ကျေးဇူးစကား
သာသနာရေးဝန်ကြီးဌာနသို့ ၁၃၆၂-ခုနှစ်၊ ဝါခေါင်လဆန်း ၂-ရက် (၁၃-၈-၉၉) နေ့က အောက်ပါ ကျမ်းစာများ ပြန်လည် ပုံနှိပ်ပြီး ဖြန့်ချိပေးရန် မေတ္တာရပ်ခံခဲ့သည်။
ကျမ်းစာများမှာ -
(၁) ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်း
(၂) ပရမတ္ထသရူပဘေဒနီကျမ်း တို့ဖြစ်သည်။
ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်း
ထိုကျမ်းစာတို့တွင် ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်းကြီးမှာ ရွှေကျင်ဂိုဏ်းကြီးကို စတင် တည်ထောင်တော်မူသော ရွှေကျင်ဆရာတော် ဘုရားကြီး ရေးသား ပြုစုတော်မူသော ကျမ်းကြီး ဖြစ်သည်။
ဗုဒ္ဓသည် ဝိနယမဟာဝဂ္ဂ ပါဠိတော် (နှာ-၅) ၌ အလွန် မြင်နိုင်ခဲလှသော အရာဌာန နှစ်မျိုးရှိကြောင်း၊ ထိုနှစ်မျိုးမှာ -
(၁) ပဋိစ္စသမုပ္ပါဒ အရာဌာန၊
(၂) နိဗ္ဗာန ဟူသော အရာဌာနတို့ ဖြစ်ကြောင်း။
ထိုနှစ်မျိုးတွင် သင်္ခါရတရား အားလုံးတို့၏ ငြိမ်သက်ရာ၊ ဥပဓိ ၄-ပါးတို့ကို စွန့်ပယ်ရာ၊ တဏှာ ကင်းရာ၊ သင်္ခါရတရား အားလုံးတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သည် ပို၍ အသိအမြင် ခက်လှကြောင်း ဟောတော်မူထားသည်။
ဤသို့ ဗုဒ္ဓ ကိုယ်တော်တိုင်က အနက်နဲဆုံးအဖြစ် သတ်မှတ် ဟောကြားတော်မူအပ်သော နိဗ္ဗာန ဓာတ်သဘောကို စင်ကြယ်ဝင်းလက် နေသည့် သီလတော်၊ တစ်ဆယ့်သုံးပါးသော ဓုတင်ကျင့်ဝတ် တို့ဖြင့် မြို့တော်မှ ဖဲခွာ၍ တောတွင်းသို့ ဝင်ကြွကာ နိဗ္ဗာန အငြိမ်းဓာတ်ကို မရမနေ ရှာဖွေတော် မူသော ရွှေကျင်ဆရာတော်ဘုရားကြီး ရေးသား ပြုစုတော်မူသည်။ ထိုသို့ ရေးသားရာ၌ ဗုဒ္ဓ ဟောကြားတော် မူအပ်သော ပိဋကတ်ဆိုင်ရာ ကျမ်းပေါင်း များစွာကိုလည်း အဖန်ဖန်ကြည့်ရှု စိန္တာနု စိန္တန ပြုတော်မူပြီးမှ ရေးသားတော်မူသော ကျမ်းကြီးဖြစ်သည်။
ပရမတ္ထသရူပဘေဒနီကျမ်း
ပရမတ္ထသရူပဘေဒနီကျမ်းကြီးမှာ ပထမ မဟာဝိသုဒ္ဓါရုံ ဆရာတော် ကြီး ရေးသားပြုစုတော်မူသော ကျမ်းကြီးဖြစ်သည်။ ထိုကျမ်းသည် -
(က) ပထမတွဲ
(ခ) ဒုတိယတွဲ - ဟု နှစ်တွဲရှိသည်။
ထိုကျမ်းသည် အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို ဖွင့်ဆိုသော ဘာသာ ဋီကာကျမ်းကြီး ဖြစ်သည်။ ထိုကျမ်း ပထမတွဲ၌ စိတ်ပိုင်းမှစ၍ ပစ္စည်းပိုင်း အထိ ၈-ပိုင်းကို ဖွင့်ဆိုထားသည်။ ဤကျမ်းသည် ခေါင်းဆောင် မြန်မာဘာသာဋီကာ ကျမ်းဖြစ်သည့်အပြင် သရုပ်ခွဲကျမ်း ဘုရင်လည်း ဖြစ်သည်။
ဒုတိယတွဲမှာ ကမ္မဋ္ဌာန်းပိုင်း တစ်ပိုင်းတည်းကို ကျယ်ဝန်းစွာ ဖွင့်ဆိုထားသော အတွဲဖြစ်သည်၊ မည်မျှ ကျယ်ဝန်းသနည်း ဆိုသော် သင်္ဂဟကျမ်း ကရောင်း ၁၆- ချိုးဆိုက်၊ ဆိုက်သေး စာမျက်နှာ ၂၁- မျက်နှာ။ အရောင်း ၁ဝ-ချိုး၊ ဆိုက်ကြီး စာမျက်နှာ ၁၁-မျက်နှာမျှသာ ရှိသော ကမ္မဋ္ဌာန်းပိုင်းကို ဆိုက်ကြီး၊ ကရောင်း ၁၀-ချိုးဖြင့် စာမျက်နှာ ၅၀၉-မျက်နှာအထိ ကျယ်ဝန်းစွာ ဖွင့်ဆိုထားသည်။ ရှေ့သင်္ဂဟ ၈ - ပိုင်းကို ဖွင့်ဆိုသည့် ပထမတွဲထက် စာမျက်နှာပေါင်း ၁၀၁-မျက်နှာတိတိ ပိုမို များပြားသည်။ (ပထမတွဲသည် စာမျက်နှာ ၄၀၈ သာ ရှိ၏) ထို့ကြောင့် ထို ပရမတ္ထသရူပဘေဒနီ ကျမ်း ဒုတိယတွဲသည် ပဋိပတ္တိ စွယ်စုံကျမ်း ဖြစ်လေသည်။
ထိုကျမ်းစာများ ရိုက်နှိပ်နိုင်ရေးနှင့် စပ်လျဉ်း၍ သာသနာရေးဦးစီး ဌာနက ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်းနှင့် ပရမတ္ထသရူပဘေဒနီ (ပ-တွဲ + ဒု-တွဲ) ကျမ်းစာ သုံးစောင်ကို တစ်မျိုးလျှင် အုပ်ရေ တစ်ထောင်စီ ရိုက်နှိပ်မည် ဆိုပါက စက္ကူဖိုး ကျပ် ၆-သိန်းကျော်နှင့် ပုံနှိပ်ချုပ်လုပ်ခငွေ ကျပ် ၃-သိန်း ကျော် ကုန်ကျမည် ဖြစ်ပါကြောင်း စိစစ် တွက်ချက်တင်ပြ လျှောက်ထားလာသည်။
ထိုကျမ်းစာများ ရိုက်နှိပ်နိုင်ရေး ကိစ္စကို ၁၃၆၁-ခုနှစ်၊ နတ်တော် လဆန်း (၇၊ ၈၊ ၉)။ ၁၉၉၉-ခုနှစ်၊ ဒီဇင်ဘာလ (၁၄၊ ၁၅၊ ၁၆) ရက်များ၌ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့၊ ကန်ကြီးပရိယတ္တိ စာသင်တိုက်၌ ကျင်းပသော ပန္ဒရသမ ရွှေကျင်ဂိုဏ်းအစည်းအဝေးကြီးတွင် တင်ပြ လျှောက်ထား အသိပေးလိုက်ရာ -
* ၁။ ညောင်ရွှေမြို့၊ ကန်ကြီး ပရိယတ္တိစာသင်တိုက်၊ ရွှေကျင် သာသနာပိုင် ဆရာတော်ဘုရားကြီး၏ ကပ္ပိယ ဥုးစံမြ အလှူငွေ ကျပ် ၃ဝဝဝဝဝိ/ (သုံးသိန်းကျပ်)။
* ၂။ ဘီးလင်းမြို့နယ်၊ တောင်စွန်းမြို့၊ စမ်းအေးမြိုင်စာသင်တိုက် ဆရာတော် အရှင်နန္ဒဝံသာဘိဝံသ (အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ) ၏ ကပ္ပိယနှင့် ဒကာ၊ ဒကာမများ အလှူငွေ ကျပ် ၁ဝဝဝဝဝိ/- (တစ်သိန်းကျပ်) ၊
* ၃။ ရန်ကုန်မြို့၊ ဗဟန်း၊ မဟာဝိသုဒ္ဓါရုံ ရွှေကျင်တိုက်သစ် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အရှင်သိရိန္ဒာဘိဝံသ ၏ ကပ္ပိယကာရက အလှူငွေ ကျပ် ၁ဝဝဝဝဝိ/- (တစ်သိန်းကျပ်)။
* ၄။ စစ်ကိုင်းတောင်ရိုး၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ သီတဂူဆရာတော် အရှင်ဉာဏိဿရ ၏ ကပ္ပိယကာရက အလှူငွေ ကျပ် ၄ဝဝဝဝဝိ/- (လေးသိန်းကျပ်)။
ဤသို့ အလှူရှင်များ ပေါ်ထွက်လာပြီး ၁၃၆၂-ခုနှစ်၊ ကဆုန် လပြည့်ကျော် ၃-ရက်နေ့ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ညောင်ကန်ရွာမှ ဒကာ နိုင်မင်းဦး + ဒေါ်မြကြိုင် တို့က အလှူငွေ ၁ဝဝဝိ/- (တစ်ထောင်ကျပ်) လှူဒါန်းကြသဖြင့် ဤကျမ်းစာကြီး သုံးဆူ ရိုက်နှိပ် ထုတ်ဝေနိုင်ခြင်း ဖြစ်ပေသည်။
ထို့ပြင် ရွှေကျင်နိကာယ စာပေထိန်းသိမ်းရေးအဖွဲ့သုံး အဖြစ်ဖြင့် စစ်ကိုင်းတောင်ရိုး မဟာဝိဇယရံသီ စာသင်တိုက် ကျစွာဆရာတော် အရှင်လက္ခဏ (အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) က ကျမ်းစာအုပ်များ ထိန်းသိမ်း ဖော်ထုတ်နိုင်ရေးအတွက် ကွန်ပျူတာနှင့် ပရင်တာ တစ်စုံ လှူဒါန်းသဖြင့် ရွှေကျင် ဆရာတော့် စာပေများ ထုတ်ဝေနိုင်ရေးအတွက် များစွာ အထောက် အကူ ဖြစ်ပါသည်။
ဤသို့ လေးနက် ကျယ်ဝန်း၍ တစ်ကြိမ်တစ်ကြိမ် ရိုက်နှိပ်ထုတ်ဝေရန် တာဝန်ကြီးလှသော ကျမ်းစာကြီး သုံးစောင် ရိုက်နှိရန် လှူဒါန်းကြသော ကျမ်းစာများ၏ အရည်အသွေးကို သိရှိ တန်ဖိုးထားပြီး သာသနာစိတ်၊ ဂိုဏ်းဂဏစိတ် ထက်သန်လှသော အလှူရှင် အရှင်မြတ်တို့အား လည်းကောင်း၊ ပုံနှိပ်ထုတ်ဝေရေးကို ဖေါ်ဆောင် အားထုတ်ကြသော သာသနာရေးဦးစီးဌာနအား လည်းကောင်း၊ အထူးပင် ကျေးဇူးတင်လှပါကြောင်း ရွှေကျင်နိကာယ စာပေထိန်းသိမ်းရေးအဖွဲ့ ၏ ကိုယ်စား လျှောက်ထားပြောကြားပါသည်။
ဘဒ္ဒန္တမာနိတသိရီဘိဝံသ
ရွှေကျင်နိကာယစာပေထိန်းသိမ်းရေးအဖွဲ့
မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ မန္တလေးမြို့။
“ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်း”
ကျမ်းဦးမှတ်ဖွယ်
နိဒါန်း
ဗုဒ္ဓဘာသာဝင် အပေါင်းတို့၏ အမြင့်ဆုံး ရည်မှန်းချက် အမြတ်ဆုံး အဆင့်ဖြစ်သည့် နိဗ္ဗာန်နှင့် စပ်လျဉ်း၍ ယူဆပုံ မှန်ကန်လျှင် ဗုဒ္ဓဝါဒ၏ အရေးအကြီးဆုံး အချက်ကို မှန်ကန်အောင် ယူဆရာ ရောက်လေတော့သည်။ နိဗ္ဗာန်ကို ယုံကြည်လျှင် ဗုဒ္ဓဝါဒကို လေးနက်စွာ ယုံကြည်ရာရောက်သည့်ပြင် နိဗ္ဗာန်ကို မယုံကြည်လျှင် ဗုဒ္ဓဝါဒကိုပါ လေးနက်စွာ ယုံကြည်ရာ မရောက်နိုင်တော့ချေ။ အဘယ့် ကြောင့်ဆိုသော် နိဗ္ဗာန်ကို ယုံကြည်လျှင် သစ္စာလေးပါးလုံးကိုပင် (ပုထုဇဉ်များ အဖို့ အနုဗောဓ လောကိယ အသိမျိုးဖြင့်) ယုံကြည်ရာ ရောက်သည့်ပြင် နိဗ္ဗာန်ကို မယုံကြည်လျှင် သစ္စာလေးပါး လုံးကိုပါ မယုံကြည်ရာ ရောက်သောကြောင့် ပေတည်း။
ထိုကြောင့် နိဗ္ဗာန်နှင့် စပ်လျဉ်းသည့် အယူအဆ ကျနမှန်ကန်မှု သည်လည်း မည်မျှ အရေးကြီး ကြောင်း ထင်ရှားလှပါ ပေတော့သည်။
ထိုကြောင့် ဗုဒ္ဓမတညု ကျမ်းပြုဆရာ ပညဝါတို့သည်လည်း နိဗ္ဗာန်နှင့် စပ်လျဉ်းသည့် အယူအဆ ကျန မှန်ကန်စေရန် အရာဌာန အားလျော်စွာ အမျိုးမျိုး အဖုံဖုံ နည်းမျိုးစုံအောင် ရေးသား ဖော်ပြတော်မူခဲ့ကြလေသည်။
[သို့ရာတွင် ယနေ့တိုင် ပရိယတ္တိဝိသာရဒ တိပိဋက ပါရဂူ ဂန္ထန္တရဝိဒူ ဖြစ်တော်မူကြသည့် ပုဂ္ဂိုလ်ကြီး အချင်းချင်းပင် အယူအဆ မတူဘဲ ရှိနေကြလေတော့သည်။]
ရွှေကျင်နိကာယ ရွှေကျင်သာသနာ ဂိုဏ်းကြီးကို အာဒိကမ္မိက ရှေးဦးစွာ တည်ဆောက်တော်မူသော ပုဂ္ဂိုလ်ကြီး ဖြစ်တော်မူသည့် ပဌမ ရွှေကျင်သာသနာပိုင် ဆရာတော်ဘုရားကြီး သည်လည်း ထိုသို့ နိဗ္ဗာန်နှင့် စဉ်လျဉ်း၍ အယူဝါဒ ကျနမှန်ကန်စွာ သိနားလည်သူ အလွန်နည်းပါး ကြသည်ကို သိတော် မူသဖြင့် သဒ္ဒယုတ္တိ အတ္ထယုတ္တိ (သဘာဝယုတ္တိ အာဂမယုတ္တိ) နှစ်မျိုးလုံးပင် ညီအောင်ညှိလျက် မိမိရရ ပြည့်ပြည့်ဝဝ ကျနမှန်ကန်စွာ သိနားလည်ကြစေရန် ကျမ်းဂန်များမှ နည်းမျိုးစုံ လှန်ပြီးလျှင် ထက်သန်သည့် စေတနာဖြင့် ဤ ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်း ကို ရေးသားတော် မူခြင်း ဖြစ်ပေသည်။ ထိုကြောင့် ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် …
ယခုအခါ ဇမ္ဗူဒိပ်ကျွန်းအလုံး၌ လူရောရှင်ပါ ဂန္ထန္တရအတန်အရာ ရှိသော ပုဂ္ဂိုလ်တို့နှင့်တကွ “နိဗ္ဗာန” အရာ “နိဗ္ဗုတ” အရာ နှစ်ပါး တို့၌ လွန်စွာ တွေဝေကြသဖြင့် “နိဗ္ဗာန်ဟူသည် စကားသာ ရှိ၍ အသားထင်ရှား မရှိ၊ နိဗ္ဗာန် ရောက်သူတို့လည်း ပျောက်၍ ပျောက်၍ အချည်းနှီး “ရောက်၍ ရောက်၍ ကုန်သွားလေတော့သည်သာ” ဟု လွန်စွာ အဟော အပြော များကြသဖြင့် နိဗ္ဗာန်၏ ဂုဏ် ကျေးဇူးကို အထူး မသိနိုင်ကြသည်ဖြစ်၍ နိဗ္ဗာန်ကို မြန်မြန်ကြီး ရလိုသူလူများ အလွန် ရှားပါးရုံမျှ မက “ယင်းသို့ အဘာ၀ တုစ္ဆ ရိတ္တ အဖြစ်သို့ ရောက်၍ သွားကြရသော နိဗ္ဗာန်ကို ငါတို့ မလိုချင်”ဟု အတွင်ပြောကြားသော လူအချို့တို့အား၎င်း “နိဗ္ဗာန်ရောက်သူကို ရုပ်နာမ်ပျောက်ရုံ မျှမက အလုံးစုံ အစဉ်သန္တာန် ပျောက်သဖြင့် ဥစ္ဆိန္န ဖြစ်၍ သွားလေတော့သည်” ဟု ဥစ္ဆေဒဝါဒ မကင်းသည့် သို့လော သို့လော သံသယ မရှင်းနိုင်သူတို့အား၎င်း သနားချီးမြှောက်ခြင်းအကျိုး …
ယင်းသို့ နိဗ္ဗာန် အခြင်းအရာ၊ နိဗ္ဗာန်ရောက်သူတို့ အခြင်းအရာကို ပြဆိုသော ပါဠိ အဋ္ဌကထာ ဋီကာတို့၏ အလွန်ကွယ်ဝှက်သော အနက် အဓိပ္ပါယ်များကို ဟုတ်တိုင်းမှန်စွာ နေရာတကျ ထုတ်ဖော်ပြရသဖြင့် ပရိယတ္တိ သာသနာတော်အကျိုး …
ယင်းသို့ နိဗ္ဗာန်၏ဂုဏ် နိဗ္ဗာန်ရောက်သူတို့၏ဂုဏ် အလုံးစုံကို အမှန် သိရသဖြင့် နိဗ္ဗာန်ရောက်အောင် အားထုတ်ကြခြင်း ပဋိပတ္တိ သာသနာတော်အကျိုး …
ယင်းသို့ အားထုတ်သဖြင့် နိဗ္ဗာန်ရောက်သူ ပေါများခြင်း၊ ပဋိဝေဓ သာသနာအကျိုး …
(၁) အလွန်နက်နဲသော “နိဗ္ဗာန်”
(၂) အလွန် နက်နဲသည်ထက် နက်နဲသော “ပရိနိဗ္ဗုတ”နှစ်ပါးတို့ကို ပြဆိုဆုံးဖြတ်ရာ ဖြစ်သော ကြောင့် ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီ အမည်ရှိသော …
စသည်ဖြင့် ရေးသားဖော်ပြတော်မူခဲ့လေသည်။
ဂမ္ဘီရာဂမ္ဘီရကျမ်း၏ အစီအစဉ်
ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်းကို ရေးသားတော်မူရာဝယ် -
(၁) ပဏာမ ကဏ္ဍ
(၂) သင်္ခေပကဏ္ဍ
(၃)ဝိတ္ထာရကဏ္ဍ
(၄) ကျမ်းပြီးအဆုံးနိဂုံး ဆုတောင်းခန်း
ဟူ၍ လေးခန်းခဲ့ကာ ရေးသားတော်မူလေသည်။
ထိုသို့ ရေးသားတော်မူရာဝယ် နိဗ္ဗာန်နှင့်စပ်လျဉ်း၍ ယူဆရာ ယူဆကြောင်း အတွက် ခက်ခဲနက်နဲ လှပုံကို သိသာစေရန်နှင့် ဉာဏ်ကစား နိုင်ကြစေရန် ဦးစွာ ပဌမ ပဏာမကဏ္ဍ၌ နိဗ္ဗာန်နှင့် စပ်လျဉ်း သည့် ပုစ္ဆာပေါင်း ၄၂-ခုမျှ ထုတ်တော်မူခဲ့လေသည်။
ထိုနောက်မှ ထိုအမေးကြီးပေါင်း ၄၂-ခုတို့၏ အဖြေကို ဖြေကြားနိုင်ကြစေရန် သင်္ခေပကဏ္ဍ (အကျဉ်းဖော်ပြသည့်အပိုင်း) ဝိတ္ထာရကဏ္ဍ (အကျယ်ဖော်ပြ သည့်အပိုင်း) ဟူ၍ အပိုင်းကြီး နှစ်ပိုင်း ခွဲကာ ကိုယ်တော်တိုင် ရှင်းလင်း ဖွင့်ပြတော်မူခဲ့လေသည်။
ဤ ၂-ပိုင်းတို့တွင် ပဌမပိုင်း သင်္ခေပကဏ္ဍ၌ အကျယ်မလိုက် အကျဉ်း ကြိုက်သူများအတွက် ရည်ရွယ် ရေးသားတော်မူခြင်း ဖြစ်လေသည်။
ထိုကြောင့် ထို သင်္ခေပကဏ္ဍ၌ ထုတ်ဆောင်စရာ အကိုးသာဓကပါဌ် များစွာ တို့ကို စုံလင်စွာ ထုတ်ဆောင် ဖော်ပြတော်မမူချေ။
ထုတ်ဆင်၍ ပြသမျှ အကိုးသာဓကပါဌ် တို့ကိုလည်း အစ-အဆုံး ကုန်စင်အောင် မထုတ်ဆောင် မဖော်ပြဘဲ လိုရင်း အနည်းငယ်မျှကိုသာ ထုတ်ဆောင် ဖော်ပြတော်မူလေသည်။
ဒုတိယပိုင်း ဝိတ္ထာရကဏ္ဍ၌ကား အကျဉ်းအမြွက်လောက်မျှနှင့် အားရ တင်းတိမ်ကျေနပ်မှု မရ နိုင်ကြသည့် ကျမ်းတတ်ခေါင်ထိ ကဝိပါရင် ဉာဏ်ကြီးရှင် များအတွက် ရည်ရွယ် ရေးသားတော်မူခြင်း ဖြစ်လေသည်။ ထိုအခန်း၌ကား ပိဋကတ်သုံးသွယ် နိကာယ်ငါးဖြာ ပါဠိအဋ္ဌကထာ ဋီကာတို့မှ ယထာရဟ လာသော ကိုးကားစလောက် အထောက်သာဓက များစွာဖြင့် အကျယ်တဝင့် ရေးသား ဖော်ပြတော်မူလေသည်။
ဤသို့ အကျဉ်းအကျယ် နှစ်သွယ်ပိုင်းခြား ရေးသားတော်မူရာဝယ် အကျဉ်းကို ပညာနုသူတို့အတွက် အကျယ်ကို ပညာရင့်သူတို့ အတွက် ရည်ရွယ်တော် မူကြောင်းကိုလည်း ဆရာတော်ဘုရားကြီး ကိုယ်တိုင် မှာကြားချက်များကို တွေ့ရသည်။
ဤ အကြောင်းများကို ဤ “သင်္ခေပကဏ္ဍ” ၌ …
အကျယ် ဝိတ္ထာရသသာဓကပါဠိ အဋ္ဌကထာ များစွာတို့နှင့်တကွ ဆို၍ နေက ဉာဏ်ခြေမရ ပညာနုလှသောပုဂ္ဂိုလ်မျိုးတို့ နားလေး နားထွေးကြမည် စိုးသောကြောင့် လိုရင်း လက်ဝါးကြီးအုပ် မှတ်နှင့်ကြစရာ စကားပြင် သက်သက် ထုတ်ပြလိုက်သည်။
ပါဌ်အနက်တို့နှင့်တကွ သာဓကပါဌ် အဋ္ဌကထာ ဋီကာ အနု မဓု လက်သန်း ကျမ်းများစွာတို့ကို ထုတ်ဆောင်၍ အထက် ဝိတ္ထာရကထာသို့ ရောက်မှ အလွန် ကျယ်ဝန်းစွာ ဆိုဦးလတ္တံ့။
ဤ “သင်္ခေပကဏ္ဍ” ၌ ပညာရင့်ပြီး ပုဂ္ဂိုလ်ကြီးများ ယုံကြည်ဘွယ် ရှိအောင် ပါဠိ အဋ္ဌကထာ ဋီကာ အသွယ်သွယ် ထုတ်ဆောင်၍ တကျမ်းနှင့် တကျမ်း နှီးနှော၍ တကျမ်းတည်း၌ သော်လည်း အထက် အောက် ပုဗ္ဗပရာနုသန္ဓိ နည်းတို့ဖြင့် ညှိနှိုင်းပြဆို၍နေခဲ့လျှင် ပညာငယ်သူ လူ ရှင် ပုဂ္ဂိုလ်တို့ နားမလည်နိုင် မမှတ်သားနိုင်ရုံမျှမက တာရှည် ကျမ်းဆုံးအောင် မနာနိုင် မကြည့်ရှုနိုင်ဖြစ်လတ္တံ့။
၎င်းပညာငယ် ပုဂ္ဂိုလ်တို့ အလွယ်တကူ မှတ်သားစရာ လက်ဝါးကြီးအုပ် အကျဉ်း သင်္ခေပမျှ ဆိုထား ခဲ့လျှင်လည်း ကျမ်းဂန်တတ်သိ ကဝိ ပုဂ္ဂိုလ်ကြီးတို့ ယုံကြည် နှစ်သက်ဘွယ် မဖြစ်လတ္တံ့။
ဤ အကြောင်း အရာများကို ဆင်ခြင်မိသဖြင့် အကျဉ်းကြိုက် အကျယ်ကြိုက် ပုဂ္ဂိုလ် နှစ်မျိုးတို့အား ချီးမြှောက်ခြင်းငှါ ဤ ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်း ဝယ် (၁) သင်္ခေပကဏ္ဍ (၂) ဝိတ္ထာရကဏ္ဍ အားဖြင့် နှစ်ပါး နှစ်ပုံ ရေးသားအပ်သတည်း။
[သင်္ခေပကဏ္ဍ မျက်နှာ ၅၁-စကားချပ်မှ]
ဤသို့ အကျဉ်း အကျယ် ၂-မျိုးတို့ဖြင့် အဆိုပါ ပြဿနာ ၄၂-ရပ်တို့၏ အဖြေကဲ့သို့ ရေးသားတော် မူခြင်း ဖြစ်သော်လည်း ပထမပုစ္ဆာ၏အဖြေ, ဒုတိယ ပုစ္ဆာ၏အဖြေ စသည်ဖြင့် အစဉ်အတိုင်း ဖြေဆို ရေးသားတော်မူပုံမျိုး မဟုတ်ချေ။ ဤ တကျမ်းလုံးကို ကုန်စင်ပြီးမြောက် သဘောပေါက်က အဆိုပါ ပြဿနာတို့၏ အဖြေကို ဖြေနိုင်ရာပြီ - ဟူသော သဘောနှင့် ပုစ္ဆာတို့၏ အစဉ်ကို ငဲ့တော် မမူဘဲ ဆီလျော်ရာ စကားစပ်များဆီသို့ စကားဦး တည်ကာ တည်ကာ ရေးသားတော်မူသွားသည်ကို တွေ့ရလေသည်။
ထို့ကြောင့် အစနားရှိ ပြဿနာအတွက် ပြေလည်အောင် ဖြေကြားနိုင်ရန် သဘောကို အလယ်မှာ မှဖြစ်စေ - အဆုံးမှာမှဖြစ်စေ တွေရသည်လည်း ရှိ၏။ အဆုံးနားရှိ ပြဿနာ များအတွက် ပြေလည်အောင် ဖြေကြားနိုင်ရန် သဘောကို အစနားမှဖြစ်စေ အလယ်ဆီမှဖြစ်စေ တွေ့ရသည် လည်း ရှိ၏။
ထို့ပြင် ပြဿနာ တခုအတွက် အစ၌၎င်း၊ အလယ်၌၎င်း၊ အဆုံး၌၎င်း အနှံ့ အပြား တွေ့ရသည်လည်း ရှိ၏။
ထိုမျှမက ပြဿနာအချို့၏ အဖြေကို တိုက်ရိုက် ပြေလည်အောင် ရေးသား တော်မူချက်မျိုးကို မတွေ့ရဘဲ အဖြေသဘော သက်ရောက်ရုံ ရှိသည့်အချက်များ ကိုလည်း တွေ့ရ၏။
ထိုမှတပါး ပြဿနာတရပ်၏ အဖြေကို နှစ်နေရာ သုံးနေရာ ကြည့်ပါမှ ပြေလည်သည်များကိုလည်း တွေ့ရ၏။
ထို့ပြင် လိုလားတော် မမူသည့် အချက်ကြီးများ (ဝါ- ပယ်တော်မူလိုသည့် အယူအဆကြီးများ) ကို ပယ်တော်မူရာ၌၎င်း၊ ယူတော်မူလိုသည့် အချက်ကြီး များကို ပြသတော်မှုရာ၌၎င်း ထင်ရှား သည်ထက် ထင်ရှား၊ ခိုင်လုံသည်ထက် ခိုင်လုံစေရန် တနေရာတည်း၌ ဆင့်ကာ ဆင့်ကာ ရေးသား ဖော်ပြတော်မူပုံ များကို၎င်း တနေရာပြီး တနေရာ၊ ထပ်ကာ ထပ်ကာ ရေးသား ဖော်ပြတော်မူပုံ များကို၎င်း ရလေသည်။ ထိုကြောင့် ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် တောင်းပန် မှာကြား တော်မူပုံကို အောက်ပါအတိုင်း တွေ့ရ၏။
ဤ ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့ ပရိနိဗ္ဗာန် ပြုပြီးနောက် အလျှင်း ကွယ်ပျောက် ပြတ်တောက် အချည်းနှီး အဘာဝ အဖြစ်သို့ ရောက်တော့သည် ဟု ဆရာကြီး ဆရာငယ် ကျမ်းတက် ကျမ်းမတတ် အရပ်ရပ် တပြည်လုံး အယူဝါဒ ပြောကြဆိုကြသော အရာသည် မင်းအဆက်ဆက် ဆရာစဉ်ဆက် ရှေး ပဝေဏီကြီး အထက်ကပင် များသောအားဖြင့် ဖြစ်၍လာ သောကြောင့်၎င်း၊ ယင်းအရာနှင့် စပ်၍ လာသော ပါဠိ အဋ္ဌကထာ ဋီကာတို့၏ အမှန်အကန် သိနိုင်ကြမည့်အရာ အလွန်ခက်ခဲ သောကြောင့်၎င်း၊ ယင်း အရာနှင့်စပ်၍ စကားစပ်မိတိုင်း စပ်မိတိုင်း သာဓကပါဌ် အတန်အရာဆိုဦးမှ သောတုဇနတို့ နှစ်မြို့နားလည်နိုင်ကြစရာ ရှိသည် ဖြစ်၍ ရှေး ထုတ်ဆိုအပ်ပြီးသော ပါဠိ အဋ္ဌကထာ သာဓကများကို ထပ်၍ ပြဆိုရသော အရာလည်း ရှိသည်။ ယင်းသို့ပြဆိုရာ ပညာရှိ အများ ယုံကြည် ဘွယ် ဖြစ်စေခြင်းငှါ အထူးထူးသော ဂန္ထန္တရတို့နှင့် နှီးနှော၍ပြဦးမှ ယုတ္တတရ ဒဠတရ ဖြစ်မည် ဖြစ်သောကြောင့် အထူးထူးသော ဂန္ထန္တရကို ထုတ်ဆိုရာဝယ် ရှေးဆိုအပ်ပြီးသည်ကို အထပ်ထပ် ဆို၍နေသကဲ့သို့ ထင်စရာ၊ အောက်မေ့စရာ အရာများလည်း ရှိသည်။ ရှေး ဆိုအပ်ခဲ့ပြီးသော စကား၏ အလွန် အဆက်ဝေး၍ နေသောကြောင့် ထိုစကားကို သတိမရ မရှုမိကြသော သူတို့အား နားလည်စေလိုလှ၍ အချို့အရာ၌ ထပ်မံပြဆိုရသော အရာလည်း စိုးစဉ်းရှိသည်။
ထိုကြောင့် ယင်းသို့ ပုနရုတ္တိဒေါသ အရာထင်တိုင်း၊ ထင်တိုင်း ပညာခေါင်ထိ သတိဝေပုလ္လ ကျမ်းတတ်သခင် ပညာရှင်တို့ “ကရုဏာ ယေဝါ ယံ ပရာ” ဟု အဓိဝါသန ပြုတော်မူကြ စေကုန်သတည်း။ … လ …
[ မျက်နှာ ၃၁၆ ]
ဂမ္ဘီရာ ဂမ္ဘီရ ကျမ်းကြီး၏ အကျဉ်းချုပ် မှတ်ဖွယ်ကို ရေးသားရခြင်းအကြောင်း
ဆိုခဲ့သော အကြောင်းကြောင်း တို့ကြောင့် ပြဿနာ ၄၂-ရပ်တို၏ အဖြေ အကျဉ်းချုပ်များကို ရေးသားခြင်းအားဖြင့် “တချက်ခုတ် နှစ်ချက်ပြတ်” ဆိုသကဲ့သို့ ဤ ကျမ်းတကျမ်းလုံး၏ ဆိုလိုရင်းကို စနစ်တကျ ရေးသား ပြဆိုရာလည်း ရောက်နိုင်စရာ ရှိသည်ဟု သဘောရပေ၏။ ဤတွင် လည်း ဆရာတော် ဘုရားကြီး ကိုယ်တော်တိုင် ဆိုင်ရာအခန်းကြီးများ၏ အဆုံးတို့၌ ထိုအခန်း ပါ သဘောအချုပ်တို့ကို ထိုက်သင့်သလောက် ရေးသားတော်မူခဲ့သည် မဟုတ်ပါလော ဟု မေးစရာ ရှိပေ၏။ မှန်ပေသည်။ ထိုသို့ရှိသော်လည်း ထိုသဘော အချုပ်တို့ကို ဖတ်ရှုရုံမျှနှင့် အဆိုပါပြဿနာ ၄၂-ရပ်တို့ကို ပြေလည်အောင် ဖြေကြားနိုင်ဘွယ် အကြောင်း မရှိသေးပုံကို တွေ့ရပြန်ပေသည်၊
ထိုကြောင့် ဤ ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်းကို ထက်အောက် စုန်ဆန် အဖန်ဖန် အထပ်ထပ် သုံးသပ်ဆင်ခြင်က ဆရာတော်ဘုရားကြီး၏ အာဘော် အတိုင်း …
(၁) ခက်ခဲနက်နဲလှသော နိဗ္ဗာန်ပြဿနာတိုက်၏ အဖြေလည်းဖြစ်
(၂) ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်း၏ ဆိုလိုရင်းလည်း ဖြစ်ရလေအောင် “အခြေခံပြဿနာ မေးခွန်း ၄၂-ခု၏ အဖြေကို” အကျဉ်းချုပ် ရေးသား ဖော်ပြလိုက်ပါသည်။
ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်း (ဆိုလိုရင်း အကျဉ်းချုပ်) အခြေခံပြဿနာ မေးခွန်း ၄၂-ခု၏ အဖြေ
၁။ (မေး) (နိဗ္ဗာနံ ပရမံ ၀ဒန္တိ ဗုဒ္ဓါ - ဟု ဩဝါဒပါတိမောက် အရာဝယ် လာသော) “နိဗ္ဗာနံ ပရမံ” အရ “နိဗ္ဗာန်”ဟူသည် အဘယ်ကို ဆိုလိုပါသနည်း။
၁။ (ဖြေ) တဆယ့်တပါးသော မီးအပေါင်းတို့မှ ကောင်းကောင်းကြီး ငြိမ်းဧခြင်း၊ ဓာတ်အစု ငြိမ်းခြင်း ဓာတ်သဘောကို နိဗ္ဗာန်ဟု ဆိုပါသည်။ (စာမျက်နှာ ၃၅-စသည်၊ အခြား နေရာများစွာ တို့၌လည်း ဤသဘောကိုပင် ထပ်ကာ ထပ်ကာ ဖော်ပြတော်မူလေသည်။) (အမှတ် ၆-အမေး၏ အဖြေကို လည်း ရှုပါ)
၂။ (မေး) ယင်းနိဗ္ဗာန်ကို (၁) လက္ခဏ (၂) ရသ (၃) ပစ္စုပဋ္ဌာန်တို့နှင့် တကွ အဘယ်သို့ သိမှတ်ရပါအံ့နည်း။
၂။ (ဖြေ) နိဗ္ဗာန်သည် …
(၁) ငြိမ်သက်ခြင်း ငြိမ်းချမ်းခြင်း လက္ခဏာ ရှိပါသည်။
(၂) ယင်းငြိမ်သက်ခြင်း ငြိမ်းချမ်းခြင်း သဘောမှ မရွှေ့မပြောင်း အမြဲ ကောင်းကောင်း တည်နေရခြင်း စည်းစိမ် ( = အစ္စုတိရသ) ရှိပါသည်။ တနည်း – မိမိထံတည် ရောက်လာသူ ပရိနိဗ္ဗုတပုဂ္ဂိုလ်အား ဘေးပေါင်းကင်းစင် ရန်မျိုးကြဉ်ကွာ ချမ်းသာရအောင် ပြုနိုင်ခြင်း ကိစ္စသတ္တိ ( = အဿာသကရဏ ရသ) ရှိပါသည်။
(၃) သင်္ခါရသင်္ခတ တရားများထဲမှ ဖောက်ခွဲ၍ ထွက်လာရပါလျက် ယင်းသင်္ခါရအရိပ် သင်္ခတအရိပ် နိမိတ် မထင်ပေါ်ခြင်းဟူသော အခြင်းအရာ ( = အနိမိတ္တပစ္စုပဋ္ဌာန) ရှိပါသည်။ (မျက်နှာ-၄၈)
၃။ (မေး) ယင်း နိဗ္ဗာန်ဟူသည် အဘယ်မျှ အပြားရှိပါသနည်း။
၃။ (ဖြေ) မုချအားဖြင့် အသင်္ခတဓာတ်နိဗ္ဗာန် ဟူသော တပါးတည်းသာ ဖြစ်ပါသည်။ ငြိမ်းခြင်း သာမညလက္ခဏာကိုစွဲ၍ ဆိုရလျှင် အာရမ္မဏနိဗ္ဗာန်၊ အာရမ္မဏိကနိဗ္ဗာန်၊ တနည်း - ဤဘဝ၌ ဖြစ်လာသည့် နိဗ္ဗာန်၊ နောင်တမလွန်၌ ဖြစ်လာသည့်နိဗ္ဗာန်၊ တနည်း - သဥပါဒိသေသနိဗ္ဗာန်၊ အနုပါဒိသေသနိဗ္ဗာန် စသောအားဖြင့် အပြားများစွာ ရှိပါသည်။ (မျက်နှာ-၁၄၈)
ထိုပြင် …
(၁) ကိလေသာတို့၏ကုန်ခြင်း အဘာဝဟူသော သဥပါဒိသေသနိဗ္ဗာန်။
(၂) အရဟတ္တဖိုလ်ဟု ဆိုအပ်သော သဥပါဒိသေသနိဗ္ဗာန်။
(၃) အသင်္ခတဓာတ်ဟုဆိုအပ်သော သဥပါဒိသေသနိဗ္ဗာန်
ဟူ၍ သဥပါဒိ သေသနိဗ္ဗာန် ၃-မျိုး ရှိပါသည်။ (မျက်နှာ-၁၉၅၅)
(၎င်းပြင် မျက်နှာ-၅၅။ ၁၇-စသည်တို့၌လည်း ရှုပါ)
၄။ (မေး) ယင်းနိဗ္ဗာန်သည် အဘယ်မျှလောက်သော ဂုဏ်ထူးဝိသေသ ရှိပါသနည်း။
၄။ (ဖြေ)
အသင်္ခတ ( = အလွန်သိမ်မွေ့လှသဖြင့် သင်္ကေတဟု သိမှတ်ကြောင်း လက္ခဏာမှ ကင်းနေသည့်) ဂုဏ်။
အနက ( = ဒုက္ခစိုက်ပျိုး တဏှာမျိုးတို့ မတိုးမယှဉ် မလာနိုင်ရာ ဖြစ်သည့်) ဂုဏ်။
အနာသဝ ( = အာသဝေါညစ်ဆိုး - တရားမျိုးတို့ မတိုက်ချိုးနိုင်ရာ ဖြစ်သည့်) ဂုဏ်။
စသည်ဖြင့် နိဗ္ဗာန် ဂုဏ်ကျေးဇူးများကို သဠာယတနသံယုတ် ပါဠိတော် စသည်တို့၌ အကျယ်ရှိကြ ပါသည်။ (မျက်နှာ ၆ဝ-ကစ၍ အကျယ်ရှုပါ)
လုံးလုံးကြီး ဘယ်ဟာတခုမျှ မရှိသော အဇာတဘာဝ သည်လည်း ဂုဏ်မရှိပါ။ ဇာတဘာဝပင် ဖြစ်သော်လည်း ရုန့်ကြမ်းစွာဖြစ်၍ ဇာတဘာဝပုံ လက္ခဏာ နိမိတ် ပေါ်ထင်စွာဖြစ်နေလျှင်လည်း ဂုဏ်ထူးမရှိပါ။ ဇာတဘာဝဖြစ်လျက် နူးညံ့သိမ်မွေ့စွာ ဖြစ်သဖြင့် ဇာတဘာဝပုံ လက္ခဏာ နိမိတ် မပေါ်ဘဲနေမှသာ ဂုဏ်ထူးဝိသေသဖြစ်ပါသည်။ (မျက်နှာ ၁၀၀-စသည်တို့၌ အကျယ်ရှုပါ)
၅။ (မေး) ယင်းနိဗ္ဗာန်သည် အဘယ်မျှလောက် သုခသမ္ပတ္တိ ရှိပါသနည်း။
၅။ (ဖြေ) သုခဝေဒနာထက် ဥပေက္ခာဝေဒနာက ပို၍ ချမ်းသာပါသည်။ ဥပေက္ခာ ဝေဒနာထက် ဘယ်ဝေဒနာ တခုမျှ မရှိဘဲလျက် ၇-ရက်ပတ်လုံး နိရောဓ သမာပတ်ကို ၀င်စား၍ နေသော ချမ်းသာက အလွန်ချမ်းသာပါသည်။ နာမ်တရား မရှိသော်လည်း ရုပ်တရားရှိသေးသော ထိုချမ်းသာ ထက် ဘယ်ကာလမျှ ရုပ်နာမ်မရှိ ပကတိ အမြဲချမ်းသာ၍ နေရသော ရူပါဒိသင်္ခါဝိမုတ္တပရိနိဗ္ဗုတ အရှင်တို့၏ ချမ်းသာသည် အတုမရှိ အလွန်ချမ်းသာပါသည်။ (မျက်နှာ-၃၃၂)
ခန္ဓာကိုယ် ဥပဓိရှိသော ချမ်းသာထက် ခန္ဓာကိုယ် ဥပဓိမရှိသော ချမ်းသာက “လွန်စွာ ပိုမို၍ ချမ်းသာပါသည်။ (မျက်နှာ ၆၆-စသည်)
ဈာန်ချမ်းသာ မဂ်ချမ်းသာ ဖိုလ်ချမ်းသာတို့ထက် နိဗ္ဗာန်ချမ်းသာက လွန်မြတ်ပေရာ နိဗ္ဗာန်ချမ်းသာ ထက် လွန်မြတ်သော ချမ်းသာဟူသည် မရှိပြီ။ (စာမျက်နှာ-၁၃၄)
၆။ (မေး) အဘယ်သို့သော အကြောင်းများနှင့် ပြည့်စုံလျှင် ယင်းနိဗ္ဗာန်သို့ ရောက်နိုင်ပါသနည်း။
၆။ (ဖြေ) နိဗ္ဗာန်ဟူသည် အကြောင်းနှင့်ကင်း၍ လျောက်လျား ဘာသာ ဖြစ်ပေါ်၍ မလာနိုင်ပါ။ (စာမျက်နှာ-၁၁၁)
နိဗ္ဗာန်ဟူသည် အကြောင်းပါရမီ တို့နှင့် ကင်း၍ လျောက်လျားဘာသာ အမြဲ ဖြစ်၍ နေသောမည်သည် မရှိပါ။ (စာမျက်နှာ ၁၉၄-စသည်)
ဒါန စသော ပါရမီ တို့ကြောင့်သာ နိဗ္ဗာန်ရတနာ ဖြစ်ပေါ်လာနိုင်ပါသည်။ (စာမျက်နှာ ၁၄၁-စသည်)
အနည်းငယ်မျှသော ဒါနကိုပင် နိဗ္ဗာန်ရောက်ကြောင်း (နိဗ္ဗာနပစ္စယ) ဖြစ်သည်ဟု ဆိုသည်များကို ထောက်သဖြင့် နိဗ္ဗာန်ကို “အပစ္စယ” “အသင်္ခတ”ဟု ဆိုသော အရာမျိုး၌ မုချ ဥပနိဿယ စသော ပစ္စည်း မဖြစ်သည်ကိုသာ ရည်ရွယ်၍ ဆိုသည်ဟု မှတ်ယူသင့်ပါသည်။ စင်စစ်ကား ဒါန သီလ -စသော အကြောင်း များစွာတို့နှင့် ကင်း၍ နိဗ္ဗာန်ရတနာကြီး ဖြစ်ပေါ်မလာနိုင်ပါ။ (စာမျက်နှာ ၂၀၀-စသည်)
ဒါန စသော ပါရမီတို့သည် နိဗ္ဗာန်သို့ ရောက်ကြောင်းသာ ဖြစ်သည်၊ နိဗ္ဗာန် ဖြစ်ကြောင်း မဟုတ်ပါ ဟု ဆိုငြားအံ့။ ပရိနိဗ္ဗုတပုဂ္ဂိုလ် မပေါ်လာမီ ထိုပုဂ္ဂိုလ် ရောက်စရာ အလိုအလျောက် အမြဲဖြစ်နေ နှင့်သော နိဗ္ဗာန်ဟူသည် ရှိသည် မဟုတ်ပါ။ နိဗ္ဗာန်သာ မဟုတ် ပရမတ္ထတရား ၄-ပါးလုံးပင် အကြောင်းရှိမှ ထို အကြောင်းကိုပြုသူ သန္တာန်၌ ဖြစ်ပေါ် လာရသည်ချည်းဟု မှတ်ယူသင့်ပါသည်။ (မျက်နှာ ၁၄၂)
အကြောင်းပါရမီ ပြည့်စုံသည့်အခါ အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ရောက်ပြီးသည့်နောက် ခန္ဓာတော် ကွယ်ပျောက်လျှင် ကွယ်ပျောက်ခြင်း ဘဝတပါး ဂတိတခြား မလား မရောက်ရအောင် ဖြစ်ပေါ် လာသော သဘောတရားသည် နိဗ္ဗာန် မည်ပါ၏။ (မျက်နှာ ၁၉၄-စသည်)
ဒါန သီလ ဘာဝနာ မဂ်ဖိုလ်တရား တို့သည် နိဗ္ဗာန်ကို ဖြစ်စေတတ်သော အကြောင်းများ ဖြစ်ပါသည်။ နိဗ္ဗာန်သည်ကား ထိုအကြောင်းတို့သည် ဖြစ်စေအပ်သော အကျိုးဖြစ်သည်ဟု ဆိုသင့် ပါသည်။ (မျက်နှာ ၁၄၇)
တဖန်(လောကုတ္တရာ) ဗောဇ္ဈင်တို့က နိဗ္ဗာန်ကို ဖြစ်စေတတ်သည် ဟူရာ၌လည်း မုချ (ပစ္စည်း ပစ္စယုပ္ပန်) အားဖြင့် ဖြစ်စေသည်ကို မဆိုလိုပါ။ ၎င်းဗောဇ္ဈင် အကြောင်းနှင့် မကင်းကောင်းသည် ကိုသာ ရည်ရွယ်၍ ဆိုခြင်းဖြစ်ပါသည်။ (မျက်နှာ ၁၉၅-စသည်)
၇။ (မေး) ယင်းသို့ နိဗ္ဗာန်ရောက်သော သူတို့သည် နိဗ္ဗာန်၌ ထင်ရှား ရှိပါသလော။ မရှိပါသလော။
၇။ (ဖြေ) နိဗ္ဗာန်ဟူသည်လည်း ထင်ရှားမရှိ၊ နိဗ္ဗာန်ရောက် သူတို့သည်လည်း အလုံးစုံကွယ်ပျောက် ပြတ်တောက်၍ အချည်းနှီး “တုစ္ဆ အဘာဝ” အဖြစ်သို့သာ ရောက်၍ သွားကြလေတော့သည်ဟု အယူမှောက်မှာ ပြောကြားမိတတ်ကြပါသည်။ (မျက်နှာ-၄ဝ)
နိဗ္ဗာန်သို့ ရောက်သောသူတို့သည် မိမိကိုရောက်ရာ နိဗ္ဗာန်ရွှေနန်း အံ့မခန်း၌သာ အမြဲတည်နေတော် မူကြပါသည်။ (မျက်နှာ ၅၆။ အလားတူ သဘောရှိသည့် ရေးသားချက်များကို ၅၉၊ ၆၄၊ ၇၂-စသည် တို့၌လည်းရှုပါ) ။
နိဗ္ဗာန်သို့ ရောက်သောသူ ပုဂ္ဂိုလ်သတ္တဝါ ထင်ရှားမရှိ (ဟု ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ၌) ဆိုသော်လည်း ထိုနိဗ္ဗာန်၌ တည်ရောက်၍ နေသော ပရိနိဗ္ဗုတ ပုဂ္ဂိုလ်မရှိ ဟုကား မဆိုသင့်ပါ။ ပုဂ္ဂိုလ်သတ္တဝါ ဟူသော ပညတ်ကိုလွန်၍ တည်နေပါသည်။ (မျက်နှာ ၇၄-မှ အချုပ်သဘောကိုယူ၍ ဖော်ပြပါသည်။ အခြား နေရာများစွာတို့၌လည်း ဤသဘောမျိုး အများပင် ပါလေသည်)
နိဗ္ဗာန်၌တည်နေသည့် ပရိနိဗ္ဗုတပုဂ္ဂိုလ်၏ ခန္ဓာ အထည်ဒြဗ်ကား မရှိပါ။ ဂမ္ဘီရသဏှသုခုမ သဘာဝအားဖြင့်သာ တည်နေသည်ဖြစ်၍ မုချအားဖြင့် ဌာန ဌာနီ မဆိုထိုက်ပါ။ (အာကာသေ သကုဏာ ပက္ခန္ဒန္တိ၊ ဝါတာ ဝါယန္တိ - စသည်တို့ ကဲ့သို့) အာရုံ၏တည်ရာ “ဝိသယာဓာရ” ဟူ၍သာမှတ်သင့်ပါသည်။ (မျက်နှာ-၁၂၄)
နိဗ္ဗာန်သာ ဘာဝ၊ နိဗ္ဗာန်ရောက်သူကား အဘာဝဟု မဆိုသင့်ပါ။ (မျက်နှာ ၂၈၇) ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့ သည် အရူပဘုံ၌ နိရောဓသမာပတ်ကို ၀င်စား၍နေသည် အခိုက်နှင့် တူပါသည်။ လုံးလုံးပျောက်၍ မသွားပါ။ (မျက်နှာ ၂ဂဂ)
“ပရိနိဗ္ဗုတရဟန္တာအရှင်သည် နိဗ္ဗာန်သို့ရောက်သွားပါသည်။ နိဗ္ဗာန်၌ တည်နေပါသည်။ (နှာ ၃၂၁)
[ဤမှတပါး ၃၆။ ၄၁။ ၅၀။ ၅၅။ ၅၈။ ၁၇၂ - စသည်တို့၌လည်း ယင်းအဖြေနှင့် စပ်လျဉ်းသည့် စကားများ ရှုပါ]
၈။ (မေး) ယင်း နိဗ္ဗာန်ရောက်သူတို့သည် ထိုနိဗ္ဗာန်၌ ရှိ၏ ဟု ဆိုခဲ့သော် သဿတဒိဋ္ဌိ ဖြစ်၍ မရှိဟု ဆိုခဲ့သော် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်၏၊ ဤသို့ ကထာဝတ္ထု ပါဠိတော် စူဠနိဒ္ဒေသ ပါဠိတော် ၎င်းအဋ္ဌကထာ စသည်တို့၌ လာရကား ထိုဒိဋ္ဌိနှစ်ပါးလွတ်အောင် အဘယ်သို့ ဆိုရ ပြောရ ယူရပါအံ့နည်း။
၈။ (ဖြေ) ပရိနိဗ္ဗာန် ပြုသွားကြသည့် ဘုရားရဟန္တာပုဂ္ဂိုလ် ဟူသမျှ ပျောက်၍ ပြတ်၍မသွား၊ နိဗ္ဗာန်၌ သဿတလည်း မဟုတ် ဥစ္ဆေဒလည်း မကျ မဇ္ဈဋ္ဌာကာရ ဂမ္ဘီရသဘာဝဖြစ်၍ အမြဲတည်နေတော် မူကြပါသည်။(နှာ ၁၅-စသည်)
ရဟန္တာပုဂ္ဂိုလ်တို့ စုတိပြီးနောက် ရုပ်နာမ်ခန္ဓာ ရုန့်ကြမ်းစွာသော ကိုယ်သာ ကွယ်ပျောက်သည်။ အလုံးစုံ အစဉ်ပြတ်သွားသည် မဟုတ်ပါ။ (၎င်းအချက်ကို ရည်ရွယ်၍ ကထာဝတ္ထု ပါဠိတော်၌ “ပရိနိဗ္ဗုတော ပုဂ္ဂလော ဥစ္ဆိန္နောတိ၊ န ဟေဝံ ဝတ္တဗ္ဗေ” ဟု ဟောတော်မူပါသည်)
ရဟန္တာအရှင်တို့ စုတိပြီးနောက် နိဗ္ဗာန်၌ တည်နေသည့်အခါ ရုပ်နာမ်ခန္ဓာ ရုန့်ကြမ်းစွာသော ကိုယ်ကောင်နှင့်တကွ တည်နေခြင်း မရှိပါ။ (၎င်းအချက်ကို ရည်ရွယ်၍ ကထာဝတ္ထုပါဠိတော်၌ “ပရိနိဗ္ဗုတော ပုဂ္ဂလော သဿတောတိ နဟေဝံ ဝတ္တဗ္ဗေ” ဟု ဟောတော်မူပါသည်။ (မျက်နှာ ၄၉-နှင့် ၅၁-ရှုပါ)
ပရိနိဗ္ဗုတပုဂ္ဂိုလ်သည် နိဗ္ဗာန်၌ ရှိနေသည် ဆိုသော်လည်း ဂမ္ဘီရအပ္ပမေယျ ဒုပ္ပရိယောဂါဟ ဖြစ်၍ တစုံတခုသော အခြင်းအရာ အားဖြင့်သာ ရှိသည်၊ ရုပ်နာမ် ခန္ဓာနှင့်တကွကား ရှိသည် မဟုတ်ပေဟု ဆိုသော် သဿတဒိဋ္ဌိ လွတ်၏။ ပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့ နိဗ္ဗာန်၌ မရှိဆိုသော်လည်း သတ္တဝါဟု ဆိုလောက်စရာ ရုပ်နာမ်ခန္ဓာ မရှိသည်ကို ရည်၍ဆိုပါသည်။ တစုံတခု ဂမ္ဘီရ အခြင်းအရာအားဖြင့် ဘယ်ဟာ တခုမျှ မရှိဟု မဆိုပါ၊ ဤသို့ဆိုသော် ဥစ္ဆေဒဒိဋ္ဌိ လွတ်၏။ (မျက်နှာ-၂၉၈။ ထိုပြင် မျက်နှာ-၃၀၂။ ၃၀၅-တို့၌လည်း ဤ ဒိဋ္ဌိ ၂-ပါး လွတ်အောင် ယူပုံရှုပါ)
၉။ (မေး) “နိဗ္ဗာနံ ဥပလဗ္ဘတိ နိဗ္ဗာနဿ ပဋိသံဝေဒိ ဥပလဗ္ဘတီတိ န ဟေဝံ ဝတ္တဗ္ဗေ” ဟု ကထာ ဝတ္ထု ပါဠိတော်လာတိုင်း နိဗ္ဗာန်ကား ထင်ရှားရှိ၏။ နိဗ္ဗာန်ချမ်းသာကို ခံစားရသောသူကား မရှိ ဆိုသော် ထိုနိဗ္ဗာန်ဖြင့် ဝေနေယျ သတ္တဝါတို့အား အဘယ်အကျိုး ရှိပါတော့အံ့နည်း။
၉။ (ဖြေ) အကျိုးအနန္တ အသင်္ချေယျ ရှိလှပါတော့သည်။ ပရမတ္ထနည်း၊ ပညတ်နည်း နှစ်ပါး တို့ဖြင့်သာ ယင်း နိဗ္ဗာန်ကို မခံစားရခြင်း ဖြစ်ပါသည်။ * ယင်း နည်း နှစ်ပါးတို့မှအလွတ် ရူပါဒိသင်္ခါဝိမုတ္တ ခီဏာသ၀ ပရိနိဗ္ဗုတ အသျှင်၏ အဖြစ်ဖြင့် ယင်း နိဗ္ဗာန်ချမ်းသာကို ခံစား၍ နေရပါသည်။ (မျက်နှာ ၃၁၈ - ၌ အကျယ်ရှုပါ။ ဤ၌ မူလဝါကျ အချို့ ကို ချုံ၍ ရေးလိုက်ပါသည်)
[* နည်း ၂-ပါးတို့ဖြင့် မခံစားရပုံ (ဆရာတော်ကြီး၏ အာဘော်) ကို အမှတ် ၁၀ - မေးခွန်း၏ အဖြေ၌ ရှုပါ။]
ရဟန္တာပုဂ္ဂိုလ်တို့ ခန္ဓာကွယ်ပြီးနောက် ရူပါဒိသင်္ခါဝိမုတ္တပုဂ္ဂိုလ် အရာဝယ် တည်၍ ထိုနိဗ္ဗာန်ချမ်းသာ ကို စံစား၍ နေတော်မူကြရသည်ဟု မှတ်ယူသင့်ပါသည်။ (မျက်နှာ ၇၉)
၁၀။ (မေး)
(၁) နိဗ္ဗာန်ကား ရှိ၏။ နိဗ္ဗာန်ချမ်းသာကို ခံစားရသောသူကား မရှိ ဆိုသောအချက်။
(၂) “ဒိဗျသုခံ ဥပလဗ္ဘတိ ဒိဗျဿ ပဋိသံဝေဒိ ဥပလဗ္ဘတိ နဟေဝံ ဝတ္တဗ္ဗေ” ဟူသော ပါဌ်ဖြင့် နတ်ချမ်းသာကား ရှိ၏။ နတ်ချမ်းသာကို ခံစားသူကား မရှိ ဆိုသောအချက်၊
ဤ ၂-ချက်သည် အဘယ်သို့ ထူးပါသနည်း။
၁၀။ (ဖြေ)
(၁) ပရမတ္ထသဘောအားဖြင့်၎င်း၊ သမ္မုတိပညတ် အရာအားဖြင့်၎င်း နိဗ္ဗာန်ကို ခံစားရသောသူ ဟူသည် မရှိဟူ၍ ဟောတော်မူခြင်း ဖြစ်သည်ဟု မှတ်သင့်ပါသည်။ အဘယ့်ကြောင့်နည်း ဟူမူကား နိဗ္ဗာန်သို့ ရောက်၍နေသော ရူပသင်္ခါဝိမုတ္တ ဝေဒနာသင်္ခါဝိမုတ္တ သညာသင်္ခါဝိမုတ္တ ဝိညာဏသင်္ခါဝိမုတ္တ ပရိနိဗ္ဗုတ ခီဏာသ၀ အရှင်တို့အား ယင်း ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ် တို့မှ လွတ်နေသည် ဖြစ်၍ ပရမတ္ထအားဖြင့်လည်း နိဗ္ဗာန်ကို ခံစားရသူ ရှိသည် မဆိုထိုက်၊ ထိုသို့ ရုပ်ဝေဒနာစသည် မရှိသည်ဖြစ်၍ ယင်း ရုပ် ဝေဒနာ စသည်ကို စွဲ၍ဖြစ်သော လူ နတ် စသော ပညတ်မျိုးမှလည်း လွတ်၍ နေသောကြောင့် သမ္မုတိပညတ် အရာအားဖြင့်လည်း နိဗ္ဗာန်ကို ခံစားရသူ ရှိသည် ဟူ၍ မဆိုထိုက်သောကြောင့် ဖြစ်ပါသည်။ (မျက်နှာ ၃၂၈)
(၂) ပရမတ္ထ သဘောအားဖြင့် လူ နတ် ပုဂ္ဂိုလ် သတ္တဝါ ဟူသည် ထင်ရှား မရှိသည်ကိုရည်၍ (နတ်ချမ်းသာ သာ ရှိသည် နတ်ချမ်းသာကို ခံစားရသော သူကား မရှိဟု) ဟောတော်မူခြင်း ဖြစ်ပါသည်။ (မျက်နှာ ၃၂၈)
၁၁။ (မေး) နိဗ္ဗာန်အရာ၌ ခံစားရသူ မရှိဟူ၍ တချက်မျှသာ လာသည်။ နတ်ချမ်းသာအရာ၌ နတ်ချမ်းသာကို ခံစားရသူ ရှိသည်တရပ်၊ မရှိသည်တရပ် ဟူ၍ နှစ်ရပ် လာခဲ့သည်။ ယင်း အရာကို သေချာစွာ ဘယ်သို့ ဝေဘန်၍ သိရပါအံ့နည်း၊
၁၁။ (ဖြေ) နိဗ္ဗာန်အရာ၌ ခံစားရသူမရှိဟူ၍ တချက်မျှသာ လာပုံမှာ အမှတ် ၁၀ - အဖြေ၌ အကျုံး ဝင်ပြီး ဖြစ်ပါသည်။
( ဆိုခဲ့သည့်အတိုင်း ) ပရမတ္ထ သဘောအားဖြင့် လူ - နတ် - ပုဂ္ဂိုလ် - သတ္တဝါ ဟူသည် ထင်ရှား မရှိသည်ကို ရည်ရွယ်၍ နိဗ္ဗာန်ချမ်းသာကို ခံစားရသူမရှိ ဟု ဆိုခြင်း ဖြစ်ပါသည်။ (မျက်နှာ-၃၂၈)
သမ္မတိပညတ်အားဖြင့် ပုဂ္ဂိုလ် သတ္တဝါ ရှိသည့်အဖြစ်ကိုရည်၍ နတ်ချမ်းသာ ကို ခံစားရသူရှိသည်ဟု ဆိုခြင်းဖြစ်ပါသည်။ (မျက်နှာ-၃၂၈)
၁၂။ (မေး) နိဗ္ဗာန်သို့ ရောက်သွားသော သူတို့သည် ထိုနိဗ္ဗာန်၌ အဘယ်သို့သော အခြင်းအရာအားဖြင့် ဖြစ်နေသည်ဟု ဆိုနိုင်စရာမရှိ၊ ဒုပ္ပရိယောဂါဟ ဂမ္ဘီရ အပ္ပမေယျ ဖြစ်၍ နေသည်ဟု “ရူပသင်္ခါဝိမုတ္တော ခေါ မဟာရာဇ တထာဂတော ဂမ္ဘီရော အပ္ပမေယျာ ဒုပ္ပရိယောဂါဟော” စသည်ဖြင့် သဠာယတနသံယုတ် ပါဠိတော် စသည်တို့၌ လာသောကြောင့် ထိုနိဗ္ဗာန်၌ ဂမ္ဘီရ ဒုပ္ပရိယောဂါဟ ဖြစ်၍နေသည်ဖြစ်လျှင် ထိုပရိနိဗ္ဗုတပုဂ္ဂိုလ် ထိုနိဗ္ဗာန်၌ ရှိနေသည် မှန်၏ဟု မဆိုသင့်လော၊ ဆိုသင့်လော။
၁၂။ (ဖြေ) ဆိုသင့်ပါသည်။
ပရိနိဗ္ဗုတ ရူပါဒိသင်္ခါဝိမုတ္တ ပုဂ္ဂိုလ်သည် နိဗ္ဗာန်၌ ဂမ္ဘီရ အပ္ပမေယျ အသင်္ချေယျ နိဗ္ဗုတဖြစ်၍ နေရပါသည်။ (မျက်နှာ-၂၈၃)
ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ် မရှိသဖြင့် ထိုရုပ်စသည်တို့နှင့်စပ်သော ပညတ်မျိုးဟူသမျှမှ လွတ်၍ နေတော်မူကြရကား အဘယ်ပုံအခြင်းအရာတို့ဖြင့် ဖြစ်၍ နေသည်ဟု ဝေနေယျတို့ ဉာဏ်ဖြင့် မထောက်လှမ်းနိုင်အောင် လွန်စွာ နက်နဲ၍ နေတော်မူကြရသည်ဟု မှတ်ယူသင့်ပါသည်။ (မျက်နှာ-၅၇) (ဤ သဘောကို မျက်နှာ - ၃ဝ၉။ ၃၁၆။ ၃၂၀ - စသော အခြားနေရာ များစွာတို့၌လည်း ရေးသားဖော်ပြတော်မူထားသည်။ ရှုပါ)
အမှတ် ၇ - မေးခွန်း၏အဖြေများကိုလည်း ပြန်ကြည့်ပါ။
၁၃။ (မေး) နိဗ္ဗာန်ရောက်သည် ဟူရာ၌ နိဗ္ဗာန်ရှိရာသို့ ပုဂ္ဂိုလ်က သွားသလော - နိဗ္ဗာန်က ပုဂ္ဂိုလ်ရှိရာ ရောက်၍လာသလော။
၁၃။ (ဖြေ) နိဗ္ဗာန်ရောက်သည် ဟူရာ၌ နိဗ္ဗာန်ရှိရာ ပုဂ္ဂိုလ်က သွားရသည် မဟုတ်ပါ။ ပုဂ္ဂိုလ်ရှိရာ နိဗ္ဗာန်က ရောက်လာပါသည်။ (မျက်နှာ-၁၇၃)
ပရိနိဗ္ဗုတ ပုဂ္ဂိုလ်က အလွတ်သက်သက် အရပ်တပါး၌ တည်နေသော အနုပါဒိသေသနိဗ္ဗာန် ဟူသည် သို့ ရောက်သွားသည် မဟုတ်ပါ၊ ထိုအနုပါဒိသေသ နိဗ္ဗာန်က ထိုပရိနိဗ္ဗုတပုဂ္ဂိုလ်အား စောင့်ရှောက် သောအားဖြင့် ထိုပရိနိဗ္ဗုတ ပုဂ္ဂိုလ်၏ တည်ရာဖြစ်၍ ပေါ် ရောက်၍လာပါသည်။ (မျက်နှာ ၁၃၁-စသည်)
(ဤအချက်နှင့် စပ်သည့် သဘောများကို ၄၇။ ၅၁။ ၅၂။ ၁၀၁။ ၁ဝ၄။ ၁၀၅။ ၁၁၇။ ၁၂၉။ ၁၇၃။ ၁၈၄။ ၁၈၆။ ၂၃၄ - စသည်တို့၌ ရှုပါ)
၁၄။ (မေး) ပရိနိဗ္ဗာန် နိဗ္ဗာန် အနုပါဒါပရိနိဗ္ဗာန် အပစ္စယနိဗ္ဗာန် အမတနိဗ္ဗာန် အမတမဟာနိဗ္ဗာန် ဟူသည်တို့ အထူးအကွဲအပြား ရှိသေးသလော၊ မရှိလော။
၁၄။ (ဖြေ) အထူးမရှိပါ။ အတူတူပင် ဖြစ်ပါသည် (မျက်နှာ ၁၁၅-၌ရှုပါ။ ၇၃။ ၁၂၄။ ၁၇၈ - စသည်တို့၌လည်း ရှုပါ)
၁၅။ (မေး) နိဗ္ဗာန်ကို သတ္တဝါတို့ အဘယ်အခါ ရောက်ပါသနည်း၊ မဂ်ကို ရလျှင်ပင် ရောက်သလော၊ ပရိနိဗ္ဗာန်ပြုပြီးမှ ရောက်သလော။
၁၅။ (ဖြေ) ပရိနိဗ္ဗာန် မစံရသေးခင် အာရုံပြုသောအားဖြင့် ရောက်နိုင်ပါသည်။ စံနေရသောအားဖြင့် မရောက်နိုင်ပါ။ ပရိနိဗ္ဗာန်ပြုသော အခါ၌ကား တည်နေရသော အားဖြင့်သာ ရောက်နိုင်ပါသည်။ အာရုံပြုသော အားဖြင့် မရောက်နိုင်တော့ပါ (မျက်နှာ ၂၂၉)။ ကောင်းစွာကျင့်၍ အရိယာပုဂ္ဂိုလ် အဖြစ်သို့ ရောက်သဖြင့် ရှေးဦးစွာ မိမိရောက်လတ္တံ့သော နိဗ္ဗာန်ကို အဝေးက လှမ်း၍ မြှော်တမ်းနိုင် အာရုံပြုနိုင်ပြီးလျှင် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်ပြုပြီးသည့် အခါမှ နိဗ္ဗာန်ရတနာ ပေါ်လာ၍ ထိုပေါ်လာသော နိဗ္ဗာန်ရတနာကို ထိုပုဂ္ဂိုလ် ရပါသည်။ (မျက်နှာ-၄၇)
၁၆။ (မေး) နိဗ္ဗာန်သို့ ရောက်သည်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုသည်၊ နိဗ္ဗာန်ကို အာရုံပြုသည်၊ ဤသုံးပါးသည် အသို့ ထူးပါသနည်း။
၁၆။ (ဖြေ) ပရိနိဗ္ဗာန်မပြုသေးမီ နိဗ္ဗာန်သို့ ရောက်သည် ဆိုသော အရာဟူသမျှ၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် တို့ဖြင့် နိဗ္ဗာန်ကို အာရုံပြုနိုင်သည်ကို ရည်ရွယ်၍ ဆိုခြင်းသာ ဖြစ်ပါသည်။ (မျက်နှာ-၁၀၀)
(ပရိနိဗ္ဗာန်ပြုကာ နိဗ္ဗာန်ရောက်သည် ဆိုသော စကား၏ အဓိပ္ပါယ်ကို အမှတ် ၁၃-မေးခွန်း၏ အဖြေ၌ ရှုပါ)
မဂ်ဖြစ်သည့်အခါ ယင်းနိဗ္ဗာန် မပေါ်လာသေးပါ။ မဂ်သည် နိဗ္ဗာန်ကို အာရုံ ပြု၍ဖြစ်သည် ဆိုရာမှာ ရဟန္တာဖြစ်ပြီးနောက် စုတိကျရောက်သည့်အခါ နိဗ္ဗာန်ရတနာ ပေါ်လာလတံ့ သည်ကို ထိုးထွင်း၍ သိနှင့်သည့် အစွမ်းဖြင့် ထိုနိဗ္ဗာန်ကို ထိုမဂ်တို့က အာရုံပြုသည်၊ မျက်မှောက် ရှေးရှုပြုသည် ဟု ဆိုခြင်းဖြစ်ပါသည်။ (မျက်နှာ ၁၄၃-လာ စကားများကို အတန်ငယ် ချုံ့၍ ရေးသားလိုက်ပါသည်)
နိဗ္ဗာန်ကို မျက်မှောက်ပြုသည် ဟူရာဝယ် – အရဟတ္တဖိုလ် ဟူသော သဥပါဒိသေသ နိဗ္ဗာန်ကို မျက်မှောက်ပြုသည့် အရာ၌ ထိုအရဟတ္တဖိုလ်ကို ရခြင်း ပစ္စဝေက္ခဏာတို့ဖြင့် အာရုံပြုခြင်းတို့ကို ဆိုလိုပါသည်။ အနုပါဒိသေသ နိဗ္ဗာန်ကို မျက်မှောက်ပြုသည် ဟူရာ၌ ထိုနိဗ္ဗာန်ကို မဂ်ဖိုလ်တို့ဖြင့် မြင်နိုင် အာရုံ ပြုနိုင်သည်ကို ဆိုလိုပါသည်။ (စာမျက်နှာ ၁၃၄-၅)
မျက်နှာ ၂၂၃-၌လည်း ထိုအချက်တို့နှင့်စပ်လျဉ်းသည့် စကားများ ရှုပါ။
၁၇။ (မေး) “အညေ ခန္ဓာ အညံ နိဗ္ဗာနန္တိ နဟေဝံ ဝတ္တဗ္ဗေ” ဟူသော စကားဖြင့် ခန္ဓာတခြား နိဗ္ဗာန် တခြား မဟုတ်ဟူ၍ ကထာဝတ္ထု၌ ဟောတော်မူခဲ့သည့် အရာဝယ် ခန္ဓ၁တခြား နိဗ္ဗာန်တခြား မဟုတ်ခဲ့လျှင် ခန္ဓာသည်ပင် နိဗ္ဗာန် နိဗ္ဗာန်သည်ပင် ခန္ဓာဟူ၍ မှတ်ရမည်လော။
၁၇။ (ဖြေ) “ခန္ဓာကို စွဲ၍ နိဗ္ဗာန်ဖြစ်သောကြောင့် ခန္ဓာနှင့် နိဗ္ဗာန် တခြားစီ မဟုတ်ပါ” (၁ဂ-မေးခွန်းတွင် ဆရာတော်ဘုရားကြီး၏ အာဘော်အရ “ရေလာမြောင်းပေး” အဖြေပါပြီး ဖြစ်သည်ကို ယူ၍ပြလိုက်ပါသည်)
ရဟန္တာပုဂ္ဂိုလ်၏ စုတိခန္ဓာလည်း တခြား၊ ထိုစုတိပြီးနောက် ထိုရဟန္တာ ပုဂ္ဂိုလ်ရောက်ရာ အရပ်တပါး အခြားအလွတ် သက်သက်၌ တည်နေနှင့်သော နိဗ္ဗာန်လည်း တပါးဟု မမှတ်ယူသင့်ပါ။ ထိုအနက် မျိုးကို ရည်ရွယ်၍ အညေ ခန္ဓာ” စသည်ဖြင့် ကထာဝတ္ထုတွင် ဟောတော်မူခြင်း ဖြစ်ပါသည်။ စင်စစ်ကား ရဟန္တာတို့၏ စုတိအခြားမဲ့၌ ယင်း နိဗ္ဗာန်၏လည်း တစပ်တည်းကဲ့သို့ ဖြစ်ပေါ်လာ ပါတော့သည်။ (စာမျက်နှာ ၁၈၆-မှ စကားရပ်ကို အတန်ငယ် ချုံ့၍ ပြလိုက်ပါသည်)
မဟာနိဒ္ဒေသ ပါဠိတော်၌ ခန္ဓာတို့၏ ကောဋ္ဌိအန္တကို နိဗ္ဗာန်ဆိုသည့်စကား, “အညေ ခန္ဓာ အညံ နိဗ္ဗာနန္တိ နဟေဝံ ဝတ္တဗ္ဗေ”ဟူသော ကထာဝတ္ထုပါဠိတော်၌ ခန္ဓာတခြား နိဗ္ဗာန်တခြား မဆိုရ ဟူသော စကား, ဝိသုဒ္ဓိမဂ် မဟာဋီကာ၌ “နိဗ္ဗာနမ္ပိ ခန္ဓပဋိဗဒ္ဓမေဝ” ဟူသော စကားတို့သည် အဓိပ္ပါယတ္ထ အားဖြင့် တသားတည်း ထပ်တူထပ်မျှ သာတည်းဟု သိကြရပါမည်။ (မျက်နှာ-၁၁၄)
၁၈။ (မေး)
ခန္ဓာကို စွဲ၍ နိဗ္ဗာန်ဖြစ်သောကြောင့် ခန္ဓာနှင့် နိဗ္ဗာန်တခြား မဟုတ် ဆိုသည်ဟု ယူခဲ့သော် အဘယ်ပုဂ္ဂိုလ်၏ ခန္ဓာကို စွဲ၍ အဘယ်ပုံစွဲ၍ ဖြစ်ပါသနည်း။
၁၈။ (ဖြေ)
နိဗ္ဗာန်ဟူသည် အလွတ်သက်သက် ဖြစ်လိုရာ၌ ဖြစ်နေသည့် တရားမျိုး မဟုတ်ပါ။ ပရိနိဗ္ဗန္တ ရဟန္တာပုဂ္ဂိုလ်တို့ ကိုယ်ခန္ဓာကို စွဲ၍သာလျှင် ထိုခန္ဓာ ကွယ်သည့်အခါ ဖြစ်ပေါ်လာသော တရားထူးဝိသေသ ဖြစ်ပါသည်။ (မျက်နှာ-၇၃)
နိဗ္ဗာန်ဟူသည် ပရိနိဗ္ဗန္တ ပုဂ္ဂိုလ်ခန္ဓာကိုယ်ကို လွှတ်၍ အလွတ်သက်သက် ဖြစ်လာသော မည်သည် မရှိပါ။ ပရိနိဗ္ဗန္တ ပုဂ္ဂိုလ်ခန္ဓာနှင့်စပ်သဖြင့်သာ ဖြစ် ပေါ်လာပါသည်။ (မျက်နှာ-၁၀၃)
နိဗ္ဗာန်သည် ခန္ဓာ၌ပင် ဖြစ်သည်၊ ခန္ဓာနှင့်စပ်၍ နေသည် ဟူရာ၌လည်း ခန္ဓာနှင့် မုချမစပ်၊ ခန္ဓာ ငြိမ်းခြင်းနှင့်သာ မုချစပ်ပါသည်။ ခန္ဓာမငြိမ်း မပျောက်လျှင် နိဗ္ဗာန်မပေါ် မရောက်လာပါ။ (မျက်နှာ-၁၆၆၊ ယင်း စကားပါမှ ယင်း အမေး၏ အဖြေပို၍ ပြည့်စုံမည် ဖြစ်သောကြောင့် ထည့်၍ ပြလိုက် ပါသည်)
၁၉။ (မေး)
“ဣမသ္မိံ ယေ၀ ကဠေဝရ ဗျာမမတ္တေ' သဝိညာဏကေ သမနကေ လောကဉ္စေဝ ပညပေမိ လောကသမုဒယဉ္စေဝ လောကနိရောဓဉ္စ လောကနိရောဓဂါမိနိပဠိပဒဉ္စ” ဟူသော သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် စသည်တို့၌ ဤကိုယ်၌ပင် လောက၏ချုပ်ရာ နိရောဓဟူသော နိဗ္ဗာန်ကို ငါ ပညတ်တော်မူသည် ဟူသော စကားတော်၏ အဓိပ္ပါယ်ကို အဘယ်သို့ နေရာတကျ သိမှတ်ရ ပါအံ့နည်း။
၁၉။ (ဖြေ)
(ဤသဂါထာဝဂ္ဂ သံယုတ်ပါဠိတော်၊ စတုကင်္ဂုတ္တရ ပါဠိတော် များအရ) နိဗ္ဗာန်ဟူသော လောကနိရောဓ ဟူသည် ပရိနိဗ္ဗန္တပုဂ္ဂိုလ်၏ ခန္ဓာဟူသော လောကကို လွှတ်၍ အလွတ် သက်သက် အခြားတပါး၌ ရှိတော့သည် မဟုတ်ပါ၊ ဤပရိနိဗ္ဗန္တ ပုဂ္ဂိုလ်၏ ခန္ဓာဟူသော “ကဠေဝရ ၌ပင်လျှင် အသက်ဝိညာဉ် ရှိတုန်း အခါ၌ပင်လျှင် ထိုပရိနိဗ္ဗုတပုဂ္ဂိုလ် ခန္ဓာငါးပါး ဟူသော လောက၏ ချုပ်ခြင်း ကို (ဝါ- လောက၏ ချုပ်ရာနိဗ္ဗာန် ဟူသော နိရောဓသစ္စာကို) ငါဟောတော်မူသည် ဟု သဗ္ဗညု ဘုရား မိန့်ကြားတော်မူခြင်း ဖြစ်ပါသည်။ (မျက်နှာ-၅၃)
ဤ၌ “သမနကေ သဝိညာဏကေ” ဆိုသော်လည်း အသက်ဝိညာဉ် ဟူသည် ထင်ရှားရှိမှသာ အသက်ဝိညာဉ်၏ ချုပ်ခြင်း နိရောဓ ဟူသော စကားဖြစ်နိုင်သည်ကိုသာ ရည်၍ ဆိုပါသည်။ အသက်ဝိညာဉ် ရှိတုန်းကို နိဗ္ဗာန်ဟူသော လောက နိရောဓ ပေါ်လာသည် ဆိုလိုသည် မဟုတ်ပါ။ စင်စစ်မူကား ရဟန္တာပုဂ္ဂိုလ် အသက်ဝိညာဉ်ပျောက်မှ အနုပါဒိသေသ နိဗ္ဗာန်ရတနာ ဖြစ်ပေါ် လာသည် မှတ်ပါ။ (စာမျက်နှာ-၅၃)
(ဤပါဠိတော်၏ အဓိပ္ပါယ်ကို မျက်နှာ ၁၃၂-စသည်တို့၌လည်း အလားတူ ပြဆိုထားသည်)
၂၀။ (မေး)
နိဗ္ဗာန်သို့ ရောက်သွားသော သူသည် လူ နတ် ဟူသောပညတ်၊ မင်း ပုဏ္ဏား စသော ပညတ်၊ ရူပိ အရူပိ - စသောပညတ် အစရှိသော ၁၀-ပါးသော ပညတ္တိပထအရာကို လွန်၍နေသည်ဟု စူဠနိဒ္ဒေသ ပါဠိတော် စသည်တို့၌ လာသော စကားတော်ကို အဘယ်ကိုရည်၍ ဟောတော်မူသနည်း။
- (က) အလုံးစုံ ဘယ်ဟာတခု အကြွင်းအကျန်မရှိ ပျက်စီးပြတ်တောက်၍ သွားသည်ကို ရည်တော်မူ၍ ဆိုသလော။
- (ခ) ပညတ်အရာကိုသာ လွန်၍နေသည်၊ အလုံးစုံ ဥစ္ဆိန္န ဖြစ်သည် မဟုတ် ဟူ၍ ဆိုသလော။
- (ဂ) ဥစ္ဆိန္နအဘာဝဖြစ်လျှင် ပညတ္တိပထအရာကို လွန်၍ နေသည် ဟူ၍ ဆိုစရာမကောင်းပြီ မဟုတ်ပါလော။
- (ဃ) ယင်းသို့ ဥစ္ဆိန္နအဘာဝမဟုတ်၊ ဘာဝဖြစ်ခဲ့သော် ထိုပရိနိဗ္ဗုတပုဂ္ဂိုလ်တို့ ထိုနိဗ္ဗာန်၌ ပရမတ် ဖြစ်၍ နေသလော၊ ပညတ်ဖြစ်၍ နေသလော၊ ပရမတ် ပညတ်တို့မှ အလွတ်လော၊ အသင်္ခတလော၊ သင်္ခတလော၊ ယင်းနှစ်ပါးတို့မှ အလွတ်လော။
သင်္ခတ အသင်္ခတ တရားနှစ်ပါးတို့မှ အလွတ် တစုံတခု အစွန်းအစ တရားမရှိပြီဟု ကထာဝတ္ထု ပါဠိတော်၌ ဆိုသည် မဟုတ်ပါလော။
ယင်းသို့ဖြစ်၍ အသင်္ခတသို့ သွင်းမည် ဆိုခဲ့သော်” “ဒွေေအသင်္ခတာနီတိ နဟေဝံ ဝတ္တဗ္ဗေ” ၎င်း ကထာဝတ္ထုပါဠိတော်နှင့် အသင်္ခတဓာတ် နှစ်ရပ်မရှိ ဆိုသောကြောင့် နိဗ္ဗာန်ဟူသော အသင်္ခတဓာတ် သို့ သွင်းမည်လော၊ မသွင်းမည်လော။
၂၀။ (ဖြေ)
မဟုတ်ပါ။
- (က) “ပညာပေတုံ ဂတိ နတ္ထိ” စသည်ဖြင့် ဟောတော်မူသည့် ဥဒါန်းပါဠိတော် (၁၉၃) လာ စကားသည် ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၏ ရောက်ရာ နိဗ္ဗာန်အရပ်သည် လူဖြစ်၍နေရာ၊ နတ်ဖြစ်၍နေရာဟု ပညတ်စရာ မရှိသည်ကို ဆိုသဖြင့် ပရိနိဗ္ဗုတ အရှင်တို့၏ ပညတ်မျိုးမှ လွတ်၍ နေသည်ကို ညွှန်းပြအပ်ပါသည်။ (မျက်နှာ ၁၁၀ - လာ စကားကို ချုံ့၍ပြလိုက်ပါသည်)
တဖန် ဤပါဠိတော်ဖြင့် နိဗ္ဗာန်ရောက်သူကို ပျောက်သွား ပြတ်သွားကြလေ တော့သည်ဟု ဆိုလိုသည် မဟုတ်ပါ။ (၎င်း ၁၁၀-လာ စကားကို ချုံ့ထားသည်။ ၎င်း၌ အကျယ်ရှုပါ။) (နေရာများစွာတို့၌ ဤအချက်ကို ထပ်ကာထပ်ကာ ပြတော်မူသည်။ ၄ဝ-၁ - စသည်တို့ကစ၍ ရှုပါ)
- (ခ) ဆိုလိုပါသည်။ (၇-မှတ် အမေးအဖြေ ပြန်ကြည့်ပါ။ ဂ-မှတ်အမေး၏ အဖြေလည်း ပြန်ကြည့်ပါ။)
အလုံးစုံ ဘယ်ဟာတခုမျှ မဖြစ်ခဲ့လျှင် အဘာဝသာ ဧကန်ဖြစ်တော့မည်။ (မျက်နှာ-၄ဝ)
အဘာဝမဟုတ်၊ ဘာဝသာဖြစ်သင့်သဖြင့် ယင်းနိဗ္ဗာန် ရောက်သွားကြသော ပရိနိဗ္ဗုတပုဂ္ဂိုလ်ကို အလုံးစုံပြတ်တောက် ဥစ္ဆိန္နအဖြစ်သို့ မရောက်မသွား၊ မိမိတို့ ရောက်ရာ နိဗ္ဗုတာ၌ပင် မအိုမသေ အမြဲတည်စံနေကြရပါသည်။ (မျက်နှာ-၇၆)
- (ဂ) ဥစ္ဆိန္နအဘာဝဖြစ်လျှင် ပညတ္တိပထ အရာကိုလွန်၍ နေသည်ဟူ၍မျှ ဆိုစရာ မကောင်းပါပြီ။ (ဆရာတော်ကြီး၏ အာဘော်)
- (ဃ) ပရမတ် ပညတ်တို့မှ အလွတ်ဖြစ်ပါသည်။ (၉-မှတ် အဖြေ ၁၀-မှတ် အဖြေတို့တွင် အပြည့်အစုံ ပါပြီးဖြစ်ပါသည်)
သင်္ခတပင်ဖြစ်သော်လည်း သင်္ခတ ဟု သိကြောင်း မှတ်ကြောင်း လက္ခဏာ မထင်သောကြောင့် အသင်္ခတ ဟု ခေါ်ပါသည်။ (မျက်နှာ ၉၉-စသည်)
ဒါန သီလ ဘာဝနာ အကြောင်းတရားတို့ ပြုစီရင်အပ်သည် ဆိုစရာရှိပါလျက် ယင်းပြုပြင်အပ်သည့် သင်္ခတလက္ခဏာ မပေါ် သင်္ခတစော်မနံ သင်္ခတပုံဟန်နှင့် အလွန်ကွာဝေး၍ နေသဖြင့် အသင်္ခတ ဟု ခေါ်ပါသည်။ (မျက်နှာ-၁၁၀)
(၄-မှတ်မေးခွန်း၏အဖြေကိုလည်း ပြန်ကြည့်ပါ)
အကြောင်းဝေး အကြောင်းနီးတို့သည် ပြုပြင်စီရင် အပ်သော်လည်း ပြုပြင် စီရင်အပ်ပုံ သင်္ခတမှ ကင်းသောကြောင့် အသင်္ခတဟု ခေါ်ပါသည်။
အကြောင်းပစ္စည်းတရားတို့ ဥပါဒ်ဒြဗ် ပေါ်လာအောင် မပြုပြင်နိုင်၍သာ အသင်္ခတ ဆိုသည်။ အဘယ်သဘောအစု ဖြစ်ပွားအောင် မပြုပြင်အပ်သောကြောင့် အသင်္ခတ ဆိုသည်မဟုတ်။
နိဗ္ဗာန်မှာ ထိုထိုသူတို့ ပြုအပ်သော အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာရင်း မှန်သော်လည်း ယင်းသို့ ဖြစ်ပေါ်လာပုံ၌ အလွန် သိမ်မွေ့နက်နဲရကား ထိုအကြောင်းတရား တို့ကြောင့် ဖြစ်ပေါ်လာပုံ သင်္ခတနိမိတ် မပေါ်မထင်သဖြင့် ထိုနိဗ္ဗာန်ကို သင်္ခတဟု မဆိုသင့် မဆိုထိုက်ပါ (မျက်နှာ-၂၄၁)
အချုပ်အားဖြင့် ဆရာတော်ကြီးက ထူးခြားစွာ အသင်္ခတ ယူပုံကို အောက်ပါအတိုင်း ၄-မျိုး ပြဆို တော်မူလေသည်။
- ယင်း နိဗ္ဗာန်တရားကို ဒါန သီလ ဘာဝနာ စသော အကြောင်းတရားတို့သည် ပြုပြင်အပ် သော်လည်း ဥပါဒ်ဒြဗ် ပေါ်အောင် မပြုနိုင်သောကြောင့် ပြုပြင်အပ်သည်ဟု မုချမဆိုထိုက်သည်ဖြစ်၍ အသင်္ခတ ဆိုရသည် ဟူသော အချက် -
- အကြောင်းတရားတို့ ပြုပြင်အပ်ရင်းပင် မှန်သော်လည်း ဥပါဒ်ဒြပ် ပေါ်အောင် မပြုနိုင်သောကြောင့် ပြုပြင်အပ်သည်ဟု မုချ မဆိုထိုက်သည်ဖြစ်၍ အသင်္ခတ ဆိုရသည် ဟူသောအချက် -
- သင်္ခတအကြောင်းတရားတို့ ပြုပြင်အပ်ရင်း ဖြစ်သော်လည်း ယင်း ပြုပြင်အပ်ပုံ သင်္ခတလက္ခဏာ မထင်၊ အကြောင်းပုံနှင့် အကျိုးပုံ အလွန်ကွာလှမ်း၍ နေသောကြောင့် သင်္ခတ မဆိုထိုက်သည်ဖြစ်၍ အသင်္ခတ အမည်ရသည်ဟူသောအချက် -
- ဥပါဒ်ပေါ်အောင် မဖြစ်သော်လည်း ငြိမ်းဧခြင်း သဘောအားဖြင့် ထင်ရှား ပေါ်လာအောင် ပြုပြင် အပ်သည့်အဖြစ်၊ သဘောအားဖြင့် ထင်ရှားပေါ်လာအောင် ပြုပြင်အပ်သော်လည်း ဥပါဒ်ပေါ်အောင် မပြုနိုင်သည့်အဖြစ်ကြောင့် ( န သင်္ခတမ္ပိ သင်္ခတံ သင်္ခတမ္ပိ နသင်္ခတန္တိ အသင်္ခတံ - ဟူသည်နှင့်အညီ) အသင်္ခတ မည်သည်ဟူသောအချက် - (မျက်နှာ-၃၃၈)
ဆရာတော်ကြီး၏ ထူးခြားသော ယူဆပုံများကို သိသာရန် အတော်ကလေး စုံလင်အောင် ထုတ်ပြ လိုက်ပါသည်။
၂၁။ (မေး)
နိဗ္ဗာန်ကို မဂ်ဖိုလ်ကို အာရုံပြုနိုင်သည် ဟု မူလဋီကာ၌လည်း လာသည်။ ရဟန္တာပုဂ္ဂိုလ် စုတိပြီးသည့်နောက်မှ အသင်္ခတဓာတ် နိဗ္ဗာန်သို့ ရောက်နိုင်သည် ဟူ၍ လည်း နေတ္တိပါဠိတော်၌ လာသည်။ ယင်းစကားနှစ်ရပ် အညမညသံသန္ဒန ဖြစ်ရမည်အရေး မခဲလော။
၂၁။ (ဖြေ)
ခဲယဉ်းပါသည်။
မူလဋီကာ၌ “နိဗ္ဗာန်သို့ မရောက်သောသူသည် ယင်း နိဗ္ဗာန်ကို အာရုံမပြုနိုင်” ဟူ၍ မိန့်ဆိုအပ်သော စကားများမှာ ပရိနိဗ္ဗာန် ပြုပြီးသည့်နောက် အသင်္ခတဓာတ်သို့ ရောက်သည်ကို မဆိုလို၊ ပရိနိဗ္ဗာန် မပြုသေးခင် သဥပါဒိသေသ နိဗ္ဗာန်သို့ ရောက်သည်ကို ရည်၍ဆိုသည်ဟု မှတ်သင့်ပါသည်။ အကယ်၍ အနုပါဒိသေသ နိဗ္ဗာန်သို့ ရောက်သည်ကိုပင်ရည်၍ ဆိုသည်ဟု ယူခဲ့သည်ရှိသော် … နေတ္တိပါဠိတော် ဝိသုဒ္ဓိမဂ်ဋီကာ သံယုတ်ပါဠိတော် ဣတိဝုတ်ပါဠိတော် အဋ္ဌကထာ စသည်တို့နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်ပါတော့မည်။ (မျက်နှာ ၂၂၇-က စ၍ ပြသော စကား၏ ဆိုလိုရင်း။ ၎င်း၌ အကျယ်ရှုပါ)
ထို့ပြင် “နိဗ္ဗာန်သို့ ရောက်သည်” ဟူရာ၌ (၁) အာရုံပြုသောအားဖြင့် ရောက်ခြင်း (၂) တည်နေရာ အားဖြင့် ရောက်ခြင်း ဟူ၍ ၂-မျိုး ရှိပါသည် (မျက်နှာ-၂၁၉)
နေတ္တိပါဠိတော်အရ ... ဒုတိယရောက်နည်းကို ယူပါမည်။ ဤသိုယူလျှင် စကား ၂-ရပ် မဆန့်ကျင် နိုင်ပါ။
(၁၃။ ၁၅။ ၁၆။ မေးခွန်းအဖြေများ ပြန်ရှုပါ။ ၂၂။ ၂၃။ မေးခွန်း အဖြေများလည်း လှမ်း ရှုပါ)
၂၂၊ (မေး)
နိဗ္ဗာန်ကို မဂ်ဖိုလ်ကို အာရုံပြုသည် ဟူရာ၌ ရပြီးသောနိဗ္ဗာန်ကို အာရုံပြု သလော၊ ရလတံ့ နိဗ္ဗာန်ကို အာရုံပြုသလော။
၂၂။ (ဖြေ)
နိဗ္ဗာန်ကို အာရုံပြုသည် ဟူရာ၌လည်း သူတပါးတို့ တည်ရောက်၍နေရာ နိဗ္ဗာန်ကို အာရုံပြုသည် မဟုတ်ပါ။ မိမိ မိမိတို့ စုတိပြီးနောက် ရောက်လာလတံ့သော ငြိမ်းခြင်း “ပရိနိဗ္ဗာယန” သဘောကို အာရုံပြုခြင်းပင် ဖြစ်ပါ သည်။ (မျက်နှာ-၂၄၄)
ရဟန္တာ ဖြစ်ပြီးသည်နောက် စုတိကျရောက်သည့်အခါ အသင်္ခတ နိဗ္ဗာန်ရတနာ ပေါ်လာလတံ့ သည်ကို ထိုမဂ်တို့က အာရုံပြုပါသည်။ ( မျက်နှာ ၁၄၃-လာ စကားကို အကျဉ်းချုပ်ထားပါသည်။) (ဤကျမ်း ၁၆၄-၌လည်း အလားတူ ပြဆိုချက် ပါသည်။ ၁၃-အမှတ် ၁၆-အမှတ် မေးခွန်းတို့၏ အဖြေများလည်း ပြန်၍ရှုပါ)
ရလတ္တံ့ နိဗ္ဗာန်ကို လှမ်း၍ အာရုံပြုခြင်း ဖြစ်သည်ဟု အချုပ်အားဖြင့် မှတ်သင့်ပါသည်။
၂၃။ (မေး)
ဒုက္ခနိရောဓ သည် နိဗ္ဗာန်မဟုဘ်၊ ဒုက္ခနိရောဓ၏ အကြောင်း ဖြစ်သော အသင်္ခတဓာတ်ကို ဒုက္ခနိရောဓ ဟု တင်စား၍ ဆိုကြောင်းနှင့် နေတ္တိ အဋ္ဌကထာ စသည် လာသောအတိုင်း ၎င်း အဋ္ဌကထာတို့ အလို နိဗ္ဗာန်ကြောင့် ဒုက္ခချုပ်ရသည်၊ အဓိပ္ပါယ်ထွက်သည်။ “တဏှက္ခယာ ဒုက္ခက္ခယော၊ ဒုက္ခက္ခယာ နိဗ္ဗာနံ” ဟု နတ္ထိ ပါဠိတော်၌ ဒုက္ခကုန်သောကြောင့် နိဗ္ဗာန်ဟူသော ငြိမ်း ခြင်း ဖြစ်သည်ဟူ၍ လာသည်း ၎င်း ပါဠိ အဋ္ဌကထာ တို့သည် အချင်းချင်း တိုက်ဆိုင်ခြင်း (အညမညသံသန္ဒန) ဖြစ်၏လော။
၂၃။ (ဖြေ)
ဖြစ်ပါသည်။
“တဏှက္ခယာ ဒုက္ခက္ခယော၊ ဒုက္ခက္ခယာ နိဗ္ဗာနံ” ဤသို့လာသော နေတ္တိ ပါဠိတော် နှင့်အညီ “ဒုက္ခက္ခယာ နိဗ္ဗာနံ” အရ ဒုက္ခကုန်မှ နိဗ္ဗာန်ဖြစ်လာသည် ဟု သိကြကုန်။ “ဒုက္ခနိရောဓဿ ပစ္စယတ္တာ ဒုက္ခနိရောဓော” ဟူသော ယခင် နေတ္တိ အဋ္ဌကထာပါဌ်အရ နိဗ္ဗာန်ကြောင့် ဒုက္ခ ကုန်ရသည် - ဟူသော အနက် “ဒုက္ခက္ခယာ နိဗ္ဗာနံ” ဟူသော ဤ နေတ္တိပါဠိတော်အရ ဒုက္ခကုန် သောကြောင့် နိဗ္ဗာန်ဖြစ်ပေါ် လာရသည် ဟူသောအနက်အားဖြင့် ပါဠိအဋ္ဌကထာ ဆန့်ကျင် သကဲ့သို့သော အရာများကိုလည်း စင်စစ် ဆန့်ကျင်သည်ဟု မမှတ်ဘဲလျက် နိဗ္ဗာန် ပေါ်လာလို သောကြောင့် နိဗ္ဗာန်၏ ဆန့်ကျင်ဘက် နာမ်ရုပ် ဒုက္ခဟူသမျှ ထွက်ပြေးနှင့်ရသည်၊ ဒုက္ခဟူသမျှ ထွက်ပြေးရသောကြောင့် ဒုက္ခငြိမ်းခြင်း နိဗ္ဗာန်ဖြစ်သည်။ ... ပေ ... ပါဠိအဋ္ဌကထာ အပြန်အလှန် အညမည သံသန္ဒန သာတည်း - ဟု မှတ်ကြကုန်။ (မျက်နှာ-၁၇၂)
(အမေး၏ နောက်စကား တခြမ်းအတွက် ၂၄-မှတ် အမေးတွင် အဖြေပါပြီး ဖြစ်သည်ကိုလည်း သတိပြုပါ)
၂၄။ (မေး)
နိဗ္ဗာန်ဟူသော အသင်္ခတဓာတ်သည် ပရိနိဗ္ဗာန် ပြုကြသူတို့၏ ခန္ဓာကုန်မှ ပေါ်လာ ဖြစ်လာကြောင်းနှင့် “အနုပါဒိသေသာ သမ္ပရာယိကာ” “သမ္ပရာယိကာတိ ခန္ဓဘေဒတော ပရဘာဂေ ဘဝါ” ဟူ၍ ဣတိဝုတ် ပါဠိတော် အဋ္ဌကထာတို့၌ လာသည့်အတိုင်း နိဗ္ဗာန်ဟူသည် ပရိနိဗ္ဗန္တ ပုဂ္ဂိုလ် ခန္ဓာပျက်မှ ဖြစ်ပေါ် လာသည် မဟုတ်လော။
၂၄။ (ဖြေ)
ဟုတ်ပါသည်။
အမေးတွင် အဖြေပါပြီး ဖြစ်ပါသည်၊ ဤ အမေး၏ အဖြေအတွက် ဤ ကျမ်းတွင် နေရာပေါင်း များစွာ တို့၌လည်း ဖော်ပြထားသည်။ (မျက်နှာ-၄၇။ ၅၄။ ၇၅။ ၁၁၁။ ၁၂၃။ ၁၄၁။ ၁၈၄။ ၂ဝ၂-စသည်တို့၌ ရှုပါ)
ဣတိဝုတ် အဋ္ဌကထာများကို ထောက်သဖြင့် အသင်္ခတဓာတ် အနုပါဒိသေသ ဟူသည် ရဟန္တာပုဂ္ဂိုလ် ခန္ဓာတော် ကွယ်ပြီး နောက်မှ ဖြစ်ပေါ်လာသည်။ (မျက်နှာ-၅၅)
အချုပ်အားဖြင့် သိန္ဓောမြင်း ဖွားချိန်တန်၍ ဖွားကာနီး၌ ယင်း သိန္ဓောမြင်းကို လွယ်၍ နေရသော မြည်းမ စုတေရသကဲ့သို့၊ နိဗ္ဗာန်ရတနာ ဖြစ်ပေါ်လာကာနီး၌ ယင်း နိဗ္ဗာန်ရောက်လာမည့်သူ၏ ခန္ဓာ ငါးပါး ကွယ်ပျောက်ရပါသည်” ဟု ဥပမာပြကာ အကျယ် ဖြေရှင်းတော်မူလေသည်၊ (မျက်နှာ ၁၁ဂ-က စ၍ ရှုပါ)
၂၅။ (မေး)
ယင်းသို့ ပရိနိဗ္ဗန္တပုဂ္ဂိုလ် မပေါ်လာမီကပင် ထိုပုဂ္ဂိုလ် စံဝင်စရာ အစဉ်ထာဝရ ကမ္ဘာ ကမ္ဘေ ဖြစ်၍ နေနှင့်သော နိဗ္ဗာန်ဟူသည် ရှိပါသေးသလော။
၂၅။ (ဖြေ)
မရှိပါ။
(ယင်းသို့ မရှိပုံကို နောက်က အဖြေများ၌လည်း ပါခဲ့လှပြီ၊ ထို့ပြင် ဤကျမ်း မျက်နှာ-၄၁။ ၄၆။ ၄၇။ ၅၂။ ၇၄။ ၁၉၄။ ၂၃၇။ ၂၄၃ - စသည်တို့၌ ရှုပါ)
ဤကား ဆရာတော်ဘုရားကြီး၏ ယူဆချက်အတိုင်း “မရှိပါ” ဟု ဖြေခဲ့ခြင်း ဖြစ်ပေသည်။
စင်စစ်ကား ဤမေးခွန်းကို မေးခြင်းသည် “မရှိပါ” ဟု ဖြေစေလို၍ မေးခြင်း မဟုတ်ပေ။ “ရှိသည်”ဟု မှားယွင်း ယူဆသူတို့ များပြားသောကြောင့် ထို အမှားဖြေချက်ကို ကိုင်ကာ ထို ယူဆဖြေဆိုချက်၏ “အပြစ်”ကို ပြလိုသောကြောင့် မေးခြင်းသာ ဖြစ်သည်။ ထိုကြောင့် နောက် မေးခွန်း (အမှတ်-၂၆) ၌ “ယင်းသို့ ရှိသည်ဆိုခဲ့သော်” ဟု “အမှား”ကို “ကိုင်”၍ ထပ်ဆင့်မေးခွန်း အဖြစ် အပြစ်ပြထားလေသည်။
၂၆။ (မေး)
ယင်းသို့ရှိသည် ဆိုခဲ့သော် ထိုနိဗ္ဗာန်သည် စာဖြူ ယေရှု ခရစ် ဆရာတို့ မဟုတ်မမှန် မိစ္ဆာဝါဒ ပြောဆိုကြသော လောကကို ဖန်ဆင်းတတ်သော ထာဝရဘုရား ဟူသကဲ့သို့ အကြောင်း လုံးလုံးကင်း၍ လျောက်လျားဘာသာ ရှိနေသည်ဟု ဆိုရာ မရောက်လော။
၂၆။ (ဖြေ)
ဆိုရာ ရောက်ပါသည်။
(ယင်းသို့ နိဗ္ဗာန်သည် အကြောင်းကင်း၍ အမြဲ ဖြစ်နေကြောင်းကိုမူ မျက်နှာ ၇၆။ ၁၂ဂ။ ၁၉၄။ ၂၃၆။ ၂၄၃-စသည်တို့၌ ရှုပါ၊ အမေးအမှတ် ၆ - စသည်တို့၏ အဖြေများလည်း ပြန်ရှုပါ)
၂၇။ (မေး)
ယင်းသို့ဖြစ်ခဲ့သော် ၎င်းစကားသည် အဘူတံ - ဟူသော ဥဒါန်း ပါဠိတော်၌ “န ကာရဏေန ဝိနာ သယမေဝ ဘူတန္တိ အဘူတံ”ဟူသောပါဌ်ဖြင့် အကြောင်းကင်း၍ ဖြစ်သည် မဟုတ်သော နိဗ္ဗာန်ဟု အနက်ပေးရမည်။ ၎င်းဥဒါန်း အဋ္ဌကထာ ဖွင့်ဆိုသည့် စကားနှင့် ဝိရုဒ္ဓ မဖြစ်ပြီလော။
၂၇။ (ဖြေ)
ဝိရုဒ္ဓဖြစ်ပါသည်။
အကြောင်းတရားတို့သည် ကောင်းစွာရောက်၍ မပြုနိုင်သောကြောင့်သာ အသင်္ခတ ဆိုပါသည်။ အဝေးကြီးကနေ၍ ထောက်ပံ့သော အကြောင်းတရား အရင်းနှင့်မူကား ယင်းနိဗ္ဗာန် ကင်း၍ မဖြစ်ပါ၊ ဤသို့သော အရာကိုပင် ရည်တော်မူ၍ “ကာရဏေန ဝိနာ သယမေဝ နဘူတန္တိ အဘူတံ” ဟု ဥဒါန်း အဋ္ဌကထာ၌ မိန့်တော်မူအပ်ပါသည်။ (စာမျက်နှာ-၇၁)
(အဘူတံ၏ အဓိပ္ပါယ် ရှင်းလင်းချက်ကို ၇၆။ ၂၃၇။ - နှင့် ၃၃၇-စသည် တို့၌ရှုပါ။ ၂၆-မှတ် မေးခွန်း၏ အဖြေပါ အညွှန်းဂဏန်း များ၌လည်း ရှုပါ။ အမေး၌ အဖြေတစိတ် ပါပြီးဖြစ်၍ နေသည်ကိုလည်း သတိပြုပါ)
၂၈။ (မေး)
၎င်း ဥဒါန်းပါဠိတော်၌ အဇာတံ - ဟူသော ပုဒ်အရ “မဖြစ်သော နိဗ္ဗာန်”ဟူရာ၌ ဥပါဒ် အားဖြင့် မဖြစ်သည်ကို ရည်၍ “အဇာတံ” ဆိုကြောင်းနှင့် နေတ္တိအဋ္ဌကထာ ဖွင့်ဆိုသည့်အတိုင်း ဥပါဒ်အားဖြင့်မဖြစ်ဆိုခဲ့သော် လုံးလုံး မဖြစ်သော အချည်းနှီးကို ဆိုသလော။
၂၈။ (ဖြေ)
လုံးလုံးမဖြစ်သော အချည်းနှီး (အဘာဝ တုစ္ဆ) မျှကို မဆိုလိုပါ။ ဥပါဒ်ဒြဗ် ပေါ်အောင် မဖြစ်လာသော်လည်း ငြိမ်းခြင်း သဘောဟူ၍ ပရမတ္ထ အားဖြင့် ထင်ရှားဧကန် ပေါ်လာသည်သာ မှတ်အပ်ပါသည်။ (မျက်နှာ ၇၁)
အဘယ်ဟာတခုမျှ မဖြစ်သည်ကို ဆိုခဲ့လျှင် ယင်းနိဗ္ဗာန်သည် အဘယ်ဟာ တခုမျှမဟုတ် အဘာဝ ဖြစ်ခဲ့ရာ၏၊ ယင်းသို့ဖြစ်ကလည်း “အတ္ထိ ဘိက္ခဝေ အဇာတံ” စသော ဥဒါန်း ပါဠိတော် “ အနုပါဒိသေသာ သမ္ပရာယိကာ” “ သမ္ပရာယိကာတိ သမ္ပရာယေ ခန္ဓဘေဒတော ပရဘာဂေ ဘဝါ” ဤသို့ လာသော ဣတိဝုတ် ပါဠိတော် အဋ္ဌကထာ စသည်တို့နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်ရာ ပါသည်။ (မျက်နှာ-၂၀၂)
ဥပါဒ်အားဖြင့် ရုန့်ကြမ်းစွာ မဖြစ်သော်လည်း အလွန်နူးညံ့ သိမ်မွေ့စွာ ဂမ္ဘီရ သဘောအားဖြင့် ဖြစ်၍ လာပါသည်။ (မျက်နှာ-၃၉)
အခြားပရမတ္ထ တရားများကဲ့သို့ အခါခါ ဖြစ်ချည် ပျက်ချည်မနေ၊ တခါတရံ ခွင့်ကြီးသာမှ တခါတည်းသာ ဖြစ်လာတတ်သောကြောင့် အဇာတ - ဟု ဆိုရပါသည်။ (စာမျက်နှာ-၃၃၆)
(အကျယ်ရှင်းလင်းချက်များကို ၁၉။ ၅၁။ ၂၃၈။ ဟောင်း ၃၁၂ - စသည်တို့၌ ရှုပါ။ အမေးနံပါတ် ၄-၏အဖြေ၌လည်း ပြန်ရှုပါ)
၂၉။ (မေး)
ဥပါဒ်အခြင်းအရာ အားဖြင့်သာ မဖြစ်သည်၊ တစုံတရာ နက်နဲသော သဘောအခြင်းအရာ အားဖြင့်ကား ဖြစ်သေး၏ ဟု ဆိုလို သလော။
၂၉။ (ဖြေ)
ဆိုလိုပါသည်။
(၂၈ - အမေး၏အဖြေနှင့် အညွှန်းများ အတိုင်းပင် ဖြစ်သည်။ အမေးမှာပင် အဖြေတစိတ် ပါပြီး ဖြစ်၍လည်း နေသည်)
၃၀။ (မေး)
တစုံတခု အခြင်းအရာအားဖြင့် ဖြစ်သောဟူသည် မရှိဆိုခဲ့သော် ယင်းနိဗ္ဗာန်သည် အဘာဝ တုစ္ဆပင် မဟုတ်ပါလော။
၃၀။ (ဖြေ)
ထိုသို့ဖြစ်လျှင် အဘာဝတုစ္ဆပင် ဖြစ်ရပါတော့မည်၊ (အဘာဝတုစ္ဆ မဟုတ်ကြောင်းကို နောက်ကလည်း ပြခဲ့လှပြီ၊ အထူးသဖြင့် ၂၆။ ၂၇။ ၂၈ တို့၏ အဖြေနှင့် အညွှန်းများ၌ ကြည့်ပါ၊ မျက်နှာ ၇ဝ။ ၂၄၃။ ၂၇၇ - စသည်တို့၌ လည်း ရှုပါ)
၃၁။ (မေး)
“အတ္ထိ ဘိက္ခဝေ အဇာတံ အဘူတံ”စသည်လာသော ဥဒါန်း ပါဠိတော်အတိုင်း ယင်း နိဗ္ဗာန်ဟူသည် ထင်ရှားရှိရမည် မဟုတ်ပါလော။
၃၁။ (ဖြေ)
ထင်ရှား ရှိရပါမည်။
ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၏ အသီးအသီး တည်နေရာ ယင်း “နိဗ္ဗာယဓာတ်”ဟူသော အသင်္ခတဓာတ် ဟူသည်လည်း ပရမတ္ထအားဖြင့် ထင်ရှားဧကန် ရှိပါသည်။ (မျက်နှာ-၃၆)
(ယင်းအမေး၏ အဖြေသဘော နောက်က အဖြေများ၌လည်း ပါခဲ့လှပြီး ၇။ ၂၅။ ၂၆ ၂၇။ ၂၈ - စသော အမေးတို့၏ အဖြေအညွှန်း များ၌လည်း ရူပါ၊ မျက်နှာ ၃၅။ ၃၉။ ၂၀၆။ ၂၃၈ - စသည် တို့၌လည်း အလွယ်တကူ ကြည့်နိုင်ကြပါသည်)
၃၂။ (မေး)
(ထင်ရှားရှိခြင်း) ဟုတ်သော် တစုံတခု အခြင်းအရာ အားဖြင့် ဖြစ်ခြင်းမရှိဘဲလျက် အဘယ်သို့ ထင်ရှား ရှိပါအံ့နည်း။
၃၂။ (ဖြေ)
သိမ်မွေ့နူးညံ့စွာဖြစ်၍ လာသောကြောင့်သာ ဖြစ်လာသော်လည်း ဖြစ်လာမှန်း မသိရပါ။ (မျက်နှာ-၄၀)
အလွန်နက်နဲသိမ်မွေ့စွာ ဖြစ်လာသော ယင်းနိဗ္ဗာန် သဘောတရားကား ဧကန် ထင်ရှားရှိပါသည်။ (မျက်နှာ-၄ဝ၊ အလားတူ စကားမျိုး၊ ၄၈။ ၂၅၁။ ၂၉၁ - စသည်၌ ရှုပါ)
ဝေနေယျတို့ဉာဏ်ဖြင့် မချင့်မတွက်နိုင်၊ ဉာဏ်မမှီနိုင်၊ အလွန်နက်နဲသော အခြင်းအရာဖြစ်၍ နေသည် ဟုသာ မှတ်သင့်ပါသည်။ (မျက်နှာ-၂၇၈၊ ထို့ပြင် ၂၈၂-၌လည်း ဤအဓိပ္ပါယ် ရှုပါ)
(၂၆။ ၂၇။ ၂၈။ အမှတ်ပါ အမေးတို့၏ အဖြေများနှင့် အညွှန်းများလည်း ပြန်ကြည့်ပါ)
၃၃။ (မေး)
ယင်းသို့ ထင်ရှားရှိသည် ဆိုခဲ့သော် အဘယ်၌ ရှိသည်ဟု တခုခု နေရာချထားနိုင်မှ ရှိရာရောက်ရမည် မဟုတ်လော။
၃၃။ (ဖြေ)
ဟုတ်ပါသည်။
အချုပ်အားဖြင့် နိဗ္ဗာန်ဟု ဆိုအပ်သော ငြိမ်းဧခြင်းသဘောသည် ငြိမ်းသည့်သူ ပရိနိဗ္ဗုတအရှင် တို့၌ပင် တည်နေသည် ဟု မှတ်ယူ သင့်ပါသည်။ (စာမျက်နှာ-၃၅ လာ စကား၏ ဆိုလိုရင်း စကား)
ပရိနိဗ္ဗာန်ပြုကြသူတို့၏ ပရိနိဗ္ဗာန် စံယူကြရာ နေရာအရပ် ဆယ်မျက်နှာ၌ပင် ထိုထို ပရိနိဗ္ဗုတ ပုဂ္ဂလ၏ တည်ရာဖြစ်၍ ထင်ရှားတည်ရှိသည် ဟု (မူလပဏ္ဏာသ အဋ္ဌကထ၁ ဝိသုဒ္ဓိမဂ် မဟာဋီကာ စသော သာဓကတို့ဖြင့် ပြခဲ့သည့်အတိုင်း) ယုံကြည်သင့်လှတော့၏။ (မျက်နှာ-၁၄၂)
(ယင်း အချက်နှင့်စပ်လျဉ်းသည့် ရှင်းလင်းချက်များကို မျက်နှာ-၃၅။ ၄၇။ ၄၉။ ၅၈။ ၁ဝဂ။ ၁၁၂။ ၁၆၅။ ၂၄၂။ ၂၄၃-စသည်တို့၌လည်း ရှုပါ)
၃၄။ (မေး)
ဟုတ်သော် ယင်း နိဗ္ဗာန်ကို အရပ်အားဖြင့် မညွှန်ကြားအပ်ဟု မိလိန္ဒပဥှာ ဝိသုဒ္ဓိမဂ် မဟာဋီကာ တို့၌လာသော စကားနှင့် သံသန္ဒန ဖြစ်အောင် အသို့ ကြံဆောင်ရပါအံ့နည်း။
၃၄။ (ဖြေ)
မိလိန္ဒပဥှာ အရ နိဗ္ဗာန်ထင်ရှားရှိသည် ဆိုသော်လည်း နိဗ္ဗာန် ရောက်မည့်သူ မပေါ် လာခင် ရှေးဦးတင်၍ ဖြစ်နေနှင့်သော နေရာအရပ် ဟူသည် မရှိပါ၊ ရှေးဦးတင်၍ ထင်ရှားဖြစ် နေနှင့်သည် မဟုတ်ပါ၊ နိဗ္ဗာန်ရောက်မည့်သူ ပေါ်လာမှ ဖြစ်ပေါ်လာသည် ဟူသော အနက်ကို အရှင် နာဂသိန် ပြတော်မူပါသည်။ (မျက်နှာ-၄၆)
နိဗ္ဗာန်ကို အရပ်အားဖြင့် မညွှန်ကြားအပ် ဟူရာဝယ်လည်း ထိုထိုနိဗ္ဗာန်၏ ထိုထို မိမိရောက်ရာ အရပ်၌စွဲ၍ မှီ၍ ကပ်၍ မတည်ခြင်း၊ ထိုထို မိမိရောက်ရာ အရပ်နှင့် မရောမယှက် နေသော ကြောင့်သာ ဆိုခြင်း ဖြစ်ပါသည်၊ ထိုထို အရပ်ဆယ်မျက်နှာတို့၌ မရှိသောကြောင့် ဆိုသည် မဟုတ်ပါ (မျက်နှာ-၃၄၂)
