Skip to main content

စတုရာရက္ခကမ္မဋ္ဌာန်းကျမ်းကြီး

စတုရာရက္ခကမ္မဋ္ဌာန်းကျမ်းကြီး

▬▬▬▬ஜ۩۞۩ஜ▬▬▬▬

သင်္ဂဇာဆရာတော်ဘုရားကြီး

မာတိကာ

▬▬▬▬

ပဏာမပဋိညာဉ် စသည်
၁။ ဗုဒ္ဓါနုဿတိ နိဒ္ဒေသ
၂။ မရဏဿတိ နိဒ္ဒေသ
၃။ အသုဘဘာဝနာ နိဒ္ဒေသ
၄။ မေတ္တာဘာဝနာ နိဒ္ဒေသ
၅။ အပ္ပမာဒါဝဟ ပကိဏ္ဏက နိဒ္ဒေသ
၆။ ကာယပစ္စဝေက္ခဏာကျမ်း၊

...

“ကျေးဇူးရှင် သင်္ဂဇာဆရာတော်ဘုရားကြီး၏ အဋ္ဌုပ္ပတ္တိအကျဉ်း “

၁၁၇၇-ခု၊ နယုန်လဆန်း ၁၄-ရက်၊ တနင်္ဂနွေနေ့တွင် ဖွားမြင်တော်မူသည်။
၁၁၉၇ -ခု၊ နှစ်တွင် ရဟန်းဖြစ်တော်မူသည်။
၁၂၄၈-ခု၊ ဝါခေါင်လဆန်း ၁၀-ရက်၊ နေ့လည် ၂-နာရီ ၁၅-မိနစ် အချိန်တွင် ဘဝနတ်ထံ ပြန်လွန်တော်မူသည်။

.

သာသနာနှင့် ဆရာတော်

▬▬▬▬▬▬▬▬▬

စတုရာရက္ခကျမ်း နှင့် ကာယစ္စဝေက္ခဏာ ကျမ်းတို့ကို ရေးသားပြုပြင် စီရင်တော် မူသော ကျေးဇူးရှင် သင်္ဂဇာဆရာတော် ဘုရားကြီးသည် သက်တော်အားဖြင့် (၇၂) နှစ်၊ ဝါတော်အားဖြင့် (၅၂) ဝါတို့ပတ်လုံး သာသနာတော်မြတ်ကြီး၏ အကျိုးကို တောရော မြို့ပါ မယှဉ်သာအောင် သည်ပိုး ရွက်ဆောင်တော်မူခဲ့ရာ ပရိယတ္တိ သာသနာ ဖက်မှာလည်း တပည့်တပန်း ရဟန်းသာမဏေ ပရိသတ်များ များစွာပင် ဖြစ်ထွန်း ပေါ်ပေါက်လျက် ယခုတိုင် ဆက်လက်၍ သာသနာပြုနေကြလေပြီ၊ ပဋိပတ္တိ သာသနာဖက်မှာလည်း အကျင့်စခန်းတွင် အထက်တန်း ဝင်ကြသော တပည့် တကာ, တကာမများနှင့် ရဟန်း သံဃာ ပရိသတ်များမှာ မရေမတွက်နိုင် အောင်ပင်ရှိချေပြီ။

.

မွေးဖွားရာနှင့် မွေးဖွားချိန်

▬▬▬▬▬▬▬▬▬

ဤသို့ တောရော မြို့ပါ ပရိယတ္တိသာသနာ, ပဋိပတ္တိသာသနာ တော်မြတ်များကို ပြုစုပျိုးထောင် အားပေးဆောင်ရွက်တော် မူခဲ့သော ကျေးဇူးရှင် ဆရာတော်ကြီး၏ မွေးဖွားရာ အရပ်ဒေသမှာ ဧရာဝတီမြစ် အရှေ့ဖက် တလုတ်မြို့အပိုင် ပေါက်ခေါင်းခေါ် အရပ်ဒေသပင် ဖြစ်လေသည်၊ ထိုအရပ်တွင် ကုန်သည်ဓလေ့ဖြင့် ပျော်မွေ့ နေထိုင်ကာ ဘုရား, တရား, သံဃာ- ရတနာသုံးပါးတို့တွင် လေးမြတ် ကြည်ညို သဒ္ဓါပို၍ ငါးပါး သီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲစွဲသူများဟု တနယ်လုံးတွင် ထင်ပေါ် ကျော်စောသော မိဘနှစ်ပါးတို့၏ ရင်သွေးရတနာ ဖြစ်သော ကျေးဇူးရှင် ဆရာတော် အလောင်းအလျာ ကလေးကို ၁၁၇၇-ခု၊ နယုန်လဆန်း ၁၄-ရက်၊ တနင်္ဂနွေနေ့တွင် ကောင်းမွန် မြင့်မြတ်သောနက္ခတ်နှင့် ယှဉ်လျက်ဖွားမြင်ခဲ့လေသည်။

.

အမည်တော်

▬▬▬▬▬

၎င်းတို့ သားကလေး ပဋိသန္ဓေ စွဲနေအံ့သောအခါတွင်“မိုဃ်းကောင်းကင် အလယ်မှ ပြာသာဒ်ဆောင်ကို လောင်လုဘနန်း အလွန်ထူးဆန်းသော မီးပန်း မီးရှူး တခုသည် တရွေ့ရွေ့သွားလျက် မယ်၏ ရှေ့ဖျား၌ ရပ်နားခိုဝင်လာသည်”
ဟု မယ်တော်မိခင် အိပ်မက်မြင်ခဲ့ရာ ပညာရှိ ပုဂ္ဂိုလ်များက ဤသူငယ်ကလေးသည် လောကီ လောကုတ္တရာ အရာရာမှာ မယှဉ်သာအောင် ပိုလွန် ကဲမောက်သော အသိဉာဏ် ရှိလိမ့်မည်ဟု ဆိုကြသဖြင့် ၎င်းသတို့သားကလေး၏ အမည်ကို မောင်ပို ဟု မှည့်ခေါ်ကြလေသည်။

[မှတ်ချက်။ ။ ဆရာတော်ဘုရားကြီး၏ အဋ္ဌုပတ္တိ ကျောက်စာ သံပိုင်းတွင် မယ်တော်, ခမည်းတော်ကို့၏ အမည်နှင့် မွေးပေါက်ဖေါ်များကို ဖေါ်ပြထားခြင်း မရှိချေ။]

.

ကျောင်းသားဘဝ

▬▬▬▬▬▬

ထိုအချိန်ကား “အောင်မြေ လောက ဘုရားဒါယကာ” ဘိုးတော် မင်းတရားကြီး သာသနာပြုသော အမရပူရခေတ်တွင် တက်သစ်နေအလား သာသနာ ကောင်းစားသော ခေတ်ဖြစ်ခဲ့ရာ မိဘနှစ်သွယ်တို့မှာ ထူးဆန်းသော နိမိတ်ဖြင့် သန္ဓေယူကာ မွေးဖွားလာခဲ့သော မိမိတို့ သားရတနာကလေးကို သာသနာတော်တွင် နေ,လ အသွင်ထင်ရှားကျော်ကြားသည့်ကို မြင်လိုသဖြင့် မောင်ပို ငယ်ရွယ်စဉ်ကပင် ပေါက်ခေါင်းရွာမှ ပြောင်းရွှေ့၍ အမရပူရမြို့တော်၏မြောက် ဧရာဝတီမြစ်၏ အရှေ့ဖက် ပုဇွန်ချောင်းရွာ၌ လာရောက် နေထိုင်ပြီးလျှင် သတို့သား ကလေး ၇-နှစ် အရွယ် ရှိသောအခါ ပုဇွန်ချောင်း ဆရာတော် အရှင်ကောဏ္ဍညထံ အပ်နှံလိုက် လေသည်။

မောင်ပိုသည် ပုဇွန်ချောင်း ဆရာတော်ထံတွင် ပရိယတ္တိအခြေခံဖြစ်သော သဒ္ဒါ, သင်္ဂြိုဟ်, အဘိဓာန် ဆန်း, အလင်္ကာ စသော ကျမ်းဂန်များကို အာဂုံနှုတ်တက် ဆောင်ရွက် မှတ်သားလိုက်ရာ ထိုဆရာတော်အထံမှပင် အခြေခံကျမ်းများကို (၁၂) နှစ်အရွယ်မှာ ကုန်စင်အောင် တတ်မြောက် သင်ယူနိုင်ခဲ့လေသည်။

.

ရှင်ပြုမင်္ဂလာ

▬▬▬▬▬

သတို့သား မောင်ပိုသည် ၁၂-နှစ်အရွယ် လွန်မြောက်၍ ၁၃-နှစ်အရွယ်သို့ ရောက်လာခဲ့ရာ ပင်ကိုယ်က ပဋိဘာန်ဉာဏ် ထက်သန်သည် အားလျော်စွာ ကျောင်းသားဘဝမှာပင် ပရိယတ်အခြေခံဖြစ်သော ကျမ်းစာများကို သွက်လက် ချက်ချာစွာ တတ်မြောက်လှသဖြင့် ဆရာဘုန်းကြီးက သာသနာတော်တွင် ကြီးပွားမည့် သူငယ်တယောက်ဖြစ်ကြောင်း ရိပ်မိ၍ အားရနှစ်သက်တော်မူသည့် နည်းတူ မိဘနှစ်ဖြာတို့မှာလည်း ပဋိဘာန်ဉာဏ် ထက်သန်လှသော သားမောင် ကလေးအတွက် နှစ်သက်ဝမ်းမြောက်စွာနှင့် အထူးဂုဏ်ယူ၍နေကြလေပြီ။

သတို့သား မောင်ပိုသည် ပညာရေးဖက်တွင်သာမဟုတ်၊ တည်ကြည်မြင့်မြတ်သော စိတ်ရှိ၍ သိမ်မွေ့နူးညံ့သော ကိုယ်နှုတ် အမူအရာ ရှိသောကြောင့်သာ ဤမျှလောက် များပြားသော စာများကို အရွယ်နှင့်မလိုက်အောင် တတ်မြောက်ခဲ့လေသည်။

မိဘနှစ်သွယ်တို့သည် အရာရာ၌ လိမ္မာထက်မြက်သော မိမိတို့၏ သားရတနာ ကလေးကို သာသနာတော်တွင်းဝယ် သင်္ကန်းဝတ်ကလေးနှင့် မြင်လိုလှသဖြင့် မိမိတို့ရွာရှိ ဘုန်းတော်ကြီးကို လျှောက်ထားပြီးလျှင် ရှင်ပြုပွဲမင်္ဂလာ အခမ်းအနား ကိုဆင်ယင် ကျင်းပလေသည်။

ထိုသို့ ရှင်ပြုပြီးနောက် သာမဏေသစ်ကလေး မောင်ပိုအား မြင့်မြတ်သော သီလ, သမာဓိ, ပညာ ရှိသည်ကို အကြောင်းပြု၍ “ရှင်အဂ္ဂဓမ္မ”ဟူသော ဘွဲ့ကို အပ်နှင်းလိုက်လေသည်။

.

ရဟန်းခံမင်္ဂလာ

▬▬▬▬▬▬

သင်္ဂဇာ ဆရာတော် ဖြစ်မည့် မောင်ပိုသည် သာသနာ့ဘောင်သို့ဝင်လျက် ရှင်အဂ္ဂဓမ္မ ဟူသောဘွဲ့နာမကို ခံယူပြီးနောက် မိမိ၏ဥပဇ္ဈာယ်ဆရာဖြစ်သော ကောဏ္ဍည မထေရ်၏အထံမှာပင် သမ္ဗာန်ခြောက်ပါးနှင့်တကွ ကစ္စည်းသဒ္ဒါကျမ်း ပါဠိ အဋ္ဌကထာ, ဋီကာ ကျမ်းများကို နိသျှည်းကျနစွာ ထပ်မံသင် ကြားပြီးလျှင် ညဝါ အရာတွင် တက္ကသိုလ်ခေါ်လောက်သည့် အင်းဝမြို့ သဲအင်းတိုက်သို့ ပြောင်းရွှေ့ နေထိုင် လေသည်၊

၎င်းတိုက်တွင် ညဝါကို ပဓာနထားလျက် ပါဠိ အဋ္ဌကထာ, ဋီကာ, ယောဇနာ, အနု, မဓုသော ကျမ်းကြီးကျမ်းခိုင်များကို ဆရာနည်းကျကျ ဆက်လက် သင်ကြားနေစဉ် အသက် ၂၀- ပြည့်ပြီဖြစ်သဖြင့် မိမိ နေရင်း ပုဇွန်ချောင်းရွာသို့ ပြန်ကြွလာ၍ မိဘနှင့် ဆရာဘုန်းတော်ကြီးများကို ပြောဆိုတိုင်ပင် လျှောက်ထားပြီးလျှင် အင်းဝမြို့ သဲအင်းတိုက် ခဏ္ဍသိမ်၌ သဲအင်းတိုက် ထီးလင်းဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ ၁၁၉၇-ခုနှစ်တွင် ရှင်အဂ္ဂဓမ္မသည် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော်မူပြီး နောက် ရဟန်း ၃ - ဝါ တိုင်အောင်ဆက်လက်၍ ပညာသင်ကြားလေသည်။

[မှတ်ချက်။ ။ ကျောက်စာသံပိုင်း၌ ရဟန်းဖြစ်ရက်ချုပ်တွင် လ, ရက်, နေ့တို့ကို မဖေါ်ပြထားချေ။]

.

၂၇-ဌာန သာသနာ ပြုတော်မူခြင်း

▬▬▬▬▬▬▬▬▬▬▬

ဤသို့လျှင် ကျေးဇူးရှင် ဆရာတော်လောင်း ဦးအဂ္ဂဓမ္မသည် မိမိဆရာဥပဇ္ဈာယ် ဖြစ်သော ထီးလင်း ဆရာတော်ဘုရား၏ ခြေတော်ရင်းတွင် ပရိယတ်, ပဋိပတ်နှင့် ဆိုင်ရာ နည်းကောင်း, နာကောင်း, နိသျှကောင်းများကို အာစရိယမုဋ္ဌိ လက်ကိုင် ရရှိအောင် ယူတော်မူပြီးသော် ပုဇွန်ချောင်းဆရာတော်နှင့် ထီးလင်းဆရာတော်တို့၏ တိုက်တွန်း အပ်နှံတော်မူချက်အရ ပရိယတ် ပဋိပတ် အရာတွင် နေ, လ အသွင် အလွန်ပင် ထင်ရှားကျော်စော တော်မူသော ရွှေဘိုအနောက် သလုံးရွာဆရာတော် အရှင်စန္ဒိမာ ခြေတော်ရင်းတွင် သာသနာတော်နှင့်ဆိုင်ရာ နည်းကောင်း, နာကောင်း, နိသျှကောင်းများကို ရှာမှီးလေ့လာရင်း တဝါ သီတင်းသုံးနေထိုင် တော်မူခဲ့လေသည်။

၁။ သလုံးဆရာတော်ဘုရားကြီး၏ ခြေရင်းမှ နေနည်း, ထိုင်နည်း ကျင့်ကြံ အားထုတ်နည်း, စာပေပို့ချသင်ပြနည်း တပည့် ပရိသတ် အုပ်ချုပ်မွေးမြူနည်း စသော နည်းပေါင်း မြောက်များစွာတို့ကို ရရှိတော်မူခဲ့သဖြင့် သာသနာတွင် သာသနာ့ ဗဟုသုတ ပြည့်ဝပေါများသော ဦးအဂ္ဂဓမ္မ အဖြစ်သို့ ရောက်တော်မူ လေသည်။

၂။ ကျေးဇူးရှင် ဆရာတော်လောင်း ရဟန်းတော် ဦးအဂ္ဂဓမ္မသည် သလုံးဆရာတော် ဘုရားကြီးထံတွင် ပညာရင်နို့ သောက်စို့ပြီး၍ မိမိ၏နေရင်းဌာန ပုဇွန်ချောင်းသို့ ပြန်ကြွလာပြီးလျှင် အမရပူရမြို့၏ မြောက်ဖက် ပေါင်းလဲတိုက် အရှင်သီရိမာလာ ထံတွင် ပရိယတ်စာပေပို့ချရင်း တဝါ သီတင်းသုံးတော်မူလေသည်။

၃။ ထို့နောက် ပုဇွန်ချောင်းရွာသို့ ပြန်ကြွလာ၍ မိမိ၏ငယ်ဆရာ ကောဏ္ဍည မထေရ်ထံတွင် စာပေပို့ချ၍ မိဘများကိုလည်း တရားဓမ္မ ဟောပြော ပြသကာ ဆရာမိဘများ၏ ကျေးဇူးကိုဆပ်ရင်း နှစ်ဝါ သီတင်းသုံး နေထိုင်လေသည်။

၄။ ၎င်းနောက် မဟာမြတ်မုနိ ရှင်တော်ကြီး၏ အရှေ့ ရှားစောင်းတောရ သို့ကြွ၍ ဓုရ -နှစ်ပါး အားထုတ်ကာ တဝါ သီတင်းသုံးတော် မူလေသည်။

၅။ ဝါကျွတ်သောအခါ ရှားစောင်းတောရမှ ပြန်ကြွလာ၍ မိမိ၏ ဥပဇ္ဈာယ်ဆရာ ကောဏ္ဍညမထေရ် ကျောင်းတိုက်၏အရှေ့ဖက် သစ်ကုန်သည်တဦး ဆောက်လုပ် သောကျောင်း၌ တရားမွေ့လျော်ကာ ကြာမြင့်စွာ သီတင်းသုံးတော် မူလေသည်။

ထိုအခါတွင် -
သဒ္ဒနီတိကျမ်းကိုမှီငြမ်းပြု၍-
၁။ ဓာတွတ္ထ ဒီပကကျမ်းနှင့်
၂။ ဓမ္မပဒပါဠိတော် နိဿယသစ်တို့ကို၎င်း,
ပြည်ဆရာတော် ဘုရားကြီးတောင်းပန်၍ -
၃။ ဝိမတိဝိနောဒနီ ဝိနည်းဋီကာကို တည်းဖြတ်သုတ်သင် ပြင်ဆင်ပြီးလျှင် မှီရာ နိဿယသစ်ကို၎င်း ရေးသားစီရင်တော်မူလေသည်။

[ထိုအခါတွင် ရဟန်းသိက္ခာ ၁၅-ဝါရရှိတော်မူပြီ။]

၆။ ဝိမတိဝိနောဒနီဋီကာနိဿယသစ် မပြီးမီ ရှိမ်းမကားအနီး သရက်ချောင်းတောရ ဒဟပ်ချောင်းတောရ တို့၌ မပြီးပြတ်သေးသော ၎င်း နိဿယသစ်ကို အပြီးသတ်ရင်း နှစ်ဝါ သီတင်းသုံးတော်မူလေသည်။

၇။ ထိုနောက်ရှေးက တဝါ နေထိုင်ခဲ့ဘူး၍ အားရတင်းတိမ်ခြင်း မရှိသေးဘဲ အာစရိယ မုဋ္ဌိဖြစ်သော-
(က) ဝိနယဖြတ်ထုံး ရေးသားနည်း,
(ခ) စဝပေကျမ်းဂန် အမှားအမှန် စီစစ်နည်း,
(ဂ) ကျင့်ကြံ နေထိုင်နည်း-
စသည်တို့ကို ဆရာ့နည်းကျ လက်ထပ်၍ ဆည်းပူးရန် သလုံးဆရာတော် အရှင်စန္ဒိမာထံတွင် တဝါထပ်မံ၍ ပညာရင်နို့ သောက်စို့တော်မူပြန်သည်။

၈။ အာစရိယ မုဋ္ဌိနည်း ဝိသေသတို့ကို ဆည်းပူးတော်မူပြီးသော် ဧရာဝတီမြစ် အနောက် ခိုတောင်မြောက် ယွန်းသော လင်းလွန်းတောရ၌ ဓုရ-နှစ်ပါး အားထုတ်ကာ နှစ်ဝါ သီတင်းသုံးတော်မူလေသည်။

၉။ ထိုနောက် အရှင်မဟိန္ဒ မထေရ်ကဲ့သို့ ဆွေမျိုးများကို ချီးမြှောက်ရန် မွေးဖွားရာ ဇာတိဖြစ်သော ဧရာဝတီမြစ် အရှေ့ဖက် တလုတ်မြို့အပိုင် ပေါက်ခေါင်းရွာသို့ကြွ၍ တဝါ သီတင်းသုံးတော်မူသည်။

၁၀။ ဝါကျွတ်လျှင် ပလိပ်မြို့တောင်ဖက် ကျောက်အိုးတောရ သို့ကြွလာ၍ နှစ်ဝါ သီတင်းသုံးစဉ်အခါ သာသနာ့ဒါယကာ မဟာဧကရာဇ်မင်းမြတ်က စာသင်တပည့် လေးကျိပ်ကျော်နှင့် တကွ မထေရ်မြတ်အား နိစ္စဘတ်ဆွမ်း လှူဒါန်းဆက်ကပ်တော် မူသည်။

၁၁။ ကျောက်အိုး တောရမှ ခွါ၍ စစ်ကိုင်းတောင်ရိုး ကောဏ္ဍညချောင် လောကမှန်ကင်းချောင်တို့၌ တဝါစီ နေထိုင်စဉ် မင်းတုန်းဘုရင် မင်းတရားကြီးက ကျောင်းဆောက်လှူဒါန်း၍ စစ်ကိုင်းမြို့နယ်အတွင်း ဂါမဝါသီ အရညဝါသီ တို့အား ဆုံးမရန် သာသနာပြုအရာ လွှဲအပ်တော်မူသဖြင့် ဝိနည်းတော်နှင့်မလျော်သော အရာများကို သုတ်သင်ရန်-
၁။ ဒုဿီလကထာ,
၂။ သီလာနိသံသကထာ,
၃။ အနုသာသနကထာ,
၄။ အာဝါသိကာစာရကထာ,
၅။ ပစ္စယနိဿဂ္ဂကထာ,
၆။ ပါတိမောက္ခကထာ,
၇။ ဒါယကောဝါဒကထာ,
ဟူသောကထာ ၇-ပါး တရားမိုဃ်းရေ ဆွတ်ဖျန်းတော်မူလေသည်။

၁၂။ စစ်ကိုင်းတောင်ရိုးမှ ရတနာပူရ အင်းဝမြို့တော်ဟောင်း သို့ကြွ၍ “နမော-ကျောင်းတိုက်ဟောင်း”တွင် ခြောက်လကြာမျှ စာသင်တပည့် လေးကျိပ်ကျော် တို့အား စာပေပို့ချရင်း ခေတ္တ တည်းခိုနေထိုင်စဉ်-
အဟောဂင်္ဂါမြစ်ညာ၌ ချမ်းမြေ့စွာ နေထိုင်တော်မူသော မဟာမောဂ္ဂလိ ပုတ္တတိဿ မထေရ်ကို ပါဋလိပုတ်ပြည်သို့ ဓမ္မာသောက မင်းကြီး ပြန်၍ပင့်သည့်နည်းတူ ပဉ္စမ သံဂါယနာတင် ဘဝရှင် မင်းတရားကြီးသည်လည်း သာသနာအရေးကို မြော်တွေးကာ ဆရာတော်ကို ပြန်၍ပင့်ပြီးလျှင်-
(က) မင်းလျင်စောဆရာ သံဃရာဇာထေရ် တည်နေသည်မှစ၍ သင်္ဂဇာ အမည်တွင်သော ချောင်းကမ်း ထိပ်ဝယ် အဆန်းတကြယ် ခြယ်လယ် ဆောက်လုပ် အပ်သော ကျောင်းတော်ကို တင်လှူတော်မူသည်။
(ခ) အဂ္ဂဓမ္မာလင်္ကာရကဝိဓဇ မဟာဓမ္မ ရာဇာဓိရာဇဂုရု ဘွဲ့တံဆိပ်ကပ်လှူ သည်ကိုလည်း ခံယူတော်မူကာ သင်္ဂဇာဆရာတော် ဟူ၍လည်း ထင်ရှားကျော်စော တော်မူသည်။
(ဂ) ဝိဝါဒါဓိကရဏ-စသော သာသနဘေးရန်ကို တွန်းလှန်ပယ်ရှား တရားဓမ္မိက ပြုစိမ့်သောငှါ သုဓမ္မာဆရာတော်ကြီး အရာကိုလည်း အပ်နှင်းတော်မူသည်။

၁၃။ ၎င်းသင်္ဂဇာရုံကျောင်းတွင် သာသနာပြုကာ လေးဝါတိုင်တိုင် သီတင်းသုံး တော်မူစဉ် ဘဝရှင်မင်းတရားကြီးက -
“ဘဝဤကိုယ် ယွင်းယို ပျက်ဆုံးသည့်တိုင်အောင် ကိုးကွယ်ပူဇော်စေ”
ဟု ခွင့်ပြုတော်မူချက်အရ- စိန်တုံးမိဖုရားကြီးသည် ဝဇီရာရုံတိုက် မင်္ဂလာရတနာ ဘုံစံကျောင်းတော်ကြီးကို နှစ်လိုဝမ်းမြောက်စွာ အသစ်ဖန်ဆင်း တည်ထောင်၍ တင်လှူ ကိုးကွယ်သည်ကိုလည်း ခံတော်မူရလေသည်။

ယင်းကာလ၌ -
ဝိနည်းကံနှင့်အညီ ဝိနည်းဓိုရ်ပီပီ မသတီစရာ လေးဖြာသော အဂတိတရား မလိုက်စားဘဲ တရားသူကြီးလုပ်ငန်းကို ထူးကဲစွာ ကြိုးပမ်းတော်မူခဲ့ရာ-
တနိုင်ငံလုံး အုံးအုံးကြွက်ကြွက် ကောင်းချီးမြွက်ဆို ကြည်ညို လေးမြတ်ခြင်းကို ခံတော်မူရလေသည်။

၁၄။ ဤသို့ သာသနာတော်မြတ်နှင့် လောက အကျိုးစီးပွားတို့ကို သည်ပိုး ဆောင်ရွက်တော်မူစဉ် သင်္ဂဇာရာမ ဝဇီရာရာမ နှစ်ဌာနခြောက်ဝါ နှင်နှင် သီတင်းသုံးတော်မူပြီးလျှင် -
“သူတပါး၏အကျိုး (ပရဟိတ)ကိုသာ ရွက်ဆောင်ကာ မိမိ၏အကျိုး (အတ္တဟိတ) ကို မရှာမှီးပါက ကြက်သရေ မလျှမ်း လခြမ်းပမာ ချမ်းသာကိုယ်ဘို့ ယုတ်တုံမြို့အံ့”
ဟုနှလုံးသွင်း၍ ဂါမန္ထဝါသီကို ရွံမုန်း၍ အရညကိုလုံးလုံး စိတ်ညွတ်နေဆဲအခါ သာသနာ့ဒါယကာ မင်းတရားကြီး တောင်းပန်၍ ရွှေမြို့တော်၏တောင်ဖက် လှိုင်းတက် သာဂရ ရမည်းသင်း - စသောနယ်စွန်တို့၌ သာသနာ့ဘေးရန် ဟူသမျှကို သုတ်သင်၍ တန်ခွန်အောင်လံ စိုက်ထူတော်မူခဲ့ပြီးလျှင် ရတနာပူရ အင်းဝနှင့် ပင်းယ အကြားဝယ် တဖက်ဆွဲရွာငယ်၌ မှီကပ်ခိုဝင်၍-
သင်္ဂဇာရာမ, ဝဇီရာရာမ နှစ်တိုက်လုံးကို အဆုံးစွန် စွန့်ပစ်၍ တောကျောင်း၌ မွေ့လျော်က သူတော်တို့နည်း ရှာမှီးကျင့်ကြံတော့အံ့” -
ဟု ဆင်ခြင်တော်မူကာ တဖက်ဆွဲကို ဂေါစရဂါမ်ပြု၍ တဝါ-တောရဆောက်တည် တော်မူသည်။

၁၅။ ဝါကျွတ်လတ်သော် ရွှေမြို့တော်သို့ ပြန်ကြွတော်မူ၍ -
(က) ဓမ္မာစာရိန္ဒာဘိ သီရိဓဇ မဟာဓမ္မရာဇာဓိ ရာဇဂုရု တံဆိပ်နာမံ ခံတော်မူသော ဆရာတော်အား သင်္ဂဇာရာမတိုက်ကို၎င်း,
(ခ) ပညာသာမိသီရိသဒ္ဓမ္မဓဇ မဟာဓမ္မ ရာဇာဓိရာဇဂုရု တံဆိပ်နာမံ ခံသ ဆရာတော်အား ဝဇီရာရာမတိုက်ကို၎င်း,
အသီးသီး လွှဲပြောင်း အပ်နှံခဲ့ပြီးလျှင် စစ်ကိုင်းတောင်ရိုး ကြက်ထောင့်နှင့် မနီးမဝေးသော ကျောင်း၌ ခြောက်ဝါ သီတင်းသုံးတော်မူသည်။
(က) ထိုစဉ်အခါ သာသနာ့ဒါယကာ ဘဝရှင်မင်းတရားကြီးသည် အရံတဆယ်နှင့် ကျောင်းတော်ကြီးကို၎င်း,
(ခ) သစ်တော အခွန်ဝန်မင်းကလည်း အုဌ်ကျောင်းကြီးကို၎င်း အသီးသီး ဆောက်လုပ်ပြီး တင်လှူသည်ကို ခံယူတော်မူရလေသည်။

၁၆။ ၎င်းနောက် တပည့်ကြီး အရှင်ဇဝနအား ကြက်ထောင့် တောရတိုက်ကို လွှဲအပ် တော်မူခဲ့ပြီးလျှင် မင်းကွန်းစေတီတော် အနီး စမ်းကြီးတောရတဝါ သီတင်းသုံး တော်မူလေသည်။

၁၇။ ထိုမှခွါသော် စက်တော်ရာကို သွားရောက်ဖူးမျှော်ပြီးလျှင် အလုံမြို့နယ် အဝင်အပါ ကျောက်ကာရွာအနီး ထန်းဇလုပ် တောရတဝါ သီတင်းသုံးတော် မူလေသည်။

၁၈။ ဝါကျွတ်သောအခါ မြင်းခြံမြို့အနီး စမ်းကျတောရသို့ ကြွလာ၍ တဝါ သီတင်းသုံးတော်မူစဉ်အခါ -
(က) သာသနာ့ဒါယကာ ဘဝရှင်မင်းတရားကြီးက ဆောင်နှင်း ပေးလှူအပ်သော တလုတ်မြို့သူကြီး၏ ဦးစီးနာယက သာသန ဝိသောဓန အဖြစ်ကိုရသည်။
(ခ) ထိုစဉ်အခါ ဤ စတုရာရက္ခကျမ်းကို ရေးသားစီရင်တော်မူခဲ့သည်။

၁၉။ ယင်းသို့နေစဉ် ၁၂၄ဝ-ပြည့်နှစ်တွင် ပဉ္စမသင်္ဂါယနာတင် ဘုရင်မင်းတရားကြီး နတ်ရွာစံလေသော် ထိုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၄-ရက်နေ့တွင် ရန်ကုန်မြို့သို့ စုံဆင်းလာခဲ့ပြီးလျှင် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အရှေ့ ကျောင်းတော်ရာခေါ်သည့် မဟာဓမ္မဒီပိကာရာမတိုက်တွင် တဝါ သီတင်းသုံး တော်မူစဉ်၊ အလဇ္ဇီရဟန်းတို့ကို ကဲ့ရဲ့မှုအတွက် တကာ တကာမများ ဖက်၌ အပြစ် မထိုက်ရန် ရည်သန်တော်မူလျက် -
(က) ဥပါသကောဝါဒ စာကိုယ်နှင့် ဋီကာတို့ကို၎င်း,
(ခ) ကာယပစ္စဝေက္ခဏာကျမ်းကို၎င်း
စီရင်ရေးသားတော်မူခဲ့လေသည်။

၂ဝ။ ထိုနောက် သမဏေဘဝက မိမိအား အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို ချပေးခဲ့ဘူး၍ ကျေးဇူးအထူး ရှိပေသော ကွမ်းခြံကုန်း အရှေ့ကျောင်း “မေဓာလင်္ကာရ” ဆရာတော်အား သွားရောက် ဖူးမြော်ပြီးလျှင် ကွမ်းခြံကုန်းရွာ, မရမ်းရွာတို့မှ တာ တထောင်ခန့် ဝေးသော တောကျောင်း၌ ဓုရနှစ်ပါး အားထုတ်ကာ တဝါ သီတင်းသုံးတော်မူလေသည်။

၂၁။ ထိုနောက် ပုသိမ်ခရိုင် ရွှေလောင်း, ပန်းတနော် စသည်တို့မှ ပင့်လျှောက်၍ ကြွသွားတော်မူပြီး တရားရေအေး တိုက်ကျွေးတော်မူစဉ် မော်လမြိုင်မြို့နေ တကာ, တကာမများ၏ ပင့်ဘိတ် လျှောက်ထားချက်အရ မော်လမြိုင်မြို့သို့ ကြွတော် မူပြီးလျှင် မော်လမြိုင်မြို့ ကျိုက်သလ္လာစေတီတော်မှ အရှေ့မြောက် ဒီပါရုံ ကျောင်းတိုက်ကြီး၏ အနောက်မျက်နှာ တာ ၃၀-ခန့်ရှိသော မြေနေရာ၌ ဓမ္မဝိလာသိနီ အမည်ရှိသော သိမ်တော်ကြီးကို ကိုယ်တိုင်ကြီးမှူး ကြပ်မတ်၍ သမုတ်တော်မူ လေသည်။

၂၂။ ထိုစဉ်အခါ ရတနာပုံ နေပြည်တော် ဒုတိယနန်းစံ သီပေါဘုရင်မင်းမြတ်သည် ပညာဘိ သီရိသဒ္ဓမ္မဓဇ မဟာဓမ္မ ရာဇာဓိရာဇဂုရု ဘွဲ့တံဆိပ်တော်ရ ဝဇီရာရာမ ဆရာတော်ကြီးအား သာသနာ လောက နှစ်ဝအကျိုး တိုးစေခြင်းငှါ သင်္ဂဇာ ဆရာတော်ဘုရားကို ရတနာပုံ နေပြည်တော်သို့ ပင့်ဆောင်စေလိုကြောင်းနှင့် လျှောက်ထား တောင်းပန်သည်ဖြစ်၍ ဝဇီရာရာမ ဆရာတော် မော်လမြိုင်မြို့ တိုင်အောင် လာရောက် ပင့်ဆောင်သဖြင့် ရတနာပုံ နေပြည်တော်သို့ ကြွတော်မူလိုလတ်သော် သာသနာ့ ဒါယကာ မဟာဓမ္မရာဇ်သည် တင့်တယ်စွာ တန်းဆာဆင်အပ်သော သင်္ဘောတော်, သမ္ဗန်တော်တို့နှင့် တကွ-
(က) အာလောကာ ဘိပဝရ မဟာဓမ္မ ရာဇာဓိရာဇဂုရု တံဆိပ်နာမံခံသော မိဖုရားခေါင်ကြီး ဆရာတော်,
(ခ) ဝါယာမဓဇ သီရိပဝရ မဟာဓမ္မ ရာဇာဓိရာဇဂုရု တံဆိပ်နာမံခံသော ရမည်းသင်းမင်းသ္မီး ဆရာတော်,
(ဂ) ဝိမလဓဇ သီရိပဝရ မဟာဓမ္မ ရာဇာဓိရာဇာ ဂုရု တံဆိပ်နာမံခံသော မင်းခင်းမင်းသ္မီး ဆရာတော်,
၎င်းဆရာတော် ၃-ပါးကို အမှူးထား၍-
(က) လွှတ်တော်စာရေးကြီး မင်းလှသီရိရာဇာ,
(ခ) သံတော်ဆင့် မင်းလှမင်းခေါင်ဇေယျသူ တို့ကို စေလွှတ် ခွင့်ပိုင် လာရောက် ကြိုဆိုကြလေသည်။

၂၃။ အကြိုအဆို အခြွေအရံ ပရိသတ်နှင့်တကွ ရန်ကုန်မြို့မှ ဆန်တက်ကာ ရတနာပုံနေပြည်တော်သို့ ရောက်တော်မူလျှင်-
(က) မင်းကျင့်တရား ၁၀-ပါး,
(ခ) သင်္ဂဟတရား ၄-ပါး,
(ဂ) မဆုတ်ယုတ်ကြကြောင်း တရား ၇-ပါး-
စသည်များဖြင့် မင်းတရားအား ဩဝါဒပေး၍ ၂-လခန့် ရပ်တန့်နေတော်မူစဉ်အခါ သီပေါမင်းတရားကြီးက နေပြည်တော်အတွင်း သီတင်းသုံး နေထိုင်တော် မူပါမည့် အကြောင်း အကြိမ်ကြိမ် လျှောက်ထား တောင်းပန်သော်လည်း-
(က) မင်းဆရာ၏ ဂုဏ်ကို စုံမက်တော်မမူသည် လည်းတကြောင်း,
(ခ) အမြော်အမြင် ပညာရှိဖြစ်၍ အရှည်အကြာနေရာ၌ အကျိုးများစွာ မမြင်သည် လည်းတကြောင်း,
ယင်းသို့ဖြစ်၍ နေပြည်တော်၌ မနေလို၊ နိုင်ငံတော်အတွင်း တောင်ငူ နယ်စွန် နင်းကြမ်းမြို့၌ နေမည်ဟု မင်းနှင့် မဆန့်ကျင်ရုံ ပဋိညာဉ်ပေးပြီး ကြွတော်မူလို လတ်သော် သီပေါဘုရင် မင်းမြတ်သည် မြင်းခြံမြို့တိုင်အောင် ပို့စေတော်မူ၍ အစဉ်အတိုင်း နင်းကြမ်းမြို့သို့ရောက်လျှင် -
(က) လက်ဝဲဝင်းတော်မှူးနှင့်,
(ခ) မြို့ဝန်မင်းကြီး မဟာမင်းလှ မင်းရဲကျော်သူကို ကြီးကြပ် ဆောက်လုပ် တင်လှူစေသော မင်္ဂလာကျောင်းတော်တဝါမှီတင်းတော်မူစဉ် ဘုရင်မင်းမြတ်က ပစ္စည်းလေးပါး၌ မချို့ငဲ့ရအောင် ရွက်ဆောင် ချီးမြှောက်တော်မူသည်။

၂၄။ ထိုကျောင်းမှ ခွါပြန်သော် ကေတုမတီ - ကောင်ငူမြို့၌ “မြတ်စောညီနောင် စေတီတော်”ကို ပူဇော် ဖူးမျှော်ရင်း တဝါမျှ သီတင်းသုံးလျက် တရားပြကာ ဝိဝါဒါ ဓိကရုဏ်းကို ငြိမ်းဧစေတော်မူ၏။

၂၅။ ထိုမှခွါလျှင် ရွှေကျင်မြို့သို့ရောက် ခရီးထောက်၍ တန့်နားတော်မူစဉ် ဘုရား ပွင့်တော်မူရာ မဟာဗောဓိပင်ကို သွားရောက် ဖူးမျှော်ရမူ ကောင်းလေစွ,
ဟု ကြံစည်တော်မူပြီးလျှင် ရွှေကျင်မြို့မှ ရန်ကုန်မြို့သို့ ကြွလျက် သင်္ဘောပေါ်သို့ တက်တော်မူပြီးလျှင် ကမ်းမမြင် လမ်းမမြင် လေးရက်နှင်နှင် ကူးခတ်၍ ကလကတ္တား မြို့သို့ ရောက်လျှင် စစ်တွေ ရမ်းဗြဲ, သံတွဲမြို့သား ကုန်သည်ပွဲစားတို့ သောင်းလောင်း ဖြဖြ ကြိုဆိုကြပြီး သုံးထပ်တိုက်ခံ ကျောင်းတော်ကြီးကို သီတင်းသုံးတော်မူရန် လျှောက်ထား တောင်းပန် တင်လှူကြလေသည်။

ကလကတ္တားမြို့တွင် သုံးရက်နားပြီး မီးရထားနှင့် ဆက်လက် ထွက်ခွါတော်မူရာ ဗုဒ္ဓဂယာသို့ရောက်၍ မဟာဗောဓိပင် မင်းကို နောက်ပါ ရဟန်းရှင်လူနှင့်တကွ ၇-ရက်၊ ၈-ရက်မျှ အားရ တင်းတိမ်အောင် ဖူးမျှော်ပြီးနောက် ပြန်ကြွလာ၍ ပုသိမ်မြို့သို့ ရောက်သောအခါ မြို့ပေါ်ရှိ တကာ တကာမများက လျှောက်ထား တောင်းပန်၍ နှစ်ဝါတိုင်တိုင် သီတင်းသုံး နေထိုင်တော်မူလေသည်။

၂၆။ ပုသိမ်မှထွက်ခွါပြန်သော် “စွယ်တော် ဓာတ်တော် ဖူးမြှော်ရန် သီဟိုဠ်ကျွန်း သွားမည်”ဟု ကြံစည်၍ ရန်ကုန်မြို့သို့ ကြွလာပြီး ၁၂၄၆-ခု တပေါင်းလဆန်း ၅-ရက်နေ့တွင် သင်္ဘောပေါ်တက်၍ ထွက်ခွါတော်မူရာ ကလကတ္တားမြို့သို့ ရောက်လျှင် ညောင်အုပ်မင်းသား လျှောက်ထားချက်အရ ဝါတွင်း ၃-လခန့် ဆိုင်း၍ သီဟိုဠ်ကျွန်း၏ သတင်းများကို စောင့်စား နားထောင်ရင်း ညောင်အုပ်မင်းသား၏ သားတော် နှစ်ယောက်ကို သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်၍ သာသနာ့ အမွေကို ခံယူစေတော်မူသည်။

၂၇။ ဝါကျွတ်လျှင် သီဟိုဠ်ကျွန်း၌ ငတ်မွတ်ခြင်းဘေး ဆိုက်ရောက်နေကြောင်း မကောင်းသတင်း ရောက်လာရကား သီဟိုဠ်ကျွန်းသို့ မသွားတော့ဘဲ ရန်ကုန်မြို့သို့ ပြန်ကြွလာလျက် အထက်အခါက “မော်လမြိုင်သို့ လှည့်လည်လာဦးမည်”ဟု ပဋိညာဉ်ပေးခဲ့ဘူးသည် အားလျော်စွာ မော်လမြိုင်မြို့နေ တပည့်တကာ တကာမ အပေါင်းတို့က သတင်းကောင်းရ၍ လာရောက် ပင့်ဆောင်ကြရာ မော်လမြိုင်သို့ ၁၂၄၇-ခု၊ နတ်တော်လဆန်း ၅-ရက်နေ့ထွင် ကြွရောက်၍ ကျိုက်သလ္လာ စေတီတော် တောင်ဖက်အနီး မန်ကျည်းတော ကျောင်းတိုက် အနောက်တောင်ဖက်ယွန်းသော မြေကွက်ပေါ်တွင် အလျား ၈၇-တောင် အနံ ၃၅-တောင် ပမာဏရှိသော အုဌ်ကျောင်းကြီးကို တည်ဆောက် လုပ်ဆောင်ကြစဉ် မန်ကျည်းတောကျောင်း တိုက်အတွင်း လည်ပေါ် သုံးဆင့်ရှိသော ကျောင်း၌ ခေတ္တတည်းခို ဝါဆို ကိန်းအောင်းတော်မူသည်။

.

လူပြည်ငြီး၍ နတ်ထီးပျော်ချိန်

▬▬▬▬▬▬▬▬▬▬▬

ကျေးဇူးရှင် သင်္ဂဇာ ဆရာတော်ဘုရားကြီးသည် ပြညွှန်ခဲ့ပြီးသော ၂၇-ဌာနတို့၌ ၃၅-ဝါပတ်လုံး “အတ္တဟိတ, ပရဟိတ” သာသနာအကျိုး သည်ပိုးရွက်ဆောင်ပြီး သက်တော်၌ ၇၂-နှစ် ရှိလတ်သောအခါ ၁၂၄ဂ-ခု၊ ဝါခေါင်လဆန်း ၁၀-ရက် မွန်းလွဲစက်နာရီပြန် ၂-ချက် ၁၅-မိနစ်အချိန် မော်လမြိုင်မြို့ မန်ကျည်းတောကျောင်း တိုက်အတွင်းမှာပင် ဇီဝိတိန္ဒြေ ပြတ်ကြွေစုတေ၍ တုသိတာ နန်းမဟာသို့ လှမ်းကြွကာ စံတော်မူလေသည်

.

စေတီတော်ကြီးနှင့် ကမ္ပည်းကျောက်စာ

▬▬▬▬▬▬▬

ပြဆိုခဲ့ပြီးသော ဂုဏ်တော်အပေါင်းတို့နှင့် ပြည့်စုံတော်မူသော သင်္ဂဇာဆရာတော် ဘုရားကြီး မွေးဖွားတော်မူသည်မှစ၍ ဘဝနတ်ထံပျံ လွန်တော်မူသည့်တိုင်အောင် ကျင့်ဆောင် အားထုတ်ခဲ့သော တောရောမြို့ပါ အဖြာဖြာသော အကြောင်းအရာ များကို နောင်လာ နောက်သား တပည့်တကာ တကာမများ ထင်ရှားသိစိမ့်သောငှါ မော်လမြိုင်မြို့ ကျိုက်သလ္လာဘုရားအနီးတွင် စေတီတဆူ တည်ပြီးလျှင် ၎င်း စေတီတွင် မွေရှင်တော်မြတ် သရီရဓာတ်တို့ကို ဌာပန၍ သင်္ဂဇာဆရာတော် ဘုရားကြီး အလောင်းကို ၎င်းဓာတ်တော်တို့၏ အောက်တွင် စီရင်ခမ်းနား မှန်နရားဖြင့် သီတင်းသုံး စေတော်မူပြီးနောက် ကမ္ပည်းကျောက်စာ ထုကာ ကောင်းစွာ စိုက်ထူထား ခဲ့လေသတည်း။

သင်္ဂဇာဆရာတော်ဘုရားကြီး၏ အဋ္ဌုပ္ပတ္တိအကျဉ်း ပြီး၏။

.....

စတုရာရက္ခကမ္မဋ္ဌာန်းကျမ်းကြီး

▬▬▬ஜ۩۞۩ஜ▬▬▬▬

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ပဏာမပဋိညာဉ်စသည်

▬▬▬▬▬▬▬▬

၁ - စက္ကဝါဠ နဟုတာ ဂ၊
ဒေဝါလိ ဂဏ စုမ္ဗိတော။
ဗုဒ္ဓပါဒမ္ဗုဇော ဌာတု၊
သီသေ ဒယာ တိဂန္ဓဇော။

အနက်

စက္ကဝါဠ နဟုတာဂ ဒေဝါလိ ဂဏ စုမ္ဗိတော၊ စကြဝဠာပေါင်း သောင်းလောကဓာတ် ဖူးလာလတ်သား နတ် နတ်တကာ ဗြဟ္မာအားလုံး ပျားပိတုန်းတို့ စုရုံး ရွှင်လန်း စုတ်နမ်းရာလည်း ဖြစ်တော်မူသော။
အတိဂန္ဓဇော၊ စကြဝဠာ အနန္တတိုင် မွှေးကြိုင်ကောင်းမွန် လွန်သောနံ့သာ ဖြစ်တော်မူသော။
ဗုဒ္ဓပါဒမ္ဗုဇော၊ ဘုရားစိန္တေ သီတာရေ၌ ပုံသေရောက်လတ် ကြာမြတ်ပဒုံ ခြေတော်စုံသည်။
မေ၊ ဒွတ္တိံသာကာရ ဇေဂုစ္ဆစုတ် ကိုယ်ဟုသမုတ် အကျွန်ုပ်၏။
သီသေ၊ ကိုယ်အင်္ဂါတွင် မြတ်ရာထားတင် ဦးထိပ်ပြင်၌။
ဒယာ-ဒယာယ၊ ဤသတ္တဝါ ဆင်းရဲစွာကို ငါချေချွတ်မည် မှတ်ရည် သနား ဖြစ်သောအားဖြင့်။
ဌာတု၊ တန့်ရပ်သောထွေ တည်နေတော်မူပါလော့။

အနုသန္ဓေ

▬▬▬

ကျမ်းပြု ဆရာတို့မည်သည် ကျမ်းမပြုမီ ရှေးအဖို့၌ အန္တရာယ်ကင်းခြင်း, ကျမ်းပြီးခြင်း ဟူသော အကျိုးကိုမြှော်ကိုး၍ “ရတနာသုံးပါးကို ရှိခိုးခြင်း ရတနတ္တယ ပဏာမ”ကို ပြုတော်မူရိုး ဓမ္မတာရှိသည်နှင့် အညီ - ဤစတုရာရက္ခကျမ်းပြု ဆရာတော်ဘုရား သည်လည်း ရတနတ္တယ ပဏာမကို ပြုတော်မူလိုသည် အား လျော်စွာ ရှေးဦးအစ ဘုရားရှိခိုးမှုကိုပြုရန် စက္ကဝါဠနဟု တာဂ - စသောဂါထာကို မိန့်တော်မူသည်။

အဓိပ္ပါယ်

စကြဝဠာ အနန္တ တိုင်အောင် မွှေးကြိုင် ကောင်းမွန်၍ ထူးကဲလွန်မြတ်သော နံ့သာဖြစ်တော်မူသဖြင့် စကြဝဠာ လောကဓာတ် တိုက်တသောင်းမှ ခ-ညောင်းပူဇော် ဖူးမျှော် လာကြသည့် နတ်ဗြဟ္မာအားလုံး ပျားပိတုန်းတို့ စုရုံး ရွှင်လန်း စုတ်နမ်းရာ ဖြစ်သော မြတ်စွာဘုရား၏ ခြေတော်အစုံ ကြာပဒုံသည် တပည့်တော်၏ မြတ်ရာ ထားတင် ဦးထိပ်အပြင်၌ တန့်ရပ်တည်နေတော် မူလှည့်ပါဘုရား။

၂ - နန္တ စက္ကဝါဠ ဗ္ဘုဂ္ဂ၊
ဂုဏ သန္နိစ္စိတံ ဇိနံ။
ဝန္ဒေ တပ္ပူဇိတံ ဓမ္မံ၊
တံ သံဃဉ္စ နိမ္မလံ။

အနက်

နန္တစက္ကဝါဠဗ္ဘုဂ္ဂဂုဏသန္နိစ္စိတံံ၊ အဆုံးမသတ်သော လောကဓာတ်တိုက် ဆူလှိုက် တက်ညံ ကျော်စောလျှံသော အရဟံ အစရှိသော ဂုဏ်တော်တို့၏ စုဝေးရာ ဖြစ်တော်မူသော။
ဇိနံ၊ ဘုရားရှင်ကို၎င်း။
တပ္ပူဇိတံံ၊ ထိုဘုရားရှင် ကြည်လင်ကော်ရော် ပူဇော်အပ်တော်မူသော။
ဓမ္မံ၊ မဂ်လေးခု, ဖိုလ်လေးတန်, နိဗ္ဗာန်, ပရိယတ် တရားမြတ်ကို၎င်း။
တဇ္ဇံ-တေဟိဇာတံ၊ ဘုရားတရား ထိုနှစ်ပါးကြောင့် ဖြစ်ပွါးတော်မူသော။
နိမ္မလံ၊ ကိလေသာညစ်ကြေး အမြှေးမရှိ မငြိကင်းကွာတော်မူသော။
သံဃဉ္စ၊ ပရမတ္ထ, သမ္မုတိ နှစ်ပါးရှိသော သံဃာတော်ကို၎င်း။
ဝန္ဒေ-ဝန္ဒာမိ၊ ရှိခိုးပါ၏။
ဝန္ဒိတွာ၊ ရှိခိုးပြီး၍။

အဓိပ္ပါယ်

ပင့်လျှောက်၍ ကြွလာတော်မူသော စကြဝဠာ အနန္တ၌ ဆူလှိုက်တက်ညံ ကျော်စော လျှံဘိ အရဟံ - အစရှိသော ဂုဏ်တော် အပေါင်းတို့၏ စုဝေးရာ မြတ်စွာဘုရား ကို၎င်း, မြတ်စွာဘုရားသည် ကြည်ဖြူကော်ရော် ပူဇော်အပ်သော ပရိယတ် မဂ်-ဖိုလ်- နိဗ္ဗာန်တရား ဆယ်ပါးကို၎င်း, ဘုရား-တရား ဤနှစ်ပါးကြောင့် ဖြစ်ပွါးပေါ်လာ “ကိလေသာညစ်ကြေး လွန်ကင်းဝေးသည့်”သမ္မုတိသံဃာ - ပရမတ္ထသံဃာ နှစ်ပါး အပေါင်းကို၎င်း ရှိခိုးပါ၏ဘုရား။

၃ - ဝက္ခာမိ စတုရာရက္ခံ၊
သမ္ဗုဒ္ဓ ဝစန နွယံ။
အပ္ပမာဒါဝဟံ ဧတံ၊
သောတ္တဗ္ဗံ ဘဝဘီရုဟိ။

အနက်

အဟံ၊ ငါသည်။
သမ္ဗုဒ္ဓဝစနနွယံ၊ မြတ်စွာဘုရား စကားတော်နောက် အစဉ်လျှောက်၍ လိုက်တတ်သော။
ဝါ၊ ဘုရားစကားတော်နှင့် သင့်လျော်စွာထသော။
အပ္ပမာဒါဝဟံ၊ သတိမပေါ့ မမေ့မလျော့ခြင်းကို ရွက်ဆောင်တတ်ထသော။
စတုရာရက္ခံ၊ အစောင့်အရှောက် လေးပါးကို ပြဆိုရာ ဖြစ်သောကြောင့် “စတုရာရက္ခ” အမည်ရှိသောကျမ်းကို။
ဝက္ခာမိ၊ မိန့်ဆိုပေအံ့။
ဧတံ၊ ဤစတုရာက္ခကျမ်းကို။
ဘဝဘီရုဟိ၊ ဘုံသုံးပါးကို ကြောက်အားကြီးသူ ရှင်, လူ ရဟန်းတို့သည်။
သောတ္တဗ္ဗံ၊ နာအပ်၏။
ဝါ၊ သောတ္တဗ္ဗံ- သုဥတ္တဗ္ဗံ၊ ကောင်းစွာ နှုတ်တက် ဘတ် ကျက် သရဇ္ဈာယ်အပ်၏။

အဓိပ္ပါယ်

ရတနာသုံးပါးကို ရှိခိုးပြီးလျှင် ဘုရားရှင် ဒေသနာတော်နှင့် သင့်လျော် ညီညွတ်၍ - မမေ့မလျော့မှု - အပ္ပမာဒတရားကို ရွက်ဆောင်ဖေါ်ပြကာ “အစောင့်အရှောက် လေးပါး” ကိုပြဆိုရာ “စတုရာရက္ခ”အမည်ရှိသော ကျမ်းကို မိန့်ဆို ရေးသားပေအံ့၊ ဤ စတုရာရက္ခကျမ်းကို ဘဝသုံးပါး ကြောက်အားကြီးသူ ရှင်, လူ ရဟန်းတို့ ကောင်းစွာ နှုတ်တက် ဘတ်, ကျက်, သရဇ္ဈာယ်သင့်၏။ [သရဇ္ဈာယ်ကြပါ ဟူလို။]

၄ - ဗုဒ္ဓါနုဿတိ မရဏာ၊
သုဘာ မေတ္တာစ ဘာဝနာ။
အပ္ပမာဒါယ အာရက္ခာ၊
စတဿော မာနိတာ သတံ။

အနက်

ဗုဒ္ဓါနုဿတိ၊ ဘုရားဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း၎င်း။
မရဏာသုဘာ၊ မရဏဘာဝနာ, အသုဘ ဘာဝနာတို့၎င်း။
မေတ္တာစဘာဝနာ၊ မေတ္တာဘာဝနာ၎င်း။
ဣတိ၊ ဤသို့။
အပ္ပမာဒါယ၊ မမေ့မလျော့ခြင်းငှါ။
သတံ၊ သူတော်ကောင်းတို့၏။
အာရက္ခာ၊ အစောင့်အရှောက် ဖြစ်ကုန်သော။
ဝါ သတံ၊ သူတော်ကောင်းတို့ကို။
အာရက္ခာ၊ စောင့်ရှောက်တတ်ကုန်သော။
ဝါ သတံ၊ သူတော်ကောင်းတို့သည်။
အာရက္ခာ၊ စောင့်ရှောက်အပ်ကုန်သော။
စတဿော၊ လေးပါးသော တရားတို့ကို။
မာနိတာ၊ မြတ်နိုးအပ်ကုန်၏။
ဝါ စတဿော၊ လေးပါးကုန်သော။
အာရက္ခာ၊ အစောင့်အရှောက်ဖြစ်သော တရားတို့ကို။
အပ္ပမာဒါယ၊ မမေ့မလျော့ခြင်းငှါ။
သတံ၊ သူတော်ကောင်းတို့သည်။
မာနိတာ၊ မြတ်နိုးအပ်ကုန်၏။

အဓိပ္ပါယ်

စတုရာရက္ခတရား ၄-ပါးကား -

  1. ဗုဒ္ဓါနုဿတိ ဘာဝနာ,
  2. မရဏဿတိ ဘာဝနာ,
  3. အသုဘ ဘာဝနာ,
  4. မေတ္တာ ဘာဝနာ,
ဤအစောင့်အရှောက်တရား (ကာကွယ်ရေးတရား) လေးပါးကို မေ့လျော့မှု - ပမာဒ တရားကို တိုက်ဖျက်ဖို့ရာ လွန်စွာ မြတ်နိုး အားကိုးထိုက်သည်။ (အားကိုးကြပါ ဟူလို။)

၅ - ဗုဒ္ဓေါဝါဒံ သရိတွာဝ၊
မစ္စုဗ္ဗိဂ္ဂါ သုခေသိနော။
သီတာ သီတတရံ ယန္တိ၊
သုဘမေတ္တမ္ဗုသိ-ဋ္ဌိတာ။

အနက်

ဗုဒ္ဓေါဝါဒံ၊ မရဏဿတိနှင့်စပ်သော ဘုရားရှင် ဩဝါဒကို။
သရိတွာဝ၊ အောက်မေ့၍သာလျှင်။
မစ္စုဗ္ဗိဂ္ဂါ၊ သေဘေးဖြင့် ထိတ်လန့်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
မစ္စုဗ္ဗိဂ္ဂါ၊ သေဘေးဖြင့် ထိတ်လန့်ကုန်၍။
သုခေသိနော၊ ချမ်းသဝကို ရှာကုန်သော သူတို့သည်။
ဗုဒ္ဓေါဝါဒံ၊ အသုဘကထာ, မေတ္တာနှင့်စပ်သော ဘုရားရှင် အဆုံးအမတော်ကို။
သရိတွာဝ၊ အောက်မေ့၍သာလျှင်။
အသုဘမေတ္တမ္ဗုသိ၊ အသုဘဘာဝနာ, မေတ္တာဘာဝနာ၌။
ဌိတာ၊ စိမ်နေကုန်သည်ဖြစ်၍။
သီတာ၊ ယခု ဧမြကုန်လျက်။
သိတတရံ၊ ဧမြသည်ထက် ဧမြသောနိဗ္ဗာန်သို့။
ယန္တိ၊ ရောက်ကုန်၏။

အဓိပ္ပါယ်

ထက်သန်သော သဒ္ဓါတရားဖြင့် မရဏဿတိ နှင့်စပ်သော ဘုရားရှင် အဆုံးအမ တော်ကို အောက်မေ့ ဆင်ခြင်လျက် သေဘေးကို ထိတ်လန့် ကြောက်ရွံ့ကာ ချမ်းသာရာကိုသာ ရှာမှီးလိုကြကုန်သော သူတို့သည် အသုဘကထာ, မေတ္တာနှင့် စပ်သော ဘုရားရှင် အဆုံးအမတော်ကို အောက်မေ့ ဆင်ခြင်ကာ အသုဘဘာဝနာ, မေတ္တာဘာဝနာ ရေ၌ အမြဲစိမ်နေကြပါမူ ဘယ်အပူမီးမှ မလောင်နိုင်ဘဲ အမြဲ ဧမြလျက် ဧမြသည်ထက် ဧမြရာမှန် နိဗ္ဗာန်သို့ ဧကန်ရောက်နိုင်ကြပါသည်။

၆-မရဏဂ္ဂိ ဝါရဏမ္ဗု၊
သမ္ဗုဒ္ဓဝစနံ ယိဒံ။
ဗဟူ တဒဂ္ဂိ သန္တတ္တာ၊
သီတာဝါသုံ တဒမ္ဗုနာ။

အနက်

ဣဒံ သမ္ဗုဒ္ဓဝစနံ၊ ဤမြတ်စွာဘုရားရှင် စကားသည်။
မရဏဂ္ဂိဝါရဏမ္ဗု၊ သေခြင်း တည်းဟူသော မီးကို တားမြစ်ကြောင်း ဖြစ်သော ရေသည်။
ဟောတိ၊ ဖြစ်၏။
တဒဂ္ဂိသန္တတ္တာ၊ ထိုသေခြင်းမီးဖြင့် ပူလောင်ကုန်သော။
ဗဟူ၊ များစွာသောသူတို့သည်။
တဒမ္ဗုနာ၊ ထိုဘုရားရှင် စကားတော်တည်း ဟူသောရေဖြင့်။
သီတာဝ၊ ဧမြကုန်သည်သာလျှင်။
အာသုံ၊ ဖြစ်ကုန်ပြီ။

အဓိပ္ပါယ်

မရဏဿတိနှင့်စပ်သော ဘုရားရှင်၏ စကားတော်သည် သေခြင်းတည်း ဟူသော မီးကို တားမြစ်ငြိမ်းသတ်ကြောင်း ရေနှင့်တူ၏၊ သေခြင်းတည်းဟူသော မီးအလောင် အမြိုက် ခံရသော သတ္တဝါ အများတို့သည် ထိုဘုရားရှင်၏ စကားတော်တည်း ဟူသော မီးသတ်-ရေဖြင့် ငြိမ်းချမ်း ဧမြနိုင်ကြကုန်သည်သာတည်း။

၇ - သဒ္ဓံ ဗုဒ္ဓေန တေဇေတွာ၊
မာနံ မရဏစိန္တယာ။
အသုဘာယ ဟနေ ရာဂံ၊
ဒေါသံ မေတ္တာယ ပညဝါ။

အနက်

ပညဝါ၊ ပညာရှိသောသူသည်။
ဗုဒ္ဓေန၊ ဘုရားဂုဏ်တော်ဖြင့်။
ဝါ၊ ဘုရားဂုဏ်တော်ကို အောက်မေ့ခြင်းဖြင့်။
သဒ္ဓံ၊ သဒ္ဓါတရားကို။
တေဇေတွာ၊ ထက်သန်စေ၍။
မရဏစိန္တယာ- မရဏစိန္တာယ၊ သေခြင်းကို ကြံအောက်မေ့ခြင်းဖြင့်။
မာနံ၊ ထောင်လွှားခြင်း မာန်တံခွန်ကို။
ဟနေ၊ ပယ်ဖျောက်ရာ၏။
အသုဘာယ၊ အသုဘဟုရှုခြင်းဖြင့်။
ရာဂံ၊ ရာဂကို။
ဟနေ၊ ပယ်ဖျက်ရာ၏။
မေတ္တာယ၊ မေတ္တာဖြင့်။
ဒေါသံ၊ ဒေါသကို။
ဟနေ၊ ပယ်ဖျက်ရာ၏။

အဓိပ္ပါယ်

ပညာရှိသောသူသည် -

  1. ဘုရားဂုဏ်တော်ကို အောက်မေ့ခြင်းဖြင့် ရတနာသုံးတန်, ကံ, ကံ၏အကျိုးကို ယုံကြည်မှု - သဒ္ဓါတရားကို ထက်သန်စေနိုင်၏၊ (ယုံကြည်မှု ထက်သန်လျှင် မယုံကြည်မှု - အသန္ဓိယတရားလျှင် အရင်းခံရှိသော မှောက်မှားမှုကို ကာကွယ် နိုင်သည် ။
  2. သေခြင်းကို ကြံအောက်မေ့ခြင်းဖြင့် ထောင်လွှား မောက်မာမှု - မာနကို ပယ်ဖျောက် ကာကွယ်နိုင်၏။
  3. မတင့်မတယ် ရွံစဖွယ်ဟုရှုခြင်းဖြင့် ခင်မင်စုံမက် နှစ်သက်တတ်သော ရာဂကို ပယ်ဖျောက် ကာကွယ်နိုင်၏။
  4. အကျိုးစီးပွါး လိုလားမှု မေတ္တာဖြင့် ဖျက်ဆီး ပြစ်မှားမှု ဒေါသကို ပယ်ဖျောက် ကာကွယ်နိုင်၏။
[တဏှာ, မာန, ဒိဋ္ဌိ - ခေါ် နယ်ချဲ့သမားများ နှင့်တကွ အဖျက်သမား ဒေါသ တို့၏ရန်စွယ်ကို ကာကွယ်နိုင်၏-ဟူလို။

ပဏာမ-ပဋိညာဉ် စသည်ကိုပြဆိုခဏ်း ပြီး၏။

၁။ ဗုဒ္ဓါနုဿတိ နိဒ္ဒေသ

၁ - အရဟံ သမ္မာသမ္ဗုဒ္ဓေါ
ဝိဇ္ဇက္ခိ စရဏပ္ပဒေါ
သုဂတော သုဂဒေါ သတ္ထာ
သဗ္ဗညူ ဘဂဝါဒမော

အနက်

ဘဂဝါ၊ မြတ်စွာဘုရားသည်။

အရဟံ၊ ကိလေသာတို့မှ ဝေးကွာတော်မူ၏။
ဝါ၊ ကိလေသာမာန် ကိုယ်တွင်းရန်ကို ဉာဏ်အရဟတ် ဓားဖြင့်ဖြတ်၍ သတ်တော်မူ၏။
ဝါ၊ ဆိတ်ကွယ်ရာ၌ ရံခါတဆစ် အညစ်အကျု မကောင်းမှုကို ပြုတော်မမူတတ်။
ဝါ၊ ရထားဟူထ သုံးဘဝ၌ အာသဝ-ဝင်ရိုးဖြင့် ထိုးလျှို၍စွပ်အပ်သော အကွပ်ပမာ ဇရာ, မရဏ မောဟ-ပုံတောင်းဖြင့် မြင့်ညောင်း တာရှည် လှည့်လည်မပျက် စက်နှင့် တူစွာ သံသရာ၏ သင်္ခါရ တည်းဟူသော အကန့်များစွာကို မဟာဗောဓိမဏ္ဍိုင်၌ ကြီးခိုင်လှထွေ သီလမြေဝယ် ခြေတော်ဝီရိယ တင်းတင်းချ၍ ဉာဏနှိုင်းချိန် ပုဆိန် လက်နက် သဒ္ဓါလက်ဖြင့် စွဲလျက်ကိုင်ပြီး ဖျက်ဆီး ခုတ်ဖြတ်တော်မူ၏။
ဝါ၊ လူမင်း နတ်မင်း ဗြဟ္မာမင်းတို့ ဝပ်စင်းကော်ရော် ပူဇော်သက္ကာ ကြီးကျယ်စွာကို မဟာနုဘော် ဂုဏ်တေဇော်ကြောင့် ခံတော်မူထိုက်၏။

သမ္မာသမ္ဗုဒ္ဓေါ၊ သင်္ခတ အသင်္ခတ ဓမ္မများစွာ လေးသစ္စာကို ဆရာမရှိ မိမိအလျောက် မဖောက်မပြန် အမှန်သိတော်မူပြီ။
ဝါ၊ ရတ္တိဘဝ တိယာမ၌ မောဟပြင်းစွာ အိပ်ပျော်ရာမှ ဘာသာ လျောက်လျား သူတပါး မနှိုး မဂ်တန်ခိုးဖြင့် နိုးကြားတော်မူပြီ။
ဝါ၊ နေရောင်ခြည်ဖြင့် ကြာပန်းပွင့်သို့ အတင့်အတယ် ဉာဏ်ဆယ်ခုအား လေးပါး-ဝေသာ အသာဓာ-ဆ နဝ-ကျေးဇူး အထူးသို့ရောက် လျောက်ပတ်အသင့် ပွင့်တော်မူလေပြီ။

ဝိဇ္ဇက္ခိ၊ ပုဗ္ဗေနိဝါ အာသဝက္ခယ ဒိဗ္ဗစက္ခု - ဟူသော ဝိဇ္ဇာသုံးပါး, မနောမယိဒ္ဓိ ဝိပဿနာ ဆဠာဘိည-ဟူသော ရှစ်ပါးဝိဇ္ဇာ ပညာမျက်စိရှိတော်မူ၏။

စရဏပ္ပဒေါ၊ သီလသံဝရ, ဣန္ဒြိယ ဂုတ္တ, ဘောဇနမတ္တညု, ဇာဂရိယာနုယောဂ, သတ္တ-သဒ္ဓမ္မ, ဈာနစတုက္က - ဟူသော စရဏတဆဲ့ငါး သွားရန် လျောက်ပတ် ခြေတော်မြတ် လည်း ရှိတော်မူ၏။

သုဂတော၊ ဘေးဘျမ်းများစွာ သံသရာမှ ကောင်းရာမှန်လှ နိဗ္ဗာနသို့ ကြွတော်မူတတ်၏။

သုဂဒေါ၊ မဟုတ်မမှန် ချစ်ခင်အပ်, မချစ်ခင်အပ်, ဟုတ်မှန်လျက် ချစ်ခင်အပ်, မချစ်ခင်အပ် တည်းဟူသော အကျိုးမရှိသော စကားယုတ် လေးခွန်းကို ပယ်၍ ဟုတ်သော မှန်သော အကျိုးရှိသော သူတပါး ချစ်အပ်သော စကား, မချစ်အပ်သော စကား ဟူသော စကားကောင်း နှစ်ခွန်းကိုသာ ကာလ ဒေသကိုထောက်၍ လျောက်ပတ်စွာ ဆိုတော်မူတတ်၏။

သတ္ထာ၊ နတ်လူအပေါင်းကို ကျိုးကြောင်းပြသ ဆုံးမတတ်သော ဆရာဖြစ်တော်မူ၏။

သဗ္ဗညူ၊ ဉေယျ အပုံ အလုံးစုံကို အကုန်အစင် ဉာဏ်သမ္ပဇဉ်ဖြင့် သိမြင်တော်မူ၏။

ဘဂဝါ၊ ဣဿရိယ စသည်ထင်ရှား ဘုန်းခြောက်ပါးနှင့် ပြည့်စုံတော်မူ၏။

ဒမော၊ ကိလေသာယစ် ဆိုးညစ် ခက်ထန်သော သူစိလောမ ခရလောမ, အာဠဝက-အစရှိသော သတ္တဝါကို အာဏာမပြ ဓမ္မ-နက်လေး မြိုက်ရည်ကျွေး၍ ယဉ်ကျေးအောင် ဆုံးမတော်မူတတ်၏။

အဓိပ္ပါယ်

ဗုဒ္ဓါနုဿတိဟူသည် ဘုရားဂုဏ်ကို အာရုံပြု၍အဖန်ဖန် အောက်မေ့ခြင်းတည်း။

အောက်မေ့ပုံကား -

၁။ မြတ်စွာဘုရားသည် ကိလေသာတို့မှ ဝေးကွာတော်မူ၏။
၂။ မြတ်စွာဘုရားသည် အလုံးစုံသော တရားတို့ကို မဖေါက်မပြန် ကိုယ်တိုင် ထိုးထွင်း၍ သိတော်မူ၏။
၃။ မြတ်စွာဘုရားသည်ဝိဇ္ဇာသုံးပါး, ဝိဇ္ဇရှစ်ပါးတို့နှင့် ပြည့်စုံတော်မူ၏။
၄။ မြတ်စွာဘုရားသည် စရဏ ၁၅-ပါးတို့နှင့် ပြည့်စုံတော်မူ၏။
၅။ မြတ်စွာဘုရားသည် သင့်သောစကား နှစ်ခွန်းကိုသာ ဆိုတော်မူ၏။
၆။ မြတ်စွာဘုရားသည် နတ်, လူတို့၏ဆရာ ဖြစ်တော်မူ၏။
၇။ မြတ်စွာဘုရားသည် အလုံးစုံသော ဉေယျဓံတရား ၅-ပါးကို သိတော်မူ၏။
၈။ မြတ်စွာဘုရားသည်ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူ၏။
၉။ မြတ်စွာဘုရားသည် မယဉ်ကျေးသေးသော လူယောကျ်ား, နတ်ယောကျ်ား, တိရစ္ဆာန်ယောကျ်ားတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူ၏။

၂ - အာရကတ္တာရိဟန္တတ္တာ
ပါပါ ကာရကတောရဟော
ဟတ စက္ကာရတော ပူဇာ
ရဟတ္တာ စာရဟံ နမေ

အနက်

အာရကတ္တာ၊ ကိလေသာမှ ဝေးကွာတော်မူသည်၏ အဖြစ်ကြောင့်၎င်း။

အရိဟန္တတ္တာ၊ ကိလေသမာရ် ကိုယ်တွင်းရန်ကို ဉာဏ်အရဟတ် ဓားဖြင့်ဖြတ်၍ သတ်တော်မူပြီးသော အကြောင်းကြောင့်၎င်း။

ရဟော၊ မမြင်ကြားသာ ဆိတ်ကွယ်ရာ အရပ်၌။

ပါပါကာရကတော၊ တစုံတခု အညစ်အကျု မကောင်းမှုကို ပြုတော်မမူတတ်သည်၏ အဖြစ်ကြောင့်၎င်း။

ဟတစက္ကာရတော၊ ရထားဟူထ သုံးဘဝ၌ အာသဝဝင်ရိုးဖြင့် ထိုးလျှို၍ စွပ်အပ်သော အကွပ်ပမာ ဇရာ, မရဏ မောဟပုံတောင်းဖြင့် မြင့်ညောင်း တာရှည် လှည့်လည် မပျက် လှည်းဘီးစက်နှင့် လိုက်ဖက်တူစွာ သံသရာ၏ သင်္ခါရအစရှိသော အကန့် များစွာကို မဟာဗောဓိ မဏ္ဍိုင်၌ ကြီးခိုင်လှထွေ သီလမြေဝယ် ခြေတော်ဝီရိယ တင်းတင်း ချ၍ ဉာဏ နှိုင်းချိန် ပုဆိန်လက်နက် သဒ္ဓါလက်ဖြင့် စွဲလျက်ကိုင်ပြီး ဖျက်ဆီးခုတ်ဖြတ်တော်မူပြီးသည်၏ အဖြစ်ကြောင့်၎င်း။

ပူဇာရဟတ္တာ စ၊ လူမင်း နတ်မင်း ဗြဟ္မာမင်းတို့ ဝပ်စင်းကော်ရော် ပူဇော် သက္က္တာ ကြီးကျယ်စွာကို မဟာနုဘော် ဂုဏ်တေဇော်ဖြင့် ခံတော်မူထိုက်သော အကြောင်း ကြောင့်၎င်း။

အရဟံ၊ အရဟံ ဟူသည် ဂုဏ်အမည်ဖြင့် လူ့ပြည်နတ်ရပ် နှံ့စပ်ဆူဘိ ဗြဟ္မာ ထိအောင် နှံ့သိ ကျော်စောတော်မူသော ဘုရားရှင်ကို။

အဟံ၊ အကျွန်ုပ်သည်။

နမေ- နမာမိ၊ ရှိခိုးပါ၏။

အဓိပ္ပါယ်

အရဟံဂုဏ်တော် ၅-ပါးကား -

၁။ မြတ်စွာဘုရားသည် ကိလေသာတို့မှ ဝေးကွာတော်မူ၏။
၂။ မြတ်စွာဘုရားသည် ကိလေသာမာရ် ကိုယ်တွင်းရန်ကို ဉာဏ်အရဟတ် ဓားဖြင့် သတ်တော်မူ၏။
၃။ မြတ်ဘုရားသည် မကောင်းမှုကို ပြုစရာ မမြင်သာ, မကြားသာ ဆိတ်ကွယ်ရာ အရပ် ရှိတော်မမူ။
၄။ မြတ်စွာဘုရားသည် သံသရာစက်၏ အကန့်တို့ကို ဖျက်ဆီးတော်မူ၏။
၅။ မြတ်စွာဘုရားသည် လူမင်း, နတ်မင်း, ဗြဟ္မာမင်း တို့၏ ဝပ်စင်း ကော်ရော် ပူဇော်အထူးကို ခံတော်မူထိုက်၏။

[ဤသို့ အရဟံ - ဟူသည် ဂုဏ်ငါးမည်ဖြင့် လူ့ပြည်နတ်ရပ် နှံစပ်ဆူတို့ ဗြဟ္မာ ထိအောင် သိမြင်ကျော်ကြားတော်မူသော မြတ်စွာဘုရားကို ရိုသေမြတ်နိုး လက်စုံ မိုး၍ ရှိခိုးပါ၏-ဟူလို။]

၃ - သမုတ္တေ ဇိယ ဂိဟီနံ
အနုပုဗ္ဗိကထော ဇိနော
အဒါသိ ပရမံ တုဋ္ဌိံ
သစ္စာနိ ဒဿယံ ဒိဝါ

အနက်

ဇိနော၊ မြတ်စွာဘုရားသည်။
ဒီဝါ၊ ပုရေဘတ္တ, ပစ္ဆာဘတ္တ ဖြစ်သောနေ့အခါ၌။
ဂိဟီနံ၊ လူဖြစ်သော ဒါယကာ ဒါယိကာမတို့အား။
အနုပုဗ္ဗိကထော၊ ဒါနကထာ, သီလကထာ, သဂ္ဂကထာ, ကာမာနံအာဒီနဝ, နေက္ခမေအာနိသံသ ဟူသော အစဉ်အတိုင်းသော တရားစကားကို ဟောကြား တော်မူလျက်။
သမုတ္တေဇိယ၊ ထက်သန်စေတော်မူ၍။
သစ္စာနိ၊ ဆယ့်ခြောက်အနက် လေးချက်သစ္စာ နက်နဲစွာတို့ကို။
ဒဿယံ-ဒဿယန္တော၊ တိမ်မြူပယ်ကင်း ရွှေလမင်းသို့ လင်းလင်း ထင်ပေါ် ပြတော်မူလျက်။
ပရမံတုဋ္ဌိံ၊ သံသရာတွင် တခါတလေမျှ မရစဘူး လွန်ကြူးကဲမို မဂ်ဖိုလ်ဟူသော နှစ်သက်ခြင်းကို။
အဒါသိ၊ ပေးတော်မူပြီ။

အဓိပ္ပါယ်

မြတ်စွာဘုရား၏ နေ့အခါ၌ ဆောင်ရွက်တော် မူမြဲဖြစ်သော ကိစ္စတော် နှစ်ရပ် ရှိတော်မူ၏။ မှန်၏ -

မြတ်စွာဘုရားသည် နေ့အခါဝယ် ဆွမ်းဘုဉ်းပေးတော်မမူမီ နံနက်စောစော မြို့တွင်း ရွာတွင်းသို့ ဆွမ်းခံဝင်တော်မူစဉ် ခညောင်းပူဇော် ဖူးမျှော်လာကြသော ဒါယကာ- ဒါယိကာမတို့အား၎င်း,
ဆွမ်းဘုဉ်းပေးတော်မူပြီးနောက် ကျောင်းသို့ပြန်ရောက်၍ ညနေချမ်းအခါတွင် တရားနာရန် ရောက်လာကြသော ဒါယကာ ဒါယိကာမတို့အား၎င်း,
၁။ အလှူပေးခြင်းနှင့် စပ်သောစကား,
၂။ သီလဆောက်တည်ခြင်းနှင့် စပ်သောစကား,
၃။ နတ်ပြည်ရောက်ကြောင်းနှင့် စပ်သောစကား,
၄။ ကာမဂုဏ်တို့ကို အပြစ်ဘေးဟု ရှုစေရန်နှင့် စပ်သောစကား,
၅။ ကာမဂုဏ်တို့မှ ထွက်မြောက်ခြင်း၌ အကျိုးနှင့် စပ်သောစကား,
ဤအစဉ်အတိုင်းသော တရားစကားတို့ကို ဟောကြားတော်မူလျက် တပည့်အပေါင်း တို့၏ စိတ်အစဉ်ကို ထက်သန် ရွှင်လန်းစေတော်မူကာ နက်နဲလှစွာသော သစ္စာလေးပါး၏ အနက် တဆဲ့ခြောက်ချက်တို့ကို ရွှေလမင်းကဲ့သို့ လဲ့ဝင် ထင်ပေါ် ပြတော်မူလျက် မဂ်ဖိုလ်တည်းဟူသော နှစ်သက်ခြင်းကို ပေးတော်မူခဲ့ပေ၏။

၄-ဘိက္ခူနံ ပဌမေ ယာမေ
ပါယေသိ အမတာဂဒံ
ဇာတိခေတ္တာဂ ဒေဝါနံ
ကင်္ခစ္ဆေဒေါ သ မဇ္ဈိမေ

အနက်

သ-သော ဇိနော၊ ထိုမြတ်စွာဘုရားသည်။
ပဌမေယာမေ၊ ညဉ့်ပဋ္ဌမယာမ်၌။
ဘိက္ခူနံ၊ တပည့်သားတော် ရဟန်းတို့အား။
ကင်္ခစ္ဆေဒေါ၊ ယုံမှားသင်္ကာကို ပယ်ဖြတ်တော်မူလျက်။
အမတာဂဒံ၊ မသေအံ့သော အမြိုက်ဆေးကို။
ပါယေသိ၊ တိုက်ကျွေးတော်မူပြီ။
မဇ္ဈိမေ၊ သန်းခေါင်ယာမ်၌။
ဇာတိခေတ္တာ ဂဒေဝါနံ၊ ဇာတိခေတ်ပေါင်း တိုက်တသောင်းမှ လာကုန်သော နတ်ဗြဟ္မာတို့အား။
ကင်္ခစ္ဆေဒေါ၊ ယုံမှားသင်္ကာကို ပယ်ဖြတ်တော်မူလျက်။
အမဘာဒဂံ၊ မသေအံ့သော အမြိုက်ဆေးကို။
ပါယေသိ၊ တိုက်ကျွေးတော်မူပြီ။

၅ - အာဒေါ ဖလသုခ ဝေဒိ
မဇ္ဈေ သေယျ မကာ ဇိနော
ဝေနေယျော လောကနံ အန္တေ
ပစ္ဆိမေပိ တိဓာ ကတေ

အနက်

ဇိနော၊ မြတ်စွာဘုရားသည်။
ပစ္ဆိမေပိ၊ နောက်ဆုံးပစ္ဆိမယာမ်ကိုလည်း။
တိဓာကတေ၊ သုံးဖို့ပြုပြီးသော်။
အာဒေါ၊ အစအဖို့၌။
ဖလသုခံ၊ ဖလသမာပတ်ချမ်းသာကို။
အဝေဒိ၊ ခံစားတော်မူပြီ။
မဇ္ဈေ၊ အလယ်အဖို့၌။
သေယျံ၊ ကေသရာဇာခြင်္သေ့ပမာ လက်ျာနံတောင်းဖြင့် လျောင်းစက်တော်မူခြင်းကို။
အကာ၊ ပြုတော်မူပြီ။
အန္တေ၊ အဆုံးအဖို့၌။
ဝေနေယျောလောကနံ၊ ကျွတ်ထိုက်သမျှ ဝေနေယျအား ဣန္ဒြိယပရောပရိယတ္တိ ဉာဏ်မျက်စိဖြင့် ရှုကြည့်တော်မူခြင်းကို။
အကာ၊ ပြုတော်မူလေပြီ။

အဓိပ္ပါယ်

မြတ်စွာဘုရားသည် ညဉ့်အခါ၌ဆောင်ရွက် တော်မူမြဲဖြစ်သော ကိစ္စတို့သည်-

၁။ ပုရိမယာမကိစ္စ,
၂။ မဇ္ဈိမယာမကိစ္စ
၃။ ပစ္ဆိမယာမကိစ္စ

အားဖြင့် ၃-ပါးရှိကုန်၏၊ ထို၃-ပါးတို့တွင်-

၁။ မြတ်စွာဘုရားသည် နေဝင်ပြီးခါစ ပုရိမယာမ်၌ တပည့်သား ရဟန်းတို့အား ယုံမှားသင်္ကာကို ပယ်ဖျောက်တော်မူကာ မသေရာမှန် ပြည်နိဗ္ဗာန် အမြိုက်ဆေးကို တိုက်ကျွေးတော်မူ၏။
၂။ မဇ္ဈိမဖြစ်သော သန်းခေါင်ယာမ် အခါ၌ ဇာတိခေတ်ပေါင်း တိုက်တသောင်းမှ လာကြကုန်သော နတ်ဗြဟ္မာ အပေါင်းတို့အား ယုံမှားသင်္ကာကို ပယ်ဖျောက်ကာ တခါသောက်က သေပေါက်ငြိမ်းဧ အမြိုက်ဆေးကို တိုက်ကျွေးတော်မူ၏။
၃။ နောက်ဆုံး ဖြစ်သော ပစ္ဆိမယာမ်ကိုမူကား သုံးဖို့ သုံးစု ပြုတော်မူပြီးသော် -
(က) အစအဖို့၌ ဖလသမာပတ် ချမ်းသာကို ခံစားကာ အနားယူတော်မူ၏။
(ခ) အလယ်အဖို့၌ ကေသရာဇာ ခြင်္သေ့မင်းပမာ လက်ျာနံတောင်းဖြင့် လျောင်းစက် တော်မူ၏။
(ဂ) နောက်ဆုံးအဖို့၌ ကျွတ်ထိုက်သောသူ များလူဗိုလ်တို့အား ဣန္ဒြေအရင့်အနုကို ဗုဒ္ဓစက္ခု-ဉာဏ်မျက်စိဖြင့် ကြည့်ရှု ဆင်ခြင်တော်မူ၏။

၆-ခေဒံ အဂဏယံ နာထော
ပဉ္စ ဗုဒ္ဓကတံ ဝဟံ
သတ္ထသိဒ္ဓေါ ပရတ္ထံဝ
ဗျာဝဋော သုမဟာဒယော

အနက်

သတ္ထသိဒ္ဓေါ၊ ကိုယ်တော်အကျိုးစီးပွါး ပြီးတော်မူပြီးသော။
နာထော၊ မြတ်စွာဘုရားသည်။
သုမဟာဒယော၊ အလွန်ကြီးမားသော မဟာကရုဏာ ရှိတော်မူသည်ဖြစ်၍။
ပရတ္ထံဝ၊ သူတပါးအကျိုးစီးပွါး အလို့ငှါသာလျှင်။
ခေဒံ၊ ကိုယ်တော်၏ ပင်ပန်းခြင်းကို။
အဂဏယံ-အဂဏယန္တော၊ ရေတွက်တော်မမူဘဲ။
ပဉ္စဗုဒ္ဓကတံ၊ ပုရေဘတ္တကိစ္စ ပစ္ဆာဘတ္တကိစ္စ ပုရိမယာမကိစ္စ မဇ္ဈိမယာမကိစ္စ ပစ္ဆိမယာမကိစ္စ - ဟူသော ငါးပါးသော ဗုဒ္ဓကိစ္စ အပေါင်းကို။
ဝဟံ-ဝဟန္တော၊ မနေမနား အားထုတ် ရွက်ဆောင်တော်မူလျက်။
ပရတ္ထံဝ၊ သူတပါး အကျိုးကိုသာလျှင်။
ဗျာဝဋော၊ အားထုတ်တော်မူ၏။

အဓိပ္ပါယ်

ကိုယ်တော်၏ အကျိုးစီးပွါး ပြီးစီးပြည့်စုံတော်မူပြီး ဖြစ်၍ နတ်လူတို့၏ အားထားရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေနေယျအများတို့အား ကျောသား, ရင်သား မခွဲခြားဘဲ အလွန်ကြီးမားသော ကရုဏာတော်သခင် ဖြစ်တော်မူ၍ သူတပါး အကျိုးကို ဆောင်ရွက်ရာမှာ ပင်ပန်းလှသည်ဟု ရေတွက်တော်မမူဘဲ မိမိ၏ဗုဒ္ဓကိစ္စ ငါးရပ်ကို ရွက်ဆောင်တော်မူရင်းပင် လူရှင်အများ သူတပါးတို့၏ အကျိုးကိုလဲ ယှဉ်တွဲ၍ ဆောင်ရွက်တော်မူ၏။

၇ - စင်္ကမိတွာ နိသီဒိတွာ
ရတ္တိံ ဒိပဉ္စ ဈာယိတုံ
သုပိတုံ မဇ္ဈယာမေဝ
ဗုဒ္ဓေါ ဘိက္ခူန မောဝဒိ

အနက်

ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။
ဘိက္ခူနံ၊ တပည့်သားတော်ဖြစ်သော ရဟန်းတို့အား။
ရတ္တိဉ္စ၊ သန်းခေါင်ယာမ်မှ တပါးသော ညဉ့်ဦးယမ် မိုးသောက်ယမ်ပတ်လုံး၎င်း။
ဒီဝဉ္စ၊ တနေ့ပတ်လုံး၎င်း။
စင်္ကမိတွာ၊ စင်္ကြံသွား၍။
နိသီဒိတွာ၊ ထိုင်၍
ဈာယိတုံ၊ ကမ္မဋ္ဌာန်းဘာဝနာ ရှုခြင်းငှါ။
မဇ္ဈယာမေဝ၊ သန်းခေါင်ယမ်၌သာလျှင်။
သုပိတုံ၊ အိပ်ခြင်းငှါ။
ဩဝဒိ၊ ဆုံးမတော်မူ၏။

အဓိပ္ပါယ်

မြတ်စွာဘုရားသည် တပည့် ရဟန်းတို့အား သန်းခေါင်ယာမ်ကို ချန်လှပ်၍ ညဉ့်ဦး ယာမ်နှင့် မိုးသောက်ယာမ် ပတ်လုံး၎င်း, တနေ့ပတ်လုံး၎င်း အညောင်းပြေငြား စင်္ကြံသွား၍ ဖြစ်စေ, ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၍ဖြစ်စေ အထွေထွေသော ဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်၍ သန်းခေါင်ယာမ် တခု၌သာ မျှတရုံ အိပ်စက်ကြရန် ဆုံးမတော်မူ၏။

၈-နာလ မာလသိတုံ တဿ
မဟာဝီရဿ သာသနေ
ပမာဒယ မုနိန္ဒဿ
ကတညူ သာဓုသမ္မတော

အနက်

ကတညူ၊ သူ့ကျေးဇူးကို သိတတ်သော။
သာဓု သမ္မတော၊ သူတော်ကောင်းဟု သမုတ်အပ်သော ရဟန်းသည်။
မုနိန္ဒဿ၊ ရဟန်းတို့ကို အစိုးရတော်မူသော။
မဟာဝီရဿ၊ ကြီးသောလုံ့လ ရှိတော်မူသော။
တဿနာထဿ၊ ထိုဘုရားရှင်၏။
သာသနေ၊ သာသနာတော်၌။
အာလသိတုံ၊ ပျင်းရိ၍ နေခြင်းငှါ။
ပမာဒါယ၊ မေ့လျော့၍နေခြင်းငှါ။
နာလံ၊ မသင့်။

အဓိပ္ပါယ်

ကတညုတာ -မင်္ဂလာတရားတော်အရ သူ့ကျေးဇူးကို သိတတ်သဖြင့် သူတော်ကောင်း ဟု သမုတ်အပ်သော ရဟန်းသည် ရဟန်းတို့ကို စိုးပိုင်၍ ကြီးခိုင်သော လုံ့လနှင့် ပြည့်ဝစုံလင် ဘုရားရှင် သာသနာတော်မြတ်၌ လှည့်ပတ် သွားလာ စားသောက် ကာဖြင့် နှစ်ဖြာသော ဓူရတို့၌ လုံ့လကင်းဘိ ပျင်းရိလက်ခံ မကျက်အံနိုင် မှိုင်တွေငေးမော့ မေ့လျော့၍ နေခြင်းငှါ မသင့်ပါတကား။

၉ - အနညာတဿ ဉာတာယ
အပတ္တဿစ ပတ္တိယာ
အာရဘေတုံဝ နော ယုတ္တော
အပ္ပမတ္တော ရဟောဂတော

အနက်

အနညာတဿ၊ မသိသေးသော လက္ခဏာရေး သုံးပါးကို။
ဉာတာယ၊ သိခြင်းငှါ၎င်း။
အပတ္တဿ၊ မရောက်သေးသော ဥပစာရသမာဓိ, အပ္ပနာသမာဓိသို့။
ပတ္တိယာ၊ ရောက်ခြင်းငှါ၎င်း။
ရဟောဂတော၊ ဆိတ်ငြိမ်ရာသို့ကပ်လျက်။
အပ္ပမတ္တော၊ မမေ့မလျော့။
အာရဘေတုံဝ၊ အားထုတ်ခြင်းငှါသာလျှင်။
နော၊ ငါတို့အား။
ယုတ္တော၊ သင့်ပေ၏။

အဓိပ္ပါယ်

တိုင်းပြည်တခွင် စိတ်အစဉ်မှာ အမြဲပင် သောင်းကျန်း၍ နေသော ကိလေသာ လူကြမ်းတို့၏ ဟော့ရမ်းပုံ အဖြာဖြာကို လက္ခဏာရေးသုံးပါး တည်းဟူသော ဗိုလ်ခပင်းတို့နှင့် အတင်းငေါက်ခါ အလင်းရောင် ပေါက်လာစေခြင်းငှါ၎င်း ထိုဤ ခုန်ပေါက် တောမျောက်ပမာ လွန်စွာရှုပ်ထွေး မယဉ်ကျေးသေးသော စိတ်ဓာတ်ကို သမာဓိဘာဝနာ ကြိမ်တပြာဖြင့် နှိမ်ခါ နှိမ်ခါ လိမ္မာယဉ်ကျေး လာစေခြင်းငှါ၎င်း နား မျက်စိ မရှုပ်မပွေ မြိုင်ဝနေ ချဉ်းကပ်လျက် မပြတ်မလပ် အားထုတ်ခြင်းငှါသာလျှင် ငါတို့တထွေ သင့်လျော်ပေတော့၏။

၁၀ - အာရဗ္ဘထ နိက္ကမထ
ယုဉ္ဇထ ဗုဒ္ဓသာသနေ
ဓုနာထ မစ္စုနော သေနံ
နဠာဂါရံဝ ကုဉ္ဇရော

အနက်

ဘိက္ခဝေ၊ သံသရာညွန် ဘေးအလွန်ကို ကြောက်ရွံ့လေ့ရှိသော ရဟန်းတို့။
ဗုဒ္ဓသာသနေ၊ ငါဘုရား၏ အဆုံးအမတော်၌။
အာရဗ္ဘထ၊ အားထုတ်ကုန်လော့။
နိက္ကမထ၊ ပျင်းရိခြင်းမှ နှိပ်နင်းထွက်မြောက်ကုန်လော့။
ယုဉ္ဇထ၊ အားကုန်သွန်၍ အလွန် ကြိုးပမ်းကြကုန်လော့။
ကုဉ္ဇရော၊ ဆင်ပြောင်ကြီးသည်။
နဠာဂါရံ၊ ကျူအိမ်ကို။
ဓုနာတိဣဝ၊ နင်းချိုးသကဲ့သို့။
မစ္စုနော၊ သေမင်း၏။
သေနံ၊ စစ်သည်များစွာ ကိလေသာကို။
ဓုနာထ၊ ချိုးဖဲ့ ဖျက်ဆီးကုန်လော့။

အဓိပ္ပါယ်

သံသရာညွန်အိုင်တွင်း၌ ကျွံနစ်မှာ ကြောက်ရွံ့ကြကုန်သော ချစ်သား ရဟန်းတို့ ... ငါဘုရား၏ ဆုံးမဟောကြားတော်မူသည့် တရားတော် တည်းဟူသော ယာဉ်ရထား၌ ဝိရိယ-စက်မောင်းတင်ကာ အပြင်းအားနှင့် အားထုတ်ကြကုန်လော့၊ ပျင်းရိခြင်း ရန်သူကို အောင်လံထူကာ နှိပ်နင်း၍ အတင်း ရုန်းထွက်ကြကုန်လော့၊ အားကုန် သွန်၍ အလွန်ကြိုးပမ်းကြကုန်လော့။

ဥပမာကား
ခွန်အားပြည့်ဖီး ဆင်ပြောင်ကြီးသည် ကျူထရံအိမ်ဆွေးအိုကို မှုန့်မှုန့်ညက်ကြေ နင်းချေလေဘိ သကဲ့သို့ သေမင်း၏ စစ်သည်တော်ဖြစ်သော လောဘစသော ကိလေသာ အပေါင်းကို သုတ်သင်ခါတွက် ချိုးဖဲ့ဖျက်ဆီးကြကုန်လော့။

၁၁ - ယော ဣမသ္မိံ ဓမ္မဝိနယေ
အပ္ပမတ္တော ဝိဟိဿတိ
ပဟာယ ဇာတိ သံသာရံ
ဒုက္ခဿန္တံ ကရိဿတိ

အနက်

ယောဘိက္ခု၊ အကြင်ရဟန်းသည်။
ဣမသ္မိံဓမ္မ ဝိနယေ၊ ဤသုတ် အဘိဓမ္မာ, ဝိနည်း၌။
အပ္ပမတ္တော၊ မမေ့မလျော့။
ဝိဟိဿတိ၊ မှီ၍နေလတ္တံ့။
သောဘိက္ခု၊ ထိုရဟန်းသည်။
ဇာတိသံသာရံ၊ ပဋိသန္ဓေ နေခြင်းရှိသော သံသရာကို။
ပဟာယ၊ စွန့်၍။
ဒုက္ခဿ၊ ဆင်းရဲ၏။
အန္တံ၊ အဆုံးကို။
ဝါ ဒုက္ခဿန္တံ၊ ဒုက္ခငြိမ်းခြင်းကို။
ကရိဿတိ၊ ပြုလတ္တံ့။

အဓိပ္ပါယ်

ငါဘုရား၏ သုတ်, အဘိဓမ္မာ, ဝိနည်း-ဟူသော သာသနာတော်မြတ်ကြီး၌ မမေ့လျော့သော သတိတရားကို လက်ကိုင်ထားကာ မှီတင်းနေထိုင်သော ရဟန်းသည် အမိဝမ်းခေါင်း၌ ကျဉ်းမြောင်း ကြပ်တည်း သန္ဓေစွဲ၍ နေရခြင်း စသော သံသရာဘေးဒဏ်ကို အမှန်ပယ်စွန့်၍ အလွန့်အလွန် ဆင်းရဲစွာသော အို နာ, သေရေး ဒုက္ခဘေးတို့၏ ငြိမ်းဧရာမှန် ပြည်နိဗ္ဗာန်သို့ ဧကန် ရောက်နိုင်ကြကုန်လတ္တံ့။

[၁၀-၁၁ - ဂါထာနှစ်ပုဒ်ကား ဘုရားရှင် ကိုယ်တော်တိုင် တိုက်တွန်း ဆုံးမ ဩဝါဒ ပေးတော်မူခဲ့သော “သာမုက္ကံသိက” ဥယျောဇန ဂါထာတည်း။]

၁၂–ဣတိ ဥယျောဇနံ မှာကံ
မုတ္တဿ မုတ္တိယာ သရံ
နယုတ္တော၀ ပမာဒါယ
မဟာဒယဿ သတ္ထုနော

အနက်

မုတ္တဿ၊ သံသရာမှ လွတ်တော်မူပြီးသော။
မဟာဒယဿ၊ ကြီးသော ကရုဏာ ရှိတော်မူသော။
သတ္ထုနော၊ ဘုရားရှင်၏။
အမှာကံ၊ ငါတို့အား။
မုတ္တိယာ၊ သံသရာမှ လွတ်ခြင်းငှါ။
ဣတိဥယျောဇနံ၊ ဤသို့တိုက်တွန်းတော်မူခြင်းကို။
သရံ-သရန္တော၊ အောက်မေ့လျက်။
ပမာဒါယ၊ မေ့မေ့လျော့လျော့ နေခြင်းငှါ။
နယုတ္တောဝ၊ မသင့်သည် သာလျှင်ကတည်း။

အဓိပ္ပါယ်

သံသရာ ဝဲဂယက်မှ ဖဲထွက် လွတ်မြောက်တော်မူပြီးသည်ဖြစ်၍ သံသရာတလွှားမှာ မျောပါ၍ နေကြကုန်သော သတ္တဝါတို့အား ကြီးမားသော သနားခြင်း ရှိတော်မူသော မြတ်စွာဘုရား၏ ငါတို့တတွေ သံသရာ ဝဋ်ပွေမှ ကျွတ်လွတ်စေရန် အတန်တန် ပြညွှန်း တိုက်တွန်းတော် မူချက်ကို လေးနက်စွာ အောက်မေ့ ဆင်ခြင်မိကြပါမူ မေ့လျော့ ပေါ့တန်စွာ နေထိုင်ခြင်းငှါ မသင့်တော့ပါတကား။

၁၃-သုတ္တေန ဒုဗ္ဗိတက္ကေန
အကိစ္စ ကရဏေနဝါ
မောဃ ကာလက္ခယော မန္ဒော
ဒုက္ခဿန္တံ ကထံကရေ

အနက်

သုတ္တေန၊ တလွန့်လွန့် အိပ်ခြင်းဖြင့်၎င်း။
ဒုဗ္ဗိတက္ကေန၊ မကောင်းသည်ကို ကြံသဖြင့်၎င်း။
အကိစ္စကရဏေနဝါ၊ ကိစ္စမဟုတ်သည်ကို အမှုစိုက်သဖြင့်၎င်း။
မောဃကာလက္ခယော၊ အချည်းနှီးကာလကုန်သော။
မန္ဒော၊ ပညာနုံ့သောရဟန်းသည်။
ဒုက္ခဿန္တံ၊ ဒုက္ခငြိမ်းခြင်းကို။
ကထံကရေ၊ အဘယ်သို့ ပြုနိုင်အံ့နည်း။

အဓိပ္ပါယ်

၁။ အချိန်ရှိခိုက် လုံ့လမစိုက်ဘဲ နှစ်ခြိုက် ပျော်ရွှင်အိပ်ခြင်းကိုသာ ခုံမင်ခြင်း,
၂။ အပါယ်လားကြောင်း မကောင်းသော အကြံအစည်ကိုသာ ကြံစည်ခြင်း,
၃။ မဂ်ဖိုလ်ရောက်ကြောင်း မဟုတ်သော ဗာဟိရ အလုပ်ကိုသာ နှစ်သက်စွာ ပြုလုပ် နေခြင်းတို့ဖြင့် အချိန်ကို လစ်ဟင်းစေကာ သဘာဝ အမှန်ကို သိနိုင်ရန် ဉာဏ် မရှိသော ရဟန်းသည် ဒုက္ခငြိမ်းရာ နိဗ္ဗူတာသို့ အဘယ်မှာ တက်လှမ်း နိုင်ပါအံ့နည်း။

၁၄ - အာကာသံ စက္ကဝါဠဉ္စ
သတ္တာ ဗုဒ္ဓဂုဏာ ပိစ
အနန္တာနာမ စတ္တာရော
ပရိစ္ဆေဒေါ နဝိဇ္ဇတိ

အနက်

အာကာသံ၊ ကောင်းကင်အနန္တ၎င်း။
စက္ကဝါဠဉ္စ၊ စကြဝဠာအနန္တ၎င်း။
သတ္တာ၊ သတ္တဝါအနန္တ၎င်း။
ဗုဒ္ဓဂုဏာပိစ၊ ဘုရားဂုဏ်တော်အနန္တ၎င်း။
ဣတိ၊ ဤသို့။
အနန္တာနာမ၊ အနန္တတို့မည်သည်။
စတ္တာရော၊ လေးပါးတို့တည်း။
ပရိစ္ဆေဒေါ၊ အပိုင်းအခြားသည်။
နဝိဇ္ဇတိ၊ မရှိ။

အဓိပ္ပါယ်

အနန္တတရားတို့သည်ကား-
၁။ ကောင်းကင်
၂။ စကြဝဠာ
၃။ သတ္တဝါ
၄။ ဘုရားဂုဏ်တော် - အားဖြင့် လေးပါးရှိ၏၊
ထိုလေး ပါးတို့ကို ဤရွေ့ဤမျှ ဂဏန်းချလျက် ရေတွက်ပိုင်းခြင်းငှါ မစွမ်းနိုင်ချေ။

၁၅ - ယထာပိ နဘ မာကာယံ
အင်္ဂုလရဇ္ဇုယဋ္ဌိဘိ
မိနေတုံ နေဝ သက္ကောတိ
ဧဝံ ကေနစိ တဂ္ဂုဏံ

ဗုဒ္ဓါနုဿတိ နိဒ္ဒေသော

အနက်

နဘံ၊ တစုံတခု ဝတ္ထု မရှိသော။
အာကာသံ၊ ကောင်းကင်ကို။
အင်္ဂုလရဇ္ဇုယဋ္ဌိဘိ၊ လက်သစ်ကြိုးတာတို့ဖြင့်။
မိနေတုံ၊ နှိုင်းယှဉ်တိုင်းထွာခြင်းငှါ။
နေဝ သက္ကောတိ ယထာ၊ မတတ်နိုင်ရာသကဲ့သို့။
ဧဝံတထာ၊ ထို့အတူ။
တဂ္ဂုဏံ၊ ထိုဘုရားရှင် ဂုဏ်တော်ကို။
ကေနစိ၊ တစုံတခုဖြင့်။
မိနေတုံ၊ နှိုင်းယှဉ်တိုင်းထွာခြင်းငှါ။
နေဝ သက္ကောတိ၊ မတတ်နိုင်သလျှင်ကတည်း။

ဗုဒ္ဓါနုဿတိ နိဒ္ဒေသော၊ ဗုဒ္ဓါနုဿတိနိဒ္ဒေသ ပြီး၏။

အဓိပ္ပါယ်

ဥပမာသည်ကား-
ကောင်းကင်ကို လက်သစ် ပေကြိုးတို့ဖြင့် နှိုင်းယှဉ် တိုင်းတာခြင်းငှါ မတတ်နိုင်ရာ သကဲ့သို့ ထို့အတူ ဘုရားဂုဏ်တော်ကိုလည်း တစုံတခုသော အရာဝတ္ထုဖြင့် နှိုင်းယှဉ် တိုင်းတာခြင်းငှါ မတတ်နိုင်သည်သာတည်း။

ဗုဒ္ဓါနုဿတိ ဘာဝနာ၏ အာနိသင်

ဤသို့ ဆိုခဲ့ပြီးသောနည်းဖြင့် ဘုရားရှင် ဂုဏ်တော်၌ သက်ဝင်၍ “အရဟံ သမ္မာသမ္ဗုဒ္ဓေါ” စသည်ဖြင့် မဆုတ်မနစ် ကြိမ်ဖန်များစွာ အောက်မေ့လတ်သည် ရှိသော် ရာဂ, ဒေါသ, မောဟ နှိပ်စက်သောစိတ် မဖြစ်နိုင်ဘဲ ဂုဏ်တော်၌ စွဲမြဲ ဖြောင့်မတ်သော စိတ်ဖြစ်ကာ မဇ္ဈိမသမထ နိမိတ်လမ်းကြောင်း ဖြောင့်တန်း စိုက်စိုက် စိတ်ပြေးဝင်လျက် ရှိလေ၏။ ထိုအခါ ရာဂစသည် မနှိပ်စက်နိုင်သဖြင့် နီဝရဏ ကင်းကွာ၍ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ အင်္ဂါငါးပါးရှိသော ဥပစာရဈာန်ကို ရလေ၏။

[ဤဗုဒ္ဓါနုဿတိ ဘာဝနာသည် ဥပစာရဈာန်ကိုသာ ဖြစ်စေနိုင်သည်။
အပ္ပနာဈာန်ကိုကား မဖြစ်စေနိုင်ချေ၊ အဘယ့်ကြာင့်နည်း ဆိုသော် -

၁။ ဂုဏ်တော် တခုသည်ပင် ပရမတ်ဖြစ်၍ နက်နဲလှသဖြင့် ရေနက်ရာတွင် လှေနစ် သကဲ့သို့ သမထဘာဝနာစိတ် ရပ်တည်၍ မရနိုင်သောကြောင့်၎င်း,
၂။ များလှသော ဂုဏ်တော်တို့ကို အောက်မေ့ ခြင်းဖြင့် စုပ်စုပ် နစ်နစ် သက်ဝင် ယုံကြည်ရသောကြောင့်၎င်း
အပ္ပနာဈာန် မဖြစ်နိုင်ဟု မှတ်ရမည်။

သို့ရာတွင်-
ဗုဒ္ဓါနုဿတိ ဘာဝနာကို အားထုတ်သော သူသည် အောက်ပါ အကျိုး အာနိသင်များကို ရရှိနိုင်လေသည်။

၁။ ဘုရားရှင်၌ ရိုသေခြင်းများ၏။
၂။ တုပ်ဝပ်ကျိုးနွံခြင်းများ၏။
၃။ သဒ္ဓါ, သတိ, ပညာ ပြန့်ပြော၏။
၄။ ကုသိုလ်ပုည ပြန့်ပြော၏။
၅။ ပီတိ, ပါမောဇ္ဇ များ၏။
၆။ ဘေးငယ် ဘေးကြီး သည်းခံနိုင်၏။
၇။ ဒုက္ခကို မညည်းတွား
၈။ ဘုရားနှင့်အတူတကွ ငါနေရသည်ဟု အမှတ်သညာ များစွာဖြစ်၏။
၉။ ဗုဒ္ဓါနုဿတိ ဘာဝနာ စွဲနေ ကိန်းအောင်းရာ ဤကိုယ်ခန္ဓာသည် စေတီအိမ်နှင့် တူ၏။
၁၀။ ပူဇော်ခြင်းငှါ ထိုက်၏။
၁၁။ ဘုရားအဖြစ်၌ စိတ်ညွှတ်ခြင်းများ၏။
၁၂။ ဒုစရိုက်ဝတ္ထု လွန်ကျူးစရာ ကြုံလျှင် ဘုရားရှင် မြင်ရသည့်အသွင် ဟိရီ, ဩတ္တပ္ပ ဝင်ပေ၏။
၁၃။ ထို ဗုဒ္ဓါနုဿတိ ဥပစာရ ဈာန်သမာဓိ၌တည်၍ ဝိပဿနာပွါးလျှင် မဂ်, ဖိုလ်ရ၏။
၁၄။ မရလျှင် သုဂတိ ဘဝသာ လားရာရှိ၏။

ထို အာနိသင်တို့ကို တစိတ်တဒေသ ထင်ရှားစေဦးအံ့ -

၁။ မိဖုရားစောလုံ ဝတ္ထု

သာသနာတော် ၁၇၉၉-ခုနှစ်မြောက်တွင် ပုဂံပြည်မင်းပြုသော နရသီဟပတေ့မင်း၏ မိဖုရားငယ် စောလုံသည် မင်းကြီး စားတော်ဝယ် ဆေးထည့်သဖြင့် မင်းကြီးသိ၍ စစ်မေးသောအခါ၌ -

ဟယ် ... ပန်းပွတ်သည်မြေး နွေအခါ ရေဖျန်း ကစားရာတွင် မောင်းမငယ်ကို ရှုတ်ထည့်၍ အများရှေ့တွင် အဝတ်အစား ဦးဆံ ရွှမ်းရွှမ်းစွတ်အောင် ရေပက်စေ ရသလော နှင့်ကိုငါ နှလုံးထောင့်၍ ကြံသည်ဟုဆို၏။

မင်းကြီးသည် ပန်းပဲသည် တထောင်ခေါ်၍ သံကျပ်စင် ပြုလုပ်ပြီးလျှင် ကျပ်တင် ရမည်ဟု အမိန့်ချ၏၊ စောလုံသည် သံကျပ်စင် မပြီးမီ ခုနစ်ရက်ပတ်လုံး သီတင်း သီလ ဆောက်တည်၍ အဘိဓမ္မာ တရားတော်ကို နာယူကာ ရတနာသုံးပါးဂုဏ် အာရုံပြု၍ နေ့ညဉ့် မပြတ် ပုတီးစိပ်၏။

သံကျပ်စင် ပြီးသောအခါ မိဖုရားစောလုံသည် ဂုဏ်တော်ကို အောက်မေ့ကာ ပုတီး လက်စွဲလျက် သံကျပ်စင် ရဲရဲပေါ်သို့ တက်လေသော် သုံးကြိမ်တိုင်တိုင် မီးငြိမ်း၏၊ ထိုနောက်မှ “ငါသည်တခဏချင်း မီးကျွမ်း၍ ပျောက်စေသော” ဟုပတ္ထနာ ပြုသော အခါမှ မီးကျွမ်းသတတ်။

ထိုမှတပါး -

၂။ မဟာကပ္ပိနမင်းကြီးများ။ ။ ဂုဏ်တော် ဆင်ခြင်လျက် မြစ်သုံးတန် မြင်းစီး ကူးနိုင်ကြ၏။
၃။ အနော်ဇာဒေဝီတို့။ ။ ဂုဏ်တော် ဆင်ခြင်လျက် မြစ်သုံးတန် ရထားစီး ကူးနိုင်ကြ၏။
၄။ အစိရဝတီမြစ်၌။ ။ လူတယောက် ဂုဏ်တော် ဆင်ခြင်လျက် ခြေဖြင့်သာ လျှောက်ကူးနိုင်၏။

၇။ အနာထပိဏ် သူဌေးကြီး။ ။ ဂုဏ်တော် ဆင်ခြင်လျက် သန်းခေါင်ကျော် ဘုရားဖူး အသွား ကိုယ်ရောင် ထွန်းလင်း၏၊ သုသာန်ရောက်၍ ဂုဏ်၌ မဆင်ခြင် မိသောအခါ ကိုယ်ရောင် ကွယ်သွားသဖြင့် ထိတ်လန့်၍ နောက်ဆုတ်ရာ နတ်တဦးက -

“သူဌေးကြီး ... ဆင်တသိန်း, မြင်းတသိန်း, ရထားတသိန်း ပတ္တမြား နားဍောင်း ကိုယ်စီဖြင့် သတို့သမီးတသိန်း၊ ဤ သိန်းလေးသိန်း ရခြင်းသည် ဘုရားဖူး သွားသူ၏ ခြေတလှမ်းကို ၁၆ -စိတ် ၁၆-ကြိမ် ပြုလျှင် တစိတ်မျှလောက် မထိုက်တန်သေး”-

ဟု ဘုရားဖူးသွားခြင်း အကျိုးကို ပြောပြသောအခါ သဒ္ဓါဟုန် ရဲရင့်စွာ ဆောင်သော အားဖြင့် ဘုရားထံအရောက်သွား၍ အစစွာဘုရားဖူးရသော အကြိမ်၌ပင် သူဌေးကြီး သောတာပန် တည်လေ၏၊ သိန်းလေးသိန်း အဘယ်မှာ ယှဉ်နိုင်အံ့နည်း။

[ထို့ကြောင့် အာနုဘော်ကြီးမားသော ဗုဒ္ဓါနုဿတိကို မတွန့် မဆုတ် ဖန်ဖန် အားထုတ်ရာ၏။]

ဗုဒ္ဓါနုဿတိဘာဝနာကို ပြဆိုခဏ်း ပြီး၏။

...

၂-မရဏဿတိ နိဒ္ဒေသ

၁ - မရဏဿတိံ မိစ္ဆန္တော၊
တာဝ ဗုဒ္ဓဝစော သုဏ။
အဝိက္ခိတ္တေန စိတ္တေန၊
သမ္ဗုဒ္ဓ ဝစနံ ဟိဒံ။

အနက်
မရဏဿတိံ၊ မရဏဿတိကို။ ဣစ္ဆန္တော၊ အလိုရှိသောသူသည်။ တာဝ၊ ရှေးဦးစွာ။ ဗုဒ္ဓဝစော၊ ဘုရားရှင် စကားတော်ကို။ အဝိက္ခိတ္တေန၊ မပျံလွင့်သော။ စိတ္တေန၊ စိတ်ဖြင့်။ သုဏ၊ နာလော့။ ဣဒံ၊ ဤဆိုလတ္တံ့သည်ကား။ သမ္ဗုဒ္ဓဝစနံဟိ၊ မြတ်စွာဘုရားရှင် စကားတော် သက်သက်သာတည်း။

အဓိပ္ပါယ်
မရဏဿတိဟူသည် သေခြင်းကို အောက်မေ့ခြင်းတည်း၊ မရဏဿတိ ဘာဝနာကို ကောင်းစွာ ပွါးများ အားထုတ်လိုသော ပုဂ္ဂိုလ်သည် ရှေးဦးစွာ မြတ်စွာဘုရား စကားတော်ကို မပျံမလွင့် ငြိမ်သက် တည်ကြည်သော စိတ်ဖြင့် နာယူဦးလော့၊ ဤ ဆိုလတ္တံ့သည်ကား မြတ်စွာဘုရား၏ စကားအစစ်ဖြစ်ပေ၏။

၂ - အနိမိတ္တ မနညာတံ၊
မစ္စာနံ ဣဓ ဇီဝိတံ။
ကသိရဉ္စ ပရိတ္တဉ္စ၊
တဉ္စ ဒုက္ခေန သံယုတံ။

အနက်
ဣဓ၊ ဤလောက၌။ မစ္စာနံ၊ သတ္တဝါတို့၏။ ဇီဝိတံ၊ အသက်ဇီဝိန်သည်။ အနိမိတ္တံ၊ မှတ်စရာ နှိုင်းယှဉ်စရာမရှိ။ အနညာတံ၊ သိစရာအကြောင်းမရှိ။ ကသိရဉ္စ၊ ငြိုငြင်သည်လည်း။ ဟောတိ၊ ဖြစ်၏။ ပရိတ္တဉ္စ၊ အနည်းငယ်သည်လည်း။ ဟောတိ၊ ဖြစ်၏။ တဉ္စ၊ ထိုငြိုငြင် နည်းပါးသော အသက်ဇီဝိန်သည်လည်း။ ဒုက္ခေန၊ ဆင်းရဲနှင့်။ သံယုတံ၊ ရောနှော၏။

အဓိပ္ပါယ်
ဤလောက၌ သတ္တဝါတို့၏ အသက်ခေါ်သည့် ဇီဝိတိန္ဒြေသည် မှတ်သား လောက်အောင် နှိုင်းယှဉ်ပြစရာ အကောင် အထည်မရှိ၊ သိစရာ အကြောင်းကင်းမဲ့၍ တိုတောင်း ငြိုငြင်လှသည့်ပြင် ပူပင်စရာမရှိ ပကတိ ချမ်းသာသော သဘောမျိုးသာ မဟုတ်သေးဘဲ စိုးရိမ်ပူဆွေး ငိုကြွေးရခြင်း စသော ဆင်းရဲခြင်း သဘောမျိုးနှင့် ရောနှော ဆက်ဆံ၍နေပေ၏။

၃ - န ဟိ သော ပက္ကမော အတ္ထိ၊
ယေန ဇာတာ နမိယျရေ။
ဇရမ္ပိ ပတွာ မရဏံ၊
ဧဝံဓမ္မာ ဟိ ပါဏိနော။

အနက်
ယေနဥပက္ကမေန၊ အကြင်လုံ့လဖြင့်။ ဇာတာ၊ မွေးဖွားသော သတ္တဝါတို့သည်။ နမိယျရေ၊ မသေကုန်။ သော ဥပက္ကမော၊ ထိုမသေအောင် ပြုကြောင်းဖြစ်သော လုံ့လသည်။ န အတ္ထိ၊ မရှိ။ ဇရမ္ပိ၊ အိုခြင်းသို့လည်း။ ပတွာ၊ ရောက်၍။ မရဏံ၊ သေခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဟိ၊ သင့်စွ။ ပါဏိနော၊ သတ္တဝါတို့သည်။ ဧဝံဓမ္မာဟိ၊ ဤ သေခြင်းသဘော ရှိကုန်သည် သာလျှင်တည်း။

အဓိပ္ပါယ်
မွေးဖွားလာသော သတ္တဝါ ဟူသမျှတို့သည် အသက်မသေ အမြဲနေရအောင် ကြံဆောင်ပြုပြင်နိုင်သော အင်း အိုင်, မန္တရား ဆေးဝါး ပယောဂ, လုံ့လ, ပညာ ဘယ်မှာမှ မရှိနိုင်၊ “အိုပြီးလျှင်သေကြရမည်”ဟူသော သတ္တဝါတို့၏ သဘော တံထွာ ဓမ္မဘဝအတိုင်း ဖြစ်ကုန်၏။

၄ - ဖလာန မိ၀ ပက္ကာနံ၊
ပါတော ပတနတော ဘယံ။
ဧဝံ ဇာတာန မစ္စာနံ၊
နိစ္စံ မရဏ တော ဘယံ။

အနက်
ပက္ကာနံ၊ မှည့်ရွမ်းကုန်သော။ ဖလာနံ၊ သစ်သီးတို့အား။ ပါတော၊ နံနက်အခါ၌။ ပတနတော၊ ကြွေကျခြင်းကြောင့်။ ဘယံ၊ ဘေးသည်။ ဟောတိ ဣဝ၊ ဖြစ်သကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ ဇာတာနံ၊ မွေးဖွားကုန်သော။ မစ္စာနံ၊ သတ္တဝါအား။ မရဏတော၊ သေခြင်းကြောင့်။ နိစ္စံ၊ အမြဲ။ ဘယံ၊ ဘေးသည်။ ဟောတိ၊ ဖြစ်၏။

အဓိပ္ပါယ်
မှည့်ရွမ်း ကုန်ပြီးသော သစ်သီး ကြီးငယ် အသွယ်သွယ် တို့သည် နံနက်အခါဝယ် ကြောက်ဖွယ်လိလိ ကြွေကျရသော ဘေးကြီးရှိသကဲ့ သို့သာလျှင် မွေးဖွား လာသော သတ္တဝါမှန်သမျှတို့အားလည်း မချွတ်မယွင်း သေခြင်းဘေးရန် မြဲမြံ ခိုင်ခံ့၏။

၅ - ယထာပိ ကုမ္ဘကာရဿ၊
ကတာ မတ္တိကဘာဇနာ။
သဗ္ဗေ ဘေဒပရိယန္တာ၊
ဧဝံ မစ္စာန ဇီဝိတံ။

အနက်
ကုမ္ဘကာရဿ၊ အိုးထိန်းသည်၏။ ဝါ၊ အိုးထိန်းသည်သည်။ ကတာ၊ ပြုလုပ်သမျှကုန်သော။ သဗ္ဗေ၊ ငယ်ငယ် ကြီးကြီး ဖုတ်ပြီး အစိမ်း ခပ်သိမ်းကုန်သော။ မတ္တိကဘာဇနာ၊ မြေအိုး မြေခွက်တို့သည်။ ဘေဒပရိယန္တာယထာ၊ ကဲ့ခြင်းအဆုံး ရှိကုန်သကဲ့သို့။ ဧဝံတာ၊ ထို့အတူ။ မစ္စာနံ၊ သတ္တဝါတို့၏။ ဇီဝိတံ၊ အသက်သည်။ ဘေဒပရိယန္တံ၊ ပျက်စီးခြင်းအဆုံးရှိ၏။

အဓိပ္ပါယ်
အိုးထိန်းသည်တို့ ပြုလုပ် ဆောင်ရွက် မြေခွက်မြေအိုး အမျိုးမျိုးတို့မှာ ကွဲခြင်းသာ အဆုံးရှိကုန် သကဲ့သို့ ထို့အတူ လူ, နတ်, ဗြဟ္မာ သတ္တဝါတို့၏ အသက်သည်လည်း ကုန်ဆုံး ပျက်စီးခြင်းသာ အဆုံးရှိ၏။

၆ - ဒဟရာစ မဟန္တာစ၊
ယေဗာလာ ယေစ ပဏ္ဍိတာ။
သဗ္ဗေ မစ္စုဝသံ ယန္တိ၊
သဗ္ဗေ မစ္စုပရာယနာ။

အနက်
ဒဟရာစ၊ ငယ်သောသူတို့သည်၎င်း။ မဟန္တာစ၊ ကြီးသောသူတို့သည်၎င်း။ ယေဗာလာစ၊ အကြင်မိုက်သူတို့သည်၎င်း။ ယေစပဏ္ဍိတာ၊ အကြင်ပညာရှိသော သူတို့သည်၎င်း။ သဗ္ဗေ၊ ခပ်သိမ်းသော သူတို့သည်။ မစ္စုဝသံ၊ သေမင်း အလိုသို့။ ယန္တိ၊ လိုက်ရကုန်၏။ သဗ္ဗေ၊ ခပ်သိမ်းသော သူတို့သည်။ မစ္စုပရာယနာ၊ သေမင်းနောက်သို့ လိုက်ရကုန်၏။

အဓိပ္ပါယ်
ငယ်သော သူတို့သည်၎င်း, ကြီးသော သူတို့သည်၎င်း, မိုက်သော သူတို့သည်၎င်း, ပညာရှိသော သူတို့သည်၎င်း ခပ်သိမ်းသောသူတို့သည် သေမင်း၏ အလိုနိုင်ငံသို့ မငြင်းဆန်သာ လိုက်ပါရကုန်၏။ ခပ်သိမ်းသော သူတို့သည် သေမင်းနောက်သို့ ကောက်ကောက်ပါအောင် လိုက်ရကုန်၏။

၇ - တေသံ မစ္စုပရေတာနံ၊
ဂစ္ဆတံ ပရလောကတော။
နပိတာ တာယတေ ပုတ္တံ၊
ဉာတိဝါပန ဉာတကေ။

အနက်
မစ္စုပရေတာနံ၊ သေမင်းနှိပ်စက် ကုန်သည်ဖြစ်၍။ ပရလောကတော၊ တမလွန်လောကသို့။ ဂစ္ဆတံ၊ သွားရကုန်သော။ တေသံ၊ ထိုသတ္တဝါတို့အား။ ပိတာ၊ မိဘသည်။ ပုတ္တံ၊ သားသ္မီးကို။ နတာယတေ၊ မကယ်ဆယ်နိုင်။ ဉာတိဝါပန၊ ဆွေမျိုးသားချင်းသည်လည်း။ ဉာတကေ၊ ဆွေမျိုးတပါးတို့ကို။ နတာယတေ၊ မကယ်ဆယ်နိုင်။

အဓိပ္ပါယ်
သေမင်းနှိပ်စက်မှုကြောင့် တမလွန်လောက သွားရောက်ရသော သတ္တဝါတို့အား [တောင်မင်းက မြောက်မင်းကို မကယ်နိုင်] ဆိုသည့်အလား မိဘများကလည်း သားသ္မီးကို မကယ်နိုင်၊ ဆွေမျိုးများကလည်း တခြားသော ဆွေမျိုးကို မကယ် နိုင်ချေ။

၈ - ပေက္ခတညေဝ ဉာတီနံ၊
ပဿ လာလပ္ပတံ ပုထု။
ဧကမေကောဝ မစ္စာနံ၊
ဂေါ ဝဇ္ဈောဝိယ နိယျတိ။

အနက်
ဉာတီနံ၊ ဆွေမျိုးသားချင်းတို့သည်။ ပုထု၊ ပင်ပန်းကြီးစွာ။ လာလပ္ပတံ၊ ငိုကြွေးမြည်တမ်းကုန်လျက်။ ပေက္ခတညေဝ၊ ရှုကြည့်ကုန်စဉ်ပင်လျှင်။ မစ္စာနံ၊ သတ္တဝါတို့တွင်။ ဧကမေကောဝ၊ တယောက် တယောက်ချင်း ကိုသာလျှင်။ ဂေါ ဝဇ္ဈောဝိယ၊ သတ်အံ့သော နွားကဲ့သို့။ နိယျတိ၊ သေမင်း ယူဆောင်သည်ကို။ ပဿ၊ ရှုပါလော့။

အဓိပ္ပါယ်
ချစ်လှစွာသော ဆွေမျိုး သားချင်းတို့ ပင်ပန်းကြီးစွာ ငိုကြွေး မြည်တမ်းကာ ကြည့်ရှု နေကြစဉ်မှာပင် သတ်မည့် နွားကို နွားသတ်ရုံသို့ ဆွဲသွားသလို သတ္တဝါတွေ အထဲမှ တယောက်ပြီး တယောက် သေမင်းယူဆောင်သွားသည်ကို ရှုပါလော့

၉ - ဧဝ မဗ္ဘာဟတော လောကော၊
မစ္စုနာစ ဇရာယစ။
တသ္မာ ဓီရာ နသောစန္တိ၊
ဝိဒိတွာ လောက ပရိယာယံ။

အနက်
မစ္စုနာစ၊ သေခြင်းသည်၎င်း။ ဇရာယစ၊ အိုခြင်းသည်၎င်း။ လောကော၊ တလောကလုံးကို။ ဧဝ မဗ္ဘာဟတော၊ သို့စင်ရက်ရက် နှိပ်စက်အပ်၏။ တသ္မာ၊ထို့ကြောင့်။ ဓီရာ၊ ပညာရှိတို့သည်။ လောကပရိယာယံ၊ လောက၏ ဖောက်ပြန်ခြင်း သဘောကို။ ဝိဒိတွာ၊ သိ၍။ နသောစန္တိ၊ မစိုးရိမ်ကုန်။

အဓိပ္ပါယ်
အိုခြင်းတရား, သေခြင်းတရား တို့သည် တလောကလုံးကို သို့စင်ကလောက် မထောက်မညှာ နှိပ်စက်လေသောကြောင့် ကြောင်းကျိုးမြင်သိ ပညာရှိတို့သည် လောက၏ ဖောက်ပြန်ပုံ သဘောကို နက်နဲစွာ သိသဖြင့် စိုးရိမ်ပူဆွေး ငိုကြွေးခြင်း မပြုကြကုန်

၁၀ - အညေပိ ပဿ ဂမနေ၊
ယထာ ကမ္မုပဂေ နရေ။
မစ္စုနော ဝသမာဂမ္မ၊
ဖန္ဒန္တေဝိဓ ပဏိနော။

အနက်
ယထာ ကမ္မုပဂေ၊ ကံအားလျော်စွာ ကပ်ကုန်လျက်။ ဂမနေ၊ ဘဝတပါး ပြောင်းသွားရကုန်သော။ အညပိနရေ၊ တပါးသော သူတို့ကိုလည်း။ ပဿ၊ ရှုလော့။ ဣဓ၊ ဤလောက၌။ မစ္စုနော၊ သေမင်း၏။ ဝသံ၊ အလိုသို့။ အာဂမ္မ၊ လိုက်ရ၍။ ပါဏိနော၊ သတ္တဝါတို့သည်။ ဖန္ဒန္တေဝ၊ တုန်တုန် လှုပ်လှုပ် ဖြစ်ကုန်သည်သာလျှင်ကတည်း။

အဓိပ္ပါယ်
ကောင်းမှု မကောင်းမှုကံ အားလျော်စွာ ဘဝတပါးသို့ ပြောင်းသွားရသော သူတပါး တို့ကိုလည်း သေချာစေ့ငု ကြည့်ရှုပါလော့၊ ဤလောက၌ သေမင်း၏အလို နိုင်ငံသို့ မငြင်းဆန်သာ လိုက်ပါရကုန်သော သတ္တဝါတို့သည် ကြောက်ရွံ့သောအားဖြင့် တုန်လှုပ် ချောက်ချားကြကုန်သည်သာလျှင်ကတည်း၊

၁၁ - ယေန ယေနဟိ မညန္တိ၊
တတောတဿ ဟိ အညထာ။
ဧတာဒိသော ဝိနာဘာဝေါ၊
ပဿ လောကဿ ပရိယာယန္တိ။

[သလ္လ သုတ္တေ ဝုတ္တံ။]

အနက်
ယေနယေနဟိ၊ အကြင်အကြင် အခြင်းအရာဖြင့်သာလျှင်။ မညန္တိ၊ မှတ်ထင်ကုန်၏။ တဿ၊ ထိုမှတ်ထင်သောသူအား။ တတော၊ ထိုမှတ်ထင်သည်။ အညထာဟိ၊ တပါးသော အခြင်းအရာ ဖြင့်သာလျှင်။ ဟောတိ၊ ဖြစ်၏။ ဧတာဒိသော၊ ဤသို့သဘောရှိသော။ ဝိနာဘာဝေါ၊ ကွေကွင်းခြင်းသည်။ ဟောတိ၊ ဖြစ်၏။ လောကဿ၊ လောက၏။ ပရိယာယံ၊ ဖောက်ပြန်ခြင်းကို။ ပဿ၊ ရှုပါလေ။ ဣတိဣဒံ၊ ဤစကားကို။ သလ္လသုတ္တေ၊ သလ္လသုတ်၌။ ဝုတ္တံ၊ ဘုရားဟောတော်မူပြီ။

အဓိပ္ပါယ်
ပစ္စည်းဥစ္စာ ရတနာ ရွှေငွေ သား, သမီးတွေနှင့် မကွေကွင်းဘဲ အမြဲနေရလိမ့်မည်ဟု မှတ်ထင်သောသူအား ထင်တိုင်းမဖြစ်ဘဲ မလွှဲသာ လွှဲသာ ခွဲခွါရကုန်၏၊ လောက၏ ဖောက်ပြန်ပုံကို အကုန်အစင် မြင်အောင် ရှုပါလော့ဟု သလ္လသုတ်တွင် ဘုရားရှင် ဟောတော်မူ၏။

၁၂ - ယထာပိ သေလာ ဝိပုလာ၊
နဘံ အာဟစ္စ ပဗ္ဗတာ။
သမန္တာ အနုပရိယေယျုံ၊
နိပ္ပေါထေန္တာ စတုဒ္ဒိသာ။

၁၃ - ဧဝံ ဇရာစ မစ္စုစ၊
အဓိဝတ္တန္တိ ပါဏိနေ။
ခတ္တိယေ ဗြာဟ္မဏေ ဝေဿေ၊
သုဒ္ဒေ စဏ္ဍာလ ပက္ကုသေ။
နကိဉ္စိ ပရိဝဇ္ဇေတိ၊
သဗ္ဗမေဝါ ဘိမဒ္ဒတိ။

အနက်
နဘံ၊ မိုဃ်းတိမ်သို့။ အာဟစ္စ၊ ထိ၍။ ဌိတာ၊ တည်ကုန်သော။ သေလာ၊ ကျောက်အတိပြီးကုန်သော။ ဝိပုလာ၊ ကြီးကျယ်ကုန်သော။ ပဗ္ဗတာ၊ တောင်တို့သည်။ စတုဒ္ဒိသာ၊ အရပ်လေးမျက်နှာ မြို့ရွာနိဂုံးတို့ကို။ နိပ္ပေါထေန္တာ၊ မှုန့်မှုန့်ညက်ညက် ကြိတ်ကုန်လျက်။ သမန္တာ၊ ထက်ဝန်းကျင်မှ။ အနုပရိယေယျုံယထာပိ၊ လိမ့်၍လာကုန်သကဲ့သို့။

ဧဝံတထာ၊ ထို့အတူ။ ဇရာစ၊ အိုခြင်းသည်၎င်း။ မစ္စုစ၊ သေခြင်းသည်၎င်း။ ပါဏိနေ၊ သတ္တဝါတို့ကို။ အဓိဝတ္တန္တိ၊ နှိပ်စက်ကုန်၏။ ခတ္တိယေ၊ ရေမြေသနင်း မင်းတို့ကို၎င်း။ ဗြဟ္မဏေ၊ ပုဏ္ဏားတို့ကို၎င်း။ ဝေဿေ၊ ကုန်သည်တို့ကို၎င်း။ သုဒ္ဒေ၊ သူဆင်းရဲတို့ကို၎င်း။ စဏ္ဍာလ ပက္ကုသေ၊ ဒွန်းစဏ္ဍား ပန်းမှိုက်သွန် တို့ကို၎င်း။ အဓိဝတ္တန္တိ၊ နှိပ်စက်ကုန်၏။ ကိဉ္စိ၊ တစုံတယောက်ကိုမျှ။ နပရိဝဇ္ဇေတိ၊ မရှောင်မကြဉ်။ သဗ္ဗမေဝ၊ အလုံးစုံကိုသာလျှင်။ အဘိမဒ္ဒတိ၊ နှိပ်နင်း၏။

အဓိပ္ပါယ်
မိုဃ်းထိလုမတတ် အလွန်ကြီးကျယ် မြင့်လွန်းလှစွာသော ကျောက်တောင်ကြီး တို့သည် အရပ်လေးမျက်နှာ မြို့ရွာနိဂုံးတို့ကို အကုန်ချေမှုန်းလျက် ထက်ဝန်းကျင်မှ လိမ့်၍ လာကုန်သကဲ့သို့ ထို့အတူ အိုခြင်း, သေခြင်း တို့သည်လည်း သတ္တဝါ အားလုံးကို ခြေမှုန်း နှိပ်စက်ကုန်၏၊ မင်းပုဏ္ဏားနှင့် ဆင်းရဲသား, ကုန်သည်, တလီဒွန်းစဏ္ဍား, ပန်းမှိုက်သွန်များကို တယောက်မျှ မရှောင်ကွင်းဘဲ အကုန်လုံး ချေမှုန်း နှိပ်နင်း၏။

၁၄ - န တတ္ထ ဟတ္ထိ နံ ဘုမ္မိ၊
န ရထာနံ နပတ္တိယာ။
န စာပိ မန္တယုဒ္ဓေန၊
သက္ကာ ဇေတုံ ဓနေနဝါ။

အနက်
တတ္ထ၊ ထိုသေမင်း နှိပ်စက်ရာ၌။ ဟတ္ထီနံ၊ ဆင်တို့၏။ ဘုမ္မိ၊ သွားရာသည်။ နဟောတိ၊ မဖြစ်။ ရထာနံ၊ ရထားတို့ ဖြင့်။ ဘုမ္မိ၊ အောင်ရာသည်။ နဟောတိ၊ မဖြစ်။ ပတ္တိယာ၊ ခြေသည်ဖြင့်။ ဘုမ္မိ၊ အောင်ရာသည်။ နဟောတိ၊ မဖြစ်။ မန္တယုဒ္ဓေန၊ မန္တရားစုတ်၍ စစ်ထိုးခြင်းဖြင့်၎င်း။ ဓနေနဝါ၊ ဥစ္စတန်ဆိုး လက်ဆောင်ထားခြင်းဖြင့်၎င်း။ ဇေတုံ၊ အောင်ခြင်းငှါ။ နစာပိ သက္ကာ၊ မတတ်နိုင်။

အဓိပ္ပါယ်
ထိုသို့သေမင်း နှိပ်စက်ရာ၌ ဆင်တပ်, မြင်းတပ် ရထားတပ်, ခြေလျင်တပ်အားဖြင့် လေးပါးသော စစ်ဗျူဟာဖြင့် ခင်းကာ ထိုးစစ်ဆင်၍ တိုက်ခိုက် ပါသော်လည်း မအောင်မြင်နိုင်၊ အင်းအိုင် ဆေးဝါး, မန္တရားစုတ်၍တိုက်ခြင်း ဥစ္စာတန်ဆိုး လက်ဆောင် ထိုးခြင်းဖြင့်လည်း မအောင်မြင်နိုင်ချေ။

၁၅ - တသ္မာဟိ ပဏ္ဍိတော ပေါသော၊
သမ္ပဿံ အတ္ထ မတ္တနော။
ဗုဒ္ဓေ ဓမ္မေ စ သံဃေစ၊
ဓီရော သဒ္ဓံ နိဝေသယေ။

အနက်
တသ္မာဟိ၊ ထိုသို့သေမင်းကို မအောင်နိုင်သော ကြောင့်သာလျှင်။ ဓီရော၊ မြဲမြံတည်ကြည်သော။ ပဏ္ဍိတော၊ ပညာရှိသော။ အတ္တနောအတ္ထံ၊ ကိုယ်ကျိုးကိုယ်စီးပွါးကို။ သမ္မဿံ-သမ္မဿန္တော၊ ကောင်းစွာမြင်သော။ ပေါသော၊ ယောကျ်ားသည်။ ဗုဒ္ဓေ စ၊ ဘုရား၌၎င်း။ ဓမ္မေစ၊ တရား၌၎င်း။ သံဃေစ၊ သံဃာ၌၎င်း။ သဒ္ဓံ၊ သဒ္ဓါတရားကို။ နိဝေသယေ၊ သွင်းထားရာ၏။

အဓိပ္ပါယ်
ထိုသို့ သေမင်းကို ဘယ်နည်းနှင့်မျှ မအောင်နိုင်လေ သောကြောင့် မြဲမြံ တည်ကြည်သော ပညာရှိ၍ မိမိအကျိုးကို ရွယ်ကိုး မြှော်မြင်တတ်သော ယောကျ်ား သည် ဘုရား, တရား သံဃာ ရတနာ သုံးပါးအပေါ် ယုံကြည်မှု - သဒ္ဓါတရားကို သွင်းထားရာ၏။

၁၆ - ယော ဓမ္မစာရီ ကာယေန၊
ဝါစာယ ဥဒ စေတသာ။
ဣဓေဝနံ ပသံသန္တိ၊
ပစ္စသဂ္ဂေ ပမောဒတီတိ။

[ပဗ္ဗတူ ပမ သုတ္တေ ဝုတ္တံ။]

အနက်
ယော၊ အကြင်သူသည်။ ကာယေန၊ ကိုယ်ဖြင့်၎င်း။ ဝါစာယ၊ နှုတ်ဖြင့်၎င်း။ ဥဒ၊ ထိုမြို့တုံ။ စေတသာ၊ စိတ်ဖြင့် ၎င်း။ ဓမ္မစာရီ၊ တရားကိုကျင့်သည်။ ဟောတိ၊ ဖြစ်၏။ နံ၊ ထိုသူကို။ ဣဓေဝ၊ ဤဘဝကပင်လျှင်။ ပသံသန္တိ၊ ချီးမွမ်းကုန်၏။ ပစ္စ၊ တမလွန်ဘဝ၌။ သဂ္ဂေ၊ နတ်ပြည်၌။ ပမောဒတိ၊ မွေ့လျော်၏။ ဣတိဣဒံ၊ ဤစကားကို။ ပဗ္ဗတူပမသုတ္တေ၊ ပဗ္ဗတူပမသုတ်၌။ ဝုတ္တံ၊ ဘုရားဟောတော်မူပြီ။

အဓိပ္ပါယ်
ကိုယ် နှုတ်, နှလုံး သုံးပါးတို့ဖြင့် တရားတော်အတိုင်း ကျင့်ကြံနေထိုင်သော သူကို ယခုပစ္စက္ခဘဝမှာပင် ရဟန်း ရှင်, လူတို့ ချီးမွမ်းကြကုန်၏။ တမလွန်ဘဝ နတ်ပြည် သို့ရောက်ရသော ကာလ၌လည်း နှစ်သိမ့်မွေ့လျော် ပျော်ပိုက်ရ၏-ဟု ပဗ္ဗတူပမ သုတ်တွင် ဘုရားရှင် ဟောတော်မူ၏။

၁၇ - ယထာ ဝါရိဝဟော ပူရော၊
ဝဟေ ရုက္ခေ ပ ကူလဇေ။
ဧဝံ ဇရာမရဏေန၊
ဝုယှန္တေ သဗ္ဗ ပါဏိနော။

အနက်
ပူရော၊ မြစ်လုံးပြည့်လာသော။ ဝါရိဝဟော၊ ရေအယဉ်သည်။ ဥပကူလဇေ၊ ကမ်းနား၌ ပေါက်ရောက်ကုန်သော။ ရုက္ခေ၊ သစ်ပင်တို့ကို။ ဝဟေယထာ၊ မျှောဆောင်သကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ ဇရာမရဏေန၊ အိုခြင်း သေခြင်းသည်။ သဗ္ဗ ပါဏိနော၊ ခပ်သိမ်းသော သတ္တဝါတို့ကို။ ဝုယှန္တေ၊ ဆောင်ယူအပ်ကုန်၏။

အဓိပ္ပါယ်
မြစ်လုံးပြည့်လျှံ စီးဆင်းသော ရေအယဉ်သည် ကမ်းနားတွင် ပေါက်သော သစ်ပင် အများကို လဲပြိုကျိုးပဲ့ အမြစ်ထွက်အောင် ဆွဲဆောင်သကဲ့သို့ ထို့အတူ အိုရေး, သေရေး ဒုက္ခဘေး တို့သည်လည်း သတ္တဝါခပင်းကို အကုန်ခွင်း၍ အလျင်းမရှိအောင် ဆောင်ယူအပ်ကုန်၏။

၁၈ - ဒဟရာ ပိ ဟိ မိယျန္တိ၊
နရာစ အထနာရိယော။
တတ္ထ ကော ဝိသာသေပေါသော၊
ဒဟရော မှီတိဇီဝိတေ။

အနက်
နရာစ၊ လူယောကျ်ားတို့သည်၎င်း။ အထ၊ ထိုမှတပါး။ ခရိယ၊ လူမိန်းမတို့သည်၎င်း။ ဒဟရာပိ၊ အငယ် အရွယ်ကလည်း။ မိယျန္တိ၊ သေကုန်၏။ တတ္ထဧဝံသတိ၊ ဤသို့ဖြစ်လျက်။ ကောပေါသော၊ အဘယ်ယောက်ျားသည်။ ဒဟရောမှီတိ၊ ငါငယ်သေး၏ဟူ၍။ ဇီဝိတေ၊ အသက်ရှင်ခြင်း၌။ ဝိသာသေ၊ အကျွမ်းဝင်သာအံ့နည်း။

အဓိပ္ပါယ်
မိန်းမယောက်ျား လူအများတို့သည် နုထွားပျိုရွယ် အသက်ငယ်ငယ်ကလည်း မရဏ မီးဘေးသင့်ကာ သေနိုင်ကြပါလျက် မိန်းမ ယောက်ျား ဘယ်သူများသည် ငါ့အား အရွယ် ငယ်ပါသေး၏ဟု အသက်ရှင်မှု စည်းစိမ်စုတွင် အကျွမ်းဝင်သာ ပါအံ့နည်း

၁၉ - သာယ မေကေ နဒိဿန္တိ၊
ပါတော ဒိဋ္ဌာ ဗဟုဇ္ဇနာ။
ပါတော ဧကေ နဒိဿန္တိ၊
သာယံ ဒိဋ္ဌာ ဗဟုဇ္ဇနာ။

အနက်
ပါတော၊ နံနက်ခင်းက။ ဗဟုဇ္ဇနာ၊ များစွာသော လူတို့ကို။ ဒိဋ္ဌာ၊ မြင်ကုန်၏။ ဧကေ၊ အချို့သော သူတို့သည်။ သာယံ၊ ညနေချိန်ကာလ၌။ နဒိဿန္တိ၊ မထင်မြင်ကုန်။ သာယံ၊ ညချမ်းအခါ၌။ ဗဟုဇ္ဇနာ၊ များစွာသောလူတို့ကို။ ဒိဋ္ဌာ၊ မြင်ကုန်၏။ ပါတော၊ နံနက်အခါ၌။ ဧကေ၊ အချို့သောသူတို့သည်။ နဒိဿန္တိ၊ မထင်ကုန်။

အဓိပ္ပါယ်
“နေ့မြင်ညပျောက်”ဟူသော စကားအတိုင်း နံနက်ပိုင်းက မြင်ရကုန်ငြား လူအများ တို့ကို ညနေ ရောက်က သေပျောက်ကြ၍ အချို့ မမြင်ရတော့ချေ၊ ညနေပိုင်းက မြင်ရကုန်ငြား လူအများတို့ကိုလည်း နံနက်ရောက်က သေပျောက်ကြ၍ အချို့ မမြင်ရတော့ချေ

၂၀ - အဇ္ဇေဝ ကိစ္စံ အာတပ္ပံ၊
ကော ဇညာ မရဏံ သုဝေ။
နဟိ နော သင်္ကရံ တေန၊
မဟာသေနေန မစ္စုနာတိ။

[ဇာတကေသုဝုတ္တံ။]

