Skip to main content

ပေဋကောပဒေသပါဠိတော်နိဿယ စာမျက်နှာ ၁၀၁-မှ ၂၀၀

စာမျက်နှာ-101

အရဟတ္တံ၊ အကြင် အရဟတ္တဖိုလ်သည်။ အတ္ထိ၊ ရှိ၏။ ဣဒံ၊ ဤအရဟတ္တဖိုလ်သည်။ ဖလံ၊ အကျိုးရင်းမည်၏။ တတ္ထ၊ ထိုသုတ်တို့တွင်။ ခီဏာ မေ ဇာတိ ဝုသိတံ ဗြဟ္မစရိယံ ကတံ ကရဏီယန္တိ၊ ခီဏာ မေ ဇာတိ ဝုသိတံ ဗြဟ္မစရိယံ ကတံ ကရဏီယံဟူသော ဒေသနာသည်။ အတ္ထိ၊ ရှိ၏။ ဣဒံ၊ ဤသည်ကား။ ခယေ ဉာဏံ၊ ခယဉာဏ် မည်၏။ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာမီတိ၊ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာမိဟူသော ဒေသနာသည်။ အတ္ထိ၊ ရှိ၏။ ဣဒံ၊ ဤသည်ကား။ အနုပ္ပါဒေ ဉာဏံ၊ အနုပ္ပါဒေဉာဏ် မည်၏။ ဣတိ၊ ဤသို့။ ဣမာနိတီဏိဣန္ဒြိယာနိ၊ ဤသုံးပါးကုန်သော ဣန္ဒြေတို့ကို။ အမောဟော၊ အမောဟကို။ ဟေတုနာ စ၊ အကြောင်းဖြင့်လည်းကောင်း။ နိဿန္ဒေန စ၊ အကျိုးဆက်ဖြင့်လည်းကောင်း။ ဖလေန စ၊ အကျိုးရင်းဖြင့်လည်းကောင်း။ နိဒ္ဒိဋ္ဌော၊ ညွှန်းပြအပ်ကုန်၏။ ဣမာနိ အသာဓာရဏာနိ၊ ဤအသာဓာရဏသုတ်တို့ကို။ နိဒ္ဒိဋ္ဌာနိ၊ ညွှန်းပြအပ်ကုန်၏။ တတ္ထ၊ ထိုသုတ်တို့တွင်။ ကုသလမူလာနိ၊ ကုသလမူလတို့သည်။ ကတမာနိ၊ အဘယ်သည်တို့နည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ သာဓာဏာနိ၊ ဆက်ဆံသည်တို့ကို။ ကုသလဉ္စ၊ ကုသိုလ်ကိုလည်းကောင်း။ ကုသလမူလဉ္စေဝ၊ ကုသိုလ်မူလကိုလည်းကောင်း။ ဝေါ၊ သင်တို့အား။ ဒေသေဿာမိ၊ ဟောအံ့။ တတ္ထ၊ ထို ကုသိုလ်မူလတို့တွင်။ ကုသလမူလံ၊ ကုသိုလ်မူလသည်ကား။ ကတမံ၊ အဘယ်နည်း။ အလောဘော၊ အလောဘ လည်းကောင်း။ အဒေါသော၊ အဒေါသ လည်းကောင်း။ အမောဟော၊ အမောဟ လည်းကောင်း တည်း။ တတ္ထ၊ ထိုသုတ်တို့တွင်။ ကုသလံ?၊ ကုသိုလ်သည်ကား။ ကတမံ၊ အဘယ်နည်း။ အဋ္ဌ သမ္မတ္တာနိ၊ ရှစ်ပါးသော သမ္မတ္တတို့တည်း။ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိ လည်းကောင်း။ ယာဝ သမ္မာသမာဓိ၊ သမ္မာသမာဓိတိုင်အောင်သော တရားတို့ လည်းကောင်း တည်း။ တတ္ထ၊ ထို သုတ်တို့တွင်။ ယာနိ ကုသလမူလာနိ၊ အကြင် ကုသိုလ်မူလ ရှိကုန်၏။ အတ္ထိ၊ ရှိကုန်၏။ အယံ၊ ဤသည်ကား။ ဟေတု၊ အကြောင်း မည်၏။ အလောဘော၊ အလောဘ သည်။ သင်္ကပ္ပံ၊ သမ္မာသင်္ကပ္ပလည်းကောင်း။ ဝါယာမံ၊ သမ္မာဝါယာမလည်းကောင်း။ သမာဓိဉ္စ၊ သမ္မာသမာဓိလည်းကောင်း။ ဣတိ၊ ဤသို့။ တီဏိ ကမ္မာနိ၊ သုံးပါးသော ကံတို့ကို။ ယဉ္စသမုဋ္ဌာပေတိ၊ အကြင် ဖြစ်စေ၏။ အယံ၊ ဤသည်ကား။ အလောဘဿ၊ အလောဘ၏။ နိဿန္ဒော၊ အကျိုးဆက် မည်၏။ တတ္ထ၊ ထိုသုတ်တို့တွင်။ ယော အဒေါသော၊ အကြင် အဒေါသ သည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤ အဒေါသသည်။ ဟေတု၊ အကြောင်း မည်၏။ သမ္မာဝါစံ၊ သမ္မာဝါစာ လည်းကောင်း။ သမ္မာကမ္မန္တံ၊ သမ္မာကမ္မန္တ လည်းကောင်း။ သမ္မာအာဇီဝဉ္စ၊ သမ္မာအာဇီဝ လည်းကောင်း။ တယော ဓမ္မေ၊ သုံးပါး

စာမျက်နှာ-102

သောတရားတို့ကို။ ယံ ပဋ္ဌပေတိ၊ အကြင် ဖြစ်စေ၏။ အယံ၊ ဤသည်ကား။ နိဿန္ဒော၊ အကျိုးဆက် မည်၏။ တတ္ထ၊ ထိုသုတ်တို့တွင်။ ယော အမောဟော၊ အကြင် အမောဟ သည်။ ဟေတုယံ၊ အကြောင်း၌။ အဝိပရီတဒဿနမ္ပိ စ၊ မဖောက်မပြန် မြင်ခြင်းကို လည်းကောင်း။ အနဘိလာပနံ၊ အလွန်မပြောဟောခြင်းကို လည်းကောင်း။ ဒွေ ဓမ္မေ၊ နှစ်ခုသော တရားတို့ကို။ ဥပဋ္ဌပေတိ၊ ဖြစ်စေ၏။ အယံ၊ ဤသည်ကား။ နိဿန္ဒော၊ အကျိုးဆက် မည်၏။ ဣမဿ ဗြဟ္မစရိယဿ၊ ဤမြတ်သောအကျင့်၏။ ယံ ဖလံ၊ အကြင်အကျိုး သည်။ အတ္ထိ၊ ရှိ၏။ တာ၊ ထိုအကျိုးတို့သည်။ ရာဂဝိရာဂါ စေတောဝိမုတ္တိ၊ အနာဂါမိဖိုလ် လည်းကောင်း။ အဝိဇ္ဇာဝိရာဂါ စ ပညာဝိမုတ္တိ၊ အရဟတ္တဖိုလ် လည်းကောင်း။ ဣတိ၊ ဤသို့။ ဒွေ ဝိမုတ္တိယော၊ နှစ်ပါးသော ဝိမုတ္တိတို့သည်။ အတ္ထိ သန္တိ၊ ရှိကုန်၏။ ဣဒံ၊ ဤသည်ကား။ ဖလံ၊ အကျိုးရင်း မည်၏။ ဣတိ၊ ဤသို့။ ဣမာနိ တီဏိ ကုသလမူလာနိ၊ ဤသို့ ဤကုသလမူလ သုံးခုတို့သည်။ ဟေတုတော စ၊ အကြောင်းအားဖြင့် လည်းကောင်း။ နိဿန္ဒတော စ၊ အကျိုးဆက်အားဖြင့် လည်းကောင်း။ ဖလတော စ၊ အကျိုးရင်းအားဖြင့် လည်းကောင်း။ နိဒ္ဒိဋ္ဌာနိ၊ ညွှန်းပြအပ်ကုန်၏။ ဧဝံ၊ ဤသို့။ သာဓာရဏာနိ၊ ဆက်ဆံကုန်သော။ ကုသလာနိ၊ ကုသိုလ်တို့ကို။ ပဋိဝိဇ္ဈိတဗ္ဗာနိ၊ ထိုးထွင်း၍ သိအပ်ကုန်၏။

ယတ္ထ၊ အကြင် သုတ်၌။ ဒုဝေ၊ နှစ်ပါးအားဖြင့် ဆက်ဆံကုန်၏။ ယတ္ထ၊ အကြင် သုတ်၌။ တီဏိ၊ သုံးပါးအားဖြင့် ဆက်ဆံကုန်၏။ အယံ၊ ဤသည်ကား။ ဧတ္ထ၊ ဤအရာ၌။ ဂါထာ၊ ဂါထာတည်း။ သမ္ဘဝံ၊ ဘဝ၏အကြောင်းဖြစ်ထသော။ ဘဝသင်္ခါရံ၊ ဘဝကို ပြုပြင်တတ်ထသော။ တုလဉ္စ၊ ပိုင်းခြားအပသော ကာမာဝစရကံကို လည်းကောင်း။ အတုလဉ္စ၊ မပိုင်းခြားအပ်သော မဟဂ္ဂုတ်ကံကိုလည်းကောင်း။ မုနိ၊ မြတ်စွာဘုရားသည်။ အဝဿဇီ၊ စွန့်ပြီ။ အဇ္ဈတ္တရတော၊ အဇ္ဈတ္တ၌ မွေ့လျော်သည်။ သမာဟိတော၊ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိ၏ အစွမ်းအားဖြင့် တည်ကြည်သည်။ ဟုတွာ၊ ဖြစ်၍။ အတ္တသမ္ဘဝံ၊ မိမိ၌ ဖြစ်သော။ ကိလေသံ၊ ကိလေသာကို။ ကဝမိစ၊ ချပ်ကိုကဲ့သို့။ အဘိန္ဒိ၊ ဖျက်ဆီပြီ။ တုလမတုတဉ္စသမ္ဘဝန္တိ၊ တုလမတုလဉ္စသမ္ဘဝံဟူသည်ကား။ တုလသင်္ခတံ၊ တုလသင်္ခတတရားလည်းကောင်း။ အတုလသင်္ခတံ၊ အတုလသင်္ခတတရားလည်းကောင်းတည်း။ တတ္ထ၊ ထိုနှစ်ပါးတို့တွင်။ ယေသင်္ခတာ၊ အကြင်သင်္ခတတရားတို့သည်။ တုလံ၊ တုလမည်၏။ တေ ဓမ္မာ၊ ထိုတုလတရားတို့သည်။ အဿာဒေါ စ၊ အဿာဒ လည်းကောင်း။ အာဒီနဝေါ စ၊ အာဒီနဝ လည်းကောင်း။ ဣတိ၊ ဤသို့။ ဒွေ၊ နှစ်ပါး ရှိ၏။ တုလိတာ၊ နိစ္စ

စာမျက်နှာ-103

အနိစ္စ စသော အားဖြင့် နှိုင်းချိန်လျက်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ကာမေသု၊ ကာမဂုဏ်တို့၌။ အဿာဒေါ၊ သာယာခြင်းသည်။ ဧတ္တကော၊ ဤမျှအတိုင်းအရှည် ရှိ၏။ ဣမဿ၊ ဤကာမ၏။ အာဒီနဝေါ၊ အပြစ်သည်။ ဧတ္တကော၊ ဤမျှအတိုင်းအရှည် ရှိ၏။ ဣဒံ၊ ဤသည်ကား။ နိဿရဏံ၊ နိဿရဏ မည်၏။ ဣတိ၊ ဤသို့။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ ပဇာနာတိ၊ အပြားအားဖြင့် သိ၏။ ဒွီဟိ ကာရဏေဟိ၊ ဤနှစ်ပါးသော အကြောင်းတို့ဖြင့်။ အတုလံ၊ နိဗ္ဗာန်ကို။ တုလယိတုံ၊ စူးစမ်းခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။ ဧတံ အတုလံ၊ ထိုနိဗ္ဗာန်ထက်။ ပရမံ၊ မွန်မြတ်သော တရားသည်။ နအတ္ထိ၊ မရှိ။ ဣတိ၊ ဤသို့။ တေန၊ ထိုကြောင့်။ အတုလံ၊ အတုလ မည်၏။ အထ ဝါ၊ ထိုမြို့။ ပါပုဏာ၊ အာရုံပြုသဖြင့် နိဗ္ဗာန်သို့ ရောက်ကုန်သောသူတို့သည်။ ရတနံ၊ မြတ်နိုးအပ်သည်ကို။ ကရိတွာ၊ အာရုံပြု၍။ အစ္ဆရိယဘာဝေန၊ အံ့ဘွယ်သရဲအဖြစ်ဖြင့်။ အတုလံ၊ အတုလ မည်၏။ တတ္ထ၊ ထို ဒေသနာ၌။ ကုသလဿ စ၊ ကုသိုလ်၏ လည်း။ အဘိသမ္ဘဝါ၊ ဖြစ်ခြင်းကို။ ဇာနနာ၊ သိခြင်းသည်။ ပဿနာ၊ မြင်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤသည်ကား။ အမောဟော၊ အမောဟ မည်၏။ တတ္ထ၊ ထိုဒေသနာတို့တွင်။ ဘဝသင်္ခါရာနံ၊ ဘဝ သင်္ခါရ တို့ကို။ ဉာတာ၊ သိခြင်းသည်။ ယံ ဩသိရဏာ၊ အကြင် ကိလေသာဖြင့် မကင်းငြိခြင်း သည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤသည်ကား။ အလောဘော၊ အလောဘ မည်၏။ အဇ္ဈတ္တရတော သမာဟိတောတိ၊ အဇ္ဈတ္တရတော သမာဟိတောတိဟူသော ဒေသနာသည်။ ယံ ဝိက္ခေပပဋိသံဟရဏာ၊ အကြင် သမာဓိ၏ ဆန်ကျင်ဘက် နီဝရဏသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤနီဝရဏသည်ကား။ အဒေါသော၊ အဒေါသ မည်၏။ ဣတိ ဣမာနိ တီဏိ၊ ဤ ဤသုံးခုတို့သည်။ ကုသလမူလာနိ၊ ကုသိုလ်မူလ မည်ကုန်၏။ တုလမတုလသမ္ဘဝန္တိ၊ တုလမတုလသမ္ဘဝဟုဆိုသော ဒေသနာသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤသည်ကား။ အမောဟော၊ အမောဟ မည်၏။ ဘဝသင်္ခါရာနံ၊ ဘဝသင်္ခါရ တို့ကို။ သမောသရဏံ၊ စုဝေးကြောင်းဖြစ်သော။ လောဘော၊ လောဘသည်။ သမ္မာသမာဓီနံ၊ သမ္မာသမာဓိတို့၏။ ယော အဿာဒေါ၊ အကြင်သာခြင်း သည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤသည်ကား။ ဟေတု၊ အကြောင်း တည်း။ ယံ အဇ္ဈတ္တရတော၊ အဇ္ဈတ္တ၌ မွေ့လျော်သော သူသည်။ ယံ အဝိဇ္ဇဏ္ဍကောသံ၊ အဝိဇ္ဇာတည်းဟူသော ဥခွံကို။ သမ္ဘေဒေါ၊ ခွဲဖောက်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤသည်ကား။ နိဿန္ဒော၊ နိဿန္ဒ မည်၏။ သာ၊ ထို နိဿန္ဒသည်။ ပဝတ္တိ၊ ပဝတ္တိ မည်၏။ ဣမာနိ တီဏိ ကုသလမူလာနိ၊ ဤကုသလမူလ သုံးခုတို့ကို။ ဟေတုတော စ၊ အကြောင်းအားဖြင့် လည်းကောင်း

စာမျက်နှာ-104

နိဿန္ဒတော စ၊ အကျိုးဆက်အားဖြင့် လည်းကောင်း။ ဖလတော စ၊ အကျိုးရင်းအားဖြင့်လည်းကောင်း။ နိဒ္ဒိဋ္ဌာနိ၊ ညွှန်းပြအပ်ကုန်၏။ ဧတ္တာဝတာ၊ ဤမျှဖြင့်။ ဧသာ ပဝတ္တိ စ၊ ဤဖြစ်ခြင်းသည် လည်းကောင်း။ ဧသာ နိဝတ္တိ စ၊ ဤနစ်ခြင်းသည် လည်းကောင်း။ အကုသလမူလေဟိ၊ အကုသိုလ်မူလတို့ကြောင့်။ ပဝတ္တတိ၊ ဖြစ်၏။ ကုသလမူလေဟိ၊ ကုသိုလ်မူလတို့ကြောင့်။ နိဝတ္တတိ၊ နစ်၏။ ဣတိ၊ ဤသို့။ ဤသို့။ ဣမေဟိ စ တီဟိ၊ ဤသုံးပါးတို့ဖြင့်လည်း။ သဗ္ဗံ အကုသလမူလံ၊ အလုံးစုံသောအကုသိုလ်မူလသည်။ သမောသရဏံ၊ စဝေပေါင်းခြင်းသို့။ ဂစ္ဆတိ၊ ရောက်၏။ သော၊ ထိုအကုသိုလ်မူလကို။ ဓမ္မေ ဝါ၊ တရား၌ လည်းကောင်း။ ဝစနတော၊ ဟောတော်မူသောကြောင့်။ နိဒ္ဒိဋ္ဌော၊ ညွှန်းပြအပ်၏။ တဏှာတိ ဝါ၊ တဏှာဟူ၍ လည်းကောင်း။ ကောဓောတိ ဝါ၊ အမျက်ထွက်ခြင်းဟူ၍ လည်းကောင်း။ အသမ္ပဇညန္တိ ဝါ၊ မဆင်ခြင်ခြင်းဟူ၍ လည်းကောင်း။ အနုသယောတိ ဝါ၊ ကိန်းခြင်းဟူ၍ လည်းကောင်း။ မက္ခောတိ ဝါ၊ ကျေးဇူးကိုချေခြင်းဟူ၍ လည်းကောင်း။ ပဠာသောတိ ဝါ၊ အဖျင်းဟူ၍ လည်းကောင်း။ အဿတီတိ ဝါ၊ သတိမရှိခြင်းဟူ၍ လည်းကောင်း။ ဣဿာတိ ဝါ၊ ငြူစူခြင်းဟူ၍ လည်းကောင်း။ မစ္ဆရိယန္တိ ဝါ၊ ဝန်တိုခြင်းဟူ၍ လည်းကောင်း။ အညာဏန္တိ ဝါ၊ မသိခြင်းဟူ၍ လည်းကောင်း။ တေဟိ ဝတ္ထူဟိ၊ ထိုသဒ္ဒါတို့ဖြင့်။ ယေ စ၊ အကြင်အနက်တို့ကို။ နိဒ္ဒိသိတဗ္ဗံ၊ ညွှန်းအပ်၏။ ယဿ၊ အကြင်အဿာဒ၏။ ဒွေ၊ ဤနှစ်ပါးကုန်သော။ ဣမာနိ ဝစနာနိ၊ ဤသဒ္ဒါတို့ကို။ ဓမ္မပဒါနိ၊ ဓမ္မပဒတို့ဟူ၍။ နိဒ္ဒိဋ္ဌာနိ၊ ညွှန်းပြအပ်ကုန်၏။ သော ကိလေသော၊ ထိုညစ်ညူးခြင်း အဿာဒသည်။ န အတ္ထိ၊ မရှိ။ ယော၊ အကြင်အဿာဒသည်။ ဣမေသု နဝသု ပဒေသု၊ ဤကိုးပါးကုန်သော ပုဒ်တို့၌။ သမောဓာနံ၊ ပေါင်းခြင်းသို့။ သမောသရဏံ၊ စုဝေးခြင်းသို့။ ဂစ္ဆတိ၊ ရောက်၏။ အယံ၊ ဤသည်ကား။ ကိလေသော၊ အဿာဒမည်၏။ န စ လောဘော၊ လောဘမဟုတ်။ န စ ဒေါသော၊ ဒေါသမဟုတ်။ န စ မောဟော၊ မောဟမဟုတ်။ အကုသလမူလာနိ၊ အကုသိုလ်မူလတို့ကို။ နိဒ္ဒိသိတဗ္ဗာနိ၊ ညွှန်းပြအပ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ကုသလာနိ၊ ကုသိုလ်အဖို့တို့ကို။ ပဋိက္ခေပေန၊ ဆန့်ကျင်ဘက်အားဖြင့်။ နိဒ္ဒိသိတဗ္ဗာနိ၊ ညွှန်းပြအပ်ကုန်၏။

တတ္ထ၊ ထိုသုတ်တို့တွင်။ ကာယကမ္မာဓိဋ္ဌာနံ၊ ကာယကမ္မအဓိဋ္ဌာန်သည်။ ကတမံ၊ အဘယ်နည်း။ ကာယေန၊ ကိုယ်ဖြင့်။ ကုသလမ္ပိ၊ ကုသိုလ်ကိုလည်း။ ကရေ၊ ပြုရာ၏။ သံဝုတော၊ စောင့်စည်းသည်။ အဿ၊ ဖြစ်ရာ၏။ ကာယဒုစ္စရိတံ၊ ကာယဒုစရိုက်ကို။ ဟိတွာ၊ စွန့်၍။ ကာယေန၊ ကိုယ်ဖြင့်။ သုစရိတံ

စာမျက်နှာ-105

သုစရိုက်ကို။ စရေ၊ ကျင့်ရာ၏။ သုစရိတာနိ၊ သုစရိုက်တို့သည်။ ပါဏာတိပါတာ၊ သူ့အသက်သတ်ခြင်းမှ။ ဝေရမဏီ၊ ရှောင်ကြဉ်ခြင်း။ အဒိန္နာဒါနာ၊ သူတပါး ဥစ္စာကို ခိုးခြင်းမှ။ ဝေရမဏီ၊ ရှောင်ကြဉ်ခြင်းလည်းကောင်း။ ကာမေသုမိစ္ဆာစာရာ၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ။ ဝေရမဏီ၊ ရှောင်ကြဉ်ခြင်းလည်းကောင်း။ ဣမာနိ တီဏိ၊ ဤသုံးပါးတို့သည်။ ဣဒံ၊ ဤသည်ကား။ ကာယကမ္မာဓိဋ္ဌာနံ၊ ကာယကမ္မအဓိဋ္ဌာန် မည်၏။

တတ္ထ၊ ထိုသုတ်တို့တွင်။ ဝါစာကမ္မာဓိဋ္ဌာနံ၊ ဝါစာကမ္မအဓိဋ္ဌာန်သည်။ ကတမံ၊ အဘယ်နည်း။ သုဘာသိတံ၊ ကောင်းစွာဆိုအပ်သော စကားကို။ ဥတ္တမံ၊ မြတ်၏ဟူ၍။ သန္တော၊ သူတော်ကောင်းတို့သည်။ အာဟု၊ ဆိုကုန်၏။ ဓမ္မံ၊ တရားကို။ ဘဏေ၊ ဆိုရာ၏။ အဓမ္မံ၊ တရားမဟုတ်သည်ကို။ နဘဏေ၊ မဆိုရာ။ တံ၊ ထိုတရားကိုဆို၍ အဓမ္မကိုမဆိုခြင်းသည်။ ဒုတိယံ၊ နှစ်ကြိမ်မြောက်သော ကောင်းခြင်းတည်း။ ပိယံ၊ ချစ်ဖွယ်သောစကားကို။ ဘဏေ၊ ဆိုရာ၏။ အပ္ပိယံ၊ ချစ်ဖွယ် မရှိသောစကားကို။ နဘဏေ၊ မဆိုရာ။ တံ၊ ထိုချစ်ဖွယ်စကားကိုဆို၍ ချစ်ဖွယ်မရှိသော စကားကို မဆိုခြင်းသည်။ တတိယံ၊ သုံးကြိမ်မြောက်သော ကောင်းခြင်းတည်း။ သစ္စံ၊ မှန်သောစကားကို။ ဘဏေ၊ ဆိုရာ၏။ အလိကံ၊ ချွတ်ယွင်သော စကားကို။ နဘဏေ၊ မဆိုရာ။ တံ၊ ထိုမှန်သောစကားကိုဆို၍ ချွတ်ယွင်းသော စကားကို မဆိုခြင်းသည်။ စတုတ္ထံ၊ လေးကြိမ်မြောက်သော ကောင်းခြင်းတည်း။ ဝစီသုစရိတာနိ၊ ဝစီသုစရိုက်တို့သည်။ ဣမာနိ စတ္တာရိ၊ ဤလေးပါးတို့တည်း။ ဣဒံ၊ ဤသည်ကား။ ဝါစာကမ္မာဓိဋ္ဌာနံ၊ ဝါစာကမ္မအဓိဋ္ဌာန် မည်၏။

တတ္ထ၊ ထိုသုတ်တို့တွင်။ မနောကမ္မာဓိဋ္ဌာနံ၊ မနောကမ္မအဓိဋ္ဌာန်သည်။ ကတမံ၊ အဘယ်နည်း။ မနေန၊ စိတ်ဖြင့်။ ကုသလံ၊ ကုသိုလ်ဖြစ်သော။ ကမ္မံ၊ ကံကို။ ကရေ၊ ပြုရာ၏။ မနသာ၊ စိတ်ဖြင့်။ သံဝုတော၊ စောင့်စည်းခြင်းရှိသည်။ ဘဝေ၊ ဖြစ်ရာ၏။ မနောဒုစ္စရိတံ၊ မနောဒုစရိုက်ကို။ ဟိတွာ၊ စွန့်၍။ မနသာ၊ စိတ်ဖြင့်။ သုစရိတံ၊ သုစရိုက်ကို။ စရေ၊ ကျင့်ရာ၏။ ဘိက္ခဝေ၊ ရဟန်းတို့။ မနောသုစရိတာနိ၊ မနောသုစရိုက်တို့သည်။ အနဘိဇ္ဈာ၊ အလိုမကြီးခြင်း။ အဗျာပါဒေါ၊ အမျက်မထွက်ခြင်း။ သမ္မာဒိဋ္ဌိ၊ ကောင်းသောအယူ။ ဣမာနိ တီဏိ၊ ဤသုံးပါးတို့သည်။ မနောကမ္မာဓိဋ္ဌာနံ၊ မနောကမ္မာဓိဋ္ဌာန် မည်၏။ ဣမာနိ၊ ဤသည်တို့သည်။ အသာဓာရဏာနိ သုတ္တာနိ၊ မဆက်ဆံကုန်သော သုတ်တို့ မည်ကုန်၏။ တတ္ထ၊ ထိုသုတ်တို့တွင်။ သာဓာရဏာနိ သုတ္တာနိ၊ ဆက်ဆံကုန်သော သုတ်တို့သည်။ ကတမာနိ၊ အဘယ်နည်း။ ဝါစာနုရက္ခီ

စာမျက်နှာ-106

နှုတ်ကို စောင့်လေ့ရှိသောသူသည်။ မနသာ၊ စိတ်ဖြင့်။ သုသံဝုတော၊ ကောင်းစွာစောင့်သည်မည်၏။ ကာယေနစ၊ ကိုယ်ဖြင့်လည်း။ အကုသလံ၊ အကုသိုလ်ကို။ နကယိရာ၊ မပြုရာ။ ဧတေတယော၊ ထိုသုံးပါးကုန်သော။ ကမ္မပထေ၊ ကမ္မပထတို့ကို။ ဝိသောဓယေ၊ သုတ်သင်ရာ၏။ ဣသိပ္ပဝေဒိတံ၊ မြတ်စွာဘုရားသည် ဟောတော်မူအပ်သော။ မဂ္ဂံ၊ မဂ်ကို။ အာရာဓယေ၊ နှစ်သက်ရာ၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ပါရိသုဒ္ဓိယော၊ စင်ကြယ်ခြင်းတို့တည်း။ ကာယကမ္မပါရိသုဒ္ဓိ၊ ကိုယ်အမှုစင်ကြယ်ခြင်းလည်းကောင်း။ ဝါစာကမ္မပါရိသုဒ္ဓိ၊ နှုတ်အမှုစင်ကြယ်ခြင်းလည်းကောင်း။ မနောကမ္မပါရိသုဒ္ဓိ၊ နှလုံးအမှုစင်ကြယ်ခြင်းလည်းကောင်း။ ဣမာတိဿော၊ ဤသုံးပါးတို့သည်။

တတ္ထ၊ ထိုသုံးပါးတို့တွင်။ ကာယကမ္မပါရိသုဒ္ဓိ၊ ကိုယ်အမှုစင်ကြယ်ခြင်းသည်။ ကတမာ၊ အဘယ်နည်း။ ပါဏာတိပါတာ၊ သူ့အသက်ကိုသတ်ခြင်းမှ။ ဝေရမဏိ၊ ရှောင်ကြဉ်ခြင်းလည်းကောင်း။ အဒိန္နာဒါနာ၊ သူ့ဥစ္စာကိုခိုးယူခြင်းမှ။ ဝေရမဏိ၊ ရှောင်ကြဉ်ခြင်းလည်းကောင်း။ ကာမေသုမိစ္ဆာစာရာ၊ ကာမဂုဏ်တို့၌ မှားယွင်းသောအားဖြင့် ကျင့်ခြင်းမှ။ ဝေရမဏိ၊ ရှောင်ကြဉ်ခြင်းလည်းကောင်းတည်း။ တတ္ထ၊ ထိုသုံးပါးတို့တွင်။ ဝစီကမ္မပါရိသုဒ္ဓိ၊ နှုတ်အမှုစင်ကြယ်ခြင်းသည်။ ကတမာ၊ အဘယ်နည်း။ မုသာဝါဒါ၊ မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ။ ဝေရမဏိ၊ ရှောင်ကြဉ်ခြင်းလည်းကောင်း။ ပေ။ သမ္ဖပ္ပလာပါ၊ ပြိန်းဖျင်းသောစကားကို ပြောဆိုခြင်းမှ။ ဝေရမဏိ၊ ရှောင်ကြဉ်ခြင်းလည်းကောင်းတည်း။ တတ္ထ၊ ထိုသုံးပါးတို့တွင်။ မနောကမ္မပါရိသုဒ္ဓိ၊ နှလုံးအမှုစင်ကြယ်ခြင်းသည်။ ကတမာ၊ အဘယ်နည်း။ အနဘိဇ္ဈာ၊ သူတစ်ပါးစည်းစိမ်ကို ရှေးရှုတင်သောအားဖြင့် မလိုချင်ခြင်းလည်းကောင်း။ အဗျာပါဒေါ၊ အမျက်မထွက်ခြင်းလည်းကောင်း။ သမ္မာဒိဋ္ဌိ၊ ကောင်းသောအယူလည်းကောင်းတည်း။ ဣဒံ၊ ဤသည်ကား။ သာဓာရဏသုတ္တံ၊ ဆက်ဆံသောသုတ်မည်၏။ ဣတိ၊ ဤသို့။ သာဓာရဏာနိစသုတ္တာနိ၊ ဆက်ဆံကုန်သောသုတ်တို့ကိုလည်းကောင်း။ အသာဓာရဏာနိစ သုတ္တာနိ၊ မဆက်ဆံကုန်သောသုတ်တို့ကိုလည်းကောင်း။ ပဋိဝိဇ္ဈိတဗ္ဗာနိ၊ ထိုးထွင်း၍သိအပ်ကုန်၏။ ပဋိဝိဇ္ဈိတွာ၊ ထိုးထွင်း၍သိပြီး၍။ ဝါစာယစ၊ နှုတ်ဖြင့်လည်းကောင်း။ ကာယေနစ၊ ကိုယ်ဖြင့်လည်းကောင်း။ သုတ္တဿ၊ သုတ်၏။ အတ္ထော၊ အနက်ကို။ နိဒ္ဒိသိတဗ္ဗော၊ ညွှန်းပြအပ်၏။

တတ္ထ၊ ထိုသုတ်တို့တွင်။ သဒ္ဓိန္ဒြိယာဓိဋ္ဌာနံ၊ သဒ္ဓိန္ဒြေအဓိဋ္ဌာန်သည်။ ကတမံ၊ အဘယ်နည်း။ ယဿ၊ အကြင်သူအား။ တထာဂတေ၊ မြတ်စွာဘုရား၌။

စာမျက်နှာ-107

သဒ္ဓါ၊ ကြည်ညိုခြင်းသည်။ အစလာ၊ တုန်လှုပ်ခြင်းမရှိ။ သုပ္ပတိဋ္ဌိတာ၊ ကောင်းစွာတည်၏။ ယဿ၊ အကြင်သူ၏။ သီလဉ္စ၊ သီလသည်လည်း။ ကလျာဏံ၊ ကောင်းသောသဘောရှိ၏။ အရိယကန္တံ၊ အရိယာတို့သည် နှစ်သက်အပ်၏။ ပသံသိတံ၊ ချီးမွမ်းအပ်၏။ ယဿ၊ အကြင်သူအား။ သံဃေ၊ သံဃာ၌။ ပသာဒေါ၊ ကြည်ညိုခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဒဿနံ၊ အမြင်သည်။ ဥဇုဘူတဉ္စ၊ ဖြောင့်စွာဖြစ်သည်လည်း။ ဟောတိ၊ ဖြစ်၏။ တံ၊ ထိုသူကို။ အဒလိဒ္ဓေါတိ၊ သူဆင်းရဲမဟုတ်ဟူ၍။ အာဟု၊ ဆိုကုန်၏။ တဿ၊ ထိုသူ၏။ ဇီဝိတံ၊ အသက်ရှင်ခြင်းသည်။ အမောဃံ၊ အချည်းနှီးမဟုတ်။ သဒ္ဓါ၊ သဒ္ဓါတရားရှိသော သူကို။ ဝေ၊ စင်စစ်။ နန္ဒိကာ၊ နှစ်သက်အပ်၏။ တဿ၊ ထိုသူ၏။ သဒ္ဓေါ၊ သဒ္ဓါတရားကို။ နောအာရာဓိကော၊ မနှစ်သက်အပ်။ ဣတိ၊ ဤသို့။ သဗ္ဗံ၊ အလုံးစုံသည်။ သိယာ၊ ဖြစ်ရာ၏။ ဣတိ၊ ဤသို့။ တထာရူပေါ၊ ထိုသို့သဘောရှိသော။ ဓမ္မသမ္ပသာဒေါ၊ တရား၌ ကောင်းစွာကြည်ညိုခြင်းသည်။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ ပသာဒေါ၊ ကြည်ညိုခြင်းမည်၏။ ဣဒံ၊ ဤသည်ကား။ သဒ္ဓိန္ဒြိယာဓိဋ္ဌာနံ၊ သဒ္ဓိန္ဒြေအဓိဋ္ဌာန်တည်း။

တတ္ထ၊ ထိုသုတ်တို့တွင်။ ဝီရိယာဓိဋ္ဌာနံ၊ ဝီရိယအဓိဋ္ဌာန်သည်။ ကတမံ၊ အဘယ်နည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ တုမှေ၊ သင်တို့သည်။ အာရမ္ဘထ၊ အားထုတ်ကြကုန်လော။ နိက္ကမထ၊ ပျင်းရိခြင်းမှထွက်ကြကုန်လော။ ဗုဒ္ဓသာသနေ၊ ငါဘုရား၏သာသနာတော်၌။ ယုဉ္ဇထ၊ အမြဲမပြတ်လုံ့လစိုက်ကြကုန်လော။ ကုဉ္ဇရော၊ ဆင်သည်။ နဠာဂါရံဝ၊ ကျူဖြင့် ပြုသောအိမ်ကို။ ဓုနာတိဣဝ၊ ဖျက်ဆီးသကဲ့သို့။ မစ္စုနော၊ ကာမဓာတ် အစရှိသော သုံးပါးသာဓာတ်တို့ကို နှိပ်နင်းသည်ဖြစ်၍ အစိုးရသော သေမင်း၏။ သေနံ၊ ကိလေသာတည်းဟူသောစစ်သည်ကို။ ဓုနာထ၊ ဖျက်ဆီးကြကုန်လော။ ဘိက္ခဝေ၊ ရဟန်းတို့။ သမ္မပ္ပဓာနာ၊ သမ္မပ္ပဓာန်တို့တည်း။ စတ္တာရော၊ ဤလေးပါးတို့သည်။ ဣဒံ၊ ဤသည်ကား။ ဝီရိယာဓိဋ္ဌာနံ၊ ဝီရိယအဓိဋ္ဌာန်မည်၏။

တတ္ထ၊ ထိုသုတ်တို့တွင်။ သတိန္ဒြိယာဓိဋ္ဌာနံ၊ သတိန္ဒြေအဓိဋ္ဌာန်သည်။ ကတမံ၊ အဘယ်နည်း။ သဒါ၊ အခါခပ်သိမ်း။ သတိမတော၊ သတိရှိသောသူအား။ ဘဒ္ဒံ၊ ကောင်း၏။ ဘဒ္ဒံ၊ ကောင်းခြင်းသည်။ အတ္ထု၊ ဖြစ်စေလော။ သတိမတော၊ သတိရှိသောသူအား။ သဒါ၊ အခါခပ်သိမ်း။ သေယျော၊ မြတ်၏။ သတိမာ၊ သတိရှိသောသူသည်။ သုခံ၊ ချမ်းသာကို။ ဧဓတိ၊ ခံစားရ၏။ စတ္တာရော၊ လေးပါးကုန်သော။ သတိပဋ္ဌာနာ၊ သတိပဋ္ဌာန်တို့ကို။ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ ကာတဗ္ဗာ၊ ပြုအပ်ကုန်၏။ ဣဒံ၊ ဤသည်ကား။ သတိန္ဒြိယာဓိဋ္ဌာနံ၊ သတိန္ဒြေအဓိဋ္ဌာန်မည်၏။

စာမျက်နှာ-108

တတ္ထ၊ ထိုသုတ်တို့တွင်။ သမာဓိန္ဒြိယာဓိဋ္ဌာနံ၊ သမာဓိန္ဒြိယာဓိဋ္ဌာန်သည်။ ကတမံ၊ အဘယ်နည်း။ နရဒမ္မသာရထိ၊ သတ္တဝါတို့ကိုဆုံးမ၍ ရထားထိန်းသဖွယ်ဖြစ်တော်မူသော အရှင်ဘုရား။ တေ၊ အရှင်ဘုရားအား။ အာကင်္ခတော၊ တောင့်တသည်ဖြစ်၍။ ဒေဝါမနုဿာ၊ နတ်လူတို့သည်။ မနသာ၊ စိတ်ဖြင့်။ ဝိစိန္တိတံ၊ ကြံအပ်၏။ သဗ္ဗေန၊ အချင်းခပ်သိမ်း။ သန္တံ၊ ငြိမ်သက်သော။ အရဏံ၊ ကိလေသာမရှိသော။ သမာဓိံ၊ သမာဓိကို။ နိသေဝတော၊ မှီဝဲသောသူအား။ ပါဏိနော၊ သတ္တဝါတို့ကို။ ကသိဏာပိ၊ စိုးအုပ်သည်ဖြစ်၍လည်း။ ဇညာ၊ သိရာ၏။ ဘိက္ခဝေ၊ ရဟန်းတို့။ သမာဓိ၊ သမာဓိတို့တည်း။ သဝိတက္ကောသဝိစာရော၊ ဝိတက်နှင့်လည်းတကွ ဝိစာရနှင့်လည်းတကွဖြစ်သော သမာဓိလည်းကောင်း။ အဝိတက္ကောဝိစာရမတ္တော၊ ဝိတက်မရှိ ဝိစာရမျှသာရှိသော သမာဓိလည်းကောင်း။ အဝိတက္ကောအဝိစာရော၊ ဝိတက်လည်းမရှိ ဝိစာရလည်းမရှိသော သမာဓိလည်းကောင်း။ ဣတိ၊ ဤသို့။ ဣမေတယော၊ ဤသုံးပါးတို့သည်။ ဣဒံ၊ ဤသည်ကား။ သမာဓိန္ဒြိယာဓိဋ္ဌာနံ၊ သမာဓိန္ဒြေအဓိဋ္ဌာန်မည်၏။

တတ္ထ၊ ထိုသုတ်တို့တွင်။ ပညိန္ဒြိယာဓိဋ္ဌာနံ၊ ပညိန္ဒြိယာဓိဋ္ဌာန်သည်။ ကတမံ၊ အဘယ်နည်း။ လောကသ္မိံ၊ လောက၌။ ပညာဟိ၊ ပညာသည်သာလျှင်။ သေဋ္ဌာ၊ မြတ်၏။ ဣတိ၊ ဤသို့။ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ ဝေဒိတဗ္ဗံ၊ သိအပ်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ပညာ၊ ပညာတို့တည်း။ သုတမယီ၊ သုတမယပညာလည်းကောင်း။ စိန္တာမယီ၊ စိန္တာမယပညာလည်းကောင်း။ ဘာဝနာမယီ၊ ဘာဝနာမယပညာလည်းကောင်း။ ဣတိ၊ ဤသို့။ ဣမာတိဿော၊ ဤသုံးပါးတို့သည်။ ဣဒံ၊ ဤသည်ကား။ ပညိန္ဒြိယာဓိဋ္ဌာနံ၊ ပညိန္ဒြေအဓိဋ္ဌာန်ဖြစ်သော။ သုတ္တံ၊ သုတ်မည်၏။ ဣမာနိ ဣန္ဒြိယာအဓိဋ္ဌာနိ၊ ဤဣန္ဒြိယာအဓိဋ္ဌာနသုတ်တို့သည်။ အသာဓာရဏာနိ၊ မဆက်ဆံကုန်သော။ သုတ္တန္တိ၊ သုတ်တို့မည်ကုန်၏။

တတ္ထ၊ ထိုသုတ်တို့တွင်။ သာဓာရဏာနိ၊ ဆက်ဆံကုန်သော။ ဣန္ဒြိယာဓိဋ္ဌာနာနိ၊ ဣန္ဒြိယာဓိဋ္ဌာန်ခြင်း ရှိကုန်သော။ သုတ္တာနိ၊ သုတ်တို့သည်။ ကတမာနိ၊ အဘယ်သည်တို့နည်း။ ကာမေသု၊ ကာမတို့၌။ အဝီတရာဂေါ၊ ရာဂကင်းသေးသောသူ။ ယဿ၊ အကြင်သူ၏။ ပဉ္စိန္ဒြိယာ၊ ဣန္ဒြေငါးပါးတို့သည်။ မုဒု၊ နူးညံ့၏။ အသဇ္ဇံ၊ အာရုံခြောက်ပါးတို့၌ ကပ်ငြိခြင်းမရှိသော။ တာဒိသံ၊ ထိုသို့သဘောရှိသော။ ဘိက္ခုံ၊ ရဟန်းကို။ တတ္ထ၊ ထိုအာရုံတို့၌။ သောဘိက္ခု၊ ထို

စာမျက်နှာ-109

ရဟန်းသည်။ ဥပသဇ္ဇတိ၊ ကပ်ငြိ၏။ ဣန္ဒြိယာနိ၊ ဣန္ဒြေတို့သည်။ ဣမာနိ ပဉ္စ၊ ငါးပါးတို့တည်း။ သဒ္ဓိန္ဒြိယာဒိဣန္ဒြိယံ၊ သဒ္ဓိန္ဒြေအစရှိသော ဣန္ဒြေကို။ ဒဋ္ဌဗ္ဗံ၊ မှတ်အပ်၏။ တီသု၊ ရတနာသုံးပါးတို့၌။ အဝေစ္စပ္ပသာဒေ၊ မတုန်မလှုပ် ကြည်ညိုခြင်း၌။ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ သုတ္တံ၊ သုတ်ကို။ ကာတဗ္ဗံ၊ ပြုအပ်၏။ ဣမာနိ၊ ဤသည်တို့ကား။ သာဓာရဏာနိ၊ ဆက်ဆံကုန်သော။ ဣန္ဒြိယာဓိဋ္ဌာနာနိ၊ ဣန္ဒြေလျှင် ပြဌာန်းခြင်းရှိကုန်သော။ သုတ္တာနိ၊ သုတ်တို့တည်း။ ယဿ ကုသလဿဝါ၊ အကြင် ကုသိုလ်နှင့်လည်းကောင်း။ ယဿ အကုသလဿဝါ၊ အကြင် ကုသိုလ်နှင့်လည်းကောင်း။ ယံ၊ အကြင်သုတ်သည်။ သမ္ဗန္ဓံ၊ စပ်၏။ တေနတေနအဓိဋ္ဌာနေန၊ ထိုထိုအဓိဋ္ဌာန်ဖြင့်။ တံသုတ္တံ၊ ထိုသုတ်ကို။ နိဒ္ဒိသိတဗ္ဗံ၊ ညွှန်းအပ်၏။ အညော၊ တစ်ပါးသော။ နိဒ္ဒိသိတဗ္ဗော၊ ညွှန်းအပ်သော။ ဓမ္မော၊ တရားသည်။ နတ္ထိ၊ မရှိ။ တတ္ထ၊ ထိုဒေသနာ၌။ အသာဓာရဏံ၊ မဆက်ဆံသော။ ကုသလံ၊ ကုသိုလ်လည်းကောင်း။ နာပိကုသလံ၊ ကုသိုလ်မမည်။ အကုသလံ၊ အကုသိုလ်မည်၏။ ယထာ၊ အကြင်အခြင်းဖြင့်။ သာဓာရဏာနိ၊ ဆက်ဆံကုန်သော။ ကုသလမူလာနိစ၊ ကုသိုလ်မူလတို့သည်လည်းကောင်း။ သာဓာရဏာနိစ၊ ဆက်ဆံကုန်သော။ အကုသလမူလာနိစ၊ အကုသိုလ်မူလတို့သည်လည်းကောင်း။ ဥပ္ပန္နံ၊ ဖြစ်သော။ ကာမဝိတက္ကံ၊ ကာမဝိတက်ကို။ ပဇဟတိ၊ စွန့်၏။ ပေ။ သမ္မပ္ပဓာနာ၊ သမ္မပ္ပဓာန်တို့သည်။ စတ္တာရော၊ လေးပါးတို့တည်း။ ကုသလဉ္စ၊ ကုသိုလ်လည်းကောင်း။ အကုသလဉ္စ၊ အကုသိုလ်လည်းကောင်းတည်း။

တတ္ထ၊ ထိုသုတ်တို့တွင်။ ဥဒ္ဒါနဂါထာ၊ ဥဒါန်းဂါထာတို့တည်း။ ဣမာ၊ ဤသည်တို့သည်။ ဝိတက္ကေဟိ၊ ကာမဝိတက်တို့ဖြင့်လျှင်။ မမတ္ထိကော၊ လွန်စွာတောင့်တခြင်းရှိသော။ နရော၊ လူသည်။ နရံ၊ လူကို။ ပိယောဣတိ၊ ချစ်၏ဟု ဟောသောသုတ်။ ယော၊ အကြင်သူသည်။ ပါဏံ၊ သူတစ်ပါးအသက်ကို။ အတိပါတေတိ၊ လွန်စွာချသည်သည်ကို ဟောသောသုတ်။ တဿ၊ ထိုသူ၏။ တီဏိ၊ သုံးပါးကုန်သော။ ဗာလလက္ခဏံ၊ ဗာလလက္ခဏာကို ဟောသောသုတ်။ သတဉ္စေဝ၊ အနှစ်တရာပတ်လုံး။ သဟဿာနိ၊ တစ်ထောင်သောကမ္ဘာပတ်လုံး အကျိုးခံစားရသည်ကို ဟောသောသုတ်။ ယေစသမဏဗြာဟ္မဏာ၊ အကြင်ရဟန်းပုဏ္ဏားတို့သည်။ ဆန္ဒာ၊ ချစ်သဖြင့် မလားအပ်သည်သို့လားခြင်း။ ဒေါသာ၊ အမျက်ထွက်သဖြင့် မလားအပ်သည်သို့လားခြင်း။ ဘယာ၊ ကြောက်သဖြင့် မလားအပ်သည်သို့လားခြင်း။ မောဟာ၊ မိုက်သဖြင့် မလားအပ်သည်သို့လားခြင်း။ စတူဟိ၊ လေးပါးကုန်

စာမျက်နှာ-110

သော။ အဂတီဟိစ၊ အဂတိတို့ဖြင့်လည်း ဟုဟောသောသုတ်။ အသုဘာနုပဿိံ၊ အသုဘကို အဖန်တလဲလဲ ရှုသည်ဖြစ်၍။ ဝိဟရန္တံ၊ နေသောသူကို ဟောသောသုတ်။ နိမိတ္တေသု၊ အာရုံတို့၌။ အသုဘာစ၊ အသုဘဟု နှလုံးသွင်းခြင်းကို ဟောသောသုတ်။ ဧကမ္ပိပါဏံ၊ သတ္တဝါတစ်ခုကိုလည်း။ စေ ပိယံ၊ အကယ်၍ ချစ်အံ့။ မိတ္တာ၊ အဆွေခင်ပွန်းတို့သည်။ သစေသုဘာသိတာ၊ အကယ်၍ ကောင်းသောစကားကို ဆိုအံ့ဟု ဟောသောသုတ်။ လောကသ္မိံ၊ လောက၌။ ပညာဟိ၊ ပညာသည်သာလျှင်။ သေဋ္ဌာ၊ မြတ်၏ဟု ဟောသောသုတ်။ အနညာ၊ အနညာတညဿာမီတိန္ဒြေ အစရှိကုန်သော။ တီဏိဣန္ဒြိယာနိ၊ ဣန္ဒြေသုံးပါးတို့ကို ဟောသောသုတ်။ ကုသလာကုသလမူလာနိစ၊ ကုသိုလ်အကုသိုလ်မူလတို့ကို ဟောသောသုတ်။ တုလမတုလဉ္စသမ္ဘဝံ၊ တုလမတုလဖြစ်သော တရားကို ဟောသောသုတ်။ ကာယေန၊ ကိုယ်ဖြင့်။ ကုသလံ၊ ကုသိုလ်ကို။ ကရံ၊ ပြုရာသည်ကို ဟောသောသုတ်။ တီဏိသုစရိတာနိစ၊ သုံးပါးသော သုစရိုက်တို့ကို ဟောသောသုတ်။ သုဘာသိတံ၊ ကောင်းသောစကားကို။ ဥတ္တမံ၊ မြတ်၏ဟု။ သန္တော၊ သူတော်ကောင်းတို့သည်။ အာဟု၊ ဆိုကုန်၏ဟု ဟောသောသုတ်။ ဝစီသုစရိတာနိစ၊ ဝစီသုစရိုက်တို့ကို ဟောသောသုတ်။ ကာယေနစ၊ ကိုယ်ဖြင့်လည်း။ ကုသလံ၊ ကုသိုလ်ကို။ ကယိရာ၊ ပြုသင့်၏ဟု ဟောသောသုတ်။ မနောဒုစ္စရိတာနိစ၊ မနောဒုစရိုက်တို့ကို ဟောသောသုတ်။ သဒါ၊ အခါခပ်သိမ်း။ ကာယာနုရက္ခီစ၊ ကိုယ်ကိုစောင့်ခြင်းကို ဟောသောသုတ်။ တိဿောစပါရိသုဒ္ဓိယော၊ ပါရိသုဒ္ဓိသုံးပါးကို ဟောသောသုတ်။ ယဿ၊ အကြင်သူ၏။ သဒ္ဓါ၊ သဒ္ဓါတရားသည်။ တထာဂတေ၊ မြတ်စွာဘုရား၌။ သမုပ္ပါဒေစ၊ ဖြစ်ခြင်း၌လည်းကောင်း။ ဒေသိတော၊ ဟောတော်မူအပ်သောသုတ်။ အာရမ္ဘထ၊ အားထုတ်ကြကုန်လော။ နိက္ကမထ၊ ပျင်းရိခြင်းမှ ထွက်ကြကုန်လောဟု ဟောသောသုတ်။ ယာဝ သမ္မပ္ပဓာနတာ၊ သမ္မပ္ပဓာန်တိုင်အောင် အစဉ်အတိုင်း ဟောသောသုတ်။ သဒါ၊ အခါခပ်သိမ်း။ သတိမတော၊ သတိရှိသောသူအား။ ဘဒ္ဒံ၊ ကောင်း၏။ သတိပ္ပဋ္ဌာနဘာဝနာ၊ သတိပဋ္ဌာန်ကို ပွားစေသည်ကို ဟောသောသုတ်။ အာကင်္ခတောစ၊ အလိုရှိသော ဘုရားကို ဟောသောသုတ်။ အနညာဏံ၊ အနညတညဿာမီတိန္ဒြေကို ဟောသောသုတ်။ ယေစတီဏိသမာဓိယော၊ အကြင်သမာဓိသုံးပါးတို့ကို ဟောသောသုတ်။ လောကသ္မိံ၊ လောက၌။ ပညာဟိ၊ ပညာသည်သာလျှင်။ သေဋ္ဌာ၊ မြတ်၏။ တိဿော ပညာ၊ ပညာသုံးပါးတို့ကို။ ပကာသိတာ၊ ပြအပ်ကုန်၏။ ကာမေသု၊ ဝတ္ထုကာမတို့၌။ အဝီတရာဂေါ၊ မကင်းသေးသော ရာဂရှိ

စာမျက်နှာ-111

ရှိ၏ဟုဟောသောသုတ်။ တထေဝ၊ ထိုအတူသာလျှင်။ ပညိန္ဒြိယာ၊ ပညိန္ဒြေကို ဟောသောသုတ်။ ဣတိ၊ ဤသို့သော အပြားအားဖြင့်။ ဇမ္ဗုဝနဝါသိနော၊ ဇမ္ဗုဝန၌ နေလေ့ရှိတော်မူသော။ မဟာကစ္စာယနဿ ထေရဿ၊ မဟာကစ္စာယနမထေရ်၏။ ပေဋကောပဒေသေ၊ ပေဋကောပဒေသပါဠိတော်၌။ သုတ္တာဓိဋ္ဌာန နာမ၊ သုတ္တာဓိဋ္ဌာနမညသော။ တတိယဘူမိ၊ တတိယ ဘုံသည်။ ဘဝတိ၊ ဖြစ်၏။

၄။ သုတ္တဝိစယစတုတ္ထဘူမိ

တတ္ထ၊ ထိုဟာရနယသာသနပဋ္ဌာနတို့တွင်။ သုတ္တဝိစယော၊ သုတ်ကို ကြည့်ရှုဆင်ခြင်ခြင်းသည်။ ကတမော၊ အဘယ်နည်း။ တတ္ထ၊ ထိုစိစစ်ရာ၌။ ကုသလေဟိ ဓမ္မေဟိ၊ ကုသိုလ်တရားတို့ဖြင့်။ အကုသလေဟိ ဓမ္မေဟိ၊ အကုသိုလ်တရားတို့ဖြင့်။ ပုဗ္ဗာပရသော၊ ရှေးနောက်အားဖြင့်။ သာဓုကံ၊ ကောင်းစွာ။ ဥပပရိက္ခိယတိ၊ ကြည့်ရှုဆင်ခြင်အပ်၏။ ဣဒံ သုတ္တံ၊ ဤသုတ်ကို။ အာရဘိ၊ အားထုတ်အပ်သနည်း။ (ပ) တေဟိ သုတ္တေဟိ သဟ၊ ထိုသုတ်တို့နှင့်တကွ။ အဝိသန္ဓဿနဋ္ဌေဟိ၊ ရှေးရှုကြည့်ခြင်းတို့ဖြင့်။ ယုဇ္ဇတိ ကိံ နုခေါ၊ ယှဉ်စေအပ်သလော။ ဥဒါဟု၊ ထိုသို့မဟုတ်။ န ယုဇ္ဇတိ ကိံ ခေါ၊ မယှဉ်စေအပ်သလော။ ဣတိ၊ ဤသို့။ ယထာ၊ အကြင်အခြင်းဖြင့်။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ကိလေသေ၊ ကိလေသာတို့ကို။ အာဒိမှိ၊ အစ၌။ တတ္ထ၊ ထိုသုတ်၌။ ဒေသေတိ၊ ဟောတော်မူ၏။ တေသံ ကိလေသာနံ၊ ထိုကိလေသာတို့ကို။ ပဟာနံ၊ ပယ်ခြင်းကို။ ဒေသိတံ ကိံ၊ ဟောအပ်သလော။ ဥဒါဟု၊ ထိုသို့မဟုတ်။ နော ဒေသိတံ၊ မဟောအပ်သလော။ ဣတိ၊ ဤသို့။ ဥပပရိက္ခိတဗ္ဗံ၊ ကြည့်ရှုဆင်ခြင်အပ်၏။ ဘဂဝတိ၊ မြတ်စွာဘုရားသည်။ တေသံ ကိလေသာနံ၊ ထိုကိလေသာတို့ကို။ ပဟာနံ၊ ပယ်ခြင်းကို။ ယဒိ န ဒေသိတံ၊ အကယ်၍ မဟောအပ်သည်ဖြစ်အံ့။ ကုသလာ ဓမ္မာ၊ ကုသိုလ်တရားတို့ကို။ ပရိယေသိတဗ္ဗာ၊ ရှာအပ်ကုန်၏။ ယတ္ထ၊ အကြင်ဒေသနာ၌။ တေ အကုသလာ၊ ထိုအကုသိုလ်တို့သည်။ ပဟာနံ၊ ပယ်ခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။ သမန္နေသမာနေ၊ ရှာသည်ရှိသော်။ သစေ န လဘတိ၊ အကယ်၍ မရသည်ဖြစ်အံ့။ တတ္ထ၊ ထိုသုတ်၌။ အကုသလာ ဓမ္မာ၊ အကုသိုလ်တရားတို့ကို။ အပကဍ္ဎိတဗ္ဗာ၊ ငင်အပ်ကုန်၏။ သံကိလေသဘာဂိယသုတ္တံ၊ သံကိလေသဘာဂိယသုတ်ကို။ ဝီမံသိတဗ္ဗာ၊ စူးစမ်းဆင်ခြင်အပ်၏။ အပကဍ္ဎိယန္တာ၊ ငင်အပ်ကုန်သော။

စာမျက်နှာ-112

ကိလေသာ၊ ကိလေသာတို့ကို။ ယေ ဝါ၊ အကြင်သူတို့သည်လည်း။ ယဒိ န ဒေန္တိ၊ အကယ်၍ မပေးကုန်သည်ဖြစ်အံ့။ တတ္ထ၊ ထိုသုတ်၌။ အရိယမဂ္ဂဓမ္မာ၊ အရိယမဂ်တရားတို့ကို။ ဥပပရိက္ခိတဗ္ဗာ၊ ကြည့်ရှုဆင်ခြင်အပ်ကုန်၏။ တာသု ဘူမီသု၊ ထိုဒဿနဘုံ ဘာဝနာဘုံတို့၌။ ကိလေသာ၊ ကိလေသာတို့သည်။ ပဟာနံ၊ ပယ်ခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကုန်သလော။ ဥဒါဟု၊ ထိုသို့မဟုတ်။ န ဂစ္ဆန္တိ၊ မရောက်ကုန်သလော။ ဣတိ၊ ဤသို့။ ဥပပရိက္ခိတဗ္ဗာ၊ ကြည့်ရှုဆင်ခြင်အပ်ကုန်၏။ ယတ္တကာ ပန၊ အကြင်မျှလောက်ကုန်သော။ ကိလေသာ၊ ကိလေသာတို့ကို။ ဒေသိတာ၊ ဟောအပ်ကုန်၏။ တတ္တကာ၊ ထိုမျှလောက်ကုန်သော။ အရိယဓမ္မာ၊ မဂ်တရားတို့ကို။ န ဒေသိတာ၊ မဟောအပ်ကုန်။ ယတ္ထ၊ အကြင်သုတ်၌။ ကိလေသာ၊ ကိလေသာတို့သည်။ ပဟာနံ၊ ပယ်ခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။ တတ္ထ၊ ထိုသုတ်၌။ ယေ ကိလေသာ၊ အကြင်ကိလေသာတို့သည်။ အရိယဓမ္မာနံ၊ မဂ်တရားတို့၏။ ပဋိပက္ခေန၊ ဆန့်ကျင်ဘက်အားဖြင့်။ န ယုဇ္ဇန္တိ၊ မယှဉ်ကုန်။ တေ၊ ထိုကိလေသာတို့ကို။ အပကဍ္ဎိတဗ္ဗာ၊ ငင်အပ်ကုန်၏။ အပကဍ္ဎိယန္တာ၊ ငင်အပ်ကုန်သည်ရှိသော်။ ယောဇနံ၊ ယှဉ်ခြင်းကို။ သစေ ဒေတိ၊ အကယ်၍ ပေးသည်ဖြစ်အံ့။ တတ္ထ၊ ထိုဒေသနာ၌။ ဧဝံ၊ ဤသို့။ ဝီမံသိတဗ္ဗံ၊ စူးစမ်းဆင်ခြင်အပ်၏။ ဒွေ တီဏိ ဝါ၊ နှစ်ကြိမ် သုံးကြိမ်လည်းကောင်း။ တဒုတ္တရိ ဝါ၊ ထို့ထက်အလွန်လည်းကောင်း။ ကိလေသာ၊ ကိလေသာတို့သည်။ ဧကေန အရိယမဂ္ဂေန၊ အရိယမဂ်တစ်ခုတည်းဖြင့်။ ပဟာနံ၊ ပယ်ခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။ ဣတိ၊ ဤသို့။ ဝီမံသိတဗ္ဗံ၊ စူးစမ်းဆင်ခြင်အပ်၏။ ဧဝံ၊ ဤသို့။ ဝီမံသိယန္တာ၊ စူးစမ်းဆင်ခြင်အပ်ကုန်သည်ရှိသော်။ ယောဇနံ၊ ယှဉ်ခြင်းကို။ သစေ ဒေတိ၊ အကယ်၍ ပေးသည်ဖြစ်အံ့။ တတ္ထ၊ ထိုသုတ်၌။ ဥပပရိက္ခိတဗ္ဗံ၊ ကြည့်ရှုဆင်ခြင်အပ်၏။ ပရမ္ပရာယ ဝါ၊ အဆက်ဆက်သောစကားဖြင့်လည်းကောင်း။ ပိဋကသမ္ပဒါနေန ဝါ၊ ပိဋကပြည့်စုံခြင်းဖြင့်လည်းကောင်း။ သုတ္တဿ၊ သုတ်၏။ အတ္ထော၊ သဘာဝတ္ထဖြစ်သော။ ဝစနတ္ထော စ၊ ခြောက်ပါသော ဗျဉ္ဇနပဒသည်ဟောအပ်သော အတ္ထပဒခြောက်ပါးကိုလည်း။ ဥပပရိက္ခိတဗ္ဗော၊ ကြည့်ရှုဆင်ခြင်အပ်၏။ ယံ ဝါ၊ အကြင်အတ္ထပဒတို့ကိုလည်းကောင်း။ သုတ္တံ၊ သုတ်ကို။ နိဒ္ဒိသိတုံ၊ ညွှန်းခြင်းငှါ။ န သက္ကာ၊ မတတ်ကောင်းအံ့။ သုတ္တံ၊ ပါဠိတော်၌။ နေဝ ဝိစိကိစ္ဆိတဗ္ဗံ၊ ယုံမှားမရှိအပ်။ ဧဝံ၊ ဤသို့။ ယထာ၊ အကြင်အခြင်းဖြင့်။ အာဒိမှိ၊ အစ၌။ ကုသလာ ဓမ္မာ၊ ကုသိုလ်တရားတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ယေ ကိလေသာ၊ အကြင်ကိလေသာတို့သည်။ အတ္ထိ၊ ရှိကုန်၏။ တေ၊ ထိုကိလေသာတို့ကို။ ပဟီနေယျံ

စာမျက်နှာ-113

ပယ်ရာ၏။ ဣတိ၊ ဤသို့။ တေ၊ ထိုကိလေသာတို့ကို။ ဥပပရိက္ခိတဗ္ဗာ၊ ကြည့်ရှုဆင်ခြင်အပ်ကုန်၏။ ပုရော၊ ရှေးဖြစ်သော။ ကုသလော ဝါ၊ ကုသိုလ်ကိုလည်းကောင်း။ ပဋိပက္ခေန၊ ဆန့်ကျင်ဘက်ဖြင့်။ ပုရော၊ ရှေးဖြစ်သော။ ဒေသနာ ဝါ၊ ဒေသနာကိုလည်းကောင်း။ ဥပပရိက္ခိတဗ္ဗာ၊ ကြည့်ရှုဆင်ခြင်အပ်၏။ အနူနာ အနဓိကာ၊ မယုတ်မလွန်။ ဥဂ္ဂဟေတဗ္ဗာ၊ သင်အပ်၏။ ယထာ၊ အကြင်ခြင်းဖြင့်။ ပဌမော၊ ရှေးဦးစွာသော။ ဥတ္တိလော၊ ဥတ္တိလသည်။ ဣဒါနိ၊ ယခုအခါ၌။ ယေသံ ကိလေသာနံ၊ အကြင်ကိလေသာတို့၏။ ယေ အရိယဓမ္မာ၊ အကြင်အရိယမဂ်တို့ကို။ ဒေသိတာ၊ ဟောအပ်ကုန်၏။ ဣမေ ကိလေသာ၊ ဤကိလေသာတို့ကို။ ဣမေဟိ အရိယဓမ္မေဟိ၊ ဤအရိယမဂ်တို့ဖြင့်။ ပဟီယန္တိ၊ ပယ်အပ်ကုန်သလော။ ဥဒါဟု၊ ထိုသို့မဟုတ်။ နပ္ပဟီယန္တိ၊ မပယ်အပ်ကုန်သလော။ ဣတိ၊ ဤသို့။ ဝိစိနိတဗ္ဗာ၊ စူးစမ်းဆင်ခြင်အပ်ကုန်၏။ ဥပပရိက္ခိယမာနာ၊ ကြည့်ရှုဆင်ခြင်အပ်ကုန်သည်ရှိသော်။ ယဒိ ယုဇ္ဇန္တိ၊ အကယ်၍ ယှဉ်ကုန်အံ့။ ဂဟေတဗ္ဗာ၊ ယူအပ်ကုန်၏။ အထ န ယုဇ္ဇန္တိ၊ အကယ်၍ မယှဉ်ကုန်သည်ဖြစ်အံ့။ ယေ ကိလေသာ၊ အကြင်ကိလေသာတို့သည်။ အပဋိပက္ခာ၊ မဆန့်ကျင်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ ကိလေသာ၊ ထိုကိလေသာတို့ကို။ အပရိပက္ခိတဗ္ဗာ၊ မကြည့်ရှုမဆင်ခြင်အပ်ကုန်။ ယေ စ အရိယဓမ္မာ၊ အကြင်အရိယမဂ်တို့သည်လည်း။ ပဋိပက္ခာ၊ ဆန့်ကျင်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ အရိယဓမ္မာ၊ ထိုအရိယမဂ်တို့ကို။ အပကဍ္ဎိတဗ္ဗာ၊ ငင်အပ်ကုန်၏။ အရိယဓမ္မအနာဂါမိ၊ အရိယဓမ္မဖြစ်သော အနာဂါမိမဂ်သည်။ ကိလေသာ၊ ရူပရာဂ အရူပရာဂ ရာဂကိလေသာတို့ကို။ ပဟာနံ၊ ပယ်ခြင်းသို့။ န ဂစ္ဆန္တိ၊ မရောက်ကုန်။ အရိယဓမ္မာ၊ သောတာပတ္တိမဂ်သကဒါဂါမိမဂ် အနာဂါမိမဂ်တို့သည်။ သဗ္ဗကိလေသာနံ၊ အလုံးစုံသောကိလေသာတို့ကို။ ပဟာနာယ၊ ပယ်ခြင်းငှါ။ နာသံဝတ္တန္တိ၊ မဖြစ်ကုန်။ ယထာ၊ အကြင်အကြောင်းဖြင့်။ ကုသလာ၊ ကုသိုလ်တို့သည်။ မေတ္တာ၊ မေတ္တာနှင့် စပ်၏။ အကုသလော၊ အကုသိုလ်သည်။ ရာဂေါ၊ တပ်ခြင်းနှင့် စပ်၏။ ကုသလာ မေတ္တာ၊ ကုသိုလ်နှင့်် စပ်သော မေတ္တာကို။ နတုရာဂေါ၊ ရာဂဟု မဆိုအပ်။ ဣတိ၊ ဤသို့။ ကာရေတွာ၊ ဆုံးဖြတ်ခြင်းကိုပြု၍။ ဗျာပါဒေါ၊ အမျက်ထွက်ခြင်းသည်။ အကုသလဿ ရာဂဿ၊ အကုသိုလ်ရာဂကို။ ပဟာနာယ၊ ပယ်ခြင်းငှါ။ သမ္ဘဝတိ၊ ဖြစ်၏။ မေတ္တာယ၊ မေတ္တာဖြင့်။ ဗျာပါဒေါ၊ ဗျာပါဒသည်။ ပဟာနံ၊ ပယ်ခြင်းသို့။ ဂစ္ဆတိ၊ ရောက်၏။ တသ္မာ၊ ထိုကြောင့်။ ဥဘော ကိလေသာ၊ နှစ်ပါးကုန်သော ကိလေသာတို့ကို။ ဥပပရိက္ခိတဗ္ဗာ၊ ကြည့်ရှုဆင်ခြင်အပ်ကုန်၏။ ကုသလော ဝါ၊ ကုသိုလ်ဖြစ်စေ။ အကုသလော ဝါ၊ အ