ဤသို့ယူလျှင် မနှီးနှောမိစရာ မရှိပါ။
(၃၇-နှင့် ၃၈-အဖြေများကိုလည်း လှမ်း၍ ရှုပါ)
၃၅။ (မေး)
- (က) ယင်းသည့် နိဗ္ဗာန်ကို အရပ်အားဖြင့် မညွှန်ပြအပ် ဟူ၍လည်း ၎င်းဝိသုဒ္ဓိမဂ် မဟာဋီကာ၌ လာသည်၊
- (ခ) “နိုဗ္ဗာနမ္ပိ ခန္ဓပဋိဗဒ္ဓမေဝ ခန္ဓေဟိ ဝိသယီကတတ္တာတိ ၀ဒန္တိ”ဟု ၎င်း ဋီကာ၌ပင် အာစရိယဝါဒ လာသည်။
- (ဂ) ထိုစကား နှစ်ရပ်တွင် နောက်စကား အလိုအားဖြင့် နိဗ္ဗာန် ဟူသည် နိဗ္ဗာန် ရောက်သူ ခန္ဓာကိုယ် ပေါ်လာမှ ပေါ်လာသည် ဆိုရာရောက်၏။ ၎င်း စကားသည် “ဣမသ္မိံ” ယေဝ ကဠေဝရေ ။ပ။ လောကနိရောဓဉ္စေဝ ပညပေမိ” ဟူသော သံယုတ်ပါဠိတော် စသည်နှင့်အညီပင် မဟုတ်ပါလော။
၃၅။ (ဖြေ)
ဟုတ်ပါပေသည်။
(အမေးမှာပင် “ရေလာမြောင်းပေး” သဘောမျိုးဖြင့် အဖြေ ပါဝင်နေပြီး ဖြစ်ပါသည်)
လောကနိရောဓ ဟုဆိုအပ်သော နိဗ္ဗာန်ကို ထိုနိဗ္ဗာန်ရောက်သူ ပရိနိဗ္ဗန္တပုဂ္ဂိုလ် ခန္ဓာဟူသော လောက၌ပင် ငါပညတ်တော်မူသည် ဟူသော အနက်ကို ပြသဖြင့် ထို ပရိနိဗ္ဗန္တ ပုဂ္ဂိုလ် ဟူကလည်း ဘယ်အရပ်မဆို (အရပ်ဆယ်မျက်နှာ၌ပင်) ဖြစ်သင့်ပါသည် ။
“နိဗ္ဗာနမ္ပိ ခန္ဓပဋိဗဒ္ဓမေဝ၊ ခန္ဓေဟိ ဝိသယိကတ္တာတိ ၀ဒန္တိ”ဟူသော ဝိသုဒ္ဓိမဂ် ဋီကာစကား သည်လည်း (ဆိုအပ်ခဲ့ပြီးသော) ပါဠိတော် အဋ္ဌကထာ တို့နှင့် သင့်လျော်လှသည်သာ ဖြစ်ပါသည်။ (မျက်နှာ-၁၆၆) (မျက်နှာ-၁၃၂။ ၂၂၀-တို့၌လည်း ရှုပါ)
(၃၆-အဖြေကိုလည်း လှမ်း၍ ရှုပါ)
၃၆။ (မေး)
ယင်းသို့ဖြစ်သော် နိဗ္ဗာန်ကို အရပ်အားဖြင့် မညွှန်းပြအပ် ဟူသော စကားသည် နိဗ္ဗာန်၏ ဖြစ်ရာ အရပ်ဒေသဟု အထူးရှိတော့သည် မဟုတ်၊ နိဗ္ဗာန်ရသူ ရောက်သူ၌သာ ရှိသည်ဟု ဆိုသော် မဆိုသင့်လော၊ ဆိုသင့်လော။
၃၆။ (ဖြေ)
ဆိုသင့်ပါသည်။ (အမေး၌ အဖြေပါဝင်ပြီး ဖြစ်သည်)
(ထို့ပြင် အမေးအမှတ် ၁၃။ ၃၃။ ၃၇-စသည်တို့၏ အညွှန်းများကိုလည်း ပြန်ရှုပါ)
နိဗ္ဗာန်သည် ပရိနိဗ္ဗုတပုဂ္ဂိုလ် ရှိရာ၌ပင် ရှိပါသည်။ (စာမျက်နှာ-၄၉)
ရဟန္တာပုဂ္ဂိုလ်တို့ စုတေပြီးသည့်နောက် ရောက်သွားရာ နိဗ္ဗာန်အရပ်ဟူသည် တခြားအလွတ်ဝယ် ရှိတော့သည် မဟုတ်၊ ထိုရဟန္တာ စုတိကျရာဝယ် ဖြစ်ပေါ်လာသော ထိုရဟန္တာ ကိုယ်နှင့် တစပ်တည်း ကဲ့သို့ ဖြစ်၍ တည်ရောက်လာသော အသင်္ခတဓာတ်ကိုပင် ထိုရဟန္တာ ချုပ်ရာ ဆိုသည် ဟူ၍ မှတ်သင့်ပါသည်။ (စာမျက်နှာ-၁၈၄)
မဟာနိဒ္ဒေသ ပါဠိတော်၌ ကောဋိအန္တကို နိဗ္ဗာန်ဆိုသည့်စကား၊ “အည ခန္ဓာ အညံ နိဗ္ဗာနန္တိ နဟေဝံ ဝတ္တဗ္ဗေ” ဟူသော ကထာဝတ္ထုပါဠိတော်၌ “ခန္ဓာက နိဗ္ဗာန်တခြား မဆိုရ”ဟူသောစကား၊ ဝိသုဒ္ဓိမဂ် မဟာဋီကာ၌ “နိဗ္ဗာနမ္ပိ ခန္ဓပဋိဗဒ္ဓမေဝ” ဟူသော စကားတို့သည် အဓိပ္ပါယတ္ထအားဖြင့် တသားတည်း ထပ်တူ ထပ်မျှသာ ဖြစ်ကြပါသည်။ (မျက်နှာ-၁၁၄)။
(မေးခွန်းအမှတ် ၁၇။ ၁ဂ။ ၁၉- တို့၏ အဖြေများနှင့် အညွှန်းများလည်း ပြန်ရှုပါ)
၃၇။ (မေး)
ယင်းသို့ဖြစ်ခဲ့သော် ယင်းနိဗ္ဗာန်ကို မိမိစွဲရာဖြစ်ရာ ခန္ဓာရှင်ကို ထောက်၍ သူ၏နိဗ္ဗာန် ငါ၏နိဗ္ဗာန် ဆိုသော် မဆိုသင့်လော၊ ဆိုသင့်လော။
၃၇။ (ဖြေ)
စိတ် စေတသိက် ရုပ်တို့ကို သူ၏သန္တာန်၌ ဖြစ်သော စိတ် စေတသိက် ရုပ်၊ ငါ၏ သန္တာန်၌ဖြစ်သော စိတ် စေတသိက် ရုပ်ဟု ဆိုအပ်သကဲ့သို့ နိဗ္ဗာန်ကိုလည်း သူ၏ နိဗ္ဗာန်၊ ငါ၏ နိဗ္ဗာန် ဆိုအပ်သည်သာ ဖြစ်ပါသည်။ (စာမျက်နှာ-၂၄ဝ)
(မျက်နှာ ၁၂၆။ ၁၂၇။ ၁၄၈-စသည်တို့၌လည်း ရှုပါ)
၃၈။ (မေး)
ယင်းသို့ဆိုသင့်သော် မဂ်သည် နိဗ္ဗာန်ကို အာရုံပြုသည် ဟူရာ၌ မိမိနိဗ္ဗာန်ကို အာရုံပြုသလော၊ သူတပါးနိဗ္ဗာန်ကို အာရုံပြုသလော။
၃၈။ (ဖြေ)
မဂ်သည် နိဗ္ဗာန်ကိုအာရုံပြုသည် ဟူရာ၌ သူတပါးတို့ ပရိနိဗ္ဗာန် ဟူသော နိဗ္ဗာန်ကို အာရုံပြုသည် မဟုတ်၊ မိမိမှီရာ ပုဂ္ဂိုလ်၌ ရောက်လတံ့သော ပရိနိဗ္ဗာန်ကိုသာ အာရုံပြုပါသည်။
(စာမျက်နှာ-၁၄၃။ ထို့ပြင် စာမျက်နှာ ၂၄၄ - ၌လည်း ရှုပါ)
၃၉။ (မေး)
မိမိနိဗ္ဗာန်ကို အာရုံပြုသည် ဆိုသော ထိုမိမိနိဗ္ဗာန်ကလည်း ပရိနိဗ္ဗာန်စံမည့်သူ စုတိကျပြီး နောက်မှ ပေါ်လာမည်ဖြစ်၍ မပေါ်လာမီက အာရုံပြုနှင့်သလော။
၃၉။ (ဖြေ)
မပေါ်လာမီက အာရုံပြုနှင့်ပါသည်။ (၁၅-အမှတ်။ ၂၀ အမှတ်။ ၂၂-အမှတ် အမေးတို့၏ အဖြေများ၌လည်း ပြန်ရှုပါ)
မဂ်သည် နိဗ္ဗာန်ကို အာရုံပြုသည် ဟူရာ၌ ရဟန္တာဖြစ်၍ စုတိကျရောက်သော အခါ ဖြစ်ပေါ် လာလတံ့သော ငြိမ်းဧခြင်း ကိရိယာ သဘောရှိသော နိဗ္ဗာန်ကို မတွေဝေသောအားဖြင့် သိနှင့်သည်ကို ဆိုလိုပါသည်။ (မျက်နှာ ၁၆၄)
ပရိနိဗ္ဗာန် မပြုသေးမီ နိဗ္ဗာန်သို့ရောက်သည် ဆိုသော အရာဟူသမျှ၌ မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် နိဗ္ဗာန်ကို အာရုံပြုနိုင်သည်ကို ရည်၍ ဆိုခြင်း ဖြစ်ပါသည်။ (မျက်နှာ-၁၈၈)
(မျက်နှာ ၁၃၅။ ၂၂၀-စသည်တို့၌လည်း ထိုသဘောနှင့် စပ်လျဉ်းသည့် အချက်များရှုပါ)
၄၀။ (မေး)
မိမိရလတံ့သော ယခုလက်သို့ ရောက်လုနီးနီး ဥစ္စာရတနာ ကြီးများကို ရခါနီးဆဲဆဲတွင် အာရုံပြုနှင့် သကဲ့သို့ မှတ်ရမည်ဆိုသော် မဆိုသင့်လော၊ ဆိုသင့်လော။
၄၀။ (ဖြေ)
ဆိုသင့်ပါသည်။(နောက်ကပြခဲ့သည့်အဖြေများ အရသဘော အားဖြင့် ပေါ်လွင်စေပြီ)
၄၁။ (မေး)
ယင်းနိဗ္ဗာန်သည် ကာလသုံးပါးမှ လွတ်သည်ဟူရာ၌ အဘာဝ ဖြစ်၍ လွတ်သလော။
၄၁။ (ဖြေ)
မဟုတ်ပါ၊ ဘာဝဖြစ်လျက် လွတ်ပါသည်။ (မျက်နှာ-၃၁၆) (အဘာဝ တုစ္ဆ မဟုတ်ပုံကို နောက်က ဖြေခဲ့လှပြီ၊ ဤကျမ်းတွင်လည်း အဘာဝ တုစ္ဆ မဟုတ်ပုံကို နေရာပေါင်းများစွာတို့၌ ထပ်ကာ ထပ်ကာ ပြထားလေသည်)
ဤ၌ ထူးခြားသည့်မှတ်ဖွယ်ကိုသာ အတန်ငယ် ပြချင်ပါသည်။
နိဗ္ဗာန်ဟူသည် ဥပါဒ်အားဖြင့် ထင်ရှားမဖြစ်ဘဲ ငြိမ်းဧခြင်း သဘာဝအားဖြင့်သာ ဖြစ်ပေါ်လာ သောကြောင့် (နိဗ္ဗတ္တိ - ဟူသော) ပစ္စုပ္ပန် လက္ခဏာလည်း မရှိပါ၊ အတိတ် အနာဂတ် ဟူ၍လည်း မဆိုထိုက်သဖြင့် ကာလဝိမုတ်ဟု ဆိုပါ သည်၊ (မျက်နှာ ၁၆၄-လာ စကား၏ ဆိုလိုရင်း)
ဖြစ်ရောက်လာလတံ့သော ဧမြခြင်း သဘောသည် နိဗ္ဗာန်ဟုဆိုသော် ထို နိဗ္ဗာန်ဟူသည် ကာလဝိမုတ် ဖြစ်ပါလျက် အနာဂတပက္ခသို့ ဝင်သည်ဆိုရာ မရောက်ပြီလောဟု ဟူငြားအံ့၊ ဖြစ်လတံ့ ဟူသော် လည်း ဥပါဒ်ဒြဗ်အားဖြင့် ဖြစ်လတံ့ မဟုတ်၊ ဧမြခြင်း သီတိဘာဝ သန္တိသဘာဝမတ္တ မျှသာ ဖြစ်လတံ့၊ သို့ဖြစ်၍ အနာဂတ်ဟု စင်စစ် မဆိုထိုက်ပါ၊ (မျက်နှာ-၁၆၃)
၄၂၊ (မေး)
ဘဝဖြစ်လျက် လွှတ်ရမည်ဖြစ်လျှင် အဘယ်ပုံ ခြင်းရာဖြင့် ဘာဝဖြစ်လျက် ကာလသုံးပါးမှ လွတ်သည် ဆိုနိုင်ပါအံ့နည်း၊
၄၂။ (ဖြေ)
(အမှတ်-၄၁ အမေး၏ အဖြေ၌လည်း ပါခဲ့ပြီးဖြစ်သည်) ဥပါဒ်ဒြဗ် ပေါ်လာအောင် ဖြစ်သည် မဟုတ်ပါ၊ အလွန်နူးညံ့ သိမ်မွေ့သော သီတိဘာဝ သဘောအားဖြင့် ရဟန္တာပုဂ္ဂိုလ်တို့ ပရိနိဗ္ဗာန်ပြုသည့်အခါ ဖြစ်ရောက် လာပါသည်။ (မျက်နှာ-၂၂၅) ,
ဤသို့ ဥပါဒ်ဒြဗ် ပေါ်လာအောင် ထင်ရှား မဖြစ်လာသော်လည်း သီတိဘာဝ သဘောအားဖြင့် ရဟန္တာ ပုဂ္ဂိုလ်တို့ ပရိနိဗ္ဗာန်ပြုသည့်အခါ ဖြစ်ရောက်လာလတံ့သော ယင်းနိဗ္ဗာန်၏ ယင်းသို့ မဖြစ်သေးမီ အနာဂတ်ဖြစ်လာသည့်အခါ ပစ္စုပ္ပန် ဆိုရန် ရှိသော်လည်း ဥပါဒ်ဒြဗ် ပေါ်လာအောင် ဖြစ်သည် မဟုတ်သောကြောင့် စင်စစ်အားဖြင့် ဖြစ်လတံ့ ဖြစ်ဆဲ ဖြစ်ပြီး မဆိုထိုက်သည်ကိုရည်၍ (ဝိဘင်း ပါဠိတော်၌) “နဝတ္တဗ္ဗ” သဒ္ဒါဖြင့် ဟောတော်မူခြင်း ဖြစ်ပါသည်။ (မျက်နှာ ၂၂၅။ ၂၂၆) (မျက်နှာ-၁၂၄-လည်း ရှုပါ)
ဧငြိမ်းခြင်း သီတိဘာဝ သဘောဟု ဆိုအပ်သော နိဗ္ဗာန်သည် ရှေး၌ တရံ တဆစ် မဖြစ်ဘူးသေးဘဲ ရဟန္တာတို့ ပရိနိဗ္ဗာန်ပြုရာ ဤတခါသာ ဖြစ်ရောက် လာသည်ဖြစ်၍ မပျောက်မပျက် အမြဲတည်နေ ပါတော့သည်။ (မျက်နှာ၂၇ လာ စကား၏လိုရင်း) ပရိနိဗ္ဗုတပုဂ္ဂိုလ်သည် အဘယ်လိုအခြင်းအရာဟု မဆို နိုင်ဘွယ် တကယ်နက်နဲ၍ နေသောအားဖြင့် နိဗ္ဗာန်၌ တည်ရောက်၍ နေပါသည်။ (မျက်နှာ ၂၂၇-စသည်။ မျက်နှာ ၅၄-စသည် တို့၌လည်း ရှုပါ)
ပရိနိဗ္ဗုတပုဂ္ဂိုလ်ကို မိမိတို့စံရာ နိဗ္ဗာန်၌ ရုပ်နာမ်မရှိသဖြင့် အဘယ်ပုံအခြင်း အရာ အမျိုးအမည် အားဖြင့် အဘယ်လိုဟာဟု မနှိုင်းရှည့်နိုင်၊ အပ္ပမေယျဂမ္ဘီရ သဘောအားဖြင့် ဖြစ်၍ ချမ်းမြေ့သာယာ စံနေ တည်နေကြရပါသည်။ (မျက်နှာ-၃၁၆)
နိဗ္ဗာန်ဟူက ကာလသုံးပါးလုံး၌ပင် ငြိမ်းခြင်း သဘော အတိုင်းသာလျှင် ဖြစ်ပါသည်။ (မျက်နှာ-၂၃၈)
(အမေးအမှတ်-၇-၏အဖြေ၊ ၈-၏အဖြေ၊ ၁၂-၏အဖြေ၊ ၂၀-၏အဖြေ စသည် တို့ကိုလည်း ပြန်ရှုပါ)
မေးခွန်း ၄၂-ခု အဖြေ ပြီး၏။
ရွှေကျင် ဆရာတော်ဘုရားကြီး အဋ္ဌုပ္ပတ် ( အကျဉ်း )
▬▬▬▬▬▬▬▬
မြန်မာနိုင်ငံ ကုန်းဘောင်ခေတ် နောက်ပိုင်းတွင် (တနည်း - မန္တလေးခေတ်တွင်) ဗုဒ္ဓဘာသာ သာသနာတော်၌ ကြီးကျယ်ထင်ရှားသော ဂိုဏ်းကြီးတခု (ဖြစ်သည့် ရွှေကျင်ဂိုဏ်းကြီး) ၏ ဦးစီး နာယက အာဒိကမ္မိက ဖြစ်တော်မူသော ရွှေကျင်ဆရာတော်ဘုရားကြီးသည်ကား ၁၁၈၄-ခု၊ ပဌမ ဝါဆိုလပြည့်ကျော် (၁၂-ရက်နေ့ည မြန်မာ ၃-ချက်တီးကျော် )၊ ၁၃-ရက် အင်္ဂါနေ့ (အဝင်) တွင် ရွှေဘိုမြို့ တောင်လက် လှတောကြီး ငါးရွာအပါ ရွှေကျင် အမည်ရှိ ရွာ၌ ခမည်းတော် ဦးမောင် - မယ်တော် ဒေါ်မိတို့မှ ဖွားမြင်တော်မူခဲ့သည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ် မြတ် ဖြစ်ပါပေသည်။
စင်ကြယ် သန့်ရှင်းသည့် ကြန်အင် လက္ခဏာများနှင့် ပြည့်စုံသည်ကို အကြောင်းပြုကာ (ငယ်မည်) ကို မောင်သန့်ဟု မိဘတို့က မှည့်ခေါ်ခဲ့ကြလေသည်။
မောင်သန့် ၇-နှစ်အရွယ်တွင် ရွှေကျင်ရွာ မဟာဗောဓိကျောင်း ဆရာတော် ဦးဝရဗုဒ္ဓိထံ၌ ပညာစတင်သင်ကြားပြီးလျှင် ၁၄ နှစ်အရွယ်၌ ရှင်သာမဏေအဖြစ် သို့ ရောက်ခဲ့လေသည်။ ရှင်ဘွဲ့မှာ ဇာဂရ ဖြစ်သည်။
၁၅-နှစ် အရွယ်တွင် ရွှေဘိုမြို့ ဝင်္ကဘာ ကျောင်းတိုက် ဆရာတော်ထံ၌၎င်း၊ ၁၈-နှစ်အရွယ်တွင် “စန္ဒိမာဘိသီရိသဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု” တံဆိပ်တော်ရ သီးလုံးဆရာတော်ဘုရား ထံ၌၎င်း အဆင့်ဆင့် ကူးပြောင်းကာ စာပေ ပညာရပ်တို့ကို သင်ကြားတော်မူခဲ့လေသည်။
အသက် ၂၀-အရွယ်တွင် ရွှေကျင်ရွာ မဟာဗောဓိကျောင်း ဆရာတော်ထံ၌ပင် ရဟန်းအဖြစ်သို့ တက်ရောက်တော်မူသည်။
[ရွှေကျင် - မုဆိုးဖို ရွှေဘို ရန်ကြီးအောင် ကုန်းဘောင် ရတနာသီခ (ရတနာသိင်္ဂ) ဟူသော ငါးမည်ရ ရွှေဘိုမြို့မှ ခရီး ခြောက်မိုင်ကွာတွင် ရှိသည်။ မြေမှ အလိုအလျောက် ထွက်ပေါ်လာသည့် ရွှေစင် ရွှေကောင်းကို မိုက်ခွက်ဖြင့် ကျင်ယူ၍ လူအများ စားသုံးနေထိုင်ရာ ဖြစ်သောကြောင့် ရွှေကျင်ရွာဟု ခေါ်ဝေါ်ခြင်းဖြစ်သည်ဟု ဓနုဖြူမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဦးကောသလ္လ အရှင်မြတ်၏ အာစရိယဂုဏဒီပကကျမ်း (သုံးဆယ် မောင်းထောင် ဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိ) မျက်နှာ-၁၁ ၌ ဆိုသည်။]
သီးလုံးဆရာတော်ဘုရားကြီးထံတွင် ဆည်းကပ် သင်ကြားတော် မူပြီးနောက် မန်ကျည်းကန်ရွာ ဆရာတော်၊ မူးဝ ရွာထောင်ဆရာတော် များထံ၌လည်း ပညာများကို ဆည်းကပ်သင်ကြား တော်မူသည်။
ထို့နောက် အမရပူရမြို့တော်ရှိ ကျောင်းတိုက်အသီးသီး ဆရာတော်အသီးသီး တို့ထံ၌ ရဟန်းသိက္ခာ ဂ-ဝါရသည်အထိ ပညာများကို သင်ကြားတော်မူလေသည်။
အမရပူရမြို့တော်တွင် သဲအင်း (သာသနာပိုင်) ဆရာတော်ထံ၌ စာပေပညာ ရပ်များကို သင်ကြား တော်မူနေစဉ်ကပင် နယ်မှရောက်လာသည့် အာပတ္တာဓိကရုဏ်း အချို့ကို အရှင်ဇာဂရအား လွှဲအပ် ဆုံးဖြတ်စေရာ အများ ကြေနပ်တော်မူကြောင်းကို အစဉ်မှတ်သား မိန့်ကြားတော်မူကြလေသည်။
ဤသို့လျှင် အရှင်ဇာဂရသည် ထင်ရှားသည့် ပညာရှိ ဆရာတော်ပေါင်း ၂၀ ကျော်မျှ တို့ထံတွင် ပညာများကို ဆည်းကပ် သင်ကြားတော်မူခဲ့လေသည်။
ရဟန်းသိက္ခာ ၈-ဝါ အရောက်တွင် ရွှေဘိုမြို့နယ် မန်ကျည်းစဉ်၊ ခေါ်တာ နှင့် ရှိမ်းမကားတို့၌ တပည့် စာသင်သားတို့အား စာပေပို့ချရင်း သီတင်းသုံးတော် မူလေသည်။
ရွှေကျင်ဆရာတော်နှင့် အုတ်ဖိုဆရာတော်
▬▬▬▬▬▬▬
မြန်မာနိုင်ငံတော်၏ ကြီးကျယ် ထင်ရှားသော ဗုဒ္ဓသာသနာဂိုဏ်းကြီး တခုဖြစ်သည့် မဟာဒွါရ နိကာယ၏ ဦးစီးနာယက အာဒိကမ္မိက ဖြစ်တော်မူလတံ့သော အရှင်ဥက္ကံဝံသမာလာသည် နောက်ပါ တပည့်သံဃာ အနည်းငယ်နှင့်တကွ စစ်ကိုင်းမြို့ ထူပါရုံဆရာတော်ဘုရားကြီးထံ ဗင်္ဂလီနာဂရီ ဘာသာကလာပ်ကျမ်း၊ ဝိဒင်္ဂကျမ်းတို့ကို သင်ကြားတော်မူရန် အမရပူရမြို့တော် မြသိန်းတန် ဆရာတော်ဘုရားထံမှ ကြွလာတော်မူခဲ့လေသည်။
ထိုအခါ ရွှေကျင်ဆရာတော်ဘုရားကြီးသည် စစ်ကိုင်းဘက်တွင် သံဃာတော် ၅၀-ခန့်နှင့် စာသင်တိုက် ဖွင့်ကာ စာပေပို့ချတော်မူဆဲ ဖြစ်လေသည်။ (ထိုအခါက ဓနုဖြူဘုန်းတော်ကြီးဟု ထင်ရှားသော) အုတ်ဖိုဆရာတော် အရှင်ဥက္ကံဝံသမာလာ ကြွမလာမီကပင် သဒ္ဒါအရာ လွန်စွာ နိုင်နှင်းတော်မူကြောင်းကို ကြားသိတော်မူ နှင့်သည့်အတိုင်း စာတဝါ ပို့ချပေးပါရန် တောင်းပန် လျှောက်ထားတော်မူလေသည်။
သို့ရာတွင် အုတ်ဖိုဆရာတော်က ပညာသင်ရန် လာခိုက်ဖြစ်၍ စာပေပို့ချမှု မပြုနိုင်သဖြင့် အားလပ်ခွင့်ရတိုင်း လိုရာအချက်တို့ကို မေးမြန်း လျှောက်ထားခွင့်ကိုသာ ပြုတော်မူလိုက်လေသည်။
ဤသို့လျှင် တဝါတွင်းလုံး မေးမြန်း လျှောက်ထားချက်တို့ကို ဖြေကြားတော် မူလေရာ (ဒွါရ သာသနာပိုင် ဖြစ်တော်မူလတံ့သာ) အရှင်ဥက္ကံဝံသမာလာနှင့် (ရွှေကျင်သာသနာပိုင် ဖြစ်တော်မူ လတံ့သော) အရှင်ဇာဂရတို့သည် သဘောတူ ဓာတ်တူ စင်ဖြူလွန်မင်း အချင်းချင်းလျှင် သီတင်း လွေ့လွေ့ ပေါင်းဖက်တွေ့လျက် ချမ်းမြေ့ယုံကြည်မှု ကြီးစွာ ဖြစ်တော်မူကြလေ၏။
နောက်နောင် တွင်လည်း သာသနာပြုရေးအတွက် အဆက်မပြတ် ဒလစပ်ပင် တပါးနှင့် တပါး ကူညီတော်မူလေ့ ရှိကြလေသည်။ ဤတွင် ကျယ်မည်စိုး၍ မပြလိုက်တော့ပါ။ ဆရာကြီး ဦးနတ်သား ၏ ဥက္ကံဝံသမာလာဇာဂရီယကျမ်း၊ သပြေပင်ဆရာတော် (အဂ္ဂမဟာပဏ္ဍိတ) ၏ မဟာဒွါရ နိကာယ သာသနဝံသ ဒီပနီကျမ်း၊ စစ်ကိုင်းရွှေဟင်္သာ ဆရာတော်၏ ရွှေကျင်နိကာယ သာသနာဝင်ကျမ်း စသည်တို့၌ အကျယ်ရှုတော် မူကြပါ။
ရွှေကျင်ဆရာတော်နှင့် မင်းတုန်းမင်း
▬▬▬▬▬
အရှင်ဇာဂရ အမရပူရမြို့တော် သဲအင်းတိုက်၌ စာလိုက်၍နေတော်မူစဉ် အာပတ္တာဓိကရုဏ်းတရပ်ကို ဆုံးဖြတ်ပေးရန် စောဒကပုဂ္ဂိုလ်တို့က တောင်းပန် လျှောက်ထားကြောင်း၊ ယင်းအမှုကို ဆုံးဖြတ်နိုင်ရန် အရှင်ဇာဂရသည် (၁၁၇၆ - ခုဖွား ထိုအခါက အိမ်ရှေ့မင်းသား ဖြစ်သော) မင်းတုန်းမင်း အိပ်နေရာ အိပ်ခန်းဆောင်သို့ ဝင်ရောက်၍ကာ အမှုအခင်း အကြောင်းကို ရှင်းလင်းပြောပြကြောင်း၊ အိမ်ရှေ့မင်းကလည်း ဤပုဂ္ဂိုလ်သည် သာသနာတော် အရေးနှင့် စပ်လျှင် ယထာဓမ္မ လမ်းမှန်ကျကျ ဆောင်ရွက်နိုင်စွမ်း ရှိလိမ့်မည်-ဟု အသိအမှတ် ပြုလိုက်ကြောင်းကို (မင်းကွန်း ငွေတောင်တောရ ပတ္တမြားဆရာတော်က မိန့်ကြောင်း) ပြဆိုကြလေသည်။
အိမ်ရှေ့မင်းဖြစ်သော မင်းတုန်းမင်းသည် ၁၂၁၄-ခုတွင် အမရပူရမှ ရွှေဘိုမြို့သို့ ထွက်သွားကာ နောင်တော် ပုဂံမင်းကို ခြားနား (ပုန်ကန်) တော်မူလေသည်။ ထိုသို့ ရွှေဘိုသို့ ထွက်သွားနေစဉ် စစ်ကိုင်းမြို့ ရွာတောင်အနီး တောလမ်းခရီး၌ ရွှေကျင်ဆရာတော်ကို ဖူးခွင့်ရကာ တရားတော်များကို နာယူ ရသောကြောင့် သာသနာပြုတော် မူနိုင်လိမ့်မည်ဟု ယုံမှတ်တော်မူကာ အရေးတော် အောင်လျှင် သာသနာပြုကြွရန် လျှောက်ထားခဲ့ကြောင်း ပြဆိုကြ လေသည်။
မင်းတုန်းမင်းတရားကြီး မင်းအဖြစ်သို့ ဆိုက်ရောက်တော်မူပြီးနောက် သိက္ခာ တော် ၁၉-ဝါရှိ ရွှေကျင်ဆရာတော်ကို တပည့်သံဃာ အပေါင်းနှင့်တကွ ရှိမ်းမကားမှ မန္တလေး ရတနာပုံမြို့တော်သို့ ပင့်ဆောင်တော်မူလေသည်။ သုံးကြိမ် သုံးခါ ပင့်ဆောင်မှ ကြွလာတော်မူလေသည်။ မန္တလေးမြို့ တော်၏ မြောက်ဘက် (မန္တလေးတောခြေ) ၌ အရံကျောင်းတိုက်ပေါင်း လေးတိုက်နှင့်တကွ မဟာဓမ္မိကာရာမ-ဟု ကမ္ပည်းထိုး၍ (ရွှေကျင်တိုက်မကြီးကို) လှူဒါန်းတော် မူလေသည်။ ဤ ကျောင်းတိုက်ကြီး ငါးတိုက်တို့ကို ရွှေကျင်တိုက်ဟု ခေါ်ဝေါ်ကြလေသည်။ ဤငါးတိုက် ဆိုသည်မှာ …
၁။ ထရံကာတိုက် (မှိုင်းလုံးတိုက်လည်း ခေါ်သည်)
၂။ ရမည်းသင်းတိုက်
၃။ မဟာဓမ္မိကာရာမတိုက် (ရွှေကျင်တိုက်မ)
၄။ မင်းခင်းတိုက်
၅။ မြတောင်တိုက်
တို့ဖြစ်လေသည်။ အရှေ့ အနောက် တန်းကာနေပြီးလျှင် မဟာဓမ္မိကာရာမတိုက် (ရွှေကျင်တိုက်မ) မှာ အလည်ဗဟို၌ တည်ရှိလေသည်။ ရဟန်းတော်ပေါင်း တစ်ထောင်ကျော်မျှ ရှိလေသည်။
ရွှေကျင်တိုက်မကြီး အတွင်း ရွှေကျင်ဆရာတော် သီတင်းသုံးရန် ကျောင်းတော်ကြီး၌ တိုင်ပေါင်း ၂၆၂-တိုင် ရှိသည်။ (ကျောင်းတိုက်အတွင်း အဆောက်အဦအချို့ အပါအဝင်) ကုန်ငွေပေါင်း ၂၂၂၃၅၅ - ရှိသတတ်။
၁၂၃၀ - ပြည့်တွင် မင်းတုန်းမင်းတရားက ရွှေကျင်ဆရာတော်ဘုရားအား အလုံမြို့ ဒီပဲယင်းမြို့ ဗန့်ကျီမြို့ တလုပ်မြို့ ရတနာသိင်္ဃမြို့ ကလေး ရာဇဂြိုဟ် စသော မြို့များ၌ သာသနာပြုစု သုတ်သင်ရန် အပ်နှင်းတော်မူသဖြင့် ဂိုဏ်းချုပ် ဂိုဏ်းအုပ် ဂိုဏ်းထောက် အကြီးအကဲများ ခန့်ထား သာသနာပြုတော်မူလေသည် ။
မင်းပြစ်မင်းဒဏ်သင့်သည့် ပုဂ္ဂိုလ်များ (အထူးသဖြင့် ရာဇဝတ်သင့်သည့် ရဟန်းများ) ကို အခြား ပုဂ္ဂိုလ်ကြီးများ နုတ်ပယ် ကယ်မ၍ မရသော်လည်း ရွှေကျင်ဆရာတော် ဘုရားကြီး မြစ်တားတော် မူက မင်းတုန်းမင်းတရားကြီးက ခွင့်ပြုတော်မူလေ့ ရှိသည်သာ ဖြစ်သတတ်။
ထို့ပြင် မင်းတုန်းမင်းတရားကြီးသည် နတ်ရွာစံတော်မူရသော်လည်း -
(၁) ရွှေကျင်ဆရာတော်ကို သာသနာပိုင် မတင်မြှောက်ရခြင်း။
(၂) အိမ်တော်ပါ မိဘုရားကို အဘိသိက်ခံ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး မတင်ရခြင်း -
ဟူသော ဆန္ဒ ၂-ရပ် ပြည့်ဝ မသွားရ ဟု ပြောဆိုစဉ် ရှိသတတ်။
ရွှေကျင်ဂိုဏ်း စ၍ပေါ်ပုံ
▬▬▬▬▬▬▬▬
ရွှေကျင်ဆရာတော် မန္တလေး မြို့တော်သို့ ကြွရောက် သီတင်းသုံးတော် မူသောအခါ သာသနာပိုင် ဆရာတော် (ဦးဉေယျ) ထံသို့ ၃-ကြိမ်တိုင်တိုင် ကန်တော့ရန် ကြွတော်မူလေသည်။ ၃-ကြိမ်လုံး မှာပင် သာသနာပိုင် ဆရာတော်က စကားမပြော (တုဏှိဘာဝ) ပြု၍ နေသဖြင့် နောက်ထပ် သာသနာပိုင် ဆရာတော်ထံသို့ ကြွတော်မမူတော့ချေ။
၎င်းနောက် သာသနာပိုင် ဆရာတော်က အမိန့်အာဏာဖြင့် ဆင့်ခေါ်လေသည်။ ထိုသို့ဆင့်ခေါ် သော်လည်း ရွှေကျင်ဆရာတော် ကြွတော်မမူ တော့ပေ။
ထိုသို့ဆင့်ခေါ်၍ မရလေလျှင် မဟာဒဏ်ဝန်ကျောင်း လုလင်တို့နှင့် အတင်းအကြပ် ခေါ်မည် - ပြုပြန်သည်ကို သိတော်မူလေလျှင် မင်းတုန်းမင်းတရားထံ ကြွရောက် အကျိုးအကြောင်း မိန့်ကြားကာ တောသို့ ပြန်ကြွတော် မူတော့မည် ဖြစ်ကြောင်း မိန့်တော်မူလေ၏။ ထိုအခါ မင်းတုန်းမင်းတရားက မြို့တော်၌ သဘောတော် အတိုင်း သီတင်းသုံးတော် မူပါမည့်အကြောင်း လျှောက်ထားလေသည်။ “ရွှေကျင်ဆရာတော်ကို သာသနာပိုင် ဆရာတော်နှင့် သုဓမ္မာက အဆင့် အခေါ် မရှိပါစေနှင့်” ဟု လျှောက်ထားကာ သုဓမ္မာ လက်အောက်ခံ အဖြစ်မှ ကင်းလွတ်စေတော် မူလေသည်။ (ဤကား မင်းကွန်း ငွေတောင်တောရ ပတ္တမြားဆရာတော်၏ မိန့်တော်မူချက် ဟု ရွှေကျင်နိကာယ သာသနာဝင်၌ ပါလေသည်)
ရွှေကျင်ဂိုဏ်း ဖြစ်ပေါ်ခဲ့ပုံ တနည်းမှာလည်း တနေ့သောအခါ သုဓမ္မာဝင် ဆရာတော်များ၏ အမိန့်ဖြင့် သုဓမ္မာ သဘင်သို့ ရွှေကျင်ဆရာတော် ကြွရန် ဆင့်ဆိုတော်မူလေသည်။ ရွှေကျင် ဆရာတော် ကြွလာတော်မမူပေ။ အခါခါငြင်းဆိုလေလျှင် သုဓမ္မာဆရာတော်တို့က မင်းလုလင် ကျောင်းလုလင်တို့ အကူအညီဖြင့် ရွှေကျင်ဆရာတော်ကို အတင်းအကြပ် ဆွဲခေါ်ရန် သဘော တူကြလေသည်။ ရွှေကျင်ဆရာတော် အပေါ်၌ မေတ္တာသက်ဝင်တော်မူကြသည့် သင်္ဂဇာဆရာတော် သက်ပန်းဆရာတော် စသော သုဓမ္မာအဖွဲ့ဝင် ဆရာတော်တို့က အခြားသို့ တိမ်းရှောင်တော်မူနေရန် တိတ်တဆိတ် အသိပေးတော်မူကြလေ၏။
ရွှေကျင်ဆရာတော်လည်း သာသနာရေး၌ ဖြစ်ပေါ်မည့် ဘေးအန္တရာယ် များကို ကြိုတင် မြှော်ခေါ်တော်မူကာ အောက်နိုင်ငံသို့ ဖြစ်စေ သီဟိုဠ်သို့ဖြစ်စေ ကြွတော်မူရန် ကြံစည်စဉ်းစား တော်မူလေသည်။ ထိုအကြောင်းကို မင်းတုန်းမင်းတရား ကြားသိတော် မူသောကြောင့် ရွှေကျင် ဆရာတော်အား အခြားသို့ ကြွတော်မမူရန် လျှောက်ထားသည့်ပြင် သုဓမ္မာသဘင်လည်း ရွှေကျင် ဆရာတော်ကို အဆင့်အဆို မပြုဘဲ လွတ်လပ်စေခွင့်ပြုရန် လျှောက်ထားခဲ့လေသတတ်။
ရွှေကျင်တိုက်နှင့် ပစ္စည်းလေးပါး
▬▬▬▬▬
ရွှေကျင်ငါးတိုက်အနက် ရွှေကျင်တိုက်မ၌ သံဃာတော် ၃၀၀-ခန့်၊ အရံ လေးတိုက်တို့၌ ၂၀၀-စီခန့် (အစုစု တထောင်ကျော်ခန့်) သီတင်းသုံးတော်မူကြသော်လည်း ဆွမ်းစသော ပစ္စည်းလေးပါးအတွက် ကြောင့်ကြစိုက်တော် မမူကြရဘဲ မင်းတုန်းမင်းတရားနှင့် သီပေါမင်းတရား နှစ်လက်ထက်လုံးမှာပင် ဆွမ်းတော်ချက် ကပ္ပိယများ ထားကာ အခကြေးငွေ လှူဒါန်း ထောက်ပံ့တော် မူလေသည်။
ရွှေကျင်အုပ်ချုပ်ရေး
▬▬▬▬▬▬▬
ရွှေကျင်ဆရာတော်ဘုရားကြီးသည် ရွှေကျင်တဂိုဏ်းလုံးအတွက် “ရွှေကျင်ဂိုဏ်း ဥပဒေ” ဖြင့်၎င်း၊ ရွှေကျင်ငါးတိုက်တွင်းရှိ သံဃာတော်များ အတွက် “ဓမ္မဝိနယစာတမ်း” ဖြင့်၎င်း၊ ရွှေကျင် ကျောင်းတိုက်ကြီးများရှိ ကျောင်းသားများအတွက် (ရွှေကျင်) “ကျောင်းသားကျင့်ဝတ်” ဖြင့်၎င်း၊ ရွှေကျင်ဂိုဏ်းဝင် သံဃာတော်တို့ကို ကိုးကွယ် ဆည်းကပ်သူ လူဒါယကာ - ဒါယိကာမ များအတွက် “ဂိဟိစာရိတ္တကျင့်ခန်း” စသည်တို့ဖြင့်၎င်း အုပ်ချုပ်တော်မူကာ သာသနာ ပြုတော်မူလေရာ သာသနာ ပြုပုံ ပြုနည်းတို့မှာ မြန်မာနိုင်ငံ သာသနာဝင် တလျှောက်၌ ထူးခြားသော မှတ်တိုင်ကြီးသဖွယ် ဖြစ်ပါပေတော့သည်။
ရွှေကျင်တိုက်ကို အုပ်ချုပ်ပုံ မည်မျှကောင်းမွန်ကြောင်းကို ပဉ္စမသံဂါယနာ တင်ရာဝယ် အကြီးအမှူး ဖြစ်တော်မူသည့် ဒက္ခိဏာရာမ ဘုရားကြီးဆရာတော်၏ မိန့်တော်မူချက်ကို ထောက်ချင့်ခြင်းအားဖြင့် သိနိုင်စရာရှိလေသည်။
တရံရောအခါ ဘုရားကြီးဆရာတော်ဘုရားသည် သုဓမ္မာသဘင်မှ အပြန် ရွှေကျင်တိုက်သို့ ဝင်ကြွတော်မူလာလေသည်။ တိုက်တွင်းသို့အရောက်၌ ဘိုးသူတော်ကလေးများက လက်အုပ်ချီမိုး ရှိခိုး၍နေကြလေသည်။ “မင်းတို့ဆရာတော် ဘယ်ကျောင်းမှာနေသလဲ” ဟု မေးတော်မူသဖြင့် သီတင်းသုံးရာ ကျောင်းသို့ လက်အုပ်ချီ၍ ညွှန်ပြကြလေသည်။ ထိုအခြင်းအရာကို ရွှေကျင် ဆရာတော် မြင်တော်မူလေလျှင် လှေကားမှဆင်းကာ ခရီးဦး ကြိုဆိုတော်မူပြီးလျှင် မထေရ် ကြီးနှင့် သင့်လျော်သည့် နေရာသို့ ပင့်သွားကာ တုပ်ဝပ်ရှိခိုးရင်း မိန့်တော်မူချက်ကို နာယူ၍ နေတော် မူလေသည်။
မိမိတိုက်သို့ ပြန်ရောက်လေလျှင် “ရွှေကျင်ကို အစကတော့ အထင်သေး မိတယ်။ စင်စစ်တော့ တို့တိုက်က မောင်ပဉ္စင်းတွေဟာ ရွှေကျင်တိုက်က ဘိုးသူတော်တွေလောက်မှ ပိပြားခြင်း မရှိကြဘူး၊ ရွှေကျင်ဆရာတော် ကိုယ်တိုင်လဲ နိဝါတ နိမာနဂုဏ် ရှိလှပေတယ်” စသည်ဖြင့် မိန့်ကြားတော် မူလေ၏။
ရွှေကျင်ဆရာတော်နှင့် စကားပြောဆိုပြီးသည့် အချိန်ကစ၍ ဘုရားကြီး ဆရာတော် ဆေးလိပ် သောက်မှုကို အပြစ်မြင်ကာ ရှောင်ကြဉ်တော် မူလေ၏။ ရွှေကျင်တိုက်သို့ ထိုသတင်း ရောက်၍ လာလေရာ ရွှေကျင်တိုက် သံဃာအားလုံး “သာဓု” ခေါ်တော်မူကြလေသတတ်။
၁၂၃၄-ခုနှစ်တွင် မင်းတုန်းမင်းတရားကြီးသည် မိမိ၏သားတော်များအနက် လက်ရုံးရည် နှလုံးရည် ရှိမည်ထင်သည့် သားတော်များကို ပိဋကစာပေ သင်ကြားပေးရန် ရွှေကျင်ဆရာတော်ဘုရားထံ အပ်နှံတော်မူလေသည်။ ၎င်းနှစ်တွင်ပင် နန်းမြို့အတွင်း နန်းဦးကျောင်း ဆောက်လုပ်ကာ သားတော် များကို စာပေ သင်ကြားပေးရန် ဘုန်းတော်ကြီးတပါး လျှောက်တောင်းသဖြင့် ရွှေကျင် ဆရာတော်က တောင်တော်ဆရာတော် အရှင်မာလာ၊ ပုသိမ်ဆရာတော် အရှင် သုမန (နောက်ထပ် ဟင်္သာတ ဆရာတော် အရှင်ရေဝက) တို့ကို ထည့်တော် မူလိုက်လေသည်။
သာမဏေပြုကာ ထိုဆရာတော် (၂-ပါး ၃-ပါး) ထံတွင် စာပေသင်ကြားသည့် မင်းသားများတွင် မိုးလှိုင်မင်းသား၊ တောင်ညိုမင်းသား၊ ရွှေဂူမင်းသား၊ သာဂရမင်းသား၊ သီပေါမင်းသားတို့ ပါဝင်လေသည်။ (ပုသိမ်ဆရာတော်မှာ တဝါဆိုပြီးနောက် ပြန်ကြွတော်မူသဖြင့် တောင်တော် ဆရာတော် တပါးတည်းသာ နန်းဦးကျောင်း၌ သီတင်းသုံးတော်မူကာ စာပေပို့ချ၍ နေတော် မူရစ်သည်။)
[တောင်တော်ဆရာတော်ကား သီပေါမင်းလက်ထက်၌ သာသနာပိုင် ဖြစ်သည်။ ၎င်းလက်ထက် မိုးကောင်းတိုက်နှင့် အရှေ့ပြင်တိုက်တောတို့ကို အလှူခံတော် မူရသည်။ တိုင်တားဝန်ကြီး၏ အနောက်တိုက်တော်၌လည်း သီတင်းသုံးတော် မူသည်။ ၁၂၅၆-ခုတွင် ပျံတော်မူသည်၊ ရွှေကျင် ဆရာတော်ထက် သိက္ခာအတန်ငယ် ကြီးသော်လည်း သီလသိက္ခာကို ချစ်မြတ်နိုးသဖြင့် ဩဝါဒ ခံယူကာ ရွှေကျင်တိုက်မ-၌ သီတင်းသုံးတော်မူသည်။]
၁၂၃၃-ခု (တပေါင်းလဆန်း ၁၀-ရက်နေ့) ၌ လှူဒါန်းသည့် မဟာဝိသုဒ္ဓါရာမ စသော ၁၂-ရပ်သော တိုက်များ၌လည်း ဆရာတော် စာပုဂ္ဂိုလ်များကို လွှဲအပ် သီတင်းသုံးစေကာ သာသနာပြုတော် မူလေသည်။
ရွှေကျင်ဆရာတော်နှင့် သင်္ဂဇာဆရာတော်
▬▬▬▬▬▬▬
ရွှေကျင်ဆရာတော်သည် သီးလုံး ဆရာတော်ဘုရားကြီး၏ အန္တေဝါသိက တပည့်ရင်း ဖြစ်တော်မူ၏။ သင်္ဂဇာဆရာတော်ဘုရားကြီးသည်လည်း သီးလုံး ဆရာတော်ဘုရားကြီး၏ တပည့်ပင် ဖြစ်တော် မူလေသည်။ ဤသို့လျှင် ဆရာတူ တပည့် ဖြစ်တော်မူကြလေသည်။ သို့ရာတွင် သင်္ဂဇာဆရာတော် (ဦးအဂ္ဂ) က ရွှေကျင်ဆရာတော်ထက် သိက္ခာဝါကြီးတော်မူလေသည်။ သင်္ဂဇာဆရာတော်က ရွှေကျင်ဆရာတော်အား ရင်းရင်း နှီးနှီး ခေါ်ဝေါ်ပြောဆိုတော်မူလေ့ ရှိလေ သည်။
ရွှေကျင်ဆရာတော်ကား ၈-ဝါမျှသာ စာပေ သင်ကြားတော်မူပြီးနောက် တောရကျောင်းများသို့ ထွက်ကာ ပဋိပတ်ကို အားထုတ်တော် မူလေသည်။ မကင်းရာ မကင်းကြောင်း တပည့်များ လောက်ကိုသာ စာပေပို့ချတော်မူနေလေသည်။ ထိုကြောင့် သင်္ဂဇာဆရာတော်က “ကိုရွှေကျင် တောထွက် စောပေလို့သာ၊ သို့မဟုတ်က ထိပ်ထိပ်ကျဲ စာတတ်ပေမှာဘဲ” ဟု မိန့်တော် မူလေသတတ်။
တရံရောအခါ သင်္ဂဇာဆရာတော်ဘုရားကြီးက ရွှေကျင် ဆရာတော်ဘုရားကြီးထံ “အရညကင်ဓုတင် ပံသုကူလိကဓုတင်များကို ဆောင်ကာ ဆွမ်းခံ၍ ဘုဉ်းပေး သုံးဆောင်နေသည့် မောင်ဇာဂရကို ဘယ်တော့များမှ ငါမြင်ရပါမည်နည်း” စသော စကားရပ်များပါသည့် သန္ဓေသကထာကို ရွှေကျင် ဆရာတော်ထံ ပေးပို့တော်မူလိုက်လေသည်။ ရွှေကျင်ဆရာတော်ကလည်း “၃-လ အကြာတွင် မြင်ရ ပါတော့မည်” ဟု ပြန်ကြားတော်မူလိုက်သည့် သန္ဓေသကထာ (မှ-အချို့ စကားရပ်များ) ကို ရွှေကျင် နိကာယ သာသနာဝင်၌ တွေ့ရပေသည်။
ရွှေကျင်ဆရာတော်ဘုရားကြီးသည် တောရဆောက်တည်ခြင်းဖြင့် အချိန်ကို များစွာကုန်လွန် စေတော်မူခဲ့ကြောင်း အမှတ်အသားများစွာ တွေ့ရလေသည်။
၁၂၃၇-၃၈ - ခုက စ၍ တောရ ဆောက်တည်တော်မူလေသည် ဟုလည်း ပြဆိုကြသည်။
ရွှေကျင်ဆရာတော်နှင့် ဘုန်းတော်ကြီး ဦးသီလ
▬▬▬▬▬▬▬▬
ရွှေကျင်ဆရာတော်ဘုရားကြီး၏ ကောင်းသတင်းတို့ကို ကြားသိတော်မူရသော ပုဂံတောင်ဆရာတော် အရှင် ကေလာသနှင့် ပဲခူး (ဟံသာဝတီ) ဆရာတော် ဦးသီလ (၈-ဝါခန့်) တို့သည် မန္တလေး မြို့တော်သို့ ကြွလာကြကာ ဩဝါဒ ခံယူတော်မူကြ၏။ တပည့်များအဖြစ် မှတ်သား ယုံကြည်တော် မူပါရန် အပ်နှံကြ၏။ ဩဝါဒများ ခံယူတော်မူကြပြီးနောက် ပြန်ကြွတော်မူကြ၏။
ဤဘုန်းတော်ကြီး ဦးသီလကို အကြောင်းပြုကာ အောက်နိုင်ငံ၌ အရည်ဝါသီ ရွှေကျင်ဂိုဏ်း စတင် ထွန်းကား ပြန့်ပွါးခဲ့ခြင်း ဖြစ်ပေသည်။
ရွှေကျင်ဆရာတော်ဘုရားကြီးသည် ၁၂၅၅-ခုတွင် နောက်ပါ သံဃာများ နှင့်အတူ အောက်နိုင်ငံသို့ တရားဟောရန် ကြွရောက် လှည့်လည်တော်မူရင်း ပဲခူးမြို့သို့ ဆိုက်ရောက်တော် မူလာလေသည်။ ထိုအခါ ဘုန်းတော်ကြီး ဦးသီလသည် ခရွဲတောင်ပေါ် အရှေ့အခိုက်ရွာ တောရ၌ သီတင်းသုံးတော်မူခိုက်ဖြစ်၏။ ရွှေကျင်ဆရာတော်ကြီးသည် ရွှေမော်ဓော စေတီတော်ကြီး၏ အရှေ့ဘက် ဝါးရုံတောအုပ်၌ ဝါးရုံပင်အောက်တွင် သီတင်းသုံးနေတော်မူခိုက် - ဘုန်းတော်ကြီး ဦးသီလ၏ ဂုဏ်သတင်းကို ကြားသိနှင့်ပြီး ဖြစ်သည့်အတိုင်း တွေ့လိုကြောင်း အမိန့်ရှိတော်မူလေ၏။ ဘုန်းတော်ကြီး ဦးသီလလည်း မကြာမီ လာရောက် ဖူးမျှော်တော်မူ၏။ အလိုရှိရာ တရားစကားကို အကြိမ်ကြိမ် ဆွေးနွေးမေးမြန်း မိသောအခါ ရွှေကျင်ဆရာတော်ဘုရားကြီး ကိုယ်တိုင် လွန်စွာ နှစ်သက်တော်မူလေသည်။ ရံခါ တရားပွဲတွင် ဘုန်းတော်ကြီး ဦးသီလကို တရားဟောခိုင်းကာ မိမိ ကိုယ်တိုင် ရိုသေစွာ တရားနာတော်မူလေသည်။
ဤအခါကစ၍ အယူသီလ တူမျှသည့်ဂိုဏ်း နှစ်ဂိုဏ်း ပေါင်းမိကာ ရွှေကျင်ဂိုဏ်း သည်လည်း အောက်ပြည်အနှံ့ တောရဂိုဏ်းသည်လည်း အထက်ပြည်အနှံ့ ပြန့် ပွါးလေသည်။
ဝိနယကုက္ကုစ္စ
▬▬▬▬▬
ရွှေကျင်ဆရာတော်ဘုရားကြီး နှင့် စပ်လျဉ်း၍ သိက္ခာကာမ - ဝိနယကုက္ကုစ္စ နှင့်ဆိုင်သည့် အဖြစ်များ ပြောပ၍ မပြီးနိုင်ဘွယ် ဖြစ်ပေါ်ခဲ့လေသည်။
တခါတွင် မိမိ၏ ခမည်းတော် ဒါယကာကြီး ဦးမောင်အား “ဆွေမျိုး မတော်စပ်သည့် သူစိမ်း ဖြစ်ခဲ့လျှင် ဖိတ်ကြားထားမှသာ တောင်းခံထိုက်ကြောင်း၊ ဖိတ်ကြားမထားဘဲ တောင်းခံ၍ရလျှင် မအပ်သောပစ္စည်းဖြစ်၍ အာပတ်သင့်သည့်ပြင် မိစ္ဆာဇီဝလည်း ဖြစ်ကြောင်း၊ ရဟန်းဆိုသည်မှာ သူတပါးကို မှီနေရသူများဖြစ်၍ လိုသည့်အရာများကို ဒါယိကာမကြီးထံ၌သာ တောင်းခံခဲ့ကြောင်း၊ အကယ်၍ ဒါယိကာမကြီး မရှိလျှင် တောင်းခံနိုင်ရန်” ဒါယကာကြီးက ဖိတ်ကြား၍ မထားဘူး သေးကြောင်းများကို မိန့်ကြားတော်မူလေ၏။
ခမည်းတော်ကလည်း သားတော်က - မိမိအား ခမည်းတော်ရင်း ဟုတ်ချင်မှ ဟုတ်မည်၊ မဟုတ် ခဲ့သော် သူစိမ်းကို တောင်းခံမိရာရောက်မည်၊ ရောက်လျှင် အပြစ်ဖြစ်မည်။ ထိုကြောင့် ဘခင်စစ် မစစ် လျှောက်စေလို၍ အရိပ်ပြ - မိန့်ကြားခြင်း ဖြစ်မည် ဟု စဉ်းစားမိလေသည်။
ထိုအခါ ခမည်းတော်က “ဤကိစ္စမှာ ဒကာကြီးတာဝန် မဟုတ်ပါ၊ သံသယ ကုက္ကုစ္စ ကင်းလိုလျှင် ဒကာမကြီးကိုသာ မေးမြန်းသင့်ပါသည်။ ဤကဲ့သို့ ရှာရှာ ဖွေဖွေ သံသယရှိပုံကို ကြားသာ ကြားခဲ့ ရဘူးပါသည်၊ ယခုဖြင့် - ကိုယ်သားအရင်း ဖြစ်နေပါတော့သည်” ဟု ပြန်လည် လျှောက်ထား လေသတတ်။
တခါလည်း ရွှေကျင်ဆရာတော်ဘုရားကြီး၏ ကပ္ပိယ (လူသူတော်) က နံနက်အချိန်တွင် ဆေး အနည်းငယ် ကပ်လေသည်။ ဆရာတော်ဘုရားကြီးသည် အတန်ငယ် သုံးဆောင်တော်မူကာ ကပ္ပိယသို့ ပြန်၍ စွန့်တော်မူလိုက်၏။ နောက်တနေ့နံနက်၌ ကပ်ပြန်ရာ အတန်ငယ် သုံးဆောင်တော် မူပြီးနောက် သံသယ ရှိသဖြင့် “ဟဲ့ - သူတော်၊ သည်ဆေးဟာ မနေ့က ကပ်တဲ့ဆေးဘဲလား” ဟု မေး တော်မူ၏။ သူတော်က “ဟုတ်ပါသည်ဘုရား” ဟု ပြန်လျှောက်လေလျှင် “ဟယ် ကိုယ်ကျိုးနဲပါပြီ” ဟု ညည်းတော်မူကာ ဆေးအားလုံးကို စွန့်တော် မူလိုက်လေသတတ်။
တခါကလည်း ရွှေကျင်တိုက်မ အနီးရှိ ဟင်းသီးဟင်းရွက် ခြံအတွင်းသို့ (ခြံရှင်၏ ဖိတ်ကြားထား ချက်ရှိသည့်အတိုင်း) ဆွမ်းစားကျောင်းဘုန်းကြီးက စေခိုင်းသဖြင့် ကိုရင်တပါး သင်္ကန်းရုံကာ ဟင်းရွက်ခြံအတွင်းသို့ ဝင်၍ ခူးနေလေသည်။ ၎င်းကို ဆရာတော်ဘုရားကြီး မြင်တော်မူသောကြောင့် ဆွမ်းစားကျောင်းဘုန်းကြီးနှင့်တကွ ခေါ်တော်မူကာ “ခြံအတွင်း လူတို့ တဲဆောက်၍ နေသော ကြောင့် ဂါမ (ရွာ) မည်ကြောင်း၊ ဩက္ခိတ္တစက္ခု စသော သိက္ခာပုဒ်များ လုံနိုင်ခဲ့ကြောင်း၊ ကျောင်းသား ကပ္ပိယများကိုသာ စေခိုင်းသင့်ကြောင်း ဆွမ်းစားကျောင်းဘုန်းကြီး အမျှော်အမြင် နည်းရာရောက်ကြောင်း မိန့်ကြားတော်မူကာ ကိုရင် သီလာစာရနှင့် ဆွမ်းစားကျောင်းဘုန်းကြီးကို ဒဏ်ဆယ်ခေါက်စီ ထမ်းစေတော်မူ၏။ ဒဏ်ထမ်း ပြီးနောက်လည်း “နောင်ကို ကောင်းစွာ နေပါမည်”ဟု သံဃာ့အလယ်၌ လျှောက်ရ၏။
၁၂၂၉ - ခုနှစ်တွင် မန္တလေး မြို့တော်မှ မင်းဘူးရွှေစက်တော်သို့ နောက်ပါ တပည့်သံဃာများနှင့်တကွ လှေဖြင့် ကြွတော်မူကာ ဖူးမြှော် ပူဇော်တော်မူလေ၏။
၁၂၃၀-ခုတွင် မလွန်မြို့ မင်းလှရွာ အရှေ့တောင် မြစ်တဖက် ဝါးရုံချောင် နွားလန်တောင် တောရကျောင်း၌ ဝါကပ်ကာ သီတင်းသုံးတော်မူ၏။
၁၂၃၃-ခုနှစ် (သိက္ခာတော် ၃၀-အရ) ၌ သာသနာပြု ဆရာတော်များအား ဘွဲ့တံဆိပ် ကပ်လှူကာ သာသနာတော်ဆိုင်ရာ အခွင့်အရေးများ လွှဲအပ်တော် မူမြဲ ထုံးစံရှိသည့်အတိုင်း ဘုရင်က ဘွဲ့တံဆိပ် တော် ဆက်ကပ်လှူဒါန်းသည်ကို လက်ခံတော်မမူ (ငြင်းပယ်တော်မူလေ၏။)
၁၂၃၉-ခုနှစ်တွင် စွယ်တော် စသည်တို့ကို ဖူးမြှော် ပူဇော်ရန် သီဟိုဠ်သို့ ကြွတော်မူကာ ဝါကပ်တော် မူလေသည်။
ထိုသို့ ဆရာတော်ဘုရားကြီး သီဟိုဠ်ကျွန်း၌ သီတင်းသုံးတော်မူစဉ်မှာပင် မင်းတုန်းမင်းတရားကြီး နတ်ရွာလားတော်မူလေသည်။
၁၂၄၀-ပြည့်နှစ်မှာပင် သီဟိုဠ်မှ ပြန်ကြွတော်မူလာကာ မင်းလှရွာ တောကျောင်း၌ သီတင်းသုံး တော်မူလေသည်။
၁၂၄၃-ခုနှစ်တွင် သီပေါမင်း၏ ပင့်လျှောက်ချက်အရ မန္တလေးမြို့တော် ကြွရောက်တော်မူလာကာ ရွှေကျင်ကျောင်းတိုက်၌ သီတင်းသုံးတော် မူရပြန်လေသည်။
ထိုနှစ်မှာပင် သီပေါမင်းက မိမိနိုင်ငံကို ၉-ဌာနခွဲကာ ရွှေကျင်ဆရာတော် ဘုရားကြီးအား “ဇာဂရာဘိဓဇသဒ္ဓမ္မဝံသ ဓမ္မသေနာပတိ အတုလာဓိပတိ သီရိပဝရ မဟာဓမ္မရာဇာဓိရာဇဂုရု” ဟူသော သာသနာပိုင် ဘွဲ့တံဆိပ်တော်ကို ဆက်ကပ် လှူဒါန်းတော် မူသော်လည်း လက်ခံတော်မမူ၊ တောင်တော် ဆရာတော်အား “မာလာလင်္ကာရဓဇဓမ္မသေနာပတိ အတုလာဓိပတိ သီရိပဝရ မဟာဓမ္မရာဇာဓိ ရာဇဂုရု” ဟူသော သာသနာပိုင် ဘွဲ့တံဆိပ်တော်ကို ကပ်လှူကာ ဆရာတော် ၂-ပါး သာသနာ ပြုတော်မူကြရန် လွှဲအပ်တော်မူလေသည်။ (ထို ၉-ဌာနတို့တွင် ရွှေကျင်ဆရာတော် ဘုရားကြီး၏ တပည့် အများအပြား ပါဝင် အုပ်ချုပ်ကာ သာသနာပြုတော်မူကြပုံကို စာရင်းတွင် တွေ့ရပေ၏။)
၁၂၄၆-ခုနှစ် (သက်တော်-၆၄) တွင် မင်းကွန်း ငွေတောင်တောရသို့ ထွက်ကာ သီတင်းသုံးတော် မူလေသည်။
၁၂၅၅-ခုနှစ်တွင် နောက်ပါတပည့် သံဃာများနှင့်တကွ အောက်နိုင်ငံသို့ ကြွရောက် လှည့်လည်ကာ တရားရေအေး တိုက်ကျွေးတော်မူလေသည်။ (နောက်က ပြခဲ့ပြီ။)
၁၂၅၅-ခု နှစ် တပေါင်းလပြည့်ကျော် ၇-ရက် ညဉ့်လဝန်း ပေါ်ချိန်၌ ပျံလွန်တော်မူလေသတည်း။
ဤသို့ နေမင်းကြီးသည် အနောက် ဂေါယာကျွန်းသို့ ယွန်းလေသကဲ့သို့ ရွှေကျင်ဆရာတော်ဘုရားကြီး ဘဝနတ်ထံ ဝင်စံတော် မူသွားသော်လည်း မန္တလေး မြို့တော်ရှိ ရွှေကျင်နိကာယ ကျောင်းတိုက်၌ သီလ ပညာ၊ သမာဓိက္ခန် ရင့်သန် ကုံလုံသည့် လက်ရင်းတပည့်ကြီးပေါင်း ၃၆-ပါးနှင့် အထောင် မက များပြားလှသည့် တိုက်သား သံဃာတော်တို့သည် ထိုထိုမြို့ဒေသ အနှံ့ ဂန္ထ ဝိပဿနာ နှစ်ဖြာသော သာသနာ့ဝန်ကို အားသွန်ကြိုးပမ်း ထမ်းဆောင်တော်မူရစ်ကြလေ၏။
ပြုစုတော်မူသည့် ကျမ်းဂန်စာပေများ
▬▬▬▬▬▬▬
ရွှေကျင်ဆရာတော်ဘုရားကြီး၏ သီလဂုဏ်အစွမ်း သမာဓိဂုဏ် အစွမ်းတို့ လျှမ်းလျှမ်း တောက်ပ ထူးခြားလှ၍ ပုရိသဝိသေသတဆူ ဖြစ်တော်မူကြောင်းကိုသာ အများသိမြင်တတ်ကြ၏။
ပရိယတ္တိဝိသာရဒ နာနာနယကောဝိဒဂုဏ် လောက်လုံပြည့်ဝ ထူးခြားလှ ပုံကိုကား အချို့သူများအဖို့ မသိမမြင်ဘဲ ရှိတတ်ကြလေသည်။ ညောင်လေးပင်တောရ ပဓာန ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဦးအရိယ အရှင်မြတ် ပြုစုတော်မူသည့် “ဘုန်းတော်ကြီး ဦးသီလ၏ ထေရုပ္ပတ္တိ” (မျက်နှာ-ဂ၂) ၌ -
“ရွှေကျင်ဆရာတော်ဘုရားကြီး ရေးသားသော မဟာသိဿကောဝါဒ၊ ဂမ္ဘီရာ ဂမ္ဘီရ၊ ဝိစိတြ၀န္ဒနာ-စသော ကျမ်းတို့ကို ကြည့်ရှုလျှင် ပိဋကတ်တော် နိုင်နင်းပုံမှာ ပြိုင်သူမရှိ ပဟေဠိနည်း၊ အလင်္ကာ နည်း၊ နေတ္တိနည်း တို့နှင့် အဆန်းတကြယ် ပြည့်စုံ၏” ဟု ရေးသား မှာကြားတော်မူခဲ့လေ၏။
မှန်လှပေ၏။ ကြာရိုးကြာစွယ်ကို မြင်သဖြင့် ရေ၏ အတိမ်အနက်ကို သိနိုင်သကဲ့သို့ ဆရာတော် ဘုရားကြီး၏ လက်ရာဖြစ်သည့် ကျမ်းဂန်များကို ကြည့်ရခြင်းအားဖြင့် မည်မျှ တိပိဋကကောဝိဒ၊ နာနာနယကောဝိဒဂုဏ် လောက်လုံ ပြည့်ဝကြောင်း သိသာလှပါပေသည်။
ဆရာတော်ဘုရားကြီး ပြုစုတော်မူသည့် ကျမ်းတို့မှာ အောက်ပါအတိုင်း ဖြစ် လေသည်။
၁။ နေတ္တိလီနတ္ထသင်္ဂဟ
၂။ နေတ္တိဟာရပိဘာဝနီ
၃။ ရူပဘေဒဝိဘာဝနီ
၄။ ဂဏဘေဒဒီပနီ
၅။ နိဿယင်္ဂဝိနိစ္ဆယ
၆။ သီမာလင်္ကာရဝိနိစ္ဆယ
၇။ ဒသဓမ္မာလင်္ကာရအဋ္ဌကထာ
၈။ သီလဝိသောဓနီ သာသနဝိသောဓနီ
၉။ ပဋိစ္စသမုပ္ပါဒဒီပနီ
၁၀။ ဗောဇ္ဈင်္ဂဒီပနီ
၁၁။ ဝဉ္စနာဒီပနီ
၁၂။ ဝိနယဂရုဒီပနီ
၁၃။ ဓမ္မောသဓ ဒီပနီ
၁၄။ ဩဝါဒါလင်္ကာရကထာ
၁၅။ ဓမ္မ-ခတ္တိယောဝါဒ
၁၆။ ကေဝဋ္ဋော ဝါဒ
၁၇။ သီဟဠော ဝါဒ
၁၈။ သန္ဓေသကထာ
၁၉။ လင်္ကာသာသနဝိသုဒ္ဓိကထာ
၂၀။ ဥပဒေသကထာ
၂၁။ ယွာဋီကာ
၂၂။ ဝိနယမဓု
၂၃။ မဟာသိဿကောဝါဒ
၂၄။ စူဠသိဿကောဝါဒ
၂၅။ ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတကထာ
၂၆။ ဝိစိတြဝန္ဒနာ
၂၇။ သမာသ်ဂဏ္ဌိ
၂၈။ ဒါရုခန္ဓသုတ်နိဿယ
၂၉။ အဋ္ဌိက ကမ္မဋ္ဌာန်း
၃၀။ ရွှေကျင်နိယံ - စသည်တို့ပေတည်း။
ရွှေကျင်ဆရာတော်ဘုရားကြီး အထ္ထုပ္ပတ် ( အကျဉ်း ) ပြီး၏။
…………
“ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်း” မာတိကာ
▬▬▬▬
၁-ပဏာမကဏ္ဍ
- ၁။ ပူဇော်ခြင်း ပဏာမအထူး
- ၂။ ဉာဏ်ဖြင့်သာ ခွဲဝေနိုင်ပုံ
- ၃။ ဂမ္ဘီရံ - ပုဒ်ပြီးအဓိပ္ပါယ်
- ၄။ သင်္ခတ - ပုဒ်ပြီး အဓိပ္ပါယ်
- ၅။ အမေဒိနီ - စသော ပုဒ်ပြီး အဓိပ္ပါယ်
- ၆။ တံတိဋ္ဌာန-ပုဒ်ပြီးအဓိပ္ပါယ်
- ၇။ ဝိနာသေန္တော - ပုဒ်ပြီး
- ဂ။ သံမုဠှာ ပဟေဠိ အဓိပ္ပါယ်
- ၉။ ပုဒ်ပြီး ပမုဿိတပဟေဠိ အဓိပ္ပါယ်
- ၁၀။ ပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့၏ ဂုဏ်ထူးထောမနာ
- ၁၁။ အတ္ထဗျတ္တိ သုခုမာလဂုဏ်
- ၁၂။ အမာယိက ပုဒ်ပြီး အဓိပ္ပါယ်
- ၁၃။ နိဗ္ဗုတိဌာန နိဗ္ဗုတပုဂ္ဂလအား ဂါရဝပြုပုံ
- ၁၄။ အနက်ပေးနည်း သတိပြုသင့်ပုံ
- ၁၅။ နိဗ္ဗာန်မေးခွန်းများ ထုတ်ပြပုံ
၂ - သင်္ခေပကဏ္ဍ နိဗ္ဗာန နိဗ္ဗုတိကထာ
- ၁။ အာသီသပဏာမ
- ၂။ အာသီသ မေတ္တာဘာဝနာ
- ၃။ သုပိယမထေရ်မြတ်၏ ဥဒါန်းဂါထာ
- ၄။ ဘုရားသျှင်ထက် နိဗ္ဗာန်ရတနာမြတ်ပုံ
- ၅။ နိဗ္ဗာနဓာတ် ရှင်းပြပုံ
- ၆။ နိဗ္ဗာန်ထင်ရှားရှိပုံ ဥပမာ
- ၇။ ရေချိုးယောက်ျား ဥပမာ
- ဂ။ အဗ္ဘုတ စသည်၏ အဓိပ္ပါယ်
- ၉။ အဇာတံ စသည် အဓိပ္ပါယ်
- ၁၀။ နတ်ပူးဝင်သူ ဥပမာ
- ၁၁။ (နိဗ္ဗာန်ထင်ရှားရှိပုံနှင့် ပေါ်လာပုံတိုကို ဟောပြရာ) မိလိန္ဒ ပဉှ ပါဠိတော်
- ၁၂။ ၎င်းပါဠိတော်အနက်
- ၁၃။ နိဗ္ဗာန်ပေါ်လာပုံ ဥပမာနှင့် တိုက်တွန်းချက်
- ၁၄။ နိဗ္ဗာန်၏ သန္တိလက္ခဏာ စသည် ပြပုံ
- ၁၅။ ပုထုဇဉ်သေက္ခတို့ မမြင်နိုင်ပုံ
- ၁၆။ နိဗ္ဗာန်တည်ရှိပုံ
- ၁၇။ ပညာငယ်သူ ရှင်လူတို့အတွက် ဖော်ပြပုံ
- ၁၈။ နိဗ္ဗာန်ရတနာ ပေါ်လာပုံ
- ၁၉။ နိဗ္ဗာန်ရွှေနန်း အံ့မခန်း၌ ပုဂ္ဂိုလ်များ
- ၂၀။ ရဟန္တာတို့၏ ဂတိကို ဖော်ပြပုံ
- ၂၁။ နိဗ္ဗာန်နှင့် နိဗ္ဗာန်ရောက် ပုဂ္ဂိုလ်တို့ တည်ရှိပုံ
- ၂၂။ နိဗ္ဗာန်ရောက်၍ တည်နေသောအခါ လူ-နတ် စသည် မခေါ်ထိုက်ပုံ
- ၂၃။ နိဗ္ဗာန်ဂုဏ်ကျေးဇူးများကို အကျဉ်းပြပုံ
- ၂၄။ (နိဗ္ဗာန်တည်ပုံ စသည်ကိုပြရာ) သဠာယတန သံယုတ်ပါဠိတော်
- ၂၅။ ၎င်းအဋ္ဌကထာပါဌ်
- ၂၆။ (နိဗ္ဗာန်၏ ဂုဏ်များကိုဟောပြရာ) သံယုတ် ပါဠိတော်၏အနက်
- ၂၇။ နိဗ္ဗာန်ရောက်သူတို့ ဂုဏ်ကျေးဇူး
- ၂၈။ နိဗ္ဗာနသုခ၏ ဂုဏ်ထူးကို ပြပုံ
- ၂၉။ နိဗ္ဗာန်၏ အသင်္ခတ စသည့်အရာကို ပြပုံ
- ၃၀။ အပ္ပစ္စယနိုဗ္ဗာန် မည်ပုံ
- ၃၁။ နိဗ္ဗာန်ဖြစ်ပေါ်လာပုံ
- ၃၂။ အသင်္ခတပုဒ်၏ အရည်စစ် အဓိပ္ပါယ်
- ၃၃။ ပရိနိဗ္ဗာနေဉာဏံ အရ ရှင်းပြပုံ
- ၃၄။ နိဗ္ဗုတပုဂ္ဂိုလ်အကြောင်း ပြပုံ
၃-ဝိတ္ထာရကဏ္ဍ (က) နိဗ္ဗာနကထာ
- ၁။ (နိဗ္ဗာန်ရှိသည့်အဖြစ်ကို ဟောပြရာ) ဥဒါန်း ပါဠိတော် ပထမသုတ်
- ၂။ ဒုတီယသုတ်
- ၃။ တတီယသုတ်
- ၄။ စတုတ္ထသုတ်၊
- ၅။ ပထမသုတ် အဘွင့်
- ၆။ ဒုတီယသုတ်အသွင်
- ၇။ တတီယသုတ်အဘွင့်
- ၈။ စတုတ္ထသုတ် အဘွင့်
- ၉။ ဗာဟိယသုတ် အဘွင့်
- ၁၀။ ဥဒါနသံဝဏ္ဏနာ အနက် ယောဇနာပုံ
- ၁၁။ ဒုတီယ ဥဒါနသံဝဏ္ဏနာ အနက်ယောဇနာပုံ
- ၁၂။ ပထမသုတ် ဥဒါန်းပါဠိတော် အနက်ယောဇနာပုံ
- ၁၃။ ဆန်းကြယ် နက်နဲသောအဓိပ္ပါယ်ရှင်းပြပုံ
- ၁၄။ ဒုတီယသုတ် ပါဠိတော်အနက် ယောဇနာပုံ
- ၁၅။ အတ္ထာ ယောဇနာ ရှင်းပြပုံ
- ၁၆။ တတီယသုတ်အဖွင့် အနက် ယောဇနာပုံ
- ၁၇။ တတီယဥဒါနသုတ် ပါဠိတော် အနက် ယောဇနာပုံ
- ၁၈။ ရခဲသော အနက် ယောဇနာနည်း ရှင်းပြပုံ
- ၁၉။ သမင်မက မွေးသော လူသားနှင့် နိဗ္ဗာန်ဥပမာ
- ၂၀။ နိဗ္ဗာန်သည် သဘာဝအားဖြင့် ပေါ်လာပုံ
- ၂၁။ အနက်ယောဇနာပုံနှင့် ထောင်ဥပမာ
- ၂၂။ အလင်္ကာ ပဟေဠိများ ရှင်းပြပုံ
- ၂၃။ ပါဠိတော်စကား ဆက်စပ်ပြပုံ
- ၂၄။ စတုတ္ထဥဒါနသုတ် ဥဒါန်းပါဠိတော် ယောဇနာပုံ
- ၂၅။ နိဗ္ဗာန်နှင့် ဥမင်လိုဏ်ခေါင်းကြီး စသည် ဥပမာ
- ၂၆။ အရိယာပုဂ္ဂိုလ်တို့ နိဗ္ဗာန်အာရုံပြုပုံ
- ၂၇။ နိဗ္ဗာန်ရောက်သူတို့သည် ပျောက်ပျက်သွားသည်မဟုတ်
- ၂၈။ နိဗ္ဗာန်နှင့် ပင်လယ်သမုဒြာ ဥပမာ
- ၂၉။ နိဗ္ဗာန်ကို ဖြစ်စေတတ်သောတရား
- ၃၀။ နိဗ္ဗာန်ဟူသည် အချည်းနှီး အဘာဝပညတ် မဟုတ်
- ၃၁။ နိဗ္ဗာန်ဟူသည် ခန္ဓာဒုက္ခတို့၏ အဆုံးစွန်သဘော
- ၃၂။ နိဗ္ဗာန် ပရိနိဗ္ဗာန် တူပုံ
- ၃၃။ နိဗ္ဗာန်သဘော ပေါ်လွင်အောင်ဥပမာအမျိုးမျိုးဖြင့် ပြပုံ
- ၃၄။ ဒါန- သီလ - ကုသိုလ် စသည်နှင့် မြည်းမ ဥပမာ
- ၃၅။ ရုပ်နာမ်ခန္ဓာ ကွယ်ပျောက်မှ နိဗ္ဗာန်ပေါ်လာပုံ
- ၃၆။ ခြင်္သေ့ အသံကိုကြားသဖြင့် မကိုက်ဝံ့သာ ကျားဥပမာ
- ၃၇။ နိဗ္ဗာန်ဟူသည်၌ မယောင်မှားသင့်ကြပုံ
- ၃၈။ ကိုယ့်နိဗ္ဗာန် - သူ့နိဗ္ဗာန် ခွဲပြပုံ
- ၃၉။ ဓု၀-သဿတ ဖြစ်နေသော နိဗ္ဗာန်
- ၄၀။ အနာဂတံသဉာဏ်နှင့် အနာဂတ်နိဗ္ဗာန်
- ၄၁။ သဥပါဒိသေသ အနုပါဒိသေသ နိဗ္ဗာန်နှစ်မျိုး
- ၄၂။ နိဗ္ဗာန်၏ သိမ်မွေ့နက်နဲသော အရောင်
- ၄၃။ မင်္ဂလသုတ်လာ နိဗ္ဗာန်
- ၄၄။ နိဗ္ဗာန်သည် အတ္ထိပစ္စည်း မဟုတ်ပုံ
- ၄၅။ အဘိဓမ္မာဝတာရ အဋ္ဌကထာအလိုနိဗ္ဗာန်
- ၄၆။ သစ္စသံခိပ်အလိုနိဗ္ဗာန်
- ၄၇။ အနုဋီကာအလိုနိဗ္ဗာန်
- ၄၈။ မူလဋီကာအလိုနိဗ္ဗာန်
- ၄၉။ ကြောင်ပါးကြီးဥပမာ နိဗ္ဗာန်ရတနာ ပေါ်လာပုံ
- ၅၀။ တယောက်ချိုဆွမ်း စသည်ကြောင့် နိဗ္ဗာန်ပေါ်လာပုံ
- ၅၁။ နိဗ္ဗာန် မဂ်ဖိုလ်တို့ကို မြှော်တမ်း အာရုံပြုနိုင်ပုံ
- ၅၂။ သာသနူပမာ လောကူပမာ
- ၅၃။ နိဗ္ဗာန်ရတနာသည် အရပ်ဆယ်မျက်နှာ၌ရှိပုံ
- ၅၄။ (အနာဂတ်နိဗ္ဗာန်၌ အတ္ထ္ကပဋိသမ္ဘိဒါဉာဏ်ဖြစ်ပုံ စသည်ကိုပြရာ) အဘိဓမ္မာဝတာရ သံဝဏ္ဏနာဋီကာ
- ၅၅။ အပ္ပစ္စယအသင်္ခတနှင့် နိဗ္ဗာန်အပြား
- ၅၆။ ဣတိဝုတ်ပါဠိတော် (လာ သဥပါဒိသေသနှင့် အနုပါဒိသေသနိဗ္ဗာန်)
- ၅၇။ ဣတိဝုတ်အဋ္ဌကထာပါဌ်
- ၅၈။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ (အဆို သဥပါဒိသေသ အနုပါဒိသေသ)
- ၅၉။ ပရိယာယ်အားဖြင့် နိဗ္ဗာန်အပြား
- ၆၀။ သာဓကပါဠိတို့၏အနက်များ
- ၆၁။ အနာဂတ်ဟု စင်စစ်မဆိုထိုက်ပုံ
- ၆၂။ လိုအပ်သောအတ္ထယောဇနာ ပြုသင့်ပုံ
- ၆၃။ နိဗ္ဗာန်သည် ခန္ဓာ၌ပင် ဖြစ်၏ ဟူသည်ကို ပြပုံ
- ၆၄။ ယောဓနှင့်ထောင်မှူးဥပမာ
- ၆၅။ ရာဇဝတ်ကောင် ဥပမာ
- ၆၆။ (လေဏ တာဏ စသည်ကို) နေတ္တိအဋ္ဌကထာ ဖွင့်ပြပုံ
- ၆၇။ နိဗ္ဗာနပုဒ်ပြီး အမျိုးမျိုး အနက်ယောဇနာပုံ
- ၆၈။ ပါဠိနှင့် အဋ္ဌကထာ ဆန့်ကျင်သည်ဟု မမှတ်သင့်ပုံ
- ၆၉။ သိမ်မွေ့နူးညံ့သော နိဗ္ဗာန်ရတနာ
- ၇၀။ ဘုရားသျှင် စံတော်မူရာနိဗ္ဗာန် ယခုတိုင်ရှိ-မရှိ
- ၇၁။ (လေဏ တာဏ စသည်ကိုပြရာ) နေတ္တိ အဋ္ဌကထာပါဌ်အနက်
- ၇၂။ နိဗ္ဗာန်ချမ်းသာ စံစားနေတော်မူကြပုံ
- ၇၃။ နိဗ္ဗာန်ရတနာကို ဥပမာအမျိုးမျိုးဖြင့် ပြုပုံ
- ၇၄။ စတုက္ကအင်္ဂုတ္တိုရ်ပါဠိတော် အဋ္ဌကထာအနက်
- ၇၅။ သမုဒြာပင်လယ် စသည့်ဥပမာဖြင့် ရှင်းပြပုံ
- ၇၆။ နိဗ္ဗာန် ဝီထိပုံ
- ၇၇။ နိဗ္ဗာန်ရွှေနန်း စံမြန်းရပုံ
- ၇၈။ အသင်္ခတနိဗ္ဗာန်၏ လက္ခဏာသုံးပါးနှင့်ဌီရှိပုံ
- ၇၉။ ခန္ဓာကွယ်ပျောက်မှ ဖြစ်ပေါ်လာသော နိဗ္ဗာန်
- ၈၀။ နိဗ္ဗာန်ရတနာကြီးကို ပတ္တမြားရတနာနှင့် နှိုင်းပြပုံ
- ၈၁။ သီတိဘာဝ ဧမြခြင်း နိဗ္ဗာန်သည် မအိုမသေ အမြဲတည်ပုံ
- ဂ၂။ နိဗ္ဗာန်ရတနာပေါ်ပုံနှင့် နိဗ္ဗာန်အမျိုးမျိုး
- ဂ၃။ ပဋ္ဌာနသာရကျမ်းအလိုနိဗ္ဗာန်ကို စိစစ်ပြပုံ
- ဂ၄။ (နိဗ္ဗာန်ရှိ မရှိ စသည်ကိုပြရာ) ဝိသုဒ္ဓိမဂ်အဋ္ဌကထာပါဌ်
- ၈၅။ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၏ ရခဲစွာသော အနက်ယောဧနာ
- ဂ၆။ သဠာယတနသံယုတ်အဋ္ဌကထာပါဌ်နှင့် ညီလျော်သော အဓိပ္ပါယ်
- ၈၇။ နေတ္တိဘာဝနီအရ နိဗ္ဗာန်အဓိပ္ပါယ်
- ၈၈။ နိဗ္ဗာန်မည်ပုံ အကြောင်းအမျိုးမျိုး
- ၈၉။ နိဗ္ဗာန်ထင်ရှားရှိကြောင်း ကြေးမုံ မျက်နှာရိပ်တို့ဖြင့် ခွဲခြားပြပုံ
- ၉၀။ ရုပ်နှင့်နိဗ္ဗာန်သမ္ပယုတ် မဖြစ်ကြောင်းခွဲခြားပြပုံ
- ၉၁။ နိဗ္ဗာန်ကိုမြင်ရပုံ အဓိပ္ပါယ်
- ၉၂။ နိဗ္ဗာန် ရောက်ရပုံ
- ၉၃။ ကထာဝတ္ထုပါဠိ၏ အလွန်ရခဲသော အနက်အဓိပ္ပါယ်
- ၉၄။ အဇာတံ - စသော ပါဌ်၏ အဓိပ္ပါယ်များ
- ၉၅။ စိတ်-စသည်ဟို၏ နိဗ္ဗာန်နှင့် ထူးခြားပုံ
- ၉၆။ နိဗ္ဗာန်အကျဉ်းမှတ် သဘာဝအနက်များ
၄-ဝိတ္ထာရကဏ္ဍ (ခ) နိဗ္ဗုတိကထာ
- ၁။ (ပရိနိဗ္ဗာန်ပြုပြီး ဘုရားရှင်တို့ စက္ခု စသည် ရှိ-မရှိကိုပြရာ) သဠာယတနသံယုတ်ပါဠိတော်အနက်
- ၂။ ကောသလမင်းကြီးအား ဘုရားသျှင် ဖြေတော်မူပုံ
- ၃။ လျှောက်ထား ဖြေဆိုချက်အဖွင့် အဋ္ဌကထာ
- ၄။ ၎င်းအဖွင့်ဋီကာ
- ၅။ အနက်ယောဇနာနည်းနှင့် အဓိပ္ပါယ် ယူနည်းများ
- ၆။ ၎င်းအဋ္ဌကထာ၏ အလွန်ခက်သော အနက်
- ၇။ အဋ္ဌကထာလာ ဝါရလေးချက် ရှင်းပြပုံ
- ဂ။ သဠာယတနသံယုတ် ဋီကာအနက်
- ၉။ ဋီကာဆရာ့စကား လိုရင်းအဓိပ္ပါယ် စသည် ပြပုံ
- ၁၀။ (သေပြီးနောက် အဘယ်၌ ဖြစ်သနည်း စသော အမေးကို ဖြေဆိုရာ) မဇ္ဈိမပဏ္ဏာသပါဠိတော်
- ၁၁။ ၎င်းပါဠိတော်အနက်ယောဇနာပုံ
- ၁၂။ အလွန်ခက်သော ဂမ္ဘီရတ္ထအဓိပ္ပါယ် ရှင်းပြပုံ
- ၁၃။ မီးတောက်မီးလျှံ ဥပမာ၌ ရှင်းပြပုံ
- ၁၄။ (အနုပါဒါဝိမုတ္တ-စသည်ကို ဖွင့်ပြရာ) မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ ဋီကာပါဌ်အနက်
- ၁၅။ ဂမ္ဘီရတ္ထနိဗ္ဗာန်စံ ပုဂ္ဂိုလ်၌ ဗျင်္ဂျတ္ထအဓိပ္ပါယ် စသည် ပြပုံ
- ၁၆။ နိဗ္ဗာန်ရောက်သွားသူအား အဘာဝဟု မဆိုသင့်ပုံ
- ၁၇။ (အရူပဘုံ၌ နိရောဓသမာပတ် ဝင်စားလျှင် ပရိနိဗ္ဗုတ ပုဂ္ဂိုလ်နှင့် တူပုံကိုပြရာ) ဝိသုဒ္ဓိမဂ် ဋီကာ အနက်
- ၁၈။ (ပရိနိဗ္ဗုတပုဂ္ဂိုလ် နိဗ္ဗာန်စံနေပုံ စသည်ကိုပြရာ) နေတ္တိ ပါဠိတော် ၎င်းအနက်
- ၁၉။ နေတ္တိအဋ္ဌကထာပါဌ် ၎င်းအနက်
- ၂၀။ ပါဠိအဋ္ဌကထာ စသော စကားရပ်များ ဆက်စပ်ပြပုံ
- ၂၁။ ကထာဝတ္ထုလာ စကားအရ ရှင်းပြပုံ
- ၂၂။ ပါဠိတော်သွား ထုတ်ပြသောပါဌ်
- ၂၃။ ထိုအဓိပ္ပါယ် ဗျင်္ဂျတ္ထ
- ၂၄။ အနုလောမပဉ္စကတ္ထကို ပြပုံ
- ၂၅။ ပဋိက္ကမစတုကတ္ထကိုပြပုံ
- ၂၆။ သေမင်းရှာမတွေ့သော နိဗ္ဗာန်ရွှေနန်း စံမြန်းသူများ
- ၂၇။ (နိဗ္ဗာန်ရောက်ပြီးနောက် မရှိပြီလော မြဲနေသလော စသော အမေးကိုဖြေရာ) စူဠနိဒ္ဒေသ ပါဠိတော် ၎င်းအနက်
- ၂၈။ အဓိပ္ပါယ် ရှင်းပြချက်
- ၂၉။ (ရဟန္တာ စုတေပြီးနောက် ပြတ်သွားသည် ဟူသော အယူ မမှန်ပုံကို ဟောပြရာ) ခန္ဓဝဂ္ဂသံယုတ် ပါဠိတော်
- ၃၀။ ၎င်းပါဠိတော် ဂဏ္ဌိပဗ္ဗအနက်
- ၃၁။ ရဟန္တာတို့ဖြစ်ရာဂတိ စသည် ပြပုံ
- ၃၂။ ဘတ်ရှုသူတို့အား မှာထားပုံ
- ၃၃။ နတ်ချမ်းသာနှင့် ခံစားသူ ဥပမာ စသည်ဖြင့် ရှင်းပြပုံ
- ၃၄။ အာစရိယ ဥပဒေသ ဆရာနည်း ညွှန်ပြပုံ
- ၃၅။ နိဗ္ဗာန်ချမ်းသာကို လာကူပမာဖြင့် ပြပုံ
- ၃၆။ သာသနူပမာဖြင့် ပြပုံ
- ၃၇။ သုခထက် ဥပေက္ခာဝေဒနာ ချမ်းသာပုံ
- ၃၈။ ယထာဓမ္မဝိနိစ္ဆယကို အကျဉ်းပြပုံ
အရည်စစ်ကောက်နုတ်ချက်
၁။ အလွန်ထူးဆန်း မှတ်သားဘွယ် နှစ်ဆယ့်တချက်
၆ - မေတ္တာအာသီသ
၁။ နိဂုံးချုပ် ငါးဌာနကို ပြပုံ
ပဟေဠိများနှင့် နိဂုံးဆုတောင်းခန်း
၁။ သဒ္ဒပဟေဠိ ရှစ်မျိုး
၂။ အတ္ထပဟေဠိ ရှစ်မျိုး
၃။ သဒ္ဒတ္ထပဟေဠိ
၄။ ကိုးကားသော ကျမ်းများ
မာတိကာ ပြီး၏။
……..
ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်း
▬▬▬▬▬▬▬▬▬
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁ - ပဏာမကဏ္ဍ
▬▬▬▬▬▬
ပဌမတွဲ
၁။ နမတ္ထု မေ ဂမ္ဘီရာဂမ္ဘီရဉာဏဿ။
ပူဇတ္ထု မေ ဂမ္ဘီရာဂမ္ဘီရဓမ္မဿ။
ဇယတ္ထု မေ အန္တရာယာန္တရာယဿ၊
ပူရတ္ထု မေ ဣစ္ဆိတာဣစ္ဆိတဿ။
၁။ ဂမ္ဘီရာဂမ္ဘီရဉာဏဿ၊ နက်နဲသောတရား နက်နဲသည်ထက် နက်နဲသော တရား ဟူသမျှကို တစမချန် သယမ္ဘူဉာဏ်ဖြင့် အမှန်သိတော်မူတတ်ထသော။
ဝါ၊ နက်နဲသော နိဗ္ဗာန် နက်နဲသည်ထက် နက်နဲသော ပရိနိဗ္ဗုတပုဂ္ဂိုလ် တို့ကို သိတော်မူတတ် ထသော။
ဝါ၊ နက်နဲသောဉာဏ် နက်နဲသည်ထက် နက်နဲသောဉာဏ် ရှိတော်မူထသော။
ဝါ၊ နက်နဲသောတရား ဟူသမျှကို နက်နက်ကြီး သိတော် မူပေထသော။
ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား (ထည့်။)
မေ၊ ဂမ္ဘီရဖြစ်သော နိဗ္ဗာန်, ဂမ္ဘီရာ ဂမ္ဘီရဖြစ်သော ပရိနိဗ္ဗုတပုဂ္ဂိုလ် အရာကို ဆိုဆုံးဖြတ်လတ္တံ့ သော အကျွန်ုပ်၏။
နုမော၊ ရိုသေမြတ်နိုး ဦးနှိမ်ကျိုး၍ ရှိခိုးခြင်းသည်။
အတ္ထု၊ ဖြစ်ပါစေသတည်း။
ဂမ္ဘီရာဂမ္ဘီရဓမ္မဿ၊ နက်နဲသော လောကုတ္တရာ တရားရှစ်ပါး နက်နဲသည်ထက် နက်နဲသော နိဗ္ဗာန် တရားတော်မြတ်အား။
ဝါ၊ နက်နဲသော နိဗ္ဗာန်သခင် နှက်နဲသည်ထက် နက်နဲသော ပရိနိဗ္ဗုတ အသျှင်များအား။
မေ၊ နက်နဲသော နိဗ္ဗာန် အလွန်နက်နဲသော ပရိနိဗ္ဗုတ အသျှင်များတို့၏ သဘောခြင်းရာကို ဆိုဆုံးဖြတ်လတ္တံ့သော အကျွန်ုပ်၏။
ပူဇာ၊ ရိုသေကော်ရော် ပူဇော်ခြင်းသည်။
အတ္ထု၊ ဖြစ်ပါစေသတည်း၊
မေ၊ အလွန်နက်နဲသော ဉာဏ်ရှိတော် မူသောဘုရား, အလွန်နက်နဲသော တရားတော်များတို့ကို ရှိခိုး ပူဇော်ရသော အကျွန်ုပ်၏။
အန္တရာယာန္တရာယဿ၊ အန္တရာယ် အန္တရာယ် ဟူသမျှကို။
ဝါ၊ ကျမ်းမပြီးအောင် ပူလောင် နှောင့်ရှက်တတ်သော အန္တရာယ်ကြီးငယ် အသွယ်သွယ်ကို။
ဇယော၊ အောင်ရခြင်းသည်။
အတ္ထု၊ ဖြစ်ပါစေသတည်း။
အဿ မေ၊ ထိုပူဇော်ထိုက်သော အရာဌာနကို ပူဇော်ရသဖြင့် အောင်သင့်သော အန္တရာယ် ဟူသမျှကို အောင်ရပြီးသော အကျွန်ုပ်အား။
ဣစ္ဆိတာဣစ္ဆိတဿ၊ အလိုရှိအပ် တောင့်တအပ်သော လောကီအကျိုး, အလိုရှိအပ်သည်ထက် အလို ရှိအပ်သော လောကုတ္တရာ တရားအကျိုးဖြင့်။
ဝါ၊ အလိုရှိအပ်သော ကျမ်းပြီးခြင်း အကျိုး, အလွန်အလိုရှိအပ်သော နိဗ္ဗာန်ရောက်ခြင်း ပရိနိဗ္ဗုတ ပုဂ္ဂိုလ်ဖြစ်ရခြင်း အကျိုးဖြင့်။
ပူရော၊ ပြည့်ဖြိုးပြည့်စုံခြင်းသည်။
အတ္ထု ကောင်းကောင်းကြီး ဖြစ်ပါစေသတည်း။
ပူဇော်ခြင်း ပဏာမအထူး
▬▬▬▬▬▬▬▬▬
ယခုအခါ ဇမ္ဗူဒိပ်ကျွန်းအလုံး၌ လူရော ရှင်ပါ ဂန္တန္တရ အတန်အရာ ရှိသော ပုဂ္ဂိုလ်တို့နှင့်တကွ နိဗ္ဗာန အရာ နိဗ္ဗုတအရာ နှစ်ပါးတို့၌ လွန်စွာ တွေဝေကြသဖြင့် -
“ နိဗ္ဗာန် ဟူသည် စကားသာရှိ၍ အသားထင်ရှား မရှိ၊ နိဗ္ဗာန် ရောက်သူတို့လည်း ပျောက်၍ ပျောက်၍ အချည်းနှီး ရောက်၍ရောက်၍ ကုန်သွားလေတော့သည်သာ”
ဟု လွန်စွာ အပြောအဟော များကြသဖြင့် နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးကို အထူး မသိနိုင်ကြသည်ဖြစ်၍ နိဗ္ဗာန်ကို မြန်မြန်ကြီးရလိုသူ လူများ အလွန်ရှား ပါးရုံမျှမက …
“ ယင်းသို့ အဘာဝ တုစ္ဆ ရိတ္တ အဖြစ်သို့ ရောက်၍ သွားကြရသော နိဗ္ဗာန်ကို ငါ မလိုချင် “
ဟု အတွင် ပြောကြားသော လူအချို့အား၎င်း …
“ နိဗ္ဗာန်ရောက်သူတို့ ရုပ် နာမ် ပျောက်ရုံမျှမက အလုံးစုံ အစဉ်သန္တာန် ပျောက်သဖြင့် ဥစ္ဆိန္န ဖြစ်၍ သွားလေတော့သည်”
ဟု ဥစ္ဆေဒဝါဒ မကင်း သို့လားသို့လား သံသယ မရှင်းနိုင်သူတို့အား၎င်း၊ သနားချီးမြှောက်ခြင်းအကျိုး၊ ယင်းသို့ နိဗ္ဗာန်အခြင်းအရာ နိဗ္ဗာန်ရောက်သူတို့ အခြင်းအရာကို ပြဆိုသော ပါဠိ အဋ္ဌကထာ ဋီကာ တို့၏ အလွန်ကွယ်ဝှက်သော အနက် အဓိပ္ပါယ်များကို ဟုတ်တိုင်းမှန်စွာ နေရာတကျ ထုတ်ဖေါ်ပြရ သဖြင့် ပရိယတ္တိ သာသနာတော်အကျိုး ယင်းသို့ နိဗ္ဗာန်၏ဂုဏ် နိဗ္ဗာန်ရောက်သူတို့၏ဂုဏ် အလုံးစုံကို အမှန်သိရသဖြင့် နိဗ္ဗာန်ရောက်အောင် အားထုတ်ကြခြင်း ပဋိပတ္တိ သာသနာတော်အကျိုး၊ ယင်းသို့ အားထုတ်သဖြင့် နိဗ္ဗာန်ရောက်သူ ပေါများခြင်း ပဋိဝေဓသာသနာတော် အကျိုးငှါ အလွန်နက်နဲသော နိဗ္ဗာန်၊ အလွန်နက်နဲ သည်ထက် နက်နဲသော ပရိနိဗ္ဗုတ နှစ်ပါးတို့ကို ဆိုဆုံးဖြတ်ရာ ဖြစ်သော ကြောင့် ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီ အမည်ရှိသော ကျမ်းကို ညွှန်းပြလိုရာ ယင်းနိဗ္ဗာန နိဗ္ဗုတ ပုဂ္ဂလတို့၏ ဂမ္ဘီရ အစ္ဆရိယ အဗ္ဘုတဓမ္မ ဂုဏဝိသေသတို့ကို ယထာဘူတ သဘာဝအားဖြင့် ထောမနာပြု၍ ပူဇော်ခြင်း ပဏာမ ဝိသေသကို ပြုပြန်ခြင်းငှါ “ဂမ္ဘိရံ ဂမ္ဘိရံ” စသော ဂါထာတို့ကို မြွက်ဆိုအံ့သတည်း။
၎င်းပဏာမ ဂါထာတို့ဖြင့်လည်း နိဗ္ဗာန်၏ လက္ခဏာ နိဗ္ဗာန်ရောက်သူ ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၏ အခြင်းအရာကို လိုရင်း ကျမ်းစာကိုယ်သို့ မရောက်မီကပင် အသင့်အလျော် နားလည်နှင့်ကြ ကုန်လတ္တံ့။
ဉာဏ်ဖြင့်သာ ခွဲဝေနိုင်ပုံ
▬▬▬▬▬▬▬▬
သေယျထိဒံ -
၂။ ဂမ္ဘိရံဂမ္ဘိရံ ဌာနံ၊ ဂမ္ဘိရံဂမ္ဘိရံ ဌာနံ။
ဂမ္ဘိရံဂမ္ဘိရံ ဌာနံ၊ ဂမ္ဘိရံဂမ္ဘိရံ ဌာနံ။
ကဗျာဒသမည်သော သက္ကတအလင်္ကာရ ကျမ်းကြီးမှ လာသော အထပ်ထပ် ရွတ်ဆိုအပ်သောကြောင့် “အာဝုတ္တိ အလင်္ကာရ” လည်း မည်သော၊ အစုံအစုံ ရွတ်ဆိုအပ်သောကြောင့် “ယမကာလင်္ကာရ” လည်း မည်သော၊ တဂါထာလုံး တပုံတည်း ပထမပါဒနှင့်တူစွာ သုံးကြိမ် ထပ်၍ ရွတ်ဆိုအပ်သော ကြောင့် “တိပါဒါဘာသ” ဟူ၍လည်း အမည် ရသော၊ လေးပါဒလုံး ယဂိုဏ်းချည်း ဖုံးသောကြောင့် “ဝတ္တဂါထာ” လည်း မည်သော၊ အလွန်ထူးဆန်းသော “ကာရိယအာဒေသ” တို့ဖြင့် ပြီးစေအပ်သော ကြောင့် “ဖရုသာပဟေဠီအလင်္ကာ” လည်း မည်သော၊ လျှို့ဝှက်သော ပုဒ်အနက်တို့ဖြင့် ပြွမ်းသော ကြောင့် “ပဒတ္ထဂုဠှာလင်္ကာရ” စသည်လည်း မည်သောဂါထာ။
[ကာဗျာဒဿ အလင်္ကာကျမ်းကား မဟာကဝိသီရိဒဏ္ဍီဆရာ စီရင်သည့် ကျမ်းဖြစ်သည်။]
အနက်ကား …
၂။ ဂမ္ဘီရံဂမ္ဘီရံ၊ လွန်နက်သော။
ဝါ၊ နက်သည်ဖြစ်၍။
(ဟေတုမန္တဝိသေသန။)
အဋ္ဌာနံ၊ ကဝိလူသာမန်တို့၏ အရာမဟုတ်သော။
(သမ္ဗန်ကို ဝှက်သောကြောင့် ဂုဠှာလင်္ကာရ ခြောက်ပါးတို့တွင် သမ္ဗန္ဓဂုဠှာလင်္ကာရ။)
ဂမ္ဘီရံဂမ္ဘီရုံဌာနံ၊ ဂမ္ဘီရဂမ္ဘီရဌာန ဟူသမျှကို။
ဂမ္ဘီရံ၊ ဉာဏ်ရှိသူတို့သာ ဖောက်ခွဲနိုင်၏။
ဝါ၊ ဉာဏ်ဖြင့်သာ ခွဲဝေနိုင်၏။
ဝါ၊ ဉာဏ်ရှိသူတို့သာ ဉာဏ်ဖြင့်သာ ဝေဖန်နိုင်၏။
အနံ၊ ကြီးကဲလွန်မင်းသော အရာဌာနဟူသမျှသည်။
အဋ္ဌာနံ၊ သေးသိမ်သော သူတို့ အရာ မဟုတ်နိုင်။
ဂမ္ဘီရံ၊ နက်နဲသော ဉာဏ်ရှိသူတို့ ခွဲဝေ၍ ထားခဲ့အပ်သော။
ဝါ၊ ထားအပ်သောကြောင့်၊
ဂမ္ဘီရံဂမ္ဘီရံဌာနံ၊ လွန်စွာနက်နဲသော အရာဟူသမျှကို၊
အဂမ္ဘီရံ၊ ဉာဏ်မရှိသူ ဉာဏ်နည်းသူတို့ မဖောက်ခွဲနိုင်။
ဂမ္ဘီရံ၊ ကြီးကျယ်သော ဉာဏ်ရှိသူတို့သာ ဖောက်ခွဲနိုင်၏။
ဂမ္ဘီရ-ပုဒ်ပြီး အနက် အဓိပ္ပါယ်
▬▬▬▬▬▬
ဂံ ဝုစ္စတိ ဉာဏံ၊ တမေတေသံ အတ္ထီတိ ဂါ၊ တေဟေဝ ဘိန္ဒိတဗ္ဗံ၊ နာညေဟီတိ ဂမ္ဘီရံ၊ ဂေန ဝါ ဉာဏေန ဘိန္ဒိတဗ္ဗံ၊ ဂေဟိယေဝ ဝါဂေနေဝ ဘိန္ဒိတဗ္ဗန္တိ ဂမ္ဘီရံ။ ပဉ္စမ ဆဋ္ဌဂမ္ဘီရ- ဘို့ ဝစနတ္ထ။
ဒုတီယဂမ္ဘီရံဌာနံ-ကို ဂမ္ဘီရ- အဋ္ဌာနံပုဒ်ဖြတ်။ ဌ-ဗျည်းနှောင်းရာ၌ အ-ကိုချေ။ ပဌမဂမ္ဘီရတစ်မှာ အတိရေ ကတ္ထ။ နိဂ္ဂဟိတ်လာ။ တတီယ စတုတ္ထတို့မှာ ဝိစ္ဆာ။ ပဉ္စမ ဆဋ္ဌတို့မှာ ဂံ- သဒ္ဒုပ-ပဒ ဘိဒိဓာတ်။ ဒ-ကို ရ-ပြု။
“ဉာဏ်ရှိသူတို့သာ ဉာဏ်ဖြင့်သာ ဉာဏ်ရှိသူတို့ ဉာဏ်ဖြင့်သာ။”
ဤသို့ တချက်တည်း၌ အနက်များစွာ ထွက်သောကြောင့် “အဓိကိဿရ ဝစနေ” ကဲ့သို့ ပဒီပနည်း၊ “အဋ္ဌာနံ၊ ကြီးကဲလွန်မင်းသော အရာဌာန” ဟူရာ၌ အ-ကား ဝုဍ္ဎတ္ထ။ “အဋ္ဌာနံ၊ သေးသိမ်သောသူတို့ အရာမဟုတ်” ဟူရာ၌ အား အပ္ပ ကတ္ထနှင့်တကွ ပဋိသေဓတ္ထနှစ်ချက် ထွက်ရကား တန္တနည်း။
နောက်ဆုံး ဂမ္ဘီရံ-၌ ဝိစ္ဆတ္ထတချက် အဂမ္ဘီရံအဂမ္ဘီရံ-ဟု ပုဒ်ဖြတ်ပြန်၍ နှစ်ချက်။ ဤသို့ ဂမ္ဘီရ နှစ်ချက်ကို လေးချက်ရအောင် ထားအပ်သော ဘိန္ဒာဘိန္ဒ ပဒတ္ထသိလေသနည်း။
ဤဂါထာဖြင့် အတုလဂမ္ဘီရ ဉာဏ်တော်သခင် ဘုရားသျှင် ဟောကြား ထားတော်မူခဲ့သော ဂမ္ဘီရဖြစ်သော နိဗ္ဗုတိ, ထိုနိဗ္ဗုတိသို့ ရောက်သော ပုဂ္ဂိုလ်တို့၏ ဖြစ်ပုံအခြင်းအရာကို ပညာရှိ သာမန် တို့ မဝေဖန်နိုင် ဟူသော အနက်ကို ပြသတည်း။ ထိုသို့ ပြသဖြင့်လည်း အထက်၌ နိဗ္ဗုတိ နိဗ္ဗုတ - နှစ်ပါးတို့၏ အခြင်းအရာများကို ရေးသား ဆုံးဖြတ်လိုသည်ဖြစ်၍ မဆုံးဖြတ်မီ ရှေးအဘို့၌ ဂန္ထာရမ္ဘ သုံးမျိုးတို့တွင် ဝတ္ထုပုဗ္ဗက ထောမနာပုဗ္ဗက ဂန္ထာရမ္ဘ အကျိုးငှါ နိဗ္ဗုတိဌာန, နိဗ္ဗုတပုဂ္ဂလတို့၏ အတိဂမ္ဘီရဂုဏ်ကို နေယျတ္ထအားဖြင့် ထောမနာ ပြုအပ်သတည်း။
ဂမ္ဘီယျီ - ဂမ္ဘီရတာ ဟု သဒ္ဓတ္ထမုတ္တာဝဠီ ကျမ်းလာသည့်အတိုင်း ဂမ္ဘီရ-ဟု ဤကာရန္တနှင့် လိုသော် လည်း ယမကာလင်္ကာရအကျိုး, ဝတ္တဂါထာ ဆန္ဒာနုရက္ခန အကျိုးငှါ ဂမ္ဘီရံ-ဟု ဣကာရန္တ-ဖြင့် ဆိုသတည်း။
၃။ ဇာဟံဇာတမ္ပိ အဘူတံ၊ ဘူတံဘူတမ္ပိ နောကတံ။
ကတံကတံပျသင်္ခါတံ၊ သင်္ခတံ သင်္ခတံ ခတံ။
ဤဂါထာကား လေးပါဒလုံး - အစအစ၌ ယမကဖြစ်၍ စတုပ္ပဒအာဒိယမကလည်း မည်သော၊ ဝဏ္ဏတပါး မခြားဘဲ ယမကဖြစ်သောကြောင့် အဗျပေတ ယမကလည်း မည်သော၊ လေးပါဒလုံး ယမကချင်းမတူ တပုံစီ သွားသောကြောင့် အနေကရူပယမကလည်း မည်သော၊ ရှေ့ပါဒအဆုံးနှင့် နောက်ပါဒအစ ၏ ထပ်ခါထပ်ခါ ဆက်၍ဆက်၍ သွားသဖြင့် “သန္ဒဋ္ဌအလင်္ကာရ” ဟူ၍ ဒဏ္ဍီ ကျမ်းကြီး၌ မိန့်ဆိုအပ်သော မြန်မာဘာသာအားဖြင့် မြင်းဇက်ခွ အမည်ရသော အလွန်လျှို့ဝှက် နက်နဲသော ပဒတ္တရှိသည်ဖြစ်၍ အတ္ထဂုဠှာလင်္ကာရ လည်း မည်သော ယ, ဇ, ယ, ဇ-ဂိုဏ်းတို့ဖြင့် မှတ်အပ်သောကြောင့် ပထျာ လည်းမည်သော နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းသောအရာ ဟု ထင်ရှား သိသာလောက်သော ပုဒ်ဝါကျ မပါဘဲလျက် နိဗ္ဗာန်အရာကိုရည်၍ ဝှက်ဆိုအပ်သောကြောင့် ပုဒ်အနက် ရှေ့အစွန်း နောက်အစွန်း နှစ်ပါးစုံအားဖြင့် ကွယ်ဝှက်သည်ဖြစ်၍ ဥဘယစ္ဆန္န ပဟေဠိ မည်သော ဂါထာတည်း။
အနက်ကား …
၃။ အဇာတံပိ၊ မဖြစ်ပါလျက်လည်း။
ဇာတံ၊ ဖြစ်၍နေထသော။
ဇာတမ္ပိ၊ ဖြစ်ပါလျက်လည်း။
အဇာတံ၊ ဖြစ်သည် မမည်ထသော။
(သဘောအားဖြင့်သာ ဖြစ်၍ ဥပါဒ်အားဖြင့် မဖြစ်သည်ကို ရည်သည်။)
ဇာတံဇာတံ၊ ပကတိ ဖြစ်ဖြစ်သမျှ ဇာတတရားမျိုးတို့ထက် လွန်စွာ ထူးထူးခြားခြား ဖြစ်နေထသော။
(ဇာတာနံ ဇာတန္တိ ဇာတံဇာတံ-ဝစနတ္ထပြု။ နိဂ္ဂဟိတ်လာ။)
အဘူတံ၊ တရံ တဆစ် မဖြစ်ဘူးသေးဘဲလျက်။
ဘူတံ၊ ခွင့်ကြီးသာသဖြင့် တခါတည်းသာဖြစ်၍ အမြဲတည်နေထသော။
ဘူတံဘူတမ္ပိ၊ အလွန်ထင်ရှား ရှိပါလျက်လည်း။
အဘူတံ၊ မထင်ရှားသကဲ့သို့။
ဘူတံ၊ ဖြစ်၍နေရကား။
အဘူတံ၊ သင်္ခတတရားတို့ ဖြစ်ပုံနှင့် မတူ အမူကွဲပြား အထူးအားဖြင့် ဖြစ်၍ နေထသော။
(အ-ကာရ ဝိရုဒ္ဓတ္ထ။)
အဘူတံ၊ ဥပါဒ်အားဖြင့် ဖြစ်ခြင်းမှ ကင်းထသော။
(ဝိရဟတ္ထ။ ဘိန္နာဘိန္နပဒတ္ထ သိလေသနည်း။)
နောကတံပိ၊ အကြောင်းတရားတို့ ပြုပြင်နိုင်စကောင်းသည့် အရာ မဟုတ်သော်လည်း။
နော အကတံ၊ အကြောင်းတရားတို့သည် မပြုပြင်အပ်ဘဲ အလိုလိုဖြစ်လာ သည်လည်း မဟုတ် ထသော။
(ဘိန္နာဘိန္နပဒတ္ထ သိလေသနည်း။)
ကတံပိ၊ အကြောင်းတရားတို့ ပြုပြင်အပ်သည်ပင် ဖြစ်ပါသော်လည်း
အကတံ၊ ပြုအပ်ရာ မရောက်ထသော။
(အ-ကား ပဋိသေဓတ္ထ)
ဝါ၊ ပကတိ ပြုပြင်အပ်သော တရားတို့ထက် လွန်လွန်ကဲကဲ ပြုနိုင်မှသာ ဖြစ်ပေါ်လာနိုင် ထသော။
(အ-ကာရ ဝုဍ္ဎတ္ထ။)
အသင်္ခါတံ-အသင်္ခတံ၊ ဟေတုပစ္စယာ အကြောင်းဝေး အကြောင်းနီး ဟူသမျှတို့သည် တကွရောက်၍ မပြုပြင်နိုင်ထသော။
သင်္ခတံ-သင်္ခတံ၊ သင်္ခတမှန် ဒုက္ခရံသည့် ရုပ်နာမ်ခန္ဓာ ဟူသမျှကို။
ခတံ၊ တူးဖြို ဖျက်ဆီး နိုင်သော တရားထူး တရားမြတ် ဖြစ်ထသော။
အသင်္ခတံ၊ သင်္ခတတရားတို့ထက် ကြီးကဲလွှမ်းမိုးဖြစ်၍ နေထသော။
တံ အသင်္ခတံ၊ ထိုအသင်္ခတဓာတ် ကိုယ်တော်မြတ်ကို။
အသင်္ခတံ၊ ဘယ်သူ တစုံတယောက် မပြုပြင်နိုင်။
သင်္ခတ-ပုဒ်ပြီး အဓိပ္ပါယ်
▬▬▬▬▬▬▬▬
သင်္ခတံ၌ ပကတိသင်္ခတအတိုင်း တချက်, အသင်္ခတံ-ပုဒ်ဖြတ်၍ တချက်, တံအသင်္ခတံ-ဟု တချက်, အသင်္ခတံ-ဟု တချက်အားဖြင့် လေးချက်ရ ထားအပ်သော ဘိန္နာဘိန္နပဒတ္ထ သိလေသာလင်္ကာရ နည်းတည်း။
ဤဂါထာကား “အတ္ထိ ဘိက္ခဝေ အဇာတံ အဘူတံ” စသည်ဖြင့် အထက်၌ ထုတ်ဆို လတ္တံ့သော ဥဒါန်းပါဠိတော်ကို မှီးသည်။ ဤဂါထာဖြင့်လည်း နိဗ္ဗုတိ ဂုဏ်ကို ဝိသေသ ထောမနာ ပြုအပ် သတည်း။ ဤအနက်တို့၏ အထောက် သာဓကတို့ကား အထက် လိုရင်း ရောက်သည့်အခါ လာလတ္တံ့။
၄။ အစ္ဆေရံဝတ နိဗ္ဗူတေ၊ ဒွိဂူနံပိ အနာဘဝံ၊
နာမေဒိနီ အနာနာပံ၊ နာတေဇနီ အနာဝတံ။
၅။ အနာကာသံ န ဒွါနဉ္စံ၊ နာကိဉ္စညံပိ နေတရံ။
နာသညံ အပတိဋ္ဌမ္ပိ၊ တံတိဋ္ဌာနံ သုတိဋ္ဌနံ။
၄။ နိဗ္ဗုတေ၊ အိုဘေးတကာရှင်း ရန်တကာ ကွင်းရသော အသျှင်နိဗ္ဗာန်။
ဝတ-တဝ၊ အသျှင်နိဗ္ဗာန်၏။
ရံဝ-ဝရံ၊ မြတ်လှစွာသော၊
ရံ-ရံသိ၊ အရောင်တော်သည်ကား။
အစ္ဆေရံဝတ၊ အံ့ဩဘွယ်ကြီးပါတကား။
ဘဝံ၊ အသျှင်နိဗ္ဗာန်သည်။
ဒွိဂူနံပိ၊ ရောင်ပေါင်းရှက်စပ် ဂူနှစ်ရပ် တို့၏လည်း။
ဝါ၊ ဥဏှဂူ သီတဂူ နှစ်ပါး တို့၏လည်း။
အနာဘဝံ၊ အရောင်ရှိသည် မဟုတ်ပါဘဲလျက်။
(အ-ကာရ ပဋိသေဓတ္ထ။)
အနာဘဝံ၊ အရောင်ရှိသည်နှင့် တူ၍ နေတော်မူ၏။
(အ-ကာရ သဒိသတ္ထ။)
ဝါ၊ နေရောင် လရောင် ရှိသည်ထက်ပင် ဝင်းဝင်းပြောင်၍ နေ၏။
(အ-ကာရ ဝုဍ္ဎတ္ထ။)
ပိုးမြည်မြူးရောင်သည် နေရောင် လရောင်တွင်း၌ မဝင်မသန်းနိုင် သကဲ့သို့ နေရောင် လရောင် တို့သည်လည်း အသျှင်နိဗ္ဗာန်ရောင်တွင်း၌ မဝင်မသန်းနိုင်ပေ ဟူလို။
“ဒ္ဓေ ဂါဝေါ ရံသီ ဧတေသန္တိ ဒွိဂူ”။ နေ၌ ပူရောင် လ၌ အေးရောင် ရှိသည်ကို ရည်သတည်း။ “ဒွိတိပတ္တာ ဘိက္ခူ” ကဲ့သို့ ပစ္စေက ယထာရဟနည်း။ အနာဘဝံ-အနက်နှစ်နည်းတွင် ရှေ့နည်း၌ အ-ကာရမှာ သဒိသတ္ထ၊ နောက်နည်း၌ ဝုဍ္ဎတ္ထ၊ သိလေသနည်း။ သိလေသနည်း ဟူသော်ကား အနက် များစွာ ဆက်ဆံသော ပုဒ်၌ အနက်တခုကို ထုတ်ဆိုခိုက် အနက်တခု စေးကပ်၍ လိုက်သည်ကို ပြသောနည်းတည်း။ အလင်္ကာဋီကာသစ်။