အနက်
အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ အာတပ္ပံ၊ အားထုတ်ဖွယ်ဖြစ်သော ကမ္မဋ္ဌာန်းဘာဝနာ ဒါနသီလအမှုကို။ ကိစ္စံ၊ ပြုအပ်၏။ သုဝေ၊ နက်ဖြန်ခါပင်။ မရဏံ၊ သေခြင်းကို။ ကော၊ အဘယ်သူသည်။ ဧညာ၊ သိနိုင်အံ့နည်း။ မဟာသေနေန၊ အတွင်းအပ များလှစွာသော စစ်သည်ရှိသော။ တေနမစ္စုနာ၊ ထိုသေမင်းနှင့်။ နော၊ ငါတို့အား။ သင်္ကရံ၊ နေ့ရက် ချိန်းချက်ခြင်းသည်။ နဟိအတ္ထိ၊ မရှိသာလျှင်ကတည်း။ ဣတိဣဒံ၊ ဤစကားကို။ ဇာတကေသု၊ ဇာတ်တို့၌။ ဝုတ္တံ၊ ဟောအပ်၏။

အဓိပ္ပါယ်
ဧကန်အားထုတ် ပြုလုပ်ထိုက်သည့် ဒါန, သီလ, ဘာဝနာ စသောကိစ္စမျိုးကို ဟိုလ ဟိုနေ့ ရက်မရွှေ့ဘဲ ယနေ့ပင် ပြုလုပ်သင့်၏။ နက်ဖြန်ကျမှ သေရလိမ့်မည်ဟု မည်သူမျှ အတတ် မသိနိုင်ချေ၊ ၉၆-ပါးသော အနာ, ၂၅-ပါးသောဘေး, ၃၂-ပါးသော ကံကြမ္မာ စစွာ သောင်းသောင်း လက်နက်ကောင်း စစ်သားရှိသည့် သေမင်းနှင့် ဘယ်နေ့ ဘယ်ရက်ကျမှ ခေါ်ပါဟု ဥစ္စာတန်ဆိုး လက်ဆောင်ထိုးကာ ငါတို့တတွေ အချိန်းအချက် မပြုနိုင်ချေ

၂၁ - နတ္ထေတ္ထညော နုသာသန္တော၊
သယံဝတ္တာန မောဝဒ။
ဇိနေရိတာ နုသာရေန၊
ဘိက္ခု သံသာရ ဘီရုကော။

အနက်
ဧတ္ထ၊ မရဏဿတိ အရာ၌။ ဝါ၊ ဤကာလ၌။ အညော၊ မိမိကိုယ်မှတပါးသော။ ဝါ၊ ဘုရားစကားတော်မှ တပါးသော။ အနုသာသန္တော၊ ဆုံးမအံ့သောသူသည်။ နတ္ထိ၊ မရှိ။ သံသာရ ဘီရုကော၊ သံသရာကို ရွံရှာထိတ်လန့်သော။ ဘိက္ခု၊ ရဟန်းသည်။ ဇိနေရိတာ နုသာရေန၊ ဘုရားဟောတော် မူအပ်သည်ကို အောက်မေ့သဖြင့်။ သယံဝ၊ ကိုယ်ရှင်ကိုယ်သည်သာလျှင်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဩဝဒ၊ ဆုံးမလော့။

အဓိပ္ပါယ်
ယခုလိုအခါမျိုး၌ မိမိကိုယ်နှင့် ဘုရားစကားအပြင် သွန်သင်ဆုံးမ ဩဝါဒပေးမည့်သူ မရှိချေ၊ သံသရာဘေး ကြောက်အားကြီးသူ ရှင်, လူ, ရဟန်းသည် ဘုရားစကား တော်ကို ဆင်ခြင်စဉ်းစား နှလုံးထားကာ မိမိ ကိုယ်တိုင်သာ မိမိကိုယ်ကို ဆုံးမပါလေ

၂၂ - အဟိဝါပိ မံ ဍံသေယျ၊
အညေပိ ဝိသဓာရိနော။
အပိယာပိစ ဃာတေယျုံ၊
ဥပ္ပဇ္ဇေယျုံ ရုဇာပိမေ။

အနက်
အဟိဝါပိ၊ မြွေသည်လည်း။ မံ၊ ငါ့ကို။ ဍံသေယျ၊ ကိုက်ရာ၏။ အညေပိ၊ တပါးလည်း ဖြစ်ကုန်သော။ ဝိသဓာရိနော၊ အဆိပ်ကို ဆောင်တတ်သော သတ္တဝါတို့သည်။ ဍံသေယျုံ၊ ကိုက်ကုန်ရာ၏။ အပိယာပိစ၊ မချစ်မနှစ်သက်သော သူတို့သည်လည်း။ ဃာတေယျုံ၊ သတ်ကုန်ရာ၏။ မေ၊ ငါ့အား။ ရုဇာပိ၊ အနာရောဂါ တို့သည်လည်း။ ဥပ္ပဇ္ဇေယျုံ၊ ဖြစ်ကုန်ရာ၏။

အဓိပ္ပါယ်
ဆုံးမပုံကား -
၁။ မြွေသည်လည်းငါ့ကို ကိုက်သတ်ရာ၏။
၂။ အဆိပ်ရှိငြား တပါးသော သတ္တဝါတို့သည်မူလည်း ငါ့ကို ကိုက်သတ်ကုန်ရာ၏။
၃။ မလိုမုန်းထား လူအများတို့သည်လည်း ငါ့ကို သတ်ကုန်ရာ၏။
၄။ အနာရောဂါတို့သည်လည်း ငါ့မှာ ဖြစ်ကုန်ရာ၏။

၂၃ - မစ္စုသေနာ ဝုဓာသင်္ချာ၊
ဗာဟိရဇ္ဈတ္တု ပဒ္ဒဝါ။
တေဟာယု ပီဠိတံဆေဇ္ဇံ၊
မရိဿ မဇ္ဇဝါ သုဝေ။

အနက်
ဗာဟိရဇ္ဈတ္တု ပဒ္ဒဝါ၊ ကိုယ်ပ ကိုယ်တွင်း ဥပဒ္ဒဝေါ ဖြစ်ကုန်သော။ မစ္စုသေနာ ဝုဓာ၊ သေမင်းစစ်သည် သေမင်း လက်နက်တို့သည်။ အသင်္ချာ၊ မရေတွက်နိုင်ကုန်။ တေဟိ၊ ထို သေမင်းစစ်သည် သေမင်း လက်နက်တို့သည်။ ပီဠိတံ၊ နှိပ်စက်အပ်လျက်။ အာယု၊ အသက်ကို။ ဆေဇ္ဇံ၊ ဖြတ်ရာ၏။ အဇ္ဇဝါ၊ ယနေ့၎င်း။ သုဝေ၊ နက်ဖြန်၎င်း။ မရိဿံ၊ သေရအံ့။

အဓိပ္ပါယ်
ကိုယ်ပ ကိုယ်တွင်း သေမင်းစစ်သည်, သေမင်းလက်နက်တို့သည် မရေမတွက် နိုင်အောင် များပြားကုန်၏၊ ထို သေမင်းစစ်သည်, သေမင်းလက်နက် နှိပ်စက်သဖြင့် အသက် ပြတ်ဆုံး၍ ယနေ့ နက်ဖြန် ဧကန်သေရလတ္တံ့

၂၄ - အဠက္ကာ ဟိ ဂဝါဒီဟိ၊
စောရာဒီဟိ အရီဟိပိ။
အဘိဏှ သန္နိပါတေဟိ၊
ရုဇာ ဆနဝုတီဟိပိ။

၂၅ - မဟူန မုပကာရေဟိ၊
အန္နောဒကာဒိကေဟိပိ။
မရိဿံ ပီဠိတော နိစ္စံ၊
နိရုဇ္ဈေယျာယု အဇ္ဇဝါ။

အနက်
အဠက္ကာဟိ ဂဝါဒီဟိ၊ ခွေးရူး, မြွေ ကျွဲ နွား အစရှိသည်တို့သည်၎င်း။ စောရာဒီဟိ၊ ခိုးသူ အစရှိကုန်သော။ အရီဟိပိ၊ ရန်သူတို့သည်၎င်း။ အဘိဏှ သန္နိပါတေဟိ၊ မပြတ် စုဝေးကုန်သော။ ရုဇာဆနဝုတီဟိပိ၊ ကိုးဆယ့်ခြောက်ပါးသော အနာတို့သည်၎င်း။ ဗဟူနံ၊ များစွာသော သူတို့အား။ ဥပကာရေ ဟိ၊ ကျေးဇူးပြုတတ်ကုန်သော။ အန္နောဒကာဒိကေဟိပိ၊ ထမင်း, ရေ အစရှိသည်တို့သည်၎င်း။ ပီဠိတော၊ နှိပ်စက်အပ်လျက်။ နိစ္စံ၊ အမြဲ။ မရိဿံ၊ သေရအံ့။ အာယု၊ အသက်သည်။ အဇ္ဇဝါ၊ ယနေ့လည်း။ နိရုဇ္ဇေယျ၊ ချုပ်ရာ၏။

အဓိပ္ပါယ်
၁။ ခွေးရူး မြွေ ကျား ကျွဲ နွား စသော သားရဲတိရိစ္ဆာန်
၂။ ဓားပြ, သူခိုး စသော ရန်သူအမျိုးမျိုး
၃။ အမြဲမပြတ် စုဝေးကပ်ရောက်သည့် ကိုးယ့် ခြောက်ပါးသော အနာရောဂါ
၄။ လူအပေါင်းအား ကျေးဇူးများသည့် ထမင်း စသော အစာအာဟာရတို့ နှိပ်စက် ညှင်းဆဲသဖြင့် အမြဲမုချ သေရလတ္တံ့၊ ရုပ်နာမ်နှစ်ချက် ဤ အသက်သည် ယနေ့မူလည်း ချုပ်ပျက်နိုင်ရာ၏။

၂၆ - ဗဟွာဝုဓေ ဝိသဇ္ဇေတိ၊
နိလ္လေဏံ မစ္စုနိဒ္ဒယော။
ဝသန္တံ ဘဝသင်္ဂါမေ၊
နမုတ္တော ကောစိ အာဝုဓာ။

အနက်
နိဒ္ဒယော၊ သနားခြင်းကင်းသော။ မစ္စု၊ သေမင်းသည်။ ဘဝသင်္ဂါမေ၊ ဘုံသုံးပါးဟူသော စစ်မြေပြင်၌။ ဝသန္တံ၊ နေသော။ နိလ္လေဏံ၊ ပုန်းအောင်းရာမရှိသော သတ္တဝါအပေါင်းသို့။ ဗဟွာဝုဓေ၊ များစွာသော လက်နက်အန္တရာယ်တို့ကို။ ဝိသဇ္ဇေတိ၊ လွှတ်၏။ ကေစိ၊ တစုံတယောက်မျှ။ အာဝုဓာ၊ သေမင်း လက်နက်မှ။ နမုတ္တော၊ မလွတ်နိုင်။

အဓိပ္ပါယ်
သုံးဘုံပိုင်နှင်း ရှင်သေမင်းသည် သနားခြင်း ကင်းမဲ့စွာ ဘုံသုံးပါးဟူသော စစ်မြေပြင်၌ ပုန်းခိုစရာ မရှိဘဲ အမြဲ နေထိုင်သော သတ္တဝါများထံသို့ လျင်မြန်ထက်မြက် များစွာသော လက်နက်တွေကို ရက်ရက်စက်စက် ပစ်လွှတ်လျက်နေ၏၊ သေမင်း၏ လက်နက်ဘေးမှ မည်သူမျှ မလွတ်မြောက်နိုင်ချေ။

၂၇ - မဟဗ္ဗလာ မဟာပညာ၊
မဟိဒ္ဓိကာ မဟဒ္ဓနာ။
နမုတ္တာ သမ္မာသမ္ဗုဒ္ဓေါ၊
သဗ္ဗလောကာဓိပေါ အပိ။

အနက်

မဟဗ္ဗလာ၊ ဝါသုဒေဝ, ဗလဒေဝ အစရှိသော ခွန်အားကြီးသော သူတို့သည်၎င်း။
မဟာပညာ၊ ရှင်သာရိပုတြာ အစရှိသော ပညာကြီးသော သူတို့သည်၎င်း။
မဟိဒ္ဓိကာ၊ ရှင်မဟာမောဂ္ဂလာန် အစရှိသော တန်ခိုးကြီးသော သူတို့သည်၎င်း။
မဟဒ္ဓနာ၊ ဇောတိက ဇဋိလ အစရှိသော ဥစ္စာများသော သူတို့ သည်၎င်း။
အာဝုဓာ၊ သေမင်းလက်နက်မှ။
နမုတ္တာ၊ မလွတ်ကုန်။
သဗ္ဗလောကာဓိပေါ၊ ခပ်သိမ်းသော လောကကို အစိုးရ၍ စောင့်ရှောက်တော်မူသော။
သမ္မာသမ္ဗုဒ္ဓေါအပိ၊ ဘုရားရှင်သော်မှလည်း။
နမုတ္တော ၊ လွတ်တော်မမူ။

အဓိပ္ပါယ်

၁။ ဝါသုဒေဝ, ဗလဒေဝ စသော ကာယဗလ ပြည့်ဝသူ
၂။ အရှင်သာရိပုတြာ စသော ဉာဏဗလ ပြည့်ဝသူ
၃။ အရှင်မောဂ္ဂလာန်စသော ဣဒ္ဓိဗလ ပြည့်ဝသူ
၄။ ဇောတိက, ဇလစသော ဘောဂဗလ ပြည့်ဝသူ၊

ဤဗလလေးတန်နှင့် အမှန်ပြည့်သော သူတို့သည်လည်း သေမင်း၏လက်နက်ဘေးမှ တယောက်မျှ မလွတ်မြောက်နိုင်ပေ။ သုံးလောက ပိုင်စိုး၍ အမျိုးမျိုး စောင့်ရှောက်တော်မူသော ဘုရားရှင် သော်မှလည်း မလွတ်မြောက်နိုင်ချေ။

၂၈ - မယာ သမာ နဝါ ဝုဒ္ဓါ၊
တဒါဝုဓေဟိ တေ မတာ။
တထာ ဟမ္ပိ မရိဿာမိ၊
လေဏံ ပုညံဝ မေ ကတံ။

အနက်

မယာ၊ ငါနှင့်။
သမာ၊ အသက်အရွယ် တူကုန်သော။
မယာ၊ ငါ့အောက်။
နဝါ၊ အသက်အရွယ် ငယ်ကုန်သော။
မယာ၊ ငါ့ထက်။
ဝုဒ္ဓါ၊ အသက်အရွယ် ကြီးကုန်သော။
တေ၊ ထိုသူတို့သည်။
တဒါဝုဓေဟိ၊ ထိုမင်းလက်နက်တို့ဖြင့်။
မတာ၊ သေလေကုန်ပြီ။
တထာ၊ ထို့အတူ။
အဟမ္ပိ၊ ငါသည်လည်း။
မရိဿာမိ၊ သေရအံ့။
ကတံ၊ ပြုအပ်ပြီးသော။
ပုညံဝ၊ ကုသိုလ်ကောင်းမှုသည်သာလျှင်။
မေ၊ ငါ၏။
လေဏံ၊ ပုန်းအောင်းရာသည်။
ဟောတိ။ ဖြစ်၏။

အဓိပ္ပါယ်

ငါနှင့်အရွယ်တူ ငါ့အောက်ငယ်သူ့ ငါ့ထက်ကြီးသူတို့သည် ထန်ပြင်း ထက်မြက်သည့် သေမင်းလက်နက်တို့ ဖြင့် သေခဲ့ရလေကုန်ပြီ၊ ငါလည်း ထို့အတူ သေရဦးမည်သာ တည်း၊ အတိတ်ကာလက ပြုခဲ့ရသော ကုသိုလ်ကောင်းမှု အစုစု သည်သာ ငါ၏ မှီခိုပုန်းအောင်း လည်းလျောင်းရာအစစ် ဖြစ်ခဲ့ချေ၏။

၂၉ - ပထဗျာပါဒယော ဓာတူ၊
အာဟာရာ ဘောဇနာဒယော။
သီတုဏှ မုတုနာမေတံ၊
ဒေါသာ ပိတ္တသေမှာနိလာ။

အနက်

ပထဗျာပါဒယော၊ ပထပိ, အာပေါ အစရှိသည် ရှိသည်။
ဓာတူ၊ ဓာတ်မည်ကုန်၏။
ဘောဇနာဒယော၊ ဘောဇဉ် အစရှိသည်တို့သည်။
အာဟာရာ၊အစာမည်ကုန်၏။
ဧတံသီတုဏှံ၊ ဤအချမ်းအပူသည်။
ဥတုနာမ၊ ဥတုမည်၏။
ပိတ္တသေမှာ နိလာ၊ သည်းခြေသလိပ် လေတိုသည်။
ဒေါသ၊ တြိဒေါသမည်ကုန်၏။

အဓိပ္ပါယ်

၁။ ပထပိ, အာပေါ စသည်တို့သည် ဓာတ် မည်ကုန်၏။
၂။ ဘောဇဉ်စသည်တို့သည် အာဟာရ မည်ကုန်၏။
၃။ အဧ, အပူသည် ဥတုမည်၏။
၄။ သည်းခြေ, သလိပ်, လေတို့သည် တြိဒေါသ မည်ကုန်၏။

၃၀ - ဓာတွာဟာရု တုဒေါသာနံ၊
သမတ္တေ ဝါယု တိဋ္ဌတိ။
ဝိသမေ တင်္ခဏညေဝ၊
ဆေဇ္ဇ မပ္ပံ ပရာဓိနံ။

အနက်

ဓာတွာဟာရု တုဒေါသာနံ၊ ဓာတ် အာဟာရ ဥတု, တြိဒေါသတို့၏။
သမတ္တေဝ၊ ညီညွတ်သော အဖြစ်ရှိမှသာလျှင်။
အာယု၊ အသက်သည်။
တိဋ္ဌတိ၊ တည်၏။
ဝိသမေ၊ မညီမညွတ်သည်ရှိသော်။
တင်္ခဏညေဝ၊ တခဏချင်းသာလျှင်။
ပရာဓိနံ၊ သူတပါးတို့နှင့်စပ်သော။
အ ပ္ပံ၊ အနည်းငယ်သော။
အာယု၊ အသက် ဇီဝိန်သည်။
ဆေဇ္ဇံ၊ ပြတ်ရာ၏။

အဓိပ္ပါယ်

ထိုဓာတ်, အာဟာရ, ဥတု, တြိဒေါသတို့ အယုတ်အလွန် အနည်းအများ မရှိ ပကတိ ညီညွတ်မှုရှိမှသာ အသက်ရှည်ကြာ တည်နိုင်၏၊ ဖောက်ပြန်ချွတ်ယွင်း, အချင်းချင်း မညီညွတ်ပါမူ သူတပါးကို မှီတွယ်ရမှ တိုတောင်းလှစွာ ရှင်နေရရှာသော အသက် ကလေးသည် တခဏချင်း ပြတ်စဲခဲ့ရာ၏။

၃၁ - ဓာတွာ ဟာရုတု ဒေါသာနံ၊
ဝိသမာ သွေပျကလ္လကော။
ဥဿာဟေ ကလ္လကာလေဝ၊
ကိံ ကရေယျအကလ္လကော။

အနက်

ဓာတွာ ဟာရုတု ဒေါသာနံ၊ ဓာတ် အာဟာရ ဥတု, တြိဒေါသတို့၏။
ဝိသမာ၊ မညီမညွှတ်ခြင်းနှင့်။
သွေပိ၊ နက်ဖြန်ခါလည်း။
အကလ္လကော၊ မကျန်းမမာခြင်းသည်။
ဘဝေယျ၊ ဖြစ်ရာ၏။
ကလ္လကာလေဝ၊ ကျန်းမာသော ခဏ၌သာလျှင်။
ဥဿာဟေ၊ အားထုတ်ရာ၏။
အကလ္လကော၊ မကျန်းမမာသောသူသည်။
ကိံ ကရေယျ၊ အဘယ်ကိုပြုနိုင်ရာသနည်း။

အဓိပ္ပါယ်

ဓာတ်စသည်တို့ ဖောက်ပြန်ချို့ယွင်း မညီညွှတ်ခြင်းကြောင့် နက်ဖြန်ခါလည်း မကျန်းမမာ ဖျားနာနိုင်၏။ မဖျားမနာ ကျန်းမာသော အခါမှာသာ လုံ့လကြိုးကုတ် အားထုတ်သင့်၏။ မကျန်းမမာ ဖျားနာသောသူသည် အဘယ်အမှုကို ပြုနိုင် ပါအံ့နည်း။

၃၂ - ဥပ္ပဇ္ဇေယျုံ ရုဇာ သွေပိ၊
အသာတာ ဒုက္ခမာ ခရာ။
ပုရေတရံဝ အာရဗ္ဘေ၊
မာပစ္ဆာ အနုတာပနံ။

အနက်

သွေပိ၊ နက်ဖြန်ခါလည်း။
အသာတာ၊ မသက်သာကုန်သော။
ဒုက္ခမာ၊ သည်းခံနိုင်ခဲကုန်သော။
ခရာ၊ ကြမ်းကြုတ်ကုန်သော။
ရုဇာ၊ အနာတို့သည်။
ဥပ္ပဇ္ဇေယျုံ၊ ဖြစ်ကုန်ရာ၏။
ပုရေတရံဝ၊ ကိုးဆယ်နှင့်ခြောက် မရောက်မီက ရှေးမဆွ၌သာလျှင်။
အာရဗ္ဘေ၊ ကုသိုလ်ဖြစ်အောင် အားသစ်ကြိုးပမ်းရာ၏။
ပစ္ဆာ၊ ရောဂါထူ၍ လက်ခြေကိုမျှ အစိုးမရ နောက်ကာလ၌။
အနုတာပနံ၊ နောင်တ ပူပန်ခြင်းသည်။
မာဟောတု၊ မဖြစ်ပါစေလင့်။

အဓိပ္ပါယ်

မနက်ဖြန်ခါလည်း မသက်မသာ ကျင်နာခံခက် ရက်စက်ကြမ်းကြုတ်သော အနာ ရောဂါတို့သည် ဖြစ်နိုင်ကုန်၏။ ၉၆-ဖြာ ဝေဒနာတို့ မရောက်လာမီ ကုသိုလ် ဖြစ်အောင် ကြံဆောင် အားးထုတ်ရာ၏။ ရောဂါထွေ၍ လက်ခြေကိုမျှ အစိုးမရသော နောက်ကာလ၌ မိုက်ခဲ့လေခြင်း, မှားလေခြင်းဟု နောင်တပူပန် ဖြစ်ရန်မသင့်ချေ။

၃၃ - သတ္တာနံ နီစကမ္မာနံ၊
သရဏောပိ ဘယင်္ကရော။
နီစာနီစံ နဇာနာမိ၊
မရဏာသန္နတမ္ပိစ။

အနက်

နီစကမ္မာနံ၊ ကံနိမ့်ကုန်သော။
သတ္တာနံ၊သတ္တဝါတို့အား။
သရဏောပိ၊ ကိုးကွယ်ရာသည်လည်း။
ဘယင်္ကရော၊ ဘေးကိုပြုတတ်၏။
နီစာနီစံ၊ ကံနိမ့် မနိမ့်ကို။
နဇာနာမိ၊ ငါမသိ။
မရဏာသန္နတမ္ပိစ၊ သေခြင်းနီးသော အဖြစ်ကိုလည်း။
နဇာနာမိ၊ ငါမသိ။

အဓိပ္ပါယ်

ကံနိမ့်သောအခါ သတ္တဝါတို့ ကိုးကွယ်အားထားရာ ကလည်း ဘေးကြီးသင့်အောင် ပြုတတ်၏၊ ကံကောင်း ကံဆိုး ဤနှစ်မျိုးကို မသိနိုင်ရိုး အမှန်ပင်တည်း၊ သေဘေးကြီး နီးကပ်သည်ကိုလည်း ငါမသိနိုင်ချေ။

၃၄ - ကမ္မ ပီဠိတ သတ္တာနံ၊
တင်္ခဏမ္ပိ ဘယုဗ္ဘဝေါ။
မရေယျ မဇ္ဇဝါ သွေဝါ၊
နယုတ္တောဝ ပမဇ္ဇိတုံ။

အနက်

ကမ္မပီဠိတသတ္တာနံ၊ ကံနှိပ်စက်သော သတ္တဝါတို့အား။
တင်္ခဏမ္ပိ၊ ထိုခဏ၌လည်း။
ဘယုဗ္ဘဝေါ၊ ဘေးဖြစ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
အဇ္ဇဝါ၊ ယနေ့၎င်း။
သွေဝါ၊ နက်ဖြန်၎င်း။
မရေယျံ၊ ငါသေရအံ့။
ပမဇ္ဇိတုံ၊ မေ့မေ့လျော့နေခြင်းငှါ။
နယုတ္တောဝ၊ မသင့်သည်သာတည်း။

အဓိပ္ပါယ်

ကံဆိုးကံညံ့ အဖိအနှိပ် ခံရသော သတ္တဝါအား တခဏချင်း ဘေးဖြစ်နိုင်၏၊ ယနေ့ ဖြစ်စေ, နက်ဖြန်ဖြစ်စေ ငါသေရလတ္တံ့၊ ငါသေနိုင်၏၊ မေ့လျော့ ပေါ့တန်စွာ နေထိုင်ခြင်းငှါ မသင့်ပါတကား၊

၃၅ - ပုညက္ခီဏာ ပဇာ ခိပ္ပံ၊
အဟေတုနာပိ နဿယေ။
သုဒ္ဓစိတ္တော မရိဿာမိ၊
န ကိလိဋ္ဌေန စေတသာ။

အနက်

ပုညက္ခီဏာ၊ ကုသိုလ်ကံ ကုန်ပြီးသော။
ပဇာ၊ သတ္တဝါသည်။
အဟေတုနာပိ၊ အကြောင်း မရှိဘဲလည်းလျှင်။
ခိပ္ပံ၊ လျင်စွာ။
နဿယ၊ ပျက်စီးရာ၏။
သုဒ္ဓစိတ္တော၊ စင်ကြယ်သော စိတ်ရှိသည်ဖြစ်၍။
မရိဿာမိ၊ ငါသေအံ့။
ကိလိဋ္ဌေန၊ ညစ်ညူးသော။
စေတသာ၊ စိတ်ဖြင့်။
နမရိဿာမိ၊ မသေပါအံ့။

အဓိပ္ပါယ်

ကုသိုလ်ကံအဟုန် ကုန်လေပြီးသော သတ္တဝါသည် သေလောက်သော အကြောင်းစု ဘာတခုမျှ မရှိဘဲလည်း ရုတ်တရက် လဲကာလျှင် ပျက်စီးနိုင်၏၊ စင်ကြယ်သန့်ရှင်း အပြစ် ကင်းသောစိတ်ဖြင့် ငါသေအံ့၊ ညစ်ညူ နောက်ကျု မကောင်းသော စိတ်ဖြင့် မသေပါအံ့။

၃၆ - ဥပစ္ဆေဒါပိ မေ သန္တိ၊
ဘဝါဘဝစိတာ ဗဟူ။
ဆေဇ္ဇံ တေဟာယု အဇ္ဇာပိ၊
သာဓွာသုမာရဘေ မတံ။

အနက်

ဘဝါဘဝ စိတာ၊ ဘဝကြီးငယ်က ဆည်းပူးအပ်ကုန်သော။
ဗဟူ၊ များစွာကုန်သော။
ဥပစ္ဆေဒါပိ၊ ဥပစ္ဆေဒက ကံတို့သည်လည်း။
မေ၊ ငါ့အား။
သန္တိ ၊ ရှိကုန်၏။
တေဟိ၊ ထိုကံတို့သည်။
အဇ္ဇာပိ၊ ယနေ့လည်း။
အာယု၊ အသက်ကို။
ဆေဇ္ဇံ၊ ဖြတ်ရာ၏။
သာဓု၊ သူတော်ကောင်းသည်။
အမတံ၊ မသေအံ့သောတရားကို။
အာသုံ၊ လျင်စွာ။
အာရဘေ၊ အားထုတ်ရာ၏။

အဓိပ္ပါယ်

ဘဝအဆက်ဆက် ဆည်းပူးခဲ့၍ လက်ရှိဖြစ်ခါ နောက်ကပါသည့် ဥပစ္ဆေဒကကံ အများတို့သည် ငါ့အားရှိကုန်၏၊ ထိုကံတို့သည် ယနေ့ချက်ချင်း အသက်ကို ဖြတ်ခွင်း နိုင်၏။ သူတော်ကောင်းသည် မအို မသေ အမြဲနေရသော တရားမျိုးကို ကြိုးစား အားထုတ်ရာ၏။

၃၇ - ကမ္မာ ပရာဓ သတ္တာနံ၊
ဝိနာသေ ပစ္စုပဋ္ဌိတေ။
အနယော နယရူပေန၊
ဗုဒ္ဓိမာကမျ တိဋ္ဌတိ။

အနက်

ကမ္မာ ပရာဓ သတ္တာနံ၊ ကံချွတ်ယွင်းသော သတ္တဝါတို့အား။
ဝိနာသေ၊ ပျက်စီးချိန် ကာလသည်။
ပစ္စုပဋ္ဌိတေ၊ ရှေးရှုအနီး၌ တည်လတ်သည်။
အနယော၊ မကောင်းသောနည်းသည်။
နယရူပေန၊ နည်းကောင်းရုပ်ဖြင့်။
ဝါ၊ နည်းကောင်း အသွင်ဖြင့်။
ဗုဒ္ဓိံ၊ ပညာကို။
အာကမျ၊ နင်းနယ်၍၊
တိဋ္ဌတိ၊ တည်၏။

အဓိပ္ပါယ်

ကံချွတ်ယွင်းလျက် ပျက်စီးရမည့် သတ္တဝါတို့မှာ ပျက်စီးချိန် ကျလာလျှင် သဘာဝနှင့် ဆန့်ကျင်သော မကောင်းသောနည်းသည် နည်းကောင်းအသွင် ဉာဏ်ဝင်ပြီး ဖျက်ဆီး နင်းနယ်ကာ တည်၏။

၃၈ - မရဏာသန္န တညေဝ၊
စိန္တေယျ ပညာဝါ သတော။
ဧဝံ စိန္တယန္တော သန္တော၊
နပါပံ ကတ္တု မုဿဟေ။

အနက်

သတော၊ သတိလည်းရှိသော။
ပညဝါ၊ ပညာရှိသည်။
မရဏာသန္န တညေဝ၊ သေခြင်းနီးသော အဖြစ်ကိုသာလျှင်။
စိန္တေယျ၊ ကြံရာ၏။
ဧဝံ စိန္တယန္တော၊ ဤသို့သေခြင်း နီးသော အဖြစ်ကို ကြုံသည်ရှိသော်။
သန္တော၊ သူတော်ကောင်းသည်။
ဝါ၊ ရာဂ, ဒေါသငြိမ်းသည်။
ဟုတွာ၊ ဖြစ်၍။
ပါပံ၊ မကောင်းမှုကို။
ကတ္တုံ၊ ပြုခြင်းငှါ။
နဥဿဟေ၊ မရဲဝံ့ရ။

အဓိပ္ပါယ်

အရာရာ၌ သတိသမ္ပဇဉ် အဆင်ခြင်ဉာဏ် ရှိသောသူသည် သေခြင်းသဘော နီးကပ်နေသော အဖြစ်ကိုသာလျှင် ကြံစည်ရာ၏၊ ဤသို့ ကြံစည်သည်ရှိသော် သေရမည်ကို ကြောက်ရွံ့၍ ရာဂအစရှိသော ကိလေသ ငြိမ်းပျောက်ကာ အပါယ် ရောက်ကြောင်းဖြစ်သော မကောင်းမှုကိုလည်း မပြုဝံ့ပေရာ။

၃၉ - မရဏာသန္န တညေဝ၊
စိန္တေယျ ဗုဒ္ဓသာဝကော။
ဧဝံ စိန္တယန္တော သန္တော၊
ကဒါစိပိ အနုဏ္ဏတော။

အနက်

ဗုဒ္ဓသာဝကော၊ ဘုရားတပည့်ဖြစ်သော ရဟန်းသည်။
မရဏာသန္န တညေဝ၊ သေခြင်းနီးသော အဖြစ်ကိုသာလျှင်။
စိန္တေယျ၊ ကြံရာ၏။
ဧဝံ စိန္တယန္တော ဤသို့သေခြင်း နီးသည်ကို ကြံအောက်မေ့သော ရဟန်းသည်။
သန္တော၊ သူတော်ကောင်း ဖြစ်၍။
ကဒါစိပိ၊ တရံတဆစ်မျှလည်း။
အနုဏ္ဏတော၊ မတက်ကြွ။

အဓိပ္ပါယ်

မြတ်စွာဘုရား၏ တပည့်သား အစစ်ဖြစ်သော ရဟန်းတော်သည် သေခြင်းသဘော နီးကပ်သော အဖြစ်ကိုသာလျှင် ကြံစည်ရာ၏၊ ဤသို့ ကြံစည်သည် ရှိသည် သေရမည်ကို ကြောက်ရွံ့၍ မသူတော်ဓလေ့ ဟူသရွေ့ကို ပယ်စွန့်ကာ သူတော်ကောင်း ဖက်မှာသာ စိတ်ပါဝင်စားသဖြင့် ဘယ်အခါမှ ထောင်လွှား တက်ကြွခြင်း မရှိနိုင်ချေ။

၄၀ - အဒ္ဓါဂ မရဏံ ပညော၊
ပုရေတရံ စိန္တယေ။
ကရေ ကာတဗ္ဗ သမ္မဉ္စ၊
ဧဝ သော နာနုသောစတိ။

အနက်

ပညော၊ ပညာရှိသည်။
အဒ္ဓါဂမရဏံ၊ မချွတ် လာလတ္တံ့သော သေခြင်းကို။
ပုရေတရံဝ၊ ရှေးမဆွကြီး စီးစီး စောစောကလျှင်။
စိန္တယေ၊ ကြံရ၏။
ကာတဗ္ဗ သမ္မဉ္စ၊ ပြုဖွယ် ဖြစ်သော ကုသိုလ်မှုကိုလည်း။
ကရေ၊ ပြုရာ၏။
ဧဝံ၊ ဤသို့ပြုသည် ရှိသော်။
သော၊ ထိုသူသည်။
နာနုသောစတိ၊ နောင်မစိုးရိမ်။

အဓိပ္ပါယ်

အမြော်အမြင် ပညာရှိသော သူလည် မချွတ်ဧကန် အမှန်ရောက်လာမည့် သေခြင်း သဘောကို စောစောစီးစီး ရှေးမဆွကြီးကပင် ကြိုတင် ကြံစည်ရာ၏၊ ဧကန် ပြုထိုက် သည့် ဒါန, သီလ,ဘာဝနာ စသော ကိစ္စမျိုးကိုလည်း ရက်မရွှေ့ဘဲ ယနေ့ပင်ပြု၏၊ ဤသို့ သတိရခိုက် ပြုလိုက်သောသူသည် နောင်အခါ၌ မိုက်လေခြင်း, မှားလေခြင်းဟု ပူပန်စိုးရိမ်မှု မဖြစ်နိုင်ချေ။

၄၁ - မရဏာသန္န သညီသော၊
အပ္ပမတ္တော ဝိစက္ခဏော။
ပတ္တေပိ မရဏေ ကာလေ၊
န သမ္မုဠှော နသောကဝါ။

အနက်

မရဏသန္နသညီသော၊ သေခြင်း နီးပြီ အမှတ်ရှိ၍။
အပ္ပမတ္တော၊ မမေ့မလျော့နေသော။
သောဝိစက္ခဏော၊ ထိုပညာရှိသည်။
မရဏေ ကာလေ၊ သေခါနီးကာလသို့။
ဝါ၊ သေခါနီး ကာလသည်။
ပတ္တေပိ၊ ရောက်သော်လည်း။
န သမ္မုဠှော၊ မတွေမဝေ။
န သောကဝါ၊ သောကမရောက်။

အဓိပ္ပါယ်

သေခြင်းနှီးပြီး သေမည်ဟု မှတ်ထင်၍ မမေ့မလျော့ မပေါ့မတန် စဉ်းစားဉာဏ် ရှိသောသူသည် သေခါနီးရာ ချိန်အခါသို့ ရောက်ပါသော်လည်း ငြီးတွား အော်ဟစ် စိုးရိမ်ပူဆွေးခြင်း မဖြစ်ဘဲ အမြဲသတိရှိကာ မတွေမဝေ သေရရှာ၏။

၄၂ - မရဏာ သန္နသညီ သော၊
သောဓေတိ အတ္တနော မလံ။
နိမ္မလေန စုတော ဘိက္ခု၊
နတွေဝါ ပါယ ဂါမိကော။

အနက်

မရဏာသန္နသညီ၊ သေခြင်းနီးပြီ အမှတ်ရှိသော။
သောနရော၊ ထိုသူသည်။
အတ္တနောမလံ၊ မိမိအညစ်အကြေးကို။
သောဓေတိ၊ သုတ်သင်၏။
နိမ္မလေန၊ အညစ်အကြေး ကင်းသဖြင့်။
စုတော၊ စုတေသော။
ဘိက္ခု၊ ရဟန်းသည်။
အပါယဂါမိကော၊ အပါယ်လားသည်။
နတွေဝ ဟောတိ၊ မဖြစ်သာလျှင်ကတည်း။

အဓိပ္ပါယ်

သေခြင်း နီးပြီ သေတော့မည်ဟု မှတ်ထင်မှု ရှိသောသူသည် ကြောက်ဖွယ် ကောင်းသည့် ကိလေသာမြူမြှေး မိမိ၏အညစ်အကြေးကို ဆေးကြောသုတ်သင်၏။ ကိလေသာ အပြစ်ဘေး အညစ်အကြေးမရှိဘဲ ပကတိသန့်ရှင်းစွာ စုတေရ ရှာသော ရဟန်းသည် ပရမ်းပတာ ကျရောက်ရာ ဖြစ်သော အပါယ်လေးပါးသို့ မရောက်နိုင်ချေ။

၄၃ - သတိ အာသန္န မရဏေ၊
ဒူရသညီ ပမာဒ ဝါ။
ယော ကရောတိ အကာတဗ္ဗံ၊
တဒါ သော အတိဟောစတိ။

အနက်

ယော၊ အကြင်သူသည်။
အာသန္န မရဏေ၊ သေခြင်းနီးသော အဖြစ်သည်။
သတိ၊ ရှိလျက်။
ဒူရသညီ၊ ဝေးသည် အမှတ်ရှိသည်ဖြစ်၍။
ပမာဒဝါ၊ မေ့မေ့လျော့ နေသည်ဖြစ်၍။
အကာတဗ္ဗံ၊ မကောင်းသော မကောင်းမှုကို။
ကရောတိ၊ ပြု၏။
သော၊ ထိုသူသည်။
တဒါ၊ ထိုသေခါနီးအခါ၌။
အတိသောစတိ၊ အလွန် စိုးရိမ်ရ၏။

အဓိပ္ပါယ်

နေ့စဉ်မပြတ် သေခြင်းနီးကပ်နေသည် ဖြစ်ပါလျက် အသိမပိုင် မသေနိုင်သေး အလွန်ပင် ဝေးသေးသည်ဟု မှတ်ထင်မှုရှိကာ မေ့လျော့ ပေါ့တန်စွာ နေထိုင်သဖြင့် မပြုသင့်သော မကောင်းမှု အပေါင်းကို ပြုသောသူသည် သေခါနီးအခါတွင် အလွန်ပင် စိုးရိမ်ပူဆွေးရ၏

၄၄ - သတိ အာသန္နမရဏေ၊
ဒူရသညီ ပမာဒဝါ။
အာကိဏ္ဏော ပါပဓမ္မေဟိ၊
ပဇ္ဈာယိ ဒုမ္မနော တဒါ။

အနက်

အာသန္နမရဏေ၊ သေခြင်းနီးသောအဖြစ်သည်။
သတိ၊ ရှိလျက်။
ဒူရသညီ၊ ဝေးသည်အမှတ် ရှိသည်ဖြစ်၍။
ပမာဒဝါ၊ မေ့မေ့လျော့လျော့ နေသည်ဖြစ်၍။
ပါပဓမ္မေဟိ၊ အကုသိုလ်တရားတို့နှင့်။
အာကိဏ္ဏော၊ ရောပြွမ်းသောသူသည်။
တဒါ၊ ထိုသေခါနီးကာလ၌။
ဒုမ္မနော၊ နှလုံး မသာမယာ ရှိသည်ဖြစ်၍။
ပဇ္ဈာယိ၊ ကြံမှိုင်၏။

အဓိပ္ပါယ်

နေ့စဉ်မပြတ် သေခြင်း နီးကပ်နေသည်ဖြစ်ပါလျက် အသိမပိုင် မသေနိုင်သေး အလွန် ဝေးသေးသည်ဟု မှတ်ထင်မှုရှိကာ မေ့လျော့ ပေါ့တန်စွာနေသဖြင့် ယုတ်မာ ညစ်ညမ်းသော အကုသိုလ်တရားတို့နှင့် ရောပြွမ်းသောသူသည် သေခါနီး အခါမှာ နှလုံးမသာနိုင် ကြံမှိုင်ရ၏

၄၅ - သတိ အာသန္န မရဏေ၊
ဒုဋ္ဌော ဒေါသော တိ ထဒ္ဓဝါ။
အဘိနန္ဒတိ သာဒေတိ၊
တဒါသော အတိဒုက္ခိတော။

အနက်

အာသန္န မရဏေ၊ သေခြင်းနီးသောအဖြစ်သည်။
သတိ၊ ရှိလျက်။
ဒုဋ္ဌော၊ အမျက် နှိပ်စက်အပ်သည် ဖြစ်၍။
ဒေါသော၊ ဒေါသထွက်သည်ဖြစ်၍။
အတိ ထဒ္ဓဝါ၊ အလွန်ခက်ထန်ခြင်းရှိ၏။
အဘိနန္ဒတိ၊ အလွန်နှစ်သက်၏။
သာဒေတိ၊ သာယာ၏။
သော၊ ထိုသူသည်။
တဒါ၊ ထိုသေခါနီး၌။
အတိဒုက္ခိတော၊ အလွန် ဆင်းရဲရောက်၏။

အဓိပ္ပါယ်

နေ့စဉ်မပြတ် သေခြင်း နီးကပ်နေသည်ဖြစ်ပါလျက် အမျက်နှိပ်စက်၍ဒေါသထွက်ကာ လွန်စွာခက်ထန်သော သူသည်၎င်း, သားသ္မီးနှင့် ပစ္စည်းအထွေထွေ ရွှေငွေ ရတနာ အဖြာဖြာတို့ကို သာယာနှစ်သက် လွန်စွာစုံမက်သော သူသည်၎င်း သေခါနီးအခါ လားရာဂတိစောင်း၍ မကောင်းသော နိမိတ်အမျိုးမျိုး ပေါ်လာက လွန်စွာ ရွံ့ကြောက် ဆင်းရဲခြင်းသို့ရောက်ရ၏

၄၆ - သတိ အာသန္နမရဏေ၊
တုဝဋံ န စိကိစ္ဆတိ။
သဉ္စိစ္စာပတ္တိ မာပန္နော၊
တဒါ သော ပရိဒေဝတိ။

အနက်

အာသန္န မရဏေ၊ သေခြင်းနီးသောအဖြစ်သည်။
သတိ၊ ရှိလျက်။
သဉ္စိစ္စာပတ္တိံ၊ စိတ်ရှိလျက် သင့်သော အာပတ်သို့။
အာပန္နော၊ ရောက်သောရဟန်းသည်။
တုဝဋံ၊ လျင်မြန်စွာ။
န စိကိစ္ဆတိ၊ မကုစား။
သောဘိက္ခု၊ ထိုရဟန်းသည်။
တဒါ၊ ထိုသေခါနီး၌။
ပရိဒေဝတိ၊ ငိုကြွေးရ၏။

အဓိပ္ပါယ်

နေ့စဉ်မပြတ် သေခြင်း နီးကပ်နေသည် ဖြစ်ပါလျက် ပညတ်ချက်ကို လွန်ကျူး လိုစိတ်ရှိမှ သင့်ရောက်ရသော အာပတ်မျိုးကို တမင်လွန်ကျူးပြီးနောက် အပြစ် ကင်းပျောက်ရန် လျင်မြန်စွာ မကုစားဘဲ နေသောရဟန်းသည် သေခါနီးအခါ အတ္တာ နုဝါဒဘေး, အပါယ်ဘေးတို့ကြောင့် အဖန်ဖန် ငိုကြွေးရ၏

၄၇ - သတိ အာသန္န မရဏေ၊
ဂိဟီဟိ နဝကေဟိစ။
သံသဋ္ဌော န နုလောမေဟိ၊
သွတိဝဿု မုခေါ တဒါ။

အနက်

အာသန္န မရဏေ၊ သေခြင်းနီးသော အဖြစ်သည်။
သတိ၊ ရှိလျက်။
ဂီဟီဟိ၊ တကာ, တကာမတို့နှင့်၎င်း။
နဝကေဟိစ၊ ကျောင်းသားသူငယ်, ပဉ္စင်းငယ် ရှင်ငယ်တို့နှင့်၎င်း။
အနနုလောမေဟိ၊ ရဟန်းတို့နှင့် မသင့်တော်သော ရောယှက်ခြင်းတို့ဖြင့်။
သံသဋ္ဌော၊ ရောယှက်သော။
သောဘိက္ခု၊ ထိုရဟန်းသည်။
တဒါ၊ ထိုသေခါနီး၌။
အတိဝ၊ လွန်စွာလျှင်။
အဿုမုခေါ၊ မျက်ရည်ယိုသော မျက်နှာရှိ၏။

အဓိပ္ပါယ်

နေ့စဉ်မပြတ် သေခြင်း နီးကပ်နေသည် ဖြစ်ပါလျက် တကာ တကာမများ ကျောင်းသားသူငယ် ရှင်ငယ် ပဉ္စင်းငယ်များနှင့် မသင့်မလျော် အမြင်မတော်သော ရောယှက်ခြင်းမျိုးဖြင့် ကိုယ်ကျိုးမငဲ့ ရောယှက်ဆက်ဆံသော ရဟန်းသည် သေခါနီးအခါ အဓမ္မဝါဒဘေး, အပါယ်ဘေး တွက်တာကြောင့် မျက်ရည်ပေါက် ကြီးငယ်ကျရ၏

၄၈ - သတိ အာသန္န မရဏေ၊
ကုဟကော ကုလဒူသကော။
မိစ္ဆာဇီဝ သမာပန္နော၊
ဒုန္နိမိတ္တောဝ သော စုတော။

အနက်

အာသန္န မရဏေ၊ သေခြင်းနီးသော အဖြစ်သည်။
သတိ၊ ရှိလျက်။
ကုဟကော၊ ကောက်ကျစ်စဉ်းလဲ အံ့အဲစေသော အကျင့်ရှိသည်ဖြစ်၍။
ကုလဒူသကော၊ သစ်သီးပေးခြင်း စသည်ဖြင့် ဒါယကာတို့ သဒ္ဓါတရားကို ဖျက်ဆီးလျက်။
မိစ္ဆာဇီဝ သမာပန္နော၊ မိစ္ဆာဇီဝသို့ရောက်၏။
သောဘိက္ခု၊ ထိုရဟန်းသည်။
ဒုန္နိမိတ္တောဝ၊ မကောင်းသောကံ, ကမ္မနိမိတ်, ဂတိနိမိတ် ရှိသည် ဖြစ်၍သာလျှင်။
စုတော၊ စုတေရ၏။

အဓိပ္ပါယ်

နေ့စဉ်မပြတ် သေခြင်းနီးကပ်နေသည် ဖြစ်ပါလျက် ကောက်ကျစ် စဉ်းလဲသော စိတ်ဖြင့် အံ့သြဖွယ် အကျင့်များကိုပြကာ ပစ္စည်းရှာ၍ သစ်သီးပေးခြင်း ပန်းပေးခြင်း စသည် ဖြင့် တကာ တကာမများ သဒ္ဓါတရားကို ဖျက်ဆီးလျက် ဗေဒင်ဟောခြင်း ဆေးကုခြင်းစသည်ဖြင့် ယုတ်မာသော အသက်မွေးမှုရှိသော ရဟန်းသည် အပါယ် ရောက်ကြောင်း မကောင်းသော ကံ ကမ္မနိမိတ် ဂတိနိမိတ်များကိုသာ အာရုံပြုကာ သေရရှာ၏။

၄၉ - သသောကီ သဟနန္ဒီစ၊
ဒုက္ခေ ဒုက္ခာ သုခေ သုခေါ။
ဂိဟိကမ္မေသု ဥဿုက္ကော၊
ပဿံ ဂိဇ္ဈကူဋံ စုတော။

အနက်

သသောကီ၊ ဒါယကာတို့နှင့်အကွ စိုးရိမ်လျက်၎င်း။
သဟနန္ဒီစ၊ ဒါယကာတို့နှင့်တကွ နှစ်သက်လျက်၎င်း။
ဒုက္ခေ၊ အိမ်ဆင်းရဲ ရောက်သည်ရှိသည်။
ဒုက္ခာ၊ ကျောင်းက ဆင်းရဲ ရောက်သည်ဖြစ်၍၎င်း။
သုခေ၊ အိမ်ချမ်းသာသည်ရှိသည်။
သုခေါ၊ ကျောင်းကချမ်းသာသည်ဖြစ်၍၎င်း။
ဂိဟိကမ္မေသု၊ လူတို့အမှုကိစ္စတို့၌။
ဥဿုက္ကော၊ လုံ့လပြု၍နေသော ရဟန်းသည်။
ဂိဇ္ဈကူဋံ၊ ပြိတ္တာတို့နေရာ ဂိဇ္ဈကုဋ်တောင်ဟူသော ဂတိနိမိတ်ကို။
ပဿံ-ပဿန္တော၊ ရေးရေးထင်ထင် မြင်သည်ဖြစ်၍။
စုတော၊ စုတေရ၏။

အဓိပ္ပါယ်

မိမိဆိုင်ရာ-လူဒါယကာတွေနှင့် စိုးရိမ်စရာ ဝမ်းနည်းစရာ ရှိလျှင်လည်း အတူမကွာ နှစ်သက်စရာ ဝမ်းသာစရာ ရှိလျှင်လည်း မကွာမကွဲ အမြဲပင်ဒွန်တွဲလျက် အိမ်က ဆင်းရဲလျှင် ကျောင်းကလဲ မချမ်းသာ၊ အိမ်မှာချမ်းသာလျှင် ကျောင်းမှာလဲ ပျော်ပွဲ ဆင်ကာ လူမှုရေးရာတို့၌ ကြောင့်ကြစိုက်သော ရဟန်းသည် ပြိတ္တာတို့နေရာ ဂိဇ္ဈကုဋ်တောင် ဟူသော-ဂတိ နိမိတ်ကိုသာ ရေးရေးမြင်ကာ သေရ၏။

၅၀ - မရိဿန္တိ အနာဝဇ္ဇ၊
ကိလေသာတုရ ပီဠိတော။
ကိမိခဇ္ဇဝဏော သာဝ၊
ဘန္တော ကိံ သုဂတိံ ဝဇေ။

အနက်

မရိဿန္တိ၊ ငါသေရအံ့ဟူ၍။
အနာဝဇ္ဇ၊ နှလုံးမသွင်းဘဲ။
ကိလေသာတုရ ပီဠိတော၊ ကိလေသာ နာကျင်ခြင်း နှိပ်စက်သည်ဖြစ်၍။
ကိမိခဇ္ဇဝဏော၊ လောက်ကိုက်သော အနာရှိသော။
သာဝ၊ ခွေးကဲ့သို့။
ဘန္တော၊ မရပ်မတည် လှည့်လည်သော ရဟန်းသည်။
သုဂတိံ၊ သုဂတိဘုံသို့။
ကိံ ဝဇေ၊ အဘယ်သို့ သွားနိုင်အံ့နည်း။
နဝဇေ၊ မသွားနိုင်ရာ။

အဓိပ္ပါယ်

ငါသေရလိမ့်မည်ဟု နှလုံးသွင်းမှု မရှိဘဲ ကိလေသာ အနာနှိပ်စက်၍ လောက်ကိုက် သည့် ခွေးအလား မရပ်မနား လှည့်လည် သွားလာသော ရဟန်းသည် သုဂတိဘုံသို့ အဘယ်ပုံ သွားနိုင်အံ့နည်း၊ မသွားနိုင်ရိုး အမှန်ပင်တည်း

၅၁ - မရိဿန္တိ အနာဝဇ္ဇ၊
ဓုရဒွယံ န ပူရတိ။
ဂန္ထံ ဝိပဿနံ တန္ဒီ၊
ကာရုညောယေဝ သော စုတော။

အနက်

မရိဿန္တိ၊ ငါသေရအံ့ ဟူ၍။
အနဝဇ္ဇ၊ နှလုံးမသွင်းဘဲ။
တန္ဒီ၊ ပျင်းရိသည်ဖြစ်၍။
ဂန္ထံ၊ စာပေသင်ကြားခြင်း ဂန္ထဓုရကို၎င်း။
ဝိပဿနံ၊ ကမ္မဋ္ဌာန်း စီးဖြန်းခြင်း ဝိပဿနာ ဓုရကို၎င်း။
ဓုရဒွယံ၊ ဝန်နှစ်ခုအပေါင်းကို။
နပူရတိ၊ မဖြည့်။
သောဘိက္ခု၊ ထိုရဟန်းသည်။
ကာရုညောယေဝ၊ သနားဖွယ် ဖြစ်၍သာလျှင်။
စုတော၊ သေရ၏။

အဓိပ္ပါယ်

ငါသေရလိမ့်မည်ဟု နှလုံးသွင်းမှု မရှိဘဲ ပျင်းရိငြီးငွေ မပျော်မွေ့သည်ဖြစ်၍ စာပေကျမ်းဂန် သင်အံ လေ့ကျက်ခြင်း ကမ္မဋ္ဌာန်း ဘာဝနာ စီးဖြန်းခြင်း ဟူသော လုပ်ငန်း နှစ်ရပ်ကို မဖြည့်စွမ်းနိုင်သော ရဟန်းသည်- ရှင်လူအများ သနားစရာ သေရရှာ၏

၅၂ - မရိဿန္တိ အနာဝဇ္ဇ၊
ကိလေသာနံ ဝသာနုဂေါ။
သမ္ဗုဒ္ဓါ-ဏံ ဝီတိက္ကန္တော၊
ကာရုညော နတ္ထိ တဿမော။

အနက်

မရိဿန္တိ၊ ငါသေရအံ့ဟူ၍။
အနာဝဇ္ဇ၊ နှလုံးမသွင်းဘဲ။
ကိလေသာနံ၊ ကလိတတ်စွာ ကိလေသာတို့၏။
ဝသာနုဂေါ၊ အလိုသို့လိုက်လျက်။
သမ္ဗုဒ္ဓါဏံ၊ ဘုရားရှင် အာဏာတော်ကို။
ဝီတိက္ကန္တော၊ လွန်ကျူး၏။
တဿမော၊ ထိုရဟန်းနှင့် အလားတူသော။
ကာရုညော၊ သနားဖွယ်သည်။
နတ္ထိ၊ မရှိ။

အဓိပ္ပါယ်

ငါသေရလိမ့်မည်ဟု လုံးသွင်းမှုမရှိဘဲ ကလိတတ်စွာ ကိလေသာတို့ အလိုသို့ လိုက်ကာ ဘုရားရှင် အာဏာတော်ကို ကျူးကျော် ဖောက်ဖျက်ပါမူ ထိုရဟန်းနှင့် အလားတူစွာ သနားစရာကောင်းသောသူသည် လောကမှာ မရှိတော့ပြီ

၅၃ - မရိဿန္တိ အနာဝဇ္ဇံ၊
ဓနမေသီ အဓမ္မတော။
ပုညေ စိန္တာပိ နုပ္ပဇ္ဇိ၊
နိရယံ သော မနံ ဂတော။

အနက်

မရိဿန္တိ၊ ငါသေရအံ့ဟူ၍။
အနာဝဇ္ဇံ-အနာဝဇ္ဇန္တော၊ နှလုံးမမူဘဲ။
အဓမ္မတော၊ အဓမ္မအားဖြင့်။
ဓနံ၊ ဥစ္စာကို။
ဧသီ၊ ရှာလေ့ရှိ၏။
ပုညေ၊ ကုသိုလ်ကောင်းမှု၌။
စိန္တာပိ၊ အကြံမျှသည်လည်း။
နုပ္ပဇ္ဇိ၊ မဖြစ်။
သော၊ ထိုသူသည်။
နိရယံ၊ ငရဲသို့။
မနံဂတော၊ လားလုပြီတည်း။

အဓိပ္ပါယ်

ငါသေရလိမ့်မည်ဟု နှလုံးသွင်းမှု မရှိဘဲ မတရားသောနည်းဖြင့် ပစ္စည်းရှာမှီးလျက် ကောင်းမှုဖက်တွင်မူ ကြံရုံမျှပင် မကြံစည်နိုင်သောသူသည် ငရဲပြည်သို့ လားရလုပြီ အမှန်ပင်တည်း။

၅၄ - မရေယျန္တိ အနာဝဇ္ဇံ၊
ဓနံ စိနိ အဓမ္မတော။
စိတံ စိတံ ဣဟေဝေတံ၊
တသ္မိံ ဂိဒ္ဓေါ သ ပေတ္တိကော။

အနက်

မရေယျန္တိ၊ ငါသေရအံ့ဟူ၍။
အနာဝဇ္ဇံ-အနာဝဇ္ဇန္တော၊ နှလုံးမမူဘဲ။
အဓမ္မတော၊ အဓမ္မအားဖြင့်။
ဓနံ၊ ဥစ္စာကို။
စိနိ၊ဆည်းပူး၏။
စိတံစိတံ၊ ဆည်းပူးသမျှ ဆည်းပူးသမျှသော။
ဧတံ၊ ဤဥစ္စာသည်။
ဣဟေဝ၊ ဤဘဝတွင်သာ ကြွင်းကျန်ရစ်၏။
တသ္မိံ ၊ ထိုဥစ္စာ၌။
ဂိဒ္ဓေါ၊ တပ်မက်မောသော။
သ-သော၊ ထိုသူသည်။
ပေတ္တိကော၊ ပြိတ္တာဖြစ်၏။

အဓိပ္ပါယ်

ငါသေရလိမ့်မည်ဟု နှုလုံးသွင်းမှုမရှိဘဲ မတရားသောနည်းဖြင့် ပစ္စည်းစုဆောင်းပါမူ စုဆောင်းလာပြီး ပစ္စည်းဟူသမျှသည် ဤဘဝတွင်သာ ကျန်ရစ်ရာ၏။ ၎င်းပစ္စည်း ပေါ်မှာ တွယ်တာစုံမက် လောဘထွက်နေပါမူကား ပြိတ္တာဖြစ်ဖို့ရာ သေချာ နေတော့၏။

၅၅ - အတ္ထာ ဂေဟေ နိဝတ္တန္တေ၊
သုသာနေ မိတ္တဗန္ဓဝါ။
သုကတံ ဒုက္ကတံ ကမ္မံ၊
ဂစ္ဆန္တ မနုဂစ္ဆတိ။

အနက်

အတ္ထာ၊ ဥစ္စာတို့သည်။
ဂေဟေ၊ အိမ်၌။
နိဝတ္တန္တေ၊ ကြွင်းကျန်ရစ်ကုန်၏။
မိတ္တဗန္ဓဝါ၊ အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သော သူတို့သည်။
သုသာနေ၊ သူကောင်အိပ်နေ သင်းချိုင်းမြေ၌။
ဝါ၊ မြေမှ။
နိဝတ္တန္တေ၊ နစ်ပြန်ကြကုန်၏။
သုကတံ ဒုက္ကတံ ကမ္မံ၊ ကောင်းစွာပြုအပ် မကောင်းပြုအပ်သော ကုသိုလ် အကုသိုလ် ကံသည်။
ဂစ္ဆန္တ၊ တမလွန်သွားသောသူသို့။
အနုဂစ္ဆတိ၊ နောက်ထပ်လိုက်၏။

အဓိပ္ပါယ်

မိမိရှာဖွေစုဆောင်း ထားသော စီးပွားဥစ္စာ ဟူသမျှတို့မှာ သေသည့်အခါ အိမ်မှာ ကျန်ရစ်ကုန်၏၊ မိမိ နောက်သို့ ဘာပစ္စည်းတခုမျှ မလိုက်ပါနိုင်ချေ၊ မိမိရှိစဉ်က အလွန်တရာမှ ချစ်လှပါသည်ဆိုသော ဆွေမျိုး သားချင်း မိတ်ဆွေ သင်္ဂဟဟူသမျှ တို့မှာလည်း မသာပို့၍ သုသာန်သို့ ရောက်သောအခါ ငိုကာယိုကာ တစာစာနှင့် မိမိတို့ဆိုင်ရာ နေအိမ်သို့သာ ပြန်ကြကုန်၏။ ကိုယ်တိုင် စုဆောင်းခဲ့သည့် ကောင်းမှု မကောင်းမှုကံ နှစ်ပါးသာ သေဆုံးသွားသူနောက်သို့ ကောက်ကောက်မသွေ လိုက်ပါနိုင်ပေ၏

၅၆ - မရေယျန္တိ အနာဝဇ္ဇံ၊
ဣဟတ္ထံ ဝါ နုယုဉ္ဇတိ။
သမ္ပရာယ မနပေက္ခော၊
သုဇုံ ဝါ ပါယဂါမိကော။

အနက်

မရေယျန္တိ၊ ငါသေရအံ့ဟူ၍။
အနာဝဇ္ဇံ-အနာဝဇ္ဇန္တော၊ နှလုံးမမူဘဲ။
သမ္ပရာယံ၊ တမလွန်လောကကို။
အနုပေက္ခော၊ မငဲ့ဘဲ။
ဣဟတ္ထံဝ၊ ဤဘဝအကျိုးကိုသာ။
အနုယုဉ္ဇတိ၊ လုံ့လပြု၏။
သော၊ ထိုသူသည်။
ဥဇုံဝ၊ ဖြောင့်ဖြောင့်သာလျှင်။
အပါယဂါမိကော၊ အပါယ်လားသည်။
ဟောတိ၊ ဖြစ်၏။

အဓိပ္ပါယ်

ငါသေရလိမ့်မည်ဟု နှလုံးသွင်းမှုမရှိ၊ သေပြီးသည့်နောက် သွားရောက် တွေ့ကြုံ ရမည့် တမလွန်လောက၏ ဒုက္ခအဖုံဖုံ ကိုလည်းမငဲ့၊ ဤဘဝအတွက် နှစ်သက် မြတ်နိုးဖွယ် အနည်းငယ်သော အကျိုးကိုသာ လွန်စွာအားထုတ် ပြုလုပ်သော သူသည် အပါယ်လမ်းကြောင်းကို ဖြောင့်တန်းစွာ လျှောက်နေသည်နှင့် တူ၏

၅၇ - မရေယျန္တိ သမာဝဇ္ဇ၊
ဓမ္မတော ဓန မေသတိ။
ပုညကာရီ သုလဒ္ဓေန၊
မရဏေပိ သ မောဒတိ။

အနက်

မရေယျန္တိ၊ ငါသေရအံ့ဟူ၍။
သမာဝဇ္ဇ၊ ကောင်းစွာနှလုံးမူလျက်။
ဓမ္မတော၊ တရားသဖြင့်။
ဓနံ၊ ဥစ္စာကို။
ဧသတိ၊ ရှာ၏။
သုလဒ္ဓေန၊ ကောင်းစွာရသော ပစ္စည်းဖြင့်။
ပုညကာရီ၊ ကုသိုလ်ကိုပြုလေ့ရှိ၏။
သ-သော၊ ထိုသူသည်။
မရဏေပိ၊ သေခါနီး၌လည်း။
မောဒတိ၊ ဝမ်းမြောက်၏။

အဓိပ္ပါယ်

ငါသေရလိမ့်မည် ဟူ၍ ကောင်းစွာ နှလုံးမူလျက် တရားမျှတသော နည်းဖြင့်သာ ပစ္စည်းဥစ္စာကို ရှာပြီးလျှင် စင်ကြယ် ကောင်းမွန်စွာ ရလာသော ပစ္စည်းဖြင့်သာ ကုသိုလ်ကောင်းမှုကို ပြုတတ်သော အလေ့အလာရှိပါမူ သေခါနီး၌ နှစ်ခြိုက်ပျော်ရွှင် အလွန်ပင် ဝမ်းမြောက်ရ၏

၅၈ - ပဉ္စသီလ သဒါရက္ခော
ယထာဗလဉ္စ ဒါယကော
ကာလေ ဥပေါသထာဝါသော
သော နိစ္စံ သုဂတိံ ဝဇေ

အနက်

ပဉ္စသီလ သဒါရက္ခော၊ ပဉ္စသီငါးပါးကို အခါခပ်သိမ်း စောင့်ရှောက်သော။
ယထာဗလဉ္စ၊ အားနှင့် အလျောက်လည်း။
ဒါယကော၊ လှူဒါန်းပေးကမ်းတတ်သော။
ကာလေ၊ ဝါပ,ဝါတွင်း လေးသီတင်း ရှစ်သီတင်း အခါ၌။
ဥပေါသထာ ဝါသော၊ ဥပုသ်သုံးခြင်းရှိသော။
သော၊ ထိုသူသည်။
နိစ္စံ၊ အမြဲ။
သုဂတိံ၊ သုဂတိဘဝသို့။
ဝဇေ၊ ရောက်ရာ၏။

အဓိပ္ပါယ်

အခါခပ်သိမ်း ပဉ္စသီငါးပါးကို ခါးဝတ်ပုဆိုးကဲ့သို့ စောင့်ထိန်းပြီးလျှင် မိမိအင်အားနှင့် ထောက်ချင့်ပေးကမ်း လှူဒါန်းတတ်၍ မပြတ်မလပ် ဝါပ ဝါတွင်း, လေးသီတင်း, ရှစ်သီတင်း၌ ဥပုသ်စောင့်သုံးခြင်း ရှိသောသူသည် အမြဲမချ သုဂတိဘဝသို့ ရောက်ရမည်သာတည်း။

၅၉ - ဓောဝါပတ္တိမလံ ခိပ္ပံ
မစ္စု အဒ္ဓါ ဂမိဿတိ
မိစ္ဆာဝိတက္က မုစ္ဆိဇ္ဇ
ကရ ကာတဗ္ဗဘာဝနံ

အနက်

အာပတ္တိမလံ၊ အာပတ်အညစ်အကြေးကို။
ခိပ္ပံ၊ လျင်မြန်စွာ။
ဓောဝ၊ သုတ်သင် ဆေးလျှာ်လော့။
မစ္စု၊ သေမင်းသည်။
အဒ္ဓါ၊ မချွတ်။
အာဂမိဿတိ၊ လာလတ္တံ့။
မိစ္ဆာဝိတတ္တံ၊ မကောင်းသော အကြံအစည်ကို။
ဥစ္ဆိဇ္ဇ၊ ဖြတ်လော့။
ကာတဗ္ဗဘာဝနံ၊ ပြုဖွယ်ဖြစ်သော ကမ္မဋ္ဌာန်း ဘာဝနာအမှုကို။
ကရ၊ ပြုလော့။

အဓိပ္ပါယ်

အကြောင်းအားလျော်စွာ ရောက်လာ စွဲကပ်သည့် မိမိအာပတ် အညစ်အကြေးကို မနှေးလျင်စွာ ဆေးကြော သုတ်သင်လိုက်ပါလော့၊ အာဏာထန်ပြင်း ရှင်သေမင်း သည် မယွင်းမှန်စွာ ရောက်လာတော့မည်၊ သေမင်းမရောက်မီ မကောင်းသော အကြံအစည် အလီလီကို ထိုဤမထောက် ဖြတ်တောက်ပြီးကာ မှန်စွာပြုဖွယ် အသွယ်သွယ်သော ကမ္မဋ္ဌာန်း စီးဖြန်းမှုကို ယခုမကြာ ပြုလိုက်ပါလော့။

၆၀ - အတိက္ကန္တာ ဗဟူ ရတျော
ခေပေတွာ မမ ဇီဝိတံ
မန္ဒာယုနာ ပမာဒေန
ယုတ္တော ဝိဟရိတုံ ကထံ

အနက်

ဗဟူ၊ များစွာကုန်သော။
ရတျော၊ ညဉ့်နေ့တို့သည်။
မမ၊ ငါ၏။
ဇီဝိတံ၊ အသက်ကို။
ခေပေတွာ၊ ကုန်စေ၍။
အတိက္ကန္တာ၊ လွန်လှလေကုန်ပြီ။
မန္ဒာယုနာ၊ အသက်နည်းပါးသော ငါသည်။
ပမာဒေန၊ မေ့လျော့သောအားဖြင့်။
ဝိဟရိတုံ၊ နေခြင်းငှါ။
ကထံ ယုတ္တော၊ အဘယ်သို့သင့်အံ့နည်း။

အဓိပ္ပါယ်

များပြားလှစွာသော နေ့ညဉ့် အချိန်အခါတို့သည် ငါ၏ ဇီဝိန်အသက်ကို စိတ္တက္ခဏ တချက်ပြီး တချက် ပျောက်ပျက် ကုန်ခန်းစေလျက် ကျော်လွန်ခဲ့လှ လေကုန်ပြီ၊ တနေ့ထက် တနေ့ တရွေ့ရွေ့ လျော့ပါးလျက် အသက်ကြွင်း မများတော့သော ငါသည် မေ့လျော့ပေါ့တန်စွာ နေထိုင်ခြင်းငှါ အဘယ်မှာ သင့်လျော်ပါတော့အံ့နည်း။

၆၁ - ဟာသန္တံ နန္ဒိ မတ္တာနံ
မစ္စု သန္ဓီဟိ တစ္ဆယေ
ကုစ္ဆိ မေယျ စုတော အဇ္ဇ
ကော ဟာသနန္ဒိတဗ္ဗကော

အနက်

အဇ္ဇ၊ ယနေ့။
ရတော၊ စုတေ၍။
ကုစ္ဆိံ၊ မိန်းမဝမ်းသို့။
ဧယျ၊ ရောက်ရာ၏။
ဟာသ နန္ဒိတဗ္ဗကော၊ ရယ်ဖွယ်နှစ်သက်ဖွယ်သည်။
ကော၊ အဘယ်နည်း။
ဣတိ၊ ဤသို့။
ဟာသန္တံ၊ ရယ်မောသော။
နန္ဒိံ၊ နှစ်သက်ခြင်းရှိသော။
အတ္တာနံ၊ မိမိကိုယ်ကို။
မစ္စုသန္ဓီဟိ၊ သေဘေး ပဋိသန္ဓေဘေးတို့ဖြင့်။
တစ္ဆယေ၊ ခြိမ်းခြောက်ရာ၏။

အဓိပ္ပါယ်

ယနေ့ယခု စုတေ သေလွန်ပြီးနေဝက် မိန်းမ တယောက်ယောက်၏ ဝမ်းတိုက်သို့ စွဲပိုက်သန္ဓေ သွားရောက်တည် နေရမည်ဖြစ်၍ နှစ်သက်ပျော်ရွှင် ရယ်မောချင်ဖွယ် အဘယ်မှာ ရှိအံ့နည်းဟု နှလုံးပြုလျက် နှစ်သက်ပျော်ရွှင် ရယ်မောချင်သော မိမိ ကိုယ်ကို အို, သေရေး, ပဋိသန္ဓေဘေးတို့ဖြင့် တွေးပြီးကြောက်အောင် ခြိမ်းခြောက်ရာ၏။

၆၂ - မစ္စုသေနာဝုဓာ သင်္ချာ
မရဏာဘိမုခေါ အဟံ
အစ္စာယိတဗ္ဗ ကာလော ယံ
ဣက္ခိတဗ္ဗ မုဒိက္ခတု

အနက်

မစ္စုသေနာဝုဓာ၊ သေမင်းစစ်သည်, သေမင်း လက်နက်တို့သည်။
အသင်္ချာ၊ မရေတွက်နိုင်ကုန်။
အဟံ၊ ငါသည်။
မရဏာဘိမုခေါ၊ သေခြင်းသို့ ရှေးရှု၏။
အယံ၊ ဤအခါကား။
အစ္စာယိတဗ္ဗ ကာလော၊ အဆောတလျင် ပြုရအံ့သော အခါတည်း။
ဣက္ခိတဗ္ဗ၊ ရှုဖွယ်ဖြစ်သော အသုဘ အစရှိသည်။
ဥဒိက္ခတု၊ မြင်အောင်ရှုလော့။

အဓိပ္ပါယ်

ရဲစွမ်းထန်ပြင်းသည့် သေမင်း၏ တပ်မတော်သားနှင့် လက်နက်များသည် မရေတွက် နိုင်အောင် များမြောင်ကုန်၏။ နွားသတ်ရုံသို့ ဆွဲသွားသော နွားသည် အသေဖက် အမြဲ ဦးလှည့်နေသကဲ့သို့ သေမည့်ဖက်ကို အမြဲဦးလှည့်နေသော ငါသည် ပြုသင့်သော ကောင်းမှုကို အဆောတလျှင် ရှောင်တခင် ပြုထိုက်သော အခါတည်း၊ ကြည့်ဖွယ်, ရှုဖွယ် ဆင်ခြင်ဖွယ်အမှု အသုဘ- အစရှိသည်ကို မသေမီ ယခုပင် ထင်မြင်အောင် ရှုပါလော့။

၆၃ - ပုရေမရာမိ ဒဋ္ဌဗ္ဗံ
ဒက္ခေယျံ မစ္စု ဧဿတိ
အစ္စာယိတဗ္ဗ ကာလော ယံ
နောကာသော ဟာသတုဋ္ဌိယာ

အနက်

ပုရေ မရာမိ၊ ငါမသေမီ။
ဒဋ္ဌဗ္ဗံ၊ ရှုဖွယ်ဖြစ်သော အဋ္ဌိ မံသ အစရှိသည်ကို။
ဒက္ခေယျံ၊ ရှုပါအံ့။
မစ္စု၊ သေမင်းသည်။
ဧဿတိ၊ လာလတ္တံ့။
အယံ၊ ဤသေမင်း မလာမီကာလသည်။
အစ္စာယိတဗ္ဗကာလော၊ အဆောတလျင် ပြုရအံ့သော အခါတည်း။
ဟာသတုဋ္ဌိယာ၊ ရယ်မောနှစ်သက်၍ နေခြင်းငှါ။
နောကာသော၊ အခွင့်မရှိ။

အဓိပ္ပါယ်

ကြည့်ဖွယ်, ရှုဖွယ်, ဆင်ခြင်ဖွယ်ဖြစ်သည့် အဋ္ဌံ မံသ - အစရှိသည်ကို မသေမီယခု ငါထင်မြင်အောင် ရှုပါအံ့၊ ရှင်သေမင်းလည်း မယွင်းမှန်စွာ ရောက်လာတော့မည်၊ သေမင်း မလာမီ ဤအခါသည်ကား အားထားဖွယ်အမှုကို အဆောတလျင် ရှောင်တခင် ပြုရမည့်အခါတည်း၊ နှစ်သက်မွေ့လျော် ပျော်ရွှင် ရယ်မော၍ နေဖို့ရာ အခွင့်အခါ မရှိတော့ချေ။

၆၄ - အာကိဏ္ဏမစ္စုသေနာနံ
အဇ္ဇ သွေဝါ ဝိနာသိနံ
အဒ္ဓါ ပဟာယ ဂါမီနံ
ကိံ ပမာဒ ဝိဟာရိနာ

အနက်

အာကိဏ္ဏ မစ္စုသေနာနံ၊ ကိုယ်တွင်း ကိုယ်ပ ပြွမ်းသော သေမင်းစစ်သည် ရှိကုန်သော။
အဇ္ဇသွေဝါ ဝိနာသိနံ၊ ယနေ့, နက်ဖြန်ပင် ပျက်စီးအံ့သည် ဖြစ်ကုန်သော။
အဒ္ဓါ ပဟာယ ဂါမီနံ၊ မချွတ်စွန့်ပစ်၍ သွားရအံ့သည် ဖြစ်ကုန်သော။
အမှာကံ၊ ငါတို့အား။
ပမာဒ ဝိဟာရိနာ၊ မေ့မေ့ လျော့လျော့ နေသဖြင့်။
ကိံ၊ အဘယ်အကျိုး ရှိအံ့နည်း။

အဓိပ္ပါယ်

ကိုယ်တွင်း ကိုယ်ပ နှစ်ဌာနလုံး၌ စုရုံးကာ စခန်းချနေသော ရောဂါဘယ ကံကြမ္မာ-အစရှိသော သေမင်း၏ တပ်မတော်သားတို့နှင့် ရောယှက် ရှုပ်ထွေးလျက် ယနေ့, နက်ဖြန်ပင် အမှန်ပျက်စီးတော့မည်ဖြစ်၍ ဧကန်စွန့်ပစ်၍ သွားရမည်ဖြစ်သော ငါတို့မှာ မေ့လျော့ ပေါ့တန်စွာနေသဖြင့် ဘာအကျိုး ရှိတော့အံ့နည်း။

၆၅ - ခဏမတ္တောဝ ပစ္စက္ခော
အဇ္ဇ သွေဝါ အတိဿတိ
သမ္ပရာယော အတိဒီဃော
ပရမ္ပရော အနန္တိကော

အနက်

ပစ္စက္ခော၊ မျက်မှောက်ဖြစ်သော ဤဘဝသည်။
ခဏမတ္တောဝ၊ တခဏမျှသာတည်း။
အဇ္ဇသွေဝါ၊ ယနေ့၎င်း နက်ဖြန်၎င်း။
အတိဿတိ၊ လွန်လတ္တံ့။
သမ္ပရာယော၊ တမလွန်လောကသည်။
အတိဒီဃော၊ အလွန်ရှည်လျားစွာ၏။
ပရမ္ပရော၊ ဘဝ အဆက်ဆက်သည်။
အနန္တိကော၊ အဆုံးမရှိ။

အဓိပ္ပါယ်

မျက်မှောက်ဖြစ်သော ယခုပစ္စုပ္ပန်ဘဝသည် သံသရာ့ခရီးစဉ်နှင့် နှိုင်းယှဉ်ကြည့်က နည်းငယ်တိုလျ တခဏမျှသာတည်း၊ ယနေ့ဖြစ်စေ, နက်ဖြန်ဖြစ်စေ သေလွန် လိမ့်မည်၊ သေပြီးသည့်နောက် သွားရောက်ရမည့် တမလွန် လောကသည်ကား အလွန်တရာ ရှည်လျားလှစွာ၏၊ အနမတဂ္ဂသံသရာ ဘဝအဆက်ဆက် သည်ကား ရေတွက်ကုန်သုဉ်း၍ အဆုံးမရှိချေ။

၆၆ - ခဏမတ္တောဝ ပစ္စက္ခော
မစ္စုနာ တံ ဇဟိဿတိ
ပဟာယ ဂမနီယေ-သ္မိံ
မဟုဿာဟော နိရတ္ထကော

အနက်

ပစ္စက္ခော၊ ပစ္စက္ခဘဝသည်။
ခဏမတ္တောဝ၊ တခဏမျှသာတည်း။
မစ္စုနာ၊ သေခြင်းဖြင့်။
တံ၊ ထိုပစ္စက္ခဘဝကို။
ဇဟိဿတိ၊ စွန့်ရလတ္တံ့။
ပဟာယဂမနီယေ၊ စွန့်ပစ်၍ သွားရအံ့သည်ဖြစ်သော။
အသ္မိံ၊ ဤပစ္စက္ခဘဝအကျိုး၌။
မဟုဿာဟော၊ ကြီးစွာလုံ့လပြုခြင်းသည်။
နိရတ္ထကော၊ အကျိုးမဲ့သာတည်း။

အဓိပ္ပါယ်

မျက်မှောက်ဖြစ်သော ယခုပစ္စုပ္ပန်ဘဝသည် သံသရာ့ခရီးစဉ်နှင့် နှိုင်းယှဉ်ကြည့်က နည်းငယ်တိုလျှ တခဏမျှသာတည်း၊ စုတိရွေ့လျော သေရခြင်း သဘောဖြင့် ထို တခဏမျှသော ပစ္စုပ္ပန်ဘဝကို စွန့်ပစ်ရပေလိမ့်မည်၊ စွန့်ပစ်၍ သွားရမည် ဖြစ်သော ဤ ပစ္စုပ္ပန်ဘဝအကျိုး၌ မြတ်နိုးတနာ လွန်စွာ အားထုတ်ခြင်းသည် အကျိုးမပြီး အချည်းနှီးသာတည်း။

၆၇ - သမ္ပရာယော အတိဒီဃော
အပါထေယျ သုဒုတ္တရော
မဟုဿာဟေန ကာတဗ္ဗော
တဒတ္ထော ဒီဃဒဿိနာ

အနက်

သမ္ပရာယော၊ တမလွန်လောကသည်။
အတိဒီဃော၊ အလွန်ရှည်လျား၏။
အပါထေယျ၊ ကုသိုလ်ရိက္ခာလမ်းစာ မပါသည်ရှိသော်။
သုဒုတ္တရော၊ အလွန်ကူးခပ်နိုင်ခဲ၏။
ဒီဃဒဿိနာ၊ အရှည်ကို မြှော်မြင်သောသူသည်။
တဒတ္ထော၊ ထိုတမလွန် ဘဝအကျိုးကို။
မဟုဿာဟေန၊ ကြီးစွာအားထုတ်သောအားဖြင့်။
ကာတဗ္ဗော၊ ပြုအပ်၏။

အဓိပ္ပါယ်

သေပြီးသည့်နောက် သွားရမည့် တမလွန် လောကသည်ကား အလွန်တရာ ရှည်လျားလှစွာ၏။ ကုသိုလ်ရိက္ခာ လမ်းစာမပါခဲ့ပါမှု လွယ်ကူစွာ ကူးမြောက်နိုင်ရန် မရှိချေ၊ အရှည်ကို မြှော်မြင်တတ်သော သူသည် ထိုတမလွန်ဘဝ အကျိုးကို မြတ်နိုးတနာ လွန်စွာကြိုးကုတ် အားထုတ်ထိုက်လှပေ၏။

၆၈ - သဒ္ဓါ ဗန္ဓတု ပါထေယျံ
တဒေသနံ ဣဟေဝ ဟိ
ဘဝန္တရေ နလဗ္ဘေယျ
အပါထေယျ တိဒုက္ခိတော

အနက်

သဒ္ဓါ-သဒ္ဓါယ၊ သဒ္ဓါတရားဖြင့်။
ပါထေယျံ၊ ခရီးလမ်းစာကို။
ဗန္ဓတု၊ ထုပ်ဖွဲ့လော့။
ဣဟေဝဟိ၊ ဤလူ့ဘဝတွင်သာလျှင်။
တဒေသနံ၊ ထိုလမ်းစာရိက္ခာကို ရှာခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဘဝန္တရေ၊ ဘဝတပါး၌။
နလဗ္ဘေယျ၊ ရိက္ခာမရနိုင်ရာ။
အပါထေယျ၊ လမ်းစာရိက္ခာ မပါသည်ရှိသော်။
အတိဒုက္ခိတော၊ အလွန် ဆင်းရဲရောက်၏။

အဓိပ္ပါယ်

ရတနာသုံးတန် ကံကံ၏အကျိုးကို ယုံကြည်မှု သဒ္ဓါတရားဖြင့် စားနပ်ရိက္ခာ သံသရာ့ လမ်းစာကို ကြိုတင်ပြုလုပ် ဖွဲ့ထုပ်ပါလော့၊ ဤလူ့ဘဝမှာသာ လမ်းစရိက္ခာကို ရှာမှီး နိုင်၏။ လူ့ဘုံမှတပါး အခြားဘဝများ၌ စားနပ်ရိက္ခာကို မရနိုင်ချေ။ လမ်းစာရိက္ခာ လုံလောက်စွာ မပါရှိပါမူ သံသရာစခန်းမှာ လွန်စွာ ပင်ပန်း ဆင်းရဲရ၏။

၆၉ - သံသာရ တရဏတ္ထာယ
မဟောလုမ္ပာနိ ဗန္ဓထ
ဘာဝနာ ဒါန သီလေဟိ
တိဝိတ္တိဏ္ဏော ဘဝဏ္ဏဝေါ

အနက်

သံသာရ တရဏတ္ထဒယ၊ သံသရာ ဟူသော မဟာသမုဒြာကို ကူးခြင်းငှါ။
ဘာဝနာဒါနသီလေဟိ၊ ဘာဝနာ,ဒါန, သီလတို့ဖြင့်။
မဟောလုမ္ပာနိ၊ ကြီးစွာသောဖောင်တို့ကို။
ဗန္ဓထ၊ ဖွဲ့ကုန်လော့။
ဘဝဏ္ဏဝေါ၊ သံသရာဟူသော သမုဒြာသည်။
အတိဝိတ္တိဏ္ဏော၊ အလွန်ကျယ်စွာ၏။

အဓိပ္ပါယ်

သံသရာတည်းဟူသော သမုဒြာပင်လယ်ကို လွယ်ကူစွာ ကူးနိုင်ကြဖို့ရာ ဘာဝနာ, ဒါန, သီလ-ဟူသော သွပ်ပြား, သံပြား, သစ်, ဝါး အဖဆာက်အဦတို့ဖြင့် ကြီး-ထူ-ခိုင်ခံ့သော သင်္ဘော လှေ ဖေါင်တို့ကို ဖွဲ့တုပ် လုပ်ဆောင်ကြကုန်လော့၊ သူ ငါကစ ကူးကြဖို့ရာ သံသရာတည်း ဟူသော သမုဒြာပင်လယ်သည် လွန်စွာကျယ်ဝန်း လှပေ၏။

၇၀ - ဘုဉ္ဇံ ဘုဉ္ဇံ ဇနံ ကာမေ
ကာလာကာလာ-ဗုဓောန္တကော
ကန္တေကန္တေတိ မံသာသော
ပိဝံပိဝံ ဝ ကံ မိဂံ

အနက်

မံသာသော၊ သမင်သားဖြင့် အလိုအာသာ ရှိသော မုဆိုးသည်။
ကန္တေ-ဥဒကသမီပေ၊ ရေ၏အနီး၌။
ကံ-ဥဒကံ၊ ရေကို။
ပိဝံံ၊ သောက်ဆဲလည်း ဖြစ်သော။
အပိဝံ၊ မသောက်ရသေး သည်လည်းဖြစ်သော။
မိဂံ၊ တောသမင်ကို။
ကန္တေ တိဣဝ၊ သတ်ဖြတ်သကဲ့သို့။
ကာလာကာလာဗုဓော၊ အခါဟုတ် မဟုတ်ကို မသိတတ်သော။
အန္တကော၊ သေမင်းညစ်သည်။
ကာမေ၊ ကာမဂုဏ်တို့ကို။
ဘုဉ္ဇံ၊ ခံစားဆဲလည်းဖြစ်သော။
အဘုဉ္ဇံ၊ မခံစားရသေးသည် လည်းဖြစ်သော။
ဇနံ၊ သတ္တဝါအပေါင်းကို။
ကန္တေတိ၊ သတ်ဖြတ်၏။

အဓိပ္ပါယ်

သမင်သားကို စားလိုသော မုဆိုးသည် ကမ်းစအနီးတွင် ရေသောက်နေဆဲသမင် မသောက်ရသေးသော သမင်အပေါင်းကို အချိန်မရွေး သတ်ဖြတ်သကဲ့သို့ အခါဟုတ် မဟုတ်ကို မသိတတ်သော သေမင်းယုတ်သည်လည်း ကာမဂုဏ်ကို ခံစားနေဆဲ သတ္တဝါ၊ မခံစားရသေးသော သတ္တဝါ အပေါင်းကို အကြောင်းမရွေးဘဲ အမြဲ သတ်ဖြတ်၏။

၇၁ - ကာမေ ကာမေသနာယေယျ
ကာလောကာလော မတေဋ္ဌိယာ
ပူရေ ပူရေတဗ္ဗံ ဓမ္မံ
အဒ္ဓါ အဒ္ဓါန သံသရံ

အနက်

ကာမေသနာယ၊ ကာမဂုဏ်ကို ရှာမှီးခြင်းဖြင့်။
မေ၊ ငါ့အား။
ကာ၊ အဘယ်အကျိုး ရှိအံ့နည်း။
ကာလော၊ သေမင်းသည်။
ဧယျ၊ လာလိမ့်သည်တကား။
အမတေဋ္ဌိယာ၊ မသေအံ့သော အပ္ပမာဒတရားကို ရှာမှီးခြင်း၏သာလျှင်။
ကာလော၊ အခါတည်း။
အဒ္ဓါနံ၊ ဘဝများစွာ သံသရာခရီးခဲကို။
သံသရံ-သံသရန္တော၊ ကျင်လည် သွားလာရအံ့သော သူသည်။
အဒ္ဓါ၊ မချွတ်။
ပူရေတဗ္ဗံ ဓမ္မံ၊ ဖြည့်ကျင့်အပ်သော ဒါန သီလ,ဘာဝနာ အကျင့်ကို။
ပူရေ၊ ပြည့်စုံအောင် ဖြည့်ကျင့်ရာ၏။

အဓိပ္ပါယ်

ငါးဖြာအာရုံ ကာမဂုဏ်ကို ရှာမှီးခြင်းဖြင့် ငါ့မှာ ဘာအကျိုး ရှိအံ့နည်း၊ အာဏာ ထန်ပြင်း ရှင်သေမင်းသည် မယွင်းမှန်စွာ ရောက်လာမည်သာတည်း၊ သေမင်းကို တော်လှန်ကာ မသေနိုင်ကြောင်း အပ္ပမာဒ တရားကောင်းကို ရှာမှီးဖို့ရာ အချိန် တန်ပါပြီ၊ ဘဝများစွာ သံသရာခရီးခဲကို တဝဲလည်လည် သွားလာရမည့် သူသည် အမှန်ဖြည့်ကျင့် ထိုက်သည့် ဒါန သီလ, ဘာဝနာတရား အပေါင်းကို ကောင်းစွာ ပြည့်စုံအောင် ကြံဆောင် ဖြည့်ကျင့်ရာ၏။

၇၂ - မရေယျန္တိ အနုဗ္ဗိဂ္ဂေါ
ပါပကံ ကတ္တု မုဿဟေ
ကရေယျ ဟာသနန္ဒိဉ္စ
စာပလ္လဉ္စ ပမာဒ ဝါ

အနက်

မရေယျန္တိ၊ ငါသေရအံ့ဟူ၍။
အနုဗ္ဗိဂ္ဂေါ၊ မထိတ်လန့်သောသူသည်။
ပါပကံ၊ မကောင်းမှုကို။
ကတ္တုံ၊ ပြုခြင်းငှါ။
ဥဿဟေ၊ ရဲဝံ့၏။
ပမာဒ ဝါ၊ မေ့လျော့သည်ဖြစ်၍။
ဟာသနန္ဒိဉ္စ၊ ရယ်မောနှစ်သက်ခြင်းကို၎င်း။
စာပလ္လဉ္စ၊ လျှပ်ပေါ်ခြင်းကို၎င်း။
ကရေယျ၊ ပြုရာ၏။

အဓိပ္ပါယ်

ငါသေရလိမ့်မည်ဟု ထိတ်လန့်မှု မရှိသော သူသည် ယုတ်မာညစ်ကျု မကောင်းမှုကို မဆုတ်မတွန့် ပြုဝံ့သည့်ပြင် အမြဲထာဝစဉ် မေ့လျော့မှုကို လက်ကိုင်ပြုလျက် နှစ်သက်မွေ့လျော် ရယ်မော, လျှပ်ပေါ်မှုများကိုလည်း မဆုတ်မတွန့် ပြုဝံ့ရာ၏။

၇၃ - မရေယျမိတိ သံဝိဂ္ဂေါ
လေဏမေဝ ဂဝေသတိ
န ဟာသိ နေဝနန္ဒီစ
န စာပလ္လော ကဒါစိပိ

အနက်

မရေယျမိတိ၊ ငါသေရအံ့ဟူ၍။
သံဝိဂ္ဂေါ၊ ထိတ်လန့်သောသူသည်။
လေဏမေဝ၊ ပုန်းအောင်းရာဖြစ်သော ကုသိုလ်ကောင်းမှုကိုသာ။
ဂဝေသတိ၊ ရှာ၏။
ကဒါစိပိ၊ တရံတဆစ်မျှလည်း။
နဟာသိ၊ မရယ်ရွှင်။
နေဝနန္ဒီစ၊ နှစ်သက်ခြင်းလည်းမရှိ။
န စာပလ္လော၊ လျှပ်ပေါ် လော်လည်ခြင်းလည်း မရှိ။

အဓိပ္ပါယ်

ငါသေရလိမ့်မည်ဟု ထိတ်လန့်မှု ရှိသော သူသည် မှီခို ပုန်းအောင်းရာ ဖြစ်သော ကုသိုလ်ကောင်းမှုကိုသာ ရှာမှီး၏။ ဘယ်အခါမှ ရွှင်ပြရယ်မောလျက် နှစ်သက် မွေ့လျော် လျှပ်ပေါ် လော်လည်မှု မရှိနိုင်ချေ။

၇၄ - အစ္စုဋ္ဌိတ ရုဇဂ္ဂီဟိ
အစ္စာယာသေ ဘယာနကေ
နောသဓေ မရဏာသန္နေ
ကတပုညံဝ သာတ-ဒံ

အနက်

အစ္စုဋ္ဌိတရုဇဂ္ဂီဟိ၊ အလွန်ထသော ရောဂါမီးတို့ကြောင့်။
အစ္စာယာသေ၊ အလွန်တရာ ပင်ပန်းစွာသော။
ဘယာနကေ၊ ကြောက်လန့်ဖွယ်သော။
နောသဓေ၊ ဆေးမကုစားနိုင်သော။
မရဏာသန္နေ၊ သေခါနီးအခါ၌။
ကတပုညံ၊ ပြုအပ်သော ကုသိုလ်သည်သာလျှင်။
သာတ-ဒံ၊ သက်သာရာကို ပေးတတ်၏။

အဓိပ္ပါယ်

အလွန် ထကြွသော ရောဂါမီးတို့ကြောင့် သက်ကြီး ရှိုက်ငင် ပင်ပန်းနွမ်းနယ် ကြောက်မက်ဖွယ်အတိ ဆေးမကုနိုင်သည့်အခြေသို့ ရောက်နေသော သေခါနီးအခါ၌ ကောင်းစွာ စုဆောင်းခဲ့သော ကုသိုလ်သည်သာ သက်သာရာကို ပေးနိုင်၏။

၇၅ - ဉာတိသင်္ဃာ ဝိယောဇေန္တာ
မရဏန္တ ဘုသာတုရာ
သဗ္ဗံ ပဟာယ ဂန္ထာပိ
နန္ဒိတဗ္ဗာနိ ပုညိနော

၇၆ - ပဿန္တာ သုနိမိတ္တာနိ
ပါကဋာနိ သကမ္မုနာ
သုခန္တိ မရဏေ ကာလေ
နုမောဒန္တာ ကတာနိစ

အနက်

ဉာတိသင်္ဃာ၊ ချစ်ကြည်မှတ်ယုံ ဆွေပုံမျိုးစု အလယ်မှ။
ဝိယောဇေန္တာ၊ ကိုယ်ထီးတယောက် နောက်မတွေ့ဘဲ ဆုံးစွန်ခွဲခြင်း ကွေကွင်း ဝေးကွာလျက်။
မရဏန္တ ဘုသာတုရာ၊ မသေမချင်း အပြင်းဖမ်းတက် နှိပ်စက်သော အနာရှိကုန် သည်ဖြစ်၍။
သဗ္ဗံ ပဟာယ ဂန္ထာပိ၊ ကိုယ်နှင့်တကွ ရှိသမျှအပုံ အလုံးစုံကို အကုန်ပစ်စွန့်၍ သွားရအံ့သည် ဖြစ်သော်လည်း။
ပုညိနော၊ ဒါန သီလစသည် ကောင်းမှု ပြုပြီးရှိသော သူတော်ကောင်းတို့သည်။
သကမ္မုနာ၊ မိမိပြုအပ်သော ကုသိုလ်ကံကြောင့်။
ပါကဋာနိ၊ ဆဒွါရတွင် ကြည်ကြည်လင်လင် အိပ်မက်မြင်သို့ ထင်လာကုန်သော။
နန္ဒိတဗ္ဗာနိ၊ မြတ်နိုးစုံမက် နှစ်သက်အပ်ကုန်သော။
သုနိမိတ္တာနိ၊ ကုသိုလ်ပြုခိုက် နှစ်ခြိုက်စွာ ဖြစ်သော စေတနာကံ, ထိုကံ၏အာရုံ ဖြစ်သော ဆွမ်း သင်္ကန်း ကျောင်း ဘုရား တံခွန် ကုက္ကား မုလေးပွား, လားရာ ဂတိဖြစ်သော နတ်ဘုံဗိမာန် ရေကန်, ဥယျာဉ်, ပဒေသာပင် အစရှိသော ကောင်းသောကံ, ကမ္မနိမိတ်, ဂတိနိမိတ်တို့ကို။
ပဿန္တာစ၊ မျက်မှောက်ထင်ထင် မြင်ရကုန်၍၎င်း။
ကတာနိ၊ မသေမီက ပြုပြုသမျှ ကုသိုလ်ကောင်းမှုတို့ကို။
အနုမောဒန္တာ စ၊ နှစ်သက်ဝမ်းမြောက် ကုန်သည်ဖြစ်၍၎င်း။
မရဏေ ကာလေ၊ သေခါနီးကာလ၌။
သုခန္တိ၊ မပူမဆာ ချမ်းသာကုန်၏။

အဓိပ္ပါယ်

ကုသိုလ်ကောင်းမှု ပြုစုဆည်းပူးခဲ့သော သူတော်ကောင်းတို့သည် -
၁။ ကောင်းသော ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်တို့ကို မျက်မှောက် ထင်ထင် မြင်ရကုန်၍၎င်း၊
၂။ ပြုပြုသမျှသော ကုသိုလ်ကောင်းမှုတို့ကို နှစ်သက်ဝမ်းမြောက် ကုန်၍၎င်း၊
သေခါနီးကာလ၌ မပူမဆာ ချမ်းသာကြကုန်၏။

၇၇ - သာတ-ဒါတာနိ ပုညာနိ
ဧဝံ မဟဗ္ဘယေ အပိ
သုဂတိံ လဟုနေတာနိ
ကာတဗ္ဗာနိ ပုရေတရံ

အနက်

ဧဝံမဟဗ္ဘယေအပိ၊ သို့စင်ကလောက် ဘေးကြီးရောက်၍ ဆောက်တည်ရာ မရှိသော အခါ၌လည်း။
သာတ-ဒါတာနိ၊ မပူမဆာ သက်သာရာကို ပေးကုန်၍။
သုဂတိံ၊ ဂတိကောင်းရာ လူ့ရွာ နတ်ပြည်သို့။
လဟုနေတာနိ၊ အလျင်တဆော လတ်တလော ဆောင်ယူတတ်ကုန်သော။
ပုညာနိ၊ တတ်အားသမျှ ဒါန, သီလ ဘာဝနာ အစရှိသော ကုသိုလ်ကောင်းမှုတို့ကို။
ပုရေတရံ၊ မအိုမီ, မနာမီ, မသေမီက မဆွရှေးကြီး စီးစီးစောစောကလျှင်။
ကာတဗ္ဗာနိ၊ ပြုအပ်ကုန်၏။

အဓိပ္ပါယ်

ယခုလို ဘေးကြီးရောက်၍ ထောက်ရာ တည်ရာ အားထားစရာ မရှိသော အခါ၌လည်း မပူမဆာ သက်သာရာကို ပေးနိုင်သည့်ပြင် လူ့ရွာ နတ်ပြည် ရောက်အောင် အလျင်တဆော ဆောင်ကြဉ်းတတ်သည့် ဒါန, သီလ, ဘာဝနာ-အစရှိသောကောင်းမှုတို့ကို မအိုမီ မနာမီ မသေမီ စောစော စီးစီးကပင် ကြိုကြိုတင်တင် ပြုထိုက်ကုန်၏။

၇၈ - ဒေဝဒူတေ ပကာသေတွာ
ယမပုဋ္ဌော သယံကတံ
ပုညံ သရတိ စေ သတ္တော
တဒေဝ သုဂတိံ ဝဇေ

အနက်

ဒေဝဒူတေ၊ သူငယ် သူအို သူနာ သူသေ လက်နက်-ဟူသော နတ်၏ တမန်ငါးပါး တို့ကို။
ပကာသေတွာ၊ ပြ၍။
ယမပုဋ္ဌော၊ ယမမင်းက စစ်ကြော မေးမြန်းလတ်သော်။
သတ္တော၊ ငရဲသနင်း ယမမင်းရှေ့မှောက် ရောက်သော သတ္တဝါသည်။
သယံ ကတံ၊ မိမိသည်ပြုအပ်သော။
ပုညံ၊ ကောင်းမှုကုသိုလ်ကို။
စေသရတိ၊ အကယ်၍ အောက်မေ့မိသည်ဖြစ်အံ့။
တဒေဝ-တဒါဧဝ၊ ထိုအောက်မေ့မိသော ခဏ၌သာလျှင်။
သုဂတိံ၊ သုဂတိဘဝသို့။
ဝဇေ၊ လားရာ၏။

အဓိပ္ပါယ်

အကုသိုလ် ဆွဲချ၍ ယမမင်း ရှေ့မှောက်သို့ ရောက်လာသော သတ္တဝါသည် မိမိကိုယ်တိုင် စုဆောင်းခဲ့သည့် ကောင်းမှုကုသိုလ်ကို အောက်မေ့သိရှိ အကယ်၍ သတိရခဲ့ပါမူ ထိုသတိရသော ခဏမှာပင် သုဂတိဘဝသို့ လားရောက်ရလေ၏။

၇၉ - ပါပ ကဍ္ဎမ္ပိ နိရယေ
မနံ ဒုက္ခဂတံ ပဇံ
ဒုက္ခာ မောစေတိ ယံပုညံ
သဒါ ကာတဗ္ဗမေဝ တံ

အနက်

ပါပ ကဍ္ဎံ၊ မကောင်းမှု ဆွဲငင်အပ်သည်ဖြစ်၍။
နိရယေ၊ ငရဲ၌။
မနံဒုက္ခ ဂတမ္ပိ၊ ဒုက္ခကြီးကြီးရောက်ခါ နီးဖြစ်လျက်လည်း။
ပဇံ၊ သတ္တဝါကို။
ယံပုညံ၊ အကြင်ကုသိုလ်သည်။
ဒုက္ခာ၊ ဆင်းရဲမှ။
မောစေတိ၊ လွတ်စေ၏။
တံပုညံ၊ ထိုသို့အထူး ကျေးဇူး များသောကုသိုလ်ကို။
သဒါ၊ အခါခပ်သိမ်း။
ကာတဗ္ဗမေဝ၊ ပြုကောင်းသည်သာလျှင်ကတည်း။

အဓိပ္ပါယ်

ကုသိုလ်ကောင်းမှု တရားမည်သည် မကောင်းမှု အကုသိုလ်ကံ ဆွဲချ၍ ငရဲရောက်ကာ ဒုက္ခရောက်မည့်ဆဲဆဲဖြစ်သော ငရဲသတ္တဝါကိုသော်မှလည်း ဆင်းရဲက လွတ်မြောက်အောင် စွမ်းဆောင်နိုင်၏၊ ထိုသို့ အထူးကျေးဇူး များပေသော ကုသိုလ်ကောင်းမှုကို အခွင့်သင့်တိုင်း မဆိုင်းမတွ ပြုဖွယ်ကောင်းလှပေ၏။

၈၀ - ပဟာယကံဝ ပုညံ ဟိ
ပဟာတဗ္ဗံဝ ပါပကံ
တံ ပဒီပန္ဓကာရံဝ
ဒွယံ ဩတွာ ခုကံ ဝိယ

အနက်

ဟိ၊သင့်စွ။
ပုညံ၊ ကုသိုလ်သည်။
ပဟာယကံဝ၊ ပယ်တတ်သော တရားသာတည်း။
ပါပကံ၊ မကောင်းမှု အကုသိုလ်သည်။
ပဟာတဗ္ဗံဝ၊ ပယ်အပ်သော တရားသာတည်း။
တံဒွယံ၊ ထိုကုသိုလ် အကုသိုလ်နှစ်ခုသည်။
ပဒီပန္ဓကာရံဝ၊ ဆီမီးရောင်နှင့် အမိုက်မှောင်ကဲ့သို၎င်း။
ဩတွာ ခုကံံဝိယ-သြတု အခုကံဝိယ၊ ကြောင်နှင့် ကြွက်ကဲ့သို့၎င်း။
ဟောတိ၊ ဖြစ်၏။

အဓိပ္ပါယ်

မှန်၏၊ ကုသိုလ်က ပယ်တတ်သောတရား, အကုသိုလ်က ပယ်အပ်သောတရားဖြစ်၍ ၎င်းတရား ၂-ပါးသည် “ဆီမီးရောင်နှင့် အမိုက်မှောင်, ကြောင်နှင့်ကြွက်” ကဲ့သို့ ဖြောင့်ဖြောင့် ဆန့်ကျင်ဖက် သဘောရှိ၏။

၈၁ - ဉာတိသင်္ဃာ ဝိယောဇေန္တာ
မရဏန္တ ဘုသာတုရာ
သဗ္ဗံ ပဟာယ ဂန္တာရော
ဘယာနကာနိ ပါပိနော

၈၂ - ပဿန္တာ ဒုန္နိမိတ္တာနိ
ပါကဋာနိ သကမ္မုနာ
မရဏေ အတိဒုက္ခန္တိ
နုတာပေန္တာ ကတာနိစ

အနက်

ဉာတိသင်္ဃာ၊ ချစ်သမီးသား မယားငယ်ကြင် ဆွေခင်ပေါက်ဖေါ်အစုမှ။
ဝိယောဇေန္တာ၊ တယောက်ထီးချင်း ဝေးကွင်းပစ်ခွါလျက်။
မရဏန္တ ဘုသာတုရာ၊ အဆုံးသေခြင်း ပြင်းထန်လှစွာ ကျင်နာကုန်လျက်။
သဗ္ဗံ ပဟာယ ဂန္တာရော၊ ကိုယ်နှင့်တကွ ဤဘဝတွင် ရှိသမျှအား စွန့်ပစ်ထား၍ သွားရအံ့ကုန်သော။
ပါပိနော၊ အကုသိုလ်စု မကောင်းမှုကို ပြုမိလျက်ရှိသော သူတို့သည်။
သကမ္မုနာ၊ မိမိပြုသော ဒုစရိုက်ကံကြောင့်။
ပါကဋာနိ၊ ထင်လာကုန်သော။
ဘယာနကာနိ၊ ကြောက်ထိတ်လန့်ဖွယ် ဖြစ်ကုန်သော။
ဒုန္နိမိတ္တာနိ၊ မကောင်းပြုခိုက် မိုက်မဲညစ်ညမ်းသော စေတနာကံ, ထိုကံ၏အာရုံ ဖြစ်သော ပိုက်ကွန်, မျှားတံ ဒုတ် လှံ လေး မြှား, လားရာဂတိဖြစ်သော ငရဲအိုး ငရဲထိန်း, ငရဲမီးလျှံ အစရှိသော-ကံ ကမ္မနိမိတ်, ဂတိနိမိတ်တို့ကို။
ပဿန္တာ စ၊ မျက်မှောက်ထင်ထင် မြင်ပြန်ရ၍၎င်း။
ကတာနိ၊ ပြုပြုသမျှ ပါပ ညစ်ကျု မကောင်းမှုတို့ကို။
အနုတာပေန္တာ စ၊ နောင်တ တဖန် ပူပန်ရသည်ဖြစ်၍၎င်း။
မရဏေ၊သေခါနီး၌။
အတိဒုက္ခန္တိ၊ အလွန် ဆင်းရဲကုန်၏။

အဓိပ္ပါယ်

မကောင်းမှု ဖက်မှာသာ စိတ်ပါ ဝင်စားစွာ ပြုလုပ်နေသောသူသည် -
၁။ ကြောက်မက်ဖွယ် ကောင်းသော စေတနာကံ, ဒုန္နိမိတ်တို့ကို မျက်မှောက်ထင်ထင် မြင်ရကုန်၍၎င်း၊
၂။ ပြုပြုသမျှသော ပါပညစ်ကျု မကောင်းမှုတို့ကို နောင်တ တဖန် ပူပန်ရသည်ဖြစ်၍၎င်း၊
သေခါနီးကာလ၌ အလွန်အမင်း ဆင်းရဲကြရကုန်၏။

၈၃ - ပဋိပီဠာနိ ပါပါနိ
ဧဝံ မဟဗ္ဘယေ သတိ
ဒုဂ္ဂတိံ လဟုနေတာနိ
ယုတ္တောဝ ပရိဝဇ္ဇိတုံ

အနက်

ဧဝံ မဟဗ္ဘယေ၊ သို့စင်ကလောက် ဘေးကြီးရောက်၍ ထိတ်ကြောက် လန့်ဖျပ်သော အဖြစ်သည်။
သတိ၊ ဖြစ်လျက်။
ပဋိပီဠာနိ၊ တဖန် နှိပ်စက်ကုန်သော။
ဒုဂ္ဂတိံ လဟုနေတာနိ၊ မကောင်း လားရာ ပါယ်လေးရွာသို့ လျှင်စွာဆောင်ကြဉ်း တတ်ကုန်သော။
ပါပါနိ၊ မကောင်းမှုတို့ကို။
ပရိဝဇ္ဇိတုံ၊ ရှောင်ကြဉ်ခြင်းငှါ။
ယုတ္တောဝ၊ သင့်လှသည်သာတည်း။

အဓိပ္ပါယ်

ကြောက်မက်ဖွယ်မျိုး ဖြစ်သော ငရဲအိုး ငရဲထိန်း ငရဲမီးလျှံ စသည်ကိုပြလျက် တဖန် ထပ်မံ၍ နှိပ်စက်ကာ မကောင်းသော သူတို့၏ လားရာ အပါယ်လေးရွာသို့ လျင်စွာ ဆောင်ကြဉ်းတတ်သော မကောင်းမှုတို့ကို မပြုလုပ်ဘဲ အမြဲရှောင်ကြဉ်ရာ သင့်လျော်လှ တော့သည်သာတည်း။

၈၄ - ဒေဝဒူတေ ပကာသေတွာ
ယမရာဇေန ပုစ္ဆိတော
ပမာဒဿန္တိ စိက္ခန္တော
မဟဂ္ဂိမှိ တုရံ ပတိ

အနက်

ဒေဝဒူတေ၊ နတ်တမန်ငါးပါးတို့ကို။
ပကသေတွာ၊ ပြ၍။
ယမရာဇေန၊ ယမမင်းသည်။
ပုစ္ဆိတော၊ မေးစစ်လတ်သော်။
ပမာဒေါ၊ မေ့လျော့သည်။
အဿံ၊ ဖြစ်ခဲ့ချေပြီ။
ဣတိ၊ ဤသို့။
စိက္ခန္တော၊ လျှောက်ကြားရသောသူသည်။
မဟဂ္ဂိမှိ၊ ငရဲမီးကြီး၌။
တုရံ၊ လျင်မြန်စွာ။
ပတိ၊ ကျ၏။

အဓိပ္ပါယ်

စားကာ, သောက်ကာ, ပျော်ရွှင်ကာဖြင့် မေ့လျော့မိ ခဲ့ပါသည်ဟု လျှောက်ကြရသော သတ္တဝါသည် အလျှံပြောင်ညီး ကြောက်မက်ဖွယ် ငရဲမီးမှာ လျင်မြန်စွာ ကျရောက်ရလေ၏။

၈၅ - ပုညံ အကရိဝါ မာဝါ
ယမရာဇိန္ဒ ပုစ္ဆိတော
ပမာဒဿန္တိ စိက္ခန္တော
မဟာဒုက္ခံ တုရံ ဂမိ

အနက်

ပုညံ၊ ကောင်းမှုကို။
အကရိဝါ၊ ပြု၏လော။
မာဝါ၊ မပြုသလော။
ဣတိ၊ ဤသို့။
ယမရာဇိန္ဒပုစ္ဆိတော၊ အစိုးရ ယမမင်း မေးစစ်လတ်သော်။
ပမာဒေါ၊ မေ့လျော့သည်။
အဿံ၊ ဖြစ်ခဲ့၏။
ဣတိ၊ ဤသို့။
စိက္ခန္တော၊ လျှောက်ကြသောသူသည်။
မဟာဒုက္ခံ၊ ကြီးစွာသောဆင်းရဲသို့။
တုရံ၊ လျင်မြန်စွာ။
ဂမိ၊ ရောက်၏။

အဓိပ္ပါယ်

မေ့လျော့မိခဲ့ပါသည်ဟု လျှောက်ကြားရသော သတ္တဝါသည် ကြောက်စရာ လန့်စရာ ကြီးကျယ်လှစွာသော ဆင်းရဲအဖြာဖြာကို လျင်မြန်စွာ ခံစားရလေ၏။

၈၆ - ပါပံ အကရိဝါ မာဝါ
ပုစ္ဆိတော ယမသာမိနာ
ပမာဒဿန္တိ စိက္ခန္တော
တတ္တံ ဂုဠံ တုရံ ဂိလိ

အနက်

ပါပံ၊ မကောင်းမှုကို။
အကရိဝါ၊ ပြုသလော။
မာဝါ၊ မပြုသလော။
ဣတိ၊ ဤသို့။
ယမသာမိနာ၊ အရှင်ယမမင်းသည်။
ပုစ္ဆိတော၊ စစ်ကြောလတ်သော်။
ပမာဒဿန္တိ၊ မေ့လျော့ခဲ့ပြီ ဟူ၍။
စိက္ခန္တော၊ ကြားသောသူသည်။
တတ္တံ ဂုဠံ၊ ရဲရဲညိသော သံတွေကို။
တုရံ၊ လျင်မြန်စွာ။
ဂိလိ၊ မျိုရ၏။

အဓိပ္ပါယ်

သတိယွင်းပေါ့ မေ့လျော့ ခဲ့ပါပြီဟု လျှောက်ကြရသော သတ္တဝါသည် အလျှံရဲရဲ သံတွေခဲကို လျင်မြန်စွာ မျိုရလေ၏။

၈၇ - ဇာတမတ္တာ တိဇိဏ္ဏာစ
အာတုရာစ မတာ ဝုဓာ
ဒေဝဒူတေ ဣမေ ပဉ္စ
ဒိသွာ သံဝိဂ္ဂတံ ဝဇေ

အနက်

ဇာတမတ္တာ၊ ဖွါးကာမျှဖြစ်သော သူငယ်တို့၎င်း။
အတိဇိဏ္ဏာစ၊ အလွန်အိုမင်း သူတို့၎င်း။
အာတုရာစ၊ ရောဂါဖြင့်ကျင်နာသော သူတို့၎င်း။
မတာ၊ သေသောသူတို့၎င်း။
အာဝုဓာ၊ ဓား လှံအစရှိသော လက်နက်တို့၎င်း။
ဣမေပဉ္စ ဒေဝဒူတေ၊ ဤနတ်၏တမန် ငါးပါးတို့ကို။
ဒိသွာ၊ မြင်၍။
သံဝိဂ္ဂတံ၊ ထိတ်လန့်သေအဖြစ်သို့။
ဝဇေ၊ ရောက်ရာ၏။

အဓိပ္ပါယ်

၁။ သားတစ်အဆင်း ချင်းချင်း နီတျာ ဖွားကာမျှဖြစ်သောသူငယ်
၂။ ဆံဖြူ နားထိုင်း ခါးကိုင်း ယွင်းယို အလွန်အိုမင်းသောသူ
၃။ ရောဂါနှိပ်စက် ဖျားနာနေသောသူ
၄။ ပုပ်ဟောင် ညှီလျောင်း နေသောသူ
၅။ လှံ စသောလက်နက်
ဤနတ်တမန်ငါးပါးကို မျက်ဝါးထင်ထင် မြင်ရသည်ရှိသော် ထိတ်လန့်သော အဖြစ်သို့ စင်စစ် ရောက်ထိုက်ပေ၏။

၈၈ - စောဒိတာ ဒေဝဒူတေဟိ
ယေ ပမဇ္ဇန္တိ မာနဝါ
တေ ဒီဃရတ္တံ သောစန္တိ
ဟိန ကာယူ ပဂါနရာ

အနက်

ဒေဝဒူတေဟိ၊ နတ်တမန်ငါးပါးတို့သည်။
စောဒိတာ၊ တိုက်တွန်း နှိုးဆော်ပါလျက်။
မာနဝါ၊ မာနရှိကုန်သော။
ယေနရာ၊ အကြင်သူတို့သည်။
ပမဇ္ဇန္တိ၊ မေ့လျော့ကုန်၏။
တေနရာ၊ ထိုသူတို့သည်။
ဟိန- ကာယူ ပဂါ၊ ယုတ်နိမ့်သော ဘဝသို့ ရောက်ကုန်သည်ဖြစ်၍။
ဒီဃရတ္တံ၊ ရှည်မြင့်စွာ ကာလပတ်လုံး။
သောစန္တိ၊ စိုးရိမ်ကုန်၏။

အဓိပ္ပါယ်

နတ်တမန် ငါးပါးတို့က နှိုးဆော်ပြညွှန်း တိုက်တွန်းအပ်သည် ဖြစ်ပါလျက် မာနထား၍ မေ့လျော့ ကုန်သော သူတို့သည် ယုတ်နိမ့်သော ဘဝသို့ ရောက်ကြကုန် သဖြင့် ရှည်မြင့်စွာသော ကာလပတ်လုံး စိုးရိမ်ပူဆွေးရလေကုန်၏။

၈၉ - ဓုရဒွယ မနာရဗ္ဘ
ဂိဟိကမ္မာဒိကေ ရတော
ကထံ ဂိဇ္ဈကူဋံ သေလံ
ပေတာဝါသံ အတိဿတိ

အနက်
ဓုရဒွယံ၊ ဂန္ထဓုရ, ဝိပဿနာဓုရ နှစ်ပါးကို။
အနာရဗ္ဘ၊ အားမထုတ်ဘဲ။
ဂိဟိကမ္မာဒိကေ၊ လူမှုအစရှိသည်၌။
ရတော၊ မွေ့လျော်၍နေသော ရဟန်းသည်။
ကထံ၊ အဘယ်သို့လျှင်။
ပေတာဝါသံ၊ ပြိတ္တာတို့၏နေရာဖြစ်သော။
ဂိဇ္ဈကူဋံ သေလံ၊ ဂိဇ္ဈကုဋ်တောင်ကို။
အတိဿတိ၊လွန်နိုင်အံ့နည်း။

အဓိပ္ပါယ်
၁။ စာပေကျမ်းဂန် သင်ကြားခြင်း ဟူသေ ဂန္ထဓုရ,
၂။ ကမ္မဋ္ဌာန်း ဘာဝနာ စီးဖြန်းခြင်းဟူသော ဝိပဿနာဓုရ,

ဤဆောင်ရွက်ဖွယ်ဖြစ်သော ဓုရနှစ်ပါးကို အားမထုတ်ဘဲ လူမှုရေးရာ အဖြာဖြာ ၌သာ အမြဲမွေ့လျော် ပျော်ပိုက်၍နေသော ရဟန်းသည် ပြိတ္တာတို့၏ နေရာဖြစ်သော ဂိဇ္ဈကုဋ်တောင်ကို ဘယ်လိုကြံဆောင်၍ လွန်မြောက်အောင် စွမ်းနိုင်ပါအံ့နည်း။

၉၀ - ပရိယတ္တိ မသိက္ခန္တော
နာရဒ္ဓေါ ပဋိပတ္တိယံ
အလသော ဒုဗ္ဗိတက္ကော သော
ကိံ တံသေလံ အတိဿတိ

အနက်
ပရိယတ္တိံ၊ ပရိယတ်စာပေကို။
အသိက္ခန္တော၊ မသင်မကြားသော။
ပဋိပတ္တိယံ၊ ပဋိပတ်အကျင့်၌။
အနာရဒ္ဓေါ၊ အားမထုတ်သော။
အလသော၊ ပျင်းရိသော။
ဒုဗ္ဗိတက္ကော၊ မကောင်းသည်ကိုကြံသော။
သောဘိက္ခု၊ ထိုရဟန်းသည်။
ကိံ၊ အဘယ်သို့လျှင်။
တံသေလံ၊ ထိုဂိဇ္ဈကုဋ်တောင်ကြီးကို။
အတိဿတိ၊ လွန်နိုင်အံ့နည်း။

အဓိပ္ပါယ်
ပရိယတ် စာပေကိုလည်း မသင်ကြား၊ ပဋိပတ်အကျင့်တရားကိုလည်း အားမထုတ်ဘဲ အမြဲပျင်းရိလျက် မကောင်းသော ဝိတက်ကိုသာ ကြံစည် စိတ်ကူး၍နေသော ရဟန်း သည် ပြိတ္တာတို့၏နေရာဖြစ်သော ဂိဇ္ဈကုဋ်တောင်ကို ဘယ်လိုကြံဆောင်၍ လွတ်မြောက်အောင် စွမ်းနိုင်ပါအံ့နည်း။

၉၁ - အာဒိတ္တာယော ဝိဟာရေသွာ
ဒိတ္တစီဝရ ပါရုတာ
တတ္တာယော ဂုဠ ဘုတ္တာ တေ
တသ္မိံ ဝသန္တိ ဒုစ္စရာ

အနက်
ဒုစ္စရာ၊ မကောင်းကျင့်ကုန်သော။
တေ၊ ထိုအလဇ္ဇီ ရဟန်းတို့သည်။
တသ္မိံ၊ ထိုဂိဇ္ဈကုဋ်တောင်၌။
အာဒိတ္တာယော ဝိဟာရေသု၊ ရဲရဲညိသော သံပူကျောင်းတို့၌။
အာဒိတ္တ စီဝရပါရုတာ၊ ရဲရဲညိသော သင်္ကန်းကို ဝတ်ရုံကုန်လျက်။
တတ္တာယောဂုဠ ဘုတ္တာ၊ ပူလောင်သော သံတွေဆွမ်းကို ဘုဉ်းပေးကုန်လျက်။
ဝသန္တိ၊ နေကုန်၏။

အဓိပ္ပါယ်
မကောင်းသော အကျင့်ကို ကျင့်ကြံ၍ နေကြကုန်သော အလဇ္ဇီရဟန်းတို့သည် ဂိဇ္ဈကုဋ်တောင်ဝယ် အလျှံ တပြောင်ပြောင် မီးရဲရဲလောင်နေသော သံပူကျောင်းတို့၌ မီးရဲရဲ တောက်သော သံပြားသင်္ကန်းတို့ကို ဆင်မြန်းဝတ်ရုံကြကုန်လျက် အလျှံ တောက်ပြောင် ပူလောင်သော သံတွေ-ဆွမ်းကို ဘုဉ်းပေး သုံးဆောင်ကာ နေကြရကုန်၏။

၉၂ - မောစနတ္ထာယ ပဗ္ဗဇ္ဇ
သံကိလိဋ္ဌာ ပမာဒိနော
သုဂတျာပိစ တေ ဘဋ္ဌာ
အတိဒူရာဝ မုတ္တိတော

အနက်
မောစနတ္ထာယ၊ သံသရာမှ ထွက်မြောက်ပါရခြင်းငှါ။
ပဗ္ဗဇ္ဇ၊ ရှင်ရဟန်းပြု၍။
သံကိလိဋ္ဌာ၊ အာပတ်အညစ်အကြေးဖြင့် ညစ်ညူးကုန်သော။
ပမာဒိနော၊ မေ့မေ့လျော့လျော့ နေကုန်သော။
တေ၊ ထိုအလဇ္ဇီရဟန်းတို့သည်။
သုဂတျာပိစ၊ သုဂတိ ဘဝမှလည်း။
ဘဋ္ဌာ၊ လျောကျလေကုန်၏။
မုတ္တိတော၊ သံသရာ လွတ်ခြင်းမှ။
အတိဒူရာဝ၊ အလွန်ဝေးကွာ ကုန်သည်သာတည်း။

အဓိပ္ပါယ်
သံသရာဝဋ်မှ ထွက်မြောက်ကျွတ်လွတ်ပါ ရခြင်းအကျိုးငှါ ရဟန်း သမဏေပြုပြီးလျှင် အာပတ် အညစ်အကြေးတို့ဖြင့် အစဉ်ညစ်ထေးကာ မေ့လျော့ပေါ့တန်စွာ နေသော အလဇ္ဇီရဟန်းတို့သည် သုဂတိဘဝမှ လျောကျကာ သံသရာ လွတ်မြောက်ရေး စခန်းမှ အလွန်ကွာလှမ်းကြ ကုန်သည်သာတည်း။

၉၃ - သီဒန္တေ၀ ဇလေ ခိတ္တာ
သိလာ မဟာဝ ခုဒ္ဒကာ
ပတန္တိ ခုဒ္ဒကေနာပိ
အပါယံ ပါပ ကမ္မုနာ

အနက်
ဇလေ၊ ရေ၌။
ခိတ္တာ၊ ပစ်ချအပ်ကုန်သော။
ခုဒ္ဒကာ သိလာ၊ ငယ်သောကျောက်တို့သည်။
မဟာဝ၊ ကြီးသောကျောက် တို့ကဲ့သို့။
သီဒန္တေဝ၊ နှစ်မြုပ်ကုန်သည်သာတည်း။
ခုဒ္ဒကေန၊ သေးဖွဲငယ်ငေါင်းသော။
ပါပကမ္မုနာပိ၊ မကောင်းမှု ကံကြောင့်လည်း။
အပါယံ၊ အပါယ်သို့။
ပတန္တိ၊ ကျကုန်၏။

အဓိပ္ပါယ်
အလွန်သေးငယ်သော ကျောက်ခဲကလေးတို့သည် ရေထဲပစ်ချအပ်ကုန်သည် ရှိသော် ကျောက်တုံးကြီးပမာ လျင်မြန်စွာ နစ်မြုပ်ကုန် သကဲ့သို့ သေးဖွဲ ငယ်ငေါင်းသော မကောင်းမှု ကံကြောင့်လည်း အပါယ်ဘုံသို့ ကျရောက်နိုင်ကြ ကုန်၏။

၉၄ - ပတန္တာ ခုဒ္ဒကေနေဝ
ဗဟူဟိ ပုန ပီဠိတာ
မောက္ခာကာသံ နဝိန္ဒန္တိ
ပါပံ ခုဒ္ဒမ္ပိ နာစရေ

အနက်
ခုဒ္ဒကေနေဝ၊ သေးငယ်ငေါင်းသော မကောင်းမှုဖြင့်သာလျှင်။
ပတန္တာ၊ ငရဲသို့ကျသော သူတို့သည်။
ပုန၊ တဖန်။
ဗဟူဟိ၊ များစွာသော မကောင်းမှုတို့သည်။
ပီဠိတာ၊ ဖိစီးနှိပ်စက် အပ်ကုန်သည်ဖြစ်၍။
မောက္ခာကာသံ၊ လွတ်ရာ လွတ်ကြောင်း အခွင့်ကို။
နဝိန္ဒန္တိ၊ မရကုန်။
တသ္မာ၊ ထို့ကြောင့်။
ခုဒ္ဒံ၊ အနည်းငယ်သော။
ပါပံပိ၊ မကောင်းမှုကိုလည်း။
နာစရေ၊ မကျင့်ရာ။

အဓိပ္ပါယ်
သေးဖွဲ ငယ်ငေါင်း မပြောပလောက်သည့် မကောင်းမှုကလေးဖြင့်ပင် ဂတိတိမ်း မှောက်၍ ငရဲသို့ကျရောက် ရသော သူတို့သည် -
၁။ ဘဝအဆက်ဆက်က ပြုခဲ့မိသော မကောင်းမှု,
၂။ ယခု ဘဝမှာပင် အဆင်ခြင် ကင်းမဲ့၍ ပြုခဲ့မိသော မကောင်းမှု

ဤသို့ပေါင်းစုအပ်သော မကောင်းမှုအများတို့က “ခွေးတထောင်အကြား မျောက်တကောင် ရောက်သွားသည့်ပုံ” ပိုင်းအုံ ဖိညှပ် နှိပ်စက်အပ်သဖြင့် လွတ်ခွင့် လွတ်လမ်း လွတ်စခန်းကို မျှော်မှန်း၍ မရနိုင်သောကြောင့် အနည်းငယ်သော မကောင်းမှုကလေးကိုလည်း အသေးအဖွဲဟု ဂရုမစိုက်ဘဲ အမှတ်တမဲ့ မပြုလိုက်ရာ။

၉၅ - ဇေဂုစ္ဆိတ္ထူဒရာဂမ္မ
ပုနာပိ တတ္ထ နိစ္စဂူ
ဒုက္ခာတိ ဒုက္ခ သံကိဏ္ဏော
ဟဋ္ဌုံ တုဋ္ဌုံ နသက္ကုဏေ

အနက်
ဇေဂုစ္ဆိတ္ထူဒရာ-ဇေဂုစ္ဆ–ဣတ္ထိ-ဥဒရာ၊ စက်ဆုပ်ဖွယ်သော မိန်းမဝမ်းမှ။
အာဂမ္မ၊ ငြိုငြို ငြင်ငြင် ဖွားမြင်လာခဲ့၍။
ပုနာပိ၊ တဖန်လည်း။
တတ္ထ၊ ထိုစက်ဆုပ် ရွံရှာဖွယ်သော မိန်းမဝမ်းသို့။
နိစ္စဂူ၊ အမြဲဧကန် အမှန်သွားရအံ့သော။
ဒုက္ခာတိ ဒုက္ခ သံကိဏ္ဏော၊ ဆင်းရဲ အလွန်ဆင်းရဲခြင်းဖြင့် ပြွမ်းသောသူသည်။
ဟဋ္ဌုံ၊ ရယ်ရွှင်ခြင်းငှါ။
တုဋ္ဌုံ၊ နှစ်သက်ခြင်းငှါ။
နသက္ကုဏေ၊ မတတ်နိုင်ရာ။

အဓိပ္ပါယ်
စက်ဆုပ် ရွံရှာဖွယ်ကောင်းသော မိန်းမဝမ်းခေါင်းမှ ပင်ပန်းငြိုငြင်စွာ ဖွားမြင်လာရ ပြီးနောက် တဖန်သေပျောက်၍ စက်ဆုပ် ရွံရှာဖွယ်ကောင်းသော မိန်းမဝမ်းခေါင်း ထဲသို့ အမြဲဧကန် အမှန် သွားရောက် ခိုအောင်းရမည်ဖြစ်သဖြင့် အလွန် အကဲ ဆင်းရဲခြင်းနှင့် ရောပြွမ်းဆက်ဆံနေသော သူသည် ပြုံးရယ် ရွှင်လန်း နှစ်သက် ဝမ်းမြောက်ခြင်းငှါ မတတ်နိုင်ရာ။

၉၆ - အတိဗျာပိဂုဏော ပုညော
မဟာယသော သိရိန္ဓရော
ကုစ္ဆိယံ ရေတသိ ဝါသော
အတီဝ လဇ္ဇိတဗ္ဗကော

အနက်
အတိဗျာပိဂုဏော၊ အလွန်ပျံ့နှံ့သော ဂုဏ်ရှိသော။
ပုညော၊ ဘုန်းတန်းကြီးသော။
မဟာယသော၊ များသောအခြံအရံ ရှိသော။
သိရိန္ဓရော၊ ကြက်သရေကို ဆောင်သောသူ ဖြစ်လျက်။
ကုစ္ဆိယံ၊ စက်ဆုပ်ဖွယ်သော မိန်းမဝမ်း၌။
ရေတသိ၊ သုက်သွေး၌။
ဝါ သော၊ ပဋိသန္ဓေ တည်နေရခြင်းသည်။
အတီဝ၊ အလွန်သာလျှင်။
လဇ္ဇိတဗ္ဗကော၊ ရှက်ဖွယ်တည်း၊

အဓိပ္ပါယ်
အလွန်တရာ ဂုဏ်သတင်း ပျံ့နှံ့ကျော်ကြားသဖြင့် ဘုန်းတန်းကြီးမား များပြားသော အခြံအရံတွေဖြင့် ကြက်သရေကို ဆောင်နိုင်သူ ဖြစ်ပါလျက် စက်ဆုပ်ဖွယ် ကောင်းသော မိန်းမဝမ်းခေါင်းဝယ် ရွံစဖွယ် သုက်သွေးတို့၏ အကြား၌ စွဲပိုက်သန္ဓေ တည်နေရခြင်းသည် အလွန်အမင်း ရှက်ဖွယ် ကောင်းလှပေ၏။

၉၇ - မစ္စုဒုက္ခံ ခဏံယေဝ
အတိဒုက္ခံ တဒုတ္တရိ
မာတုဂါမုဒရေ သန္ဓိ
ပတိဋ္ဌာနံ ဘယာနကံ

အနက်
မစ္စုဒုက္ခံ၊ သေခြင်းဆင်းရဲသည်။
ခဏံယေဝ၊ တခဏမျှသာတည်း။
မာတုဂါမဒရေ၊ မာတုဂါမဝမ်း၌။
သန္ဓိပတိဋ္ဌာနံ၊ ပဋိသန္ဓေတည်နေရခြင်းသည်။
ဘယာနကံ၊ ကြောက်မက်ဖွယ်သော။
တဒုတ္တရိ၊ ထိုသေခြင်းထက် လွန်ကဲသော။
အတိဒုက္ခံ၊ အလွန်ဆင်းရဲခြင်းသည်။
ဟောတိ၊ ဖြစ်၏။

အဓိပ္ပါယ်
အသက်ဇီဝိန် ပြတ်ကင်း၍ သေရခြင်းဆင်းရဲသည် မကြာရှည်လှ တခဏမျှ သာတည်း၊ ၉-လ ၁၀-လကြာအောင် မိန်းမဝမ်း၌ စွဲပိုက်သန္ဓေ တည်နေရခြင်း သည်ကား သေခြင်းထက် ကြာညောင်း၍ အလွန့်အလွန် ကြောက်မက်ဖွယ် ကောင်းသည့် ဆင်းရဲခြင်းအစစ် ဖြစ်ပေ၏။

၉၈ - မစ္စုဒုက္ခံ ခဏံယေဝ
အတိဒုက္ခံ စိရတ္တနံ
အာမ ပက္ကန္တရေ သန္ဓိ
ပတိဋ္ဌာနံ ဘယာနကံ

အနက်
မစ္စုဒုက္ခံ၊ သေခြင်းဆင်းရဲသည်။
ခဏံယေဝ၊ တခဏမျှသာတည်း။
အာမပက္ကန္တရေ၊ အစာသစ်အိမ်, အစာဟောင်းအိမ် နှစ်ခုတို့ အလယ်၌။
သန္ဓိပတိဋ္ဌာနံ၊ ပဋိသန္ဓေ တည်နေရခြင်းသည်။
ဘယာနကံ၊ ကြောက်မက်ဖွယ်သော။
စိရတ္တနံ၊ ကြာမြင့်စွာသော။
အတိဒုက္ခံ၊ အလွန်အမင်း ဆင်းရဲခြင်းသည်။
ဟောတိ၊ ဖြစ်၏။

အဓိပ္ပါယ်
အသက်ဇီဝိန်ပြတ်ကင်း၍ သေရခြင်း ဆင်းရဲသည် မကြာရှည်လှ တခဏမျှ သာတည်း၊ အစာသစ်အိမ်, အစာဟောင်းအိမ် နှစ်ခုတို့၏အလယ်မှာ အစာသစ် အိမ်ကို ခေါင်းဖြင့် ရွက်၍ အစာဟောင်းပုံပေါ်မှာ ထိုင်လျက် နှစ်ဖက် အကြား ခေါင်းထားကာ အမိ၏ကျောဖက်လှည့်၍ ၉-လ ၁၀-လ ကြာအောင် ပဋိသန္ဓေ နေရခြင်းသည်ကား ကြာမြင့်စွာသော ကာလပတ်လုံး ရွံမုန်းကြောက်မက်ဖွယ် အလွန်ကောင်းသည့် ဆင်းရဲခြင်းအစစ် ဖြစ်ပေ၏။

၉၉ - ဒုဂ္ဂတျံ ဌာတု တံဒုက္ခ
သုဏ ဥစ္စကုလေအပိ
ကုစ္ဆိယံ အတိသမ္ဗာဓေ၊၊
ဇလာဗုမှိ ဇိဂုစ္ဆိတေ

၁၀၀ - မိဠှ သေမှာဒိ သံကိဏ္ဏေ
အတိ ဒုဂ္ဂန္ဓ ဝါ သိတေ
ဂူထကူပေ ကိမီဝိယ
တမေဇာ မူလကမ္မတော

၁၀၁ - ပရမာဏုကာယော ဌာတိ
ဒုက္ခီ နေရယိကော ဝိယ
ဓုဝါတုရော သုခမိဿော
အာမ ပက္ကာသယန္တရေ

၁၀၂ - ဝေဒနဋ္ဋောဝ သံဝဍ္ဎော
အစိတ္တောဝိယ နိစ္စလော
ဒသမာသန္တရေ ကစ္စေ
ဗဟူ မရန္တိ ပါဏိနော

အနက်
ဒုဂ္ဂတျံ၊ ဒုဂ္ဂတိဘုံ၌။
တံဒုက္ခံ၊ ထိုပဋိသန္ဓေဆင်းရဲကို။
ဌာတု၊ ထားဘိဦး။
ဥစ္စကုလေအပိ၊ မြင့်မြတ်သော မင်းမျိုးသူဌေးမျိုး၌လည်း။
ဒုက္ခံ၊ ပဋိသန္ဓေဆင်းရဲကို။
သုဏ၊ နားထောင်ဦးလော့။
ကုစ္ဆိယံ၊ မာတုဂါမဝမ်း၌။
အတိသမ္ဗာဓေ၊ အလွန်ကျဉ်းမြောင်း။
ဇိဂုစ္ဆိတေ၊ စက်ဆုပ် ရွံရှာဖွယ်ရှိသော။
မိဠှ သေမှာဒိ သံကိဏ္ဏေ၊ မစင် သလိပ် အစရှိသည်ဖြင့် ပြွမ်းသော။
အတိ ဒုဂ္ဂန္ဓ ဝါ သိတေ၊ အလွန်မကောင်းသော အနံ့တို့ဖြင့် ထုံအပ်သော။
ဇလာဗုမှိ၊ သန္ဓေအိမ်၌။
ဂူထကူပေ၊ မစင်တွင်း၌။
ကိမီဝိယ၊ ပိုးလောက်တို့ကဲ့သို့။
တမေဇာ မူလကမ္မတော၊ အဝိဇ္ဇာ,တဏှာလျှင် မူလရှိသော ကုသိုလ်ကံကြောင့်။

ပရမာဏုကာယော၊ ပရမာဏုမြူ မျှလောက်သော ကိုယ်ရှိသည်ဖြစ်၍။
ဌာတိ၊ တည်နေရ၏။
အာမ ပက္ကာသယန္တရေ၊ အစာသစ်အိမ် အစာဟောင်းအိမ် နှစ်ခုတို့အကြား၌။
နေရယိကောဝိယ၊ ငရဲသူသတ္တဝါကဲ့သို့။
သုခါမိဿော၊ ချမ်းသာခွင့်မရောဘဲ။
ဓုဝါ တုရော၊ အမြဲကျင်နာသည်ဖြစ်၍။
ဒုက္ခီ၊ ဆင်းရဲခြင်းရှိသည်။
ဟောတိ၊ ဖြစ်၏။

ဒသမာသန္တရေ၊ ဆယ်လအတွင်း၌။
ဝေဒနဋ္ဋောဝ၊ ဝေဒနာ နှိပ်စက်သည်ဖြစ်၍သာလျှင်။
အစိတ္တောဝိယ၊ စိတ်မရှိသကဲ့သို့။
နိစ္စလော၊ မတုန်မလှုပ်။
သံဝဍ္ဎော၊၊ ကြီးပွားရ၏။
ဧကစ္စေ၊ အချို့ကုန်သော။
ဗဟူ၊ များစွာကုန်သော။
ပါဏိနော၊ သတ္တဝါတို့သည်။
မရန္တိ ၊သေကုန်၏။

အဓိပ္ပါယ်
အောက်တန်းကျသည့် ဆင်းရဲသား ဘဝမျိုး၌ ပဋိသန္ဓေဆင်းရဲပုံကို ထားလိုက်ဘိဦး၊ ကုသိုလ်ကံ ထူးသဖြင့် မြင့်မြတ်သော မင်းမျိုး, သူဌေးမျိုး၌ ပဋိသန္ဓေဆင်းရဲပုံ အခဏ်းကို စုံလင်အောင် နားထောင်စမ်းပါဦး၊

မိန်းမဝမ်းခေါင်း၌ ကျဉ်းမြောင်းကြပ်တည်းစွာ ရွံရှာစက်ဆုပ်ဖွယ် ကျင်ငယ်, ကျင်ကြီး, သလိပ်-အစရှိသည်တို့ဖြင့် ရောပြွမ်းလျက် ပုပ်အဲ့အဲ့, ညှီတီတီ အလွန့်အလွန် မသတီစရာ ကောင်းသည့် အနံ့တို့ဖြင့် ထုံအပ်သော သန္ဓေအိမ်ဝယ် မစင်တွင်းမှာ ပေါက်ဖွားသည့် ပိုးလောက် တို့ပမာ အဝိဇ္ဇာ တဏှာလျှင် အရင်းခံရှိသော ကုသိုလ်ကံကြောင့် -

ပရမာဏုမြူ မျှလောက်သော“ကလလရေကြည်” ခေါ် မ-တည် ဧရာ-တည် အကောင်အထည် ရှိသည်ဖြစ်၍ ပဋိသန္ဓေ တည်နေရ၏။ အစာသစ်အိမ်, အစာဟောင်းအိမ် နှစ်ခုတို့၏အကြား၌ ငရဲသူ ငရဲသား သတ္တဝါများပမာ ချမ်းသာ မဖက် သက်သက် ဆင်းရဲ အမြဲနာကျင်ကာ ငြိုငြင်စွာ နေရ၏။

ဆယ်လအတွင်းမှာ ဒုက္ခဝေဒနာ အမျိုးမျိုး အနှိပ်စက်ခံရလျက် စိတ်မရှိသကဲ့သို့ မလှုပ်မရှား ကြီးပွားလာရက များစွာသော သတ္တဝါတို့မှာ ပဋိသန္ဓေ အခါကပင် အချို့ သေကြရကုန်၏။

၁၀၃ - ပရိပက္ကော ပမုဉ္ဆော သော
အတိသမ္ဗာဓ ယောနိတော
မလာကိဏ္ဏေန ဂတ္တေန
အစ္စာယာသော ဝိဇာယတိ

အနက်
ပရိပက္ကော၊ ကိုယ်ဝန်ရင့်ပြီးသော။
သောသတ္တော၊ ထိုသတ္တဝါသည်။
ပမုဉ္ဆော၊ တွေဝေမိန်းမောသည်ဖြစ်၍။
အတိသမ္ဗာဓ ယောနိတော၊ အလွန်ကျဉ်းမြောင်းသော ယောနိမဂ်မှ။
မလာကိဏ္ဏေန၊ အညစ်အကြေးပြွမ်းသော။
ဂတ္တေန၊ ကိုယ်ဖြင့်။
အစ္စာယာသော၊ အလွန်ပင်ပန်းစွာလျက်။
ဝိဇာယတိ၊ ဖွားမြင်ရ၏။

အဓိပ္ပါယ်
ကိုးလ လွန်မြောက် ဆယ်လ ရောက်သဖြင့် ကိုယ်ဝန်ရင့်ပြီးသော သတ္တဝါသည် တွေဝေ မိန်းမောကာ အလွန်တရာ ကြပ်တည်း ကျဉ်းမြောင်းသည့် ယောနိမဂ်မှ စက်ဆုပ်ဖွယ် အညစ်အကြေး ရောထွေးသော ကိုယ်ဖြင့် ကြောက်ခမန်း လန့်ခမန်း အလွန်ပင်ပန်းစွာ ဖွားမြင်လာရ၏။

၁၀၄ - ဧဝံ မစ္စုဉ္စ သန္ဓိဉ္စ
ဝိဇာယနဉ္စ ဘေရဝံ
ပဿံ နိဗ္ဗိန္ဒန္တော သန္တော
ဝိရဇ္ဇေယျ ဘဝန္ဒုကေ

အနက်
ဧဝံ၊ ဤသို့။
ဘေရဝံ၊ ကြောက်လန့်ဖွယ်သော။
မစ္စုဉ္စ၊ သေခြင်းကို၎င်း။
သန္ဓိဉ္စ၊ ပဋိသန္ဓေ နေရခြင်းကို၎င်း။
ဝိဇာယနဉ္စ၊ ဖွားမြင်ရခြင်းကို၎င်း။
ပဿံ-ပဿန္တော၊ စေ့စေ့ငုငုရှုလျက်။
နိဗ္ဗိန္ဒန္တော၊ ငြီးငွေ့သော။
သန္တော၊ သူတော်ကောင်းသည်။
ဘဝန္ဒုကေ၊ ဘုံသုံးပါးဟူသော နှောင်အိမ်၌။
ဝိရဇ္ဇေယျ၊ တပ်ခြင်းကင်းရာ၏။

အဓိပ္ပါယ်
ဤသို့ဆိုအပ်ခဲ့ပြီးသေသနည်းအတိုင်း ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းသော-
၁။ သေရခြင်းဆင်းရဲ
၂။ ပဋိသန္ဓေနေရခြင်းဆင်းရဲ
၃။ ဖွားမြင်ရခြင်းဆင်းရဲ

အစုတို့ကို စေ့စေ့ငုငု ထင်မြင်အောင် ရှုပြီးလျှင် ပျင်းရိငြီးငွေ့ မပျော်ငွေ့သော သူတော်ကောင်းသည် ဘဝသုံးပါးဟူသော အချုပ်ထောင် နှောင်အိမ်ဝယ် တွယ်တာစုံမက် နှစ်သက်တပ်စွဲခြင်း ကင်းရာ၏။

၁၀၅ - ဧဝံ မစ္စုဉ္စ သန္ဓိဉ္စ
အနုဿရ မဘိဏှသော
ရာဇသေဋ္ဌိ ဘဝါဒိမ္ပိ
နဣစ္ဆေယျ တဒနွိတံ

အနက်
ဧဝံ၊ ဤသို့။
မစ္စုဉ္စ၊ သေဘေးကို၎င်း။
သန္ဓိဉ္စ၊ ပဋိသန္ဓေဘေးကို၎င်း။
အဘိဏှသော၊ မပြတ်မလပ်။
အနုဿရံ-အနုဿရန္တော၊ တစေ့စေ့ အောက်မေ့သောသူသည်။
တဒနွိတံ၊ ထိုသေခြင်း, ပဋိန္ဓေနေရခြင်းဘေးသည် အစဉ်လိုက်အပ်သော။
ရာဇသေဋ္ဌိ ဘဝါဒိမ္ပိ၊ မင်းဘဝ, သူဌေးဘဝ အစရှိသည်ကိုလည်း။
နဣစ္ဆေယျ၊ အလိုမရှိရာ။

အဓိပ္ပါယ်
ဤသို့ သေဘေးကြီး, ပဋိသန္ဓေ ဘေးကြီး- နှစ်ရပ်ကို မပြတ်မလပ်တွေး၍ တစေ့စေ့ အောက်မေ့ဆင်ခြင်သောသူသည် ၎င်းသေဘေးကြီး, ပဋိသန္ဓေဘေးကြီးတို့ အပြီး နောက်က ထက်ကြပ်မကွာ လိုက်ပါလာသည့် ပြည့်ရှင်မင်းဘဝ, သူဌေးသူကြွယ် ဘဝကိုလည်း အလိုမရှိရာ။

၁၀၆ - ဘဝေ ဒုက္ခ မစိန္တေတွာ
ဘဝါသာယ ပဝတ္တိတံ
ပုညံ ပုနပ္ပုနံ ဒေတိ
သန္ဓိံ န နိဗ္ဗုတိံ ဝရံ

အနက်
ဘဝေ၊ ဘုံသုံးပါး၌။
ဒုက္ခံ၊ ပဋိသန္ဓေအစရှိသော ဆင်းရဲကို။
အ စိန္တေတွာ၊ မကြံစည်မိဘဲ။
ဘဝါသာယ၊ ဘုံသုံးပါးကို တောင့်တခြင်းဖြင့်။
ပဝတ္တိတံ၊ ဖြစ်စေအပ်သော။
ပုညံ၊ ကုသိုလ်သည်။
ပုနပ္ပုနံ၊ အဖန်တလဲလဲ။
သန္ဓိံ ၊ ပဋိသန္ဓေကို။
ဒေတိ၊ ပေး၏။
ဝရံ၊ မြတ်လှသော။
နိဗ္ဗုတိံ၊ ဘေးငြိမ်းရာနိဗ္ဗာန် ချမ်းသကို။
နဒေတိ၊ မပေးနိုင်။