စာမျက်နှာ-114

ကုသိုလ်ဖြစ်စေ။ ယော စ ဓမ္မော၊ အကြင်တရားကိုလည်း။ ဥပဒိသိယတိ၊ ညွှန်းအပ်၏။ သော ဓမ္မော၊ ထိုသဘောတရားကို။ အပကဍ္ဎိတဗ္ဗော၊ ငင်အပ်၏။ အပကဍ္ဎိယမာနော၊ ငင်အပ်သည်ရှိသော်။ တေ၊ ထိုအကုသိုလ်တရားတို့သည်။ သစေ ယုဇ္ဇန္တိ၊ အကယ်၍ ယှဉ်ကုန်အံ့။ ဥပပရိက္ခိတဗ္ဗံ၊ ကြည့်ရှုဆင်ခြင်ဖွယ်သည်။ နတ္ထိ၊ မရှိ။ ဒွေ ဝါ ကိလေသာ၊ နှစ်ခုသော ကိလေသာတို့ကိုလည်း။ ဧကေန အရိယဓမ္မေန၊ တစ်ခုသော အရိယမဂ်ဖြင့်။ ပဟီနေယျန္တိ၊ ပယ်အပ်ကုန်၏။ ဒွီဟိ ဝါ အရိယဓမ္မေဟိ၊ နှစ်ခုကုန်သော အရိယမဂ်တို့သည်။ ဧကော ဝါ ကိလေသော၊ တစ်ခုသော ကိလေသာကိုလည်း။ ပဟီယတီတိ၊ ပယ်အပ်၏။ အထ ဝါ၊ ထိုမှတစ်ပါးလည်း။ ဧဝမ္ပိ၊ ဤသို့လည်း။ ဥပပရိက္ခိယမာနံ၊ ကြည့်ရှုဆင်ခြင်အပ်သည်ရှိသော်။ ယုဇ္ဇတိ၊ ယှဉ်စေအပ်၏။ တတ္ထ၊ ထိုဒေသနာ၌။ ဝီမံသိတဗ္ဗံ၊ စူးစမ်းအပ်သည်လည်းဖြစ်သော။ သုတ္တံ ဝါ၊ သုတ်ကိုလည်း။ ယထာ၊ အကြင်အခြင်းအရာအားဖြင့်။ ယုဇ္ဇတိ၊ ယှဉ်စေအပ်၏။ တတ္ထ၊ ထိုသုတ်၌။ ဝီမံသိတ္တဗ္ဗံ၊ စူးစမ်းအပ်သည်လည်း ဖြစ်သော။ သုတ္တံ၊ သုတ်တို့ကို။ ယထာ၊ အကြင်အခြင်းအရာအားဖြင့်။ နိဒ္ဒိသိတုံ၊ ညွှန်းခြင်းငှါ။ နနု သက္ကာ၊ မတတ်ကောင်းသည်ဖြစ်အံ့။ သုတ္တေ၊ သုတ်၌။ ဝိစိကိစ္ဆိတဗ္ဗံ၊ ယုံမှားဖွယ်သည်။ နဟိ၊ မရှိ။ အရိယဓမ္မေသု၊ မဂ်တရားတို့၌။ ဒေသိတေသု၊ ဟောအပ်ကုန်သည်ရှိသော်။ ကိလေသော၊ ကိလေသာသည်။ မံ၊ ငါ့ကို။ ဥဘယတော၊ ဒဿနဘာဝနာဟူသော နှစ်ပါးသော အဖို့အားဖြင့်။ ဥပပရိက္ခိတဗ္ဗံ၊ ကြည့်ရှုဆင်ခြင်အပ်၏။ ဂါထာယ ဝါ၊ ဂါထာဖြင့်လည်းကောင်း။ ဗျာကရဏေန ဝါ၊ ဗျာကရိုဏ်းဖြင့်လည်းကောင်း။ ယေ ဝါ ဣမေ ကိလေသာ၊ အကြင်ဤကိလေသာတို့ကို လည်းကောင်း။ ဒေသိတာကိရ၊ ဟောအပ်ကုန်သတတ်။ ဣမေ ကိလေသာ၊ ဤကိလေသာတို့ကို။ ဣမေဟိ အရိယဓမ္မေဟိ၊ ဤအရိယမဂ်တို့ဖြင့်။ ပဟီယန္တိ ကိံ နုခေါ၊ ပယ်အပ်ကုန်သည် မဟုတ်သလော။ ဥဒါဟု၊ ထိုသို့မဟုတ်။ နပ္ပဟီယန္တိ ကိံ နု ခေါ၊ မပယ်အပ်ကုန်သလော။ ဣမေ ဝါ အရိယဓမ္မာ၊ ဤအရိယမဂ်တို့သည်လည်း။ ဣမေသံ ကိလေသာနံ၊ ဤကိလေသာတို့ကို။ ပဟာနာယ၊ ပယ်ခြင်းငှါ။ သံဝတ္တန္တိ ကိံ နု ခေါ၊ ဖြစ်ကုန်သည် မဟုတ်လော။ ဣတိ ပုစ္ဆာယံ၊ ဤသို့သော အမေးသည်။ သတိ၊ ရှိသော်။ ကုသလေဟိ ဓမ္မေဟိ၊ ကုသိုလ်တရားတို့ဖြင့်။ အကုသလာ ဓမ္မာ၊ အကုသိုလ်တရားတို့သည်။ ပဟာနံ၊ ပယ်ခြင်းသို့။ ကိဉ္စာပိ ဂစ္ဆန္တိ၊ အကယ်၍ ရောက်ကုန်၏ ရှင့်။ သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ အရိယဓမ္မေဟိ၊ အရိယမဂ်တို့ဖြင့်။ သဗ္ဗာ၊ အလုံးစုံကုန်

စာမျက်နှာ-115

သော။ ကုသလာ၊ ကုသိုလ်တို့သည်။ ပဟာနံ၊ ပယ်ခြင်းသို့။ နတုဂစ္ဆန္တိ၊ မရောက်ကုန်။ ယထာ၊ အကြင်အခြင်းဖြင့်။ မေတ္တာ၊ မေတ္တာသည်။ ကုသလော၊ ကုသိုလ်မည်၏။ အကုသလော၊ အကုသိုလ်သည်။ ရာဂေါ၊ ရာဂမည်၏။ ကုသလာမေတ္တာ၊ ကုသိုလ်မေတ္တာသည်။ နတုရာဂေါ၊ ရာဂမမည်။ အကုသလော၊ အကုသိုလ်သည်။ ရာဂေါတိ၊ တပ်ခြင်းရှိ၏ဟု။ ကာရေတွာ၊ ဆုံးဖြတ်ခြင်းကိုပြု၍။ မေတ္တာယ၊ မေတ္တာဖြင့်။ ရာဂေါ၊ ရာဂသည်။ ပဟာနံ၊ ပယ်ခြင်းသို့။ ဂစ္ဆတိ၊ ရောက်၏။ ဗျာပါဒေါ၊ ဗျာပါဒသည်။ မေတ္တာယ၊ မေတ္တာဖြင့်။ ပဟာနံ၊ ပယ်ခြင်းသို့။ ဂစ္ဆတိ၊ ရောက်၏။ ဧဝံ၊ ဤသို့။ ကိလေသောတိ၊ ကိလေသာဟူ၍။ သုတ္တေန၊ ပါဠိတော်၌ဟောသောအရိယမဂ်ဖြင့်။ ကာရေတွာ၊ ဆုံးဖြတ်ခြင်းကိုပြု၍။ ပဟာနံ၊ ပယ်ခြင်းသို့။ ဂစ္ဆတိ၊ ရောက်၏။ သုတ္တော၊ ပါဠိတော်ကို။ ဓမ္မာတိ၊ အရိယမဂ်ဟု။ ကာရေတွာ၊ ဆုံးဖြတ်ခြင်းကိုပြု၍။ သဗ္ဗကိလေသဿ၊ အလုံးစုံသောကိလေသာကို။ ပဟာနာယ၊ ပယ်ခြင်းငှါ။ နသံဝတ္တတိ၊ မဖြစ်။ တု၊ ထိုသို့မဖြစ်သည်ရှိသော်။ သုတ္တဿ၊ ပါဠိတော်၏။ အရိယဓမ္မော၊ အရိယမဂ်သည်။ ယောယံသံကိလေသပဋိပက္ခော၊ အကြင်သံကိလေသ၏ ဆန့်ကျင်ဘက်သည် အရှိရှိ၏။ သော၊ ထိုသံကိလေသသည်။ တေန၊ ထိုအရိယမဂ်ဖြင့်။ ပဟာနံ၊ ပယ်ခြင်းသို့။ ဂစ္ဆတိ၊ ရောက်၏။ ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗံ၊ သိအပ်၏၊

တတ္ထ၊ ထိုသုတ်တို့တွင်။ သုတ္တေ၊ ပါဠိတော်၌လည်းကောင်း။ ဗျာကရဏေဝါ၊ ဗျာကရိုဏ်း၌လည်းကောင်း။ ကုသလေ၊ ကုသိုလ်တို့ကို။ ဒေသိတေ၊ ဟောလတ်သော်။ သံကိလေသာ၊ သံကိလေသတို့သည်။ နယုဉ္ဇန္တိ၊ မယှဉ်ကုန်အံ့။ အပကဍ္ဎိတဗ္ဗာ၊ ငင်အပ်ကုန်သော။ အရိယဓမ္မာဝါ၊ ထိုအရိယမဂ်တို့ကိုလည်း။ အဝယဝေန၊ အစိတ်အပိုင်းဖြင့်။ မဟာပဒေသေ၊ မဟာပဒေသ၌။ နိဒ္ဒိသိတဗ္ဗာ၊ ညွှန်းအပ်ကုန်၏။ တတ္ထ၊ ထိုဒေသနာ၌။ ဒေသိတေဟိ၊ ဟောအပ်ကုန်သော။ ကိလေသေဟိစ၊ ကိလေသာတို့ဖြင့်လည်း။ အရိယဓမ္မေသုစ၊ အရိယမဂ်တို့၌လည်း။ တေနအရိယဓမ္မေန၊ ထိုအရိယမဂ်ဖြင့်။ တေကိလေသာ၊ ထိုကိလေသာတို့သည်။ ပဟာနံ၊ ပယ်ခြင်းသို့။ ယဒိဂစ္ဆန္တိ၊ အကယ်၍ ရောက်ကုန်သည်ဖြစ်အံ့။ တတ္ထပိ၊ ထိုဒေသနာ၌လည်း။ ဥတ္တရိ၊ အလွန်။ ဥပပရိက္ခိတဗ္ဗံ၊ ကြည့်ရှုဆင်ခြင်အပ်၏။ ကိံဥပပရိက္ခိတဗ္ဗံ၊ အဘယ်သို့ဆင်ခြင်အပ်သနည်း။ ကေနကာရဏေန၊ အဘယ်အကြောင်းကြောင့်။ တေကိလေသာ၊ ထိုကိလေသာတို့ကို။ ပဇဟိတဗ္ဗာ၊ ပယ်အပ်ကုန်သနည်း။ ကေနကာရဏေန၊ အဘယ်အကြောင်းကြောင့်။ အရိယဓမ္မာ၊ အရိယမဂ်တို့ကို၊

စာမျက်နှာ-116

ဒေသိတာ၊ ဟောအပ်ကုန်သနည်း။ ဣတိ၊ ဤသို့။ ဥပပရိက္ခိတဗ္ဗံ၊ ကြည့်ရှုဆင်ခြင်အပ်၏။ ယေနယေနဝါအာကာရေန၊ အကြင် အကြင်သို့သောအခြင်းအရာအားဖြင့်။ အရိယဓမ္မာ၊ အရိယမဂ်တို့ကို။ ဒေသိတာ၊ ဟောအပ်ကုန်၏။ တေနပကာရေန၊ ထိုသို့သောအပြားအားဖြင့်။ အယံကိလေသော၊ ဤကိလေသာသည်။ ဌိတော၊ တည်၏။ ဟိသစ္စံ၊ မှန်၏။ တေနဝါအရိယဓမ္မေန၊ ထိုအရိယမဂ်ဖြင့်လည်းကောင်း။ အညထာဝါ အညထာဝါ၊ တပါးတပါးသောအခြင်းအရာအားဖြင့်လည်းကောင်း။ ပဟာတဗ္ဗော၊ ပယ်အပ်သော။ ဧကောကိလေသော၊ တခုသောကိလေသာသည်။ အတ္ထိ၊ ရှိ၏။ ဒိဋ္ဌိရာဂေါ၊ ဒိဋ္ဌိရာဂကိုလည်းကောင်း။ အဝိဇ္ဇာစ၊ အဝိဇ္ဇာကိုလည်းကောင်း။ ဒဿနေန၊ သောတာပတ္တိမဂ်သည်။ ပဟာတဗ္ဗာယထာ၊ ပယ်အပ်ကုန်သကဲ့သို့။ ဧဝံစ၊ ထိုအတူလျှင်။ သာစအဝိဇ္ဇာ၊ ထိုအဝိဇ္ဇာသည်လည်း။ ဘာဝနာယ၊ အထက်မဂ်၏။ ဘူမိ၊ အရာမည်၏။ ဓမ္မာဝါ၊ အထက်မဂ်ပယ်သောတရားတို့သည်လည်း။ ဘာဝနာယပဟာတဗ္ဗာ၊ ဘာဝနာယပဟာတဗ္ဗမည်ကုန်၏။ သာယေဝ၊ ထိုအထက်မဂ်သည်သာလျှင်။ ဥဒ္ဓံဘာဂိယံ၊ ဥဒ္ဓံဘာဂိယမည်၏။ အသင်္ခတဒဿနာယ၊ နိဗ္ဗာန်ကိုမြင်ခြင်းကြောင့်။ ဝိမုတ္တိယာ၊ ကိလေသာမှလွတ်သော။ အနိမိတ္တေန၊ အနိမိတ္တဖြစ်သော။ စေတောသမာဓိနာ၊ စေတောသမာဓိကို။ အမနသိကာရေန၊ နှလုံးမသွင်းခြင်းကြောင့်။ ပဟီယတိ၊ ပယ်သည်မည်၏။ ဧဝံ၊ ဤသို့။ သာတ္ထံ၊ အနက်နှင့်ပြည့်စုံသည်ကို။ သဗျဉ္ဇနံ၊ သဒ္ဒါနှင့်ပြည့်စုံသည်ကို။ ဥပပရိက္ခိတဗ္ဗံ၊ ကြည့်ရှုဆင်ခြင်အပ်၏။ ဒဿနေန၊ သောတာပတ္တိမဂ်သည်။ ပဟာတဗ္ဗာ၊ ပယ်အပ်ကုန်သော။ ယေကိလေသာ၊ အကြင်ကိလေသာတို့ကို။ ဒဿနာကာရေန၊ ဒဿနအခြင်းအရာဖြင့်။ အရိယဓမ္မော၊ သောတာပတ္တိမဂ်ကို။ ဒေသိတော၊ ဟောတော်မူအပ်၏။ ဘာဝနာယ၊ အထက်မဂ်သုံးပါးသည်။ ပဟာတဗ္ဗာ၊ ပယ်အပ်ကုန်သောကိလေသာတို့ကို။ ဘာဝနာကာရေန၊ ဘာဝနာအခြင်းအရာဖြင့်။ အရိယဓမ္မော၊ အရိယမဂ်ကို။ ဒေသိတော၊ ဟောတော်မူအပ်၏။ ပတိသေဝနာ၊ တဖန်ဘာဝနာကိုမှီဝဲခြင်းကို။ ပဟာတဗ္ဗာ၊ ပယ်အပ်သည်ဖြစ်အံ့။ ပတိသေဝနာကာရေန၊ ပတိသေဝနာအခြင်းအရာဖြင့်။ အရိယဓမ္မော၊ အရိယမဂ်ကို။ ဒေသိတော၊ ဟောအပ်၏။ ဧဝံ၊ ဤသို့။ ဝိနောဒနပဟာတဗ္ဗာ၊ ဗျောယ်အပ်ပယ်အပ်သော ကိလေသာတို့ကို။ ယာဝသတ္တ၊ ခုနစ်ပါးသော။ အာသဝါ၊ အာသဝေါရှိသောတရားတိုင်အောင်။ ကာတဗ္ဗာ၊ ပြုအပ်၏။ ယာဝညထာ၊ တပါးအားဖြင့်ဖြစ်သောတရားတိုင်အောင်။ အညထာဟိ၊ တပါးအခြားရှိကုန်သော အရိယမဂ်တို့ဖြင့်။ ဧသဓမ္မော၊ ဤအကုသိုလ်ဓမ္မကို၊

စာမျက်နှာ-117

ပဟာတဗ္ဗော၊ ပယ်အပ်၏။ အညေနာကာရေန၊ တပါးသောအခြင်းအရာအားဖြင့်။ အရိယဓမ္မော၊ အရိယမဂ်ကို။ ဒေသိတော၊ ဟောအပ်၏။ သောအရိယဓမ္မော၊ ထိုအရိယမဂ်ကို။ အညထာ၊ တပါးသောအခြင်းအရာအားဖြင့်။ ပရိယေသိတဗ္ဗော၊ ထက်ဝန်းကျင်မှရှာအပ်၏။ ယဒိအယံဓမ္မော၊ အကယ်၍ ဤအရိယမဂ်ကို။ ပရိယေသတော၊ ရှာသည်ရှိသော်။ ယောစ၊ အကြင်ဒေသကသည်လည်း။ ဒေသေတိ၊ အကယ်၍ဟောအံ့။ ယေနယေနာကာရေန၊ အကြင်အကြင်အခြင်းအရာဖြင့်။ သောအရိယဓမ္မော၊ ထိုအရိယမဂ်ကို။ ပရိယေသိတဗ္ဗော၊ ထက်ဝန်းကျင်မှ ရှာအပ်၏။ တေနာကာရေန၊ ထိုသို့သောအခြင်းအရာအားဖြင့်။ ကိလေသော၊ ကိလေသာကို။ ပဟီယတိ၊ ပယ်အပ်၏။ သော၊ ထိုအရိယမဂ်ကို။ တတ္ထ၊ ထိုဒေသနာ၌။ ဥပပရိက္ခိတဗ္ဗော၊ ကြည့်ရှုဆင်ခြင်အပ်၏။ အထနယုဇ္ဇတိ၊ အကယ်၍မယှဉ်သည်ဖြစ်အံ့။ ယဒိဟိတေနသုတ္တေန၊ အကယ်၍ ထိုပါဠိတော်ဖြင့်။ ဝိဟိတံသုတ္တံ၊ စီရင်သောသုတ်ကို။ ဝီမံသိတဗ္ဗံ၊ အကယ်၍ စုံစမ်းအပ်သည်ဖြစ်ငြားအံ့။ ဧဝံ၊ ဤသို့စုံစမ်းအပ်သည်ရှိသော်။ ယထာ၊ အကြင်အခြင်းဖြင့်။ ယုဇ္ဇတိ၊ ယှဉ်၏။ တထာ၊ ထိုအခြင်းဖြင့်။ ဂဟေတဗ္ဗံ၊ ယူအပ်၏။ ယထာ၊ အကြင်ခြင်းဖြင့်။ နယုဇ္ဇတိ၊ မယှဉ်။ တထာ၊ ထိုအခြင်းဖြင့်။ နဂဟေတဗ္ဗံ၊ မယူအပ်။ အဒ္ဓါ၊ မချွတ်။ ဧတံ၊ ဤဒေသနာကို။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ နဘာသိတံ၊ မဟောအပ်။ အာယသ္မတာဝါ၊ အရှင်ကစ္စည်းမထေရ်သည်လည်း။ ဒုဂ္ဂဟိတံ၊ မကောင်းသဖြင့် ယူအပ်၏။ ယထာ၊ အကြင်အခြင်းဖြင့်။ မဟာပဒေသေ၊ မဟာပဒေသ၌။ နိဒ္ဒိသိတဗ္ဗံ၊ ဟောအပ်၍။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ယထာဘူတံ၊ ဟုတ်တိုင်းမှန်စွာ။ ဒေသိတံ၊ ဟောအပ်၏။ ယောစဓမ္မော၊ အကြင်သဘောတရားကိုလျှင်။ ဒေသိတော၊ ဟောအပ်၏။ ကုသလောစ၊ ကုသိုလ်လည်းဖြစ်သော။ အကုသလောစ၊ အကုသိုလ်လည်းဖြစ်သော။ တဿဓမ္မဿ၊ ထိုကုသိုလ်ဓမ္မ၏။ ပစ္စယော၊ အကြောင်းကို။ ပရိယေသိတဗ္ဗော၊ ရှာမှီးအပ်၏။ ဟိ၊ ထိုစကားသင့်စွ။ ပစ္စယာ၊ အကြောင်းနှင့်။ ဝိနာ၊ ကင်း၍။ ဓမ္မော၊ အကျိုးတရားသည်။ အပစ္စယော၊ အကြောင်းမရှိဘဲ။ နဥပ္ပဇ္ဇတိ၊ မဖြစ်။ တတ္ထ၊ ထိုစကား၌။ ပရိယေသနာယ၊ ရှာခြင်းငှါ။ အာကာရော၊ အခြင်းအရာသည်။ ကော၊ အဘယ်နည်း။

တတ္ထ၊ ထိုဒေသနာ၌။ သဟေတု၊ ဇနကအကြောင်းရှိသော အကျိုးသည်။ သပ္ပစ္စယံ၊ ဥပနိဿယ အကြောင်းရှိသော အကျိုးသည်။ တထာရူပံ၊ ထိုထိုအကြောင်းအားလျော်စွာ ဖြစ်၏။ သောယံဓမ္မော၊ ထိုအကြောင်းအကျိုးသဘောကို။ ဝုတ္တောတိ၊ ဟော၏ဟု။ ဣဒံ၊ ဤသုတ်ကို။ ဝီမံသိတဗ္ဗံ၊ စုံစမ်း

စာမျက်နှာ-118

အပ်၏။ မုဒု၊ ရုဒုအကြောင်းလည်းကောင်း။ မဇ္ဈော၊ အလတ်အကြောင်းလည်းကောင်း။ အဓိမတ္တော၊ အမြတ်အကြောင်းလည်းကောင်း။ ဣတိ၊ ဤသို့သော။ သော ပစ္စယော၊ ထိုအကြောင်းသည်။ တိဝိဓော၊ သုံးပါးအပြားရှိ၏။ တတ္ထ၊ ထိုသုံးပါးတို့တွင်။ မုဒုမှိပစ္စယေ၊ မုဒုအကြောင်း၌။ မုဒုဓမ္မော၊ မုဒုအကျိုးကို။ ဂဟေတဗ္ဗော၊ ယူအပ်၏။ ဧဝံ သတိ၊ ဤသို့ဖြစ်သည်ရှိသော်။ ဧသပစ္စယော၊ ဤအကြောင်းသည်။ ဒုဝိဓော၊ နှစ်ပါးအပြားရှိ၏။ ပရံပရာပစ္စယောစ၊ ပရံပရာအကြောင်းလည်းကောင်း။ သမနန္တရပစ္စယောစ၊ သမနန္တရအကြောင်းလည်းကောင်း။ ဣတိ၊ ဤသို့။ ဒုဝိဓော၊ နှစ်ပါးအပြားရှိ၏။ မုဒုတေန၊ မုဒုအကြောင်းဖြင့်။ အဓိမတ္တံ အဓိမတ္တေ၊ အမြတ်ဖြစ်သော။ သောပစ္စယော၊ ထိုအကြောင်းကို။ ပရိယေသိတဗ္ဗံ ပရိယေသိတဗ္ဗော၊ ရှာမှီးအပ်၏။ ကရဏံ၊ အကြောင်းကား။ ကိံ၊ အဘယ်နည်း။ အညတရောပိ၊ တပါးပါးလည်းဖြစ်သော။ ပစ္စယော၊ အကြောင်းသည်။ အညေဟိပစ္စယေဟိ၊ တပါးအကြောင်းတို့ဖြင့်။ ပရိယတ္တိံဝါ၊ သမာဓိရင့်မာခြင်းသို့လည်းကောင်း။ ပါရိပူရိံဝါ၊ ဘာဝနာပြည့်စုံခြင်းသို့လည်းကောင်း။ ဂစ္ဆတိ၊ ရောက်၏။ တတ္ထ၊ ထိုဒေသနာ၌။ ယောဓမ္မော၊ အကြင်အရိယမဂ်ကို။ ဒေသိတော၊ ဟောအပ်၏။ တဿဓမ္မဿ၊ ထိုအရိယမဂ်၏။ ဧတေနဝါ၊ ထိုအရိယမဂ်ဖြင့် လည်းကောင်း။ ကာရဏေနဝါ၊ ပရံပရာအကြောင်းဖြင့် လည်းကောင်း။ ဟေတု၊ ဇနကအကြောင်းကို။ ပရိယေသိတဗ္ဗော၊ ရှာအပ်၏။ ယထာ ဟေတုနာ၊ အကြင် ဇနကအကြောင်းဖြင့်။ ပစ္စယော၊ ဥပနိဿယအကြောင်းကို။ ပရိယေသိတဗ္ဗော၊ ရှာအပ်၏။ ပစ္စယေနစ၊ ဥပနိဿယအကြောင်းဖြင့်လည်း။ ဟေတု၊ ဇနကအကြောင်းကို။ ပရိယေသိတဗ္ဗော၊ ရှာအပ်၏။ တဿဓမ္မဿ၊ ထိုအကြောင်းနှစ်ပါး၏။ သော နိဿန္ဒော၊ အကျိုးဆက်ကို။ ပရိယေသိတဗ္ဗော၊ ရှာအပ်၏။ ယထာ၊ အကြင်အခြင်းဖြင့်။ အဓိဋ္ဌာနေ၊ အဓိဋ္ဌာန်၌။ ပဓာနံ၊ ပြဓာန်းခြင်းကို။ ပရိယေသိတိ၊ ရှာပြီးခြင်းကို။ နိဒ္ဒိဋ္ဌော၊ ညွှန်းပြအပ်၏။ သောပစ္စယော၊ ထိုအကြောင်းကို။ ပရိယေသိတဗ္ဗော၊ ရှာမှီးအပ်၏။ ဟိ၊ ထိုစကားသင့်စွ။ မုဒုဿဓမ္မဿ၊ မုဒုအကြောင်း၏။ အဓိမတ္တော၊ မြတ်သောအကြောင်းသည်။ နနိဿန္ဒော၊ အကျိုးဆက်မဟုတ်။ နိဿန္ဒဿ၊ အကျိုးဆက်ဖြစ်သော။ အဓိမတ္တဿဝါ၊ မြတ်သောတရား၏လည်း။ မုဒုဓမ္မော၊ မုဒုအကြောင်းသည်။ နနိဿန္ဒော၊ အကျိုးဆက်မဟုတ်။ အထ၊ ထိုမြို့။ မုဒုဿ၊ မုဒုအကြောင်းအား။ မုဒု၊ ရုဒုအကြောင်းကို။ မဇ္ဈာယ၊ အလတ်အကြောင်းနှင့်။ မဇ္ဈော၊ အလတ်အကြောင်းကို။ အဓိမတ္တဿ၊ အမြတ်အကြောင်းနှင့်။ အဓိမတ္တော၊ အမြတ်အကြောင်း

စာမျက်နှာ-119

သည်။ ယုဇ္ဇတိ၊ ယှဉ်သည်ဖြစ်အံ့။ တံ၊ ထိုစကားကို။ ဂဟေတဗ္ဗံ၊ ယူအပ်၏။ အထနယုဇ္ဇတိ၊ အကယ်၍မယှဉ်သည်ဖြစ်အံ့။ နဂဟေတဗ္ဗံ၊ မယူအပ်၏။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ယဉ္စဓမ္မံ၊ အကြင်တရားကိုလည်း။ ဒေသေတုံ၊ ဟောခြင်းငှါ။ အာရဘတိ၊ အားထုတ်တော်မူ၏။ တံယေဝဓမ္မံ၊ ထိုတရားသည်လျှင်။ မဇ္ဈန္တပရိယောသာနံ၊ မဇ္ဈအန္တအဆုံးတိုင်အောင်။ ဒေသေတိ၊ ဟော၏။ ယထာ၊ အကြင်အခြင်းဖြင့်။ သုတ္တာဓိဋ္ဌာနေ၊ သုတ္တာဓိဋ္ဌာနအရာ၌။ ဓမ္မာ၊ သဘောတရားတို့ကို။ အာဒိမှိ၊ အစ၌။ နိဒ္ဒိသတိ၊ ညွှန်းအပ်၏။ တံယေဝ၊ ထိုသဘောတရားသည်လျှင်။ ဗဟုတဿသုတ္တဿ၊ များစွာသောသုတ်၏။ ပရိယောသာနံ၊ အဆုံးမည်၏။ ဟိသစ္စံ၊ မှန်၏။ တဿဓမ္မဿ၊ ထိုဓမ္မ၏။ ဝသေန၊ စွမ်းအားဖြင့်။ တံသုတ္တံ၊ ထိုသုတ်သည်။ ဂါထာဝါ၊ ဂါထာလည်းဖြစ်သော။ ဗျာကရဏံဝါ၊ ဖြေကြောင်းလည်းဖြစ်သော။ ခုဒ္ဒကံဝါ၊ နည်းသည်လည်းဖြစ်သော။ မဟန္တံဝါ၊ များသည်လည်းဖြစ်သော။ တံ သုတ္တံ၊ ထိုသုတ်သည်။ ဟောတိ၊ ဖြစ်၏။ ယထာပန၊ အကြင်အကြောင်းဖြင့်ကား။ အနုရူပန္တိဝါ ထပနာစ၊ အနုရူပထပနာသုတ်ဟုလည်းကောင်း။ ဒေသနာထပနာစ၊ ဒေသနာထပနာဟူ၍လည်းကောင်း။ ဒုဝိဓာ၊ နှစ်ပါးအပြားရှိ၏။ ရူပန္တိပိ၊ ရူပဟူ၍လည်း။ ဓမ္မဿ၊ သဘာဝဓမ္မကို။ ပရိယေသိတဗ္ဗာ၊ ရှာမှီးအပ်၏။ ယထာစ၊ အကြင်အကြောင်းဖြင့်လည်း။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ပဉ္စန္နံဣန္ဒြိယာနံ၊ ငါးပါးကုန်သောဣန္ဒြေတို့ကို။ သံဝရဏံ၊ စောင့်ခြင်းကို။ ဒေသိတံ၊ ဟောအပ်၏။ တဏှာယ၊ တဏှာကို။ နိဂ္ဂဟဏတ္ထံ၊ နှိပ်ခြင်းအကျိုးငှါ။ ဣစ္ဆာဝ၊ အလိုသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။ ဂေါပါလကောပမေ၊ နွားကျောင်းသားဥပမာရှိသော။ သုတ္တေ၊ သုတ်၌။ ဒေသေတိယထာ၊ ဟောသကဲ့သို့။ အညေဟိပိ၊ တပါးလည်းဖြစ်ကုန်သော။ သုတ္တေဟိ၊ သုတ်တို့ဖြင့်။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဘာသတိ၊ ဟောတော်မူ၏။ ဣစ္ဆာဝ၊ အလိုသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။ မဇ္ဈိမနိကာယေ၊ မဇ္ဈိမနိကာယ၌။ အယံ၊ ဤသဘာဝဓမ္မကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဒေသနာနုရူပန္တိ၊ ဒေသနာတော်အားလျော်၏ဟူ၍။ ဝိတက္ကော၊ အကြံသည်။ ဣတိ တသ္မာ၊ ထိုကြောင့်။ သောဓမ္မော၊ ထိုအရိယမဂ်ကို။ အညေသုပိ၊ တပါးလည်းဖြစ်ကုန်သော။ ဝေယျာကရဏေသု၊ ဖြေရာဖြေကြောင်းသုတ်တို့၌။ ပရိယေသိတဗ္ဗော၊ ရှာမှီးအပ်၏။ ဟိ၊ ထိုစကားသင့်စွ။ ဧကံဟိ၊ တခုသောအရိယမဂ်ကိုသာလျှင်။ သုတ္တေ၊ ပါဠိတော်၌။ နဒဋ္ဌဗ္ဗော၊ မမှတ်အပ်။ ယံ၊ အကြင်အရိယမဂ်သည်။ ယုဇ္ဇနံ၊ ယှဉ်ခြင်းရှိ၏။ တံ၊ ထိုအရိယမဂ်ကို။ ဂဟေတဗ္ဗံ၊ ယူအပ်၏၊

စာမျက်နှာ-120

တတ္ထ၊ ထိုသုတ်တို့တွင်။ အနုညာတံ၊ အနုညာတသုတ်သည်။ ကတမံ၊ အဘယ်နည်း။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ယံကိဉ္စိ၊ အမှတ်မရှိသော။ သုတ္တံ၊ သုတ်ကို။ နဘာသိတံ၊ မဟောအပ်။ တဉ္စ၊ ထိုမဟောအပ်သောသုတ်သည်လည်း။ သုတ္တေသုယေဝ၊ သုတ်တို့၌သာလျှင်။ ဒိဿတိ၊ ထင်၏။ ဧဝံ၊ ဤသို့ ဘုရားဟောတိုင်း။ ဧတံ၊ ထိုသုတ်ကို။ ဓာရေတဗ္ဗံ၊ ဆောင်အပ်၏။ ယထာ၊ အကြင်အကြောင်းဖြင့်။ အသုကေန၊ အဘယ်မည်သောသူသည်။ တံသုတ္တံ၊ ထိုသုတ်ကို။ ဝီမံသိတဗ္ဗံ၊ စုံစမ်းအပ်၏။ ဣမံသုတ္တံ၊ ဤသုတ်သည်။ ဘဂဝတော၊ မြတ်စွာဘုရား၏။ အနုညာတံ၊ ခွင့်ပြုခြင်းကို။ ခမံ ကိံနုခေါ၊ ခန့်အပ်သလော။ ဥဒါဟု၊ ထိုသို့မဟုတ်ကား။ အနုညာတံ၊ ခွင့်ပြုခြင်းကို။ နခမံ ကိံ နု ခေါ၊ မခန့်အပ်သလော။ ရူပဉ္စ၊ ရုပ္ပနသဘော လက္ခဏာရှိသော။ ကိဉ္စိသုတ္တံ၊ အချို့သောသုတ်သည်။ ဘဂဝတော၊ မြတ်စွာဘုရား၏။ အနုညာတံ၊ ခွင့်ပြုခြင်းကို။ ခမံ၊ ခန့်၏။ ကိဉ္စိရူပဉ္စ၊ အချို့သော ရုပ္ပန သဘောရှိသောသုတ်သည်လျှင်။ အနုညာတံ၊ ခွင့်ပြုခြင်းကို။ နခမံ၊ မခန့်။ ယံယသ္မာ၊ အကြင့်ကြောင့်။ သဗ္ဗသော၊ အလုံးစုံအားဖြင့်။ အနောတရေတွာ၊ မိမိဉာဏ်သို့မသက်ဘဲ။ ဒသဗလော၊ မြတ်စွာဘုရားသည်။ ဂေါစရံ၊ သဗ္ဗညုတဉာဏ်၏အာရုံဖြစ်သောဒေသနာကို။ ဒေသေတိ၊ ဟောတော်မူ၏။ သဗ္ဗံ၊ အလုံးစုံသော။ တံ သုတ္တံ၊ ထိုသုတ်သည်။ ဘဂဝတော၊ မြတ်စွာဘုရား၏။ အနုညာတံ၊ ခွင့်ပြုခြင်းကို။ နခမံ၊ မခန့်။ ယောသာဝကော၊ အကြင်ဘုရားတပည့်သားသည်။ ဒသဗလာနံ၊ မြတ်စွာဘုရားတို့၏။ ဂေါစရံ၊ သဗ္ဗညုတဉာဏ်၏ကျက်စားရာအာရုံကို။ ဩမိသော၊ အပိုင်းအခြားအားဖြင့်။ အနောမိသော၊ အပိုင်းအခြားမရှိသောအားဖြင့်။ ဇာနာတိ၊ သိ၏။ သောသာဝကော၊ ထိုဘုရားတပည့်သားသည်။ အတ္ထိ၊ ရှိ၏။ တံပနဗလံ၊ ထိုမြတ်စွာဘုရား၏ဉာဏဗလကို။ သဗ္ဗသော၊ အချင်းခပ်သိမ်း။ နဇာနာတိ၊ မသိ။ အညထာ၊ သူတပါး၏အထံမှ ဖြစ်သော ဒေသနာသံကို။ သဝနေန၊ ကြားရခြင်းကြောင့်။ ဇာနာတိ နာမ၊ သိသည်မည်၏။ ယထာ၊ အကြင်အကြောင်းဖြင့်။ အာယသ္မတာ သာရိပုတ္တေန၊ အရှင်သာရိပုတ္တရာသည်။ ဇယနဗြာဟ္မဏော၊ ဇယနပုဏ္ဏားကို။ ဩဝဒိတော၊ ဆုံးမအပ်၏။ တဿအာယသ္မတော၊ ထိုအရှင်သာရိပုတ္တရာအား။ ဣန္ဒြိယဗလဝေမတ္တဉာဏံ၊ ဣန္ဒြေဗိုလ်အားဖြင့်ထူးသောဉာဏ်သည်။ နတ္ထိ၊ မရှိ။ တေန၊ ထိုကြောင့်။ ပုဂ္ဂလပရော၊ ဘုရားသည် ပုဂ္ဂိုလ်တပါးတို့ထက်အမြတ်ဖြစ်၏။ တံပရဉ္စ၊ ထိုအမြတ်ဖြစ်ခြင်းကိုလည်း။ တံအဇာနန္တော၊ မသိသည်။ သတိ၊ ရှိသော်။ ဥတ္တရိ၊ အလွန်။ ကရ

စာမျက်နှာ-121

ဏီယေ၊ ပြုဘွယ်ကိစ္စကို။ ဥပ္ပါဒိတော၊ ဖြစ်စေအပ်၏။ သော၊ ထိုသာဝကသည်။ ဘဂဝတော၊ မြတ်စွာဘုရားအား။ အပသာဒိတော၊ မကြည်ညို။ ယထာ ဝါ၊ အကြင်အကြောင်းဖြင့်လည်း။ အာယသ္မာ မဟာကဿပေါ၊ အရှင်မဟာကဿပသည်။ ဘာဂိနေယျံ၊ တူကို။ ဩဝဒတိ၊ ဆုံးမ၏။ အာနန္တရိယသမန္နာဂတော၊ လာကီသမာပတ်၏အခြားမဲ့၌ဖြစ်သောအရိယသမာပတ်နှင့်ပြည့်စုံခြင်းရှိ၏။ ဣဒ္ဓိပါဋိဟိရေန၊ တန်ခိုးဖန်ဆင်းခြင်းဖြင့်လည်း။ အင်္ဂုလိယော၊ လက်ညှိုးတို့ကို။ အဒီပေတွာ၊ မပြမူ၍။ သဗ္ဗေသံ ဓမ္မာနံ၊ အလုံးစုံသဘာဝ၌တည်ကုန်သော။ ကမ္မသမာဒါနာနံ၊ ကံကိုဆောက်တည်ခြင်းရှိကုန်သောသူတို့၏။ ဟေတုသော၊ မူလအကြောင်းအားဖြင့်။ ဌာနသော၊ ဇနကအကြောင်းအားဖြင့်။ ယထာဘူတံ၊ ဟုတ်မှန်တိုင်း။ ယံဉာဏံ၊ အကြင်ဉာဏ်သည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုဉာဏ်သည်။ တဿာယသ္မတော၊ ထိုအရှင်မဟာကဿပအား။ သံဝိဇ္ဇတေ၊ ထင်ရှားရှိ၏။ တေန၊ ထိုလောကုတ္တရာသမာပတ်ဖြင့်။ နံ၊ ထိုတူကို။ ဩဝဒတိ၊ ဆုံးမ၏။ တံ၊ ထိုအဆုံးအမကို။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ကရောတိ၊ ပြုသည်မည်၏။ ကဿပ၊ ကဿပ။ ဒသ ပဇ္ဇောတေ၊ ဆယ်ပါးသောအရောင်တို့ကို။ သစေပိ ဓာရယိဿသိ၊ အကယ်၍ သင်ဆောင်သည်ဖြစ်အံ့။ စက္ခု၊ စက္ခုပသာဒသည်။ တဿ၊ ထိုသူအား။ န ဝိဇ္ဇတိ၊ မရှိ။ ဣတိ တသ္မာ၊ ထိုကြောင့်။ ရူပါနိ၊ ရူပါရုံတို့ကို။ နေဝ ဒက္ခတိ၊ မမြင်။ အပိ စ ခေါ၊ စင်စစ်အားဖြင့်။ ဒူတော၊ တမန်သည်။ ရာဇဝစနေန၊ မင်းစကားဖြင့်။ သတ္တံ၊ တိုင်းနိုင်ငံသူသတ္တဝါကို။ အနုသာသတိ ယထာ၊ ဆုံးမသကဲ့သို့။ ဧဝံ၊ ဤအတူ။ သေသာ၊ ထိုမှကြွင်းသော ပရိသတ်တို့ကို။ အနုဂါ၊ ဣန္ဒြေနုရင့်ရှိသည် အားလျော်စွာ။ အညာတကံ၊ သိစေအပ်ပြီ။ ပရေသံ၊ သူတပါးတို့အား။ ဃောသံ၊ ဒေသနာကို။ ဒေသေတိ၊ ဟော၏။ အနုညာတခမသုတ္တံ၊ ခွင့်ပြုခြင်း၌ခန့်သောသုတ်ကို။ ဂဟေတဗ္ဗံ၊ ယူအပ်၏။ အနနုညာတခမံ၊ ခွင့်ပြုခြင်း၌ မခန့်သောသုတ်ကို။ န ဂဟေတဗ္ဗံ၊ မယူအပ်၊၊

တတ္ထ၊ ထိုသုတ်တို့တွင်။ သုတ္တသင်္ကရော၊ သုတ်၏ရောရှက်ခြင်းသည်။ ကတမော၊ အဘယ်နည်း။ သံကိလေသဘာဂိယံ ဝါ၊ သံကိလေသသုတ်လည်းကောင်း။ ဝါသနာဘာဂိယံ ဝါ၊ ဝါသနာဘာဂိယသုတ်လည်းကောင်း။ ဒဿနဘာဂိယံ၊ ဒဿနဘာဂိယသုတ်လည်းကောင်း။ ဘာဝနာဘာဂိယံ၊ ဘာဝနာဘာဂိယသုတ်လည်းကောင်း။ အသေက္ခဘာဂိယံ၊ အသေက္ခဘာဂိယသုတ်လည်းကောင်း။ ဣတိ၊ ဤသို့။ သုတ္တံ၊ သုတ်သည်။ ပဉ္စဝိဓံ၊ ငါးပါးအပြားရှိ၏။ အညံ၊ အရဟတ္တဖိုလ်ကို။ အာရာဓေယျ၊ နှစ်သက်ငြားအံ့။ အညံ၊ အရ

စာမျက်နှာ-122

ဟတ္တဖိုလ်ကို။ ဒေသေတိ၊ ဟော၏။ အညဿ စ သုတ္တဿ၊ အရဟတ္တဖိုလ်ကိုဟောသောသုတ်၏လည်း။ အတ္ထံ၊ အနက်ကို။ အညမှိ သုတ္တေ၊ အရဟတ္တဖိုလ်ကိုဟောသောသုတ်၌။ နိဒ္ဒိဿတိ၊ ညွှန်းအပ်၏။ ဟိ၊ ထိုစကားသင့်စွ။ သုတ္တဿ ဝါ၊ သုတ်၏လည်း။ အနေကာကာရံ၊ များသောအခြင်းအရာရှိသော။ အတ္ထံ၊ အနက်ကို။ နိဒ္ဒိဿတိ၊ ညွှန်းအပ်၏။ အရိယဓမ္မသာဓနေ၊ အရိယမဂ်ကို ပြီးစေခြင်း၌။ အတ္ထံ၊ အနက်ကို။ ဝိဝရတိ၊ ဖွင့်သည်ဖြစ်အံ့။ ဝါသနာဘာဂိယဿ၊ ဝါသနာဘာဂိယသုတ်၏။ အတ္ထံ၊ အနက်သည်။ ဒဿနဘာဂိယေသု၊ ဒဿနဘာဂိယသုတ်တို့၌။ ဒိဿတိ၊ ထင်၏။ ဩရမ္ဘာဂိယာနံ၊ အောက်ကာမဘုံသို့လားခြင်း အဖို့ရှိကုန်သော။ သံယောဇနာနံ၊ သံယောဇဉ်တို့၏။ အတ္ထံ၊ အနက်ကို။ ဥဒ္ဓံဘာဂိယေသု၊ ရူပဓာတ်အရူပဓာတ်သို့လားခြင်း အဖို့တို့၌။ နိဒ္ဒိဿတိ၊ ညွှန်းပြအပ်၏။ မုဒုမဇ္ဈာနံ၊ ရူပမဇ္ဈိမဖြစ်ကုန်သော။ ဣန္ဒြိယာနံ၊ ဣန္ဒြေတို့၏။ အဓိမတ္တေသု သုတ္တေသု၊ ထက်သန်သော ဣန္ဒြေရှိကုန်သောသုတ်တို့၌။ နိဒ္ဒိဿတိ၊ ညွှန်းပြအပ်၏။ ဣတိ၊ ဤသို့။ အယံ သုတ္တသမ္ဘေဒံ၊ ဤသုတ်၏ ရောရှက်ခြင်းကို။ ဟေတုနာ စ၊ အကြောင်းဖြင့်လည်းကောင်း။ နိဿန္ဒေန စ၊ အကျိုးဆက်ဖြင့်လည်းကောင်း။ ဖလေန စ၊ အကျိုးရင်းဖြင့်လည်းကောင်း။ နိဒ္ဒေသေန စ၊ ညွှန်းပြခြင်းဖြင့်လည်းကောင်း။ မုဒုမဇ္ဈာဓိမတ္တတာပိ စ၊ မုဒုမဇ္ဈအဓိမတ္တဖြင့်လည်းကောင်း။ အတ္ထေန စ၊ အနက်ဖြင့်လည်းကောင်း။ ဗျဉ္ဇနေန စ၊ သဒ္ဒါဖြင့်လည်းကောင်း။ ယော သမ္ဘေဒေါ၊ အကြင်သုတ်ရောရှက်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤသို့ရောရှက်ခြင်းကို။ သုတ္တသင်္ကရော၊ သုတ္တသင်္ကဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ယော အသမ္ဘေဒေါ၊ အကြင်မရောရှက်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤသို့မရောရှက်ခြင်းကို။ သုတ္တဝိစယော၊ သုတ္တဝိစယဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ တတ္ထ၊ ထိုသုတ်တို့တွင်။ အတ္ထာယံ၊ ဤဆိုအပ်လတ္တံ့သည်ကား။ ဥဒ္ဒါနဂါထာ၊ ဥဒါန်းဂါထာတည်း။ ပုရိမာနံ၊ ဟောပြီးသောသုတ်တို့၏။ အက္ခဏ္ဍံ၊ အစဉ်မပြတ်ဟောသောသုတ်လည်းကောင်း။ ယထာဘူတဿ၊ သဘောအားလျော်စွာဖြစ်ခြင်း၏။ ပစ္စယော၊ အကြောင်းကို ဟောသောသုတ်လည်းကောင်း။ နိဿန္ဒော၊ အကျိုးဆက်ကိုဟောသောသုတ်လည်းကောင်း။ ဝါသနာသဒ္ဓိံ၊ ဝါသနာဘာဂိယနှင့်တကွ ငါးသုတ်လည်းကောင်း။ အနုညာ၊ အနုညာတသုတ်လည်းကောင်း။ သုတ္တသင်္ကရော၊ သုတ်၏ရောရှက်ခြင်းကို ဟောသောသုတ်လည်းကောင်းတည်း။ ထေရဿ မဟာကစ္စာယနဿ၊ ရှင်မဟာကစ္စည်းမထေရ်၏။ သုတ္တံဝိစယော နာမ၊ သုတ်စိစစ်ခြင်းမည်သော။ စတုတ္ထဘူမိ၊ စတုတ္ထဘုံသည်။ ဘဝတိ၊ ဖြစ်၏၊

စာမျက်နှာ-123

တတ္ထ၊ ထိုဟာရနယစသည်တို့တွင်။ ဟာရဝိဘင်္ဂေါ၊ ဟာရဝိဘင်းသည်။ ကတမော၊ အဘယ်နည်း။ ယတ္ထ၊ အကြင်သုတ်၌။ သောဠသ ဟာရာ၊ ဟာရတစ်ဆဲ့ခြောက်ပါးတို့သည်။ အက္ခရသော၊ အက္ခရာအားဖြင့်။ ဘေဒံ၊ ပြားခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။ တတ္ထ၊ ထိုသုတ်တို့တွင်။ အာဒိမှိ၊ အစ၌။ ဒေသနာဟာရော၊ ဒေသနာဟာရသည်။ ဘဝတိ၊ ဖြစ်၏။ တတ္ထ၊ ထိုသုတ်၌။ ကုသလာ ဝါ၊ ကုသိုလ်ရှိသည်လည်းဖြစ်ကုန်သော။ အကုသလာ ဝါ၊ အကုသိုလ်ရှိသည်လည်းဖြစ်ကုန်သော။ သစ္စာနိ ဝါ၊ သစ္စာလေးပါးတို့ရှိသည်လည်းဖြစ်ကုန်သော။ သစ္စေကဒေသော ဝါ၊ အစိတ်အစိတ်သစ္စာသည်လည်းကောင်း။ အယံ ဂါထာ၊ ဤဂါထာသည်။ ဘဝတိ၊ ဖြစ်၏။ ကိံ ဒေသိတံ၊ အဘယ်သို့ ဟောအပ်သနည်း။ ဣတိ၊ ဤသို့။ သုတ္တေ၊ သုတ်၌။ ဝီမံသာ၊ စုံစမ်းခြင်းသည်လည်းကောင်း။ အရိယသစ္စာနိ၊ အရိယသစ္စာတို့ကို။ ယထာနိက္ခေပါ၊ သဘောအားလျော်စွာ ချထားခြင်းသည်လည်းကောင်း။ ဒေသနာဟာရော၊ ဒေသနာဟာရမည်၏။ သာဓာရဏာနိ၊ ဆက်ဆံသည်လည်းဖြစ်ကုန်သော။ အသာဓာရဏာနိ၊ မဆက်ဆံသည်လည်းဖြစ်ကုန်သော။ စတ္တာရိ၊ လေးပါးကုန်သော။ ယာနိ သစ္စာနိ၊ အကြင်သစ္စာတို့သည်။ သန္တိ၊ ရှိကုန်၏။ ဒုက္ခတော၊ ဒုက္ခအားဖြင့်။ ယာနိ စ အဋ္ဌာရသပဒါနိ၊ အကြင်တစ်ဆဲ့ရှစ်ပုဒ်တို့သည်လည်းကောင်း။ သင်္ခေပေန၊ အကျဉ်းအားဖြင့်။ သတ္တပဒါနိ၊ ခုနစ်ပဒရှိကုန်၏။ ကာယိကေန ဒုက္ခေန၊ ကာယိကဒုက္ခဖြင့်လည်းကောင်း။ စေတသိကေန ဒုက္ခေန၊ စေတသိကဒုက္ခဖြင့်လည်းကောင်း။ အပ္ပိယသမ္ပယောဂေန၊ အပ္ပိယသမ္ပယောဂဒုက္ခဖြင့်လည်းကောင်း။ ပိယဝိပ္ပယောဂေန စ၊ ပိယဝိပ္ပယောဂဒုက္ခဖြင့်လည်းကောင်း။ တီဟိ စ သင်္ခတာဟိ၊ သုံးပါးကုန်သောသင်္ခတတို့ဖြင့်လည်းကောင်း။ ဘဝတိ၊ ဖြစ်၏။ တတ္ထ၊ ထိုဒုက္ခတို့တွင်။ တီဏိ သင်္ခတလက္ခဏာနိ၊ သင်္ခတလက္ခဏာသုံးပါးတို့သည်လည်းကောင်း။ တိဿော ဒုက္ခတာ၊ သုံးပါးကုန်သောဒုက္ခအဖြစ်တို့သည်လည်းကောင်း။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဥပ္ပါဒေါ၊ ဖြစ်ခြင်းသည်။ သင်္ခတလက္ခဏံ၊ သင်္ခတလက္ခဏာမည်၏။ သင်္ခါရဒုက္ခတာယ၊ သင်္ခါရဒုက္ခအဖြစ်၌။ ဒုက္ခတာ စ၊ ဒုက္ခရှိသောအဖြစ်သည်လည်း။ သင်္ခတလက္ခဏံ၊ သင်္ခတလက္ခဏာမည်၏။ ဝိပရိဏာမဒုက္ခတာယ၊ ဝိပရိဏာမဒုက္ခအဖြစ်၌။ ဒုက္ခတာတိ၊ ဒုက္ခရှိခြင်းဟူ၍။ အညထတ္ထံ၊ ဆင်းရဲခြင်းမှတစ်ပါးဖောက်ပြန်ခြင်းရှိသောအဖြစ်သည်။ သင်္ခတလက္ခဏံ၊ သင်္ခတလက္ခဏာမည်၏။ ဒုက္ခဒုက္ခတာယ စ၊ ဒုက္ခဒုက္ခအဖြစ်၌လည်း၊

စာမျက်နှာ-124

ဣမေသံ တိဏ္ဏံ သင်္ခတလက္ခဏာနံ၊ ဤသုံးပါးကုန်သောသင်္ခတလက္ခဏာတို့၏။ ဒုက္ခတာ၊ ဒုက္ခအဖြစ်သည်။ ဘဝတိ၊ ဖြစ်၏။ တီသု၊ သုံးပါးကုန်သော။ ဝေဒနာဘူမီသု၊ ဝေဒနာဘုံတို့တွင်။ အဒုက္ခမသုခါ ဝေဒနာ၊ အဒုက္ခမသုခါဝေဒနာ၌။ ဥပ္ပါဒေါ၊ ဥပါဒ်ခဏသည်။ သင်္ခတလက္ခဏံ၊ သင်္ခတလက္ခဏာမည်၏။ သင်္ခါရဒုက္ခတာယ စ၊ သင်္ခါရဒုက္ခအဖြစ်၌လည်း။ တယော သင်္ခတလက္ခဏံ၊ သင်္ခတလက္ခဏာသုံးပါးသည်။ ဒုက္ခဘာဝ၊ ဒုက္ခအဖြစ်မည်၏။ သုခါယ ဝေဒနာယ စ၊ သုခဝေဒနာ၌လည်း။ ဝိပရိဏာမဒုက္ခတာယ စ၊ ဝိပရိဏာမဒုက္ခအဖြစ်သည်လည်းကောင်း။ ဒုက္ခတာတိ၊ ဒုက္ခအဖြစ်ဟူ၍။ အညထတ္တံ၊ ဆင်းရဲခြင်းမှတစ်ပါး ဖောက်ပြန်ခြင်းရှိသောအဖြစ်သည်လည်းကောင်း။ သင်္ခတလက္ခဏံ၊ သင်္ခတလက္ခဏာမည်၏။ ဒုက္ခဝေဒနာ၊ ဒုက္ခဝေဒနာသည်။ ဒုက္ခဒုက္ခ၊ ဒုက္ခဒုက္ခ၏အဖြစ်သည်လည်း။ ဣမမှိ၊ ဤအရာ၌။ ဒုက္ခတာ၊ ဒုက္ခတာမည်၏။ ဣတိ၊ ဤသို့။ ဣမေသု နဝပဒေသု၊ ဤကိုးပဒတို့၌လည်းကောင်း။ ပဌမကေသု၊ ရှေးဦးစွာဖြစ်ကုန်သော။ သတ္တသု ပဒေသု၊ ခုနစ်ပဒတို့၌လည်းကောင်း။ သောဠသသု ပဒေသု၊ တစ်ဆဲ့ခြောက်ပဒတို့၌လည်းကောင်း။ ဒုက္ခာ၊ ဒုက္ခတို့ကို။ ပရိယေသိတဗ္ဗာ၊ ရှာအပ်ကုန်၏။ ဧကာဒသ ဒုက္ခတာယ စ၊ တစ်ဆဲ့တစ်ပါးကုန်သောဒုက္ခ၏အဖြစ်၌လည်း။ လက္ခဏံ၊ လက္ခဏာကို။ နိဒ္ဒေသေ၊ နိဒ္ဒေသ၌။ နိဒ္ဒိဋ္ဌံ၊ ညွှန်းပြအပ်၏။ ဇာတိ၊ ဇာတိသည်။ ပါတုဘာဝလက္ခဏာ၊ ထင်ရှားဖြစ်ခြင်းလက္ခဏာရှိ၏။ စုတော၊ စုတောသည်။ ပါတုဘာဝစုတိလက္ခဏော၊ ထင်ရှားဖြစ်ခြင်းမှ ရွေ့ခြင်းလက္ခဏာရှိ၏။ ဣတိ၊ ဤသို့။ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ ပန္နရသပဒါနိ၊ တစ်ဆဲ့ငါးပဒတို့ကို။ ကတ္တဗ္ဗာနိ၊ ပြုအပ်ကုန်၏။ ဧဝံ၊ ဤသို့။ သာဓာရဏာနိ စ၊ သာဓာရဏလည်းဖြစ်ကုန်သော။ အသာဓာရဏာနိ စ၊ အသာဓာရဏလည်းဖြစ်ကုန်သော။ သုတ္တာနိ၊ သုတ်တို့ကို။ သတ္တသု၊ ခုနစ်ပါးကုန်သော။ ဒသသု၊ ဆယ်ပါးကုန်သော။ ပဒေသု၊ ပုဒ်တို့၌။ သညာသတိဝိဓေ စ၊ သညာသတိအပြားရှိသော။ သာသနပဌာနေ၊ သာသနပဌာနလည်းကောင်း။ အဋ္ဌရသဝိဓေသု၊ တစ်ဆဲ့ရှစ်ပါးအပြားရှိကုန်သော။ သုတ္တာဓိဋ္ဌာနေသု စ၊ သုတ္တဓိဋ္ဌာန်တို့၌လည်းကောင်း။ ဒသဝိဓေသု၊ ဆယ်ပါးအပြားရှိကုန်သော။ သုတ္တဝိဓေယျေသု စ၊ သုတ်အစီအရင်တို့၌လည်းကောင်း။ သောဠသဝိဓေသု၊ တစ်ဆဲ့ခြောက်ပါးအပြားရှိကုန်သော။ ဟာရေသု စ၊ ဟာရတို့၌လည်းကောင်း။ ဧကဝီသတိဝိဓာယ၊ နှစ်ဆဲ့တစ်ပါးအပြားရှိသော။ ပဝိစယဝီမံသာယ စ၊ စိစစ်စုံစမ်းခြင်း၌လည်းကောင်း။ ဣဒံ၊ ဤသုတ်ကို။ ဒေသိတံ၊ ဟောအပ်၏။ ယထာဘူတဉ္စ

စာမျက်နှာ-125

သဘောအတိုင်းလည်း။ ဒေသိတံ၊ ဟောအပ်သော။ ယံ သုတ္တံ၊ အကြင်သုတ်သည်။ အတ္ထိ၊ ရှိ၏။ ဣတိ အယံ၊ ဤသုတ်ကို။ ဒေသနာဟာရော၊ ဒေသနာဟာရဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။၊

တတ္ထ၊ ထိုဟာရတို့တွင်။ ဝိစယော ဟာရော၊ ဝိစယဟာရသည်။ ကတမော၊ အဘယ်နည်း။ ပဒံ၊ ပုဒ်ကိုစိစစ်ခြင်းလည်းကောင်း။ ပဉှာ စ၊ ပြဿနာကိုစိစစ်ခြင်းလည်းကောင်း။ ပုစ္ဆာ စ၊ အမေးကိုစိစစ်ခြင်းလည်းကောင်း။ ပုဗ္ဗံ၊ ရှေးဟောပြီးသောဒေသနာသည်။ ကိံ၊ အဘယ်နည်း။ ပစ္ဆိမံ၊ နောက်ဖြစ်သောအမှုသည်။ အနုဂီတိ၊ တစ်ဖန်ထပ်၍ဆိုခြင်းသည်။ ကိဉ္စ၊ အဘယ်မှာနည်း။ သာ စ ဝိစယော ဟာရော၊ ထိုစိစစ်ကြောင်းဖြစ်သောဟာရကို။ ဝိစယောတိ၊ ဝိစယဟာရဟူ၍။ နိဒ္ဒိဋ္ဌော၊ ညွှန်းပြအပ်၏။ ပဒန္တိ၊ ပဒံဟူသည်ကား။ ပဌမံ ပဒံ၊ ရှေးဦးစွာဖြစ်သောပုဒ်တည်း။ တဿ၊ ထိုပုဒ်၏။ အတ္ထော၊ သဘာဝတ္ထဖြစ်သောအနက်သည်။ ကော၊ အဘယ်နည်း။ ယံ၊ အကြင်အနက်ကို။ ဘဂဝါ၊ မြတ်စွာဘုရားကို။ အာယသ္မတာ အဇိတေန၊ အရှင်အဇိတသည်။ ပုစ္ဆော၊ မေးအပ်၏။ တံ၊ ထိုမေးသောအနက်ကို။ ဂဟေတဗ္ဗံ၊ ယူအပ်၏။ ပုဋ္ဌော၊ မေးအပ်ကုန်သော။ ကတိပဒါနိ၊ အဘယ်မျှလောက်ကုန်သောပုဒ်တို့သည်။ ယထာကိံ၊ အဘယ်သည်တို့နည်း။ ကေနဿု နိဝုတော လောကောတိ ဂါထာ၊ ကေနဿု နိဝုတော လောကော ဟူသောဂါထာကို။ ပုဋ္ဌာနိ၊ မေးအပ်ကုန်၏။ ကတိပဒါနိ၊ အဘယ်မျှလောက်ကုန်သောပုဒ်တို့သည်။ ဣမာနိ စတ္တာရိ၊ ဤလေးပါးတို့တည်း။ ဣတိ ဝိသဇ္ဇနာယ၊ ဤသို့သော အဖြေအား၏။ ပုစ္ဆာ၊ အမေးတည်း။ ယတ္တကေဟိ၊ အကြင်မျှလောက်ကုန်သော။ ပဒေဟိ၊ ပုဒ်တို့ဖြင့်။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဝိသဇ္ဇိတာနိ၊ ဖြေအပ်ကုန်သော။ ပဒါနိ၊ ပုဒ်တို့ကို။ ပုစ္ဆာယ၊ မေးအပ်ကုန်၏။ ဣတိ၊ ဤသို့။ ပုစ္ဆာယ၊ ပုစ္ဆာ၌။ ပဒါနံ၊ ပုဒ်တို့၏။ ယာ သင်္ကာသနာ၊ အကြင်ရောရှက်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဣဒံ၊ ဤရောရှက်ခြင်းကို။ ပဒါနိတိ၊ ပဒါနိဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ပဉှာတိ၊ ပဉှာဟူသည်ကား။ စတ္တာရိ၊ လေးပါးကုန်သော။ ဣမာနိ ပဒါနိ၊ ဤပုဒ်တို့တည်း။ ပဉှာ၊ ပဉှာတို့သည်။ ကတိ၊ အဘယ်မျှတို့နည်း။ ဧကော ဝါ၊ တစ်ခုလည်းကောင်း။ ဒွေ ဝါ၊ နှစ်ခုတို့လည်းကောင်း။ တဒုတ္တရိ ဝါ၊ ထို့ထက်အလွန်လည်းကောင်း။ ဣမာနိ စတ္တာရိ ပဒါနိ၊ ဤလေးပါးကုန်သောပုဒ်တို့သည်။ ဧကော၊ တစ်ခုသော။ ပဉှော၊ ပြဿနာမည်၏။ အတ္ထာနုပရိဝတ္တိ၊ အနက်အားလျော်စွာဖြစ်ခြင်းရှိသော။ ဗျဉ္ဇနံ၊ သဒ္ဒါသည်။ ဟောတိ၊ ဖြစ်၏။ သမ္ဗဟုလာနိ၊ များကုန်သော။ ပဒါနိပိ၊ ပုဒ်တို့သည်လည်း။ ဧကမေဝတ္ထံ၊ တစ်ခုသောအနက်ကို။ ပုစ္ဆတိ၊ မေး၏။ ဣမာနိ

