင့်လည်း မြဲမြံ ခိုင်ခံ့ တည်တံ့သော သဘော မရှိသည်၏အဖြစ်ကြောင့် မမြဲဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် မမြဲဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏

သော ဧကေကံ ခန္ဓံ သဗ္ဗာဝတ္ထာနိပါတိတာယ ထိရဘာဝဿစ အဘာဝတာယ အဓုဝတော သမ္မသတိ။

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
သဗ္ဗာဝတ္ထာနိပါတိတာယ၊ ခပ်သိမ်းဥဿုံ အလုံးစုံ အခိုက်အတန့် ကျသည်၏ အဖြစ်ကြောင့်။
ထိရဘာဝဿစ၊ မြဲမြံခိုင်ခံ့ တည်တံ့သော သဘော၏လည်း။
အဘာဝတာယ၊ မရှိသည်၏ အဖြစ်ကြောင့်။
အဓုဝတော၊ မမြဲဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့်သုံးသပ်ရှုမြင်မိက သွားသောခဏ၊ ပြန်သောခဏ၊ တူရူကြည့်သောခဏ၊ တစောင်းကြည့်သော ခဏ၊ ကွေးသောခဏ၊ ဆန့်သောခဏ၊ သင်္ကန်းသပိတ်၊ အဝတ်အရုံ၊ တစုံတခု ကိုင်ယူသောခဏ၊ စားသောခဏ၊ သောက်သောခဏ၊ ခဲသောခဏ၊ လျက်သောခဏ၊ ကျင်ကြီး စွန့်သောခဏ၊ ကျင်ငယ်စွန့်သောခဏ၊ သွားသော ခဏ၊ ရပ်သောခဏ၊ ထိုင်သောခဏ၊ အိပ်သောခဏ၊ နိုးသောခဏ၊ ပြောဆိုသောခဏ၊ ဆိတ်ဆိတ် နေသောခဏ ပစ္စုပ္ပန်ကာလ၌၊ ယခုယခု အသစ် ဖြစ်ခြင်းငှါမထိုက်၊ သိခိုက်ခဏ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ

မြဲသောသဘော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် မြဲသောသဘော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏

ပဉ္စက္ခန္ဓေ အဓုဝတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော ဓုဝံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ။

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
အဓုဝတော၊ မမြဲဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
ဓုဝံ၊ မြဲသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

၆။ ဝိပရိဏာမဓမ္မတော အဖွင့်

ဝိပရိဏာမဓမ္မတော သမ္မသတိ။ ကထံ။

ဝိပရိဏာမဓမ္မတော၊ ဖောက်ပြန်သော သဘောဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
ဝိပရိဏာမဓမ္မတော၊ ဖောက်ပြန်သော သဘောဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ ,ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို ရုပ်ဖြစ်သောခဏ၊ သစ်သောကာလမှ နောက် တည်သောခဏ၊ ဟောင်းသောကာလသို့ ရောက်၍ အိုသဖြင့် ဖောက်ပြန်သော သဘော။ တည်သောခဏ ဟောင်းသော ကာလမှ နောက် ပျက်သောခဏ၊ ကုန်သောကာလသို့ ရောက်၍ သေသဖြင့် ဖောက်ပြန် သောသဘော ရှိသည်၏ အဖြစ်ကြောင့် ဖောက်ပြန်သောသဘောဟု သုံးသပ်၏

ဝေဒနာဖြစ်သောခဏ သစ်သောကာလမှ နောက် တည်သောခဏ၊ ဟောင်းသော ကာလသို့ ရောက်၍ အိုသဖြင့် ဖောက်ပြန်သော သဘော။ တည်သောခဏ ဟောင်းသော ကာလမှ နောက် ပျက်သောခဏ၊ ကုန်သောကာလသို့ ရောက်၍ သေသဖြင့် ဖောက်ပြန် သောသဘော ရှိသည်၏ အဖြစ်ကြောင့် ဖောက်ပြန်သော သဘောဟု သုံးသပ်၏

သညာဖြစ်သောခဏ သစ်သောကာလမှ နောက် တည်သောခဏ၊ ဟောင်းသော ကာလသို့ ရောက်၍ အိုသဖြင့် ဖောက်ပြန်သော သဘော။ တည်သောခဏ ဟောင်းသော ကာလမှ နောက် ပျက်သောခဏ၊ ကုန်သောကာလသို့ ရောက်၍ သေသဖြင့် ဖောက်ပြန် သောသဘော ရှိသည်၏ အဖြစ်ကြောင့် ဖောက်ပြန်သော သဘောဟု သုံးသပ်၏

သင်္ခါရဖြစ်သောခဏ သစ်သောကာလမှ နောက် တည်သောခဏ၊ ဟောင်းသော ကာလသို့ ရောက်၍ အိုသဖြင့် ဖောက်ပြန်သော သဘော။ တည်သောခဏ ဟောင်းသော ကာလမှ နောက် ပျက်သောခဏ၊ ကုန်သောကာလသို့ ရောက်၍ သေသဖြင့် ဖောက်ပြန်သောသဘော ရှိသည်၏ အဖြစ်ကြောင့် ဖောက်ပြန်သော သဘောဟု သုံးသပ်၏

ဝိညာဏ်ဖြစ်သောခဏ သစ်သောကာလမှ နောက် တည်သောခဏ၊ ဟောင်းသော ကာလသို့ ရောက်၍ အိုသဖြင့် ဖောက်ပြန်သော သဘော။ တည်သောခဏ ဟောင်းသော ကာလမှ နောက် ပျက်သောခဏ၊ ကုန်သောကာလသို့ ရောက်၍ သေသဖြင့် ဖောက်ပြန်သော သဘော ရှိသည်၏ အဖြစ်ကြောင့် ဖောက်ပြန်သော သဘောဟု သုံးသပ်၏

မသုံးသပ်မိက ရုပ်ဖြစ်သောခဏ၊ ဝေဒနာ ဖြစ်သောခဏ၊ သညာ ဖြစ်သောခဏ၊ သင်္ခါရဖြစ်သောခဏ၊ ဝိညာဏ်ဖြစ်သောခဏ ပစ္စုပ္ပန် ကာလ၌၊ ယခုယခု အသစ် ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို ရုပ်ဖြစ်သောခဏ သစ်သောကာလမှ နောက် တည်သောခဏ၊ ဟောင်းသော ကာလသို့ ရောက်၍ အိုသဖြင့် ဖောက်ပြန်သော သဘော။ တည်သော ခဏ ဟောင်းသော ကာလမှ နောက် ပျက်သောခဏ၊ ကုန်သောကာလသို့ ရောက်၍ သေသဖြင့် ဖောက်ပြန်သောသဘော ရှိသည်၏ အဖြစ်ကြောင့် ဖောက်ပြန်သော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

ဝေဒနာဖြစ်သောခဏ သစ်သောကာလမှ နောက် တည်သောခဏ၊ ဟောင်းသော ကာလသို့ ရောက်၍ အိုသဖြင့် ဖောက်ပြန်သော သဘော။ တည်သော ခဏ ဟောင်းသော ကာလမှ နောက် ပျက်သောခဏ၊ ကုန်သောကာလသို့ ရောက်၍ သေသဖြင့် ဖောက်ပြန်သောသဘော ရှိသည်၏ အဖြစ်ကြောင့် ဖောက်ပြန်သော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

သညာ ဖြစ်သောခဏ သစ်သောကာလမှ နောက် တည်သောခဏ၊ ဟောင်းသော ကာလသို့ ရောက်၍ အိုသဖြင့် ဖောက်ပြန်သော သဘော။ တည်သော ခဏ ဟောင်းသော ကာလမှ နောက် ပျက်သောခဏ၊ ကုန်သောကာလသို့ ရောက်၍ သေသဖြင့် ဖောက်ပြန်သောသဘော ရှိသည်၏ အဖြစ်ကြောင့် ဖောက်ပြန်သော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

သင်္ခါရ ဖြစ်သောခဏ သစ်သောကာလမှ နောက် တည်သောခဏ၊ ဟောင်းသော ကာလသို့ ရောက်၍ အိုသဖြင့် ဖောက်ပြန်သော သဘော။ တည်သော ခဏ ဟောင်းသော ကာလမှ နောက် ပျက်သောခဏ၊ ကုန်သောကာလသို့ ရောက်၍ သေသဖြင့် ဖောက်ပြန်သောသဘော ရှိသည်၏ အဖြစ်ကြောင့် ဖောက်ပြန်သော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

ဝိညာဏ်ဖြစ်သောခဏ သစ်သောကာလမှ နောက် တည်သောခဏ၊ ဟောင်းသော ကာလသို့ ရောက်၍ အိုသဖြင့် ဖောက်ပြန်သော သဘော။ တည်သော ခဏ ဟောင်းသော ကာလမှ နောက် ပျက်သောခဏ၊ ကုန်သောကာလသို့ ရောက်၍ သေသဖြင့် ဖောက်ပြန်သော သဘော ရှိသည်၏ အဖြစ်ကြောင့် ဖောက်ပြန်သော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် ဖောက်ပြန်သော သဘောဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏

သော ဧကေကံ ခန္ဓံ ဇရာယစေဝ မရဏေနစာတိ ဒွေဓာ ပရိဏာမ ပကတိတာယ ဝိပရိဏာမဓမ္မတော သမ္မသတိ။

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
ဇရာယစေဝ၊ အိုခြင်းဖြင့်၎င်း။
မရဏေနစ၊ သေခြင်းဖြင့်၎င်း။
ဣတိ၊ ဤသို့။
ဒွေဓာ ပရိဏာမ ပကတိတာယ၊ ၂-ပါးသော အခြင်း အရာအားဖြင့် ဖောက်ပြန်သော သဘောရှိသည်၏အဖြစ်ကြောင့်။
ဝိပရိဏာမဓမ္မတော၊ ဖောက်ပြန်သောသဘောဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက ရုပ်ဖြစ်သောခဏ၊ ဝေဒနာဖြစ်သောခဏ၊ သညာ ဖြစ်သောခဏ၊ သင်္ခါရ ဖြစ်သောခဏ၊ ဝိညာဏ်ဖြစ်သောခဏ၊ ပစ္စုပ္ပန်ကာလ၌၊ ယခုယခု အသစ်ဖြစ်ခြင်းငှါမထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ

ဖောက်ပြန်ခြင်းကင်းသော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် ဖောက်ပြန်ခြင်းကင်းသော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏

ပဉ္စက္ခန္ဓေ ဝိပရိဏာမဓမ္မတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော အဝိပရိဏာမဓမ္မံံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ။

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
ဝိပရိဏာမဓမ္မတော၊ ဖောက်ပြန်သောသဘောဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
အဝိပရိဏာမဓမ္မံ၊ ဖောက်ပြန်ခြင်းကင်းသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

၇။ အသာရကတော အဖွင့်

အသာရကတော သမ္မသတိ။ ကထံ။

အသာရကတော၊ အနှစ်မရှိဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
အသာရကတော၊ အနှစ်မရှိဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် တပါးတပါးသော ခန္ဓာကို ကျသောခဏ၊ အတိတ် အနာဂတ် ပစ္စုပ္ပန်ကာလ၌ မခိုင်တဲတဲ အားနဲသဖြင့်လည်း အကာကဲ့သို့ ကျိုးလွယ်သည်၏ အဖြစ်ကြောင့် အနှစ် မရှိဟု သုံးသပ်၏

မသုံးသပ်မိက ကျသောခဏ၊ အတိတ်, အနာဂတ် ပစ္စုပ္ပန် ကာလ၌ ယခုယခုအသစ် ဖြစ်ခြင်းငှါထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် တပါးတပါးသော ခန္ဓာကို ကျသောခဏ၊ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ၌ မခိုင်တဲတဲ အားနဲသဖြင့်လည်း အကာကဲ့သို့ ကျိုးလွယ်သည်၏ အဖြစ်ကြောင့် အနှစ် မရှိဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် အနှစ် မရှိဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏

သော ဧကေကံ ခန္ဓံ ဒုဗ္ဗလတာယ ဖေဂ္ဂုဝိယ သုသဉ္စနီယ တာယ စ အသာရကတော သမ္မသတိ။

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
ဒုဗ္ဗလတာယစ၊ အားနည်းသည်၏ အဖြစ်ကြောင့်၎င်း။
ဖေဂ္ဂုဝိယ၊ အကာကဲ့သို့။
သုသဉ္စနီယတာယစ၊ ကျိုးလွယ်သည်၏အဖြစ်ကြောင့်၎င်း။
အသာရကတော၊ အနှစ်မရှိဟု။
သမ္မသတိ၊ သုံးသပ်၏။

အမှာစကား
အဋ္ဌကထာ၌၊ “သုခဘဉ္စနီယတာယ"၌၊ သုခ-ပုဒ်ကို “ဣမေ ပန သုဘေဒါဝေ” ဟူသော ဋီကာပုဒ်ကိုရှု၍ ပမဒလေခဟုသိ။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့်သုံးသပ်ရှုမြင်မိက ကျသောခဏ၊ အတိတ်, အနာဂတ်, ပစ္စုပ္ပန်ကာလ၌၊ ယခုယခု အသစ်ဖြစ်ခြင်းငှါမထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ

အနှစ်မရှိသော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် အနှစ်ရှိသော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏

ပဉ္စက္ခန္ဓေ အသာရကတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော သာရံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ။

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
အသာရကတော၊ အနှစ်မရှိဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
သာရံ၊ အနှစ်ရှိသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

၈။ ဝိဘဝတော အဖွင့်

ဝိဘဝတော သမ္မသတိ။ ကထံ။

ဝိဘဝတော၊ ဖြစ်ပြီးမှ ကင်းသောသဘောဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
ဝိဘဝတော၊ ဖြစ်ပြီးမှ ကင်းသောသဘောဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ဘဝသည် ကမ္မဘဝ, ဥပပတ္တိဘဝအားဖြင့် ၂-ပါး အပြားရှိ၏။ ထိုနှစ်ပါးတို့တွင် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, ကံ, သင်္ခါရ - ဟေတု ပဉ္စကသည် ကမ္မဘဝမည်၏။ ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ - ဖလပဉ္စကသည် ဥပပတ္တိဘဝမည်၏။

ဟေတုပဉ္စကသည်လည်း အတိတ် ဟေတုပဉ္စက၊ ပစ္စုပ္ပန်ဟေတုပဉ္စကအားဖြင့် ၂-ပါး အပြားရှိ၏။ထို ၂-ပါးတို့တွင် အတိတ် ဟေတုပဉ္စကသည် ပစ္စုပ္ပန် ဖလပဉ္စကနှင့် စပ်၏။ ပစ္စုပ္ပန် ဟေတုပဉ္စကသည် အနာဂတ် ဖလပဉ္စကနှင့်စပ်၏။

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ ,ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

စက္ခုဝိညာဏ်၊ မြင်သောကာလ ဖြစ်သောခဏ၊ ဖလပဉ္စက အကျိုးဘဝ၏ ဟေတုပဉ္စက-အကြောင်းဘဝနှင့် ပြည့်စုံပြီးမှ ပျက်သောခဏ၊ ဖလပဉ္စက-အကျိုး ဘဝ၏ ဟေတုပဉ္စက-အကြောင်းဘဝနှင့် ကင်းသည်၏အဖြစ်ကြောင့် ဖြစ်ပြီးမှ ကင်းသောသဘောဟု သုံးသပ်၏

သောတဝိညာဏ်၊ ကြားသောကာလ ဖြစ်သောခဏ၊ ဖလပဉ္စက အကျိုးဘဝ၏ ဟေတုပဉ္စက-အကြောင်းဘဝနှင့် ပြည့်စုံပြီးမှ ပျက်သောခဏ၊ ဖလပဉ္စက-အကျိုး ဘဝ၏ ဟေတုပဉ္စက-အကြောင်းဘဝနှင့် ကင်းသည်၏အဖြစ်ကြောင့် ဖြစ်ပြီးမှ ကင်းသောသဘောဟု သုံးသပ်၏

ဃာန ဝိညာဏ်၊ နံသောကာလ ဖြစ်သောခဏ၊ ဖလပဉ္စက အကျိုးဘဝ၏ ဟေတုပဉ္စက-အကြောင်းဘဝနှင့် ပြည့်စုံပြီးမှ ပျက်သောခဏ၊ ဖလပဉ္စက-အကျိုး ဘဝ၏ ဟေတုပဉ္စက-အကြောင်းဘဝနှင့် ကင်းသည်၏အဖြစ်ကြောင့် ဖြစ်ပြီးမှ ကင်းသောသဘောဟု သုံးသပ်၏

ဇိဝှါဝိညာဏ်၊ စားသောကာလ ဖြစ်သောခဏ၊ ဖလပဉ္စက အကျိုးဘဝ၏ ဟေတုပဉ္စက-အကြောင်းဘဝနှင့် ပြည့်စုံပြီးမှ ပျက်သောခဏ၊ ဖလပဉ္စက-အကျိုး ဘဝ၏ ဟေတုပဉ္စက-အကြောင်းဘဝနှင့် ကင်းသည်၏အဖြစ်ကြောင့် ဖြစ်ပြီးမှ ကင်းသောသဘောဟု သုံးသပ်၏

ကာယဝိညာဏ်၊ ထိသောကာလ ဖြစ်သောခဏ၊ ဖလပဉ္စက အကျိုးဘဝ၏ ဟေတုပဉ္စက-အကြောင်းဘဝနှင့် ပြည့်စုံပြီးမှ ပျက်သောခဏ၊ ဖလပဉ္စက-အကျိုး ဘဝ၏ ဟေတုပဉ္စက-အကြောင်းဘဝနှင့် ကင်းသည်၏အဖြစ်ကြောင့် ဖြစ်ပြီးမှ ကင်းသောသဘောဟု သုံးသပ်၏

မနောဝိညာဏ်၊ သိသောကာလ ဖြစ်သောခဏ၊ ဖလပဉ္စက အကျိုးဘဝ၏ ဟေတုပဉ္စက-အကြောင်းဘဝနှင့် ပြည့်စုံပြီးမှ ပျက်သောခဏ၊ ဖလပဉ္စက-အကျိုး ဘဝ၏ ဟေတုပဉ္စက-အကြောင်းဘဝနှင့် ကင်းသည်၏အဖြစ်ကြောင့် ဖြစ်ပြီးမှ ကင်းသောသဘောဟု သုံးသပ်၏

မသုံးသပ်မိက -
စက္ခုဝိညာဏ် မြင်သောကာလ ဖြစ်သောခဏ၊
သောတဝိညာဏ် ကြားသောကာလ ဖြစ်သောခဏ၊
ဃာနဝိညာဏ် နံသောကာလ ဖြစ်သောခဏ၊
ဇိဝှါဝိညာဏ် စားသောကာလ ဖြစ်သောခဏ၊
ကာယဝိညာဏ် ထိသောကာလ ဖြစ်သောဏ၊
မနောဝိညာဏ် သိသောကာလ ဖြစ်သောခဏ

ပစ္စုပ္ပန်ကာလ၌ ယခုခုအသစ် ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို စက္ခုဝိညာဏ် မြင်သောကာလ ဖြစ်သောခဏ၊ ဖလပဉ္စကအကျိုးဘဝ၏ ဟေတုပဉ္စက-အကြောင်းဘဝနှင့် ပြည့်စုံပြီးမှ၊ ပျက်သော ခဏ၊ ဖလပဉ္စက-အကျိုးဘဝ၏၊ ဟေတုပဉ္စက-အကြောင်းဘဝနှင့် ကင်းသည်၏ အဖြစ်ကြောင့် ဖြစ်ပြီးမှ ကင်းသောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

သောတဝိညာဏ် ကြားသောကာလ ဖြစ်သောခဏ၊ ဖလပဉ္စကအကျိုးဘဝ၏ ဟေတုပဉ္စက-အကြောင်းဘဝနှင့် ပြည့်စုံပြီးမှ၊ ပျက်သော ခဏ၊ ဖလပဉ္စက-အကျိုးဘဝ၏၊ ဟေတုပဉ္စက-အကြောင်းဘဝနှင့် ကင်းသည်၏ အဖြစ်ကြောင့် ဖြစ်ပြီးမှ ကင်းသောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

ဃာနဝိညာဏ် နံသောကာလ ဖြစ်သောခဏ၊ ဖလပဉ္စကအကျိုးဘဝ၏ ဟေတုပဉ္စက-အကြောင်းဘဝနှင့် ပြည့်စုံပြီးမှ၊ ပျက်သော ခဏ၊ ဖလပဉ္စက-အကျိုးဘဝ၏၊ ဟေတုပဉ္စက-အကြောင်းဘဝနှင့် ကင်းသည်၏ အဖြစ်ကြောင့် ဖြစ်ပြီးမှ ကင်းသောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

ဇိဝှါဝိညာဏ် စားသောကာလ ဖြစ်သောခဏ၊ ဖလပဉ္စကအကျိုးဘဝ၏ ဟေတုပဉ္စက-အကြောင်းဘဝနှင့် ပြည့်စုံပြီးမှ၊ ပျက်သော ခဏ၊ ဖလပဉ္စက-အကျိုးဘဝ၏၊ ဟေတုပဉ္စက-အကြောင်းဘဝနှင့် ကင်းသည်၏ အဖြစ်ကြောင့် ဖြစ်ပြီးမှ ကင်းသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

ကာယဝိညာဏ် ထိသောကာလ ဖြစ်သောခဏ၊ ဖလပဉ္စကအကျိုးဘဝ၏ ဟေတုပဉ္စက-အကြောင်းဘဝနှင့် ပြည့်စုံပြီးမှ၊ ပျက်သော ခဏ၊ ဖလပဉ္စက-အကျိုး ဘဝ၏၊ ဟေတုပဉ္စက-အကြောင်းဘဝနှင့် ကင်းသည်၏ အဖြစ်ကြောင့် ဖြစ်ပြီးမှ ကင်းသောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

မနောဝိညာဏ် သိသောကာလ ဖြစ်သောခဏ၊ ဖလပဉ္စကအကျိုးဘဝ၏ ဟေတုပဉ္စက-အကြောင်းဘဝနှင့် ပြည့်စုံပြီးမှ၊ ပျက်သော ခဏ၊ ဖလပဉ္စက-အကျိုး ဘဝ၏၊ ဟေတုပဉ္စက-အကြောင်းဘဝနှင့် ကင်းသည်၏ အဖြစ်ကြောင့် ဖြစ်ပြီးမှ ကင်းသောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် ကင်းသောသဘောဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏

သော ဧကေကံ ခန္ဓံ ဝိဂတဘဝတာယ ဝိဘဝသမ္ဘူတတာယစ ဝိဘဝတော သမ္မသတိ။

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
ဝိဂတဘဝတာယစ၊ ဖြစ်ပြီးမှ ကင်းသည်၏အဖြစ်ကြောင့်၎င်း။
ဝိဘဝသမ္ဘူတတာယစ၊ ပြည့်စုံသောဘဝမှ ကင်းသည်၏အဖြစ်ကြောင့်၎င်း။
ဝိဘဝတော၊ ဖြစ်ပြီးမှ ကင်းသောသဘောဟု။
သမ္မသတိ၊ သုံးသပ်၏၊

သမ္မသနဉာဏ်အစ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက -

စက္ခုဝိညာဏ်၊ မြင်သောကာလ၊ ဖြစ်သောခဏ။
သောတဝိညာဏ်၊ ကြားသောကာလ၊ ဖြစ်သောခဏ။
ဃာနဝိညာဏ်၊ နံသောကာလ၊ ဖြစ်သောခဏ။
ဇိဝှါဝိညာဏ်၊ စားသောကာလ၊ ဖြစ်သောခဏ။
ကာယဝိညာဏ်၊ ထိသောကာလ၊ ဖြစ်သောခဏ။
မနောဝိညာဏ်၊ သိသောကာလ၊ ဖြစ်သောခဏ၊

ပစ္စုပ္ပန်ကာလ၌၊ ယခုယခု အသစ်ဖြစ်ခြင်းငှါမထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ

ဖြစ်ခြင်းကင်းသော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် ဖြစ်ခြင်းကင်းသော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏

ပဉ္စက္ခန္ဓေ ဝိဘဝတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော ဝိဘဝံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ။

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
ဝိဘဝတော၊ ဖြစ်ပြီးမှ ကင်းသောသဘောဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
ဝိဘဝံ၊ ဖြစ်ခြင်းကင်းသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

၉။ သင်္ခတတော အဖွင့်

သင်္ခတတော သမ္မသတိ။ ကထံ။

သင်္ခတတော၊ ပြုပြင်စီရင်အပ်သော သဘောဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
သင်္ခတတော၊ ပြုပြင်စီရင်အပ်သော သဘောဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါး တပါးသော ခန္ဓာကို။

(သမနန္တရော ဟေတုပရံပရော ပစ္စယာ)

သင်္ခါရ ဖြစ်ခိုက်၊ ရှေ့ အဝိဇ္ဇာက-အကြောင်း၊ ယခု အဝိဇ္ဇာက-ပစ္စည်း၊ တပေါင်းတည်း ပြုပြင်စီရင်အပ်သည်၏ အဖြစ်ကြောင့် ပြုပြင်စီရင်အပ်သော သဘောဟု သုံးသပ်၏၊

ဝိညာဏ် ဖြစ်ခိုက်၊ ရှေ့ သင်္ခါရက-အကြောင်း၊ ယခု သင်္ခါရက-ပစည်း၊ တပေါင်းတည်း ပြုပြင်စီရင်အပ်သည်၏ အဖြစ်ကြောင့် ပြုပြင်စီရင်အပ်သော သဘော ဟု သုံးသပ်၏၊

နာမ်ရုပ် ဖြစ်ခိုက်၊ ရှေ့ ဝိညာဏ်က-အကြောင်း၊ ယခု ဝိညာဏ်က-ပစ္စည်း၊ တပေါင်းတည်း ပြုပြင်စီရင်အပ်သည်၏ အဖြစ်ကြောင့် ပြုပြင်စီရင်အပ်သော သဘောဟု သုံးသပ်၏၊

သဠာယတန ဖြစ်ခိုက်၊ ရှေ့ နာမ်ရုပ်က-အကြောင်း၊ ယခု နာမ်ရုပ်က-ပစ္စည်း၊ တပေါင်းတည်း ပြုပြင်စီရင်အပ်သည်၏ အဖြစ်ကြောင့် ပြုပြင်စီရင်အပ်သော သဘောဟု သုံးသပ်၏၊

ဖဿ ဖြစ်ခိုက်၊ ရှေ့ သဠာယတနက-အကြောင်း၊ ယခု သဠာယတနက-ပစ္စည်း၊ တပေါင်းတည်း ပြုပြင်စီရင်အပ်သည်၏ အဖြစ်ကြောင့် ပြုပြင်စီရင်အပ်သော သဘောဟု သုံးသပ်၏၊

ဝေဒနာ ဖြစ်ခိုက်၊ရှေ့ ဖဿက-အကြောင်း၊ယခု ဖဿက-ပစ္စည်း၊ တပေါင်းတည်း ပြုပြင်စီရင်အပ်သည်၏ အဖြစ်ကြောင့် ပြုပြင်စီရင်အပ်သော သဘောဟု သုံးသပ်၏၊

တဏှာ ဖြစ်ခိုက်၊ ရှေ့ ဝေဒနာက-အကြောင်း၊ ယခု ဝေဒနာက-ပစ္စည်း၊ တပေါင်းတည်း ပြုပြင်စီရင်အပ်သည်၏ အဖြစ်ကြောင့် ပြုပြင်စီရင်အပ်သော သဘောဟု သုံးသပ်၏၊