အဓိပ္ပါယ်
ကာမ ရူပ အရူပဟု ဆိုအပ်သော ဘဝသုံးရပ်၌ ပဋိသန္ဓေစွဲကပ် တည်နေရခြင်း အစရှိသော ဆင်းရဲကို မကြံစည်မိဘဲ ဘဝသုံးပါးကို လိုလားတောင့်တမှုဖြင့် ဖြစ်စေအပ် ပြုလုပ်အပ်သော ကုသိုလ်ကောင်းမှု အရပ်ရပ်သည် မပြတ်မစဲ အဖန် တလဲလဲ ပဋိသန္ဓေနေခြင်း ဆင်းရဲကို ပေးနိုင်၏။ မွန်မြတ်လှစွာသော ဒုက္ခ ဘေးငြိမ်းရာ နိဗ္ဗာန်ချမ်းသာကို မပေးနိုင်ချေ။

၁၀၇ - ဘဝေ ဒုက္ခံ ဝိဘာယိတွာ
နိဗ္ဗိန္ဒေန ပဝတ္တိတံ
ပုညံ ဘဝ မတိက္ကမ္မ
နိဗ္ဗာနံ ဒေတိ နိဗ္ဗုတိံ

အနက်
ဘဝေ၊ ဘုံသုံးပါး၌။
ဒုက္ခံ၊ ပဋိသန္ဓေအစရှိသော ဆင်းရဲကို။
ဝိဘာယိတွာ၊ အလွန်ကြောက်၍၊
နိဗ္ဗိန္ဒေန ငြီးငွေ့ခြင်းဖြင့်။
ပဝတ္တိတံ၊ ဖြစ်စေအပ်သော။
ပုညံ၊ ကုသိုလ်သည်။
ဘဝံ၊ ဘုံသုံးပါးကို။
အတိက္ကမ္မ၊ လွန်၍။
နိဗ္ဗုတိံ၊ ဘေးငြိမ်းရာဖြစ်သော။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
ဒေတိ၊ ပေးနိုင်၏။

အဓိပ္ပါယ်
ကာမ ရူပ အရူပဟု ဆိုအပ်သော ဘဝသုံးရပ်၌ ပဋိသန္ဓေစွဲကပ် တည်နေရခြင်း အစရှိသော ဆင်းရဲကိုအလွန်အကဲ ထိတ်လန့် ကြောက်ရွံ့၍ ပျင်းရိငြီးငွေ့ ဘဝသုံးပါး၌ မပျော်မွေ့သောစိတ်ဖြင့် ဖြစ်စေအပ် ပြုလုပ်အပ်သော ကုသိုလ် ကောင်းမှု တရားသည် ဘဝသုံးပါးကို လွန်မြောက်၍ ဘေးအပေါင်းတို့၏ ကင်းပျောက် ဧငြိမ်းရာဖြစ်သော နိဗ္ဗာန်ကိုပေးနိုင်၏။

၁၀၈ - ဘဝေ ဒုက္ခံ သရိတွာန
မစ္စုသန္ဓိ ဘယာဒိကံ
တိဘဝေသု ဝိရဇ္ဇေယျာ
ဒိတ္တ ဂေဟေဝ သာမိကော

အနက်
ဘဝေ၊ ဘုံသုံးပါး၌။
မစ္စုသန္ဓိဘယာဒိကံ၊ သေဘေး, ပဋိသန္ဓေဘေး အစရှိသော။
ဒုက္ခံ၊ ဆင်းရဲကို။
သရိတွာနံ၊ အောက်မေ့၍။
သာမိကော၊ အိမ်ရှင်သည်။
အာဒိတ္တဂေဟေ၊ မီးလောင်သော အိမ်၌။
ဝိရဇ္ဇတိဣဝ၊ တပ်ခြင်းကင်းသကဲ့သို့။
တိဘဝေသု၊ ဘုံသုံးပါးတို့၌။
ဝိရဇ္ဇေယျ၊ တပ်ခြင်းကင်းရာ၏။

အဓိပ္ပါယ်
ကာမ ရူပ အရူပဟု ဆိုအပ်သော ဘဝသုံးပါး၌ သေဘေး, ပဋိသန္ဓေဘေး အစရှိသော ဆင်းရဲ အစုကို စေ့ငုဖန်ဖန် ကြံစည် အောက်မေ့ မိသည်ရှိသော် အိမ်ပိုင်ရှင်သည် အလျှံတပြောင်ပြောင် မီးလောင်နေသောအိမ်ကို လိုချင် မက်မောခြင်း မရှိသကဲ့သို့ ဘဝသုံးပါးကို လိုလားနှစ်သက် တပ်မက်ခြင်း ကင်းရာ၏။

၁ဝ၉ - သန္တော ပုညာနိ ကရောန္တော
သန္ဓိဒုက္ခ မနုဿရံ
နိဗ္ဗိန္ဒ ယုတ္တ စိတ္တေန
ဝဇ္ဇေယျ ဘဝသာတ တော

အနက်
ပုညာနိ၊ ကုသိုလ်ကောင်းမှုတို့ကို။
ကရောန္တော၊ ပြုလိုသော။
သန္တော၊ သူတော်ကောင်းသည်။
သန္ဓိဒုက္ခံ၊ ပဋိသန္ဓေဆင်းရဲကို။
အနုဿရံ-အနုဿရန္တော၊ အဖန်ဖန်အောက်မေ့လျက်။
နိဗ္ဗိန္ဒယုတ္တစိတ္တေန၊ ငြီးငွေ့ခြင်းနှင့် ယှဉ်သောစိတ်ဖြင့်။
ဘဝသာတတော၊ ဘုံသုံးပါး၌ သာယာနှစ်သက်ခြင်း တဏှာမှ။
ဝဇ္ဇေယျ၊ ရှောင်ကြဉ်ရာ၏။

အဓိပ္ပါယ်
ကုသိုလ် ကောင်းမှုကို ပြုလုပ်လိုသော သူတော်ကောင်းသည် ဆယ်လ ကြာညောင်း အောင်းနေရသော ပဋိသန္ဓေဆင်းရဲကို အဖန်တလဲလဲ အမြဲအောက်မေ့၍ ပျင်းရိ ငြီးငွေ့ မမွေ့လျော်ခြင်းနှင့် ယှဉ်သောစိတ်ဖြင့် ဘဝသုံးပါးမှာ သာယာစုံမက် နှစ်သက်ခြင်းမှ လွတ်ကင်းအောင် ရှောင်ကွင်းရာ၏။

၁၁၀ - ပုည နိဗ္ဗတ္တ ဌာနေပိ
ဇေဂုစ္ဆေ သန္ဓိသမ္ဘဝေါ
ဘဝ သာတ ဝသာ တသ္မာ
ဓီရော တံ လဂ္ဂနံ စဇေ

မရဏဿတိ နိဒ္ဒေသော

အနက်
ပုညနိဗ္ဗတ္တ ဌာနေပိ၊ ကုသိုလ်ကြောင့်ဖြစ်သော သုဂတိ ဌာန၌လည်း။
ဘဝသာတဝသာ၊ ဘုံသုံးပါး၌တပ်သော တဏှာ၏အစွမ်းကြောင့်။
ဇေဂုစ္ဆေ၊ စက်ဆုပ်ဖွယ် မိန်းမဝမ်း၌။
သန္ဓိသမ္ဘဝေါ၊ ပဋိသန္ဓေဖြစ်ရခြင်းသည်။
ဟောတိ၊ ဖြစ်၏။
တသ္မာ၊ ထို့ကြောင့်။
ဓိရော၊ ပညာရှိသည်။
တံ လဂ္ဂနံံ၊ ထို ဘုံသုံးပါး၌ ကပ်ငြိတွယ်တာခြင်းကို။
စဇေ၊ စွန့်ပစ်ရာ၏။

မရဏဿတိ နိဋေသော၊ မရဏဿတိ နိဒ္ဒေသပြီး၏။

အဓိပ္ပါယ်
ကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာသဖြင့် ပျော်စရာ အလွန်ကောင်းသည်ဟု လူအပေါင်း တို့ ပြောဆိုကြသည့် သုဂတိဘုံဌာနမှာ သော်လည်း ဘဝသုံးပါးကို လိုလားနှစ်သက် တပ်မက်တတ်သော တဏှာအစွမ်းဖြင့် စက်ဆုပ်ဖွယ်သော အမိဝမ်းခေါင်းမှာ ဆယ်လအောင်းကာ ပဋိသန္ဓေ နေရလေသောကြောင့် အမြော်အမြင် ဆင်ခြင်ဉာဏ် ရှိသောသူသည် ဘဝသုံးပါးဝယ် ကပ်ငြိတွယ်တာမှုကို ပယ်ခွါစွန့်ပစ်ရာ၏။

မရဏဿတိဘာဝနာ ပွားများပုံအမြွက်

မရဏဿတိဘာဝနာကို ပွားများ အားထုတ်လိုသောသူသည် -

  • ၁။ ရဟန္တာပုဂ္ဂိုလ်တို့၏ အပြီးသတ် ချုပ်ငြိမ်းခြင်းဟု ဆိုအပ်သော သေခြင်းမျိုးကို မအောက်မေ့ရ၊ အလွန် နည်းပါး၍ မများသော သေခြင်းမျိုးဖြစ်သည်။
  • ၂။ ရုပ် နာမ်, သင်္ခါရတရားတို့၏ ဥပါဒ် ဌီ ဘင်- ဟု ဆိုအပ်သော ခဏိက သေခြင်းမျိုးကို မအောက်မေ့ရ၊ မပေါ်လွင် မထင်ရှားသော သေခြင်းမျိုးဖြစ်သည်။
  • ၃။ သစ်ပင်သေသည် သံသေသည်ဟူသော လူအပေါင်းတို့၏ ခေါ်ရိုးခေါ်စဉ် အသက်မရှိသော အရာဝတ္ထုများ၏ ပျက်စီးမှုဟု ဆိုအပ်သော သေခြင်းမျိုးကို မအောက်မေ့ရ၊ ကြောက်ရွံ့ထိတ်လန့် သံဝေဂရစရာ အကြောင်းမဟုတ်။

တဘဝ တကြိမ်သေသော အသက်ဇီဝိန်၏ ပြတ်စဲခြင်းကိုသာ အောက်မေ့ရမည်၊ ထိုသေခြင်းသည် -

  • ၁။ အသက်တမ်းကုန်၍သေခြင်း,
  • ၂။ ကံကုန်၍သေခြင်း,
  • ၃။ အသက်တမ်းနှင့်ကံ နှစ်ပါးစုံ ကုန်၍သေခြင်း,
  • ၄။ အသက်တမ်းနှင့်ကံ နှစ်ပါးစုံရှိလျက် ကြားဖြတ်၍ သတ်တတ်သော ဥပစ္ဆေဒက ကံဖြင့်သေခြင်းဟု လေးမျိုးပြား၏။
[ရှေးသုံးမျိုးကား - သေချိန်ကျ၍ သေရသော ကာလမရဏမျိုးဖြစ်၍ နောက် တမျိုးကား - သေချိန်မကျသေးဘဲ ကြားဖြတ်ကံ သတ်၍ သေရသော အကာလ မရဏ မျိုးဖြစ်သည်။]

ထိုလေးမျိုးလုံးကို သင့်လျော်သော နှလုံးသွင်းမှုမျိုး ဖြစ်အောင်၊ အောက်မေ့ ဆင်ခြင်ရမည်၊ သင့်လျော်သော နှလုံးသွင်းမှုမျိုး မဖြစ်လျှင် -

  • ၁။ ချစ်ခင်သူအတွက် သားသေသော မိခင်ကဲ့သို့ စိုးရိမ်ပူဆွေးမှု ဖြစ်တတ်သည်။
  • ၂။ မုန်းသူအတွက် ရန်သူသေသကဲ့သို့ ဝမ်းမြောက် မိတတ်သည်။
  • ၃။ မမှန်း, မချစ်, လျစ်လျူရှုအပ်သူအတွက် “သူသေကောင်ကိုနေ့စဉ် ကိုင်တွယ် မြှုပ်နှံရသော်လည်း ဘာမျှ ထူးခြားခြင်း မရှိသော သုဘရာဇာ စဏ္ဍာလကဲ့သို့” သံဝေဂဉာဏ် မဖြစ်တတ်၊ မိမိကိုသတ်ရန်အတွက် သန်လျက် မိုးခံရ သကဲ့သို့ ထိတ်လန့်၍ သတိ သံဝေဂဉာဏ် ကွယ်ပျောက် တတ်သည်။

ထို့ကြောင့် ထိုထိုနေရာမှာ မြင်ဘူးသော သူသေကို ကြည့်ရှု ဆင်ခြင်၍ သတိ, သံဝေဂ ဉာဏ်နှင့်တကွ အောက်မေ့ရသည်။

ရွှေဉာဏ်တော်အရာ သိနိုင်ခဲ သိစရာ နက်နဲစွာကို မကြာခဏ သိရပေလတ္တံ့-ဟု စိတ်အား ထက်သန်ရသည်၊ မသေလိုလျှင် သုသာန်သွား၊ မရဏဿတိ နာနာပွား-ဟု တိုက်တွန်းရသည်။ သို့မှ သင့်လျော်သော နှလုံးသွင်း ဆင်ခြင်မှ လမ်းမှန် ရောက်သည်။

အောက်မေ့ပုံကား

  • ၁။ ငါသည် ဧကန် မုချ သေရလတ္တံ့
  • ၂။ ငါ၏ အသက်သည် ပြတ်စဲလတ္တံ့
  • ၃။ ငါသည် သေခြင်း သဘောရှိ၏
  • ၄။ ငါသည် သေခြင်း သဘောကို မလွန်မြောက်နိုင်ချေ

အကျိုးအာနိသင်

ဤသို့ စသည်ဖြင့် အဖန်ဖန် အောက်မေ့လျှင် ဉာဏ်ထက်သူအား နီဝရဏ ကွာလျက် မရဏဿတိအာရုံမြဲဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ - အင်္ဂါငါးပါးရှိသော ဥပစာရဈာန်ကို ရလေ၏။

[ဤမရဏဿတိ ဘာဝနာသည် ဥပစာရဈာန်ကိုသာ ဖြစ်စေနိုင်သည်။]

ဥပစာရဈာန်ကို အခြေခံ၍ ဝိပဿနာဖြင့် မဂ်ဖိုလ်တက်နိုင်သည်၊ အပ္ပနာဈာန်ကို မဖြစ်စေနိုင်ချေ။

အဘယ့်ကြောင့်နည်းဆိုသော်-

သေခြင်းဟူသည် သဘာဝဓမ္မ၏ ပျက်စီးခြင်းမျှသာဖြစ်၍ သဘာဝဓမ္မနှင့် အလားတူ သံဝေဂဉာဏ်ကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် အပ္ပနာဈာန်ကို မရနိုင်ဟု မှတ်ရမည်။ သို့ရာတွင် -

မရဏဿတိ ဘာဝနာကို ပွားများသောသူသည် အောက်ပါ အကျိုး အာနိသင်များကို ရရှိနိုင်လေသည်။

  • ၁။ မေ့လျော့ခြင်းကင်း၏။
  • ၂။ ဘုံသုံးပါးမှ ထွက်မြောက်လိုသော သညာကို ရလွယ်၏။
  • ၃။ အသက် ခန္ဓာကို တွယ်တာခြင်း ကင်း၏။
  • ၄။ မကောင်းမှုကို ကဲ့ရဲ့နိုင်၏။
  • ၅။ ပစ္စည်းဥစ္စာကို မသိုမှီးလို
  • ၆။ ကျောင်း, သင်္ကန်းစသော ပရိက္ခရာ, ပစ္စည်းဥစ္စာတို့၌ ဝန်မတို
  • ၇။ အနိစ္စသညာ အလေ့အလာရ၏။
  • ၈။ ဒုက္ခသဘော ထင်လွယ်၏။
  • ၉။ အနတ္တသဘောကို မြင်လွယ်၏။
  • ၁၀။ မကြောက်မရွံ့, မတွေမဝေ ကောင်းသော နိမိတ်ထင်၍ အသေလှ၏။
  • ၁၁။ မျက်မှောက်ဘဝတွင် အသေကင်းသော နိဗ္ဗာန်ကိုရနိုင်၏။
  • ၁၂။ မရလျှင် သုဂတိဘဝသာ လားရာရှိ၏။

ထိုအာနိသင်တို့ကို တစိတ်တဒေသ ထင်ရှားစေဦးအံ့ -

ရက်ကန်းသည်မကလေးဝတ္ထု

အာဠဝီပြည်၌ ဘုရားရှင်သည် မရဏဿတိ တရားကို ဟောကြားတော်မူ၏။

မရဏဿတိကို ပွားများသောသူ သေလွန်လျှင် ကောင်းသောနိမိတ် ထင်၏၊ မတွေမဝေ သေရ၏၊ ကောင်းရာသုဂတိသို့လား၏။

ငါ၏အသက်သည် အမြဲမရှိ၊ ငါ၏သေခြင်းသည်မြဲ၏။ မချွတ်ဧကန် ငါသေရမည်သာတည်း၊ ငါ၏အသက်သည် သေခြင်းအဆုံး ရှိ၏။ အသက်ရှင်ခြင်း သာလျှင်မမြဲ၊ သေခြင်းကားမြဲ၏

ဤသို့ မရဏဿတိ ပွားရမည်ဟု ဟောတော်မူ၏၊ ထိုမရဏဿတိကို ၁၆-နှစ်ရွယ် ရက်ကန်းသည်မကလေးသည် ယုံကြည်လေးစား မပြတ်ပွား၏။ ထို့နောက် သုံးနှစ် ကြာသောအခါ ဘုရားရှင်ကြွလာ၍ ပရိသတ်အလယ်တွင် စကားလေးခွန်း မေးတော်မူရာ ရက်ကန်းသည်မကလေး ဖြေဆို၏။

မေး။ ။ သတို့သမီး ... သင်အဘယ်က လာသနည်း။
ဖြေ။ ။ မသိပါဘုရား။

မေး။ ။ အဘယ်သို့ သွားမည်နည်း။
ဖြေ။ ။ မသိပါဘုရား။

မေး။ ။ မသိဘူးလား။
ဖြေ။ ။ သိပါသည်ဘုရား။

မေး။ ။ သိသလား။
ဖြေ။ ။ မသိပါဘုရား။

ဤသို့ ဖြေဆိုသောအခါ လူအများကပင် ဤသူငယ်မသည် ဘုရားရှင် မျက်မှောက် တော်တွင် ဖြေချင်ရာ ဖြေနေသည်-ဟု ကဲ့ရဲ့ကြသဖြင့် ရက်ကန်းသည်မကလေးက-

၁။ အဘယ်ဘဝကလာသည်ကိုမသိ၍ မသိပါဟုဖြေပါသည်။
၂။ အဘယ်ဘဝသို့ သွားရမည်ကိုမသိ၍ မသိပါဟု ဖြေပါသည်။
၃။ သေရမည့်အဖြစ်ကိုသိ၍ သိပါသည်ဟု ဖြေပါသည်။
၄။ နေ့လော, ညဉ့်လော အဘယ်အချိန် သေရမည်ကို မသိ၍ မသိပါဟု ဖြေပါသည် ဘုရား -

ဟုထပ်မံ၍ ဖြေဆို ရှင်းပြသောအခါ ဘုရားရှင်သည် -

ဤလူအပေါင်းသည် မျက်စိမပွင့် မှောင်အတိ သင့်၏၊ မျက်စိပွင့်သူ နည်းပါးသေး၏၊ ထို့ကြောင့် မုဆိုးပိုက်ကွန်မှ လွတ်သောငှက် နည်းပါးသကဲ့သို့ သုဂတိ နိဗ္ဗာန်သွားသူ နည်းပါးချေ၏

[ဟုမိန့်တော်မူ၏။]

ဤဒေသနာတော် အဆုံး၌ ရက်ကန်းသည်မကလေး သောတာပန် တည်၍ ကွယ်လွန်သောအခါ တုသိတာနတ်ဘုံ၌ ဖြစ်လေ၏။

ထို့ကြောင့် အာနုဘော် ကြီးမားသော မရဏဿတိကို မမေ့မလျော့ ပွားများ အားထုတ်ရာ၏

မရဏဿတိဘာဝနာကို ပြဆိုခဏ်းပြီး၏။

၃-အသုဘဘာဝနာ နိဒ္ဒေသ

၁- သိရိမံ ဂဏိကံ ဒိသွာ၊
ဒမေတုံ ရတ္တစေတသံ။
ဒဿေတွာ မတသာရီရံ၊
တဿာ ဇိနော ဣဒံ ဗြဝိ။

အနက်

သိရိမံ၊ သီရိမာအမည်ရှိသော။
ဂဏိကံ၊ ဆေးဆရာဇီဝက၏ နှမဖြစ်သော ပြည့်တန်ဆာမကို။
ဒိသွာ၊ မြင်၍။
ရတ္တစေတသံ၊ အလွန် တပ်မက်ခြင်း စိတ်ရှိသော ရဟန်း တယောက်ကို။
တဿာ၊ ထိုသီရိမာ ပြည့်တန်ဆာမ၏။
မတသာရီရံ၊ သေသောအကောင်ကို။
ဒဿေတွာ၊ ပြ၍။
ဒမေတုံ၊ ဆုံးမခြင်းငှါ။
ဇိနော၊ မြတ်စွာဘုရားသည်။
ဣဒံ၊ ဤကာယဝိစ္ဆန္ဒနီယသုတ်ကို။
ဝါ၊ ဝိဇယသုတ်ကို။
အဗြဝိ၊ ဟောတော်မူ၏။

အဓိပ္ပါယ်

သေသူ ရှင်သူ မိန်းမ ယောက်ျား သတ္တဝါအများ၏ ခန္ဓာကိုယ်ကို မတင့်မတယ် ရွံရှာဖွယ်ဟု ဉာဏ်ဖြင့်ရှု၍ ပွားများဆင်ခြင်မှုသည် အသုဘဘာဝနာ မည်၏။

၎င်းအသုဘ ဘာဝနာနှင့်စပ်၍ မြတ်စွာဘုရားသည် ဗိမ္ဗိသာရ, အဇာတသတ် ဘုရင်မင်းမြတ်တို့၏ လက်သုံးတော် အကျော်အမော် သမားတော် ဇီဝကဆရာကြီး၏ နှမ သီရိမာ အမည်ရှိသော ပြည့်တန်ဆာမကို မကျန်းမာစဉ် မြင်မိ၍ မအိပ်နိုင် မစားနိုင်ကြံမှိုင် စွဲလမ်းနေသော ရဟန်းတပါး၏ သန္တာန်၌ လောင်ကျွမ်းနေသော တဏှာ နယ်ချဲ့သမားကြီး၏ မီးတောက် မီးလျှံကို ငြိမ်းသတ်တော်မူရန်-

သေဆုံးပြီးနောက် သုသာန်ရောက်၍ ၇-ရက် မြောက်သောနေ့တွင် ပုပ်ပွနေသော သီရိမာ၏ အလောင်းကောင်ကို လက်ညှိုးတော်ဖြင့် ညွှန်ပြတော်မူ၍ ဤ ဆိုလတ္တံ့သော ကာယဝိစ္ဆဒ္ဒနီယခေါ် ဝိဇယ-သုတ်ကို ဟောတော်မူသည်။

၂ - စရံဝါ ယဒိဝါ တိဋ္ဌံ၊
နိသိန္နော ဥဒဝါ သယံ။
သမေဉ္ဆတိ ပသာရေတိ၊
ဧသာ ကာယဿ ဣဉ္ဇနာ။

အနက်

စရံဝါ၊ သွားသော်လည်း သွား၏။
ယဒိ၊ ထိုမြို့။
တိဋ္ဌံဝါ၊ ရပ်မှုလည်း ရပ်၏။
နိသိန္နော၊ ထိုင်မူလည်း ထိုင်၏။
ဥဒ၊ ထိုမြို့။
သယံဝါ၊ အိပ်မူလည်း အိပ်၏။
သမေဉ္ဆတိ၊ ခွေ၏။
ပသာရေတိ၊ ဆန့်၏။
ဧသာ၊ ဤသွားခြင်း အစရှိသော အမူအရာသည်။
ကာယဿ၊ ကိုယ်၏။
ဣဉ္ဇနာ၊ စိတ္တဇဝါယောဓာတ်ဖြင့် လျှပ်ရှားခြင်းမည်၏.

အဓိပ္ပါယ်

သွားခြင်း, ရပ်ခြင်း, ထိုင်ခြင်းမှ လျောင်းခြင်း, ကွေးခြင်း, ဆန့်ခြင်း-ဟုဆိုအပ်သော အမှုအရာ ဣရိယာပုထ် အပေါင်းသည် စိတ္တဇဝါယောဓာတ်ကြောင့် ခန္ဓာကိုယ်၏ လှုပ်ရှားမှုပင်တည်း

၃ - အဋ္ဌိ နှာရူဟိ သံယုတ္တော၊
တစ မံသာ ဝ လေပနော။
ဆဝိယာ ကာယော ပဋိစ္ဆန္နော၊
ယထာဘူတံ နဒိဿတိ။

အနက်

နှာရူဟိ၊ အကြောတို့ဖြင့်။
သံယုတ္တော၊ ဖွဲ့ဆက်အပ်သော။
တစမံသာဝ လေပနော၊ အရေထူ အသွေး အသားတို့ ဖြင့် ဖုံးအုပ်လိမ်းကျံအပ်သော။
အဋ္ဌိ၊ သုံးရာသော အရိုးသည်။
ကာယော၊ ကိုယ်မည်၏။
ဆဝိယာ၊ အရေပါးဖြင့်။
ပဋိစ္ဆန္နော၊ ဖုံးလွှမ်းအပ်သည်ဖြစ်၍။
ယထာဘူတံ၊ ဟုတ်မှန်သည် အတိုင်း။
နဒိဿတိ၊ မထင်မြင်။

အဓိပ္ပါယ်

အကြောပေါင်း တထောင်တို့ဖြင့် ဖွဲ့ဆက် ချည်နှောင်၍ အရေထူ, အရေပါး, အသွေး, အသားတို့ဖြင့် ဖုံးအုပ် လိမ်းကျံ မွမ်းမံထားအပ်သော သုံးရာသော အရိုးစုကြီးကို ခန္ဓာ ကိုယ်ဟု ခေါ်ဆိုနေကြ၏၊ ပန်းချီရုပ်အလား အရေပါး, အရေထူ တို့ဖြင့် ဖုံးအုပ်မွမ်းမံ ခြယ်လယ်ထားသည်ဖြစ်၍ ၎င်းခန္ဓာကိုယ်၏ အသုဘသဘောကို ဟုတ်မှန်အတိုင်း မထင်နိုင် မမြင်နိုင်ချေ

၄ - အန္တပူရော ဒရပူရော၊
ယကန ပေဠဿ ဝတ္ထိနော။
ဟဒယဿ ပပ္ဖါသဿ၊
ဝက္ကဿ ပိဟကဿစ။

အနက်

ကာယော၊ ကိုယ်သည်။
အန္တပူရော၊ အူသိမ် အူမဖြင့်ပြည့်၏။
ဥဒရပူရော၊ အစာသစ် အစာဟောင်းဖြင့်ပြည့်၏။
ယကနပေဠဿစ၊ အသည်းဆိုင်ဖြင့်၎င်း။
ပူရော၊ ပြည့်၏။
ဝတ္ထိနော၊ ကျင်ငယ်ဖြင့်၎င်း။
ဟဒယဿ၊ နှလုံးဖြင့်၎င်း။
ပပ္ဖါသဿ၊ အဆုပ်ဖြင့်၎င်း။
ဝက္ကဿ၊ အညှို့ဖြင့်၎င်း။
ပိဟကဿစ၊ အဖျဉ်းဖြင့်၎င်း။
ပူရော၊ ပြည့်၏။

အဓိပ္ပါယ်

ဤခန္ဓာကိုယ်ကြီးသည် စက်ဆုပ်ရွံရှာဖွယ် ကောင်းသော အူမယ အူသိမ်, အစာသစ်, အစာဟောင်း, အသည်းဆိုင်, ကျင်ငယ်, နှလုံးယ အဆုပ်, အညှို့, အဖျဉ်း တို့ဖြင့် ပြည့်၍နေ၏

[နှစ်သက်မြတ်နိုးဖွယ် ကောင်းသော ရွှေ, ငွေ စသော ရတနာ အပေါင်းတို့ဖြင့် ပြည့်၍နေသည် မဟုတ်ချေ။]

၅ - သိင်္ဃာနိကာယ ခေဠဿ၊
သေဒဿစ မေဒဿစ။
လောဟိတဿ လသိကာယ၊
ပိတ္တဿစ ဝသာယစ။

အနက်

သိင်္ဃာနိကာယ၊ နှပ်ဖြင့်၎င်း။
ခေဠဿ၊ တံထွေးဖြင့်၎င်း။
သေဒဿစ၊ ချွေးဖြင့်၎င်း။
မေဒဿစ၊ အဆီခဲဖြင့်၎င်း။
လောဟိတဿ၊ သွေးဖြင့်၎င်း။
လသိကာယ၊ အစေးဖြင့်၎င်း။
ပိတ္တဿစ၊ သည်းခြေဖြင့်၎င်း။
ဝသာယစ၊ ဆီကြည်ဖြင့်၎င်း။
ပူရော၊ ပြည့်၏။

အဓိပ္ပါယ်

ဤခန္ဓာကိုယ်ကြီးသည် စက်ဆုပ်ရွံရှာဖွယ် ကောင်းသော နှပ်, တံထွေး, ချွေး, အဆီခဲ, သွေး, အစေး, သည်းခြေ ဆီကြည်တို့ဖြင့် ပြည့်၍နေ၏

[နှစ်သက်မြတ်နိုးဖွယ် ကောင်းသော ရွှေ, ငွေ စသော ရတနာ အပေါင်းတို့ဖြင့် ပြည့်၍နေသည် မဟုတ်ချေ။]

၆ - အထဿ နဝဟိ သောတေဟိ၊
အသုစိ သဝတိ သဗ္ဗဒါ။
အက္ခိမှာ အက္ခိဂူထကော၊
ကဏ္ဏမှာ ကဏ္ဏဂူထကော။

၇ - သိင်္ဃနိကာစ နာသတော၊
မုခတော ဝမတိ ဧကဒါ။
ပိတ္တံ သေမှဉ္စ ဝမတိ၊
ကာယမှာ သေဒဇလ္လိကာ။

အနက်

အထ၊ ထိုမှတပါး။
အဿ၊ ထိုကိုယ်၏။
နဝဟိသောတေဟိ၊ စီးယိုရာဖြစ်သောကိုးပေါက်, ကိုးဒွါရတို့မှ။
သဗ္ဗဒါ၊ အခါခပ်သိမ်း။
အသုစိ၊ မစင်မကြယ်သည်။
သဝတိ၊ ယိုစီး၏။
အက္ခိမှာ၊ မျက်ကွင်းပေါက်မှ။
အက္ခိဂူထကော၊ မျက်ဝတ်အညစ်အကြေးသည်။
ကဏ္ဏမှာ၊ နားတွင်းနှစ်ဖက်မှ။
ကဏ္ဏဂူထကော၊ နားဖာအညစ်အကြေးသည်။
သဝတိ၊ ယိုစီး၏။

နာသတော၊ နှာခေါင်းမှ။
သိင်္ဃနိကာစ၊ နှပ်သည်လည်း။
သဝတိ၊ ယိုစီး၏။
ဧကဒါ၊ ရံခါ။
မုခတော၊ ခံတွင်းမှ။
ဝမတိ၊ အန်ထွက်၏။
ဧကဒါ၊ ရံခါ။
ပိတ္တံ၊ သည်းခြေသည်၎င်း။
သေမှဉ္စ၊ သလိပ်သည်၎င်း။
ဝမတိ၊ အန်ထွက်၏။
ကာယမှာ၊ တကိုယ်လုံးမှ။
သေဒဇလ္လိကာ၊ ချွေးအညစ်အကြေးသည်။
သဝတိ၊ ယိုစီး၏.

အဓိပ္ပါယ်

၎င်းပြင် အနာဝမှ သငံရည် ပြည်ပုပ်တွေအမြဲ ယိုထွက်သကဲ့သို့ ဤခန္ဓာကိုယ်၏ ကိုးပေါက်ဒွါရ အနာဝမှ လည်း မစင်မကြယ် ရွံရှာဖွယ် ကောင်းသော အညစ် အကြေး အပေါင်းသည် အခါခပ်သိမ်း ယိုထွက်၏

၁။ မျက်ကွင်းပေါက်မှ မျက်ဝတ်, မျက်ချေး အညစ်အကြေး ယိုထွက်၏။
၂။ နားပေါက်နှစ်ပေါက်မျှ နားဖာချေး အညစ်အကြေး ယိုထွက်၏။
၃။ နှာခေါင်းပေါက်မှ နှပ်ယိုထွက်၏။
၄။ ခံတွင်းပေါက်မှ တခါတရံ အန်ဖတ်ကို အန်ထွက်၏။ တခါတရံ တံထွေး ချွဲခန်း, သလိပ် သည်းခြေ အန်ထွက်၏။
၅။ ခန္ဓာတကိုယ်လုံး မွေးညှင်းပေါက်မှ ချွေးအညစ်အကြေး ယိုထွက်၏.

၈ - အထဿ သုသိရံ သီသံ၊
မတ္ထလုင်္ဂဿ ပူရိတံ။
သုဘတော နံ မညတိ ဗာလော၊
အဝိဇ္ဇာယ ပုရက္ခတော။

အနက်

အထ၊ ထိုမှတပါး။
အဿ၊ ထိုကိုယ်၏။
သီသံ၊ ဦးခေါင်းသည်။
သုသိရံ၊ အခေါင်းရှိ၏။
မတ္ထလုင်္ဂဿ၊ ဦးနှောက်ဖြင့်။
ပူရိတံ၊ ပြည့်၏။
ဗာလော၊ သူမိုက်သည်။
အဝိဇ္ဇယ၊ အဝိဇ္ဇာသည်။
ပုရက္ခတော၊ ခြံရံအပ်သည်ဖြစ်၍။
နံကာယံ၊ ထိုကိုယ်ကို။
သုဘတော၊ သုဘဟူ၍။
မညတိ၊ မှတ်ထင်အောက်မေ့၏.

အဓိပ္ပါယ်

၎င်းပြင် ဤခန္ဓာကိုယ်၏ အမြတ်ဆုံးဖြစ်သော ဦးထိပ်သည် အခေါင်း အပေါက်ရှိ၏။ ၎င်းဦးခေါင်းပေါက် ဦးနှောက်တို့ဖြင့် ပြည့်၍နေ၏။ အဝိဇ္ဇာအမှောင် ခြံရံအုပ်ဖုံး၍ မသိ လုံးလုံးဖြစ်သော သူမိုက်သည် ဤမျှလောက် စက်ဆုပ် ရွံရှာဖွယ် ကောင်းသော ကိုယ်ကောင်ကြီးကို မတင့်မတယ် စက်ဆုပ် ရွံရှာဖွယ်ဟု မမှတ်ထင် မအောက်မေ့ နိုင်ချေ

၉ - ယဒါစ သော မတော သေတိ၊
ဥဒ္ဓုမာတော ဝိနီလကော။
အပဝိဒ္ဓေါ သုသာနသ္မိံ၊
အနပေက္ခာ ဟောန္တိ ဉာတယော။

အနက်

ယဒါစ၊ အကြင်အခါ၌။
သောကာယော၊ ထိုကိုယ်သည်။
မတော၊ သေသည်ဖြစ်၍။
သေတိ၊ အိပ်၏။
တဒါ၊ ထိုသေသောအခါ၌။
သုသာနသ္မိံ၊ သူကောင်အိပ်နေ သင်းချိုင်းမြေ၌။
ဥဒ္ဓုမာတော၊ ဖူးဖူးရောင်သည်ဖြစ်၍။
ဝိနီလကော၊ မည်းညိုသော အဆင်း ရှိသည်ဖြစ်၍။
အပဝိဒ္ဓေါ၊ ပစ်စွန့်အပ်သည်ဖြစ်၍။
ဉာတယော၊ ဆွေမျိုးသားချင်းတို့သည်။
အနပေက္ခာ၊ မငဲ့ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

အဓိပ္ပါယ်

ဤခန္ဓာကိုယ်ကြီးသည် ဇီဝိန်ပျက်ကြွေ၍ အသက်သေကာ စင်းစင်း အိပ်နေရသော အခါ၌ အသေကောင်တို့ ကိုမြှုပ်နှံရာ သုသာန်၌ ဖူးဖူးရောင်ဖော ညိုမည်းသော အဆင်းရှိသည်ဖြစ်၍ သွေးချင်း သားချင်း ဆွေမျိုး အရင်းတို့သည် ချစ်ခင်လျက်နှင့် မရှုမငဲ့ စွန့်ပစ်လိုက်ကြရကုန်၏

၁၀ - ခါဒန္တိ နံ သုဝါနာစ၊
သိင်္ဂါလကာစ ကိမိယော။
ကာကာ ဂိဇ္ဈာစ ခါဒန္တိ၊
ယေစညေ သန္တိ ပါဏကာ။

အနက်

နံကာယံ၊ ထိုကိုယ်ကို။
သုဝါနာစ၊ အိမ်ခွေးတို့သည်၎င်း။
သိင်္ဂါလကာစ၊ မြေခွေးတို့သည်၎င်း။
ကိမိယောစ၊ ပိုးလောက်တို့သည်၎င်း။
ခါဒန္တိ၊ ခဲစားကုန်၏။
ကာကာစ၊ ကျီးတို့သည်၎င်း။
ဂိဇ္ဈာစ၊ လင်းတတို့သည်၎င်း။
အညေ၊ သည်မှတပါးကုန်သော။
ယေပါဏကာ၊ အကြင်သတ္တဝါတို့သည်။
သန္တိ၊ ရှိကုန်၏။
တေစ၊ ထိုသတ္တဝါတို့သည်၎င်း။
ခါဒန္တိ၊ ခဲစားကုန်၏.

အဓိပ္ပါယ်

ယင်းသို့ ဆွေမျိုး သားချင်းတို့က စွန့်ပစ်ထားခဲ့သော ထို အသေကောင်ကြီးကို တောခွေး, အိမ်ခွေး, ပိုးလောက်ကောင် ကလေးတို့သည်၎င်း, ကျီးကန်း, လင်းတနှင့် ၎င်းတို့မှ တပါးသော အသားစား သတ္တဝါတို့သည်၎င်း တကောင်နှင့် တကောင် လုယက်ကာ ပျော်ရွှင်စွာ စားသောက်ကြ လေကုန်၏

၁၁ - သုတွာန ဗုဒ္ဓဝစနံ၊
ဘိက္ခု ပညာဏဝါ ဣဓ။
သောခေါ နံ ပရိဇာနာတိ၊
ယထာဘူတဥှိ ပဿတိ။

အနက်

ဣဓ၊ ဤသာသနာက်၌။
ပညာဏဝါ၊ ပညာရှိသော။
ဘိက္ခု၊ ရဟန်းသည်။
ဗုဒ္ဓဝစနံ၊ ဘုရားစကားတော်ကို။
သုတွာန၊ နာရ၍။
သောခေါ ဘိက္ခု၊ ထိုရဟန်းသည်။
နံကာယံ၊ ထိုကိုယ်ကို။
ပရိဇာနာတိ၊ ပိုင်းခြား၍သိ၏။
ယထာဘူတံ၊ ဟုတ်သောအတိုင်း။
ပဿတိ၊ မြင်၏.

အဓိပ္ပါယ်

ဤဘုရားရှင်၏ သာသနာတော်မြတ်ကြီး အမြော်အမြင် ဉာဏ်ပညာရှိသော ရဟန်းသည် ယခုမြတ်စွာဘုရား ဟောကြားတော်မူအပ်သော အသုဘနှင့်စပ်သော ဒေသနာတော် အရပ်ရပ်ကို ကျေနပ်စွာ နာခံမှတ်သားရသဖြင့် ထိုခန္ဓာကိုယ်ယုတ် အကောင်ပုပ်ကို စက်ဆုပ်ရွံရှာဖွယ် အသုဘ သဘောအားဖြင့် ဟုတ်မှန်အတိုင်း ပိုင်းခြား၍ သိနိုင် မြင်နိုင်၏

၁၂ - ယထာဣဒံ တထာဧတံ၊
ယထာဧတံ တထာဣဒံ။
အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါစ၊
ကာယေ ဆန္ဒံ ဝိရာဇယေ။

အနက်

ဣဒံယထာ၊ ဤသဇီဝကိုယ်ကဲ့သို့။
တထာ၊ ထို့အတူ။
ဧတံ၊ ထိုဥဒ္ဓုမာတက အကောင်သည်။
ဟောတိ၊ ဖြစ်၏။
ဧတံယထာ၊ ထိုဥဒ္ဓုမာတက အကောင်ကဲ့သို့။
တထာ၊ ထို့အတူ။
ဣဒံ၊ ဤသဇီဝကိုယ်သည်။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
ပဿတိ၊ မြင်၏။
အဇ္ဈတ္တဉ္စကာယေ၊ မိမိကိုယ်၌၎င်း။
ဗဟိဒ္ဓါစကာယေ၊ အပဖြစ်သော သူတပါးကိုယ်၌၎င်း။
ဆန္ဒံ၊ ဆန္ဒတဏှာကို။
ဝိရာဇယေ၊ ကင်းစေရာ၏.

အဓိပ္ပါယ်

အသက်ရှိသော ဤကိုယ်ကောင်သည် ပြည်, သွေး ချွေး-စသော အညစ်အကြေး တို့ဖြင့် စက်ဆုပ် ရွံရှာဖွယ် ကောင်းဘိသကဲ့သို့ ဖူးဖူးရောင် ပွနေသော ဥဒ္ဓုမာတက အကောင်ပုပ်သည်လည်း ပြည်ပုပ် သွေးပုပ်တို့ဖြင့် စက်ဆုပ်ရွံရှာဖွယ် ကောင်းပေ၏၊

ဖူးဖူးရောင်ပွနေသော ဥဒ္ဓုမာတက အကောင်ပုပ်သည် ပြည်ပုပ် သွေးပုပ်တို့ဖြင့် စက်ဆုပ် ရွံရှာဖွယ် ကောင်းဘိသကဲ့သို့ အသက်ရှိသော ဤကိုယ်ကောင်သည်လည်း ပြည် သွေး ချွေး စသော အညစ်အကြေးတို့ဖြင့် စက်ဆုပ်ရွံရှာဖွယ် ကောင်းပေ၏ ဟု အသက်ရှင်နေသော ကိုယ်ကောင်နှင့် ဖူးဖူးရောင်ပွနေသော အသေကောင်ကို အတူ ထားကာ ထင်အောင်ရှုလျက် မိမိကိုယ်၌၎င်း အပြင်အပဖြစ်သော သူတပါး ကိုယ်၌၎င်း တပ်မက်တတ်သော ဆန္ဒတဏှာကို ကင်းစေရာ၏

၁၃ - ဆန္ဒ ရာဂ ဝိရတ္တော သော၊
ဘိက္ခု ပညာဏဝါ ဣဓ။
အဇ္ဈဂါ အမတံ သန္တိံ၊
နိဗ္ဗာနံ ပဒ မစ္စုတံ။

အနက်

ဣဓ၊ ဤသာသနာတော်၌။
ဆန္ဒရာဂ ဝိရတ္တော၊ ဆန္ဒရာဂ ကင်းပြီးသော။
ပညာဏဝါ၊ ပညာရှိသော။
သောဘိက္ခု၊ ထိုရဟန်းသည်။
အမတံ၊ သေခြင်းကင်းသော။
သန္တိံ၊ ငြိမ်းချမ်းသော။
နိဗ္ဗာနံ၊ တဏှာဝါန မရှိသော။
အစ္စုတံ၊ရွှေ့ခြင်းမရှိသော။
ပဒံ၊ နိဗ္ဗာန်သို့။
အဇ္ဈဂါ၊ ရောက်၏.

အဓိပ္ပါယ်

ဤသာသနာတော်၌ မိမိကိုယ် သူတပါးကိုယ် တို့၌ တပ်စွဲမှု ဆန္ဒရာဂ ကင်း၍ မဂ်ပညာ, ဖိုလ်ပညာကို ရရှိသော ရဟန်းသည် ဘဝတခုနှင့် ဘဝတခုကို ချုပ်စပ် ဆက်သွယ် နယ်ချဲ့ ပေးတတ်သော တဏှာ လက်တွင်းမှ လွတ်ကင်း ထွက်မြောက်၍ စုတေရွေ့လျော သေရခြင်းသဘော မရှိ၊ ပကတိ ငြိမ်းချမ်းသော နိဗ္ဗာန်သို့ အမှန် ရောက်ရ၏

၁၄ - ဒွိပါဒကော ယံ အသုစိ၊
ဒုဂ္ဂန္ဓော ပရိဟာရတိ။
နာနာကုဏပ ပရိပူရော၊
ဝိဿဝန္တော တတောတတော။

အနက်

ဒွိပါဒကော၊ အခြေနှစ်ချောင်းရှိသော။
အယံကာယော၊ ဤကိုယ်သည်။
အသုစိ၊ မစင်ကြယ်သည်ဖြစ်လျက်။
ဒုဂ္ဂန္ဓော၊ မကောင်းသောအနံ့ ရှိသည်ဖြစ်လျက်။
နာနာကုဏပ ပရိပူရော၊ အထူးထူးသော အပုပ်အသိုးတို့ဖြင့် ပြည့်သည်ဖြစ်လျက်။
ပရိဟာရတိ၊ အဝတ်တန်းဆာ, နံ့သာ, ပန်းမာလ်ဖြင့် သုဘဟန် ယောင်ဆောင်၏။
ပနတထာပိ၊ ယင်းသို့ပင် ဆောင်သော်လည်း။
တကောတတော၊ ထိုထို ကိုးပေါက် ကိုးဒွါရမှ။
ဝိဿဝန္တော၊ စက်ဆုပ်ဖွယ် ယိုစီး၏.

အဓိပ္ပါယ်

အခြေ နှစ်ချောင်းရှိသော ဤကိုယ်ကောင်သည် မတင့်မတယ် ရွံရှာဖွယ်ကောင်း အနံ့ တထောင်းထောင်း ဖြင့် သောင်းပြောင်းထွေးရှုပ် အပုပ်အသိုးတို့ဖြင့် ပြည့်နှက် နေသည် ဖြစ်ပါလျက် အဝတ်တန်းဆာ နံ့သာပန်းတို့ဖြင့် တင့်တယ်လေယောင် ဟန်ပန်ဆောင်၏။ ယင်းသို့ပင် ဟန်ဆောင်နေ ပါသော်လည်း ကိုးပေါက်ဒွါရ အမာဝမှ ရွံရှာဖွယ် အညစ်အကြေးတွေ အမြဲယိုထွက်နေ၏

၁၅ - ဧတာဒိသေန ကာယေန၊
ယော မညေ ဥန္နမေတဝေ။
ပရံဝါ အဝဇာနေယျ၊
ကိမညတြ အဒဿနာ တိ။
ကာယ ဝိစ္ဆန္ဒနီယသုတ္တံ၊
ဝိဇယသုတ္တန္တိပိ ဝတ္တဗ္ဗံ။

အနက်

ယော၊ အကြင်သူသည်။
ဧတာဒိသေန ကာယေန၊ ဤသို့သဘောရှိသော ကိုယ်ဖြင့်။
ဝါ၊ တာဒိသေနကာယေန - ဧတာဒိသကာယောဟုတွာ၊ ဤသို့ စက်ဆုပ်ဖွယ် ကိုယ် ရှိသည်ဖြစ်လျက်။
ဥန္နမေတဝေ၊ တက်ကြွထောင်လွှားခြင်း။
မညေ၊ မှတ်ထင်ပလေ၏။
ပရံဝါ၊ သူတပါးကိုလည်း။
အဝဇာနေယျ၊ မထေမဲ့မြင် ထင်ပလေ၏။
တဿ၊ ထိုသူအား။
အဒဿနာ၊ ဟုတ်မှန်တိုင်း မမြင်, မသိခြင်းကို။
အညတြ၊ ထား၍။
အညံကာရဏံ၊ ထောင်လွှားစရာ အကြောင်းတပါးသည်။
ကိံ အတ္ထိ၊ အဘယ်မှာ ရှိအံ့နည်း။
နတ္ထိဧဝ၊ မရှိသည်သာလျှင်တည်း။
ဣတိဣဓံ၊ ဤသုတ်သည်။
ကာယဝိစ္ဆန္ဒနီယသုတ္တံ၊ ကိုယ်၌ ဆန္ဒရာဂကို ကင်းစေတတ်သောသုတ်တည်း။
ဝိဇယသုတ္တန္တိပိ၊ ဝိဇယသုတ်ဟူ၍လည်း။
ဝတ္တဗ္ဗံ၊ ဆိုအပ်၏.

အဓိပ္ပါယ်

ဤကဲ့သို့ မတင့်တယ်ဘဲ တင့်တယ်လေယောင် ဟန်ဆောင်နေသော ကိုယ်ကောင်ကြီးကို လက်ကိုင်ရရှိနေသည် ဖြစ်ပါလျက် တက်ကြွထောင်လွှား မာန်မာန ထားခြင်းငှါ မှတ်ထင်နိုင်ဘိ၏၊ သူတပါးကိုလည်း မထေမဲ့မြင် ထင်နိုင် သေး၏၊ ထိုသူမှာ ဟုတ်မှန်တိုင်း ပိုင်းခြားဝေဖန်ပြီး မသိနိုင်မှုကို ဖယ်ထား၍ ထောင်လွှားစရာအခြားအကြောင်းတပါး မရှိချေ

[ဤသုတ်သည် ခန္ဓာကိုယ်၌ အစွဲရောဂါကို ကင်းကွာ စေတတ်သော သုတ်တည်း၊ နယ်ချဲ့သမား တဏှာ၏ ရှို့မြိုက်သော မီးအန္တရာယ်ကို ကာကွယ်နိုင်သောကြောင့် ဝိဇယ (ရန်အောင်) သုတ်ဟူ၍လည်း ဆိုသင့်၏။]

၁၆ - ရ-အက္ခရော သိယာဂ္ဂိမှိ၊
ရောဝ အဂ္ဂိဝ အာဂတော။
တသ္မာ ရာဂေါတိ ဝတ္တဗ္ဗော၊
တဏှာဝ နိစ္စတာပိကာ။

အနက်

ရ-အက္ခရော၊ ရ အက္ခရာသည်။
အဂ္ဂိမှိ၊ မီးဟူသောအနက်၌။
သိယာ၊ ဖြစ်ရာ၏။
ရောဝ-အဂ္ဂိဝ၊ မီးကဲ့သို့။
အာဂတော၊ လာတတ်၏။
တသ္မာ၊ ထို့ကြောင့်။
ရာဂေါတိ၊ ရာဂဟူ၍။
ဝတ္တဗ္ဗော၊ ဆိုအပ်၏။
နိစ္စတာပိကာ၊ အမြဲပူလောင်သော။
တဏှာဝ၊ တဏှာသာတည်း.

အဓိပ္ပါယ်

ရ-အက္ခရာသည် မီးဟူသော အနက်ကို ဟောသည်ဖြစ်၍ မီးကဲ့သို့ သတ္တဝါတို့ သန္တာန်သို့ ပူပန်လောင်မြိုက်၍ လာတတ်သောကြောင့် ရာဂ-ဟူ၍ ခေါ်ဆိုအပ်၏။ ပရမတ်အလို အနက်တရားကိုယ် အားဖြင့်မူကား သတ္တဝါအများ၏ ကိုယ်ကောင်မှာ အလျှံတပြောင်ပြောင်နှင့် ပူပန်လောင်မြိုက်တတ်သော တဏှာပင်တည်း

၁၇ - အဘိဏှမေဝ ရာဂဂ္ဂိ၊
ဒယှတေ သုဘသညိနံ။
ကိမိခဇ္ဇဝဏော သာဝ၊
ဒုက္ခီ ရာဂီ သ သဗ္ဗဒါ။

အနက်

ရာဂဂ္ဂိ၊ ရာဂမီးသည်။
သုဘသညိနံ၊ သုဘအမှတ် ရှိသောသူကို။
အဘိဏှမေဝ၊ မပြတ်သာလျှင်။
ဒယှတေ၊ လောင်ရာ၏။
ရာဂီ၊ ရာဂကြီးသော။
သ-သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။
ကိမိခဇ္ဇဝဏော၊ လောက်ကိုက်သော အနာရှိသော။
သာဝ၊ ခွေးကဲ့သို့။
သဗ္ဗဒါ၊ အခါခပ်သိမ်း။
ဒုက္ခီ၊ ဆင်းရဲသည်။
ဟောတိ၊ ဖြစ်၏.

အဓိပ္ပါယ်

စွဲလမ်း တပ်မက်တတ်သော ရာဂ-အပူမီးသည် လှတယ်, ယဉ်တယ် ခင်မင်ဖွယ်ဟု မှတ်ထင်မှု ရှိသောသူကို မပြတ်မစဲ အမြဲလောင်ကျွမ်း၏၊ စွဲလမ်းမက်မော ရာဂ ကြီးသောသူသည် အနာကိုလောက်ကိုက်သည့် ခွေးပမာ အခါခပ်သိမ်း ငြိမ်းချမ်းရေး မှ လက်လွတ်ကာ ဆင်းရဲစွာနေရ၏

၁၈ - ဒုက္ခီ ပိယ မလဒ္ဓါန၊
လဒ္ဓါပျ ပရိပုဏ္ဏတော။
နတ္ထိ ရာဂဂ္ဂိခန္ဓဿ၊
ပိယိန္ဓေန ဟိ ပုဏ္ဏတာ။

အနက်

ပိယံ၊ ချစ်အပ်သောသူ ချစ်အပ်သော ဝတ္ထုကို။
အလဒ္ဓါန၊ မရသောကြောင့်။
ဒုက္ခီ၊ ဆင်းရဲသည်။
ဟောတိ၊ ဖြစ်၏။
လဒ္ဓါပိ၊ ရငြားသော်လည်း။
အပရိပုဏ္ဏတော၊ မပြည့်စုံခြင်းကြောင့်။
ဒုက္ခီ၊ ဆင်းရဲသည်။
ဟောတိ၊ ဖြစ်၏။
ရာဂဂ္ဂိခန္ဓဿ၊ ရာဂဟူသော မီးပုံကြီးအား။
ပိယိန္ဓေန၊ ပိယဝတ္ထု ဟူသော လောင်စာဖြင့်။
ပုဏ္ဏတာ၊ ပြည့်စုံသောအဖြစ်သည်။
နတ္ထိ၊ မရှိ.

အဓိပ္ပါယ်

ချစ်ခင်စုံမက် နှစ်သက်အပ်သောသူ ချစ်ခင်စုံမက် နှစ်သက်အပ်သော အရာဝတ္ထု များကို တောင့်တတိုင်း မရသောကြောင့် စိတ်ဆင်းရဲရ၏၊ အကြောင်းသင့် အခွင့် တော်၍ ရလာပြန်သော်လည်း ပြည့်စုံ လုံလောက်အောင် မရသောကြောင့် စိတ်ဆင်းရဲရ ပြန်၏။ သို့ဖြစ်၍ အလျှံတပြောင်ပြောင် တောက်လောင်နေသော ရာဂမီးပုံကြီးကို ချစ်ခင်စုံမက် နှစ်သက်ဖွယ် ဝတ္ထုဟူသော လောင်စာဖြင့် ပြည့်စုံ လုံလောက်အောင် မဖြည့်စွမ်းနိုင်ချေ

၁၉ - နတ္ထိ ရာဂသမော အဂ္ဂိ၊
ဣတိ ဝုတ္တံ မဟေသိနာ။
တေန ရာဂဂ္ဂိနာ ဒဍ္ဎော၊
သဗ္ဗော လောကော တိဒုက္ခိတော။

အနက်

နတ္ထိရာဂသမော အဂ္ဂိဣတိ၊ နတ္ထိရာဂသမောအဂ္ဂိ ဟူ၍။
မဟေသိနာ၊ ဘုရားရှင်သည်။
ဝုတ္တံ၊ ဟောအပ်၏။
တေန ရာဂဂ္ဂိနာ၊ ထိုရာဂမီးသည်။
ဒဍ္ဎော၊ လောင်သော။
သဗ္ဗော လောကော၊ ခပ်သိမ်းသော လောကသည်။
အတိဒုက္ခတော၊ အလွန် ဆင်းရဲရောက်၏.

အဓိပ္ပါယ်

“ရာဂနှင့်တူသော ပူလောင်တတ်သည့် မီးမရှိ” ဟု ရှင်တော်မြတ်ဘုရား ဟောကြားတော်မူသောကြောင့် ၎င်းရာဂမီး အလောင်အမြိုက် ခံရသော လောကကြီး တခုလုံးသည် မီးတဟုန်းဟုန်းတောက်ကာ လွန်မင်းစွာ ဆင်းရဲဒုက္ခ ရောက်ရ၏

၂၀ - ဧကဿ ပိဝိတံ ခီရံ၊
စတူ ဒဓိ ဇလာ ဗဟု။
ရာဂဟေတု ဘဝေ သန္ဓိ၊
ဋ္ဌာနံ အနမတဂ္ဂိကံ။

အနက်

ဧကဿ၊ သတ္တဝါ တယောက်သည်။
ပိဝိတံ၊ သောက်စို့အပ်သော။
ခီရံ၊ အမိနို့ရည်သည်။
စတူဒမိဇလာ၊ လေးစင်းသမုဒြာရေထက်။
ဗဟု၊ များစွာ၏။
ရာဂဟေတု၊ ရာဂဟူသော အကြောင်းကြောင့်။
ဘဝေ၊ ဘုံသုံးပါး၌။
သန္ဓိဋ္ဌာနံ၊ ပဋိသန္ဓေ တည်နေရခြင်းသည်။
အနမတဂ္ဂိကံ၊ အစမထင်နိုင်.

အဓိပ္ပါယ်

သတ္တဝါတယောက် လူလားမြောက်ဖို့ သောက်စို့အပ်သော မိခင်နို့ရည်သည် သမုဒြာလေးစင်း ရေထက်ပင် များပြားလှပေ၏ရာဂ-အရင်းခံရှိသော အကြောင်း ကံကြောင့် ဘဝသုံးတန် အဖန်ဖန် ပဋိသန္ဓေ တည်နေရခြင်းသည်ကား ရေတွက် ပိုင်းခြား၍မရ အစမထင် မမြင်နိုင်ချေ

၂၁ - စတူဒဓိ ဇလာ ဘိယျော၊
သီသစ္ဆေဒန လောဟိတံ။
ရာဂဟေတု ဘဝေ မစ္စု၊
ဘယံ အနမတဂ္ဂိကံ။

အနက်

ဧကဿ၊ သတ္တဝါ တယောက်၏။
သီသစ္ဆေဒန လောဟိတံ၊ ဦးခေါင်းဖြတ်၍ ထွက်သော လည်ချောင်းသွေးသည်။
စတူဒမိဇလာ၊ မဟာသမုဒြာလေးစင်း ရေထက်။
ဘိယျော၊ လွန်စွာ၏။
ရာဂဟေတု၊ ရာဂဟူသော အကြောင်းကြောင့်။
ဘဝေ၊ ဘုံသုံးပါး၌။
မစ္စုဘယံ၊ သေခြင်းဘေးသည်။
အနမတဂ္ဂိကံ၊ အစ မသိနိုင်.

အဓိပ္ပါယ်

သတ္တဝါ တယောက်၏ ဦးခေါင်းကိုဖြတ်၍ ထွက်လာသော လည်ချောင်းသွေးသည် မဟာသမုဒြာလေးစင်း ရေထက်ပင် သာလွန်ပြားများ လှပေ၏ရာဂအရင်းခံရှိသော အကြောင်းကံကြောင့် ဘဝသုံးတန်၌ အဖန်ဖန် သေခြင်းဘေးသည်ကား ရေတွက် ပိုင်းခြား၍မရ အစမထင် မမြင်နိုင်ချေ

၂၂ - ဧကဿ ရုဒတော အဿု၊
စတူ ဒဓိ ဇလာ ဗဟု။
ဒုက္ခံ အနမတဂ္ဂံဝ၊
တံဟေတု ပရိဒေဝနံ။

အနက်

ရုဒတော၊ ငိုသော။
ဧကဿ၊ သတ္တဝါတယောက်၏။
အဿု၊ မျက်ရည်သည်။
စတူဒဓိဇလာ၊ မဟာသမုဒြာလေးစင်း ရေထက်။
ဗဟု၊ များစွာ၏။
တံဟေတု၊ ထိုရာဂဟူသော အကြောင်းကြောင့်။
ပရိဒေဝနံ၊ ငိုကြွေးရခြင်း ဟူသော။
ဒုက္ခံ၊ ဆင်းရဲသည်။
အနမတဂ္ဂံဝ၊ အစမသိအပ်သာလျှင်ကတည်း.

အဓိပ္ပါယ်

ဆွေမျိုးသားချင်း သေဆုံးသည့် အရေးကြောင့် ငိုကြွေးရသော သတ္တဝါတယောက်၏ မျက်ရည်ပေါက်သည် မဟာသမုဒြာလေးစင်း ရေထက်ပင် များပြားလှပေ၏ရာဂ အရင်းခံရှိသော အကြောင်းကံကြောင့် အဖန်ဖန် ငိုကြွေးရခြင်း ဆင်းရဲသည်ကား ရေတွက် ပိုင်းခြား၍မရ အစမထင် မမြင်နိုင်ချေ

၂၃ - တတ္တာယော ဂုဠ ဂိလိတ၊
ဝဓဂ္ဂိ ဒယှနာ ဒိကံ။
အသင်္ချေယျ မဟာဒုက္ခံ၊
တံဟေတု နိရယေ လဘိ။

အနက်

နိရယေ၊ ငရဲ၌။
တတ္တာယော ဂုဠ ဂိလိတဝဓဂ္ဂိ ဒယှနာ ဒိကံ၊ ရဲရဲညိ ပူလောင်သော သံတွေကို မျိုရခြင်း သတ်ဖြတ်ခြင်း ငရဲမီးလောင်ခြင်း အစရှိသော။
အသင်္ချေယျံ၊ မရေတွက်နိူင်သော။
မဟာဒုက္ခံ၊ ကြီးစွာသောဆင်းရဲကို။
တံဟေတု၊ ထိုရာဂဟူသော အကြောင်းကြောင့်။
လဘိ၊ ရပြီ.

အဓိပ္ပါယ်

သုခဟူ၍ မြူတစိမျှ မရှိသော ငရဲဘုံ၌ ရဲရဲညိ ပူလောင်သော သံတွေခဲကို မျိုရခြင်း, အသတ်အဖြတ် ခံရခြင်း, ငရဲမီးလောင်ခြင်း - အစရှိသော မရေတွက် မပိုင်းခြား နိုင်လောက်အောင် များမြောင်လှသော ဆင်းရဲဒုက္ခ အပေါင်းကို ရာဂအရင်း ခံရှိသော အကြောင်းကံကြောင့်ပင် ရရှိခံစားခဲ့ဘူး လှလေပြီ

၂၄ - ဧက ဒွိတ္တိ စတု ပဉ္စ၊
ဗုဒ္ဓုပ္ပါဒေပျ မောစိတံ။
ခုပ္ပိပါသိတ နိဇ္ဈာမံ၊
လဘိ တံဟေတု ပေတ္တိကံ။

အနက်

ဧကဒွိတ္တိ စတုပဉ္စ ဗုဒ္ဓုပ္ပါဒေပိ၊ ဘုရားတဆူ, နှစ်ဆူ, သုံးဆူ, လေးဆူ, ငါးဆူ ပွင့်သော်လည်း။
အမောစိတံ၊ မကျွတ်မလွတ်နိူင်သော။
ခုပ္ပိပါသိတ နိဇ္ဈာမံ၊ အစာငတ်ခြင်း, ရေငတ်ခြင်း မီးလောင်ခြင်းဟူသော။
ပေတ္တိကံ၊ ပြိတ္တာဘုံ၌ဖြစ်သော ဆင်းရဲကို။
တံဟေတု၊ ထိုရာဂဟူသော အကြောင်းကြောင့်။
လဘိ၊ ရပြီ.

အဓိပ္ပါယ်

ဘုရား တဆူ, နှစ်ဆူ, သုံးဆူ, လေးဆူ, ငါးဆူ ပွင့်ငြားသော်လည်း မကျွတ်နိုင် မလွတ်နိုင်ဘဲ အမြဲအစာငတ်ခြင်း, ရေငတ်ခြင်း, မီးလောင်ခြင်း ဟူသော ပြိတ္တာ ဘုံ၌ဖြစ်သော ဆင်းရဲ အပေါင်းကို ရာဂအရင်းခံရှိသော အကြောင်းကံကြောင့်ပင် ရရှိ ခံစားခဲ့ဘူးလှလေပြီ

၂၅ - တိရစ္ဆာနေ အသူရေစ၊
ဒုက္ခံ နာနာဝိဓံ လဘိ။
နမတဂ္ဂိက သံသာရေ၊
သဗ္ဗန္တံ ရာဂဟေတုကံ။

အနက်

အနမတဂ္ဂိက သံသာရေ၊ အစမထင်သော သံသရာဘဝ၌။
တိရစ္ဆာနေ၊ တိရစ္ဆာန်ဘုံ၌၎င်း။
အသုရေစ၊ အသုရကာယ်ဘုံ၌၎င်း။
နာနာဝိဓံ၊ အထူးထူး အပြားပြားရှိသော။
ယံဒုက္ခံ၊ အကြင်ဆင်းရဲကို။
လဘိ၊ ရလေပြီ။
တံသဗ္ဗံ၊ ထိုအလုံးစုံသော ဆင်းရဲသည်။
ရာဂဟေတုကံ၊ ရာဂအကြောင်းရင်းရှိ၏.

အဓိပ္ပါယ်

အစမထင်သော သံသရာဘဝ၌ တိရစ္ဆာန်ဘုံ, အသုရကာယ်ဘုံတို့၌ အထူးထူး အပြားပြား ခံစားရရှိခဲ့ဘူးသော ရှိသမျှဥဿုံ ဆင်းရဲဒုက္ခ အလုံးစုံသည် ရာဂအရင်းခံ ရှိသော အကြောင်းကံကြောင့်သာ ဖြစ်ပေါ်လာရ၏

၂၆ - ဧကဿေကေန ကပ္ပေန၊
ပုဂ္ဂလဿဋ္ဌိ သဉ္စယော။
သစေ သံဟာရိတော အဿ၊
ဝေပုလ္လ ပဗ္ဗတာဓိကော။

အနက်

ဧကေန ကပ္ပေန၊ ဘဒ္ဒကပ်ကမ္ဘာတခု၌။
ဧကဿ ပုဂ္ဂလဿ၊ ပုဂ္ဂိုလ်တယောက်၏။
အဋ္ဌိသဉ္စယော၊ အရိုးစုသည်။
သံဟာရိတော၊ ရုံးစုအပ်သည်။
သစေအဿ၊ အကယ်၍ဖြစ်အံ့။
ဝေပုလ္လ ပဗ္ဗတာဓိကော၊ တနေ့တက်ရသော ဝေပုလ္လတောင်ထက် မြင့်ရာ၏.

အဓိပ္ပါယ်

ဘဒ္ဒကမ္ဘာ တခုလုံး၌ ဘဝတိုင်း ဘဝတိုင်း သေဆုံးရသော လူတယောက်၏ အရိုးစု တွေကို အကုန်ကောက် ယူ၍ စုပုံထားသည်ရှိသော် တနေ့တိတိ တက်မှ တောင်ထိပ်သို့ ရောက်နိုင်ရုံ ရှိသော ဝေပုလ္လတောင် ထက်ပင် မြင့်ပေရာ၏

၂၇ - ဧက ကပ္ပေ ဣဒံ ဒုက္ခံ၊
နာဒိကပ္ပေသု ကာကထာ။
ရာဂေါ နနု မဟာဝေရီ၊
ဗာလော ဇနော တ မိစ္ဆတိ။

အနက်

ဧကကပ္ပေ၊ ဘဒ္ဒကပ်ကမ္ဘာတခု၌။
ဣဒံဒုက္ခံ၊ ဤ ဝေပုလ္လတောင်မက အရိုးစုမြင့်အောင် ဆင်းရဲခြင်းသည်။
ဟောတိ၊ ဖြစ်၏။
နာဒိကပ္ပေသု၊ အစမထင်သော ကမ္ဘဝတို့၌။
ကာကထာ၊ အဘယ်ဆိုဖွယ် ရှိအံ့နည်း။
ရာဂေါ၊ ရာဂသည်။
မဟာဝေရီနနု၊ ရန်သူကြီး မဟုတ်လော။
ဗာလောဇနော၊ လူမိုက်အပေါင်းသည်။
တံ၊ ထိုရာဂရန်သူကို။
ဣစ္ဆတိ၊ အလိုရှိ၏.

အဓိပ္ပါယ်

ဘဒ္ဒကမ္ဘာ တခုတည်းမှာပင် ဤဝေပုလ္လတောင် ထက်မက အရိုးစု, အရိုးပုံကြီး မြင့်အောင် များမြောင်လှစွာသော ဆင်းရဲ ဒုက္ခအပေါင်းကို ခံစားရတုံသေး၏၊ ရှေး အနမတဂ္ဂ အစမထင်သော ကမ္ဘာတို့မှာမူကား အဘယ်မှာ ဆိုဖွယ်ရာရှိပါအံ့နည်း၊ ရာဂသည် ကမ္ဘာ့ရန်သူကြီးအစစ် မဟုတ်ပါလော။ သို့ဖြစ်ပါလျက် နားလည်မှု မရှိသော လူအပေါင်းသည် ရန်သူကိုပင် မိတ်ဆွေကောင်း ထင်၍ အစဉ် လိုလားလျက် ရှိချေ၏

၂၈ - ရာဂသုဒ္ဓိ အသောကောစ၊
နိဒ္ဒုက္ခော ဉာယပတ္တိစ။
နိဗ္ဗာနံ ပဉ္စ ပစ္စက္ခာ၊
အသုဘာယ ဖလာ မတာ။

အနက်

ရာဂသုဒ္ဓိ၊ ရာဂမှ စင်ကြယ်ခြင်း၎င်း။
အသောကောစ၊ သောက ပရိဒေဝ မရှိခြင်း၎င်း။
နိဒ္ဒုက္ခော၊ ဒုက္ခ,ဒေါမနဿ မရှိခြင်း၎င်း။
ဉာယပတ္တိစ၊ အရိယာမဂ်သို့ ရောက်ခြင်း၎င်း။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း၎င်း။
ဣတိ၊ ဤသို့။
အသုဘာယ၊ အသုဘရှုခြင်း၏။
ပဉ္စ၊ ငါးပါးကုန်သော။
ပစ္စက္ခာဖလာ၊ မျက်မှောက် အကျိုးတို့ကို။
မတာ၊ သိအပ်ကုန်၏.

အဓိပ္ပါယ်

မတင့်မတယ် ရွံရှာဖွယ်ဟုရှုသော အသုဘဘာဝနာ၏ မျက်မှောက်အကျိုးငါးပါးတို့ကို ဤသို့ သိအပ်ကုန်၏။

၁။ တပ်နှစ်သက်တတ်သော ရာဂမှ စင်ကြယ်ခြင်း,
၂။ စိုးရိမ်ပူဆွေး ငိုကြွေးခြင်း မရှိခြင်း,
၃။ ကိုယ် စိတ်ဆင်းရဲခြင်းမှ ကင်းခြင်း,
၄။ အရိယမဂ်သို့ ရောက်ခြင်း,
၅။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း,

ဤကား-အသုဘဘာဝနာ၏အကျိုးငါးပါးတည်း။]

၂၉ - အသုဘဂ္ဂဟဏံ ဈာယီ၊
မိတာ သိန္ဒြိယ သံဝရော။
သောမိတျ မုက္ကဋ္ဌာဝါစာ၊
ဆဠိမေ ရာဂ သုဒ္ဓိယာ။

အနက်

အသုဘဂ္ဂဟဏံ၊ အသုဘအာရုံကို စက္ခုဒွါရဖြင့် ကြည့်၍ယူခြင်း၎င်း။
ဈာယီ၊ မနောဒွါရဖြင့် ကြံခြင်း၎င်း။
မိတာသိ၊ နှိုင်းယှဉ်၍ စားသောက်ခြင်း၎င်း။
ဣန္ဒြိယသံဝရော၊ ဣန္ဒြေကို စောင့်ခြင်း၎င်း။
သောမိတျံ၊ အဆွေခင်ပွန်းကောင်း ရှိသောအဖြစ်၎င်း။
ဥက္ကဋ္ဌာဝါစာ၊ မြတ်သောစကားကို ပြောခြင်း၎င်း။
ဣမေဆ၊ ဤခြောက်ပါးတို့သည်။
ရာဂသုဒ္ဓိယာ၊ ရာဂစင်ကြယ်ခြင်းငှါ။
ဟောန္တိ၊ ဖြစ်ကုန်၏.

အဓိပ္ပါယ်

ရာဂစင်ကြယ်ခြင်း၏ အကြောင်းတို့ကား -

၁။ မတင့်မတယ် ရွံရှာဖွယ်ဖြစ်သော အသုဘအာရုံကို မျက်စိဖြင့် ထင်မြင်အောင် ရှုခြင်း,
၂။ စိတ်ဖြင့်ကြံစည်အောက်မေ့ခြင်း,
၃။ မိမိပမာဏနှင့် လျော်အောင် နှိုင်းယှဉ်၍ စားသောက်ခြင်း,
၄။ စက္ခုစသော ဣန္ဒြေတို့ကို စောင့်စည်းခြင်း,
၅။ အဆွေခင်ပွန်းကောင်း ရှိခြင်း,
၆။ ကောင်းမှုနှင့်စပ် မြတ်သောစကားကို ပြောဆိုခြင်း,

(ဤ ၆-ပါးတို့တည်း။)

၃၀ - နိစ္စုဂ္ဂရာဂ ရောဂီနံ
အသုဘာ ဝါတုလောသဓာ
ရာဂယက္ခာဘိ ဂယှာနံ
အသုဘာ မန္တ မုတ္တရံ

အနက်

နိစ္စုဂ္ဂရာဂရောဂီနံ၊ အမြဲတက်သော ရာဂရောဂါ စွဲသောသူတို့အား။
အသုဘာဝ၊ အသုဘဘာဝနာ သည်သာလျှင်။
အတုလောသဓာ၊ အတုမရှိသော ဆေးသည်။
ဟောတိ၊ ဖြစ်၏။
ရာဂယက္ခာဘိ ဂယှာနံ၊ ရာဂဘီလူးသည် နှိပ်စက်၍ ဖမ်းအပ်ကုန်သော သူတို့အား။
အသုဘာ၊ အသုဘသညာသည်။
ဥတ္တရံ၊ အလွန်အကဲ ဖြစ်သော။
မန္တံ၊ မန္တရားမည်၏။

အဓိပ္ပာယ်

အမြဲတက်သောအနာ ရာဂရောဂါ စွဲကပ်နေသော သူတို့အား မတင့်မတယ် စက်ဆုပ်ဖွယ် ဟုရှုသော အသုဘ ဘာဝနာသည်သာလျှင် ရောဂါပျောက်ကြောင်း အတုမရှိသော ဆေးကောင်းတခု ဖြစ်ပေ၏။ ရောဂါဘီလူး ဝင်ပူးဖမ်းစား နှိပ်စက်သော သတ္တဝါတို့အား မတင့်မတယ် စက်ဆုပ်ဖွယ်ဟု ရှုမှတ်တတ်သော အသုဘသညာသည် အကောင်းဆုံး မန်းမှုတ်စရာ ဂါထာမန္တရားတခု ဖြစ်ပေ၏။

၃၁ - သဇီဝကာစ နိဇ္ဇီဝါ
အသုဘာ ဒုဝိဓာ မတာ
သဇီဝါ ကေသလောမာဒိ
ဒသေဝိမေ အဇီဝကာ

အနက်

သဇီဝကာစ၊ အသက်ဝိညာဉ်ရှိသော အသုဘ၎င်း။
နိဇ္ဇီဝါ၊ အသက်ဝိညာဉ်မရှိသော အသုဘ၎င်း။
ဣတိ၊ ဤသို့။
အသုဘာ၊ အသုဘသညာကို။
ဒုဝိဓာ၊ နှစ်ပါး အပြားအားဖြင့်။
မတာ၊ သိအပ်၏။
ကေသလောမာဒိ၊ ကေသာ, လောမာ-အစရှိသော ဒွတ္တိံသာကာရသည်။
သဇီဝါ၊ သဇီဝအသုဘ မည်၏။
အဇီဝကာ၊ အဇီဝကအသုဘတို့သည်။
ဣမေဒသေဝ၊ ဤဆိုလတ္တံ့သော ဆယ်ပါးတို့သာတည်း။

အဓိပ္ပာယ်

မတင့်မတယ် စက်ဆုပ်ဖွယ်ဟု ရှုအပ်သော အသုဘတို့သည် အသက်ဝိညာဉ်ရှိသော အသုဘ, အသက် ဝိညာဉ်မရှိသော အသုဘဟူ၍ နှစ်ပါး အပြားရှိ၏။

ထိုနှစ်ပါးတို့တွင် -
၁။ ဆံပင်, မွေးညှင်း- အစရှိသော့ ၃၂-ကောဋ္ဌာသသည် အသက်ဝိညာဉ်ရှိသော အသုဘ မည်၏။
၂။ အသက်ဝိညာဉ် မရှိသော အသုဘတို့သည်ကား အောက်တွင်ပြဆိုလတ္တံ့သော ဆယ်ပါးတို့သာတည်း။

၃၂ - ဥဒ္ဓုမာတက ဝီနီလံ
ဝိပုဗ္ဗကံ ဝိဆိဒ္ဒကံ
ဝိက္ခာယိတက ဝိက္ခိတ္တံ
ဟတဝိက္ခိတ္တ လောဟိတံ

၃၃ - ပုဠုဝ ဋ္ဌိက မိစ္စေသု
လဒ္ဓါ အညတရံ သတော
ရတနံ ဝါနုပဿေယျ
ယထာ စေတသိ ပါကဋံ

အနက်

ဥဒ္ဓုမာတကံ၊ ဖူးဖူးရောင်၍ စက်ဆုပ်ဖွယ် ဖြစ်သော အကောင်၎င်း။
ဝိနီလံ၊ အညို အမဲ စက်ဆုပ်ဖွယ် အကောင်၎င်း။
ဝိပုဗ္ဗကံ၊ စက်ဆုပ်ဖွယ် ပြည်ယိုသော အကောင်၎င်း။
ဝိဆိဒ္ဒကံ၊ နှစ်ပိုင်းပြတ်သော စက်ဆုပ်ဖွယ် အကောင်၎င်း။
ဝိက္ခာယိတကံ၊ ခွေး မြေခွေးတို့ခဲအပ်သော အကောင်၎င်း။
ဝိက္ခိတ္တံ၊ ထိုမှဤမှ ဖရိုဖရဲ ပစ်ချအပ်သော အကောင်၎င်း။
ဟတဝိက္ခိတ္တံ၊ ဓားဖြင့် ဖြတ်၍ ထိုမှဤမှ ပစ်ချအပ်သော အကောင်၎င်း။
လောဟိတံ၊ သွေး တစက်စက် ယိုသော အကောင်၎င်း။
ပုဠုဝံ၊ ပိုးလောက်အတိပြည့်သော အကောင်၎င်း။
အဋ္ဌိကံ၊ အရိုးစုသာဖြစ်သော အကောင်၎င်း။
ဣတိ၊ ဤသို့။
ဒသ၊ ဆယ်ပါးတို့တည်း။
ဧသု၊ ထိုဆယ်ပါးတို့တွင်။
အညတရံ၊ တခုခုသော အသုဘကို။
လဒ္ဓါ၊ ရ၍။
သတော၊ သတိရှိသော ရဟန်းသည်။
ယထာ၊ အကြင်အခြင်းအရာဖြင့်။
စေတသိ၊ စိတ်၌။
ပါကဋံ၊ ထင်ရှား၏။
တထာ၊ ထိုထင်ရှားသော အခြင်းအရာဖြင့်။
ရတနံဝ၊ ရတနာကဲ့သို့။
အနုပဿေယျ၊ အဖန်တလဲလဲ ရှုရာ၏။

အဓိပ္ပာယ်

အသက် ဝိညာဉ်မရှိသော အသုဘဆယ်ပါး -

၁။ ဖူးဖူးရောင်ပွလျက် စက်ဆုပ်ဖွယ်ဖြစ်သော အကောင်ပုပ်,
၂။ အညိုအမဲ ရောလျက် စက်ဆုပ်ဖွယ်ဖြစ်သော အကောင်ပုပ်,
၃။ ပြည်ယိုသော စက်ဆုပ်ဖွယ် အကောင်ပုပ်
၄။ နှစ်ပိုင်းပြတ်သော စက်ဆုပ်ဖွယ် အကောင်ပုပ်,
၅။ ခွေး, မြေခွေး တို့ခဲစားအပ်သော အကောင်ပုပ်,
၆။ ထိုမှဤမှ ဖရိုဖရဲ ပစ်ချအပ်သော အကောင်ပုပ်
၇။ ဓားဖြင့်ဖြတ်၍ ထိုမှဤမှ ပစ်ချအပ်သော အကောင်ပုပ်,
ဂ။ သွေးတစက်စက်ယိုသော အကောင်ပုပ်,
၉။ ပိုးလောက်အတိ ပြည့်သော အကောင်ပုပ်,
၁၀။ အရိုးစုသာ ဖြစ်သော အကောင်ပုပ်-

ဤဆယ်ပါးတို့တွင် တခုခုသော အသုဘကိုရ၍ ရှုမှတ်မှု-သတိရှိသော ရဟန်းသည် မိမိစိတ်အစဉ်၌ ပေါ်လွင် ထင်ရှား နိုင်လောက်သော အခြင်းအရာအားဖြင့် ကျောက်မျက် ရတနာကဲ့သို့ အဖန်တလဲလဲ ရှုရာ၏

၃၄ - မတံ ခဇ္ဇံ သ မံသဉ္စ
နိလောဟိတံ နိမံသကံ
ဝိက္ခိတ္တံ သေတ ပုဉ္ဇဋ္ဌိံ
နဝဓာ ပုတိမိက္ခယေ

အနက်

မတံ၊ သေ၍ တရက် နှစ်ရက် သုံးရက် လွန်သော ဥဒ္ဓုမာတက, ဝိနီလက အကောင်ကို၎င်း။
ခဇ္ဇံ၊ သင်းချိုင်း၌ ခွေး, မြေခွေးတို့ ခဲအပ်သောအကောင်ကို၎င်း။
သ မံသဉ္စ၊ အသွေးအသား ရှိသေးသော အကောင်ကို၎င်း။
နိလောဟိတံ၊ အသွေးမရှိ အသားမျှရှိသော အကောင်ကို၎င်း။
နိမံသကံ၊ အသားမရှိ အကြောဖြင့် စပ်တွယ်သော အရိုးမျှသာ ရှိသော အကောင်ကို၎င်း။
ဝိက္ခိတ္တံ၊ အကြောဆက်ပြတ်၍ ထိုမှဤမှ ပစ်ချအပ်သော အကောင်ကို၎င်း။
သေတံ၊ ဖွေးဖွေးပြုသော အရိုးကို၎င်း။
ပုဉ္ဇဋ္ဌိံ၊ စုပုံ၍နေသော အရိုးကို၎င်း။
ပုတိံ၊ ပုပ်ဆွေးသော အရိုးကို၎င်း။
နဝဓာ-နဝဝိဓံ၊ ကိုးပါးအပြားရှိသော အသုဘကို။
ဣက္ခယေ၊ ရှုရာ၏။

အဓိပ္ပာယ်

တနည်း - အသက်ဝိညာဉ်မရှိသော အသုဘ ၉-ပါး -

၁။ သေ၍ တရက် နှစ်ရက် သုံးရက်လွန်သဖြင့် ဖူးဖူးရောင်လျက် ညိုမဲနေသော အကောင်ပုပ်
၂။ သင်းချိုင်း၌ ခွေး မြေခွေးတို့ ခံစားအပ်သော အကောင်ပုပ်,
၃။ အသား အသွေး-ရှိသေးသော အကောင်ပုပ်,
၄။ အသွေးမရှိ အသားမျှသာရှိသော အကောင်ပုပ်,
၅။ အသားမရှိ အကြောဖြင့် စပ်တွယ်၍ အရိုးမျှသာ ရှိသော အကောင်ပုပ်,
၆။ အကြော ဆက်ပြတ်၍ ထိုမှဤမှ ပစ်ချအပ်သော အကောင်ပုပ်,
၇။ ဖွေးဖွေးဖြူသော အရိုးစု အကောင်ပုပ်
၈။ စုပုံ၍နေသော အရိုးစု အကောင်ပုပ်,
၉။ ပုပ်ဆွေးသော အရိုးစု အကောင်ပုပ်

ဤ ၉-ပါးတို့တွင်လည်း တခုခုသော အသုဘကိုရ၍ ရှုမှတ်မှု သတိရှိသော ရဟန်းသည် မိမိစိတ်အစဉ်၌ ပေါ်လွင် ထင်ရှား နိုင်လောက်သော အခြင်းအရာ အားဖြင့် ကျောက်မျက် ရတနာကဲ့သို့ အဖန် တလဲလဲ ရှုရာ၏

၃၅ - မစ္စုတော ပရိမုစ္စာမိ
ပဋိပတ္တိ ယိမာ ယိတိ
ပယောဇနံ သမာဝဇ္ဇ
မောဒိတဗ္ဗံ ဇိဂုစ္ဆကေ

အနက်

ဣမာယပဋိပတ္တိယာ၊ ဤအသုဘရှုခြင်း အကျင့် ပဋိပတ်ဖြင့်။
မစ္စုတော၊ အိုခြင်း သေခြင်းမှ။
ပရိမုစ္စာမိ၊ လွတ်ရတော့အံ့။
ဣတိ၊ ဤသို့။
ပယောဇနံ၊ အကျိုးကို။
သမာဝဇ္ဇ၊ နှလုံးသွင်း၍။
ဇိဂုစ္ဆကေ၊ စက်ဆုပ် ရွံရှာဖွယ်၌။
မောဒိတဗ္ဗံ၊ ဝမ်းမြောက်ရာ၏။

အဓိပ္ပာယ်

မတင့်မတယ် ရွံရှာဖွယ်ဟု ရှုခြင်းဟူသော ပဋိပတ် အကျင့်မြတ်ဖြင့် အို, နာ, သေရေး ဒုက္ခဘေးမှ ကင်းဝေး လွတ်မြောက်ရလတ္တံ့ ဟု အကျိုးကို မြော်မြင်၍ ဆင်ခြင် စဉ်းစား နှလုံးထားပါမူ ဖူးဖူးရောင်ဖေါ စက်ဆုပ် ရွံရှာဖွယ်ကောင်းသော အကောင်ပုပ်၌ သော်လည်း စက်ဆုပ်မှု ကင်းပျောက်ကာ ဝမ်းမြောက်နိုင်ရာ၏

၃၆ - သဇီဝကေ ဇိဂုစ္ဆတ္ထံ၊၊
နိဇ္ဇီဝ သုဘ မီရိတံ
တထူပမော အယံကာယော
ဧဝမေဝ ဘဝိဿတိ

အနက်

အယံကာယော၊ သဇီဝဖြစ်သော ဤကိုယ်သည်။
တထူပမော၊ ထိုအသုဘကောင် ဥပမာရှိ၏။
ဧဝမေဝ၊ ဤအတူပင်လျှင်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။
ဣတိ၊ ဤသို့။
သဇီဝကေ၊ ဝိညာဉ် အသက်ရှိသောကိုယ်၌။
ဇိဂုစ္ဆတ္ထံ၊၊ စက်ဆုပ်ခြင်းငှါ။
နိဇ္ဇီဝါသုဘံ၊ ဝိညာဉ်မရှိသော အသုဘကို။
ဤရိတံ၊ ဟောတော်မူအပ်၏။

အဓိပ္ပာယ်

အသက်ရှင်နေသော ဤ ကိုယ်ကောင်သည် ဖူးဖူးရောင်ဖေါ စက်ဆုပ်ဖွယ် ကောင်းသော အသေကောင်တို့နှင့် မခြားတမူ အလားတူသာလျှင် ခင်မင်ဖွယ်မရှိ၊ စက်ဆုပ်ဖွယ် အတိသာ ဖြစ်လိမ့်မည်ဟု အသက်ရှင်နေသော ကိုယ်ကောင်ဝယ် စက်ဆုပ် ရွံရှာဖွယ်ဟု ရှုနိုင်ခြင်းငှါ အသက် မရှိသော အသုဘကောင်ကို ဟောတော်မူ၏

၃၇ - ဧဝံဓမ္မော အယံကာယော
ဧဝံဘာဝီ နတိက္ကမော
ဣစ္စုပ သံဟရေ ဒိသွာ
ဧကဒွိဟ မတာဒိကံ

အနက်

ဧကဒွိဟမတာဒိကံ၊ သေ၍ တရက် နှစ်ရက် သုံးရက်ရှိသော အကောင် အစ ရှိသည်ကို။
ဒိသွာ၊ မြင်၍။
အယံ ကာယော၊ ဤကိုယ်သည်။
ဧဝံဓမ္မော၊ ဤသို့ ဥဒ္ဓုမာတက စသည် သဘောရှိ၏။
ဧဝံဘာဝီ၊ ဤသို့ဖြစ်လတ္တံ့။
အနတိက္ကမော၊ ဤသဘောကိုမလွန်နိုင်။
ဣတိ၊ ဤသို့။
ဥပသံဟရေ၊ ဤကိုယ်၏ အနီးသို့ ဆောင်ရာ၏။

အဓိပ္ပာယ်

သေ၍ တရက်, နှစ်ရက် သုံးရက် ရှိသော အကောင်ပုပ် စသည်ကို မြင်ရ၍ ယခု အသက်ရှင်၍ နေသော ဤကိုယ်ကောင် သည်လည်း ဤသို့ ဖူးဖူးရောင် စက်ဆုပ်ဖွယ် ကောင်းသော သဘောရှိ၏။ ဤသဘော အတိုင်းပင် ဖြစ်လိမ့်မည်။ ဤ စက်ဆုပ်ဖွယ် သဘောကို မလွန်မြောက်နိုင်ဟု မိမိကိုယ်၏ အနီးသို့ အသုဘ သဘောကို ဆောင်ယူကာ ယှဉ်ကြည့်ရာ၏

၃၈ - ယထာ ဣဒံ တထာဧတံ
ယထာဧတံ တထာ ဣဒံ
ဇေဂုစ္ဆံ ပဋိကူလျဉ္စ
ကာယေ ဣစ္စုပ သံဟရေ

အနက်

ဣဒံံယထာ၊ အသက်ရှင်သော ဤကိုယ်ကဲ့သို့။
တထာ၊ ထို့အတူ။
ဧတံ၊ ဤ ဥဒ္ဓုမာတက- စသော အကောင်သည်။
ဧတံယထာ၊ ထို ဥဒ္ဓုမာတက- စသော အကောင်ကဲ့သို့။
တထာ၊ ထို့အတူ။
ဣဒံ၊ ဤအသက်ဝိညာဉ်ရှိသော ကိုယ်သည်။
ဖေဂုစ္ဆဉ္စ၊ စက်ဆုပ်ဖွယ်သည်၎င်း။
ပဋိကူလျဉ္စ၊ ရွံဖွယ်သည်၎င်း။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
ကာယေ၊ ကိုယ်၌။
ဥပသံဟရေ၊ အနီးသို့ဆောင်ရာ၏။

အဓိပ္ပာယ်

အသက်ရှင်နေသော ဤကိုယ်ကောင်ကဲ့သို့ ထို့အတူ ဖူးဖူးရောင်ဖော ဥဒ္ဓုမာတက- စသော အသေကောင် သည်လည်း စက်ဆုပ် ရွံရှာဖွယ် သဘောရှိ၏၊ ဖူးဖူးရောင်ဖော ဥဒ္ဓုမာတက- စသော အသေကောင်ကဲ့သို့ ထို့အတူ အသက်ရှင် နေသော ဤ ကိုယ်ကောင်သည်လည်း စက်ဆုပ် ရွံရှာဖွယ် သဘောရှိ၏ဟု မိမိကိုယ် အနီးသို့ ဆောင်ယူကာ အသေကောင်နှင့် ယှဉ်ကြည့်ရာ၏။

၃၉ - ဥဒ္ဓုမာတ ဝိနီလာဒိ
ပဋိကူလျော ဇိဂုစ္ဆိတော
တထေဝါယမ္ပိ မေ ကာယော
ဝိသေသော နာယု-သာယုဝ

အနက်

ဥဒ္ဓုမာတ ဝိနီလာဒိ၊ ဥဒ္ဓုမာတက ဝိနီလက အစရှိသော အကောင်သည်။
ပဋိကူလျော၊ ရွံဖွယ်ဖြစ်၏။
ဇိဂုစ္ဆိတော၊ စက်ဆုပ်ဖွယ်ဖြစ်၏။
တထေဝ၊ ထို့အတူသာလျှင်။
မေ၊ ငါ၏။
အယမ္ပိကာယော၊ ဤကိုယ်သည်လည်း။
ပဋိကူလျော၊ ရွံဖွယ်ဖြစ်၏။
ဇိဂုစ္ဆိတော၊ စက်ဆုပ်ဖွယ်ဖြစ်၏။
နာယု-သာယုဝ၊ အသက်မရှိ အသက်ရှိသည်သာ။
ဝိသေသော၊ ထူး၏။

အဓိပ္ပာယ်

ဖူးဖူးရောင်ဖော၍ ညိုမဲသော အကောင်ပုပ် စသည်တို့သည် စက်ဆုပ် ရွံရှာဖွယ် သဘောရှိသကဲ့သို့ ထို့အတူ အသက်ရှင်၍နေသော ဤကိုယ်ကောင် သည်လည်း စက်ဆုပ်ရွံရှာဖွယ် သဘောရှိ၏အသက်ရှိ, မရှိမှု နှစ်ခုသာ မတူ ထူးခြား ကွဲပြားတော့၏

၄၀ - ဥဒ္ဓုမာတ ဝိနီလာဒေါ
သောဘဏံ နတ္ထိ ကိဉ္စိပိ
ဣမသ္မိံပိ မေ ကာယေ
ဂဝေသန္တော ပိ သဗ္ဗသော

အနက်

ဥဒ္ဓုမာတ ဝိနီလာဒေါ၊ ဥဒ္ဓုမာတက, ဝိနီလက အစရှိသည်၌။
ကိဉ္စိပိ၊ တစိုးတစိမျှလည်း။
သောဘဏံ၊ တင့်တယ်ခြင်းသည်။
နတ္ထိ၊ မရှိ။
မေ၊ ငါ၏။
ဣမသ္မိံပိ ကာယေ၊ ဤကိုယ်၌လည်း။
သဗ္ဗသော၊ ခပ်သိမ်းသော အခြင်းအရာဖြင့်။
ဂဝေသန္တောပိ၊ ရှာသော်လည်း။
ကိဉ္စိပိ၊ စိုးစဉ်းမျှလည်း။
သောဘဏံ၊ တင့်တယ်ခြင်းသည်။
နတ္ထိ၊ မရှိ။

အဓိပ္ပာယ်

ဖူးဖူးရောင်၍ ညိုမဲသော အကောင်ပုပ် စသည်၌ စိုးစဉ်း အနည်းငယ် တင့်တယ်ခြင်း သဘော မရှိပေ။ အသက်ရှင်၍နေသော ငါ၏ခန္ဓာကိုယ်၌လည်း အကုန် မွှေနှောက်ကာ အမျိုးမျိုး ရှာဖွေပါသော်လည်း စိုးစဉ်း အနည်းငယ် တင့်တယ်ခြင်း သဘော မရှိချေ

၄၁ - ပဋိကူလဝသာ ဓာတု
ဝသာစ ဒွိပ္ပကာရတော
ပစ္စဝေက္ခယျိမံ ကာယံ
ဣစ္ဆံ ဝိရာဂ မတ္တနိ

အနက်

အတ္တနိ၊ မိမိခန္ဓာကိုယ်၌။
ဝိရာဂံ၊ ရာဂကင်းခြင်းကို။
ဣစ္ဆံ- ဣစ္ဆန္တော၊ အလိုရှိသောသူသည်။
ဣမံကာယံ၊ ဤကိုယ်ကို။
ပဋိကူလဝသာ၊ စက်ဆုပ်ဖွယ်၏ အစွမ်းဖြင့်၎င်း။
ဓာတုဝသာစ၊ ဓာတ်၏အစွမ်းဖြင့်၎င်း။
ဒွိပ္ပကာရတော၊ နှစ်ပါးသော အခြင်းအရာအားဖြင့်။
ပစ္စဝေက္ခယျ၊ ဆင်ခြင်၏။

အဓိပ္ပာယ်

မိမိခန္ဓာကိုယ်တွင် ခင်မင်စုံမက် နှစ်သက်ခြင်း ကင်းမှုကို အလိုရှိသောသူသည် ဤ ခန္ဓာကိုယ်ကို စက်ဆုပ်ဖွယ်၏ စွမ်းအားဖြင့်၎င်း, ဓာတ်၏စွမ်းအားဖြင့်၎င်း ဤ နှစ်ပါးသော အခြင်းအရာအားဖြင့် သေချာစေ့ငု ကြည့်ရှု ဆင်ခြင်ရ၏

၄၂ - ဝဏ္ဏ သဏ္ဌာန ဂန္ဓေဟိ
အာသယော ကာသတောပိစ
ဇေဂုစ္ဆာ ပဋိကူလျာစ
ကေသာ န တုဋ္ဌမာနိတာ

အနက်

ကေသာ၊ ဆံတို့သည်။
ဝဏ္ဏသဏ္ဌာနဂန္ဓေဟိ၊ မည်းနက်သောအဆင်း, လျှော်မျှင်သဏ္ဍာန် စက်ဆုပ်ဖွယ် အနံ့တို့ဖြင့်၎င်း။
အာသယောကာသတောပိစ၊ သလိပ် သည်းခြေ လေ ဟူသော ဖြစ်ကြောင်း- ဦးခေါင်းခွံ ဟူသော တည်ရာတို့ဖြင့်၎င်း။
ဇေဂုစ္ဆာစ၊ စက်ဆုပ်ဖွယ် ရှိကုန်သည်၎င်း။
ပဋိကူလျာစ၊ ရွံရှာဖွယ် ရှိကုန်သည်၎င်း။
ဟောန္တိ၊ ဖြစ်ကုန်၏။
န တုဋ္ဌမာနိတာ၊ နှစ်သက် မြတ်နိုးဖွယ် မရှိကုန်။

အဓိပ္ပာယ်

ဆင်ခြင်ပုံကား -
၁၊ ဆံပင်တို့သည် မည်းနက်သော အဆင်းအားဖြင့်၎င်း,
၂။ လျှော်မျှင်သဏ္ဌာန်အားဖြင့်၎င်း,
၃။ ညှီဟောင်သော အနံ့အားဖြင့်၎င်း,
၄။ သလိပ်, သည်းခြေ, လေ- ဟူသော မှီရာအကြောင်း အားဖြင့်၎င်း,
၅။ ဦးခေါင်ခွံ-ဟူသော တည်ရာ အရပ်အားဖြင့်၎င်း,

စက်ဆုပ်စရာ, ရွံစရာ ဖြစ်ကုန်၏နှစ်သက်မြတ်နိုးဖွယ် မရှိကုန်

၄၃ - ဣတိ ကေသေသု ဣက္ခေယျ
လောမာ ဒီသုပျယံ နယော
ဒွတ္တိံ သေဝဥှိ ကောဋ္ဌာသေ
ပစ္စဝေက္ခေ ဝိသုံဝိသုံ

အနက်

ဣတိ၊ ဤသို့။
ကေသေသု၊ ဆံတို့၌။
ဣက္ခေယျ၊ ရှုရာ၏။
လောမာဒီသုပိ၊ အမွေးစသည်တို့၌လည်း။
အယံနယော၊ ဤနည်းသာတည်း။
ဧဝဥှိ၊ ဤသို့သာလျှင်။
ဒွတ္တိံသကောဋ္ဌာသေ၊ သုံးဆဲ့နှစ်ပါးသော ကောဋ္ဌာသတို့ကို။
ဝိသုံဝိသုံ၊ အသီးအသီး။
ပစ္စဝေက္ခေ၊ ဆင်ခြင်ရာ၏။

အဓိပ္ပာယ်

ဤငါးပါးသော အခြင်းအရာအားဖြင့် ဆံပင်တို့၌ ကြည့်ရှု ဆင်ခြင်ရာ၏၊ မွေးညှင်း စသည်တို့၌လည်း ဤနည်းအတိုင်းပင်ရှု၊ ဤသို့လျှင် သုံးဆဲ့နှစ်ပါးသော ကောဋ္ဌာသ ကို အသီးအသီး တခုစီတခုစီ ကြည့်ရှု ဆင်ခြင်ရာ၏

၄၄ - ကာယတော ဗဟိနိက္ခန္တံ
ပဋိကူလျံ ဇိဂုစ္ဆိတံ
အနိက္ခန္တမ္ပိ ဇေဂုစ္ဆံ
ပဋိကူလျံဝ တဿမံ

အနက်

ကာယတော၊ ကိုယ်မှ။
ဗဟိနိက္ခန္တံ၊ အပသို့ထွကသော် ကျင်ကြီးကျင်ငယ်, တံထွေးသည်။
ပဋိကူလျံ၊ စက်ဆုပ်ဖွယ်ဖြစ်၏။
ဇိဂုစ္ဆိတံ၊ ရွံရှာဖွယ်ဖြစ်၏။
အနိက္ခန္တမ္ပိ၊ မထွက်သော အရိုး အသား အစရှိသည်သည်လည်း။
တဿမံ၊ ထိုအပသို့ထွက်သော ကောဋ္ဌာသနှင့် အတူတူ။
ဇေဂုစ္ဆံဝ၊ စက်ဆုပ်ဖွယ်သာတည်း။
ပဋိကူလျံဝ၊ ရွံရှာဖွယ်သာတည်း။

အဓိပ္ပာယ်

ခန္ဓာကိုယ်မှ အပြင်ဖက်သို့ ထွက်ကျလာသော ကျင်ကြီး ကျင်ငယ် နှပ်, တံထွေး အပေါင်းသည် စက်ဆုပ် ရွံရှာဖွယ် ကောင်းသကဲ့သို့ ထို့အတူပင် အပြင်ဖက်သို့ မထွက်သေးသော အသွေး အသား အရိုး-စသော ကောဋ္ဌာသ အပေါင်းသည်လည်း အပြင်ရောက်လာသည့် ကောဋ္ဌာသတို့နှင့် တူစွာ စက်ဆုပ် ရွံရှာဖွယ်သာ ဖြစ်ချေ၏

၄၅ - သင်္ခတမ္ပိ ယထာ ဝစ္စံ
မနုညတံ န ပါပုဏေ
ဥပက္ကမ သဟဿေဟိ
ဧဝံ ကေသာဒိကမ္ပိစ

အနက်

ဝစ္စံ၊ မစင်သည်။
ဥပက္ကမ သဟဿေဟိ၊ လုံ့လ အထောင် အသောင်းတို့ဖြင့်။
သင်္ခတမ္ပိ၊ ပြုပြင်အပ်သော်လည်း။
မနုညတံ၊ နှစ်သက်ဖွယ် အဖြစ်သို့။
နပါပုဏေ-ယထာ၊ မရောက်ရာသကဲ့သို့။
ဧဝံ-တထာ၊ ထို့အတူ။
ကေသာဒိကမ္ပိစ၊ ဆံအစရှိသော ကောဋ္ဌာသ အစုသည်လည်း။
ဥပက္ကမ သဟဿေဟိ၊ လုံ့လ အထောင်အသောင်းတို့ဖြင့်။
သင်္ခတမ္ပိ၊ ပြုပြင်အပ်သည်လည်း။
မနုညတံ၊ စိတ်နှစ်သက်ဖွယ် ရှိသော အဖြစ်သို့။
ခု ပါပုဏေ၊ မရောက်ရာ။

အဓိပ္ပာယ်

မစင်ဘင်ပုပ်သည် လုံ့လပေါင်း အထောင် အသောင်းတို့ဖြင့် မကောင်း ကောင်းအောင် ကြံဆောင်၍ ပြုပြင် မွမ်းမံအပ်ပါသော်လည်း နှစ်သက်မြတ်နိုးဖွယ် အဖြစ်သို့ မရောက်နိုင် သကဲ့သို့ ထို့အတူ ဆံပင်အစရှိသော ကောဋ္ဌာသ အစုသည် လည်း လုံ့လပေါင်း အထောင် အသောင်းတို့ဖြင့် ဘယ်လိုပင် ကောင်းအောင် ကြံဆောင်၍ ပြုပြင် မွမ်းမံအပ်ပါသည်လည်း နှစ်သက်မြတ်နိုးဖွယ် အဖြစ်သို့ မရောက်နိုင် သည်သာတည်း။

၄၆ - သဘာဝ ပဋိကူလျံဝ
ဧကမ္ပိ ဝစ္စ ပုဉ္ဇကံ
နနု ဇေဂုစ္ဆိကာ ဘိယျော
ဒွတ္တိံသ ဝစ္စပုဉ္ဇကာ

အနက်

ဧကမ္ပိဝစ္စပုဉ္ဇကံ၊ မစင်တပုံသည်လျက်လည်း။
သဘာဝ ပဋိကူလျံဝ၊ သဘောအားဖြင့် စက်ဆုပ်ဖွယ်ရှိသည်သာတည်း။
ဒွတ္တိံသ ဝစ္စပုဉ္ဇကာ၊ မစင်သုံးဆယ့်နှစ်ပုံတို့သည်။
ဘိယျော၊ လွန်စွာ။
ဇေဂုစ္ဆိကာနနု၊ စက်ဆုပ်ဖွယ်သာ မဟုတ်ကုန်လော။

အဓိပ္ပာယ်

မစင်တပုံတည်းမှာပင် သဘောအားဖြင့် စက်ဆုပ်ဖွယ် ကောင်းသည်ကည်း၊ သုံးဆုံးနှစ်က သဘိုကပ်လေ မစင်၊ ဘေ့စ်ပုတို့မှာ ပြောပြ၍မကုန် အလွအလွန် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည် မဟုတ်တဲ့

၄၇ - ပစ္စေကမ္ပိ ပဋိကူလျံ
ကေသာဒိကံ သဘာဝတော
ကေသာဒိဒွတ္တိံသ ပုဉ္ဇော
ဘိယျော ဇေဂုစ္ဆိတော နနု

အနက်

ကေသာဒိကံ၊ ဆံအစရှိသော ကောဋ္ဌာသသည်။
ပစ္စေကမ္ပိ၊ တခုတခုစီလည်း။
သဘာဝတော၊ သဘောအားဖြင့်။
ပဋိကူလျံ၊ ရွံရှာဖွယ်ရှိ၏။
ကေသာဒိဒွတ္တိံသ ပုဉ္ဇော၊ ဆံအစရှိသော သုံးဆဲ့နှစ်ပါး အစုသည်။
ဘိယျောဇေဂုစ္ဆိတောနနု၊ အလွန်တရာ ရွံရှာဖွယ်သာ မဟုတ်လော။

အဓိပ္ပာယ်

ဆံပင်အစရှိသော ကောဋ္ဌာသသည် တခုစီ တခုစီလည်း သဘောအားဖြင့် စက်ဆုပ် ရွံရှာဖွယ် ကောင်းသည်သာတည်း၊ အားလုံးပေါင်း သုံးဆယ့်နှစ်ခုသော ကောဋ္ဌာသ အစု အဝေးမှာမူကား ပြေပြ၍မကုန် အလွန့်အလွန် စက်ဆုပ်ရွံရှာ ဖွယ်ကောင်းသည် မဟုတ်တုံလော

၄၈ - ပုဉ္ဇိတေသွေဝ ကန္တေသု
ကန္တောဟောတိ သ ပုဉ္ဇကော
ပုဉ္ဇိတေသု အကန္တေသု
အကန္တော၀ သ ပုဉ္ဇကော

အနက်

ကန္တေသု၊ နှစ်သက်ဖွယ်တို့ကို။
ပုဉ္ဇိတေသွေဝ၊ စုပုံကုန်သော်သာလျှင်။
သ-သော ပုဉ္ဇကော၊ အပုံအစုသည်။
ကန္တော၊ နှစ်သက်ဖွယ်ရှိသည်။
ဟောတိ၊ ဖြစ်၏။
အကန္တေသု၊ မနှစ်သက်ဖွယ်တို့ကို။
ပုဉ္ဇိတေသု၊ စုပုံအပ်ကုန်သည်ရှိသော်။
သ-သော ပုဉ္ဇကော၊ အပုံအစုသည်။
အကန္တောဝ၊ မနှစ်သက်ဖွယ်သာလျှင်။
ဟောတိ၊ ဖြစ်၏။

အဓိပ္ပာယ်

နှစ်သက်ဖွယ် ကောင်းသော ရွှေ ငွေ ရတနာ အပေါင်းတို့ကို စုပုံထားမှသာလျှင် အစုအပုံသည် နှစ်သက်ဖွယ်ရာ ဖြစ်နိုင်၏နှစ်သက်ဖွယ် မကောင်းသော ဆံပင် အစရှိသော အညှီ အပုပ် အပေါင်းတို့ကို စုပုံထားကြပါက ထို အစုအပုံသည် မနှစ်သက်ဖွယ်ရာသာ ဖြစ်ခဲ့ရာ၏

၄၉ - ပစ္စေကံ ဝိနိဘုတ္တေသု
ကေသ လောမ နခါဒိသု
နတ္ထိ ကညာ ကုမာရီဝါ
မုခဟတ္ထာဒိကာနိဝါ

အနက်

ကေသ လောမ နခါဒိသု၊ ဆံ အမွေး ခြေသည်း လက်သည်း အစရှိသည်တို့ကို။
ပစ္စေကံ၊ တခုတခုစီ။
ဝိနိဘုတ္တေသု၊ သီးခြား ဝေဖန်အပ်ကုန်သည်ရှိသော်။
ကညာဝါ၊ ကညာသည်၎င်း။
ကုမာရီဝါ၊ ကုမာရီသည်၎င်း။
မုခဟတ္ထာဒိကာနိဝါ၊ မျက်နှာ လက် ခြေ အစရှိသည်တို့သည်၎င်း။
နတ္ထိ-နသန္တိ၊ မရှိကုန်။

အဓိပ္ပာယ်

ဆံပင်, မွေးညှင်း, ခြေသည်း လက်သည်း အစရှိသည်တို့ကို တခုစီတခုစီ သီးခြား ဝေဖန်သည် ရှိသော် ဆယ်နှစ်အရွယ် မိန်းမငယ်သည်၎င်း, ခုနှစ်နှစ်အရွယ် အပျိုမယ် သည်၎င်း, မျက်နှာ, လက်, ခြေ အစရှိသော ကိုယ်အင်္ဂါ အစိတ် အပိုင်းတို့သည်၎င်း ဧကန်တိတိ မရှိကြလေကုန်

၅၀ - သမ္ဗိဏ္ဍိ တေသု တေသွေဝ
ကုတော တာ တာနိ အာဂတာ
ပညတ္တိ မတ္တ မေဝေသာ
ဇိဂုစ္ဆညာ န ကာစိပိ

အနက်

တေသွေဝ၊ ထိုကေသာ လောမာ အစရှိသည်တို့ကိုသာလျှင်။
သမ္ဗိဏ္ဍိတေသု၊ ပေါင်းအပ်ကုန်သည်ရှိသည်။
တာ၊ ထိုကညာ, ကုမာရီတို့သည်၎င်း။
တာနိ၊ ထိုမျက်နှာ လက် ခြေအစရှိသည်တို့သည်၎င်း။
ကုတောအာဂတာ၊ အဘယ်မှလာကုန်သနည်း။
ဧသာ၊ ဤကညာ, ကုမာရီဟူသည်။
ပညတ္တိမတ္တမေဝ၊ ပညတ်မျှသာတည်း။
ဇိဂုစ္ဆာ၊ စက်ဆုပ်ရွံရှာဖွယ် အစုမှ။
အညာ၊ တပါးသော။
ကာစိပိ၊ တစုံတယောက်သော ကညာ, ကုမာရီသည်လည်း။
နအတ္ထိ၊ မရှိ။

အဓိပ္ပာယ်

ထိုဆံပင် မွေးညှင်း ခြေသည်း လက်သည်း စသည်တို့ကိုသာလျှင် ပေါင်းစုထားရိုး အမှန်ဖြစ်ခဲ့သော် ဆယ်နှစ်အရွယ် မိန်းမငယ်, ဆဲ့နှစ်နှစ်အရွယ် အပျိုမယ်, မျက်နှာ, လက် ခြေ အစရှိသော ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့သည် အဘယ်အရပ်မှ ရောက်လာ ကြကုန်သနည်း၊ ဤမိန်းမငယ်, မိန်းမပျိုဟူသည် လူတို့ ခေါ်ဝေါ် အပ်သော ပညတ်မျှသာတည်း၊ ဆံပင် စသော ရွံရှာဖွယ် အဖို့အစု မှတပါး အခြား တစုံ တယောက်သော မိန်းမငယ်,မိန်းမပျိုဟူသည် မရှိတော့ပြီ

၅၁ - သန္တံ စိန္တေယျ နာသန္တံ
သန္တံ စိန္တယတော သုခံ
အသန္တံ ပရိကပ္ပေန္တော
နာနာဒုက္ခေဟိ တပ္ပတိ

အနက်

သန္တံ၊ ထင်ရှားရှိသော အဋ္ဌိ မံသ အစရှိသည်ကို။
စိန္တေယျ၊ ကြံရာ၏။
အသန္တံ၊ ထင်ရှားမရှိသော ကညာ, ကုမာရီ, မုခ, ဟတ္ထ အစရှိသည်ကို။
နစိန္တေယျ၊ မကြံရာ။
သန္တံ၊ ထင်ရှားရှိသော အဋ္ဌိ, မံသ အစရှိသည်ကို။
စိန္တယတော၊ ကြံသောသူအား။
သုခံ၊ ချမ်းသာ၏။
အသန္တံ၊ ထင်ရှားမရှိသော ကညာအစရှိသည်ကို။
ပရိကပ္ပေန္တော၊ ကြံသောသူသည်။
နာနာဒုက္ခေဟိ၊ အထူးထူးသော ဒုက္ခတို့ဖြင့်။
တပ္ပတိ၊ ပူလောင်၏။

အဓိပ္ပာယ်

ထင်ရှားရှိသော အရိုး အသား - အစရှိသော ကောဋ္ဌာသ အစုကိုသာ ကြံစည်ရာ၏၊ ထင်ရှားမရှိသော မိန်းမငယ်, မိန်းမပျို, မျက်နှာ, လက်, ခြေ-အစရှိသော အမည် ပညတ်ကို မကြံစည်ရာ။ ထင်ရှားရှိသော အရိုး, အသား အစရှိသော ကောဋ္ဌာသ အစုကို ကြံစည်သောသူမှာ ချမ်းသာသုခကို ရနိုင်၏။ ထင်ရှားမရှိသော မိန်းမငယ်, မိန်းမပျို, မျက်နှာ, လက်, ခြေ စသည်ကို ကြံစည်သောသူသည် အမျိုးမျိုးသော ဆင်းရဲဒုက္ခတို့ဖြင့် အမြဲပူလောင်ရ၏

၅၂ - နာဝဇ္ဇ သန္တဇေဂုစ္ဆံ
သညံ အသတိ ကာတုန
သုဘာ ဣတ္ထီတိ ရာဂဂ္ဂိ
ဥပ္ပဇ္ဇိ သုဘသညိနော

အနက်

သန္တဇေဂုစ္ဆံ၊ ထင်ရှားရှိသော စက်ဆုပ်ရွံရှာဖွယ်ကို။
နာဝဇ္ဇ၊ နှလုံးမသွင်းဘဲ။
အသတိ၊ ထင်ရှားမရှိသော ဣတ္ထိ ပုရိသ အစရှိသော ပညတ်၌။
သညံ၊ အမှတ်သညာကို။
ကာတုန၊ ပြုသောကြောင့်။
သုဘသညိနော၊ သုဘအမှတ် ရှိသောသူအား။
ဣတ္ထိ၊ မိန်းမသည်။
သုဘာ၊ တင့်တယ်လေစွ။
ဣတိ၊ ဤသို့။
ရာဂဂ္ဂိ၊ ရာဂမီးသည်။
ဥပ္ပဇ္ဇိ၊ ဖြစ်၏။

အဓိပ္ပာယ်

ထင်ရှားရှိသော ဆံပင်, မွေးညှင်း အစရှိသော ကောဋ္ဌာသတို့၏ စက်ဆုပ်ရွံရှာဖွယ် သဘောကို နက်နောစွာ နှလုံးမသွင်းဘဲ ထင်ရှားမရှိသော မိန်းမ ယောကျ်ား အစရှိ သော ပညတ်၌ အမှတ်သညာကို ပြုသောကြေင့် လှပတင့်တယ် နှစ်သက်ဖွယ်ဟု မှတ်ထင်မှုရှိသောသူအား မိန်းမသည် လှပတင့်တယ် မက်မောဖွယ် ကောင်းလေစွဟု ရာဂမီး ဖြစ်ပေါ်လာ၍ အလောင်ခံရရှာ၏

၅၃ - အသန္တံဝ အဘူတံဝ
ပဿေ ရာဂဂ္ဂိဇောတိယာ
တာယ သန္တဉ္စ ဘူတဉ္စ
န ပဿတိ ကဒါစိပိ

အနက်

ရာဂဂ္ဂိဇောတိယာ၊ ရာဂမီးရောင်ဖြင့်။
အသန္တံဝ၊ ထင်ရှားမရှိသော ပညတ်ကိုသာလျှင်။
အဘူတံဝ၊ မဟုတ်သော ပညတ်ကိုသာလျှင်။
ပဿေ၊ မြင်ရာ၏။
တာယ၊ ထိုရာဂမီးရောင်ဖြင့်။
သန္တဉ္စ၊ ထင်ရှားရှိသည်လည်း ဖြစ်သော။
ဘူတဉ္စ၊ ဟုတ်မှန်သည်လည်း ဖြစ်သော “ဇေဂုစ္ဆ”အစုကို။
ကဒါစိပိ၊ တရံတခါ၌လည်း။
နပဿတိ၊ မမြင်။

အဓိပ္ပာယ်

ရာဂတည်းဟူသော မီးရောင်ဖြင့် ထင်ရှား မရှိသော ပညတ်, မဟုတ်မမှန် လုပ်ကြံ ပြောဆိုအပ်သော ပညတ်ကိုသာ မြင်နိုင်ရာ၏၊ ထိုရာဂတည်းဟူသော မီးရောင်ဖြင့် ထင်ရှား ရှိသည်လည်းဖြစ်၍ မဖောက်မပြန် ဟုတ်မှန်သော စက်ဆုပ် ရွံရှာဖွယ် သဘောကို ဘယ်သောအခါမှ မမြင်နိုင်ချေ

၅၄ - ဧကဿ ပိဝိတံ ခီရံ
သီသစ္ဆေဒန လောဟိတံ
ရုဒတော အဿု တံဟေတု
စတူဒဓိ ဇလာ ဗဟု

အနက်

တံဟေတု၊ ထိုရာဂဟူသော အကြောင်းကြောင့်။
ဧကဿ-တေ၊ သင်တယောက်၏။
ပိဝိတံ၊ သောက်စို့အပ်သော။
ခီရံ၊ နို့ရည်သည်၎င်း။
သီသစ္ဆေဒနလောဟိတံ၊ ဦးခေါင်းဖြတ်ခြင်းကြောင့် ထွက်သော လည်ချောင်းသွေး သည်၎င်း။
ရုဒတော၊ ငိုသော။
ဧကဿ-တေ၊ သင်တယောက်၏။
အဿု၊ မျက်ရည်သည်၎င်း။
စတူဒဓိဇလာ၊ မဟာသမုဒြာ လေးစင်းထက်။
ဗဟု၊ များလေပြီ။

အဓိပ္ပာယ်

ရာဂတည်းဟူသော အကြောင်းကြောင့် သင်တယောက်တည်း၏ အရွယ်ရောက်ဖို့ သောက်စို့အပ်သော နို့ရည်သည်၎င်း, ဦးခေါင်းဖြတ် ခံရခြင်းကြောင့် ထွက်သော လည်ချောင်းသွေးသည်၎င်း, ဆွေမျိုးသားချင်းများ သေကြေ ပျက်စီးမှုအတွက် ငိုကြွေးရသော သင်တယောက်တည်း၏ မျက်ရည်သည်၎င်း မဟာသမုဒြာ လေးစင်း ရေထက် များခဲ့လေပြီ

၅၅ - အာယတိမ္ပိ အတီတေဝ
သံသရန္တဿ ဟေဿတိ
ရာဂံ ဟန္တု မနီဟောစေ
ခီရံ အဿုစ လောဟိတံ

အနက်

ရာဂံ၊ ရာဂတဏှာကို။
ဟန္တုံ၊ သတ်ခြင်းငှါ။
အနီဟောစေ၊ အကယ်၍ အားမထုတ်သည်ဖြစ်အံ့။
အတီတေဝ၊ အတိတ်ကာလ၌ကဲ့သို့။
အာယတိမ္ပိ၊ နောင်အနာဂတ် ကာလ၌လည်း။
သံသရန္တဿ၊ ကျင်လည်သော။
တေ၊ သင်၏။
ခီရံ၊ သောက်စို့အပ်သော အမိနို့ရည်သည်၎င်း။
အဿုစ၊ ငိုကြွေးသော မျက်ရည်သည်၎င်း။
လောဟိတံ၊ လည်ချောင်းသွေးသည်၎င်း။
စတူဒမိဇလာ၊ လေးစင်းသမုဒြာရေထက်။
ဗဟု၊ များသည်။
ဟေဿတိ၊ ဖြစ်လတ္တံ့။

အဓိပ္ပာယ်

ခင်မင်စုံမက် နှစ်သက်တတ်သော ရာဂတဏှာကို သတ်ဖြတ်ဖို့ရာ အကယ်၍ အားမထုတ်သည် ဖြစ်ပါအံ့။ အတိတ်ကာလမှာ ကဲ့သို့ပင် နောင်အနာဂတ်ကာလ မှာလည်း ကျင်လည်ရဦးမည် ဖြစ်သော သင်၏ သောက်စို့အပ်သော အမိနို့ရည် သည်၎င်း, ဆွေမျိုးအရေးကြောင့် ငိုကြွေးရသော မျက်ရည်သည်၎င်း, ဦးခေါင်း အဖြတ်ခံရသောကြောင့် ထွက်သော လည်ချေင်းသွေးသည်၎င်း မဟာသမုဒြာ လေးစင်း ရေထက် များလိမ့်ဦးမည်သာတည်း

၅၆ - သုဘသညာယ သော ဝဍ္ဎော
တဒဘာဝေ သ နဿတိ
ထိရံ ဟန္တုံ န တံသညံ
သက္ကာ သိထိလ ဝီရိယော

အနက်

သောရာဂေါ၊ ထိုရာဂသည်။
သုဘသညာယ၊ သုဘသညာကြေင့်။
ဝဍ္ဎော၊ တိုးပွား၏။
တဒဘာဝေ၊ ထိုသုဘသညာ မရှိသည်ရှိသော်။
သ-သောရာဂေါ၊ ထိုရာဂသည်။
နဿတိ၊ ပျောက်၏။
ထိရံ၊ မြဲမြံစွာသော။
တံသညံ၊ ထိုသုဘသညာကို။
သိထိလ ဝီရိယော၊ ဝီရိယလျော့သော ရဟန်းသည်။
ဟန္တုံ၊ ဖျောက်ခြင်းငှါ။
နသက္ကာ၊ မတတ်နိုင်။

အဓိပ္ပာယ်

ထိုရာဂတဏှာသည် လှပတင့်တယ် နှစ်သက်ဖွယ်ဟု ရှုမှတ်တတ်သော သုဘ သညာကြောင့် တိုးပွားရ၏၊ သုဘသညာကို ပပျောက်အောင် ပယ်ခွါနိုင်ခဲ့သည် ရှိသော် တွယ်တာ စုံမက် နှစ်သက်တတ်သော ရာဂတဏှာသည်လည်း ပပျောက်၏။ ပျော့ညံ့လျော့ရဲ ဝီရိယနဲပါးသော ရဟန်းသည် သံသရာ အဆက်ဆက်က အထုံ ရခဲ့သဖြင့် မြဲမြံလှစွာသော ထိုသုဘသညာကို ပယ်ဖျောက်ခြင်းငှါ မတတ်နိုင်ချေ

၅၇ - ဥဿောဠှိ ဝီရိယော ဟုတွာ
ဗြူဟေယျာသုဘ ဘာဝနံ
သုဘသညာပ္ပ ဟာနာယ
ပရိစ္စဇ္ဇာပိ ဇီဝိတံ

အနက်

သုဘသညာပ္ပ ဟာနာယ၊ သုဘသညာကို ပယ်ခြင်းငှါ။
ဇီဝိတံ၊ အသက်ကို။
ပရိစ္စဇ္ဇာပိ၊ စွန့်၍လည်း။
ဥဿောဠှိ ဝီရိယော၊ အကဲအလွန် အားသွန်သော လုံ့လရှိသည်။
ဟုတွာ၊ ဖြစ်၍။
အသုဘဘာဝနံ၊ အသုဘဘာဝနာကို။
ဗြူဟေယျ၊ ပွားရာ၏။

အဓိပ္ပာယ်

လှပတင့်တယ် နှစ်သက်ဖွယ်ဟု ရှုမှတ်တတ်သော သုဘသညာကို ပယ်ခွါခြင်းငှါ အသက်ကိုစွန့်ကာ အလွန့် အလွန် ပြင်းထန်သော သမ္မပ္ပဓာန်လုံ့လ ရှိသည်ဖြစ်၍ မတင့်မတယ် ရွံရှာဖွယ်ဟု ရှုမှတ်တတ်သော အသုဘဘာဝနာကို ဆင်ခြင်စဉ်းစား နှလုံးထားကာ ပွားများရာ၏

၅၈ - အညကိစ္စ မုပေက္ခာယ
ဗြူဟေယျာသုဘ ဘာဝနံ
မန္ဒိ ဟုတွေဟ ရာဂဂ္ဂိ
နိဗ္ဗာယိဿတိ အာယတိံ

အနက်

အညကိစ္စံ၊ တပါးသောအမှုကို။
ဥပေက္ခာယ၊ အလေးမမူ လျစ်လျူရှုသဖြင့်။
အသုဘဘာဝနံ၊ အသုဘဘာဝနာကို။
ဗြုဟေယျ၊ ပွားရာ၏။
ရာဂဂ္ဂိ၊ ရာဂမီးသည်။
ဣဟ၊ ဤဘဝ၌။
မန္ဒိဟုတွာ၊ အားနည်းစွာဖြစ်၍။
အာယတိံ၊ နောင်အခါ၌။
နိဗ္ဗာယိဿတိ၊ ငြိမ်းလတ္တံ့။

အဓိပ္ပာယ်

လှပတင့်တယ် နှစ်သက်ဖွယ်ဟု တပါးသော အမှုကို အလေးမမူ လျစ်လျူရှုလျက် အသုဘဘာဝနာကိုသာ အခါခါ ပွားများပါမူ ယခုဘဝမှာပင် ရာဂမီး အရှိန်အဟုန် နည်းပါး၍ အခြားဘဝသို့ ရောက်ရသည့် နောက်အခါမှာ လွယ်ကူစွာ ငြိမ်းပျောက် လတ္တံ့

၅၉ - ကိစ္စံ မေ ဣဒမေဝေတိ
ဗြူဟေယျာသုဘ ဘာဝနံ
ဒါနိ မန္ဒဂ္ဂိ ဟုတွာန
ပါမောဇ္ဇံ ဝေ လဘိဿတိ

အနက်

ဣဒမေဝ၊ ဤကာယဂတာ အသုဘရှုခြင်း သည်သာလျှင်။
မေ၊ ငါ၏။
ကိစ္စံ၊ ကိစ္စတည်း။
ဣတိ၊ ဤသို့ကြံ၍။
အသုဘဘာဝနံ၊ အသုဘဘာဝနာကို။
ဗြူဟေယျ၊ ပွားရာ၏။
ဒါနိ၊ ယခု။
မန္ဒဂ္ဂိ ဟုတွာန၊ ရာဂမီး အားနည်းသည်ဖြစ်၍။
ဝေ၊ စင်စစ်။
ပါမောဇ္ဇံ၊ ဝမ်းမြောက်ခြင်းကို။
လဘိဿတိ၊ ရလတ္တံ့။

အဓိပ္ပာယ်

ဤဆံပင်စသော ကောဋ္ဌာသအစုကို အသုဘရှုခြင်း သည်သာလျှင် ငါ၏ ကိစ္စပင် တည်းဟု ကြံစည်နှိုင်းဆ သဘောကျ၍ မတင့်မတယ် ရွံရှာဖွယ်ဟု ရှုမှတ်တတ်သော အသုဘဘာဝနာကို အခါခါပွားများပါမူ ယခုအခါမှာပင် ရာဂမီးအရှိန် အားနည်းလျက် နှစ်သက်ဝမ်းမြောက်ခြင်းကို စင်စစ်ဧကန် ရပေလတ္တံ့

၆၀ - ကာယေ ဒဋ္ဌဗ္ဗ ဇေဂုစ္ဆံ
အပဿန္တော ပမာဒဝါ
အလဒ္ဓါ ကိဉ္စိ ပါမောဇ္ဇံ
ပဗ္ဗဇ္ဇမ္ဗိ န မောဒတိ

အနက်

ကာယေ၊ ကိုယ်၌။
ဒဋ္ဌဗ္ဗ ဇေဂုစ္ဆံ၊ ရှုအပ်သော စက်ဆုပ်ဖွယ်ကို။
အပဿန္တော၊ မရှုဘဲ။
ပမာဒဝါ၊ မေ့မေ့ လျော့လျော့ နေသောရဟန်းသည်။
ကိဉ္စိ ပါမောဇ္ဇံ၊ တစုံတခု ဝမ်းမြောက်ခြင်းကို။
အလဒ္ဓါ၊ မရ၍။
ပဗ္ဗဇ္ဇမ္ဗိ၊ ရှင်ရဟန်းအဖြစ်ကိုလည်း။
နမောဒတိ၊ ဝမ်းမမြောက်။

အဓိပ္ပာယ်

ခန္ဓာကိုယ်၌ ရှုသင့် ရှုထိုက်သော စပ်ဆုပ်ဖွယ်သဘောကို ထင်မြင်အောင်မရှုဘဲ အမြဲမေ့လျော့ ပေါ့တန်စွာ နေသောရဟန်းသည် ရွှင်လန်း ဝမ်းမြောက်ခြင်း တစုံတရာကို မရရှိဘဲ တွေ့ခဲကြုံခဲ ရနိုင်ခဲသော ရဟန်းအဖြစ်ကိုသော်လည်း ဝမ်း မမြောက်နိုင်ချေ

၆၁ - ပုရေ မရာမိ ကာယေ သ္မိံ
ပဿာ မိ ပဿိတဗ္ဗကံ
ဣစ္စာ ရဒ္ဓေါ ပီတိံ လဒ္ဓါ
ပဗ္ဗဇ္ဇံ အတိမောဒတိ

အနက်

ပုရေမရာမိ၊ ငါအသက်မသေမီ။
အသ္မိံကာယေ၊ ဤကိုယ်၌။
ပဿိတဗ္ဗကံ၊ ရှုအပ် ရှုထိုက်သော စက်ဆုပ်ဖွယ်ကို။
ပဿာမိ၊ ရှုအံ့။
ဣတိ၊ ဤသို့။
အာရဒ္ဓေါ၊ အားထုတ်သော ရဟန်းသည်။
ပီတိံ လဒ္ဓါ၊ ပီတိကိုရ၍။
ပဗ္ဗဇ္ဇံ၊ မိမိရှင်ရဟန်း အဖြစ်ကို။
အတိမောဒတိ၊ အလွန်ဝမ်းမြောက်၏။

အဓိပ္ပာယ်

ငါအသက်မသေမီ ဤကိုယ်၌ရှုသင့် ရှုထိုက်သော စက်ဆုပ်ဖွယ် သဘောကို နက်နော ယုံကြည် ရှုလိုက်မည်ဟု အားထုတ် ကြိုးပမ်းသော ရဟန်းသည် ဆီထိဂွမ်း ပမာလို နှစ်သက်ခြင်း ပီတိကိုရရှိ၍ မိမိ၏ ရှင်ရဟန်း အဖြစ်ကိုလည်း အလွန်အကဲ အမြဲ ဝမ်းမြောက်၏

၆၂ - ကာယ ဒဋ္ဌဗ္ဗ ဇေဂုစ္ဆံ
အပဿန္တော ပမာဒ ဝါ
မောဃံဝ ဒုလ္လဘာတီတော
မဟာဇာနီယတံ ဂတော

အနက်

ကာယေ၊ ကိုယ်၌။
ဒဋ္ဌဗ္ဗ ဇေဂုစ္ဆံ၊ ရှုအပ်သော စက်ဆုပ်ဖွယ်ကို။
အပဿန္တော၊ မရှုဘဲ။
ပမာဒဝါ၊ မေ့မေ့လျော့လျော့ နေသောရဟန်းသည်။
မောဃံဝ၊ အချည်းနှီးသာလျှင်။
ဒုလ္လဘာတီတော၊ “ပဗ္ဗဇိတဒုလ္လဘ”ကို လွန်စေသည်ဖြစ်၍။
မဟာဇာနီယတံ၊ ကြီးစွာဆုံးရှုံးသော အဖြစ်သို့။
ဂတော၊ ရောက်၏။

အဓိပ္ပာယ်

ခန္ဓာကိုယ်၌ ရှုသင့် ရှုထိုက်သော စက်ဆုပ်ဖွယ် သဘောကို ထင်မြင်အောင်မရှုဘဲ အမြဲမေ့လျော့ ပေါ့တန်စွာ နေသောရဟန်းသည် မြော်မှန်းသည့်အကျိုး မပြီးဘဲ အချည်းနှီးသာလျှင် ရခဲလှစွာသော“ပဗ္ဗဇိတဒုလ္လဘ”ကို ကျော်လွန်ကုန်ဆုံး စေသည် ဖြစ်၍ အရှုံးကြီးရှုံးရသော အဖြစ်မျိုးသို့ ရောက်ရလေ၏

၆၃ - သန္တံ ဘူတဉ္စ ဇေဂုစ္ဆံ
ရာဂဂ္ဂိနာ အပဿိယံ
ပညာပဒီပဇောတေန
သမိက္ခေယျ အဘိဏှသော

အနက်

ရာဂဂ္ဂိနာ၊ ရာဂမီးဖြင့်။
အပဿိယံ၊ မမြင်အပ် မမြင်ကောင်းသော။
သန္တဉ္စ၊ ထင်ရှားရှိသည်လည်း ဖြစ်သော။
ဘူတဉ္စ၊ ဟုတ်မှန်သည်လည်း ဖြစ်သော။
ဇဂုစ္ဆံ၊ စက်ဆုပ်ဖွယ်ကို။
ပညာပဒီပဇောတေန၊ ပညာဆီမီးရောင်ဖြင့်။
အဘိဏှသော၊ မပြတ်။
သမိက္ခေယျ၊ ကောင်းစွာရှုရာ၏။

အဓိပ္ပါယ်

ရာဂမီးဖြင့် မမြင်အပ် မမြင်ကောင်းသည် ဖြစ်၍ စင်စစ်ထင်ရှား ဟုတ်မှန်သော စက်ဆုပ်ဖွယ် သဘောအစုကို ပညာတည်းဟူသော ဆီမီးရောင်ဖြင့် မပြတ်မစဲ အမြဲသာလျှင် ကောင်းစွာရှုရာ၏။

၆၄ - သန္တံ ဘူတဉ္စ ကာယေ သ္မိံ
ဒဋ္ဌုကာမော သဒါသတော
ပညာပဒီပကေနေဝ
ဒက္ခေ န ရာဂသီခိနာ

အနက်

အသ္မိံ ကာယေ၊ ထိုကိုယ်၌။
သန္တဉ္စ၊ ထင်ရှား ရှိသည်ကို၎င်း။
ဘူတဉ္စ၊ ဟုတ်မှန်သည်ကို၎င်း။
ဒဋ္ဌုကာမော၊ ရှုလိုသော။
သဒါသတော၊ အခါခပ်သိမ်းသတိရှိသော ရဟန်းသည်။
ပညာပဒီပကေနေဝ၊ ပညာဆီမီးဖြင့်သာလျှင်။
ဒက္ခေ၊ ရှုရာ၏။
ရာဂသီခိနာ၊ ရာဂဆီမီးရောင်ဖြင့်။
န ဒက္ခေ၊ မရှုရာ။

အဓိပ္ပါယ်

ထိုခန္ဓာကိုယ်၌ ထင်ရှားရှိသည်ဖြစ်၍ စင်စစ် ဟုတ်မှန်သော စက်ဆုပ်ဖွယ်သဘောကို ထင်မြင်အောင် ရှုလိုသည့် သတိမြဲသော ရဟန်းသည် ပညာဆီမီးရောင်ဖြင့်သာ ရှုရာ၏၊ ရာဂ ဆီမီးရောင်ဖြင့် မရှု။

၆၅ - ဇေဂုစ္ဆိတေန ကာယေန
နိက္ခန္တေန ဇိဂုစ္ဆတော
အဇ္ဇ သွေဝါဝိနဋ္ဌေန
နာလ မုန္နမိတုံ သတော

အနက်

သတော၊ သတိရှိသောသူသည်။
ဇေဂုစ္ဆိတေန၊ စက်ဆုပ်ရွံရှာဖွယ်သော သဘောရှိသော။
ဇိဂုစ္ဆတော၊ စက်ဆုပ် ရွံရှာဖွယ်ဖြစ်သော မိန်းမဝမ်းမှ။
နိက္ခန္တေန၊ ထွက်ခဲ့ရသော။
အဇ္ဇသွေဝါဝိနဋ္ဌေန၊ ယနေ့၎င်း, နက်ဖြန်၎င်း ပျက်စီးအံ့သော။
ကာယန၊ ကိုယ်ဖြင့်။
မုန္နမိတုံ၊ တက်ကြွခြင်းငှါ။
နာလံ၊ မသင့်။

အဓိပ္ပါယ်

သတိသမ္ပဇဉ် အဆင်ခြင်ရှိသော သူသည် စက်ဆုပ်ဖွယ်သဘောရှိ၍ ရွံရှာဖွယ် ဖြစ်သော မိန်းမဝမ်းမှ ထွက်လာခဲ့ရပြီးနောက် ယနေ့ နက်ဖြန်ပင် ဧကန် သေပျောက် ရမည်ဖြစ်သော ဤခန္ဓာကိုယ်ဖြင့် တက်ကြွထောင်လွှား မာန်မာနထားခြင်း မသင့်လျော်ပါတကား။

၆၆ - ကီဒိသံ မံ တုဝံ မညိ
အဟံ သဗ္ဗ ဇေဂုစ္ဆကော
ဇေဂုစ္ဆတောစ နိက္ခန္တော
ဣစ္စေဝ ဝတ္တု မရဟတိ

အနက်

တုဝံ၊ သင်သည်။
မံ၊ ငါ့ကို။
ကီဒိသံ၊ အဘယ်သို့ သဘောရှိသောသူဟူ၍။
မညိ၊ မှတ်ထင်သနည်း။
အဟံ၊ ငါကား။
သဗ္ဗ ဇေဂုစ္ဆကော၊ အလုံးစုံ ရွံရှာစက်ဆုပ်ဖွယ် ရှိသောသူတည်း။
ဇေဂုစ္ဆတောစ၊ စက်ဆုပ် ရွံရှာဖွယ် မိန်းမဝမ်းမှလည်း။
နိက္ခန္တော၊ ထွက်လာခဲ့သောသူတည်း။
ဣစ္စေဝ၊ ဤသို့လျှင်။
ဝတ္တုံ၊ ပြောဆိုခြင်း။
အရဟတိ၊ ထိုက်၏။

အဓိပ္ပါယ်

အသင်သည် ငါ့ကို ဘယ်လိုသဘောရှိသောသူဟု မှော်ထင်ဘိသနည်း၊ ငါ့မှာမူကား ရှိသမျှဥဿုံ အလုံးစုံ စက်ဆုပ် ရွံရှာဖွယ်သဘော ရှိသောသူပါတည်း၊ ရွံရှာဖွယ် ကောင်းသည့် မိန်းမဝမ်းခေါင်းမှ အနံ့တထောင်းထောင်းနှင့် ထွက်လာခဲ့ရသော သူပါတည်း ဟူ၍သာလျှင် ပြောဆိုခြင်းငှါ ထိုက်ပေရာ၏။

၆၇ - ကာယေ ဇေဂုစ္ဆသညံဝ
ကရေ သဗ္ဗိရိယာ ပထေ
တသ္မိံ တုဋ္ဌဗ္ဗကံ နတ္ထိ
ပိယာယိတံ မမာယိတံ

အနက်

သဗ္ဗိရိယာပထေ၊ ခပ်သိမ်းသော ဣရိယာပုထ် လေးပါး၌။
ကာယေ၊ ကိုယ်၌။
ဇေဂုစ္ဆသညံဝ၊ စက်ဆုပ်ဖွယ် သညာကိုသာလျှင်။
ကရေ၊ ပြုရ၏။
တသ္မိံ၊ ထိုကိုယ်၌။
တုဋ္ဌဗ္ဗကံ၊ နှစ်သက်ဖွယ်သည်၎င်း။
ပိယာယိတံ၊ ချစ်ဖွယ်သည်၎င်း။
မမာယိတံ၊ မြတ်နိုးဖွယ်သည်၎င်း။
နတ္ထိ၊ မရှိ။

အဓိပ္ပါယ်

လျောင်း, ထိုင်, ရပ် သွား, ဣရိယာပုထ် လေးပါးလုံးပင် ခန္ဓာကိုယ်ဝယ် စက်ဆုပ်ဖွယ် ဟု ရှုမှတ်တတ်သော သညာကိုသာလျှင် အမြဲမကွာ ပြုသင့်ရာ၏၊ ထိုခန္ဓာကိုယ်၌ ချစ်ခင် စုံမက် နှစ်သက်မြတ်နိုးဖွယ်သည် အဘယ်မှာမှမရှိပြီ။

၆၈ - သုဘာယ နဝ မတ္တာနံ
အသုဘာ ပရိပါစယေ
သန္တော ပက္ကဿ သံသာရော
နန္တော နဝဿ ရာဂိနော

အနက်

သုဘာယ၊ သုဘသညာကြောင့်။
နဝံ၊ နု၍ နေသော။
အတ္တာနံ၊ မိမိကိုယ်ကို။
အသုဘာ၊ အသုဘသညာဖြင့်။
ပရိပါစယေ၊ ရင့်အောင်ပြုရာ၏။
ပက္ကဿ၊ ရင့်သောသူအား။
သံသာရော၊ သံသရာသည်။
သန္တော-သအန္တော၊ အဆုံးရှိ၏။
ရာဂိနော၊ ရာဂအားကြီးသည်ဖြစ်၍။
နဝဿ၊ နုသောသူအား။
သံသာရော၊ သံသရာသည်။
အနန္တော၊ အဆုံးမရှိ။

အဓိပ္ပါယ်

လှပ တင့်တယ် နှစ်သက်ဖွယ်ဟု ရှုမှတ်တတ်သော သုဘသညာကြောင့် စိတ်ထား နုပျို၍နေသော မိမိ ကိုယ်ကို မတင့်မတယ် ရွံရှာဖွယ် ဟု ရှုမှတ်တတ်သော အသုဘ သညာဖြင့် ရင့်အောင်ပြုရာ၏။ မတင့်မတယ် ရွံရှာဖွယ်ဟု ရှုမှတ်သဖြင့် စိတ်ထား ရင့်လာသောသူအား ကျင်လည် မျောပါးရမည့် သံသရာသည် အဆုံးရှိ၏၊ စွဲလမ်း နှစ်သက် တပ်မက်ခြင်း အားကြီးသည်ဖြစ်၍ အမြဲစိတ်ထား နုပျိုနေသော သူအား ကျင်လည် မျောပါးရမည့် သံသရာသည် အဆုံးမရှိနိုင်တော့ပြီ။

၆၉ - ကာယေ အသုဘ သညာယ
ပရိပက္က သဘာဝိနော
အာလမ္ဗေသု အစာပလ္လာ
ထိရာ သမ္ဗုဒ္ဓ သာသနေ

အနက်

ကာယေ၊ ကိုယ်၌။
အသုဘသညာယ၊ အသုဘ သညာဖြင့်။
ပရိပက္က သဘာဝိနော၊ ရင့်သော သဘောရှိသော ရဟန်းတို့သည်။
အာလမ္ဗေသု၊ အာရုံတို့၌။
အစာပလ္လာ၊ မလျှပ်ပေါ်ကုန်သည်ဖြစ်၍။
သမ္ဗုဒ္ဓသာသနေ၊ မြတ်စွာဘုရား သာသနာတော်၌။
ထိရာ၊ မြဲမြံခိုင်ခံ့ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

အဓိပ္ပါယ်

ခန္ဓာကိုယ်၌ မတင့်မတယ် ရွံရှာဖွယ်ဟု ရှုမှတ်တတ်သော အသုဘသညာဖြင့် စိတ်ထားရင့်သော သဘောရှိသော ရဟန်းတို့သည် နှစ်သက်ဖွယ်အာရုံ ကာမဂုဏ် တို့၌ လျှပ်ပေါ်လော်လည်ခြင်း မရှိကြကုန်သည်ဖြစ်၍ မြတ်စွာဘုရား၏ သာသနာတော်၌ မြဲမြံခိုင်ကြံ့ အရှည်ခံ့၍ တည်တံ့နိုင်ကြကုန်၏။

၇၀ - အန္တော ဂေါစရိကာ ပက္ကာ
ဗဟိ ဂေါစရိကာ နဝါ
ပက္ကာ နာသာယ ဥစ္စာ တေ
နီစာယေဝ နဝါ သိနော

အနက်

အန္တောဂေါစရိကာ၊ ကိုယ်၏ အတွင်း ကောဋ္ဌာသ၌ ကျက်စားသော သူတို့သည်။
ပက္ကာ၊ ရင့်ကုန်၏။
ဗဟိဂေါစရိကာ၊ အပတွင် သုတ်လိမ်းကာဖြစ်သော အရေပါး, ဝတ်စား, တန်းဆာ နံ့သာ, ပန်းမာလ်-အစရှိသည်၌ ကျက်စားခြင်းရှိသော သူတို့သည်။
နဝါ၊ နုကုန်၏။
ပက္ကာ၊ ရင့်ကုန်သော။
တေ၊ ထိုသူတို့သည်။
အနာသာယ၊ အာသာမရှိသေအားဖြင့်။
ဥစ္စာ၊ မြင့်မြတ်ကုန်၏။
နဝါ၊ နုကုန်သော။
တေ၊ ထိုသူတို့သည်။
အာသိနော၊ အလိုအာသာ ကြီးကုန်သည်ဖြစ်၍။
နီစာယေဝ၊ ယုတ်နိမ့် ကုန်သည်သာလျှင်။
ဟောန္တိ၊ ဖြစ်ကုန်၏။