စာမျက်နှာ-126

စတ္တာရိ ပဒါနိ၊ ဤလေးပါးကုန်သောပုဒ်တို့သည်။ အနုပရိဝတ္တန္တိ၊ သဒ္ဒါအားလျော်စွာဖြစ်ခြင်းရှိကုန်၏။ တံ၊ ထိုအမေးသည်။ ဗျဉ္ဇနေန၊ သဒ္ဒါဖြင့်။ ဧကော ပဉှောဝ၊ တစ်ခုသောပြဿနာသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။ ကေနဿု နိဝုတော လောကောတိ၊ ကေနဿု နိဝုတော လောကော ဟူ၍မေးခြင်းသည်။ လောကံ၊ လောကကို။ သန္ဓာယ၊ ရည်၍။ ပုစ္ဆတိ၊ မေး၏။ ကေနဿု နပ္ပကာသတိ ကိဿာဘိလေပနံ ဗြူဟိ၊ ကေနဿု နပ္ပကာသတိ ကိဿာဘိလေပနံ ဗြူဟိ ဟူ၍မေးခြင်းသည်။ တံယေဝ၊ ထိုသတ္တလောကကိုသာလျှင်။ ပုစ္ဆတိ၊ မေး၏။ ကိံသု တဿ မဟဗ္ဘယန္တိ၊ ကိံသု တဿ မဟဗ္ဘယံ ဟူ၍မေးခြင်းသည်။ တံယေဝ၊ ထိုသတ္တလောကသာလျှင်။ ပုစ္ဆတိ၊ မေး၏။ ဧဝံ၊ ဤသို့။ အတ္ထာနုပရိဝတ္တိ၊ အနက်သို့အစဉ်လိုက်ခြင်းရှိသော။ ဗျဉ္ဇနံ၊ သဒ္ဒါသည်။ ဧကော ပဉှော၊ တစ်ခုသောပြဿနာသည်။ ဟောတိ၊ ဖြစ်၏။ သော ပဉှော၊ ထိုပြဿနာသည်။ ဧကံသဗျာကရဏီယော၊ ဧကံသဗျာကရဏီယပြဿနာလည်းကောင်း။ ဝိဘဇ္ဇဗျာကရဏီယော၊ ဝိဘဇ္ဇဗျာကရဏီယပြဿနာလည်းကောင်း။ ပဋိပုစ္ဆာဗျာကရဏီယော၊ ပဋိပုစ္ဆာဗျာကရဏီယပြဿနာလည်းကောင်း။ ဌပနီယော၊ ဌပနီယပြဿနာလည်းကောင်း။ ဣတိ၊ ဤသို့။ စတုဗ္ဗိဓော၊ လေးပါးအပြားရှိ၏။ တတ္ထ၊ ထိုလေးပါးတို့တွင်။ စက္ခု၊ စက္ခုပသာဒသည်။ အနိစ္စံ၊ အနိစ္စလော။ ဣတိ ပုစ္ဆာ၊ ဤသို့သောအမေးသည်။ ဧကံသဗျာကရဏီယော၊ စင်စစ်ဖြေအပ်သောပြဿနာမည်၏။ ယံ၊ အကြင်သဘောတရားသည်။ အနိစ္စံ၊ အမြဲမရှိ။ တံ၊ ထိုအမြဲမရှိသောသဘောသည်။ ဒုက္ခံ၊ ဒုက္ခမည်သလော။ ဣတိ ပုစ္ဆာ၊ ဤသို့သောအမေးသည်။ ဝိဘဇ္ဇဗျာကရဏီယော၊ ခွဲခြမ်း၍ဖြေအပ်သောပြဿနာမည်၏။ သိယာ၊ စက္ခုမှတစ်ပါး အချို့သောတရားသည်။ အနိစ္စံ၊ အနိစ္စမည်၏။ န စက္ခု၊ စက္ခုပသာဒမမည်။ ယာနိပိ အာယတနာနိ စ၊ အကြင်အာယတနတို့သည်လည်း။ သန္တိ၊ ရှိကုန်၏။ တာနိပိ၊ ထိုအာယတနတို့သည်လည်း။ န စက္ခု၊ စက္ခုပသာဒမမည်။ အနိစ္စံ၊ အနိစ္စမည်လော။ ဣတိ၊ ဤသို့မေးရာ၌။ န စက္ခုယေဝ၊ စက္ခုမမည်သည်သာလျှင်တည်း။ အယံ၊ ဤဝိသဇ္ဇနာသည်။ ဝိဘဇ္ဇဗျာကရဏီယော၊ ခွဲခြမ်း၍ဖြေအပ်သောပြဿနာမည်၏။ တံ စက္ခု၊ ထိုမြင်ခြင်းသဘောသည်။ စက္ခုန္ဒြိယံ၊ စက္ခုန္ဒြေကို။ နေတိ၊ ဆောင်သလော။ ဣတိ၊ ဤသို့မေးရာ၌။ ပဋိပုစ္ဆာဗျာကရဏီယော၊ တစ်ဖန်မေး၍ဖြေအပ်သောပြဿနာမည်၏။ တံ စက္ခု၊ ထိုမြင်ခြင်းသဘောသည်။ တထာဂတော၊ သတ္တဝါမည်သလော။ ဣတိ၊ ဤသို့မေးရာ၌။ ဌပနီယော၊ သတ္တဝါသည် ပရမတ္ထအားဖြင့် မရှိ၍မဖြေဘဲ ထားအပ်သောပြဿနာမည်၏။ စက္ခု

စာမျက်နှာ-127

နာ၊ စက္ခုပသာဒကို။ အညတြ၊ ကြဉ်၍မေးခြင်းကြောင့်။ ဣတိ အယံ ပဉှော၊ ဤပြဿနာသည်။ ဌပနီယော ပဉှော၊ ဌပနီယပြဿနာမည်၏။ ဣဒံ ပဉှံ၊ ဤပြဿနာကို။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ကိံ၊ အဘယ်သို့။ ပုစ္ဆိတော၊ မေးအပ်သနည်း။ လောကဿ၊ သတ္တလောက၏။ သံကိလေသော၊ ညစ်ညူးခြင်းကို။ ပုစ္ဆိတော၊ မေးအပ်၏။ ကာရဏံ၊ ညစ်ညူးကြောင်းကား။ ကိံ၊ အဘယ်နည်း။ ဟိ၊ ထိုစကားသင့်စွ။ သံကိလေသော၊ ညစ်ညူးခြင်းသည်။ တဏှာသံကိလေသော စ၊ တဏှာသံကိလေသလည်းကောင်း။ ဒိဋ္ဌိသံကိလေသော စ၊ ဒိဋ္ဌိသံကိလေသလည်းကောင်း။ ဒုစ္စရိတသံကိလေသော စ၊ ဒုစ္စရိတသံကိလေသလည်းကောင်း။ ဣတိ၊ ဤသို့။ တိဝိဓော၊ သုံးပါးအပြားရှိ၏။ တတ္ထ၊ သုံးပါးတို့တွင်။ အဝိဇ္ဇာယ နိဝုတောတိ၊ အဝိဇ္ဇာယ နိဝုတော ဟူသောပါဌ်ဖြင့်။ အဝိဇ္ဇံ၊ အဝိဇ္ဇာကို။ ဒဿေတိ၊ ပြ၏။ ဇပ္ပါတိ၊ ဇပ္ပါ ဟူသောပါဌ်ဖြင့်။ တဏှံ၊ တဏှာကို။ ဒဿေတိ၊ ပြ၏။ မဟဗ္ဘယန္တိ၊ မဟဗ္ဘယံ ဟူသောပါဌ်ဖြင့်။ အကုသလဿ၊ အကုသိုလ်ဖြစ်သော။ ကမ္မဿ၊ ကံ၏။ ဝိပါကံ၊ အကျိုးကို။ ဒဿေတိ၊ ပြ၏။ သောတံ နာမ၊ တဏှာတည်းဟူသောယဉ်မည်သည်ကား။ သုခဝေဒနီယဿ ကမ္မဿ၊ သုခဝေဒနာကိုဖြစ်စေတတ်သောကံ၏။ ဒုက္ခဝေဒနီယော၊ ဒုက္ခဝေဒနာကိုဖြစ်စေတတ်သော။ ဝိပါကော၊ အကျိုးသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဣတိ နေတံ ဌာနံ၊ ထိုအကြောင်းသည်။ ဝိဇ္ဇတိ၊ မရှိ။ ဣတိ၊ ဤသို့။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဝိသဇ္ဇေတိ၊ ဖြေတော်မူ၏။ ယော ဘဂဝါ၊ အကြင်မြတ်စွာဘုရားသည်။ အဝိဇ္ဇာယ နိဝုတော လောကောတိ၊ အဝိဇ္ဇာယ နိဝုတော စသောပုဒ်အတိုင်းအရှည်ရှိကုန်သော။ စတူဟိ ပဒေဟိ၊ လေးပုဒ်တို့ဖြင့်။ ဝိသဇ္ဇေတိ၊ ဖြေတော်မူ၏။ (ပေ)၊ ဤသို့ဖြေခြင်းကို။ တဒုတ္တရိ၊ ထို့ထက်အလွန်။ ပုစ္ဆတိ၊ မေး၏။ သဝန္တိ သဗ္ဗဓိ သောတာတိ ဂါထာ၊ သဝန္တိ သဗ္ဗဓိ သောတာ ဟူသောဂါထာဖြင့်လည်း။ စတ္တာရိ ပဒါနိ၊ လေးပုဒ်တို့ကို။ ပုစ္ဆတိ၊ မေး၏။ တံ၊ ထိုအမေးကို။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဒွီဟိ ပဒေဟိ၊ နှစ်ပါးကုန်သောပုဒ်တို့ဖြင့်။ ဝိသဇ္ဇေတိ၊ ဖြေတော်မူ၏။ ယာနိ သောတာနိ လောကသ္မိံ သန္တိ တေသံ နိဝါရဏံ သောတာနံ သံဝရံ ဗြူမိ ပညာယေ တေ ပိဓီယရေ၊ ယာနိ သောတာနိ လောကသ္မိံ သန္တိ တေသံ နိဝါရဏံ သောတာနံ သံဝရံ ဗြူမိ ပညာယေ တေ ပိဓီယရေ ဟူ၍ဆိုအပ်ကုန်သော။ ဣမာနိ စတ္တာရိ ပဒါနိ၊ ဤလေးပုဒ်တို့ကို။ ဒွီဟိ ပဒေဟိ၊ နှစ်ပုဒ်တို့ဖြင့်။ ဝိသဇ္ဇေတိ၊ ဖြေတော်မူ၏။ ဣဒံ၊ ဤပုဒ်ကို။ ကိံ ပုစ္ဆိတော၊ အဘယ်သို့မေးအပ်သနည်း။ သံကိလိဋ္ဌဿ၊ ညစ်နွမ်းသော။ တဿ လောကဿ၊ ထို

စာမျက်နှာ-128

သတ္တလောက၏။ တံ ဝေါဒါနံ၊ ထိုဖြူစင်ခြင်းကို။ ပုစ္ဆိတော၊ မေးအပ်၍။ သောတာနိ၊ ဤခြောက်သွယ်သော ယဉ်တို့ကို။ ဗဟုဿဓိဝစနေန၊ ခြောက်ပါးသော တဏှာကာယ အားဖြင့် များသောအပြာားရှိသည်ကို ဆိုခြင်းဖြင့်။ သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ အာယတနေဟိ၊ အာယတနတို့ဖြင့်။ နိဒ္ဒိဋ္ဌာ၊ ညွှန်းပြအပ်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ တာနိသော တာနိတေန နိဝါရိယန္တီတိ၊ တာနိသော တာနိတေန နိဝါရိယန္တိ ဟူသောပါဌ်ဖြင့်။ ပရိယုဋ္ဌာန၊ ပရိယုဋ္ဌာန်တို့၏။ ပဟာနံ၊ ပယ်ခြင်းကို။ ပုစ္ဆတိ၊ မေး၏။ ကေန သောတာ ပိဓီယရေတိ၊ ကေန သောတာ ပိဓီယရေ ဟူသောပုဒ်ဖြင့်။ အနုသယသမုဂ္ဃာတံ၊ အနုသယကို နုတ်ခြင်းကို။ ပုစ္ဆတိ၊ မေး၏။ တတ္ထ၊ ထိုဂါထာ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဆသု ဒွါရေသု၊ ခြောက်ဒွါရတို့၌။ သတိယာ၊ သတိဟူသော စောင့်ရှောက်ခြင်းဖြင့်။ ဒေသေတိ၊ ဟောတော်မူ၏။ ဟိ၊ ထိုစကားသင့်စွ။ ယော၊ အကြင်မြတ်စွာဘုရားသည်။ သမ္ပဇာနော၊ ပညာအဆင်အခြင်နှင့်ပြည့်စုံစွာ။ ဝိဟရတိ၊ နေတော်မူ၏။ သတိဒေါဝါရိကေန စ၊ သတိဟူသောတံခါးစောင့်ဖြင့်လည်းကောင်း။ တဿ၊ ထိုသူ၏။ ဣန္ဒြိယာနိ၊ ဣန္ဒြေတို့သည်။ ဂုတ္တာနိ၊ လုံခြုံကုန်သည်။ သမ္ဘဝန္တိ၊ ဖြစ်ကုန်၏။ တတ္ထ၊ ထိုဣန္ဒြေတို့တွင်။ ဂုတ္တေသု၊ လုံခြုံသော။ ဣန္ဒြိယေသု၊ ဣန္ဒြေတို့၌။ ယာ ယာ ဝိပဿနာ၊ အကြင်အကြင်ဝိပဿနာပညာသည်။ အတ္ထိ၊ ရှိ၏။ သာ သာ၊ ထိုထိုဝိပဿနာပညာသည်။ တေသံ သောတာနံ၊ ထိုထိုသောတတို့ကိုလည်းကောင်း။ တဿာ အဝိဇ္ဇာယ၊ ထိုအဝိဇ္ဇာဖြင့်။ လောကော၊ သတ္တလောကသည်လည်းကောင်း။ ယော နိဝုတော၊ အကြင်ဖုံးလွှမ်းပိတ်ပင် မှေးရှက်ခြင်းသည်လည်း။ အတ္ထိ၊ ရှိ၏။ သောနိဝုတော၊ ထိုဖုံးလွှမ်းပိတ်ပင်ခြင်းကို။ အစ္စန္တပဟာနာယ၊ စင်စစ်ပယ်ခြင်းငှါ။ သံဝတ္တတိ၊ ဖြစ်၏။ ဧဝံ၊ ဤအကြောင်းကြောင့်။ သောတာနိ၊ အာရုံသို့ စီးဝင်ခြင်းတို့ကို။ ပိဟိတာနိ၊ ပိတ်အပ်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ တတော၊ ထိုထက်။ ဥတ္တရိ၊ အလွန်။ ပုစ္ဆတိ၊ မေး၏။ ခေါ၊ စင်စစ်။ ပညာ၊ ပညိန္ဒြေသည်လည်းကောင်း။ သတိ စ၊ သတိသည်လည်းကောင်း။ တဿ နာမရူပဿ၊ ထိုနာမ်ရုပ်၏။ ပုထုံ၊ များသည်ကို။ အာဂမ္မ၊ စွဲ၍။ ကတ္ထ၊ အဘယ်အရပ်၌။ ဥပသမ္မတိ၊ ငြိမ်းသနည်း။ ဣတိ၊ ဤသို့။ ဧတံ၊ ထို ပုစ္ဆာကို။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ ပုစ္ဆတိ၊ မေး၏။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဣမာနိ စတ္တာရိ ပဒါနိ၊ လေးပုဒ်တို့ကို။ ဧကေန ပဒေန၊ တစ်ပုဒ်ဖြင့်။ ဝိသဇ္ဇေတိ၊ ဖြေတော်မူ၏။ အဇိတ၊ အဇိတ။ ယမေတံ ယံဧတံ ပဉှံ၊ အကြင်ပြဿနာကို။ ပုစ္ဆသေ၊ မေး၏။ တံ၊ ထိုပြဿနာကို။ တေ

စာမျက်နှာ-129

သင့်အား။ ဝဒါမိ၊ ဟောအံ့။ ဝိညာဏဿ၊ ဝိညာဉ်၏။ နိရောဓေန၊ ချုပ်ခြင်းကြောင့်။ ဧတ္ထ၊ ဤနိဗ္ဗာန်၌။ တံ၊ ထိုခန္ဓာငါးပါးသည်။ ဥပသမ္မတိ၊ ငြိမ်း၏။ ဣမိနာ ပဉှေန၊ ဤပြဿနာဖြင့်။ ကိံ၊ အဘယ်ကို။ ပုစ္ဆတိ၊ မေးသနည်း။ အနုပါဒိသေသနိဗ္ဗာနဓာတုံ၊ အနုပါဒိသေသနိဗ္ဗာနဓာတ်ကို။ ပုစ္ဆတိ၊ မေး၏။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ပုစ္ဆိတံ၊ မေးအပ်သောပြဿနာကို။ အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ၊ အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့်။ ဝိသဇ္ဇေတိ၊ ဖြေတော်မူ၏။ တတ္ထ၊ ထိုပြဿနာတို့တွင်။ ပဌမေန ပဉှေန၊ ပထမပြဿနာဖြင့်။ သံကိလေသံ၊ သံကိလေသကို။ ပုစ္ဆတိ၊ မေး၏။ ဒုတိယေန ပဉှေန၊ ဒုတိယပြဿနာဖြင့်။ ဝေါဒါနံ၊ ဖြူစင်ခြင်းကို။ ပုစ္ဆတိ၊ မေး၏။ တတိယေန ပဉှေန၊ တတိယပြဿနာဖြင့်။ သောပါဒိသေသနိဗ္ဗာနဓာတုံ၊ သဥပါဒိသေသနိဗ္ဗာနဓာတ်ကို။ ပုစ္ဆတိ၊ မေး၏။ စတုတ္ထေန ပဉှေန၊ စတုတ္ထပြဿနာဖြင့်။ အနုပါဒိသေသနိဗ္ဗာနဓာတုံ၊ အနုပါဒိသေသနိဗ္ဗာနဓာတ်ကို။ ပဋိပုစ္ဆတိ၊ တစ်ဖန်မေး၏။ တတော၊ ထိုထက်။ ဥတ္တရိ၊ အလွန်။ ပဋိပုစ္ဆတိ၊ တစ်ဖန်မေး၏။ မာရိသ၊ အချင်း။ ယေ စ သင်္ခါတဓမ္မာသေ၊ အကြင်သင်္ခတတရားတို့သည်လည်းကောင်း။ ဣဓ၊ ဤလောက၌။ ပုထူ၊ များစွာကုန်သော။ ယေ စ သေက္ခာ၊ အကြင်သေက္ခပုဂ္ဂိုလ်တို့သည်လည်းကောင်း။ အတ္ထိ၊ ရှိကုန်၏။ တေသံ၊ ထိုပုဂ္ဂိုလ်တို့၏။ ဣရိယံ၊ ဖြစ်ခြင်းသည်။ နီပကော၊ ရင့်ကျက်သလော။ ပုဋ္ဌော၊ မေးအပ်သော။ မေ၊ ငါအား။ ဗြူဟိ၊ ဆိုဘိလော့။ ဣမာနိ စတ္တာရိ ပဒါနိ၊ ဤလေးပုဒ်တို့ကို။ ပုစ္ဆတိ၊ မေး၏။ တေ ပဉှာ၊ ထိုပြဿနာတို့သည်။ ကတိ စန၊ အဘယ်မျှတို့နည်း။ သင်္ခါတဓမ္မာ စ၊ သင်္ခါတသဘောရှိသည်လည်းဖြစ်ကုန်သော အရဟန္တပြဿနာတို့သည်လည်းကောင်း။ သေက္ခာ စ၊ သေက္ခပြဿနာတို့သည်လည်းကောင်းတည်း။ ကိံ ပုဗ္ဗံ၊ အဘယ်ပုဂ္ဂိုလ် ရှေးဖြစ်သနည်း။ ကိဉ္စ ပစ္ဆိမံ၊ အဘယ်ပုဂ္ဂိုလ် နောက်ဖြစ်သနည်း။ ဣတိ အယံ၊ ဤသည်ကား။ အတ္ထော၊ မေးအပ်သောအကြောင်းတည်း။ တတ္ထ၊ ထိုပြဿနာတို့တွင်။ ကတရံ၊ အဘယ်ပုဂ္ဂိုလ်ကို။ ပဌမံ၊ ရှေးဦးစွာ။ ပုစ္ဆတိ၊ မေးသနည်း။ ကတရံ၊ အဘယ်ပုဂ္ဂိုလ်ကို။ ပစ္ဆာ၊ နောက်၌။ ပုစ္ဆတိ၊ မေးသနည်း။ အရဟန္တံ၊ ရဟန္တာပုဂ္ဂိုလ်ကို။ ပဌမံ၊ ရှေးဦးစွာ။ ပုစ္ဆတိ၊ မေး၏။ သေက္ခဓမ္မေ၊ သေက္ခတရားတို့ကို။ တတ္ထ ကေန ပဒေန၊ ထိုမျှလောက်သော ပုဒ်ဖြင့်။ သင်္ခတဓမ္မာတိ၊ သင်္ခါတဓမ္မဟူ၍။ အရဟန္တော၊ ရဟန္တာတို့ကို။ ဂဟိတာ၊ ယူအပ်ကုန်၏။ ပုထူဣတိ၊ ပုထူဟူသောပုဒ်ဖြင့်။ သေက္ခာ၊ သေက္ခပုဂ္ဂိုလ်တို့ကို။ ဂဟိတာ၊ ယူအပ်ကုန်၏။ တေသံ နော နီပကောတိ၊ တေသံ နော နီပကော ဟူသောပုဒ်ဖြင့်၊

စာမျက်နှာ-130

သာဓာရဏံ၊ ဆက်ဆံသော။ ပဒံ၊ ပုဒ်ဟူ၍။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ ပုစ္ဆတိ၊ မေး၏။ ပဉှေသု၊ ပြဿနာတို့တွင်။ တဿ၊ ထိုသင်္ခတ၏။ သာဓာရဏာနိ စ၊ ဆက်ဆံသည်တို့ကိုလည်းကောင်း။ အသာဓာရဏာနိ စ၊ မဆက်ဆံသည်တို့ကိုလည်းကောင်း။ ပုစ္ဆိတဗ္ဗာနိ၊ မေးအပ်ကုန်၏။ တံ၊ ထိုအမေးကို။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဝိသဇ္ဇေတိ၊ ဖြေတော်မူ၏။ တတ္ထ၊ ထိုအခြင်းအရာဖြင့်။ ဝုဋ္ဌံ၊ မေးအပ်သည်ကို။ န ဝိသဇ္ဇေတိ၊ မဖြေ။ ယံ၊ အကြင်ပုဂ္ဂိုလ်ကို။ ပဌမံ၊ ရှေးဦးစွာ။ ဝုဋ္ဌံ၊ မေးအပ်၏။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ပစ္ဆာ၊ နောက်၌။ ဝိသဇ္ဇေတိ၊ ဖြေတော်မူ၏။ ယံ၊ အကြင်ပုဂ္ဂိုလ်ကို။ ပစ္ဆာ၊ နောက်၌။ ပုစ္ဆတိ၊ မေး၏။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ပဌမံ၊ ရှေးဦးစွာ။ ဝိသဇ္ဇေတိ၊ ဖြေတော်မူ၏။ ဣဒံ၊ ဤပုဂ္ဂိုလ်ကို။ ကိံ၊ အဘယ်သို့လျှင်။ ပုစ္ဆိတံ၊ မေးအပ်သနည်း။ ဝိသုဇ္ဈန္တာနံ၊ စင်ကြယ်သောအရာရှိကုန်သော။ ဝိသုဒ္ဓါနံစ၊ ကိလေသာစင်ကြယ်သော ပုဂ္ဂိုလ်တို့၏လည်း။ ဣရိယာ၊ ဖြစ်ခြင်းတို့သည်။ ကာ၊ အဘယ်သည်တို့နည်း။ ဣတိ၊ ဤသို့။ ဣဒံ၊ ဤပုဂ္ဂိုလ်ကို။ ပုစ္ဆတိ၊ မေး၏။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ကာမေသု နာဘိဂိဇ္ဈေယျ မနသာနာ ဝိလောသိယော၊ ကာမေသု နာဘိဂိဇ္ဈေယျ မနသာနာ ဝိလောသိယော ဟူသောဂါထာဖြင့်။ ပရိယုဋ္ဌာနာနိ၊ ပရိယုဋ္ဌာန်တို့ကို။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဝိတက္ကေန စ၊ သမ္မာသင်္ကပ္ပဖြင့်လည်းကောင်း။ နိဝါရေတိ၊ မြစ်တော်မူ၏။ ဝိတက္ကအနာဝိလတာယ၊ သမ္မာသင်္ကပ္ပမဂ္ဂင် သမ္မာသမာဓိမဂ္ဂင်ဖြင့်။ ဒွေ၊ နှစ်ပါးတို့ကို။ နိဝါရေတိ၊ မြစ်၏။ ပရိယုဋ္ဌာနံ၊ လုယက်၍တည်သောကိလေသာတို့ကို။ ယထာ၊ အကြင်အခြင်းဖြင့်။ နီဝရဏေသု၊ နီဝရဏတို့၌။ နိဒ္ဒိဋ္ဌံ၊ ညွှန်းပြအပ်၏။ ကုသလာ သဗ္ဗဓမ္မေသု၊ ကုသလာ သဗ္ဗဓမ္မေသု ဟူသောပါဌ်ဖြင့်။ အရဟန္တံ၊ ရဟန္တာကို။ ဝိသဇ္ဇေတိ၊ ဖြေ၏။ ကေနဿု တရတိ ဩဃန္တိ ဂါထာ၊ ကေနဿု တရတိ ဩဃံ ဟူသောဂါထာဖြင့်။ ဣမာနိ စတ္တာရိ ပဒါနိ၊ ဤလေးပုဒ်တို့ကို။ စတ္တာရောယေဝ ပဉှေ၊ လေးပါးကုန်သောပြဿနာတို့ကို။ ဝိသဇ္ဇေတိ၊ ဖြေ၏။ ကာရဏံ၊ အကြောင်းကား။ ကိံ၊ အဘယ်နည်း။ ဟိ၊ ထိုစကားသင့်စွ။ ဧတ္ထ၊ ဤဒေသနာ၌။ ယထာနုပရိဝတ္တိ၊ ဉာဏ်တော်အားလျော်စွာဖြစ်ခြင်းရှိသောဒေသနာဖြစ်ခြင်းကြောင့်။ န ဝဇ္ဇံ၊ ဖြေခြင်း၌အပြစ်မရှိ။ ယထာ၊ အကြင်အခြင်းဖြင့်။ ပဌမံ၊ ရှေးဦးစွာ။ အဇိတပဉှေသု၊ အဇိတမေးသောပြဿနာတို့၌။ တဿ၊ ထိုရဟန္တာသေက္ခပုဂ္ဂိုလ်၏။ ဧကံ၊ တစ်ခုသော။ ဝိသဇ္ဇနာ၊ အဖြေသည်။ ၊ မဟုတ်။ ဧကံသေန၊ စင်စစ်အားဖြင့်။ ဝိသဇ္ဇနာနိ၊ အဖြေတို့သည်။ ဗဟူနိ၊ များကုန်၏။ ပဉှာ၊ ပြဿနာတို့သည်။ ဗဟုကာ၊ များကုန်၏။ ဧကော၊ တစ်ခုသောအမေးအဖြေသည်သာလျှင်။ န စာပိ၊ မဖြစ်။ သဗ္ဗေ၊ အလုံး

စာမျက်နှာ-131

စုံသော ပုဂ္ဂိုလ်တို့ကို။ ပုစ္ဆတိ၊ မေးအံ့။ ပုဗ္ဗေ၊ ရှေးပုဂ္ဂိုလ်တို့ကို။ ဝိဿဇ္ဇိတော၊ ဖြေအပ်၏။ ဧတ္ထ၊ ဤဒေသနာတို့တွင်။ စတုတ္ထော၊ လေးခုမြောက်ဖြစ်ကုန်သော။ အဇိတပဉှေ၊ အဇိတပြဿနာ၌။ ယထာဘူတံ၊ သဘောအားလျော်စွာ။ ပရိယေသနာပဒဗန္ဓေန၊ ရှာအပ်သောပုဒ်တို့၏ စပ်ခြင်းဖြင့်။ ဝိဿဇ္ဇနာယော၊ အဖြေတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ယထာ၊ ဖြစ်ကုန်သကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ ယထာဘူတံ၊ အဟုတ်အမှန်ဖြစ်သော အမေးအဖြေကို။ ပရိယေသတိ၊ ရှာမှီး၏။ ပုန၊ တဖန်။ ဣဓ၊ ဤဒေသနာ၌။ ယံ၊ အကြင်ပုစ္ဆာကို။ ယော၊ အကြင်သူသည်။ ဧဝံ၊ ဤသို့။ ပုစ္ဆတိ၊ မေး၏။ တတ္ထ၊ ထိုဒေသနာ၌။ အယံပုစ္ဆနာအာကာရော၊ ဤမေးသောအခြင်းအရာသည်။ ဘဝတိ၊ ဖြစ်၏။ အန္တောဇဋာ ဗဟိဇဋာတိ၊ အန္တောဇဋာ ဗဟိဇဋာဟူသော။ ယံယာဂါထာ၊ အကြင်ဂါထာသည်။ အတ္ထိ၊ ရှိ၏။ အယံဂါထာ၊ ဤဂါထာကို။ ပုစ္ဆာဝိဿဇ္ဇနာယ၊ အမေးအဖြေကို။ မဂ္ဂိတဗ္ဗာ၊ ရှာမှီးအပ်၏။ ဝိဿဇ္ဇိတာ၊ အဖြေသည်။ ကထံ၊ အဘယ်မှာနည်း။ ဣတိ၊ ဤသို့မေးသည်ရှိသော်။ သီလေပတိဋ္ဌာယ နရော သပညောတိ ဂါထာ၊ သီလေပတိဋ္ဌာယ နရော သပညောဟူသော ဂါထာကို။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဣတိ၊ ဤသို့။ ဝိဿဇ္ဇေတိ၊ ဖြေတော်မူ၏။ တတ္ထ၊ ထိုဂါထာ၌။ စိတ္တဘာဝနာယ၊ စိတ်ရှိ သမာဓိကို ပွါးရခြင်းဖြင့်။ သမထော၊ သမထမည်၏။ ပညာဘာဝနာယ၊ ပညာကို အဖန်တလဲလဲပွါးခြင်းဖြင့်။ ဝိပဿနာ၊ ဝိပဿနာမည်၏။ တတ္ထ၊ ထိုဒေသနာ၌။ ဧတံ၊ ဤသို့။ အနုမိယတိ၊ သိအပ်၏။ ယေဓမ္မာ၊ အကြင်တရားတို့သည်။ သမထေနစ၊ သမထဖြင့်လည်းကောင်း။ ဝိပဿနာယစ၊ ဝိပဿနာပညာဖြင့်လည်းကောင်း။ ပဟီယန္တိ၊ ပျောက်ကုန်၏။ တေဣမေ၊ ထိုသံကိလေသဓမ္မတို့သည်။ အန္တော၊ အန္တောဇဋာလည်းမည်ကုန်၏။ ဗဟိဇဋာ၊ ဗဟိဇဋာလည်းမည်ကုန်၏။ တတ္ထ၊ ထိုဒေသနာ၌။ ဝိဿဇ္ဇနံ၊ အဖြေကား။ သမထေန၊ သမာဓိဖြင့်။ ရာဂေါ၊ ရာဂသည်။ ပဟီယတိ၊ ပျောက်၏။ ဝိပဿနာယ၊ ပညာဖြင့်။ အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ ပဟီယတိ၊ ပျောက်၏။ အဇ္ဈတ္တဝတ္ထုကော၊ မိမိသန္တာန်လျှင် မှီရာရှိသော။ ရာဂေါ၊ ရာဂသည်။ အန္တောဇဋာ၊ အန္တောဇဋာမည်၏။ ဗာဟိရဝတ္ထုကော၊ အပသန္တာန်လျှင် မှီရာရှိသော။ ရာဂေါ၊ ရာဂသည်။ ဗဟိဇဋာ၊ ဗဟိဇဋာမည်၏။ အဇ္ဈတ္တဝတ္ထုကာ၊ အဇ္ဈတ္တကိုမှီသော။ ယာသက္ကာယဒိဋ္ဌိ၊ အကြင်သက္ကာယဒိဋ္ဌိသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤသက္ကာယဒိဋ္ဌိသည်။ အန္တောဇဋာ၊ အန္တောဇဋာမည်၏။ ဗာဟိရဝတ္ထုကာနိ၊ ဗာဟိရသန္တာန်မှီကုန်သော။ ဧကသဋ္ဌိဒိဋ္ဌိဂတာနိစ၊ ခြောက်ဆဲ့တစ်ပါးကုန်သော ဒိဋ္ဌိတို့သည်လည်း။ အတ္ထိ၊ ရှိကုန်၏။ တေ၊ ထိုခြောက်ဆဲ့တစ်ပါး။

စာမျက်နှာ-132

ကုန်သောဒိဋ္ဌိတို့သည်။ ဗဟိဇဋာ၊ ဗဟိဇဋာမည်ကုန်၏။ အဇ္ဈတ္တဝတ္ထုကာ၊ အဇ္ဈတ္တသန္တာန်ကိုမှီသော။ အာဒိဘာဂိယေန၊ အစအဖို့ဖြင့်။ ယာအယံဇဋာ၊ အကြင်မှေယှက်ခြင်း အထုံးအဖွဲ့သည်။ နဘဝိဿတိ၊ မဖြစ်အံ့။ သံခိတ္တေန၊ အကျဉ်းအားဖြင့် သိအပ်သော စကားသည်။ တထာ၊ ထိုရှေးအတူတည်း။ အဇ္ဈတ္တဝတ္ထုကာ၊ အဇ္ဈတ္တသန္တာန်၌မှီ၍ဖြစ်သော။ ယာကာစိ၊ အမှတ်မရှိသော။ တဏှာစ၊ တဏှာသည်လည်းကောင်း။ ဒိဋ္ဌိစ၊ ဒိဋ္ဌိသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤတဏှာဒိဋ္ဌိသည်။ အန္တောဇဋာ၊ အန္တောဇဋာမည်၏။ ဗာဟိရဝတ္ထုကာ၊ အပသန္တာန်၌မှီသော။ ယာကာစိ၊ အမှတ်မရှိသော။ တဏှာစ၊ တဏှာသည်လည်းကောင်း။ ဒိဋ္ဌိစ၊ ဒိဋ္ဌိသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤတဏှာဒိဋ္ဌိသည်။ ဗဟိဇဋာ၊ ဗဟိဇဋာမည်၏။ ယထာ၊ အကြင်အကြောင်းဖြင့်။ ဒေဝတာ၊ နတ်သည်။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ စတုစက္ကံ နဝဒွါရန္တိ ဂါထာ၊ စတုစက္ကံ နဝဒွါရံဟူသော ဂါထာဖြင့်။ ပုစ္ဆတိ၊ မေး၏။ တတ္ထ၊ ထိုသို့မေးလျှောက်ရာ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဆေတွာနဒန္တိ ဝရတ္တံစာတိ ဂါထာ၊ ဆေတွာနဒန္တိ ဝရတ္တံစဟူသော ဂါထာဖြင့်။ ဝိဿဇ္ဇေတိ၊ ဖြေတော်မူ၏။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ၊ ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အကျင့်တည်းဟူသော။ ဣဒံ၊ ဤမဂ္ဂသစ္စာကို။ ဝိဿဇ္ဇေတိ၊ ဖြေတော်မူ၏။ ဣမာယ ဝိဿဇ္ဇနာယ၊ ဤဖြေခြင်းဖြင့်။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ နိဒ္ဒိသိတဗ္ဗေန၊ ညွှန်ပြအပ်သော။ ပုရိမာယ ဂါထာယ၊ ရှေးဂါထာဖြင့်။ ဧတ္ထကိလေသေ၊ ဤကိလေသာ၌။ အနုမီယတိ၊ နှိုင်းယှဉ်သောအားဖြင့် သိအပ်၏။ တံ၊ ထိုစကားသည်။ ဟိသစ္စံ၊ မှန်၏။ စတုစက္ကန္တိ၊ စတုစက္ကဟူသည်ကား။ စတ္တာရောဝါ ဟတ္ထပါဒါ၊ လက်နှစ်ဖက် ခြေနှစ်ဖက်အားဖြင့် လေးပါးဖြစ်ကုန်၏။ နဝဒွါရန္တိ၊ နဝဒွါရဟူသည်ကား။ နဝဝဏမုခါနိ၊ ကိုးပါးသော အမာဝတို့တည်း။ ယထာ၊ နည်းတပါးကား။ စတုစက္ကန္တိ၊ စတုစက္ကံဟူသည်ကား။ စတ္တာရော ဥပါဒါနာ၊ ဥပါဒါန်လေးပါးတို့တည်း။ ဥပါဒါနပစ္စယာ၊ ဥပါဒါန်ဟူသောအကြောင်းကြောင့်။ ဘဝေါ၊ ဘဝသည်။ သမ္ဘဝတိ၊ ဖြစ်၏။ ဥပါဒါနနိရောဓာ၊ ဥပါဒါန်ချုပ်ခြင်းကြောင့်။ ဘဝနိရောဓော၊ ဘဝ၏ချုပ်ခြင်းသည်။ ဘဝတိ၊ ဖြစ်၏။ နဝဒွါရန္တိ၊ နဝဒွါရဟူသည်ကား။ နဝမာနဝိဓာ၊ ကိုးပါးသော မာနအပြားတို့တည်း။ ဟိသစ္စံ၊ ထိုစကားသည်မှန်၏။ မာနဇာတိကာယ၊ မာနသဘောရှိသောသူအား။ သေယျေန၊ သေဘမာန်ဖြင့်။ ဒုက္ခံ၊ ဆင်းရဲခြင်းသည်။ အမှိ၊ ဖြစ်၏။ ပရတော၊ သူတစ်ပါးထက်။ တီဏိတိကာနိ၊ သုံးပါးကုန်သော တိကတို့သည်။ ပုဏ္ဏံ၊ ပြည့်စုံ၏။ ဟိ၊ ထိုစကားသင့်စွ။ ပဉ္စကာ

စာမျက်နှာ-133

မဂုဏိကော၊ ကာမဂုဏ်ငါးပါး၌ တပ်ခြင်းရှိသော။ ရာဂေါ၊ ရာဂသည်။ တိက္ခေန၊ တိက္ခနှင့်။ သံယုတ္တံ သံယုတ္တော၊ ယှဉ်၏။ တတ္ထ၊ ထိုဒေသနာ၌။ နန္ဒီ တဏှာ၊ နန္ဒီမည်သော တဏှာကို။ ဝိဿဇ္ဇိယတိ၊ ဖြေအပ်၏။ ဝရတ္တန္တိ၊ ဝရတ္တံဟူသည်ကား။ မာနံ၊ မာနကို။ ဝိဿဇ္ဇေတိ၊ ဖြေ၏။ ဣစ္ဆာလောဘော စ ပါပကောတိ၊ ဣစ္ဆာလောဘော စ ပါပကောဟူသည်ကား။ ပဉ္စကာမဂုဏိကော၊ ငါးပါးသော ကာမဂုဏ်၌တပ်ခြင်းရှိသော လောဘသည်။ ရာဂေါ၊ ရာဂမည်၏။ တတ္ထ၊ ထိုဂါထာ၌။ ဝိသမလောဘော၊ မညီမညွတ်သော လောဘကို။ ပါပကောတိ၊ ပါပကဟူ၍လည်းကောင်း။ သမူလတဏှန္တိ၊ သမူလတဏှာဟူ၍လည်းကောင်း။ နိဒ္ဒိသိယတိ၊ ညွှန်ပြအပ်၏။ အညာဏမူလကာ တဏှာတိ၊ အညာဏမူလကာ တဏှာဟူသည်ကား။ အညာဏမူလကာ၊ အရိယမဂ်ကို သိကြောင်းမဟုတ်သော။ တဏှာ၊ တဏှာမည်၏။ တဏှာယစ၊ တဏှာကိုလည်းကောင်း။ ဒိဋ္ဌိယာစ၊ ဒိဋ္ဌိကိုလည်းကောင်း။ ပဟာနံ၊ ပယ်ခြင်းတည်း။ ပုန၊ တဖန်။ အညေပိ၊ တပါးလည်းဖြစ်ကုန်သော။ ယေကေစိ၊ အကြင်မျှလောက်သော ပုဂ္ဂိုလ်တို့သည်။ စတုစက္ကေန၊ လေးပါးသော သစ္စာကို ဟောကြောင်းဓမ္မစက်နှင့်။ တေနေဝကာရဏေနစ၊ ထိုအကြောင်းနှင့်လည်းကောင်း။ ယုဇ္ဇန္တိ၊ ယှဉ်ကုန်၏။ သံသာရဂါမိနော၊ သံသရာသို့ လားကြောင်းဖြစ်ကုန်သော။ သဗ္ဗေဓမ္မာ၊ အလုံးစုံသော တရားတို့ကို။ နိဒ္ဒိသိတဗ္ဗာ၊ ညွှန်းအပ်ကုန်၏။ တတ္ထ၊ ထိုဒေသနာ၌။ အယံဂါထာ ဝိဿဇ္ဇနာ စ၊ ဤဂါထာ အဖြေသည်လည်း။ ဝိဿဇ္ဇာယ၊ အဖြေနှင့်။ သမန္တိ၊ ညီညွတ်ကုန်၏။ ယံယာဂါထာ၊ အကြင်ဂါထာသည်။ သန္ဓေန၊ ပုဗ္ဗာပရာနုသန္ဓေနှင့်။ ယဒိ သမေတိ၊ ညီသည်ဖြစ်အံ့။ အထ၊ ထိုသို့ညီသည်ရှိသော်။ သဟဗျာကရဏေန၊ ဝေယျာကရိုဏ်းနှင့်တကွ။ သမေတိ၊ ညီ၏။ အနုဂီတိတိစ၊ အနုဂီတိသည်လည်း။ သမေတိ၊ ညီ၏။ ယံစ၊ အကြင်ဒေသနာကိုလျှင်။ သောဝိစယောတိ၊ သောဝိစယဟူ၍။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ယတ္တကာနိပဒါနိ၊ အကြင်မျှလောက်ကုန်သော ပုဒ်တို့ကို။ နိက္ခိပတိ၊ ချထား၏။ တတ္ထ၊ ထိုဂါထာ၌။ တတ္တကေဟိ၊ ထိုမျှသောပုဒ်တို့ဖြင့်။ အနုဂါယတိ၊ ရှေးဟောပြီးသည်ကို ထပ်၍ဟော၏။ အဋ္ဌဟိ ဘိက္ခဝေ အင်္ဂေဟိ သမန္နာဂတော ဘိက္ခု ဒူတေယျံ ကာတုမရဟတီတိ၊ အဋ္ဌဟိ ဘိက္ခဝေ အင်္ဂေဟိ သမန္နာဂတော ဘိက္ခု ဒူတေယျံ ကာတုမရဟတိ အစရှိကုန်သော။ ဣမာနိ အဋ္ဌပဒါနိ၊ ဤရှစ်ပုဒ်တို့ကို။ နိက္ခိတ္တာနိ၊ ချထားအပ်ကုန်၏။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဆဟိပဒေဟိ၊ ခြောက်ပုဒ်တို့ဖြင့်။ အနုဂါယတိ၊ ဟောပြီးသည်ကို ထပ်၍ဟော၏။ ပုနစေဝ၊ စင်စစ်အားဖြင့်

စာမျက်နှာ-134

လျှင်။ ယော၊ အကြင်ြမတ်စွာဘုရားသည်။ တံသပ္ပုရိသံ၊ ထိုသူတော်ကောင်းကို။ ဥဂ္ဂဝါဒိနီ၊ ချီးမြှင့်၍ ဆိုအပ်သော စကားတို့ကို၊

နအစ္ဆာဒေတိ၊ မဖုံးလွှမ်း။ သာသနံ၊ ဆုံးမကြောင်းဖြစ်သော။ ဝစနံ၊ ဒေသနာကို။ နစာပေတိ၊ မယုတ်စေ။ အသံဒိဋ္ဌိစ အက္ခာတိ၊ အသံဒိဋ္ဌိစ အက္ခာဟူ၍။ ပုစ္ဆိတောဝ၊ မေးသောသူအားသာလျှင်။ နကုပ္ပတိ၊ အမျက်မထွက်။ ဧတာဒိတော၊ ဤသို့သဘောရှိသော။ ဘိက္ခု၊ ရဟန်းသည်။ ဒူတေယျံ၊ တမန်ကို။ ကာတုံ၊ ပြုခြင်းငှါ။ သစေအရဟတိ၊ အကယ်၍ ထိုက်သည်ဖြစ်အံ့။ တတ္ထပန၊ ထိုဒေသနာ၌ကား။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ယတ္တကာနိပဒါနိ၊ အကြင်မျှလောက်ကုန်သော ပုဒ်တို့ကို။ နိက္ခိပတိ၊ ချထား၏။ တတ္တကေဟိ၊ ထိုမျှသောပုဒ်တို့ဖြင့်။ အနုဂါယတိ၊ ဟောပြီးသည်ကို တဖန်ထပ်၍ ဟော၏။ သတ္တဟိ ဘိက္ခဝေ အင်္ဂေဟိ သမန္နာဂတော ကလျာဏမိတ္တော ပိယော ဂရု ဘာဝနီယောတိ၊ သတ္တဟိ ဘိက္ခဝေ အင်္ဂေဟိ သမန္နာဂတော ကလျာဏမိတ္တော ပိယော ဂရု ဘာဝနီယောဟူသော ဒေသနာကို။ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ ကာတဗ္ဗံ၊ ပြုအပ်၏။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဣဒံ၊ ဤဒေသနာကို။ သတ္တဟိ ပဒေဟိ၊ ခုနစ်ပုဒ်တို့ဖြင့်။ အနုဂါယတိ၊ ထပ်၍ဟောတော်မူ၏။ ဣတိ၊ ဤသို့။ ဗဟုဿုတဝါ၊ များသောအကြားအမြင်ရှိသောသူသည်။ အနုဂါယတိ၊ ထပ်၍ဟောတော်မူ၏။ အပ္ပတရကထံ၊ အကျဉ်းအားဖြင့် ဟောအပ်သော။ အနုဂါယတိ၊ ထပ်၍ ဟောတော်မူ၏။ ပဒံဝါ၊ ပုဒ်ကိုလည်းကောင်း။ နိက္ခေပေါ၊ ဝေဏေယျသန္တာန်၌ ချထား၏။ ဗဟုဿုတဝါ၊ များစွာသောဒေသနာကို လည်းကောင်း။ နဝပဒါနိဝါ၊ ကိုးပါးသောပုဒ်တို့ကိုလည်းကောင်း။ နိက္ခေပေါ၊ ဝေဏေယျသန္တာန်၌ ချထား၏။ အပ္ပတရိကာ၊ နည်းသောဒေသနာကို။ အနုဂါတိ၊ ထပ်၍ ဟောတော်မူ၏။ ဗဟုတရိကာ၊ များစွာသော။ ယာ ဒေသနာ၊ အကြင်ဒေသနာကို။ အနုဂါတိ၊ ထပ်၍ ဟောတော်မူ၏။ အယံ၊ ဤဒေသနာကို။ တေန၊ ထိုကြောင့်။ အနုဂီတိစ၊ အနုဂီတိဟူ၍လည်းကောင်း။ ဝိစယောစ၊ ဝိစယဟူ၍လည်းကောင်း။ ဝုစ္စတိ၊ ဆိုအပ်၏။ အယံ၊ ဤဟာရသည်။ ဝိစယောနာမ ဟာရော၊ ဝိစယဟာရမည်၏။

တတ္ထ၊ ထိုဟာရတို့တွင်။ ယုတ္တိဟာရော၊ ယုတ္တိဟာရသည်။ ကတမော၊ အဘယ်နည်း။ ဟာရာနံ၊ ဆောင်ကြောင်းဖြစ်ကုန်သော။ သုတ္တာနံ၊ ပါဠိတော်တို့၏။ ယာဘူမိ၊ အကြင်ဖြစ်ရာကိုလည်းကောင်း။ ယောစဂေါစရော၊ အကြင်အာရုံကိုလည်းကောင်း။ ယောနိဿန္ဒော၊ အကြင်အကျိုးဆက်ကိုလည်းကောင်း။ ယုတ္တာယုတ္တဿ၊ ယုတ္တိရှိသည်မရှိသည်ကို။ ပရိက္ခာဟာရော

စာမျက်နှာ-135

ကြည့်ရှုဆင်ခြင်ကြောင်းဖြစ်သော ဟာရကို။ ယုတ္တီတိ၊ ယုတ္တိဟာရဟူ၍။ နိဒ္ဒိဋ္ဌော၊ ညွှန်ပြအပ်၏။ သောဠသာနံ၊ တဆဲ့ခြောက်ပါးကုန်သော။ ဟာရာနံ၊ ဟာရတို့၏။ ယထာဒေသနာ၊ ဒေသနာအားလျော်စွာ။ ယထာဝိစယော၊ စီစစ်သည်အားလျော်စွာ။ ယောစ၊ အကြင်ဒေသနာကိုလည်း။ နိဒ္ဒိသိယတိ၊ ညွှန်ပြအပ်၏။ အယံ၊ ဤညွှန်းခြင်းသည်။ နိဒ္ဒေသော၊ နိဒ္ဒေသမည်၏။ အယံပုစ္ဆာ၊ ဤအမေးသည်။ သုတ္တေသု၊ ပါဠိတော်တို့၌။ နယုဇ္ဇတိ၊ မယှဉ်စေအပ်။ ဣတိ၊ ဤသို့။ တတ္ထ၊ ထိုပါဠိတော်၌။ ယာဝီမံသာ၊ အကြင်စုံစမ်းခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤစုံစမ်းခြင်းသည်။ ယုတ္တိ၊ ယုတ္တဟာရမည်၏။ ဟိ၊ ထိုစကားသင့်စွ။ သတ္တာနံ၊ သတ္တဝါတို့အား။ သံကိလေသာယ၊ ညစ်နွမ်းခြင်းငှါ။ ဟေတု၊ ဇနကအကြောင်းသည်။ အတ္ထိ၊ ရှိ၏။ ပစ္စယော၊ ဥပနိဿယအကြောင်းသည်။ အတ္ထိ၊ ရှိ၏။ ယထာ၊ အကြင်အခြင်းဖြင့်။ သဟေတူ၊ ဇနကအကြောင်းရှိကုန်သော။ သပ္ပစ္စယာ၊ ဥပနိဿယအကြောင်းရှိကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ သံကိလိဿန္တိ၊ ညစ်ညူးကုန်လတ္တံ့။ သတ္တာနံ၊ သတ္တဝါတို့အား။ ဝိသုဒ္ဓိယာ၊ စင်ကြယ်ခြင်းငှါ။ ဟေတု၊ ဇနကအကြောင်းသည်။ အတ္ထိ၊ ရှိ၏။ ပစ္စယော၊ ဥပနိဿယအကြောင်းသည်။ အတ္ထိ၊ ရှိ၏။ သဟေတူ၊ ဇနကအကြောင်းရှိကုန်သော။ သပ္ပစ္စယာ၊ ဥပနိဿယအကြောင်းရှိကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ ဝိသုဇ္ဈန္တိ၊ စင်ကြယ်ကုန်၏။ အာနန္ဒ၊ အာနန္ဒာ။ သီလဝတာ၊ သီလရှိသော။ ပုဂ္ဂလေန၊ ပုဂ္ဂိုလ်သည်။ နဝေယျာကရဏိယာ၊ မဖြေကြားအပ်သောစကားဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ ဣတိ၊ ဤသို့။ မေ၊ ငါ့အား။ ဝိပ္ပဋိသာရော၊ နှလုံးမသာမယာခြင်းသည်။ ဥပ္ပာဒေယျ၊ ဖြစ်စေရာ၏။ (ပ) အဗျာကရဏံ၊ မဖြေဘဲနေခြင်းကို။ ကတ္တဗ္ဗံ၊ ပြုအပ်၏။ အယံ၊ ဤသည်ကား။ ဝိသုဒ္ဓိယာ၊ ကိလေသာစင်ကြယ်ခြင်း၏။ မဂ္ဂေါ၊ အကြောင်းတည်း။ တဿ၊ ထိုအကြောင်း၏။ ဟေတု၊ ဇနကအကြောင်းသည်။ ကော၊ အဘယ်နည်း။ ပစ္စယော၊ ဥပနိဿယအကြောင်းသည်။ ကော၊ အဘယ်နည်း။ သီလက္ခန္ဓဿ၊ သီလကျေးဇူး၏။ ဟေတုစ၊ ဇနကအကြောင်းသည်လည်းကောင်း။ ပစ္စယောစ၊ ဥပနိဿယအကြောင်းသည်လည်းကောင်း။ စတ္တာရိ စတ္တာရိ၊ လေးပါးလေးပါးစီ ရှိကုန်၏။ သပ္ပုရိသသံသေဝေါ၊ သူတော်ကောင်းနှင့် အတူတကွ နေရခြင်းသည် လည်းကောင်း။ ယောစ ပတိရူပဒေသဝါသောစ၊ အကြင်လျောက်ပတ်သောအရပ်၌ နေရခြင်းသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤသူတော်ကောင်းနှင့်အတူတကွ နေရခြင်း လျောက်ပတ်သောအရပ်၌ နေရခြင်းသည်။ ဥပါဒါနပစ္စယတာ၊ ဥပါဒါန်အကြောင်းရှိသည်၏အဖြစ်ကြောင့်။

စာမျက်နှာ-136

သပ္ပစ္စယော၊ ဥပနိဿယအကြောင်းရှိသည်မည်၏။ ယံပေါရာဏကမ္မံ၊ အကြင်ရှေးကံဟောင်းသည်။ အဿ၊ ထိုဇနကကံ၏။ ဝိပါကော၊ အကျိုးမည်၏။ ပစ္စယော၊ ဥပနိဿယအကြောင်းမည်၏။ တာယပစ္စယာယ၊ ထိုဥပနိဿယအကြောင်းကြောင့်။ ယာအတ္တသမ္မာပဏိဓိ၊ အကြင်မိမိကိုယ်ကို ကောင်းစွာဆောက်တည်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤဆောက်တည်ခြင်းသည်။ ဟေတု၊ ဇနကအကြောင်းမည်၏။ ဣတိ၊ ဤသို့။ သီလက္ခန္ဓော၊ သီလအစုသည်။ သဟေတု၊ ဇနကအကြောင်းရှိ၏။ သပ္ပစ္စယော၊ ဥပနိဿယအကြောင်းရှိ၏။ ဣဒံ၊ ဤသည်ကား။ လောကိကံသီလံ၊ လောကီသီလတည်း။ လောကုတ္တရံ၊ လောကုတ္တရာဖြစ်သော။ ယံပနသီလံ၊ အကြင်သီလသည်ကား။ အတ္ထိ၊ ရှိ၏။ တဿ၊ ထိုသီလ၏။ သဒ္ဓိန္ဒြိယံ၊ သဒ္ဓိန္ဒြေသည်လည်းကောင်း။ ဝီရိယိန္ဒြိယံ၊ ဝီရိယိန္ဒြေသည်လည်းကောင်း။ သမာဓိန္ဒြိယံ၊ သမာဓိန္ဒြေသည်လည်းကောင်း။ ဣတိ၊ ဤသို့။ တီဏိဣန္ဒြိယာနိ၊ သုံးပါးသော ဣန္ဒြေတို့သည်။ ပစ္စယော၊ ဥပနိဿယအကြောင်းမည်၏။ အယံ၊ ဤဣန္ဒြေသုံးပါးသည်။ ပစ္စယော၊ ဥပနိဿယအကြောင်းမည်၏။ သတိန္ဒြိယဉ္စ၊ သတိန္ဒြေသည်လည်းကောင်း။ ပညိန္ဒြိယဉ္စ၊ ပညိန္ဒြေသည်လည်းကောင်း။ ဟေတု၊ ဇနကအကြောင်းမည်၏။ ပညာသယ၊ ငါးဆယ်သော။ နိဗ္ဗေဓဂါမိနီယံ၊ နိ္ဗေဗဓအဖို့သို့ ရောက်ကြောင်းဖြစ်သော။ သီလံ၊ သီလသည်။ ဇာယတိ၊ ဖြစ်၏။ သောတာပန္နဿစ၊ သောတာပန်ပုဂ္ဂိုလ်အားလည်း။ ယံသီလံ၊ အကြင်သီလသည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုသီလကြောင့်။ အယံ၊ ဤမဂ်စေတနာသည်။ ဟေတု၊ ဇနကအကြောင်းမည်၏။ အယံ၊ ဤသောတာပတ္တိမဂ်သည်။ ပစ္စယော၊ ဥပနိဿယအကြောင်းမည်၏။ ပုန၊ တဖန်။ သမာဓိနော၊ သမာဓိနှင့်ပြည့်စုံသောပုဂ္ဂိုလ်၏။ ပဿဒ္ဓိစ၊ ပဿဒ္ဓိသည်လည်းကောင်း။ ပီတိစ၊ ပီတိသည်လည်းကောင်း။ ယံပါမောဇ္ဇံ၊ အကြင်ဝမ်းမြောက်ခြင်းသည်လည်းကောင်း။ ပစ္စယော၊ ဥပနိဿယအကြောင်းမည်၏။ ယံသုခံ၊ အကြင်သုခသည်။ ဟေတု၊ ဇနကအကြောင်းမည်၏။ တေန၊ ထိုကြောင့်။ သမာဓိက္ခန္ဓော၊ သမာဓိအစုသည်။ သဟေတု၊ ဇနကအကြောင်းရှိ၏။ သပ္ပစ္စယော၊ ဥပနိဿယအကြောင်းရှိ၏။ သမာဟိတော၊ တည်ကြည်သောသူသည်။ ယထာဘူတံ၊ ဟုတ်တိုင်းမှန်စွာ။ ယံပဇာနာတိ၊ အကြင်ကြောင့်သိ၏။ အယံ၊ ဤသိခြင်းသည်။ ပညာ၊ ပညာမည်၏။ တဿ၊ ထိုသိခြင်း၏။ အဇ္ဈတ္တံ၊ မိမိကိုယ်၌။ ယောနိသောမနသိကာရော၊ အသင့်နှလုံးသွင်းခြင်းသည်။ ပရတောဃောသောစ၊ သူတစ်ပါးထံမှဖြစ်သော ဒေသနာအသံသည်။ ဟေတုစ၊ ဇနကအကြောင်းလည်းမည်၏။ ပစ္စယောစ၊ ဥပ

စာမျက်နှာ-137

နိဿယအကြောင်းလည်းမည်၏။ ဣတိ၊ ဤသို့။ ဣမေယောခန္ဓာ၊ ဤသုံးပါးကုန်သော ခန္ဓာတို့သည်။ သဟေတု၊ ဇနကအကြောင်းရှိကုန်၏။ သပ္ပစ္စယာ၊ ဥပနိဿယအကြောင်းရှိကုန်၏။ ဧဝံ၊ ဤသို့။ ပညာ၊ ပညာတို့သည်။ သတ္တ၊ ခုနစ်ပါးတို့တည်း။ သတ္တဗျာကရဏီယေသုစ၊ ခုနစ်ပါးကုန်သော အဖြေတို့၌လည်းကောင်း။ သုတ္တေသုစ၊ ပါဠိတော်တို့၌လည်းကောင်း။ နယုဇ္ဈတိ၊ မယှဉ်။ ယံ၊ ဤသည်ကား။ ယုတ္တိဟာရော၊ ယုတ္တိဟာရမည်၏။ သော၊ ထိုယုတ္တိဟာရကို။ စတုသူ၊ လေးပါးကုန်သော။ မဟာပဒေသေသု၊ မဟာပဒေသတို့၌။ ဒဋ္ဌဗ္ဗော၊ မှတ်အပ်၏။ တတ္ထ၊ ထိုဟာရတို့တွင်။ ပဒဋ္ဌာနံ၊ ပဒဋ္ဌာနဟာရသည်။ ကတမံ၊ အဘယ်နည်း။ ဇိနော၊ မြတ်စွာဘုရားသည်။ ဓမ္မံ၊ တရားတော်ကို။ ဒေသေတိ၊ ဟောတော်မူ၏။ တဿဓမ္မဿ၊ ထိုတရားကို။ ဧတ္တာဝတာ၊ ဤမျှဟောခြင်းဖြင့်။ သဗ္ဗဓမ္မာနံ၊ ခပ်သိမ်းကုန်သော တရားတို့၏။ ယံပဒဋ္ဌာနံ၊ အကြင်ပဒဋ္ဌာနအစီအရင်သည်။ အတ္ထိ၊ ရှိ၏။ ဧသော၊ ဤအစီအရင်သည်။ ပဒဋ္ဌာနဟာရော၊ ပဒဋ္ဌာနဟာရမည်၏။ တတ္ထ၊ ထိုဟာရ၌။ ပဉ္စကာမဂုဏာ၊ ကာမဂုဏ်ငါးပါးတို့သည်။ ကာမရာဂဿ၊ ကာမရာဂ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ ယေသံကေသဉ္စိ၊ အမှတ်မရှိ တစ်ရံတစ်ယောက်သောသူတို့အား။ ကာမရာဂေါ၊ ကာမရာဂသည်။ ဥပ္ပဇ္ဇတိဝါ၊ ဖြစ်ဆဲလည်းဖြစ်၏။ ဥပ္ပန္နောဝါ၊ ဖြစ်လည်းဖြစ်ပြီ။ ဥပ္ပဇ္ဇိဿတိဝါ၊ ဖြစ်လည်းဖြစ်လတ္တံ့။ ပဉ္စသု၊ ငါးပါးကုန်သော။ တေသုရူပေသု၊ ထိုရုပ်တို့၌။ ဧတေသုအာယတနေသု၊ ထိုအာယတနတို့၌။ ယေပိ၊ အကြင်ကာမရာဂတို့သည်လည်း။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်ဆဲ။ ဥပ္ပန္နော၊ ဖြစ်ကုန်ပြီ။ ဥပ္ပဇ္ဇိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ ဧတေဟိ၊ ထိုကာမဂုဏ်တို့မှ။ အညတြ၊ ကြဉ်၍။ ကာမရာဂဿ၊ ကာမရာဂ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းသည်။ ၊ မရှိ။ ဣတိ၊ ဤသို့။ ဝုစ္စတိ၊ ဆိုအပ်၏။ တေန၊ ထိုကြောင့်။ ပဉ္စကာမဂုဏာ၊ ငါးပါးကုန်သော ကာမဂုဏ်တို့သည်။ ကာမရာဂဿ၊ ကာမရာဂ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ ပဉ္စိန္ဒြိယာနိ၊ ငါးပါးကုန်သော ဣန္ဒြေတို့သည်။ ရူပရာဂဿ၊ ရူပရာဂ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ မနိန္ဒြိယံ၊ မနိန္ဒြေသည်။ ဘဝရာဂဿ၊ ဘဝရာဂ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ ပဉ္စက္ခန္ဓာ၊ ခန္ဓာငါးပါးတို့သည်။ သက္ကာယဒိဋ္ဌိယာ၊ သက္ကာယဒိဋ္ဌိ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ ဧကသဋ္ဌိဒိဋ္ဌိဂတာနိ၊ ခြောက်ဆဲ့တစ်ပါးကုန်သော ဒိဋ္ဌိတို့သည်။ ဒိဋ္ဌိရာဂဿ၊ ဒိဋ္ဌိရာဂ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ ကာမဓာတု၊ ကာမဓာတ်သည်။ ကာမရာဂဿ၊ ကာမရာဂ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်း

စာမျက်နှာ-138

မည်၏။ အရူပဓာတု၊ အရူပဓာတ်သည်။ အရူပရာဂဿ၊ အရူပရာဂ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ သုခသညာ၊ သုခသညာသည်။ ကာမရာဂဿ၊ ကာမရာဂ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ ဗျာပါဒသညာ၊ ဗျာပါဒသညာသည်။ ဗျာပါဒဿ၊ ဗျာပါဒ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ အသမ္ပဇညတာ၊ အဆင်အခြင်မရှိသောအဖြစ်သည်။ သမ္မောဟဿ၊ ပြင်းစွာ တွေဝေခြင်း၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ နဝအာဃာတဝတ္ထူနိ၊ ကိုးပါးကုန်သော ရန်ငြိုးဖွဲ့ခြင်းတို့သည်။ ဗျာပါဒဿ၊ ဗျာပါဒ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ နဝမာနံ၊ ကိုးပါးသော မာနတို့သည်။ ဝိဓမာနဿ၊ ဝိဓမာန၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ သုခဝေဒနာ၊ သုခဝေဒနာသည်။ ရာဂါနုသယဿ၊ ရာဂါနုသယ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ ဒုက္ခဝေဒနာ၊ ဒုက္ခဝေဒနာသည်။ ပဋိဃာနုသယဿ၊ ပဋိဃာနုသယ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ အဒုက္ခမသုခဝေဒနာ၊ အဒုက္ခမသုခဝေဒနာသည်။ အဝိဇ္ဇာနုသယဿ၊ အဝိဇ္ဇာနုသယ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ အတ္တဝါဒုပါဒါနဉ္စ၊ အတ္တဝါဒုပါဒါန်သည်လည်းကောင်း။ မုသာဝါဒေါစ၊ မုသာဝါဒသည်လည်းကောင်း။ လောဘဿ၊ လောဘ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ ပါဏာတိပါတောစ၊ ပါဏာတိပါတသည်လည်းကောင်း။ ပိသုဏဝါစာစ၊ ပိသုဏဝါစာသည်လည်းကောင်း။ ဖရုသဝါစာစ၊ ဖရုသဝါစာသည်လည်းကောင်း။ ဗျာပါဒဿ၊ ဗျာပါဒ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ ကာမေသုမိစ္ဆာစာရောစ၊ ကာမေသုမိစ္ဆာစာရသည်လည်းကောင်း။ သမ္ဖပ္ပလာပေါစ၊ သမ္ဖပ္ပလာပသည်လည်းကောင်း။ မောဟဿ၊ မောဟ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ ဘဝေါစ၊ ဘဝသည်လည်းကောင်း။ ဘောဂဉ္စ၊ စည်းစိမ်ဥစ္စာသည်လည်းကောင်း။ ဝေါကာရောစ၊ ခန္ဓာသည်လည်းကောင်း။ အဟံကာရဿ၊ ငါဟု မာန်မူခြင်း၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ ဗာဟိရာနံ၊ ဗာဟိရအာရုံတို့ကို။ ပရိဂ္ဂဟော၊ သိမ်းဆည်းခြင်းသည်။ မမင်္ကာရဿ၊ ငါ၏ဥစ္စာဟု ထင်မှတ်ခြင်း၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ ကာယဿ၊ ကိုယ်အား။ သင်္ဂံ၊ ကပ်ငြိခြင်းသည်။ ဒိဋ္ဌိယာ၊ မိစ္ဆာဒိဋ္ဌိ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ ကာယိကဒေါသော၊ ကာယိကဒုက္ခသည်။ ဒေါသဿ၊ ဒေါသ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ ကာယိကကသဝေါ၊ ကိုယ်၌ဖြစ်သော ကိလေသာတည်းဟူသော ဖန်ရည်သည်။ လောဘဿ၊ လောဘ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ ယေနယေနအာရမ္မဏေနဝါ၊ အကြင်