ဥပါဒါန် ဖြစ်ခိုက်၊ ရှေ့ တဏှာက-အကြောင်း၊ ယခု တဏှာက-ပစ္စည်း၊ တပေါင်းတည်း ပြုပြင်စီရင်အပ်သည်၏ အဖြစ်ကြောင့် ပြုပြင်စီရင်အပ်သော သဘောဟု သုံးသပ်၏၊

ဘဝ ဖြစ်ခိုက်၊ ရှေ့ ဥပါဒါန်က-အကြောင်း၊ ယခု ဥပါဒါန်က-ပစ္စည်း၊ တပေါင်းတည်း ပြုပြင်စီရင်အပ်သည်၏ အဖြစ်ကြောင့် ပြုပြင်စီရင်အပ်သော သဘောဟု သုံးသပ်၏၊

မသုံးသပ်မိက သင်္ခါရ ဖြစ်ခိုက်၊ ဝိညာဏ် ဖြစ်ခိုက်၊ နာမ်ရုပ် ဖြစ်ခိုက်၊ သဠာယတန ဖြစ်ခိုက်၊ ဖဿ ဖြစ်ခိုက်၊ ဝေဒနာ ဖြစ်ခိုက်၊ တဏှာ ဖြစ်ခိုက်၊ ဥပါဒါန် ဖြစ်ခိုက်၊ ဘဝဖြစ်ခိုက်၊ ပစ္စုပ္ပန်ကာလ၌ ယခုခုအသစ် ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို သင်္ခါရဖြစ်ခိုက်၊ ရှေ့ အဝိဇ္ဇာက-အကြောင်း၊ ယခု အဝိဇ္ဇာက-ပစ္စည်း၊ တပေါင်းတည်း ပြုပြင်စီရင်အပ်သည်၏ အဖြစ်ကြောင့် ပြုပြင်စီရင်အပ်သော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသန ဉာဏ်ကိုရ၏။

ဝိညာဏ် ဖြစ်ခိုက်၊ ရှေ့ သင်္ခါရက-အကြောင်း၊ ယခု သင်္ခါရက-ပစ္စည်း၊ တပေါင်းတည်း ပြုပြင်စီရင်အပ်သည်၏ အဖြစ်ကြောင့် ပြုပြင်စီရင်အပ်သော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသန ဉာဏ်ကိုရ၏။

နာမ်ရုပ် ဖြစ်ခိုက်၊ ရှေ့ ဝိညာဏ်က-အကြောင်း၊ ယခု ဝိညာဏ်က-ပစ္စည်း၊ တပေါင်းတည်း ပြုပြင်စီရင်အပ်သည်၏ အဖြစ်ကြောင့် ပြုပြင်စီရင်အပ်သော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသန ဉာဏ်ကိုရ၏။

သဠာယတန ဖြစ်ခိုက်၊ ရှေ့ နာမ်ရုပ်က-အကြောင်း၊ ယခု နာမ်ရုပ်က-ပစ္စည်း၊ တပေါင်းတည်း ပြုပြင်စီရင်အပ်သည်၏ အဖြစ်ကြောင့် ပြုပြင်စီရင်အပ်သော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသန ဉာဏ်ကိုရ၏။

ဖဿ ဖြစ်ခိုက်၊ ရှေ့ သဠာယတနက-အကြောင်း၊ ယခု သဠာယတနက-ပစ္စည်း၊ တပေါင်းတည်း ပြုပြင်စီရင်အပ်သည်၏ အဖြစ်ကြောင့် ပြုပြင်စီရင်အပ်သော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသန ဉာဏ်ကိုရ၏။

ဝေဒနာ ဖြစ်ခိုက်၊ရှေ့ ဖဿက-အကြောင်း၊ ယခု ဖဿက-ပစ္စည်း၊ တပေါင်းတည်း ပြုပြင်စီရင်အပ်သည်၏ အဖြစ်ကြောင့် ပြုပြင်စီရင်အပ်သော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသန ဉာဏ်ကိုရ၏။

တဏှာ ဖြစ်ခိုက်၊ ရှေ့ ဝေဒနာက-အကြောင်း၊ ယခု ဝေဒနာက-ပစ္စည်း၊ တပေါင်းတည်း ပြုပြင်စီရင်အပ်သည်၏ အဖြစ်ကြောင့် ပြုပြင်စီရင်အပ်သော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသန ဉာဏ်ကိုရ၏။

ဥပါဒါန် ဖြစ်ခိုက်၊ ရှေ့ တဏှာက-အကြောင်း၊ ယခု တဏှာက-ပစ္စည်း၊ တပေါင်း တည်း ပြုပြင်စီရင်အပ်သည်၏ အဖြစ်ကြောင့် ပြုပြင်စီရင်အပ်သော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသန ဉာဏ်ကိုရ၏။

ဘဝ ဖြစ်ခိုက်၊ ရှေ့ ဥပါဒါနက-အကြောင်း၊ ယခု ဥပါဒါန်က-ပစ္စည်း၊ တပေါင်းတည်း ပြုပြင်စီရင်အပ်သည်၏ အဖြစ်ကြောင့် ပြုပြင်စီရင်အပ်သော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသန ဉာဏ်ကိုရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် ပြုပြင်စီရင်အပ်သော သဘောဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏။

သော ဧကေကံ ခန္ဓံ ဟေတုပစ္စယေဟိ အဘိသင်္ခတတာယ သင်္ခတတော သမ္မသတိ။

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
ဟေတုပစ္စယေဟိ၊ အကြောင်းပစ္စည်းတို့ဖြင့်။
အဘိသင်္ခတတာယ၊ တပေါင်းတည်း ပြုပြင်စီရင်အပ်သည်၏ အဖြစ်ကြောင့်။
ထင်္ခတတော၊ ပြုပြင် စီရင်အပ်သောသဘောဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့်သုံးသပ်ရှုမြင်မိက သင်္ခါရဖြစ်ခိုက်၊ဝိညာဏ် ဖြစ်ခိုက်၊ နာမ်ရုပ်ဖြစ်ခိုက်၊ သဠာယတနဖြစ်ခိုက်၊ ဖဿဖြစ်ခိုက်၊ ဝေဒနာဖြစ်ခိုက်၊ တဏှာဖြစ်ခိုက်၊ ဥပါဒါန် ဖြစ်ခိုက်၊ ဘဝဖြစ်ခိုက်၊ ပစ္စုပ္ပန်ကာလ၌၊ ယခုယခု အသစ်ဖြစ်ခြင်းငှါမထိုက်၊ သိခိုက် ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ။

ပြုပြင်စီရင်ခြင်းကင်းသော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ် တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် ပြုပြင်စီရင်ခြင်းကင်းသော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏။

ပဉ္စက္ခန္ဓေ သင်္ခတတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော အသင်္ခတံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ။

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
သင်္ခတတော၊ ပြုပြင်စီရင်အပ်သောသဘောဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
အသင်္ခတံ၊ ပြုပြင်စီရင်ခြင်းကင်းသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

*

၁၀။ မရဏဓမ္မတော အဖွင့်

မရဏဓမ္မတော သမ္မသတိ။ ကထံ။

မရဏဓမ္မတော၊ သေသော သဘောဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
မရဏဓမ္မတော၊ သေသော သဘောဟု။
သမ္မသတိ၊ သုံးသပ်သနည်း၊

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါး တပါးသော ခန္ဓာကို ရုပ်ကုန်သော ခဏ၊ ပျက်သောသဘောက ရှိသည်၏ အဖြစ်ကြောင့် သေသောသဘော ဟု သုံးသပ်၏။

ဝေဒနာ ကုန်သော ခဏ၊ ပျက်သောသဘောက ရှိသည်၏ အဖြစ်ကြောင့် သေသော သဘော ဟု သုံးသပ်၏။

သညာ ကုန်သော ခဏ၊ ပျက်သောသဘောက ရှိသည်၏ အဖြစ်ကြောင့် သေသော သဘော ဟု သုံးသပ်၏။

သင်္ခါရ ကုန်သော ခဏ၊ ပျက်သောသဘောက ရှိသည်၏ အဖြစ်ကြောင့် သေသော သဘော ဟု သုံးသပ်၏။

ဝိညာဏ် ကုန်သော ခဏ၊ ပျက်သောသဘောက ရှိသည်၏ အဖြစ်ကြောင့် သေသော သဘော ဟု သုံးသပ်၏။

မသုံးသပ်မီက ရုပ် ကုန်သောခဏ၊ ဝေဒနာ ကုန်သောခဏ၊ သညာ ကုန်သောခဏ၊ သင်္ခါရ ကုန်သောခဏ၊ ဝိညာဏ် ကုန်သောခဏ၊ ပစ္စုပ္ပန် ကာလ၌ ယခုယခု အသစ် ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် တပါး တပါးသော ခန္ဓာကို ရုပ်ကုန်သောခဏ၊ ပျက်သောသဘောက ရှိသည်၏ အဖြစ်ကြောင့်၊ သေသောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ဝေဒနာ ကုန်သောခဏ၊ ပျက်သောသဘောက ရှိသည်၏ အဖြစ်ကြောင့်၊ သေသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သညာ ကုန်သောခဏ၊ ပျက်သောသဘောက ရှိသည်၏ အဖြစ်ကြောင့်၊ သေသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သင်္ခါရ ကုန်သောခဏ၊ ပျက်သောသဘောက ရှိသည်၏ အဖြစ်ကြောင့်၊ သေသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ဝိညာဏ် ကုန်သောခဏ၊ ပျက်သောသဘောက ရှိသည်၏ အဖြစ်ကြောင့်၊ သေသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် သေသောသဘောဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏။

သော ဧကေကံ ခန္ဓံ မရဏပကတိတာယ မရဏဓမ္မတော သမ္မသတိ။

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
မရဏပကတိတာယ၊ ပျက်သောသဘော ရှိသည်၏အဖြစ်ကြောင့်။
မရဏဓမ္မတော၊ သေသောသဘောဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့်သုံးသပ်ရှုမြင်မိက ရုပ် ကုန်သောခဏ၊ ဝေဒနာ ကုန်သောခဏ၊ သညာ ကုန်သောခဏ၊ သင်္ခါရ ကုန်သောခဏ၊ ဝိညာဏ် ကုန်သောခဏ၊ ပစ္စုပ္ပန်ကာလ၌၊ ယခုယခု အသစ်ဖြစ်ခြင်းငှါမထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ။

သေခြင်းကင်းသော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် သေခြင်းကင်းသော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏။

ပဉ္စက္ခန္ဓေ မရဏဓမ္မတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော အမတံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ။

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
မရဏဓမ္မတော၊ သေသောသဘောဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
အမတံ၊ သေခြင်းကင်းသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

*

၁။ အနိစ္စတောတိ အနိစ္စာနုပဿနာ။
၂။ ပလောကတောတိ အနိစ္စာနုပဿနာ။
၃။ စလတောတိ အနိစ္စာနုပဿနာ။
၄။ ပဘင်္ဂုတောတိ အနိစ္စာနုပဿနာ။
၅။ အဓုဝတောတိ အနိစ္စာနုပဿနာ။
၆။ ဝိပရိဏာမ ဓမ္မတောတိ အနိစ္စာနုပဿနာ။
၇။ အသာရကတောတိ အနိစ္စာနုပဿနာ။
၈။ ဝိဘဝတောတိ အနိစ္စာနုပဿနာ။
၉။ သင်္ခတတောတိ အနိစ္စာနုပဿနာ။
၁၀။ မရဏဓမ္မတောတိ အနိစ္စာနုပဿနာ။

အနိစ္စာနုပဿနာ ဆယ်ပါး။

အနိစ္စာလက္ခဏာ ၁၀-ပါး ပြီး၏။

*

ဒုက္ခလက္ခဏာ ၂၅-ပါး

၁၁။ ဒုက္ခတော အဖွင့်

ဒုက္ခတော သမ္မသတိ။ ကထံ။

ဒုက္ခတော၊ ဆင်းရဲဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
ဒုက္ခတော၊ ဆင်းရဲဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ဇာတိဒုက္ခ ဇရာဒုက္ခ မရဏဒုက္ခ ဒုက္ခဒုက္ခ သင်္ခါရဒုက္ခ ဝိပရိဏာမဒုက္ခ သံသာရဒုက္ခ အားဖြင့် ၇-ပါးတို့တွင် တပါးတပါးသော ခန္ဓာ၏ -

၁။ ဖြစ်ခြင်းသည် ဇာတိဒုက္ခ မည်၏။
၂။ တည်ခြင်းသည် ဇရာဒုက္ခ မည်၏။
၃။ ပျက်ခြင်းသည်၊ မရဏဒုက္ခ မည်၏။
၄။ ကိုယ်ဆင်းရဲသော ကာယိကဒုက္ခ တပါး၊ စိတ်ဆင်းရဲသော စေတသိကဒုက္ခ တပါး၊ ဤနှစ်ပါးသည် ဒုက္ခဒုက္ခ မည်၏။
၅။ တပါးတပါးသော ခန္ဓာ၏ ဥပါဒ်, ဌီ, ဘင်သည် သင်္ခါရဒုက္ခ မည်၏။
၆။ သတ္တဝါတို့၏ တဘဝ တဘဝ အဆုံးကာလ၌ သေရခြင်းသည် ဝိပရိဏာမဒုက္ခ မည်၏။
၇။ အနုလောမ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်သည် သံသာရဒုက္ခ မည်၏။

ဒုက္ခ၏တည်ရာဝတ္ထုဖြစ်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -
ဖြစ်သဖြင့်လည်း ပင်ပန်းသောကြောင့် ဆင်းရဲဟု သုံးသပ်၏။
တည်သဖြင့်လည်း ပင်ပန်းသောကြောင့် ဆင်းရဲဟု သုံးသပ်၏။
ပျက်သဖြင့်လည်း ပင်ပန်းသောကြောင့် ဆင်းရဲဟု သုံးသပ်၏။
ကျင်နာကိုက်ခဲ ကိုယ်ဆင်းရဲသောကြောင့် ဆင်းရဲဟု သုံးသပ်၏။
ကောက်ကျစ်စဉ်းလဲ စိတ်ဆင်းရဲသောကြောင့်လည်း ဆင်းရဲဟု သုံးသပ်၏။

မသုံးသပ်မိက တပါးတပါးသော ခန္ဓာ၏ ဖြစ်သောခဏ, တည်သောခဏ, ပျက်သော ခဏ၊ ပစ္စုပ္ပန်ကာလ၌ အစဉ်တစိုက်ပါ၍ လိုက်သော အဟောင်းက တထပ် အသစ်က တထပ်၊ ဤနှစ်ရပ် စက်ရဟတ်က ဖြစ်သောသဘော-ဥပါဒ်လည်း မထင်၊ တည်သောသဘော-ဌီလည်း မထင်၊ ပျက်သောသဘော-ဘင်လည်း မထင်၊ သဘောသာ ပါဝင်၍ အစဉ်သဖြင့် အကျိုးပေးခွင့် မရသေးသမျှ မသိသောသဘော-အဝိဇ္ဇာ ကျသောကြောင့်လည်း ဆင်းရဲဟု သုံးသပ်၏။

အားထုတ်သောသဘော - သင်္ခါရ ကျသောကြောင့်လည်း ဆင်းရဲဟု သုံးသပ်၏။

ရှေ့နောက် ဘဝ နှစ်ရပ်စပ်သောသဘော - ဝိညာဏ် ကျသောကြောင့်လည်း ဆင်းရဲဟု သုံးသပ်၏။

သက်သောသဘော - နာမ်ရုပ် ကျသောကြောင့်လည်း ဆင်းရဲဟု သုံးသပ်၏။

ကြည်သောသဘော - သဠာယတန ကျသောကြောင့်လည်း ဆင်းရဲဟု သုံးသပ်၏။

တွေ့သောသဘော-ဖဿ ကျသောကြောင့်လည်း ဆင်းရဲဟု သုံးသပ်၏။

ခံစားသောသဘော-ဝေဒနာ ကျသောကြောင့်လည်း ဆင်းရဲဟု သုံးသပ်၏။

တပ်သောသဘော-တဏှာ ကျသောကြောင့်လည်း ဆင်းရဲဟု သုံးသပ်၏။

စွဲလမ်းသောသဘော-ဥပါဒါန် ကျသောကြောင့်လည်း ဆင်းရဲဟု သုံးသပ်၏။

ပြုသောသဘော-ဘဝ ကျသောကြောင့်လည်း ဆင်းရဲဟု သုံးသပ်၏။

ဖြစ်သောသဘော-ဇာတိ ကျသောကြောင့်လည်း ဆင်းရဲဟု သုံးသပ်၏။

အိုသောသဘော-ဇရာ ကျသောကြောင့်လည်း ဆင်းရဲဟု သုံးသပ်၏။

သေသောသဘော-မရဏ ကျသောကြောင့်လည်း၊ ဆင်းရဲဟု သုသပ်၏။

စိုးရိမ်သောသဘော-သောက ကျသောကြောင့်လည်း ဆင်းရဲဟု သုံးသပ်၏။

ငိုကြွေး သောသဘော-ပရိဒေဝ ကျသောကြောင့်လည်း ဆင်းရဲဟု သုံးသပ်၏။

ကိုယ်ဆင်းရဲသောသဘော-ဒုက္ခ ကျသောကြောင့်လည်း ဆင်းရဲဟု သုံးသပ်၏။

စိတ်ဆင်းရဲသောသဘော-ဒေါမနဿ ကျသောကြောင့်လည်း ဆင်းရဲဟု သုံးသပ်၏။

စိတ်ပင်ပန်းသော သဘော-ဥပါယာသ ကျသောကြောင့်လည်း ဆင်းရဲဟု သုံးသပ်၏။

ဤသို့ ဟေတုဖလနိဿန္ဒ၊ အကြောင်းအကျိုး အာနိသင် အဆက်ဆက် ချမ်းသာနှင့် မရောမယှက်၊ သက်သက်သော ဆင်းရဲအစု၊ ယခုယခု စည်းဝေးတွေ့ကြုံ ပေါင်းဆုံ မိသော အနုလောမ ပဋိစ္စသမုပ္ပါဒ် စက်ရဟတ် သံသရာဝဋ်ဒုက္ခ၏ တည်ရာ ဖြစ်သောကြောင့် ဆင်းရဲဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် ဆင်းရဲဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏။

သော ဧကေကံ ခန္ဓံ ဥပ္ပါဒဝယ ပဋိပီဠနတာယ ဒုက္ခဝတ္ထု တာယ စ ဒုက္ခတော သမ္မသတိ။

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
ဥပ္ပါဒယ ပဋိပီဠနတာယစ၊ ဖြစ်ခြင်းပျက်ခြင်းဖြင့် မပြတ်ပင်ပန်းသည်၏ အဖြစ် ကြောင့်၎င်း။
ဒုက္ခဝတ္တု တာယစ၊ ဆင်းရဲ၏တည်ရာ ဝတ္ထု၏ အဖြစ်ကြောင့်၎င်း။
ဒုက္ခတော၊ ဆင်းရဲဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့်သုံးသပ်ရှုမြင်မိက တပါးတပါးသော ခန္ဓာ၏ ဖြစ်သောခဏ, တည်သော ခဏ, ပျက်သောခဏ, ပစ္စုပ္ပန်ကာလ၌ အစဉ်တစိုက် ပါဝင်၍ မလိုက်သော အဟောင်းလည်း တထပ်၊ အသစ်လည်း တထပ်၊ ဤနှစ်ရပ် စက်ရဟတ်က ဖြစ်သောသဘော-ဥပါဒ်၌လည်း မထင်၊ တည်သောသဘော-ဌီ၌လည်း မထင်၊ ပျက်သောသဘော-ဘင်၌လည်း မထင်၊ သဘောမျှ မပါဝင်ဘဲ၊ အစဉ်သဖြင့် အကျိုးပေးခွင့်လည်းမရ။

သိခိုက်ခဏ သိခိုက်ခဏ၊ မသိသောသဘော-အဝိဇ္ဇာ မကျသောကြောင့်လည်း အနုပ္ပါဒသုခ-မဖြစ်သောချမ်းသာ။

အားထုတ်သောသဘော သင်္ခါရ မကျသောကြောင့်လည်း အနုပ္ပါဒသုခ-မဖြစ်သော ချမ်းသာ။

ရှေ့နောက် ဘဝနှစ်ရပ် စပ်သောသဘော-ဝိညာဏ် မကျသောကြောင့်လည်း အနုပ္ပါဒသုခ-မဖြစ်သောချမ်းသာ။

သက်သောသဘော နာမ်ရုပ် မကျသောကြောင့်လည်း အနုပ္ပါဒသုခ-မဖြစ်သော ချမ်းသာ။

ကြည်သောသဘော သဠာယတန မကျသောကြောင့်လည်း အနုပ္ပါဒသုခ-မဖြစ်သောချမ်းသာ။

တွေ့သာသဘော-ဖဿ မကျသောကြောင့်လည်း အနုပ္ပါဒသုခ-မဖြစ်သောချမ်းသာ။

ခံစားသောသဘော-ဝေဒနာ မကျသောကြောင့်လည်း အနုပ္ပါဒသုခ-မဖြစ်သော ချမ်းသာ။

တပ်သောသဘော-တဏှာ မကျသောကြောင့်လည်း အနုပ္ပါဒသုခ-မဖြစ်သော ချမ်းသာ။

စွဲလမ်းသောသဘော - ဥပါဒါန် မကျသောကြောင့်လည်း အနုပ္ပါဒသုခ-မဖြစ်သော ချမ်းသာ။

ပြုသောသဘော-ဘဝ မကျသောကြောင့်လည်း အနုပ္ပါဒသုခ-မဖြစ်သောချမ်းသာ။

ဖြစ်သောသဘော-ဇာတိ မကျသောကြောင့်လည်း အနုပ္ပါဒသုခ-မဖြစ်သောချမ်းသာ။

အိုသောသဘော-ဇရာ မကျသောကြောင့်လည်း အနုပ္ပါဒသုခ-မဖြစ်သောချမ်းသာ။

သေသောသဘော- မရဏ မကျသောကြောင့်လည်း အနုပ္ပါဒသုခ-မဖြစ်သော ချမ်းသာ။

စိုးရိမ်သောသဘော- သောက မကျသောကြောင့်လည်း အနုပ္ပါဒသုခ-မဖြစ်သော ချမ်းသာ။

ငိုကြွေးသောသဘော-ပရိဒေဝ မကျသောကြောင့်လည်း အနုပ္ပါဒသုခ-မဖြစ်သော ချမ်းသာ။

ကိုယ်ဆင်းရဲသောသဘော-ဒုက္ခ မကျသောကြောင့်လည်း အနုပ္ပါဒသုခ-မဖြစ်သော ချမ်းသာ။

စိတ်ဆင်းရဲသောသဘော - ဒေါမနဿ မကျသောကြောင့်လည်း အနုပ္ပါဒသုခ-မဖြစ်သော ချမ်းသာ။
စိတ်ပင်ပန်းသောသဘော-ဥပါယာသ မကျသောကြောင့်လည်း အနုပ္ပါဒသုခ-မဖြစ်သောချမ်းသာ။

ဤသို့ ဟေတုဖလနိဿန္ဒ၊ အကြောင်းအကျိုး အာနိသင် အဆက်ဆက် ချမ်းသာနှင့် မရောမယှက်၊ သက်သက် ဆင်းရဲအစု၊ ယခုယခု မစည်းမဝေး မတွေ့မကြုံ မပေါင်းမဆုံမိဘဲ သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ၁၀-ပါးသော ဝိပဿနာဉာဏ်တို့၏ ထိခိုက်ခဏ သိခိုက်ခဏ၊ တဒင်္ဂခြုဓ်ငြိမ်း ရုပ်သိမ်းသော ပဋိလောမ ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ် စင်းလုံးပြတ်သော ဝိဝဋ္ဋသုခ၊ ယခုယခု တဒင်္ဂ၏ နောင် အသစ်တဘန် အဆင့်ဆင့် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ၊ သမုစ္ဆေဒ အကြွင်းအကျန်မရှိ၊ အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာမရဏ, သောက, ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ၊ ဟေတု ဖလနိဿန္ဒ၊ အကြောင်း အကျိုး အာနိသင်အဆက်ဆက်၊ ချမ်းသာနှင့် မရောမယှက်၊ သက်သက် ဆင်းရဲအစုဟု ဆိုအပ်သော၊ ခန္ဓာငါးပါးတို့၏ ခြုဓ်ငြိမ်း ရုပ်သိမ်းခြင်းသည် ချမ်းသာသော သဘော - နိဗ္ဗာန်ပင်တည်းဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကိုရ၏။

ပဉ္စက္ခန္ဓေ ဒုက္ခတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော သုခံံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ။

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
ဒုက္ခ္မတော၊ ဆင်းရဲဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
သုခံ၊ ချမ်းသာသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

*

၁၂။ ရောဂတော အဖွင့်

ရောဂတော သမ္မသတိ။ ကထံ။

ရောဂတော၊ ရောဂါဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
ရောဂတော၊ ရောဂါဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

လောကသုံးရွာ သတ္တဝါကား ငါဟုသမုတ် ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို စားသောက်ချိန် သင့်က စားသောက်ကြသဖြင့် မျှတ၍ ယခု အနာရောဂါ မရှိခင် ရောဂါကင်းစင် အာရောဂျပင် ဆိုရပါလျက် ယခု အနာရောဂါ မရှိသေးသော်လည်း စားသောက်ချိန်သင့်က မစားရ၊ ဖြစ်ပေါ်လာခြင်း ထိုက်သော အနာရောဂါ ဖြစ်လိမ့်မည်ကို ဉာဏ်ဖြင့်ရှုမြှော်၍ အနာရောဂါ မဖြစ်ပေါ်အောင် ဆွမ်းပစ္စည်းအရ၊ ထမင်းဟင်း စားသောက်သဖြင့် မျှရသောကြောင့်၊ ရောဂါဟု သုံးသပ်၏။ အချိုအချဉ် အစပ်အငန် အဖန်အခါး စားသောက်သဖြင့် မျှရသောကြောင့် ရောဂါဟု သုံးသပ်၏။

သင်္ကန်းပစ္စည်း အရ အခြံအရုံ, အဝတ်ပုဆိုး၊ ဝတ်ရုံချိန်သင့်က ဝတ်ရုံကြသဖြင့် မျှတ၍၊ ယခု အနာရောဂါ မဖြစ်ပေါ်ခင် ရောဂါကင်းစင် အာရောဂျပင် ဆိုရပါလျက်၊ ယခု အနာရောဂါ မဖြစ်သေးသော်လည်း ဝတ်ရုံချိန်သင့်က မဝတ်ရုံရသော် ဖြစ်ပေါ်လာခြင်းငှါ ထိုက်သော အနာရောဂါ ဖြစ်လိမ့်မည်ကို ဉာဏ်ဖြင့်ရှုမြှော်၍ အနာရောဂါ မဖြစ်ပေါ်အောင် သင်္ကန်းပစ္စည်းအရ အခြုံအရုံ အဝတ်ပုဆိုး ဝတ်ရုံသဖြင့် ရသောကြောင့် ရောဂါဟု သုံးသပ်၏။