အဓိပ္ပါယ်

ခန္ဓာကိုယ်အတွင်း ဆံပင် မွေးညှင်း စသော ကောဋ္ဌာသ၌ မတင့်မတယ် ရွံရှာဖွယ်ဟု မှတ်ရှုပွားများ ကျက်စားသော သူတို့သည် စိတ်ထားမြင့်၍ ကြီးရင့်ကြကုန်၏။ အပြင် ပတွင် သုတ်လိမ်းကာ ဖြစ်သော အရေပါး, ဝတ်စား, တန်းဆာ နံ့သာ, ပန်းမာလ်-စသည်တို့၌ လှပတင့်တယ် နှစ်သက်ဖွယ်ဟု မှတ်ရှုပျော်ပါး ကျက်စားသော သူတို့သည် စိတ်ထား ပျော်ရွှင်၍ အမြဲပင် နုပျိုကြကုန်၏။ စိတ်ထား ရင့်ကုန်သော သူတို့သည် နှစ်သက်တွယ်တာမှု အာသာကင်းသဖြင့် မြင့်မြတ်ခြင်းသို့ ရောက်ကြ ကုန်၏။ စိတ်ထားနုကုန်သော သူတို့သည် အလိုအာသာ လွန်စွာကြီးကုန်သည် ဖြစ်၍ ယုတ်နိမ့်ခြင်းသို့ ရောက်ကြရကုန်၏။

၇၁ - နဝါနဝါ သုဘာဘောဂီ
နီစာနီစာ ဘိဂါမိနော
ပက္ကာ ပက္ကာဝ ဓီဈာယီ
သန္တာသန္တာ ဝိရာဂိနော

အနက်

သုဘာဘောဂီ၊ သုဘဟု လုံးသွင်းခြင်း ရှိသော သူတို့သည်။
နဝါ နဝါ၊ နုကုန် နုကုန်သည်ဖြစ်၍။
နီစာနီစာ ဘိဂါမိနော၊ နိမ့်ရာနိမ့်ရာသို့ ရှေးရှုရောက်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဓီဈာယီ၊ စက်ဆုပ်ရွံရှာဖွယ် မတင့်တယ်ဟု ရှုကုန်သော။
သန္တာ၊ သူတော်ကောင်းတို့သည်။
ပက္ကာ ပက္ကာဝ၊ ရင့်ကုန် ရင့်ကုန်သည်ဖြစ်၍သာလျှင်။
ဝိရာဂိနော၊ ရာဂကင်းကုန်လျက်။
သန္တာ-သအန္တာ၊ သံသရာအဆုံး ရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

အဓိပ္ပါယ်

လှပတင့်တယ် နှစ်သက်ဖွယ် ဟု နှလုံးသွင်းခြင်း ရှိသောသူတို့သည် တနေ့ထက် တနေ့ စိတ်ထား နုသည်ထက် နုကုန်သည်ဖြစ်၍ နိမ့်ရာနိမ့်ရာ အောက်တန်းသို့သာ ရှေးရှု ရောက်နေကြကုန်၏။ မတင့်မတယ် စက်ဆုပ်ဖွယ် ဟု ရှုမှတ်သော သူတော်ကောင်း တို့သည်ကား တနေ့ထက် တနေ့ စိတ်ထား ရင့်သည်ထက် ရင့်ကုန်သည် ဖြစ်၍ သာလျှင် တပ်နှစ်သက်ခြင်း ရာဂကင်းကုန်လျက် သံသရာ ဘဝစက်ကို အဆုံးသတ် နိုင်ကြကုန်၏

၇၂ - သက္ကာ သက္ကာ န ဒဿေတုံ
သုဘံသုဘံ သတံသတံ
ဓီရာဓီရာဂ မုဇ္ဈန္တိ
ကာယေ ကာယေ ကြိယေကြိယေ

အနက်

သက္ကာ၊ သိကြားနတ်မင်းတို့သည်။
သတံ-သန္တာနံ၊ ရာဂငြိမ်းသော သူတော်ကောင်းတို့အား။
အသုတံ၊ အသုဘ အစစ်ဖြစ်သော ကိုယ်ကို။
သုဘုဒဿေတုံ၊ သုဘဟူ၍ပြုခြင်းငှါ။
အသတံ-အသန္တာနံ၊ ရာဂမငြိမ်းသော သူယုတ်တို့အား။
အသုဘံ ဒဿေဘုံ၊ အသုဘဟု ပြခြင်းငှါ။
နသက္ကာ၊ မတတ်နိုင်ကုန်။
ဓီရာ၊ တဏှာရှိသော သူတို့သည်။
ကြိယေအကြိယေ၊ ပြုပြင်အပ် မပြုပြင်အပ်သော။
ကာယေကာယေ၊ ကိုယ် ကိုယ်ဟူသမျှ၌။
ဓီရာဂံ၊ သူတော်ကောင်းတို့ စက်ဆုပ်အပ်သော ရာဂကို။
ဥဇ္ဈန္တိ၊ စွန့်ကုန်၏။

အဓိပ္ပါယ်

သိကြားနတ်မင်းတို့သည် ရာဂငြိမ်းသော သူတော်ကောင်းတို့အား အသုဘအစစ် ဖြစ်သော ကိုယ်ကို လှပတင့်တယ် နှစ်သက်ဖွယ် ဟုပြခြင်းငှါ မတတ်နိုင်ကုန်၊ ရာဂမငြိမ်းသေးသော သူတို့အားလည်း မတင့်မတယ်, စက်ဆုပ်ဖွယ် ဟုပြခြင်းငှါ မတတ်နိုင်ကုန်၊ အမြော်အမြင် ပညာရှိသော သူတို့သည် ပြုပြင်အပ် မပြုပြင်အပ် သည့်မိမိကိုယ် သူတပါးကိုယ်, ကိုယ်ဟူသမျှ၌ သူတော်ကောင်းတို့ စက်ဆုပ်အပ်သော ရာဂကို စွန့်ခွါနိုင်ကြကုန်၏။

၇၃ - သက္ကာ သက္ကာပိ တံ ကာတုံ
သုတံသုတံ န ဓီမယံ
သန္တောသန္တောဇိဂုစ္ဆညူ
န ဝါနဝါ သုဘေသကော

အနက်

သက္ကာပိ၊ သိကြား နတ်မင်း တို့သည်လည်း။
မီမယံ၊ စက်ဆုပ်ဖွယ်အတိဖြစ်သော။
အသုဘံ၊ အသုဘ အစစ်ဖြစ်သော။
တံ၊ ထိုခန္ဓာကိုယ်ကို။
သုဘံကာတုံ၊ သုဘပြုခြင်းငှါ။
နသက္ကာ၊ မတတ်နိုင်ကုန်။
ဇိဂုစ္ဆညူ၊ စက်ဆုပ်ဖွယ်ဟု သိလေ့ရှိသော။
သန္တော၊ သူတော်ကောင်းသည်။
သန္တော၊ ရာဂငြိမ်းသည်။
ဝါသန္တော-သအန္တော၊ သံသရာအဆုံးရှိသည်။
ဟောတိ၊ ဖြစ်၏။
သုဘေသကော၊ သုဘအာရုံကိုသာ ရှာတတ်သော။
ဝါနဝါ၊ ဝါန တဏှာ ထူပြောစွာသောသူသည်။
သန္တော၊ ရာဂငြိမ်းသည်။
ဝါသန္တော-သအန္တော၊ သံသရာ အဆုံးရှိသည်။
နဟောတိ၊ မဖြစ်။

အဓိပ္ပါယ်

စက်ဆုပ်ဖွယ် သဘော အသုဘအစစ်ဖြစ်သော ခန္ဓာကိုယ်ကို သိကြားနတ်မင်း တို့သော်မှလည်း လှပတင့်တယ် နှစ်သက်ဖွယ်ဖြစ်အောင် မပြုလုပ်နိုင်ကြကုန်၊ စက်ဆုပ်ဖွယ်ဟု သိမှတ်လေ့ရှိသော သူတော်ကောင်းသည် သံသရာအဆုံးရှိ၏။ လှပတင့်တယ် နှစ်သက်ဖွယ်ဟု သုဘအာရုံကိုသာ ရှာတတ်လဖြင့် ဘဝ တခုနှင့် တခုကို ချုပ်စပ်တတ်သော တဏှာထူပြောသော သူသည် သံသရာအဆုံး မရှိနိုင်ချေ။

၇၄ - ဒုကာယံ သုတိ စိန္တေတွာ
မမာယန္တာ မဟာတပါ။
တပံ နိဗ္ဗာယိတုံ ဣစ္ဆံ
ဒုကာယံ ဒုတိ စိန္တယေ

အနက်

ဒုကာယံ၊ မကောင်းသောကိုယ်ကို။
သုတိ-သုဣတိ၊ ကောင်းသောကိုယ်ဟူ၍။
စိန္တေတွာ၊ ကြံ၍။
မမာယန္တာ၊ ခင်မင် စုံမက်ကုန်သော သူတို့သည်။
မဟာတပါ၊ အပူကြီး တွေ့ရောက်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တပံ၊ အပူကို။
နိဗ္ဗာယိတုံ၊ ငြိမ်းခြင်းငှါ။
ဣစ္ဆံ-ဣစ္ဆန္တော၊ အလိုရှိသောသူသည်။
ဒုကာယံ၊ မကောင်းသော ကိုယ်ကို။
ဒုတိ၊ မကောင်းသောကိုယ်ဟူ၍၊
စိန္တယေ၊ ကြံရာ၏။

အဓိပ္ပါယ်

စက်ဆုပ်ဖွယ် အပေါင်း မကောင်းသော ကိုယ်ကို နှစ်သက်ဖွယ်အပေါင်း ကောင်းသော ကိုယ်ဟု ကြံစည်၍ ခင်မင်စုံမက် နှစ်သက်သော သူတို့သည် နောက်ဆုံးတွင် စိုးရိမ်ပူဆွေး ငိုကြွေးရခြင်းစသော အပူကြီးတွေနှင့် တွေ့ကြုံရကုန်၏။ အပူငြိမ်းလိုသော သူသည် စက်ဆုပ်ဖွယ်အပေါင်း မကောင်းသော ကိုယ်ကို စက်ဆုပ်ဖွယ် အပေါင်း မကောင်းသော ကိုယ်ဟု ကြံစည်ရာ၏။

၇၅ - ယွာသုဘံ သုဘတော မညိ
ကောနုဗာလောတဒုတ္တရိ
အန္ဓော ဥမ္မတ္တကောဝါ သော
နတ္တာနံ မညတေ တထာ

အနက်

ယော၊ အကြင်သူသည်။
အသုဘံ၊ အသုဘစင်စစ်ဖြစ်သော ကိုယ်ကို။
သုဘတော၊ သုဘဟူ၍။
မညိ၊ မှတ်ထင်၏။
တဒုတ္တရိ၊ ထိုသူထက်လွန်ကဲသော။
ဗာလော၊ သူမိုက်သည်၎င်း။
အန္ဓော၊ သူကန်းသည်၎င်း။
ဥမ္မတ္တကောဝါ၊ သူရူးသည်၎င်း။
ကောနု၊ အဘယ်သူနည်း။
သောနရော၊ ထိုသူသည်။
အတ္တာနံ၊ ကိုယ်ရှင်ကိုယ်ကို။
တထာ၊ ထိုသူမိုက် အကန်း အရူး အခြင်းအရာဖြင့်။
နမညတေ၊ မထင်မမှတ်။

အဓိပ္ပါယ်

မတင့်မတယ်, စက်ဆုပ်ဖွယ်ဖြစ်သော ခန္ဓာကိုယ်ကို လှပတင့်တယ် နှစ်သက်ဖွယ်ဟု မှတ်ထင်သောသူထက် သလွန်၍ မိုက်ကန်း, ရူးသွပ်သောသူသည် အဘယ်မှာ ရှိအံ့နည်း၊ ထိုသူမျိုးသည် မိမိကိုယ်ကို မိုက်, ကန်း, ရူးသွပ်သော အနေအားဖြင့် ဘယ်အခါမှ မမှတ်ထင်နိုင်ချေ

၇၆ - သရိတဗ္ဗက မေဝေတံ
ကာယေ ဇေဂုစ္ဆ ပုဉ္ဇကံ
မန္ဒရာဂေါ မနောသီတံ
လဘေယျ တမနုဿရံ

အနက်

ကာယေ၊ ကိုယ်၌။
ဧတံ ဇေဂုစ္ဆ ပုဉ္ဇကံ၊ ဤစက်ဆုပ်ဖွယ် အစုအပုံကို။
သရိတဗ္ဗကမေဝ၊ အောက်မေ့အပ်လှသည် သာလျှင်တည်း။
တံ၊ ထိုစက်ဆုပ်ဖွယ် အစုကို။
အနုဿရံ-အနုဿရန္တော၊ အောက်မေ့သောသူသည်။
မန္ဒရာဂေါ၊ အားနည်းသော ရာဂရှိသည်ဖြစ်၍။
မနောသီတံ၊ နှလုံးဧမြခြင်းကို။
လဘေယျ၊ ရရာ၏။

အဓိပ္ပါယ်

ခန္ဓာကိုယ်၌ ဤစက်ဆုပ်ဖွယ် အစုအပုံမျိုးကို အောက်မေ့အပ်လှသည် သာလျှင် တည်း၊ ထိုစက်ဆုပ်ဖွယ် အစုအပုံကို အဖန်တလဲလဲ အောက်မေ့သော သူသည် အားနည်းသော ရာဂရှိသည်ဖြစ်၍ နှလုံးဧမြခြင်းကိုရနိုင်၏။

၇၇ - ဂိဟိဘာဝေ အပါယေစ
ရာဂယက္ခန္ဓ နိန္နိတာ
မံပိ နေဿတိ သောယက္ခော
သာဒေမိစေ တဒါဂတံ

အနက်

ရာဂယက္ခန္ဓ နိန္နိတာ၊ ရာဂဘီလူးကန်း ထုတ်ဆောင်အပ်သော သူတို့သည်။
ဂိဟိဘာဝေ၊ လူ့ဘောင်၌၎င်း။
အပါယေစ၊ အပါယ်လေးပါး၌၎င်း။
ဌိတာ၊ တည်လေကုန်ပြီ။
တဒါဂတံ၊ ထိုရာဂဘီလူးကန်း လာခြင်းကို။
သာဒေမိစေ၊ သာယာသည် ဖြစ်အံ့။
သောယက္ခော၊ ထိုရာဂဘီလူးကန်းသည်။
မံပိ၊ ငါ့ကိုလည်း။
နေဿတိ၊ ဆောင်လတ္တံ့။

အဓိပ္ပါယ်

ရာဂဘီလူးကန်း ထုတ်ဆောင်အပ်သော သူတို့သည် လူ့ဘောင် လူ့ဘဝ၌၎င်း အပါယ် လေးပါး၌၎င်း တည်ကြလေကုန်ပြီ၊ ထိုရာဂဘီလူးကန်း ဝင်လာခြင်းကို နှစ်သက် လက်ခံကာ အကယ်၍ သာယာမိသည်ဖြစ်အံ့၊ ထိုရာဂဘီလူးကန်းသည် ငါ့ကိုလည်း ဆောင်ယူပေလတ္တံ့။

၇၈ - အဘိဏှ ဂါဟိနံ ရာဂ
ယက္ခံ အနန္တ ဒုက္ခ ဒံ
အသုဘာ တုလ မန္တေန
ဝါရေဟိ တံ သ ဘာယတိ

အနက်

အဘိဏှဂါဟိနံ၊ မပြတ် ဖမ်းစားလေ့ရှိသော။
အနန္တ ဒုက္ခဒံ၊ မဆုံးနိုင်အောင် ဆင်းရဲပေးတတ်သော။
ရာဂ ယက္ခံ၊ ရာဂဘီလူးကို။
အသုဘာတုလမန္တေန၊ အသုဘဟူသော အတုမရှိသော မန္တရားဖြင့်။
ဝါရေဟိ၊ တားမြစ်လေ။
-သော၊ ထိုရာဂဘီလူးသည်။
တံ၊ ထိုအသုဘမန္တရားကို။
ဘာယတိ၊ ကြောက်၏။

အဓိပ္ပါယ်

သံသရာစခန်း၌ မပြတ်ဖမ်းစားလေ့ ရှိသဖြင့် မဆုံးနိုင်အောင် ဆင်းရဲကို ပေးဆောင် တတ်သော ရာဂဘီလူးကို မတင့်မတယ် ရွံရှာဖွယ်သဘော အသုဘဟူသော အတုမရှိ မန္တရားဖြင့် တားမြစ်ပါလေ၊ ထိုရာဂဘီလူးသည် အသုဘ မန္တရားကို အမှန် ကြောက်၏။

၇၉ - ရာဂယက္ခော ဗဟုမာယော
သဒ္ဓါမေတ္တာ ဒိဝေသဝါ
ရာဂမ္ပိ ကုသလံ မညိ
ဇနော တေနေ၀ ဝဉ္စိတော

အနက်

ဗဟုမာယော၊ များသော မာယာရှိသော။
ဝါ၊ များစွာလှည့်ပတ်တတ်သော။
ရာဂယက္ခော၊ ရာဂဘီလူးသည်။
သဒ္ဓါမေတ္တာဒိဝေသဝါ၊ သဒ္ဓါသယောင်, မေတ္တာယောင်, အသွင်ဆောင်တတ်၏။
တေနေဝ၊ ထိုရာဂဘီလူးသည်သာလျှင်။
ဝဉ္စိတော၊ လှည့်ပတ်အပ်သည်ဖြစ်၍။
ဇနော၊ လူအပေါင်းသည်။
ရာဂမ္ပိ၊ ရာဂကိုလည်း။
ကုသလံမညိ၊ ကုသိုလ်ဟု ထင်မှတ်လေပြီ။

အဓိပ္ပါယ်

များသော လှည့်ပတ်မှု ပရိယာယ် မာယာရှိသော ရာဂဘီလူးသည် သဒ္ဓါယောင်, မေတ္တာယောင် အသွင်ဆောင်တတ်၏၊ ထို ရာဂဘီလူး ဝင်ပူးလှည့်ပတ် ဖြားယောင်း အပ်သော လူအပေါင်းသည် ဒုက္ခများကြောင်း မကောင်းသော ရာဂကိုပင် ကောင်းမှု ကုသိုလ်ဟု မှတ်ထင်တတ်လေ၏

၈၀ - အာတုရံ အသုစိံ ပုတိံ
ပဿ နန္ဒေ သမုဿယံ
ဥဂ္ဃရန္တံ ပဂ္ဃရန္တံ
ဗာလာနံ အဘိပတ္တိတံ

၈၁ - သုဘတော နံ မညတိ ဗာလော
အဝိဇ္ဇာယ ပုရက္ခတော
ဣစ္စာဟ ဘဂဝါ နိန္ဒိ
ဗာလောတိ သုဘသညိနံ

အနက်

နန္ဒေ၊ နှမတော်နန္ဒာ။
အာတုရံ၊ ကိုးဆယ့်ခြောက်ပါးသော ဝေဒနာဖြင့် ကျင်နာစွာထသော။
အသုစိံ၊ မစင်ကြယ်ထသော။
ပုတိံ၊ ပုပ်ထသော။
သမုဿယံ၊ အရိုးသုံးရာဖြင့် စိုက်ထောင်အပ်ထသော။
ဥဂ္ဃရန္တံ၊ အထက်သို့ အန်ထွက် ထသော။
ပဂ္ဃရန္တံ၊ အောက်သို့ယိုထွက်ထသော။
ဗာလာနံ၊ ပုထုဇဉ်သူမိုက်တို့သည်။
အဘိပတ္တိတံ၊ အထူးအလွန် တောင့်တအပ်ထသော။
ကာယံ၊ ကိုယ်ကို။
ပဿ၊ ဉာဏ်စက္ခုဖြင့်ရှုပါလော့ …။
ဣတိ၊ ဤသို့၎င်း။

အဝိဇ္ဇာယ၊ အဝိဇ္ဇာသည်။
ပုရက္ခတော၊ ရှေ့သွားပြုအပ်သော။
ဗာလော၊ သူမိုက်သည်။
နံကာယံ၊ ထိုကိုယ်ကို။
သုဘတော၊သုဘ ဟူ၍။
မညတိ၊ မှတ်ထင်၏။
ဣတိ၊ ဤသို့၎င်း။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အာဟ၊ ဟော၏။
သုဘသညိနံ၊ သုဘမှတ်ထင်သော သူအပေါင်းကို။
ဗာလောတိ၊ လူမိုက်ဟူ၍။
နိန္ဒိ၊ ကဲ့ရဲ့တော်မူ၏။

အဓိပ္ပါယ်

နှမတော်နန္ဒာ … ကိုးဆဲ့ခြောက်ဖြာသော ရောဂါ ဝေဒနာဖြင့် ကျင်နာခံခက် နှိပ်စက် အပ်သည့်ပြင် မစင်မကြယ် စက်ဆုပ်ဖွယ် ပုပ်သိုး၍ အရိုးသုံးရာတို့ဖြင့် စိုက်ထောင် ထားလျက် အထက်အောက်ဒွါရ အမာဝတို့မှ တစက်တစက် ယိုထွက်ကာ ပုထုဇဉ်သူမိုက်တို့နှင့် နှစ်ခြိုက်ကြည်နူး အထူး တောင့်တအပ်သော ခန္ဓာကိုယ်ကို ဉာဏ်စက္ခုဖြင့် ထင်မြင်အောင် ရှုပါလော့ -

ဟူ၍၎င်း မသိတရား အဝိဇ္ဇာရှေ့သွား ပြုအပ်သော သူမိုက်သည် ထိုကိုယ်ကို လှပတင့်တယ် နှစ်သက်ဖွယ်ဟု မှတ်ထင်၏ - ဟူ၍၎င်း မြတ်စွာဘုရား ဟောကြားတော်မူ၏၊ လှပတင့်တယ် နှစ်သက်ဖွယ်ဟု မှတ်ထင်သော သူအပေါင်းကို လူမိုက်ဟူ၍ ကဲ့ရဲ့တော်မူ၏

၈၂ - နှာရုဋ္ဌိ တစ မံသာနိ
သရံ သတံ န နိန္ဒိတော
ဗုဒ္ဓနိန္ဒာယ မောစေတုံ
တာနာရဗ္ဘ အနုဿရေ

အနက်

နှာရုဋ္ဌိ တစ မံသာနိ၊ အကြော, အရိုး, အရေ, အသားတို့ကို။
သရံ-သရန္တော၊ အောက်မေ့သောသူကို။
သတံ-သန္တာနံ၊ ဘုရားအစရှိသော သူတော်ကောင်းတို့သည်။
န နိန္ဒိတော၊ မကဲ့ရဲ့အပ်။
ဗုဒ္ဓနိန္ဒာယ၊ ဘုရားရှင်ကဲ့ရဲ့ခြင်းမှ။
မောစေတုံ၊ လွတ်ခြင်းငှါ။
တာနိ၊ ထိုအကြော အရိုး အရေ အသားတို့ကို။
အာရဗ္ဘ၊ အားထုတ်၍။
အနုဿရေ၊ အောက်မေ့ရာ၏။

အဓိပ္ပါယ်

အကြော, အရိုး, အရေ, အသားတို့ကို အောက်မေ့ ဆင်ခြင်သောသူကို ဘုရား အစရှိသော သူတော်ကောင်းတို့ မကဲ့ရဲ့အပ်၊ ဘုရားရှင်ကဲ့ရဲ့ခြင်းမှ လွတ်မြောက်ခြင်းငှါ ထိုအကြော အရိုး အရေ အသားတို့ကို အားထုတ်၍ အောက်မေ့ ဆင်ခြင်ရာ၏။

၈၃ - မညိတွာ အတ္တနော ဗာလျံ
အသုဘေ သုဘဒဿိနော
ဝါယာမေယျ အဗာလာယ
ကာယံ အသုဘတော သရံ

အနက်

အသုဘေ၊ အသုဘအစစ်ဖြစ်သောကိုယ်၌။
သုဘဒဿိနော၊ သုဘဟုထင်မှတ်သော။
အတ္တနော၊ မိမိ၏။
ဗာလျံ၊ မိုက်မဲသောအဖြစ်ကို။
မညိတွာ၊ အောက်မေ့၍။
ကာယံ၊ ကိုယ်ကို။
အသုဘတော၊ အသုဘဟူ၍။
သရံ-သရန္တော၊ အောက်မေ့လျက်။
အဗာလာယ၊ မမိုက်ခြင်းငှါ။
ဝါယာမေယျ၊ လုံ့လပြုရာ၏။

အဓိပ္ပါယ်

မတင့်မတယ် စက်ဆုပ်ဖွယ်သဘော အသုဘ အစစ်ဖြစ်သော ကိုယ်၌ လှပတင့်တယ် နှစ်သက်ဖွယ်ဟု မှတ်ထင်မှုရှိသဖြင့် မိမိ၏မသိမိုက်မဲသော အဖြစ်ကို သိအောင် အောက်မေ့ ဆင်ခြင်၍ မိမိခန္ဓာကိုယ်ကို မတင့်မတယ် စက်ဆုပ်ဖွယ်ဟု အောက်မေ့ ဆင်ခြင်လျက် မိမိအထင်လွဲနေသော မိုက်မဲမှု ကင်းလွတ်အောင် ကြံဆောင် အားထုတ်ရာ၏။

၈၄ - အတ္တာနံ ဂရဟိတွာန
ဗာလံ ဝိပရိဒဿိနံ
သုဘသညံ ပဟိန္နေယျ
ကရေယျာသုဘ သညိတံ

အနက်

ဝိပရိဒဿိနံ၊ ဖောက်ဖောက်ပြန်ပြန် မြင်ခြင်းရှိသည်ဖြစ်၍။
ဗာလံ၊ မိုက်မဲသော။
အတ္တာနံ၊ မိမိကိုယ်ကို။
ဂရဟိတွာန၊ ကဲ့ရဲ့၍။
သုဘသညံ၊ သုဘသညာကို။
ပဟိန္နေယျ၊ ပယ်ရာ၏။
အသုဘသညိတံ၊ အသုဘမှတ်ထင်ခြင်းရှိသော အဖြစ်ကို။
ကရေယျ၊ ပြုရာ၏။

အဓိပ္ပါယ်

ချွတ်ယွင်းဖောက်ပြန် မမှန်ကန်သော ထင်မြင်မှုရှိသဖြင့် မှားယွင်း မိုက်မဲနေသော မိမိကိုယ်ကို ကဲ့ရဲ့ပြစ်တင်ပြီးလျှင် လှပတင့်တယ် နှစ်သက်ဖွယ်ဟု မှတ်ထင်မှုကို ပယ်ဖျောက်ရာ၏၊ မတင့်မတယ် စက်ဆုပ်ဖွယ်ဟု ထင်မှတ်ခြင်းရှိသော အဖြစ်ကို ကြံစည်အားထုတ် ပြုလုပ်ရာ၏။

၈၅ - ဝိသ ဘေသဇ္ဇ ရုက္ခဋ္ဌော
အဟိ ဍံသေယျသောသတော
ယထာ တဿေဝ ပဏ္ဏာဒိံ၊၊
ခါဒေတွာ ဝိသ မုဇ္ဇဟေ

၈၆ - ဧဝံ ရာဂေါ သမုပ္ပဇ္ဇေ
ကာယေ ဂန္ဓာဒိ ဝါသိတေ
အန္တော တဿေဝ ဇေဂုစ္ဆံ
စိန္တေတွာ ရာဂ မုဇ္ဇဟေ

အနက်

ဝိသဘေသဇ္ဇ ရုက္ခဋ္ဌော၊ အဆိပ်ပျောက်ဆေးပင်၌ တည်နေသော။
အဟိ၊ မြွေသည်။
ဍံသေယျ၊ ကိုက်ငြားအံ့။
သတော၊ သတိရှိသော။
ပုရိသော၊ ထိုယောက်ျားသည်။
တဿေဝ၊ ထိုဆေးပင်၏သာလျှင်။
ပဏ္ဏာဒိံ၊ အရွက်အစရှိသည်ကို။
ခါဒေတွာ၊ စား၍။
ဝိသံ၊ မြွေဆိပ်ကို။
ဥဇ္ဇဟေ ယထာ၊ စွန့်ရာသကဲ့သို့။

ဧဝံ-တထာ၊ ထို့အတူ။
ဂန္ဓာဒိဝါသိတေ၊ နံ့သာပန်းမာလ် - အစရှိသည်ဖြင့် ထုံအပ်သော။
ကာယေ၊ ကိုယ်၌။
ရာဂေါ၊ ရာဂသည်။
စေသမုပ္ပဇ္ဇေ၊ အကယ်၍ဖြစ်လာငြားအံ့။
တဿေဝ၊ ထိုကိုယ်၏သာလျှင်။
အန္တော၊ အတွင်း၌။
ဇေဂုစ္ဆံ၊ စက်ဆုပ် ရွံရှာဖွယ်သော ကောဋ္ဌာသကို။
စိန္တေတွာ၊ ကြံ၍။
ရာဂံ၊ ရာဂကို။
မုဇ္ဇဟေ၊ စွန့်ရာ၏။

အဓိပ္ပါယ်

အဆိပ်ပျောက် ဆေးပင်ပေါ်၌ တည်နေသော မြွေက အကယ်၍ ကိုက်ငြားအံ့၊ သတိ သမ္ပဇဉ် အဆင်ခြင်ရှိသော ရဟန်းသည် ထိုဆေးပင်၏ အရွက်စသည်ကိုသာ ဝါးစား၍ မြွေဆိပ်ကို စွန့်ပစ်ပယ်ဖျက်ရာ သကဲ့သို့ -

ထို့အထူ နံ့သာ, ပန်းမာလ် - အစရှိသည်တို့ဖြင့် ထုံအပ်သော ခန္ဓာကိုယ်၌ တပ်မက် စွဲလမ်းမှု ရာဂ ဖြစ်ပေါ်လာခဲ့သည် ရှိသော် ထိုခန္ဓာကိုယ်၏ အတွင်းမှာပင် စက်ဆုပ် ရွံရှာဖွယ် သဘောကို တွေးတောကြံစည်၍ တပ်မက်စွဲလမ်းမှု- ရာဂကို စွန့်ပစ် ပယ်ဖျက်ရာ၏။

၈၇ - ဇိဂုစ္ဆိတေန ကာယေန
အပဿန္တော ဇိဂုစ္ဆတံ
ဥန္နမေတိ အဝညာတိ
အဝိဇ္ဇာယ ပုရက္ခတော

အနက်

အဝိဇ္ဇာယပုရက္ခတော၊ အဝိဇ္ဇာ ရှေ့သွား ပြုအပ်သောသူသည်။
ဇိဂုစ္ဆိတေန၊ စက်ဆုပ်ဖွယ်သော။
ကာယေန၊ ကိုယ်ဖြင့်။
ဝါ၊ ဇိဂုစ္ဆိတေနကာယေန - ဇိဂုစ္ဆိတ ကာယောဟုတွာ၊ စက်ဆုပ်ဖွယ်သော ကိုယ် ရှိသည်ဖြစ်လျက်။
ဇဇိဂုစ္ဆတံ၊ စက်ဆုပ်ဖွယ်အဖြစ်ကို။
အပဿန္တော၊ မမြင်သည်ဖြစ်၍။
ဥန္နမေတိ၊ တက်ကြွ၏။
အဝညာတိ၊ သူတပါးကို မထေမဲ့မြင်ပြု၏။

အဓိပ္ပါယ်

မသိမိုက်မှား အဝိဇ္ဇာ ရှေ့သွားပြုအပ်သော သူသည် စက်ဆုပ်ဖွယ်သော ကိုယ် ရှိသည် ဖြစ်ပါလျက် မိမိ၏ စက်ဆုပ်ဖွယ် သဘောကို မမြင်နိုင်ဘဲ ထောင်လွှား တက်ကြွ မာန်မာနထားကာ သူတပါးကိုလည်း မထေမဲ့မြင်ပြု၏

၈၈ - အာယတိံ မဂ္ဂလာဘာယ
ဗီဇံ ကရေယျ ဘာဝနံ
ဗီဇာ ဘာဝေ ကုတော မဂ္ဂေါ
မဂ္ဂဗီဇာ ဟိ ဘာဝနာ

အနက်

အာယတိံ မဂ္ဂလာဘာယ၊ နောင်မဂ်ကိုရစေခြင်းငှါ။
ဗီဇံ၊ မျိုးစေ့ဖြစ်သော။
ဘာဝနံ၊ ဘာဝနာကို။
ကရေယျ၊ ပြုရာ၏။
ဗီဇာဘာဝေ၊ မျိုးစေ့မရှိသည်ရှိသည်။
ကုတော မဂ္ဂေါ၊ အဘယ်ကမဂ်ကို ရအံ့နည်း။
ဟိ၊ သင့်စွ။
ဘာဝနာ၊ အသုဘဘာဝနာသည်။
မဂ္ဂဗီဇာ၊ မဂ်၏မျိုးစေ့တည်း။

အဓိပ္ပါယ်

နောက်နောင်အခါ မဂ်ကိုရခြင်းငှါ မျိုးစေ့ဖြစ်သော သမထ ဘာဝနာ, ဝိပဿနာ ဘာဝနာကို ကျင့်ကြံ အားထုတ် ပြုလုပ်ရာ၏။ မျိုးစေ့မရှိခဲ့သော် မဂ်ကို အဘယ်မှာ ရနိုင်အံ့နည်း၊ ထိုစကားသည်မှန်၏၊ မတင့်မတယ် စက်ဆုပ်ဖွယ်ဟု ရှုမှတ်မှု အသုဘ ဘာဝနာသည် မဂ်၏ မျိုးစေ့ အစစ်အမှန် ဖြစ်ပေ၏

၈၉ - မဂ္ဂဗီဇော အပါယေပိ
နိမ္မုဂ္ဂေါ သမယေ ဂတေ
ဥမ္မုဇ္ဇိတွာဝ ဗုဒ္ဓါနံ
မဂ္ဂံ လဘေယျ သန္တိကေ

အနက်

မဂ္ဂဗီဇော၊ မဂ်၏မျိုးစေ့ရှိသောသူသည်။
အပါယေ၊ အပါယ်လေးဘုံ၌။
နိမ္မုဂ္ဂေါပိ၊ နှစ်မြုပ်ငြားသော်လည်း။
သမယေဂတေ၊ မဂ်ရချိန် ရောက်သည်ရှိသည်။
ဥမ္မုဇ္ဇိတွာဝ၊ ပေါ်၍သာလျှင်။
ဗုဒ္ဓါနံ၊ ပွင့်လတ္တံ့သော ဘုရားရှင်တို့၏။
သန္တိကေ၊ အထံတော်၌။
မဂ္ဂံ၊ မဂ်ကို။
လဘေယျ၊ ရရာ၏။

အဓိပ္ပါယ်

မဂ်၏မျိုးစေ့ ရှိသောသူသည် အကုသိုလ် အဟုန်ကြောင့် အပါယ်လေးဘုံ၌ မြုပ်နေသော်လည်း ဉာဏ် အရောင်တောက်၍ မဂ်ရချိန် ရောက်သောအခါ ပြန်၍ပေါ်လာပြီးလျှင် ပွင့်လတ္တံ့သော ဘုရားရှင်တို့၏ အထံတော်၌ မဂ်ကိုရလေရာ၏

၉၀ - အဗီဇဿ တု သံသာရော
ဒီဃောယေဝ အနန္တိကော
တသ္မာဟိ ဘာဝနာဗီဇံ
ကရေယျ မောစနတ္ထိကော

အနက်

အဗီဇဿတု၊ မဂ်၏မျိုးစေ့ မရှိသောသူအား။
သံသာရော၊ သံသရာသည်။
ဒီဃောယေဝ၊ ရှည်လျားစွာသာလျှင်တည်း။
အနန္တိကော၊ အဆုံးမရှိ။
တသ္မာဟိ၊ ထို့ကြောင့်သာလျှင်။
မောစနတ္ထိကော၊ သံသရာမှ လွတ်မြောက်လိုသောသူသည်။
ဘာဝနာဗီဇံ၊ ဘာဝနာဟူသော မဂ်၏မျိုးစေ့ကို။
ကရေယျ၊ ပြုရာ၏။

အဓိပ္ပါယ်

မဂ်၏မျိုးစေ့ မရှိသောသူအား ကျင်လည် မျောပါးမည့် သံသရာသည် အလွန်တရာ ရှည်လျားလျက် အဆုံး မရှိနိုင်ချေ၊ ထို့ကြောင့် သံသရာဝဋ်မှ ထွက်မြောက် လိုသော သူသည် သမထ ဝိပဿနာဘာဝနာ - ဟူသော မဂ်၏မျိုးစေ့ကို လုံးပမ်း ကြိုးကုတ် အားထုတ်ရာ၏

၉၁ - အဘိဏှ ပီဠိတံ ရာဂံ
အသုဘာယ နိဝါရယေ
မန္ဒီဟုတွာ ပဟီယေယျ
ရာဂေါ အသုဘ ဘီရုကော

အနက်

အဘိဏှ ပီဠိတံ၊ မပြတ်နှိပ်စက်သော။
ရာဂံ၊ ရာဂကို။
အသုဘာယ၊ အသုဘဘာဝနာဖြင့်။
နိဝါရယေ၊ တားမြစ်ရာ၏။
အသုဘ ဘီရုကော၊ သုဘကိုကြောက်သော။
ရာဂေါ၊ ရာဂသည်။
မန္ဒီဟုတွာ၊ အားနည်းသည်ဖြစ်၍။
ပဟီယေယျ၊ ပျောက်ရာ၏။

အဓိပ္ပါယ်

ကျင်နာခံခက် မပြတ်နှိပ်စက်သော ရာဂကို မတင့်မတယ် စက်ဆုပ်ဖွယ်ဟု ရှုမှတ် တတ်သော အသုဘဘာဝနာဖြင့် တားမြစ်ရာ၏၊ အသုဘကို ကြောက်သော ရာဂသည် တနေ့တခြား အားနည်းကာ ပျောက်ပျက်ရာ၏။

၉၂ - မာ ဇေဂုစ္ဆံ မမာယေထ
သာဝ ဇေဂုစ္ဆမာမကော
အနန္တ ဒုက္ခ မာပါဒိ
ဇေဂုစ္ဆိတ မမာယနာ

အနက်

ဇေဂုစ္ဆမာမကော၊ စက်ဆုပ်ဖွယ်ကို မြတ်နိုးတတ်သော။
သာဝ၊ ခွေးကဲ့သို့။
ဇေဂုစ္ဆံ၊ စက်ဆုပ်ဖွယ်ကိုယ်ကို။
မာမမာယေထ၊ မမြတ်နိုးရာ။
ဇေဂုစ္ဆိတမမာယနာ၊ စက်ဆုပ်ဖွယ်ကို မြတ်နိုးခြင်းကြောင့်။
အနန္တ ဒုက္ခံ၊ မဆုံးနိုင်အောင် ဆင်းရဲခြင်းသို့။
အာပါဒိ၊ ရောက်ရာ၏။

အဓိပ္ပါယ်

စက်ဆုပ်ဖွယ် မစင်အပုပ်အသိုးကို မြတ်နိုးတတ်သော ခွေးကဲ့သို့ စက်ဆုပ်ဖွယ် ခန္ဓာကိုယ် အပုပ်အသိုးကို မမြတ်နိုးရာ၊ စက်ဆုပ်ဖွယ် ခန္ဓာကိုယ် အပုပ်အသိုးကို မြတ်နိုးခြင်းကြောင့် စိုးရိမ်ပူဆွေး ငိုကြွေးရခြင်းစသော အဆုံး အပိုင်းအခြား မရှိသော ဆင်းရဲအမျိုးမျိုးသို့ ရောက်ရ၏

၉၃ - မံသလဂ္ဂေါ တစစ္ဆန္နော
နှာရုဗန္ဓော ဋ္ဌိပုဉ္ဇကော
မောဟေတိ ဆဝိယာ လောကံ
မဟာဒုက္ခော သ မောဟိတော

အနက်

မံသလဂ္ဂေါ၊ အသားကပ်သော။
တစစ္ဆန္နော၊ အရေထူ ဖုံးအုပ်သော။
နှာရုဗန္ဓော၊ အကြောဖြင့် ဖွဲ့ဆက်သော။
အဋ္ဌိပုဉ္ဇကော၊ အရိုးစုသည်။
ဆဝိယာ၊ အပေါ်ယံ အရေပါးဖြင့်။
လောကံ၊ လူအပေါင်းကို။
မောဟေတိ၊ မိုက်မှားစေ၏။
မောဟိတော၊ မိုက်စေအပ်သော။
-သောလောကော၊ ထိုလူအပေါင်းသည်။
မဟာဒုက္ခော၊ ကြီးစွာဒုက္ခရောက်၏။

အဓိပ္ပါယ်

အသားကပ်ငြိ၍ အရေထူ ဖုံးအုပ်ထားလျက် အကြောဖြင့် ဖွဲ့ဆက် ရစ်ပတ် ထားအပ်သော အရိုးစုသည် အပေါ်ယံ အရေပါးဖြင့် လူအပေါင်းကို မိုက်မှားစေ၏၊ အပေါ်ယံ အရေပါးဖြင့် စက်ဆုပ်ဖွယ်မှန်း မသိအောင် မိုက်မှားစေအပ်သော လူအပေါင်းသည် ကြောက်လန့်ဖွယ်ရာ ကြီးကျယ်စွာသော ဆင်းရဲသို့ ရောက်ရ၏

၉၄ - နှာရုဋ္ဌိ တစ မံသေဟိ
ရာဂ ဝဍ္ဎကိ သင်္ခတေ
ဂေဟေ ရောဂါ ပုတီ ပါပါ
ဝသန္တိ ကုစ္ဆိတာ သဒါ

အနက်

နှာရုဋ္ဌိ တစ မံသေဟိ၊ အကြော, အရိုး အရေ, အသားတို့ဖြင့်။
ရာဂ ဝဍ္ဎကိ သင်္ခတေ၊ ရာဂလက်သမားသည် ပြုပြင်အပ်သော။
ဂေဟေ၊ အတ္တဘော အိမ်၌။
ကုစ္ဆိတာ၊ စက်ဆုပ်အပ်ကုန်သော။
ရောဂါ၊ ကိုးဆယ့်ခြောက်ပါးသော အနာတို့သည်၎င်း။
ပုတီ၊ အပုပ်တို့သည်၎င်း။
ပါပါ၊ မကောင်းမှုတို့သည်၎င်း။
သဒါ၊ အခါခပ်သိမ်း။
ဝသန္တိ၊ တည်နေကုန်၏။

အဓိပ္ပါယ်

အကြော, အရိုး, အရေ, အသားတို့ဖြင့် ရာဂ လက်သမားသည် ပြုပြင်ဖန်တီး အပ်သော ခန္ဓာကိုယ် အတ္တဘော တည်းဟူသော အိမ်၌ စက်ဆုပ်အပ်ကုန်သော ကိုးဆဲ့ခြောက်ဖြာ ရောဂါဝေဒနာ တို့သည်၎င်း, ဆံပင် မွေးညှင်း စသော ကောဋ္ဌာသ အပုပ်အသိုး တို့သည်၎င်း, ဒုက္ခရောက်ကြောင်း မကောင်းမှုတို့သည်၎င်း အခါ ခပ်သိမ်း ကိန်းအောင်း တည်နေကြကုန်၏။

၉၅ - လုင်္ဂန္တာ ဝီသ ဘူဓာတူ
ပိတ္တာဒီ ဒွါဒသမ္ဗု ဝ
တာပံ စိရံ ဒဟံ ပက္ကံ
စတုရဂ္ဂိ ဆဝါယုကာ

၉၆ - အဓောဒ္ဓံ ကုစ္ဆိ ကောဋ္ဌာသာ
အင်္ဂစာရီစ ပါဏကာ
ဓာတုယောယေဝ ကာယေသ္မိံ
ဒွိတာလီသ အနညကာ

အနက်

လုင်္ဂန္တာ၊ ကေသာ အစ - မတ္ထလုင်္ဂံ အဆုံးရှိကုန်သော။
ဝီသ၊ နှစ်ဆယ်သော ကောဋ္ဌာသတို့သည်။
ဘူဓာတူ၊ ပထဝီဓာတ်မည်ကုန်၏။
ပိတ္တာဒီ၊ ပိတ္တအစ- မုတ္တအဆုံးရှိကုန်သော။
ဒွါဒသ၊ တဆယ့်နှစ်ပါးသော ကောဋ္ဌာသတို့သည်။
အမ္ဗုဝ၊ အာပေါဓာတ်တို့သာလျှင်တည်း။
တာပံ၊ တနွေးနွေးပူသော သန္တပ္ပနတေဇော၎င်း။
ဇိရံ၊ အိုမင်းဆွေးမြေ့စေတတ်သော ဇီရဏတေဇော၎င်း။
ဒဟံ၊ အလွန်ပူလောင်သော ဒဟတေဇော၎င်း။
ပက္ကံ၊ အစာကိုကျက်စေတတ်သော ပါစကတေဇော၎င်း။
ဣတိ၊ ဤသို့။
စတုရဂ္ဂိ၊ တေဇောဓာတ်လေးပါးသည်။
ဟောတိ၊ ဖြစ်၏။

ဆဝါယုကာ၊ ဝါယောဓာတ်ခြောက်ပါးဟူသည်ကား။
အဓောဒ္ဓံ၊ အောက်သို့ စုန်သောလေ, အထက်သို့ဆန်သောလေ၎င်း။
ကုစ္ဆိ ကောဋ္ဌာသာ၊ ဝမ်း၌တည်သောလေ, အူ၌တည်သောလေ၎င်း။
အင်္ဂစာရီစ၊ အင်္ဂါ ကြီးငယ်ကို လျှောက်သောလေ၎င်း။
ပါဏကာ၊ ထွက်သက်ဝင်သက်လေ၎င်း။
ဣတိ၊ ဤသို့။
၊ ခြောက်ပါးတို့တည်း။
အသ္မိံ ကာယေ၊ ဤကိုယ်၌။
ဒွိတာလီသ၊ လေးဆယ့်နှစ်ပါးကုန်သော။
ဓာတု ယောယေဝ၊ ဓာတ်တို့သည်သာလျှင်။
သန္တိ၊ ရှိကုန်၏။
အနညတာ၊ ထိုမှတပါးမရှိကုန်။ .

အဓိပ္ပါယ်

၁။ ဆံပင်-အစ ဦးနှောက်-အဆုံးရှိသော နှစ်ဆယ့်လေး ကောဋ္ဌာသတို့သည် ပထဝီဓာတ်-မည်ကုန်၏။

၂။ သည်းခြေ-အစ ကျင်ငယ်-အဆုံးရှိသော တဆဲ့နှစ်ပါးသော ကောဋ္ဌာသတို့သည် အာပေါဓာတ်-မည်ကုန်၏။

၃။ တနွေးနွေးပူသော သန္တပ္ပနတေဇော၊
အိုမင်းဆွေးမြေ့ စေတတ်သော ဇီရဏတေဇော၊
အလွန်ပူလောင်သော ဒဟတေဇော၊
အစာကို ကျက်စေတတ်သော ပါစက တေဇော၊
ဤလေးပါးတို့သည် တေဇောဓါတ်-မည်ကုန်၏။

၄။ အောက်သို့စုန်သောလေ
အထက်သို့ဆန်သောလေ
ဝမ်း၌တည်သောလေ,
အူ၌တည်သောလေ
အင်္ဂါကြီးငယ်ကို လျှောက်သောလေ
ထွက်သက် ဝင်သက်လေ-
ဤခြေသက် ပါးတို့သည် ဝါယောဓာတ်-မည်ကုန်၏။

ဤသို့လျှင် ဤကိုယ် လေးဆယ့်နှစ်ပါးသော ဓာတ်တို့သာလျှင် ရှိကုန်၏၊ ထိုမှတပါး မရှိကုန်။

၉၇ - ယထာ ဗဟိ တထာ အဇ္ဈတ္တံ
ဓာတူ ဘွာပါ နလာနိလာ
နမေ နာဟံ နအတ္တာတိ
သံမသေယျ ပုနပ္ပုနန္တိ

အသုဘဘာဝနာ နိဒ္ဒေသော

.

အနက်

ဗဟိ၊ အပဖြစ်ကုန်သော။
ဘွာပါနလာ နိလာဘူ အာပအနလအနိလာ၊ မြေ, ရေ, မီး, လေ-ဟူကုန်သော။
ဓာတူ၊ ဓာတ်လေးပါးတို့သည်။
န မေယာထ၊ ငါ့ဥစ္စာ, ငါ့ဟာ မဟုတ်သကဲ့သို့။
နာဟံယထာ၊ ငါမဟုတ်သကဲ့သို့။
နအတ္တာယထာ၊ ကိုယ် မဟုတ်သကဲ့သို့။
တထာ၊ ထို့အတူ။
အဇ္ဈတ္တံ၊ ကိုယ်၏အတွင်း၌ ဖြစ်ကုန်သော။
ဘွာပါ နလာ နိလာ၊ ပထဝီ အာပေါ တေဇော, ဝါယော- ဟူကုန်သော။
ဓာတူ၊ ဓာတ်လေးပါးတို့သည်။
န မေ၊ ငါ့ဥစ္စာ ငါ့ဟာ မဟုတ်ကုန်။
နာဟံ၊ ငါမဟုတ်ကုန်။
နအတ္တာ၊ ကိုယ် မဟုတ်ကုန်။
ဣတိ၊ ဤသို့။
ပုနပ္ပုနံ၊ အဖန်တလဲလဲ။
သံမသေယျ၊ ဓာတုမနသိကာရအားဖြင့် သုံးသပ်ရာ၏။

အသုဘဘာဝနာနိဒ္ဒေသော၊ အသုဘဘာဝနာ နိဒ္ဒေသပြီး၏။

အဓိပ္ပါယ်

ကိုယ်၏အပ၌ဖြစ်သော မြေ ရေ မီး လေ ဟူသော ဓာတ်ကြီးလေးပါးတို့သည် ကိုယ်, ငါ့ဟာ, ငါ-မဟုတ်သကဲ့သို့ ထို့အတူ ကိုယ်၏အတွင်း၌ဖြစ်သော မြေ ရေ မီး လေ ဟူသော ဓာတ်ကြီးလေးပါး တို့သည်လည်း ငါ့ကိုယ် ငါ့ဟာ, ငါမဟုတ်ကုန်ဟု အဖန်တလဲလဲ အမြဲ ဓာတုမနသိကာရ အားဖြင့် နှလုံးသွင်းရာ၏။

ရာဂ စရိုက်ဆယ်မျိုးနှင့် အသုဘဆယ်မျိုး

သူသေကောင်၏ သဘောသည် ဆယ်မျိုးရှိ၏၊ ရာဂစရိုက်လည်း ဆယ်မျိုးရှိ၏၊ ထို့ကြောင့် စရိုက်အားလျော်စွာ အသုဘ ဆယ်ပါးကို ဟောသည်။

၁။ ပုံဟန်သဏ္ဌာန် စုံမက်သောစရိုက် ရှိသူအား ဥဒ္ဓုမာတက သင့်၏၊ ရာဂငြိမ်းဆေး ဖြစ်၏။

၂။ အရေအဆင်း ဝါဝင်းဖွေးဖြူ ညိုစိမ့်စိမ့်ဟု စုံမက်သော စရိုက်ရှိသူအား ဝိနီလက-သင့်၏။

၃။ ပန်းနံ့သာအတွက် စုံမက်သော စရိုက်ရှိသူအား ဝိပုဗ္ဗက သင့်၏။

၄။ တခဲနက်အဖြစ် လုံးလုံးကျစ်ကျစ် နှစ်သက်သော စရိုက်ရှိသူအား ဝိစ္ဆိဒ္ဒက-သင့်၏။

၅။ အိအိစက်စက် အသားပုံ စုံမက်သော စရိုက်ရှိသူအား - ဝိက္ခာယိတက-သင့်၏။

၆။ အင်္ဂါ ကြီးငယ် တင့်တယ်သည်ဟု တစိမ့်စိမ့်ရှုသော စရိုက်ရှိသူအား ဝိက္ခိတ္တက-သင့်၏။

၇။ ရွှေဌက်ပျောသွင် မထင်ရိုးဆစ် ချောမောပြေပြစ်သည်ဟု စုံမက်သော စရိုက်ရှိသူ ဟတဝိက္ခိတ္တက-သင့်၏။

၈။ ရွှေတန်းဆာ ရောင်ကြောင့် ပြောင်ပြောင်လက်လက် နှစ်သက်သော စရိုက်ရှိသူ လောဟိတက-သင့်၏။

၉။ ငါတဦးတည်းပိုင်ဟု နိုင်နိုင်စိုးစိုး မြတ်နိုးသောစရိုက်ရှိသူအား ပုဠုဝက-သင့်၏။

၁၀။ ဖြူဖွေးသော ပုလဲကုန်း အလားဟု အရိုးကောင်း ဖြစ်အင် ခုံမင်သောစရိုက် ရှိသူအား အဋ္ဌိက-သင့်၏၊ ရာဂ ငြိမ်းဆေးဖြစ်၏။

အသုဘဘာဝနာ ပွားများပုံအမြွက်

ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့်၊ မိမိရာဂစရိုက်နှင့် သင့်လျော်သော အသုဘ တမျိုးမျိုးကို “ဥဒ္ဓုမာတကပဋိကူလံ - ဥဒ္ဓုမာတကပဋိကူလံ”စသည်ဖြင့် အဖန်ဖန် ပွားများသည်၊ ပွားများဖန် များလျှင် ပဌမမိမိကြည့်၍ ရှုနေသော မူလအသုဘ အာရုံပျောက်၍ အဆင်းဆိုး ကြောက်ဖွယ် မတင့်မတယ် ဥဂ္ဂဟနိမိတ် ထင်လာ၏။ ၎င်း ထင်လာသော အာရုံကိုပင် အာရုံပြု၍ ဆက်လက် ပွားများလျှင် ဆူဖြိုးသော ယောကျ်ားကြီး အိပ်နေသကဲ့သို့ ကြည်လင်ပြတ်သား ထင်ရှားစွာ ပဋိဘာဂနိမိတ် ထင်လာ၏၊ ပဋိဘာဂနိမိတ် ထင်သော အခါ ကမစ္ဆန္ဒသော နီဝရဏ ငါးပါးကွာ၏၊ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ဟူသော ဈာန်အင်္ဂါ ငါးပါး ထင်ရှားဖြစ်၏။ ဤသို့ ပဌမဈာန်နှင့်တူသော ဥပစာရဈာန်သည် ထိုခဏ၌ဖြစ်၏၊ ထို့နောက် ပဌမဈာန် ကိုရ၏။

ပဌမဈာန် ရပြီးနောက် ပစ္စဝေက္ခဏာ ဆင်ခြင်ရသည်။ ဝသီဘော်လည်း လေ့လာ ရသည်၊ ဒုတိယဈာန်စသည်တို့ကား မဖြစ်နိုင်ချေ။

အဘယ့်ကြောင့်နည်း ဆိုသော်-

အသုဘအာရုံ အလုံးစုံသည် စက်ဆုပ်ဖွယ် အာရုံကြမ်း ဖြစ်၍ ဝိတက်မရှိဘဲ စိတ်တည်ခြင်းငှါ မစွမ်းနိုင်၊ အားနည်း၏၊ ဝိတက်စွမ်းဖြင့်သာ စိတ်တည်သည်၊ ရေယဉ်ကြမ်း၌ ထိုးဝါးစွမ်းဖြင့် လှေတည်သကဲ့သို့တည်း။

ထို့ကြောင့် ဝိတက်ရှိသော ပဌမဈာန်သာ ဖြစ်သည်။ ဒုတိယဈာန်စသည် မဖြစ်နိုင်ဟု မှတ်ရမည်။

အသုဘ ဘာဝနာ၏ အာနိသင်

ဤအသုဘ ဆယ်ပါးတို့တွင် တပါးပါး၌ ဈန်ရသော သူသည် ရာဂကိုဖြောင့်စွာ ခွါသောကြောင့် ရဟန္တာနှင့်တူ၏၊ လျှပ်ပေါ် လော်လည်ခြင်းမရှိ။

စေတိယတောင်၌ သီတင်းသုံးသော ရှင်မဟာတိဿသည် ရယ်သံကြားရာ၌ သွားမြင်၍ အဋ္ဌိကသညာဖြင့် ဈာန်နှင့်တကွ မဂ်, ဖိုလ်ရဘူးပြီ၊ သံဃရက္ခိတမထေရ်၏ တပည့် သာမဏေသည် ဆင်စီးလာသော မင်းကြီးကိုကြည့်၍ အသုဘသညာ ရဘူးပြီ။ စိတ္တဟဋ္ဌမထေရ်သည် လူဖြစ်စဉ်က အိပ်ပျော်နေသော မယားကို မြင်၍ ဥဒ္ဓုမာတကသညာ ရပြီးလျှင် သောတာပန် တည်ဘူးပြီ။

ထို့ကြောင့် မဂ်ဖိုလ်ရည်မှန်းသော ရဟန်းသည် ရှင်သူ၏ ကိုယ်ဖြစ်စေ, သေသူ၏ ကိုယ်၌ဖြစ်စေ အသုဘခြင်းရာ ထင်ရာ၌ ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ်ယူ၍ ဘာဝနာ စိတ်ကို အပ္ပနာဈာန်သို့ ရောက်စေအပ်၏။

အသုဘဘာဝနာကို ပြဆိုခဏ်းပြီး၏။

၄-မေတ္တာ ဘာဝနာ နိဒ္ဒေသ

၁ - မေတ္တာ ဘာဝန မိစ္ဆမ္ပိ
သုဏ ဗုဒ္ဓဝစော ယိဒံ
ဒေါသ နိဂ္ဂဟဏတ္ထာယ
ဒေါသော မေတ္တာယေရိဟိ

အနက်

မေတ္တာဘာဝနံ၊ မေတ္တာဘာဝနာကို။
ဣစ္ဆမ္ပိ-ဣစ္ဆန္တောပိ၊ အလိုရှိသော သူသည်လည်း။
ဒေါသ နိဂ္ဂဟဏတ္ထာယ၊ ဒေါသကို ပယ်နှိပ်ခြင်း အကျိုးငှါ။
ဣဒံဗုဒ္ဓဝစော၊ ဤမြတ်စွာဘုရား စကားတော်ကို။
သုဏ၊ နားထောင်လော့။
ဟိ၊ သင့်စွ။
ဒေါသော၊ ဒေါသအမျက်သည်။
မေတ္တာယ၊ မေတ္တာဘာဝနာ၏။
ဝေရိ၊ ရန်သူမည်၏။

အဓိပ္ပါယ်

စွဲလမ်းတပ်မက် နှစ်သက်မှု တဏှာသဘောမျိုး မဟုတ်ဘဲ ကျမ်းမာပါစေ, ချမ်းသာ ပါစေ-စသည်ဖြင့် အကျိုးစီးပွါး လိုလားမှု သဘောသည် မေတ္တာမည်၏၊ ၎င်းမေတ္တာ ဘာဝနာကို ပွားများလိုသောသူသည် ဖျက်ဆီး ပြစ်မှားတတ်သော ဒေါသတရားကို ပယ်ရှားနှိပ်ကွပ်ဖို့ရာ ဤပြဆိုလတ္တံ့သော မြတ်စွာဘုရား၏ စကားတော်ကို နားထောင်ပါလေ၊ မှန်၏၊ အမျက်ဒေါသ ဟူသည် မေတ္တာဘာဝနာ၏ ရန်သူအစစ် ဖြစ်ပေ၏။

၂ - အက္ကောစ္ဆိမံ အဝဓိမံ
အဇိနိမံ အဟာသိမေ
ယေစ တံ ဥပနယှန္တိ
ဝေရံ တေသံ နသမ္မတိ

အနက်

မံ၊ ငါ့ကို။
အက္ကောစ္ဆိ၊ ဆဲရေးလေပြီ။
မံ၊ ငါ့ကို။
အဝဓိ၊ ညှဉ်းဆဲလေပြီ။
မံ၊ ငါ့ကို။
အဇိနိ၊၊ နှိပ်နင်းလေပြီ။
မေ၊ ငါ၏။
ဓနံ၊ ဥစ္စာကို။
အဟာသိ၊ ဆောင်လေပြီ။
ဣတိ၊ ဤသို့။
ယေစ၊ အကြင်သူတို့သည်။
တံ၊ ထိုသူတပါးကို။
ဥပနယှန္တိ၊ ရန်ငြိုးထားကုန်၏။
တေသံ၊ ထိုရန်ငြိုးထားသောသူတို့အား။
ဝေရံ၊ ရန်သည်။
နသမ္မတိ၊ မငြိမ်း။

အဓိပ္ပါယ်

ငါ့ကိုဆဲရေးဘူး၏၊ ငါ့ကိုညှဉ်းဆဲနှိပ်စက်ဘူး၏။ ငါ့ကိုနှိပ်နင်း အောင်နိုင်ဘူး၏၊ ငါ၏ ပစ္စည်းဥစ္စာကို လုယက် ခိုးယူဘူး၏ဟု သူတပါးအပေါ် ရန်ငြိုးထားသော သူတို့အား ရန်ငြိုးရန်စသည် ဘယ်အခါမှ မငြိမ်းနိုင်ချေ

၃ - အက္ကောစ္ဆိမံ အဝဓိမံ
အဇိနိမံ အဟာသိမေ
ယေစ တံ နုပနယှန္တိ
ဝေရံ တေသံ ဥပသမ္မတိ

အနက်

မံ၊ ငါ့ကို။
အက္ကောစ္ဆိ၊ ဆဲရေးလေပြီ။
မံ၊ ငါ့ကို။
အဝဓိ၊ ညှဉ်းဆဲလေပြီ။
မံ၊ ငါ့ကို။
အဇိနိ၊ နှိပ်နှင်းလေပြီ။
မေ၊ ငါ၏။
ဓနံ၊ ဥစ္စာကို။
အဟာသိ၊ ဆောင်လေပြီ။
ဣတိ၊ ဤသို့။
ယေ စ၊ အကြင်သူတို့သည်။
တံ၊ ထိုသူတပါးကို။
နုပနယှန္တိ၊ ရန်ငြိုး မဖွဲ့ကုန်။
တေသံ၊ ထိုရန်ငြိုးမဖွဲ့သူတို့အား။
ဝေရံ၊ ရန်သည်။
ဥပသမ္မတိ၊ ငြိမ်း၏။

အဓိပ္ပါယ်

ငါ့ကိုဆဲရေးဘူး၏။ ငါ့ကိုညှဉ်းဆဲ နှိပ်စက်ဘူး၏၊ ငါ့ကိုနှိပ်နင်း အောင်နိုင်ဘူး၏၊ ငါ၏ ပစ္စည်းဥစ္စာကို လုယက် ခိုးယူဘူး၏ဟု သူတပါးအပေါ် ရန်ငြိုးမထားသော သူတို့အား ရန်ငြိုးရန်စ ငြိမ်းပျောက်နိုင်၏

၄ - နဟိဝေရေန ဝေရာနိ
သမ္မန္တိဓ ကုဒါစနံ
အဝေရေနစ သမ္မန္တိ
ဧသဓမ္မော သနန္တနော

အနက်

ဣဓ-လောကေ၊ ဤလောက၌။
ဝေရာနိ၊ ရန်ဟူ ဟူသမျှတို့သည်။
ဝေရေန၊ ရန်တုံ့မူသောအားဖြင့်။
ကုဒါစနံ၊ တရံ တဆစ်မျှ။
နဟိသမ္မန္တိ၊ မငြိမ်းကုန်။
အဝေရေနစ၊ ရန်တုံ့မမူမှသာလျှင်။
သမ္မန္တိ၊ ငြိမ်းကုန်၏။
ဧသဓမ္မော၊ ဤရန်ကို ရန်တုံ့မမူဘဲ ငြိမ်းခြင်းသည်။
သနန္တနော၊ ရှေးကဖြစ်သော သဘောတည်း။
ဝါ၊ အမြဲဖြစ်သော သဘောတည်း။

အဓိပ္ပါယ်

ဤလောက၌ ရန်-ဟူသမျှတို့သည် ရန်ကို ရန်ချင်း တုံ့ပြန်ခြင်းအားဖြင့် ဘယ်အခါမှ မငြိမ်းနိုင်ကုန်ရန်ကို ရန်ချင်း မတုံ့လျင်းမှသာ ငြိမ်းပျောက် နိုင်ကြကုန်၏။ ဤကဲ့သို့ ရန်ကိုရန်ချင်း မတုံ့လျင်းမှသာ ရန်ငြိမ်းနိုင်ခြင်းသည် ရှေးကဖြစ်သော ထုံးဟောင်း တံထွာ ဓမ္မတာကြီး တခုပေတည်း။

၅ - ပရေစ နဝိဇာနန္တိ
မယ မေတ္ထ ယမာမသေ
ယေစ တတ္ထ ဝိဇာနန္တိ
တတော သမ္မန္တိ မေဓဂါ

အနက်

မယံ၊ ငါတို့သည်။
ဧတ္ထ၊ ဤအဓိကရုဏ်း၌။
ယမာမသေ၊ ခိုက်ရန်ဖြစ်အောင် လုံ့လပြုပေကုန်၏ဟူ၍။
ပရေ၊ ပညာရှိမှ တပါးသောသူတို့သည်။
နစဝိဇာနန္တိ၊ မသိကုန်သည် သာလျှင်ကတည်း။
တတ္ထ၊ ထိုအစည်းအဝေး၌။
ယေစ၊ အကြင် ပညာရှိတို့သည်။
ဝိဇာနန္တိ၊ သိကုန်၏။
တတော၊ ထိုသိသော သူတို့ကြောင့်။
မေဓဂါ၊ ခိုက်ရန်တို့သည်။
သမ္မန္တိ၊ ငြိမ်းကုန်၏။

အဓိပ္ပါယ်

ငါတို့သည် ဤအဓိကရုဏ်း၌ ခိုက်ရန်ဖြစ်အောင် လှုံ့ဆော်ပေးသော သူတို့တည်းဟု ပညာရှိမှတပါး အမြောအမြင်နည်းပါး အခြားသော သူတို့သည် မသိနိုင်ကြကုန်၊ ထို အဓိကရုဏ်း၌ ခိုက်ရန်ဖြစ်ပွားခြင်း၏ အကြောင်းရင်းကို သိသော ပညာရှိတို့ကြောင့် သာ ခိုက်ရန်ဖြစ်ပွားခြင်း ငြိမ်းပျောက်နိုင်ကုန်၏

၆ - ကုဒ္ဓေါ အတ္ထံ နဇာနာတိ
ကုဒ္ဓေါ ဓမ္မံ နပဿတိ
တဒါ အန္ဓတမံ ဟောတိ
ယံကောဓော သဟတေနရံ

အနက်

ကုဒ္ဓေါ၊ အမျက်ထွက်သောသူသည်။
အတ္ထံ၊ အကျိုးကို။
နဇာနာတိ၊ မသိ။
ကုဒ္ဓေါ၊ အမျက်ထွက်သောသူသည်။
ဓမ္မံ၊ အကြောင်းကို။
နပဿတိ၊ မမြင်။
ယံ-ယဒါ၊ အကြင် အခါ၌။
ကောဓော၊ အမျက်သည်။
နရံ၊ လူကို။
သဟတေ၊ ညှဉ်းဆဲ၏။
တဒါ၊ ထိုအခါ၌။
အန္ဓတမံ၊ အကန်း အမိုက်သည်။
ဟောတိ၊ ဖြစ်၏။

အဓိပ္ပါယ်

အမျက်ထွက်သောသူသည် အကျိုး အကြောင်း ကောင်း မကောင်းကို မသိမမြင် နိုင်ချေ။ အမျက်ဒေါသ ညှဉ်းပန်း နှိပ်စက်ခြင်း ခံရသောအခါ၌ လူအပေါင်းသည် အမိုက် အကန်း အမြဲတန်းဖြစ်၍နေ၏

၇ - ဥဘိန္န မတ္ထံ စရတိ
အတ္တနောစ ပရဿစ
ပရံ သံကုပ္ပိတံ ဉတွာ
ယော သတော ဥပသမ္မတိ

အနက်

ယော၊ အကြင်သူသည်။
ပရံသံကုပ္ပိတံ၊ သူတပါးအမျက်ကို။
ဉတွာ၊ သိ၍။
သတော၊ သတိရှိလျက်။
ဥပသမ္မတိ၊ အမျက်ကိုငြိမ်းစေ၏။
သောနရော၊ ထိုသူသည်။
အတ္တနောစ၊ မိမိ၏၎င်း။
ပရဿစ၊ သူတပါး၏၎င်း။
ဥဘိန္နံ၊ နှစ်ဦးနှစ်ယောက်တို့၏။
အတ္ထံ၊ အကျိုးစီးပွားကို။
စရတိ၊ ကျင့်ဆောင်ပေ၏။

အဓိပ္ပါယ်

သူတပါး အမျက်ထွက်သည်ကိုသိ၍ ဆင်ခြင်စဉ်းစား သတိထားလျက် အမျက်ကို ငြိမ်းအောင် ပြုနိုင်သောသူသည် မိမိ သူတပါး နှစ်ဦးသားတို့၏ အကျိုးစီးပွားကို မြောက်များစွာ ကျင့်ဆောင်နိုင်၏

၈ - တဿေဝ တေန ပါပိယျော
ယော ကုဒ္ဓံ ပဋိကုဇ္ဈတိ
ကုဒ္ဓံ အပဋိကုဇ္ဈန္တော
သင်္ဂါမံ ဇေတိ ဒုဇ္ဇယံ

အနက်

ယော၊ အကြင်သူသည်။
ကုဒ္ဓံ၊ အမျက်ထွက်သောသူကို။
ပဋိကုဇ္ဈတိ၊ တဖန်အမျက်ထွက်၍။
သောနရော၊ ထိုသူသည်။
တေန၊ ထိုတဖန်အမျက်ထွက်ခြင်းကြောင့်။
တဿေဝ၊ ထိုရှေးဦး အမျက်ထွက်သောသူ အောက်သာလျှင်။
ပါပိယျော၊ ယုတ်မာသည်။
ဟောတိ၊ ဖြစ်၏။
ကုဒ္ဓံ၊ အမျက်ထွက်သော သူကို။
အပဋိကုဇ္ဈန္တော၊ တဖန်အမျက် မထွက်သောသူသည်။
ဒုဇ္ဇယံ၊ အောင်နိုင်ခဲသော။
သင်္ဂါမံ၊ ဒေါသစစ်ပွဲကို။
ဇေတိ၊ အောင်နိုင်၏။

အဓိပ္ပါယ်

မိမိအား အမျက်ထွက်သောသူကို တဖန်ပြန်၍ အမျက်ထွက်သောသူသည် ထိုသို့ တဖန်ပြန်၍ အမျက်ထွက်သောကြေင့် ရှေးဦးစွာ အမျက်ထွက်သော သူအောက် ကျကာ ယုတ်မာသောသူ မည်၏၊ မိမိအား အမျက်ထွက်သောသူကို တဖန် ပြန်၍ အမျက်မထွက်သောသူသည် အောင်မြင်နိုင်ခဲသော ဒေါသစစ်ပွဲကို အောင်နိုင်သောသူမည်၏။

၉ - ခန္တီ ပရမံ တပေါ တိတိက္ခာ
နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ
နဟိ ပဗ္ဗဇိတော ပရူပဃာတီ
နသမဏော ဟောတိ ပရံ ဝိဟေဌယန္တော

အနက်

တိတိက္ခာ၊ သည်းခံခြင်းဟူသော။
ခန္တီ၊ ခန္တီ သည်။
ပရမံတပေါ၊ လွန်ကဲသောအကျင့်မည်၏။
နိဗ္ဗာနံ၊ အမျက်ငြိမ်းခြင်းကို။
ပရမံ၊ လွန်ကဲစွာမြတ်၏ဟူ၍။
ဗုဒ္ဓါ၊ ဘုရားမြတ်တို့သည်။
ဝဒန္တိ၊ ဟောကုန်၏။
ပရူပဃာတီ၊ သူတပါးကိုသတ်သောသူသည်။
နဟိ ပဗ္ဗဇိတော၊ ရဟန်းမမည်။
ပရံ၊ သူတပါးကို။
ဝိဟေဌယန္တော၊ ညှဉ်းဆဲ ပုတ်ခတ်သောသူသည်။
သမဏော၊ ရဟန်းမည်သည်။
နဟောတိ၊ မဖြစ်။

အဓိပ္ပါယ်

ကိုယ့်ဖက်ကသာ အနာခံ၍ သည်းခံခြင်း သဘောတရားသည် လွန်ကဲမြင့်မြတ်သော အကျင့်မည်၏၊ ဒေါသမထွက် အမျက်ငြိမ်းခြင်းကို လွန်ကဲမြင့်မြတ်၏ ဟူ၍ ဘုရားရှင်တို့ ဟောကြားတော် မူကြကုန်၏၊ သူတပါးကို နှိပ်စက် သတ်ဖြတ်သော သူသည် အထက်တန်းစား ရဟန်းဘဝသို့ ကပ်ရောက်သောသူ မမည်၊ သူတပါးကို ညှဉ်းဆဲပုတ်ခတ်သော သူသည် ဒေါသ ငြိမ်းချမ်းသော ရဟန်းမဟုတ်ချေ

၁၀ - အကောဓေန ဇိနေ ကောဓံ
အသာဓုံ သာဓုနာ ဇိနေ
ဇိနေ ကဒရိယံ ဒါနေန
သစ္စေနာ လိကဝါဒိနံ

အနက်

အကောဓေန၊ အမျက်မထွက်ခြင်းဖြင့်။
ကောဓံ၊ အမျက်ထွက်သောသူကို။
ဖိနေ၊ အောင်ရာ၏။
အသာဓုံ၊ မသူတော်ကို။
သာဓုနာ၊ သူတော်ကောင်းပြုသဖြင့်။
ဇိနေ၊ အောင်ရာ၏။
ကဒရိယံ၊ စဉ်းလဲလိုချင် ဥစ္စာခင်သောသူကို။
ဒါနေန၊ ပေးကမ်းခြင်းဖြင့်။
ဇိနေ၊ အောင်ရာ၏၊
အလိကဝါဒိနံ၊ မမှန်မှားယွင်း ပြောဆိုခြင်း ရှိသောသူကို။
သစ္စေန၊ အမှန်ဆိုသောစကားဖြင့်။
ဇိနေ၊ အောင်ရာ၏။

အဓိပ္ပါယ်

အမျက်ထွက်သော သူကို အမျက်မထွက်ခြင်းဖြင့် နိုင်အောင်ပြုရာ၏၊ သူတော်မဟုတ် ယုတ်မာသောသူကို သူတော်ကောင်း အပြုအမူဖြင့် နိုင်အောင်ပြုရာ၏၊ စဉ်းလဲလိုချင် ဥစ္စာ ခင်မင်သောသူကို ပေးကမ်း ချီးမြှင့်ခြင်းဖြင့် နိုင်အောင် ပြုရာ၏။ မဟုတ်မမှန် ဖောက်ပြန်ချွတ်ယွင်း ပြောဆိုခြင်း ရှိသောသူကို မှန်ကန်သော စကားကို ပြေဆိုခြင်းဖြင့် နိုင်အောင်ပြုရာ၏

၁၁ - ယော ဝေ ဥပ္ပတိတံ ကောဓံ
ရထံ ဘန္တံ ဝ ဝါရယေ
တ မဟံ သာရထီ ဗြူမိ
ရသ္မိဂ္ဂါဟော ဣတရောဇနော

အနက်

ယော၊ အကြင်သူသည်။
ဝေ၊ စင်စစ်။
ဥပ္ပတိကံ၊ မိမိ၌ကျရောက်သော။
ကောဓံ၊ အမျက်ကို။
ရထံဘန္တံဝ၊ လှည့်လည်သွားဆဲ ရထားကို တားမြစ်သကဲ့သို့။
ဝါရယေ၊ တားမြစ်နိုင်၏။
တံနရံ၊ ထိုသူကို။
အဟံ၊ ငါဘုရားသည်။
သာရထီ၊ ရထားထိန်းကောင်းဟူ၍။
ဗြူမိ၊ ဟောတော်မူ၏။
ဣတရောဇနော၊ ဤမှ တပါးသော ပကတိရထားထိန်းသည်။
ရသ္မိဂ္ဂါဟော၊ ကြိုးဆွဲ ကြိုးကိုင်သာတည်း။

အဓိပ္ပါယ်

လှည့်လည် သွားလာနေသော ရထားကို တားမြစ်သကဲ့သို့ မိမိအပေါ်၌ ကျရောက် ဖြစ်ပေါ်လာသော အမျက်ကို မထွက်အောင် တားမြစ်နိုင်သောသူကို ရထား ထိန်းကျောင်း အစစ်ဟူ၍ ငါဘုရားဟောကြားတော်မူ၏၊ ဤမှတပါး မိမိအမျက်ကို မတားမြစ်နိုင်သော သူသည်ကား ရထားထိန်း အစစ်မဟုတ်၊ ကြိုးဆွဲ ကြိုးကိုင်သူ မျှသာတည်း။

၁၂ - ပုရိသဿ ဟိ ဇာတဿ
ကုဓာရီ ဇာယတေ မုခေ
ယာယ ဆိန္ဒတိ အတ္တာနံ
ဗာလော ဒုဗ္ဘာသိတံဘဏံ

အနက်

ဇာတဿ၊ ဖွားမြင်သော။
ပုရိသဿ၊ ယေက်ျား မိန်းမဖြစ်သော သတ္တဝါ၏။
မုခေ၊ ခံတွင်း၌။
ကုဓာရီ၊ စက်ဆုပ်ဖွယ် အသွားရှိသော ဝစီဒုစရိုက် လေးပါးဟူသော ဓားမသည်။
ဇာယတေ၊ ပါသည်ဖြစ်၏။
ယာယ၊ အကြင်ခံတွင်းတွင်ပါသော ဝစီဒုစရိုက်လေးပါးဟူသော ဓားမဖြင့်။
ဒုဗ္ဘာသိတံ၊ မကောင်းသော ဒုစရိုက်စကားကို။
ဘဏံ-ဘဏန္တော၊ ပြောဆိုလျက်။
ဗာလော၊ သူမိုက်သည်။
အတ္တာနံ၊ ကိုယ်ရှင်ကိုယ်ကို။
ဆိန္ဒတိ၊ ခုတ်ဖြတ်၏။

အဓိပ္ပါယ်

ဖွားမြင်လာသော ယောကျ်ား, မိန်းမ သတ္တဝါ ဟူသမျှ၏ ခံတွင်း၌ စက်ဆုပ်ဖွယ် အသွားရှိသော ဝစီဒုစရိုက်လေးပါး ဟူသော ဓားမသည် ပါလာ၏၊ ခံတွင်း၌ပါ လာသော ဝစီဒုစရိုက် လေးပါး ဟူသောဓားမဖြင့် မကောင်းသော ဒုစရိုက်စကားကို ပြောဆိုလျက် လူမိုက်သည် မိမိကိုယ်ကို မိမိခုတ်ဖြတ်၏

၁၃ - သေလော ယထာ ဧကဂ္ဃနော
ဝါတေန နသမီရတိ
ဧဝံ နိန္ဒာ ပသံသာသု
နသမိဉ္ဇန္တိ ပဏ္ဍိတာ

အနက်

ဧကဂ္ဃနော၊ တခဲနက်သော။
သေလော၊ ကျောက်တောင်သည်။
ဝါတေန၊ လေကြောင့်။
နသမီရတိယထာ၊ မတုန်မလှုပ်သကဲ့သို့။
ဧဝံ-တထာ၊ ထို့အတူ။
ပဏ္ဍိတာ၊ ပညာရှိတို့သည်။
နိန္ဒာ ပသံသာသု၊ ချီးမွမ်းကဲ့ရဲ့ခြင်းတို့ကြောင့်။
နသမိဉ္ဇန္တိ၊ မတုန် မလှုပ်ကုန်။

အဓိပ္ပါယ်

တခဲနက် ကျောက်အတိပြီးသော ကျောက်တောင်သည် တိုက်ခတ်သောလေကြောင့် မတုန်မလှုပ်သကဲ့သို့ ထို့အတူပင် အမြော်အမြင် ပညာရှိသော သူတို့သည် ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းတို့ကြေင့် ဝမ်းသာဝမ်းနဲ ပြောင်းလဲခြင်းအားဖြင့် မတုန်မလှုပ် ကြကုန်

၁၄ - သမာနဘာဂံ ကြုဗ္ဗေထ
ဂါမေ အက္ကုဋ္ဌ ဝန္ဒိတံ
မနောပဒေါသံ ရက္ခေယျ
သန္တော အနုဏ္ဏတော သိယာ

အနက်

သန္တော၊ သူတော်ကောင်း ရဟန်းသည်။
ဂါမေ၊ ရွာ၌။
အက္ကုဋ္ဌ ဝန္ဒိတံ၊ ဆဲရေးသောသူ ရှိခိုးသောသူနှစ်ဦးကို။
သမာနဘာဂံ၊ တူမျှသောအဖို့ ရှိသည်ကို။
ကြုဗ္ဗေထ၊ ပြုရာ၏။
မနောပဒေါသံ၊ ဆဲရေးသောသူ၌ နှလုံးပြစ်မှားခြင်းကို။
ရက္ခေယျ၊ စောင့်ရာ၏။
အနုဏ္ဏတော၊ ရှိခိုးခြင်းကြောင့် မတက်ကြွသည်။
ဝါ၊ ရှိခိုးသောသူကို ချီးမြှောက်ခြင်း မရှိသည်။
သိယာ၊ ဖြစ်ရာ၏။

အဓိပ္ပါယ်

သူတော်ကောင်း ရဟန်းသည် မြို့ထဲရွာထဲ ဆဲရေးသောသူ ရှိခိုးသောသူ နှစ်ဦးကို တူမျှသော အဖို့ရှိအောင် ပြုရာ၏၊ ဆဲရေးသူ အပေါ်၌ စိတ်ဖြင့်ပြစ်မှားခြင်းကို စောင့်ရှောက်ရာ၏၊ ရှိခိုးခြင်းကြောင့် ထောင်လွှား တက်ကြွမှု မရှိရာ။

၁၅ - နပရော ပရံ နိကုဗ္ဗေထ
နာတိမညေထ ကတ္ထစိ နကိဉ္စိ
ဗျာရောသနာ ပဋိဃသညာ
နညမညဿ ဒုက္ခ မိစ္ဆေယျ

အနက်

ပရော၊ တယောက်သောသူသည်။
ပရံ၊ တပါးသောသူကို။
နနိကုဗ္ဗေထ၊ အမျက်မထွက်ရာ။
ကတ္ထစိ၊ တစုံတခုသော အရပ်၌။
ကိဉ္စိ၊ တစိုးတစိမျှ။
နံ၊ ထိုသူတပါးကို။
နာတိမညေထ၊ မထေမဲ့မြင် မအောက်မေ့ရာ။
ဗျာရောသနာ၊ ချုတ်ချယ်သော အမှတ်ဖြင့်၎င်း။
ပဋိဃသညာ၊ အမျက်ထွက်ခြင်းနှင့် ယှဉ်သော အမှတ်ဖြင့်၎င်း။
အညော၊ တယောက်သည်။
အညဿ၊ တယောက်၏။
ဒုက္ခံ၊ ဆင်းရဲကို။
နဣစ္ဆေယျ၊ အလိုမရှိရာ။

အဓိပ္ပါယ်

တယောက်သည် တယောက်ကို အမျက်မထွက်ရာ။ မည်သည့် နေရာမှာမဆို သူတပါးကို စိုးစဉ်းအနည်းငယ်မျှ မထေမဲ့မြင် မအောက်မေ့ရာ။ ချုတ်ချယ်စော်ကားမှု, အမျက်ထွက်မှုနှင့် စပ်သော အမှတ်သညာတို့ဖြင့် တယောက်သည် တယောက်၏ ဆင်းရဲခြင်းကို အလိုမရှိရာ

၁၆ - မာတာ ယထာ နိယံ ပုတ္တ
မာယုသာ ဧကပုတ္တ မနုရက္ခေ
ဧဝမ္ပိ သဗ္ဗ ဘူတေသု
မာနသံ ဘာဝယေ အပရိမာဏံ

အနက်

မာတာ၊ အမိသည်။
ဧကပုတ္တံ၊ သားတယောက်သာဖြစ်သော။
နိယံပုတ္တံ၊ မိမိရင်၌ဖြစ်သောသားကို။
အာယုသာ၊ အသက်သေခြင်းမှ။
အနုရက္ခေယထာ၊ စောင့်ရှောက်သကဲ့သို့။
ဧဝမ္ပိ၊ ဤ အတူ၎င်း။
သဗ္ဗဘူတေသု၊ ခပ်သိမ်းသော သတ္တဝါတို့၌။
အပရိမာဏံ၊ အတိုင်းအရှည်မရှိသော။
မာနသံ၊ မေတ္တာစိတ်ကို။
ဘာဝယေ၊ ပွားရာ၏။

အဓိပ္ပါယ်

အမိသည် တယောက်တည်းသော မိမိရင်၌ ဖြစ်သောသားကို အသက်သေခြင်းမှ စောင့်ရှောက်သကဲ့သို့ ထို့အတူ ခပ်သိမ်းသော သတ္တဝါတို့၌ အတိုင်းအရှည် မရှိသော မေတ္တာစိတ်ကို ပွားများရာ၏

၁၇ - သုတွာန ဒုသိတော ဗဟုံ ဝါစံ
သမဏာနံ ဝါ ပုထုဇနာနံ
ဖရုသေန ဟိ န ပဋိဝဇ္ဇာ
န ဟိ သန္တော ပဋိသေနိံ ကရောန္တိ

အနက်

ဒုသိတော၊ သူတပါးတို့ အပြစ်မှားကို ခံသော။
သန္တော၊ သူတော်ကောင်းသည်။
သမဏာနံဝါ၊ ရဟန်းတို့၏၎င်း။
ပုထုဇနာနံဝါ၊ များစွာသော လူတို့၏၎င်း။
ဗဟုံ ဝါစံ၊ များစွာဆိုဆဲခြင်း စကားကို။
သုတွာန၊ ကြား၍။
ဖရုသေန၊ ကြမ်းကြုတ်သော စကားဖြင့်။
န ပဋိဝဇ္ဇာ၊ တဖန်မဆိုရာ။
ဟိ၊ သင့်စွ။
သန္တော၊ သူတော်တော်ကောင်းတို့သည်။
ပဋိသေနိံ၊ ဆန့်ကျင်ဖက်အမှုကို။
နဟိ ကရောန္တိ၊ မပြုကုန်။

အဓိပ္ပါယ်

သူတပါးတို့၏ ပြစ်မှားခြင်းကို ခံရသော သူတော်ကောင်းသည် ရဟန်းသံဃာနှင့် များစွာသော လူတို့၏ များစွာဆဲဆိုသော စကားကို ကြားရသည် ရှိသော် ကြမ်းကြုတ်သော စကားဖြင့် တဖန်ပြန်၍ မပြောဆိုရာ၊ မှန်၏၊ သူတော်ကောင်းတို့ သည် ဆန့်ကျင်ဖက် အမှုမျိုးကို ပြုလုပ်ရိုး မရှိကြကုန်

၁၈ - သစ္စံ ဘဏေ နကုဇ္ဈေယျ
ဒဇ္ဇာ အပ္ပမ္ပိ ယာစိတော
ဧတေဟိ တီဟိ ဌာနေဟိ
ဂစ္ဆေ ဒေဝါန သန္တိကေ

အနက်

သစ္စံ၊ မှန်သော စကားကို။
ဘဏေ၊ ပြောဆိုရာ၏။
နကုဇ္ဈေယျ၊ အမျက်မထွက်ရာ။
ယာစိတော၊ သူတပါး တောင်းရမ်းအပ်သည် ရှိသော်
အပ္ပမ္ပိ၊ အနည်းငယ်ကိုလည်း။
ဒဇ္ဇာ၊ ပေးရာ၏။
ဧတေဟိတီဟိ ဌာနေဟိ၊ ဤသုံးပါးသော အကြောင်းတို့ကြောင့်။
ဒေဝါနံ၊ နတ်တို့၏။
သန္တိကေ၊ အထံသို့။
ဂစ္ဆေ၊ ရောက်ရာ၏။

အဓိပ္ပါယ်

၁။ မှန်သောစကားကို ပြောဆိုရမည်
၂။ အမျက်မထွက်ရ
၃။ သူတပါး တောင်းရမ်းသည်ရှိသော် အနည်းငယ်ကိုသော်လည်း ပေးရမည်

ဤတရားသုံးပါးတို့ကြောင့် နတ်ပြည်သို့ ရောက်နိုင်၏
[နတ်ပြည်ရောက်ကြောင်း တရား ၃-ပါးဟူလို။]

၁၉ - န ပရေသံ ဝိလောမာနိ
န ပရေသံ ကတာကတံ
အတ္တနောဝ အဝေက္ခေယျ
ကတာနိ အကတာနိစ

အနက်

ပရေသံ၊ သူတပါးတို့၏။
ဝိလောမာနိ၊ မလျော်သော အမှုတို့ကို။
နအဝေက္ခေယျ၊ မရှုရာ။
ပရေသံ၊ သူတပါးတို့၏။
ကတာကတံ၊ ပြုသည် မပြုသည်ကို။
နအဝေက္ခေယျ၊ မရှုရာ။
အတ္တနောဝ၊ မိမိ၏သာလျှင်။
ကတာနိ၊ ပြုခြင်းတို့ကို၎င်း။
အကတနိ၊ မပြုခြင်းတို့ကို၎င်း။
အဝေက္ခေယျ၊ ရှုဆင်ခြင်ရာ၏။

အဓိပ္ပါယ်

သူတပါးတို့၏ မသင့်လျော်သော အမှုများကို မရှုရာ၊ သူတပါးတို့ မကောင်းမှုပြုသည် မပြုသည်ကိုလည်း မရှုရာမိမိ၏ မကောင်းမှုပြုခြင်း, မပြုခြင်းကိုသာ သေချာစေ့ငု ကြည့် ရှုဆင်ခြင်ရာ၏

၂၀ - သု ဒသံ ဝဇ္ဇမညေသံ
အတ္တနော ပန ဒုဒ္ဒသံ
ပရေသဥှိ သော ဝဇ္ဇာနိ
ဩဖုနာတိ ယထာ ဘုသံ
အတ္တနော ပန ဆာဒေတိ
ကလိံ ဝ ကိတဝါ သဌော

အနက်

အညေသံ၊ သူတပါးတို့၏။
ဝဇ္ဇံ၊ အပြစ်ဒေါသကို။
သုဒသံ၊ မြင်နိုင်လွယ်၏။
အတ္တနော၊ မိမိ၏။
ဝဇ္ဇံပန၊ အပြစ်ဒေါသကိုကား။
ဒုဒ္ဒသံ၊ မြင်နိုင်ခဲ၏။
ဟိ၊ သင့်စွ။
သောနရော၊ ထိုသူသည်။
ပရေသံ၊ သူတပါးတို့၏။
ဝဇ္ဇာနိ၊ အပြစ်တို့ကို။
ဘုသံ ယထာ၊ ဖွဲပြာကဲ့သို့။
ဩဖုနာတိ၊ လွှင့်၏။
သဌော၊ စဉ်းလဲသော။
ကိတဝါ၊ ငှက်မုဆိုးသည်။
ကလိံ၊ အပြစ်ရှိသော မိမိကိုယ်ကို။
ဆာဒေတိဣဝ၊ တောချုံဖြင့် ဖုံးလွှမ်းသကဲ့သို့။
အတ္တနော၊ မိမိ၏။
ဝဇ္ဇံပန၊ အပြစ်ကိုကား။
ဆာဒေတိ၊ ဖုံးလွှမ်း၏။

အဓိပ္ပါယ်

လူတို့မည်သည် သူတပါးတို့၏ အပြစ်ဒေါသကိုမြင်လွယ်၍ မိမိ၏ အပြစ်ဒေါသကို မြင်နိုင်ခဲ၏၊ မှန်၏၊ ထိုကဲ့သို့သောသူမျိုးသည် သူတပါးအပြစ်များကို ဖွဲပြာကဲ့သို့ လွှင့်၏။

ဥပမာကား -

ကောက်ကျစ်စဉ်းလဲသော ငှက်မုဆိုးသည် အပြစ်ရှိသော မိမိကိုယ်ကို တောချုံတို့ဖြင့် ဖုံးလွှမ်းသကဲ့သို့ ထို့အတူ မိမိအပြစ်ကိုကား သူတပါး မသိအောင် ဖုံးလွှမ်း၏

၂၁ - နိဓီနံဝ ပဝတ္တာရံ
ယံ ပဿေ ဝဇ္ဇဒဿိနံ
နိဂ္ဂယှဝါဒိံ မေဓာဝိံ
တာဒိသံ ပဏ္ဍိတံ ဘဇေ

အနက်

ဝဇ္ဇဒဿိနံ၊ အပြစ်ကိုပြလျက်။
နိဂ္ဂယှဝါဒိံ ၊ နှိပ်၍ ဆိုမြည်ပေတတ်သော။
ယံမေဓာဝိံ၊ အကြင်ပညာရှိကို။
ပဿေ၊ တွေမြင်ငြားအံ့။
တာဒိသံ၊ ထိုသို့သဘောရှိသော။
ပဏ္ဍိတံ၊ ပညာရှိကို။
နိမီနံ၊ ရွှေအိုး, ငွေအိုးတို့ကို။
ပဝတ္တာရံဣဝ၊ ဖော်ပြပြောကြား လာပေသော သူကဲ့သို့။
ဘဇေ၊ ဆည်းကပ်ရာ၏။

အဓိပ္ပါယ်

အပြစ်ကို ပြလျက် နှိပ်၍ ဆိုမြည်တတ်သေ ပညာရှိကို တွေ့မြင်ပါမူ ထိုသို့ သဘောရှိသော ပညာရှိမျိုးကို ရွှေအိုး ငွေအိုးကို ဖေါ်ပြပြောကြားလာသော သူကဲ့သို့ သဘောထားကာ အမြဲမပြတ် ဆည်းကပ် ခစားရာ၏

၂၂ - တာဒိသံ ဘဇမာနဿ
သေယျောဟောတိ နပါပိယော
ဣတိ ဝုတ္တံ မုနိန္ဒေန
တိလောကဂ္ဂေန သတ္ထု နာ

ပဌမဘာဏဝရံ

အနက်

တာဒိသံ၊ ထိုသို့သဘောရှိသောပညာရှိကို။
ဘဇမာနဿ၊ ဆည်းကပ်သောသူအား။
သေယျော၊ မြတ်သည်။
ဟောတိ၊ ဖြစ်၏။
ပါပိယော၊ ယုတ်မာသည်။
နဟောတိ၊ မဖြစ်။
ဣတိ၊ ဤသို့။
သတ္ထုနာ၊ နတ်လူတို့၏ ဆရာဖြစ်သော။
တိလောကဂ္ဂေန၊ လောကသုံးပါးထက် လွန်မြတ်တော်မူသော။
မုနိန္ဒေန၊၊ ရဟန်းတို့ကို အစိုးရသော ဘုရားရှင်သည်။
ဝုတ္တံ၊ ဟောအပ်၏။

ပဌမဘဏဝါရံ၊ ပဌမဘာဏဝါရပြီး၏။

အဓိပ္ပါယ်

အပြစ်ကိုပြလျက် နှိပ်၍ဆိုမြည်တတ်သော ပညာရှိမျိုးကို မှီဝဲဆည်းကပ်ရသော သူသည် ကောင်းမွန် မြင့်မြတ်သော သူဖြစ်၏၊ ယုတ်မာမိုက်ကန်းသော သူမဟုတ်ဟု နတ်လူတို့၏ ဆရာဖြစ်၍ လောကသုံးပါးထက် လွန်မြတ်လျက် ရဟန်းတို့ကို အစိုးရတော်မူသော ဘုရားရှင် ဟောတော်မူအပ်၏

ပဌမဘာဏဝါရပြီး၏

၂၃ - မေတ္တာ ဂန္ဓေန ဝါသေန္တော
ဒေါသံ ဒူရေကရေ ဗုဓော
ဒူရာသန္နေသု သဗ္ဗေသု
အတ္တနော ဝေရိကေသုပိ

အနက်

မေတ္တာဂန္ဓေန၊ မေတ္တာတည်းဟူသောနံ့သာဖြင့်။
ဝါသေန္တော၊ ထုံမွှမ်းလိုသော။
ဗုဓော၊ ပညာရှိသည်။
ဒူရာသန္နေသု၊ အဝေးအနီး ဖြစ်ကုန်သော။
သဗ္ဗေသု၊ ခပ်သိမ်းသော သူတို့၌။
အတ္တနော၊ မိမိ၏။
ဝေရိကေသုပိ၊ ရန်သူတို့၌လည်း။
ဒေါသံ၊ အမျက်ဒေါသကို။
ဒူရေကရေ၊ ဝေးအောင်ပြုရာ၏။

အဓိပ္ပါယ်

မေတ္တာတည်းဟူသော နံ့သ ရနံ့ဖြင့် သင်းပျံ့ မွှမ်းထုံလိုသော ပညာရှိသည် အဝေး အနီး အသီးသီးသော သတ္တဝါ ဟူသမျှတို့အပေါ်၌ အယုတ်ဆုံးအားဖြင့် မိမိကို အမြဲတမ်း ဆန့်ကျင်ဖက်ပြုနေသော ရန်သူတို့ အပေါ်၌သော်လည်း အမျက်ဒေါသကို ကင်းဝေးအောင် ပြုရာ၏

၂၄ - ဟနေ ဒေါသူ ပနာဟာနိ
အနတ္ထ ကာရကာနိ ဟိ
တေသွ သန္တေသု သဗ္ဗေသု
မေတ္တာဟောတိ သုနိမ္မလာ

အနက်

ဒေါသူ ပနာဟာနိ၊ အမျက်ထွက်ခြင်း ရန်ငြိုးဖွဲ့ခြင်း တို့ကို။
ဟနေ၊ ဖျောက်ရာ၏။
ဟိ၊ သင့်စွ။
တာနိ၊ ထိုအမျက်ထွက်ခြင်း, ရန်ငြိုးဖွဲ့ခြင်းတို့သည်။
အနတ္ထ ကာရကာနိ၊ အကျိုးမဲ့ကို ပြုတတ်ကုန်၏။
သဗ္ဗေသု၊ ခပ်သိမ်းသောသူတို့၌။
တေသု၊ ထို အမျက်ထွက်ခြင်း ရန်ငြိုးဖွဲ့ခြင်းတို့သည်။
အသန္တေသု၊ မရှိကုန်သည်ရှိသော်။
မေတ္တာ၊ မေတ္တာဘာဝနာသည်။
သုနိမ္မလာ၊ ကောင်းစွာ အညစ်အကြေးကင်းသည်။
ဟောတိ၊ ဖြစ်၏။

အဓိပ္ပါယ်

အမျက်ထွက်ခြင်း, ရန်ငြိုးဖွဲ့ခြင်းတို့ကို ပယ်ဖျောက်ရာ၏။ မှန်၏၊ အမျက်ထွက်ခြင်း, ရန်ငြိုးဖွဲ့ခြင်းတို့သည် အကျိုးမဲ့ကို ပြုတတ်ကုန်၏၊ ခပ်သိမ်းသော သတ္တဝါတို့ သန္တာန်၌ အမျက်ထွက်ခြင်း, ရန်ငြိုးဖွဲ့ခြင်း မရှိကြပါမူ အကျိုးစီးပွား လိုလားမှု ဖြစ်သော မေတ္တာဘာဝနာသည် လွန်စွာအညစ်အကြေး ကင်းသော တရားကောင်း တခုဖြစ်၏။

၂၅ - သတံ ဒုဇ္ဇန ဝါကျေဟိ
နမနော ယာတိ ဝိကြိယံ
နဟိတာပယိတုံ သက္ကာ
ဂင်္ဂါနဒိံ တိဏုက္ကယာ

အနက်
သတံ၊ သူတော်ကောင်း၏။
မနော၊ စိတ်သည်။
ဒုဇ္ဇနဝါကျေဟိ၊ သူယုတ်မာစကားတို့ကြောင့်။
ဝိကြိယံ၊ ဖောက်ပြန်ခြင်းသို့။
နယာတိ၊ မရောက်။
ဂင်္ဂါနဒိံ၊ ဂင်္ဂါမြစ်ကြီးကို။
တိဏုက္ကယာ-တိဏုက္ကာယ၊ မြက်မီးရှူးဖြင့်။
တာပယိတုံ၊ ပူစေခြင်းငှါ။
နဟိသက္ကာ၊ မတတ်နိုင်ရာသည်သာလျှင်ကတည်း။

အဓိပ္ပါယ်
သူတော်ကောင်း တို့၏စိတ်သည် သူယုတ်မာ စကားတို့ကြောင့် ဖောက်ပြန်ခြင်းသို့ မရောက်နိုင်ချေ။

ဥပမာကား -
ဂင်္ဂါမြစ်ကြီးကို မြက်မီးရှူးဖြင့် ပူစေခြင်းငှါ မတတ်နိုင်ရာ သကဲ့သို့တည်း။

၂၆ - နဟိ နိန္ဒာ ပသံသာဟိ
သတံ မနောဝိကာရတာ
န ကဒါစိပိ ကမ္ပေယျ
ဝါတေဟိ သေလပဗ္ဗတော

အနက်
နိန္ဒာ ပသံသာဟိ၊ ချီးမွမ်းခြင်း, ကဲ့ရဲ့ခြင်းတို့ကြောင့်။
သတံ၊ သူတော်ကောင်းတို့အား။
မနောဝိကာရတာ၊ စိတ်ဖောက်ပြန်သော အဖြစ်သည်။
နဟိဟောတိ၊ မဖြစ်သည်သာလျှင်ကတည်း။
သေလပဗ္ဗတော၊ ကျောက်တောင်ကြီးသည်။
ဝါတေဟိ၊ လေတို့ကြောင့်။
ကဒါစိပိ၊ တရံတခါမျှလည်း။
နကမ္ပေယျ၊ မတုန်မလှုပ်နိုင်ရာ။

အဓိပ္ပါယ်
ချီးမွမ်းခြင်း, ကဲ့ရဲ့ခြင်းတို့ကြောင့် သူတော်ကောင်းတို့၏ စိတ်နှလုံးသည် ဖောက်ပြန်သော သဘောမျိုး မဖြစ်နိုင်ပေ။ ကျောက်အတိပြီးသော ကျောက်တောင်ကြီးသည် ပတ်ဝန်းကျင် တိုက်ခတ်သော လေတို့ကြောင့် ဘယ်အခါမှ မလှုပ်ရှား နိုင်ချေ။

၂၇ - နဒိယံ ခုဒ္ဒကာ နာဝါ
ဝိစီဟိ ဥန္နတောနတာ
မဟာနာဝါ နကမ္ပန္တိ
မဟန္တီဟိ ဝိစီဟိပိ

အနက်
နဒိယံ၊ မြစ်၌။
ခုဒ္ဒကာနာဝါ၊ လှေငယ်လောင်းငယ်တို့သည်။
ဝိစီဟိ၊ လှိုင်းတံပိုးတို့ကြောင့်။
ဥန္နတောနတာ၊ မြင့်တုံ နိမ့်တုံ ခုန်ခုန်ပေါက် ရှိကုန်၏။
မဟာနာဝါ၊ လှေသင်္ဘောကြီးတို့သည်။
မဟန္တီဟိ ဝိစီဟိပိ၊ လှိုင်းကြီးတံပိုးကြီး တို့ဖြင့်လည်း။
နကမ္ပန္တိ၊ မလှုပ်ရှားကုန်။

အဓိပ္ပါယ်
မြစ်အတွင်းဝယ် လှေငယ် လောင်းငယ်တို့သည် လှိုင်းတံပိုးတို့ကြောင့် မြင့်တုံ နိမ့်တုံ လှုပ်ရှားခုံပေါက်ကုန်၏။ လှေသင်္ဘောကြီးတို့သည်ကား လှိုင်းတံပိုးတို့ကြောင့် မလှုပ်ရှားနိုင်ကုန်။

၂၈ - လောကေ ပသံသ နိန္ဒာဟိ
ဒုဇ္ဇနောဝုန္နတောနတော
သန္တောပညော နစလတိ
မဟာနိန္ဒာ ထုတီဟိပိ

အနက်
လောကေ၊ လောက၌။
ပသံသနိန္ဒာဟိ၊ ချီးမွမ်းခြင်း, ကဲ့ရဲ့ခြင်းတို့ဖြင့်။
ဒုဇ္ဇနောဝ၊ သူယုတ်မာသည်သာလျှင်။
ဥန္နတော နတော၊ ကြွတုံ နိမ့်တုံရှိ၏။
ပညော၊ ပညာရှိသော။
သန္တော၊ သူတော်ကောင်းသည်။
မဟာနိန္ဒာ ထုတီဟိပိ၊ ကြီးကျယ်စွာ ကဲ့ရဲ့ခြင်း, ချီးမွမ်းခြင်းတို့ဖြင့်လည်း။
နစလတိ၊ မတုန်မလှုပ်။

အဓိပ္ပါယ်
လောက၌ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းတို့ကြောင့် သူယုတ်မာတို့သည် ကြွတုံ နိမ့်တုံ တုန်လှုပ်ကုန်၏၊ အမြော်အမြင် ပညာရှိသော သူတော်ကောင်းတို့သည်ကား ကြီးကျယ်လှစွာသော ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း တို့ကြောင့်သော်လည်း တုန်လှုပ်ခြင်း မရှိကုန်။

၂၉ - သေလောသေလော နိလေဟေဝ
ဝဏ္ဏာဝဏ္ဏာ အသဿတာ
လာဘာလာဘာ သုခါဒုက္ခာ
ယသာယသာ နကမ္ပတိ

အနက်
သေလော-သိလာဝန္တော၊ တခဲနက် ကျောက်အတိရှိသော တောင်သည်။
အနိလေဟိ၊ လေတို့ကြာင့်။
နကမ္ပတိ ဣဝ ၊မတုန်မလှုပ် သကဲ့သို့။
သေလော- သီလဝန္တော၊ သီလရှိသော သူသည်။
အသဿတာ၊ မမြဲတတ်သော။
ဝဏ္ဏာဝဏ္ဏာ၊ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းဖြင့်၎င်း။
လာဘာလာဘာ၊ လာဘ်ရ မရခြင်းဖြင့်၎င်း။
သုခါဒုက္ခာ၊ ချမ်းသာဆင်းရဲခြင်းဖြင့်၎င်း။
ယသာယသာ၊ ကျော်စော-မကျော်စောခြင်းဖြင့်၎င်း။
နကမ္ပတိ၊ မတုန်မလှုပ်။

အဓိပ္ပါယ်
တခဲနက် ကျောက်အတိပြီးသော တောင်သည် ပတ်ဝန်းကျင် တိုက်ခတ်သော လေတို့ကြောင့် မတုန်မလှုပ်သကဲ့သို့ ထို့အတူ သီလရှိသော သူသည်လည်း အမြဲ မတည်သော ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း လာဘ်ရခြင်း လာဘ်မရခြင်း၊ ချမ်းသာခြင်း, ဆင်းရဲခြင်း, ကျော်စောခြင်း, မကျော်စောခြင်းတို့ကြောင့် တုန်လှုပ်ခြင်း မရှိချေ။

၃၀ - ခမာခဂ္ဂ ကရေတဿ
ဒုဇ္ဇနော ကိံ ကရိဿတိ
အတိဏေ ပတိတော အဂ္ဂိ
သယမေဝ ပသမ္ဘတိ

အနက်
ခမာခဂ္ဂ ကရေတဿ၊ သည်းခံခြင်း သံလျက် လက်၌ရှိသောသူအား။
ဒုဇ္ဇနော၊ သူယုတ်မာသည်။
ကိံ ကရိဿတိ၊ အဘယ်သို့ ပြုလတ္တံ့နည်း။
အတိဏေ၊ မြက်မှိုက်လောင်စာ မရှိရာအရပ်၌။
ပတိတော၊ ကျသော။
အဂ္ဂိ၊ မီးသည်။
သယမေဝ၊ အလိုလိုပင်လျှင်။
ပသမ္ဘတိ၊ ငြိမ်း၏။

အဓိပ္ပါယ်
သည်းခံခြင်း-သန်လျက် လက်ကိုင်ရှိသော သူအား သူယုတ်မာသည် အဘယ်သို့ ပြုနိုင်အံ့နည်း၊ မြက်မှိုက်လောင်စာ မရှိရာအရပ်၌ ကျလာသောမီးသည် အလိုလိုပင် ငြိမ်းနိုင်၏။

၃၁ - သယမေဝ သကတ္တာနံ
မစ္စုဗ္ဘယေန တစ္ဆတု
မာညေ တစ္ဆတု ဒေါသေန
ကိမတ္ထံ အညတစ္ဆနံ

အနက်
သယမေဝ၊ မိမိသည်သာလျှင်။
သကတ္တာနံ၊ မိမိကိုယ်ကို။
မစ္စုဗ္ဘယေန၊ သေဘေးဖြင့်။
တစ္ဆတု၊ ခြိမ်းခြောက်လေ။
အညေ၊ သူတပါးတို့ကို။
ဒေါသေန၊ အမျက် ဒေါသဖြင့်။
မာတစ္ဆတု၊ မခြိမ်းခြောက်ပါလင့်။
အညတစ္ဆနံ၊ သူတပါးကို ခြိမ်းခြောက်ခြင်းသည်။
ကိမတ္ထံ၊ အဘယ်အကျိုး ရှိအံ့နည်း။

အဓိပ္ပါယ်
မိမိကိုယ်တိုင်လျှင် မိမိကိုယ်ကို သေဘေးဖြင့် ခြိမ်းခြောက်ပါလေ၊ သူတပါးကို အမျက်ဒေါသဖြင့် မငြိမ်း ခြောက်ပါလင့်၊ သူတပါးကို ခြိမ်းခြေဝက်ခြင်းသည် အဘယ်အကျိုးရှိအံ့နည်း

၃၂ - မာညေ တစ္ဆတုဒေါသေန
နသေယျော အညတစ္ဆနံ
မာညော တံ အဟိဗျဂ္ဃေဝ
ဒေါမနဿေန ဘာယတု

အနက်
အညေ၊ သူတပါးတို့ကို။
ဒေါသေန၊ အမျက် ဒေါသဖြင့်။
မာတစ္ဆတု၊ မခြိမ်းခြောက်ပါလင့်။
အညတစ္ဆနံ၊ သူတပါးကို ခြိမ်းခြောက်ခြင်းသည်။
နသေယျော၊ မမြတ်။
တံ၊ သင့်ကို။
အညော၊ တပါးသောသူသည်။
အဟိဗျဂ္ဃေဝ၊ မြွေ ကျား တို့ကိုကဲ့သို့။
ဒေါမနဿန၊ ဒေါမနဿစိတ်ဖြင့်။
မာဘာယတု၊ မကြောက်ပါစေလင့်။

အဓိပ္ပါယ်
သူတပါးတို့ကို အမျက်ဒေါသဖြင့် မငြိမ်းခြောက်ပါလင့်၊ သူတပါးတို့ကို ခြိမ်းခြောက်ခြင်းသည် လောက, ဓမ္မအားဖြင့် မကောင်းသည်သာတည်း၊ တပါးသော သူသည် မြွေ ကျား တို့ကိုကဲ့သို့ ဒေါသစိတ်ဖြင့် သင့်ကို မကြောက်ပါစေလင့်။

၃၃ - နိဿာယ ဂရုကာတဗ္ဗံ
ဗဟူနံ ပါပမောစနံ
အစာပလ္လေန သန္တေန
ဂရုကာတဗ္ဗတံ ဝဇေ

အနက်
ဂရုကာတဗ္ဗံ၊ အလေး အမြတ် ပြုအပ်သော သူတယောက်ကို။
နိဿာယ၊ မှီ၍။
ဗဟူနံ၊ များစွာသော သူတို့အား။
ပါပမောစနံ၊ မကောင်းမှုမှ လွတ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
အစာပလ္လေန၊ မလျှပ်ပေါ်ခြင်းဖြင့်၎င်း။
သန္တေနု၊ ငြိမ်သက်ခြင်းဖြင့်၎င်း။
ဂရုကာတဗ္ဗံ၊ အလေးအမြတ် ပြုအပ်သော အဖြစ်သို့။
ဝဇေ၊ ရောက်ရာ၏။

အဓိပ္ပါယ်
အလေးအမြတ်ပြုထိုက်သော သူတယောက်ကိုမှီ၍ များစွာသော သူတို့ မကောင်းမှုမှ လွတ်မြောက်နိုင်၏။ မလျှပ်ပေါ် မလော်လည် ငြိမ်သက် တည်ကြည်ခြင်းဖြင့် အလေးအမြတ် ပြုထိုက်သော အဖြစ်သို့ရောက်အောင် ပြုရာ၏။

၃၄ - နိဿာယ ဂရုကာတဗ္ဗံ
ဗဟူနံ ပုညဝဍ္ဎနံ
ဂရုကာတဗ္ဗတံ ဂစ္ဆေ
ဓီတိယာ သီလ ဂုတ္တိယာ

အနက်
ဂရုကာတဗ္ဗံ၊ အလေးအမြတ်ပြုအပ်သော သူတယောက်ကို။
နိဿာယ၊ မှီ၍။
ဗဟူနံ၊ များစွာသော သူတို့အား။
ပုညဝဍ္ဎနံ၊ ကုသိုလ်ပွားခြင်းသည်။
ဟောတိ၊ ဖြစ်၏။
မီတိယာ၊ တည်ကြည်ခြင်းဖြင့်၎င်း။
သီလဂုတ္တိယာ၊ သီလစောင့်ခြင်းဖြင့်၎င်း။
ဂရုကာတဗ္ဗတံ၊ အလေးအမြတ် ပြုအပ်သောအဖြစ်သို့။
ဂစ္ဆေ၊ ရောက်ရာ၏။

အဓိပ္ပါယ်
အလေးအမြတ် ပြုထိုက်သော သူတယောက်ကိုမှီ၍ လူပေါင်းများစွာ ကုသိုလ် တိုးပွားနိုင်၏၊ ငြိမ်သက် တည်ကြည် သီလစောင့်ထိန်းခြင်းဖြင့် အလေးအမြတ် ပြုထိုက်သော အဖြစ်သို့ ရောက်အောင် ပြုရာ၏။

၃၅ - သန္တံ ဟိ သီလဝံ ဓီတိံ
ဟိရောတ္တပ္ပေန ဘာယတိ
ဒုဇ္ဇနံ ဒေါမနဿေန
အဟိဗျဂ္ဃေဝ ဘာယတိ

အနက်
ဟိ၊ သင့်စွ။
ဓီတိံ၊ တည်ကြည်သော။
သီလဝံ၊ သီလရှိသော။
သန္တံ၊ သူတော်ကောင်းကို။
ဟိရောတ္တပ္ပေန၊ ဟိရီ ဩတ္တပ္ပဖြင့်။
ဘာယတိ၊ ကြောက်၏။
ဒုဇ္ဇနံ၊ သူယုတ်မာကို။
အဟိဗျဂ္ဃေဝ၊ မြွေ ကျား တို့ကိုကဲ့သို့။
ဒေါမနဿေန၊ ဒေါမနဿစိတ် ဖြင့်။
ဘာယဟိ၊ ကြောက်၏။

အဓိပ္ပါယ်
မှန်၏၊ ငြိမ်သက်တည်ကြည်၍ သီလရှိသော သူတော်ကောင်းကို ကဲ့ရဲ့မည်မှ ရှက်ကြောက်သော အနေမျိုးဖြင့် ကြောက်၏။ သူယုတ်မာကိုကား မြွေ ကျား တို့ကို ကဲ့သို့ ဒေါသစိတ်ဖြင့်ကြောက်၏။

၃၆ - နဖရုသာယ ဝါစာယ
အညေ ဒမေယျ ပဏ္ဍိတော
အတ္တာနံ၀ ဒမေတွာန
အညေ သဏှေန သြဝဒေ

အနက်
ပဏ္ဍိတော၊ ပညာရှိသည်။
ဖရုသာယ၊ ကြမ်းတမ်းသော။
ဝါစာယ၊ စကားဖြင့်။
အညေ၊ သူတပါးတို့ကို။
နဒမေယျ၊ မဆုံးမရာ။
အတ္တာနံဝ၊ မိမိကိုယ်ကိုသာလျှင်။
ဒမေတွာန၊ ဆုံးမ၍။
အညေ၊ တပါးသူတို့ကို။
သဏှေန၊ နူးညံ့သော စကားဖြင့်သာ။
ဩဝဒေ၊ ဆုံးမရာ၏။

အဓိပ္ပါယ်
အမြော်အမြင် ပညာရှိသောသူသည် ကြမ်းတမ်းသော စကားဖြင့် သူတပါးကို မဆုံးမရာ၊ မိမိကိုယ်ကိုသာ ကြမ်းတမ်းစွာဆုံးမ၍ သူတပါးတို့ကိုမူကား နူးညံ့ သိမ်မွေ့သော စကားဖြင့် ဆုံးမရာ၏

၃၇ - စိတ္တေ သဏှေ အသဏှာပိ
နဝါစာ ဖရုသာ ဘဝေ
တသ္မာ ဩဝါဒနာဒီသု
ရက္ခေယျ ထဒ္ဓစိတ္တတော

အနက်
စိတ္တေသဏှေ၊ စိတ်နူးညံ့သည်ရှိသော်။
ဝါစာ၊ စကားသည်။
အသဏှာပိ၊ မနူးညံ့သော်လည်း။
ဖရုသာ၊ ဖရုသဝါစာသည်။
နဘဝေ၊ မဖြစ်။
တသ္မာ၊ ထို့ကြောင့်။
ဩဝါဒနာဒီသု၊ ဆုံးမခြင်း အစရှိသည်တို့၌။
ထဒ္ဓစိတ္တတော၊ ခက်ထန်သောစိတ်မှ။
ရက္ခေယျ၊ စောင့်ရှောက်ရာ၏။

အဓိပ္ပါယ်
စိတ်နူးညံ့သည် ရှိသော် မိမိ ပြောဆိုသော စကားသည် မနူးညံ့သော်လည်း ဖရုသဝါစာ မဖြစ်နိုင်သောကြောင့် ဆုံးမသွန်သင်ခြင်း - စသည်တို့၌ စိတ်ခက်ထန်မှု မရှိအောင် စောင့်ရှောက်ရာ၏

၃၈ - အတ္တာန မောဝဒတ္ထာယ
သိက္ခေယျ ဗုဒ္ဓဘာသိတံ
ပရမ္ပိ အနုကမ္ပာယ
ဣစ္ဆန္တော အနုသာသယေ

အနက်
အတ္တာနံ၊ မိမိကိုယ်ကို။
ဩဝဒတ္ထာယ၊ ဆုံးမခြင်းငှါ။
ဗုဒ္ဓဘာသိတံ၊ ဘုရားဟောပရိယတ်ကို။
သိက္ခေယျ၊ သင်ကြားရာ၏။
ဣစ္ဆန္တော၊ အလိုရှိသောသူသည်။
ပရမ္ပိ၊ သူတပါးကိုလည်း။
အနုကမ္ပာယ၊ သနားသောအားဖြင့်။
အနုသာသယေ၊ ဆုံးမရာ၏။

အဓိပ္ပါယ်
မိမိကိုယ်ကို ဆုံးမဖို့ရာ ဘုရားဟောတော်မူအပ်သော ပရိယတ်တရားကို သင်ကြား ရာ၏၊ ဆုံးမဖို့ရာ လိုလားပါမူကား သူတပါးကိုလည်း သနားသောအားဖြင့် ဆုံးမရာ၏

၃၉ - အညံ နနိဂ္ဂဟေ ကိဉ္စိ
သုတေန ပဋိပတ္တိယာ
အတ္တနိဂ္ဂဟဏံ သေယျော
နုန္နမေယျ ဇိနောရသော

အနက်
အညံ၊ တပါးသော။
ကိဉ္စိ၊ တစုံတယောက်ကို။
သုတေန၊ အကြားအမြင်ဖြင့်၎င်း။
ပဋိပတ္တိယာ၊ အကျင့်ပဋိပတ်ဖြင့်၎င်း။
နနိဂ္ဂဟေ၊ မနှိပ်ရာ။
အတ္တနိဂ္ဂဟဏံ၊ မိမိကိုယ်ကို နှိပ်ခြင်းသည်။
သေယျော၊ မြတ်၏။
ဇိနောရသော၊ ဘုရားသားတော် ရဟန်းသည်။
နုန္နမေယျ၊ မတက်ကြွရာ။

အဓိပ္ပါယ်
အခြားတစုံတယောက်သောသူကို အကြားအမြင် ဗဟုဿုတ, အကျင့်ပဋိပတ်ဖြင့် မနှိပ်ကွပ်ရာမိမိကိုယ်ကို နှိပ်ကွပ်ခြင်းသည်သာ ကောင်းမြတ်၏၊ မြတ်စွာဘုရား၏ ရွှေရင်တော်နှစ် သားတော်အစစ်ဖြစ်သော ရဟန်းတော်သည် ထောင်လွှားတက်ကြွ မာန်မာန မရှိရာ

၄၀ - နာဝီကရေယျ ဒေါသံဝါ
လောဘံ မာနံ သကံမလံ
မာညေ မညန္တု တံ ဒိသွာ
စိရပ္ပဗ္ဗ ဇိတော နုတိ

အနက်
သကံမလံ၊ မိမိအညစ်အကြေးဖြစ်သော။
ဒေါသံဝါ၊ ဒေါသကို၎င်း။
လောဘံဝါ၊ လောဘကို၎င်း။
မာနံဝါ၊ မာနကို၎င်း။
နာဝီကရေယျ၊ ထင်စွာမပြုရာ။
အညေ၊ တပါးသောသူတို့သည်။
တံ၊ ထိုလောဘ ဒေါသ မာနထွက်သည်ကို။
ဒိသွာ၊ မြင်၍။
အစိရပ္ပဗ္ဗဇိတောနုတိ၊ ရဟန်းပြု၍ မကြာမြင့်သေးလေလောဟု။
မာမညန္တု၊ မတွေးမထင်ပါစေလင့်။

အဓိပ္ပါယ်
မိမိ၏ အညစ်အကြေးဖြစ်သော လောဘ ဒေါသ မာန်မာနကို ထင်စွာမပြုရာ၊ သူတပါး တို့သည် ထိုလောဘ ဒေါသ, မာနထွက်သည်ကို မြင်၍“ရဟန်းပြုသည်မှာ မကြာမြင့်သေး”ဟု သင့်ကို အထင်မသေးပါစေလင့်

၄၁ - ကကစေနတ္တဆေဒေန္တေ
ဝေရိကေပိနဒေါသယေ
ဣစ္စောဝါဒံ မုနိန္ဒဿ
သမ္ပဋိစ္ဆ ဇိနောရသော

အနက်
ကကစေန၊ လွှဖြင့်။
အတ္တဆေဒေန္တေ၊ မိမိကိုယ်ကို တိုက်ဖြတ်ကုန်သော။
ဝေရိကေပိ၊ ရန်သူတို့ကိုလည်း။
နဒေါသယေ၊ အမျက်မထွက်ရာ။
ဇိနောရသော၊ ဘုရားသားတော် ရဟန်းသည်။
မုနိန္ဒဿ၊ ရဟန်းတို့ကို အစိုးရသော ဘုရားရှင်၏။
ဣစ္စောဝါဒံ၊ ဤသို့ဆုံးမတော်မူခြင်းကို။
သမ္ပဋိစ္ဆ၊ ခံယူလော့။

အဓိပ္ပါယ်
လွှဖြင့် မိမိကိုယ်ကို တိုက်ဖြတ်သော ရန်သူတို့ကိုသော်လည်း အမျက်မထွက်ရာ၊ ဘုရားသားတော် အစစ်ဖြစ်သော ရဟန်းတော်သည် ရဟန်းတို့ကို အစိုးရသော ဘုရားရှင်၏ ဤကဲ့သို့သော အဆုံးအမ သြဝါဒကို ခံယူပါလော့

၄၂ - ဝေရီ အစ္စုပနာဟီပိ
ရူပေဝ ဒုက္ခကာရကော
န တွ တဗ္ဗိသယေ နာမေ
ဒုက္ခံ မာကရိ စေတသိ

အနက်
အစ္စုပနာဟီပိ၊ အလွန်ရန်ငြိုး ဖွဲ့ငြားသော်လည်း။
ဝေရီ၊ ရန်သူသည်။
ရူပေဝ၊ ရူပက္ခန္ဓာ၌သာလျှင်။
ဒုက္ခကာရကော၊ ဒုက္ခကိုပြုနိုင်၏။
အတဗ္ဗိသယေ၊ ထိုရန်သူ၏အရာမဟုတ်သော။
နာမေ၊ နာမ်ဖြစ်သောစိတ်၌။
နဒုက္ခကာရကော၊ ဒုက္ခကို မပြုနိုင်။
တွံ၊ သင်သည်။
စေတသိ၊ စိတ်၌။
ဒုက္ခံ၊ ဒုက္ခကို။
မာကရိ၊ မပြုလင့်။

အနက်
ရန်သူသည် မိမိအား အလွန်ရန်ငြိုးဖွဲ့သော်လည်း ရုပ်ခန္ဓာ၌သာ ဆင်းရဲအောင် ပြုနိုင်၏။ ၎င်းရန်သူ၏ အရာမဟုတ်သော နာမ်ခန္ဓာဖြစ်သောစိတ်၌ ဆင်းရဲအောင် မပြုနိုင်ချေ၊ သင်သည် စိတ်ဆင်းရဲအောင် မပြုပါလင့်

၄၃ - ဝေရီ တိဗန္ဓ ဝေရောပိ
ဣဟေဝ ဒုက္ခကာရကော
ဘဝန္တရံ နအနွေတိ
သကမ္မုနာ ဂတော ဟိသော

အနက်
ဝေရီ၊ ရန်သူသည်။
အတိဗန္ဓဝေရောပိ၊ အလွန် ရန်ငြိုးဖွဲ့ငြားသော်လည်း။
ဣဟေဝ၊ ဤဘဝတွင်သာလျှင်။
ဒုက္ခကာရကော၊ ဒုက္ခကိုပြုတတ်၏။
ဘဝန္တရံ၊ ဘဝတပါးသို့။
နအနွေတိ၊ အစဉ်မလိုက်။
ဟိ၊ သင့်စွ။
သောဝေရီ၊ ထိုရန်သူသည်။
သကမ္မုနာ၊ မိမိကံဖြင့်။
ဂတော၊ သွား၏။

အဓိပ္ပါယ်
ရန်သူသည် မိမိအား အလွန်ရန်ငြိုး ဖွဲ့သော်လည်း ဤဘဝမှာသာ ဆင်းရဲအောင် ပြုနိုင်၏၊ ဘဝတပါးသို့ မလိုက်နိုင်ချေ၊ မှန်၏၊ ထိုရန်သူသည် မိမိကံအလျောက် ဘဝ တပါးသို့ လားရောက်ရ၏။

၄၄ - ဒေါသောတု ဣဟ ပီဠေတွာ
ဒုက္ခာဝဟော ဘဝေဘဝေ
မဟာနတ္ထ ကရံ ဒေါသံ
ကသ္မာ ဝဍ္ဎေတိ စေတသိ

အနက်
ဒေါသောတု၊ ဒေါသသည်ကား။
ဣဟ၊ ဤဘဝ၌။
ပီဠေတွာ၊ နှိပ်စက်၍။
ဘဝေဘဝေ၊ ဘဝတိုင်း ဘဝတိုင်း၌။
ဒုက္ခာဝဟော၊ ဆင်းရဲကို ဆောင်တတ်၏။
မဟာနတ္ထကရံ၊ များစွာ အကျိုးမဲ့ကို ပြုတတ်သော။
ဒေါသံ၊ ဒေါသကို။
ကသ္မာ၊ အဘယ့်ကြောင့်။
စေတသိ၊ စိတ်၌။
ဝဍ္ဎေတိ၊ ပွားစေသနည်း။

အဓိပ္ပါယ်
ဒေါသသည်ကား ဤဘဝမှာ နှိပ်စက်ပြီး၍ ဘဝတိုင်းဘဝတိုင်း ဆင်းရဲအောင်လည်း ရွက်ဆောင်နိုင်၏၊ အကျိုးမဲ့ကို များစွာပြုတတ်သော ဒေါသကို အဘယ့်ကြောင့် စိတ်မှာ တိုးပွားစေရဘိသနည်း

၄၅ - မေတ္တာသီတမ္မုသေကေန
ဇိနောဝါဒ မနုဿရံ
မဟာ နတ္ထ ကရံ ဒေါသံ
နိဗ္ဗာယတု သ စေတသိ

အနက်
ဇိနောဝါဒံ၊ ဘုရားရှင် အဆုံးအမကို။
အနုဿရံ-အနုဿရန္တော၊ အောက်မေ့လျက်။
မေတ္တာသီတမ္မုသေကေန၊ မေတ္တာရေဧ သွန်းလောင်းခြင်းဖြင့်။
သစေတသိ၊ မိမိစိတ်၌။
မဟာနတ္ထကရံ၊ များစွာအကျိုးမဲ့ကို ပြုတတ်သော။
ဒေါသံ၊ ဒေါသမီးကို။
နိဗ္ဗာယတု၊ ငြိမ်းအောင်ပြုလော့။

အဓိပ္ပါယ်
ဘုရားရှင် အဆုံးအမတော်ကို အဖန်ဖန် အောက်မေ့လျက် မေတ္တာရေ သွန်းလောင်းခြင်းဖြင့် မိမိစိတ်၌ အကျိုးမဲ့စွာ ပြုတတ်သော ဒေါသမီးကို ငြိမ်းအောင်ပြုပါလော့

၄၆ - ဆဒ္ဒန္တော လုဒ္ဒကံ ပါပံ
ဘူရိဒတ္တောဟိ တုဏ္ဍိကံ
ဓမ္မပါလော ခမိ တာတံ
ကပိန္နော ကန္ဒရော ပတံ

အနက်
ဆဒ္ဒန္တော၊ ဆဒ္ဒန်ဆင်မင်းဖြစ်၍။
ပါပံ၊ ယုတ်မာသော။
လုဒ္ဒကံ၊ သောဏုတ္တရမုဆိုးကို။
ခမိ၊ သည်းခံတော်မူပြီ။
ဘူရိဒတ္တော၊ ဘူရိဒတ်နဂါးမင်းဖြစ်၍၊
အဟိတုဏ္ဍိကံ၊ အလမ္ပာယ်သမားကို။
ခမိ၊ သည်းခံတော်မူပြီ။
ဓမ္မပါလော၊ စူဠဓမ္မပါလမင်း သားငယ်ဖြစ်၍။
တာတံ၊ ခမည်းတော် မဟာပတာပ မင်းကြီးကို။
ခမိ၊ သည်းခံတော်မူပြီ။
ကပိန္နော၊ မျောက်တို့ကို အစိုးရသော မျောက်မင်းဖြစ်၍။
ကန္ဒရောပတံ၊ ချောက်သို့ကျ၍နေသော မုဆိုးယုတ်ကို။
ခမိ၊ သည်းခံတော်မူပြီ။

အဓိပ္ပါယ်
ဆဒ္ဒန်ဆင်မင်းဖြစ်စဉ် ယုတ်မာသော သောဏုတ္တရမုဆိုး၏ နှိပ်စက်မှုကို သည်းခံ တော်မူပြီ၊ ဘူရိဒတ်နဂါးမင်း ဖြစ်စဉ် အလမ္ပာယ်သ္မား၏ နှိပ်စက်မှုကို သည်းခံတော်မူပြီ၊ စူဠဓမ္မပါလ မင်းသားငယ်ဖြစ်စဉ် ခမည်းတော် မဟာပတာပ မင်းကြီး၏ နှိပ်စက်မှုကို သည်းခံတော်မူပြီ၊ နန္ဒိယမျောက်မင်းဖြစ်စဉ် ချောက်သို့ ကျ၍နေသော မုဆိုး၏ နှိပ်စက်မှုကို သည်းခံတော်မူပြီ။

၄၇ - အသင်္ချေယျတ္တဘာဝေသု
ပရဝဇ္ဇံ တိတိက္ခတော
နာထဿ ပါရမိံ ခန္တိံ
သရံ ဓီရော တိတိက္ခတု

အနက်
အသင်္ချေယျတ္တဘာဝေသု၊ မရေတွက်နိုင်သော ကိုယ်အဖြစ်တို့၌။
ပရဝဇ္ဇံ၊ သူတပါးအပြစ်ကို။
တိတိက္ခတော၊ သည်းခံတော်မူသော။
နာထဿ၊ ဘုရားရှင်၏။
ခန္တိံ ပါရမိံ၊ သည်းခံခြင်းခန္တီပါရမီတော်ကို။
သရံ-သရန္တော၊ အောက်မေ့လျက်။
ဓီရော၊ ပညာရှိသည်။
တိတိက္ခတု၊ သည်းခံလော့။

အဓိပ္ပါယ်
မရေတွက်နိုင်သော ကိုယ်တော်၏ အဖြစ်တို့၌ သူတပါးအပြစ်ကို သည်းခံတော် မူသော မြတ်စွာဘုရား၏ သည်းခံခြင်း ခန္တီပါရမီတော်ကို အောက်မေ့ ဆင်ခြင်လျက် ပညာမျက်စိရှိသောသူသည် အရာရာမှာ သည်းခံပါလော့

၄၈ - သာသနေ စိရဝါသေန
ဧဝံ နိဒ္ဒေါသကာ ဣတိ
တုဝံ ပဋိစ္စ မညန္တု
သာသနေ သပ္ပယောဇနံ

အနက်
သာသနေ၊ သာသနာတော်၌။
စိရဝါသေန၊ ကြာမြင့်စွာ နေခြင်းကြောင့်။
ဧဝံနိဒ္ဒေါသကာ၊ ဤသို့ ဒေါသနည်းပါးကုန်၏။
ဣတိ၊ ဤသို့။
တုဝံ၊ အရှင်ကို။
ပဋိစ္စ၊ စွဲ၍။
သာသနေ၊ သာသနာတော်၌။
သပ္ပယောဇနံ၊ အကျိုးရှိသော အဖြစ်ကို။
မညန္တု၊ မှတ်ထင်ပါစေကုန်လော့။

အဓိပ္ပါယ်
သာသနာတော်၌ ကြာမြင့်စွာ နေရခြင်းကြောင့် ဤသို့ဒေါသ နည်းပါးကုန်၏ဟု အရှင်ကို အကြောင်းပြု၍ သာသနာတော်၌ အကျိုးရှိသော အဖြစ်ကို မှတ်ထင်ပါစေ ကုန်လော့။

၄၉ - သာသနေ စိရ ဝါသာပိ
မာဒိသာဝ ဣမေ ဣတိ
တမာဂမ္မ နမညန္တု
သာသနေ နိပ္ပယောဇနံ

အနက်
သာသနေ၊ သာသနာတော်၌။
စိရဝါသာပိ၊ ကြာမြင့်စွာ နေကုန်သော်လည်း။
ဣမေ၊ ဤရဟန်းတို့သည်။
မာဒိသာဝ၊ ငါကဲ့သို့ပင်လျှင် သဘောရှိကုန်၏။
ဣတိ၊ ဤသို့။
တံ၊ သင့်တယောက်ကို။
အာဂမ္မ၊ စွဲ၍။
သာသနေ၊ သာသနာတော်၌။
နိပ္ပယောဇနံ၊ အကျိုးမရှိသည်ကို။
နမညန္တု၊ မမှတ်ထင်ပါစေကုန်လင့်။

အဓိပ္ပါယ်
သာသနာတော်၌ ကြာမြင့်စွာ နေကုန်သော်လည်း ဤရဟန်းတို့သည် ငါတို့ကဲ့သို့ပင် ဒေါသများကုန်၏ ဟု သင့်တယောက်ကို အကြောင်းပြု၍ သာသနာတော်၌ အကျိုး မရှိသော အဖြစ်ကို မမှတ်ထင်ပါ စေကုန်လင့်

၅၀ - ဒွေ ဥသေတီတိ ဒေါသော သော
သပရံ ဒယှတေ ဒွယံ
ပဟာတဗ္ဗော သ သဗ္ဗေသု
ပရတ္ထ သတ္ထ မိစ္ဆတာ

အနက်
ဒွေ၊ နှစ်ဦးသော သူတို့ကို။
ဥသေတိ၊ ပူစေတတ်၏။
ဣတိ၊ ထို့ကြောင့်။
ဒေါသော၊ ဒေါသမည်၏။
သောဒေါသော၊ ထိုဒေါသသည်။
ဒွယံ၊ နှစ်ဦးသော။
သပရံ၊ မိမိကို၎င်း, သူတပါးကို၎င်း။
ဒယှတေ၊ လောင်တတ်၏။
ပရတ္ထသတ္ထံ၊ သူတပါးအကျိုး မိမိအကျိုးကို။
ဣစ္ဆတာ၊ အလိုရှိသောသူသည်။
သဗ္ဗေသု၊ ခပ်သိမ်းသော သူတို့၌။
-သောဒေါသော၊ ထိုဒေါသကို။
ပဟာတဗ္ဗော၊ ပယ်အပ်၏။

အဓိပ္ပါယ်
မိမိ သူတပါး နှစ်ဦးသားတို့ကို ပူစေတတ်သောကြောင့် ဒေါသမည်၏၊ ထိုဒေါသသည် မိမိ သူတပါး နှစ်ဦးသားကို လောင်ကျွမ်းတတ်၏၊ မိမိ သူတပါး အကျိုးများကို လိုလားသောသူသည် ခပ်သိမ်းသော သူတို့အပေါ်၌ ဒေါသတရားကို ပယ်ရာ၏

၅၁ - ပရဒိန္နေဟိ နောအာယု
တိဋ္ဌတေ နာတ္တနော ဝသာ
ပရဝဇ္ဇံ ခမေတဗ္ဗံ
နသာဓု အညဝိရောဓိတော

အနက်
ပရဒိန္နေဟိ၊ သူတပါးတို့လှူသော ပစ္စည်းတို့ဖြင့်။
နော၊ ငါတို့၏။
အာယု၊ အသက်သည်။
တိဋ္ဌတေ၊ တည်၏။
အတ္တနောဝသာ၊ မိမိအစွမ်းဖြင့်။
နတိဋ္ဌတေ၊ မတည်။
ပရဝဇ္ဇံ၊ သူတပါးအပြစ်ကို။
ခမေတဗ္ဗံ၊ သည်းခံအပ်၏။
သာဓု၊ သူတော်ကောင်းသည်။
အညဝိရောဓိတော၊ သူတပါးနှင့် ဆန့်ကျင်ဖက် ပြုသည်။
နဟောတိ၊ မဖြစ်။

အဓိပ္ပါယ်
သူတပါးတို့ ပေးကမ်း လှူဒါန်းသော ပစ္စည်းဖြင့် ငါတို့အသက်မသေ တည်နေနိုင်၏၊ မိမိအစွမ်းဖြင့် တည်နေနိုင်သည် မဟုတ်သောကြောင့် သူတပါးအပြစ်ကို သည်းခံ အပ်၏သူတော်ကောင်း မည်သည် သူတပါးနှင့် ဆန့်ကျင်ဖက် အမှုကို မပြုချေ

၅၂ - ဇေဂုစ္ဆ က္ကောသ နိန္ဒာနိ
ဗာလော ဂဏှာတိ အက္ခမော
ခမန္တောတု နဂဏှာတိ
ဇာနံ ဇေဂုန္တိတာနိတိ

အနက်
အက္ခမော၊ မခံချင်တတ်သော။
ဗာလော၊ သူမိုက်သည်။
ဇေဂုစ္ဆက္ကောသနိန္ဒာနိ၊ စက်ဆုပ်ဖွယ် ဆဲရေး ကဲ့ရဲ့ခြင်းတို့ကို။
ဂဏှာတိ၊ ယူ၏။
ခမန္တောတု၊ သည်းခံသောသူသည်။
ဇေဂုန္တိတာနိတိ၊ စက်ဆုပ်ဖွယ်တို့ဟူ၍။
ဇာနံ-ဇာနန္တော၊ သိသောကြောင့်။
နဂဏှာတိ၊ ယူသည် မမည်။

အဓိပ္ပါယ်
မခံချင်တတ်သော သူမိုက်သည် စက်ဆုပ်ဖွယ် ကောင်းသော ဆဲရေးခြင်း ကဲ့ရဲ့ခြင်း အမှုတို့ကို လက်ခံသိမ်း ပိုက်ထား၏၊ သည်းခံနိုင်သော သူသည်ကား စက်ဆုပ်ဖွယ် ကောင်းသော ဆဲရေးခြင်း, ကဲ့ရဲ့ခြင်း အမှုတို့ကို သိသောကြောင့် လက်ခံသိမ်းပိုက် ထားသည် မမည်ချေ

၅၃ - ပရဒိန္နာနိ ဝစ္စာနိ
ပါဘတန္တိ နကောစိပိ
ဂဏှေယျဝံ ဒုရုတ္တာနိ
အဂဏှန္တော ခမေ သတော

အနက်
ပါဘတန္တိ၊ လက်ဆောင်ဟူ၍။
ပရဒိန္နာနိ၊ သူတပါးတို့ ပေးကမ်းလာကုန်သော။
ဝစ္စာနိ၊ မစင်ဘင်ပုပ်တို့ကို။
ကောစိပိ၊ တစုံတယောက်မျှလည်း။
နဂဏှေယျယထာ၊ မယူရာသကဲ့သို့။
ဧဝံ-တထာ၊ ထို့အတူ။
သတော၊ သတိရှိသောသူသည်။
ဒုရုတ္တာနိ၊ မကောင်းသဖြင့် ဆိုအပ်သောစကားတို့ကို။
အဂဏှန္တော၊ မခံမယူဘဲ။
ခမေ၊ သည်းခံရာ၏။

အဓိပ္ပါယ်
လက်ဆောင်ဟူ၍ သူတပါးတို့ ပေးကမ်းလာသော မစင်ဘင်ပုပ်တို့ကို မည်သူမျှ လက်မခံသကဲ့သို့ ထို့အတူ သတိသမ္ပဇဉ် အဆင်ခြင်ဉာဏ် ရှိသောသူသည် သူတပါးတို့ မကောင်းသဖြင့် ဆိုအပ်သော စကားကို လက်မခံဘဲ အမြဲသည်းခံရာ၏

၅၄ - နဒိ ကလ္လောလ ဝိစိယော
တီရံ ပတွာ သမန္တိဓ
သဗ္ဗေ ဥပ္ပတိတာ ဒေါသာ
ခန္တိပတွာ သမန္တိ တေ

အနက်
ဣဓ၊ ဤလောက၌။
နဒိကလ္လောလဝိစိယော၊ မြစ်လှိုင်းတံပိုးတို့သည်။
တီရံပတွာ၊ ကမ်းသို့ရောက်၍။
သမန္တိ၊ ငြိမ်းကုန်၏။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
ဥပ္ပတိတာ၊ ကျရောက်ကုန်သော။
တေဒေါသာ၊ ထိုဒေါသတို့သည်။
ခန္တိပတွာ၊ သည်းခံခြင်း ကမ်းရောက်၍။
သမန္တိ၊ ငြိမ်းကုန်၏။

အဓိပ္ပါယ်
ဤလောက၌ မြစ်တွင်းမှ လှိုင်းတံပိုးတို့သည် ကမ်းသို့ရောက်က ငြိမ်းပျောက်ကုန်၏၊ ကျရောက်လာသော ဒေါသဟူသမျှတို့သည်လည်း သည်းခံခြင်း -ကမ်းသို့ ရောက်လျှင် ငြိမ်းပျောက်ကုန်၏

၅၅ - ဒေါသုမ္မတ္တက ဝါစာယ
နုမ္မတ္တော ကိံ ကရိဿတိ
ဘဝေ ယျုမ္မတ္တကော သောဝ
တာဒိသံ ဝစနံ ဘဏံ

အနက်
ဒေါသုမ္မတ္တက ဝါစာယ၊ ဒေါသရူးသောသူ၏ စကားဖြင့်။
နုမ္မတ္တော၊ မရူးသောသူသည်။
ကရိဿတိ၊ အဘယ်သို့ ပြုအံ့နည်း။
တာဒိသံ၊ ထိုသူစကားကဲ့သို့ သဘောရှိသော။
ဝစနံ၊ စကားကို။
ဘဏံ-ဘဏန္တော၊ ဆိုသူသည်။
သောဝ၊ ထိုသူကဲ့သို့။
ဥမ္မတ္တကော၊ ရူးသည်။
ဘဝေယျ၊ ဖြစ်ရာ၏။

အဓိပ္ပါယ်
အရူးမဟုတ်သော သူကောင်းသည် ဒေါသ ရူးသောသူ၏ စကားဖြင့် အဘယ်သို့ ပြုအံ့နည်း၊ ဒေါသရူးလိုစကားမျိုးကို ပြောဆိုသောသူသည် ထိုဒေါသရူး သူကဲ့သို့ ရူးသည် ဖြစ်ရာ၏

၅၆ - ကောဓနော အက္ခမော အည
ဒုဋ္ဌသညီ ဘယာလုကော
ဂါမမဇ္ဈေ အဠက္ကောဝ
တထာ မာဟောဟိ တံ ဇဟ

အနက်
ဂါမမဇ္ဈေ၊ ရွာလယ်၌။
အညဒုဋ္ဌသညီ၊ တပါးသောခွေးတို့ကို ခွေးမကောင်းဟု ထင်မှတ်သော။
အဠက္ကော၊ ခွေးရူးသည်။
ဘယာလုကောဝ၊ ဘေးရန်များသကဲ့သို့။
ကောဓနော၊ အမျက်ကြီးသော။
အက္ခမော၊ မခံချင်တတ်သော။
အညဒုဋ္ဌသညီ၊ သူတပါးကို မကောင်းထင်သောသူသည်။
ဘယာလုကေ၊ ဘေးရန်များသည်။
ဟောတိ၊ ဖြစ်၏။
တထာ၊ ထိုအခြင်းအရာဖြင့်။
မာဟောဟိ၊ မဖြစ်စေလင့်။
တံကောဓနံ၊ ထိုအမျက်ကြီးခြင်းကို။
ဇဟ၊ စွန့်လော့။

အဓိပ္ပါယ်
ရွာလယ်၌ တပါးသော ခွေးတို့ကို “ခွေးကောင်းမဟုတ်”ဟု မှတ်ထင်သော ခွေးရူးသည် ဘေးရန် များသကဲ့သို့ ဒေါသကြီးလျက် သူတပါးကို မကောင်းထင်ကာ မခံချင်တတ်သောသူသည် ဘေးရန်များ၏၊ ထိုသဘောမျိုး မဖြစ်စေလင့်၊ အမျက် ဒေါသ ကြီးခြင်းကို ပယ်စွန့်ချေလော့

၅၇ - မေတ္တာလုကော ခမာသီလော
သဗ္ဗဋ္ဌာနေသုနိဗ္ဘယော
ပရတ္ထ သတ္ထ မိစ္ဆန္တော
ခန္တိံ မေတ္တဉ္စ ဘာဝယေ

အနက်
မေတ္တာလုကော၊ မေတ္တာများသော။
ခမာသီလော၊ သည်းခံလေ့ ရှိသောသူသည်။
သဗ္ဗဋ္ဌာနေသု၊ ခပ်သိမ်းသော အရပ်တို့၌။
နိဗ္ဘယော၊ ဘေးမရှိ။
ပရတ္ထသတ္ထံ၊ သူတပါးအကျိုး, မိမိအကျိုးကို။
ဣစ္ဆန္တော၊ အလိုရှိသောသူသည်။
ခန္တိဉ္စ၊ သည်းခံခြင်းကို၎င်း။
မေတ္တဉ္စ၊ မေတ္တာကို၎င်း။
ဘာဝယေ၊ ပွားရာ၏။

အဓိပ္ပါယ်
မေတ္တာများ၍ သည်းခံလေ့ ရှိသောသူသည် ခပ်သိမ်းသော အရပ်တို့၌ ဘေးကင်း၏၊ မိမိသူတပါး အကျိုးများကို လိုလားသောသူသည် သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာကို အခါခါ ပွားများရာ၏

၅၈ - ပရက္ကောသာနိ နိန္ဒာနိ
တံ ဝ ပစ္စေန္တိ နာညဂူ
ခိတ္တပံသုဝ ဝါတုဒ္ဓံ
ဂရုကံ ကိံ ခမာယတေ