အစ္ဆေရံ ဝတ၌ ဝတ-ကို တဝ၊ ရံဝ ကို ဝရံ-ဟု ပြန်သည်မှာ ပဋိလောမက္ခရနည်း။ ရံ-ကို ရံသိ-ဖွင့်သည်မှာ အာဒိသင်္ကေတ နည်းတည်း။ ဝဇီရတ္ထသင်္ဂဟ ကျမ်းလာ၎င်း အစ္ဆေရံဝတ - ပုဒ်တခုထဲ၌ “တဝ ဝရံ ရံသိ အစ္ဆေရံ ဝတ” ဟု အစိတ်အပေါင်း ပုဒ်များစွာ ရအောင် ထားရကား ဘိန္နသတ္တိသမဝေတ နည်း။ “အာဘာ ဧတဿ အတ္ထီတိ အာဘဝံ။ န အာဘဝံ အနာဘဝံ” ဝစနတ္ထပြု။
နိဗ္ဗုတေ၊ အိုဘေးကို ကြောက်တတ်လှသူ ပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့၏ ပုန်းအောင်းခိုနေရာ ဖြစ်သော နိဗ္ဗာန် ပြည်တော်မြတ်။
ဘဝံ၊ အသျှင်နိဗ္ဗာန် ပြည်တော်မြတ်သည်။
အမေဒိနီ၊ ပြည်ရွာတပါး မြို့တခြား တို့ကဲ့သို့ မြေလည်း မဟုတ် မြေလည်း မရှိပါဘဲလျက်။
အမေဒိနီ၊ ပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့၏ တည်ရာဌာန ဖြစ်သဖြင့် မြေ-မြေရှိသည် ထက်ပင် ကြီးကဲ လွန်မင်းစွာ တည်ရာဖြစ်၍ နေတော်မူ၏။
အနာနာပံ၊ ရေလည်းမဟုတ် ရေလည်း မရှိပါဘဲလျက်ပင်။
အနာနာပံ၊ တဆယ့်တသီး မီးအပေါင်းတို့ကို တပေါင်းတည်း ငြိမ်းဧစေနိုင်သည် ဖြစ်၍ ရေမဟုတ် ရေမရှိသည်လည်း မမည်။
နာတေဇနီ၊ မီးလည်း မဟုတ် မီးလည်း မရှိပါဘဲလျက်။
နာတေဇနီ၊ တရာ့ရှစ်ဖြာ ရေတဏှာကို လွန်စွာ ကုန်ခန်းစေနိုင်သဖြင့် မီးမဟုတ် မီးမရှိသည်လည်း မမည်။
အနာဝတံ-အနာဝါတံ၊ အခြားသော ဘုံတည်ရာ အရပ်များကဲ့သို့ လေပင် မရှိသော်လည်း။
အနာ၀တံ-အနာဝါတံ၊ ခန္ဓာအိမ်ဟောင်း ကိလေသာ သစ်ပင်ယောင်းတို့ကို တပေါင်းတည်း ပျက်အောင် တိုက်ဖျက်နိုင်သည်ဖြစ်၍ လေမရှိသည်လည်း မမည်။
အမေဒိနီ- စသော ပုဒ်ပြီး အဓိပ္ပါယ်
▬▬▬▬▬▬▬▬▬
“န မေဒိနီ အမေဒိနီ။ နတ္ထိ မေဒိနီ ဧတဿာတိ အမေဒိနီ။ အမေဒိနီ စ အမေဒိနီ စာတိ အမေဒိနီ” ဧကသေသနည်း။ ရှေ့ အမေဒိနီ-ဘို့။ “မေဒိနီ ဧတဿ အတ္ထီတိ မေဒိနီ၊ မေဒိနီတော ဝုဍ္ဎတရံ အမေဒိနီ”။ နောက်ဘို့။ “န အာပေါ အနာပေါ။ နတ္ထိ အာပေါ ဧတဿာတိ အနာပေါ။ အနာပေါ စ အနာပေါ စ အနာပေါ။ အနာပေါယေဝ အနာနာပေါ။ တံ အနာနာပေါ” ရှေ့ အနာနာပ-ဘို့။ “နု အနာပေါ အနာနာပေါ” နောက်ဘို့။ ရှေ့ အနာနာပ-ဝယ် အ-ကာရ- တဗ္ဘာဝတ္ထ။ နောက် အနာနာပ-ဝယ် အ-ကာရ ပဋိသတ္ထေ။ ၎င်း အနာနာပံ-တပုဒ်တည်းလျက် နှစ်ချက်ထပ်၍ အနက်နှစ်မျိုး တဝါကျတည်း ပေးရာ၌ ဘိန္နသတ္တိသမဝေတ နည်း။
နာတေဇနီ-၏ အနက်နှစ်ချက် တွင်လည်း မီးမဟုတ်ဟူရာ၌ “တေဇနိယေဝ အတေဇနီ၊ န အတေဇနီ နာတေဇနီ”။ မီးမရှိ ဟူရာ၌ “တေဇနိယေဝ အတေဇနီ။ န အတေဇနီ အဿာတိ နာတေဇနီ”။ မီးလည်း မဟုတ် မီးလည်းမရှိ ဟူရာ၌ ဧကသိသ်။ အနဝဇ္ဇ အနမတဂ္ဂ ပုဒ်တို့ဝယ် အဝဇ္ဇ အမတ - ဟူသော နောက်ပုဒ်တို့ကဲ့သို့ နာတေဇနီ-ပုဒ်၀ယ် အတေဇနီ-ဟူသော နောက်ပုဒ်၌ အ-အက္ခရာမှာ တဗ္ဗာဝတ္ထ။ ရှေ့နည်းဘို့။ နောက်နည်း၌ကား အ-ကာရ ပဋိသေဓတ္ထ။ နာတေဇနီ-တချက်တည်း လျက် နှစ်ချက်ရသည်ကား ဘိန္နသတ္တိ။ အနာဝါတံ-ပုဒ်အနက် နှစ်ချက်တွင်လည်း ရှေ့အနက်၌ အဝါတ-ဝယ် အ-ကာရကား တဗ္ဘော။ နောက်၌ ပဋိသေဓ။
၅။ နိဗ္ဗုတေ၊ အို မြေဓာတ် ရေဓာတ် ဓာတ်လေးရပ် မရှိပါဘဲလျက် ဓာတ်လေးရပ် ရှိသည်ထက်ပင် ပရိနိဗ္ဗုတ အသျှင်တို့၏ စင်စစ် ပုန်းအောင်းရာ ဖြစ်တော် မူပေသော နိဗ္ဗာန်သာခေါင် ဘေးမဲ့တောင်။
ဘဝံ၊ အသျှင်နိဗ္ဗာန်သာခေါင် ဘေးမဲ့တောင်တော်မြတ်သည်။
အနာကာသံ၊ အခြားသော ဘုံတည်ရာဌာန ပဗ္ဗတများကဲ့သို့ ကောင်းကင်လည်း မဟုတ် ကောင်းကင်လည်း မရှိပါဘဲလျက်။
အနာကာသံ၊ အဘယ်တစိုးတစိ ဘေးမထိနိုင်ရာ ဖြစ်၍ အဇဋာကာသ ကောင်းကင်၀နှင့်အတူ ဖြစ်တော်မူပေ၏။
(ရှေ့၌ အ-ကာရ ကား ပဋိသေဓတ္ထ။ နောက်၌ သဒိသတ္ထ။)
နိဗ္ဗုတေ၊ အို မြေ ရေ လေ မီးလည်း မထင် မိုးကောင်းကင်လည်း မဟုတ်ပါဘဲလျက် ဘေးကို ကြောက်တတ်လှသူ ပုဂ္ဂိုလ်ဖြူ တို့၏ စင်စစ် ပျော်စံ နေရာဖြစ်တော်မူသော နိဗ္ဗာန် ရွှေ နန်း အံ့မခန်း၊
တုဝံ၊ အလွန်ထူးဆန်း အံ့မခန်းသည့် အသျှင်နိဗ္ဗာန် ရွှေမြို့နန်းသည်။
နဒွါနဉ္စံ၊ အာနဉ္စ နှစ်ရပ် ဘုံရှစ်ထပ်လည်း မဟုတ်ပါဘဲလျက်။
ဒွါရနဉ္စံ၊ အခြားသော ဘုံတည်ရာ များကဲ့သို့ နှစ်ပါးသော အဘို့တို့ဖြင့် အဆုံးမထင်ဖြစ်၍ နေတော် မူပေ၏။
ဥပါဒ် ဘင် အစွန်း မရှိသည်ကိုယူ၊ နဒွါနဉ္စံ - ပုဒ်တခုတည်း၌ နဒွါနဉ္စံ၊ ဒွါနဉ္စံ-ဟု နှစ်ချက် ထားရ သည်ကား ဘိန္နသတ္တိသမဝေတ။ “ဒွေအာနဉ္စာနိ ဒွါနဉ္စံ”၊ ရှေ့ဘို့။ “နတ္ထိ အန္တော ဧတဿာတိ အနန္တံ။ ဒွီဟိ အနန္တံ ဒွါနန္တံ၊ ဒွါနန္တမေ၀ ဒွါနဉ္စံ။ ဏျပစ္စယော။ သွတ္ထော"။ နောက်ဘို့။
နိဗ္ဗုတေ၊ အို အခြားသော ဘုံမြို့ရွာများကဲ့သို့ ဓာတ်လေးပါးလည်း မထင် မိုးကောင်းကင်လည်း မဟုတ်ရ၊ အာနဉ္စဘုံနှစ်မျိုးမှလည်း အလွတ်ဖြစ်လျက် ဝေနေယျတို့၏ ပုန်းအောင်းခိုနေရာ မဟုတ် သည် မဟုတ်သော နိဗ္ဗာန်ပြည်ကျော် အစမထင် ဆုံးမမြင်သည့် ရွှေမြို့တော်။
တုဝံ၊ အသျှင်နိဗ္ဗာန်ပြည်သီး မြို့တော်ကြီးသည်။
နာကိဉ္စညံ၊ အာကိဉ္စည ဘုံဌာနလည်း မဟုတ်ပါဘဲလျက်၊
အာကိဉ္စညံ၊ အာကိဉ္စညလည်းဖြစ်၍ နေတော်မူခဲ့၏။
တနည်း - နာကိဉ္စညံ၊ အာကိဉ္စည ဘုံဌာနလည်း မဟုတ်ပေသည်ဖြစ်၍။
အာကိဉ္စညံ-အာကိဉ္စနံ၊ အဘယ် တစုံတရာ ဘေးတွက်တာဖြင့် ကြောင့်ကြစရာမရှိ ဖြစ်တော်မူပေ၏။
နာကိဉ္စညံ တပုဒ်တည်းလျက် “ နာကိဉ္ဇညံ အာကိဉ္စညံ” နှစ်ချက်ရ။ ဘိန္နသတ္တိ။
နိဗ္ဗုတေ၊ အို ဓာတ်လေးပါးရှိရာ ကာမ ရူပ ဘုံဌာနတို့၌လည်း မဝင် အောက်အရူပ ဘုံခွင်တွင်လည်း မသွင်းရ၊ ပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့ စံနေရာလည်း ဖြစ်သော နိဗ္ဗာန်ရွှေထီး ပြည်တော်ကြီး။
တုဝံ၊ အသျှင်နိဗ္ဗာန်ပြည်တော်ကြီးသည်။
နေတရံ၊ အောက်အရူပ သုံးဘုံတို့မှတပါး အရူပဘုံလည်း မဟုတ်ပါဘဲလျက်။
ဝါ၊ ဣတရလည်း မဟုတ်ပါဘဲလျက်။
ဣတရံ၊ ဣတရဖြစ်၍ နေတော်မူ၏။
တနည်း- နေတရံ၊ နေဝသညာ နာသညာယတန ဘုံဌာနလည်း မဟုတ်ပါဘဲလျက်။
ဣတရံ၊ ဆိုခဲ့ပြီးအပ် အရပ်ရပ်သော ဘုံတို့မှလည်း တပါးဖြစ်၍ နေတော်မူပေ၏။
နိဗ္ဗုတေ၊ အို ကာမရူပ အရူပတွင် ဘက်မဝင်သည့် အသျှင်နိဗ္ဗု ရွှေပြည်တော်မြတ်။
တုလံ၊ အသျှင်နိဗ္ဗုပြည်တော်မြတ်သည်။
နာသည်၊ အသညသတ္တ ဘုံဌာန လည်း မဟုတ်ပါဘဲလျက်။
အသညံ၊ သညာထူးထွေ နာမ်တရားလည်း မရှိပေသည်ဖြစ်၍။
နာသညံ၊ ဘေးကိုကြောက်သူ တကဲ့လူကို မနှစ်သက်ရာလည်း မဟုတ်ပေ
“သဉ္ဇာနိတဗ္ဗံ တောသေတဗ္ဗံ ဧတ္ထာတိ သညံ။ န သညံ အသညံ။ န အသညံ နာသညံ” ဝစနတ္ထပြု နောက်အနှက်ဘို့။ ဉာ-ဉတ္တိမရဏေ တောသေ” ဟု လာသည်ကိုရှု။ ဘိန္နသတ္တိ။
နိဗ္ဗုတေ၊ အို ဘုံသုံးပါး၏ ပြင်ဘက် ဘုံသုံးပါးကို လွှမ်း၍ တက်တော်မူသော နိဗ္ဗာန်ပြည်ကြီး ရွှေ နန်းထီး။
ဘဝံ၊ အသျှင် သူမတူတန် သူ့ကိုလွန်သော နိဗ္ဗု ပြည်တော်မြတ်သည်။
အပတိဋ္ဌမ္ပိ၊ အခြားပြည်ရွာ မြို့များစွာတို့ကဲ့သို့ မြေပေါ် ရေပေါ်, ကောင်းကင်ပေါ်၌ပင် မတည် သော်လည်း၊
တံတိဋ္ဌာနံ၊ နိဗ္ဗာန် ပြည်ကျော် အသျှင်မြတ်၌ ပျော်တော်မူကြကုန်သော ပရိနိဗ္ဗုတသခင် အသျှင်ကောင်းတို့၏။
သုတိဌနံ၊ အဘယ်ဘေးဘျမ်း ဘယ်လေကြမ်းကို မတိုက်လွှမ်းနိုင် အလွန်ခိုင်ခံ့စွာ တည်နေရာ ဖြစ်တော်မူပေ၏။
တံတိဋ္ဌာန - ပုဒ်ပြီးအဓိပ္ပါယ်
▬▬▬▬▬▬▬▬▬▬
တံတိဋ္ဌာနံ-၌ တုမှ-သဒ္ဒါကို သမာသ်၏ အလယ်တွင် တံ-ပြုသည်။ “ တံလေဏာ မံလေကာ” တို့ ကဲ့သို့တည်း။
“ တယိ တိဋ္ဌန္တီတိ တံတိဋ္ဌာ။ တေသံ” သဒ္ဒနီတိ။ ကျေစေ။
ဤဂါထာတို့ဖြင့် နိဗ္ဗာန်၏ အတိဂမ္ဘီရ အတိဝိစိတြ အဗ္ဘုတဓမ္မ ဂုဏ်ကိုပြသတည်း။ ၎င်းဂါထာ ကိုလည်း “အတ္ထိ ဘိက္ခဝေ တဒါယတနံ ယတ္ထ နေဝ ပထဝီ, န အာပေါ, န တေဇော, န ဝါယော, န အာကာသာနဉ္စာယတနံ” စသော အထက်၌ ထုတ်ဆောင် ရေးသားလတ္တံ့သော ဥဒါန်း ပါဠိတော်ကို မှီ၍ ဆိုသတည်း။
ယင်းသို့ ဆိုရသဖြင့်လည်း အထက်၌ ၎င်းပါဠိတော်တို့၏ အနက်အဓိပ္ပါယ်ကို ဆိုဆုံးဖြတ်သည့်အခါ သောတုဇနတို့ နားလည် လွယ်စေခြင်း အကျိုးရှိသည်လည်း ဖြစ်သတည်း။
၆။ အဗ္ဘုတံဝတ နိဗ္ဗူတေ၊ ဘူတေဘူတေ ဝိနာသိယ။
ဘူတေ ဘူတေ အနုစ္ဆိန္နော၊ ဘူတေ ဘူတေ သုသာချိကော။
၇။ နိဗ္ဗူတေ နိဗ္ဗူတေ ဘူတေ၊ ဘူတေ ဘူတေ ဘဝါဘဝေ။
ဘဝေဘေ၀ဝိနာသေန္တာ၊ ဝိနာသေန္တာ သုသောချဒေါ။
၆။ နိဗ္ဗုတေ၊ ဘေးမျိုးရှောင်တိမ်း ရန်မျိုးငြိမ်းရာ ဖြစ်သောကြောင့်။
နိဗ္ဗုတေ၊ နိဗ္ဗုတိ အမည်ရသော။
နိဗ္ဗုတေ၊ အို ငြိမ်းဧခြင်းသဘော ဟူသော အသျှင်နိဗ္ဗာန်။
တုဝံ၊ အသျှင်နိဗ္ဗာန်သည်။
အဗ္ဘုတံ ဝတ၊ အံ့လောက်လှပေစွတကား။
ဘဝံ၊ အသျှင်နိဗ္ဗာန်သည်။
နိဗ္ဗုတေ၊ နိဗ္ဗာန်စံသွားကြကုန်သော။
(နိဗ္ဗုတေ၊ တပုဒ်တည်းလျက် လေးချက်ရ သိလေသနည်း။ ပကတိပုဒ်ရင်းမှာ နိဗ္ဗုတိ-ဟု ဥရဿနှင့် လိုသည်။ မုတ္တာဝဠီကျမ်း၊ အဘိဓာန်ဋီကာတို့ကိုရှု။ ထိုသို့ ဥ-ရဿနှင့် လိုသော်လည်း အချို့ အရာဝယ် ဆန္ဒာနုရက္ခန၊ အချို့ အရာဝယ် ကဏ္ဏသုခတ္တဘို့။ ဦဒီဃနှင့်ရွတ်။)
ဘူတေဘူတေ၊ လူနတ်ဗြဟ္မာ သတ္တဝါ ဟူသမျှတို့ကို။
ဘူတေ၊ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို။
ဝိနာသိယ၊ ဖျက်ဆီးဖြတ်တောက် အကုန်ပျောက်စေ၍။
အဘူတေ၊ ဘုံသုံးပါး၌ မဖြစ်ကုန်သော။
ဘူတေ၊ အသျှင်မြတ်ထံ ဖြစ်လာကြကုန်သော။
ဘူတေ၊ ရဟန္တာ အသျှင်တို့ ကို၊
အနုစ္ဆိန္နော၊ အလုံးစုံပြတ်၍ မသွားစေဘဲလျက်၊
အဘူတေ၊ ရုပ်နာမ်ခန္ဓာနှင့်တကွ သဿတအားဖြင့် ဖြစ်ရာ မဟုတ်သော အသင့်ထံ၌။
ဘူတေ၊ အတိဂမ္ဘီရ အပ္ပမေယျ သဘောအားဖြင့် ဖြစ်လာကြကုန်သော။
အဘူတေ၊ ခန္ဓာငါးသွယ် ကွယ်ကြကုန်ပြီးသော။
ဘူတေ၊ အတိဂမ္ဘီရ အပ္ပမေယျ နိဗ္ဗုတသဘောအားဖြင့် တကယ်ဟုတ်ကုန်သော။
ဘူတေ၊ ပရိနိဗ္ဗုတ ရဟန္တာသခင် အသျှင်ဟူသမျှတို့ကို။
သုသောချိကော၊ လွန်စွာ တချမ်းသာထဲ ချမ်းသာရအောင် ရွက်ဆောင်တော်မူနိုင်ပေ၏။
၇။ နိဗ္ဗုတေ၊ ဘေးခပ်သိမ်းတို့၏ ကင်းငြိမ်းရာဖြစ်သော။
နိဗ္ဗုတေ၊ အို နိဗ္ဗာန်သခင် ကျေးဇူးရှင်။
ဘဝံ၊ အသျှင်မြတ်သည်။
ဘဝါဘဝေ၊ ဘဝကြီးငယ်၌။
ဘဝါဘဝေ၊ ဖြစ်သင့်ရာ၌ မဖြစ် မဖြစ်သင့်ရာ၌သာ ဖြစ်ရတတ်ကုန်သော။
ဘူတေ၊ ခန္ဓာငါးပါး ရှိကုန်သော။
(ဘူတမေတေသံ အတ္ထီတိ ဘူတာ။)
ဘူတေ၊ ဘုတ်ကြီး သဖွယ် အသွယ်သွယ် လိမ်လည် ဖြားယောင်း တတ်ကုန်သော။
ဘူတေ၊ သတ္တဝါတို့ကို၊
ဘဝေ၊ သဿတဒိဋ္ဌိအယူ တို့ကို၎င်း။
ဝိဘဝေ၊ ဥစ္ဆေဒဒိဋ္ဌိအယူ တို့ကို၎င်း။
(ဘဝေဝိ -၌ ဝိဘဝေ-ပြန်။ ဝိပရိတက္ခရနည်း။ ဝဇိရတ္ထကျမ်းလာ။)
နာသေန္တော၊ ဖျက်ဆီးစေလျက်။
ဝိနာသေ၊ သတ္တဝါတို့ကို ဖျက်ဆီးတတ်ကုန်သော ဘေးရန် ဟူသမျှတို့ကို။
နာသေန္တော၊ ဖျက်ဆီးတော် မူပေသည်ဖြစ်၍၊
သုသောချဒေါ၊ လွန်မြတ်သောချမ်းသာကို လွန်စွာ ပေးတော်မူပေတတ်၏။
ဝိနာသေန္တော - ပုဒ်ပြီးအဓိပ္ပါယ်
▬▬▬▬▬▬▬▬▬▬▬
ဝိနာသေန္တော၌ “ဝိနာသေ နာသေန္တော၊ နာသေန္တော” သုံးချက်ရ ဘိန္နသတ္တိသမဝေတနည်း” သုသောင်္ချ ဒဒါတီတိ သုသောချဒေါ။ နိဗ္ဗုတိ” ဟူသော ဣတ္ထိလိင်ကိုငဲ့၍ သုသောချိကာ သုသောချဒါ-စသည်ဖြင့် ဣတ္ထိလိင်နှင့် ထားသင့်လျက် ကဏ္ဏသုခ, သုခုစ္စာရဏ အကျိုးငှါ ယင်း နိဗ္ဗုတိ-ပုဒ်ကို မငဲ့ဘဲလျက်အနက် သဘောကိုသာ ပဓာနပြုသဖြင့် “သုသောချိကော - သူသောချဒေါ” စသည်ဖြင့် နိပ္ဖန္နပဒ -ထားအပ်သတည်း။
နိဗ္ဗုတိ-ဆိုသင့်လျက် နိဗ္ဗုတေ-ဟု ဆိုရာ၌လည်း သဒ္ဒနီတိကျမ်း၌ “ဗြဟ္မမုနာဒိတော ဧ ဝါ” သုတ်တည်ပြီးလျှင် “ ကပ္ပံ တိဋ္ဌ မဟာမုနေ။ ပုတ္တော ဥပ္ပဇ္ဇ ဣသေ” ဟု ဥဒါဟရုဏ် ထုတ်သော ကြောင့်၎င်း လိင်ကို အထူးမမှတ်မူ၍ မုနာဒိတော-ဟု ဣကာရန္တကို မှတ်သောကြောင့်၎င်း ကဗျာဒသ အလင်္ကာရ ကျမ်း၌ အာယတိ-ပုဒ်အရာဝယ် အာလုပ်အရာ၌ အာယတေ-ဟု လာသော ကြောင့်၎င်း ယင်း မာဂဓ သက္ကတ ကျမ်းနှစ်ရပ်တို့ကို မှီး၍ ဝါစာသိလိဋ္ဌ ကဏ္ဏ သုခ အကျိုးငှါ နိဗ္ဗုတိ-ဟု မဆိုဘဲလျက် နိဗ္ဗုတေ-ဟု ဆိုသတည်း။ မဟာမုနေ ဣသေ-အာယတေ တို့၌ အာလုပ်သိ-ကို ဧ-ပြု။ ရှေ့ ဣ-ကို ချေအပ်သကဲ့သို့ ဤအတူ နိဗ္ဗုတိ -နောင် အာလုပ်သိ-ကို ဧ-ပြု။ တိ၌ ဣ-ကို ချေ ဟူလိုသတည်း။
ဂ။ သူနိဿိတာ သုစလန္တာ၊ အနိဿိတာဝ နောစလာ။
နောစလာ ဘောန္တံ ဂစ္ဆန္တိ၊ ဣတရေ ဣကရေ ဘဝါ။
၈။ နိဗ္ဗုတ၊ အို နိဗ္ဗုသာခေါင် ဘေးမဲ့တောင်။
သုနိဿိတာ၊ အမှီကောင်းကို ကောင်းကောင်းကြီး ရကြကုန်သော သူတို့သည်။
သုစလန္တာ၊ လွန်စွာလှုပ်ရှား ပျက်ပြားကြရကုန်၏။
အနိဿိတာ၊ မှီရာ တွယ်တာရာ မရ နေကြရကုန်သူတို့သည်သာလျှင်။
နောစလာ၊ မလှုပ်ရှားနိုင်ကုန်။
နောစလာ၊ မလှုပ်ရှားနိုင်ကုန်သူတို့သည်။
ဘောန္တံ-ဘဝန္တံ၊ ဘဝဆုံးရာ ဖြစ်တော်မူသော။
ဟောန္တံ၊ အသျှင်မြတ်ထံသို့။
ဂစ္ဆန္တိ၊ ရောက်ကြရကုန်၏၊
ဣတရေ၊ အမှီရကြသည့်အတွက် လှုပ်ရှားလျက် ရှိကြကုန် သူတို့သည်
ဣတရေ၊ အသျှင်မြတ်ထံ မရောက်နိုင်ကြကုန်သည်။
ဘဝါ၊ ဖြစ်ကြရကုန်၏။
သံမုဠှာပဟေဠိ-အဓိပ္ပါယ်
▬▬▬▬▬▬▬▬▬
တဏှာ-အမှီ ရှိသည် မရှိသည်ကို ဝှက်၍ဆိုသော သံမုဠှာပဟေဠိဂါထာ။ အမှီမရသော်သာ လှုပ်ရှားရပါမည် ဖြစ်လျက် မှီရသည့် အတွက်ပင် လှုပ်ရှားပြန်ရသည် ဟူရာဝယ် အဘယ်ကို ဆိုပါလိမ့်မည်နည်းဟု တွေဝေရန် တွေးတောရန် ဖြစ်အောင် ဝှက်သည်ကို သံမုဠှာပဟေဠိ ဆိုသတည်း။ ဤဂါထာကား “နိဿိတဿ စလိတံ ဟောတိ” စသော ဥဒါန်းပါဠိတော်ကို မှီးသည်။
၉။ ဒုဒ္ဒသံဝတ အနတ၊ တံ ပဿံ ဒုက္ခပဿိနော၊
ဒွိတရေပိ သုပဿန္တာ၊ အစ္စေန္တိ ကိဉ္စနံ သဒါ။
၉။ အနတ၊ ကဲ့ရဲ့အပ်ရာ သေးသိမ်သည် တဏှာပြောထူ ပုထုဇန် သူယုတ်တို့ မညွှတ် မရောက် နိုင်ရာဖြစ်သော၊
အနုတ၊ ချီးမွှမ်းတိုက် ကြီးကျယ်သည် အရိယာအသျှင် များကိုသာ ညွှတ်နိုင်ရာ ဖြစ်သော အသျှင် နိဗ္ဗာန် သူမတန်။
ဘဝံ၊ အသျှင်ဘုရားသည်။
ဒုဒ္ဒသံဝတ၊ ဒုစရိုက်ထူ လူမသူတို့ မမြင်နိုင်ရာ ဖြစ်စွတကား။
(“ဒုစ္စရန္တာ နာဒသန္တိ ဧတ္ထာတိ ဒုဒ္ဒသံ” ၀စနတ္ထပြု။ ဒု-၏အနက် နှစ်ချက်ရ သိလေသနည်း။)
တံ၊ မြင်နိုင်ခဲရာ သိမ်မွေ့စွာသော အသျှင်မြတ်ကို။
ပဿံ-ပဿန္တာ၊ မြင်ကြကုန်သူတို့သည်။
ဒုက္ခပဿိနော၊ အနိစ္စ ဒုက္ခ အနတ္တ-ဟု ဘုံသုံးပါးကို ရှုနိုင်ကြကုန် သည်ရှိသော်။
တံ၊ နိရောဓသစ္စာ အသျှင်မြတ်ကို။
ပဿ-ပဿန္တာ၊ မြင်ရကုန်ရကား။
ဒုက္ခပဿိနော၊ ဒုက္ခသစ္စာကိုလည်း မြင်ကြကုန်လျက်။
ဒွိတရေပိ၊ ကြွင်းသစ္စာ နှစ်ပါးတို့ကိုလည်း။
သုပဿန္တာ၊ မြင်ကြီး မြင်ကြကုန်သည်ဖြစ်၍။
သဒါ၊ အခါခပ်သိမ်း။
ကိဉ္စနံ၊ ကြောင့်ကြဘွယ်ရာ ဘေးတကာ ဟူသမျှကို။
အစ္စေန္တိ၊ လွန်နိုင်ကြရပေကုန်၏။
ပုဒ်ပြီး-ပမုဿိတ ပဟေဠိ အဓိပ္ပါယ်
▬▬▬▬▬
သိလေသနည်း များစွာတို့ဖြင့်ပြီးသော နိဗ္ဗာန်အရာဝယ် ပရိယာယ်အလွန် မြုပ်သော အနတ-သဒ္ဒါဖြင့် ကြံစည်လျှို့ဝှက်၍ ထားအပ်သောကြောင့် ပမုဿိတပဟေဠိ မည်သော ဂါထာတည်း။
ဤဂါထာကိုလည်း “ဒုဒ္ဒသံ အနတံနာမ၊ န ဟိ သစ္စံ သုဒဿနံ” စသော အထက်၌ ထုတ်ဆိုလတ္တံ့သော ဥဒါန်းပါဠိတော်ကိုမှီး၍ ဆိုသတည်း။
ဤဂါထာဖြင့်လည်း နိဗ္ဗုတိဌာန-၏ အတိဂမ္ဘီရ သုဒုဒ္ဒသ သုနိပုဏဂုဏ် ရှိတော်မူပေသည့် အသျှင်မြတ် တည်းဟူသော နိရောဓသစ္စာတပါးကို မြင်ရလျှင် သစ္စာလေးပါးလုံးကိုပင် မြင်ရ၍ ဘေး ဒုက္ခဟူသမျှ အစသတ်ကြရပေလိမ့်မည်။ အသျှင်နိဗ္ဗာန်ကို အကျွန်ုပ်တို့ မမြင်ရ မသိကြရ သည့်အတွက် ဘေးတကာရောက်၍ နေကြရပါသည် ဟူသော အဓိပ္ပါယ်ဖြင့် နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးကို ထောမနာ ပြုအပ်သတည်း။
ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၏ ဂုဏ်ထူး ထောမနာ
▬▬▬▬▬▬▬
ဤသို့လျှင် ဇာတံ-ဇာတံ စသော ဂါထာတို့ဖြင့် နိဗ္ဗာန်ဟူသော နိဗ္ဗုတိဌာန၏ ဂုဏဝိသေသတို့ကို ထောမနာပြုပြီး၍ ယခုအခါ ၎င်းနိဗ္ဗုတိဌာနသို့ ရောက်သဖြင့် ဘေးခပ်သိမ်း ကွယ်ပျောက် အလွန် ချမ်းသာခြင်းသို့ ရောက်၍ နေတော် မူကြကုန်သော ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၏ ဂုဏ်အထူးကို၎င်း ထို ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၏ ထိုမိမိတို့ စံနေရာ နိဗ္ဗုတာအရပ်၌ သဿတာကာရလည်း မဟုတ် ဥစ္ဆေဒကာရ လည်းမကျ ယင်းနှစ်ဝတို့မှ လွတ်သဖြင့် မဇ္ဈဋ္ဌာကာရအဖြစ်၌ တည်လျက် ထိုနိဗ္ဗာန် ပြည်တော်ကြီးဝယ် ဘယ်ပုံ ဘယ်ခြင်းရာဖြင့် စံနေရသည် ဟု မဆိုနိုင်အောင် လွန်စွာနက်နဲသော ဂမ္ဘီရ အပ္ပမေယျ ဒုပ္ပရိယောဂါဟ သဘောဖြစ်၍ ချမ်းမြေ့သာယာ စံနေတော် မူကြသည်၏ အဖြစ်ကို ထောမနာ ပြုပြန်လိုရကား “ဂမ္ဘီရောဝတနိဗ္ဗုတ” စသော ဂါထာကို တက်ဆိုပြန်သတည်း။
၁၀။ ဂမ္ဘီရောဝတနိဗ္ဗူတ၊ တွာတ္ထမှိ အတ္ထိ နတ္ထိ ဝါ။
ဧဝံသင်္ခံ အနုပေတော၊ အတ္ထမှိယေဝ နိဗ္ဗုတော။
၁၀။ နိဗ္ဗုတ၊ အို ပရိနိဗ္ဗုတသခင် ကျေးဇူးရှင်။
တွံ၊ နိဗ္ဗာန် ရွှေဘုံ အမြဲလှုံ၍ နေတော်မူသော အသျှင်ဘုရားသည်။
ဂမ္ဘီရောဝတ၊ နက်ကြီးနက် မူပေစွတကား၊
တွံ၊ အသျှင်ဘုရားသည်။
အတ္ထမှိ၊ အသျှင်စံတော်မူရာ နိဗ္ဗုတာ၌။
အတ္ထိ ဝါ၊ ကိုယ်တော်ရှိ၏ ဟူ၍၎င်း၊
နတ္ထိ ဝါ၊ ကိုယ်တော်မရှိ ဟူ၍၎င်း။
ဧဝံသင်္ခံ၊ ဤသို့ ခေါ်ဆိုအပ်သော အဖြစ်သို့။
အနုပေတော၊ မရောက်ဘဲလျက်။
အတ္ထမှိယေဝ၊ နိဗ္ဗာန်အောင်ခန်း တကဲ့နန်း၌သာလျှင်။
နိဗ္ဗုတော၊ ရန်သူမနှောင့် ဘေးမမှောင့်ဘဲ အမြဲငြိမ်း၍ နေတော်မူရပေ၏။
အတ္ထဗျတ္တိ - သုခုမာလဂုဏ်
▬▬▬▬▬▬▬▬▬▬
သဿတအရာကိုရည်၍ အတ္ထိ၊ ဥစ္ဆေဒ အရာကိုရည်၍ နတ္ထိ-ဟု မဆိုထိုက် သည်ကိုသာ ယူ။ ဤ ဂါထာကား မလျှို့မဝှက် မခက်လှစွာ ပုဒ်ဝါကျ အသွား အလာ နေရာအလွန်ကျသဖြင့် ပေါ်ထင်သော အနက်ရှိရကား အလင်္ကာရဂုဏ် တို့တွင် အတ္ထဗျတ္တိဂုဏ် သိထိလက္ခရာ များများ ဓနိတက္ခရာ ပါးပါး ဖြစ်၍ သိမ်မွေ့ နူးညံ့စွာ ရွတ်အပ်သော သုခုမာလဂုဏ် ရှိသော ဂါထာတည်း။
၁၁။ အဗ္ဘုတံဝတ နိဗ္ဗူတ၊ သီလေန စ သမာဓိနာ။
ဣမိနာ သဒိသောတိ တံ၊ န သက္ကာတိ ပမိနိတုံ။
၁၂။ အစ္ဆေရံဝတ နိဗ္ဗူတ၊ အတ္ထမှိ သုပတိဋ္ဌိတော ၊
နရောဒေဝေါပျသင်္ချေယျော၊ နုရေဒေဝေ အဘိဗ္ဘဝိ။
၁၃။ ဒုဂ္ဂါဟောဝတ နိဗ္ဗူတ၊ ဝေနေယျာနန္တု ဉာဏတာ။
အစိန္တေယျာန ဉာဏေန၊ စိန္တေယျာ မံဘဝံ အဟော။
၁၁။ နိဗ္ဗုတ၊ နိဗ္ဗုသာခေါင် ဘေးမဲ့တောင်တော်၌ စံပျော်တော်မူသော အသျှင်ဘုရား။
ဘဝံ၊ သူမတူတန် သူ့ကိုလွန်၍ နေတော်မူသော အသျှင်ဘုရားသည်။
အဗ္ဘုတံဝတ၊ မဖြစ်ဘူးမြဲ အံ့အဲစလောက် ဖြစ်တော်မူပေ၏။
(ဤပရိနိဗ္ဗုတပုဂ္ဂိုလ်၏ နိဗ္ဗာန်၌ တည်ငြိမ်၍ နေသည်အဖြစ် ဥစ္ဆိန္နမဟုတ်သည်၏ အဖြစ်ကို ပါဠိ အဋ္ဌကထာ သာဓကများစွာတို့နှင့်တကွ အထက်၌ လာလတ္တံ့။)
တံ-တူဝံ၊ ကိလေသာကျန် ခန္ဓာဝန်ကိုလွန်၍ နေတော်မူသော အသျှင်မြတ်ကို။
သီလေန စ၊ သီလအရာအားဖြင့်၎င်း၊
သမာဓိနာ စ၊ သမာဓိအရာအားဖြင့်၎င်း။
ဣမိနာ၊ ခန္ဓာငါးဝ ဒုက္ခရှိသူ ဤနတ်လူနှင့်။
သဒိသော၊ တူတော်မူ၏။
ဣတိ၊ ဤသို့။
ပမိနိတုံ၊ နှိုင်းရှည့်ခြင်းငှါ။
န သက္ကာတိ၊ မတတ်စကောင်း။
၁၂။ နိဗ္ဗုတ၊ နိဗ္ဗာန်ပြည်တော် ဘေးမဲ့ ပျော်တော်မူသော အသျှင်မြတ်။
ဘဝံ၊ ဘုံသုံးပါး၏ပြင်ဘက် နိဗ္ဗာန် ရွှေနန်း တက်တော်မူသော အသျှင်မြတ်သည်။
အစ္ဆေရံဝတ၊ အံ့မခန်းဘွယ် ကြီးကျယ်လွန်းပေစွတကား။
ဘဝံ၊ အသျှင်မြတ်သည်။
အတ္တမှိ၊ သုံးဆယ့်တဘုံ ရန်သူပုန်တို့၏ ကုန်ရာချုပ်ရာဖြစ်သော။
အတ္တမှိ၊ နိဗ္ဗာန်ပြည်တော်ကြီး၌။
သုပတိဋ္ဌိတော၊ ဘေးပေါင်းကာဟန့် ရန်မျိုးလှန့်လျက် ကြံ့ကြံ့ ကြီး တည်နေတော် မူပြီးသည်ဖြစ်၍၊
နရောဒေဝေါတိ၊ လူသော နတ်သော ဟူ၍။
အသင်္ချေယျာပိ၊ သင်္ခတဆိုး ဒုက္ခအိုးတွင် စာရင်း မဝင်သော်လည်း။
ဝါ၊ မဝင်ပေရကား။
နရေဒေဝေ၊ ဒုက္ခတလျှိုး နတ်လူမျိုးတို့ကို။
အဘိဗ္ဘဝိ၊ လွှမ်းမိုး၍ နေတော်မူနိုင်ပေ၏။
၁၃။ နိဗ္ဗုတ၊ အို နိဗ္ဗုသောင်ကမ်း ဟိုဘက်လှမ်း၍ ဘေးဘျမ်းမငွေ့ဘဲ အမြဲ စံနေတော်မူသော အသျှင်မြတ်။
တုဝံ၊ ကြည့်၍မထင် မြော်၍မမြင်အပ်သော အသျှင်မြတ်ကို။
ဝေနေယျာနံ၊ ဝေနေယျ သတ္တဝါတို့၏။
ဉာဏတောတု၊ ဉာဏ်အားဖြင့်သော်ကား၊
ဒုဂ္ဂါဟော၊ ဘယ်ပုံခြင်းရာ ဘယ်လိုဟာဟု ဘယ်ဝါ တယောက် မထောက်လှမ်း မယူစွမ်းနိုင်။
အစိန္တေယျာနံ၊ အစိန္တေယျ ဉာဏ်တော်သခင် ဘုရားသျှင်တို့၏သာလျှင်။
ဉာဏေန၊ သဗ္ဗညုတ ဉာဏ်တော် ပုဗ္ဗေနိဝါသ ဉာဏ်တော် - စသည်ဖြင့်သာ။
စိန္တေယျော၊ ကြံအပ်နိုင်စရာ ဖြစ်ပေရကား။
မံဘဝံ၊ အကျွန်ုပ်တို့သခင် ကျေးဇူးသျှင်သည်။
(သမာသ်အတွင်း၌ အမှ-ကို မံ-ပြု၊ မံလေဏာ-ပုဒ်ကဲ့သို့တည်း။)
အဟော၊ အံ့ဘွယ်ကြီး ဖြစ်တော်မူပေ၏။
ဤဂါထာဖြင့် အထက်၌ ထုတ်ဆောင်အပ်လတ္တံ့သော နေတ္တိပါဠိတော် သဠာယတနသံယုတ် ပါဠိတော် စူဠနိဒ္ဒေသ မဟာနိဒ္ဒေသ မဇ္ဈိမပဏ္ဏာသပါဠိတော် တို့နှင့်အညီ ပရိနိဗ္ဗုတအသျှင်အား ဂမ္ဘီရ-စသော ဂုဏ်တို့ဖြင့် ထောမနာ ပြုအပ်သတည်း။
၁၄။ ထိရာယတေ ယတေန္ဒြိယော၊ နဟီယတေ ယတေ ဘဝါန်။
အမာယတေယတေယျဘုတ်၊ သုခါယတေယတေ ခယံ၊
၁၄။ ထိရာယတေ၊ ဘယ်နံရောခါ ဘယ်လောက်ပင် ကြာသော်လည်း ဘယ်ဟာတခု မပျက်စီးနိုင် သည်ဖြစ်၍ အလွန်ခိုင်ခံ့ မြဲမြံသော နောင်ကာလ ရှိတော်မူသော နိဗ္ဗုတသခင် ကျေးဇူးရှင်။
ဘဝါန်၊ အသျှင်မြတ်ဘုရားသည်။
ယတေန္ဒြိယော၊ မြဲမြံစွာ စောင့်စည်းအပ်သော ဣန္ဒြေရှိတော်မူသည်ဖြစ်၍။
ပျတိရာယတေ၊ မပျက်စီးဘဲ အမြဲ တည်နေတော်မူပေ၏။
ထိရာယတေ-နှစ်ချက်တွင် နောက်၌ ထိရ-ပုဒ်နောင် အာယပစ္စည်းသက်၍ တေဝိဘတ်ဖြင့် ပြီးစေအပ်သော နာမဓာတ်၊ ပရိနိဗ္ဗုတ ပုဂ္ဂိုလ်အား ပရမတ္ထစစ် ဖြစ်သော ဣန္ဒြေငါးပါးရှိသည် မဆို အပ်ရကား သမာဓိဂုဏာလင်္ကာရ စကား တင်စား၍ ဆိုအပ်သတည်း။ “ထိရော အာယတိ အနာဂတကာလော ဧတဿာတိ ထိရာယတိ။ ဘောတိ ထိရာယတေ။ ဝိဘတျန်။ ၎င်းထိရာယတေ-တပုဒ် တည်း၌ သမာသ်နာမ် အာလုပ်ပုဒ် နာမဓာတ် အာချာတ်ပုဒ် နှစ်ချက်ရ ဘိန္နသတ္တိ။
ဘဝါန်၊ အသျှင်မြတ်သည်။
နဟီယတေ၊ မဆုတ်ယုတ်နိုင်။
ယတေ-ယတော၊ ယင်းသို့သော အကြောင်းကြောင့်။
ဘဝါန်၊ အသျှင်မြတ်သည်။
အမာယ-အမာယောပိ၊ မျက်လှည့်ရုပ်သဖွယ် ရုပ်နာမ်ပင်ကွယ်သော်လည်း။
တေ၊ ထို မာယာပမာ ကိုယ်ခန္ဓာ ရှိကုန်သော သူတို့ကို။
ဣယတေ၊ လွှမ်းမိုးနိုင်သည်။
အဘုတ်၊ ဖြစ်တော်မူပြီ။
(ဣယတေ-ကား နောက်ကြိယာကိုငဲ့၍ ဓာတ်နာမ်။)
တေ၊ ပရိနိဗ္ဗုတသခင် နိဗ္ဗာန်ဝင်၍ နေတော်မူသော အသျှင်မြတ်အား။
သုခါယ-သုခံ၊ ချမ်းသာခြင်းသည်။
အာယတေ-အာယတိံ၊ နောင်ကာလ၌။
ခယံ၊ ကုန်ခြင်းသို့။
အယတေ-နယတေ၊ မရောက်နိုင်။
သုခယတေ၊ တချမ်းသာထဲ ချမ်းသာ၍ နေတော်မူပေ၏။
အမာယိက - ပုဒ်ပြီး အဓိပ္ပါယ်
ဤဂါထာကား ကာဗျာဒသ မည်သော အလင်္ကာရကျမ်းမှ လာရင်းတည်း။ ၎င်းဋီကာကို အမှီပြု၍ လည်း အနက်ယောဇနာအပ်သတည်း။ သုဒုက္ကရမဇ္ဈေယမကဂါထာ။ အမာယ-၌ “မာယာဝိယာတိ မာယော၊ အတ္တဘာဝေါ။ နတ္ထိ မာယော ဧတဿာတိ အမာယ” အဝိဘတ္တိကနိဒ္ဒေသနည်း။
ဤအလိုအားဖြင့် ပရိနိဗ္ဗုတပုဂ္ဂိုလ်အား မျက်လှည့်ရုပ်နှင့် တူသော မာယိက - ဖြစ်သော ကိုယ်ခန္ဓာသာလျှင် မရှိသည်၊ အမာယိက ဖြစ်သော သတ္တဝါ-ဟု မဆိုထိုက်သော ကြေးမုံမှန်တွင်း၌ တည်သော အရောင်ကဲ့သို့ နိဘာသာမတ္တ ဖြစ်သော ဂမ္ဘီရသဘာဝကား မရှိဟူ၍ မဆိုလို။ ဤကား သက္ကတကျမ်းလာ စကားတည်း။
၁၅။ ဆိန္နောဆိန္နောဆိန္နောဆိန္နော၊ ဆိန္နောဆိန္နောသုဂမ္ဘီရော။
ဆိန္နောဆိန္နောဆိန္နောဆိန္နော၊ ဆိန္နောဝအတုလာတုလော။
၁၅။ ပရိနိဗ္ဗုတ၊ နိဗ္ဗာန်ရွှေမြို့ မချို့ရောက်ပြီး ငြိမ်းကြီး ငြိမ်းတော်မူသော အသျှင်မြတ်။
ဘဝံ၊ အသျှင်မြတ်ဘုရားသည်။
ဆိန္နော၊ သတ္တဝါ ခေါ်ဝေါ်ကြောင်း ရုပ်နာမ်ခန္ဓာအပေါင်း ပြတ်သွားပါလျက်။
အစ္ဆိန္နော၊ အစဉ်အဆက် ပြတ်သည် မဟုတ်။
အစ္ဆိန္နော၊ အလုံးစုံ အစဉ်အဆက် မပြတ်ပါဘဲလျက်။
ဆိန္နော၊ နတ်သော လူသော ရေတွက်စရာ ရုပ်နာမ်ခန္ဓာ မရှိ ပြတ်သွားသည်သာ ဖြစ်၏။
ဆိန္နော၊ ပြတ်ပါလျက်။
အစ္ဆိန္နော၊ မပြတ်ရသည် ဖြစ်၍၎င်း၊
အစ္ဆိန္နော၊ မပြတ်ပါဘဲလျက်။
ဆိန္နော၊ ပြတ်ရသည် ဖြစ်၍၎င်း၊
ဘဝံ၊ အသျှင်မြတ်သည်။
ဂမ္ဘီရော၊ နက်ကြီးနက်၍ နေတော်မူပေ၏။
တုဝံ၊ အသျှင်မြတ်သည်။
ဆိန္နော၊ ဒုစရိုက် ဒုရာဇီဝ တို့ကို ဖြတ်နိုင်ပြီးသည်ရှိသော်။
ဆိန္နော၊ ကာမဂုဏ် အနှောင် အဖွဲ့တို့ကို ဖြတ်နိုင်ပြန်ပြီးသော အခါဝယ်။
ဆိန္နော၊ ကာမဝိတက် ဗျာပါဒဝိတက် စသော ဝိတက် တို့ကို ဖြတ်နိုင်ပြန်သည်ဖြစ်၍။
ဆိန္နော၊ အလုံးစုံ ကိလေသာကိုကို ဖြတ်နိုင်ပြန်လေရကား။
ဆိန္နော၊ လူ နတ် ခေါ်ဆိုစရာ ကိုယ်ခန္ဓာကို ဖြတ်နိုင် ပြန်ပေသည်ဖြစ်၍၊
အတုလာဝ၊ အတုမရှိသော ပရိနိဗ္ဗုတ ပုဂ္ဂိုလ်နှင့်သာလျှင်။
တုလော၊ တူတော်မူပေ၏။
ဆိန္နော - နှစ်ခု ပိုလွန်သည်မှာ အဘိန္နပဒတ္ထ သိလေသနည်းမှတ်။ ဥဘယဝိပုလာ ဂါထာ။
၁၆၊ သဿတောသဿတောဘောန္တော၊
ဘောန္တောဘောန္တောဝသဿတော။
သဿတောသဿတောဘောန္တော၊
သဿတောအသမာသမော။
၁၆။ ပရိနိဗ္ဗုတ၊ နိဗ္ဗာန်ပြည်ကျော် ပျော်ကြီး ပျော်တော်မူသော အသျှင်မြတ်ဘုရား။
ဘဝံ၊ အသျှင်မြတ်ဘုရားသည်။
သဿတေ၊ သဿတဖြစ်၍ မရွှေ့ မပြောင်း အလွန်မြဲစကောင်းရာ နိဗ္ဗုတာ၌။
ဥသဿတော၊ သဿတလည်း မဟုတ်ပါဘဲလျက်။
ဘောန္တော၊ ဂမ္ဘီရ အပ္ပမေယျ သဘောအားဖြင့် ထင်ရှားသည် ဖြစ်၍။
ဘောန္တော၊ ဖြစ်တော်မူ၏။
ဘောန္တော၊ ဂမ္ဘီရ အပ္ပမေယျအားဖြင့် ဖြစ်နေပါလျက်။
အဘောန္တော၊ သတ္တဝါဟု ခေါ်ဝေါ်ကြောင်း ရုပ်နာမ်ခန္ဓာနှင့် တကွ မဖြစ်သည် ဖြစ်၍သာလျှင်။
အသဿတော၊ သဿတ မဆိုရသည် ဖြစ်၍။
ဝါ၊ မဆိုထိုက်အောင်
ဘောန္တော၊ ဖြစ်နေတော်မူရကား။
အဘောန္တော၊ ကြီးကြီး ပွားပွား နက်နက်နဲနဲ ဖြစ်၍ နေတော်မူပေ၏။
သဿတော၊ သဿတ ဖြစ်ပါလျက်။
ဝါ၊ ဂမ္ဘီရ အပ္ပမေယျ သဘောအားဖြင့် နိဗ္ဗာန်ဝယ် မြဲ၍နေပါလျက်။
အသဿတော၊ သဿတ ဟူ၍လည်း မဆိုရ။
ဘောန္တော၊ ဂမ္ဘီရ အပ္ပမေယျ သဘောအားဖြင့် ဖြစ်၍နေပါလျက်။
အဘောန္တော၊ ရုပ်နာမ်ခန္ဓာနှင့် တကွ ဖြစ်တော်မမူ၊
သဿတော၊ သဿတ ဟူသော နိဗ္ဗာန်၌ တည်နေတော် မူရသော။
(သဿတေ ဌိတောတိ သဿတော ဝစနတ္ထ။)
ဘောန္တော၊ အသျှင်မြတ်သည်။
အသမာ၊ အသမဖြစ်၍ နေတော်မူသော ပရိနိဗ္ဗုတ အသျှင်များနှင့်သာ။
သမော၊ တူတော်မူနိုင်ပေ၏။
“ ငါနှင့်ငါသာ နှိုင်းစရာ” ဟု ဆိုသကဲ့သို့ ပရိနိဗ္ဗုတ အသျှင်ချင်းသာ နှိုင်းစရာ ရှိပေတော့သည် ဟူလို။ ပါဌ်ထက် အနက်ကား ဘောန္တော-လေးချက် ပိုရာ၌ ဘိန္နာဘိန္န၀ဒတ္ထ သိလေသနည်း မှတ်။
၁၇။ ဒွိဂမ္ဘီရေဘိရေသဒါ၊ ကထံမတာမတာသိယုံ။
ကထံမိတာမိတာဇဂါ၊ ကထံဇဂါဇဂါမတာ။
လေးပါဒလုံး၌ အလယ်အလယ်တွင် ယမကရှိသော သုဒုက္ကရ ပါဒစတုက္က အဗျပေတ အနေကရူပ မဇ္ဈေယမကဂါထာ။
၇။ ဒွိဂမ္ဘီရေဘိ၊ ဂုဏဂမ္ဘီရ, အာသယဂမ္ဘီရ - နှစ်မျိုးတို့ဖြင့်။
ဂမ္ဘီရာ၊ နက်နဲ၍ နေတော်မူကုန်သော။
ရေ၊ အို နိဗ္ဗုတိ, နိဗ္ဗုတအသျှင်မြတ်များတို့။
အမတံ၊ မသေရာ နိဗ္ဗာန်ကို။
အမတာ၊ အလိုမရှိကြကုန်သည်ဖြစ်၍။
အာမတာ၊ အဖန်တလဲလဲ သေနေကြရကုန်သော။
ဇဂါ၊ သတ္တဝါတို့သည်။
အမတဉ္စ၊ မသေရာနိဗ္ဗာန် အသျှင်မြတ်ကို၎င်း။
အမတေ၊ မသေရာနိဗ္ဗာန်၌။
အမတေ၊ မသေဘဲ အမြဲနေကြရကုန်သော ပရိနိဗ္ဗုတ အသျှင်တို့ကို၎င်း။
ကထံ၊ ဘယ်ပုံ ဘယ်ခြင်းရာဖြင့် ဖြစ်နေကြကုန်သည် ဟူ၍။
ကထံ မတာ၊ အဘယ်အကြောင်း အရာဖြင့် သိကြရကုန်သည်၊
အာသိယုံ-အာသိယျုံ၊ ကောင်းကောင်းကြီး ဖြစ်နိုင်ပါကုန်အံ့နည်း၊
အမိတာ၊ နှိုင်းရှည့်စရာ ရုပ်နာမ်ခန္ဓာ မရှိကုန်သည်ဖြစ်၍။
အမိတာ၊ မနှိုင်းရှည့်အပ်ကုန်သော။
ရေ၊ အို နိဗ္ဗုတိ နိဗ္ဗုတအသျှင်များတို့။
မိတာ၊ နှိုင်းရှည့်စရာ ရုပ်နာမ်ခန္ဓာ ရှိကုန်သည်ဖြစ်၍။
မိတာ၊ နှိုင်းရှည့်အပ်ကုန်သော။
ဇဂါ၊ သတ္တဝါတို့သည်။
အမိတေ၊ နှိုင်းရှည့်စရာ ရုပ်နာမ်ခန္ဓာ မရှိကုန်သည်ဖြစ်၍။
အမိတေ၊ မနှိုင်းရှည့်အပ်ကုန်သော။
အဇဂေ၊ လူ နတ် သတ္တဝါ ဟူ၍ ဒုက္ခထဲတွင် အရေအတွက် မဝင်ကုန်သော။
ဘောန္တေ၊ အသျှင်တို့ကို။ (ထည့်ပါ။)
ကထံဇဂါ၊ အဘယ်သို့သော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသို့ ရောက်နေကြကုန်သည် ဟူ၍။
(ကထံ ကေန ပကာရေန ဇာတန္တိ ကထံဇံ။ ကထံဇံ ဂစ္ဆန္တီတိ ကထံဇဂါ။)
အာမတာ၊ အကျွန်ုပ်တို့ ကောင်းကောင်းကြီး သိနိုင်ပါကုန်အံ့နည်း။
(ဘိန္နသတ္တိသမဝေတနည်း ပဟေဠိအလင်္ကာရနည်း များစွာတို့ဖြင့် ဖွဲ့ထားအပ်သော သံကိဏ္ဏ ပဟေဠိဂါထာ)၊
၁၈။ ယာဝတာ နတ္ထံ ပလေန္တိ၊ တာဝတာဝ ဇဂါ ဇဂါ၊
ယာဝတာ ဇဂါ ဇဂါဝ၊ တာဝတာဝ သုဒုက္ခိတာ။
၁၉။ ယာဝ ဒေဝေါ ဒေဝေါ ဟောတိ၊ ယာဝတာပိနရော နရော။
တာဝတာ ဒုက္ခိတာ ဟောန္တိ၊ ဣတရေ ဣတရေ ဘဝါ။
၁၈။ ယာဝတာ၊ အကြင်လောက်သော ကာလပတ်လုံး။
ဇဂါ၊ သတ္တဝါတို့သည်။
အတ္ထံ၊ နိဗ္ဗာန်သို့။
န ပလေန္တိ၊ မရောက်နိုင်ကြကုန်။
တာဝတာ၊ ထိုမျှလောက်။
ဇဂါ၊သတ္တဝါတို့သည်။
ဇဂါဝ၊ သတ္တဝါစော်နံ သတ္တဝါဟန် ပေါ်ကုန်သည်သာလျှင်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ယာဝတာ၊ အကြင် ရွေ့လောက်။
ဇဂါ၊ သတ္တဝါတို့သည်၊
ဇဂါဝ၊ သတ္တဝါပုံ ပေါ်ကုန်သည်သာလျှင်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တာဝတာ၊ ထိုသတ္တဝါစော်နံ သတ္တဝါဟန် ပေါက်ကြသရွေ့ ကာလပတ်လုံး။
ဇဂါ၊ သတ္တဝါတို့သည်။
သုဒုက္ခိတာဝ၊ လွန်စွာဆင်းရဲကြကုန်သည် သာလျှင်တည်း။
၁၉။ ယာဝ၊ အကြင်ရွေ့လောက်။
ဒေဝေါ၊ နတ်ဖြစ်သောသူသည်။
ဒေဝေါ၊ နတ်ပုံပေါ်သည်။
ဟောတိ၊ ဖြစ်သေး၏။
နရောပိ၊ လူသည်လည်း၊
ယာဝတာ၊ အကြင်ရွေ့လောက်။
နရော၊ လူပုံပေါ်သည်။
ဟောတိ၊ ဖြစ်သေး၏။
တာဝတာ၊ ထိုနတ်စော် လူစော်နံ နတ်ဟန် လူဟန် ပေါ်ကြသရွေ့ ကာလပတ်လုံး။
ဒေဝါနရာ၊ နတ်လူ ဟူသမျှတို့သည်။ (ထည့်။)
ဒုက္ခိတာ၊ လွန်စွာ ဆင်းရဲကြကုန်၏။
ဣတရေ၊ နတ်စော် လူစော် မနံကုန်သော သူတို့သည်။
ဣတရေ၊ တချမ်းသာထဲ အမြဲ ချမ်းသာကုန်သည်။
ဘဝါ၊ ဖြစ်ကြရကုန်၏။
အဓိပ္ပါယ် ရှင်းပြချက်
အထက်၌ အကျယ်ထုတ်ဆို လတ္တံ့သော “သင်္ချံ နာပေတိ ဝေဒဂူ” စသော သဠာယတနသံယုတ္တ သုတ္တနိပါတ်ပါဠိတော်၊ “အတ္ထံ ပလေတိ န ဥပေတိ သင်္ခံ” စသော စူဠနိဒ္ဒေသ ပါဠိတော် “ရူပသင်္ခါဝိမုတ္တော ခေါ မဟာရာဇ တထာဂတော ဂမ္ဘီရော အပ္ပမေယျာ ဒုပ္ပရိယောဂါဟော” စသော သဠာယတန သံယုတ်ပါဠိတော်။ “ဂမ္ဘီရော အပ္ပမေယျော အသင်္ချေယျော နိဗ္ဗုတောတွေဝ သင်္ချံ ဂစ္ဆတိ” ဟူသော နေတ္တိပါဠိတော်တို့ကို မှီး၍ နိဗ္ဗာန်ရောက်သူတို့၏ဂုဏ်၊ ၎င်းတို့၏ ဖြစ်နေပုံ အခြင်း အရာတို့ကို ဝှက်၍ ဆိုသော သံမုဠှာပဟေဠိဂါထာ တို့တည်း။
လူစော်နတ်စော် နံအောင် လူကောင်းနတ်ကောင်း လုပ်နိုင်ကြမှ ချမ်းသာ ရစရာ ကောင်းပါလျက် လူစော်နတ်စော် နံ၍ လူကောင်းနတ်ကောင်း ဖြစ်သည် အရေးကြောင့် ဘေးဒုက္ခတွေ့ရသော ဟူသည် အဘယ့်နှယ်ပါနည်း ဟု တွေဝေ ကွယ်ဝှက်သောကြောင့် သံမုဠှာပဟေဠိဆိုသတည်း။
ရဟန္တာဖြစ်၍ စုတိကျပြီးနောက် နိဗ္ဗာန်ရောက်ကြမှသာ လူ နတ် ဟူသော ရေတွက်ခြင်းကို လွန်၍ ချမ်းမြေ့သာယာ ရှိနိုင်ကြမည်။ ယင်းသို့ ဖြစ်ရမည်လည်း အသျှင်နိဗ္ဗုတ အဖြစ်သို့ ရောက်နိုင်ကြမှသာ ဖြစ်နိုင်မည် ဟု နိဗ္ဗုတပုဂ္ဂိုလ်တို့ ဂုဏ်ကို ထောမနာပြုသတည်း။
နိဗ္ဗုတိဌာန -
နိဗ္ဗုတပုဂ္ဂလအား ဂါရဝပြုပုံ
ဤသို့လျှင် နိဗ္ဗတိ နိဗ္ဗုတ-နှစ်ပါးတို့၏ ဂမ္ဘီရာဒိဂုဏဝိသေသကို ပြဆိုပြီး၍ ယခုအခါ ၎င်းနှစ်ပါးတို၏ သဘောသဘာဝ အာကာရတိုကို ဝိနိစ္ဆယပြလိုသည် ဖြစ်၍ ထို နို့တိဌာန နိဗ္ဗုတပုဂ္ဂလတို့အား ဝပ်တွားရိုကျိုး မြတ်နိုးခြင်း ဂါရဝ အာသီသ နှင့်တကွ ပြဆိုခြင်းငှါ “ဂမ္ဘီရာ အတ္ထအတ္ထဋ္ဌာ” စသည်ကို တက်ဆိုပြန်သတည်း။
၂၀။ ဂမ္ဘီရာ အတ္ထအတ္ထဋ္ဌာ၊ နော ဝေါ သက္ကာ န ဘာသိတုံ။
နော ဝေါ ဌာနာဝ ဘဝန္တာ၊ နယံ ပန သုနိဿိတာ။
၂၁။ ပါဠိယံ တဒတ္တဉ္စေဝ၊ နာနာဂန္ထံ ဗဟုဗ္ဗိဓံ။
အနေကေဟိ သုဝိညူဟိ၊ ပုနပ္ပုနာဘိယာစိတာ။
၂၂။ ဘာသိဿာမ တံဂမ္ဘီရေ၊ ဥဘော ဘောန္တနုကမ္ပိယ။
ခမန္တံ ဒဒန္တံမှာကံ၊ ဉာဏံဉာဏံ အခေါဘိတံ။
၂၀-၂၁။ ဂမ္ဘီရာ၊ ဉာဏ်ကြီးသူတို့ ဉာဏ်ကြီးဖြင့်သာ ဖောက်ခွဲနိုင်ရာ ဖြစ်ကုန်သည်ဖြစ်၍။
ဂမ္ဘီရာ၊ လွန်စွာနက်နဲကုန်သော၊
အတ္ထအတ္ထဋ္ဌာ၊ နိဗ္ဗာန် ပြည်တော် နိဗ္ဗုပျော်ကြကုန်သော အသျှင်နှစ်ပါးတို့။
ဝေါ၊ နက်နဲလှသည့် သခင် အသျှင်နှစ်ပါးတို့ကို။
ဘာသိတုံ၊ သူအများတို့ နားလည်ကြရန် ကြံဖန် ဟောပြောခြင်းငှါ။
နော၊ အကျွန်ုပ်တို့သည်။
နု သက္ကာ၊ မတတ်စကောင်းကုန်။
ဘဝန္တာ၊ ဘဝ၏ အဆုံးဖြစ်ကြကုန်သော
ဘဝန္တာ၊ အသျှင် နှစ်ပါးရှိသည်။
နော၊ အကျွန်ုပ်တို့၏။
ဘဝန္တာ၊ ကိုးကွယ်ရာ အသျှင်များတို့သည်။
ဘဝန္တာ၊ ဖြစ်ပါကုန်လျက်။
နော၊ သုတသေးသိမ် ဉာဏ်မှေးမှိန်ကုန်သော အကျွန်ုပ်တို့၏။
အဋ္ဌာနာဝ၊ အရာမဟုတ်သကဲ့သို့သာလျှင်။
ဘဝန္တာ၊ ဖြစ်တော်မူကြကုန်၏။
ပန၊ ယင်းသို့ပင် ဖြစ်ပါကုန်သော်လည်း။
နော၊ အကျွန်ုပ်တို့သည်။
အနေကေဟိ၊ မြတ်ကုန်သော သူတို့ထက် လွန်မြတ်ကုန်သော
(“ဧကတော သေဋ္ဌတော ဝုဍ္ဎာ အဓိကာတိ အနေကာ” ဟု ဝစနတ္ထ ပြု။)
အနေကေဟိ၊ တယောက် နှစ်ယောက် သုံးယောက်မက များပြားလှကုန်သော။
သုဝိညူဟိ၊ လွန်မြတ်သော ပညာရှိတို့သည်။
သူဝိညူဟိ၊ နိဗ္ဗာန် နိဗ္ဗာန်ဝင်ကုန်သော သူတို့၏ အခြင်းအရာကို ကောင်းစွာသိလိုကြကုန်သည်ဖြစ်၍။
ပုနပ္ပုနံ၊ အဖန်ဖန် အထပ်ထပ်။
အဘိယာစိတာ၊ ရိုသေလေးမြတ် တောင်းပန်အပ်ကုန်ရကား။
ပါဠိယံ၊ ပါဠိတော်အစောင်စောင်၌။
နယံ၊ သိရာသိကြောင်း ဖြစ်သော။
ပါဠိယံ နယံ၊ ပါဠိနည်းကို၎င်း။
တဒတ္ထံ၊၊ ထိုပါဠိကို သိကြောင်းဖြစ်သော။
(တံ အရိယတေ ဧတေနာတိ တဒတ္ထော)။
တဒတ္တဉ္စ၊ ထိုပါဠိတော်၏ အနက် အဋ္ဌကထာ ဋီကာကို၎င်း။
ဗဟုဗ္ဗိဓံ၊ များသော အပြားရှိသော။
နာနာဂန္ထံ၊ အထူးထူးသော ကျမ်းဂန်ကို၎င်း။
သုနိဿိတာ၊ ကောင်းကောင်းကြီး မှီကုန်လျက် …
၂၂။ ဥဘော၊ နှစ်ပါးကုန်သော။
တံဂမ္ဘီရေ၊ ဂမ္ဘီရသခင် ကိုယ်တော် အသျှင် တို့ကို။
(တုမှေယေဝ ဂမ္ဘီရာ တံဂမ္ဘီရာ)။
ဘာသိဿာမ၊ သူအများတို့ မှတ်သားစရာ ယထာသတ္တိ ဗျတ္တိယထာ ဟောရပါကုန်တော့အံ့။
ဥဘော၊ ဘုံသုံးပါးဟူ သုံးဘုံသူတို့ထက် အထူးသဖြင့် ဖြစ်၍နေတော် မူကြကုန်သော။
(ဥ-ဝိသေသေန ဘဝန္တီတိ ဥဘော)။
ဥဘော၊ နိဗ္ဗုတိ နိဗ္ဗုတသခင် အသျှင် နှစ်ပါးတို့သည်
နု-နော၊ အကျွန်ုပ်တို့ကို။
အနုကမ္မိယ၊ အစဉ်သနားတော် မူကြကုန်သည်ဖြစ်၍၊
ခမန္တံ၊ သည်းခံသင့်သော အရာကို၊
ခမန္တံ-ခမန္တု၊ သည်းခံတော် မူကြပါကုန်လော့။
ဉာဏံဉာဏံ၊ အသျှင်နှစ်ပါးတို့ ဖြစ်ပုံလက္ခဏာ ကြောင်းခြင်းရာကို လွန်စွာသိနိုင်အောင်။
အဉာဏံ၊ မသိသင့်သော အမှားအရာကို။
အဉာဏံ၊ မသိ မှားမိအောင်။
အဉာဏံ၊ လွန်စွာသိသင့်သော အရာကို။
ဉာဏံဉာဏံ၊ ကောင်းကောင်းကြီး သိရအောင်။
အခေါဘိတံ၊ သူတပါးတို့ မချောက်ချားနိုင်ဘွယ်။
ဉာဏံဉာဏံ၊ ဉာဏ်ကြီး ဉာဏ်ကျယ် ဉာဏ်ဆန်းကြယ်ကို။
အမှာကံ၊ အကျွန်ုပ်တို့အား။
ဒဒန္တံ၊ ပေးသနားတော်မူသင့်ပါသည့်အတိုင်း။
ဒဒန္တံ-ဒဒန္တု၊ ပေးသနားတော် မူကြပါကုန်လော့။
အနက်ပေးနည်း
သတိပြုသင့်ပုံ
ဒဒန္တံ - တခုတည်းလျက် ပုဒ်ကိုမဖျက် အနက်နှစ်ချက် ရသည်ကား အဘိန္နပဒတ္ထသိလေသာ လင်္ကာရနည်းတည်း။ “ဉာဏံ ဉာဏံ” တခုတည်းလျက် “ဉာဏံ ဉာဏံ ဉာဏံအဉာဏံ အဉာဏံ အဉာဏံ” စသည်ဖြင့် ပုဒ်အများ အနက်အများ ထွက်ရာတို့၌ ဘိန္နသတ္တိသမဝေတနည်း၊ ဘိန္နာဘိန္နပဒတ္ထသိလေသာ လင်္ကာရ နည်းလည်း ဆိုသင့်၏။ “သေတော ဓာဝတိ” ကဲ့သို့တည်း။ ထိုသေတော ဓာဝတိ-၌လည်း “သေတော၊ ဖြူသော သတ္တဝါသည်။ ဓာဝတိ၊ ပြေး၏။ သာ၊ ခွေးသည်။ ဣတော၊ ဤအရပ်မှ။ ဓာဝတိ၊ ပြေး၏။ “ ဤသို့ ဓာဝတိ-ကြိယာနှစ်ချက်နှင့် အနက်ပေး မမှား မိအောင် သတိဆောင်။
“သေတော၊ ဖြူသော။ သာ၊ ခွေးသည်။ ဣတော၊ ဤအရပ်မှ။ ဓာဝတိ၊ ပြေးသွားလေ၏” ဤသို့ ဓာဝတိ-ကြိယာ တချက်တည်းဖြင့် အနက်ပေးသော်သာ နေရာကျသော အနက်မှတ်။
ထို ကြောင့် သဒ္ဒနီတိ( သုတ္တမာလာ-၄၁၁ )၌ …
အတ္ထိ ပဒံ သမဝေတေန ဂဟေတဗ္ဗံ ဟောတိ။ အတ္ထိ ပဒံ သမဝေ တေန ဂဟေတဗ္ဗံ န ဟောတိ။ တတ္ထ ပုရိမပက္ခ သေတော ဓာဝတီတိ ပယောဂေါ။ ဧတ္ထာယမဓိပ္ပါယော။ ကော ဣတော ဓာဝတီ သေတော ဓာဝတိ။ ကတရဝဏ္ဏော ဓာဝတိသေတော ဓာဝတီတိ။ တတ္ထ သေတော သာ ဣတောတိ ဆေဒေါ။ သာ ဝုစ္စတိ သုနခေါ။ သဗ္ဗထာပိ သေတော သာ ဣတော ဓာဝတီတိ ဝုတ္တံ ဟောတိ …
ဟု မိန့်အပ်ပြီ။
ဤသို့လျှင် ဘိန္နသတ္တိသမဝေတ နည်းဖြင့် အနက်ပေးရာ ဟူသမျှတို့၌ ပုဒ်ကို ဖျက်၍ စိတ်၍ ကြံခြင်းတချို့၊ မဖျက်ဘဲ တချို့အားဖြင့် ထိုအလုံးစုံကို ပေါင်း၍ တကြိမ်တည်း တဝါကျတည်းပြု၍ ကြိယာတခုဖြင့် ပြီးအောင် အနက်ပေးရသည်ချည်း မှတ်အပ်၏။ နောက်နောက်ရှေ့ရှေ့ ဆိုအပ်ပြီး ဆိုလတ္တံ့သော အရာ တို့၌လည်း အချို့ အချို့ ဘိန္နသတ္တိနည်း၊ အချို့အချို့တို့၌ တန္တနည်း၊ အချို့အချို့ တို့၌ ပဒီပနည်း၊ အချို့ အချို့တို့၌ ၎င်းနှစ်ပါး သုံးပါးတို့ဖြင့် အနက်ပေးခဲ့သည့် အရာများ ကိုလည်း ဤကဲ့သို့ အမှာအထား မရှိသော်လည်း သတိများများကြီး ထား၍ မှတ်သားယုံကြည် နားလည်အောင် ပြုကြစေကုန်သတည်း။
ဤနည်းအတူ အချို့ အချို့ အ-အက္ခရာနှင့် ယှဉ်သော ပုဒ်အရာတို့၌ ပဋိသေဓ-စသော သုဒ္ဓအနက် သက်သက်တချို့၊ ယင်းအနက်တို့ကို ရောလျက် မိဿကအနက်တချို့ ဆိုခဲ့သည့် အရာများကိုလည်း သတိမမူ ဂူမမြင် မရှိကြစေအပ်။
အ-ဣတိ ဝုဍ္ဎိတဗ္ဘာဝါဒီသု ဒိဿတိ။ ဝုတ္တဉ္စ …
ပဋိသေဓေ ဝုဍ္ဎိတဗ္ဘာဝေ၊ အညတ္ထေ သဒိသေပိ စ။
ဝိရုဒ္ဓေ ဂရဟေ သုညေ၊ အကာရော ဝိရဟပ္ပကေတိ။
သဒ္ဒနီတိ (သတ္တမာလာ ၃၇၃)။ ၁င်္၂။ ထဲ။
ပဋိညာဏ်မှတပါး ပဋိညာတဗ္ဗကျမ်းကို ပြီးစေလိုရကား “ခန္တီပရမံ” စသည်ကို တက်သည်။
၂၃။ ခန္တီ ပရမံ တပေါ တိတိက္ခာ၊
နိဗ္ဗာနံ ပရမံ ၀ဒန္တိ ဗုဒ္ဓေါ။
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊
န သမဏာ ဟောတိ ပရံ ဝိဟေဌယန္တော။
၂၃။ တိတိက္ခာ၊ သူတပါးတို့ နားမခံဘွယ် ချုတ်ချယ်စောင်းမြောင်း မကောင်း ပြောဆို ထိုထိုနှိပ်စက် ခံရသည့်အရေး၌ ရှေးဝိပါက်ကံကြမ္မာ ဝဋ်ဆင်းရဲတွင် ကျင်လည်ရသူတို့ ခံရမြဲဓမ္မတာ ဖြစ်ပါသည် တကား ဟု နှလုံးပြု၍ ထိုသူတို့အား ငြိုးထားရန်မက် မကွက်မစောင်း စိတ်မပြောင်းစေရ လှလှကြီး သည်းညည်းခံနိုင်ခြင်း ဟု ဆိုအပ်သော။
ခန္တီ၊ ခန္တီတရားသည်။
ပရမံ တပေါ၊ မိမိသူတပါး နှစ်ပါးလုံးပင် ကြည်လင်ချမ်းဧဘွယ် အများသူတို့ ချီးမွှမ်းနှစ်သက်ဘွယ် အပါယ် စသောဘေး ကင်းဝေးဘွယ် တကယ် ကောင်းမြတ်လှသော အကျင့်တည်း။
ဗုဒ္ဓါ၊ ပစ္စုပ္ပန်သံသရာ ကျိုးနှစ်ဖြာကို ကောင်းစွာ သိမြင်တော်မူကြပေကုန်သော။
ဗုဒ္ဓါ၊ မြတ်စွာဘုရားတို့သည်။
(ဝါကျအနက် အတွင်းငုပ်မငုပ် နှစ်ပါးဝင်နေသော သိလေသနည်း။)
နိဗ္ဗာနံ၊ တဏှာကင်းစင် ရန်တကာ ဖဲကြဉ်ရာဖြစ်သော။
(ဝါနတော နိက္ခန္တံ၊ ဝါနံ ဝါ နိက္ခမတိ ဧ တသ္မာတိ နိဗ္ဗာနံ။)
နိဗ္ဗာနံ၊ တဆယ့်တသီး မီးအပေါင်းတို့၏ ကောင်းကောင်းကြီး ငြိမ်းဧရာဖြစ်သော။
(နိဗ္ဗန္တိ ရာဂဂ္ဂိအာဒယော ဧတ္တာတိ နိဗ္ဗာနံ။)
နိဗ္ဗာနံ၊ နိဗ္ဗာန်ချမ်းသာမြတ်ကို။
(ရှေ့အတိုင်း သိလေသ)။
ပရမံ၊ မြတ်လှစွာသော ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာမြတ်တို့၏ မပြတ် မွေ့လျာ်ရာ ဖြစ်သဖြင့် စင်စစ် ထူးမြတ် လွန်ကဲနက်နဲ သိမ်မွေ့လှသော တရားဟူ၍။
၀ဒန္တိ၊ မိန့်တော်မူကြကုန်၏။
(ပကဋ္ဌာ ဥတ္တမာ ရမန္တိ ဧတ္ထာတိ ပရမံ။)
ပရူပဃာတီ၊ တပါးသူကို ငြူစူနှိပ်စက် ရိုက်နှက် ညှဉ်းဆဲတတ်သော။
ပဗ္ဗဇိတော၊ ရဟန်းသည်။
ပဗ္ဗဇိတော ပဗ္ဗဇံ ဣတော ဂတော၊ မိမိသူတပါး နှစ်ပါးလုံး ချမ်းသာအောင် ကျင့်ဆောင်ခြင်းသို့ ရောက်တတ်သောကြောင့် ပဗ္ဗဇိတ-ဘွဲ့ ချည်အပ်သော သူသည်။
န ဟိ-နေဝဟောတိ၊ မဖြစ်နိုင်တော့သည်သာလျင်ကတည်း။
သော၊ ထိုကိုယ်အမူအရာ ညွတ်တိမ်း၍ ပဌမတံဆိပ်တော်ကြီး နုတ်သိမ်းအပ်ပြီးသောသူသည်။
ပရံ ဝိဟေဌယန္တာ၊ သူတပါးအား နားမချမ်းဘွယ် ချုတ်ချယ် စောင်းမြောင်း မကောင်းဆိုမြည် တတ်ပြန်သည်ရှိသော်။
သမဏော၊ ဒေါသ ဖဲကြဉ် မာနဖျဉ်၍ တကယ်ပင် ငြိမ်းစေတတ်သောကြောင့် သမဏ-မည်ခေါ် ပွဲလုံး ကျော်သော ဒုတိယတံဆိပ်တော်ကြီးသည်လည်း၊
န ဟောတိ၊ ပျော်နိုင် တော်နိုင်တော့မည် မဟုတ်။
တံဆိပ်နှစ်ထပ် နုတ်သိမ်းအပ်ပြီး ဟူလိုသတည်း။ “ရာဇဂုရု” “ရာဇာဓိရာဇဂုရု” မင်းတံဆိပ်နှစ်ထပ်ကို သိမ်းယူခံရသော ဆရာတော်ပျက် ဆရာတော်ကျကဲ့သို့ “ပဗ္ဗဇိတ” “သမဏ” တံဆိပ်နှစ်ထပ် အသိမ်း အနုတ် မခံရအောင် သတိဆောင်ကြရမည် ဟူလိုသတည်း။
နိဗ္ဗာန် မေးခွန်းများ ထုတ်ပြပုံ
ဤသို့သော ဩဝါဒပါတိမောက် အရာဝယ် လာသော “နိဗ္ဗာနံ ပရမံ” ၏ အရ …
(၁) နိဗ္ဗာန်ဟူသည် အဘယ်ကို ဆိုပါသနည်း။
(၂) ယင်းနိဗ္ဗာန်ကို အသေအချာ လက္ခဏ, ရသ, ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်-တို့နှင့်တကွ အဘယ်သို့ သိရ မှတ်ရပါအံ့နည်း။
(၃) ယင်းနိဗ္ဗာန်ဟူသည် - အဘယ်မျှ အပြားရှိပါသနည်း။
(၄) ယင်းနိဗ္ဗာန်သည် အဘယ်မျှ လောက်သော ဂုဏ်ထူးဝိသေသ ရှိပါသနည်း။
(၅) ယင်းနိဗ္ဗာန်သည် အဘယ်မျှလောက်သော သုခသမ္ပတ္တိ ရှိပါသနည်း။
(၆) အဘယ်သို့သော အကြောင်းများနှင့် ပြည့်စုံလျှင် ယင်းနိဗ္ဗာန်သို့ ရောက်နိုင်ပါသနည်း။
(၇) ယင်းသို့ နိဗ္ဗာန်ရောက်သော သူတို့သည် ထိုနိဗ္ဗာန်၌ ထင်ရှား ရှိပါသလော မရှိပါသလော။
(ဂ) ယင်းနိဗ္ဗာန် ရောက်သူတို့သည် ထိုနိဗ္ဗာန်၌ ရှိ၏ ဆိုခဲ့သော် သဿတဒိဋ္ဌိ မရှိဆိုခဲ့သော် ဥစ္ဆေဒ ဒိဋ္ဌိဖြစ်၏။ ဤသို့ ကထာဝတ္ထုပါဠိတော် စူဠနိဒ္ဒေသပါဠိတော် ၎င်းအဋ္ဌကထာ စသည်တို့၌ လာရကား ထိုဒိဋ္ဌိနှစ်ပါး လွတ်အောင် အဘယ်သို့ ဆိုရ ပြောရ ယူရပါအံ့နည်း။
(၉) “နိဗ္ဗာနံ ဥပလဗ္ဘတိ နိဗ္ဗာနဿ ပဋိသံဝေဒီ ဥပလဗ္ဘတီတိ နဟေဝံ ဝတ္တဗ္ဗ” ဟု ကထာဝတ္ထု ပါဠိတော်လာတိုင်း နိဗ္ဗာန်ကား ထင်ရှားရှိ၏၊ နိဗ္ဗာန်ချမ်းသာကို ခံစားရသောသူကား မရှိဆိုသော် ထို နိဗ္ဗာန်ဖြင့် ဝေနေယျ သတ္တဝါ အပေါင်းတို့အား အဘယ်အကျိုးရှိပါအံ့နည်း။
(၁၀) ယင်းဆိုအပ်ခဲ့ပြီးသော ပါဌ်ဖြင့် နိဗ္ဗာန်ကား ရှိ၏။ နိဗ္ဗာန်ချမ်းသာကို ခံစားရသူ မရှိ ဆိုသောအချက်၊ “ဒိဗျံ သုခံ ဥပလဗ္ဘတိ။ ဒိဗျဿ သုခဿ ပဋိသံဝေဒီ ဥပလဗ္ဘတီတိ နဟေဝံ ဝတ္တဗ္ဗေ” ဟူသော ပါဌ်ဖြင့် နတ်ချမ်းသာကား ရှိ၏၊ နတ်ချမ်းသာကို ခံစားရသူမရှိ ဆိုသောအချက် ဤနှစ်ချက်သည် အဘယ်သို့ ထူးပါသနည်း။
(၁၁) နိဗ္ဗာန်အရာ၌ နိဗ္ဗာန်ကို ခံစားရသူ မရှိ ဟူ၍ တချက်မျှသာ လာသည်။ နတ်ချမ်းသာ အရာ၌ နတ်ချမ်းသာကို ခံစားရသူ ရှိသည်တရပ် မရှိသည်တရပ် ဟူ၍ နှစ်ရပ် လာခဲ့သည်။ ယင်းအရာကို သေချာ ဘယ်သို့ ဝေဖန်၍ သိရပါအံ့နည်း။
(၁၂) နိဗ္ဗာန်သို့ ရောက်သွားသော သူတို့သည် ထိုနိဗ္ဗာန်၌ အဘယ် သို့သော အခြင်းအရာအားဖြင့် ဖြစ်နေသည်ဟု ဆိုနိုင်စရာ မရှိ၊ ဒုပ္ပရိယောဂါဟ ဂမ္ဘီရ အပ္ပမေယျ-ဖြစ်၍နေသည်ဟု “ရူပသင်္ခါဝိမုတ္တာ ခေါ မဟာ ရာဇ တထာဂတော ဂမ္ဘီရော အပ္ပမေယျော ဒုပ္ပရိယောဂါဟော” စသည်ဖြင့် သဠာယတနသံယုတ် ပါဠိတော် စသည်တို့၌ လာသောကြောင့် ထိုနိဗ္ဗာန်၌ ဂမ္ဘီရ ဒုပ္ပရိယောဂါဟ- ဖြစ်၍ နေသည်ဖြစ်လျှင် ထိုပရိနိဗ္ဗုတပုဂ္ဂိုလ် ထိုနိဗ္ဗာန်၌ ရှိနေသည်မှန်၏ ဟု မဆိုသင့်လော ဆိုသင့်လော။
(၁၃) နိဗ္ဗာန်ရောက်သည် ဟူရာ၌ နိဗ္ဗာန်ရှိရာသို့ ပုဂ္ဂိုလ်က ရောက်သွားသလော၊ နိဗ္ဗာန်က ပုဂ္ဂိုလ်ရှိရာ ရောက်၍ လာသလော။
(၁၄) ပရိနိဗ္ဗာန်ဟူသည် နိဗ္ဗာန်ဟူသည် အနုပါဒါနိဗ္ဗာန်ဟူသည် အပ္ပစ္စယ နိဗ္ဗာန်ဟူသည် အမတ နိဗ္ဗာန်ဟူသည် အမတမဟာနိဗ္ဗာန်ဟူသည် အထူးအကွဲအပြား ရှိသေးသလော မရှိလော။
(၁၅) နိဗ္ဗာန်ကို သတ္တဝါတို့ အဘယ်အခါ ရောက်ပါသနည်း၊ မဂ်ကို ရလျှင်ပင် ရောက်သလော၊ ပရိနိဗ္ဗာန်ပြုပြီးမှ ရောက်သလော။
(၁၆) နိဗ္ဗာန်သို့ ရောက်သည်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုသည်၊ နိဗ္ဗာန်ကို အာရုံပြုသည်၊ ဤသုံးပါး သည် အသို့ ထူးပါသနည်း။
(၁၇) “အညေ ခန္ဓာ အညံ နိဗ္ဗာနန္တိ နဟေဝံ ဝတ္တဗ္ဗေ” ဟူသော စကားဖြင့် ခန္ဓာတခြား နိဗ္ဗာန် တခြား မဟုတ်ဟု ကထာဝတ္ထု၌ ဟောတော် မူခဲ့သည့်အရာဝယ် ခန္ဓ၁အခြား နိဗ္ဗာန်အခြား မဟုတ်ခဲ့လျှင် ခန္ဓာသည်ပင် နိဗ္ဗာန်၊ နိဗ္ဗာန်သည်ပင်လျှင် ခန္ဓာမှတ်ရမည်လော။
(၁၈) ခန္ဓာကို စွဲ၍ နိဗ္ဗာန်ဖြစ်သောကြောင့် ခန္ဓာနှင့် နိဗ္ဗာန် တခြားမဟုတ် ဆိုသည် ဟု ယူခဲ့သော် အဘယ်ပုဂ္ဂိုလ်၏ ခန္ဓာကို စွဲ၍ အဘယ်ပုံ စွဲ၍ ဖြစ်ပါသနည်း။
(၁၉) “ဣမသ္မိံယေဝ ကဠေဝရေ ဗျာမမတ္တေ သဝိညာဏကေ သမနကေ လောကဉ္စေဝ ပညာပေမိ လောကသမုဒယဉ္စေဝ လောကနိရောဓဉ္စ လောကနိရောဓဂါမိနီပဋိပဒဉ္စ” ဟူသော သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် စသည်တို့၌ ဤကိုယ်၌ပင် လောက၏ချုပ်ရာ နိရောဓ ဟူသော နိဗ္ဗာန်ကို ငါပညတ်တော်မူသည် ဟူသော စကားတော်၏ အဓိပ္ပါယ်ကို အဘယ်သို့ နေရာတကျ မှတ်ရ ပါအံ့နည်း။
(၂၀) နိဗ္ဗာန်သို့ ရောက်သွားသော သူသည် လူ နတ် ဟူသော ပညတ် မင်းပုဏ္ဏား စသော ပညတ်, ရူပီအရူပီ စသောပညတ် အစရှိသော ဆယ်ပါးသော ပညတ္တိပထအရာကို လွန်၍နေသည်ဟု စူဠနိဒ္ဒေသ ပါဠိတော် စသည်တို့၌ လာသော စကားတော်ကို အဘယ်ကို ရည်၍ ဟောတော် မူသနည်း။
(က) အလုံးစုံ ဘယ်ဟာတခုမျှ အကြွင်းအကျန် မရှိ ပျက်စီးပြတ်တောက်၍ သွားသည်ကို ရည်တော်မူ၍ ဆိုသလော။
(ခ) ပညတ်အရာကိုသာ လွန်၍နေသည်၊ အလုံးစုံ ဥ စ္ဆိန္နဖြစ်သည် မဟုတ်ဟူ၍ ဆိုလိုသလော။
(ဂ) ဥစ္ဆိန္ဒအဘာဝ ဖြစ်လျှင် ပညတ္တိပထ အရာကိုလွန်၍နေသည် ဟူ၍မျှ ဆိုစရာမကောင်းပြီ မဟုတ် ပါလော။
(ဃ) ယင်းသို့ ဥစ္ဆိန္ဒ အဘာဝမဟုတ် ဘာဝဖြစ်ခဲ့သော် ထိုပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့ ထိုနိဗ္ဗာန်၌ ပရမတ် ဖြစ်၍ နေသလော၊ ပညတ်ဖြစ်၍ နေသလော၊ ပရမတ် ပညတ် တို့မှ အလွတ်လော၊ အသင်္ခတလော သင်္ခတလော၊ ယင်းနှစ်ပါးတို့မှ အလွတ်လော။
သင်္ခတ အသင်္ခတ - တရားနှစ်ပါးတို့မှ အလွတ် တစုံတခု အစွန်း အစတရား မရှိပြီ ဟု ကထာဝတ္ထု ပါဠိတော်၌ ဆိုသည် မဟုတ်ပါလော။
ယင်းသို့ဖြစ်၍ အသင်္ခတသို့ သွင်းမည် ဆိုခဲ့သော်- “ဒွေ အသင်္ခတာနီတိ နဟေဝံ ဝတ္တဗ္ဗေ” ၎င်း ကထာဝတ္ထုပါဠိတော်နှင့်အညီ အသင်္ခတဓာတ် နှစ်ရပ်မရှိ ဆိုသောကြောင့် နိဗ္ဗာန်-ဟူသော အသင်္ခတဓာတ်သို့ သွင်းမည်လော မသွင်းမည်လော။
(၂၁) နိဗ္ဗာန်သို့ ရောက်သော သူတို့သာ နိဗ္ဗာန်ကို အာရုံပြုနိုင်သည် ဟု မူလဋီကာ၌လည်း လာသည်၊ ရဟန္တာပုဂ္ဂိုလ် စုတိပြီးသည့်နောက်မှ အသင်္ခတဓာတ် နိဗ္ဗာန်သို့ ရောက်နိုင်သည် ဟူ၍လည်း နေတ္တိပါဠိတော်၌လာသည်။ ယင်းစကားနှစ်ရပ် အညမညသံသန္ဒန ဖြစ်ရမည် အရေး မခဲလော။
(၂၂) နိဗ္ဗာန်ကို မဂ်ဖိုလ်တို့ အာရုံပြုသည် ဟူရာ၌ ရပြီးသော နိဗ္ဗာန်ကို အာရုံပြုသလော၊ ရလတ္တံ့ နိဗ္ဗာန်ကို အာရုံပြုသလော။
(၂၃) ဒုက္ခနိရောဓမျှသည် နိဗ္ဗာန်မဟုတ်၊ ဒုက္ခနိရောဓ၏ အကြောင်းဖြစ်သော အသင်္ခတဓာတ်ကို ဒုက္ခနိရောဓ-ဟု တင်စား၍ ဆိုကြောင်းနှင့် နေတ္တိအဋ္ဌကထာ စသည် လာသောအတိုင်း ၎င်းအဋ္ဌကထာတို့အလို နိဗ္ဗာန်နှင့် ဒုက္ခချုပ်ရသည် အဓိပ္ပါယ် ထွက်သည်။ “တဏှက္ခယာ ဒုက္ခက္ခယာ၊ ဒုက္ခက္ခယာ နိဗ္ဗာနံ” ဟု နေတ္တိပါဠိတော်၌ ဒုက္ခ ကုန်သောကြောင့် နိဗ္ဗာန် ဟူသော ငြိမ်းဧခြင်း ဖြစ်သည် ဟူ၍ လာသည်။ ၎င်းပါဠိ အဋ္ဌကထာတို့ အညမညသံသန္ဒန ဖြစ်အောင် မခဲလော။
(၂၄) နိဗ္ဗာန် ဟူသော အသင်္ခတဓာတ်သည် ပရိနိဗ္ဗာန် ပြုကြသူတို့၏ ခန္ဓာ ကုန်မှ ပေါ်လာ ဖြစ်လာကြောင်းနှင့် “အနုပါဒိသေသာ သမ္ပရာယိကာ။ သမ္ပရာယိကာတိ ခန္ဓဘေဒတော ပရဘာဂေ ဘဝါ” ဟူ၍ ဣတိဝုတ်ပါဠိတော် အဋ္ဌကထာ တို့၌ လာသည့်အတိုင်း နိဗ္ဗာန် ဟူသည် ပရိနိဗ္ဗန္တပုဂ္ဂိုလ် ခန္ဓာပျက်မှ ဖြစ်ပေါ်လာသည် မဟုတ်လော။
(၂၅) ယင်းသို့ ပရိနိဗ္ဗန္တပုဂ္ဂိုလ် မပေါ်လာမိကပင် ထိုပုဂ္ဂိုလ် စံဝင်စရာ အစဉ်ထာဝရ ကမ္ဘာကမ္ဘေ ဖြစ်၍ နေနှင့်သော နိဗ္ဗာန် ဟူသည် ရှိပါသေးသလော။
(၂၆) ယင်းသို့ ရှိသည် ဆိုခဲ့သော် ထိုနိဗ္ဗာန်သည် အညတိတ္တိယဖြစ်သူ စာဖြူ ယေရှုခရစ်ဆရာတို့ မဟုတ်မမှန် မိစ္ဆာဝါဒ ပြောဆိုကြသော လောကကို ဖန်ဆင်းတတ်သော ထာဝရဘုရား ဟူသကဲ့သို့ အကြောင်း လုံးလုံးကင်း၍ လျောက်လျား ဘာသာ ရှိနေသည် ဟု ဆိုရာ မရောက်လော။
(၂၇) ယင်းသို့ ဖြစ်ခဲ့သော် ၎င်းစကားသည် အဘူတံ - ဟူသော ဥဒါန်း ပါဠိတော်၌ “န ကာရဏေန ဝိနာ သယမေ၀ ဘူတန္တိ အဘူတံ” ဟူသောပါဌ်ဖြင့် အကြောင်းကင်း၍ ဖြစ်သည်မဟုတ်သော နိဗ္ဗာန်ဟု အနက်ပေးရမည်။ ၎င်းဥဒါန်းအဋ္ဌကထာ ဖွင့်ဆိုသည့်စကားနှင့် ဝိရုဒ္ဓ မဖြစ်ပြီလော။
(၂၈) ၎င်းဥဒါန်းပါဠိတော်၌ အဇာတံ - ဟူသော ပုဒ်၏အရ မဖြစ်သော နိဗ္ဗာန် ဟူရာ၌ ဥပါဒ်အားဖြင့် မဖြစ်သည်ကို ရည်၍ အဇာတံ ဆိုကြောင်းနှင့် နေတ္တိအဋ္ဌကထာ ဖွင့်ဆိုသည့်အတိုင်း ဥပါဒ်အားဖြင့် မဖြစ်ဆိုခဲ့သော် လုံးလုံးမဖြစ်သော အချည်းနှီးကို ဆိုသလော။
(၂၉) ဥပါဒ်အထည်ဒြဗ် အားဖြင့်သာ မဖြစ်သည်၊ တစုံတရာ နက်နဲသော သဘော အခြင်းအရာ အားဖြင့်ကား ဖြစ်သေး၏ဟု ဆိုလိုသလော။
(၃၀) တစုံတခု အခြင်းအရာအားဖြင့် ဖြစ်သောဟူသည် မရှိဆိုခဲ့သော် ယင်းနိဗ္ဗာန်သည် အဘာဝ တုစ္ဆပင် မဟုတ်ပါလော။
(၃၁) “အတ္ထိ ဘိက္ခဝေ အဇာတံ အဘူတံ” စသည် လာသော ဥဒါန်း ပါဠိတော်အတိုင်း ယင်းနိဗ္ဗာန် ဟူသည် ထင်ရှားရှိရမည် မဟုတ်ပါလား။
(၃၂) ဟုတ်သော် တစုံတခု အခြင်းအရာအားဖြင့် ဖြစ်ခြင်း မရှိဘဲလျက် အဘယ်သို့ ထင်ရှား ရှိပါအံ့နည်း။
(၃၃) ယင်းသို့ ထင်ရှားရှိသည် ဆိုခဲ့သော် အဘယ်၌ ရှိသည်ဟု တခုခု နေရာချထားနိုင်မှ ရှိရာ ရောက်ရမည် မဟုတ်လော။
(၃၄) ဟုတ်သော် ယင်းနိဗ္ဗာန်ကို အရပ်အားဖြင့် မညွှန်ကြားအပ်ဟု မိလိန္ဒပဥှာ ဝိသုဒ္ဓိမဂ် မဟာဋီကာ တို့၌ လာသော စကားနှင့် သံသန္ဒန ဖြစ်အောင် အသို့ ကြံဆောင်ရမည်နည်း။
(၃၅) ယင်းသည် နိဗ္ဗာန်ကို အရပ်အားဖြင့် မညွှန်ပြအပ် ဟူ၍လည်း ၎င်းဝိသုဒ္ဓိမဂ်မဟာဋီကာ၌ လာသည် “နိဗ္ဗာနမ္ပိ ခန္ဓပဋိဗဒ္ဓမေဝ ခန္ဓေဟိ ဝိသယိကတတ္တာတိ ၀ဒန္တိ” ဟု ၎င်းဋီကာ၌ပင် အာစရိယဝါဒ လာသည်။ ထိုစကားနှစ်ရပ်တွင် နောက်စကား အလိုအားဖြင့် နိဗ္ဗာန်ဟူသည် နိဗ္ဗာန်ရောက်သူ ခန္ဓာကိုယ်ပေါ်မှ ပေါ်လာသည် ဆိုရာရောက်၏။ ၎င်းစကားသည် “ဣမသ္မိံ ယေဝ ကဠေဝရေ။ပ။ လောကနိရောဓဉ္စေဝ ပညပေမိ” ဟူသော သံယုတ်ပါဠိတော် စသည်နှင့် အညီပင် မဟုတ်ပေလား
(၃၆) ယင်းသို့ ဖြစ်ခဲ့သော် နိဗ္ဗာန်ဟူသည်ကို အရပ်အားဖြင့် မညွှန်ပြအပ် ဟူသော စကားသည် နိဗ္ဗာန်၏ ဖြစ်ရာအရပ်ဒေသ ဟု အထူး ရှိတော့သည် မဟုတ်၊ နိဗ္ဗာန်ရသူ ရောက်သူ၌သာ ရှိသည်ဟု ဆိုသော် မဆိုသင့်လော ဆိုသင့်လော။
(၃၇) ယင်းသို့ ဆိုသင့်ခဲ့သော် ယင်းနိဗ္ဗာန်ကို မိမိစွဲရာဖြစ်ရာ ခန္ဓာရှင်ကို ထောက်၍ သူ၏နိဗ္ဗာန် ငါ၏နိဗ္ဗာန် ဆိုသော် မဆိုသင့်သလော ဆိုသင့်လော။
(၃၈) ယင်းသို့ ဆိုသင့်သော် မဂ်သည် နိဗ္ဗာန်ကို အာရုံပြုသည် ဟူရာ၌ “မိမိနိဗ္ဗာန်ကို အာရုံပြုသလော သူတပါးနိဗ္ဗာန်ကို အာရုံပြုသလော။
(၃၉) မိမိနိဗ္ဗာန်ကို အာရုံပြုသည် ဆိုသော် ထို မိမိနိဗ္ဗာန်ကလည်း ပရိနိဗ္ဗာန် စံမည့်သူ စုတိ ကျပြီးနောက်မှ ပေါ်လာမည်ဖြစ်၍ မပေါ်လာမီက အာရုံပြုနှင့်သလော။
(၄၀) မိမိရလတ္တံ့သော ယခုလက်သို့ ရောက်လုနီးနီး ဥစ္စာရတနာကြီး များကို ရခါနီးဆဲဆဲတွင် အာရုံပြုနှင့်သကဲ့သို့ မှတ်ရမည်ဆိုသော် မဆိုသင့်လော ဆိုသင့်လော။
(၄၁) ယင်းနိဗ္ဗာန်သည် ကာလသုံးပါးမှ လွတ်သည် ဟူရာ၌ အဘာဝ ဖြစ်၍ လွတ်သလော။
(၄၂) ဘာဝဖြစ်လျက် လွတ်ရမည်ဖြစ်လျှင် အဘယ်ပုံ ခြင်းရာဖြင့် ဘာဝ ဖြစ်လျက် ကာလသုံးပါးမှ လွတ်သည် ဆိုနိုင်ပါအံ့နည်း။
ဤသို့ အစရှိသည်ဖြင့် အထူးထူး အထွေထွေ ကြံစည် တွေးတောစရာ လွန်စွာ များသဖြင့် အလွန်ခက်ခဲလှသော ဤအရာ၌ နိကာယ်ငါးဖြာ ပါဠိ အဋ္ဌကထာ ဋီကာ ကျမ်းများစွာတို့ကို အခါခါ လေ့လာကြည့်ရှု၍ ယထာဘူတ ယထာ သဘာဝ ဝိနိစ္ဆယ ဖြစ်ပါစေခြင်းငှါ ကာလရှည်ကြာ နှစ်လများစွာ အခါခါ ကြံစည်စဉ်းစား နှလုံးထားမိသည်အတိုင်း အတ္ထုက္ကံသန, ပရ၀မ္ဘန - စသည် ကင်းကွာ သဒ္ဓါရှေ့သွား မေတ္တာအားဖြင့် “ဂမ္ဘီရာဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီ” အမည်ရှိသော ကျမ်းကို ညွှန်ပြရေးသား တရားအေး တိုက်ကျွေးလတ္တံ့။
သဒ္ဓါသမ္ပန္န သံသာရဘီရုက ကုလပုတ္တ ဂဟဋ္ဌ သမဏ သီလဝန္တ ပညဝန္တ ဓမ္မာဓိပတေယျ သာဓုဇန-မှန်သမျှတို့သည် အတိဒုလ္လဘကထာ အလွန်ရခဲ စွာသော “ဂမ္ဘီရာဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီ” သညီ မည်မှန်း ဤသည်ကျမ်းဖြင့် အလွန်နက်နဲ ခက်ခဲရှုပ်ထွေးလှ ဤအရာဝယ် သေချာကွဲပြား ခြားနား သိသာ ပညာဝိသဒ သဒ္ဓါဗလဝ အဓိမတ္တဆန္ဒ ရှိကြကုန်သည်ဖြစ်၍ အလွန်နက်နဲသော ဂမ္ဘီရ နိဗ္ဗုတိဌာနသို့ ရောက်စွမ်းနိုင်သော နက်နဲသည်ထက် နက်နဲသော ဂမ္ဘီရာ ဂမ္ဘီရ နိဗ္ဗုတပုဂ္ဂလ အဖြစ်သို့ လျင်မြန်စွာ ရောက်သဖြင့် ဘေးဒုက္ခ ဟူသမျှတို့မှ မြန်မြန်ကြီး လွတ်လွယ်ကြ ပါစေကုန်သတည်း။
ယင်းသို့ ညွှန်ပြရာ၌ နိဗ္ဗာနကထာ နိဗ္ဗုတိကထာ အားဖြင့် နှစ်ပါးသော ကဏ္ဍတို့ဖြင့်ပြီးသော “ဤဂမ္ဘီရာဂမ္ဘီရ မဟာနိဗ္ဗုတဒီပနီ” ကျမ်း၌ ရှေးဦးစွာ “နိဗ္ဗာနကထာ ကဏ္ဍ” ကို ဆိုပေလတ္တံ့။
ထင်းသို့ ဆိုလတ္တံ့သော “နိဗ္ဗာနကထာ နိဗ္ဗုတိကထာ” ၌လည်း အကျယ် မလိုက် အကျဉ်းကြိုက်သူတို့အား ချီးမြှောက်ခြင်းငှါ ဤဆိုလတ္တံ့ သည်ကား -
(၁) ရှေးဦးစွာသော “သင်္ခေပကဏ္ဍ” တည်း။
(၂) “နိဗ္ဗာနကထာ နိဗ္ဗုတိကထာ သင်္ခေပကဏ္ဍ” တစ်။
(၃) “နိဗ္ဗာနကထာ နိဗ္ဗုတိကထာ ဝိတ္ထာရကဏ္ဍ” တစ်။
ဤ(၁) “ပဏာမကဏ္ဍ” တစ်။
(၄) “ကျမ်းပြီးအဆုံး နိဂုမ်းဂါထာစု” တစ်၊ ပေါင်း လေးတွဲအနက် -
ပဏာမကဏ္ဍ ပဌမတွဲ ပြီးပြီ။
ဒုတိယတွဲ
အာသီသပဏာမ
နမတ္ထု အတုလဂမ္ဘီရဓမ္မဒေသကဿ။
အတုလဂမ္ဘီရဓမ္မဒေသကဿ၊ အတုမထင် ဘက်မမြင်သည့် သုံးခွင်ဝေနေ များတတွေတို့၏ မရေတွက်နိုင် ကြီးခိုင်ဒုက္ခ ဘေးဘယမှ တဝတည်း ငြိမ်းချမ်းရာ နိဗ္ဗုတာ ရွှေနန်း ယင်း ရွှေနန်း၌ စံမြန်းရသူ ပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့၏ သဘော ဓမ္မတာ ကြောင်းခြင်းရာကို သေချာဆတ်ဆတ် ကောင်းကောင်းကြီး ဟောကြားတော် မူပေတတ်သော လူသုံးရပ်တို၏ ဦးကိုင် ဓမ္မခရိုင်ထွတ်ထား မြတ်ဘုရားအား။
မေ၊ အတုမရှိ မြတ်လှစွာသော နိဗ္ဗုတာရွှေမြို့ ယင်းရွှေမြို့ဝယ် စမ္ပယ် တည်နေ ကြကုန်သော ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၏ သဘောခြင်းရာ လက္ခဏာကို ကောင်းစွာရေးသား ညွှန်ကြား ဆုံးဖြတ် ရလတ္တံ့သော အကျွန်ုပ်၏။
နမော၊ ကျမ်းပြီးခြင်း၏ အန္တရာယ် မတွယ်နိုင်ကြောင်း ကောင်းကောင်းကြီး ရှိခိုးခြင်းသည်။
အတ္ထု၊ ဖြစ်ပါစေသတည်း။
ပူဇတ္ထု မေ အတုလာတုလဓမ္မဿ။
အတုလာတုလဓမ္မဿ၊ အတုမရှိသော ဘုရားသျှင်တို့မှ မတူနိုင်သော နိဗ္ဗာန် တရားတော်မြတ်အား။ မေ၊ ယင်းနိဗ္ဗာန်၏သဘော ယင်းနိဗ္ဗာန်ဝယ် တင့်တယ်စွာ တည်နေကြကုန်သူ ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၏ သဘောလက္ခဏာကို ကောင်းစွာ ရေးသားပြုပြင် လတ္တံ့သော အကျွန်ုပ်၏။
ပူဇာ၊ ရိုသေကော်ရော် ပူဇော်ခြင်းသည်။
အတ္ထု၊ ကောင်းကောင်းကြီး ဖြစ်ပါစေသတည်း။
အာသီသပဏာမ။
အာသီသ မေတ္တာဘာဝနာ
သဒ္ဓမ္မံ သုမာနေန္တု သုသုခကာမာ။
သုသုခကာမာ၊ လောကီလောကုတ္တရာချမ်းသာ လူနတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာကို လွန်စွာ လိုလားကြကုန်သူတို့သည်။
သဒ္ဓမ္မံ၊ ချမ်းသာရာ ချမ်းသာကြောင်း သူတော်ကောင်း တရားတော်မြတ် ကို။
သုမာနေန္တု၊ သီလဖြူဖြူ အလှူရဲရဲ ဘာဝနာတွင် စိတ်ဝင်စွဲသဖြင့် အမြဲကောင်းကောင်းကြီး မြတ်နိုး နိုင်ကြပါစေကုန်သတည်း။
အသဒ္ဓမ္မ သုဘာယန္တု ဒုက္ခဘယာ။
ဒုက္ခဘယာ၊ ငရဲဘေးကြီး ပြိတ္တာဘေးကြီးတို့မှ ကြောက်ကြကုန်သော သူတို့သည်။
အသဒ္ဓမ္မံ၊ မဖြောင့် အယူ သီလမဖြူ မသူတော်တို့၏ တရားယုတ်မျိုး သဘောဆိုးကို။
သုဘာယန္တု၊ မီးနှင့်မသွေ မြွေနှင့်မခြား သစ်ကျား ခြင်္သေ့ အသွင် ရှောင်ကြဉ်ဖဲ ကောင်းကောင်းကြီး ကြောက်ကြပါစေကုန် သတည်း။
ပုည မာ ဘာယန္တု နိဗ္ဗုတိကာမာ။
နိဗ္ဗုတိကာမာ၊ ဘေးတကာကင်းစင် ရန်တကာ ဖဲကြဉ်ရာ နိဗ္ဗုတာကို လွန်စွာလိုလား ကြကုန် သူတို့သည်။
ပုညံ၊ နိဗ္ဗူရောက်ကြောင်း ဒါန သီလ ဘာဝနာ ကုသိုလ်အပေါင်းကို။
မာ ဘာယန္တု၊ မကြောက်မှားကြ ပါစေကုန်သတည်း။
ဝါ၊ အလှူမရဲ သီလမမြဲ ဘာဝနာတွင် စိတ်မစွဲ ကြောက်အား မေ့အား ပျင်းအား မသဲကြပါစေကုန် သတည်း။
မိဠှသုခံ မာ မာနေန္တု သုသုခကာမာ။
သုသုခကာမာ၊ တကယ်ချမ်းသာ နိဗ္ဗုတာကို လွန်စွာအလိုရှိကြ ကုန်သူတို့သည်။
မိဠှသုခံ၊ တသက်လျာမျှ တဘဝတွက်တာ ဘေးတကာဝန်းအုံ ရန်တကာ ပေါင်းဆုံသည့် ကာမဂုဏ် ချမ်းသာယုတ် စက်ဆုပ်ဖွယ် မစင်ပုပ်ကို။
မာ မာနေန္တု၊ အဟုတ်ကြီးထင် တဏှာ ဝင်မြိုက် လောဘတိုက်၍ မိုက်မှား ယစ်မူး ပျော်မြူး၍ မနေမိအောင် များများကြီး သတိဆောင်နိုင်ကြပါစေကုန်သတည်း။
ဤကား သောတုဇန ဓမ္မပဋိဂ္ဂါဟက ပုဂ္ဂိုလ်တို့အား ဤသို့ ဆိုလိမ့်သော “ဂမ္ဘီရာဂမ္ဘီရမဟာ နိဗ္ဗုတ ကထာဒေသနာ” ကို ရိုသေစွာ နာနိုင်ကြကြောင်း ကောင်းကောင်းကြီး ပွါးများအပ်သော အာသီသ မေတ္တာဘာဝနာ။
သူပိယမထေရ်မြတ်၏ ဥဒါန်းဂါထာ
အဇရံ ဇီရမာနေန၊ တပမာနေန နိဗ္ဗုတိံ။
နိမိယျံ ပရမံ သန္တိံ၊ ယောဂက္ခေမံ အနုတ္တရံ။
ဇီရမာနေန၊ ဖောက်ပြန်အိုမင်း ဆွေးမြေ့ ပျက်စီးခြင်း သဘောမျိုးဖြင့်။
အဇရံ၊ တခါတည်းမျှ အိုဘေးသေဘေး မသန်း ဟောင်းနွမ်းခြင်းမဝှေ့ ဆွေးမြေ့ခြင်းမဝင် အမြဲလျှင် အသစ်စက်စက် တည်နေထသော။
ယောဂက္ခေမံ၊ ဘေးတကာဝိုင်းအုံ ရန်တကာ ရစ်ခြုံသည့် ငါးကာမုံ အာရုံကြား၌ ပျော်မှား ယစ်ရူး ချင်တတ်သော တဏှာ လောဘ မောဟ - ဟူသမျှတို့၏ တဝတည်းကုန်ရာ တဖန်မလာနိုင် မလူနိုင်ရာ ဖြစ်ထသော။
ပရမံ၊ တဆယ့်တသီး မီးသောင်းပြောင်းတို့၏ တပေါင်းတည်း ငြိမ်းရာဖြစ်၍ လွန်စွာမြတ်တော် မူထသော။
အနုတ္တရံ၊ လောကသုံးခွင် ဘုံသုံးပြင်ဝယ် တုမထင်သော ဘုရားသျှင်တို့မှ မတုမဘက်နိုင်ထသော။
တပမာနေန၊ ပူလောင်တတ်သော ဇာတိ ဇရာ မီးများစွာမှ။
သန္တိံ၊ တပေါင်းတည်း ငြိမ်းဧရာ ဖြစ်တော်မူပေထသော။
နိဗ္ဗုတိံ၊ နိဗ္ဗာန်ချမ်းသာ မြတ်ကို။
ဝါ၊ နိဗ္ဗာန်အောင်ခန်း ဘေးမသန်းသည့် တကယ့်ရွှေနန်းကို။
တပမာနေန၊ ဤ ယခုဘဝ ခြိုးခြံစွာ ကျင့်ရသော ဒါန သီလ ဘာဝနာ ဓုတင် ကုသိုလ် အကျင့်မြတ်ဖြင့်။
နိမိယျံ-စေတာပေယျံ၊ ယခုလက်ငင်းရအောင် တဝတည်း ငါ လဲလှယ်၍ ဝယ်ယူအံ့၊
ဤသို့ ထေရဂါထာ ပါဋိဒေသနာတော်အရ သုပိယမထေရ်မြတ် ကိုယ်တော်၏ လက်ရုံးဆန့်တန်း ဥဒါန်းမြွက်ဆိုအပ်သော စကားတော်မြတ်ကို ကြပ်ကြပ် နှလုံးသိုကြကုန်သည် ဖြစ်၍ “သတ္တဝါ ဟူသမျှတို့တွင် ဝါ- သင်္ခတနယ်ဝင် ဘုံသုံးခွင်တွင် အတုမထင်သည့် ဘုရားသျှင် တို့ထက်မက အတုမရ အလွန် မြတ်လှသည့် သင်္ခတာ သင်္ခတဘုရင် မြတ်နိဗ္ဗာန်သခင်ထံ ဧကန်ငါတို့ ရောက်ရပေ တော့မည်တကား၊ အကုဋေမက အဘိုးအနဂ္ဃ ပတ္တမြားတုံးကို ငါးပိတဖုတ် ဟင်းရွက်တဆုပ်နှင့် လဲယူရသကဲ့သို့ အတုမရှိ မြတ်ခေါင်ထိသော အသင်္ခတဓာတ် အဘိုးအနဂ္ဃ ရတနာတော်မြတ်ကို မပြောပလောက်သော ဤလောကီဥစ္စာ၊ ပေးလှူရကာမျှဖြင့် ငါ ရပေတော့မည်တကား” ဟု နှလုံး ပြုသဖြင့် အလှူဒါနထဲ၌ မစ္ဆေရစိတ် မစွဲစေရ အလှူရဲရဲ သီလမြဲမြဲ ဘာဝနာတွင် စိတ်ဝင်စွဲနိုင် ကြအောင် များများကြီး သတိဆောင်အပ် ဆောင်သင့် ဆောင်ထိုက်လှတော့သည်။ ဆောင်နိုင်ကြပါ စေကုန်သတည်း။
တပမာနေန - တပုဒ်တည်းလျက် နှစ်နည်းနှစ်ချက် အနက်ပေးရသည်မှာ သိလေသာလင်္ကာရနည်း တည်း။
ဘုရားသျှင်ထက် နိဗ္ဗာန်ရတနာ မြတ်ပုံ
ယာဝတော ဘိက္ခဝေ ဓမ္မာ သင်္ခတာ ဝါ အသင်္ခတာ ဝါ ဝိရာဂေါ တေသံ အဂ္ဂမက္ခာယတိ …
စသော ဣတိဝုတ်ပါဠိတော် (၂၅၄) စသည်တို့ကို သတိရှေးရှူ အောက်မေ့မိ သူတို့မှ တထာဂတထက် နိဗ္ဗာန်၏ မြတ်သည့်အဖြစ်ကို ကြပ်ကြပ် ယုံကြည်နိုင်ကြမည်။
ယာဝတာ ဘိက္ခဝေ သတ္တာ အပဒါ ဝါ ဒွိပဒါ ဝါ စတုပ္ပဒါ ဝါ ဗဟုပ္ပဒါ ဝါ တထာဂတော တေသံ အဂ္ဂမက္ခာယတိ …
ဣတိဝုတ်ပါဠိတော် (၂၅၄) အရ သတ္တဝါ ဟူသမျှ တို့တွင် ဘုရားသျှင် အမြတ်ဆုံး ဟူ၍ မှတ်အပ်၏။ နိဗ္ဗာန်ထက်ပင် ဘုရားသျှင်မြတ်သည် ဟု အဘိဓာန်ဋီကာ၌ လာသည့် စကားအရိပ် ရှိသော်လည်း သင်္ခတ အသင်္ခတ - တရားနှစ်ပါးတို့မှ အလွတ် သုံးခု မြောက်သော တရားမည်သည် ရှိတော့သည် မဟုတ် ဟူသော ကထာဝတ္ထုပါဠိတော်နှင့်အညီ ဘုရား ဟူသော ပညတ္တိဓမ္မ သည်လည်း သင်္ခတ အသင်္ခတတရား တွင်မှ မလွတ်သောကြောင့်၎င်း သင်္ခတ အသင်္ခတ-တရား ဟူသမျှတို့တွင် နိဗ္ဗာန် အမြတ်ဆုံး ဟူ၍ ဣတိဝုတ်ပါဠိတော်၌ လာသောကြောင့်၎င်း ယင်း ပါဠိတော် နှစ်ရပ်ကို မလွန်ဝံ့သည်ဖြစ်၍ ဘုရားသျှင်ထက်ပင် အသင်္ခတဓာတ် နိဗ္ဗာန်ရတနာ မြတ်သည် ဟု ဆိုလိုက် ရပေသတည်း။
ဤအကြောင်းမှာ ဤ “သင်္ခေပကထာ”၌ အကျယ် မဆိုသာသေးသောကြောင့် အထက် “ဝိတ္ထာရကထာ” သို့ရောက်မှ ဤထက် ကျယ်ဝန်းစွာ ကထာဝတ္ထု, ဣတိဝုတ်ပါဠိတော် အဋ္ဌကထာ - စသည်တို့ကို အသေအချာ ထုတ်ဘော် ပြလျက် အနက်အဓိပ္ပါယ် များစွာနှင့်တကွ ကျမ်းတတ်ကဝိ ပညာရှိတို့ သတိရကြ သဘောကျကြ လောက်အောင် ထုတ်ဆောင်ဦးလတ္တံ့။
နိဗ္ဗာနဓာတ် ရှင်းပြပုံ
နိဗ္ဗုတိန္တိ နိဗ္ဗုတသဘာဝံ နိဗ္ဗာနံ။
နိဗ္ဗုတိန္တိ၊ နိဗ္ဗုတိံ - ဟူသည်ကား။
နိဗ္ဗုတသဘာဝံ၊ တဆယ့်တသီး မီးဟူသမျှတို့မှ တဝတည်း ငြိမ်းဧခြင်း သဘောရှိသော။
ဝါ၊ ငြိမ်းခြင်းသဘော ဟု ဆိုအပ်သော။
နိဗ္ဗာနံ၊ အသင်္ခတဓာတ် နိဗ္ဗာန်ရွှေပြည်မြတ်ကို။
ဤသို့လာသော ထေရဂါထာ အဋ္ဌကထာပါဌ် (၁၁၅) အတိုင်း တဆယ့်တသီး မီးအပေါင်းတို့မှ ကောင်းကောင်းကြီး ငြိမ်းဧခြင်းသဘောကို နိဗ္ဗာန်ရွှေနန်း အံ့မခန်း ဟု သမာဓိဂုဏာလင်္ကာရစကား မိန့်ကြား ခေါ်ဆိုအပ်သည်မှတ်။
ပရိနိဗ္ဗာနသဘာဝ သင်္ခါတံ နိဗ္ဗာနံ။
ပရိနိဗ္ဗာနသဘာဝသင်္ခါတံ၊ အလုံးစုံသော ဘေးအပေါင်းတို့မှ တပေါင်းတည်း ထက်ဝန်းကျင် ငြိမ်းခြင်း သဘော ဟု ဆိုအပ်သောတရားသည်။
နိဗ္ဗာနံ၊ နိဗ္ဗာန်သာခေါင် ဘေးမဲ့တောင်မည်၏။
ဤသို့ လာသော သဠာယတနသံယုတ်ဋီကာ (၃၆၇) အတိုင်း ငြိမ်းဧခြင်းသဘော သည် နိဗ္ဗာန်မည်၏ ဟု ဆိုခဲ့သော ရှေ့စကားကို အထူးအားဖြင့် ယုံကြည်ကြကုန်။
နိဗ္ဗာနဓာတူတိ စ နိဗ္ဗုတိမတ္တံ့။
နိဗ္ဗာနဓာတူတိ စ၊ နိဗ္ဗာနဓာတ် ဟူသည်လည်း။
နိဗ္ဗုတိမတ္တံ့၊ တဆယ့်တသီး မီးအပေါင်းတို့မှ တဝတည်း ငြိမ်းဧခြင်း သဘောဓာတ်အစုတည်း။
ဤသို့လာသော သီလက္ခန်ဋီကာ (၆၃) ယင်းနည်းတူ လာသော နေတ္တိအဋ္ဌကထာ ပါဌ်အတိုင်း လူတို့မမြင်နိုင်ရာ ပတ္တမြားတောင်ထဲ သမုဒြာထဲ၌ ပတ္တမြားဓာတ် အစုအခဲ တည်သကဲ့သို့ အန္ဓပုထုဇန်ကို မမြင်နိုင်ရာ ပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့ ရှိရာဝယ် အလွန်သိမ်မွေ့လှစွာ သုဂမ္ဘီရ သုဒုဒ္ဒသ သုနိပုဏ - သဘောအစု ဖြစ်သော တဆယ့်တသီး မီးအပေါင်းတို့မှ ငြိမ်းဧခြင်း ဓာတ်အစု ငြိမ်းဧခြင်း ဓာတ် သဘောကို နိဗ္ဗာနဓာတ် ဆိုသည်။