ကျောင်းပစ္စည်းအရ စရပ်, တန်ဆောင်းမှ ကျောင်း အိမ် အရိပ် သင်္ခမ်း ကော်ဇော ကမ္ဗလာ မွေ့ရာ သင်ဖြူး အုံးအိပ်ရာ နေရာ နေရချိန်သင့်က နေကြသဖြင့် မျှတ၍ ယခု အနာရောဂါ မဖြစ်ပေါ်ခင် ရောဂါကင်းစင် အာရောဂျပင် ဆိုရပါလျက် ယခု အနာရောဂါ မဖြစ်ပေါ်သေးသော်လည်း အိပ်ချိန် နေချိန်သင့်က မအိပ်မနေရသော် ဖြစ်ပေါ်လာခြင်းငှါ ထိုက်သော အနာရောဂါ ဖြစ်လိမ့်မည်ကို ဉာဏ်ဖြင့် ရှုမြှော်၍ အနာရောဂါ မဖြစ်ပေါ်အောင် ကျောင်းပစ္စည်းအရ၊ စရပ် တန်ဆောင်း ကျောင်း အိမ် အရိပ်သင်္ခမ်း ကော်ဇော ကမ္ဗလာ မွေ့ရာ သင်ဖြူး၊ အုံး အိပ်ရာ နေရာနှင့် အိပ်နေသဖြင့် မျှရသောကြောင့် ရောဂါဟု သုံးသပ်၏။

ဆေးပစ္စည်းအရ ဆီဦးထောပတ် ပျားသကာတင်လဲ၊ အဖျော်ယမကာ၊ သုံးစွဲချိန် သင့်က သုံးစွဲကြသဖြင့် မျှတ၍ ယခု အနာရောဂါ မဖြစ်ပေါ်ခင် ရောဂါကင်းစင် အာရောဂျပင် ဆိုရပါလျက် ယခု အနာရောဂါ မဖြစ်ပေါ်သေးသော်လည်း သုံးစွဲချိန် သင့်ကမသုံးစွဲရသော် ဖြစ်ပေါ်လာခြင်းငှါ ထိုက်သော အနာရောဂါ ဖြစ်လိမ့်မည်ကို ဉာဏ်ဖြင့်ရှုမြှော်၍ အနာရောဂါ မဖြစ်ပေါ်အောင် ဆေးပစ္စည်းအရ၊ ဆီဦးထောပတ် ပျားသကာတင်လဲ၊ အဖျော်ယမကာ သုံးစွဲသဖြင့် မျှရသောကြောင့် ရောဂါဟု သုံးသပ်၏။

မသုံးသပ်မိက ရှေ့ကံဟောင်းက ပါသော အဟောင်းဖြစ်သော ဝေဒနာ၊ ယခု ကံသစ် ကျသဖြင့်ရသော အသစ်ဖြစ်သော ဝေဒနာ၊ အကျိုး ရောဂါ ဖြစ်ပေလိမ့်မည်ကို ဉာဏ်ဖြင့်ရှုမြှော်၍ အကျိုးရောဂါ မဖြစ်ပေါ်အောင် လေးပါးသော ပစ္စည်းအရ၊ ဆွမ်း သင်္ကန်း ကျောင်း ဆေး မှီဝဲ သုံးဆောင်သဖြင့် မျှရသောကြောင့် ရောဂါဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ် ကိုရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် ရောဂါဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏။

သော ဧကေကံ ခန္ဓံ ပစ္စယ ယာပနိယတာယ ရောဂ မူလတာယ စ ရောဂတော သမ္မသတိ။

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
ပစ္စယ ယာပနိယတာယစ၊ ပစ္စည်းလေးပါးဖြင့် မရသည်၏အဖြစ်ကြောင့်၎င်း။
ရောဂမူလတာယစ၊ ရောဂါ၏ အကြောင်းရင်းမူလ၏ အဖြစ်ကြောင့်၎င်း။
ရောဂတော၊ ရောဂါဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် ရောဂါ၏ အကြောင်းရင်း မူလဖြစ်သော ယခု ရုပ်, ဝေဒနာ, သညာ သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို ရောဂါဟု သုံးသပ် ရှုမြင်မိက ပစ္စည်းလေးပါး သုံးစွဲသမျှ သိခိုက်ခဏ သိခိုက်ခဏ -

ယခု အသစ်အသစ် အနာရောဂါလည်း ဖြစ်ပေါ်ခြင်းငှါ မထိုက်၊

ရှေးကံဟောင်းက ပါလာသော အဟောင်း ဖြစ်သော ဝေဒနာ အကျိုးရောဂါ ယခု ကျခြင်းငှါ မထိုက်။

ယခု ကံအသစ် ကျသဖြင့်ရသော အသစ် ဖြစ်သော ဝေဒနာ အကျိုးရောဂါ နောင်ခါ ဖြစ်ပေါ်ခြင်းငှါလည်း မထိုက်။

သိခိုက်ခဏ သိခိုက်ခဏ ရောဂါ၏ အကြောင်းရင်းမူလဖြစ်သော ခန္ဓာငါးပါးတို့၏ တဒင်္ဂ တဒင်္ဂ မဖြစ်ဘဲ ခြုဓ်သောသဘော အနုပ္ပါဒအာရောဂျ၊ ယခု တဒင်္ဂ၏ နောင် အသစ်တဘန် အဆင့်ဆင့် ဖြစ်ပြန်ခြင်းငှါလည်းမထိုက်။

မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ အကြွင်းအကျန်မရှိ၊ ရောဂါ၏ အကြောင်းရင်း မူလဖြစ်သော ခန္ဓာငါးပါးတို့၏ ခြုဓ်ခြင်းသည် အနာရောဂါကင်းသော နိဗ္ဗာန် တည်းဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကိုရ၏။

ပဉ္စက္ခန္ဓေ ရောဂတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော အာရောဂျံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ။

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
ရောဂတော၊ ရောဂါဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ချုပ်ခြင်းသည်။
အာရောဂျံ၊ အနာရောဂါကင်းသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

၁၃။ ဂဏ္ဍတော အဖွင့်

ဂဏ္ဍတော သမ္မသတိ။ ကထံ။

ဂဏ္ဍတော၊ အိုင်းအမာဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
ဂဏ္ဍတော၊ အိုင်းအမာဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသောခန္ဓာကို ကိုယ်၌ဖြစ်သော ဆင်းရဲ၊ စိတ်၌ဖြစ်သော ဆင်းရဲ၊ ဒုက္ခဒုက္ခတာ။ ဆူးငြောင့် တံကျင် အထက်အောက် ထုတ်ချင်းခတ် စူးဝင်ထိုးလျှိုသော အလေ့ သဘောအားဖြင့် ကိလေသာ အညစ် အကြေး သွေးအနုသယ ပရိယုဋ္ဌာန်ပါ အုံလုံးကြွလျက် မန်းတက်၍ မချိမဆန့်အောင် အစ၌ ရောင်သောကြောင့် အိုင်းအမာဟု သုံးသပ်၏

တပါးတပါးသောခန္ဓာ၏ ဖြစ်သောခဏ၊ သစ်သော ကာလမှ နောက်၊ တည်သော ခဏ၊ ကုန်သောကာလသို့ ရောက်သော ယခု အသစ်အသစ် ဖြစ်ခြင်းငှါ ထိုက်သော၊ သင်္ခါရဒုက္ခတာ။ ဆူးငြောင့် တံကျင် အထက်အောက် ထုတ်ချင်းခတ် စူးဝင် ထိုးလျှိုသော အလေ့ သဘောအားဖြင့် မစင်ကြယ်သော ကိလေသာ အပုတ် အသိုး၊ ပွားတိုးဆင့်ဆင့် အောင်းသဖြင့်ပြည့်သော်၊ ပြည်မှည့်၍ မချိမဆန့်နိုင်အောင် အလယ်၌ ရင့်သောကြောင့် အိုင်းအမာဟု သုံးသပ်၏

တပါးတပါးသော ခန္ဓာ၏ တည်သောခဏ၊ ဟောင်းသော ကာလမှ နောက်၊ ပျက်သောခဏ၊ ကုန်သောကာလသို့ ရောက်သော ဝိပရိဏာမဒုက္ခတာ။ ဆူးငြောင့် တံကျင် ဖီလာကန့်လန့် ထုတ်ချင်းခတ် စူးဝင်ထိုးလျှိုသော အလေ့ သဘောဖြင့် တဒီးဒီးယိုစီးသော ကိလေသာသွေးပြည်က ထွက်၊ အက်ကွဲ၍ မချိမဆန့်အောင် အဆုံး၌ ပေါက်ကွဲသောကြောင့် အိုင်းအမာဟု သုံးသပ်၏

မသုံးသပ်မိက ရောင်သောခဏ၊ ရင့်သောခဏ၊ ပေါက်သောခဏ၊ ပစ္စုပ္ပန်ကာလ၌ ယခုအထစ်အသစ် ဖြစ်ခြင်းငှါထိုက်သော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို၊ ယခု အသစ်အသစ် ဖြစ်ခြင်းငှါထိုက်သော ကိုယ်၌ ဖြစ်သောဆင်းရဲ၊ စိတ်၌ဖြစ်သောဆင်းရဲ၊ ဒုက္ခဒုက္ခတာ။ ဆူးငြောင့် တံကျင် အထက်အောက် ထုတ်ချင်းခတ် စူးဝင်ထိုးလျှိုသော အလေ့ သဘောအားဖြင့် ကိလေသာ အညစ်အကြေး သွေးအနုသယ၊ ပရိယုဋ္ဌာန်ပါ အုံလုံးကြွလျက် မန်းတက်၍ မချိမဆန့်အောင် အစ၌ရောင်သောကြောင့် အိုင်းအမာဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကိုရ၏

တပါးတပါးသောခန္ဓာ၏ ဖြစ်သောခဏ၊ သစ်သော ကာလမှ နောက်၊ တည်သောခဏ၊ ကုန်သောကာလသို့ ရောက်သော ယခု အသစ်အသစ် ဖြစ်ခြင်းငှါ ထိုက်သော၊ သင်္ခါရဒုက္ခတာ။ ဆူးငြောင့်တံကျင် ရှေ့နောက် ထုတ်ချင်းခတ် စူးဝင်ထိုးလျှိုသော အလေ့ သဘောဖြင့် မစင်ကြယ်သော ကိလေသာ အပုတ်အသိုး ပွားတိုးဆင့်ဆင့် အောင်းသဖြင့် ပြည့်သော် ပြည်မှည့်၍ မချိမဆန့်အောင် အလယ်၌ ရင့်သောကြောင့် အိုင်းအမာဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကိုရ၏

တပါးတပါးသော ခန္ဓာ၏ တည်သောခဏ၊ ဟောင်းသော ကာလမှ နောက်၊ ပျက်သောခဏ၊ ကုန်သောကာလသို့ ရောက်သော ယခု အသစ်အသစ် ဖြစ်ခြင်းငှါ ထိုက်သော ဝိပရိဏာမဒုက္ခတာ။ ဆူးငြောင့် တံကျင် ဖီလာကန့်လန့် ထုတ်ချင်းခတ် စူးဝင်ထိုးလျှိုသော အလေ့ သဘောဖြင့် တဒီးဒီးယိုစီးသော ကိလေသာသွေးပြည်က ထွက်၊ အက်ကွဲ၍ မချိမဆန့်အောင် အဆုံး၌ ပေါက်ကွဲသောကြောင့် အိုင်းအမာဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကိုရ၏

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် အိုင်းအမာဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏

သော ဧကေကံ ခန္ဓံ ဒုက္ခတာ သူလယောဂိတာယ ကိလေသာသုစိပဂ္ဃရဏတာယ ဥပ္ပါဒဧရာဘင်္ဂေဟိ ဥဒ္ဓုမာတက ပရိပက္ကပဘိန္နတာယ စ ဂဏ္ဍတော သမ္မသတိ

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
ဒုက္ခတာ သူလယောဂိတာယ၊ ဒုက္ခတာ ဆူးငြောင့်တံကျင် စူးဝင် ထိုးလျှိုသော အလေ့ သဘော၏အဖြစ်ကြောင့်။
ကိလေသာသုစိပဂ္ဃရဏတာယ၊ ကိလေသာ မစင်ကြယ်သော သွေးပြည် ယိုစီး သည်၏ အဖြစ်ကြောင့်။
ဥပ္ပါဒဧရာဘင်္ဂေဟိ၊ ဥပါဒ်, ဌီ, ဘင်၊ သင်္ခတလက္ခဏာ၊ အစ အလယ် အဆုံး သုံးပါး တို့ဖြင့်။
ဥဒ္ဓုမာတကပရိပက္ကပဘိန္နတာယစ၊ ဖူးဖူး ရောင်သည်၏အဖြစ် မှည့်ရင့်သည်၏ အဖြစ် ပေါက်ကွဲသည်၏ အဖြစ်ကြောင့်၎င်း။
ဂဏ္ဍတော၊ အိုင်းအမာဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့်သုံးသပ်ရှုမြင်မိက ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်၊ တပါး တပါးသော ခန္ဓာ အိုင်းအမာ ရောင်သောခဏ၊ ရင့်သောခဏ၊ ပေါက်သောခဏ၊ ပစ္စုပ္ပန်ကာလ၌၊ ယခု အသစ်အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသော ခန္ဓာတို့၏ မဖြစ်ဘဲခြုဓ်သော-အနုပ္ပါဒနိရောဓ

ယခုယခု အိုင်းအမာ မဟုတ်၊ ခြုဓ်သော တဒင်္ဂ၏ နောင် အသစ်အသစ် တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ခန္ဓာငါးပါးတို့၏ ခြုဓ်ခြင်းသည် အိုင်းအမာ မဟုတ်သော နိဗ္ဗာန်ပင်တည်းဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကိုရ၏

ပဉ္စက္ခန္ဓေ ဂဏ္ဍတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော အဂဏ္ဍံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
ဂဏ္ဍတော၊ အိုင်းအမာဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
အဂဏ္ဍံ၊ အိုင်းအမာ မဟုတ်သော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

*

၁၄။ သလ္လတော အဖွင့်

သလ္လတော သမ္မသတိ။ ကထံ။

သလ္လတော၊ မြားဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
သလ္လတော၊ မြားဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

တပါးတပါးသော ခန္ဓာကို -
ဣဋ္ဌာရုံဖြစ်က ချစ်ခင်၍မဝ ရာဂသလ္လ
အနိဋ္ဌာရုံဖြစ်က အပြစ်မြင်၍မဝ ဒေါသလ္လ
မျဇ္ဈတ္တာရုံဖြစ်က ယစ်၍မဝ မောဟသလ္လ
စဉ်းသွားကျသဖြင့် နှိပ်စက်သည်၏ အဖြစ်ကြောင့် မြားဟု သုံးသပ်၏

တပါးတပါးသော ခန္ဓာကို ရာဂစဉ်းသွား, ဒေါသစဉ်းသွား, မောဟစဉ်းသွား အာရုံပြုသော စိတ်နှလုံးသား၏ အတွင်း၌ တနင့်နင့် ထိုးကျင်သည်၏ အဖြစ်ကြောင့် မြားဟု သုံးသပ်၏

အာရုံပြုသော စိတ်နှလုံးသား၏ အတွင်း၌ တနင့်နင့် ထိုးကျင်သော ရာဂစဉ်းသွား ဒေါသစဉ်းသွား, မောဟစဉ်းသွား ကျသောခန္ဓာ -
ဣဋ္ဌာရုံ ဖြစ်လျှင်လည်း ချစ်ခင်တာကို၊
အနိဋ္ဌာရုံ ဖြစ်လျှင်လည်း အပြစ်မြင်တာကို၊
မဇ္ဈတ္တာရုံ ဖြစ်လျှင်လည်း ယစ်မေ့တာကို။
နှုတ်ပစ်နိုင်ခဲသည်၏ အဖြစ်ကြောင့် မြားဟု သုံးသပ်၏

မသုံးသပ်မိက ကျသောခဏ ပစ္စုပ္ပန်ကာလ၌ ယခု အသစ်အသစ် ဖြစ်သောခန္ဓာကို
ဣဋ္ဌာရုံဖြစ်က ချစ်ခင်၍မဝ ရာဂသလ္လ
အနိဋ္ဌာရုံဖြစ်က အပြစ်မြင်၍မဝ ဒေါသလ္လ
မျဇ္ဈတ္တာရုံဖြစ်က ယစ်၍မဝ မောဟသလ္လ
ယခု အသစ်သစ် စဉ်းသွားကျသဖြင့် နှိပ်စက်သည်၏ အဖြစ်ကြောင့် မြားဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကိုရ၏

ယခု အသစ်အသစ် ဖြစ်သော ခန္ဓာကို၊ ယခု အသစ်အသစ် ဖြစ်သော ရာဂစဉ်းသွား, ဒေါသစဉ်းသွား, မောဟစဉ်းသွား အာရုံပြုသော စိတ်နှလုံးသား၏ အတွင်း၌ တနင့်နင့် ထိုးကျင်သည်၏ အဖြစ်ကြောင့် မြားဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

အာရုံပြုသော စိတ်နှလုံးသား၏ အတွင်း၌၊ တနင့်နှင့် ထိုးကျင်သော ယခု အသစ် အသစ် ဖြစ်သော ရာဂစဉ်းသွား, ဒေါသစဉ်းသွား, မောဟစဉ်းသွား ကျသောခန္ဓာ -
ဣဋ္ဌာရုံဖြစ်လျှင်လည်း ချစ်ခင်တာကို၊
အနိဋ္ဌာရုံ ဖြစ်လျှင်လည်း အပြစ်မြင်တာကို၊
မျဇ္ဈတ္တာရုံဖြစ်လျှင်လည်း ယစ်မေ့တာကို -
နှုတ်ပစ်နိုင်ခဲသည်၏ အဖြစ်ကြောင့် မြားဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် မြားဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏

သော ဧကကံ ခန္ဓံ ပီဠဇနကတာယ အန္တောတုဒနတာယ ဒုန္နီဟရဏီယတာယ စ သလ္လတော သမ္မသတိ

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
ပီဠဇနကတာယ၊ နှိပ်စက်သော အကြောင်း၏ အဖြစ်ကြောင့်။
အန္တောတုဒနတာယ၊ အတွင်း၌ ထိုးကျင်သည်၏ အဖြစ်ကြောင့်။
ဒုန္နီဟရဏီယတာယစ၊ နှုတ်ပစ်နိုင်ခဲသည်၏ အဖြစ်ကြောင့်။
သလ္လတော၊ မြားဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက ကျသောခဏ ပစ္စုပ္ပန်ကာလ၌၊ ယခုယခု အသစ်ဖြစ်ခြင်းငှါမထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ။ ယခုယခုမြားမဟုတ်၊ ခြုဓ်သော တဒင်္ဂ တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် မြားမဟုတ်သော နိဗ္ဗာန်ပင်တည်းဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကိုရ၏

ပဉ္စက္ခန္ဓေ သလ္လတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော ဝိသလ္လံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
သလ္လတော၊ မြားဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
ဝိသလ္လံံ၊ မြားမဟုတ်သော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

*

၁၅။ အဃတော အဖွင့်

အဃတော သမ္မသတိ။ ကထံ။

အဃတော၊ မကောင်းဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
အဃတော၊ မကောင်းဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

တပါးတပါးသော ခန္ဓာကို -
ယောဂီပုဂ္ဂိုလ်တို့၏ ရုပ်အစုက၊ အသုဘဝတ္တု
ယောဂီပုဂ္ဂိုလ်တို့၏ ဉာဏ်အစုံက အသုဘသညာ
အသုဘသညာ အသုဘဝတ္ထု ရှုက မတင့်တယ်၊ ကဲ့ရဲ့ဘွယ်၏ အဖြစ်ကြောင့် မကောင်းဟု သုံးသပ်၏

ယောဂီပုဂ္ဂိုလ်တို့၏ ဝေဒနာအစုက ဒုက္ခဝတ္ထု
ယောဂီပုဂ္ဂိုလ်၏ ဉာဏ်အစုက ဒုက္ခသညာ
ဒုက္ခသညာ ဒုက္ခဝတ္ထု ရှုက မကောင်း၊ အကြောင်းချိုးဖဲ့ အကျိုးမဲ့ကို ဆောင်သည်၏ အဖြစ်ကြောင့် မကောင်းဟု သုံးသပ်၏

ယောဂီပုဂ္ဂိုလ်တို့၏ ဝိညာဏ်အစုက အနိစ္စဝတ္ထု
ယောဂီပုဂ္ဂိုလ်တို့၏ ဉာဏ်အစုက အနိစ္စသညာ
အနိစ္စသညာ အနိစ္စဝတ္ထု ရှူကမကောင်း၊ အကြောင်းချိုးဖဲ့ အကျိုးမဲ့ကို ဆောင်သည်၏ အဖြစ်ကြောင့် မကောင်းဟု သုံးသပ်၏

ယောဂီပုဂ္ဂိုလ်တို့၏ သညာ သင်္ခါရ အစုက အနတ္တဝတ္ထု
ယောဂီ ပုဂ္ဂိုလ်တို့၏ ဉာဏ်အစုက အနတ္တသညာ
အနတ္တသညာ အနတ္တဝတ္ထု ရှူကမကောင်း၊ အကြောင်းချိုးဖဲ့ အကျိုးမဲ့ကို ဆောင်သည်၏ အဖြစ်ကြောင့် မကောင်းဟု သုံးသပ်၏

တပါးတပါးသော ခန္ဓာကို ခန္ဓာတို့၏ ဖြစ်သမျှအပေါင်း ကိလေသာ၏အကြောင်းဟု မကောင်းမှုအစု ဝတ္ထု၏အဖြစ်ကြောင့် မကောင်းဟု သုံးသပ်၏

မသုံးသပ်မိက ဖြစ်သောခဏ ပစ္စုပ္ပန်ကာလ၌ ယခုယခု အသစ် ဖြစ်ခြင်းငှါ ထိုက်သော တပါးတပါးသော ခန္ဓာကို -
ပုထုဇန်တို့ ရုပ်အစုက သုဝတ္ထု။
ပုထုဇန်တို့ ဉာဏ်အစုက သုဘသညာ။
သုဘသညာ သုဘ ဝတ္ထု ရှုက မတင့်တယ်၊ ကဲ့ရဲ့ဘွယ်၏အဖြစ်ကြောင့် မကောင်းဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

ပုထုဇန်တို့၏ ဝေဒနာ အစုက သုခဝတ္ထု။
ပုထုဇန်တို့၏ ဉာဏ်အစုက သုခသညာ။
သုခသညာ သုခဝတ္ထု ရှူကမကောင်း၊ အကြောင်းချိုးဖဲ့ အကျိုးမဲ့ကို ဆောင်သည်၏ အဖြစ်ကြောင့် မကောင်းဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ် ကိုရ၏

ပုထုဇန်တို့၏ ဝိညာဏ်အစုက နိစ္စဝတ္ထု။
ပုထုဇန်တို့၏ ဉာဏ်အစုက နိစ္စသညာ။
နိစ္စသညာ နိစ္စဝတ္ထု ရှူကမကောင်း၊ အကြောင်းချိုးဖဲ့ အကျိုးမဲ့ကို ဆောင်သည်၏ အဖြစ်ကြောင့် မကောင်းဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

ပုထုဇန်တို့၏ သညာ, သင်္ခါရအစုက အတ္တဝတ္ထု။
ပုထုဇန်တို့၏ ဉာဏ်အစုက အတ္တသညာ။
အတ္တသညာ အတ္တဝတ္ထု ရှူကမကောင်း၊ အကြောင်းချိုးဖဲ့ အကျိုးမဲ့ကို ဆောင်သည်၏ အဖြစ်ကြောင့် မကောင်းဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

ယခု အသစ်အသစ် ဖြစ်ခြင်းငှါ ထိုက်သော တပါးတပါးသော ခန္ဓာကို၊ ခန္ဓာတို့၏ ဖြစ်သမျှအပေါင်း ကိလေသာ၏ အကြောင်းဟု မကောင်းမှု အစ ဝတ္ထု၏ အဖြစ်ကြောင့် မကောင်းဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် မကောင်းဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏

သော ဧကေကံ ခန္ဓံ ဝိဂရဟဏီယတာယ အဝဍ္ဎိအာဝဟနတာယ အဃဝတ္တု တာယ စ အဃတော သမ္မသတိ

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
ဝိဂရဟဏီယတာယ၊ ကဲ့ရဲ့ဘွယ်၏ အဖြစ်ကြောင့်။
အဝဍ္ဎိအာဝဟနတာယ၊ အကျိုးမဲ့ကို ဆောင်သည်၏ အဖြစ်ကြောင့်။
အဃဝတ္တု တာယ စ၊ မကောင်းမှု၏ တည်ရာဝတ္ထု၏ အဖြစ်ကြောင့်၎င်း။
အဃတော၊ မကောင်းဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့်သုံးသပ်ရှုမြင်မိက ဖြစ်သောခဏ ပစ္စုပ္ပန်ကာလ၌၊ ယခု အသစ် အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ

ယခုယခု မကောင်းမှုခြုဓ်သော တဒင်္ဂတဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် ကောင်းသော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏

ပဉ္စက္ခန္ဓေ အဃတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော အနဃံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
အဃတော၊ မကောင်းဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
အနဃံ၊ ကောင်းသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

*

၁၆။ အာဗာဓတော အဖွင့်

အာဗာဓတော သမ္မသတိ။ ကထံ။

အာဗာဓတော၊ အနာဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
အာဗာဓတော၊ အနာဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

သူနာတို့၏ သဘောသည် ထူထိုင်ထကြွ ထောက်မတတ်သော သူတပါးတို့၏ ယုယပြုစု အမှုကိုသာ အားပြုရသကဲ့သို့ ထို့အတူ၊ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာတို့၏သဘောသည် ဖြစ်သောခဏ တည်သော ခဏ ပျက်သောခဏ ဖြစ်စေတတ်သော - ဇနကပစ္စည်း၊ ထောက်မတတ်သော - ဥပထမ္ဘက ပစ္စည်း၊ အကြောင်းတပါးတို့၏ ယုယပြုစု အမှုကိုသာ အားပြုရသဖြင့် တပါး တပါးသော ခန္ဓာကို ထူထိုင်ထကြွ ကိစ္စချို့တဲ့ အသရေမဲ့သော သူနာကို ဖြစ်စေတတ်သည်၏ အဖြစ်ကြောင့် အနာဟု သုံးသပ်၏

ထူထိုင်ထကြွ ကိစ္စချို့တဲ့ အသရေမဲ့သော သူနာကို မဖြစ်စေသေးသော်လည်း အသရေ မဲ့ခြင်း၏ အကြောင်းနှင့် အလွန်နီးသည်၏ အဖြစ်ကြောင့် အနာဟု သုံးသပ်၏

မသုံးသပ်မိက ဖြစ်သောခဏ တည်သောခဏ ပျက်သောခဏ ပစ္စုပ္ပန်ကာလ၌ ယခု အသစ်အသစ် ဖြစ်ခြင်းငှါထိုက်သော တပါးတပါးသော ခန္ဓာကို ထူထိုင်ထကြွ ကိစ္စချို့တဲ့ အသရေမဲ့သော သူနာကို ဖြစ်စေတတ်သည်၏ အဖြစ်ကြောင့် အနာဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

ထူထိုင်ထကြွ ကိစ္စချို့တဲ့ အသရေမဲ့သော သူနာကို မဖြစ်စေသေးသော်လည်း အသရေ မဲ့ခြင်း၏ အကြောင်းနှင့် အလွန်နီးသည်၏ အဖြစ်ကြောင့် အနာဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် အနာဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏

သော ဧကေကံ ခန္ဓံ အသေရိဘာဝ ဇနကတာယ အာဗာဓပဋ္ဌာနတာယ စ အာဗာဓတော သမ္မသတိ

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
အသေရိဘာဝ ဇနကတာယ၊ ထူထိုင်ထကြွ ကိစ္စချို့တဲ့ အသရေမဲ့သည်၏ အဖြစ်ကြောင့်။
အာဗာဓပဒဋ္ဌာနတာယစ၊ အနာ၏ အကြောင်းနှင့် အလွန်နီးသည်၏ အဖြစ်ကြောင့် ၎င်း။
အာဗာဓတော၊ အနာဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက ဖြစ်သောခဏ တည်သောခဏ ပျက်သောခဏ ပစ္စုပ္ပန်ကာလ၌၊ ယခု အသစ် အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော - မထူမထိုင် မထမကြွ မထောက် မမရသော အနုပ္ပါဒနိရောဓ