စာမျက်နှာ-139

အကြင်သို့သော အာရုံဖြင့်လည်းကောင်း။ သစ္စာဓိဋ္ဌာနေနဝါ၊ သစ္စာဓိဋ္ဌာန်ဖြင့်လည်းကောင်း။ ဓမ္မာဓိဋ္ဌာနေနဝါ၊ ဓမ္မာဓိဋ္ဌာန်ဖြင့်လည်းကောင်း။ အနုသယနေနဝါ၊ အနုသယဖြင့်လည်းကောင်း။ ယောဝါယောဝါပနဓမ္မော၊ အကြင်အကြင်သို့သော ဖြူစင်သောကုသိုလ်တရားသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ သောဓမ္မော၊ ထိုတရားသည်။ တဿ၊ ထိုအာရုံစသည်၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ တေနအာရမ္မဏေန၊ ထိုအာရုံနှင့်တကွ။ သောဓမ္မော၊ ထိုတရားသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ယထာ၊ ဥပမာအဘယ်သို့နည်းဟူမူကား။ မနုဿော၊ လူသည်။ ပုရိမဿ၊ ရှေးဖြစ်သော။ ပဒဿ၊ ခြေ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းကို။ အလဘန္တော၊ မရသည်ရှိသော်။ ဒုတိယံပဒံ၊ နှစ်ခုမြောက်သောခြေကို။ ဥဒ္ဓရတိ၊ ကြွ၏။ သော၊ ထိုသူသည်။ ပစ္ဆာနုပဒံ၊ နောက်ခြေကို။ သံဟရတိ၊ ရုတ်၏။ ယော၊ အကြင်သူသည်။ ဒုတိယဿပဒဿ၊ နှစ်ခုမြောက်သောခြေ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းကို။ ယဒိပနနလဘတိ၊ အကယ်၍ မရသည်ဖြစ်အံ့။ အပရံပဒံ၊ တပါးသောခြေကို။ ဥဒ္ဓရတိ၊ ကြွ၏။ တဿ၊ ထိုသူအား။ ယောသောပစ္စယော၊ အကြင်ဥပနိဿယအကြောင်းသည်။ ယဒိဘဝတိ၊ အကယ်၍ ဖြစ်အံ့။ ဧဝံ၊ ဤသို့ဖြစ်သည်ရှိသော်။ ကုသလောဝါ၊ ကုသိုလ်လည်းဖြစ်သော။ အကုသလောဝါ၊ အကုသိုလ်လည်းဖြစ်သော။ အဗျာကတောဝါ၊ အဗျာကတလည်းဖြစ်သော။ ဓမ္မော၊ တရားသည်။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းကို။ အလဘန္တော၊ မရသည်ရှိသော်။ နပဝတ္တတိ၊ မဖြစ်။ ယထာ၊ အကြင်အခြင်းဖြင့်။ ပယုတ္တဿ၊ ယှဉ်အပ်သော။ ဓမ္မဿ၊ သဘော၏။ ယောနိသောမနသိကာရော၊ အသင့်နှလုံးသွင်းခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤသည်ကို။ ပဒဋ္ဌာနဟာရော၊ ပဒဋ္ဌာနဟာရဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ တတ္ထ၊ ထိုဟာရတို့တွင်။ လက္ခဏဟာရော၊ လက္ခဏဟာရသည်။ ကတမော၊ အဘယ်နည်း။ ဧကဓမ္မေ၊ တစ်ခုသောတရားကို။ ဝုတ္တမှိ၊ ဟောအပ်သည်ရှိသော်။ ယေဓမ္မာ၊ အကြင်တရားတို့သည်။ ဧကလက္ခဏာ၊ တူသောလက္ခဏာရှိကုန်၏။ တေန၊ ထိုကြောင့်။ သဗ္ဗေ၊ အလုံးစုံကုန် တရားတို့ကို။ ဝုတ္တာ၊ ဟောအပ်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ သောဟာရော၊ ထိုဟာရသည်။ လက္ခဏောနာမ၊ လက္ခဏဟာရမည်၏။ ယေသဉ္စသုသမာရဒ္ဓါ နိစ္စံ ကာယဂတာ သတီတိ ဂါထာယ၊ ယေသဉ္စသုသမာရဒ္ဓါ နိစ္စံ ကာယဂတာ သတီဟူသော ဤဂါထာဖြင့်။ ဝုတ္တာယ၊ ဟောအပ်သည်ရှိသော်။ ကာယဂတာသတိယာ၊ ကာယဂတာသတိဖြင့်။ ဝေဒနာဂတာ၊ ဝေဒနာလျှင်အာရုံရှိသော။ သတိစ၊ သတိကိုလည်းကောင်း။ စိတ္တဂတာ၊ စိတ်လျှင်အာရုံရှိသော။ သတိစ၊ သတိကို

စာမျက်နှာ-140

လည်းကောင်း။ ဓမ္မာဂတာ၊ ဒုက္ခသစ္စာအစရှိသော ဓမ္မဟု ဆိုအပ်သော တရားအပေါင်းလျှင်အာရုံရှိသော။ သတိစ၊ သတိကိုလည်းကောင်း။ စတုန္နံ၊ လေးပါးကုန်သော။ သတိပဋ္ဌာနာနံ၊ သတိပဋ္ဌာန်တို့တွင်။ ဧကေနသတိပဋ္ဌာနေန၊ တစ်ခုသော သတိပဋ္ဌာန်ဖြင့်။ ဝုတ္တာ၊ ဟောအပ်၏။ ဟိသစ္စံ၊ ထိုစကားသည် မှန်၏။ စိတ္တံ၊ စိတ်သည်။ ဧကသ္မိံ ဝိညာဏဌိတိယာ၊ တစ်ခုသော ဝိညာဏဌိတိ၌။ နပဝတ္တတိ၊ မဖြစ်။ နာနာသု၊ အထူးထူးသောအပြားတို့၌။ ပဝတ္တတိ၊ ဖြစ်၏။ ကာယဂတာသတိယာ၊ ကာယဂတာသတိကို။ ဝုတ္တာယ၊ ဟောအပ်သည်ရှိသော်။ ဝေဒနာဂတာ၊ ဝေဒနာကို အာရုံပြု၍ ဖြစ်သော။ စိတ္တဓမ္မာဂတာစ၊ စိတ်ဓမ္မကို အာရုံပြု၍ ဖြစ်သော။ သတိစ၊ သတိကိုလည်း။ ဝုတ္တာ၊ ဟောအပ်ကုန်၏။ ဟိသစ္စံ၊ မှန်၏။ ကာယဂတာသတိယာ၊ ကာယဂတာသတိကို။ ဘာဝိတာယ၊ ပွားအပ်သည်ရှိသော်။ စတ္တာရော၊ လေးပါးကုန်သော။ သတိပဋ္ဌာနာ၊ သတိပဋ္ဌာန်တို့သည်။ ဘာဝနာ၊ ပွားခြင်းသို့။ နဂစ္ဆန္တိ၊ မရောက်ကုန်သည်ကား။ ၊ မဟုတ်။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။ ဧဝံ၊ ဤသို့။ တာဒိသေသု၊ ထိုသတိပဋ္ဌာန် နှင့်တူကုန်သော။ ဓမ္မေသု၊ အလုံးစုံသော တရားတို့ကို။ ဝုတ္တေသု၊ ဟောအပ်ကုန်သည်ရှိသော်။ သဗ္ဗဓမ္မာ၊ အလုံးစုံသောတရားတို့ကို။ ဝုတ္တာ စ၊ ဟောအပ်ကုန်သည်လည်း။ ဘဝန္တိ၊ ဖြစ်ကုန်၏။ သစိတ္တပရိယောဒပနံ ဧတံ ဗုဒ္ဓါန သာသနန္တိ၊ သစိတ္တပရိယောဒပနံ ဧတံ ဗုဒ္ဓါန သာသနံဟူသော။ ဂါထာ ဂါထာယ၊ ဂါထာဖြင့်။ စိတ္တေ၊ စိတ်၌။ စေတသိကာ၊ စေတသိက်ဖြစ်ကုန်သော။ ဓမ္မာ၊ တရားတို့ကို။ ဝုတ္တာ၊ ဟောအပ်ကုန်၏။ စိတ္တေ၊ စိတ်ကို။ ဝုတ္တေ၊ ဟောအပ်သည်ရှိသော်။ ရူပမ္ပိ၊ ရုပ်ကိုလည်းကောင်း။ ဝုတ္တံ၊ ဟောအပ်၏။ ဣဒံနာမရူပံ၊ ဤနာမ်ရုပ်သည်။ ဒုက္ခံ၊ ဒုက္ခဖြစ်သော။ အရိယသစ္စံ၊ အရိယသစ္စာမည်၏။ တတော၊ ထိုကြောင့်။ သစိတ္တပရိယောဒပနာယံ၊ မိမိစိတ်ကို ဖြူစင်စေခြင်း၌။ ယာ၊ အကြင်ဝိပဿနာသည်။ ဩဒပတိ၊ ဖြူစင်စေ၏။ တံ၊ ထိုဖြူစင်ကြောင်း ဘာဝနာစိတ်သည်။ ဒုက္ခံ၊ ဒုက္ခသစ္စာမည်၏။ ယေန၊ အကြင်မဂ်တရားဖြင့်။ ဩဒပေတိ၊ ဖြူစင်စေ၏။ သော၊ ထိုမဂ်တရားသည်။ မဂ္ဂေါ၊ မဂ္ဂသစ္စာမည်၏။ ယတော၊ အကြင်ကြောင့်။ ဩဒပနာ၊ ကိလေသာ ဖြူစင်ရာ နိဗ္ဗာန် သည်။ အတ္ထိ၊ ရှိ၏။ သော၊ ထိုနိဗ္ဗာန်သည်။ နိရောဓော၊ နိရောဓသစ္စာမည်၏။ စက္ခုဉ္စ၊ စက္ခုပသာဒကိုလည်းကောင်း။ ရူပေစ၊ ရူပါရုံတို့ကိုလည်းကောင်း။ ပဋိစ္စ၊ စွဲ၍။ စက္ခုဝိညာဏံ၊ စက္ခုဝိညာဉ်သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ တတ္ထ၊ ထိုသို့ဖြစ်ရာ၌။ သဟဇာတာ၊ တကွဖြစ်ခြင်း ရှိသော။ ဝေဒနာ၊ ဝေဒနာလည်းကောင်း။ သညာ၊ သညာလည်းကောင်း။ စေတနာ၊ စေတနာလည်းကောင်း။ ဖဿော၊ ဖဿလည်းကောင်း။ မနသိကာရော

စာမျက်နှာ-141

မနသိကာရလည်းကောင်း။ ဧတေ၊ ထိုသို့သဘောရှိကုန်သော။ တေဓမ္မာ၊ ထိုတရားတို့သည်။ ဥပ္ပါဒလက္ခဏေန၊ ဖြစ်ခြင်း၌ အမှတ်အားဖြင့်။ ဧကလက္ခဏာ၊ တူသောလက္ခဏာရှိကုန်၏။ ယေစ၊ အကြင်သူတို့သည်လည်း။ ရူပေ၊ ရုပ်၌။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။ သော၊ ထိုသူသည်။ ဝေဒနာယ၊ ဝေဒနာ၌။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။ သညာသင်္ခါရဝိညာဏေသုပိ၊ သညာသင်္ခါရဝိညာဉ်တို့၌လည်း။ သော၊ ထိုသူသည်။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။ ဣတိ၊ ဤသို့။ ဧကလက္ခဏာ၊ တူသောလက္ခဏာရှိကုန်သော။ ယေဓမ္မာ၊ အကြင်တရားတို့သည်။ အတ္ထိသန္တိ၊ ရှိကုန်၏။ တေသံ၊ ထိုတရားတို့တွင်။ ဧကမှိဓမ္မေ၊ တစ်ခုသောတရားကို။ နိဒ္ဒိဋ္ဌေ၊ ညွှန်းပြအပ်သည်ရှိသော်။ သဗ္ဗေဓမ္မာ၊ အလုံးစုံသောတရားတို့ကို။ နိဒ္ဒိဋ္ဌာ၊ ညွှန်းပြအပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ အယံ၊ ဤတူသောလက္ခဏာအားဖြင့်ပြခြင်းကို။ လက္ခဏောဟာရော၊ လက္ခဏာဟာရဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

တတ္ထ၊ ထိုဟာရတို့တွင်။ စတုဗျူဟာဟာရော၊ စတုဗျူဟာဟာရသည်။ ကတမော၊ အဘယ်နည်း။ နိရုတ္ထိအဓိပ္ပါယောစ၊ ဝိဂြိုဟ်ဆိုခြင်း၌အလိုအားဖြင့်လည်းကောင်း။ ဗျဉ္ဇနာစ၊ ဗျဉ္ဇနပဒခြောက်ပါးလည်းကောင်း။ ဒေသနာယစ၊ တရားဟောခြင်း၌လည်းကောင်း။ သုတ္တတ္ထော၊ ပါဠိတော်၏ နိဒါန်းဟူသောတရားကို ဝတ္ထုရှိသော။ အဓိပ္ပါယော၊ အလို၌လိမ္မာခြင်းလည်းကောင်း။ ပုဗ္ဗာပရသန္ဓိ၊ ဒေသနာ၏ ရှေ့နောက်စပ်ခြင်း ပုဒ်၏ ရှေ့နောက်စပ်ခြင်းဟုဆိုအပ်သော။ အဓိပ္ပါယော၊ အလို၌ လိမ္မာခြင်းလည်းကောင်း။ ဣတိ၊ ဤသို့။ ပဝတ္တော၊ ဖြစ်သော။ ယောဟာရော၊ အကြင်ဟာရသည်။ အတ္ထိ၊ ရှိ၏။ ဧသောဟာရော၊ ဤဟာရသည်။ စတုဗျူဟာ၊ စတုဗျူဟာဟာရမည်၏။ တတ္ထ၊ ထိုလေးပါးတို့တွင်။ နိရုတ္တိ၊ နိရုတ္တိသည်။ ကတမာ၊ အဘယ်နည်း။ ယာပဋိသမ္ဘိဒါ၊ အကြင်ပဋိသမ္ဘိဒါဉာဏ်သည်။ အတ္ထိ၊ ရှိ၏။ သာ၊ ထိုပဋိသမ္ဘိဒါဉာဏ်ကို။ ကထံ၊ အဘယ်သို့။ ပဿိတဗ္ဗာ၊ ရှုအပ်သနည်း။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ယထာ၊ အကြင်အခြင်းဖြင့်။ ဧကာဒသဟိ အင်္ဂေဟိသမန္နာဂတော ဘိက္ခု ခိပ္ပံ ဓမ္မေသု မဟတ္တံ ပါပုဏာတိ၊ ဧကာဒသဟိ အင်္ဂေဟိ သမန္နာဂတာ ဘိက္ခု ခိပ္ပံ ဓမ္မေသု မဟတ္တံ ပါပုဏာတိဟူ၍။ ဝုတ္တံ၊ ဟောတော်မူအပ်၏။ ဧကာဒသဟိ၊ တစ်ဆယ့်တစ်ပါးကုန်သော။ အင်္ဂေဟိ၊ အင်္ဂါတို့နှင့်။ သမန္နာဂတော၊ ပြည့်စုံသော။ ဘိက္ခု၊ ရဟန်းသည်။ ခိပ္ပံ၊ လျှင်စွာ။ ဓမ္မေသု၊ ဈာန်သမာပတ်တရားတို့၌။ မဟတ္တံ၊ မြတ်သောအဖြစ်သို့။ ပါပုဏာတိ၊ ရောက်၏။ အတ္ထကုသလောစ၊ အနက်၌ လိမ္မာခြင်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဓမ္မကုသလောစ၊ ပါဠိ၌လိမ္မာခြင်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ နိရုတ္တိ

စာမျက်နှာ-142

ကုသလောစ၊ ဝိဂြိုဟ်ဆိုခြင်း၌ လိမ္မာခြင်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဣတ္ထာဓိဝစနကုသလောစ၊ မိန်းမဟူသော ပညတ်ကိုဟောသော သဒ္ဒါ၌ လိမ္မာသည်လည်း။ ဟောတိ၊ ဖြစ်၏။ ပုရိသာဓိဝစနကုသလောစ၊ ယောက်ျားဟူသောပညတ်ကို ဟောသောသဒ္ဒါ၌ လိမ္မာသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဝိပုရိသာဓိဝစနကုသလောစ၊ နပုံးဟူသောပညတ်ကို ဟောသောသဒ္ဒါ၌ လိမ္မာသည်လည်း။ ဟောတိ၊ ဖြစ်၏။ အတီတာဓိဝစနကုသလောစ၊ အတိတ်ကာလကို ဟောသောသဒ္ဒါ၌ လိမ္မာသည်လည်းကောင်း။ အနာဂတာဓိဝစနကုသလောစ၊ အနာဂတ်ကာလကို ဟောသောသဒ္ဒါ၌ လိမ္မာသည်လည်းကောင်း။ ပစ္စုပ္ပန္နာဓိဝစနကုသလောစ၊ ပစ္စုပ္ပန်ကာလကို ဟောသောသဒ္ဒါ၌ လိမ္မာသည်လည်းကောင်း။ ဧကာဓိပ္ပါယေန၊ တစ်ခုသော အလိုဖြင့်။ ကုသလော၊ လိမ္မာခြင်းသည်လည်းကောင်း။ နာနာဓိပ္ပါယေန၊ အထူးထူးသောအလိုဖြင့်။ ကုသလော၊ လိမ္မာခြင်းသည် လည်းကောင်း။ ဟောတိ၊ ဖြစ်၏။ အတီတာနာဂတံပစ္စုပ္ပန္နံ၊ အတိတ်အနာဂတ်ပစ္စုပ္ပန်ကို။ ကိမှိဒေသိတံ၊ အဘယ်သို့ ဟောသနည်း။ ဣတ္ထာဓိဝစနေန၊ မိန်းမဟူသောပညတ်ကို ဟောသောသဒ္ဒါဖြင့်။ ပုရိသာဓိဝစနေန၊ ယောက်ျားဟူသောပညတ်ကို ဟောသောသဒ္ဒါဖြင့်။ ဝိပုရိသာဓိဝစနေန၊ နပုံးဟူသောပညတ်ကို ဟောသောသဒ္ဒါဖြင့်။ ကိမှိဒေသိတံ၊ အဘယ်သို့ဟောအပ်သနည်း။ သဗ္ဗံ၊ အလုံးစုံသော။ သုတ္တံ၊ သုတ်ကို။ ယထာ၊ အကြင်အခြင်းဖြင့်။ နိဒ္ဒိဋ္ဌံ၊ ညွှန်ပြအပ်၏။ တံသုတ္တံ၊ ထိုသုတ်ကို။ ဗျဉ္ဇနတော၊ သဒ္ဒါအားဖြင့်။ နိရုတ္တိတော၊ ဝိဂြိုဟ်အားဖြင့်။ ကောသလ္လတော၊ လိမ္မာသောအားဖြင့်။ သုတ္တဿ၊ သုတ်၏။ ယံသုနိရုတ္တိ၊ အကြင်ကောင်းစွာ ဝိဂြိုဟ်ဆိုခြင်းသည်လည်းကောင်း။ ယံဒုန္နိရုတ္တိ၊ အကြင်ငြိုငြင်သဖြင့်ခက်ခဲသော ဝိဂြိုဟ်ဆိုခြင်းသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ယော၊ အကြင်သူသည်။ တံ၊ ထိုနှစ်ပါးသောဝိဂြိုဟ်ဆိုခြင်းကို။ အဝေက္ခတိ၊ ကြည့်ရှုဆင်ခြင်၏။ ဧဝံ၊ ဤသို့သောအခြင်းအရာအားဖြင့်။ ဣဒံ၊ ဤသုတ်ကို။ နိရောပယိတဗ္ဗံ၊ တင်အပ်၏။ ဣဒမ္ပိ၊ ဤသုတ်ကိုလည်း။ နနိရောပယိတဗ္ဗံ၊ မတင်အပ်။ ဣဒံ၊ ဤအလုံးစုံကို။ နိရုတ္တိကောသလ္လံ၊ နိရုတ္တိကောသလ္လဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ တတ္ထ၊ ထိုစတုဗျူဟာ၌။ အဓိပ္ပါယကောသလ္လံ၊ အဓိပ္ပါယကောသလ္လသည်။ ကတမံ၊ အဘယ်နည်း။ ယထာဒေသိတဿ၊ အကြင်အကြောင်းဖြင့်ဟောအပ်သော။ သဗ္ဗဿသုတ္တဿ၊ အလုံးစုံသောသုတ်၏။ ဝါရံ၊ အလှည့်အကြိမ်သည်။ ဂစ္ဆတိ၊ ရောက်၏။ ဣမံ၊ ဤသူတို့ကို။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ နဒေသိတဗ္ဗံ၊ မဟောအပ်၏။ ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗံ၊ သိအပ်၏။ ယထာကိံ၊ ဥဒါဟရုဏ်အဘယ်နည်းဟူမူကား။ အပ

စာမျက်နှာ-143

မာဒေါ အမတံ ပဒံ ပမာဒေါ မစ္စုနော ပဒန္တိ ဂါထာတျာဒိ၊ အပ္ပမာဒေါ အမတံ ပဒံ ပမာဒေါ မစ္စုနော ပဒံ ဤသို့အစရှိသောဂါထာတည်း။ ဧတ္ထ၊ ဤဂါထာ၌။ ဘဂဝတော၊ ဘုရားရှင်၏။ အဓိပ္ပါယော၊ အလိုကား။ ကော၊ အဘယ်နည်း။ ယေ၊ အကြင်သူတို့သည်။ အသီတိမေဝ၊ ရှစ်ဆယ်တို့ကိုသာလျှင်။ အာကင်္ခန္တိ၊ အလိုရှိကုန်၏။ တေ၊ ထိုသူတို့သည်။ အပ္ပမတ္တာ၊ မမေ့မလျော့ကုန်သည်ဖြစ်၍။ ဝိဟရိဿန္တိ၊ နေကုန်လတ္တံ့။ အယံ၊ ဤသည်ကား။ အဓိပ္ပါယော၊ အဓိပ္ပါယမည်၏။ ယောဂဿ၊ ယောဂီပုဂ္ဂိုလ်အား။ ကာလံ၊ ဗုဒ္ဓုပ္ပါဒကာလကို။ ယာစနနိဝတ္တတိ၊ အကြင့်ကြောင့်မလွန်စေ။ သော၊ ထိုယောဂီပုဂ္ဂိုလ်သည်။ တတ္ထ၊ ထိုဗုဒ္ဓုပ္ပါဒကာလ၌။ ပါပိန္တဝေ၊ ယုတ်မာသောအယုတ်တရား၌။ နဘဝန္တိ၊ မဖြစ်ကုန်။ ဝေဒနာမဂ္ဂဣသိ၊ ဝေဒနာမဂ္ဂရသေ့သည်။ ပဝေဒိတံ၊ ဟောအပ်၏။ ဓုတရဇာသဝေါ၊ ခါတွက်အပ်ပြီးသော ကိလေသာဟူသောမြူရှိသောသူသည်။ အာသဝဒုက္ခာစ၊ အာသဝေါတရားတည်းဟူသောဆင်းရဲမှ။ ပမောက္ခတာ၊ လွတ်သည်၏အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။

ဧတ္ထ၊ ဤဟာရတို့တွင်။ ဘဂဝတော၊ မြတ်စွာဘုရား၏။ အဓိပ္ပါယော၊ အလိုကား။ ကော၊ အဘယ်နည်း။ ယေ၊ အကြင်သူတို့သည်။ ဒုက္ခေ၊ ဆင်းရဲ၌။ နာဿာဒကာ၊ အလွန်ပျက်စီးခြင်းရှိကုန်၏။ တေ၊ ထိုသူတို့သည်။ ဒုက္ခက္ခယာယ၊ ဒုက္ခကုန်ခြင်းငှာ။ ဝီရိယံ၊ လုံ့လကို။ အာရဘိဿန္တိ၊ အားထုတ်ကုန်လတ္တံ့။ ဣတိအယံ၊ ဤဆိုအပ်ခဲ့ပြီးသည်ကား။ တတ္ထ၊ ထိုဒေသနာ၌။ ဘဂဝတော၊ မြတ်စွာဘုရား၏။ အဓိပ္ပါယော၊ အဓိပ္ပါယမည်၏။ ဣတိ၊ ဤသို့။ ဂါထာယဝါ၊ ဂါထာဖြင့်လည်းကောင်း။ ဗျာကရဏေနဝါ၊ ဖြေရာဖြေကြောင်းပါဌ်ဖြင့်လည်းကောင်း။ ဣမိနာသုတ္တေန၊ ဤသုတ်ဖြင့်လည်းကောင်း။ သာဓကာ၊ သက်သေတို့ကို။ ဒေသိတာ၊ ဟောအပ်ကုန်သည်ရှိသော်။ ယော၊ အကြင်တပည့်သားသည်။ ဧဝံ၊ ဤသို့။ ဓမ္မာနုဓမ္မံ၊ လောကုတ္တရာတရားနှင့်လျော်သော အကျင့်ကို။ ပဋိပဇ္ဇတိ၊ ကျင့်၏။ ဣတိ တသ္မာ၊ ထိုကြောင့်။ သော၊ ထိုတပည့်သားကို။ အဓိပ္ပါယော၊ အလိုရှိအပ်၏။ အယံ၊ ဤဆိုအပ်ပြီးသည်ကို။ ဒေသနာဓိပ္ပါယော၊ ဒေသနာဓိပ္ပါယဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ တတ္ထ၊ ထိုဟာရတို့တွင်။ ပုဗ္ဗာပရသန္ဓိ၊ ပုဗ္ဗာပရသန္ဓိသည်။ ကတမာ၊ အဘယ်နည်း။ ဂါထာယဝါ၊ ဂါထာ၌လည်းကောင်း။ သုတ္တေသုဝါ၊ သုတ်တို့၌လည်းကောင်း။ အသီတိ၊ ရှစ်ဆယ်ကုန်သော။ ယံယာနိပဒါနိ၊ အကြင်ပုဒ်တို့သည်။ သန္တိ၊ ရှိကုန်၏။ တာနိ၊ ထိုပုဒ်တို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဧဝံဝါ၊ ဤသို့လည်း ဟောတော်မူတိုင်း။ ဧတိဿဂါထာယဝါ၊ ထိုဂါထာ၏လည်းကောင်း။ သုတ္တဿဝါ

စာမျက်နှာ-144

သုတ်၏လည်းကောင်း။ ပုရိမာနိ၊ ရှေး၌ဖြစ်ကုန်သော။ ယာနိပဒါနိစ၊ အကြင်ပုဒ်တို့သည်လည်းကောင်း။ ပစ္ဆိမကာနိ၊ နောက်၌ဖြစ်ကုန်သော။ ယာနိစပဒါနိ၊ အကြင်ပုဒ်တို့သည်လည်းကောင်း။ အတ္ထိသန္တိ၊ ရှိကုန်၏။ တာနိ၊ ထိုပုဒ်တို့သည်။ သမောသာရေတဗ္ဗာနိ၊ ပေါင်းအပ်ကုန်၏။ ဧဝံ၊ ဤသို့။ သော၊ ထိုပေါင်းခြင်းကို။ ပုဗ္ဗာပရေန၊ ရှေ့နောက်ဖြင့်။ သန္ဓိ၊ စပ်ခြင်းဟူ၍။ ဉာယတိ၊ သိအပ်၏။ သမာရဒ္ဓါ၊ ကောင်းစွာအားထုတ်အပ်ကုန်သော။ ယာဧကာဂါထာ၊ အကြင်တစ်ခုသောဂါထာသည်လည်းကောင်း။ ဒွေဝါ၊ နှစ်ခုကုန်သောဂါထာတို့သည်လည်းကောင်း။ တီဏိဝါ၊ သုံးခုကုန်သောဂါထာတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ တဿ၊ ထိုဂါထာ၏။ ဧကဒေသ၊ တစ်စိတ်တစ်ဒေသတို့ကို။ ဘာသိတာနံ၊ ဟောအပ်ကုန်သောပုဒ်တို့အား။ အဘာသိတာဟိ၊ မဟောအပ်ကုန်သော။ ဂါထာဟိ၊ ဂါထာတို့ဖြင့်။ အနိဒ္ဒိဋ္ဌော၊ မညွှန်းပြအပ်သော။ အတ္ထော၊ အနက်သည်။ ဘဝတိ၊ ဖြစ်၍။ တံ၊ ထိုအနက်ကို။ ဥပဓာရိတဗ္ဗံ၊ နှိုင်းယှဉ်အပ်၏။ ယံ၊ အကြင်သုတ်သည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုသုတ်ကို။ သဗ္ဗာ၊ အလုံးစုံအားဖြင့်လျှင်။ ဣတိ၊ ဤသို့။ ပရိယေသမာနဿ၊ ရှာမှီးသော။ ပရိယေသနာသင်္ခါဟဿ၊ ရှာတတ်သည်ဟုဆိုအပ်သော။ အဿ ပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်၏။ ပညတ္တီနံ၊ အပြားအားဖြင့်သိခြင်းတို့ကို။ အပရေ၊ တစ်ပါးသောသုတ်၌။ ပရိယေသိတဗ္ဗံ၊ ရှာမှီးအပ်၏။ ဣဒံ၊ ဤအလုံးစုံကို။ ပုဗ္ဗာပရသန္ဓိ၊ ပုဗ္ဗာပရသန္ဓိဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ကောသလ္လန္တိ၊ ကောသလ္လဟူသည်ကား။ ဝတ္ထုတော၊ တရားကိုယ်အားဖြင့်။ နိဒါနကောသလ္လံ၊ နိဒါနကောသလ္လကိုလည်းကောင်း။ ဗျဉ္ဇနတော၊ သဒ္ဒါအားဖြင့်။ နိရုတ္တိကောသလ္လံ၊ နိရုတ္တိကောသလ္လကိုလည်းကောင်း။ ဒေသနာဓိပ္ပါယကောသလ္လံ၊ ဒေသနာဓိပ္ပါယကောသလ္လကိုလည်းကောင်း။ ပုဗ္ဗာပရသန္ဓိကောသလ္လံ၊ ပုဗ္ဗာပရသန္ဓိကောသလ္လကိုလည်းကောင်း။ ပရိယေသိတဗ္ဗံ၊ ရှာအပ်၏ဟူ၏။ တတ္ထ၊ ထိုရှာခြင်း၌။ တဿ၊ ထိုသုတ်၏။ ဂါထာ၊ ဂါထာတို့ကို။ ပရိယေသိတာ၊ ရှာအပ်ကုန်သည်ရှိသော်။ နိဒါနံ၊ နိဒါန်းကို။ ဥပလဗ္ဘိတုံဝါ၊ ရသည်မူလည်းဖြစ်စေ။ နဥပလဗ္ဘိဝါ၊ မရသည်မူလည်းဖြစ်စေ။ အတ္ထော၊ အနက်ကို။ နိဒ္ဒိသိတဗ္ဗော၊ ညွှန်းပြအပ်၏။ ဝတ္ထုတော၊ တရားကိုယ်အားဖြင့်။ နိဒါနကောသလ္လံ၊ နိဒါနကောသလ္လကို။ အတ္ထကောသလ္လံ၊ အတ္ထကောသလ္လကို။ နိဒ္ဒိသိတဗ္ဗာ၊ ပြအပ်၏။ စတူဟိ၊ လေးပါးကုန်သော။ ဣမေဟိပဒေဟိ၊ ဤပုဒ်တို့ဖြင့်။ အတ္ထော၊ အနက်ကို။ ပရိယေသိယန္တော၊ ရှာသည်ရှိသော်။ ယထာဘူတံ၊ ဟုတ်မှန်တိုင်း။ ပရိယိဋ္ဌော၊ ထက်ဝန်းကျင်မှ ရှာမှီးအပ်သည်။ ဟောတိ၊ ဖြစ်၏။ အထစ၊ တစ်နည်း

စာမျက်နှာ-145

ကား။ ဝတ္ထုတောဝါ၊ တရားကိုယ်အားဖြင့်လည်းကောင်း။ နိဒါနေနဝါ၊ နိဒါန်းအားဖြင့်လည်းကောင်း။ သဗ္ဗော၊ အလုံးစုံကို။ ပရိယေသိတဗ္ဗော၊ ရှာမှီးအပ်၏။ ယောအဓိပ္ပါယောစ၊ အကြင်အဓိပ္ပါယ်ကိုလည်းကောင်း။ ယောဗျဉ္ဇနောစ၊ အကြင်သဒ္ဒါကိုလည်းကောင်း။ ယာနိရုတ္တိ၊ အကြင်ဝိဂြိုဟ်ကိုလည်းကောင်း။ ပုဗ္ဗာပရေန၊ ရှေ့နောက်ဖြင့်။ အနုတ္တရော၊ လွန်ကဲသော။ ဧသောသန္ဓိ၊ ဤအနုသန္ဓေကိုလည်းကောင်း။ ဧဝံသုတ္တတ္ထေန၊ ဤသုတ်အနက်ဖြင့်။ ဒေသိတဗ္ဗံ၊ ဖွင့်ပြစပ်၏။ အယံ၊ ဤအလုံးစုံသည်။ စတုဗျူဟာဟာရော၊ စတုဗျူဟာဟာရမည်၏။

တတ္ထ၊ ထိုဟာရတို့တွင်။ အာဝဋ္ဋောဟာရော၊ အာဝဋ္ဋောဟာရသည်။ ကတမော၊ အဘယ်နည်း။ ဧကမှိပဒဋ္ဌာနေ၊ တစ်ခုသောနီးစွာသော အကြောင်း၌။ ပရိယေသတိ၊ ရှာမှီး၏။ သေသကံ၊ မိမိမှ ကြွင်းသော။ ပဒဋ္ဌာနံ၊ ပဒဋ္ဌာန်မည်၏။ ပဋိပက္ခေ၊ ဆန့်ကျင်ဘက်တို့ကို။ အာဝဋ္ဋတိ၊ လည်စေ၍။ သောဟာရော၊ ထိုဟာရသည်။ အာဝဋ္ဋောနာမ၊ အာဝဋ္ဋောဟာရမည်၏။ ယထာကိံ၊ ဥဒါဟရုဏ်အဘယ်နည်းဟူမူကား။ ဥန္နဠာနံပမတ္တာနန္တိဂါထာယောအာဒိ၊ ဥန္နဠာနံပမတ္တာနံအန္တိ ဂါထာယောအစရှိသည်တည်း။ ယံ ယော ပမာဒေါ၊ အကြင် မေ့လျော့ခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဣဒံ၊ ဤမေ့လျော့ခြင်းသည်။ ကိဿ၊ အဘယ်၏။ ပဒဋ္ဌာနံ၊ ပဒဋ္ဌာန်မည်သနည်း။ ကုသလာ ဓမ္မာ ဩသဂ္ဂဿ၊ ကုသိုလ်တရားဆုတ်ယုတ်ခြင်း၏။ ပဒဋ္ဌာနံ၊ ပဒဋ္ဌာန်မည်၏။ ကုသလဓမ္မောသဂ္ဂေါပန၊ ကုသိုလ်တရားဆုတ်ယုတ်ခြင်းသည်ကား။ ကိဿ၊ အဘယ်၏။ ပဒဋ္ဌာနံ၊ ပဒဋ္ဌာန်မည်သနည်း။ အကုသလဓမ္မပဋိသေဝနာယ၊ အကုသိုလ်တရားကိုမှီဝဲခြင်း၏။ ပဒဋ္ဌာနံ၊ ပဒဋ္ဌာန်မည်၏။ အကုသလဓမ္မပဋိသေဝနာ၊ အကုသိုလ်တရားကိုမှီဝဲခြင်းသည်။ ကိဿ၊ အဘယ်၏။ ပဒဋ္ဌာနံ၊ ပဒဋ္ဌာန်မည်သနည်း။ ကုသလဓမ္မပဋိသေဝနာယ၊ ကုသိုလ်တရားကိုမှီဝဲခြင်း၏။ ပဒဋ္ဌာနံ၊ ပဒဋ္ဌာန်မည်၏။ ကုသလဓမ္မပဋိသေဝနာ၊ ကုသိုလ်တရားကိုမှီဝဲခြင်းသည်။ ကိဿ၊ အဘယ်၏။ ပဒဋ္ဌာနံ၊ ပဒဋ္ဌာန်မည်သနည်း။ ကိလေသဝတ္ထုပဋိသေဝနာ၊ ကိလေသာဝတ္ထုကိုမှီဝဲခြင်း၏။ ပဒဋ္ဌာနံ၊ ပဒဋ္ဌာန်မည်၏။ ဣတိ၊ ဤသို့မေးသည်ရှိသော်။ ပမာဒေန၊ ပမာဒဖြင့်။ မောဟပက္ခိယာ၊ မောဟအပင်းအသင်း၌။ ဒိဋ္ဌိ၊ ဒိဋ္ဌိသည်။ ပဒဋ္ဌာနံ၊ ပဒဋ္ဌာန်မည်၏။ ဆန္ဒရာဂပက္ခိယာ၊ ဆန္ဒရာဂအပင်းအသင်း။ အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ ပဒဋ္ဌာနံ၊ ပဒဋ္ဌာန်မည်၏။ တတ္ထ၊ ထိုစကား၌။ တဏှာစ၊ တဏှာသည်လည်းကောင်း။ ဒိဋ္ဌိစ၊ ဒိဋ္ဌိသည်လည်းကောင်း။ တဏှာ၊ တဏှာသည်။ ကာမာသ

စာမျက်နှာ-146

ဝေါစ၊ ကာမာသဝလည်းကောင်း။ ဘဝါသဝေါ၊ ဘဝါသဝလည်းကောင်း။ ဒိဋ္ဌာသဝေါစ၊ ဒိဋ္ဌာသဝလည်းကောင်း။ အဝိဇ္ဇာသဝေါစ၊ အဝိဇ္ဇာသဝလည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရောအာသဝါ၊ အာသဝေါလေးပါးတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ တတ္ထ၊ ထိုလေးပါးတို့တွင်။ စိတ္တေ၊ စိတ်၌။ အတ္ထီတိ၊ ရှိ၏ဟူ၍။ ဒိဋ္ဌိစေတသိကေသု၊ ဒိဋ္ဌိစေတသိက်တို့တွင်။ နိစ္စန္တိ၊ မြဲ၏ဟူ၍။ ပဉ္စသုကာမဂုဏေသု၊ ကာမဂုဏ်ငါးပါးတို့၌။ အဇ္ဈာဝဟနေန၊ အာရုံ၏အရသာကိုဆောင်ခြင်းဖြင့်။ ကာမာသဝေါ၊ ကာမာသဝမည်၏။ ဥပပတ္တီသု၊ ဥပပတ္တိဘဝတို့၌။ အာသတ္တိ၊ ကပ်ငြိခြင်းသည်။ ဘဝါသဝေါ၊ ဘဝါသဝမည်၏။ တတ္ထ၊ ထိုနှစ်ပါးတို့တွင်။ ရူပကာယော၊ ရူပကာယသည်။ ကာမာသဝဿစ၊ ကာမာသဝ၏လည်းကောင်း။ ဘဝါသဝဿစ၊ ဘဝါသဝ၏လည်းကောင်း။ ပဒဋ္ဌာနံ၊ ပဒဋ္ဌာန်မည်၏။ နာမကာယော၊ နာမကာယသည်။ ဒိဋ္ဌာသဝဿစ၊ ဒိဋ္ဌာသဝလည်းကောင်း။ အဝိဇ္ဇာသဝဿစ၊ အဝိဇ္ဇာသဝ၏လည်းကောင်း။ ပဒဋ္ဌာနံ၊ ပဒဋ္ဌာန်မည်၏။ တတ္ထ၊ ထိုလေးပါးသောအာသဝတို့တွင်။ အလ္လိယနာယ၊ ကပ်ငြိခြင်းဖြင့်။ အဇ္ဈတ္တဝါဟနံ၊ အဇ္ဈတ္တကိုဆောင်ခြင်းသည်။ ကာမာသဝဿ၊ ကာမာသဝ၏။ လက္ခဏံ၊ လက္ခဏမည်၏။ ပတ္ထနဂန္ထနအဘိသင်္ခါရဏာယသင်္ခါရာနံ၊ တောင့်တခြင်းထုံးစွဲခြင်း ပြုပြင်ခြင်းကာယသင်္ခါရတို့၏။ လက္ခဏံ၊ လက္ခဏမည်၏။ အဘိနိဝေသောစ၊ မှားသောအားဖြင့်နှလုံးသွင်းခြင်းသည်လည်းကောင်း။ ပရာမာသောစ၊ မှားသောအားဖြင့်သုံးသပ်ခြင်းသည်လည်းကောင်း။ ဒိဋ္ဌာသဝဿ၊ ဒိဋ္ဌာသဝ၏။ လက္ခဏံ၊ လက္ခဏမည်၏။ ဓမ္မေသု၊ တရားတို့၌။ အပ္ပဋိဝေဓော၊ ထိုးထွင်း၍မသိခြင်းသည်လည်းကောင်း။ အသမ္ပဇညံ၊ အဆင်အခြင်မရှိခြင်းသည်လည်းကောင်း။ အဝိဇ္ဇာသဝဿ၊ အဝိဇ္ဇာသဝ၏။ လက္ခဏံ၊ လက္ခဏမည်၏။ ဣမေ စတ္တာရော အာသဝါ၊ ဤလေးပါးကုန်သောအာသဝတို့သည်။ စတ္တာရိဥပါဒါနာနိ၊ လေးပါးကုန်သောဥပါဒါန်တို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ကာမာသဝေါ၊ ကာမာသဝသည်။ ကာမုပါဒါနံ၊ ကာမုပါဒါန်မည်၏။ ဘဝါသဝေါ၊ ဘဝါသဝသည်။ ဘဝုပါဒါနံ၊ ဘဝဥပါဒါန်မည်၏။ ဒိဋ္ဌာသဝေါ၊ ဒိဋ္ဌာသဝသည်။ ဒိဋ္ဌုပါဒါနံ၊ ဒိဋ္ဌုပါဒါန်မည်၏။ အဝိဇ္ဇာသဝေါ၊ အဝိဇ္ဇာသဝသည်။ အတ္တဝါဒုပါဒါနံ၊ အတ္တဝါဒုပါဒါန်မည်၏။ စတူဟိ၊ လေးပါးကုန်သော။ ဣမေဟိဥပါဒါနေဟိ၊ ဥပါဒါန်တို့ဖြင့်။ ပဉ္စက္ခန္ဓာ၊ ခန္ဓာငါးပါးတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ တတ္ထ၊ ထိုခန္ဓာငါးပါးတို့တွင်။ အဝိဇ္ဇာသဝေါ၊ အဝိဇ္ဇာသဝကို။ စိတ္တေ၊ စိတ်၌။ ပဟာတဗ္ဗော၊ ပယ်အပ်၏။ သော၊ ထိုအဝိဇ္ဇာသဝသည်။ စိတ္တေ

စာမျက်နှာ-147

စိတ်၌။ စိတ္တာနုပဿိဿ၊ စိတ်ကိုအာရုံပြု၍အဖန်တလဲလဲရှုသည်ရှိသော်။ ပဟီယတိ၊ ပျောက်၏။ ဒိဋ္ဌာသဝေါ၊ ဒိဋ္ဌာသဝကို။ ဓမ္မေသု၊ ဓမ္မာနုပဿနာတို့၌။ ပဟာတဗ္ဗော၊ ပယ်အပ်၏။ သော၊ ထိုဒိဋ္ဌာသဝသည်။ ဓမ္မေသု၊ ဒုက္ခသစ္စာစသောဓမ္မတို့၌။ ဓမ္မာနုပဿိဿ၊ ဓမ္မကိုအာရုံပြု၍အဖန်တလဲလဲရှုသည်ရှိသော်။ ပဟီယတိ၊ ပျောက်၏။ ဘဝါသဝေါ၊ ဘဝါသဝကို။ အာသတ္တိယာ၊ ဘဝကိုတောင့်တခြင်း၌။ ပဟာတဗ္ဗော၊ ပယ်အပ်၏။ သော၊ ထိုဘဝါသဝသည်။ ဝေဒနာသု၊ ဝေဒနာတို့၌။ ဝေဒနာနုပဿိဿ၊ ဝေဒနာကိုအာရုံပြု၍အဖန်တလဲလဲရှုသည်ရှိသော်။ ပဟီယတိ၊ ပျောက်၏။ ကာမာသဝေါ၊ ကာမာသဝကို။ ပဉ္စသုကာမဂုဏေသု၊ ကာမဂုဏ်ငါးပါးတို့၌။ ပဟာတဗ္ဗော၊ ပယ်အပ်၏။ သော၊ ထိုကာမာသဝသည်။ ကာယေ၊ ကိုယ်၌။ ကာယာနုပဿိဿ၊ ကိုယ်ကို အာရုံပြု၍ အဖန်တလဲလဲရှုသည်ရှိသော်။ ပဟီယတိ၊ ပျောက်၏။ တတ္ထ၊ ထိုလေးပါးသောအာသဝတို့တွင်။ ကာယာနုပဿနာ၊ ကာယာနုပဿနာသည်။ ဒုက္ခအရိယသစ္စံ၊ ဒုက္ခအရိယသစ္စာသို့။ ဘဇတိ၊ ဆည်းကပ်၏။ ဝေဒနာနုပဿနာ၊ ဝေဒနာနုပဿနာသည်။ ပဉ္စန္နံဣန္ဒြိယာနံ၊ ငါးပါးကုန်သောဣန္ဒြေတို့တွင်။ သုခိန္ဒြိယဿ၊ သုခိန္ဒြေအားလည်းကောင်း။ ဒုက္ခိန္ဒြိယဿ၊ ဒုက္ခိန္ဒြေအားလည်းကောင်း။ သောမနဿိန္ဒြိယဿ၊ သောမနဿိန္ဒြေအားလည်းကောင်း။ ဒေါမနဿိန္ဒြိယဿ၊ ဒေါမနဿိန္ဒြေအားလည်းကောင်း။ ဥပေက္ခိန္ဒြိယဿ၊ ဥပေက္ခိန္ဒြေအားလည်းကောင်း။ ပစ္စယော၊ ကျေးဇူးပြုလျက်။ သတ္တကိလေသောပစာရော၊ သတ္တဝါတို့၌ ကိလေသာ၏ ကျက်စားရာ အာရုံဖြစ်၏။ တေန၊ ထိုကြောင့်။ သမုဒယံ၊ သမုဒယသစ္စာသို့။ ဘဇတိ၊ ဆည်းကပ်၏။ စိတ္တေ၊ စိတ်၌။ စိတ္တာနုပဿနာ၊ စိတ္တာနုပဿနာသည်။ နိရောဓံ၊ နိရောဓသစ္စာသို့။ ဘဇတိ၊ ဆည်းကပ်၍။ ဓမ္မေသု၊ ဓမ္မာနုပဿနာတို့၌။ ဓမ္မာနုပဿနာ၊ ဓမ္မာနုပဿနာသည်။ မဂ္ဂံ၊ မဂ္ဂသစ္စာသို့။ ဘဇတိ၊ ဆည်းကပ်၏။ ယေန၊ အကြင်ကြောင့်။ ဥန္နဠာနံ၊ ဝဋ်၌မွေ့လျော်ကုန်သော။ ပမတ္တာနံ၊ မေ့လျော့ကုန်သော။ တေသံ၊ ထိုသူတို့အား။ ပဌမံ၊ ရှေးဦးစွာ။ နိဒ္ဒိဋ္ဌာ၊ ပြအပ်ကုန်သော။ အာသဝါ၊ အာသဝေါတရားတို့သည်။ ဝဍ္ဎန္တိ၊ တိုးပွားကုန်၏။ တေန၊ ထိုကြောင့်။ စတူသု၊ လေးပါးကုန်သော မဂ်တို့တွင်။ ဒဿနေန၊ သောတာပတ္တိမဂ်သည်။ တဿေဝ၊ ထိုပုဂ္ဂိုလ်အားသာလျှင်။ သဗ္ဗေ၊ အလုံးစုံကုန်သော ကိလေသာတို့ကို။ ပဟီယန္တိ၊ ပယ်အပ်ကုန်၏။ ဟိသစ္စံ၊ ထိုစကားသည်မှန်၏။ ဒုက္ခံ၊ ဒုက္ခသစ္စာလည်းကောင်း။ သမုဒယော၊ သမုဒယသစ္စာလည်းကောင်း။ နိရောဓော၊ နိရောဓသစ္စာလည်းကောင်း။ မဂ္ဂေါ၊ မဂ္ဂသစ္စာလည်းကောင်း။

စာမျက်နှာ-148

တိဣမေသံ သစ္စာနံ၊ သစ္စာတို့ကို။ ဇာနတော၊ မဂ်ဉာဏ်ဖြင့်သိသောပုဂ္ဂိုလ်အား။ ပဿတော၊ မဂ်ဉာဏ်ဖြင့်မြင်သောပုဂ္ဂိုလ်အား။ အာသဝါနံ၊ အာသဝေါတရားတို့၏။ ခယော၊ ကုန်ခြင်းသည်။ ဘဝတိ၊ ဖြစ်၏။ ဧဝံ၊ ဤသို့။ အကုသလာဓမ္မာ၊ အကုသိုလ်ဓမ္မတို့ကို။ ပရိယေသိတဗ္ဗာ၊ ရှာအပ်ကုန်၏။ ယာဝ၊ အကြင်မျှလောက်။ တဿ အကုသလဿ၊ ထိုအကုသိုလ်ကို။ ဂတိတတော၊ ယူသောအားဖြင့်။ ပဋိပက္ခေန၊ ဆန့်ကျင်ဘက်ဖြစ်၍။ အကုသလေဓမ္မေ၊ အကုသိုလ်တရားတို့ကို။ ပရိယေသတိ၊ ရှာလျက်။ တေသံကိလေသာနံ၊ ထိုကိလေသာတို့ကို။ ဟာရေန၊ ဆောင်ခြင်းဖြင့်။ အာဝဋ္ဋတိ၊ လည်၏။ အယံ၊ ဤအခြင်းအရာကို။ အာဝဋ္ဋောဟာရော၊ အာဝဋ္ဋာဟာရဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ဧဝံ၊ ဤအတူ။ သုက္ကာပိဓမ္မာ၊ ဝေါဒါနဓမ္မတို့ကို။ ပရိယေသိတဗ္ဗာ၊ ရှာအပ်ကုန်၏။ အကုသလဓမ္မေ၊ အကုသလဓမ္မ၌။ အာဂမိဿတိ၊ လာခြင်းသည်။ အဿ၊ ဖြစ်ရာ၏။ တတ္ထ၊ ထိုစကား၌။ အာဝဋ္ဋဿဟာရဿ၊ အာဝဋ္ဋာဟာရ၏။ အယံ၊ ဤဆိုလတ္တံ့သည်ကား။ သတိဥပဋ္ဌာနာစ၊ သတိ၏ထင်ခြင်းတို့လည်းကောင်း။ ဝိပ္ပလ္လာသာစ၊ ဝိပ္ပလ္လာသတို့လည်းကောင်း။ စတ္တာရိဉာဏာနိ၊ ဉာဏ်လေးပါးတို့လည်းကောင်း။ သက္ကာယသမုပ္ပါဒါယ၊ သက္ကာယကိုဖြစ်စေခြင်း၌။ ဂါမိနီ၊ ရောက်ကြောင်းဖြစ်သော။ ပဋိပဒါစ၊ အကျင့်လည်းကောင်း။ သက္ကာယနိရောဓဂါမိနီပဋိပဒါ၊ သက္ကာယ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်လည်းကောင်း။ ဣတိအယံ၊ ဤသည်လျှင်။ ဘူမိ၊ ဖြစ်ရာတည်း။

တတ္ထ၊ ထိုဟာရတို့တွင်။ ဝိဘတ္တိဟာရော၊ ဝိဘတ္တိဟာရသည်။ ကတမော၊ အဘယ်နည်း။ ယံကိဉ္စိ၊ အမှတ်မရှိတစ်ပါးပါးကို။ ဝိဘဇ္ဇ၊ ဝေဖန်ခွဲခြမ်း၍။ ဗျာကရဏီယံ၊ ဖြေရာဖြေကြောင်းကို။ ဝိဘတ္တိဟာရော၊ ဝိဘတ္တိဟာရဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ယထာကိံ၊ ဥပမာအဘယ်ကဲ့သို့နည်းဟူမူကား။ ပုန၊ တစ်ဖန်။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ အာဂန္တွာစ၊ လာပြီးသည်လည်း။ ဟောတိ၊ ဖြစ်၏။ နောဝါဂတံ၊ မလာသည်လည်း။ ဟောတိ၊ ဖြစ်၏။ ပဉှာယ၊ ပြဿနာကို။ ပရိပုစ္ဆတာယ၊ မေးသည်ရှိသော်။ ပရိဘာသတိ၊ ဆို၏။ ဣတိအယံ၊ ဤသို့မေးခြင်းဆိုခြင်းသည်။ ဧကဿ၊ တစ်ယောက်သောသူ၏။ အတိယနံ၊ အလိုဖြင့်။ ကိဉ္စိ၊ စိုးစဉ်းမျှသောအဖြေသည်။ ၊ မဟုတ်။ အယံ၊ ဤသို့ဝေဖန်ခြင်းကို။ ဝိဘတ္တိဟာရော၊ ဝိဘတ္တိဟာရဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

တတ္ထ၊ ထိုဟာရတို့တွင်။ ပရိဝတ္တနောဟာရော၊ ပရိဝတ္တနဟာရသည်။ ကတမော၊ အဘယ်နည်း။ ယံ ယောပဋိပက္ခနိဒ္ဒေသော၊ အကြင်ဆန့်ကျင်ဘက်ဖြင့် ညွှန်းခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤညွှန်းခြင်းကို။

စာမျက်နှာ-149

ပရိဝတ္တနောဟာရော၊ ပရိဝတ္တနဟာရဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ယထာ၊ အကြင်အခြင်းဖြင့်။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ သမ္မာဒိဋ္ဌိကဿပုရိသပုဂ္ဂလဿမိစ္ဆာဒိဋ္ဌိနိဇ္ဇိဏ္ဏာဟောတီတိ၊ သမ္မာဒိဋ္ဌိကဿပုရိသပုဂ္ဂလဿ မိစ္ဆာဒိဋ္ဌိ နိဇ္ဇိဏ္ဏာ ဟောတိဟူ၍။ ဝုတ္တံ၊ ဟောတော်မူအပ်၏။ သမ္မာဒိဋ္ဌိကဿ၊ ကောင်းသောအယူရှိသော။ ပုရိသပုဂ္ဂလဿ၊ ယောက်ျားမြတ်ဖြစ်သော ပုဂ္ဂိုလ်အား။ မိစ္ဆာဒိဋ္ဌိ၊ မှားသော အယူသည်။ ဇိဏ္ဏာ၊ ကျေပျောက်သည်။ ဟောတိ၊ ဖြစ်၏။ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ ဉာတဗ္ဗံ၊ သိအပ်၏။ သဗ္ဗာနိမဂ္ဂင်္ဂါနိ၊ အလုံးစုံကုန်သောမဂ္ဂင်တို့ကို။ ပရိယေသိတဗ္ဗာနိ၊ ရှာအပ်ကုန်၏။ အယံ၊ ဤပဋိပက္ခအားဖြင့်ဆောင်ခြင်းကို။ ပရိဝတ္တနောဟာရော၊ ပရိဝတ္တနဟာရဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

တတ္ထ၊ ထိုဟာရတို့တွင်။ ဝေဝစနောဟာရော၊ ဝေဝစနဟာရသည်။ ကတမော၊ အဘယ်နည်း။ အနေကေဟိ၊ များစွာကုန်သော။ ဝေဝစနေဟိ၊ ဝေဝုစ်တို့ဖြင့်။ ဧကံဓမ္မံ၊ တစ်ခုသောဓမ္မကို။ သုတ္တေ၊ ပါဠိတော်၌။ ယောဇနာ၊ ယှဉ်ခြင်းကို။ ပကာသိတံ၊ ပြအပ်၏။ ဣတိ၊ ဤသို့။ သုတ္တဝိဒူ၊ သုတ်ကိုသိကုန်၏။ သောဟာရော၊ ထိုဟာရသည်။ ဝေဝစနောဟာရော၊ ဝေဝစနဟာရမည်၏။ ယထာ၊ ဥဒါဟရုဏ် အဘယ်နည်း။ အာယသ္မာသာရိပုတ္တော၊ အရှင်သာရိပုတ္တရာကို။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဧကသ္မိံဝတ္ထုသ္မိံ၊ တစ်ခုသောဝတ္ထု၌။ နာနာ၊ အထူးထူးအပြားပြား။ ဝုတ္တေန၊ ဟောအပ်သော။ ဝေဝစနေန၊ ဝေဝုစ်ဖြင့်။ ပသံသိတော၊ ချီးမွမ်းတော်မူ၏။ သာရိပုတ္တော၊ သာရိပုတ္တရာသည်။ မဟာပညော၊ ကြီးသောပညာရှိ၏။ ဟာသပညော၊ ရွှင်သောပညာရှိ၏။ ဇဝနပညော၊ လျှင်သောပညာရှိ၏။ ဣတိဣဒံ၊ ဤသည်ကား။ ပညာယ၊ ပညာ၏။ ဝေဝစနံ၊ ဝေဝုစ်တည်း။ မဂ္ဂဝိဘင်္ဂေ၊ မဂ္ဂဝိဘင်း၌။ နိယျာနတ္ထော၊ နိယျာနအနက်ကိုလည်းကောင်း။ ဧကမေကံမဂ္ဂင်္ဂံ၊ တစ်ခုတစ်ခုသောမဂ္ဂင်ကိုလည်းကောင်း။ ဝေဝစနေဟိ၊ ဝေဝုစ်တို့ဖြင့်။ နိဒ္ဒိဋ္ဌံ၊ ပြသကဲ့သို့။ ဧဝံ၊ ထိုအတူ။ အဝိဇ္ဇာယဝေဝစနာ၊ အဝိဇ္ဇာဝေဝုစ်ကို။ နိဒ္ဒိဋ္ဌာ၊ ပြအပ်၏။ ဧကံအကုသလမူလံ၊ အကုသိုလ်မူလသည် တစ်ခုတည်း။ တဒေဝ၊ ထိုတရားကိုသာလျှင်။ တေသုတေသုဇနပဒေသု၊ ထိုထိုဇနပုဒ်တို့၌။ သန္တံ၊ ထင်ရှားရှိသော။ တေနတေန၊ ထိုထိုဝေါဟာရဖြင့်။ ပဇာနန္တိ၊ သိကုန်၏။ ဟိ၊ ထိုစကားသည်မှန်၏။ အနေန၊ ဤလူအပေါင်းသည်။ ယံ၊ အကြင်ဝေဝုစ်ကို။ အာလပတိ၊ ခေါ်ဝေါ်ခြင်းရှိ၏။ တဒေဝ၊ ထိုဝေဝုစ်ကိုသာလျှင်။ ဇာနန္တိ၊ သိအပ်၏။ ဣတိ၊ ထိုကြောင့်။ အညံ၊ ဝေဝုစ်မှတစ်ပါး ခေါ်ဝေါ်ခြင်းသည်။ နဘဝတိ၊ မဖြစ်။ သဗ္ဗကာမဇဟဿ

စာမျက်နှာ-150

ဘိက္ခုနော၊ သဗ္ဗကာမဇဟဿဘိက္ခုနောဟူသောပုဒ်၌။ ကာမာ အာလပိတာ၊ ကာမဟူသောခေါ်ဝေါ်ခြင်းဖြင့်။ ယဿ၊ အကြင်သူအား။ သင်္ကော၊ ယုံမှားခြင်းသည်။ နိတ္ထိဏ္ဏော၊ ကူးမြောက်ခြင်း မရှိ။ ဣတိ တသ္မာ၊ ထိုကြောင့်။ တေသုကာမေသု၊ ထိုကာမ၌သာလျှင်။ သင်္ကာ၊ ယုံမှားခြင်းဖြစ်၏။ ဣတိ၊ ဤသို့သိအပ်၏။ သုဏမာနဿ၊ ကြားဖူးသောသူအား။ အာလပတိ၊ ခေါ်၏။ ပုရေတရံ၊ ရှေးဦးစွာ။ ရဇ္ဇန္တိ၊ တပ်နှစ်သက်ကုန်၏။ တေယေဝကာမေ၊ ထိုကာမ၌သာလျှင်။ ရဇ္ဇန္တိ၊ တပ်နှစ်သက်ခြင်း ရှိကုန်၏ဟူ၍။ အာလပတိ၊ ခေါ်၏။ ဧဝံ၊ ဤသို့။ သုတ္တသ္မိံ၊ သုတ်၌။ ယောဓမ္မော၊ အကြင်တရားကို။ ဒေသိယတိ၊ ဟောအပ်၏။ တဿ၊ ထိုဟောအပ်သောတရားကို။ ပရိယေဋ္ဌိ၊ ရှာမှီးခြင်းသည်။ ကတမဿဓမ္မဿ၊ အဘယ်မည်သောဓမ္မ၏။ ပရိယေဋ္ဌိ၊ ရှာမှီးခြင်းမည်သနည်း။ ဣဒံနာမံ၊ ဤအမည်သည်။ ကတမဿ၊ အဘယ်၏။ နာမံ၊ အမည်နည်း။ ဣဒံဝေဝစနံ၊ ဤဝေဝုစ်သည်။ ကတမဿ၊ အဘယ်သဒ္ဒါ၏။ ဝေဝစနံ၊ ဝေဝုစ်မည်သနည်း။ ဣတိ၊ ဤသို့မေးရာ၌။ သဗ္ဗညူဟိ၊ ဘုရားရှင်တို့သည်။ ယေသံယေသံ၊ အကြင်အကြင်ဝေဝုစ်တို့၏။ ယာနိရုတ္တိ၊ အကြင်သဒ္ဒါသည်။ ဟောတိ၊ ဖြစ်၏။ ယထာဂါမိ၊ ဉာဏ်သက်သည်အားလျော်စွာ။ တေနတေန၊ ထိုထိုဝေဝုစ်ဖြင့်။ ဒေသေတိ၊ ဟော၏။ ဣတိ၊ ထိုကြောင့်။ တဿ၊ ထိုသဒ္ဒါ၏။ ဝေဝစနံ၊ ဝေဝုစ်ကို။ ပရိယေသိတဗ္ဗံ၊ ရှာအပ်၏။ အယံ၊ ဤဟာရသည်။ ဝေဝစနောဟာရော၊ ဝေဝစနဟာရမည်၏။

တတ္ထ၊ ထိုဟာရတို့တွင်။ ပညတ္တိဟာရော၊ ပညတ္တိဟာရသည်။ ကတမော၊ အဘယ်နည်း။ စတ္တာရိအရိယသစ္စာနီတိ၊ စတ္တာရိအရိယသစ္စာနီဟူသော။ သုတ္တံ၊ သုတ်ကို။ နိဒ္ဒိသတိ၊ ညွှန်းအပ်၏။ နိက္ခေပပညတ္တိ၊ နိက္ခေပပညတ္တိလည်းကောင်း။ ယာသမုဒယပညတ္တိ၊ အကြင်သမုဒယပညတ်လည်းကောင်း။ ကဗဠီကာရေအာဟာရေ၊ ကဗဠီကာရအာဟာရ၌။ ဆန္ဒော၊ ဆန္ဒသည်။ အတ္ထိ၊ ရှိ၏။ ယာဝပတိဋ္ဌိတံ၊ ဝိညာဉ်တည်သည်တိုင်အောင်။ ရာဂေါ၊ ရာဂသည်။ အတ္ထိ၊ ရှိ၏။ တတ္ထ၊ ထိုဝိညာဏဌိတိ၌။ ဝိညာဏံ၊ ဝိညာဉ်ကို။ ပဘဝပညတ္တိံ၊ ပရာဘဝပညတ်။ ပညပေတိ၊ ပညတ်၏။ ကဗဠီကာရေ၊ အလုပ်အလွေ့ကို မပြုတတ်သော်လည်း ပြုတတ်သကဲ့သို့သော။ အာဟာရေ၊ အာဟာရ၌။ ဆန္ဒော၊ ဆန္ဒသည်။ နတ္ထိ၊ မရှိ။ (ပ) ပညတ္တိ၊ ပညတ်ကို။ သမုဂ္ဃာတိ၊ ခွာ၍။ တဿ၊ ထိုပုဂ္ဂိုလ်အား။ ကာမာသဝါပိ၊ ကာမာသဝမှလည်း။ စိတ္တံ၊ စိတ်သည်။ ဝိမုစ္စတိ၊ လွတ်၏။ ဘဝါသဝါပိ၊ ဘဝါသဝမှလည်း။ စိတ္တံ၊ စိတ်သည်။ ဝိမုစ္စတိ၊ လွတ်၏။ အဝိဇ္ဇာသဝါပိ၊ အဝိဇ္ဇာသဝမှလည်း။ စိတ္တံ