ယင်းပရမတ္ထနိဗ္ဗာန ဓာတ်သဘောကိုပင် ဤလောက၌ ထင်ရှားသော တကယ့် တောင်မျိုး၌ တင်စား၍ သမာဓိဂုဏာလင်္ကာရအားဖြင့် “နိဗ္ဗာန်သာခေါင် လူနှင့်ဝေးသည့် ဘေးမဲ့တောင်” ဟု ခေါ်ဆိုအပ်သတည်း။
နိဗ္ဗာန်ဟု ဆိုအပ်သော ယင်းငြိမ်းဧခြင်းသဘော ဟူသည် အဘယ်၌ တည်ပါသနည်း ဟူငြားအံ့။ ငြိမ်းဧသည့်သူ ပရိနိဗ္ဗုတ အသျှင်တို့၌ပင် တည်သည် မှတ်။ နတ်ဗြဟ္မာတို့ ချမ်းသာသည် ထိုနတ် ဗြဟ္မာတို့ကိုယ်၌ တည်သကဲ့သို့တည်း။ ဤအနက်ကိုပင် ရည်တော်မူ၍ “နိဗ္ဗာနမ္မိ ခန္ဓပဋိဗဒ္ဓမေ၀” ဟု ဝိသုဒ္ဓိမဂ်ဋီကာ (ဒု-၇၁) ၌မိန့်အပ်သတည်း။
နိဗ္ဗာန်ထင်ရှားရှိပုံ ဥပမာ
အဖျားရောဂါ အပူနာကြီး ရောက်သည့်အခါ ဆေးသမားကောင်း၏ ဆေးကောင်း ဩသဓကို သောက်ရသဖြင့် အပူဓာတ်ပျောက် အဧးဓာတ် ရောက်လာရာ ယင်းအဧးဓာတ်ဟူသော သီတတေဇောဓာတ်သည် ထိုယောက်ျား၌ ထင်ရှား ရှိသကဲ့သို့ ပရိနိဗ္ဗုတပုဂ္ဂိုလ်အား ခန္ဓာငါးဝ အပူဓာတ်လှလှ ပျောက်သည့်အခါ အသင်္ခတဓာတ်ဟူသော ငြိမ်းဧးခြင်း သီတဓာတ် နိဗ္ဗာယနဓာတ် ရောက်လာသည်။ ယင်းသီတဓာတ် နိဗ္ဗာနဓာတ်ဟူသော နိဗ္ဗာနသုခသည် ထို နိဗ္ဗာန်၌ တည်၍နေသူ ပရိနိဗ္ဗုတပုဂ္ဂိုလ်၌ပင် ထင်ရှားရှိသည်၊ အရဟတ္တဖိုလ်သည် ရဟန္တာပုဂ္ဂိုလ်၌ တည်သည်၊ ရဟန္တာ ပုဂ္ဂိုလ်သည်လည်း အရဟတ္တဖိုလ်၌ တည်၍ နေသည်ဟု အပြန်အလှန် ဆိုအပ်သကဲ့သို့ နိဗ္ဗာနသုခသည် ပရိနိဗ္ဗုတပုဂ္ဂိုလ်၌ တည်သည်၊ ပရိနိဗ္ဗုတပုဂ္ဂိုလ်သည်လည်း ထိုနိဗ္ဗာန်၌ တည်သည် ဟူ၍ ဆိုအပ်သည်သာတည်း။ ယင်းသို့ ဆိုအပ်သော်လည်း ဌာနီဌန မုချအားဖြင့် ဆိုအပ် သည်မဟုတ်။ “အာကာသေ သကုဏာ ပက္ခန္တိ။ နဟေ စန္တော သုဇောတတိ” စသည်တို့၌ကဲ့သို့ မကင်း ကောင်းသော ဝိသယာဓာရ ဝိသလီ အဓေယျ အရာကိုရည်၍ ဆိုအပ်သည်မှတ်။ ဒေဝသမ္ပတ္တိ-ဟူသော နတ်စည်းစိမ်သည် စည်းစိမ်ရှင် နတ်၌ တည်သည်၊ စည်းစိမ်ရှင်နတ်သည်လည်း မိမိ၏ နတ်စည်းစိမ်၌ ရိပ်ငြိမ် ချမ်းသာ ခံစားလျက်သာ တည်သည် ဆိုအပ်သကဲ့သို့ နိဗ္ဗာန် စည်းစိမ်သည်လည်း စည်းစိမ်သခင် ပရိနိဗ္ဗုတအသျှင်၌ပင် တည်သည်၊ ပရိနိဗ္ဗုတအသျှင်သည်လည်း မိမိ စံစားစရာ ပေါ်ရောက်လာသော ယင်း နိဗ္ဗာန်ရတနာ၌ပင် တည်သည်ဟု ဆိုအပ်သတည်း။
အရဟတ္တဖိုလ် ဟူသော သဥပါဒိသေသနိဗ္ဗာန်၌ တည်နေသော ရဟန္တာပုဂ္ဂိုလ် ဟူသည် ပရမတ္ထအားဖြင့် ထင်ရှားမရှိသော်လည်း သမ္မုတိပညတ်အားဖြင့် ထင်ရှားမရှိ မဆိုအပ်သကဲ့သို့ အသင်္ခတဓာတ် ဟု ဆိုအပ်သော အနုပါဒိသေသ နိဗ္ဗာန်၌ တည်ရောက်၍ နေသူ ပရိနိဗ္ဗုတပုဂ္ဂိုလ် ဟူသည် ပရမတ္ထအားဖြင့် ထင်ရှား မရှိသော်လည်း ပရမတ္ထမှ အလွတ် ရူပသင်္ခါဝိမုတ္တ။ပ။ ဝိညာဏသင်္ခါဝိမုတ္တ ပုဂ္ဂိုလ် အဖြစ်ဖြင့် ထိုနိဗ္ဗာန်၌ ထင်ရှားမရှိ မဆိုသင့်သည်၏ အဖြစ်ကို ဧကန်မှတ် အပ်၏။ ရူပသင်္ခါဝိမုတ္တ။ပ။ ဝိညာဏသင်္ခါဝိမုတ္တပုဂ္ဂိုလ် ဟူရာ၌လည်း ခန္ဓာငါးပါး ရှိစဉ် ပုဂ္ဂိုလ် အမည်ကို တင်စား၍ ဘူတပုဗ္ဗဂတိကနည်း အားဖြင့်သာ ဆိုအပ်သည်မှတ်။ အရဟတ္တဖလဋ္ဌာန် ပုဂ္ဂိုလ်ဟု ဆိုအပ်သော ရဟန္တာပုဂ္ဂိုလ်၏ တည်ရာ အရဟတ္တဖိုလ် တရားသည် ပရမတ္ထအားဖြင့် ထင်ရှားဧကန်ရှိသကဲ့သို့ ပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့၏ အသီးအသီး တည်နေရာ ယင်းနိဗ္ဗာနဓာတ် ဟူသော အသင်္ခတဓာတ် ဟူသည်လည်း ပရမတ္ထအားဖြင့် ထင်ရှားဧကန် ရှိသည်မှတ်။ အပူဓာတ်ပျောက်သော ယခင်ယောက်ျား၌ အဧးဓာတ် သီတတေဇော ထင်ရှား ရှိသကဲ့သို့တည်း။
ယင်းသီတတေဇောဓာတ်သည် ထိုယောက်ျား၌ အပူဓာတ် မပျောက်သေးခင် အလွတ်သက်သက် တစုံတခုအရပ်၌ ဖြစ်နေနှင့်သော မည်သည် မရှိသကဲ့သို့ ထိုအသင်္ခတ နိဗ္ဗာနဓာတ် သဘော ပေါက်ရောက်လာသော ပရိနိဗ္ဗုတရဟန္တာ အသျှင်၌ ခန္ဓာငါးဝဟူသော မီးပူမငြိမ်း မပျောက်သေးခင် ထိုပုဂ္ဂိုလ် စံဝင်စရာ အကြောင်းကင်းသဖြင့် လျောက်လျားတာသာ ရှေးဦးတင်၍ ဖြစ်နေနှင့်သော နိဗ္ဗာန်မည်သည် မရှိ မှတ်။
ထိုအပူဓာတ်ပျောက်၍ အဧးဓာတ် ရောက်သည့်အခါ လွန်စွာချမ်းသာ၍ နေသော ယောက်ျားအား ပူလောင်ခြင်း သဘောရှိသော ဥဏှတေဇောဓာတ်၏ မရှိခြင်း အဘာဝကြောင့်သာ ထိုယောက်ျား ချမ်းသာသည် မဟုတ်၊ အပူဓာတ် ပျောက်လျှင်ပျောက်ခြင်း ထင်ရှား ပေါ်ရောက်လာသော သီတလ သဘာဝ ဟူသော သီတတေဇောဓာတ်၏ အစွမ်းဖြင့်လည်း ထိုယောက်ျား ချမ်းသာသကဲ့သို့ ပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့အား ခန္ဓာငါးဝ ဒုက္ခမီးပူ မရှိခြင်းဟူသော အဘာဝ အစွမ်းဖြင့်သာ ချမ်းသာသည် မဟုတ်သေး၊ ခန္ဓာငါးဝ ဒုက္ခမီးပူ ပျောက်လျှင်ပျောက်ခြင်း ပေါ်ပေါက်၍လာသော ဧးမြခြင်း သဘောရှိသော အသင်္ခတဓာတ်၏ အစွမ်းဖြင့်လည်းထို ပရိနိဗ္ဗုတပုဂ္ဂိုလ်ကို တစုံတခု သုခနှင့်မတူ အလွန်ထူးဆန်း သိမ်မွေ့သော အစလ - သုခ - အစွမ်းအားဖြင့် ချမ်းသာရကြသည် ဧကန်မှတ်။ ဈာနသမာပတ် ဖလ သမာပတ် - ကို ဝင်စား၍နေသော ပုဂ္ဂိုလ်တို့အား နီဝရဏကိလေသာတို့၏ မရှိခြင်း အဘာ၀မျှဖြင့်သာ ချမ်းသာသည် မဟုတ်။ ထင်ရှားရှိသော ဘာဝဖြစ်သော ဈာန်၏အစွမ်း ဖိုလ်၏အစွမ်းဖြင့်လည်း ချမ်းသာရ၍ နေသကဲ့သို့ ပရိနိဗ္ဗုတ အသျှင်တို့အားလည်း ခန္ဓာငါးဝ ဒုက္ခမရှိခြင်း ဒုက္ခာဘာဝဖြင့်သာ ချမ်းသော သည်မဟုတ် ခန္ဓာငါးဝ ဒုက္ခအိုးကြီး ပျောက်လျှင် ပျောက်ခြင်း ပေါ်ပေါက်လာသော သီတလ သဘာဝအားဖြင့် ထင်ရှားရှိသော အသင်္ခတဓာတ်၏ အစွမ်းအားဖြင့်လည်း ထိုပရိနိဗ္ဗုတပုဂ္ဂိုလ်ကို လွန်စွာ ဧးမြချမ်းသာကြရသည် မှတ်။
ရေချိုးယောက်ျား ဥပမာ
တနည်းလည်း အလွန် ပူပြင်းလှသော နေပူ၏ အစွမ်းဖြင့် အလွန်ပူအိုက်လှသော ယောက်ျား၏ ဧးမြစွာသော မြစ်ကြီးရေတွင်းသို့ ဆင်းချိုးရသည့်အခါ ယင်းနေပူ၏ မရှိခြင်း ဥဏှာဘာဝနှင့်သာ ချမ်းသာသည် မဟုတ်။ ထို မြစ်ကြီးရေ၏ ဧးမြခြင်းသီတဓာတ်၏ အစွမ်းဖြင့်လည်း ဧးမြချမ်းသာခြင်း ဖြစ်သကဲ့သို့ အသင်္ခတဓာတ် နိဗ္ဗာန်သို့ ရောက်သွားသော ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့အား ကိလေသာ ခန္ဓာ ငါးဝ ဟူသော နေပူ၏ မရှိခြင်း အဘာဝမျှဖြင့်သာ ချမ်းသာသည် မဟုတ်။ ဧးမြခြင်းသဘော ရှိသော ထိုအသင်္ခတဓာတ်၏ ဧးမြခြင်းသဘော အစွမ်းအားဖြင့်လည်း အလွန်လျှင် ချမ်းသာ၍ နေသည် ဟူ၍ သိကြကုန်။
ထို ဈာနသုခ, ဖလသုခ-ကို ခံစားလျက် ဈာန် ဖိုလ် ဝင်စား၍ နေသော ဈာနလာဘီ ဖလသမာပတ္တိ အသျှင်တို့အား ရုန့်ရင်းကြမ်းတမ်းသော ကာယဝိညာဏ ကာမာဝစရသုခဝေဒနာ မရှိဘဲလျက် ထိုသိမ်မွေ့သော ဈာနသုခ ဖလသုခဖြင့် အလွန်သိမ်မွေ့စွာ ချမ်းသာ၍ နေသကဲ့သို့ ထို နိဗ္ဗာနသုခဖြင့် ချမ်းသာရ၍ နေသော ပရိနိဗ္ဗုတပုဂ္ဂိုလ် တို့အားလည်း ရုန့်ရင်းကြမ်းတမ်းသော လောကီ လောကုတ္တရာ သင်္ခတ သုခဝေဒနာနှင့် မယှဉ်ဘဲ အလွန်သိမ်မွေ့ သည်အောက် သိမ်မွေ့စွာသော အစလချမ်းသာကိုရ၍ နေတော်မူကြရသတည်း။ ဈာနသုခ ဖလသုခကို ခံစားလို၍ ဈာန် ဖိုလ်ကို ဝင်စားကြသော ပုဂ္ဂိုလ်တို့အား ဈာန် ဖိုလ် မဝင်စားခင် ရှေးဦးတင်၍ ဖြစ်နေနှင့်သော ဈာန် ဖိုလ် ဟူသည် မရှိ။ ထို ဝင်စားသည့် အခါမှသာ ထို ဈာန် ဖိုလ်တို့ ပေါ်၍ လာသကဲ့သို့ နိဗ္ဗာနသုခ ဟူသည်လည်း ပရိနိဗ္ဗုတပုဂ္ဂိုလ် မပေါ်လာခင် ရှေးဦး တင်၍ ဖြစ်နေနှင့်သည် မဟုတ်။ ပရိနိဗ္ဗုတ ပုဂ္ဂိုလ် ပေါ်ရောက် လာမှသာလျှင် အလွန်နူးညံ့သိမ်မွေ့သော သန္တိသဘာဝ ပရိနိဗ္ဗာယနသဘာဝ အားဖြင့် ထို ပရိနိဗ္ဗုတပုဂ္ဂိုလ်အား ချမ်းသာစေသည် ဖြစ်၍ ပေါ်လာသည် မှတ်။
ဈာန်တရား မဂ်ဖိုလ်တရားတို့သည် ပရမတ္ထအားဖြင့် ထင်ရှားရှိသကဲ့သို့ နိဗ္ဗာန် တရားသည်လည်း ဈာန်မဂ်ဖိုလ် တို့ကဲ့သို့ ပရမတ္ထ တရားချင်း အတူတူဖြစ်၍ ထင်ရှားရှိသည်သာတည်း။ ဈာန် ဖိုလ်တရားတို့မှာ တရံတဆစ် မဖြစ်ဘူးသေးဘဲ ထို ဝင်စားသည့်အခါမှ တခါတည်းသာ ဖြစ်လာပြီးနောက် ခဏတ္တယသို့ ရောက်သဖြင့် လျင်စွာပျောက်၍ သွားသည်။ နိဗ္ဗာယနသီတ သဘာဝရှိသော ယင်း အသင်္ခတဓာတ် နိဗ္ဗာန်ဟူသော ပရမတ္တတရားမှာ ရှေးအခါ တရံတဆစ် မဖြစ် ဘူးသေးဘဲ ပရိနိဗ္ဗုတပုဂ္ဂိုလ် ပေါ်လာရာဝယ် ဤတခါတည်းသာ အလွန်သိမ်မွေ့စွာ ဖြစ်ပေါ်လာပြီး နောက် မပျောက်မပျက် အမြဲတည်၍ နေသည် မှတ်။
အဗ္ဘုတ - စသည်၏ အဓိပ္ပါယ်
ထိုကြောင့် သယတနသံယုတ်အဋ္ဌကထာ(၁၄၉) ၌ …
“အဘူတံ အဇာတံ ဟုတွာ အတ္ထီတိ အဗ္ဘုတံ” …
ဟူ၍ မိန့်အပ်ပြီ။
ယံ၊ အကြင်နိဗ္ဗာန်သည်။
အဘူတံ အဇာတံ၊ ရှေး၌ တရံတခါမျှ မဖြစ်ဘူးသေးဘဲ။
ဟုတွာ၊ ဤတခါတည်းသာ ဖြစ်ပေါ်လာသည်ဖြစ်၍။
အတ္ထိ၊ မပျောက်မပျက် အမြဲရှိနေ တည်နေတတ်၏။
ဣတိ၊ ထိုကြောင့်။
တံ၊ ထိုနိဗ္ဗာန်သည်။
အဗ္ဘုတံ၊ အဗ္ဘုတ မည်၏။ (၎င်းအနက်)
တဿ ဘိက္ခဝေ ဣမေ၀ သဗ္ဗဝေဒယိတာနိ အနဘိနန္ဒိတာနိ သီတီ ဘဝိဿန္တိ။ အယံ ဘိက္ခဝေ အနုပါဒိသေသာ နိဗ္ဗာနဓာတု။
ဘိက္ခဝေ၊ ရဟန်းတို့။
တဿ၊ ထို ရဟန္တာဖြစ်လေပြီးသော ပုဂ္ဂိုလ်အား။
ဣမေ၀၊ ဤရဟန္တာဖြစ်သော ဘဝ၌ပင်လျှင်။
သဗ္ဗဝေဒယိတာနိ၊ အလုံးစုံသော ဝေဒနာတို့ဖြင့် ကျင်နာခြင်း ဒုက္ခသဘော ရှိသော ခန္ဓာငါးပါး ဒုက္ခ မီးပူများ တို့သည်။
အနဘိနန္ဒိတာနိ၊ တဏှာဖြင့် တွယ်တာ နှစ်သက်စရာ မရှိ ချုပ်ကြီး ချုပ်ကုန်သည် ဖြစ်၍။
သီတိ-သီတလီ၊ အလုံးစုံ ကွယ်ပျောက် ဧးမြခြင်းသို့ ရောက်ကုန်သည်။
ဝါ၊ ဧးမြသကဲ့သို့ ဖြစ်ကုန်သည်။
တံ ဘဝိဿန္တိ၊ အကြင် ဖြစ်ကုန်လတ္တံ့။
အယံ၊ ဤရဟန္တာပုဂ္ဂိုလ် ခန္ဓာငါးသွယ် ကွယ်ချုပ်သည့်အခါ ဖြစ်ပေါ်လာ လတ္တံ့သော ဧးမြခြင်း သိတဘာဝ သဘောသည်။
အနုပါဒိသေသာ၊ အနုပါဒိသေသမည်သော။
နိဗ္ဗာနဓာတု၊ အသင်္ခတ တုမရသည့် နိဗ္ဗာနဓာတ် မည်၏။
ဤသို့လာသော ဣတိဝုတ်ပါဠိတော် (၂၂၁) ဖြင့်လည်း အသင်္ခတဓာတ် နိဗ္ဗာန်ဟူသည် ပရိနိဗ္ဗုတ ပုဂ္ဂိုလ် မရောက် မပေါ်လာခင် ရှေးဦးတင်၍ ဖြစ်နေနှင့်သည် မဟုတ်။ ပရိနိဗ္ဗုတပုဂ္ဂိုလ် ခန္ဓာ ပျက်သည့်အခါမှ ဖြစ်ပေါ်လာသည် ဟူသောအနက်၊ နိဗ္ဗာန် ဟူသည် ငြိမ်းချမ်းခြင်း သီတသဘာဝ ဟူသော ပရိနိဗ္ဗာယန သဘောကိုပင် ဆိုသည် ဟူသော အနက်သည် ကောင်းကင်၌ နေ လ အသွင် ကျမ်းဂန် သိမြင်ကြသော ပုဂ္ဂိုလ်အသျှင်တို့အား အလွန်လျှင် ထင်ရှားသတည်း။
အတ္ထိ ဘိက္ခဝေ တဒါယတနံ၊ ယတ္ထ နေ၀ ပထဝီ န အာပေါ န တေဇော န ဝါယော။ပ။ န စန္ဒိမသူရိယာ။
ဘိက္ခဝေ၊ ရဟန်းတို့။
ယတ္ထ၊ အကြင်ဘုံ တည်ရာ အာယတန၌။
နေဝ ပထဝီ၊ အခြားဘုံများကဲ့သို့ မြေကြီးလည်း မရှိ။
န အာပေါ၊ ရေလည်း မရှိ၊
န တေဇော၊ မီးလည်း မရှိ။
န ဝါယော၊ လေလည်း မရှိ ။ပ။
န စန္ဒိမသူရိယာ၊ လရောင် နေရောင်လည်း မရှိကုန်။
တဒါယတနံ၊ ထိုမြေ ရေ လေ မီးလည်း မရှိ၊ လရောင် နေရောင်လည်း မထွန်းပြောင်၊ အမိုက်မှောင်လည်း မသန်း၊ ပကတိ ကိုယ်တော်ရောင် အစွမ်းဖြင့် အတုမရှိ ထွန်းပြောင်၍နေရာ ထူးဆန်းလှစွာသော ဘုံတည်ရာ အာယတန တုမရှိသော မြို့နန်းမသည်။
အတ္ထိ၊ ပရိနိဗ္ဗုတပုဂ္ဂိုလ်၏ တည်စံမွေ့လျော်ရာ အားဖြင့် ထင်ရှားရှိသေး၏။
ဤသို့လာသော ဥဒါန်းပါဠိတော် (၁၇၇) ကို ထောက်သဖြင့်လည်း နိဗ္ဗာန် ဟူသည် ရုပ် နာမ်ခန္ဓာ ကွယ်ပျောက်၍ သွားခြင်း အဘာဝ တုစ္ဆ မျှသာ မဟုတ်၊ ငြိမ်းဧးခြင်း သဘောအားဖြင့် ထင်ရှားရှိသည် ဧကန် မှတ်ကြကုန်။
အဇာတံ စသည်၏ အဓိပ္ပါယ်
အတ္ထိ ဘိက္ခဝေ အဇာတံ အဘူတံ အကတံ အသင်္ခတံ။
ဘိက္ခဝေ၊ ချစ်သားရဟန်းများတို့။
ဇာတံ၊ ထင်ထင်ရှားရှား ဥပါဒ်အားဖြင့် သိသိသာသာ ဖြစ်၍လာသော တရားမျိုးမှသာလျှင်။
န အတ္ထိ၊ ထင်ရှားရှိသည် မဟုတ်သေး။ (ဗျတိရေကတ္ထဘို့ငှါ ထည့်ပါ)။
အဇာတံ၊ ဥပါဒ်ဖြင့် ရုန့်ကြမ်းစွာ မဖြစ် အလွန်နူးညံ့ သိမ်မွေ့စွာ ဂမ္ဘီရ သဘောအားဖြင့် ဖြစ်၍ လာသော နိဗ္ဗာန် ဟူသော တရားမျိုး တခုသည်လည်း။
အတ္တိ၊ ဥပါဒ်အားဖြင့် ဖြစ်ပေါ် လာသော တရားများ ကဲ့သို့ပင် ထင်ရှားရှိသည် မှန်၏။
ဘိက္ခဝေ၊ ရဟန်းများတို့။
ဘူတံ၊ ဥပါဒ် အထည်ဒြဗ်အားဖြင့် ဖြစ်၍နေသော တရားမျိုးမှသာလျှင်။
န အတ္ထိ၊ ထင်ရှားရှိသည် မဟုတ်။
အဘူတံ၊ ပရမတ္ထအားဖြင့် ထင်ရှားရှိပါသော်လည်း အခြားပရမတ္ထ တရားများထက်ပင် အလွန်လျှင် သိမ်မွေ့စွာ ဖြစ်၍ နေသော တရားမျိုးသည်လည်း။
အတ္ထိ၊ ထင်ရှားရှိသည်ပင် မှန်၏။
ကတံ၊ ပြုလုပ်၍ ဖြစ်သည့်အတိုင်း ပြုလုပ်အပ်ပုံ နိမိတ်ပေါ်သော တရားမျိုးမှသာလျှင်။
န အတ္ထိ၊ ထင်ရှားရှိသည် မဟုတ်သေး။
အကတံ၊ အကြောင်းတရားတို့ ပြုလုပ်၍ ဖြစ်ပေါ်လာသော်လည်း ပြုလုပ်အပ်ပုံ အရိပ်အရောင် မပေါ်လာ အလွန်သိမ်မွေ့စွာ ပေါ်လာသော တရားမျိုးသည်လည်း။
အတ္ထိ၊ ထင်ရှား ရှိသည်ပင် ဖြစ်၏။
သင်္ခတံ၊ အကြောင်းများစွာ ပြုစီရင်နိုင်မှ ဖြစ်လာရသည့်အတိုင်း ယင်း ပြုစီရင်နိုင်မှ ဖြစ်လာပုံပေါ်၍ နေသော တရားများမှသာလျှင်။
န အတ္ထိ၊ ထင်ရှားရှိသည် မဟုတ်သေး။
အသင်္ခတံ၊ ပါရမီ အကြောင်းများစွာ ပြုစီရင် အပ်တိုင်း ပြုစီရင်အပ်ပုံ မပေါ် သင်္ခတစော်မနံ သင်္ခတ ပုံဟန်နှင့် အလွန်ကွာဝေး၍ နေသော အလွန်နူးညံ့ သိမ်မွေ့သော တရားမျိုးသည်လည်း။
အတ္ထိ၊ သင်္ခတ တရားမျိုးကဲ့သို့ပင် ပရမတ္ထအားဖြင့် ထင်ရှားရှိသည် မှန်၏။
ဤသို့လာသော ဥဒါန်းပါဠိတော်(၁၇၈) ဖြင့်လည်း နိဗ္ဗာန် ဟူသည် အခြား ပရမတ္ထ တရားများကဲ့သို့ ထင်ရှားဧကန် ရှိသည်သာ။ သိမ်မွေ့ နူးညံ့ဖြစ်၍ လာသောကြောင့်သာ ဖြစ်လာသော်လည်း ဖြစ်လာမှန်း မသိ၊ ပြုပြင်အပ်ပါသော်လည်း ပြုပြင်အပ်ရာ မထင်သည်။ ထိုသို့ ထင်ထင်ရှားရှား ရုန့်ရင်းစွာ မဖြစ်လာသည်ကို ရည်တော်မူ၍သာ အဇာတံ အဘူတံ-စသည်ဖြင့် ဆိုသည် မှတ်ကြကုန်။ အလုံးစုံ ဘယ်ဟာတခုမျှ မဖြစ်ခဲ့လျှင် အဘာဝသာ ဧကန်ဖြစ်တော့မည်။ ထိုကြောင့် ဥပါဒ်ဒြဗ် အထင်အရှား ရုန့်ကြမ်းစွာ မဖြစ်သည်ကို ရည်၍ အဇာတံ-ဆိုသည် ဟု နေတ္တိအဋ္ဌကထာလာတို့င်း ဥပါဒ်အားဖြင့် ရုန့်ကြမ်းစွာသာ မဖြစ်လာသည်။ အလွန်နက်နဲသိမ်မွေ့စွာ ဖြစ်လာသော ယင်းနိဗ္ဗာန် သဘောတရားကား ဧကန် ထင်ရှားရှိ၏ မှတ်ကြကုန်။
နတ်ပူးဝင်သူ ဥပမာ
ရုန့်ရင်းသော အတ္တဘောရှိသူ လူတို့ကိုယ်၌ နတ်ပူးဝင်လာသည့်အခါ အပူးဝင် ခံရသူ လူကို မြင်ရလျက်ပင် ပူးဝင်လာသည့် နတ်ကို မမြင်ရသေး၏ရှင့်၊ နတ်ကို နတ်ချင်း ပူးဝင်သည့်အခါ “ပဂေ၀၊ ပူးဝင်တတ် ပူးဝင်အပ် နတ်နှစ်ယောက်လုံး ကိုပင် မမြင်ရ”။ ထိုကြောင့် မိစ္ဆာလူမျိုး အချို့တို့က မိမိတို့ မမြင်ရသည့် တွက်တာဖြင့် ဤလောကမှာ နတ် ဟူသည် မရှိ ဆိုကြသကဲ့သို့ နတ်လျှင် နတ်ချင်း ပူးဝင်သည်ထက် အဆအရာမက အလွန်သိခက် မြင်ခက်လှ သုဒုဒ္ဒသ သုနိပုဏ ဖြစ်၍တည်နေသော ပရိနိဗ္ဗုတပုဂ္ဂိုလ်၊ ထိုပုဂ္ဂိုလ်တို့၏ တည်နေရာ နိဗ္ဗာန် ယင်း နှစ်တန်လုံးပင် အလွန် နက်နဲခြင်း ဂမ္ဘီရတရဖြစ်၍ နေသည်ကို အန္ဓပုထုဇန်တို့ မသိမမြင်နိုင်ကြသည့် အတွက် ကြောင့် နိဗ္ဗာန် ဟူသည်လည်း ထင်ရှားမရှိ၊ နိဗ္ဗာန် ရောက်သူတို့လည်း အလုံးစုံ ကွယ်ပျောက် ပြတ်တောက် အချည်းနှီး တုစ္ဆ အဘာဝ အဖြစ်သို့ ရောက်၍ သွားကြလေတော့သည် ဟု အယူ မှောက်မှား ပြောကြားမိတတ်ကြသည်။ ယင်းသို့ မမှောက်မှား ကြရအောင် အထူးသတိဆောင် ကြစေကုန်သတည်း။
နတ်ကိုနတ်ချင်း ပူးဝင်သည့်အရာ လာသည်ကား ဘုရားသျှင် ရှေ့တော်ပါး၌ စကားကောင်း လျှောက်ထား၍ နေသော တာဝတိံသာ နတ်သား၌ ဝသဝတ္တီမာရ်နတ် ပူး၍ အရူးအနှမ်း စကား ကြမ်းဖြင့် ဘုရားသျှင်အား လျှောက်ထားစေသည်ဟု သဂါထာဝဂ္ဂသံယုတ် ပါဠိတော်လာသတည်း။
ဤဥပမာ၌ အပူးဝင်ခံရသော တာဝတိံသာ နတ်သားကဲ့သို့ နိဗ္ဗာန်ကို မှတ်အပ်၏။ ထိုတာဝတိံသာ နတ်၌ ပူးဝင်လာသော ဝသဝတ္တီနတ်မင်း ကဲ့သို့ ထိုနိဗ္ဗာန်၌ တည်ရောက်လာသော ပရိနိဗ္ဗုတပုဂ္ဂိုလ် ကို မှတ်အပ်၏။ ဤသို့ ပူးဝင်ရာ ပူးဝင်တတ် နတ်နှစ်ယောက်လုံး အထင်အရှားရှိလျက် ပကတိလူတို့ မျက်စိဖြင့် မမြင်ရသကဲ့သို့ ထိုအသင်္ခတဓာတ် နိဗ္ဗာန် ထိုနိဗ္ဗာန်၌ တည်ရောက် လာသော ပရိနိဗ္ဗုတ အသျှင်တို့ကို ပကတိပုထုဇန်တို့ မမြင်နိုင်သည်ကို မှတ်အပ်၏။
ထိုပရိနိဗ္ဗုတပုဂ္ဂိုလ်ဟူသည် အဘယ်နည်း ဟူမူကား ပရိနိဗ္ဗာန်ပြုပြီးနောက် ရူပါဒိသင်္ခါဝိမုတ္တအဖြစ်၌ တည်လျက် ဂမ္ဘီရ အပ္ပမေယျ ဒုပ္ပရိယောဂါဖြစ်၍ နိဗ္ဗာန်၌ တည်နေသော ပုဂ္ဂိုလ်တို့ကို ဆိုသတည်း။ ထိုပရိနိဗ္ဗာန်ပြုသဖြင့် စုတိကျ၍ သွားကြသော ရဟန္တာအသျှင်တို့၏ ထိုရူပါဒီသင်္ခါဝိမုတ္တ အသျှင်ဖြစ်၍ နိဗ္ဗာန်၌နေကြသည်ကို အကြောင်းပြုသဖြင့်လည်း ထို ပရိနိဗ္ဗက ပုဂ္ဂိုလ်တို့့ပြတ်၍ ပျောက်၍မသွား တုစ္ဆအဘာဝအဖြစ် သို့ မရောက် ဆိုရသတည်း။ ယင်း အကြောင်းကို အထက် ဝိတ္ထာရကထာသို့ ရောက်မှ ပါဠိအဋ္ဌကထာ ဋီကာ သာဓကများစွာ တို့နှင့်တကွ အကျယ် ဆိုလတ္တံ့။ ဤသင်္ခေပကထာ ၌ကား မန္ဒပညာပုဂ္ဂိုလ်တို့ လက်ဝါးကြီးအုပ် အလွယ်တကူ မှတ်နှင့်ကြရုံမျှ ပြဆိုအပ်သတည်း။
၎င်းအကျဉ်း သင်္ခေပစကားဖြင့် မယုံကြည်နိုင်သော ပညာရှိပုဂ္ဂိုလ်တို့မှာ ဤအထက်၌ ထုတ်ဆို လတ္တံ့သော သာဓကပါဌ် များစွာတို့ကိုတွေ့မြင်ကြလျှင် ဧကန်ပင် သဘောကျကြပါကုန်လတ္တံ့။
ဆက်ဦးအံ့-ယင်းသို့ နိဗ္ဗာန်ဟူသည် ထင်ရှားရှိ၏ ဆိုသော်လည်း ပရိနိဗ္ဗုတပုဂ္ဂိုလ် မပေါ်လာမီက ဖြစ်၍ နေနှင့်သည် မဟုတ်၊ ပရိနိဗ္ဗုတပုဂ္ဂိုလ် ပေါ်လာမှသာ ဖြစ်ပေါ်လာသည် ဟူသော ရှေ့စကား သည် ဤဆိုလိမ့်သော စကြာရတနာပမာ မီးပွတ်ပမာတို့ဖြင့် ပြဆိုအပ်သော ရဟန္တာသခင် သျှင်နာဂသိန်စကား မိလိန္ဒပဥှာတရား တို့ဖြင့်လည်း အထူးအားဖြင့် ယုံကြည်ကိုးစားဘွယ် လွင်ပြင် ဝယ် ဆင်ပြောင်ကြီး သွားသည်နှယ် တကယ်ထင်ရှားလတ္တံ့။
“မြင်းကို စီးလျက် ထီး-မ မှန်း မသိ” ဆိုသကဲ့သို့ ဤအလွန် ထင်ရှားစွာ ဆို၍ထားသော မိလိန္ဒပဥှာ စကား၊ ဤမိလိန္ဒပဥှာ စကားနှင့်တကွ အထူးထူးသော ပါဠိ အဋ္ဌကထာ ဋီကာတို့ကို တုတ်ဆောင် ကိုးစား သိသာနားလည်လောက်အောင် စကားဆိုထား ရေးသားဆုံးဖြတ်အပ်သော “ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်း” ကိုလည်း ကြည့်ရှုလေ့လာလျက် အချက်ကျကျ နာနာကြီး မကြံစည်မိ သတိမထားမိကြသဖြင့် နိဗ္ဗာန်ဟူသည်လည်း ထင်ရှားမရှိ၊ နိဗ္ဗာန် ရောက်ကြသူတို့လည်း အလုံးစုံ ကွယ်ပျောက် ပြတ်တောက်၍ အဘာဝ တုစ္ဆ အဖြစ်သို့ ရောက်သွားကြရလေ၏ ဟူသော ဥစ္ဆေဒ မိစ္ဆာဝါဒ လှလှကြီး မပျောက် မရှိကြရအောင် များများကြီး သတိဆောင်မိကြပါစေကုန် သတည်း၊
ဤဆိုလတ္တံ့သည်ကား ယင်း မိလိန္ဒပဥှာကထာတည်း။
မိလိန္ဒပဥှာ ပါဠိတော်
(က) ဘန္တေ နာဂသေန အတ္ထိ သော ပဒေသာ ပုရတ္ထိမာယ ဝါ ဒိသာယ ဒက္ခိဏာယ ဝါ ဒိသာယ ပစ္ဆိမာယ ဝါ ဒိသာယ ဥတ္တရာယ ဝါ ဒိသာယ ဥဒ္ဓံ အဓော တိရိယံ ဝါ၊ ယတ္ထနိဗ္ဗာနံ သန္နိစိတံ ဟောတီတိ၊
(ခ) နတ္ထိ သော မဟာရာဇ ပဒေသော ယတ္ထ တံ နိဗ္ဗာနံ သန္နိစိတံ ဟောတီတိ။
( ဂ) ယဒိ ဘန္တေ နာဂသေန နတ္ထိ နိဗ္ဗာနဿ သော ဩကာသော။ တေန ဟိ နိဗ္ဗာနံ နတ္တိ။ ယေသံပိ တံ နိဗ္ဗာနံ သစ္ဆိကတံ။ တေသံပိ သစ္ဆိကိရိယာ မိစ္ဆာ။ ကိံ ကရဏံ၊ ယေန ကာရဏေန တံ ဝက္ခာမိ။ ယထာ ဘန္တေ နာဂသေန မဟိယာ ဓညဋ္ဌာနံ ခေတ္တံ ဂန္ဓဋ္ဌာနံ ပုပ္ဖံ ဖလဋ္ဌာနံ ရုက္ခော အတ္ထိ။ ရတနာနံ ဌာနံ သာဂရော အတ္ထိ။ ယောကောစိ ယံ ယံ ဣစ္ဆတိ။ သော တတ္ထ ဂန္တွာ တံ တံ အာဟရတိ။ ဧ၀မေဝ ခေါ ဘန္တေ နာဂသေန ယဒိ နိဗ္ဗာနံ အတ္ထိ။ တဿ နိဗ္ဗာနဿ ဥပါဒါနောကာသော။ တသ္မာ ဗြူမိ နတ္တိ နိဗ္ဗာနံတိ။ ယေသံပိ တံ နိဗ္ဗာနံ သစ္ဆိကတံ။ တေသံပိ သစ္ဆိကိရိယာ မိစ္ဆာတိ ၊
(ဃ) နတ္ထိ မဟာရာဇ နိဗ္ဗာနဿ နိဿိတောကာသော။ အတ္ထိ စ တံ နိဗ္ဗာနံ။ သမ္မာပဋိပန္နော သင်္ခါရာနံ ဥဒယဗ္ဗယံ သမ္မဿမာနော နိဗ္ဗာနံ သစ္ဆိကရောတိ။ ယထာ မဟာရာဇ အတ္ထိ သော အဂ္ဂိနာမ။ နတ္ထိ စ တဿ အဂ္ဂိဿ နိက္ခိတ္တောကာသော။ ဒွေ ကဋ္ဌာနိ ဃဋ္ဋေန္တော အဂ္ဂိံ အဓိဂစ္ဆတိ။ ဧ၀မေ၀ ခေါ မဟာရာဇ အတ္ထိ နိဗ္ဗာနံ။ နတ္ထိ နိဗ္ဗာနဿ နိက္ခိတ္တောကာသော။ သမ္မာပဋိပန္နော ယောနိသော မနသိကာရေန သင်္ခါရာနံ ဥဒယဗ္ဗယံ သမ္ပဿမာနော နိဗ္ဗာနံ သစ္ဆိ ကရောတိ။
(င) ယထာ ပန မဟာရာဇ အတ္ထိ ကာနိ သတ္တရတနာနိ။ သေယျထိဒံ။ စက္ကရတနံ ဟတ္ထိရတနံ အဿရတနံ မဏိရတနံ ဣတ္ထိရတနံ ဂဟပတိရတနံ ပရိဏာယကရတနန္တိ။ န စ တေသံ ရတနာနံ နိက္ခိတ္တောကာသော အတ္ထိ။ ခတ္တိယာနံ သမ္မာပဋိပန္နာနံ ပဋိပတ္တိဗလေန တာနိ ရတနာနိ ဥပဂစ္ဆန္တိ။ ဧ၀မေဝ ခေါ မဟာရာဇာ အတ္ထိ နိဗ္ဗာနံ။ န စ တဿ နိဗ္ဗာနဿ နိက္ခိတ္တောကာသော။ သမ္မာပဋိပန္နော ယောနိသောမနသိကာရေန သင်္ခါရာနံ ဥဒယဗ္ဗယံ သမ္မဿမာနေ နိဗ္ဗာနံ သစ္ဆိကရောတီတိ။
မိလိန္ဒပဉှ (၃၁၂) (၁င်္၃း။ဍီ)
၎င်းပါဠိတော် အနက်
(က) ဘန္တေ နာဂသေန၊ နာဂသိန်ဟု ကျော်ရှိန်သတင်း ပျံ့နှံ့ခြင်း ရှိတော်မူသော အသျှင်ဘုရား၊
ပုရတ္ထိမာယ ဒိသာယ၊ အရှေ့ အရပ်၌ သော်၎င်း။
ဒက္ခိဏာယ ဝါ ဒိသာယ၊ တောင်အရပ်၌ သော်၎င်း၊
ပစ္ဆိမာယ ဝါ ဒိသာယ၊ အနောက် အရပ်၌ သော်၎င်း။
ဥတ္တရာယ ဝါ ဒိသာယ၊ မြောက်အရပ်၌ သော်၎င်း၊
ဥဒ္ဓံ ဝါ၊ အထက်ကောင်းကင် အရပ်၌ သော်၎င်း၊
အဓော ဝါ၊ အောက်မြေထဲ အရပ်၌ သော်၎င်း၊
တိရိယံ ဝါ၊ ဘီလာအရပ်၌ သော်၎င်း၊
ယတ္ထ၊ အကြင်အရပ်၌။
နိဗ္ဗာနံ၊ နိဗ္ဗာန်ဟူသည်။
သန္ဒိစိတံ၊ စုဝေး၍ တည်နေသည်။
ဟောတိ၊ ဖြစ်၏။
သော ပဒေသော၊ ထိုနိဗ္ဗာန်တည်ရာ အရပ်သည်။
ဝါ၊ နိဗ္ဗာန်ရသူ မပေါ်လာခင် ထိုသူ ရောက်စရာ ဖြစ်နေ တည်နေနှင့်သော နိဗ္ဗာန်တည်ရာ အရပ် ဟူသည်။
အတ္ထိ၊ ရှိပါ၏လော၊
ဣတိ၊ ဤသို့ မိလိန္ဒမင်းကြီး လျှောက်ထားသည်ရှိသော် …
(ခ) မဟာရာဇ၊ မင်းကြီး။
ယတ္ထ၊ အကြင်အရပ်၌။
တံနိဗ္ဗာနံ၊ ထိုနိဗ္ဗာန်သည်။
သန္နိစိတံ၊ စုဝေး၍တည်နေသည်။
ဟောတိ၊ ဖြစ်၏။
သော ပဒေသော၊ ထို နိဗ္ဗာန်ရသူ ပရိနိဗ္ဗုတပုဂ္ဂိုလ် မပေါ်လာမီ စုဝေး၍ ဖြစ်နေနှင့်သော နိဗ္ဗာန် တည်ရာ အရပ်ဟူသည်။
နတ္ထိ၊ မရှိ။
ဣတိ၊ ဤသို့ အသျှင်နာဂသိန်မထရ် ဖြေဆိုတော် မူရာဝယ် …
(ဂ) ဘန္တေ န၁ဂသေန၊ နာဂသိန် အသျှင်ဘုရား။
ယဒိ၊ အကယ်၍။
နိဗ္ဗာနဿ၊ နိဗ္ဗာန်၏။
သော ဩကာသော၊ ထိုစုဝေး တည်နေရာ အရပ်သည်။
နတ္ထိ၊ မရှိသည် ဖြစ်အံ့။
တေန ဟိ၊ ထိုသို့ဖြစ်ခဲ့လျှင်။
နိဗ္ဗာနံ၊ နိဗ္ဗာန်ဟူသည်။
နတ္ထိ၊ စကားသာရှိ၍ အသားထင်ရှား မရှိ။
ယေသံပိ၊ အကြင် သူတို့သည်လည်း။
တံ နိဗ္ဗာနံ၊ ထိုနိဗ္ဗာန် ဟူသည်ကို။
သစ္ဆိကတံ၊ မျက်မှောက်ပြုအပ်သည် ဟူ၏။
တေသံပိ၊ ထိုသူတို့၏လည်း။
သစ္ဆိကိရိယာ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း ဟူသည်။
မိစ္ဆာ၊ စကားသာရှိ၍ အသားမရှိသဖြင့် အမှားပင်တည်း။
ယေန ကာရဏေန၊ အကြင်အကြောင်းဖြင့်။
တံ၊ ထိုနိဗ္ဗာန်ဟူသည် ထင်ရှားမရှိ ဟူသော စကားကို။
ဝက္ခာမိ၊ အကျွန်ုပ် မိလိန္ဒမင်းကြီး လျှောက်ဆိုပေ၏။
တံ ကာရဏံ၊ ထိုအကြောင်းသည်။
ကိံ၊ အဘယ်နည်း ဟူငြားအံ့။
ဘန္တေ နာဂသေန၊ အသျှင်ဘုရား နာဂသိန်။
မဟိယာ၊ မြေအပြင်၌။
ဓညဋ္ဌာနံ၊ စပါးတို့၏တည်ရာ အရပ်သည်။
ခေတ္တံ၊ လယ်သည်။
အတ္ထိ၊ ရှိ၏။
ဂန္ဓဋ္ဌာနံ၊ သင်းကြိုင် မွှေးပျံ ရနံ့တို့၏ တည်ရာသည်။
ပုပ္ဖံ၊ ပန်းသည်။
အတ္ထိ၊ ရှိ၏။
ဖလဋ္ဌာနံ၊ သစ်သီးတို့၏ တည်ရာအရပ်သည်၊
ရုက္ခော၊ သစ်ပင်သည်။
အတ္ထိ၊ ရှိ၏။
ရတနာနံ၊ ရွှေငွေရတနာတို့၏။
ဌာနံ၊ တည်ရာအရပ်သည်။
သာဂရော၊ သမုဒြာသည်။
အတ္ထိ၊ ရှိ၏။
ယောကောစိ၊ အမှတ်မရှိ တစုံတယောက်သော သူသည်။
ယံယံ၊ အကြင်အကြင် ဝတ္ထုကို။
ဣစ္ဆတိ၊ အလိုရှိ၏။
တံတံ ထိုထို မိမိအလိုရှိရာ ဝတ္ထုကို။
သော၊ ထိုသူသည်။
တတ္ထ၊ ထိုအရပ်သို့။
ဂန္တွာ၊ သွား၍။
အာဟရတိ၊ ယူဆောင်၏။
ဘန္တေ နာဂသေန၊ အသျှင်နာဂသိန်။
ဧဝမေဝ၊ ဤနည်းတူပင်လျှင်။
ခေါ၊ စင်စစ်။
နိဗ္ဗာနံ၊ နိဗ္ဗာန်ဟူသည်။
ယဒိ အတ္ထိ၊ အကယ်၍ ထင်ရှား ရှိခဲ့ငြားအံ့။
တသာ နိဗ္ဗာနဿ၊ ထိုနိဗ္ဗာန်၏။
ဥပါဒါနောကာသော၊ စွဲမှီရာအရပ်ကို။
ဣစ္ဆိတဗ္ဗော၊ အလိုရှိအပ်၏။
ဟသ္မာ စ၊ အကြင်ကြောင့်ကား။
ဘန္တေ နာဂသေန၊ သျှင်ပင် နာဂသိန်။
နိဗ္ဗာနဿ၊ နိဗ္ဗာန်၏။
ဥပါဒါနောကာသော၊ စွဲမှီရာ အရပ်သည်။
နတ္ထိ၊ မရှိခဲ့။
တသ္မာ၊ ထိုကြောင့်။
နိဗ္ဗာနံ၊ နိဗ္ဗာန်ဟူသည်။
နတ္ထိ၊ အသံသာရှိ၍ အဆံမရှိ။
ဝါ၊ သတင်းသာရှိ၍ သားတစ်မရှိ။
ဣတိ၊ ဤ သို့။
ဗြူမိ၊ အကျွန်ုပ် ဆိုပေ၏။
ယေသံပိ၊ အကြင်သူတို့သည်လည်း။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
သစ္ဆိကတံ၊ မျက်မှောက်ပြုအပ်ကြသည် ဟူ၏။
တေသံ၊ ထိုသူတို့၏။
သာ သစ္ဆိကိရိယာပိ၊ ထိုမျက်မှောက်ပြုခြင်း ဟူသည်လည်း။
မိစ္ဆာ၊ အမှားပင်တည်း။
ဣတိ၊ ဤသို့။
ဗြူမိ၊ အကျွန်ုပ် ဆိုပေ၏။
ဣတိ၊ ဤသို့ မင်းကြီးလျှောက်ထား စကားခဲခက် တကဲ့အချက် လာပြန်သည်ရှိသော် …
(ဃ) မဟာရာဇ၊ စကားနှိုက်နှဲ သူ့ကိုလဲအောင် မေးအားသဲသော မင်းကြီး။
နိဗ္ဗာနဿ၊ နိဗ္ဗာန်၏။
နိသိတောကာသော၊ စွဲမှီရာအရပ်သည်။
နတ္ထိ၊ မရှိသည်လည်း မှန်၏။
တံနိဗ္ဗာနံ၊ ထိုနိဗ္ဗာန်ဟူသည်။
အတ္ထိစ၊ အသံရှိသည့်အတိုင်း အဆံ ရှိသည်လည်း ဖြစ်၏၊
ဝါ၊ သတင်းရှိသည့်အတိုင်း သားတစ်ရှိသည်လည်း မှန်၏။
သမ္မာပဋိပန္နော၊ သီလဖြူစွာ သမ္မာတည်ကြား ဘာဝနာတရားကို အားထုတ် ကျင့်ကြံနိုင်သော သူသည်။
သင်္ခါရာနံ၊ ခန္ဓာငါးပါး သင်္ခါရတရားတို့၏။
ဥဒယဗ္ဗယံ၊ ဖြစ်ခြင်း ပျက်ခြင်း ဥပါဒ် ဘင်ကို။
သမ္မဿမာနော၊ ဟုတ်တိုင်းထင်ထင် ကောင်းစွာမြင်သည်ဖြစ်၍။
နိဗ္ဗာနံ၊ အသင်္ခတဓာတ် နိဗ္ဗာန် ရွှေပြည်မြတ်ကို။
သစ္ဆိကရောတိ၊ မျက်မှောက်ထင်ထင် မြင်တွေ့ရလေ၏။
(ပရိနိဗ္ဗာန်မပြုသေးခင် မဂ်ဖိုလ်မျက်စိတို့ဖြင့် လှမ်း၍မြင်ရ ပရိနိဗ္ဗာန်ပြုသည့် အခါ ထက်ကြပ် တွေ့ ရသည် ဟူလို။)
မဟာရာဇ၊ မင်းကြီး။
သော အဂ္ဂိနာမ၊ ထိုသူက ငါက သုံးစွဲကြသော မီးမည်သည်။
အတ္ထိ၊ ထင်ရှားရှိ၏။
စ၊ ထိုသို့ ထင်ရှားရှိလျက်။
တဿ အဂ္ဂိဿ၊ ထိုမီး၏။
နိက္ခိတ္တောကာသော၊ မီးမဖြစ်သေး လူမလုပ်သေး မမွှေးသေးခင် ရှေးဦးတင်၍ မီးဖြစ်နှင့်ရာ တည်နေရာ အရပ်သည်။
နတ္ထိ ယထာ၊ မရှိသကဲ့သို့။
ဒွေ ကဋ္ဌာနိ၊ ထင်းချောင်းနှစ်ခုတို့ကို။
ဃဋ္ဋေန္တော၊ ပွတ်တိုက်သည်ရှိသော်။
ဝါ၊ ပွတ်တိုက်သော သူသည်။
အဂ္ဂိံ၊ ထင်းချောင်းနှစ်ခုကြားမှ ထွက်ပေါ်လာသော မီးကို။
အဓိဂစ္ဆတိ ယထာ၊ ရသကဲ့သို့။
မဟာရာဇ၊ မင်းကြီး။
ဧ၀မေ၀၊ ဤနည်းတူပင်လျှင်။
ခေါ၊ စင်စစ်။
နိဗ္ဗာနံ၊ နိဗ္ဗာန်ဟူသော ပရမတ္ထတရားသည်။
အတ္ထိ၊ အခြားသော ပရမတ္ထ တရားများကဲ့သို့ ထင်ရှားရှိသည် မှန်၏။
နိဗ္ဗာနဿ၊ နိဗ္ဗာန်၏။
နိက္ခိတ္တောကာသော၊ ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့ မရောက်လာမီဖြစ်၍ တည်၍နေနှင့်ရာ အရပ် မည်သည်။
နတ္ထိ-န အတ္ထိ၊ ရှိတော့သည် မဟုတ်။
သမ္မာပဋိပန္နော၊ ကောင်းစွာ ကျင့်နိုင်သော သူသည်။
ဝါ၊ ဝိပဿနာလမ်းသို့ ဖြောင့်တန်းစွာ လိုက်နိုင်သော သူသည်။
ယောနိသောမနသိကာရေန၊ အနိစ္စ ဒုက္ခ အနတ္တ ဟု အသင့်ဟုတ်တိုင်း နှလုံးသွင်းခြင်းဖြင့်။
သင်္ခါရာနံ၊ ရုပ်နာမ်ခန္ဓာ သင်္ခါရတရားတို့၏။
ဥဒယဗ္ဗယံ၊ လျှပ်တပြက်ကာလအတွင်း အကြိမ်ပေါင်း အသောင်း အသိန်းမက အသစ်အသစ်လဲ၍ ဖြစ်ချည် ပျက်ချည် နေသော အရာကို။
သမ္မဿမာနော၊ ငြီးငွေ့ဘွယ် ကြောက်မက်ဘွယ် တကယ်ဟုတ်တိုင်း ထင်မြင်သည်ဖြစ်၍။
ဝါ၊ထင်မြင်သည်ရှိသော်။
နိဗ္ဗာနံ၊ တဆယ့်တသီး မီးအပေါင်းတို့၏ ငြိမ်းဧးရာ နိဗ္ဗာန်သာခေါင် တခါရောက်၍ တခေါက် မပြန်ရသည့် ဘေးမဲ့တောင်ကို။
သစ္ဆိကရောတိ၊ မျက်မှောက်ထင်ထင် မြင်ရ ရောက်ရလေ၏။
ပရိနိဗ္ဗာန် မပြုသေးခင်မြင်ရ ပရိနိဗ္ဗာန်ပြုသည့်အခါ ရောက်ရသည် ဟူလို။
(င) ယထာ ပန မဟာရာဇ အတ္ထိ ကာနိ သတ္တရတနာနိ။ သေယျထိဒံ။ စက္ကရတနံ ဟတ္ထိရတနံ အဿရတနံ မဏိရတနံ ဣတ္ထိရတနံ ဂဟပတိရတနံ ပရိဏာယကရတနန္တိ။
မဟာရာဇ၊ မင်းကြီး။
ပန၊ တပုံလည်း၍ တနည်းပမာ ဆိုသည်ရှိသော်။
တာနိ သတ္တရတနာနိ၊ ထို စကြာမင်းတို့၏ သုံးဆောင်ရာ ရတနာခုနှစ်ပါးတို့သည်။
အတ္ထိ၊ ထင်ရှားရှိကုန်၏။
သေယျထိဒံ၊ အဘယ် ရတနာများနည်း ဟူမူကား။
စက္ကရတနံ၊ စကြာရတနာ။
ဟတ္ထိရတနံ၊ ဆင်ရတနာ။
အဿရတနံ၊ မြင်းရတနာ။
မဏိရတနံ ပတ္တမြားရတနာ။
ဣတ္ထိရတနံ၊ မိန်းမ ရတနာ။
ဂဟပတိရတနံ၊ သူဌေးကြီး ရတနာ။
ပရိဏာယကရတနံ၊ သားကြီးရတနာ။
ဣတိ၊ ဤရတနာ ခုနှစ်ပါးပင်တည်း။
စ၊ ယင်းသို့ စကြာမင်းတို့ သုံးဆောင်ရာ ရတနာ ခုနှစ်ပါးဟူသည် ထင်ရှား ရှိသော်လည်း။
တေသံ ရတနာနံ၊ ထိုရတနာတို့၏။
နိက္ခိတ္တောကာသော၊ စကြာမင်းကြီး ဖြစ်မည့်သူ မပေါ်လာခင် အစဉ်ထာဝရ ဖြစ်နေ တည်နေနှင့်ရာ အရပ်သည်။
န အတ္ထိ၊ ရှိတော့သည် မဟုတ်။
သမ္မာပဋိပန္နာနံ၊ စကြာရတနာစသည် ပေါ်လာကြောင်း အကျင့်ကောင်း ရှိကုန်သော။
ခတ္တိယာနံ၊ စကြာမင်းလောင်းတို့၏။
ပဋိပတ္တိဗလေန၊ အကျင့်အာနုဘော် အားအစွမ်းကြောင့်။
တာနိ ရတနာနိ၊ ထိုရတနာခုနှစ်ပါးတို့သည်။
ဥပဂစ္ဆန္တိ ယထာ၊ စကြာမင်းကြီးထံ ကပ်ရောက်လာ ပေါ်လာကုန်သကဲ့သို့။
မဟာရာဇ၊ မြတ်သော မင်းကြီး။
ဧ၀မေ၀ ခေါ၊ ဤအတူသာလျှင်။
နိဗ္ဗာနံ၊ ဘေးခပ်သိမ်းတို့၏ ကင်းငြိမ်းရာ နိဗ္ဗာန်ရတနာ ဟူသည်။
အတ္ထိ၊ ထင်ရှားရှိသည် မှန်၏။
စ၊ ယင်းသို့ ထင်ရှားရှိသော်လည်း။
တဿ နိဗ္ဗာနဿ၊ ထိုနိဗ္ဗာန်၏။
နိက္ခိတ္တောကာသော၊ နိဗ္ဗာန်ရောက်မည့်သူ မပေါ်လာခင် ဖြစ်နှင့် တည်နေနှင့်ရာ အရပ်မည်သည်။
နတ္တိ၊ ရှိတော့သည် မဟုတ်။
သမ္မာပဋိပန္နော၊ သီလဖြူစင် ဘာဝနာ တွင်တွင်ပွားသော ပုဂ္ဂိုလ်သည်။
ယောနိသောမနသိကာရေန၊ ယထာဘူတဉာဏ်ကို ရသည်ဖြစ်၍ အသုဘ အနိစ္စ ဒုက္ခ အနတ္တ-သာတည်း ဟု အဟုတ်အမှန် အသင့်အတင့် နှလုံးသွင်းမိ သွင်းနိုင် သွင်းပိုင် သွင်းရသဖြင့်။
သင်္ခါရာနံ၊ တေဘူမိကသင်္ခါရ တရားတို့၏။
ဥဒယဗ္ဗယံ၊ ရေပေါ်ရေထက် ခုခုပျက်သည့် ရေပွက်ပမာ မျက်စိ တမှိတ်လောက် ကာလကြာလျှင် အရာအထောင်မက အသစ်အသစ်ဖြစ်၍ ပျက်၍နေသော သဘောကို။
သမ္မဿမာနော၊ ကောင်းစွာမြင်သည်ရှိသော်။
နိဗ္ဗာန်၊ ဘေးပေါင်းကင်းစင် ရန်မျိုးကြဉ်ရာ နိဗ္ဗုတာသောင်ကမ်း ခေမာနန်းကို။
သစ္ဆိကရောတိ၊ မျက်မှောက်ထင်ထင် တကယ်မြင်ရ စံမြန်းရလေ၏။
ပရိနိဗ္ဗာန်မပြုသေးခင် ထင်မြင်ရ ပရိနိဗ္ဗာန်ပြုပြီးအခါ စံမြန်းရသည် ဟူလို။ ယခင် မိလိန္ဒပဥှာ ပါဌတ္ထယောဇနာ။
နိဗ္ဗာန်ပေါ်လာပုံ ဥပမာနှင့် တိုက်တွန်းချက်
ဤမိလိန္ဒပဥှာကျမ်း၌ ထင်းချောင်းနှစ်ခုကို မပွတ်တိုက်မီ မီးမရှိသေး၊ ထင်းချောင်းနှစ်ခုကို ပွတ်တိုက်မှ မီးပေါ်လာ သကဲ့သို့ နိဗ္ဗာန်ရောက်မည့်သူ ပရိနိဗ္ဗုတပုဂ္ဂိုလ် မရှိသေးခင် ရှေးဦးတင်၍ ဖြစ်နေနှင့်သော နိဗ္ဗာန်ဟူသည် ရှိတော့သည် မဟုတ်၊ ကောင်းစွာကျင့်၍ အရိယာပုဂ္ဂိုလ်အဖြစ်သို့ ရောက်သဖြင့် ရှေးဦးစွာ မိမိရောက်လတ္တံ့သော နိဗ္ဗာန်ကို အဝေးကလှမ်း၍ မြော်တမ်းနိုင် အာရုံ ပြုနိုင်ပြီးလျှင် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန် ပြုပြီးသည်အခါမှ နိဗ္ဗာန်ရတနာ ပေါ်လာ၍ ထိုပေါ်လာသော နိဗ္ဗာန်ရတနာကို ထိုသူ ရသည် ဟူသော အဓိပ္ပါယ် များကို၎င်း၊ စကြာမင်းကြီး ဖြစ်မည့်သူ မပေါ်လာခင် ရှေးဦးတင်၍ ဖြစ်နေနှင့်သော စကြာရတနာဟူသည် မရှိ၊ စကြာမင်းကြီးဖြစ်ကြောင်း အကျင့်ကောင်းနှင့် ပြည့်စုံသည့်အခါမှ စကြာမင်းလောင်းထံ အရှေ့လောကဓာတ်မှ စကြာရတနာ ဖြစ်ပေါ်လာ၍ မိမိထံ ရောက်လာသော စကြာရတနာကို ထိုစကြာမင်း စီးနင်းရသကဲ့သို့ နိဗ္ဗာန်ရမည့် သူ မပေါ်လာခင် ရှေးဦးတင်၍ ဖြစ်နေနှင့်သော နိဗ္ဗာန် ဟူသည် မရှိ။ ကောင်းကောင်းကြီး ပါရမီကို ဖြည့်ကျင့် ပြီးမှ ပါရမီအကြောင်း ပြည့်စုံသည့်အခါ ရဟန္တာပုဂ္ဂိုလ် ဖြစ်ပြီးနောက် စုတိခြင်းသို့ ရောက်သည့်အခါမှ ထိုပရိနိဗ္ဗုတပုဂ္ဂိုလ်၏ တည်ရာစွဲရာ ဝိသယကဲ့သို့ပြု၍ ထိုနိဗ္ဗာန်ရတနာ ဖြစ်ပေါ် လာသည်ဟူသော အဓိပ္ပါယ်များကို၎င်း များများကြီး နှလုံးထားမိကြစေကုန်သတည်း။
ဆက်ဦးအံ့၊ ဤသို့ အောက်၌ ညွှန်ပြအပ်ခဲ့ပြီးသော “ဣဓေ၀ ဘိက္ခဝေ သဗ္ဗဝေဒယိတာနိ” အစရှိသော ဣတိဝုတ် ပါဠိတော်ဖြင့် နိဗ္ဗာန်သရုပ် သဘောကို၎င်း နိဗ္ဗာန်ဖြစ်ပေါ်လာသည့် အခါကို၎င်း ပြတော် မူသည်။
“အတ္ထိ ဘိက္ခဝေ တဒါယတနံ” စသော ဥဒါန်းပါဠိတော်ဖြင့် ထို နိဗ္ဗာန်ဟူသည် ဥပါဒ်အားဖြင့် မဖြစ်လာသော်လည်း ငြိမ်းဧးခြင်း သဘောအားဖြင့် အလွန်သိမ်မွေ့စွာ ဖြစ်ပေါ်လာသဖြင့် စင်စစ် ဧကန် အမှန်ထင်ရှားရှိသည်။ ရုပ်နာမ်ခန္ဓာတို့၏ ချုပ်ခြင်း ကုန်ခြင်း အဘာဝမျှကိုသာ နိဗ္ဗာန်ဆိုသည် မဟုတ်။ ပျောက်၍ သွားရခြင်းမျှကို နိဗ္ဗာန်ရသည်ဆိုသည် မဟုတ် ဟု ပြတော်မူသတည်း။
ဤမိလိန္ဒပဥှာဖြင့်ကား နိဗ္ဗာန်ထင်ရှားရှိသည် ဆိုသော်လည်း နိဗ္ဗာန်ရောက်မည့်သူ မပေါ်လာခင် ရှေးဦးတင်၍ ဖြစ်နေနှင့်သော နေရာအရပ် ဟူသည် မရှိ၊ ရှေးဦးတင်၍ ထင်ရှား ဖြစ်နေနှင့်သည် မဟုတ်၊ နိဗ္ဗာန်ရောက်မည့်သူ ပေါ်လာမှ ဖြစ်ပေါ်လာသည် ဟူသော အနက်ကို အသျှင်နာဂသိန် မထေရ် ပြတော်မူသတည်း။ ၎င်းသုံးရပ်ကို ပါဠိ အနက် အဓိပ္ပါယ်နှင့် တကွ အထပ်ထပ် ကြံစည် စဉ်းစား နှလုံးထားမိကြလျှင် နိဗ္ဗာန်အဆုံးအဖြတ်အရာ၌ ကဝိတယောက် မြောက်ကြလတ္တံ့။
ထိုကြောင့် ၎င်းပါဌ်သုံးရပ်ကို ဝါစုဂ္ဂတရအောင် ပြုကြပြီးခါ ၎င်းအနက် အဓိပ္ပါယ်တို့ကို အခါခါ အထပ်ထပ် ကြံစည်စဉ်းစား နှလုံးထားသဖြင့် သူတပါးတို့အားလည်း ယင်း နိဗ္ဗာန်တရားတော် အခြင်းအရာ ဂုဏ်ဝိသေသများကို ကောင်းစွာ ပြောဟောပြသ၍ မန္ဒမုဒုပုဂ္ဂိုလ်တို့အား နိဗ္ဗာန် တရားကို လွန်စွာ အလိုရှိကြ နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းကို အထူး အားထုတ်နိုင် ကြအောင် ဟောပြောပြသ ဆုံးမနိုင်ကြပါစေကုန်သတည်း။
နိဗ္ဗာန်၏ သန္တိလက္ခဏာစသည် ပြပုံ
▬▬▬▬▬
သန္တိ လက္ခဏံ နိဗ္ဗာနံ၊ အစ္စုတိရသံ၊ အဿာသကရဏရသံ ဝါ၊ အနိမိတ္တပစ္စုပဋ္ဌာနံ။
နိဗ္ဗာနံ၊ အသင်္ခတဓာတ် ထူးမြတ်လှသည့် နိဗ္ဗာန်တရားတော်မြတ်သည်။
သန္တိလက္ခဏံ၊ ဘေးတကာ ကင်းကွာ ရန်တကာ ရှောင်ကွင်း ကိလေသာ ရန်ခပင်း တို့၏ မချဉ်းကပ် မလှုပ်ရှားနိုင်သဖြင့် လွန်စွာငြိမ်သက်ခြင်း တဆယ့်တသီး မီးအပေါင်းတို့မှ ငြိမ်းချမ်းခြင်း လက္ခဏာ ရှိ၏။
အစ္စုတိရသံ၊ ယင်းသို့ ငြိမ်သက်ခြင်း ငြိမ်းချမ်းခြင်း သဘောမှ မရွှေ့မပြောင်း အမြဲကောင်းကောင်း တည်နေရခြင်း စည်းစိမ်ရှိ၏။
ဝါ၊ တနည်းလည်း။
အဿာသကရဏရသံ၊ မိမိထံ တည်ရောက်လာသူ ပရိနိဗ္ဗုတပုဂ္ဂိုလ်အား ဘေးပေါင်း ကင်းစင် ရန်မျိုးကြဉ်ကွာ ချမ်းသာရအောင် ပြုနိုင်ခြင်း ကိစ္စသတ္တိ ရှိ၏၊
အနိမိတ္တပစ္စုပဋ္ဌာနံ၊ သင်္ခါရ သင်္ခတ တရားတို့ထဲမှ ဖောက်ခွဲ၍ ထွက်လာရပါလျက် ယင်း သင်္ခါရအရိပ် သင်္ခတအရိပ် နိမိတ် မထင်မပေါ်ခြင်း အခြင်းအရာရှိ၏။
ဒါန သီလ ဘာဝနာ ပါရမီအကြောင်းတရားတို့ကြောင့် ဖြစ်လာသော်လည်း ယင်းအကြောင်းတရား တို့ကြောင့် ဖြစ်ပုံဖြစ်ဟန်အကြောင်း နိမိတ်မပေါ် မိမိ ထင်ရှားပင် ရှိသော်လည်း အလွန် သိမ်မွေ့ လှသဖြင့် ယင်း ထင်ရှားရှိပုံ၊ အရိပ်နိမိတ် မထွက် ငြိမ်းခြင်းသဘောအားဖြင့် ပရိနိဗ္ဗုတပုဂ္ဂိုလ်၏ တည်ရာ” ဝိသယ ကဲ့သို့ ပြု၍ ဖြစ်ပေါ်လာသော်လည်း အလွန်လျှင် သိမ်မွေ့စွာ ဖြစ်လာသဖြင့် ဖြစ်လာပုံ၊ ဥပါဒ် ဟူသော ဇာတနိမိတ်မရှိ၊ မိမိငြိမ်းခြင်း သဘောအားဖြင့် အမြဲသဿတဖြစ်၍ တည်နေပါသော်လည်း လွန်စွာ မြင်ခက် အသိခက်သဖြင့် အမြဲတည်နေပုံ တည်နေဟန် သဿတ နိမိတ်မပေါ်၊ မိမိထံ ရောက်လာသော ပရိနိဗ္ဗုတပုဂ္ဂိုလ်အား ချမ်းသာအောင် ပြုပါလျက်လည်း ယင်း ချမ်းသာအောင် ပြုခြင်း၏ လွန်စွာ သိမ်မွေ့သောကြောင့် ချမ်းသာပုံ သုခဝေဒနာ ဟူသော သုခနိမိတ် အရိပ်မထွက်၊ မိမိထံရောက်လာသူ ပရိနိဗ္ဗုတပုဂ္ဂိုလ်အား တဆယ့်တသီး မီးဟူသမျှ မလောင် ရအောင် ရွက်ဆောင် စောင့်ရှောက်ခြင်း တာဏ သဘော၊ ထိုအသျှင်တို့၏ ဘေးမှလွတ်ကြောင်း ပုန်းအောင်းရာ လေဏသလော၊ လည်းလျောင်းခိုနေရာ ပရာယဏသဘော ရှိသော်လည်း ယင်းသို့ စောင့်ရှောက်ခြင်း ပုန်းအောင်းရာ ဖြစ်ခြင်းကို လွန်စွာ သိခက် သိမ်မွေ့ရကား လူတို့ကိုယ်၌ ကိုယ်စောင့်နတ် ထင်ရှားရှိလျက်ပင် ထင်ရှားရှိပုံ အရိပ်နိမိတ် မထင်သကဲ့သို့၊ ယင်းစောင့်ရှောက် သည့် ပုံဟန် စသည် အရိပ်နိမိတ် ဟူသော တာဏ လေဏ နိမိတ် မထွက်မပေါ်။ ဤသို့စသော နိမိတ်အကြောင်း မထင် အလွန်လျှင် သိမ်မွေ့နူးညံ့စွာ ဖြစ်နေခြင်း သည်ပင်လျှင် ဤသို့သော တရား မျိုးမှသာ နိဗ္ဗာန်တည်း ဟု မှတ်ကြောင်း သိကောင်း အခြင်းအရာ ဟူသော ပစ္စုပဋ္ဌာန်ရှိ၏ ဟူလို သတည်း။
ဤသို့လာသော သမ္မောဟဝိနောဒနီအဋ္ဌကထာကြီး (၇၉) နှင့်အညီ နတ်ဗြဟ္မာတို့၏ကိုယ်သည် ထင်ရှားရှိလျက် အလွန် သိမ်မွေ့သည်ဖြစ်၍ ထိုနတ်ဗြဟ္မာတို့ကိုယ်မှ အရိပ်နိမိတ် မထွက်သကဲ့သို့ နိဗ္ဗာန် ဟူက နတ်ဗြဟ္မာတို့၏ ကိုယ်အောက် အဆအရာမက လွန်စွာသိမ်မွေ့ နူးညံ့လှသောကြောင့် ထိုနိဗ္ဗာန်ဖြင့် နေပုံအရိပ် နိမိတ်မပေါ် မထွက်သည်ဖြစ်၍ ထိုနိဗ္ဗာန်ကို ပုထုဇန်တို့ မမြင်ရ မသိကြ ရသည်။ နိဗ္ဗာန်ဟူသည် ထင်ရှား ဧကန်ရှိ၏ ဟု မှတ်အပ်တော့သည်သာ။
ပုထုဇန် သေက္ခတို့ မမြင်နိုင်ပုံ
▬▬▬▬▬▬▬▬▬▬
လူတို့အား မှိုင်းမမှန်း မသိရဘဲ မှိုင်းမစောင့်ရှောက်၍ နေသော ကိုယ်စောင့် နတ်များကိုမမြင်ရ၊ မှိုင်းမစောင့်ရှောက်မှန်း မသိကာမျှဖြင့် ထိုကိုယ်စောင့်နတ်တို့ မရှိမဆိုရသကဲ့သို့ မိမိထံရောက်လာ သော ပရိနိဗ္ဗုတပုဂ္ဂိုလ်အား ဘေးတကာ ကင်းရှင်း ရန်တကာ ကွင်းရအောင် စောင့်ရှောက်ခြင်း တာဏ လေဏကိုပြု၍ နေပေသော နိဗ္ဗာန်သခင် ကျေးဇူးရှင်၏ အလွန်လျှင် သိမ်မွေ့ရကား ယင်း အရှင်ကို သိမြင်စရာ အရိပ်နိမိတ် အမြဲတည်နေတော်မူသော အရိပ်နိမိတ် စသည် မထင်ကာမျှဖြင့် ယင်းနိဗ္ဗာန်ဟူသည် ထင်ရှားမရှိ မဆိုသင့်၊ ထင်ရှားဧကန်ရှိ၏။ အလွန်သိခက် မြင်ခက် နက်နဲလှ သောကြောင့်သာ ငါတို့ပုထုဇုန်များ မမြင်ရသည် မှတ်ကြကုန်။ ရူပါရုံကို မျက်စိဟူသော စက္ခုဖြင့်သာ မြင်ရသည်၊ သောတဖြင့် မမြင်နိုင်၊ သဒ္ဒါရုံကို နားဟူသော သောတဖြင့်သာ ကြားရသည်။ စက္ခု ဖြင့် မကြားနိုင်။ ဤနည်းအတူ နိဗ္ဗာန်ကို မဂ်ဉာဏ် ဖိုလ်ဉာဏ် မျက်စိရမှ မြင်နိုင်သည်။ ပုထုဇန်တို့ မမြင်နိုင်၊ မြင်းမိုရ်တောင် သမုဒြာ လ နေ နက္ခတ်တို့ကို သူကန်းအန္ဓတို့ မမြင်ကာမတ္တဖြင့် ထိုမြင်းမိုရ်တောင် စသည် ထင်ရှားမရှိ ဆိုလျှင် အလွန်ပင် မှားကြီး မှားသကဲ့သို့ နိဗ္ဗာန်ကို၎င်း ထိုနိဗ္ဗာန်၌ တည်နေသူတို့ကို၎င်း၊ အန္ဓပုထုဇန်တို့ မမြင်ရကာမတ္တဖြင့် ထင်ရှားမရှိ မဆိုသင့် မဆိုထိုက်သည်၏ အဖြစ်ကို စင်စစ် သိကြ မှတ်ကြကုန်။ အန္ဓပုထုဇန်တို့သည် ယင်းပရိနိဗ္ဗုတပုဂ္ဂိုလ် တည်ရာ နိဗ္ဗာန်ကိုသာ မမြင်သည် မဟုတ်၊ ရဟန္တာပုဂ္ဂိုလ်၌ ဖြစ်ပေါ်လာသော အရဟတ္တဖိုလ်ကို ပုထုဇန်သေက္ခတို့ မသိမမြင်နိုင်။ ယင်းသို့မသိမမြင်သော်လည်း အရဟတ္တဖိုလ်သည် ထိုရဟန္တာ အသျှင်၌ မရှိ မဆိုရသကဲ့သို့တည်း။
နိဗ္ဗာန်တည်ရှိပုံ
▬▬▬▬▬
ယင်းသည့်နိဗ္ဗာန် ထင်ရှား ရှိခဲ့သော် အဘယ်၌ ရှိပါသနည်း ဟူငြားအံ့၊ ပရိနိဗ္ဗာန်ပြု၍ သွားသူ ပရိနိဗ္ဗုတပုဂ္ဂိုလ် ရှိရာ၌ပင် ရှိသည်ဆိုသော် ဆိုသင့်သည်သာ ဖြစ်၏။ ထိုပရိနိဗ္ဗုတပုဂ္ဂိုလ်အား ငြိမ်းဧးစေသောအားဖြင့် ချမ်းသာရအောင် အဿာသကို ပြုတတ်သော ကိစ္စသတ္တိရှိသည် ဟု ယခင်သမ္မာအဋ္ဌကထာ လာသောကြောင့် တည်း။ လျှာကို ချိုမြိန်အောင် ပြုတတ်သော အရသာ ဩဇာသတ္တိသည် လျှာ၌ပင် တည်သည်ရှိသည် ဆိုအပ်သကဲ့သို့ ပရိနိဗ္ဗုတပုဂ္ဂိုလ်ကို ချမ်းသာအောင်ပြုလျှင် ထိုချမ်းသာခြင်း နိဗ္ဗာနသုခသည် ထိုပရိနိဗ္ဗုတ ပုဂ္ဂိုလ်၌ပင် ရှိသည်ဟု ပရိယာယနည်းအားဖြင့် ဆိုသင့်တော့သည်ဖြစ်၏။ စင်စစ် မူကား ဒိဗ္ဗသမ္ပတ္တိဟူသော နတ်ချမ်းသာသည် ထိုနတ်တို့၌ တည်သကဲ့သို့ သုခ ဝေဒနာနှင့်တကွ ရုန့်ကြမ်းသော ဆင်းရဲနှင့်ရောသော သုခသာလျှင် ထိုပရိနိဗ္ဗုတ အသျှင်တို့၌ မတည်သည်၊ သုခ ဝေဒနာ ဟူသော သင်္ခတဝေဒနာနှင့် မရောမယှက် သက်သက် အသင်္ခတချမ်းသာသည် ထိုပရိနိဗ္ဗုတ အသျှင်များအား စောင့်ရှောက်ခြင်း တာဏသဘောအားဖြင့် ဖြစ်၍ ဧကန်ထင်ရှား ရှိသည် မှတ်ကြကုန်။ အရဟတ္တဖိုလ်ဟူသော ဖလသမာပတ် ချမ်းသာသည် ထိုအရဟတ္တဖိုလ်ပုဂ္ဂိုလ်၌ ထင်ရှား တည်သကဲ့သို့ မှတ်။
အရဟတ္တဖိုလ်ကို သဥပါဒိသေသနိဗ္ဗာန် ဆိုသည့်အရာလည်း ရှိကြောင်းနှင့် နေတ္တိအဋ္ဌကထာ လာသည့်အတိုင်း ယင်း သဥပါဒိသေသနိဗ္ဗာန် ဟူသော အရဟတ္တဖိုလ်မှာ ဥပါဒ် ဌီ ဘင် ခဏတ္တယ အားဖြင့် ထင်ရှားဖြစ်၍ ထိုဥပါဒ်, ဌီ, ဘင် ရုပ်နာမ်ရှိသော ရဟန္တာပုဂ္ဂိုလ်၌ တည်ရောက်လာသည် ဖြစ်၍ ရောက်တတ် ရောက်ရာ နှစ်ပါးလုံးပင် အရိယာအသျှင်တို့အား ထင်ရှားသည်၊ အသင်္ခတဓာတ် ဟု ဆိုအပ်သော ငြိမ်းခြင်း နိဗ္ဗုတို့ သဘောရှိသော နိဗ္ဗာန်မှာ မိမိလည်း ရုန့်ကြမ်းသော ဥပါဒ် မရှိဘဲလျက် သိမ်မွေ့နက်နဲလှစွာ ဖြစ်ပေါ်လာ၍ ဥပါဒ် ထင်ရှား မရှိသော ရူပါဒိသင်္ခါဝိမုတ္တ ပရိနိဗ္ဗုတပုဂ္ဂိုလ်အား စောင့်ရှောက်လျက် အခါခပ်သိမ်း မပျောက်မပျက် အမြဲတည်နေသည် မှတ်။
ဤအရာဝယ် ပရိယာယ်ပုံ ဆိုသော် ရုပ်နာမ်ကို စွဲ၍ သမုတ်အပ်သော ရဟန္တာပုဂ္ဂိုလ်နှင့် ရုပ်နာမ်ကို လွှတ်၍တည်သော ရူပါဒိသင်္ခါဝိမုတ္တအသျှင်တို့နှင့် တူ၏၊ ဥပါဒ်အားဖြင့် ပေါ်လာသော အရဟတ္တဖိုလ် ဟူသော သဥပါဒိသေသ နိဗ္ဗာန်နှင့် ဥပါဒ်အားဖြင့်မဖြစ် အလွန်သိမ်မွေ့သော အခြင်းအရာမျိုးဖြင့် ဖြစ်ပေါ်လာသော အသင်္ခတဓာတ် ဟူသော အနုပါဒိသေသနိဗ္ဗာန်တူ၏ ဟု သိကြကုန်။
ပညာငယ်သူ ရှင်လူတို့ အတွက် ဖော်ပြပုံ
▬▬▬▬▬▬▬▬▬
လူဘဝမှ နတ်ဘဝသို့ ရောက်သွားသည် ဟူရာ၌ လူဘဝခန္ဓာ ရုပ်နာမ်သည် ထိုနတ်ဘဝသို့ မရောက်ခင် ဤလူဘဝ၌ပင် အလုံးစုံ ကုန်ပျောက်၍ နေရစ်သော်လည်း ထိုလူဘဝ စုတိ၏ အခြားမဲ့၌ ထိုနတ် ပဋိသန္ဓေစိတ် ဖြစ်သောကြောင့် အစဉ်သန္တာန် မပြတ်သည်ဖြစ်၍ ဧကတ္တသန္တာန နည်း အားဖြင့် ထိုလူသည်ပင် ထိုနတ်ဖြစ်သည် ဟု ဆိုအပ်သကဲ့သို့ ရဟန္တာပုဂ္ဂိုလ်ကို စုတိ ကျရောက် သည့်အခါ ထိုရဟန္တာဘဝ ရုပ်နာမ်ခန္ဓာ အားလုံး ချုပ်ပျောက် နေရစ်သော်လည်း ထိုရဟန္တာခန္ဓာ ချုပ်ပျောက် စုတိ ရောက်သည်၏ အခြားမဲ့၌ ရှုပါဒိသင်္ခါဝိမုတ္တအဖြစ် တည်ရောက်လာသည်ဖြစ်၍ ထိုရဟန္တာသည်ပင် ထို ရူပါဒိသင်္ခါဝိမုတ္တ အသျှင်ဖြစ်လာသည် ဟု ဆိုထိုက်သည်ကိုစွဲ၍ ရဟန္တာ ပုဂ္ဂိုလ်တို့ စုတိပြီးနောက် ရုပ်နာမ်ခန္ဓာ ရုန့်ကြမ်းစွာသော ကိုယ်သာ ကွယ်ပျောက်သည် အလုံးစုံ အစဉ်ပြတ်သွားသည်ဟူ၍ မဆိုသင့် မဆိုထိုက်သည်ကို ရည်တော်မူ၍ …
“ပရိနိဗ္ဗုတော ပုဂ္ဂလော ဥစ္ဆိန္နောတိ နဟေဝံ ဝတ္တဗ္ဗေ” ဟူသော ကထာဝတ္ထုပါဠိတော်ကို ဟောတော်မူသတည်း။
ထိုရဟန္တာအသျှင်တို့ စုတိပြီးနောက် ရူပဒိသင်္ခါဝိမုတ္တ အဖြစ်သို့ရောက်၍ နိဗ္ဗာန်၌ တည်နေသည့် အခါရုပ်နာမ်ခန္ဓာ ရုန့်ကြမ်းစွာသော ကိုယ်ကောင်နှင့် တက္ခတည်နေခြင်း မရှိသည်ကို ရည်တော်မူ၍ …
“ပရိနိဗ္ဗုတော ပုဂ္ဂလော သဿသောတိ န ဟေဝံ ဝတ္တဗ္ဗေ” ဟု ကထာဝတ္ထု ပါဠိတော် (၅၄) ၌ ဟောတော်မူသည်။
ဤအကြောင်းများကို ဤ၌ အကျယ်ဝိတ္ထာရ သာဓက ပါဠိ အဋ္ဌကထာ များစွာတို့နှင့်တကွ ဆို၍နေက ဉာဏ်ခြေ မရ ပညာနုလှသော ပုဂ္ဂိုလ်များတို့ နားလေး နားထွေးကြမည် စိုးသောကြောင့် လိုရင်း လက်ဝါးကြီးအုပ် မှတ်နှင့်ကြစရာ စကားပြင် သက်သက် ထုတ်ပြလိုက်သည်။
ပါဌ်အနက်တို့နှင့်တကွ သာဓကပါဠိ အဋ္ဌကထာ ဋီကာ အနု မဓု-လက်သန်းကျမ်း များစွာတို့ကို ထုတ်ဆောင်၍ အထက် ဝိတ္ထာရကထာသို့ ရောက်မှ အလွန်ကျယ်ဝန်းစွာ ဆိုဦးလတ္တံ့။ ဤ၌ ပညာရင့်ပြီး ပုဂ္ဂိုလ်ကြီးများ ယုံကြည်ဘွယ် ရှိအောင် ပါဠိ အဋ္ဌကထာ ဋီကာ - အသွယ်သွယ် ထုတ်ဆောင်၍ တကျမ်းနှင့်တကျမ်း နှီးနှော၍ တကျမ်းတည်း၌ သော်လည်း အထက်အောက် ပုဗ္ဗာပရာနုသန္ဓိနည်းတို့ဖြင့် ညှိနှိုင်းပြဆို၍နေခဲ့လျှင် ပညာငယ်သူ လူရှင်ပုဂ္ဂိုလ်တို့ နားမလည်နိုင် မမှတ်သားနိုင်ရုံမျှမက တာရှည် ကျမ်းဆုံးအောင်မျှ မနာနိုင် မကြည့်ရှုနိုင် ဖြစ်လတ္တံ့။ ၎င်းပညာငယ် ပုဂ္ဂိုလ်တို့ အလွယ်တကူ မှတ်သားစရာ လက်ဝါးကြီးအုပ် အကျဉ်းသင်္ခေပမျှ ဆိုထားခဲ့လျှင်လည်း ကျမ်းဂန် တတ်သိ ကဝိပုဂ္ဂိုလ်ကြီးကို ယုံကြည် နှစ်သက်ဘွယ် မဖြစ်လတ္တံ့။ ဤ အကြောင်းအရာ များကို ဆင်ခြင်မိသဖြင့် အကျဉ်းကြိုက် အကျယ်ကြိုက် ပုဂ္ဂိုလ်နှစ်မျိုးတို့အား ချီးမြှောက်ခြင်းငှါ ဤ “ဂမ္ဘီရာဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်း” ဝယ် “သင်္ခေပကဏ္ဍ” “ဝိတ္ထာရကဏ္ဍ” အားဖြင့် နှစ်ပါးနှစ်ပုံ ရေးသားအပ်သတည်း။
ဤကား စကားချပ်။
နိဗ္ဗာန်ရတနာ ပေါ်လာပုံ
▬▬▬▬▬▬▬▬▬
နိဗ္ဗာနမ္မိ ခန္ဓပဋိဗဒ္ဓမေဝ၊ ခန္ဓေဟိ ဝိသယီကတတ္တာ။
နိဗ္ဗာနမ္မိ၊ အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်သည်လည်း။
ခန္ဓပဋိဗဒ္ဓမေဝ၊ ပရိနိဗ္ဗာန်ပြုကြသော ရဟန္တာပုဂ္ဂိုလ်တို့၏ ခန္ဓာကိုယ်နှင့် စပ်သည်သာလျှင်တည်း။
ဝါ၊ စပ်၍ဖြစ်လာသာလျှင်တည်း။
ကသ္မာ၊ အဘယ်ကြောင့်နည်း ဟူမူကား။
တဿ၊ ထိုနိဗ္ဗာန်တရားတော်မြတ်၏။
ခန္ဓေဟိ၊ ယခု ပရိနိဗ္ဗာန် စံမည့် ပရိနိဗ္ဗန္တပုဂ္ဂိုလ်တို့သည်။
ဝိသယီကတတ္တာ၊ တည်ရာ ဖြစ်ရာကဲ့သို့ ပြုအပ်သည်အဖြစ်ကြောင့်တည်း။
ဤသို့လာသော ဝိသုဒ္ဓိမဂ်မဟာဋီကာ (ဒု-၇ဝ) အာစရိယဝါဒကို ထောက်သဖြင့်လည်း နိဗ္ဗာန် ဟူသည် ပရိနိဗ္ဗုတပုဂ္ဂိုလ် မပေါ်လာမီ အလွတ်သက်သက် ဖြစ်နေနှင့်သော မည်သည်မရှိ။ ပရိနိဗ္ဗုတ ပုဂ္ဂိုလ် ပေါ်လာမှ ထိုပုဂ္ဂိုလ်ကို အရာကဲ့သို့ပြု၍ ဖြစ်ပေါ် လာသည် ဟူသော ယခင်အောက်စကားကို ယုံကြည်သင့်လှတော့၏။ ဤ၌ စုတိပြီးနောက် ပရိနိဗ္ဗုတဂ္ဂိုလ်နှင့်သာ မုချစပ်သည်ဖြစ်လျက် စုတိဆဲ ပရိနိဗ္ဗန္တ ပုဂ္ဂိုလ်ခန္ဓာနှင့် စပ်သည်ဟု ဆိုသည်မှာ ထိုပရိနိဗ္ဗုတဂ္ဂိုလ် ခန္ဓာမငြိမ်းလျှင် ထိုနိဗ္ဗာန် မပေါ်လာ၊ ခန္ဓာငြိမ်းမှသာ ပေါ်လာသောကြောင့် ဆိုသည်ဟု မှတ်။
နိဗ္ဗာနဿ အနုပ္ပါဒေယေဝ ပုဂ္ဂလဿ နိရောဓော။
နိဗ္ဗာနသ၊ အသင်္ခတဓာတ် ပရိနိဗ္ဗာန်ပြုကြသူ ပုဂ္ဂိုလ်ဖြူတို့၏ ပုန်းအောင်းရာ တာဏ လေဏ ဖြစ်သော နိဗ္ဗာန်တရားတော်မြတ်၏။
အနုပ္ပါဒေယေဝ၊ မဖြစ်ပေါ်လာမီကပင်လျှင်။
ပုဂ္ဂလဿ၊ ရဟန္တာ ဟု ခေါ်ဆိုအပ်သော ပုဂ္ဂိုလ်ခန္ဓာ ငါးပါး၏။
နိရောဓော၊ တဖန်မဖြစ်သဖြင့် အကြွင်းမဲ့ ချုပ်ပျောက်နှင့်ရ၏။
ဤသို့လာသော ၎င်းဝိသုဒ္ဓိမဂ်မဟာဋီကာကို ထောက်သဖြင့်လည်း နိဗ္ဗာန်ဟူသည် နိဗ္ဗာန်ရမည့်သူ မပေါ်လာခင် ဖြစ်နေ တည်နေ စုဝေး၍ နေနှင့်သော မည်သည် မရှိ။ မီးပွတ်သူတို့ ပေါ်လာမှ ထင်းချောင်းနှစ်ခုကို ပွတ်တိုက်မှ မီးဖြစ်လာသကဲ့သို့ နိဗ္ဗာန်ရအောင် ကျင့်နိုင်ပြီးသူ ပေါ်လာမှ ဝါ- ရဟန္တာ ပုဂ္ဂိုလ် စုတိကျရောက်မှ ထိုအသျှင်အား စောင့်ရှောက်သောအားဖြင့် ယင်း တာဏ လေဏ သဘောရှိသော နိဗ္ဗာန်ရတနာ ဖြစ်ပေါ်လာသည် ဟု မိန့်ဆို အပ်သော ယခင် မိလိန္ဒပဥှာစကားကို အထူးအားဖြင့် ယုံကြည်သင့်လှတော့၏။
ဣမသ္မိံ ယေဝ ကဠေဝရေ ဗျာမမတ္တေ သသညိမှိ သမနကေ သဝိညာဏကေ လောကဉ္စေဝ ပညပေမိ။ လောကသမုဒယဉ္စေဝ လောကနိရောဓဉ္စ လောကနိရောဓဂါမိနိပဋိပဒဉ္စ။
ဒေဝပုတ္တ၊ လောက၏ ဆုံးရာကို မေးလျှောက်လာသော အို ရေဝတနတ်သား။
ဗျာမမတ္တေ၊ တလံမျှလောက်သော။
ဣမသ္မိံ ယေဝ ကဠေဝရေ၊ ဤ ရဟန္တာ ပုဂ္ဂိုလ်တို့၏ ခန္ဓာကိုယ်ကောင်၌ပင်လျှင်။
သသညိမှိ၊ သညာရှိတုန်း အခါကပင်လျှင်။
သမနကေ၊ ပစ္ဆိမစိတ်နောက် မရောက်သေးခင် စိတ်ရှိတုန်းအခါကပင်လျှင်။
သဝိညာဏကေ၊ ရဟန္တာတို့ ပစ္ဆိမစိတ်တိုင်အောင် ဝိညာဏ်ရှိတုန်း အခါကပင်လျှင်။
လောကဉ္စေဝ၊ လောကဟူသည်ကို၎င်း။
လောကသမုဒယဉ္စေ၊ လောက၏ ဖြစ်ကြောင်းကို၎င်း။
လောကနိရောဓဉ္စ၊ လောက၏ ချုပ်ရာ နိဗ္ဗာန် ဟူသော နိရောဓသစ္စာကို၎င်း။
လောကနိရောဓဂါမိနိပဋိပဓဉ္စ၊ လောကဟူသော ဒုက္ခ၏ ချုပ်ရာ နိရောဓသစ္စာကို ရကြောင်း အကျင့် ကောင်းကို၎င်း။
ပညပေမိ၊ ငါဘုရား ပညတ်တော်မူ၏။
ဤသို့လာသော သဂါထာဝဂ္ဂ သံယုတ်ပါဠိတော် (၆၁) စတုက္ကအင်္ဂုတ္တိုရ်ပါဠိတော် (၃၅၇) တို့ဖြင့် နိဗ္ဗာန်ဟူသော လောကနိရောဓ ဟူသည် ပရိနိဗ္ဗန္တပုဂ္ဂိုလ် ခန္ဓာဟူသော လောကကို လွှတ်၍ အလွတ်သက်သက် အခြားတပါး၌ ရှိတော့သည် မဟုတ်။ ဤပရိနိဗ္ဗန္တ ပုဂ္ဂိုလ်ခန္ဓာ ဟူသော ကဠေဝရ၌ပင်လျှင် အသက်ဝိညာဏ် ရှိတုန်း အခါ၌ပင်လျှင် ထိုပရိနိဗ္ဗုတပုဂ္ဂိုလ် ခန္ဓာငါးပါး ဟူသော လောက၏ ချုပ်ခြင်းကို၊ ဝါ- လောက၏ ချုပ်ရာ နိဗ္ဗာန်ဟူသော နိရောဓသစ္စာကို ငါဟောတော်မူသည် ဟု သဗ္ဗညုဘုရား မိန့်ကြားတော်မူသည်ကို ထောက်သဖြင့်လည်း နိဗ္ဗာန် ဟူသည် နိဗ္ဗာန်ရောက်မည့်သူတို့ မလာရောက်ခင် အလွတ်သက်သက် အခြားတပါး၌ ထိုပုဂ္ဂိုလ် ရောက်ရာ စုဝေး တည်နေနှင့်သော မည်သည် မရှိ။ စကြာရတနာ စီးနင်းမည့်သူ စကြာမင်းလောင်း ကောင်းကောင်းကြီးပေါ်မှ ထိုမင်း စီးနင်းစရာ စကြာရတနာ ဖြစ်ပေါ်လာ ရောက်လာ သကဲ့သို့ နိဗ္ဗာန်စံစားမည့်သူ ပေါ်လာမှ ယင်း နိဗ္ဗာန်ရတနာ ဖြစ်ပေါ်လာသည်။ ယင်း နိဗ္ဗာန်စံထိုက်သူ၌ ယင်းနိဗ္ဗာန် ရတနာ ဆိုက်ရောက်လာသည် ဟူသော ပိဏ္ဍတ္တာဓိပ္ပါယဖြင့်၎င်း၊ စကြာရတနာ ဆိုက်လာ ပေါ်လာအောင် စကြာမင်းလောင်း ဥပုသ်ခုနစ်ရက် သုံးသကဲ့သို့ နိဗ္ဗာန် ရတနာ ပေါ်လာအောင် နိဗ္ဗာန်ရလောက်သော ပါရမီအဆောက်အဦ ရှိပြီးသော သီလဝန္တပုဂ္ဂိုလ်တို့ အထူး အားဖြင့် ဘာဝနာကို နာနာပွါးကြရမည် ဟူသော ဗျင်္ဂျတ္တာဓိပ္ပါယဖြင့်၎င်း မြွက်တော်မူသော ၎င်း သျှင်နာဂသိန် မထေရ်မြတ်၏ မိလိန္ဒပဥှာ စကားရပ်ကို ကြပ်ကြပ် ယုံကြည်သင့်လှတော့သည်။ ဝါ-ဤ သာဝကဟော မိလိန္ဒပဥှာ စကားရပ်သည် ဤဘုရားဟော သဂါထာဝဂ္ဂသံယုတ် ပါဠိတော် စသည်တို့နှင့် ညီလျော်လှပေသည် ဟု အထူး ယုံကြည်ကြစေကုန်သတည်း။
ဤ၌ “သမနကေ သဝိညာဏကေ” ဆိုသော်လည်း အသက်ဝိညာဏ် ဟူသည် ထင်ရှားရှိမှသာ အသက်ဝိညာဏ်၏ ချုပ်ခြင်း နိရောဓ ဟူသောစကား ဖြစ်နိုင်သည်ကိုသာ ရည်၍ ဆိုသည်။ အသက် ဝိညာဏ်ရှိတုန်းကို နိဗ္ဗာန်ဟူသော လောကနိရောဓ ပေါ်လာသည် ဆိုလိုသည် မဟုတ်။ စင်စစ်မူကား ရဟန္တာပုဂ္ဂိုလ် အသက်ဝိညာဏ်ပျောက်မှ အနုပါဒိသေသ နိဗ္ဗာန်ရတနာ ဖြစ်ပေါ်လာသည်မှတ်။
ဒိဋ္ဌဓမ္မိကာ သဥပါဒိသေသာ နိဗ္ဗာနဓာတု။
အနုပါဒိသေသာ သမ္ပရာယိကာ။
သဥပါဒိသေသာ နိဗ္ဗာနဓာတု၊ ကိလေသာ ကုန်ခြင်းဟူသော သဥပါဒိသေသ နိဗ္ဗာနဓာတ်သည်။
ဒိဋ္ဌဓမ္မိကာ၊ ပရိနိဗ္ဗာန် မပြုသေးခင် ဤဘဝ၌ပင် ဖြစ်ပေါ်လာ၏။
အနုပါဒိသေသာ နိဗ္ဗာနဓာတု၊ အနုပါဒိသေသ အသင်္ခတဓာတ် နိဗ္ဗာန် ရတနာမြတ်သည်။
သမ္ပရာယိကာ၊ ရဟန္တာပုဂ္ဂိုလ် ခန္ဓာတော် ကွယ်ပြီးမှ ဖြစ်ပေါ်လာ၏။
ဤသို့လာသော ဣတိဝုတ်ပါဠိတော် (၂၂၁)
ဒိဋ္ဌဓမ္မိကာတိ ဒိဋ္ဌေယေဝ အတ္တဘာဝေ ဘဝါဝတ္တမာနာ။
သမ္ပရာယိကာတိသမ္ပရာယေ ခန္ဓဘေဒတော ပရဘာဂေ ဘဝါ။
ဒိဋ္ဌဓမ္မိကာတိ၊ ဒိဋ္ဌဓမ္မိကာ ဟူသည်ကား။
ဒိဋ္ဌေယေဝ အတ္တဘာဝေ၊ ဤရဟန္တာ ဖြစ်သော မျက်မှောက်ထင်ထင် အတ္တဘော၌ပင်လျှင်။
ဘဝါ ဝတ္တမာနာ၊ ဖြစ်ပေါ် လာသော နိဗ္ဗာနဓာတ်တည်း။
သမ္ပရာယိကာတိ၊ သမ္ပရာယိကာ ဟူသည်ကား
သမ္ပရာယေ၊မျက်မှောက် အတ္တဘောမှ တပါးဖြစ်သော။
ခန္ဓဘေဒတော၊ ရဟန္တာ ပုဂ္ဂိုလ်တို့ ခန္ဓာတော်ပျက်သည်။
ပရဘာဂေ၊ အခြားမဲ့ နောက်အဘို့၌။
ဘဝါ ဝတ္တမာနာ၊ ဖြစ်ပေါ်လာသော နိဗ္ဗာနဓာတ်တည်း။
ဤသို့ လာသော ဣတိဝုတ်အဋ္ဌကထာ (၁၅၉) များကို ထောက်သဖြင့်လည်း အသင်္ခတဓာတ် အနုပါဒိသေသ ဟူသည် ရဟန္တာပုဂ္ဂိုလ် ခန္ဓာတော် ကွယ်ပြီး နောက်မှ ဖြစ်ပေါ်လာသည် ဟူသော ရှေ့ စကားကို အထူးအားဖြင့် ယုံကြည်ကြ စေကုန်သတည်း။
နိဗ္ဗာန်ရွှေနန်း အံ့မခန်း၌ ပုဂ္ဂိုလ်များ
▬▬▬▬▬▬▬▬
ရဟန္တာပုဂ္ဂိုလ် ခန္ဓာတော် ကွယ်ပြီးနောက်မှ ယင်း နိဗ္ဗာန်ရတနာ ပေါ်လာသည် ဟူခဲ့လျှင် ယင်း နိဗ္ဗာန်ရတနာသည် အဘယ် ပုဂ္ဂိုလ်၌ ဆိုက်ရောက် လာပါသနည်း ဟူငြားအံ့၊ ထိုခန္ဓာ ကွယ်တော် မူသော ခီဏာသ၀ အသျှင်၌ပင် ဆိုက်ရောက် လာသတည်း။ ထိုခန္ဓာတော် ကွယ်ပြီးသော ရဟန္တာ အသျှင်သည်ပင် ထိုနိဗ္ဗာန် ရွှေပြည်မြတ်၌ တည်စံ နေတော်မူသတည်း။
ကာယဿ ဘေဒါ ဓမ္မဋ္ဌော၊ သင်္ချံ နောပေတိ ဝေဒဂူ။
ဝေဒဂူ၊ ရဟန္တပုဂ္ဂိုလ်သည်။
ကာယဿ၊ ကိုယ်ခန္ဓာ အတ္တဘော၏။
ဘေဒ၊ ပျက်ပြီးသည့်နောက်မှ။
ဓမ္မဋ္ဌော၊ နိဗ္ဗာန်၌ တည်နေတော်မူသည်ဖြစ်၍။
ဝါ၊ တည်နေတော်မူသောအခါဝယ်။
သင်္ချံ၊ လူ ဟူသော နတ် ဟူသော မင်းပုဏ္ဏား စသည် ဟူသော ရေတွက်ခြင်းသို့။
ဝါ၊ ရေတွက်ထိုက်သည်၏ အဖြစ်သို့။
န ဥပေတိ၊ မရောက်။
ဤသို့ လာသော သဠာယတနသံယုတ်ပါဠိတော် (၄၁၉)
ဓမ္မဋ္ဌောတိ အသေက္ခဓမ္မေသု၊ နိဗ္ဗာနေဧ၀ ဝါ ဌိတော။
ဓမ္မဋ္ဌောတိ၊ ဓမ္မဋ္ဌော-ဟူသည်ကား၊
အသေက္ခဓမ္မေသု၊ အသေက္ခပုဂ္ဂိုလ် တို့၏ တရားတို့၌။
ဝါ၊ တနည်းမုချကား။
နိဗ္ဗာနေ ဧ၀၊ နိဗ္ဗာန်၌သာလျှင်။
ဌိတော၊ တည်နေတော်မူသည်ဖြစ်၍ …
ဤသို့ လာသော သဠာယတနသံယုတ် အဋ္ဌကထာများကို ထောက်သဖြင့် ပရိနိဗ္ဗာန်ပြုသွားကြသော ဘုရား ရဟန္တာပုဂ္ဂိုလ် ဟူသမျှ၊ ပျောက်၍ ပြတ်၍ မသွား၊ ထိုနိဗ္ဗာန်သာခေါင် ဘေးမဲ့တောင်၌ သဿတလည်း မဟုတ်၊ ဥစ္ဆေဒလည်း မကျ၊ မဇ္ဈဋ္ဌာကာရ ဂမ္ဘီရသဘာဝဖြစ်၍ အမြဲတည်နေတော် မူသည်။ ထိုသို့ တည်နေတော် မူကြသည့်အခါ လူ ဟူ၍ နတ် ဟူ၍ ဒုက္ခဘောင်တွင် စာရင်း ဝင်သော ဝေါဟာရပညတ်မျိုးဖြင့် ပညတ်ခေါ်ဝေါ်ခြင်းငှါသာ မထိုက်သတည်း ဟု စင်စစ် ယုံကြည်ကြစေကုန် သတည်း။
သော အတ္ထံ ပလေတိ န ဥပေတိ သင်္ချံ။
သော၊ ထိုရဟန္တာ ဖြစ်ပြီးနောက် စုတိခြင်းသို့ ရောက်သော သူသည်။
အတ္ထံ၊ နိဗ္ဗာန်သို့။
ပလေတိ၊ ရောက်သွားလေ၏။
တဒါ၊ ထိုနိဗ္ဗာန်သို့ ရောက်၍ နေသောအခါ၌။
သော၊ ထိုနိဗ္ဗာန်သို့ ရောက်၍နေသော ရဟန္တာသည်။
သင်္ချံ၊ လူနတ် စသည် ရေတွက်ခြင်းသို့။
ဝါ၊ ဒုက္ခအိုးတွင် စာရင်းဝင်သူ နတ်လူ စသည် ခေါ်ဝေါ်ထိုက်သော အဖြစ်သို့။
န ဥပေတိ၊ မရောက်။
ဤသို့ လာသော စူဠနိသပါဠိတော် (၁၂၊ ၁၀၈) များကို ထောက်သဖြင့်လည်း နိဗ္ဗာန်ရောက်သွားကြ သူတို့ ခန္ဓာငါးဝ ဒုက္ခအိုးကြီး မရှိရုံမျှမက အလုံးစုံ ပြတ်တောက် အချည်းနှီး တုစ္ဆ အဘာဝသို့ ရောက်ကြလေတော့သည် ဟု မမှတ်ကြကုန်မူ၍ ထိုပုဂ္ဂိုလ်တို့ ထိုမိမိတို့ ရောက်ရာ နိဗ္ဗာန်ရွှေနန်း အံ့မခန်း၌သာ အမြဲတည်နေတော် မူကြရသည်။ ထိုအသင်္ခတဓာတ် နိဗ္ဗာန် ရွှေပြည်မြတ်၌ တည်နေ တော်မူကြသည့်အခါ သင်္ခတဆိုး ဒုက္ခအိုးတွင် စာရင်းဝင်ကြသည့် မနုဿ ဒေ၀ စသော ပညတ်မျိုး ဖြင့်သာ ခေါ်ဝေါ် ပညတ်ခြင်းငှါ မထိုက်။ ပညတ်အရာကို လွန်၍ နေတော်မူကြသည် ဟု ဧကန္တ မှတ်ကြကုန်။
ဤစကားမှာ အထက်၌ အကျယ်ပြလတ္တံ့ ဖြစ်သော်လည်း ဤ၌ စကား စပ်လျဉ်းသဖြင့် အကျဉ်း အမြွက်မျှ ပြလိုက်သတည်း။
ပရိနိဗ္ဗုတော ပုဂ္ဂလော ဥစ္ဆိန္နောတိ နဟေဝံ ဝတ္တဗ္ဗေ။
ပရိနိဗ္ဗုတော ပုဂ္ဂလော၊ ပရိနိဗ္ဗာန်ပြု၍ သွားသော ပုဂ္ဂိုလ်သည်။
ဥစ္ဆိန္နော၊ ခန္ဓာငါးဝ မရှိရုံမျှမက အလုံးစုံ အစဉ်သန္တာန် ပြတ်၍ ပျောက်၍ သွားလေသလော။
ဣတိ၊ ဤသို့ သကဝါဒီပုဂ္ဂိုလ်မြတ်က မေးမြန်းအပ်သည်ရှိသော်။
ဧဝံ၊ ဤသို့မူကား။
န ဝတ္တဗ္ဗေ၊ မဆိုအပ် မဆိုသင့် မဆိုထိုက်ပါပေဘုရား။
ဣတိ၊ ဤသို့ ပရဝါဒီဆရာ မနေသာ၍ ဆိုရလေ၏။
ဤသို့ လာသော ကထာဝတ္ထုပါဠိတော် (၅၄) ကို ထောက်သဖြင့်လည်း ပရိနိဗ္ဗာန် ပြု၍ စုတိကျ၍ သွားကြသူ ပုဂ္ဂိုလ် ဟူသမျှ အလုံးစုံ ကွယ်ပျောက် ပြတ်တောက် အချည်းနှီး တုစ္ဆ အဘာဝ အဖြစ်သို့ မရောက်မသွား ဟူသော အနက်ကို ဧကန္တ သိကြ မှတ်ကြကုန်။
ယင်းသို့ ပရိနိဗ္ဗာန် ပြုသွားကြသော ပုဂ္ဂိုလ်တို့ အလုံးစုံ အစဉ်ပြတ်တောက် အဘာဝ အဖြစ်သို့ မရောက်၊ နိဗ္ဗာန်၌သာ တည်ရောက်၍ နေတော်မူကြသည့်အခါ ထိုအသျှင်တို့ကို လူနတ် စသည် ဟူ၍လည်း မခေါ်ဆိုကောင်း, မခေါ်ဆိုထိုက် ဖြစ်ခဲ့သော် ယင်းသို့သော အသျှင်တို့သည် ထိုနိဗ္ဗာန်၌ အဘယ်ပုံ အဘယ်ခြင်းရာ ဖြစ်၍ နေပါသနည်း ဟူခဲ့သော် …
ရူပသင်္ခါဝိမုတ္တော ခေါ မဟာရာဇ တထာဂတော ဂမ္ဘီရော အပ္ပမေယျာ ဒုပ္ပရိယောဂါဟော သေယျထာပိ မဟာသမုဒ္ဒေါ။
မဟာရာဇ၊ ကောသလမင်းကြီး။
ရူပသင်္ခါဝိမုတ္တော၊ ရုပ်ကိုစွဲ၍ ခေါ်ဝေါ် အပ်သော လူ နတ် စသော မင်းပုဏ္ဏား စသော ပညတ်မျိုးမှ လွတ်၍နေသော။
တထာဂတော၊ နိဗ္ဗာန်၌ တည်၍နေသော ခီဏာသ၀သည်။
ဂမ္ဘီရော၊ နက်နဲ၍ နေ၏။
အပ္ပမေယျာ၊ မနှိုင်းရှည့်စကောင်း။
ဒုပ္ပရိယောဂါဟော၊ ဝေနေယျတို့ ဉာဏ်ဖြင့် မထောက်လှမ်းနိုင်။
မဟာသမုဒ္ဒါ သေယျထာပိ၊ သမုဒြာကြီးကဲ့သို့ ဖြစ်၍နေ၏။
ဤသို့ စသည်ဖြင့် လာသော သဠာယတန သံယုတ်ပါဠိတော် (၅၄၆) မြတ်အတိုင်း နိဗ္ဗာန်ရောက်၍ ထိုနိဗ္ဗာန်၌ တည်နေကြသော ရဟန္တာအသျှင်တို့ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် မရှိသဖြင့် ထိုရုပ် စသည်တို့နှင့် စပ်သော ပညတ်မျိုး ဟူသမျှမှ လွတ်၍ နေတော်မူကြရကား အဘယ်ပုံ အဘယ်ခြင်းရာတို့ဖြင့် ဖြစ်၍ နေသည်ဟု ဝေနေယျတို့ ဉာဏ်ဖြင့် မထောက်လှမ်းနိုင်အောင် လွန်စွာ နက်နဲ၍ နေတော်မူကြရသည် ဟူ၍သာ မှတ်ကြကုန်။
ရဟန္တာတို့၏ ဂတိကို ဖော်ပြပုံ
▬▬▬▬▬▬
ဂတိ မိဂါနံ ပဝနံ၊ အာကာသော ပက္ခိနံ ဂတိ။
ဝိဘဝေါ ဂတိ ဓမ္မာနံ၊ နိဗ္ဗာနံ အရဟတော ဂတိ။
ပရိဝါပါဠိတော် (၂၆၃)
သုစိရံပိ ဌတွာ ပန နိဗ္ဗာနံ အရဟတော ဂတိ ခီဏာသ၀ဿ အရဟတော အနုပါဒိသေသနိဗ္ဗာနဓာတု ဧကံသေန ဂတီတိ အတ္တော။
၎င်းပရိဝါအဋ္ဌကထာ (၁၆၃)
ပဝနံ၊ တောကြီးပိတ်ကာ မြိုင်ကြီးစွာသည်။
မိဂါနံ၊ တော၌ ပျော်ရွှင် တောသမင်ရှိ၏။
ဂတိ၊ မုဆိုးဘေး ကျားဘေးတို့မှ ကင်းဝေးချမ်းသာ ပုန်းအောင်းခိုနေရာ အရပ်တည်း။
အာကာသော၊ ကောင်းကင်သည်။
ပက္ခီနံ၊ ကောင်းကင် ပျော်မြူး သံကျူး ရင့်ညောင်း ငှက်အပေါင်းတို့၏။
ဂတိ၊ လက်နက် ထား လှံ ဘေးရန် လွတ်ကြောင်း နေရာကောင်း အရပ်တည်း။
ဝိဘဝေါ၊ ပျက်စီးခြင်းသည်။
ဓမ္မာနံ၊ ဖြစ်လျှင်ပျက်မြဲ မလွဲနိုင်သော သင်္ခါရတရား တို့၏။
ဂတိ၊ သဘောတည်း။
နိဗ္ဗာနံ၊ အနုပါဒိသေသ အသင်္ခတဓာတ် နိဗ္ဗာန်သည်။
အရဟတော၊ စုတိကျသွားသော ရဟန္တာ အသျှင်များ၏။
ဂတိ၊ မပျောက် မပျက် အမြဲရှည်မြင့်စွာ တည်ရာရောက်ရာ အရပ်တည်း။
၎င်းပါဠိတော်အနက်။
သုစိရံပိ၊ အဘယ်လောက်မဆို ထိုထို အလွန်ကြာကြီး ကြာအောင်လည်း။
ဌတွာ ပန၊ မပျက်မစီး တည်ရာဖြစ်သောကြောင့်ကား။
နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။
အရဟတော၊ ပရိနိဗ္ဗုတ ခီဏာသ၀ပုဂ္ဂိုလ်၏။
ဂတိ၊ မပျောက်မပျက် အမြဲ တည်နေရာတည်း။
အနုပါဒိသေသနိဗ္ဗာနဓာတု၊ အနုပါဒိသေသနိဗ္ဗာနဓာတ်သည်။
ခီဏာသ၀ဿ အရဟတော၊ အာသဝေါကုန်ပြီးနောက် စုတိရောက်သော ရဟန္တာပုဂ္ဂိုလ်၏။
ဂတိ၊ သင်္ခတဘေးမှ လွတ်ကြောင်း ကောင်းကောင်းကြီး ရောက်ရာတည်း၊
တနည်းကား၊
ခီဏာသ၀ဿ အရဟတော၊ နိဗ္ဗာန်ပျော်ရွှင် ရဟန္တာ အသျှင်၏။
ဧကံသေန၊ စင်စစ်အားဖြင့်။
ဂတိ၊ အမြဲတည်နေရာ အရပ်တည်း။
၎င်းအဋ္ဌကထ၁ အနက်။
နိဗ္ဗာန်နှင့် နိဗ္ဗာန်ရောက် ပုဂ္ဂိုလ်တို့ တည်ရှိနိုင်ပုံ
▬▬▬▬▬▬▬▬
ဤပရိဝါပါဠိတော် အဋ္ဌကထာတို့၌ အသင်္ခတဓာတ်နိဗ္ဗာန် ရဟန္တာ ပုဂ္ဂိုလ်များ၏ ရှည်မြင့်စွာ တည်နေရာ ဖြစ်သည်ကို မိန့်ဆိုသောစကားနှင့် “အဗ္ဘုတံ အဇာတံ ဟုတွာ အတ္ထိတိ အဗ္ဘုတံ” ဟူသော ယခင် သဠာယတနသံယုတ် အဋ္ဌကထာ စကားတို့၏ သမသမ သံသန္ဒန ထပ်တူထပ်မျှ ယင်းနိဗ္ဗာနဓာတ်၏ ထင်ရှားရှိသောအဖြစ် အဘာဝ တုစ္ဆ မဟုတ်သည်အဖြစ်ကို ပြနိုင်သော စကားတော် ချည်းပင်တည်း။
ထိုနိဗ္ဗာန်၏ ရဟန္တာပုဂ္ဂိုလ်၏ တည်ရာရောက်ရာအားဖြင့် ထင်ရှားရှိသည်ကို ပြသဖြင့်လည်း ပရိနိဗ္ဗုတ ရဟန္တာများ၏ ထိုနိဗ္ဗာန်၌ တည်နေသည်၏အဖြစ် အဘာဝ မဟုတ်သည်၏ အဖြစ် ကိုလည်း ပြတော်မူသည်သာတည်း။
တည်ရာအရပ်သည် ထင်ရှားရှိသကဲ့သို့ ထို၌တည်သူလည်း ထင်ရှား ရှိသင့်တော့သည်။ ထိုသို့ ရှိသော်လည်း လူဟူသော နတ်ဟူသော ပညတ် အားဖြင့် ထင်ရှားမရှိ။ ပညတ္တိပထကိုလွန်၍ တည်နေသည် မှတ်။
နိဗ္ဗာန်ရောက်၍ တည်နေသောအခါ လူ-နတ်-စသည် မခေါ်ထိုက်ပုံ
▬▬▬▬▬▬▬▬▬▬▬
ဤအနက်ကိုပင် ပြတော်မူလို၍ ဤဆိုလတ္တံ့သော သဠာယတနသံယုတ် ပါဠိတော် ၎င်းအဋ္ဌကထာ ၎င်းဋီကာတို့ကို မိန့်တော်မူသတည်း။
သော ဝေဒနာပရိညာယ၊ ဒိဋ္ဌေ ဓမ္မ အနာသဝေါ။
ကာယဿ ဘေဒါ ဓမ္မဋ္ဌော၊ သင်္ချံ နောပေတိ ဝေဒဂူ။
သဠာယတနသံယုတ်ပါဠိတော် (၄၁၉)
ဓမ္မဋ္ဌောတိ အသေက္ခဓမ္မေသု၊ နိဗ္ဗာနေ ဧဝ ဝါ ဋ္ဌိတော။
၎င်းအဋ္ဌကထာ
သင်္ချံ န ဥပေတီတိ ဣဓ ဒိဋ္ဌေ ဓမ္မ အနာသဝေါတိ ဣမဿ ပဒဿ ဝသေန အတ္ထံ ၀ဒန္တော။ ရတ္တော ဒုဋ္ဌောတိ သဥပါဒိသေသ နိဗ္ဗာနဝသေန သင်္ချံ န ဥပေတိ။ ဒိဋ္ဌေ ဓမ္မ အနာသဝေါ ကာယဿ ဘေဒါ ဓမ္မဋ္ဌော မနုဿောတိ ဝါ ဒေဝေါတိ ဝါ သင်္ချံ န ဥပေတီတိ အနုပါဒိသေသနိဗ္ဗာန၀သေနာပိ အတ္ထော ဝတ္တဗ္ဗော။
၎င်း သဠာယတနသံယုတ်ပါဠိတော် အဖွင့်ဋီကာ (၃၅၄)။ ၁င်္၁း။ ထောချပ်။
သော၊ ထိုနေ့ရော ညဉ့်ပါ အခါမစဲ ဘာဝနာ မြဲနိုင်သော ယောဂီပုဂ္ဂိုလ်သည်။
ဝေဒနာ၊ ကျင်နာခြင်း သဘောရှိသော ခန္ဓာငါးပါး ရုပ်နာမ်တရား အစုတို့ကို။
ပရိညာယ၊ အနိစ္စ ဒုက္ခ အနတ္တ ဟု ပိုင်းခြားထင်ထင် တကယ် မြင်သော တီရဏပရိညာ ပဟာန ပရိညာဖြင့်။
ဒိဋ္ဌေ ဓမ္မ၊ ဤမျက်မှောက် ဘဝ၌။
အနာသဝေါ၊ အာသဝေါ ကင်းစင်သည်ဖြစ်၍။
ဓမ္မဋ္ဌော၊ အသေက္ခ ပုဂ္ဂိုလ် ရဟန္တာတို့၏ အရဟတ္တဖိုလ် တရားတို့၌ တည်သည်ဖြစ်၍။
ရတ္တော ဒုဋ္ဌောတိ သင်္ချံ၊ တပ်တတ်သောသူ ပြစ်မှားတတ်သောသူဟု ရေတွက်ထိုက်သည်၏ အဖြစ်သို့။
နောပေတိ၊ မရောက်။
ကာယဿ၊ ကိုယ်ခန္ဓာ၏။
ဘေဒါ၊ ပျက်သည်မှနောက် အခြားမဲ့၌၊
ဓမ္မဋ္ဌော၊ နိဗ္ဗာန်၌ တည်နေသည်ရှိသော်။
သင်္ချံ၊ လူဟူသော, နှတ်ဟူသော ရေတွက်ခြင်းသို့။
ဝါ၊ရေတွက်ထိုက်သည်၏ အဖြစ်သို့။
နာပေတိ၊ မရောက်။
ယခင် သဠာယတနသံယုတ်အဋ္ဌကထာ ဋီကာတို့နှင့် လျော်စွာ ၎င်းသဠာယတနသံယုတ်ပါဠိတော်၏ အတ္ထယောဇနာ။
ဤပါဠိတော် အဋ္ဌကထာ ဋီကာ တို့၌ ရဟန္တာပုဂ္ဂိုလ် စုတိပြီးနောက် နိဗ္ဗာန်၌ တည်ရောက်၍ နေသည့်အခါ လူဟူသော နတ်ဟူသော ရေတွက်ခြင်း မရောက်ပြီဟူသော စကားဖြင့်လည်း နိဗ္ဗာန် ရောက်သူတို့ အလုံးစုံ ပျောက်၍ပြတ်၍ တုစ္ဆ အဘာဝ ဖြစ်သွားသည်မဟုတ် ဟု ဧကန် သိကြရာ၏။ “ကာယဿ ဘေဒါ ဓမ္မဋ္ဌော၊ အဘာဝမေဝဂစ္ဆတိ” ဟု မဆို။” သင်္ချံ န ဥပေတိ” ဟူ၍သာ ဆိုသော ကြောင့်တည်း။
သဠာယတန သံယုတ်ပါဠိတော် အဋ္ဌကထာ ဋီကာ စကား တို့သည်လည်း …
သော အတ္ထံ ပလေတိ န ဥပေတိ သင်္ချံ။
သော၊ ထိုစုတိ ရောက်သွားသော ရဟန္တာ ပုဂ္ဂိုလ်သည်။
အတ္ထံ၊ အနုပါဒိသေသ အသင်္ခတဓာတ်နိဗ္ဗာန်သို့။
ပလေတိ၊ ရောက်သွားလေ၏။
ဝါ၊ ရောက်သွားသော အခါဝယ် (ဓာတ်နာမ်။)
သင်္ချံ၊ လူနတ် စသည် မင်းပုဏ္ဏားစသည်ဖြင့် ရေတွက် ထိုက်သည်၏ အဖြစ်သို့။
န ဥပေတိ၊ မရောက်။
ဤသို့လာသော စူဠနိဒ္ဒေသပါဠိတော်(၁၂၊ ၁၀၈)