ယခုယခု အနာမဟုတ်၊ ခြုဓ်သော တဒင်္ဂတဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် အနာမဟုတ်သော နိဗ္ဗာန်ပင်တည်းဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကိုရ၏

ပဉ္စက္ခန္ဓေ အာဗာဓတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော အနာဗာဓံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
အာဗာဓတော၊ အနာဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
အနာဗာဓံ၊ အနာမဟုတ်သော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

*

၁၇။ ဤတိတော အဖွင့်

ဤတိတော သမ္မသတိ။ ကထံ။

ဤတိတော၊ များစွာ ပျက်စီးသော သဘောဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
ဤတိတော၊ များစွာပျက်စီးသော သဘောဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါး တပါးသော ခန္ဓာကို ဆွေမျိုး ပျက်စီးသဖြင့်လည်း များစွာသော ပျက်စီးခြင်းကို ဆောင်သည်၏ အဖြစ်ကြောင့် များစွာ ပျက်စီးသော သဘောဟု သုံးသပ်၏

စည်းစိမ်ဥစ္စာ ပျက်စီးသဖြင့်လည်း များစွာသော ပျက်စီးခြင်းကို ဆောင်သည်၏ အဖြစ်ကြောင့် များစွာ ပျက်စီးသော သဘောဟု သုံးသပ်၏

၉၆-ဖြာ အနာရောဂါ ပျက်စီးသဖြင့်လည်း များစွာသော ပျက်စီးခြင်းကို ဆောင်သည်၏ အဖြစ်ကြောင့် များစွာ ပျက်စီးသော သဘောဟု သုံးသပ်၏

ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ၊ ပါတိမောက္ခ သံဝရသီလ၊ ဣန္ဒြိယသံဝရ သီလ၊ ပစ္စယသန္နိဿိတသီလ၊ အာဇီဝပါရိသုဒ္ဓိသီလ ပျက်စီးသဖြင့်လည်း များစွာသော ပျက်စီးခြင်းကို ဆောင်သည်၏ အဖြစ်ကြောင့် များစွာ ပျက်စီးသော သဘောဟု သုံးသပ်၏

အတ္တဒိဋ္ဌိအယူ၊ သဿတ ဥစ္ဆေဒ ဒိဋ္ဌိအယူ၊ သက္ကာယ ဒိဋ္ဌိအယူ၊ ဒွါသဋ္ဌိ ဒိဋ္ဌိအယူ ၁-ပါး သောအယူ၊ ၂-ပါးသောအယူ၊ ၂၀-သောအယူ၊ ၆၂-ပါးသောအယူ အယူ ပျက်စီး သဖြင့်လည်း များစွာသော ပျက်စီးခြင်းကို ဆောင်သည်၏ အဖြစ်ကြောင့် များစွာ ပျက်စီးသော သဘောဟု သုံးသပ်၏

မသုံးသပ်မိက ဖြစ်သောခဏ တည်သောခဏ ပျက်သာခဏ ပစ္စုပ္ပန်ကာလ၌ ယခုယခု အသစ်ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို ဆွေမျိုး ပျက်စီးသဖြင့်လည်း များစွာသော ပျက်စီးခြင်းကို ဆောင်သည်၏ အဖြစ်ကြောင့် များစွာ ပျက်စီးသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

စည်းစိမ်ဥစ္စာ ပျက်စီးသဖြင့်လည်း များစွာသော ပျက်စီးခြင်းကို ဆောင်သည်၏ အဖြစ်ကြောင့် များစွာ ပျက်စီးသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

၉၆-ဖြာ အနာရောဂါ ပျက်စီးသဖြင့်လည်း များစွာသော ပျက်စီးခြင်းကို ဆောင်သည်၏ အဖြစ်ကြောင့် များစွာ ပျက်စီးသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ၊ ပါတိမောက္ခသံဝရသီလ၊ ဣန္ဒြိယသံဝရ သီလ၊ ပစ္စယသန္နိဿိတ သီလ၊ အာဇီဝပါရိသုဒ္ဓိသီလ ပျက်စီးသဖြင့်လည်း များစွာသော ပျက်စီးခြင်းကို ဆောင်သည်၏ အဖြစ်ကြောင့် များစွာ ပျက်စီးသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

အတ္တဒိဋ္ဌိအယူ၊ သဿတ ဥစ္ဆေဒ ဒိဋ္ဌိအယူ၊ သက္ကာယ ဒိဋ္ဌိအယူ၊ ဒွါသဋ္ဌိ ဒိဋ္ဌိအယူ ၁-ပါးသောအယူ၊ ၂-ပါးသောအယူ၊ ၂၀-သောအယူ၊ ၆၂-ပါးသောအယူ အယူ ပျက်စီးသဖြင့်လည်း များစွာသော ပျက်စီးခြင်းကို ဆောင်သည်၏ အဖြစ်ကြောင့် များစွာ ပျက်စီးသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် များစွာ ပျက်စီးသောသဘောဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကိုရ၏

သော ဧကေကံ ခန္ဓံ အနေက ဗျသနာဝဟနတာယ ဤတိတော ထမ္မသတိ

သော၊ ထိုယောဂီ ပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
အနေကဗျာသနာဝဟနတာယ၊ တပါးမက များစွာပျက်စီးခြင်းကို ဆောင်သည်၏ အဖြစ်ကြောင့်။
ဤတိတော၊ များစွာ ပျက်စီးသောသဘောဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက ဖြစ်သောခဏ တည်သောခဏ ပျက်သောခဏ ပစ္စုပ္ပန်ကာလ၌၊ ယခု အသစ် အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ

ပျက်စီးခြင်းကင်းသော ယခုယခု တဒင်္ဂ၏ နောင် အသစ်အသစ် တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန် မရှိ၊ ငါးပါးသော ခန္ဓာတို့၏ခြုဓ်ခြင်းသည် ပျက်စီးခြင်းကင်းသော နိဗ္ဗာန်ပင်တည်းဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကိုရ၏

ပဉ္စက္ခန္ဓေ ဤတိတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော အနီတိကံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
ဤတိတော၊ များစွာပျက်စီးသော သဘောဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
အနီတိကံ၊ ပျက်စီးသောအလေ့ ပျက်စီးသောသဘော ကင်းသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

၁၈။ ဥပဒ္ဒဝတော အဖွင့်

ဥပဒ္ဒဝတော သမ္မသတိ။ ကထံ။
ဥပဒ္ဒဝတော၊ နှိပ်စက်သော သဘောဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
ဥပဒ္ဒဝတော၊ နှိပ်စက်သော သဘောဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

ဦးခေါင်းကိုဖြတ်၍ အကျိုးမဲ့ကို ဆောင်သဖြင့်လည်း နှိပ်စက်အပ်သော ဝတ္ထု၏ အဖြစ်ကြောင့် နှိပ်စက်သောသဘောဟု သုံးသပ်၏။
မျက်လုံးကိုဖောက်၍ အကျိုးမဲ့ကို ဆောင်သဖြင့်လည်း နှိပ်စက်အပ်သော ဝတ္ထု၏ အဖြစ်ကြောင့် နှိပ်စက်သောသဘောဟု သုံးသပ်၏။
နားကိုဖြတ်၍ အကျိုးမဲ့ကို ဆောင်သဖြင့်လည်း နှိပ်စက်အပ်သော ဝတ္ထု၏ အဖြစ်ကြောင့် နှိပ်စက်သောသဘောဟု သုံးသပ်၏။
နှာခေါင်းကိုဖြတ်၍ အကျိုးမဲ့ကို ဆောင်သဖြင့်လည်း နှိပ်စက်အပ်သော ဝတ္ထု၏ အဖြစ်ကြောင့် နှိပ်စက်သောသဘောဟု သုံးသပ်၏။
အာကိုဟက်၍ အကျိုးမဲ့ကို ဆောင်သဖြင့်လည်း နှိပ်စက်အပ်သော ဝတ္ထု၏ အဖြစ်ကြောင့် နှိပ်စက်သောသဘောဟု သုံးသပ်၏။
ခြေလက်ကိုဖြတ်၍ အကျိုးမဲ့ကို ဆောင်သဖြင့်လည်း နှိပ်စက်အပ်သော ဝတ္ထု၏ အဖြစ်ကြောင့် နှိပ်စက်သောသဘောဟု သုံးသပ်၏။

မသုံးသပ်မိက ဖြစ်သောခဏ တည်သောခဏ ပျက်သောခဏ ပစ္စုပ္ပန်ကာလ၌ ယခုယခု အသစ်ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

ဦးခေါင်းကိုဖြတ်၍ အကျိုးမဲ့ကို ဆောင်သဖြင့်လည်း နှိပ်စက်အပ်သော ဝတ္ထု၏ အဖြစ်ကြောင့် နှိပ်စက်သော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
မျက်လုံးကိုဖောက်၍ အကျိုးမဲ့ကို ဆောင်သဖြင့်လည်း နှိပ်စက်အပ်သော ဝတ္ထု၏ အဖြစ်ကြောင့် နှိပ်စက်သော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
နားကိုဖြတ်၍ အကျိုးမဲ့ကို ဆောင်သဖြင့်လည်း နှိပ်စက်အပ်သော ဝတ္ထု၏ အဖြစ်ကြောင့် နှိပ်စက်သော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
နှာခေါင်းကိုဖြတ်၍ အကျိုးမဲ့ကို ဆောင်သဖြင့်လည်း နှိပ်စက်အပ်သော ဝတ္ထု၏ အဖြစ်ကြောင့် နှိပ်စက်သော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
အာကိုဟက်၍ အကျိုးမဲ့ကို ဆောင်သဖြင့်လည်း နှိပ်စက်အပ်သော ဝတ္ထု၏ အဖြစ်ကြောင့် နှိပ်စက်သော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
ခြေလက်ကိုဖြတ်၍ အကျိုးမဲ့ကို ဆောင်သဖြင့်လည်း နှိပ်စက်အပ်သော ဝတ္ထု၏ အဖြစ်ကြောင့် နှိပ်စက်သော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် နှိပ်စက်သောသဘောဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကိုရ၏။

သော ဧကေကံ ခန္ဓံ အဝိဒိတာနံယေဝ ဝိပုလာနံ အနတ္ထာနံ အာဝဟနတော သဗ္ဗုပဒ္ဒဝ ဝတ္ထုတာယ စ ဥပဒ္ဒဝတော သမ္မသတိ
သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
အဝိဒိတာနံ၊ မသိအပ်ကုန်သော။
ဝိပုလာနံ၊ များမြတ်ကုန်သော။
အနတ္ထာနံယေဝ၊ အကျိုးမဲ့ကိုသာလျှင်။
အာဝဟနတော၊ ဆောင်ခြင်းကြောင့်။
သဗ္ဗုပဒ္ဒဝ ဝတ္ထု တာယစ၊ အလုံးစုံ နှိပ်စက်အပ်သော ဝတ္ထု၏ အဖြစ်ကြောင့်။
ဥပဒ္ဒဝတော၊ နှိပ်စက်သောသဘောဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက ဖြစ်သောခဏ တည်သောခဏ ပျက်သောခဏ ပစ္စုပ္ပန်ကာလ၌၊ ယခု အသစ် အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ

နှိပ်စက်ခြင်းကင်းသော ယခုယခု တဒဂ်၏နောင် အသစ်တဖန် ဖြစ်ပြန်ခြင်းငှါမထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ ငါးပါးသော ခန္ဓာတို့၏ ခြုဓ်ခြင်းသည် နှိပ်စက်ခြင်းကင်းသော နိဗ္ဗာန်ပင်တည်းဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကိုရ၏။

ပဉ္စက္ခန္ဓေ ဥပဒ္ဒဝတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော အနုပဒ္ဒဝံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ
ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
ဥပဒ္ဒဝတော၊ နှိပ်စက်သော သဘောဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
အနုပဒ္ဒဝံ၊ နှိပ်စက်ခြင်းကင်းသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

၁၉။ ဘယတော အဖွင့်

ဘယတော သမ္မသတိ။ ကထံ။
ဘယတော၊ ဘေးဟု သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
ဘယတော၊ ဘေးဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်, ဝေဒနာ, သညာ သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

သူ့အသက်ကို သတ်ခြင်းကြောင့်ဖြစ်သော ဘေးရန်လုံးစုံ အကုန်ကျသဖြင့်လည်း မဧးသည်၏အဖြစ်ကြောင့် ဘေးဟု သုံးသပ်၏။
သူ့ဥစ္စာကို ခိုးခြင်းကြောင့်ဖြစ်သော ဘေးရန်လုံးစုံ အကုန်ကျသဖြင့်လည်း မဧးသည်၏အဖြစ်ကြောင့် ဘေးဟု သုံးသပ်၏။
သူ့သား အိမ်ယာကို ပြစ်မှားခြင်းကြောင့်ဖြစ်သော ဘေးရန်လုံးစုံ အကုန်ကျသဖြင့် လည်း မဧးသည်၏အဖြစ်ကြောင့် ဘေးဟု သုံးသပ်၏။
မုသား ပြောဆိုခြင်းကြောင့် ဖြစ်သော ဘေးရန်လုံးစုံ အကုန်ကျသဖြင့်လည်း မဧးသည်၏အဖြစ်ကြောင့် ဘေးဟု သုံးသပ်၏။
သေရည်သေရက်ကို သောက်စားခြင်း ကြောင့်ဖြစ်သော ဘေးရန်လုံးစုံ အကုန်ကျသဖြင့်လည်း မဧးသည်၏အဖြစ်ကြောင့် ဘေးဟု သုံးသပ်၏။

မသုံးသပ်မိက ဖြစ်သောခဏ တည်သောခဏ ပျက်သောဏ ပစ္စုပ္ပန်ကာလ၌ ယခုယခု အသစ်ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

သူ့အသက်ကို သတ်ခြင်းကြောင့်ဖြစ်သော ဘေးရန်လုံးစုံ အကုန်ကျသဖြင့်လည်း မဧးသည်၏အဖြစ်ကြောင့် ဘေးဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
သူ့ဥစ္စာကို ခိုးခြင်းကြောင့်ဖြစ်သော ဘေးရန်လုံးစုံ အကုန်ကျသဖြင့်လည်း မဧးသည်၏အဖြစ်ကြောင့် ဘေးဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
သူ့သား အိမ်ယာကို ပြစ်မှားခြင်းကြောင့်ဖြစ်သော ဘေးရန်လုံးစုံ အကုန်ကျ သဖြင့်လည်း မဧးသည်၏အဖြစ်ကြောင့် ဘေးဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
မုသား ပြောဆိုခြင်းကြောင့်ဖြစ်သော ဘေးရန်လုံးစုံ အကုန်ကျသဖြင့်လည်း မဧးသည်၏အဖြစ်ကြောင့် ဘေးဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
သေရည်သေရက်ကို သောက်စားခြင်းကြောင့်ဖြစ်သော ဘေးရန်လုံးစုံ အကုန်ကျ သဖြင့်လည်း မဧးသည်၏အဖြစ်ကြောင့် ဘေးဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် ဘေးဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏။

သော ဧကေကံ ခန္ဓံ သဗ္ဗဘယာနံ အာကရတာယ ဒုက္ခဝူပသမသင်္ခါတဿ ပရမဿာသဿ ပဋိပက္ခဘူတတာယ စ ဘယတော သမ္မသတိ
သော၊ ထို ယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
သဗ္ဗဘယာနံ၊ အလုံးစုံသော ဘေးရန်တို့၏။
အာကရတာယစ၊ ကျသည်၏အဖြစ်ကြောင့်၎င်း။
ဒုက္ခဝူပသမသင်္ခါတဿ၊ ဒုက္ခငြိမ်းသည်ဟု ဆိုအပ်သော။
ပရမဿာသဿ၊ မြတ်သောနိဗ္ဗာန်သက်သာခြင်း၏။
ပဋိပက္ခဘူတတာယစ၊ ဆန့်ကျင်ဘက်၏အဖြစ်ကြောင့်၎င်း။
ဘယတော၊ ဘေးဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက ဖြစ်သောခဏ တည်သောခဏ ပျက်သောခဏ ပစ္စုပ္ပန်ကာလ၌၊ ယခု အသစ် အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ

ဘေးဧးသော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် ဘေးဧးသော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏။

ပဉ္စက္ခန္ဓေ ဘယတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော ခေမံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ
ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
ဘယတော၊ ဘေးဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
ခေမံ၊ ဘေးဧးသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

၂၀။ ဥပသဂ္ဂတော အဖွင့်

ဥပသဂ္ဂတော သမ္မသတိ။ ကထံ။
ဥပသဂ္ဂတော၊ အပြစ်မပြတ် ငြိကပ်သောဘောဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
ဥပသဂ္ဂတော၊ အပြစ်မပြတ် ငြိကပ်သောသဘောဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

တိုက်ခိုက် လုယက်သော ခိုးသူ၊ မိမိတိုက်ခိုက် လုယက်မှုကို သတ်ခြင်းငှါ ထိုက်သော အကျိုးမဲ့ သေဘေး အစဉ်တစိုက် မပြတ်လိုက်၏ဟု သည်းမခံဘဲ အမြဲရှုသကဲ့သို့ ထို့အတူ ရုပ် ဝေဒနာ သညာသင်္ခါရ ဝိညာဏ် တပါးတပါးသော ခန္ဓာကို -

မြင်သောခဏ များစွာသော ကံကိလေသာ ဘဝ အကျိုးမဲ့ အစဉ်တစိုက် လိုက်သဖြင့် လည်း အပြစ်မပြတ် ငြိကပ်သည်ကို သည်းခံ၍နေခြင်းငှါ မထိုက်သည်၏ အဖြစ်ကြောင့် အပြစ်မပြတ် ငြိကပ်သောသဘောဟု သုံးသပ်၏။
ကြားသောခဏ များစွာသော ကံကိလေသာ ဘဝ အကျိုးမဲ့ အစဉ်တစိုက် လိုက်သဖြင့် လည်း အပြစ်မပြတ် ငြိကပ်သည်ကို သည်းခံ၍နေခြင်းငှါ မထိုက်သည်၏ အဖြစ်ကြောင့် အပြစ်မပြတ် ငြိကပ်သောသဘောဟု သုံးသပ်၏။
နံသောခဏ များစွာသော ကံကိလေသာ ဘဝ အကျိုးမဲ့ အစဉ်တစိုက် လိုက်သဖြင့် လည်း အပြစ်မပြတ် ငြိကပ်သည်ကို သည်းခံ၍နေခြင်းငှါ မထိုက်သည်၏ အဖြစ် ကြောင့် အပြစ်မပြတ် ငြိကပ်သောသဘောဟု သုံးသပ်၏။
စားသောခဏ များစွာသော ကံကိလေသာ ဘဝ အကျိုးမဲ့ အစဉ်တစိုက် လိုက်သဖြင့် လည်း အပြစ်မပြတ် ငြိကပ်သည်ကို သည်းခံ၍နေခြင်းငှါ မထိုက်သည်၏ အဖြစ်ကြောင့် အပြစ်မပြတ် ငြိကပ်သောသဘောဟု သုံးသပ်၏။
ထိသောခဏ များစွာသော ကံကိလေသာ ဘဝ အကျိုးမဲ့ အစဉ်တစိုက် လိုက်သဖြင့် လည်း အပြစ်မပြတ် ငြိကပ်သည်ကို သည်းခံ၍နေခြင်းငှါ မထိုက်သည်၏ အဖြစ်ကြောင့် အပြစ်မပြတ် ငြိကပ်သောသဘောဟု သုံးသပ်၏။
သိသောခဏ များစွာသော ကံကိလေသာ ဘဝ အကျိုးမဲ့ အစဉ်တစိုက် လိုက်သဖြင့် လည်း အပြစ်မပြတ် ငြိကပ်သည်ကို သည်းခံ၍နေခြင်းငှါ မထိုက်သည်၏ အဖြစ်ကြောင့် အပြစ်မပြတ် ငြိကပ်သောသဘောဟု သုံးသပ်၏။

မသုံးသပ်မိက မြင်သာခဏ ကြားသော ခဏ နံသောခဏ စားသောခဏ ထိသောခဏ သိသောခဏ ပစ္စုပ္ပန်ကာလ၌ ယခုခုအသစ် ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

မြင်သင့်သောခဏ များစွာသော ကံကိလေသာ ဘဝ အကျိုးမဲ့ အစဉ်တစိုက် လိုက်သဖြင့်လည်း အပြစ်မပြတ် ငြိကပ်သည်ကို သည်းခံ၍နေခြင်းငှါ မထိုက်သည်၏ အဖြစ်ကြောင့် အပြစ်မပြတ် ငြိကပ်သောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
ကြားသင့်သောခဏ များစွာသော ကံကိလေသာ ဘဝ အကျိုးမဲ့ အစဉ်တစိုက် လိုက်သဖြင့်လည်း အပြစ်မပြတ် ငြိကပ်သည်ကို သည်းခံ၍နေခြင်းငှါ မထိုက်သည်၏ အဖြစ်ကြောင့် အပြစ်မပြတ် ငြိကပ်သောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
နံသင့်သောခဏ များစွာသော ကံကိလေသာ ဘဝ အကျိုးမဲ့ အစဉ်တစိုက် လိုက်သဖြင့်လည်း အပြစ်မပြတ် ငြိကပ်သည်ကို သည်းခံ၍နေခြင်းငှါ မထိုက်သည်၏ အဖြစ်ကြောင့် အပြစ်မပြတ် ငြိကပ်သောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
စားသင့်သောခဏ များစွာသော ကံကိလေသာ ဘဝ အကျိုးမဲ့ အစဉ်တစိုက် လိုက်သဖြင့်လည်း အပြစ်မပြတ် ငြိကပ်သည်ကို သည်းခံ၍နေခြင်းငှါ မထိုက်သည်၏ အဖြစ်ကြောင့် အပြစ်မပြတ် ငြိကပ်သောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
ထိသင့်သောခဏ များစွာသော ကံကိလေသာ ဘဝ အကျိုးမဲ့ အစဉ်တစိုက် လိုက်သဖြင့်လည်း အပြစ်မပြတ် ငြိကပ်သည်ကို သည်းခံ၍နေခြင်းငှါ မထိုက်သည်၏ အဖြစ်ကြောင့် အပြစ်မပြတ် ငြိကပ်သောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
သိသင့်သောခဏ များစွာသော ကံကိလေသာ ဘဝ အကျိုးမဲ့ အစဉ်တစိုက် လိုက်သဖြင့်လည်း အပြစ်မပြတ် ငြိကပ်သည်ကို သည်းခံ၍နေခြင်းငှါ မထိုက်သည်၏ အဖြစ်ကြောင့် အပြစ်မပြတ် ငြိကပ်သောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် အပြစ်မပြတ် ငြိကပ်သောသဘောဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏။

သော ဧကေကံ ခန္ဓံ အနေကေဟိ အနတ္ထေဟိ အနုဗန္ဓတာယ ဒေါသူပသတ္ထတာယ ဥပသဂ္ဂေါဝိယ အနဓိဝါသနာရဟတာယ စ ဥပသဂ္ဂတော သမ္မသတိ
သော၊ ထို ယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
အနေကေဟိ၊ တပါးမက များစွာကုန်သော။
အနတ္ထေဟိ၊ အကျိုးမဲ့တို့ဖြင့်။
အနုဗန္ဓတာယစ၊ အစဉ်တစိုက် လိုက်သည်၏ အဖြစ်ကြောင့်၎င်း။
ဒေါသူပသတ္ထတာယ စ၊ အပြစ်မပြတ် ငြိကပ်သည်၏ အဖြစ်ကြောင့်၎င်း။
ဥပသဂ္ဂေါဝိယ၊ အပြစ်မပြတ် ငြိကပ်သော ခိုးသူကဲ့သို့။
အနဓိဝါသနာရဟတာယ စ၊ သည်းခံ၍နေခြင်းငှါ မထိုက်သည်၏ အဖြစ်ကြောင့်၎င်း။
ဥပသဂ္ဂတော၊ အပြစ်မပြတ် ငြိကပ်သောသဘောဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက မြင်သောခဏ ကြားသောခဏ နံသောခဏ စားသောခဏ ထိသောခဏ သိသာခဏ ပစ္စုပ္ပန်ကာလ၌၊ ယခု အသစ် အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ

အပြစ်ကင်းသော ယခု ယခု တဒင်္ဂ၏ နောင် အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် အပြစ်ကင်းသော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏။

ပဉ္စက္ခန္ဓေ ဥပသဂ္ဂတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော အနုပသဂ္ဂံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ
ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
ဥပသဂ္ဂတော၊ အပြစ်မပြတ် ငြိကပ်သောသဘောဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
အနုပသဂ္ဂံ၊ အပြစ်ကင်းသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

၂၁။ အတာဏတော အဖွင့်

အတာဏတော သမ္မသတိ။ ကထံ။
အတောဏတော၊ အစောင့်အရှောက် မရှိဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
အတာဏတော၊ အစောင့်အရှောက် မရှိဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါး တပါးသော ခန္ဓာကို -

ရုပ်-ဖောက်ပြန်ဆိုတာက စောင့်ရှောက်ရာ မကျ၊ ဘေးဧး မရသဖြင့်လည်း အစောင့် အရှောက်မရှိဟု သုံးသပ်၏။
ဝေဒနာ-ခံစားဆိုတာက စောင့်ရှောက်ရာ မကျ၊ ဘေးဧး မရသဖြင့်လည်း အစောင့် အရှောက်မရှိဟု သုံးသပ်၏။
သညာ-မှတ် ဆိုတာက စောင့်ရှောက်ရာ မကျ၊ ဘေးဧး မရသဖြင့်လည်း အစောင့် အရှောက်မရှိဟု သုံးသပ်၏။
သင်္ခါရ-ပြုပြင် စီရင်ဆိုတာက စောင့်ရှောက်ရာ မကျ၊ ဘေးဧး မရသဖြင့်လည်း အစောင့် အရှောက်မရှိဟု သုံးသပ်၏။
ဝိညာဏ်-အာရုံပြု ဆိုတာက စောင့်ရှောက်ရာ မကျ၊ ဘေးဧး မရသဖြင့်လည်း အစောင့် အရှောက်မရှိဟု သုံးသပ်၏။

မသုံးသပ်မိက ဖောက်ပြန်သောခဏ ခံစားသောခဏ မှတ်သောခဏ ပြုပြင်စီရင် သောခဏ အာရုံပြုသောခဏ၊ ပစ္စုပ္ပန်ကာလ၌ ယခုယခု အသစ်ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် တပါး တပါးသောခန္ဓာကို -

ရုပ်-ဖောက်ပြန်ဆိုတာက စောင့်ရှောက်ရာ မကျ၊ ဘေးဧး မရသဖြင့်လည်း အစောင့် အရှောက်မရှိဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
ဝေဒနာ-ခံစားဆိုတာက စောင့်ရှောက်ရာ မကျ၊ ဘေးဧး မရသဖြင့်လည်း အစောင့် အရှောက်မရှိဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
သညာ-မှတ်ဆိုတာက စောင့်ရှောက်ရာ မကျ၊ ဘေးဧး မရသဖြင့်လည်း အစောင့် အရှောက်မရှိဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
သင်္ခါရ-ပြုပြင် စီရင်ဆိုတာက စောင့်ရှောက်ရာ မကျ၊ ဘေးဧး မရသဖြင့်လည်း အစောင့် အရှောက်မရှိဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
ဝိညာဏ်-အာရုံပြုဆိုတာက စောင့်ရှောက်ရာ မကျ၊ ဘေးဧး မရသဖြင့်လည်း အစောင့် အရှောက်မရှိဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမညဏ် တိုင်အောင် အစောင့်အရှောက်မရှိဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏။