အနက်
ဝါတုဒ္ဓံ၊ လေညာလေတင်သို့။
ခိတ္တပံသူ၊ ပစ်လွှင့်အပ်သော မြေမှုန့်တို့သည်။
တံဝ၊ ထိုပစ်လွှင့်သော သူသို့သာလျှင်။
ပစ္စေန္တိ ဣဝ၊ တဖန်ပြန်ရောက်ကုန်သကဲ့သို့။
ပရက္ကောသာနိ၊ သူတပါးကို ဆဲရေးခြင်းတို့သည်၎င်း။
နိန္ဒာနိ၊ ကဲ့ရဲ့ခြင်းတို့သည်၎င်း။
တံဝ၊ ထိုဆဲရေး ကဲ့ရဲ့သောသူသို့သာလျှင်။
ပစ္စေန္တိ -ပတိဧန္တိ၊ တဖန်ပြန်ရောက်ကုန်၏။
နာညဂူ၊ သူတပါးသို့ မရောက်ကုန်။
ကိံ ဂရုကံ၊ အဘယ်မျှလောက် ဝန်လေးသည်ကို။
ခမာယတေ၊ သည်းခံရသနည်း။
ဝါ တေ၊ သင့်အား။
ခမာယ၊ သည်းခံရသဖြင့်။
ကိံ ဂရုကံ၊ အဘယ်သို့ ဝန်လေးသနည်း။

အဓိပ္ပါယ်
လေညာလေတင်သို့ ပစ်လွှင့်အပ်သော မြူမှုန့်တို့သည် ပစ်လွှင့်သောသူ အထံသို့သာ တဖန်ပြန်ရောက် လာကုန်သကဲ့သို့ သူတပါးကို ဆဲရေးကဲ့ရဲ့ခြင်း တို့သည်လည်း ဆဲရေးကဲ့ရဲ့သောသူ၏ အထံသို့သာ တဖန်ပြန်ရောက်လာကုန်၏၊ သူတပါး အထံသို့ မရောက်ကုန်၊ သည်းခံရခြင်းဖြင့် သင့်အား အဘယ်သို့ ဝန်လေးဘိ သနည်း

၅၉ - အက္ကောသန္တောစ နိန္ဒီစ
ပီဠိတော သက ကမ္မုနာ
ဣဓ ပေစ္စစ နီစေယျော
တံနယံ ဂဏှိ အက္ခမော

အနက်

အက္ကောသန္တောစ၊ ဆဲရေးသောသူသည်၎င်း။
နိန္ဒီစ၊ ကဲ့ရဲ့သောသူသည်၎င်း။
သက ကမ္မုနာ၊ မိမိမကောင်းမှုကံသည်။
ပီဠိတော၊ နှိပ်စက်အပ်သည်ဖြစ်၍။
ဣဓ၊ ဤဘဝ၌၎င်း။
ပေစ္စစ၊ တမလွန်ဘဝ၌၎င်း။
နီစေယျော၊ ယုတ်နိမ့်၏။
အက္ခေမော၊ မခံချင်တတ်သောသူသည်။
တံနယံ၊ ထိုသူ၏နည်းကို။
ဂဏှိ၊ ယူ၏။

အဓိပ္ပါယ်

ဆဲရေးသောသူ, ကဲ့ရဲ့သော သူတို့သည် “ဘယ်သူမပြု မိမိမှု” ဆိုသည့်အတိုင်း မိမိ မကောင်းမှုကံ နှိပ်စက်အပ်သည်ဖြစ်၍ ဤပစ္စုပ္ပန်ဘဝ၌၎င်း, နောင်တမလွန် ဘဝ ၌၎င်း အရာရာယုတ်ညံ့၍ အောက်တန်းကျ၏၊ မခံချင်တတ်သော သူသည်လည်း ထိုသူ၏ နည်းကိုယူ၏။

၆၀ - အက္ကောသော မံ နအာဂစ္ဆိ
တဿေဝါ နတ္ထကာရကော
ဣတိ ဉတွာဝ သပ္ပညော
အက္ကောသံ န ဂရုံ ကရေ

အနက်

အက္ကောသော၊ ဆဲရေးခြင်းသည်။
မံ၊ ငါသို့။
နအာဂစ္ဆိ၊ မလာမရောက်။
တဿေဝ၊ ထိုဆဲရေးသော သူအားသာလျှင်။
အနတ္ထကာရကော၊ အကျိုးမဲ့ကိုပြုတတ်၏။
ဣတိ၊ ဤသို့။
ဉတွာဝ၊ သိ၍သာလျှင်။
သပ္ပညော၊ ပညာရှိသည်။
အက္ကောသံ၊ သူတပါးတို့ ဆဲရေးခြင်းကို။
နဂရုံကရေ၊ အလေးမပြုရာ၊

အဓိပ္ပါယ်

ဆဲရေးခြင်းသည် ငါ့ထံသို့ မရောက်လာပေ။ ဆဲရေးသူအားသာ အကျိုးမဲ့အောင် ပြုတတ်ချေ၏ဟု သိ၍သာလျှင် အမြော်အမြင် ပညာရှိသောသူသည် သူတပါးတို့ ဆဲရေးခြင်းကို အလေးမပြု ဂရုမစိုက်ရာ

၆၁ - ဝိကာရာပတ္တိ မိစ္ဆန္တော
ဝေရီ ဗဟု မုပက္ကမိ
မာမိတ္တဝသ မနွေဟိ
နိဗွိကာရော တုဝံဘဝ

အနက်

ဝေရီ၊ ရန်သူသည်။
ဝိကာရာပတ္တိံ၊ ဖောက်ပြန်ခြင်းသို့ ရောက်သည်ကို။
ဣစ္ဆန္တော၊ အလိုရှိ၍။
ဗဟုံ၊ များစွာ။
ဥပက္ကမိ၊ လုံ့လပြု၏။
အမိတ္တဝသံ၊ ရန်သူအလိုသို့။
မာအနွေဟိ၊ အစဉ်မလိုက်လင့်။
တုဝံ၊ အရှင်သည်။
နိဗွိကာရော၊ ဖောက်ပြန်ခြင်းမရှိသည်။
ဘဝ၊ ဖြစ်လော့။

အဓိပ္ပါယ်

ရန်သူသည် သင်ဖောက်ပြန်ခြင်းသို့ ရောက်သည်ကို အလိုရှိ၍ နည်းအမျိုးမျိုးဖြင့် များစွာ အားထုတ်နေသဖြင့် ရန်သူ့အလို အကြိုက်ကျအောင် အစဉ်မလိုက်ပါနှင့်၊ အရှင်သည် မဖောက်မပြန် ငြိမ်သက် တည်ကြည်စွာ နေထိုင်ပါလော့။

၆၂ - မေတ္တမ္ဗုနာ သဒေါသောစ
ပရဒေါသောစ သမ္မတိ
မေတ္တာသေကေန သဗ္ဗေသု
သဗ္ဗတောဂ္ဂိံ နိဝရယေ

အနက်

မေတ္တမ္ဗုနာ၊ မေတ္တာရေဖြင့်။
သဒေါသောစ၊ မိမိအမျက်သည်၎င်း။
ပရဒေါသောစ၊ သူတပါးအမျက်သည်၎င်း။
သမ္မတိ၊ ငြိမ်း၏။
သဗ္ဗေသု၊ ခပ်သိမ်းသောသူတို့၌။
မေတ္တသေကေန၊ မေတ္တာရေ ဖျန်းလောင်းသဖြင့်။
သဗ္ဗတော၊ ခပ်သိမ်းသောအရပ်မှ။
အဂ္ဂိံ၊ ဒေါသမီးကို။
နိဝါရယေ၊ တားမြစ်ရာ၏။

အဓိပ္ပါယ်

မေတ္တာရေဖြင့် မိမိသူတပါး အမျက်များကို ငြိမ်းသတ်နိုင်၏။ မည်သူမဆို မေတ္တာ ရေချမ်းနှင့် သွန်းဖျန်းသဖြင့် ခပ်သိမ်းသော ဒေါသမီးကို တားဆီးပိတ်ပင်ရာ၏။

၆၃ - သဒေါသ ပရဒေါသဂ္ဂိံ
သဗ္ဗတော ဒိသတော ဋ္ဌိတံ
မေတ္တာ တောယေန ဝါရေယျ
သိယာ နိဗ္ဗုတိ သဗ္ဗဓိ

အနက်

သဗ္ဗတော ဒိသတော၊ ခပ်သိမ်းသော အရပ်မှ။
ဥဋ္ဌိတံ၊ ထသော။
သဒေါသပရဒေါသဂ္ဂိံ၊ မိမိဒေါသမီး, သူတပါး ဒေါသမီးကို။
မေတ္တာတောယေန၊ မေတ္တာရေဖြင့်။
ဝါရေယျ၊ တားမြစ်ရာ၏။
သဗ္ဗဓိ၊ ခပ်သိမ်းသောအရပ်၌။
နိဗ္ဗုတိ၊ မီးငြိမ်းသည်။
သိယာ၊ ဖြစ်ရာ၏။

အဓိပ္ပါယ်

ခပ်သိမ်းသော အရပ်မှ ထတောက်လာသည့် မိမိသူတပါး ဒေါသမီးများကို မေတ္တာရေဧဖြင့် လေးဆေးစွာ တားမြစ်ရာ၏။ ဘယ်အရပ်မှာမဆို ဒေါသမီးကို အမြဲငြိမ်းစေသင့်၏။

၆၄ - နဂမေ အတ္တနော အဂ္ဂိံ
ပရဂ္ဂိံ ဝါပိ နာဂမေ
မေတ္တမ္မုနာဝ နိဗ္ဗာတု
သပရဂ္ဂိ ဒွယံ ဘုသံ

အနက်

အတ္တနော အဂ္ဂိံ၊ မိမိဒေါသမီးကို။
နဂမေ၊ သူတပါးထံ မသွားစေရာ။
ပရဂ္ဂိံ ဝါပိ၊ သူတပါး ဒေါသမီးကိုလည်း။
နာဂမေ၊ မိမိအထံသို့ မလာစေရာ။
ဘုသံ၊ ပြင်းပြစွာသော။
သပရဂ္ဂိ ဒွယံ၊ မိမိဒေါသမီး, သူတပါးဒေါသမီး နှစ်ခုကို။
မေတ္တမ္မုနာဝ၊ မေတ္တာရေဖြင့်သာလျှင်။
နိဗ္ဗာတု၊ ငြိမ်းအောင်ပြုလော့။

အဓိပ္ပါယ်

မိမိဒေါသမီးကို သူတပါးထံ မသွားစေရ၊ သူတပါး ဒေါသမီးကို မိမိထံ မလာစေရ၊ အလွန် အရှိန်ပြင်းထန်သည့် မိမိသူတပါး မီးပွားနှစ်ခုကို မေတ္တာရေဖြင့်သာလျှင် ငြိမ်းအောင် ပြုပါလော့

၆၅ - ဂုဏီ ဂုဏီ နနိန္ဒာယ
ပသံသာယ ဂုဏီ ဂုဏီ
နိန္နံနိန္ဒံ နကုပ္ပေယျ
နသာဒိယေ ထုတိံ ထုတိံ

အနက်

ဂုဏီ၊ ဂုဏ်ရှိသောသူသည်။
နိန္ဒာယ၊ ကဲ့ရဲ့ခြင်းကြောင့်။
အဂုဏီ၊ ဂုဏ်မရှိသည်။
နဟောတိ၊ မဖြစ်။
တသ္မာ၊ ထို့ကြောင့်။
အနိန္နံ၊ မကဲ့ရဲ့ထိုက်ဘဲ။
နိန္နံ၊ ကဲ့ရဲ့သောသူကို။
ဝါ၊ နိန္နံ နိန္ဒံ၊ ကဲ့ရဲ့ခြင်းဟူသမျှကို။
နကုပ္ပေယျ၊ အမျက်မထွက်ရာ။
အဂုဏီ၊ ဂုဏ်မရှိသောသူသည်။
ပသံသာယ၊ ချီးမွမ်းခြင်းကြောင့်။
ဂုဏီ၊ ဂုဏ်ရှိသည်။
နဟောတိ၊ မဖြစ်။
တသ္မာ၊ ထို့ကြောင့်။
အ ထုတိံ၊ မချီးမွမ်းထိုက်ဘဲ။
ထုတိံ၊ ချီးမွမ်းခြင်းကို။
ဝါ၊ ထုတိံ ထုတိံ၊ မွမ်းခြင်းဟူသမျှကို။
နသာဒိယေ၊ မသာယာရာ။

အဓိပ္ပါယ်

ဂုဏ်ရှိပြီးသောသူသည် သူတပါးကဲ့ရဲ့သည့် အတွက် ဂုဏ်မပျက်နိုင်သောကြောင့် မကဲ့ရဲ့ထိုက်ဘဲ ကဲ့ရဲ့သော သူကို အမျက်မထွက်သင့်ပေ၊ မူလက ဂုဏ်မရှိသော သူသည် သူတပါး ချီးမွမ်းသည့်အတွက် ဂုဏ်မတက်နိုင်သောကြောင့် မချီးမွမ်း ထိုက်ဘဲ ချီးမွမ်းသည်ကိုလည်း မသာယာသင့်ချေ။

၆၆ - ဂုဏံ နိန္ဒာယ နာသေတုံ
နသက္ကာ ကောစိ တုဿကော
ဝဍ္ဎေတုံဝါ ပသံသာယ
ဂရုံကရေ န တံဒွယံ

အနက်

ကောစိ၊ တစုံတယောက်သော။
အတုဿကော၊ မနှစ်သက်သောသူသည်။
ဂုဏံ၊ ဂုဏ်ကို။
နိန္ဒာယ၊ ကဲ့ရဲ့ခြင်းဖြင့်။
နာသေတုံ၊ ဖျက်ဆီးခြင်းငှါ။
နသက္ကာ၊ မတတ်ကောင်း။
တုဿကော၊ နှစ်သက်သောသူသည်။
ပသံသာယ၊ ချီးမွမ်းခြင်းဖြင့်။
ဝဍ္ဎေတုံဝါ၊ တိုးပွားစေခြင်းငှါလည်း။
နသက္ကာ၊ မတတ်ကောင်း။
တသ္မာ၊ ထို့ကြောင့်။
တံဒွယံ၊ ထိုချီးမွမ်းခြင်း, ကဲ့ရဲ့ခြင်းနှစ်ခုကို။
နဂရုံကရေ၊ အလေးမမူရာ။

အဓိပ္ပါယ်

မိမိကို မလိုမုန်းထားသူတယောက်သည် မိမိဂုဏ်ကို ကဲ့ရဲ့ရှုံ့ချခြင်းဖြင့် မဖျက်ဆီးနိုင်ပေ၊ မိမိကို လိုလားနှစ်သက်သူသည်လည်း မိမိဂုဏ်ကို ချီးမွမ်း မြှောက်စားခြင်းဖြင့် တိုးတက်ကြီးပွားအောင် မပြုနိုင်ချေ၊ ထို့ကြောင့် သူတပါးတို့ ချီးမွမ်းခြင်း, ကဲ့ရဲ့ခြင်းနှစ်ခုကို အလေးမပြု ဂရုမစိုက်ရာ

၆၇ - ဒေါသဗ္ဘာ မလ သဉ္ဆန္နော
မေတ္တာစန္ဒော န ရောစတိ
တံမုတ္တဿ တု ဧတဿ
အတိဿယ ပဘာဝတော

၆၈ - သု သုတ္တ ဗုဒ္ဓ သုပိနာ
ဒွေပိယာ ဂုတ္တိ နာက္ကမော
သမာဓိ သုမုခါ မုဠှာ
ဗြဟ္မာ တျေကာ ဒသ ဂ္ဂုဏာ

အနက်

ဒေါသဗ္ဘာမလသဉ္ဆန္နော၊ ဒေါသဟူသော တိမ်တိုက် အညစ်အကြေး ဖုံးလွှမ်း သောကြောင့်။
မေတ္တာစန္ဒော၊ မေတ္တာဟူသော လမင်းသည်။
နရောစတိ၊ မတင့်တယ် မတောက်ပ။
တံမုတ္တဿ၊ ထိုဒေါသဟူသော တိမ်တိုက်အညစ်အကြေးမှ လွတ်ထွက်သည်ဖြစ်၍။
အတိဿယ ပဘာဝတော၊ လွန်ကဲသော အရောင်အဝါရှိသော။
ဧတဿသု၊ ထိုမေတ္တာဟူသော လမင်း၏ကား။

သု သုတ္တ ဗုဒ္ဓ သုပိနာ၊ ကောင်းစွာ အိပ်ရခြင်း, ကောင်းစွာနိုး ကြားရခြင်း, ကောင်းသော အိပ်မက်ကို မက်ရခြင်းတို့၎င်း။
ဒွေပိယာ၊ လူချစ်ခြင်း, နတ်ချစ်ခြင်း နှစ်ပါးတို့၎င်း။
ဂုတ္တိ၊ နတ်တို့စောင့်ရှောက်ခြင်း၎င်း။
နာက္ကမော၊ အဆိပ်မတက် လက်နက်ကွင်းရှောင် မီးမလောင်ခြင်း၎င်း။
သမာဓိ၊ ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာမိကို ရခြင်း၎င်း။
သုမုခါ မုဠှာ၊ နှစ်သက်ရွှင်ပျ မျက်နှာလှခြင်း မတွေမဝေ သေရခြင်းတို့၎င်း။
ဗြဟ္မာ၊ ဗြဟ္မာပြည်သို့ လားရခြင်း၎င်း။
ဣတိ၊ ဤသို့။
ဧကာဒသဂ္ဂုဏာ၊ တဆဲ့တပါးသောကျေးဇူးဂုဏ်တို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

အဓိပ္ပါယ်

ဒေါသ-ဟူသော တိမ်တိုက် အညစ်အကြေး ဖုံးလွှမ်းသောကြောင့် မေတ္တာ-ဟူသော လမင်းသည် မတင့်တယ် မတောက်ပနိုင်ချေ၊ ဒေါသ-ဟူသော တိမ်တိုက်အညစ် အကြေးမှ လွတ်မြောက်လာသဖြင့် လွန်ကဲတောက်ပသော အရောင်အဝါရှိသော မေတ္တာ လမင်းမှာမူကား-

၁။ ကောင်းစွာ အိပ်ရခြင်း,
၂။ ကောင်းစွာနိုးရခြင်း,
၃။ ကောင်းသော အိပ်မက်ကို မက်ရခြင်း,
၄။ လူတို့ချစ်ခင်ခြင်း,
၅။ နတ်တို့ချစ်ခင်ခြင်း,
၆။ နတ်တို့စောင့်ရှောက်ခြင်း
၇။ အဆိပ်မတက်, လက်နက်ကွင်းရှောင်, မီးမလောင်ခြင်း,
၈။ ဥပစာရ, အပ္ပနာ နှစ်ဖြာသော သမာဓိကို ရလွယ်ခြင်း,
၉။ နှစ်သက်ရွှင်ပျ မျက်နှာလှခြင်း,
၁၀။ မတွေမဝေ သေရခြင်း,
၁၁။ ဗြဟ္မာ့ပြည်သို့ လားရခြင်း,

တဆဲ့တပါးသော ကျေးဇူးဂုဏ်တို့ ဖြစ်ကုန်၏။

၆၉ - သီတံ ကရောတု မေတ္တာယ
စက္ခုံ လာဘေတု ပညာယ
မာကာသိနိပ္ပဘေ စညေ
စန္ဒော ဟောဟိ ဂတေဂတေ

အနက်

မေတ္တာယ၊ မေတ္တာဖြင့်။
သီတံ ကရောတု၊ ဧအောင်ပြုလော့။
ပညာယ၊ ဓမ္မဒေသနာပညာဖြင့်။
စက္ခုံလာဘေတု၊ နီးဝေးမြင်သိ ဉာဏ်မျက်စိကို ရစေလော့။
အညေစ၊ နက္ခတ်တမျှ ဂုဏ်တောက်ပသော သူတပါးတို့ကိုလည်း။
နိပ္ပဘေ၊ ဂုဏ်ရောင်ကင်းညှိုး တန်ခိုးတိမ်မြုပ် သည်တို့ကို။
မာကာသိ၊ မပြုလင့်။
ဂတေဂတေ၊ ရောက်ရာရောက်ရာ၌။
စန္ဒော၊ လမင်းသဖွယ်သည်။
ဟောဟိ၊ ဖြစ်လော့။

အဓိပ္ပါယ်

မေတ္တာဖြင့် အရာရာမှာ ဧအောင် ပြုပါလော့၊ ဓမ္မဒေသနာ ပညာဖြင့် နီးဝေးမြင်သိ ဉာဏ်မျက်စိကို ရအောင်ပြုပါလော့၊ နက္ခတ်တမျှ ဂုဏ်တောက်ပသော သူတပါးတို့ ကိုလည်း ဂုဏ်ရောင်ကင်းညှိုး တန်ခိုးတိမ်မြုပ်အောင် မပြုပါလင့်၊ ရောက်ရာ ရောက်ရာဝယ် လမင်းသဖွယ် ဧမြစမ္ပယ်ပါလော့

၇၀ - ဒူရာသန္နေသု သဗ္ဗေသု
မေတ္တံ ပေသေတု ပါဘတံ
ဓမ္မံ ဒေသေတု ပတ္တာနံ
စန္ဒော ဟောဟိ ဂတေဂတေ

အနက်

ဒူရာသန္နေသု၊ အဝေးအနီး ဖြစ်ကုန်သော။
သဗ္ဗေသု၊ ခပ်သိမ်းသော သူတို့၌။
မေတ္တံပါဘတံ၊ မေတ္တာဟူသော လက်ဆောင်ကို။
ပေသေတု၊ ပို့သလော့။
ပတ္တာနံ၊ ရောက်လာသော ရှင်, လူတို့အား။
ဓမ္မံ၊ တရားကို။
ဒေသေတု၊ ဟောကြားလော့။
ဂတေဂတေ၊ ရောက်ရာရောက်ရာ အရပ်၌။
စန္ဒော၊ လမင်းသဖွယ်သည်။
ဟောဟိ၊ ဖြစ်လေ၏။

အဓိပ္ပါယ်

အဝေးအနီး အသီးသီးသော သတ္တဝါ ဟူသမျှတို့၌ မေတ္တာလက်ဆောင်ကို ရောက်အောင် ပေးပို့ပါလော့၊ ရောက်လာသော ရှင်လူတို့အားလည်း တရားဓမ္မ ဟောပြပါလော့၊ ရောက်ရာရောက်ရာဝယ် လမင်းသဖွယ် ဧမြစမ္ပယ်ပါလော့

၇၁ - သမ္ပတ္တာနံ မလံ ဓောဝ
သီတံကရေ သဒါဒယော
ဥစ္စနီစေ နဝိသေသေ
ဇလဿမော ဂတေဂတေ

အနက်

သမ္ပတ္တာနံ၊ ကပ်ရောက်လာသူ ဦးဖြူ ဦးနက်ဖြစ်သော သူတို့အား။
မလံ၊ ရာဂ, ဒေါသစသော အညစ်အကြေးကို။
ဓောဝ၊ ဆုံးမပဲ့ပြင် သုတ်သင် ဆေးလျှာ်လော့။
သဒါဒယော၊ အခါခပ်သိမ်း ဧငြိမ်းသော မေတ္တာရှိသည်ဖြစ်၍။
သီတံကရေ၊ ဧအောင်ပြုလော့။
ဥစ္စနီစေ၊ မြင့်သောသူ, နိမ့်သောသူ၌။
နဝိသေသေ၊ အထူးအခြား မပြုရာ။
ဂတေဂတေ၊ ရောက်ရာ ရောက်ရာ အရပ်၌။
ဇလဿမော၊ ရေနှင့်တူသည်။
ဟောဟိ၊ ဖြစ်လော့။

အဓိပ္ပါယ်

မိမိထံသို့ ရောက်လာသော သူတို့အား ရာဂ, ဒေါသ-စသော အညစ်အကြေးကို ဆုံးမပဲ့ပြင် သုတ်သင် ဆေးလျှော်ပါလော့၊ အခါခပ်သိမ်း ဧငြိမ်းသော မေတ္တာစိတ် ရှိ၍ ဧအောင်လည်း ပြုဘိလော့၊ မြင့်သောသူ, နိမ့်သောသူ အထူးအခြား မပြုရာ၊ ရောက်ရာ ရောက်ရာဝယ် ရေနှင့်တူစွာ ဧမြပါလော့

၇၂ - အသဿတေသု ဖုဋ္ဌေသု
လောကဓမ္မေသု အဋ္ဌသု
ပတိဋ္ဌော နိဗ္ဗိကာရော တွံ
ပထဝီသဒိသော ဘဝ

အနက်

ဖုဋ္ဌေသု၊ ရောက်ကုန်သော။
အသဿတေသု၊ မမြဲကုန်သော။
အဋ္ဌသု လောကဓမ္မေသု၊ လာဘ, အလာဘ စသည်ရှစ်တန် လောကဓံတရားတို့၌။
ပတိဋ္ဌော၊ တည်သော။
တွံ၊ သင်သည်။
နိဗ္ဗိကာရော၊ ဖောက်ပြီးဖောက်ပြန် သွေလှန်ထူးထွေ မရှိဘဲ။
ပတိဋ္ဌော၊ ခပ်သိမ်းသော သူတို့ကိုးကွယ် မှီခိုရာဖြစ်၍။
ပထဝီသဒိသော၊ မြေကြီးနှင့်တူသော သဘောရှိသည်။
ဘဝ၊ ဖြစ်လော့။

အဓိပ္ပါယ်

တွေ့ကြုံရသည့် အမြဲမရှိသော လောကဓံတရား ရှစ်ပါးတို့၌ တည်နေရသော သင်သည် ချွတ်ယွင်းမှောက်လှန် ဖောက်ပြန် ထူးထွေခြင်း မရှိဘဲ လူခပ်သိမ်းတို့၏ အမြဲကိုးကွယ်မှီခိုရာ မြေကြီးနှင့်တူစွာ ဖြစ်ပါလော့

၇၃ - နာကာသိ ကလဟံ သိလာ
သဒါ ကေနစိ နိစ္စလာ
မေတ္တာယန္တော ခမာယန္တော
မဟာသိလံ ဂုရုံကရေ

အနက်

သဒါ၊ အခါခပ်သိမ်း။
နိစ္စလာ၊ မတုန်မလှုပ်သော။
သိလာ၊ ကျောက်ဖျာသည်။
ကေနစိ၊ တစုံတယောက်နှင့်။
ကလဟံ၊ ခိုက်ရန်ငြင်းခုံခြင်းကို။
နာကာသိ၊ မပြု။
မေတ္တာယန္တော၊ မေတ္တာပြုလျက်။
ခမာယန္တော၊ သည်းခံသောသူသည်။
မဟာသိလံ၊ ကျောက်ဖျာကြီးကို။
ဂုရုံကရေ၊ ဆရာပြုရာ၏။

အဓိပ္ပါယ်

အခါခပ်သိမ်း တုန်လှုပ်ခြင်းမရှိသော ကျောက်ဖျာသည် မည်သူနှင့်မျှ ခိုက်ရန် ငြင်းခုံခြင်းကို မပြုတတ်မေတ္တာထားလျက် သည်းခံခြင်း တရားရှိသော သူသည် ကျောက်ဖျာကြီးကို ဆရာပြုရာ၏

၇၄ - သိလာဝ သီလဝါ ဟောတု
ဒုရုတ္တာနိ တိတိက္ခတု
ပစ္စုတ္တေ ဒေါသသံဝဍ္ဎော
အနုတ္တောဝ ပသမ္ဘတိ

အနက်

သီလဝါ၊ သီလရှိသော ရဟန်းသည်။
သိလာဝ၊ ကျောက်ဖျာ ကျောက်ခဲကဲ့သို့။
ဟောတု၊ ဖြစ်လော့။
ဒုရုတ္တာနိ၊ မကောင်းသော ဆိုဆဲခြင်းတို့ကို။
တိတိက္ခတု၊ သည်းခံလော့။
ပစ္စုတ္တေ၊ တဖန်ဆိုသည်ရှိသော်။
ဒေါသသံဝဍ္ဎော၊ ဒေါသအမျက် ကြီးပွားခြင်းသည်။
ဟောတိ၊ ဖြစ်၏။
အနုတ္တောဝ၊ မဆိုဘဲ နေမှသာလျှင်။
ပသမ္ဘတိ၊ ငြိမ်း၏။

အဓိပ္ပါယ်

သီလရှိသော ရဟန်းသည် ကျောက်ဖျာ ကျောက်ခဲ ပမာ မကောင်းသော ဆဲဆိုခြင်း တို့ကို သည်းခံပါလော့၊ တဖန်ပြန်၍ ပြောဆိုသည်ရှိသော် အမျက်ဒေါသ ကြီးပွား တတ်၏၊ ပြန်၍မပြောဆိုမှ ဒေါသငြိမ်း၏

၇၅ - သဗ္ဗေ အဟံဝ ဣစ္ဆန္တိ
သတ္တာ သုခန္တိ ဉာတုန
ဘာဝေယျ ကမတော မေတ္တံ
ပိယ မဇ္ဈတ္တ ဝေရိကေ

အနက်

အဟံ၊ ငါသည်။
သုခံ၊ ချမ်းသာကို။
ဣစ္ဆာမိ ဣဝ၊ အလိုရှိသကဲ့သို့။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်။
သုခံ၊ ချမ်းသာကို။
ဣစ္ဆန္တိ၊ အလိုရှိကုန်၏။
ဣတိ၊ ဤသို့။
ဉာတုန၊ သိ၍။
ပိယမဇ္ဈတ္တဝေရိကေ၊ ချစ်အပ်သောသူ, လျစ်လျူ ရန်သူ၌။
ကမတော၊ အစဉ်သင့်အားဖြင့်။
မေတ္တံ၊ မေတ္တာကို။
ဘာဝေယျ၊ ပွားရာ၏။

အဓိပ္ပါယ်

ငါချမ်းသာလိုသကဲ့သို့ ခပ်သိမ်းသော သတ္တဝါတို့သည်လည်း ချမ်းသာလိုကြကုန်၏ ဟု ဉာဏ်ဖြင့် သိမြင်၍ -

၁။ ချစ်ခင်အပ်သောသူ,
၂။ မချစ် မမုန်း အလယ်အလတ်၌ တည်သောသူ
၃။ မချစ်ခင်အပ်သောရန်သူတို့၌ အစဉ်အတိုင်း မေတ္တာပွားရာ၏

၇၆ - သဗ္ဗေ တသန္တိ ဒဏ္ဍဿ
သဗ္ဗေ ဘာယန္တိ မစ္စုနော
အတ္တာနံ ဥပမံ ကတွာ
နဟနေယျ နဃာတယေ

၇၇ - သုခ ကာမာနိ ဘူတာနိ
ယောဒဏ္ဍေန ဝိဟိံ သတိ
အတ္တနော သုခ မေသာနော
ပေစ္စ သော နလဘေသုခံ

အနက်

သဗ္ဗေ၊ ခပ်သိမ်းသော သတ္တဝါတို့သည်။
ဒဏ္ဍဿ၊ ဒုတ်လှံကန်မှ။
တသန္တိ၊ လန့်ဖြတ်ကုန်၏။
သဗ္ဗေ၊ ခပ်သိမ်းသော သတ္တဝါတို့သည်။
မစ္စုနော၊ သေခြင်းမှ။
ဘာယန္တိ၊ ကြောက်ကုန်၏။
အတ္တာနံ၊ မိမိကိုယ်ကို။
ဥပမံကတွာ၊ ဥပမာပြု၍။
နဟနေယျ၊ မညှဉ်းဆဲရာ။
နဃာတယေ၊ မသတ်မဖြတ်ရာ။

ယော၊ အကြင်သူသည်။
အတ္တနော၊ မိမိ၏။
သုခံ၊ ချမ်းသာကို။
ဧသာနော၊ ရှာအံ့ဟူ၍။
သုခကာမာနိ၊ မိမိကဲ့သို့ ချမ်းသာကို အလိုရှိကုန်သော။
ဘူတာနိ၊သတ္တဝါတို့ကို။
ဒဏ္ဍေန၊ ဒုတ်လှံကန်ဖြင့်။
ဝိဟိံ သတိ၊ ညှဉ်းဆဲပုတ်ခတ် ရိုက်နှက်သတ်၏။
သော၊ ထိုသူသည်။
ပေစ္စ၊ တမလွန်ဘဝ၌။
သုခံ၊ ချမ်းသာကို။
နလဘေ၊ မရရာ။

အဓိပ္ပါယ်

ခပ်သိမ်းသော သတ္တဝါတို့သည် ဒုတ်လှံကန်မှ လန့်ဖြတ်ကုန်၏၊ သေခြင်းမှလည်း ကြောက်ကြကုန်၏၊ မိမိကိုယ်ကို ပမာထားကာ သတ္တဝါတို့ကို မညှဉ်းဆဲ မသတ်ဖြတ်ရာ

မိမိအလို့ငှါ ချမ်းသာကို ရှာမှီးအံ့ဟု မိမိကဲ့သို့ ချမ်းသာလိုသော သတ္တဝါအများကို ဒုတ် ဓား လှံကန်ဖြင့် ညှဉ်းဆဲ သတ်ဖြတ်သောသူသည် တမလွန်ဘဝ၌ ချမ်းသာ သုခကို မရနိုင်ချေ

၇၈ - အဝေရာ ဗျာပဇ္ဇာ နီဃော
သုခီ စဿံ အဟံဝ မေ
ဟိတကာမာ တထာ အဿု
မဇ္ဈတ္တာ ဝေရိနောပိစ

အနက်

အဟံ၊ ငါသည်။
အဝေရောစ၊ ရန်မရှိသည်၎င်း။
အဗျာပဇ္ဇောစ၊ ကြောင့်ကြမရှိသည်၎င်း။
အနီဃောစ၊ ဆင်းရဲမရှိသည်၎င်း။
သုခီစ၊ ချမ်းသာသည်၎င်း။
အဿံ၊ ဖြစ်လို၏။
အဟံဝ၊ ငါကဲ့သို့။
မေ၊ ငါ၏။
ဟိတကာမာ၊ အစီးအပွားကိုလိုသော သူတို့ သည်၎င်း။
မဇ္ဈတ္တာပိစ၊ လျစ်လျူဖြစ်သော သူတို့သည်၎င်း။
ဝေရိနောပိစ၊ ရန်သူတို့သည်၎င်း။
တထာ၊ ထိုငါနှင့်အတူတူ။
အဝေရာစ၊ ရန်မရှိကုန်သည်၎င်း။
အဗျာပဇ္ဇာစ၊ ကြောင့်ကြ မရှိကုန်သည်၎င်း။
အနီဃာစ၊ ဆင်းရဲမရှိကုန်သည်၎င်း။
သုခီစ၊ ချမ်းသာကုန်သည်၎င်း။
အဿု၊ ဖြစ်စေကုန်သတည်း။

အဓိပ္ပါယ်

၁။ ငါသည် ရန်ကင်းလို၏
၂။ ကြောင့်ကြခြင်းကင်းလို၏
၃။ ဆင်းရဲခြင်းကင်းလို၏
၄။ ချမ်းသာလို၏

ငါကဲ့သို့ပင် ငါ၏အကျိုးစီးပွားကို လိုလားသောသူ, လျှစ်လျူ ဖြစ်သူ ရန်သူ တို့သည်လည်း -

၁။ ရန်ကင်းကြပါစေ
၂။ ကြောင့်ကြခြင်း ကင်းကြပါစေ
၃။ ဆင်းရဲခြင်း ကင်းကြပါစေ
၄။ ချမ်းသာကြပါစေ

၇၉ - မာတရော ဘာတရော ဉာတီ
ဒါယကော ပါသကာပိစ
သုခီဟောန္တူတိ ဘာဝေယျ
စဇေ တေသုစ လဂ္ဂနံ

အနက်

မာတရော၊ မိဘတို့သည်၎င်း။
ဘာတရော၊ ညီ သား အစ်ကို နှစ်မ သားချင်းတို့သည်၎င်း။
ဉာတီ၊ ဆွေမျိုး ပေါက်ဖော်တို့သည်၎င်း။
ဒါယကော ပါသကာပိစ၊ ဒါယကာ, ဒါယကီ, ဥပါသကာ ဥပါသကီတို့သည်၎င်း။
သုခီဟောန္တု၊ ချမ်းသာသည်ဖြစ်စေကုန်။
ဣတိ၊ ဤသို့။
ဘာဝေယျ၊ မေတ္တာပွားရာ၏။
တေသုစ၊ ထိုမိဘသားချင်း ဆွေရင်းမျိုးချာ တကာဥပါတို့၌လည်း။
လဂ္ဂနံ၊ မေတ္တာရောင်ပြေး တဏှာစေးဖြင့် ငြိမြှေးတွယ်ကပ်ခြင်းကို။
စဇေ၊ စွန့်ရာ၏။

အဓိပ္ပါယ်

ညီ အစ်ကို မောင်, နှမ မိဘ သားချင်း ဆွေမျိုးရင်းချာ, ဒါယကာ, ဒါယိကာမ ဥပါသကာ, ဥပါသကီတို့သည် ချမ်းသာကြပါစေ ကုန်သတည်းဟု မေတ္တာပွားရာ၏၊ ထိုသူတို့အပေါ်၌ မေတ္တာရောင်ပြေး တဏှာစေးဖြင့် ငြိမြှေး တွယ်ကပ်ခြင်းကို မပြုရာ၏

၈ဝ - ဒေါသော မေတ္တာယ ဒူရာရိ
တဏှာ အာသန္န ဝေရိကာ
တဏှံ ပိယေသု ဝါရေယျ
ဒေါသံ ဝေရီသု မေတ္တိကော

အနက်

ဒေါသော၊ ဒေါသသည်။
မေတ္တာယ၊ မေတ္တာ၏။
ဒူရာရိ၊ ဝေးသောရန်သူမည်၏။
တဏှာ၊ တဏှာသည်။
အာသန္န ဝေရိကာ၊ နီးသောရန်သူမည်၏။
တသ္မာ၊ ထို့ကြောင့်။
မေတ္တိကော၊ မေတ္တာပို့သောသူသည်။
ပိယေသု၊ ချစ်သောသူတို့၌။
တဏှံ၊ တဏှာကို။
ဝေရီသု၊ ရန်သူတို့၌။
ဒေါသံ၊ ဒေါသကို။
ဝါရေယျ၊ မြစ်တားရာ၏။

အဓိပ္ပါယ်

ဒေါသသည် မေတ္တာ၏ ဝေးသော ရန်သူတဏှာသည် မေတ္တာ၏ နီးသောရန်သူ ဖြစ်သောကြောင့် မေတ္တာပို့သောသူသည် ချစ်သူတို့အပေါ်၌ တဏှာ, မုန်းသူတို့ အပေါ်၌ ဒေါသကို တားမြစ်ရာ၏

၈၁ - ဧကုဒ္ဒေသေ ကကမ္မာစ
သိဿာ အာစရိယာ သုခီ
ဟောန္တု သဗြဟ္မစာရီစ
တေစ ညောည ဟိတာဝဟာ

အနက်

ဧကုဒ္ဒေသာ၊ တကွနက်ပါတိမောက် ပြခြင်းရှိကုန်သော။
ဧကကမ္မာစ၊ တကွနက် ကံဆောင်ဖက်လည်း ဖြစ်ကုန်သော။
သိဿာ၊ တပည့်ရဟန်းတို့သည်၎င်း။
အာစရိယာ၊ ဆရာဥပဇ္ဈာယ်တို့သည်၎င်း။
သဗြဟ္မစာရီစ၊ သီတင်းသုံးဖော် တို့သည်၎င်း။
သုခီ၊ ချမ်းသာကုန်သည်။
ဟောန္တု၊ ဖြစ်စေကုန်သတည်း။
တေစ၊ ထိုရဟန်းတို့သည်လည်း။
အညောည ဟိတာဝဟာ၊ အချင်းချင်း အကျိုးစီးပွားကို ရွက်ဆောင်ကုန်သည်။
ဟောန္တု၊ ဖြစ်စေကုန်သတည်း။

အဓိပ္ပါယ်

အတူတကွ ပါတိမောက်ပြ၍ အတူတကွ ကံဆောင်ဖက် ဖြစ်ကြကုန်သော တပည့် ရဟန်း, ဆရာဥပဇ္ဈာယ်, သီတင်း သုံးဖော်တို့သည် ချမ်းသာကြပါစေ ကုန်သတည်း၊ ထိုရဟန်းတို့သည်လည်း အချင်းချင်း အကျိုးစီးပွားကို ရွက်ဆောင် နိုင်ကြပါစေ ကုန်သတည်း။

၈၂ - ရာဇာနောစ အမစ္စာစ
ဂါမေ ဣဿရိယာ သုခီ
ဘဝ ဒေဝတာယောစ
တေဟိ သုရက္ခိတော သုခေါ

အနက်

ရာဇာနော၊ မင်း မင်းညီ မင်းသား မင်းမိဖုရား တို့သည်၎င်း။
အမစ္စာစ၊ မှူးမတ် သေနာပတိ အရာရှိတို့သည်၎င်း။
ဂါမေ၊ ရွာ၌။
ဣဿရိယာ၊ သွေးသောက်သူကြီး ခေါင်းအကြီး အစိုးရတို့သည်၎င်း။
ဒေဝတာယောစ၊ ကျောင်းစောင့်နတ် ရွာစောင့်နတ်, တောစောင့်နတ်, သာသနာ စောင့်နတ် အစရှိသည်တို့သည်၎င်း။
သုခီ၊ ချမ်းသာကုန်သည်။
ဘဝန္တု၊ ဖြစ်စေကုန်သတည်း။
တေဟိ၊ ထိုမင်းစိုးတို့သည်။
သုရက္ခိတော၊ ကောင်းစွာ စောင့်ရှောက်အပ်သောကြောင့်။
သုခေါ၊ ချမ်းသာ၏။

အဓိပ္ပါယ်

မင်း, မင်းညီ မင်းသား မင်းမိဖုရား, မှူးမတ်, သေနာပတိ အရာရှိ အရာခံ, သွေးသောက်သူကြီး အစိုးရ သမ္မာဒေဝနတ်ကောင်း နတ်မြတ်တို့သည် ချမ်းသာကြပါ စေကုန်သတည်း၊ ထို မင်းစိုးရာဇာ စသည်တို့သည် ကောင်းစွာ စောင့်ရှောက်အပ် ပေသောကြောင့်သာ ချမ်းသာစွာ နေရပေ၏

၈၃ - မယံ ယေန သုဂုတ္တာဝ
သုခိတာ ရဋ္ဌဝါသိနော
သုခီ ကလ္လတ္ထု သောရာဇာ
တေဇဝန္တော စိရာယုကော

အနက်

ယေနရညာ၊ အကြင်ပြည်ထဲသနင်း ဘုရင်မင်းသည်။
သုဂုတ္တာဝ၊ မုတိမ်းတန္တ ဓားပြလူဆိုး သူခိုးသူဝှက် မပေါ်မထွက် ငြိမ်သက်ခြင်းငှါ ဘုန်းအာဏာဖြင့် ကောင်းစွာ စောင့်ရှောက်ပေသောကြောင့်သာလျှင်။
ရဋ္ဌဝါသိနော၊ သုနာပရန် တမ္ပဒီပ ကြမ်းကြုတ်စွာလှ ဗျာဒိတ်ရတိုင်းပြည်၌ နေကုန်သောရဟန်း, ရှင်, လူ ဦးဖြူ ဦးနက်ဖြစ်ကုန်သော။
မယံ၊ ငါတို့သည်။
သုခိတာ၊ မကြောင့်မကြ ဧဧမြမြ ချမ်းသာကုန်သည်။
ဟောမ၊ ဖြစ်ကုန်၏။
သောရာဇာ၊ ငါတို့တိုင်းနေ လူဗိုလ်ခြေကို အနေမဖောက် ဘေးမရောက်အောင် စောင့်ရှောက်ပေသော ပြည်ထဲသနင်း ထိုဘုရင်မင်းသည်။
သုခီ၊ အလိုဆန္ဒဟူသမျှလျှင် ခဏချက်ချင်း ပြီးစီးလျင်း၍ ကျန်ကြွင်းမရှိ ဣဒ္ဓိမယ သုခကြီးစွာ လွန်ချမ်းသာသည်။
အတ္ထု၊ ဖြစ်စေသတည်း။
ကလ္လော၊ ဗဟိဒ် အဇ္ဈတ် ဥပဒ်မရှိ မထိရောဂါ ကင်းစင်ကွာ၍ ကျန်းမာပကတိ ရှိသည်၎င်း။
တေဇဝန္တော၊ ရှေးပြုသမျှ ပုညရင်းသန် ခုထပ်ပြန်၍ တက်လျှံကဲမိုး တန်ခိုးအာဏာ တေဇာဖြိုးမောက် ဘုန်းတော်တောက်သည်၎င်း။
စိရာယုကော၊ သက်တော်ရာကျော် ရှည်တော်မူသည်၎င်း။
အတ္ထု၊ ဖြစ်စေသတည်း။

အဓိပ္ပါယ်

ဘုရင်မင်းမြတ်သည် ဘုန်းအာဏာဖြင့် ကောင်းစွာ စောင့်ရှောက်ပေသောကြောင့် သာလျှင် တိုင်းသူပြည်သား လူအများတို့သည် ဧမြချမ်းသာစွာ နေကြရကုန်၏၊ ထိုဘေး မရောက်ခင် စောင့်ရှောက်ပေးပေသော ဘုရင်မင်းမြတ်သည် -

၁။ လိုတိုင်းရ၍ သုခကြီးစွာ ချမ်းသာပါစေ သတည်း။
၂။ ရောဂါကင်းကွာ၍ ကျန်းမာပါစေ သတည်း။
၃။ တန်ခိုးအာဏာ တေဇာဖြိုးမောက် ဘုန်းတောက်ပါစေသတည်း
၄၊ သက်တော်ရာကျော် ရှည်ပါစေ သတည်း။

၈၄ - ရဋ္ဌ ပိဏ္ဍေန ဇီဝါမ
ရဋ္ဌဝါသီ သုခန္တုတိ
ဘာဝေယျဝံ အမောဃံဝ
ရဋ္ဌပိဏ္ဍံ သုဘုဉ္ဇတိ

အနက်

ရဋ္ဌ ပိဏ္ဍေန၊ နိုင်ငံသူတို့ပေးလှူအပ်သော ဆွမ်းဖြင့်။
ဇီဝါမ၊ ငါတို့အသက်ရှင်ရကုန်၏။
ရဋ္ဌဝါသီ၊ တိုင်းနိုင်ငံနေ ဗိုလ်ခြေလူစုတို့သည်။
သုခန္တု၊ ချမ်းသာပါစေကုန်သတည်း။
ဣတိ၊ ဤသို့။
ဘဝေယျ၊ ပွားများရာ၏။
ဧဝံ၊ ဤသို့ပွားများသည်ရှိသော်။
အမောဃံဝ၊ အချည်းနှီးမဟုတ်ဘဲသာလျှင်။
ရဋ္ဌပိဏ္ဍံ၊ တိုင်းသူတို့ လှူသောဆွမ်းကို။
သုဘုဉ္ဇတိ၊ ကောင်းစွာစားသည်မည်၏။

အဓိပ္ပါယ်

တိုင်းသူပြည်သားတို့ လှူအပ်သော ဆွမ်းဖြင့် ငါတို့ အသက်ရှင်ရကုန်၏၊ တိုင်းသူ ပြည်သားတို့သည် ချမ်းသာကြပါစေ ဟု မေတ္တာပွားရာ၏၊ ဤသို့ပွားသည်ရှိသော် တိုင်းသူပြည်သားတို့ ဆွမ်းကို အချည်းနှီး မဟုတ်ဘဲ ကောင်းစွာသုံးဆောင် စားသောက်သည် မည်၏

၈၅ - အာပါယိကာ ဗဟူ သန္တိ
မာတာပိတာဒိ ပုဗ္ဗကာ
တေစညေစ သုခီနီဃာ
ဿွ ဗျာပဇ္ဇာ အဝေရိနော

အနက်

မာတာပိတာဒိပုဗ္ဗကာ၊ အမိအဘ အစရှိသည် ဖြစ်ဘူးကုန်သော။
ဗဟူ၊ များစွာကုန်သော။
အပါယိကာ၊ အပါယ်လေးပါး၌ ဖြစ်ကုန်သော သတ္တဝါတို့သည်။
သန္တိ၊ ရှိကုန်၏။
တေစ၊ ထိုမိဘစသည် ဖြစ်ဘူးသော သူတို့သည်၎င်း။
အညေစ၊ တပါးသောသူတို့သည်၎င်း။
သုခီ၊ ချမ်းသာကုန်သည်။
အနီဃာ၊ ဆင်းရဲမရှိကုန်သည်။
အဗျာပဇ္ဇာ၊ ကြောင့်ကြမရှိကုန်သည်။
အဝေရိနော၊ ရန်မရှိကုန်သည်။
အဿု၊ ဖြစ်စေကုန်သတည်း။

အဓိပ္ပါယ်

မိဘစသည်တော်ဘူး၍ အပါယ်လေးပါး၌ ကျရောက် နေကြကုန်သော သတ္တဝါအများ တို့သည်၎င်း, တပါးသော သတ္တဝါတို့သည်၎င်း-

၁။ ရန်ကင်းကြပါစေ
၂။ ကြောင့်ကြခြင်း ကင်းကြပါစေ
၃။ ဆင်းရဲခြင်း ကင်းကြပါစေ
၄။ ချမ်းကြပါစေ

၈၆ - သတ္တာ ဘူတာစ ပါဏာစ
ပုဂ္ဂလာ အတ္တဘာဝိကာ
ထီ ပူ ရိယာ နရိယာစ
ဒေဝါနရာ နိပါတိကာ

၈၇ - အဝေရာ ဟောန္တု ဗျာပဇ္ဇာ
အနီဃာစ သုခီ ဣမေ
အတ္တာနံ ပရိဟာရန္တု
စတုဓာ ဣတိ ဘာဝယေ

အနက်

သတ္တာ၊ ရူပက္ခန္ဓာ အစရှိသည်တို့၌ တပ်သော သတ္တဝါတို့သည်၎င်း။
ဘူတာစ၊ ပွားစ,ပွားပြီးဖြစ်သော သတ္တဝါတို့သည်၎င်း။
ပါဏာစ၊ ထွက်သက် ဝင်သက်ရှိသော သတ္တဝါတို့သည်၎င်း။
ပုဂ္ဂလာ၊ အစာပုပ်ကိုမျိုသော သတ္တဝါတို့သည်၎င်း။
အတ္တဘာဝိကာ၊ ရုပ်အတ္တဘော နာမ်အတ္တဘော ရှိသော သတ္တဝါတို့သည်၎င်း။
ထီ၊ ပဋိသန္ဓေတည်နေရာ ဖြစ်သောမိန်းမတို့သည်၎င်း။
ပူ၊ ရှေ့ကနေထိုင် ပြောဆိုနိုင်တတ်သော ယောက်ျားမြတ်တို့ သည်၎င်း။
အရိယာ၊ နိဗ္ဗာန်သို့ ကပ်တတ်သော အရိယာ သူတော်ကောင်း တို့သည်၎င်း။
အနရိယာစ၊ နိဗ္ဗာန်ရပ်တိုင် မကပ်နိုင်သော ပုထုဇဉ်တို့သည်၎င်း။
ဒေဝါ၊ နတ်ဗြဟ္မာတို့သည်၎င်း။
နရာ၊ လူတို့သည်၎င်း။
နိပါတိကာ၊ အပါယ်သို့ ကျရောက်သော သူတို့သည်၎င်း။

ဣမေ၊ ဤသတ္တဝါတို့သည်၎င်း။
အဝေရာ၊ ရန်မရှိကုန်သည်၎င်း။
အဗျာပဇ္ဇာ၊ ကြောင့်ကြမရှိကုန်သည်၎င်း။
အနီဃာစ၊ ဆင်းရဲမရှိကုန်သည်၎င်း။
ဟောန္တု၊ ဖြစ်စေကုန်သတည်း။
သုခီ၊ ချမ်းချမ်းသာသာ။
အတ္တာနံ၊ မိမိကိုယ်ကို။
ပရိဟာရန္တိ၊ ဆောင်ကြဉ်းနိုင်စေကုန်သတည်း။
ဣတိ၊ ဤသို့။
စတုဓာ၊ “အဝေရာဟေန္တု”အစရှိသော န္တု-လေးခု အခြင်းအရာဖြင့်။
ဘာဝယေ၊ ပွားရာ၏။

အဓိပ္ပါယ်

၁။ ရူပက္ခန္ဓာ အစရှိသည်တို့၌ တပ်စွဲသော သတ္တဝါ
၂။ပွားစ, ပွားပြီးဖြစ်သော သတ္တဝါ
၃။ ထွက်သက်ဝင်သက် ရှိသောသတ္တဝါ
၄။ အစာပုပ်ကို မျိုသော သတ္တဝါ
၅။ ရုပ်အတ္တဘော, နာမ်အတ္တဘော ရှိသောသတ္တဝါ
၆။ ပဋိသန္ဓေ တည်နေရာဖြစ်သော မိန်းမ
၇။ ရှေ့ကနေထိုင် ပြောဆိုနိုင်တတ်သော ယောကျ်ား
၈။ နိဗ္ဗာန်သို့ ကပ်တတ်သော အရိယာသူတော်ကောင်း
၉။ နိဗ္ဗာန်ရပ်တိုင် မကပ်နိုင်သော ပုထုဇဉ်
၁၀။ နတ်ဗြဟ္မာ
၁၁။ လူ
၁၂။ အပါယ်သို့ ကျရောက်သောသူ

ဤသတ္တဝါတို့သည်-

၁။ ရန်ကင်းကြပါစေ
၂။ ကြောင့်ကြခြင်း ကင်းကြပါစေ
၃။ ဆင်းရဲခြင်း ကင်းကြပါစေ
၄။ မိမိတို့ကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ကြပါစေ

[ဤသို့ လေးပါးသော အခြင်းအရာဖြင့် ပွားရာ၏။]

၈၈ - ပုရတ္ထိမာယ ဒိသာယ
သဗ္ဗေသတ္တာ အဝေရိနော
အဗျာပဇ္ဇာ သုခီနီဃာ
ဟောန္တူတိ တာဝ ဘာဝယေ

အနက်

ပုရတ္ထိမာယ ဒိသာယ၊ အရှေ့တူရူအရပ်၌။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်။
အဝေရိနော၊ ရန်မရှိကုန်သည်။
အဗျာပဇ္ဇာ၊ ကြောင့်ကြမရှိကုန်သည်။
အနီဃာ၊ မဆင်းရဲကုန်သည်။
သုခီ၊ ချမ်းသာစွာ ဆောင်ကြဉ်းကုန်သည်။
ဟောန္တု၊ ဖြစ်စေကုန်သတည်း။
ဣတိ၊ ဤသို့။
တာဝ၊“သဗ္ဗေပါဏာ”အစ ရှိသည်မှ ရှေးဦးစွာ။
ဘာဝယေ၊ ပွားရ၏။

အဓိပ္ပါယ်

အရှေ့တူရူအရပ်၌ ခပ်သိမ်းသော သတ္တဝါတို့သည် -

၁။ ရန်ကင်းကြပါစေ
၂။ ကြောင့်ကြခြင်း ကင်းကြပါစေ
၃။ ဆင်းရဲခြင်း ကင်းကြပါစေ
၄။ မိမိတို့ကိုယ်ကို ချမ်းသာအောင် ရွက်ဆောင် နိုင်ကြပါစေ

[ဤသို့“သဗ္ဗေပါဏာ”စသည်တို့မှ ရှေးဦးစွာ ပွားများရာ၏။]

၈၉ - ပုရတ္ထိမာယ ဒိသာယ၊
သဗ္ဗေပါဏာ တိ အာဒိနာ။
ဒွါဒသက္ခတ္တုံ ဘာဝေယျ၊
သေသာသုပိ အယံနယော။

အနက်

ပုရတ္ထိမာယဒိသာယ သဗ္ဗေပါဏာတိအာဒိနာ၊ “ပုရတ္ထိမာယ ဒိသာယ သဗ္ဗေပါဏာ အဝေရာဟောန္တု၊ အဗျာပဇ္ဇာဟောန္တု၊ အနီဃာဟောန္တု၊ သုခီအတ္တာနံ ပရိဟရန္တု၊ ပုရတ္ထိမာယဒိသာယ သဗ္ဗေဘူတာ အဝေရာ ဟောန္တု” အစရှိသော နည်းဖြင့်။
ဒွါဒသက္ခတ္တုံ၊ ပုဂ္ဂိုလ်တကျိပ်နှစ်ယောက်ဖြစ်၍ တဆဲ့နှစ်ကြိမ်စေ့အောင်။
ဘာဝေယျ၊ ပွားရာ၏။
သေသာသုပိ၊ ကြွင်းသောအနောက်မျက်နှာ အစရှိသည်တို့၌လည်း။
အယံနယော၊ ဤနည်းပင်တည်း။

အဓိပ္ပါယ်

၁။ ပုရတ္ထိမာယ ဒိသာယ သဗ္ဗေပါဏာ အဝေရာ ဟောန္တု, အဗျာပဇ္ဇာ ဟောန္တု အနီဃာ ဟောန္တု, သုခီ အတ္တာနံ ပရိဟရန္တု,
၂။ ပုရတ္ထိမာယ ဒိသာယ သဗ္ဗေဘူတာ အဝေရာ ဟောန္တု - အစရှိသော နည်းဖြင့် ပုဂ္ဂိုလ် တကျိပ်နှစ်ယောက် ဖြစ်၍ တဆဲ့နှစ်ကြိမ် စေ့အောင်ပွားရာ၏။
[ကြွင်းသော အနောက်မျက်နှာ စသည်တို့၌လည်း ဤနည်းပင်တည်း

၉၀ - စတုဒ္ဒိသာ နုဒိသာ ဓော၊
ဥဒ္ဓံ သတ္တာစ ပါဏိနော။
ဘူတာစ ပုဂ္ဂလာ အတ္တ၊
ဘာဝီ သဗ္ဗေ ထိ ပူရိသာ။

၉၁ - အရိယာ နရိယာ ဒေဝ၊
နရာစ ဝိနိပါတိကာ။
အဝေရာ ဗျာပဇ္ဇာ နီဃာ၊
သုခတ္တာစ ဘဝန္တု တေ။

အနက်

စတုဒ္ဒိသာ၊ တူရူအရပ် လေးမျက်နှာ၌၎င်း။
စတုအနုဒိသာ၊ အထောင့်အရပ် လေးမျက်နှာ၌၎င်း။
အဓော၊ အောက်မျက်နှာ၌၎င်း။
ဥဒ္ဓံ၊ အထက်မျက်နှာ၌၎င်း။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်။
ပါဏိနော၊ သတ္တဝါတို့သည်။
ဘူတာ၊ သတ္တဝါတို့သည်။
ပုဂ္ဂလာ၊သတ္တဝါတို့သည်။
အတ္တဘာဝီ၊ အတ္တရှိသောသတ္တဝါတို့သည်။
ထီ၊ မိန်းမတို့သည်။
ပုရိသာ၊ ယောကျ်ားတို့သည်။

[ထီပုရိသာ-ဟုဆိုလိုလျက်ဆန်းငဲ့၍ ထိပူရိသာ-ဟုဆိုသည်။]

အရိယာ၊ အရိယာတို့သည်။
အနရိယာ၊ အရိယမဟုတ်သော သူတို့သည်။
ဒေဝါ၊ နတ်တို့သည်။
နရာ၊ လူတို့သည်။
ဝိနိပါတိကာ၊ အပါယ်၌ ကျသောသူတို့သည်။
တေသဗ္ဗေ၊ ထိုခပ်သိမ်းသော သူတို့သည်။
အဝေရာ ဗျာပဇ္ဇာ နီဃာ၊ ရန်မရှိ ကြောင့်ကြမရှိ ဆင်းရဲမရှိကုန်သည်၎င်း။
သုခတ္တာ၊ ချမ်းသာသော ကိုယ်ရှိကုန်သည်၎င်း။
ဘဝန္တု၊ ဖြစ်စေကုန်သတည်း။

အဓိပ္ပါယ်

(က) တူအရပ် လေးမျက်နှာတို့၌၎င်း,
(ခ) အထောင့်အရပ် လေးမျက်နှာတို့၌၎င်း,
(ဂ) အောက်အရပ် မျက်နှာ၌၎င်း,
(ဃ) အထက်အရပ် မျက်နှာ၌၎င်း,

ခပ်သိမ်းသော သတ္တဝါ, ပွားစ ပွားပြီးဖြစ်သော သတ္တဝါ, ထွက်သက် ဝင်သက်ရှိသော သတ္တဝါ အစာပုပ်ကိုမျိုသော သတ္တဝါ, ရုပ်နာမ် အတ္တဘောရှိသော သတ္တဝါ, မိန်းမ, ယောက်ျား, အရိယာ, ပုထုဇဉ်, နတ်, လူ, အပါယ်သို့ ကျရောက်သောသူ ဤ တကျိပ်နှစ်ယောက်တို့သည် -

  1. ရန်ကင်းကြပါစေ။
  2. ကြောင့်ကြခြင်း ကင်းကြပါစေ။
  3. ဆင်းရဲခြင်း ကင်းကြပါစေ။
  4. မိမိတို့ကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ကြပါစေ။

၉၂ - စတုဒ္ဒိသာ နုဒိသာ ဓော၊
ဥဒ္ဓန္တိ ဒသကေဒိသိ။
ဒွါဒသေ တေ ပရိစ္ဆိဇ္ဇ၊
ဘာဝေယျ ပုဂ္ဂလေ ဗုဓော။

အနက်

စတုဒ္ဒိသာ၊ တူရူအရပ် လေးမျက်နှာ၌၎င်း။
စတုအနုဒ္ဒိသာ၊ အထောင့်အရပ် လေးမျက်နှာ၌၎င်း။
အဓော၊ အောက်မျက်နှာ၌၎င်း။
ဥဒ္ဓံ၊ အထက်မျက်နှာ၌၎င်း။
ဣတိ၊ ဤသို့။
ဒသကေဒိသိ၊ ဆယ်ရပ်မျက်နှာ၌။
ဗုဓော၊ ပညာရှိသည်။
ဒွါဒသ၊ တကျိပ်နှစ်ယောက်ကုန်သော။
ဧတေပုဂ္ဂလေ၊ ထိုပုဂ္ဂိုလ်တို့ကို။
ပရိစ္ဆိဇ္ဇ၊ ပိုင်းခြား၍။
ဘာဝေယျ၊ မေတ္တာပွားရာ၏။

အဓိပ္ပါယ်

(က) တူရူအရပ် လေးမျက်နှာတို့၌၎င်း,
( ခ ) အထောင့်အရပ် လေးမျက်နှာတို့၌၎င်း,
(ဂ) အောက်အရပ် မျက်နှာ၌၎င်း,
(ဃ) အထက်အရပ် မျက်နှာ၌၎င်း,

ဤအရပ် ဆယ်မျက်နှာတို့၌ ပညာရှိသော ပုဂ္ဂိုလ်သည် ပုဂ္ဂိုလ် တကျိပ်နှစ်ယောက် တို့ကို ပိုင်းခြား၍ မေတ္တာပွားရာ၏။

၉၃ - မေတ္တာ ဝဿေန တေမေတု၊
ပဇ္ဇုန္နောဝိယ သဗ္ဗဓိ။
မာကိဉ္စိ ပရိဝဇ္ဇေဟိ၊
ဧဝံ မေတ္တာ သုဘာဝိတာ။

အနက်

ပဇ္ဇုန္နော၊ ပဇ္ဇုန်မိုဃ်းမင်းသည်။
သဗ္ဗဓိ၊ ခပ်သိမ်းသောအရပ်၌။
ဝဿေန၊ ပကတိမိုဃ်းရေဖြင့်။
တေမေတိ ဝိယ၊ စွတ်စိုစေသကဲ့သို့။
ဗုဓော၊ ပညာရှိသည်။
သဗ္ဗဓိ၊ ခပ်သိမ်းသော ပုဂ္ဂိုလ်သတ္တဝါ၌။
မေတ္တာ ဝဿေန၊ မေတ္တာမိုးဃ်ရေဖြင့်။
တေမေတု၊ စွတ်စိုစေလော့။
ကိဉ္စိ၊ တစုံတယောက်ကိုမျှ။
မာပရိဝဇ္ဇေဟိ၊ မရှောင်မကြဉ်လင့်။
ဧဝံ၊ ဤသို့ မရှောင်မကြဉ်သည်ရှိသော်။
မေတ္တာ၊ မေတ္တာကို။
သုဘာဝိတာ၊ ကောင်းစွာပွားအပ်သည် မည်၏။

အဓိပ္ပါယ်

ပဇ္ဇုန်မိုယ်းမင်းသည် ခပ်သိမ်းသော အရပ်၌ ပကတိ မိုယ်းရေဖြင့် စွတ်စိုစေသကဲ့သို့ ပညာရှိသည် ခပ်သိမ်းသော ပုဂ္ဂိုလ်သတ္တဝါ၌ မေတ္တာ မိုယ်းရေဖြင့် စွတ်စိုစေလော့တစုံတယောက်ကိုမျှ မရှောင်မကြဉ်လင့်၊ ဤသို့ မရှောင်မကြဉ် သည်ရှိသော် မေတ္တာကို ကောင်းစွာပွားသည် မည်၏။

၉၄ - ပဉ္စာ နောဓိ သတ္တောဓိသာ၊
သိယုံ ဒွါဒသပုဂ္ဂလာ။
န္တု စတူဟေသု ဘာဝေတွာ၊
အဋ္ဌတာလီသကာ သိယုံ။

အနက်

အနောဓိ၊ မပိုင်းခြားအပ် မရည်မှတ်အပ်ကုန်သော။
ပဉ္စ၊ သတ္တ, ပါဏ, ဘူတ, ပုဂ္ဂလ, အတ္တဘာဝ ပရိယာပန္န ဟူသော ပုဂ္ဂိုလ်ငါးယောက် တို့၎င်း။
ဩဓိသာ၊ ပိုင်းခြား၍ ရည်မှတ်အပ်ကုန်သော။
သတ္တ၊ ဣတ္ထီ ပုရိသ- အစရှိသော ပုဂ္ဂိုလ်ခုနှစ်ယောက်တို့၎င်း။
ဣတိ၊ ဤသို့။
ဒွါဒသပုဂ္ဂလာ၊ တကျိပ်နှစ်ယောက်သော ပုဂ္ဂိုလ်တို့သည်။
သိယုံ၊ ဖြစ်ကုန်၏။
ဧသု၊ ထိုတကျိပ်နှစ်ယောက်သောပုဂ္ဂိုလ်တို့၌။
န္တု စတူဟိ၊ “အဝေရာဟောန္တု”အစ ရှိသော န္တု -လေးချက် အခြင်းအရာတို့ဖြင့်။
ဘာဝေတွာ၊ မေတ္တာပွား၍။
ဝါ၊ မြှောက်ပွား၍။
အဋ္ဌတာလီသကာ၊ လေးဆဲ့ရှစ်မေတ္တာ တို့သည်။
သိယုံ၊ ဖြစ်ကုန်၏။

အဓိပ္ပါယ်

မပိုင်းခြားအပ် မရည်မှတ်အပ်သော သတ္တ, ပါဏ, ဘူတ, ပုဂ္ဂလ, အတ္တဘာဝ ပရိယာပန္န – ဟူသော ပုဂ္ဂိုလ် ငါးယောက်၊ ပိုင်းခြား၍ ရည်မှတ်အပ်သော ဣတ္ထီ ပုရိသ အရိယ အနရိယ ဒေဝ မနုဿ ဝိနိပါတိက - ဟူသော ပုဂ္ဂိုလ် ၇-ယောက်၊ ဤ တကျိပ်နှစ်ယောက်သော ပုဂ္ဂိုလ်တို့ကို “အဝေရာဟောန္တု” စသော န္တု-လေးချက်ဖြင့် မြှောက်ပွားသည် ရှိသော် မေတ္တာ ၄၈-ပါး ဖြစ်ကုန်၏။

၉၅ - ဒသကေဒိသိ တာမေတ္တာ၊
စတုဿတ အသီတိယော။
အဋ္ဌတာလီသာ ဟိ ပဉ္စ၊
သတာ ဋ္ဌဝီသ သာဓိကာ။

အနက်

တာမေတ္တာ၊ ထိုလေးဆဲ့ရှစ် မေတ္တာတို့သည်။
ဒသကေဒိသိ၊ ဆယ်ရပ်မျက်နှာ၌။
ဝါ၊ ဆယ်ရပ်မျက်နှာသို့ ၄၈-မေတ္တာစီ ပွားရာ၌။
စတုဿတအသီတိယော၊ လေးရာ့ရှစ်ဆယ်တို့ သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တာမေတ္တာ၊ ထိုလေးရာ့ရှစ်ဆယ်သော မေတ္တာတို့သည်။
အဋ္ဌတာလီသာဟိ၊ အရပ်မျက်နှာကို မရည်ညွှန်းဘဲ ပို့သအပ်သော လေးဆဲ့ရှစ် မေတ္တာတို့နှင့်တကွ။
အဋ္ဌဝီသသာဓိကာ၊ နှစ်ဆဲ့ရှစ်မေတ္တာ အလွန်ရှိကုန်သော။
ပဉ္စသတာ၊ ငါးရာသော မေတ္တာတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

အဓိပ္ပါယ်

ထို ၄၈-မေတ္တာတို့ကို အရပ် ၁၀-မျက်နှာဖြင့် မြှောက်ပွားပြန်လျှင် ၄၈၀-မေတ္တာ ဖြစ်ကုန်၏။ ၎င်း ၄၈၀မေတ္တာကို အရပ်မျက်နှာ မရည်ညွှန်းဘဲ ပို့သအပ်သော ၄၈-မေတ္တာနှင့်ပေါင်းလျှင် ၅၂၈-သွယ်သော မေတ္တာ ဖြစ်ကုန်၏။

၉၆ - ဒုက္ခိတေ ကရုဏံ ဗြူဟေ၊
မုဒိတံ သုခိတေ ဇနေ။
မေတ္တာစေဝ ဥပေက္ခာစ၊
ဥဘော ဥဘောသု ဘာဝိတာ။

အနက်

ဒုက္ခိတေဇနေ၊ ဆင်းရဲရောက်သောသတ္တဝါ၌။
ကရုဏံ၊ ကရုဏာကို။
ဗြူဟေ၊ ပွားရာ၏။
သုခိတေဇနေ၊ ချမ်းသာရှိသော သတ္တဝါ၌။
မုဒိတံ၊ မုဒိတာကို။
ဗြူဟေ၊ ပွားရာ၏။
ဥဘောသု၊ သုခိတ ဒုက္ခိတ ပုဂ္ဂိုလ်နှစ်ဦးတို့၌။
မေတ္တာစေဝ၊ မေတ္တာကို၎င်း။
ဥပေက္ခာစ၊ ဥပေက္ခာကို၎င်း။
ဥဘော၊ နှစ်ပါးသော ဗြဟ္မဝိဟရတို့ကို။
ဘာဝိတာ၊ ပွားအပ်ကုန်၏။

အဓိပ္ပါယ်

ဆင်းရဲသော သတ္တဝါ၌ ကရုဏာကို ပွားရာ၏၊ ချမ်းသာသော သတ္တဝါ၌ မုဒိတာကို ပွားရာ၏၊ ဆင်းရဲ, ချမ်းသာ သတ္တဝါ နှစ်မျိုးတို့၌ မေတ္တာ, ဥပေက္ခာ နှစ်ဖြာသော ဗြဟ္မဝိဟာရ တို့ကို ပွားရာ၏။

၉၇ - ဗြဟ္မဝါသီတိ ဝတ္တဗ္ဗော၊
တေသွညတရ ဝါသိတော။
ဂန္ဓဘူတေသု သော လောကေ၊
ဗြဟ္မာဝိယ ဝိရောစတိ။

မေတ္တာဘာဝနာ နိဒ္ဒေသော။

အနက်

ဂန္ဓဘူတေသု၊ နံ့သာသဖွယ် ဖြစ်ကုန်သော။
တေသု၊ ထိုဗြဟ္မစိုရ်တရား လေးပါးတို့တွင်။
အညတရဝါသိတော၊ တပါးပါးဗြဟ္မစိုရ်ဖြင့် ထုံမွှမ်းအပ်သောသူကို။
ဗြဟ္မဝါသီတိ၊ ဗြဟ္မာကဲ့သို့ နေသောသူဟူ၍။
ဝတ္တဗ္ဗော၊ ဆိုအပ်၏။
သောနရော၊ ထို ဗြဟ္မစိုရ်တရားဖြင့် ထုံမွှမ်းသောသူသည်။
လောကေ၊ လောက၌။
ဗြဟ္မာဝိယ၊ ဗြဟ္မာမင်းကဲ့သို့။
ဝိရောစတိ၊ တင့်တယ်၏။

မေတ္တာ ဘာဝနာနိဒ္ဒေသော၊ မေတ္တာ ဘာဝနာနိဒ္ဒေသပြီး၏။

အဓိပ္ပါယ်

နံ့သာသသဖွယ်ဖြစ်သော ဗြဟ္မာစိုရ် တရားလေးပါးတို့တွင် တပါးပါးဖြင့် ပွားများ မွှမ်းထုံအပ်သောသူကို ဗြဟ္မာကဲ့သို့ နေသောသူ ဟုဆိုအပ်၏။ ထိုဗြဟ္မစိုရ်တရားဖြင့် ပွားများမွှမ်းထုံသော သူသည် ဗြဟ္မာမင်းကဲ့သို့ တင့်တယ်၏

မေတ္တာပွားများပုံအမြွက်

မေတ္တာ ပွားလိုသောသူသည် ဆိတ်ငြိမ်ရာသို့ကပ်၍ ဒေါသ၏ အပြစ်, ခန္တီ၏ အကျိုးကို ရှေးဦးစွာ ဆင်ခြင်ရမည်။

ဆင်ခြင်ပုံကား

၁။ ဒေါသသည် ကျိုးကြောင်းမကြည့်၊ ဆိုးကောင်းမသိ။ မှောင်အတိကျ၏၊ နောင် အဖန်ဖန် ရှက်စရာကို ပြောဝံ့အောင် ပြုဝံ့အောင် ယုတ်မာသူနှင့် ယုတ်မာခြင်း ပြိုင်ဝံ့အောင် စေခိုင်း၏၊ အကျိုးဖယ်၍ အပြစ်ကိုယူ၏၊ ကြက်သရေမင်္ဂလာ မရှိ

၂။ ခန္တီသည် ကျိုးကြောင်းကြည့်၏၊ ဆိုးကောင်းသိ၏၊ မှောင်အတိမကျ၊ ရှက်စရာကို မပြောမိ မပြုမိအောင် စောင့်၏။ ယုတ်မာချင်း မပြိုင်ခိုင်း၊ နောင်အဖန်ဖန် ဝမ်းမြောက် စရာကိုသာ ပြောခိုင်း ပြုခိုင်း၏။ အပြစ်ကိုဖယ်၍ အကျိုးကိုယူ၏၊ သမ္မာပဋိပတ် အကြောင်းရင်း၌ တည်စေ၏၊ ကြက်သရေ မင်္ဂလာရှိ၏

ဤသို့ ဆင်ခြင်ပြီးလျှင်-

  1. အကျိုးမဆောင်၍ မချစ်အပ်သူ
  2. အလွန်ချစ်သော သားမယား,
  3. လျှစ်လျူရှုအပ်သောသူ,
  4. အကျိုးမပြုသောရန်သူ,

ဤလေးယောက်ကို ရှေးဦးမပွားရ

၅။ လိင်မတူသူ, ဤတယောက် သီးခြားမရ
၆ ။ သေသူ, ဤကား မေတ္တာအာရုံမဟုတ်

[အပြစ်မကင်းသူ ၆-ယောက်။]

မိမိကိုယ်၌ မေတ္တာပွားများလျှင် အပ္ပနာဈာန်မရ၊ မရသော်လည်း သက်သေပြုခြင်းငှါ ရှေးဦးစွာ ပွားရသည်၊ ကိုယ်ချင်းစာနိုင်သည်။

မေတ္တာပွားများပုံ

  1. ငါသည် ရန်ကင်းပါစေ
  2. ကြောင့်ကြခြင်းကင်းပါစေ
  3. ဆင်းရဲခြင်းကင်းပါစေ
  4. မိမိကိုယ်ကိုချမ်းသာအောင် ရွက်ဆောင်နိုင်ပါစေ

ဤသို့ပွားပြီးလျှင် ကြည်ညိုဖွယ်ဂုဏ်ထူးရှိသာ’ ဆရာ ဆရာအရွယ်ပုဂ္ဂိုလ်မြတ်ကို သီလစသောဂုဏ်ကို ဆင်ခြင်၍ အဖန်ဖန် ပွားရသည်။

  1. ငါတို့အား အကျိုးများစေသော ဤပုဂ္ဂိုလ်သည် ဆရာဖြစ်၏၊ ဆရာအရွယ်ဖြစ်၏၊ သီလစသောဂုဏ်ကျေးဇူးအထူး ရှိ၏၊ ရန်ကင်းပါစေ
  2. ကြောင့်ကြခြင်းကင်းပါစေ
  3. ဆင်းရဲခြင်းကင်းပါစေ
  4. မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်နိုင်ပါစေ

ဤသို့ အဖန်ဖန်ပွားလျှင် ပုဂ္ဂိုလ်တပါးတည်း၌ပင် စတုတ္ထဈာန် အထိရနိုင်၏၊ စတုတ္ထဈာန်သမာဓိကို အခြေပြု၍ ဝိပဿနာပွားလျှင် မဂ်ဖိုလ်ရနိုင်၏

မေတ္တာအကျိုးအာနိသင် ၁၁-ပါး

ဤဆိုခဲ့ပြီးသောနည်းဖြင့် ဈာန်တရား မဂ်ဖိုလ်တရား ရလောက်အောင် မပွားများနိုင် စေကာမူ သူတပါးအပေါ်၌ အကျိုးစီးပွား လိုလား၍ မေတ္တာစိတ်ထားနှင့် နေထိုင်သော သူသည် အောက်ပါ အကျိုးတရား ၁၁-ပါးကို ဧကန်ရနိုင်ပါသည်။

ဆောင်

အိပ်, နိုး, မက်, ချစ်၊ ချစ် စောင့်, မီး, တည်၊
ကြည် သေ, ဗြဟ္မာ၊ ဆဲ့တဖြာ၊ မေတ္တာအနိသင်

[ဤလင်္ကာ၏ အဓိပ္ပါယ်အကျယ်ကို မေတ္တာဘာဝနာနိဒ္ဒေသ ဂါထာ နံပါတ် ၆၇-၆၈-အဓိပ္ပါယ်အခဏ်းမှာရှု။]

ထို အာနိသင်တို့ကို တစိတ်တဒေသ ထင်ရှားစေဦးအံ့ -

ဝိသာခ ရဟန်းဝတ္ထု

ပါဋလိပုတ်ပြည်သား ကုန်သည် ဝိသာခသည် ရဟန်းပြုလို၍ သီဟိုဠ်သို့ သွား၏။ လမ်းတွင်ကုန်သွယ်၍ တလအတွင်း ငွေတထောင်ရ၏။ ရဟန်းပြုရာသို့ လာသူတို့အား အချည်းနှီး-မပြန်စေရဟု ငွေတထောင်ကို စွန့်ကြဲ၏။ ရဟန်းငါးဝါ ဒွေမာတိကာ လေ့လာပြီးလျှင် တနေရာ၌ လေးလထက် လွန်၍ မနေ လှည့်လည်စဉ် ငါ့အား ချွတ်ယွင်းမှုမရှိစဘူး၊ အရတော်လေစွဟု ဥဒါန်းကျူး၏။

တောအုပ်၌ လမ်းနှစ်ခွတွင် နတ်တို့ ခရီးညွှန်၍ စိတ္တလတောင်သို့ ရောက်၏၊ လေးလပတ်လုံးနေ၍ သွားအံ့သောအခါ သပြေပင်စောင့်နတ် ငို၍တောင်းပန်၍၊ အရှင်မြတ် ရောက်လာမှ နတ်များ အချင်းချင်း မေတ္တာရရှိကြပါသည်၊ ကြွသွားလျှင် ရှေးအတိုင်း ခိုက်ရန် များကြပါလိမ့်မည်ဟု တောင်းပန်သဖြင့် လေးလ နေရပြန်၏၊ နောက်လေးလ၌လည်း ထို့အတူ နေရပြန်၏၊ ဤနည်းဖြင့် စိတ္တလတောင်၌ပင် ပရိနိဗ္ဗာန်စံရလေသည်

နွားမ ဝတ္ထု

နွားမတကောင်သည် သားငယ်ကို နို့တိုက်ကာနေ၏၊ မုဆိုးလှံဖြင့် ထိုးလိုက်ရာ နွားမ ကိုယ်၌ထိ၍ ထန်းရွက်အလား ခွေလျက် ကျသွား၏၊ လှံ-မစူးနိုင်သော ဤနွားမ၏ မေတ္တာသည် သား၌ချစ်စိတ် ထက်သန်ခြင်းမျှသာ၊ ဥပစာရ အပ္ပနာ မဟုတ်သေးချေ။ ထို့ကြောင့် ဒေါသကိုပယ်ရှား၍ မဂ်, ဖိုလ်ရည်မှန်းသော ပုဂ္ဂိုလ်သည် အာနုဘော် ကြီးမားသော မေတ္တာဘဝနာကို အဖန်ဖန် ပွားများရာ၏။

မေတ္တာဘာဝနာကိုပြဆိုခဏ်းပြီး၏။

အပ္ပမာဒါဝဟ ပကိဏ္ဏက နိဒ္ဒေသ

၁- သံဝိဇ္ဇန္တိ ဓ လောကသ္မိံ၊
ဗဟူ ဇီဝိတကပ္ပနာ။
ဂဟေတွာ ပတ္တ မုဉ္ဆာ ယော၊
ဇီဝိကာနံ သ လာမကော။

အနက်

ဣဓ လောကသ္မိံ၊ ဤသတ္တလောက၌။
ဗဟူ၊ များစွာကုန်သော။
ဇီဝိတကပ္ပနာ၊ လယ်လုပ် ကုန်သွယ် မင်းဝယ် ခ-ယမ်း အထမ်းအရွက် အစရှိသော အသက်မွေးကြောင်း အတတ်တို့သည်။
သံဝိဇ္ဇန္တိ၊ ရှိကြကုန်၏။
တေသု၊ ထိုအသက်မွေးကြောင်း အတတ်တို့တွင်။
ပတ္တံ၊ အားမရှိ တုံးတိတိဖြစ်သော မြေသပိတ်ကို။
ဂဟေတွာ၊ စွဲကိုင်၍။
ယောဥဉ္ဆာ၊ အကြင် အိမ်ကြို အိမ်ကြား လှည့်ပတ်သွား၍ တောင်းစား ရှာမှီး ခြင်းသည်။
အတ္ထိ၊ ရှိ၏။
သ-သောဥဉ္ဆာ၊ ထိုသို့ အိမ်ကြိုအိမ်ကြား လှည့်ပတ်သွားလာ တောင်းစား ရှာမှီးခြင်းသည်။
ဇီဝိကာနံ၊ အသက်မွေးခြင်း တကာတို့တွင်။
လာမကောယုတ်နိမ့်ညံ့ဆုံး အတုံးအတေ အသရေမရှိသော အသက်မွေးခြင်း တည်း။

အဓိပ္ပါယ်

ဤလောက၌ လယ်လုပ်ခြင်း, ကုန်သွယ်ခြင်း မင်းမှုထမ်းခြင်း - အစရှိသော အသက်မွေးဝမ်းကြောင်း အတတ်ပညာ များစွာတို့တွင် “အနားမရှိ တုံးတိတိ ဖြစ်သော မြေသပိတ်” ကို စွဲကိုင်လျက် အိမ်ကြိုအိမ်ကြား လှည့်ပတ်သွား၍ တောင်းစား ရှာမှီးခြင်းသည် အသက်မွေးခြင်း တကာတို့တွင် အောက်တန်းအကျဆုံး အတုံးအတေ အသရေမရှိသော အသက်မွေးခြင်းတည်း။

၂ - သုကုလာစ တဒုပဂါ၊
ကာမဘောဂါ နပေက္ခိနော။
န ဘယဋ္ဋာ န ဣဏဋ္ဋာ၊
နေဝ အာဇီဝ ကာရဏာ။

အနက်

သုကုလာစ၊ အမျိုးကောင်းသား ယောက်ျားတယောက် ဟူစလောက်သော သူတို့ သည်လည်း။
ကာမဘောဂါ နပေက္ခိနော၊ စည်းစိမ်အာရုံ ကာမဂုဏ်ကို မစုံမက် မငဲ့ကွက်ကုန်ဘဲ။
တံဥဉ္ဆံ၊ ထိုလှည့်ပတ်သွားလာ ယာစကာ ဖုန်းတောင်း ပြု၍ ရှာမှီးခြင်းသို့။
ဥပဂါ၊ ကပ်ရောက်ကြကုန်၏။
ဘယဋ္ဋာ၊ မင်း ခိုးသူဘေး နှိပ်စက်ရေးဖြင့် ပြေးဝင်ခိုကပ်ကုန်သည်။
၊ မဟုတ်ကုန်။
ဣဏဋ္ဋာ၊ ကြွေးမြီတင်၍ မြီရှင်ဖမ်းဆီး ကြောက်အားကြီး၍ ခိုမှီးကုန်သည်လည်း။
၊ မဟုတ်ကုန်။
အာဇီဝ ကာရဏာ၊ ဝမ်းတထွာကြောင့် ပူဆာစားရေး သက်မွေးလိုသော အကြောင်း ရှိကုန်သည်လည်း။
နေဝဟောန္တိ၊ မဖြစ်ကုန်။

အဓိပ္ပါယ်

အမျိုးကောင်းသား ယောက်ျားတယောက် ဆိုစလောက်သော သူတို့သည်လည်း စည်းစိမ်အာရုံ ကာမဂုဏ်ကို မစုံမမက် မငဲ့ကွက်ကုန်ဘဲ ဖုန်းတောင်း ယာစကာပြု၍ ဆွမ်းခံ ရှာမှီးခြင်းသို့ ကပ်ရောက်ကြကုန်၏၊ မင်းဘေး, ခိုးသူဘေး, ကြွေးမြီဘေး ဝမ်းရေးတို့ကြောင့် ကပ်ရောက်လာကြသည် မဟုတ်ကုန်

၃ - နာလံဝ ဂိဟိနာ ဗြဟ္မ၊
စရိယာယ အခဏ္ဍိတံ။
ဃရာဝါသော တိသမ္ဗာဓော၊
ပဗ္ဗာဇ္ဇာဝ နိရာလယာ။

အနက်

ဂိဟိနာ၊ အိမ်ရာကိစ္စ လုံ့လကြိုးကုတ် အားထုတ်၍ နေသောသူသည်။
အခဏ္ဍိတံ၊ မကျိုးမပေါက် မပျောက် မပျက်ရအောင်။
ဗြဟ္မစရိယာယ၊ သံသရာဝဋ် ထွက်လွတ် ရကြောင်း ကောင်းမြတ်သော တရားကို အားထုတ်၍ ကျင့်ခြင်းငှါ။
နာလံဝ၊ မဖြည့်မစွမ်းနိုင်သည်သာတည်း။
ဃရာဝါသော၊ တဏှာချည်နှောင် အိမ်ရာထောင်၍ လူ့ဘောင်၌ နေရခြင်းသည်။
အတိသမ္ဗာဓော၊ ကုသိုလ်အမှု ပြုခွင့်မရ ရာဂကျေးကျွန် ထမ်းဝန်ကြာင့် အလွန် ကျဉ်းကျပ် ကျဉ်းမြောင်းစွာ၏
ပဗ္ဗဇ္ဇာဝ၊ ဖန်ရည် ဆိုးစွတ် သင်္ကန်းဝတ်၍ ကိုယ်လွတ်မှ ရဟန်းပြုခြင်းသည်သာလျှင်။
နိရာလယာ၊ စကြရထား ကောင်းကင်သွားသို့ ပေးးပါးအရပ် ငြိကပ်မထင် မခင်မညှာ တွယ်တာခြင်း မရှိသည်
ဟောတိ၊ ဖြစ်၏။

အဓိပ္ပါယ်

လူမှုကိစ္စတို့ကို အားထုတ်၍ နေရသောသူသည် ကောင်းမြတ်သော အကျင့်တရား တို့ကို မကျိုးမပေါက်ရအောင် အားထုတ် ကျင့်ကြံခြင်းငှါ မစွမ်းနိုင်ချေ၊ အိမ်ရာ တည်ထောင် လူ့ဘောင်၌ နေရခြင်းသည် အလွန် ကျဉ်းမြောင်း၏။ သင်္ကန်းဝတ်၍ ကိုယ်လွတ်ရှောင်မှု ရဟန်းပြုခြင်း သည်သာလျှင် ကပ်ငြိတွယ်တာခြင်း မရှိဘဲ လွတ်လပ် ချောင်ချိ၍ အလွန်ကျယ်ဝန်း လှချေ၏။

၄ - ဘဝပင်္ကာ ပမုစ္စာမ၊
တိဝိတ္တိဏ္ဏာ ဘယာနကာ။
ပဋိပတ္တိ ယိမာယာတိ၊
ကတွာ တဒုပဂါ ဣမေ။

အနက်

ဣမာယပဋိပတ္တိယာ၊ ဤခွက်လက်စွဲ၍ ဦးပြည်း ထုံးစံဆွမ်းခံခြင်းအကျင့်ဖြင့်။
ဘယာနကာ၊ ဖျားနာအိုသေ ပဋိသန္ဓေ အစရှိသော ဘေးကြောင့် ကြောက်လန့်ဖွယ် ရှိသော။
အတိဝိတ္တိဏ္ဏာ၊ အနမတဂ္ဂသံသရာဖြစ်၍ အလွန် ကျယ်ဝန်းစွာသော။
ဘဝပင်္ကာ၊ ဘုံသုံးပါးဟူသော ညွှန်ပျောင်းမှ။
ပမုစ္စာမ၊ ကျွတ်လွတ်ရကုန်အံ့။
ဣတိကတွာ၊ ဤသို့စိုက်စိုက် နှလုံးပိုက်၍။
ဣမေ၊ ဤအမျိုးကောင်းသားတို့သည်။
တဒုပဂါ၊ ထိုရဟန်းအဖြစ်သို့ ကပ်ကုန်၏။

အဓိပ္ပါယ်

သပိတ်လက်စွဲ၍ ဆွမ်းခံစားသော အကျင့်ဖြင့် အို နာ သေရေး ဒုက္ခဘေးကြောင့် ကြောက်မက်ဖွယ် ကောင်း၍ အလွန် ကျယ်ဝန်းစွာသော ဘဝသုံးပါးဟူသော ညွှန်ပျောင်းမှ ထွက်မြောက်ရကုန်အံ့ဟု နှလုံးပိုက်၍ ဤအမျိုးကောင်းသားတို့သည် ရဟန်းအဖြစ်သို့ ကပ်ရောက်ကြကုန်၏။

၅ - ဥတ္တိဋ္ဌေ နပ္ပမဇ္ဇေယျ၊
ဓမ္မံ စရိတံ သုစရေ။
ဓမ္မစာရီ သုခံသေတိ၊
အသ္မိံ လောကေ ပရမှိစ။

အနက်

ဥတ္တိဋ္ဌေ၊ ဆွမ်းရပ်ရာ၌။
နပ္ပမဇ္ဇေယျ၊ မမေ့ မလျော့ရာ။
ဝါ၊ ဥတ္တိဋ္ဌေ၊ ရပ်၍ရသော ပိဏ္ဍပါတ်ဆွမ်း၌။
နပ္ပမဇ္ဇေယျ၊ ပစ္စဝေက္ခဏာသတိကိုမမေ့ရာ။
သုစရိတံ၊ ကောင်းစွာကျင့်အပ်သော။
ဓမ္မံ၊ ဆွမ်းခံခြင်းအကျင့်ကို။
စရေ၊ ကျင့်ရာ၏။
ဓမ္မစခရီ၊ ဆွမ်းခံခြင်းအကျင့်ကို ကျင့်သောသူသည်။
အသ္မိံ လောကေ၊ ဤလောက၌၎င်း။
ပရမှိစ၊ တမလွန်လောက၌၎င်း။
သုခံ၊ ဧငြိမ်းချမ်းသာစွာ။
သေတိ၊ နေထိုင်ရ၏။

အဓိပ္ပါယ်

အိမ်စဉ်ရပ်၍ရသော ဆွမ်း၌ ပစ္စဝေက္ခဏာ သတိမမေ့ရာ၊ ကောင်းစွာ ကျင့်အပ်သော ဆွမ်းခံခြင်း အကျင့်ကို ကျင့်ရာ၏၊ ဆွမ်းခံခြင်းအကျင့်ကို ကျင့်သောသူသည် တမလွန် ပစ္စုပ္ပန် နှစ်တန်သော လောကတို့၌ ဧငြိမ်းချမ်းသာစွာ နေထိုင်ရ၏

၆ - သွာဂတာ ဝတ တေဘိက္ခူ၊
ပတ္တာ သမ္ဗုဒ္ဓပုတ္တ တံ။
ဂိဟိ ဗန္ဓန မုစ္ဆိဇ္ဇ၊
သုခိတာ သာသနေ ရတာ။

အနက်

ဂိဟိဗန္ဓနံ၊ သားမယား-အစရှိသောကိလေသာ အနှောင်အဖွဲ့ကို။
ဥစ္ဆိဇ္ဇ၊ ဖြတ်တောက်၍။
သမ္ဗုဒ္ဓပုတ္တတံ၊ ဘုရားရှင်သားတော်အဖြစ်သို့။
ပတ္တာ၊ ရောက်ကုန်လျက်။
သာသနေ၊ သာသနာတော်၌။
သုခိတာ၊ ချမ်းချမ်းသာသာ။
ရတာ၊ မွေ့လျော်ကုန်သော။
တေဘိက္ခူ၊ ထိုရဟန်းတို့သည်။
သွာဂတာဝတကောင်းသောလာခြင်း ဖြစ်ကုန်၏တကား။
ဝါ၊ ကောင်းသောလာခြင်း ရှိကုန်စွတကား။

အဓိပ္ပါယ်

သားမယား-အစရှိသော ကိလေသာ အနှောင်အဖွဲ့ကို ဖြတ်တောက်ဘုရားရှင် သားတော်အဖြစ်သို့ ရောက်ကုန်လျက် သာသနာတော်၌ ချမ်းသာမွေ့လျော်စွာ နေကြကုန်သော ရဟန်းတော်တို့သည် ကောင်းသောလာခြင်း ရှိပေကုန်စွတကား

၇ - ကတပုည ဝိသေသာဝ၊
ဧတေ သုလဒ္ဓ ဒုလ္လဘာ။
ဆဋ္ဋေတွာပိ မဟာရဇ္ဇံ၊
နေဒိသံ လဒ္ဓ မညဒါ။

အနက်

ဧတေ၊ ဤအမျိုးကောင်းသားတို့သည်။
ကတပုည ဝိသေသာဝ၊ ရှေးက ဆည်းပူးပြုခဲ့ဘူးသော အထူးကောင်းမှု ရှိသည်၏ အဖြစ်ကြောင့်သာလျှင်။
သုလဒ္ဓ ဒုလ္လဘာ၊ ပဗ္ဗဇိတ ဒုလ္လဘကို လှလှကြီး ရပေကုန်၏
အညဒါ၊ သာသနာပဖြစ်သော တပါးသောကာလ၌။
မဟာရဇ္ဇံ၊ မိထိလာ, ဗာရာဏသီ အစရှိသော ကြီးစွာသော မင်းအဖြစ်ကို။
ဆဋ္ဋေတွာပိ၊ စွန့်ပစ်၍လည်း။
ဧဒိသံ၊ ဤသို့သဘောရှိသော“ဇိနောရသပဗ္ဗဇ္ဇ”ကို။
နလဒ္ဓံမရနိုင်လေတကား

အဓိပ္ပါယ်

အမျိုး ကောင်းသားတို့သည် ရှေးကပြုခဲ့ဘူးသော ကောင်းမှုအထူး ရှိသောကြောင့် သာလျှင် ရခဲလှစွာသော ရဟန်းအဖြစ်ကို လှလှကြီး ရကြကုန်၏။ တပါးသော သာသနာပ အခါမျိုး၌ကား ဗာရာဏသီ - စသော ကြီးစွာသော မင်းအဖြစ်ကို စွန့်ပစ်၍လည်း ဤသို့ ဘုရားသားတော်အစစ် ရဟန်းအဖြစ်မျိုးကို မရနိုင်လေ တကား

၈ - သွာဂတာ သုဂတီ ဟောန္တု၊
မာဒုဂ္ဂတီ ပမာဒိနော။
ဒုဿီလာ စေ ဂမိဿန္တိ၊
အပါယံ တိဘယာနကံ။

အနက်

သွာဂတာ၊ ကောင်းသော လာခြင်းရှိသော ရဟန်းတို့သည်။
သုဂတီ၊ ကောင်းသောအလား ရှိကုန်သည်။
ဟောန္တု၊ ဖြစ်ကုန်လော့။
ပမာဒိနော၊ မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန် နေကုန်သည်ဖြစ်၍။
ဒုဂ္ဂတီ ၊မကောင်းသော ဂတိ အလားရှိကုန်သည်။
မာဟောန္တု၊ မဖြစ်ပါစေကုန်လင့်။
ဒုဿီလာ၊ သီလမရှိကုန်သည်။
စေဟောန္တိ ၊အကယ်၍ဖြစ်ကုန်ငြားအံ့။
အတိဘယာနကံ၊ အလွန်ကြောက်လန့်ဖွယ်ဖြစ်သော။
အပါယံ၊ အပါယ်လေးပါးသို့။
ဂမိဿန္တိ၊ သွားရကုန်လတ္တံ့။

အဓိပ္ပါယ်

ကောင်းသော လာခြင်းရှိသော ရဟန်းတို့သည် ကောင်းသော အလားရှိအောင် ပြုကြကုန်လော့မေ့လျော့ ပေါ့တန်စွာနေ၍ မကောင်းသော လားရာ ဂတိရှိအောင် မပြုကြကုန်လင့်၊ သီလမရှိကြပါမူ အလွန်ကြောက်လန့်ဖွယ် ကောင်းသော အပါယ် လေးပါးသို့ လားရကုန်လတ္တံ့

၉ - ဂိဟိဘောဂါ ပရီဟိန္နော၊
သာမညတ္တဉ္စ ဒူဘတော။
ပရိဓံသမာနော ပကိရေတိ၊
ဆာဝါလာတံဝ နဿတိ။

အနက်

ဒုဿီလော၊ ဒုဿီလအလဇ္ဇီ ရဟန်းသည်။
ဂိဟိဘောဂါစ၊ ပျော်ပျော်ပါးပါး သားမယားနှင့် ခံစားအပ်သော လူ့စည်းစိမ်မှ၎င်း။
သာမညတ္တဉ္စ၊ ဆိတ်ငြိမ်ရာအရပ် ခိုဝင်ကပ်၍ ရအပ်သမျှ သမထ, ဝိပဿနာ ဘာဝနာ ဟူသော ရဟန်းစည်းစိမ်မှ၎င်း။
ပရီဟိန္နော၊ ဆုတ်ယုတ်၏။
ဒူဘတော- ဥဘတော၊ နှစ်ပါးစုံချမ်းသာမှ။
ပရိဓံသမာနော၊ ပျက်စီးသည်ဖြစ်၍။
ပကိရေတိ၊ ဖရိုဖရဲဖြစ်၏။
ဆဝါလာတံဝ၊ သင်းချိုင်းမီးစကဲ့သို့။
ဝါ၊ ထင်းကုလားမီးစကဲ့သို့။
နဿတိ၊ ပျက်စီး၏။

အဓိပ္ပါယ်

သီလမရှိသော ရဟန်းသည် သင်းချိုင်းကုန်းမှ ထင်းကုလားတုံး မီးစအလား လူ့စည်းစိမ် ရဟန်းစည်းစိမ် နှစ်ပါးစုံမှ ဆုတ်ယုတ် ပျက်ပြားလျက် ဖရိုဖရဲ ဖြစ်၏

၁၀ - ကုသော ယထာ ဒုဂ္ဂဟိတော၊
ဟတ္ထမေဝါ နုကန္တတိ။
သာမည ဒုပ္ပရာမဋ္ဌံ၊
နိရယာ ယုပ ကဍ္ဎတိ။

အနက်

ဒုဂ္ဂဟိတော၊ ပေါ့တီးပေါ့တော့ လျော့လျော့ ကိုင်၍နုတ်အပ်သော။
ကုသော၊ သမန်းမြက်ဖုတ်သည်။
ဟတ္ထမေဝ၊ နုတ်သောလက်ကိုသာလျှင်။
အနုကန္တတိ ယထာ၊ စူးရှသကဲ့သို့။
ဒုပ္ပရာမဋ္ဌံ၊ မကောင်းသဖြင့် သုံးသပ်အပ်သော။
သာမညံ၊ ရဟန်းအဖြစ်သည်။
သမဏမေဝ၊ ရဟန်းကိုသာလျှင်။
အနုကန္တတိ၊ စူးရှ၏။
နိရယာယ၊ ငရဲသို့။
ဥပကဍ္ဎတိ၊ ဆွဲငင်၏။

အဓိပ္ပါယ်

ပေါ့တီးပေါ့တော့ လျော့လျော့ ကိုင်၍နုတ်အပ်သော သမန်းမြက်ဖုတ်သည် နုတ်သော လက်ကိုသာ ပြန်၍ စူးရှသကဲ့သို့ မကောင်းသဖြင့် သုံးသပ်အပ်သော ရဟန်း အဖြစ်သည်လည်း ရဟန်းကိုသာ ပြန်၍စူးရှလျက် ငရဲဖက်သို့ ဆွဲငင်၏

၁၁ - ယံကိဉ္စ သိထိလံ ကမ္မံ၊
သံကိလိဋ္ဌဉ္စ ယံကတံ။
သင်္ကဿရံ ဗြဟ္မစရိယံ၊
နတံဟောတိ မဟပ္ဖလံ။

အနက်

ယံကိဉ္စိ၊ အလုံးစုံသော။
သိထိလံ၊ လျော့လျော့ ဖြည်းဖြည်း ပြုအပ်သော။
ကမ္မံ၊ အမှုသည်၎င်း။
ကတံ၊ ပြုအပ်သော။
ယံသံကိလိဋ္ဌဉ္စ၊ အကြင်ညစ်ညူးသော အမှုသည်၎င်း။
သင်္ကဿရံ၊ သူတပါးတို့ တွေးတော ရွံရှာဖွယ်ဖြစ်သော။
ဗြဟ္မစရိယဉ္စ၊ သာသနာတော် အကျင့်သည်၎င်း။
အတ္ထိ၊ ရှိ၏။
တံသဗ္ဗံ၊ ထိုအလုံးစုံသည်။
မဟပ္ဖလံ၊ များသောအကျိုးရှိသည်။
နဟောတိမဖြစ်

အဓိပ္ပါယ်

ပေါ့တီးပေါ့တော့ လျော့လျော့ ပြုအပ်သော အမှုဟူသမျှသည်၎င်း, မိမိပြုခဲ့သော ကိလေသာ အညစ်အကြေး အပြစ်ဘေးရှိသော အမှုသည်၎င်း, သူတပါးတို့ တွေးတောယုံမှားဖွယ်ဖြစ်သော သာသနာတော် အကျင့်သည်၎င်း အလုံးစုံသော အမှုသည် အကျိုးမများချေ

၁၂ - ကရိယာစေ ကရိယာ ဝေနံ၊
ဒဠှမေနံ ပရက္ကမေ။
သိထိလောဟိ ပရိဗ္ဗဇော၊
ဘိယျော အာကိရတေ ရဇံ။

အနက်

ဧနံ၊ ဤရဟန်းအဖြစ်ကို။
ကရိယာစေ၊ အကယ်၍ ပြုလိုသည်ဖြစ်အံ့။
ကရိယာဝ၊ ပြုရာသည်သာလျှင်ကတည်း။
ဧနံ၊ ဤရဟန်းအဖြစ်ကို။
ဒဠှံမြဲစွာ
ပရက္ကမေအပတ်တကုတ် အားထုတ်ရာ၏
ဟိ၊သင့်စွ။
သိထိလော၊ လျော့လျော့ ဖြည်းဖြည်း ပြုအပ်သော။
ပရိဗ္ဗဇော၊ ရသေ့ရဟန်းအဖြစ်သည်။
ဘိယျော၊ လွန်စွာ။
ရဇံ၊ ကိလေသာမြူကို။
အကိရတေကြဲဖြန့်၏

အဓိပ္ပါယ်

ရဟန်းအဖြစ်ကို အကယ်၍ ပြုလိုလျှင် ပြုနိုင်ပါ၏၊ သို့ရာတွင် ရဟန်းအဖြစ်ကို မြဲမြံ တင်းကြပ် အပတ်တကုတ် အားထုတ်ရမည်မှန်၏၊ ပေါ့တီးပေါ့တော့ ပြုအပ်သော ရသေ့ ရဟန်းအဖြစ်သည် ကိလေသာမြူကို လွန်စွာကြဲဖြန့်တတ်၏

၁၃ - ဣတိ ဝုတ္တိ မုနိန္ဒေန၊
နုဿရံ အနိ ဝတ္တိတော။
သဒါ အလိန စိတ္တေန၊
စရေယျ ဗုဒ္ဓသာဝကော။

အနက်

မုနိန္ဒေန၊ ရဟန်းတို့အရှင် ဖြစ်တော်မူသောဘုရားရှင်သည်။
ဣတိဝုတ္တံ၊ ဤသို့ ဟောတော်မူအပ်သော ဩဝါဒကို။
ဗုဒ္ဓသာဝကော၊ ဘုရားတပည့်သား ရဟန်းသည်။
အနုဿရံ-အနုဿရန္တော၊ အောက်မေ့လျက်။
အနိ ဝတ္တိတောမဆုတ်မနစ်
သဒါ အလိန စိတ္တေန၊ အခါခပ်သိမ်း မတွန့်တိုသောစိတ်ဖြင့်။
စရေယျ၊ ကျင့်ရာ၏။

အဓိပ္ပါယ်

ရဟန်းတို့အရှင် ဖြစ်တော်မူသော မြတ်စွာဘုရား ဤသို့ ဟောတော်မူအပ်သော ဩဝါဒကို ဘုရားတပည့်သား ရဟန်းတော်သည် အဖန်ဖန် အောက်မေ့လျက် အခါခပ်သိမ်း မဆုတ်မနစ် မတွန့်တိုသောစိတ်ဖြင့် ကျင့်ရာ၏

၁၄ - ရာဂံ အသုဘစိန္တာယ၊
ဒေါသံ မေတ္တာယ ဝါရယေ။
မရဏေန ဓဇံမာနံ၊
သမ္ဗုဒ္ဓေ တိက္ခ သဒ္ဓိကော။

အနက်

သမ္ဗုဒ္ဓေ၊ မြတ်စွာဘုရား၌။
တိက္ခသဒ္ဓိကော၊ သဒ္ဓါထက်သန်သော ရဟန်းသည်။
အသုဘစိန္တာယ၊ မတင့်မတယ် ရွံရှာဖွယ်အစုကို ရှုကြံစည်ခြင်းဖြင့်။
ရာဂံ၊ ရာဂကို။
မေတ္တာယ၊ မေတ္တာဖြင့်။
ဒေါသံ၊ ဒေါသကို။
မရဏေန၊ မရဏဿတိဖြင့်။
ဓဇံမာနံ၊ မာနတံခွန်ကို။
ဝါရယေ၊ တားမြစ်ရာ၏။

အဓိပ္ပါယ်

မြတ်စွာဘုရား အပေါ်၌ ယုံကြည်မှု ထက်သန်သော ရဟန်းသည် မတင့်မတယ် ရွံရှာဖွယ်အစုကို ရှုမှတ်ကြံစည်ခြင်းဖြင့် ရာဂကို တားမြစ်ရာ၏မေတ္တာဖြင့် ဒေါသကို တားမြစ်ရာ၏မရဏဿတိဖြင့် မာနကို တားမြစ်ရာ၏

၁၅ - အသုဘာ ကာမဝိတက္ကံ၊
မေတ္တာ ဗျာပါဒ တက္ကိတံ။
ဝိဟိံသံ ကရုဏာယေဝ၊
နိဝါရေယျ သဒါသတော။

အနက်

သဒါသတော၊ အခါခပ်သိမ်း သတိရှိလျက်။
အသုဘာ-အသုဘာယ၊ အသုဘသညာဖြင့်။
ကာမဝိတတ္တံ၊ ကိလေသာ ကာမနှင့်စပ်သော အကြံကို။
မေတ္တာ-မေတ္တာယ၊ မေတ္တာဘာဝနာဖြင့်။
ဗျာပါဒ တက္ကိတံ၊ အမျက်ထွက်ခြင်းနှင့် စပ်သော အကြံကို။
ကရုဏာယေဝ၊ ကရုဏာဖြင့်သာလျှင်။
ဝိဟိံသံ၊ ညှဉ်းဆဲလိုခြင်းနှင့် စပ်သောအကြံကို။
နိဝါရေယျ၊ တားမြစ်ရာ၏။

အဓိပ္ပါယ်

အခါခပ်သိမ်း သတိရှိလျက် -
အသုဘသညာဖြင့် ကာမဂုဏ်နှင့် စပ်သောအကြံကို တားမြစ်ရာ၏
မေတ္တာဘာဝနာဖြင့် အမျက်ထွက်ခြင်းနှင့် စပ်သော အကြံကို တားမြစ်ရာ၏
သနားခြင်း ကရုဏာဖြင့် ညှဉ်းဆဲလိုခြင်းနှင့် စပ်သော အကြံကို တားမြစ်ရာ၏

၁၆ - ဗုဒ္ဓါဏတ္တိ သဒါတီတော၊
မိစ္ဆာဝိတက္က ပီဠိတော။
ပါပဓမ္မေဟိ သံကိဏ္ဏော၊
သောနိစ္စာပါယ ဂါမိကော။

အနက်

ဗုဒ္ဓါဏတ္တိ သဒါတီတော၊ ဘုရား အာဏာတော်ကို အခါခပ်သိမ်းလွန်သော။
မိစ္ဆာဝိတက္က ပီဠိတော၊ မိစ္ဆာဝိတက် နှိပ်စက်အပ်သော။
ပါပဓမ္မေဟိ၊ အကုသိုလ်တရားတို့နှင့်။
သံကိဏ္ဏော၊ ရောပြွမ်းသော။
သောဘိက္ခု၊ ထိုရဟန်းသည်။
နိစ္စံ၊ အမြဲ။
အပါယ ဂါမိကောအပါယ်လား၏

အဓိပ္ပါယ်

ဘုရားရှင် အာဏာတော်ကို အခါခပ်သိမ်း လွန်ဆန်လျက် မိစ္ဆာဝိတက် နှိပ်စက်ခြင်း ခံရသဖြင့် အကုသိုလ် တရားတို့နှင့် ရောပြွမ်း ဆက်ဆံသော ရဟန်းသည် အမြဲမုချ အပါယ်လားရ၏

၁၇-ဓောဝိတွာ ပတ္တိမလာနိ
ပုနာတိက္ကမ သံဝုတော
မိစ္ဆာဝိတက္က သေဉ္ဆဒီ
ဒူရော အပါယ ဂါမိတော

အနက်

အာပတ္တိမလာနိ၊ အာပတ် အညစ်အကြေးတို့ကို။
ဓောဝိတွာ၊ ဖွပ်လျှော်၍။
ပုနာတိက္ကမ သံဝုတော၊ တဖန် လွန်ကျူးခြင်းမှ စောင့်ရှောက်လျက်။
မိစ္ဆာဝိတက္က သေဉ္ဆဒီ၊ မိစ္ဆာဝိတက်ကို ဖျောက်သောရဟန်းသည်။
အပါယဂါမိတော၊ အပါယ် လားခြင်းမှ။
ဒူရော၊ ဝေးစွာ၏။

အဓိပ္ပါယ်

အာပတ် အညစ်အကြေးတို့ကို ဖွပ်လျှော်၍ တဖန်လွန်ကျူးခြင်းမှ စောင့်ရှောက်လျက် မိစ္ဆာဝိတက်ကို ပယ်ဖျောက်သော ရဟန်းသည် အပါယ်လားရခြင်းမှ ဝေးကွာ၏။

၁၈ - ခီဏာသဝတ္တ ဗုဒ္ဓတ္တံ
နိယျာနိကန္တရာ ယိကံ
သီဟနာဒံ စတုဋ္ဌာနေ
ဝေသာရဇ္ဇော ဇိနော နဒိ

အနက်

ခီဏာသဝတ္တံ၊ ဝါသနာ အငွေ့အသက်နှင့် တကွ ခပ်သိမ်းသော ကိလေသာ အာသဝေါတို့သည် ငါ၌ ကုန်ပျောက်လေပြီဟု ပညာရှိဖြစ်သော ဗြဟ္မာ, လူ, နတ်, ပရိသတ် အလယ်၌ ဝန်ခံကြိမ်းပတော်မူခြင်း၎င်း။
ဗုဒ္ဓတ္တံ၊ ရှိရှိသမျှ ဉေယျအပုံ အလုံးစုံကို အကုန်အစင် ငါသိမြင်၏ဟု ဝန်ခံကြိမ်းပ တော်မူခြင်း၎င်း။
နိယျာနိကံ၊ သီလ, သမာဓိ, သတိပဋ္ဌာန် အစရှိသော တရားတို့သည် အပါယိက သံသာရမှ မုချလွတ်လောက် ထွက်မြောက်ကြောင်း ဖြစ်သည်ဟု ထားတည် ပညတ်တော်မူခြင်း၎င်း။
အန္တရာယိကံ၊ နတ်ရွာ, နိဗ္ဗာန် မဂ်,ဈာန်တံခါး ဆီးတား ပိတ်ပင်တတ်သော-ကံ၊
ဝိပါကာ၊ ကိလေသာနှင့်။
ဥပဝါဒန်၊ အာဏာဆန်ဟု ငါးတန်အန္တရာယ် ရှောင်ကြဉ်ဖွယ်ကို လူဝယ်ထင်ရှား တည်ထား ပညတ်တော်မူခြင်း၎င်း။
ဣတိ၊ ဤသို့။
စတုဋ္ဌာနေ၊ လေးပါးသော အရာ၌။
ဝေသာရဇ္ဇော၊ နတ်လူပုံက တစုံတယောက် ဟောထောက်နိုင်သူ မပြုမဝံ့ ခိုင်ခံ့သဖြင့် ရဲရင့်တော်မူသော။
ဇိနော၊ ဘုရားရှင်သည်။
သီဟနာဒံ၊ ခြင်္သေ့ဟောက်သို့ မကြောက်မရွံ့ ရဲဝံ့သော အသံတော်ကို။
နဒိ၊ ပဲ့တင်ထပ်ဆင့် ကြေညာလွှင့်လျက် ကျူးရင့်တော်မူလေပြီ။

အဓိပ္ပါယ်

၁။ အငွေ့အသက်နှင့်တကွ ခပ်သိမ်းသော ကိလေသာ အာသဝေါတို့သည် ငါ၌ ကုန်ပျောက်လေပြီဟု ပညာရှိ ပရိသတ် အလယ်၌ ဝန်ခံကြိမ်းပတော်မူခြင်း,
၂။ ဉေယျဓံ တရားအလုံးစုံကို အကုန်အစင် ငါသိမြင်၏ ဟု ဝန်ခံကြိမ်းပတော်မူခြင်း,
၃။ သီလ သမာဓိ အစရှိသော တရားတို့သည် သံသရာမှ ထွက်မြောက်ကြောင်း ဖြစ်သည်ဟု တည်ထား ပညတ်တော်မူခြင်း,
၄။ နတ်ရွာ, နိဗ္ဗာန်, ဈာန် မဂ်, ဖိုလ်ကို တားမြစ်တတ်သော
[၁ - ကမ္မန္တရာယ်၊
၂ - ဝိပါကန္တရာယ်၊
၃ - ကိလေသန္တရာယ်၊
၄ - ဥပဝါဒန္တရာယ်၊
၅ - အာဏာဝီတိက္ကမန္တရာယ်။]
ဤငါးသွယ်ကို လူဝယ်ထင်ရှား တည်ထား ပညတ်တော်မူခြင်း,
ဤ လေးပါးသော အရာတို့၌ ကြောက်ရွံ့ခြင်းကင်း ရဲတင်းတော်မူသော မြတ်စွာဘုရားသည် ခြင်္သေ့ဟောက်သလို ရဲရဲတောက် ကြိမ်းဝါး မိန့်ဆိုတော်မူ၏။

၁၉ - သီလံ နိယျာနိကံ နာမ
အာပတ္တိ အန္တရာယိကံ
အန္တရာယ မနာပဇ္ဇ
နိယျာနေဝ ပတိဋ္ဌတု

အနက်

သီလံ၊ ပါတိမောက္ခသီလသည်။
နိယျာနိကံနာမ၊ အပါယိက သံသာရမှ မုချထွက်မြောက်ကြောင်း မည်၏။
အာပတ္တိ၊ ဒုက္ကဋ် ဒုဗ္ဘာသိတ်အစရှိသော အာပတ်ခုနစ်ပုံသည်။
အန္တရာယိကံ၊ သုဂတိနိဗ္ဗာန် မဂ်ဈာန်တံခါး ဆီးတားပိတ်ကွယ် အန္တရာယ် ပြုတတ်သော တရားမည်၏။
အန္တရာယံ၊ အာပတ်ဟူသောအန္တရာယ်သို့။
အနာပဇ္ဇ၊ မငြိမပေါက် မရောက်စေမူ၍။
နိယျာနေဝ၊ ဝဋ်မှ ထွက်မြောက်ကြောင်း ကောင်းသော သီလ၌သာလျှင်။
ပတိဋ္ဌတု၊ တည်ပါစေလော့။

အဓိပ္ပါယ်

ပါတိမောက္ခ သံဝရသီလသည် အပါယ် သံသရာမှ ထွက်မြောက်ကြောင်း မည်၏။ ဒုက္ကဋ် , ဒုဗ္ဘာသိတ်-စသော အာပတ်ခုနစ်ပုံသည် နတ်, နိဗ္ဗာန်, ဈာန် မဂ် ဖိုလ်၏ အန္တရာယ်ကို ပြုတတ်သောတရား မည်၏၊ အာပတ်ဟူသော အန္တရာယ်သို့ မရောက်စေ ဟူ၍ သံသရာဝဋ်မှ ထွက်မြောက်ကြောင်း ဖြစ်သော သီလ၌သာ တည်စေပါလော့။

၂၀ - နိယျာနိကာစ အသုဘာ
သုဘသညာ န္တရာယိကာ
အန္တရာယ မနာပဇ္ဇ
နိယျာနေဝ ပတိဋ္ဌတု

အနက်

၊ တနည်းကား။
အသုဘာ၊ အသုဘသညာ ဟူသော ကာယာနုပဿနာ သတိပဋ္ဌာန်သည်။
နိယျာနိကာ၊ ရာဂ အစရှိသောသံသရာမှ ထွက်မြောက်ကြောင်း မည်၏။
သုဘသညာ၊ လက် ခြေ, မျက်နှာ တင့်တယ်စွာဟု ကြည့်ရှုထင်မှတ်သော သုဘ သညာသည်။
အန္တရာယိကာ၊ သုဂတိနိဗ္ဗာန် မဂ်ဈာန်တံခါး ဟန့်တားပိတ်ကွယ် အန္တရာယ် ပြုတတ်သော တရား မည်၏။
အန္တရာယံ၊ သုဂတိနိဗ္ဗာန် မဂ်ဈာန်တံခါး ဟန့်တားပိတ်ကွယ် အန္တရာယ် မူလ ကာမ ဝိတက် ခြင်မှက်ရုံးစု သုဘအာရုံသို့။
အနာပဇ္ဇ၊ မကပ် မရောက် ချက်ချင်းဖျောက်၍။
နိယျာနေဝ၊ နေက္ခမ္မဝိတက် ထွက်မြောက်ကြောင်းဖြစ်သော အသုဘဘာဝနာ ကာယာနုပဿနာ အာရုံ၌သာလျှင်။
ပတိဋ္ဌတု၊ တည်ပါစေလော့။

အဓိပ္ပါယ်

တနည်းကား -
အသုဘ သညာဟူသော ကာယာနုပဿနာ သတိပဋ္ဌာန်သည် ရာဂအစရှိသော သံသရာမှ ထွက်မြောက်ကြောင်း မည်၏၊ လှပတင့်တယ် နှစ်သက်ဖွယ်ဟု ရှုမှတ် တတ်သော သုဘသညာသည် မဂ်, ဖိုလ်, နိဗ္ဗာန်, ဈာန်အန္တရာယ်ကို ပြုတတ်သော တရားမည်၏၊ မဂ် ဖိုလ် နိဗ္ဗာန် ဈာန် အန္တရာယ် ပြုတတ်သော သုဘအာရုံသို့ မကပ်မရောက် ချက်ချင်းပယ်ဖျောက်၍ ရာဂ စသည်မှ ထွက်မြောက်ကြောင်း ဖြစ်သော ကာယာနုပဿနာ အာရုံ၌သာ တည်စေပါလော့။

၂၁-နာနာပတ္တိ ပကိဏ္ဏောပိ
ပါရာဇိကာ ဝသေသကော
သော မိတျတ္တ ပဏီဓီဟိ
လဇ္ဇိယေဝ ဝိသောဓကော

အနက်

ပါရာဇိကာ ဝသေသကော၊ ပါရာဇိကအာပတ် တခုသာကြွင်းသည်ဖြစ်၍။
နာနာပတ္တိ ပကိဏ္ဏောပိ၊ အထူးထူးသော အာပတ်တို့ဖြင့် ပြွမ်းသော်လည်း။
သောမိတျတ္တပဏီဓီဟိ၊ လဇ္ဇီအဆွေခင်ပွန်းကောင်း ရခြင်း, မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်းတို့ဖြင့်။
ဝိသောဓကော၊ စင်ကြယ်အောင် ဆေးလျှော်သောသူသည်။
လဇ္ဇီယေဝ၊ လဇ္ဇီရဟန်းသာလျှင်။
ဟောတိ၊ ဖြစ်၏။

အဓိပ္ပါယ်

ပါရာဇိက အာပတ်ကို ဖယ်ထား၍ အခြားသော အာပတ် အမျိုးမျိုးတို့ဖြင့် ရောပြွမ်း နေပါသော်လည်း အဆွေခင်ပွန်းကောင်းကို ရခြင်း၊ မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်းတို့ဖြင့် စင်ကြယ်အောင် ဆေးလျှော်သော သူသည် လဇ္ဇီရဟန်းကောင်းသာ ဖြစ်ပေ၏။

၂၂ - အလဇ္ဇီကမ္မ ကိဏ္ဏောပိ
သံဝေဇေတွာ သုမိတ္တိကော
လဇ္ဇီယေဝ ဝိသောဓေန္တော
မတကောဝ အသောဓကော

အနက်

အလဇ္ဇီကမ္မ ကိဏ္ဏောပိ၊ အလဇ္ဇီအမူ အလဇ္ဇီအရာတို့နှင့် ပြွမ်းသော ရဟန်း သည်လည်း။
သုမိတ္တိကော၊ ကောင်းစွာ ဟောပြောတတ်သော ကလျာဏမိတ္တကိုရလျက်။
သံဝေဇေတွာ၊ ထိတ်လန့်၍။
ဝိသောဓေန္တော၊ သုတ်သင်ဆေးကြောသည်ရှိသော်။
လဇ္ဇီယေဝ၊ လဇ္ဇီရဟန်းပင်တည်း။
အသောဓကော၊ မသုတ်မသင် မဆင်ခြင်ဘဲ အမြဲနေသောရဟန်းသည်။
မတကောဝ၊ သူသေကောင်ကဲ့သို့တည်း။
ဝါ၊ ရဟန်းအယောင်အသွင် ဆောင်လျက် သူသေကောင်ကဲ့သို့ ကြဉ်ရှောင်အပ်သော ရဟန်းသာလျှင်။
ဟောတိ၊ ဖြစ်၏။

အဓိပ္ပါယ်

အလဇ္ဇီ အပြုအမူတို့နှင့် ရောပြွမ်းသော ရဟန်းပင် ဖြစ်ပါသော်လည်း ကောင်းစွာ ဆုံးမတတ်သော အဆွေခင်ပွန်းကောင်းကို ရသဖြင့် ထိတ်လန့်၍ မိမိအပြစ်ကို သုတ်သင် ဆေးကြောပါမူ လဇ္ဇီရဟန်းပင် တည်း၊ မသုတ်သင် မဆေးလျှော်ဘဲ နေပါမူကား ရဟန်းအသွင်ဆောင်လျက် သူသေကောင်ကဲ့သို့ ကြဉ်ရှောင်အပ်သော ရဟန်းမျိုးသာ ဖြစ်၏။

၂၃ - ယော ပုဗ္ဗေဝ ပမဇ္ဇိတွာ
ပစ္ဆာသော နပ္ပမဇ္ဇတိ
သောမံ လောကံ ပဘာသေတိ
အဗ္ဘာမုတ္တာဝစန္ဒိမာ

အနက်

ယော၊ အကြင်ရဟန်းသည်။
ပုဗ္ဗေဝ၊ ကလျာဏမိတ္တ ယောနိသောမနသိကာရကို မရမီ ရှေး၌သာလျှင်။
ပမဇ္ဇိတွာ၊ ရဟန်းကိစ္စ သီလဘာဝနာ ဤမျှသာဟု သေချာမသိ သတိမငွေ့ မေ့မေ့ လျော့လျော့ ပေါ့ပေါ့တန်တန် နေ၍။
သောဘိက္ခု၊ ထိုရဟန်းသည်။
ပစ္ဆာ၊ ကလျာဏမိတ္တ ယောနိသောမနသိကာရကို ရပြီးသောနောက်၌။
နပ္ပမဇ္ဇတိ၊ အာပတ်သုတ်သင် ဓုတင်မကွာ ဆိတ်ငြိမ်ရာ၌ ဘာဝနာအားထုတ် မဆုတ်မလျော့ မပေါ့မမေ့ နေလေ့ရှိ၏။
အဗ္ဘာ၊ မိုဃ်းတိမ်တိုက်မှ။
မုတ္တော၊ မငြိသန့်ရှင်း လွတ်လွတ်ကင်းသော။
စန္ဒိမာ၊ လမင်းသည်။
ဣမံလောကံ၊ ဤသြကာသလောက တပြင်လုံးကို။
ပဘာသေတိဣဝ၊ တောက်ပထွန်းလင်းသကဲ့သို့။
သောဘိက္ခု၊ ထိုရှေးဦးကသာ မေ့လျော့စွာ၍ နောက်မှာသတိ ရရှိကြိုးကုတ် အားပါး ထုတ်သော ရဟန်းသည်။
ဣမံလောကံ၊ သာသနာဖြင့် တန်းဆာဆင်အပ်သော ဤသတ္တလောက အလုံးကို။
ပဘာသေတိ၊ သီလဘာဝနာ ဂုဏ်တေဇာဖြင့် ကြေညာထက်ဝန်း ထွန်းလင်း တောက်ပ၏။

အဓိပ္ပါယ်

မိတ်ဆွေကောင်းနှင့် အသင့်အတင့် မှုလုံးသွင်းမှုကို မရမီသာ မေ့လျော့ပေါ့တန်စွာ နေထိုင်လျက် မိတ်ဆွေကောင်းနှင့် အသင့်အတင့် နှလုံးသွင်းမှုကို ရရှိသော နောက်အခါမှာမူကား အာပတ်သုတ်သင်၍ ဓုတင်ဆောင်လျက် ဘာဝနာပွားကာ မမေ့မလျော့နေသော ရဟန်းသည် တိမ်တိုက်မှ လွတ်သော လမင်းသည် ဩကာသ လောကတခုလုံးကို ထွန်းလင်းတောက်ပ စေနိုင်သကဲ့သို့ သာသနာဖြင့် တန်းဆာ ဆင်အပ်သော သတ္တလောက တခုလုံးကို သီလရောင် သမာဓိရောင်တို့ဖြင့် တောက်ပြောင် ထွန်းလင်းစေနိုင်၏။

၂၄ - ဓုရံကတွာ ဓိပတယော
ယော ပုညေသု ပရက္ကမေ
တဿ နိယျာနိကံ ကမ္မံ
ကိံ နာမကံ နသိဇ္ဈတေ

အနက်

ယော၊ အကြင်သူသည်။
ပုညေသု၊ ကောင်းမှု ကုသိုလ်အရာတို့၌။
အဓိပတယော၊ ဆန္ဒ, စိတ္တ, ဝိရိယ, ဝိမံသ, ဟူသော အဓိပတိလေးပါးတို့ကို။
ဓုရံကတွာ၊ အဦးတင်၍။
ဝါ၊ ခေါင်းတည်ပြု၍။
ပရက္ကမေ၊ လုံ့လပြုငြားအံ့။
တဿ၊ ထိုအခါ အဓိပတိတရား လေးပါးအချုပ် ခေါင်းတည်လုပ်၍ အားထုတ်သော သူအား။
ကိံ နာမကံ၊ အဘယ်မည်သော။
နိယျာနိကံ ကမ္မံ၊ သံသရာမှ ထွက်မြောက်ကြောင်း ဖြစ်သော ကုသိုလ် အမှုသည်။
နသိဇ္ဈတေ၊ မပြီးဘဲ နေနိုင်အံ့နည်း။
သိဇ္ဈတေဝ၊ ပြီးရအံ့သည်သာတည်း။

အဓိပ္ပါယ်

ကုသိုလ်ကောင်းမှုအရာတို့၌ အလိုဆန္ဒ, စိတ်, လုံ့လ, ပညာ - ဟူသော အဓိပတိ လေးပါးကို အကြီးအကဲထား၍ ကြိုးစားအားထုတ်ပါမူ ထိုကဲ့သို့သောသူအား သံသရာမှ ထွက်မြောက်ကြောင်း ဖြစ်သော အဘယ်ကုသိုလ် ကောင်းမှုမျိုးသည် မပြီးစီး မပြည့်စုံဘဲ နေနိုင်အံ့နည်း၊ ပြီးစီးပြည့်စုံမည် အမှန်ပင်တည်း။

၂၅ - ပစ္စတေ မုနိနော ဘတ္တံ
ထောကံထောကံ ဃရေဃရေ
ပိဏ္ဍိကာယေဝ ဇီဝန္တု
မာပဇ္ဇန္တု အနေသနံ

အနက်

မုနိနော၊ ရဟန်းအား။
ဝါ၊ ရဟန်းအလို့ငှါ။
ဃရေဃရေ၊ အိမ်တိုင်း အိမ်တိုင်း၌။
ထောကံထောကံ၊ အတန်ငယ် အတန်ငယ်။
ဘတ္တံ၊ ဆွမ်းသည်။
ပစ္စတေ၊ ကျက်လေသည်ချည်းတည်း။
ဝါ၊ ဘတ္တံ၊ ထမင်းကို။
ပစ္စတေ၊ ချက်အပ်လေသည်ချည်းတည်း။
ပိဏ္ဍိကာယေဝ၊ သားလုံးမြင်းခေါင်းဖြင့်ရပ်၍ ပိဏ္ဍပါတ် ဆွမ်းခံခြင်းဖြင့်သာလျှင်။
ဇီဝန္တု၊ အသက်မွေးလော့။
အနေသနံ၊ ကုလဒူသန ကုဟန လပန ဝိညတ် နိမိတ် ဩဘာ ပရိယာယကထာဖြင့် မအပ်သော ရှာမှီးခြင်းသို့။
မာပဇ္ဇန္တု၊ မရောက်ပါစေကုန်လင့်။

အဓိပ္ပါယ်

ရဟန်းအလို့ငှါ အိမ်တိုင်း အိမ်တိုင်း၌ အတန်ငယ် အတန်ငယ်သော ဆွမ်းကို ချက်ထားသည်သာတည်း၊ သားလုံးမြင်းခေါင်းဖြင့် ရင်းနှီးကာ ဆွမ်းခံခြင်းဖြင့်သာ အသက်မွေးကြ ပါကုန်လော့၊ သစ်သီးပေးခြင်း, ပန်းပေးခြင်း စသောနည်းဖြင့် မအပ်မရာ မရှာမှီးကြပါကုန်လင့်။

၂၆ - ဓောဝေယျာ ပတ္တိမလာနိ
ဝုဋ္ဌာန ဒေသနမ္ဗုဟိ
သံဝရိဿန္တိ စိတ္တေန
သီလံ ဓောတဿ နိမ္မလံ

အနက်

ဝုဋ္ဌာန ဒေသနမ္ဗုဟိ၊ ဝုဋ္ဌာနကံ, ဒေသနာကံ-ရေတို့ဖြင့်။
အာပတ္တိမလာနိ၊ အာပတ်အညစ်အကြေးတို့ကို။
ဓောဝေယျ၊ ဆေးလျှော်ရာ၏။
သံဝရိဿန္တိ စိတ္တေန၊ စောင့်စည်းပါအံ့-ဟူသောစိတ်ဖြင့်။
ဓောတဿ၊ ဆေးလျှော်ပြီးသောရဟန်း၏။
သီလံ၊ သီလသည်။
နိမ္မလံ၊ အညစ်အကြေးကင်း၏။

အဓိပ္ပါယ်

ပရိဝါသ် စောင့်ခြင်း, ဒေသနာ ကြားခြင်း - ဟူသော ရေတို့ဖြင့် အာပတ် အညစ်အကြေးတို့ကို ဆေးလျှော်ရာ၏။ “စောင့်စည်းပါတော့အံ့”ဟူသော စိတ်ဖြင့် ဆေးလျှော်ပြီးသော ရဟန်း၏သီလသည် အညစ်အကြေးမတင် သန့်ရှင်းစင်ကြယ်၏။

၂၇ - ဗုဒ္ဓါဏာတိက္ကမာပတ္တိ
နိဂ္ဂဟေ ရာဂ ဒေါသကေ
နတ္ထိ သဉ္စိစ္စ အာပတ္တိ
လဇ္ဇီဝ သော ပဝုစ္စတိ

အနက်

ဗုဒ္ဓါဏာတိက္ကမာ၊ ဘုရားရှင် အာဏာတော်ကို လွန်ခြင်းသည်။
အာပတ္တိ၊ အာပတ်မည်၏။
ဝါ၊ ဗုဒ္ဓါဏာတိက္ကမာ၊ ဘုရားရှင်အာဏာတော်ကို လွန်ခြင်းကြောင့်။
အာပတ္တိ၊ အာပတ်သည်။
ဟောတိ၊ ဖြစ်၏။
ရာဂဒေါသကေ၊ ယုတ်မာစွာသော ရာဂ, ဒေါသတို့ကို။
နိဂ္ဂဟေ၊ နှိပ်ရာ၏။
ဝါ၊ ရာဂဒေါသက၊ ယုတ်မာစွာသော ရာဂ, ဒေါသကို။
နိဂ္ဂဟေ၊ နှိပ်သည်ရှိသော်
သဉ္စိစ္စ အာပတ္တိ၊ ဘုရားရှင် အာဏာတော်ကို လွန်ကျူးလိုသောစိတ် ရှိသည်ဖြစ်၍ သင့်သော အာပတ်သည်။
နတ္ထိ၊ မရှိ။
သောဘိက္ခု၊ ထိုရဟန်းကို။
လဇ္ဇီဝ၊ လဇ္ဇီဟူ၍သာလျှင်။
ပဝုစ္စတိ၊ ဆိုအပ်၏။

အဓိပ္ပါယ်

ဘုရားရှင်အာဏာတော်ကို လွန်ကျူးခြင်းသည် အာပတ်မည်၏၊ ယုတ်မာလှစွာသော ရာဂ, ဒေါသတို့ကို နှိပ်နှင်းနိုင်ပါမူ အာဏာတော်ကို လွန်ကျူးလိုသော စိတ်ရှိသဖြင့် သင့်သော အပတ်မျိုး မရှိနိုင်သောကြောင့် ထိုရဟန်းမျိုးကို လဇ္ဇီရဟန်း ဟူ၍သာ ဆိုထိုက်၏။

၂၈ - ဝါဏိဇ္ဇ ကသိကာဒီဟိ
နာဟာရဋ္ဌိ ဓသာသနေ
ဓုရ ဒွယံ၀ ကိစ္စံ တံ
နာညကိစ္စေဟိ ဟာပယေ

အနက်

ဣဓသာသနေ၊ ဤဘုရားရှင် သာသနာတော်၌။
ဝါဏိဇ္ဇ ကသိကာဒီဟိ၊ ကုန်သွယ်ခြင်း လယ်လုပ်ခြင်းအစရှိသည်တို့ဖြင့်။
အာဟာရဋ္ဌိ၊ ဝမ်းစာအာဟာရ ရှာမှီးရခြင်းသည်။
နအတ္ထိ၊ မရှိ။
ဓုရ ဒွယံ၀ ကိစ္စံ၊ ဂန္ထဓုရ ,ဝိပဿနာဓုရ နှစ်ပါးကို အားထုတ်ရခြင်း ကိစ္စသာလျှင်။
အတ္ထိ၊ ရှိ၏။
ကံကိစ္စဒွယံ၊ ထို ဂန္ထဓုရ ,ဝိပဿနာဓုရ ကိစ္စနှစ်ပါးကို။
အညကိစ္စေဟိ၊ အခြားဖြစ်သော ဗာဟိရကိစ္စတို့ဖြင့်။
နာဟာပယေ၊ မယုတ်စေရ။

အဓိပ္ပါယ်

ဤဘုရားရှင် သာသနာတော်၌ ကုန်သွယ်ခြင်း, လယ်လုပ်ခြင်း - စသည်တို့ဖြင့် ဝမ်းစာရှမှီးရခြင်း မရှိပေ၊ စာပေသင်ကြားမှု ကမ္မဋ္ဌာန်းဘာဝနာစီးဖြန်းမှု တာဝန် နှစ်ခုကို အားထုတ်ရခြင်း ကိစ္စသာ ရှိချေ၏၊ ထိုကိစ္စနှစ်ပါးကို အခြားသော ဗာဟိရ ကိစ္စတို့ဖြင့် မယုတ်လျော့စေရာ။

၂၉ - နိဂ္ဂဏှေယျ သကံစိတ္တံ
ကိဋ္ဌာဒိံ ဝိယ ဒုပ္ပသုံ
သတိမာ သမ္ပဇာနောစ
စရေ သဗ္ဗိရိယာပထေ

အနက်

ကိဋ္ဌာဒိံ၊ ထွန်ကြဲပြုပြင် စပါးပင်ကို ဝင်၍ စားလေ့ရှိသော။
ဒုပ္ပသုံ၊ အသုံးမကျ လပို့ထသော နွားသိုးယုတ်မာကို။
သာမိကော၊ နွားရှင်ယောကျ်ားသည်။
နိဂ္ဂဏှေယျဝိယ၊ နွားချည်တိုင်၌ ခိုင်ခိုင် ဖွဲ့လျက် ရိုက်နှက် ဆုံးမရာသကဲ့သို့။
ဘိက္ခု၊ ရဟန်းသည်။
ကိဋ္ဌာဒိံ၊ ရုပ်ကိုယ်ခန္ဓာ ရွံရှာဖွယ်တိ သို့ဖြစ်ဘိလျက် မသိသောအား ယူစား တပ်မက်တတ်သော။
သကံစိတ္တံ၊ မိမိမိုက်စိတ် ဆိုးခေါင်ထိပ်ကို။
နိဂ္ဂဏှေယျ၊ ကာယကေဋ္ဌာ ဘာဝနာတိုင် ခိုင်ခိုင်မြဲတည် သတိချည်၍ သမ္ပဇည နှင်တံပြလျက် ဆုံးမ နှိပ်ကွပ်ရာ၏။
သဗ္ဗိရိယာပထေ၊ လျောင်း ထိုင် ရပ် သွား လေးပါးယာပိုထ် ပြုစဉ်ခိုက်၌။
ဝါ၊ အဘိက္ကန္တ ပဋိက္ကန္တ”စသည်လုံးစုံ ယာပိုက်ကုန်၌။
သတိမာ၊ ကာယာနုပဿနာ မကွာသတိ ရှိသည်ဖြစ်၍၎င်း။
သမ္ပဇာနောစ၊ ယထာဘူတ ဇေဂုစ္ဆကို မုချထင်ထင် သိမြင်သည်ဖြစ်၍၎င်း။
စရေ၊ ကျင့်ရာ၏။
ဝါ၊ လှည့်လည်ရာ၏။

အဓိပ္ပါယ်

ထွန်ကြဲပြုပြင်ထားသည့် စပါးပင်ကို ဝင်စားလေ့ရှိသော နွားသိုးယုတ်မာကို နွားရှင်ယောကျ်ားသည် နွားချည်တိုင်မှာ ခိုင်စွာချည်လျက် ရိုက်နှက် ဆုံးမသကဲ့သို့ ရဟန်းသည် ကိုယ်ခန္ဓာ၌ ရွံရှာဖွယ်သဘောကို မသိသောအား ယူစားတပ်မက် တတ်သည့် မိမိစိတ်ရိုင်း စိတ်မိုက်ကို ဘာဝနာတိုင်၌ သတိဖြင့် ခိုင်ခိုင်ချည်၍ သမ္ပဇဉ် နှင်တံပြလျက် နှိပ်ကွပ်ဆုံးမရာ၏။
လျောင်း, ထိုင်, ရပ်, သွား ဣရိယာပုထ် လေးပါး၌ မှတ်သားမှုသတိ သိမှုပညာ မကွာစေဘဲ အမြဲကျင့်ရာ၏။

၃ဝ - ယထာ ထမ္ဘေ နိဗန္ဓေယျ
ဝစ္ဆံ ဒမံ နရော ဣဓ
ဗန္ဓေယျေဝံ သကံစိတ္တံ
သတိယာ ရမ္မဏေ ဒဠှံ

အနက်

ဣဓလောကေ၊ ဤလောက၌။
ဝစ္ဆံ၊ နွားငယ်ကို။
ဒမံ-ဒမန္တော၊ ဆုံးမလိုသော။
နရော၊ တောင်သူယောကျ်ားသည်။
ဝစ္ဆံ၊ နွားငယ်ကို။
ထမ္ဘေ၊ ချည်တိုင်၌။
နိဗန္ဓေယျယထာ၊ ဖွဲ့ချည်ရာသကဲ့သို့။
ဝါ၊ နိဗန္ဓေယျ၊ ဖွဲ့ချည်၍။
ဒမံ-ဒမန္တော၊ ဆုံးမရာသကဲ့သို့။
ဧဝံ-တထာ၊ ထို့ အတူ။
ဣဓသာသနေ၊ ဤဘုရားသခင် သာသနာတော်၌။
သကံစိတ္တံ၊ အာရုံခြောက်ပါး၌ ကျက်စားလေ့လာ ယုတ်မာစွာသော မိမိစိတ်ကို။
ဒမံ-ဒမန္တော၊ ဆုံးမလိုသော။
နရော၊ သူတော်ကောင်း ပုဂ္ဂိုလ်သည်။
သကံစိတ္တံ၊ မိမိစိတ်ကို။
အာရမ္မဏေ၊ ကာယကောဋ္ဌာ မရဏဿတိ အစရှိသော အာရုံ ချည်တိုင်၌။
သတိယာ၊ သတိပဋ္ဌာန် ကြိုးကြီးလွန်ဖြင့်။
ဒဠှံ၊ မြဲစွာ။
ဗန္ဓ၊ ချာချာမလည် ငြိမ်သက်တည်အောင် ဖွဲ့ချည်ရာ၏။
ဝါ၊ ဗန္ဓေယျ၊ ဖွဲ့ချည်၍။
ဒမံ-ဒမန္တော၊ ပညာဒုတ်ဖြင့် ရိုက်ပုတ်၍ ဆုံးမရာ၏။

အဓိပ္ပါယ်

ဤလောက၌ နွားငယ်ကို ဆုံးမလိုသောသူသည် ချည်တိုင်မှာ ခိုင်ခိုင်ချည်တုတ်၍ ရိုက်ပုတ်ဆုံးမ သကဲ့သို့ ထို့အတူ မိမိစိတ်ကို ဆုံးမလိုသောသူသည် မိမိစိတ်ကို သုံးဆဲ့နှစ် ကောဋ္ဌာသ, မရဏဿတိ-စသော အရုံချည်တိုင်၌ သတိပဋ္ဌာန် လွန်ကြိုးဖြင့် ခိုင်ခိုင်ချည်တုတ်၍ ပညာဒုတ်ဖြင့် ရိုက်ပုတ်ဆုံးမရာ၏။

၃၁ - အဓိသီလာဓိစိတ္တာနံ
အဓိပညာယ သိက္ခနံ
ဘိက္ခု ကိစ္စတ္တယံ ဧတံ
ကရောန္တောဝ သုဘိက္ခုကော

အနက်

အဓိသီလာဓိစိတ္တာနံ၊ အဓိသီလသိက္ခာ, အစိတ္တသိက္ခာ နှစ်ပါးတို့ကို။
သိက္ခနံ၊ လုံခြုံသဖြင့် အနေ သင့်အောင် ဖြည့်ကျင့်ခြင်း နှစ်ပါးသည်၎င်း။
အဓိပညာယ၊ အဓိပညာ သိက္ခာကို။
သိက္ခနံ၊ ဖြည့်ကျင့်ခြင်းသည်၎င်း။
ဘိက္ခု ကိစ္စတ္တယံ၊ ရဟန်းကိစ္စသုံးပါး မည်၏။
ဧတံ၊ ဤရဟန်းကိစ္စသုံးပါးကို။
ကရောန္တောဝ၊ ပြုသောရဟန်းသည်သာလျှင်။
သုဘိက္ခုကော၊ ရဟန်းကောင်း မည်၏။

အဓိပ္ပါယ်

၁။ အဓိသီလ သိက္ခာကို လုံခြုံအောင် ဖြည့်ကျင့်ခြင်း,
၂။ အဓိစိတ္တ သိက္ခာကို တည်ကြည်အောင် ဖြည့်ကျင့်ခြင်း,
၃။ အဓိပညာ သိက္ခာကို ထက်သန်အောင် ဖြည့်ကျင့်ခြင်း,
ဤ ရဟန်း ကိစ္စသုံးပါးကို ကြိုးစား အားထုတ် ပြုလုပ်သော ရဟန်းသည် ရဟန်းကောင်း ရဟန်းမြတ်မည်၏။

၃၂ - ပဉ္စာဋ္ဌ ဒသ သီလာနိ
နာဓိသီလံ တဒုတ္တရိ
ပါတိမောက် အဓိသီလံ
ပဗ္ဗတာ ဓိက မေရုဝ

အနက်

ပဉ္စာဋ္ဌ ဒသ သီလာနိ၊ ပဉ္စသီ, အဋ္ဌသီ, ဒသသီ တို့သည်။
နာဓိသီလံ၊ အဓိသီလမမည်။
ပဗ္ဗတာ ဓိက မေရုဝ၊ တောင်တကာတို့ထက် လွန်သော မြင်းမိုရ်တောင်မင်းကဲ့သို့။
ဝါ၊ မြင်းမိုရ်တောင်မင်းသည် တောင်တကာတို့ထက် လွန်သကဲ့သို့။
တဒုတ္တရိ၊ ထိုပဉ္စသီလ, ဥပေါသထအဋ္ဌင်္ဂသီလ, ဒသသီလတို့ထက် လွန်ကဲသော။
ပါတိမောက္ခံ၊ သီလစောင့်သော ရဟန်းကို စောင့်ရှောက်တတ်သော။
ဝါ၊ ပစ္စုပ္ပန်ဘေး သံသရာဘေးမှ စောင့်လျက် လွတ်စေတတ်သော။
ဝါ၊ အပါယိကဝဋ်ဒုက္ခသို့ မကျစေမူ၍ လွတ်စေတတ်သော။
ဝါ၊ ပါတိမောက်- အတိမောက္ခံ-အတိပမောက္ခံ၊ သီလတကာတို့ထက် မြတ်သော ပါတိမောက္ခသံဝရသီလသည်။
အဓိသီလံ၊ အဓိသီလမည်၏။

အဓိပ္ပါယ်

ငါးပါးသီလ, ရှစ်ပါးသီလ, ဆယ်ပါးသီလတို့သည် လွန်ကဲသော အဓိသီလ မမည်ပေ၊ တောင်တကာတို့ထက် လွန်ကဲမြင့်မားသောကြောင့်သာ မြင်းမိုရ်တောင်ဟု ခေါ်ဆိုရ သကဲ့သို့ ထိုငါးပါးသီလ, ရှစ်ပါးသီလ, ဆယ်ပါးသီလ တို့ထက် လွန်ကဲမြင့်မြတ်သော ရဟန်းတို့၏ ပါတိမောက္ခ သံဝရသီလ သည်သာ လွန်ကဲသော အဓိသီလမည်၏။