ဤသို့ပြဆိုအပ်ခဲ့ပြီးသော ပါဠိတော်များစွာ အဋ္ဌကထာတို့ကို ထောက်သဖြင့် နိဗ္ဗာန်ရောက်သွားသူ ပရိနိဗ္ဗုတ အသျှင်တို့ အလုံးစုံ ပြတ်တောက် ဥစ္ဆိန္ဒအဖြစ်သို့ မရောက်သွားသည်၏ အဖြစ် ထို ပရိနိဗ္ဗုတ အသျှင်တို့ မိမိတို့ အသီးအသီး ရောက်ကြရာ နိဗ္ဗုတာ၌သာ မအိုမသေ အမြဲတည် နေကြသည်၏ အဖြစ်ကို စင်စစ် ယုံကြည်အပ်၏။
နိဗ္ဗာနံ တဿ ဥပါယဘူတာ ဝိပဿနာ တဒုပါယဘူတာ ပဗ္ဗဇ္ဇာတိ တိဝိဓံပိ နိက္ခမံ။
နိဗ္ဗာနံ၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း နိဗ္ဗာန်သည်၎င်း။
တဿ၊ ထိုနိဗ္ဗာန်၏။
ဥပါယဘူတာ၊ အကြောင်းဖြစ်သော။
ဝိပဿနာ စ၊ကိလေသာမှ ထွက်မြောက်ကြောင်း ဝိပသနာဇောသည်၎င်း။
တဒုပါယဘူတာ၊ ထိုဝိပဿနာဇော၏ အကြောင်းဖြစ်၍ဖြစ်သော။
ပဗ္ဗဇ္ဇာ စ၊ ရဟန်း အဖြစ်သည်၎င်း။
ဝါ၊ ရဟန်းအဖြစ်တည်း ဟူသော သဒ္ဓါ ပညာ ဝီရိယတရားသည်၎င်း။
ဣတိ၊ ဤသို့။
တိဝိဓံ၊ သုံးပါး အပြားရှိသော။
နိက္ခမံ၊ နိက္ခမကို။
ဝေဒိတဗ္ဗံ၊ သိအပ်၏။
ဤသို့လာသော စရိယာပိဋကအဋ္ဌကထာ (၁၃၁) နှင့် အညီ နိက္ခမ သုံးပါးတို့တွင် ဝိပဿနာနိက္ခမ ပဗ္ဗဇ္ဇာနိက္ခမ ဟူသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသကဲ့သို့ နိဗ္ဗာနနိက္ခမ၏လည်း နိက္ခမချင်း အတူတူဖြစ်၍ ပရမတ္ထအားဖြင့် ထင်ရှားရှိသည် အဖြစ်ကို၎င်း ဝိပဿနာနိက္ခမ ပဗ္ဗဇ္ဇာနိက္ခမ တို့သည် ဝိပဿနာစီးဖြန်း သူ ရဟန်း ပြုသူတို့၌ ထင်ရှားရှိသကဲ့သို့ နိဗ္ဗာန်ဟူသော နိက္ခမဟူသည်လည်း နိဗ္ဗာန်ရသူ ပရိနိဗ္ဗုတပုဂ္ဂိုလ်၌ ဝါ- ပုဂ္ဂိုလ်၏ တည်ရာဖြစ်၍ ထင်ရှားရှိသည်၏ အဖြစ်ကို ကောင်းစွာ စင်စစ် ယုံကြည်ကြအပ်၏။
နိဗ္ဗာန်ဂုဏ်ကျေးဇူးများကို အကျဉ်းပြပုံ
▬▬▬▬▬▬
ယခုအခါ ယင်းနိဗ္ဗာန်၏ ဂုဏ်ကျေးဇူးကို အထူးသိကြ ကြည်ညိုကြစေခြင်းငှါ ထိုထို ပါဠိတော် အဋ္ဌကထာတို့မှ လာသော နိဗ္ဗာန် ဂုဏ်ကျေးဇူး များစွာတို့တွင် ဧကဒေသဂုဏ်ကျေးဇူးများကို အကျဉ်းသင်္ခေပ အမြွက်မျှ ထုတ်ပြလတ္တံ့။
(က) အသင်္ခတံ အနတံ အနာသဝံ၊ သစ္စဉ္စ ပါရံ နိပုဏံ သု ဒုဒ္ဒသံ။
အဇဇ္ဇရန္တံ ဓုဝံ အပလောကိနံ၊ အနိဒဿနံ နိပ္ပပဉ္စံ သန္တံ။
(ခ) အမတံ ပဏီတံ သိဝဉ္စ ခေမံ၊ တဏှက္ခယော အစ္ဆရိယံ အတ္ထုတံ။
အနီတိကံ အနီတိကဓမ္မံ၊ နိဗ္ဗာနမေတံ သုဂတေန ဒေသိတံ။
(ဂ) အဗျာပဇ္ဇော ဝိရာဂေါ စ၊ သုဒ္ဓိ မုတ္တိ အနာလယံ။
ဒီပံ လေဏဉ္စ တာဏဉ္စ၊ သရဏဉ္စ ပရာယဏန္တိ။
သဠာယတနသံယုတ်ပါဠိတော်(၅၄၃) -ချပ်။
၎င်းအဋ္ဌကထာပါဌ်
▬▬▬▬▬▬▬
(က) အနတန္တိ အာဒီသု တဏှာနတိယာ အဘာဝေန အနတံ။ စတုန္နံ အာသဝါနံ အဘာဝေန အနာသဝံ။ ပရမတ္ထသစ္စတာယ သစ္စံ။ ၀ဋ္ဋဿ ပရဘာဂဋ္ဌေန ပါရံ။ သဏှဋ္ဌေန နိပုဏံ။ သုဋ္ဌု ဒုဒ္ဒသတာယ သုဒုဒ္ဒသံ။ ဇရာယ အဇရိတတ္တာ အဇဇ္ဇရံ။ ဓိရဋ္ဌေန ဓုဝံ။ အပလုဇ္ဇနတာယ အပလောကိနံ။ စက္ခုဝိညာဏေန အပဿိတဗ္ဗတ္တာ အနိဒဿနံ။ တဏှာ မာန ဒိဋ္ဌိပပဉ္စာနံ အဘာဝေန နိပ္ပပဉ္စံ။ သန္တဘာ၀ဋ္ဌေန သန္တံ။
(ခ) မရဏာဘာဝေန အမတံ။ ဥတ္တမဋ္ဌေန ပဏီတံ။ သသိရိကဋ္ဌေန သိဝံ။ နိရုပဒ္ဒဝတာယ ခေမံ။ တဏှက္ခယဿ ပစ္စယတ္တာ တဏှက္ခယံ။ ဝိမှာပနိယဋ္ဌေန အစ္ဆရိယာယိတဗ္ဗယုတ္တန္တိ အစ္ဆရိယံ။ အဘူတမေဝ ဘူတံ ဇာတံ ဟုတွာ အတ္တီတိ အဗ္ဘုတံ။ နိဒုက္ခတ္တာ အနီတိကံ။ နိဒုက္ခသဘာဝတ္တာ အနီတိကဓမ္မံ။ ဝါနာဘာဝေန နိဗ္ဗာနံ။
(ဂ) ဗျာပဇ္ဇာဘာဝေန အဗျာပဇ္ဇံ။ ဝိရာဂါဓိဂမဿ ပစ္စယတ္တာ ဝိရာဂေါ။ ပရမတ္ထသုဒ္ဓိတာယ သုဒ္ဓိ။ တီဟိ ဘဝေဟိ ဝိမုတ္တတာယ အာလယာနံ အဘာဝေန အနာလယံ။ ပတိဋ္ဌဋ္ဌေန ဒီပံ။ အလ္လိယိတဗ္ဗဋ္ဌေန လေဏံ။ တာယနဋ္ဌေန တာဏံ။ ဘယသရဏဋ္ဌေန သရဏံ၊ ဘယနာသနန္တိ အတ္ထော။ ပရံ အာယနံ ဂတိ ပတိဋ္ဌာတိ ပရာယဏံ။
သဠာယတနသံယုတ်အဋ္ဌကထာ (၁၄၉) အသင်္ခတသံယုတ်ဘွင့်။ စုချပ်။
သံယုတ်ပါဠိတော် အနက်
▬▬▬▬▬▬▬▬▬
(က) အသင်္ခတံ၊ မူလရင်းက သင်္ခတပင် ဖြစ်သော်လည်း အလွန် သိမ်မွေ့လှသဖြင့် သင်္ခတ ဟု သိကြောင်း မှတ်ကြောင်း လက္ခဏာမှ ကင်း၍နေထသော။
(“န သင်္ခတံ သင်္ခတလက္ခဏရဟိတန္တိ အသင်္ခတံ” ဟူသော သဠာယတနသံယုတ် အဋ္ဌကထာနှင့် အညီတည်း။)
အနတံ၊ ဒုက္ခစိုက်ပျိုး တဏှာ မျိုးတို့ မတိုးမညှပ် မလာနိုင်ရာလည်း ဖြစ်ထသော။
အနာသဝံ၊ ငရဲ ပြိတ္တာ ဘေးဧရာကို ခါခါဖြစ်စေတတ်သည်ဖြစ်၍ ကြောက်အပ်လှစွာ တဏှာ ဒိဋ္ဌိ စသော အာသဝေါညစ်ဆိုး တရားမျိုးတို့ မတိုက်ချိုးနိုင်ရာ ဖြစ်ထသော။
သစ္စဉ္စ၊ နိဗ္ဗာန်ဟူသော အမည်နာမ စကားသာ မဟုတ်၊ နိဗ္ဗာန်ဟူသော အမည်ရှိသည် အားလျော်စွာ ငြိမ်းဧးခြင်း ပရမတ္ထ သဘောအားဖြင့် တကယ် မှန်ကြီး မှန်သည်လည်း ဖြစ်ထသော။
ပါရံ၊ ခန္ဓာကိုယ်ဆိုး ဒုက္ခအိုး၏ ပြင်ဘက် ဝဋ်ဆင်းရဲ ရေအယဉ်မှ ထွက်မြောက်ရာ ကမ်း၀ ကမ်းထိပ်ကြီးလည်း ဖြစ်ထသော။
နိပုဏံ၊ အထည်ဒြပ် ဥပါဒ်မထင်သည်ဖြစ်၍ အလွန်သိမ်မွေ့စွာထသော။
သုဒုဒ္ဒသံ၊ ပညာဉာဏ်ဖြင့်သော်လည်း နှိုင်းချင့်ထောက်ဆ သိမြင်ရနိုင်စရာ လွန်စွာခဲယဉ်းထသော။
အဇဇ္ဇရန္တံ၊ ငြိမ်းဧးခြင်း သဘောအားဖြင့် ပေါ်လာပြီးနောက် ဘယ်လောက်ပင် ကြာသော်လည်း ဘယ်သည့်ကာလမှ ရင့်အို ပျက်စီးခြင်းလည်း မရှိနိုင်ထသော။
(ဇဇ္ဇရ-သဒ္ဒါ ဆွေးမြေ့ ရင့်အိုခြင်းအနက်၊ အန္တသဒ္ဒါ ပျက်စီးခြင်း အနက် ဟု ခွဲ၍မှတ်။)
တနည်းကား - အဇဇ္ဇရန္တံ၊ ငြိမ်းဧးခြင်း သီတိဘာဝ သဘာဝအားဖြင့် ပေါ်လာပြီးနောက် ကမ္ဘာပျက်မီး ကမ္ဘာပျက်လေကြီး ရေကြီးတို့ဖြင့်သော်လည်း ဖောက်ပြန် တုန်လှုပ်ခြင်းမရှိ ပကတိမြဲမြံစွာ တည်နေထသော၊ (အန္တပုဒ်မှာ တဗ္ဘာဝတ္ထ။)
အပလောကိနံ၊ ငြိမ်းဧးခြင်းသဘော ဖြစ်ပေါ်လာပြီးနောက် ဘယ်သည့်ကာလမှ အဘယ်တစုံ တခုကြောင့် ပျက်ဆီးခြင်း မရှိထသော။
အနိဒဿနံ၊ နတ်မျက်စိဖြင့်သော်လည်း စက္ခုဝိညာဏ်ဖြင့် မမြင်စကောင်းထသော။
နိပ္ပပဉ္စံ၊ အိုပြန်နာရ သေရဆင်းရဲ ဘောက်လဲခါခါ သံသရာကို ချဲ့ထွင်တတ်သူ တဏှာ မာန ဒိဋ္ဌိတို့ မပြုမလာ နိုင်ရာဖြစ်ထသေ၁။
သန္တံ၊ တဆယ့်တသီး မီးကြီးငြိမ်းဧးရာလည်း ဖြစ်ထသော။
(ခ) အမတံ၊ မိမိထံ တည်ရောက်လာသူ ပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့၏ မအိုမသေ အမြဲတည်စံ နေရာ ဖြစ်ထသော။
ပဏီတံ၊ မြင်ရ ရောက်ရသူတို့ မရောင့်ရဲနိုင်ဘွယ် တကယ် လွန်မြတ်တော်မူထသော။
သိဝဉ္စ၊ ကြီးမြတ်သော ဂုဏ်ကျက်သရေ ရှိတော်မူထသော။
ခေမံ၊ ဘေးခပ်သိမ်း ကုန်ငြိမ်း ကင်းဝေးရာလည်း ဖြစ်ထသော။
တဏှက္ခယော၊ ဘေးကိုပြုတတ် ကြောက်အပ်လှစွာ ခြောက်တဏှာ တို့၏ ကုန်ရာကုန်ကြောင်း လည်း ဖြစ်ထသော။
အစ္ဆရိယံ၊ ဒါန သီလ ဘာဝနာ စသော အကြောင်းတရားတို့နှင့် မကင်းသော်လည်း ယင်းအကြောင်း တရား တို့ကြောင့် ဖြစ်ပုံ သင်္ခတနိမိတ် အရိပ်မထွက် ယင်းသင်္ခတ ပုံဟန်နှင့် အလွန် ဝေးကွာ လွန်စွာ ထူးမြတ်သည်ဖြစ်၍ အလွန် အံ့ဘွယ်သရဲ အံ့အဲလောက် ဖြစ်တော်မူပေထသာ။
အဗ္ဘုတံ၊ တရံတဆစ် မဖြစ်ဘူးသေးဘဲ တခါထဲသာ ဖြစ်လာပြီးနောက် မပျောက်မပျက် အမြဲတည်နေ သည်လည်း ဖြစ်ထသော။
အနီတိကံ၊ အလုံးစုံဆင်းရဲ ဘေးဒဏ်ဟူသမျှ ဘယ်ဟာတခုမျှ မရှိထသော။
အနီတိကဓမ္မံ၊ ဆင်းရဲသော သဘောမျိုးမှ ဆန့်ကျင်ဘက်ကြီး ဖြစ်၍နေထသော။
ဧတံ-ဧတာဒိသံ၊ ဤသို့ သဘောရှိသော တရားထူး တရားမြတ်ကို။
နိဗ္ဗာနံ၊ နိဗ္ဗာန်ဟူ၍။
သုဂတေန၊ မြတ်စွာဘုရားသည်။
ဒေသိတံ၊ ဟောကြားတော်မူအပ်ပြီ။
(ဂ) သော ဓမ္မာ၊ ထိုနိဗ္ဗာန်တရားသည်။
အဗျာပဇ္ဇော စ၊ ဘေးရန် တွက်တာ ဘယ်ဟာတခု၊ ကြောင့်ကြစရာ မရှိသည်လည်း ဖြစ်၏။
ဝိရာဂေါ စ၊ ဘေးရန်ဖြစ်ကြောင်း ရာဂအပေါင်းမှ ကောင်းကောင်းကြီး ကင်းဝေးရာလည်း ဖြစ်၏။
သုဒ္ဓိ စ၊ ဘေးရန်လာဘွယ် အသွယ်သွယ်သော အညစ်အကြေးမှ ကင်းဝေး စင်ကြယ်သည်လည်း ဖြစ်၏။
မုတ္တိ စ၊ ဘေးရန်ထူထပ် ဘုံသုံးရပ်တို့မှ လှလှကြီး လွတ်ရာလည်းဖြစ်၏။
အနာလယံ၊ အလိုလို၀ အလုံးစုံ လှသဖြင့် ဘယ်ဟာတခုမျှ မတောင့်တရာလည်း ဖြစ်၏။
ဒီပံ၊ ပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့၏ ပုန်းအောင်းရာတည်ရာ ကျွန်းကြီးသဖွယ်လည်း ဖြစ်၏။
လေဏံ၊ ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၏ ဘေးမှလွတ်ကြောင်း ပုန်းအောင်း ခိုနေရာလည်း မှန်၏။
တာဏံ၊ မိမိ၌ တည်ရောက်လာသူ ပရိနိဗ္ဗုတ ပုဂ္ဂိုလ်အား ဘေးမလာ ရအောင် တကယ်စောင့်ရှောက် နိုင်သည်လည်း ဖြစ်၏။
သရဏဉ္စ၊ မိမိထံ ခိုမှီးလာသူ ပရိနိဗ္ဗုတပုဂ္ဂိုလ်၌ ဘေးမဆိုက်ရအောင် ဘေးတကာကို ကောင်းစွာ ဖျက်ဆီးတတ်သည်လည်း ဖြစ်၏။
ပရာယဏံ၊ ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၏ အလွန်အကဲ တည်နေရာ လည်းလျောင်းရာလည်း ဖြစ်၏။
ဝါ၊ဘေးကိုကြောက်သူ ပုဂ္ဂိုလ်တို့၏ တကယ်ဘေးမှ လွတ်ကြောင်း ကောင်းကောင်းကြီး လည်းလျောင်း တည်နေရာလည်း စင်စစ်မှန်၏၊
ဤကား သဒ္ဓါတရား လျင်လျား ထက်မြက်ကြသူ ပုဂ္ဂိုလ်ဖြူတို့ နှုတ်တက် အာဂုမ် ဆောင်ရွက်၍ နိဗ္ဗာန်ဂုဏ်ကို အလွန်ယုံကြည် နှစ်သက်ကြစေခြင်းငှါ ယင်းသို့ ယုံကြည်သဖြင့်လည်း ယင်းနိဗ္ဗာန်ကို မြန်မြန်ရအောင် အားထုတ်နိုင်ကြစေခြင်းငှါ ၎င်းအဋ္ဌကထကို မှီးသဖြင့် ကောင်းကောင်းကြီး ထုတ်ဆောင် ရေးသားအပ်သော ယခင် အသင်္ခတသံယုတ်ပါဠိတော် အနက်တည်း။ ဤကား နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးကို ပြဆိုသောစကား အမြွက်။
နိဗ္ဗာန်ရောက်သူတို့ ဂုဏ်ကျေးဇူး
ယခုအခါ နိဗ္ဗာန်ရောက်သွားကြသူ ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၏ ဂုဏ်ကျေးဇူးကို အမြွက်မျှ ပြဆိုလတ္တံ့။
ရူပသင်္ခါဝိမုတ္တော ခေါ မဟာရာဇ တထာဂတော ဂမ္ဘီရော အပ္ပမေယျော ဒုပ္ပရိယောဂါတော သေယျထာပိ မဟာသမုဒ္ဒေါ။ပ။ ဝေဒနာသင်္ခါဝိမုတ္တော ခေါ မဟာရာဇ တထာဂတော ဂမ္ဘီရော အပ္ပမေယျော ဒုပ္ပရိယောဂါတော သေယျထာပိ မဟာသမုဒ္ဒေါ။ သညာသင်္ခါဝိမုတ္တော ခေါ မဟာရာဇ တထာဂတော ဂမ္ဘီရော အပ္ပမေယျော ဒုပ္ပရိယောဂါတော သေယျထာပိ မဟာသမုဒ္ဒေါ။ သင်္ခါရသင်္ခါဝိမုတ္တော ခေါ မဟာရာဇ တထာဂတော ဂမ္ဘီရော အပ္ပမေယျော ဒုပ္ပရိယောဂါတော သေယျထာပိ မဟာသမုဒ္ဒေါ။ ဝိညာဏသင်္ခါဝိမုတ္တော ခေါ မဟာရာဇာ တထာဂတော ဂမ္ဘီရော အပ္ပမေယျော ဒုပ္ပရိယောဂါတော သေယျထာပိ မဟာသမုဒ္ဓေါ။
သဠာယတနသံယုတ်ပါဠိတော် (၅၄၆)
ဂမ္ဘီရောတိ
အဇ္ဈာသယဂမ္ဘီရတာယ ဂမ္ဘီရော။ ဂုဏဂမ္ဘီရတာယ စ။
၎င်းသယတနသံယုတ်အဋ္ဌကထာ (၁၅၀)
တထာဂတောတိ
ခီဏာသ၀တထာဂတံ သန္ဓာယ ပုစ္ဆတိ။
၎င်းသယတနသံယုတ်ဋီကာ (၃၈၉)
သဠာယတန ပါဠိတော် အနက်
မဟာရာဇ၊ ကောသလမင်းကြီး။
ရူပသင်္ခါဝိမုတ္တော၊ ရုပ်ကိုစွဲ၍ဖြစ်သော လူ နတ် စသော မင်းပုဏ္ဏား စသော ဘုရား ပစ္စေကဗုဒ္ဓါ စသော ပညတ်မျိုးမှ လွတ်၍ နေသော။
တထာဂတော၊ ပရိနိဗ္ဗုတ ရဟန္တာဖြစ်သော သူသည်။
ဂမ္ဘီရော၊ မိမိတည်ရောက်၍နေရာ နိဗ္ဗာန်၌ အတ္ထိ နတ္တိ စသည် မဆိုနိုင် မယူနိုင်ဘွယ် တကယ် ဒိဋ္ဌိ အဇ္ဈာသယ အရာအားဖြင့် နက်နဲခြင်း အဘယ်မျှလောက်သော သီလ သမာဓိ ပညာဂုဏ်ရှိသည် မဆိုနိုင်ဘွယ် တကယ်ဂုဏ်အားဖြင့် နက်နဲခြင်း ဟူသော နက်နဲခြင်း နှစ်ပါးတို့ဖြင့် နက်နဲ၍ နေ၏။
အပ္ပမေယျော၊ အမျိုး အနွယ် ဂတိ အားဖြင့် အဘယ်လိုတည်း ဟု မနှိုင်းယှည့်နိုင်ဘွယ်ဖြစ်၍ နေ၏၊ ဒုပ္ပရိယောဂါတော၊ ဘယ်ပုံ ဘယ်ခြင်းရာ ဘယ်လိုဟာဖြင့် ဖြစ်နေသည် ဟု မထောက်လှမ်းနိုင်ဘွယ် တကယ်ဖြစ်၍ နေ၏။
မဟာသမုဒ္ဒေါ၊ မဟာသမုဒြာ ပင်လယ်ကြီးကို။
ဒုပ္ပရိယောဂါတော သေယျထာပိ၊ ကြိုး တာ ဝါး တို့ဖြင့် မထောက်လှမ်းနိုင် သကဲ့သို့တည်း။
မဟာရာဇ၊ ကောသလမင်းကြီး။
ဝေဒနာသင်္ခါဝိမုတ္တော၊ ဝေဒနာကိုစွဲ၍ ပညတ်အပ်သော လူ နတ် မင်းပုဏ္ဏား ဘုရား ပစ္စေကဗုဒ္ဓါ စသော ပညတ်မှ လွတ်၍ နေသော။
တထာဂတော၊ ပရိနိဗ္ဗုတ ရဟန္တာသည်။
ဂမ္ဘီရော၊ အဇ္ဈာသယ အားဖြင့် နက်နဲခြင်း ဂုဏ်အားဖြင့် နက်နဲခြင်းတို့ဖြင့် နက်နဲ၍နေ၏။
အပ္ပမေယျော၊ အမျိုး အနွယ် ဂတိအားဖြင့် ဤသူလိုတည်း ဟု မနှိုင်းရှည့်နိုင်ဘွယ် ဖြစ်၍နေ၏။ ဒုပ္ပရိယောဂါတော၊ ဤသည့်ခြင်းရာ ဤလိုဟာတည်း ဟု ထောက်လှမ်းနိုင်ခြင်းငှါ လွန်စွာခဲယဉ်း၏။
မဟာသမုဒ္ဒေါ သေယျထာပိ၊ သမုဒြာကြီးကို ကြိုး တာ ဝါးဖြင့် မထောက်လှမ်းနိုင်သကဲ့သို့ ဖြစ်၍ နေ၏။
(အကြွင်းပါဌ်တို့ကား အနက်နည်းတူ)
ဤကား နိဗ္ဗာန်၌ တည်ရောက်၍ နေကြသော ပရိနိဗ္ဗုတ အသျှင်များ၏ အလုံးစုံ ကွယ်ပျောက် ပြတ်တောက်သွားသော အဘာဝမဟုတ်။ ထိုမိမိတို့ တည်ရောက်ရာ နိဗ္ဗာန်၌ အပ္ပမေယျ ဂုဏ် ဝိသေသ တို့ဖြင့် မပျောက်မပျက် ချမ်းမြေ့သာယာ ဂမ္ဘီရဖြစ်၍ တည်စံနေကြရသည်ကို ဘုရားသျှင် ကိုယ်တော်တိုင် ဟောပြတော်မူသော သဠာယတနသံယုတ် ပါဠိတော် ပါဌ်အနက်တည်း။
ဝဋ်ဆင်းရဲမှ ထွက်မြောက်လိုကြသူ ပုဂ္ဂိုလ်ဖြူတို့ ဤ ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၏ ဂုဏ်ကျေးဇူးကို ချီးကျူး ပြဆိုတော်မူသော ဤသဠာယတနသံယုတ် ပါဠိအနက်ကို နှုတ်တက်အာဂုမ် ပြုသင့်လှ၏။ ပြုကြပါ စေကုန်သတည်း။
ဤပါဌ်များသည်လည်း ဤ၌ “သင်္ခေပကထာကဏ္ဍ” ဖြစ်သည်နှင့် လျော်စွာ ဉာဏ်နုသူတို့ အလွယ်တကူ ဆောင်ယူနိုင်ကြစရာ လိုရင်း အကျဉ်းမျှသာတည်း။ အကျယ်နှင့်တကွ အလိုရှိသူတို့မှာ အထက်ဝိတ္ထာရကထာမှ ယူကြကုန်။
၎င်းအဋ္ဌကထာအနက်
ဂမ္ဘီရောတိ၊ နက်နဲသည် ဟူရာ၌။
အာသယဂမ္ဘီရကာယ စ၊ ဒိဋ္ဌိအဇ္ဈာသယ အရာ လွန်စွာနက်နဲသော အဖြစ်ဖြင့်၎င်း။
ဂုဏဂမ္ဘီရကာယ စ၊ သီလ သမာဓိ ဂုဏ်အားဖြင့် ဤသူလိုတည်း ဟု မဆိုနိုင်အောင် ဂုဏ်၏အရာ လွန်စွာ နက်နဲသည်၏အဖြစ်ဖြင့်၎င်း။
ဂမ္ဘီရော၊ နက်နဲ၏။ (ယခင် အဋ္ဌကထာအနက်။)
တထာဂတောတိ၊ တထာဂတ-ဟူရာ၌။
ခီဏာသဂတထာဂတံ၊ ရဟန္တာ သတ္တဝါကို၊
သန္ဓာယ၊ ရည်၍။
ပုစ္ဆတိ၊ ကောသလမင်းကြီး မေး၏။ (၎င်းဋီကာ အနက်။)
ဤသို့သော ပါဠိတော် အဋ္ဌကထာ ဋီကာတို့နှင့်အညီ နိဗ္ဗာန်ရောက်သွား ကြသူ ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၏ အလုံးစုံပြတ်တောက် ပျောက်ပျက်၍ မသွား၊ မိမိတို့ တည်ရောက်ရာ နိဗ္ဗုတာ အရပ်၌ အဘယ်မျှ လောက် ဂုဏ်တို့နှင့်ပြည့်စုံ၍ အဘယ်ပုံ အခြင်းအရာဖြင့် ထူးကဲဆန်းကြယ်စွာ ဖြစ်နေကြသည် ဟု ဝေနေယျတို့ ဉာဏ်ဖြင့် မထောက်လှမ်းနိုင်ဘွယ် မဟာသမုဒြာကြီးကဲ့သို့ တကယ်နက်နဲ ကြီးကျယ်စွာ မအိုမသေ အမြဲချမ်းမြေ့သာယာ ငြိမ်းဧးစွာ တည်နေကြရသည် ဟု ဧကန္တ မှတ်ကြကုန်။
နိဗ္ဗာနသုခ၏ ဂုဏ်ထူးကို ပြပုံ
ယခုအခါ ယင်းနိဗ္ဗာနသုခ၏ ဂုဏ်ဝိသေသကို အမြွက်မျှ ပြဆိုလတ္တံ့။
ဒွေမာနိ ဘိက္ခဝေ သုခါနိ။ ကတမာနိ ဒွေ။ ဥပဓိသုခဉ္စ နိရုပဓိသုခဉ္စ၊ ဣမာနိ ခေါ ဘိက္ခဝေ ဒွေသုခါနိ။ ဧတဒဂ္ဂံ ဘိက္ခဝေ ဣမေသံ ဒွိန္နံ သုခါနံ ယဒိဒံ နိရုပဓိသုခန္တိ။
ဘိက္ခဝေ၊ ငါ၏ချစ်သား ရဟန်းများတို့။
သုခါနိ၊ ချမ်းသာခြင်းတို့သည်။
ဣမာနိ ဒွေ၊ ဤဆိုလတ္တံ့သော နှစ်ပါးတို့တည်း။
ကတမာနိ ဒွေ၊ အဘယ် နှစ်ပါးနည်း ဟူမူကား။
ဥပဓိသုခဉ္စ၊ ဒုက္ခတွေ ဝန်းအုံရာ ခန္ဓာကိုယ်ဆိုး စည်းစိမ်မျိုး အစုံ ကာမဂုဏ် ပျော်မြူး ယစ်ရူး ရခြင်းဟူသော ဥပဓိသုခ၎င်း။
နိရုပဓိသုခဉ္စ၊ ခန္ဓာကိုယ်ဆိုး ဒုက္ခအိုးပျောက်ကင်း ကာမဂုဏ်ယစ်ရူးခြင်း မရှိသဖြင့် အဘယ် တစုံတခု ဘေးမထိနိုင်ရာ နိဗ္ဗာန်ချမ်းသာဟူသော နိရုပဓိသုခ၎င်း။
ဘိက္ခဝေ၊ ချစ်သားရဟန်းများတို့။
သုခါနိ၊ ချမ်းသာတို့သည်။
ဣမာနိ ဒွေ၊ ဤနှစ်ပါးတို့ တည်း။
ဘိက္ခဝေ၊ ချစ်သားရဟန်းများတို့။
ဣမေသံ ဒွိန္နံ သုခါနံ၊ ဤကိုယ်ခန္ဓာဆိုး ဒုက္ခအိုးနှင့်တကွ ခံစားရသော သုခ ခန္ဓာကိုယ်ကောင် ဒုက္ခဘောင်မှ လွတ်သော သုခအားဖြင့် သုခနှစ်ဝတို့တွင်။
ယဒိဒံ-ယံ ဣဒံ နိရုပဓိသုခံ၊ အကြင်ခန္ဓာကိုယ်ဆိုး ဒုက္ခအိုး မထိနိုင်သော နိဗ္ဗာနသုခသည်။
အတ္ထိ၊ ရှိ၏။
ဧတဒေဝ၊ ဤခန္ဓာကိုယ်ဆိုး ဒုက္ခအိုး မထိနိုင်ရာ နိဗ္ဗာန်ချမ်းသာ သည်သာလျှင်။
အဂ္ဂံ၊ ခေါင်ကကြူး၍ အထူး လွန်မြတ်လှတော့၏။
ဤသို့လာသော ဒုကအင်္ဂုတ္တရပါဠိ (၇၉) ကို ထောက်သဖြင့် ငါးပါးကာမဂုဏ် အာရုံခြောက်ပါး လိုက်စား ပျော်မြူး ယစ်ရူးရသော ခန္ဓာကိုယ်ဆိုး ဒုက္ခအိုးကြီး ဘိစီးနှိပ်စက်ရာ လောကီချမ်းသာ ဟူသမျှတို့ထက် ဆတက်ထောင်ရာမက လွန်မြတ်လှသော နိရုပဓိနိဗ္ဗာနသုခ၏ အလွန်ချမ်းသာလှသည်၏အဖြစ် ယင်းသို့ စင်လောက်ချမ်းသာရာ နိရုပဓိသုခ ဟူသော နိဗ္ဗာန်ချမ်းသာကိုသာ လွန်စွာ လိုလား တောင့်တအပ်သည် အဖြစ်ကို သနစ်သနာ နှင့်တကွ များများကြီး သတိရှိအပ်လှတော့၏။ သတိရှိကြစေကုန်သတည်း။
ဤသို့ ခန္ဓာကိုယ် အတ္တဘော ဥပဓိ ကာမဂုဏ်စည်းစိမ် ဥပဓိဖြင့် ပျော်မြူး ယင်ရူးရခြင်း မရှိဘဲလျက် ယင်းနိဗ္ဗာန်ချမ်းသာ၏ အလွန်ချမ်းသာသည်၏ အဖြစ်ကို ဥပမာ သာဓကဆိုသော် ပွဲလမ်းသဘင် ကြည့်ရှုရတုန်း အခါထက် ကောင်းမြတ်သော အိပ်ရာထက်ဝယ် ချမ်းသာစွာ အိပ်စက်ပျော်မွေ့၍ နေရသော ချမ်းသာ၏ လွန်စွာချမ်းသာသည့် အဖြစ်ကို၎င်း ဘောဇဉ်ခဲဘွယ် စားသောက်ရဆဲအခါ စားရ ဝါးရ အားထုတ်ရသော ဆင်းရဲနှင့် ရောသော ချမ်းသာထက် စားသောက်၍အပြီး ဝကြီးဝ၍ အိပ်မွေ့ရာထက် မှိန်းစက်၍ နေရသော ချမ်းသာ၏ လွန်စွာချမ်းသာသည်၏ အဖြစ်ကို၎င်း စိတ် စေတသိက် စိတ္တဇရုပ် မရှိသဖြင့် မိမိချမ်းသာသည်ကိုပင် ချမ်းသာမှန်း မသိအောင် တချမ်းသာထဲ ချမ်းသာ၍နေသော နိရောဓသမာပတ္တိသုခကို၎င်း ထောက်သဖြင့် ဥပဓိရှိသော ချမ်းသာ ထက် ဥပဓိမရှိသော ချမ်းသာ၏ လွန်စွာ ချမ်းသာသည်၏ အဖြစ်ကို ဧကန္တ ယုံကြည်ကြစေကုန် သတည်း။
ဤကား နိဗ္ဗာနသုခ၏ ပဏီတတရ၏အဖြစ်ကို အမြွက်မျှ ပြဆိုအပ်သော စကားရပ်တည်း။
နိဗ္ဗာန်၏ အသင်္ခတ
စသည့်အရာကို ပြဆိုပုံ
ယခုအခါ ထိုထိုကျမ်းဂန်၌ ယင်းနိဗ္ဗာန်၏ အသင်္ခတ အပစ္စယ အဘူတ အဇာတ-ဆိုသော အရာကို အမြွက်မျှ ဆုံးဖြတ် ပြဆိုဦးလတ္တံ့။
ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာပါဌ်
သင်္ခတဿ သင်္ခတမိကိလက္ခဏဉ္စ။ အသင်္ခတဿ အသင်္ခတမိတိ လက္ခဏဉ္စ။ သင်္ခတံ ပန န လက္ခဏံ။ လက္ခဏံ နသင်္ခတံ။ န စ သင်္ခတံ ဝိနာ လက္ခဏံ ပညပေတုံ သက္ကာ။ နာပိ လက္ခဏံ ဝိနာ သင်္ခတံ။ လက္ခဏေနပန ပါကဋံ ဟောတိ။
၎င်းအနက်
သင်္ခတဿ၊ သင်္ခတ တရားအား။
သင်္ခတမိတိ၊ သင်္ခတတရား ဟူ၍။
လက္ခဏဉ္စ၊ မှတ်ကြောင်းသည်လည်း။
ဟောတိ၊ ဖြစ်၏။
အသင်္ခတဿ၊ အသင်္ခတ တရားအား။
အသင်္ခတမိတိ၊ အသင်္ခတ ဟူ၍။
လက္ခဏဉ္စ၊ မှတ်ကြောင်းသည်လည်း။
ဟောတိ၊ ဖြစ်၏။
သင်္ခတံပန၊ သင်္ခတသည်ကား။
န လက္ခဏံ၊ လက္ခဏာ မဟုတ်။
လက္ခဏံ၊ လက္ခဏာ သည်လည်း။
န သင်္ခတံ၊ သင်္ခတ မဟုတ်။
သင်္ခတံ၊ သင်္ခတကို။
ဝိနာ၊ ကြဉ်၍။
လက္ခဏံ၊ လက္ခဏာကို။
ပညပေတုံ၊ ပညတ်ခြင်းငှါ။
န သက္ကာ၊ မတတ်ကောင်း။
လက္ခဏံ၊ လက္ခဏာကို။
ဝိနာ၊ ကြဉ်၍။
သင်္ခတံအပိ၊ သင်္ခတကိုလည်း။
ပညပေတုံ၊ ပညတ်ခြင်းငှါ။
န သက္ကာ၊ မတတ်ကောင်း။
ပန၊ စင်စစ်သော်ကား။
လက္ခဏေန၊ လက္ခဏာဖြင့်။
သင်္ခတံ၊ သင်္ခတတရားသည်။
ပါကဋံ၊ ထင်ရှားသည်။
ဟောတိ၊ ဖြစ်၏။
ဤသို့လာသော ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ (ဒု-၁၉၉) ကို ထောက်သဖြင့် “န သင်္ခတံ သင်္ခတလက္ခဏရဟိတန္တိ အသင်္ခတံ” ဟူသော သဠာယတနသံယုတ် အဋ္ဌကထာ၌ “သင်္ခတံ သင်္ခတလက္ခဏရဟိတံ၊ ဒါန သီလ - စသော မူလအကြောင်းရင်းနှင့် မကင်းသဖြင့် သင်္ခတပင် ဆိုရန် ရှိသော်လည်း အလွန်သိမ်မွေ့သဖြင့် သင်္ခတဟု သိရ မှတ်ရကြောင်း လက္ခဏာမှ ကင်း၍ နေသည်တည်း။ ဣတိ၊ ထိုကြောင့်။ အသင်္ခတံ၊ အသင်္ခတ မည်၏။
ဤသို့သော အနက်ကိုသာ ယုံကြည်စွာ မှတ်ကြအပ်၏။
“သဘာဝေါ ဝါ သာမညံ ဝါ လက္ခဏံ” ဟု လာသော အရာတပါးကို ထောက်၍ “သင်္ခတလက္ခဏရဟိတံ၊ သင်္ခတ သဘောမှ ကင်းသော” ဟူ၍ အနက်တပါး မယောင်မှားမိစေအပ်။ “သင်္ခတံ ပန န လက္ခဏံ” ဟု သင်္ခတနှင့် လက္ခဏ၏ အရတူ ကမ္မဓာရည်း မဖြစ်နိုင်သည်ကို ဆိုသော ၎င်း အဋ္ဌကထာကို နာနာထောက်။
ထွီကြောင့် နိဗ္ဗာန်ကို အသင်္ခတ ဆိုရာ၌ သင်္ခတလုံးလုံးကြီး မဟုတ်၍ အသင်္ခတ ဆိုသည်မဟုတ်၊ သင်္ခတ အကြောင်းရင်းနှင့် မကင်းဖြစ်လာသော်လည်း အလွန် သိမ်မွေ့သဖြင့် သင်္ခတနိမိတ် မထွက်မပေါ် သင်္ခတဟု သိရကြောင်း လက္ခဏာ မထင်ရှားသောကြောင့်သာ အသင်္ခတ ဆိုသည် ဟု သိကြကုန်။
အပ္ပစ္စယနိဗ္ဗာန် မည်ပုံ
ဤကိုထောက်သဖြင့် “အပ္ပစ္စယနိဗ္ဗာနံ” ဟူသည်၌လည်း အကြောင်းမရှိသော နိဗ္ဗာန် ဟု မဆိုလို၊ အကြောင်းရှိလျက် အကြောင်းရှိပုံကို သိကြောင်း လက္ခဏာ မထင်ရှား အလွန်အားဖြင့် သိမ်မွေ့ နက်နဲ ထူးကွဲ၍နေသော နိဗ္ဗာန် ဆိုလိုသည်ဟုမှတ်၊ တမာပင်အခွကြားမှ ပေါက်ရောက်လာသော သဇင်ပန်းသည် တမာပင် အကြောင်းရင်းခံကြောင့် ဖြစ်လာသည် မှန်သော်လည်း ယင်းတမာပင်နှင့် အဆင်း အနံ့ အရသာ ပုံပန်း အလွန်ကွာလှမ်း၍ နေသောကြောင့် ဤသဇင်ပန်းသည် တမာပင်မှ ပေါက်သည်၊ တမာပင်ကြောင့်ပင် ဖြစ်လာသည်၊ တမာပင်ကို စွဲ၍ ဖြစ်ပေါ်လာသည် ဟု မဆို နိုင်အောင် အကြောင်းပုံနှင့် အကျိုးပုံ အခြင်းအရာ လွန်စွာ ကွာဝေး၍ နေသကဲ့သို့ ဒါန သီလ ဘာဝနာ ပါရမီ အကြောင်းပစ္စည်းတို့ကြောင့် ယင်းနိဗ္ဗာန် ဖြစ်ပေါ်လာရင်း မှန်သော်လည်း ထိုအကြောင်းတို့ကြောင့် ဖြစ်ပေါ်လာသည် ဟု မဆိုနိုင်အောင် အကြောင်းနှင့် အကျိုးနေပုံ ဂုဏ်သကတ် လက္ခဏာ လွန်စွာကွာဝေးသောကြောင့် ယင်းနိဗ္ဗာန်သည် ယင်းအကြောင်းတို့ကြောင့် ဖြစ်သည် ဟု မဆိုရဲနိုင် စာမစွဲနိုင် ဆင်ခြေမလဲနိုင်ပေရကား ယင်းနိဗ္ဗာန်ကို အပ္ပစ္စယနိဗ္ဗာန် ဆိုရ သည်မှတ်။
နိဗ္ဗာန်ဖြစ်ပေါ်လာပုံ
နိဗ္ဗာနံ ဟိ ဥပ္ပါဒရဟိတံ၊ တံ ဇာတံ နာမ န ဟောတိ။ ဇာတိဇရာမရဏာနိ ဥပ္ပါဒရဟိတာနိ ဇာတီနာမ န ဟောန္တိ၊ တေနေဝေတ္ထ ဇာတာ ဇာတိ သဘာဝေန သုညံ။ ဇာတံ ဇရာမရဏံ သဘာဝေန သုညံ။
ယဒိ ဥပ္ပါဒရဟိတဿာပိ ဇာတန္တိ ဝစနံ ယုဇ္ဇေယျ။ တထာ ဇာတိ ဇရာမရဏန္တိ ၀တ္ထဗ္ဗံ ဘဝေယျ။ ယသ္မာ ဥပ္ပါဒရဟိတေသု ဇာတိ ဇရာမရဏေသု ဇာတန္တိ ဝစနံ န ဝုတ္တံ။ တသ္မာ တေသု သဘာဝေန သုညံ။
ဥပ္ပါဒရဟိတံ၊ ဥပါဒ်ကင်းသော။
ယံ နိဗ္ဗာနံ၊ အကြင်နိဗ္ဗာန်သည်။
အတ္ထိ၊ ရှိ၏။
တံ၊ ထိုနိဗ္ဗာန်သည်။
ဇာတမ္ပိ၊ ဖြစ်ပေါ်လာသော်လည်း (ထည့်။)
ဇာတံ နာမ၊ ဖြစ်သည်မည်သည်။
န ဟောတိ၊ မဖြစ်။
ဇာတိဇရာမရဏာနိ၊ ဇာတိရုပ် ဇရာရုပ် မရဏရုပ် တို့သည်။
ဇာတိပိ-ဇာတာနိပိ၊ မိမိတို့သဘောအားဖြင့် ဖြစ်ပေါ် လာကုန်သော်လည်း
ဇာတီနာမ၊ ဖြစ်သည် မည်ကုန်သည်။
န ဟောန္တိ၊ မဖြစ်ကုန်။
တေနေဝ၊ ထိုကြောင့်သာလျှင်
ဧတ္ထ၊ ဤသုံးပါးတို့တွင်
ဇာတိ၊ ဇာတိရုပ်သည်။
ဇာတာပိ၊ ဖြစ်သော်လည်း
သဘာဝေန၊ မိမိ၏ဥပါဒ်အားဖြင့် ဖြစ်ခြင်းလက္ခဏာမှ။
သုည၊ ဆိတ်၏။
ဇရာမရဏံ၊ ဇရာရုပ် မရဏရုပ်သည်။
ဇာတံ-ဇာတံပိ၊ ဖြစ်ပေါ်လာသော်လည်း။
သဘာဝေန၊ မိမိတို့၏ ဥပါဒ်အား ဖြင့် ဖြစ်ခြင်းလက္ခဏာမှ
သုညံ၊ ဆိတ်၏။
ဣတိ၊ ဤသို့ မှတ်အပ်၏။
ယဒိ၊ အကယ်၍။
ဥပ္ပါဒရဟိတဿာပိ၊ ဥပါဒ်ကင်းသော တရား၏လည်း။
ဇာတန္တိ ဝစနံ၊ ဇာတံ-ဟူသော စကားသည်။
ဝါ၊ တကယ်အားဖြင့် ဖြစ်၏ဟု ဆိုခြင်းသည်။
ယုဇ္ဇေယျ၊ သင့်ငြားအံ့။
တထာ၊ ထိုသို့ သင့်ခဲ့သည်ရှိသော်။
ဇာတိ၊ ဇာတိရုပ်သည်။
ဇာတာ၊ ဖြစ်ခဲ့လျှင်။
ဇရာမရဏန္တိ၊ ဇရာ မရဏ-ဟူ၍။
၀တ္ထဗ္ဗံ၊ ဆိုအပ်သည်။
ဘဝေယျ၊ ဖြစ်ခဲ့ရာ၏၊
ယာ၊ အကြင့်ကြောင့်။
ဥပ္ပါဒရဟိတေသု၊ ဥပါဒ်ခြင်း ကင်းကုန်သော။
ဇာတိဇရာမရဏေသု၊ ဇာတိရုပ် ဇရာရုပ် မရဏရုပ်တို့၌။
ဇာတန္တိ ဝစနံ၊ ဇာတံ-ဟူသော စကားကို။
ဝါ၊ တကယ်စင်စစ် အားဖြင့် ဖြစ်လာသည် ဟူသော စကားကို။
န ဝုတ္တံ၊ မဆိုအပ် မဆိုထိုက်။
တသ္မာ၊ ထိုကြောင့်။
တေသု၊ ထိုဥပါဒ်ကင်းသော တရားမျိုးတို့၌။
သဘာဝေန၊ မိမိတို့ ဖြစ်ခြင်းဥပါဒ် ဟူသော သဘောလက္ခဏာမှ။
သုညံ၊ ဆိတ်၏။
ဤသို့လာသောပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ (ဒု-၂၄၅) နှင့် အညီ ဇာတိရုပ် ဇရာရုပ် မရဏရုပ် တရားတို့သည် မိမိတို့့၏ အသီးအသီး ဥပါဒ်မရှိသော်လည်း နိပ္ဖန္နရုပ်တို့၏ ဖြစ်ခြင်း ဇာတိသဘော၊ ရင့်ခြင်း ဇရာသဘော၊ ပျက်စီးခြင်း မရဏ သဘော-ဟူ၍ ပရမတ္ထအားဖြင့် ထင်ရှားပေါ်လာသကဲ့သို့ နိဗ္ဗာန်တရား သည်လည်း ဥပါဒ်ဒြဗ်ပေါ်အောင် မဖြစ်လာသော်လည်း ငြိမ်းဧးခြင်းသဘော-ဟူ၍ ပရမတ္ထအားဖြင့် ထင်ရှားဧကန် ပေါ်လာသည်သာ မှတ်အပ်၏။
ချဲ့ဦးအံ့။ မဟာဘုတ်ရုပ်စသော နိပ္ဖန္နရုပ်တို့ ဥပါဒ်အားဖြင့် ဖြစ်လာသည် ရှိသော် ထိုရုပ်တို့၏ ဖြစ်စ သဘောသည် ဇာတိရုပ်၊ ထိုရုပ်တို့၏ ရင့်ခြင်းသဘော သည် ဇရာရုပ်၊ ထိုရုပ်တို့၏ ပျက်စီးခြင်း သဘောသည် မရဏရုပ် မည်သည်။ ထိုဇာတိ ဇရာ မရဏရုပ်တို့မှာ မိမိတို့ အသီးအခြား ဥပါဒ် အားဖြင့် ဖြစ်ခြင်း ဟူသည် ရှိတော့သည် မဟုတ်သော်လည်း ထိုသုံးပါးသော ရုပ်တရားတို့၏ ဖြစ်စ သဘော, ရင့်ခြင်းသဘော, သေခြင်း ပျက်စီးခြင်း သဘော-ဟူ၍ ပရမတ္ထအားဖြင့် တပါးတမျိုးစီ ထင်ရှားပေါ်လာ သကဲ့သို့ နိဗ္ဗာန်ဟူသော ငြိမ်းခြင်း သဘော တရားသည်လည်း မိမိအသီးအခြား ဥပါဒ်ဒြဗ်အားဖြင့် ဖြစ်ခြင်း မရှိသော်လည်း ရုပ် နာမ် ခန္ဓာတို့၏ ချုပ်ခြင်းကြောင့် တဆယ့်တသီး မီးအပေါင်း တို့မှ ငြိမ်းခြင်း သဘောအားဖြင့် ထင်ရှားပေါ်လာသည် အမှန်ဟူ၍ မှတ်။
ဇာတိရုပ်-ဟူသည် မိမိအသီးအခြား ဥပါဒ်အားဖြင့် မဖြစ်သော်လည်း နိပ္ဖန္နရုပ်တို့၏ ဥပါဒ်ခဏ၌ ထိုဇာတိရုပ် ဖြစ်ပေါ်လာသည်ပင် ဖြစ်၏။ ဇရာရုပ် တရားသည်လည်း မိမိဥပါဒ်ခြင်း မရှိဘဲလျက် နိပ္ပန္နရုပ်တို့ ဌီခဏ၌ ထိုဇရာရုပ် ဖြစ်ပေါ် လာသည်ပင် ဖြစ်၏။ မရဏရုပ်သည်လည်း မိမိဥပါဒ်ခြင်း မရှိဘဲလျက် နိပ္ပန္နရုပ်တို့ ဘင်ခဏ၌ ထိုမရဏရုပ် ဖြစ်ပေါ်လာသည်ပင် ဖြစ်၏။ ယင်းနည်းအတူ ငြိမ်းခြင်းသဘော ဟူသော နိဗ္ဗာန်တရား သည်လည်း မိမိဥပါဒ်ထင်ရှား မဖြစ်ဘဲလျက် ရုပ်နာမ် ခန္ဓာ အားလုံး ချုပ်ပျောက်သည့် အဆုံး၌ ငြိမ်းဧးခြင်းသဘောတရား ဟု ထင်ရှားပေါ်လာခြင်းသည် အမှန်ပင် ဖြစ်၏။
ကမ္ဘာမီးလောင်၍ မြေဓာတ် ရေဓာတ် ကုန်ပျောက်သည့်အခါ အထက်အောက် တပြင်တည်း ဟင်းလင်း အာကာသ ဖြစ်ပေါ်လာသော်လည်း ထို ဟင်းလင်းအာကာသ၏ ရုပ် ဒြဗ် မရှိရကား ဥပါဒ်အားဖြင့် ဖြစ်လာသည် မဆိုသင့် မဆိုနိုင်။ ထိုသို့ မဆိုသင့် မဆိုနိုင်သော်လည်း ထိုဟင်းလင်း အာကာသ မဖြစ်ပေါ်လာသည်လည်း မဟုတ်၊ ဖြစ်ပေါ်လာသည်ပင် အမှန်ဖြစ်သကဲ့သို့တည်း။
ဤကား နိဗ္ဗာန်တရား၏ ဥပါဒ်အားဖြင့် မဖြစ်သော်လည်း ဥပါဒ်ကင်းလျက်ပင် သိမ်မွေ့စွာ ဖြစ်ပေါ် လာသည် အမှန်ဟူရာဝယ် ယုံကြည်ဘွယ်သော အထောက်သာဓကပါဌ် ဥပမာစကားရပ်တို့တည်း။
ဤသို့ အောက်၌ ပြဆိုအပ်ခဲ့ပြီးသော သင်္ခတဿ-စသော ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ၊ ဤကောင်းကင် ပေါ်လာပုံ ဥပမာတို့ကို အခါခါအထပ်ထပ် ကြပ်ကြပ်ကြီး နှလုံးထားမိကြလျှင် နိဗ္ဗာန်တရား၏ ဥပ္ပါဒရဟိတဖြစ်သော်လည်း ငြိမ်းဧးခြင်းသဘောအားဖြင့် ဖြစ်ပေါ်လာရမြဲ ဖြစ်သည်ဟူသော စကားအရာ ယင်းနိဗ္ဗာန်၏ အသင်္ခတ အပ္ပစ္စယ အဇာတ-ဆိုသည့်အရာ နက်နဲစွာကို သေချာစင်စစ် သဘောကျကုန်လတ္တံ့။
အသင်္ခတပုဒ် အရည်စစ် အနက် အဓိပ္ပါယ်
ပစ္စယေဟိ သမာဂန္တွာ ကတတ္တာ သင်္ခတံ။ ပစ္စယေဟိ သင်္ဂမ္မ ကတတ္တာ သိတာနိ။
ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ (ပ-၂၃၃)
ပစ္စယေဟိ၊ ဒါန သီလ-စသော အကြောင်းတရားတို့သည်။
သမာဂန္တွာ၊ ကောင်းစွာ ထိထိခိုက်ခိုက် လာရောက်ကုန်၍။
ကတတ္တာ၊ ပြုပြင်အပ်သောကြောင့်။
သင်္ခတံ၊ သင်္ခတ မည်၏။
ပစ္စယေဟိ၊ ဒါန သီလ-စသော အကြောင်း တရားတို့သည်။
သင်္ဂမ္မ၊ ထုပ်ထိလျောက်ထိ ကပ်ရောက်၍။
ကတတ္တာ၊ ပြုအပ်ကုန်သောကြောင့်။
သင်္ခတာနိ၊ သင်္ခတ မည်ကုန်၏။
၎င်းပြင် သံယုတ်အဋ္ဌကထာ စသည်လည်း နည်းတူပင်။ ဤအလိုသော် အကြောင်းတရားတို့သည် ကောင်းစွာရောက်၍ ပြုပြင်အပ်သောကြောင့် သင်္ခတ မည်သည် ဆိုသဖြင့် အကြောင်းတရားတို့သည် ကောင်းစွာရောက်၍ မပြုနိုင် သောကြောင့်သာ အသင်္ခတ ဆိုသည်။ အဝေးကြီးကနေ၍ ထောက်ပံ့ သော အကြောင်းတရားအရင်းနှင့်မူကား ယင်းနိဗ္ဗာန်ကင်း၍မဖြစ် ဆိုလိုသည်။ ဤသို့သော အရာ ကိုပင် ရည်တော်မူ၍ …
“ကာရဏေန ဝိနာ သယမေဝန ဘူတန္တိ အဘူတံ” ဟု ဒါန်းအဋ္ဌကထာ(၃၅၇) ၌ မိန့်တော်မူအပ်ပြီ။
“ယံ၊ အကြင်နိဗ္ဗာန်သည်။
ကာရဏေန၊ ဒါန သီလ-အစရှိသော အကြောင်း ပါရမီခံအရင်းနှင့်။
ဝိနာ၊ ကင်း၍။
သယမေဝ၊ မိမိဘာသာပင်လျှင်။
န ဘူတံ၊ မဖြစ်ပေါ်လာနိုင်။
ဣတိ၊ ထိုကြောင့်။
တံ၊ ထိုနိဗ္ဗာန်သည်။
အဘူတံ၊ အဘူတ မည်၏ ။
၎င်းအနက်။
အကြောင်းတရားတို့ပင် ရှိသော်လည်း ထိုအကြောင်းတရားတို့ နိဗ္ဗာန် ပေါ်လာအောင် အနီးသို့ ကပ်ရောက်၍ မပြုပြင်နိုင် မပြုပြင်အပ်၊ နိဗ္ဗာန်မပေါ်လာခင် ယင်းနိဗ္ဗာန် ပေါ်လာအောင် အဝေးကြီး ကသာလှမ်း၍ ထောက်ပံ့သော အားဖြင့် ပြုပြင်အပ်သည်ဖြစ်၍ စင်စစ် ပြုပြင်အပ်သည် မဆိုထိုက် သောကြောင့် ယင်းနိဗ္ဗာန်ကို အသင်္ခတ-ဆိုရသည်ဟူသော အရည်စစ် အဓိပ္ပါယ်ကို မှတ်အပ်၏။
အကြောင်းတရားတို့ ကပ်ရောက်၍ မပြုပြင်အပ် ဟူရာဝယ် အဓိပ္ပါယ်မှာလည်း အကြောင်းတရား တို့သည် ခန္ဓာကိုယ် ဥပဓိရှိစဉ် ရဟန္တာပုဂ္ဂိုလ်တို့ စုတိမကျခင်သာ လိုက်နိုင်သည် ရဟန္တာပုဂ္ဂိုလ် စုတိမကျခင် အသက်ထက်ဆုံး ဘုန်းကြီး ကံကြီး လာဘ်ကြီး ကျော်စောကြီးသမျှသည် ထိုရဟန္တာ ရှေးကုသိုလ်ပါရမီ ကံကြောင့်သာ ဖြစ်သည် ဟု စင်စစ် ဆိုထိုက်၏။ ရဟန္တာပုဂ္ဂိုလ် စုတိပြီး နောက်မှ ပေါ်ရောက်လာသော ထိုနိဗ္ဗာန်ကိုကား ထိုအကြောင်းတရားတို့့နှင့် အလွန်ဝေးကွာ၍ တပုံတခန်းစီ နေသဖြင့် ထိုသို့ နိဗ္ဗာန်ပေါ် ရောက်လာအောင် ထုပ်ထိလျောက်ထိလိုက်၍ မပြုပြင်နိုင်သောကြောင့် ထိုနိဗ္ဗာန်ကို အသင်္ခတ ဆိုရသည်။ ထိုသို့ ထုပ်ထိလျောက်ထိလိုက်၍ ထိုအကြောင်းတို့ မပြုပြင်နိုင် သော်လည်း ထိုအကြောင်းတို့နှင့်ကင်း၍ ထိုနိဗ္ဗာန် မဖြစ်ပေါ်လာနိုင် သောကြောင့်လည်း ထိုနိဗ္ဗာန်ကို အဘူတ-ဟူ၍လည်း ဆိုရသည် ဟု သေသေချာချာ ကွဲကွဲပြားပြားမှတ်၊ “အဘူတံ၊ အကြောင်းတရား တို့နှင့် ကင်း၍ မဖြစ်ပေါ်လာနိုင်သော နိဗ္ဗာန်” ဟု အနက်ပေး။
ရှေး “န သင်္ခတံ သင်္ခတလက္ခဏရဟိတန္တိ အသင်္ခတံ” ဟူသောနည်း၌ သင်္ခတံ-ဝယ် သံဥပသာရကို ဓာတွတ္ထာနုဝတ္တကကြံ၍ “သင်္ခတံ၊ ပြုပြင်အပ်သည်” ဟု အနက်ပေးစေလိုသည်။ ဤနောက်နည်း၌ သင်္ခတံ-ဝယ် သံဥပသာရ ၏ ဓာတွတ္ထာဝိသေသက အနက်ကို ကြံ၍ “သင်္ခတံ အကြောင်းတရားတို့ ထုပ်ထိ လျောက်ထိ ကပ်၍ ပြုပြင်အပ်သည်” ဟူသော အနက်ထူးကို ပေးစေလိုသည်။ ၎င်းသင်္ခတ-ပုဒ်နှင့် န-သဒ္ဒါစပ်၍ပြီးသော အသင်္ခတ-ပုဒ်ကို အနက်ပေးရာ၌ကား ရှေးနည်း အလိုအားဖြင့် “အသင်္ခတံ၊ အကြောင်းတရားတို့ ပြုပြင်အပ်သော်လည်း ပြုပြင်အပ်ပုံ အရိပ်နိမိတ်လက္ခဏာ မထင်မပေါ် အလွန်ထူးမြတ် သိမ်မွေ့တော်မူလှသော နိဗ္ဗာန်” ဟု ပေးစေလိုသည်။ နောက်နည်း အလိုအားဖြင့် “အသင်္ခတံ၊ အကြောင်းတရားတွေ များစွာကြောင့်ပင် ဖြစ်ပေါ်လာသော်လည်း ထို အကြောင်းတရားတို့ အနီးသို့မရောက် အဝေးကြီးက ထောက်ပံ့ သောအားဖြင့် ကျေးဇူးပြုနိုင်သည် ဖြစ်၍ ထုပ်ထိလျောက်ထိ တကယ်ကျေးဇူး မပြုနိုင် ကြီးခိုင် ထူးမြတ်လှပေသော နိဗ္ဗာန်” ဟု အနက် ပေးစေလိုသည်မှတ်။ ဤအသင်္ခတ-ပုဒ်၏ အနက်နှစ်နည်းကို အသည်းစွဲအောင် ကျက်မှတ်ကြလျှင် နိဗ္ဗာန်၏ အသင်္ခတ မည်သောအချက်၌ အချက်ကျကျ ကောင်းကောင်းကြီး နားလည်ကြကုန်လတ္တံ့၊ နားလည်ကြပါစေကုန်သတည်း။
ပရိနိဗ္ဗာနေ ဉာဏံ
အရ ရှင်းပြပုံ
ပရိနိဗ္ဗာနေ ဉာဏန္တိ အရဟတော ကာမစ္ဆန္ဒာဒီနံ ပရိနိဗ္ဗာနံ - အပ္ပဝတ္တံ အနုပါဒိသေသပရိနိဗ္ဗာနဉ္စ ပစ္စဝေက္ခန္တဿ တသ္မိံ” ကိလေသ ပရိနိဗ္ဗာနေ ခန္ဓပရိနိဗ္ဗာနေ စ ပဝတ္တံ ဉာဏံ။
ပရိနိဗ္ဗာနေ ဉာဏန္တိ၊ ဉာဏံ-ဟူသည်ကား။
အရဟတော၊ ရဟန္တာပုဂ္ဂိုလ်အား၊
ကာမစ္ဆန္ဒာဒီနံ၊ ကာမစ္ဆန္ဒ အစရှိသည်တို့၏။
ပရိနိဗ္ဗာနံ၊ ငြိမ်းခြင်းဟု ဆိုအပ်သော။
အပ္ပဝတ္တံ၊ မဖြစ်ခြင်းကို၎င်း။
အနုပါဒိသေသပရိနိဗ္ဗာနဉ္စ၊ အနုပါဒိသေသပရိနိဗ္ဗာန်ကို၎င်း၊
ပစ္စဝေက္ခန္တဿ၊ ဆင်ခြင်စဉ်။
တသ္မိံ ကိလေသပရိနိဗ္ဗာနေ စ၊ ထိုရဟန္တာပုဂ္ဂိုလ်တို့ ကိလေသာ ကုန်ခြင်းဟု ဆိုအပ်သော ကိလေသ ပရိနိဗ္ဗာန်၌၎င်း။
တသ္မိံ ခန္ဓပရိနိဗ္ဗာနေ စ၊ ထိုရဟန္တာတို့ စုတိနောက် ဖြစ်ရောက်လာသော အလုံးစုံ ဘေးခပ်သိမ်းတို့မှ ငြိမ်းခြင်းသဘော ဟူသော အနုပါဒိသေသနိဗ္ဗာန် ဟု ဆိုအပ်သော ခန္ဓပရိနိဗ္ဗာန်၌၎င်း။
ပဝတ္တံ၊ ဖြစ်သော။
ဉာဏံ၊ ဉာဏ်သည်။
ပရိနိဗ္ဗာနေ ဉာဏံ၊ ပရိနိဗ္ဗာန်၌ သိသောဉာဏ် မည်၏။
ဤသိုလာသော ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ (ပ-၃၈) နှင့်အညီ ကိလေသာကုန်ခြင်းသည် ကိလေသ ပရိနိဗ္ဗာန် မည်၏။ ရဟန္တာပုဂ္ဂိုလ် စုတိနောက် ဖြစ်ရောက် လာသော ငြိမ်းဧးခြင်းသဘော ဟူသော အနုပါဒိသေသနိဗ္ဗာန်သည် ခန္ဓပရိနိဗ္ဗာန်မည်၏ ဟူ၍၎င်း၊ နိဗ္ဗာန်နှင့် ပရိနိဗ္ဗာန်ဟူသည် အတူတူ ဟူ၍၎င်း နိဗ္ဗာန်ကို ပစ္စဝေက္ခဏာကို အာရုံပြုသည် ဟူရာ၌ ယင်းသို့သော ရဟန္တာ ပုဂ္ဂိုလ်ဖြစ်ပြီး နောက် မိမိထံ ပေါ်ရောက်လာမည့် ခန္ဓာငါးပါးဘေးမှ ငြိမ်းခြင်းသဘောဟူသော အနုပါဒိသေသ နိဗ္ဗာန်ကို လှမ်း၍ မြော်တမ်း ဆင်ခြင်နှင့်သည်ကို ဆိုသည်။ သူတပါး ရောက်နှင့်ပြီးသော သူတပါး ငြိမ်းခြင်း နိဗ္ဗာန်ကို ဆင်ခြင်သည်ကို ဆိုသည်မဟုတ် ဟူ၍၎င်း သိအပ်၏။
သင်္ခါရသီသန္တိ သဗ္ဗသင်္ခတသင်္ခါရာနံ သီသံ ကောဋိ အဝသာနန္တိ အတ္ထော။ ဧတေနု အနုပါဒိသေသပရိနိဗ္ဗာနံ ဝုတ္တံ။
သင်္ခါရသီသန္တိ၊ ဟူသည်ကား။
သဗ္ဗသင်္ခတသင်္ခါရာနံ၊ အလုံးစုံသော သင်္ခတ ဟူသော သင်္ခါရတရား ခန္ဓာငါးပါးတို့၏။
သီသံ၊ ထိပ်ဝတည်း။
ကောဋိ၊ ဂမ္ဘရာဂမ္ဘီရမဟာနိဗ္ဗုတဒီပနီကျမ်း အစွန်ဆုံးတည်း။
အဝသာနံ၊ အဆုံးတည်း။
ဣတိ-အယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
ဤသိုလာသော ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ (ပ-၂၉၂) နှင့် အညီ နိဗ္ဗာန် ဟူသည် ရဟန္တာပုဂ္ဂိုလ် စုတိခန္ဓာအခြားမဲ့၌ ထိုရဟန္တာ စုတိခန္ဓာဟူသော သင်္ခတသင်္ခါရ တို့၏ အဆုံး၌ ပေါ်ပေါက်လာသော ငြိမ်းဧးခြင်းသဘောတရား အထူး ဟု ဆိုအပ်သော အနုပါဒိသေသနိဗ္ဗာန်ကိုသာ နိဗ္ဗာန်မုချ အစစ်ဆိုအပ်သည် ဟု မှတ်ကြကုန်။
နိဗ္ဗုတ ပုဂ္ဂိုလ် အကြောင်းပြပုံ
“အတ္ထိ နိဗ္ဗုတော၊ န နိဗ္ဗုတော ပုမာ”
နိဗ္ဗုတော၊ ငြိမ်းဧးခြင်း သဘောဟူသော နိဗ္ဗာန်တရားသည်။
အတ္ထိ၊ ထင်ရှား ရှိသည်မှန်၏။
နိဗ္ဗုတော၊ ငြိမ်းခြင်းသို့ ရောက်သော။
ဝါ၊ နိဗ္ဗာန်သို့ရောက်သော။
ပုမာ၊ ပုဂ္ဂိုလ်သတ္တဝါ ဟူသည်။
န၊ မရှိ။
ဤသို့လာသော ၎င်းပဋိသမ္ဘိဒါမဂ်အဋ္ဌကထာနှင့် အညီ နိဗ္ဗာန်မူကား ထင်ရှားဧကန် ရှိ၏။ နိဗ္ဗာန် ရောက်သူ ပုဂ္ဂိုလ်သတ္တဝါဟူသည်ကား ထင်ရှား မရှိ ဟူ၍မှတ်။ ထိုနိဗ္ဗာန်ရောက်သူ ပုဂ္ဂိုလ်သတ္တဝါ ဟူသည် ထင်ရှားမရှိ ဟူသော်လည်း သတ္တဝါ၏ အဖြစ်ဖြင့်သာ ထင်ရှားမရှိသည်။ သတ္တဝါဟူသော ပညတ်ကို လွန်၍နေသော “ရူပသင်္ခါဝိမုတ္တ။ပ။ ဝိညာဏသင်္ခါဝိမုတ္တ” ပုဂ္ဂိုလ်ဖြစ်၍ ချမ်းမြေ့ သာယာ ထိုနိဗ္ဗာန်၌ တည်ရောက်၍နေသော ပရိနိဗ္ဗုတပုဂ္ဂိုလ် မူကားမရှိ ဟူ၍ မဆိုသင့်။ ဆိုလျှင် ဥစ္ဆေဒဒိဋ္ဌိ စင်စစ်ဖြစ်တော့မည် ဧကန်မှတ်။ ထိုကြောင့် မဟုတ်လော …
“ပရိနိဗ္ဗုတော ပုဂ္ဂလော ဥစ္ဆိန္နောတိ နဟေဝံ ဝတ္တဗ္ဗေ”
ဟု ကထာဝတ္ထုပါဠိတော် (၅၄) ၌ မိန့်တော်မူအပ်ပြီ။
ပရိနိဗ္ဗုတော ပုဂ္ဂလော၊ နိဗ္ဗာန်ရောက်သွားသော ပုဂ္ဂိုလ်သည်။
ဥစ္ဆိန္နော၊ အလုံးစုံ ကွယ်ပျောက် ပြတ်တောက်၍သွားသလော။
ဣတိ၊ ဤသို့ သကဝါဒီ ပုဂ္ဂိုလ်မြတ် မေးဆိုအပ်သည်ရှိသော်။
ဧဝံ၊ ဤသို့ မူကား။
န ဝတ္တဗ္ဗေ၊ မဆိုသင့်ပါ။
ဣတိ၊ ဤသို့ ပရဝါဒီဆရာ မနေသာ၍ ဖြေဆိုရလေ၏။ ၎င်းကထာ ဝတ္ထု အနက်။
ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့ အလုံးစုံ ပြတ်တောက်၍ မသွားဖြစ်ခဲ့သော် ထိုပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့ အဘယ်၌ တည်နေပါသနည်း၊ အဘယ်သို့ဖြစ်၍ နေပါသနည်း ဟူငြားအံ့၊ “နိဗ္ဗာနံ အရဟတော ဂတိ” ဟူသော ဝိနည်းပရိဝါပါဠိတော် (၂၆၃) “ကာယဿ ဘေဒါ ဓမ္မဋ္ဌော၊ သင်္ချံ နောပေတိ ဝေဒဂူ” ဟူသောသုတ် သဠာယတနသံယုတ် ပါဠိတော် (၄၁၉) တို့နှင့် အညီ ရဟန္တာပုဂ္ဂိုလ် စုတိပြီးနောက် ရူပသင်္ခါဝိမုတ္တ။ပ။ ဝိညာဏသင်္ခါဝိမုတ္တ ဖြစ်၍ နိဗ္ဗာန်၌ တည်နေရသည်။ ထိုသို့ နိဗ္ဗာန်၌ တည်နေသောအခါ လူဟူသော နတ်ဟူသော ပညတ်မျိုးကိုလွန်၍ အဘယ်တစုံတခု ဘေးမတွေ့နိုင် ချမ်းသာ ငြိမ်း၍ နေကြရသည် မှတ်အပ်၏။
ဤသို့ ရူပသင်္ခါဝိမုတ္တ။ပ။ ဝိညာဏသင်္ခါဝိမုတ္တပုဂ္ဂိုလ် ဟူသော ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၏ အဘာဝ တုစ္ဆ မဟုတ်၊ ထိုမိမိတို့ တည်ရောက်ရာ နိဗ္ဗုတာ၌ ဂမ္ဘီရ အပ္ပမေယျဖြစ်၍ ချမ်းမြေ့သာယာ တည်နေကြ ရသည့်အဖြစ်ကို သေချာတပ်အပ် မှတ်ကြဘွယ်ရာ အထက်ဂိတ္ထာရကထာသို့ ရောက်မှ သယတန သံယုတ်ပါဠိတော် မဇ္ဈိမပဏ္ဏာသပါဠိတော် ၎င်းအဋ္ဌကထာ ဋီကာ-စသည်တို့ဖြင့် ကျမ်းတတ်ကဝိ ပညာရှိတို့ ယုံကြည်ဘွယ်ရာ ကျယ်ဝန်းစွာ ထုတ်ဆိုလတ္တံ့။
ဤမျှလောက် ပြဆိုအပ်ခဲ့ပြီးသော “သင်္ခေပကဏ္ဍ” စကားအစဉ်ဖြင့် “နိဗ္ဗုတိသဘာဝံ နိဗ္ဗာနံ” ဟူသော ထေရဂါထာ အဋ္ဌကထာ (၁၁၅) “ပရိနိဗ္ဗာန သဘာဝသင်္ခါတံ နိဗ္ဗာနန္တိ နိဋ္ဌမေတ္ထ ဂန္တဗ္ဗံ” ဟူသော သဠာယတနသံယုတ် ဋီကာ (၃၆၆) “နိဗ္ဗာနဓာတူတိ စ နိဗ္ဗုတိမတ္ထံ” ဟူသော သီလက္ခန်ဋီကာ (၃၈) “နိဗ္ဗာန်တူတိ စ နိဗ္ဗာယနမတ္ထံ” ဟူသော နေတ္တိအဋ္ဌကထာ ( ၆၅ ) တဿ ဘိက္ခေ။ပ။ အယံ ဘိက္ခဝေ အနုပါဒိသေသာ နိဗ္ဗာနဓာတု” ဟူသော ဣတိဝုတ်ပါဠိတော် (၂၂၁) တို့နှင့်အညီ တဆယ့်တသီး မီးအပေါင်းတို့မှ ငြိမ်းဧးခြင်း နိဗ္ဗာယန သီတိဘာဝ သဘောတရားသည် နိဗ္ဗာန်မည် ဟူသော အနက်။
“အနုပါဒိသေသာ သမ္ပရာယိကာ” ဟူသော ဣတိဝုတ်ပါဠိတော် (၂၂၁) “ သမ္ပရာယိကာတိ သမ္ပရာယေ ခန္ဓဘေဒတော ပရဘာဂေ ဘဝ” ဟူသော ဣတိဝုတ်အဋ္ဌကထာ (၁၅၉) တို့နှင့်အညီ အနုပါဒိသေသနိဗ္ဗာန် ဟူက ရဟန္တာပုဂ္ဂိုလ် စုတိခန္ဓာနောက်မှ ဖြစ်ပေါ်လာသည် ဟူသော အနက်။
“ဒွေကဋ္ဌာနိ မဟာရာဇ” အစရှိသော မိလိန္ဒပဥှာ (၃၁၂) အရ ထင်းချောင်း နှစ်ခုကို မပွတ်တိုက်ခင် မီးမရှိသေး၊ ထင်းချောင်းနှစ်ခုကို ပွတ်တိုက်မှ မီးပေါ်လာသကဲ့သို့၎င်း၊ စကြာမင်းကြီး မပေါ်လာခင် စကြာရတနာ မရှိသေး၊ စကြာမင်းကြီး ပေါ်လာမှ ထိုမင်း စီးစရာ စကြာရတနာ ပေါ်လာသကဲ့သို့၎င်း၊ နိဗ္ဗာန် စံမည့်သူ ပရိနိဗ္ဗုတပုဂ္ဂိုလ်မပေါ်လာခင် ထိုပုဂ္ဂိုလ် စံဝင်စရာ ရှေးဦးစွာ ဖြစ်နေနှင့်သော နိဗ္ဗာန် ဟူသည် မရှိ၊ နိဗ္ဗာန်စံမည့်သူ ပရိနိဗ္ဗုတပုဂ္ဂိုလ် ပေါ်လာမှ ထိုပုဂ္ဂိုလ် စံစားစရာ နိဗ္ဗာန်ရတနာ ပေါ်လာသည် ဟူသော အနက်။
“အဘူတံ အဇာတံ ဟုတွာ အတ္တီတိ အဘူတံ” ဟူသော သဠာယတန သံယုတ်အဋ္ဌကထာ (၁၄၉) အရ နိဗ္ဗာန်မြဲသည် ဆိုသော်လည်း ကမ္ဘာ ကမ္ဘေ အစဉ်ထာဝရ အကြောင်းကင်း၍ အမြဲဖြစ်နေသည်ကို ဆိုသည်မဟုတ်၊ တရံတဆစ် မဖြစ်ဘူးသေးဘဲ တခါထဲသာ ဖြစ်ပေါ်လာပြီးနောက် မပျောက်မပျက် အမြဲ တည်နေသည်ကိုသာ ရည်၍ ယင်းနိဗ္ဗာန်ကို နိစ္စ ဓုဝ သဿတ ဆိုသည်ဟူသော အနက်။
“သော အတ္ထံ ပလေတိ န ဥပေတိ သင်္ခံ “ ဟူသော စူဠနိဒ္ဒေသပါဠိတော် (၁၂၊ ၁ဝ၈)။ “ကာယဿ ဘေဒါ ဓမ္မဋ္ဌော၊ သင်္ချံ နောပေတိ ဝေဒဂူ” ဟူသော သဠာယတနသံယုတ်ပါဠိတော် (၄၁၉) တို့နှင့် အညီ ယင်းနိဗ္ဗာန်ရောက်သူတို့ အလုံးစုံ ပြတ်တောက် ကွယ်ပျောက်၍ သွားသည်မဟုတ်၊ မိမိတို့ ရောက်ရာ နိဗ္ဗာန်၌ လူဟူသော နတ်ဟူသော မင်းပုဏ္ဏား စသည်ဟူသော ဘုရား ပစ္စေက ဗုဒ္ဓါ စသည် ဟူသော ပညတ်မျိုးကို လွန်၍ ထိုနိဗ္ဗာန်၌ ဂမ္ဘီရ အပ္ပမေယျဖြစ်၍ ချမ်းမြေ့သာယာ တည်စံနေကြ ရသည် ဟူသောအနက်။
“နသော ပမာဏမေတိ” ဟူသော ဣတိဝုတ်ပါဠိတော် (၂၃၅)
အနုပါဒိသေသ နိဗ္ဗာနသင်္ခါတံ အတ္ထံ ဂတော သော အရဟာ ဣမာ ယနာမ ဂတိယာ ဌိတော ဤဒိသောနာမ ဂေါတ္တဝသေနာပီတိ ပမိဏိတုံ အသက္ကုဆေယျော …
ဟူသော ဣတိဝုတ်အဋ္ဌကထာ (၂၀၇) တို့နှင့် အညီ နိဗ္ဗာန်ရောက်သူတို့ ထိုနိဗ္ဗာန်၌ လားရာဂတိ အမျိုးအနွယ်အားဖြင့် ဤသည့်ခြင်းရာ ဤလိုဟာဟု မနှိုင်းရှည့် နိုင်အောင် အပ္ပမေယျဖြစ်၍ တည်နေသည် ဟူသော အနက်။
“ရူပသင်္ခါဝိမုတ္တော ခေါ မဟာရာဇ တထာဂတော ဂမ္ဘီရော” စသော သဠာယတနသံယုတ် ပါဠိတော် (၅၄၆-ဂ) နှင့်အညီ နိဗ္ဗာန်ရောက်သူ ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့ ရုပ် ဝေဒနာ စသည် မရှိသည်ဖြစ်၍ ထိုရုပ် ဝေဒနာ စသည်နှင့်စပ်သော လူနတ် စသော ပညတ်မျိုးမှ လွတ်၍နေသဖြင့် ယင်းပရိနိဗ္ဗုတ ပုဂ္ဂိုလ်ကို ထိုမိမိတို့ ရောက်ရာ နိဗ္ဗာန်၌ ဘယ်ပုံ ဘယ်ခြင်းရာဖြင့် ဖြစ်နေသည် ဂုဏ်အားဖြင့် အဘယ်သို့သော ဂုဏ် အဘယ်မျှလောက်သော ဂုဏ်ရှိသည်ဟု မပိုင်းခြားနိုင် မထောက်လှမ်းနိုင်၊ သမုဒြာကြီးကဲ့သို တကယ်နက်နဲ၍ နေသည် ဟူသော အနက်။
ယင်းသို့ နက်နဲ၍ နေသည်ဆိုသဖြင့် ယင်းသို့ နက်နဲခြင်း ဂမ္ဘီရဟူက အဘာဝ မဟုတ်၊ ဘာဝသာ ဖြစ်သင့်သဖြင့် ယင်းနိဗ္ဗာန် ရောက်သွားကြသော ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့ အလုံးစုံပြတ်တောက် ဥစ္ဆိန္န အဖြစ်သို့ မရောက် မသွား ထိုမိမိတို့ ရောက်ရာ နိဗ္ဗုတာ-၌ တဆယ့်တသီး မီးအပေါင်းတို့မှ ကောင်း ကောင်းကြီး ငြိမ်းဧးသဖြင့် တခါတည်းမျှ ပျက်စီးခြင်းမရှိ၊ မအိုမသေ အမြဲ တည်စံ နေကြရသည် ဟူသော အနက်။
“အသင်္ခတံ အနတံ” စသော သံယုတ်ပါဠိတော် (ဒု-၅၄၃) အရ ယင်းနိဗ္ဗာန်၏ အတုမရ ထူးမြတ်လှသော သင်္ခတ စသော ဂုဏဝိသေသရှိသည် ဟူသောအနက်။
“ရူပသင်္ခါဝိမုတ္တော ခေါ မဟာရာဇ” စသော သံယုတ်ပါဠိတော် (၅၄၈) အရ ယင်းသို့ ဂုဏ်ထူး ဝိသေသရှိသော နိဗ္ဗာန်၌တည်ရောက်၍ နေကြရသူ ပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့၏ သမုဒြာကြီးပမာ လွန်စွာ နက်နဲခြင်း ဂမ္ဘီရ အပ္ပမေယျ ဂုဏ်ထူး ဝိသေသနှင့် ပြည့်စုံ၍ ယင်းနိဗ္ဗာန်၌ မပျောက်မပျက် မအိုမသေ အမြဲတည်နေ ကြရသည် ဟူသော အနက်။
“ဒွေမာနိ သုခါနိ” စသော အင်္ဂုတ္တိုရ်ပါဠိတော် (ပ-၇၉) အရ ယင်းပရိနိဗ္ဗုတ ပုဂ္ဂလတို့ စံနေရာနိဗ္ဗာန် ချမ်းသာ၏ ငါးပါးကာမဂုဏ် အာရုံ ပျော်မြူး ခန္ဓာကိုယ် ကြီးနှင့်တကွ ရူး ယစ် ရသော ချမ်းသာထက် ဆတက်ထောင်ရာမက လွန်စွာ ချမ်းသာလှ၏ ဟူသော အနက်။
ဤမျှလောက် ဂုဏ်ရောင်တောက်သော နိဗ္ဗာန်အောင်ခန်း ရွှေမြို့နန်း၌ ဤမျှစင်လောက် နက်နဲသော ပရိနိဗ္ဗုတပုဂ္ဂလ အဖြစ်ဖြင့် ဤမျှစင်လောက် ချမ်းသာမြောက်သော နိဗ္ဗာနသုခကို လျင်မြန်စွာ ခံစား စံစားကြရအောင် အထူးကြံဆောင် အားထုတ်ကြသင့်လှ၏၊ အားထုတ်ကြရမည်၊ အားထုတ် နိုင်ကြ ပါစေကုန်သတည်း ဟူသော ဥယျောဇနတ္ထ အနက်တို့ကို တကဏ္ဍလုံး ပိဏ္ဍတ္ထာဓိပ္ပါယဖြင့် ကောင်းကောင်းကြီး ပြစွမ်းနိုင်သည်ဖြစ်၍ အကျယ်မလိုက် အကျဉ်းနှစ်ခြိုက်ကြသူ ကြားကြားသမျှ ရဟန်း ရှင် လူ အပေါင်းတို့ တပေါင်းတည်း အားလုံး သာဓုကာရံ ကောင်းချီးညံလျက် “ဂမ္ဘီရာဂမ္ဘီရမဟာနိဗ္ဗုတ ဒီပနီကျမ်း” ၌ နှစ်ခန်းမြောက်သော “သင်္ခေပကဏ္ဍ” အဆုံး ဤတွင် နိဂုမ်း အပြီး သတ်လတ်ပြီ။
ဤသင်္ခေပကထာမှာ အကျယ်မလိုက် အကျဉ်းကြိုက်ကြသူတို့၏ အကျိုးငှါ ထုတ်ဆောင်စရာ သာဓကပါဌ်များစွာတို့ကိုလည်း စုံလင်အောင် မထုတ်ဆောင်ရ၊ ထုတ်ဆောင်အပ်သော သာဓကပါဌ် တို့ကိုလည်း အစအဆုံး ကုန်စင်အောင် မထုတ်ဆောင်ဘဲ အနည်းငယ် အနည်းငယ် အမြွက်မျှ ပြဆိုအပ်သတည်း။
ဤ အကျဉ်း အမြွက် သင်္ခေပ ကထာဖြင့် တင်းမတိမ် အားမရ သဘော မကျေနပ်နိုင်ကြသော တိက္ခပညာ မဟာဉာဏ ပဏ္ဍိတကဝိ ကျမ်းတတ်ခေါင်ထိ ပုဂ္ဂိုလ်အသျှင်တို့မှာ အထက် ဝိတ္ထာရကထာ သို့ရောက်မှ အစအဆုံး ထုတ်ပြ လတ္တံ့သော သာဓကပါဠိတော် အဖြာဖြာ အဋ္ဌကထာ အထပ်ထပ် ဋီကာ အရပ်ရပ်တို့ကို အထက်အောက် နှံ့စပ်အောင် ကောင်းကောင်းကြီး မွှေနှောက် အခေါက်ခေါက် ကြည့်ရှု စိန္တာနုစိန္တန ပြုတော်မူကြလျှင် ဧကန်ပင် ဤအတိုင်းသာ ကောင်းစွာလှလှ သဘောထင်မြင်ကြကုန်လတ္တံ့။
ယင်းသို့ ထင်မြင်ကြအောင်လည်း ဂမ္ဘီရကထာ ဒုလ္လဘဒေသနာ ဤအရာကို အခါခါကြည့်ရှု အဘန်ဘန် စိန္တာနုစိန္တန ပြုတော်မူကြပါစေကုန်သတည်း။
ဤသည်လျှင် “ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်း” ၌ …
သင်္ခေပကဏ္ဍကထာ သဗ္ဗာကာရေန နိဋ္ဌိတာ။
သင်္ခေပကထာ ကဏ္ဍ - ဒုတိယတွဲ ပြီးပြီ။
၃ - ဝိတ္ထာရကဏ္ဍ (က) နိဗ္ဗာနကထာ
တတီယတွဲ
ဤသို့လျှင် “ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်း” ၌ “သင်္ခေပကဏ္ဍ ဝိတ္ထာရကဏ္ဍ” နှစ်ခန်းတို့တွင် ရှေးဦးစွာ “သင်္ခေပကဏ္ဍ” အခန်းကို ညွှန်းဆိုပြီး၍ ဤယခုအခါ “ပိဋကတ်သုံးသွယ် နိကာယ်ငါးဖြာ ပါဠိ အဋ္ဌကထာ ဋီကာ တို့မှ ယထာရဟ လာသော ကိုးကား စလောက် အထောက် သာဓက များစွာ တို့ဖြင့် ကြားကြားသမျှ ကျမ်းတတ်ခေါင်ထိ ကဝိထင်ပေါ် ပုဂ္ဂိုလ်ကျော်တို့ ဉာဏ်ကွန့်မြူး လောက်စဖွယ် အကျယ်ဝိတ္ထာရအားဖြင့် ညွှန်ကြားရေးသား လတ္တံ့သော နိဗ္ဗုတိကထာ နိဗ္ဗုတကထာ ဝိတ္တာရဒေသနာ အခန်းတည်း။
ဥဒါန်း ပါဠိတော်
ပထမသုတ်
၁။ ကထံ။ အတ္ထိ ဘိက္ခဝေ တဒါယတနံ၊ ယတ္ထ နေဝ ပထဝီ န အာပေါ န တေဇော န ဝါယော။ န အာကာသာနဉ္စာယတနံ န ဝိညာဏဉ္စာယတနံ န အာကိဉ္စညာယတနံ န နေဝသညာ- နာသညာယတနံ၊ နာယံ လောကော န ပရလောကော န ဥဘော စန္ဒိမသူရိယာ။
တကြာပါဟံ ဘိက္ခဝေ နေဝ အာဂတိံ ဝဒါမိ။ န ဂတိံ န ဌိတိံ န စုတိံ န ဥပတ္ထိံ အပတိဋ္ဌံ အပဝတ္တံ အနာရမ္မဏမေဝေတံ။ ဧသေ၀န္တော ဒုက္ခဿာတိ၊
နိဗ္ဗာနသံယုတ္တ ပထမဥဒနံ (၁၇၇)
ဒုတိယသုတ်
၂။ ဒုဒ္ဒသံ အနတံ နာမ၊ န ဟိ သစ္စံ သုဒဿနံ။
ပဋိဝိဒ္ဓါ တဏှာ လောကေ၊ ဇာနတော ပဿတော နတ္ထိ ကိဉ္စနံ။
ဒုတိယဥဒါနံ (၁၇၈)
တတီယသုတ်
၃။ အတ္ထိ ဘိက္ခဝေ အဇာတံ အဘူတံ အကတံ အသင်္ခတံ။ နော စေတံ ဘိက္ခဝေ အဘဝိဿ အဇာတံ အဘူတံ အကတံ အသင်္ခတံ။ နယိဓ ဇာတဿ ဘူတဿ ကတဿ သင်္ခတဿ နိဿရဏံ ပညာယေထ။ ယသ္မာ စ ခေါ ဘိက္ခဝေ အတ္ထိ အဇာတံ အဘူတံ အကတံ အသင်္ခတံ။ တသ္မာ ဇာတဿ ဘူတဿ ကတဿ သင်္ခတဿ နိဿရဏံ ပညာယတီတိ။
တတီယဥဒနံ (၁၇၈)
စတုတ္ထသုတ်
၄။ နိဿိတဿ စလိတံ အနိဿိတဿ စလိတံ နတ္ထိ။ စလိတေ အသတိ ပဿဒ္ဓိ။ ပဿဒ္ဓိယာ သတိ နတိ န ဟောတိ။ နတိယာ အသတိ အာဂတိ ဂတိ န ဟောတိ။ အာဂတိ ဂတိယာ အသတိ စုတူပပါတော န ဟောတိ။ စုတူပပါတေ အသတိ နေဝိဓ န ဟုရံ န ဥဘယမန္တရေနေ။ ဧသေဝန္တော ဒုက္ခဿာတိ။
စတုတ္ထဥဒါနံ။ ဥဒါန်းပါဠိတော်(၁၇၈)
ပထမသုတ်အဘွင့်
၁။ (က) တဒါယတနန္တိ တံ ကာရဏံ။ ဒကာရော ပဒသန္ဓိကရော။ နိဗ္ဗာနံ ဟိ မဂ္ဂဖလဉာဏာဒီနံ အာရမ္မဏပစ္စယဘာဝတော ရူပါဒီနိဝိယ စက္ခုဝိညာဏာဒီနံ အာရမ္မဏပစ္စယဘူတာနိ ကာရဏဋ္ဌေန အာယတနန္တိ ဝုစ္စတိ။ ဧတ္တာဝတာ ဘဂဝါ တေသံ ဘိက္ခူနံ အသင်္ခတာယ ဓာတုယာ ပရမတ္တတော အတ္ထိဘာဝံ ပဝေဒေတိ။ တတြာယံ ဓမ္မနွယော။
(ခ) ဣဓ ဓမ္မာနံ ဝိဇ္ဇမာနတ္တာ အသင်္ခတာယပိ ဓာတုယာ ဘဝိတဗ္ဗံ တပ္ပဋိပက္ခတ္တာ သဘာဝဓမ္မာနံ။ ယထာ ဟိ ဒုက္ခေ ဝိဇ္ဇမာနေ တပ္ပဋိပက္ခဘူတံ သုခံပိ ဝိဇ္ဇတိယေ၀။ တထာ ဥဏှေ ဝိဇ္ဇမာနေ သီတံပိ ဝိဇ္ဇတိ။ ပါပဓမ္မေသု ဝိဇ္ဇမာနေသု ကလျာဏဓမ္မာပိ ဝိဇ္ဇန္တိဧဝ။ ဝုတ္တေဉ္စတံ ... …
ယထာပိ ဒုက္ခေ ဝိဇ္ဇန္တေ၊ သုခံ နာမာပိ ဝိဇ္ဇတိ၊
ဧ၀မေဝ ဘဝေ ဝိဇ္ဇမာနေ၊ ဝိဘဝေါပိ ဣစ္ဆိတဗ္ဗကော၊
ယထာပိ ဥဏှေ ဝိဇ္ဇန္တေ၊ အပရံပိ ဝိဇ္ဇတိ သီတလံ၊
ဧဝံ တိဝိဓဂ္ဂိ ဝိဇ္ဇန္တေ၊ နိဗ္ဗာနံ ဣစ္ဆိတဗ္ဗကံ။
ယထာပိ ပါပေ ဝိဇ္ဇန္တေ၊ ကလျာဏမပိ ဝိဇ္ဇတိ၊
ဧ၀မေ၀ ဇာတိ ဝိဇ္ဇန္တေ၊ အဇာတိပိ ဣစ္ဆိတဗ္ဗကန္တိ-အာဒိ။
တကြာတိ တသ္မိံ၊ ပိသဒ္ဒေါ သမုဒ္ဒယေ။ အဟံ ဘိက္ခဝေ ယထာ သင်္ခါရပဝတ္တေ ကုတောစိ ကဿစိ အာဂတိံ န ၀ဒါမိ။ ယထာပစ္စယာယတ ဓမ္မမတ္တဿ ဥပ္ပဇ္ဇနတော။ ဧဝံ တသ္မိံ ပိ အာယတနေ နိဗ္ဗာနေ ကုတောစိ အာဂတိ အာဂမနံ နေဝ ဝဒါမိ။ အာဂန္တဗ္ဗဋ္ဌာနတာယ အဘာဝတော။ န ဂတိန္တိ ကတ္ထစိ ဂမနံ န ဝဒါမိ ဂန္တဗ္ဗဋ္ဌာနတာယ အဘာဝတော။ န ဟိ တတ္ထ သတ္တာနံ ဌပေတွာ ဉာဏေန အာရမ္မဏကရဏံ အာဂကိ ဂတိယော သမ္မဝန္တိ။ နာပိ ဋ္ဌိတိစုတူပပတ္တိယော။ တဒါသယန္တိပိ ပါဠိ။
(ဂ) တဿတ္ထော တံပိ အာသယံ ဂါမန္တရတော ဂါမန္တရံ ဝိယ န အာဂန္တဗ္ဗတာယ န အာဂတိံ အဂန္တဗ္ဗတာယ နဂတိံ၊ ပထဝီပဗ္ဗတာဒိ ဝိယ န ပတိဋ္ဌာနတာယ န ဌိတိံ။ အပ္ပစ္စယတာ ဝါ ဥပ္ပါဒါဘာဝေါ တတော အမတသဘာဝတ္တာ စဝနာဘာဝေါ ဥပ္ပါဒနိရောဓာဘာဝတောယေ၀ တဒုဘယပရိစ္ဆိန္နာယ ဌိတိယာ အဘာဝတော န ဌိတိံ န စုတိံ န ဥပပတ္တိံ ၀ဒါမိ။
(ဃ) ကေဝလံ ပန တံ အရူပသဘာဝတ္တာ အပ္ပစ္စယတ္တာ စ န ကတ္ထစိ ပတိဋ္ဌိတန္တိ အပတိဋ္ဌံ။ တတ္ထ ပဝတ္တာဘာဝတော ပဝတ္တပဋိပက္ခဘာဝတော စ အပဝတ္တံ။ အရူပသတာဝတ္တေပိ ဝေဒနာဒယော ဝိယ ကဿစိ အာရမ္မဏဿ အနာလမ္ဗဏတော ဥပတ္ထမ္ဘနနိရာပေက္ခတော အနာရမ္မဏမေဝေတံ အာယတနန္တိ နိဗ္ဗာနံ။ အယဉ္စ ဧဝသဒ္ဒေါ အပ္ပတိဋ္ဌမေဝ အပဝတ္တမေဝါတိ ပဒဒွယေနာပိ ယောဇေတဗ္ဗော။ ဧသေဝန္တော ဒုက္ခဿာတိ ယဒိဒံ အပ္ပတိဋ္ဌန္တိ အာဒီဟိ ၀စနေဟိ ဝဏ္ဏတံ ထောမိတံ ယထာဝုတ္တလက္ခဏံ နိဗ္ဗာနံ ဧသောဧ၀ သကလ၀ဋ္ဋဒုက္ခဿ အန္တော ပရိယောသာနံ။ တဒဓိဂမေဟိ သဗ္ဗဒုက္ခာဘာဝတော ဒုက္ခဿ အန္တောတိ အယမေတဿ သဘာဝေါတိ ဒဿေတိ။
ပထမသုတ္တ၀ဏ္ဏနာ (၃၅၂)
ဒုတီယသုတ်အဘွင့်
▬▬▬▬▬▬▬
၂။ (က) တတ္ထ ဒုဒ္ဒသန္တိ၊ ထိုနိဗ္ဗာန်သည် သဘာဝဂမ္ဘီရဖြစ်သောကြောင့်လည်းကောင်း၊ အလွန်သိမ်မွေ့ သိမ်မွေ့သော သဏ္ဌာန်သဘာဝရှိသောကြောင့်လည်းကောင်း အားနည်းသော ဉာဏ်အဆောက်အဦ ရှိသူတို့ မမြင်နိုင်သောကြောင့် ဒုဒ္ဒသံ မည်၏။ အနတန္တိ၊ ရူပအာရုံ စသည်တို့၌လည်းကောင်း၊ ကာမဘဝ စသည်တို့၌လည်းကောင်း၊ ကိုင်းညွတ်တတ်သောကြောင့်၎င်း၊ ထိုနိဗ္ဗာန်သို့ ကိုင်းညွတ်သည့်သဘောဖြင့် ဖြစ်တတ်သောကြောင့်၎င်း၊ သတ္တဝါတို့သည် ထိုဘဝ၌ ကိုင်းညွတ်တတ်သောကြောင့်၎င်း တဏှာသည် နတံ မည်၏။ နတ္ထိ ဧတ္ထ နတန္တိ အနတံ၊ ဤနိဗ္ဗာန်၌ တဏှာမရှိသောကြောင့် အနတံ မည်၏။ နိဗ္ဗာန်ကို ဆိုလိုသည်။ သစ္စန္တိ နိဗ္ဗာန်ကို ဆိုလိုသည်။
(ခ) တံဟိကေနစိ ပရိယာယေန အသန္တသဘာဝါဘာဝတော ဧကန္တေနေဝ သန္တတ္တာ အဝိပရီတဋ္ဌေန သစ္စံ။ ထိုနိဗ္ဗာန်သည် တချို့သော ပရိယာယ်ဖြင့် မရှိသော သဘောမရှိသောကြောင့်လည်းကောင်း၊ ဧကန်အားဖြင့်သာလျှင် ရှိသောကြောင့်လည်းကောင်း မဖောက်မပြန်သော အခြင်းအရာအားဖြင့် သစ္စာ မည်၏။ ထိုနိဗ္ဗာန်သည် န ဟိ သုဒဿံ န သုခေန ပဿိတဗ္ဗံ၊ ကောင်းစွာ မြင်လွယ်သည်လည်း မဟုတ်၊ လွယ်လင့်တကူ မြင်နိုင်သည်လည်း မဟုတ်။ အလွန်ကြာမြင့်သော ကာလပတ်လုံးပင် ကုသိုလ်နှင့် ဉာဏ်အဆောက်အဦတို့ကို ဖြည့်ကျင့်သော သူတို့သည်ပင်လျှင် ခဲခဲယဉ်းယဉ်းဖြင့်သာ ရောက်နိုင်သောကြောင့်တည်း။ ထို့အတူ မြတ်စွာဘုရားက – ကိစ္ဆေန မေ အဓိဂတန္တိ၊ ခဲခဲယဉ်းယဉ်း ငါရအပ်သည်တည်းဟု မိန့်တော်မူအပ်၏။
ပဋိဝိဒ္ဓါ တဏှာ လောကေ ဇာနတော ပဿတော နတ္ထိ သာ နတိ တဉ္စ နိရောဓ သစ္စံ သစ္ဆိကိရိယာဘိ- သမယဝသေန အဘိသမာနေန္တေန ဝိသယတော ကိစ္စတော အာရမ္မဏတော စ အာရမ္မဏ ပဋိဝေဓဝသေနစ ပဋိဝိဒ္ဓံ ယထာ ပရိညာဘိသမယဝသေန ဒုက္ခသစ္စံ ဘာဝနာဘိသမယဝသေန မဂ္ဂသစ္စဉ္စ အသမ္မောဟတော ပဋိဝိဒ္ဓံ ဟောတိ။ နိဗ္ဗာန်ကို သစ္ဆိကိရိယာ အားဖြင့် ရောက်အောင် ပြုခြင်းဖြင့် ပြီးစီးစေအပ်သော နိရောဓသစ္စာ ကိုလည်း မြင်ခြင်းအားဖြင့် ကိစ္စအားဖြင့် အာရုံအားဖြင့် အာရုံကို ထိုးထွင်းသိခြင်းအားဖြင့်လည်း ထိုးထွင်းသိအပ်သည်။ ဥပမာအားဖြင့် ပရိညာ ဖြင့် သိခြင်းအားဖြင့် ဒုက္ခသစ္စာကို၎င်း၊ ဘာဝနာ ဖြင့် သိခြင်းအားဖြင့် မဂ္ဂသစ္စာကို၎င်း မတွေဝေဘဲ ထိုးထွင်းသိသကဲ့သို့ ဖြစ်၏။ ဧဝံ ပဟာနာဘိသမယ၀သေန အသမ္မောဟတော စ ပဋိဝိဒ္ဓါ တဏှာ ဟောတိ။ ဤသို့ ပဟာန ဖြင့် သိခြင်းအားဖြင့် မတွေဝေဘဲ တဏှာကို ထိုးထွင်းသိအပ်သည်။
ဧ၀ဉ္စ စတ္တာရိ သစ္စာနိ ယထာဘူတံ အရိယမဂ္ဂပညာယ ဇာနတော ပဿတော ဘဝါဒီသု နတိဘူတာ တဏှာ နတ္ထိ၊ ဤသို့ သစ္စာလေးပါး ကို ဟုတ်တိုင်းမှန်စွာ အရိယမဂ်ဉာဏ်ဖြင့် သိသော မြင်သော သူအား ဘုံဘဝ စသည်တို့၌ ကိုင်းညွတ်သော တဏှာ မရှိတော့ပြီ။ တဒဘာဝေ သဗ္ဗဿ ကိလေသဝဋ္ဋဿ အဘာ၀တော တတော ကမ္မဝိပါကဝဋ္ဋာနံ အသမ္ဘဝေါယေဝါတိ။ ထိုတဏှာမရှိလျှင် ကိလေသဝဋ် အလုံးစုံ မရှိသောကြောင့် ထိုကိလေသဝဋ် မရှိသည့်အတွက် ကမ္မဝဋ်နှင့် ဝိပါကဝဋ်တို့ မဖြစ်တော့သည်သာတည်း။
ဧဝံ ဘဂဝါ တေသံ ဘိက္ခူနံ အနဝသေသဝဋ္ဋဒုက္ခဝူပသမ- ဟေတုဘူတံ အမတမဟာနိဗ္ဗာနဿ အာနုဘာဝံ ပကာသေတိ။ ဤသို့လျှင် မြတ်စွာဘုရားသည် ထိုရဟန်းတို့အား အကြွင်းမဲ့ ဝဋ်ဆင်းရဲ ငြိမ်းစေသည့် အကြောင်း ဖြစ်သော မသေသော မဟာနိဗ္ဗာန်၏ အာနုဘော်ကို ပြတော်မူ၏။
ဒုတီယသုတ္တ ဝဏ္ဏနာ (၃၅၅)
တတီယသုတ် အဘွင့်
▬▬▬▬▬▬▬▬
၃။ (က) တတီယေ အထခေါ ဘဂဝါ ဧတမတ္ထံ ဝိဒိတွာတိ တတိယသုတ်၌ “ထို့နောက် မြတ်စွာဘုရားသည် ဤအနက်ကို သိ၍” ဟူရာတွင် ထိုအခါ မြတ်စွာဘုရားသည် အနည်အမျိုးမျိုးဖြင့် သံသရာ၏ အပြစ်ကို ပြတော်မူပြီးလျှင် ထိုသံသရာ ငြိမ်းခြင်း စသည်အားဖြင့် နိဗ္ဗာန်နှင့် စပ်သော တရားဒေသနာကို ဟောတော်မူသည်ရှိသော် ထိုရဟန်းတို့အား ဤအကြံ ဖြစ်၏။ “ဤသံသရာကို မြတ်စွာဘုရားသည် အဝိဇ္ဇာ စသော အကြောင်းတို့ဖြင့် သိစေလို၍ ပြတော်မူ၏။ နိဗ္ဗာန်၏ ထိုငြိမ်းခြင်း၏ အကြောင်းကား တစ်စုံတစ်ခုမျှ မရှိ။ ဤနိဗ္ဗာန်သည် အကြောင်းမရှိဘဲလျှက် ပရမတ္ထအားဖြင့် အဘယ်သို့ ထင်ရှားရှိနိုင်မည်နည်း” ဟု ဖြစ်၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ ဤသို့ ပြောအပ်ပြီးသော ပရိဝိတက္က သို့ ရောက်သော အနက်ကို သိတော်မူ၍။ ဣမံ ဥဒါနန္တိ၊ ဤဥဒါန်းကို ဟောတော်မူ၏။ ထိုရဟန်းတို့၏ သံသယကို ဖယ်ရှားခြင်းငှါလည်းကောင်း၊ ဤသာမဏဗြာဟ္မဏတို့သည် “နိဗ္ဗာန် နိဗ္ဗာန်” ဟု စကားပြောကြသော်လည်း ပရမတ္ထအားဖြင့် နိဗ္ဗာန်မည်သည် မရနိုင်သော သဘောရှိသောကြောင့် လောကာယတိက စသည်တို့ကဲ့သို့ မှားသော အယူရှိသော ပြင်ပမှ ပုထုဒိဋ္ဌိဂိုဏ်းဝင်တို့၏ မှားသောအဆိုကို ချေဖျက်ခြင်းငှါလည်းကောင်း ဤမသေသော မဟာနိဗ္ဗာန် ၏ ပရမတ္ထအားဖြင့် ရှိသည်၏အဖြစ်ကို ထင်ရှားပြသော ဥဒါန်းကို ဥဒါန်းကျူးတော်မူ၏။
(ခ) တတ္ထ အဇာတံ အဘူတံ အကတံ အသင်္ခတန္တိ သဗ္ဗာနိ ပဒါနိ အညမညဝစနာနိ။ ထို၌ အဇာတံ, အဘူတံ, အကတံ, အသင်္ခတံ ဟူသော ပုဒ်အားလုံးသည် အချင်းချင်း အနက်တူသည်။ သို့မဟုတ် ဝေဒနာ စသည်တို့ကဲ့သို့ အကြောင်းနှင့် ပစ္စည်းတို့ ပေါင်းဆုံခြင်းဟု ဆိုအပ်သော အကြောင်းသာမဂ္ဂီဖြင့် မဖြစ်သည်၊ မပြီးစီးသည်။ ထို့ကြောင့် အဇာတံ မည်၏။ ကာရဏေန ဝိနာ သယမေဝ န ဘူတံ န ပါတုဘူတံ န ဥပ္ပန္နန္တိ အဘူတံ။ အကြောင်းမရှိဘဲ မိမိဘာသာလျှင် မဖြစ်သည်၊ မထင်ရှားသည်၊ မပေါ်သည်။ ထို့ကြောင့် အဘူတံ မည်၏။ ဧဝံ အဇာတတ္တာစ အဘူတတ္တာ စ နယေနကေနစိ ကာရဏေန ကတန္တိ အကတံ၊ ဤသို့ အဇာတဖြစ်သောကြောင့်၎င်း၊ အဘူတဖြစ်သောကြောင့်၎င်း တစ်စုံတစ်ခုသော အကြောင်းဖြင့် ပြုအပ်သည် မဟုတ်သောကြောင့် အကတံ မည်၏။ ဇာတဘူတဘာဝေါ စာမနာ နာမရူပါနံ သင်္ခတဓမ္မာနံ ဟောတိ။ ဖြစ်ခြင်း၊ ဖြစ်ပေါ်ခြင်းသည်ကား နာမ်ရုပ်ခန္ဓာတို့၏ သင်္ခတတရား တို့အားသာလျှင် ဖြစ်၏။ န သင်္ခတ သဘာဝဿ နိဗ္ဗာနဿာတိ ဒဿနတ္ထံ အသင်္ခတန္တိ ဝုတ္တံ။ သင်္ခတသဘော မရှိသော နိဗ္ဗာန် အား မဖြစ်နိုင်ကြောင်းကို ပြခြင်းငှါ အသင်္ခတံ ဟူ၍ မိန့်တော်မူအပ်၏။
(ဂ) ပဋိလောမတော ဝါ သမေစ္စ သမ္ဘုယျ ပစ္စယေဟိ ကတန္တိ သင်္ခတံ။ နောက်ပြန်နည်းဖြင့်ဖြစ်စေ အကြောင်းတို့ဖြင့် စုပေါင်းမိ၍ ပြုအပ်သောကြောင့် သင်္ခတံ မည်၏။ တထာ န သင်္ခတံ သင်္ခတလက္ခဏရဟိတန္တိ အသင်္ခတန္တိ။ ထိုနည်းတူစွာ သင်္ခတမမည်၊ သင်္ခတ၏ လက္ခဏာမှ ကင်းသောကြောင့် အသင်္ခတံ မည်၏။ ဧ၀မနေကေဟိ ကာရဏေဟိ နိဗ္ဗတ္တိယသဘာဝေ ပဋိသိဒ္ဓေ သိယာ နုခေါ ဧကေနေဝ ကာရဏေန ကတန္တိ အာသင်္ကာယံ န ကေနစိ ကတန္တိ ဒဿနတ္တံ အကတန္တိ ဝုတ္တံ၊ ဤသို့ များစွာသော အကြောင်းတို့ဖြင့် ဖြစ်စေတတ်သော သဘောကို တားမြစ်အပ်သည်ရှိသော် “တစ်ခုတည်းသော အကြောင်းဖြင့် ပြုအပ်သည် ဖြစ်လေမည်လော” ဟူသော သံသယကို ပယ်ဖျောက်ခြင်းငှါ အကတံ ဟူ၍ မိန့်တော်မူအပ်၏။ ဧဝံ အပ္ပစ္စယမ္ပိ သမာနံ သယမေဝ နုခေါ ဣဒံ ဘူတံ ပါတုဘူတန္တိ အာသင်္ကာယံ တန္နိဝတ္တနတ္တံ အဘူတန္တိ ဝုတ္တံ။ ဤသို့ အကြောင်းကင်းလျက်ပင် မိမိဘာသာ ဖြစ်ပေါ်လာသည်၊ ထင်ရှားဖြစ်လာသည် ဖြစ်လေမည်လော ဟူသော သံသယကို တားမြစ်ခြင်းငှါ အဘူတံ ဟူ၍ မိန့်တော်မူအပ်၏။
(ဃ) အယဉ္စေတဿ အသင်္ခတာ ကတာ ဘူတသဘာဝေါ သဗ္ဗေနသဗ္ဗံ အဇာတိဓမ္မတာတိ ဒဿနတ္ထံ အဇာတန္တိ ဝုတ္တံ။ ၎င်းပြင် ဤနိဗ္ဗာန်၏ အသင်္ခတ၊ အကတ၊ အဘူတ သဘောသည် အလုံးစုံအားဖြင့် မဖြစ်ပေါ်တတ်သော သဘောတရား ဖြစ်ကြောင်းကို ပြခြင်းငှါ အဇာတံ ဟူ၍ မိန့်တော်မူအပ်၏။
ဧ၀မေ၀ တေသံ စတုန္နမ္ပိ ပဒါနံ သတ္ထကဘာဝံ ဝိဒိတွာ တယိဒံ နိဗ္ဗာနံ အတ္ထိ ဘိက္ခဝေတိ ပရမတ္ထတော နိဗ္ဗာနဿ အတ္ထိဘာဝေါ ပဝေဒိတောတိ ဝေဒိတဗ္ဗော။ ဤနည်းအတူ ထိုပုဒ်လေးခု၏ အနက်ရှိခြင်းကို သိ၍ “ရဟန်းတို့ ဤနိဗ္ဗာန်သည် ရှိ၏” ဟူ၍ ပရမတ္ထအားဖြင့် နိဗ္ဗာန်၏ ရှိသည်၏အဖြစ်ကို ဟောကြားတော်မူသည် ဟု သိအပ်၏။
တတ္ထ ဥဒါနေန္တေန ဘဂဝတာ ဘိက္ခဝေတိ အာလပနေ ကာရဏံ ဟေဋ္ဌာ ဝုတ္တနယေနေဝ ဝေဒိတဗ္ဗံ။ ထို၌ ဥဒါန်းကျူးသော မြတ်စွာဘုရားသည် ဘိက္ခဝေ ဟု ရဟန်းတို့အား ခေါ်ဝေါ်သော အကြောင်းကို အောက်တွင် ဆိုခဲ့သည့်အတိုင်းသာ သိအပ်၏။ ဣတိ သတ္ထာ အတ္ထိ ဘိက္ခဝေ အဇာတံ အဘူတံ အကတံ အသင်္ခတန္တိ ဝတွာ တတ္ထ ဟေတုံ ဒဿေန္ထော နောစေတံ ဘိက္ခဝေတိ အာဒိမာဟ။ ဤသို့ ဘုရားရှင်သည် အတ္ထိ ဘိက္ခဝေ အဇာတံ အဘူတံ အကတံ အသင်္ခတံ ဟု မိန့်တော်မူ၍ ထို၌ အကြောင်းကို ပြလိုသောကြောင့် နောစေတံ ဘိက္ခဝေ စသည်ကို မိန့်တော်မူ၏။
(င) တဿာယံ သင်္ခေပတ္ထော။ ထိုမိန့်တော်မူချက်၏ အကျဉ်းချုပ်အနက်ကား - ဘိက္ခဝေ၊ ရဟန်းတို့၊ ယဒိ အဇာတာဒိသဘာဝါ အသင်္ခတာဓာတု န ဘဝိဿ န သိယာ ဣဓ လောကေ ဇာတာဒိသဘာဝဿ ရူပါဒိခန္ဓပဉ္စကသင်္ခါတဿ သင်္ခတဿ နိဿရဏံ အနဝသေသဝူပသမော န ပညာယေယျ န ဥပလဗ္ဘေယျ န သမ္ဘဝေယျ။ အကယ်၍ အဇာတ စသော သဘောရှိသော အသင်္ခတဓာတ် နိဗ္ဗာန် မရှိခဲ့သော် ဤလောက၌ ဖြစ်ပေါ်ခြင်း စသော သဘောရှိသော ရူပခန္ဓာ စသော ခန္ဓာငါးပါး ခေါ်သည့် သင်္ခတတရား၏ လွတ်မြောက်ရာ အကြွင်းမဲ့ ငြိမ်းခြင်း ကို သိနိုင်မည်မဟုတ်၊ ရနိုင်မည်မဟုတ်၊ ဖြစ်နိုင်မည်မဟုတ်ပေ။ နိဗ္ဗာနဉှိ အာရမ္မဏံ ကတွာ ပဝတ္တမာနာ သမ္မာဒိဋ္ဌိအာဒယော အရိယမဂ္ဂပညာယ အနဝသေသကိလေသေ သမုစ္ဆိန္ဒန္တိ။ နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်သော သမ္မာဒိဋ္ဌိ စသည်တို့သည် အရိယမဂ်ဉာဏ်ဖြင့် အကြွင်းမဲ့ ကိလေသာတို့ကို အမြစ်ဖြတ် ပယ်သတ်နိုင်၏။ တေနေတ္ထ သဗ္ဗဿပိ ၀ဋ္ဋဒုက္ခဿ အပ္ပဝတ္တိ အပဂမော နိဿရဏံ ပညာယတိ။ ထိုကြောင့် ဤသင်္ခတလောက၌ ဝဋ်ဆင်းရဲ အလုံးစုံ၏ မဖြစ်ခြင်း၊ ကင်းခြင်း၊ လွတ်မြောက်ခြင်း ကို သိနိုင်၏။ ဧဝံ ဗျတိရေကဝသေန နိဗ္ဗာနသ အတ္ထိဘာဝံ ဒဿေတွာ ဣဒါနိ အနွယဝသေနာပိ တံ ဒဿေတုံ ယသ္မာ စ ခေါတိ အာဒိဝုတ္တံ။ ဤသို့ သီးခြားနှိုင်းယှဉ်နည်း (ဗျတိရေကနယ) ဖြင့် နိဗ္ဗာန်၏ ရှိသည်၏အဖြစ်ကို ပြတော်မူပြီးလျှင် ယခုအခါ အတူတကွ နှိုင်းယှဉ်နည်း (အနွယနယ) ဖြင့်လည်း နိဗ္ဗာန်၏ ရှိသည်၏အဖြစ်ကို ပြခြင်းငှါ ယသ္မာ စ ခေါ စသည်ကို မိန့်တော်မူ၏။ တံ ပုတ္တတ္ထမေဝ။ ၎င်းသည် ရှေ့အနက်အတိုင်းပင် ဖြစ်၏။
ဧတ္ထ စ ယသ္မာ အပ္ပစ္စယာ ဓမ္မာ အသင်္ခတာ ဓမ္မာ။ အတ္ထိ ဘိက္ခဝေ တဒါယတနံ ယတ္ထ နေဝ ပထဝီ။ ဣဒံပိ ခေါ ဌာနံ သုဒုဒ္ဒသံ ယဒိဒံ သဗ္ဗသင်္ခါရသမထော သမ္ဗုပဓိနိဿဂ္ဂေါ အသင်္ခတဉ္စ ဝေါ ဘိက္ခဝေ ဓမ္မံ ဒေသိယာမိ အသင်္ခတဂါမိနဉ္စ ပဋိပဒန္တိ အာဒီဟိ အနေကေဟိ သုတ္တပဒေဟိ အတ္ထိ ဘိက္ခဝေ အဇာတန္တိ ဣမိနာပိစ သုတ္တေန နိဗ္ဗာန ဓာတုယာ ပရမတ္ထသော သမ္ဘဝေါ သဗ္ဗလောကံ အနုကမ္ပမာနေန သမ္မာသမ္ဗုဒ္ဓေန ဒေသိတောတိ။ ဤ၌လည်း “အကြောင်းကင်းသောတရားသည် အသင်္ခတတရား”၊ “ရဟန်းတို့ မြေမရှိရာ အာယတန ရှိ၏”၊ “ဤအလုံးစုံသော သင်္ခါရတို့ ငြိမ်းခြင်း၊ ဥပဓိအလုံးစုံကို စွန့်ပယ်ခြင်းဟူသော ဤအရပ်သည်လည်း အလွန်မြင်နိုင်ခဲ၏”၊ “ရဟန်းတို့ အသင်္ခတတရားနှင့် အသင်္ခတသို့ ရောက်ကြောင်း အကျင့်ကို ငါဟောအံ့” ဟူသော စကားတော် စသည်တို့ဖြင့် အများအပြားသော သုတ္တန်ပုဒ်တို့ဖြင့်၎င်း၊ “အတ္ထိ ဘိက္ခဝေ အဇာတံ” ဟူသော ဤသုတ္တန်ဖြင့်၎င်း သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည် သတ္တဝါအလုံးစုံကို သနားတော်မူသောအားဖြင့် နိဗ္ဗာန်ဓာတ်၏ ပရမတ္ထအားဖြင့် ရှိသည်၏အဖြစ်ကို ဟောတော်မူ၏။
တဘီယသုတ္တဝဏ္ဏနာ (၃၅၈)
စတုတ္ထသုတ် အဘွင့်
▬▬▬▬▬▬▬
၄။ (က) ဣမံ ဥဒါနန္တိ၊ တဏှာအားဖြင့် တစ်စုံတစ်ခုကို မှီ၍ မနေသော ငြိမ်သက်သော ကိုယ်နှင့် စိတ်ရှိသော ဝိပဿနာ ၌ ကျင်လည်သောသူသည် အရိယမဂ် ဖြင့် အကြွင်းမဲ့ တဏှာ ကို ပယ်ခြင်းဖြင့် နိဗ္ဗာန် ကို ရောက်ကြောင်းကို ထင်ရှားပြသော ဤဥဒါန်းကို ဥဒါန်းကျူးတော်မူ၏။
တတ္ထ နိဿိတဿ စလိတန္တိ၊ ထို၌ နိဿိတ (မှီသောအကျင့်) ရှိသော သူ၏ လှုပ်ရှားခြင်း ဟူသည် ရူပက္ခန္ဓာ စသော သင်္ခါရတရားတို့၌ တဏှာ နှင့် ဒိဋ္ဌိ တို့ဖြင့် မှီနေသောသူ၏ “ဤအရာသည် ငါ၏အရာ၊ ဤသူကား ငါ၏အတ္တ” ဟု တဏှာ နှင့် ဒိဋ္ဌိ တို့၏ လှုပ်ရှားခြင်း ဖြစ်၏။ အပဟီနတဏှာဒိဋ္ဌိကဿ ဟိ ပုဂ္ဂလဿ သုခါဒီသု ဥပ္ပန္နေသု တာနိ အဘိဘုယျ ဝိဟရိတုံ အသက္ကောန္တဿ မမ ဝေဒနာ အဟံ ဝေဒယာမီတိအာဒိနာ တဏှာဒိဋ္ဌိဂါဟဝသေန ကုသလပ္ပဝတ္တိတော စိတ္တသန္တာနဿ စလနံ ကမ္မနံ အ၀က္ခလိတံ ဝါ ဟောတီတိ အတ္တော။ တဏှာ နှင့် ဒိဋ္ဌိ တို့ကို မပယ်ရသေးသော ပုဂ္ဂိုလ်အား ချမ်းသာခြင်း စသည်တို့ ဖြစ်ပေါ်လာသောအခါ ထိုချမ်းသာခြင်း စသည်တို့ကို လွှမ်းမိုး၍ မနေနိုင်သောကြောင့် “ဤဝေဒနာသည် ငါ၏ဝေဒနာ၊ ငါသည် ခံစား၏” စသည်ဖြင့် တဏှာ နှင့် ဒိဋ္ဌိ ကို စွဲလမ်းခြင်းအားဖြင့် ကုသိုလ် မှ ဖြစ်သော စိတ်အစဉ်၏ လှုပ်ရှားခြင်း၊ တုန်လှုပ်ခြင်း ဖြစ်၏ဟူသော အနက်တည်း။ အနိဿိတသာ စလိတံ နတ္ထီတိ၊ မှီသောအကျင့် မရှိသောသူအား လှုပ်ရှားခြင်း မရှိဟူသည်ကား ဝိသုဒ္ဓိပဋိပဒါ ကို ကျင့်သော သူသည် သမထ နှင့် ဝိပဿနာ ဖြင့် တဏှာ နှင့် ဒိဋ္ဌိ တို့ကို နှိမ်နင်းပြီးလျှင် အနိစ္စ စသော အားဖြင့် သင်္ခါရတရားတို့ကို ရှုဆင်ခြင်၍ နေ၏။ ထိုသူအား ထိုမှီသောအကျင့် မရှိသူ၏ အထက်ကဆိုခဲ့သော လှုပ်ရှားခြင်း၊ တုန်လှုပ်ခြင်း မရှိ။ အကြောင်းကို ကောင်းစွာ နှိမ်နင်းအပ်သောကြောင့်တည်း။
...