သော ဧကေကံ ခန္ဓံ အတာယနတာယ စေဝ အလဗ္ဘနေယျ ခေမတာယ စ အတာဏတော သမ္မသတိ
သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
အတာယနတာယစေဝ၊ အစောင့်အရှောက် မရှိသည်၏အဖြစ်ကြောင့်။
အလဗ္ဘနေယျ ခေမတာယစ၊ ဘေး မရ သည်၏အဖြစ်ကြောင့်။
အတာဏတော၊ အစောင့်အရှောက် မရှိဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက ဖောက်ပြန်သောခဏ၊ ခံစားသောခဏ၊ မှတ်သော ခဏ၊ ပြုပြင်စီရင်သောခဏ၊ အာရုံပြုသောခဏ ပစ္စုပ္ပန်ကာလ၌၊ ယခု အသစ် အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ

စောင့်ရှောက်သော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် စောင့်ရှောက်သော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏။

ပဉ္စက္ခန္ဓေ အတာဏတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော တာဏံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ
ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
အတာဏတော၊ အစောင့်အရှောက်မရှိဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
တာဏံ၊ စောင့်ရှောက်သော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

၂၂။ အလေဏတော အဖွင့်

အလေဏတော သမ္မသတိ။ ကထံ။
အလေဏတော၊ ပုန်းအောင်းရာ မရှိဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
အလေဏတော၊ ပုန်းအောင်းရာ မရှိဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် တပါး တပါးသော ခန္ဓာကို -

ရုပ်-ဖောက်ပြန်ဆိုတာက ပုန်းအောင်း နားနေခြင်းငှါ မထိုက်သဖြင့်လည်း ပုန်းအောင်း နားနေလိုသူတို့၏ ပုန်းအောင်း နားနေခြင်းကိစ္စကို ပြုသောအလေ့ သဘော မရှိသည်၏ အဖြစ်ကြောင့် ပုန်းအောင်း နားနေရာမရှိဟု သုံးသပ်၏။
ဝေဒနာ-ခံစား ဆိုတာက ပုန်းအောင်း နားနေခြင်းငှါ မထိုက်သဖြင့်လည်း ပုန်းအောင်း နားနေလိုသူတို့၏ ပုန်းအောင်း နားနေခြင်းကိစ္စကို ပြုသောအလေ့ သဘော မရှိသည်၏ အဖြစ်ကြောင့် ပုန်းအောင်း နားနေရာမရှိဟု သုံးသပ်၏။
သညာ-မှတ်ဆိုတာက ပုန်းအောင်း နားနေခြင်းငှါ မထိုက်သဖြင့်လည်း ပုန်းအောင်း နားနေလိုသူတို့၏ ပုန်းအောင်း နားနေခြင်းကိစ္စကို ပြုသောအလေ့ သဘော မရှိသည်၏ အဖြစ်ကြောင့် ပုန်းအောင်း နားနေရာမရှိဟု သုံးသပ်၏။
သင်္ခါရ - ပြုပြင်စီရင် ဆိုတာက ပုန်းအောင်း နားနေခြင်းငှါ မထိုက်သဖြင့်လည်း ပုန်းအောင်း နားနေလိုသူတို့၏ ပုန်းအောင်း နားနေခြင်းကိစ္စကို ပြုသောအလေ့ သဘော မရှိသည်၏ အဖြစ်ကြောင့် ပုန်းအောင်း နားနေရာမရှိဟု သုံးသပ်၏။
ဝိညာဏ်-အာရုံပြု ဆိုတာက ပုန်းအောင်း နားနေခြင်းငှါ မထိုက်သဖြင့်လည်း ပုန်းအောင်း နားနေလိုသူတို့၏ ပုန်းအောင်း နားနေခြင်းကိစ္စကို ပြုသောအလေ့ သဘော မရှိသည်၏ အဖြစ်ကြောင့် ပုန်းအောင်း နားနေရာမရှိဟု သုံးသပ်၏။

မသုံးသပ်မိက ဖောက်ပြန်သောခဏ ခံစားသောခဏ မှတ်သောခဏ ပြုပြင်စီရင် သောခဏ အာရုံပြုသောခဏ ပစ္စုပ္ပန်ကာလ၌ ယခုခုအသစ် ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

ရုပ်-ဖောက်ပြန်ဆိုတာက ပုန်းအောင်း နားနေခြင်းငှါ မထိုက်သဖြင့်လည်း ပုန်းအောင်း နားနေလိုသူတို့၏ ပုန်းအောင်း နားနေခြင်းကိစ္စကို ပြုသောအလေ့ သဘော မရှိသည်၏ အဖြစ်ကြောင့် ပုန်းအောင်း နားနေရာမရှိဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
ဝေဒနာ-ခံစားဆိုတာက ပုန်းအောင်း နားနေခြင်းငှါ မထိုက်သဖြင့်လည်း ပုန်းအောင်း နားနေလိုသူတို့၏ ပုန်းအောင်း နားနေခြင်းကိစ္စကို ပြုသောအလေ့ သဘော မရှိသည်၏ အဖြစ်ကြောင့် ပုန်းအောင်း နားနေရာမရှိဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
သညာ - မှတ်ဆိုတာက ပုန်းအောင်း နားနေခြင်းငှါ မထိုက်သဖြင့်လည်း ပုန်းအောင်း နားနေလိုသူတို့၏ ပုန်းအောင်း နားနေခြင်းကိစ္စကို ပြုသောအလေ့ သဘော မရှိသည်၏ အဖြစ်ကြောင့် ပုန်းအောင်း နားနေရာမရှိဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
သင်္ခါရ-ပြုပြင်စီရင်ဆိုတာက ပုန်းအောင်း နားနေခြင်းငှါ မထိုက်သဖြင့်လည်း ပုန်းအောင်း နားနေလိုသူတို့၏ ပုန်းအောင်း နားနေခြင်းကိစ္စကို ပြုသောအလေ့ သဘော မရှိသည်၏ အဖြစ်ကြောင့် ပုန်းအောင်း နားနေရာမရှိဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
ဝိညာဏ်-အာရုံပြုဆိုတာက ပုန်းအောင်း နားနေခြင်းငှါ မထိုက်သဖြင့်လည်း ပုန်းအောင်း နားနေလိုသူတို့၏ ပုန်းအောင်း နားနေခြင်းကိစ္စကို ပြုသောအလေ့ သဘော မရှိသည်၏ အဖြစ်ကြောင့် ပုန်းအောင်း နားနေရာမရှိဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် ပုန်းအောင်းရာ မရှိဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏။

သော ဧကေကံ ခန္ဓံ အလ္လီယိတုံ အနရဟတာယ အလ္လီနာနမ္ပိစ လေဏကိစ္စာကာရိတာယ အလေဏတော သမ္မသတိ
သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
အလ္လီယိတုံ၊ ပုန်းအောင်း နားနေခြင်းငှါ။
အနရဟတာယ၊ မထိုက်သည်၏ အဖြစ်ကြောင့်။
အလ္လီနာနမ္ပိစ၊ ပုန်းအောင်း နားနေလိုသောသူတို့၏လည်း။
လေဏကိစ္စာကာရိတာယ၊ ပုန်းအောင်း နားနေရာကိစ္စ ပြုသောအလေ့ သဘော မရှိသည်၏အဖြစ်ကြောင့်။
အလေဏတော၊ ပုန်းအောင်းရာ မရှိဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက ဖောက်ပြန်သောခဏ၊ ခံစားသောခဏ၊ မှတ်သော ခဏ၊ ပြုပြင်စီရင်သော ခဏ၊ အာရုံပြုသော ခဏ ပစ္စုပ္ပန်ကာလ၌၊ ယခု အသစ် အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ

ပုန်းအောင်း နားနေရာ ဖြစ်သော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် ပုန်းအောင်း နားနေရာ ဖြစ်သော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏။

ပဉ္စက္ခန္ဓေ အလေဏတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော လေဏံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ
ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
အလေဏတော၊ ပုန်းအောင်းရာမရှိဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
လေဏံ၊ ပုန်းအောင်းရာဖြစ်သော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

၂၃။ အသရဏတော အဖွင့်

▬▬▬

အသရဏတော သမ္မသတိ။ ကထံ။

အသရဏတော၊ ကိုးကွယ်ရာ မရှိဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
အသရဏတော၊ ကိုးကွယ်ရာမရှိဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်,ဝေဒနာ, သညာ, သင်္ခါရ,ဝိညာဏ် တပါးတပါးသော ခန္ဓာကို -

မှီလိုသောသူတို့၏ ပဋိသန္ဓေနေခြင်း ဆင်းရဲဖြင့်လည်း ဘေးဟု အောက်မေ့မှုကို ပြုသည်၏ အဖြစ်ကြောင့် ကိုးကွယ်ရာ မဟုတ်ဟု သုံးသပ်၏။

မှီလိုသောသူတို့၏ အိုခြင်း ဆင်းရဲဖြင့်လည်း ဘေးဟု အောက်မေ့မှုကို ပြုသည်၏ အဖြစ်ကြောင့် ကိုးကွယ်ရာ မဟုတ်ဟု သုံးသပ်၏။

မှီလိုသောသူတို့၏ နာခြင်း ဆင်းရဲဖြင့်လည်း ဘေးဟု အောက်မေ့မှုကို ပြုသည်၏ အဖြစ်ကြောင့် ကိုးကွယ်ရာ မဟုတ်ဟု သုံးသပ်၏။

မှီလိုသော သူတို့၏ သေခြင်း ဆင်းရဲဖြင့်လည်း ဘေးဟု အောက်မေ့မှုကို ပြုသည်၏ အဖြစ်ကြောင့် ကိုးကွယ်ရာ မဟုတ်ဟု သုံးသပ်၏။

မှီလိုသောသူတို့၏ အတိတ်ဘဝလျှင် အရင်းရှိသော ဝဋ်ဆင်းရဲဖြင့်လည်း ဘေးဟု အောက်မေ့မှုကို ပြုသည်၏ အဖြစ်ကြောင့် ကိုးကွယ်ရာ မဟုတ်ဟု သုံးသပ်၏။

မှီလိုသောသူတို့၏ အနာဂတ်ဘဝလျှင် အရင်းရှိသော ဝဋ်ဆင်းရဲဖြင့်လည်း ဘေးဟု အောက်မေ့မှုကို ပြုသည်၏ အဖြစ်ကြောင့် ကိုးကွယ်ရာ မဟုတ်ဟု သုံးသပ်၏။

မှီလိုသောသူတို့၏ ပစ္စုပ္ပန်ဘဝ အာဟာရကို ရှာမှီးခြင်းလျှင် အရင်းရှိသော ဆင်းရဲဖြင့်လည်း ဘေးဟု အောက်မေ့မှုကို ပြုသည်၏ အဖြစ်ကြောင့် ကိုးကွယ်ရာ မဟုတ်ဟု သုံးသပ်၏။

မသုံးသပ်မိက ပဋိသန္ဓေနေသောခဏ အိုသောခဏ နာသောခဏ သေသောခဏ အတိတ်ကာလ အနာဂတ်ကာလ ပစ္စုပ္ပန်ကာလ ယခုယခု အသစ်ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် တပါးတပါးသော ခန္ဓာကို -

မှီလိုသောသူတို့၏ ပဋိသန္ဓေနေခြင်း ဆင်းရဲဖြင့်လည်း ဘေးဟု အောက်မေ့မှုကို ပြုသည်၏ အဖြစ်ကြောင့် ကိုးကွယ်ရာ မဟုတ်ဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

မှီလိုသောသူတို့၏ အိုခြင်း ဆင်းရဲဖြင့်လည်း ဘေးဟု အောက်မေ့မှုကို ပြုသည်၏ အဖြစ်ကြောင့် ကိုးကွယ်ရာ မဟုတ်ဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ် ကို ရ၏။

မှီလိုသောသူတို့၏ နာခြင်း ဆင်းရဲဖြင့်လည်း ဘေးဟု အောက်မေ့မှုကို ပြုသည်၏ အဖြစ်ကြောင့် ကိုးကွယ်ရာ မဟုတ်ဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

မှီလိုသောသူတို့၏ သေခြင်း ဆင်းရဲဖြင့်လည်း ဘေးဟု အောက်မေ့မှုကို ပြုသည်၏ အဖြစ်ကြောင့် ကိုးကွယ်ရာ မဟုတ်ဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

မှီလိုသောသူတို့၏ အတိတ်ဘဝလျှင် အရင်းရှိသော ဝဋ်ဆင်းရဲဖြင့်လည်း ဘေးဟု အောက်မေ့မှုကို ပြုသည်၏ အဖြစ်ကြောင့် ကိုးကွယ်ရာ မဟုတ်ဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

မှီလိုသောသူတို့၏ အနာဂတ်ဘဝလျှင် အရင်းရှိသော ဝဋ်ဆင်းရဲဖြင့်လည်း ဘေးဟု အောက်မေ့မှုကို ပြုသည်၏ အဖြစ်ကြောင့် ကိုးကွယ်ရာ မဟုတ်ဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

မှီလိုသောသူတို့၏ ပစ္စုပ္ပန်ဘဝ အာဟာရကို ရှာခြင်းလျှင် အရင်းရှိသော ဆင်းရဲ ဖြင့်လည်း ဘေးဟု အောက်မေ့မှုကို ပြုသည်၏ အဖြစ်ကြောင့် ကိုးကွယ်ရာ မဟုတ်ဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် ကိုးကွယ်ရာ မဟုတ်ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏။

သော ဧကေကံ ခန္ဓံ နိဿိတာနံ ဘယသာရကတ္တာ ဘာဝေန အသရဏတော သမ္မသတိ။

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
နိဿိတာနံ၊ မှီလိုသော သူတို့၏။
ဘယသာရကတ္တာ ဘာဝေန၊ ဘေးဟု အောက်မေ့မှုကို ပြုသည်၏အဖြစ်ကြောင့်။
အသရဏတော၊ ကိုးကွယ်ရာ မဟုတ်ဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက ပဋိသန္ဓေ နေသောခဏ၊ အိုသောခဏ၊ နာသော ခဏ၊ သေသောခဏ၊ အတိတ်ကာလ အနာဂတ်ကာလ ပစ္စုပ္ပန်ကာလ၌၊ ယခု အသစ် အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ။

ကိုးကွယ်ရာ ဖြစ်သော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် ကိုးကွယ်ရာ ဖြစ်သော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏။

ပဉ္စက္ခန္ဓေ အသရဏတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော သရဏံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ။

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
အသရဏတော၊ ကိုးကွယ်ရာမဟုတ်ဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
သရဏံ၊ ကိုးကွယ်ရာဖြစ်သော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

၂၄။ အာဒီနဝတော အဖွင့်

▬▬▬

အာဒီနဝတော သမ္မတိ။ ကထံ။

အာဒီနဝတော၊ အပြစ်ဟု။
သမ္မသတိ၊ သုံးသပ်၏၊
ကထံ၊ အဘယ်ကြောင့်။
အာဒီနဝတော၊ အပြစ်ဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

မြင်သောခဏ အကျိုးပဉ္စက ကျသဖြင့်လည်း ပဝတ္တိဒုက္ခအဖြစ်ကြောင့် အပြစ်ဟု သုံးသပ်၏။

ကြားသောခဏ အကျိုးပဉ္စက ကျသဖြင့်လည်း ပဝတ္တိဒုက္ခအဖြစ်ကြောင့် အပြစ်ဟု သုံးသပ်၏။

နံသောခဏ အကျိုးပဉ္စက ကျသဖြင့်လည်း ပဝတ္တိဒုက္ခအဖြစ်ကြောင့် အပြစ်ဟု သုံးသပ်၏။

စားသောခဏ အကျိုးပဉ္စက ကျသဖြင့်လည်း ပဝတ္တိဒုက္ခအဖြစ်ကြောင့် အပြစ်ဟု သုံးသပ်၏။

ထိသောခဏ အကျိုးပဉ္စက ကျသဖြင့်လည်း ပဝတ္တိဒုက္ခအဖြစ်ကြောင့် အပြစ်ဟု သုံးသပ်၏။

သိသောခဏ အကျိုးပဉ္စက ကျသဖြင့်လည်း ပဝတ္တိဒုက္ခ၏ အဖြစ်ကြောင့် အပြစ်ဟု သုံးသပ်၏။

မသုံးသပ်မိက မြင်သောခဏ ကြားသောခဏ၊ နံသောခဏ၊ စားသောခဏ၊ ထိသောခဏ၊ သိသောခဏ၊ ပစ္စုပ္ပန်ကာလ၌ ယခုယခု အသစ် ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် တပါး တပါးသော ခန္ဓာကို-

မြင်သောခဏ အကြောင်းပဉ္စက, အကျိုးပဉ္စက ၂-ထပ်ကျသဖြင့်လည်း အကြောင်း အကျိုး မပြတ်စပ်သော ပဝတ္တိဒုက္ခ၏ အဖြစ်ကြောင့် အပြစ်ဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ကြားသောခဏ အကြောင်းပဉ္စက, အကျိုးပဉ္စက ၂-ထပ်ကျသဖြင့်လည်း အကြောင်း အကျိုး မပြတ်စပ်သော ပဝတ္တိဒုက္ခ၏ အဖြစ်ကြောင့် အပြစ်ဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

နံသောခဏ အကြောင်းပဉ္စက, အကျိုးပဉ္စက ၂-ထပ်ကျသဖြင့်လည်း အကြောင်း အကျိုး မပြတ်စပ်သော ပဝတ္တိဒုက္ခ၏ အဖြစ်ကြောင့် အပြစ်ဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

စားသောခဏ အကြောင်းပဉ္စက, အကျိုးပဉ္စက ၂-ထပ်ကျသဖြင့်လည်း အကြောင်း အကျိုး မပြတ်စပ်သော ပဝတ္တိဒုက္ခ၏ အဖြစ်ကြောင့် အပြစ်ဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ထိသောခဏ အကြောင်းပဉ္စက, အကျိုးပဉ္စက ၂-ထပ်ကျသဖြင့်လည်း အကြောင်း အကျိုး မပြတ်စပ်သော ပဝတ္တိဒုက္ခ၏ အဖြစ်ကြောင့် အပြစ်ဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သိသောခဏ အကြောင်းပဉ္စက, အကျိုးပဉ္စက ၂-ထပ်ကျသဖြင့်လည်း အကြောင်း အကျိုး မပြတ်စပ်သော ပဝတ္တိဒုက္ခ၏ အဖြစ်ကြောင့် အပြစ်ဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် အပြစ်ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏။

သော ဧကေကံ ခန္ဓံ ပဝတ္တိဒုက္ခတာယ ဒုက္ခဿ စ အာဒီနဝတာယ အာဒီနဝတော သမ္မသတိ။

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
ပဝတ္တိဒုက္ခတာယ၊ အကြောင်း, အကျိုး မပြတ်စပ်သော ပဝတ္တိ ဒုက္ခ၏အဖြစ်ကြောင့်။
ဒုက္ခဿစ၊ ဆင်းရဲ၏လည်း။
အာဒီနဝတာယ၊ အပြစ်၏အဖြစ်ကြောင့်။
အာဒီနဝတော၊ အပြစ်ဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက မြင်သောခဏ၊ ကြားသောခဏ၊ နံသောခဏ၊ စားသောခဏ၊ ထိသောခဏ၊ သိသောခဏ၊ ပစ္စုပ္ပန်ကာလ၌၊ ယခု အသစ် အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ။

အပြစ်ကင်းသော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် အပြစ်ကင်းသော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏။

ပဉ္စက္ခန္ဓေ အာဒီနဝတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော အာဒီနဝံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ။

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
အာဒီနဝတော၊ အပြစ်ဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
အာဒီနဝံံ၊ အပြစ်ကင်းသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

၂၅။ အဃမူလတော အဖွင့်

▬▬▬

အဃမူလတော သမ္မသတိ။ ကထံ။

အဃမူလတော၊ မကောင်းမှု၏အကြောင်းဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
အဃမူလတော၊ မကောင်းမှု၏အကြောင်းဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်, ဝေဒနာ, သညာ သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

ရုပ် ဖြစ်သဖြင့်လည်း မကောင်းမှု၏ အကြောင်းရင်းမူလ ဟေတုပဉ္စက ကျသည် အဖြစ်ကြောင့် မကောင်းမှု၏ အကြောင်းဟု သုံးသပ်၏။

ဝေဒနာ ဖြစ်သဖြင့်လည်း မကောင်းမှု၏ အကြောင်းရင်းမူလ ဟေတုပဉ္စက ကျသည် အဖြစ်ကြောင့် မကောင်းမှု၏ အကြောင်းဟု သုံးသပ်၏။

သညာ ဖြစ်သဖြင့်လည်း မကောင်းမှု၏ အကြောင်းရင်းမူလ ဟေတုပဉ္စက ကျသည် အဖြစ်ကြောင့် မကောင်းမှု၏ အကြောင်းဟု သုံးသပ်၏။

သင်္ခါရ ဖြစ်သဖြင့်လည်း မကောင်းမှု၏ အကြောင်းရင်းမူလ ဟေတုပဉ္စက ကျသည် အဖြစ်ကြောင့် မကောင်းမှု၏ အကြောင်းဟု သုံးသပ်၏။

ဝိညာဏ် ဖြစ်သဖြင့်လည်း မကောင်းမှု၏ အကြောင်းရင်းမူလ ဟေတုပဉ္စက ကျသည် အဖြစ်ကြောင့် မကောင်းမှု၏ အကြောင်းဟု သုံးသပ်၏။

မသုံးသပ်မိက ရုပ်ဖြစ်သောခဏ၊ ဝေဒနာဖြစ်သောခဏ၊ သညာဖြစ်သောခဏ၊ သင်္ခါရဖြစ်သောခဏ၊ ဝိညာဏ်ဖြစ်သောခဏ၊ ပစ္စုပ္ပန်ကာလ၌ ယခုခုအသစ် ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

ရုပ်ဖြစ်သဖြင့်လည်း မကောင်းမှု၏ အကြောင်းရင်းမူလ ဟေတုပဉ္စက ကျသည်၏ အဖြစ်ကြောင့် မကောင်းမှု၏ အကြောင်းဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ဝေဒနာဖြစ်သဖြင့်လည်း မကောင်းမှု၏ အကြောင်းရင်းမူလ ဟေတုပဉ္စက ကျသည်၏ အဖြစ်ကြောင့် မကောင်းမှု၏ အကြောင်းဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သညာ ဖြစ်သဖြင့်လည်း မကောင်းမှု၏ အကြောင်းရင်းမူလ ဟေတုပဉ္စက ကျသည်၏ အဖြစ်ကြောင့် မကောင်းမှု၏ အကြောင်းဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သင်္ခါရ ဖြစ်သဖြင့်လည်း မကောင်းမှု၏ အကြောင်းရင်းမူလ ဟေတုပဉ္စက ကျသည်၏ အဖြစ်ကြောင့် မကောင်းမှု၏ အကြောင်းဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ဝိညာဏ်ဖြစ်သဖြင့်လည်း မကောင်းမှု၏ အကြောင်းရင်းမူလ ဟေတုပဉ္စက ကျသည်၏ အဖြစ်ကြောင့် မကောင်းမှု၏ အကြောင်းဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် မကောင်းမှု၏အကြောင်းဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏။

သော ဧကေကံ ခန္ဓံ အဃဟေတုတာယ အဃမူလတော သမ္မသတိ။

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
အဃဟေတုတာယ၊ မကောင်းမှု၏ အကြောင်း၏ အဖြစ်ကြောင့်။
အဃမူလတော၊ မကောင်းမှု၏အကြောင်းဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက ရုပ်ဖြစ်သောခဏ၊ ဝေဒနာဖြစ်သောခဏ၊ သညာ ဖြစ်သောခဏ၊ သင်္ခါရ ဖြစ်သောခဏ၊ ဝိညာဏ် ဖြစ်သောခဏ၊ ပစ္စုပ္ပန်ကာလ၌၊ ယခု အသစ် အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ။

မကောင်းမှု၏ အကြောင်းမဟုတ်သော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် မကောင်းမှု၏ အကြောင်းမဟုတ်သော နိဗ္ဗာန်ပင် တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏။

ပဉ္စက္ခန္ဓေ အဃမူလတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော အနဃမူလံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ။

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
အဃမူလတော၊ မကောင်းမှု၏ အကြောင်းဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
အနဃမူလံ၊ မကောင်းမှု၏ အကြောင်း မဟုတ်သော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

၂၆။ ဝဓကတော အဖွင့်

▬▬▬

ဝဓကတော သမ္မသတိ။ ကထံ။

ဝဓကတော၊ သူသတ်ဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
ဝဓကတော၊ သူသတ်ဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

ကြည့်ချင်မြင်ချင် အကျွမ်းဝင်သဖြင့်လည်း ကြည့်မြင်စရာ-အဆင်းဟာက မျက်နှာသိ မိတ်ဆွေရန်သူကဲ့သို့ အကျွမ်းဝင်သူကို သတ်တတ်သည်၏ အဖြစ်ကြောင့် သူသတ်ဟု သုံးသပ်၏။

ကြားချင်နာချင် အကျွမ်းဝင်သဖြင့်လည်း ကြားနာစရာ-အသံဟာက မျက်နှာသိ မိတ်ဆွေရန်သူကဲ့သို့ အကျွမ်းဝင်သူကို သတ်တတ်သည်၏ အဖြစ်ကြောင့် သူသတ်ဟု သုံးသပ်၏။

နမ်းချင်ရှုပ်ချင် အကျွမ်းဝင်သဖြင့်လည်း နမ်းရှုပ်စရာ-အနံ့ဟာက မျက်နှာသိ မိတ်ဆွေရန်သူကဲ့သို့ အကျွမ်းဝင်သူကို သတ်တတ်သည်၏ အဖြစ်ကြောင့် သူသတ်ဟု သုံးသပ်၏။

စားချင်သောက်ချင် အကျွမ်းဝင်သဖြင့်လည်း စားသောက်စရာ-အစာဟာက မျက်နှာသိ မိတ်ဆွေရန်သူကဲ့သို့ အကျွမ်းဝင်သူကို သတ်တတ်သည်၏ အဖြစ်ကြောင့် သူသတ်ဟု သုံးသပ်၏။

တွေ့ချင်ထိချင် အကျွမ်းဝင်သဖြင့်လည်း တွေ့ထိစရာ-အဆင်တန်ဆာက မျက်နှာသိ မိတ်ဆွေရန်သူကဲ့သို့ အကျွမ်းဝင်သူကို သတ်တတ်သည်၏ အဖြစ်ကြောင့် သူသတ်ဟု သုံးသပ်၏။

တွေးချင်ဆချင် အကျွမ်းဝင်သဖြင့်လည်း တွေးဆစရာ-စိတ်ထင်တာက မျက်နှာသိ မိတ်ဆွေရန်သူကဲ့သို့ အကျွမ်းဝင်သူကို သတ်တတ်သည်၏ အဖြစ်ကြောင့် သူသတ်ဟု သုံးသပ်၏။