၃၃ - ပါတိမောက္ခံ ဝိသောဓေန္တော
အပ္ပေဝ ဇီဝိတံ ဇဟေ
ပညတ္တံ လောကနာထေန
နဘိန္ဒေ သီလသံဝရံ

အနက်

ပါတိမောက္ခံ၊ ဂန္ထပါတိမောက်၌ လာသော သီလပါတိမောက်ကို။
ဝိသောဓေန္တော၊ သုတ်သင်သော ရဟန်းသည်။
အပွေဝ-အပိဧဝ၊ စင်စစ်သာလျှင်။
ဇီဝိတံ၊ အသက်ကို။
ဇဟေ၊ စွန့်ရာ၏။
ဝါ၊ အပ္ပဝဇဟေ၊ အကယ်၍မူလည်း စွန့်ရငြားအံ့။
လောက နာထေန၊ လူသုံးပါးတို့ ကိုးကွယ်ရာ မြတ်စွာဘုရားသည်။
ပညတ္တံ၊ ပညတ်တည်ထားတော်မူအပ်သော။
သီလသံဝရံ၊ သီလစောင့်စည်းခြင်းကို။
နဘိန္ဒေ၊ မဖျက်ဆီးရာ။

အဓိပ္ပါယ်

ပါတိမောက္ခ သံဝရသီလကို သုတ်သင်လိုသော ရဟန်းသည် အသက်ကို စွန့်သင့်က စွန့်ရမည်။ မြတ်စွာဘုရား ပညတ်တော်မူအပ်သော သီလစောင့်စည်းမှုကို မဖျက်ဆီးရာ။

၃၄ - သီလေနာ တိက္ကမံ ထုလ္လံ
ပရိယုဋ္ဌံ သမာဓိနာ
ပညာယာ နုသယံ သဏှံ
ကိလေသံ ဘိက္ခု ဘိန္ဒတိ

အနက်

ဘိက္ခု၊ ရဟန်းသည်။
သီလေန၊ ပါတိမောက္ခ သံဝရသီလဖြင့်။
ထုလ္လံ၊ အရုန့်ရင်းဆုံး ဖြစ်သော။
အတိက္ကမံ၊ သိက္ခာပုဒ်အာဏာကို လွန်ကျူး၍ ဖြစ်သော။
ကိလေသံ၊ ဝိတိက္ကမ ကိလေသာကို။
ဘိန္ဒတိ၊ ဖျက်ဆီး၏။
သမာဓိနာ၊ ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိဖြင့်။
ပရိယုဋ္ဌံ၊ ကာမဝိတက် အစရှိသည်တို့၏ အစွမ်းဖြင့် တထောင်းထောင်း နှိပ်စက်၍ ထသော။
ကိလေသံ၊ ပရိယုဋ္ဌာန ကိလေသာကို။
ဘိန္ဒတိ၊ ဖျက်ဆီး၏။
ပညာယ၊ မဂ်ပညာဖြင့်။
သဏှံ၊ နူးညံ့သိမ်မွေ့သော။
အနုသယံ၊ အကြောင်းခန့်သင့် ရသဖြင့်လျှင် ဖြစ်ခွင့်ရှိသော။
ကိလေသံ၊ အနုသယ ကိလေသာကို။
ဘိန္ဒတိ၊ ဖျက်ဆီး၏။

အဓိပ္ပါယ်

ရဟန်းသည် ပါတိမောက္ခ သံဝရသီလဖြင့် အရုန့်ရင်းဆုံးဖြစ်သည့် သိက္ခာပုဒ် အာဏာတော်ကို လွန်ကျူး၍ ဖြစ်သော ဝိတိက္ကမ ကိလေသာကို ဖျက်ဆီးနိုင်၏။ ဥပစာရ, အပ္ပနာ နှစ်ဖြာသော သမာဓိဖြင့် ကာမဝိတက်စသည်တို့၏ အစွမ်းဖြင့် ထကြွသောင်းကျန်းသော ပရိယုဋ္ဌာန ကိလေသာကို ဖျက်ဆီးနိုင်၏။ အကြောင်း သင့်က ဖြစ်ခွင့်ရှိသော နူးညံ့သိမ်မွေ့သည့် အနုသယ ကိလေသာကို ပညာဖြင့် ဖျက်ဆီးနိုင်၏။

၃၅ - သာသနဿာဒိ သီလံဝ
မဇ္ဈေ တဿ သမာဓိဝ
ပညာဝ ပရိယောသာနံ
ကလျာဏာဝ ဣမေတယော

အနက်

သီလံဝ၊ ပါတိမောက္ခသံဝရ သီလသည်သာလျှင်။
သာသနဿ၊ သာသနာတော်၏။
အာဒိ၊ အစမည်၏။
သမာဓိဝ၊ သမာဓိသည်သာလျှင်။
တဿ၊ ထိုသာသနာဒတော်၏။
မဇ္ဈေ၊ အလယ်မည်၏။
ပညာဝ၊ ပညာသည်သာလျှင်။
ပရိယော သာနံ၊ အဆုံးမည်၏။
ဣမေတယော၊ ဤသုံးပါးသော သီလ သမာဓိ ပညာတို့သည်။
ကလျာဏာဝ၊ ကောင်းကုန်သည်သာလျှင်ကတည်း။
ဝါ၊ အဒိကလျာဏ, မဇ္ဈေကလျာဏ, ပရိယောသာနကလျာဏ မည်ကုန်သည် သာလျှင်ကတည်း။

အဓိပ္ပါယ်

ပါတိမောက္ခသံဝရသီလ သည်သာလျှင် သာသနာ၏ အစမည်၏၊
သမာဓိသည်သာလျှင် သာသနာတော်၏ အလယ်မည်၏၊
ပညာသည်လျှင် သာသနာတော်၏ အဆုံးမည်၏၊
ဤသုံးပါးသော သီလ, သမာဓိ, ပညာတို့သည် အစ၏ကောင်းခြင်း, အလယ်၏ ကောင်းခြင်း, အဆုံး၏ ကောင်းခြင်း ရှိကုန်သည်သာလျှင်တည်း။

၃၆ - မဟာပုညေ ဌိတံ သီလံ
သမာဓိ အပ္ပနာ ဂတံ
စတုမဂ္ဂ ယုတာ ပညာ
ဧတံ သိက္ခတ္တယံ မတံ

အနက်

မဟာပုညေ၊ မဟာကုသိုလ်၌။
ဌိတံ၊ တည်သော ဝိရတိစေတနာသည်။
သီလံ၊ သီလမည်၏။
အပ္ပနာဂတံ၊ မဟဂ္ဂုတ်အပ္ပနာသို့ ရောက်သော ဧကဂ္ဂတာသည်။
သမာဓိ၊ သမာဓိမည်၏။
စတုမဂ္ဂယုတာ၊ မဂ်လေးခုနှင့် ရောသောပညာသည်။
ပညာ၊ ပညာမည်၏။
ဧတံ၊ ဤ သီလ, သမာဓိ ပညာကို။
သိက္ခတ္တယံ၊ အဓိသီလသိက္ခာ, အဓိစိတ္တသိက္ခာ အဓိပညာသိက္ခာ- သုံးပါး ဟူ၍။
မတံ၊ သိအပ်၏။

အဓိပ္ပါယ်

၁။ မဟာကုသိုလ်၌ တည်သော ဝိရတိစေတနာသည် သီလမည်၏။
၂။ မဟဂ္ဂုတ်အပ္ပနာသို့ရောက်သော ဧကဂ္ဂတာသည် သမာဓိမည်၏။
၃။ မဂ်လေးခုနှင့်ယှဉ်သော ပညိန္ဒြေသည် ပညာမည်၏။
ဤ သီလ, သမာဓိ, ပညာကို အဓိသီလ, အဓိစိတ္တ, အဓိပညာ-ဟုသိအပ်၏။

၃၇ - သီလနလက္ခဏံ သီလံ
ဒုဿီလျ ဓံသနံ ရသံ
ဟိရောတ္တပ္ပ ပဒဋ္ဌာနံ
သုစိ ပစ္စုပဋ္ဌာနကံ

အနက်

သီလံ၊ သီလသည်။
သီလနလက္ခဏံ၊ ကာယကံ, ဝစီကံကို ဖရိုဖရဲ မရှိစေမူ၍ ကောင်းစွာထားခြင်း လက္ခဏာရှိ၏။
ဝါ၊ သမာဓိ, ပညာ အစရှိသည်တို့ကို ဆောင်ခြင်း လက္ခဏာရှိ၏။
ဒုဿီလျဓံသနံရသံ၊ သီလမရှိသောသူ၏ အဖြစ်တည်းဟူသော ဝိတိက္ကမစရိုက်ကို ဖျက်ဆီးခြင်း ကိစ္စရှိ၏။
ဟိရောတ္တပ္ပပဒဋ္ဌာနံ၊ အရှက်အကြောက် ဟူသော ဟိရိဩတ္တပ္ပလျှင် နီးစွာသော အကြောင်းရှိ၏။
သုစိ ပစ္စုပဋ္ဌာနကံ၊ စင်စင်ကြယ်ကြယ်ထင်သော အခြင်းအရာရှိ၏။

အဓိပ္ပါယ်

လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်,
၁။ ကာယကံ ဝစီကံကို ဖရိုဖရဲမရှိစေမူ၍ ကောင်းစွာထားခြင်း လက္ခဏာရှိ၏၊ ဝါ၊ သမာဓိ, ပညာအစရှိသည်တို့ကို ဆောင်ခြင်း လက္ခဏာရှိ၏။
၂။ သီလမရှိသောသူ၏ အဖြစ်တည်းဟူသော ဝိတိက္ကမ ဒုစရိုက်ကို ဖျက်ဆီးခြင်း ကိစ္စရှိ၏။
၃။ အရှက်အကြောက် ဟူသော ဟိရိ, ဩတ္တပ္ပလျှင် နီးစွာသော အကြောင်းရှိ၏။
၄။ စင်စင်ကြယ်ကြယ် ထင်သော အခြင်းအရာရှိ၏။

၃၈ - သသီလဂုတ္တိ နာထောစ
ဒုန္နိဂ္ဂဟော ဝိသာရဒေါ
ဓမ္မဋ္ဌီတီတိ ပဉ္စေတေ
ဂုဏာ ဝေနယိကေ မတာ

အနက်

သသီလဂုတ္တိ၊ မိမိသီလကို လုံခြုံအောင် စောင့်နိုင်လွယ်ခြင်း၎င်း။
နာထောစ၊ အပ် မအပ်အဖို့၌ အလိုလိုနှိပ်စက်၍ မသက်မသာရှိသော ရဟန်းတို့၏ ကိုးကွယ်ရာ ဖြစ်ခြင်း၎င်း။
ဒုန္နိဂ္ဂဟော၊ မကောင်းဒုဿီ အလဇ္ဇီပျက် ဘေးရန်ခက်ကို ပယ်ဖျက်နှိပ်နင်းနိုင်ခြင်း ၎င်း။
ဝိသာရဒေါ၊ ပရိသတ်ထဲ ရဲရဲရင့်ရင့် အသင့်ဖြောင့်မတ် ဆုံးဖြတ်နိုင်ခြင်း၎င်း။
ဓမ္မဋ္ဌီတိ၊ သွားလေရာရာ သာသနဟူ သူတော်တရား ပြန့်ပွားထွန်းတည် ပွင့်လင်း စည်ခြင်း၎င်း။
ဣတိ၊ ဤသို့။
ဝေနေယိကေ၊ ဝိနည်းကိုဆောင်သော ဝိနည်းဓိုရ်၌၎င်း။
ဧတေပဉ္စဂုဏာ၊ ဤငါးပါးသောဂုဏ်တို့ကို။
မတာ၊ သိအပ်ကုန်၏။

အဓိပ္ပါယ်

ဝိနည်းဓိုရ်၏ ဂုဏ် ၅-ပါး
၁။ မိမိသီလကို လုံခြုံအောင် စောင့်နိုင်လွယ်ခြင်း,
၂။ အပ်-မအပ်၌ အလိုလိုနှိပ်စက်၍ မသက်မသာရှိသော ရဟန်းတို့၏ ကိုးကွယ်ရာ ဖြစ်ခြင်း,
၃။ မကောင်းသော ဒုဿီလ အလဇ္ဇီ ရဟန်းတို့ကို နှိပ်နင်းနိုင်ခြင်း,
၄။ ပရိသတ်ထဲ ရဲရဲရင့်ရင့် အသင့်ဖြောင့်မတ် ဆုံးဖြတ်နိုင်ခြင်း,
၅။ သွားလေရာရာသာသနာထွန်းကား စည်ပင်ခြင်း,

၃၉ - အာဒိ ကလျာဏ သံဝေဒီ
သီလမတ္တဋ္ဌ ဘိက္ခဝေါ
ဥဒ္ဓံ ကလျာဏ လာဘာယ
အလိနော အနိဝတ္တိကော

၄၀ - ဓောဝိတွာ ပတ္တိမလာနိ
ဝုဋ္ဌာန ဒေသန မ္ဗုဟိ
သုဒ္ဓသီလေ ဌိတောယေဝ
ဧဝံ စိန္တေယျ ပညဝါ

အနက်

သီလမတ္တဋ္ဌ ဘိက္ခဝေါ၊ သီလ၌တည်သော ရဟန်းတို့သည်။
အာဒိ ကလျာဏ သံဝေဒီ၊ သာသနာတော်၏ အစကောင်းခြင်းမျှကိုသာ ခံစားကြရကုန်၏။
ဥဒ္ဓံ ကလျာဏ လာဘာယ၊ အထက်ဖြစ်သော မဇ္ဈေကလျာဏ ပရိယောသာနကလျာဏ နှစ်ပါးကိုရခြင်းငှါ။
အလိနော၊ စိတ်မတွန့်သော။
အနိဝတ္တိကော၊နောက်သို့ ဆုတ်ခြင်းသဘော မရှိသော။
ပညဝါ၊ ပညာရှိရဟန်းသည်။
ဝုဋ္ဌာန ဒေသနမ္ဗုဟိ၊ ဝုဋ္ဌာနကံ, ဒေသနာကံ-ရေတို့ဖြင့်။
အာပတ္တိ မလာနိ၊ အာပတ်အညစ်အကြေးတို့ကို။
ဓောဝိတွာ၊ ဆေးလျှော်၍။
သုဒ္ဓသီလေ၊ စင်ကြယ်သောသီလ၌။
ဌိတောယေဝ၊ တည်လျက်သာလျှင်။
ဧဝံ၊ ဤဆိုလတ္တံ့သောနည်းဖြင့်။
စိန္တေယျ၊ ကြံစည် အောက်မေ့ရာ၏။

အဓိပ္ပါယ်

သီလမျှ၌ တည်သော ရဟန်းတို့သည် သာသနာတော်၏ အစကောင်းခြင်းမျှကိုသာ ခံစားရကုန်၏၊ အထက် ဖြစ်သော အလယ်ကောင်းခြင်း, အဆုံးကောင်းခြင်း နှစ်ပါးကို ရခြင်းငှါ မတွန့်ကို မဆုတ်နစ်သော ပညာရှိရဟန်းသည် ပရိဝါသ်စောင့်ခြင်း, ဒေသနာ ကြားခြင်း ဟူသော ရေတို့ဖြင့် အာပတ် - အညစ်အကြေးကို ဆေးလျှော်၍ စင်ကြယ်သော သီလ၌တည်ကာ ဤဆိုလတ္တံ့သောနည်းဖြင့် ကြံစည်အောင့်မေ့ရာ၏။

၄၁ - သမ္ဗုဒ္ဓေါရသ ပုတ္တာဝ
ဗုဒ္ဓုရောဇာ နုသာဝနာ
သမ္ဘူတာ ပိတု ဒါယာဒါ
ပုတ္တာနာမ သဘာဝတော

အနက်

ဗုဒ္ဓုရောဇာ နုသာဝနာ၊ ဘုရားသခင် ရင်တော်၌ ဖြစ်သော ဉာတ္တိစတုတ္ထကမ္မဝါစာဖြင့်။
ဝါ၊ ကမ္မဝါစာကြောင့်။
သမ္ဘူတာ၊ ပဉ္စင်းဖြစ်ကုန်သောရဟန်း ဟူသမျှတို့သည်။
သမ္ဗုဒ္ဓေါရသ ပုတ္တာဝ၊ ဘုရားရင်နှစ် သားတော်စစ် မှန်ကန်ကုန်သည်သာလျှင်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ပုတ္တာနာမ၊ သားတို့မည်သည်ကား။
သဘာဝတော၊ သဘောအားဖြင့်။
ပိတု၊ အဘ၏။
ဒါယာဒါ၊ အမွေခံ တို့သည်။
ဝါ၊ ပိတုဒါယာဒါ၊ အဘ၏အမွေ ခံယူထိုက်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

အဓိပ္ပါယ်

မြတ်စွာဘုရား ရင်တော်၌ဖြစ်သော ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ပဉ္စင်းဖြစ်သော ရဟန်း ဟူသမျှတို့သည် ဘုရားရင်နှစ် သားတော်စစ် တို့သာဖြစ်ကုန်၏၊ သားတို့မည်သည် ကား သဘောအားဖြင့် အဘ၏အမွေခံ ဖြစ်ကုန်၏။

၄၂ - ခီရံ ပိတွာဝ ဇီဝန္တိ
ဇာတာပိ ဣဓ ပုတ္တကာ
ပရိယတ္တိ ဇိနက္ခီရံ
ပိတွာဝ ဇိနပုတ္တကာ

အနက်

ဣဓလောကေ၊ ဤလောက၌။
ပုတ္တကာ၊ သားငယ်တို့သည်။
ဇာတာပိ၊ ဖွားမြင်ငြားသော်လည်း။
ခီရံ၊ နို့ရည်ကို။
ပိတွာဝ၊ သောက်စို့ရမှသာလျှင်။
ဇီဝန္တိ၊ အသက်ရှင်ကုန်၏။
ဣဓသာသနေ၊ ဤဘုရားသာသနာတော်၌။
ဇိနပုတ္တကာ၊ ဘုရားရှင်သားတော်တို့သည်။
ဇာတာတိ၊ ကမ္မဝါစာဖြင့် ဖွားမြင်ငြားသော်လည်း။
ပရိယတ္တိ ဇိနက္ခီရံ၊ ပရိယတ်စာပေဟူသော ဘုရားရှင် ရင်နို့တော်ကို။
ပိတွာဝ၊ သောက်စို့သင်ကြားရမှသာလျှင်။
ဇီဝန္တိ၊ အသက်ရှင်ကုန်၏။

အဓိပ္ပါယ်

ဤလောက၌ သားငယ်တို့သည် ဖွားမြင်ပြီး ကုန်သော်လည်း နို့ရည်ကိုသောက်စို့ ရမှသာ အသက်ရှင်ကြကုန် ၏။ ဤသာသနာတော်၌ ဘုရားသားတော်တို့သည် ကမ္မဝါစာဖြင့် ဖွားမြင်ပြီးကုန်သော်လည်း ပရိယတ်စာပေ-ဟူသော ဘုရားရှင် ရင်နို့ကို သောက်စို့ သင်ကြားရမှသာ အသက်ရှင်နိုင်ကြကုန်၏။

၄၃ - ဒါယောစ နာမ ဗုဒ္ဓဿ
ဓမ္မာမိသ ဝသာဒွိဓာ
မဂ္ဂဉာဏာ ဒယော ဓမ္မော
စတ္တာရော ပစ္စယာမိသာ

အနက်

ဗုဒ္ဓဿ၊ ဘုရားရှင်၏။
ဒါယောစနာမ၊ အမွေတော် မည်သည်ကား။
ဓမ္မမိသဝသာ၊ တရားအမွေ အာမိသအမွေအားဖြင့်။
ဒွိဓာ၊ နှစ်ပါးအပြားရှိ၏။
မဂ္ဂဉာဏာ ဒယော၊ မဂ်ဉာဏ် အစရှိသည်တို့သည်။
ဓမ္မော၊ တရားအမွေတော်မည်၏။
စတ္တာရောပစ္စယော၊ ပစ္စည်းလေးပါးတို့သည်။
အာမိသာ၊ အာမိသအမွေ မည်ကုန်၏။

အဓိပ္ပါယ်

ဘုရားရှင်၏ အမွေတော် မည်သည်ကား တရားအမွေ အာမိသအမွေ အားဖြင့် နှစ်ပါးရှိ၏၊ထိုနှစ်ပါးတို့တွင် -
၁။ မဂ်ဉာဏ် အစရှိသည်တို့သည် တရားအမွေမည်၏။
၂။ ပစ္စည်းလေးပါးတို့သည် အာမိသအမွေ မည်၏။

၄၄ - စိရ မာမိသ ဒါယာဒါ
ရာဇပူဇာဒိ ဂါဟိနော
ဒါယာ မိသဂ္ဂဟံ နိစ္ဆိ
သဒ္ဓမ္မ ဂရုကော ဇိနော

အနက်

မယံ၊ ငါတို့သည်။
ရာဇပူဇာဒိ ဂါဟိနော၊ မင်းပူဇော်ခြင်း အစရှိသည်ကို ခံယူကုန်၍။
စိရံ၊ ကြာမြင့်ရှည်စွာ။
အာမိသဒါယာဒါ၊ ပစ္စည်းအာမိသအမွေကို ခံယူကုန်သည်။
အဟုမှာ၊ ဖြစ်ကုန်ပြီ။
သဒ္ဓမ္မ ဂရုကော၊ သူတော်ကောင်းတရားကို အလေးပြုတော်မူသော။
ဇိနော၊ ဘုရားရှင်သည်။
ဒါယာ မိသဂ္ဂဟံ၊ အာမိသပစ္စည်း အမွေတော်ကိုသာ ခံယူခြင်းကို။
နိစ္ဆိ၊ အလိုရှိတော်မမူ။

အဓိပ္ပါယ်

ငါတို့သည် မင်းပူဇော်ခြင်း အစရှိသည်ကို ခံယူကာ ကြာမြင့်စွာ ပစ္စည်းအာမိသ အမွေကိုသာ ခံယူကြကုန်၏။ သူတော်ကောင်း တရားကို အလေးပြုမူသော ဘုရားရှင်သည်ကား ပစ္စည်းအာမိသ အမွေကိုသာ ခံယူခြင်းကို လိုလားတော်မမူချေ။

၄၅ - လက္ခ ကပ္ပ စတုဿင်္ချ
ကာလံ ဝိစိတ နိစ္ဆိတံ
ဓမ္မဒါယံ နဝိန္ဒမှာ
ဗုဒ္ဓပုတ္တာပိ ယေမယံ

အနက်

ယေမယံ၊ အကြင်ငါတို့သည်။
ဗုဒ္ဓပုတ္တာပိ၊ ဘုရားသည် ထင်ပေါ်စင်စစ် ဖြစ်ပါကုန်လျက်လည်း။
လက္ခ ကပ္ပ စတုဿင်္ချ၊ ကမ္ဘာတသိန်း လေးအသင်္ချေ ကာလပတ်လုံး။
ဝိစိတ နိစ္စိတံ၊ အပန်းတကြီး ရှာမှီးရုံးစုတော်မူအပ်သော။
ဓမ္မဒါယံ၊ တရားအထုပ် လောကုတ္တရာ ရတနာအမွေတော်ကို။
နဝိန္ဒမှာ၊ မရပါကုန်။

အဓိပ္ပါယ်

ငါတို့သည် ဘုရားသားတော်အစစ် ဖြစ်ပါကုန်လျက်လည်း လေးသင်္ချေနှင့် ကမ္ဘာ တသိန်း ကာလပတ်လုံး စုရုံးရှာမှီးတော်မူအပ်သော တရားအထုပ် လောကုတ္တရာ ရတနာ အမွေတော်ကို မရပါကုန်။

၄၆ - ဗုဒ္ဓဝါရိတ ဒါယာဒါ
သဒ္ဓမ္မဒါယ ဗာဟိရာ
ပုတ္တာပိ သတ္ထုဒါသာဘာ
ဘုတ္တမတ္တာ ဟိ ဒါသကာ

အနက်

မယံ၊ ငါတို့သည်။
ဗုဒ္ဓဝါရိတ ဒါယာဒါ၊ ဘုရား တားမြစ်တော်မူအပ်သော ပစ္စည်းအာမိသ အမွေကိုသာ ခံယူစားသောက်ကုန်၏။
သဒ္ဓမ္မဒါယဗာဟိရာ၊ သူတော်ကောင်းတရားဟူသော လောကုတ္တရာအမွေမှ အပ ဖြစ်ကုန်၏။
သတ္ထု၊ ဘုရားရှင်၏။
ပုတ္တာပိ၊ သားတော်စင်စစ် ဖြစ်ပါကုန်လျက်လည်း။
ဒါသာဘာ၊ ကျေးကျွန်အရောင် တောက်ပြောင်ကုန်၏။
ဟိ၊ သင့်စွ။
ဘုတ္တမတ္တာ၊ ဥစ္စာ ရွှေ ငွေ အမွေမရောက် စားသောက်ရကာ ဖြစ်ကုန်သော သူတို့သည်။
ဒါသကာ၊ ကျေးကျွန်မည်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

အဓိပ္ပါယ်

ငါတို့သည် ဘုရားတားမြစ်အပ်သော ပစ္စည်းအာမိသ အမွေကိုသာ ခံယူလျက် သူတော်ကောင်းတရား တည်းဟူသော လောကုတ္တရာအမွေမှ အပဖြစ်ကုန်၏၊ ဘုရားရှင်၏ သားတော်အစစ် ဖြစ်ကြပါလျက်သား အရာမရောက် ကျွန်ရောင်သာ ပေါက်ကြကုန်၏။ မှန်၏။ ရတနာ ရွှေ ငွေ အမွေမရောက် စားသောက်ရရုံ ဖြစ်ကုန်သော သူတို့သည် ကျေးကျွန်တို့သာ ဖြစ်ကြကုန်၏။

၄၇ - ဘဒ္ဒန္တ ရာဟုလဿေဝ
ဒါယံ နောပိ အဒါ ဇိနော
နာဒိယိမှာ ပမာဒါယ
တံ ဒါယံ ကုလသန္တကံ။ .

အနက်
ဇိနော၊ ဘုရားရှင်သည်။
ဘဒ္ဒန္တရာဟုလဿ၊ အရှင်ရာဟုလာအား။
ဒါယံ၊ လောကုတ္တရာ ရတနာအမွေတော်ကို။
အဒါဣဝ၊ ပေးတော်မူသကဲ့သို့။
နောပိ၊ ငါတို့အားလည်း။
အဒါ၊ ပေးတော်မူပေပြီ။
မယံ၊ ငါတို့သည်။
ပမာဒါယ၊ မေ့လျော့သောကြောင့်။
ကုလသန္တကံ၊ အမျိုးဥစ္စာဖြစ်သော။
တံဒါယံ၊ ထို လောကုတ္တရာ ရတနာအမွေတော်ကို။
နာဒိယိမှာ၊ မယူပေကုန်။ .

အဓိပ္ပါယ်
ဘုရားရှင်သည် အရှင်ရာဟုလာအား လောကုတ္တရာ ရတနာ အမွေတော်ကို ပေးတော်မူသကဲ့သို့ ငါတို့အားလည်း ပေးတော်မူခဲ့ပေ၏၊ ငါတို့သည် မေ့မေ့ လျော့လျော့ နေသောကြောင့် အမျိုးအနွယ်၏ဥစ္စာ လောကုတ္တရာ ရတနာ အမွေတော်ကို မယူကြကုန်။ .

၄၈ - ဓမ္မဒါယာဒါ မေဘိက္ခဝေ တုမှေဘဝထ
မာအာမိသ ဒါယာဒါ
ဣတိ ဝုတ္တံ မုနိန္ဒေန
သာဝကေသု ဒယာဝတာ။ .

အနက်
ဘိက္ခဝေ၊ သံသရာစက် ဝဲဂယက်မှ လွတ်ထွက်ရလို ငါ၌ခိုသည့် အို … ရဟန်းတို့။
တုမှေ၊ သင်ချစ်သား ရဟန်းတို့သည်။
မေ၊ ငါဘုရား၏။
ဓမ္မဒါယာဒါ၊ လောကုတ် ကိုးပါး တရားမွေနှစ် ခံယူရစ်ကုန်သည်။
ဘဝထ၊ ဖြစ်ကုန်လော့။
မေ၊ ငါဘုရား၏။
အာမိသဒါယာဒါ၊ အနိယတ ခဏကုန်လေ ပစ္စည်းမွေကို ရိုသေသမှု အလေးပြု၍ ခံယူရစ်ကုန်သည်။
မာဘဝထ၊ မဖြစ်ကုန်လင့်။
ဣတိ၊ ဤသို့။
သာဝကေသု၊ တပည့်သားတော် ရဟန်းတို့၌။
ဒယာဝတာ၊ ကြင်နာသနား အားကြီးစွာ ရှိတော်မူသော။
မုနိန္ဒေန၊ ရဟန်းဟူသမျှ အစိုးရမင်း ဖြစ်တော်မူသော ဘုရားရှင်သည်။
ဝုတ္တံ၊ ဟောအပ်၏။ .

အဓိပ္ပါယ်
ချစ်သားရဟန်းတို့ ... သင်ချစ်သားတို့သည် ငါဘုရား၏ လောကုတ္တရာ ရတနာ အမွေတော်ကို ခံယူရစ်ကြကုန်လော့၊ ပစ္စည်းအာမိသ အမွေကို မခံယူရစ်ကြ ကုန်လင့်ဟု တပည့်သား ရဟန်းတို့အပေါ်၌ ကရုဏာ ကြီးမားတော်မူသော မြတ်စွာဘုရား ဟောကြားတော် မူအပ်၏။ .

၄၉ – ဣမာယ ဗုဒ္ဓဝါစာယ
ဗုဒ္ဓသန္တက တံ သရေ
ဒွိန္နံ အာမိသ ဒါယာဒ
ဘာဝဿစ နိဝါရဏံ။ .

အနက်
ဣမာယဗုဒ္ဓဝါစာယ၊ ဤဘုရားရှင် စကားတော်ကြောင့်။
ဒွိန္နံ၊ ပစ္စည်း, တရား ဤနှစ်ပါးတို့၏။
ဗုဒ္ဓသန္တကတံ၊ ဘုရားရှင် ဥစ္စာတော်၏အဖြစ်ကို။
သရေ၊ အောက်မေ့ရာ၏။
အမိသဒါယာဒဘဝဿ၊ ပစ္စည်းအာမိသ အမွေခံယူသော အဖြစ်ကို။
နိဝါရဏဉ္စ၊ တားမြစ်တော်မူခြင်းကိုလည်း။
သရေ ၊ အောက်မေ့ရာ၏။ .

အဓိပ္ပါယ်
ဤဘုရားရှင် စကားတော်ကြောင့် ပစ္စည်းနှင့် တရားနှစ်ပါးတို့၏ ဘုရားဥစ္စာ ဖြစ်ကြောင်းကို၎င်း, ပစ္စည်းအာမိသ အမွေခံယူမှုကို တားမြစ်တော်မူကြောင်းကို၎င်း အောက်မေ့ ဆင်ခြင်ရာ၏။ .

၅၀ - ရဇ္ဇေ စဏ္ဍာလပုတ္တာဝ
သဒ္ဓမ္မစက္က ဝတ္တိနော
ပုတ္တာ ဟောန္တာပိ ဒါယေသ္မိံ
နိရာသာ တိဝ နိန္ဒိတာ။ .

အနက်
စဏ္ဍာလပုတ္တာ၊ ဒွန်းစဏ္ဍားသားတို့သည်။
ရဇ္ဇေ၊ တိုင်းပြည်အရှင် ဘုရင်အဖြစ်၌။
နိရာသာဣဝ၊ အာသာ ပြတ်ကုန်သကဲ့သို့။
သဒ္ဓမ္မစက္က ဝတ္တိနော၊ သူတော်ကောင်း တရား ဟူသော စက်ရတနာကို လည်စေတော်မူတတ်သော တရားစကြာမင်း၏။
ပုတ္တာဟောန္တာပိ၊ သားတော် စင်စစ် ဖြစ်ပါကုန်လျက်လည်း။
အသ္မိံဒါယေ၊ ထို လောကုတ်ကိုးပါး တရားအမွေ၌။
ဝါ၊ တရား အမွေကို ခံယူခြင်း၌။
နိရာသာ၊ သတိမပြု အမှုမမှတ် အာသာပြတ်သော ရဟန်းတို့ကို။
အတိဝ၊ အလွန်အကဲသာလျှင်။
နိန္ဒိတာ၊ ကဲ့ရဲ့အပ်ကုန်၏။ .

အဓိပ္ပါယ်
ဒွန်းစဏ္ဍားသားတို့သည် ပြည့်ရှင်မင်း အဖြစ်၌ အာသာမရှိကုန် သကဲ့သို့ သူတော်ကောင်းတရား တည်းဟူသော စက်ရတနာကို လည်စေတော်မူသော တရား စကြာမင်း၏ သားအစစ် ဖြစ်ပါကုန်လျက်လည်း လောကုတ္တရာ ရတနာအမွေတော်ကို ခံယူမှု၌ အာသာမရှိသော ရဟန်းတို့ကို အလွန်အမင်း ကဲ့ရဲ့အပ်ကုန်၏။ .

၅၁ - မိစ္ဆာဇီဝ သမာပန္နာ
အစ္စာသာ ပစ္စယာမိသေ
မဟာဇာနီယ သမ္ပတ္တာ
မောဃံကတွာ တိဒုလ္လဘံ။ .

အနက်
ပစ္စယာမိသေ၊ ပစ္စည်းအာမိသ၌။
အစ္စာသာ၊ အလွန်အာသာ ရှိကုန်သည်ဖြစ်၍။
မိစ္ဆာဇီဝ သမာပန္နာ၊ မိစ္ဆာဇီဝသို့ ရောက်သော ရဟန်းသည်။
အတိဒုလ္လဘံ၊ အလွန်ရခဲသော ရဟန်းအဖြစ်ကို။
မောဃံကတွာ၊ အကျိုးမပြီး အချည်းနှီး ပြု၍။
မဟာဇာနီယသမ္ပတ္တာ၊ ကြီးစွာဆုံးရှုံးခြင်းသို့ ရောက်ကုန်၏။ .

အဓိပ္ပါယ်
ပစ္စည်းအာမိသ၌သာ အလွန်အာသာရှိကုန်လျက် ယုတ်မာမှားယွင်း အသက်မွေးခြင်း သို့ရောက်သော ရဟန်းတို့သည် အလွန်ရနိုင်ခဲသော ရဟန်းအဖြစ်ကို အကျိုးမပြီး အချည်းနှီးပြု၍ ကြီးစွာသော ဆုံးရှုံးခြင်းသို့ ရောက်ကုန်၏။ .

၅၂ - ဂိဟိကာမေ ပဟာယာဂေါ
ပရဝန္တေသု လဂ္ဂိတော
ဂင်္ဂါတိဏ္ဏော တဠာကမှိ
နိမုဂ္ဂေါဝါ တိနိန္ဒိတော။ .

အနက်
ဂင်္ဂါတိဏ္ဏော၊ တယူဇနာကျယ် အန္တရာယ်များစွာ ဂင်္ဂါမြစ်ကြီး တွေတွေစီးကို မမှီးလှေတက် လက်ပစ် ကူးသန်း ကမ်းသို့ရောက်တိုင် တတ်စွမ်းနိုင်သောသူ ဖြစ်လျက်။
တဠာကမှိ၊ မကျယ်မနက် မှီလောက်လျက်သော တဖက်ဆည်ကန်ငယ်၌။
နိမုဂ္ဂေါ၊ အစွမ်းမထုတ် နစ်မြုပ်၍သေသော ယောက်ျားကို။
နိန္ဒိတောဣဝ၊ ကဲ့ရဲ့အပ်သကဲ့သို့။
ဂိဟိကာမေ၊ ပျော်ပျော် ပါးပါး သားမယားနှင့် ခံစားနှစ်ခြိုက် လူ၌ဖြစ်သော ကာမဂုဏ် တို့ကို။
ပဟာယ၊ တံထွေးပေါက်သို့ မထောက်မငဲ့ စွန့်ခွါခဲ့၍။
အာဂေါ၊ ရဟန်းတရား အားထုတ်လိမ့်မည် စူးစူးရည်၍ လာသည်ဖြစ်လျက်။
ပရဝန္တေသု၊ တကာလူများ သူတပါးတို့ စားရန်က ပို ကုသိုလ်ရှေ့ရှု ပေးလှူ စွန့်ပစ်အပ်သော ပစ္စည်းလေးပါးတို့၌။
လဂ္ဂိတော၊ တချို့ကိုရောင်း စုဆောင်း၍ထား တခြားအပ်နှံ ဝေဖန်ခြင်းနည်း ပိတ်သည်းပိတ်နည်း ပစ္စည်းကပ်ငြိတွယ်တာဘိ၍ စုတိတိုင်ရောက် ဘဝမှောက်သော ရဟန်းကို။
အတိနိန္ဒိတော၊ ဤသူများထက် ခက်ဖွယ်မရှိ ဖြစ်လေဘိဟု သတိကဲလွန် ပညာဝန်တို့ အလွန်ကဲ့ရဲ့အပ်သည်။
ဟောတိ၊ ဖြစ်၏။ .

အဓိပ္ပါယ်
တယူဇနာ ကျယ်သော ဂင်္ဂါမြစ်ကြီးကို လက်ပစ်ကူးနိုင်ပါလျက် မကျယ်မနက် မှီလောက်သော တဖက်ဆည်ကန်ငယ်၌ ရေနစ်၍ သေသော ယောက်ျားကို အများကဲ့ရဲ့အပ်သကဲ့သို့ လူ၌ဖြစ်သော ကာမဂုဏ်တို့ကို ပယ်စွန့်ခဲ့၍ ရဟန်းတရား အားထုတ်မည် ရည်စူး၍လာသည် ဖြစ်ပါလျက် သူတကာတို့ ပေးလှူစွန့်ပစ်အပ်သော ပစ္စည်းလေးပါးတို့၌ တွယ်တာ ကပ်ငြိ စုတိတိုင်ရောက် ဘဝမှောက်သော ရဟန်းကို ပညာရှိတို့ အလွန်အမင်း ကဲ့ရဲ့အပ်၏။ .

၅၃ - စီဝရေ ပိဏ္ဍပါတေစ
ပစ္စယေ သယနာသနေ
ဧတေသု တဏှာ မာကာသိ
မာလောကံ ပုနရာဂမိ။ .

အနက်
ရာဟုလ၊ ရာဟုထပ်တူ သူရိန်မယွင်း ငါလမင်းကို အတင်းဖမ်းငှါ ဖွားမြင်လာ၍ ရာဟုလာခေါ် ငါ့သားတော်။
စီဝရေ၊ မဂဓလယ်ပြင် ပမာယှဉ်လျက် စီရင်အပ်ကေင်း အိမ်မြောင်းတလုပ် ပေါင်း၍ ချုပ်သော သင်္ကန်း ပစ္စည်း၌၎င်း။
ပိဏ္ဍပါတေစ၊ တအိမ် တစလောင်း လည်စုဆောင်း၍ တပေါင်းတည်းပြွမ်း သူပေးကမ်းသော ဆွမ်းပစ္စည်း၌၎င်း။
ပစ္စယေ၊ ရောဂါပယ်ရှား သမားတို့နည်း ဆေးပစ္စည်း၌၎င်း။
သယနာသနေ၊ ရုက္ခမူလ မမျှနိုင်မူ တကာလှူသော အင်းပျဉ်ညောင်စောင်း ကျောင်း ကန်ပစ္စည်း၌၎င်း။
ဧတေသု၊ ထိုပစ္စည်းလေးပါးတို့၌။
တဏှံ၊ ငါ့ကျောင်းသင်္ကန်း ငါ၏ဆွမ်းဟု စွဲလမ်းမှု လောဘဇောဖြင့် မက်မောငဲ့ကွက် တပ်နှစ်သက်ခြင်းတဏှာကို။
မာကာသိ၊ သင်မပြုလင့်။
လောကံ၊ ဖြစ်တုံပျက်တုံ လောကဘုံသို့။
ပုန-ပုနပ္ပုနံ၊ တပြောင်းပြန်ပြန် အဖန်တလဲလဲ။
မာအာဂမိ၊ ပဋိသန္ဓေ တည်နေ ခေါက်ခေါက် မရောက်လိုလင့်။ .

အဓိပ္ပါယ်
ချစ်သားရာဟုလာ - သင်္ကန်း ဆွမ်း ကျောင်း ဆေး-ပစ္စည်း လေးပါးတို့၌ ငါ့ကျောင်း, ဆေး, သင်္ကန်း, ငါ၏ ဆွမ်းဟု စွဲလမ်းငဲ့ကွက် နှစ်သက်မှုကို သင်မပြုလင့်၊ ဖြစ်တုံပျက်တုံ လောကဘုံသို့ အဖန်တလဲလဲ အမြဲမကွာ ပဋိသန္ဓေ တည်နေ ခေါက်ခေါက် မလာရောက်လိုလင့်။ .

၅၄ - ဣတိဝုတ္တာ နုသာရေန
ပစ္စဝေက္ခဏ သုဒ္ဓိယာ
အာမိသေသု ဟနေ အာသံ
ပုတ္တမံသု ပမံ သရံ။ .

အနက်
ဣတိဝုတ္တာ နုသာရေန၊ ဤသို့ခြင်းရာ ရာဟုလာအား မြတ်စွာဘုရား ဟောကြား မြွက်သံ ဆုံးမဟန်ကို အဖန်ဖန် အောက်မေ့သဖြင့်။
ပုတ္တမံသု ပမံ၊ အသက်မသေ သွားနိုင်စေဟု နွေနေပူကြီး ခရီးအကြား သားငယ် အသား မိဘစားရာ ဥပမာကို။
သရံ-သရန္တော၊ ပညာငွေဖြင့် အောက်မေ့ကြံလျက်။
ပစ္စဝေက္ခဏ သုဒ္ဓိယာ၊ “ဣမဿ ကာယဿ ဌိတိယာ”အစရှိသော ပစ္စဝေက္ခဏာ သတိ စင်ကြယ်ခြင်းဖြင့်။
အာမိသေသု၊ ဆေး သင်္ကန်း ကျောင်း ဆွမ်းကောင်း အာဟာရ အာမိသပစ္စည်းတို့၌။
အာသံ၊ အလိုအာသာ ခင်မင်စွာဖြစ်ခြင်းကို။
ဟနေ၊ ဖျောက်ရာ၏။ .

အဓိပ္ပါယ်
ဤသို့ အရှင်ရာဟုလာအား မြတ်စွာဘုရား ဟောကြား ဆုံးမတော်မူဟန်ကို အဖန်ဖန် သတိထား၍ ခရီးအကြား၌ သားငယ်၏ အသားကို စားသော မိဘများ၏ ဥပမာကို လည်း အောက်မေ့ ဆင်ခြင်လျက် “ဤရူပကာယ၏ တည်ရုံငှါသာ မှီဝဲပါ၏” အစရှိသော ပစ္စဝေက္ခဏာသတိ စင်ကြယ်ခြင်းဖြင့် သင်္ကန်း ဆွမ်း ကျောင်း ဆေး ပစ္စည်းလေးပါးတို့၌ မက်မောခြင်းကို ပယ်ဖျောက်ရာ၏။ .

၅၅ - သေယျာ အယောဂုဠော ဘုတ္တော
တတ္တော အဂ္ဂိသိခူပမော
ယေဉ္စ ဘုဉ္ဇေယျ ဒုဿီလော
ရဋ္ဌပိဏ္ဍံ အသညတော။ .

အနက်
တတ္တော၊ ရဲရဲပြောင်ပြောင် ပူလောင်ပြင်းပြသော။
အဂ္ဂိသိခူပမော၊ မီးခဲမီးလျှံနှင့် အလားတူသော။
အယောဂုဠော၊ သံတွေခဲကို။
ဘုတ္တော၊ စားမျိုရခြင်းသည်။
သေယျော၊ မြတ်သေး၏။
အသညတော၊ ကိုယ်, နှုတ် စိတ်ကို မနှိပ်ကွပ် ပေါက်လွတ်ထားချည်း မစောင့်စည်းသော။
ဒုဿီလော၊ သီလကျိုးပျက် ကုနိုင်ခက်သော ရဟန်းသည်။
ရဋ္ဌပိဏ္ဍံ၊ နိုင်ငံရပ်သူ ကြည် ဖြူ ရွှင်လန်း လှူဒါန်းအပ်သောဆွမ်းကို။
ဘုဉ္ဇေယျ၊ စားငြားအံ့။
ယဉ္စေ၊ မမြတ်။ .

အဓိပ္ပါယ်
ပြောင်ပြောင် ရဲရဲ မီးခဲ မီးလျှံနှင့် အလားတူသော သံတွေခဲကို စာမျိုရခြင်းသည် ကောင်းမြတ်သေး၏။ ကိုယ် နှုတ် စိတ်ကို မစောင့်စည်းသော ဒုဿီလ ရဟန်း၏ နိုင်ငံသူ နိုင်ငံသားတို့၏ ဆွမ်းကို စားသောက်ခြင်းသည်ကား မကောင်းမြတ်သည် သာတည်း။ .

၅၆ - ဣတိဝုတ္တံ နုစိန္တေန္တော
ဝဇ္ဇေ ဒုဿီလ ဘာဝတော
သီလေ ဌိတောဝ ဘုေဉ္ဇယျ
မာဒိတ္တ ဂုဠကံ ဂိလိ။ .

အနက်
ဣတိဝုတ္တံ၊ ဤသို့ဟောထား ဘုရားစကားတော်မြတ်ကို။
အနုစိန္တေန္တော၊ အဖန်ဖန်ကြံအောက်မေ့လျက်။
ဒုဿီလ ဘာဝတော၊ အလဇ္ဇီ ဒုဿီလ ပါပဘိက္ခု အဖြစ်မှ။
ဝဇ္ဇေ၊ ကြဉ်ရှောင်ရာ၏။
သီလေ၊ သီလ၌။
ဌိတောဝ၊ တည်လျက်သာလျှင်။
ဘုေဉ္ဇယျ၊ စားရာ၏။
အာဒိတ္တ ဂုဠကံ၊ ရဲရဲညိသော သံတွေခဲကို။
မာဂိလိ၊ မမျိုလင့်။ .

အဓိပ္ပါယ်
ဤသို့ ဟောထားသော ဘုရားစကားတော်ကို အဖန်ဖန် အောက်မေ့ဆင်ခြင်လျက် အလဇ္ဇီ ဒုဿီလရဟန်း အဖြစ်မှ ရှောင်ကြဉ်ရာ၏၊ သီလ တည်လျက်သာလျှင် စားသောက်ရာ၏၊ ရဲရဲညိသော သံတွေခဲကို မမျိုမိစေလင့်၊ .

၅၇ - အန္နာန မထော ပါနာနံ
ခါဒနီယာန မထောပိ ဝတ္ထာနံ
လဒ္ဓါန သန္နိဓိံ ကရိယာ
နစ ပရိတ္တသေ တာနိ အလဘမာနော။ .

အနက်
အန္နာနံ၊ ဆွမ်းတို့ကို၎င်း။
အထော၊ ထိုမှတပါး။
ပါနာနံ၊ စားမဲဟင်းလျာ, အဖျော်ယမကာ တို့ကို၎င်း။
ခါဒနီယာနံ၊ ခဲဖွယ်ဘောဇဉ် ချိုချဉ်သစ်သီး တို့ကို၎င်း။
အထောပိ၊ ထိုမှတပါးလည်း။
ဝတ္ထာနံ၊ အဝတ်သင်္ကန်း အထည်အလိပ် တို့ကို၎င်း။
လဒ္ဓါန၊ ရ၍။
သန္နိဓိံ၊ နက်ဖြန် သန်ဘက် နေ့ရက် ရှည်ကြာ သုံးဆောင်ရာ-ဟု အသေအချာ သိုမှီးခြင်းကို။
နကရိယာ၊ မပြုရာ။
တာနိ၊ ထိုပစ္စည်း အာမိသတို့ကို။
အလဘမာနော၊ လှူသူတယောက် မပေါက်မလာ မရပါသည်ရှိသော်။
နစပရိတ္တသေ၊ မရ မရ မတောင့်တရာ။ .

အဓိပ္ပါယ်
ဆွမ်း, စားမဲဟင်းလျာ အဖျော် ယမကာ, ခဲဖွယ်ဘောဇဉ် ချိုချဉ်သစ်သီး, အဝတ် သင်္ကန်းတို့ကို ရသည်ရှိသော် သိုမှီး သိမ်းဆည်းခြင်းကို မပြုရာ၊ ထိုပစ္စည်းတို့ကို မရပြန်သော် လော်မာကြောင့်ကြ မတောင့်တရာ။ .

၅၈ - အညာဟိ လာဘုပနိသာ
အညာ နိဗ္ဗာန ဂါမိနီ
သက္ကာရံ နာဘိနန္ဒေယျ
ဝိဝေက မနုဗြူဟယေ။ .

အနက်
လာဘုပနိသာ၊ လာဘ်သပ္ပကာ များစွာရကြောင်း ဖြစ်သော “ဟိသံသဋ္ဌ သဟသောကီ သဟနန္ဒီ”အစရှိသော အကျင့်သည်။
အညာဟိ-အညာဧဝ၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းနှင့် မပေါင်းမနီး အသီး အခြား တပါးသာလျှင်တည်း။
နိဗ္ဗာနဂါမိနီ၊ နိဗ္ဗာန်ရောက်ကြောင်း ကောင်းစွာကျင့်လို တောအုံခို၍ ကိုယ်တယောက် တည်း ကျင့်သောနည်းသည်။
အညာဟိ-အညာဧဝ၊ လာဘ်များစေသော အကျင့်ပေါနှင့် မရောမနှီး အသီးအခြား တပါးသာလျှင်။
ယသ္မာ ၊ အကြင်ကြောင့်။
ဟောတိ၊ ဖြစ်၏။
တသ္မာ၊ ထို့ကြောင့်။
သန္တော၊ သူတော်ကောင်း ရဟန်းသည်။
သက္ကာရံ၊ ပူဇော်သက္ကာများခြင်းကို။
နာဘိနန္ဒေယျ၊ မသာယာ မနှစ်သက်ရာ။
ဝိဝေကံ၊ ဆိတ်ငြိမ်ရာရာ ကိုယ်တည်းခွါ၍ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းခြင်းကို။
အနုဗြူဟယေ၊ ပွားစေရာ၏။
ဝါ၊ သက္ကာရံ၊ သဒ္ဓါကြည်ဖြူ သောသောထူမျှ ပေးလှူပူဇော်ခြင်းကို။
နာဘိနန္ဒေယျ၊ အလွန်မနှစ်သက်မှု၍။
ဝိဝေကံ၊ ဆိတ်ငြိမ်ရာရပ် ကိုယ်တည်းကပ်၍ နေခြင်းကို။
အနုဗြူဟယေ၊ ပွားရာ၏။ .

အဓိပ္ပါယ်
လာဘ်သပ္ပကာ များစွာရကြောင်း ဖြစ်သော အကျင့်သည် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းနှင့် မနီး အသီးအခြား တပါးသာတည်း၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းသည်လည်း လာဘ်များစေသော အကျင့်နှင့်မနီး အသီးအခြား တပါး သာတည်း၊ ထို့ကြောင့် သူတော်ကောင်း ရဟန်းသည် ပူဇော်သက္ကာရ များခြင်းကို လွန်စွာမနှစ်သက်မူ၍ ဆိတ်ငြိမ်ရာ အရပ်၌ တကိုယ်တည်းကပ်၍ နေခြင်းကို ပွားစေရာ၏။ .

၅၉ - အကတွာ အာမိသေ အာသံ
သဒ္ဓမ္မေယေဝ အာသိကော
အပ္ပမတ္တော သမာရဒ္ဓေါ
ဓမ္မဒါယံ လဘိဿတိ။ .

အနက်
အာမိသေ၊ ပစ္စည်း အာမိသ၌။
ဝါ၊ အာမိသ အမွေကိုခံယူခြင်း၌။
အာသံ၊ မက်မောခြင်း အလို အာသာကို။
အကတွာ၊ မပြုမူ၍။
သဒ္ဓမ္မေယေဝ၊ သူတော်ကောင်း တရား၌သာလျှင်။
အာသိကော၊ဆန္ဒအာသာ ကြီးစွာရှိလျက်။
အပ္ပမတ္တော၊ မမေ့မလျော့။
သမာရဒ္ဓေါ၊ ကောင်းစွာအားထုတ် ကြိုးကုတ်သော ရဟန်းသည်။
ဓမ္မဒါယံ၊ တရားလောကုတ် အဟုတ်အဟတ် အမွေမြတ်ကို။
လဘိဿတိ၊ မချွတ်မုချ ရပေလတ္တံ့။ .

အဓိပ္ပါယ်
အာမိသ အမွေခံယူခြင်း၌ မက်မောမှုကို မပြုမူ၍ သူတော်ကောင်း တရား၌သာလျှင် အာသာဆန္ဒ ကြီးစွာထား၍ မမေ့မလျော့ ကောင်းစွာ အားထုတ်သော ရဟန်းသည် လောကုတ္တရာ ဓမ္မအမွေကို မုချမသွေ ရရှိပေလတ္တံ့။ .

၆၀ - ပရိယတ္တိံ ဝိနာ သေယျံ
နလဘန္တိ ဗုဓာအပိ
သေယျတ္ထိကော၀ သိက္ခေယျ
နေဝ ပူဇာဒိ ကာရဏာ။ .

အနက်
ဗုဓာအပိ၊ ပါရမီများစွာ ကမ္ဘာသိန်းနေ တသင်္ချေလျှင် ဖြည့်လေဘူးဘိ သာရိပုတြာ ထေရ်မြတ်စွာသို့ ပညာလျင်မြန် ထက်သန်သောသူ ဖြစ်လျှင်းမူလည်း။
ပရိယတ္တိံ၊ ဘုရား မုက္ခပါဌ် ပိဋကတ် ဓမ္မက္ခန်ကို။
ဝိနာ၊ မမှီမယှဉ် ခွါရှောင်ကြဉ်၍။
သေယျံ၊ ချီးမွမ်းအပ်လှ ဓမ္မပေါင်းထက် အကောင်းအမွန် လွန်၍ ချီးမွမ်းအပ်သော လောကုတ်ကိုးပါး မြတ်တရားကို။
နလဘန္တိ၊ မသိမြင်ကြ မရနိုင်ကုန်။
တသ္မာ၊ ထို့ကြောင့်။
သေယျတ္ထိ၊ အလွန်နှစ်ခြိုက် ချီးမွမ်းထိုက်သော အမြိုက် လောကုတ် ဆယ်-တစ်လုတ်ကို အဟုတ်ကြည်ညို ရလိုသောဆန္ဒ ရှိ၍သာလျှင်။
ပရိယတ္တိံ၊ ပရိယတ်ကျမ်းဂန် ဓမ္မက္ခန်ကို။
သိက္ခေယျ၊ အားသစ် ကြိုးစားသင်ကြားရာ၏။
ပူဇာဒိကာရဏာ၊ မင်းပူဇော်ခံ ကျယ်ဝန်းရန်အကြောင်း မကောင်းမာန စသည် အကြောင်း ရှိကုန်သည် ဖြစ်၍။
နေဝသိက္ခေယျ၊ မသင်ရာသည်သာလျှင်ကတည်း။ .

အဓိပ္ပါယ်
အရှင်သာရိပုတြာကဲ့သို့ ထက်မြက် လျင်မြန်သော ပညာရှိ ဖြစ်ပါကုန်သော်လည်း ဘုရားဟော ပိဋကတ် ပရိယတ်မပါဘဲ လောကုတ္တရာကိုးပါး မြတ်တရားကို အသိ မပိုင် မရနိုင်သောကြောင့် လောကုတ္တရာ တရားကိုးပါးကို လိုလားမှု ရှိ၍သာ ပရိယတ် ကျမ်းဂန်ကို သင်ကြားရာ၏။ မင်းပူဇော်ခြင်း စသော အကြောင်းခံ ထားလျက် မသင်ကြားရာ။ .

၆၁ - ဘဝနိဿရဏတ္ထံဝ
သိက္ခေ နာ လဂ္ဂဒူပမော
တထူပမာယ သိက္ခန္တော
အပါယေသု ပတိဿတိ။ .

အနက်
ဘဝနိဿရဏတ္ထံဝ၊ သံသရာစက် ဝဲဂယက်မှ လွတ်ထွက်ခြင်း အကျိုးငှါသာလျှင်။
သိက္ခေ၊ သင်ရာ၏။
အလဂ္ဂဒူပမော၊ မြွေမဖမ်းတတ် လက်ကိုဟပ်လျက် ဥပဒ်မကင်း မြွေဖမ်းခြင်းဥပမာ ရှိသည်ဖြစ်၍။
နသိက္ခေ၊ မသင်ကြားရာ။
တထူပမာယ၊ ထိုမြွေဖမ်းဥပမာရှိသော သင်ခြင်းဖြင့်။
သိက္ခန္တော၊ သင်သောသူသည်။
အပါယေသု၊ အပါယ်လေးပါးတို့၌။
ပတိဿတိ၊ ကျလတ္တံ့။ .

အဓိပ္ပါယ်
သံသရာဘဝမှ ထွက်မြောက်ရခြင်း အကျိုးငှါသာ သင်ကြားရာ၏၊ မြွေဖမ်းခြင်းနှင့် တူစွာ မသင်ကြားရာ၊ မြွေဖမ်းခြင်းနှင့်တူစွာ သင်ကြားသောပုဂ္ဂိုလ်သည် အပါယ် လေးပါးတို့၌ ကျရလတ္တံ့။ .

၆၂ - သိက္ခိတေန အမာနတ္ထံ
နသာဓု မာနထဒ္ဓိကော
မုဒုဘာဝါယ သိက္ခိတွာ
ဒမေန္တော မုဒုကော ဘဝေ။ .

အနက်
အမာနတ္ထံ၊ မာန်မာန ကင်းခြင်းငှါ။
သိက္ခိတေန၊ သင်ကြားအပ်သော ပရိယတ်စာပေဖြင့်။
ဝါ၊ ပရိယတ်စာပေရှိလျက်။
မာနထဒ္ဓိကော၊ မာန်မာန ခက်ထန်ခြင်းသည်။
နသာဓု၊ မကောင်း။
မုဒုဘာဝါယ၊ နူးနူးညံ့ညံ့ဖြစ်ခြင်းငှါ။
သိက္ခိတွာ၊ သင်ကြား၍။
ဒမေန္တော၊ ဆုံးမလျက်။
မုဒုကော၊ နူးညံ့သည်။
ဘဝေ၊ ဖြစ်ရာ၏။ .

အဓိပ္ပါယ်
မာန်မာနကင်းအောင် ပရိယတ်စာပေ သင်ကြားပါလျက် မာန်မာန ခက်ထန်၍ နေခြင်းသည် မကောင်းချေ။ နူးညံ့ညံ့ဖြစ်အောင် သင်ကြား၍ မိမိစိတ်ကို ဆုံးမလျက် နူးညံ့ သိမ်မွေ့စွာ ဖြစ်ရာ၏။ .

၆၃ - ရာဂံ ဒေါသံ ဓဇံမာနံ
သိက္ခန္တောပိ ဝိဝဇ္ဇယေ
ဒဟရာပိ ဟိ မိယျန္တိ
နတ္ထိ ဝဿဂ္ဂတော မတံ။ .

အနက်
သိက္ခန္တောပိ၊ သင်ကြားဆဲ ဖြစ်၍လည်း။
ရာဂံ၊ ရာဂကို၎င်း။
ဒေါသံ၊ ဒေါသကို၎င်း။
ဓဇံမာနံ၊ တံခွန်ကဲ့သို့ ထောင်လွှားသော မာန်မာနကို၎င်း။
ဝိဝဇ္ဇယေ၊ ရှောင်ကြဉ်ရာ၏။
ဟိ၊ သင့်စွ။
ဒဟရာပိ၊ ပျိုရွယ် ငယ်နုသော သူတို့သည်လည်း။
မိယျန္တိ၊ သေကုန်၏။
ဝဿဂ္ဂတော၊ ထေရ်စဉ်ဝါလိုက်အားဖြင့်။
ဝါ၊ ကြီးစဉ်ငယ်လိုက်အားဖြင့်။
မတံ-မရဏံ၊ သေခြင်းသည်။
နတ္ထိ၊ မရှိ။ .

အဓိပ္ပါယ်
ပရိယတ်စာပေကို သင်ကြားနေစဉ်လည်း ရာဂ, ဒေါသ, မာန်မာန တရားကို ပယ်ရှား ရှောင်ကြဉ်ရာ၏။ မှန်၏၊ အသက်အရွယ် ငယ်သောသူ တို့သည်လည်း သေနိုင်ကြ ကုန်၏၊ ကြီးစဉ်ငယ်လိုက် အားဖြင့်သာ သေရမည်ဟူသော ထုံးတမ်းစဉ်လာ မရှိချေ။ .

၆၄ - သဒ္ဓံတိက္ခေယျ ဗုဒ္ဓေန
ရာဂံ အသုဘ စိန္တယာ
မရဏေန ဓဇံမာနံ
ဒေါသံ မေတ္တာယ ဝါရယေ။ .

အနက်
ဗုဒ္ဓေန၊ ဘုရားဂုဏ်တော်ဖြင့်။
ဝါ၊ ဘုရားဂုဏ်တော်ကို အောက်မေ့ခြင်းဖြင့်။
သဒ္ဓံ၊ မိမိသဒ္ဓါတရားကို။
တိက္ခေယျ၊ ထက်သန်စေရာ၏။
ဝါ၊ ထက်မြက်အောင် သွေးရာ၏။
အသုဘစိန္တယာ-အသုဘစိန္တာယ၊ အသုဘဟု မပြတ်ကြံခြင်းဖြင့်။
ရာဂံ၊ ရာဂကို။
မရဏေန၊ သေခြင်းကို ကြံအောက်မေ့ခြင်းဖြင့်။
ဓဇံမာနံ၊ တံခွန်ကဲ့သို့ ထောင်လွှားသော မာန်မာနကို။
မေတ္တာယ၊ မေတ္တာပွားခြင်းဖြင့်။
ဒေါသံ၊ အမျက်ဒေါသကို။
ဝါရယေ၊ တားမြစ်ရာ၏။ .

အဓိပ္ပာယ်
ဘုရားဂုဏ်တော်ကို အောက်မေ့ခြင်းဖြင့် သဒ္ဓါတရားကို ထက်သန်စေနိုင်၏၊
မတင့်မတယ် ရွံရှာဖွယ်ဟု မှတ်ရှုကြံစည်ခြင်းဖြင့် ရာဂကို တားမြစ်နိုင်၏၊
သေခြင်းကိုကြံ အောက်မေ့ခြင်းဖြင့် မာန်မာနကို တားမြစ်နိုင်၏၊
မေတ္တာပွားခြင်းဖြင့် ဒေါသတရားကို ပယ်ရှားခိုင်၏။ .

၆၅ - ဧတေဟိ စတုရက္ခဟိ
ဂန္ထံ သိက္ခေယျ သံဝုတော
သိက္ခန္တဿေဟိ ရက္ခေဟိ
နကောစိ သံကိလေသိကော။ .

အနက်
ဧတေဟိ စတုရက္ခဟိ၊ ဤအစောင့်အရှောက် လေးပါးတို့ဖြင့်။
သံဝုတော၊ စောင့်ရှောက်အပ်လျက်။
ဂန္ထံ၊ စာပေကျမ်းဂန်ကို။
သိက္ခေယျ၊ သင်ရာ၏။
ဧဟိ ရက္ခေဟိ၊ ဤလေးပါးသော အစောင့်အရှောက်တို့ဖြင့်။
သိက္ခန္တဿ၊ ကျမ်းဂန် သင်ကြားသော သူအား။
ကောစိ၊ တစုံတခုသော။
သံကိလေသိကော၊ ညစ်ညူးစေတတ်သော တရားသည်။
နအတ္ထိ၊ မရှိ။ .

အဓိပ္ပါယ်
ဤ အစောင့်အရှောက် လေးပါးဖြင့် စောင့်ရှောက် ကာကွယ်လျက် စာပေကျမ်းဂန်ကို သင်ကြားရာ၏၊ ဤအစောင့်အရှောက် လေးပါးတို့ဖြင့် ကျမ်းဂန် သင်ကြားသောသူ၏ သန္တာန်၌ မည်သည့် ညစ်ညူးစေတတ်သော တရားမျိုး မဖြစ်ပေါ်နိုင်ချေ။ .

၆၆ - ဗုဒ္ဓဝါစမ္ပိ သဇ္ဈာယ
ဧတေပိ မနသီကရ
ဝုတ္တော ဓမ္မဝိဟာရီတိ
ဧဒိသော သာသနေ ဝရော။ .

အနက်
ဗုဒ္ဓဝါစမ္ပိ၊ ဘုရားစကား တရား ပိဋကတ်ကိုလည်း။
သဇ္ဈာယ၊ သင်အံသရဇ္ဈာယ်လော့။
ဧတေပိ၊ ဤစတုရာရက္ခကမ္မဋ္ဌာန်းလေးခု တို့ကိုလည်း။
မနသီကရ၊ နှလုံးသွင်းလော့။
သာသနေ၊ သာသနာတော်၌။
ဧဒိသော၊ ဤသို့သဘောရှိသော ရဟန်းကို။
ဝရော၊ မြတ်သော။
ဓမ္မဝိဟာရီဟိ၊ တရားဖြင့်နေလေ့ ရှိသောရဟန်းဟူ၍။
ဝုတ္တော၊ ဟောတော်မူအပ်၏။ .

အဓိပ္ပါယ်
ဘုရား စကားဖြစ်သော ပိဋကတ် တရားတော်ကိုလည်း သင်အံ သရဇ္ဈာယ်လော့၊ စတုရာရက္ခ ကမ္မဋ္ဌာန်း လေးခုတို့ကိုလည်း နှလုံးသွင်းလော့၊ သာသနာတော်၌ ဤသို့ သဘောရှိသောရဟန်းကို တရားဖြင့်နေလေ့ရှိသော ရဟန်းမြတ်ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူအပ်၏။ .

၆၇ - ဂရူန မုပဒေသေန
စတုရက္ခော သုသီလဝါ
အပ္ပဿုတောပိ ပါသံသော
ဘိယျောယေဝ ဗဟုဿုတော။ .

အနက်
ဂရူနံ၊ ဆရာကောင်း ဆရာမြတ်တို့၏။
ဥပဒေသေန၊ နည်းနာဥပဒေသဖြင့်။
စတုရက္ခော၊ လေးပါးသောကမ္မဋ္ဌာန်း အစောင့်အရှောက်ရှိသော။
သုသီလဝါ၊ ကောင်းသောသီလရှိသော ရဟန်းကို။
အပ္ပဿုတောပိ၊ အကြားအမြင်နည်းသော်လည်း။
ပါသံသော၊ ချီးမွမ်းအပ်၏။
ဗဟုဿုတော၊ အကြားအမြင်များမူကား။
ဘိယျောယေဝ၊ အလွန်အကဲသာတည်း။ .

အဓိပ္ပါယ်
ဆရာကောင်း ဆရာမြတ်တို့၏ နည်းဥပဒေသဖြင့် အစောင့်အရှောက် တရားလေးပါး ရှိသည့် ကောင်းသော သီလရှိသောရဟန်းကို အကြားအမြင် နည်းငြားသော်လည်း ချီးမွမ်းအပ်၏၊ အကြားအမြင် များပါမူကား အတိုင်းထက်အလွန် ချီးမွမ်းအပ်သည် သာတည်း။ .

၆၈ - သာတံ သေဝက္ခဏေဝပ္ပံ
တံဟေတွာ နန္တဒုက္ခန္တိ
ဓီရော အာသံ ဟနေ ကာမေ
ခုရဓာရမဓူပမေ၊ .

အနက်
သေဝက္ခဏေဝ၊ ကာမဂုဏ်ကို မှီဝဲစဉ်ခဏ၌သာလျှင်။
အပ္ပံ၊ အနည်းငယ်သော။
သာတံ၊ သာယာခြင်းလောဘမူ သုခသောမနဿသည်။
အတ္ထိ၊ ရှိ၏။
တံဟေတု၊ ထိုအနည်းငယ် သာယာခြင်း အကြောင်းကြောင့်။
ဝါ၊ အကြောင်းရှိသော။
အနန္တဒုက္ခံ၊ မဆုံးနိုင်အောင် ဆင်းရဲခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဣတိ-တသ္မာ၊ ထို့ကြောင့်။
ဓီရော၊ ပညာရှိသည်။
ခုရဓာရမဓူပမေ၊ သင်ဓုန်းသွား၌ ပျားရည်စက်ဥပမာရှိသော။
ကာမေ၊ ကာမဂုဏ်၌။
အာသံ၊ တောင့်တခြင်း အလိုအာသာကို။
ဟနေ၊ ပယ်ဖျောက်ရာ၏။ .

အဓိပ္ပါယ်
ကာမဂုဏ်ကို မှီဝဲစဉ် ခဏ၌သာလျှင် အနည်းငယ်သော သာယာမှုရှိ၏၊ ထို အနည်းငယ်သော သာယာမှုကလေးကြောင့် မဆုံးနိုင်အောင် ဆင်းရဲရသဖြင့် ပညာရှိသော ပုဂ္ဂိုလ်သည် သင်ဓုန်းသွားမှာ ပျားရည်စက် ဥပမာရှိသော ကာမဂုဏ်၌ တောင့်တလိုလားခြင်းကို ပယ်ရှားရာ၏။ .

၆၉ - ယောဓ ကာမေ သုခံမညိ
န သော ဒုက္ခာ ဝိမုစ္စတိ
မာတာတိ ဗျဂ္ဃ မနွေန္တော
ဝစ္ဆော မုတ္တော ကထံဘယာ။ .

အနက်
ဣဓလောကေ၊ ဤလောက၌။
ယောနရော၊ အကြင်သူသည်။
ကာမေ၊ ကာမဂုဏ်တို့ကို။
သုခံမညိ၊ သုခဟုမှတ်ထင်၏။
သောနရော၊ ထိုကာမဂုဏ်ကို ခုံခုံမင်မင် သုခထင်သောသူသည်။
ဒုက္ခာ၊ ဆင်းရဲမှ။
နဝိမုစ္စတိ၊ မလွတ်နိုင်။
ဗျဂ္ဃံ၊ ကျားကို။
မာတာတိ၊ အမိနွားမဟူ၍။
မညိတွာ၊ အထင်မှား၍။
အနွေန္တော၊ ကျား၏နောက်သို့ တကောက်ကောက် လိုက်သော။
ဝစ္ဆော၊ နွားငယ်သည်။
ဘယာ၊ ကျားစားခြင်းဘေးမှ။
ကထံမုတ္တော၊ အဘယ်သို့ လွတ်နိုင်တော့အံ့နည်း။ .

အဓိပ္ပါယ်
ဤလောက၌ ကာမဂုဏ်တို့ကို ချမ်းသာကြီးတခုဟု မှတ်ထင်မှု ရှိနေသော သူသည် ဆင်းရဲမှ မလွတ်နိုင်ချေ။ ကျားကို အမိနွားမဟု အထင်မှားကာ ကျားနောက်သို့ တကောက်ကောက် လိုက်ပါသော နွားငယ်သည် ကျားစားခံရသော ဘေးမှ အဘယ်မှာ လွတ်နိုင်ပါတော့အံ့နည်း။ .

၇၀ - တိရစ္ဆာ ပေတ လဒ္ဓဗ္ဗေ
နာသံ ကာမသုခေ ကရေ
ဘာယိတဗ္ဗ သုခံ တဥှိ
တသ္မိံ လဂ္ဂါ မဟာတပါ။။ .

အနက်
တိရစ္ဆာ ပေတ လဒ္ဓဗ္ဗေ၊ တိရစ္ဆာန်, ဗြိတ္တာတို့ပင် ရအပ် ရထိုက်သော။
ကာမသုခေ၊ ကာမဂုဏ်ချမ်းသာ၌။
အာသံ၊ တောင့်တခြင်း အာသာကို။
နကရေ၊ မပြုရ။
ဟိ၊ သင့်စွ။
တံကာမ သုခံ၊ ထိုကာမဂုဏ်သုခသည်။
ဘာယိတဗ္ဗ သုခံ၊ ကြောက်အပ်သော ချမ်းသာမည်၏။
တသ္မိံ၊ ထိုကာမဂုဏ်ချမ်းသာ၌။
လဂ္ဂါ၊ ကပ်ငြိသောသူတို့သည်။
မဟတပါ၊ အပူကြီးကြီးတွေ ရောက်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။ .

အဓိပ္ပါယ်
တိရိစ္ဆာန်, ပြိတ္တာတို့ပင် ရနိုင်သော ကာမဂုဏ်ချမ်းသာ၌ တောင့်တခြင်း အာသာကို မပြုရ။ မှန်၏၊ ထိုကာမဂုဏ် ချမ်းသာသည် ကြောက်ဖွယ် ကောင်းသော ချမ်းသာ တည်း၊ ထိုကာမဂုဏ် ချမ်းသာ၌ ငြိကပ် တွယ်တာသော သူတို့သည် ကြီးကျယ်သော အပူအမျိုးမျိုးနှင့် တွေ့ကြုံရကုန်၏။ .

၇၁ - လဒ္ဓါ ကာမသုခံ ဗာလာ
ပမောဒန္တိ နပဏ္ဍိတာ
ပသုပက္ခီဘိ လဒ္ဓဗ္ဗံ
အနန္တဒုက္ခ ကာရဏံ။ .

အနက်
ပသုပက္ခီဘိ၊ နွား ကျွဲ ခွေး ဝက် ကြက် ငှက်ကစ အနန္တသတ္တဝါတို့သည်။
လဒ္ဓဗ္ဗံ၊ အလိုက်အထိုက် ရထိုက်ရအပ်သော။
အနန္တဒုက္ခ ကာရဏံ၊ မဆုံးနိုင်ဘဲ အဖန်တလဲလဲ ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော။
ကာမသုခံ၊ ကာမဂုဏ်ချမ်းသာကို။
လဒ္ဓါ၊ ရ၍။
ဗာလာ၊ အကျိုးအပြစ် စီစစ်မသိ မှောင်အတိဖြစ်သော သူမိုက်တို့သည်။
ပမောဒန္တိ၊ ရတော်လေစွ ကောင်းမွန်လှ-ဟု အားရဝမ်းမြောက်ကုန်၏။
ပဏ္ဍိတာ၊ ကာမဂုဏ်အပြစ် များသာဖြစ်သည်ကို စင်စစ် သိတတ်ကုန်သော ပညာရှိ တို့သည်။
န ပမောဒန္တိ၊ စွဲစွဲလမ်းလမ်း ဝမ်းမမြောက်ကုန်။ .

အဓိပ္ပါယ်
နွား ကျွဲ ခွေး ဝက် ကြက် ဌက်ကစ အနန္တ သတ္တဝါတို့ပင် အလိုက်အထိုက် ရနိုင်၍ မဆုံးနိုင်ဘဲ အမြဲဆင်းရဲခြင်း၏ အကြောင်းဖြစ်သော ကာမဂုဏ်ချမ်းသာကို ရသည် ရှိသော် အကျိုးအပြစ်ကို မစီစစ်နိုင်သော သူမိုက်တို့သည် အရတော်လေစွဟု အားရ ဝမ်းသာကြကုန်၏၊ ကာမဂုဏ်အပြစ်ကို စီစစ်နိုင်သော ပညာရှိတို့သည်ကား စွဲစွဲ လမ်းလမ်း ဝမ်းမမြောက်ကြကုန်။ .

၇၂ - လဒ္ဓါ ဓမ္မရတိံ ဝိညူ
မောဒန္တိ န အပဏ္ဍိတာ
အနောမ သတ္တ ပရိဘောဂံ
ဘဝနိဿရဏာဝဟံ။ .

အနက်
အနောမ သတ္တ ပရိဘောဂံ၊ မယုတ်မမာ မြင့်မြတ်စွာသော သမ္ဘာရင့်ညောင်း သူတော်ကောင်းတို့ အသုံးအဆောင် ဖြစ်သော။
ဘဝနိဿရဏာဝဟံ၊ အပါယိက သံသာရမှ မုချထွက်အောင် ရွက်ဆောင် တတ်သော။
ဓမ္မရတိံ၊ ကုသိုလ် ဆယ်ပါး တရားအရာ လွန်စွာမွေ့လျော် နှလုံးပျော်ခြင်းကို။
လဒ္ဓါ၊ ရ၍။
ဝိညူ၊ ပုညာနိသင် အကျိုးထင်ကို သိမြင်ကုန်သော ပညာရှိတို့သည်။
မောဒန္တိ၊ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ကုန်၏။
အပဏ္ဍိတာ၊ ပညာမဲ့သူ လူပြိန်းလူမိုက်တို့သည်။
နမောဒန္တိ၊ ဝမ်းမမြောက်ကုန်။ .

အဓိပ္ပါယ်
သူတော်ကောင်းတို့၏ အသုံးအဆောင်ဖြစ်၍ ဘဝသံသရာမှ မုချထွက်အောင် ရွက်ဆောင်တတ်သော ကုသိုလ်တရား၌ မွေ့လျော်ခြင်းကိုရ၍ ကောင်းမှုအာနိသင် သိမြင်ကုန်သော ပညာရှိတို့သည် နှစ်သက် ဝမ်းမြောက်ကြကုန်၏၊ ပညာမဲ့သူလူပြိန်း လူမိုက်တို့သည်ကား ဝမ်းမမြောက်နိုင်ကြကုန်။ .

၇၃ - ဟီနကမ္မံ ပဋိစ္ဆန္နံ
ကာမဿာဒံ နပတ္ထယေ
ဓမ္မေ ပီတိဉ္စ ပါမောဇ္ဇံ၊၊
ပတ္ထေယျ သာဓုသမ္မတော။ .

အနက်
သာဓုသမ္မတော၊ သူတော်ကောင်းဟု သမုတ်သောသူသည်။
ဟီနကမ္မံ၊ ကိလေသာမီး လောင်အားကြီး၍ တားဆီးမဖြစ် စုတ်ညစ် ယုတ်နိမ့်သော သူတို့၏ အကျင့်ဖြစ်သော။
ပဋိစ္ဆန္နံ၊ ရှက်ကြောက် ရွံဖွယ် ဖုံးကွယ်အပ်သော သဘောရှိသော။
ကာမဿာဒံ၊ ကာမဂုဏ်၌သာယာခြင်းကို။
နပတ္ထယေ၊ မတောင့်တရာ။
ဓမ္မေ၊ ကုသိုလ်တရား၌။
ပီတိဉ္စ၊ နှစ်သက်ခြင်းကို၎င်း။
ပါမောဇ္ဇံ၊ ဝမ်းမြောက်ခြင်းကို၎င်း။
ပတ္ထေယျ၊ တောင့်တရာ၏။ .

အဓိပ္ပါယ်
သူတော်ကောင်းဟု သမုတ်အပ်သောသူသည် ယုတ်မာ ညစ်ညမ်းသော သူတို့၏ အမူအကျင့်ဖြစ်၍ ရှက်ကြောက် ရွံဖွယ် ဖုံးကွယ်အပ်သော သဘောရှိသော ကာမဂုဏ်၌ သာယာခြင်းကို မတောင့်တရာ၊ ကုသိုလ်တရား၌ နှစ်သက် ဝမ်းမြောက်ခြင်းကို တောင့်တရာ၏။ .

၇၄ - ပရိဂ္ဂဏှန္တိ ယေကာမေ
ဟိံ သန္တိတေ တဒတ္ထိကာ
ပရိစ္စတ္တံ န ဟိံ သန္တိ
မုတ္တံ ဝဏ္ဏေန္တိ သာဓဝေါ။ .

အနက်
ယေ၊ အကြင်သူတို့သည်။
ကာမေ၊ ကာမဂုဏ်တို့ကို။
ပရိဂ္ဂဏှန္တိ၊ သိမ်းဆည်းကုန်၏။
တေ၊ ထိုကာမဂုဏ် သိမ်းဆည်းသော သူတို့ကို။
တဒတ္ထိကာ၊ ထိုကာမဂုဏ်ကို အလိုရှိသော သူတို့သည်။
ဟိံ သန္တိ၊ ညှဉ်းဆဲကုန်၏။
ပရိစ္စတ္တံ၊ ကာမဂုဏ် စွန့်လွှတ်သောသူကို။
န ဟိံ သန္တိ၊ မညှဉ်းဆဲကုန်။
သာဓဝေါ၊ သူတော်ကောင်းတို့သည်။
မုတ္တံ၊ ကာမဂုဏ်ကို စွန့်လွှတ်ခြင်းကို။
ဝါ၊ အညှဉ်းဆဲလွတ်ခြင်းကို။
ဝဏ္ဏေန္တိ၊ ချီးမွမ်းကုန်၏။ .

အဓိပ္ပါယ်
ကာမဂုဏ်ကို အလိုရှိသော သူတို့သည် ကာမဂုဏ် သိမ်းပိုက်ထားသော သူတို့ကို ညှဉ်းဆဲကြကုန်၏၊ ကာမဂုဏ်ကို စွန့်လွှတ်သော သူတို့ကို မညှဉ်းဆဲကြကုန်၊ သူတော်ကောင်းတို့သည် ကာမဂုဏ်ကို စွန့်လွှတ်ခြင်းကို ချီးမွမ်းကြကုန်၏။ .

၇၅ - နိစ္စုပက္ကမ္မ ပုဋ္ဌောပိ
ကာယော ဝေရီဝသာ နုဂေါ
အစိရံယေဝ ဘူသာယီ
ယုတ္တောဝ တ မုပေက္ခိတုံ။ .

အနက်
ကာယော၊ ကိုယ်သည်။
နိစ္စုပက္ကမ္မ၊ အမြဲလုံ့လပြု၍။
ပုဋ္ဌောပိ၊ မွေးမြူအပ်ငြားသော်လည်း။
ဝေရီဝသာနုဂေါ၊ ကိုးဆဲ့ခြောက်ခု ရောဂါစုဟု ရန်သူ့အလိုသို့လိုက်၍။
အစိရံယေဝ၊ မကြာမြင့်မီသာလျှင်။
ဘူသာမီ၊ သူကောင်အိပ်နေ သင်းချိုင်းမြေဝယ် အိပ်နေလတ္တံ့။
တံကာယံ၊ ထိုကိုယ်ကို။
ဥပေက္ခိတုံ၊ အလွန်မခင် ပြုပြင်မမူ လျစ်လျူရှုခြင်းငှါ။
ယုတ္တောဝ၊ သင့်လှတော့သည်သာတည်း။ .

အဓိပ္ပါယ်
ခန္ဓာကိုယ်သည် အမြဲလုံ့လပြု၍ မွေးမြူအပ်ပါသော်လည်း ကိုးဆဲ့ခြောက်ခု ရောဂါစုဟု ဆိုအပ်သော ရန်သူ့အလိုသို့လိုက်၍ မကြာမြင့်မီပင် သူသေကောင်တို့၏ အိပ်နေရာ သင်းချိုင်းမြေ၌ အိပ်နေရလတ္တံ့၊ ထိုကိုယ်ကိုခင်တွယ်မပြု လျစ်လျူရှုခြင်းငှါ သင့်လှသည်သာတည်း။ .

၇၆ - ရက္ခိတော အဂုတ္တောဝ
ကာယော ဘယမုခေ ဌိတော
တသ္မာ ကာယ မုပေက္ခိတွာ
စရေဓမ္မ မဆမ္ဘိတော။ .

အနက်
ဘယမုခေ၊ ဘေးရန်တကာကို အဆုံ အဝ၌။
ဝါ၊ ဥဘယမုခေ၊ အဇ္ဈတ္တ ဗဟိဒ္ဓ အန္တရာယ်နှစ်ပါးတို့၏ ရှေ့ရှုရာအရပ်၌။
ဌိတော၊ တည်နေသော။
ကာယော၊ ကိုယ်သည်။
ရက္ခိတောပိ၊ အစိုးရ၍ အပ အတွင်း ကင်းအတန်တန် အိပ်ဖန်မပျက် လက်နက် ကြီးကျယ် အန္တရာယ်မပေါက် ဘေးမရောက်အောင် စောင့်ရှောက်ပါငြားသော်လည်း။
အဂုတ္တောဝ၊ ကုသိုလ်ကံကုန် သေနေ့ကြုံက မလုံခြုံနိုင်သည် သာလျှင်တည်း။
တသ္မာ၊ ထိုသို့ ကိုယ်ကို ကြောင့်ကြ ဥဿာဟကုန် စောင့်ရှောက်တုံလည်း မလုံ နိုင်ခြင်း အကြောင်းကြောင့်။
ကာယံ၊ ကိုယ်ကို။
ဥပေက္ခိတွာ၊ အရေးမမူ လျစ်လျူရှု၍။
အဆမ္ဘိတော၊ တုန်လှုပ်မရှိ သတိမဖောက် မကြောက်မရွံ။
ဓမ္မံ၊ ကမ္မဋ္ဌာန်းတရား အားထုတ်ခြင်း အကျင့်ကို။
စရေ၊ ကျင့်ရာ၏။ .

အဓိပ္ပါယ်
ဘေးရန်တကာတို့၏ ပေါင်းဆုံရာ အဝ၌ တည်နေသော ခန္ဓာကိုယ်သည် ဆေးအမျိုးမျိုး၊ လက်နက်အမျိုးမျိုးဖြင့် စောင့်ရှောက်ပါသော်လည်း ကုသိုလ်ကံကုန်၍ သေနေ့ကြုံက မလုံခြုံ နိုင်သောကြောင့် ခန္ဓာကိုယ်ကို အရေးမမူ လျစ်လျူရှု၍ ကြောက်ရွံ့ တုန်လှုပ်ခြင်း မရှိဘဲ ကမ္မဋ္ဌာန်းတရားကို ကျင့်ကြံကြိုးကုတ် အားထုတ်ရာ၏။

၇၇ - ပုဋ္ဌော ပုဋ္ဌောပိ ယံကာယော၊
ဘုဝိ ရောဂါသယီသယီ။
ကတံကတံ မုဓာတော န၊
တဒတ္ထံ ဒုစ္စရေ စရေ။

အနက်

ရောဂါသယီ၊ ခြောက်နှင့် ကိုးဆယ် အန္တရာယ် ရောဂါတို့၏ တည်နေရာ အသိုက် ဖြစ်သော။
အယံကာယော၊ ဤကိုယ်သည်။
ပုဋ္ဌောပိ၊ အလွန်ရေးယူ ဂရုထူ၍ မွေးမြူအပ်သော်၎င်း။
အပုဋ္ဌောပိ၊ မမွေးမြူအပ်သော်၎င်း။
ဝါ၊ ပုဋ္ဌောပုဋ္ဌောပိ၊ အနည်းနည်း မွေးမြူအပ်သော်လည်း။
ဘုဝိ၊ သုသာန်မြေ၌။
သယီ၊ နောက်မထဘဲ အမြဲတစေ အိပ်နေတတ်သော သဘောရှိ၏။
ကတမ္ပိ၊ ပြုပြင်အပ်သော်လည်း။
အကတံ၊ ပြုပြင်သည်မမည်။
ဝါ၊ ကကံကတံ၊ ကိုယ်ကိုပြုပြင်ခြင်း ဟူသမျှသည်။
မုဓာ၊ အကျိုးမပြီး အချည်းနှီးသာတည်း။
အတော၊ ထို့ကြောင့်။
တဒတ္ထံ၊ ကိုကိုယ်ကို မွေးမြူခြင်းအကျိုးငှါ။
ဒုစ္စရေ၊ မကောင်းသော ဒုစရိုက် အကျင့်ကို။
နစရေ၊ မကျင့်၊

အဓိပ္ပါယ်

ကိုးဆဲ့ခြောက်ဖြာသော ရောဂါ ဝေဒနာ တို့၏ တည်နေရာ အသိုက်အအုံ ဖြစ်သော ဤခန္ဓာကိုယ်သည် အနည်းနည်း မွေးမြူအပ်ပါသော်လည်း သုသာန်မြေ၌ နောက် မထဘဲ အမြဲအိပ်နေတဘ်၏၊ ကိုယ်ကိုပြုပြင်ခြင်း ဟူသမျှသည် အကျိုးမပြီး အချည်းနှီးသာတည်း၊ ထို့ကြောင့် ထိုကိုယ်ကို မွေးမြူခြင်း မကောင်းသော ဒုစရိုက် အကျင့်တို့ကို မကျင့်ရာ။

၇၈ - ပါပံ ကရောတိ ယောဗာလော၊
ပုဋ္ဌုံ ကာယံ တိဒုဗ္ဘရံ။
ဘူမျံ ကာယံ ဌပေတွာန၊
အနာထော သော အပါယိကော။

အနက်

ယောဗာလော၊ အကြင်လူမိုက်သည်။
အတိဒုဗ္ဘရံ၊ အလွန်မွေးမြူခက်သော။
ကာယံ၊ ကိုယ်ကို။
ပုဋ္ဌုံ၊ မွေးမြူခြင်းငှါ။
ပါပံ၊ မကောင်းမှုကို။
ကရောတိ၊ ပြု၏။
သောဗာလော၊ ထိုလူမိုက်သည်။
ကာယံ၊ မိမိမွေးမြူအပ်သော ကိုယ်ကို။
ဘူမျံံ၊ သင်းချိုင်းမြေ၌။
ဌပေတွာန၊ ထားခဲ့၍။
အနာထော၊ ကိုးကွယ်ရာမဲ့ဖြစ်၍။
အပါယိကော၊ အပါယ်လား၏။

အဓိပ္ပါယ်

အလွန်မွေးမြူနိုင်ခဲသောကိုယ်ကို မွေးမြူခြင်းငှါ မကောင်းမှုကိုပြုသော လူမိုက်သည် မိမိမွေးမြူအပ်သော ကိုယ်ကို သင်းချိုင်းမြေ၌ ထားခဲ့၍ ကိုးကွယ်ရာမဲ့ဖြစ်ကာ အပါယ် လားရ၏။

၇၉ - ဝေရီဝသာ နုဂံ ကာယံ၊
ဗာလော ပေါသေတိ ဒုစ္စရော။
ပေါသေန္တော နိရယေ ပက္ကော၊
ကာယော ဘူမျံ ဝိကာရဂူ။

အနက်

ဗာလော၊ လူမိုက်သည်။
ဒုစ္စရော၊ မကောင်းကျင့်လျက်။
ဝေရီဝသာနုဂံ၊ ရန်သူ့အလိုသို့လိုက်သော။
ကာယံ၊ ကိုယ်ကို။
ပေါသေတိ၊ မွေး၏။
ပေါသေန္တော၊ ကိုယ်ကိုမွေးမြူသော လူမိုက်သည်။
နိရယေ၊ ငရဲ၌။
ပက္ကော၊ ကျက်ရလေ၏။
ကာယော၊ ကိုယ်သည်။
ဘူမျံ၊ မြေ၌။
ဝိကာရဂူ၊ ဖောက်ပြန်ခြင်းသို့ရောက်၏။

အဓိပ္ပါယ်

ရန်သူ့အလိုသို့ လိုက်သော ကိုယ်ကိုမွေးမြူကာ မကောင်းမှုကို ပြုကျင့်သော လူမိုက်သည် ငရဲ၌ ကျက်ရ၏။ ခန္ဓာကိုယ်သည်ကား မြေကြီးထဲ ဖောက်ပြန် ပျက်စီး ခြင်းသို့ ရောက်ရ၏။

၈၀ - ပါပံ မာကရ ကာယတ္ထံ၊
ကာယော ဝေရီ ဝသာနုဂေါ။
ဘူမျံ သေဿတိ ဝေကာရီ၊
ပါပိကော နိရယံ ဂတော။

အနက်

ကာယတ္တံ၊ ကိုယ်ကိုမွေးမြူခြင်းအကျိုးငှါ။
ပါပံ၊ မကောင်းမှုကို။
မာကရ၊ မပြုလင့်။
ဝေရီဝသာနုဂေါ၊ ကိုးဆဲ့ခြောက်ဟူ ရန်သူအကြိုက် အလိုလိုက်သော။
ကာယော၊ ကိုယ်သည်။
ဝေကာရီ၊ ဥဒ္ဓုမာတက စသည်တန်တန် ဖောက်ပြန်ခြင်းသို့ ရောက်သည်ဖြစ်၍။
ဘူမျံ၊ မြေ၌။
သေဿတိ၊ ကိန်းလတ္တံ့။
ပါပိကော၊ မကောင်းမှု ရှိသောသူသည်။
နိရယံ၊ ငရဲသို့။
ဂတော၊ သွားရလေ၏။

အဓိပ္ပါယ်

ခန္ဓာကိုယ်ကို မွေးမြူဘို့ရာ မကောင်းမှုကို မပြုပါလင့်၊ ကိုးဆဲ့ခြောက်ဖြာ ဝေဒနာဟု ဆိုအပ်သော ရန်သူအလိုသို့ လိုက်သော ခန္ဓာကိုယ်သည် ဖူးဖူးရောင်ဖော ဖောက်ပြန်ခြင်း သဘောသို့ ရောက်လျက် မြေ၌အိပ်ရလတ္တံ့၊ မကောင်းမှုရှိသော သူသည် ငရဲသို့သွားရ၏။

၈၁ - အမယှံ မယှသညာယ၊
ကာယံ ရောဂဝသာနုဂံ။
ပေါသံ ပတ္တော မဟာဇာနိံ၊
နောကာသော ဓမ္မ မိက္ခိတုံ။

အနက်

ရောဂဝသာနုဂံ၊ အနာရောဂါ ဝေဒနာတို့လိုရာ အကြိုက် အစဉ်လိုက်သည်ဖြစ်၍။
အမယှံ၊ ငါ၏ကိုယ် မဟုတ်ပါဘဲလျက်။
ကာယံ၊ ကိုယ်ကို။
မယှသညာယ၊ ငါ့ကိုယ်, ငါ့ကိုယ် ထင်မှတ်မှားသဖြင့်။
ပေါသံ-ပေါသန္တော၊ တကြောင့်ကြကြ မွေးမြူရသောငါသည်။
မဟာဇာနိံ၊ ကြီးစွာ ဆုံးရှုံးခြင်းသို့။
ပတ္တော၊ ရောက်လေပြီ။
ဓမ္မံ၊ ကမ္မဋ္ဌာန်းဘာဝနာဖြစ်သော အကျင့်ကို။
ဣက္ခိတုံ၊ ရှုခြင်းငှါ။
နောကာသော၊ အခွင့်မရှိ။

အဓိပ္ပါယ်

ရောဂါဝေဒနာတို့၏ အလိုအကြိုက်သို့ အစဉ်လိုက်သည်ဖြစ်၍ ငါ၏ကိုယ် မဟုတ် ပါဘဲလျက် ခန္ဓာကိုယ်ကို ငါ့ကိုယ်ဟု ထင်မှတ်မှားသဖြင့် မွေးမြုရသောငါသည် ကြီးစွာသော ဆုံးရှုံးခြင်းသို့ ရောက်လေပြီ၊ ကမ္မဋ္ဌာန်းဘာဝနာ အကျင့်ကို ရှုခြင်းငှါ အခွင့်မရှိပါတကား။

၈၂ - ကာယာပေက္ခာယ နောကာသော၊
ဓမ္မံ ဒဋ္ဌုံ ရဟောဂတော။
ဥပေက္ခာယေဝ သြကာသော၊
ဒုက္ခိတာ မှ အပေက္ခယာ။

အနက်

ကာယာပေက္ခာယ၊ မိမိကိုယ်ကို တရိုတသေ ငဲ့၍နေသဖြင့်။
ရဟောဂတော၊ တောအုပ်မြိုင်သာ ဆိတ်ငြိမ်ရာသို့ ကပ်သဖြင့်။
ဓမ္မံဒဋ္ဌုံ၊ ကမ္မဋ္ဌာန်းတရားကို ရှုခြင်းငှါ။
နောကာသော၊ အားလပ်သော အခွင့်မရှိ။
ဥပေက္ခာယေဝ၊ ဤကိုယ်ခန္ဓာ ရွံစရာကို ပမာမမူ လျစ်လျူရှု၍သာလျှင်။
ဝါ၊ ရှုသဖြင့်သာလျှင်။
ရဟောဂတော၊ ဆိတ်ငြိမ်ရာရပ် မှီခိုကပ်လျက်။
ဓမ္မံဒဋ္ဌုံ၊ ကမ္မဋ္ဌာန်းတရား ပွားများရှုဆင်ခြင်ခြင်းငှါ။
ဩကာသော၊ အခွင့်ရ၏။
အပေက္ခယာ-အပေက္ခာယ၊ ဤသည့်ကိုယ်ကို အလိုအကြိုက် လိုက်မှားမိလျက် ငဲ့ကွက်ခြင်းကြောင့်။
ဒုက္ခိတာ၊ အစမထင် ဘုံသုံးခွင်၌ ကျင်လည်သမျှ ဒုက္ခရောက်ကုန်သည်။
အမှ၊ ဖြစ်ကုန်ပြီ။

အဓိပ္ပါယ်

မိမိကိုယ်ကို ငဲ့နေသဖြင့် ဆိတ်ငြိမ်ရာသို့ကပ်၍ ကမ္မဌာန်းတရားကို ရှုရန်အခွင့် မရှိနိုင်ချေ၊ ခန္ဓာကိုယ်ကို ပမာမပြု လျစ်လျူရှုမှသာလျှင် ဆိတ်ငြိမ်ရာသို့ ကပ်၍ ကမ္မဋ္ဌာန်းတရားကို ရှုရန်အခွင့် ရနိုင်၏။ ဤကိုယ်ကို အလိုလိုက်မှားလျက် ငဲ့ကွက် မိသောကြောင့် ဘုံသုံးခွင်၌ အစမထင်သော ဆင်းရဲခြင်းသို့ရောက်ကြရကုန်၏။

၈၃ - စိတ္တ သံသောဓကာ ပက္ကာ၊
ကာယသံသောဓကာ နဝါ။
သောဓေ စိတ္တံ၀ ပက္ကတ္ထံ၊
နကာယံ ဘဝဘီရုကော။

အနက်

စိတ္တသံသောဓကာ၊ ရာဂ, ဒေါသ စသည်ညစ်ကြေး မမြှေးမငြိ မရှိစေချင် စိတ်ကို ပြင်၍ သုတ်သင်သန့်ရှင်းတတ်သော သူတို့သည်။
ပက္ကာ၊ တဆင့် တဆင့် ရင့်မာကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ကာယသံသောဓကာ၊ တင့်တယ်စေလို ကိုယ်ကိုသုတ်သင် တန်းဆာဆင်၍ ယဉ်အောင် ပြုလေ့ရှိသော သူတို့သည်။
နဝါ၊ သမ္ဘာမရင့် မမြင့်မကျယ် စိတ်နုနယ်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဘဝဘီရုကော၊ နှောင်အိမ်အလား ဘုံသုံးပါးကို ကြောက်အားကြီးသူ လူပညာရှိ အပေါင်းသည်။
စိတ္တံဝ၊ စိတ်ကိုသာလျှင်။
ပက္ကတ္ထံ၊ တဆင့်တဆင့် သမ္ဘာရင့်ခြင်းငှါ။
သောဓေ၊ ကိလေသာမဝင် ချေးမတင်အောင် သုတ်သင်ရှင်းလင်းရာ၏။
ကာယံ၊ ကိုယ်ကို။
နသောဓေ၊ အားအန်ထုတ်၍ မသုတ်သင်ရာ။

အဓိပ္ပါယ်

ရာဂစသော အညစ်အကြေး မရှိအောင် စိတ်ကိုသုတ်သင်တတ်သော သူတို့သည် တဆင့်ထက်တဆင့် ရင့်မာကုန်၏၊ ကိုယ်ကိုသုတ်သင်၍ ယဉ်အောင်ပြုလေ့ရှိသော သူတို့သည်ကား ဉာဏ်မရင့်ဘဲ အမြဲစိတ်နယ်ကြကုန်၏။ ဘဝသုံးပါးကို ကြောက်အား ကြီးသူ လူပညာရှိ အပေါင်းသည် စိတ်ကိုသာ တဆင့်ထက် တဆင့် ရင့်စေခြင်းငှါ ကိလေသာ ချေးမတင်အောင် သုတ်သင်ရာ၏၊ ကိုယ်ကိုသာ အားထုတ်၍ မသုတ်သင်ရာ။

၈၄ - စိတ္တသင်္ခရဏံ သာဓု၊
တံ သင်္ခတံ ပဘဿရံ။
နသာဓု ကာယသင်္ခါရော၊
သင်္ခတောပျသုဘောဝ သော။

အနက်

စိတ္တသင်္ခရဏံ၊ မလျှပ်မပေါ် ထော်လော်မထင် စိတ်ကိုသင်၍ ပြုပြင်ခြင်းသည်။
သာဓု၊ ကောင်း၏။
သင်္ခတံ၊ အဟုတ်အဟတ် ပြုပြင်အပ်သော။
တံစိတ္တံ၊ ထိုစိတ်သည်။
ပဘဿရံ၊ အရောင်ချက်ချက် ပြိုးပြိုးပြက်ရှိသည်။
ဟောတိ၊ ဖြစ်၏။
ကာယသင်္ခါရော၊ “ဇေဂုစ္ဆိတ”ဤကာယကို လုံ့လတခု ပြုပြင်ခြင်းသည်။
နသာဓု၊ မကောင်း။
သင်္ခတောပိ၊ အားအန်ထုတ်၍ အဟုတ်သုတ်သင် ပြုပြင်အပ်သည်လည်း။
သောကာယော၊ ထိုကိုယ်သည်။
အသုဘောဝ၊ အသုဘပင်တည်း။

အဓိပ္ပါယ်

စိတ်ကို လော်လည်မှု မရှိအောင် သွန်သင်၍ ပြုပြင်ခြင်းသည် ကောင်း၏၊ အဟုတ် ပြုပြင်အပ်သောစိတ်သည် ပြိုးပြိုးပြက် အရောင်ထွက်၏၊ ခန္ဓာကိုယ်ကို ပြုပြင်ခြင်း သည် မကောင်း၊ အဟုတ်သုတ်သင် ပြုပြင်အပ် ပါသော်လည်း ထိုကိုယ်သည် မတင့်တယ် သည်သာတည်း။

၈၅ - သဘာဝ မလိနံ ကာယံ၊
နိမ္မလာယ ကထံ ကရေ။
အာဂန္တုမလိနံ စိတ္တံ၊
သက္ကာ ကာတုံ သုနိမ္မလံ။

အနက်

သဘာဝမလိနံ၊ ဘင်ပုပ်အလား သဘောအားဖြင့် မပြားမကွဲ တခဲနက် အညစ်အကြေး ဖြစ်သော။
ကာယံ၊ ကိုယ်ကို။
နိမ္မလာယ၊ အညစ်အကြေး ကင်းခြင်းငှါ။
ကထံကရေ၊ အဘယ်သို့ပြုနိုင်အံ့နည်း။
အာဂန္တုမလိနံ၊ ဧည့်အာဂန္တု အကုသိုလ်ဇော ကြိမ်သောအခါ၌ ဖြစ်ကြုံကြိုက်၍ အခိုက်အတန့် အညစ်အကြေးရှိသော။
စိတ္တံ၊ စိတ်ကို။
သုနိမ္မလံ၊ အညစ်အကြေး မမြှေးမတင် ကောင်းစွာစင်ခြင်းကို။
ကာတုံ၊ ပြုခြင်းငှါ။
သက္ကာ၊ တတ်နိုင်၏။

အဓိပ္ပါယ်

ပင်ကိုယ် သဘောအားဖြင့် အညစ်အကြေး ဖြစ်သော ကိုယ်ကို အညစ်အကြေး ကင်းခြင်းငှါ အဘယ်သို့ ပြုနိုင်အံ့နည်း၊ အာဂန္တုက အကုသိုလ်နှင့် ကြုံကြိုက်၍ အခိုက်အတန့် အညစ်အကြေးရှိသော စိတ်ကို အညစ်အကြေး မရှိအောင် ပြုခြင်းငှါ မတတ်နိုင်ချေ။

၈၆ - အာဓိဗျာဓိ ပရေတာယ၊
အဇ္ဇသွေဝါ ဝိနာသိနာ။
ကောဟိနာမ သရီရာယ၊
ဓမ္မာပေတံ သမာစရေ။

အနက်

အာဓိဗျာဓိ ပရေတာယ၊ အနာကြီး အနာငယ်တို့ နှိပ်စက်အပ်သည်ဖြစ်၍။
အဇ္ဇသွေဝါ ဝိနာသိနာ၊ ယနေ့ နက်ဖြန် ပျက်စီးအံ့သည်မှန်သော။
သရီရာယ၊ ဤခန္ဓာအလို့ငှါ။
ကောဟိနာမ၊ အဘယ်မည်သောသူသည်။
ဓမ္မာပေတံ၊ တရားကင်းသောအကျင့်ကို။
သမာစရေ၊ ကျင့်ကောင်းအံ့နည်း။

အဓိပ္ပါယ်

အနာကြီးငယ် နှိပ်စက်၍ ယနေ့ နက်ဖြန်ပင် ပျက်စီးရမည် ဖြစ်သော ဤခန္ဓာကိုယ် အလို့ငှါ အဘယ်မည်သူသည် တရားကင်းသော အကျင့်ကို ကျင့်ကောင်းရာ အံ့နည်း။

၈၇ - သဘာဝဇေဂုစ္ဆံ ကာယံ၊
သောဘေတုံနေဝသက္ကုဏေ။
စိတ္တံ ဝါ လင်္ကတံ သောဘံ၊
သီလာဒိ ဂန္ဓဝါသိတံ။

အနက်

သဘာဝဇေဂုစ္ဆံ၊ မစင်အလား သဘောအားဖြင့် စက်ဆုပ်ဖွယ်ဖြစ်သော။
ကာယံ၊ ကိုယ်ကို။
သောဘေတုံ၊ အဝတ်တန်းဆာ နံ့သာပန်းမာလ် လိမ်းကျံသဖြင့် အတင့်အတယ် ပြုခြင်းငှါ။
နေဝသက္ကုဏေ၊ မတတ်နိုင်ရာ။
စိတ္တံဝ၊ စိတ်သည်သာလျှင်။
သီလာဒိ ဂန္ဓဝါသိတံ၊ သီလအစရှိသော နံ့သာဖြင့် ကောင်းစွာ ထုံမွမ်းအပ်လျက်။
အလင်္ကတံ၊ တန်းဆာဆင်အပ်သည်ရှိသော်။
တံ၊ တင့်တယ်၏။

အဓိပ္ပါယ်

ပင်ကိုယ် သဘောအားဖြင့် စက်ဆုပ်ဖွယ် ကောင်းသော ခန္ဓာကိုယ်ကို အဝတ် တန်းဆာ ပန်းနံ့သာတို့ဖြင့် တင့်တယ်အောင် ပြုခြင်းငှါ မတတ်နိုင်ရာ။ စိတ်သည် သာလျှင် သီလ စသော နံ့သာတို့ဖြင့် ကောင်းစွာ ထုံမွမ်းလျက် တန်းဆာဆင်သည် ရှိသော် တင့်တယ်၏။

၈၈ - သစေ ဘာယထ ဒုက္ခဿ၊
သစေ ဝေါ ဒုက္ခ မပ္ပိယံ။
မာကတ္ထ ပါပကံ ကမ္မံ၊
အာဝိဝါ ယဒိဝါ ရဟော။

အနက်

ဘိက္ခဝေ၊ သံသရာဘေး မလွတ်သေး၍ တုန်ဧကြောက်တတ် ရဟန်းမြတ်တို့။
ဝေါ-တုမှေ၊ သင်တို့သည်။
ဒုက္ခဿ၊ ဆင်းရဲမှ။
ဝါ၊ ဆင်းရဲကို။
သစေ ဘာယထ၊ အကယ်၍ ကြောက်လန့်ကုန်သည်ဖြစ်အံ့။
ဝေါ-တုမှေ၊ သင်တို့သည်။
ဒုက္ခံ၊ ဆင်းရဲကို။
သစေအပ္ပိယံ၊ အကယ်၍ မချစ်မနှစ်သက်သည်ဖြစ်အံ့။
အဝိဝါ၊ မျက်မှောက်ထင်စွာ လူမြင်ရာ၌ဖြစ်စေ။
ယဒိ၊ ထိုမြို့။
ရဟောဝါ၊ မမြင်ကြားသာ ဆိတ်ကွယ်ရာ၌ဖြစ်စေ။
ပါပကံကမ္မံ၊ ယုတ်မာညစ်ကျု မကောင်းမှုကို။
မာကတ္ထ၊ မပြုကုန်လင့်။

အဓိပ္ပါယ်

ချစ်သားတို့ ... သင်တို့သည် ဆင်းရဲခြင်းကို အကယ်၍ ကြောက်လန့်ကုန်သည် ဖြစ်အံ့၊ သင်တို့သည် ဆင်းရဲခြင်းကို အကယ်၍ မချစ်မနှစ်သက်ကုန်သည် ဖြစ်အံ့၊ မျက်မှောက်ထင်စွာ လူမြင်ရာမှာ ဖြစ်စေ မမြင်ကြားသာ ဆိတ်ကွယ်ရာမှာဖြစ်စေ ယုတ်မညစ်ကျူ မကောင်းမှုကို မပြုကြကုန်လင့်

၈၉ - ကိလေသာ ဂန္တုမလံစိတ္တံ၊
ပဘဿရ သဘာဝိကံ။
တဒါဂန္တုမလံ ဓောဝ၊
စိတ္တံ ဓောတေ ပဘဿရံ။

အနက်

ပဘဿရ သဘာဝိကံ၊ အရောင်ချက်ချက် ဖြာ၍ထွက်သည့် ပြိုးပြိုးပြက် သဘော ရှိသော။
စိတ္တံ၊ စိတ်သည်။
ကိလေသာဂန္တုမလံ၊ ဧည့်သည်ပမာ ကိလေသာကြောင့် ရွံရှာဖွယ် အညစ်အကြေး ရှိသည်။
ဟောတိ၊ ဖြစ်၏။
တဒါဂန္တုမလံ၊ ထိုကိလေသာ အာဂန္တုဖြစ် ရွံဖွယ်ညစ်ကို။
ဓောဝ၊ သီလတာဖြင့် စင်စွာ ဆေးလျှော်လော့။
ဓောတေ၊ မလာသဝေါ်တင်ချေးညှော်ကို ဆေးလျှော် သုတ်သင်ပြီးသည်ရှိသော်။
စိတ္တံ၊ စိတ်သည်။
ပဘဿရံ၊ မစောက်မရက် အရောင်ထွက်သည်။
ဟောတိ၊ ဖြစ်၏။

အဓိပ္ပါယ်

ပြိုးပြိုး ပြက်ပြက် အရောင် ဖြာထွက်သော သဘောရှိသော စိတ်သည် ဧည့်သည်ပမာ ကိလေသာကြောင့် ရွံရှာဖွယ် အညစ်အကြေးရှိ၏၊ ထိုဧည့်သည်ပမာ ကိလေသာ အညစ်အကြေးကို သီလဖြင့် စင်ကြယ်စွာ ဆေးလျှော်လော့၊ ချေးညှော်ကို သုတ်သင်ပြီးသည်ရှိသော် စိတ်သည် ပြိုးပြိုးပြက် အရောင်ထွက်၏။

၉၀ - ကိလေသာ ဂန္တုမလံစိတ္တံ၊
ဥပက္ကမေန သောဓယေ။
သုဝိသုဒ္ဓ မနာယေဝ၊
ဥတ္တရိံ သု ဘဝဏ္ဏဝါ။

အနက်

ကိလေသာ ဂန္တုမလံ၊ ဧည့်သည်ပမာ ကိလေသာနှင့် ရွံရှာဖွယ်တိ ညစ်ကြေးရှိသော။
စိတ္တံ၊ စိတ်ကို။
ဥပက္ကမေန၊ ဓိမတ္တေဟာ ဥဿောဠှာဟု လွန်စွာလုံ့လ ပယောဂဖြင့်။
သောဓယေ၊ သုတ်သင်ရာ၏။
သုဝိသုဒ္ဓမနာယေဝ၊ ကောင်းစွာသုတ်သင် စင်ကြယ်သောစိတ် ရှိသူတို့သည် သာလျှင်။
ဘဝဏ္ဏဝါ၊ သမုဒ်ပမာ ဘုံသုံးရွာမှ။
ဥတ္တရိံသု၊ နိဗ္ဗာန်စူးစူး ကူးလေကုန်ပြီ။

အဓိပ္ပါယ်

ဧည့်သည်ပမာ ကိလေသာကြောင့် ရွံရှာဖွယ် အညစ်အကြေး ရှိသောစိတ်ကို လွန်ကဲသော လုံ့လပယောဂဖြင့် သုတ်သင်ရာ၏၊ ကောင်းစွာသုတ်သင်၍ စင်ကြယ်သော စိတ်ရှိသော သူတို့သည်သာလျှင် ဘဝတည်းဟူသော သမုဒြာမှ ကူးမြောက်နိုင်ကြလေကုန်ပြီ။

၉၁ - ကာယေ မလမုပေက္ခာယ၊
စိတ္တေ မလံဝ ဓောဝတု။
စိတ္တေ ဟိ နိမ္မလေသန္တော၊
ပူတိကာယောပိ ပူဇိတော။

အနက်

ကာယေ၊ ကိုယ်၌။
မလံ၊ ရွှံ့ညွှန်မစင် တင်သော အညစ်အကြေးကို။
ဥပေက္ခာယ၊ အလေးမပြု လျစ်လျူရှု၍။
စိတ္တေ၊ စိတ်၌။
မလံဝ၊ ကိလေသာ အညစ်အကြေး တင်သည်ကိုသာလျှင်။
ဓောဝတု၊ ဉာဏ်ရေဖြင့် ဆေးလျှော်ပါလော့။
ဟိ၊ သင့်စွ။
စိတ္တေ၊ စိတ်သည်။
နိဗ္ဗလေ၊ အညစ်အကြေး ကင်းဝေးသည်ရှိသော်။
သန္တော၊ သူတော်ကောင်းကို။
ပူတိကာယောပိ၊ ပုပ်ညှီနံစော်သော ကိုယ်ရှိသော်လည်း။
ပူဇိတော၊ နတ် လူတို့ ပူဇော်အပ်၏။

အဓိပ္ပါယ်

ကိုယ်၌တင်သော ရွှံ့ညွှန် စသော အညစ်အကြေးကို အလေးမပြု လျစ်လျူရှု၍ စိတ်၌တင်သော ကိလေသာ အညစ်အကြေး ကိုသာလျှင် ဉာဏ်ရေဖြင့် ဆေးလျှော် ပါလော့။ မှန်၏၊ စိတ်သည် အညစ်အကြေး ကင်းသည်ရှိသော် ပုပ်နံစော်သော ကိုယ်ရှိသော်လည်း သူတော်ကောင်းကို နတ်လူတို့ ပူဇော်အပ်၏။

၉၂ - ကာယရောဂံ တိတိက္ခာယ၊
စိတ္တရောဂံ စိကိစ္ဆတု။
သုခိတော ကာယရောဂီပိ၊
စိတ္တေ နိရာမယေ သတိ။

၉၃ - ကာယရောဂေ ဗဟူ ဝေဇ္ဇာ၊
ဗုဒ္ဓုတ္တိဝ မနောဂဒေ။
ဣဓာပိ ကာယိကော သန္တော၊
အနန္တာဝ မနောရုဇာ။

အနက်

ကာယရောဂံ၊ ကိုယ်၌စွဲကပ်သော ရောဂါကို။
တိတိက္ခာယ၊ သည်းခံ၍။
စိတ္တရောဂံ၊ စိတ်ရောဂါကို။
စိကိစ္ဆတု၊ ဆေးကုလော့။
စိတ္တေ၊ စိတ်သည်။
နိရာမယေ၊ ရောဂါကင်းသည်။
သတိ၊ ရှိသော်။
ကာယရောဂီပိ၊ ကိုယ်၌ရောဂါများစွာ ရှိငြားသော်လည်း။
သုခိတော၊ ချမ်းသာသည်။
ဟောတိ ဖြစ်၏။

ကာယရောဂေ၊ ကိုယ်ရောဂါ၌။
ဝေဇ္ဇာ၊ ဆေးသမားတို့သည်။
ဗဟူ၊ များစွာကုန်၏။
မနောဂဒေ၊ စိတ်ရောဂါ၌။
ဝေဇ္ဇော၊ ဆေးသမားကား။
ဗုဒ္ဓုတ္တိဝ-ဗုဒ္ဓဥတ္တိဝ၊ ဘုရားစကားတော် သာလျှင်တည်း။
ကာယိကော၊ ကိုယ်၌စွဲသော ရောဂါသည်။
ဣဓာပိ၊ ဤဘဝ၌လည်း။
သန္တော၊ အဆုံးရှိ၏။
ဝါ၊ ငြိမ်း၏။
မနောရုဇာ၊ စိတ်၌စွဲသောအနာသည်။
အနန္တာဝ၊ အဆုံးမရှိသည်သာတည်း။

အဓိပ္ပါယ်

ကိုယ်ကို စွဲကပ်သော ရောဂါကို သည်းခံ၍ စိတ်ရောဂါကို ကုစားလော့၊ စိတ်ရောဂါ ကင်းသည်ရှိသော် ကိုယ်ရောဂါရှိသော်လည်း ချမ်းသာ၏၊ ကိုယ်ရောဂါ၌ ဆေးသမားတို့ များစွာရှိကုန်၏။ စိတ်ရောဂါ၌ ဆေးသမားကား ဘုရားစကားတော် တခုသာတည်း၊ ကိုယ်၌စွဲသော ရောဂါသည် အဆုံးရှိ၏။ ငြိမ်းနိုင်၏၊ စိတ်၌စွဲသော ရောဂါက အဆုံးမရှိသည်သာတည်း။

၉၄ - သီသဒဍ္ဎ မုပေက္ခာယ၊
နိဗ္ဗာတု ရာဂပါဝကံ။
ခိပ္ပံ အသုဘ သညာယ၊
နိစ္စဒဍ္ဎံ ဘဝေဘဝေ။

အနက်

သီသဒဍ္ဎံ၊ ဦးခေါင်း၌ မီးလောင်သည်ကို။
ဥပေက္ခာယ၊ အရေးမပြု လျစ်လျူရှု၍။
ဘဝေဘဝေ၊ ဘဝတိုင်းဘဝတိုင်း၌။
ဝါ၊ ဘဝကြီးငယ်၌။
နိစ္စဒဍ္ဎံ၊ အမြဲတစေ လောင်၍နေသော။
ရာဂပါဝကံ၊ ရာဂမီးကို။
ခိပ္ပံ၊ လျင်မြန်စွာ။
အသုဘသညာယ၊ အသုဘသညာဖြင့်။
နိဗ္ဗာတု၊ ငြိမ်းအောင်ပြုလော့။

အဓိပ္ပါယ်

ဦးခေါင်း၌ လောင်သောမီးကို အရေးမပြု လျစ်လျူရှု၍ ဘဝတိုင်း ဘဝတိုင်း၌ အမြဲတစေ လောင်၍နေသော ရာဂမီးကိုသာလျှင် လျင်မြန်စွာ အသုဘသညာဖြင့် ငြိမ်းအောင်ပြုလော့

၉၅ - သုဘာယ ဥဋ္ဌိတံ ရာဂံ၊
အသုဘာယ နိဝါရယေ။
သောရာဂေါ သာဒိတံ ဇန္တုံ၊
စတွာပါယံ နယိဿတိ။

အနက်

သုဘာယ၊ သုဘသညာကြောင့်။
ဝါ၊ သုဘသညာဖြင့်။
ဥဋ္ဌိတံ၊ ထကြွသော။
ဝါ၊ တက်သော။
ရာဂံ၊ ရာဂကို။
အသုဘာယ၊ အသုဘသညာဖြင့်။
နိဝါရယေ၊ မြစ်ရာ၏။
သောရာဂေါ၊ ထိုရာဂသည်။
သာဒိတံ၊ သာယာသော။
ဇန္တုံ၊ သတ္တဝါကို။
စတွာပါယံ၊ အပါယ်လေးပါးသို့။
နယိဿတိ၊ ဆောင်လတ္တံ့။

အဓိပ္ပါယ်

သုဘသညာဖြင့် ထကြွသော ရာဂကို အသုဘသညာဖြင့် တားမြစ်ရာ၏၊ ထို ရာဂသည် သာယာသော သတ္တဝါကို အပါယ်လေးရွာသို့ ပိုဆောင်လတ္တံ့။

၉၆ - ပဏ္ဍိတာနံ မလံ မာနော၊
သောတ္ထုက္ကံသေန ပါကဋော။
မာခေါ အတ္တာန မုက္ကံသေ၊
မာဝိဘာဝေ သကံမလံ။

အနက်

မာနော၊ မာနသည်။
ပဏ္ဍိတာနံ၊ ပညာရှိတို့၏။
မလံ၊ အညစ်အကြေးတည်း။
သောမာနော၊ ထိုပညာရှိတို့၏ အညစ်အကြေးဖြစ်သော မာနသည်။
အတ္တုက္ကံသေန၊ မိမိဂုဏ်ကို ချီးပပြောခြင်းကြောင့်။
ပါကဋော၊ လူ့ ပြည်တခွင် ထင်ထင်ရှားရှား။
ဟောတိ၊ ဖြစ်၏။
အတ္တာနံ၊ မိမိကိုယ်ကို။
မာခေါဥက္ကံသေ၊ မချီးမြှောက်ပါလင့်။
သကံမလံ၊ မိမိမာန အညစ်အကြေးကို။
မာဝိဘာဝေ၊ ထင်ရှားမပြပါလင့်။

အဓိပ္ပါယ်

ထောင်လွှား တက်ကြွမှု မာနသည် ပညာရှိတို့၏ အညစ်အကြေး မည်၏၊ ထို ပညာရှိတို့၏ အညစ်အကြေးဖြစ်သော မာနသည် မိမိဂုဏ်ကို ချီးပ ပြောဆိုခြင်း ကြောင့် လူ့ပြည်တွင် ထင်ရှား ကျော်စော၏၊ မိမိကိုယ်ကို မချီးမြှောက်ပါလင့်၊ မိမိ မာန အညစ်အကြေးကို ထင်ရှားပေါ်လွင်အောင် မပြပါလင့်

၉၇ - ဂုဏံ ပဋိစ္စ ဂုဏီနံ၊
အဟံမာနော သမုဋ္ဌဟေ။
မရဏံ အနုစိန္တာယ၊
ဓဇံမာနံ နိပါတယ။

အနက်

ဂုဏီနံ၊ အတတ်ပညာ ဥစ္စာပေါကြွယ် ဂုဏ်ကြီးကျယ်သောသူတို့အား။
ဂုဏံ၊ ဂုဏ်ကျေးဇူးကို။
ပဋိစ္စ၊ စွဲ၍။
အဟံမာနော၊ ငါတကားဟု ထောင်လွှားတတ်သော မာနသည်။
သမုဋ္ဌဟေ၊ တက်ပွားတတ်၏။
မရဏံ၊ သေရအံ့သည်ကို။
အနုစိန္တာယ၊ အဖန်တလဲလဲကြံသဖြင့်။
ဓဇံမာနံ၊ တံခွန်အလား တက်ပွားသော မာနကို။
နိပါတယ၊ နှိပ်ချလေလော့။

အဓိပ္ပါယ်

အတတ်ပညာ ဥစ္စာပေါကြွယ် ဂုဏ်ကြီးကျယ်သော သူတို့အား ဂုဏ်ကိုစွဲ၍ ငါတကား ဟု ထောင်လွှားတတ်သော မာနတက်ပွားတတ်၏၊ သေရလိမ့်မည်ဟု အဖန် တလဲလဲ ကြံခြင်းဖြင့် တံခွန်အလား ထောင်လွှားတတ်သော မာနကို နှိပ်ချလော့

၉၈ - ဧကော ကာယဝိဝေကေသီ၊
ကတွာ ကိလေသနိဂ္ဂဟံ။
ဝသေ စိတ္တဝိဝေကေသီ၊
ဥဘော ပဓိ ဝိဝေကဒါ။

အနက်

ကာယဝိဝေကေသီ၊ ကာယဝိဝေကကို ရှာလိုသောသူသည်။
ဧကော၊ အဖော်မလှောက် တယောက်ထည်းတည်း။
ဝသေ၊ နေရာ၏။
စက္ကဝိဝေကေသီ၊ စိတ္တဝိဝေကကို ရှာသူသည်။
ကိလေသနိဂ္ဂဟံ၊ ကိလေသာကိုနှိပ်ခြင်းကို။
ကတွာ၊ ပြု၍။
ဝသေ၊ နေရာ၏။
ဥဘော၊ နှစ်ပါးသော ကာယဝိဝေက စိတ္တဝိဝေက တို့သည်။
ဥပဓိဝိဝေကဒါ၊ ဥပဓိခန္ဓာ ဆိတ်ရာအမှန် နိဗ္ဗာန်ဟူသော ဥပဓိဝိဝေကကို ပေးတတ် ကုန်သည်။
ဟောန္တိ ၊ ဖြစ်ကုန်၏။

အဓိပ္ပါယ်

ကိုယ်၏ ကင်းဆိတ်ခြင်းကို ရှာလိုသောသူသည် အဖော်မမှီး တကိုယ်တည်းနေရာ၏၊ စိတ်ကင်းဆိတ်ခြင်းကို လိုသောသူသည် ကိလေသာ နှိပ်နင်းခြင်းကို ပြု၍နေရာ၏။ ကိုယ်၏ ကင်းဆိတ်ခြင်း, စိတ်၏ ကင်းဆိတ်ခြင်း နှစ်ပါးတို့သည် ဥပဓိခန္ဓာ ကင်းဆိတ်ရာအမှန် နိဗ္ဗာန်ဟူသော ဥပဓိဝိဝေကကို ပေးတတ်ကုန်၏။

၉၉ - အဒိဋ္ဌေ အသုတေ ဌာနေ၊
ဝသေယျ မောစနတ္ထိကော။
အဿာဒံဟိ နိဝါရေတုံ၊
ဒိဋ္ဌေ သုတေ တိဒုက္ကရံ။

အနက်

မောစနတ္ထိကော၊ အကုသိုလ်မှ လွတ်လိုသူသည်။
ဝါ၊ သံသရာဝဋ် ကင်းလွတ်လိုသူသည်။
အဒိဋ္ဌေ အသုတေ ဌာနေ၊ မမြင်မကြားရာအရပ်၌။
ဝသေယျ၊ နေရာ၏။
ဟိ၊ သင့်စွ။
ဒိဋ္ဌေ သုတေ၊ မြင်သည်ကြားသည်ရှိသော်
အဿာဒံ၊ သာယာခြင်းကို။
နီဝါရေတုံ၊ မြစ်ခြင်းငှါ။
အတိဒုက္ကရံ၊ အလွန်ခဲယဉ်း၏။

အဓိပ္ပါယ်

သံသရာဝဋ်မှ ကင်းလွတ်လိုသောသူသည် အာရုံကို မမြင်မကြားရာ အရပ်၌နေရာ၏။ မှန်၏၊ မြင်ရ ကြားရသည်ရှိသော် သာယာခြင်းကို တားမြစ်ရန် အလွန်ခဲယဉ်း၏။

၁၀၀ - အဒိဋ္ဌေ အသုတေ ရညေ၊
ဝသေယျိ န္ဒြိယဂေါပကော။
ဝါရေတုံ ဝိသယာကိဏ္ဏေ၊
စက္ခုသောတံ တိဒုက္ကရံ။

အနက်

ဣန္ဒြိယဂေါပကော၊ စက္ခုန္ဒြေ သောတိန္ဒြေ စသည်ကို စောင့်လိုသော ရဟန်းသည်။
အဒိဋ္ဌေ အသုတေ၊ မမြင် မကြားရာဖြစ်သော။
အရညေ၊ တောကျောင်း၌။
ဝသေယျ၊ နေရာ၏။
ဝိသယာကိဏ္ဏေ၊ အာရုံပြွမ်းတီးရာ အရပ်၌။
စက္ခုသောတံ၊ မျက်စိနားကို။
ဝါရေတုံ၊ မြစ်ခြင်းငှါ။
အတိဒုက္ကရံ၊ အလွန်ခဲယဉ်း၏။

အဓိပ္ပါယ်

စက္ခုန္ဒြေ စသည်ကို စောင့်လိုသော ရဟန်းသည် မမြင် မကြားရာဖြစ်သော တောကျောင်း၌ နေရာ၏၊ အာရုံပြွမ်းရာအရပ်၌ မျက်စိ နားကို တားမြစ်ခြင်းငှါ အလွန်ခဲယဉ်း၏။

၁၀၁- ရာဂံ အသတိ ဥပ္ပန္နံ၊
သန္တာဘုဇေန ဝါရယေ။
ဗာဟိရေ ရာဂ မုပ္ပန္နံ၊
အန္တော အသုဘစိန္တယာ။

အနက်

အသတိ၊ ထင်ရှားမရှိသော မုခ ဟတ္ထ, ဣတ္ထိ, ပုရိသ- အစရှိသော ပညတ်၌။
ဥပ္ပန္နံ၊ ဖြစ်သော။
ရာဂံ၊ ရာဂကို။
သန္တာဘုဇေန၊ ထင်ရှားရှိသော အဋ္ဌိ, မံသ - အစရှိသော ကောဋ္ဌာသကို နှုလုံးသွင်း သဖြင့်။
ဝါ၊ ထင်ရှားရှိသော ခန္ဓာ နာမ်ရုပ်ကို နှလုံးသွင်းသဖြင့်။
ဝါရယေ၊ တားမြစ်ရာ၏။
ဗာဟိရေ၊ အပေါ်ရေပါး ဝတ်စားတန်းဆာ ပန်းနံ့သာ အစရှိသောဗာဟိရ အာရုံ၌။
ဥပ္ပန္နံ၊ ဖြစ်သော။
ရာဂံ၊ ရာဂကို။
အန္တောအသုဘစိန္တယာ- အန္တောအသုဘစိန္တာယ၊ အရေတွင်းက မံသ အဋ္ဌိ ရွံဖွယ်ရှိဟု သတိရရ အသုဘကို ကြံသဖြင့်။
ဝါရယေ၊ တားမြစ်ရာ၏။

အဓိပ္ပါယ်

ထင်ရှားမရှိသော မျက်နှာ လက် ခြေ မိန်းမ ယောက်ျား အစရှိသော ပညတ်၌ ဖြစ်သောရာဂကို ထင်ရှားရှိသော ခန္ဓာ နာမ် ရုပ်ကို နှလုံးသွင်းသဖြင့် တားမြစ်ရာ၏၊ အပေါ်ရေပါး ဝတ်စားတန်းဆာ ပန်းနံ့သာ အစရှိသော အပြင်အာရုံ၌ ဖြစ်သော ရာဂကို အတွင်းက စက်ဆုပ်ဖွယ် အသုဘသဘောကို ကြံဆသဖြင့် တားမြစ်ရာ၏။

၁ဝ၂ - ရာဂံ ဆိန္ဒာတိ ဗုဒ္ဓါဏံ၊
သရံ ဘိက္ခု ရဟောဂတော။
ပဿံ ကာယေဓ ဇေဂုစ္ဆံ၊
လဘေယျာ သိဋ္ဌမောစနံ။

အနက်

ရာဂံ၊ ရာဂတဏှာကို။
ဆိန္ဒ၊ ဖြတ်လော့။
ဣတိ ဗုဒ္ဓါဏံ၊ ဤသို့ဘုရားရှင် စေခိုင်းခြင်းကို။
ဝါ၊ ဤသို့သောဘုရားရှင် အာဏာတော်ကို။
သရံ-သရန္တော၊ အောက်မေ့သော။
ဘိက္ခု၊ ရဟန်းသည်။
ရဟောဂတော၊ ဆိတ်ငြိမ်ရာသို့ကပ်လျက်။
ဣဓ ကာယေ၊ ဤကိုယ်၌။
ဇေဂုစ္ဆံ၊ စက်ဆုပ်ဖွယ်အစုကို။
ပဿံ-ပဿန္တော၊ ရှုသည်ရှိသည်။
အာသိဋ္ဌမောစနံ၊ သင်္ကန်းဝတ်စ ပဌမက တောင့်တအပ်သော မောစနအကျိုးကို။
လဘေယျ၊ ရရာ၏။

အဓိပ္ပါယ်

ရာဂတဏှာကို ဖြတ်လော့” ဟူသော ဘုရားရှင်၏ အမိန့်တော်ကို အောက်မေ့ သိရှိ သတိရမိသော ရဟန်းသည် ဆိတ်ငြိမ်ရာသို့ကပ်လျက် ဤကိုယ်၌ စက်ဆုပ်ဖွယ် အစုကို ရှုသည်ရှိသော် သင်္ကန်းဝတ်စ ပဌမက တောင့်တအပ်သော သံသရာမှ လွတ်မြောက်ခြင်း အကျိုးကို ရလေရာ၏။

၁၀၃ - ကာယံ အသုဘတောပဿ၊
ကလ္လကာလေဝ ဒဿနံ။
မောဃံ ကာလံ နခီယေယျ၊
ဘဝေယျုံသွေပိအာတုရာ။

အနက်

ကာယံ၊ ကိုယ်ကို။
အသုဘတော၊ အသုဘအားဖြင့်။
ပဿ၊ ရှုလော့။
ကလ္လကာလေဝ၊ ပကတိကျန်းမာ ရောဂါမရှိ ကိုယ်မရိသော အခါ၌သာလျှင်။
ဒဿနံ၊ အသုဘဟု ရှုနိုင်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ကာလံ၊ ကျန်းကျန်းမာမာ ရှိသောအခါကို။
မောဃံ၊ ဗာဟိဖြင့်သာ လိုရာမပြီး အချည်းနှီးအားဖြင့်။
နခီယေယျ၊ မကုန်စေရာ။
သွေပိ၊ နက်ဖြန်ခါလည်း။
အာတုရာ၊ အဖျားအနာ ရောဂါ အန္တရာယ်တို့သည်။
ဘဝေယျုံ၊ ဖြစ်ကုန်ရာ၏။

အဓိပ္ပါယ်

ခန္ဓာကိုယ်ကို အသုဘအားဖြင့် ရှုလော့၊ ရောဂါမရှိ ပကတိ ကျန်းမာသော အခါ၌သာလျှင် အသုဘဟု ရှုနိုင်၏။ ကျန်းကျန်းမာမာ ရှိသောအခါကို ဗာဟိရ အလုပ်ဖြင့် အချည်းနှီး မကုန်စေရာ၊ နက်ဖြန်ခါလည်း အဖျားအနာ ရောဂါ အန္တရာယ်တို့ ဖြစ်ကုန်ရာ၏။

၁၀၄ - ကာယံ ဇေဂုစ္ဆတောပဿ၊
ဗာဟျန္တော ပစ္စဝေက္ခိယ။
အာဒေါ ကိဉ္စိ ဇိဂုစ္ဆာယ၊
ဇိဂုစ္ဆေယျာယတိံ ဘုသံ။

အနက်

ဗာဟျန္တော၊ အပ အတွင်း၌။
ဝါ၊ အပအတွင်းကို။
ပစ္စဝေက္ခိယ၊ တစေ့တစေ့ ပညာငွေ့ဖြင့် အောက်မေ့ ဆင်ခြင်၍။
ကာယံ၊ ကိုယ်ကို။
ဇေဂုစ္ဆတော၊ ရွံရှာဖွယ်အားဖြင့်။
ပဿ၊ ရှုလော့။
အာဒေါ၊ ရှုစကာလ၌။
ကိဉ္စိ၊ စိုးစဉ်းစိုးစဉ်း။
ဇိဂုစ္ဆာယ၊ စက်ဆုပ်ရွံရှာ၍။
အာယတိံ၊ ရှု၍ရှည်ကြာ နောင်အခါ၌။
ဘုသံ၊ အလွန်အမင်း။
ဇိဂုစ္ဆေယျ၊ စက်ဆုပ်ရာ၏။
ဝါ၊ အာဒေါ၊ အစဖြစ်သော ဤဘဝ၌။
ကိဉ္စိ ဇိဂုစ္ဆာယ၊ စိုးစဉ်-စိုးစဉ်း စက်ဆုပ်ခြင်းကြောင့်။
အာယတိံ၊ နောင်ပွင့်လတ္တံ့သော ဘုရားရှင်လက်ထက်၌။
ဘုသံ၊ အသုဘတရား ကြားစဉ်ခဏ မဂ်ဖိုလ်ရ၍ ရာဂမကြွင်း အလွန်အမင်း စက်ဆုပ်ခြင်းကို။
ဇိဂုစ္ဆေယျ၊ စက်ဆုပ်ရာ၏။

အဓိပ္ပါယ်

အပ အတွင်းကို တစေ့စေ့ ပညာဖြင့် အောက်မေ့ဆင်ခြင်၍ ခန္ဓာကိုယ်ကို ရွံရှာဖွယ်အားဖြင့် ရှုလော့၊ ရှုစ၌ စိုးစဉ်း အနည်းငယ် စက်ဆုပ် ရွံ့ရှာ၍ နောင်အခါ၌ အလွန်အမင်း စက်ဆုပ်ရာ၏။

၁ဝ၅ - ကာယာဒိနဝ မိက္ခေယျ၊
ဒါနိ ကိဉ္စိပိ ဒဿနံ။
အာယတိံ မဂ္ဂလာဘာယ၊
ဘဝေယျ ဥပနိဿ ယော။

အနက်

ကာယာဒိနဝံ၊ ဤသည့်ကိုယ်၌ ဆိုသော်ကျယ်စွ အနန္တဖြစ်သော အပြစ်ဒေါသကို။
ဣက္ခေယျ၊ ရှုရာ၏။
ဒါနိ၊ ယခု။
ကိဉ္စိပိ၊ စိုးစဉ်းမျှလည်း။
ဒဿနံ၊ မြင်ခြင်းသည်။
အာယတိံ၊ နောင်ဘုရားရှင်လက်ထက်၌။
မဂ္ဂလာဘာယ၊ မဂ်ဖိုလ်ရခြင်းငှါ။
ဝါ၊ မဂ်ဖိုလ်ရခြင်း၏။
ဥပနိဿယော၊ အားကြီးသော အထောက်အပံ့ အကြောင်းသည်။
ဘဝေယျ၊ ဖြစ်ရာ၏။

အဓိပ္ပါယ်

ခန္ဓာကိုယ်၌ အပြစ်ဒေါသကို ရှုရာ၏၊ ယခု စိုးစဉ်း အနည်းငယ် မြင်ခြင်းသည် နောင် ဘုရားရှင် လက်ထက်၌ မဂ်ဖိုလ်ရခြင်း၏ အားကြီးသော အထောက်အပံ့ အကြောင်း ဖြစ်နိုင်၏။

၁၀၆ - ဣတ္ထီန မင်္ဂမင်္ဂါနိ၊
နပဿေယျ နစိန္တယေ။
တဒါသာ ဥဘတော ဘဋ္ဌာ၊
သုဂတျာ သာသနာပိစ။

အနက်

ဣတ္ထီနံ၊ အလိုဣစ္ဆာတဏှာ၏ တည်ရာဖြစ်သော မိန်းမတို့၏။
အင်္ဂမင်္ဂါနီ၊ အင်္ဂါကြီးငယ်တို့ကို။
နပဿေယျ၊ မကြည့်ရှုရာ။
နစိန္တယေ၊ မကြံရာ။
တဒါသာ၊ ထိုမိန်းမ၌ အာသာရှိသော သူတို့သည်။
သုဂတျာ၊ သုဂတိဘုံမှ၎င်း။
သာသနာပိစ၊ သာသနာတော်မှ၎င်း။
ဥဘတော၊ နှစ်ပါးစုံမှ။
ဘဋ္ဌာ၊ မနေ မသာ ရာဂ-နာဖြင့် လျော့ရှာကြကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

အဓိပ္ပါယ်

အလိုဣစ္ဆာ တဏှာ၏ တည်ရာ ဖြစ်သော မိန်းမတို့၏ အင်္ဂါကြီးငယ်ကို မကြည့်ရှု မကြံစည်ရာ၊ ထိုမိန်းမ၌ အာသာရှိသော သူတို့သည် သုဂတိဘုံနှင့် သာသနာ နှစ်ပါးစုံမှ ရာဂ-နာဖြင့် လျော့ရှာကြရကုန်၏။

၁၀၇ - ဣတ္ထိရူပ သရာကဍ္ဎာ၊
ဘဋ္ဌာ ဗဟူ၀ သာသနာ။
ဣဟာပိ ဒုက္ခိတာ ဟုတွာ၊
တေ ပေစ္စ အတိဒုက္ခိနော။

အနက်

ဣတ္ထိရူပသရာကဍ္ဎာ၊ မိန်းမအဆင်း မိန်းမအသံ ဆွဲငင်အပ်ကုန်သည်ဖြစ်၍။
ဝါ၊ မိန်းမအဆင်း, မိန်းမ အသံလျှင် အာရုံရှိသော တဏှာသည် ဆွဲငင်အပ်သည် ဖြစ်၍။
သာသနာ၊ ငါတို့ ဘုရားရှင်သာသနာတော်မှ။
ဘဋ္ဌာ၊ မတည်မထိုက် ဂတိုက် ဂရော လျော့ကျကုန်သော သူတို့သည်။
ဗဟူဝ၊ များလှလေကုန်ပြီ။
တေ၊ ထိုသာသနာတော်၌ မတည်ထိုက်၍ ဂတိုက် ဂရော လျော့ကျကုန်သော သူတို့သည်။
ဣဟာပိ၊ ဤဘဝကပင်လျှင်။
ဒုက္ခိတာ၊ မသေမချင်း မလွတ်ကင်းဘဲ ဆင်းရဲတွေ ရောက်ကုန်သည်။
ဟုတွာ ၊ ဖြစ်၍။
ပေစ္စ၊ တမလွန်ဘဝ၌။
အတိဒုက္ခိနော၊ အလွန်အမင်း ဆင်းရဲခြင်း ရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

အဓိပ္ပါယ်

မိန်းမအဆင်း, မိန်းမအသံ ဆွဲငင်အပ်ကုန်သည်ဖြစ်၍ ဘုရားရှင် သာသနာတော်မှ လျော့ကျကုန်သော သူတို့သည် များလှလေကုန်ပြီ။ သာသနာတော်နှင့် မထိုက်၍ လျော့ကျကုန်သော သူတို့သည် ဤဘဝကပင် မသေမချင်း ဆင်းရဲရ၍ တမလွန် ဘဝမှာမူ အလွန်အမင်း ဆင်းရဲရ၏

၁ဝ၈ - ပုံမနော ပရိယာဒါယ
ဣတ္ထိရူပသရာ ဌိကာ
တဿမ မည မေကမ္ပိ
နဝိဇ္ဇတေ၀ သဗ္ဗဓိ

အနက်

ဣတ္ထိ ရူပသရာ၊ မိန်းမ အဆင်း, မိန်းမ အသံတို့သည်။
ပုံမနော၊ ယောက်ျားစိတ်ကို။
ပရိယာဒါယ၊ မကျန်လုံးစုံ အကုန်ယူ၍။
ဌိတာ၊ တည်ကုန်၏။
ပုံမနော၊ ယောကျ်ားစိတ်ကို။
ပရိယာဒါယ၊ မကျန်လုံးစုံ အကုန်ယူ၍။
ဌိတာ၊ တည်သော။
ဣတ္ထိ ရူပသရာ၊ မိန်းမအဆင်း, မိန်းမအသံမှ။
အညံ၊ တပါးသော။
တဿမံ၊ ထိုမိန်းမအဆင်း, မိန်းမအသံနှင့်တူသော။
ဧကမ္ပိ၊ တခုသော အသံသည်လည်း။
သဗ္ဗဓိ၊ ခပ်သိမ်းသောအရပ် ခပ်သိမ်းသောကာလ၌။
နဝိဇ္ဇတေဝ၊ မရှိသည်သာလျှင်တည်း။

အဓိပ္ပါယ်

မိန်းမအဆင်း မိန်းမအသံတို့သည် ယောက်ျားစိတ်ကို အလုံးစုံ သိမ်းယူ၍ တည်ကုန်၏၊ ယောကျ်ားစိတ်ကို အလုံးစုံ သိမ်းယူ၍ တည်သော မိန်းမအဆင်း, အသံမှတပါး ထိုမိန်းမ အဆင်း အသံနှင့်တူသော တခုသော အဆင်းအသံသည် အဘယ်အရပ် ဘယ်ကာလမှ မရှိနိုင်ချေ။

၁၀၉ - သလ္လပေ အသိဟတ္ထေန
ပိသာစေနာပိ သလ္လပေ
အာသဒေ အာသိဝိသေပိ
အဂ္ဂိက္ခန္ဓေပိ အာသဒေ
နတွေ၀ မာတုဂါမေန
ဧကေကာယ သုပေသလော

အနက်

သုပေသလော၊ ကောင်းစွာ သီလကိုချစ်ခင်သော ရဟန်းသည်။
အသိဟတ္ထေန၊ သန်လျက်လက်စွဲ သတ်မည် ခဲသော ရန်သူနှင့်လည်း။
သလ္လပေ၊ စကားပြောရာ၏။
ပိသာစေနာပိ၊ အစွယ်ပြူတူး စားမူးမူးသော ဘီလူးသဘက်နှင့်လည်း။
သလ္လပေ၊ စကားပြောရာ၏။
အာသိဝိသေပိ၊ ပြင်းထန်ဆိပ်တောက် လိုက်၍ ပေါက်သော မြွေဟောက် မြွေပွေး အနီးသို့လည်း။
အာသဒေ၊ ချဉ်းကပ်ရာ၏။
အဂ္ဂိက္ခန္ဓေပိ၊ အလျှံရဲရဲ မီးခဲမီးပုံ အစုသို့လည်း။
အသဒေ၊ ချဉ်းကပ်သက်ဆင်းရာ၏။
ဧကော၊ ရဟန်းဖေါ်နည်း တယောက်တည်းသော။
သုပေသလော၊ ကောင်းစွာ သီလကိုချစ်သော ရဟန်းသည်။
ဧကာယ၊ အဖော်မပါ တယောက်တည်းသော ဖြစ်သော။
မာတုဂါမေန၊ မာတုဂါမနှင့်။
နတွေဝသလ္လပေ၊ နှုတ်ခွန်းမဆက် မမြွက်မဆိုရာ။

အဓိပ္ပါယ်

ကောင်းစွာသီလကို ချစ်ခင်သော ရဟန်းသည် သန်လျက်ကိုင်စွဲလျက် သတ်မည် အားခဲသော ရန်သူနှင့်မူလည်း စကားပြေဆိုရာ၏၊ အစွယ်တငေါငေါနှင့် စားမည် အားခဲနေသော ဘီလူးသဘက်နှင့်လည်း စကားပြောဆိုရာ၏၊ လိုက်၍ ပေါက်သော မြွေပွေး မြွေဟောက်အနီးသို့မူလည်း ချဉ်းကပ်ရာ၏။ အလျှံရဲရဲ မီးခဲမီးပုံ အစုသို့ မူလည်း သက်ဆင်းရာ၏။ အဖော်မမှီ တပါးတည်း သီလကို ကောင်းစွာချစ်သော ရဟန်းသည် အဖော်မပါ တယောက်တည်းသာဖြစ်သော မိန်းမနှင့်စကားမပြောဆိုရာ

၁၁၀ - ကာမံ အသုဘစိန္တာယ
ဗျာပဒံ သ္နေဟစေတသာ
ဝိဟိံသံ ကရုဏာယေဟိ
ဝိတက္ကဂ္ဂီ တယောသမေ

အနက်

ကာမံ၊ ကာမဝိတက်ကို။
အသုဘစိန္တာယ၊ ကိုယ်တွင် အသုဘကောဋ္ဌာသကိုကြံသဖြင့်။
သမေ၊ ငြိမ်းစေရာ၏။
ဗျာပါဒံ၊ အမျက်ထွက်ခြင်း ဗျာပါဒဝိတက်ကို။
သ္နေဟစေတသာ၊ ချစ်ခင်ခြင်းမေတ္တာစိတ်ဖြင့်။
သမေ၊ ငြိမ်းစေရာ၏။
ဝိဟိံသံ၊ သူတပါးကို ညှဉ်းဆဲလိုခြင်း ဝိဟိံသဝိတက်ကို။
ကရုဏာယ၊ ကရုဏာဖြင့်။
သမေ၊ ငြိမ်းစေရာ၏။
ဧဟိ၊ ဤအသုဘ, မေတ္တာ, ကရုဏာတို့ဖြင့်။
တယော၊ သုံးပါးကုန်သော။
ဝိတက္ကဂ္ဂီ၊ ဝိတက်မီးတို့ကို။
သမေ၊ ငြိမ်းစေရာ၏။