အာဂတိ ဂတိ န ဟောတီတိ၊ ပဋိသန္ဓေ အားဖြင့် ဤဘဝသို့ လာရောက်ခြင်း၊ စုတိ အားဖြင့် ဤဘဝမှ ထွက်ခွာခြင်း သည် ပစ္စည်းအဖြစ်ဖြင့် မဖြစ်နိုင်။ မဖြစ်တော့။ အာဂတိ ဂတိယာ အသတီတိ ဝုတ္တနယေန အာဂတိယာ စ ဂတိယာ စ အသတိ။ လာခြင်း၊ သွားခြင်း မရှိသောကြောင့်ဟူသော အနက်ဖြင့် လာခြင်းနှင့် သွားခြင်းသည် မရှိတော့ပြီ။ စုတူပပါတော ဟောတီတိ အပရာပရံ စဝနပဇ္ဇနံ န ဟောတိ န ပဝတ္တတိ။ နောက်တဖန် စုတေခြင်း၊ ဖြစ်ပေါ်ခြင်းသည် မဖြစ်တော့။ မဖြစ်တော့ပြီ။ အသဟိ ဟိ ကိလေသဝဋ္ဋေ ကမ္မဝဋ္ဋံ ပစ္ဆိန္နမေ၀။ ကိလေသဝဋ် မရှိလျှင် ကမ္မဝဋ် သည်လည်း ပြတ်ပြီးသား ဖြစ်၏။ ပစ္ဆိန္နေ စ တသ္မိံ ကုတောစိ ဝိပါကဝဋ္ဋဿ သမ္ဘဝေါ။ ထိုကမ္မဝဋ် ပြတ်လျှင် ဝိပါကဝဋ် ဖြစ်ဖို့ရန် ဘယ်ကလာနိုင်မည်နည်း။ တေနာဟ စုတူပပါတေ အသတိ နေဝိဓ နဟုရန္တိအာဒိ။ ထို့ကြောင့် “စုတေခြင်း၊ ဖြစ်ပေါ်ခြင်း မရှိလျှင် ဤဘဝ၌လည်းမရှိ၊ တမလွန်ဘဝ၌လည်း မရှိ” ဟု စသည်ဖြင့် မိန့်တော်မူ၏။ တတ္ထ ယံ ဝတ္တဗ္ဗံ။ တံ ဟေဋ္ဌာ ဗာဟိယသုတ္တေ ဝိတ္တာရတော ဝုတ္တမေဝ။ ထို၌ ပြောသင့်သည်တို့ကို အောက် ဗာဟိယသုတ်၌ အကျယ်တဝင့် ပြောခဲ့ပြီးပြီ။ တသ္မာ တတ္ထ ဝုတ္တနယေနေဝ ဝေဒိတဗ္ဗော။ ထို့ကြောင့် ထို၌ ဆိုခဲ့သည့်အတိုင်းသာ သိအပ်၏။
စတုတ္ထဥဒါနဝဏ္ဏနာ(၃၅၉)
ဗာဟိယသုတ် အဘွင့်
▬▬▬▬▬▬▬▬
၎င်းညွှန်းအပ်သည့် ဗာဟိယသုတ်အဘွင့်ကို ပြန်၍ရေးအံ့။
(ခ) တတော တွံ ဗာဟိယ နေဝိဓ န ဟုရံ န ဥဘယမန္တရေနာတိ ထိုအခါ ဗာဟိယ၊ သင်သည် ထိုရာဂ စသည်တို့ဖြင့် ထိုမြင်ခြင်း စသည်တို့၌ မကပ်ငြိ တော့လျှင် နေဝ ဣဓ လောကေ န ပရလောကေ န ဥဘယတ္ထ ဟောသိတိ၊ သင်သည် ဤလောက၌လည်းမရှိ၊ တမလွန်လောက၌လည်းမရှိ၊ နှစ်ခုကြား၌လည်း မရှိတော့ပေ။ … အပရေ ပန ဣဓာတိ ကာမဘဝေါ။ ဟုရန္တိ အရူပဘဝေါ။ ဥဘယမန္တရေနာတိ ရူပဘဝေါ ဝုတ္တောတိ။ အခြားဆရာတို့က ဣဓာတိ ကာမဘဝ၊ ဟုရန္တိ အရူပဘဝ၊ ဥဘယမန္တရေနာတိ ရူပဘဝ ဟု ဆိုကြ၏။ အညေ ဣဓာတိ အဇ္ဈတ္တိကာယတနာနိ။ ဟုရန္တိ ဗာဟိရာယတနာနိ။ ဥဘယမန္တရေနာတိ စိတ္တစေတသိကာတိ။ အခြားဆရာတို့က ဣဓာတိ အတွင်းအာယတန၊ ဟုရန္တိ အပြင်အာယတန၊ ဥဘယမန္တရေနာတိ စိတ်၊ စေတသိက် ဟု ဆိုကြ၏။ ဣဓာတိ ဝါ ပစ္စယဓမ္မာ။ ဟုရန္တိ ပစ္စယုပ္ပန္နဓမ္မာ။ ဥဘယမန္တရေနာတိ ပဏ္ဏတ္တိဓမ္မာ ဝုတ္တာတိ။ ၀ဒန္တိ။ ဣဓာတိ အကြောင်းပစ္စည်းတရား၊ ဟုရန္တိ အကြောင်းပစ္စည်းတို့ကြောင့် ဖြစ်သော တရား၊ ဥဘယမန္တရေနာတိ ပညတ်တရား ဟု ဆိုကြ၏။ တံ သဗ္ဗံ အဋ္ဌကထာသု နတ္ထိ။ ၎င်းတို့အားလုံးသည် အဋ္ဌကထာတို့၌ မရှိ။
စတုတ္ထသုတ္တဝဏ္ဏန၁(ဂ၄)
ဥဒါန်းအဋ္ဌကထာ။
ဤကား ခဲယဉ်းလှစွာသော အရာဖြစ်၍ ဂန္ထဂရုဒေါသ ကို ပမာဏမထား၊ ကျမ်းတတ်ကဝိ ပညာရှိတို့ ဤဥဒါန်းပါဠိတော် အဋ္ဌကထာ နှစ်ရပ် စပ်ဟပ် နှိုင်းချိန်စရာ အလွယ်တကူရအောင် ထုတ်ဆောင် ရေးသားအပ်သော ဥဒါန်း အဋ္ဌကထာပါဌ် တည်း။
ဥဒါနသံဝဏ္ဏနာ
အနက် ယောဇနာပုံ
▬▬▬▬▬▬▬
၁။ (က) ။ပ။ ဧတ္တာဝတာ၊ ဤမျှလောက်သော အတ္ထိ ဘိက္ခဝေ - အစရှိသော ပါဠိတော်ဖြင့်။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
တေသံ ဘိက္ခူနံ၊ ထိုနိဗ္ဗာန်တရား ဟူသည် အမည်သာရှိ၍ ပရမတ္ထအားဖြင့် ထင်ရှားမရှိနိုင်ရာ ဟု ယုံမှားကြသော ရဟန်းတို့အား။
အသင်္ခတာယ ဓာတုယာ၊ အသင်္ခတဓာတ်နိဗ္ဗာန် ဟူသည်၏။
ပရမတ္ထတော၊ အမည်ရှိတိုင်း မဖောက်မပြန် မြဲမြံမှန်ကန်သော သဘော အားဖြင့်။
အတ္ထိဘာဝံ၊ ထင်ရှားရှိသည်၏ အဖြစ်ကို။
ဝါ၊ ရုပ်နာမ်ခန္ဓာ ချုပ်ပျောက်၍ သွားခြင်းမျှ မဟုတ်သည်၏ အဖြစ်ကို။
ပဝေဒေတိ၊ ဟောကြားတော်မူ၏။
တတြ၊ ထိုနိဗ္ဗာန် ဟူသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသည် ဟူရာ၌။
အယံ၊ ဤဆိုလတ္တံ့ သည်ကား။
ဓမ္မနွယော၊ သဘောတရားတခုနှင့် သဘောတရားတခုချင်း နှိုင်းချိန်ထောက်ဆစရာ တည်း။
ဝါ၊ ထောက်ဆနှိုင်းချိန်ပုံတည်း။
(ခ) ဣဓ၊ ဤလောက၌။
ဓမ္မာနံ၊ ဖဿ ဝေဒနာ- စသော သင်္ခတတရားတို့၏။
ဝိဇ္ဇမာနတ္တာ၊ တွေ့ခြင်း ခံစားခြင်း စသောအားဖြင့် ထင်ရှားရှိသည်၏ အဖြစ်ကြောင့်။
အသင်္ခတာယပိ ဓာတုယာ၊ အသင်္ခတဓာတ် နိဗ္ဗာန်တရား ဟူသည်လည်း၊
ဝိဇ္ဇမာနတာယ၊ ငြိမ်းဧးခြင်း သဘောအားဖြင့် ထင်ရှားဧကန် ရှိသည်။
ဘဝိတဗ္ဗံ၊ ဖြစ်ပေရာ၏။
တသ္မာ၊ အဘယ့်ကြောင့် သင်္ခတတရား ထင်ရှားရှိလျှင်ပင် အသင်္ခတတရားလည်း ထင်ရှား ရှိရမည်နည်း ဟူမူကား။
ဓမ္မာနံ၊ သဘောတရား ဟူသမျှတို့၏။
တပ္ပဋိပက္ခတ္တာ၊ ထိုတပါးသော တရား၏ တပါးသော တရားနှင့် ဆန့်ကျင်ဘက်ချည်း ဖြစ်သောကြောင့်တည်း။
ဟိ၊ ပမာပုံခိုင်း ဤလောကနှင့် နှိုင်း၍ပြဦးအံ့။
ဒုက္ခေ၊ ဆင်းရဲ သည်။
ဝိဇ္ဇမာနေ၊ ထင်ရှားဖြစ် ပေါ်လာသည်ရှိသော်။
တပ္ပဋိပက္ခဘူတံ၊ ထိုဆင်းရဲနှင့် ဆန့်ကျင်ဘက်ဖြစ်သော။
သုခံပိ၊ ချမ်းသာခြင်း ဟူသည်လည်း။
ဝိဇ္ဇတိယေ၀ ယထာ၊ ထင်ရှားရှိသည် သာလျှင် ဖြစ်သကဲ့သို့၎င်း။
တထာ၊ ထို့ပြင် တပုံကား။
ဥဏှေ၊ အပူ သည်။
ပိဇ္ဇမာနေ၊ ထင်ရှားဖြစ်လာသည်ရှိသော်။
သီတံပိ၊ အပူမှလွတ်ကင်း ဧးမြခြင်း ဟူသည်။
ဝိဇ္ဇတိ ယထာ၊ ထင်ရှားရှိရမြဲ ဖြစ်သကဲ့သို့၎င်း။
ပါပဓမ္မေသု၊ ယုတ်မာသော တရား တို့သည်။
ဝိဇ္ဇမာနေသု၊ ထင်ရှား ရှိကုန်သည်ရှိသော်။
ကလျာဏဓမ္မာပိ၊ ကောင်းသောတရား တို့သည်လည်း။
ဝိဇ္ဇန္တိဧဝ ယထာ၊ ထင်ရှားရှိသည်သာလျှင် ဖြစ်ကုန်သကဲ့သို၎င်း။ပ။
ဘဝေ၊ သတ္တဝါတို့၏ သတ္တဝါအဖြစ်ဖြင့် ဖြစ်ရာ ဘုံဌာန ဘဝ ဟူသည်။
ဝိဇ္ဇမာနေ၊ ဤလောကထဲ၌ ထင်ရှားရှိသည်ရှိသော်။
ဝါ၊ ရှိသောကြောင့်ပင်။
ဝိဘဝေါ၊ သတ္တဝါ၏ သတ္တဝါ၏ အဖြစ်ဖြင့် မဖြစ်ရရာ နိဗ္ဗုတာဌာန ရှိသည်၏ အဖြစ်ကိုလည်း။
ဣစ္ဆိတဗ္ဗကော၊ အလိုရှိသင့် ရှိထိုက်လှပေသလျှင်ကတည်း။ပ။
သတ္တဝါတို့၏ ခန္ဓာကိုယ်နှင့်တကွ ဖြစ်ရာဘဝဟူသော ဤလူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံ ထင်ရှားရှိသကဲ့သို့ သတ္တဝါတို့၏ ခန္ဓာကိုယ်နှင့်တကွ မဖြစ်ရရာ၊ ပရိနိဗ္ဗုတပုဂ္ဂလ၏ အဖြစ်ဖြင့် တည်နေရာ ဝိဘဝ ဟူသော နိဗ္ဗုတာအရပ် ဟူသည် ထင်ရှားရှိရမည် ဧကန် မှတ်သင့် မှတ်ထိုက်လှသည် ဟူလို။ပ။
(ဂ) တဿ၊ ထိုတဒါသယဟု ရှိသောတနည်းပါဌ်၏။
အတ္ထော၊ အနက်ကား။
တံပိ အာသယံ၊ ထိုတည်ရာဘုံဌန ဟူသည်လည်း။
ဂါမန္တရံ၊ ရွာတပါးသို့။
ဂါမန္တရတောဝိယ၊ ရွာတပါးမှ လာသကဲ့သို့။
အာဂန္တဗ္ဗတာယ၊ သတ္တဝါတို့၏ သတ္တဝါ၏ အဖြစ်ဖြင့် လာရာ မဟုတ်သည့် အဖြစ်ကြောင့်။
အာဂတိံ ၊ လာရောက်ရာ ဟူ၍။
န ၀ဒါမိ၊ ငါဟောတော်မမူ။
အဂန္တဗ္ဗကာယ၊ သတ္တဝါ တို့၏ သတ္တဝါ၏ အဖြစ်ဖြင့် ရောက်ရာ မဟုတ်သောကြောင့်။
ဝါ၊ အရပ်တပါးသို့ ပြောင်းသွားရခြင်း မရှိသောကြောင့်။
ဂတိံ၊ ရောက်သွားရာ ဟူ၍။
န ဝဒါမိ၊ ငါဟောတော်မမူ၊
ပထဝီပဗ္ဗတာဒိ ဝိယ၊ ဤလောကတောင် မြေတောင် စသည်ကဲ့သို့။
န ပတိဋ္ဌာနတာယ၊ သတ္တဝါတို့၏ သတ္တငါ၏ အဖြစ်ဖြင့် တည်ရာမဟုတ်သောကြောင့်။
ဌိတိံ၊ တည်ရာ ဟူ၍လည်း။
န ၀ဒါမိ၊ ငါဟောတော်မမူ။
ဝါ၊ တနည်းကား။
အပ္ပစ္စယတာ-အပ္ပစ္စယတာယ၊ ဟေတု အာရမ္မဏ စသော အကြောင်းပစ္စည်း မရှိသည်၏ အဖြစ်ကြောင့်။
ဥပ္ပါဒါဘဝေါ၊ အထည်ဒြဗ် ဥပါဒ်မရှိ။
ဝါ၊ သရုပ်သကောင် ဒြဗ်ပေါ်အောင် ရှန့်ကြမ်းဖြစ်ပေါ်လာခြင်း မရှိ။
တတော၊ ထိုသို့ သေနိုင်စရာ အထည်ဒြဗ် ဥပါဒ်မရှိသောအားဖြင့်။
ဝါ၊ မရှိသည်ဖြစ်၍။
အမတသဘာဝတ္တာ၊ မသေနိုင်သောသဘော ရှိသည်၏ အဖြစ်ကြောင့်။
စဝနာဘာဝေါ၊ ရွှေ့လျောခြင်းမရှိ။
ဥပ္ပါဒနိရောဓာဘာဝတော ယေဝ၊ ဥပါဒ် သရုပ် အကောင်အထည် ဒြဗ်အားဖြင့် ဖြစ်ခြင်း ဘင်အားဖြင့် ချုပ်ခြင်း၏ မရှိခြင်း ကြောင့်သာလျှင်။
တဒုဘယပရိစ္ဆိန္နာယ၊ ထိုဖြစ်ခြင်း ပျက်ခြင်း တို့ဖြင့် ပိုင်းခြားအပ်သော။
ဌိတိယာ၊ ရုန့်ကြမ်းစွာသော ဌီခဏ၏။
ဝါ၊ အစအဆုံးရှိသော ဌီမျိုး၏။
အဘာဝတော၊ မရှိခြင်းကြောင့်။
န ဌိတိံ၊ အခိုက်အတန့်အားဖြင့် တည်ခြင်းမရှိ ဟူ၍။
န စုတိံ ၊ ရွှေ့လျောခြင်း မရှိ ဟူ၍။
န ဥပပတ္တိံ ၊ တဖန်ဖြစ်နေခြင်း မရှိ ဟူ၍။
ဝဒါမိ၊ ငါဟောတော်မူ၏။
“သက္ခရကထလိကမ္မိ မစ္ဆကုမ္မမ္ပိ စရန္တမ္ပိ တိဋ္ဌန္တမ္ပိ” စသည်ကဲ့သို့ ဟိတ်နှင့် ဖိုလ်မှာ ယထာရဟနည်း။
(ဃ) ကေဝလံ ပန၊ စင်စစ်သော်ကား။
တံ၊ ထိုနိဗ္ဗာန်သည်။
အရူပ သဘာဝတ္တာ စ၊ နာမ်သဘော ရှိသောကြောင့်၎င်း။
ဝါ၊ ရုပ်ဒြဗ်မဟုတ်သောကြောင့်၎င်း။
အပ္ပစ္စယတ္တာ စ၊ ဟေတု သဟဇာတ စသောပစ္စည်း, အနန္တရ စသော ပစ္စည်း အထောက်အပံ့ မရှိသောကြောင့်၎င်း။
ကတ္ထစိ၊ တစုံ တခု မိမိရှိရာဖြစ်ရာအရပ်၌။
န ပတိဋ္ဌိတံ၊ စွဲ၍ မှီ၍ ကပ်၍ နှံ့၍ မတည်။
ဣတိ၊ ထိုကြောင့်။
တံ၊ ထိုနိဗ္ဗာန်ကို။
အပတိဋ္ဌံ၊ တည်ရာအရပ်မရှိ ဟူ၍။
ဝဒါမိ၊ ငါဟောတော်မူ၏။
တတ္ထ၊ ထိုတစုံတခုသော အရပ်ဌာန၌။
ပဝတ္တာဘာဝတော၊ စွဲ၍ မှီ၍ ကပ်၍ ၍ ဖြစ်နေခြင်း၏ မရှိခြင်းကြောင့်၎င်း။
ပဝတ္တ ပဋိပက္ခဘာဝတော စ၊ အဖန်တလဲလဲ မမြဲသောအားဖြင့် ဖြစ်တတ်သော သင်္ခါရတရားတို့မှ ဆန့်ကျင်ဘက်ကြီး ဖြစ်နေသောကြောင့်၎င်း။
တံ၊ ထိုနိဗ္ဗာန်ကို။
အပဝတ္တံ၊ အပဝတ္တတရား ဟူ၍။
၀ဒါမိ၊ ငါဘုရားဟောကြားတော်မူ၏။
တသ္မိံ၊ ထိုနိဗ္ဗာန်သည်။
အရူပသတာဝတ္တေပိ နာမ်သဘောပင် ဖြစ်သော်လည်း။
ဝေဒနာဒယော ဝိယ၊ ဝေဒနာ အစရှိသည်တို့ကဲ့သို့။
ကဿစိ၊ တစုံတခုသော။
အာရမ္မဏဿ၊ အာရုံကို။
အနာလမ္မဏတော၊ အာရုံပြု၍ ဖြစ်သည် မဟုတ်သောကြောင့်။
ဥပတ္ထမ္ဘနနိရာပေက္ခတော၊ ထောက်တည်ရာ ဆွဲမှီရာကို ငဲ့ကွက်ခြင်းမရှိ ပကတိသက်သက် တည်နေသောကြောင့်။
(ဝဒါမိ-၌စပ်) အာယတနန္တိ၊ အာယတန ဟူ၍။
ဝုတ္တံ၊ ဟောတော်မူအပ်သော။
ဧတံ နိဗ္ဗာနံ၊ ဤနိဗ္ဗာန်ကို။
အနာရမ္မဏမေဝ၊ အနာရမ္မဏတရား ဟူ၍သာလျှင်။
၀ဒါမိ၊ ငါဟောတော်မူ၏။
သမ္မန်။ (ပထမဥဒါနသံဝဏ္ဏနာ ဂဏ္ဍီပဗ္ဗတ္ထ။)
ဒုတိယဥဒါနသံဝဏ္ဏနာ
အနက် ယောဇနာပုံ
▬▬▬▬▬▬▬
၂။ (ခ) ။ပ။ သုစိရံပိ ကာလံ၊ အလွန်ကြာမြင့်စွာသော ကာလပတ်လုံးလည်း။
ပုညဉာဏသမ္ဘာရေ၊ ဒါန သီလ ဘာဝနာ ကုသိုလ် ဝိပဿနာဉာဏ် အဆောက်အဦတို့ကို။
သမာနေန္တေဟိပိ၊ ကောင်းစွာယူဆောင် အားထုတ်ကုန်သော သူတို့သည်လည်း။
ကသိရေနေဝ၊ ဘဝများစွာ ပင်ပန်းကြီးစွာ အားထုတ်နိုင်မှသာလျှင်။
သမဓိဂန္တဗ္ဗတော၊ ကောင်းစွာ ရောက်အပ်သောကြောင့်။
တံ၊ ထိုနိဗ္ဗာန်သည်။
သုဒဿနံ-သုခေန ပဿိတဗ္ဗံ၊ အလွယ်တကူ တွေ့မြင်ရသော တရားမျိုးသည်။
န ဟိ၊ မဖြစ်နိုင်တော့သည်သာတည်း။”
(ဒုတီယ ဥဒါန သံဝဏ္ဏနာဂဏ္ဌိပဗ္ဗတ္ထ။)
ဤဒုတီယ ဥဒါနသံဝဏ္ဏနာ၌ “ပဿတော နတ္ထိ သာ နတိ” ဟူ၍၎င်း “ပဿတော နတ္ထိ ကိဉ္စနံ” ဟူ၍၎င်း စာစောင်များစွာ တပုံစီလာသော အချက်တွင် “ပဿတော နတ္ထိ သာ နတိ” ဟူသော ပါဌ်သို့ လိုက်၍၎င်း၊ အဋ္ဌကထာ ဆရာတော် ဖွင့်ဆိုတော်မူသော်လည်း တဏှာကို ပယ်နိုင်ပြီးသော သူအား တဏှာ မရှိ ဟု အဓိပ္ပါယ်ထွက်သော ရှေ့ပါဌ်ထက် တဏှာကို ပယ်နိုင်ပြီးသောသူအား တစုံ တခု ကြောင့်ကြဘွယ်ရာ ဘေးမရှိဟု အဓိပ္ပါယ်ထွက်သော နောက်ပါဌ်သည် သာလျှင် သာလွန်၍ အဓိပ္ပါယ် နက်သည်ဟု သဘောကျသောကြောင့် ယထာ ခန္တိ ပါဌ်ပါဠိကို ထုတ်ဆောင် ရေးသားလိုက် သတည်း။
ယခုအခါ ၎င်းအဋ္ဌကထာပါဌ်နှင့်လျော်စွာ ၎င်းဥဒါန်းပါဠိတော်၏ အတ္ထ ယောဇနာနယကို ပြဆိုလတ္တံ့။
ဤဥဒါန်းပါဠိတော် အရာဝယ် ဤအဋ္ဌကထာ ဖွင့်နည်းကိုသာ မှီး၍ အနက် ယောဇနာခဲ့လျှင် အလွန် သိမ်မွေ့နက်နဲ ထူးကွဲဆန်းကြယ်သော နိဗ္ဗာန်တရား ဖြစ်သည်နှင့်လျော်စွာ အလွန်နက်နဲ ဆန်းကြယ်သော ဂုဠာလင်္ကာရ, ပဟေဠိ အလင်္ကာရ-ဟူသော အလင်္ကာရနည်း တို့ဖြင့် ဟောကြားတော်မူသော ၎င်းပါဠိတော်၏ ဒေသကာဓိပ္ပါယ ဘုရားအလိုတော်ကျအတိုင်း ဂမ္ဘီရတ္တ ဝိစိတြတ္ထ မကျနိုင်ရာသောကြောင့် အဋ္ဌကထာနည်းနှင့်လည်း မဆန့်ကျင်စေရ၊ အလင်္ကာရ နည်းလည်း ပါကဋဖြစ်၍ ဘုရား အာဘော်တော် နေရာကျ ဒုလ္လဘတ္ထယောဇနာ နည်းအားဖြင့် ပြ၍ ဓမ္မရေဧး တို့က်ကျွေးလတ္တံ့။
ပထမသုတ် ဥဒါန်းပါဠိတော်
အနက် ယောဇနာပုံ
▬▬▬▬▬▬▬
၁။ ဘိက္ခဝေ၊ မြေ ရေ လေ မီး-စသည် ထင်ရှားရှိသဖြင့် သတ္တဝါတို့၏ တည်ရာ အာယတန ဘုံဌာနဖြစ်မှသာ ထင်ရှားရှိနိုင်ရာသည်။ နိဗ္ဗာန်ဟူက ယင်းသို့ မြေ ရေ လေ မီး စသည် မရှိသဖြင့် သတ္တဝါတို့၏ တည်ရာ ပုန်းအောင်းရာအားဖြင့် ထင်ရှားရှိသည် မဟုတ်နိုင်ရာ ဟု သင်္ကာယုံမှား တွေးတောခြင်း များကြကုန်သော ငါ၏ချစ်သား ရဟန်းများတို့။
ယတ္ထ၊ အကြင်ဘုံတည်ရာ အာယတန၌။
နေဝ ပထဝီ၊ အခြားတည်ရာ ဘုံဌာနများကဲ့သို့ မြေလည်း မရှိ။
န အာပေါ၊ နဂါးပြည် စသည်များကဲ့သို့ ရေလည်းမရှိ။
န တေဇော၊ ငရဲပြည် စသည်များကဲ့သို့ မီးလည်းမရှိ။
န ဝါယော၊ လူ့ပြည် နတ်ပြည် ဗြဟ္မာပြည် စသည်များကဲ့သို့ လေဓာတ်လည်းမရှိ။
တဒါယတနံ၊ ထို မြေ ရေ လေ မီး မရှိပါဘဲလျက်ပင် အခြားဘုံများကဲ့သို့ တည်နေရာ အာယတန မျိုးသည်။
အတ္ထိ၊ မြေ ရေ လေ မီး ရှိရာ ဘုံဌာန အာယတနကဲ့သို့ ထင်ရှား ရှိသည်ပင် ဖြစ်၏။
တံ၊ ထို မြေ ရေ လေ မီး မရှိဘဲလျက် အခြားဘုံများကဲ့သို့ တည်နေရာဖြစ်၍ ထင်ရှားရှိသော အာယတန ဟူသည်လည်း။
န အာကာသာနဉ္စာယတနံ၊ ပဌမ အရူပဗြဟ္မာ တို့၏ တည်နေရာ အာကာသာနဉ္စာယတနဘုံလည်း မဟုတ်သေး။
န ဝိညာဏဉ္စာယတနံ၊ ဒုတီယ အရူပဗြဟ္မာတို့၏ တည်နေရာ ဝိညာဏဉ္စာယတနဘုံလည်း မဟုတ်သေး။
န အာကိဉ္စညာယတနံ၊ တတိယ အရူပဗြဟ္မာတို့၏ တည်နေရာ အာကိဉ္စညာယတနဘုံလည်း မဟုတ်သေး။
န နေဝသညာနာသညာယတနံ၊ စတုတ္ထ အရူပဗြဟ္မာတို့၏ တည်နေရာ နေဝသညာနာသညာယတန ဘုံလည်း မဟုတ်သေး။
နာယံ လောကော၊ အခြားသော လူ့ဘုံ နတ်ဘုံ စသည်တို့၌ ကဲ့သို့ ဤ ပစ္စုပ္ပန်ဘဝ ဟူသည်လည်း မရှိ။
န ပရလောကော၊ အခြားသော လူ့ဘုံ နတ်ဘုံ စသည်များကဲ့သို့ တမလွန်လောက ဟူသည်လည်း မရှိ။
န ဥဘော စန္ဒိမသူရိယာ၊ နှစ်ပါးကုန်သော လ နေ တို့လည်း မရှိကုန်။
ဝါ။ လူ့ ရွာ နတ်ဘုံများကဲ့သို့ နေ လ နက္ခတ်အရောင် မထွန်းပြောင် လာဘဲလျက်ပင် ဝင်းဝင်း တောက်၍ နေ၏။(ဗျင်္ဂျတ္ထ။)
ဘိက္ခဝေ၊ ငါ၏ချစ်သား ရဟန်းများတို့။
တကြာပိ၊ ထိုမြေ ရေ လေ မီး စသည် မရှိဘဲလျက် အာကာသာနဉ္စာယတန - စသည်လည်း မဟုတ်ဘဲလျက် အခြားဘုံများကဲ့သို့ တည်ရာ အာယတနဖြစ်၍ ထင်ရှားရှိသော လရောင် နေရောင် မရှိဘဲလျက် ဝင်းဝင်းပြောင်၍လည်းနေသော ဘုံတည်ရာ အာယတန၌လည်း။
အာဂတိံ၊ အခြားသော ဘုံတည်ရာ ရွာ နိဂုမ်းများ၌ကဲ့သို့ တပြည်တရွာမှ ရောက်လာကြသူ ရှိ၏ ဟူ၍လည်း၊
န ၀ဒါမိ၊ ငါဟောတော်မမူ။
ဂတိံ၊ ဤဘုံဌာန အာယတနသို့ ရောက်ပြီးပြန်သည့်နောက် ရွာတပါးသို့ ရောက်သွားသူ ရှိ၏ ဟူ၍လည်း၊
န ၀ဒါမိ၊ ငါဘုရား ဟောကြားတော်မမူ။
ဌိတိံ ၊ တည်တည်တံ့တံ့ နေကြသော လူသူရှိ၏ ဟူ၍လည်း။
ဝါ၊ လူတို့၏ တည်နေရာ ဟူ၍လည်း။
န ဝဒါမိ၊ ငါဟောတော်မမူ။
စုတိံ၊ ဤဘုံတည်ရာ အာယတနသို့ ရောက်လာပြီးသည့်နောက် စုတေ့မနေ သေလွန်ခြင်းသို့ ရောက်ရသူ ရှိ၏ ဟူ၍လည်း။
န ၀ဒါမိ၊ ငါ ဟောတော်မမူ။
ဥပပတ္ထိံ၊ အခြားဘုံတည်ရာ အာယတန များကဲ့သို့ ဘုံတပါးမှလာ၍ ပဋိသန္ဓေ တည်နေလာသူ ရှိ၏ ဟူ၍လည်း။
ဝါ၊ ပဋိသန္ဓေတည်နေရာ ဟူ၍လည်း။
န ဝဒါမိ၊ ငါ ဟောကြားတော်မမူ။
ဧတံ အာယတနံ၊ ဤသို့စင်လောက် ထူးထူးဆန်းဆန်း အံ့မခန်းအောင် ထင်ရှား ဖြစ်ပေါ်လာသော ဘုံဌာနတခန်း အောင်မြေနန်း အရပ်သည်။
အပတိဋ္ဌံ၊ အခြားဘုံဌာနများကဲ့သို့ ကိုယ်ခန္ဓာနှင့် တရွာ တည်နေရာလည်း မဟုတ်။
အပဝတ္တံ၊ အခြားဘုံဌာနများကဲ့သို့ ကိုယ်ခန္ဓာပါ ဖြစ်ကြရာလည်း မဟုတ်။
အနာရမ္မဏံ၊ အခြားဘုံတည်ရာများကဲ့သို့ စွဲလမ်းထောက်တည်ရာလည်း မရှိ။
ဧသေဝ-ဧသော ဧဝ၊ ဤစင်လောက် ပွေလီထူးဆန်း အံ့မခန်းသည့် ရွှေမြို့နန်းသည်သာလျှင်။
ဒုက္ခဿ၊ တထောင့်ငါးရာ ရန်များစွာတို့၏ အခါခါညှဉ်းဆဲ နှိပ်စက်အပ်သော ဘေးဒုက္ခ ဟူသမျှ၏။
အန္တော၊ အဆုံးအစသတ်တည်း။
ဝါ၊ ဆုံးရာသည်။
ဟောတိ၊ ဖြစ်၏-ဟု ယောဇနာ။
ဆန်းကြယ်နက်နဲသော
အဓိပ္ပါယ် ရှင်းပြပုံ
▬▬▬▬▬▬▬
“တဒါယတနန္တိ တံ ကာရဏံ” အစရှိသည်ဖြင့် အဋ္ဌကထာ ဘွင့်ဆိုတိုင်း အနက်ယောဇနာခဲ့လျှင် ဘုရားသျှင်၏ အာဘော်တော်အရ ဝိစိတြတ္ထ ဂုဠှတ္ထ မဖြစ်၊ ဘုရားသျှင်ကား …
မာတရံ ပိတရံ ဟန္တွာ၊ ရာဇာနော စ ခတ္တိယေ။
ရဋ္ဌံ သာနုစရံ ဟန္တွာ၊ အနီဃော ယာတိ ဗြာဟ္မဏော …
ဟူသော ဓမ္မပဒ (၅၅) ဂါထာများကဲ့သို့ ဝိစိတြတ္ထ ဂုဠှတ္ထ ဖြစ်စေခြင်းငှါ ဂုဠှာလင်္ကာရနည်း ပဟေဠီအလင်္ကာရနည်း တို့ဖြင့် ဝှက်၍ ဟောတော်မူသော အရာ ဖြစ်သည်။ အဋ္ဌကထာဆရာတို့ကား အလင်္ကာရနည်းမျိုးကို အာရုံပြု၍ မဖွင့်။ အဓိပ္ပါယ်အရကောက် ပေါ်ရုံမျှသာ ဖွင့်ရိုးအတိုင်း ဖွင့်ကြမြဲ ဖြစ်သည်။ ယင်း အဋ္ဌကထာဖွင့်တိုင်း ထို မာတရံ- စသော ဂါထာကို အနက်ပြန်ဆိုခဲ့လျှင် ဘုရားသျှင် လိုရင်းအာဘော်ကျ ဝိစိတြတ္ထ ဂုဠှတ္ထ ဖြစ်နိုင်တော့မည် မဟုတ်။
“မာတရံ၊ အမိနှင့်တူသော တဏှာ ကို၎င်း။ ပိတရံ၊ အဘနှင့်တူသော မာန ကို၎င်း” ဤသို့အစ ရှိသည်ဖြင့် အဋ္ဌကထာဖွင့်တိုင်း အနက်ပေးမူ အဓိပ္ပါယ် မလွဲ ဟူသော်လည်း ပညာရှိ သူတို့၏ ဟဒယနှင့် လှလှတိုက်မိ ဘုရားသျှင် အာတော် ထိလှသော ဝိစိတြအနက် မဟုတ် မှတ်ရမည်၊ ဝိစိတြတ္ထ ဂုဠှတ္ထ ဖြစ်စေခြင်းငှါ ဟောတော်မူပါလျက် ထိုဘုရားသျှင် အာဘော်ထွက်အောင် အနက် မပေးနိုင်လျှင် ဘုရားသျှင်၏ ဝိစိတြဂမ္ဘီရဉာဏ်တော် တရားတော်၏ ဝိစိတြတ္ထ ဂမ္ဘီရတ္ထဂုဏ်တော် မပေါ်ဖြစ်ခဲ့ပေရာ၏။
“ပုဏ္ဏားတယောက်သည် မိခင် ဘခင် အသျှင်မင်း နှစ်ယောက်တို့ကို သတ်၍ ဆင်းရဲကင်းရာ အရပ်သို့ ရောက်လေသည်” ဟု စကားဆန်းကြယ် ပညာရှိတို့ ချီးမွမ်းဘွယ် ဖြစ်အောင် သမာနရူပပဟေဠီ အလင်္ကာရနည်း အားဖြင့် ဟောတော်မူသောအရာကို နှလုံးမထား၊ တဏှာ မာန ဒိဋ္ဌိ တို့ကို ပယ်သတ်၍ ရဟန္တာအသျှင်မြတ်သည် နိဗ္ဗာန်အရပ်သို့ ရောက်လေသည် ဟု နီတတ္ထအနက် ကို ဆိုခဲ့လျှင် ယင်းအနက်ကို လွဲသည် မဆိုသင့်သော်လည်း ဂမ္ဘီရတ္ထ အလို့ငှါ ဘုရားသျှင် ဝှက်လိုသော လိုရင်းအာဘော်တော်မကျ ဆိုအပ်သကဲ့သို့ ဤ၌လည်း အဋ္ဌကထာဆရာတော် ဖွင့်တိုင်း -
“ယတ္ထ အာယတနေ၊ အကြင်အာရုံ အကြောင်း ဖြစ်သော နိဗ္ဗာန်၌။
နေဝ ပထဝီ ပထဝီဓာတ်လည်း မရှိ၊
န အာပေါ၊ အာပေါဓာတ်လည်း မရှိ။ပ။
န အာကာသာနဉ္စာယတနံ၊ အာကာသာနဉ္စာယတနစိတ်လည်း မရှိ။ပ။
တဒါယတနံ၊ ထိုအာရုံ အကြောင်းဖြစ်သော နိဗ္ဗာန်သည်။
အတ္ထိ၊ ရှိ၏”။
ဤသို့ အနက်ဆိုခဲ့သော် ယင်းအနက်ကို လွဲသည် ဟူ၍ မဆိုရသော်လည်း ဘုရားသျှင် အာဘော်တော် ဂုဠှာလင်္ကာရနည်း မကျ ဟူ၍ မှတ်အပ်သလျှင်ကတည်း။ ထိုကြောင့် ယခင်ယောဇနာခဲ့သည့် အနက် အတိုင်းသာ ကသိုဏ်းကွက် ထင်စေသဖြင့် အဓိပ္ပါယ် အရကောက်ကိုသာ အဋ္ဌကထာ လာတိုင်း မှတ်ကြရမည်။
ဤ “အတ္ထိ ဘိက္ခဝေ တဒါယတနံ” စသော စကားတော်၌ “အတ္ထိ ဘိက္ခဝေ တဒါယတနံ။ ယတ္ထ နေဝ ပထဝီ န အာပေါ န တေဇော န ဝါယော” တိုင်အောင်သော ပါဌ် ဖြင့် ရှေးဦးစွာ ဂမ္ဘီရတ္ထ ဖြစ်စေခြင်းငှါ နိဗ္ဗာန်သဘောကို ဝှက်၍ မိန့်ဆိုပြီးသည့်နောက် မြေ ရေ လေ မီး မရှိရာအရပ် အာယတန ဟူသည် အာကာသာနဉ္စာယတန စသော ဘုံများ ဖြစ်လေသလော ဟု ဝေနေယျတို့ ထင်မှားဘွယ် ရှိရာသို့ လိုက်၍ န-သဒ္ဒါ ဖြင့် မြစ်သောကြောင့် နိဘူတပဟေဠီလက္ခဏာ ၌ ဝင်၏မှတ်။
ယင်းသို့ သုဏန္တပုဂ္ဂိုလ်တို့ ယုံမှားဘွယ်ရှိရာ အရူပလေးဘုံကို န-သဒ္ဒါ ဖြင့် လေးကြိမ်လေးခါ မြစ်ဆိုပြီး၍ ဘုံတပါးမှ ဤနိဗ္ဗာန်ဘုံ၌ ပဋိသန္ဓေအားဖြင့် ဖြစ်လာသူ မရှိသည်ကို ရည်တော်မူ၍ ဤနိဗ္ဗာန်သို့ ဘုံတပါးမှ ခြေဖြင့် ရောက်လာသူ မရှိသည်ကို ဆိုလေသည့်ဟန် ကြံဖန်ယုံမှား ရှိစေခြင်းငှါ သံမုဠှာပဟေဠီ အလင်္ကာရနည်း အားဖြင့်ဝှက်၍ “န အာဂတိ” ဟု ဆိုသတည်း။
ဤနည်းအတူ နိဗ္ဗာန်သို့ရောက်ပြီးမှ ဤလောက ဘုံသုံးပါးသို့ မပြန်သွားသည်ကို ရည်တော်မူ၍ ရွာတခုမှ တခုသို့ မပြောင်း မသွားသော အရာမျိုးကို ဆိုလေသလားဟု ယုံမှား ထင်မှားစေခြင်းငှါ “န ဂတိ” ဟု ဆိုတော်မူ သတည်း။
ဤနည်းအတူ နိဗ္ဗာန်၏ အခြား ပရမတ္ထတရားတို့ကဲ့သို့ ဖြစ်ခြင်း ပျက်ခြင်းကို ရှေးရှု၍ တည်သော အခိုက်အတန့် ဌီမရှိသည်ကိုရည်၍ ပကတိရွာပေါ်၌ တည်နေခြင်း မရှိသည်ကို ဆိုလေသလော ဟု တွေးတောယုံမှားစရာ “န ဌိတိ”ဟု ဆိုတော်မူသတည်း။
ဤနည်းအတူ ဤနိဗ္ဗာန်၏ ငြိမ်းဧးခြင်းသဘော ပေါ်လာသည်မှစ၍ ပျက်စီးခြင်းမရှိ “အမြဲတည် နေသောအရာကို ရည်တော်မူ၍ ဤလောက ခေါ်ဝေါ်ရိုးဖြစ်သော စုတေခြင်းမရှိသည်ကို ဆိုလေ သလော ဟု တွေးတော ယုံမှားဘွယ် ဖြစ်စေခြင်းငှါ “န စုတိ” ဟု မိန့်တော်မူသတည်း။
ဤနည်းအတူ ဤနိဗ္ဗာန်၌ ပဋိသန္ဓေ နေရခြင်း မရှိသည်ကို ရည်တော်မူ၍ လောက၌ ဘုံဟူသမျှတို့မှာ ပဋိသန္ဓေ နေကြရာချည်း ဖြစ်ပါလျက် ပဋိသန္ဓေ နေရာမဟုတ်သော ဘုံတည်ရာ အာယတနဟူသည် အဘယ်ကို ဆိုပါလိမ့်မည် နည်းဟု “ကထံကထီ” ဖြစ်ကြစေခြင်းငှါ “န ဥပပတ္တိံ“ ဟု မိန့်တော် မူသတည်း။
ကိလေသာအားဖြင့် တည်ရာမဟုတ်သည်ကို ရည်တော်မူ၍ သတ္တဝါတို့၏ တည်ရာဌာန မဟုတ်သော ဘုံဟူသည် ဘယ်သို့ဘယ်ဝါ ဖြစ်ပါလိမ့်မည်နည်း ဟု တွေးတောကြ စေခြင်းငှါ – “အပတိဋ္ဌံ” ဟု မိန့်တော်မူသတည်း။
ဤနည်းအတူ ရုပ်နာမ်ခန္ဓာကိုယ်နှင့် တကွဖြစ်ရာ မဟုတ်သည်ကို ရည်မူ၍ တစုံတခု အဘယ် အခြင်းအရာအားဖြင့် မဖြစ်ရာ ဘုံ အာယတနဟူသည် ဘယ်လိုဟာ ဖြစ်ပါလိမ့်မည်နည်း ဟု ယုံမှားဘွယ်ရာဖြစ်အောင် “အပဝတ္တံ” ဟု မိန့်တော်မူသတည်း။
ဘုံဟူသမျှတို့မှာ စွဲလမ်းရာ ဆွဲကိုင်ရာ အာရုံဝတ္ထု ရှိသည်ချည်း ဖြစ်ပါလျက် ထောက်တည်ရာ စွဲလမ်းရာ မရှိသော ဘုံအာယတနဟူသည် ထင်ရှားရှိသေးသည်ဟု ဟောတော်မူသည်အချက် အလွန်ခဲလှ နက်လှချေ၏တကားဟု စကားတခု အံ့ဩခြင်း ပြုကြစေရန် “အနာရမ္မဏံ” ဟု ဟောတော်မူသတည်း။ ဤသို့ ဂမ္ဘီရတ္ထ ဖြစ်စေခြင်းငှါ အတ္ထဂုဠှာလင်္ကာရ, ပဟေဠီအလင်္ကာရ စကား တို့ဖြင့် ဝှက်၍ ဟောတော်မူသည့်အရာ မှတ်ကြကုန်။
မြေ ရေ လေ မီး ရှိမှသာ လ နေ နက္ခတ် ရှိမှသာ သတ္တဝါတို့၏ ကိုယ်ခန္ဓာနှင့်တကွ တည်ရာ ဖြစ်ရာ စုတိရာ စသည်ရှိသော ဘုံမှသာ ထင်ရှားရှိသည် မဟုတ်၊ မြေ ရေ လေ မီး-စသည် မရှိသော ဘုံဌာနတခုလည်း ရှိသေး၏။ အခြားဘုံ ထင်ရှားရှိသကဲ့သို့ ထိုဘုံအာယတနလည်း ထင်ရှားရှိသည်ပင် မှတ်ကြကုန် ဟူလိုသတတ်။ (ဗျင်္ဂျတ္ထ။)
ဤမျှလောက် လောကဘုံနှင့်မဘူ အမူထူးဆန်းသည့် နိဗ္ဗာန်ရွှေနန်းသို့ မြန်မြန်ကြီး ရောက်ကြ ရအောင် အထူး ကြံဆောင်အားထုတ်ကြရမည်။ ဤသို့သော ဘုံတည်ရာဟူသည် ထင်ရှားရှိရာ ၏လော မရှိရာလောနှင့် အကြံမျော၍ မနေကြနှင့်၊ ဧကန္တ ထင်ရှားရှိသည်သာတည်း ဟူလိုသတတ်။
(ဒုတီယ ဗျင်္ဂျတ္ထ။)
(ပဌမဥဒါနတ္ထယောဇနာဓိပ္ပါယော။)
ဒုတီယသုတ် ပါဠိတော်
အနက် ယောဇနာပုံ
▬▬▬▬▬▬▬
ဒုတိယ၌ …
၂။ ဘိက္ခဝေ၊ အခြားဘုံတည်ရာ အာယတနများကဲ့သို့ ယင်းနိဗ္ဗာန်ဟူသော ဘုံတည်ရာ အာယတန ဟူသည် ထင်ရှားမရှိနိုင်ရာဟု တွေးတောခြင်း မကင်းနိုင်ကြကုန်သော ငါ၏ချစ်သား ရဟန်းများတို့။
အနတံ နာမ၊ မျက်စိဖြင့် မြင်ရမည်ကို မဆိုလင့်ဦး၊ စိတ်ကူး စိတ်အကြံဖြင့်သော်လည်း မညွတ် မရောက်နိုင်ရာ အရပ် မည်သည်ကား။ (ဝှက်သည်အတိုင်းအနက်)
ဝါ၊ တဏှာမလာ မသီနိုင်ရာ အရပ်မည်သည်ကား။ (ဝှက်သည်ကို ဖော်။)
ဒုဒ္ဒသံ၊ ပုထုဇန်တို့ ဉာဏ်ဖြင့် သိနိုင်မည့်အရေး လွန်စွာကွာဝေးခဲ့၏။
ဟိ၊ ငါဘုရား မိန့်ကြားတော် မူသင့်လှတော့၏။
သစ္စံ၊ အခြားတရားများကဲ့သို့ ဖောက်ပြန် ပျက်စီးခြင်းမရှိ ပကတိမြဲမြံ မှန်ကန်စွာတည်နေသော တရားမြတ် မည်သည်။
သုဒဿနံ၊ မြင်နိုင်လွယ်သော တရားမျိုးသည်။
န၊ မဟုတ်နိုင်။
ယံ၊ ယင်းသို သိနိုင်မြင်နိုင်ခဲသော နိရောဓသစ္စာ နိဗ္ဗုတာဘုံနန်း ကို။ (ထည့်ပါ။)
ဇာနတော၊ ဖြောင့်တန်းမှန်စွာ နေရာတကျ သိနိုင်ကြသော။
ပဿတော၊ ဟုတ်တိုင်းထင်ထင် မြင်နိုင်ကြသော သူအပေါင်းအား။
လောကေ၊ သုံးဘုံဘ၀ ဤလောက၌။
တဏှာ၊ တွယ်တာ မက်မော ဒုက္ခဘောင်မှာ ပျော်အောင် မျောတတ်သည့် လောဘတဏှာ သမုဒယသစ္စာ ကို။ (နီတတ္ထ။)
ဝါ၊ သမုဒယသစ္စာ, ထိုသမုဒယ၏ အကျိုး ဖြစ်သော ဒုက္ခသစ္စာ၊ ထိုသမုဒယကို ပယ်တတ်သော မဂ္ဂသစ္စာ ဟူသော သစ္စာသုံးပါး ကိုလည်း (နေယျတ္ထ။)
ပဋိဝိဒ္ဓါ၊ ပယ်ခွါပိုင်းခြား ပွါးသောအားဖြင့် များများကြီး ကောင်းကောင်းကြီး သိလေ၏။
တဿ၊ ထိုသိမြင်နိုင်ခဲသော နိရောဓသစ္စာ နိဗ္ဗာနန်းမကို လှလှကြီး ပိုင်သည့်အရေးဖြင့် သစ္စာလေးပါး လုံးကိုပင် မြင်နိုင်သိနိုင်လေပြီးသော ငါ၏ သားတော် ငါ့ရဲကျော်အပေါင်းအား (ထည့်။)
ကိဉ္စနံ၊ မာရ်မင်း၏ ရဲကျော် ခြောက်ဘော် တဏှာတို့၏အတွက် ကြောင့်ကြစွက်စရာ သည်။
နတ္ထိ၊ တစိုးတစိ ဘယ်ဟာတခု ရှိတော့သည် မဟုတ်။
အတ္ထယောဇနာ ရှင်းပြပုံ
▬▬▬▬▬▬▬▬▬
ဤဂါထာကား …
“အနတံ” ဟူသောပါဌ်ဖြင့် နိဗ္ဗာန်အမည်ကို ဝှက်၍ဆိုသော်လည်း သစ္စာ ဟူသောပါဌ်ဖြင့် “နိဗ္ဗာန်ပရိယာယ်ကို ပြဆိုပြန်ရကား ပဟေဠိ မဆိုလောက်၊ “ပဋိဝိဒ္ဓါ တဏှာ လောကေ” ဟူသော ပါဌ်ဖြင့် နေယျတ္ထအားဖြင့် သစ္စာသုံးပါးလုံးကို သိစေသော အရာကို ထောက်သဖြင့် အဋ္ဌဂုဠှာလင်္ကာရ ဟူ၍ကား ဆိုသင့် ဆိုထိုက်၏။ ယခင် အဋ္ဌကထာဖွင့်ကိုမှီ၍ အဋ္ဌကထာဖွင့်လောက်လည်း မကျယ် စေရ၊ ဘုရားအလိုတော်လည်း အလွန်ကျ အလွန်ရခဲသော ဒုလ္လဘတ္ထ ဤအနက် ကို နှုတ်တက်အာဂုမ် ရှိကြစေ။
ဤဂါထာဝယ် “ အနုတံ ဒုဒ္ဒသံ နာမ” ဟူသောပါဌ်ဖြင့် နိဗ္ဗာန်၏ သုဒုဒ္ဒသ သုနိပုဏ ဂမ္ဘီရတ္ထ-ကို ပြတော်မူသည်။
ဤဂါထာရှေးထက်ဝက်ဖြင့်လည်း နိဗ္ဗာန် ဟူသော အာယတန ဟူသည်ကို အခြားဘုံတည်ရာ အာယတနများကဲ့သို့ မမြင်တဲ့ရ မသိတဲ့ရကာ မတ္တဖြင့် ထင်ရှားမရှိ မမှတ်ကြလင့်၊ နက်နဲလှ၍သာ မသိမမြင်ကြရသည်၊ ထင်ရှားရှိသည် ဧကန်မှန်၏ ဟူသော အနက်ကိုလည်း ပညတ္တိဟာရနည်း အားဖြင့် သိစေတော်မူသတည်း။
ပဋိဝိဒ္ဓါ-စသော နောက်ဂါထာဝက်ဖြင့် နိဗ္ဗာန်ကို သိမြင်ရခြင်း၏ အကျိုး အာနိသံသ ကို ပြတော် မူသတည်း။ ယင်းသို့ ပြတော်မူသဖြင့်လည်း ဤမျှလောက် ဘေးဒုက္ခ ကြောင့်ကြစရာ ဟူသမျှတို့၏ ငြိမ်းဧးရာ နိဗ္ဗုတာအောင်နန်း၌ ဆောလျင်စွာ စံမြန်းကြရအောင် အထူးကြံဆောင် အားထုတ်ကြရမည် ဟူသော အာဏတ္တိ ကိုလည်း ပြတော်မူသတည်း။
(ဒုတီယ ဥဒါနတ္တယောဇနာဓိပ္ပါယော။)
တတီယသုတ် အဘွင့်
အနက် ယောဇနာပုံ
▬▬▬▬▬▬▬
တတီယ နိဗ္ဗာနသံယုတ္တ ဥဒါနတ္ထယောဇနာဓိပ္ပါယကိုလည်း အလွန်ခက်ခဲ နက်နဲလှသောအရာ ဖြစ်သောကြောင့် ၎င်းအဖွင့် အဋ္ဌကထာနှင့် တိုက်ဆိုင်၍ ကြည့်ရှုသဖြင့် ကျမ်းတတ်က ပညာရှိတို့ အထူးယုံကြည်ဘွယ် ဖြစ်စေခြင်းငှါ ၎င်းအဘွင့် ဥဒါန်းအဋ္ဌကထာ ယောဇနာနည်းကို ရှေးဦးစွာ ပြပြီးမှ ပြဆို လတ္တံ့။
(ခ)။ အထဝါ၊ တနည်းကား။
ဝေဒနာဒယော ဝိယ၊ ဝေဒနာ အစရှိသော တပါးသော ပရမတ္ထတရားတို့ကဲ့သို့။
ဟေတုပစ္စယသမဝါယသင်္ခါတာယ၊ အကြောင်းရင်း အကြောင်းဖျားတို့ ပေါင်းဆုံမိခြင်း ဟု ဆိုအပ်သော။
ကာရဏသာမဂ္ဂိယာ၊ အကြောင်းတရားတို့ ညီညွတ်လှသဖြင့်။
ဝါ၊ ညီညွတ်လှသော်လည်း။
န ဇာတံ-န နိဗ္ဗုတ္တံ၊ ဥပါဒ်ပေါ်အောင် ဖြစ်လာသည်မဟုတ်။
ဣတိ တသ္မာ၊ ထိုကြောင့်။
တံ၊ ထိုနိဗ္ဗာန်သည်။
အဇာတံ၊ အဇာတ မည်၏။
ကာရဏေန၊ ဒါန သီလ ဘာဝနာ မဂ် ဖိုလ် ဟူသော အကြောင်းဝေး အကြောင်းနီးနှင့်။
ဝိနာ၊ ကင်း၍။
သယမေဝ၊ မိမိဘာသာပင်လျှင်။
န ဘူတံ - န ပါတုဘူတံ၊ သဘောအားဖြင့် ထင်ရှား ပေါ်လာနိုင်သည် မဟုတ်။
န ဘူတံ န ဥပ္ပန္နံ၊ သဘော အားဖြင့် ဖြစ်လာနိုင်သည် မဟုတ်။
ဣတိ-တသ္မာ၊ ထိုသို့ အကြောင်းနှင့်ကင်း၍ လျောက်လျား ဘာသာ မဖြစ်ပေါ်လာနိုင်၊ အကြောင်း ရှိမှသာလျှင် ဖြစ်ပေါ် လာနိုင်သောကြောင့်။
တံ၊ ထိုနိဗ္ဗာန်သည်။
အဘူတံ၊ အဘူတ မည်၏။
ဧဝံ၊ ဤဆိုအပ်ခဲ့ပြီးသည့်အတိုင်း။
အဇာတတ္တာ၊ အကြောင်းတရားတို့ကို စွဲ၍ ဥပါဒ်ပေါ်အောင် မဖြစ်သောကြောင့်၎င်း။
အဘူတတ္တာ စ၊ အကြောင်း များစွာနှင့် ကင်း၍ သဘောအားဖြင့် ဖြစ်ပေါ်လာနိုင်သည် မဟုတ်သောကြောင့်၎င်း။
ကေနစိ-ကာရဏေန၊ တစုံတခုသော အကြောင်းသည်။
န ကတံ၊ ပြုအပ်သော်လည်း ပြုအပ်သည်မမည်။ ပြုလည်း မပြုနိုင်။
“အဇာတတ္တာ” ဟူသော ဟိတ်ကိုငဲ့၍ ပြုအပ်သော်လည်း ပြုအပ်သည် မမည်၊ “အဘူတတ္တာ” ဟူသော နောက်ဟိတ်ကိုငဲ့၍ ပြုလည်း မပြုနိုင် ဟု ဆိုအပ်သတည်း။
အဓိပ္ပါယ်ကား …
နိဗ္ဗာန် ဟူက အကြောင်းတရား များစွာတို့ကို စွဲ၍ ပေါ်လာသော်လည်း ဥပါဒ်အားဖြင့် နိဗ္ဗတ္တိလက္ခဏာ မြောက်အောင် ပေါ်လာသည်မဟုတ်သောကြောင့် စင်စစ် ဇာတ-ဟူ၍ မဆိုထိုက်။ ထိုသို့ ဇာတ-ဟု မဆိုထိုက်သောကြောင့် တစုံတခုအကြောင်းသည် ပြုအပ်သော်လည်း ဥပါဒ်ပေါ်အောင် မပြုနိုင်သဖြင့် ပြုအပ်သည် မဆိုထိုက် ဟူလို။ “အဇာတတ္တာ အကတံ” ၏ အဓိပ္ပါယ်။
နိဗ္ဗာန် ဟူက အကြောင်းများနှင့် ကင်း၍ ဥပါဒ်အားဖြင့် မဆိုထားဘိ၊ ငြိမ်းခြင်း သဘောအားဖြင့်ပင် ထင်ရှားပေါ်လာ နိုင်သည်ဖြစ်၍ အကြောင်း များစွာသည်သာ ပြုအပ်နိုင်ရကား တခုသော အကြောင်း မျှသည် အဘယ် ပြုအပ်နိုင်အံ့နည်း၊ မပြုအပ်နိုင်သည်သာ ဟူလို။ “အဘူတတ္တာ အကတံ” ၏ အဓိပ္ပါယ်၊ ခဲစွဲ။ ခဲကြပါကုန်။
ဤအဋ္ဌကထာဝယ် “အဇာတံ” ကို အနိဗ္ဗတ္တံ-ဘွင့်သဖြင့် ဥပါဒ် ဟူသော နိဗ္ဗတ္တလက္ခဏာ ပေါ်အောင် မဖြစ်သည်ကို ဆိုသည်။ “အဘူတံ” ကို န ပါတုဘူတံ-ဘွင့်သဖြင့် အကြောင်း ကင်းသည်ရှိသော် ဥပါဒ်အားဖြင့် မဆိုထားဘိ၊ ငြိမ်းဧးခြင်း သဘာဝအားဖြင့်ပင် မထင်ရှားနိုင် မပေါ်လာနိုင်သည်ကို ဆိုသည်မှတ်။
အဒ္ဓါ သန္တတိ ခဏတ္တယ - မျိုးအားဖြင့် ဖြစ်ခြင်းကို နိဗ္ဗတ္တိ ဆိုကြောင်းနှင့် ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ မိန့်မှာအပ်ပြီ။ ဤဥဒါန်းပါဠိတော်အရာ ဤအဋ္ဌကထာဖွင့်အရ အဇာတ-အဘူတ ကို သဘောလှလှ ကျကြ၍ရှိလျင် နိဗ္ဗာန်ဟူက အကြောင်းတရား များစွာတို့ကြောင့် ဥပါဒ်အားဖြင့် မဖြစ်သော်လည်း ငြိမ်းဧးခြင်း သဘောအားဖြင့် ထင်ရှား ပေါ်လာရမြဲ ဖြစ်ကြောင်း နှင့် ဥဒါန်း အဋ္ဌကထာ၌ပင် လာသည် ဟု ခိုင်မာရဲဝံ့စွာ ဆိုနိုင်ကြလတ္တံ့။
ဥပါဒ်ကင်းလျက် သဘောအားဖြင့် ဖြစ်ပေါ်လာသည် ဟူရာဝယ် တစုံတခု တိုက်နံရံ၌ ပြတင်းပေါက် ဖောက်လာသည့်အခါ ဥပါဒ်အထည်ဒြပ် မထင်ဘဲလျက် ပရိစ္ဆေဒါကာသ ဟင်းလင်းကောင်းကင် အထင်အရှား ပေါ်လာဘိသကဲ့သို့မှတ်။
ဘူတဘာဝေါ စ နာမ၊ ထင်ရှားစွာဖြစ်နေရခြင်း မည်သည်ကား။
ရူပါဒီနံ၊ ရုပ်အစရှိကုန်သော။
သင်္ခတဓမ္မာနံ၊ သင်္ခတတရား တို့အားသာလျှင်။
ဟောတိ၊ ဖြစ်၏။
အသင်္ခတသဘာဝဿ၊ အသင်္ခတ သဘောလက္ခဏာရှိသော။
နိဗ္ဗာနဿ၊ နိဗ္ဗာန်အား။
န၊ မဖြစ်နိုင်။
ဣတိ၊ ဤသို့။
ဒဿနတ္ထံ၊ ပြုခြင်းငှါ။
အသင်္ခတန္တိ၊ အသင်္ခတံ-ဟူ၍။
ဝုတ္တံ၊ မိန့်တော်မူပြန်၏။
(ဂ) ဝါ၊ တနည်းကား။
ပဋိလောမတောပိ၊ နောက်ဆုတ်ပြန်လှန် ပဋိလောမနည်း ကြံသောအားဖြင့်လည်း။
ပစ္စယေဟိ၊ အကြောင်းဝေး အကြောင်းနီး တို့သည်။
သမစ္စ-သံဘုယျ၊ တကွညီညွတ် ကပ်ရောက်လာကြကုန်၍။
ကတံ၊ ပြုစီရင်အပ်သည်တည်း။
ဣတိ၊ ထိုကြောင့်။
သင်္ခတံ၊ သင်္ခတ မည်၏။
တထာ၊ ထိုသင်္ခတတရားနှင့် အတူတူပင်။
သင်္ခတမ္ပိ၊ အကြောင်းများစွာကို ပြုပြင်အပ်သော်လည်း။ (ထည့်ပါ။)
တထာ၊ ထိုသင်္ခတ တရားနှင့်အတူ။ (သိလေသနည်း။)
န သင်္ခတံ၊ သင်္ခတလက္ခဏာ မပေါ်။
သင်္ခတလက္ခဏရဟိတံ၊ အလွန်သိမ်မွေ့ နူးညံ့စွာ ဖြစ်ပေါ်လာသဖြင့် ပြုပြင်၍ ဖြစ်ပုံအခြင်းအရာ လက္ခဏာမှ ကင်း၍ နေ၏။
ဣတိ၊ ထို့ကြောင့်။
အသင်္ခတံ၊ အသင်္ခတ မည်၏။
ဧဝံ၊ ဤသို့။
အနေကေဟိ၊ များစွာကုန်သော။
ကာရဏေဟိ၊ အကြောင်းတို့ကြောင့်။
နိဗ္ဗတ္တိယသဘာဝေ၊ ဖြစ်စေအပ်ပုံ ခြင်းရာသဘော လက္ခဏာကို။
ပဋိသိဒ္ဓေ၊ တားမြစ်အပ်သည်ရှိသော်။
ဧကေနေဝ ကာရဏေန၊ တခုတည်းသော အကြောင်းသည်သာလျှင်။
ကတံ၊ ပြုအပ်သည်။
သိယာ နု ခေါ၊ ဖြစ်လေပါသလာ။
ဣတိ၊ ဤသို့။
အာသင်္ကာယံ၊ ယုံမှားဘွယ် ရှိသည် ရှိသော်။ပ။
တန္နိဝတ္တနတ္တံ၊ ထိုယုံမှားဘွယ်ကို ပယ်နှစ်ခြင်းအကျိုးငှါ။
အဘူတန္တိ၊ အဘူတံ-ဟူ၍၊
ဝုတ္တံ၊ မိန့်အပ် ပြန်၏။
(ဃ) စ၊ ၎င်းပြင်လည်း။
ဧတဿ၊ ဤနိဗ္ဗာန်၏။
အယဉ္စ အသင်္ခတာ ကတာ ဘူတသဘာဝေါ၊ ဤများစွာသော အကြောင်းတို့သည် ပြုပြင်အပ် သော်လည်း ပြုပြင်အပ်သည် မမည်သော သဘော, တခုတည်းသော အကြောင်းသည်လည်း မပြုနိုင်သော သဘော, အကြောင်းကင်း၍လည်း မဖြစ်နိုင်သော သဘော ရှိသော တရားသည်လည်း။
သဗ္ဗေနသဗ္ဗံ၊ အချင်းခပ်သိမ်း။
အဇာတိဓမ္မတာ၊ ဖြစ်ပေါ်လာတတ်သော သဘောတရားမဟုတ်။
(“ဓမ္မတ္တာ” ဟု သံယုဂ်နှင့် ရှိသည်ကား ပါဌ်ပျက်။)
ဣတိ၊ ဤသို့ အသင်္ခတ အကတ အဘူတ သဘောရှိသော နိဗ္ဗာန်၏ အချင်းခပ်သိမ်း ဖြစ်လာ ပေါ်လာတတ်သည်၏ မဟုတ်သည်၏ အဖြစ်ကို။
ဒဿနတ္ထံ၊ ပြုခြင်းငှာ။
အဇာတန္တိ၊ အဇာတံ-ဟူ၍။
ဝုတ္တံ၊ မိန့်တော်မူရပြန်၏။
ဤကား အဓိပ္ပါယတ္တပေါ်အောင် နာအပ်သော တတီယဥဒါနဝဏ္ဏနာ၏ လိုရင်း ဂဏ္ဌိပဗ္ဗယောဇနာ တည်း။
ဤဥဒါန်းပါဠိတော်အရာ ဤအဋ္ဌကထာ၏ဖွင့်ပုံ အနုလောမနည်း ပဋိလောမနည်း နှစ်စုံလုံးပင် အကုန်သား ခက်ခဲ နက်နဲလှသည့် အရာ ကို ပညာရှင်တို့ များများကြီး သတိထင်ကြပါစေကုန် သတည်း။
တတီယ ဥဒါနသုတ်
ပါဠိတော်အနက် ယောဇနာပုံ
▬▬▬▬▬▬▬▬▬▬
ဤအဋ္ဌကထာအဖွင့်နှင့်အညီ ဤတတိယ ဥဒါန်းပါဠိတော်ကို ဤသို့ ယောဇနာအပ်၏။
၃။ ဘိက္ခဝေ၊ နိဗ္ဗာန်ဟူသည် အကြောင်း မရှိသည်ဖြစ်၍ ထင်ရှားမရှိရာဟု တွေးတောခြင်း မကင်း နိုင်ကြသေးသော ငါ၏ ချစ်သား ရဟန်းများတို့။
အဇာတံ၊ အကြောင်းတရားတို့ကြောင့် ဖြစ်သော်လည်း အကြောင်းတရားတို့ကြောင့် ဖြစ်သည့် လက္ခဏာ ဥပါဒ်မထင် အလွန်လျှင် နက်နဲ သိမ်မွေ့စွာ ဖြစ်လာထသော။
အဘူတံ၊ အကြောင်းတရားတို့ကြောင့် ဖြစ်ပုံလက္ခဏာ ဥပါဒ် မထင်သော်လည်း အကြောင်းနှင့် ကင်း၍ မိမိဘာသာ ဖြစ်ပေါ်လာသည် မဟုတ်ထသော။
အကတံ၊ အကြောင်းတရားတို့ကြောင့် ဖြစ်သော်လည်း အကြောင်းတရားတို့ကြောင့် ဖြစ်သည် မဆိုထိုက်သည်ဖြစ်၍ အကြောင်းတရားတို့ ပြုအပ်သော်လည်း ပြုအပ်သည် မမည် အကြောင်း များစွာတို့နှင့် မကင်းကောင်းသဖြင့် တခုတည်းသော အကြောင်းသည် မပြုပြင်နိုင်ထသော။
အသင်္ခတံ၊ သင်္ခတဆိုး ဒုက္ခအိုး တရားများကဲ့သို့ သင်္ခတလက္ခဏာ မထင်ရှားသော နိဗ္ဗာန်တရား သည်လည်း။
အတ္ထိ၊ သင်္ခတ တရားမျိုးကဲ့သို့ ပရမတ္ထအားဖြင့် ထင်ရှား ရှိသည်ပင် ဖြစ်၏။ (အနုလောမနည်း။)
တနည်းကား …
ဘိက္ခဝေ၊ နိဗ္ဗာန်ဟူက စကားမျှသာ အသားထင်ရှားမရှိ ယုံမှားမိကြကုန်သော ငါ၏ချစ်သား ရဟန်းများတို့။
အသင်္ခတံ၊ အကြောင်းများစွာတို့ အခါခါ ညီညွတ် ပြုပြင်အပ်သော်လည်း ယင်းအကြောင်း များစွာ တို့ ပြုစီရင်အပ်သည် အသွင် သင်္ခတလက္ခဏာ မထင်ထသော။
အကတံ၊ အကြောင်းများစွာတို့ ပြုစီရင်အပ်ပုံ မပေါ်သော်လည်း တခုသော အကြောင်းသည်မျှ ပြုအပ်သည့်ပုံလည်း မပေါ်ထသော။
အဘူတံ၊ အကြောင်းများ အကြောင်းနည်းတို့ ပြုပြင်အပ်ပုံ လက္ခဏာ မထင်သော်လည်း ယင်းအကြောင်းတို့နှင့်ကင်း၍ လျောက်လျား ဘာသာ ဖြစ်လာသည်လည်း မဟုတ်ထသော။
အဇာတံ၊ အချင်းခပ်သိမ်း မဖြစ်လာ ခွင့်ကြီးသာမှ တခါသာ ဖြစ်ပေါ်လာနိုင်ထသော။
တံပဒံ၊ ထို လက္ခဏာလေးရပ် ဂုဏ်သကတ်ရှိသော နိဗ္ဗုတာအောင်ခန်း ဘေးမသန်းသည့် ရွှေမြို့နန်း သည်။
အတ္ထိ-သံဝိဇ္ဇတိ၊ ဘေးကိုကြောက်သူ ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့ ဘေးမှလွတ်ကြောင်း ပုန်းအောင်းခိုနေရာ တာဏ - လေဏ - ပရာယဏဖြစ်၍ ကောင်းစွာ ထင်ရှား ရှိသည်ဖြစ်၏။ (ပဋိလောမနည်း။)
ရခဲသော အနက် ယောဇနာနည်း ရှင်းပြပုံ
ယခင်အဋ္ဌကထာဖွင့်နှင့် အလွန်သင့်လျော်သော သုဒုလ္လဘ ဤအတ္ထကို သဘောလှလှ ထားမိကြလျှင် နိဗ္ဗာန် ဟူက ပရိနိဗ္ဗုတပုဂ္ဂိုလ် မပေါ်လာခင် ရှေးဦးတင်၍ ထိုပုဂ္ဂိုလ်တို့ စံဝင်စရာ အစဉ်ထာဝရ ဖြစ်နေနှင့်သောမည်သည် မရှိ ဟူသော အနက် ပြက်ပြက် ထင်ရှားလတ္တံ့။
“န သင်္ခတံ၊ သင်္ခတလက္ခဏရဟိတံ” ဟု ၎င်း အဋ္ဌကထာဖွင့်ကို နာနာ သတိ ပြုမိကြလျှင် “အသင်္ခတံ၊ သင်္ခတပင် ဖြစ်သော်လည်း သင်္ခတ ဟု သိကြောင်း မှတ်ကြောင်း လက္ခဏာ မထင်ထသော” ဟု ပေးအပ်သော အနက်ကိုလည်း ဆက်ဆက် ယုံကြည်ကြလတ္တံ့။
“န သင်္ခတံ၊ ပြုပြင်အပ်သည် မဟုတ်” ဤသို့သော အနက်ကို နစ်စေလို သောကြောင့် “န သင်္ခတံ သင်္ခတလက္ခဏရဟိတံ” ဟု ဖွင့်သတည်း။ အသင်္ခတ-၌ အ-အက္ခရာ ပဋိသေဓတ္ထမဟုတ်၊ ဝိရဟတ္ထ ဟူလို။
ဤ “န သင်္ခတံ သင်္ခတလက္ခဏရဟိတန္တိ အသင်္ခတံ” ဟူသော အဋ္ဌကထာ နည်းပြ နိဒဿနတ္ထကို မှီးသဖြင့် …
“သင်္ခတမ္ပိ သင်္ခတလက္ခဏရဟိတန္တိ အသင်္ခတံ။ ကတမ္ပိ ကတလက္ခဏရဟိတန္တိ အကတံ။ ဘူတမ္ပိ ဘူတလက္ခဏရဟိတန္တိ အဘူတံ။ ဇာတမ္ပိ ဇာတလက္ခဏရဟိတန္တိ အဇာတံ”…
ဟူ၍လည်း ပြုအပ်သည်ကို ဝိညူတို့ သိကြလတ္တံ့။
လက္ခဏရဟိတ - ဟူသည်လည်း နိမိတ္တရဟိတ ပင်တည်း။ ထိုကြောင့် “ သဗ္ဗနိမိတ္တရဟိတံ နိဗ္ဗာန်” ဟူသော နေတ္တိအဋ္ဌကထာပါဌ်၌ “ သဗ္ဗနိမိတ္တရဟိတံ၊ ဇာတပင် ဖြစ်သော်လည်း ဇာတနိမိတ် မပေါ်, ဘူတပင် ဖြစ်သော်လည်း ဘူတနိမိတ် အရိပ်မထွက်, ကတ သင်္ခတပင် ဖြစ်သော်လည်း ကတပုံ သင်္ခတပုံ နိမိတ် လက္ခဏာ မထင်, ဤသို့စသော အကြောင်း နိမိတ် အလုံးစုံ မထင်နိုင်သော တရားသည်။
နိဗ္ဗာနံ၊ နိဗ္ဗာန်မည်၏”။
ဟူ၍ အနက်ပေးသင့်၏ မှတ်။
ဤအလိုအားဖြင့်ကား …
- အဇာတံ၊ ပရိနိဗ္ဗုတပုဂ္ဂိုလ် တို့အား ဧးမြစေသောအားဖြင့် ဖြစ်ပေါ်လာသော်လည်း ယင်းဖြစ်ပေါ်ပုံ၏ အလွန်နက်နဲ သိမ်မွေ့လှသဖြင့် ယင်းဇာတနိမိတ် အရိပ်လက္ခဏာ မထင်ထသော။
- အဘူတံ၊ ငြိမ်းခြင်း သန္တိလက္ခဏာ အားဖြင့် ထင်ရှားရှိပါလျက်လည်း ယင်းထင်ရှား ရှိပုံ ဘူတနိမိတ် အရိပ်မပေါ် ထသော။
- အကတံ၊ ဒါန သီလ ဘာဝနာ အကြောင်းရင်း ဟေတုကို ပြုအပ်သော်လည်း ယင်းအကြောင်းပုံနှင့် အကျိုးပုံ အလွန်ကွာဝေးသဖြင့် ယင်း ပြုအပ်ပုံ ကတနိမိတ် အရိပ်အယောင် မထင်ထသော။
- အသင်္ခတံ၊ ဒါန သီလ ဘာဝနာ အကြောင်းတရားတို့ ပြုစီရင်အပ်သည် ဆိုစရာ ရှိပါလျက်လည်း ယင်း ပြုပြင်အပ်သည့် သင်္ခတလက္ခဏာ မပေါ် သင်္ခတစော်မနံ သင်္ခတပုံဟန်နှင့် အလွန် ကွာဝေး၍ နေထသော။
ဤသိုလည်း အကျယ်အားဖြင့် အနက်ပေးသင့်သည်သာ ဖြစ်၏ ဟု မှတ်။
သမင်မ-က မွေးသော
လူသားနှင့် နိဗ္ဗာန် ဥပမာ
မနုဿ-နှင့် မိဂီမ-သင့်မြတ်၍ ပေါက်ဖွားသည့် လူယောက်ျားသည် အမိ သမင်မနှင့် အလွန်ခြားသဖြင့် သမင်မကြောင့်ဖြစ်သော လူဟု ဆိုနိုင်စရာ ဇာတနိမိတ် အရိပ်အယောင် မပေါ် မထင်သကဲ့သို့ များစွာသော သင်္ခတ ဖြစ်သော အကြောင်းဟေတု အကြောင်းဖျား ပစ္စယတ္တိကြောင့် ဖြစ်ပါသော်လည်း ထိုတရားတို့ကြောင့် ဖြစ်သည် မဆိုနိုင်အောင် အလွန်သိမ်မွေ့ ထူးကွဲ နက်နဲစွာ ဖြစ်၍ နေသဖြင့် သင်္ခတ အကြောင်းတို့ကြောင့် ဖြစ်ပုံလက္ခဏာ ဥပါဒ် ဟူသော ဇာတနိမိတ် စသည် မထင်သည်ကိုသာရည်၍ “အဇာတံ” စသည်ဖြင့် ဟောတော်မူသည်။ လုံးလုံးကြီး ဘယ်ဟာတခုမျှ မဖြစ်သည်ကိုရည်၍ “အဇာတံ” စသည်ကို ဟောတော်မူသည် မဟုတ် မှတ်ကြကုန်။ ယင်းသို့ လုံးလုံးကြီး အဇာတ-ဖြစ်လျှင် ယင်းနိဗ္ဗာန် ဟူက အဘာဝ တုစ္ဆပင် ဖြစ်ရာသောကြောင့်တည်း။
“ဇာတဿ လက္ခဏံ ဇာတံ၊ ဇာတေန ဝိရဟိတံ အဇာတံ။
ဘူတဿ လက္ခဏံ ဘူတံ၊ ဘူတေန ဝိရဟိတံ အဘူတံ။
ကတဿ လက္ခဏံ ကတံ၊ ကတေန ဝိရဟိတံ အကတံ။
သင်္ခတဿ လက္ခဏံ သင်္ခတံ၊ သင်္ခတေန ဝိရဟိတံ အသင်္ခတံ”
ဟူ၍လည်း ဝိဂြိုဟ်ပြုသင့်သည်သာ ဖြစ်၏။
“န သင်္ခတံ သင်္ခတလက္ခဏရဟိတန္တိ အသင်္ခတံ” ဟု ယခင် အဋ္ဌကထာ ဝိဂြိုဟ်ပြကို နည်းမှီးစရာ ရှိသောကြောင့်တည်း။
ဤအလိုအားဖြင့် …
- အဇာတံ၊ ဇာတဖြစ်လျက် ယင်းဇာတ ဟု သိနိုင် မှတ်နိုင်ကြောင်း နိမိတ် လက္ခဏာမှ ကင်းထသော။
- အဘူတံ၊ ဘူတဖြစ်လျက် ယင်းဘူတ ဟု သိကြောင်းမှတ်ကြောင်း နိမိတ်လက္ခဏာမှ ကင်းထသော။
- အကတံ၊ ကတ ဖြစ်လျက် ယင်းကတ ဟု သိနိုင်မှတ်နိုင်ကြောင်း နိမိတ်လက္ခဏာမှ ကင်းထသော။
- အသင်္ခတံ သင်္ခတဖြစ်သော်လည်း ယင်းသင်္ခတ ဟု ဆိုနိုင် မှတ်နိုင်ရာ လက္ခဏာ မပေါ်ထသော။
ဤသို့လည်း အနက်ပေးသင့်သည်သာ ဖြစ်၏။
ဤသို့သော ဂုဠှတ္ထအနက်ကိုရည်၍ နိဗ္ဗာန်၏ သဏှ သုခုမ သုဒုဒ္ဒသ ဂုဏ်ပေါ်စေခြင်းငှါ “ အဇာတံ” စသော ယင်းပါဠိတော်ကို ဟောတော်မူရင်း ဖြစ်သောကြောင့်တည်း။
ယင်းသို့ ဂုဏ်ပေါ်အောင် ဟောတော်မူအပ်သော ယင်း အဇာတံ- စသော ပုဒ်တို့၌ -
- “အဇာတံ၊ လုံးလုံးကြီး မဖြစ်။
- အဘူတံ၊ လုံးလုံးကြီး မထင်သော။
- အကတံ၊ လုံးလုံးကြီး မပြုအပ်သော။
- အသင်္ခတံ၊ လုံးလုံးကြီး မပြုပြင်အပ်သော”
ဟူ၍ အနက်ထွက်အောင် ပေးခဲ့လျှင် ယင်းနိဗ္ဗာန်ဟူက လုံးလုံးကြီး ဘယ်ဟာ တခုမျှ မရှိသော အဘာဝသာ ဖြစ်ခဲ့ရာသဖြင့် ဘယ်ဟာတခု ဂုဏ်ရှိတော့မည် မဟုတ်။ ထိုကြောင့် ယင်း အဇာတံ - စသော ဂုဏနာမ်ပုဒ်၏ ဂုဏဘာဝတ္ထ ပေါ်စေခြင်းငှါ ရှေးပြဆိုအပ်ခဲ့ပြီးသော အနက်အတိုင်းသာ ကသိုဏ်းကွက်ကျ မှတ်ကြအပ်၏။
နိဗ္ဗာန်သည်
သဘာဝအားဖြင့် ပေါ်လာပုံ
လုံးလုံးကြီး ဘယ်ဟာတခုမျှ မရှိသော အဇာတ အဘာဝ သည်လည်း ဂုဏ်မရှိ၊ ဇာတဘာဝပင် ဖြစ်သော်လည်း ရုန့်ကြမ်းစွာဖြစ်သဖြင့် ဇာတဘာဝပုံ လက္ခဏာနိမိတ် ပေါ်ထင်စွာ နေကလည်း ဂုဏ်ထူးမရှိ၊ ဇာတဘာဝဖြစ်လျက် နူးညံ့ သိမ်မွေ့စွာ ဖြစ်သဖြင့် ဇာတ ဘာဝပုံ လက္ခဏာနိမိတ် မပေါ်ဘဲနေမှသာ ဂုဏ်ထူးဝိသေသ ဖြစ်၏။ လူတို့ကိုယ်မှ အရိပ်ထွက်သကဲ့သို့ အရိပ်ထွက်စရာ ကိုယ်ဒြဗ် ထင်ရှားရှိလျက် အရိပ်မထွက်သော နတ်ဗြဟ္မာတို့ကိုယ်သည် လူတို့ ကိုယ်ထက် ထူးသော ဂုဏ်ထူးဝိသေသ ရှိသကဲ့သို့တည်း။
ထိုကြောင့် “အဇာတံ အဘူတံ” ဆိုသော်လည်း ဇာတ ဘူတ လက္ခဏာ နိမိတ် အရိပ်မထင်ပေါ် သည်ကိုသာ ဆိုသည်၊ လုံးလုံးဘယ်ဟာတခုမျှ မဖြစ်သောကြောင့် “အဇာတံ အဘူတံ” ဆိုသည် မဟုတ် ဟု ဧကန္တ မှတ်အပ်၏။
အနိဗ္ဗတ္တိသဘာဝတ္တာ အဇာတံ၊ တတောယေဝ အဘူတံ။ ဥဘယေနာပိ ဥပ္ပါဒရဟိတန္တိ ဝုတ္တံ” ဟောတိ။
- အနိဗ္ဗတ္တိသဘော၀တ္တာ၊ အထည် ဒြဗ် ဥပါဒ် ပေါ်အောင် ဖြစ်စေအပ်သော သဘော မရှိသောကြောင့်။
- အဇာတံ၊ အဇာတ မည်၏။
- တတောယေဝ၊ ထိုသို့သော အကြောင်းကြောင့်သာလျှင်။
- အဘူတံ၊ အဘူတ မည်၏။
- ဥဘယေနာပိ၊ အဇာတ အဘူတ ဟူသောနှစ်ပုဒ်လုံးဖြင့်လည်း။
- ဥပ္ပါဒရဟိတံ၊ ဥပါဒ်ကင်းသည်တည်း။
- ဣတိ ဤသို့။
- ဝုတ္တံ၊ ဆိုလိုသည်။
- ဟောတိ၊ ဖြစ်၏။
ဤသို့လာသော နေတ္တိအဋ္ဌကထာ (၁၂ဝ) အတို့င်း - ”အဇာတံ၊ ဥပါဒ်အားဖြင့် မဖြစ် ငြိမ်းဧးခြင်း သဘောအားဖြင့်သာ ဖြစ်ပေါ်လာသော။
အဘူတံ၊ ဥပါဒ်အားဖြင့်မထင် ငြိမ်းဧးခြင်းသဘောအားဖြင့်သာ ထင်သော။”
ဤသို့လည်း အနက်ပေးသင့်သည်သာတည်း။
အနက် ယောဇနာပုံနှင့်
ထောင်ဥပမာ
ဤသို့လျှင် “အတ္ထိ ဘိက္ခဝေ အဇာတံ” စသည်ဖြင့် နိဗ္ဗာန်ဟူသည် ဥပါဒ် အားဖြင့် မဖြစ်လာ သော်လည်း ငြိမ်းဧးခြင်း သဘာဝအားဖြင့် ထင်ရှားဧကန် ပေါ်လာသည်သာတည်း ဟု ပြတော်မူပြီး၍ ယင်းသို့ ထင်ရှားပေါ်လာသော အဖြစ်ကို သနစ်သနာ အကြောင်းလက္ခဏာနှင့်တကွ ပြတော်မူခြင်းငှါ “နော စေတံ ဘိက္ခဝေ” စသော နောက်အကြောင်း ဟိတ်စကားကို မိန့်တော်မူသတည်း။
အနက်ကား …
- ဘိက္ခဝေ၊ ငါ၏ချစ်သား ရဟန်းများတို့။
- အဇာတံ၊ ဥပါဒ်အားဖြင့် ဒြဗ်ပေါ်အောင် မဖြစ်သော။
- အဘူတံ၊ ဥပါဒ်အားဖြင့် အထည်ဒြဗ် မထင်သော။
- အကတံ၊ အကြောင်းတရားတို့ ပြုအပ်ပါလျက် ပြုအပ်ပုံ ကတလက္ခဏာ မထင်ပေါ်သော။
- အသင်္ခတံ၊ အကြောင်းဝေး အကြောင်းနီးတို့သည် ပြုပြင်စီရင် အပ်သော်လည်း ပြုပြင်စီရင်အပ်ပုံ သင်္ခတ လက္ခဏာမှ ကင်းသော။
- ဧတံ၊ ဤနိဗ္ဗာန်တရားသည်။
- နော စေ အဘဝိဿ-နော စေ သိယာ၊ အကယ်၍ ထင်ရှားမဖြစ် ပေါ်လာငြားအံ့။
- ဧဝံ၊ ဤသို့ နိဗ္ဗာန်တရား ထင်ရှားမပေါ်လာခဲ့သော်။
- ဇာတဿ၊ ဥပါဒ်ဒြဗ်ပေါ်အောင်ဖြစ်သော။
- ဘူတဿ၊ ဥပါဒ် ဒြဗ်အားဖြင့် ထင်သော။
- ကတဿ၊ အကြောင်းတရားတို့ ပြုလုပ်အပ်တိုင်း ပြုလုပ်အပ်ပုံ အခြင်းအရာ လက္ခဏာ ပေါ်သော။
- သင်္ခတဿ၊ အကြောင်းတရားတို့ ပြုပြင်စီရင်အပ်တိုင်း ပြုပြင်စီရင်အပ်ပုံ လက္ခဏာပေါ်သော။
- သင်္ခတဿ၊ တေဘူမိက သင်္ခတတရားထဲမှ (သိလေသနည်း။)
- ဣဒံ နိဿရဏံ၊ ဤ ထွက်မြောက်ခြင်း ဟူသည်။
- န ပညာယေထ၊ မထင်ခဲ့ရာ။
- ယသ္မာ စ၊ အကြင့်ကြောင့်ကား။
- ဘိက္ခဝေ၊ ရဟန်းတို့။
- ခေါ၊ စင်စစ်။
- အဇာတံ၊ ဥပါဒ်ဒြဗ် အားဖြင့် မဖြစ် ငြိမ်းဧးခြင်းသဘော အားဖြင့်သာ ဖြစ်လာသော။
- အဘူတံ၊ ဥပါဒ်ဒြဗ်အားဖြင့်မထင် ငြိမ်းဧးခြင်း သဘောအားဖြင့်သာ ထင်သော။
- အကတံ၊ အကြောင်းတရားတို့ ပြုအပ်သော်လည်း ပြုအပ်သည် မမည်သော။
- အသင်္ခတံ၊ အကြောင်းတရားတို့ ပြုစီရင်အပ်သော်လည်း ပြုစီရင်အပ်ပုံ သင်္ခတ လက္ခဏာ မထင်သော။
- ဧတံ၊ ထိုနိဗ္ဗာန်တရားသည်။
- အတ္ထိ၊ ဥပါဒ်အားဖြင့် ရုန့်ရင်းစွာဖြစ်သော အခြားသော ပရမတ္ထ တရားများကဲ့သို့ ထင်ရှားရှိလာ ပေါ်လာသည်ပင် ဖြစ်၏၊
- တသ္မာ၊ ထိုသို့ ထွက်မြောက်ရာ နိဗ္ဗာန်ဟူသည် ထင်ရှားရှိသောကြောင့်သာလျှင်။
- ဇာတဿ၊ ဥပါဒ်အားဖြင့် ဖြစ်ပေါ်လာရသော။
- ဘူတဿ၊ ဥပါဒ်အားဖြင့် ထင်ရှားသော။
- ကတဿ၊ အကြောင်းတရားတို့ ပြုအပ်သော။
- သင်္ခတဿ၊ အကြောင်းတရားတို့ ပြုစီရင်အပ်သော။
- သင်္ခတဿ၊ တေဘူမိက သင်္ခါရတရားထဲမှ။ (သိလေ သ-နည်း။)
- နိဿရဏံ၊ ထွက်မြောက်ကြခြင်းသည်။
- ပညာယတိ၊ နိဗ္ဗာန်ရောက် သွားကြသူ ပရိနိဗ္ဗုတ အသျှင်တို့အား ထင်ရှားခဲ့၏။
၎င်းအနက်။
အဓိပ္ပါယ်ကား …
ထောင်ပြင်ဘက်ဟူသည် ထင်ရှား ရှိသောကြောင့်သာ ထောင်ထဲမှ ထွက်မြောက်ခြင်း ဖြစ်နိုင်သကဲ့သို့ ဝဋ်ဆင်းရဲမှ ထွက်မြောက်ရာ နိဗ္ဗာန်ဟူသည် ထင်ရှားရှိသောကြောင့်သာ ဝဋ်ဆင်းရဲထဲမှ ထွက်မြောက်ခြင်း ဖြစ်နိုင်သည်။ ဝဋ်ဆင်းရဲမှ ထွက်မြောက်သွားကြသူ ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့လည်း အများအပြား အထင်အရှားပင် ဖြစ်ကြသည် ဟူလို။ တတီယဥဒါနတ္ထယောဇနာ။
အလင်္ကာ
ပဟေဠီများ ရှင်းပြပုံ
ဤတတိယ ဥဒါန်းအရာ၌ “ ဥပ္ပါဒဝသေန အဇာတံ အဘူတံ အကတံ အသင်္ခတံ” ဆိုအပ်လျက် “ဥပ္ပါဒဝသေန” ကို ဝှက်၍ ဆိုသည်ကို ထောက်သော် ဂုဠှာလင်္ကာရ ခြောက်မျိုးတို့တွင် ကရိုဏ်းကို ဝှက်သော ကာရကဂုဠှာလင်္ကာရသို့ ဝင်၏။ “အဇာတံ၊ အချင်းခပ်သိမ်း ဖြစ်လာတတ်သော တရားမျိုး မဟုတ်၊ တရံတခါ ခွင့်ကြီးသာမှ ဖြစ်ပေါ်လာတတ်သော” ဟု အနက်ပေးစေလိုသော ၎င်း အဋ္ဌကထာ ပဋိလောမနည်း အလိုအားဖြင့် ပုဒ်အနက် အလွန်မြုပ်သည်ကို ထောက်လျှင် ပမုဿိတ- ပဟေဠီလက္ခဏာ သို့လည်း ဝင်၏။
- “အသင်္ခတံ၊ အကြောင်းများစွာတို့ မပြုပြင်အပ်သော။
- အကတံ၊ တခုသော အကြောင်းတရားသည် ပြုအပ်သည်လည်း မဟုတ်သော။
- အဘူတံ၊ အကြောင်းကင်း၍ ဖြစ်သည်လည်း မဟုတ်သော။
- အဇာတံ၊ အချင်းခပ်သိမ်း ဖြစ်ပေါ်လာ တတ်သော တရားမျိုးမဟုတ်၊ တရံတခါ ခွင့်ကြီးသာမှ ဖြစ်ပေါ်လာနိုင်သော။”
ဤသို့ နောက်ဆုတ်ပဋိလောမနည်း အနက်ပေးစေလိုသော အဋ္ဌကထာ အလိုအားဖြင့် စာစပ်နည်း အလွန်ရှုပ်သည်ဖြစ်၍ ဥက္ကန္တာပဟေဠီလက္ခဏာသို့လည်း ဝင်၏။
ဤတတီယ ဥဒါန်းပါဠိတော် ၎င်းအဋ္ဌကထာဖွင့်ကို ကြပ်ကြပ်စိစိ မိမိကြံနိုင်ကြလျှင် နိဗ္ဗာန်ဟူက ထင်ရှားရှိသည် ဧကန်မှန်၏ ဟူသောအနက်၊ ယင်းနိဗ္ဗာန်၏လည်း အချင်းခပ်သိမ်း အစဉ်ထာဝရ အကြောင်းကင်း၍ ဖြစ်နေတတ်သော တရားမဟုတ်၊ ပါရမီ အကြောင်းခံတွေ စုံလင်သည့်အခါ ခွင့်ကြီးသာမှ ဖြစ်ပေါ်လာတတ်သော တရားတည်း ဟူသောအနက်၊ ယင်းနိဗ္ဗာန်ဟူက ဥပါဒ်အားဖြင့် ဒြဗ်ပေါ်အောင်သာ ရုန့်ကြမ်း မဖြစ်သည်၊ ငြိမ်းခြင်း သဘောအားဖြင့် သိမ်မွေ့နူးညံ့စွာ ဖြစ်လာသော သဘောမျိုးဖြင့်ကား ဖြစ်လာရဦးမည်။ ယင်းသို့ ဖြစ်မှသာ အတ္ထိဘာဝဧကန် ဖြစ်နိုင်မည်ဟူသော အနက်ကို ကျမ်းတတ်ကဝိ ပညာရှိတဆူ ဝိညူ မှန်သမျှကို ဧကန္တ သဘောကျကြကုန်လတ္တံ့။
ပါဠိတော်စကား ဆက်စပ်ပြပုံ
ဤသို့လျှင် “ အတ္ထိ ဘိက္ခဝေ တဒါယတနံ” စသော ပဌမ ဥဒါန်းဖြင့် မြေ ရေ လေ မီး ရှိသော၊ လရောင် နေရောင်ရှိသော ဘုံမျိုးမှသာ ထင်ရှားရှိသည် မဟုတ်၊ ယင်းသို့ မြေ ရေ စသည် ထင်ရှားမရှိသော ဘုံမျိုးသည်လည်း ထင်ရှား ရှိပါသေး၏။ အာကာသာနဉ္စာယတန စသော ဘုံလည်း မဟုက်ပါသေး ဟု နိဘူတပဟေဠီအလင်္ကာရ နည်းမျိုးဖြင့် နက်နက်ကြီး ဝှက်ဆိုပြီး၍ နိဗ္ဗာန်ဟူသည် ပရမတ္ထအားဖြင့် ထင်ရှား ရှိသည်၏အဖြစ်ကို ပြတော်မူပြီးခါ …
“ဒုဒ္ဒသံ အနတံ နာမ” စသော ဒုတိယဥဒါန်းဂါထာဖြင့်လည်း ယင်းနိဗ္ဗာန်တရား၏ အလွန်နူးညံ့ သိမ်မွေ့လှသည့် သဘောရှိသောအဖြစ် ယင်းနိဗ္ဗာန်ကို ရနိုင်သူတို့ အလုံးစုံသော ဘေးဒုက္ခ တွက်တာဖြင့် ကြောင့်ကြစရာ ဘယ်ဟာတခုမျှ မရှိနိုင်သည်၏ အဖြစ်ကို မိန့်ဆိုဟောပြတော် မူပြီး၍ ...
“ အတ္ထိ ဘိက္ခဝေ အဇာတံ” ဝသော တတီယဥဒါန်း ပါဠိတော်ဖြင့်လည်း ယင်းသို့သုဒုဒ္ဒသဖြစ်သော နိဗ္ဗာန်ဟူသည် ဥပါဒ် ဒြဗ်အားဖြင့် ထင်ရှားမရှိသောကြောင့် အကယ်စင်စစ် ထင်ရှား မရှိနိုင်ရာ ဟု တွေးတောခြင်း ဖြစ်ကြပြန်သော ရဟန်းတို့အား ယင်းသို့သော ယုံမှားတွေးတောခြင်းကို ဖျောက်တော်မူပြန်ခြင်းငှါ ဥပါဒ်အားဖြင့် ဒြဗ်ထင်ရှား မရှိသော်လည်း သဘောအားဖြင့် ထင်ရှား ဧကန် ရှိသည်သာ ဟု မိန့်တော်မူပြီး၍ …
ယခုအခါ ယင်းနိဗ္ဗာန်၏ သရုပ်သဘောကို၎င်း ယင်းနိဗ္ဗာန်သို့ ရောက်နိုင်ကြောင်းကို၎င်း ဟောပြ တော်မူပြန်လို၍ “နိဿိတဿ စလိတံ” ၈သော စတုတ္ထ ဥဒါန်းကို ပြညွှန်း မြွက်ဆိုတော်မူသတည်း။
စတုတ္ထဥဒါနသုတ်
ဥဒါန်းပါဠိတော် ယောဇနာပုံ
အနက်ကား …
၄။ ဘိက္ခဝေ၊ ရဟန်းတို့။
ဣဓ၊ ဤလောက၌ (ဂမျမာန်။)
နိဿိတဿ၊ အမှီတံကဲ သဟဲရှိသောသူအား၊
(တဏှာ အမှီရှိသည်ကို ဝှက်သည်။)
စလိတံ၊ တုန်လှုပ် ယိမ်းယိုင် မခိုင်ပျက်ရခြင်းသည်။
ဟောတိ၊ ဖြစ်၏။
(တဏှာနောက်သို့ ကောက်ကောက် လိုက်နေကြသည့်အတွက် ဘေးကြီးနက်နက် ထိနေကြသဖြင့် ယင်းနိဗ္ဗာန်နှင့် ဝေးကြရသည် ဟူသော အနက်ကိုဝှက်၍ ဟောတော်မူသတည်း။)
အနိဿိတဿ၊ အမှီတံကဲ သဟဲမရှိသော သူများအပေါင်းအား။
(တဏှာနောက်ကို မလိုက်သူကို ဝှက်၍ဆိုသည်။)
စလိတံ၊ လှုပ်ရှား ယိမ်းယိုင် မခိုင်ပျက်ပြားခြင်းသည်။
နတ္ထိ၊ မရှိနိုင်။
(တဏှာအာရုံ မလိုက်စား ဘာဝနာအာရုံ လိုက်စားသော ယောဂီ ပုဂ္ဂိုလ်တို့အား သမာဓိတရား ရသည်ကို ဝှက်၍ ဆိုသတည်း။)
ဤသို့ စကားအရာ ဆန်းကြယ်စွာ နက်နက်ကြီး ဆိုလို၍ ဝှက်သိုဟောထားအပ်သော ပဟေဠီ အရာမျိုး ဟူသမျှ၌ ဝှက်သည့်အတိုင်း အနက်ပေးမှ ဒေသကာဓိပ္ပါယ ကျမ်းပြုဆရာ အလိုကျနိုင်မည် ဟု သိကြကုန်။
- စလိတေ၊ လှုပ်ရှားခြင်းသည်။
- အသတိ၊ မရှိခဲ့သော်။
- ပဿဒ္ဓိ၊ ငြိမ်သက်ခြင်းသည်။
- ဟောတိ၊ ဖြစ်၏။
- ပဿဒ္ဓိယာ၊ ငြိမ်သက်ခြင်းသည်။
- သတိ၊ ရှိသည်ရှိသော်။
- နတိ၊ ငါးပါးကာမဂုဏ် အာရုံမှောက်မှား တိမ်းပါး ညွှတ်သွားခြင်းသည်။
- န ဟောတိ၊ မဖြစ်နိုင်။
- နတိယာ၊ တိမ်းပါးမှောက်မှား လဲသွားခြင်းသည်။
- အသတိ-အသတိယာ၊ မရှိလတ်သော်။
- အာဂတိ ဂတိ၊ လာရ သွားရခြင်းသည်။
- န ဟောတိ မဖြစ်နိုင်။ (ပဋိသန္ဓေ မနေရ၊ မသေရသည်ကို ရည်သည်။)
- အာဂတိ ဂတိ၊ လာရခြင်း သွားရခြင်းသည်။
- အသတိ၊ မရှိသည် ရှိသော်။
- စုတူပပါတော၊ အဖန်တလဲလဲ သေရ ပဋိသန္ဓေ နေရခြင်းသည်။
- န ဟောတိ၊ ဖြစ်နိုင်တော့သည် မဟုတ်။
- စုတူပပါတော၊ အဖန်တလဲလဲ သေရခြင်း ပဋိသန္ဓေ နေရခြင်းသည်။
- အသတိ၊ မရှိခဲ့သော်။
- ဣဓ၊ ဤကာမဘုံထဲ၌။
- နေဝ၊ မဖြစ်နိုင်တော့သည်သာတည်း။
- ဟုရံ၊ ထိုရူပဘုံထဲ၌လည်း။
- န၊ ဖြစ်နိုင်တော့သည် မဟုတ်။
- ဥဘယံ၊ ကာမ ရူပ ဘုံနှစ်ရပ်ကို။
- အန္တရေန၊ ကြဉ်၍လည်း။
- န၊ ဘယ်ဘုံမှာမှ မဖြစ်နိုင်။
- ဧသေ၀၊ ဤသုံးဆယ့်တဘုံ ဒုက္ခအုံရာ မဖြစ်လာရ ခြင်းသည်ပင်။
- ဒုက္ခဿ၊ ဒုက္ခ ဟူသမျှ၏။
- အန္တော၊ အဆုံးတည်း။
တနည်းကား …
ဧသေဝ၊ ဤဘုံသုံးပါးမှ လွတ်သွားရာ နိဗ္ဗုတာ အရပ်သည်ပင်လျှင်။
ဒုက္ခဿ၊ ဒုက္ခ ဟူသမျှ၏။
အန္တော၊ အဆုံးအပိုင်းအခြားတည်း။
အဋ္ဌကထာဖွင့် ၃-နည်းတွင် အကောင်းဆုံးနည်း။
စတုတ္ထဥဒါနတ္ထယောဇနနာ။
ဤစတုတ္ထဥဒါန်းပါဠိတော် ရှေးစကားရပ်တို့ဖြင့် နိဗ္ဗာန်ရောက်ကြောင်းကို ပြတော်မူသည်။ ငါးပါး ကာမဂုဏ် အာရုံလိုက်စား မပြုမှားဘဲ သမထ ဝိပဿနာကို နာနာခဲနိုင်ကြမှ ယင်းနိဗ္ဗာန်ကို ရနိုင်ကြမည် ဟူလိုသည်။
“ဧသေဝန္တော ဒုက္ခဿ” ဟူသော ဤနောက်ဆုံး ပါဌ်ဖြင့် နိဗ္ဗာန် သရုပ် သဘောကို နေယျတ္ထအားဖြင့် ပြသတည်း။ “အယံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခ နိရောဓော” ဟူသည်နှင့် အတူတူပင်တည်း။
ယင်းဒုက္ခနိရောဓ - ဟူသည်၌ “ဒုက္ခနိရောဓဿ ပစ္စယော ဒုက္ခနိရောဓောတိ ဝုတ္တော” ဟု နေတ္တိအဋ္ဌကထာ (၅၈) ၎င်းနည်းတူ မူလဋီကာ (၅၁) လာသည့်အတိုင်း ဒုက္ခ၏မရှိခြင်း အဘာဝမျှကို နိဗ္ဗာန်မဆိုလို။ ဒုက္ခမရှိကြောင်း ကောင်းကောင်းကြီး ပေါ်လာသော အသင်္ခတဓာတ် ရတနာမြတ်ကို နိဗ္ဗာန် ဆိုလိုသတည်း။
နိဗ္ဗာန်နှင့် ဥမင်လိုဏ်ခေါင်းကြီး
စသည် ဥပမာ
“ဒုက္ခက္ခယာ နိဗ္ဗာနံ” ဟူသော နေတ္တိပါဠိတော် (၅၀) သဠာယတနသံယုတ် ပါဠိတော်တို့နှင့်အညီ နာမ်ရုပ်ဒုက္ခ ကွယ်ပျောက်မှ အသင်္ခတဓာတ် နိဗ္ဗာန် တရားမြတ် ပေါ်လာသည်။ ဥမင် လိုဏ်ခေါင်း တူးဘောက်ရာဝယ် မြေဓာတ် ကျောက်ဓာတ်ကုန်မှ ဝိဝရာကာသ ပေါ်လာသကဲ့သို့တည်း။
ဤအနက်သဘောကို ရည်တော်မူ၍ “နိဗ္ဗာနဿ အနုပ္ပါဒေယေဝ ပုဂ္ဂလဿ နိရောဓော” ဟု ဝိသုဒ္ဓိမဂ် မဟာဋီကာ၌ မိန့်အပ်သတည်း။
- နိဗ္ဗာနဿ၊ နိဗ္ဗာန်၏။
- အနုပ္ပါဒေယေဝ၊ မဖြစ်ပေါ်လာမီကပင်လျှင်။
- ပုဂ္ဂလဿ၊ ပုဂ္ဂိုလ်၏။
- ဝါ၊ ပုဂ္ဂိုလ်ဟု သမုတ်အပ်ရာ ခန္ဓာငါးဝ၏။
- နိရောဓော၊ အသစ်လည်း မလှောက် အဟောင်းလည်း ချုပ်ပျောက်နှင့်ရခြင်းသည်။
- ဟောတိ၊ ဖြစ်ရလေ၏။ (၎င်းအနက်။)
ဤ၌ နိဗ္ဗာန်မဖြစ်ပေါ်လာမီက ပုဂ္ဂိုလ် ကွယ်ပျောက်နှင့်ရသည် ဟူရာဝယ် ဥမင်လိုဏ်ကြီး တူးဘောက်ရာ၌ ကောင်းကင် ဟင်းလင်း မဖြစ်ပေါ်လာမီ မြေဓာတ် - ကျောက်ဓာတ် ကုန်နှင့်ရ သကဲ့သို့မှတ်။ ကောင်းကင် ဟင်းလင်း ဖြစ်ပေါ် လာရာဝယ် ဥပါဒ် ဒြဗ်အားဖြင့် ပေါ်လာသည်မဟုတ်၊ ဟင်းလင်း အာကာသ သဘောအားဖြင့် ပေါ်လာသကဲ့သို့ နိဗ္ဗာန်ဖြစ်ပေါ်လာသည် ဟူရာ၌လည်း ဥပါဒ် ဒြဗ်အားဖြင့် ပေါ်လာသည် မဟုတ်၊ ငြိမ်းဧးခြင်း သဘာဝ ဓမ္မအားဖြင့်သာ ပေါ်လာသည်မှတ်၊ ၎င်းဥမင်လိုဏ်ကြီးအတွင်း၌ ဟင်းလင်းကောင်းကင် တည်၍နေသကဲ့သို့ ထိုနိဗ္ဗာန်သဘော ပေါ်လာ ပြီးနောက် ယင်းသဘော အတိုင်း မဘောက်မပြန် တည်၍ နေသည်မှတ်။ ယင်းသို့တည်၍ နေသော် လည်း သင်္ခတတရားတို့၏ တည်၍နေခြင်း ကဲ့သို့ ရင့်ခြင်း ဟောင်းခြင်းမရှိ ပကတိ အသစ်စက်စက် အတိုင်း တည်နေသည်မှတ်။ ဥမင်လိုဏ်ကြီးအတွင်း ဟင်းလင်း ကောင်းကင် တည်သည်မှစ၍ ထို ကောင်းကင် ဟင်းလင်း ဟောင်းနွမ်းခြင်း မရှိသကဲ့သို့တည်း။
ဤအနက်သဘောကိုပင် ရည်တော်မှု၍ …
တီဏိမာနိ ဘိက္ခဝေ အသင်္ခတာနံ အသင်္ခတလက္ခဏာနိ။ အသင်္ခတာနံ ဘိက္ခဝေ ဥပ္ပါဒေါ န ပညာယတိ၊ ဝယော န ပညာယတိ၊ ဌိတဿ အညတတ္တံ န ပညာယတိ။ အင်္ဂုတ္တရပါဠိ (ပ-၁၅ဝ)
ဟု ဟောတော်မူသတည်း။ ကထာဝတ္ထုကျမ်းထွက် (၅၄)
- ဌိတာနံ၊ တည်၍နေကုန်စဉ်။
ဝါ၊ တည်၍နေကုန်သော နိဗ္ဗာန် ကောင်းကင် ပညတ် စသော အသင်္ခတ တရားမျိုးတို့အား။ - အညတတ္ထံ၊ ၊ ရင့်အို ဟောင်းနွမ်းခြင်းသည်။
- န ပညာယတိ၊ မထင်။
အထက်အောက် ဟင်းလင်း အဇဋကာသ, ဝိဝရာကာသ, နိဗ္ဗာန် ဟူသော အသင်္ခတမျိုးတို့သည် မိမိတို့၏သဘော တည်၍နေစဉ် ဘောက်ပြန် ဟောင်းနွမ်းခြင်း မရှိရာ၌ ထပ်တူထပ်မျှ သာတည်း။ ယင်းသို့သော်လည်း ယင်း ကောင်းကင် ဟင်းလင်း စသည်တို့မှာ တဖန် ရေမြေ ဝင်လာ ပြိုလာ သည့်အခါ ပျက်စီး၍ သွားသကဲ့သို့ ၎င်းနိဗ္ဗာန်မှာ ကမ္ဘာပျက် မီးကြီး ရေကြီး လေကြီးတို့ အခါခါ လာသော်လည်း ဘယ်သည့်ကာလမှ ပျက်စီးခြင်း မရှိနိုင်။
ဤကား ကောင်းကင် စသော တပါးသော အသင်္ခတမျိုး တို့နှင့် နိဗ္ဗာန် ဟူသော အသင်္ခတဓာတ်၏ ထူးခြားကွဲပြားပုံတည်း။
ထိုအသင်္ခတ တရားမျိုးတို့၌ ဥပါဒ် ဘင် မထင် ဟူရာ၌ အထည်ဒြဗ် ပေါ်လာခြင်း၊ အထည်ဒြဗ် ပျက်စီးခြင်း မထင်ရှား ဆိုလိုသည်။ ဌီ၏ ရင့်အို ဘောက်ပြန်ခြင်း မထင် ဟူရာ၌ ထိုအဇဋာကာသ ကောင်းကင် ဝိဝရာကာသကောင်းကင် စသည်တို့ ပေါ်လာကထဲမှစ၍ ထိုအရပ်၌ မြေဘို့ခြင်း စသော အကြောင်းကြောင့် ထိုဟင်းလင်း အာကာသ ပျောက်၍ မသွားမီအတွင်း ထိုဟင်းလင်း အာကာသ၏ ဟောင်းနွမ်း ရင့်အိုခြင်း မရှိ ဆိုလိုသတည်း။
ဤသို့သော ဌီ၏ ဘောက်ပြန်ခြင်း မရှိသည်ကို ရည်တော်မူ၍ “ဌိတသာ အညထတ္တံ န ပညာယတိ” ဟု ဟောတော်မူသတည်း။
အရိယာပုဂ္ဂိုလ်တို့
နိဗ္ဗာန် အာရုံပြုပုံ
ပဋိဝိဒ္ဓဓမ္မသဘာဝါနံ သေခါသေခါနံ အရိယပုဂ္ဂလာနံ ပတိဋ္ဌာန ဂေါစရနိဝါသနဋ္ဌာနတ္ထေန နိဗ္ဗာနံ နဂရန္တိ ဝုစ္စတိ။
- ပဋိဝိဒ္ဓဓမ္မသဘာဝါနံ၊ ထိုးထွင်း၍ သိအပ်သော လောကုတ္တရာတရား ရှိကုန်သော။
- သေခါသေခါနံ၊ သေခအသေခ ဖြစ်ကုန်သော။
- အရိယပုဂ္ဂလာနံ၊ အရိယာပုဂ္ဂိုလ်တို့၏။
- ပတိဋ္ဌာနဂေါစရနိဝါသနဋ္ဌာနတ္ထေန၊ တည်ရာအာရုံပြုရာနေရာ ဟူသောအနက်ကြောင့်။
- နိဗ္ဗာနံ၊ အသင်္ခတဓာတ် တုမရှိသော နိဗ္ဗာန်ရပ်ကို။
- နဂရန္တိ၊ နိဗ္ဗာန်မြို့နန်း အံ့မခန်း ဟူ၍။
- ဝုစ္စတိ၊ ဆိုအပ်၏။
ဤသို့ ၁င်္၁း -ပေ။ ရော၊ အင်္ဂါတွင်လာသော ဗုဒ္ဓဝင်အဋ္ဌကထာ (၁၈၆) ၌ …
နိဗ္ဗာန်သည် သေခအသေခပုဂ္ဂိုလ်တို့၏ ပရိနိဗ္ဗာန် မစံရသေးခင် အဝေးက လှမ်းမြင်၍ အာရုံပြုရာ ပရိနိဗ္ဗာန်စံရသောအခါ တည်ရာနေရာ ဟူသော ယထာရဟအနက်ကို ယူအပ်သိအပ် သောကြောင့် လည်း ယင်းနိဗ္ဗာန်၏ ဧကန် ပရမတ္ထအားဖြင့် ထင်ရှားရှိသည်၏ အဖြစ်၊ ကိလေသာခန္ဓာ နာမ်ရုပ် ချုပ်ပျောက် ကုန်သွားခြင်း အဘာဝမတ္တ မဟုတ်သည်၏ အဖြစ်ကို စင်စစ် သိအပ်၏။
(က) အယောဃနဟတဿေဝ၊
ဇလတော ဇာတဝေဒသော။
အနုပုဗ္ဗုပသန္တဿ၊
ယထာ န ဉာယတေ ဂတိ။
(ခ) ဧဝံ သမ္မာဝိမုတ္တာနံ၊
ကာမဗန္ဓောဃတာဒိနံ။
ပညာပေတုံ ဂတိ နတ္ထိ၊
ပတ္တာနံ အစလံ သုခံ၊
- (က) ဗလတော၊ အလျှံ လင်းလင်း ဝင်းဝင်းတောက်လျက်။
- အနုပုဗ္ဗုပသန္တဿ၊ အစဉ်အတိုင်း ငြိမ်း၍သွား။
- အယောဃနဟတဿ၊ မီးကျီးရဲရဲ သံတွေခဲမှ ထုချရိုက်နှက် စင်ထွက်၍ သွားသော
- ဇာတဝေဒသော၊ မီးပွါး၏၊
- ဂတိ၊ ရောက်သွားရာ အရပ်သည်။
- နဉာယတေ န ပညာယတိ ယထာ၊ မထင်သကဲ့သို့ …
- (ခ) ဧဝံ၊ ဤအတူ။
- ကာမဗန္ဓောဃတာဒိနံ၊ ကာမတဏှာ အနှောင်အဖွဲ့ အစ ရှိသည်တို့ကို အထူး သတ်ဖြတ်နိုင်ကုန်သည် ဖြစ်၍။
- သမ္မာဝိမုတ္တာနံ၊ ဘုံသုံးပါးဟူ မီးပူထဲမှ ခွာရှဲလွတ်သွားကုန်ပြီးသည်ရှိသော်။
- အစလံ သုခံ၊ ဇာတိ ဇရာ ဗျာဓိ မရဏ-စသည် ဘေးဘျမ်း တိုက်လွှမ်း လှုပ်ရှားမရှိ ပကတိ တဧးမြထဲ ဧးမြချမ်းသာရာ နိဗ္ဗုတာအရပ်သို့။
- ပတ္တာနံ၊ တည်ရောက်၍ နေကြကုန်သော ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၏။
- ဂတိ၊ လားရာအရပ်သည်။
ဝါ၊ နိဗ္ဗာန်သည်။ - ပညာပေတုံ-ပညာပနံ၊ လူဖြစ်၍နေရာ နတ်ဖြစ်၍နေရာ ဟု ပညတ် ခေါ်ဆိုစရာသည်။
- နတ္ထိ၊ မရှိ။
တနည်းကား -
ဂတိ၊ သွားရာဂတိကို။
ပညာပေတုံ၊ လူဘဝပင်ဖြစ်သည် နတ်ဘဝပင်ဖြစ်သည် ဟု သိစေခြင်းငှါ၊
နတ္ထိ န ဥပလဗ္ဗတိ၊ မရအပ်။
နိဗ္ဗာန်ဂတိကိုပင် ယူ။ “နိဗ္ဗာနံ အရဟတော ဂတိ” ဟူသော ပရိဝါပါဠိတော် (၂၆၃) ကို ထောက်။
ဤသို့ လာသော ဥဒါန်းပါဠိတော် (၁၉၃) သည်လည်း ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၏ ရောက်ရာ နိဗ္ဗာန် အရပ်သည် လူဖြစ်၍နေရာ နတ်ဖြစ်၍နေရာ ဟု ပညတ်စရာ မရှိသည်ကို ဆိုသဖြင့် နိဗ္ဗာန်၌ လွတ်၍ နေကုန်သော ပရိနိဗ္ဗုတအသျှင်တို့၏ လူဟူသော ပညတ် နတ်ဟူသော ပညတ်မျိုးမှ လွတ်၍နေသည် ကိုလည်း ညွှန်းပြအပ်သတည်း။
နိဗ္ဗာန်ရောက်သူတို့သည်
ပျောက်ပျက်သွားသည် မဟုတ်
ဤပါဠိတော်ဖြင့်လည်း မီးသည် ငြိမ်းပျောက်၍ သွားသကဲ့သို့ နိဗ္ဗာန် ရောက်သူတို့ ရုပ်နာမ်ခန္ဓာ ဒုက္ခကောင်ကြီး ပျက်စီး ပြတ်တောက်၍ သွားသည် ကိုသာ ပြဆိုသည်။ ထိုသမ္မာဝိမုတ္တပုဂ္ဂိုလ်တို့ နိဗ္ဗာန်ချမ်းသာ၌ တည်ရောက်၍ ပျောက်သွား ပြတ်သွားကြ လေတော့သည် ဟု ပြဆိုလိုသည် မဟုတ်။ အကယ်၍ ယင်းသို့ဆိုခဲ့လျှင် -
- “အတ္ထင်္ဂတဿ န ပမာဏမတ္ထိ” စသော စူဠနိဒ္ဒေသပါဠိတော် (၁၂)
- “န သော ပမာဏမေတိ” စသော ဣတိဝုတ်ပါဠိတော် (၂၃၅)
- “အတ္ထံ ပလေတိ န ဥပေတိ သင်္ခံ” စသော အထက် ပရိနိဗ္ဗုတကထာ၌
ထုတ်ဆိုလတ္တံ့သော ပါဠိတော်တို့နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်တော့မည်မှတ်။
၎င်းပါဠိတော်တို့ အနက် အဓိပ္ပါယ်မှာ ယင်း ပရိနိဗ္ဗုတကထာသို့ ရောက်မှ ထင်ရှားလတ္တံ့။
ဤဥဒါန်းပါဠိတော်၌လည်း ရဟန္တာ ပုဂ္ဂိုလ်တို့၏ လားရာ နိဗ္ဗာန်ဂတိကို လူဘဝဂတိ နတ်ဘဝဂတိ-စသည်ဖြင့် ပညတ်စရာ မရှိသည်ကိုသာ ပြသည်။ နိဗ္ဗာန်ထင်ရှား မရှိသည်ကို ပြဆိုသည် မဟုတ်။ အကယ်၍ ယင်းသို့ဆိုခဲ့လျှင် "အတ္ထိ ဘိက္ခဝေ အဇာတံ အဘူတံ” စသော အောက်၌ ညွှန်းပြ အပ်ခဲ့သော ဥဒါန်း ပါဠိတော်ချင်းပင် အထက်အောက် ရှေ့နောက် ဖြောင့်ဖြောင့် ဆန့်ကျင် တော့မည်မှတ်။
"ကာမဗန္ဓာဒိံ ဥဟနန္တိ ဥဟနိံ သူတိ ဝါကာမဗန္ဓောဃတာဒယော” ဟု ဝစနတ္ထပြု။
“တဏှက္ခယဝိမုတ္တိနော ဟိ ခီဏာသ၀ဿ စရိမကဝိညာဏေန ပရိနိဗ္ဗာနံ ဝိယ စေတသော ဝိမောက္ခော ဟောတိ။ န ဂတဋ္ဌာနံ ပညာယတိ၊ အပဏ္ဏတ္တိကဘာပဂမော ယေဝ ဟောတီတိ အတ္ထော။
- တဏှက္ခယဝိမုတ္တိနော၊ တဏှာကုန်သဖြင့် အလုံးစုံသော ကိလေသာဘေးမှ လွတ်၍နေသော။
- ခီဏာသ၀ဿ၊ ရဟန္တာပုဂ္ဂိုလ်အား။ (ဟိ-ကား နိပါတ်။)
- စရိမကဝိညာဏေန၊ အဆုံးစွန်သော စုတိစိတ်ဖြင့်။
- ပရိနိဗ္ဗာနံ ဝိယ၊ ပရိနိဗ္ဗာန် ပြုသကဲ့သို့။
- စေတသော၊ စိတ်၏။
- ဝိမောက္ခော၊ ကိလေသာမှ လွတ်ကြီး လွတ်ရခြင်းသည်။
- ဟောတိ၊ ဖြစ်၏။
- တဿ၊ ထိုရဟန္တာပုဂ္ဂိုလ်၏။
- ဂတဋ္ဌာနံ၊ ပရိနိဗ္ဗာန်ပြုပြီးနောက် ရောက်ရာအရပ်သည်။
- န ပညာယတိ၊ လူ့ဘ၀ နတ်ဘဝ - စသည်ဖြင့် မထင်။
- အပဏ္ဏတ္တိကဘာပဂမော ယေဝ၊ လူ့ဘ၀ နတ်ဘဝ စသည်ဖြင့် ပညတ်စရာ မရှိသော အဖြစ်သို့ ရောက်သည်သာလျှင်။
- ဟောတိ၊ ဖြစ်လေ၏။
- ဣတိ-အတ္ထော၊ ဤကား အနက်။
ဤသို့လာသော အင်္ဂုတ္တရအဋ္ဌကထာ (၂၁၉) စကားသည်လည်း ယခင် ဥဒါန်း ပါဠိတော်နှင့် အဓိပ္ပါယ် နည်းတူသာလျှင်တည်း။
အခြားအခြား နေရာတို့၌ ပရိနိဗ္ဗာန်ပြု၍ သွားသော ပုဂ္ဂိုလ်များ၏ လူဟူ၍ နတ်ဟူ၍ ပညတ်စရာ မရှိသည့် အဖြစ်ကို ပြဆိုသည်၊ ဤ ဥဒါန်းပါဠိတော် အင်္ဂုတ္တရအဋ္ဌကထာ တို့၌ကား ပရိနိဗ္ဗာန် ပြုသွားကြသူတို့၏ ရောက်ရာနိဗ္ဗာန် အရပ်၏ လူ့ဘ၀ နတ်ဘ၀ဟု ပညတ်စရာ မရှိသည်ကို ဆိုသည်။ ဤပါဠိတော် အဋ္ဌကထာတို့၌ ရောက်ရာအရပ်၏ သဘောကိုပြသဖြင့် ရောက်သူတို့ သဘောကိုလည်း ပြသည်ပင် မည်၏။ အခြားပါဠိတော် အဋ္ဌကထာတို့၌ ရောက်တတ်သူတို့ သဘောကို ပြသဖြင့်လည်း ရောက်ရာအရပ်၏ သဘောကိုလည်း ပြသည်ပင် မည်သလျှင်ကတည်း၊ ပဓာန အပဓာနအားဖြင့်သာ ကွဲပြားသည်မှတ်။
သဗ္ဗသင်္ခါရေဟိ ဗဟိဘူတံ နိဗ္ဗာနံ။
- “သဗ္ဗသင်္ခါရေဟိ၊ အလုံးစုံသော တေဘူမိက သင်္ခါရတရားတို့မှ။
- ဗဟိဘူတံ၊ ပြင်ဘက်ဖြစ်၍ ဖြစ်သော။
- နိဗ္ဗာနံ၊ နိဗ္ဗာန်ကို”။
နိဗ္ဗာန်ဟူသည် သင်္ခါရတရားတို့မှ ပြင်ဘက် ဟူလိုသည်။
သဂါထာဝဂ္ဂသံယုတ်ဋီကာ။
သင်္ခါရတရားတို့မှ ပြင်ဘက် ဟူသည်လည်း ပရိနိဗ္ဗုတပုဂ္ဂိုလ် ခန္ဓာနှင့်စပ်လျက် ၎င်းပုဂ္ဂိုလ် စုတိ ခန္ဓာ၏ ပြင်ဘက်၌ ဖြစ်လာသည် ဆိုလိုသတည်း။ ၎င်းစကားသည်လည်း …
“သမ္မရာယိကာတိ သမ္ပရာယေ အန္ဓဘေဒတော ပရဘာဂေ ဘဝါ”
ဟူသော ဣတိဝုတ်အဋ္ဌကထာ(၁၅၉) နှင့် အညီပင်တည်း။
နိဗ္ဗာန်နှင့်
ပင်လယ်သမုဒြာ ဥပမာ
ဧသေဝန္တော ဒုက္ခဿာတိ အယမေဝ ဒုက္ခဿ အန္တော ပရိစ္ဆေဒေါ။ နိဗ္ဗာနန္တိ အတ္ထော။
ဥဒါန်းအဋ္ဌကထာ-စသည်။
- ဧသေဝန္တော ဒုက္ခဿာတိ၊ ဟူသည်ကား။
- အယမေဝ၊ ဤဘုံသုံးပါး၌ မှီသော သုခဒုက္ခ ဟူသမျှ ချုပ်ကွယ်ရခြင်း သည်ပင်လျှင်။
- ဒုက္ခဿ၊ ခန္ဓာငါး၀ ဘေးဒုက္ခ၏။
- အန္တော၊ ဆုံးရာတည်း။
- ပရိစ္ဆေဒေါ၊ ပိုင်းခြားရာတည်း။
- နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
- ဣတိ-အတ္ထော၊ ဤကား အနက်။
ပင်လယ် သမုဒြာရေ၏ အဆုံး အပိုင်းအခြား ထိုမှာဘက်ကမ်း ဟူသည် ထင်ရှားရှိသကဲ့သို့ ဝဋ်ဒုက္ခ၏ အဆုံးအပိုင်းအခြား နိဗ္ဗာန်ဟူသည် တမည် တမျိုးအားဖြင့် ထင်ရှားရှိ၏၊ ဝဋ်ဆင်းရဲ၏ ဆုံးခြင်း ကုန်ခြင်း အဘာဝမျှ မဟုတ် ဟူလို။
နိဗ္ဗာန်ကို
ဖြစ်စေတတ်သောတရား
နိဗ္ဗာနသံဝတ္တနိကာ မိဿကဗောဇ္ဈင်္ဂါ ကထိတာ။
- နိဗ္ဗာနသံဝတ္တနိကာ၊ နိဗ္ဗာန်ကို ဖြစ်စေတတ်ကုန်သော။
- မိဿကဗောဇ္ဈင်္ဂါ၊ လောကီပုဗ္ဗဘာဂဗောဇ္ဈင် လောကုတ္တရာဗောဇ္ဈင် - ဟူသော မိဿကဗောဇ္ဈင် တို့ကို။
- ကထိတာ၊ ဟောတော်မူအပ်ကုန်ပြီ။
သမထဝိပဿနာ - ဟူသော ပုဗ္ဗဘာဂဗောဇ္ဈင် မဂ်စိတ္တုပ္ပါဒ်၌ယှဉ်သော လောကုတ္တရာဗောဇ္ဈင် နှစ်ပါးတို့သည် နိဗ္ဗာန်ကို ဖြစ်စေနိုင်သည် ဆိုသဖြင့် ယင်းနိဗ္ဗာန်ဟူက ဗောဇ္ဈင်ဟူသော အကြောင်းနှင့် ကင်း၍ လျောက်လျား ဘာသာ မဖြစ်နိုင် ဟူလို။
မဟာဝဂ္ဂသံယုတ်ဋီကာ။
ဤအရာဝယ် နိဗ္ဗာန်ကို ဖြစ်စေတတ်သည် ဟူရာ၌ ပစ္စည်း ပစ္စယုပ္ပန် မုချအားဖြင့် ဖြစ်စေသည်ကို မဆိုလို။ ၎င်းဗောဇ္ဈင်အကြောင်းတို့နှင့် မကင်းကောင်း သည်ကိုသာ ရည်၍ ဆိုသည်မှတ်။ ဤသို့သော အကြောင်းကိုပင် ရည်၍ “ကာရဏေန ဝိနာ သယမေဝ နဘူတန္တိ အဘူတံ” ဟု ယခင် အောက်က ထုတ်ပြအပ်ခဲ့ပြီးသော ဥဒါန်းအဋ္ဌကထာပါဌ်ကို မိန့်ဆိုသည်မှတ်။
အချို့သော ကျမ်းများ၌ ဤ “နိဗ္ဗာနသံဝတ္တနိက” ပုဒ်၌ နိဗ္ဗာန်၏ အရကို အရဟတ္တဖိုလ် ဟူသော သဥပါဒိသေသနိဗ္ဗာန်ကို ဖွင့်ဆိုသည့် အရာများလည်း စိုးစဉ်းရှိ၏။ ထိုအဖွင့်တို့မှာ မုချပစ္စည်း ပစ္စယုပ္ပန်မျိုးကို ရည်၍ ဖွင့်သည်မှတ်။
နိဗ္ဗာန်ဟူသည် အချည်းနှီး
အဘာဝပညတ် မဟုတ်
နာမဓမ္မာတိ စတ္တာရော အရူပိနော ခန္ဓာ နိဗ္ဗာနဉ္စ။
- နာမမ္မာတိ၊ နာမ်တရားတို့ ဟူသည်ကား။
- စတ္တာရော၊ လေးပါးကုန်သော။
- အရူပိနော ခန္ဓာ၊ နာမ်ခန္ဓာတို့၎င်း။
- နိဗ္ဗာနဉ္စ၊ နိဗ္ဗာန်၎င်းတည်း။
နိဗ္ဗာန်သည် နာမ်တရားဖြစ်၍ အကြောင်းရှိမှသာ ဖြစ်သည်လည်း မှန်၏။ ထင်ရှားရှိသည်လည်း မှန်၏ ဟူလို။ နေယျတ္ထ။
မူလယမိုက်အဋ္ဌကထာ(၂၉၁)
နိဗ္ဗာနပဒန္တိ နိဗ္ဗာနသင်္ခါတံ ဓမ္မကောဋ္ဌာသံ။
- နိဗ္ဗာနပဒန္တိ၊ နိဗ္ဗာနပဒံ - ဟူသည်ကား၊
- နိဗ္ဗာနသင်္ခါတံ၊ နိဗ္ဗာန်ဟု ဆိုအပ်သော။
- ဓမ္မကောဋ္ဌာသံ၊ ငြိမ်းဧးခြင်း သဘောတရား တခုအစုကို။
နိဗ္ဗာန်ဟူက ငြိမ်းဧးခြင်း သဘောတရား တခုဖြစ်၍ စင်စစ်ထင်ရှားရှိ၏ ဟု ဆိုနိုင်ရန် သာဓက။
ဝဂ္ဂသံယုတ်ဋီကာ ဘော-ချပ်။
နိဗ္ဗာနံ သဿတာမတတာဏလေဏာဒိသဘာဝမေဝ သဿတာဒိသဘာဝဝသေန အက္ခာတတ္တာ သွက္ခာတန္တိ ဝုစ္စတိ။
- သဿတာမတတာဏလေဏာဒိသဘာဝမေဝ၊ ဖြစ်ပြီးသည်နောက် မပျောက် မပျက် မြဲ၍နေသော သဘော, မအိုမသေ နေရသော သဘော, ပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့၏ ပုန်းအောင်း လည်းလျောင်းရာ စသောသဘော ရှိသည်သာလျှင် ဖြစ်သော။
- နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
- သဿတာဒိသဘာဝဝသေန၊ သဿတ-အစရှိသော သဘော ရှိသည်၏ အစွမ်းအားဖြင့်သာလျှင်။
- အက္ခာတတ္တာ၊ ဟောတော်မူအပ်သောကြောင့်။
- သွက္ခာတန္တိ၊ ဟူ၍။
- ဝုစ္စတိ၊ ၏။
အကြောင်းကင်းလျက် အစမရှိ ကမ္ဘာကမ္ဘေဖြစ်၍ အမြဲနေသည်ကို သဿတ ဆိုသည်မဟုတ်။ ငြိမ်းဧးခြင်း သန္တိသဘာဝအားဖြင့် ဖြစ်လာပြီးနောက် မပျောက် မပျက် မအိုမသေ နေရသည်ကိုရည်၍ သဿတ, အမတ-ဆိုသည်။ ၎င်းပါဌ်ဖြင့်လည်း နိဗ္ဗာန်ဟူက ထင်ရှားရှိသော သဘာဝဓမ္မတခု စင်စစ်မှန်၏။ ထင်ရှား မရှိသော အဘာဝ တုစ္ဆ မဟုတ်ဟု ဧကန် သိရန်။ ဝိသုဒ္ဓိမဂ်(၂၀၀)
နိဗ္ဗာနပဒမစ္စုတန္တိ နိဗ္ဗာနပဒံ တာဏပဒံ လေဏပဒံ သရဏပဒံ အဘယပဒံ အစ္စုတန္တိ နိစ္စံ ဓုဝံ သဿတံ။
- နိဗ္ဗာနပဒမစ္စုတန္တိ၊ ဟူသည်ကား။
- နိဗ္ဗာနပဒံ၊ ငြိမ်းဧးခြင်း သဘောတခု အစု၊
- တာဏပဒံ၊ မိမိထံ၌ တည်ရောက်လာသူ ပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့ကို စောင့်ရှောက်တတ်သည် သဘော တခု အစု။
- လေဏပဒံ၊ ထိုပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့၏ ပုန်းအောင်းရာ နေရာတခု အစု။
- သရဏပဒံ၊ ကိုးကွယ်ရာ အရပ်တခု အစု။
- အဘယပဒံ၊ ဘေးပေါင်းကင်းစင် ရန်မျိုးကြဉ်ရာ အရပ်တခု အစု။
- အစ္စုတန္တိ၊ အစ္စုတ - ဟူသည်ကား။
- နိစ္စံ၊ ဖြစ်ပြီးသည်နောက် သင်္ခါရတရား တို့ကဲ့သို့ ပျောက်သွားခြင်း ရွှေ့လျောခြင်း မရှိသောနိဗ္ဗာန်။
- ဓုဝံ၊ မယိမ်းမယိုင် ခိုင်ခံ့စွာ တည်သော နိဗ္ဗာန်။
- သဿတံ၊ ရွှေ့ပါးခြင်းမရှိ မိမိစောင့်ရှောက်ရာ ပရိနိဗ္ဗုတ ပုဂ္ဂိုလ်၌ပင် တဲမြဲထဲမြဲ၍ နေသောနိဗ္ဗာန်။
ဤပါဌ်ဖြင့်လည်း နိဗ္ဗာန်ဟူသည် အဘာဝမဟုတ် ဟု ဧကန်သိရန်။
စူဠနိဒ္ဒေသပါဠိတော်(၁၂၈) ၁င်္၁း။ ခေါ်။
နိဗ္ဗာနံ အာရမ္မဏာဓိပတိပစ္စယတာယ အတ္တနိ အနဝဇ္ဇဓမ္မေ နာမေတီတိ။
- နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။
- အာရမ္မဏာဓိပတိပစ္စယတာယ၊ အလေးအမြတ် အာရုံပြုရာ အကြောင်း ပစ္စည်းဖြစ်သည်၏ အဖြစ်ဖြင့်။
- အတ္တနိ၊ မိမိ၌။
- အနဝဇ္ဇဓမ္မေ၊ အပြစ်ကင်းသော ကုသိုလ် မဂ် ဖိုလ်တရားတို့ကို။
- နာမေတိ၊ ညွှတ်စေတတ်၏။
ဝါ၊ အာရုံပြုစေတတ်၏။
ဤပါဌ်သည်လည်း ရှေ့နည်းအတိုင်း နိဗ္ဗာန် ထင်ရှား ဧကန်ရှိသည့် အဖြစ် တုစ္ဆအဘာဝ မဟုတ်သည်၏ အဖြစ်ကို ပညတ္တိဟာရ နည်းအားဖြင့် သိစေနိုင်သော ပါဌ်ပင်တည်း။
သုတ်ပါထေယျ အဋ္ဌကထ၁(၁၆၀)
“သန္တိန္တိ နိဗ္ဗုတိံ ”။
သန္တိန္တိ၊ သန္တိံ -ဟူသည်ကား။
နိဗ္ဗုတိံ ၊ ငြိမ်းဧးခြင်း သဘောဟု ဆိုအပ်သော နိဗ္ဗာန်ကို၊
မဟာနိဒ္ဒေသပါဠိတော်(၃၁၃)
“သန္တိလက္ခဏံ နိဗ္ဗာနံ” ဟု ဖွင့်သော သမ္မာအဋ္ဌကထာသည် ဤပါဠိတော်နှင့် ညီလျော်လှပေစွ။ “နိဗ္ဗုတိန္တိ နိဗ္ဗုတသဘာဝံ နိဗ္ဗာနံ” ဟူသော ထေရဂါထာ အဋ္ဌကထာပါဌ်လည်း ဤ သမ္မောအဋ္ဌကထာ ပါဠိတော်တို့နှင့် ညီလှပေစ္စ။
“ပရိနိဗ္ဗာနသဘာဝသင်္ခါတံ နိဗ္ဗာနံ” ဟူသော ဤသဠာယတန သံယုတ်ဋီကာ စကားလည်း ၎င်းအဋ္ဌကထာ ပါဠိတော်တို့နှင့် ညီလျော်လှပေစ္စ၊
ထိုကြောင့် “ရူပသင်္ခါဝိမုတ္တ။ပ။ ဝိညာဏသင်္ခါဝိမုတ္တ” ဖြစ်၍တည်သော ပရိနိဗ္ဗုတပုဂ္ဂိုလ်၏ တည်ရာဖြစ်၍ ထင်ရှားရှိသော ငြိမ်းဧးခြင်း သီတဘာဝ ပရိနိဗ္ဗာန သဘာဝကို နိဗ္ဗာန်ဆိုအပ်သည် ဟု ဧကန်မှတ်ကြကုန်။
နိဗ္ဗာန်ဟူသည် ခန္ဓာဒုက္ခတို့၏ အဆုံးစွန်သဘော
ပါရံ ဝုစ္စတိ နိဗ္ဗာနံ။ ယော သော သဗ္ဗသင်္ခါရသမထော သဗ္ဗုပဓိနိဿဂ္ဂေါ တဏှက္ခယော ဝိရာဂေါ နိရောဓော နိဗ္ဗာနံ။ သော ပါရင်္ဂတော ပါရပတ္တော အန္တဂတော အန္တပတ္တော ကောဋိံ ဂတော ကောဋိပတ္တော။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
ပါရံ၊ ကမ်းတဘက်ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ယာ သော၊ ယင်းနိဗ္ဗာန် ဟူသည်လည်း။
သဗ္ဗသင်္ခါရသမထော၊ အလုံးစုံသော သင်္ခါရတရားတို့၏။
ဝါ၊ တရားတို့မှ ငြိမ်းခြင်း သဘောတည်း။
ဝါ၊ ငြိမ်းရာချုပ်ရာတည်း။
သဗ္ဗုပဓိနိဿဂ္ဂေါ၊ အလုံးစုံသော ဥပဓိဟူသော ကိလေသာ ခန္ဓာငါးဝ ဘေးဒုက္ခတို့ မလိုက်မလာနိုင်ရာ စွန့်ခွာရာ အရပ်တည်း။
တဏှက္ခယော၊ တဏှာကုန်ရာ တဏှာမလာနိုင်ရာ အရပ်တည်း။
ဝိရာဂေါ၊ ရာဂကင်းရာ အရပ်တည်း။
နိရောဓော၊ ရုပ်နာမ်ခန္ဓာ ဘေးကြီးဧရာတို့၏ ချုပ်ရာ အရပ်တည်း။
နိဗ္ဗာနံ၊ တဆယ့်တသီး မီးအပေါင်းတို့၏ ငြိမ်းရာအရပ်တည်း။
သော၊ ထိုဘုံသုံးပါးမှ လွတ်သွားသောသူသည်။
ပါရင်္ဂတော၊ ယင်းသို့သော နိဗ္ဗာန်ဟူသောကမ်း တဘက်သို့ ရောက်သွားရ၏။
ပါရပတ္တော၊ ယင်းသည် ကမ်းသို့ ရောက်လေ၏။
အန္တဂတော အန္တပတ္တော၊ ခန္ဓာငါးဝ ဘေးဒုက္ခ၏ဆုံးရာ နိဗ္ဗုတာအရပ်သို့ ရောက်ရလေ၏။
ကောဋိံ ဂတော ကောဋိပတ္တော၊ ခန္ဓာငါးဝ သင်္ခတတရားတို့၏ အပိုင်းအခြား အစွန်အဖျား အလွတ်နားသို့ ရောက်ရလေ၏။
ဤ၌ “အန္တဂတော အန္တပတ္တော ကောဋိံ ဂတော ကောဋိပတ္တော” ဟူသော ပါဌ်တို့ဖြင့် နိဗ္ဗာန်ဟူသည် သတ္တဝါတို့၏ ရောက်သွားရာ အလွတ်သက်သက်၌ တည်နေသော အလုပ်တခုမဟုတ်၊ ခန္ဓာငါးဝ ဘေးဒုက္ခ၏ အဆုံးအစွန်ဖြစ်၍ တည်နေသော အန္တကောဋိကို ဆိုသည် ဟု ပြသည်။
ဤ မဟာနိဒ္ဒေသပါဠိတော်(၁၅) ၌ ခန္ဓာတို့၏ ကောဋိအန္တကို နိဗ္ဗာန်ဆိုသည် စကား” အညေ ခန္ဓာ အညံ နိဗ္ဗာနန္တိ နဟေဝံ ဝတ္တဗ္ဗေ” ဟူသော ကထာဝတ္ထုပါဠိတော်၌ ခန္ဓာတခြား နိဗ္ဗာန်တခြား မဆိုရဟူသောစကား ဝိသုဒ္ဓိမဂ် မဟာဋီကာ၌ “ နိဗ္ဗာနမ္ပိ ခန္ဓပဋိဗန္ဓမေဝ” ဟူသော စကားတို့သည် အဓိပ္ပါယတ္ထအားဖြင့် တသားတည်း ထပ်တူထပ်မျှသာတည်း ဟု သိကြကုန်၊
နိဗ္ဗာန်နှင့် ပရိနိဗ္ဗာန် စသည် တူပုံ
ပရိနိဗ္ဗာနံယေ၀ သဗ္ဗသင်္ခတေဟိ ဝိဝေကတ္ထာ ဝိဝေကော။
ပရိနိဗ္ဗာနံ ယေဝ၊ တဆယ့်တသီး မီးတို့မှ ငြိမ်းကြီးငြိမ်းခြင်း သဘောသည်ပင်။
ဝါ၊ ငြိမ်းရာဖြစ်သော အသင်္ခတဓာတ် နိဗ္ဗာန်ရပ် သည်သာလျှင်။
သဗ္ဗသင်္ခတေဟိ၊ အလုံးစုံသော သင်္ခါရတရားတို့မှ။
ဝိဝေကတ္ထာ၊ ဆိတ်ရာမရှိရာ ဖြစ်သောကြောင့်။
ဝိဝေကော၊ ဝိဝေကမည်၏ ။
ဒုကနိပါတ် အင်္ဂုတ္တိုရ်အဋ္ဌကထာ(၁၀) ၁င်္ဝး။ ညော်။
နိဗ္ဗာန်နှင့် ပရိနိဗ္ဗာန်ဟူသည် အတူတူသာ ဟု သိရန်။
“ပရိနိဗ္ဗာနသဘာဝသင်္ခါတံ နိဗ္ဗာန” ဟူသော အောက်က ထုတ်ပြအပ်ခဲ့ပြီး သဠာယတနသံယုတ် ဋီကာ စကားသည် ၎င်းအဋ္ဌကထာနှင့် ညီလျော်လှပေစွ။
အပစ္စယပရိနိဗ္ဗာနဿာတိ အနုပါဒိသေသနိဗ္ဗာနံ သန္ဓာယ ၀ဒတိ။ ပစ္စယ၀သေန အနုပ္ပန္နံ အသင်္ခတံ အမတဓာတုမေ၀။
အပစ္စယပရိနိဗ္ဗာနဿတိ၊ အပစ္စယပရိနိဗ္ဗာန် ဟူသည်ကို။
အနုပါဒိသေသ နိဗ္ဗာနံ၊ အနုပါဒိသေသနိဗ္ဗာန်ကို။
သန္ဓာယ ရည်၍။
ဝဒတိ၊ ဟောတော်မူ၏။
ပစ္စယဝသေန၊ ဟေတု သဟဇာတ - စသော အကြောင်း၏ အစွမ်းဖြင့်။
အနုပ္ပန္နံ၊ ဖြစ်သည်မဟုတ်သော။
အသင်္ခတံ၊ သင်္ခတတရားတို့၏ ဆန့်ကျင်ဘက်ဖြစ်သော။
အသင်္ခတံ၊ သင်္ခတတရားတို့ထက် ကြီးကဲလွှမ်းမိုး၍ နေသော။
အသင်္ခတံ၊ သင်္ခတ လက္ခဏာ သင်္ခတနိမိတ် အရိပ် မထွက်သော။
အမတဓာတုမေဝ၊ အမတဓာတ်ကို ပင်လျှင်။
အာဟု၊ မိန့်ဆိုတော်မူ၏။ သမ္ဗန်။ (အဋ္ဌ အင်္ဂုတ္တိုရ်အဋ္ဌကထာ။)
“အဝိဇ္ဇာပစ္စယာ သင်္ခါရာ” စသော ပဋိစ္စသမုပ္ပါဒ်အကြောင်း ဟေတုပစ္စည်း - စသော ပဋ္ဌာန်းပစ္စည်း တို့ဖြင့် ပစ္စည်းတပ် မခံရသည်ကို ရည်၍ အပစ္စယ ဆိုသည်။ ဒါန သီလ ဘာဝနာ မဂ် ဖိုလ် အကြောင်းတို့နှင့် ကင်း၍ ဖြစ်သည်ဟု ဆိုလိုသည် မဟုတ်။ အကယ်၍ ယင်းသို့ ဆိုလိုခဲ့လျှင် ကာရဏေန ဝိနာ သယမေဝ န ဘူတန္တိ အဘူတံ-ဟု အောက်က ညွှန်းပြခဲ့အပ်သော ဥဒါန်းအဋ္ဌကထာ နှင့် ဝိရုဒ္ဓ ဖြစ်တော့အံ့၊
ဒုက္ခဿန္တံ ကရိဿထာတိ ပရိနိဗ္ဗာနံ ပါပုဏိဿထ။
ဒုက္ခဿန္တံ ကရိဿထာတိ၊ ဟူသည်ကား။
ပရိနိဗ္ဗာနံ၊ နိဗ္ဗာန်သို့။
ပါပုဏိဿထ၊ ရောက်ကြကုန်လတ္တံ့။
အဋ္ဌနိပါတ် အင်္ဂုတ္တိုရ်အဋ္ဌကထာ။
ဤဆိုအပ်ခဲ့ပြီးသည်တို့ကို ထောက်၍ နိဗ္ဗာန်ဟူသည် ပရိနိဗ္ဗာန်ဟူသည် အပစ္စယနိဗ္ဗာန် ဟူသည် အသင်္ခတဓာတ်ဟူသည် အထူးမရှိ သိကြကုန်။
ဥပဓီ သမ္မဒေဝ ခီယန္တိ ဧတ္ထာတိ ဥပဓိသင်္ခယော။ နိဗ္ဗာနံ။
ဧတ္ထ၊ ဤနိဗ္ဗာန်၌။
ဥပဓီ၊ ကိလေသုပဓိ ခန္ဓုပတိ တို့သည်။
ဝါ၊ ဘေးအပေါင်း တို့၏ ကပ်ရောက်၍ တည်ကြောင်းတည်ရာ ဖြစ်သောကြောင့် ဥပဓိမည်သော ကိလေသာ ကိုယ်ခန္ဓာ တို့သည်။
ခီယန္တိ၊ ကုန်ရကုန်၏။
ဣတိ၊ ဤသို့သော အကြောင်းကြောင့်။
တံ၊ ထိုနိဗ္ဗာန်သည်။
ဥပဓိသင်္ခယော၊ မည်၏။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကိုရ၏။
စတုက္ကအင်္ဂုတ္တိုရ်ဋီကာ (ဒု-၂၅၃) ၁င်္ဝး။ ဒီ။
ဣမသ္မိံ ကာလေ ပရိနိဗ္ဗာနေ အနာဂတေ မေတ္တေယျသမ္မာသမ္ဗုဒ္ဓကာလေ န ပရိနိဗ္ဗာယိဿာမီတိ ဝိသုဒ္ဓသီလောပိ ပဋိပတ္တိံ န ပူရတိ။
ဣမသ္မိံ ကာလေ၊ ဤဂေါတမနွယ်တော် သုံးဘုံကျော်သည့် ဘုရားကိုယ်တော် လက်ထက်၌။
ပရိနိဗ္ဗာနေ၊ နိဗ္ဗာန်ဝင်လိုက်သည်ရှိသော်
အနာဂတေ၊ ပွင့်တော်မူာလတ္တံ့သော။
မေတ္တေယျ သမ္မာသမ္ဗုဒ္ဓကာလေ၊ မေတ္တေယျ ဘုရားသျှင် ကိုယ်တော်မြတ် လက်ထက်၌။
န ပရိနိဗ္ဗာယိဿာမိ၊ ပရိနိဗ္ဗာန် မစံရလတ္တံ့။
ဝါ၊ မေတ္တေယျဘုရားသျှင်ကို မဖူးမြင်ရလတ္တံ့။
ဣတိ၊ ဤသို့ နှလုံးပြု၍။
ဝိသုဒ္ဓသီလောပိ၊ စင်ကြယ်သော သီလရှိသော ပုဂ္ဂိုလ်သည်လည်း။
ပဋိပတ္တိံ၊ နိဗ္ဗာန်ဝင်ခန်း ဝိပဿနာ စီးဖြန်းခြင်း အကျင့်ကို၊
န ပူရတိ၊ မဖြည့်။
ဤကို ထောက်သဖြင့်လည်း ရဟန္တာတို့ သေသည် စုတေသည် ဟူသည် တခြား, ပရိနိဗ္ဗာန်ပြုသည် ဟူသည် တခြားဟု သိရန်၊
ဤစကားသည် မှန်စွ၊ အကယ်၍ ပရိနိဗ္ဗာန်ပြုသည် ဟူသောစကားနှင့် သေသည် စုတေသည်ဟူသော စကား အတူတူသာ ဖြစ်ငြားအံ့၊ အရိမေတ္တေယျ ဘုရားလက်ထက်တော်၌ နိဗ္ဗာန်မစံရလတ္တံ့ ဟု မဆိုမူ၍ အရိမေတ္တေယျ ဘုရား လက်ထက်တော်၌ ငါမသေရလတ္တံ့ ဟူ၍ ဆိုသော်လည်း သင့်ရာ၏။ ယင်းသို့ မူလည်း မဆိုသင့်။ ဤအကြောင်းမှာ ဤထက် အကျယ် အထက်၌ ဦးလတ္တံ့။
ပဉ္စအင်္ဂုတ္တိုရ်အဋ္ဌကထာ။
နိဗ္ဗာန်သဘော ပေါ်လွင်အောင် ဥပမာ အမျိုးမျိုးဖြင့် ပြပုံ
နိဿရဏဝိဝေကော နာမ သဗ္ဗနိမိတ္တရဟိတံ နိဗ္ဗာနံ၊
နိဿရဏဝိဝေကော နာမ၊ တေဘူမိက ဝဋ်ဒုက္ခမှ ထွက်မြောက်ရာ ဟူသော ခန္ဓာငါးဝမှ ဆိဘ်ရာ ဝိဝေက ဟူသည်ကား။
သဗ္ဗနိမိတ္တရဟိတံ၊ အလုံးစုံ အရိပ် နိမိတ်ကင်းသော နိဗ္ဗာန်။
ဝါ၊ ၊ အလုံးစုံသော အကြောင်းရှိလျက် အကြောင်းရှိပုံ နိမိတ် အရိပ်မထင်၊ ထင်ရှားရှိလျက် ထင်ရှား ရှိနိမိတ် အရိပ်မပေါ်၊ ရဟန္တာ ပုဂ္ဂိုလ်တို့ ခန္ဓာကိုယ် ကွယ်သည်အခါ ထိုအသျှင်တို့ ပုန်းအောင်းရာ တည်နေရာ ဖြစ်ပေါ်လာသော်လည်း ဖြစ်ပေါ်လာပုံ ဇာတနိမိတ် အရိပ်မပေါ်၊ ထိုပရိနိဗ္ဗာန် ပြုသွားကြသူကို၏ စင်စစ် ခိုကိုးရာ တာဏ လေဏ သရဏဖြစ်ပါလျက် ယင်းသို့ ဖြစ်ဟန်ကို သိရကြောင်း အရိပ်နိမိတ် မပေါ်မထွက်၊ အလွန်ချမ်းသာရာ ဖြစ်ပါလျက် ချမ်းသာပုံ သုခဝေဒနာ ဟူသော သုခနိမိတ်မထင်၊ သင်္ခတ သင်္ခါရ တရားတွင်းမှ ထွင်းဘောက်၍ ပေါ်လာသော်လည်း ယင်း သင်္ခတ သင်္ခါရ တရားတို့့မှ ထွင်းဘောက်၍ ဖြစ်ပေါ်လာပုံ သင်္ခတ သင်္ခါရ အရိပ်နိမိတ်မထင် သင်္ခတစော်မနံ၊ သင်္ခါရပုံဟန်နှင့် အလွန်ကွာဝေး၍နေသော။
နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။ (၎င်းအနက်။)
မစင်ကြယ်သော ကျောက်စရစ် မြေတောင်ထဲမှ ထွက်သော အဘိုးအနဂ္ဃ ပတ္တမြားရတနာ၊ မစင်ကြယ်သော မြေကြီးထဲမှ ခွဲ၍ဖြစ်ပေါ်လာသော အလွန် သန့်ရှင်း အဆင်းနီမြန်း လှပသော ဣန္ဒဂေါပက ဟု ဆိုအပ်သော ပိုးနီကောင်၊ ဝါးဆစ်ထဲမှ ဖြစ်ပေါ်လာသော ပုလဲ - စသည်တို့သည် ထိုမိမိတို့ ဖြစ်ကြောင်း ဖြစ်ရာ ဌာနသဘောတို့မှ လွန်စွာဝေးကွာ၍ နေသဖြင့် ထိုအရပ်တို့မှ ဖြစ်ပေါ် လာပုံ အရိပ်နိမိတ်မထင်၊ နတ်ဗြဟ္မာတို့ကိုယ်သည် လူတို့ကိုယ်အောက် အလွန် သိမ်မွေ့လှသော ကြောင့် လူတို့အနီးရောက်လာ လူတို့အား ပူးဝင်လာသော်၎င်း၊ စကားဆိုလာသော်၎င်း၊ အနီး၌ တည်၍ ဘေးမရောက်အောင် လူတို့အား မှိုင်းမ လာသော်၎င်း၊ အဘယ်တခုမှ ယင်းသို့သော အဖြစ်ကို သိရကြောင်း အရိပ်နိမိတ် မထွက် မထင်သကဲ့သို့ နိဗ္ဗာန် ဟူက အတုမရှိ နက်နဲသိမ်မွေ့ လှသောကြောင့် ယင်းနိဗ္ဗာန်၏ အခြင်းအရာ တစုံတခု အရိပ်အမြွက်မျှ မပေါ်ထင်နိုင်ဖြစ်၍ နေသည်ကို ရည်၍ “သဗ္ဗနိမိတ္တရဟိတံ နိဗ္ဗာနံ” ဟု ၎င်းအဋ္ဌကထာဆရာ ဖွင့်ဆိုသည်မှတ်။
သမ္မောဟ - အဋ္ဌကထာ (၃၀၁)
၎င်းအဋ္ဌကထာပါဌ်ဖြင့် နတ်တို့ကိုယ်မှ နတ်ကိုသိမြင်ကြောင်း အရိပ်မထွက် မထင်သော်လည်း ထိုနတ်တို့ ဧကန်ထင်ရှား ရှိသကဲ့သို့ နိဗ္ဗာန်၏ ဖြစ်ကြောင်း ဇာတနိမိတ် - စသည် မထင်သော်လည်း ထိုနိဗ္ဗာန် ဧကန်ထင်ရှားရှိသည်သာ ဟူသော အနက်ကို ပြလိုရင်းမှတ်။
ဒါနသီလ ကုသိုလ် စသည်နှင့် မြည်းမ-ဥပမာ
အနုပါဒါပရိနိဗ္ဗာနတ္ထာယာတိ ကိဉ္စိဓမ္မံ အဂဟေတွာ အနဝသေသေတွာ ပရိနိဗ္ဗာနတ္ထာယ။ အပစ္စယပရိနိဗ္ဗာနတ္ထာယာတိ အတ္ထော။
အနုပါဒါပရိနိဗ္ဗာနတ္ထာယာတိ၊ ဟူသည်ကား။
ကိဉ္စိဓမ္မံ၊ တစုံတခုသော ရုပ်နာမ်တရားကို။
အဂဟေတွာ၊ မစွဲလမ်းမူ၍။
အနဝသေသေတွာ၊ မကြွင်းကျန် စေမူ၍။
ပရိနိဗ္ဗာနတ္ထာယ၊ ထက်ဝန်းကျင် အလုံးစုံအပြီး ငြိမ်းကြီးငြိမ်းခြင်း အကျိုးငှါ။
အပစ္စယပရိနိဗ္ဗာနတ္ထာယ၊ ပဋိစ္စသမုပ္ပါဒ်ပစ္စည်း ဟူသော ပြဓာန်းသော ထင်ရှားသော အကြောင်း ပစ္စည်း၊ ပဋ္ဌာန်းပစ္စည်း ဟူသော ဟေတုမျိုး အာရမ္မဏမျိုး အနန္တရမျိုး သဟဇာတ ကမ္မမျိုး ဥပနိဿယမျိုး ပုရေဇာတမျိုး ဟူသော အမျိုးမျိုးသော ပစ္စည်းကို ကျေးဇူးမပြုနိုင်သော အသင်္ခတ ဓာတ် ဟူသော နိဗ္ဗာန်အကျိုးငှါ။
ဣတိ အတ္ထော၊ ဤကားအနက်။
ဝဠဝါ- ဟူသော မြည်းမဝမ်းထဲမှ သိန္ဓဝ - ဟူသော အလွန်မြတ်သော အာဇာနည်မြင်း ပေါက်ဘွားမည် ရှိသည့်အခါ အမျိုးယုတ်သော မိမိ၏ ဇေဂုစ္ဆ ဖြစ်သော နိမိတ္တအင်္ဂဇာတမှ အလွန်မြတ်လှသော သိန္ဓောမြင်းကို ထွက်ပေါ်စေခြင်းငှါ မသင့်မလျော် မတော်မတတ်နိုင်သဖြင့် လေးဘက်ကားရား လည်း၍ သွားသည့်အခါ လူများတို့က ဝမ်းပိုက်ကို ဖောက်ခွဲ၍ ဆွဲထုတ် ယူရသဖြင့် ထိုမြည်းမသည် ထိုမိမိကိုစွဲ၍ဖြစ်သော သိန္ဓောမြင်း ပေါက်ဘွား ပေါ်ထွက်လာအောင် ကျေးဇူးမပြုနိုင်သကဲ့သို့ ဒါန သီလ ဘာဝနာ ပါရမီ ကုသိုလ် သမ္ဘာရ ဟူသော အကြောင်းရင်း ဟေတု၊ မဂ် ဖိုလ် ဝိမုတ္တိ ဝိမုတ္တိဉာဏဒဿန ဟူသော အကြောင်းဖျား ပစ္စယတို့ကို စွဲ၍၎င်း ပရိနိဗ္ဗန္တပုဂ္ဂိုလ်ခန္ဓာကို ဝိသယ ကဲ့သို့ပြု၍၎င်း ယင်းအကြောင်းတွေ ပြည့်စုံမှ ယင်းနိဗ္ဗာန် ဖြစ်ပေါ် ရသော်လည်း ယင်းသင်္ခတတရားကို လုံးလုံးကြီး ကွယ်ပျောက်သည့်အခါမှ ပေါ်လာ သည်ဖြစ်၍ ထိုသင်္ခတဆိုးယုတ် တရားနုတ် ဟူသော မြည်းမသည် အလွန်မြတ်လှ နက်နဲ သိမ်မွေ့လှသော နိဗ္ဗာန် ဟူသော သိန္ဓဝမြင်း ဖြစ်ပေါ်လာအောင် ကျေးဇူး မပြုနိုင်သည်ကိုရည်၍ ယင်းနိဗ္ဗာန်ကို အပစ္စယနိဗ္ဗာန် ဆိုသည်။
ယင်းအပစ္စယနိဗ္ဗာန် ဟူသည်နှင့် အနုပါဒါပရိနိဗ္ဗာန် ဟူသည် ဤအရာ၌ အတူတူပင်တည်း ဟူလိုသတည်း။
သာရတ္ထဒီပနီဋီကာ။
နိဗ္ဗာန်ရတနာ ဖြစ်ပေါ်လာခါနီး၌ ယင်းနိဗ္ဗာန် ရောက်လာမည့်သူ ခန္ဓာငါးဝ ကွယ်ချုပ်ရခြင်းသည် သိန္ဓောမြင်း ဘွားချိန်တန်၍ ဘွားခါနီး၌ ယင်း သိန္ဓောမြင်းကို လွယ်နေရသော မြည်းမစုတေ ရသည်နှင့် တူ၏။ မိမိ၏ အကြောင်းရင်းခံ ဖြစ်သော သင်္ခတတရားတွေ လုံးလုံးကွယ်မှ နိဗ္ဗာန်ရတနာ ဖြစ်လာခြင်းသည် မိမိကိုလွယ်နေရသော အကြောင်းရင်းခံ မြည်းမ-စုတိကျမှသာ သိန္ဓောမြင်း မျက်နှာမြင်ရ ပေါ်လာရသည်နှင့် တူ၏မှတ်။
နိဗ္ဗာနဿ အနုပ္ပါဒေယေဝ ပုဂ္ဂလဿ နိရောဓော။
ဝိသုဒ္ဓိမဂ်မဟာဋီကာ။
နိဗ္ဗာနဿ၊ နိဗ္ဗာန်ဟူသော အာဇာနည်မြင်းမြတ်၏။
အနုပ္ပါဒေယေဝ၊ မဖြစ်ရောက်လာ မပေါက်ဘွားလာမီ ကပင်လျှင်။
ပုဂ္ဂလဿ၊ နိဗ္ဗာန်ရောက်မည့် ပုဂ္ဂိုလ်ဟူသော မြည်းမ၏။
နိရောဓော၊ ခန္ဓာငါးသွယ် ဒုက္ခအိုးကြီး ကွယ်ပျောက်နှင့် ရခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဤအရာနှင့် တော်အောင် အနက်ပေး။
၎င်းဝိသုဒ္ဓိမဂ်ဋီကာစကားသည် “အနုပါဒိသေသာ သမ္ပရာယိကာ” ဟူသော ဣတိဝုတ်ပါဠိတော်နှင့် သင့်လျော်လှပေသလျှင်ကတည်း။
“အနုပါဒိသေသာ၊ အသင်္ခတဓာတ်ဟူသော ငြိမ်းဧးခြင်း သန္တိလက္ခဏာ ရှိသော အနုပါဒိသေသ နိဗ္ဗာနဓာတ်သည်။
သမ္ပရာယိကာ၊ နိဗ္ဗာန်ရောက်မည့်သူ ခန္ဓာကွယ်ပြီးနောက်မှ ဖြစ်ပေါ်လာ၏” ဟု အနက် ယောဇနာ။
၎င်းယောဇနာသည်လည်း “သမ္ပရာယိကာတိ သမ္ပရာယေ ခန္ဓေဘေဒတော ပရဘာဂေ ဘဝါ”၊
သမ္ပရာယိကာတိ၊ ဟူသည်ကား။
သမ္ပရာယေ၊ တမလွန်ဟု ဆိုအပ်သော။
ခန္ဓုဘေဒတော၊ နိဗ္ဗာန်ရောက်မည့်သူ ခန္ဓာကွယ်ပျောက်သည်။
ပရဘာဂေ၊ တပါးသော အခြားမဲ့အခါ၌။
ဘဝါ၊ ဖြစ်ပေါ်လာသော နိဗ္ဗာနဓာတ်တည်း။ ။
ဤသို့လာသော ၎င်းဣတိဝုတ်အဋ္ဌကထာနှင့်လည်း အညီတည်း။
ရုပ် နာမ် ခန္ဓာ ကွယ်ပျောက်မှ နိဗ္ဗာန်ပေါ်လာပုံ
အပဿန္တာနံ ဟိ နိဗ္ဗာနံပိ နိဗ္ဗာနဒဿနမ္ပိ ကာလမေဃအဝစ္ဆာဒိတံ ဝိယ ကဋာဟေန အဝကုဇ္ဇိတပတ္တော ဝိယ နိစ္စံ တမော စေဝ အန္ဓကာရော စ ဟောတိ။ သတဉ္စ သပ္ပုရိသာနံ ပညာဒဿနေန ပဿန္တာနံ နိဗ္ဗာနံ အာလောကော ဝိယ ဝိဝဋံ ဟောတိ။
နိဗ္ဗာနမ္ပိ၊ နိဗ္ဗာန်သည်၎င်း။
နိဗ္ဗာနဒဿနမ္ပိ၊ နိဗ္ဗာန်ကိုမြင်ရသည့် မဂ်ဖိုလ် ဟူသောမျက်စိသည်၎င်း။
ကာလမေဃအဝစ္ဆာဒိတံ ဝိယ ၊ မိုဃ်းတိမ်ပုပ် ဖုံးအုပ်သည့် လကဲ့သို့၎င်း။
ကဋာဟေန၊ အိုးဖျဉ်းဖြင့်။
အဝကုဇ္ဇိတပတ္တော ဝိယ၊ မှောက်ဖုံး၍ ထားအပ်သော ခွက်ကဲ့သို့၎င်း။
အပဿန္တာနံ၊ ပညာမျက်စိဖြင့် မကြည့်နိုင်ကုန် သူတို့အား။
နိစ္စံ၊ အမြဲ။
တမောစေဝ၊ ရှေးဦးအခိုက် မိုက်၍ လာသည်၎င်း။
အန္ဓကာရော စ၊ နောက်တလဲလဲ မဲ၍လာသည်၎င်း။
ဟောတိ၊ ဖြစ်ရလေတော့၏။
စ၊ အထူးအားဖြင့်ကား။
သတံ၊ နိဗ္ဗာန်ကိုမြင်ရအောင် အခါခါ သတိဆောင်နိုင်ကုန်သော။
ပညာဒဿနေန၊ မဂ်ပညာ ဖိုလ်ပညာဟူသော မျက်စိဖြင့်။
ပဿန္တာနံ၊ ကြည့်ရှုနိုင်ကုန်သော။
သပ္ပုရိသာနံ၊ မဂ္ဂဋ္ဌာန် ဖလဋ္ဌာန်သခင် သူတော်သျှင်တို့အား။
နံ နိဗ္ဗာနံ၊ ထိုနိဗ္ဗာန်သည်။
(နံ-တပုဒ်တည်းကို အနက်နှစ်ခါ ဆိုသည်ကား ဘိန္နသတ္တိ။)
အာလောကော ဝိယ၊ လ-ရောင် နေရောင်အလင်းကဲ့သို့။
ဝိဝဋံ၊ ထင်းထင်း ဘွင်းဘွင်း ပွင့်သည်။
ဟောတိ၊ ဖြစ်၏။
ဤသို့လာသော သဠာယတနသံယုတ် အဋ္ဌကထာပါဌ်(၄၅) ဖြင့်လည်း ယင်းနိဗ္ဗာန် ရောက်မည့်သူ ပရိနိဗ္ဗုတပုဂ္ဂိုလ် ခန္ဓာကွယ်သည့်အခါမှ ဖြစ်ပေါ်လာသော အသင်္ခတဓာတ်နိဗ္ဗာန် ဟူသည်ကို အန္ဓပုထုဇန်တို့ မမြင်နိုင်ဘိ အကန်းအတိ ဖြစ်ကြသော်လည်း ယင်းနိဗ္ဗာန်ကို မြင်ခွင့်ရကြောင်း မဂ် ဖိုလ် ပညာမျက်စိကောင်းဖြင့် မဂ္ဂဋ္ဌာန် ဖလဋ္ဌာန်အသျှင်တို့ ကွင်းကွင်း ထင်ရ မြင်ရသဖြင့် ယင်းသို့ မြင်အပ်သည့် နိဗ္ဗာန်သည် ထိုပရိနိဗ္ဗုတအသျှင်တို့ ငြိမ်းနေရာဝယ် ဧကန်စင်စစ် ထင်ရှားရှိ၏ ဟူသောအနက်ကို ပညတ္တိဟာရနည်းဖြင့် သိစေတော် မူသတည်း။
ပညတ္တိဟာရနည်း ဟူသည်ကား ဤကိုဆိုသဖြင့် ဟိုကိုလည်း သိစေနိုင်သည့်နည်း ဟူလိုသည်။ အဝုတ္တသိဒ္ဓိနည်းလည်း ဆိုသင့်၏။
နိဗ္ဗာနေ အနာဂတေပိ အတ္ထပဋိသမ္ဘိဒါ သိယာ၊ ပစ္စုပ္ပန္နာရမ္မဏာတိပိ အတီတာရမ္မဏာတိပိ အနာဂတာရမ္မဏာတိပိ န ဝတ္တဗ္ဗာ။
အနာဂတေပိ၊ နိဗ္ဗာန်ရမည့်သူ ခန္ဓာကွယ်ပြီးနောက်မှ ဖြစ်ရောက်လတ္တံ့ သည်လည်းဖြစ်သော။
နိဗ္ဗာနေ၊ နိဗ္ဗာန်၌။
အတ္တပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါ ဉာဏ်သည်။
သိယာ-ဟောတိ၊ ဖြစ်၏။
သာ၊ ထိုဖြစ်ရောက်လတ္တံ့သော နိဗ္ဗာန်ကို အာရုံပြုသော အတ္ထပဋိသမ္ဘိဒါဉာဏ်ကို။
ပစ္စုပ္ပန္နာရမ္မဏာတိပိ၊ ပစ္စုပ္ပန်လျှင် အာရုံရှိသည်ဟူ၍၎င်း။
အတီတာရမ္မဏာတိပိ၊ အတိတ်တရားလျှင် အာရုံရှိသည် ဟူ၍၎င်း။
အနာဂတာရမ္မဏာတိပိ၊ အနာဂတ်တရားလျှင် အာရုံရှိသည်ဟူ၍၎င်း။
န ဝတ္တဗ္ဗာ၊ မဆိုသင့် မဆိုထိုက်။
ဤသို့လာသော ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ အဘိဓမ္မာဝတာရ သံဝဏ္ဏနာ မည်သော ဋီကာကြီး တို့့နှင့်အညီ အတ္ထပဋိသမ္ဘိဒါဉာဏ်၏ ပရိနိဗ္ဗာန်စံသူ ခန္ဓာ ကွယ်သည့်နောက်မှ ဖြစ်ရောက်လာလတ္တံ့ သော အနာဂတ်နိဗ္ဗာန်ကို အာရုံပြုနှင့် သော်လည်း ထိုနိဗ္ဗာန်၏ ဥပါဒ်ဒြဗ်အားဖြင့် ထင်ရှားဖြစ်လတ္တံ့ မဟုတ်သည် ဖြစ်၍ အနာဂတ်စစ် မဆိုထိုက်သောကြောင့် ယင်းနိဗ္ဗာန်ကို အာရုံပြုနှင့်သော အတ္ထပဋိသမ္ဘိဒါဉာဏ်ကို အနာဂတာရမ္မဏ ဟု မဆိုထိုက်သကဲ့သို့ ယင်းသို့ အနာဂတ်အရာကဲ့သို့ ဖြစ်သော နိဗ္ဗာန်ကို အာရုံပြုနှင့်ကြသော မဂ်ဖိုလ်တို့ကိုလည်း အနာဂတာရမ္မဏာစစ် မဆိုသင့် သည်၏ အဖြစ်ကိုလည်း သိကြကုန်။
ခြင်္သေ့ အသံကို ကြားသဖြင့် မကိုက်သော ဥပမာ
အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗာယီတိ ပရိနိဗ္ဗာနမေဝ ပရိနိဗ္ဗာနဿ ပရိနိဗ္ဗာနန္တရတော ဝိသေသနတ္တံ ကရဏဘာဝေန ဝုတ္တံ။ ယာယ ဝါ နိဗ္ဗာနဓာတုယာ အဓိဂတာယ ပစ္ဆိမစိတ္တံ အပ္ပဋိသန္ဓိကံ ဇာတံ။ သာ တဿ အပ္ပဋိသန္ဓိဝူပသမဿ ကရဏဘာဝေန ဝုတ္တာ။
အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗာယီတိ၊ ပရိနိဗ္ဗာယီ-ဟူသည်၌။
ပရိနိဗ္ဗာနမေဝ၊ အသင်္ခတဓာတ် ပရိနိဗ္ဗာန်ကိုပင်လျှင်။
ပရိနိဗ္ဗာနဿ၊ ယင်း အသင်္ခတခန္ဓပရိနိဗ္ဗာန်၏။
ပရိနိဗ္ဗာနန္တရတော၊ ကိလေသပရိနိဗ္ဗာန်ဟူသော ပရိနိဗ္ဗာန်တပါးမှ။
ဝိသေသနတ္ထံ၊ ထူးစေခြင်းငှါ။
ကရဏဘာဝေန၊ ဝိသေသနတ္ထ ကရဏသတ္တိအဖြစ်ဖြင့်၊
ဝုတ္တံ၊ ဆိုအပ်၏။
ဝါ၊ တနည်းကား၊
ယာယ နိဗ္ဗာနဓာတုယာ၊ အကြင် အသင်္ခတဓာတ်နိဗ္ဗာန်သို့။
အဓိဂတာယ၊ ရောက်သည် ရှိသော်။
တနည်းကား ..