မသုံးသပ်မိက -
ကြည့်ချင်မြင်ချင်သော ခဏ၊
ကြားချင်နာချင်သော ခဏ၊
နမ်းချင်ရှုပ်ချင်သော ခဏ၊
စားချင်သောက်ချင်သော ခဏ၊
တွေ့ချင် ထိချင်သော ခဏ၊
တွေးချင်ဆချင်သော ခဏ၊
ပစ္စုပ္ပန်ကာလ၌ ယခုခုအသစ် ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

ကြည့်ချင် မြင်ချင် အကျွမ်းဝင်သဖြင့်လည်း ကြည့်မြင်စရာ-အဆင်းဟာက မျက်နှာသိ မိတ်ဆွေရန်သူကဲ့သို့ အကျွမ်းဝင်သူကို သတ်တတ်သည်၏ အဖြစ်ကြောင့် သူသတ်ဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ကြားချင်နာချင် အကျွမ်းဝင်သဖြင့်လည်း ကြားနာစရာ-အသံဟာက မျက်နှာသိ မိတ်ဆွေရန်သူကဲ့သို့ အကျွမ်းဝင်သူကို သတ်တတ်သည်၏ အဖြစ်ကြောင့် သူသတ်ဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

နမ်းချင်ရှုပ်ချင် အကျွမ်းဝင်သဖြင့်လည်း နမ်းရှုပ်စရာ-အနံ့ဟာက မျက်နှာသိ မိတ်ဆွေရန်သူကဲ့သို့ အကျွမ်းဝင်သူကို သတ်တတ်သည်၏ အဖြစ်ကြောင့် သူသတ်ဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

စားချင်သောက်ချင် အကျွမ်းဝင်သဖြင့်လည်း စားသောက်စရာ-အစာဟာက မျက်နှာသိ မိတ်ဆွေရန်သူကဲ့သို့ အကျွမ်းဝင်သူကို သတ်တတ်သည်၏ အဖြစ် ကြောင့် သူသတ်ဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

တွေ့ချင်ထိချင် အကျွမ်းဝင်သဖြင့်လည်း တွေ့ထိစရာ-အဆင်တန်ဆာက မျက်နှာသိ မိတ်ဆွေရန်သူကဲ့သို့ အကျွမ်းဝင်သူကို သတ်တတ်သည်၏ အဖြစ်ကြောင့် သူသတ်ဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

တွေးချင်ဆချင် အကျွမ်းဝင်သဖြင့်လည်း တွေးဆစရာ-စိတ်ထင်တာက မျက်နှာသိ မိတ်ဆွေ ရန်သူကဲ့သို့ အကျွမ်းဝင်သူကို သတ်တတ်သည်၏ အဖြစ်ကြောင့် သူသတ်ဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် သူသတ်ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏။

သော ဧကေကံ ခန္ဓံ မိတ္တမုခ သပတ္တောဝိယ ဝိဿာသ ဃာတိတာယ ဝဓကတော သမ္မသတိ။

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
မိတ္တသုခ သပတ္တောဝိယ၊ မျက်နှာသိမိတ်ဆွေ ရန်သူကဲ့သို့။
ဝိဿာသ ဃာတိတာယ၊ အကျွမ်းဝင်သဖြင့် သတ်တတ်သည်၏ အဖြစ်ကြောင့်။
ဝဓကတော၊ သူသတ်ဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက ကြည့်ချင် မြင်ချင်သောခဏ၊ ကြားချင် နာချင်သော ခဏ၊ နမ်းချင် ရှုပ်ချင်သောခဏ၊ စားချင် သောက်ချင်သောခဏ၊ တွေ့ချင်ထိချင်သော ခဏ၊ တွေးချင် ဆချင်သောခဏ၊ ပစ္စုပ္ပန်ကာလ၌၊ ယခု အသစ် အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ။

သူသတ်မဟုတ်သော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် သူသတ်မဟုတ်သော နိဗ္ဗာန်ပင် တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏။

ပဉ္စက္ခန္ဓေ ဝဓကတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော အဝဓကံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ။

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
ဝဓကတော၊ သူသတ်ဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
အဝဓကံ၊ သူသတ် မဟုတ်သော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

၂၇။ သာသဝတော အဖွင့်

▬▬▬

သာသဝတော သမ္မသတိ။ ကထံ။

သာသဝတော၊ အာသဝေါနှင့် နီးသောသဘောဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
သာသဝတော၊ အာသဝေါနှင့် နီးသောသဘောဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ ,ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

ရုပ်-ဖောက်ပြန်သောခဏ သုဘသညာ ကျသဖြင့်လည်း ကာမာသဝနှင့် နီးသည်၏ အဖြစ်ကြောင့် အာသဝေါနှင့် နီးသောသဘောဟု သုံးသပ်၏။

ဝေဒနာ-ခံစားသောခဏ သုခသညာ ကျသဖြင့်လည်း ဘဝါသဝနှင့် နီးသည်၏ အဖြစ်ကြောင့် အာသဝေါနှင့် နီးသောသဘောဟု သုံးသပ်၏။

သညာ-မှတ်သောခဏ၊ သင်္ခါရ-ပြုပြင်စီရင်သောခဏ၊ အတ္တသညာ ကျသဖြင့်လည်း ဒိဋ္ဌာသဝနှင့် နီးသည်၏အဖြစ်ကြောင့် အာသဝေါနှင့် နီးသောသဘောဟု သုံးသပ်၏။

ဝိညာဏ်-အာရုံပြုသောခဏ နိစ္စသညာ ကျသဖြင့်လည်း အဝိဇ္ဇာသဝနှင့် နီးသည်၏ အဖြစ်ကြောင့် အာသဝေါနှင့် နီးသောသဘောဟု သုံးသပ်၏။

မသုံးသပ်မိက -
ရုပ်-ဖောက်ပြန်သောခဏ၊
ဝေဒနာခံစားသော ခဏ၊
သညာ-မှတ်သောခဏ၊
သင်္ခါရ-ပြုပြင်စီရင်သောခဏ၊
ဝိညာဏ်-အာရုံပြုသောခဏ၊
ပစ္စုပ္ပန်ကာလ၌ ယခုခုအသစ် ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

ရူပ်-ဖောက်ပြန်သောခဏ သုဘသညာ ကျသဖြင့်လည်း ကာမာသဝနှင့် နီးသည်၏ အဖြစ်ကြောင့် အာသဝေါနှင့် နီးသောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ဝေဒနာ-ခံစားသောခဏ သုခသညာ ကျသဖြင့်လည်း ဘဝါသဝနှင့် နီးသည်၏ အဖြစ်ကြောင့် အာသဝေါနှင့် နီးသောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သညာ-မှတ်သောခဏ၊ သင်္ခါရ-ပြုပြင်စီရင်သောခဏ၊ အတ္တသညာ ကျသဖြင့်လည်း ဒိဋ္ဌာသဝနှင့် နီးသည်၏အဖြစ်ကြောင့် အာသဝေါနှင့် နီးသောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ဝိညာဏ်-အာရုံပြုသောခဏ နိစ္စသညာ ကျသဖြင့်လည်း အဝိဇ္ဇာသဝနှင့် နီးသည်၏ အဖြစ်ကြောင့် အာသဝေါနှင့် နီးသောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် အာသဝေါနှင့် နီးသောသဘောဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏။

သောဧကကံ ခန္ဓံ အာသဝပဒဋ္ဌာနတာယ သာသဝတော သမ္မသတိ။

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
အာသဝပဒဋ္ဌာနတာယ၊ အာသဝေါနှင့် နီးသည်၏အဖြစ်ကြောင့်။
သာသဝတော၊ အာသဝေါနှင့် နီးသောသဘောဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက -
ရုပ်-ဖောက်ပြန်သော ခဏ၊
ဝေဒနာ-ခံစားသော ခဏ၊
သညာ-မှတ်သော ခဏ၊
သင်္ခါရ-ပြုပြင်စီရင်သော ခဏ၊
ဝိညာဏ်-အာရုံပြုသော ခဏ၊
ပစ္စုပ္ပန်ကာလ၌၊ ယခု အသစ် အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ။

အာသဝေါကင်းသော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် အာသဝေါကင်းသော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏။

ပဉ္စက္ခန္ဓေ သာသဝတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော အနာသဝံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ။

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
သာသဝတော၊ အာသဝေါနှင့် နီးသောသဘောဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
အနာသဝံ၊ အာသဝေါကင်းသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

၂၈။ မာရာမိသတော အဖွင့်

မာရာမိသတော သမ္မသတိ။ ကထံ။

မာရာမိသတော၊ မာရ်မင်းအစာဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
မာရာမိသတော၊ မာရ်မင်းအစာဟု။
သမ္မသတိ၊သုံးသပ်သနည်း၊

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ ,ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

ဖြစ်သောခဏ သတ္တသညာ ကျသဖြင့်လည်း ဒေဝပုတ္တမာရ်၏ အစာ၏အဖြစ်ကြောင့် မာရ်မင်းအစာဟု သုံးသပ်၏။

ညစ်ကျူမကောင်း အကြောင်းကျသဖြင့်လည်း ကိလေသာမာရ်၏ အစာ၏ အဖြစ်ကြောင့် မာရ်မင်းအစာဟု သုံးသပ်၏။

မှီရာမကောင်း အကြောင်းကျသဖြင့်လည်း ခန္ဓမာရ်၏ အစာ၏အဖြစ်ကြောင့် မာရ်မင်းအစာဟု သုံးသပ်၏။

တည်ရာမကောင်း အကြောင်း ကျသဖြင့်လည်း မစ္စုမာရ်၏ အစာ၏အဖြစ်ကြောင့် မာရ်မင်းအစာဟု သုံးသပ်၏။

အစီအရင်မကောင်း အကြောင်း ကျသဖြင့်လည်း အဘိသင်္ခါရမာရ်၏ အစာ၏အဖြစ်ကြောင့် မာရ်မင်းအစာဟု သုံးသပ်၏။

မသုံးသပ်မိက ဖြစ်သောခဏ ပစ္စုပ္ပန်ကာလ၌ ယခုခုအသစ် ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို-

ဖြစ်သောခဏ သတ္တသညာ ကျသဖြင့်လည်း ဒေဝပုတ္တမာရ်၏ အစာ၏အဖြစ်ကြောင့် မာရ်မင်းအစာဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ညစ်ကျူမကောင်း အကြောင်းကျသဖြင့်လည်း ကိလေသာမာရ်၏ အစာ၏ အဖြစ်ကြောင့် မာရ်မင်းအစာဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

မှီရာမကောင်း အကြောင်းကျသဖြင့်လည်း ခန္ဓမာရ်၏ အစာ၏အဖြစ်ကြောင့် မာရ်မင်းအစာဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

တည်ရာမကောင်း အကြောင်း ကျသဖြင့်လည်း မစ္စုမာရ်၏ အစာ၏အဖြစ်ကြောင့် မာရ်မင်းအစာဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

အစီအရင်မကောင်း အကြောင်း ကျသဖြင့်လည်း အဘိသင်္ခါရမာရ်၏ အစာ၏ အဖြစ်ကြောင့် သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် မာရ်မင်းအစာဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏။

သော ဧကကံ ခန္ဓံ မစ္စုမာရ ကိလေသမာရာနံ အာမိသဘူတတာယ မာရာမိသတော သမ္မသတိ

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
မစ္စုမာရ ကိလေသမာရာနံ၊ မစ္စုမာရ် ကိလေသာမာရ် တို့၏။
အာမိသဘူတတာယ၊ အစာ၏အဖြစ်ကြောင့်။
မာရာမိသတော၊ မာန်မင်း အစာဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက ဖြစ်သောခဏ ပစ္စုပ္ပန်ကာလ၌၊ ယခု အသစ် အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ

မာရ်မင်းအစာမဟုတ်သော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် မာရ်မင်းအစာမဟုတ်သော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏။

ပဉ္စက္ခန္ဓေ မာရာမိသတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော နိရာမိသံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
မာရာမိသတော၊ မာရ်မင်းအစာဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
နိရာမိသံ၊ မာရ်မင်းအစာ မဟုတ်သော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

*

၂၉။ ဇာတိဓမ္မတော အဖွင့်

ဇာတိဓမ္မတော သမ္မသတိ။ ကထံ။

ဇာတိဓမ္မတော၊ ပဋိသန္ဓေ နေသောသဘောဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
ဇာတိဓမ္မတော၊ ပဋိသန္ဓေ နေသော သဘောဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါး တပါးသော ခန္ဓာကို-

ရုပ်-ဖောက်ပြန်သောခဏ ဖြစ်သောသဘောက ရှိသည်၏ အဖြစ်ကြောင့် ပဋိသန္ဓေ နေသောသဘောဟု သုံးသပ်၏။

ဝေဒနာ-ခံစားသောခဏ ဖြစ်သောသဘောက ရှိသည်၏ အဖြစ်ကြောင့် ပဋိသန္ဓေ နေသောသဘောဟု သုံးသပ်၏။

သညာ-မှတ်သောခဏ ဖြစ်သောသဘောက ရှိသည်၏ အဖြစ်ကြောင့် ပဋိသန္ဓေ နေသောသဘောဟု သုံးသပ်၏။

သင်္ခါရ-ပြုပြင် စီရင်သောခဏ ဖြစ်သောသဘောက ရှိသည်၏ အဖြစ်ကြောင့် ပဋိသန္ဓေ နေသောသဘောဟု သုံးသပ်၏။

ဝိညာဏ်-အာရုံပြုသောခဏ ဖြစ်သောသဘောက ရှိသည်၏ အဖြစ်ကြောင့် ပဋိသန္ဓေ နေသောသဘောဟု သုံးသပ်၏။

မသုံးသပ်မိက -
ရုပ်-ဖောက်ပြန်သော ခဏ၊
ဝေဒနာ-ခံစားသော ခဏ၊
သညာ-မှတ်သော ခဏ၊
သင်္ခါရ-ပြုပြင် စီရင်သော ခဏ၊
ဝိညာဏ်-အာရုံပြုသော ခဏ၊
ပစ္စုပ္ပန်ကာလ၌ ယခုခုအသစ် ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

ရုပ်-ဖောက်ပြန်သောခဏ ဖြစ်သောသဘောက ရှိသည်၏ အဖြစ်ကြောင့် ပဋိသန္ဓေ နေသောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကိုရ၏။

ဝေဒနာ-ခံစားသောခဏ ဖြစ်သောသဘောက ရှိသည်၏ အဖြစ်ကြောင့် ပဋိသန္ဓေ နေသောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကိုရ၏။

သညာ-မှတ်သောခဏ ဖြစ်သောသဘောက ရှိသည်၏ အဖြစ်ကြောင့် ပဋိသန္ဓေ နေသောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကိုရ၏။

သင်္ခါရ-ပြုပြင် စီရင်သောခဏ ဖြစ်သောသဘောက ရှိသည်၏ အဖြစ်ကြောင့် ပဋိသန္ဓေ နေသောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကိုရ၏။

ဝိညာဏ်-အာရုံပြုသောခဏ ဖြစ်သောသဘောက ရှိသည်၏ အဖြစ်ကြောင့် ပဋိသန္ဓေ နေသောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကိုရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် ပဋိသန္ဓေ နေသောသဘောဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကိုရ၏။

သော ဧကေကံ ခန္ဓံ ဇာတိဓမ္မပကတိတာယ ဇာတိဓမ္မတော သမ္မသတိ

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္တံ၊ တပါးတပါးသော ခန္ဓာကို။
ဇာတိဓမ္မပကတိတာယ၊ ဖြစ်သောသဘော ရှိသည်၏ အဖြစ်ကြောင့်။
ဇာတိဓမ္မတော၊ ပဋိသန္ဓေ နေသော သဘောဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက -
ရုပ်-ဖောက်ပြန်သော ခဏ၊
ဝေဒနာ-ခံစားသော ခဏ၊
သညာ-မှတ်သော ခဏ၊
သင်္ခါရ-ပြုပြင် စီရင်သော ခဏ၊
ဝိညာဏ်-အာရုံပြုသော ခဏ၊

ပစ္စုပ္ပန်ကာလ၌၊ ယခု အသစ် အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ

ပဋိသန္ဓေနေခြင်းကင်းသော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် ပဋိသန္ဓေနေခြင်းကင်းသော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏။

ပဉ္စက္ခန္ဓေ ဇာတိ ဓမ္မတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော အဇာတံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
ဇာတိ ဓမ္မတော၊ ပဋိသန္ဓေ နေသောသဘောဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
အဇာတံ၊ ပဋိသန္ဓေ နေခြင်းကင်းသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

*

၃၀။ ဇရာဓမ္မတော အဖွင့်

ဇရာဓမ္မတော သမ္မသတိ။ ကထံ။

ဧရာဓမ္မတော၊ အိုသော သဘောဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
ဇရာဓမ္မတော၊ အိုသော သဘောဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါး တပါးသော ခန္ဓာကို -

ရုပ်-ဖောက်ပြန်သောခဏ ရင့်သော သဘောက ရှိသည်၏ အဖြစ်ကြောင့် အိုသော သဘောဟု သုံးသပ်၏။

ဝေဒနာ-ခံစားသောခဏ ရင့်သော သဘောက ရှိသည်၏ အဖြစ်ကြောင့် အိုသော သဘောဟု သုံးသပ်၏။

သညာ-မှတ်သောခဏ ရင့်သော သဘောက ရှိသည်၏ အဖြစ်ကြောင့် အိုသော သဘောဟု သုံးသပ်၏။

သင်္ခါရ-ပြုပြင်စီရင်သောခဏ ရင့်သော သဘောက ရှိသည်၏ အဖြစ်ကြောင့် အိုသော သဘောဟု သုံးသပ်၏။

ဝိညာဏ်-အာရုံပြုသောခဏ ရင့်သော သဘောက ရှိသည်၏ အဖြစ်ကြောင့် အိုသော သဘောဟု သုံးသပ်၏။

မသုံးသပ်မိက -
ရုပ်-ဖောက်ပြန်သော ခဏ၊
ဝေဒနာ-ခံစားသော ခဏ၊
သညာ-မှတ်သော ခဏ၊
သင်္ခါရ-ပြုပြင် စီရင်သော ခဏ၊
ဝိညာဏ်-အာရုံပြုသော ခဏ၊
ပစ္စုပ္ပန်ကာလ၌ ယခုယခု အသစ်ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

ရုပ်-ဖောက်ပြန်သောခဏ ရင့်သော သဘောက ရှိသည်၏ အဖြစ်ကြောင့် အိုသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ဝေဒနာ-ခံစားသောခဏ ရင့်သော သဘောက ရှိသည်၏ အဖြစ်ကြောင့် အိုသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သညာ-မှတ်သောခဏ ရင့်သော သဘောက ရှိသည်၏ အဖြစ်ကြောင့် အိုသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သင်္ခါရ-ပြုပြင်စီရင်သောခဏ ရင့်သော သဘောက ရှိသည်၏ အဖြစ်ကြောင့် အိုသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ဝိညာဏ်-အာရုံပြုသောခဏ ရင့်သော သဘောက ရှိသည်၏ အဖြစ်ကြောင့် အိုသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် အိုသောသဘောဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏။

သော ဧကေကံ ခန္ဓံ ဇရာပကတိတာယ ဇရာ ဓမ္မတော သမ္မသတိ

သော၊ ထိုယောဂီ ပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
ဇရာပကတိတာယ၊ ရင့်သောသဘော ရှိသည်၏အဖြစ်ကြောင့်။
ဇရာဓမ္မတော၊ အိုသောသဘောဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက -
ရုပ်-ဖောက်ပြန်သော ခဏ၊
ဝေဒနာ-ခံစားသော ခဏ၊
သညာ-မှတ်သော ခဏ၊
သင်္ခါရ-ပြုပြင် စီရင်သော ခဏ၊
ဝိညာဏ်-အာရုံပြုသော ခဏ၊

ပစ္စုပ္ပန်ကာလ၌၊ ယခု အသစ် အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ

အိုခြင်းကင်းသော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် အိုခြင်းကင်းသော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏။

ပဉ္စက္ခန္ဓေ ဇရာ ဓမ္မတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော အဇရံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
ဇရာ ဓမ္မတော၊ အိုသောသဘောဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
အဇရံ၊ အိုခြင်းကင်းသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

*

၃၁။ ဗျာဓိဓမ္မတော အဖွင့်

ဗျာဓိဓမ္မတော သမ္မသတိ။ ကထံ။

ဗျာဓိဓမ္မတော၊ နာသောသဘောဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
ဗျာဓိဓမ္မတော၊ နာသောသဘောဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ပိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

ရုပ်-တည်သောခဏ နှိပ်စက်သော သဘောက ရှိသည်၏ အဖြစ်ကြောင့် နာသော သဘောဟု သုံးသပ်၏။

ဝေဒနာ- တည်သောခဏ နှိပ်စက်သော သဘောက ရှိသည်၏ အဖြစ်ကြောင့် နာသော သဘောဟု သုံးသပ်၏။

သညာ- တည်သောခဏ နှိပ်စက်သော သဘောက ရှိသည်၏ အဖြစ်ကြောင့် နာသော သဘောဟု သုံးသပ်၏။

သင်္ခါရ- တည်သောခဏ နှိပ်စက်သော သဘောက ရှိသည်၏ အဖြစ်ကြောင့် နာသော သဘောဟု သုံးသပ်၏။

ဝိညာဏ်- တည်သောခဏ နှိပ်စက်သော သဘောက ရှိသည်၏ အဖြစ်ကြောင့် နာသော သဘောဟု သုံးသပ်၏။

မသုံးသပ်မိက -
ရုပ်-တည်သောခဏ၊
ဝေဒနာ-တည်သောခဏ၊
သညာ-တည်သောခဏ၊
သင်္ခါရ-တည်သောခဏ၊
ဝိညာဏ်-တည်သောခဏ၊
ပစ္စုပ္ပန်ကာလ၌ ယခုယခု အသစ်ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

ရုပ်-တည်သောခဏ နှိပ်စက်သော သဘောက ရှိသည်၏ အဖြစ်ကြောင့် နာသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ဝေဒနာ-တည်သောခဏ နှိပ်စက်သော သဘောက ရှိသည်၏ အဖြစ်ကြောင့် နာသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သညာ-တည်သောခဏ နှိပ်စက်သော သဘောက ရှိသည်၏ အဖြစ်ကြောင့် နာသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သင်္ခါရ-တည်သောခဏ နှိပ်စက်သော သဘောက ရှိသည်၏ အဖြစ်ကြောင့် နာသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ဝိညာဏ်-တည်သောခဏ နှိပ်စက်သော သဘောက ရှိသည်၏ အဖြစ်ကြောင့် နာသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် နာသောသဘောဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏။

သော ဧကေကံ ခန္ဓံ ဗျာဓိ ပကတိတာယ ဗျာဓိ ဓမ္မတော သမ္မသတိ

သော၊ ထိုယောဂီ ပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
ဗျာဓိပကတိတာယ၊ နှိပ်စက်သောသဘော ရှိသည်၏အဖြစ်ကြောင့်။
ဗျာဓိဓမ္မတော၊ နာသောသဘောဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက -
ရုပ်-တည်သောခဏ၊
ဝေဒနာ-တည်သောခဏ၊
သညာ-တည်သောခဏ၊
သင်္ခါရ-တည်သောခဏ၊
ဝိညာဏ်-တည်သောခဏ၊

ပစ္စုပ္ပန်ကာလ၌၊ ယခု အသစ် အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ

နာခြင်းကင်းသော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် နာခြင်းကင်းသော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏။

ပဉ္စက္ခန္ဓေ ဗျာဓိ ဓမ္မတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော အဗျာဓိံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
ဗျာဓိ ဓမ္မတော၊ နာသောသဘောဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
အဗျာဓိံ၊ နာခြင်းကင်းသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

*

၃၂။ သောကဓမ္မတော အဖွင့်

သောကဓမ္မတော သမ္မသတိ။ ကထံ။

သောကဓမ္မတော၊ စိုးရိမ်ခြင်း၏အကြောင်းဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
သောကဓမ္မတော၊ စိုးရိမ်ခြင်း၏အကြောင်းဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

ရုပ်-ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း စိုးရိမ်ဘွယ်က အကြောင်း ရှိသည်၏အဖြစ်ကြောင့် စိုးရိမ်ခြင်း၏အကြောင်းဟု သုံးသပ်၏။

ဝေဒနာ-ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း စိုးရိမ်ဘွယ်က အကြောင်း ရှိသည်၏အဖြစ်ကြောင့် စိုးရိမ်ခြင်း၏အကြောင်းဟု သုံးသပ်၏။

သညာ-ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း စိုးရိမ်ဘွယ်က အကြောင်း ရှိသည်၏အဖြစ်ကြောင့် စိုးရိမ်ခြင်း၏အကြောင်းဟု သုံးသပ်၏။

သင်္ခါရ-ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း စိုးရိမ်ဘွယ်က အကြောင်း ရှိသည်၏အဖြစ်ကြောင့် စိုးရိမ်ခြင်း၏အကြောင်းဟု သုံးသပ်၏။

ဝိညာဏ်-ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း စိုးရိမ်ဘွယ်က အကြောင်း ရှိသည်၏အဖြစ်ကြောင့် စိုးရိမ်ခြင်း၏အကြောင်းဟု သုံးသပ်၏။

မသုံးသပ်မိက -
ရုပ် ဖြစ်သောခဏ၊
ဝေဒနာ ဖြစ်သောခဏ၊
သညာ ဖြစ်သောခဏ၊
သင်္ခါရ ဖြစ်သောခဏ၊
ဝိညာဏ် ဖြစ်သောခဏ၊
ပစ္စုပ္ပန်ကာလ၌ ယခုခုအသစ် ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

ရုပ်ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း စိုးရိမ်ဘွယ်က အကြောင်း ရှိသည်၏အဖြစ်ကြောင့် စိုးရိမ်ခြင်း၏အကြောင်းဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ဝေဒနာ ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း စိုးရိမ်ဘွယ်က အကြောင်း ရှိသည်၏အဖြစ်ကြောင့် စိုးရိမ်ခြင်း၏အကြောင်းဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သညာ ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း စိုးရိမ်ဘွယ်က အကြောင်း ရှိသည်၏အဖြစ်ကြောင့် စိုးရိမ်ခြင်း၏အကြောင်းဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သင်္ခါရ ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း စိုးရိမ်ဘွယ်က အကြောင်း ရှိသည်၏အဖြစ်ကြောင့် စိုးရိမ်ခြင်း၏အကြောင်းဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ဝိညာဏ် ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း စိုးရိမ်ဘွယ်က အကြောင်း ရှိသည်၏အဖြစ်ကြောင့် စိုးရိမ်ခြင်း၏အကြောင်းဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် စိုးရိမ်ခြင်း၏ အကြောင်းဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကိုရ၏။

သော ဧကေကံ ခန္ဓံ သောက ဟေတုတာယ သောက ဓမ္မတော သမ္မသတိ

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
သောက ဟေတုတာယ၊ စိုးရိမ်ဘွယ်အကြောင်း ရှိသည်၏အဖြစ်ကြောင့်။
သောက ဓမ္မတော၊ စိုးရိမ်ခြင်း၏ အကြောင်းဟု။
သမ္မသတိ၊ သုံးထုပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက -
ရုပ် ဖြစ်သောခဏ၊
ဝေဒနာ ဖြစ်သောခဏ၊
သညာ ဖြစ်သောခဏ၊
သင်္ခါရ ဖြစ်သောခဏ၊
ဝိညာဏ် ဖြစ်သောခဏ၊
ပစ္စုပ္ပန်ကာလ၌၊ ယခု အသစ် အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ

စိုးရိမ်ခြင်း ကင်းသော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် စိုးရိမ်ခြင်း ကင်းသော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏။