စာမျက်နှာ-151

စိတ်သည်။ ဝိမုစ္စတိ၊ လွတ်၏။ ဣတိ၊ ဤသို့။ ပဟာနပညတ္တိံ၊ ပဟာနပညတ်ကို။ ပညပေတိ၊ သိစေ၏။ တဏှာ ယဿ ပုရက္ခတာ ပညာ ပရိဝတ္တတိ ဂါထာ၊ တဏှာယဿ ပုရက္ခတာ ပညာ ပရိဝတ္တတိ ဟူသော ဂါထာသည်။ မနာပပညတ္တိံ၊ မနာပပညတ်ကို။ ပညပေတိ၊ သိစေ၏။ ဧဝံ ပန မနာပပညတ္တီတိ၊ ဧဝံ ပန မနာပပညတ္တိ ဟူသော ပါဌ်ဖြင့်။ ဧကဓမ္မံ၊ တစ်ခုသောတရားကို။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ပညပေတိ၊ သိစေ၏။ ဟိ၊ ထိုစကားသင့်စွ။ တဏှာ၊ တဏှာသည်။ ဒုက္ခသမုဒယော၊ ဒုက္ခ၏ဖြစ်ကြောင်းတည်း။ ဣတိ၊ ဤသို့။ န ကာရေတွာ၊ မဆုံးဖြတ်မူ၍။ သဗ္ဗတ္ထ၊ အလုံးစုံသောအရာတို့၌။ တဏှာ၊ တဏှာကို။ သမုဒယော၊ သမုဒယဟူ၍။ နိဒ္ဒိသိတဗ္ဗော၊ ညွှန်းပြအပ်၏။ ယထာ၊ အကြင်အခြင်းအရာဖြင့်။ ဥပ္ပန္နံ၊ ဖြစ်သော။ ကာမဝိတက္ကံ၊ ကာမဝိတက်ကို။ နာဓိဝါသေတိ၊ သည်းမခံ။ ဝိနောဒေတိ၊ ပယ်ဖျောက်၏။ ပဇဟတိ၊ လုံ့လပြု၍ ပယ်၏။ ဣတိ ဌာနေ၊ ဤသို့သောအရာ၌။ ပဋိက္ခေပပညတ္တိ၊ ပဋိက္ခေပပညတ်မည်၏။ ဧဝံ၊ ဤသို့။ ကုသလာနဉ္စ၊ ကုသိုလ်လည်းဖြစ်ကုန်သော။ အကုသလာနဉ္စ၊ အကုသိုလ်လည်းဖြစ်ကုန်သော။ သဗ္ဗေသံ၊ အလုံးစုံကုန်သော။ ဓမ္မာနံ၊ တရားတို့တွင်။ အဿ၊ ထိုပုဂ္ဂိုလ်၏။ ယဉ္စ ဓမ္မက္ခေတ္တံ၊ အကြင်ဓမ္မခေတ်သည်လည်း။ ဘဝတိ၊ ဖြစ်၏။ သော စေဝ ဓမ္မော၊ ထိုကုသိုလ်စသော ဓမ္မသည်လျှင်။ တတ္ထ၊ ထိုဘဝ၌။ ပဝတ္တတိ၊ ဖြစ်၏။ တဒဝသိဋ္ဌာ၊ ထိုကုသိုလ်မှ ကြွင်းကုန်သော။ ဓမ္မာ၊ တရားတို့သည်။ တဿာနုဝတ္တကာ၊ ထိုကုသိုလ်သို့ အစဉ်လိုက်ကုန်သည်များ။ ဟောန္တိ၊ ဖြစ်ကုန်၏။ သာ ပညတ္တိ၊ ထိုပညတ်သည်။ ပရာဓီနပညတ္တိ စ၊ ပရာဓီနပညတ်လည်းကောင်း။ သာဓီနပညတ္တိ စ၊ သာဓီနပညတ်လည်းကောင်း။ ဣတိ၊ ဤသို့။ ဒုဝိဓာ၊ နှစ်ပါးအပြားရှိ၏။ သာဓီနပညတ္တိ၊ သာဓီနပညတ်သည်။ ကတမာ၊ အဘယ်နည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ သမာဓိံ၊ သမာဓိကို။ ဘာဝေထ၊ ပွားကြကုန်လော။ သမာဟိတော၊ တည်ကြည်သောသူသည်။ ယထာဘူတံ၊ ဟုတ်မှန်သည့်အတိုင်း။ ပဇာနာတိ၊ သိ၏။ ရူပံ၊ ရုပ်သည်။ အနိစ္စံ၊ အနိစ္စတည်း။ ဣတိ၊ ဤသို့။ ယထာဘူတံ၊ ဟုတ်မှန်သည့်အတိုင်း။ ပဇာနာတိ၊ သိ၏။ အယံ၊ ဤပညတ်သည်။ သာဓီနပညတ္တိ၊ သာဓီနပညတ်မည်၏။ ပရာဓီနပညတ္တိ စ၊ ပရာဓီနပညတ်သည်လည်း။ ကတမာ၊ အဘယ်နည်း။ သာ ပညတ္တိ၊ ထိုပညတ်သည်။ ပညာယ စ၊ ပညာ၏လည်းကောင်း။ သီလဿ စ၊ သီလ၏လည်းကောင်း။ ပညတ္တိ၊ ပညတ်မည်၏။ ယထာ၊ အကြင်အခြင်းအရာဖြင့်။ စတ္တာရိ ဈာနာနိ၊ လေးပါးကုန်သော ဈာန်တို့ကို။ ဘာဝေထ၊ ပွားကြကုန်လော။ တဿ၊ ထိုပုဂ္ဂိုလ်အား။ သမာဓိန္ဒြိယံ၊ သမာဓိန္ဒြေသည်။ အတ္ထိ၊ ရှိ၏။ မုဒူနိ

စာမျက်နှာ-152

နူးညံ့ကုန်သော။ စတ္တာရိ၊ လေးပါးကုန်သော။ ယာနိ ဣန္ဒြိယာနိ၊ အကြင်ဣန္ဒြေတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ တာနိ၊ ထိုဣန္ဒြေလေးပါးတို့သည်။ စတုပရာဓီနာနိ၊ သစ္စာလေးပါးနှင့်စပ်၍ ဖြစ်ခြင်းရှိကုန်၏။ တီဏိ၊ ရတနာသုံးပါးတို့၌။ အဝေစ္စပ္ပသာဒေဟိ၊ မတုန်မလှုပ်ကြည်ညိုခြင်းတို့ဖြင့်။ သမာဓိန္ဒြိယံ၊ သမာဓိန္ဒြေသည်။ ပရာဓီနံ၊ စပ်၍ဖြစ်ခြင်းရှိ၏။ စတ္တာရိ ဣန္ဒြိယာနိ၊ ဣန္ဒြေလေးပါးတို့သည်။ စတူသု အရိယသစ္စေသု၊ လေးပါးကုန်သော အရိယသစ္စာတို့၌။ ပရာဓီနာနိ၊ စပ်၍ဖြစ်ခြင်းရှိကုန်၏။ ပညိန္ဒြိယံ၊ ပညိန္ဒြေသည်။ အပရာဓီနံ၊ အပရာဓီနမည်၏။ သတိပဋ္ဌာနေသု၊ သတိပဋ္ဌာန်တို့၌။ သမ္မပ္ပဓာနေသု၊ သမ္မပ္ပဓာန်တို့၌။ ဝီရိယိန္ဒြိယံ၊ ဝီရိယိန္ဒြေသည်။ အပရာဓီနံ၊ အပရာဓီနမည်၏။ ဣတိ၊ ဤသို့။ သကေ ပဒဋ္ဌာနေ၊ မိမိပြဋ္ဌာန်းရာ၌။ ပဋ္ဌာနံ၊ ပဋ္ဌာန်မည်၏။ ကထမိဝ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ သကေ ခေတ္တေ၊ မိမိလယ်၌။ သာမိကော ယထာ၊ အစိုးရသောသူကဲ့သို့တည်း။ တတ္ထ၊ ထိုဒေသနာ၌။ ယော ဓမ္မော၊ အကြင်ဓမ္မသည်။ အတ္ထိ၊ ရှိ၏။ သော စ၊ ထိုဓမ္မကိုလျှင်။ ပညာပေတဗ္ဗော၊ ပညတ်အပ်၏။ တဿ၊ ထိုဓမ္မ၏။ ပဋိပက္ခာနံ၊ ဆန့်ကျင်ဘက်တရားတို့၏။ နိဃာတော၊ အကြွင်းမဲ့သတ်ခြင်းကို။ နိဒ္ဒိသိတဗ္ဗော၊ ညွှန်းပြအပ်၏။ ဧတ္ထ၊ ဤအရာ၌။ အယံ အနေကာကာရပညတ္တိ၊ ဤများသောအခြင်းအရာရှိသော ပညတ်သည်။ ကေန ကာရဏေန၊ အဘယ်အကြောင်းကြောင့်။ အယံ ဓမ္မော၊ ဤတရားကို။ ပညတ္တော၊ ပညတ်အပ်သနည်း။ ဣတိ အယံ၊ ဤသို့သော ဟာရကို။ ပညတ္တိ၊ ပညတ္တိဟာရဟူ၍။ ဝုစ္စတေ၊ ဆိုအပ်၏။

တတ္ထ၊ ထိုဟာရတို့တွင်။ ဩတရဏော၊ ဩတရဏဟာရသည်။ ကတမော၊ အဘယ်နည်း။ ဆသု ဓမ္မေသု၊ ခြောက်ပါးကုန်သော ဓမ္မတို့၌။ ဩတာရေတဗ္ဗံ၊ ချသွင်းအပ်၏။ ကတမေသု ဆသု၊ အဘယ်ခြောက်ပါးတို့၌။ ဩတာရေတဗ္ဗော၊ ချသွင်းအပ်၏။ ခန္ဓေသု၊ ခန္ဓာတို့၌။ ဓာတူသု၊ ဓာတ်တို့၌။ အာယတနေသု၊ အာယတနတို့၌။ ဣန္ဒြိယေသု၊ ဣန္ဒြေတို့၌။ သစ္စေသု၊ သစ္စာတို့၌။ ပဋိစ္စသမုပ္ပါဒေသု၊ ပဋိစ္စသမုပ္ပါဒ်တို့၌။ ဩတာရေတဗ္ဗော၊ ချသွင်းအပ်၏။ တံ တသ္မိံ၊ ထိုသို့ချရာ၌။ သုတ္တံ ဝါ၊ သုတ်သည်လည်းကောင်း။ ဂါထာ ဝါ၊ ဂါထာသည်လည်းကောင်း။ ဗျာကရဏံ ဝါ၊ ဖြေရာဖြေကြောင်းသည်လည်းကောင်း။ နတ္ထိ၊ မရှိ။ ဣမေသု၊ ဤသုတ္တအစရှိသည်တို့၌။ ဆန္နံ ဓမ္မာနံ၊ ခြောက်ပါးသော တရားတို့တွင်။ အညတရသ္မိံ၊ တစ်ပါးပါး၌။ န သန္ဒိဿတိ၊ မထင်။ ဧတ္တာဝတာ၊ ဤမျှအတိုင်းအရှည်ဖြင့်။ ယာ တာ ခန္ဓာ ဝါ၊ အကြင်ခန္ဓာတို့သည်လည်းကောင်း။ ဓာတုယော ဝါ၊ ဓာတ်တို့သည်လည်းကောင်း။ အာယတနာနိ ဝါ

စာမျက်နှာ-153

အာယတနတို့သည်လည်းကောင်း။ သစ္စာနိ ဝါ၊ သစ္စာတို့သည်လည်းကောင်း။ ပဋိစ္စသမုပ္ပါဒေါ ဝါ၊ ပဋိစ္စသမုပ္ပါဒ်သည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ သာ ဧဝ၊ ထိုသည်လျှင်။ သဗ္ဗာ၊ အလုံးစုံသော။ ဒေသနာ၊ ဒေသနာမည်၏။ တတ္ထ၊ ထိုဒေသနာ၌။ ပဉ္စန္နံ၊ ငါးပါးကုန်သော။ ခန္ဓာနံ၊ ခန္ဓာတို့တွင်။ ဝေဒနာက္ခန္ဓော၊ ဝေဒနာက္ခန္ဓာသည်။ ရာဂဒေါသမောဟာနံ၊ ရာဂဒေါသမောဟတို့၏။ ပဒဋ္ဌာနံ၊ ပဒဋ္ဌာန်ဖြစ်၏။ တတ္ထ၊ ထိုဒေသနာ၌။ ဝေဒနာယော၊ ဝေဒနာတို့သည်။ တိဿော၊ သုံးပါးတို့တည်း။ တာသု၊ ထိုဝေဒနာသုံးပါးတို့တွင်။ သုခါယ ဝေဒနာယ၊ သုခဝေဒနာ၌။ သောမနဿော၊ သောမနဿဝေဒနာသည်။ သဝိစာရော၊ ဝိစာရနှင့်တကွဖြစ်၏။ ဒုက္ခာယ၊ ဒုက္ခဖြစ်သော။ ဝေဒနာယ၊ ဝေဒနာ၌။ ဒေါမနဿော၊ ဒေါမနဿသည်။ သဝိစာရော၊ ဝိစာရနှင့်တကွဖြစ်၏။ အဒုက္ခမသုခါယ၊ အဒုက္ခမသုခဝေဒနာ၌။ ဥပေက္ခော၊ ဥပေက္ခာဝေဒနာသည်။ သဝိစာရော၊ ဝိစာရနှင့်တကွဖြစ်၏။ ပုန၊ တစ်ဖန်။ တတ္ထ၊ ထိုဝေဒနာတို့တွင်။ ယံ ဝေဒယိတံ၊ အကြင်ခံစားခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဣဒံ၊ ဤခံစားခြင်းသည်။ ဒုက္ခသစ္စံ၊ ဒုက္ခသစ္စာမည်၏။ ခန္ဓေသု၊ ခန္ဓာတို့တွင်။ သင်္ခါရက္ခန္ဓော၊ သင်္ခါရက္ခန္ဓာမည်၏။ တတ္ထ၊ ထိုဒေသနာ၌။ ကာယော၊ ကိုယ်သည်။ ပမတ္တံ၊ မေ့လျော့သောသူကို။ သဥပဝတ္တတိ၊ ကပ်၍ဖြစ်ခြင်းရှိ၏။ တဉ္စ၊ ထိုကာယသည်လည်း။ သင်္ခါရဂတံ၊ သင်္ခါရသို့ရောက်သည်ရှိသော်။ ဒွိဓာ စ၊ နှစ်ပါးသောအပြားအားဖြင့်လည်း။ ဘဝင်္ဂေါတရဏံ၊ ဘဝင်သို့ချသွင်းခြင်းရှိသော။ ကမ္မံ၊ ကံသည်လည်းကောင်း။ ပုညာဘိသင်္ခါရာ ဝါ၊ ပုညာဘိသင်္ခါရတို့သည်လည်းကောင်း။ အပုညာ ဝါ၊ အပုညာဘိသင်္ခါရသည်လည်းကောင်း။ အာနေဉ္ဇာ ဝါ၊ အာနေဉ္ဇာဘိသင်္ခါရသည်လည်းကောင်း။ တီဏိ၊ သုံးပါးကုန်သော။ သင်္ခါရာနိ စ၊ သင်္ခါရတို့သည်လည်း။ ဟေတူ၊ အကြောင်းဖြစ်ကုန်၏။ သဗ္ဗသရာဂဿ၊ အလုံးစုံရာဂရှိသောပုဂ္ဂိုလ်အား။ ဟောတိ၊ ဖြစ်၏။ နော ဝီတရာဂဿ၊ ကင်းသောရာဂရှိသောပုဂ္ဂိုလ်အား မဖြစ်။ ဒေါသဿ၊ ဒေါသကို။ အဘိသင်္ခါရာနိ စ၊ ပြုပြင်ခြင်းလည်းရှိကုန်၏။ အဝီတရာဂေါ၊ မကင်းသေးသောရာဂရှိသောသူသည်။ စေတေတိ စ၊ စေ့ဆော်လည်းစေ့ဆော်၏။ နော အဘိသင်္ခရောတိ၊ ပြုပြင်ခြင်းမရှိ။ ဥဏှံ၊ ပူသော။ ယံ ဝဇိရံ၊ အကြင်ဝရဇိန်သည်။ ကဋ္ဌေ ဝါ၊ ထင်း၌လည်းကောင်း။ ရုက္ခေ ဝါ၊ သစ်ပင်၌လည်းကောင်း။ အညတ္ထ ဝါ၊ အခြားသောအရပ်၌လည်းကောင်း။ ပတန္တံ၊ ကျသည်ရှိသော်။ ဘိန္ဒတိ၊ ခွဲလည်းခွဲ၏။ ဍဟတိ စ၊ လောင်လည်းလောင်၏။ ဧဝံ၊ ဤအတူ။ သရာဂေါ၊ ရာဂရှိသောသူသည်။ စေတေတိ၊ စေ့ဆော်လည်းစေ့ဆော်၏။

စာမျက်နှာ-154

အဘိသင်္ခရောတိ စ၊ ပြုလည်းပြုပြင်၏။ သီတံ၊ အေးသော။ ဝဇိရံ၊ ဝရဇိန်သည်။ န ဘိန္ဒတိ ယထာ၊ မခွဲသကဲ့သို့။ န စ ဍဟတိ ယထာ၊ မလောင်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဝီတရာဂစေတနာ၊ ရာဂကင်းသောစေတနာသည်။ စေတေတိ၊ စေ့ဆော်၍။ န စ အဘိသင်္ခရောတိ၊ မပြုပြင်။ တတ္ထ၊ ထိုစကားရပ်၌။ ပဉ္စန္နံ ခန္ဓာနံ၊ ငါးပါးကုန်သော ခန္ဓာတို့တွင်။ ဧကော ခန္ဓော၊ စေတနာသည် တစ်ခုသောခန္ဓာမည်၏။ အနိန္ဒြိယသရီရံ၊ ဣန္ဒြေနှင့်မစပ်သော ခန္ဓာသည်။ သညာက္ခန္ဓော၊ သညာက္ခန္ဓာမည်၏။ တတ္ထ၊ ထိုစကား၌။ ဓာတူနံ၊ ဓာတ်တို့တွင်။ ဓာတုယော၊ ဓာတ်တို့သည်။ အဋ္ဌာရသ၊ တဆယ့်ရှစ်ပါးတို့တည်း။ တတ္ထ၊ ထိုသုတ်၌။ ရူပီ၊ ရုပ်ဖြစ်ကုန်သော။ ယာ ဒသ ဓာတုယော၊ အကြင်ဆယ်ပါးကုန်သော ဓာတ်တို့သည်။ အတ္ထိ၊ ရှိကုန်၏။ တာသု၊ ထိုဓာတ်ဆယ်ပါးတို့ကို။ ဒေသိယမာနာသု၊ ဟောအပ်ကုန်သည်ရှိသော်။ ရူပက္ခန္ဓော၊ ရူပက္ခန္ဓာကို။ နိဒ္ဒိသိတဗ္ဗော၊ ပြအပ်၏။ ဒုက္ခံ၊ ဒုက္ခဖြစ်သော။ အရိယသစ္စံ၊ အရိယသစ္စာမည်၏။ ယေ စ ဆ ဝိညာဏကာယာ၊ အကြင်ခြောက်ပါးကုန်သော ဝိညာဏဓာတ်သည်လည်းကောင်း။ သတ္တမာ၊ ခုနစ်ခုမြောက်သော။ မနောဓာတု၊ မနောဓာတ်သည်လည်းကောင်း။ တတ္ထ၊ ထိုသုတ်၌။ ဝိညာဏက္ခန္ဓော စ၊ ဝိညာဏက္ခန္ဓာဟူ၍လည်း။ နိဒ္ဒိသိတဗ္ဗော၊ ညွှန်းအပ်၏။ ဒုက္ခံ၊ ဒုက္ခဖြစ်သော။ အရိယသစ္စံ၊ အရိယသစ္စာမည်၏။ ဓမ္မဓာတု ပန၊ ဓမ္မဓာတ်သည်ကား။ ဓမ္မသမောသရဏာ၊ ဓမ္မာယတန၌ ရောက်ခြင်းပေါင်းခြင်းသည်။ အတ္ထိ၊ ရှိ၏။ သော ဓမ္မော၊ ထိုဓမ္မဓာတ်ကို။ ဟေတုနာ စ၊ အကြောင်းဖြင့်လည်းကောင်း။ နိဿန္ဒေန စ၊ အကျိုးဆက်ဖြင့်လည်းကောင်း။ ဖလေန စ၊ အကျိုးရင်းဖြင့်လည်းကောင်း။ ကိစ္စေန စ၊ ကိစ္စဖြင့်လည်းကောင်း။ ဝေဝစနေန စ၊ ဝေဝုစ်ဖြင့်လည်းကောင်း။ ယေန ယေန၊ အကြင်အကြင်အကြောင်းဖြင့်။ ဥပလဗ္ဘတိ၊ ရအပ်၏။ တေန တေန၊ ထိုထိုအကြောင်းဖြင့်။ နိဒ္ဒိသိတဗ္ဗော၊ ညွှန်းအပ်၏။ ယဒိ၊ ထိုမြို့။ ကုသလာ ဝါ၊ ကုသိုလ်ကိုလည်းကောင်း။ ယဒိ၊ ထိုမြို့။ အကုသလာ ဝါ၊ အကုသိုလ်ကိုလည်းကောင်း။ ယဒိ၊ ထိုမြို့။ အဗျာကတာ ဝါ၊ အဗျာကတကိုလည်းကောင်း။ ယဒိ၊ ထိုမြို့။ အသင်္ခတာ ဝါ၊ အသင်္ခတကိုလည်းကောင်း။ နိဒ္ဒိသိတဗ္ဗာ၊ ညွှန်းပြအပ်၏။ ဒွါဒသန္နံ၊ တဆယ့်နှစ်ပါးကုန်သော။ အာယတနာနံ၊ အာယတနတို့တွင်။ ဒသ အာယတနာနိ၊ ဆယ်ပါးကုန်သော အာယတနတို့သည်။ ရူပါနိ၊ ရုပ်တို့မည်ကုန်၏။ တံ၊ ထိုရုပ်အာယတနကို။ ဒုက္ခံ အရိယသစ္စံ၊ ဒုက္ခအရိယသစ္စာဟူ၍။ နိဒ္ဒိသိတဗ္ဗံ၊ ညွှန်းပြအပ်၏။ ရူပက္ခန္ဓော စ၊ ရူပက္ခန္ဓာကိုလည်းကောင်း။ ဒုက္ခံ၊ ဒုက္ခဖြစ်သော။ အရိယသစ္စံ၊ အရိယသစ္စာဟူ၍။ နိဒ္ဒိသိတဗ္ဗံ၊ ညွှန်းပြအပ်၏။ မနာယတ

စာမျက်နှာ-155

နဉ္စ၊ မနာယတနကိုလည်း။ ဝိညာဏက္ခန္ဓေန၊ ဝိညာဏက္ခန္ဓာဖြင့်။ နိဒ္ဒိသိတဗ္ဗံ၊ ညွှန်းပြအပ်၏။ ဒုက္ခံ၊ ဒုက္ခဖြစ်သော။ အရိယသစ္စံ၊ အရိယသစ္စာဟူ၍။ နိဒ္ဒိသိတဗ္ဗံ၊ ညွှန်းပြအပ်၏။ ဓမ္မာယတနံ၊ ဓမ္မာယတနသည်။ နာနာဓမ္မသမောသရဏံ၊ သုခုမရုပ်စေတသိက်နိဗ္ဗာန်အားဖြင့် အထူးထူးသော ဓမ္မ၌ ရောက်ခြင်းပေါင်းခြင်းရှိ၏။ တတ္ထ၊ ထိုစကားရပ်၌။ ဣန္ဒြိယာနံ၊ ဣန္ဒြေဖြစ်ကုန်သော တရားတို့တွင်။ ယေ ဓမ္မာ၊ အကြင်တရားတို့ကို။ ဣန္ဒြိယေသု၊ ဣန္ဒြေတို့၌။ နိဒ္ဒိသိတဗ္ဗာ၊ ညွှန်းပြအပ်ကုန်၏။ အနိန္ဒြိယာနံ၊ အနိန္ဒြိယ ဖြစ်ကုန်သော တရားတို့တွင်။ ယေ၊ အကြင်တရားတို့ကို။ အနိန္ဒြိယေသု၊ အနိန္ဒြေတို့၌။ နိဒ္ဒိသိတဗ္ဗာ၊ ညွှန်းပြအပ်ကုန်၏။ ပရိယာယတော စ၊ ဒေသနာအားဖြင့်လည်း။ ဩတာရေတဗ္ဗာ၊ ချသွင်းအပ်ကုန်၏။ သာ ဓမ္မဓာတု၊ ထိုဓမ္မဓာတ်ကို။ ပရိယေသိတဗ္ဗာ၊ ရှာအပ်သကဲ့သို့။ တထာ၊ ထိုအတူ။ ဓမ္မာယတနံ၊ ဓမ္မာယတနကို။ ပရိယေသိတဗ္ဗံ၊ ရှာအပ်၏။ ယာယေဝ ဟိ ဓမ္မဓာတု၊ အကြင်ဓမ္မဓာတ်သည်လျှင်။ အတ္ထိ၊ ရှိ၏။ တဒေဝ၊ ထိုဓမ္မဓာတ်သည်လျှင်။ ဓမ္မာယတနံ၊ ဓမ္မာယတနမည်၏။ အနူနံ၊ မယုတ်။ အနဓိကံ၊ မလွန်။ တတ္ထ၊ ထိုဒေသနာ၌။ တိဝိဓော၊ သုံးပါးအပြားရှိသော။ ပဋိစ္စသမုပ္ပါဒေါ၊ ပဋိစ္စသမုပ္ပါဒ်သည်။ အတ္ထိ၊ ရှိ၏။ စတုဗ္ဗိဓော၊ လေးပါးအပြားရှိသော။ ပဋိစ္စသမုပ္ပါဒေါ၊ ပဋိစ္စသမုပ္ပါဒ်သည်။ အတ္ထိ၊ ရှိ၏။ ဒုဝိဓော၊ နှစ်ပါးအပြားရှိသော။ ပဋိစ္စသမုပ္ပါဒေါ၊ ပဋိစ္စသမုပ္ပါဒ်သည်။ အတ္ထိ၊ ရှိ၏။ တတ္ထ၊ ထိုစကား၌။ ဟေတု၊ ဇနကအကြောင်းလည်းကောင်း။ ဖလံ၊ အကျိုးရင်းလည်းကောင်း။ နိဿန္ဒော၊ အကျိုးဆက်လည်းကောင်း။ ဣတိ၊ ဤသို့။ ပဋိစ္စသမုပ္ပါဒေါ၊ ပဋိစ္စသမုပ္ပါဒ်သည်။ တိဝိဓော၊ သုံးပါးအပြားရှိ၏။ အဝိဇ္ဇာ စ၊ အဝိဇ္ဇာသည်လည်းကောင်း။ သင်္ခါရာ စ၊ သင်္ခါရတို့သည်လည်းကောင်း။ တဏှာ စ၊ တဏှာသည်လည်းကောင်း။ ဥပါဒါနံ စ၊ ဥပါဒါန်သည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤသည်ကား။ ဟေတု၊ ဇနကအကြောင်းမည်၏။ ဝိညာဏံ၊ ဝိညာဉ်သည်လည်းကောင်း။ နာမရူပံ၊ နာမ်ရုပ်သည်လည်းကောင်း။ သဠာယတနံ၊ သဠာယတနသည်လည်းကောင်း။ ဖဿော စ၊ ဖဿသည်လည်းကောင်း။ ဝေဒနာ စ၊ ဝေဒနာသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤဝိညာဉ်စသည်သည်။ ပစ္စယော၊ ဥပနိဿယအကြောင်းမည်၏။ ယော ဘဝေါ၊ အကြင်ဘဝသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤဘဝသည်။ ဝိပါကော၊ အကျိုးရင်းမည်၏။ ယာ ဇာတိ၊ အကြင်ဇာတိသည်လည်းကောင်း။ ယံ မရဏံ၊ အကြင်မရဏသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤဇာတိမရဏသည်။ နိဿန္ဒော၊ အကျိုးဆက်မည်၏။ စတုဗ္ဗိဓော၊ လေးပါး

စာမျက်နှာ-156

အပြားရှိ​သော။ ပဋိစ္စသမုပ္ပါဒေါ၊ ပဋိစ္စသမုပ္ပါဒ်သည်။ ကထံ ဟောတိ၊ အဘယ်သို့ဖြစ်သနည်း။ ဟေတု စ၊ ဇနကအကြောင်းသည်လည်းကောင်း။ ပစ္စယော စ၊ ဥပနိဿယအကြောင်းသည်လည်းကောင်း။ ဝိပါကော စ၊ အကျိုးရင်းသည်လည်းကောင်း။ နိဿန္ဒော စ၊ အကျိုးဆက်သည်လည်းကောင်းတည်း။ အဝိဇ္ဇာ စ၊ အဝိဇ္ဇာသည်လည်းကောင်း။ တဏှာ စ၊ တဏှာသည်လည်းကောင်း။ သင်္ခါရာ စ၊ သင်္ခါရတို့သည်လည်းကောင်း။ ဥပါဒါနံ စ၊ ဥပါဒါန်သည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤအဝိဇ္ဇာအစရှိသည်သည်။ ဟေတု၊ ဇနကအကြောင်းမည်၏။ ဝိညာဏံ၊ ဝိညာဉ်သည်။ နာမရူပဿ၊ နာမ်ရုပ်အား။ ပစ္စယော၊ ကျေးဇူးပြုတတ်၏။ နာမရူပံ၊ နာမ်ရုပ်သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ တထာ၊ ထိုအတူ။ ဥပပန္နဿ၊ ဖြစ်သောနာမ်ရုပ်အား။ သဠာယတနံ စ၊ သဠာယတနသည်လည်းကောင်း။ ဖဿော၊ ဖဿသည်လည်းကောင်း။ ဝေဒနာ စ၊ ဝေဒနာသည်လည်းကောင်း။ ပစ္စယော၊ ကျေးဇူးပြု၏။ အယံ၊ ဤသည်ကား။ ပစ္စယော၊ ဥပနိဿယအကြောင်းမည်၏။ ယော ဘဝေါ၊ အကြင်ဘဝသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤဘဝသည်။ ဝိပါကော၊ အကျိုးရင်းမည်၏။ ယာ ဇာတိ၊ အကြင်ဇာတိသည်လည်းကောင်း။ ယဉ္စ ဇရာမရဏံ၊ အကြင်ဇရာမရဏသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤဇာတိအစရှိသည်သည်။ နိဿန္ဒော၊ အကျိုးဆက်မည်၏။ ဒုဝိဓော၊ နှစ်ပါးအပြားရှိ၏။ ပဋိစ္စသမုပ္ပါဒေါ၊ ပဋိစ္စသမုပ္ပါဒ်သည်။ ကထံ၊ အဘယ်နည်း။ အဝိဇ္ဇာ စ၊ အဝိဇ္ဇာသည်လည်းကောင်း။ သင်္ခါရာ စ၊ သင်္ခါရတို့သည်လည်းကောင်း။ တဏှာ စ၊ တဏှာသည်လည်းကောင်း။ ဥပါဒါနံ၊ ဥပါဒါန်သည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤအဝိဇ္ဇာအစရှိသည်သည်။ သမုဒယော၊ သမုဒယမည်၏။ ဝိညာဏံ၊ ဝိညာဉ်သည်လည်းကောင်း။ နာမရူပံ၊ နာမ်ရုပ်သည်လည်းကောင်း။ သဠာယတနံ၊ သဠာယတနသည်လည်းကောင်း။ ဖဿော၊ ဖဿသည်လည်းကောင်း။ ဝေဒနာ၊ ဝေဒနာသည်လည်းကောင်း။ ဘဝေါ၊ ဘဝသည်လည်းကောင်း။ ဇာတိ၊ ဇာတိသည်လည်းကောင်း။ မရဏံ စ၊ မရဏသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဣဒံ၊ ဤဝိညာဉ်အစရှိသည်သည်။ ဒုက္ခံ၊ ဒုက္ခသစ္စာမည်၏။ အဝိဇ္ဇာနိရောဓာ၊ အဝိဇ္ဇာချုပ်ခြင်းကြောင့်။ ယံ ပန သင်္ခါရနိရောဓော၊ အကြင်သင်္ခါရချုပ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဣမာနိ၊ ဤချုပ်ခြင်းတို့သည်။ တပ္ပဋိပက္ခေန၊ ထိုအဝိဇ္ဇာစသည်တို့၏ ဆန့်ကျင်ဘက်ဖြင့်။ ဒွေ သစ္စာနိ၊ နှစ်ပါးသော သစ္စာတို့မည်ကုန်၏။ တသ္မာ၊ ထိုကြောင့်။ ယေန အာကာရေန၊ အကြင်အခြင်းအရာဖြင့်။ ပဋိစ္စသမုပ္ပါဒေါ၊ ပဋိစ္စသမုပ္ပါဒ်ကို။ နိဒ္ဒိဋ္ဌော၊ ညွှန်း

စာမျက်နှာ-157

ပြအပ်၍။ ဒေါသဿ၊ ဒေါသ၏။ ပစာရော၊ ကျက်စားရာသည်။ ဘဝတိ၊ ဖြစ်၏။ တေန တေန၊ ထိုထိုအခြင်းအရာဖြင့်။ နိဒ္ဒိသိတဗ္ဗော၊ ညွှန်းပြအပ်၏။ တထာ၊ ထိုအတူ။ ဗာဝီသတိ၊ နှစ်ဆယ့်နှစ်ပါးကုန်သော။ ဣန္ဒြိယာနိ၊ ဣန္ဒြေတို့သည်လည်းကောင်း။ ဒွါဒသ၊ တဆယ့်နှစ်ပါးကုန်သော။ ဣန္ဒြိယေသု၊ ဣန္ဒြေတို့၌လည်းကောင်း။ စက္ခုန္ဒြိယံ၊ စက္ခုန္ဒြေသည်။ ယေန၊ အကြင့်ကြောင့်။ ဒေါမနဿိန္ဒြိယံ၊ ဒေါမနဿိန္ဒြေသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဣဒံ၊ ဤဣန္ဒြေသည်။ ဒုက္ခံ၊ ဒုက္ခသစ္စာမည်၏။ ပုရိသိန္ဒြိယံ စ၊ ပုရိသိန္ဒြေသည်လည်းကောင်း။ ဒိဋ္ဌိယာ၊ ဒိဋ္ဌိ၌လည်းကောင်း။ တဏှာ၊ တဏှာသည်။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ ယတော၊ အကြင်အကြောင်းကြောင့်။ ပုရိသော၊ ယောက်ျားသည်။ ပုရိသကာနံ၊ ယောက်ျားတို့၏။ တံ၊ ထိုယောက်ျားတို့၏အဖြစ်ကို။ ဧဝံ၊ ဤသို့။ ကာတဗ္ဗတာ၊ ပြုအပ်သောအဖြစ်သည်။ အတ္ထိ၊ ရှိ၏။ အထ၊ ထိုအခါ၌။ အဇ္ဈတ္တံ၊ မိမိသန္တာန်၌။ သာရဇ္ဇတိ၊ နှစ်သက်၏။ အယံ၊ ဤနှစ်သက်ခြင်းသည်။ အဟံကာရော၊ ငါဟူသော ပုရိသမဒဖြင့် ယစ်ခြင်းရှိ၏။ တံ၊ ထိုငါဟူသော ယစ်ခြင်းသည်။ ယသာ၊ အကျော်အစော၌။ သာရတ္တော၊ တပ်သောသူသည်။ ဗဟိဒ္ဓါ၊ အပ၌။ ပရိယေသတိ၊ ရှာမှီး၏။ အယံ၊ ဤယောက်ျားသည်။ မမံကာရော၊ ငါ၏ဥစ္စာဟူသော ပုရိသမဒဖြင့် ယစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဣတ္ထီ၊ မိန်းမသည်။ သာရတ္တာ၊ ကပ်ခြင်းရှိ၏။ တတ္ထ၊ ထိုဣန္ဒြေတို့တွင်။ သုခိန္ဒြိယံ စ၊ သုခိန္ဒြေသည်လည်းကောင်း။ သောမနဿိန္ဒြိယံ စ၊ သောမနဿိန္ဒြေသည်လည်းကောင်း။ ပုရိသိန္ဒြိယဿ၊ ပုရိသိန္ဒြေအား။ အနုဝတ္တကာ၊ အစဉ်လိုက်ကုန်သည်များ။ ဟောန္တိ၊ ဖြစ်ကုန်၏။ တဿ၊ ထိုယောက်ျား၏။ အဓိပ္ပါယပရိပုဏ္ဏာ၊ အလိုပြည့်ကြောင်းဖြစ်ကုန်သော။ လောဘဓမ္မာ၊ လောဘတရားတို့သည်။ အကုသလမူလေ၊ အကုသိုလ်မူတို့၌။ ပဝဍ္ဎေန္တိ၊ တိုးပွားစေကုန်၏။ တဿ၊ ထိုယောက်ျားအား။ စေ၊ အကယ်၍။ အယမဓိပ္ပါယော၊ ဤအလိုသည်။ ပါရိပူရိံ၊ ပြည့်စုံခြင်းသို့။ န ဂစ္ဆတိ၊ မရောက်သည်ဖြစ်အံ့။ တဿ၊ ထိုယောက်ျားအား။ ဒုက္ခိန္ဒြိယံ စ၊ ဒုက္ခိန္ဒြေသည်လည်းကောင်း။ ဒေါမနဿိန္ဒြိယံ စ၊ ဒေါမနဿိန္ဒြေသည်လည်းကောင်း။ ဝတ္တတိ၊ ဖြစ်၏။ ဒေါသော စ၊ ဒေါသသည်လည်း။ အကုသလမူလံ၊ အကုသိုလ်မူကို။ ပဝဍ္ဎေတိ၊ တိုးပွားစေ၏။ ဥပေက္ခာ၊ ဥပေက္ခာကို။ သစေ ပန ဘာဝေတိ၊ အကယ်၍ ပွားသည်ဖြစ်အံ့။ ဥပေက္ခိန္ဒြိယဿ၊ ဥပေက္ခိန္ဒြေသို့။ အနုဝတ္တကာမာ၊ အစဉ်လိုက်ခြင်းငှါ အလိုရှိသည်များ။ ဘဝတိ၊ ဖြစ်၏။ အမောဟော စ၊ အမောဟသည်လည်း။ ကုသလမူလံ

စာမျက်နှာ-158

ကုသိုလ်မူကို။ ပဝဍ္ဎေတိ၊ ပွားစေ၏။ ဣတိ၊ ဤသို့။ သတ္တ ဣန္ဒြိယာနိ၊ ခုနစ်ပါးကျန်သော ဣန္ဒြေတို့သည်။ ကိလေသဝတ္ထုံ၊ ကိလေသာဝတ္ထုကို။ ဥပါဒါယ၊ စွဲ၍။ ဘဝန္တိ၊ ဖြစ်ကုန်၏။ အနနွေမာနိ အဝမာနိ၊ အယုတ်မလွန်တို့သည်။ သဗ္ဗဿ၊ အလုံးစုံသောသူအား။ ဝေဒနာ၊ ဝေဒနာကို။ ဥပါဒါယ၊ စွဲ၍။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဣတ္ထိန္ဒြိယံ၊ ဣတ္ထိန္ဒြေသည်လည်းကောင်း။ ပုရိသိန္ဒြိယံ၊ ပုရိသိန္ဒြေသည်လည်းကောင်း။ တတ္ထ၊ ထိုဣန္ဒြေတို့တွင်။ သဒ္ဓိန္ဒြိယံ၊ သဒ္ဓိန္ဒြေသည်လည်းကောင်း။ ယာဝ အညာတာဝိနော ဣန္ဒြိယံ၊ အညာတာဝိန္ဒြေတိုင်အောင်သော ဣန္ဒြေတို့သည်လည်းကောင်း။ အဋ္ဌ ဣန္ဒြိယာနိ၊ ရှစ်ပါးကုန်သော ဣန္ဒြေဟူသည်များ။ သန္တိ၊ ရှိကုန်၏။ အယံ၊ ဤဣန္ဒြေရှစ်ပါးသည်။ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ၊ ဒုက္ခ၏ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော မဂ္ဂသစ္စာမည်၏။ ဒသန္နံ၊ ဆယ်ပါးကုန်သော ဣန္ဒြေတို့တွင်။ ပညိန္ဒြိယာနံ၊ ပညိန္ဒြေတို့သည်။ ကာမရာဂဿ၊ ကာမရာဂ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ မနိန္ဒြိယံ၊ မနိန္ဒြေသည်။ ဘဝရာဂဿ၊ ဘဝရာဂ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ ပညိန္ဒြိယာနိ၊ ပညိန္ဒြေတို့သည်။ ရူပရာဂဿ၊ ရူပရာဂ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ ဣတ္ထိန္ဒြိယံ စ၊ ဣတ္ထိန္ဒြေသည်လည်းကောင်း။ ပုရိသိန္ဒြိယံ စ၊ ပုရိသိန္ဒြေသည်လည်းကောင်း။ သတ္တ ပညတ္တိယာ၊ ခုနစ်ပါးသော ပညတ်၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ တတ္ထ၊ ထိုဒေသနာ၌။ ယေန ယေန ဣန္ဒြိယေန၊ အကြင်အကြင် ဣန္ဒြေနှင့်။ ယုတ္တံ ဝါ၊ ယှဉ်သည်ကိုလည်းကောင်း။ ဂါထာယ၊ ဂါထာ၌။ ဩတာရေတုံ၊ ချသွင်းခြင်းငှါ။ သက္ကောတိ၊ တတ်နိုင်၏။ တေန တေန၊ ထိုထိုဣန္ဒြေနှင့်။ နိဒ္ဒိသိတဗ္ဗော၊ ညွှန်းပြအပ်၏။ ဧဝံ၊ ဤသို့။ ခန္ဓေသု၊ ခန္ဓာတို့၌။ ဓာတူသု၊ ဓာတ်တို့၌။ အာယတနေသု၊ အာယတနတို့၌။ သစ္စေသု၊ သစ္စာတို့၌။ ပဋိစ္စသမုပ္ပါဒေသု၊ ပဋိစ္စသမုပ္ပါဒ်တို့၌။ နိဒ္ဒိသိတဗ္ဗော၊ ညွှန်းပြအပ်၏။ အယံ၊ ဤသည်ကား။ ဩတရဏော ဟာရော၊ ဩတရဏဟာရမည်၏။

တတ္ထ၊ ထိုဟာရတို့တွင်။ သောဓနော ဟာရော၊ သောဓနာဟာရသည်။ ကတမော၊ အဘယ်နည်း။ ယော၊ အကြင်မြတ်စွာဘုရားသည်။ ဂါထာ၊ ဂါထာကို။ ဧကေန၊ တစ်ပုဒ်ဖြင့်။ အာရမ္ဘော၊ အားထုတ်အပ်သည်ဖြစ်၍။ ဘာသိဿန္တိ၊ ဟောကုန်လတ္တံ့။ တတ္ထ၊ ထိုဂါထာ၌။ ဧကိဿာ၊ တစ်ခုသော ဒေသနာကို။ ဘာသိတာယ၊ ဟောအပ်သည်ရှိသော်။ အဝသိဋ္ဌာသု၊ ကြွင်းကုန်သော။ ဘာသိတာသု၊ ဟောအပ်ကုန်သော ဒေသနာတို့၌။ သော အတ္ထော၊ ထိုအနက်ကို။ န နိဒ္ဒိသိတဗ္ဗော၊ မညွှန်းပြအပ်။ ကာရဏံ၊ အကြောင်းကား။ ကိံ၊ အဘယ်နည်း။ တာဝ၊ ရှေးဦးစွာ။ သော အတ္ထော၊ ထိုအနက်ကို။ န ဟိ ဘာသိတော၊ မဟော

စာမျက်နှာ-159

အပ်။ အဘာသိတော၊ မဟောအပ်သော။ သော၊ ထိုအနက်ကို။ နိဒ္ဒိသိတုံ၊ ညွှန်းပြခြင်းငှါ။ န သက္ကာ၊ မတတ်ကောင်း။ ယထာ ကိံ၊ ဥဒါဟရုဏ် အဘယ်နည်းဟူမူကား။ အပ္ပမာဒေါ အမတံ ပဒန္တိဂါထာ၊ အပ္ပမာဒေါ အမတပဒံ ဟူသော ဂါထာလျှင်တည်း။ အယံ၊ ဤသည်ကား။ ဧကာ ဂါထာ၊ တစ်ခုသော ဂါထာကို။ နိဒ္ဒိသိတဗ္ဗော၊ ညွှန်းပြအပ်၏။ ကာရဏံ၊ အကြောင်းကား။ ကိံ၊ အဘယ်နည်း။ အက္ခာတာ ဝ၊ ဟောအပ်သည်သာလျှင် ဖြစ်သော ဒေသနာသည်။ အတ္ထိ၊ ရှိ၏။ အာရမ္ဘဿ၊ အားထုတ်အပ်သော။ ဣမဿ၊ ဤဒေသနာ၏။ အနဘာသိတံ၊ မဟောအပ်။ ဧဝံ ဝိသေသတော ဉတွာ အပ္ပမာဒမှိ ပဏ္ဍိတာ အပ္ပမာဒေ ပမောဒန္တိ အရိယာနံ ဂေါစရေ ရတာတိ၊ ဧဝံ ဝိသေသတော ဉတွာ အပ္ပမာဒမှိ ပဏ္ဍိတာ အပ္ပမာဒေ ပမောဒန္တိ အရိယာနံ ဂေါစရေ ရတာ ဟူသော။ ဣဒံ၊ ဤဒေသနာသည်။ အဘာသိတံ၊ အဘာသိတဒေသနာမည်၏။ ဣမိဿာပိ ဂါထာယ၊ ဤဂါထာကို။ ဘာသိတာယ၊ ဟောရာ၌။ အတ္ထော၊ အနက်ကို။ နိဒ္ဒိသိတဗ္ဗော၊ ညွှန်းပြအပ်၏။ ကာရဏံ၊ အကြောင်းကား။ ကိံ၊ အဘယ်နည်း။ တတ္ထ၊ ထိုဒေသနာ၌။ အဝသိဋ္ဌံ၊ အကြွင်းသည်။ အတ္ထိ၊ ရှိ၏။ တေ ဈာယိနော သာတတိကာ နိစ္စံ ဒဠှပရက္ကမာတိ ဂါထာ၊ တေ ဈာယိနော သာတတိကာ နိစ္စံ ဒဠှပရက္ကမာ ဟူသော ဂါထာသည်။ အတ္ထိ၊ ရှိ၏။ ဧဝံ၊ ဤသို့။ ဣမာ၊ ဤသည်ကား။ ဂါထာ၊ ဂါထာတို့သည်။ ယော၊ အကြင်သူသည်။ ယဒါ၊ အကြင်အခါ၌။ ဥပဓာရိတာ၊ ဆောင်အပ်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ တဒါ၊ ထိုအခါ၌။ အတ္ထော၊ အနက်ကို။ နိဒ္ဒိသိတဗ္ဗော၊ ညွှန်းပြအပ်၏။ ဧဝံ၊ ဤသို့။ အဿုတပုဗ္ဗေသု သုတ္တေသု၊ မကြားဖူးကုန်သော သုတ်တို့၌လည်းကောင်း။ ဗျာကရဏေသု ဝါ၊ ဗျာကရုဏ်းတို့၌လည်းကောင်း။ ဧကုဒ္ဒေသော၊ တစ်ခုသော ညွှန်းခြင်းရှိသော ဒေသနာကို။ ဘာသိတော၊ ဟောအပ်၏။ ယာ ဝီမံသာ၊ အကြင်စုံစမ်းခြင်းသည်။ ယာ တုလနာ၊ အကြင်နှိုင်းချိန်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဣဒံ၊ ဤသည်ကား။ ကိစ္စံ၊ ကိစ္စမည်၏။ ဣဒံ သုတ္တံ၊ ဤသုတ်ကို။ ဘာသိတံ၊ ဟောအပ်၏။ တဿ၊ ထိုသုတ်၏။ ဝေဝစနံ၊ ဝေဝုစ်ကို။ နိဒ္ဒိဋ္ဌံ ဝါ၊ ညွှန်းပြသည်မူလည်းရှိ၏။ န ဝါ၊ မပြသည်မူလည်းရှိ၏။ တတ္ထ၊ ထိုသုတ်၌။ ယာ ဝီမံသာ၊ အကြင်စုံစမ်းခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤစုံစမ်းခြင်းကို။ သောဓနော ဟာရော၊ သောဓနဟာရဟူ၍။ ဝုစ္စတေ၊ ဆိုအပ်၏။

တတ္ထ၊ ထိုဟာရတို့တွင်။ အဓိဋ္ဌာနော ဟာရော၊ အဓိဋ္ဌာနဟာရသည်။ ကတမော၊ အဘယ်နည်း။ တတ္ထ၊ ထိုဒေသနာ၌။ ဧကတ္တတာ စ၊ တူသည်၏အဖြစ်ကိုလည်းကောင်း။ ဝေမတ္တတာ စ၊ ထူးသည်၏အဖြစ်ကိုလည်းကောင်း။ ပညတ္တိ

စာမျက်နှာ-160

၊ သိစေခြင်းသည်လည်း။ အတ္ထိ၊ ရှိ၏။ ကိစ္စပညတ္တိ စ၊ ကိစ္စပညတ်သည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ သာ၊ ထိုကိစ္စပညတ်သည်။ ဧကတ္တတာ စ၊ တူသည်၏အဖြစ်ကိုလည်းကောင်း။ ဝေမတ္တတာ စ၊ ထူးသည်၏အဖြစ်ကိုလည်းကောင်း။ ယထာပညတ္တိ၊ ပညတ်အားလျော်စွာ။ ဧကဝေဝစနေန၊ တစ်ခုသော ဝေဝုစ်ဖြင့်။ ဝေမတ္တတာ၊ ထူးသည်၏အဖြစ်ကို။ ပဇာနာတိ၊ သိတတ်၏။ ဣတိ တသ္မာ၊ ထိုကြောင့်။ ပညာ၊ ပညာမည်၏။ သာ စ၊ ထိုပညာသည်လည်း။ အာဓိပတေယျဋ္ဌေန၊ အစိုးရသောအနက်ကြောင့်။ ပညတ္တိ၊ ပညတ်မည်၏။ ယံ၊ အကြင်ပညာသည်။ အနောမတ္တိယဋ္ဌေန၊ မယုတ်သောအနက်ကြောင့်။ ပညတ္တံ၊ ပညတ်အပ်၏။ ဣတိ တသ္မာ၊ ထိုကြောင့်။ တံ၊ ထိုပညာသည်။ အနောမတ္တိယဋ္ဌေန၊ မယုတ်သောအနက်ကြောင့်။ ပညဖလံ၊ ပညာဖလမည်၏။ ဗုဒ္ဓါနုဿတိ၊ ဘုရားကျေးဇူးကို အောက်မေ့ခြင်း။ ဓမ္မာနုဿတိ၊ တရားတော်ဂုဏ်ကို အောက်မေ့ခြင်း။ သံဃာနုဿတိ၊ သံဃာတော်ဂုဏ်ကို အောက်မေ့ခြင်း။ ဣတိ၊ ဤသို့။ တီသု ရတနေသု၊ ရတနာသုံးပါးတို့၌။ အနုဿတိ၊ အောက်မေ့ခြင်းရှိ၏။ အဝိပရီတာနုဿရဏတာယ၊ မဖောက်မပြန် အဖန်ဖန်အောက်မေ့သော အဖြစ်သည်။ ဂေါစရတ္တဝသာ သေဝ၊ အာရုံဖြစ်သော နိဗ္ဗာန်သို့ ရောက်သည်အထိ မှီဝဲခြင်းသည်။ တဒနုဘူတာ၊ ထိုအာရုံနှင့် လျှော်စွာ ဖြစ်ခြင်းကြောင့်။ သတိ၊ သတိမည်၏။ သမ္မာဒိဋ္ဌိ၊ ကောင်းသောအမြင်သည်။ ဓမ္မာနံ၊ တရားတို့ကို။ ပဝိစယေန၊ ရွေးချယ်စီစစ်ခြင်းဖြင့်။ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂေါ၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်မည်၏။ အဘိနီဟာရတော၊ ရှေးရှုဆောင်ခြင်းကြောင့်။ အဘိညာ၊ အဘိညာဉ်မည်၏။ ဣတိ အာဒီ၊ ဤသို့စသည်တည်း။ သင်္ခေပေန၊ အကျဉ်းအားဖြင့်။ မဂ္ဂါ၊ မဂ်တို့သည်။ ဝတ္ထုအဝိကောပနတာယ၊ တရားကိုယ်မကွဲသောအဖြစ်ဖြင့်။ ဧကတ္တာ၊ ဧကတ္တမည်၏။ ကာ၊ အဘယ်နည်း။ ယထာ ကိံ၊ ဥပမာ အဘယ်နည်းဟူမူကား။ ဥဏှေန၊ ရေနွေးနှင့်။ သံသဋ္ဌံ၊ ရောနှောသော ရေအေးသည်။ ဥဏှောဒကံ၊ ရေနွေးဖြစ်၏။ သီတေန၊ အေးနှင့်။ သံသဋ္ဌံ၊ ရောသော ရေနွေးသည်။ သီတောဒကံ၊ ရေအေးဖြစ်၏။ ခါရောဒကံ၊ ရေငန်ဖြစ်၏။ ဂုဠှောဒကံ၊ ရေချိုဖြစ်၏။ ဣတိ ဣဒံ၊ ဤဆိုအပ်ခဲ့ပြီးသည်ကား။ ဧကတ္တတာ၊ ဧကတ္တအဖြစ်မည်၏။ ဝေမတ္တတာ စ၊ ဝေမတ္တအဖြစ်သည်လည်း။ အတ္ထိ၊ ရှိ၏။ ပုန၊ တစ်ဖန်။ ဓမ္မော၊ သဘောတရားကို။ နာနာဓမ္မသံဃတော၊ အထူးထူးသော တရားသံဃာမှ။ ဧကတော၊ တစ်ပေါင်းတည်း။ ယထာရူပံ၊ ထိုက်သည်အလျောက်။ စတ္တာရော၊ လေးပါးတို့ကို။ ဝါရေတဗ္ဗာ၊ တားမြစ်အပ်ကုန်၏။ တဉ္စ၊ ထိုသဘာဝဓမ္မသည်လျှင်။

စာမျက်နှာ-161

ရူပံ၊ ရုပ် မည်၏။ ဣတိ၊ ဤသို့။ ဧကတ္တတာ၊ တူသောအဖြစ်မည်၏။ ပထဝီဓာတု၊ ပထဝီဓာတ်။ အာပေါတေဇောဝါယောဓာတု၊ အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်။ ဣတိ၊ ဤသို့။ ဝေမတ္တတာ၊ ထူးသောအဖြစ်မည်၏။ ဧဝံ၊ ဤသို့။ သဗ္ဗာ၊ အလုံးစုံကုန်သော။ စတဿော ဓာတုယော၊ လေးပါးကုန်သော ဓာတ်တို့သည်။ ရူပံ၊ ရုပ် မည်၏။ ဣတိ၊ ဤသို့။ ဧကတ္တတာ၊ တူသောအဖြစ်မည်၏။ ပထဝီဓာတု၊ ပထဝီဓာတ်။ အာပေါတေဇောဝါယောဓာတု၊ အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်။ ဣတိ၊ ဤသို့။ ဝေမတ္တတာ၊ ဝေမတ္တအဖြစ်မည်၏။ ပထဝီဓာတု၊ ပထဝီဓာတ်ဟူသည်ကား။ လက္ခဏတော၊ လက္ခဏာအားဖြင့်။ ဧကတ္တတာ၊ တူသောအဖြစ်မည်၏။ သံကိဏ္ဏဝတ္ထုတော၊ ရောနှောသော ဝတ္ထုအားဖြင့်။ ဝေမတ္တတာ၊ ဝေမတ္တဖြစ်မည်၏။ ယံ ကိဉ္စိ၊ အလုံးစုံသော ဝတ္ထုသည်။ ကက္ခဠလက္ခဏံ၊ ကြမ်းတန်းသော လက္ခဏာရှိ၏။ တံ သဗ္ဗံ၊ ထိုအလုံးစုံသည်။ ပထဝီဓာတု၊ ပထဝီဓာတ်မည်၏။ ဣတိ၊ ဤသို့။ ဧကတ္တတာ၊ တူသောအဖြစ်မည်၏။ ကေသာ၊ ဆံလည်းကောင်း။ လောမာ၊ အမွေးလည်းကောင်း။ နခါ၊ ခြေသည်းလက်သည်းလည်းကောင်း။ ဒန္တာ၊ သွားလည်းကောင်း။ ဆဝိ၊ အရေပါးလည်းကောင်း။ စမ္မံ၊ အရေထူလည်းကောင်း။ ဣတိ၊ ဤသို့။ ဝေမတ္တတာ၊ ဝေမတ္တတာမည်၏။ ဧဝံ၊ ဤသို့။ သဗ္ဗံ၊ အလုံးစုံသောခန္ဓာ။ စတဿော၊ လေးပါးကုန်သော။ ဓာတုယော၊ ဓာတ်တို့။ ရူပံ၊ ရုပ်။ ဣတိ၊ ဤသို့။ ဧကတ္တံ၊ ဧကတ္တမည်၏။ သဒ္ဒါ၊ သဒ္ဒါရုံ။ ဂန္ဓာ၊ ဂန္ဓာရုံ။ ရသာ၊ ရသာရုံ။ ဖောဋ္ဌဗ္ဗာ၊ ဖောဋ္ဌဗ္ဗာရုံ။ ဣတိ၊ ဤသို့။ ဝေမတ္တတာ၊ ဝေမတ္တအဖြစ်သည်။ အတ္ထိ၊ ရှိ၏။ ပုန၊ တစ်ဖန်။ ဓမ္မော၊ တရားသည်။ ဝေမတ္တတာ၊ ဝေမတ္တတာမည်၏။ အညော၊ တစ်ပါးသော သဘောတရားသည်။ နာမံ၊ အမည်ကို။ လဘတိ၊ ရ၏။ တထာ၊ ထိုအခြင်းအရာဖြင့်။ ကာယာနုပဿနာယ၊ ကာယာနုပဿနာ၌။ ဝိနီလကသညာ၊ ဝိနီလကသညာလည်းကောင်း။ ဥဒ္ဓုမာတကသညာ၊ ဥဒ္ဓုမာတကသညာလည်းကောင်း။ ဣတိအာဒိ၊ ဤသို့အစရှိကုန်သော။ နဝသညာ၊ ကိုးပါးကုန်သော သညာတို့ကို။ လဘတိ၊ ရအပ်၏။ အယံ၊ ဤသည်ကား။ အသုဘသညာ၊ အသုဘသညာမည်၏။ အာရမ္မဏတော၊ အာရုံအားဖြင့်။ ဝေမတ္တတော၊ ထူးသောအဖြစ်မှ။ ယာ ဧကတ္တတာ၊ အကြင်တူသောအဖြစ်သည်။ အတ္ထိ၊ ရှိ၏။ သာ၊ ထိုတူသောအဖြစ်သည်။ ဧဝံ၊ ဤသို့။ သညာဝေဒနာသု၊ သညာဝေဒနာတို့၌။ အာဒီနဝံ၊ အပြစ်ကို။ သမနုပဿတော၊ ရှုသောပုဂ္ဂိုလ်အား။ တထာဓိဋ္ဌာနံ၊ ထိုသို့ ဆောက်တည်ခြင်းသည်။ သမာဓိန္ဒြိယံ စ၊ သမာဓိန္ဒြေလည်းမည်၏။ သာယေဝ၊ ထိုသမာဓိသည်လျှင်။ ဓမ္မေသု၊ တရားတို့

စာမျက်နှာ-162

၌။ အနတ္တသညာဘာဝနာ၊ အနတ္တသညာကို ပွားစေခြင်းသည်။ ဝီရိယိန္ဒြိယံ၊ ဝီရိယိန္ဒြေမည်၏။ ဓမ္မေသု၊ ဓမ္မတို့၌။ ဓမ္မာနုပဿနာ၊ ဓမ္မာနုပဿနာသည်။ စိတ္တေ၊ စိတ်၌။ အတ္တသညံ၊ ကိုယ်ဟူသောအမှတ်ကို။ ပဇဟတော၊ စွန့်ခြင်းပယ်ခြင်းကြောင့်။ ပညိန္ဒြိယံ၊ ပညိန္ဒြေမည်၏။ စိတ္တေ၊ စိတ်၌။ စိတ္တာနုပဿနာ၊ စိတ္တာနုပဿနာသည်။ ဣတိ၊ ဤသို့။ ယော ကောစိ၊ အမှတ်မရှိသော။ ယော ဉာဏပစာရော၊ အကြင်ဉာဏ်၏ ကျက်စားရာသည်။ သဗ္ဗသော၊ အခြင်းခပ်သိမ်း။ ပညာယ၊ ပညာ၏။ ဂေါစရော၊ အာရုံသည်။ ပညာ၊ အပြားအားဖြင့် သိခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤသည်ကား။ ဝေမတ္တတာ၊ ဝေမတ္တတာမည်၏။ ယထာ၊ အကြင်အခြင်းအရာဖြင့်။ ကာမရာဂေါ၊ ကာမရာဂလည်းကောင်း။ ဘဝရာဂေါ၊ ဘဝရာဂလည်းကောင်း။ ဒိဋ္ဌိရာဂေါ၊ ဒိဋ္ဌိရာဂလည်းကောင်း။ ဣတိ၊ ဤသို့ပြားခြင်း၌။ တဏှာယ၊ တဏှာ၏။ ဝေမတ္တတာ၊ ဝေမတ္တတာမည်၏။ ဣတိ၊ ဤသို့။ ဧကတ္တတာယ စ၊ ဧကတ္တတာ၌လည်းကောင်း။ ဝေမတ္တတာယ စ၊ ဝေမတ္တတာ၌လည်းကောင်း။ ယံ ဉာဏံ၊ အကြင်သိခြင်းသည်။ ယာ ဝီမံသနာ၊ အကြင်စုံစမ်းခြင်းသည်။ ယာ တုလနာ၊ အကြင်နှိုင်းချိန်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤအလုံးစုံသည်။ အဓိဋ္ဌာနော ဟာရော၊ အဓိဋ္ဌာနဟာရမည်၏။

တတ္ထ၊ ထိုဟာရတို့တွင်။ ပရိက္ခာရော ဟာရော၊ ပရိက္ခာရာဟာရသည်။ ကတမော၊ အဘယ်နည်း။ သဟေတု၊ ဇနကအကြောင်းနှင့်တကွ။ သပ္ပစ္စယံ၊ ဥပနိဿယအကြောင်းနှင့်တကွ။ ဝေါဒါနံ၊ ကိလေသာ၏ ဖြူစင်ခြင်းသည်။ သံကိလေသော စ၊ ညစ်နွမ်းခြင်းသည်။ အတ္ထိ၊ ရှိ၏။ တဒုဘယံ၊ ထိုနှစ်ပါးစုံကို။ ယံ ပရိယေဋ္ဌိ၊ အကြင်ထက်ဝန်းကျင် ရှာမှီးခြင်းသည်။ အတ္ထိ၊ ရှိ၏။ သသော၊ ထိုရှာမှီးခြင်းသည်။ ပရိက္ခာရော ဟာရော၊ ပရိက္ခာရာဟာရမည်၏။ ဣတိ၊ ဤသို့။ သဟေတုကာနံ၊ ဇနကအကြောင်းနှင့်တကွ ဖြစ်ကုန်သော။ ဓမ္မာနံ၊ တရားတို့၏။ ဟေတု၊ ဇနကအကြောင်းကို။ ပရိယေသိတဗ္ဗော၊ ရှာမှီးအပ်၏။ သပ္ပစ္စယာနံ၊ ဥပနိဿယအကြောင်းနှင့်တကွ ဖြစ်ကုန်သော။ ဓမ္မာနံ၊ တရားတို့၏။ ပစ္စယော၊ ဥပနိဿယအကြောင်းကို။ ပရိယေသိတဗ္ဗော၊ ရှာမှီးအပ်၏။ တတ္ထ၊ ထိုနှစ်ပါးတို့တွင်။ ဟေတုဿ စ၊ ဟေတု၏လည်းကောင်း။ ပစ္စယဿ စ၊ ပစ္စယ၏လည်းကောင်း။ နာနာကရဏံ၊ အထူးပြုခြင်းသည်။ ကိံ၊ အဘယ်နည်း။ သဘာဝေါ၊ သဘာဝသည်။ ဟေတု၊ ဟေတုမည်၏။ ပရဘာဝေါ၊ တစ်ပါး၏အဖြစ်သည်။ ပစ္စယော၊ ပစ္စယမည်၏။ ပစ္စယော၊ ပစ္စယသည်။ ပရဘာဝေါ၊ ပရဘာဝသည်။ အဿ၊ ဖြစ်ရာ၏။ ဟေတုပိ

စာမျက်နှာ-163

ဟေတုသည်လည်း။ သဘာဝေါ၊ သဘာဝသည်။ အဿ၊ ဖြစ်ရာ၏။ ဟေတုယာ၊ ဟေတု၏။ ပရဘာဝေါ၊ ပရဘာဝသည်။ ကဿစိ၊ အချို့အရာ၌။ အဿ၊ ဖြစ်ရာ၏။ ပစ္စယော၊ ဥပနိဿယအကြောင်းကို။ ဟေတု၊ ဟေတုဟူ၍။ အဝုတ္တော၊ မဆိုအပ်။ ပစ္စယော၊ ပစ္စယဟူ၍။ ဝုတ္တော၊ ဆိုအပ်၏။ အဇ္ဈတ္တိကော၊ အဇ္ဈတ္တိကဝတ္ထုသည်။ ဟေတု၊ ဇနကအကြောင်းမည်၏။ ဗာဟိရော၊ ဗာဟိရဝတ္ထုသည်။ ပစ္စယော၊ ဥပနိဿယအကြောင်းမည်၏။ သဘာဝေါ၊ သဘာဝသည်။ ဟေတု၊ ဟေတုမည်၏။ ပရဘာဝေါ၊ တစ်ပါး၏အဖြစ်သည်။ ပစ္စယော၊ ပစ္စယမည်၏။ နိဗ္ဗတ္တကော၊ ဖြစ်စေခြင်းသည်။ ဟေတု၊ ဇနကအကြောင်းမည်၏။ ပဋိဂ္ဂါဟကော၊ တစ်ဖန်ဖြစ်စေခြင်းသည်။ ပစ္စယော၊ ဥပနိဿယအကြောင်းမည်၏။ နေဝါသိကော၊ နေဝါသိကသည်။ ဟေတု၊ ဇနကအကြောင်းမည်၏။ အာဂန္တုကော၊ ဧည့်သည်သည်။ ပစ္စယော၊ ဥပနိဿယအကြောင်းမည်၏။ အသာဓာရဏော၊ မဆက်ဆံခြင်းသည်။ ဟေတု၊ ဇနကအကြောင်းမည်၏။ သာဓာရဏော၊ ဆက်ဆံခြင်းသည်။ ပစ္စယော၊ ဥပနိဿယအကြောင်းမည်၏။ ဧကောယေဝ၊ တစ်ခုသာလျှင်တည်းသော။ ဟေတု၊ ဇနကအကြောင်းသည်။ အပရာပရော၊ အဆက်ဆက်ဖြစ်သော။ ပစ္စယော၊ ဥပနိဿယအကြောင်းသည်။ အပရာပရော၊ အဆက်ဆက်ဖြစ်၏။ ဟေတုဿ၊ ဇနကအကြောင်း၏။ ဥပကရဏံ၊ ကျေးဇူးကို။ သမုဒါနေတဗ္ဗော၊ ထုတ်အပ်၏။ အယံ၊ ဤသည်ကား။ သမုဒါနဟေတု၊ သမုဒါနဟိတ်မည်၏။ တတ္ထ၊ ထိုနှစ်ပါးတို့တွင်။ ဟေတု၊ ဇနကအကြောင်းသည်။ ဒုဝိဓော၊ နှစ်ပါးအပြားရှိ၏။ ပစ္စယော၊ ဥပနိဿယအကြောင်းသည်။ သမနန္တရပစ္စယော စ၊ သမနန္တရပစ္စည်းလည်းကောင်း။ ပရမ္ပရပစ္စယော စ၊ ပရမ္ပရပစ္စည်းလည်းကောင်း။ ဣတိ၊ ဤသို့။ ဒုဝိဓော၊ နှစ်ပါးအပြားရှိ၏။ ဟေတုပိ၊ ဟေတုသည်လည်း။ သမနန္တရဟေတု စ၊ သမနန္တရဟိတ်လည်းကောင်း။ ပရမ္ပရဟေတု စ၊ ပရမ္ပရဟိတ်လည်းကောင်း။ ဣတိ၊ ဤသို့။ ဒုဝိဓော၊ နှစ်ပါးအပြားရှိ၏။ တတ္ထ၊ ထိုနှစ်ပါးတို့တွင်။ ပရမ္ပရပစ္စယော၊ ပရမ္ပရပစ္စည်းသည်။ ကတမော၊ အဘယ်နည်း။ အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ နာမရူပဿ၊ နာမ်ရုပ်အား။ ပရမ္ပရပစ္စယော၊ ပရမ္ပရဖြစ်၍ ကျေးဇူးပြု၏။ ဝိညာဏံ၊ ဝိညာဉ်သည်။ သမနန္တရပစ္စယတာယ၊ သမနန္တရပစ္စည်း၏အဖြစ်ဖြင့်။ ပစ္စယော၊ ကျေးဇူးပြု၏။ ယဒိ၊ အကယ်၍။ အာဒိမှိ၊ အစ၌။ အဝိဇ္ဇာနိရောဓော၊ အဝိဇ္ဇာ၏ ချုပ်ခြင်းသည်။ ဘဝတိ၊ ဖြစ်သည်ဖြစ်အံ့။ နာမရူပဿ၊ နာမ်ရုပ်၏။ နိရောဓောပိ၊ ချုပ်ခြင်းသည်လည်း။ ဘဝတိ၊ ဖြစ်၏။ တတ္ထ၊ ထိုနှစ်ပါးတို့တွင်။ သမနန္တရံ၊ သမနန္တရဖြစ်သော။ ကာရဏံ၊ အကြောင်းသည်။ ကိံ၊ အဘယ်နည်း။ ပရမ္ပရပစ္စယော၊ ပရမ္ပရပစ္စည်းကို။ သမနန္တရပစ္စယော