ယာယ နိဗ္ဗာနဓာတုယာ၊ အကြင် အသင်္ခတဓာတ် နိဗ္ဗာန် ရတနာမြတ်သည်။
အဓိဂတာယ၊ သင်္ခတတဆိုး ဒုက္ခအိုးကို လွှမ်းမိုးဘိစီး ပေါ် ကြီးပေါ်ရောက်လာသည်ရှိသော်။
ပစ္ဆိမစိတ္တံ၊ ပရိနိဗ္ဗာန်စံတော့မည့်သူ ပုဂ္ဂိုလ်ဖြူ တို့၏ မရဏာသန္နဇော ဘဝင်တို့ နောက်ဖြစ်သော နောက်ဆုံးစုတိစိတ်သည်။
အပ္ပဋိသန္ဓိကံ၊ ဘဝတပါး လွင့်သွားစရာ ပဋိသန္ဓေသစ် ပေါ်လာအောင် အနန္တရ ပစ္စယသတ္တိဖြင့် ကျေးဇူးမပြုနိုင် လက်မှိုင်ချရခြင်းသည်။
ဇာတံ၊ ဖြစ်ရလေ၏။
သာ၊ ထို အသင်္ခတ ပရိနိဗ္ဗာနဓာတ်ကို။
တဿ၊ ထို ပစ္ဆိမစိတ်၏။
အပ္ပဋိသန္ဓိဝူပသမဿ၊ တဖန် ပဋိသန္ဓေကို ဖြစ်စေခြင်းမရှိ အလုံးစုံ ဘေးအပေါင်း ငြိမ်း ခြင်း၏။
ကရဏဘာဝေန၊ အကြောင်း ကာရက ကရဏသတ္တိအဖြစ်ဖြင့်။
ဝုတ္တာ။ မိန့်ဆိုတော်မူအပ်၏။
ဤသို့လာသော မူလဋီကာပါဌ် (၄၇) ဖြင့် သမင်ကို ကိုက်အံ့သောငှါ လိုက်၍ လာသော သစ်-ကျားသည် ခရီးလမ်းအကြားတွင် ခြင်္သေ့မင်း ဝင်ရောက်လာမည့် အဟန် ခြင်္သေ့သံကိုကြားသဖြင့် သမင်ကိုမလိုက် မကိုက်နိုင်သကဲ့သို့ အသင်္ခတဓာတ် ဧကန်ဆတ်ဆတ် ပေါ်လာတော့မည်ကြောင့် ရဟန္တာတို့ ပစ္ဆိမစိတ်သည် နောင်ဘ၀သစ် ပဋိသန္ဓေသစ်ကို မပေါ်လာစေနိုင် မပေါ်လာအောင် တတ်နိုင်သည်။ ယင်း ပဋိသန္ဓေသစ်ကို မပေါ် လာစေရာ၌ ရဟန္တာတို့ စုတိစိတ်သည် ကတ္တား အသင်္ခတဓာတ်သည် ကရိုဏ်း ဖြစ်သည်ဖြစ်၍ ကရိုဏ်းဟူကလည်း ကတ္တားမရှိလျင် ကတ္တားကဲ့သို့ ဖြစ်နိုင်သည်ဖြစ်သောကြောင့် အသင်္ခတဓာတ် နိဗ္ဗာန်ရတနာမြတ် ပေါ်လာ၍ပင် ပဋိသန္ဓေသစ် ဘဝသစ် မဖြစ်လာနိုင်သည်ဟူ၍ မှတ်ကြကုန်။
ဤသို့လျှင် အသင်္ခတဓာတ် နိဗ္ဗာန်သည် ဘဝသစ် ဒုက္ခမလာနိုင်ကြောင်း ချုပ်ကြောင်းဖြစ်သည် ဟု အဓိပ္ပါယ်ရသော ဤမူလဋီကာ စကားသည် ဒုက္ခနိရောဓ ဒုက္ခအဘာဝမျှကို နိဗ္ဗာန်မဆိုသင့်၊ ဒုက္ခနိရောဓပစ္စယဖြစ်သော အသင်္ခတ ဓာတ်ကိုသာ နိဗ္ဗာန်ဆိုရသည်။ ဒုက္ခနိရောဓပစ္စယ - ဆိုလိုလျက် ပစ္စယသဒ္ဒါကို ချေ၍ ဒုက္ခနိရောဓ - ဆိုသည်ဟူသော အဓိပ္ပါယ်ကို ဖွင့်ဆိုသော နေတ္တိအဋ္ဌကထာ စကားနှင့် ညီလျော်လှပေသလျှင်ကတည်း။
ဤအကြောင်းမှာ ဤထက်အကျယ် နောက်ဝယ် လာဦးလတ္တံ့။
“ပဉ္စန္နံ ခန္ဓာနံ နိရောဓော နိရာမိသံ နိဗ္ဗာနံ။ ပဉ္စန္နံ ခန္ဓာနံ နိရောဓော လေဏံ နိဗ္ဗာနံ” ဟူ၍လာသော ပဋိသမ္ဘိဒါမဂ်ပါဠိတော် (၄၁၃) ၌လည်း …
ပဉ္စန္နံ ခန္ဓာနံ၊ ခန္ဓာငါးပါးတို့ ၏။
နိရောဓော၊ ချုပ်ခြင်း၏ အကြောင်းဖြစ်သော အသင်္ခတဓာတ်သည်။
နိရာမိသံ၊ ဝဋ္ဋဒုက္ခ ခန္ဓာငါးဝ ဟူသော မာရာမိသ သင်္ခတနှင့် မစပ်မယှက်သော။
နိဗ္ဗာနံ၊ နိဗ္ဗာန်မည်၏။
အကြွင်းကား အနက်လွယ်ပြီ။
ဤသို့ အနက်ပေးမှ ဒုက္ခနိရောဓပစ္စယ-ကို ဒုက္ခနိရောဓ-ဆိုသည်ဟု ဖွင့်သော ယခင်နေတ္တိ အဋ္ဌကထာနှင့် ညီလျော်မည်မှတ်။
ဒုက္ခသစ္စဿ ဥပ္ပါဒေါ ပညာယတိ။ ၀ယော ပညာယတိ။ ဌိတဿ အညထတ္တံ ပညာယတိ။ပ။ နိရောဓသစ္စသ ဥပ္ပါဒေါ န ပညာယတိ။ ဝယော န ပညာယတိ။ ဌိတဿ အညထတ္တံ န ပညာယတိ။
ဒုက္ခသစ္စဿ၊ ဒုက္ခသစ္စာ၏။
ဝါ၊ ဒုက္ခသစ္စာထိုက်သော လောကီခန္ဓာငါးပါး၏။
ဝါ၊ အား။
ဥပ္ပါဒေါ၊ ဖြစ်စဟူသော ဥပါဒ်သည်။
ပညာယတိ၊ သတိပညာ ရှိသူတို့အား ထင်ရှား၏။
၀ယော၊ ဖြစ်ပြီးသည့်နောက် ဘင်ခဏသို့ ရောက်သဖြင့် ပျောက်ပျက်၍ သွားခြင်းသည်
ပညာယတိ၊ ယောဂီပုဂ္ဂိုလ်တို့အား ထင်ရှား၏။
ဋ္ဌိတဿ၊ ဘင်ခဏသို့ မရောက်သေးခင် တည်တံ့၍နေသော ရုပ် နာမ်တရား၏။
အညထတ္တံ၊ ဥပါဒ်တို့နှင့်မတူ အမူထူးခြား ရင့်အို၍ သွားခြင်းသည်။
ပညာယတိ၊ ထာမဂတဝိပဿနာရှိသော ယောဂီပုဂ္ဂိုလ်တို့အား ထင်ရှား ရှိ၏။ပ။
နိရောဓသစ္စဿ၊ နိဗ္ဗာန်ဟူသော နိရောဓသစ္စာအား၊
ဥပ္ပါဒေါ၊ ဥပါဒ် စသည်သည်။
န ပညာယတိ၊ တစုံတယောက်သောသူတို့အား မထင်။
ဝယော၊ ဘင် ဟူသော ပျက်စီးခြင်းသည်။
န ပညာယတိ၊ မထင်။
ဌိတဿ၊ တည်တံ့၍ နေသော ယင်း နိရောဓသစ္စာ၏။
အညထတ္တံ၊ ရင့်ဆွေးအိုမင်း ဟောင်းနွမ်းခြင်း အားဖြင့် တခြားတပုံ ဖြစ်သောအဖြစ်သည်။
န ပညာယတိ၊ မထင်။
ဤသို့လာသော ပဋိသမ္ဘိဒါမဂ်ပါဠိတော် (၄၁၃) ၊
ယသ္မာ ပနဿ န ဥပ္ပါဒေါ ပညာယတိ။ န ဝယော ပညာယတိ။ န ဌိတဿ အညထတ္တံ တသ္မာ န ဇာယတိ န ဇီရတိ န မိယျတီတိကတွာ အမတန္တိ ဝုစ္စတိ။ ဟူ၍ လာသော ခုဒ္ဒကပါဌအဋ္ဌကထာ (၁၅၁)
တီဏိမာနိ ဘိက္ခဝေ အသင်္ခတဿ အသင်္ခတလက္ခဏာနိ။ ဥပ္ပါဒေါ န ပညာယတိ။ ၀ယော န ပညာယတိ။ ဌိတဿ အညထတ္တံ န ပညာယတိ။
ဟူ၍လာသေ၁ တိကအင်္ဂုတ္တရပါဠိ (၁၅၀) စသည်တို့၌ နိဗ္ဗာန်တရားအား ဥပါဒ် ဘင်သာ မထင်သည်ကို ဆိုသည်။ ဌီမထင်သည်ကိုကား မဆို၊ ဌီ၏ ရင့်ခြင်း ဘောက်ပြန် ခြင်း မရှိသည်ကို ဆိုသဖြင့်လည်း နိဗ္ဗာန်၏ မဘောက်မပြန် မအိုမသေ ထင်ရှား တည်၍ နေသည်၏အဖြစ်ကို မှတ်အပ်၏။
ဤအဋ္ဌကထာ၌ “နဇာယတိ” ဆိုသော်လည်း သင်္ခတတရားများကဲ့သို့ ရုန့်ကြမ်းစွာ ဥပါဒ်ဒြဗ်အားဖြင့် မဖြစ်သည်ကိုသာ ရည်၍ “န ဇာယတိ” ဟု ဆိုသည်။ လုံးလုံးကြီးမဖြစ်သည်ကို ဆိုသည် မဟုတ်၊ အကယ်၍ လုံးလုံးကြီး မဖြစ်လျှင် အဘယ်တခုမရှိ အဘာဝ ဖြစ်ခဲ့ရာ၏။
ယခင် ပြဆိုအပ်ခဲ့ပြီးသော “အဇာတံ အဘူတံ “ ဟူသော ဥဒါန်းပါဠိတော် ၏ အဋ္ဌကထာ၌ — “အဘူတံ၊ အကြောင်းကင်း၍ လျောက်လျား ဘာသာဖြစ်သည် မဟုတ်” ဟု ဖွင့်သဖြင့် အကြောင်းရှိမှ ဖြစ်သည် ဆိုရာရောက်သည်။ အဇာတံ-၌လည်း အခါခပ်သိမ်း ဖြစ်လာသည် မဟုတ် ဟူသော အနက်ကို ဖွင့်သဖြင့် တရံတခါသာ ဖြစ်တတ်သည်ဟု ဆိုရာရောက်သောကြောင့် နိဗ္ဗာန်ဟူက အကြောင်းပြည့်စုံ၍ အခွင့်ကြီး သာသည့်အခါ ပရိနိဗ္ဗန္တ အသျှင်တို့၏ ခန္ဓာကွယ်လျှင်ကွယ်ခြင်း နက်နဲ သော ဂမ္ဘီရသဘောအားဖြင့် ဖြစ်၍နေသော ရူပသင်္ခါဝိမုတ္တ ရဟန္တာအသျှင်တို့ ဧးမြခြင်းသဘော ဖြစ်အောင်စောင့်ရှောက်သောအားဖြင့် ဖြစ်ပေါ် လာရမြဲမှတ်။
နိစ္စ ဓုဝ သဿတ ဟူ၍ဆိုရာ၌လည်း ဤနည်းအတူပင် ဖြစ်ပေါ်လာပြီးမှ မပျောက်မပျက် တည်နေသည်ကို ဆိုသည်။ လုံးလုံးမဖြစ်ပေါ် လာဘဲနှင့် မြဲ၍ နေသည်ဆိုလျှင် “ပဉ္ဈာပုတ္တော” ဟု ဆိုသကဲ့သို့ သမ္ဖပ္ပလာပ အနက်ဒြဗ်မရ အဘာဝပင် ဖြစ်ခဲ့ရာ၏။ ယင်း နိဗ္ဗာန်ဟူသည်၏လည်း အဘာဝ မဟုတ်သည်၏ အဖြစ်ကိုပြခြင်းငှါ “အတ္ထိ ဘိက္ခဝေ တဒါယတနံ” စသည်ဖြင့် အောက်၌ ညွှန်းပြ အပ်ခဲ့ပြီးသော ဥဒါန်းပါဠိတော်ကို ဟောတော်မူသည်မှတ်။
သဒ္ဒနီတိ အလိုဝဉ္ဆာ။ ဧကက္ခရကောသအလို “ဝဉ္ဈာ” သင်္သကရိုက်ကျမ်း များအလိုလည်း “ဝဉ္ဈာ” ပင် လိုသည်မှတ်။
ထလေ တိဋ္ဌတိ ဗြာဟ္မဏောတိ ဗြာဟ္မဏော ဒီပေ တိဋ္ဌတိ။ တာဏေ တိဋ္ဌတိ။ လေဏေ သရဏေ ပရာယဏေ တိဋ္ဌတိ။ နိဗ္ဗာနေ တိဋ္ဌတိ။
ထလေ တိဋ္ဌတိ ဗြာဟ္မာဏောတိ၊ ဟူသည်၌။
ဗြာဟ္မဏော၊ ကိလေသာကို ပယ်ခွါ နိုင်ပြီးသော ရဟန္တာသည်။
ဒီပေ၊ နိဗ္ဗာန်တည်းဟူသော ကျွန်း၌။
တိဋ္ဌတိ၊ တည်ရ၏။
တာဏေ၊ မိမိထံ ရောက်လာသူ ပရိနိဗ္ဗုတ ပုဂ္ဂိုလ်များကို ဘေးမရောက်အောင် ကွယ်ကာ စောင့်ရှောက် ပေတတ်သည့်အရပ်၌။
တိဋ္ဌတိ၊ တည်၍နေရ၏။
လေဏေ၊ ပုန်းအောင်းရာ အရပ်၌။
တိဋ္ဌတိ၊ တည်နေရ၏။
သရဏေ၊ ကိုးကွယ်ရာ အရပ်၌။
တိဋ္ဌတိ၊ တည်နေရ၏။
ပရာယဏေ၊ လည်းလျောင်းရာ အရပ်၌။
တိဋ္ဌတိ၊ တည်နေရ၏။
နိဗ္ဗာနေ၊ နိဗ္ဗာန်၌။
တိဋ္ဌတိ၊ တည်နေရ၏။
ဤညှိလာသော မဟာနိဒ္ဒေသပါဠိတော် (၃၄ဝ) မြတ်၌ “ ဒီပေ တာဏေ လေဏေ သရဏေ ပရာယဏေ နိဗ္ဗာနေ တိဋ္ဌတိ” ဆိုသည့်အတို့င်း ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၏ တည်ရာဟူသည် ထင်ရှားရှိသည်သာ ဧကန်။ အကယ်၍ မရှိခဲ့လျှင် ၎င်း “လေဏေ တိဋ္ဌတိ” စသော စကားတော်သည် အနက်ဒြဗ်ကင်းသော သမ္ဖပ္ပလာပ စကားမျှ သာ ဖြစ်ခဲ့ရာ၏။
ဤ၌ “ နိဗ္ဗာနေ တိဋ္ဌတိ” ဆိုသော်လည်း ယင်းနိဗ္ဗာန် - ယင်းနိဗ္ဗာန်၌ တည်နေသော ပရိနိဗ္ဗုတ ပုဂ္ဂိုလ်၏ ခန္ဓာအထည်ဒြဗ် မရှိ၊ ဂမ္ဘီရ သဏှ သုခုမ သဘာဝအား ဖြင့်သာ တည်နေသည်ဖြစ်၍ မုချအားဖြင့် ဌာနဌာနီ မဆိုထိုက် – “အာကာသေ သကုဏာ ပက္ခန္ဒန္တိ၊ ဝါတာ ဝါယန္တိ” စသည်ကဲ့သို့ ဝိသယာဓာရသာ မှတ် အပ်၏။
နိဗ္ဗာန် ဟူသည်၌ မယောင်မှားသင့်ကြပုံ
အနုပါဒိသေသာယာတိ ဥပါဒိဝိရဟိတာယ။ နိဗ္ဗာနဓာတုယာတိ အမတမဟာနိဗ္ဗာနဓာတုယာ။ ဦနတ္တံ ဝါတိ ဦနဘာဝေါ ပရိပုဏ္ဏာဘာဝေါတိ အတ္ထော။
အနုပါဒိသေသာယာတိ၊ ဟူသည်၌။
ဥပါဒိဝိရဟိတာယ၊ တဏှာဖြင့် စွဲလမ်းရာဖြစ်၍ ဥပါဒိမည်သော ခန္ဓာငါးပါးမရှိရာ ကွယ်ပျောက်ရာ ဖြစ်သော။
နိဗ္ဗာန ဓာတုယာတိ၊ နိဗ္ဗာနဓာတုယာ-ဟူသည်ကား။
အမတမဟာနိဗ္ဗာနဓာတုယာ၊ အိုခြင်း သေခြင်းမရှိ မြတ်ခေါင်ထိသည့် နိဗ္ဗာနဓာတ်၏။
ဦနတ္တံ ဝါတိ၊ ဟူသည်ကား။
ဦနဘာဝေါ၊ ယုတ်လျော့ခြင်းရှိသည်၏အဖြစ်၊
ပရိပုဏ္ဏာဘာဝေါ၊ ပြည့်ခြင်း၏ မရှိသော အဖြစ်တည်း။
ဣတိ-အတ္ထော၊ ဤကားအနက်။
ဤသို့ ဇံချပ် အင်္ဂါ မဟာနိဒ္ဒေသအဋ္ဌကထာ (၂၂၃) ၌ လာသော အမတ မဟာနိဗ္ဗာန် ဟူသည်မှာ ပရိနိဗ္ဗန္တပုဂ္ဂိုလ်တို့၏ ခန္ဓာ၌ အသီးအသီး ဝိသယကဲ့သို့ ဖြစ်၍ တည်သော၊ ဝါ- အသီးအသီးသော ပရိနိဗ္ဗုတရဟန္တာ၏ တည်နေရာဖြစ်သော။ ဝါ- ထိုပရိနိဗ္ဗာန်ပြုပြီး၍ ရူပသင်္ခါဝိမုတ္တ။ပ။ ဝိညာဏသင်္ခါဝိမုတ္တ အဖြစ်၌ တည်သော အလွန်နက်နဲသော ဂမ္ဘီရသဘောရှိသော ရဟန္တာအသျှင်အား တဆယ့်တသီး မီးမရှိရအောင် စောင့်ရှောက်၍ တည်သော ပစ္စတ္တဝိသေသတ္ထ နိဗ္ဗာန ဓာတ်ကို မလို။ ထိုထို အများနှင့်ဆက်ဆံသော ငြိမ်းဧးခြင်း သာမန်သဘောကို ရည်၍ မဟာနိဗ္ဗာနဓာတ် ဆိုသည်ဟု မှတ်ရမည်။
ဂေါသဒ္ဒါသည် သွားတတ်သည့် သဘောလက္ခဏာရှိသော နွားအများနှင့် ဆက်ဆံသော အနက်ရှိသော မဟာဇာတ်ဟော ဂေါသဒ္ဒါ၊ ၀ဒန္တပုဂ္ဂိုလ် ရည်ညွှန်းဆိုရာ နွားဒြဗ်ကို ဟောသော ဝိသေသဒဗ္ဗတ္ထ ဂေါသဒ္ဒါ ဟူ၍ နှစ်ပါး ရှိသကဲ့သို့တည်း။
ဤကဲ့သို့ အများနှင့် ဆက်ဆံသော မဟာသာမည နိဗ္ဗာန်ကိုရည်၍သာ “ဦနတ္တံ ဝါ ပူရတ္တံ ဝါ န ပညာယတိ” ဟု သမာဓိဂုဏာလင်္ကာရ အားဖြင့် သမုဒြာနှင့် တင်စား၍ ဆိုသော အရာ ဖြစ်သောကြောင့် ယင်းပုံနှင့်သင့်လျော် စပ်ဟပ်မိအောင် ဆိုသည့် ပရိယာယ စကားမျိုးသာ မှတ်အပ်သတည်း။ ထိုကြောင့် “ဦနတ္တံ ဝါ” စသော ပါဌ်ကိုမှီး၍ ကမ္ဘာ ကမ္ဘေ အမြဲတည်၍နေသော အကြောင်းကင်း၍ ထာဝရ ဖြစ်နေသော သူအများတို့၏ တပေါင်းတည်း စုဝေး၍ ရောက်ရာဖြစ်သော တခုတည်းသော နိဗ္ဗာန် ဟူသည် ရှိတော့သည် ဟု မထင်မယောင် မမှားကြစေကုန်သတည်း။
ကိုယ့်နိဗ္ဗာန် - သူ့နိဗ္ဗာန် ခွဲပြပုံ
အတ္တနော သမာဓာနတ္ထာယ အတ္တပရိနိဗ္ဗာနပရပရိနိဗ္ဗာနပဝတ္တတ္ထာယာတိ ဒုဗ္ဗိဓေနာပိ ဉာဏေန အတ္တနော ပရိနိဗ္ဗာနတ္ထာယ။
အတ္တနော၊ မိမိ၏၊
သမာဓာနတ္ထာယ၊ မဘောက်မပြန် မြဲမြံစွာ တည်နေရခြင်း အကျိုးငှါ။
အတ္တပရိနိဗ္ဗာနပရပရိနိဗ္ဗာနပဝတ္တတ္ထာယ၊ မိမိ၏နိဗ္ဗာန် သူတပါးတို့ နိဗ္ဗာန်ဖြစ်လာခြင်းငှါ။
ဣတိ၊ ဤသို့။
ဒုဗ္ဗိဓေနာပိ၊ နှစ်ပါးလည်းဖြစ်သော။
ဉာဏေန၊ ဉာဏ်ဖြင့်။
အတ္တနော ပရိနိဗ္ဗာနတ္ထာယ၊ မိမိနိဗ္ဗာန်စံရခြင်း အကျိုးငှါပင်တည်း။
ဤသို့ မဟာနိဒ္ဒေသအဋ္ဌကထာ (၂၉၉)။ ၁င်္၁း၊ ဋဲ-အင်္ဂါတွင် လာသည့်အတိုင်း အတ္တနောနိဗ္ဗာန ပရဿနိဗ္ဗာန - ဆိုသင့်သည်ကိုလည်း အမြဲသတိ ရှိကြကုန်။ နိဗ္ဗာန် ဟူသည် ပရိနိဗ္ဗာန် ဟူသည် အထူးမရှိသည်များကိုလည်း ကိုးကားရာ သာကေတို့နှင့်တကွ အောက်က ဆိုခဲ့ပြီးသလျှင်ကတည်း။
သဗ္ဗဒါ ဝေ သုခံ သေတိ၊ ဗြာဟ္မဏော ပရိနိဗ္ဗုတော။ ယော န လိမ္ပတိ ကာမေသု၊ သီတိဘူတော နိရူပဓိ။
ယော၊ အကြင်သူသည်။
ကာမေသု၊ ကာမဂုဏ်တို့၌။
န လိမ္မတိ၊ မကပ်ငြိ မလိမ်းကျံ။
ဗြာဟ္မဏော၊ အလုံးစုံသော ပါပဓမ္မ အကုသလ တို့ကိုလည်း ပယ်ခွါ တွန်းချ အပပြုနိုင်သည်ဖြစ်၍။
ပရိနိဗ္ဗုတော၊ ကိလေသာမီး ငြိမ်းကြီးငြိမ်းရ၏။
သော၊ ထိုသူသည်။
နိရူပဓိ၊ အလုံးစုံသော ကိလေသာ ကိုယ်ခန္ဓာဒုက္ခကောင်ကြီး ဥပဓိမီး မရှိသည်ဖြစ်၍၊
သီတိဘူတော၊ တဆယ့်တသီး မီးအပေါင်းတို့၏ ကောင်းကောင်းကြီး ဧးမြခြင်းသဘောရှိသော။
ဝါ၊ သဘော ဟု ဆိုအပ်သော အသင်္ခတဓာတ် နိဗ္ဗာန်မြတ်သို့ ရောက်သည်ဖြစ်၍
ဝေ၊ စင်စစ်ဧကန် အနည်းငယ်မျှ ဒုက္ခမဆက်ဆံဘဲ။
သဗ္ဗဒါ၊ အချင်းခပ်သိမ်း။
သုခံ၊ တချမ်းသာထဲ ချမ်းသာစွာ။
သေတိ၊ နိဗ္ဗသာခေါင် ဘေးမဲ့တောင်၌ တည်နေရ၏။
ဤသို့ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်(၂၁၄) ၁င်္၁း၊ စု-အင်္ဂါတွင် လာသည်နှင့်အညီ “ နိဗ္ဗူတော” ၌ နိ-ပုဗ္ဗ၊ ဝု-ဓာတ်၏အရ ငြိမ်းဧးခြင်း သီတိဘာဝ သဘောကို နိဗ္ဗာန်ဆိုသည် ဟု သိရန်။ ၎င်းပါဠိတော်သည်လည်း …
ဆဟိ ဘိက္ခဝေ ဓမ္မေဟိ သမ္ပန္နာဂတော အဘဗ္ဗော သီတိဘာဝံ၊ သစ္ဆိကာတုံ။
ဘိက္ခဝေ၊ ရဟန်းများတို့။
ဆဟိ၊ ခြောက်ပါးကုန်သော။
ဓမ္မေဟိ၊ တရားတို့နှင့်။
သမ္မန္နာဂတော၊ ပြည့်စုံသောသူသည်။
သီတိဘာဝ၊ ဧးမြခြင်းသဘော ရှိသော နိဗ္ဗာန်ကို။
ဝါ၊ တဆယ့်တသီး မီးအပေါင်းတို့မှ ဧးမြခြင်းသဘော ဟူသော နိဗ္ဗာန်ကို။
သစ္ဆိကာတုံ၊ မျက်မှောက်ပြုခြင်းငှာ။
အဘဗ္ဗော၊ မထိုက်။
ဤသို့လာသော ဆက္ကအင်္ဂုတ္တိုရ်ပါဠိတော်(၃၃၉) နှင့်လည်း အညီပင်တည်း။
“ဣဓေဝ ဘိက္ခဝေ တဿ ဝေဒယိတာနိ အနဘိနန္ဒိတာနိ သီတီ ဘဝိဿန္တိ။ အယံ ဘိက္ခဝေ အနုပါဒိသေသာ နိဗ္ဗာနဓာတု” ဟု လာသော အနက်အဓိပ္ပါယ် နှင့်တကွ စကား ဆိုင်ရာဆိုင်ရာ ညွှန်းခဲ့ပြီး ညွှန်းအပ်လတ္တံ့သော ဣတိဝုတ်ပါဠိတော်နှင့်လည်း တထပ်တည်းပင် သင့်လျော်လှသလျှင်ကတည်း။
သီတိဘူတော သီတိဘာဝံ သီတီ ဘဝိဿန္တိ၊ ပါဠိသုံးရပ်ရှိမှ သီတ-ဟူသော ပုဒ်၏အရ အန္တတ္ထ ဗာဟျတ္ထ အားဖြင့် ယထာရဟနိဗ္ဗာန်ကိုသာ ယူရသောကြောင့် ယင်းပါဌ်သုံးရပ် တထပ်တည်း နှီးနှောလှသည် ဟူလို။
သိက္ခေ နိဗ္ဗာနမတ္တနောတိ အတ္တနော ရာဂဿ နိဗ္ဗာပနာယ။ပ။ ဝူပသမာယ နိဗ္ဗာနာယ ပဋိနိဿဂ္ဂါယ။
သိက္ခေ နိဗ္ဗာနမတ္တနောတိ ၊ ဟူသော ဘုရားအမိန့်တော်မြတ်၌။
အတ္တနော၊ မိမိ၏။
ရာဂဿ၊ ရာဂမီးကို။
နိဗ္ဗာပနာယ၊ ငြိမ်းစေခြင်းငှါ။ပ။
ဝူပသမာယ၊ အထူးသဖြင့် ငြိမ်းစေခြင်းငှါ။
နိဗ္ဗာနာယ ပဋိနိဿဂ္ဂါယ၊ အသင်္ခတဓာတ်နိဗ္ဗာန် အလို့ငှာ။
သိက္ခေ၊ မပျင်းမရိ မဆုတ်မနစ် မငြီးမတွား ကြိုးစား၍ ကျင့်ကြရာ၏။
ဣတိ၊ ဤသို့ အလိုတော်ကို သိအပ်၏။
ဤသို့ မဟာနိဒ္ဒေသပါဠိတော် ၁င်္၁း၊ ဋော-အင်္ဂါတွင် လာသည်များကို ထောက်သဖြင့်လည်း ငြိမ်းဧးခြင်းသဘောကို နိဗ္ဗာန်ဆိုသည့်အရာ မိမိ၏နိဗ္ဗာန် တပါးသောသူ၏နိဗ္ဗာန် ဆိုသင့်သည့် အရာများကို နောက်က ဆိုခဲ့သည့်အတို့င်း ယုံကြည်သင့်လှတော့၏။ ဝါ၊ ယုံကြည်ကြစေကုန် သတည်း။
နိဗ္ဗာနံ ဟိ ပရမတ္ထတော တတော ဥတ္တရိ အတ္ထော နတ္ထိ။
နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။
ပရမတ္ထတော၊ မဘောက်မပြန် စင်စစ်မှန်၍ အမြဲ နေသောကြောင့်။
တတော၊ ထိုနိဗ္ဗာန်ထက်။
ဥတ္တရိ၊ လွန်ကဲသော။
အတ္ထော၊ သင်္ခတာ သင်္ခတ အနက်သဘောသည်။
နတ္ထိ၊ ရှိတော့သည် မဟုတ်။
ဤသို့ ဣတိဝုတ်အဋ္ဌကထား၊ င်္ရး-ပေ၊ ဃေ-အင်္ဂါတွင် လာသည့် စကားသည်လည်း နိဗ္ဗာန်ဟူက သင်္ခတာသင်္ခတ ဘုရင်ဖြစ်၍ ဘုရားထက်ပင် မြတ်၍နေသည် ဟု အောက်က ညွှန်းပြခဲ့သည့် ပါဠိအဋ္ဌကထာတို့နှင့် ညီလှပေသလျှင်ကတည်း။
ဓုဝ သဿတ ဖြစ်နေသော နိဗ္ဗာန်
ဓုဝန္တိ နိဗ္ဗာနဿေဝ အဓိဝစနံ ဘဝိတုံ အရဟတိ၊ တံ ဟိ ဇာတိဇရာ ဗျာဓိ မရဏ သောကာဒိတော မုစ္စိတုကာမေဟိ ဓဝိတဗ္ဗံ ဂန္တဗ္ဗန္တိ ဓုဝံ။ ဥပ္ပါဒဝယာဘာဝေန ဝါ၊ နိစ္စသဘာဝတ္တာ ဓဝတိ ထိရံ သဿတံ ဘဝတီတိ ဓုဝံ။
ဓုဝန္တိ၊ ဓုဝံ-ဟူသောအမည်သည်။
နိဗ္ဗာနဿေဝ၊ နိဗ္ဗာန်၏သာလျှင်။
အဓိဝစနံ၊ အမည်သည်။
ဘဝိတုံ၊ ဖြစ်ခြင်းငှါ။
အရဟတိ၊ ထိုက်၏။
“ဟိ၊ မှန်၏။
တံ၊ ထိုနိဗ္ဗာန်ကို။
ဝါ၊ ထိုနိဗ္ဗာန်သည်။
ဇာတိဇရာ ဗျာဓိမရဏ သောကာဒိတော၊ ပဋိသန္ဓေနေခြင်း အိုခြင်း နာခြင်း သေခြင်း စိုးရိမ်ခြင်း အစရှိသည်မှ။
မုစ္စိတုကာမေဟိ၊ လွတ်လိုကုန်သူတို့သည်။
ဓဝိတဗ္ဗံ ဂန္တဗ္ဗံ၊ ရောက်အပ်၏။
ဣတိ၊ ထိုကြောင့်။
ဓုဝံ၊ ဓုဝ မည်၏၊
ဝါ၊ တနည်းကား၊
ဥပ္ပါဒဝယာဘာဝေန၊ ဖြစ်ခြင်း ပျက်ခြင်း မရှိသည်၏အဖြစ်ဖြင့်။
နိစ္စသဘာဝတ္တာ၊ မြဲသော သဘော ရှိသောကြောင့်။
ဓဝတိ ထိရံ သဿတံ ဘဝတိ၊ မြဲမြဲ တည်တံ့ ခိုင်ခံ့ တတ်၏။
ဣတိ၊ ထိုကြောင့်။
ဓုဝံ၊ ဓုဝ မည်၏။
ဤသို့လာသော သဒ္ဒနီတိနှင့်အညီ နိဗ္ဗာန်ဟော ဓုဝံ-ဟူသောပုဒ်၌ ခု-ဓာတ် ၎င်း ဓု-ဓာတ်၏ သဿတဘာဝ အနက်ဟောကို မှတ်အပ်၏။
သဿတ ဆိုသော်လည်း ပရိနိဗ္ဗုတပုဂ္ဂိုလ် ရောက်စရာ ပကတိ အစဉ်ထာဝရ ကမ္ဘာကမ္ဘေ အမြဲတည်နေနှင့်သည်ကို ဆိုသည် မဟုတ်။ ငြိမ်းဧးခြင်းသဘော ပေါ်လာပြီးနောက် မပျောက်မပျက် အမြဲတည်သည်ကို ယူရမည် ဟု အောက်က ညွှန်ပြခဲ့ပြီးသည့် အတိုင်းသာ ယူအပ်၏။ ယင်းသို့ ယူမှသာ “အဘူတံ အဇာတံ ဟုတွာ အတ္ထီတိ အဘူတံ” ဟု ယခင်ညွှန်းပြခဲ့သည့် သဠာယတန သံယုတ် အဋ္ဌကထာနှင့် သင့်လျော် ညီညွှတ်မည် မှတ်။
အနာဂတံသဉာဏ်နှင့် အနာဂတ် နိဗ္ဗာန်
ဒိဋ္ဌသစ္စောယေဝ ဟိ ပုဗ္ဗေနိဝါသာနုဿတိဉာဏေန နိဗ္ဗာနံ ဝိဘာဝေတိ၊ န အဒိဋ္ဌသစ္စော၊ တံ ပန ဉာဏံ ခန္ဓေ ဝိယ ခန္ဓပဋိဗဒ္ဓေပိ ဝိဘာဝေတီတိ နိဗ္ဗာနာရမ္မဏခန္ဓဝိဘာဝနေန နိဗ္ဗာနမ္ပိ ဝိဘာဝေတိ။ ဧဝံ အနာဂတံသဉာဏေပိ ယောဇေတဗ္ဗံ။
ဒိဋ္ဌသစ္စောယေဝ၊ မြင်အပ်ပြီးသော သစ္စာရှိသော အရိယာပုဂ္ဂိုလ်သည် သာလျှင်။
ပုဗ္ဗေနိဝါသာနုဿတိဉာဏေန၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ဖြင့်။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
ဝိဘာဝေတိ၊ ထင်စွာပြနိုင်၏။
အဒိဋ္ဌသစ္စော၊ သစ္စာလေးပါးကို ပိုင်းခြားထင်ထင် မမြင်ရဘူးသော ပုထုဇန် ဈာနလာဘီ အဘိညာဏ်ရ ပုဂ္ဂိုလ်သည်။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
န ဝိဘာဝေတိ၊ မပြနိုင်။
တံ ပန ဉာဏံ၊ ထိုအရိယာ ပုဂ္ဂိုလ်တို့ ရအပ်သော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်သည်ကား၊
ခန္ဓေ ဝိယ၊ အတိတ်ခန္ဓာတို့ကဲ့သို့။
ခန္ဓပဋိဗဒ္ဓေပိ၊ အတိတ်ခန္ဓာနှင့် စပ်သမျှ ကိုကိုလည်း
ဝိဘာဝေတိ၊ ထင်စွာပြနိုင်၏။
ဣတိ၊ ဤသို့ အတိတ်ခန္ဓာကို ထင်စွာပြနိုင်သဖြင့် အတိတ်ခန္ဓာနှင့် စပ်သမျှကိုပင် ပြနိုင် သောကြောင့်။
နိဗ္ဗာနာရမ္မဏခန္ဓဝိဘာဝနေန၊ နိဗ္ဗာန်ကို အာရုံပြုသော မဂ်ဖိုလ်ပစ္စဝေက္ခဏာခန္ဓာတို့ကို ထင်စွာပြနိုင် သဖြင့်။
နိဗ္ဗာနမ္ပိ၊ အတိတ်ခန္ဓာနှင့်စပ်သော နိဗ္ဗာန်ကိုလည်း။
ဝိဘာဝေတိ၊ ထင်စွာ ပြနိုင်၏။
ဧဝံ၊ ဤ အတူ။
အနာဂတံသဉာဏေပိ၊ အနာဂတံသ ဉာဏ်၌လည်း။
ယောဇေတဗ္ဗံ၊ ယှဉ်အပ်၏။
ဤသို့ အနုဋီကာ(၂၄၆) ၁င်္၁း၊ ဓ-အင်္ဂါတွင် လာသည့်အတို့င်း ပရိနိဗ္ဗာန် စံဝင်ကြကုန်ပြီးသော သူတို့၏ အတီတခန္ဓာနှင့် စပ်၍နေသော နိဗ္ဗာန်ကို ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ဖြင့် သိနိုင်၏။ ပရိနိဗ္ဗာန် မပြုကြရသေး ပြုလတ္တံ့ဖြစ်နေသူတို့၏ ခန္ဓာနှင့်စပ်၍ ဖြစ်လတ္တံ့သော နိဗ္ဗာန်ကိုကား အနာဂတံသဉာဏ်ဖြင့် သိရ၏ မှတ် ဟူလို။
၎င်းအနုဋီကာ စကားသည် “နိဗ္ဗာနေ အနာဂတေပိ အတ္ထပဋိသမ္ဘိဒါ သိယာ။ န ဝတ္တဗ္ဗာ ပစ္စုပ္ပန္နာရမ္မဏာတိပိ အဘီတာရမ္မဏာတိပိ အနာဂတာရမ္မဏာတိပိ”။
ဤသို့အောက်၌ ညွှန်းပြခဲ့ပြီးသော ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ အဘိဓမ္မာဝတာရ သံဝဏ္ဏနာဋီကာ စကားတို့နှင့် ညီညွတ်လှသည်သာတည်း။
ထိုစကားကို ထင်စွာပြုဦးအံ့၊ အနာဂတ်ဖြစ်သော နိဗ္ဗာန်ကို အတ္ထပဋိသမ္ဘိဒါဉာဏ် အာရုံပြုနိုင်သည် ဆိုသော ဋီကာစကား, အနာဂတံသဉာဏ်သည် အနာဂတ်ခန္ဓာနှင့် စပ်သောနိဗ္ဗာန်ကို အာရုံပြုနိုင် သည်ဆိုသော ဋီကာစကား ဤဋီကာနှစ်ရပ်သည် အညမညပိရုဒ္ဓ မဖြစ်သည်သာတည်း။
ဤအဋ္ဌကထာ ဋီကာနှစ်ရပ်ကို ထောက်သဖြင့်လည်း နိဗ္ဗာန်ဟူက အတိတ်ခန္ဓာ နှင့်စပ်၍ နေသော နိဗ္ဗာန်ကို အတိတ် အနာဂတ် ခန္ဓာနှင့်စပ်၍ နေသော နိဗ္ဗာန်ကို အနာဂတ်ဟု ဆိုရန်ရှိ၏။ သို့သော်လည်း ဥပါဒ်အားဖြင့် ရုန့်ကြမ်းစွာ ဖြစ်ခြင်း မရှိ၊ အလွန်သိမ်မွေ့စွာ နူးညံ့စွာဖြစ်သဖြင့် ဖြစ်ပေါ်လာသော ပစ္စုပ္ပန်ဟု မဆိုထိုက်သည်ဖြစ်၍ ဖြစ်ပြီး ဖြစ်လတ္တံ့ ဖြစ်သော်လည်း စင်စစ် အတိတ် အနာဂတ် ဟူ၍လည်း မုချမဆိုထိုက် မဆိုသင့်သည်ကိုရည်သဖြင့် “န ဝတ္တဗ္ဗာ ပစ္စုပ္ပန္နာရမ္မဏာတိပိ အဘီတာရမ္မဏာတိပိ အနာဂတာရမ္မဏာတိပိ” ကို မိန့်သတည်း။ “ယတ္ထ အာသင်္ကာ၊ တတ္ထ ပဋိသေဓော” ဟု သဒ္ဒလက္ခဏာ လာသည့်အတိုင်း ပစ္စုပ္ပန်-စသည် ဆိုရန် အကြောင်း တစိတ်ရှိသောကြောင့် ယင်းလျဉ်းပါးဘွယ်ကို ပယ်လို၍ “န ဝတ္တဗ္ဗံ” ဟု ဆိုရသည်မှတ်။ အဗြာဟ္မဏ အနဿော -စသည်ကဲ့သို့တည်း။
ယေစိဓ ပဇဟန္တိ ကာမရာဂံ၊ ဘ၀ရာဂါနုသယဉ္စ မောဟံ။ န စ တေ ပုန ဥပေန္တိ၊ ပရိနိဗ္ဗာနဂတာ သီတိဘူတာ။
ယေ၊ အကြင်သူတို့သည်။
ဣဓ၊ ဤခန္ဓာကိုယ်၌။
ကာမရာဂံ၊ ကာမတာ ကို။
ပဇဟန္တိ၊ စွန့်နိုင်ကုန်၏။
တေ၊ ထိုကာမဂုဏ်ငါးပါး၌ တပ်ခြင်းကို စွန့်နိုင်ကုန်သူတို့သည်။
ဘ၀ရာဂါနုသယဉ္စ၊ ဘ၀ရာဂါနုသယကို၎င်း။
မောဟဒ္ဓ၊ မောဟကို၎င်း။
ပဟာယ၊ ပယ်နိုင်ပြန်ကုန်သည်ဖြစ်၍။
ပရိနိဗ္ဗာနဂတာ သီတိဘူတာ၊ ဧးမြခြင်း နိဗ္ဗာန်သို့ရောက်ကုန်သည်ဖြစ်၍၊
ဝါ၊ မြငြိမ်းချမ်းခြင်း ဟူသော အသင်္ခတဓာတ် နိဗ္ဗာန်၌ တည်နေကုန်သည်ဖြစ်၍၊
ပုန၊ တဖန်။
ဂဗ္ဘသေယုံ၊ ပဋိသန္ဓေနေရခြင်းသို့၊
န ဥပေန္တိ၊ မကပ်ရကုန်။
ဤသို့ ဓမ္မသင်္ဂဟပါဠိတော်ခံ- အင်္ဂါတွင် လာသော စကားတော်မြတ်သည် …
“ သီတီ ဘဝိဿန္တိ “။
“သီတိဘာဝံ သစ္ဆိကာတုံ”၊ “သီတိဘူတော”။
ဤသို့လာသော ဣတိဝုတ်ပါဠိတော် အင်္ဂုတ္တိုရ်ပါဠိတော် - စသည်တို့နှင့်တပြေးတည်း ဧးမြခြင်း သဘောသည် နိဗ္ဗာန်မည်၏ ဟု ပြနိုင်သော ပါဌ်ချည်းတည်း။
“ဘဝနိရောဓောတိ နိဗ္ဗာနံ” ဟု ဥပရိပဏ္ဏာသ အဋ္ဌကထာ၌ လာသောစကား သည်လည်း ဘဝ၏ ချုပ်ခြင်းကို နိဗ္ဗာန်ဆိုလိုသည် မဟုတ်။ ဘဝ၏ချုပ်ရာ ဤသီတ သဘာဝလက္ခဏာ ရှိသော အသင်္ခတ ဓာတ်ကို ဆိုသည် မှတ်။
“ဘဝေါ နိရုဇ္ဈတိ ဧတ္ထာတိ ဘဝနိရောဓော” ဝစနတ္တပြု၊ ဘဝ၏ချုပ်ရာ ဟူသည်လည်း ထိုထိုရဟန္တာတို့ ပရိနိဗ္ဗာန်ပြုရာ စုတိကျရာ အရပ်ဝယ် ဖြစ်ပေါ် လာရောက်လာသော ဧးမြခြင်း သီတိဘာဝ လက္ခဏာရှိသော ဝါ- ငြိမ်းဧးခြင်း ဟူသော အသင်္ခတ ဓာတ်ပင်တည်း။
သဥပါဒိသေသ အနုပါဒိသေသ နိဗ္ဗာန်နှစ်မျိုး
တတ္ထ သဥပါဒိသေသနိဗ္ဗာနပတ္တိယာ ကိလေသေန နိဒ္ဒုက္ခတာ။ အနုပါဒိသေသနိဗ္ဗာနပတ္တိယာ ဝိပါကဒုက္ခေန နိဒ္ဒုက္ခတာ။
တတ္ထ၊ ထိုနိဗ္ဗာန်နှစ်ပါးတို့တွင်။
သဥပါဒိသေသနိဗ္ဗာနပတ္တိယာ၊ ကိလေသာ ကုန်ခြင်း မရှိခြင်းဟူသော သဥပါဒိသေသနိဗ္ဗာန်, အရဟတ္တဖိုလ် ဟူသော သဥပါဒိသေသ နိဗ္ဗာန်သို့ ရောက်ခြင်းကြောင့်။
ကိလေသေန၊ ကိလေသာဖြင့်။
နိဒ္ဒုက္ခတာ၊ မဆင်းရဲနိုင်သည့် အဖြစ်သည်။
ဟောတိ၊ ဖြစ်၏။
အနုပါဒိသေသနိဗ္ဗာနပတ္တိယာ၊ အသင်္ခတဓာတ် ဟူသော အနုပါဒိသေသနိဗ္ဗာန်သို့ ရောက်ခြင်း ကြောင့်။
ဝိပါကဒုက္ခေန၊ အဘိသင်္ခါရ ဟူသော ကံ၏ အကျိုးဖြစ်သော ပဋိသန္ဓေ အဖန်တလဲလဲ နေရခြင်း ဟူသော ဝိပါက်နာမက္ခန္ဓာနှင့် စပ်၍ဖြစ်သော အလုံးစုံသော ခန္ဓာငါးပါးဒုက္ခဖြင့်။
နိဒ္ဒုက္ခတာ၊ ဆင်းရဲမရှိနိုင်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဤ မဇ္ဈိမပဏ္ဏာသဋီကာ (၄၁) ၁င်္၁း၊ ခဲ-အင်္ဂါတွင် လာသည့်အရ သဥပါဒိသေသ နိဗ္ဗာန်သို့ ရောက်သည် ဟူရာဝယ် အရဟတ္တဖိုလ် ရသည့်သူပုဂ္ဂိုလ်က အလွတ် သက်သက် အရပ်တပါး၌ တည်နေသော သဥပါဒိသေသနိဗ္ဗာန် ဟူသည်သို့ ရောက်သည် မဟုတ်။ ထို သဥပါဒိသေသနိဗ္ဗာန် ဟူသော အရဟတ္တဖိုလ်က ရဟန္တာပုဂ္ဂိုလ် သန္တာန်သို့ ရောက်လာသည်ကိုပင် ရဟန္တာပုဂ္ဂိုလ် သဥပါဒိသေသ နိဗ္ဗာန်သို့ ရောက်သည်ဟု ဆိုအပ်သကဲ့သို့ အနုပါဒိသေသနိဗ္ဗာန်သို့ ရောက်သည် ဟူရာ၌လည်း ပရိနိဗ္ဗုတပုဂ္ဂိုလ်က အလွတ်သက်သက် အရပ်တပါး၌ တည်နေသော အနုပါဒိသေသ နိဗ္ဗာန် ဟူသည်သို့ ရောက်သည် မဟုတ်။ ထို အနုပါဒိသေသနိဗ္ဗာန်က ထို ပရိနိဗ္ဗုတပုဂ္ဂိုလ်အား စောင့်ရှောက်သောအားဖြင့် ထို ပရိနိဗ္ဗုတပုဂ္ဂိုလ်၏ တည်ရာဖြစ်၍ ပေါ်ရောက်လာသည်ကိုပင် ဆိုသည် ဟု သိအပ်၏။
သင်္ခတ သဘောရှိသော အရဟတ္တဖိုလ် ဟူသော သဥပါဒိသေသနိဗ္ဗာန်သည် သင်္ခတ သဘောရှိသော ရဟန္တာ၏ ခန္ဓာသန္တာန်၌ ရောက်လာသည့်အခါ ဥပါဒ်အားဖြင့် ထင်ရှားရောက်လာသည်၊ အသင်္ခတ သဘောရှိသော အနုပါဒိသေသ နိဗ္ဗာန်မူကား ပရိနိဗ္ဗုတပုဂ္ဂိုလ်အား စောင့်ရှောက်သောအားဖြင့် ပေါ် ရောက်လာသည့်အခါ အလွန်နက်နဲ နူးညံ့သိမ်မွေ့စွာ ရောက်လာသည်ဖြစ်၍ ဥပါဒ်ဒြဗ် အားဖြင့် ဖြစ်ပေါ်လာသည်ဟု မဆိုလောက်ရုံမျှသာ ထူးသည်။
ပုဂ္ဂိုလ်သန္တာန်နှင့်စပ်၍ ဖြစ်ရောက်လာခြင်းမူကား အတူတူ သမ သမ သာတည်းဟု သိကြကုန်။ ဤအနက် သဘောကိုပင် ရည်၍ “နိဗ္ဗာနံပိ ခန္ဓပဋိဗဒ္ဓမေ၀” ဟု ယခင်အနက် နှင့်တကွ ညွှန်းပြ အပ်ခဲ့ပြီးသော ဝိသုဒ္ဓိမဂ်ဋီကာသျှင် မိန့်အပ်သတည်း။
ထိုကြောင့် ယင်း အသင်္ခတဓာတ်နိဗ္ဗာန် ဟူသည် အကြင်အကြင် အရပ်ဝယ် အကြင်အကြင် ရဟန္တာ ပုဂ္ဂိုလ်တို့ ပရိနိဗ္ဗာန်ပြု၏၊ ထိုထိုအရပ်ဝယ် ထိုထိုပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့နှင့် စပ်၍ ထင်ရှားရှိသည်။ ထိုပရိနိဗ္ဗုတသခင် နိဗ္ဗာန်ဝင်သွားကြသူတို့လည်း ထို မိမိတို့နှင့်စပ်၍ ဖြစ်ရောက်လာသော အသင်္ခတ ဓာတ် နိဗ္ဗာန်မြတ်၌ တည်စံနေကြရသည်ဟု မှတ်အပ်၏။ ယင်းသို့ နိဗ္ဗာန်ဟူသည် ပရိနိဗ္ဗုတပုဂ္ဂိုလ် ပရိနိဗ္ဗာန်စံနေရာ အရပ်တိုင်းမှာပင် ရှိနေသည့် သဘောကို ရည်တော်မူ၍ …
“ပုရတ္ထိမဒိသာဒီသု ဟိ အသုကဒိသာယံ နိဗ္ဗာနံ နတ္ထီတိ န ဝတ္တဗ္ဗံ” ဟု မူလပဏ္ဏာသအဋ္ဌကထာ(၃၁၀) ဟော်-အင်္ဂါ၌ မိန့်အပ်သတည်း။
ပုရတ္ထိမဒိသာဒီသု၊ အရှေ့အရပ် အစရှိသည်တို့တွင်။
အသုကဒိသာယံ၊ ဤ မည်သော အရပ်၌၊
နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။
နတ္ထိ၊ မရှိ၊
ဣတိ၊ ဤသို့။
န ဝတ္တဗ္ဗံ၊ မဆိုသင့်။
ဤကား ၎င်းအဋ္ဌကထာယောဇနာ။
ပရိနိဗ္ဗုတပုဂ္ဂိုလ်ဟူက ထိုထို အရပ်ရှစ်မျက်နှာတို့၌ ပရိနိဗ္ဗာန်စံဝင်ကြဘူး သည်သာဖြစ်၍ နိဗ္ဗာန် သည်လည်း ထိုထို အရပ်ဝယ် ထို ပရိနိဗ္ဗာန်စံသူတို့နှင့် စပ်၍ ရှိရသည်ချည်း ဖြစ်ရကား “အသုကဒိသာယံ နိဗ္ဗာနံ နတ္ထီတိ န ဝတ္တဗ္ဗံ” ဟု ၎င်းအဋ္ဌကထာဆရာ မိန့်ဆိုတော်မူသည်မှတ်။
ဤအဋ္ဌကထာစကားသည်လည်း “ဣမသ္မိံ ယေဝ ကဠေဝရေ ဗျာမမတ္တေ သသညိမှိ သမနကေ လောကေဉ္စဝ။ပ။ လောကနိရောဓဉ္စ”
ဟူသော အောက်၌ ညွှန်းပြအပ်ခဲ့ပြီးသော သဂါထာဝဂ္ဂသံယုတ် ပါဠိတော် (၆၀) စတုက္ကင်္ဂုတ္တရ ပါဠိတော်နှင့် သင့်လျော်သည်သာ ဖြစ်၏။
ထိုစကားသည် မှန်၏၊ ထိုပါဠိတော်တို့ဝယ် လောကနိရောဓ - ဟူသော နိဗ္ဗာန် ဟူသည် အခြားတပါး၌ ဖြစ်သည်ရှိသည် ဟူ၍ ငါဘုရား ပညတ်တော် မမူ။ ပရိနိဗ္ဗန္တပုဂ္ဂိုလ် ခန္ဓာတည်းဟူသော ဤလောက၌ပင် ငါပညတ်တော်မူသည် ဟု ဟောတော်မူသဖြင့်ပင် ယင်းနိဗ္ဗာန်ဟူသော လောကနိရောဓသည် မည်သည့်အရပ် အမှတ်မရှိ၊ ယင်းလောက ဟူသော ခန္ဓာငါးဝ ချုပ်ကြရာ ပရိနိဗ္ဗုတရဟန္တာ အသျှင်တို့ တည်ရာ၌ပင် ယင်း ပရိနိဗ္ဗုတရဟန္တာ ကို တည်ရာ ဝိသယကဲ့သို့ ပြု၍ ဖြစ်နေသည်ဟူသော အနက်ကို အဝုတ္တသိနည်းအားဖြင့် ပြအပ်သောကြောင့် ယင်း ပရိနိဗ္ဗုတ ပုဂ္ဂိုလ်ဟူကလည်း အမှတ်မရှိ အရပ်ဆယ်မျက်နှာ၌ပင် အသီး အသီး ပရိနိဗ္ဗာန်စံယူကြသည် ဖြစ်သောကြောင့် နိဗ္ဗာန်ဟူကလည်း နိဗ္ဗာန်ရောက်သူနှင့်သာစပ်၍ ဖြစ်ရသောကြောင့် ယင်း “အသုကဒိသာယံ နိဗ္ဗာနံ နတ္ထီတိ န ဝတ္တဗ္ဗံ” ဟူသော အဋ္ဌကထာ စကားသည် ၎င်း သဂါထာဝဂ္ဂ သံယုတ်ပါဠိတော် စသည်တို့နှင့်လည်း လျော်လှပေသည်ဟု သိအပ်သတည်း။
“သဗ္ဗသင်္ခါရတော ဗဟိဘူတံ နိဗ္ဗာနံ” ဟူသော ဥပရိပဏ္ဏာသဋီကာ (၂၇၄) “တာသံ ပရဘာဂေ နိဗ္ဗာနေ တိဋ္ဌေယျ” ဟူသော နေတ္တိအဋ္ဌကထာ စသည်တို့၌ နိဗ္ဗာန်ဟူက တေဘူမိက သင်္ခါရတရား တို့မှ ပြင်ဘက် အပဖြစ်သည် ဟူရာ၌လည်း ဘုံသုံးပါး၏ အထက်အောက် အဇဋာအာကာသ ကောင်းကင်၌ တည်သည် ဆိုလိုသည် မဟုတ်၊ ဤ ခန္ဓာငါးပါးဟူသော သင်္ခါရ၏ ပြင်ဘက်အပ ဆိုလိုသည်။
ခန္ဓာငါးပါး၏ ပြင်ဘက် ဟူသည်လည်း ထို အနုပါဒိသေသ နိဗ္ဗာန်သည် ပရိနိဗ္ဗန္တပုဂ္ဂိုလ်တို့၏ သန္တာန်ကို တည်ရာ ဝိသယကဲ့သို့ ပြု၍ဖြစ်ပေါ် လာသော်လည်း အရဟတ္တဖိုလ် ဟူသော သဥပါဒိသေသနိဗ္ဗာန်သည် ရဟန္တာပုဂ္ဂိုလ် သန္တာန်၌ ဟဒယဝတ္ထုကို မှီ၍ စွဲ၍ ဖြစ်ရသကဲ့သို့ ထိုပရိနိဗ္ဗန္တပုဂ္ဂိုလ် သန္တာန်၌ မုချအားဖြင့် စွဲမှီ၍တည်သည် မဟုတ်ရကား ထို ပရိနိဗ္ဗန္တပုဂ္ဂိုလ် အတွင်း၌ ဖြစ်သည် မဆိုထိုက်သည်ဖြစ်၍ ထိုခန္ဓာငါးဝ သင်္ခါရတို့၏ ပြင်ပ၌ဖြစ်သည် ဆိုလိုသည်ဟု မှတ်။
နဘူးချုံပင်ပေါ်၌ တက်၍နွယ်သော ရွှေနွယ်ပန်းကို နဘူးချုံကို စွဲ၍ မှီ၍ ပေါက်လာသော်လည်း နဘူးချုံနှင့် အမူအရာမတူ ဇာတ်မတူသည်ဖြစ်၍ ထို နဘူးချုံ၏ အတွင်းသား ဟု မဆိုထိုက်၊ နဘူးချုံ၏ ပြင်သားပြင်ပ ဟူ၍သာ ဆိုအပ်သကဲ့သို့တည်း။
နိဗ္ဗာန်၏ သိမ်မွေ့ နက်နဲသောအရောင်
နိဗ္ဗာနတော ဟိ အညော သုပဘာ၀န္တတရော ဝါ သုဇောတိဝန္တတရော ဝါ ပရိသုဒ္ဓတရော ဝါ ပဏ္ဍရတရော ဝါ နတ္ထိ။
နိဗ္ဗာနတော၊ နိဗ္ဗာန်ထက်။
သုပဘာဝန္တတရော ဝါ၊ အလွန်အရောင် ရှိသည်လည်း ဖြစ်သော။
သုဇောတိဝန္တတရော ဝါ၊ အလွန် ထွန်းလင်းခြင်း ရှိသည်လည်း ဖြစ်သော။
ပရိသုဒ္ဓတရော ဝါ၊အလွန်သန့်ရှင်းသည်လည်း ဖြစ်သော။
ပဏ္ဍရတရော ဝါ၊ အလွန်ဖြူစင်သည်လည်း ဖြစ်သော။
အညော၊ တပါးသော။
ဓမ္မော၊ တရားသည်။
နတ္ထိ၊ မရှိ။
ဤသို့ မူလပဏ္ဏာသအဋ္ဌကထာ(၃၁၀) ဟော်-အင်္ဂါတွင် လာသည်နှင့်အညီ ယင်းသို့သော ဒါန သီလ ဘာဝနာ - စသော အကြောင်းရင်း အကြောင်းဝေး အရဟတ္တမဂ် အရဟတ္တဖိုလ် ဟူသော အကြောင်းနီး တို့ကြောင့် ထို နိဗ္ဗာန်တရား ဖြစ်ပေါ်လာသော်လည်း ထိုအကြောင်းတို့သည် နိဗ္ဗာန် မပေါ်မီက ကွယ်ပျောက် ကုန်သည်ဖြစ်၍ ထိုအကြောင်းပစ္စယတို့မှ ဟေတု အာရမ္မဏ ဥပနိဿယ စသော ပစ္စည်းမျိုးတို့ဖြင့် ကျေးဇူးပြု မခံရသောကြောင့် အပ္ပစ္စယ အမည် ရသော ယင်းနိဗ္ဗာန်သည် ထိုအကြောင်း သင်္ခတတရား တို့နှင့်မတူ အမူကွဲပြား အလွန်ထူးခြားသောအားဖြင့် ဖြစ်ပေါ်လာသည် ဖြစ်၍ ယင်း နိဗ္ဗာန်ထက် အရောင်ရှိသော ဖြူစင်သန့်ရှင်းသော တရားမည်သည် မရှိ ဟု ဆိုသည့်အတိုင်း ယင်း ပရိနိဗ္ဗုတအသျှင်တို့၏ တည်နေရာ၌ ငြိမ်းဧးခြင်း ပရိနိဗ္ဗာယန သီတလ သဘောရှိသော ဝါ- သဘော ဟု ဆိုအပ်သော အတုမရှိ အခါခပ်သိမ်း ဝင်းဝင်း တောက်၍နေသော နိဗ္ဗာန် ဟူသည် စင်စစ်ဧကန် အမှန်ထင်ရှားရှိ၏။ ထိုသို့ ဝင်းဝင်းပြောင်ပြောင် အရောင်တလက်လက် ထွက်သောအားဖြင့် ထင်ရှား ရှိသော်လည်း အလွန်နက်နဲ ထူးဆန်းသော သိမ်မွေ့နူးညံ့လှသော အရောင် ဖြစ်၍သာ အန္ဓပုထုဇန်တို့ မမြင်မသိနိုင်ကြ ရှိရသည်။
လက်ညှိုးတချောင်း ထောင်ကာမျှဖြင့် စကြဝဠာ ကုဋေတသိန်း လင်းရသော ဗြဟ္မာမင်းကြီးတို့၏ ကိုယ်ရောင်ကိုယ်ဝါကို လူများတို့ ပကတိသက်သက် မမြင်နိုင်၊ ထိုဗြဟ္မာတို့က မြင်စေလိုသော စိတ်ဖြင့် ကိုယ်တိုင် ထင်ရှားပြမှသာ မြင်နိုင်သည်ကို ထောက်သဖြင့် ထိုဗြဟ္မာတို့ ကိုယ်ရောင်ထက် အလွန်သိမ်မွေ့သော အရောင်ဖြစ်၍သာ မမြင်မသိနိုင်ကြရသည်။ ထိုနိဗ္ဗာန်သည် ဝင်းဝင်းတောက် အရောင်နှင့်တကွ စင်စစ်ဧကန် ထင်ရှားရှိ၏ဟု မှတ်။
ယံ ကိဉ္စိ ဈာနသုခံ ဝါ မဂ္ဂသုခံ ဝါ ဖလသုခံ ဝါ အတ္ထိ။ နိဗ္ဗာနံ တတ္ထ ပရမံ၊ နတ္ထိ တတော ဥတ္တရိတရံ သုခန္တိ။
ယံကိဉ္စိ၊ အမှတ်မရှိသော။
ဈာနသုခံ ဝါ၊ ဈာန်ချမ်းသာသည်၎င်း
မဂ္ဂသုခံ ဝါ၊ မဂ်ချမ်းသာသည်၎င်း။
ဖလသုခံ ဝါ၊ ဖိုလ်ချမ်းသာသည်၎င်း။
အတ္ထိ၊ ရှိ၏။
တတ္ထ၊ ထိုချမ်းသာတို့ထက်၊
နိဗ္ဗာနံ၊ နိဗ္ဗာန်ချမ်းသာသည်။
ပရမံ၊ မြတ်၏။
တတော၊ ထိုနိဗ္ဗာန်ချမ်းသာထက်၊
ဥတ္တရိတရံ၊ လွန်မြတ်သော။
သုခံ၊ ချမ်းသာ ဟူသည်။
နတ္ထိ၊ မရှိ။
ဤသို့လာသော ဥပရိပဏ္ဏာသ ပါဠိတော်နှင့်အညီ ဈာန် မဂ် ဖိုလ် ချမ်းသာ ထက်မက နိဗ္ဗာန် ချမ်းသာ၏ အလွန်ချမ်းသာသည့် အဖြစ်ကို စင်စစ် မှတ်အပ်၏။ ထိုကြောင့် ဝင်းဝင်းတောက်လျက် အမြဲထင်ရှားတည်သော ဈာနသုခ မဂ္ဂသုခ ဖလသုခတို့ ထက်မက ဧးမြချမ်းသာရာ အတုမရသော နိဗ္ဗာန်ချမ်းသာမြတ်ကို မြန်မြန်ရအောင် ယင်းသို့သော နိဗ္ဗာန်ကို မြန်မြန်မျက်မှောက် ပြုတဲ့ကြ ရအောင် ရွက်ဆောင်ကြိုးကုတ် အားထုတ် သင့်လှကြတော့သည်။ အားထုတ်နိုင်ကြပါစေ ကုန်သတည်း။
မင်္ဂလသုတ်လာ နိဗ္ဗာန်
နိဗ္ဗာနသစ္ဆိကိရိယာနာမ ဣဓ အရဟတ္တဖလံ အဓိပ္ပေတံ။ တံပိ ဟိ ပဉ္စဂတိဌာနဝါနသညိတာယ တဏှာယ နိက္ခန္တတ္တာ နိဗ္ဗာနန္တိ ဝုစ္စတိ။ တဿ ပတ္တိ ဝါ ပစ္စဝေက္ခဏာ ဝါ သစ္ဆိကိရိယာ။ ဣတရဿ ပန နိဗ္ဗာနဿ အရိယသစ္စဒဿနေန သစ္ဆိကိရိယာ သိဒ္ဓါ။
နိဗ္ဗာနသစ္ဆိကိရိယာနာမ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း မည်သည်ကား။
ဣဓ၊ မင်္ဂလသုတ် ဤတပုဒ်အရာ၌။
အရဟတ္တဖလံ၊ အရဟတ္တဖိုလ်ကို။
အဓိပ္ပေတံ၊ အလိုရှိအပ်၏၊
ဟိ၊ ဆိုသင့်စွ။
တံပိ၊ ထိုအရဟတ္တဖိုလ်ကိုလည်း။
ပဉ္စဂတိဌာနဝါနသညိတာယ၊ ဂတိငါးပါးတို့၏ ဖြစ်ကြောင်း တည်ကြောင်း ဝါသုံးပါး အပေါင်း ဟု ဆိုအပ်သော။
တဏှာယ၊ တဏှာမှ။
နိက္ခန္တတ္တာ၊ ထွက်မြောက်ရာ ထွက်မြောက်ကြောင်း ဖြစ်သောကြောင့်။
နိဗ္ဗာနန္တိ ၊ နိဗ္ဗာန် ဟူ၍၊
ဝုစ္စတိ၊ ဆိုအပ်၏။
တဿ၊ ထိုအရဟတ္တဖိုလ် ဟူသော သဥပါဒိသေသနိဗ္ဗာန်သို့။
ပတ္တိ ဝါ၊ ရောက်ခြင်းသည်၎င်း၊
ပစ္စဝေက္ခဏာ ဝါ၊ ဆင်ခြင်နိုင်ခြင်းသည်၎င်း။
သစ္ဆိကိရိယာ နာမ၊ မျက်မှောက်ပြုသည် မည်၏။
ဣတရဿ ပန နိဗ္ဗာနဿ၊ အသင်္ခတဓာတ် ဟူသော အနုပါဒိသေသနိဗ္ဗာန်၏ကား။
အရိယသစ္စဒဿနေန၊ အရိယသစ္စာနဒဿနံ - ဟူသော ပုဒ်၏အရ နိရောဓသစ္စာကို မြင်ခြင်းဖြင့် ပင်လျှင်။
သစ္ဆိကိရိယာ၊ မျက်မှောက်ပြုခြင်းသည်။
သိဒ္ဓါ၊ ပြီးလေတော့၏။
ဤသို့လာသော ခုဒ္ဒကပါဌအဋ္ဌကထာပါဌ်နှင့်အညီ နိဗ္ဗာန်ကို မျက်မှောက်ပြုသည် ဟူရာဝယ် အရဟတ္တဖိုလ် ဟူသော သဥပါဒိသေသနိဗ္ဗာန်ကို မျက်မှောက် ပြုသည့်အရာ၌ ထိုအရဟတ္တဖိုလ်ကို ရခြင်း ပစ္စဝေက္ခဏာဇောတို့ဖြင့် အာရုံပြုခြင်း တို့ကို ဆိုသည်။ အနုပါဒိသေသနိဗ္ဗာန်ကို မျက်မှောက် ပြုသည် ဟူရာ၌ ထို နိဗ္ဗာန်ကို မဂ်ဖိုလ်တို့ဖြင့် မြင်နိုင် အာရုံပြုနိုင်သည်ကို ဆိုသည် ဟု မှတ်။
ဣဒမက္ခာတံ သက္ကာယ နိဿရဏန္တိ ဣဒံ အရဟတ္တမဂ္ဂေန စ ဖလေန စ နိဗ္ဗာနံ ဒိသွာ ဌိတဿ ဘိက္ခုနော ပုန သက္ကာယော နတ္ထီတိ ဥပ္ပန္နံ အရဟတ္တဖလသမာပတ္တိစိတ္တံ သက္ကာယနိဿရဏန္တိ အက္ခာတံ။
ဣဒမက္ခာတံ သက္ကာယနိဿရဏန္တိ၊ ဟူသည်ကား။
အရဟတ္တမဂ္ဂန စ၊ အရဟတ္တမဂ်ဖြင့်၎င်း။
ဖလေန စ၊ အရဟတ္တဖိုလ်ဖြင့်၎င်း။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
ဒိသွာ၊ မြင်၍။
ဌိတဿ၊ တည်သော။
ဘိက္ခုနော၊ ရဟန်းအား။
ပုန၊ တဘန်။
သက္ကာယော၊ ငါတည်း ဟူသော မာနသက္ကာယသည်။
နတ္ထိ၊ မရှိ။
ဣတိ၊ ဤသို့ သက္ကာယကို ပယ်နိုင်သောအခါ၌။
ဥပ္ပန္နံ၊ ဖြစ်လာသော။
ဣဒံ အရဟတ္တဖလသမာပတ္တိစိတ္တံ၊ ဤအရဟတ္တဖိုလ်စိတ်ကို။
သက္ကာယနိဿရဏန္တိ ၊ ငါ ဟူသော မာနသက္ကာယမှ လှလှကြီး ထွက်မြောက်ပြီ ဟူ၍။
အက္ခာတံ၊ ဟောတော်မူအပ်ပြီ။
ဤသို့ သုတ်ပါထေယျအဋ္ဌကထာ(၂၁၅) ဆံ-အင်္ဂါတွင် လာသည်ကို ထောက်သဖြင့်လည်း အရဟတ္တမဂ် အရဟတ္တဖိုလ် ရကာမျှဖြင့် နိဗ္ဗာန်ကိုရသည် မဆိုရသေး၊ ပရိနိဗ္ဗာန်ပြုပြီးမှ ရလတ္တံ့ သော နိဗ္ဗာန်ကို အာရုံပြုနိုင်၊ မြင်နိုင်ရုံမျှသာ ရှိသေးသည် ဟူ၍ သိကြကုန်။
နိဗ္ဗာန်သည် အတ္ထိပစ္စည်း မဟုတ်ပုံ
အတ္ထိ ဘာဝါဘာဝေန အနုပကာရကာနမေဝ အတ္ထိဘာဝေန ဥပကာရကတာယ အတ္ထိပစ္စယတာဝေါတိ နတ္ထိ နိဗ္ဗာနဿ သဗ္ဗဒါဘာဝိနော အတ္ထိပစ္စယတာ အဝိဂတပစ္စယာ စ
အတ္ထိဘာဝါဘာဝေန၊ ထင်ရှားရှိပြီးသော တရားတို့၏ ထင်ရှားမရှိခြင်း ချုပ်ခြင်းသို့ ရောက်လေ ခြင်းကြောင့်
ဝါ၊ ရောက်သောအခါဝယ်။
အနုပကာရ ကာနမေဝ၊ တစုံတခု ကျေးဇူးမပြုတတ်ကုန်သော တရားတို့၏သာလျှင်။
ဝါ၊ မိမိမရှိသည့်အခါ ကျေးဇူးမပြုနိုင် မိမိရှိတုန်း အခါ၌သာ ကျေးဇူးပြုနိုင်ကုန်သော တရားမျိုး တို့၏သာလျှင်။
အတ္ထိဘာဝေန၊ အတ္ထိ သတ္တိဖြင့်။
ဥပကာရ ကတာယ၊ ကျေးဇူးပြုတတ်သည်၏ အဖြစ်၏။
အတ္ထိပစ္စယဘာဝေါ၊ အတ္ထိပစ္စည်း ဖြစ်နိုင်ကြောင်းသည်။
ဟောတိ၊ ၏။
ဣတိ-တသ္မာ၊ ထိုသို့ ထင်ရှားဖြစ်လာ တတ်သော တရားမျိုးတို့၏ မိမိဖြစ်ပြီးသည့်နောက် ပျောက်ချုပ်၍သွားလျှင် ကျေးဇူးမပြုနိုင်း မိမိရှိတုန်းအခါမှသာ ကျေးဇူးပြုနိုင်သော ပစ္စည်းမျိုးကိုသာ အတ္ထိပစ္စည်း ဆိုရသည်၏ အဖြစ်ကြောင့်။
သဗ္ဗဒါဘာဝိနော၊ မိမိထင်ရှား ဖြစ်လာပြီးနောက် ဘယ်သည့်ကာလမှ ပျောက်ပျက်ခြင်းမရှိ အမြဲဖြစ်နေလေ့ ရှိသော။
နိဗ္ဗာနဿ၊ နိဗ္ဗာန်၏။
အတ္ထိပစ္စယတာ၊ အတ္ထိပစ္စည်းဖြစ်စရာ အကြောင်းသည်။
နတ္ထိ၊ မရှိ။
အဝိဂတပစ္စယတာစ၊ အဝိဂတပစ္စည်းဖြစ်စရာ အကြောင်းသည်လည်း။
နတ္ထိ၊ မရှိ။
ဖြစ်ပြီးသည့်နောက် ပျောက်ချုပ်၍ သွားတတ်သော တရားမျိုးတို့၏ မချုပ်သေးခင် ကျေးဇူးပြုတတ်သည့် တရားကိုသာ အတ္ထိပစ္စည်း ခေါ်ရသည်။ ထင်ရှား ပေါ်လာပြီးနောက် မပျောက်မပျက် အမြဲသဿတဖြစ်နေသည့် တရားမျိုးကို အတ္ထိပစ္စည်း မဆိုသင့်သောကြောင့် ငြိမ်းဧးခြင်း သဘာဝအားဖြင့် ထင်ရှား ပေါ်လာပြီးနောက် မပျောက်မပျက် အချင်းခပ်သိမ်း တည်နေသော နိဗ္ဗာန် တရား၏ ယင်းအတ္ထိပစ္စည်းနှင့် မဆိုင်သည်ဖြစ်၍ မိမိကိုအာရုံပြု၍ ဖြစ်သော မဂ်ဖိုလ် စသည်တို့အား အတ္ထိပစ္စည်းတပ်သည် ဟု မဆိုထိုက် ဟူလို။
ဤသို့ လာသော အဘိဓမ္မတ္ထဝိဘာဝနီဋီကာကို ထောက်သဖြင့်လည်း နိဗ္ဗာန် ဟူသည်၏ ထင်ရှား ရှိသည်၏အဖြစ် ငြိမ်းဧးခြင်းသဘောအားဖြင့် ထင်ရှား ပေါ်လာပြီးနောက် အချင်းခပ်သိမ်း မပျက်မစီး အမြဲတည်နေသည်၏ အဖြစ်ကို စင်စစ် သိအပ် ယုံကြည်အပ်လှတော့၏။
ဘဝနံ ဘာဝေါ၊ ဝိဇ္ဇမာနတာ ဌာနန္တိ အတ္ထော။ သဗ္ဗဒါဧဝ ဘာဝေါ ဝိဇ္ဇမာနတာ ဌိတိ န ကဒါစီတိ သဗ္ဗဒါ ဘာဝေါ သော တေဿ အတ္ထိ၊ သဗ္ဗဒါ ဘ၀နံ သီလံ ဝါတိ သဗ္ဗဒါဘာဝီ။
ဘဝနံ၊ ဖြစ်ခြင်း၊
ဘာဝေါ၊ ဖြစ်ခြင်း။
ဝိဇ္ဇမာနတာဌာနံ၊ ထင်ရှားရှိသော အားဖြင့် တည်နေခြင်းတည်း။
ဣတိ- အတ္ထော၊ ဤကားအနက်။
သဗ္ဗဒါ ဧ၀၊ အခါခပ်သိမ်းသာလျှင်။
ဘာဝေါ၊ ဖြစ်ခြင်း။
ဝိဇ္ဇာမာနတာ ဌိတိ၊ ထင်ရှားရှိသော အဖြစ်ဖြင့် တည်ခြင်းတည်း။
န ကဒါစိ၊ တရံတခါမျှတည်သည်မဟုတ်။
(ဗျတိ ရိက်လှန်)။
ဣတိ၊ ထိုကြောင့်။
သဗ္ဗဒါ ဘာဝေါ၊ သဗ္ဗဒါဘာဝ မည်၏။
ဧတဿ။ ထိုနိဗ္ဗာန်အား၊
သော၊ ထို အခါခပ်သိမ်း ထင်ရှားရှိသောအားဖြင့် တည်နေခြင်းသည်။
အတ္ထိ၊ ရှိ၏။
ဝါ၊ တနည်းကား။
ဧတဿ၊ ထိုနိဗ္ဗာန်အား။
သဗ္ဗဒါ၊ အခါခပ်သိမ်း။
ဘဝနံ၊ ဖြစ်ခြင်း ဟု ဆိုအပ်သော။
သီလံ၊ အလေ့သည်။
အတ္ထိ၊ ရှိ၏။
ဣတိ၊ ထိုကြောင့်။
သဗ္ဗဒါဘာဝီ၊ မည်၏။
ဤသို့လာသော မဏိမဉ္ဇူ ဖြင့်လည်း ယင်းဆိုအပ်ခဲ့ပြီးသော အနက်ကို ထင်စွာပြသည်သာလျှင် ဖြစ်၏။ ယင်းသို့သော အဘိဓမ္မတ္ထဝိဘာဝနီ မဏိမဉ္ဇူ ကျမ်းတို့၌ နိဗ္ဗာန်တရား၏ ထင်ရှားအမြဲ တည်၍နေသည် ဟူရာ၌လည်း ပရိနိဗ္ဗုတပုဂ္ဂိုလ် မရောက်လာခင် ထိုပုဂ္ဂိုလ် တည်ရောက် လာစရာ ဘာသာလျောက်လျား အကြောင်းကင်း၍ ဖြစ်နေနှင့်သည်ကို ဆိုသည် မဟုတ်။ ပရိနိဗ္ဗာန်စံမည့် ပုဂ္ဂိုလ် ပေါ်လာမှ ထိုပုဂ္ဂိုလ်အား ဘေးပေါင်းကင်းစင် ရန်မျိုးကြဉ်အောင် ကွယ်ကာ စောင့်ရှောက် သောအားဖြင့် ထင်ရှား ပေါ်လာပြီးနောက် မပျောက်မပျက် အမြဲ တည်နေသည်ကိုသာ ဆိုသည် ဟု မှတ်အပ်၏။
ယင်းသို့သော အဓိပ္ပါယ်ကို ယူမှသာလျှင် “ အဘူတမေဝ ဘူတံ ဇာတံ ဟုတွာ အတ္တီတိ အဗ္ဘုတံ”
အဘူတမေဝ၊ တရံတဆစ် မဖြစ်ဘူးသေးဘဲလျက်။
ဘူတံ ဇာတံ၊ ဖြစ်ပေါ်လာသည်။
ဟုတွာ၊ ဖြစ်၍၊
အတ္ထိ၊ အထင်အရှား အမြဲ တည်နေသည်တည်း။
ဣတိ၊ ထိုသို့ တရံတဆစ် မဖြစ်ဘူးသေးဘဲ ဖြစ်ပေါ်လာပြီးနောက် မပျောက်မပျက် အမြဲတည်နေ သောကြောင့်။
တံ၊ ထိုနိဗ္ဗာန်သည်။
အဗ္ဘုတံ၊ အဗ္ဘုတ မည်၏။
ဤသို့ အောက်၌ ထုတ်ပြအပ်ခဲ့ပြီးသော သဠာယတနသံယုတ် အဋ္ဌကထာနှင့် ညီနိုင်မည်မှတ်။
တဒုဘယပရိစ္ဆန္နာယ ဌိတိယာ စ အဘာဝတော န ဋ္ဌိတိ။
တဒုဘယပရိစ္ဆန္နာယ၊ ထိုဥပါဒ်ဘင်ဖြင့် ပိုင်းခြားအပ်သော။
ဌိတိယာ စ၊ ဌီ၏လည်း။
အဘာဝတော၊ မရှိခြင်းကြောင့်။
န ဌိတိ၊ ဌီ မရှိ။
ဤသို့လာသော ဥဒါန်းအဋ္ဌကထာပါဌ် (၃၅၅) ၌ နိဗ္ဗာန် ဟူသည် ဖြစ်ခြင်း ပျက်ခြင်းဖြင့် ပိုင်းခြား အပ်သော ပျက်ခြင်းကို ရှေးရှု၍နေသော သြဠာရိကဋ္ဌီ မရှိသည်ကိုသာ ပြသည်။ လုံးလုံးကြီး အဘယ်ဂမ္ဘီရ သဘောတခုမျှ တည်ခြင်း မရှိသည်ကို ဆိုသည် မဟုတ်၊ အကယ်၍ ထိုသို့ဆိုခဲ့လျှင် ယင်းသည် နိဗ္ဗာန် အဘာဝ ဖြစ်ခဲ့ရာ၏။ အဘာဝ ဟု ဆိုရာ ရောက်ခဲ့ရာ၏၊ အကယ်၍ ဤသို့ ဆိုလိုလျှင်လည်း “အဘူတမေဝ ဘူတံ ဇာတံ ဟုတွာ အတ္ထီတိ အဗ္ဘတံ” ဟူသော ယခင် အဋ္ဌကထာစကားနှင့် အညမညပိရုဒ္ဓ ဖြစ်ခဲ့ရာ၏။
“သဗ္ဗဒါဘာဝိနော” ဟူသော ယခင် အဘိဓမ္မတ္ထဝိဘာဝနီဋီကာ စကား၌ အယူမှားသဖြင့် နိဗ္ဗာန် ဟူသည် အစဉ်ထာဝရ အခါခပ်သိမ်း ကမ္ဘာကမ္ဘေ အမြဲ ဖြစ်နေသည်ကို ပြဆိုသည် ဟု ယူမှားခဲ့လျှင် ၎င်းဋီကာစကား၏ “တံ ပန သဗ္ဗေနသဗ္ဗံ အဇာတိဓမ္မတာတိ ဒဿနတ္ထံ အဇာတန္တိ ဝုတ္တံ” ဟူသော ဥဒါန်း အဋ္ဌကထာ (၃၅၇) နှင့် ဝိရုဒ္ဓဖြစ်တော့အံ့၊ ထိုကြောင့် ယင်းသို့ မယောင်မှားမိစေရ။ နိဗ္ဗာန် ဟူသည် အချင်းခပ်သိမ်း လျောက်လျားဘာသာ ဖြစ်လာတတ်သည့် တရားမဟုတ်၊ ပါရမီ အကြောင်းခံ သန်လှသူတို့ သန္တာန်၌ ဧးမြခြင်းသဘော အားဖြင့် ပေါ်လာပြီးနောက် မပျောက်မပျက် အမြဲတည်နေသည် ဟူ၍ အောက်က ပြဆိုအပ်ခဲ့ပြီးသည့် အတိုင်းသာ ကသိုဏ်းကွက်ကျ မှတ်ကြ ကုန်။ ထိုထို လျဉ်းပါးဘွယ် ရှိရာရှိရာတို့၌ လိုက်၍လိုက်၍ ပြဆိုရသဖြင့် “ပုနရုတ္တိဒေါသ ဝိတ္တာရဒေါသ” ကဲ့သို့ ဖြစ်သည့်အရာကိုလည်း “ကရုဏာယေဝါယံ ဒေါသော“ ဟု နှလုံးပြု၍ ပညာရှိ ကဝိတို့ သည်းခံကြည့်ရှုကြပါစေကုန်သတည်း။
အဘိဓမ္မာဝတာရ အဋ္ဌကထာအလို နိဗ္ဗာန်
ယဿာ ဝါ အဓိဂမာယ၊ သဗ္ဗကိလေသာနံ ခယော ဘဝေ။ နိဗ္ဗာနမိတိ နိဒ္ဒိဋ္ဌံ၊ နိဗ္ဗာနကုသလေန တံ။
ဝါ၊ တနည်းကား၊
ယဿာ၊ အကြင်နိဗ္ဗာနဓာတ်ကို။
အဓိဂမာယ၊ ရအပ်သည် ရှိသော်။
သဗ္ဗကိလေသာနံ၊ ကိလေသာခပ်သိမ်းတို့၏။
ခယော၊ ကုန်ရ မပေါ်လာရခြင်းသည်။
ဘဝေ၊ ဖြစ်၏။
တံ၊ ထိုကိလေသာတို့၏ မလာနိုင်ရာ ကုန်ကြီးကုန်ရာ ဖြစ်သော ဓာတ်သဘောတရားကို။
နိဗ္ဗာနမိတိ၊ အသင်္ခတဓာတ်နိဗ္ဗာန် ဟူ၍။
နိဗ္ဗာနကုသလေန၊ နိဗ္ဗာန်အရာ လိမ္မာတော်မူသော မြတ်စွာဘုရားသည်။
နိဒ္ဒိဋ္ဌံ၊ ညွှန်းပြတော်မူအပ်၏။
ဤသို့သော အဘိဓမ္မာဝတာရအဋ္ဌကထာ (၁၀၈) နှင့်အညီ ကိလေသာတို့၏ ကုန်ခြင်း အဘာဝကို အနုပါဒိသေသနိဗ္ဗာန်မဆို၊ ကိလေသာတို့၏ကုန်ရာ သီတသဘာဝရှိသော အသင်္ခတဓာတ်ကိုသာ အနုပါဒိသေသနိဗ္ဗာန် ဆိုသည်မှတ်။
သစ္စသံခိပ်အလို နိဗ္ဗာန်
ခယမတ္တံ န နိဗ္ဗာနံ၊ ဂမ္ဘီရာဒိဿ ဝါစတော။ အဘာဝဿ ဟိ ကုမ္မာနံ၊ လာမဿေဝ အဝါစတာ။
ခယမတ္တံ၊ ရုပ်နာမ်ခန္ဓာ ကိုလေသာတို့၏ ကုန်ခြင်းအဘာဝသည်။
န နိဗ္ဗာနံ၊ နိဗ္ဗာန်မဟုတ်။
ကသ္မာ၊ အဘယ့်ကြောင့်နည်း ဟူမူကား။
အဿ၊ ထိုနိဗ္ဗာန်၏။
ဂမ္ဘီရာဒိဿ၊ နက်နဲခြင်းအစရှိသောဂုဏ်ကို။
ဝါစတော၊ ဂမ္ဘီရံ ဒုဒ္ဒသံ အဏုံစသည်ဖြင့် ဟောတော်မူခြင်းကြောင့်တည်း။
ဟိ၊ ဥပမာကား။
ကုမ္မာနံ၊ လိပ်တို့၏။
အဘာဝဿ၊ လုံးလုံးမရှိသော။
လောမဿ၊ အမွှေး၏၊
အဝါစတာ ဣဝ၊ အ အမွေးဖြူလော အမွေးနက်လော စကားတလုံးဖြစ်အောင် ဆိုဘွယ်မရှိသော အဖြစ်ကဲ့သို့။
အဘာဝဿ၊ လုံးလုံးမရှိသော နိဗ္ဗာန်ကို။
အဝါစတာ၊ ဂမ္ဘီရ ဒုဒ္ဒသံ-စသည်ဖြင့် ဆိုဘွယ်မရှိနိုင်သော အဖြစ်သည်။
ဘဝေ၊ ဖြစ်ရာ၏။
ဤသို့လာသော သစ္စသံခိပ် (၂၇) စကားသည်လည်း ဤ အဘိဓမ္မာဝတာရ စကားနှင့် တသား တည်းပင်တည်း။
အနုဋီကာအလို နိဗ္ဗာန်
နိဗ္ဗာနံ သုခုမရူပဂတိကန္တိ ဝိညာယတိ။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
သုခုမရူပဂတိကန္တိ၊ ဣတ္ထိဘာဝ ပုမ္ဘာဝ ဇီဝိတိန္ဒြိယ-စသော သိမ်မွေ့သိခက်သော သုခုမရုပ်နှင့် အလားတူ၏ ဟူ၍။
ဝိညာယတိ၊ သိအပ်၏။
ဤသို့လာသော အနုဋီကာနှင့်အညီ သုခုမရုပ်တို့သည် အလွန်သိမ်မွေ့ သိနိုင်ခဲစွာဖြစ်၍ အပရိနိဗ္ဗန္တပုဂ္ဂိုလ်တို့၏ အဇ္ဈတ္တသန္တာန်၌ တည်သကဲ့သို့ နိဗ္ဗာန် ဟူသည် ပရိနိဗ္ဗန္တပုဂ္ဂိုလ်တို့၏ ဗဟိဒ္ဓသန္တာန်၌ အလွန်နက်နဲသိမ်မွေ့စွာ ရှိနေသည် ဟူ၍ မှတ်ကြကုန်။
မူလဋီကာအလို နိဗ္ဗာန်
ကာရဏေ ဖလောပစာရံ ကတွာ နိရောဓပစ္စယော နိရောဓောတိ ဝုတ္တော။
ကာရဏေ၊ ခန္ဓာငါးပါး ချုပ်ကြောင်းဖြစ်သော နိဗ္ဗာန်၌။
ဖလောပစာရံ ကတွာ၊ ခန္ဓာငါးပါး ချုပ်ခြင်းတည်း ဟူသော အကျိုး၌ တင်စားခြင်းကိုပြု၍။
တံ ဖလံ၊ ထိုခန္ဓာငါးပါးတို့၏ တဝတည်းချုပ်ခြင်းတည်း ဟူသော အကျိုးကို။
နိရောဓောတိ၊ နိရောဓ ဟူ၍။
ဝုတ္တော၊ ဆိုအပ်၏။
နိရောဓ ဆိုသော်လည်း ချုပ်ခြင်းဖလကို မယူအပ်။ ချုပ်ကြောင်း ကာရဏ ဖြစ်သော နိဗ္ဗာန်ကို ယူရမည် ဟူလို။
ဤသို့လာသော မူလဋီကာ (၅၁) စကားသည်လည်း “နိရောဓပစ္စယော နိရောဓောတိ ဝုတ္တော” ဟူသောပါဠိဖြင့် နိရောဓပစ္စယ - ဆိုလိုလျက် နိရောဓ-ဟု ဆိုကြောင်းနှင့် ယခင်ညွှန်းပြအပ်ခဲ့ပြီးသော နေတ္တိအဋ္ဌကထာနှင့် ညီလျော်လှပေစွ။
ကြောင်ပါးကြီး ဥပမာ နိဗ္ဗာန်ရတနာ ပေါ်လာပုံ
အဘာဝေါ ဧတသ္မိံ ရောဓဿာတိ နိရောဓော။
ဧတသ္မိံ၊ ထိုနိဗ္ဗာန်၌။
ရောဓဿ၊ ရုပ်နာမ်ခန္ဓာ ဒုက္ခအိုးကြီး ဖြစ်လာခြင်း၏။
အဘာဝေါ၊ မရှိခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ထိုကြောင့်။
နိရောဓော၊ နိရောဓ မည်၏။
ဤသို့ မူလဋီကာ (၅၁) တနည်းလာသော အလိုအားဖြင့် နိရောဓ သဒ္ဒါသည်ပင် နိဗ္ဗာန်ကို မုချဟောနိုင်သည်ပင်ဖြစ်၍ ဖလူပစာရမဟုတ် မှတ်အပ်၏။
ယခင်နည်း၌ ကြောင်ပါးကြီး ဗိဠာရပေါ်လာတော့မည့်အဟန် ကြောင်ပါးသံ ကြားကာမျှဖြင့် မူသိကတို့ မလာဝံ့နိုင် ထွက်ပြေးနှင့် ပျောက်နှင့်ရသဖြင့် အသံပေးသော ဗိဠာရသည် မူသိကတွေ မပေါ်နိုင်လာကြောင်း ဖြစ်သည် ဆိုအပ်သကဲ့သို့ ဒါန သီလ ဘာဝနာ ဝိပဿနာဇော မဂ်ဖိုလ် ပရိနိဗ္ဗုတခန္ဓာ ဟူသော အတွင်းသမ္ဘာရတွေ စုံလာသဖြင့် နိဗ္ဗာန်ရတနာ ဟူသော အလွန်ငြိမ်းခြင်း ဧးမြခြင်း သီတသဘာဝ သန္တိလက္ခဏာရှိသော နိဗ္ဗာန်ဟူသော ပရမတ္တတရား ထင်ရှား ရောက်လာ တော့မည် ရှိသည့်အခါ ခန္ဓာငါးပါးအသစ် မဖြစ်လာနိုင် စင်းလုံးယိုင်၍ သွားနှင့်ရသောကြောင့် ယင်းနိဗ္ဗာန်ကို ခန္ဓာငါးဝတို့၏ ချုပ်ကြောင်း ကွယ်ပျောက်ခြင်း မပေါ်လာနိုင်ကြောင်း ဆိုရသည်မှတ်။
နိဗ္ဗာန်ပေါ်လာလိုသောကြောင့် ခန္ဓာငါးဝ အသစ်မလာ ကွယ်ရသည်။ ခန္ဓာကွယ်သောကြောင့် နိဗ္ဗာန်ပေါ်လာသည် ဟု “နာသာ ဘင်္ဂေါပမာ” ကဲ့သို့ လည်း မှတ်။
အနုပ္ပါဒေါဧဝ နိရောဓော အနုပ္ပါဒနိရောဓော၊ အာယတိံ ဘဝါဒီသု အပ္ပဝတ္တိ။ န ပန ဘင်္ဂေါ။
အနုပ္ပါဒေါဧ၀၊ အသစ်တဘန် မဖြစ်ခြင်းသည်ပင်လျှင်၊
နိရောဓော၊ ချုပ်ကွယ်သည် မည်၏။
ဣတိ၊ ထိုကြောင့်။
အနုပ္ပါဒနိရောဓော၊ မည်၏။
အာယတိံ ဘဝါဒီသု၊ နောင်ဘဝ စသည်တို့၌။
အပ္ပဝတ္တိ၊ အသစ်မဖြစ်ခြင်းကို ရ၏။
န ပန ဘင်္ဂေါ၊ ဘင်ကို မရ။
ဝါ၊ ဘင်ခဏကို ဤအရာ၌ နိရောဓ မဆို၊
ဤသို့ လာသော ယင်း မူလဋီကာ (၅၁) အတိုင်း ရုပ်နာမ်ခန္တာအသစ် မလာခြင်းကို နိရောဓ ဆိုသည်။ ဘင်ခဏကို ဤအရာ၌ နိရောဓဆိုသည် မဟုတ်။ “နိရောဓပစ္စယော နိရောဓောတိ ဝုတ္တော” ဟူသည်၌လည်း ဤအတိုင်းသာတည်း ဟု သိကြကုန်။
ဆက်ဦးအံ့၊ အောက်၌ ညွှန်းပြအပ်ခဲ့ပြီးသော ဒါန သီလ ဘာဝနာ ဝိပဿနာ မဂ် ဖိုလ် ပရိနိဗ္ဗန္တပုဂ္ဂိုလ် စုတိခန္ဓာ ဟူသော အကြောင်း သမ္ဘာရတွေ ပြည့်စုံမှ အသင်္ခတဓာတ် နိဗ္ဗာန်ရတနာမြတ် ပေါ်လာသည် ဟူရာဝယ် သာဓက အဘယ်ပါနည်း ဟူငြားအံ့။
ကာရဏေန ဝိနာ သယမေဝ န ဘူတန္တိ အဘူတံ။
ကာရဏေန၊ အကြောင်းနှင့်။
ဝိနာ၊ ကင်း၍။
သယမေဝ၊ ဘာသာပင်လျှင်။
နဘူတံ၊ ဖြစ်ပေါ်လာသည်မဟုတ်။
ဣတိ၊ ထိုသို့ အကြောင်းကင်း၍ လျောက်လျားဘာသာ မဖြစ်ပေါ်လာနိုင်သောကြောင့်။
ဝါ၊အကြောင်းများစွာ စုံမှသာ ဖြစ်ပေါ်လာနိုင်သောကြောင့်။
တံ၊ ထိုနိဗ္ဗာန်သည်။
အဘူတံ၊ အဘူတ မည်၏။
ဤသို့ အောက်၌ ညွှန်းပြအပ်ခဲ့ပြီးသော ဥဒါန်းအဋ္ဌကထာ (၃၂၇) သည်ပင် သာဓကတည်း။
တယောက်ချိုမျှ ဆွမ်း စသည်ကြောင့် နိဗ္ဗာန်ပေါ်လာပုံ
သီလာဒိဂုဏသံယုတ္တဿ ဟိ ကဋစ္ဆုဘိက္ခာမတ္တမ္ပိ ပဉ္စရတနမတ္တာယ ဘူမိယာ ပဏ္ဏသာလမ္ပိ ကတွာ အနေကာနိ ကပ္ပသဟဿာနိ ဒုဂ္ဂတိဝိနိပါတတော ရက္ခတိ၊ ပရိယောသာနေ အမတာယ ဓာတုယာ ပရိနိဗ္ဗာန ပစ္စယော ဟောတိ။
သီလာဒိဂုဏသံယုတ္တဿ၊ သီလ-အစရှိသော ဂုဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား။
ဒိန္နံ၊ ပေးလှူအပ်သော။
ကဋစ္ဆုဘိက္ခာမတ္တမ္ပိ၊ တယောက်ချိုမျှသော ဆွမ်းသည်၎င်း။
ပဉ္စရတနမတ္တာယ၊ ငါးတောင် အတိုင်းအရှည်ရှိသော။
ဘူမိယာ၊ မြေ၌။
ပဏ္ဏသာလံ၊ သစ်ရွက်မိုးသော ကျောင်းငယ်ကို။
ကတွာ၊ ဆောက်လုပ်၍။
ဒိန္နံ၊ လှူအပ်သော အလှူဒါနသည်၎င်း၊
အနေကာနိ၊ များစွာကုန်သော။
ကပ္ပသဟဿာနိ၊ အထောင်မကသော ကမ္ဘာတို့ပတ်လုံး၊
ဒုဂ္ဂတိဝိနိပါတတော၊ အပါယ်လေးဝ ဒုဂ္ဂတိဘဝသို့ မကျရအောင်။
ရက္ခတိ၊ စောင့်ရှောက်နိုင်၏။
ပရိယောသာနေ၊ အဆုံး၌ ။
အမတာယ ဓာတုယာ၊ အမတ နိဗ္ဗာနဓာတ်ဖြင့်။
ပရိနိဗ္ဗာနပစ္စယော၊ နိဗ္ဗာန်ရွှေနန်း စံမြန်းရခြင်း၏ အကြောင်းသည်။
ဟောတိ၊ ဖြစ်၏။
ဤသို့ မူလပဏ္ဏာသအဋ္ဌကထာ (၁၆၄) တွင် လာသည်ကို ထောက်သဖြင့်လည်း ဒါန- စသော အကြောင်းပါရမီ တို့ကြောင့်သာ နိဗ္ဗာန်ရတနာ ဖြစ်ပေါ် လာနိုင်သည် ဟူ၍ သိကြကုန်။
ဒါန- စသော ပါရမီတို့သည် နိဗ္ဗာန်သို့ ရောက်ကြောင်းသာ ဖြစ်သည်၊ နိဗ္ဗာန် ဖြစ်ကြောင်း မဟုတ်ဟု ဆိုခဲ့ငြားအံ့၊ ယင်းသို့ ပရိနိဗ္ဗုတပုဂ္ဂိုလ် မပေါ်လာမီ ထိုပုဂ္ဂိုလ်ရောက်စရာ ဘာသာ အလျောက် အမြဲဖြစ်နေနှင့်သော နိဗ္ဗာန်ဟူသည် ရှိတော့သည် မဟုဘ် ဟု နောက်က အတန်တန် ပြခဲ့ပြီးသော သာဓကပါဌ်တို့ အတိုင်း စိတ် စေတသိက် ရုပ် နိဗ္ဗာန် ဟူသော ပရမတ္ထတရား လေးပါးလုံးသည် အကြောင်းရှိမှ ထိုအကြောင်းကိုပြုသူ ပုဂ္ဂိုလ် သန္တာန်ဝယ် အကယ်စင်စစ် ဖြစ်ပေါ် လာရသည်ချည်း အတူတူသာ မှတ်ကြကုန်။
ယင်းသို့ ပေါ်လာသော်လည်း မန်ကျည်းပင်၌ မန်ကျည်းပွေးသည် ထို မန်ကျည်းပင် အကြောင်းရင်း ခံသဖြင့် ထိုမန်ကျည်းပင်နှင့် စပ်၍ဖြစ်ပေါ်လာ သော်လည်း ထိုမန်ကျည်းပင် အတွင်းသားနှင့် မစပ်၊ အပေါ်ရံ၌သာ ကပ်လျက် တည်သောကြောင့် ထို မန်ကျည်းပွေးသည် ထိုမန်ကျည်းပင် ပြင်ပ၌ တည်သည် ဆိုအပ်သကဲ့သို့ နိဗ္ဗာန် ဟူသည်လည်း ထိုပရိနိဗ္ဗာန်စံမည့် ရဟန္တာပုဂ္ဂိုလ် စုတိကျသည့်အခါ ထိုရဟန္တာ စုတိခန္ဓာနှင့် စပ်သဖြင့် ပေါ်လာသော်လည်း ထို ရဟန္တာ၏ ကိုယ်နှင့်မုချမစပ်၊ ထိုခန္ဓာကိုယ်၏အစား ရူပါဒိသင်္ခါဝိမုတ္တအဖြစ်သို့ ရောက်သည့်အခါမှ ထိုနိဗ္ဗာန် ရတနာ ဖြစ်လာသောကြောင့် ထိုနိဗ္ဗာန်သည် ထိုသူ၏အတွင်း၌ တည်သည် မဆိုထိုက်သဖြင့် ထို ခန္ဓာပြင်ဘက်၌ တည်သည် ဟူ၍ ဆိုအပ်သတည်း။
ဤသို့သော အနက်သဘောကို ရည်တော်မူ၍ ယင်းနိဗ္ဗာန်ကို “ဗဟိဒ္ဓါ ဓမ္မာ” ဟူသော မာတိကာပုဒ်၌ အရကောက်သင့်သည်ကို အဋ္ဌကထာတို့၌ ဆိုအပ်သည်မှတ်။
နိဗ္ဗာန်ကို မဂ်ဖိုလ်တို့ မြော်တမ်း အာရုံပြုနိုင်ပုံ
ယင်းသို့ဖြစ်လျှင် မဂ်ဖြစ်သည့်အခါ ယင်းနိဗ္ဗာန် မပေါ် လာသေးရကား ယင်းသို့သော မဂ်သည် နိဗ္ဗာန်ကိုအာရုံပြု၍ ဖြစ်သည် ဟူရာ၌ အဘယ်သို့ အာရုံ ပြုပါသနည်း ဟူငြားအံ့၊ မဂ်လေးပါးကို ရသော ပုဂ္ဂိုလ်တို့ ရဟန္တာဖြစ်ပြီးသည့်နောက် စုကိကျရောက်သည့်အခါ ယင်းငြိမ်းဧးခြင်း ကိရိယာ-ဟူသော သန္တိသဘာဝ အသင်္ခတနိဗ္ဗာန်ရတနာ ပေါ်လာလတ္တံ့သည်ကို တွေဝေခြင်းမရှိ၊ ထိုးထွင်း၍ သိနှင့်သည်၏ အစွမ်းအားဖြင့် ထိုနိဗ္ဗာန်ကို ထိုမဂ်တို့ အာရုံပြုသည်။ မျက်မှောက်ရှေးရှု ပြုသည် ဟု ဆိုအပ်သတည်း။
ထိုကြောင့် မဇ္ဈိမပဏ္ဏာသဋီကာ (၆၉) ၌ -
ဝိပဿနာ ဧတံ သန္တံ ဧတံ ပဏီတန္တိ အသင်္ခတာယ ဓာတုယာ စိတ္တံ ဥပသံဟရတိ။ မဂ္ဂေါ ပရိနိဗ္ဗာန သန္တိကိရိယာဘိသမယဝသေန အဘိ သမေန္တော တတ္ထ လဗ္ဘမာနေ သဗ္ဗေ ဝိသေသေ အသမ္မောဟတော ပဋိဝိဇာနန္တော တတ္ထ စိတ္တံ ဥပသံဟရတိ။
ဟူ၍ မိန့်အပ်သတည်း။
ဝိပဿနာ၊ ဝိပဿနာရှုသော ပညာသည်။
ဧတံ၊ ဤငါရလတ္တံ့ နိဗ္ဗာန်သည်။
သန္တံ၊ ငြိမ်သက်လှ၏။
ဧတံ၊ ဤငါရလတ္တံ့ နိဗ္ဗာန်သည်။
ပဏီတံ၊ မြတ်လှပေ၏။
ဣတိ၊ ဤသို့သော အခြင်းအရာအားဖြင့်။
စိတ္တံ၊ မိမိသမ္ပယုတ်စိတ်ကို။
အသင်္ခတာယ ဓာတုယာ၊ အသင်္ခတဓာတ်၌။
ဥပသံဟရတိ၊ အာရုံပြုနိုင်အောင် ရှေးရှုဆောင်၏။
မဂ္ဂေါ၊ အရိယာမဂ္ဂင်ရှစ်ပါးသည်။
ဝါ၊ မဂ်လေးပါးသည်။
ပရိနိဗ္ဗာနသန္တိကိရိယာဘိသမယဝသေန၊ ရဟန္တာဖြစ်ပြီးသည့်နောက် စုတိ ရောက်သည့်အခါ ဖြစ်လာသော ပရိနိဗ္ဗာန် ဟု ဆိုအပ်သော ငြိမ်းဧးခြင်း ကိရိယာကို ထိုးထွင်း၍ သိသည်၏ အစွမ်းအားဖြင့်။
အဘိသမေန္တော၊ ထိုးထွင်း၍ သိသည်ဖြစ်၍။
တတ္ထ၊ ထိုပရိနိဗ္ဗာန် ဟု ဆိုအပ်သော သန္တိကိရိယာ သဘာဝ ဟူသော အသင်္ခတဓာတ်နိဗ္ဗာန်၌။
လဗ္ဘမာနေ၊ ရသင့်ရထိုက်ကုန်သော။
သဗ္ဗေ၊ အလုံးစုံကုန်သော။
ဝိသေသေ၊ နိဗ္ဗာန်၏ဂုဏ်အထူးတို့ကို။
အသမ္မောဟတော၊ မတွေဝေသောအားဖြင့်။
ပဋိဝိဇာနန္တော၊ တဘန်ထိုးထွင်း၍ သိသည်ဖြစ်၍။
တတ္ထ၊ ထိုနိဗ္ဗာန်၌။
စိတ္တံ၊ မိမိသမ္ပယုတ်စိတ်ကို၊
ဥပသံဟရတိ၊ အာရုံပြုနိုင် မှန်းတမ်းနိုင်အောင် ရှေးရှုဆောင်၏။
ဤကား ၎င်းဋီကာပါဌ်၏အနက်။
ဤကို ထောက်သဖြင့်လည်း မဂ်သည် နိဗ္ဗာန်ကို အာရုံပြုသည် ဟူရာ၌ သူတပါးတို့ ပရိနိဗ္ဗာန် ဟူသော နိဗ္ဗာန်ကို အာရုံပြုသည် မဟုတ်။ မိမိမှီရာ ပုဂ္ဂိုလ်၌ ရောက်လတ္တံ့သော ပရိနိဗ္ဗာန်ကိုသာ အာရုံပြုသည် ဟု နှလုံးမိမိ များများကြီးသတိ ရှိကြစေကုန်သတည်း။
၎င်းဋီကာ၌ အတ္တပရိနိဗ္ဗာန် ပရပရိနိဗ္ဗာန် ဟု တိုက်ရိုက်မလာသော်လည်း …
သမာဓတ္တာယာတိ အတ္တနော သမာဓိအတ္တာယ အတ္တပရိနိဗ္ဗာနတ္ထာယ ပရပရိနိဗ္ဗာနတ္ထာယ …
စသည်ဖြင့် အောက်၌ ညွှန်းပြအပ်ခဲ့ပြီးသော မဟာနိဒ္ဒေသ အဋ္ဌကထာအတိုင်း အတ္တပရိနိဗ္ဗာန်ကိုသာ ဤ၌ လိုအပ်၏ ဟူ၍မှတ်။
ဤဋီကာ၌ “ပရိနိဗ္ဗာနသန္တိကိရိယာဘိသမယဝသေန” ကို လှလှကြီး ထောက်ဆမိကြလျှင် ငြိမ်းဧးခြင်း သန္တိကိရိယာ ဖြစ်ပေါ် လာသည်ကိုပင် နိဗ္ဗာန်သို့ရောက်သည် ဟု ဆိုရသောအဖြစ် မဂ်ဖိုလ်တို့ နိဗ္ဗာန်ကို အာရုံပြုသည် ဟူရာ၌လည်း ယင်းရဟန္တာပုဂ္ဂိုလ် စုတိနောက် ပေါ်ရောက်လာ လတ္တံ့သော နိဗ္ဗာန် ဟု ဆိုအပ်သော ပရိနိဗ္ဗာနသန္တိကိရိယာကို ယင်းမဂ်ဖိုလ်တို့ မြှော်တမ်း၍ အာရုံပြုနိုင်သည်ကိုပင် ဆိုသတည်း ဟု အသည်းစွဲမိကြလတ္တံ့။
သာသနူပမာ လောကူပမာ
ဤအရာဝယ် ပရိယာယ် ဥပမာသော်ကား သတ္တဝါတို့ သေခါနီးအခါ မနောဒွါရာဝဇ္ဇန်း မရဏာသန္နဇောတို့သည် နောင်ဘဝ ခံစားရလတ္တံ့သော နတ်ဘဝ နတ်ဥယျာဉ် နတ်ရေကန် နတ်ဗိမာန် ဟူသော ဂတိနိမိတ်ကို အာရုံပြုနှင့် သကဲ့သို့ မှတ်။ ဤကား သာသနူပမာတည်း။
ယခု စားရခါနီး သုဓာဘုတ် ထမင်းပွဲကြီး ရောက်လာပြီ ဟု နား၌ ဆတ်ဆတ် ကြားရသည့်အခါ မျက်စိဖြင့်ပင် ထိုထမင်းပွဲကြီးကို မကြည့်မမြင်ရသေးသော်လည်း မြင်ရဘိသကဲ့သို့ ထိုသုဓာဘုတ် ထမင်းပွဲကြီး၌ စိတ်အပြီးစိုက်နိုင် အာရုံ ပြုနိုင် သကဲ့သို့လည်း မှတ်။ ဤကား လောကူပမာတည်း။
ဤသို့ ပြဆိုအပ်ခဲ့ပြီးသော မဇ္ဈိမပဏ္ဏာသ ဋီကာစကားသည်လည်း “နိဗ္ဗာနေ အနာဂတေပိ- စသော ယခင်ညွှန်းပြအပ်ခဲ့ပြီးသော အဘိဓမ္မာဝတာရ သံဝဏ္ဏနာ ဋီကာစကားနှင့် အဓိပ္ပါယ်သွား တသားတည်းပင် ဟု သိကြကုန်။ ထိုကာ နှစ်စောင်ကို တိုက်၍ကြံကြကုန်။ ထိုဋီကာတို့သည်လည်း “ဣဓေဝ ဘိက္ခဝေ သဗ္ဗ ဝေဒယိတာနိ” စသော အထက်၌ ညွှန်းပြလတ္တံ့သော ဣတိဝုတ်ပါဠိတော်၌ ရဟန္တာပုဂ္ဂိုလ် ခန္ဓာကွယ်ချုပ်ပြီးသည့်အခါ ဖြစ်ရောက် လာလတ္တံ့သော ဧးမြခြင်း၊ သီတိဘာဝ သဘောသည် အနုပါဒိသေသ နိဗ္ဗာန်မည်သည် ဟု လာသောစကားတော် “သမ္ပရာယိကာတိ သမ္ပရာယေ ခန္ဓဘေဒတော ပရဘာဂေ ဘဝါ” ဟူသော ၎င်းအဋ္ဌကထာတို့နှင့်လည်း သံသန္ဒန ဖြစ်လှပေစွ။
“၎င်းဋီကာနှစ်စောင်တို့နှင့်တကွ ၎င်းဣတိဝုတ် ပါဠိတော် အဋ္ဌကထာများကို အခါခါ အထပ်ထပ် ကြည့်ရှုမိ ကြံစည်မိကြလျှင် ဤယခုဆိုအပ်ခဲ့ပြီးသော ဂမ္ဘီရကထာ စကားရပ်ကို ကျမ်းတတ်ကဝိတို့ ကြပ်ကြပ်ကြီး ဧကန်ယုံကြည် ကြကုန် လတ္တံ့။
နိဗ္ဗာန်ရတနာသည် အရပ်ဆယ်မျက်နှာ၌ တည်ရှိနိုင်ပုံ
ကတမေ ဓမ္မာ အနိဒဿနအပ္ပဋိဃာ။ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓော ယဉ္စ ရူပံ အနိဒဿနအပ္ပဋိဃံ ဓမ္မာယတနပရိယာပန္နံ အသင်္ခတာ စဓာတု။ ဣမေ ဓမ္မာ အနိဒဿနအပ္ပဋိဃာ။
ဓမ္မသင်္ဂဏီပါဠိတော်(၂၁၄) ၁င်္၁း၊ စဲ။
ဤဓမ္မသင်္ဂဏီပါဠိတော်အရ အသင်္ခတဓာတ်နိဗ္ဗာန်၏ မြင်လည်း မမြင်ကောင်း ထိခိုက်ကောင်းသော တရားလည်း မဟုတ်သည်ဖြစ်၍ “အနိဒသာနအပ္ပဋိဃာ ဓမ္မာ” ဟူသော မာတိကာပုဒ်၌ သွင်းအပ် ကြောင်းကို ဘုရားသျှင် ဟောတော်မူသည်ကို ထောက်သဖြင့် ယင်းနိဗ္ဗာန်ဟူသည် မမြင်ကောင်း မထိခိုက်ကြောင်းသော တရားဖြစ်၍သာ မမြင်ရ မတွေ့မထိခိုက်ရသည် တမည်မျှသာ။ စင်စစ်မူကား ယင်းနိဗ္ဗာန်၏ ထိုထိုပရိနိဗ္ဗာန်ပြုကြသူတို့၏ ပရိနိဗ္ဗာန်စံယူကြရာ နေရာအရပ် ဆယ်မျက်နှာ၌ပင် ထိုထို ပရိနိဗ္ဗုတပုဂ္ဂလ၏ တည်ရာဖြစ်၍ ထင်ရှားတည်ရှိသည် ဟု မူလပဏ္ဏာသအဋ္ဌကထာ ဝိသုဒ္ဓိမဂ်ဋီကာ စသောသာဓကတို့ဖြင့် အောက်၌ပြဆို အပ်ပြီးသည့်အတို့င်း ယုံကြည်သင့်လှတော့၏။
ယထာ ဣန္ဒြိယဗဒ္ဓရူပံ ပရပုဂ္ဂလသန္တာနေ ဗဟိဒ္ဓါတိ ဝုစ္စမာနမ္ပိ တဿ အတ္တနော သန္တာနပရိယာပန္နတ္တာ နိယကဇ္ဈတ္တမ္ပိ ဟောတိ၊ ဧဝံ န ယေနကေနစိ ပရိယာယေန နိဗ္ဗာနံ အဇ္ဈတ္တံ ဟောတိ။
- ဣန္ဒြိယဗဒ္ဓရူပံ၊ ဣန္ဒြိယဗဒ္ဓ္ဓရုပ်သည်။
ဝါ၊ အသက်ရှိသော သတ္တဝါတို့၏ ရုပ်သည်။ - ပရပုဂ္ဂလသန္တာနေ၊ တပါးသော ပုဂ္ဂိုလ်၏သန္တာန်၌။
- ဗဟိဒ္ဓါတိ၊ ဗဟိဒ္ဒါ ဟူ၍။
- ဝုစ္စမာနမ္ပိ၊ ဆိုအပ်သော်လည်း။
- တဿ၊ ထိုရုပ်၏။
- အတ္တနော သန္တာနပရိယာပန္နတ္တာ၊ မိမိသန္တာန်၌ အကျုံးဝင်သည်၏ အဖြစ်ကြောင့်။
- နိယကဇ္ဈတ္တမ္ပိ၊ နိယကဇ္ဈတ္တသည်လည်း။
- ဟောတိ ယထာ၊ ဖြစ်သေးသကဲ့သို့။
- ဧဝံ၊ ဤအတူ။
- နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။
- ယေနကေနစိ ပရိယာယေန၊ တစုံတခုသော ပရိယာယ်ဖြင့်။
- အဇ္ဈတ္တံ၊ အတွင်းသန္တာန်သည်။
- န ဟောတိ၊ မဖြစ်နိုင်။
ဤသို့လာသော အဋ္ဌသာလိနီအဋ္ဌကထာ(၄၄၇) နှင့်အညီ နိဗ္ဗာန်ဟူက တစုံတခုသော အခြင်းအရာ ပရိယာယအားဖြင့် အဇ္ဈတ္တမည်သည် မဖြစ်နိုင်၊ ဗဟိဒ္ဓတရား စင်စစ်ဖြစ်သော်လည်း ပရိနိဗ္ဗုတ ပုဂ္ဂလကို လွှတ်၍ အလွတ်သက်သက် အပသန္တာန် မှာ ဘာသာအလျောက် ဖြစ်နေသော မည်သည် မရှိ။ ပရိနိဗ္ဗုတပုဂ္ဂလ၏တည်ရာ ဝိသယဖြစ်၍ ထိုထို ပရိနိဗ္ဗာန်ပြုကြသော ရဟန္တာအသျှင်တို့၏ စုတိကျရောက်ရာ နိဗ္ဗာန်စံရာ အရပ်၌ပင် ထင်ရှားရှိသည် ဧကန် မှတ်အပ်၏။
ဤအနက်သဘောကို ရည်တော်မူ၍ “အညံ ရူပံ၊ အညံ နိဗ္ဗာနံ၊ အညော ပုဂ္ဂလောတိ န ဟေဝံ ဝတ္တဗ္ဗေ။
ကထာဝတ္ထုပါဠိတော်(၅၃) ကို ဟောတော်မူသတည်း။
- ရူပံ၊ ပရိနိဗ္ဗာန်ပြုသော ပုဂ္ဂိုလ်၏ရုပ်ဟူသည်။
- အညံ၊ တပါးလော။
- နိဗ္ဗာနံ၊ ထိုပုဂ္ဂိုလ်၏စံရာ နိဗ္ဗာန်ဟူသည်။
- အညံ၊ တခြားလော။
- ပုဂ္ဂလော၊ ပရိနိဗ္ဗာန်ပြုသော ပုဂ္ဂိုလ်ဟူသည်။
- အညာ၊ တပါးတခြားလော။
- ဣတိ၊ ဤသို့ ပုစ္ဆာထုတ်အပ်သည်ရှိသော်။
- ဧဝံ၊ ဤသို့။
- န ဝတ္တဗ္ဗေ၊ မဆိုသင့် မဆိုထိုက်။
- ဣတိ၊ ဤသို့။
- ဝိဿဇ္ဇနာ၊ ပြုအပ်၏။
ဤကား ၎င်းအနက်။
တော တောင် သစ်ပင် စသော ဗဟိဒ္ဓတရားတို့သည် ပုဂ္ဂိုလ်သန္တာန်ကိုလွှတ်၍ အလွတ်သက်သက်၌ ဗဟိဒ္ဓဖြစ်နေ တည်နေသကဲ့သို့ နိဗ္ဗာန်ဟူသော ဗဟိဒ္ဓတရားမှာ ပရိနိဗ္ဗုတပုဂ္ဂိုလ်ကိုလွှတ်၍ အလွတ် သက်သက် ဗဟိဒ္ဓ၌ တည်သည် မဟုတ် ဟူလိုသတတ်၊ (ဗျင်္ဂျတ္ထ။)
အဘိဓမ္မာဝါရဝဏ္ဏနာဋီကာ
နိဗ္ဗာနေ အနာဂတေပိ အတ္ထပဋိသမ္ဘိဒါ သိယာ၊ န ဝတ္တဗ္ဗာ အတီတာရမ္မဏာတိပိ အနာဂတာရမ္မဏာတိပိ ပစ္စုပ္ပန္နာရမ္မဏာတိပီတိ အတ္ထပဋိသမ္ဘိဒါယ နိဗ္ဗာနာရမ္မဏတာ ဝုတ္တာ။ ဧတ္ထ စ အတ္ထောတိ သင်္ခေပတော ဟေတုဖလဿေတံ အဓိဝစနံ။ ဟေတုဖလံ ဟိ ယသ္မာ ဟေတုံ အနုသာရေန အရီယတိ အဓိဂမီယတိ သမ္မာပုဏီယတိ၊ တသ္မာ အတ္ထောတိ ဝုစ္စတိ။ ဓမ္မောတိ သင်္ခေပတော ပစ္စယဿေတံ အဓိဝစနံ။ သော ဟိ ယသ္မာ တံ တံ အတ္ထံ ဓရတိ ပ၀တ္တေတိ သမ္မာပုဏိတုံ ဝါ ဓာရေတိ၊ တသ္မာ ဓမ္မောတိ ဝုစ္စတိ။
- အနာဂတေပိ၊ အနာဂတ်လည်းဖြစ်သော။
- နိဗ္ဗာနေ၊ နိဗ္ဗာန်၌။
- အတ္ထပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါဉာဏ်သည်။
- သိယာ-ဟောတိ၊ ဖြစ်၏။
- အတီတာရမ္မဏာတိပိ၊ အတိတ်နိဗ္ဗာန်ကို အာရုံပြုသည် ဟူ၍၎င်း။
- အနာဂတာရမ္မဏာတိပိ၊ အနာဂတ်နိဗ္ဗာန်ကို အာရုံပြုသည် ဟူ၍၎င်း။
- ပစ္စုပ္ပန္နာရမ္မာတိပိ၊ ပစ္စုပ္ပန်နိဗ္ဗာန်ကို အာရုံပြုသည် ဟူ၍၎င်း။
- န ဝတ္တဗ္ဗာ၊ မဆိုသင့်။
- ဣတိ၊ ဤသို့။
- အတ္ထပဋိသမ္ဘိဒါယ၊ အတ္ထပဋိသမ္ဘိဒါဉာဏ်၏။
- နိဗ္ဗာနာရမ္မဏတာ၊ နိဗ္ဗာန်လျှင် အာရုံရှိသည်၏အဖြစ်ကို။
- ဝုတ္တာ၊ မိန့်အပ်ပြီ။
- ဧတ္ထ စ၊ ဤနိဗ္ဗာန်ဟူသောအရာဝယ် လာသော အတ္ထ ဓမ္မ အရာ၌လည်း။
- အတ္ထောတိ ဧတံနာမံ၊ အတ္ထော-ဟူသော ဤအမည်သည်ကား။
- သင်္ခေပတော၊ အကျဉ်းအားဖြင့်။
- ဟေတုဖလဿ၊ အကြောင်း၏ အကျိုး၏။
- အဓိဝစနံ နာမံ၊ အမည်တည်း။
- ဟိ၊ မှန်၏။
- ဟေတုဖလံ၊ အကြောင်း၏အကျိုးကို။
(ဝုစ္စတိ၌ စပ်။) - ယသ္မာ၊ အကြင့်ကြောင့်။
- ဟေတုံ၊ အကြောင်းကို။
- အနုသာရေန၊ အစဉ်လျှောက်သဖြင့်။
- အရီယတိ အဓိဂမီယတိ သမ္မာပုဏီယတိ၊ ရောက်အပ်၏။
- တသ္မာ၊ ထိုကြောင့်။
- အတ္ထောတိ၊ အတ္ထ-ဟူ၍။
- ဝုစ္စတိ၊ ဆိုအပ်၏။
- ဓမ္မောတိ ဧတံ၊ ဓမ္မ-ဟူသော ဤအမည်သည်။
- သင်္ခေပတော၊ အကျဉ်းအားဖြင့်။
- ပစ္စယဿ၊ အကြောင်း၏။
- အဓိဝစနံ၊ အမည်တည်း။
- ဟိ၊ မှန်၏။
- သော၊ ထိုအကြောင်းကို။
(ဝုစ္စတိ-၌စပ်။) - ယသ္မာ၊ အကြင့်ကြောင့်။
- တံ တံ အတ္ထံ၊ ထိုထိုသို့သော အကျိုးကို။
- ဓရတိ ပ၀တ္တေတိ၊ ဖြစ်စေတတ်၏။
ဝါ၊ တနည်းကား။ - တံ တံ အတ္ထံ၊ ထိုထို သို့သောအကျိုးသို့။
- သမ္မာပုဏိတုံ၊ ရောက်ခြင်းငှါ။
- ဓာရေတိ၊ ဆောင်တတ်၏။
- တသ္မာ၊ ထိုကြောင့်။
- ဓမ္မောတိ၊ ဓမ္မ-ဟူ၍။
- ဝုစ္စတိ၊ ဆိုအပ်၏။
ဤသို့ င်္၉း၊ ထော-အင်္ဂါတွင်လာသော အဘိဓမ္မာဝတာရ သံဝဏ္ဏနာ ဋီကာကြီးတို့ စကား သည်လည်း ယခင်အောက်က ပြအပ်ခဲ့ပြီးသော မဏိဒီပမူလဋီကာတို့ အတိုင်း နိဗ္ဗာန်ဟူက အကြောင်းတို့သည် ဖြစ်စေအပ်သော အကျိုးတည်းဟူသော အနက်ကို ပြနိုင်သော စကားပင်တည်း ဟု သိ။
ထိုကြောင့် ဒါန သီလ ဘာဝနာ မဂ်ဖိုလ်တရားတို့သည် နိဗ္ဗာန်ကို ဖြစ်စေတတ်သော အကြောင်း၊ နိဗ္ဗာန်သည်ကား ထိုအကြောင်းတို့သည် ဖြစ်စေအပ်သော အကျိုးပင် ဆိုသင့်၏ ဟု ပါဠိအဋ္ဌကထာ သာကနှင့်တကွ ၎င်းပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ မဏိဒီပဋီကာ မူလဋီကာ အဘိဓမ္မာဝတရသံဝဏ္ဏနာ ဋီကာ - ဆရာတော်မြတ်တို့ မိန့်အပ်သော စကားကျ အဓိပ္ပါယ်အတိုင်း ယုံကြည်အပ်သည်သာ မှတ်အပ်၏။ ၎င်းအဋ္ဌကထာ ဋီကာတို့ စကားသည်လည်း “ ကာရဏေန ဝိနာ သယမေဝနဘူတန္တိ အဘူတံ “ ဟူသော ဥဒါန်းအဋ္ဌကထာနှင့်လည်း သံသန္ဒန ဖြစ်လှပေသလျှင်ကတည်း။
၎င်း ဥဒါန်းအဋ္ဌကထာစကားသည်လည်း ...