ပဉ္စက္ခန္ဓေ သောကဓမ္မတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော အသောကံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
သောကဓမ္မတော၊ စိုးရိမ်ခြင်း၏ အကြောင်းဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
အသောကံ၊ စိုးရိမ်ခြင်းကင်းသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

*

၃၃။ ပရိဒေဝဓမ္မတော အဖွင့်

ပရိဒေဝဓမ္မတော သမ္မသတိ။ ကထံ။

ပရိဒေဝဓမ္မတော၊ ငိုကြွေးခြင်း၏ အကြောင်းဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
ပရိဒေဝဓမ္မတော၊ ငိုကြွေးခြင်း၏ အကြောင်းဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါး တပါးသော ခန္ဓာကို -

ရုပ်-ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း ငိုကြွေးဘွယ်က အကြောင်း ရှိသည်၏အဖြစ်ကြောင့် ငိုကြွေးခြင်း၏အကြောင်းဟု သုံးသပ်၏။

ဝေဒနာ-ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း ငိုကြွေးဘွယ်က အကြောင်း ရှိသည်၏အဖြစ်ကြောင့် ငိုကြွေးခြင်း၏အကြောင်းဟု သုံးသပ်၏။

သညာ-ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း ငိုကြွေးဘွယ်က အကြောင်း ရှိသည်၏အဖြစ်ကြောင့် ငိုကြွေးခြင်း၏အကြောင်းဟု သုံးသပ်၏။

သင်္ခါရ-ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း ငိုကြွေးဘွယ်က အကြောင်း ရှိသည်၏အဖြစ်ကြောင့် ငိုကြွေးခြင်း၏အကြောင်းဟု သုံးသပ်၏။

ဝိညာဏ်-ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း ငိုကြွေးဘွယ်က အကြောင်း ရှိသည်၏အဖြစ်ကြောင့် ငိုကြွေးခြင်း၏အကြောင်းဟု သုံးသပ်၏။

မသုံးသပ်မိက -
ရုပ် ဖြစ်သောခဏ၊
ဝေဒနာ ဖြစ်သောခဏ၊
သညာ ဖြစ်သောခဏ၊
သင်္ခါရ ဖြစ်သောခဏ၊
ဝိညာဏ် ဖြစ်သောခဏ၊
ပစ္စုပ္ပန်ကာလ၌ ယခုခုအသစ် ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

ရုပ်ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း ငိုကြွေးဘွယ်က အကြောင်း ရှိသည်၏အဖြစ်ကြောင့် ငိုကြွေးခြင်း၏အကြောင်းဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ဝေဒနာ ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း ငိုကြွေးဘွယ်က အကြောင်း ရှိသည်၏အဖြစ်ကြောင့် ငိုကြွေးခြင်း၏အကြောင်းဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သညာ ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း ငိုကြွေးဘွယ်က အကြောင်း ရှိသည်၏အဖြစ်ကြောင့် ငိုကြွေးခြင်း၏အကြောင်းဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သင်္ခါရ ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း ငိုကြွေးဘွယ်က အကြောင်း ရှိသည်၏အဖြစ်ကြောင့် ငိုကြွေးခြင်း၏အကြောင်းဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ဝိညာဏ် ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း ငိုကြွေးဘွယ်က အကြောင်း ရှိသည်၏အဖြစ်ကြောင့် ငိုကြွေးခြင်း၏အကြောင်းဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် ငိုကြွေးခြင်း၏ အကြောင်းဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏။

သော ဧကေကံ ခန္ဓံ ပရိဒေဝ ဟေတုတာယ ပရိဒေ၀ ဓမ္မတော သမ္မသတိ

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
ပရိဒေဝ ဟေတုတာယ၊ ငိုကြွေးဘွယ် အကြောင်းရှိသည်၏ အဖြစ်ကြောင့်။
ပရိဒေဝ ဓမ္မတော၊ ငိုကြွေးခြင်း၏ အကြောင်းဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက -
ရုပ် ဖြစ်သောခဏ၊
ဝေဒနာ ဖြစ်သောခဏ၊
သညာ ဖြစ်သောခဏ၊
သင်္ခါရ ဖြစ်သောခဏ၊
ဝိညာဏ် ဖြစ်သောခဏ၊
ပစ္စုပ္ပန်ကာလ၌၊ ယခု အသစ် အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ

ငိုကြွေးခြင်း ကင်းသော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် ငိုကြွေးခြင်း ကင်းသော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏။

ပဉ္စက္ခန္ဓေ ပရိဒေဝဓမ္မတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော အပရိဒေဝံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
ပရိဒေဝဓမ္မတော၊ ငိုကြွေးခြင်း၏ အကြောင်းဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
အပရိဒေဝံ၊ ငိုကြွေးခြင်းကင်းသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

၃၄။ ဥပါယာသဓမ္မတော အဖွင့်

ဥပါယာသဓမ္မတော သမ္မသတိ။ ကထံ။

ဥပါယာသဓမ္မတော၊ ပင်ပန်းခြင်း၏ အကြောင်းဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
ဥပါယာသဓမ္မတော၊ ပင်ပန်းခြင်း၏ အကြောင်းဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

ရုပ်-ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း ပင်ပန်းဘွယ်က အကြောင်း ရှိသည်၏ အဖြစ်ကြောင့် ပင်ပန်းခြင်း၏ အကြောင်းဟု သုံးသပ်၏။
ဝေဒနာ-ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း ပင်ပန်းဘွယ်က အကြောင်း ရှိသည်၏ အဖြစ်ကြောင့် ပင်ပန်းခြင်း၏ အကြောင်းဟု သုံးသပ်၏။
သညာ-ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း ပင်ပန်းဘွယ်က အကြောင်း ရှိသည်၏ အဖြစ်ကြောင့် ပင်ပန်းခြင်း၏ အကြောင်းဟု သုံးသပ်၏။
သင်္ခါရ-ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း ပင်ပန်းဘွယ်က အကြောင်း ရှိသည်၏ အဖြစ်ကြောင့် ပင်ပန်းခြင်း၏ အကြောင်းဟု သုံးသပ်၏။
ဝိညာဏ်-ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း ပင်ပန်းဘွယ်က အကြောင်း ရှိသည်၏ အဖြစ်ကြောင့် ပင်ပန်းခြင်း၏ အကြောင်းဟု သုံးသပ်၏။

မသုံးသပ်မိက
ရုပ် ဖြစ်သောခဏ၊
ဝေဒနာ ဖြစ်သောခဏ၊
သညာ ဖြစ်သောခဏ၊
သင်္ခါရ ဖြစ်သောခဏ၊
ဝိညာဏ် ဖြစ်သောခဏ၊
ပစ္စုပ္ပန်ကာလ၌ ယခုယခု အသစ်ဖြစ်ခြင်းငှါထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

ရုပ် ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း ပင်ပန်းဘွယ်က အကြောင်း ရှိသည်၏ အဖြစ်ကြောင့် ပင်ပန်းခြင်း၏ အကြောင်းဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
ဝေဒနာ ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း ပင်ပန်းဘွယ်က အကြောင်း ရှိသည်၏ အဖြစ်ကြောင့် ပင်ပန်းခြင်း၏ အကြောင်းဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
သညာ ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း ပင်ပန်းဘွယ်က အကြောင်း ရှိသည်၏ အဖြစ်ကြောင့် ပင်ပန်းခြင်း၏ အကြောင်းဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
သင်္ခါရ ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း ပင်ပန်းဘွယ်က အကြောင်း ရှိသည်၏ အဖြစ်ကြောင့် ပင်ပန်းခြင်း၏ အကြောင်းဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
ဝိညာဏ် ဖြစ်သောခဏ အကောင်းအဆိုး ကျသဖြင့်လည်း ပင်ပန်းဘွယ်က အကြောင်း ရှိသည်၏ အဖြစ်ကြောင့် ပင်ပန်းခြင်း၏ အကြောင်းဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သမ္မသနညဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် ပင်ပန်းခြင်း၏အကြောင်းဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကိုရ၏။

သော ဧကေကံ ခန္ဓံ ဥပါယာသဟေတုတာယ ဥပါယာသ ဓမ္မတော သမ္မသတိ

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
ဥပါယာသဟေတုတာယ၊ ပင်ပန်းဘွယ် အကြောင်းရှိသည်၏ အဖြစ်ကြောင့်။
ဥပါယာသဓမ္မတော၊ ပင်ပန်းခြင်း၏အကြောင်းဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက -
ရုပ် ဖြစ်သောခဏ၊
ဝေဒနာ ဖြစ်သောခဏ၊
သညာ ဖြစ်သောခဏ၊
သင်္ခါရ ဖြစ်သောခဏ၊
ဝိညာဏ် ဖြစ်သောခဏ၊
ပစ္စုပ္ပန်ကာလ၌၊ ယခု အသစ် အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ။

ပင်ပန်းခြင်းကင်းသော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် ပင်ပန်းခြင်းကင်းသော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏။

ပဉ္စက္ခန္ဓေ ဥပါယာသဓမ္မတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ
ပဉ္စန္နံ ခန္ဓာနံ နိရောဓော အနုပါယာသံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
ဥပါယာသဓမ္မတော၊ ပင်ပန်းခြင်း၏ အကြောင်းဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
အနုပါယာသံ၊ ပင်ပန်းခြင်းကင်းသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

၃၅။ သံကိလေသိက ဓမ္မတော အဖွင့်

သံကိလေသိက ဓမ္မတော သမ္မသတိ။ ကထံ။

သံကိလေသိကဓမ္မတော၊ ညစ်ကြေးသော အာရုံသဘောဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
သံကိလေသိကဓမ္မတော၊ ညစ်ကြေးသော အာရုံသဘောဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါး တပါးသော ခန္ဓာကို -

ခန္ဓာဘုံက အတိတ်ကာလ ကျသဖြင့်လည်း ဒိဋ္ဌိကိလေသာ အညစ်အကြေးက အာရုံပြုသောသဘော ရှိသည်၏ အဖြစ်ကြောင့် ညစ်ကြေးသော အာရုံသဘောဟု သုံးသပ်၏။
ခန္ဓာဘုံက အနာဂတ်ကာလ ကျသဖြင့်လည်း တဏှာ ကိလေသာ အညစ်အကြေးက အာရုံပြုသောသဘော ရှိသည်၏ အဖြစ်ကြောင့် ညစ်ကြေးသော အာရုံသဘောဟု သုံးသပ်၏။
ခန္ဓာဘုံက ပစ္စုပ္ပန်ကာလ ကျသဖြင့်လည်း ဒုစရိုက် ကိလေသာ အညစ်အကြေးက အာရုံပြုသောသဘော ရှိသည်၏ အဖြစ်ကြောင့် ညစ်ကြေးသော အာရုံသဘောဟု သုံးသပ်၏။
ခန္ဓာဘုံက ကာယဒွါရ ကျသဖြင့်လည်း ကာယဒုစရိုက် ကိလေသာ အညစ်အကြေးက အာရုံပြုသောသဘော ရှိသည်၏ အဖြစ်ကြောင့် ညစ်ကြေးသော အာရုံသဘောဟု သုံးသပ်၏။
ခန္ဓာဘုံက ဝစီဒွါရ ကျသဖြင့်လည်း ဝစီဒုစရိုက် ကိလေသာ အညစ်အကြေးက အာရုံပြုသောသဘော ရှိသည်၏ အဖြစ်ကြောင့် ညစ်ကြေးသော အာရုံသဘောဟု သုံးသပ်၏။
ခန္ဓာဘုံက မနောဒွါရ ကျသဖြင့်လည်း မနောဒုစရိုက် ကိလေသာ အညစ်အကြေးက အာရုံပြုသောသဘော ရှိသည်၏ အဖြစ်ကြောင့် ညစ်ကြေးသော အာရုံသဘောဟု သုံးသပ်၏။

တဏှာ သံကိလေသော သမထေန ဝိသုဇ္ဈတိ
ဒိဋ္ဌိသံကိလေသော ဝိပဿနာယ ဝိသုဇ္ဈတိ
ဒုစ္စရိတသံကိလေသော သုစရိတေန ဝိသုဇ္ဈတိ

တဏှာ သံကိလေသော၊ တဏှာ အညစ်အကြေးသည်။
သမထေန၊ သမထဖြင့်။
ဝိသုဇ္ဈတိ၊ စင်ကြယ်၏။
ဒိဋ္ဌိ သံကိလေသော၊ ဒိဋ္ဌိ အညစ်အကြေးသည်။
ဝိပဿနာယ၊ ဝိပဿနာဖြင့်။
ဝိသုဇ္ဈတိ၊ စင်ကြယ်၏။
ဒုစ္စရိတ သံကိလေသော၊ ဒုစရိုက် အညစ်အကြေးသည်။
သုစရိတေန၊ သုစရိုက်ဖြင့်။
ဝိသုဇ္ဈတိ၊ စင်ကြယ်၏။

ယော စ တတ္ထ ပရိဂ္ဂဟဋ္ဌော အယံ အဓိသီလသိက္ခာ ယော စ အဝိက္ခေပဋ္ဌော အယံ အဓိစိတ္တသိက္ခာ
ယော စ တတ္ထ ဒသနဋ္ဌော အယံ အဓိပညာသိက္ခာ

တတ္ထ၊ ထိုဝိပဿနာဘုံ အာရုံ၌။
ယော စ ပရိဂ္ဂဟဋ္ဌော၊ အကြင် သိမ်းဆည်း စောင့်ရှောက်သော အနက်သဘော။
အယံ၊ ဤသိမ်းဆည်းစောင့်ရှောက်သော အနက်သဘောသည်။
အဓိသီလသိက္ခာ၊ အဓိသီလ သိက္ခာမည်၏။
တတ္ထ၊ ထိုဝိပဿနာဘုံအာရုံ၌။
ယော စ အဝိက္ခေပဋ္ဌော၊ အကြင်မပျံ့လွင့်သော အနက်သဘော။
အယံ၊ ဤမပျံ့လွင့်သော အနက်သဘောသည်။
အဓိစိတ္တသိက္ခာ၊ အဓိစိတ္တ သိက္ခာ မည်၏။
တတ္ထ၊ ထို ဝိပဿနာဘုံအာရုံ၌။
ယော စ ဒဿန၊ အကြင်ရှုမြင်သော အနက်သဘော။
အယံ၊ ဤရှုမြင်သော အနက်သဘောသည်။
အဓိပညာသိက္ခာ၊ အဓိပညာ သိက္ခာမည်၏။

အယံ လောကုတ္တရသမ္မာဒိဋ္ဌိ၊ အနွယိကာ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ
ဣမေ တယော ခန္ဓာ၊ သီလက္ခန္ဓော သမာဓိက္ခန္ဓော ပညာက္ခန္ဓော သီလက္ခန္ဓောစ သမာဓိက္ခန္ဓောစ သမတော၊ ပညာက္ခန္ဓော ဝိပဿနာ

အယံ၊ ဤသည်ကား။
လောကုတ္တရ သမ္မာဒိဋ္ဌိ၊ လောကုတ္တရာ သမ္မာဒိဋ္ဌိတည်း။
အနွယိကာ၊ လောကုတ္တရာ သမ္မာဒိဋ္ဌိ၏ အတုလိုက်ကုန်သော။
သမ္မာသင်္ကပ္ပေါ၊ သမ္မာသင်္ကပ္ပလည်း တပါး။
သမ္မာဝါစာ၊ သမ္မာဝါစာလည်း တပါး။
သမ္မာကမ္မန္တော၊ သမ္မာကမ္မန္တလည်း တပါး။
သမ္မာအာဇီဝေါ၊ သမ္မာအာဇီဝလည်း တပါး။
သမ္မာဝါယာမော၊ သမ္မာဝါယာမလည်း တပါး။
သမ္မာသတိ၊ သမ္မာသတိလည်း တပါး။
သမ္မာသမာဓိ၊ သမ္မာသမာဓိလည်း တပါး။
ဣမေ၊ ဤမဂ္ဂင်တရားရှစ်ပါးတို့သည်။
တယော ခန္ဓာ၊ သုံးပါးသော ခန္ဓာတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ကတမေ တယော၊ အဘယ်သုံးပါးတို့နည်း။
သီလက္ခန္ဓော၊ သီလက္ခန္ဓာလည်း တပါး။
သမာဓိက္ခန္ဓော၊ သမာဓိက္ခန္ဓာလည်း တပါး။
ပညာက္ခန္ဓော၊ ပညာက္ခန္ဓာလည်း တပါး။
သီလက္ခန္ဓောစ သမာဓိက္ခန္ဓောစ၊ သီလက္ခန္ဓာ, သမာဓိက္ခန္ဓာ ၂-ပါးအပေါင်း သည်လည်း။
သမထော၊ သမထ မည်၏။
ပညာက္ခန္ဓော၊ ပညာက္ခန္ဓာသည်။
ဝိပဿနာ၊ ဝိပဿနာ မည်၏။

မသုံးသပ်မိက အတိတ်, အနာဂတ်, ပစ္စုပ္ပန်ကာလ၌ ယခုခုအသစ် ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

ခန္ဓာဘုံက အတိတ်ကာလ ကျသဖြင့်လည်း ဒိဋ္ဌိကိလေသာ အညစ်အကြေးက အာရုံပြုသောသဘော ရှိသည်၏ အဖြစ်ကြောင့် ညစ်ကြေးသော အာရုံသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
ခန္ဓာဘုံက အနာဂတ်ကာလ ကျသဖြင့်လည်း တဏှာ ကိလေသာ အညစ်အကြေးက အာရုံပြုသောသဘော ရှိသည်၏ အဖြစ်ကြောင့် ညစ်ကြေးသော အာရုံသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
ခန္ဓာဘုံက ပစ္စုပ္ပန်ကာလ ကျသဖြင့်လည်း ဒုစရိုက် ကိလေသာ အညစ်အကြေးက အာရုံပြုသောသဘော ရှိသည်၏ အဖြစ်ကြောင့် ညစ်ကြေးသော အာရုံသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
ခန္ဓာဘုံက ကာယဒွါရ ကျသဖြင့်လည်း ကာယဒုစရိုက် ကိလေသာ အညစ်အကြေးက အာရုံပြုသောသဘော ရှိသည်၏ အဖြစ်ကြောင့် ညစ်ကြေးသော အာရုံသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
ခန္ဓာဘုံက ဝစီဒွါရ ကျသဖြင့်လည်း ဝစီဒုစရိုက် ကိလေသာ အညစ်အကြေးက အာရုံပြုသောသဘော ရှိသည်၏ အဖြစ်ကြောင့် ညစ်ကြေးသော အာရုံသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
ခန္ဓာဘုံက မနောဒွါရ ကျသဖြင့်လည်း မနောဒုစရိုက် ကိလေသာ အညစ်အကြေးက အာရုံပြုသောသဘော ရှိသည်၏ အဖြစ်ကြောင့် ညစ်ကြေးသော အာရုံသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
ခန္ဓာဘုံက မနောဒွါရ ကျသဖြင့်လည်း မနောဒုစရိုက် ကိလေသာ အညစ်အကြေးက အာရုံပြုသောသဘော ရှိသည်၏ အဖြစ်ကြောင့် ညစ်ကြေးသော အာရုံသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် ညစ်ကြေးသော အာရုံသဘောဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏။

သော ဧကေကံ ခန္ဓံ တဏှာ ဒိဋ္ဌိ ဒုစ္စရိတသံကိလေသာနံ ဝိသယဓမ္မတာယ သံကိလေသိက ဓမ္မတော သမ္မသတိ

သော၊ ထိုယောဂီ ပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
တဏှာ ဒိဋ္ဌိ ဒုစ္စရိတ သံကိလေသာနံ၊ တဏှာအညစ်အကြေး ဒိဋ္ဌိအညစ်အကြေး ဒုစရိုက်အညစ်အကြေးတို့၏။
ဝိသယဓမ္မတာယ၊ အာရုံသဘော ရှိသည်၏အဖြစ်ကြောင့်။
သံကိလေသိကဓမ္မတော၊ ညစ်ကြေးသော အာရုံသဘောဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက အတိတ် အနာဂတ်, ပစ္စုပ္ပန်ကာလ၌၊ ယခု အသစ် အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ။

ညစ်ကြေးခြင်းကင်းသော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် ညစ်ကြေးခြင်းကင်းသော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏။

ပဉ္စက္ခန္ဓေ သံကိလေသိက ဓမ္မတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ
ပဉ္စန္နံ ခန္ဓာနံ နိရောဓော အသံကိလိဋ္ဌံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
သံကိလေသိက ဓမ္မတော၊ ညစ်ကြေးသော အာရုံသဘောဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
အသံကိလိဋ္ဌံ၊ ညစ်ကြေးခြင်းကင်းသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

၁။ ဒုက္ခတောတိ ဒုက္ခာနုပဿနာ
၂။ ရောဂတောတိ ဒုက္ခာနုပဿနာ
၃။ ဂဏ္ဍတောတိ ဒုက္ခာနုပဿနာ
၄။ သလ္လတောတိ ဒုက္ခာနုပဿနာ
၅။ အဃတောတိ ဒုက္ခာနုပဿနာ
၆။ အာဗာဓတောတိ ဒုက္ခာနုပသနာ
၇။ ဤတိတောတိ ဒုက္ခာနုပဿနာ
၈။ ဥပဒ္ဓဝတောတိ ဒုက္ခာနုပဿနာ
၉။ ဘယတောတိ ဒုက္ခာနုပဿနာ
၁၀။ ဥပသဂ္ဂတောတိ ဒုက္ခာနုပဿနာ
၁၁။ အတာဏတောတိ ဒုက္ခာနုပဿနာ
၁၂။ အလေဏတောတိ ဒုက္ခာနုပဿနာ
၁၃။ အသရဏတောတိ ဒုက္ခာနုပဿနာ
၁၄။ အာဒီနဝတောတိ ဒုက္ခာနုပဿနာ
၁၅။ အဃမူလတောတိ ဒုက္ခာနုပသနာ
၁၆။ ဝဓကတောတိ ဒုက္ခာနုပဿနာ
၁၇။ သာသဝတောတိ ဒုက္ခာနုပဿနာ
၁၈။ မာရာမိသတောတိ ဒုက္ခာနုပဿနာ
၁၉။ ဇာတိဓမ္မတောတိ ဒုက္ခာနုပဿနာ
၂၀။ ဇရာဓမ္မတောတိ ဒုက္ခာနုပဿနာ
၂၁။ ဗျာဓိဓမ္မတောတိ ဒုက္ခာနုပဿနာ
၂၂။ သောကဓမ္မတောတိ ဒုက္ခာနုပဿနာ
၂၃။ ပရိဒေဝဓမ္မတောတိ ဒုက္ခာနုပဿနာ
၂၄။ ဥပါယာသဓမ္မတောတိ ဒုက္ခာနုပဿနာ
၂၅။ သံကိလေသိကဓမ္မတောတိ ဒုက္ခာနုပဿနာ

ဒုက္ခာနုပဿနာ ၂၅-ပါး

ဒုက္ခလက္ခဏာ ၂၅-ပါး ပြီး၏။

*

အနတ္တ လက္ခဏာ ၅-ပါး

၃၆။ ပရတော အဖွင့်

ပရတော သမ္မသတိ။ ကထံ။

ပရတော၊ တပါးဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
ပရတော၊ တပါးဟု။
သမ္မသတိ၊ သုံးသပ်သနည်း၊

ပရတော-အရ
အဝိဇ္ဇာက သူတပါး၊
တဏှာက သူတပါး၊
ကံက သူတပါး၊
အာဟာရက သူတပါး၊
အကြောင်းတရား ပစ္စည်းက ရုင်ကိုဖြစ်စေတတ်၏။
အကျိုး ပစ္စယုပ္ပန်သဘော ဖြစ်သော ရုပ်ကိုယ်က မိမိအလိုမဟုတ်။

အဝိဇ္ဇာက သူတပါး၊
တဏှာက သူတပါး၊
ကံက သူတပါး၊
အာဟာရက သူတပါး၊
အကြောင်းတရား ပစ္စည်းက ရုပ်ကို ပျက်စီးစေကြ၏။
အကျိုး ပစ္စယုပ္ပန်သဘော ပျက်သော ရုပ်ကိုယ်က မိမိအလိုမဟုတ်။

အဝိဇ္ဇာက သူတပါး၊
တဏှာက သူတပါး၊
ကံက သူတပါး၊
ဖဿက သူတပါး၊
အကြောင်းတရားပစ္စည်းက ဝေဒနာကို ဖြစ်စေကြ၏။
အကျိုး ပစ္စယုပ္ပန်သဘောဖြစ်သော ဝေဒနာကိုယ်က မိမိအလိုမဟုတ်။

အဝိဇ္ဇာက သူတပါး၊
တဏှာက သူတပါး၊
ကံက သူတပါး၊
ဖဿက သူတပါး၊
အကြောင်းတရားပစ္စည်းက ဝေဒနာကို ပျက်စေကြ၏။
အကျိုး ပစ္စယုပ္ပန် သဘော ပျက်သော ဝေဒနာ့ကိုယ်က မိမိအလိုမဟုတ်။

အဝိဇ္ဇာက သူတပါး၊
တဏှာက သူတပါး၊
ကံက သူတပါး၊
ဖဿက သူတပါး၊
အကြောင်းတရားပစ္စည်းက သညာကို ဖြစ်စေကြ၏။
အကျိုး ပစ္စယုပ္ပန်သဘော ဖြစ်သော သညာ့ကိုယ်က မိမိအလိုမဟုတ်။

အဝိဇ္ဇာက သူတပါး၊
တဏှာက သူတပါး၊
ကံက သူတပါး၊
ဖဿက သူတပါး၊
အကြောင်းတရားပစ္စည်းက သညာကို ပျက်စေကြ၏။
အကျိုးပစ္စယုပ္ပန်သဘော ပျက်သော သညာ့ကိုယ်က မိမိအလိုမဟုတ်။

အဝိဇ္ဇာက သူတပါး၊
တဏှာက သူတပါး၊
ကံက သူတပါး၊
ဖဿက သူတပါး၊
အကြောင်းတရားပစ္စည်းက သင်္ခါရကို ဖြစ်စေကြ၏။
အကျိုး ပစ္စယုပ္ပန်သဘော ဖြစ်သော သင်္ခါရကိုယ်က မိမိအလိုမဟုတ်။

အဝိဇ္ဇာက သူတပါး၊
တဏှာက သူတပါး၊
ကံက သူတပါး၊
ဖဿက သူတပါး၊
အကြောင်းတရားပစ္စည်းက သင်္ခါရကို ပျက်စေကြ၏။
အကျိုး ပစ္စယုပ္ပန် သဘော ပျက်သော သင်္ခါရ ကိုယ်က မိမိအလိုမဟုတ်။

အဝိဇ္ဇာက သူတပါး၊
တဏှာက သူတပါး၊
ကံက သူတပါး၊
နာမ်ရုပ်က သူတပါး၊
အကြောင်းတရားပစ္စည်းက ဝိညာဏ်ကို ဖြစ်စေကြ၏။
အကျိုး ပစ္စယုပ္ပန်သဘော ဖြစ်သော ဝိညာဏ်ကိုယ်က မိမိအလိုမဟုတ်။

အဝိဇ္ဇာက သူတပါး၊
တဏှာက သူတပါး၊
ကံက သူတပါး၊
နာမ်ရုပ်က သူတပါး၊
အကြောင်းတရားပစ္စည်းက ဝိညာဏ်ကို ပျက်စေကြ၏။
အကျိုး ပစ္စယုပ္ပန်သဘော ပျက်သော ဝိညာဏ်ကိုယ်က မိမိအလိုမဟုတ်။