စာမျက်နှာ-164

သမနန္တရပစ္စည်းအဖြစ်ဖြင့်။ သမုဒါနိတော၊ ထုတ်အပ်၏။ အယံ၊ ဤသည်ကား။ ပစ္စယတော၊ ပစ္စယအကြောင်းမည်၏။ တတ္ထ၊ ထိုနှစ်ပါးတို့တွင်။ ပရမ္ပရဟေတု၊ ပရမ္ပရဇနကအကြောင်းသည်။ ကတမော၊ အဘယ်နည်း။ ပရမ္ပရဟေတုတာယ၊ ပရမ္ပရဇနကအကြောင်း၏အဖြစ်ဖြင့်။ ဝိဇာနန္တဿ၊ သိသောသူအား။ ဟေတု၊ ဇနကအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ သမနန္တရဟေတုတာယ၊ သမနန္တရဇနကအကြောင်း၏အဖြစ်ဖြင့်။ အညာကာရော၊ တစ်ပါးသော အခြင်းအရာရှိသော။ ဟေတု၊ ဇနကအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ ဟိ၊ သင့်စွ။ ယဿ၊ အကြင်သူအား။ သမနန္တရံ၊ သမနန္တရပစ္စည်းသည်။ နိဗ္ဗတ္တတိ၊ ဖြစ်၏။ သော၊ ထိုသမနန္တရအကြောင်းသည်။ တဿ၊ ထိုသူ၏။ ဟေတုပိ၊ ဇနကအကြောင်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဇာတိနိရောဓာ၊ ဇာတိချုပ်ခြင်းကြောင့်။ ဗဟိ၊ အပ၌။ အာကာရနိရောဓော၊ အာကာရချုပ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ အာကာရနိရောဓာ၊ အာကာရ၏ ချုပ်ခြင်းကြောင့်။ ဒဏ္ဍနိရောဓော၊ ဒဏ္ဍ၏ ချုပ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဒဏ္ဍနိရောဓာ၊ ဒဏ္ဍ၏ ချုပ်ခြင်းကြောင့်။ ခဏ္ဍနိရောဓော၊ ခဏ္ဍ၏ ချုပ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဧဝံ၊ ဤသို့။ သော ဟေတုပိ၊ ထိုဇနကအကြောင်းကိုလည်း။ သောဟိ၊ ထိုယောဂီပုဂ္ဂိုလ်တို့သည်။ ဒွိဓာ၊ နှစ်ပါးအပြားဖြင့်။ ပဿိတဗ္ဗော၊ ရှုအပ်၏။ ပဋိစ္စသမုပ္ပါဒေါ ယထာ၊ ပဋိစ္စသမုပ္ပါဒ်ကဲ့သို့။ အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ ပစ္စယော၊ အကြောင်းမည်၏။ တဿ၊ ထိုအဝိဇ္ဇာ၏။ ပုန၊ တစ်ဖန်။ ပစ္စယော၊ အကြောင်းကား။ ကိံ၊ အဘယ်နည်း။ အယောနိသောမနသိကာရော၊ အယောနိသောမနသိကာရတည်း။ သော၊ ထိုမသင့်မတင့်သောအားဖြင့် နှလုံးသွင်းခြင်းသည်။ ကဿ၊ အဘယ်၏။ ပစ္စယော၊ အကြောင်းနည်း။ သင်္ခါရာနံ၊ သင်္ခါရတို့၏။ ပစ္စယော၊ အကြောင်းတည်း။ ဣတိ၊ ဤသို့။ တဿ၊ ထိုသင်္ခါရ၏။ ပစ္စယော စ၊ အကြောင်းလည်းဖြစ်သော။ သမုပ္ပန္နံ စ၊ အကြောင်းနှင့်တကွလည်းဖြစ်သော။ ဟေတု၊ အကြောင်းသည်။ ကော၊ အဘယ်နည်း။ အဝိဇ္ဇာယေဝ၊ အဝိဇ္ဇာသည်သာလျှင်တည်း။ တထာ ဟိ၊ ထိုကြောင့်သာလျှင်။ ပုရိမာ ကောဋိ၊ ရှေးအစွန်းအစသည်။ န ပညာယတိ၊ မထင်။ တတ္ထ၊ ထိုဒေသနာ၌။ အဝိဇ္ဇာနုသယော၊ အဝိဇ္ဇာနုသယသည်။ အဝိဇ္ဇာပရိယုဋ္ဌာနဿ၊ အဝိဇ္ဇာပရိယုဋ္ဌာန်၏။ ဟေတု၊ ဇနကအကြောင်းမည်၏။ ပုရိမာ၊ ရှေးဖြစ်သော။ ဟေတု၊ ဇနကအကြောင်းသည်။ ပစ္ဆာ၊ နောက်၌။ ပစ္စယော၊ ဥပနိဿယအကြောင်းမည်၏။ သာပိ၊ ထိုရှေးဖြစ်သော ဇနကအကြောင်းသည်လည်း။ အဝိဇ္ဇာသင်္ခါရာနံ၊ အဝိဇ္ဇာသင်္ခါရတို့၏။ ပစ္စယော၊ အကြောင်းမည်၏။ စတူဟိ ကာရဏေဟိ၊ လေး

စာမျက်နှာ-165

ပါးကုန်သော အကြောင်းတို့ဖြင့်။ သဟဇာတပစ္စယတာယ၊ သဟဇာတပစ္စည်း၏အဖြစ်ဖြင့်လည်းကောင်း။ သမနန္တရပစ္စယတာယ၊ သမနန္တရပစ္စည်း၏အဖြစ်ဖြင့်လည်းကောင်း။ အဘိသန္ဒနပစ္စယတာယ၊ အဘိသန္ဒနပစ္စည်းအဖြစ်ဖြင့်လည်းကောင်း။ အဓိဋ္ဌာနပစ္စယတာယ၊ အဓိဋ္ဌာနပစ္စည်းအဖြစ်ဖြင့်လည်းကောင်း။ အဝိဇ္ဇာသင်္ခါရာနံ၊ အဝိဇ္ဇာသင်္ခါရတို့အား။ ပစ္စယော၊ ကျေးဇူးပြု၏။ သဟဇာတပစ္စယတာယ၊ သဟဇာတပစ္စည်းအဖြစ်ဖြင့်။ အဝိဇ္ဇာသင်္ခါရာနံ၊ အဝိဇ္ဇာသင်္ခါရတို့အား။ ပစ္စယော၊ ကျေးဇူးပြုခြင်းသည်။ ကထံ၊ အဘယ်မှာနည်း။ ယံ စိတ္တံ၊ အကြင်စိတ်သည်။ ရာဂပရိယုဋ္ဌံ၊ ရာဂဖြင့် လုယက်ခြင်းရှိ၏။ တတ္ထ၊ ထိုသို့လုယက်ရာ၌။ အဝိဇ္ဇာပရိယုဋ္ဌာနေန၊ အဝိဇ္ဇာပရိယုဋ္ဌာန်ဖြင့်။ ပညာယ၊ ပညာ၏။ သဗ္ဗံ၊ အလုံးစုံသော။ ဂေါစရံ၊ အာရုံကို။ ဟန္တိ၊ သတ်ကုန်၏။ တတ္ထ၊ ထိုဒေသနာ၌။ တိပစ္စယဋ္ဌိကာ အဒ္ဓါဘူမိကာရမဟတ္တဿ၊ သုံးပါးသော ပစ္စည်း၏ တည်ခြင်း ကာလအဓွန့် ဘူမိကာရများသည်၏ အဖြစ်ကြောင့်။ အယံ အဝိဇ္ဇာသဟသမုပ္ပန္နံ၊ ဤအဝိဇ္ဇာနှင့်တကွ ဖြစ်ကုန်သော။ သင်္ခါရာ၊ သင်္ခါရတို့သည်။ ဝုဒ္ဓိံ၊ ကြီးပွားခြင်းသို့။ ဝိရူဠှိံ၊ စည်ပင်ခြင်းသို့။ ဝေပုလ္လတံ၊ ပြန့်ပြောသည်၏အဖြစ်သို့။ အာပဇ္ဇန္တိ၊ ရောက်ကုန်၏။ စတူဟိ ကာရဏေဟိ၊ လေးပါးကုန်သော အကြောင်းတို့ကြောင့်။ ပညာ၊ ပညာသည်။ ပဟီယတိ၊ ယုတ်၏။ ကတမေဟိ စတူဟိ၊ အဘယ်လေးပါးတို့နည်း ဟူမူကား။ အနုသယော၊ အနုသယလည်းကောင်း။ ပရိယုဋ္ဌာနံ၊ ပရိယုဋ္ဌာန်လည်းကောင်း။ သံယောဇနံ၊ သံယောဇဉ်လည်းကောင်း။ ဥပါဒါနံ၊ ဥပါဒါန်လည်းကောင်း။ တတ္ထ၊ ထိုလေးပါးတို့တွင်။ အနုသယော၊ အနုသယသည်။ ပရိယုဋ္ဌာနံ၊ ပရိယုဋ္ဌာန်ရှိကုန်သော ပုဂ္ဂိုလ်အား။ ဇာတိပရိယုဋ္ဌိတာ၊ ဇာတ်အားဖြင့် ကုသိုလ်ကို လုယက်သောအဖြစ်နှင့်။ သံယုဇ္ဇတိ၊ ယှဉ်၏။ သံယုတ္တာ၊ ယှဉ်ခြင်းကြောင့်။ ဥပါဒိယတိ၊ စွဲလမ်း၏။ ဥပါဒါနပစ္စယာ၊ စွဲလမ်းခြင်းကြောင့်။ ဘဝေါ၊ ဘဝသည်။ ဇာယတိ၊ ဖြစ်၏။ ဧဝံ၊ ဤသို့။ ဘူမိဂတာ၊ ဖြစ်ခြင်းအရာသို့ ရောက်ကုန်သည်ဖြစ်၍။ ဥပ္ပန္နာ၊ ဖြစ်ကုန်သော။ တေ သင်္ခါရာ၊ ထိုသင်္ခါရတရားတို့သည်။ တိဝိဓာ၊ သုံးပါးအပြားရှိကုန်၏။ အညတ္ထ၊ တစ်ပါးသောအရာ၌။ န သန္တိ၊ မဖြစ်ကုန်။ အယံ၊ ဤသင်္ခါရကို။ မဂ္ဂေန၊ မဂ်ဖြင့်။ ဝိနီတတ္တာယ၊ ခွဲခြမ်းဝေဖန်ခြင်းငှာ။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့ ခွဲခြမ်းဝေဖန်အပ်သည်ရှိသော်။ တေ၊ ထိုသင်္ခါရတို့သည်။ ထာမဂတာ၊ အားရှိသောအဖြစ်သို့ ရောက်ကုန်သည်ဖြစ်၍။ အပ္ပဋိဝိနီတာ၊ တစ်ဖန် မဆုံးမအပ်ကုန်။ တသ္မာ၊ ထိုကြောင့်။

စာမျက်နှာ-166

တေ၊ ထိုတရားတို့ကို။ သင်္ခါရာတိ၊ သင်္ခါရတို့ဟူ၍။ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။ ဧဝံ၊ ဤသို့။ သဟေတုသမုပ္ပန္နဋ္ဌေန၊ အကြောင်းနှင့်တကွ ဖြစ်ခြင်းဟူသောအနက်ကြောင့်။ သဟေတု၊ ဇနကအကြောင်းသည်။ အတ္ထိ မေဝ၊ ရှိသည်သာလျှင်တည်း။ ပစ္စယာ၊ ဥပနိဿယ အကြောင်းသည်။ သင်္ခါရာနံ၊ သင်္ခါရတို့အား။ ပစ္စယော၊ ကျေးဇူးပြုတတ်၏။ နိဒ္ဒိဋ္ဌံ၊ ပြအပ်သော။ ကုသလံ စ၊ ကုသိုလ်ကိုလည်းကောင်း။ အကုသလံ စ၊ အကုသိုလ်ကိုလည်းကောင်း။ အပနေတွာ၊ ပယ်၍။ ကုသလော စ၊ ကုသိုလ်ကိုလည်းကောင်း။ အကုသလော စ၊ အကုသိုလ်ကိုလည်းကောင်း။ ပက္ခိပိတဗ္ဗော၊ ထည့်အပ်၏။ ဝိပါကဓမ္မာ၊ ဝိပါကဓမ္မတို့ကို။ အပနေတွာ၊ ပယ်၍။ ဝစနီယံ၊ အနက်သဒ္ဒါကိုလည်းကောင်း။ အဝစနီယံ၊ သဒ္ဒါကိုလည်းကောင်း။ ဝစနီယဉ္စ၊ အနက်ကိုလည်းကောင်း။ အဝစနီယဉ္စ၊ သဒ္ဒါကိုလည်းကောင်း။ ပက္ခိပိတဗ္ဗံ၊ ထည့်အပ်၏။ ဘဝအပေဝိရိတ္တာ၊ ဘဝကင်းချုပ်သည်တိုင်အောင်။ သဗ္ဗသုတ္တံ၊ အလုံးစုံသော သုတ်ကို။ ပရိက္ခိပိတဗ္ဗံ၊ ဆင်ခြင်အပ်၏။ ဒသ တထာဂတဗလာနိ၊ ဆယ်ပါးသော မြတ်စွာဘုရား အားတော်တို့သည်လည်းကောင်း။ စတ္တာရိ ဝေသာရဇ္ဇာနိ၊ လေးပါးကုန်သော ဝေသာရဇ္ဇဉာဏ်တို့သည်လည်းကောင်း။ ပုညာနိ၊ ဖြူစင်သောအဖို့ရှိကုန်၏။ အနညာကတံ၊ တစ်ပါးသောအကြောင်းသည် မပြုအပ်။ အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ သမနန္တရပစ္စယတာယ၊ အခြားမဲ့ကျေးဇူးပြုခြင်းရှိသည်ဖြစ်၍။ သင်္ခါရာနံ၊ သင်္ခါရတို့အား။ ပစ္စယော၊ ကျေးဇူးပြုတတ်၏။ ယေန စိတ္တေန၊ အကြင်စိတ်နှင့်။ သဟ၊ တကွ။ သမုပ္ပန္နာ၊ ဖြစ်သော။ အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ တဿ စိတ္တဿ၊ ထိုစိတ်အား။ သမနန္တရစိတ္တံ၊ အခြားမဲ့ဖြစ်သော စိတ်သည်။ သမုပ္ပန္နံ၊ ကောင်းစွာဖြစ်၏။ ဣတိ၊ ဤသို့။ တဿ၊ ထိုစိတ်၏။ ယံ သမနန္တရစိတ္တံ၊ အကြင်အခြားမဲ့ဖြစ်သော စိတ်သည်။ သမုပ္ပန္နံ၊ ကောင်းစွာဖြစ်၏။ ဣတိ၊ ဤသို့။ ပစ္ဆိမဿ၊ နောက်ဖြစ်သော။ တဿ စိတ္တဿ၊ ထိုစိတ်အား။ ပုရိမစိတ္တံ၊ ရှေးဖြစ်သော စိတ်သည်။ ဟေတုပစ္စယတာယ၊ ဟေတုပစ္စည်း၏အဖြစ်ဖြင့်။ ပစ္စယော၊ ကျေးဇူးပြုတတ်၏။ တေန၊ ထိုကြောင့်။ အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ ဟေတု၊ ဇနကအကြောင်းမည်၏။ တေန စိတ္တေန၊ ထိုစိတ်ကြောင့်။ ဥပါဒါနံ၊ ဥပါဒါန်သည်။ အနောကာသကတာ၊ အရာမဟုတ်သည်၏ အဖြစ်ကို ပြုတတ်သည်၏အဖြစ်ကြောင့်။ ဉာဏံ၊ ဉာဏ်သည်။ န ဥပ္ပဇ္ဇတိ၊ မဖြစ်။ တဿ၊ ထိုသူအား။ ယာ တဿ အပ္ပမာဒါ ဓာတု၊ အကြင်အပ္ပမာဒဓာတ်သည်။ အဘိဇ္ဈာဘိသန္ဒိတာ၊ အဘိဇ္ဈာကို တောင့်တသည်ဖြစ်၍။ တဟိံ၊ ထိုအပ္ပမာဒဓာတ်၌။ အသုဘေ၊ မတင့်တယ်သည်၌။ သုဘန္တိ၊ တင့်တယ်၏ဟူ၍လည်းကောင်း။ ဒုက္ခေ၊ ဆင်းရဲ၌။ သုခန္တိ၊ ချမ်းသာဟူ၍လည်းကောင်း။ ဝိပလ္လာသာ၊ ဖောက်ပြန်ခြင်းတို့

စာမျက်နှာ-167

သည်။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။ တတ္ထ၊ ထိုသို့ ဖောက်ပြန်ခြင်း၌။ အတ္တာ၊ ကိုယ်သည်။ ဒုဋ္ဌာ၊ ပျက်သည်ဖြစ်၍။ မူလဿ၊ မူလဖြစ်သော တရား၏။ စေတနာ၊ စေတနာသည်။ ရာဂပရိယုဋ္ဌာနေန၊ ရာဂပရိယုဋ္ဌာန်ဖြင့်။ ဗျာပါဒပရိယုဋ္ဌာနေန၊ ဗျာပါဒပရိယုဋ္ဌာန်ဖြင့်။ အဝိဇ္ဇာပရိယုဋ္ဌာနေန၊ အဝိဇ္ဇာပရိယုဋ္ဌာန်ဖြင့်။ သင်္ခါရာ၊ သင်္ခါရတို့သည်။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။ ဒိဋ္ဌိဝိပလ္လာသော၊ ဒိဋ္ဌိဝိပလ္လာသကို။ ဝတ္ထုနိဒ္ဒေသေ၊ ဝတ္ထုနိဒ္ဒေသ၌။ နိဒ္ဒိသိတဗ္ဗော၊ ညွှန်ပြအပ်၏။ ဝိပရိတစိတ္တော၊ ဖောက်ပြန်သော စိတ်ရှိသည်ဖြစ်၍။ ယံ ဝိဇာနာတိ၊ အကြင်ကြောင့် သိ၏။ အယံ၊ ဤသို့ သိခြင်းသည်။ စိတ္တဝိပလ္လာသော၊ စိတ္တဝိပလ္လာသမည်၏။ ဝိပရီတသညာ၊ ဖောက်ပြန်သော အမှတ်ရှိသည်ဖြစ်၍။ ယာ ဥပဂ္ဂဏှာတိ၊ အကြင်ကြောင့် မြဲစွာစွဲထား၏။ အယံ၊ ဤသို့ စွဲလမ်းခြင်းသည်။ သညာဝိပလ္လာသော၊ သညာဝိပလ္လာသမည်၏။ ဝိပရီတဒိဋ္ဌိ၊ ဖောက်ပြန်သောအမြင် ရှိသည်ဖြစ်၍။ ယံ အဘိနိဝိသတိ၊ အကြင်ကြောင့် နှလုံးသွင်း၏။ အယံ၊ ဤသို့ နှလုံးသွင်းခြင်းသည်။ ဒိဋ္ဌိဝိပလ္လာသော၊ ဒိဋ္ဌိဝိပလ္လာသမည်၏။ အဋ္ဌ မိစ္ဆတ္တာနိ၊ ရှစ်ပါးကုန်သော မိစ္ဆတ္တတို့သည်။ ဝဍ္ဎန္တိ၊ တိုးပွားကုန်၏။ တီဏိ အကုသလာနိ၊ သုံးပါးကုန်သော အကုသိုလ်တို့သည်။ အယောနိသောမနသိကာရေ၊ မသင့်သောအားဖြင့် နှလုံးသွင်းခြင်း၌။ ဥပ္ပန္နံ၊ ဖြစ်သော။ ဝိညာဏဉ္စ၊ ဝိညာဉ်ကိုလည်းကောင်း။ ဝိဇ္ဇဉ္စ၊ ဝိဇ္ဇာကိုလည်းကောင်း။ ကရောန္တိ၊ ပြုကုန်၏။ ဣတိ၊ ဤသို့။ ပုဗ္ဗာပရန္တေ၊ ရှေ့အဖို့ နောက်အဖို့၌။ အကုသလာနတရိတရော၊ အကုသိုလ်မျှ မလွန်နိုင်ကုန်သော။ သင်္ခါရာ၊ သင်္ခါရတို့သည်။ ဝုဒ္ဓိံ၊ ကြီးပွားခြင်းသို့။ ဝေပုလ္လတံ၊ ပြန့်ပြောသည်၏အဖြစ်သို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။ မဟတာ၊ များသောအားဖြင့်။ အပ္ပဋိဝိဒိတာ၊ ထိုးထွင်း၍ မသိအပ်ကုန်သော။ ပေါနောဗ္ဘဝိကာ၊ တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်ကုန်သော။ တေ သင်္ခါရာ၊ ထိုသင်္ခါရတရားတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဣတိ ဧဝံ၊ ဤသို့။ အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ သဟဇာတပစ္စယတာယ၊ သဟဇာတပစ္စည်း၏အဖြစ်ဖြင့်။ သင်္ခါရာနံ၊ သင်္ခါရတို့အား။ ပစ္စယော၊ ကျေးဇူးပြု၏။ သမနန္တရပစ္စယတာယ စ၊ သမနန္တရပစ္စည်း၏အဖြစ်ဖြင့်လည်း။ သင်္ခါရာနံ၊ သင်္ခါရတို့အား။ ပစ္စယော၊ ကျေးဇူးပြု၏။ အဘိသန္ဒနာကာရေန၊ တောင့်တသော အခြင်းအရာဖြင့်။ အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ သင်္ခါရာနံ၊ သင်္ခါရတို့အား။ ပစ္စယော၊ ကျေးဇူးပြုခြင်းသည်။ ကထံ၊ အဘယ်သို့ဖြစ်သနည်း။ သာ အဝိဇ္ဇာ၊ ထိုအဝိဇ္ဇာသည်။ တေ သင်္ခါရေ၊ ထိုသင်္ခါရတို့ကို။ အဘိသန္နေတိ၊ စွတ်၏။ ပရိပ္ဖရတိ၊ နှံ့၏။ သေယျထာပိ နာမ၊ ဥပမာမည်သည်ကား။ ဥပ္ပလံ ဝါ၊ ကြာညိုသည်လည်းကောင်း။ ပဒုမံ ဝါ၊ ပဒုမ္မာကြာ

စာမျက်နှာ-168

သည်လည်းကောင်း။ ဥဒကေ၊ ရေ၌။ ဝုဒ္ဓိံ၊ ကြီးပွားခြင်းသည်။ အဿ၊ ဖြစ်ရာ၏။ သီတေန၊ အေးသော။ ဝါရိနာ၊ ရေဖြင့်။ အဘိသန္နံ၊ ဆွတ်ဖြန်းအပ်သည်ရှိသော်။ ပရိသန္ဒနံ၊ သွန်းလောင်းအပ်သည်ရှိသော်။ ဝုဒ္ဓိံ၊ ကြီးပွားခြင်းသို့။ ဝိရူဠှိံ၊ စည်ပင်ခြင်းသို့။ ဝေပုလ္လတံ၊ ပြန့်ပြောသည်၏အဖြစ်သို့။ အာပဇ္ဇတိ ယထာ၊ ရောက်သကဲ့သို့။ ဧဝံ၊ အတူ။ အဘိသန္ဒနဋ္ဌေန၊ တောင့်တသော သဘောဖြင့်။ အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ သင်္ခါရာနံ၊ သင်္ခါရတို့အား။ ပစ္စယော၊ ကျေးဇူးပြု၏။ ကထံ၊ အဘယ်သို့။ ပတိဋ္ဌဟနဋ္ဌေန၊ တည်ရာဟူသောအနက်ဖြင့်။ အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ သင်္ခါရာနံ၊ သင်္ခါရတို့အား။ ပစ္စယော၊ ကျေးဇူးပြုသနည်း။ တေ သင်္ခါရာ၊ ထိုသင်္ခါရတို့သည်။ အဝိဇ္ဇာယံ၊ အဝိဇ္ဇာ၌။ နိဿာယ၊ မှီ၍။ ဝုဒ္ဓိံ၊ ကြီးပွားခြင်းသို့။ ဝိရူဠှိံ၊ စည်ပင်ခြင်းသို့။ ဝေပုလ္လတံ၊ ပြန့်ပြောသည်၏အဖြစ်သို့။ အာပဇ္ဇန္တိ၊ ရောက်ကုန်၏။ သေယျထာပိ နာမ၊ ဥပမာမည်သည်ကား။ ဥပ္ပလံ ဝါ၊ ကြာညိုသည်လည်းကောင်း။ ပဒုမံ ဝါ၊ ပဒုမ္မာကြာသည်လည်းကောင်း။ ပထဝိံ၊ မြေကို။ နိဿာယ၊ မှီ၍။ ပထဝိံ၊ မြေ၌။ ပတိဋ္ဌာယ၊ တည်၍။ ဝုဒ္ဓိံ၊ ကြီးပွားခြင်းသို့။ ဝိရူဠှိံ၊ စည်ပင်ခြင်းသို့။ ဝေပုလ္လတံ၊ ပြန့်ပြောသည်၏အဖြစ်သို့။ အာပဇ္ဇတိ၊ ရောက်၏။ ဧတေ သင်္ခါရာ၊ ထိုသင်္ခါရတို့သည်။ အဝိဇ္ဇာယံ၊ အဝိဇ္ဇာ၌။ ပတိဋ္ဌိတာ၊ တည်ကုန်၍။ အဝိဇ္ဇာယံ၊ အဝိဇ္ဇာ၌။ နိဿာယ၊ မှီကုန်၍။ ဝုဒ္ဓိံ၊ ကြီးပွားခြင်းသို့။ ဝိရူဠှိံ၊ စည်ပင်ခြင်းသို့။ ဝေပုလ္လတံ၊ ပြန့်ပြောသည်၏အဖြစ်သို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။ ဧဝံ၊ ဤသို့။ ပတိဋ္ဌဟနဋ္ဌေန၊ တည်ရာဟူသောအနက်ကြောင့်။ အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ သင်္ခါရာနံ၊ သင်္ခါရတို့အား။ ပစ္စယော၊ ကျေးဇူးပြု၏။ ပုန၊ တစ်ဖန်။ ရာဂသဟဂတဿ၊ ရာဂနှင့်တကွဖြစ်သော။ ကာမဿ၊ ကိလေသာကာမ၏။ ဝိပါကေန၊ အကျိုးအားဖြင့်။ ပဋိသန္ဓိမှိ၊ ပဋိသန္ဓေ၌။ ဘဝေါ၊ ဘဝသည်။ နိဗ္ဗတ္တတိ၊ ဖြစ်၏။ ကမ္မဿ၊ ကံ၏။ သဗ္ဗံ၊ အလုံးစုံသော။ တံ အဘိနိဝိဋ္ဌံ၊ ထိုဘဝသစ်၌ ဖြစ်ခြင်းကို။ အညာဏဝသေန၊ မသိသည်၏အစွမ်းဖြင့်။ ပေါနောဗ္ဘဝိကာ သင်္ခါရာတိ၊ ပေါနောဗ္ဘဝိကာ သင်္ခါရဟူ၍။ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။ ဧဝမ္ပိ၊ ဤသို့လည်း။ အဝိဇ္ဇာပစ္စယာ၊ အဝိဇ္ဇာဟူသောအကြောင်းကြောင့်။ သင်္ခါရာ၊ ဖြစ်ကုန်သော သင်္ခါရတို့သည်။ အတ္ထိ သန္တိ၊ ရှိကုန်၏။ ပုန၊ တစ်ဖန်။ ပဉ္စသု၊ ငါးယောက်ကုန်သော ပုဂ္ဂိုလ်တို့တွင်။ သေက္ခာ၊ သေက္ခဖြစ်ကုန်သော။ ယေ စ ပုဂ္ဂလာ၊ အကြင်ပုဂ္ဂိုလ်တို့သည်လည်းကောင်း။ အသညိသမာပတ္တိံ၊ အသညီသမာပတ်ကို။ သမာပန္နာ၊ ဝင်စားကုန်သော။ ယော စ ဘဝဂတာ၊ အကြင်ပုဂ္ဂိုလ်တို့သည်လည်းကောင်း။ ဘဂဝတော၊ မြတ်စွာဘုရား၏။ အန္တောဂတာယေဝ၊ အတွင်း၌ ဝင်သည်သာလျှင်

စာမျက်နှာ-169

ဖြစ်ကုန်သော။ ယေ စ သံသေဒဇာ၊ အကြင်သံသေဒဇတို့သည်လည်းကောင်း။ ယေ ဝါ ပန၊ အကြင်သို့သဘောရှိကုန်သော။ အနာဂါမိဘူတာ၊ အနာဂါမ် ဖြစ်ကုန်သော။ အညေ၊ တစ်ပါးကုန်သော။ ကေစိ၊ အချို့ကုန်သော သူတို့သည်။ န စေတေန္တိ၊ မစေ့ဆော်ကုန်။ န စ ပတ္ထေန္တိ၊ မတောင့်တကုန်။ တေသံ၊ ထိုပုဂ္ဂိုလ်တို့အား။ ပစ္စယာ၊ အကြောင်းတို့သည်။ သင်္ခါရာ၊ သင်္ခါရတို့သည်။ ကိံ၊ အဘယ်မှာရှိအံ့နည်း။ ပုန၊ တစ်ဖန်။ ရာဂါ၊ တပ်နှစ်သက်ခြင်းတို့သည်။ အတ္ထိ သန္တိ၊ ရှိကုန်၏။ တေသံ၊ ထိုပုဂ္ဂိုလ်တို့၏။ သင်္ခါရာနိ၊ သင်္ခါရတို့သည်။ ဥပါဒါနာနိ၊ ဥပါဒါန်ကိုလည်းကောင်း။ စိတ္တဉ္စ၊ စိတ်ကိုလည်းကောင်း။ အနုဿရန္တိ ယေဝ၊ အဖန်တလဲလဲ အောက်မေ့ကုန်သည်သာလျှင်တည်း။ အဝိပက္ကဝိပါကသမူဟတာ၊ အကျိုးမပေးသေးသော ဝိပါက်အစုကို နှုတ်ခြင်းကြောင့်။ အသမုစ္ဆိန္နပစ္စယာ၊ မပြတ်ခြင်းဟူသော အကြောင်းကြောင့်။ တေသံ၊ ထိုသူတို့အား။ ပုန ဂတော၊ တစ်ဖန် ဘဝသို့ လားခြင်းသည်။ ဘဝတိ၊ ဖြစ်၏။ ဟိ၊ ထိုစကားသင့်စွ။ ဧဝမ္ပိ ဟိ၊ ဤသို့လည်း။ အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ အဝိဇ္ဇာပစ္စယာ၊ အဝိဇ္ဇာဟူသော အကြောင်းရှိကုန်သော။ သင်္ခါရာ၊ သင်္ခါရတို့ဖြစ်သည်။ ပုန၊ တစ်ဖန်။ သာတေန၊ သာသာခြင်းဖြင့်။ ဥပါဒါနာ၊ စွဲလမ်းခြင်းကြောင့်။ သင်္ခါရာ၊ သင်္ခါရတို့သည်။ နပိ အတ္ထိ သန္တိ၊ မရှိကုန်။ ပုန၊ တစ်ဖန်။ တေသံ၊ ထိုပုဂ္ဂိုလ်တို့အား။ သတ္တ အနုသယာ၊ ခုနစ်ပါးကုန်သော အနုသယတို့ကို။ အသမူဟတာ၊ မနှုတ်ခြင်းကြောင့်။ အသမုစ္ဆိန္နာ၊ မဖြတ်ခြင်းကြောင့်။ တဒါရမ္မဏံ၊ ထိုသင်္ခါရလျှင် အာရုံရှိသော အနုသယသည်။ ဘဝတိ၊ ဖြစ်၏။ ဝိညာဏဿ၊ ဝိညာဉ်၏။ ပတိဋ္ဌာယ၊ တည်ခြင်းငှာ။ ဝိညာဏပစ္စယာ၊ ဝိညာဉ်ဟူသော အကြောင်းကြောင့်။ နာမရူပံ၊ နာမ်ရုပ်သည်။ ဘဝတိ၊ ဖြစ်၏။ ဧဝမ္ပိ၊ ဤသို့လည်း။ အဝိဇ္ဇာပစ္စယာ၊ အဝိဇ္ဇာဟူသော အကြောင်းကြောင့်။ သင်္ခါရာ ပန၊ သင်္ခါရတို့သည်ကား။ ဘဝန္တိ၊ ဖြစ်ကုန်၏။ သာ၊ ထိုအဝိဇ္ဇာသည်။ အာစယဂါမိ၊ စုတိပဋိသန္ဓေသို့ ရောက်ကြောင်းဖြစ်သော။ ယံ ကိဉ္စိ၊ အမှတ်မရှိသော။ ကမ္မံ၊ ကံသည်။ အတ္ထိ၊ ရှိ၏။ သဗ္ဗံ တံ၊ ထိုအလုံးစုံကို။ အဝိဇ္ဇာဝသေန၊ အဝိဇ္ဇာ၏ အစွမ်းအားဖြင့်။ အဘိသင်္ခါရိယတိ၊ ပြုပြင်အပ်၏။ တဏှာဝသေန စ၊ တဏှာ၏ အစွမ်းအားဖြင့်လည်းကောင်း။ အလ္လိယတိ၊ ငြိကပ်၏။ အညာဏဝသေန စ၊ မသိသည်၏ အစွမ်းအားဖြင့်လည်းကောင်း။ တတ္ထ၊ ထိုသင်္ခါရ၌။ အာဒီနဝမ္ပိ၊ အပြစ်ကိုလည်း။ န ဇာနာတိ၊ မသိ။ တဒေဝ ဝိညာဏဗီဇံ၊ ထိုဝိညာဉ်ဟူသော မျိုးစေ့သည်။ ဘဝတိ၊ ဖြစ်၏။ သာယေဝ တဏှာ၊ ထိုတဏှာသည်သာလျှင်။ သိနေဟော၊ အစေးသည်။ ဘဝတိ၊ ဖြစ်၏။ သာယေဝ အဝိဇ္ဇာ၊ ထိုအဝိဇ္ဇာသည်

စာမျက်နှာ-170

သာလျှင်။ သမ္မောဟော၊ တွေဝေခြင်းသည်။ ဘဝတိ၊ ဖြစ်၏။ ဧဝမ္ပိ၊ ဤသို့လည်း။ အဝိဇ္ဇာပစ္စယာ၊ အဝိဇ္ဇာဟူသော အကြောင်းကြောင့်။ သင်္ခါရာ၊ သင်္ခါရတို့ကို။ ဝတ္တဗ္ဗာ၊ ဆိုအပ်ကုန်၏။ ဣတိ၊ ဤသို့။ ဣမေဟိ အာကာရေဟိ၊ ဤအခြင်းအရာတို့ဖြင့်။ အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ သင်္ခါရာနံ၊ သင်္ခါရတို့အား။ ပစ္စယော၊ ကျေးဇူးပြု၏။ တတ္ထ၊ ထိုစကား၌။ အဝိဇ္ဇာယ၊ အဝိဇ္ဇာ၏။ ဟေတု၊ ဇနကအကြောင်းသည်။ အယောနိသောမနသိကာရော၊ မသင့်မတင့် နှလုံးသွင်းခြင်းသည်။ ပစ္စယော၊ ဥပနိဿယအကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ တတ္ထ ဗ္ဘိစ္ဆေဒေါ၊ ထိုဝဋ်၏ ပြတ်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤပြတ်ခြင်းသည်။ တတ္ထ၊ ထိုနိဗ္ဗာန်၌။ တတိယံ ဗလံ၊ သုံးခုမြောက်သော အားကို။ နိဝတ္တိ၊ နတ်စေ၏။ အယံ၊ ဤဗလသည်။ ပဋိသန္ဓိ၊ ပဋိသန္ဓေမည်၏။ တတ္ထ၊ ထိုဒေသနာ၌။ အသမုဂ္ဃာတနဋ္ဌေန၊ မဂ်ဖြင့် မသတ်အပ်သော သဘောကြောင့်။ ပုနဗ္ဘဝေါ၊ တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်းဟူသော။ ယော အဝေစ္ဆေဒေါ၊ အကြင်မပြတ်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤသို့ မပြတ်ခြင်းသည်။ အနုသယော၊ အနုသယမည်၏။ ယထာ၊ ဥပမာ အဘယ်နည်း။ ပဋာကံ ဝါ၊ အလွှာကိုလည်းကောင်း။ သာဋကံ ဝါ၊ ပုဆိုးကိုလည်းကောင်း။ ဒွေ ဇနာ၊ နှစ်ယောက်ကုန်သော သူတို့သည်။ နိဝါဋဿေသု စ၊ ရေနှင့်တကွ ညှစ်ထိုက်ကုန်သော ပုဆိုးတို့ကို။ ပီဠေသု၊ ညှစ်အပ်ကုန်သည်ရှိသော်။ ဧကာ ဝါ၊ တစ်ခုသည်လည်းကောင်း။ ဗလံ ဝါ၊ အထွန့်သည်လည်းကောင်း။ အဿ၊ ဖြစ်ရာ၏။ နိဝါဋဿေသု၊ ရေနှင့်တကွ ညှစ်ထိုက်ကုန်သော ပုဆိုးတို့ကို။ ပီဠေသု၊ ညှစ်အပ်ကုန်သည် ရှိသော်။ နပန သောသေယျ၊ မခြောက်ရာ။ တတ္ထ၊ ထိုပုဆိုး၌။ ယံ ယေန ကာရဏေန၊ အကြင်အကြောင်းကြောင့်။ သိနေဟာ၊ အစေးဖြစ်သော။ အာပေါဓာတု၊ အာပေါဓာတ်ကို။ အနုပုလ္လနာသော သေတဗ္ဗာ၊ ရင့်မာသည်ဖြစ်၍ ခြောက်စေအပ်၏။ ဥဏှဓာတုံ၊ တေဇောဓာတ်ကို။ အာဂမ္မ၊ စွဲ၍။ သစေ၊ အကယ်၍။ ပုန၊ တစ်ဖန်။ တံ၊ ထိုပုဆိုးကို။ အာကာသေ၊ ကောင်းကင်၌။ နိက္ခိပေယျ၊ အကယ်၍ ပစ်ငြားအံ့။ တံ၊ ထိုပုဆိုးသည်။ ဥဿာဝေန၊ နှင်းပေါက်ဖြင့်။ ယေဘုယျတရံ၊ များသောအားဖြင့်။ သိနေဟံ၊ စွတ်ခြင်းသို့။ အာပဇ္ဇေယျ၊ ရောက်ရာ၏။ ဟိ၊ ထိုစကားသင့်စွ။ တေဇောဓာတုံ၊ တေဇောဓာတ်ကို။ အနာဂမ္မ၊ မစွဲမူ၍။ ပရိသောသံ၊ ခြောက်သွေ့ခြင်းကို။ န ဂစ္ဆေယျ ယထာ၊ မရောက်ရာသကဲ့သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ ဘဝဂ္ဂပရမာပိ သမာပတ္တိ၊ နေဝသညာနာသညာယတန သမာပတ်သည်။ အနုရူပဿ၊ လျော်သော အရူပရာဂကို။ သမုဂ္ဃာတာယ၊ အကြွင်းမဲ့ ဖြတ်ခြင်းငှာ။ န သံဝတ္တတိ၊ မဖြစ်။ တေ ဟိ၊ ထိုနေဝသညာနာသညာယတနဘုံ၌။

စာမျက်နှာ-171

ဖြစ်ကုန်သော ဗြဟ္မာတို့သည်။ အာလယန္တိ၊ ကပ်ငြိကုန်၏။ သမ္မသန္တိ၊ သုံးသပ်ကုန်၏။ တဏှာယ၊ တဏှာဖြင့်။ တဏှာပဟာနံ၊ တဏှာကို ပယ်ဖျောက်ခြင်းသို့။ နစဂစ္ဆန္တိ၊ မရောက်ကုန်။ တတ္ထ၊ ထိုစကား၌။ သောအသမုဂ္ဃာတော၊ ထိုအကြွင်းမဲ့မဖြတ်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အဝိဇ္ဇာယ၊ အဝိဇ္ဇာ၏။ အနုသယော၊ အနုသယသည်လည်းကောင်း။ စိတ္တဿ၊ စိတ်ကို။ သမ္ပလိဗောဓော၊ နှောင့်ယှက်တတ်၏။ ဣဒံ၊ ဤနှောင့်ယှက်ခြင်းသည်။ ပရိယုဋ္ဌာနံ၊ ပရိယုဋ္ဌာန်မည်၏။ ယထာဘူတံ၊ ဟုတ်မှန်တိုင်း။ ဝိညာဏဿ၊ ဝိညဉ်ကို။ အပ္ပဋိဝေဓော၊ ထိုးထွင်း၍မသိခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤထိုးထွင်း၍မသိခြင်းသည်။ အဝိဇ္ဇာသဝေါ၊ အဝိဇ္ဇာသဝမည်၏။ အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ ဝိညာဏဗီဇံ၊ ဝိညာဉ်၏မျိုးစေ့သည်။ ဘဝတိ၊ ဖြစ်၏။ ယံဗီဇံ၊ အကြင်မျိုးစေ့သည်။ သောဟေတု၊ ထိုအကြောင်းကို။ နသမုစ္ဆိဇ္ဇတိ၊ မဖြတ်။ အသမုစ္ဆိဇ္ဇန္တော၊ မဖြတ်သည်ရှိသော်။ ပဋိသန္ဓေဟတိ၊ ပဋိသန္ဓေနေရ၏။ ပဋိသန္ဓေဟန္တော၊ ပဋိသန္ဓေနေသောသူသည်။ သမုဂ္ဃာတံ၊ အကြွင်းမဲ့ဖြတ်ခြင်းသို့။ နဂစ္ဆတိ၊ မရောက်။ အသမုဂ္ဃာတံ၊ အကြွင်းမဲ့မဖြတ်အပ်သေးသည်ရှိသော်။ စိတ္တံ၊ စိတ်ကို။ ပရိယောနူဟတိ၊ မှေးယှက်၏။ ပရိယောနဒ္ဓစိတ္တော၊ မှေးယှက်သောစိတ်ရှိသောသူသည်။ ယထာဘူတံ၊ ဟုတ်မှန်တိုင်း။ နပ္ပဇာနာတိ၊ မသိ။ ဣတိ၊ ဤသို့။ သညာဏဿ၊ သညာ၏။ သာသဝတ္ထော၊ သာသဝအနက်။ အဝိဇ္ဇတ္ထော၊ အဝိဇ္ဇာအနက်။ ဟေတုအတ္ထော၊ ဟေတုအနက်။ အဝစ္ဆေဒအတ္ထော၊ အဝစ္ဆေဒအနက်။ အနိဝတ္တိအတ္ထော၊ အနိဝတ္တိအနက်။ ဖလတ္ထော၊ ဖလအနက်။ ပဋိသန္ဓိအတ္ထော၊ ပဋိသန္ဓေအနက်။ ပုနဗ္ဘဝတ္ထော၊ ပုနဗ္ဘဝအနက်။ အသမုဂ္ဃာတတ္ထော၊ အသမုဂ္ဃာတအနက်။ အနုသယတ္ထော၊ အနုသယအနက်။ ပရိယုဋ္ဌာနတ္ထော၊ ပရိယုဋ္ဌာန်အနက်။ အပ္ပဋိဝေဓနတ္ထော၊ အပ္ပဋိဝေဓအနက်လည်းကောင်းတည်း။ ဧတ္တာဝတာ၊ ဤဆိုအပ်ခဲ့ပြီးသောစကားအစဉ်ဖြင့်။ အဝိဇ္ဇာယ၊ အဝိဇ္ဇာ၏။ ခေတ္တံ၊ ခေတ်ကို။ နိဒ္ဒိဋ္ဌံ၊ ပြအပ်သည်။ ဘဝတိ၊ ဖြစ်၏။ အယံ၊ ဤဟာရကို။ ပရိက္ခာရောနာမဟာရော၊ ပရိက္ခာရဟာရဟူ၍။ ဝုစ္စတေ၊ ဆိုအပ်၏။

တတ္ထ၊ ထိုဟာရတို့တွင်။ သမာရောပနောဟာရော၊ သမာရောပနဟာရသည်။ ကတမော၊ အဘယ်နည်း။ ဥဂ္ဃာတိတမှိ၊ ဥဂ္ဃာတညူပုဂ္ဂိုလ်၌။ ဝိတ္ထာရံ၊ အကျယ်ဖြစ်သော။ သန္တံ၊ ထင်ရှားရှိသော။ ဝစနံပန၊ တရားတော်ကိုကား။ စေဝတ္တတ္ထံ၊ အကယ်၍ ဆိုအပ်သည်ဖြစ်အံ့။ ဝိတ္ထာရဝိဓံ၊ အကျယ်အပြားရှိသော။ စိတ္တံ၊ စိတ်ကို။ အညာ၊ သိရာ၏။ အယံ၊ ဤသည်ကား။ သမာရောပနောဟာရော၊ သမာရောပနဟာရမည်၏။ တတ္ထ၊ ထိုဟာရ၌။ နာမနိဒ္ဒေ

စာမျက်နှာ-172

သော၊ အမည်ကိုညွှန်းခြင်းသည်လည်းကောင်း။ ဥပဃာတကဝတ္ထု၊ ဥပဃာတကဝတ္ထုကို ညွှန်းခြင်းသည်လည်းကောင်း။ ဝေဝစနံ၊ ဝေဝစနမည်၏။ ဝတ္ထုဘူတော၊ ဝတ္ထုဖြစ်၍ဖြစ်သော။ နိဒ္ဒေသော၊ ညွှန်းခြင်းသည်။ ဝိတ္ထာရော၊ ဝိတ္ထာရမည်၏။ ယထာကိံ၊ ဥဒါဟရုဏ်အဘယ်နည်းဟူမူကား။ ဘိက္ခူနံ၊ ရဟန်းတို့အား။ ဝတ္တတော၊ ဝတ်အားဖြင့်။ ပဟာတဗ္ဗော၊ ပယ်အပ်၏။ အယံ၊ ဤသည်ကား။ ဥပဃဋနာ၊ ဥပဃဋနာမည်၏။ တတ္ထ၊ ထိုစကား၌။ သမာရောပနာ၊ တင်ခြင်းသည်။ ကတမော၊ အဘယ်နည်း။ ကိဉ္စိ၊ တစုံတခုသော။ ဝတ္တတ္ထံ၊ ဆိုဖွယ်သည်။ ၊ မရှိ။ ရူပရာဂံဝါ၊ ရူပရာဂကိုလည်းကောင်း။ နာမမန္တပဟာတဗ္ဗံ၊ နာမ်၏အစွန်းအဖျားဟူ၍ ပယ်အပ်၏။ ယထာဝိညာဏန္တိ၊ ဝိညာဉ်တိုင်အောင်ပယ်အပ်၏ဟူ၍။ ဣတိ၊ ဤသို့။ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ ကာတဗ္ဗာနိ၊ ပြုအပ်ကုန်၏။ အဝိဇ္ဇာတာ၊ မသိသည်၏အဖြစ်ကို။ ဩပမ္မေန၊ ဥပမာဖြင့်။ ပညာပေတဗ္ဗာ၊ သိစေအပ်သောအခြင်းအရာသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤအရာသည်။ သမာရောပနော၊ သမာရောပနမည်၏။ နိဿိတစိတ္တဿ၊ အဝိဇ္ဇာအကြောင်းရှိသောစိတ်၏။ မတ္တိကာစ၊ အတိုင်းအရှည်ရှိသော တရားသည်လည်းကောင်း။ တဏှာစ၊ တဏှာသည်လည်းကောင်း။ ဒိဋ္ဌိစ၊ ဒိဋ္ဌိသည်လည်းကောင်း။ နိဿယော၊ မှီရာဖြစ်၏။ တတ္ထ၊ ထိုနှစ်ပါးတို့တွင်။ ဒိဋ္ဌိ၊ ဒိဋ္ဌိလည်းကောင်း။ အဝိဇ္ဇာ၊ အဝိဇ္ဇာလည်းကောင်း။ တဏှာ၊ တဏှာလည်းကောင်း။ သင်္ခါရာ၊ သင်္ခါရတို့လည်းကောင်းတည်း။ တတ္ထ၊ ထိုလေးပါးတို့တွင်။ ဒိဋ္ဌိပစ္စယာ၊ ဒိဋ္ဌိဟူသောအကြောင်းကြောင့်။ တဏှာ၊ တဏှာသည်။ သမ္ဘဝတိ၊ ဖြစ်၏။ အဝိဇ္ဇာပစ္စယာ၊ အဝိဇ္ဇာဟူသောအကြောင်းကြောင့်။ သင်္ခါရာ၊ သင်္ခါရတို့သည်။ သမ္ဘဝန္တိ၊ ဖြစ်ကုန်၏။ တတ္ထ၊ ထိုဒေသနာ၌။ နိဿိတံ၊ အဝိဇ္ဇာကိုမှီ၍ဖြစ်သော။ ဝိညာဏံ၊ ဝိညာဉ်သည်လည်းကောင်း။ သင်္ခါရပစ္စယာ၊ သင်္ခါရဟူသောအကြောင်းကြောင့်။ ပဝတ္တံ၊ ဖြစ်သော။ ဣဒံဝိညာဏံ၊ ဤဝိညာဉ်သည်လည်းကောင်း။ ယာဝဇရာမရဏံ၊ ဇရာမရဏတိုင်အောင်။ သမ္ဘဝတိ၊ ဖြစ်၏။ ဣဒံ၊ ပဋိစ္စသမုပ္ပါဒ်ကို။ သံခိတ္တေန၊ အကျဉ်းအားဖြင့်။ ဘာသိတေ၊ ဟောအပ်သည်ရှိသော်။ အဝသိဋ္ဌံ၊ ကြွင်းသောပဋိစ္စသမုပ္ပါဒ်ကို။ ပရောပယတိ၊ တင်အပ်၏။ အနိဿိတဿ၊ အဝိဇ္ဇာကို မမှီသောစိတ်၏။ စလတ္တံ၊ အာသယ၏လှုပ်ရှားခြင်းသည်။ နတ္ထိ၊ မရှိ။ ဣတိ တသ္မာ၊ ထိုကြောင့်။ တဿတံစိတ္တံ၊ ထိုစိတ်သည်။ ဧဝံ၊ ဤသို့။ ဒိဋ္ဌိယာ၊ ဒိဋ္ဌိကိုလည်းကောင်း။ တဏှာယစ၊ တဏှာကိုလည်းကောင်း။ ပဟာနံ၊ ပယ်ခြင်းရှိ၏။ တတ္ထ၊ ထိုစကား၌။ ဒိဋ္ဌိအဝိဇ္ဇာနိရောဓာယ၊ ဒိဋ္ဌိအဝိဇ္ဇာချုပ်ခြင်းကြောင့်၊

စာမျက်နှာ-173

ဘူတံ၊ ဖြစ်သော။ ဝိညာဏံ၊ ဝိညာဉ်သည်။ သရာဂဋ္ဌာနိယေသု၊ ရာဂ၏အာရုံဖြစ်ကုန်သော။ ဓမ္မေသု၊ သဘောတို့၌။ တံတံဓမ္မံ၊ ထိုထိုသဘောသို့။ နဥပေစ္စ၊ မကပ်မူ၍။ အညံဓမ္မံ၊ တစ်ပါးသောသဘောသို့။ ဓာဝတိ၊ ပြေးဝင်၏။ မက္ကဋောပမတာယ၊ မျောက်ဥပမာဖြင့်။ ဓာဝတိ၊ ပြေးသွား၏။ အထခေါ၊ စင်စစ်သော်ကား။ တဿ၊ ထိုပုဂ္ဂိုလ်အား။ သရာဂဋ္ဌာနိယေသု၊ ရာဂ၏အာရုံဖြစ်ကုန်သော။ ပရိတ္တေသုဓမ္မေသု၊ ကာမတရားတို့၌။ ဆန္ဒရာဂေါ၊ ဆန္ဒရာဂသည်။ နတ္ထိ၊ မရှိ။ တတော၊ ထိုအကြောင်းကြောင့်။ စလနာ၊ အာသယ၏လှုပ်ရှားခြင်းသည်။ ကုတော၊ အဘယ်မှာရှိအံ့နည်း။ အဓိမတ္တေသု၊ အဓိမတ္တဖြစ်ကုန်သော။ သတ္တေသု၊ သတ္တဝါတို့၌။ စိတ္တံ၊ စိတ်ကို။ နိဿာယ၊ မှီ၍။ ပဝတ္တိတံ၊ ဖြစ်စေအပ်၏။ အတိဋ္ဌိတံ၊ တည်ရာမရှိသော။ ဝိညာဏံ၊ ဝိညာဉ်သည်။ အနာဟာရံ၊ အကြောင်းကင်း၍။ နိရုဇ္ဈတိ၊ ချုပ်၏။ ဝိညာဏနိရောဓာ၊ ဝိညာဉ်ချုပ်ခြင်းကြောင့်။ နာမရူပနိရောဓော၊ နာမ်ရုပ်၏ချုပ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ယာဝဇရာမရဏနိရောဓာ၊ ဇရာမရဏတိုင်အောင်ချုပ်၏။ အယံ၊ ဤသည်ကား။ သမာရောပနော၊ ပဋိစ္စသမုပ္ပါဒ်၌တင်ခြင်းမည်၏။ တတ္ထ၊ ထိုစကား၌။ ရာဂဝသေန၊ ရာဂအစွမ်းအားဖြင့်။ ဝိညာဏဿ၊ ဝိညာဉ်၏။ စလိတံ၊ လှုပ်ရှားခြင်းသည်။ သပရိဂ္ဂဟော၊ သိမ်းဆည်းခြင်းနှင့်တကွဖြစ်၏။ တသ္မိံစလိတေ၊ ထိုအာသယ၏လှုပ်ရှားခြင်းသည်။ အသတိ၊ မရှိသော်။ ယောပရိကိလေသောပစာရော၊ အကြင်ကိလေသာ၏ဖြစ်ခြင်းဟုဆိုအပ်သော။ တိဝိဓော၊ သုံးပါးအပြားရှိသော။ အဂ္ဂိပ္ပဋိပ္ပဿဒ္ဓေါ၊ မီး၏ ငြိမ်းခြင်းသည်။ ဘဝတိ၊ ဖြစ်၏။ တေန၊ ထိုကြောင့်။ စလိတေအသန္တေပဿဒ္ဓိဟောတိ၊ စလိတအသန္တေ ပဿဒ္ဓိဟောတိအစရှိသည်ကို။ အာဟ၊ ဟောတော်မူ၏။ တတ္ထ၊ ထိုစကား၌။ အယံ၊ ဤဆိုလတ္တံ့သည်ကား။ သမာရောပနာ၊ တင်ခြင်းတည်း။ ပဿဒ္ဓကာယော၊ ငြိမ်းပြီးသောကိုယ်ရှိသောသူသည်။ သုခံ၊ သုခဝေဒနာကို။ ဝေဒေတိ၊ ခံစား၏။ သုခိနော၊ ချမ်းသာသောသူအား။ စိတ္တံ၊ စိတ်သည်။ သမာဓိယတိ၊ တည်ကြည်၏။ ယာဝဝိမုတ္တိတော၊ ပစ္စဝေက္ခဏာဉာဏ်တိုင်အောင်။ အမှိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ ဉာဏဒဿနံ၊ ဉာဏ်အမြင်သည်။ ဘဝတိ၊ ဖြစ်၏။ သော၊ ထိုအရဟတ္တဖိုလ်နှင့်ပြည့်စုံသောပုဂ္ဂိုလ်သည်။ အာသဝါနံ၊ အာသဝေါတရားတို့၏။ ခယာစ၊ ကုန်ခြင်းကြောင့်လည်းကောင်း။ ဝိမုတ္တိနော ဝိမုတ္တိသ္မိံ၊ နိဗ္ဗာန်အာရုံ၌။ ဥပပဇ္ဇတိ၊ ဖြစ်၏။ တဿဥပပတ္တိဿ၊ ထိုနိဗ္ဗာန်ကို အာရုံပြုသဖြင့်ရောက်သောပုဂ္ဂိုလ်အား။ အာဂတိဂတိယံ၊ အာဂတိဂတိသည်။ အသန္တိယံ၊ ထင်ရှားမရှိသည်ရှိသော်။ ဣဟ၊ ဤဘဝ၌။ နစဟောတိ၊ မဖြစ်။ ဟုရံ၊ တမလွန်ဘဝ၌။ န ဟောတိ၊ မဖြစ်။

စာမျက်နှာ-174

ဥဘယမန္တရေန၊ နှစ်ပါးစုံသောအကြောင်းကြောင့်။ ဧသေဝတ္ထော၊ ဤအကျိုးသည်သာလျှင်။ အနုယာတိ၊ လှည့်လည်၏။ အနုပါဒိသေသနိဗ္ဗာနဓာတု၊ ဝိပါက်ကမ္မဇရုပ်အကြွင်းမရှိသော နိဗ္ဗာနဓာတ်သည်။ အတ္ထိ၊ ရှိ၏။ ဣဒံ၊ ဤအနုပါဒိသေသနိဗ္ဗာနဓာတ်သည်။ ဣမဿ သုတ္တဿ၊ ဤသုတ်၏။ မဇ္ဈေ၊ အလယ်၌။ သမာရောပိတံ၊ တင်ခြင်းမည်၏။ ပဋိစ္စသမုပ္ပါဒေစ၊ ပဋိစ္စသမုပ္ပါဒ်၌လည်းကောင်း။ ဝိမုတ္တိယံဝါ၊ ဝိမုတ္တိ၌လည်းကောင်း။ ယောဂေါ၊ ယှဉ်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။ သံခိတ္တေန၊ အကျဉ်းအားဖြင့်။ ဘာသိတဿ၊ ဟောအပ်သော။ တဿ၊ ထိုသုတ်၏။ ဧတံအတ္ထံ၊ ထိုအနက်ကို။ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ နစဝိဘဇ္ဇန္တိ၊ မဝေဖန်ကုန်။ အယံ၊ ဤသို့တင်ခြင်းကို။ သမာရောပနဟာရော၊ သမာရောပနဟာရဟူ၍။ ဝုစ္စတေ၊ ဆိုအပ်၏။ သံကိလေသဘာဂိယေနသုတ္တေန၊ သံကိလေသဘာဂီယသုတ်ဖြင့်။ သံကိလေသဘာဂိယာ၊ သံကိလေသအဖို့ရှိကုန်သော။ ယေစဓမ္မာ၊ အကြင်တရားတို့ကိုလည်းကောင်း။ သမာရောပယိတဗ္ဗာ၊ မတင်အပ်ကုန်။ အညေ၊ တပါးသောအရှိမရှိကုန်သောတရားတို့ကို။ ဧဝံ၊ ဤသို့။ ဝါသနာဘာဂိယေ၊ ဝါသနာဘာဂီယသုတ်၌။ နိဗ္ဗေဓဘာဂိယေ၊ နိဗ္ဗေဓဘာဂီယသုတ်၌။ န သမာရောပယိတဗ္ဗာ၊ မတင်အပ်ကုန်၏။ အယံ၊ ဤသို့တင်ခြင်းသည်။ သမာရောပနဟာရော၊ သမာရောပနဟာရမည်၏။ ဣမေ၊ ဤသည်တို့ကား။ သောဠသဟာရာ၊ တဆဲ့ခြောက်ပါးကုန်သောဟာရတို့တည်း။ သုဝီရဿ၊ ကောင်းသောလုံ့လရှိတော်မူသော။ ဇမ္ဗုဝနဝါသိနော၊ ဇမ္ဗုဝနအရပ်၌နေလေ့ရှိတော်မူသော။ မဟာကစ္စာယဿ၊ အရှင်မဟာကစ္စည်းထေရ်၏။ ပေဋကောပဒေသေ၊ ပေဋကောပဒေသပါဠိတော်၌။ ပဉ္စမဘူမိ၊ ပဉ္စမဘုံသည်။ သိဒ္ဓံ၊ ပြီးပြီ။

သုတ္တတ္ထသမုစ္စယဘူမိ

ဘဂဝန္တာနံ၊ ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူကုန်သော။ ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။ သာသနံ၊ သာသနာတော်သည်။ ခန္ဓေသု၊ ခန္ဓာတို့၌လည်းကောင်း။ ဓာတူသုစ၊ ဓာတ်တို့၌လည်းကောင်း။ အာယတနေသုစ၊ အာယတနတို့၌လည်းကောင်း။ ဣတိ၊ ဤသို့။ တိဝိဓေန၊ သုံးပါးအပြားအားဖြင့်။ သင်္ဂဟံ၊ ရေတွက်ခြင်းသို့။ ဂစ္ဆတိ၊ ရောက်၏။ တတ္ထ၊ ထိုသုံးပါးတို့တွင်။ ရူပက္ခန္ဓော၊ ရူပက္ခန္ဓာသည်လည်းကောင်း။ ယာဝဝိညာဏက္ခန္ဓော၊ ဝိညာဏက္ခန္ဓာတိုင်အောင်သည်လည်းကောင်း။ ဣတိ၊ ဤငါးပါးတို့သည်။ ပဉ္စက္ခန္ဓာ၊ ခန္ဓာငါးပါး

စာမျက်နှာ-175

တို့မည်ကုန်၏။ ဒသရူပအာယတနာနိ၊ ဆယ်ပါးကုန်သော ရုပ်အာယတနတို့လည်းကောင်း။ စက္ခုစ၊ စက္ခာယတနလည်းကောင်း။ ရူပါစ၊ ရူပါယတနလည်းကောင်း။ ယာဝကာယော၊ ကာယာယတနတိုင်အောင်လည်းကောင်း။ ဖောဋ္ဌဗ္ဗာစ၊ ဖောဋ္ဌဗ္ဗာရုံလည်းကောင်း။ အယံ၊ အလုံးစုံသည်။ ရူပက္ခန္ဓော၊ ရူပက္ခန္ဓာမည်၏။ တတ္ထ၊ ထိုခန္ဓာအာယတနတို့တွင်။ ဆဝေဒနာကာယာ၊ ခြောက်ပါးသောဝေဒနာအပေါင်းသည်။ ဝေဒနာက္ခန္ဓော၊ ဝေဒနာက္ခန္ဓာမည်၏။ စက္ခုသမ္ဖဿဇာဝေဒနာ၊ စက္ခုသမ္ဖဿဇာဝေဒနာသည်လည်းကောင်း။ ယာဝမနောသမ္ဖဿဇာဝေဒနာ၊ မနောသမ္ဖဿဇာဝေဒနာတိုင်အောင်သည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤအလုံးစုံသည်။ ဝေဒနာက္ခန္ဓော၊ ဝေဒနာက္ခန္ဓာမည်၏။ တတ္ထ၊ ထိုသုတ်တို့တွင်။ ဆသညာကာယာ၊ ခြောက်ပါးသောသညာအပေါင်းသည်။ သညာက္ခန္ဓော၊ သညာက္ခန္ဓာမည်၏။ ရူပသညာ၊ ရူပသညာသည်လည်းကောင်း။ ယာဝဓမ္မသညာ၊ ဓမ္မသညာတိုင်အောင်သည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဣမေ၊ ဤသည်တို့ကား။ ဆသညာကာယာ၊ ခြောက်ပါးကုန်သောသညာကာယတို့မည်ကုန်၏။ အယံ၊ ဤဆသညာကာယသည်။ သညာက္ခန္ဓော၊ သညာက္ခန္ဓာမည်၏။ တတ္ထ၊ ထိုသုတ်တို့တွင်။ ဆစေတနာကာယာ၊ ခြောက်ပါးသောစေတနာအပေါင်းသည်။ သင်္ခါရက္ခန္ဓော၊ သင်္ခါရက္ခန္ဓာမည်၏။ ရူပသဉ္စေတနာ၊ ရူပသဉ္စေတနာသည်လည်းကောင်း။ ယာဝဓမ္မသဉ္စေတနာ၊ ဓမ္မသဉ္စေတနာတိုင်အောင်သော တရားသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဣမေ၊ ဤခြောက်ပါးတို့သည်။ ဆစေတနာကာယာ၊ ခြောက်ပါးသောစေတနာအပေါင်းမည်ကုန်၏။ အယံ၊ ဤဆစေတနာကာယသည်။ သင်္ခါရက္ခန္ဓော၊ သင်္ခါရက္ခန္ဓာမည်၏။ တတ္ထ၊ ထိုသုတ်၌။ ဆဝိညာဏကာယာ၊ ခြောက်ပါးသောဝိညာဉ်အပေါင်းသည်။ ဝိညာဏက္ခန္ဓော၊ ဝိညာဏက္ခန္ဓာမည်၏။ စက္ခုဝိညာဏံ၊ စက္ခုဝိညာဉ်သည်လည်းကောင်း။ ယာဝမနောဝိညာဏံ၊ မနောဝိညာဉ်တိုင်အောင်သည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ ဣမေ၊ ဤခြောက်ပါးတို့သည်။ ဆဝိညာဏကာယာ၊ ခြောက်ပါးသောဝိညာဉ်အပေါင်းမည်၏။ အယံ၊ ဤဆဝိညာဏကာယသည်။ ဝိညာဏက္ခန္ဓော၊ ဝိညာဏက္ခန္ဓာမည်၏။ ဣမေ၊ ဤသည်တို့ကား။ ပဉ္စက္ခန္ဓာ၊ ခန္ဓာငါးပါးတို့တည်း။ တေသံ၊ ထိုတရားတို့ကို။ ပရိညာ၊ ပိုင်းခြား၍သိခြင်းသည်။ ကာ၊ အဘယ်နည်း။ အနိစ္စံဒုက္ခံသညာအနတ္တာတိ၊ အနိစ္စဒုက္ခသညာအနတ္တဟူ၍။ ပရိညာ၊ ပိုင်းခြား၍သိခြင်းသည်။ အတ္ထိ၊ ရှိ၏။ သော၊ ထိုပိုင်းခြား၍သိခြင်းသည်။ ဧတေသံ၊ ထိုတရားတို့ကို။ ပရိညာ၊ ပိုင်းခြား၍