[သိနေဟ-ပုဒ်ရင်းဖြစ်သောကြောင့် သေနဟ-ဟုမဖတ်နှင့်၊သနေဟဟု ဖတ်။]

အဓိပ္ပါယ်

၁။ ကာမဝိတက်ကို အသုဘကောဋ္ဌာသက ကြံသဖြင့် ငြိမ်းစေရာ၏။
၂။ အမျက်ထွက်ခြင်း ဗျာပါဒဝိတက်ကို ချစ်ခင်ခြင်း မေတ္တာစိတ်ဖြင့် ငြိမ်းစေရာ၏။
၃။ သူတပါးကိုညှဉ်းဆဲလိုခြင်း ဝိဟိံသဝိတက်ကို သနားခြင်း ကရုဏာဖြင့် ငြိမ်းစေ ရာ၏
သုံးပါးသော အသုဘ မေတ္တာ ကရုဏာ တို့ဖြင့် ဝိတက်မီး သုံးပါးတို့ကို ငြိမ်းစေရာ၏။

၁၁၁ - အသမေတ ဝိတက္ကဂ္ဂီ
ထုသရာသိမှီ ခါဏုဝ
အထိရာ သာသနေ တာပီ
တေပစ္ဆာအတိတာပိနော

အနက်

အသမေတ ဝိတက္ကဂ္ဂီ၊ ဝိတက်မီးသုံးပါးကို ငြိမ်းအောင်မပြုသော ရဟန်းတို့သည်။
ထုသရာသိမှီ၊ ဖွဲပုံစု၌။
ခါဏုဝ၊ စိုက်အပ်သောသစ်ငုတ်ကဲ့သို့။
သာသနေ၊ သာသနာတော်၌။
အထိရာ၊ မမြဲမြံကုန်၍။
တာပီ၊ အဆင့်ဆင့်ကြံ စိတ်ဖောက်ပြန်၍ ပူပန် ဆင်းရဲကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တေဘိက္ခူ၊ ထိုရဟန်းတို့သည်။
ပစ္ဆာ၊ နောက်နောက်ကာလ၌။
အတိတာပိနော၊ အလွန်ပူပြင်း ဆင်းရဲခြင်း ရှိကုန်သည်။
ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။

အဓိပ္ပါယ်

ဝိတက်မီးသုံးပါးကို ငြိမ်းအောင် မပြုသော ရဟန်းတို့သည် ဖွဲပုံ၌ စိုက်အပ်သော သစ်ငုတ်ကဲ့သို့ သာသနာတော်၌ မတည်တံ့ကုန်ဘဲ ဖောက်လွဲဖောက်ပြန် ပူပန် ဆင်းရဲကုန်သော ရဟန်းတို့သည် နောက်နောက် ကာလ၌ အလွန်ပူပြင်းသော ဆင်းရဲခြင်း ရှိကုန်လတ္တံ့။

၁၁၂ - အသုဘာ ပဂမေ လောကာ
တံ မေတ္တာယုပသင်္ကမေ
သုဘာဝိတာဟိ ဧတောဟိ
ဇဟေလောကေ ပိယာပိယံ

အနက်

အသုဘာ-အသုဘာယ၊ အသုဘသညာဖြင့်။
လောကာ၊ လောကမှ။
အပဂမေ၊ ဖယ်ရာ၏။
မေတ္တာယ၊ မေတ္တာဘာဝနာဖြင့်။
တံလောကံ၊ ထိုလောကသို့။
ဥပသင်္ကမေ၊ ကပ်ရာ၏။
သုဘာဝိတာဟိ၊ ကောင်းစွာပွားအပ်ကုန်သော။
ဧတာဟိ၊ ဤအသုဘသညာ, မေတ္တာသဘာဝနာတို့ဖြင့်။
လောကေ၊ လောက၌။
ပိယာ ပိယံ၊ ချစ်ခြင်း မုန်းခြင်းကို။
ဇဟေ၊ စွန့်ရာ၏။

အဓိပ္ပါယ်

ရွံရှာဖွယ်ဟု မှတ်ရှုသော အသုဘသညာဖြင့် လောကမှ ဖယ်ထွက်ရာ၏၊ ချစ်ခြင်း မေတ္တာဘာဝနာဖြင့် လောကသို့ ချဉ်းကပ်ရာ၏၊ ကောင်းစွာ ပွားများအပ်သော ဤ အသုဘသညာ, မေတ္တာဘာဝနာတို့ဖြင့် ချစ်ခြင်း, မုန်းခြင်းကို စွန့်ရာ၏။

၁၁၃ - ဂတဋ္ဌိတာဒေါ ဥပ္ပန္နေ
ဝိတက္ကဂ္ဂီ တယော သမေ
အာတာပီ ပဟိတတ္တောတိ
ဧဝံဘူတော ပဝုစ္စတိ

အနက်

ဂတဋ္ဌိတာဒေါ၊ သွားခြင်း ရပ်ခြင်း အစရှိသည်၌။
ဥပ္ပန္နေ၊ ဖြစ်ပေါ်လာကုန်သော။
တယော၊ သုံးပါးကုန်သော။
ဝိတက္ကဂ္ဂီ၊ ဝိတက်မီးတို့ကို။
သမေ၊ ငြိမ်းအောင်ပြုရာ၏။
ဧဝံဘူတော၊ သို့စဉ်ဝိတက် သုံးချက်ငြိမ်းအောင် ကြံဆောင်ခြင်းဖြစ်သော ရဟန်းကို။
အာတာပီ၊ ကိလေသာဟူ ထွင်းရန်သူကို ဆာပူလှိုက်လှဲ တည်နိုင်ခဲအောင်ပြုသော ရဟန်းဟူ၍။
ပဟိတတ္တောတိ၊ အပတ်တကုတ် အားထုတ်သော ရဟန်းဟူ၍။
ဝါ၊ နိဗ္ဗာန်ရပ်မြေ စိတ်ကိုစေ၍နေသော ရဟန်းဟူ၍။
ပဝုစ္စတိ၊ ဆိုအပ်၏။

အဓိပ္ပါယ်

သွားခြင်း, ရပ်ခြင်း စသည်၌ ဖြစ်ပေါ်လာသော ဝိတက်မီးသုံးပါးတို့ကို ငြိမ်းအောင် ပြုရာ၏၊ ဤသို့ ဝိတက်ငြိမ်းအောင် ကြံဆောင်ခြင်း ဖြစ်သော ရဟန်းကို ကိလေသာကို ပူပန်စေတတ် နှိပ်စက်တတ်သော ရဟန်း, နိဗ္ဗာန်သို့ စိတ်ကိုစေလွှတ် နေသော ရဟန်းဟူ၍ ဆိုအပ်၏။

၁၁၄ - ဝိဝါဒပ္ပတ္တော ဒုတီယော
ကေနေကော ဝိဝဒိဿတိ
တဿတေ သဂ္ဂကာမဿ
ဧကတ္တ မုပရောစိတံ

အနက်

ဒုတီယော၊ နှစ်ယောက်မြောက်ရှိအောင် နေသောသူသည်။
ဝိဝါဒပ္ပတ္တော၊ ငြင်းခုံခြင်းသို့ ရောက်တတ်၏။
ဧကော၊ တယောက်တည်း နေမူကား။
ကေန၊ အဘယ်သူနှင့်။
ဝိဝဒိဿတိ၊ ငြင်းခုံရအံ့နည်း။
သဂ္ဂကာမဿ၊ နတ်ရွာကို အလိုရှိသော။
တဿတေ၊ ထိုအရှင်သည်။
ဧကတ္တံ၊ တယောက်တည်းချင်း သီတင်းသုံးနေခြင်းကို။
ဥပရောစိတံ၊ နှစ်သက်အပ်၏။

အဓိပ္ပါယ်

နှစ်ယောက်မြောက် ရှိအောင် နေသောသူသည် ငြင်းခုံခြင်းသို့ ရောက်တတ်၏၊ တယောက်တည်း နေမူကား အဘယ်သူနှင့် ငြင်းခုံရအံ့နည်း၊ နတ်ရွာကို အလိုရှိသော သူသည် တယောက်တည်း သီတင်းသုံးနေခြင်းကို နှစ်သက်အပ်၏။

၁၁၅ - သိနိဟပ္ပတ္တော ဒုတီယော
က မေကော သိနိဟိဿတိ
တဿတေ မောက္ခကာမဿ
ဧကတ္တ မုပရောစိတံ

အနက်

ဒုတီယော၊ နှစ်ယောက်မြောက်အောင် အဖော်ဆောင်၍နေသောသူသည်။
သိနိဟပ္ပတ္တော၊ ချစ်ခင်ကပ်ငြိခြင်းသို့ ရောက်တတ်၏။
ဧကော၊ တယောက်ထည်းတည်း နေသောသူသည်။
ကံ၊ အဘယ်သူကို။
သိနိဟိဿတိ၊ ချစ်ခင်ကပ်ငြိတော့အံ့နည်း။
မောက္ခကာမဿ၊ သံသရာဝဋ် ကင်းလွတ်ရာမှန် နိဗ္ဗာန်ကို အလိုရှိသော။
တဿတေ၊ ထိုအရှင်သည်။
ဧကတ္တံ၊ အဖော်မပါ တယောက်တည်းနေခြင်းကို။
ဥပရောစိတံ၊ နှစ်သက်အပ်၏။

အဓိပ္ပါယ်

နှစ်ယောက်မြောက် ရှိအောင် နေသူသည် ချစ်ခင် ကပ်ငြိခြင်းသို့ ရောက်တတ်၏၊ တယောက်တည်းနေမူကား အဘယ်သူကို ချစ်ခင်ကပ်ငြိတော့အံ့နည်း၊ သံသရာဝဋ် ကင်းလွတ်ရာမှန် နိဗ္ဗာန်ကို အလိုရှိသော အရှင်သည် တယောက်တည်းသာ နေခြင်းကို နှစ်သက်အပ်၏။

၁၁၆ - ပုရတော ပစ္ဆတောဝါပိ
အပရော စေ နဝိဇ္ဇတိ
တဿေ၀ ဖာသု ဘဝတိ
ဧကဿ ဝသတော ဝနေ

အနက်

ပုရတော၊ မိမိရှေ့က၎င်း။
ပစ္ဆတောဝါပိ၊ မိမိနောက်က၎င်း။
အပရော၊ မိမိမှတပါးသော အဖော်အလှော်သည်။
စေနဝိဇ္ဇတိ၊ အကယ်၍ မရှိသည်ဖြစ်ငြားအံ့။
ဝနေ၊ လူနှင့်မပြွမ်း စိမ့်စမ်းစုံစွာ တောရိပ်သာသည်။
ဧကဿ၊ တယောက်ထည်းတည်း။
ဝသတော၊ စတုရာရက္ခ ဓမ္မလေးခု တရားစုကို ရှု၍နေသော။
တဿေဝ၊ ထိုဧကဝါသီ ပီပေလှသော ရဟန်းအားသာလျှင်။
ဖာသု၊ သူတပါးကြောင့် မကြောင့်မကြ မိမိကိုယ်ကြောင့် မတောင့်မတ ချမ်းသာ ရသည်။
ဘဝတိ၊ ဖြစ်၏။

အဓိပ္ပါယ်

မိမိရှေ့, မိမိနောက်က မိမိမှတပါးသော အဖော်သည် အကယ်၍ မရှိငြားအံ့၊ လူနှင့် မပြွမ်းသော အရပ်၌ တယောက်ထည်းတည်း စတုရာရက္ခ တရားစုကို ရှု၍နေသော ရဟန်းအားသာလျှင် သူတပါးကြောင့် မကြောင့်ကြ, မိမိကြောင့် မတောင့်တရဘဲ အမြဲချမ်းသာ၏။

၁၁၇ - သုခဉ္စ ကာမ မယိကံ
ဒုက္ခဉ္စ ပဝိဝေကိကံ
ပဝိဝေကံ ဒုက္ခံ သေယျော
ယေဉ္စ ကာမမယံ သုခံ

အနက်

ကာမ မယိကံ၊ တဏှာအာရုံ ကာမဂုဏ်ကို မှီသော။
သုခဉ္စ၊ အစားအသောက် လုံလောက်ပြည့်စုံခြင်း ချမ်းသာသည်။
အတ္ထိ၊ ရှိ၏။
ပဝိဝေကိကံ၊ ဆိတ်ငြိမ်ရာကပ် တောအရပ်၌ နေခြင်းကြောင့်ဖြစ်သော။
ဒုက္ခဉ္စ၊ ပူဇော်သက္ကာ ရောက်လာခြင်းနည်း ပစ္စည်းရှားပါးခြင်း ဆင်းရဲသည်။
အတ္ထိ၊ ရှိ၏။
တေသု၊ ထိုသုခ ဒုက္ခ နှစ်ပါးတို့တွင်။
ပဝိဝေကံ၊ ဆိတ်ငြိမ်ရာကပ် တောအရပ်၌ နေခြင်းကြောင့်ဖြစ်သော။
ဒုက္ခံ၊ ပူဇော်သက္ကာရောက်လာခြင်းနည်း ပစ္စည်းရှားပါးခြင်း ဆင်းရဲသည်။
သေယျော၊ သံသရာဝဋ် လွတ်မည့်လမ်းကြောင်း မတိမ်းစောင်းသောကြောင့် ကောင်းမြတ်လှစွာ၏။
ကာမမယံ၊ တဏှာအာရုံ ကာမဂုဏ်ကို မှီသော။
သုခံ၊ အစားအသောက် လုံလောက်ပြည့်စုံခြင်း ချမ်းသာသည်။
ယဉ္စေ-နသေယျော၊ မေ့လျော့ဖွယ်ကြောင်း ထပ်ဆင့်လောင်း၍ မကောင်းမမြတ်သည် သာတည်း။

အဓိပ္ပါယ်

တဏှာအာရုံ ကာမဂုဏ်ကို အစားအသောက် လုံလောက် ပြည့်စုံခြင်းချမ်းသာ, ဆိတ်ငြိမ်ရာသို့ ကပ်ခြင်းကြောင့်ဖြစ်သော အစားအသောက် ရှားပါးခြင်း စသော ဆင်းရဲ - နှစ်မျိုးတို့တွင် ဆိတ်ငြိမ်ရာသို့ ကပ်ခြင်းကြောင့်ဖြစ်သော ဆင်းရဲသည် သံသရာဝဋ်မှ လွတ်မည့်လမ်းကြောင်း မတိမ်းစောင်းသောကြောင့် ကောင်းမြတ် လှ၏။ တဏှာအာရုံ ကာမဂုဏ်ကို မှီသော ချမ်းသာသည် မေ့လျော့ခြင်း၏ အကြောင်းဖြစ်၍ မကောင်း မမြတ်သည်သာတည်း။

၁၁၈ - ယောစ ဝဿသတံ ဇီဝေ
အပဿံ ဥဒယဗ္ဗယံ
ဧကာဟံ ဇီဝိတံ သေယျော
ပဿတော ဥဒယဗ္ဗယံ

အနက်

ယောစ၊ အကြင်သူသည်။
ဥဒယဗ္ဗယံ၊ ရုပ်နာမ် နှစ်ဖြာတို့၏ မပြတ်မလပ်ဖြစ်ခြင်း, ပျက်ခြင်းသဘောကို။
အပဿံ-အပဿန္တော၊ အလေးမပြု မရှုမဆင်ခြင်ဘဲ။
ဝဿသတံ၊ အနှစ်တရာ ကာလပတ်လုံး။
ဇီဝေ၊ မေ့မေ့လျော့လျော့ အသက်ရှည်အံ့။
တတော၊ ထိုမေ့စွာလျက် အသက်တရာ ရှည်ကြာစွာ နေရသည်ထက်။
ဧကာဟံ၊ တနေ့တရက်မျှ။
ဥဒယဗ္ဗယံ၊ ခန္ဓာငါးချက် ဖြစ်ပျက်ခြင်းရာ ဘာဝနာကို။
ပဿတော၊ မပေါ့မမေ့ စေ့စေ့ငုငု ရှုသောသူ၏။
ဇီဝိတံ၊ အသက်မသေ တည်နေရခြင်းသည်။
သေယျော၊ မဂ်ဉာဏ်မျိုးစေ့ လွေ့လွေ့ ဖြစ်ကြောင်း ကောင်းမြတ်လှစွာ၏။

အဓိပ္ပါယ်

ရုပ်နာမ်ခန္ဓာ ငါးပါးတို့၏ ဖြစ်ပျက်ခြင်း သဘောကို မရှုမဆင်ခြင်ဘဲ အနှစ်တရာ ပတ်လုံး မေ့မေ့လျော့လျော့ အသက် ရှည်ငြားအံ့၊ ထို မေ့မေ့ လျော့လျော့ အသက် တရာ ရှည်ကြာစွာ နေရသည်ထက် ခန္ဓာငါးချက်တို့၏ ဖြစ်ပျက်သည့် အခြင်းအရာ ဘာဝနာကို ရှုသောသူ၏ အသက်မသေ တည်နေရခြင်းသည် မဂ်ဉာဏ်မျိုးစေ့ ဖြစ်ကြောင်း ကောင်းမြတ်လှစွာ၏။

၁၁၉ - သုညာဂါရံ ပဝိဋ္ဌဿ
သန္တစိတ္တဿ ဘိက္ခုနော
အမာနုဿီ ရတိ ဟောတိ
သမ္မာဓမ္မံ ဝိပဿတော

အနက်

သုညာဂါရံ၊ ရွာမနီးဝေး ဘေးမဆက်ဆံ လူသံ တိတ်ဆိတ်, မိတ်ကောင်းလည်းရ ပစ္စည်းမျှသော ပဉ္စင်္ဂီက ဆိတ်ငြိမ်ရာ တောကျောင်းသို့။
ပဝိဋ္ဌဿ၊ ခိုဝင် ကိန်းအောင်းလျက်။
သန္တစိတ္တဿ၊ မိစ္ဆာဝိတက် မနှောင့်မယှက် ငြိမ်သက်သောစိတ် ရှိသည်ဖြစ်၍။
ဓမ္မံ၊ ဥဒယဗ္ဗယ ကမ္မဋ္ဌာန်းတရားကို။
သမ္မာ၊ မဖောက်မပြန် လမ်းမှန်သည့်အတိုင်း။
ဝိပဿတော၊ အထူးရှု၍ နေသော။
ဘိက္ခုနော၊ ရဟန်းအား။
အမာနုဿီ၊ ကာမဂုဏ်ယူ မပြတ်ပူသည့် လူတို့နှင့်မတန် မဆက်ဆံသော။
ရတိ၊ မွေ့လျော်ခြင်းတကာ မနှိုင်းရာသော ဘာဝနာနုတော် တရားဖျော်၍ မွေ့လျော်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။

အဓိပ္ပါယ်

ရွာနှင့်မနီးသော ဆိတ်ငြိမ်ရာ တောကျောင်းသို့ ခိုဝင်ကိန်းအောင်းလျက် ငြိမ်သက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ ကမ္မဋ္ဌာန်းတရားကို လမ်းမှန်သည့်အတိုင်း အထူးရှု၍ နေသော ရဟန်းအား ကာမဂုဏ် မပြတ်ပူသည့် လူတို့နှင့် မဆက်ဆံသော တရားတော်နှင့် မွေ့လျော်ခြင်း ဖြစ်၏။

၁၂၀ - ယတောယတော သမ္မသတိ
ခန္ဓာနံ ဥဒယဗ္ဗယံ
လဘတိ ပီတိပါမောဇ္ဇံ
အမတံ တံ ဝိဇာနတံ

အနက်

ယတောယတော၊ အကြင်အကြင်အခါ၌။
ခန္ဓာနံ၊ ခန္ဓာငါးပါးတို့၏။
ဥဒယဗ္ဗယံ၊ ဖြစ်ခြင်းပျက်ခြင်းကို။
ဝါ၊ ဖြစ်၍ ပျက်ခြင်းကို။
သမ္မသတိ၊ သုံးသပ်ဆင်ခြင်၏။
တတောတတော၊ ထိုထိုခန္ဓာငါးတန် ဖြစ်ပျက်ဟန်ကို အဖန်ဖန် အထပ်ထပ် သုံးသပ် ဆင်ခြင်သောအခါ၌။
ဘိက္ခု၊ ရဟန်းသည်။
ပီတိပါမောဇ္ဇံ၊ ရှေးရှေးကာလ မရစဘူး ကျေးဇူးလေးနက် နှစ်သက်ရွှင်လန်း အထူး အဆန်း ဆီစိမ့်ဂွမ်းသို့ ဝမ်းမြောက် နှစ်သက်ခြင်းကို။
လဘတိ၊ ရ၏။
တံပီတိပါမောဇ္ဇံ၊ ခန္ဓာငါးစု ဥဒယဗ္ဗယ ရှုကာလ၌ ရအပ်သော ထိုပီတိပါမောဇ္ဇသည်။
ဝိဇာနတံ၊ ဝိပဿနာ ပညာရှိဖြစ်သော သူတော်ကောင်း ရဟန်းတို့၏။
ဝါ၊ ရဟန်းတို့အား။
အမတံ၊ ပဋိပတ်စစ် အနှစ်ဟူထိုက် အမြိုက်အဟုတ် သုဓာဘုတ်သည်။
ဝါ၊ ဥပတိဿ ကောလိတတို့ နေ့ညရှာဖွေ မသေအံ့သော တရားသည်။
ဟောတိ၊ ဖြစ်၏။

အဓိပ္ပါယ်

ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို အဖန်တလဲလဲ သုံးသပ် ဆင်ခြင်သော ရဟန်းသည် နှစ်သက် ဝမ်းမြောက်ခြင်းကိုရ၏၊ ထိုခန္ဓာငါးပါးတို့၏ ဖြစ်ပျက်ခြင်းကို ရှုသော ကာလ၌ ရအပ်သော နှစ်သက် ဝမ်းမြောက်ခြင်းသည် ပညာရှိသော သူတော်ကောင်း ရဟန်းတို့၏ အမြိုက်သုဓာဘုတ်ဖြစ်၏။

၁၂၁ - ဣဇ္ဈတ္တံ ဓမ္မပါမောဇ္ဇံ
ဝိဝေကဇံ ရသာဓိကံ
ဣစ္ဆန္တော သီလဝါ ဘိက္ခု
အနိဝတ္တိတ ဝီရိယော

၁၂၂ - ဝနာ ဝါသေ ဝသိတွာန
အပ္ပိစ္ဆာဒိဂုဏာဝဟော
ပလိဗောဓေ သမုစ္ဆိဇ္ဇ
ဘာဝေယျေဝံရဟောဂတော

အနက်

ဣဇ္ဈတ္တံ၊ ဤသို့ ဘုရား ဟောကြားတော်မူအပ်သော။
ရသာဓိကံ၊ ရသာတကာ မနှိုင်းရာသည့် ရသာအမွန် အလွန်အကဲဖြစ်သော။
ဝိဝေကဇံ၊ ကာမရန်သူ မပူမရှိန် ဆိတ်ငြိမ်ရာ၌ ဖြစ်သော။
ဓမ္မပါမောဇ္ဇံ၊ ခန္ဓာငါးပါး တရားဖြစ်ပျက် ရှုလျက် နှစ်ခြိုက် အမြိုက်ဩဇာ မြတ်သုဓာကို။
ဣစ္ဆန္တော၊ ခင်ခင်မင်မင် လိုချင်စုံမက်သော။
သီလဝါ၊ အဓိသီလ ပါတိမောက္ခသံဝရ ရှိသော။
အနိဝတ္တိတဝီရိယော၊ မလျော့မယုဘ် မဆုတ်အားသွန် လွန်သော ဝီရိယရှိသော။
ဘိက္ခု၊ ရဟန်းသည်။

ဝနဝါသေ၊ ကမ်းရိပ်တောင်စောင်း ရေယဉ်ကောင်းသည့် တောကျောင်းသာ၌။
ဝသိတွာန၊ မငြီးမငွေ့ တွေ့တွေ့သမျှ အာဟာရဖြင့် မျှတနေထိုင်၍။
အပ္ပိစ္ဆာဒိဂုဏာဝဟော၊ အလိုမသည်း ပစ္စည်းမခင် ဓုတင် အစရှိသော ဂုဏ်ကို ဆောင်လျက်။
ပလိဗောဓေ၊ မဟာဝါသ-စသည်သီးသီး ကြောင့်ကြကြီး, ကြောင့်ကြငယ် တို့ကို။
သမုစ္ဆိဇ္ဇ၊ ကမ္မဋ္ဌာန်းအန္တရာယ် မတွယ်ငြိကြောင်း ကောင်းစွာဖြတ်တောက်၍။
ရဟောဂတော၊ တထောင့်တငန်း လူမပြွမ်းရာ သင်္ခမ်းသာသို့ ကောင်းစွာကပ်လျက်။
ဧဝံ၊ ဤသို့ဆိုလတ္တံ့သော ဝိပဿနာ ရှုရာသောနည်းဖြင့်။
ဘာဝေယျ၊ ပွားရာ၏။

အဓိပ္ပါယ်

ဤသို့မြတ်စွာဘုရား ဟောကြားတော် မူအပ်သော အရသာ တကာတို့ထက် လွန်ကဲ သည့် ခန္ဓာငါးပါးတို့၏ ဖြစ်ပျက်မှုကို ရှုသဖြင့် ရအပ်သော နှစ်သက်ခြင်းကို လိုလားလျက် သီလရှိ၍ မဆုတ်နစ်သော ဝိရိယရှိသော ရဟန်းသည် တောကျောင်း ရိပ်သာ၌ မငြီးမငွေ့ တွေ့တွေ့သမျှ အာဟာရဖြင့် မျှတနေထိုင်၍ အလိုမကြီး ပစ္စည်းမခင် ဓုတင်စသော ဂုဏ်ကိုဆောင်လျက် ကြောင့်ကြကြီးငယ်တို့ကို ကောင်းစွာ ဖြတ်တောက်၍ ဆိတ်ငြိမ်ရာသို့ကပ်လျက် ဤဆိုလတ္တံ့သော ဝိပဿနာ ရှုနည်းဖြင့် ပွားရာ၏။

၁၂၃ - ကာယေ ဇေဂုစ္ဆပုဉ္ဇာနိ
ရူပံ ရုပ္ပနဘာဝတော
တဿိတာ ဝေဒနာ သညာ
သင်္ခါရာစ တတောပရေ

၁၂၄ - ပိညာဏဉ္စ ဣမေပဉ္စ
ခန္ဓာ ရာသတ္ထတော မတာ
ကေစာနိစ္စ ဒုက္ခာ နတ္တာ
ဥပါဒ ဝယဓမ္မိနော

အနက်

ကာယေ၊ ကိုယ်၌။
ဇေဂုစ္ဆပုဉ္ဇာနိ၊ စက်ဆုပ်ရွံရှာ ဖွယ်အစုတို့သည်။
ရုပ္ပနဘာဝတော၊ သီတ ဥဏှ မမျှတခြင်း ထမင်းရေငက် ဥပဒ်ရန်ဘေး နှိပ်စက် ရေးဖြင့် ရှေးနှင့်နောက်မှု မတူသွေလှန် ဖောက်ပြန်တတ်သော အကြောင်းကြောင့်။
ရူပံ၊ ရူပက္ခန္ဓာ မည်၏။
တဿိတာ၊ ထိုရူပက္ခန္ဓာကို မှီသော။
ဝေဒနာ၊ ဝေဒနာ စေတသိက်သည်။
ဝေဒနာ၊ ဝေဒနာက္ခန္ဓာ မည်၏။
သညာ၊ သညာစေတသိက်သည်။
သညာ၊ သညာက္ခန္ဓာမည်၏။
တတောပရေ၊ ထို ရုပ်, ဝေဒနာ,သညာမှ တပါးကုန်သော။
သင်္ခါရာစ၊ အကြောင်း စီရင် ပြုပြင်အပ်သမျှ သင်္ခါရ စေတသိက် ငါးဆယ်တို့သည်။
သင်္ခါရာ၊ သင်္ခါရက္ခန္ဓာမည်၏။
ဝိညာဏဉ္စ၊ စိတ်တခုယုတ်ကိုးဆယ် ဟူသောဝိညာဏ်သည်။
ဝိညာဏံ၊ ဝိညာဏက္ခန္ဓာမည်၏။
ဣမေပဉ္စ၊ ဤရုပ် ဝေဒနာ သညာ သင်္ခါရ, ဝိညာဏ်ဖြင့်ငါးပါးကုန်သော တရားတို့ကို။
ရာသတ္ထတော၊ အဇ္ဈတ္တ, ဗဟိဒ္ဓစသည် ဟောခဲ့ တဆဲ့တပါး ထူးထွေပြားလည်း တရားဓမ္မ သာမညဖြင့် တကွပေါင်းစုအပ်သော အနက်ကြောင့်။
ခန္ဓာ၊ ခန္ဓာငါးပါးဟူ၍။
မတာ၊ သိအပ်ကုန်၏။
တေစ၊ ထိုခန္ဓာငါးပါးတို့သည်လည်း။
အနိစ္စ ဒုက္ခာ နတ္တာ၊ အတည်မမြဲ ဆင်းရဲအစုတ် ကိုယ်မဟုတ်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဥပါဒါ-ဥပါဒါယ၊ အကြောင်းစီမံ တဖန်ဖန် ဖြစ်ကုန်၍။
ဝယဓမ္မိနော၊ ဖြစ်ဖြစ်သမျှ ခဏမကြာ ပျက်တတ်သော သဘောရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

အဓိပ္ပါယ်

ခန္ဓာကိုယ်၌ စက်ဆုပ်ဖွယ် အစုတို့သည် ဖောက်ပြန်တတ်သော အကြောင်းကြောင့် ရူပက္ခန္ဓာမည်၏။ ထိုရူပက္ခန္ဓာကို မှီသော ဝေဒနာစေတသိက်သည် ဝေဒနာက္ခန္ဓာ မည်၏။ သညာစေတသိက်သည် သညာက္ခန္ဓာမည်၏၊ ထို ရုပ်, ဝေဒနာ သညာစေတသိက်မှ တပါးသော စေတသိက် ငါးဆယ်တို့သည် သင်္ခါရ, ဝိညာဏ် အားဖြင့် ငါးပါးသောတရားတို့ကို အဇ္ဈတ္တ ဗဟိဒ္ဓ စသည်ဖြင့် ပေါင်းစု အပ်သော အနက်ကြောင့် ဓမ္မဟုသိအပ်ကုန်၏၊ ထိုခန္ဓာငါးပါး တို့သည်လည်း မမြဲဆင်းရဲ၍ ကိုယ်မဟုတ်ကုန်၊ ဖြစ်ပြီးလျှင် ပျက်စီးတတ်သော သဘောရှိကုန်၏။

၁၂၅ - ဖေဏပိဏ္ဍူ ပမံ ရူပံ
ဝေဒနာ ပုပ္ဖုဠူပမာ
မရီစိကူပမာ သညာ
သင်္ခါရာ ကဒလူပမာ

၁၂၆ - မာယူပမန္တိ ဝိညာဏံ
ဒဿိတေ သဗ္ဗ ဒဿိနာ
ဥပမာဟိ သမဿေယျ
ပဉ္စက္ခန္ဓေ အသာရကေ

အနက်

ရူပံ၊ ရူပက္ခန္ဓာကို။
ဖေဏပိဏ္ဍူပမံ၊ ပဋိသန္ဓေ တည်နေသည်မှ ခဏပျက်ကြေ ဝင်နေပိုးမျိုး အစိုးမပိုင် ရေမြှုပ်စိုင်နှင့် နှိုင်းပြိုင်တူစွာ ဥပမာရှိ၏ ဟူ၍။
ဝေဒနာ၊ ဝေဒနာက္ခန္ဓာကို။
ပုပ္ဖုဠူပမာ၊ အသုံးမထင် ယူငင်ကိုင်ခက် ခဏပျက်သော ရေပွက်ဥပမာရှိ၏ဟူ၍။
သညာ၊ သညာက္ခန္ဓာကို။
မရီစိကူပမာ၊ အကျိုးမဖြစ် အနှစ်မမြင် ရေဟုထင်လည်း ယူငင်မအပ် တံလျှပ်သို့ ဥပမာရှိ၏ဟူ၍။
သင်္ခါရာ၊ သင်္ခါရက္ခန္ဓာတို့ကို။
ကဒလူပမာ၊ အပတ်အလွှာ အကုန်ခွါလည်း အကာလုံးလုံး လူမသုံးသည့် ငှက်ပျောတုံး ဥပမာရှိ၏ဟူ၍။

ဝိညာဏံ၊ ဝိညာဏက္ခန္ဓာကို။
မာယူပမန္တိ၊ ဟုတ်တိုင်းမပြ သာရမမည် မတာမရှည် မျက်လှည့်သည်မှု ဥပမာရှိ၏ဟူ၍။
သဗ္ဗဒဿိနာ၊ အလုံးစုံကိုအကုန်သိမြင် ဘုရားရှင်သည်။
ဥပမာဟိ၊ ငါးချက်သော ဥပမာတို့ဖြင့်။
ဒဿိတေ၊ ပြတော်မူအပ်ကုန်သော။
အသာရကေ၊ အနှစ်မရှိကုန်သော။
ပဉ္စက္ခန္ဓေ၊ ငါးပါးသော ခန္ဓာတို့ကို။
ဥပမာဟိ၊ အသီးအသီး ယှဉ်မှီးစရာ ဥပမာ ငါးချက်တို့ဖြင့်။
သမဿေယျ၊ သုံးသပ်ရာ၏။

အဓိပ္ပါယ်

၁။ ရူပက္ခန္ဓာသည် ရေမြှုပ်စိုင်နှင့်တူ၏။
၂။ ဝေဒနာက္ခန္ဓာသည် ရေပွက်နှင့်တူ၏။
၃။ သညာက္ခန္ဓာသည် တံလျှပ်နှင့်တူ၏။
၄။ သင်္ခါရက္ခန္ဓာသည် ဌက်ပျောတုံးနှင့်တူ၏။
၅။ ဝိညာဏက္ခန္ဓာသည် မျက်လှည့်နှင့်တူ၏။

ဤသို့တရားအလုံးစုံကို အကုန်သိမြင်တော်မူသော မြတ်စွာဘုရားသည် ဥပမာ ငါးချက်တို့ဖြင့် ပြတော်မူအပ်သော အနှစ်မရှိသော ခန္ဓာငါးပါးတို့ကို အသီးသီးသော ဥပမာငါးချက်တို့ဖြင့် သုံးသပ်ရာ၏။

၁၂၇ - ယာဝ ဗျာတိ နိမ္မိဿတိ
ကောဋိလက္ခာတဟိံခဏေ
ခန္ဓာ ဘိဇ္ဇန္တိ ဟုတွာန
အနိစ္စာနာမ တေ တတော

၁၂၈ - ဘယ ပီဠိတတော ဒုက္ခာ
အနတ္တာ အဝိဓေယျတော
ခန္ဓာဝ ဟောန္တိ ဘိဇ္ဇန္တိ
အညော ကောစိ နလဗ္ဘတိ

အနက်

ယာဝ-ယတ္တကေ ခဏေ၊ အကြင်မျှလောက်သောခဏ၌။
ဗျာတိ၊ မျက်စိဖွင့်၏။
နိမ္မိဿတိ၊ မျက်စိမှိတ်၏။
တဟိံခဏေ၊ ထိုသို့ မျက်စိဖွင့်စဉ်, မှိတ်စဉ်ခဏ၌။
ကောဋိလက္ခာ၊ သင်္ချာ တွက်ရေ ကုဋေတသိန်း အတိုင်းအရှည်ရှိကုန်သော။
ခန္ဓာ၊ ခန္ဓာတို့သည်။
ဟုတွာန၊ ဖြစ်၍ဖြစ်၍။
ဘိဇ္ဇန္တိ၊ ပျက်ကုန်၏။
တတော၊ ထိုသို့ မျက်တောင်တယှက် လျှပ်တပြက်၌ ရေတွက်ကုဋေ တသိန်း နေလျှင် ပျက်ကြေတတ်စွာ ကြောင်းခြင်းရာကြောင့်။
တေ၊ ထိုခန္ဓာ ငါးပါးတို့သည်။
အနိစ္စာနာမအနိစ္စမည်ကုန်၏။

ဘယ ပီဠိတတော၊ ဘေးနှိပ်စက်သည်၏ အဖြစ်ကြောင့်။
ဒုက္ခာဆင်းရဲကုန်၏။
အဝိဓေယျတော၊ သို့ဖြစ်စေချင် ဤသို့လျှင်ဟု စီရင်၍မဖြစ်ခြင်းကြောင့်။
အနတ္တာအစိုးမရ အတ္တမဟုတ်ကုန်။
ခန္ဓာဝ၊ ခန္ဓာသက်သက်တို့သည်သာလျှင်။
ဟောန္တိ၊ ဥပါဒ်အားဖြင့် ဖြစ်ကုန်၏။
ဘိဇ္ဇန္တိ ၊ ဘင်အားဖြင့် ပျက်ကုန်၏။
အညော၊ ခန္ဓာမှတပါးသော။
ကောစိ၊ တစုံတရာသတ္တဝါပုဂ္ဂိုလ်ကို။
နလဗ္ဘတိ၊ ရှာ၍ မရ။

အဓိပ္ပါယ်

မျက်စိတမှိတ် လျှပ်တပြက် အတွင်း၌ ကုဋေတသိန်း အတိုင်းအရှည်ရှိသော ခန္ဓာ တို့သည် ဖြစ်ပြီးလျှင် ပျက်စီးကြကုန်သောကြောင့် အနိစ္စမည်ကုန်၏။

ဖြစ်ခြင်း ပျက်ခြင်း ဘေးတို့ဖြင့် နှိပ်စက် အပ်သောကြောင့် ဆင်းရဲကုန်၏၊ ဤသို့ ဖြစ်စေချင်၏ဟု စီရင်၍ မဖြစ်သောကြောင့် အစိုးမရ အတ္တမဟုတ်ကုန်၊ ခန္ဓာ သက်သက် တို့သည်သာလျှင် ဥပါဒ်အားဖြင့် ဖြစ်ကုန်၏၊ ဘင်အားဖြင့် ပျက်ကုန်၏၊ ခန္ဓာမှတပါး တစုံတခုသော ပုဂ္ဂိုလ် သတ္တဝါကို ရှာ၍မရချေ။

၁၂၉ - ခန္ဓာ နိစ္စာ ခယဋ္ဌေန
ဘယဋ္ဌေန ဒုခါစတေ
အနတ္တာ သာရကဋ္ဌေန
ဣတိ ပဿေ ပုနပ္ပုနံ

အနက်

ခန္ဓာ၊ ခန္ဓာတို့သည်။
ခယဋ္ဌေန၊ ကုန်ပျက်တတ်သော အနက်ကြောင့်။
အနိစ္စာ၊ အမြဲမရှိကုန်။
တေ၊ ထိုခန္ဓာငါးပါးတို့သည်။
ခယဋ္ဌေန၊ ဘေးသင့်သော အနက်ကြောင့်။
ဒုခါစ၊ ဆင်းရဲကုန်သည်လည်း။
ဟောန္တိ၊ ဖြစ်ကုန်၏။
အသာရကဋ္ဌေန၊ အနှစ်မရှိ အကာအတိ ဖြစ်ခြင်းကြောင့်။
အနတ္တာ၊ အစိုးမရ အတ္တမဟုတ်ကုန်။
ဣတိ၊ ဤသို့။
ပုနပ္ပုနံ၊ အဖန်တလဲလဲ။
ပဿေ၊ ရှုရာ၏။

အဓိပ္ပါယ်

ခန္ဓာတို့သည် ကုန်တတ်, ပျက်တတ်သော အနက်ကြောင့် အမြဲ မရှိကုန်၊ ဘေးသင့်သော အနက်ကြောင့် ဆင်းရဲကုန်၏၊ အနှစ်မရှိ အကာအတိဖြစ်သော အနက်ကြောင့် အစိုးမရ အတ္တမဟုတ်ကုန်၊ ဤသို့အဖန်ဖန် ရှုရာ၏။

၁၃၀ - ဘာဏူဒယေ ခယံ ဧန္တိ
ဟေမန္တေ ပတိတုဿဝါ
ရာဂါ မာနာစ သဗ္ဗေဝံ
သတျာ နိစ္စာနုပဿနေ

အနက်

ဟေမန္တေ၊ ဆောင်းတွင်းကာလ၌။
တိဘုဿဝါ၊ တောတောင်သစ်ပင် မြေပြင်ကစ ကျကျသမျှသော ဆီးနှင်းရည်ပေါက် တို့သည်။
ဘာဏူဒယေ၊ အရှေ့ပြုဗ္ဗော ဝိဒေဟာက ရောင်ဝါ ထွန်းဝင်း နေမင်းပေါ်ထွက် တက်လတ်သည်ရှိသော်။
ခယံ၊ ကုန်ခန်းခြောက်သွေ့ခြင်းသို့။
ဧန္တိယထာ၊ ရောက်ကုန်သကဲ့သို့။
ဧဝံ-တထာ၊ ထို့အတူ။
အနိစ္စာနုပဿနေ၊ အနိစ္စဟုရှုခြင်း ဟူသော အနိစ္စာနုပဿနာ ဘာဝနာနေဝန်း တက်ထွန်း တောက်ပခြင်းသည်။
သတိ၊ ရှိသော်။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
ရ ဂါစ၊ ရာဂ တဏှာတို့သည်၎င်း။
မာနာစ၊ မာန်မာနတို့သည်၎င်း။
ခယံ၊ ကုန်ခန်းခြေက်သွေ့ခြင်းသို့။
ဧန္တိ၊ ရောက်ကုန်၏။

အဓိပ္ပါယ်

ဆောင်းတွင်းကာလ၌ ကျကျသမျှသော ဆီးနှင်းပေါက်တို့သည် အရှေ့အရပ်မှ နေမင်းပေါ်ထွက်လာသည် ရှိသော် ခြောက်သွေ့ခြင်းသို့ ရောက်ကုန်သကဲ့သို့ ထို့အတူ အနိစ္စဟုရှုခြင်းဟူသော အနိစ္စာနုပဿနာ ဘာဝနာနေဝန်း တက်ထွန်း တောက်ပသည်ရှိသော် ခပ်သိမ်းသော ရာဂတဏှာ မာန်မာနသည် ကုန်ခန်း ခြောက်သွေ့ခြင်းသို့ ရောက်ကုန်၏။

၁၃၁ - သီဟနာဒံ ဝနေသုတွာ
သံဝေဇေန္တိ သသောတကာ
ဝေဟပ္ဖလာပိ လောကေဝံ
ဇိနေရိတ တိလက္ခဏံ

အနက်

ဝနေ၊ ဟိမဝန္တာ ကန္တာရချောင် တောသုံးထောင်၌။
သသောတကာ၊ နားရှိသမျှ များလှစွာသော တ္တဝါတို့သည်။
သီဟနာဒံ၊ ကေသရာဟု တေဇာထန်ပြင်း ခြင်္သေ့မင်းလျှင် ဂူတွင်းကထွက် ခုန်တက်မြူးစံ မြည်ဟောက်သံကို။
သုတွာ၊ ကြား၍။
ဝါ၊ ကြားသောကြောင့်။
သံဝေဇေန္တိယထာ၊ ထိတ်လန့်ကုန် သကဲ့သို့။
ဧဝံ-တထာ၊ ထို့အတူ။
လောက၊ လောကသုံးခွင် ဘုံသုံးပြင်၌။
ဇိနေရိတတိလက္ခဏံ၊ ဘုရားသခင် ဟောတော်မူအပ်သော လက္ခဏာရေး သုံးပါး တရားတော်သံကို။
သသောတကာ၊ ပညာနား ရှိကုန်သော သူတို့သည်။
ဝေဟပ္ဖလာပိ၊ ကမ္ဘာငါးရာ အသက်ရှည်သော ဝေဟပ္ဖိုလ်ဘုံ ဗြဟ္မာမင်းကြီး ဖြစ်ကုန်သော်လည်း။
သံဝေဇေန္တိထိတ်လန့်ကုန်၏။

အဓိပ္ပါယ်

ဟိမဝန္တာ တောသုံးထောင်၌ နားရှိသမျှသော သတ္တဝါတို့သည် ဂူတွင်းကထွက်သော ခြင်္သေ့မင်း၏ မြည်ဟောက်သံကို ကြားလတ်သော် ထိတ်လန့်ကုန်သကဲ့သို့ မြတ်စွာဘုရား ဟောတော်မူအပ်သော လက္ခဏာရေးသုံးပါး တရားတော်သံကို ပညာနားရှိသော ပညာရှိတို့သည် ကမ္ဘာငါးရာ အသက်ရှည်သော ဝေဟပ္ဖိုလ်ဘုံ ဗြဟ္မာမင်းကြီး ဖြစ်ကုန်သော်လည်း ထိတ်လန့်ကုန်၏။

၁၃၂ - ဝေဒနာဒီနိ နာမာနိ
နာမရူပဒွယံဝ တေ
တဏှာဝိဇ္ဇာစ ကမ္မာဒိ
နာမရူပဿ ပစ္စယော

အနက်

ဝေဒနာဒီနိ၊ ဝေဒနာက္ခန္ဓာ အစရှိသော လေးပါးသော ခန္ဓာတို့သည်။
နာမာနိနာမ်မည်ကုန်၏။
တေခန္ဓာ၊ ထိုခန္ဓာ ငါးပါးတို့သည်။
နာမရူပဒွယံဝနာမ်ရုပ်နှစ်ပါးသာတည်း။
တဏှာဝိဇ္ဇာစ၊ တဏှာ,အဝိဇ္ဇာတို့သည်၎င်း။
ကမ္မာဒိစ၊ ကံ စိတ်အစရှိသည်သည်၎င်း။
နာမရူပဿ၊ နာမ်ရုပ်နှစ်ပါး၏။
ပစ္စယာအကြောင်းတို့သည်။
ဟောတိ၊ ဖြစ်ကုန်၏။

အဓိပ္ပါယ်

ဝေဒနာက္ခန္ဓာ-စသော ခန္ဓာလေးပါးတို့သည် နာမ်မည်ကုန်၏။ ထိုခန္ဓာငါးပါးတို့သည် နာမ်, ရုပ် နှစ်ပါးသာတည်း၊ တဏှာ, အဝိဇ္ဇာ, ကံ, ဥပါဒါန်, အာဟာရတို့သည် နာမ်, ရုပ်နှစ်ပါး၏ အကြောင်းဖြစ်ကုန်၏။

၁၃၃ - နာမရူပံ ပရိဂ္ဂယှ
တတော တဿစ ပစ္စယံ
ဟုတွာ အဘာဝတော နိစ္စာ
ဥဒယဗ္ဗယ ပီဠနာ

၁၃၄ - ဒုက္ခာ အဝသဝတ္တိတ္တာ
အနတ္တာတိတိလက္ခဏံ
အာရောပေတွာဝ သင်္ခါရေ
သမ္မသန္တော ပုနပ္ပုနံ

၁၃၅ - ပါပုဏေယျာ နုပုဗ္ဗေန
သဗ္ဗသံယောဇန က္ခယံ
တမ္ပတ္တော အရဟာ ဘိက္ခု
ဘဝတိဏ္ဏော သုနိဗ္ဗုတော

အနက်

နမရူပံ၊ နာမ် ရုပ်ကို။
ပရိဂ္ဂယှ၊ သိမ်းဆည်း၍။
တတော၊ ထိုနာမ်ရုပ်ကို သိမ်းဆည်းပြီးသည်နောက်မှ။
တဿ၊ ထိုနာမ်, ရုပ်၏။
ပစ္စယဉ္စ၊ အကြောင်းကိုလည်း။
ပရိဂ္ဂယှ၊ သိမ်းဆည်း၍။
ခန္ဓာ၊ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည်။
ဟုတွာ၊ ဖြစ်၍။
အဘာဝတော၊ မရှိခြင်းကြောင့်။
အနိစ္စာ၊ အမြဲမရှိကုန်။
ဥဒယဗ္ဗယ ပီဠနာ၊ ဖြစ်ခြင်း ပျက်ခြင်း နှိပ်စက်အပ်သည်၏ အဖြစ်ကြောင့်။

ဒုက္ခာ၊ ဆင်းရဲအတိ ဖြစ်ကုန်၏။
အဝသဝတ္တိတ္တာ၊ အလိုသို့မလိုက်တတ်သည်၏အဖြစ်ကြောင့်။
အနတ္တာ၊ မိမိအတ္တအစိုးရ မဟုတ်ကုန်။
ဣတိ၊ ဤသို့။
တိလက္ခဏံ၊ လက္ခဏာရေးသုံးပါးသို့။
အာရောပေတွာဝ၊ တင်၍သာလျှင်။
သင်္ခါရေ၊ တေဘုမ္မက သင်္ခါရတရားတို့ကို။
ပုနပ္ပုနံ၊ အဖန်တလဲလဲ အထပ်ထပ်။
သမ္မသန္တော၊ သုံးသပ်သည်ရှိသော်။
ဝါ၊ သုံးသပ်သောရဟန်းသည်။

အနုပုဗ္ဗေန၊ အစဉ်အားဖြင့်။
သဗ္ဗသံယောဇနက္ခယံ၊ အလုံးစုံ သံယောဇဉ်ဆယ်ပါး ကုန်ခြင်းသို့။
ပါပုဏေယျ၊ ရောက်ရာ၏။
တမ္ပတ္တော၊ ထိုသံယောဇဉ်ဆယ်ပါး ကုန်ခြင်းသို့ ရောက်သော။
အရဟာ၊ ရဟန္တာဖြစ်သော။
ဘိက္ခု၊ ရဟန်းသည်။
ဘဝတိဏ္ဏော၊ ဘုံသုံးပါးမှ ကူးမြောက်ပြီးသည်ဖြစ်၍။
သုနိဗ္ဗုတော၊ ကောင်းစွာ ငြိမ်းသည်။
ဟောတိ၊ ဖြစ်၏။

အဓိပ္ပါယ်

နာမ်, ရုပ်ကို သိမ်းဆည်းပြီးနောက် ထိုနာမ် ရုပ်၏ အကြောင်းကိုလည်း သိမ်းဆည်း၍ ခန္ဓာငါးပါး ရုပ်နမ် တရားတို့သည် ဖြစ်ပြီးလျှင် မရှိခြင်းကြောင့် အမြဲမရှိကုန်၊ ဖြစ်ခြင်း, ပျက်ခြင်း နှိပ်စက်အပ်သောကြောင့် ဆင်းရဲကုန်၏။ အလိုသို့ မလိုက်သောကြောင့် အစိုးရသော အတ္တမဟုတ်ကုန်၊ ဤသို့လက္ခဏာရေး သုံးပါးသို့ တင်ပြီးလျှင် သင်္ခါရ တရားတို့ကို အဖန်ဖန်သုံးသပ်သော ရဟန်းသည် အစဉ်အားဖြင့် သံယောဇဉ် ဆယ်ပါး ကုန်ခြင်းသို့ ရောက်ရာ၏၊ ထိုသံယောဇဉ်ဆယ်ပါး ကုန်ခြင်းသို့ ရောက်သော ရဟန္တာပုဂ္ဂိုလ်သည် ဘဝသုံးပါးမှ ကူးမြောက်ပြီးသည်ဖြစ်၍ ကောင်းစွာငြိမ်းချမ်း၏။

၁၃၆ - နတုမှံ ဘိက္ခဝေ ရူပံ
တံ ဇဟေထာတိ ဝုတ္တတော
မမေတန္တိ ဥပါဒါနံ
ပဉ္စက္ခန္ဓေ ဝိနာသယေ

အနက်

ဘိက္ခဝေ၊ ရာဂချည်နှောင် ဘဝထောင်မှ လွတ်အောင်ကြံပြု ဘေးကိုရှုသည့် တစုဝန်းလျား ရဟန်းများတို့။
ရူပံ၊ ရူပက္ခန္ဓာသည်။
တုမှံ-တုမှာကံ၊ သင်တို့၏။
နသန္တကံ၊ မစပ်မဆိုင် ဥစ္စာပိုင်မဟုတ်။
တံရူပံ၊ ထိုသင်တို့ဥစ္စာ မဟုတ်ရာသော ရူပက္ခန္ဓာကို။
ဇဟေထ၊ စွဲလမ်းမဖြစ် မတပ်ချစ်ဘဲ စွန့်ပစ်ကြကုန်လော့
ဣတိ၊ ဤသို့။
ဝုတ္တတော၊ ဘုရားဟောတော်မူသည်၏ အဖြစ်ကြောင့်။
ပဉ္စက္ခန္ဓေ၊ ခန္ဓာငါးပါး၌။
ဧတံ၊ ဤဝတ္ထုသည်။
မမ၊ ငါ၏။
သန္တကန္တိ၊ စိုးပိုင်ဥစ္စာဟူ၍။
ဥပါဒါနံ၊ ဖားကိုမြွေခဲ သည်ထက်မြဲသည့် စွဲစွဲလမ်းလမ်း တတမ်းတမ်း ယူခြင်းကို။
ဝိနာသယေပယ်ဖျောက်ရာ၏။

အဓိပ္ပါယ်

သံသရာဘေးကို ရှုလေ့ရှိသော ရဟန်းတို့ ... ရုပ်သည် သင်တို့၏ ကိုယ်ပိုင်ဥစ္စာ မဟုတ်၊ ထိုသင်တို့ ဥစ္စာမဟုတ်သောရုပ်ကို စွန့်ပစ်ကြကုန်လော့ဟု ဟောတော် မူသောကြောင့် ခန္ဓာငါးပါး၌ ဤဝတ္ထုသည် ငါ၏ ကိုယ်ပိုင်ဥစ္စာ ဟူ၍ မြဲမြံစွာ စွဲလမ်းခြင်းကို ပယ်ဖျောက်ရာ၏

၁၃၇ - ပုတ္တာ မတ္ထိ ဓနာ မတ္ထိ
ဣတိ ဗာလော ဝိဟညတိ
အတ္တာပိ အတ္တနော နတ္ထိ
ကုတောပုတ္တော ကုတောဓနံ

၁၃၈ - ဣစ္စုတ္တ မနုစိန္တာယ
အတ္တာဟိ အတ္ထိမေတိဝါ
သညံ နာသေယျ ခန္ဓာဝ
အတ္တီတိ အာဘုဇေ ဗုဓော

အနက်

မေ၊ ငါ့အား။
ဝါ၊ ငါ၏။
ပုတ္တာ၊ သားသမီးတို့သည်။
အတ္ထိ-သန္တိ၊ ရှိကုန်၏။
မေ၊ ငါ့အား။
ဝါ၊ ငါ၏။
ဓနာ၊ ရွှေ ငွေ ရတနာ, လယ်ယာ, ကျွဲနွား အစရှိသော ဥစ္စာတို့သည်။
အတ္ထိ-သန္တိ၊ ရှိကုန်၏။
ဣတိ၊ ဤသို့။
ဗာလော၊ သဘောသနစ် စီစစ်မသိ မတွေးမိသော သူမိုက်သည်။
ဝိဟညတိ၊ သမီး သားကြောင့် ရိရှား ပင်ပန်း ညှိုးနွမ်းဆင်းရဲ၏။
အတ္တနော၊ မိမိအား။
ဝါ၊ မိမိ၏။
အတ္တာပိ၊ အစိုးတရ ကိုယ်သည်မျှလည်း။
နတ္ထိ၊ မရှိ။
ပုတ္တော၊ သားသမီးသည်။
ကုတောအတ္ထိ၊ အဘယ်မှာ ရှိအံ့နည်း။
ဓနံ၊ ဥစ္စာသည်။
ကုတောအတ္ထိ၊ အဘယ်မှာရှိအံ့နည်း။

ဣစ္စုတ္တံ၊ ဤသို့ဘုရား ဟောကြားတော်မူအပ်သည်ကို။
အနုစိန္တာယ၊ တစေ့စေ့ကြံအောက်မေ့၍။
ဗုဓော၊ ပညာရှိသည်။
အတ္တာ၊ ကိုယ်သည်။
အတ္ထိ၊ ရှိ၏။
ဣတိဝါ၊ ဤသို့၎င်း။
မေ၊ ငါ့အား။
ဝါ၊ ငါ၏။
ဓနံ၊ ဥစ္စာသည်။
အတ္ထိ၊ ရှိ၏။
ဣတိဝါ၊ ဤသို့၎င်း။
သညံ၊ မှားသော ဝိပလ္လာသသညာကို။
နာသေယျ၊ ဖျောက်ရာ၏။
ခန္ဓာဝ၊ ခန္ဓာငါးပါးတို့သည်သာလျှင်။
အတ္တီတိ၊ ရှိ၏ဟူ၍။
အာဘုဇေနှလုံးသွင်းရာ၏။

အဓိပ္ပါယ်

ငါ၏ သားသ္မီးတို့သည် ရှိကုန်၏၊ ငါ၏ ရွှေငွေ ရတနာ, လယ်ယာ ကျွဲနွား စသော ဥစ္စာတို့သည် ရှိကုန်၏ဟု-လူမိုက်သည် သမီး,သားကြောင့် ပင်ပန်းဆင်းရဲရ၏၊ မိမိ၏ အစိုးရသော ကိုယ်သည်လည်းမရှိ၊ သမီး သားနှင့် စီးပွားဥစ္စာ တို့သည်ကား အဘယ်မှာ ရှိပါတော့အံ့နည်း

ဤသို့ ဘုရားဟောတော်မူသည်ကို တစေ့စေ့ အောက်မေ့လျက် ပညာရှိသည် “ကိုယ်ရှိ၏၊ ငါ၏ဥစ္စာရှိ၏”ဟု- မှားသော ဝိပလ္လာသ သညာကို ဖျက်ရာ၏၊ ခန္ဓာငါးပါး တို့သာရှိ၏ဟု နှလုံးသွင်းရာ၏။

၁၃၉ - ခန္ဓနာသ မနာဘုဇ္ဇ
မတော မေ ပုတ္တကော ဣတိ
သောစန္တိ ပရိဒေဝန္တိ
ပုတ္တောနတ္ထိ နသောမတော

အနက်

ခန္ဓနာသံ၊ ခန္ဓာငါးပါး ပျက်စီးခြင်းကို။
အနာဘုဇ္ဇ၊ နှလုံးမသွင်းမူ၍။
မေ၊ ငါ၏။
ပုတ္တကော၊ သားငယ်သည်။
မတောဣတိ၊ သေ၏ဟူ၍။
သောစန္တိစိုးရိမ်ကုန်၏။
ပရိဒေဝန္တိမြည်တမ်းကုန်၏။
ပုတ္တော၊ သားသည်။
နတ္ထိ၊ မရှိ။
သော၊ ထိုမရှိသောသားသည်။
နမတော၊ မသေ။

အဓိပ္ပါယ်

ခန္ဓာငါးပါး ပျက်စီးခြင်းကို နှလုံးမသွင်းမူ၍ ငါ၏သားငယ် သေ၏ဟု စိုးရိမ်မြည်တမ်း ကြကုန်၏၊ သားဟူသည် မရှိ၊ ထိုမရှိသောသားသည် မသေနိုင်ချေ

၁၄၀ - ဘိဇ္ဇမာနေသု ခန္ဓေသု
အတ္တသညီ အနတ္တေသု
နာဒိကာလ ဝိပရိတာ
မဟာဇာနီယတံ ဂတာ

အနက်

အနတ္တေသု၊ အစိုးမရ အတ္တမဟုတ်ကုန်သော။
ဘိဇ္ဇမာနေသု၊ ပျက်ဆဲဖြစ်ကုန်သော။
ခန္ဓေသု၊ ခန္ဓာတို့၌။
အတ္တသညီ၊ အစိုးပိုင်သ အတ္တအမှတ် စွဲလမ်းတတ်ကုန်သည်ဖြစ်၍။
နာဒိကာလဝိပရိတာ၊ အစဘယ်မှာ ရှာသော်မရ ကာလရှည်ကြာ မှားယွင်းစွာ ဖြစ်ကုန်လျက်။
မဟာဇာနီယတံ၊ ဆုံးပါးခြင်းကြီးသော အဖြစ်သို့။
ဂတာ၊ ရောက်လေကုန်ပြီ။

အဓိပ္ပါယ်

အစိုးမရ အတ္တမဟုတ်၍ ပျက်ဆဲဖြစ်ကုန်သေ ခန္ဓာတို့၌ အစိုးရသော အတ္တဟု မှတ်ထင်၍ အစရှာမရ ကာလရှည်ကြာ မှားယွင်းကြကုန်လျက် ကြီးစွာသော ဆုံးရှုံးခြင်းသို့ ရောက်ကုန်၏။

၁၄၁ - ဘိဇ္ဇမာနေသု ခန္ဓေသု
လဂ္ဂါ ရတ္တာ မမာယိတာ
နာရီပုမာဒိ သညာယ
ဝိပရေတာ အနာဒိကေ

အနက်

ဘိဇ္ဇမာနေသု၊ ခဏမစဲ မတည်ဘဲလျှင် ပျက်ဆဲဖြစ်ကုန်သော။
ခန္ဓေသု၊ ခန္ဓာတို့၌။
နာရီပုမာဒိ သညာယ၊ မိန်းမ ယောက်ျား အစရှိသော အမှတ်ဖြင့်။
လဂ္ဂါ၊ ကပ်ငြိကုန်လျက်။
ရတ္တာ၊ တပ်မက်ကုန်လျက်။
မမာယိတာ၊ ငါ့ဟာ ငါ့ဟာ, ငါ့ဥစ္စဟု ထင်မှတ်ပြုကုန်လျက်။
အနာဒိကေ၊ အစမရှိ ရှည်ကြာဘိသော သံသရာ၌။
ဝိပရေတာဖောက်ပြန် ချွတ်ယွင်းလှလေပြီ။

အဓိပ္ပါယ်

တခဏမျှ မတည်နိုင်ဘဲ ပျက်ဆဲဖြစ်ကုန်သော ခန္ဓာတို့၌ မိန်းမ ယောက်ျား အစရှိသော အမှတ်ဖြင့် ကပ်ငြိမက်မောကုန်လျက် ငါ့, ငါ့ဟာ ငါ့ဥစ္စာဟု မှတ်ထင်ခါ အစမထင် သံသရာ၌ ဖောက်ပြန် ချွတ်ယွင်းလှလေပြီ

၁၄၂ - နာဒိကာလ ဝိပရိတော
အတ္တသညီ အနတ္တနိ
ဘိဇ္ဇမာနေသု ခန္ဓေသု
ဇဟတ္တာတိ မမာယနံ

အနက်

အနုတ္တနိ၊ စီရင်မနိုင် မနိုင်မသ အတ္တမဟုတ်သော ခန္ဓာငါးပါး၌။
အတ္တသညီ၊ အစိုးပိုင်သ အတ္တအမှတ်ရှိသည် ဖြစ်၍။
နာဒိကာလ ဝိပရိတော၊ အစမထင် ဘုံသုံးခွင်၌ ကျင်လည်သမျှ ကာလရှည်ကြာ ချွတ်ယွင်းစွာ ဖြစ်လေပြီ။
ဘိဇ္ဇမာနေသု၊ ပျက်ဆဲဖြစ်ကုန်သော။
ခန္ဓေသု၊ ခန္ဓာတို့၌။
အတ္တာတိ၊ ငါပိုင်, ငါ့ဟာ, ငါ့ကိုယ်သာဟူ၍။
မမာယနံ၊ မြဘ်နိုးခြင်းကို။
ဇဟစွန့်ခွါလော့

အဓိပ္ပါယ်

အစိုးမရ အတ္တမဟုတ်သော ခန္ဓာငါးပါး၌ အစိုးရသော အတ္တဟု အမှတ်ရှိသည်ဖြစ်၍ အစရှာမရ ကာလရှည်ကြာ ချွတ်ယွင်းစွာ ဖြစ်ခဲ့လေပြီ၊ ပျက်ဆဲဖြစ်ကုန်သော ခန္ဓာတို့၌ ငါပိုင် ငါ့ဟာ ငါ့ကိုယ်သာဟု မြတ်နိုးခြင်းကို စွန့်လော့

၁၄၃ - အဘိဏှုပ္ပတ္တိယာယေဝ
ဘိဇ္ဇမာနော နဉာယတိ
အနိစ္စလက္ခဏံ ဆန္နံ
တံ စိန္တေယျ သုပညဝါ

အနက်
အဘိဏှုပ္ပတ္တိယာယေဝ၊ မပြတ်မလပ် ဆင့်လောင်းထပ်၍ ဖြစ်ခြင်းကြောင့်သာလျှင်။
ဘိဇ္ဇမာနော၊ ပျက်ဆဲ ခန္ဓာကို။
နဉာယတိ၊ မသိအပ်။
အနိစ္စလက္ခဏံ၊ အနိစ္စ လက္ခဏာသည်။
ဆန္နံ၊ ဖုံးကွယ်၏။
တံ၊ ထိုဖုံးကွယ်သော အနိစ္စလက္ခဏာကို။
သုပညဝါ၊ ကောင်းသော ပညာရှိသည်။
စိန္တေယျ၊ ကြံရာ၏။

အဓိပ္ပါယ်
မပြတ်မလပ် ဖြစ်ခြင်းကြောင့်သာလျှင် ပျက်ဆဲဖြစ်သော ခန္ဓာကို မသိနိုင်ချေ၊ အနိစ္စ လက္ခဏာသည် ဖုံးကွယ်၍နေ၏။ ထိုဖုံးကွယ်၍နေသော အနိစ္စ လက္ခဏာကို ကောင်းသော ပညာရှိသည် ကြံစည်ရာ၏။

၁၄၄ - အသန္တေယေဝ လဂ္ဂန္တာ
နမုစ္စန္တိ ဘဝတ္တယာ
နတ္ထိ သန္တေသု လဂ္ဂန္တာ
ရူပက္ခန္ဓာ ဒိကေ သွိဓ

အနက်
ဣဓလောကေ၊ ဤလောက၌။
အသန္တေယေဝ၊ ထင်ရှားမရှိသော ဣတ္ထိ, ပုရိသပညတ်၌သာလျှင်။
လဂ္ဂန္တာ၊ ငြိကပ်ကုန်၍။
ဘဝတ္တယာ၊ ဘုံသုံးပါးမှ။
နမုစ္စန္တိ၊ မလွတ်ကုန်။
သန္တေသု၊ ထင်ရှားရှိကုန်သော။
ရူပက္ခန္ဓာဒိကေသု၊ ရူပက္ခန္ဓာ အစရှိသည်တို့၌။
လဂ္ဂန္တာ၊ ငြိတွယ်ကပ်ကုန်သော သူတို့သည်။
နတ္ထိ-နသန္တိ၊ မရှိကုန်။

အဓိပ္ပါယ်
ဤလက၌ ထင်ရှားမရှိသော ဣတ္ထိ ပုရိသ ပညတ်၌သာလျှင် ငြိကပ်ကုန်၍ ဘုံသုံးပါးမှ မလွတ်ကုန်၊ ထင်ရှားရှိသော ရူပက္ခန္ဓာ စသည်တို့၌ ငြိကပ်သော သူတို့လည်းမရှိကုန်။

၁၄၅ - တဏှာ ဂိဇ္ဈတိ မေတန္တိ
မာနော အဟန္တိ မညတိ
ဒိဋ္ဌိ ဂဏှာတိ အတ္တာတိ
ဧတေ ပပဉ္စကာ တယော

အနက်
တဏှာ၊ တဏှာသည်။
ဧတံ၊ ဤဝတ္ထုသည်ကား။
မေ-မမ၊ ငါ့ဥစ္စာတည်း။
ဣတိ၊ ဤသို့။
ဂိဇ္ဈတိ၊ တပ်မက်မော၏။
မာနော၊ မာန ကလည်း။
အဟန္တိ၊ ငါတကားဟူ၍။
မညတိ၊ မှတ်ထင်မိ၏။
ဒိဋ္ဌိ၊ ဒိဋ္ဌိကလည်း။
အတ္တာတိ၊ ငါစိုးပိုင်အုပ် ငါ့ကိုယ် ဟုတ်၏ဟူ၍။
ဂဏှာတိ၊ ယူ၏။
ဧတေတယော၊ ဤတဏှာ မာန ဒိဋ္ဌိ သုံးပါးတို့သည်။
ပပဉ္စကာ၊ သံသရာကို ချဲ့ထွင်တတ်သော ပပဉ္စတရား မည်ကုန်၏။

အဓိပ္ပါယ်
တဏှာသည် ဤဝတ္ထုကား ငါ့ဥစ္စာဟု တပ်မက်မော၏၊ မာနကလည်း ငါတကားဟု မှတ်ထင်၏၊ ဒိဋ္ဌိကလည်း ငါစိုးပိုင်သော ငါ့ကိုယ်ဟုတ်၏-ဟုယူ၏၊ ဤတရားသုံးပါး တို့သည် သံသရာကို ချဲ့ထွင်တတ်သော ပပဉ္စတရားတို့ မည်ကုန်၏။

၁၄၆ - မမေ တ မဟ မတ္တာတိ
ပပဉ္စာနံ ဝသာနုဂေါ
ဂဏှန္တော ဘဝ ပင်္ကမှိ
နိမ္မုဂ္ဂေါဝ ဘယာနကေ

အနက်
ဧတံ၊ ဤဝတ္ထုကား။
မမ၊ ငါ့ဥစ္စာတည်း။
အဟံ၊ ငါတယောက်တည်း။
အတ္တာ၊ ငါ့ကိုယ်တည်း။
ဣတိ၊ ဤသို့။
ပပဉ္စာနံ၊ ပပဉ္စတရားတို့၏။
ဝသာနုဂေါ၊ အလိုသို့ လိုက်လျက်။
ဂဏှန္တော၊ ယူသောသူသည်။
ဘယာနကေ၊ ကြောက်လန့်ဖွယ်လော။
ဘဝပင်္ကမှိ၊ ဘုံသုံးပါးဟူသောညွှန်၌။
နိမ္မုဂ္ဂေါဝ၊ အမြဲ စင်စစ် နစ်မြုပ်အံ့သည်သာတည်း။

အဓိပ္ပါယ်
ဤဝတ္ထုက“ငါ့ဥစ္စာတည်း၊ ငါတည်း၊ ငါ့ကိုယ်တည်း”ဟု ပပဉ္စတရားတို့၏ အလိုသို့ လိုက်လျက် ယူသော သူသည် ကြောက်လန့်ဖွယ်ရာ ဘုံသုံးပါးဟူသော ညွှန်၌ အမြဲစင်စစ် နစ်မြုပ်အံ့သည်သာတည်း။

၁၄၇ - နမေ နာဟံ နအတ္တာတိ
ဧတေဟိ ဝိဝဒံ ကရေ
ဝိဝဒန္တာဝ မုစ္စန္တိ
ဘဝပင်္ကာ ဘယာနကာ

အနက်
နမေ၊ ငါ့ဥစ္စာမဟုတ်။
နာဟံ၊ ငါမဟုတ်။
နအတ္တာ၊ ငါ့ကိုယ်မဟုတ်။
ဣတိ၊ ဤသို့။
ဧတေဟိ၊ ထိုတဏှာ, မာန, ဒိဋ္ဌိဟူသော ပပဉ္စတရားသုံးပါးတို့နှင့်။
ဝိဝဒံ၊ ငြင်းခုံခြင်းကို။
ကရေ၊ ပြုရာ၏။
ဝိဝဒန္တာဝ၊ ငြင်းခုံသော သူတို့သည်သာလျှင်။
ဘယာနကာ၊ ကြောက်လန့်ဖွယ်သော။
ဘဝပင်္ကာ၊ ဘဝညွှန်ပျောင်းမှ။
မုစ္စန္တိ၊ လွတ်ကုန်၏။

အဓိပ္ပါယ်
“ငါ့ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ့ကိုယ်မဟုတ်” ဟုတဏှာ, မာန, ဒိဋ္ဌိဟူသော ပပဉ္စ တရားတို့နှင့် ငြင်းခုံခြင်းကိုပြုရာ၏၊ ငြင်းခုံသော သူတို့သာလျှင် ကြောက်လန့်ဖွယ်ရာ ဘဝညွှန်ပျောင်းမှ လွတ်နိုင်ကုန်၏။

၁၄၈ - နမေ နာဟံ နအတ္တာတိ
ဒဋ္ဌဗ္ဗန္တိ ဇိနေရိတံ
တထေဝ သဗ္ဗဒါ မညေ
မာ ပပဉ္စ ဝသာနုဂေါ

အနက်
နမေတိ၊ ငါ၏ဥစ္စာမဟုတ်ဟူ၍။
နာဟန္တိ၊ ငါ မဟုတ်ဟူ၍။
နအတ္တာတိ၊ ငါ့ကိုယ်မဟုတ်ဟူ၍။
ဒဋ္ဌဗ္ဗံ၊ သန္နိဋ္ဌာန်ကျ ဧကန္တမှတ်အပ်၏။
ဣတိဇိနေရိတံ၊ ဤသို့ဘုရား ဟောတော်မူအပ်သည်ကို။
တထေဝ၊ ထိုဘုရားဟောတိုင်းသာလျှင်။
သဗ္ဗဒါ၊ အခါခပ်သိမ်း။
မညေ၊ မှတ်ထင်အောက်မေ့ရာ၏။
ပပဉ္စဝသာနုဂေါ၊ ပပဉ္စတရားသုံးပါး အလိုသို့လိုက်၍။
မာမညေ၊ မထင်မှတ်ရာ။

အဓိပ္ပါယ်
ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ့ကိုယ်မဟုတ် ဟူ၍ သန္နိဋ္ဌာန်ကျ မှတ်အပ်၏ဟု ဘုရား ဟောတော်မူသည်ကို ဟောတော်မူတိုင်းသာလျှင် အခါခပ်သိမ်း မှတ်ထင် အောက်မေ့ ရာ၏။ ပပဉ္စတရား သုံးပါးအလိုသို့လိုက်၍ မမှတ်ထင်ရာ။

၁၄၉ - လောကော ဝိဝဒိ ဗုဒ္ဓေန
နလောကေန ကဒါစိသော
အနတ္တာတိ ဇိနုဒ္ဒိဋ္ဌံ
လောကော အတ္တာတိ မညတိ

အနက်
လောကော၊ သတ္တလောကသည်။
ဗုဒ္ဓေန၊ ဘုရားရှင်နှင့်။
ဝိဝဒိ၊ ငြင်းခုံ၏။
သောဗုဒ္ဓါ၊ ထို မြတ်စွာဘုရားသည်။
လောကေန၊ သတ္တလောကနှင့်။
ကဒါစိ၊ တရံတဆစ်မျှ။
န ဝိဝဒိ၊ ငြင်းခုံတော်မမူ။
အနတ္တာတိ၊ အတ္တမဟုတ်ဟူ၍။
ဇိနုဒ္ဒိဋ္ဌံ၊ ဘုရားရှင် ပြတော်မူအပ်သော ခန္ဓာငါးပါးကို။
လောကော၊ သတ္တလောကသည်။
အတ္တာတိ၊ အတ္တဟူ၍။
မညတိ၊ မှတ်ထင်၏။

အဓိပ္ပါယ်
သက္ကဝါ အပေါင်းသည် ဘုရားရှင်နှင့် ငြင်းခုံ၏။ ဘုရားရှင်သည် သတ္တဝါအပေါင်းနှင့် တရံတဆစ်မျှ ငြင်းခုံတော်မမူ၊ အတ္တမဟုတ်မူ၍ ဘုရားရှင် ပြတော်မူသော ခန္ဓာငါးပါးကို သတ္တဝါအပေါင်းသည် အတ္တဟူ၍ မှတ်ထင်၏။

၁၅၀ - မာ လောကေန သမော ဟောတု
တဿမော ကိံ တဒုတ္တရေ
အန္ဓိဘူတော အယံလောကော
သမ္ဗုဒ္ဓဿ ဝိရောဓိကော

အနက်
လောကေန၊ သတ္တလောကနှင့်။
သမော၊ တူသည်။
မာဟေတု၊ မဖြစ်ပါလင့်။
တဿမော၊ ထိုလောကနှင့် တူသောသူသည်။
တံလောကံ၊ ထိုလောကကို။
ကိံ ဥတ္တရေ၊ အဘယ်သို့ လွန်မြောက် နိုင်အံ့နည်း။
အယံလောကော၊ ဤလောကသည်။
အန္ဓိဘူတော၊ ပညာစက္ခုံ မစုံမလင် မပြင်လမ်းပန်း အကန်းအတိသာတည်း။
သမ္ဗုဒ္ဓဿ၊ ဘုရားရှင်နှင့်။
ဝိရောဓိကော၊ ဆန့်ကျင်ဖက် ဖြစ်၏။

အဓိပ္ပါယ်
သတ္တလောကနှင့် မတူပါစေလင့်၊ သတ္တလောကနှင့် တူသောသူသည် ထို သတ္တလောကကို အဘယ်သို့ လွန်မြောက်နိုင်အံ့နည်း၊ ဤလောကသည် အကန်း အတိသာဖြစ်၍ ဘုရားရှင်နှင့် ဆန့်ကျင်ဖက်ဖြစ်၏။

၁၅၁ - သမ္ဗုဒ္ဓဿ ဝသံ နွေတု
သန္ဓျာဒိ ဘယတဇ္ဇိတော
တဗ္ဗသံ ယေဝ အနွေန္တော
ဘဝတိဏ္ဏော ဘဝိဿတိ

အနက်
သန္ဓျာဒိ ဘယတဇ္ဇိတော၊ ပဋိသန္ဓေအစရှိသော ဘေးမှကြောက်သောသူသည်။
သမ္ဗုဒ္ဓဿ၊ ဘုရားရှင်၏။
ဝသံ၊ “နမေ နာဟံ နအတ္တာ”ဟူသော အလိုတော်သို့။
အနွေတု၊ အစဉ်တစိုက် လိုက်ပါလော့။
တဗ္ဗသံယေဝ၊ ထိုဘုရားရှင် အလိုတော်သို့သာလျှင်။
အနွေန္တော၊ အစဉ်တစိုက် လိုက်သောသူသည်။
ဘဝတိဏ္ဏော၊ ဘဝသုံးပါးမှ လွန်မြောက်သည်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။

အဓိပ္ပါယ်
ပဋိသန္ဓေ အစရှိသော ဘေးမှ ကြောက်သော သူသည် “ငါ့ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ့ကိုယ် မဟုတ်” ဟူသော ဘုရားရှင်၏ အလိုသို့ အစဉ်လိုက်ပါလော့၊ ထို ဘုရားရှင်၏ အလိုသို့သာ အစဉ်လိုက်သောသူသည် ဘဝသုံးပါးမှ လွတ်မြောက် နိုင်၏။

၁၅၂ – အနတ္တာတိ ဂိရာ သစ္စာ
အတ္တာတိ ဝစနံ မုသာ
မုသာယ ဝိဝဒေ လောကော
ဗုဒ္ဓေန သစ္စ ဝါဒိနာ

အနက်
အနတ္တာတိဂိရာ၊ အနတ္တ-ဟူသော စကားသည်။
သစ္စာ၊ အမှန်အကန် စကားတည်း။
အတ္တာတိဝစနံ၊ အတ္တ-ဟူသော စကားသည်။
မုသာ၊ ချွတ်ယွင်းသော စကားမည်၏။
လောကော၊ လောကသည်။
မုသာယ၊ အမှန်ကွယ်ဖြုတ် မဟုတ်သောစကားကို ဆိုသဖြင့်။
သစ္စဝါဒိနာ၊ ဟုတ်မှန်သည်ကို ဆိုလေ့ရှိတော်မူသော။
ဗုဒ္ဓေန၊ ဘုရားရှင်နှင့်။
ဝိဝဒေ၊ ငြင်းခုံဘိ၏။

အဓိပ္ပါယ်
အနတ္တ-ဟူသော စကားသည် မှန်ကန်သော စကားဖြစ်၏၊ အတ္တ-ဟူသော စကားသည် ချွတ်ယွင်းသော စကား ဖြစ်၏၊ လူအပေါင်းသည် မမှန်သော မုသား စကားကို ဆိုသဖြင့် မှန်သောစကားကို ဆိုလေ့ရှိသော ဘုရားရှင်နှင့် ငြင်းခုံဘိ၏။

နိဂုံး

၁၅၃ - တုရင်္ဂဝဇဂါမမှာ
ပုရိမေ စမ်းကျ ကာနနေ
ဝသတာ အဂ္ဂဓမ္မေန
ထေရေန ရစိတော အယံ

၁၅၄ - အရိမိတ္တေယျ ဗုဒ္ဓဿ
ဓမ္မ ဿုတက္ခဏေ ဘဝေ
ခီဏာသဝေါ မဟာပညော
ပုညေန တေန သာဝကောတိ

အပ္ပမာဒဝဟ ပကိဏ္ဏကနိဋေ။

အနက်
တုရင်္ဂဝဇဂါမမှာ၊ ခြေလှည်းကုန်သည် အတည်တည် အသီးသီး လှေကြီးဆန်မျှော သင်္ဘောဆိုက်ကပ် အရပ်ရပ် ကုန်သည်တို့ ဖြေရာကုန်ထုပ် တလုတ်တောင်လက် မပျက်စဉ်လာ မြင်းခြံရွာဟု ကျေညာအားလုံး ချီးမဆုံးသည် နိဂုံးဒေသ ရပ်ဂါမမှ။
ပုရိမေ၊ အရှေ့ပါစီ ဒွိသဟဿ ယဋ္ဌိကတာ နှစ်တိုင်ကွာ၌။
စမ်းကျကာနနေ၊ နွားထားလယ်သစ် သစ်ပင်ရှည်တလွယ် ပျော်ဖွယ် သမုံးကိုင်း ရံဆိုင်းဂါမ ထက်ဝန်းခလျက် စမ်းကျစမ်းကျ အနွတ္တသညာ ရှေးဝေါဟာဖြင့် သာယာ သင့်တင့် တောနှင့်ချောင်းနေ ဆောင်းသန်နွေလည်း ထွက်ရေစမ်းသွန် ဆိတ်ငြိမ် လွန်သည့် ထေရ်မွန်သင်္ဃာ ရညဝါတို့ လွယ်ကာရမြောက် ချိုးသောက်စေမှု နတ်ဖန်ပြုသို့ မြတ်ဆုလိုလား ဆောက်လုပ်ထားသည့် တံတား ပြာသာဒ် စရပ် တန်ဆောင်း သိမ်ကျောင်းများစွာ မနာပိယ တောစမ်းကျကျောင်း သာဘိတောင်း၌။
ဝသတာ၊ ရတနာပုဏ္ဏ မဏ္ဍလပြည် နေတည်သာယာ သင်္ဂဇာနှင့် ဝဇီရာရုံ ကျောင်း ရုပ်စုံကို အာရုံမတပ် စွန့်ပစ်ဖြတ်လျက် လာလတ်သဖြင့် နတ်များပင့်သို့ အခန့်သင့်တွေ့ စိတ်ပျော်မွေ့၍ နေလေ့ရှိသော။
အဂ္ဂဓမ္မေန၊ အဂ္ဂဓမ္မာလင်္ကာရ ကဝိဓဇ မဟာဓမ္မ ရာဇာဓိရာဇဂုရု အတုမရှိ သမုတိနတ် မင်းမြတ်ရာဇာ ဆရာပြုလို စိတ်ကြည်ညို၍ ရိုသေလှူဒါန်း အပ်သော တံဆိပ်လဉ္စိ ပညတ္တိဖြင့် နှံ့သိအပ်သော။
ထေရေန၊ ခြောက်ဆယ့်လေးနှစ် လွန်ပြီးဖြစ်၍ ကျန်ရစ်နည်းလှ သေရလုပြီး ကြွေခါနီးသော သစ်သီးပမာ အိုမင်းစွာသော မဟာထေရ်သည်။
အယံဂန္ထော၊ စတုရာရက္ခ နာမပညတ် အနက်နှင့်ပါဌ် အမြတ် အနှစ် ဤကျမ်းသစ်ကို။
ရစိတော၊ ဤသည့်ကျမ်းကို စွဲလမ်းသဖြင့် သံဝေရင့်၍ မသင့်ကိုရှောင် သင့်ရာ ဆောင်လျက် အခေါင်မဂ်ဖိုလ် ရောက်စေလို၍ ကုသိုလ်စိတ်ထား အသင့်အားဖြင့် ရေးသားစီရင်အပ်ပေပြီ။
ဧတေန ပုညေန၊ ဤသို့ယခု ကျမ်းဂန်ပြုသည့် ကောင်းမှု အာသန် ကုသိုလ် ကံကြောင့်။
အရိမိတ္တေယျ ဗုဒ္ဓဿ၊ မိတ်နှင့်ရန်သူ အတူမပြား စီးပွားအောင်စိတ် ဖြစ်သည် ဟိတ်ကြောင့် အရိမိတ္တေး ပြည့်မွှေးသညာ ရတနာပလ္လင် ကန့်ကော်ပင်၌ လေးအင်ဂုဏ်ဖြင့် သစ္စာရင့်၍ ပွင့်တော်မူလတ္တံ့သော အရိမိတ္တေယျ ဘုရားရှင်၏၊
ဓမ္မဿုတက္ခဏေ၊ စတုရာရက္ခ ဓမ္မလေးပါး မြတ်တရားကို နာကြားရသောခဏ၌။
ခီဏာသဝေါ၊ အာသဝေါဃ ဂန္တ ကင်းပျောက် မဂ်ဖိုလ်ရောက်သော။
မဟာပညော၊ ပညာအရာ မဟာဧတဒဂ် ကျူးမြွက်ခံရ ဉာဏ်ကြီးလှသော။
သာဝကော၊ အရိယာ သာဝကသည်။
ဘဝေ-ဘဝေယျံ၊ မချွတ်စင်စစ် ဖြစ်ရလို၏။
ဣတိ၊ ဤသည်လျှင်။
အပ္ပမာဒါဝဟပကိဏ္ဏကနိဒ္ဒေသော၊ မမေ့မလျော့ခြင်းကို ဆောင်ရွက်တတ်သော ပကိဏ္ဏက နိဒ္ဒေသအပြီးတည်း။

စတုရာရက္ခကျမ်း ပြီး၏။

ကာယပစ္စဝေက္ခဏာကျမ်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁ - နာဒိကာလ ဝိပရိတ
ဇန ဘူတတ္ထ ဒဿိနော
ဒါတုမေ ကန္တိကဿာဒံ
သတ္ထု ပါဒေါ တိမာနိတော

အနက်
နာဒိကာလ ဝိပရိတဇန ဘူတတ္ထ ဒဿိနော၊ အစမထင် သံသရာ ကာလပတ်လုံး နိစ္စသုခ အစရှိသည်ဖြင့် ဖောက်ပြန် မှားယွင်းသော သတ္တဝါ အပေါင်းအား အနိစ္စ, ဒုက္ခ အစရှိသော ဟုတ်မှန်တိုင်းသော သဘောအနက်ကို ပြတော်မူပေတတ်သော။
ဧကန္တိကဿာဒံ၊ စင်စစ် ဖြစ်သော မဂ်, ဖိုလ် တည်းဟူသော သက်သာရာကို။
ဒါတု၊ ပေးတော်မူပေတတ်သော။
သတ္ထု၊ မြတ်စွာဘုရား၏။
ပါဒေါ၊ ခြေတော်ကို။
မေ-မယာ၊ အကျွန်ုပ်သည်။
အတိမာနိတော၊ အလွန်မြတ်နိုး ရှိခိုးပါ၏။
အတိမာနိတော၊ အလွန်မြတ်နိုး ရှိခိုးအပ်သော။
သတ္ထု၊ မြတ်စွာဘုရား၏။
ပါဒေါ၊ ခြေထောက်သည်။
ဧကန္တိကဿာဒံ၊ စင်စစ်ဖြစ်သော မဂ် ဖိုလ်ဟူသော သက်သာရာကို။
မေ၊ ငါ့အား။
ဒါတု၊ ပေးတော်မူပါလော့။
[သိလေသနည်း။]

အဓိပ္ပါယ်
အစမထင် သံသရာ ကာလပတ်လုံး နိစ္စ, သုခ-စသည်ဖြင့် ဖောက်ပြန် မှားယွင်းသော သတ္တဝါအပေါင်းအား အနိစ္စ, ဒုက္ခ - စသည်ဖြင့် ဟုတ်မှန်တိုင်းသော သဘောကို ပြတော်မူသည်ဖြစ်၍ စင်စစ်မဂ်, ဖိုလ် တည်းဟူသော သက်သာရာကို ပေးတော်မူ တတ်သော မြတ်စွာဘုရား၏ ခြေတော်အစုံကို အကျွန်ုပ်သည် အလွန်မြတ်နိုး ရှိခိုးပါ၏၊ အလွန်မြတ်နိုး ရှိခိုးအပ်သော မြတ်စွာဘုရား၏ ခြေတော်သည် စင်စစ် မဂ် ဖိုလ် ဟူသော သက်သာရာကို အကျွန်ုပ်အား ပေးတော်မူပါလော့။

၂ - သီသေ ပိလန္ဓိယာ မောဒီ
သမ္ဗုဒ္ဓ စရဏ မ္ဗုဇံ
သာဓု တုဋ္ဌိကရံ ဗြူမိ
သုကာယ ပစ္စဝေက္ခဏံ

အနက်
အာမောဒီသမ္ဗုဒ္ဓစရဏမ္ဗုဇံ၊ ဝေးမင်းလှစွာ စကြဝဠာ အနန္တတိုင် မွှေးကြိုင်သောအား ရနံ့သွားသော ဘုရားရှင်တော်မြတ် တည်းဟူသော ကြာပန်းကို။
သီသေ၊ ဦးထိပ်ထက်၌။
ပိလန္ဓိယ၊ သဒ္ဓါကြည်လင် ပန်ဆင်ရ၍။
အာမောဒီ၊ အလွန်တရာ ဝမ်းမြောက်ဝမ်းသာရှိသော။
အဟံ၊ ငါသည်။
သာဓုတုဋ္ဌိကရံ၊ သူတော်ကောင်းတို့၏ နှစ်သက်ဝမ်းမြောက်ခြင်းကို ပြုတတ်သော။
သုကာယပစ္စဝေက္ခဏံ၊ ကောင်းသော ကာယ ပစ္စဝေက္ခဏာ ကျမ်းကို။
ဗြူမိ၊ မိန့်ဆိုပေအံ့။

အဓိပ္ပါယ်
ဝေးလှစွာသော စကြဝဠာ အနန္တ၌ တိုင်အောင် မွှေးကြိုင်သော မြတ်စွာဘုရား၏ ခြေတော်မြတ် ဟူသော ကြာပန်းကို ပန်ဆင်ရ၍ အလွန်တရာ ဝမ်းမြောက်သော အကျွန်ုပ်သည် သူတော်ကောင်းတို့ နှစ်သက် ဝမ်းမြောက်ခြင်းကို ပြုတတ်သော ကာယပစ္စဝေက္ခဏာကျမ်းကို မိန့်ဆိုပေအံ့။

၃ - ယောနိသော မနသီကတွာ
နာဒါ ဝိရုဒ္ဓ မညိတံ
သာဓဝေါ တ မုဒိက္ခန္တု
မယာပိ မန္ဒဗုဒ္ဓိနော

အနက်
မယာပိ၊ ငါ့အောက်လည်း။
မန္ဒဗုဒ္ဓိနော၊ ပညာနုံ့ကုန်သော။
သာဓဝေါ၊ သူတော်ကောင်းတို့သည်။
ယောနိသော၊ အသင့်အတင့်အားဖြင့်။
မနသီကတွာ၊ နှလုံးပိုက်၍။
ဝိရုဒ္ဓမညိတံ၊ ပါဠိအဋ္ဌကထာနှင့် ဆန့်ကျင်၏ဟု ထင်မှတ်သောအရာကို။
အနာဒါ-အနာဒါယ၊ မမှတ်မယူဘဲ။
တံ၊ ထို ကာယပစ္စဝေက္ခဏာ ကျမ်းကို။
ဥဒိက္ခန္တု၊ အာဒါသတလ ကြေးမုံဝ၌ မုခနိမိတ် မျက်နှာရိပ်သို့ မမှိတ်မသုန် ရှုပါကုန်လော့။

အဓိပ္ပါယ်
ငါ့အောက်ပညာ နုံ့ကုန်သော သူတော်ကောင်းတို့သည် အသင့်အတင့်အားဖြင့် နှလုံးသွင်း၍ ပါဠိအဋ္ဌကထာနှင့် ဆန့်ကျင်၏ဟု မှတ်ထင်သော အရာကို မမှတ် မယူဘဲ ထိုကာယ ပစ္စဝေက္ခဏာကျမ်းကို ကြေးမုံဝမှာ မျက်နှာရိပ်သို့ မမှိတ်မသုန် ရှုပါကုန်လော့။

၄ - ဣစ္ဆိတဗ္ဗာန မာယတ္တာ
တေသဉ္စ စယဘာဝတော
တဒါကာရေန ဝတ္တိတ္တာ
ကာယော ဇေဂုစ္ဆ ပုဉ္ဇကော

အနက်
ဣစ္ဆိတဗ္ဗာနံ၊ စက်ဆုပ်အပ်သော ဆံအစရှိသော ကောဋ္ဌာသတို့၏။
အာယတ္တာ၊ တည်ရာ ဖြစ်သောကြောင့်၎င်း။
တေသံ၊ ထိုဆံအစရှိသော ကောဋ္ဌာသတို့၏။
စယဘာဝတောစ၊ အစုအပေါင်း ဖြစ်သောကြောင့်၎င်း။
တဒါကာရေန၊ ထိုစက်ဆုပ်ဖွယ် အခြင်းအရာဖြင့်။
ဝတ္တိတ္တာစ၊ ဖြစ်ခြင်းကြောင့်၎င်း။
ဇေဂုစ္ဆပုဉ္ဇကော၊ စက်ဆုပ်ဖွယ် အပုံအစုသည်။
ကာယေ၊ ကာယ မည်၏။
ဝါ၊ ကိုယ်မည်၏။

အဓိပ္ပါယ်
စက်ဆုပ်အပ်သော ဆံပင်အစရှိသော ကောဋ္ဌာသတို့၏ တည်ရာ, ထိုဆံပင် အစရှိသော ကောဋ္ဌာသတို့၏ အစုအပေါင်း, ထိုစက်ဆုပ်ဖွယ် အခြင်းအရာဖြင့် ဖြစ်ခြင်းကြောင့် စက်ဆုပ်ဖွယ် အပုံအစုသည် ကိုယ်မည်၏။

၅ - ပုနပ္ပုနံ၀ သြက္ကမ္မ
ဉာဏ မန္တော ပဝေသိယ
ဗာဟိရံဝ အနာလမ္ဗ
ဣက္ခဏာ ပစ္စဝေက္ခဏာ

အနက်
ပုနပ္ပုနံဝ၊ အဖန်တလဲလဲသာလျှင်။
သြက္ကမ္မ၊ သက်ဝင်၍။
ဗာဟိရံဝ၊ အပေါ်ယံသာ သုတ်လိမ်းကာသော အရေပါး ဝတ်စား တန်းဆာ နံ့သာ, ပန်းမာလ် အစရှိသည်ကို။
အနာလမ္ဗ၊ မမက်မစုံ အာရုံမပြုဘဲ။
ဉာဏံ၊ ဉာဏ်ကို။
အန္တောပဝေသိယ၊ အရေထူအတွင်း ဝင်အောင်သွင်း၍။
ဣက္ခဏာ၊ မြတ်ခြင်း ရှုခြင်းသည်။
ပစ္စဝေက္ခဏာ၊ ပစ္စဝေက္ခဏာ မည်၏။

အဓိပ္ပါယ်
အဖန်တလဲလဲ သက်ဝင်၍ အပေါ်ယံ သုတ်လိမ်းထားသော အရေပါး, ဝတ်စား တန်းဆာ, နံ့သာ ပန်းမာလ် စသည်ကို အာရုံမပြုဘဲ ဉာဏ်ကို အရေထူအတွင်း ဝင်အောင် သွင်း၍ မှတ်ရှုခြင်းသည် ပစ္စဝေက္ခဏာ မည်၏။

၆ - မံသစ္ဆန္န ဋ္ဌိရူပေဝ
မနောဇ ဝါယု စာလိတေ
နာရီ ဂတာတိ ယာစိန္တာ
နေ၀ သာပစ္စဝေက္ခဏာ

အနက်
မံသစ္ဆန္နဋ္ဌိရူပေဝ၊ အသားဖုံးအုပ် အရိုးရုပ် သည်သာလျှင်။
မနောဇ ဝါယုစာလိတေ၊ စိတ္တဇ ဝါယောဓာတ်ကြောင့် လှုပ်ရှားသည်ရှိသော်။
နာရီ၊ မိန်းမသည်။
ဂတာ၊ သွား၏။
ဣတိ၊ ဤသို့။
ယာစိန္တာ၊ အကြင်ကြံခြင်းသည်။
အတ္ထိ၊ ရှိ၏။
သာစိန္တာ၊ ထိုကြံခြင်းသည်။
နေဝပစ္စဝေက္ခဏာ၊ ပစ္စဝေက္ခဏာ မဟုတ်သည်သာလျှင်တည်း။

အဓိပ္ပါယ်
အသားဖုံးအုပ်သည့် အရိုးရုပ် သည်သာလျှင် စိတ္တဇ ဝါယောဓါတ်ကြောင့် လှုပ်ရှား သည်ရှိသော် မိန်းမသွား၏ ဟု ကြံစည်ခြင်းသည် ပစ္စဝေက္ခဏာ မဟုတ်သည်သာ တည်း။

၇ - သညာဒိဋ္ဌိစ စိတ္တဉ္စ
ဝိပလ္လာသာ ဣမေတယော
တဒါကာရေန ဝတ္တန္တိ
အဝိဇ္ဇော တ္ထရိတာ ဘုသံ

အနက်
သညာ၊ သညာဝိပလ္လာသ၎င်း။
ဒိဋ္ဌိစ၊ ဒိဋ္ဌိဝိပလ္လာသ၎င်း။
စိတ္တဉ္စ၊ စိတ္တဝိပလ္လာသ၎င်း။
ဣတိ၊ ဤသို့။
တယော၊ သုံးပါးကုန်သော။
ဣမေ ဝိပလ္လာသာ၊ ဤ ဝိပလ္လာသတို့သည်။
ဘုသံ၊ ပြင်းစွာ။
အဝိဇ္ဇောတ္ထရိတာ၊ အဝိဇ္ဇာသည် ဖုံးလွှမ်းအပ်ကုန် သည်ဖြစ်၍။
တဒါကာရေန၊ ထိုမိန်းမသွား၏ အစရှိသော အခြင်းအရာဖြင့်။
ဝတ္တန္တိ၊ ဖြစ်ကုန်၏။

အဓိပ္ပါယ်
သညာဝိပလ္လာသ, ဒိဋ္ဌိဝိပလ္လာသ, စိတ္တဝိပလ္လာသ သုံးပါးတို့သည် ပြင်းစွာ အဝိဇ္ဇာ ဖုံးလွှမ်းအပ်သည်ဖြစ်၍ မိန်းမသွား၏-အစရှိသော အခြင်းအရာအားဖြင့် ဖြစ်ကုန်၏။

၈ - အာသာ ဝိပရိတေ ယေသံ
ဝိပလ္လာသာတိ တေမတာ
အာသာ အာသိသနာ ဝုတ္တာ
တဏှာယေဝ သဘာဝတော

အနက်
ယေသံဓမ္မာနံ၊ အကြင်တရားတို့အား။
ဝိပရိတေ၊ မဟုတ်မမှန် ဖောက်ပြန်သောအာရုံ၌။
အာသာ၊ အလိုဆန္ဒ တောင့်တခြင်းသည်။
အတ္ထိ၊ ရှိ၏။
ဣတိ-တသ္မာ၊ ထို့ ကြောင့်။
တေဓမ္မာ၊ ထိုတရားတို့ကို။
ဝိပလ္လာသာတိ၊ ဝိပလ္လာသတို့ဟူ၍။
မတာ၊ ဆိုအပ်ကုန်၏။
အာသိသနာ၊ တောင့်တခြင်းကို။
အာသာ၊ အာသာ ဟူ၍။
ဝုတ္တာ၊ ဆိုအပ်၏။
သဘာဝတော၊ တရားကိုယ် သဘောအားဖြင့်။
တဏှာယေ၀ ၊ တဏှာသာတည်း။

အဓိပ္ပါယ်
မဟုတ်မမှန် ဖောက်ပြန်သောအာရုံ၌ အလိုဆန္ဒ တောင့်တခြင်းရှိသော တရားတို့ကို ဝိပလ္လာသတို့ဟူ၍ သိအပ်ကုန်၏၊ တောင့်တခြင်းကို အာသာ-ဟူ၍ ဆိုအပ်၏၊ တရားကိုယ် သဘောအားဖြင့် တဏှာသာတည်း။

၉ - အသုဘေဝ သုဘမိတိ
အနိစ္စေဧဝ နိစ္စတော
ဒုက္ခေယေဝ သုခံဝါတိ
အနတ္တနိဝ အတ္တတော

၁၀ - သညာဏံ ဒဿနံ စိန္တာ
ဒွါဒသာ ကာရတော တယော
ဒိဋ္ဌိယော စာဒိ မဂ္ဂေန
သေသာ သေသေဟိ ဝဇ္ဈိတာ

အနက်
အသုဘေဝ၊ အသုဘသာဖြစ်သော ခန္ဓာငါးပါး၌။
သုဘမိတိ၊ သုဘဟူ၍။
သညာဏံ၊ မှတ်ထင်ခြင်း၎င်း။
ဒဿနံ၊ မြင်ခြင်း၎င်း။
စိန္တာ၊ ကြံခြင်း၎င်း။
အနိစ္စေဧဝ၊ အနိစ္စသာဖြစ်သော ခန္ဓာငါးပါး၌။
နိစ္စတော၊ နိစ္စဟူ၍။
သညာဏံ၊ မှတ်ထင်ခြင်း၎င်း။
ဒဿနံ၊ မြင်ခြင်း၎င်း။
စိန္တာ၊ ကြံခြင်း၎င်း။
ဒုက္ခေယေဝ၊ ဒုက္ခသာ ဖြစ်သော ခန္ဓာငါးပါး၌။
သုခံဝါတိ၊ သုခဟူ၍။
သညာဏံ၊ မှတ်ထင်ခြင်း၎င်း။
ဒဿနံ၊ မြင်ခြင်း၎င်း။
စိန္တာ၊ ကြံခြင်း၎င်း။
အနတ္တနိဝ၊ အနတ္တသာဖြစ်သောခန္ဓာငါးပါး၌။
အတ္တတော၊ အတ္တဟူ၍။
သညာဏံ၊ မှတ်ထင်ခြင်း၎င်း။
ဒဿနံ၊ မြင်ခြင်း၎င်း။
စိန္တာ၊ ကြံခြင်း၎င်း။
ဣတိ၊ ဤသ္မိံ။
တယော၊ သုံးပါးသော ဝိပလ္လာသတို့ သည်။
အာကာရတော၊ အခြင်းအရာအားဖြင့်။
ဒွါဒသ၊ ၁၂- ပါး ရှိသည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဒိဋ္ဌိယော၊ ဒိဋ္ဌိဝိပလ္လာသ လေးပါးတို့ကို၎င်း။
၊ အနိစ္စ၌ နိစ္စဟူ၍-အနတ္တ၌ အတ္တ ဟူ၍ဖြစ်သော သညာဝိပလ္လာသ နှစ်ပါး စိတ္တဝိပလ္လာသ နှစ်ပါးတို့ကို၎င်း။
အာဒိမဂ္ဂေန၊ သောတာပတ္တိမဂ်ဖြင့်။
ဝဇ္ဈိတာ၊ သတ်အပ်ကုန်၏။
သေသာ၊ ကြွင်းကျန်သော အသုဘ၌ သုဘဟူ၍ဖြစ်သော သညာဝိပလ္လာသ, စိတ္တဝိပလ္လာသ နှစ်ပါး၊ ဒုက္ခ၌ သုခဟူ၍ဖြစ်သော သညာဝိပလ္လာသ စိတ္တဝိပလ္လာသ နှစ်ပါးတို့ကို။
သေသေဟိ၊ ကြွင်းသော အနာဂါမိမဂ် အရဟတ္တမဂ်တို့ဖြင့်။
ဝဇ္ဈိတာ၊ အစဉ်အတိုင်း သတ်အပ်ကုန်၏။
[ဝိသုဒ္ဓိမဂ်နှင့်ညီအောင် ယောဇနာသည်။ ]

အဓိပ္ပါယ်
အသုဘသာဖြစ်သော ခန္ဓာာငါးပါး၌ သုဘဟူ၍ ထင်, မြင်, ကြံစည်ခြင်း၊
အနိစ္စဖြစ်သော ခန္ဓာငါးပါး၌ နိစ္စဟူ၍ ထင်, မြင်, ကြံစည်ခြင်း၊
ဒုက္ခဖြစ်သော ခန္ဓာငါးပါး၌ သုခဟူ၍ ထင်, မြင်, ကြံစည်ခြင်း၊
အနတ္တဖြစ်သော ခန္ဓာငါးပါး၌ အတ္တဟူ၍ ထင် မြင်, ကြံစည်ခြင်း
ဟု ဆိုအပ်သော ဝိပလ္လာသသုံးပါးတို့သည် အခြင်းအရာအားဖြင့် ၁၂ - ပါးဖြစ်ကုန်၏။
ဒိဋ္ဌိဝိပလ္လာသ လေးပါး အနိစ္စ၌ နိစ္စ - အနတ္တ၌ အတ္တ ဟူ၍ဖြစ်သော သညာ ဝိပလ္လာသ နှစ်ပါးနှင့် စိတ္တဝိပလ္လာသ နှစ်ပါးတို့ကို သောတပတ္တိမဂ်ဖြင့် သတ်အပ် ကုန်၏၊
ကြွင်းသောအသုဘ၌ သုဘဟူ၍ဖြစ်သော သညာဝိပလ္လာသ စိဝိပလ္လာသ နှစ်ပါး၊ ဒုက္ခ၌ သုခဟူ၍ဖြစ်သော သညာဝိပလ္လာသ, စိတ္တဝိပလ္လာသ နှစ်ပါးတို့ကို ကြွင်းသော အနာဂါမိမဂ်, အရဟတ္တမဂ်နှစ်ပါးတို့ဖြင့် အစဉ်အတိုင်း သတ်အပ်ကုန်၏။

၁၁ - တဏှာ တဿိ မမေတန္တိ
မာနော မညိ အဟန္တိစ
ပဿိ ဒိဋ္ဌိစ အတ္တာတိ
ပပဉ္စာ နာမိမေ တယော

အနက်
တဏှာ၊ တဏှာသည်။
ဧတံ၊ ဤဝတ္ထုကာမသည်။
မမ၊ ငါ့ဟာ,ငါ့ဥစ္စာတည်း။
ဣတိ၊ ဤသို့။
တဿိ၊ တပ်မက်မော၏။
မာနောစ၊ မာနကလည်း။
အဟန္တိ၊ ငါတကားဟူ၍။
မညိ၊ မှတ်ထင်၏။
ဒိဋ္ဌိစ၊ ဒိဋ္ဌိကလည်း။
အတ္တာတိ၊ ကိုယ်ဟုတ်၏ ဟူ၍။
ပဿိ၊ မြင်၏။
ဣမေတယော၊ ဤတဏှာ , မာန, ဒိဋ္ဌိ သုံးပါး တို့သည်။
ပပဉ္စာနာမ၊ ပပဉ္စတရား မည်ကုန်၏။

အဓိပ္ပါယ်
တဏှာသည် ဤဝတ္ထုကာမသည် ငါ့ဟာ ငါ့ဥစ္စာတည်း-ဟု တပ်မက်မော၏။ မာနကလည်း ငါတကားဟု မှတ်၏။ ဒိဋ္ဌိကလည်း ကိုယ်ဟုတ်၏ဟု မြင်၏၊ ဤတရား သုံးပါးတို့သည် သံသရာချဲ့တတ်သော ပပဉ္စတရား မည်ကုန်၏။

၁၂ - ပပဉ္စယန္တိ သံသာရံ
တသ္မာ ပပဉ္စနာမကာ
ဘဝယန္တေ ပယောဇေန္တာ
မောက္ခံ နာဒံသု တေ စိရံ

အနက်
ယေဓမ္မာ၊ အကြင် တရားတို့သည်။
သံသာရံ၊ သံသရာကို။
ပပဉ္စယန္တိ၊ ချဲ့ထွင်တတ်ကုန်၏။
တသ္မာ၊ ထို့ကြောင့်။
ပပဉ္စနာမကာ၊ ပပဉ္ဇအမည်ရှိကုန်၏။
တေ၊ ထိုပပဉ္စတရား သုံးပါးတို့သည်။
ဘဝယန္တေ၊ စက်ဘုံသုံးပါး ယန္တရား၌။
ပယောဇေန္တာ၊ တပ်ယှဉ်ကုန်လျက်။
စိရံ၊ ကြာမြင့်စွာ။
မောက္ခံ၊ လွတ်ခွင့်ကို။
နာဒံသု၊ မပေးကုန်။

အဓိပ္ပါယ်
သံသရာကို ချဲ့ထွင်တတ်သော ပပဉ္စ အမည်ရှိသော တရားသုံးပါးတို့သည် ဘဝစက် ယန္တရား၌ တပ်ယှဉ်ကုန်လျက် ကြာမြင့်စွာ လွတ်ခွင့်ကို မပေးကြကုန်။

၁၃ - ဘဝပင်္ကေ နိမုဇ္ဇန္တာ
ပပဉ္စာနံ ဝသာနုဂါ
စိရဿံ ဒုက္ခိတာ ဟောန္တိ
အာရာ နိဗ္ဗာနတော တိဝ

အနက်
ပပဉ္စာနံ၊ ပပဉ္စတရားတို့၏။
ဝသာနုဂါ၊ အလိုသို့ လိုက်သောသူတို့သည်။
ဘဝပင်္ကေ၊ ဘုံသုံးပါးဟူသော ရွှံ့ညွှန်ပျောင်း၌။
နိမုဇ္ဇန္တာ၊ စုံးစုံးနှစ်ကုန်သည်ဖြစ်၍။
စိရဿံ၊ ကြာမြင့်ရှည်စွာ။
ဒုက္ခိတာ၊ ဆင်းရဲရောက်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
နိဗ္ဗာနတော၊ နိဗ္ဗာန်မှ။
အတိဝ၊ လွန်စွာသာလျှင်။
အာရာ၊ ဝေးစွာကုန်၏။

အဓိပ္ပါယ်
ပပဉ္စတရားတို့၏ အလိုသို့ လိုက်သော သူတို့သည် ဘုံသုံးပါး တည်းဟူသော ညွှန်ပျောင်း၌ နစ်မြုပ်ကုန်လျက် ကြာမြင့်စွာ ဆင်းရဲခြင်းသို့ ရောက်ကုန်၏၊ နိဗ္ဗာန်မှ အလွန် ဝေးကုန်သည်သာတည်း။

၁၄ - နမေ နာဟံ နအတ္တာတိ
ဧတေဟိ ဝိဝဒံ ကရေ
ဘဏ္ဍန္တာ ဝိဝဒန္တာ တေ
နိဗ္ဗာနတော အဒူရိနော

အနက်
နမေ၊ ငါ၏ဥစ္စာ ငါ့ဟာမဟုတ်။
နှာဟံ၊ ငါတကားမဟုတ်။
န အတ္တာ၊ ငါ့ကိုယ်မဟုတ်။
ဣတိ၊ ဤသို့။
ဧတေဟိ၊ ထိုပပဉ္စတရားတို့နှင့်။
ဝိဝဒံ၊ ငြင်းခုံခြင်းကို။
ကရေ၊ ပြုရာ၏။
ဘဏ္ဍန္တာ၊ ပပဉ္စတရားတို့နှင့် ရန်ဖြစ်ကုန်သော။
ဝိဝဒန္တာ၊ ငြင်းခုံကုန်သော။
တေ၊ ထိုသူတို့သည်။
နိဗ္ဗာနတော၊ နိဗ္ဗာန်။
အဒူရိနော၊ မဝေးကွာကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

အဓိပ္ပါယ်
ငါ့ဟာမဟုတ်, ငါမဟုတ်, ငါ့ကိုယ်မဟုတ်-ဟု ထိုပပဉ္စတရား သုံးပါးတို့နှင့် ငြင်းခုံခြင်းကို ပြုရာ၏၊ ပပဉ္စတရားတို့နှင့် ခိုက်ရန်ငြင်းခုံ ကုန်သော သူတို့သည် နိဗ္ဗာန်မှမဝေးကုန် သည်သာတည်း။

၁၅ - ဝိပလ္လာသေ ပပဉ္စေစ
ဒွေပိဧတေ ပဟာတဝေ
သောပစ္စဝေက္ခိတဗ္ဗေ ဝံ
ကာယော ဇေဂုစ္ဆပုဉ္ဇကော

အနက်
ဝိပလ္လာသေ၊ ဝိပလ္လာသ သုံးပါးတို့ကို၎င်း။
ပပဉ္စေစ၊ ပပဉ္စတရား သုံးပါးတို့ကို၎င်း။
ဧတေဒွေပိ၊ ဤနှစ်ပါးတို့ကိုလည်း။
ပဟာတဝေ၊ ပယ်ခြင်းငှါ။
ဇေဂုစ္ဆပုဉ္ဇကော၊ စက်ဆုပ်ဖွယ် အပုံအစုဖြစ်သော။
သော ကာယော၊ ထိုကိုယ်ကို။
ဧဝံ၊ ဤဆိုလတ္တံ့သော နည်းအားဖြင့်။
ပစ္စဝေက္ခိတဗ္ဗော၊ ဆင်ခြင်အပ်၏။

အဓိပ္ပါယ်
ဝိပလ္လာသတရားသုံးပါး, ပပဉ္စတရားသုံးပါး တို့ကို ပယ်ရှားခြင်းငှါ စက်ဆုပ်ဖွယ် အပုံအစုဖြစ်သော ဤခန္ဓာကိုယ်ကို ဤဆိုလတ္တံ့သောနည်းဖြင့် ဆင်ခြင်အပ်၏။

၁၆ - ကေသာ လောမာ နခါ ဒန္တာ
တဏှာယာပိစ ဂေါစရာ
တသ္မာ တေ ဒဋ္ဌုကာမေန
တဏှာ နိဝါရိတာ သဒါ

အနက်
ကေသာ၊ ဆံတို့သည်၎င်း။
လောမာ၊ အမွေးတို့သည်၎င်း။
နခါ၊ ခြေသည်း လက်သည်း တို့သည်၎င်း။
ဒန္တာ၊ သွားတို့သည်၎င်း။
တဏှာယာပိစ၊ တဏှာ၏လည်း။
ဂေါစရာ၊ ကျက်စားရာ အာရုံတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တသ္မာ၊ ထို့ကြောင့်။
တေ၊ ထိုလေးပါးသော ကောဋ္ဌာသတို့ကို။
ဒဋ္ဌုကာမေန၊ ကမ္မဋ္ဌာန်း ရှုလိုသောသူသည်။
တဏှာ၊ တပ်မက်မောသောတဏှာကို။
သဒါ၊ အခါခပ်သိမ်း။
နိဝါရိတာ၊ တားမြစ်အပ်၏။

အဓိပ္ပါယ်
ဆံပင်, မွေးညှင်း, ခြေသည်း လက်သည်း, သွား-တို့သည် တဏှာ၏ ကျက်စားရာ အာရုံဖြစ်ကုန်သောကြောင့် ထိုလေးပါးသော ကောဋ္ဌာသတို့ကို ကမ္မဋ္ဌာန်း ရှုလိုသော သူသည် တပ်မက်မောတတ်သော တဏှာကို အခါခပ်သိမ်း တားမြစ်အပ်၏။

၁၇ - လဂ္ဂိကာ ဆဝိယံ ယေဝ
တဏှာ ဗာဟိရဂေါစရာ
တသ္မာ ဧတ္ထ တစောဝါဟ
သမ္ဗုဒ္ဓေါ န ဗဟိစ္ဆဝိံ

အနက်
ဗာဟိရဂေါစရာ၊ အပ၌သာ ကျက်စားခြင်း ရှိသော။
တဏှာ၊ တဏှာသည်။
ဆဝိယံယေဝ၊ အပေါ်ယံ အရေပါး၌သာလျှင်။
လဂ္ဂိကာ၊ ငြိကပ်တတ်၏။
တသ္မာ၊ ထို့ကြောင့်။
သမ္ဗုဒ္ဓေါ၊ ဘုရားရှင်သည်။
ဧတ္ထ၊ ဤဒွတ္တိံသာကာရ အရာ၌။
တစောဝ၊ အရေထူကိုသာ။
အာဟ၊ ဟောတော်မူ၏။
ဗဟိစ္ဆဝိံ၊ အပေါ်ယံအရေပါးကို။
န အာဟ၊ ဟောတော်မမူ။

အဓိပ္ပါယ်
အပြင်အပ၌သာ ကျက်စားခြင်းရှိသော တဏှာသည် အပေါ်ယံ အရေပါး၌သာ ငြိကပ် တွယ်တာတတ်သောကြောင့် ဘုရားရှင်သည် ဤဒွတ္တိံသကာရ အရာ၌ အရေထူ ကိုသာ ဟောတော်မူ၍ အပေါ်ယံအရေပါးကို ဟောတော်မမူချေ။

၁၈ - ဧသာ တစပရိယန္တ
ပဒေနာပိ နိဝါရိတာ
အတော ဆဝိ မနာလမ္ဗ
တစသီဝ မနေကရေ

အနက်
တစပရိယန္တပဒေနာပိ၊ တစပရိယန္တ-ဟူသော ပုဒ်ဖြင့်လည်း။
ဧသာဆဝိ၊ ဤအရေပါးကို။
နိဝါရိတာ၊ တားမြစ်တော်မူ၏။
အတော၊ ထို့ကြောင့်။
ဆဝိံ၊ အပေါ်ယံ အရေပါးကို။
မနာလမ္ဗ၊ အာရုံမပြုဘဲ။
တစသီဝ၊ အရေထူ ၌သာလျှင်။
မနေကရေ၊ နှလုံးသွင်းရာ၏။

အဓိပ္ပါယ်
တစ-အဆုံးရှိသော ပုဒ်ဖြင့်လည်း ဤအရေပါးကို တားမြစ်တော်မူသောကြောင့် အပေါ်ယံ အရေပါးကို အာရုံ မပြုဘဲ အရေထူ၌သာ နှလုံးသွင်းရာ၏။

၁၉ - ဇိဂုစ္ဆိတာနိ ဆာဒေတိ
အဋ္ဌိ မံသ တစာဒိနိ
ဉာဏေန ဆိန္ဒိ တဗ္ဗာစ
တသ္မာ ဆဝီ တိ ဝုစ္စတိ

အနက်
ဇိဂုစ္ဆိတာနိ၊ စက်ဆုပ်ဖွယ် ဖြစ်ကုန်သော။
အဋ္ဌိ မံသ တစာဒိနိ၊ အရိုး အသား အရေထူ အစရှိသည်တို့ကို။
ဆာဒေတိ၊ ဖုံးလွှမ်းတတ်၏။
၊ ကတ္တုသာဓ်မှတပါး ကမ္မသာဓ်ကို ဆိုဦးအံ့။
ယာဆဝိ၊ အကြင် အရေပါးကို။
ဉာဏေန၊ ဝိပဿနာဉာဏ်ဖြင့်။
ဆိန္ဒိ တဗ္ဗာ၊ ဖြတ်ဖောက်အပ်၏။
တသ္မာ၊ ထို့ကြောင့်။
သာဆဝိ၊ ထိုအရေပါးကို။
ဆဝီတိ၊ ဆဝိဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။

အဓိပ္ပါယ်
စက်ဆုပ်ဖွယ် ကောင်းသော အရိုး, အသား, အရေထူ စသည်တို့ကို ဖုံးလွှမ်းတတ်၍ ဝိပဿနာဉာဏ်ဖြင့် ဖြတ်ဖောက်အပ်သောကြောင့် ထိုအရေပါးကို ဆဝိ - ဟု ဆိုအပ်၏။

၂၀ - ဆဝိံ ဆေတွာ တစံ ပဿေ
တံ ဆေတွာ မံသကာဒယော
ဂဗ္ဘေ ဝတ္ထူနိ ဒီပေန
ယထာ ပညာပဒီပိကော

အနက်

ဂဗ္ဘေ၊ အလွန် မှောင်မိုက် အိမ်ခန်းတိုက်၌။
ဝတ္ထူနိ၊ အထည်အလိပ် အစရှိသော ဝတ္ထုတို့ကို။
ဒီပေန၊ ဆီမီးဖြင့်။
ပဿယာ၊ ရှာရာသကဲ့သို့။
ပညာပဒီပိကော၊ ပညာဆီမီး ထွန်းညီးလျှံထက် လက်စွဲလျက် ရှိသည် ဖြစ်၍။
ဆဝိံ၊ အရေပါးကို။
ဆေတွာ၊ ဖြတ်ဖောက်၍။
တစံ၊ အရေထူကို။
ပဿေ၊ ရှုရာ၏။
တံတစံ၊ ထိုအရေထူကို။
ဆေတွာ၊ ဖြတ်၍။
မံသကာဒယော၊ အသား အစရှိသည်တို့ကို။
ပဿေ၊ ရှုရာ၏။

အဓိပ္ပါယ်

အလွန် မှောင်မိုက်သော အိမ်တိုက်ခန်း၌ အထည်အလိပ်- အစရှိသော ဝတ္ထုတို့ကို ဆီမီးရောင်ဖြင့် ကြည့်ရှုရာ သကဲ့သို့ ပညာဆီမီးရောင်ကို လက်ကိုင်ပြုလျက် အရေပါးးကို ဖြတ်ဖောက်၍အရေထူကို ရှုရာ၏၊ အရေထူကို ဖြတ်ဖောက်၍ အသား အစရှိသည်ကို ရှုရာ၏။

၂၁ - ဇေဂုစ္ဆော ဆဝိယာ ကာယော
အသုဘာဝ သုဘာယတေ
နိစ္ဆဝီ တစမတ္တေန
ကထံ သုဘာယတေ အယံ

အနက်

ဇေဂုစ္ဆော၊ စက်ဆုပ်ဖွယ်ရှိသော။
ကာယော၊ ကိုယ်သည်။
အသုဘောဝ၊ အသုဘအစစ် ဖြစ်လျက်သာလျှင်။
ဆပိယာ၊ အရေပါးဖြင့်။
သုဘာယတေ၊ သုဘအယောင် အဟန်ဆောင်၏။
နိစ္ဆဝီ၊ အရေပါးကွာသော။
ဝါ၊ အရေပါး မရှိသော။
အယံကာယော၊ ဤကိုယ်သည်။
တစမတ္တေန၊ အဆင်းဖြူဖြူ အရေထူ ရှိကာမျှဖြင့်။
ကထံ သုဘာယတေ၊ အဘယ်မှာ သုဘအယောင် ဆောင်နိုင်အံ့နည်း။

အဓိပ္ပါယ်

စက်ဆုပ်ဖွယ်ကောင်းသော ခန္ဓာကိုယ်သည် အသုဘအစစ် ဖြစ်ပါလျက် အရေပါးဖြင့် သုဘအယောင် အဟန်ဆောင်၏၊ ဤခန္ဓာကိုယ်သည် အရေပါးမရှိဘဲ အဆင်းဖြူဖြူ အရေထူ ရှိကာမျှဖြင့် အဘယ်မှာ သုဘအယောင် ဆောင်နိုင်အံ့နည်း၊

၂၂ - နှာရုဗန္ဓော ဋ္ဌိသင်္ဃာတော
မံသလောဟိ တ လိမ္ပိတော
ဆဝိယာဝ ဝိမောဟေတိ
တစစ္ဆန္နော ဣမံ ပဒံ

အနက်

မံသလောဟိတ လိမ္ပိတော၊ အသား အသွေးဖြင့် လိမ်းကျံအပ်သော။
တစစ္ဆန္နော၊ အရေထူဖုံးအုပ်လျက်ဖြစ်သော။
နှာရုဗန္ဓော၊ အကြောဖြင့် ဖွဲ့ယှက်အပ်သော။
အဋ္ဌိသင်္ဃာတော၊ အရိုးဆက်သည်။
ဆဝိယာဝ၊ အပေါ်ယံအရေပါးဖြင့်သာလျှင်။
ဣမံ ပဇံ၊ ဤသတ္တဝါအပေါင်းကို။
ဝိမောဟေတိ၊ မိုက်မဲစေ၏။

အဓိပ္ပါယ်

အသား, အသွေးတို့ဖြင့် လိမ်းကျံအပ်သည် ဖြစ်၍ အရေထူဖုံးအုပ်လျက် အကြော တို့ဖြင့် ဖွဲ့ယှက်အပ်သော အရိုးဆက်သည် အပေါ်ယံ အရေပါးဖြင့်သာလျှင် ဤ သတ္တဝါအပေါင်းကို မိုက်မဲစေ၏။

၂၃ - ဝဏ္ဏ သဏ္ဌာန တောစေဝ
ဂန္ဓော ကာသာ သယေဟိစ
ဇေဂုစ္ဆာ ပဋိကုလျာစ
ကေသာနာမ န မေပိယာ

အနက်

ကေသာနာမ၊ ဆံတို့မည်သည်ကား။
ဝဏ္ဏ သဏ္ဌာန တောစေဝ၊ မည်းနက်သောအဆင်း, လျှော်မျှင် ကဲ့သို့သော သဏ္ဌာန်ဖြင့်၎င်း။
ဂန္ဓော ကာသာ သယေဟိစ၊ ညှော်စော်အနံ့, ဦးခေါင်း ခွံဟူသောတည်ရာ, သလိပ် သည်းခြေ အစရှိသော ဖြစ်ကြောင်းတို့ဖြင့်၎င်း။
ဇေဂုစ္ဆာစ၊ စက်ဆုပ်ဖွယ် ရှိကုန်သည်၎င်း။
ပဋိကုလျာစ၊ ရွံရှာဖွယ် ရှိကုန်သည်၎င်း။
ဟောန္တိ၊ ဖြစ်ကုန်၏။
မေ-မယာ၊ ငါသည်။
နပိယာ၊ မချစ်အပ်ကုန်။

အဓိပ္ပါယ်

ဆံပင်တို့ မည်သည်ကား မည်းနက်သော အဆင်း လျှော်မျှင်ကဲ့သို့သော သဏ္ဌာန်, ညှော်စော်အနံ့ ဦးခေါင်းခွံ - ဟူသောတည်ရာ, သလိပ်-သည်းခြေ - အစရှိသော ဖြစ်ကြောင်းတို့ဖြင့် စက်ဆုပ်စရာ ရွံစရာဖြစ်ကုန်၏၊ ချစ်မြတ်နိုးဖွယ် မရှိကုန်။

၂၄ - ဧကေကံ မနသီကတွာ
နယေ နိစ္စေဝ မာဒိနာ
ဘာဝေတဗ္ဗာ သမာရမ္ဘ
ယထာပညာယတေ တထာ

အနက်

ဣစ္စေဝမာဒိနာ၊ ဤသို့ အစရှိသော။
နယေန၊ နည်းဖြင့်။
ဧကေကံ၊ “ကေသာလောမာနခါ” အစရှိသော တခုစီ တခုစီကို။
မနသီကတွာ၊ နှလုံးသွင်း၍။
ယထာ၊ အကြောင်းအခြင်းအရာဖြင့်။
ဘာဝိတဗ္ဗေ၊ ပွားအပ်သည်ရှိသော်။
ကောဋ္ဌာသော၊ ဆံအစရှိသော ကောဋ္ဌာသသည်။
ပညာယတေ၊ ထင်၏။
တထာ၊ ထိုအခြင်းအရာဖြင့်။
သမာရမ္ဘ၊ ကောင်းစွာအားထုတ်၍။
ဘာဝေတဗ္ဗာ၊ ပွားအပ်ကုန်၏။

အဓိပ္ပါယ်

ဤသို့ အစရှိသောနည်းဖြင့် ဆံပင် မွေးညှင်း အစရှိသော တခုတခုစီကို နှလုံးသွင်း၍ ကောင်းစွာ ထင်မြင်နိုင်လောက်အောင်သော အခြင်းအရာအားဖြင့် ပွားအပ်ကုန်၏။

၂၅ - ပူရိတံ မတ္ထလုင်္ဂဿ
သီသဋ္ဌိပိ ဇိဂုစ္ဆိတံ
မုခ နာသက္ခိ ကဏ္ဏာဒိ
ဆိဒ္ဒါ ဝဆိဒ္ဒ ဒုဒ္ဒသံ

အနက်

မတ္ထလုင်္ဂဿ၊ ဦးနှောက်ဖြင့်။
ပူရိတံ၊ ပြည့်သော။
မုခ နာသက္ခိ ကဏ္ဏာဒိ ဆိဒ္ဒါ ဝဆိဒ္ဒ ဒုဒ္ဒသံ၊ ခံတွင်းပေါက် နှာခေါင်းပေါက်, မျက်ကွင်းပေါက်, နားပေါက် အစရှိသော အပေါက်ပေါက် အတွင်းတွင်း တို့ဖြင့် အမြင် မကောင်းသော။
သီသဋ္ဌိပိ၊ ဦးခေါင်းရိုးသည်လည်း။
ဇိဂုစ္ဆိတံ၊ စက်ဆုပ်ဖွယ်ရှိ၏။

အဓိပ္ပါယ်

ဦးနှောက်ဖြင့် ပြည့်လျက် ခံတွင်းပေါက်, နှာခေါင်းပေါက် မျက်ကွင်းပေါက် နားပေါက် အစရှိသော အပေါက် အမျိုးမျိုးတို့ဖြင့် အမြင်မကောင်းသော ဦးခေါင်းရိုးသည် စက်ဆုပ်စရာ ဖြစ်၏။

၂၆ - ပူတိ ဝါယု ဝိစရိတ
ကုစ္ဆိဋ္ဌန္တာနိ လောဟိတံ
ပိတ္တံ သေမှဉ္စ ပပ္ဖာသံ
ဟဒယံ ယကနမ္ပိ ဓီ

အနက်

ပူတိဝါယု ဝိစရိတကုစ္ဆိဋ္ဌန္တာနိ၊ လေပုပ်တို့ လှည့်လည်ရာ ဝမ်း၌တည်သော အူသိမ်, အူမတို့သည်၎င်း။
လောဟိတံ၊ ရင်၌စု၍တည်သောသွေး , ကိုယ်အလုံးကို ပျံ့သောသွေးသည်၎င်း။
ပိတ္တံ၊ ရင်၌တည်သော သည်းခြေ, တကိုယ်လုံးကို နှံ့သော သည်းခြေသည်၎င်း။
သေမှဉ္စ၊ ချွဲခန်းသလိပ်သည်၎င်း။
ပပ္ဖာသံ၊ အဆုတ်သည်၎င်း။
ဟဒယံ၊ နှလုံးသည်၎င်း။
ယကနမ္ပိ၊ အသည်းသည်၎င်း။
မီ၊ စက်ဆုပ်ဖွယ်ရှိ၏။

အဓိပ္ပါယ်

လေပုပ်တို့ လှည့်လည်ရာ ဝမ်း၌တည်သော အူသိမ်-အူမ, ရင်၌ စု၍တည်သော သွေးနှင့် ကိုယ်အလုံးကို ပျံ့သောသွေး, ရင်၌တည်သော သည်းခြေနှင့် တကိုယ်လုံးကိုနှံ့သော သည်းခြေ, ခွဲခန်းသလိပ် အဆုတ် နှလုံး အသည်း တို့သည် စက်ဆုပ်စရာ ရွံစရာ ဖြစ်ကုန်၏။

၂၇ - အန္န ပါနံ မနုညမ္ပိ
ခေဠ တိန္တ မဓောပရိ
ဒန္တေဟိ ပိသိတံ သွာန
ဝမထူဝ ဇိဂုစ္ဆိတံ

အနက်

အန္နပါနံ၊ ထမင်းဟင်းလျာ, အဖျော်ယမကာသည်။
မနုညမ္ပိ၊ ဆီများစိုရွှဲ အမဲ ဝက်သားနှင့်တကွ စိတ်ကစုံမက် နှစ်သက်ဖွယ် ဖြစ်သော်လည်း။
ခေဠ တိန္တံ၊ တံထွေးချွဲခန်းဖြင့် ရောပြွမ်းစိုစေလျက်။
အဓောပရိဒန္တေဟိ၊ ကြိတ်ဆုံ-အောက်သွား ကျည်ပွေ့အလား - အထက်သွားတို့ဖြင့်။
ပိသိကံ၊ ညက်ညက် ကြေအောင် ကြိတ်ဝါးအပ်သည်ဖြစ်၍။
သွာနဝမထူဝ၊ ခွေးအန်ဖတ် စသည်ကဲ့သို့။
ဇိဂုစ္ဆိတံ၊ စက်ဆုပ်ရွံရှာဖွယ်ရှိ၏။

[ဤဂါထာဖြင့် အာဟာရေပဋိကူလသညာကိုလည်းပြသည်။ ]

အဓိပ္ပါယ်

ထမင်း ဟင်းလျာ, အဖျော်ယာမကာသည် စိတ်ကစုံမက် နှစ်သက်ဖွယ် ဖြစ်သော်လည်း တံထွေးချွဲခန်းဖြင့် ရောပြွမ်း စွတ်စိုစေလျက် အောက်သွား, အထက်သွားတို့ဖြင့် ညက်ညက်ကြေအောင် ကြိတ်ဝါးအပ်သည်ဖြစ်၍ ခွေးအန်ဖတ် ပမာ စက်ဆုပ်စရာ ရွံစရာဖြစ်၏။

၂၈ - ယာဝတာယု အဓောတေဝါ
မာသယေ ဂိလိတံ ဌိတံ
ကိမိကူလ သမာကိဏ္ဏေ
တဟိမေဝါ သိတာသိတံ

၂၉ - ဧတံ ဥဒရိယံ နာမ
တမှာ ပက္ကာသယံ ဂတံ
ဒိနစ္စယေ ကရီသန္တံ
သာ သယံ တံဒွယမ္ပိ ဓီ

အနက်

ဂိလိတံ၊ မျိုအပ်သောအစာသည်။
ယာဝတာယု၊ အသက်ထက်ဆုံး။
အဓောတေဝ၊ မဆေးကြောဘူးသည် သာလျှင်ဖြစ်သော။
ကိမိကူလ သမာကိဏ္ဏေ၊ ပိုးမျိုးရှစ်ဆယ်တို့ဖြင့် ပြွမ်းသော။
အမာသယေ၊ အစာသစ်အိမ်၌။
ဌိတံ၊ တည်၏။
အသိတာသိတံ-အသိတံ အသိတံ၊ စားစားသမျှ အစာသည်။
တဟိမေဝ၊ ထိုအစာသစ်အိမ်၌သာလျှင်။
ဌိတံ၊ ထပ်ကာထပ်ကတည်၏။
ဧတံ၊ ဤကျင်ကြီးမဖြစ် မျိုသစ်စဖြစ်သော အစာသည်။
ဥဒရိယံ နာမ၊ ဥဒရိယမည်၏။
ဝါ၊ အစာသစ်မည်၏။
ဒိနစ္စယေ၊ စား၍ တနေ့လွန်သောအခါ၌။
ဝါ၊ လွန်သည်ရှိသော်။
တမှာ၊ ထိုအစာသစ်အိမ်မှ။
ပက္ကာသယံ၊ အစာကျက်အိမ်သို့။
ဂတံ၊ ရောက်သော။
တံ၊ ထိုအစာဟောင်းသည်။
ကရီသံ၊ ကရီသ မည်၏။
ဝါ၊ ကျင်ကြီးမည်၏။
သာသယံ၊ တည်ရာအိမ်နှင့် တကွ။
တံဒွယမ္ပိ၊ ထိုအစာသစ် အစာဟောင်း နှစ်ခုအပေါင်းသည်လည်း။
ဓီ၊ စက်ဆုပ် ရွံရှာဖွယ်သာတည်း။

အဓိပ္ပါယ်

မျိုအပ်သော အစာသည် တသက်လုံး တခါမျှမဆေးဘူးသည့် ပိုးမျိုးရှစ်ဆယ်တို့ဖြင့် ရောပြွမ်းသော အစာသစ်အိမ်၌ တည်၏၊ စားးစားသမျှ အစာသည် ထိုအစာသစ် အိမ်၌သာ ထပ်ကာထပ်ကာ တည်၏၊ ဤ မျိုချခါစဖြစ်သော အစာသည် အစာသစ် မည်၏၊ စား၍ တနေ့ လွန်ပြီးနောက် အစာသစ်အိမ်မှ အစာကျက်အိမ်သို့ ရောက်သော အစာဟောင်းသည် ကျင်ကြီး မည်၏၊ တည်နေရာအိမ်နှင့်တကွ အစာသစ်, အစာဟောင်း နှစ်ခု အပေါင်းသည် စက်ဆုပ်စရာ ရွံစရာဖြစ်သည် သာတည်း။

၃၀ - ပကာသေတွာ ပဝေသေတိ
အန္နပါနံ မဟာရဟံ
ပဋိစ္ဆန္နော နိဟရတိ
တမေဝ န္တော ဌိတံ ဇနော

အနက်

ဇနော၊ လူအပေါင်းသည်။
မဟာရဟံ၊ မြတ်သောသူကို ပူဇော်ခြင်းငှါ ထိုက်တန်သော။
အန္နပါနံ၊ ကောင်းစွာ ချက်ကြော် မွှေးဖျော်ကြိုင်သင်း ထမင်းဟင်းကို။
ပကာသေတွာ၊ လူမြင်သူမြင် ထင်စွာပြ၍။
ပဝေသေတိ၊ မိမိဝမ်းတွင်း စားသွတ်သွင်း၏။
အန္တောဌိတံ၊ ဝမ်းတွင်း၌တည်သော။
တမေဝ၊ ထိုစားပြီးသော အစာကိုသာလျှင်။
ပဋိစ္ဆန္နော၊ အိမ်သာတိုက်ခေါင်း ချုံပိတ်ပေါင်း၌ နေအောင်း ဖုံးလွှမ်းလျက်။
နိဟရတိ၊ ပြင်ပသို့ ထုတ်၏။

အဓိပ္ပါယ်

လူအပေါင်းသည် မြတ်သောသူတို့ကို ပူဇော်ခြင်းငှါ ထိုက်တန်သော ကောင်းစွာ ချက်ပြုတ်အပ်သည့် ထမင်းဟင်းကို လူမြင် သူမြင် ထင်စွာပြ၍ မိမိဝမ်းတွင်းသို့ သွင်း၏၊ စသွင်းပြီး၍ ဝမ်းတွင်း၌ တည်သော အစာကိုမူကား အိမ်သာ, ချုံပိတ်ပေါင်း၌ ပုန်းအောင်း ဖုံးလွှမ်းလျက် အပြင်ပသို့ ထုတ်ရ၏။

၃၁ - ပဝေသေ တံ ပရိဝုတော
နိဟရေကော ရဟော လိနော
မနုညံ၀ ပဝီသန္တေ
နိက္ခမန္တေ ဇိဂုစ္ဆိတံ

အနက်

တံအာဟာရံ၊ ထိုအစာကို။
ပရိဝုတော၊ ဝန်းကျင်များစွာ ခြံရံကာလျက်။
ပဝေသေ၊ သွင်း၏။
ဧကော၊ တယောက်ထည်းတည်း။
ရဟော၊ ဆိတ်ကွယ်ရာ၌။
လိနော၊ ပုန်းအောင်းလျက်။
နိဟရေ၊ ထုတ်၏။
ပဝီသန္တေ၊ သွင်းသောအခါ၌။
မနုညံဝ၊ နှစ်သက်ဖွယ်ရှိသည် သာလျှင်တည်း။
နိက္ခမန္တေ၊ ထွက်သည် ရှိသည်။
ဇိဂုစ္ဆိတံ၊ စက်ဆုပ်ဖွယ်ဖြစ်၏။

အဓိပ္ပါယ်

ထိုအစာကို အပေါင်းအဖော် ခြံရံလျက် သွင်းပြီးလျှင် တယောက်ထည်းတည်း ဆိတ်ကွယ်ရာ၌ ပုန်းအောင်းလျက် ထုတ်ရ၏၊ သွင်းသောအခါ နှစ်သက်ဖွယ်ရှိ၍ ထွက်သောအခါ စက်ဆုပ်စရာ ရွံစရာဖြစ်၏။

၃၂ - ဇေဂုစ္ဆ ပဋိကူလျာနိ
မံသနှာရု တစဋ္ဌိနိ
နပိယာနိ န တုဋ္ဌာနိ
နေဝဣတ္ထီ နပူရိသော

အနက်

မံသနှာရုတစဋ္ဌိနိ၊ အသား အကြော အရေ အရိုးတို့သည်။
ဇေဂုစ္ဆ ပဋိကူလျာနိ၊ စက်ဆုပ်ဖွယ် ရွံရှာဖွယ် တို့သာတည်း။
နပိယာနိ၊ ချစ်အပ်သည်မဟုတ်ကုန်။
န တုဋ္ဌာနိ၊ နှစ်သက်အပ်သည် မဟုတ်ကုန်။
နေဝဣတ္ထီ၊ မိန်းမမဟုတ်။
နပူရိသော၊ ယောကျ်ားမဟုတ်။

အဓိပ္ပါယ်

အသား, အကြော, အရေ, အရိုးတို့သည် စက်ဆုပ်စရာ ရွံစရာ ဖြစ်ကုန်၏၊ ချစ်ခင် မြတ်နိုးအပ်သည် မဟုတ်ကုန်၊ မိန်းမလည်း မဟုတ်၊ ယောက်ျားလည်း မဟုတ်ကုန်။

၃၃ - ဟတ္ထ ပါဒ မုခါဒီနိ
နတ္ထညာနိ ဇိဂုစ္ဆိတာ
တထာ ကုမာရိကာ ကညာ
မောဟေန အတ္ထိသညိတာ

အနက်

ဇိဂုစ္ဆိတာ၊ စက်ဆုပ် ရွံရှာဖွယ်ဖြစ်သော ဒွတ္တိံသအစုမှ။
အညာနိ၊ တပါးကုန်သော။
ဟတ္ထ ပါဒ မုခါဒီနိ၊ လက်, ခြေ မျက်နှာ အစရှိသည်တို့သည်။
နတ္ထိ-နသန္တိ၊ မရှိကုန်။
တထာ၊ ထို့အတူ။
ဇိဂုစ္ဆိတာ၊ စက်ဆုပ် ရွံရှာဖွယ် ဖြစ်သော အသား အကြော, အရေ, အရိုးမှ။
အညာ၊ တပါးသော။
ကုမာရိကာ၊ ကုမာရီသည်၎င်း။
ကညာ၊ ကညာသည်၎င်း။
နတ္ထိ၊ မရှိ။
မောဟေန၊ အဝိဇ္ဇာ မောဟကြောင့်။
အတ္ထိသညိတာ၊ မရှိသည်ကို အရှိ မှတ်ထင်ကုန်၏။

အဓိပ္ပါယ်

စက်ဆုပ် ရွံရှာဖွယ်ဖြစ်သည့် ဒွတ္တိံသအစုမှ တပါးသော လက်, ခြေ, မျက်နှာ-စသည်တို့ မရှိကုန်၊ ထို့အတူ စက်ဆုပ် ရွံရှာဖွယ်ဖြစ်သည့် အသား, အကြော, အရေ, အရိုးမှ တပါးသော ဆဲ့နှစ်နှစ်အရွယ် မိန်းမငယ်, ဆဲ့ခြောက်နှစ် အရွယ် အပျိုမယ် တို့လည်း မရှိကုန်၊ အဝိဇ္ဇာ မောဟကြောင့် မရှိသည်ကို ရှိသည်ဟု မှတ်ထင် ကြကုန်၏။

၃၄ - ပစ္စေကံ ဝိနိဘုတ္တေသု
ကေသ လောမ နခါ ဒိသု
နတ္ထိကညာ ကုမာရီဝါ
သမ္ပိဏ္ဍိတေသု သာ ကုတော

အနက်

ကေသလောမနခါဒိသု၊ ဆံပင်, မွေးညှင်း, ခြေသည်း, လက်သည်းအစရှိသည်တို့ကို။
ပစ္စေကံ၊ တခုစီတခုစီ။
ဝိနိဘုတ္တေသု၊ ခွဲခြမ်း ဝေဘန် အပ်ကုန်သည်ရှိသော်။
ကညာ၊ ကညာသည်၎င်း။
ကုမာရီဝါ၊ ကုမာရီသည်၎င်း။
နတ္ထိ၊ မရှိ။
သမ္ပိဏ္ဍိတေသု၊ ပေါင်းစုအပ်ကုန်သည်ရှိသော်။
သာ၊ ထိုကညာ, ကုမာရီသည်။
ကုတော အာဂတော၊ အဘယ်မှလာသနည်း။

အဓိပ္ပါယ်

ဆံပင်, မွေးညှင်း, ခြေသည်း လက်သည်း အစရှိသည်တို့ကို တခုစီ တခုစီ ခွဲခြမ်း ဝေဘန်အပ်ကုန်သည်ရှိသော် မိန်းမပျို, မိန်းမငယ်တို့ မရှိကုန်ဘဲလျက် ပေါင်းစု အပ်ကုန်သည်ရှိသော် ထိုမိန်းမပျို, မိန်းမငယ်သည် အဘယ်မှလာသနည်း၊

၃၅ - အာကာသောယေဝ ကာယာချော
တစာဒိ ပရိဝါရိတော
တထာသီသံ မုခံဟတ္ထော
ပါဒေါရု ကဋိအာဒယော

အနက်

တစာဒိပရိဝါရိတော၊ အရေ,အသား အစရှိသည်ဖြင့် ခြံရံအပ်သော။
အာကာသောယေဝ၊ ကောင်းကင်ကိုသာလျှင်။
ကာယာချော၊ ကိုယ်ဟုဆိုအပ်၏။
သီသံ၊ ဦးခေါင်းသည်၎င်း။
မုခံ၊ မျက်နှာသည်၎င်း။
ဟတ္ထော၊ လက်သည်၎င်း။
ပါဒေါရုကဋိအာဒယော၊ ပေါင် ခါး အစရှိသည်တို့သည်၎င်း။
တထာ၊ ထို့အတူ။
တစာဒိပရိဝါရိတော၊ အရေ, အသား အစရှိသည်တို့ဖြင့် ခြံရံအပ်သော။
အာကာသောယေဝ၊ ကောင်းကင်သာလျှင်တည်း။

အဓိပ္ပါယ်

အရေ, အသား စသည်တို့ဖြင့် ခြံရံအပ်သော ကောင်းကင်ကိုသာလျှင် ကိုယ်ဟု ဆိုအပ်၏၊ ထို့အတူ ဦးခေါင်း မျက်နှာ, လက်, ခြေ, ပေါင်, ခါး စသည်တို့သည်လည်း အရေ, အသား စသည်တို့ဖြင့် ခြံရံအပ်သော ကောင်းကင်သာလျှင်တည်း။

၃၆ - ထမ္ဘာဒီသွိဝ ဟောတိ
ပိဏ္ဍိတေ သွေသု သမ္မုတိ
ကာယောတိ ဣတ္ထိပေါသောတိ
သံမုဠှော တာယရဇ္ဇတိ

အနက်

ထမ္ဘာဒီသု၊ သည်တိုင် အစရှိသည်တို့ကို။
ပိဏ္ဍိတေသု၊ ပေါင်းအပ်ကုန်သည်ရှိသော်။
ဂေဟောတိ၊ အိမ်ဟူ၍။
သမ္မုတိ၊ သမုတ်ပညတ်ခြင်းသည်။
ဟောတိဣဝ၊ ဖြစ်သကဲ့သို့။
ဧသု၊ ထိုအရေ အသား အကြော ကိုယ်တို့ကို။
ပိဏ္ဍိတေသု၊ ပေါင်းအပ်ကုန်သည်ရှိသော်။
ကာယောတိ၊ ကိုယ်ဟူ၍။
ဣတ္ထိပေါသောတိ၊ မိန်းမ, ယောက်ျားဟူ၍။
သမ္မုတိ၊ သမုတ်ပညတ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
သံမုဠှော၊ မောဟ တွေဝေသည်ဖြစ်၍။
တာယသမ္မုတိယာ၊ ထိုသမုတ်ပညတ် ခေါ်အပ်သော မိန်းမ ယောက်ျား ကိုယ်၌။
ရဇ္ဇတိ၊ တပ်မက်မော၏။