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ ,ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို မိမိအလို မဟုတ်သည်၏ အဖြစ်ကြောင့် တပါးဟု သုံးသပ်၏။ မိမိအလို မဟုတ်က အားထုတ်၍ ပြုပြင်စီရင်ခြင်းငှါ မထိုက်သည်၏အဖြစ်ကြောင့် တပါးဟု သုံးသပ်၏။

မသုံးသပ်မိက ဖြစ်သောခဏ၊ ပျက်သောခဏ၊ ပစ္စုပ္ပန်ကာလ၌ ယခုခုအသစ် ဖြစ်ခြင်းငှါ ထိုက်သော ပရတောအရ -
အဝိဇ္ဇာက သူတပါး၊ တဏှာက သူတပါး၊ ကံက သူတပါး၊ အာဟာရက သူတပါး၊ အကြောင်းတရားပစ္စည်းက ရုပ်ကိုဖြစ်စေကြ၏။ အကျိုးပစ္စယုပ္ပန်သဘော ဖြစ်သော ရုပ်ကိုယ်က မိမိအလိုမဟုတ်။
အဝိဇ္ဇာက သူတပါး၊ တဏှာက သူတပါး၊ ကံက သူတပါး၊ အာဟာရက သူတပါး၊ အကြောင်း တရားပစ္စည်းက ရုပ်ကို ပျက်စေကြ၏။ အကျိုးပစ္စယုပ္ပန်သဘော ပျက်သော ရုပ်ကိုယ်က မိမိအလိုမဟုတ်။
အဝိဇ္ဇာက သူတပါး၊ တဏှာက သူတပါး၊ ကံက သူတပါး၊ ဖဿက သူတပါး၊ အကြောင်းတရားပစ္စည်းက ဝေဒနာကို ဖြစ်စေကြ၏။ အကျိုးပစ္စယုပ္ပန်သဘော ဖြစ်သော ဝေဒနာ့ကိုယ်က မိမိအလိုမဟုတ်။
အဝိဇ္ဇာက သူတပါး၊ တဏှာက သူတပါး၊ ကံက သူတပါး၊ ဖဿက သူတပါး၊ အကြောင်းတရားပစ္စည်းက ဝေဒနာကို ပျက်စေကြ၏။ အကျိုး ပစ္စယုပ္ပန်သဘော ပျက်သော ဝေဒနာ့ကိုယ်က မိမိအလိုမဟုတ်။
အဝိဇ္ဇာက သူတပါး၊ တဏှာက သူတပါး၊ ကံက သူတပါး၊ ဖဿက သူတပါး၊ အကြောင်းတရားပစ္စည်းက သညာကို ဖြစ်စေကြ၏။ အကျိုး ပစ္စယုပ္ပန်သဘော ဖြစ်သော သညာ့ကိုယ်က မိမိအလိုမဟုတ်။
အဝိဇ္ဇာက သူတပါး၊ တဏှာက သူတပါး၊ ကံက သူတပါး၊ ဖဿက သူတပါး၊ အကြောင်းတရားပစ္စည်းက သညာကို ပျက်စေကြ၏။ အကျိုးပစ္စယုပ္ပန် သဘော ပျက်သော သညာ့ကိုယ်က မိမိအလိုမဟုတ်။
အဝိဇ္ဇာက သူတပါး၊ တဏှာက သူတပါး၊ ကံက သူတပါး၊ ဖဿက သူတပါး၊ အကြောင်းတရားပစ္စည်းက သင်္ခါရကို ဖြစ်စေကြ၏။ အကျိုး ပစ္စယုပ္ပန်သဘော ဖြစ်သော သင်္ခါရကိုယ်က မိမိအလိုမဟုတ်။
အဝိဇ္ဇာက သူတပါး၊ တဏှာက သူတပါး၊ ကံက သူတပါး၊ ဖဿက သူတပါး၊ အကြောင်းတရားပစ္စည်းက သင်္ခါရကို ပျက်စေကြ၏။ အကျိုးပစ္စယုပ္ပန် သဘော ပျက်သော သင်္ခါရ ကိုယ်က မိမိအလိုမဟုတ်။
အဝိဇ္ဇာက သူတပါး၊ တဏှာက သူတပါး၊ ကံက သူတပါး၊ နာမ်ရုပ်က သူတပါး၊ အကြောင်းတရားပစ္စည်းက ဝိညာဏ်ကို ဖြစ်စေကြ၏။ အကျိုးပစ္စယုပ္ပန်သဘော ဖြစ်သော ဝိညာဏ်ကိုယ်က မိမိအလိုမဟုတ်။
အဝိဇ္ဇာက သူတပါး၊ တဏှာက သူတပါး၊ ကံက သူတပါး၊ နာမ်ရုပ်က သူတပါး၊ အကြောင်းတရားပစ္စည်းက ဝိညာဏ်ကို ပျက်စေကြ၏။ အကျိုး ပစ္စယုပ္ပန်သဘော ပျက်သော ဝိညာဏ်ကိုယ်က မိမိအလိုမဟုတ်။

ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို မိမိအလို မဟုတ်သည်၏ အဖြစ်ကြောင့် တပါးဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကိုရ၏။ မိမိအလိုမဟုတ်က အားထုတ်၍ ပြုပြင် စီရင်ခြင်းငှါ မထိုက်သည်၏အဖြစ်ကြောင့် တပါးဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် တပါးဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏။

သော ဧကေကံ ခန္ဓံ အဝသတာယ အဝိဓေယျတာယ စ ပရတော သမ္မသတိ

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
အဝသတာယ စ၊ မိမိအလို မဟုတ်သည်၏ အဖြစ်ကြောင့်၎င်း။
အဝိဓေယျတာယစ၊ စီရင်ခြင်းငှါ မထိုက်သည်၏ အဖြစ်ကြောင့်၎င်း။
ပရတော၊ တပါးဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက ဖြစ်သောခဏ၊ ပျက်သော ခဏ၊ ပစ္စုပ္ပန်ကာလ၌၊ ယခု အသစ် အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ။

အကြောင်းတပါးကင်းသော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် အကြောင်းတပါးကင်းသော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏။

ပဉ္စက္ခန္ဓေ ပရတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ
ပဉ္စန္နံ ခန္ဓာနံ နိရောဓော အပရ ပစ္စယံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
ပရတော၊ တပါးဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
အပရ ပစ္စယံ၊ အကြောင်းတပါးကင်းသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

၃၇။ ရိတ္တတော အဖွင့်

ရိတ္တတော သမ္မသတိ။ ကထံ။

ရိတ္တတော၊ ပြတ်ကင်းသော သဘောဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
ရိတ္တတော၊ ပြတ်ကင်းသော သဘောဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ ,ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

မြဲအောင် ကြံဆသဖြင့်လည်း မြဲသောသဘောက ကင်းသည်၏ အဖြစ်ကြောင့် ပြတ်ကင်းသော သဘောဟု သုံးသပ်၏။

တင့်တယ်အောင် ကြံဆသဖြင့်လည်း တင့်တယ်သော သဘောက ကင်းသည်၏ အဖြစ်ကြောင့် ပြတ်ကင်းသော သဘောဟု သုံးသပ်၏။

ချမ်းသာအောင် ကြံဆသဖြင့်လည်း ချမ်းသာသော သဘောက ကင်းသည်၏ အဖြစ်ကြောင့် ပြတ်ကင်းသော သဘောဟု သုံးသပ်၏။

အလိုကျကျ အစိုးရအောင် ကြံဆသဖြင့်လည်း အလိုကျကျ အစိုးရသောသဘောက ကင်းသည်၏ အဖြစ်ကြောင့် ပြတ်ကင်းသော သဘောဟု သုံးသပ်၏။

မသုံးသပ်မိက -
မြဲအောင် ကြံဆသောခဏ၊
တင့်တယ်အောင် ကြံဆသောခဏ၊
ချမ်းသာအောင် ကြံဆသောခဏ၊
အလိုကျကျ အစိုးရအောင် ကြံဆသောခဏ၊
ပစ္စုပ္ပန်ကာလ၌ ယခုခုအသစ် ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

မြဲအောင် ကြံဆသဖြင့်လည်း မြဲသောသဘောက ကင်းသည်၏ အဖြစ်ကြောင့် ပြတ်ကင်းသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

တင့်တယ်အောင် ကြံဆသဖြင့်လည်း တင့်တယ်သော သဘောက ကင်းသည်၏ အဖြစ်ကြောင့် ပြတ်ကင်းသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ချမ်းသာအောင် ကြံဆသဖြင့်လည်း ချမ်းသာသော သဘောက ကင်းသည်၏ အဖြစ်ကြောင့် ပြတ်ကင်းသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

အလိုကျကျ အစိုးရအောင် ကြံဆသဖြင့်လည်း အလိုကျကျ အစိုးရသောသဘောက ကင်းသည်၏ အဖြစ်ကြောင့် ပြတ်ကင်းသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် ပြတ်ကင်းသောသဘောဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကိုရ၏။

သော ဧကေကံ ခန္ဓံ ယထာ ပရိကပ္ပိတေဟိ ဓုဝသုဘ သုခတ္တ ဘာဝေဟိ ရိတ္တတာယ ရိတ္တတော သမ္မသတိ။

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
ယထာပရိကပ္ပိတေဟိ၊ ကြံဆတိုင်းကုန်သော။
ဓုဝ သုဘ သုခတ္တ ဘာဝေဟိ၊ မြဲသောသဘော, တင့်တယ်သောသဘော, ချမ်းသာသော သဘော, အလိုကျကျ အစိုးရသော သဘောတို့မှ။
ရိတ္တတာယ၊ ကင်းသည်၏ အဖြစ်ကြောင့်။
ရိတ္တတော၊ ပြတ်ကင်းသော သဘောဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက -
မြဲအောင်ကြံဆသောခဏ၊
တင့်တယ်အောင် ကြံဆသောခဏ၊
ချမ်းသာအောင် ကြံဆသောခဏ၊
အလိုကျကျ အစိုးရအောင် ကြံဆသောခဏ၊
ပစ္စုပ္ပန်ကာလ၌၊ ယခု အသစ် အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ

မပြတ်ကင်းသောသဘော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် မပြတ်ကင်းသော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏။

ပဉ္စက္ခန္ဓေ ရိတ္တတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော အရိတ္တံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ။

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
ရိတ္တတော၊ ပြတ်ကင်းသော သဘောဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
အရိတ္တံ၊ မပြတ်ကင်းသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

၃၈။ တုစ္ဆတော အဖွင့်

တုစ္ဆတော သမ္မသတိ။ ကထံ။

တုစ္ဆတော၊ အချည်းနှီးဟု။
သမ္မသတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
တုစ္ဆတော၊ အချည်းနှီးဟု။
သမ္မသတိ၊သုံးသပ်သနည်း။

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

မြဲအောင် ကြံဆသဖြင့်လည်း မြဲသော သဘောက ကင်းသည်၏ အဖြစ်ကြောင့် အချည်းနှီးသော သဘောဟု သုံးသပ်၏

တင့်တယ်အောင် ကြံဆသဖြင့်လည်း မြဲသော သဘောက ကင်းသည်၏ အဖြစ်ကြောင့် အချည်းနှီးသော သဘောဟု သုံးသပ်၏

ချမ်းသာအောင် ကြံဆသဖြင့်လည်း မြဲသော သဘောက ကင်းသည်၏ အဖြစ်ကြောင့် အချည်းနှီးသော သဘောဟု သုံးသပ်၏

အလိုကျကျ အစိုးရအောင် ကြံဆသဖြင့်လည်း မြဲသော သဘောက ကင်းသည်၏ အဖြစ်ကြောင့် အချည်းနှီးသော သဘောဟု သုံးသပ်၏

မသုံးသပ်မိက၊
မြဲအောင် ကြံဆသောခဏ၊
တင့်တယ်အောင် ကြံဆ သောခဏ၊
ချမ်းသာအောင် ကြံဆသောခဏ၊
အလိုကျကျ အစိုးရအောင် ကြံဆသောခဏ၊
ပစ္စုပ္ပန်ကာလ၌ ယခုယခုအသစ် ဖြစ်ခြင်းငှါ ထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါး တပါးသော ခန္ဓာကို -

မြဲအောင် ကြံဆသဖြင့်လည်း မြဲသော သဘောက ကင်းသည်၏ အဖြစ်ကြောင့် အချည်းနှီးသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

တင့်တယ်အောင် ကြံဆသဖြင့်လည်း မြဲသော သဘောက ကင်းသည်၏ အဖြစ်ကြောင့် အချည်းနှီးသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ချမ်းသာအောင် ကြံဆသဖြင့်လည်း မြဲသော သဘောက ကင်းသည်၏ အဖြစ်ကြောင့် အချည်းနှီးသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

အလိုကျကျ အစိုးရအောင် ကြံဆသဖြင့်လည်း မြဲသော သဘောက ကင်းသည်၏ အဖြစ်ကြောင့် အချည်းနှီးသော သဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် အချည်းနှီးဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏။

သော ဧကေကံ ခန္ဓံ ရိတ္တတာယေဝ တုစ္ဆတော သမ္မသတိ။

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
ရိတ္တတာယေဝ၊ ပြတ်ကင်းသည်၏ အဖြစ်ကြောင့်သာလျှင်။
တုစ္ဆတော၊ အချည်းနှီးဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက -
မြဲအောင် ကြံဆသောခဏ၊
တင့်တယ်အောင် ကြံဆ သောခဏ၊
ချမ်းသာအောင် ကြံဆသောခဏ၊
အလိုကျကျ အစိုးရအောင် ကြံဆသောခဏ၊
ပစ္စုပ္ပန်ကာလ၌၊ ယခု အသစ် အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ

အချည်းနှီး မဟုတ်သော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် အချည်းနှီး မဟုတ်သော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏။

ပဉ္စက္ခန္ဓေ တုစ္ဆတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော အတုစ္ဆံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ။

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
တုစ္ဆတော၊ အချီးနှီးဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
အတုစ္ဆံ၊ အချီးနှီး မဟုတ်သော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

၃၉။ သုညတော အဖွင့်

သုညတော သမ္မသတိ။ ကထံ။

သုညတော၊ ဆိတ်သော သဘောဟု။
သမ္မသတိ၊ သုံးသပ်၏။
ကတံ၊ အဘယ်ကြောင့်။
သုညတော၊ ဆိတ်သော သဘောဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါး တပါးသော ခန္ဓာကို -

အုပ်စိုးသူ အရှင်ကင်းသည်၏အဖြစ်ကြောင့် ဆိတ်သောသဘောဟု သုံးသပ်၏။

နေတတ်သောသူ အရှင်ကင်းသည်၏ အဖြစ်ကြောင့် ဆိတ်သောသဘောဟု သုံးသပ်၏။
ပြုတတ်သောသူ အရှင်ကင်းသည်၏ အဖြစ်ကြောင့် ဆိတ်သောသဘောဟု သုံးသပ်၏။
ခံစားတတ်သောသူ အရှင်ကင်းသည်၏ အဖြစ်ကြောင့် ဆိတ်သောသဘောဟု သုံးသပ်၏။

တည်တတ်သောသူ အရှင်ကင်းသည်၏ အဖြစ်ကြောင့် ဆိတ်သောသဘောဟု သုံးသပ်၏။

မသုံးသပ်မိက၊
အုပ်စိုးလိုသော ခဏ၊
နေလိုသော ခဏ၊
ပြုလိုသော ခဏ၊
ခံစားလိုသော ခဏ၊
တည်လိုသော ခဏ၊
ပစ္စုပ္ပန်ကာလ၌၊ ယခုယခု
အသစ် ဖြစ်ခြင်းငှါထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါးတပါးသော ခန္ဓာကို -

အုပ်စိုးသူ အရှင်ကင်းသည်၏ အဖြစ်ကြောင့် ဆိတ်သောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။
နေတတ်သောသူ အရှင်ကင်းသည်၏ အဖြစ်ကြောင့် ဆိတ်သောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ပြုတတ်သောသူ အရှင်ကင်းသည်၏ အဖြစ်ကြောင့် ဆိတ်သောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ခံစားတတ်သောသူ အရှင်ကင်းသည်၏ အဖြစ်ကြောင့် ဆိတ်သောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

တည်တတ်သောသူ အရှင်ကင်းသည်၏ အဖြစ်ကြောင့် ဆိတ်သောသဘောဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် ဆိတ်သောသဘောဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမ ဉာဏ်ကိုရ၏။

သော ဧကကံ ခန္ဓံ သာမိ နိဝသီ ကာရက ဝေဒကာ ဓိဋ္ဌာယက ဝိရဟိတတာယ သုညတော သမ္မသတိ။

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
သာမိ နိဝသီ ကာရက ဝေဒကာ ဓိဋ္ဌာယက ဝိရဟိတတာယ
အုပ်စိုးသောသူ အရှင်ကင်းသည်၏အဖြစ်၊
နေတတ်သောသူ အရှင်ကင်းသည်၏ အဖြစ်၊
ပြုတတ်သောသူ အရှင်ကင်းသည်၏ အဖြစ်၊
ခံစားတတ်သောသူ အရှင်ကင်းသည်၏ အဖြစ်၊
တည်တတ်သောသူ အရှင်ကင်းသည်၏ အဖြစ်ကြောင့်၊
သုညတော၊ ဆိတ်သောသဘောဟု။
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက -
အုပ်စိုးလိုသောခဏ၊
နေလိုသောခဏ၊
ပြုလိုသောခဏ၊
ခံစားလိုသောခဏ၊
တည်လိုသောဏ၊
ပစ္စုပ္ပန်ကာလ၌၊ ယခု အသစ် အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ

ဆိတ်သောသဘော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် ဆိတ်သောသဘော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏။

ပဉ္စက္ခန္ဓေ သုညတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော ပရမသုညံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ။

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
သုညတော၊ ဆိတ်သောသဘောဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
ပရမသုညံ၊ ပရမတ္ထသုည ဖြစ်သော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

၄၀။ အနတ္တတော အဖွင့်

အနတ္တတော သမ္မသတိ။ ကထံ။

အနတ္တတော၊ အစိုးမရဟု။
သမ္မတိ၊ သုံးသပ်၏။
ကထံ၊ အဘယ်ကြောင့်။
အနတ္တတော၊ အစိုးမရဟု။
သမ္မသတိ၊ သုံးသပ်သနည်း။

ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါး တပါးသော ခန္ဓာကို -

ဖောက်ပြန်သော ရုပ်သဘော မိမိကိုယ်က-
အုပ်စိုးသူ အရှင် မဟုတ်၊
နေတတ်သူ အရှင်မဟုတ်၊
ပြုတတ်သူ အရှင်မဟုတ်၊
ခံစားတတ်သူ အရှင်မဟုတ်၊
တည်တတ်သူ အရှင်မဟုတ်
သည်၏အဖြစ်ကြောင့် အစိုးမရဟု သုံးသပ်၏။

ခံစားသော ဝေဒနာသဘော မိမိကိုယ်က-
အုပ်စိုးသူ အရှင် မဟုတ်၊
နေတတ်သူ အရှင်မဟုတ်၊
ပြုတတ်သူ အရှင်မဟုတ်၊
ခံစားတတ်သူ အရှင်မဟုတ်၊
တည်တတ်သူ အရှင်မဟုတ်
သည်၏အဖြစ်ကြောင့် အစိုးမရဟု သုံးသပ်၏။

မှတ်သော သညာသသော မိမိကိုယ်က -
အုပ်စိုးသူ အရှင် မဟုတ်၊
နေတတ်သူ အရှင်မဟုတ်၊
ပြုတတ်သူ အရှင်မဟုတ်၊
ခံစားတတ်သူ အရှင်မဟုတ်၊
တည်တတ်သူ အရှင်မဟုတ်
သည်၏အဖြစ်ကြောင့် အစိုးမရဟု သုံးသပ်၏။

ပြုပြင်စီရင်သော သင်္ခါရသဘော မိမိကိုယ်က -
အုပ်စိုးသူ အရှင် မဟုတ်၊
နေတတ်သူ အရှင်မဟုတ်၊
ပြုတတ်သူ အရှင်မဟုတ်၊
ခံစားတတ်သူ အရှင်မဟုတ်၊
တည်တတ်သူ အရှင်မဟုတ်
သည်၏အဖြစ်ကြောင့် အစိုးမရဟု သုံးသပ်၏။

အာရုံပြုသော ဝိညာဏ်သဘော မိမိကိုယ်က -
အုပ်စိုးသူ အရှင် မဟုတ်၊
နေတတ်သူ အရှင်မဟုတ်၊
ပြုတတ်သူ အရှင်မဟုတ်၊
ခံစားတတ်သူ အရှင်မဟုတ်၊
တည်တတ်သူ အရှင်မဟုတ်
သည်၏အဖြစ်ကြောင့် အစိုးမရဟု သုံးသပ်၏။

မသုံးသပ်မိက -
ဖောက်ပြန်သောခဏ၊
ခံစားသောခဏ၊
မှတ်သားသော ခဏ၊
ပြုပြင်စီရင်သောခဏ၊
အာရုံပြုသောခဏ၊
ပစ္စုပ္ပန်ကာလ၌ ယခုခု အသစ် ဖြစ်ခြင်းငှါထိုက်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်၊ တပါး တပါးသော ခန္ဓာကို -

ဖောက်ပြန်သော ရုပ်သဘော မိမိကိုယ်က -
အုပ်စိုးသူ အရှင်မဟုတ်၊
နေတတ်သူ အရှင်မဟုတ်၊
ပြုတတ်သူ အရှင် မဟုတ်၊
ခံစားတတ်သူ အရှင်မဟုတ်၊
တည်တတ်သူ အရှင်မဟုတ်သည်၏
အဖြစ်ကြောင့် အစိုးမရဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ခံစားသော ဝေဒနာသဘော မိမိကိုယ်က -
အုပ်စိုးသူ အရှင်မဟုတ်၊
နေတတ်သူ အရှင်မဟုတ်၊
ပြုတတ်သူ အရှင် မဟုတ်၊
ခံစားတတ်သူ အရှင်မဟုတ်၊
တည်တတ်သူ အရှင်မဟုတ်သည်၏
အဖြစ်ကြောင့် အစိုးမရဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

မှတ်သော သညာ သဘော မိမိကိုယ်က -
အုပ်စိုးသူ အရှင်မဟုတ်၊
နေတတ်သူ အရှင်မဟုတ်၊
ပြုတတ်သူ အရှင် မဟုတ်၊
ခံစားတတ်သူ အရှင်မဟုတ်၊
တည်တတ်သူ အရှင်မဟုတ်သည်၏
အဖြစ်ကြောင့် အစိုးမရဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

ပြုပြင်စီရင်သော သင်္ခါရသဘော မိမိကိုယ်က -
အုပ်စိုးသူ အရှင်မဟုတ်၊
နေတတ်သူ အရှင်မဟုတ်၊
ပြုတတ်သူ အရှင် မဟုတ်၊
ခံစားတတ်သူ အရှင်မဟုတ်၊
တည်တတ်သူ အရှင်မဟုတ်သည်၏
အဖြစ်ကြောင့် အစိုးမရဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

အာရုံပြုသော ဝိညာဏ်သဘော မိမိကိုယ်က -
အုပ်စိုးသူ အရှင်မဟုတ်၊
နေတတ်သူ အရှင်မဟုတ်၊
ပြုတတ်သူ အရှင် မဟုတ်၊
ခံစားတတ်သူ အရှင်မဟုတ်၊
တည်တတ်သူ အရှင်မဟုတ်သည်၏
အဖြစ်ကြောင့် အစိုးမရဟု သုံးသပ်သော ယောဂီပုဂ္ဂိုလ် သမ္မသနဉာဏ်ကို ရ၏။

သမ္မသနဉာဏ်မှ အထက် အဆင့်ဆင့် တက်၍ အနုလောမဉာဏ် တိုင်အောင် အစိုးမရဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် အနုလောမဉာဏ်ကို ရ၏။

သော ဧကေကံ ခန္ဓံ သယဉ္စ အဿာမိသာဝါဒိ တာယ အနတ္တတော သမ္မသတိ။

သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။
ဧကေကံ ခန္ဓံ၊ တပါးတပါးသော ခန္ဓာကို။
သယဉ္စ၊ မိမိ၏လည်း။
အဿာမိသာဝါဒိတာယ၊ အရှင်စသည် မဟုတ်သည်၏ အဖြစ်ကြောင့်။
အနတ္တာ၊ အစိုးမရဟု၊
သမ္မသတိ၊ သုံးသပ်၏။

သမ္မသနဉာဏ် အစ၊ အနုလောမဉာဏ် အဆုံးရှိသော၊ ဆယ်ပါးသော ဝိပဿနာ ဉာဏ်တို့ဖြင့် သုံးသပ်ရှုမြင်မိက -
ဖောက်ပြန်သောခဏ၊
ခံစားသောခဏ၊
မှတ်သောခဏ၊
ပြုပြင်စီရင်သောခဏ၊
အာရုံပြုသောခဏ။
ပစ္စုပ္ပန်ကာလ၌၊ ယခု အသစ် အသစ် ဖြစ်ခြင်းငှါ မထိုက်၊ သိခိုက်ခဏ သိခိုက်ခဏ၊ ငါးပါးသောခန္ဓာတို့၏ မဖြစ်ဘဲ ခြုဓ်သောသဘော-အနုပ္ပါဒနိရောဓ

အစိုးမရသော ယခုယခု တဒင်္ဂ၏ နောင်အသစ်အသစ်တဖန် ဖြစ်ပြန်ခြင်းငှါ မထိုက်၊ မဂ်ဉာဏ်ဖြင့် သိခိုက်ခဏ သမုစ္ဆေဒ-အကြွင်းအကျန်မရှိ၊ ငါးပါးသော ခန္ဓာ၏ ခြုဓ်ခြင်းသည် အစိုးမရသော နိဗ္ဗာန်ပင်တည်း-ဟု ရှုမြင်သော ယောဂီပုဂ္ဂိုလ် မဂ်ဉာဏ်ကို ရ၏။

ပဉ္စက္ခန္ဓေ အနတ္တတော ပဿန္တော အနုလောမိကံ ခန္တိံ ပဋိလဘတိ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော ပရမတ္ထံ နိဗ္ဗာနန္တိ ပဿန္တော သမ္မတ္တနိယာမံ သြက္ကမတိ။

ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
အနတ္တတော၊ အစိုးမရဟု။
ပဿန္တော၊ ရှုသည် ရှိသော်။
အနုလောမိကံ ခန္တိံ၊ အနုလောမ ခန္တီဉာဏ်ကို။
ပဋိလဘတိ၊ ရ၏။
ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးသော ခန္ဓာတို့၏။
နိရောဓော၊ ခြုဓ်ခြင်းသည်။
ပရမတ္ထံ၊ ပရမတ္ထ-အနတ္တ ဖြစ်သော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ဣတိ၊ ဤသို့။
ပဿန္တော၊ မြင်သည်ရှိသော်။
သမ္မတ္တနိယာမံ၊ မဂ်သို့။
သြက္ကမတိ၊ သက်ဝင်၏။

၁။ ပရတောတိ အနတ္တာနုပဿနာ။
၂။ ရိတ္တတောတိ အနတ္တာနုပဿနာ။
၃။ တုစ္ဆတောတိ အနတ္တာနုပဿနာ။
၄။ သုညတောတိ အနတ္တာနုပဿနာ။
၅။ အနတ္တတောတိ အနတ္တာနုပဿနာ။

အနတ္တာနုပဿနာ ၅-ပါး

အနတ္တ လက္ခဏာ ၅-ပါးပြီး၏။

Comments

Popular posts from this blog

အပဒါန-အဋ္ဌကထာ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ပဌမော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဝိနယဝိနိစ္ဆယော

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...