စာမျက်နှာ-176

သိသည်မည်၏။ တတ္ထ၊ ထိုစကား၌။ ခန္ဓတ္ထော၊ ခန္ဓာအနက်သည်။ ကတမော၊ အဘယ်နည်း။ သမူဟတ္ထော၊ အပေါင်းအနက်သည်။ ခန္ဓတ္ထော၊ ခန္ဓာအနက်မည်၏။ ပုဉ္ဇတ္ထော၊ အစုအနက်သည်။ ခန္ဓတ္ထော၊ ခန္ဓာအနက်မည်၏။ ရာသတ္ထော၊ အစုအနက်သည်။ ခန္ဓတ္ထော၊ ခန္ဓာအနက်မည်၏။ တံယထာ၊ ထိုဥဒါဟရုဏ်အဘယ်နည်းဟူမူကား။ ဒဗ္ဗက္ခန္ဓော၊ ဒြပ်စု။ ဝနက္ခန္ဓော၊ တောစု။ ဒါရုက္ခန္ဓော၊ သစ်တုံးစု။ အဂ္ဂိက္ခန္ဓော၊ မီးစု။ ဥဒကက္ခန္ဓော၊ ရေစု။ ဝါယုက္ခန္ဓော၊ လေစု။ ဣတိ၊ ဤသည်လျှင်ဥဒါဟရုဏ်တည်း။ ဧဝံ၊ ဤအတူ။ ခန္ဓေသု၊ ခန္ဓာတို့၌။ သဗ္ဗသင်္ဂဟောဝ၊ အလုံးစုံသင်္ဂြိုဟ်ခြင်းသည်လျှင်။ ခန္ဓတ္ထော၊ ခန္ဓာအနက်မည်၏။ တတ္ထ၊ သုံးပါးတို့တွင်။ စက္ခုဓာတု၊ စက္ခုဓာတ်လည်းကောင်း။ ရူပဓာတု၊ ရူပဓာတ်လည်းကောင်း။ စက္ခုဝိညာဏဓာတု၊ စက္ခုဝိညာဏဓာတ်လည်းကောင်း။ မနောဓာတု၊ မနောဓာတ်လည်းကောင်း။ မနောဝိညာဏဓာတု၊ မနောဝိညာဏဓာတ်လည်းကောင်း။ ဣတိ၊ ဤသို့။ ဓာတုယော၊ ဓာတ်တို့သည်။ အဋ္ဌာရသ၊ တဆယ့်ရှစ်ပါးတို့တည်း။ ဧတာ၊ ဤသည်တို့ကား။ အဋ္ဌာရသဓာတုယော၊ တဆယ့်ရှစ်ပါးကုန်သော ဓာတ်တို့မည်ကုန်၏။ အနိစ္စံဒုက္ခံသညာအနတ္တာ၊ အနိစ္စဒုက္ခသညာအနတ္တဟူ၍။ တာသံ၊ ထိုဓာတ်တို့ကို။ ပရိညာ၊ ပိုင်းခြား၍သိခြင်းသည်။ အတ္ထိ၊ ရှိ၏။ သာ၊ ဤသည်လျှင်။ ဧတာသံ၊ ထိုဓာတ်တို့ကို။ ပရိညာ၊ ပိုင်းခြား၍သိသည်မည်၏။ တတ္ထ၊ ထိုဒေသနာ၌။ ဓာတုအတ္ထော၊ ဓာတ်အနက်သည်။ ကော၊ အဘယ်နည်း။ အဝယဝတ္ထော၊ အစိပ်အပိုင်းအနက်ကို။ ဓာတုအတ္ထော၊ ဓာတ်အနက်ဟူ၍။ ဝုစ္စတေ၊ ဆိုအပ်၏။ အဝယဝေါတိ၊ အဝယဝဟူသည်ကား။ စက္ခုနော၊ မျက်စိ၏။ ပသာဒေါ၊ ပသာဒသည်။ စက္ခုဓာတု၊ စက္ခုဓာတ်မည်၏။ ဧဝံ၊ ဤသို့။ ပဉ္စသုဓာတူသု၊ ငါးပါးကုန်သောဓာတ်တို့၌။ ပုန၊ တဖန်။ ရာဂဝဝစ္ဆေဒကတ္ထော၊ တပ်ခြင်းကိုဖြတ်ခြင်းအနက်သည်။ ဓာတုအတ္ထော၊ ဓာတ်အနက်မည်၏။ ဟိ၊ ထိုစကားသည်မှန်၏။ စက္ခုဓာတု၊ စက္ခုဓာတ်သည်။ ဝဝစ္ဆိန္နာ၊ ဖြတ်ခြင်းအနက်ရှိ၏။ ဧဝံ၊ ဤသို့။ ပဉ္စသု၊ ငါးပါးကုန်သောဓာတ်တို့၌။ ပုန၊ တဖန်။ အာဟ၊ ဆို၏။ ဧကန္တိ၊ တစ်ခုတည်း။ ဣတိ၊ ဤသို့။ ပကတျတ္ထေန၊ ပကတိအနက်အားဖြင့်။ ဓာတုအတ္ထောတိ၊ ဓာတ်အနက်ဟူ၍။ ဝုစ္စတေ၊ ဆိုအပ်၏။ တံ၊ ထိုဥဒါဟရုဏ်သည်။ ယထာ၊ အဘယ်နည်းဟူမူကား။ ပကတိယာ၊ သဘောအားဖြင့်။ အယံပုရိသော၊ ဤယောက်ျားသည်။ ပိတ္တိကော၊ သည်းခြေရှိ၏။ သေမှိကော၊ သလိပ်ရှိ၏။ ဝါတိကော၊ လေရှိ၏။ သန္နိပါတိကော၊ ဓာတ်အပေါင်းရောနှောခြင်းရှိ၏။ ဣတိ၊ ဤသည်ကားဥဒါဟရုဏ်တည်း။ ဧဝံ၊ ဤသို့၊

စာမျက်နှာ-177

ပကတိစက္ခုဓာတု၊ ပကတိစက္ခုဓာတ်သည်။ သဗ္ဗေသု၊ အလုံးစုံကုန်သော။ ဣန္ဒြိယေသု၊ ဣန္ဒြေတို့တွင်။ ဒသန္နမ္ပိ၊ ဆယ်ပါးကုန်သောဣန္ဒြေတို့၏လည်းကောင်း။ ယာဓာတု၊ အကြင်ဓာတ်သည်လျှင်။ သိယာ၊ ဖြစ်ရာ၏။ (ပ) ဝိသဘာဂတ္ထော၊ သဘောမတူသောအနက်သည်။ ဓာတုအတ္ထော၊ ဓာတ်အနက်မည်၏။ တတ္ထ၊ ထိုသုံးပါးတို့တွင်။ ဒွါဒသာယတနာနိ၊ တဆယ့်နှစ်ပါးကုန်သောအာယတနတို့သည်။ ကတမာနိ၊ အဘယ်သည်တို့နည်း။ ဆအဇ္ဈတ္တိကာနိ၊ အဇ္ဈတ္တိကာယတနခြောက်ပါးတို့လည်းကောင်း။ ဆဗာဟိရာနိ၊ ဗာဟိရာယတနခြောက်ပါးတို့လည်းကောင်းတည်း။ စက္ခာယတနံ၊ စက္ခုဟူသောအာယတနလည်းကောင်း။ ယာဝမနာယတနံ၊ မနာယတနတိုင်အောင်သော အာယတနလည်းကောင်း။ ဣတိဣဒံ၊ ဤသည်ကား။ အဇ္ဈတ္တိကံ၊ အဇ္ဈတ္တိကတည်း။ ရူပါယတနံ၊ ရူပါယတနလည်းကောင်း။ ယာဝဓမ္မာယတနံ၊ ဓမ္မာယတနတိုင်အောင်သောအာယတနလည်းကောင်း။ ဣတိဣဒံ၊ ဤသည်ကား။ ဗာဟိရံ၊ ဗာဟိရတည်း။ ဧတာနိ၊ ဤသည်တို့ကား။ ဒွါဒသအာယတနာနိ၊ တဆယ့်နှစ်ပါးကုန်သော အာယတနတို့မည်ကုန်၏။ ဧတေသံ၊ ထိုအာယတနတို့ကို။ ပရိညာ၊ ပိုင်းခြား၍သိခြင်းသည်။ ကာ၊ အဘယ်နည်း။ အနိစ္စံဒုက္ခံသညာအနတ္တာ၊ အနိစ္စဒုက္ခသညာအနတ္တဟူ၍။ ပရိညာ၊ ပိုင်းခြား၍သိခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ဤသို့။ ဧသာ၊ ဤသည်လျှင်။ တေသံ၊ ထိုအာယတနတို့ကို။ ပရိညာ၊ ပိုင်းခြားသည်မည်၏။ အပိစ၊ တနည်းကား။ ပရိညာ၊ ပရိညာသည်။ ဉာတပရိညာစ၊ ဉာတပရိညာလည်းကောင်း။ ပဟာနပရိညာစ၊ ပဟာနပရိညာလည်းကောင်း။ ဣတိ၊ ဤသို့။ ဒွိဓာ၊ နှစ်ပါးအပြားရှိ၏။ တတ္ထ၊ ထိုနှစ်ပါးတို့တွင်။ အနိစ္စံဒုက္ခံသညာအနတ္တာတိ၊ အနိစ္စံ ဒုက္ခံ သညာအနတ္တဟူ၍ ပိုင်းခြား၍သိခြင်းသည်။ ဉာတပရိညာနာမ၊ ဉာတပရိညာမည်၏။ ဧသာ၊ ဤသည်ကား။ ဉာတပရိညာ၊ ဉာတပရိညာတည်း။ ပဟာနပရိညာပန၊ ပဟာနပရိညာသည်ကား။ ဆန္ဒရာဂပ္ပဟာနံ၊ ဆန္ဒရာဂကိုပယ်ခြင်းတည်း။ ဧသာ၊ ဤသည်ကား။ ပဟာနပရိညာ၊ ပဟာနပရိညာမည်၏။ တတ္ထ၊ ထိုဒေသနာ၌။ အာယတနတ္ထော၊ အာယတနအနက်သည်။ ကတမော၊ အဘယ်နည်း။ အာကာရတ္ထော၊ တည်ရာဟူသောအနက်ကို။ အာယတနတ္ထော၊ အာယတနအနက်ဟူ၍။ ဝုစ္စတေ၊ ဆိုအပ်၏။ ကိံ ဝိဝ၊ အဘယ်သို့နည်း။ သုဝဏ္ဏာကရောယထာ၊ ရွှေ၏တည်ရာကဲ့သို့။ ဒုဗ္ဗဏ္ဏာကရောယထာ၊ မကောင်းသောအရောင်၏တည်ရာကဲ့သို့တည်း။ ဒွီဟိ၊ နှစ်ပါးကုန်သော။ တေဟိအာကာရေဟိ၊ ထိုအခြင်းအရာတို့ဖြင့်။ တေတေဂါဝါ၊ ထိုထိုနွားတို့သည်။ ဥတ္တိဋ္ဌန္တိယထာ

စာမျက်နှာ-178

တည်ကုန်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဧတေဟိ၊ ထိုအာယတနတို့ဖြင့်။ စိတ္တစေတသိကာ၊ စိတ်စေတသိက်ဟုဆိုအပ်ကုန်သော။ ဂါဝါ၊ နွားတို့သည်။ ဥတ္တိဋ္ဌန္တိ၊ တည်ကုန်၏။ ကမ္မကိလေသာ၊ ကမ္မကိလေသာတို့လည်းကောင်း။ ဒုက္ခဓမ္မာစ၊ ဆင်းရဲသောသဘောတို့သည်လည်းကောင်း။ ဥတ္တိဋ္ဌန္တိ၊ တည်ကုန်၏။ ပုန၊ တဖန်။ အာဟ၊ ဆို၏။ အာယဒါနတ္ထော၊ အာယဒါနအနက်သည်။ အာယတနတ္ထော၊ အာယတနအနက်မည်၏။ ကိမိဝ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ ရညော၊ မင်းအား။ အာယဒါနေဟိ၊ အခွန်ပေးရာတို့ဖြင့်။ အာယော၊ အခွန်သည်။ ဘဝတိယထာ၊ ဖြစ်သကဲ့သို့။ ဧဝံတထာ၊ ထိုအတူ။ အာယဒါနတ္ထော၊ အာယဒါနအနက်သည်။ အာယတနတ္ထော၊ အာယတနအနက်မည်၏။ အရိယသစ္စာနိ၊ အရိယသစ္စာတို့သည်။ ဒုက္ခဉ္စ၊ ဒုက္ခသစ္စာလည်းကောင်း။ သမုဒယောစ၊ သမုဒယသစ္စာလည်းကောင်း။ နိရောဓောစ၊ နိရောဓသစ္စာလည်းကောင်း။ မဂ္ဂေါစ၊ မဂ္ဂသစ္စာလည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရိ၊ လေးပါးတို့တည်း။ ဓမ္မာစရိယံ၊ ဓမ္မာစရိယသည်လည်းကောင်း။ မာနသဉ္စ၊ စိတ်သည်လည်းကောင်း။ ယထာသမာသေန၊ အကျဉ်းအားဖြင့်။ ဒုက္ခံ၊ ဒုက္ခသစ္စာမည်၏။ အဝိဇ္ဇာစ၊ အဝိဇ္ဇာသည်လည်းကောင်း။ တဏှာစ၊ တဏှာသည်လည်းကောင်း။ သမာသေန၊ အကျဉ်းအားဖြင့်။ သမုဒယော၊ သမုဒယသစ္စာမည်၏။ ဝိဇ္ဇာစ၊ ပညာသည်လည်းကောင်း။ ဝိမုတ္တိစ၊ ဝိမုတ္တိသည်လည်းကောင်း။ သမာသေန၊ အကျဉ်းအားဖြင့်။ နိရောဓော၊ နိရောဓသစ္စာမည်၏။ သမထောစ၊ သမထသည်လည်းကောင်း။ ဝိပဿနာစ၊ ဝိပဿနာသည်လည်းကောင်း။ သမာသေန၊ အကျဉ်းအားဖြင့်။ မဂ္ဂေါ၊ မဂ္ဂသစ္စာမည်၏။ တတ္ထ၊ ထိုမဂ္ဂသစ္စာ၌။ သတ္တတိံသဗောဓိပက္ခိယာဓမ္မာ၊ သုံးဆယ့်ခုနစ်ပါးကုန်သောဗောဓိပက္ခိယတရားတို့သည်။ ကတမေ၊ အဘယ်သည်တို့နည်း။ စတ္တာရောသတိပဋ္ဌာနာ၊ လေးပါးကုန်သောသတိပဋ္ဌာန်တို့လည်းကောင်း။ ယာဝအရိယော အဋ္ဌင်္ဂိကောမဂ္ဂေါ၊ အရိယအဋ္ဌင်္ဂိကမဂ်တိုင်အောင်လည်းကောင်းတည်း။ ဧဝံ၊ ဤသို့။ ဧတေ၊ ထိုသတိပဋ္ဌာန်စသောတရားတို့သည်။ သတ္တတိံသဗောဓိပက္ခိယာဓမ္မာ၊ သုံးဆယ့်ခုနစ်ပါးကုန်သော ဗောဓိပက္ခိယတို့မည်ကုန်၏။ ယေဓမ္မာ၊ အကြင်ဗောဓိပက္ခိယတရားတို့သည်။ ဘဂဝန္တာနံ၊ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူကုန်သော။ ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့အားလည်းကောင်း။ ပစ္စေကဗုဒ္ဓါနံ၊ ပစ္စေကဗုဒ္ဓါတို့အားလည်းကောင်း။ သာဝကာနံစ၊ သာဝကတို့အားလည်းကောင်း။ နိဗ္ဗာနာယ၊ နိဗ္ဗာန်အကျိုးငှါ။ သံဝတ္တန္တိ၊ ဖြစ်ကုန်၏။ ဣတိ တသ္မာ၊ ထိုကြောင့်။ သော၊ ထိုဗောဓိ

စာမျက်နှာ-179

ပက္ခိယတရားသည်။ မဂ္ဂေါ၊ မဂ္ဂသစ္စာမည်၏။ သတိပဋ္ဌာနာ၊ သတိပဋ္ဌာန်တို့သည်။ စတ္တာရော၊ လေးပါးတို့တည်း။ စတ္တာရော၊ လေးပါးတို့ဟူသည်။ ကတမေ၊ အဘယ်သည်တို့နည်း။ ဣဓ၊ ဤသာသနာတော်၌။ ဘိက္ခု၊ ရဟန်းသည်။ ကာယေ၊ ကိုယ်၌။ ကာယာနုပဿီ၊ ကိုယ်ဟုအဖန်တလဲလဲရှုသည်ဖြစ်၍။ ဝိဟရတိ၊ နေ၏။ သမ္မပ္ပဓာနံ၊ သမ္မပ္ပဓာန်ကို။ ဣဒ္ဓိပါဒံ၊ ဣဒ္ဓိပါဒ်ကို။ ဣန္ဒြိယာနိ၊ ဣန္ဒြေတို့ကို။ ဗလာနိ၊ ဗိုလ်တို့ကို။ အနုပဿီ၊ အဖန်တလဲလဲရှုလျက်။ ဝိဟရတိ၊ နေ၏။ တတ္ထ၊ ထိုစကား၌။ ဣန္ဒြိယတ္ထော၊ ဣန္ဒြေအနက်သည်။ ကော၊ အဘယ်နည်း။ ဣန္ဒတ္ထော၊ အစိုးရခြင်းအနက်သည်။ ဣန္ဒြိယတ္ထော၊ ဣန္ဒြေအနက်မည်၏။ အာဓိပတေယျတ္ထော၊ အစိုးရခြင်းအနက်သည်။ ဣန္ဒြိယတ္ထော၊ ဣန္ဒြေအနက်မည်၏။ ပသာဒတ္ထော၊ ကြည်လင်ခြင်းအနက်သည်။ ဣန္ဒြိယတ္ထော၊ ဣန္ဒြေအနက်မည်၏။ အသာဓာရဏံ၊ မဆက်ဆံမူ၍။ ကဿ၊ အဘယ်ကို။ ကိရိယတ္ထော၊ ပြုခြင်းအနက်သည်။ ဣန္ဒြိယတ္ထော၊ ဣန္ဒြေအနက်မည်သနည်း။ အနဝပရိယတ္ထော၊ အားထုတ်သောအနက်သည်။ ဗလတ္ထော၊ ဗိုလ်အနက်မည်၏။ ထာမတ္ထော၊ အားအစွမ်းဟူသောအနက်သည်။ ဗလတ္ထော၊ ဗိုလ်အနက်မည်၏။ ဥပါဒါယတ္ထော၊ စွဲမြဲခြင်းအနက်သည်။ ဗလတ္ထော၊ ဗိုလ်အနက်မည်၏။ ဥပတ္ထမ္ဘနတ္ထော၊ ထောက်ခံခြင်းအနက်သည်။ ဗလတ္ထော၊ ဗိုလ်အနက်မည်၏။ တတ္ထ၊ ထိုဗောဓိပက္ခိယတရားတို့တွင်။ သတ္တဗောဇ္ဈင်္ဂါ၊ ခုနစ်ပါးကုန်သောဗောဇ္ဈင်တို့သည်။ ကတမာ၊ အဘယ်သည်တို့နည်း။ သတိသမ္ဗောဇ္ဈင်္ဂေါ၊ သတိသမ္ဗောဇ္ဈင်လည်းကောင်း။ ယာဝဥပေက္ခာသမ္ဗောဇ္ဈင်္ဂေါ၊ ဥပေက္ခာသမ္ဗောဇ္ဈင်တိုင်အောင်လည်းကောင်းတည်း။ တတ္ထ၊ ထိုဗောဓိပက္ခိယတရားတို့တွင်။ အဋ္ဌင်္ဂိကမဂ္ဂေါ၊ အဋ္ဌင်္ဂိကမဂ်သည်။ ကတမော၊ အဘယ်နည်း။ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိလည်းကောင်း။ ယာဝသမ္မာသမာဓိ၊ သမ္မာသမာဓိတိုင်အောင်လည်းကောင်းတည်း။ တတ္ထ၊ ထိုစကား၌။ အဋ္ဌင်္ဂိကမဂ္ဂေါတိ၊ အဋ္ဌင်္ဂိကမဂ်ဟူသည်ကား။ သီလက္ခန္ဓောစ၊ သီလက္ခန္ဓာလည်းကောင်း။ သမာဓိက္ခန္ဓောစ၊ သမာဓိက္ခန္ဓာလည်းကောင်း။ ပညာက္ခန္ဓောစ၊ ပညာက္ခန္ဓာလည်းကောင်း။ ဣတိ၊ ဤသို့။ တယောခန္ဓာ၊ ခန္ဓာသုံးပါးရှိ၏။ တတ္ထ၊ ထိုသုံးပါးတို့တွင်။ ယာစသမ္မာဝါစာ၊ အကြင်သမ္မာဝါစာသည်လည်းကောင်း။ ယောစသမ္မာကမ္မန္တော၊ အကြင်သမ္မာကမ္မန္တသည်လည်းကောင်း။ ယောစသမ္မာအာဇီဝေါ၊ အကြင်သမ္မာအာဇီဝသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤသမ္မာဝါစာစသည်သည်။ သီလက္ခန္ဓော၊ သီလက္ခန္ဓာမည်၏။ ယာစသမ္မာသတိ၊ အကြင်သမ္မာသတိသည်လည်းကောင်း။ ယောစသမ္မာ

စာမျက်နှာ-180

ဝါယာမော၊ အကြင်သမ္မာဝါယာမသည်လည်းကောင်း။ ယောစသမ္မာသမာဓိ၊ အကြင်သမ္မာသမာဓိသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤသမ္မာသတိစသည်သည်။ သမာဓိက္ခန္ဓော၊ သမာဓိက္ခန္ဓာမည်၏။ ယောစသမ္မာသင်္ကပ္ပေါ၊ အကြင်သမ္မာသင်္ကပ္ပသည်လည်းကောင်း။ ယာစသမ္မာဒိဋ္ဌိ၊ အကြင်သမ္မာဒိဋ္ဌိသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤသမ္မာသင်္ကပ္ပစသည်သည်။ ပညာက္ခန္ဓော၊ ပညာက္ခန္ဓာမည်၏။ ဧဝံ၊ ဤသို့။ တယော၊ ထိုခန္ဓာသုံးပါးတို့သည်။ တိဿောသိက္ခာ၊ သိက္ခာသုံးပါးမည်ကုန်၏။ ဧဝံ၊ ဤအတူ။ တီဟာကာရေဟိ၊ သုံးပါးကုန်သောအခြင်းအရာတို့ဖြင့်။ ဒသပဒါနိ၊ ဆယ်ပါးကုန်သောပုဒ်တို့မည်ကုန်၏။ (ပ) တတ္ထ၊ ထိုဆယ်ပါးတို့တွင်။ ယောဂါဝစရော၊ ကမ္မဋ္ဌာန်းစီးဖြန်းသောပုဂ္ဂိုလ်သည်။ သီလက္ခန္ဓေ၊ သီလကျေးဇူး၌။ ဌိတော၊ တည်သည်ဖြစ်၍။ ဒေါသံအကုသလံ၊ ဒေါသတည်းဟူသောအကုသိုလ်ကို။ နဥပါဒိယတိ၊ မစွဲလမ်း။ ဒေါသာနုသယံ၊ ဒေါသတည်းဟူသော အနုသယကို။ သမူဟနတိ၊ ပယ်နှုတ်၏။ ဒေါသသလ္လံ၊ ဒေါသတည်းဟူသောငြောင့်ကို။ ဥဒ္ဓရတိ၊ နှုတ်၏။ ဒုက္ခဝေဒနံ၊ ဒုက္ခဝေဒနာကို။ ပရိဇာနာတိ၊ ပိုင်းခြား၍သိ၏။ ကာမဓာတုံ၊ ကာမဓာတ်ကို။ သမတိက္ကမတိ၊ လွန်မြောက်၏။ သမာဓိက္ခန္ဓေ၊ သမာဓိက္ခန္ဓာ၌။ ဌိတော၊ တည်သောပုဂ္ဂိုလ်သည်။ လောဘံအကုသလံ၊ လောဘတည်းဟူသောအကုသိုလ်ကို။ နဥပါဒိယတိ၊ မစွဲလမ်း။ ရာဂါနုသယံ၊ ရာဂါနုသယကို။ သမူဟနတိ၊ ပယ်နှုတ်၏။ လောဘသလ္လံ၊ လောဘတည်းဟူသောငြောင့်ကို။ ဥဒ္ဓရတိ၊ နှုတ်၏။ သုခဝေဒနံ၊ သုခဝေဒနာကို။ ပရိဇာနာတိ၊ ပိုင်းခြား၍သိ၏။ ရူပဓာတုံ၊ ရူပဓာတ်ကို။ သမတိက္ကမတိ၊ လွန်မြောက်၏။ ပညာက္ခန္ဓေ၊ ပညာက္ခန္ဓာ၌။ ဌိတော၊ တည်သောပုဂ္ဂိုလ်သည်။ မောဟံအကုသလံ၊ မောဟတည်းဟူသောအကုသိုလ်ကို။ နဥပါဒိယတိ၊ မစွဲလမ်း။ အဝိဇ္ဇာနုသယံ၊ အဝိဇ္ဇာနုသယကို။ သမူဟနတိ၊ ပယ်နှုတ်၏။ မောဟသလ္လဉ္စ၊ မောဟတည်းဟူသောငြောင့်ကိုလည်းကောင်း။ ဒိဋ္ဌိသလ္လဉ္စ၊ ဒိဋ္ဌိဟူသောငြောင့်ကိုလည်းကောင်း။ ဥဒ္ဓရတိ၊ နှုတ်၏။ အဒုက္ခမသုခဝေဒနံ၊ အဒုက္ခမသုခဝေဒနာကို။ ပရိဇာနာတိ၊ ပိုင်းခြား၍သိ၏။ အရူပဓာတုံ၊ အရူပဓာတ်ကို။ သမတိက္ကမတိ၊ လွန်မြောက်၏။ ဣတိ၊ ဤသို့။ တီဟိ ခန္ဓေဟိ၊ သုံးပါးကုန်သောခန္ဓာတို့ဖြင့်။ တီဏိ အကုသလမူလာနိ၊ သုံးပါးကုန်သောအကုသိုလ်မူလတို့ကို။ နဥပါဒိယတိ၊ မစွဲလမ်း။ စတ္တာရိ သလ္လာနိ၊ လေးပါးသောငြောင့်တို့ကို။ ဥဒ္ဓရတိ၊ နှုတ်၏။ တိဿော ဝေဒနာ၊ သုံးပါးကုန်သောဝေဒနာတို့ကို။ ပရိဇာနာတိ၊ ပိုင်းခြား၍သိ၏။ တေဓာတုကံ၊ သုံးပါးသောဓာတ်ကို။ သမတိက္ကမတိ၊ လွန်

စာမျက်နှာ-181

မြောက်၏။ တတ္ထ၊ ထိုအကုသိုလ်မူလသုံးခုတို့တွင်။ အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ ကတမာ၊ အဘယ်နည်း။ စတူသု အရိယသစ္စေသု၊ အရိယသစ္စာလေးပါးတို့၌။ အညာဏံ၊ မသိခြင်း။ ဣတိအာဒိ၊ ဤသို့အစရှိသည်ကို။ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ ကာတဗ္ဗာ၊ ပြုအပ်၏။ သောပါနသဇ္ဇေသု၊ တံဆောင်းကို စီရင်ရာ၌။ ကထံကထာ၊ သို့လောသို့လောဟု တွေးတောခြင်းကို။ ကာတဗ္ဗာ ယထာ၊ ပြုအပ်သကဲ့သို့တည်း။ တတ္ထ၊ ထိုသစ္စာလေးပါးတို့ကိုဆိုရာ၌။ ဝိညာဏံ၊ ဝိညာဉ်သည်။ ကတမံ၊ အဘယ်နည်း။ ဆ ဝိညာဏကာယာ၊ ခြောက်ပါးသော ဝိညာဉ်အပေါင်းသည်လည်းကောင်း။ ဝေဒနာ၊ ဝေဒနာသည်လည်းကောင်း။ သညာ၊ သညာသည်လည်းကောင်း။ စေတနာ၊ စေတနာသည်လည်းကောင်း။ ဖဿ၊ ဖဿသည်လည်းကောင်း။ မနသိကာရော၊ မနသိကာရသည်လည်းကောင်း။ ဣဒံ၊ ဤဝိညာဉ်စသော တရားအပေါင်းသည်။ နာမံ၊ နာမ်မည်၏။ တတ္ထ၊ ထိုနာမ်ရုပ်တို့တွင်။ ရူပံ၊ ရုပ်သည်။ ကတမံ၊ အဘယ်နည်း။ စာတုမဟာဘူတိကံ၊ လေးပါးသောမဟာဘုတ်လည်းကောင်း။ စတုန္နံ မဟာဘူတာနံ၊ လေးပါးကုန်သော မဟာဘုတ်တို့ကို။ ဥပါဒါယ၊ စွဲ၍။ ရူပဿ၊ ရုပ်၏။ ပညတ္တိံ၊ ပညတ်ခြင်းတည်း။ ဣတိ၊ ဤသို့။ ပုရိမကဉ္စ နာမံ၊ ရှေးဆိုခဲ့ပြီးသောနာမ်သည်လည်းကောင်း။ ဣဒဉ္စ ရူပံ၊ ဤရုပ်သည်လည်းကောင်း။ တဒုဘယံ၊ ထိုနှစ်ပါးစုံကို။ နာမရူပန္တိ၊ နာမ်ရုပ်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ တတ္ထ၊ ထိုနာမ်ရုပ်တို့တွင်။ ဆဠာယတနန္တိ၊ ဆဠာယတနဟူသည်ကား။ အဇ္ဈတ္တိကာနိ၊ အဇ္ဈတ္တိကဖြစ်ကုန်သော။ ဆ အာယတနာနိ၊ ခြောက်ပါးကုန်သောအာယတနတို့တည်း။ စက္ခု၊ စက္ခုပသာဒသည်။ အဇ္ဈတ္တိကံ၊ အဇ္ဈတ္တိကဖြစ်သော။ အာယတနံ၊ အာယတနမည်၏။ ယာဝ မနေ၊ မနာယတနတိုင်အောင်။ အဇ္ဈတ္တိကံ၊ အဇ္ဈတ္တိကဖြစ်သော။ အာယတနံ၊ အာယတနမည်၏။ ဖဿောတိ၊ ဖဿဟူသည်ကား။ ဆ ဖဿကာယာ၊ ဖဿခြောက်ပါးအပေါင်းတည်း။ စက္ခုသမ္ဖဿော၊ စက္ခုသမ္ဖဿလည်းကောင်း။ ယာဝ မနောသမ္ဖဿ၊ မနောသမ္ဖဿတိုင်အောင်လည်းကောင်း။ တဒိဒံ၊ စက္ခုသမ္ဖဿစသည်သည်။ ဖဿော၊ ဖဿမည်၏။ ဆ ဝေဒနာကာယာ၊ ခြောက်ပါးကုန်သော ဝေဒနာအပေါင်းတို့သည်။ ဝေဒနာ၊ ဝေဒနာမည်ကုန်၏။ တဏှာတိ၊ တဏှာဟူသည်ကား။ ဆ တဏှာကာယာ၊ ခြောက်ပါးကုန်သော တဏှာအပေါင်းတို့သည်။ တဏှာ၊ တဏှာမည်ကုန်၏။ ဥပါဒါနန္တိ၊ ဥပါဒါနံဟူသည်ကား။ ဥပါဒါနာနိ၊ ဥပါဒါန်တို့သည်။ စတ္တာရိ၊ လေးပါးတို့တည်း။ ကာမုပါဒါနံ၊ ကာမုပါဒါန်လည်းကောင်း။ သီလဗ္ဗတုပါဒါနံ၊ သီလဗ္ဗတုပါဒါန်လည်း

စာမျက်နှာ-182

ကောင်း။ ဒိဋ္ဌုပါဒါနံ၊ ဒိဋ္ဌုပါဒါန်လည်းကောင်း။ အတ္တဝါဒုပါဒါနံ၊ အတ္တဝါဒုပါဒါန်လည်းကောင်းတည်း။ ဣတိ ဣဒံ၊ ဤအလုံးစုံသည်။ ဥပါဒါနံ၊ ဥပါဒါန်မည်၏။ ဘဝေါတိ၊ ဘဝေါဟူသည်ကား။ ကာမဘဝေါ၊ ကာမဘဝလည်းကောင်း။ ရူပဘဝေါ၊ ရူပဘဝလည်းကောင်း။ အရူပဘဝေါ၊ အရူပဘဝလည်းကောင်း။ ဣတိ၊ ဤသို့။ ဘဝါ၊ ဘဝတို့သည်။ တယော၊ သုံးပါးတို့တည်း။ တတ္ထ၊ ထိုသုတ်၌။ ဇာတိ၊ ဇာတိသည်။ ကတမာ၊ အဘယ်နည်း။ ယာ ယာ၊ အကြင်သဘောတရားဖြင့်။ ခန္ဓာနံ၊ ခန္ဓာတို့၏။ ပဌမံ၊ ရှေးဦးစွာ။ ဓာတူနံ၊ ဓာတ်တို့၏။ ပဌမံ၊ ရှေးဦးစွာ။ အာယတနာနံ၊ အာယတနတို့၏။ ပဌမံ၊ ရှေးဦးစွာ။ ဥပ္ပတ္တိ၊ ဖြစ်ခြင်းသည်။ ဇာတိ၊ ပဋိသန္ဓေနေခြင်းသည်။ သဉ္ဇာတိ၊ ကောင်းစွာဖြစ်ခြင်းသည်။ ဩက္ကန္တိ၊ အမိဝမ်းသို့သက်ခြင်းသည်။ အဘိနိဗ္ဗတ္တိ၊ ဖြစ်ခြင်းသည်။ ခန္ဓာနံ၊ ခန္ဓာတို့၏။ ပါတုဘာဝေါ၊ ထင်ရှားဖြစ်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤခန္ဓာစသည်တို့၏ ရှေးဦးစွာဖြစ်ခြင်းသည်။ ဇာတိ၊ ဇာတိမည်၏။ တတ္ထ၊ ထိုသုတ်၌။ ဇရာ၊ ဇရာသည်။ ကတမာ၊ အဘယ်နည်း။ ဇရာ နာမ၊ ဇရာမည်သည်ကား။ ယံ တံ ခဏ္ဍိစ္စံ၊ အကြင်သွားကျိုးခြင်းသည်။ ယံ တံ ပါလိစ္စံ၊ အကြင်ဆံဖြူခြင်းသည်။ ယံ တံ ဝလိတ္တစတာ၊ အကြင်အရေထွန့်လိပ်သောအဖြစ်သည်။ ယံ တံ ပဝိဝိတ္တံ၊ အကြင်ဆိတ်ခြင်းသည်။ စတုန္နံ၊ လေးပါးကုန်သော။ မဟာဘူတာနံ၊ မဟာဘုတ်တို့၏။ ယံ တံ ဝိဝဏ္ဏတံ၊ အကြင်အဆင်းဖောက်ပြန်ခြင်းသည်။ ယော ဘဂ္ဂေါ၊ အကြင်ချိုးဖဲ့ခြင်းသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုသဘောတရားသည်။ ဇရာ၊ ဇရာမည်၏။ ယာ ဟီယနာ၊ အကြင်ယုတ်ခြင်းသည်။ ယာ ပဟီယနာ၊ အကြင်အပြားအားဖြင့် ယုတ်ခြင်းသည်။ အာယုနော၊ အသက်၏။ ယာ ဟာနိ၊ အကြင်ယုတ်ခြင်းသည်။ ယာ သံဟာနိ၊ အကြင်ကောင်းစွာယုတ်ခြင်းသည်။ ဣန္ဒြိယာနံ၊ ဣန္ဒြေတို့၏။ သော ပရိဘေဒေါ၊ အကြင်ပျက်ခြင်းသည်။ ယော ဥပနာဟော၊ အကြင်ချုပ်ချယ်ခြင်းသည်။ ယော ပရိပါကော၊ အကြင်ရင့်ကျက်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤအလုံးစုံသည်။ ဇရာ၊ ဇရာမည်၏။ တတ္ထ၊ ထိုသုတ်၌။ မရဏံ၊ မရဏသည်။ ကတမံ၊ အဘယ်နည်း။ မရဏံ နာမ၊ မရဏမည်သည်ကား။ တသ္မိံ တသ္မိံ သတ္တနိကာယေ၊ ထိုထိုသတ္တဝါအပေါင်း၌။ တေသံ တေသံ သတ္တာနံ၊ ထိုထိုသတ္တဝါတို့၏။ ယာ စုတိ၊ အကြင်ရွေ့ခြင်းသည်။ ယာ စဝနတာ၊ အကြင်ရွေ့သည်၏အဖြစ်သည်။ ယံ မရဏံ၊ အကြင်သေခြင်းသည်။ ယာ ကာလင်္ကိရိယာ၊ အကြင်သေခြင်းသည်။ ဥဒ္ဓုမာတကာနံ၊ ဖူးဖူးရောင်ကုန်သော သတ္တဝါတို့၏။ ယော ဘေဒေါ၊ အကြင်ပျက်ခြင်းသည်။ ကာယဿ၊ ကိုယ်၏။

စာမျက်နှာ-183

ဇီဝိတိန္ဒြိယဿ၊ ဇီဝိတိန္ဒြေ၏။ ယော ဥပစ္ဆေဒေါ၊ အကြင်ပြတ်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဣဒံ၊ ဤအလုံးစုံသည်။ မရဏံ၊ မရဏမည်၏။ ဣတိ၊ ဤသို့။ ပုရိမိကာ၊ ရှေး၌ဖြစ်သော။ ဇရာ စ၊ ဇရာသည်လည်းကောင်း။ ဣဒဉ္စ မရဏံ၊ မရဏသည်လည်းကောင်း။ တဒုဘယံ၊ ထိုနှစ်ပါးစုံသည်။ ဇရာမရဏံ၊ ဇရာမရဏမည်၏။ တတ္ထ၊ ထိုပဋိစ္စသမုပ္ပါဒ်၌။ အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ အန္ဓကာရတိမိသာ၊ အလွန်မိုက်သောအားဖြင့်။ ယထာဘူတံ၊ ဟုတ်မှန်တိုင်း။ အပ္ပဇာနနလက္ခဏာ၊ မသိခြင်းလက္ခဏာရှိ၏။ သင်္ခါရာနံ၊ သင်္ခါရတို့၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းဖြစ်၏။ သင်္ခါရာ၊ သင်္ခါရတို့သည်။ အဘိသင်္ခရဏလက္ခဏာ၊ ပြုပြင်ခြင်းလက္ခဏာရှိကုန်၏။ ဥပစယပုနဗ္ဘဝါဘိရောပန ပစ္စုပဋ္ဌာနာ၊ ဖြစ်ဆဲဖြစ်၍ ဘဝသစ်၌ ရှေးရှုထင်ခြင်းလျှင် ထင်သောအခြင်းအရာရှိကုန်၏။ တေ၊ ထိုသင်္ခါရတို့သည်။ ဝိညာဏဿ၊ ဝိညာဉ်၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းဖြစ်၍။ ဝိညာဏံ၊ ဝိညာဉ်သည်။ ဝတ္ထုသဝိညတ္တိလက္ခဏံ၊ ဝတ္ထုရုပ်ကိုမှီ၍ သိခြင်းလက္ခဏာရှိ၏။ တံ၊ ထိုဝိညာဉ်သည်။ နာမရူပဿ၊ နာမ်ရုပ်၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းဖြစ်၏။ နာမရူပံ၊ နာမ်ရုပ်သည်။ အနေကသန္နိဿယလက္ခဏံ၊ များစွာသောမှီရာလက္ခဏာရှိ၏။ တံ၊ ထိုနာမ်ရုပ်သည်။ သဠာယတနဿ၊ သဠာယတန၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ သဠာယတနံ၊ သဠာယတနသည်။ ဣန္ဒြိယဝဝတ္ထာပနလက္ခဏံ၊ ဣန္ဒြေကို မှတ်ခြင်း ပိုင်းခြားခြင်း လက္ခဏာရှိ၏။ တံ၊ ထိုသဠာယတနသည်။ ဖဿဿ၊ ဖဿ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ ဖဿော၊ ဖဿသည်။ သန္နိပါတလက္ခဏော၊ စုဝေးခြင်းလက္ခဏာရှိ၏။ သော၊ ထိုဖဿသည်။ ဝေဒနာယ၊ ဝေဒနာ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ ဝေဒနာ၊ ဝေဒနာသည်။ အနုဘဝနလက္ခဏာ၊ အာရုံ၏အရသာကို ခံစားခြင်းလက္ခဏာရှိ၏။ သာ၊ ထိုဝေဒနာသည်။ တဏှာယ၊ တဏှာ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းဖြစ်၏။ တဏှာ၊ သည်။ အဝိဇ္ဇာဝသာနလက္ခဏာ၊ အဝိဇ္ဇာလျှင်ဆုံးခြင်းလက္ခဏာရှိ၏။ သာ၊ ထိုတဏှာသည်။ ဥပါဒါနဿ၊ ဥပါဒါန်၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ ဥပါဒါနံ၊ ဥပါဒါန်သည်။ အာဒါနပရိဟနနလက္ခဏံ၊ စွဲလမ်းခြင်း ထက်ဝန်းကျင်မှ ဖိစီးခြင်းလက္ခဏာရှိ၏။ တံ၊ ထိုဥပါဒါန်သည်။ ဘဝဿ၊ ဘဝ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းဖြစ်၏။ ဘဝေါ၊ ဘဝသည်။ နာနာဂတိဝိက္ခေပလက္ခဏော၊ အထူးထူးသောလားရာသို့ ပစ်ချခြင်းလက္ခဏာရှိ၏။ သော၊ ထိုဘဝသည်။ ဇာတိယာ၊ ဇာတိ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းဖြစ်၏။ ဇာတိ၊ ဇာတိသည်။ ခန္ဓာနံ၊ ခန္ဓာတို့၏။ ပါတုဘာဝလက္ခဏာ

စာမျက်နှာ-184

ထင်ရှားဖြစ်ခြင်းလက္ခဏာရှိ၏။ သာ၊ ထိုဇာတိသည်။ ဇရာယ၊ ဇရာ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ ဇရာ၊ ဇရာသည်။ ဥပနယပရိပါကလက္ခဏာ၊ ရင့်ကျက်ခြင်းသို့ဆောင်ခြင်း ရင့်ကျက်ခြင်းလက္ခဏာရှိ၏။ သာ၊ ထိုဇရာသည်။ မရဏဿ၊ မရဏ၏။ ပဒဋ္ဌာနံ၊ နီးစွာသော အကြောင်းမည်၏။ မရဏံ၊ မရဏသည်။ အာယုက္ခယဇီဝိတုပရောဓလက္ခဏံ၊ အသက်ကံကုန်၍ ဇီဝိတိန္ဒြေကို နှောင့်ရှက်ခြင်းလက္ခဏာရှိ၏။ တံ၊ ထိုမရဏသည်။ ဒုက္ခဿ၊ ဆင်းရဲ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ ဒုက္ခံ၊ ဒုက္ခသည်။ ကာယသမ္ပီဠနလက္ခဏံ၊ ကိုယ်ကိုနှိပ်စက်ခြင်းလက္ခဏာရှိ၏။ တံ၊ ထိုဒုက္ခသည်။ ဒေါမနဿဿ၊ ဒေါမနဿ၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ ဒေါမနဿံ၊ ဒေါမနဿသည်။ စိတ္တသမ္ပီဠနလက္ခဏံ၊ စိတ်ကိုနှိပ်စက်ခြင်းလက္ခဏာရှိ၏။ တံ၊ ထိုဒေါမနဿသည်။ သောကဿ၊ သောက၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ သောကော၊ သောကသည်။ သောစနလက္ခဏော၊ စိုးရိမ်ခြင်းလက္ခဏာရှိ၏။ သော၊ ထိုသောကသည်။ ပရိဒေဝဿ၊ ငိုကြွေးခြင်း၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ ပရိဒေဝေါ၊ ငိုကြွေးခြင်းသည်။ ဝစီနိစ္ဆာရဏလက္ခဏော၊ နှုတ်မြွက်၍ငိုခြင်းလက္ခဏာရှိ၏။ သော၊ ထိုပရိဒေဝသည်။ ဥပါယာသဿ၊ ပင်ပန်းခြင်း၏။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ ယေ အာယာသာ၊ အကြင်ပင်ပန်းခြင်းတို့သည်။ အတ္ထိ သန္တိ၊ ရှိကုန်၏။ တေ ဥပါယာသာ၊ ထိုပင်ပန်းခြင်းတို့သည်လည်းကောင်း။ နဝ ပဒါနိ၊ အဖို့ကိုးပါးရှိကုန်၏။ ယတ္ထ၊ အကြင်အဖို့ကိုးပါး၌။ သဗ္ဗော၊ အလုံးစုံသော။ အကုသလပက္ခော၊ အကုသိုလ်ပက္ခသည်။ သင်္ဂဟံ၊ ပေါင်းခြင်းသို့။ သမောသရဏံ၊ ရောက်ခြင်းသို့။ ဂစ္ဆတိ၊ ရောက်၍။ နဝ ပဒါနိ၊ အဖို့ကိုးပါးတို့သည်။ ကတမာနိ၊ အဘယ်သည်တို့နည်း။ ဒွေ၊ နှစ်ပါးကုန်သော။ မူလကိလေသာ၊ မူလကိလေသာတို့သည်လည်းကောင်း။ တီဏိ၊ သုံးပါးကုန်သော။ အကုသလမူလာနိ၊ အကုသိုလ်မူလတို့သည်လည်းကောင်း။ စတ္တာရော ဝိပလ္လာသာ၊ ဝိပလ္လာသလေးပါးတို့သည်လည်းကောင်းတည်း။ တတ္ထ၊ ထိုကိုးပါးတို့တွင်။ အဝိဇ္ဇာ စ၊ အဝိဇ္ဇာသည်လည်းကောင်း။ ဘဝတဏှာ စ၊ ဘဝတဏှာသည်လည်းကောင်း။ ဒွေ မူလကိလေသာ၊ နှစ်ပါးကုန်သောမူလကိလေသာတို့ မည်ကုန်၏။ လောဘော စ၊ လောဘသည်လည်းကောင်း။ ဒေါသော စ၊ ဒေါသသည်လည်းကောင်း။ မောဟော စ၊ မောဟသည်လည်းကောင်း။ တီဏိ၊ သုံးပါးကုန်သော။ အကုသလမူလာနိ၊ အကုသိုလ်မူလတို့မည်ကုန်၏။ အနိစ္စေ၊ မမြဲသည်၌။ နိစ္စန္တိ၊ မြဲ၏ဟူ၍။ သညာဝိပလ္လာသော၊ သညာ၏ဖောက်ပြန်ခြင်းလည်း

စာမျက်နှာ-185

ကောင်း။ စိတ္တဝိပလ္လာသော၊ စိတ်၏ဖောက်ပြန်ခြင်းလည်းကောင်း။ ဒိဋ္ဌိဝိပလ္လာသော၊ အယူ၏ဖောက်ပြန်ခြင်းလည်းကောင်း။ ဒုက္ခေ၊ ဆင်းရဲ၌။ သုခန္တိ၊ ချမ်းသာဟူ၍။ သညာဝိပလ္လာသော၊ သညာ၏ဖောက်ပြန်ခြင်းလည်းကောင်း။ စိတ္တဝိပလ္လာသော၊ စိတ်၏ဖောက်ပြန်ခြင်းလည်းကောင်း။ ဒိဋ္ဌိဝိပလ္လာသော၊ အယူ၏ဖောက်ပြန်ခြင်းလည်းကောင်း။ အနတ္တနိ၊ ကိုယ်မဟုတ်သည်၌။ အတ္တာတိ၊ ကိုယ်တည်းဟူ၍။ သညာဝိပလ္လာသော၊ သညာ၏ဖောက်ပြန်ခြင်းလည်းကောင်း။ စိတ္တဝိပလ္လာသော၊ စိတ်၏ဖောက်ပြန်ခြင်းလည်းကောင်း။ ဒိဋ္ဌိဝိပလ္လာသော၊ အယူ၏ဖောက်ပြန်ခြင်းလည်းကောင်း။ အသုဘသ္မိံ၊ မတင့်တယ်သည်၌။ သုဘန္တိ၊ တင့်တယ်၏ဟူ၍။ သညာဝိပလ္လာသော၊ သညာ၏ဖောက်ပြန်ခြင်းလည်းကောင်း။ စိတ္တဝိပလ္လာသော၊ စိတ်၏ဖောက်ပြန်ခြင်းလည်းကောင်း။ ဒိဋ္ဌိဝိပလ္လာသော၊ အယူ၏ဖောက်ပြန်ခြင်းလည်းကောင်း။ ဣတိ၊ ဤသို့။ ဝိပလ္လာသာ၊ ဝိပလ္လာသတို့သည်။ စတ္တာရော၊ လေးပါးတို့တည်း။ တတ္ထ၊ ထိုပဋိစ္စသမုပ္ပါဒ်၌။ အဝိဇ္ဇာ နာမ၊ အဝိဇ္ဇာမည်သည်ကား။ စတူသု အရိယသစ္စေသု၊ လေးပါးကုန်သောအရိယသစ္စာတို့၌။ ယထာဘူတံ၊ ဟုတ်မှန်တိုင်း။ အညာဏံ၊ မသိခြင်းတည်း။ အယံ၊ ဤသည်ကား။ အဝိဇ္ဇာ၊ အဝိဇ္ဇာမည်၏။ ဘဝတဏှာ နာမ၊ ဘဝတဏှာမည်သည်ကား။ ဘဝေသု၊ ဘဝတို့၌။ ယော ရာဂေါ၊ အကြင်တပ်ခြင်းသည်။ ယော သာရာဂေါ၊ အကြင်ပြင်းစွာတပ်ခြင်းသည်။ ယာ ဣစ္ဆာ၊ အကြင်အလိုသည်။ ယာ မုစ္ဆာ၊ အကြင်မိန်းမောခြင်းသည်။ ယာ ပတ္ထနာ၊ အကြင်တောင့်တခြင်းသည်။ ယာ နန္ဒီ၊ အကြင်နှစ်သက်ခြင်းသည်။ ယံ အဇ္ဈောသာနံ၊ အကြင်စွဲလမ်းခြင်းသည်။ ယော အပရိစ္စာဂေါ၊ အကြင်မစွန့်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤအလုံးစုံသည်။ ဘဝတဏှာ၊ ဘဝတဏှာမည်၏။

တတ္ထ၊ ထိုအကုသိုလ်မူလတို့တွင်။ လောဘော၊ လောဘသည်။ ကတမော၊ အဘယ်နည်း။ အကုသလမူလံ၊ အကုသိုလ်မူလသည်။ ကတမံ၊ အဘယ်နည်း။ သော လောဘော နာမ၊ ထိုလောဘမည်သည်။ တေသု တေသု၊ ထိုထိုထိုသဘောရှိကုန်သော။ ပရဝတ္ထူသု၊ သူတစ်ပါးဝတ္ထုတို့၌။ ပရဒဗ္ဗေသု၊ သူတစ်ပါးဒြဗ်တို့၌။ ပရဋ္ဌာနေသု၊ သူတစ်ပါးအရာတို့၌။ ပရသာပတေယျေသု၊ သူတစ်ပါးအနှစ်ဥစ္စာတို့၌။ ပရပရိဂ္ဂဟိတေသု၊ သူတစ်ပါးသိမ်းဆည်းအပ်သော ဥစ္စာတို့၌။ ယော လောဘော၊ အကြင်တပ်ခြင်းသည်။ ယာ လုဗ္ဘနာ၊ အကြင်တပ်သောအခြင်းအရာသည်။ ယဒိစ္ဆာ၊ အကြင်အလိုသည်။ ယာ မုစ္ဆာ၊ အကြင်မိန်းမောခြင်းသည်။ ယာ ပတ္ထနာ၊ အကြင်တောင့်တခြင်းသည်။ ယာ နန္ဒီ၊ အကြင်နှစ်သက်ခြင်းသည်။ ယံ အဇ္ဈောသာနံ၊ အကြင်အာရုံအရသာကိုမျိုးသွင်း၍

စာမျက်နှာ-186

ပြီးစေခြင်းသည်။ ယော အပရိစ္စာဂေါ၊ အကြင်မစွန့်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤသည်ကား။ လောဘော၊ လောဘမည်၏။ အကုသလမူလံ၊ အကုသိုလ်မူလမည်၏။ ဧတံ မူလံ၊ ဤအကုသိုလ်မူလသည်။ ကဿ၊ အဘယ်တရား၏။ မူလံ၊ မူလနည်း။ လောဘော၊ လောဘသည်။ လောဘဇဿ၊ လောဘကြောင့်ဖြစ်သော။ အကုသလဿ၊ အကုသိုလ်ဖြစ်သော။ ကာယကမ္မ ဝစီကမ္မ မနောကမ္မဿ စ၊ ကာယကံ ဝစီကံ မနောကံ၏လည်းကောင်း။ တထာ၊ ထိုမှတစ်ပါး။ ယထာ၊ အကြင်ခြင်းဖြင့်။ တံသမ္ပယုတ္တ စိတ္တစေတသိကာနံ၊ ထိုအကုသိုလ်ကံသုံးပါးနှင့်ယှဉ်သော စိတ်စေတသိက်ဖြစ်ကုန်သော။ ဓမ္မာနံ၊ တရားတို့၏လည်းကောင်း။ မူလံ၊ မူလမည်၏။ တတ္ထ၊ ထိုအကုသိုလ်မူလတို့တွင်။ ဒေါသော၊ ဒေါသဖြစ်သော။ အကုသလမူလံ၊ အကုသိုလ်မူလသည်။ ကတမော၊ အဘယ်နည်း။ သော၊ ထိုဒေါသသည်။ သတ္တေသု၊ သတ္တဝါတို့၌။ အာဃာတော၊ ရန်ငြိုးဖွဲ့ခြင်းသည်။ အက္ခန္တိ၊ သည်းမခံခြင်းသည်။ အပ္ပစ္စယော၊ အထောက်အပံ့မရှိခြင်းသည်။ ဗျာပါဒေါ၊ အမျက်ထွက်ခြင်းသည်။ ပဒေါသော၊ ပြင်းစွာအမျက်ထွက်ခြင်းသည်။ အနတ္ထကာမတာ၊ အကျိုးမဲ့ကိုအလိုရှိသောအဖြစ်သည်။ စေတသော၊ စိတ်၏။ ပဋိဃာတော၊ ပင်ပန်းခြင်းမုန်းတီးခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤသည်ကား။ ဒေါသော၊ ဒေါသဖြစ်သော။ အကုသလမူလံ၊ အကုသိုလ်မူလမည်၏။ ဧတံ မူလံ၊ ဤဒေါသမူလသည်။ ကဿ၊ အဘယ်တရား၏။ မူလံ၊ မူလနည်း။ ဒေါသဇဿ၊ ဒေါသကြောင့်ဖြစ်သော။ ကာယကမ္မဿ၊ ကာယကံ၏။ ဝစီကမ္မဿ၊ ဝစီကံ၏။ မနောကမ္မဿ၊ မနောကံ၏။ သမ္ပယုတ္တာနဉ္စ၊ သမ္ပယုတ်ဖြစ်ကုန်သော။ စိတ္တစေတသိကာနံ၊ စိတ်စေတသိက်ဖြစ်ကုန်သော။ ဓမ္မာနံ၊ တရားတို့၏လည်းကောင်း။ မူလံ၊ မူလမည်၏။ တတ္ထ၊ ထိုအကုသိုလ်မူလတို့တွင်။ မောဟော၊ မောဟဖြစ်သော။ အကုသလမူလံ၊ အကုသိုလ်မူလသည်။ ကတမံ၊ အဘယ်နည်း။ စတူသု အရိယသစ္စေသု၊ အရိယသစ္စာလေးပါးတို့၌။ ယော အနဘိသမယော၊ အကြင်ထိုးထွင်း၍မသိခြင်းသည်။ ယော အသမ္ပဇ္ဇဂ္ဂါဟော၊ အကြင်ပြည့်စုံစွာ မယူခြင်းသည်။ ယော အပ္ပဋိဝေဓော၊ အကြင်ထိုးထွင်း၍ မသိခြင်းသည်။ ယော မောဟော၊ အကြင်တွေဝေခြင်းသည်။ ယာ မုယှနာ၊ အကြင်တွေဝေသော အခြင်းအရာသည်။ ယောသံ မောဟော၊ အကြင်ပြင်းစွာတွေဝေခြင်းသည်။ ယာ သမ္မုယှနာ၊ အကြင်ပြင်းစွာတွေဝေသောအခြင်းအရာသည်။ ယာ အဝိဇ္ဇာ၊ အကြင်မသိခြင်းသည်။ ယော တမော၊ အကြင်အမိုက်သည်။ ယော အန္ဓကာရော၊ အကြင်အမိုက်တိုက်သည်။ ယံ အာဝရဏံ၊ အကြင်ပိတ်ပင်ခြင်းသည်။

စာမျက်နှာ-187

ယံ နီဝရဏံ၊ အကြင်တားမြစ်ခြင်းသည်။ ယံ ဆဒနံ၊ အကြင် ကိလေသာအမိုးသည်။ ယံ အစ္ဆဒနံ၊ အကြင်ယုတ်သောအမိုးသည်။ ကုသလာနံ၊ ကုသိုလ်ဖြစ်ကုန်သော။ ဓမ္မာနံ၊ တရားတို့အား။ ယံ အပသစ္ဆာဂမနံ၊ အကြင်ကြဉ်ခြင်းသို့ ရောက်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤသည်ကား။ မောဟော၊ မောဟဖြစ်သော။ အကုသလမူလံ၊ အကုသိုလ်မူလမည်၏။ တံ မူလံ၊ ထိုမောဟမူလသည်။ ကဿ၊ အဘယ်တရား၏။ မူလံ၊ မူလနည်း။ မောဟဇဿ၊ မောဟကြောင့်ဖြစ်သော။ အကုသလ၊ အကုသိုလ်ဖြစ်သော။ ကာယကမ္မ ဝစီကမ္မ မနောကမ္မဿ၊ ကာယကံ ဝစီကံ မနောကံ၏လည်းကောင်း။ တံသမ္ပယုတ္တကာနံ၊ ထိုကံသုံးပါးနှင့်ယှဉ်ကုန်သော။ စိတ္တစေတသိကာနံ၊ စိတ်စေတသိက်ဖြစ်ကုန်သော။ ဓမ္မာနဉ္စ၊ တရားတို့၏လည်းကောင်း။ မူလံ၊ မူလမည်၏။ တတ္ထ၊ ထိုဒေသနာ၌။ ဝိပလ္လာသာ၊ ဝိပလ္လာသတို့ကို။ ဇာနိတဗ္ဗာ၊ သိအပ်ကုန်၏။ ဝိပလ္လာသာနံ၊ ဝိပလ္လာသတို့၏။ ဝတ္ထု၊ ဝတ္ထုကို။ ဇာနိတဗ္ဗံ၊ သိအပ်၏။ ယံ၊ အကြင်သဘောတရားသည်။ ဝိပလ္လာသံ၊ ဖောက်ပြန်ခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။ တံ၊ ထိုသဘောတရားကို။ ဇာနိတဗ္ဗံ၊ သိအပ်၏။ တတ္ထ၊ ထိုဝိပလ္လာသတို့တွင်။ ဧကော ဝိပလ္လာသော၊ တစ်ဦးသောဝိပလ္လာသသည်။ တီဏိ ဝိပလ္လာသာနိ၊ သုံးပါးကုန်သော ဝိပလ္လာသတို့ကို။ ဣတိ၊ ဤသို့။ စတ္တာရိ ဝိပလ္လာသဝတ္ထူနိ၊ လေးပါးကုန်သော ဝိပလ္လာသဝတ္ထုတို့ကို။ ဇာနိတဗ္ဗာ၊ သိအပ်ကုန်၏။ ဧကော၊ တစ်ခုသော။ ဝိပလ္လာသော စ၊ ဝိပလ္လာသသည်လည်း။ ကတမော၊ အဘယ်နည်း။ အနိစ္စေ၊ မမြဲသည်၌။ နိစ္စန္တိ၊ မြဲ၏။ ဣတိ စ၊ ဤသို့လည်းကောင်း။ ဒုက္ခေ၊ ဆင်းရဲ၌။ သုခံ၊ ချမ်းသာ၏။ ဣတိ စ၊ ဤသို့လည်းကောင်း။ အနတ္တနိ၊ ကိုယ်မဟုတ်သည်၌။ အတ္တာ၊ ကိုယ်တည်း။ ဣတိ စ၊ ဤသို့လည်းကောင်း။ အသုဘေ၊ မတင့်တယ်သည်၌။ သုဘံ၊ တင့်တယ်၏။ ဣတိ၊ ဤသို့လည်းကောင်း။ ယေန ပဋိပက္ခေန၊ အကြင်ဆန့်ကျင်ဘက်အားဖြင့်။ ဝိပလ္လာသိတံ၊ ဖောက်ပြန်သည်၏အဖြစ်ကို။ ဂဏှာတိ၊ ယူ၏။ အယံ၊ ဤသို့ယူခြင်းသည်။ ဧကော၊ တစ်ခုသော။ ဝိပလ္လာသော၊ ဝိပလ္လာသမည်၏။ စတ္တာရိ၊ လေးပါးကုန်သော။ ဝိပလ္လာသဝတ္ထူနိ၊ ဝိပလ္လာသဝတ္ထုတို့သည်။ ကတမာနိ၊ အဘယ်သည်တို့နည်း။ ကာယော စ၊ ကိုယ်လည်းကောင်း။ ဝေဒနာ စ၊ ဝေဒနာလည်းကောင်း။ စိတ္တံ စ၊ စိတ်လည်းကောင်း။ ဓမ္မာ စ၊ ဓမ္မာရုံလည်းကောင်းတည်း။ ဣမာနိ စတ္တာရိ၊ ဤလေးပါးတို့သည်။ ဝိပလ္လာသဝတ္ထူနိ၊ ဝိပလ္လာသဝတ္ထုတို့မည်ကုန်၏။ တီဏိ ဝိပလ္လာသာနိ၊ တီဏိ ဝိပလ္လာသဟူသည်တို့ကား။ ကတမာနိ၊ အဘယ်သည်တို့နည်း။ သညာ၊ သညာလည်းကောင်း။ စိတ္တံ၊ စိတ်လည်းကောင်း။ ဒိဋ္ဌိ၊ ဒိဋ္ဌိ