အဓိပ္ပါယ်

တိုင်-စသည်တို့ကို ပေါင်းစုအပ် ကုန်သည်ရှိသော် အိမ်ဟူ၍ ခေါ်ဝေါ်ပညတ်သကဲ့သို့ အရေ အသား အကြော တို့ကို ပေါင်းစုအပ်ကုန်သည်ရှိသော ကိုယ်, မိန်းမ, ယောက်ျားဟူ၍ ခေါ်ဝေါ်ပညတ်၏၊ မိုက်မဲ တွေဝေသည်ဖြစ်၍ ထိုခေါ်ဝေါ် ပညတ် အပ်သော မိန်းမ ယောက်ျားကိုယ်၌ တပ်မက်မော၏။

၃၇ - သန္တံ စိန္တေယျ နာသန္တံ
သန္တံ စိန္တယတော သုခံ
အသန္တံ အနုစိန္တေန္တော
နာနာဒုက္ခေဟိ တပ္ပတိ

အနက်

သန္တံ၊ ထင်ရှားရှိသော အရေ, အသား, အကြော, အရိုးကို။
စိန္တေယျ၊ ကြံရာ၏။
အသန္တံ၊ ထင်ရှားမရှိသော မိန်းမ, ယောက်ျား, ကိုယ်ကို။
နစိန္တေယျ၊ မကြံရာ။
သန္တံ၊ ထင်ရှားရှိသော အရေ, အသား, အကြော, အရိုးကို။
စိန္တယတော၊ ကြံသူအား။
သုခံ၊ ချမ်းသာ၏။
အသန္တံ၊ ထင်ရှားမရှိ သမ္မုတိဖြစ်သော မိန်းမ ယောက်ျားကိုယ်ကို။
အနုစိန္တေန္တော၊ အဖန်တလဲလဲ ကြံအောက်မေ့သောသူသည်။
နာနာဒုက္ခေဟိ၊ အထူးထူးသော ဆင်းရဲတို့ ဖြင့်။
တပ္ပတိ၊ ပူလောင်၏။

အဓိပ္ပါယ်

ထင်ရှားရှိသော အရေ, အသား, အကြော, အရိုးကို ကြံစည်ရာ၏၊ ထင်ရှားမရှိသော မိန်းမ, ယောက်ျား, ကိုယ်ကို မကြံစည်ရာ၊ ထင်ရှားရှိသော အရေ, အသား, အကြော, အရိုးကို ကြံသောသူမှာ ချမ်းသာ၏၊ ထင်ရှားမရှိ သမ္မုတိဖြစ်သော မိန်းမ, ယောကျ်ား ကိုယ်ကို အဖန်တလဲလဲ ကြံသောသူသည် အထူးထူးသော ဆင်းရဲတို့ဖြင့် ပူပန်ရ၏။

၃၈ - ဇဝတျာ ဝိဇ္ဇမာနေဝ
နာဝိဇ္ဇာ ဝိဇ္ဇမာနကေ
တသ္မာတံနာမကော မောဟော
တဏှာပိစ တဒနွိတာ

အနက်

အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။
အဝိဇ္ဇမာနေဝ၊ ထင်ရှားမရှိသော မိန်းမ ယောက်ျား ကိုယ်၌သာလျှင်။
ဇဝတိ၊ စော၏။
ဝါ၊ ပြေးသွား၏။
ဝိဇ္ဇမာနက၊ ထင်ရှားရှိသော အရေ, အသား, အကြော, အရိုး၌။
ဝါ၊ ထင်ရှားရှိသော ခန္ဓာငါးပါး၌။
နဇဝတိ၊ မစော။
ဝါ၊ မပြေးသွား။
တသ္မာ၊ ထိုထင်ရှားမရှိသည့်၌သာလျှင် ပြေးသွား မက်မောစေတတ်သောကြာင့်။
မောဟော၊ မောဟသည်။
တံနာမကော၊ ထိုအဝိဇ္ဇာအမည်ရှိ၏။
တဏှာပိစ၊ တဏှာသည်လည်း။
တဒနွိတာ၊ ထိုအဝိဇ္ဇာသို့အစဉ်လိုက်၏။

အဓိပ္ပါယ်

အဝိဇ္ဇာသည် ထင်ရှားမရှိသော မိန်းမ ယောက်ျား ကိုယ်၌သာ ပြေးသွား မက်မောတတ်၏၊ ထင်ရှားရှိသော အရေ, အသား, အကြော, အရိုး၌ မပြေးသွား မမက်မောတတ်ချေ၊ ထိုကြောင့် မိုက်မဲတွေဝေမှု မောဟသည် အဝိဇ္ဇာမည်၏၊ တဏှာသည်လည်း အဝိဇ္ဇာနောက်သို့ အစဉ်လိုက်၏။

၃၉ - ပုံကာယောဝါထီကာယောဝါ
မလာသုစိဇိဂုစ္ဆိတော
တဿမံ နတ္ထိဂါရယှံ
ယွာမလမ္ပိ မလံကရေ

အနက်

ပုံကာယောဝါ၊ ယောက်ျားကိုယ်သည်၎င်း။
ထီကာယောဝါ၊ မိန်းမကိုယ်သည်၎င်း။
မလာသုစိဇိဂုစ္ဆိတော၊ အညစ်အကြေး မစင်မကြယ် စက်ဆုပ်ဖွယ်သာတည်း။
ယောကာယော၊ အကြင်ကိုယ်သည်။
အမလမ္ပိ၊ အညစ်အကြေးမတင် သန့်ရှင်းစင်သော ဝတ္ထုကိုလည်း။
မလံ၊ အညစ်အကြေးကို။
ဝါ၊ အညစ်အကြေးဖြစ်အောင်။
ကရေ၊ ပြု၏။
တဿမံ၊ ထိုကိုယ်နှင့်တူသော။
ဂါရယှံ ကဲ့ရဲ့အပ်သောဝတ္ထုသည်။
နတ္ထိ၊ မရှိ။

အဓိပ္ပါယ်

ယောက်ျားကိုယ်ဖြစ်စေ, မိန်းမကိုယ်ဖြစ်စေ မစင်အညစ်အကြေးတို့ဖြင့် စက်ဆုပ်ရွံရှာ ဖွယ်သာတည်း၊ ခန္ဓာကိုယ်သည် သန့်ရှင်စင်ကြယ်သော ဝတ္ထုကိုလည်း အညစ် အကြေး ဖြစ်အောင် ပြုတတ်သဖြင့် ထိုကိုယ်နှင့်တူသော ကဲ့ရဲ့ဖွယ်ဝတ္ထု မရှိချေ။

၄၀- နတ္ထိ ကာယသမောဝေရီ
မဟာနတ္ထကရော စိရံ
နတ္ထိ ကာယသမော ဝေဉ္စာ
အသုဘောဝ သုဘာယတေ

အနက်

ကာယသမော၊ ကိုယ်နှင့်တူသော။
ဝေရီ၊ ရန်သူသည်။
နတ္ထိ၊ မရှိ။
စိရံ၊ ကြာမြင့်စွာ။
မဟာနတ္ထကရော၊ များစွာ အကျိုးမဲ့ကို ပြုတတ်၏။
ကာယသမော၊ ကိုယ်နှင့်တူသောာ။
ဝေဉ္စာ၊ လှည့်ပတ် လိမ်လည်တတ်သော သူသည်။
နတ္ထိ၊ မရှိ။
အသုဘေဝ၊ အသုဘဖြစ်လျက်သာလျှင်။
သုဘာယတေ၊ သုဘအယောင် ဟိတ်ဟန်ဆောင်၏။

အဓိပ္ပါယ်

ကိုယ်နှင့် တူသော ရန်သူမရှိ၊ ကိုယ်သည် ကြာမြင့်စွာ များစွာသော အကျိုးမဲ့ကို ပြုတတ်၏၊ ကိုယ်နှင့်တူသည့် လှည့်ပတ် လိမ်လည်တတ်သူ မရှိ၊ အသုဘဖြစ်လျက် သုဘအယောင် ဟိတ်ဟန်ဆောင်၏။

၄၁ - ထီပုံ သပရကာယောတိ
ပဿတိပိ နပဿတိ
ဇေဂုစ္ဆ ပဋိကုလျောတိ
သမ္မာ ပဿတိ ပဿတိ

အနက်

ထီပုံ သပရကာယောတိ၊ မိန်းမကိုယ် ယောကျ်ားကိုယ် ငါ့ကိုယ် သူတပါးကိုယ်ဟူ၍။
ပဿတိပိ၊ မြင်သော်လည်း။
သမ္မာ၊ ကောင်းစွာ။
နပဿတိ၊ မြင်သည်မမည်။
ဇေဂုစ္ဆ ပဋိကုလျောတိ၊ စက်ဆုပ်ရွံရှာဖွယ်ဟူ၍။
ပဿတိ၊ မြင်သည်ရှိသော်။
သမ္မာ၊ ကောင်းစွာ။
ပဿတိ၊ မြင်သည်မည်၏။

အဓိပ္ပါယ်

မိန်းမကိုယ် ယောက်ျားကိုယ်, ငါ့ကိုယ် သူ့ကိုယ် ဟူ၍ မြင်သော်လည်း ကောင်းစွာ မြင်သည်မမည်၊ စက်ဆုပ် ရွံရှာဖွယ်ဟူ၍ မြင်သည်ရှိသော် ကောင်းစွာမြင်သည် မည်၏။

၄၂ - သုဘောသုဘောတိ မညန္တာ
မီတိ ဓီတိ ဇိနေရိတေ
လောကာလောကာ နဓီယေသံ
ဘဝါ ဘဝါ ဝစာရိနော

အနက်

ယေသံ၊ အကြင်သူတို့အား။
လောကာလောကာ၊ လောကကို ထွန်းလင်း၍ ပြတတ်သော။
မီ၊ အသုဘ ဝိပဿနာပညာသည်။
နအတ္ထိ၊ မရှိ။
တေ၊ ထိုသူတို့သည်။
မီတိဓီတိ ဇိနေရိတေ၊ စက်ဆုပ်ဖွယ်သာ - စက်ဆုပ်ဖွယ်သာ ဟူ၍ ဘုရားရှင် ဟောတော်မူအပ်သော ကိုယ်၌။
သုဘောသုဘောတိ၊ တင့်တယ်စွ - တင့်တယ်စွ ဟူ၍။
မညန္တာ၊ မှတ်ထင်ကုန်လျက်။
ဘဝါဘဝါဝစာရိနော၊ ဘဝကြီးငယ်၌သာ ကျင်လည်ကြရကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

အဓိပ္ပါယ်

လောကကို ထွန်းလင်း၍ပြတတ်သော အသုဘဝိပဿနာ ပညာမရှိသော သူတို့သည် စက်ဆုပ်ဖွယ်သာ - စက်ဆုပ်ဖွယ်သာဟု ဘုရားရှင် ဟောတော်မူအပ်သော ကိုယ်၌ တင့်တယ်လေစွ - တင့်တယ်လေစွဟု မှတ်ထင်ကြကုန်လျက် ဘဝကြီးငယ်၌သာ ကျင်လည်ကြရကုန်၏။

၄၃ - ဘိယျော ဘိယျောဝ ရာဂဂ္ဂိ
သုဘော သုဘောတိ ပဿတော
မန္ဒော မန္ဒောဝ သောအဂ္ဂိ
ဓီဝဓီဝဝိပဿတော

အနက်

သုဘောသုဘောတိ၊ တင့်တယ်စွ-တင့်တယ်စွ ။
ပဿတော၊ ရှုသောသူအား။
ရာဂဂ္ဂိ၊ ရာဂမီးသည်။
ဘိယျော ဘိယျောဝ၊ လွန်စွာလွန်စွာသာလျှင်။
ဟောတိ၊ ဖြစ်၏။
ဓီဝဓီဝဝိပဿတော၊ စက်ဆုပ်ဖွယ်သာ - စက်ဆုပ်ဖွယ်သာ ဟူ၍ အထူးရှုသော သူအား။
သောအဂ္ဂိ၊ ထိုရာဂမီးသည်။
မန္ဒော မန္ဒောဝ၊ အားနည်းစွာ - အားနည်းစွာသာဖြစ်၏။

အဓိပ္ပါယ်

တင့်တယ်လေစွ - တင့်တယ်လေစွဟု ရှုသောသူအား ရာဂမီးသည် အတိုင်းထက် အလွန်ဖြစ်၏၊ စက်ဆုပ်ဖွယ်သာ - စက်ဆုပ်ဖွယ်သာဟု အထူးရှုသော သူအား ထို ရာဂမီးသည် အားနည်းစွာ - အားနည်းစွာသာ ဖြစ်၏။

၄၄ - ဗဟုဿုတောပိ ဗာလောဝ
အသုဘေ သုဘမညကော
အသုဘောတိ ဝိပဿန္တော
အပ္ပဿုတောပိပဏ္ဍိတော

အနက်

အသုဘေ၊ သုံးဆဲ့နှစ်ခု ရွံဖွယ်စု၍ အသုဘဖြစ်သောကိုယ်၌။
သုဘမညကော၊ တင့်တယ်လှပ ကောင်းလေစွဟု သုဘထင်မှတ် မြတ်နိုးတတ်သော သူသည်။
ဗဟုဿုတောပိ၊ ပိဋကတ်ဗေဒင် လုံးစုံသင်၍ အကြားအမြင် များပြားသော်လည်း။
ဗာလောဝ၊ ဗာလဟူထိုက် လူမိုက်စင်စစ် ဖြစ်သည်သာတည်း။
အသုဘေ၊ သုံးဆဲ့နှစ်ခု ရွံဖွယ်စု၍ အသုဘဖြစ်သောကိုယ်၌။
အသုဘောတိ၊ စက်ဆုပ်ရွံ့ဖွယ် မတင့်တယ်ဟူ၍။
ဝိပဿန္တော၊ ဝိဿနာ ပညာစက္ခု အထူးရှုသောသူသည်။
အပ္ပဿုတောပိ၊ အနည်းငယ်မျှ ရှုနည်းကျအောင် ကြားမြင်ရခြင်း ရှိသော်လည်း။
ပဏ္ဍိတော၊ ပဏ္ဍိ-တဆူ ဟူပေထိုက်၏။

အဓိပ္ပါယ်

အသုဘ ဖြစ်သောကိုယ်၌ လှပတင့်တယ် နှစ်သက်ဖွယ်ဟု မှတ်ထင်မှု ရှိသော သူသည် အကြားအမြင် များပါသော်လည်း လူမိုက်စင်စစ် ဖြစ်သည်သာတည်း။ အသုဘ ဖြစ်သော ကိုယ်၌ မတင့်မတယ် စက်ဆုပ်ဖွယ်ဟု အထူးရှုသော သူသည် အကြားအမြင် နည်းပါးသော်လည်း ပညာရှိ ခေါ်ထိုက်ပေ၏။

၄၅ - ယောစ သိပ္ပါနိ ဇာနေယျ
သတာနိ သဟဿာနိပိ
ကာယေကဇာနနံ သေယျော
ယဉ္စေ အည ဝိဇာနနံ

အနက်

ယောစ၊ အကြင်သူသည်ကား။
သတာနိပိ၊ အရာမကသည်လည်း ဖြစ်ကုန်သော။
သဟဿာနိပိ၊ အထောင်မကသည်လည်း ဖြစ်ကုန်သော။
သိပ္ပါနိပိ၊ အသက်မွေးကြောင်း အတတ်ကောင်းတို့ကို။
ဇာနေယျ၊ တတ်သိငြားအံ့။
တတော၊ ထိုအတတ် အရာအထောင်မက တတ်သိသောထက်။
ကာယေကဇာနနံ၊ ကိုယ်တခုကို အသုဘဟု မုချတိတိ သိမြင်ခြင်းသည်။
သေယျော၊ သံသရာဝဋ် ဘေးကင်းလွတ်၍ မြတ်ထွဋ်စွာ၏။
အညဝိဇာနနံ၊ အသုဘမှ တပါးသော အတတ်ကို တတ်သိခြင်းသည်။
ယဉ္စေ၊ မမြတ်ထွဋ်။

အဓိပ္ပါယ်

အရာအထောင် မကသော အသက်မွေးဝမ်းကြောင်း အတတ်ကောင်းတို့ကို တတ်သိ လိမ္မာသောသူထက် ကိုယ်တခုကို အသုဘဟု မုချတိတိ သိမြင်ခြင်းသည် သံသရာ ဝဋ်မှ ကင်းလွတ်ကြောင်းဖြစ်၍ မွန်မြတ်သည်သာတည်း။ အသုဘမှ တပါးသော အတတ်ကို တတ်သိခြင်းသည် မမွန်မြတ်သည်သာတည်း။

၄၆ - ကာယမေကမ္ပိ နညာမိ
ဗုဒ္ဓါလဒ္ဓနယော အပိ
သုတာစ ပဏ္ဍိတာတျမှာ
ယုတ္တောယေဝါတိလဇ္ဇိတုံ

အနက်

ဗုဒ္ဓါ၊ ဘုရားရှင်အထံတော်မှ။
လဒ္ဓနယောအပိ၊ ရအပ်သောနည်း ရှိပါလျက်လည်း။
ကာယမေကမ္ပိ၊ ကိုယ်တခုကိုမျှလည်း။
နညာမိ၊ မသိ။
ပဏ္ဍိတာတိ၊ ပညာရှိတို့ဟူ၍။
သုတာစ၊ ကျော်စောကုန်သည်လည်း။
အမှာ၊ ဖြစ်ကုန်၏။
အတိလဇ္ဇိတုံ၊ အလွန်ရှက်ခြင်းငှါ။
ယုတ္တောယေဝ၊ သင့်လှတော့သည်သာတည်း။

အဓိပ္ပါယ်

ဘုရားရှင် အထံတော်မှ ရအပ်သောနည်း ရှိပါလျက် ကိုယ်တခုကိုမျှ မသိဘဲ ပညာရှိဟု ကျော်စောသော တို့သည် အလွန်ရှက်စရာ ကောင်းသည်သာတည်း။

၄၇ - သုဘတောယေဝ မညာမိ
ဧဝံ ဇိဂုစ္ဆိတမ္ဗိနံ
မဉ္စ ညေ ပဏ္ဍိတော တျာဟု
အလမေဝါ တိလဇ္ဇိတုံ

အနက်

ဧဝံ ဇိဂုစ္ဆိတမ္ဗိ၊ သို့စဉ်ကလောက် စက်ဆုပ်ဖွယ် ဖြစ်လျက်လည်း။
နံကာယံ၊ ထိုကိုယ်ကို။
သုဘတောယေဝ၊ သုတအားဖြင့်သာလျှင်။
မညာမိ၊ ထင်မှတ်တော့၏။
မဉ္စ၊ ငါ့ကိုလည်း။
အညေ၊ တပါးသောသူတို့သည်။
ပဏ္ဍိတောတိ၊ ပညာရှိဟူ၍။
အာဟု၊ ဆိုကုန်၏။
အတိလဇ္ဇိတုံ၊ အလွန်ရှက်ခြင်းငှါ။
အလမေဝ၊ သင့်လှသည်သာတည်း။

အဓိပ္ပါယ်

သို့စဉ်ကလောက် စက်ဆုပ်ဖွယ်ဖြစ်ပါလျက် ထိုကိုယ်ကို သုဘအားဖြင့် မှတ်ထင် နေသော ငါ့ကို သူတပါးတို့က ပညာရှိဟု ဆိုကြခြင်းသည် အလွန်ရှက်စရာ ကောင်းတော့သည်သာတည်း။

၄၈ - ကာယေ အသုဘသညံယော
နလဘာမိ ကဒါစိပိ
သုလဒ္ဓ သုဂတော ဝါဒေါ
သွာရဟောဝါတိလဇ္ဇိတုံ

အနက်

ယောအဟံ၊ အကြင်ငါသည်။
သုလဒ္ဓ သုဂတော ဝါဒေါ၊ ဘုရားသခင် အဆုံးအမကို လှလှကြီး ရသည်ဖြစ်လျက်။
ကာယေ၊ ကိုယ်၌။
အသုဘသညံ၊ အသုဘသညာကို။
ကဒါစိပိ၊ တရံတဆစ်မျှလည်း။
နလဘာမိ၊ မရ။
သောအဟံ၊ ထိုငါသည်။
အတိလဇ္ဇိတုံ၊ အလွန်ရှက်ခြင်းငှါ။
အရဟောဝ၊ ထိုက်သည်သာတည်း။

အဓိပ္ပါယ်

ဘုရားရှင် အဆုံးအမကို လှလှကြီးရသည် ဖြစ်ပါလျက် ခန္ဓာကိုယ်၌ အသုဘသညာ ကို တရံတဆစ်မျှ မရသော ငါသည် အလွန်ရှက်စရာ ကောင်းတော့သည် သာတည်း။

၄၉ - ကာယေန သံသရန္တောပိ
တဒါကာရံ ယထာတထံ
ဘဝေဘဝေ အဇာနန္တော
မမာယိတွာဝ တံ စဇိံ

အနက်

ဘဝေဘဝေ၊ ဘဝတိုင်း ဘဝတိုင်း၌။
ကာယေန၊ ကိုယ်နှင့်တကွ။
သံသရန္တောပိ၊ ကျင်လည်ရသည် ဖြစ်ပါလျက်လည်း။
တဒါကာရံ၊ ထိုကိုယ်၏ စက်ဆုပ်ဖွယ် အခြင်းအရာကို။
ယထာတထံ၊ ဟုတ်မှန်သည့်အတိုင်း။
အဇာနန္တော၊ မသိသောကြောင့်။
တံကာယံ၊ ထိုကိုယ်ကို။
မမာယိတွာဝ၊ ငါ့ကိုယ်-ငါ့ကိုယ်ဟု မြတ်နိုးနှစ်သက် ခင်မင်လျက်သာလျှင်။
စဇိံ၊ စွန့်ပစ်ခဲ့ရလေပြီ။

အဓိပ္ပါယ်

ဘဝတိုင်း ဘဝတိုင်း ကိုယ်နှင့်တကွ ကျင်လည်ရသည် ဖြစ်ပါလျက် ထိုကိုယ်၏ စက်ဆုပ်ဖွယ် အခြင်းအရာကို မသိသေးသောကြောင့် ထိုကိုယ်ကို ငါ့ကိုယ်-ငါ့ကိုယ် ဟု မြတ်နိုးနှစ်သက် နေဆဲသာလျှင် စွန့်ပစ်ခဲ့ရလေပြီ။

၅၀-ကာယေန သံသရန္တောပိ
နညာ ကာယ ဇိဂုစ္ဆတံ
နိစ္စုပါဒါ မမာယန္တော
ပိယာယိတွာဝ တံ စဇိံ

အနက်

ကာယေန၊ ကိုယ်နှင့်တကွ။
သံသရန္တောပိ၊ ကျင်လည်သည် ဖြစ်လျက်လည်း။
ကာယဇိဂုစ္ဆတံ၊ ကိုယ်၏ စက်ဆုပ်ဖွယ်အဖြစ်ကို။
အနညာ-အနညာယ၊ မသိသောကြောင့်။
နိစ္စုပါဒါ-နိစ္စုပါဒါယ၊ အမြဲစွဲလမ်း၍။
တံကာယံ၊ ထိုကိုယ်ကို။
မမာယန္တော၊ ငါ့ကိုယ်-ငါ့ကိုယ် ဟုမြတ်နိုးလျက်။
ပိယာယိတွာဝ၊ ချစ်ခင်လျက် ဖြစ်၍သာလျှင်။
စဇိံ၊ စွန့်ပစ်ရလေပြီ။

အဓိပ္ပါယ်

ကိုယ်နှင့်တကွ ကျင်လည်ရသည် ဖြစ်ပါလျက် ကိုယ်၏စက်ဆုပ်ဖွယ် သဘောကို မသိသောကြောင့် အမြဲစွဲလမ်း၍ ထိုကိုယ်ကို ငါ့ကိုယ်-ငါ့ကိုယ် ဟုမြတ်နိုးလျက် ချစ်ခင်နေဆဲသာလျှင် စွန့်ပစ်ခဲ့ရလေပြီ။

၅၁ - ကုဘာရံ သာရသညာယ
ပိယာယိတွာဝ ဟိံသကံ
အနန္တဒုက္ခ မာပါဒိံ
ဝိပလ္လာသော ဘဝေဘဝေ

အနက်

ဘဝေဘဝေ၊ ဘဝတိုင်း ဘဝတိုင်း၌။
ဝိပလ္လာသော၊ ဖောက်ပြန်သော သဘောရှိသည်ဖြစ်၍။
ဟိံသကံ၊ မိမိကိုညှဉ်းဆဲ နှိပ်စက်တတ်သော။
ကုဘာရံ၊ စက်ဆုပ်ဖွယ် ခန္ဓာဝန်ကို။
သာရသညာယ၊ အနှစ်သာရဟူသော အမှတ်ဖြင့်။
ပိယာယိတွာဝ၊ မစက်မရက် စုံမက်ချစ်ခင်၍သာလျှင်။
အနန္တဒုက္ခံ၊ မဆုံးနိုင်အောင် ဆင်းရဲခြင်းသို့။
အာပါဒိံ၊ ရောက်ရလေပြီ။

အဓိပ္ပါယ်

ဘဝတိုင်း ဘဝတိုင်း ဖောက်ပြန်သော သဘောရှိသဖြင့် မိမိကို ညှဉ်းဆဲနှိပ်စက် တတ်သော စက်ဆုပ်ဖွယ် ခန္ဓာဝန်ကို အနှစ်သာရဟူသော အမှတ်ဖြင့် စုံမက် ချစ်ခင်သောကြောင့်သာလျှင် မဆုံးနိုင်အောင် ဆင်းရဲခြင်းသို့ ရောက်ရလေပြီ။

၅၂ - မဟာဇာနီယ ပတ္တောတိ
သံဝေဇေတွာ သကံမနံ
သိရောကတ ဇိနောဝါဒေါ
အနိဝတ္တိတ ဝီရိယော

၅၃ - အဒိဋ္ဌပုဗ္ဗ မေတဿ
တထာကာရံဝ ပဿတု
ကိစ္စ မည မုပေက္ခာယ
သံသာရ ဘယ ဘီရုကော

အနက်

မဟဇာနီယ ပတ္တောတိ၊ ဆုံးပါးခြင်းတိုင် ရောက်လေပြီ။
သကံမနံ၊ မိမိစိတ်ကို။
သံဝေဇေတွာ၊ ထိတ်လန့်စေ၍။
သိရောကတ ဇိနောဝါဒေါ၊ ဘုရားရှင်အဆုံးအမကို ဦးထိပ်ထက် ဆင်ရွက်လျက်။
အနိဝတ္တိတ ဝီရိယော၊ နောက်မဆုတ်သော ဝီရိယရှိသည်ဖြစ်၍။

သံသာရဘယဘီရုကော၊ သံသရာဘေး ကြောက်လန့်သောသူသည်။
အညံ၊ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းမှ တပါးသော။
ကိစ္စံ၊ ဗာဟိရကိစ္စကို။
ဥပေက္ခာယ၊ အလေးမမူလျှစ်လျူရှု၍။
ဧတဿ၊ ဤကိုယ်၏။
အဒိဋ္ဌပုဗ္ဗံ၊ ဘဝအဆက်ဆက် ရိပ်မြွက်မထင် မမြင်ဘူးသော။
တထာကာရံဝ၊ ထိုဟုတ်မှန်တိုင်းသော စက်ဆုပ်ဖွယ် အခြင်းအရာကိုသာလျှင်။
ပဿတု၊ ရှုပါလော့။

အဓိပ္ပါယ်

ဆုံးပါးခြင်းသို့ ရောက်လေပြီဟု မိမိစိတ်ကို ထိတ်လန့်စေ၍ ဘုရားရှင်အဆုံးအမကို ဦးထိပ်ထက် ဆင်ရွက်လျက် နောက်မဆုတ်သော ဝီရိယရှိသဖြင့် -

သံသရာဘေး ကြောက်လန့်သောသူသည် ကမ္မဋ္ဌာန်း စီးဖြန်းခြင်းမှ တပါးသော ဗာဟီရကိစ္စကို အလေးမပြု ဂရုမစိုက်ဘဲ ဘဝအဆက်ဆက်က မထင်မြင်ခဲ့ဘူးသော ထိုကိုယ်၏ ဟုတ်မှန်တိုင်းသော စက်ဆုပ်ဖွယ် အခြင်းအရာကိုသာ ရှုပါလော့။

ဝုတ္တေဥှတံဘဂဝတာ

၅၄ - ယဥှိကိစ္စံ အပဝိဋ္ဌံ
အကိစ္စံ ပန ကယိရာ
ဥန္နဠာနံ ပမတ္တာနံ
တေသံ ဝဍ္ဎန္တိ အာသဝါ

၅၅ - ယေသဉ္စ သုသမာရဒ္ဓါ
နိစ္စံ ကာယဂတာ သတိ
အကိစ္စံ တေ နသေဝန္တိ
ကိစ္စေ သာတတ ကာရိနော
သတာနံ သမ္ပဇာနာနံ
အတ္ထံ ဂစ္ဆန္တိ အာသဝါတိ

အနက်

ဟိ၊ သင့်စွ။ ဧတံ၊ ဤစကားကို။ ဘဂဝတာ၊ ဘုရားရှင်သည်။ ဝုတ္တံ၊ ဓမ္မပဒ၌ ဟောတော်မူပြီ။

ယဥှိကိစ္စံ၊ အကြင်ကိစ္စယုတ်စွာ ကိုယ်ခန္ဓာကို အသေအချာ ရှုခြင်းအမှုကို။ အပဝိဋ္ဌံ၊ အမှုမဟုတ် စွန့်ပစ်လတ်၏။ အကိစ္စံပန၊ ကိစ္စမဟုတ်သော ဗာဟိရအမှုကိုကား။ ကယိရာ၊ ပြု၍နေကုန်၏။ ဥန္နဠာနံ၊ မာနကျူကို တလူလူထောင်ကုန်သော။ ပမတ္တာနံ၊ မေ့လျော့ကုန်သော။ တေသံ၊ ထိုသူတို့အား။ အာသဝါ၊ ဘေးရန် အာသဝေါတို့သည်။ ဝဍ္ဎန္တိ၊ တိုးပွားကုန်၏။

ယေသဉ္စ၊ အကြင်သူတို့သည်လည်း။ နိစ္စံ၊ အမြဲ။ ကာယဂတာ၊ ကိုယ်အာရုံပြုသောအားဖြင့်ဖြစ်သော။ သတိ၊ သတိကို။ သုသမာရဒ္ဓါ၊ ကောင်းစွာအားထုတ်အပ်၏။ တေ၊ ထိုသူတို့သည်။ အကိစ္စံ၊ ကိစ္စ မဟုတ်သည်ကို။ နသေဝန္တိ၊ မမှီဝဲကုန်။ ကိစ္စေ၊ ကိစ္စဟုတ်သည်၌။ သာတတ ကာရိနော၊ မပြတ်မလပ် ပြုလေ့ရှိကုန်၏။ သတာနံ၊ သတိရှိကုန်သော။ သမ္ပဇာနာနံ၊ ပညာအမြော်အမြင် ရှိကုန်သော။ တေသံ၊ ထိုသူတို့အား။ အာသဝါ၊ ဘေးရန်အာသဝေါတို့သည်။ အတ္ထံ၊ ချုပ်ခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။

အဓိပ္ပါယ်

မှန်၏၊ ဤစကားကိုဘုရားရှင် ဓမ္မပဒ၌ ဟောတော်မူပြီ။ ခန္ဓာကိုယ်ကို အသေအချာ ရှုခြင်း အမှုကို အမှုမဟုတ်ဟု စွန့်ပစ်လတ်၍ ကိစ္စမဟုတ်သော ဗာဟိရအမှုကို ပြုကုန်လျက် မာနကျူကို တလူလူထောင်ကာ မေ့နေသော သူတို့အား အာသဝေါတရား တိုးပွားကုန်၏။

အမြဲကိုယ်၌ဖြစ်သော သတိကို ကောင်းစွာ အားထုတ်၍ ကိစ္စ မဟုတ်သည်ကို မမှီဝဲ ကုန်ဘဲ ကိစ္စဟုတ်သည်၌သာ မပြတ်မလပ် ပြုလေ့ရှိသဖြင့် သတိသမ္ပဇဉ် အမြော် အမြင်ရှိသော ထိုသူတို့အား အာသဝေါတရားတို့ ချုပ်ငြိမ်းခြင်းသို့ ရောက်ကုန်၏။

၅၆ - ထောမေန္တာ သောဏ္ဏ ကာယောရ
မုခက္ခိ တျာဒိနာ ဣမံ
ရတ္တေ မုဠှေ ကရောန္တေတေ
အညေဇနေ သယံဝိယ

အနက်

ဣမံကာယံ၊ ဤကိုယ်ကို။ သောဏ္ဏကာယောရ မုခက္ခိတျာဒိနာ၊ ရွှေကိုယ်, ရွှေရင်, ရွှေမျက်နှာ, ရွှေမျက်လုံး အစရှိသည်ဖြင့် ဖွဲ့ဆိုအပ်သော ရတုကဗျာ လင်္ကာ သီချင်း အစရှိသည်ဖြင့်။ ထောမေန္တာ၊ ထောမနာသ ချီးမွမ်းကြကုန်သော။ ဧတေ၊ ထိုသူတို့သည်။ အညေဇနေ၊ တပါးသော သူတို့ကို။ သယံဝိယ၊ မိမိကဲ့သို့။ ရတ္တေမုဠှေ၊ တပ်မက်မောသည် မိုက်မဲသည်တို့ကို။ ကရောန္တိ၊ ပြုကုန်၏။

အဓိပ္ပါယ်

ဤခန္ဓာကိုယ်ကို ရွှေကိုယ်, ရွှေရင် ရွှေမျက်နှာ, ရွှေမျက်လုံး - စသည်ဖြင့် ဖွဲ့ဆို အပ်သော ရတု, ကဗျာ, လင်္ကာ, သီချင်း စသည်ဖြင့် ချီးမွမ်း ထောမနာသော သူတို့သည် သူတပါးတို့ကို မိမိကဲ့သို့ တပ်မက်မောအောင် မိုက်မဲအောင် ပြုကုန်၏။

၅၇ - ကာယသောဘျ ပကာသေတာ
ဝါစာ ဝေ မာရဒေသနာ
တဒသောဘျ ပကာသေတာ
ဝါစာ သမ္ဗုဒ္ဓ ဒေသနာ

အနက်

ကာယသောဘျပကာသေတာ၊ ခန္ဓာကိုယ်၏ နုပျိုချောမွတ် မြတ်ထွတ်တင့်တယ် သော အဖြစ်ကို ပြတတ်သော။ ဝါစာ၊ စကားသည်။ ဧဝ၊ စင်စစ်။ မာရဒေသနာ၊ မာရ်မင်း၏ ဒေသနာ မည်၏။ တဒသောဘျပကာသေတာ၊ ထိုကိုယ် ရွံ့ဖွယ် မတင့်တယ်သော အဖြစ်ကို ပြတတ်သော။ ဝါစာ၊ စကားသည်။ သမ္ဗုဒ္ဓဒေသနာ၊ မြတ်စွာဘုရား ဒေသနာတော် မည်၏။

အဓိပ္ပါယ်

ခန္ဓာကိုယ်၏ တင့်တယ်သော သဘောကို ပြတတ်သော စကားသည် စင်စစ် မာရ်မင်း၏ ဒေသနာ မည်၏။ ထိုကိုယ်၏ ရွံ့ဖွယ် မတင့်တယ်သော သဘောကို ပြတတ်သော စကားသည် မြတ်စွာဘုရား၏ ဒေသနာတော် မည်၏။

၅၈ - အသုဘောတိ ဇိနုဒ္ဒိဋ္ဌံ
ကာယံ သုဘောတိ ဂါဟိနော
သံမုဠှာတေ နမုစ္စန္တိ
ဘဝါ ဗုဒ္ဓ ဝိရောဓိနော

အနက်

အသုဘောတိ၊ အသုဘဟူ၍။ ဇိနုဒ္ဒိဋ္ဌံ၊ ဘုရားရှင် ဟောတော်မူအပ်သော။ ကာယံ၊ ကိုယ်ကို။ သုဘောတိဂါဟိနော၊ သုဘဟု စွဲယူကုန်၍။ သံမုဠှာ၊ တွေဝေကုန်သော။ ဗုဒ္ဓ ဝိရောဓိနော၊ ဘုရားရှင်နှင့် ဆန့်ကျင်ဖက် ပြုကုန်သော။ တေ၊ ထိုသူတို့သည်။ ဘဝါ၊ ဘုံသုံးပါးမှ။ နမုစ္စန္တိ၊ မလွတ်နိုင်ကုန်။

အဓိပ္ပါယ်

အသုဘဟူ၍ ဘုရားရှင် ဟောတော်မူအပ်သော ကိုယ်ကို သုဘဟုစွဲယူ၍ တွေဝေ ကာ ဘုရားနှင့် ဆန့်ကျင်ဖက် ပြုကုန်သော သူတို့သည် ဘုံသုံးပါးမှ မလွတ်နိုင်ကုန်

၅၉ - အသုဘောတိ ဇိနုဒ္ဒိဋ္ဌံ
ကာယံ တထေဝ ဂါဟိနော
ပဏ္ဍိတာ တေဝ မုစ္စန္တိ
ဘဝါ ဗုဒ္ဓမတာနုဂါ

အနက်

အသုဘောတိ၊ အသုဘဟူ၍။ ဇိနုဒ္ဒိဋ္ဌံ၊ ဘုရားရှင် ပြတော်မူအပ်သော။ ကာယံ၊ ကိုယ်ကို။ ဟထေဝ၊ ထိုဘုရားရှင် ဟောတော်မူတိုင်းသာလျှင်။ ဂါဟိနော၊ ယူကုန်လော့။ ဗုဒ္ဓမတာနုဂါ၊ ဘုရားရှင် အလိုတော်သို့ လိုက်ကုန်သော။ တေဝပဏ္ဍိတာ၊ ထိုပညာရှိတို့သာလျှင်။ ဘဝါ၊ ဘုံသုံးပါးမှ။ မုစ္စန္တိ၊ လွတ်ကုန်၏။

အဓိပ္ပါယ်

အသုဘဟူ၍ ဘုရားရှင် ပြတော်မူအပ်သော ကိုယ်ကို ထိုဘုရား ဟောတော်မူတိုင်း သာလျှင် ယူကုန်လျက် ဘုရားရှင် အလိုတော်သို့ လိုက်ကုန်သော ပညာရှိတို့ သာလျှင် ဘုံသုံးပါးမှ လွတ်ကုန်၏

၆ဝ - သောဓေန္တေလင်္ကရောန္တေဝ
မလာသဝန္တိကာယတော
အလံ ကာယဝိသောဓေန
ဗာလောဝ တံ ဂရုံ ကရော

အနက်

သောဓေန္တေဝ၊ သုတ်သင်စဉ်ပင်လျှင်။ အလင်္ကရောန္တေဝ၊ တန်းဆာဆင်စဉ်ပင်လျှင်။ ကာယတော၊ ကိုယ်မှ။ မလာ၊ နှပ် ချွေး, ရွံ့ဖွယ်ကျင်ငယ်ကျင်ကြီးတို့သည်။ သဝန္တိ၊ ယိုစီးကုန်၏။ ကာယဝိသောဓေန၊ ကိုယ်ကို သုတ်သင် ပြုပြင်ခြင်းဖြင့်။ အလံ၊ အဘယ်အကျိုး ရှိအံ့နည်း။ တံဂရုံကရော၊ ထိုကိုယ်ခန္ဓာ ရွံစရာကို တဏှာမြှေးထူ အလေးမူသောသူသည်။ ဗာလောဝ၊ ဗာလသာတည်း။

အဓိပ္ပါယ်

သုတ်သင်စဉ် တန်းဆာဆင်စဉ် ပင်လျှင် ကိုယ်မှ သလိပ် တံထွေး နှပ် ချွေး ကျင်ငယ် ကျင်ကြီး တို့သည် ယိုစီးကုန်၏၊ ကိုယ်ကိုသုတ်သင် ပြုပြင်ခြင်းဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ ရွံစရာခန္ဓာကိုယ်ကို အလေးဂရုပြုသော သူသည် စင်စစ် မိုက်မဲသည် သာတည်း

၆၁ - ဂေါပေန္တေဝ အရောဂါယ
ကာယော ရောဂေနသံဝသေ
ကာယဂုတ္တံ မုဓာယေဝ
စိတ္တဂုတ္တံဝ သာတ္ထကံ

အနက်

အရောဂါယ၊ ကိုးဆယ်နှင့်ခြောက် မရောက်မလာ ရောဂါမရှိ ပကတိ ကျန်းမာခြင်းငှါ။ ဂေါပေန္တေဝ၊ အစားရှောင်ရှား ဆေးဝါးမျိုသောက် စောင့်ရှောက်စဉ်ပင်လျှင်။ ကာယော၊ ကိုယ်သည်။ ရောဂေန၊ ဆေးဝါးကုခက် တိုးတက်ကျင်နုာ နှိပ်စက်လာသော ရောဂါအစုနှင့်။ သံဝသေ၊ အလိုတူကြ တကွပေါင်းဖက် လက်ခံခြင်းပြု၏။ ကာယဂုတ္တံ၊ ကိုယ်ကို စောင့်ရှောက်ခြင်းသည်။ မုဓာယေဝ၊ အကျိုးမပြီး အချည်းနှီးသာတည်း။ စိတ္တဂုတ္တံဝ၊ ဆယ်ကိလေသာ ရောဂါမရောက် စိတ်မဖောက်အောင် စောင့်ရှောက် ခြင်းသည်သာလျှင်။ သာတ္ထကံ၊ လောကီလောကုတ် အဟုတ်ပြီးစီး အကျိုးကြီး၏။

အဓိပ္ပါယ်

ကိုးဆဲ့ခြောက်ဖြာ ရောဂါမရှိ ပကတိ ကျန်းမာခြင်းငှါ အစားရှောင်၍ ဆေးဝါး သောက်ကာ စောင့်ရှောက်စဉ်မှာပင် ခန္ဓာကိုယ်သည် ရောဂါအစုနှင့် အလိုတူ၍ ပေါင်းဖက် လက်ခံခြင်းပြု၏၊ ကိုယ်ကို စောင့်ရှောက်ခြင်းသည် အကျိုးမပြီး အချည်းနှီး သာတည်း။ ကိလေသာ မရောက် စိတ်မဖောက်အောင် စောင့်ရှောက်ခြင်းသည် သာလျှင် လောကီလောကုတ် အဟုတ်ပြီး၍ အကျိုးကြီး၏

၆၂ - စန္ဒနာဒိ ဝိလိတ္တောပိ
မုတ္တာမဏိ ဝိဘူသိတော
တံသဘာဝေါဝ သောကာယော
ဝိဿဝန္တော တတောတတော

အနက်

စန္ဒနာဒိ ဝိလိတ္တောပိ၊ စမ္မကူးနံ့သာ စမ္ပာအကျော် မွှေးဖျော်ကြိမ်ဖန် လိမ်းကျံအပ် သော်၎င်း။ မုတ္တာမဏိ ဝိဘူသိတောပိ၊ ပုလဲ ပတ္တမြား နားဍောင်း လက်စွပ် လက်ကြပ် ခြေချင်း ဝင်းဝင်းလျှံဝါ ကိလေသာရူး မြင်သော်မူးမျှ အထူးထူးပြုပြင် တန်းဆာဆင်အပ် သော်၎င်း။ သောကာယော၊ ထိုကိုယ်သည်။ တံသဘာဝေါဝ၊ ထိုသုံးဆယ်နှင့်နှစ် အညစ်အပုပ် စက်ဆုပ်ဖွယ်သာ ရွံစရာစု အသုဘ သဘောရှိသည် ဖြစ်၍သာလျှင်။ တတောတတော၊ ထိုထိုဒွါရကိုးပေါက်ဝမှ။ ဝိဿဝန္တော၊ စက်ဆုပ်ဖွယ် ယိုထွက်၏။

အဓိပ္ပါယ်

စန္ဒကူးနံ့သာစသည်တို့ဖြင့် လိမ်းကျံအပ်သော်၎င်း, ပုလဲ, ပတ္တမြား-စသည်တို့ဖြင့် ဆင်မြန်းအပ်သော်၎င်း ထို ကိုယ်သည် စက်ဆုပ် ရွံရှာဖွယ် အသုဘသဘော ရှိသည် သာဖြစ်၍ ထိုထို ကိုးပေါက်ဒွါရ အမာဝမှ စက်ဆုပ်ဖွယ် ယိုထွက်၏။

၆၃ - ပတိတေစ အပတိတေ
ဝိသေသော နတ္ထိ ကိဉ္စိပိ
ကာယော စေမနုညော တမှာ
ပတိတောပိ တထာသိယာ

အနက်

ပတိတေစ၊ ကိုယ်မှပြတ်၍ ကျသော နှပ် တံထွေး ကျင်ကြီး ကျင်ငယ်၌၎င်း။ အပတိတေစ၊ ပြတ်၍မကျသော အရေ အသား အစရှိသည်၌၎င်း။ ကိဉ္စိပိ၊ တစိုးတစိမျှလည်း။ ဝိလေသော၊ အထူးသည်။ နတ္ထိ၊ မရှိ။ ကာယော၊ ကိုယ်သည်။ မနုညော၊ စိတ်နှစ်သက်ဖွယ်ရှိသည်။ စေသိယာ၊ အကယ်၍ဖြစ်အံ့။ တမှာ၊ ထို ကိုယ်မှ။ ပတိတောပိ၊ ယိုကျသော နှပ် တံထွေး ကျင်ကြီး ကျင်ငယ်သည်လည်း။ တထာ၊ ထိုကိုယ်နှင့်အတူ။ မနုညော၊ စိတ်နှစ်သက်ဖွယ်ရှိသည်။ သိယာ၊ ဖြစ်တန်ရာ၏။

အဓိပ္ပါယ်

ကိုယ်မှ ပြတ်၍ကျသော နှပ် တံထွေး ကျင်ကြီး ကျင်ငယ်၌၎င်း၊ ပြတ်၍မကျသော အရေ အသားစသည်၌၎င်း အထူးမရှိချေ၊ ခန္ဓာကိုယ်သည် အကယ်၍ နှစ်သက်စရာ ကောင်းပါမူ ထိုကိုယ်မှ ယိုကျသော နှပ်, တံထွေး, ကျင်ကြီး ကျင်ငယ်သည်လည်း ရှစ်သက်စရာ ကောင်းဖွယ်ဖြစ်ရာ၏။

၆၄ - ကာယော မနုဿဇာတီနံ
တိရစ္ဆာန တ္တဘာဝတော
ဇေဂုစ္ဆိတ တရောဟောတိ
ဒုဗ္ဗိသောဓောစ ဒုဗ္ဘရော

အနက်

မနုဿဇာတီနံ၊ လူဇာတ်ရှိသောသူတို့၏။ ကာယော၊ ကိုယ်သည်။ တိရစ္ဆာနတ္တဘာဝတော၊ တိရစ္ဆာန်တို့ အတ္တဘောထက်။ ဇေဂုစ္ဆိတတရော၊ လွန်စွာ စက်ဆုပ်ဖွယ်ရှိသည်။ ဟောတိ၊ ဖြစ်၏။ ဒုဗ္ဗိသောဓောစ၊ သုတ်သင်ခက်သည်၎င်း။ ဒုဗ္ဘရောစ၊ မွေးမြူခက်သည်၎င်း။ ဟောတိ၊ ဖြစ်၏။

အဓိပ္ပါယ်

လူဇာတ်ရှိသော သူတို့၏ ကိုယ်သည် တိရစ္ဆာန်တို့ကိုယ်ထက် သာ၍ စက်ဆုပ်ဖွယ် ကောင်း၏၊ သုတ်သင်ရလည်း ခက်၍ မွေးမြူရလည်း ခက်၏။

၆၅ - ယထာဇာတေန ကာယေန
သက္ကာ ဝိဟရိတုံ နစ
ပစ္စဟံ သောဓနီယောစ
ဓောဝန မဇ္ဇနာဒိဘိ

အနက်

ယထာဇာတေန၊ အမိမွေးတိုင်းသော။ ကာယေန၊ အချည်းနှီးသောကိုယ်ဖြင့်။ ဝိဟရိတုံ၊ သွားလာနေထိုင်ခြင်းငှါ။ နစသက္ကာ၊ မတတ်နိုင်ရာ။ ဓောဝနမဇ္ဈနာဒိဘိ၊ ရေဆေးခြင်း ပွတ်သပ်ခြင်း အစရှိသည်တို့ဖြင့်။ ပစ္စဟံ-ပတိအဟံ၊ နေ့တိုင်း, နေ့တိုင်း။ သောဓနီယောစ၊ သုတ်သင်အပ်သည်လည်း။ ဟောတိ၊ ဖြစ်၏။

အဓိပ္ပါယ်

အမိမွေးတိုင်း အချည်းနှီးသော ကိုယ်ဖြင့် သွားလာနေထိုင်ခြင်းငှါ မတတ်နိုင်ချေ၊ ရေဆေးခြင်း, ပွတ်သပ်ခြင်း စသည်ဖြင့် နေ့တိုင်း နေ့တိုင်း သုတ်သင်ရ၏

၆၆ - ရတ္တံ ပါတုံ ဆဝိံ ဆေတွာ
သက္ကာ ဍံသာဒယောပိနံ
ဆေတွာ မံသ ဋ္ဌိကာဒီနိ
ဓီရော နာလမ္ဗိတုံ ကထံ

အနက်

ဍံသာဒယောပိ၊ ခြင်, မှက်အစရှိသော သတ္တဝါတို့ သည်လည်း။ ဆဝိံ ဆေတွာ၊ အရေပါးကိုဖောက်၍။ ရတ္တံ ပါတုံ၊ သွေးကိုသောက်ခြင်း။ သက္ကာ၊ တတ်နိုင်ကောင်းသေး၏။ ဓီရော၊ ပညာရှိသည်။ နံ၊ ထိုအရေပါးကို။ ဆေတွာ၊ ဉာဏ်ဖြင့်ဖောက်၍။ မံသဋ္ဌိကာဒီနိ၊ အသား အရိုး အစရှိသည်တို့ကို။ အာလမ္ဗိတုံ၊အာရုံ ပြုခြင်းငှါ။ ကထံနသက္ကာ၊ အဘယ် မတတ်ကောင်းဘဲ ရှိအံ့နည်း။ သက္ကာဧဝ၊ တတ်ကောင်းနိုင်ရာသည် သာလျှင်ကတည်း။

အဓိပ္ပါယ်

ခြင်,မှက်-စသော သတ္တဝါတို့ သော်မှလည်း အရေပါးကိုဖောက်၍ သွေးကို သောက်ခြင်းငှါ စွမ်းနိုင်ကြကုန်သေး၏၊ ပညာရှိသော သူတို့သည် အရေပါးကို ဉာဏ်ဖြင့် ဖောက်၍ အသား, အရိုး စသည်တို့ကို အာရုံပြုခြင်းငှါ အဘယ်မှာ မစွမ်းနိုင်ဘဲ ရှိအံ့နည်း၊ စွမ်းနိုင်တော့သည် အမှန်ပင်တည်း

၆၇ - လဂ္ဂန္တိ ဆဝိမတ္တေ ယေ
မက္ခိကာ သေဒပါ ယထာ
ထီပုံ မုခါဒိ သညာယ
တေ ပမုဠှာ မဟာတပါ။

အနက်

သေဒပါ၊ ချွေးကိုသောက်ကုန်သော မက္ခိကာ၊ ယင်တို့သည်။ ဆဝိမတ္တေ၊ အရေပါးမျှ၌။ လဂ္ဂန္တိယထာ၊ ကပ်ငြိကုန်သကဲ့သို့။ ယေ၊ အကြင်သူတို့သည်။ ထီပုံ မုခါဒိ သညာယ၊ မိန်းမ ယောကျ်ား မျက်နှာ အစရှိသော အမှတ်ဖြင့်။ ဆဝိမတ္တေ၊ အရေပါးမျှ၌။ လဂ္ဂန္တိ၊ ကပ်ငြိကုန်၏။ တေ၊ ထိုသူတို့သည်။ ပမုဠှာ၊ တွေဝေကုန်သည်ဖြစ်၍။ မဟာတပါ၊ အပူကြီး ပူကြကုန်၏။

အဓိပ္ပါယ်

ချွေးကို သောက်တတ်သော ယင်ကောင်တို့သည် အရေပါးမျှ၌ ကပ်ငြိကုန်သကဲ့သို့ မိန်းမ ယောက်ျား မျက်နှာ-စသော အမှတ်ဖြင့် အရေပါးမျှ၌ ကပ်ငြိကုန်သော သူတို့သည် တွေဝေ မိုက်မဲကုန်သည်ဖြစ်၍ အပူကြီး ပူကြရကုန်၏

၆၈ - စာရီ အဂေါစရေ ကာမေ
လဂ္ဂါလေပေ ကပီရိဝ
ဗဟူဟိ ပီဠိတာ ရီဟိ
မရန္တိ အတိဒုက္ခိနော

အနက်

အဂေါစရေ၊ ရပ်နီးရွာနား ဘေးရန်များ၍ မကျက်စားကောင်းသောတော၌။ စာရီ၊ လှည့်လည်ကျက်စားကုန်သော။ ကပီ၊ တောမျောက်တို့သည်။ အာလေပေ၊ မျောက်ကိုမိအောင် လူကြံဆောင်လျက် ထောင်၍ထားသော မျောက်နှဲစေး၌။ လဂ္ဂါ၊ လက်ခြေလေးချောင်း ခေါင်းဝမ်းကစ ဋ္ဌာနခြောက်ရပ် မကြွင်းမလပ် ငြိကပ် ကုန်သည်ဖြစ်၍။ ဗဟူဟိ အရီဟိ ပီဠိတာ၊ မရှောင်ပြေးသာ ခွေးပါလူရော သေသောအူအူ ရန်သူ နှိပ်စက်အပ်ကုန်လျက်။ အတိဒုက္ခိနော၊ အလွန်ဆင်းရဲ ရောက်ကုန်သည်ဖြစ်၍။ မရန္တိဣဝ၊ မလှတမ သေရကုန်သကဲ့သို့။ အဂေါစရေ၊ ကုမေရိက စသည်ထွေပြား မကျက်စားကောင်းသောအာရုံ၌။ စာရီ၊ လှည့်ပတ်ပျော်ပါး ကျက်စားသောသူတို့သည်။ အလေပေ၊ အလွန်တရာ ကပ်ငြိတတ်စွာသော။ ကာမေ၊ ကာမဝတ္ထု၌။ လဂ္ဂါ၊ စက္ခု သောတ စသည်ဒွါရ ခြောက်ဌာနလုံး ရုန်း၍မရ ရာဂအစေး တွယ်မြှေးကပ်ငြိ ကုန်သည်ဖြစ်၍။ ဗဟူဟိအရီဟိ၊ ရာဂ, ဒေါသ စသည် အားကြီး ရေမီးသူခိုး မင်းစိုးငြိုးထား သားမယား ကစသည် ပြောထူ ရန်သူများတို့သည်။ ပီဠိတာ၊ မပြတ်မစဲ ညှဉ်းဆဲနှိပ်စက်ကုန်လျက်။ အတိဒုက္ခိနော၊ အလွန်အကဲ ဆင်းရဲမျက်မှောက် တွေ့ရောက်ကုန်သည်ဖြစ်၍။ မရန္တိ၊ မလှတမ သေကြရကုန်၏။

အဓိပ္ပါယ်

မကျက်စားကောင်းသော တော၌ လှည့်လည် ကျက်စားမိသော မျောက်တို့သည် လူတို့ထောင်ထားသော မျောက်နှဲစေး လက် ၂-ဖက် ခြေ ၂- ဖက် ခေါင်း ဝမ်း - ခြောက်ဌာနလုံး ငြိကပ်သဖြင့် လူရောခွေးပါ ရန်သူအပေါင်းတို့ အနှိပ်စက်ခံရလျက် အလွန်ဒုက္ခရောက်ကာ မလှတမ သေရကုန်သကဲ့သို့ မကျက်စားကောင်းသော မိန်းမပျိုစသော အာရုံ၌ လှည့်လည်ပျော်ပါး ကျက်စားသော သူတို့သည် အလွန် ငြိကပ်တတ်သော ကာမဝတ္ထု စက္ခု, သောတ- စသော ခြောက်ဒွါရလုံး ရုန်း၍ မရအောင် ငြိကပ်သဖြင့် ရေ, မီး, သူခိုး, မင်းစိုး - စသော ရန်သူတို့ အနှိပ်စက်ခံရ လျက် အလွန်ဒုက္ခရောက်ကာ မလှတမ သေကြရရှာကုန်၏

၆၉ - ရာဂါရိံ ဒုဇ္ဇယံ ဇေယျုံ
ဇယဘုမ္မာသုဘေ စရာ
သီတာနိဿိတ လဋုကီ
သေနကံဝ မဟဗ္ဗလံ

အနက်

သီတာနိဿိတလဋုကီ၊ ထွန်ချေးမြေထဲအောင်း တပ်စွဲ၍ စိတ်ရဲမာန်ကြုံး ခိုမှီပုန်းသော ဗီလုံးငှက်ငယ် ပညာကျယ်သည်။ မဟဗ္ဗလံ၊ တောင်ဟုန်ခတ်၍ ရွတ်ရွတ်ချီပြေး တစ်တစ်လွေးလျက် အသွေး မျိုသောက် လန့်ကြောက်စရာ ကြီးစွာခွန်အားရှိသော။ သေနကံ၊ မြစ်နားသောင်စွန် ဌက်တိုင်းရွံသော သိန်းစွန်ကြီးကို။ ဇိနေဣဝ၊ ဗီလုံးဆိတ်စာ ယူအံ့ဟု လာလျှင် ရင်၌ ထွန်ခဲခိုက်၍ ဖိုက်ဖိုက်လဲသေ အောင်ရပ်မြေကြောင့် အောင်လေရာ သကဲ့သို့။ ဇယဘုမ္မာသုဘေ၊ အောင်မြေမှန်လှ ကိုယ်ကာယကို အသုဘထင် ရှုဆင်ခြင်ခြင်း၌။ စရာ၊ လေ့လာကျက်စား အားထုတ်သော သူတို့သည်။ ဒုဇ္ဇယံ၊ တို့မအောင်ဘဲ သူသာကဲ၍ အောင်ခဲလှစွာသော။ ရာဂါရိံ၊ ရာဂရန်မီး ရန်သူကြီးကို။ ဇေယျုံ၊ အောင်မြေဌာန နေရာကျ၍ ခဏဆောလျင် အောင်မြင်ကုန်ရာ၏။

အဓိပ္ပါယ်

ထွန်ချေး မြေစိုင်ခဲကို အမှီရသော ဗီလုံးငှက်ငယ်သည် ကြောက်လန့်စရာ လွန်စွာ ခွန်အားရှိသော သိန်းစွန်ကြီးကို အောင်နိုင်သကဲ့သို့ အောင်မြေမှန်လှ ကိုယ်ကာယကို အသုဘ ဟု မှတ်ရှုခြင်း၌ လေ့လာကျက်စား အားထုတ်သော သူတို့သည် အောင်နိုင် ခဲသော ရာဂရန်သူကြီးကို အောင်မြေဌာန နေရာကျ၍ အောင်နိုင်ကုန်ရာ၏

၇၀ - ကာယဓိ ဂ္ဂေါစရော ဝေသော
ဇယဘူဗုဒ္ဓ ဒတ္တိယာ
ဧတ္ထေဝ ဂေါစရာ ဟောန္တု
မာဘော ကာမေ ဇယတ္ထိကာ

အနက်

ဇယတ္တိကာ၊ ရာဂပြင်းထန် ကိုယ်တွင်းရန်ကို ပယ်လှန်သုတ်သင် အောင်မြင်ခြင်းငှါ အလိုရှိကုန်သော။ ဘော၊ သီတင်းသုံးဖေါ် ဆိုသော်မှန်စွာ မေတ္တာကျွမ်းဝင် အို အရှင်တို့။ ဧသောကာယဓိဂ္ဂေါစရောဝ၊ ဤကိုယ်၌ဝယ် စက်ဆုပ်ဖွယ်ဖြစ်သော ကောဋ္ဌာသ အာရုံသည်သာလျှင်။ ဗုဒ္ဓဒတ္တိယာ၊ မြတ်စွာဘုရား တပည့်သားအား သနားကြင်နာ ကရုဏာရှေးရှု ပေးတော်မူအပ်သော။ ဇယဘူ၊ အောင်မြေမှန်လှ အောင်တပ်ချ၍ နေရအံ့သော အရပ်သည်။ ဟောတိ၊ ဖြစ်၏။ ဧတ္ထေဝ၊ ဤဘုရားပေးအပ် အောင်ရပ်မှန်လှ ကောဋ္ဌာသ အာရုံ၌သာလျှင်။ ဂေါစရာ၊ လှည့်လည်ကျက်စား ပွားများ အားထုတ်ကုန်သည်။ ဟောန္တု၊ ဖြစ်ကုန်လော့။ ကာမေ၊ ငါးပါးကာမဂုဏ် အာရုံထူပြော တဏှာတော၌။ ဂေါစရာ၊ နွားနှင့်တူဘိ သတိယွင်းပါး စိတ်လွတ်ထား၍ ကျက်စားကုန်သည်။ မာဟောန္တု၊ မဖြစ်ပါကုန်လင့်။

အဓိပ္ပါယ်

ရာဂ ကိုယ်တွင်းရန်ကို ပယ်လှန်အောင်မြင်လိုသော အို အရှင်တို့ .... ဤခန္ဓာ ကိုယ်ဝယ် စက်ဆုပ်ဖွယ် ကောဋ္ဌာသ အာရုံသည်သာလျှင် ရှင်တော်မြတ်ဘုရား ပေးသနားတော် မူအပ်သော အောင်တပ်ချရာ အောင်မြေပါတည်း၊ ဤဘုရား ပေးအပ်သော အောင်မြေ-ကောဋ္ဌာသ အာရုံ၌သာလျှင် လှည့်လည်ကျက်စား ပွားများ အားထုတ်ကြကုန်လော့၊ အာရုံထူပြော တဏှာတော၌ နွားနှင့်တူစွာ သတိကွာ၍ မကျက်စားကြပါကုန်လင့်။

၇၁ - ကာယာ သုဘံ ဝိပဿန္တု
ဒိဗ္ဗ က္ခိနာပျ ပဿိယံ
အာယတိံ မဂ္ဂလာဘာယ
တံ ဒဿနံ ဘဝိဿတိ

အနက်

ဒိဗ္ဗက္ခိနာပိ၊ နတ်တို့မျက်စိ အဘိညာဏ်မျက်စိဖြင့်လည်း။ အပဿိယံ၊ မမြင်နိုင်ကောင်းသော။ ကာယာသုဘံ၊ ကိုယ်၌ရှိသော အသုဘ ကောဋ္ဌာသအာရုံကို။ ဝိပဿန္တု၊ ပညာစက္ခု အထူးပြု၍ ရှုပါကုန်လော့။ တံဒဿနံ၊ ထိုကိုယ်၌ ရောက်ထ အသုဘကို မြင်ခြင်းသည်။ အာယတိံ၊ နောင်ဘုရား လက်ထက်တော်၌။ မဂ္ဂလာဘာယ၊ မဂ်ဖိုလ်ရခြင်းငှါ။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။

အဓိပ္ပါယ်

နတ်တို့မျက်စိ အဘိညာဏ်မျက်စိဖြင့်လည်း မမြင်နိုင်ကောင်းသည့် ကိုယ်၌ရှိသော အသုဘအာရုံကို ပညာစက္ခုဖြင့် အထူး ရှုပါကုန်လော့၊ ထိုကိုယ်၌ရှိသော အသုဘ သဘောကို မြင်ခြင်းသည် နောင်ဘုရား လက်ထက်တော်၌ မဂ်ဖိုလ်ရဘို့ရာ ဖြစ်ပါလတ္တံ့

၇၂ - ဓီစက္ခနာဝ မိက္ကာယံ
ပဿေ န မံသစက္ခုနာ
ဥမ္မိလိတွာဝ ဓီစက္ခုံ
ဝိဝေကဋ္ဌော ဥဒိက္ခတု

အနက်

ဓီစက္ခနာဝ၊ ဝိပဿနာ ပညာမျက်စိဖြင့်သာလျှင်။ မိက္ကာယံ၊ ကိုယ်၏စက်ဆုပ်ဖွယ် အခြင်းအရာကို။ ပဿေ၊ မြင်စွမ်းရာ၏။ မံသစက္ခုနာ၊ အသားစိုင်ကိုမှီသော ပသာဒစက္ခု ဖြင့်။ နပဿေ၊ မမြင်စွမ်းနိုင်ရာ။ ဝိဝေကဋ္ဌော၊ ဆိတ်ငြိမ်ရာ၌ တည်နေ၍၊ ဓီစက္ခုံ၊ ကာယာနုပဿနာ ပညာမျက်စိကို။ ဥမ္မိလိတွာဝ၊ ဖွင့်၍သာလျှင်။ မိက္ကာယံ၊ ကိုယ်၏စက်ဆုပ်ဖွယ်ကို။ ဥဒိက္ခတု၊ ရှုပါလော့။

အဓိပ္ပါယ်

ဝိပဿနာ ပညာမျက်စိဖြင့်သာလျှင် ကိုယ်၏ စက်ဆုပ်ဖွယ် အခြင်းအရာကို မြင်နိုင်၍ ပသာဒစက္ခုဖြင့် မမြင်နိုင်ချေ၊ ဆိတ်ငြိမ်ရာ၌ တည်လျက် ကာယပဿနာ ပညာ မျက်စိကို ဖွင့်၍သာလျှင် ကိုယ်၏ စက်ဆုပ်ဖွယ် သဘောကို ရှုပါလော့။

၇၃ - ပဉ္စင်္ဂါနိ ယထာ ကုမ္မော
စက္ခာဒီနိ နိဂူဟယေ
ဝေရီ လဘတု မောကာသံ
ပဉ္စဒွါရာ အရက္ခိတာ

အနက်

အရက္ခိတာ ၊ မစောင့်ရှောက်အပ်သော။ ပဉ္စဒွါရာ၊ အပေါက်ငါးခုမှ။ ဝေရီ၊ မြေခွေးအစရှိသော ရန်သူသည်။ သြကာသံ၊ သတ်ဖြတ်ခြင်း အခွင့်ကို။ မာလဘတု၊ မရပါစေလင့်။ ဣတိ၊ ဤသို့ကြံ၍။ ကုမ္မော၊ လိပ်သည်။ ပဉ္စင်္ဂါနိ၊ လက်ခြေလေးချောင်း, ဦးခေါင်း ဟူသောအင်္ဂါငါးပါးတို့ကို။ နိဂူဟယေယထာ၊ သိမ်းဆည်း ဝှက်ထားသကဲ့သို့။ အရက္ခိတာ၊ သတိယွင်းဖောက် မစောင့်ရှောက်အပ်သော။ ပဉ္စဒွါရာ၊ ငါးဒွါရမှ။ ဝေရီ၊ ကိလေသာရန်သူသည်။ ဩကာသံ၊ ဖျက်ဆီးခြင်းအခွင့်ကို။ မာလဘတု၊ မရပါစေလင့်။ ဣတိ၊ ဤသို့ကြံ၍။ ဘိက္ခု၊ ရဟန်းသည်။ စက္ခာဒီနိ၊ စက္ခုအစရှိသော ဣန္ဒြေငါးပါးတို့ကို။ နိဂူဟယေ၊ သိုဝှက် သိမ်းဆည်းရာ၏။

အဓိပ္ပါယ်

မစောင့်ရှောက်အပ်သော အပေါက်ငါးခုမှ မြေခွေးစသော ရန်သူသည် သတ်ဖြတ်ခြင်း အခွင့်ကို မရပါစေလင့်ဟုကြံ၍ လိပ်သည် လက်ခြေလေးချောင်း, ဦးခေါင်း ဟူသော အင်္ဂါငါးပါးကို ဝှက်ထားသကဲ့သို့ မစောင့်ရှောက်အပ်သော ငါးဒွါရမှ ကိလေသာ ရန်သူသည် ဖျက်ဆီးခြင်း အခွင့်ကို မရပါစေလင့်ဟုကြံ၍ ရဟန်းသည် စက္ခု-စသော ဣန္ဒြေငါးပါးတို့ကို သိုဝှက်သိမ်းဆည်းရာ၏

၇၄ - စက္ခုရူပေန သံဝါသာ
ရာဂပုတ္တ ဝိဇာယတိ
မဟာနတ္ထကရော သောစ
သံဝါသံ တေန ဝါရယေ

အနက်

စက္ခု၊ စက္ခု သည်။ ရူပေန၊ ရူပါရုံနှင့်။ သံဝါသာ၊ တကွပေါင်းဖက်ခြင်းကြောင့်။ ရာဂပုတ္တံ၊ ရာဂဟူသောသားကို။ ဝိဇာယတိ၊ မွေး၏။ သောစ၊ ထိုရာဂဟူသောသားသည်လည်း။ မဟာနတ္ထကရော၊ အကျိုးမဲ့ကို ပြုတတ်၏။ တေန၊ ထို့ကြောင့်။ သံဝါသံ၊ စက္ခုနှင့် ရူပါရုံ တကွပေါင်းဖက်ခြင်းကို။ ဝါရယေ၊ တားမြစ်ရာ၏။

အဓိပ္ပါယ်

မျက်စေ့သည် ရူပါရုံနှင့် ပေါင်းဖော်ခြင်းကြောင့် ရာဂ-ဟူသော သားကို မွေးဖွား၏၊ ထိုရာဂ-ဟူသောသားသည် များစွာအကျိုးမဲ့ကို ပြုတတ်သောကြောင့် မျက်စေ့နှင့် ရူပါရုံ ပေါင်းဆုံခြင်းကို တားမြစ်ရာ၏

၇၅ - ရူပါဒီသုသဉ္ဇန္တီတိ
သတ္တာ ဣတ္ထျာဒိ သညာယ
နတွေဝ ခန္ဓသညာယ
တံသညီဟိ ဝိရာဂိနော

အနက်

ရူပါဒီသု၊ ရူပက္ခန္ဓာ အစရှိသည်တို့၌။ ဣတ္ထျာဒိ သညာယ၊ မိန်းမအစရှိသောအမှတ်ဖြင့်။ သဉ္ဇန္တီ၊ တပ်ကုန်၏။ ဝါ၊ ကပ်ငြိကုန်၏။ ခန္တသညာယ၊ ခန္ဓာငါးပါးဟူသော အမှတ်ဖြင့်။ နေတွေဝသဉ္ဇန္တီ၊ မတပ်ကုန်သည်သာတည်း။ ဝါ၊ မကပ်ငြိကုန် သည်သာတည်း။ ဣတိ-တသ္မာ၊ ထို့ကြောင့်။ သတ္တာ၊ သတ္တဝါ မည်ကုန်၏၊ ဟိ၊ သင့်စွ။ တံသညီ၊ ထိုခန္ဓာငါးပါး အမှတ်ရှိသူတို့သည်။ ဝိရာဂိနော၊ ရာဂကင်းကုန်၏။

အဓိပ္ပါယ်

ရူပက္ခန္ဓာ-စသည်တို့၌ မိန်းမ-စသော အမှတ်ဖြင့် ကပ်ငြိကုန်၍ ခန္ဓာငါးပါးဟူသော အမှတ်ဖြင့် မကပ်ငြိကုန်သောကြောင့် သတ္တဝါ မည်ကုန်၏။ မှန်၏၊ ခန္ဓာငါးပါး အမှတ် ရှိသော သူတို့သည် ရာဂကင်းကုန်၏

၇၆ - သကာယေပရကာယေစ
အာသံ ဆိန္ဒေယျ ပဏ္ဍိတော
အာသံ ဆေတွာ သုခံသေတိ
အာသာယ ဒုက္ခိတာ ပဇာ

အနက်

ပဏ္ဍိတော၊ ပညာရှိသည်။ သကာယေစ၊ မိမိကိုယ်၌၎င်း။ ပရကာယေစ၊ သူတပါးကိုယ်၌၎င်း။ အာသံ၊ တောင့်တခြင်း အလိုအာသာကို။ ဆိန္ဒေယျ၊ ဖြတ်ရာ၏။ အာသံ၊ တောင့်တခြင်းအလိုအာသာကို။ ဆေတွာ၊ ဖြတ်၍။ သုခံသေတိ၊ ချမ်းသာ စွာနေထိုင်ရ၏။ အာသာယ၊ တောင့်တခြင်း အလိုအာသာကြောင့်။ ပဇာ၊ သတ္တဝါတို့သည်။ ဒုက္ခိတာ၊ ဆင်းရဲရောက်ကုန်၏။

အဓိပ္ပါယ်

ပညာရှိသောသူသည် မိမိကိုယ်, သူတပါးကိုယ်၌ လိုလားတောင့်တခြင်း အာသာကို ဖြတ်နိုင်လျှင် ချမ်းသာစွာ နေထိုင်ရ၏၊ လိုလားတောင့်တခြင်း အာသာကြောင့် သတ္တဝါတို့သည် ဆင်းရဲခြင်းသို့ ရောက်ရကုန်၏

၇၇ - ဒဿနေ သဝနေ ကာယ
သံသဂ္ဂေ မေထုနေပိစ
နိရာသော သုခိတော ဟောတိ
အနိရာသောတိဒုက္ခိတော

အနက်

ဒဿနေ၊ တပ်နှစ်သက်ဖွယ်ကို ကြည့်ရှုခြင်း၌၎င်း။ သဝနေ၊ နားထောင်ခြင်း၌၎င်း။ ကာယသံသဂ္ဂေ၊ ကိုယ်လက် နှီးနှောခြင်း၌၎င်း။ မေထုနေပိစ၊ မေထုန်မှီဝဲခြင်း၌၎င်း။ နိရာသော၊ အလိုအာသာ ပြတ်သောသူသည်။ သုခိတော၊ ချမ်းသာသည်။ ဟောတိ၊ ဖြစ်၏။ အနိရာသော၊ အာသာမပြတ် တပ်နှစ်သက်ခြင်း ရှိသောသူသည်။ အတိ ဒုက္ခိတော၊ အလွန်အမင်း ဆင်းရဲစွာ၏။

အဓိပ္ပါယ်

တပ်နှစ်သက်ဖွယ်ကို ကြည့်ရှုခြင်း, နားထောင်ခြင်း, ကိုယ်လက်နှီးနှောခြင်း, မေထုန်မှီဝဲခြင်းတို့၌ အလိုအာသာ ပြတ်သောသူသည် ချမ်းသာ၏၊ အာသာမပြတ် တပ်နှစ်သက်ခြင်း ရှိသောသူသည် အလွန်အမင်း ဆင်းရဲရ၏

၇၈ - ဗဟီဝ သောဓိတံ ယဿ
န ဝန္တော ဇေဂုစ္ဆ ပုဉ္ဇကံ
တံကာယံ အသုတံဇာန
တနုရာဂေါ သိယာတ္တနိ

အနက်

ယဿကာယဿ၊ အကြင်ကိုယ်၏။ ဗဟီဝ၊ အပကိုသာလျှင်။ သောမိတံ၊ သုတ်သင်နိုင်၏။ အန္တော၊ အတွင်းကို။ န သောဓိတံ၊ မသုတ်သင်နိုင်။ ဇေဂုစ္ဆ ပုဉ္ဇကံ၊ စက်ဆုပ်ဖွယ် အပုံအစုဖြစ်သော။ တံကာယံ၊ ထိုကိုယ်ကို။ အသုဘံ၊ အသုဘ ဟူ၍။ ဇာန၊ သိပါလော့။ အတ္တနိ၊ ကိုယ်အတ္တဘော၌။ တနုရာဂေါ၊ တပ်ခြင်းခေါင်းပါးသည်။ သိယာ၊ ဖြစ်ရာ၏။

အဓိပ္ပါယ်

ခန္ဓာကိုယ်၏ အပကိုသာ သုတ်သင်နိုင်၍ အတွင်းကိုကား မသုတ်သင်နိုင်ချေ၊ စက်ဆုပ်ဖွယ် အပုံအစုဖြစ်သော ကိုယ်ကို အသုဘဟုသိပါ၊ ခန္ဓာကိုယ် အတ္တဘော၌ တပ်ခြင်း ခေါင်းပါးစွာ ဖြစ်ရာ၏

၇၉ - ကောယေဝိရာဂ မိစ္ဆန္တော
နုပဿေယျ တဒန္တရံ
အန္တောဒဿီ အတပ္ပန္တော
လဘေ သံသာရမောစနံ

အနက်

ကာယေ၊ ကိုယ်၌။ ဝိရာဂံ၊ ရာဂကင်းခြင်းကို။ ဣစ္ဆန္တော၊ အလိုရှိသောသူသည်။ တဒန္တရံ၊ ထိုကိုယ်၏အတွင်းကို။ အနုပဿေယျ၊ အဖန်ဖန်ရှုရာ၏။ အန္တောဒဿီ၊ ကိုယ်အတွင်းရှိ ရွံ့ဖွယ်တိဟု မှတ်သိထင်မြင်သောသူသည်။ အတပ္ပန္တော၊ ရာဂမီး မပူမလောင်ဘဲ။ သံသာရမောစနံ၊ သံသရာမှ လွတ်ခြင်းကို။ လဘေ၊ ရရာ၏။

အဓိပ္ပါယ်

ခန္ဓာကိုယ်၌ တပ်နှစ်သက်မှု ကင်းခြင်းကို အလိုရှိသောသူသည် ကိုယ်၏အတွင်းကို ဉာဏ်ဖြင့် အဖန်ဖန်ရှုရာ၏၊ ကိုယ်အတွင်းဝယ် စက်ဆုပ်ဖွယ်ဟု မှတ်ထင်မြင် နိုင်သော သူသည် ရာဂမီး မပူမလောင်ဘဲ သံသရာမှ လွတ်မြောက်ခြင်းကို ရနိုင်ရာ၏

၈၀ - သတ္တာ သတ္တာ ဗဟိဋ္ဌေဝါ
သာရံသာရံ မမာယိနော
သန္တော သန္တော ဝိပဿန္တော
နဝါ နဝါ ယတိံဘဝေ

အနက်

သတ္တာ-သဟအတ္တာ၊ ကိုယ်နှင့် တကွ ကျင်လည်ရကုန်သော သတ္တဝါတို့သည်။ ဗဟိဋ္ဌေဝ၊ အပတွင်သာ သုတ်လိမ်းကာ တည်သော အရေပါး၌ သာလျှင်။ သတ္တာ၊ ကပ်ငြိ ကုန်သည်ဖြစ်၍။ အသာရံ၊ အနှစ်သာရ မြူမျှမရှိ ရွံဖွယ်အတိဖြစ်သော ကိုယ်ကို။ သာရီမမာယိနော၊ အနှစ် အမြတ် အကောင်းမှတ်၍ မပြတ်စဉ်သာ ငါ့ဟာ-ငါ့ကိုယ် ခေါ်ဆိုမြတ်နိုးကြကုန်၏။ သန္တော-သဟသန္တော၊ မကျန်မကြွင်း အတွင်းကောဋ္ဌာသ ဇေဂုစ္ဆနှင့် တကွ။ ဝိပဿန္တော၊ စေ့စေ့ငုငု အထူးရှုသောသူသည်။ သန္တော-သမေန္တော ၊ တဒင်္ဂဖြင့် ရာဂငြိမ်းသည်ဖြစ်၍။ အာယတိံ၊ နောင်ဘုရား လက်ထက်တော်၌။ ဝါနဝါ။ သံသရာဝဋ် မလွတ်ရအောင် ချုပ်နှောင်တတ်စွာ တဏှာ ပြောယှဉ် ပုထုဇဉ်သည်။ နဘဝေ၊ မဖြစ်။

အဓိပ္ပါယ်

ခန္ဓာကိုယ်နှင့်တကွ ကျင်လည်ရသော သတ္တဝါတို့သည် အပြင်အပဖြစ်သော အရေပါး ၌သာ ငြိကပ်ကုန်သည်ဖြစ်၍ အနှစ်သာရမရှိ ရွံဖွယ်အတိဖြစ်သော ကိုယ်ကို အနှစ်သာရ ရှိ၏ဟု မှတ်ထင်က ငါ့ကိုယ်, ငါ့ဟာ, ငါ-ဟု မြတ်နိုးကြကုန်၏၊

အတွင်း စက်ဆုပ်ဖွယ် သဘောနှင့်တကွ စေ့စေ့ငုငု အထူးရှုသောသူသည် တဒင်္ဂဖြင့် ရာဂငြိမ်းသည်ဖြစ်၍ နောင် ဘုရားလက်ထက်တော်၌ တဏှာထူပြောသော ပုထုဇဉ် မဖြစ်တော့ချေ

၈၁ - အလံ အလံ ကတွာ ကာယံ
မလာ မလာ သဝန္တိတော
သောဘံ သောဘံ နယေ ဌာနံ
မနံ မနံ ပျလံ ကတံ

အနက်

ကာယံ၊ ကိုယ်ကို။ အလံကတွာ၊ လက်ကောက် လက်ကြပ် လက်စွပ် ပုတီး ထိန်ညီးလျှံဝါ နံ့သာ ပန်းမာလ် လိမ်းကျံ ပြုပြင် တန်းဆာဆင်၍။ အလံ၊ အကျိုးမရှိ။ မလာ၊ စက်ဆုပ်ဖွယ်လိအညစ်အကြေး အတိဖြစ်သော။ ဣတောကာယတော၊ ဤကိုယ်မှ။ မလာ၊ ချွဲခန်းတံထွေး နှပ်စေး ရွံဖွယ် ကျင်ငယ် ကျင်ကြီး အစရှိသော အညစ်အကြေး တို့သည်။ သဝန္တိ၊ ယိုထွက်ကုန်၏။ မနံပိ၊ မကြီးကျယ်လှ တခဏမျှလည်း။ အလံကတံ၊ သီလသရဏဂုံဖြင့် မွေးထုံကြိုင်စွာ တန်းဆာဆင်အပ်သော။ မနံ၊ စိတ်သည်။ သောဘံ၊ အနဝဇ္ဇသဘာဝဖြင့် လှပတင့်တယ်သည် ဖြစ်၍။ သောဘံဌာနံ၊ တင့်တယ်လှပစွာ နတ်ရွာ နိဗ္ဗာန် အရပ်မွန်သို့။ နယေ၊ ဆောင်တတ်၏။ ဝါ၊ ဆောင်နိုင်၏။

အဓိပ္ပါယ်

ခန္ဓာကိုယ်ကို လက်ကောက် လက်ကြပ် နံ့သာ ပန်းမာလ် စသည်ဖြင့် တန်းဆာဆင်၍ အကျိုးမရှိချေ၊ စက်ဆုပ်ဖွယ် အညစ်အကြေးဖြစ်သော ဤကိုယ်မှ ချွဲခန်း တံထွေး နှပ် ကျင်ငယ် ကျင်ကြီး - စသော ရွံဖွယ် အညစ်အကြေးတို့သည် ယိုထွက်ကုန်၏၊ တခဏမျှ သီလသရဏဂုံဖြင့် မွေးထုံကာ တန်းဆာဆင်အပ်သောစိတ်သည် အပြစ်မရှိ လှပတင့်တယ်သည်ဖြစ်၍ တင့်တယ်လှစွာသော နတ်ရွာ နိဗ္ဗာန်သို့ ရောက်အောင် ဆောင်နိုင်၏

ပုတ္တေဥှတံ ဘဂဝတာ။

၈၂ - သံသဂ္ဂေဇာတဿ ဘဝန္တိ သ္နေဟာ
သ္နေဟာနွယံ ဒုက္ခ မိဒံ ပဟောတိ
အာဒိနဝံ သ္နေဟဇံပေက္ခ မာနော
ဧကော စရေခဂ္ဂ ဝိသာဏ ကပ္ပေါ

[သေနဟာ-ဟု မဖတ်နှင့် သနေဟာ-ဟု ဖတ်။]

အနက်

ဟိ၊ သင့်စွ။ ဧတံဝစနံ၊ ဤစကားကို။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။

သံသဂ္ဂဇာတဿ၊ မပြတ်မြင်ကြား စကားဆက်လက် သုံးဆောင် ရောယှက် ကိုယ်လက် ထိပါး ငါးခုသော ရောယှက်ခြင်း ဖြစ်သောသူအား။ သ္နေဟာ၊ ချစ်ခြင်းအသာ မေတ္တာယောင်ပြေး တဏှာစေးတို့သည်။ ဘဝန္တိ၊ ဖြစ်ပေါ်လာကုန်၏။ ဣဒံဒုက္ခံ၊ ဤပိယ ဝိပ္ပယောဂ အစရှိသော ဆင်းရဲသည်။ သ္နေဟာနွယံ၊ တဏှာ၏နောက် အစဉ်လျှောက်လျက်။ ပဟောတိ၊ ဖြစ်ပွား၏။ သ္နေဟဇံ၊ တရံတဆစ် မဖြစ်အောင် ချစ်ခြင်းတဏှာကြောင့် ဖြစ်သော။ အာဒိနဝံ၊ သောက ပရိဒေဝ အစရှိသောအပြစ်ကို။ ပေက္ခမာနော၊ စေ့စေ့ငုငု ရှုသည်ဖြစ်၍။ ဝါ၊ ရှုသောသူသည်။ ခဂ္ဂဝိသာဏ ကပ္ပေါ၊ ကြံ့ချို အလား နှစ်ပါးမမြောက် နှစ်ယောက်မရှိဘဲ။ ဧကော၊ တယောက်တည်းသာဖြစ်၍။ စရေ၊ ကျင့်ရာ၏။ ဝါ၊ လှည့်လည်ရာ၏။

အဓိပ္ပါယ်

မှန်၏၊ ဤစကားကို မြတ်စွာဘုရား ဟောတော်မူအပ်ပြီ၊ မပြတ်မလပ် မြင်ခြင်း, ကြားခြင်း, စကားပြောဆိုခြင်း, ရောယှက် သုံးဆောင်ခြင်း, ကိုယ်လက်ထိပါးခြင်း-ဟူသော ရောယှက်ခြင်း ငါးပါးဖြစ်သောသူအား ချစ်ခြင်းတဏှာ ဖြစ်ပေါ်လာကုန်၏။ ချစ်သူနှင့် ကွေကွင်းရခြင်းစသော ဆင်းရဲတို့သည် တဏှာ၏နောက် အစဉ် လျှောက်လျက် ဖြစ်ပွား၏၊ ချစ်ခြင်းတဏှာကြောင့် ဖြစ်သော စိုးရိမ် ပူဆွေး ငိုကြွေးခြင်းစသော အပြစ်ကို စေ့စေ့ငုငု ရှုသောသူသည် ကြံ့ချိုနှင့်တူစွာ တယောက်တည်းသာ ကျင့်ရာ၏

၈၃ - ခိဋ္ဋာ ရတိ ဟောတိ သဟာယ မဇ္ဈေ
ပုတ္တသုစ ဝိပုလံ ဟောတိ ပေမံ
ပိယဝိပ္ပယောဂံ ဝိဇိဂုစ္ဆမာနော
ဧကော စရေ ခဂ္ဂဝိသာဏ ကပ္ပေါ

အနက်

သဟာယမဇ္ဈေ၊ အပေါင်းအဖော် အဆွေခင်ပွန်း တို့၏အလယ်၌။ ခိဋ္ဋာ၊ မြူးထူးခြင်းသည်၎င်း။ ရတိ၊ မွေ့လျော် ပျော်ပါးခြင်းသည်၎င်း။ ဟောတိ၊ ဖြစ်၏။ ပုတ္တေသုစ၊ တပည့် သားမြေးတို့၌လည်း။ ပေမံ၊ ချစ်ခြင်းသည်။ ဝိပုလံ၊ ကြီးကျယ်သည်။ ဟောတိ၊ ဖြစ်၏။ ပိယဝိပ္ပယောဂံ၊ ချစ်သောသူနှင့် ကွေကွင်းခြင်းကို။ ဝိဇိဂုစ္ဆမာနော၊ အထူးစက်ဆုပ်သောသူသည်။ ဧကော၊ တယောက်ထည်းတည်း။ ခဂ္ဂဝိသာဏ ကပ္ပေါ၊ ကြံ့ချို နှင့် တူသော သဘောရှိသည်ဖြစ်၍။ စရေ၊ ကျင့်ရာ၏။

အဓိပ္ပါယ်

အဆွေခင်ပွန်းတို့၏ အလယ်၌ မြူးထူးခြင်း, မွေ့လျော်ခြင်းတို့ ဖြစ်တတ်ကုန်၏၊ တပည့် သားမြေးတို့၌ ချစ်ခြင်းသည် ကြီးကျယ်လှစွာ၏၊ ချစ်သူနှင့် ကွေကွင်းရခြင်း ကို အထူးစက်ဆုပ်သော သူသည် ကြံ့ချိုနှင့်တူစွာ တယောက်တည်းသာ ကျင့်ရာ၏

၈၄ - ဝံသော ဝိသာလောယထာ ဝိသတ္တော
ပုတ္တေသု ဒါရေသုစ ယာအပေက္ခာ
ဝံသကဠိရောဝ အသဇ္ဇမာနော
ဧကော စရေ ခဂ္ဂဝိသာဏ ကပ္ပေါ

အနက်

ပုတ္တေသုစ၊ သားသ္မီးတို့၌၎င်း။ ဒါရေသုစ၊ မယားတို့၌၎င်း။ ယာအပေက္ခာ-ယာယအပေက္ခာယ၊ အကြင်မခွါဖြစ်တဲ့ တငဲ့ငဲ့ ရှိခြင်းကြောင့်။ ဝိသာလော၊ ခက်လက်စည်ကား ကြီးကျယ်ပွားသော။ ဝံသောယထာ၊ ဝါးရုံပင်ကြီးကဲ့သို့သာလျှင်။ ဝိသတ္တော၊ ကပ်ငြိထွေးယှက် ထုတ်နိုင်ခက်သည်။ ဟောတိ၊ ဖြစ်၏။ ဝံသကဠိရောဝ၊ ဝါးမျှစ် ဝါးညှောက်ကဲ့သို့။ အသဇ္ဇမာနာ၊ မငြိမတွယ်လိုသောသူသည်။ ဧကော၊ တယောက်တည်းချင်း။ ခဂ္ဂဝိသာဏ ကပ္ပေါ၊ ကြံ့ချိုပမာ တူလှစွာဖြစ်၍။ စရေ ၊ကျင့်ရာ၏။

အဓိပ္ပါယ်

သမီးသားနှင့် မယားတို့အပေါ်၌ မခွါနိုင်ဘဲ အမြဲငဲ့နေခြင်းကြောင့် အခက်အလက် တို့ဖြင့် စည်ကား ကြီးပွားသော ဝါးရုံပင်ကြီးပမာ ငြိတွယ်ထွေးယှက် ထုတ်နိုင်ခက်၍၊ ဝါးမျှစ် ဝါးညှောက်ကဲ့သို့ မငြိတွယ်လိုသော သူသည် ကြံ့ချိုနှင့်တူစွာ တယောက် တည်းသာ ကျင့်ရာ၏

၈၅ - ကာမံ ကာမယ မာနဿ
တဿစေတံ သမိဇ္ဈတိ
အဒ္ဓါ ပီတိမနော ဟောတိ
မစ္စော လဒ္ဓါ ယဒိစ္ဆတိ

အနက်

ကာမံ၊ ဝတ္ထု ကာမဂုဏ်ကို။
ကာမယမာနဿ၊ ကိလေသာ ကာမဖြင့် တောင့်တလိုချင်သော။
တဿ၊ ထိုပုထုဇဉ် သတ္တဝါအား။
ဧတံ၊ ဤလိုအပ်သော ကာမဂုဏ်သည်။
စေသမိဇ္ဈတိ၊ အကယ်၍ပြည့်စုံငြားအံ့။
မစ္စော၊ သတ္တဝါသည်။
ယဒိစ္ဆတိ၊ အကြင် အကြင် အလိုရှိတိုင်း။
လဒ္ဓါ၊ ရသောကြောင့်။
အဒ္ဓါ၊ မချွတ်။
ပီတိမနော၊ ရွှင်လန်းဝမ်းမြောက် ပီတိရောက်သော စိတ်ရှိသည်။
ဟောတိ၊ ဖြစ်၏။

အဓိပ္ပါယ်

ဝတ္ထုအာရုံ ကာမဂုဏ်ကို ကိလေသာကာမဖြင့် တောင့်တလိုချင်သော ပုထုဇဉ်အား မိမိလိုချင်သော ကာမဂုဏ် အကယ်၍ ပြည့်စုံငြားအံ့၊ လိုတိုင်းရသောကြောင့် မချွတ် ဧကန် ရွှင်လန်း ဝမ်းမြောက်၏။

၈၆ - တဿစေ ကာမယာနဿ
ဆန္ဒဇာတဿ ဇန္တုနော
တေကာမာ ပရိဟာယန္တိ
သလ္လဝိဒ္ဓေါ၀ ရုပ္ပတိ

အနက်

ကာမယာနဿ၊ ကာမဂုဏ် ယာဉ်စီးသော။
တဿဇန္တုနော၊ ထိုသတ္တဝါအား။
ဆန္ဒဇာတဿ၊ စွဲလမ်းကြီးစွာ အာသာမပျက် တငဲ့ငဲ့ဖြစ်စဉ်။
တေကာမာ၊ ထိုဥစ္စာခမ်းနား သားမယား အစရှိသော ကာမဂုဏ်တို့သည်။
စေပရိဟာယန္တိ၊ အကယ်၍ ဆုတ်ယုတ်ကုန်သည် ဖြစ်ငြားအံ့။
သလ္လဝိဒ္ဓေါဝ၊ မြှားတောင့်စူးဝင် သမင်ကဲ့သို့။
ရုပ္ပတိ၊ သူရူးပုံဟန် စိတ်သွေလှန်၍ ဖောက်ပြန်စွာ ဖြစ်၏။

အဓိပ္ပါယ်

သတ္တဝါ တဦးတယောက်သည် ကာမဂုဏ် ယာဉ်စီးလျက် ကြီးစွာသော စွဲလမ်းချက်ဖြင့် တငဲ့ငဲ့ဖြစ်နေစဉ် ထို ဥစ္စာစီးပွား သားမယား - စသော ကာမဂုဏ်တို့ အကယ်၍ ဆုတ်ယုတ်ပျက်ပြားငြားအံ့၊ မြှားတောင့်စူးဝင်သော တောသမင်ကဲ့သို့ သူရူးပုံဟန် စိတ်ဖောက်ပြန်တတ်၏။

၈၇ - ယောကာမေ ပရိဝဇ္ဇေတိ
သပ္ပဿေဝ ပဒါ သိရော
သောမံ ဝိသတ္တိကံ လောကေ
သတော သမတိဝတ္တတိ

အနက်

ယော၊ အကြင်သူသည်။
သပ္ပဿ၊ မြွေ၏။
သိရော၊ ဦးခေါင်းကို။
ပဒါ၊ ခြေဖြင့်။
ဝါ၊ ခြေမှ။
ပရိဝဇ္ဇေတိဣဝ၊ မထိရအောင် ကြဉ်ရှောင်သကဲ့သို့။
ကာမေ၊ ကာမဂုဏ်တို့ကို။
ပရိဝဇ္ဇေတိ၊ ကြဉ်ရှောင်ငြားအံ့။
ပရိဝဇ္ဇတော၊ ထိုကြဉ်ရှောင်သောသူသည်။
လောက၊ ခန္ဓာဟူသော လောက၌။
ဝိသတ္တိကံ၊ အထူးကပ်ငြိတတ်သော။
ဣမံတဏှံ၊ ဤတဏှာကို။
သတော၊ သတိပညာရှိသည်ဖြစ်၍။
သမတိဝတ္တတိ၊ လွန်မြောက်နိုင်၏။

အဓိပ္ပါယ်

မြွေ၏ဦးခေါင်းကို ခြေဖြင့်မထိရအောင် ကြဉ်ရှောင်သကဲ့သို့ ကာမဂုဏ်တို့ကို ကြဉ်ရှောင်သူသည် ခန္ဓာဟူသောလောက၌ အထူးကပ်ငြိတတ်သော တဏှာကို သတိ ပညာရှိသည်ဖြစ်၍ လွန်မြောက်နိုင်၏။

၈၈ - ခေတ္တံ ဝတ္ထုံ တဠာကံဝါ
ဂဝဿံ ဒါသပေါရိသံ
ထိယော ဗန္ဓူ ပုထုကာမေ
ယောနရော အနုဂိဇ္ဈတိ

၈၉ - အဗလာ နံ ဗလီယန္တိ
မဒ္ဒန္တနံ ပရိဿယာ
တတောနံ ဒုက္ခမနွေတိ
နာဝံ ဘိန္န မိဝေါဒကံ

အနက်

ခေတ္တံ၊ လယ်ကို၎င်း။
ဝတ္ထုံ၊ ယာကို၎င်း။
တဠာကံဝါ၊ ရေကန်အင်းအိုင်ကို၎င်း။
ဂဝဿံ၊ နွားမြင်းကို၎င်း။
ဒါသပေါရိသံ၊ ကျွန်းအမှုလုပ်ယောက်ျားကို၎င်း။
ထိယော၊ မိန်းမတို့ကို၎င်း။
ဗန္ဓူ၊ မိတ်ဆွေခင်ပွန်းတို့ကို၎င်း။
ပုထုကာမေ၊ များစွာသော ကာမဂုဏ်ဝတ္ထုတို့ကို။
ယောနရော၊ အကြင်သူသည်။
အနုဂိဇ္ဈတိ၊ အဖန်ဖန် တပ်မက် နှစ်သက်ငြားအံ့။

အဗလာ၊ အာရုံကိုမရ၍ အားမရှိသော ကိလေသာတို့သည်။
[အဗလာနံ၌ နံ-ကား ပဒပူရဏနိပါတ်]
ဗလီယန္တိ၊ အားကြီးစွာ ဖြစ်ကုန်၏။
ပရိဿယာ၊ ရေ မီး သူခိုး မင်းစိုး အစရှိသောရန်သူတို့သည်။
ဧနံ၊ ထိုသူကို။
မဒ္ဒန္တိ၊ နှိပ်စက်ကုန်၏။
တတော၊ ထိုသို့ ရန်သူအပေါင်း ထောင်းထောင်း ညက်ညက် နှိပ်စက်ခြင်းကြောင့်။
ဥဒကံ၊ မြစ်ရေသည်။
ဘိန္နံ၊ ခြခြကွဲသော။
နာဝံ၊ လှေကို။
အနွေတိဣဝ၊ အစဉ်ဝင်လျက် ပက်၍မဖြစ် မြှုပ်နှစ်သကဲ့သို့။
ဒုက္ခံ၊ ကိုယ်စိတ်နှစ်ဖြာ ကြီးလှစွာသော ဆင်းရဲသည်။
နံ၊ ထိုသူကို။
အနွေတိ၊ အစဉ်တစိုက်လိုက်၏။

အဓိပ္ပါယ်

လယ်, ယာ, ရေကန်, အင်းအိုင်, နွား, မြင်း, ကျွန်မိန်းမ, ကျွန်ယောက်ျား-ဟူသော များစွာသော ကာမဂုဏ် ဝတ္ထုတို့ကို အဖန်ဖန်တပ်မက် နှစ်သက်သော သူအား - အားမရှိသော ကိလေသာတို့သည် အားကြီးစွာ ဖြစ်ကုန်၏၊ ရေ, မီး, သူခိုး, မင်းစိုး စသော ရန်သူတို့သည် နှိပ်စက်ကုန်၏။ ထိုသို့ ရန်သူအပေါင်း နှိပ်စက်ခြင်းကြောင့် မြစ်ရေသည် ကွဲသောလှေကို အစဉ်ဝင်လျက် ပက်၍မဖြစ်အောင် မြှုပ်နှစ်သကဲ့သို့ ကြီးစွာသော ဆင်းရဲသည် ထိုသူနောက်သို့ အစဉ်တစိုက် လိုက်၏။

၉၀ - တသ္မာဇန္တု သဒါသတော
ကာမာနိ ပရိဝဇ္ဇယေ
တေ ပဟာယ တရေ သြဃံ
နာဝံ သိတွာဝ ပါရဂူ

အနက်

တသ္မာ၊ ထို့ကြောင့်။
ဇန္တု၊ သတ္တဝါသည်။
သဒါသတော၊ အခါခပ်သိမ်း သတိရှိသည်ဖြစ်၍။
ကာမာနိ၊ ကာမဂုဏ်တို့ကို။
ပရိဝဇ္ဇယေ၊ ရှောင်ကြဉ်ရာ၏။
တေ၊ ထိုကာမဂုဏ်တို့ကို။
ပဟာယ၊ သိမ်းယူမဝံ့ ပယ်ပစ်စွန့်၍။
သြဃံ၊ သံသရာဝဲသြဃကို။
တရေ၊ ကူးနိုင်ရာ၏။
နာဝံ၊ ရေတဖျဉ်းဖျဉ်းဝင်သော လှေကို။
သိတွာ၊ ဆေးဖာပြင်ဆင် ရေစင်အောင်ပက်၍။
တရန္တော၊ မြစ်ကို ကူးသောသူသည်။
ပါရဂူဣဝ၊ ကမ်းသို့ရောက်သကဲ့သို့။
တေကာမေ၊ ထိုကာမဂုဏ်တို့ကို။
ပဟာယ၊ ပယ်၍။
စရန္တော၊ ကျင့်သောသူသည်။
ပါရဂူ၊ နိဗ္ဗာန်ဖိုလ်မဂ် ထိုမှယဖက်သို့ ကူးတက်နိုင်သည်။
ဘဝေ၊ ဖြစ်ရာ၏။

[ခဂ္ဂဝိသာဏသုတ် သုံးဂါထာ- ကာမသုတ်ခြောက်ဂါထာ- သုတ္တနိပါတ်ပါဠိတော်။]

အဓိပ္ပါယ်

ထို့ကြောင့် သတ္တဝါသည် အခါခပ်သိမ်း သတိရှိ၍ ကာမဂုဏ်တို့ကို ရှောင်ကြဉ်ရာ၏၊ ကာမဂုဏ်တို့ကို ပယ်စွန့်၍ သံသရာ ဝဲသြဃကို ကူးနိုင်ရာ၏။ ရေဝင်သောလှေကို ဖာထေးပြင်ဆင် ရေစင်အောင်ပက်၍ ကူးသောသူသည် ကမ်းတဖက်သို့ ရောက်သကဲ့သို့ ကာမဂုဏ်တို့ကို ပယ်စွန့်၍ ကျင့်သူသည် နိဗ္ဗာန်မဂ်ဖိုလ် ထိုမှာ ဖက်ကမ်းသို့ ကူးတက်နိုင်၏။

၉၁ - ကာမတော ဇာယတေ သောကော
ကာမတော ဇာယတေ ဘယံ
ကာမတော ဝိပ္ပမုတ္တဿ
နတ္ထိ သောကော ကုတော ဘယံ

အနက်

ကာမတော၊ ကာမဂုဏ်ကြောင့်။
သောကော၊ စိုးရိမ်ခြင်းသည်။
ဇာယတေ၊ ဖြစ်၏။
ကာမတော၊ ကာမဂုဏ်ကြောင့်။
ဘယံ၊ ကြောက်ခြင်းသည်။
ဇာယတေ၊ ဖြစ်၏။
ကာမတော၊ ကာမဂုဏ်မှ။
ဝိပ္ပမုတ္တဿ၊ ကင်းလွတ်သော သူအား။
သောကော၊ စိုးရိမ်ခြင်းသည်။
နတ္ထိ၊ မရှိ။
ဘယံ၊ ကြောက်ခြင်းသည်။
ကုတောအတ္ထိ၊ အဘယ်မှာရှိအံ့နည်း။

အဓိပ္ပါယ်

ကမဂုဏ်ကြောင့် စိုးရိမ်ခြင်းဖြစ်၏၊
ကာမဂုဏ်ကြောင့် ကြောက်ခြင်းဖြစ်၏၊
ကာမဂုဏ်မှ ကင်းလွတ်သောသူအား စိုးရိမ်ခြင်းမရှိချေ
ကြောက်ခြင်းသည် အဘယ်မှာ ရှိပါအံ့နည်း။

၉၂ - သုဘာနုပဿိံ ဝိဟရန္တံ
ဣန္ဒြိယေသု အသံဝုတံ
ဘောဇနမှိ အမတ္တညုံ
ကုသိတံ ဟီန ဝီရိယံ
တံေ၀ ပသဟတိ မာရော
ဝါတော ရုက္ခံဝ ဒုဗ္ဗလံ

အနက်

သုဘာနုပဿိံ၊ မျက်နှာရင်ဝမ်း နှုတ်ခမ်းသွားမေး ယဉ်ကျေးဖွယ်ရာ တင့်တယ်စွာဟု အခါခါရှုလျက်။
ဝိဟရန္တံ၊ နေသော။
ဣန္ဒြိယေသု၊ စက္ခုစသော ဒွါရခြောက်ထွေ ဣန္ဒြေတို့၌။
အသံဝုတံ၊ သတိကင်းပျောက် မစောင့်ရှောက်ထသော။
ဘောဇနမှိ၊ ဘောဇဉ်အစာ စားသောခါ၌။
အမတ္တညုံ၊ တော်တန်ရုံလောက် စားသောက်မတည် တိုင်းရှည်မရှိ မသိတတ် ထသော။
ကုသိတံ၊ ပျင်းရိတတ်ထသော။
ဟီနဝီရိယံ၊ အားအန် မထုတ် ယုတ်သော ဝီရိယရှိသော။
တံဘိက္ခုံ၊ ထိုရဟန်းကို။
မာရော၊ ကိုယ်၌တစေ မှီ၍နေသော ကိလေသာ မာရ်မင်းသည်။
ဝေ၊ စင်စစ်။
ပသဟတိ၊ ညှဉ်းဆဲ၏။
ဝါတော၊ လေမုန်တိုင်းသည်။
ဒုဗ္ဗလံရုက္ခံ၊ အမြစ်နည်းပါး မြစ်ရေစား၍ အားမရှိသော သစ်ပင်ကို။
ပသဟတိ ဣဝ၊ ညှဉ်းဆဲသကဲ့သို့တည်း။

အဓိပ္ပါယ်

လှပတင့်တယ် နှစ်သက်ဖွယ်ဟု အခါခါမှတ်ရှုနေလျက် စက္ခုစသော ဣန္ဒြေတို့၌ မစောင့်ရှောက်ဘဲ ဘောဇဉ်၌ အတိုင်းအရှည်ကိုလည်းမသိ ယုတ်လျော့သော ဝီရိယ ရှိသော ရဟန်းကို ကိလေသာမာရ်မင်းသည် အမှန်စင်စစ် ညှဉ်းဆဲနိုင်၏။ ဥပမာကား - လေမုန်တိုင်းသည် အမြစ်ရေ စား၍ အားမရှိသော သစ်ပင်ကို တိုက်ခတ်ညှဉ်းဆဲ နိုင်သကဲ့သို့တည်း။

၉၃ - အသုဘာနုပဿိံ ဝိဟရန္တံ
ဣန္ဒြိယေသု သုသံဝုတံ
ဘောဇနမှိစ ပတ္တညုံ
သဒ္ဓံ အာရဒ္ဓ ဝီရိယံ
တံေ၀ နပ္ပသဟတိ မာရော
ဝါတော သေလံဝ ပဗ္ဗတံ

အနက်

အသုဘာနုပဿိံ၊ အတွင်းဖက်က စက်ဆုပ်ဖွယ်ရှိ ရွံဖွယ်လိကို သတိရရ အသုဘဟု နိစ္စမပြတ် ရှုလတ်၍သာလျှင်။
ဝိဟရန္တံ၊ နေထသော။
ဣန္ဒြိယေသု၊ မျက်စိနှင့်နား စသောအားဖြင့် ခြောက်ပါးသောဒွါရ ဣန္ဒြေတို့၌။
သုသံဝုတံ၊ သတိမကွာ ကောင်းစွာ စောင့်ရှောက်ခြင်း ရှိထသော။
ဘောဇနမှိစ၊ ဘောဇဉ်ရသာ စားသောခါ၌လည်း။
မတ္တညုံ၊ ရောဂါမစည် ချမ်းသာတည်အောင် အတိုင်းအရှည်ကို သိတတ်ထသော။
သဒ္ဓံ၊ သဒ္ဓါတရားရှိထသော။
အာရဒ္ဓဝီရိယံ၊ မနှစ်မဆုတ် အဟုတ် အားသွန် လွန်သောလုံ့လ ရှိထသော။
တံဘိက္ခုံ၊ ထိုရဟန်းကို။
မာရော၊ ကိုယ်တွင်းမှီနေ ကိလေသာမာရ်ယုတ် နတ်ငပုပ်သည်။
ဝေ၊ စင်စစ်။
နပ္ပသဟတိ၊ မညှဉ်းဆဲ။
ဝါ ၊ လေသည်။
သေလံ ပဗ္ဗတံ၊ ကျောက်အတိသာ တောင်ကြီးစွာကို။
နပ္ပသဟတိဣဝ၊ မနှိပ်စက်နိုင် သကဲ့သို့တည်း။

အဓိပ္ပါယ်

ကိုယ်တွင်းက စက်ဆုပ်ဖွယ် သဘောကို နက်နောစွာ ရှုနေလျက် မျက်စိစသော ဣန္ဒြေကို စောင့်ရှောက်၍ ဘောဇဉ်၌ အတိုင်းရှည်ကိုလည်းသိ, သဒ္ဓါတရားလည်း ရှိသဖြင့် မဆုတ်မနစ် အားထုတ်မှုရှိသော ရဟန်းကို ကိလေသာမာရ်ယုတ် မနှိပ်စက်နိုင်ချေ

ဥပမာကား-လေသည် ကျောက်တောင်ကြီးကို ကိုက်ခတ်မှုဖြင့် မနှိပ်စက်နိုင် သကဲ့သို့တည်း။

၉၄ - ယထာ အဂါရံ ဒုစ္ဆန္နံ
ဝုဋ္ဌိ သမတိ ဝိဇ္ဈတိ
ဧဝံ အဘာဝိတံ စိတ္တံ
ရာဂေါ သမတိဝိဇ္ဈတိ

အနက်

ဒုစ္ဆန္နံ၊ ကျဲတိ ကျဲတောင်း မကောင်းသဖြင့် မိုးအပ်သော။
အဂါရံ၊ အိမ်ကျောင်းကို။
ဝုဋ္ဌိ၊ ရွာသောမိုဃ်းသည်။
သမတိဝိဇ္ဈတိယထာ၊ ထွင်းဖေါက်၍သာ ယိုလေရာ သကဲ့သို့။
ဧဝံ-တထာ၊ ထို့အတူ။
အဘာဝိတံ၊ အသုဘ ဘာဝနာ ဝေးကွာသောအား ပေါက်လွတ်ထား၍ မပွားစေအပ်သော။
စိတ္တံ၊ စိတ်ကို။
ရာဂေါ၊ ပြင်းထန်လှစွာ ကိလေသာဆိုး ရွာသောမိုဃ်းသည်။
သမတိဝိဇ္ဈတိ၊ စိတ်တွင်းတိုင်ရောက် ထွင်းဖေါက်မလွတ် စိုစွတ်စေရာ၏။
ဣတိ၊ ဤသ္မိံ။
ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။

[ကာမတောဇာယတေမှစ၍ လေးဂါထာ ဓမ္မပဒပါဠိတော်။]

အဓိပ္ပါယ်

မကောင်းသဖြင့် မိုးအပ်သော အိမ်ကျောင်းကို ရွာသောမိုဃ်းပေါက်သည် ထွင်းဖောက် ယိုစီးသကဲ့သို့ ထို့အတူ အသုဘ ဘာဝနာဖြင့် ကောင်းစွာ မပွား အပ်သော စိတ်ကို ကိလေသာ မိုဃ်းပေါက်သည် အတွင်းရောက်အောင် ထွင်းဖောက် စိုစွတ်စေရာ၏ဟု ဟောတော်မူအပ်ပြီ။ -

၉၅ - တဒေဝံ ပစ္စဝေက္ခန္တိ
ယေ တေ ရာဂဂ္ဂိဒုဗ္ဗလာ
ပတိဋ္ဌံ သာသနေ လဒ္ဓါ
နုက္ကဏ္ဌာ နလသာ ရတာ

အနက်

ယေ၊ အကြင်သူတို့သည်။
တံကာယံ၊ ထိုကိုယ်ကို။
ဧဝံ၊ ဤသို့ဆိုခဲ့ပြီးသော အခြင်းအရာဖြင့်။
ပစ္စဝေက္ခန္တိ၊ ဆင်ခြင်ကုန်၏။
တေ၊ ထိုဆင်ခြင်သောသူတို့သည်။
ရာဂဂ္ဂိဒုဗ္ဗလာ၊ ရာဂလောင်မီး မကြီးမသည်း အားနည်းကုန်သည် ဖြစ်၍။
သာသနေ-သတံ အာသနေ၊ သူတော်ကောင်းတို့ မြင့်ညောင်း တာရှည် တည်ရာ အရပ် ခေါ်ဆိုအပ်သော ဘုရားရှင် သာသနာ၌။
ပတိဋ္ဌံ၊ မရွံမစိုး ကိုးရာမှန်လှ အသုဘဘာဝနာကို။
လဒ္ဓါ၊ ရကုန်၍။
အနုက္ကဏ္ဌာ၊ လူ့ဘောင်ခေါ်ဝေါ် ကာမဘော်သို့ လည်တမျှော်မျှော် မရှိကြကုန်ဘဲ။
အနလသာ၊ ကာမဝိဘက် ခြင် မှက် လွတ်ကင်း မပျင်းမရိ။
ရတာ၊ တရား၍ မွေ့လျော်ကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။

အဓိပ္ပါယ်

ထိုခန္ဓာကိုယ်ကို ဤဆိုခဲ့ပြီးသော အခြင်းအရာဖြင့် ဆင်ခြင်သော သူတို့သည် ရာဂလောင်မီး အားနည်းကုန်သည် ဖြစ်၍ သူတော်ကောင်းတို့၏နေရာ ဘုရားရှင် သာသနာတော်၌ ထောက်ရာ တည်ရာ အသုဘ ဘာဝနာကို ရကုန်၍ ကာမဝိတက် ဖြင့် ပျင်းရိငြီးငွေ့ခြင်းမရှိဘဲ တရားတော်နှင့် အမြဲမွေ့လျော်နိုင်ကြကုန်၏။

၉၆ - ဗုဒ္ဓေါဝါဒံ လဘိတွာပိ
နာဟံသက္ကာ နဝေါမှိတိ
ဒေါသံ တဏှံ အနာသေန္တော
ပရိပက္ကော တဒါဘဝေ
ပုညကမ္မံ အကရောန္တာ
ပရဝဇ္ဇံ အခမန္တော

အနက်

ဗုဒ္ဓဝါဒံ၊ ဘုရားရှင်ဩဝါဒကို။
လဘိတွာပိ၊ ရသည်ဖြစ်လျက်လည်း။
အဟံ၊ ငါသည်။
နသက္ကာ၊ မတတ်နိုင်။
နဝေါ၊ ပါရမီနုသည်။
အမှိ၊ ဖြစ်၏။
ဣတိ၊ ဤသို့ကြံ၍။
ဒေါသံ တဏှံ၊ အမျက်ထွက်ခြင်း, တပ်မက်ခြင်းကို။
အနာသေန္တော၊ မဖျောက်ဖျက်သောသူသည်၎င်း။
ပုညကမ္မံ၊ ကုသိုလ်ကောင်းမှုကို။
အကရောန္တာ၊ မပြုသောသူသည်၎င်း။
ပရဝဇ္ဇံ၊ သူတပါးတို့ အပြစ်ကို။
အခမန္တော၊ သည်းမခံသောသူသည်၎င်း။
ကဒါ၊ အဘယ်အခါ၌။
ပရိပက္ကော၊ ပါရမီရင့်မာသူသည်။
ဘဝေ၊ ဖြစ်နိုင် အံ့နည်း။
အပရိပက္ကောဝ၊ မရင့်မာနိုင်သည်သာတည်း။

အဓိပ္ပါယ်

ဘုရားရှင် ဩဝါဒကို ရသည် ဖြစ်ပါလျက်လည်း ငါမတတ်နိုင်၊ ပါရမီ နုသေးသည် ဟုကြံ၍ အမျက်ထွက်ခြင်း - တပ်မက်ခြင်းကို မဖျောက်ဖျက်သူ, ကုသိုလ် ကောင်းမှုကို မပြုသောသူ၊ သူတပါးအပြစ်ကို သည်းမခံသော သူတို့သည် အဘယ် အခါ ပါရမီရင့်မာသောသူ ဖြစ်နိုင်အံ့နည်း၊ မရင့်မာနိုင်တော့သည်သာတည်း

၉၇ - ကာယ သင်္ခါရိကာ တဏှာ
နီစာနီစကရာစ သာ
စိတ္တသင်္ခါရိကာ သဒ္ဓါ
ဥစ္စာ ဥစ္စကရာစ သာ

အနက်

တဏှာ၊ တဏှာသည်။
ကာယသင်္ခါရိကာ၊ ကိုယ်ကိုပြုပြင် တန်းဆာဆင်တတ်သော သဘောရှိ၏။
သာတဏှာ၊ ထိုတဏှာသည်။
နီစာ၊ ယခုယုတ်နိမ့်သည်အောက်။
နီစကရာစ၊ ဘဝအဆက်ဆက် ယုတ်နိမ့်ခြင်းကို ပြုတတ်သည်လည်း။
ဟောတိ၊ ဖြစ်၏။
သဒ္ဓါ၊ သဒ္ဓါတရားသည်။
စိတ္တသင်္ခါရိကာ၊ စိတ်ကိုပြုပြင် တန်းဆာဆင်ခြင်း သဘောရှိ၏။
သာသဒ္ဓါ၊ ထိုသဒ္ဓါသည်။
ဥစ္စာ၊ ယခုမြင့်မြတ်သောထက်။
ဥစ္စကရာစ၊ မြင့်မြတ်သည်ကို ပြုတတ်သည်လည်း။
ဟောတိ၊ ဖြစ်၏။

အဓိပ္ပါယ်

တဏှာသည် ကိုယ်ကိုပြုပြင် တန်းဆာဆင်တတ်သော သဘောရှိ၍ ယုတ်နိမ့်သည် အောက်ယုတ်နိမ့်အောင်လည်း ပြုတတ်၏။ သဒ္ဓါသည်ကား စိတ်ကိုပြုပြင် တန်းဆာ ဆင်တတ်သော သဘောရှိ၍ မြင့်မြတ်သည်ထက် မြင့်မြတ်အောင်လည်း ပြုတတ်၏။

၉၈ - ဒဿနီယေ ရတာ တဏှာ
သဒ္ဓါသွာစာရဘတ္တိကာ
ဝိကိဏ္ဏစာရိကာ တဏှာ
သဒ္ဓါ ဝိသဒစာရိနီ

အနက်

တဏှာ၊ တဏှာသည်။
ဒဿနီယေ၊ အများခင်တွယ် ရှုချင်ဖွယ်ရှိသောအာရုံ၌။
ရတာ၊ မွေ့လျော်တတ်၏။
သဒ္ဓါ၊ သဒ္ဓါသည်။
သွာစာရဘတ္တိကာ၊ အကျင့်သီလ ကောင်းသောသူသို့ ဆည်းကပ်စေတတ်၏။
တဏှာ၊ တဏှာသည်။
ဝိကိဏ္ဏစာရိကာ၊ ရောပြွမ်းရှုပ်ထွေးသော အာရုံ၌ ကျက်စားတတ်၏။
သဒ္ဓါ၊ သဒ္ဓါသည်။
ဝိသဒစာရိနီ၊ စင်ကြယ်သန့်ရှင်းသော အာရုံ၌ ကျက်စားလေ့ရှိ၏။

အဓိပ္ပါယ်

တဏှာသည် အများခင်တွယ် ရှုချင်ဖွယ် အာရုံ၌ မွေ့လျော်တတ်၍ ရောပြွမ်း ရှုပ်ထွေးသော အာရုံ၌ ကျက်စားတတ်၏၊ သဒ္ဓါသည်ကား အကျင့်သီလ ကောင်းသောသူသို့ ဆည်းကပ်စေတတ်၍ စင်ကြယ်သန့်ရှင်းသော အာရုံ၌ ကျက်စား တတ်၏။

၉၉ - မနောကိလေသိကာ တဏှာ
သာနုဂါနန္တ ဒုက္ခဒါ
စိတ္တပ္ပသာဒိကာ သဒ္ဓါ
အတ္တာနုဂ သုခါဝဟာ

အနက်

တဏှာ၊ တဏှာသည်။
မနောကိလေသိကာ၊ စိတ်ကို ညစ်ညူးစေတတ်၏။
သာနုဂါနန္တ ဒုက္ခဒါ၊ မိမိအကြိုက် လိုက်သောသူအား အပူဒုက္ခအနန္တကို ပေးတတ်၏။
သဒ္ဓါ၊ သဒ္ဓါသည်။
စိတ္တပ္ပသာဒိကာ၊ စိတ်ကိုကြည်စေတတ်၏။
အတ္တာနုဂသုခါဝဟာ၊ မိမိအကြိုက် အစဉ်တစိုက် လိုက်သောသူအား သုံးပါးချမ်းသာ ဆောင်တတ်စွာ၏။

အဓိပ္ပါယ်

တဏှာသည် စိတ်ကို ညစ်ညူးစေတတ်၍ မိမိအကြိုက် အလိုလိုက်သောသူအား အပူဒုက္ခ အနန္တကို ပေးတတ်၏။ သဒ္ဓါသည် စိတ်ကို ကြည်လင်စေတတ်၍ မိမိ အကြိုက် အလိုလိုက်သောသူအား ချမ်းသာသုံးပါးကို ဆောင်တတ်၏။

၁၀၀ - တဏှာ သဒ္ဓါန မိစ္စေဝံ
ဝိသေသံ ဇာန တတွတော
ဉတွာ တဏှံ ဝိနာသေယျ
သဒ္ဓံဘာဝေယျ စေတသိ

အနက်

ဣစ္စေဝံ၊ ဤသို့သာလျှင်။
တဏှာသဒ္ဓါနံ၊ တဏှာ သဒ္ဓါ နှစ်ပါးတို့၏။
ဝိသေသံ၊ အပြားအထူးကို။
တတွတော၊ ထို တဏှာ သဒ္ဓါတို့၏ သဘောအဖြစ်အားဖြင့်။
ဇာန၊ သိပါလေလော့။
ဉတွာ၊ သိ၍။
တဏှံ၊ တဏှာကို။
ဝိနာသေယျ၊ ဖျောက်ရာ၏။
စေတသိ၊ စိတ်၌။
သဒ္ဓံ၊ သဒ္ဓါတရားကို။
ဘာဝေယျ၊ ပွားရာ၏။

အဓိပ္ပါယ်

ဤသို့လျှင် တဏှာနှင့် သဒ္ဓါ နှစ်ပါးတို့၏ ကွဲပြားပုံကို ထိုတဏှာနှင့် သဒ္ဓါတို့၏ ပင်ကိုယ်သဘောအားဖြင့် သိအောင် ပြုပြီးလျှင် တဏှာကို ပယ်ဖျောက်ကာ စိတ်၌ သဒ္ဓါကိုပွားစေရာ၏။

၁၀၁ - ဥစ္ဆုကံ ယန္တပတ္တမ္ပိ
သဉ္စုဏ္ဏိတမ္ပိ စန္ဒနံ
မဓုရံဝ သုဂန္ဓံဝ
မေတ္တိဝ ဟိံ သိတောပိ သံ

အနက်

ဥစ္ဆုကံ၊ ကြံသည်။
ယန္တပတ္တမ္ပိ၊ ကြံညှစ်ယန္တရားသို့ ရောက်ငြားသော်လည်း။
မဓုရံဝ၊ ချိုသောအရသာ ရှိလျက်သာတည်း။
စန္ဒနံ၊ စန္ဒကူးသည်။
သဉ္စုဏ္ဏိတမ္ပိ၊ အမှုန့်ပြုငြားသော်လည်း။
သုဂန္ဓံဝ၊ ကောင်းသောအနံ့ ပျံ့လျက်သတည်း။
သံ၊ သူတော်ကောင်းသည်။
ဟိံ သိတောပိ၊ သူတပါး နှိပ်စက်ညှဉ်းဆဲသော်လည်း။
မေတ္တိဝ၊ ညှဉ်းဆဲသောသူ၌ မေတ္တာရှိလျက်သာတည်း။

အဓိပ္ပါယ်

ကြံသည် ကြံကြိတ်စက်သို့ ရောက်ငြားသော်လည်း ချိုသောအရသာ ရှိလျက်သာ တည်း၊ စန္ဒကူးသည် အမှုန့်ပြုငြားသော်လည်း ကောင်းသောအနံ့ လှိုင်လျက်သာ တည်း၊ သူတော်ကောင်းသည် သူတပါးနှိပ်စက် ညှဉ်းဆဲသော်လည်း ညှဉ်းဆဲသူ အပေါ်၌ မေတ္တာရှိလျက်သာတည်း။

၁၀၂ – အတ္တစ္ဆေဒမ္ပိ ဝါသေတိ
သုဂန္ဓေနိဝ စန္ဒနံ
သန္တော မေတ္တာသုဂန္ဓေန
အတ္တဟိံ သမ္ပိ ဝါသယေ

အနက်

စန္ဒနံ၊ စန္ဒကူးသည်။
အတ္တစ္ဆေဒမ္ပိ၊ မိမိကိုဖြတ်တောက် ခုတ်စဉ်းသောသူကိုလည်း။
သုဂန္ဓေန၊ ကောင်းသောအနံ့ဖြင့်။
ဝါသေတိဣဝ၊ မွှေးပျံ့သင်းကြိုင်လှိုင်စေသကဲ့သို့။
သန္တော၊ သူတော်ကောင်းသည်။
အတ္တဟိံသမ္ပိ၊ မိမိကိုယ်ကို မလိုစိတ်စွဲ ညှဉ်းဆဲသောသူကိုလည်း။
မေတ္တာသုဂန္ဓေန၊ မေတ္တာပျံ့လှောင်း ကောင်းသောရနံ့ဖြင့်။
ဝါသယေ၊ မွှေးပျံ့သင်းကြိုင် လှိုင်စေရာ၏။

အဓိပ္ပါယ်

စမ္မကူးသည် မိမိကိုဖြတ်တောက် ခုတ်စဉ်းသောသူကိုလည်း ကောင်းသောအနံ့ဖြင့် မွှေးပျံ့သင်းကြိုင် လှိုင်စေသကဲ့သို့ သူတော်ကောင်းသည် မိမိကို ညှဉ်းဆဲသော သူကိုလည်း မေတ္တာသရေမွှေးဖြင့် မွှေးပျံ့သင်းကြိုင် လှိုင်စေရာ၏။

၁၀၃ - ကဒါစိပိ န ဒုဂ္ဂန္ဓိ
သုက္ခံ စုဏ္ဏမ္ပိ စန္ဒနံ
တထေဝ ဒုက္ခပတ္တောပိ
န သန္တော ပါပကာရကော

အနက်

စန္ဒနံ၊ စန္ဒကူးသည်။
သုက္ခံပိ၊ ခြောက်သွေ့သော်၎င်း။
စုဏ္ဏမ္ပိ၊ အမှုန့်ဖြစ်သော်၎င်း။
ကဒါစိပိ၊ တရံတဆစ်မျှလည်း။
ဒုဂ္ဂန္ဓိ၊ မကောင်းသောအနံ့ရှိသည်။
နဟောတိ၊ မဖြစ်။
တထေဝ၊ ထို့ အတူသာလျှင်။
ဒုက္ခပတ္တောပိ၊ ဆင်းရဲညှိုးနွမ်း ပင်ပန်းခြင်းသို့ ရောက်သော်လည်း။
သန္တော၊ သူတော်ကောင်းသည်။
ပါပကာရကော၊ မကောင်းမှုကိုပြုသည်။
ဟောတိ၊ မဖြစ်။

အဓိပ္ပါယ်

စန္ဒကူးသည် ခြောက်သွေ့သွားသည် ဖြစ်စေ၊ အမှုန့်ဖြစ်သွားသည် ဖြစ်စေ၊ ဘယ်အခါမှ မကောင်းသောအနံ့ မရှိပေ။ တို့အတူ သူတော်ကောင်းသည် ဆင်းရဲဒုက္ခ ရောက်ငြား သော်လည်း မကောင်းမှုကိုမပြုချေ။

၁၀၄ - ခမေ ဝဇ္ဇံ ကရေယျတ္တံ
ဗုဒ္ဓခန္တိ မနုဿရံ
မေတ္တာတိန္တေန ဝေရီပိ
နုပနာဟော သိယတ္တနိ

အနက်

ဗုဒ္ဓခန္တိံ၊ ဘဝအဆက်ဆက် ဖြည့်တော်မူသော ဘုရားရှင် ခန္တီပါရမီတော်ကို။
အနုဿရံ-အနုဿရန္တော၊ တစေ့စေ့ အောက်မေ့သည်ဖြစ်၍။
ဝဇ္ဇံ၊ သူတပါးအပြစ်ကို။
ခမေ၊ သည်းခံရာ၏။
အတ္ထံ၊ အကျိုးစီးပွားကို။
ကရေယျ၊ ပြုရာ၏။
မေတ္တာတိန္တေန၊ မေတ္တာရေစွတ်ပါများသဖြင့်။
ဝါ၊ စွတ်ပါများခြင်းကြောင့်။
ဝေရီပိ၊ ရန်သူသည်လည်း။
အတ္တနိ၊ မိမိ၌။
နုပနာဟော၊ ရန်ငြိုးဖွဲ့ခြင်းကင်းသည်။
သိယာ၊ ဖြစ်ရာ၏။

အဓိပ္ပါယ်

ဘဝအဆက်ဆက် ဖြည့်ကျင့်တော်မူသော ဘုရားရှင် ခန္တီပါရမီတော်ကို တစေ့စေ့ အောက်မေ့၍ သူတပါး အပြစ်ကို သည်းခံကာ အကျိုးစီးပွားကိုသာ ပြုရာ၏၊ မေတ္တာရေ စွတ်ပါများသောကြောင့် ရန်သူသည်လည်း မိမိအပေါ် ရန်ငြိုးဖွဲ့ခြင်း မရှိချေ။

၁၀၅ - နဂစ္ဆတိ တ မက္ကောသော
မမေဝါ နတ္ထကာရကော
ဣတိ ဉတွာဝ သပ္ပညော
နေဝ သက္ကောသေယျ ကိဉ္စနံ

အနက်

အက္ကောသော၊ ငါ၏ဆဲရေးခြင်းသည်။
တံ၊ ထိုသူတပါးသို့။
နဂစ္ဆတိ၊ မသွား။
မမေဝ၊ ငါ့အားသာလျှင်။
အနတ္ထကာရကော၊ အကျိုးမဲ့ကို ပြုတတ်၏။
ဣတိ၊ ဤသို့။
ဉတွာဝ၊ သိ၍သာလျှင်။
သပ္ပညော၊ သူတော်ကောင်း ပညာရှိသည်။
ကိဉ္စနံ၊ တစုံတယောက်သောသူကို။
နေဝ သက္ကောသေယျ၊ မဆဲရေးရာသည်သာလျှင်ကတည်း။

အဓိပ္ပါယ်

ငါဆဲရေးခြင်းသည် သူတပါးထံသို့မသွား ငါ့ကိုသာ အကျိုးမဲ့အောင် ပြုတတ်၏-ဟု သိ၍သာလျှင် သူတော်ကောင်း ပညာရှိသည် မည်သူ့ကိုမျှ မဆဲရေးရာ သည်သာတည်း။

၁၀၆ - အက္ကောသော မံ နအာဂစ္ဆေ
တဿေဝါ နတ္ထကာရကော
ဣတိ ဉတွာ တိတိက္ခေယျ
န ပစ္စက္ကောသနံ ကရေ

အနက်

အက္ကောသော၊ သူတပါးတို့ ဆဲရေးခြင်းသည်။
မံ၊ ငါသို့။
နအာဂစ္ဆေ၊ မလာမရောက်။
တဿေဝ၊ ထိုဆဲရေးသော သူအားသာလျှင်။
အနတ္ထကာရကော၊ အကျိုးမဲ့ကို ပြုတတ်၏။
ဣတိဉတွာ၊ ဤသို့သိ၍။
တိတိက္ခေယျ၊ ဆဲရေးခြင်းကို သည်းခံရာ၏။
ပစ္စက္ကောသနံ၊ တဖန်ပြန်၍ ဆဲရေးခြင်းကို။
နကရေ၊ မပြုရာ။

အဓိပ္ပါယ်

သူတပါးတို့ ဆဲရေးခြင်းသည် ငါ့ထံသို့မလာ မရောက်၊ ဆဲရေးသူကိုသာ အကျိုး မဲ့အောင် ပြုတတ်၏ဟု သိ၍ သည်းခံရာ၏၊ တဖန်ပြန်၍ ဆဲရေးခြင်းကို မပြုရာ

၁၀၇ - အက္ကောသက နယံ ဂဏှိ
ပစ္စက္ကောသော န သော ဝရော
ဗုဓော တံ နာနုဂဟေယျ
မာ သောဝ ပါပိယော ဘဝေ

အနက်

ပစ္စက္ကောသော၊ တဖန်ပြန်၍ ဆဲရေးသော သူသည်။
အက္ကောသက နယံ၊ ရှေးဦးစွာဆဲရေးသူ၏ နည်းကို။
ဂဏှိ၊ ယူသည်မည်၏။
သောာနယော၊ ထိုဆဲရေးခြင်းဟူသော နည်းသည်။
နဝရော၊ နည်းကောင်းနည်းမြတ် မဟုတ်။
ဗုဓော၊ ပညာရှိသည်။
တံနယံ၊ ထိုမကောင်းသော ဆဲရေးနည်းကို။
နာနုဂဟေယျ၊ အတုမယူရာ။
သောဝ၊ ထိုဆဲရေးသော သူကဲ့သို့။
ပါပိယော၊ ယုတ်မာသည်။
မာဘဝေ၊ မဖြစ်ပါလင့်။

အဓိပ္ပါယ်

တဖန်ပြန်၍ ဆဲရေးသောသူသည် ရှေးဦးစွာ ဆဲရေးသူ၏နည်းကို ယူသည်မည်၏၊ ထိုဆဲရေးသော နည်းသည် နည်းကောင်းမဟုတ်၊ ပညာရှိသည် ထိုမကောင်းသော ဆဲရေးနည်းကို အရေးမယူရာ၊ ဆဲရေးသောသူကဲ့သို့ ယုတ်ယုတ် မာမာ မဖြစ်ပါစေလင့်

၁၀၈ - တဏှာဝိဇ္ဇာစ မူလာဒွေ
သံသာရဝိသပါဒပေ
သဗ္ဘတ္တိ သဒ္ဓမ္မဿုတံ
ဒွေယေဝ မဓုရာ ဖလာ

အနက်

သံသာရဝိသပါဒပေ၊ သံသရာ တည်းဟူသော အဆိပ်ပင်ကြီး၌။
တဏှာ၊ တဏှာ၎င်း။
အဝိဇ္ဇာစ၊ အဝိဇ္ဇာ၎င်း။
ဣတိ၊ ဤသို့။
ဒွေမူလာ၊ အမြစ်နှစ်ခုတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
သဗ္ဘတ္တိ၊ သူ ကောင်းတို့ကို ဆည်းကပ်ခြင်း၎င်း။
သဒ္ဓမ္မဿုတံ၊ ယူတော်ကောင်းတရားကို ကြားနာရခြင်း၎င်း။
ဣတိ၊ ဤသို့။
မဓုရာဖလာ၊ ချိုမြိန်ကောင်းမြတ်သော အသီးတို့သည်။
ဒွေယေဝ၊ နှစ်လုံးတို့သာလျှင်။
ဟောန္တိ၊ ဖြစ်ကုန်၏။

အဓိပ္ပါယ်

သံသရာ တည်းဟူသော အဆိပ်ပင်ကြီးတဏှာ အဝိဇ္ဇာ-ဟူသော အမြစ်နှစ်ခုတို့ ရှိကုန်၏၊ သူတော်ကောင်း တို့ကို ဆည်းကပ်ခြင်း, သူတော်ကောင်း တရားကို နာကြခြင်း ဟူသော ချိုမြိန်ကောင်းမြတ်သော အသီးတို့သည်လည်း နှစ်လုံးပင် ရှိကုန်၏။

၁ဝ၉ - သောဓေ စိတ္တ မုပက္ကမ္မ
သုဒ္ဓံ ဥပက္ကမေန တံ
ဝဟေ သုခံ အသင်္ချေယျံ
ဒုက္ခံ အသောဓိတံ မလိ

အနက်

ဥပက္ကမ္မ၊ လုံ့လပြု၍။
စိတ္တံ၊ စိတ်ကို။
သောဓေ၊ သုတ်သင်ရာ၏။
ဥပက္ကမေန၊ လုံ့လပယောဂဖြင့်။
သုဒ္ဓံ၊ စင်ကြယ်သော။
စိတ္တံ၊ ထိုစိတ်သည်။
အသင်္ချေယျံ၊ မရေတွက်နိုင်သော။
သုခံ၊ လောကီ လောကုတ္တရာ ချမ်းသာကို။
ဝဟေ၊ ရွက်ဆောင်၏။
အသောဓိတံ၊ မသုတ်သင်အပ်သည်ဖြစ်၍။
မလိ၊ အညစ်အကြေး ထူပြောသော။
စိတ္တံ၊ စိတ်သည်။
အသင်္ချေယျံ၊ မရေတွက်နိုင်သော။
ဒုက္ခံ၊ အပါယ်လေးပါး အစရှိသော ဆင်းရဲကို။
ဝဟေ၊ ရွက်ဆောင်ရာ၏။

အဓိပ္ပါယ်

လုံ့လစိုက်၍ စိတ်ကိုသုတ်သင်ရမည်၊ လုံ့လ ပယောဂဖြင့် စင်ကြယ်သောစိတ်သည် မရေတွက်နိုင်သော လောကီ လောကုတ္တရာ ချမ်းသာကို ရွက်ဆောင်နိုင်၏၊ မသုတ်သင်အပ်သေး၍ အညစ်အကြေး ထူပြောသောစိတ်သည် မရေတွက်နိုင်သော အပါယ်လေးပါး-စသော ဆင်းရဲကို ရွက်ဆောင်နိုင်၏။

၁၁၀ - သောဓိတံ သုဂတိံ နေတိ
ဒုဂ္ဂတိံ ဝ အသောဓိတံ
စိတ္တံ သောဓေတု မာလိမ္ပေ
ရာဂဒေါသ မလေဟိ တံ

အနက်

သောဓိတံ၊ သုတ်သင်အပ်သောစိတ်သည်။
သုဂတိံ ၊ သုဂတိဘဝသို့။
နေတိ၊ ဆောင်၏။
အသောဓိတံ၊ မသုတ်သင်အပ်သော စိတ်သည်။
ဒုဂ္ဂတိံဝ၊ ဒုဂ္ဂတိဘဝသို့သာလျှင်။
နေတိ၊ ဆောင်၏။
စိတ္တံ၊ စိတ်ကို။
သောဓေတု၊ သုတ်သင်ပါ။
တံစိတ္တ၊ ထို စိတ်ကို။
ရာဂဒေါသ မလေဟိ၊ ရာဂ အညစ်အကြေး, ဒေါသ အညစ်အကြေးတို့ဖြင့်။
မလိမ္ပေ၊ မလိမ်းကျံပါစေလင့်။

အဓိပ္ပါယ်

သုတ်သင်အပ်သော စိတ်သည် သုဂတိဘဝသို့ ဆောင်၏၊ မသုတ်သင်အပ်သော စိတ်သည် ဒုဂ္ဂတိ ဘဝသို့သာ ဆောင်၏၊ စိတ်ကို သုတ်သင်ပါ၊ ထိုစိတ်ကို ရာဂ, ဒေါသ အညစ်အကြေးတို့ဖြင့် မလိမ်းကျံပါစေလင့်

၁၁၁ - ဒေါသေဇာ နာသိတာ ယေန
သာသနေဝတ္ထိ သောနယော
နတ္ထညတ္ထ တမာဒါယ
ဗုဓော နာသေတု တံဒွယံ

အနက်

ယေနနယေန၊ အကြင်နည်းဖြင့်။
ဒေါသေဇာ၊ ဒေါသတဏှာတို့ကို။
နာသိတာ၊ ဖျက်ဆီးအပ်ကုန်၏။
သောနယော၊ ထိုဒေါသတဏှာကို ဖျက်ဆီးကြောင်း ဖြစ်သောနည်းသည်။
သာသနေဝ၊ သာသနာတော်မြတ် ပိဋ္ဋကတ်ကျမ်းဂန်၌သာလျှင်။
အတ္ထိ၊ ရှိ၏။
အ ညတ္ထ၊ သာသနာတော်မှတပါးသော ဗာဟီရကျမ်းဂန်တို့၌။
နတ္ထိ၊ မရှိ။
ဗုဓော၊ ပညာရှိသည်။
တံနယံ၊ ထိုသာသနာတော်၌သာရှိသော ရာဂ, ဒေါသပျောက်နည်းကို။
အာဒါယ၊မှတ်ယူ၍။
တံဒွယံ၊ ထိုရာဂ, ဒေါသ နှစ်ခုအပေါင်းကို။
နာသေတု၊ ဖျောက်ပါလော့။

အဓိပ္ပါယ်

ရာဂ, ဒေါသ-တို့ကို ဖျက်ဆီးကြောင်းဖြစ်သောနည်းသည် သာသနာတော်မြတ် ပိဋကတ်ကျမ်းဂန်တို့၌သာရှိ၏၊ သာသနာတော်မှ တပါးသော ဗာဟီရကျမ်းဂန်တို့၌ မရှိချေ။ ပညာရှိသည် ထိုသာသနာတော်၌သာရှိသော ရာဂ,ဒေါသ ဖျောက်နည်းကို မှတ်ယူ၍ ထိုရာဂ, ဒေါသ နှစ်ခုအပေါင်းကို ပယ်ဖျောက်ပါလော့

---

နိဂုံး

၁၁၂ - ရန်ကုန်ဝါသိ ကတာဝါသေ
ဒဂုံစေတီ ပုရတ္ထိမေ
ဝသတာ အဂ္ဂဓမ္မေန
ထေရေန ရစိတော အယန္တိ

အနက်

ဒဂုံစေတီပုရတ္ထိမေ၊ တဖုဿ, ဘလ္လိက - တကွညီနောင် ပင့်ဆောင်ခဲ့လတ် ဆံတော်ဓာတ်၏ ကိန်းဝပ်နေရာ တေဇာပြောထုန် ရွှေဒဂုံခေါ် စေတီတော်မှ သင့်လျှော်ချမ်းမြေ့ အရှေ့မျက်နှာ ရပ်ဒိသာ၌။

ရန်ကုန်ဝါသိ ကတာဝါသေ၊ သာသနာတော်၌ ထွန်းပေါ်တည်ရာ ကုလာစာရ စာရိတ္တဖြင့် တောက်ပ တင့်စွာ ဥစ္စာကြွယ်ပုံ လူမျိုးစုံသည့် ရန်ကုန်မြို့ကြီး ခိုမှီးနေထ မိစ္ဆာမခွ ဒါနမကင်း သီတင်းပြည့်စုံ သရဏဂုံမကွာ ဥပါသကာ ဒါယကာတို့ သဒ္ဓါစိတ်ကောင်း ဤကျောင်းနေမူ ပုဂ္ဂိုလ်ဟူက ဖြူစင်စေသော စိတ်ရည်စောသို့ ငွေကျောပမာ ဩဒါကသိုဏ်း ယှဉ်နှိုင်း ထပ်တူ ရောင်ဖြူယိုထွက် ပြိုးပြိုးပြက်မျှ နှစ်သက်စဖွယ် ခြယ်လယ် အားထုတ် ဆောက်လုပ် လှူဒါန်းအပ်သော ကျောင်း၌။

ဝသတာ-ဝသန္တေန၊ တလုတ်တောင်ယံ မြင်းခြံရှေ့ချောင်းကွေ့ ဌာန စမ်းကျတောကျောင်း သာဘိတောင်းမှ ခွါပြောင်းစုံလာ ဒေသစာဖြင့် သဒ္ဓါယုံမှတ် ဆံတော်ဓာတ်ကို လေးမြတ် ကော်ရော် ရှိပူဇော်၍ စိတ်ပျော်ချမ်းမြေ့ နေလေ့ရှိသော။

အဂ္ဂဓမ္မေန-ထေရေနအဂ္ဂဓမ္မာလင်္ကာရ ကဝိဓဇ မဟာဓမ္မရာဇာဓိ ရာဇဂုရု တံဆိပ် နာမံရှိသောမထေရ်သည်။

အယံဂန္ထော၊ ဤကိုယ်ခန္ဓာ ရွံစရာဟု ပညာသက်ဝင် ဆင်ခြင်မှတ်ကြောင်း ဤ ကျမ်းကောင်းကို။

ရစိတော၊ အတ္တုက္ကံသ ဝမ္ဘနနှင့် မာနမရိပ် မချိတ်မစောင်း ကောင်းစွာစီရင် အပ်သည်ဖြစ်၍။

ဣတိ နိဋ္ဌိတော၊ ဤတွင်၍ပြီးပြီ။

ကာယပစ္စဝေက္ခဏာကျမ်းပြီး၏။

Comments

Popular posts from this blog

အပဒါန-အဋ္ဌကထာ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ပဌမော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဝိနယဝိနိစ္ဆယော

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ ပါစိတ္တိယပါဠိ မဟာဝဂ္ဂပါဠိ စူဠဝဂ္ဂပါဠိ ပရိဝါရပါဠိ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ ပါထိကဝဂ္ဂပါဠိ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ မဇ္ဈိမပဏ္ဏာသပါဠိ ဥပရိပဏ္ဏာသပါဠိ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ နိဒါနဝဂ္ဂပါဠိ ခန္ဓဝဂ္ဂပါဠိ သဠာယတနဝဂ္ဂပါဠိ မဟာဝဂ္ဂပါဠိ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ ဒုကနိပါတပါဠိ တိကနိပါတပါဠိ စတုက္ကနိပါတပါဠိ ပဉ္စကနိပါတပါဠိ ဆက္ကနိပါတပါဠိ သတ္တကနိပါတပါဠိ အဋ္ဌကနိပါတပါဠိ နဝကနိပါတပါဠိ ဒသကနိပါတပါဠိ ဧကာဒသကနိပါတပါဠိ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ ဓမ္မပဒပါဠိ ဥဒါနပါဠိ ဣတိဝုတ္တကပါဠိ သုတ္တနိပါတပါဠိ ဝိမာနဝတ္ထုပါဠိ ပေတဝတ္ထုပါဠိ ထေရဂါထာပါဠိ ထေရီဂါထာပါဠိ အပဒါနပါဠိ (ပ) အပဒါနပါဠိ (ဒု) ဗုဒ္ဓဝံသပါဠိ စရိယာပိဋကပါဠိ ဇာတကပါဠိ (ပ) ဇာတကပါဠိ (ဒု) မဟာနိဒ္ဒေသပါဠိ စူဠနိဒ္ဒေသပါဠိ ပဋိသမ္ဘိဒါမဂ္ဂပါဠိ မိလိန္ဒပဥှပါဠိ နေတ္တိပ္ပကရဏပါဠိ ပေဋကောပဒေသပါဠိ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီပါဠိ ဝိဘင်္ဂပါဠိ ဓာတုကထာပါဠိ ပုဂ္ဂလပညတ္တိပါဠိ ကထာဝတ္ထုပါဠိ ယမကပါဠိ (ပ) ယမကပါဠိ (ဒု) ယမကပါဠိ (တ) ပဋ္ဌာနပါဠိ (ပ) ပဋ္ဌာနပါဠိ (ဒု) ပဋ္ဌာနပါဠိ (တ) ပဋ္ဌာနပါဠိ (စ) ပဋ္ဌာနပါ...