စာမျက်နှာ-188

လည်းကောင်းတည်း။ ဣမာနိ၊ ဤသည်တို့ကား။ တီဏိ ဝိပလ္လာသာနိ၊ တီဏိ ဝိပလ္လာသမည်ကုန်၏။ တတ္ထ၊ ထိုသုံးပါးတို့တွင်။ မနာပိကေ၊ နှစ်လိုဖွယ်ကောင်းသော။ ဝတ္ထုသ္မိံ၊ ဝတ္ထု၌။ ဣန္ဒြိယဝတ္ထေ၊ ဣန္ဒြေအရာ၌။ ဝဏ္ဏာယတနေ၊ ဝဏ္ဏာယတန၌။ နိမိတ္တဿ၊ နိမိတ်ကို။ ယော ဥဂ္ဂါဟော၊ အကြင်ယူခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤယူခြင်းသည်။ သညာဝိပလ္လာသော၊ သညာဝိပလ္လာသမည်၏။ တတ္ထ၊ ထိုဝိပလ္လာသတို့တွင်။ ဝိပရီတစိတ္တဿ၊ ဖောက်ပြန်သောစိတ်၏။ ဝတ္ထုသ္မိံ၊ အကြောင်းသည်။ သတိ၊ ရှိသော်။ ဝိညတ္တိ၊ သိစေခြင်းဝိညတ်သည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤဝိညတ်သည်။ စိတ္တဝိပလ္လာသော၊ စိတ္တဝိပလ္လာသမည်၏။ တတ္ထ၊ ထိုဝိပလ္လာသတို့တွင်။ ဝိပရီတစိတ္တဿ၊ ဖောက်ပြန်သော စိတ်ရှိသောသူ၏။ တသ္မိံ ရူပေ၊ ထိုရုပ်၌။ အသုဘေ၊ မတင့်တယ်သည်၌။ သုဘံ ဣတိ၊ တင့်တယ်၏ဟူ၍။ ယာ ခန္တိ၊ အကြင်သည်းခံခြင်းသည်။ ယာ ရုစိ၊ အကြင်နှစ်သက်ခြင်းသည်။ ယာ ဥပေက္ခနာ၊ အကြင်ငဲ့ခြင်းသည်။ ယော နိစ္ဆယော၊ အကြင်ဆုံးဖြတ်ခြင်းသည်။ ယာ ဒိဋ္ဌိ၊ အကြင်အယူမှားခြင်းသည်။ ယံ နိဒဿနံ၊ အကြင်မြင်ခြင်းသည်။ ယာ သန္တီရဏာ၊ အကြင်စုံစမ်းခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤစုံစမ်းခြင်းသည်။ ဒိဋ္ဌိဝိပလ္လာသော၊ ဒိဋ္ဌိဝိပလ္လာသမည်၏။ တတ္ထ၊ ထိုဝိပလ္လာသတို့တွင်။ ဝတ္ထုဘေဒေန၊ ဝတ္ထုအပြားအားဖြင့်။ ကာယေသု၊ ကိုယ်၌။ ဒွါဒသ ဝိပလ္လာသာ၊ တဆဲ့နှစ်ပါးကုန်သောဖောက်ပြန်ခြင်းတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ကာယေ၊ ကာယာနုပဿနာ၌။ တယော၊ ဝိပလ္လာသသုံးပါး။ ဝေဒနာယ၊ ဝေဒနာနုပဿနာ၌။ တယော၊ ဝိပလ္လာသသုံးပါး။ စိတ္တေ၊ စိတ္တာနုပဿနာ၌။ တယော၊ ဝိပလ္လာသသုံးပါး။ ဓမ္မေ၊ ဓမ္မာနုပဿနာ၌။ တယော၊ ဝိပလ္လာသသုံးပါး။ ဣတိ၊ ဤသို့။ ဒွါဒသ၊ တဆဲ့နှစ်ပါးတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ သညာဝိပလ္လာသာ၊ သညာဝိပလ္လာသတို့သည်။ စတ္တာရော၊ လေးပါးတို့လည်းကောင်း။ စိတ္တဝိပလ္လာသာ၊ စိတ္တဝိပလ္လာသတို့သည်။ စတ္တာရော၊ လေးပါးတို့လည်းကောင်း။ ဒိဋ္ဌိဝိပလ္လာသာ၊ ဒိဋ္ဌိဝိပလ္လာသတို့သည်။ စတ္တာရော၊ လေးပါးတို့လည်းကောင်း။ ဣတိ၊ ဤသို့။ ဒွါဒသ၊ တဆဲ့နှစ်ပါးတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ အာယတနူပစယတော၊ အာယတန၏ဖြစ်ခြင်းသို့ရောက်သော။ စက္ခုဝိညာဏသညာသမင်္ဂိဿ၊ စက္ခုဝိညာဉ်သညာနှင့်ပြည့်စုံသောသူ၏။ ရူပေသု၊ ရုပ်တို့၌။ ဒွါဒသ ဝိပလ္လာသာ၊ တဆဲ့နှစ်ပါးကုန်သောဝိပလ္လာသတို့လည်းကောင်း။ ယာဝ မနောသညာသမင်္ဂိဿ၊ မနောသညာနှင့်ပြည့်စုံသောသူတိုင်အောင်။ ဓမ္မေသု၊ ဓမ္မာရုံ၌။ ဒွါဒသ ဝိပလ္လာသာ၊ တဆဲ့နှစ်ပါးကုန်သောဝိပလ္လာသတို့လည်းကောင်း။ ဣတိ၊ ဤသို့။ ဆ ဒွါဒသကာ၊ အဇ္ဈတ္တိက၌

စာမျက်နှာ-189

ခြောက်ပါးတဆဲ့နှစ်လီ ဗာဟိရ၌ ခြောက်ပါးတဆဲ့နှစ်လီ အားဖြင့်။ စတုစတ္တာရိသ ဝိပလ္လာသာ၊ လေးဆယ့်လေးပါးကုန်သော ဝိပလ္လာသတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဟိ၊ ထိုစကားမှန်၏။ အာရမ္မဏနာနတ္တတော၊ အာရုံအထူးထူးဖြစ်ခြင်းအားဖြင့်။ အပရိမိတသင်္ခေယျာနံ၊ မနှိုင်းယှဉ်အပ်ကုန်သော မရေမတွက်နိုင်ကုန်သော။ အတ္တာနံ၊ အတ္တဘောတို့အား။ ဟီနုက္ကဋ္ဌမဇ္ဈိမတာယ၊ အယုတ်အမြတ်အလတ်ဖြစ်ခြင်းကြောင့်။ အပရိမိတမသင်္ခေယျာ၊ မနှိုင်းယှဉ်မရေမတွက်နိုင်ကုန်သော။ ဝိပလ္လာသာ၊ ဝိပလ္လာသတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ တတ္ထ၊ ထိုဝိပလ္လာသတို့တွင်။ ပဉ္စက္ခန္ဓာ၊ ခန္ဓာငါးပါးတို့သည်။ စတ္တာရိ အတ္တဘာဝဝတ္ထူနိ၊ လေးပါးကုန်သောအတ္တဘောဟူသော အကြောင်းတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ရူပက္ခန္ဓော၊ ရူပက္ခန္ဓာဟုဆိုအပ်သော။ ယော ကာယော၊ အကြင်ကာယနုပဿနာသည်။ အတ္ထိ၊ ရှိ၏။ သော ကာယော၊ ထိုကာယနုပဿနာသည်။ အတ္တဘာဝဝတ္ထု၊ အတ္တဘောဝတ္ထုမည်၏။ ဝေဒနက္ခန္ဓော၊ ဝေဒနက္ခန္ဓာဟုဆိုအပ်သော။ ယာ ဝေဒနာ၊ အကြင်ဝေဒနာနုပဿနာသည်။ အတ္ထိ၊ ရှိ၏။ သာ ဝေဒနာ၊ ထိုဝေဒနာသည်။ အတ္တဘာဝဝတ္ထု၊ အတ္တဘောဝတ္ထုမည်၏။ ယော သညာက္ခန္ဓော စ၊ အကြင်သညာက္ခန္ဓာသည်လည်းကောင်း။ ယော သင်္ခါရက္ခန္ဓော စ၊ အကြင်သင်္ခါရက္ခန္ဓာသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ တေ ဓမ္မာ၊ ထိုတရားတို့သည်။ အတ္တဘာဝဝတ္ထု၊ အတ္တဘောဝတ္ထုမည်ကုန်၏။ ယော ဝိညာဏက္ခန္ဓော၊ အကြင်ဝိညာဏက္ခန္ဓာသည်။ အတ္ထိ၊ ရှိ၏။ သော၊ ဝိညာဏက္ခန္ဓာသည်။ စိတ္တံ၊ စိတ်ဟုဆိုအပ်သော။ အတ္တဘာဝဝတ္ထု၊ အတ္တဘောဝတ္ထုမည်၏။ ဣတိ၊ ဤသို့။ ပဉ္စက္ခန္ဓာ၊ ခန္ဓာငါးပါးတို့သည်။ စတ္တာရိ အတ္တဘာဝဝတ္ထူနိ၊ လေးပါးကုန်သော အတ္တဘောဝတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ တတ္ထ၊ ထိုအတ္တဘောဝတ္ထုတို့တွင်။ ကာယေ၊ ကာယာနုပဿနာ၌။ အသုဘေ၊ မတင့်တယ်သည်၌။ သုဘံ ဣတိ၊ တင့်တယ်၏ဟူ၍။ ဝိပလ္လာသော၊ ဖောက်ပြန်ခြင်းသည်။ ဘဝတိ၊ ဖြစ်၏။ ဧဝံ၊ ဤအတူ။ ဝေဒနာသု၊ ဝေဒနာတို့၌။ စိတ္တေ၊ စိတ်၌။ ဓမ္မေသု စ၊ ဓမ္မတို့၌လည်း။ အတ္တဝိပလ္လာသော၊ အတ္တဟုဖောက်ပြန်ခြင်းသည်။ ဘဝတိ၊ ဖြစ်၏။ တတ္ထ၊ ထိုဒေသနာ၌။ စတုန္နံ ဝိပလ္လာသာနံ၊ လေးပါးကုန်သောဝိပလ္လာသတို့ကို။ သမုဂ္ဃာတနတ္ထံ၊ ပယ်ဖြတ်ခြင်းငှါ။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ စတ္တာရော သတိပဋ္ဌာနေ၊ လေးပါးကုန်သော သတိပဋ္ဌာန်တို့ကို။ ဒေသေတိ၊ ဟောတော်မူ၏။ ပညပေတိ၊ သိစေတော်မူ၏။ ကာယေ၊ ကိုယ်၌။ ကာယာနုပဿီ၊ ကိုယ်ဟုအဖန်တလဲလဲရှုလေ့ရှိသည်ဖြစ်၍။ ဝိဟရတော၊ နေသောသူအား။ အသုဘေ၊ မတင့်တယ်သည်၌။ သုဘံ ဣတိဝိ

စာမျက်နှာ-190

ပလ္လာသံ၊ တင့်တယ်၏ဟူသော ဖောက်ပြန်ခြင်းကို။ သမုဂ္ဃာတေတိ၊ ခွါ၏။ ဧဝံ၊ ဤအတူ။ ဝေဒနာသု၊ ဝေဒနာတို့၌။ စိတ္တေ၊ စိတ်၌။ ဓမ္မေသု စ၊ ဓမ္မတို့၌လည်း။ ကာတဗ္ဗံ၊ ပြုအပ်၏။ တတ္ထ၊ ထိုပဟာတဗ္ဗတို့တွင်။ အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ အန္ဓကာရတိမိသာ၊ အမိုက်တိုက်အခြင်းအရာဖြင့် ဖုံးလွှမ်းခြင်းသဘောရှိ၏။ အပ္ပဋိဝေဓလက္ခဏာ၊ ထိုးထွင်း၍ မသိခြင်းလက္ခဏာရှိ၏။ တဿာ၊ ထိုအဝိဇ္ဇာ၏။ ဝိပလ္လာသပဒဋ္ဌာနံ၊ ဝိပလ္လာသလျှင်နီးစွာသောအကြောင်းရှိ၏။ တဏှာ၊ တဏှာသည်။ အဇ္ဈောသာနလက္ခဏာ၊ အာရုံကို မျိုသွင်း၍ ပြီးစေခြင်းလက္ခဏာရှိ၏။ တဿာ၊ ထိုတဏှာ၏။ ပိယရူပသာတရူပံ၊ ပိယရုပ်သာတရုပ်လျှင်။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းရှိ၏။ လောဘော၊ လောဘသည်။ အတ္တာသယဝဉ္စနာလက္ခဏော၊ မိမိတောင့်တသောအာရုံဖြင့် လှည့်စားခြင်းလက္ခဏာရှိ၏။ တဿ၊ ထိုလောဘ၏။ အဒိန္နာဒါနံ၊ အဒိန္နာဒါန်သည်။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းရှိ၏။ ဒေါသော၊ ဒေါသသည်။ ဣဓ ဝိဝါဒလက္ခဏော၊ ဤလောက၌ ငြင်းခုံခြင်းလက္ခဏာရှိ၏။ တဿ၊ ထိုဒေါသ၏။ ပါဏာတိပါတော၊ ပါဏာတိပါတသည်။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းရှိ၏။ မောဟော၊ မောဟသည်။ ဝတ္ထုဝိပ္ပဋိပတ္တိလက္ခဏာ၊ မသင့်သောနှလုံးသွင်းခြင်းဖြင့် လျောက်ပတ်သောအကြောင်း၏ ချွတ်ယွင်းခြင်းသို့ရောက်စေခြင်းလက္ခဏာရှိ၏။ တဿ၊ ထိုမောဟ၏။ မိစ္ဆာပဋိပတ္တိ၊ မှားသောအကျင့်သည်။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ နိစ္စသညာ၊ နိစ္စသညာသည်။ သင်္ခတာနံ၊ ပြုပြင်အပ်ကုန်သော။ ဓမ္မာနံ၊ တရားတို့၏။ အဝိနာသဂ္ဂဟဏလက္ခဏာ၊ မပျက်စီးခြင်းဖြင့်ယူခြင်းလက္ခဏာရှိ၏။ တဿာ၊ ထိုနိစ္စသညာအား။ သဗ္ဗသင်္ခါရာ၊ အလုံးစုံကုန်သောသင်္ခါရတရားတို့သည်။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းရှိ၏။ သုခသညာ၊ သုခသညာသည်။ သာသဝဖဿောပဂမနလက္ခဏာ၊ အာသဝနှင့်တကွတွေ့၍ ပေါင်းမိခြင်းကပ်ခြင်းလက္ခဏာရှိ၏။ တဿာ၊ ထိုသုခသညာ၏။ မမင်္ကာရော၊ ငါဟူသော မာန်ရစ်ခြင်းသည်။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းရှိ၏။ အတ္တသညာ၊ အတ္တသညာသည်။ ဓမ္မေသု၊ သာသဝတရားတို့၌။ ဥပဂမနလက္ခဏာ၊ အာရုံဖြင့် ကပ်ခြင်းလက္ခဏာရှိ၏။ တဿာ၊ ထိုအတ္တသညာ၏။ အဟင်္ကာရော၊ ငါဟူသောမာန်မူခြင်းသည်။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းရှိ၏။ သုဘသညာ၊ သုဘသညာသည်။ ဝဏ္ဏသင်္ဂဟဏလက္ခဏာ၊ အဆင်းကို ယူခြင်းလက္ခဏာရှိ၏။ တဿာ၊ ထိုသုဘသညာ၏။ ဣန္ဒြိယအသံဝရပဒဋ္ဌာနံ၊ ဣန္ဒြေကို မစောင့်ခြင်းလျှင် နီးစွာသောအကြောင်းရှိ၏။ ဥဒ္ဒိဋ္ဌေဟိ၊ ညွှန်းအပ်ကုန်သော။ ဧတေဟိ နဝဟိ ပဒေဟိ၊ ဤကိုးပုဒ်တို့

စာမျက်နှာ-191

ဖြင့်။ သဗ္ဗော၊ အလုံးစုံသော။ ကုသလပက္ခေ၊ ကုသိုလ်ပက္ခကို။ နိဒ္ဒိဋ္ဌော၊ ပြအပ်သည်။ ဘဝတိ၊ ဖြစ်၏။ သော စ ခေါ၊ ထိုအလုံးစုံကိုလည်း။ ဗဟုဿုတေန၊ အကြားအမြင်များသော ပုဂ္ဂိုလ်သည်။ ဇာနိတုံ၊ သိခြင်းငှါ။ သက္ကာ၊ တတ်ကောင်း၏။ အပ္ပဿုတေန၊ အကြားအမြင်နည်းသော ပုဂ္ဂိုလ်သည်။ ဇာနိတုံ၊ သိခြင်းငှါ။ နော သက္ကာ၊ မတတ်ကောင်း။ ပညဝတာ၊ ပညာရှိသော ပုဂ္ဂိုလ်သည်။ ဇာနိတုံ၊ သိခြင်းငှါ။ သက္ကာ၊ တတ်ကောင်း၏။ ဒုပ္ပညေန၊ ပညာနည်းသော ပုဂ္ဂိုလ်သည်။ ဇာနိတုံ၊ သိခြင်းငှါ။ န သက္ကာ၊ မတတ်ကောင်း။ ယုတ္တေန၊ ပညာနှင့် ယှဉ်သော ပုဂ္ဂိုလ်သည်။ ဇာနိတုံ၊ သိခြင်းငှါ။ သက္ကာ၊ တတ်ကောင်း၏။ အယုတ္တေန၊ ပညာနှင့် မယှဉ်သော ပုဂ္ဂိုလ်သည်။ ဇာနိတုံ၊ သိခြင်းငှါ။ နော သက္ကာ၊ မတတ်ကောင်း။ ကုသလာနိ၊ ကုသိုလ်ဖြစ်ကုန်သော။ နဝ ပဒါနိ၊ ကိုးပုဒ်တို့သည်။ ယတ္ထ၊ အကြင်ဒေသနာ၌။ သဗ္ဗော၊ အလုံးစုံသော။ ကုသလပက္ခော၊ ကုသိုလ်ပက္ခကို။ သင်္ဂဟော၊ သင်္ဂြိုဟ်အပ်၏။ သမောသရဏံ၊ ပေါင်းခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။ နဝ ပဒါနိ၊ ကိုးပုဒ်တို့သည်။ ကတမာနိ၊ အဘယ်သည်တို့နည်း။ သမထော စ၊ သမထလည်းကောင်း။ ဝိပဿနာ စ၊ ဝိပဿနာလည်းကောင်း။ အလောဘော စ၊ အလောဘလည်းကောင်း။ အဒေါသော စ၊ အဒေါသလည်းကောင်း။ အမောဟော စ၊ အမောဟလည်းကောင်း။ အနိစ္စသညာ၊ အနိစ္စသညာလည်းကောင်း။ ဒုက္ခသညာ၊ ဒုက္ခသညာလည်းကောင်း။ အနတ္တသညာ၊ အနတ္တသညာလည်းကောင်း။ အသုဘသညာ စ၊ အသုဘသညာလည်းကောင်း။

တတ္ထ၊ ထိုကိုးပါးတို့တွင်။ သမထော၊ သမထသည်။ ကတမော၊ အဘယ်နည်း။ စိတ္တဿ၊ စိတ်၏။ ယာ ဌိတိ၊ အကြင်တည်ခြင်းသည်။ ယာ သဏ္ဌိတိ၊ အကြင်ကောင်းစွာ တည်ခြင်းသည်။ ယာ အဝဋ္ဌိတိ၊ အကြင်မြဲစွာ တည်ခြင်းသည်။ ယံ ဌာနံ၊ အကြင်တည်ခြင်းသည်။ ယံ ပဋ္ဌာနံ၊ အကြင်ပြဋ္ဌာန်းခြင်းသည်။ ဥပဋ္ဌာနံ၊ အကြင်ထင်ခြင်းသည်။ ယာ သမာဓိ၊ အကြင်သမာဓိသည်။ ယာ သမာဓာနံ၊ အကြင်ဆောက်တည်ခြင်းသည်။ ယော အဝိက္ခေပေါ၊ အကြင်မပျံ့လွင့်ခြင်းသည်။ ယော အဝိပ္ပဋိသာရော၊ အကြင်နှလုံးသာ ရွှင်ခြင်း သည်။ မာနသော၊ စိတ်၏။ ဝူပသမော၊ အကြင်ငြိမ်းခြင်းသည်။ စိတ္တဿ၊ စိတ်၏။ ယံ ဧကဂ္ဂံ၊ အကြင်တည်ကြည်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤအလုံးစုံသည်။ သမထော၊ သမထမည်၏။။ တတ္ထ၊ ထိုကိုးပါးတို့တွင်။ ဝိပဿနာ၊ ဝိပဿနာသည်။ ကတမာ၊ အဘယ်နည်း။ ခန္ဓေသု ဝါ၊ ခန္ဓာတို့၌လည်းကောင်း။ ဓာတူသု ဝါ၊ ဓာတ်တို့၌လည်းကောင်း။ အာယတနေသု ဝါ၊ အာယတနတို့၌

စာမျက်နှာ-192

လည်းကောင်း။ နာမရူပေသု ဝါ၊ နာမ်ရုပ်တို့၌လည်းကောင်း။ ပဋိစ္စသမုပ္ပါဒေသု ဝါ၊ ပဋိစ္စသမုပ္ပါဒ်တို့၌လည်းကောင်း။ ပဋိစ္စသမုပ္ပန္နေသု၊ ပဋိစ္စသမုပ္ပါဒ်ဖြစ်ကုန်သော။ ဓမ္မေသု ဝါ၊ တရားတို့၌လည်းကောင်း။ ဒုက္ခေသု ဝါ၊ ဒုက္ခသစ္စာတို့၌လည်းကောင်း။ သမုဒယေသု ဝါ၊ သမုဒယသစ္စာတို့၌လည်းကောင်း။ နိရောဓေ ဝါ၊ နိရောဓသစ္စာ၌လည်းကောင်း။ မဂ္ဂေ ဝါ၊ မဂ္ဂသစ္စာ၌၎င်း။ ကုသလာကုသလေသု ဝါ၊ ကုသိုလ်အကုသိုလ်ဖြစ်ကုန်သော။ ဓမ္မေသု ဝါ၊ တရားတို့၌လည်းကောင်း။ သာဝဇ္ဇအနဝဇ္ဇေသု ဝါ၊ သာဝဇ္ဇအနဝဇ္ဇတရားတို့၌ လည်းကောင်း။ ကဏှသုက္ကေသု ဝါ၊ ကဏှသုက္ကတရားတို့၌လည်းကောင်း။ သေဝိတဗ္ဗအသေဝိတဗ္ဗေသု ဝါ၊ မှီဝဲအပ်သည် မမှီဝဲအပ်သည်တို့၌လည်းကောင်း။ ယထာဘူတံ၊ ဟုတ်မှန်တိုင်း။ ယော ဝိစယော၊ အကြင်စီစစ်ခြင်းသည်။ ယော ပဝိစယော၊ အကြင်အပြားအားဖြင့် စီစစ်ခြင်းသည်။ ယာ ဝီမံသာ၊ အကြင်စုံစမ်းခြင်းသည်။ ယာ ပရဝီမံသာ၊ အကြင်အမြတ်အားဖြင့် စုံစမ်းခြင်းသည်။ ယာ ဂါဟနာ၊ အကြင်ပညာဖြင့် ယူခြင်းသည်။ ယာ အဂ္ဂါဟနာ၊ အကြင်ခြီးမြှင့်အပ်သော ပညာသည်။ ယာ ပရိဂ္ဂါဟနာ၊ အကြင်သိမ်းဆည်းအပ်သော ပညာသည်။ စိတ္တေန၊ စိတ်ဖြင့်။ ယာ ပရိစိတနာ၊ အကြင်ရွေးချယ်သော ပညာသည်။ ယာ တုလနာ၊ အကြင်နှိုင်းချိန်သော ပညာသည်။ ယာ ဥပပရိက္ခာ၊ အကြင်စုံစမ်းသော ပညာသည်။ ယံ ဉာဏံ၊ အကြင်ဉာဏ်သည်။ ယာ ဝိဇ္ဇာ ဝါ၊ အကြင်ဝိဇ္ဇာသည်။ ယာ စက္ခု၊ အကြင်ပညာစက္ခုသည်။ ယာ ဗုဒ္ဓိ၊ အကြင်သိခြင်းသည်။ ယာ မေဓာ၊ အကြင်လျှင်စွာ ဆောင်နိုင်သော ပညာသည်။ ယော ပညာဩဘာသော၊ အကြင်ပညာဟူသော အထွန်းသည်။ ယော အာလောကော၊ အကြင်ပညာအရောင်သည်။ ယာ အာဘာ၊ အကြင်ပညာအရောင်သည်။ ယာ ပဘာ၊ အကြင်ပညာအလင်းသည်။ ယော ခဂ္ဂေါ၊ အကြင်ပညာတည်းဟူသော သန်လျက်သည်။ ယော နာရာစော၊ အကြင်ပညာဟူသော စည်းသွားသည်။ ယော ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂေါ၊ အကြင်ဓမ္မဝိစယသမ္ဗောဇ္ဈင်သည်။ ယံ သမ္မာဒိဋ္ဌိမဂ္ဂင်္ဂံ၊ အကြင်သမ္မာဒိဋ္ဌိတည်းဟူသော မဂ္ဂင်သည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤအလုံးစုံသည်။ ဝိပဿနာ၊ ဝိပဿနာမည်၏။ တေန၊ ထိုကြောင့်။ ဧသာ၊ ဤဝိစယသော ပညာကို။ ဝိပဿနာတိ၊ ဝိပဿနာဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ဝိဝိဓာ ဝါ ဧသာ ဝိပဿနာ၊ ဤဝိပဿနာသည် အနိစ္စ ဒုက္ခ အနတ္တဟူ၍ သုံးပါးအပြားရှိ၏။ ဣတိ တသ္မာ၊ ထိုကြောင့်။ ဧသာ၊ လက္ခဏာရေးသုံးပါးကို။ ဝိပဿနာတိ၊ ဝိပဿနာဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ဟိ၊ ထိုစကားသင့်၏။ ဒွိဓာ၊ အနိစ္စဒုက္ခအားဖြင့် နှစ်ပါးအပြားရှိသော။ ဧသာ ဝိပဿနာ၊ ဤ

စာမျက်နှာ-193

ဝိပဿနာကို။ ဓမ္မဝိပဿနာတိ၊ ဓမ္မဝိပဿနာဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ သုဘဉ္စ၊ သုဘလည်းကောင်း။ အသုဘဉ္စ၊ အသုဘလည်းကောင်း။ ဣတိ၊ ဤသို့။ ဒွိဓာ၊ နှစ်ပါးအပြားရှိသော တရားကို။ ဣမာယ၊ ဤဝိပဿနာပညာဖြင့်။ ပဿတိ၊ ရှု၏။ ကဏှဉ္စ၊ ကဏှလည်းကောင်း။ သုက္ကဉ္စ၊ သုက္ကလည်းကောင်း။ ဣတိ၊ ဤသို့။ ဒွိဓာ၊ နှစ်ပါးအပြားရှိသော တရားကို။ ဣမာယ၊ ဤဝိပဿနာပညာဖြင့်။ ပဿတိ၊ ရှု၏။ သေဝိတဗ္ဗဉ္စ၊ မှီဝဲအပ်သော တရားလည်းကောင်း။ အသေဝိတဗ္ဗဉ္စ၊ မမှီဝဲအပ်သော တရားလည်းကောင်း။ ဣတိ၊ ဤသို့။ ဒွိဓာ၊ နှစ်ပါးအပြားရှိသော တရားကို။ ဣမာယ၊ ဤဝိပဿနာပညာဖြင့်။ ပဿတိ၊ ရှု၏။ ကမ္မဉ္စ၊ ကံလည်းကောင်း။ ဝိပါကဉ္စ၊ ဝိပါက်လည်းကောင်း။ ဣတိ၊ ဤသို့။ ဒွိဓာ၊ နှစ်ပါးအပြားရှိသော တရားကို။ ဣမာယ၊ ဤဝိပဿနာပညာဖြင့်။ ပဿတိ၊ ရှု၏။ ဗန္ဓဉ္စ၊ ဝဋ်တည်းဟူသော အနှောင်အဖွဲ့လည်းကောင်း။ ဝိမောက္ခဉ္စ၊ ဝဋ်မှလွတ်ခြင်းလည်းကောင်း။ ဣတိ၊ ဤသို့။ ဒွိဓာ၊ နှစ်ပါးအပြားရှိသော တရားကို။ ဣမာယ၊ ဤဝိပဿနာပညာဖြင့်။ ပဿတိ၊ ရှု၏။ အာစယဉ္စ၊ စုတိပဋိသန္ဓေသို့ ရောက်ကြောင်းလည်းကောင်း။ အပစယဉ္စ၊ နိဗ္ဗာန်သို့ ရောက်ကြောင်းလည်းကောင်း။ ဣတိ၊ ဤသို့။ ဒွိဓာ၊ နှစ်ပါးအပြားရှိသော တရားကို။ ဣမာယ၊ ဤဝိပဿနာပညာဖြင့်။ ပဿတိ၊ ရှု၏။ ပဝတ္တိဉ္စ၊ ပဝတ္တိလည်းကောင်း။ နိဝတ္တိဉ္စ၊ နိဝတ္တိလည်းကောင်း။ ဣတိ၊ ဤသို့။ ဒွိဓာ၊ နှစ်ပါးအပြားရှိသော တရားကို။ ဣမာယ၊ ဤဝိပဿနာပညာဖြင့်။ ပဿတိ၊ ရှု၏။ သံကိလေသဉ္စ၊ ညစ်ညူးခြင်းလည်းကောင်း။ ဝေါဒါနဉ္စ၊ ဖြူစင်ခြင်းလည်းကောင်း။ ဣတိ၊ ဤသို့။ ဒွိဓာ၊ နှစ်ပါးအပြားရှိသော တရားကို။ ဣမာယ၊ ဤဝိပဿနာပညာဖြင့်။ ပဿတိ၊ ရှု၏။ ဧဝံ၊ ဤအလုံးစုံသောအပြားကို။ ဝိပဿနာတိ၊ ဝိပဿနာဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ အထ ဝါ၊ တနည်းကား။ ဝိ ဣတိ၊ ဝိဟူသော ပုဒ်သည်။ ဥပသဂ္ဂေါ၊ ဥပသာရပုဒ်တည်း။ ပဿနာ၊ ရှုခြင်း။ ဣတိ အယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။ တသ္မာ၊ ထိုကြောင့်။ ဝိပဿနာတိ၊ ဝိပဿနာဟူ၍။ ဝုစ္စတေ၊ ဆိုအပ်၏။ အယံ၊ ဤသည်ကား။ ဝိပဿနာ၊ ဝိပဿနာမည်၏။ တတ္ထ၊ ထိုသံကိလေသပက္ခတို့တွင်။ သတ္တာနံ၊ သတ္တဝါတို့၏။ ရောဂါ၊ ရောဂါတို့သည်။ အဝိဇ္ဇာ စ၊ အဝိဇ္ဇာလည်းကောင်း။ ဘဝတဏှာ စ၊ ဘဝတဏှာလည်းကောင်း။ ဣတိ၊ ဤသို့။ ဒွေ၊ နှစ်ပါးတို့တည်း။ ဒွိန္နံ၊ နှစ်ပါးကုန်သော။ ဧတေသံ ရောဂါနံ၊ ထိုရောဂါတို့ကို။ နိဃာတာယ၊ ပယ်ဖျောက်ခြင်းငှါ။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ သမထော စ၊ သမထလည်းကောင်း။ ဝိပဿနာ စ၊ ဝိပဿနာလည်းကောင်း။ ဣတိ၊ ဤသို့။ ဒွေ ဘေသဇ္ဇာနိ၊ နှစ်ပါးကုန်သော ဆေးတို့ကို။ ဝုတ္တာနိ၊ ဟောတော်မူ

စာမျက်နှာ-194

အပ်ကုန်၏။ ဒွေ၊ နှစ်ပါးကုန်သော။ ဣမာနိ ဘေသဇ္ဇာနိ၊ ဤဆေးတို့ကို။ ပဋိသေဝေန္တော၊ မှီဝဲသော ပုဂ္ဂိုလ်သည်။ ရာဂဝိရာဂံ၊ ရာဂကင်းရာ ကင်းကြောင်းဖြစ်သော။ စေတောဝိမုတ္တိံ၊ အနာဂါမိဖိုလ်ကိုလည်းကောင်း။ အဝိဇ္ဇာဝိရာဂံ၊ အဝိဇ္ဇာ၏ ကင်းရာကင်းကြောင်းဖြစ်သော။ ပညာဝိမုတ္တိဉ္စ၊ အရဟတ္တဖိုလ်ကိုလည်းကောင်း။ ဣတိ၊ ဤသို့။ ဒွေ အရောဂေ၊ နှစ်ပါးကုန်သော အနာကင်းခြင်းတို့ကို။ သစ္ဆိကရောတိ၊ မျက်မှောက်ပြုရ၏။ တတ္ထ၊ ထိုဒေသနာ၌။ တဏှာရောဂဿ၊ တဏှာဟူသော အနာ၏။ ဘေသဇ္ဇံ၊ ဆေးကား။ သမထော၊ သမထတည်း။ ရာဂဝိရာဂါ၊ ရာဂ၏ ကင်းရာကင်းကြောင်းဖြစ်သော။ စေတောဝိမုတ္တိ၊ အနာဂါမိဖိုလ်သည်။ အရောဂံ၊ တဏှာဟူသော အနာကင်းခြင်းတည်း။ အဝိဇ္ဇာရောဂဿ၊ အဝိဇ္ဇာဟူသော အနာ၏။ ဘေသဇ္ဇံ၊ ဆေးကား။ ဝိပဿနာ၊ ဝိပဿနာတည်း။ အဝိဇ္ဇာဝိရာဂါ၊ အဝိဇ္ဇာ၏ ကင်းရာကင်းကြောင်းဖြစ်သော။ ပညာဝိမုတ္တိ၊ အရဟတ္တဖိုလ်သည်။ အရောဂံ၊ အဝိဇ္ဇာဟူသော အနာကင်းခြင်းတည်း။ ဟိ၊ ထိုစကားမှန်၏။ ဧဝံ၊ ဤသို့။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဒွေ ဓမ္မာ ပရိညေယျာ နာမဉ္စ ရူပဉ္စ၊ ဒွေ ဓမ္မာ ပဟာတဗ္ဗာ အဝိဇ္ဇာ စ ဘဝတဏှာ စ ဒွေ ဓမ္မာ ဘာဝေတဗ္ဗာ သမထော စ ဝိပဿနာ စ ဒွေ ဓမ္မာ သစ္ဆိကာတဗ္ဗာ ဝိဇ္ဇာ စ ဝိမုတ္တိ စာတိ၊ ဒွေ ဓမ္မာ (ပ) ဝိမုတ္တိစဟူ၍။ အာဟ၊ ဟော်တော်မူ၏။ ဒွေ၊ နှစ်ပါးသော တရားတို့ကို။ ပရိညေယျာ၊ ပိုင်းခြား၍ သိအပ်ကုန်၏။ နာမဉ္စ၊ နာမ်လည်းကောင်း။ ရူပဉ္စ၊ ရုပ်လည်းကောင်းတည်း။ ဒွေ ဓမ္မာ၊ နှစ်ပါးသော တရားတို့ကို။ ပဟာတဗ္ဗာ၊ ပယ်အပ်ကုန်၏။ အဝိဇ္ဇာ စ၊ အဝိဇ္ဇာလည်းကောင်း။ ဘဝတဏှာ စ၊ ဘဝတဏှာလည်းကောင်းတည်း။ ဒွေ ဓမ္မာ၊ နှစ်ပါးသော တရားတို့ကို။ ဘာဝေတဗ္ဗာ၊ ပွားအပ်ကုန်၏။ သမထော စ၊ သမထလည်းကောင်း။ ဝိပဿနာ စ၊ ဝိပဿနာလည်းကောင်းတည်း။ ဒွေ ဓမ္မာ၊ နှစ်ပါးသော တရားတို့ကို။ သစ္ဆိကာတဗ္ဗာ၊ မျက်မှောက်ပြုအပ်ကုန်၏။ ဝိဇ္ဇာ စ၊ ပညာလည်းကောင်း။ ဝိမုတ္တိ စ၊ အရဟတ္တဖိုလ် လည်းကောင်းတည်း။။ တတ္ထ၊ ထိုတရားတို့တွင်။ သမထံ၊ သမထကို။ ဘာဝေန္တော၊ ပွားသော ပုဂ္ဂိုလ်သည်။ ရူပံ၊ ရုပ်ကို။ ပရိဇာနာတိ၊ ပိုင်းခြား၍ သိ၏။ ရူပံ၊ ရုပ်ကို။ ပရိဇာနန္တော၊ ပိုင်းခြား၍ သိသည်ရှိသော်။ တဏှံ၊ တဏှာကို။ ပဇဟတိ၊ ပယ်၏။ တဏှံ၊ တဏှာကို။ ပဇဟန္တော၊ ပယ်သည်ရှိသော်။ ရာဂဝိရာဂါ၊ ရာဂကင်းခြင်းကြောင့်။ စေတောဝိမုတ္တိံ၊ အနာဂါမိဖိုလ်ကို။ သစ္ဆိကရောတိ၊ မျက်မှောက်ပြု၏။ ဝိပဿနံ၊ ဝိပဿနာကို။ ဘာဝေန္တော၊ ပွား

စာမျက်နှာ-195

သော ပုဂ္ဂိုလ်သည်။ နာမံ၊ နာမ်ကို။ ပရိဇာနာတိ၊ ပိုင်းခြား၍ သိ၏။ နာမံ၊ နာမ်ကို။ ပရိဇာနန္တော၊ ပိုင်းခြား၍ သိသည်ရှိသော်။ အဝိဇ္ဇံ၊ အဝိဇ္ဇာကို။ ပဇဟတိ၊ ပယ်၏။ အဝိဇ္ဇံ၊ အဝိဇ္ဇာကို။ ပဇဟန္တော၊ ပယ်သည်ရှိသော်။ အဝိဇ္ဇာဝိရာဂါ၊ အဝိဇ္ဇာ၌ တပ်ခြင်းကင်းခြင်းကြောင့်။ ပညာဝိမုတ္တိံ၊ အရဟတ္တဖိုလ်ကို။ သစ္ဆိကရောတိ၊ မျက်မှောက်ပြု၏။ ယဒါ၊ အကြင်အခါ၌။ ဘိက္ခုနော၊ သံသရာဘေးကို ရှုသောသူအား။ နာမဉ္စ၊ နာမ်လည်းကောင်း။ ရူပဉ္စ၊ ရုပ်လည်းကောင်း။ ဣတိ၊ ဤသို့။ ဒွေ ဓမ္မာ၊ နှစ်ပါးသော တရားတို့ကို။ ပရိညာတာ၊ ပိုင်းခြား၍ သိအပ်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ တထာ၊ ထိုမှတစ်ပါး။ တဿ၊ ထိုယောဂီပုဂ္ဂိုလ်အား။ အဝိဇ္ဇာ စ၊ အဝိဇ္ဇာလည်းကောင်း။ ဘဝတဏှာ စ၊ ဘဝတဏှာလည်းကောင်း။ ဣတိ၊ ဤသို့။ ဒွေ ဓမ္မာ၊ ပယ်အပ်ကုန်သော တရားတို့ကို။ ပဟီနာ၊ ပယ်အပ်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ သမထော စ၊ သမထလည်းကောင်း။ ဝိပဿနာ စ၊ ဝိပဿနာလည်းကောင်း။ ဣတိ၊ ဤသို့။ ဒွေ ဓမ္မာ၊ နှစ်ပါးသော တရားတို့ကို။ ဘာဝိတာ၊ ပွားအပ်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဝိဇ္ဇာ စ၊ ပညာလည်းကောင်း။ ဝိမုတ္တိ စ၊ အရဟတ္တဖိုလ် လည်းကောင်း။ ဣတိ၊ ဤသို့။ ဒွေ ဓမ္မာ၊ နှစ်ပါးသော တရားတို့ကို။ သစ္ဆိကာတဗ္ဗာ၊ မျက်မှောက်ပြုအပ်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဧတ္တာဝတာ၊ ဤမျှဖြင့်။ ဘိက္ခု၊ ရဟန်းသည်။ ကတကိစ္စော၊ ပြုအပ်ပြီးသော ကိစ္စရှိသည်။ ဘဝတိ၊ ဖြစ်၏။ ဧသာ၊ ဤသည်ကား။ သောပါဒိသေသာ နိဗ္ဗာနဓာတု၊ ဝိပါက်ကမ္မဇရုပ် အကြွင်းရှိသော နိဗ္ဗာနဓာတ်မည်၏။ တဿ၊ ထိုပုဂ္ဂိုလ်၏။ အာယုပရိယာဒါနာ၊ အသက်ကုန်ခြင်းကြောင့်။ ဇီဝိတိန္ဒြိယဿ၊ ဇီဝိတိန္ဒြေ၏။ ဥပရောဓာ၊ ချုပ်ခြင်းကြောင့်။ ဣဒဉ္စ ဒုက္ခံ၊ ပစ္စုပ္ပန်၌ ဖြစ်သော ဒုက္ခသည်လည်း။ နိရုဇ္ဈတိ၊ ချုပ်၏။ အညဉ္စ ဒုက္ခံ၊ တမလွန်၌ ဖြစ်သော ဒုက္ခသည်လည်း။ န ဥပ္ပဇ္ဇတိ၊ မဖြစ်။ တတ္ထ၊ ထိုစကား၌။ ယော ဣမေသံ ခန္ဓာနံ၊ ဤခန္ဓာတို့၏။ ဣမေသံ ဓာတုအာယတနာနံ၊ ဤဓာတ်အာယတနတို့၏။ နိရောဓော၊ အကြင်ချုပ်ခြင်းသည်။ ဝူပသမော၊ အကြင်ငြိမ်းခြင်းသည်။ အညေသဉ္စ၊ တစ်ပါးလည်းဖြစ်ကုန်သော။ ခန္ဓာဓာတုအာယတနာနံ၊ ခန္ဓာဓာတ်အာယတနတို့၏။ ယာ အပ္ပဋိသန္ဓိ၊ အကြင်ပဋိသန္ဓေမနေခြင်းသည်။ ယော အပါတုဘာဝေါ၊ အကြင်ထင်ရှားမဖြစ်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤသည်လျှင်။ အနုပါဒိသေသာ နိဗ္ဗာနဓာတု၊ ဝိပါက်ကမ္မဇရုပ် အကြွင်းမရှိသော နိဗ္ဗာနဓာတ်မည်၏။။

တတ္ထ၊ ထိုဝေဒနာပ၌။ အလောဘော၊ အလောဘဖြစ်သော။ ကုသလမူလံ၊ ကုသိုလ်မူလသည်။ ကတမံ၊ အဘယ်နည်း။ ဓာတုကော၊ အာသယဓာတ်ရှိသော။ ယံ

စာမျက်နှာ-196

ယော အလောဘော၊ အကြင်မတပ်မက်ခြင်းသည်။ ယာ အလုဗ္ဘနာ၊ အကြင်မတပ်မက်သော အခြင်းအရာသည်။ ယံ အလုဗ္ဘိတတ္တံ၊ အကြင်မတပ်မက်သော အဖြစ်သည်။ ယာ အနိစ္ဆာ၊ အကြင်မလိုချင်ခြင်းသည်။ ယာ အပတ္ထနာ၊ အကြင်မတောင့်တခြင်းသည်။ ယာ အကန္တာ၊ အကြင်မနှစ်သက်ခြင်းသည်။ ယံ အနဇ္ဈောသာနံ၊ အကြင်အာရုံအရသာကို သွင်းပြီးစေ၍ မရှုခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤအလုံးစုံသည်။ အလောဘော၊ အလောဘမည်၏။ ဧတံ၊ ဤအလောဘသည်။ ကဿ၊ အဘယ်တရား၏။ မူလံ၊ မူလနည်း။ အလောဘဇဿ၊ အလောဘကြောင့်ဖြစ်သော။ ကာယကမ္မဝစီကမ္မမနောကမ္မဿ စ၊ ကာယကံ ဝစီကံ မနောကံ၏လည်းကောင်း။ တံသမ္ပယုတ္တာနဉ္စ၊ ထိုကံသုံးပါးနှင့် ယှဉ်ကုန်သော။ စိတ္တစေတသိကာနံ၊ စိတ်စေတသိက် ဖြစ်ကုန်သော။ ဓမ္မာနဉ္စ၊ တရားတို့၏လည်းကောင်း။ မူလံ၊ မူလမည်၏။ အထ ဝါ၊ တနည်းကား။ အရိယော၊ မြတ်သော။ အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါးရှိသော။ မဂ္ဂေါ၊ မဂ်ကို။ ကုသလန္တိ၊ ကုသိုလ်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ သော၊ ထိုအလောဘသည်။ တိဏ္ဏံ မဂ္ဂင်္ဂါနံ၊ သုံးပါးကုန်သော မဂ္ဂင်တို့၏။ မူလံ၊ မူလမည်၏။ ကတမေသံ တိဏ္ဏံ၊ အဘယ်သုံးပါးတို့၏။ မူလံ၊ မူလမည်သနည်း။ သမ္မာသင်္ကပ္ပဿ စ၊ သမ္မာသင်္ကပ္ပ၏လည်းကောင်း။ သမ္မာဝါယာမဿ စ၊ သမ္မာဝါယာမ၏လည်းကောင်း။ သမ္မာသမာဓိဿ စ၊ သမ္မာသမာဓိ၏လည်းကောင်း။ ဣမေသံ၊ ဤသုံးပါးတို့၏။ မူလံ၊ မူလမည်၏။ ဣတိ တသ္မာ၊ ထိုကြောင့်။ ကုသလမူလန္တိ၊ ကုသိုလ်မူလဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။။

တတ္ထ၊ ထိုဝေါဒါနပက္ခတို့တွင်။ အဒေါသော၊ အဒေါသဖြစ်သော။ ကုသလမူလံ၊ ကုသိုလ်မူလသည်။ ကတမံ၊ အဘယ်နည်း။ သတ္တေသု ဝါ၊ သတ္တဝါတို့၌လည်းကောင်း။ သင်္ခါရေသု ဝါ၊ သင်္ခါရတို့၌လည်းကောင်း။ ယော အနဂ္ဃာတော၊ အကြင်မညှဉ်းဆဲခြင်းသည်။ ယော အပ္ပဋိဃာတော၊ အကြင်မျက်မထွက်ခြင်းသည်။ ယာ အဗျာပတ္တိ၊ အကြင်ကြောင့်ကြခြင်းသို့ မရောက်ခြင်းသည်။ ယော အဗျာပါဒေါ၊ အကြင်ဗျာပါဒမရှိခြင်းသည်။ ယော အဒေါသော၊ အကြင်မပြစ်မှားခြင်းသည်။ ယာ မေတ္တာ၊ အကြင်ချစ်ခြင်းသည်။ ယာ မေတ္တာယနာ၊ အကြင်ချစ်သော အခြင်းအရာသည်။ ယာ အတ္ထကာမတာ၊ အကြင်အကျိုးကို လိုခြင်းသည်။ ယာ ဟိတကာမတာ၊ အကြင်စီးပွားကို လိုခြင်းသည်။ စေတသော၊ စိတ်၏။ ယော ပသာဒေါ၊ အကြင်ကြည်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤအလုံးစုံသည်။ အဒေါသော၊ အဒေါသဖြစ်သော။ ကုသလမူလံ၊ ကုသိုလ်မူလမည်၏။ တံ၊ ထိုအဒေါသသည်။ ကဿ၊ အဘယ်တရား၏။ မူလံ၊ မူလ

စာမျက်နှာ-197

မည်သနည်း။ အဒေါသဇဿ၊ အဒေါသကြောင့်ဖြစ်သော။ ကာယကမ္မဝစီကမ္မမနောကမ္မဿ စ၊ ကာယကံ ဝစီကံ မနောကံ၏လည်းကောင်း။ တံသမ္ပယုတ္တာနဉ္စ၊ ထိုကံသုံးပါးနှင့် ယှဉ်ကုန်သော။ စိတ္တစေတသိကာနံ၊ စိတ်စေတသိက် ဖြစ်ကုန်သော။ ဓမ္မာနံ၊ တရားတို့၏လည်းကောင်း။ မူလံ၊ မူလမည်၏။ အထ ဝါ၊ တနည်းကား။ တိဏ္ဏံ မဂ္ဂင်္ဂါနံ၊ သုံးပါးကုန်သော မဂ္ဂင်တို့၏။ မူလံ၊ မူလမည်၏။ ကတမေသံ တိဏ္ဏံ၊ အဘယ်သုံးပါးတို့၏ မူလမည်သနည်း။ သမ္မာဝါစာယ စ၊ သမ္မာဝါစာလည်းကောင်း။ သမ္မာကမ္မန္တဿ စ၊ သမ္မာကမ္မန္တ၏လည်းကောင်း။ သမ္မာအာဇီဝဿ စ၊ သမ္မာအာဇီဝလည်းကောင်း။ ဣမေသံ တိဏ္ဏံ မဂ္ဂင်္ဂါနံ၊ ဤသုံးပါးကုန်သော မဂ္ဂင်တို့၏။ မူလံ၊ မူလမည်၏။ တသ္မာ၊ ထိုကြောင့်။ ကုသလမူလန္တိ၊ ကုသိုလ်မူလဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။။

တတ္ထ၊ ထိုဝေါဒါနပက္ခတို့တွင်။ အမောဟော၊ အမောဟဖြစ်သော။ ကုသလမူလံ၊ ကုသိုလ်မူလသည်။ ကတမံ၊ အဘယ်နည်း။ စတူသု၊ လေးပါးကုန်သော။ အရိယသစ္စေသု၊ အရိယသစ္စာတို့၌။ ယထာဘူတံ၊ ဟုတ်သောအတိုင်း။ ယံ ဉာဏဒဿနံ၊ အကြင်ဉာဏ်အမြင်သည်။ ယော အဘိသမယော၊ အကြင်ထိုးထွင်း၍ သိခြင်းသည်။ သမ္မာ စ၊ မဖောက်မပြန်လည်းကောင်း။ ယော ပစ္စာဂမော၊ အကြင်လားခြင်းသည်။ ယော ပဋိဝေဓော၊ အကြင်ထိုးထွင်းသိခြင်းသည်။ ယော အမောဟော၊ အကြင်မတွေဝေခြင်းသည်။ ယာ အသမ္မုယှနာ၊ အကြင်မတွေဝေသော အခြင်းအရာသည်။ ယော အသမ္မောဟော၊ အကြင်ပြင်းစွာ မတွေဝေခြင်းသည်။ ယာ ဝိဇ္ဇာ၊ အကြင်ဝိဇ္ဇာသည်။ ယော ပကာသော၊ အကြင်ထင်ရှားခြင်းသည်။ ယော အာလောကော၊ အကြင်အလင်းသည်။ သေက္ခာနံ၊ သေက္ခပုဂ္ဂိုလ်တို့အား။ ကုသလာနံ၊ ကုသိုလ်ဖြစ်ကုန်သော။ ဓမ္မာနံ၊ တရားတို့၏။ ယံ အနာဝရဏံ၊ အကြင်မပိတ်ပင်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤအလုံးစုံသည်။ အမောဟော၊ အမောဟဖြစ်သော။ ကုသလမူလံ၊ ကုသိုလ်မူလမည်၏။ ဧတံ၊ ဤအမောဟသည်။ ကဿ၊ အဘယ်တရား၏။ မူလံ၊ မူလမည်သနည်း။ အမောဟဇဿ၊ အမောဟကြောင့် ဖြစ်သော။ ကာယကမ္မဝစီကမ္မမနောကမ္မဿ စ၊ ကာယကံ ဝစီကံ မနောကံ၏လည်းကောင်း။ တံသမ္ပယုတ္တာနဉ္စ၊ ထိုကံသုံးပါးနှင့် ယှဉ်ကုန်သော။ စိတ္တစေတသိကာနံ၊ စိတ်စေတသိက် ဖြစ်ကုန်သော။ ဓမ္မာနံ၊ တရားတို့၏လည်းကောင်း။ မူလံ၊ မူလမည်၏။ အထ ဝါ၊ တနည်းကား။ ဒွိန္နံ၊ နှစ်ပါးကုန်သော။ ဧတံ၊ ဤအမောဟမူလသည်။ ဒွိန္နံ၊ နှစ်ပါးကုန်သော။ မဂ္ဂင်္ဂါနံ၊ မဂ္ဂင်တို့၏။ မူလံ၊ မူလမည်၏။ ကတမေသံ၊ အဘယ်နှစ်ပါးတို့၏။ မူလံ၊ မူလမည်သနည်း။ သမ္မာဒိဋ္ဌိယာ စ၊ သမ္မာဒိဋ္ဌိ၏လည်း

စာမျက်နှာ-198

ကောင်း။ သမ္မာသတိယာ စ၊ သမ္မာသတိ၏လည်းကောင်း။ ဣမေသံ ဒွိန္နံ မဂ္ဂင်္ဂါနံ၊ ဤနှစ်ပါးကုန်သော မဂ္ဂင်တို့၏။ မူလံ၊ မူလမည်၏။ တသ္မာ၊ ထိုကြောင့်။ ကုသလမူလန္တိ၊ ကုသိုလ်မူလဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ဧဝံ၊ ဤသို့။ ဣမေသံ၊ ဤတရားတို့အား။ တီဟိ၊ သုံးပါးကုန်သော။ ကုသလမူလေဟိ၊ ကုသိုလ်မူလတို့နှင့်။ အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော။ မဂ္ဂေါ၊ မဂ်ကို။ ယောဇေတဗ္ဗော၊ ယှဉ်အပ်၏။

တတ္ထ၊ ထိုဝေါဒါနပက္ခတို့တွင်။ အနိစ္စသညာ၊ အနိစ္စသညာသည်။ ကတမာ၊ အဘယ်နည်း။ သဗ္ဗေ၊ အလုံးစုံကုန်သော။ သင်္ခါရာ၊ သင်္ခါရတို့သည်။ ဥပ္ပါဒဝယဓမ္မိနော၊ ဖြစ်ခြင်း ပျက်ခြင်း သဘောရှိကုန်၏။ ဣတိ ဧတ္ထ၊ ဤ ဒေသနာ၌။ ယာ သညာ၊ အကြင်မှတ်ခြင်းသည်။ ယာ သဉ္ဇာနနာ၊ အကြင်မှတ်သော အခြင်းအရာသည်။ ယာ ဝဝတ္ထပနာ၊ အကြင်ပိုင်းခြားခြင်းသည်။ ယော ဥဂ္ဂါဟော၊ အကြင်စွဲမှတ်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤအလုံးစုံသည်။ အနိစ္စသညာ၊ အနိစ္စသညာမည်၏။ တဿာ၊ ထိုအနိစ္စသညာ၏။ နိဿန္ဒော၊ အကျိုးဆက်သည်။ ကော၊ အဘယ်နည်း။ အနိစ္စသညာယ၊ အနိစ္စသညာကို။ ဘာဝိတာယ၊ ပွားစေအပ်သည်ရှိသော်။ ဗဟုလီကတာယ၊ ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော်။ အဋ္ဌသု၊ ရှစ်ပါးကုန်သော။ လောကဓမ္မေသု၊ လောကဓံတရားတို့၌။ စိတ္တံ၊ စိတ်သည်။ နာနုသန္ဓတိ၊ မစပ်။ န သန္ဓတိ၊ မနှီးနှော။ န သဏ္ဌဟတိ၊ မတည်။ ဥပေက္ခာ ဝါ၊ လျစ်လျူရှုခြင်းလည်းကောင်း။ ပဋိက္ကူလတာ ဝါ၊ စက်ဆုပ်ရွံရှာဖွယ် အဖြစ်သည်လည်းကောင်း။ သဏ္ဌာတိ၊ တည်၏။ အယံ၊ ဤသည်ကား။ အဿာ၊ ထိုအနိစ္စသညာ၏။ နိဿန္ဒော၊ အကျိုးဆက်မည်၏။။

တတ္ထ၊ ထိုဝေါဒါနပက္ခ၌။ ဒုက္ခသညာ၊ ဒုက္ခသညာသည်။ ကတမာ၊ အဘယ်နည်း။ သဗ္ဗေ၊ အလုံးစုံကုန်သော။ သင်္ခါရာ၊ သင်္ခါရတရားတို့သည်။ ဒုက္ခာ၊ ဆင်းရဲကုန်၏။ ဣတိ၊ ဤသို့သော ဒေသနာ၌။ ယာ သညာ၊ အကြင်မှတ်ခြင်းသည်။ ယာ သဉ္ဇာနနာ၊ အကြင်မှတ်သော အခြင်းအရာသည်။ ယာ ဝဝတ္ထပနာ၊ အကြင်ပိုင်းခြားမှတ်သားခြင်းသည်။ ယော ဥဂ္ဂါဟော၊ အကြင်စွဲလမ်းခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤအလုံးစုံသည်။ ဒုက္ခသညာ၊ ဒုက္ခသညာမည်၏။ တဿာ၊ ထိုဒုက္ခသညာ၏။ နိဿန္ဒော၊ အကျိုးဆက်သည်။ ကော၊ အဘယ်နည်း။ ဒုက္ခသညာယ၊ ဒုက္ခသညာကို။ ဘာဝိတာယ၊ ပွားစေအပ်သည်ရှိသော်။ ဗဟုလီကတာယ၊ ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော်။ အာလဿေ၊ ပျင်းရိခြင်း၌လည်းကောင်း။ သံပမာဒေ၊ မေ့လျော့ခြင်း၌လည်းကောင်း။ ဝိမှယေ စ၊ အံ့ဖွယ်၌လည်းကောင်း။ စိတ္တံ၊ စိတ်သည်။ နာနုသန္ဓတိ၊ မစပ်။ န သန္ဓတိ၊ မနှီး

စာမျက်နှာ-199

နှော။ န သဏ္ဌဟတိ၊ မတည်။ ဥပေက္ခာ ဝါ၊ လျစ်လျူရှုခြင်းလည်းကောင်း။ ပဋိက္ကူလတာ ဝါ၊ စက်ဆုပ်ရွံရှာဖွယ် အဖြစ်သည် လည်းကောင်း။ သဏ္ဌာတိ၊ တည်၏။ အယံ၊ ဤသည်ကား။ အဿာ၊ ထိုဒုက္ခသညာ၏။ နိဿန္ဒော၊ အကျိုးဆက်တည်း။။

တတ္ထ၊ ထိုဝေါဒါနပက္ခတို့တွင်။ အနတ္တသညာ၊ အနတ္တသညာသည်။ ကတမာ၊ အဘယ်နည်း။ သဗ္ဗေသု၊ အလုံးစုံကုန်သော။ ဓမ္မေသု၊ တရားတို့၌။ အနတ္တာ၊ ကိုယ်မဟုတ်ဟူ၍။ ယာ သညာ၊ အကြင်မှတ်ခြင်းသည်။ ယာ သဉ္ဇာနနာ၊ အကြင်မှတ်သော အခြင်းအရာသည်။ ယာ ဝဝတ္ထပနာ၊ အကြင်ပိုင်းခြားမှတ်သားခြင်းသည်။ ယော ဥဂ္ဂါဟော၊ အကြင်စွဲလမ်းခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤအလုံးစုံသည်။ အနတ္တသညာ၊ အနတ္တသညာမည်၏။ တဿာ၊ ထိုအနတ္တသညာ၏။ နိဿန္ဒော၊ အကျိုးဆက်ကား။ ကော၊ အဘယ်နည်း။ အနတ္တသညာယ၊ အနတ္တသညာကို။ ဘာဝိတာယ၊ ပွားစေအပ်သည်ရှိသော်။ ဗဟုလီကတာယ၊ ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော်။ အဟင်္ကာရေ၊ ငါဟူသော မာန်ရှုခြင်း၌။ စိတ္တံ၊ စိတ်သည်။ နာနုသန္ဓတိ၊ မစပ်။ န သန္ဓတိ၊ မနှီးနှော။ န သဏ္ဌဟတိ၊ မတည်။ ဥပေက္ခာ ဝါ၊ လျစ်လျူရှုခြင်းလည်းကောင်း။ ပဋိက္ကူလတာ ဝါ၊ စက်ဆုပ်ရွံရှာဖွယ်သည်လည်းကောင်း။ သဏ္ဌာတိ၊ တည်၏။ အယံ၊ ဤသည်ကား။ အဿာ၊ ထိုအနတ္တသညာ၏။ နိဿန္ဒော၊ အကျိုးဆက်မည်၏။။

တတ္ထ၊ ထိုဝေါဒါနပက္ခတို့တွင်။ အသုဘသညာ၊ အသုဘသညာသည်။ ကတမာ၊ အဘယ်နည်း။ သတ္တသင်္ခါရာ၊ သတ္တဝါသင်္ခါရတို့သည်။ အသုဘာ၊ မတင့်တယ်ကုန်။ ဣတိ၊ ဤသို့။ ယာ သညာ၊ အကြင်မှတ်ခြင်းသည်။ ယာ သဉ္ဇာနနာ၊ အကြင်မှတ်သော အခြင်းအရာသည်။ ယာ ဝဝတ္ထပနာ၊ အကြင်ပိုင်းခြားမှတ်သားခြင်းသည်။ ယော ဥဂ္ဂါဟော၊ အကြင်စွဲလမ်းခြင်းသည်။ အတ္ထိ၊ ရှိ၏။ အယံ၊ ဤအလုံးစုံသည်။ အသုဘသညာ၊ အသုဘသညာမည်၏။ တဿာ၊ ထိုအသုဘသညာ၏။ နိဿန္ဒော၊ အကျိုးဆက်ကား။ ကော၊ အဘယ်နည်း။ အသုဘသညာယ၊ အသုဘသညာကို။ ဘာဝိတာယ၊ ပွားစေအပ်သည်ရှိသော်။ ဗဟုလီကတာယ၊ ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော်။ သုဘနိမိတ္တေ၊ သုဘနိမိတ်၌။ စိတ္တံ၊ စိတ်သည်။ နာနုသန္ဓတိ၊ မစပ်။ န သန္ဓတိ၊ မနှီးနှော။ န သဏ္ဌဟတိ၊ မတည်။ ဥပေက္ခာ ဝါ၊ လျစ်လျူရှုခြင်းလည်းကောင်း။ ပဋိက္ကူလတာ ဝါ၊ စက်ဆုပ်ရွံရှာဖွယ်သည်လည်းကောင်း။ သဏ္ဌာတိ၊ တည်၏။ အယံ၊ ဤသည်ကား။ အဿာ၊ ထိုအသုဘသညာ၏။ နိဿန္ဒော၊ အကျိုးဆက်တည်း။။

တတ္ထ၊ ထိုဒေသနာ၌။ ပဉ္စန္နံ ခန္ဓာနံ၊ ခန္ဓာငါးပါးတို့၏။ ပရိညာ၊ ပိုင်းခြား၍ သိအပ်သည်ကို။ ဘဂဝ

စာမျက်နှာ-200

တာ၊ မြတ်စွာဘုရားသည်။ ဒေသိတာ၊ ဟောတော်မူအပ်၏။ တတ္ထ၊ ထိုခန္ဓာငါးပါးတို့တွင်။ အသုဘသညာ၊ အသုဘသညာသည်။ ရူပက္ခန္ဓဿ၊ ရူပက္ခန္ဓာ၏။ ပရိညတ္တံ၊ ပိုင်းခြားအပ်သည်၏ အဖြစ်ကို။ ဒုက္ခသညာ၊ ဒုက္ခသညာသည်။ ဝေဒနာက္ခန္ဓဿ၊ ဝေဒနာက္ခန္ဓာ၏။ ပရိညတ္တံ၊ ပိုင်းခြားအပ်သည်၏ အဖြစ်ကို။ အနတ္တသညာ၊ အနတ္တသညာသည်။ သညာက္ခန္ဓဿ၊ သညာက္ခန္ဓာလည်းကောင်း။ သင်္ခါရက္ခန္ဓဿ၊ သင်္ခါရက္ခန္ဓာ၏လည်းကောင်း။ ပရိညတ္တံ၊ ပိုင်းခြားအပ်သည်၏ အဖြစ်ကို။ အနိစ္စသညာ၊ အနိစ္စသညာသည်။ ဝိညာဏက္ခန္ဓဿ၊ ဝိညာဏက္ခန္ဓာ၏။ ပရိညတ္တံ၊ ပိုင်းခြားအပ်သည်၏ အဖြစ်ကို။ ဒေသိတာ၊ ဟောတော်မူအပ်၏။

တတ္ထ၊ ထိုနှစ်ပက္ခတို့တွင်။ သမထေန၊ သမထဖြင့်။ တဏှံ၊ တဏှာကို။ သမုဂ္ဃာတေတိ၊ အကြွင်းမဲ့ ဖြတ်၏။ ဝိပဿနာယ၊ ဝိပဿနာဖြင့်။ အဝိဇ္ဇံ၊ အဝိဇ္ဇာကို။ သမုဂ္ဃာတေတိ၊ အကြွင်းမဲ့ ဖြတ်၏။ အဒေါသေန၊ အဒေါသဖြင့်။ ဒေါသံ၊ ဒေါသကို။ သမုဂ္ဃာတေတိ၊ အကြွင်းမဲ့ ဖြတ်၏။ အမောဟေန၊ အမောဟဖြင့်။ မောဟံ၊ မောဟကို။ သမုဂ္ဃာတေတိ၊ အကြွင်းမဲ့ ဖြတ်၏။ အနိစ္စသညာယ၊ အနိစ္စသညာဖြင့်။ နိစ္စသညံ၊ နိစ္စသညာကို။ သမုဂ္ဃာတေတိ၊ အကြွင်းမဲ့ ဖြတ်၏။ ဒုက္ခသညာယ၊ ဒုက္ခသညာဖြင့်။ သုခသညံ၊ သုခသညာကို။ သမုဂ္ဃာတေတိ၊ အကြွင်းမဲ့ ဖြတ်၏။ အနတ္တသညာယ၊ အနတ္တသညာဖြင့်။ အတ္တသညံ၊ အတ္တသညာကို။ သမုဂ္ဃာတေတိ၊ အကြွင်းမဲ့ ဖြတ်၏။ အသုဘသညာယ၊ အသုဘသညာဖြင့်။ သုဘသညံ၊ သုဘသညာကို။ သမုဂ္ဃာတေတိ၊ အကြွင်းမဲ့ ဖြတ်၏။ သမထော၊ သမထသည်။ စိတ္တဝိက္ခေပပဋိသံဟရဏလက္ခဏော၊ စိတ်ပျံ့လွင့်ခြင်းကို ဆောင်ခြင်း လက္ခဏာရှိ၏။ တဿ၊ ထိုသမထ၏။ ဈာနာနိ၊ ဈာန်တို့သည်။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ ဝိပဿနာ၊ ဝိပဿနာသည်။ သဗ္ဗဓမ္မံ၊ အလုံးစုံသော တရားကို။ ယထာဘူတံ၊ ဟုတ်မှန်တိုင်း။ ပဋိဝေဓလက္ခဏာ၊ ထိုးထွင်း၍ သိခြင်းလက္ခဏာရှိ၏။ တဿာ၊ ထိုဝိပဿနာ၏။ သဗ္ဗနေယျံ၊ အလုံးစုံသိအပ်သော တရားသည်။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ အလောဘော၊ အလောဘသည်။ ဣစ္ဆာပဋိသံဟရဏလက္ခဏော၊ အလိုသို့ ရှေးရှုမဆောင်ခြင်း လက္ခဏာရှိ၏။ တဿ၊ ထိုအလောဘ၏။ အဒိန္နာဒါနာ၊ သူ၏ဥစ္စာကို ခိုးယူခြင်းမှ။ ဝေရမဏီ၊ ရှောင်ခြင်းလျှင်။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ အဒေါသော၊ အဒေါသသည်။ အဗျာပါဒလက္ခဏော၊ အမျက်မထွက်ခြင်းလက္ခဏာရှိ၏။ တဿ၊ ထိုအဒေါသ၏။ ပါဏာတိပါတာ၊ သူ၏အသက်ကို သတ်ခြင်းမှ။ ဝေရမဏီ၊ ရှောင်ခြင်းလျှင်။ ပဒဋ္ဌာနံ၊ နီးစွာသောအကြောင်းမည်၏။ အမောဟော၊ အမောဟသည်။

Comments

Popular posts from this blog

ပဉ္စပကရဏအဋ္ဌကထာ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ပဌမော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ဇာတကပါဠိ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

အပဒါန-အဋ္ဌကထာ (ဒုတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မဟာဝဂ္ဂပါဠိ+နိဿယ+မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ...

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) + မြန်မာပြန်

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

သာရတ္ထဒီပနီ-ဋီကာ (တတိယော ဘာဂေါ)

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

ပါစိတ္တိယ-အဋ္ဌကထာ +နိဿယ

၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ...

နိဿယ Text ဖိုင်များ

နိဿယများ နိဿယအားလုံး OCR ပြောင်းထားပြီ စာမစစ်ရသေး ဝက်ဆိုဒ်ပေါ်တင်ပြီ နိဿယများ Live editing ဝက်ဆိုဒ်ပေါ်မတင်ရသေး ကျန်နေသော နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ န...