“ဣမေ ခေါ ပန သတ္တဗောဇ္ဈင်္ဂါ ။ပ။ ဘာဝိတာ ဗဟုလီကာ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တန္တိ “
ဟူ၍လာသော သတ္တင်္ဂုတ္တရပါဠိကေ၌ ဗောဇ္ဈင်ခုနှစ်ပါးတို့၏ နိဗ္ဗာန် အလို့ငှာ ဖြစ်၏ ဟု မိန့်တော်မူအပ်သော အာဟစ္စဘာသိတ ဘုရားစကားတော်နှင့်လည်း ညီလျော်လှပေစွ။
အပ္ပစ္စယ အသင်္ခတနှင့် နိဗ္ဗာန်အပြား
ထိုကြောင့် ထိုနိဗ္ဗာန်ကို အပ္ပစ္စယ အသင်္ခတ ဆိုရာ ဟူသမျှတို့၌ လုံးလုံး အကြောင်းကင်းသောကြောင့် အပ္ပစ္စယ အသင်္ခတ မည်သည်ဟု မမှတ်ကြကုန်မူ၍ နိဗ္ဗာန်တရားဟူက အလွန်သိမ်မွေ့သော သဏှသုခုမတရ ဖြစ်သဖြင့် အလွန် ရုန့်ရင်းသော တပါးသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် ဟူသော သင်္ခတ တရားတို့ကဲ့သို့ ဟေတု သဟဇာတ-စသော ပစ္စည်းပစ္စယုပ္ပန် မဆိုထိုက်သည်ကိုသာ ရည်၍ အပ္ပစ္စယ အသင်္ခတ ဆိုရသည်ဟု အောက်ကဆိုပြီးခဲ့သော အတိုင်း ဧကန္တ ယုံကြည်ကြကုန်။
ယင်းသို့ ယုံကြည်ကြသဖြင့်လည်း အသီးသီး ကိုယ်စီကိုယ်င အားထုတ်ကြသော မိမိတို့၏ ဒါန သီလဘာဝနာ-စသော အကြောင်းတို့ကြောင့် ဖြစ်ပေါ်လာသော နိဗ္ဗာန်ရတနာမြတ်၏ ထိုထိုသူတို့ အသီးသီး ရအပ်သော နိဗ္ဗာန်အားလျော်စွာ သူ၏နိဗ္ဗာန် ငါ၏နိဗ္ဗာန် ဆိုသင့်တော့သည်သာဟု သာဓကပါဌ် တို့နှင့်တကွ စကားစပ်ရာ စပ်ရာတို့့၌ ပြအပ်ပြီး ပြအပ်လတ္တံ့ သည်များကိုလည်း အထူး ယုံကြည်ကြစေကုန်သတည်း။
ယင်းသို့ဖြစ်သော် သူ၏နိဗ္ဗာန် ငါ၏နိဗ္ဗာန်ဆိုသင့်သော ယင်းနိဗ္ဗာန်ဟူသည် တပါးတည်းသာလော အများရှိသေးသလော ဟူငြားအံ့၊ မုချဖြင့်မူကား အသင်္ခတဓာတ် နိဗ္ဗာန်အားဖြင့် တပါးတည်းသာ၊ ငြိမ်းခြင်း သာမညလက္ခဏာ တူသည်ကို စွဲ၍ဆိုသော်ကား ဝဇိရဗုဒ္ဓိကျမ်းလာ အာရမ္မဏနိဗ္ဗာန် အာရမ္မဏိကနိဗ္ဗာန် အားဖြင့်၊ ကျမ်းတပါးလာ ကိလေသာမီးတို့မှ ငြိမ်းခြင်းနိဗ္ဗာန်၊ အလုံးစုံသော ခန္ဓာဒုက္ခမီးတို့မှ ငြိမ်းခြင်းနိဗ္ဗာန်၊ ဤဘဝ၌ဖြစ်လာသောနိဗ္ဗာန်၊ နောင် တမလွန်၌ ဖြစ်လာသည့် နိဗ္ဗာန် သဥပါဒိသေသနိဗ္ဗာန် အနုပါဒိသေသနိဗ္ဗာန် စသည် အပြား ရှိ၏၊ ဤသို့သော အကြောင်းအရာ များသည် ဤဆိုလတ္တံ့သော ဣတိဝုတ်ပါဠိတော် အဋ္ဌကထာ - စသည်တို့ဖြင့် ထင်ရှားလတ္တံ့။
ဣတိဝုတ် ပါဠိတော်
(က) ဒွေမာ ဘိက္ခဝေ နိဗ္ဗာနဓာတုယော။ ကတမာ ဒွေ။ သဥပါဒိသေသာ စ နိဗ္ဗာနဓာတု အနုပါဒိသေသာ စ နိဗ္ဗာနဓာတု။ ကတမာ စ ဘိက္ခဝေ သဥပါဒိသေသာ နိဗ္ဗာနဓာတု။ ဣဓ ဘိက္ခဝေ ဘိက္ခု အရဟံ ဟောတိ ခီဏာသဝေါ ဝုသိတဝါ ကတကရဏီယော ဩဟိတဘာရော အနုပ္ပတ္တပဒတ္ထော ပရိက္ခီဏဘဝသံယောဇနော သမ္မဒညာဝိမုတ္တော။ တဿ တိဋ္ဌန္တေ၀ ပဉ္စိန္ဒြိယာနိ။ ယေသံ ဘာဝိတတ္တာ မနာပါမနာပံ ပစ္စနုဘောတိ။ သုခဒုက္ခံ ပဋိသံဝေဒိယတိ။ တဿ ယော ရာဂက္ခယော ဒေါသက္ခယော မောဟက္ခယော။ အယံ ဝုစ္စတိ ဘိက္ခဝေ သဥပါဒိသေသာ နိဗ္ဗာနဓာတု။ ကတမာ စ ဘိက္ခဝေ အနုပါဒိသေသာ နိဗ္ဗာနဓာတု။ ဣဓ ဘိက္ခဝေ ဘိက္ခု အရဟံ ဟောတိ ခိဏာသဝေါ ဝုသိတဝါ ကတကရဏီယော ဩဟိတဘာရော အနုပ္ပတ္တပဒတ္တော ပရိက္ခိဏဘဝသံယောဇနော သမ္မဒညာ ဝိမုတ္တော။ တဿ ဣဓေဝ ဘိက္ခဝေ သဗ္ဗဝေဒယိတာနိ အနဘိနန္ဒိတာနိ သီတီ ဘဝိဿန္တိ။ အယံ ဝုစ္စတိ ဘိက္ခဝေ အနုပါဒိသေသာ နိဗ္ဗာနဓာတု။ ဣမာ ခေါ ဘိက္ခဝေ ဒွေ နိဗ္ဗာနဓာတုယောတိ ဧတမတ္ထံ ဘဂဝါ အဝေါစာတိ ဣဒံ ဝုစ္စတိ။
(ခ) ဒွေ ဣမာ စက္ခုမတာ ပကာသိတာ၊
နိဗ္ဗာနဓာတု အနိဿိတေန တာဒိနာ။
ဧကော ဟိ ဓာတု ဣဓ ဒိဋ္ဌဓမ္မိကာ၊
သဥပါဒိသေသာ ဘဝနေတ္တိသင်္ခယာ။
အနုပါဒိသေသာ သမ္ပရာယိကာ၊
ယမှီ နိရုဇ္ဈန္တိ ဘဝါနိ သဗ္ဗသော။
ယေ ဧတဒညာယ ပဒံ အသင်္ခတံ၊
ဝိမုတ္တစိတ္တာ ဘဝနေတ္တိသင်္ခယာ။
တေ ဓမ္မသာရာဓိဂမ္မ ခယေ ရတာ၊
ပဟံသု တေ သဗ္ဗဘဝါနိ တာနောတိ။
အယံပိ အတ္ထော ဝုတ္တော ဘဂဝတာ ဣတိ မေ သုတန္တိ။
ဝုတ္တံ ဟေတံ ဘဂဝတာ ဝုတ္တမရဟတာတိ မေ သုတံ။
ဣတိဝုတ်ပါဠိ(၂၂၁)
ဣတိဝုတ် အဋ္ဌကထာပါဌ်
(က) တဿ တိဋ္ဌန္တေဝပဉ္စိန္ဒြိယာနီတိ တဿ အရဟတော စရိမဘ၀ဟေတုဘူတံ ကမ္မံ ယာဝ နခီယတိ တာဝ တိဋ္ဌန္တိယေဝ။ စက္ခာဒီနိ ပဉ္စိန္ဒြိယာနိ အဓိဂတာနီတိ အနုပ္ပါဒနိရောဓဝသေန အနိရုဒ္ဓတ္တာ။ မနာပါမနာ ဣဋ္ဌာနိဋ္ဌံ ရူပါဒိဂေါစရံ။ ပစ္စနုဘောတီတိ ဝိန္ဒတိ ပဋိလဘတိ။ သုခ ဒုကံ္ခ ပဋိသံဝေဒေတီတိ ဝိပါကဘူတံ သုခဒုက္ခဉ္စ ပဋိသံဝေဒေတိ တေဟိ ဒွါရေဟိ ပဋိလဘတိ။
ဧတ္တာဝတာ ဥပါဒိသေသံ ဒဿေတွာ ဣဒါနိ သဥပါဒိသေသနိဗ္ဗာနဓာတုံ ဒဿေတုံ တဿ ယောတိအာဒိ ဝုတ္တံ။ တတ္ထ တဿာတိ တဿ ဥပါဒိသေသဿ သတော အရဟတော။ ယာ ရာဂက္ခယောတိ ရာဂဿ ခယော ခီဏာကာရော အဘာဝေါ အစ္စန္တမနုပ္ပါဒေါ။ ဧသ နယော သေသေသုပိ။
ဧတ္တာဝတာ ရာဂါဒိခယော သဥပါဒိသေသာ နိဗ္ဗာနဓာတူတိ ဒဿိတံ ဟောတိ။
ဣဓေဝေါတိ ဣမသ္မိံ ယေဝ အတ္တဘာဝေ။ သဗ္ဗဝေဒယိတာနီတိ သုခါဒယော သဗ္ဗာ အဗျာကတဝေဒနာ။ ကုသလာကုသလဝေဒနာ ပန ပုဗ္ဗေယေဝ ပဟီနာတိ။ အနဘိနန္ဒိတာနီတိ တဏှာဒီဟိ အနဘိနန္ဒိတာနိ။ သီတီ ဘဝိဿန္တီတိ အစ္စန္တဝူပသမေန သင်္ခါရဒရထပဋိပဿဒ္ဓိယာ သီတလီ ဘဝိဿန္တိ၊ အပဋိပဿဒ္ဓိကနိရောဓေန နိရုဇ္ဈိဿန္တီတိ အတ္ထော။ န ကေဝလံ ဝေဒယိတာနိယေဝ။ သဗ္ဗေပိ ခီဏာသဝသန္တာနေ ပဉ္စက္ခန္ဓာ နိရုဇ္ဈိဿန္တိ။ ဝေဒယိတသီသေန ဒေသနာ ကတာ။
(ခ) ဂါထာသု စက္ခုမတာတိ ဗုဒ္ဓစက္ခု ဓမ္မစက္ခု ဒိဗ္ဗစက္ခု ပညာစက္ခု သမန္တစက္ခူတိ ပဉ္စဟိ စက္ခမတာ။ အနိဿိတေနာတိ တဏှာဒိဋ္ဌိနိဿယဝသေန ကိဉ္စိဓမ္မံ အနိဿိတေန။ ရာဂဗန္ဓနာဒီဟိ ဝါ နဗန္ဓေန။ တာဒိနာတိ ဆဠင်္ဂုပေက္ခာ၀သေန သဗ္ဗတ္ထ ဣဋ္ဌာဒီသု ဧကသဘာဝတာသင်္ခါတေန တာဒိလက္ခဏေန တာဒိနာ။ ဒိဋ္ဌဓမ္မိကာတိ ဣမသ္မိံ အတ္ထ ဘာဝေ ဘဝါ ဝတ္တမာနာ။ ဘဝနေတ္တိသင်္ခယာတိ ဘဝနေတ္တိယာ တဏှာယ ပရိက္ခယာ။
သမ္ပရာယိကာတိ သမ္ပရာယေ ခ ခန္ဓဘေဒတော ပရဘာဂေ ဘဝါ။ ယမှီ ဘဝါနီတိ ယသ္မိံ အနုပါဒိသေသနိဗ္ဗာနေ။ ဘဝါနီတိ လိင်္ဂဝိပလ္လာသေန ဝုတ္တံ။ ဥပပတ္တိဘဝါ သဗ္ဗသော အနဝသေသာ နိရုဇ္ဈန္တိ နပ္ပဝတ္တန္တိ။
တေတိ တေ ဧဝံ ဝိမုတ္တစိတ္တာ။ ဓမ္မသာရာဓိဂမ္မာတိ ဝိမုတ္တိသာရတ္တာ ဣမဿ ဓမ္မဝိနယဿ ဓမ္မေသု သာရဘူတဿ အရဟတ္တဿ အဓိဂမတော။ ခယေတိ ရာဂါဒီနံ ခယဘူတေ နိဗ္ဗာနေ။ ရတာ အဘိရတာ။ အထ ဝါ နိစ္စဘာဝတော စ သဘာဝဓမ္မေသု သရန္တိ ဓမ္မသာရံ။ နိဗ္ဗာနံ။ ဝုတ္တဉ္ဇတံ၊ ဝိရာဂေါ သေဋ္ဌော ဓမ္မာနံ ဝိရာဂေါ သော တေသံ အဂ္ဂမက္ခာယတီတိ စ။ တဿ ဓမ္မသာရဿ အဓိဂမဟေတုခယေ သဗ္ဗသင်္ခါရပရိက္ခယေ အနုပါဒိသေသနိဗ္ဗာနေ ရတာ။ ပတံသူတိ ပဇဟိံ သု။ တေတိ နိပါတမတ္တံ။ သေသံ ဝုတ္တနယမေဝ။ သတ္တမသုတ္တံ။
ဣတိဝုတ်အဋ္ဌကထာ(၁၅၉)
ဤ ဣတိဝုတ်ပါဠိတော် အဋ္ဌကထာတို့၌ ရာဂစသော ကိလေသာမီးတို့၏ ကုန်ခန်းခြင်း ခီဏာကာရ ကိလေသာတို့၏ အဘာဝကို သဥပါဒိသေသနိဗ္ဗာနဓာတ် ဟူ၍ မိန့်တော်မူသည်၏ အဖြစ်ကို ဆတ်ဆတ် သိအပ်၏။
“သဥပါဒိသေသာ နိဗ္ဗာနဓာတု ဝိဇ္ဇာ” ဟူသော နေတ္တိပါဠိတော်(၅၉)
သဥပါဒိသေသာ နိဗ္ဗာနဓာတူတိ အရဟတ္တဖလံ အဓိပ္ပေတံ။
တဉ္စ ပညာပဓာနန္တိ အာဟ သဥပါဒိသေသနိဗ္ဗာနဓာတုဝိဇ္ဇာတိ။
ဟူသော နေတ္တိအဋ္ဌကထာ(၁၂၈) ပါဌ်တို့၌ကား အရဟတ္တဖိုလ်ကိုလည်း သဥပါဒိသေသနိဗ္ဗာန် ဆိုတော်မူသည် ဟု မုချသိအပ်၏။
နိရောဓောပိ ဧကဝိဓော အသင်္ခတဓာတုဘာဝတော။ ပရိယာယေန ပန ဒုဝိဓော သဥပါဒိသေသအနုပါဒိသေသဝသေန။
သမ္မောဟဝိနောဒနီ အဋ္ဌကထာ (၈၄)
ပရိယာယဝသေန ဘေဒေါပိ ဘေဒေါယေဝါတိ ကတွာ သဥပါဒိသေသာဒိဘေဒေါ ဝုတ္တော။
အနုဋီကာ။
ဤ သမ္မောအဋ္ဌကထာ အနုဋီကာပါဌ်တို့၌ အသင်္ခတဓာတ်တပါးကိုပင် ပရိယာယအားဖြင့် သဥပါဒိသေသ အနုပါဒိသေသနိဗ္ဗာန် ဆိုသည်၏ အဖြစ်ကို သိအပ်၏။
အာသဝါ ခီဏာတိ ဣမိနာ ဧတာယ ဂမနဒသာနသမ္ပတ္တိယာ အာသဝက္ခယသညိတာယ ပဌမာ နိဗ္ဗာနဓာတု ပုစ္ဆိတာ။ နတ္ထိ ပုနဘဝေါတိ ဣမိနာ ဒုတိယာ နိဗ္ဗာနဓာတုပတ္တိ။
သုတ္တနိပါတ်အဋ္ဌကထာ (၂၀၂) အဋ္ဌကထာ ဟေမဝတသုက်ဘွင့်။ ဋု။
ဤ သုတ္တနိပါတ်အဋ္ဌကထာ၌ “အာသဝက္ခယသညိတာယ” ကိုထောက်သဖြင့် အာသဝေါတရားတို့၏ ကုန်ခြင်းဟု သမုတ်အပ်သော ကိလေသာတို့၏ အဘာဝကို သဥပါဒိသေသနိဗ္ဗာန် ဆိုသည်၏ အဖြစ်ကို သိသာ၏။
အသေယံ ပရိနိဗ္ဗန္တီတိ အရဟတ္တမဂ္ဂန အသေသံ ရာဂဂ္ဂိအာဒိံ နိဗ္ဗာပေတွာ သဥပါဒိသေသာယ နိဗ္ဗာနဓာတုယံ ဌိတာ။ပ။ စရိမကစိတ္တနိရောဓေန အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ - အသေသံ ပရိနိဗ္ဗန္တိ။
ဣတိဝုတ်အဋ္ဌကထာ။ ဏဲ။
ဤ ဣတိဝုတ်အဋ္ဌကထာပါဌ်၌လည်း “သဥပါဒိသေသာယ နိဗ္ဗာနဓာတုယံ ဌိတာ” ဆိုသည်ကို ထောက်သဖြင့် ပရိနိဗ္ဗာန်မပြုသေးခင် အသင်္ခတဓာတ်၌ တည်ခြင်းမရှိရကား ယခင်အတိုင်း ကိလေသာတို့၏ ကုန်ခြင်း ခီဏာကာရ အဘာဝ အရဟတ္တဖလတို့ကို သဥပါဒိသေသနိဗ္ဗာန် ဆိုသည် ဟု သိအပ်၏။
ဥပါဒါနေဟိ ဥပါဒီယတိ ဥပါဒိ၊ ဥပါဒါနက္ခန္ဓပဉ္စကံ။ တံနိဿရဏဘူတံ နိဗ္ဗာနံ။ တဿ ဝူပသမော တံ သန္တီတိ ကတွာ တဿ ယာဝ ပစ္ဆိမစိတ္တံ တာဝ သေသတံ တတော ပရံ အနဝသေသံ တဉ္စ ဥပါဒါယ သဥပါဒိသေသနိဗ္ဗာနဓာတု အနုပါဒိသေသနိဗ္ဗာနဓာတူတိ ဒွိဓာ ဝေါဟရီယတိ။ ဝိသုဒ္ဓိမဂ်ဋီကာ။ ယူ။ ၎င်းအတိုင်း မူလဋီကာ။ ဈူ။
ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ပြပုံ
တသသ ကိလေသဝူပသမံ ဥပါဒိသေသဉ္စ ဥပါဒါယ ပညာပနီယတ္တာ သဟ ဥပါဒိသေသန ပညာပီယတီတိ သဥပါဒိသေသံ။ ယော စဿ သမုဒယပဟာနေန ဥပဟတာယ တံကမ္မဖလစရိမကစိတ္တတော ဥဒ္ဓံ ပဝတ္တိက္ခန္ဓာနံ အနုပ္ပါဒနတာ ဥပ္ပန္နာနဉ္စ အနအန္တရဓာနတော ဥပါဒိသေသာ ဘာဝေါ တံ ဥပါဒါယ ပညာပနီယတော နတ္တိ ဧတ္ထ ဥပါဒိသောတိ အနုပါဒိသေသံ။ ဝိသုဒ္ဓိမဂ်။ ထံ။
ဤ ဝိသုဒ္ဓိမဂ်၌ ရဟန္တာပုဂ္ဂိုလ်၏ ကိလေသာ ငြိမ်းခြင်းကိုစွဲ၍ နိဗ္ဗာန် ဟု ခန္ဓာငါးပါး ကြွင်းကျန်ရစ် သေးသည်ကို စွဲ၍ သဥပါဒိသေသ ဟု နှစ်ခုစပ် သဥပါဒိသေသနိဗ္ဗာန်ဟူ၍ ပညတ်အပ်သည် ဟူသောစကားဖြင့် ကိလေသာတို့၏ ကုန်ခြင်းမရှိခြင်း အဘာဝကို သဥပါဒိသေသ နိဗ္ဗာန် ဆိုသည် ဟု ပြသည်သာတည်း။
ယခင် ဝိသုဒ္ဓိမဂ်ဋီကာ မူလဋီကာတို့၌ကား ခန္ဓာငါးပါးမှ ထွက်မြောက်ခြင်း ခန္ဓာငါးပါးမီးပူ ငြိမ်းဧးခြင်း သန္တိဘာဝကိုစွဲ၍ နိဗ္ဗာန် ဟု ရဟန္တာဖြစ်ပြီး သည့်နောက် စုတိစိတ် မရောက်မခြင်း ထိုရဟန္တာ၏ ခန္ဓာငါးပါး ကြွင်းသေးသည်ကိုစွဲ၍ သဥပါဒိသေသဟု နှစ်ခုစပ် သဥပါဒိသေသနိဗ္ဗာန် မည်သည်ကို ဆိုသဖြင့် ပုဂ္ဂိုလ်၏ သဥပါဒိသေသအမည်ကို ထိုပုဂ္ဂိုလ်၏ ငြိမ်းဧးခြင်း သန္တိလက္ခဏာ ရှိသော နိဗ္ဗာန်၌တင်စား၍ အသင်္ခတဓာတ်ကိုပင် သဥပါဒိသေသ အမည်အားဖြင့် ပညတ်အပ်သည် ဟူသောအနက်ကို ပြသည် ဟု သိအပ်၏။
တတ္ထ သဥပါဒိသေသာယ နိဗ္ဗာနပတ္တိယာ ကိလေသဒုက္ခေန နိဒ္ဒုက္ခတာ။ အနုပါဒိသေသနိဗ္ဗာန- ပတ္တိယာ ဝိပါကဒုက္ခေန နိဒ္ဒုက္ခတာ။
မဇ္ဈိမပဏ္ဏာသဋီကာ။ စဲ။
ဤ မဇ္ဈိမပဏ္ဏာသဋီကာ၌လည်း ယခင် ဣတိဝုတ်ပါဠိတော် “ယော တယောတိ။ပ။ ဧတာဝတာ ရာဂါခယော သဥပါဒိသေသနိဗ္ဗာနဓာတူတိ ဒဿိတံ ဟောတိ” ဟူသော ၎င်းဣတိဝုတ်အဋ္ဌကထာ အတိုင်း ကိလေသာတို့၏ ငြိမ်းခြင်းမရှိခြင်း အဘာဝကို သဥပါဒိသေသနိဗ္ဗာန် ဆိုသည်၏ အဖြစ်ကို သိအပ်၏။
နိဗ္ဗာနန္တိစေတ္ထ အရဟတ္တဖလံ အဓိပ္ပေတံ။ တံ ဟိ ကိလေသနိဗ္ဗာနန္တေ ဇာတတ္တာ နိဗ္ဗာနံ နာမ။ နေတ္တိဋီကာ။ ၁င်္၂း၊ ဎီ။
ဤ နေတ္တိဋီကာ၌လည်း အရဟတ္တဖိုလ်ကို သဥပါဒိသေသနိဗ္ဗာန် ဆိုရသော အရာလည်းရှိ၏ ဟူသော အနက်ကိုပင် ပြသတည်း။
နိဗ္ဗာနပက္ခ ကိဉ္စာပိ အသင်္ခတာယ ဓာတုယာ နိပ္ပရိယာယေန ဝိဘာဂေါ နတ္ထိ။ ပရိယာယေန ပန သောပါဒိသေသနောပါဒိသေသဘာဝေန နိဒ္ဒိသိတဗ္ဗံ။
နေတ္တိအဋ္ဌကထာ။ စဲ။
ဤ နေတ္တိအဋ္ဌကထာ အလိုအားဖြင့်ကား အသင်္ခတဓာတ် တပါးကိုပင် သဥပါဒိသေသနိဗ္ဗာန် အနုပါဒိသေသနိဗ္ဗာန် ဟု ဆိုအပ်သော အရာလည်း ရှိသေး၏ ဟူသော အနက်ကို ပြသတည်း။
ဒုဝိဓာ ဟိ နိဗ္ဗာနဓာတု သဥပါဒိသေသာ စ အနုပါဒိသေသာ စ။ တတ္ထ ဥပါဒီယတိ အယံ မမာတိ ရူပံ ဂဏှီယတီတိ ဥပါဒိ၊ ခန္ဓပဉ္စကဿေတံ အဓိဝစနံ။ ဥပါဒိယေဝ သေသော ဥပါဒိသေသော အဝသိဋ္ဌောတိ ဥပါဒိသေသသော။ သဟ ဥပါဒိသေသေန ဝတ္တတီတိ သဥပါဒိသေသော။ နတ္ထတ္ထ ဥပါဒိသေသောတိ အနုပါဒိသေသော။
မဟာနိဒ္ဒေသအဋ္ဌကထာ။ တာ။
ဤ မဟာနိဒ္ဒေသအဋ္ဌကထာ၌ “ဒုဝိဓာ ဟိ နိဗ္ဗာနဓာတု “ ဟု မုချအားဖြင့် နိဗ္ဗာနဓာတ် နှစ်ပါးကွဲသည့် အရာကို ဆိုသဖြင့် “နိရောဓော ဧကဝိဓော ယေ၀” စသော ယခင်ထုတ်ပြအပ်ခဲ့ပြီးသော သမ္မောဟဝိနောဒနီအဋ္ဌကထာ စကားမှတခြား “ဒွေမာ ဘိက္ခဝေ နိဗ္ဗာနဓာတုယော” စသော မုချအားဖြင့် သဥပါဒိသေသနိဗ္ဗာနဓာတ် အနုပါဒိသေသနိဗ္ဗာနဓာတ် နှစ်ပါးကွဲပြားသည်ကို ပြဆိုတော်မူသော ဣတိဝုတ်ပါဠိတော်ကို မှီး၍ ကိလေသာတို့၏ ကုန်ငြိမ်းခြင်း ခီဏာကာရ ကိလေသအဘာဝကိုပင် သဥပါဒိသေသ နိဗ္ဗာနဓာတ် ဟု မိန့်ဆိုအပ်သည်ကို သိအပ်၏။
ပရိယာယ်အားဖြင့် နိဗ္ဗာန်အပြား
ဥပါဒီယတိ ကာမုပါဒါဒီဟီတိ ဥပါဒိ၊ ပဉ္စက္ခန္ဓဿေတံ အဓိဝစနံ။ ဥပါဒိယေဝ သေသော ဥပါဒိသေသော၊ တေန သဟ ဝတ္တတီတီ သဥပါဒိသေသာ။ သာဧဝ နိဗ္ဗာနဓာတူတိ သဥပါဒိသေသနိဗ္ဗာနဓာတု။ ကာရဏပရိယာယေနာတိသဥပါဒိသေသာဒိဝသေန ပညာပနေ ကာရဏဘူတဿ ဥပါဒိသေသဘာဝါဘာဝဿ လေသေန။
အဘိဓမ္မတ္ထသင်္ဂဟဋီကာသစ် (၂၁၆)
စတူဟိပိ ဥပါဒီယဘီတိ ဥပါဒိ ဝုစ္စတိ ပဉ္စုပါဒါနက္ခန္ဓာ။ ကိလေသပရိနိဗ္ဗာနဟေတုတော သဟ ဥပါဒိသင်္ခါတေန သေသေန ခန္ဓေနာတိ သဥပါဒိသေသာ၊ နိဗ္ဗာနဓာတု။ ခန္ဓပရိနိဗ္ဗာနဟေတုတာယ ခန္ဓသင်္ခတဥပါဒိသေသေန ဝိရဟိတတ္တာ အနုပါဒိသေသာတိ။ ဧဝံ ကာရဏဝေါဟာရေန ဒွိဓာ နိဗ္ဗာနဓာတုဘာဝတော။
အဘိဓမ္မတ္ထသင်္ဂဟဋီကာဟောင်း။
၎င်းဋီကာနှစ်စောင်တို့၌ ““ကာရဏပရိယာယေန”” ဟူသော အဘိဓမ္မတ္တသင်္ဂဟကို ဘွင့်ဆိုရင်းဖြစ်၍ ပရိယာယ်အကြောင်း အမြွက်အားဖြင့်သာ သဥပါဒိသေသ အနုပါဒိသေသနိဗ္ဗာနဓာတ် ခေါ်ဆိုအပ် သည်ကို ဆိုသဖြင့် အသင်္ခတဓာတ် တပါးတည်းကိုပင် ပရိနိဗ္ဗာန်မပြုသေးခင် ရဟန္တာပုဂ္ဂိုလ် ခန္ဓာငါးပါး အကြွင်းရှိသေးသောကြောင့် ထို ရဟန္တာပုဂ္ဂိုလ်၏ သဥပါဒိသေသ အမည်ကို ထို ရဟန္တာပုဂ္ဂိုလ် ရောက်လတ္တံ့သော ငြိမ်းဧးခြင်း သန္တိသဘာဝ ဟူသော နိဗ္ဗာန်၌ တင်စား၍ ထိုနိဗ္ဗာန်ကိုပင် သဥပါဒိသေသ ခေါ်ဆိုအပ်သည်ဟု ယခင် ဝိသုဒ္ဓိမဂ်မဟာဋီကာ မူလဋီကာတို့ အတိုင်းသာ ဆိုတော်မူလိုကြသည်ကို သိအပ်၏။
သဥပါဒိသေသာတိ ကိလေသေဟိ အဝသိဋ္ဌပဉ္စက္ခန္ဓသဟိတာ။ ဣဒံ ဟိ ပဉ္စက္ခန္ဓသင်္ခါတေန အရိယပုဂ္ဂလေန သစ္ဆိကတ္တဗ္ဗတံ သန္ဓာယ ဝုတ္တံ။ တာဒိသာနံ ခန္ဓာနံ နိရုဇ္ဈနံ သန္ဓာယ အနုပါဒိသေသ- နိဗ္ဗာနဓာတူတိ ဝုတ္တံ။
အဘိဓမ္မတ္ထသင်္ဂဟ လက်သန်းဋီကာ၊ သင်္ခေပဝဏ္ဏနာ။
ဤ သင်္ခေပဝဏ္ဏနာ၌လည်း ရဟန္တာပုဂ္ဂိုလ်တို့၏ ပရိနိဗ္ဗာန်မပြုခင် ခန္ဓာငါးအင် ရှိသေးသောကြောင့် ရအပ်သော သဥပါဒိသေသအမည်ကို ထိုပုဂ္ဂိုလ်တို့ အာရုံပြုအပ်သော အသင်္ခတဓာတ် နိဗ္ဗာန်၌ တင်စား၍ ထိုနိဗ္ဗာန်ကို သဥပါဒိသေသ နိဗ္ဗာန် ဆိုလိုသော ဟု သိလေ။
အနုပါဒိသေသနိဗ္ဗာန် ဟူသည်၌လည်း ထို အသင်္ခတဓာတ်၌ ခန္ဓာမရှိသည်ကို ရည်၍ ခန္ဓာအကြွင်းမရှိ ဆိုလိုသည် မဟုတ်။ ထို နိဗ္ဗာန်ကိုရသူ ပရိနိဗ္ဗုတပုဂ္ဂိုလ် တို့၏ ခန္ဓာအကြွင်းမရှိခြင်းကို ထို ပရိနိဗ္ဗာန်၌ တင်စား၍ ထိုပရိနိဗ္ဗာန်ကို ခန္ဓာအကြွင်းမရှိ ဟု ဥပစာရအားဖြင့် ဆိုအပ်သည်ဟူ၍ မှတ်။
အဘယ့်ကြောင့်နည်း ဟူမူကား အသင်္ခတဓာတ် နိဗ္ဗာန်ဟူသည်၏ ပကတိကပင် ခန္ဓာငါးပါး ရှိသည် မဟုတ်သည်ဖြစ်၍ ထိုနိဗ္ဗာန်၌ ခန္ဓာငါးပါး အကြွင်းရှိမရှိကို အနည်းငယ်မျှ လျဉ်းပါးဘွယ်မရှိ လုံးလုံးကြီး မဆီမဆိုင်သောကြောင့်တည်း။ ဝါ- ရဟန္တာပုဂ္ဂိုလ် ခန္ဓာအကြွင်းရှိစဉ် ရသောနိဗ္ဗာန် ခန္ဓာအကြွင်း မရှိမှ ရသော နိဗ္ဗာန် ဟု ပုဂ္ဂိုလ်နှင့် စပ်၍ ထိုနိဗ္ဗာန်နှစ်ပါး ကွဲပြရင်းဖြစ်သော ကြောင့်တည်း။
ဤယုတ္တိသာဓက အာဂမသာဓကမှာ ယခင်ဝိသုဒ္ဓိမဂ် စသည်ကို လည်၍ ရှု။
ဤသို့ ကိလေသာတို့၏ ကုန်ခြင်း အဘာဝ ဟူသော သဥပါဒိသေသနိဗ္ဗာန် အရဟတ္တဖိုလ် ဟု ဆိုအပ်သော သဥပါဒိသေသနိဗ္ဗာန် အသင်္ခတဓာတ် ဟု ဆိုအပ်သော သဥပါဒိသေသနိဗ္ဗာန် အားဖြင့် သဥပါဒိသေသနိဗ္ဗာန် သုံးမျိုးကို ထိုထို ပါဠိ အဋ္ဌကထာ ဋီကာတို့၌ လျော်ရာ လျော်ရာ ယထာရဟ မိန့်ဆိုအပ် သည့်အတိုင်း မှတ်အပ်၏။
ထိုသုံးပါးတို့တွင် ကိလေသာတို့၏ ကုန်ငြိမ်းခြင်း အဘာဝကို သဥပါဒိသေသ နိဗ္ဗာန်ဆိုရာ၌ ကိလေသာ ကုန်ခြင်းသို့ ရောက်လာသော ရဟန္တာပုဂ္ဂိုလ်၏ ကိလေသာမှ ကြွင်းရစ်သေးသော ခန္ဓာငါးပါးရှိသည့်အမည်ကို ထိုရဟန္တာပုဂ္ဂိုလ်၏ ကိလေသာ ကုန်ငြိမ်းခြင်း၌ တင်စား၍ ထို ကိလေသာ ကုန်ခြင်းကို သဥပါဒိသေသနိဗ္ဗာန် ဆိုသတည်း။
အရဟတ္တဖိုလ်ကို သဥပါဒိသေသနိဗ္ဗာန် ဆိုရာ၌ အရဟတ္တဖိုလ်ကို ရသောအခါ ကိလေသာမှတပါး ခန္ဓာငါးပါး အကြွင်းရှိရင်သေးသော ရဟန္တာပုဂ္ဂိုလ်၏ သဥပါဒိသေသ အမည်ကို ထိုပုဂ္ဂိုလ်၏ အရဟတ္တဖိုလ်၌ တင်စား၍ ထိုအရဟတ္တ ဖိုလ်ကို သဥပါဒိသေသနိဗ္ဗာန် ဆိုရသတည်း။
အသင်္ခတဓာတ်ကိုပင် သဥပါဒိသေသနိဗ္ဗာန် ဆိုရာ၌ ရဟန္တာဖြစ်ပြီး၍ ပရိနိဗ္ဗာန်မပြုမီ ခန္ဓာငါးပါး အကြွင်းရှိသေးသော ရဟန္တာပုဂ္ဂိုလ်၏ သဥပါဒိသေသ အမည်ကို ထိုရဟန္တာပုဂ္ဂိုလ် အာရုံပြုရာ အသင်္ခတဓာတ်နိဗ္ဗာန်၌ တင်စား၍ သဥပါဒိသေသနိဗ္ဗာန် ဆိုသတည်း။
၎င်းသုံးပါးလုံးပင် တဗ္ဗောဟာရူပစာရချည်းတည်း။
တဿ ဝေါဟာရေ ဥပစာရောတိ တဗ္ဗောဟာရူပစာရော။
- တသ၊ ထိုရဟန္တာပုဂ္ဂိုလ်၏။
- ဝေါဟာရေ၊ ခန္ဓာငါးပါး အကြွင်းရှိသည်ဟူသော သဥပါဒိသေသ အမည်၌။
- ဥပစာရော၊ ထိုရဟန္တာပုဂ္ဂိုလ်၏ ကိလေသာငြိမ်းခြင်း ထိုရဟန္တာပုဂ္ဂိုလ်၏ အရဟတ္တဖိုလ် ထိုရဟန္တာပုဂ္ဂိုလ်၏ အာရုံပြုရာ အသင်္ခတ ဓာတ်နိဗ္ဗာန်ကိုပင် သဥပါဒိသေသဟု တင်စားအပ် သည်တည်း။
- ဣတိ၊ ထိုကြောင့်။
- တဗ္ဗောဟာရူပစာရော၊ မည်၏။
- ယထာရဟ အနက်။
အရဟတ္တဖိုလ်ကို သဥပါဒိသေသနိဗ္ဗာန် ဆိုရာဝယ် ထိုအရဟတ္တဖိုလ်၌ ခန္ဓာရှိသည်ကို အကြောင်း ပြု၍ မုချအားဖြင့် သဥပါဒိသေသနိဗ္ဗာန် မဆိုသင့်ပါလော ဟူငြားအံ့၊ ထိုအရဟတ္တဖိုလ် ခန္ဓာ လေးပါး၏ တဏှာဥပါဒါန်တို့ဖြင့် စွဲလမ်းရာ မဟုတ်သည်ဖြစ်၍ ဥပါဒိ မမည်ရကား သဥပါဒိသေသ မဆိုရသတည်း ဟူပေ။
ဥပါဒီယတီတိ ဥပါဒိ၊ ဝိပါကက္ခန္ဓာ ကဋတ္တာ စရူပံ။ ဥပါဒိယေဝ သေသံ ဥပါဒိသေသံ။ တံ နတ္ထိ ဧတိဿာတိ အနုပါဒိသေသာ။
နေတ္တိအဋ္ဌကထာ (၆၅)
အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာတိ ဥပါဒီယတေ ကမ္မကိလေသေဟီတိ ဥပါဒိ၊ ဝိပါကက္ခန္ဓာ ကဋတ္တာ စ ရူပံ။ သော ပန ဥပါဒိကိလေသာဘိသင်္ခါရမစ္စုမာရနိဒ္ဒမနေန နိဗ္ဗာနပတ္တိယံ အနောသဋ္ဌော။ ဣဓ ခန္ဓမစ္စုမာရန္ဒိဒမနေန သြသဋ္ဌော နသေသိတောတိ အယံ အနုပါဒိသေသာ နိဗ္ဗာနဓာတု။
သာရတ္ထဒီပနီဋီကာ (၂၈)။ ကား။
ဤ နေတ္တိအဋ္ဌကထာ သာရတ္ထဒီပနီဋီကာတို့၌ ဥပါဒိ၏အရကို ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ်တို့ကိုသာ ကောက်သော်လည်း ကြွင်းသော ကြိယာခန္ဓာစိတ္တဇရုပ် ရဟန္တာပုဂ္ဂိုလ်၏ ဥတုဇရုပ်တို့ကို မြစ်လို၍ မဟုတ်။ ဥပလက္ခဏနည်း ပဓာနနည်းအားဖြင့်သာ ဆိုအပ်သည်မှတ်၊ ရဟန္တာပုဂ္ဂိုလ်တို့ လောကီခန္ဓာ ငါးပါးလုံး သည်ပင် ကိလေသာတို့၏ စွဲလမ်းရာ အာရုံအဖြစ်ကို မလွန်နိုင်သောကြောင့်တည်း။ ထိုကြောင့် မဟာနိဒ္ဒေသအဋ္ဌကထာ စသည်တို့၌ ဤအရာဝယ် “ပဉ္စက္ခန္ဓဿေတံ အဓိဝစနံ “ စသည်ဖြင့် မိန့်တော်မူကြကုန်သတည်း။
ဤ သာရတ္ထဒီပနီဋီကာအလိုအားဖြင့် အဘယ်သည် သဥပါဒိသေသနိဗ္ဗာန် မည်သည် ဟု သရုပ်မပေါ် မသိသာသော်လည်း “နိဗ္ဗာနုပတ္တိယံ၊ ကိလေသာ ကုန်ခြင်းဟူသော သဥပါဒိသေသနိဗ္ဗာန်သို့ ရောက်သည့်အခါ၌။” တနည်း “အရဟတ္တဖိုလ်ဟူသော သဥပါဒိသေသနိဗ္ဗာန်သို့ ရောက်သောအခါ၌၊” တနည်း “အသင်္ခတဓာတ်ဟူသော နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့်သာ ရောက်နိုင်သောအခါ၌။” တနည်း “ဤသုံးနက်လုံးပင် လျော်သည်ချည်း ဖြစ်သောကြောင့် ဆိုအပ်ခဲ့ပြီးသော သဥပါဒိသေသ နိဗ္ဗာန် သုံးမျိုးလုံးနှင့်ပင် ဆက်ဆံ၏ မှတ်။
သဥပါဒိသေသနိဗ္ဗာန် သုံးမျိုးဆိုသော်လည်း ကိလေသာတို့၏ ကုန်ခြင်း ခီဏာကာရ အဘာဝ တပါးသာ မုချအားဖြင့်ရသည်။ ကြွင်းနှစ်ပါးတို့မှာ အရာအားလျော်စွာ ဥပစာရအားဖြင့် တင်စား၍သာ ရအပ်သည် မှတ်။
တီဏိ ပရိနိဗ္ဗာနာနိ ကိလေသပရိနိဗ္ဗာနံ ခန္ဓပရိနိဗ္ဗာနံ ဓာတုပရိနိဗ္ဗာနန္တိ။ တတ္ထ ကိလေသပရိနိဗ္ဗာနံ ဗောဓိပလ္လင်္ကေ အဟောသိ။ ခန္ဓပရိနိဗ္ဗာနံ ကုသိနာရာယံ။ ဓာတုပရိနိဗ္ဗာနံ အာဂတေ ဘဝိဿတိ။
ဧကင်္ဂုတ္တရအဋ္ဌကထာ (၇ဝ)
ဤ၌လည်း ကိလေသပရိနိဗ္ဗာန်ဟူသည် ကိလေသာတို့၏ ကုန်ခြင်း အဘာဝ ဟူသော သဥပါဒိသေသ နိဗ္ဗာန်ကို ဆိုသည်။ ခန္ဓပရိနိဗ္ဗာန်ဟူသည် ရဟန္တာပုဂ္ဂိုလ် စုတိကျ၍ ခန္ဓာငါးပါး အဟောင်းလည်း ပျောက်၊ အသစ်လည်း မရောက် လာသဖြင့် ဖြစ်ပေါ်လာသော သီတိဘာဝ ဟူသော အနုပါဒိသေသ နိဗ္ဗာန်ကို ဆိုသည် ဟူ၍ မှတ်၊
အနုတ္တရံ သီတိဘာဝံ သစ္ဆိကာတုန္တိ ဧတ္ထ နိဗ္ဗာနံ အနုတ္တရော သီတိဘာဝေါနာမ။
ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ (၁၅၉)
ပရိနိဗ္ဗာန်နှင့် နိဗ္ဗာန်ဟူသည်လည်း အတူတူသာတည်း။ ထိုကြောင့် “ပရိနိဗ္ဗာနသဘာဝသင်္ခါတံ နိဗ္ဗာနန္တိ နိဋ္ဌမေတ္ထ ဂန္တဗ္ဗံ” ဟူ၍ သဠာယတနသံယုတ် ဋီကာ ၌ မိန့်အပ်၏။
“ပရိနိဗ္ဗာနတ္ထာယာတိ အတ္တပရိနိဗ္ဗာန ပရပရိနိဗ္ဗာနတ္ထာယ” စသည်ဖြင့် မူလပဏ္ဏာသ အဋ္ဌကထာ တို့၌လည်း မိန့်အပ်ပြီ။ ပရိနိဗ္ဗာန်ပြုခြင်းငှါ ဆိုရာ၌လည်း နိဗ္ဗာန်စံခြင်းငှါ နိဗ္ဗာန်ကိုယူခြင်းငှါ ဆိုလိုသည်မှတ်။
သာဓကပါဌ် တို့၏ အနက်များ
ဤဆိုအပ်ခဲ့ပြီးသော ပါဌ်တို့၏အနက်ကို ဉာဏ်ကြီးသူတို့ သိလောက် ထင်လောက်ကြသော်လည်း မသိနိုင်ကြ သိလိုလှသူတို့အား ချီးမြှောက်ခြင်းငှါ ဂန္ထဝိတ္ထာရဒေါသကို အနာဒရပြု၍ အချို့အရာ၌ အမြွက်မျှ အနက်သဗ္ဗန်ပြဆို ဦးအံ့။
ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။
နိဗ္ဗာနဓာတုယော၊ နိဗ္ဗာနဓာတ်တို့သည်။
ဣမာ ဒွေ၊ ဆိုလတ္တံ့သော နှစ်ပါးတို့တည်း။
ကတမာ ဒွေ၊ အဘယ်နှစ်ပါးတို့နည်း ဟူမူကား။
သဥပါဒိသေသာ၊ သဥပါဒိသေသ အမည်ရသော။
နိဗ္ဗာနဓာတု စ၊ နိဗ္ဗာနဓာတ်၎င်း။
အနုပါဒိသေသာ၊ အနုပါဒိသေသ အမည်ရသော။
နိဗ္ဗာနုဓာတု စ၊ နိဗ္ဗာနဓာတ်၎င်း။
ဣတိ ဣမာ ဒွေ၊ ဤနှစ်ပါးတို့တည်း။
ဘိက္ခဝေ၊ ရဟန်းတို့။
ကတမေ စ၊ အဘယ်သည်လျှင်လည်း။
သဥပါဒိသေသာ နိဗ္ဗာနဓာတု၊ သဥပါဒိသေသ နိဗ္ဗာနဓာတ် မည်သနည်း။
ဘိက္ခဝေ၊ ရဟန်းတို့။
ဣဓ၊ ဤငါဘုရား သာသနာတော်၌။
ဘိက္ခု၊ သံသရာဘေးကို ရူတတ်သော။
ဘိက္ခု၊ ရဟန်းသည်။
ဘိက္ခု၊ မိမိခန္ဓာ သူတပါးခန္ဓာတို့၌ အနိစ္စ ဒုက္ခ အနတ္တ သညာထင်သဖြင့် အလွန်လျှင် ဘေးကြီးသဖွယ် ကြောက်မယ်ဘွယ် ဟု ဘယာနုပဿနာ အားဖြင့် ရှုလေ့ရှိသည်ဖြစ်၍။
ဘိက္ခုသဒ္ဒါ တခုတည်းလျက် အထူးထူးသော အနက်ထွက်ရာတွင် တနက် ပေးခိုက် ကြွင်းအနက် ကိုလည်း လိုက်၍ စေးကပ်ငြိတွယ်ရကား သိလေသနည်းတည်း။
အလင်္ကာဋီကာသစ်ကို ရှု။
ခီဏာသဝေါ၊ အရဟတ္တမဂ်ဖြင့် ကုန်ပြီးသော အာသဝေါရှိထသော။ (ဗဟုဗွီဟိ။)
ဝါ၊ အာသဝေါတို့ကို ပဋိပဿမ္ဘန ပဟာန သတ္တိဖြင့် အငွေ့အသက်မျှ မချန် အလုံးစုံကုန်စေ တတ်သော။
အာသေ၀ ခေပေတိ အခေပယိတ္ထာတိ ဝါ ခီဏာသဝေါ။ ကိတန္တဒုတီယာတပ္ပုရိသ်သမာသ်။
သုသိတဝါ၊ သုံးအပ်ပြီးသော အရိယမဂ် တည်းဟူသော အကျင့်ထူး အကျင့်မြတ် ရှိထသော။
(အဿတ္ထိ။)
ကတကရဏီယော၊ ပြုအပ်ပြီးသော အရဟတ္တဖိုလ် ဟူသော ရဟန်းကိစ္စ ရှိပြီးထသော။
(စတုတ္ထီဗဟုဗ္ဗီဟိ။)
ဝါ၊ ဖန်ရည်ခေါင်းတုံး ဆွမ်းဖြူသုံး၍ လူလုံးပြကြရသူ တကယ်လူတို့ ပြုသင့်ပြုထိုက်သော အရဟတ္တဖိုလ်မှုကို တကယ်ပြုနိုင်ပေထသော။
(တတီယာဗဟုဗ္ဗီဟိ။)
ဩဟိတဘာရော၊ သွန်အပ် စွန့်အပ်ပြီးသော ကာမဂုဏ်ညွန် သံသရာဝန် ရှိပြီးထသော။
(စတုတ္ထီ။)
ဝါ၊ တဏှာ ရန်သူ သံသရာဝန်ဟူသမျှကို ပယ်စွန့်နိုင်ပြီးထသော။ (တတီယာ။)
အနုပ္ပတ္တပဒတ္ထော၊ ဝိသုဒ္ဓိခုနှစ်ခွင် မဂ်လေးအင်တို့ဖြင့် အစဉ်အတိုင်း ရောက်လာသော မြတ်သော အရဟတ္တဖိုလ် ဟူသော အကျိုးထူး ရှိထသော။ (စတုတ္ထီဗဟုဗွီဟိ။)
ဝါ၊ အရဟတ္တဖိုလ် ဟူသော အကျိုးထူး အကျိုးမြတ်သို့ ရောက်နိုင်ပေထသော။
“ပဒတ္ထံ အနုပ္ပတ္တောတိ အနုပ္ပတ္တပဒတ္ထော” ဟု ဝစနတ္ထပြု။
နိပ္ပရိယာယ ကိတန္တ၊ ရှေ့နည်း၌ အနု-သဒ္ဒါကား အနုက္ကမတ္ထဝါစီ ဓာတွတ္ထဝိသေသက။
နောက်၌ ဓာတွတ္ထာနုဝတ္တက။ အရာတပါး အခြားကျမ်းတို့၌ “သဒတ္ထော” ဟု ရှိသည်။ ဤပါဠိတော်၌ “ပဒတ္ထော“ ဟု ရှိသည်။ “အနုပ္ပတ္တော ပဒတ္ထံ ပကတ္ထန္တိ ဝုတ္တံ ဟောတိ။ ကကာရဿ ဒကာရော ကတော။ (၎င်းအဋ္ဌကထာ။)
ပရိက္ခီဏဘဝသံယောဇနာ၊ အရဟတ္တမဂ်ဖြင့် ကုန်ခန်းစေအပ်ပြီးသော ဘဝသံယောဇဉ် ရှိထသော။
(စတုတ္ထီဗဟုဗ္ဗီဟိသမာသ်။)
ဝါ၊ ဘဝသံယောဇဉ်တို့ကို ကုန်ခန်းစေနိုင်ထ။
ဘဝသံယောဇနာနိ ပရိက္ခီပေတီတိ ဘဝသံယောဇနက္ခယော။
(ကိတန္တ သမာသ။)
သမ္မ-သမ္မာ၊ မဘောက်မပြန် ခါမလှန်ဘဲ ကောင်းမွန်သေချာစွာ။
အညာ အညာယ၊ မဂ်လေးတန်ဖြင့် လေးကြိမ်လေးဖန် သိပြီး၍။
ဝိမုတ္တော၊ ကိလေသာမီး တကဲ့ဘေးကြီးမှ လွတ်ကြီးလွတ်၍ နေထသော။
တနည်းကား …
သမ္မဒညာ ဝိမုတ္တော-သမ္မာ အညာယ ဝိမုတ္တော၊ မဘောက်မပြန် အမှန် ကောင်းကောင်းကြီး သိသဖြင့် ကိလေသာ ရန်သူလက်မှ ကောင်းကောင်းကြီး လွတ်၍သွားသော။
အရဟံ၊ ရဟန္တာပုဂ္ဂိုလ်သည်။
ဟောတိ၊ ဖြစ်လေ၏။
ဘိက္ခဝေ၊ ချစ်သား ရဟန်းများတို့။
တဿ၊ ထိုရဟန္တာ ဖြစ်လေပြီးသော ပုဂ္ဂိုလ်အား။
ပဉ္စိန္ဒြိယာနိ၊ စက္ခု စသော ဣနြေငါးပါးတို့သည်။
တိဋ္ဌန္တေဝ၊ နိဗ္ဗာန်ရွှေဘုံ မခိုလှုံရသေးသဖြင့်။
ဝါ၊ ပရိနိဗ္ဗာန် မစံရသေးသဖြင့် ထင်ရှားတည်ကုန် သေးသလျှင်ကတည်း။
ယေသံ၊ ယင်းသို့သော မျက်စိ နား- စသော ဣန္ဒြေ ငါးပါးတို့၏။
ဘာဝိတတ္တာ၊ ဖြစ်သေး ရှိသေးသောကြောင့်
မနာပါမနာပံ၊ နှစ်လိုဘွယ် မနှစ်လိုဘွယ်သော အာရုံငါးပါးကို။
ပစ္စနုဘောတိ၊ သုံးဆောင်ရသေး၏။
သုခဒုက္ခံ၊ ချမ်းသာ ဆင်းရဲနှစ်ပါးကို၊
ပဋိသံဝေဒိယတိ၊ ခံစားရသေး၏။
ဣ-အာဂုမ်နှင့်ပင် ယှဉ်သော်လည်း “သီလံ ရက္ခိတော ဒေဝဒတ္တော” ကဲ့သို့ ကတ္တားဟောနိုင်၏မှတ်။
တဿ၊ ထိုကိလေသာ ကုန်ပြီးနောက် ကြွင်းရစ်သေးသော စက္ခု သောတ စသော ခန္ဓာဟူသော ဥပါဒိရှိသော ရဟန္တာပုဂ္ဂိုလ်၏။
ယော ရာဂက္ခယော၊ အကြင်ရာဂ၏ ကုန်ခြင်းသည်။
ယော ဒေါသက္ခယော၊ အကြင်ဒေါသ၏ ကုန်ခြင်းသည်။
ယော မောဟက္ခယော၊ အကြင်မောဟ၏ ကုန်ခြင်းသည်။
အတ္ထိ၊ ရှိ၏။
အယံ၊ ဤခန္ဓာငါးပါးဟူသော ကိလေသာမှ ကြွင်းရစ်သော ဥပါဒိရှိသေးသော ရဟန္တာပုဂ္ဂိုလ်၏ ရာဂ ဒေါသ မောဟ ကုန်ခြင်းကို။
သဥပါဒိသေသာ၊ သဥပါဒိသေသ အမည်ရသော။
နိဗ္ဗာနဓာတု၊ နိဗ္ဗာနဓာတ်ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ကတမာ စ၊ အဘယ်သည်လျှင်။
အနုပါဒိသေသာ၊ အနုပါဒိသေသ အမည်ရသော။
နိဗ္ဗာနဓာတု၊ နိဗ္ဗာနဓာတ် မည်သနည်း။
ဘိက္ခဝေ၊ ရဟန်းတို့။
ဣဓ၊ ဤငါဘုရား သာသနာတော်၌။ပ။
ခီဏာသဝေါ၊ ကုန်ပြီးသော အာသဝေါရှိသော။
အရဟံ၊ ရဟန္တာပုဂ္ဂိုလ်သည်။
ဟောတိ၊ ဖြစ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
တဿ၊ ထိုရဟန္တာပုဂ္ဂိုလ်အား။
ဣဓေ၀၊ ဤဘဝ၌ပင်လျှင်။
သဗ္ဗဝေဒယိတာနိ၊ အလုံးစုံသော အဗျာကတ ဝေဒနာတို့သည်။
အနဘိနန္ဒိတာနိ၊ တဏှာ-စသည်တို့ဖြင့် နှစ်သက်စရာ မရှိကုန်သည်ဖြစ်၍။
ဝေဒနာကို အရင်းပြုသဖြင့် ဖြစ်သော အလုံးစုံသော ခန္ဓာငါးပါးကို ယူ။ ၎င်းဣတိဝုတ်အဋ္ဌကထာ အလို။
သဗ္ဗဝေဒယိတာနိ၊ ကျင်နာခြင်း သဘောရှိသော အလုံးစုံသော ခန္ဓာငါးပါး တို့သည်။ သဂါထာဝဂ္ဂ သံယုတ် အဋ္ဌကထာ စသည်တို့၏ အလို။
အနဘိနန္ဒိတာနိ၊ တဏှာစသည်တို့၏ နှစ်သက်ရာဖြစ်ရာသည်မဟုတ် ချုပ်ကြီး ချုပ်ကုန်သည်ဖြစ်၍။
သီတီ-သီတလီ၊ ဧးမြကုန်သည်။
ယံ ဘဝိဿန္တိ၊ အကြင် ဖြစ်ကုန်လတ္တံ့။
အယံ၊ ဤသို့ရဟန္တာပုဂ္ဂိုလ် ခန္ဓာငါးပါး ချုပ်သွား ကုန်ပျောက်သည့်အခါ ဖြစ်ရောက်လာလတ္တံ့သော ဧးမြခြင်း သီတိဘာဝ သဘောတရားကို။
အနုပါဒိသေသာ၊ အနုပါဒိသေသ အမည်ရသော။
နိဗ္ဗာနဓာတု၊ နိဗ္ဗာနဓာတ်ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဘိက္ခဝေ၊ ရဟန်းတို့။
ဣမာ ခေါ၊ ဤသည်တို့ပင်လျှင်။
ဒွေ၊ နှစ်ပါးကုန်သော။
နိဗ္ဗာနဓာတုယော၊ နိဗ္ဗာနဓာတ်တို့တည်း။
ဣတိ၊ ဤသို့။
ဧတမတ္တံ၊ ဤသို့သော အနက်သဘောကို။
ဘဂဝါ၊ မြတ်စွာ ဘုရားသည်။
အဝေါစ၊ ဟောတော်မူ၏။
ဣတိ၊ ထိုကြောင့်။
ဒွေ ဣမာ စက္ခုမတာ ပကာသိတာ၊ နိဗ္ဗာနဓာတုအနိဿိတေန တာဒိနာ။ ဧကာ ဟိ ဓာတု ဣဓ ဒိဋ္ဌဓမ္မိကာ၊ သဥပါဒိသေသာ ဘဝနေတ္တိသင်္ခယာ။ပ။ တာဒိနောတိ၊ ဒွေ ဣမာ။ပ။ တာဒိနော-ဟူ၍၊
ဣဒံ၊ ဤသို့သောစကားကို။
ဝုစ္စတိ၊ ဆိုသင့် ဆိုထိုက်၏။
ဤကား သင်္ဂါယနာတင် မထေရ်သျှင်တို့ စကားတည်း။
အနက်ကား။
စက္ခုမတာ၊ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော။
အနိဿိတေန၊ တဏှာ ဒိဋ္ဌိ-စသည်တို့ကို မမှီသော။
ဝါ၊ တဏှာ ဒိဋ္ဌိ-စသည်တို့၏ ကပ်မှီ လာနိုင်ရာ မဟုတ်သော
တာဒိနာ၊ လောကဓံတရား ရှစ်ပါးတို့ကြောင့် သာတာသာတ မထင် ဥန္နတာဝနတ မဝင် တာဒိအသျှင် ဖြစ်တော်မူသော ....
လာဘေ ယာဒိသော အလာဘေပိ တာဒိသော။ အလာဘေ ယာဒိသော လာဘေပိ တာဒိသောတိ တာဒိ။
သတ္ထာရာ၊ မြတ်ဘုရားသည်။ (ဂမျမာန်။)
ဒွေ၊ နှစ်ပါးကုန်သော။
ဣမာ နိဗ္ဗာနဓာတုယော၊ ဤနိဗ္ဗာနဓာတ်တို့ကို။
ပကာသိတာ၊ ဟောတော် မှုအပ်ကုန်၏။
ဟိ၊ ယင်းနှစ်ပါးတို့၏ အထူး အဘယ်နည်း ဟူမူကား။
ဧကာ၊ တပါးသော။
သဥပါဒိသေသာ၊ သဥပါဒိသေသ အမည်ရသော။
ဘဝနေတ္တိသင်္ခယာ၊ ဘဝတဏှာ ကုန်ခြင်းဟု ဆိုအပ်သော။
နိဗ္ဗာနဓာတု၊ နိဗ္ဗာနဓာတ်သည်။
ဣဓ ဒိဋ္ဌဓမ္မိကာ၊ ပရိနိဗ္ဗာန် မပြုသေးခင် ဤဘဝ၌ပင် ဖြစ်ပေါ်လာ၏။
အနုပါဒိသေသာ၊ အနုပါဒိသေသ အမည်ရသော။
နိဗ္ဗာနဓာတု၊ နိဗ္ဗာနဓာတ်သည်။
သမ္ပရာယိကာ၊ ပရိနိဗ္ဗန္တ ရဟန္တာပုဂ္ဂိုလ်၏ ခန္ဓာပျက်သည်မှနောက်၌ ဖြစ်ပေါ်လာ၏။
ယမှိ၊ ယင်းသို့သော အနုပါဒိသေသ နိဗ္ဗာနဓာတ်၌။
ဘဝါနိ ဘဝါ၊ ဥပါဒိသေသဟု ဆိုအပ်သော ဘဝတို့သည်။
ဝါ၊ ဥပပတ္တိဘဝဟု ဆိုအပ်သော ခန္ဓာငါးပါး အကြွင်းတို့သည်။
သဗ္ဗသော၊ အချင်းခပ်သိမ်း။
နိရုဇ္ဈန္တိ၊ အနုပ္ပါဒနိရောဓဖြင့် တဖန်မထနိုင်အောင် ချုပ်ကြီးချုပ်ကြလေကုန်၏။
ဘဝနေတ္တိသင်္ခယာ၊ ဘဝတဏှာကို ကုန်စေနိုင်ကုန်သော။
ယေ၊ အကြင် ရဟန္တာ ပုဂ္ဂိုလ်တို့သည်။
အသင်္ခတံ၊ အသင်္ခတ ဟု ဆိုအပ်သော။
ဧတံ ပဒံ၊ ထိုနိဗ္ဗာန်ကို။
အညာယ၊ အာရုံပြုသောအားဖြင့် သိမြင်ကြကုန်သည် ဖြစ်၍။
ဝိမုတ္တစိတ္တာ၊ ကိလေသာတို့မှလွတ်သော အရဟတ္တဖိုလ် သမာဓိစိတ် ရှိကုန်၏၊
ဝါ၊ ကိလေသာတို့ မတွယ်တာနိုင် ကြံမှိုင်မရ လက်လွှတ်လိုက်ရသော သမာဓိ ရှိကုန်၏။
တေ၊ ထိုဝိမုတ္တစိတ္တသခင် ရဟန္တာအသျှင်တို့သည်။
ဓမ္မာသာရံ၊ အရဟတ္တဖိုလ်စစ် တရားနှစ်ကို။
အဓိဂမ္မ၊ ရကြပေကုန်သည်ဖြစ်၍။
ဝါ၊ ရကြကုန်သည် ဖြစ်သောကြောင့်။
ခယေ၊ ကိလေသာ ကုန်ခြင်းဟူသော သဥပါဒိသေသနိဗ္ဗာန်၌။
ရတာ၊ တပ်စွန်းပြစ်မှားခြင်းမရှိ ပကတိ ဧးမြ ချမ်းသာ မွေ့လျော်ကြ ကုန်ပြီးသည်ရှိသော်။
တာဒိနော၊ တာဒိသခင်ဖြစ်တော်မူကြကုန်သော။
တေ၊ ထိုသဥပါဒိသေသ နိဗ္ဗာန ရွှင်ပျော် ပုဂ္ဂိုလ်ကျော်တို့သည်။
သဗ္ဗဘဝါနိ၊ အလုံးစုံသော ဘဝတို့ကို။
ပဟံသု၊ အသင်္ခတမှန် နိဗ္ဗာန်စံပြီး ပယ်ကြီးပယ်နိုင်ကြပြန်ကုန်၏။
(အဋ္ဌကထာရှေ့နည်း။)
တနည်းကား …
တေ၊ ထိုဝိမုတ္တသခင် ရဟန္တာအသျှင်တို့သည်။
ဓမ္မသာရံ၊ အနုပါဒိသေသ နိဗ္ဗာနဓာတ် တရားမြတ်ကို။
အဓိဂမ္မ၊ ကောင်းစွာလှလှ ရကြကုန်သည်ဖြစ်၍။
ဝါ၊ ရကြပေကုန်သောကြောင့်။
ခယေ၊ ခန္ဓာငါးဝ ဘေးဒုက္ခကုန်ရာ အနုပါဒိသေသ နိဗ္ဗာန်၌။
ရတာ၊ တဆယ့်တသီး ဘေးကြီးလွတ်ကွာ ကောင်းစွာ မွေ့ကြရကုန်သည် ဖြစ်၍။
တာဒိနော၊ တာဒိအသျှင် ဖြစ်တော် မူကြကုန်သော။
တေ၊ ထိုအသင်္ခတမှန် နိဗ္ဗာန်ဝင်ပျော် ရဟန္တာ မထေရ်ကျော်တို့သည်။
သဗ္ဗဘဝါနိ၊ ဒုက္ခဝန်းအုံ အလုံးစုံသော ဘဝတို့ကို။
ပဟံသု၊ စွန့်တော်မူကြရပေကုန်၏။
(အဋ္ဌကထာနောက်နည်း။)
“တေတိ နိပါတမတ္တံ” ဟု နောက်ဆုံး တေသဒ္ဒါ၏ နိပါတမတ္တကို အဋ္ဌကထာ ဘွင့်ဆိုသော်လည်း အနတ္တက အလင်္ကာရဒေါသ ကင်းစေလိုသဖြင့် ၎င်း တေ-သဒ္ဒါနှင့် တကွပင်သော်လည်း အဓိပ္ပါယ် လျော်အောင် ကြံဆောင် ယောဇနာအပ်သတည်း။
တနည်းကား …
တေ၊ ထို ဝိမုတ္တစိတ္တသခင် ရဟန္တာအသျှင်တို့သည်။
ဓမ္မသာရံ၊ အရဟတ္တဖိုလ် တရားမြတ်ကို။
အဓိဂမ္မ၊ ရှေးဦးမျက်မှောက် ရောက်ကြ ရကြကုန်ပြီးသည်ဖြစ်၍။
ခယေ၊ ကိလေသာ ကုန်ခြင်းဟူသော သဥပါဒိသေသ နိဗ္ဗာန်၌။
ရတာ၊ မွေ့လျော်ကြကုန်ပြီးသည်ရှိသော်။
ဓမ္မသာရံ၊ အသင်္ခတဓာတ် နိဗ္ဗာန်တရားမြတ်ကို။
အဓိဂမ္မ၊ တဖန်ရကြပြန်ရကား။
ခယေ၊ အလုံးစုံသော ဘေးဒုက္ခကုန်ရာ အနုပါဒိသေသ နိဗ္ဗာနဓာတ်၌။
ရတာ၊ ဘေးတကာလွတ်ကွင်း ရန်တကာရှင်းသဖြင့် လွန်မင်းစွာ မွေ့လျော်ကြရ ပြန်ကုန်သည်ဖြစ်၍။
တာဒိနော၊ တာဒိသခင် ဖြစ်တော်မူကြကုန်သော။
တေ၊ ထို နှစ်ယောက်မတန် နှစ်နိဗ္ဗာန်ဝယ် စမ္ပယ်တော်မူကြကုန်ပြီးသော အသျှင်တို့သည် ၊
သဗ္ဗဘဝါနိ၊ ဘဝကြီးငယ် ဟူသမျှတို့ကို။
ပဟံသု၊ စွန့်ကြီး စွန့်တော်မူနိုင်ကြပေကုန်၏။
ယခင်အဋ္ဌကထာ နည်းနှစ်ချက်ကို တချက်တည်း ပေါင်းယူ၍ အဘိန္နပဒတ္ထသိလေသာ လင်္ကာရနည်း ယောဇနာအပ်သတည်း။
အယံပိ အတ္ထော၊ ဤနိဗ္ဗာနဓာတ် နှစ်ပါးတို့၏ ထူးခြားကွဲလွဲသော အနက် သဘောအကြောင်း အခြင်းအရာကိုလည်း။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။
ဝုတ္တောဣတိ၊ ဟောတော်မူအပ်သည်ဟူ၍။
မေ၊ အကျွန်ုပ်အာနန္ဒာသည်။
သုတံ၊ ဓမ္မသေနာပတိသခင် အသျှင်သာရိပုတြာထံမှ ကြားလိုက်ပါ၏။
ဣတိ၊ ဤသို့ ကိုယ်တိုင်မကြား တဆင့်ကြား ဖြစ်သောကြောင့် “ဝုတ္တံ ဟေတံ ဘဂဝတာ ဝုတ္တမရဟတာတိ မေသုတန္တု” သုတံ - ဟူ၍၊
ဝုတ္တံ၊ အကျွန်ုပ်အာနန္ဒာ လျှောက်ဆို အပ်ပါသတည်း၊
ဤကား ဣတိဝုတ်ပါဠိတော်အနက်။
အဋ္ဌကထာအနက် မခဲယဉ်းလှ။
၎င်းအဋ္ဌကထာပါဌ် အချို့နှင့်တကွ ၎င်းနောက် ထုတ်ပြခဲ့သော ပါဌ်ပါဠိတို့ အရာ အတော်ခဲယဉ်းစရာ ရှိသော်လည်း ကျမ်းတတ်ကဝိတို့ သိနိုင်လောက်ရာသည် ဟု နှလုံးပြုသဖြင့် ဂန္ထဂရုဒေါသဘယ ကြောင့် အပြည့်အစုံ အကုန် ယေ၁ဇနာ မပြုရသတည်း။
အနာဂတ်ဟု စင်စစ် မဆိုထိုက်ပုံ
ဤဣတိဝုတ်ပါဠိတော်ဝယ် …
“ဣဓေ၀ ဘိက္ခဝေ သဗ္ဗဝေဒယိတာနိ သီတီ ဘဝိဿန္တိ။ အယံ ဘိက္ခဝေ အနုပါဒိသေသာ နိဗ္ဗာနဓာတု”
ဟူသော ပါဌ်၌ -
“အယံ၊ ဤရဟန္တာပုဂ္ဂိုလ် ပရိနိဗ္ဗာန်ပြုသောအခါ ဖြစ်ရောက်လတ္တံ့သော ဧးမြခြင်း သီတိဘာဝ သဘောသည်” ဟု အနက်ပေးရာ၌လည်း သီတီ-ဟူသော နာမ်ပုဒ်ဝယ် သီတ-ဟူသော အန္တတ္ထကို၎င်း ဘဝိဿန္တိ-ဟူသော အာချာတ် ပုဒ်ဝယ် အန္တတ် ဗာဟျတ် နှစ်ပါးလုံးကို၎င်း အယံ-သဒ္ဒါဖြင့် သုံးသပ်သည် ဖြစ်၍ ၎င်းအယံသဒ္ဒါသည် အနုဘူတဝိသယတည်း၊
ဖြစ်ရောက်လာလတ္တံ့သော ဧးမြခြင်းသဘောသည် နိဗ္ဗာန်ဟု ဆိုသော် ထိုနိဗ္ဗာန်ဟူသည် ကာလ ဝိမုတ် ဖြစ်ပါလျက် အနာဂတပက္ခသို့ ဝင်သည်ဆိုရာ မရောက်ပြီလော ဟူငြားအံ့၊ ဖြစ်လတ္တံ့ ဟူသော်လည်း ဥပါဒ် ဒြဗ် အားဖြင့် ဖြစ်လတ္တံ့ မဟုက်၊ ဧးမြခြင်း သီတီဘာဝ သန္တိသဘာဝမတ္တသာ ဖြစ်လတ္တံ့ ဖြစ်၍ အနာဂတ် ဟု စင်စစ် မဆိုထိုက် …
အနိဗ္ဗတ္တိသဘာဝတ္တာ အဇာတံ၊ အဇာတတ္တာယေဝ အဘူတံ၊ ဥဘယေနာပိ ဥပ္ပါဒရဟိတန္တိ ဝုတ္တံ ဟောတိ။
သုတ္တိအဋ္ဌကထာ (၁၂၀) လာတိုင်း ဥပါဒ်အားဖြင့် ထင်ရှားမဖြစ် ငြိမ်းဧးခြင်း သဘာဝ အားဖြင့်သာ ဖြစ်ပေါ်လာရကား နိဗ္ဗတ္တိ-ဟူသော ပစ္စုပ္ပန်လက္ခဏာ မရှိသောကြောင့် ပစ္စုပ္ပန်မဆိုထိုက်သည် ဖြစ်၍သာ အတိတ် အနာဂတ်ဟူ၍လည်း မဆိုထိုက်သဖြင့် ယင်းနိဗ္ဗာန်ကို ကလဝိမုတ်ဆိုသည် မှတ်။
စင်စစ်မူကား နိဗ္ဗာန်သဘော မဖြစ်လာမီက ထိုနိဗ္ဗာန်သည် အနာဂတ်ပက္ခသို့ပင် ဝင်၏။ ယင်းနိဗ္ဗာန်ကို အာရုံပြု၍ဖြစ်သော မဂ်ဖိုလ်အဘိညာဉ်စိတ် တို့ကိုလည်း အနာဂတ်အာရုံကို အာရုံပြု သည်ပင် ဆိုဘွယ်ရှိ၏။ ယင်းသို့သော်လည်း ထိုနိဗ္ဗာန်၏ အလွန်နူးညံ့ သိမ်မွေ့သည်ဖြစ်ရကား အကောင်အထည် ဝတ္ထု ဒြပ် ဥပါဒ်အားဖြင့် ထင်ရှားဖြစ်လတ္တံ့ မဟုတ်သည်ဖြစ်၍ ထိုနိဗ္ဗာန်ကို အနာဂတ်စစ် မဆိုထိုက်သဖြင့် ထိုနိဗ္ဗာန်ကို အာရုံပြုသော စိတ္တုပ္ပါဒ်တရား တို့ကိုလည်း အနာဂတာရမ္မဏစစ် မဆိုထိုက်၊ ထိုကြောင့် အဘိဓမ္မာဝတာရ သံဝဏ္ဏနာမည်သော ဋီကာကျမ်းကြီး၌ …
နိဗ္ဗာနေ အနာဂတေပိ အတ္ထပဋိသမ္ဘိဒါ သိယာ။ န ဝတ္တဗ္ဗာ အတီတာရမ္မဏာတိပိ အနာဂတာ- ရမ္မဏာတိပိ ပစ္စုပ္ပန္နာရမ္မဏာတိပိ …
ဟူ၍ မိန့်အပ်ပြီ။
၎င်းပါဌ်မှာ ရှေ့၌ အနက်ပေးခဲ့ပြီ။
ဤ၌ နိဗ္ဗာန်ကို အနာဂတ် ဆိုရာဝယ် ထိုပဋိသမ္ဘိဒါပတ္တ ရဟန္တာပုဂ္ဂိုလ် စုတိကျပြီးခါ ဖြစ်ပေါ် လတ္တံ့သော ငြိမ်းဧးခြင်းပရိနိဗ္ဗာနသန္တိ ကိရိယာဘာဝ ဟူသော နိဗ္ဗာန်ကိုရည်၍ ဆိုအပ်သည်ဟု သိ။ ထိုကြောင့် မဇ္ဈိမပဏ္ဏာသဋီကာ (၆၉) ၌
မဂ္ဂေါ ပန ပရိနိဗ္ဗာနသန္တိကိရိယာဘိသမယဝသေန တတ္ထ လဗ္ဘမာနေ ဝိသေသေ အသမ္မောဟဝသေန ပဋိဝိဇ္ဈန္တော တတ္ထ စိတ္တံ ဥပသံဟရတိ …
ဟူ၍ မိန့်အပ်ပြီ။
မဂ္ဂေါ ပန၊ မဂ်သည်ကား။
ပရိနိဗ္ဗာနသန္တိကိရိယာဘိသမယဝသေန၊ ပရိနိဗ္ဗာန်ဟု ဆိုအပ်သော ငြိမ်းဧးခြင်းကို ထိုးထွင်း၍ သိသော အစွမ်းအားဖြင့်။
တတ္ထ၊ ထိုငြိမ်းဧးခြင်း ပရိနိဗ္ဗာန်ဟု ဆိုအပ်သော နိဗ္ဗာန်၌။
လဗ္ဘမာနေ၊ ရလတ္တံ့ ကုန်သော။
ဝိသေသေ၊ ဂုဏ်အထူးတို့ကို။
အသမ္မောဟဝသေန၊ မတွေဝေသည်၏ အစွမ်းဖြင့်။
ပဋိဝိဇ္ဈန္တော၊ ထိုးထွင်းမြင်သိသည်ဖြစ်၍ ။
တတ္ထ၊ ထိုနိဗ္ဗာန်အာရုံ၌။
စိတ္တံ၊ မိမိသမ္ပယုတ်စိတ်ကို။
ဥပသံဟရတိ၊ အာရုံပြုနိုင်အောင် ရှေးရှုဆောင်၏။
ဤပါဌ်ဖြင့် မဂ်သည် နိဗ္ဗာန်ကို အာရုံပြုသည်ဟူရာ၌ ရဟန္တာဖြစ်၍ စုတိ ကျရောက်သောအခါ ဖြစ်ပေါ် လာလတ္တံ့သော ငြိမ်းဧးခြင်းကိရိယာ သဘောရှိသော နိဗ္ဗာန်ကို မတွေဝေသောအားဖြင့် သိနှင့်သည်ကို မုချပြသည်။ ထိုသို့ ပြသဖြင့်မဂ်နှင့်တပြိုင်နက်လာသော အတ္ထပဋိသမ္ဘိဒါသည်လည်း ယင်းအနာဂတ် ဖြစ်သော နိဗ္ဗာန်ကိုပင် အာရုံပြုသည်ဟူသော အနက်ကိုလည်း အဝုတ္တသိဒ္ဓိနည်း ပညတ္တိဟာရနည်းအားဖြင့် ပြသည်သာ မှတ်။
လိုအပ်သော အတ္ထယောဇနာ ပြုသင့်ပုံ
ဆက်၍ ဆိုဦးအံ့ …
“တဿ ဘိက္ခဝေ ဣဓေ၀ သဗ္ဗဝေဒယိတာနိ အနဘိနန္ဒိတာနိ သီတီ ဘဝိဿန္တိ။ အယံ ဝုစ္စတိ ဘိက္ခဝေ အနုပါဒိသေသာ နိဗ္ဗာနဓာတု။”
ဟူသော ဤ ဣတိဝုတ်ပါဠိတော် (၂၂၁) ၌ အယံသဒ္ဒါ၏အစွဲကို အဋ္ဌကထာဆရာ မဘွင့်ဆို သော်လည်း “သီတီ သီတလီ ဘဝိဿန္တိ၊ အပ္ပဋိသန္ဓိကနိရောဓေန နိရုဇ္ဈိဿန္တီတိ အတ္ထော” ဟူသော ရှေ့သံဝဏ္ဏနာမူပုံကို ထောက်သဖြင့် “အယံ၊ ဤရဟန္တာပုဂ္ဂိုလ် ခန္ဓာ ငါးဝချုပ်ခြင်းကို။ ဝါ၊ ချုပ်ကြောင်းကို” ဤသို့ အနက် ပေးလိုသည်ထင်၏။
၎င်းအနက်သည် “ပဉ္စန္နံ ခန္ဓာနံ အပ္ပဝတ္တိဝသေန နိဗ္ဗာနံ ကထိကံ” ဟူ၍ ၎င်း “ဒုက္ခနိရောဓော နိဗ္ဗာနံ” ဟူ၍၎င်း လာသော ပါဌ်တို့နှင့် ညီညွတ် သည်သာတည်း။ ယင်းသို့သော်လည်း ၎င်းအနက်၏ အဘယ်သည် အနုပါဒိသေသ နိဗ္ဗာန်မည်သည် ဟု အနုပါဒိသေသနိဗ္ဗာန် သရုပ်လှလှ မပေါ် သောကြောင့် “အယံ၊ ဤရဟန္တာပုဂ္ဂိုလ်ခန္ဓာ ကွယ်ပျောက်သည့်အခါ ဖြစ်ပေါ်လာလတ္တံ့သော ငြိမ်းဧးခြင်း သီတိဘာဝ သဘောတရားကို” ဟူ၍ သရုပ်ပေါ်အောင် ဘုရားသျှင်၏ အာဘော်နှင့် သင့်လျော်စွာ အနက်ပေးသတည်း။
ဤဣတိဝုတ်ပါဠိတော်၌ “ သီတီ ဘဝိဿန္တိ” ဟူသောပါဌ်သည် "ပရိနိဗ္ဗာယိဿန္တိ" ဟူသောပါဌ်နှင့် အနက်သဘော အတူပင်တည်း။ ယင်း "ပရိနိဗ္ဗာယိဿန္တိ" ၌လည်း "ပရိနိဗ္ဗာယိဿန္တိ၊ ငြိမ်းကုန် လတ္တံ့။ ဝါ၊ ငြိမ်းဧးခြင်းသဘော ဟူသော နိဗ္ဗာန်စံခြင်းကို ပြုကုန်လတ္တံ့ ။ ဝါ၊ မအိုမသေ အမြဲစံ နေရာ နိဗ္ဗုတာသို့ ရောက်ကုန်လတ္တံ့” ဟူ၍ အနက်ပေးသော်လည်း ပေးသင့်၏။
ယင်း ပရိနိဗ္ဗာယိဿန္တိ-၌ ပရိ-ရှေး နိ-ရှေးရှိသော ဝါ-ဓာတ်၏ အရကို ငြိမ်းဧးခြင်း သဘောဟူသော နိဗ္ဗာန်ကိုပင် ကောက်ရသကဲ့သို့ ဤ သီတီ ဘဝိသန္တိ-၌လည်း သီတိဘာဝ အရကို ငြိမ်းဧးခြင်း သဘောဟူသော နိဗ္ဗာန်ကိုပင် ကောက်ယူသင့်၏။
ထိုကြောင့် ဤ “တဿ ဘိက္ခဝေ။ပ။ အယံ ဝုစ္စတိ အနုပါဒိသေသာ နိဗ္ဗာနဓာတု” ဟူသော ဣတိဝုတ်ပါဠိတော် (၂၂၁) ဖြင့် “ရဟန္တာပုဂ္ဂိုလ်တို့ စုတိကျရောက်သည့်အခါ ဖြစ်ပေါ်လာသော တဆယ့်တသီး မီးအပေါင်းတို့မှ ငြိမ်းဧးခြင်း သီတိဘာဝ သဘောတရားသည် အနုပါဒိသေသနိဗ္ဗာန် မည်၏” ဟူသော အနက်ကို နီတတ္ထ။ ယင်းနိဗ္ဗာန်၏လည်း ရဟန္တာပုဂ္ဂိုလ် စုတိကျရောက် ခန္ဓာ ကွယ်ပျောက်သည့်အခါမှ ထိုရဟန္တာပုဂ္ဂိုလ်၏ ပုန်းအောင်းရာ တည်ရာ ဖြစ်၍ ဖြစ်ပေါ်လာသည် ဟူသော အနက်ကို နေယျတ္ထအားဖြင့် ပြ၏။ ထိုကြောင့် အကြင်အကြင် အရပ်၌ အကြင်အကြင် ရဟန္တာပုဂ္ဂိုလ်တို့ စုတိ ကျရောက်၏။ ထိုထိုအရပ်၌ ထိုထို ပရိနိဗ္ဗုတရဟန္တာတို့၏ တည်ရာ ပုန်းအောင်းရာဖြစ်၍ ဖြစ်ပေါ်လာသော ထိုနိဗ္ဗာန်သည် ထိုအရပ်၌ပင် ထင်ရှားရှိသည် ဟု ရှေးက ညွှန်းပြခဲ့ပြီးသည့်အတိုင်း အထူးယုံကြည်အပ်၏။
ဤသို့ ရဟန္တာပုဂ္ဂိုလ်တို့ စုတိကျရောက်သည့်အခါ မိမိထံ ဖြစ်ပေါ်လာသော နိဗ္ဗာန်၌ ထိုရဟန္တာတို့ တည်နေသည်ကို ရည်တော်မူ၍ “ နိဗ္ဗာနံ အရဟတော ဂတိ” ဟူ၍ ဟောတော်မူသည်မှတ်။ ပရိဝါပါဠိတော်။
နိဗ္ဗာန်သည် ခန္ဓာ၌ပင်ဖြစ်၏ ဟူသည်ကို ပြပုံ
ဣတိဝုတ်ပါဠိတော်၌ ရဟန္တာပုဂ္ဂိုလ် စုတိကျရောက်သည့်အခါ ဖြစ်ပေါ် လာသော ငြိမ်းဧးခြင်း သီတိဘာဝ သဘောသည် အနုပါဒိသေသ နိဗ္ဗာန်မည်၏ ဟု ဆိုသဖြင့် ထိုရဟန္တာတို့ စုတိ ကျရောက်ရာ အရပ်၏လည်း အမှတ်မရှိ အရပ်ဆယ်မျက်နှာ၌ပင် ဖြစ်သင့်သောကြောင့် …
ပုရတ္ထိမဒိသာဒီသု အသုကဒိသာယံ နိဗ္ဗာနံ နတ္ထီတိ န ဝတ္တဗ္ဗံ။
ဟူ၍လာသော မူလပဏ္ဏာသအဋ္ဌကထာ စကားသည် ဤဣတိဝုတ်ပါဠိတော်နှင့် ညီညွတ်သည် သာတည်း။
ဤပါဠိတော် အဋ္ဌကထာတို့သည်လည်း
ဣမသ္မိံယေဝ ကဠေဝရေ သသညိမှီ သမနကေ သပိညာဏကေ လောကဉ္စေဝ ပညပေမိ၊ လောကသမုဒယဉ္စ လောကနိရောဓဉ္စ လောကနိရောဓဂါမိနိပဋိပဒဉ္စ …
ဟူ၍ ဟောတော်မူအပ်သော သဂါထာဝဂ္ဂသံယုဘ် (၆၁) စတုက္ကအင်္ဂုတ္တိုရ်ပါဠိတော် (၃၅၇) တို့နှင့် လည်း ညီလျော်ပေစွ။
အဘယ့်ကြောင့်နည်း၊ ဤပါဠိတော်၌ လောကနိရောဓ ဟု ဆိုအပ်သော နိဗ္ဗာန်ကို ထိုနိဗ္ဗာန်ရောက်သူ ပရိနိဗ္ဗန္တပုဂ္ဂိုလ် ခန္ဓာဟူသော လော၌ပင် ငါပညတ်တော်မူသည် ဟူသော အနက်ကိုပြသဖြင့် ထိုပရိနိဗ္ဗန္တ ပုဂ္ဂိုလ်ဟူကလည်း ဘယ်အရပ်မဆို အရပ် ဆယ်မျက်နှာ၌ပင် ဖြစ်သင့်သော ကြောင့်တည်း။
“နိဗ္ဗာနမ္ပိ ခန္ဓပဋိဗဒ္ဓမေဝ ခန္ဓေဟိ ဝိသယီကကတ္တာတိ ၀ဒန္တိ” ဟူသော ဝိသုဒ္ဓိမဂ်ဋီကာ စကား သည်လည်း ဆိုအပ်ခဲ့ပြီးသော ပါဠိတော် အဋ္ဌကထာ တို့နှင့် သင့်လျော်လှသည်သာတည်း။
အဘယ့်ကြောင့်နည်း။ ဤဋီကာ၌ နိဗ္ဗာန်သည် ခန္ဓာနှင့်ပင်စပ်၍ ဖြစ်သည် ဟူသော စကားဖြင့် နိဗ္ဗာန်ဟူသည် ပရိနိဗ္ဗန္တပုဂ္ဂိုလ် ခန္ဓာနှင့် စပ်၍ဖြစ်သည် ဟူသော အနက်ကိုပင် ပြသောကြောင့် ထိုပရိနိဗ္ဗန္တပုဂ္ဂိုလ် ဟူကလည်း အရပ် ဆယ်မျက်နှာ၌ပင် ဖြစ်သင့်သောကြောင့်တည်း။
ဤပါဠိတော် ဋီကာတို့၌ နိဗ္ဗာန်သည် ခန္ဓာ၌ပင် ဖြစ်သည် ခန္ဓာနှင့်စပ်၍ နေသည်ဟူရာ၌လည်း ခန္ဓာနှင့်မုချမစပ် ခန္ဓာငြိမ်းခြင်းနှင့်သာ မုချစပ်သည်။ ခန္ဓာမငြိမ်းမပျောက်လျှင် နိဗ္ဗာန် မပေါ်မရောက် လာသောကြောင့်တည်း၊ ဝါ၊ ခန္ဓာငြိမ်းပြီးသည့်နောက် နိဗ္ဗာန်၌ တည်ရောက်၍နေသော ပရိနိဗ္ဗုတ ပုဂ္ဂိုလ်နှင့်သာ မုချစပ်သည်ဖြစ်လျက် ခန္ဓာနှင့်စပ်သည် ဟု ဆိုသည်မှာ တဗ္ဗောဟာရူပစာရ အားဖြင့်သာ ဆိုသည်ဟု မှတ်။
ဤလည်း ကျမ်းတတ် ပညာရှိတို့ သတိအထူးကြရန် ဂမ္ဘီရဉာဏ ဂေါစရ တရပ်တည်း။
အစ္ဆရာယောဂ္ဂန္တိ အစ္ဆရိယံ၊ အစ္ဆရိယာယိတုံ ယုတ္တန္တိ အတ္ထော။ အဘူတပုဗံ္ဗ ဘူတန္တိ အဗ္ဘုတံ။
ဥပရိပဏ္ဏာသအဋ္ဌကထာ။ တာ။
အစ္ဆရိယံ၊ အံ့ဩခြင်းငှါ ထိုက်လှပေသောနိဗ္ဗာန်။
အဗ္ဘုတံ၊ ရှေး၌ တရံ တဆစ် မဖြစ်လာဘူးဘဲ ဤတခါတည်းသာ ဖြစ်ပေါ်လာသော နိဗ္ဗာန်။
ဟူ၍ အနက်ပေး။
အဗ္ဘုတ ဟု ဥရဿနှင့် လိုသည်ကို သဒ္ဒနီတိ၌ ဆိုသည်။ ၎င်း အဗ္ဘုတ သဒ္ဒါ၏ အစ္ဆရိယတ္ထ အဘူတပုဗ္ဗတ္တအားဖြင့် အနက်နှစ်ပါးရှိသည် ဟု ယင်း သဒ္ဒနီတိ၌ လာသည့်အတိုင်း ယင်းအနက် နှစ်ပါးတို့တွင် ဤအရာ၌ အဘူတပုဗ္ဗတ္ထ ဟုသိလေ။
ဣဒံ လောကနိဿရဏန္တိ ဣဒံ နိဗ္ဗာနံ လောကတော နိဿဋတ္တာ လောကနိဿရဏန္တိ ဝုစ္စတိ။
အင်္ဂုတ္တရအဋ္ဌကထာ (၂၃၀) မူ။
တွင်း လိုဏ်ဂူ တူးဘောက်၍ မြေဓာတ် ကုန်ပျောက်သဖြင့် ဟင်းလင်း အာကာသ သဘော ပေါ်ပေါက်လာရာ ထိုအာကာသကို မြေဓာတ်မှ ကျွတ် လွတ်၍ ဖြစ်သည် ဆိုအပ်သည်။ ဤနည်းအတူ အရဟတ္တမဂ် အရဟတ္တဖိုလ် ပစ္ဆိမစိတ်တို့ဖြင့် ကိလေသာတရား ခန္ဓာငါးပါး မြေဓာတ်ကုန်ပျောက် သည် ဖြစ်၍ ထို ငြိမ်းဧးခြင်း သဘော ပေါ်ပေါက်လာသည့်အခါ ထို နိဗ္ဗာန်ကို ထို လောက ရုပ်နာမ် ခန္ဓာဝဋ်တွင်းမှ ကျွတ်လွတ်လေပြီ ဆိုအပ်သည် ဟူလို။
ပရိနိဗ္ဗာယတီတိ အပစ္စယပရိနိဗ္ဗာနေန နိဗ္ဗာယတိ။
၎င်းအင်္ဂုတ္တိုရ်အဋ္ဌကထာ (၂၃၄)။ ဓေ။
၎င်းပါဌ်ဖြင့် ပရိနိဗ္ဗာန်ဟူသည်နှင့် အပစ္စယပရိနိဗ္ဗာန်ဟူသည် အတူတူပင်တည်းဟု ဆိုခဲ့သော ရှေ့စကားကို သန္နိဋ္ဌာန်ကျမှတ်ရန်။
အပစ္စယ ပရိနိဗ္ဗာနေန၊ ဒါန သီလ ဘာဝနာ- စသော အကြောင်းတရား တို့နှင့် မကင်းကောင်း သော်လည်း ထို အကြောင်းတရားတွိသည် တက္ခရောက်၍ မပြုပြင်နိုင်သဖြင့် အကြောင်းရှိသည် မဆိုထိုက် မဆိုအပ် ထူးမြတ်လှစွာသော ထက်ဝန်းကျင် ဘေးအပေါင်းတို့မှ ငြိမ်းဧးခြင်းသဘော ဟူသော အသင်္ခတဓာတ် နိဗ္ဗာန်ဖြင့် နိဗ္ဗာယတိ၊ ငြိမ်းကြီးငြိမ်း၏။ ။ဗျင်္ဂျတ္ထအနက်။
ယောဓနှင့် ထောင်မှူးဥပမာ
နတ္ထိ ဧတ္ထ သံသာရစာရကသင်္ခါတော ဒုက္ခယောဓော၊ ဧတသ္မိံ ဝါ အဓိဂတေ သံသာရာရက- သင်္ခါတဿ ဒုက္ခယောဓဿ အဘာဝေါတိပိ ဒုက္ခနိရောဓော အနုပ္ပါဒနိရောဓပစ္စယတ္တာ ဝါ။
နေတ္တိအဋ္ဌကထာ (၅၆)။ ဆော်။
ဧတ္ထ၊ ဤနိဗ္ဗာန်၌။
သံသာရစာရကသင်္ခါတော၊ သံသရာစောင့် ထောင်မှူးဟု ဆိုအပ်သော။
ဒုက္ခယောဓော၊ ဝဋ္ဋဒုက္ခဟူသော ခန္ဓာငါးပါး သူရဲသည်။
နတ္ထိ၊ မရှိ။
ဣတိ တသ္မာ၊ ထိုကြောင့်။
ဒုက္ခနိရောဓော၊ ဒုက္ခနိရောဓ မည်၏။
ဝါ၊ တနည်းကား။
ဧတသ္မိံ၊ ထိုနိဗ္ဗာန်ကို။
အဓိဂတေ၊ ရအပ်သည်ရှိသော်။
သံသာရာရကသင်္ခါတဿ ၊ သံသရာစောင့် ထောင်မှူးဟု ဆိုအပ်သော…
ထောင်မှူးသည် ထောင်သားတို့ကို ထောင်တွင်းမှ မထွက်ပြေးရအောင် စောင့်ရှောက်သကဲ့သို့ သံသရာထောင်ထဲမှ မထွက်ရအောင် ပြုတတ်သော၊ ဝါ- ထောင်မှူးသည် ထောင်သားတို့ကို ထောင်ဖြင့် ဖွဲ့တတ်သကဲ့သို့ သံသရာ၌ ဖွဲ့ထားတတ်သော ကိလေသဒုက္ခ-စသည် အလုံးစုံသော ဒုက္ခကို သံသရာ ထောင်မှူးဟု ဆိုသတည်း။ စာရကသဒ္ဒါ၏ ပါလကတ္ထ ဗန္ဓတ္ထကို သင်္သကရိုက် ဗင်္ဂါလီရေး မုတ္တာဝလီ အဘိဓာန်ကျမ်းကြီး၌ဆိုသတည်း။
ဒုက္ခယောဓဿ၊ ကိလေသဒုက္ခ-စသော ခန္ဓာငါးပါးဟူသော ဒုက္ခသူရဲ၏။
အဘာဝေါ၊ မရှိခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဣတိ-တသ္မာ၊၊ ထိုကြောင့်။
ဒုက္ခနိရောဓော၊ ဒုက္ခနိရောဓမည်၏။ ။ ယ-ကို ရ- ပြု ဟူလို။
ရာဇဝတ်ကောင် ဥပမာ
တနည်းကား သံသရာထောင်ဖြင့် ဖွဲ့ထားအပ်သော ရာဇဝတ်ကောင် ဟု ဆိုအပ်သော ခန္ဓာငါးပါး ဒုက္ခ၏ ဖြစ်ရာမဟုတ်သောနှင့် ဒုက္ခနိရောဓမည်၏။ ဤသို့ အနက်ပေးသော်လည်း သင့်သည်ပင်။ ဤအလိုအားဖြင့်ကား ယ-ကို ရ-ပြုဘွယ်မရှိ ပကတိအတိုင်းပင် မှတ်။
၎င်းပါဌ်ဖြင့် ဒုက္ခမရှိရာကို နိဗ္ဗာန်ဆိုသည်။ ဒုက္ခ၏ချုပ်ခြင်း အဘာဝမျှကို နိဗ္ဗာန်ဆိုသည် မဟုတ်ဟု သိရန်။
ပဉ္စန္နံ ခန္ဓာနံ အပဝတ္တိဝသေန နိဗ္ဗာနံ ကထိတံ။
ပဉ္စန္နံ ခန္ဓာနံ၊ ဒုက္ခဟူသမျှတို့၏ တဝတည်းခို ဝင်နေရာ ခန္ဓာငါးပါးရှိ၏။
အပဝတ္တိဝသေန၊ မဖြစ်လာသည်၏ အစွမ်းအားဖြင့်။
ဝါ၊ပဋိသန္ဓေ မနေလာ နိုင်သည့်အစွမ်းဖြင့်။
ပဝတ္တံ၊ ပရိနိဗ္ဗန္တပုဂ္ဂိုလ် ခန္ဓာကွယ်သည့်အခါ ဖြစ်ပေါ်လာသော။
နိဗ္ဗာနံ၊ တဆယ့်တသီး မီးအပေါင်းတို့မှ ကောင်းကောင်းကြီး ငြိမ်းဧးခြင်းသဘောကို။
နိဗ္ဗာနံ၊ နိဗ္ဗာန်ဟူ၍။
ကထိတံ၊ ဟောတော်မူအပ်၏။ သိလေသ-နည်း
ဤသို့လာသော သဂါထာဝဂ္ဂသံယုတ် အဋ္ဌကထာ နှင့်အညီ နိဗ္ဗာန်ဟူသည် နိဗ္ဗာန်ရမည့်သူ ပရိနိဗ္ဗန္တပုဂ္ဂိုလ်တို့၏ ခန္ဓာကွယ်ပျောက်သည့်အခါ တဖန် ပဋိသန္ဓေသစ် ဒုက္ခအမြစ် မတွယ်လာ ရအောင် ဟန့်ဆီးတားမြစ်နိုင်သော အစွမ်းဖြင့်၎င်း၊ ပရိနိဗ္ဗန္တပုဂ္ဂိုလ်ကို သိမ်းမြန်း ပိုက်ထား စောင့်ရှောက် ကိုးကွယ်ရာ ပြု၍ ဖြစ်ပေါ်လာသော သီတိဘာဝ ဟု ဆိုအပ်သော ငြိမ်းဧးခြင်းသဘော အားဖြင့် စင်စစ်ထင်ရှားရှိသော အသင်္ခတဓာတ်ကို “နိဗ္ဗာန်ရွှေမြို့” ဟု သမာဓိဂုဏာလင်္ကာရစကား ပြောကြားခေါ်ဆိုအပ်သည် ဟူ၍လည်း သိကြကုန်။
နေတ္တိအဋ္ဌကထာအလို ပြပုံ
အယံ ဒုက္ခနိရောဓောတိ အယံ သဗ္ဗသင်္ခတနိဿဋာ အသင်္ခတာ ဓာတု ယထာဝုတ္တဿ ဒုက္ခဿ အနုပ္ပါဒနိရောဓပစ္စယတ္တာ ဒုက္ခနိရောဓော။
အယံ ဒုက္ခနိရောဓောတိ၊ အယံ ဒုက္ခနိရောဓော-ဟူသည်ကား။
သဗ္ဗသင်္ခတနိဿဋာ၊ အလုံးစုံသော ဒုက္ခတည်ရာ သင်္ခါရနယ်ဝင် သင်္ခတ တရားဟူသမျှ လှလှကြီး ကျွတ်လွတ်သော။
အသင်္ခတာ၊ အကြောင်းတရားနှင့် မကင်းကောင်းသဖြင့် ထိုအကြောင်းတရားတို့ ပြုပြင်အပ် သော်လည်း ဥပါဒ်ဒြဗ် မပေါ်သဖြင့် ပြုပြင်အပ်ရာမထင် အလွန်လျှင် သိမ်မွေ့လှသည်ဖြစ်၍ အသင်္ခတ နာမထူးလည် ဘွဲ့တော်ချည်အပ်သော။
အယံ ဓာတု၊ ဤသည်အစိုင်အခဲ အစုအတွဲ မကွဲနိုင်ရာ ထူးမြတ်စွာ ဓာတ်တော်မြတ်သည်။
ယထာဝုတ္တဿ၊ အောက်၌ ဆိုခဲ့တိုင်းသော။
ဒုက္ခဿ၊ မြင်းမိုရ်နှိုင်းပြိုင် ကြီးခိုင်လှစွာ သမုဒြာရေမက များပြားလှသော ဒုက္ခအပေါင်း၏။
အနုပ္ပါဒနိရောဓပစ္စယတ္တာ၊ တဖန်အသစ် မဖြစ်လာရ အမြစ် မူလနှင့်တကွ လှလှကြီး ချုပ်ရာ ချုပ်ကြောင်းဖြစ်သောကြောင့်။
ဒုက္ခနိရောဓော၊ တဗ္ဗောဟာရူပစာရအားဖြင့် တင်စား၍ ဒုက္ခနိရောဓ မည်ရသတည်း။
ဤသို့ ဆယ်ကြောင်းပေ ဂိ-အင်္ဂါတွင် လာသော နေတ္တိအဋ္ဌကထာပါဌ်နှင့် အညီ ဒုက္ခနိရောဓဟု ဆိုအပ်သော ပကတိလုံးလုံးမရှိ ပျောက်၍သွားသော အဘာဝကို နိဗ္ဗာန်ဆိုသည် မဟုတ်။ နေရှိန်ကျောက် လာသောကြောင့် ဆီးနှင်းပေါက် ပျောက်ရသကဲ့သို့၎င်း မိုဃ်းကြီး သည်းထန်စွာ ရွာခါနီးတွင် မိုယ်းသက် လေကြီးလာသည့်အခါ တမိုယ်းလုံး ချုံးပူသော နေရှိန် ပျောက်ရသကဲ့သို့၎င်း၊ အသင်္ခတဓာတ် နိဗ္ဗာန်တရားမြတ် ဆတ်ဆတ်ပေါ်လာတော့မည် ရှိသည့်အခါ ယင်းပရိနိဗ္ဗန္တပုဂ္ဂိုလ်တို့ ခန္ဓာမီးပူ တဖန်မလူနိုင် ဘဝသစ်သို့ မရောက်နိုင်အောင် စင်းလုံးယိုင်သွား ပျက်ပြားရသဖြင့် ယင်းသို့ပျက်ပြား ချုပ်ပျောက်ကြောင်း ဖြစ်သော ငြိမ်းဧးခြင်းသဘောဟူသော အသင်္ခတဓာတ် ကိုယ်တော်မြတ်ကို ဒုက္ခနိရောဓပစ္စယ ဟု ဆိုရန်ရှိသော်လည်း ပစ္စယသဒ္ဒါကို ချေသောအားဖြင့် ဒုက္ခနိရောဓ ဟု နာမတံဆိပ် ကွပ်နှိပ်အပ်သော အရာများကိုလည်း အထူး သိကြကုန်။
အသင်္ခတဓာတ်သည်ကား ဒုက္ခချုပ်ကြောင်း ကာရဏ ဒုက္ခချုပ်ရခြင်းကား ဖလဟုမှတ်။ ခြင်္သေ့မင်း ပင် မလာသေးသော်လည်း လာတော့မည်ဟန် ဟိန်းဟောက်သံ ပေးကာမျှဖြင့် မြေခွေး သိင်္ဂါလ အပေါင်းတို့ တပေါင်းတည်း ထွက်ပြေးနှင့်ကြ ရသည်နှင့်အတူ နိဗ္ဗုတိသခင် သင်္ခတာသင်္ခတဘုရင် ထွက်တော် မူလာမည် ပြင်ဆင်ခိုက်တွင် ငါးအင်ခန္ဓာ မြေခွေးအပေါင်း တဖန်အသစ် မလူနိုင်အောင် တပေါင်းတည်း ပျက်စီးနှင့်ကြရသည် ဟူလိုသတတ်။
နိဗ္ဗာန-ပုဒ်ပြီး အမျိုးမျိုး အနက် ယောဇနာပုံ
တဏှက္ခယာ ဒုက္ခက္ခယော၊ ဒုက္ခက္ခယာ နိဗ္ဗာနံ။
တဏှက္ခယာ၊ ဒုက္ခများစွာ ဘေးဧရာကို အခါခါ စီမံတတ်သည့် တဏှာ သုံးတန် ကိုယ်တွင်းရန်တို့ မကြွင်းမကျန် ကုန်လေခြင်းကြောင့်။
ဒုက္ခက္ခယော၊ နာမ်ရုပ် ဒုက္ခ ကုန်ရခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဒုက္ခက္ခယာ၊ ဒုက္ခအပေါင်း တပေါင်းတည်း ကုန်လေခြင်းကြောင့်။
နိဗ္ဗာနံ၊ တဏှာတောထဲမှ ထွက်မြောက်၍ လာတော်မူရသော။
ဝါနတော နိက္ခန္တန္တိ နိဗ္ဗာနံ၊ ပြု။ နိဗ္ဗာနံ ဝစနတ္ထ။
နိဗ္ဗာနံ၊ တဏှာဟူသမျှကို တဝတည်း နှင်ထုတ်နိုင်ထသော။
ဝါနံ နိက္ခာပေတီတိ နိဗ္ဗာနံ။
နိဗ္ဗာနံ၊ ဘေးရန်ခပ်သိမ်းတို့ကို တပေါင်းတည်း ငြိမ်းစေနိုင်ထသော။
နိဗ္ဗာပေတိ သဗ္ဗဘယာနီတိ နိဗ္ဗာနံ။
နိဗ္ဗာနံ၊ တဆယ့်တသီး မီးအပေါင်းတို့၏ ကောင်းကောင်းကြီး ငြိမ်းရာ ဖြစ်တော်မူထသော။
နိဗ္ဗန္တိ ရာဂဂ္ဂိအာဒယော ဧတ္ထာတိ နိဗ္ဗာနံ။
နိဗ္ဗာနံ၊ တဏှာဟူသမျှ တို့၏ လှလှကြီး ထွက်ပြေးရာဖြစ်ထသော။
ဝါနာနိ နိက္ခမန္တိ ဣတောတိ နိဗ္ဗာနံ၊
နိဗ္ဗာနံ၊ သင်တိုင်းစွပ် အင်္ကျီ အင်္ဂါစုံညီအောင် ချုပ်စပ်တတ်သော သူတို့ကဲ့သို့ ဝိညာဏ် - နာမ် - ရုပ် သဠာယတန စသည်များစွာ သတ္တဝါပုံဟန် သတ္တဝါ စော်နံအောင် စီမံချုပ်စပ်တတ်သော အဝိဇ္ဇာ သင်္ခါရတို့၏ မချုပ်မလုပ်နိုင်ရာ ဖြစ်ထသော …
န ဝါနန္တိ န သိဗ္ဗန္တိ ဝါနာ ဝါနန္တာ ဧတ္ထာတိ နိဗ္ဗာနံ။
နိဗ္ဗာနံ၊ ဝါနရှိသူ ပုထုဇန်သူတို့၏ တခါတည်းမှ မပြုမလာနိုင်ရာ ဖြစ်ထသော။
ဝါနမေတေသံ အတ္ထီတိ ဝါနာ၊ ဝါနာ န ဝါယန္တိ ဧတ္ထာတိ နိဗ္ဗာနံ၊
နိဗ္ဗာနံ၊ ဝါနမရှိသူတို့၏ မလာနိုင်ရာလည်း မဟုတ်ထသော။
နှိဥပသာရကို ဝါနပုဒ်နှင့်တွဲ၍ တချက်, မတွဲဘဲလျက် တချက် ရသောကြောင့် တန္တနည်းလည်း ရောသော ဝါ- နိဗ္ဗာနပုဒ် တခုတည်းလျက် န ဝါနာ - ဟူသော အနက်, န ဝါယန္တိ - ဟူသောအနက် နှစ်ချက်ကို တပြိုင်တည်း ပြနိုင်သောကြောင့် ပဒီပနည်းလည်း ရောသော နိဒ္ဒေသသဒ္ဒါတည်း။
နိဗ္ဗာနံ၊ နိဗ္ဗူသာခေါင် ဘေးမဲ့တောင်သည်။
နိဗ္ဗာနံ၊ မြဲမြံခိုင်ခံ့ တည်တံ့ လှစွာ အမြဲဖြစ်၍ လာ၏။
နိယတံ ဟုတွာ နိယမဝသေန ဝါနံ ပဝတ္တနန္တိ နိဗ္ဗာနံ။
အက္ခရ ပဒ ဗျဉ္စန အာကာရ နိရုတ္တိနိဒ္ဒေသ အားဖြင့် ခြောက်မျိုးပြားသော မဟာနိဒ္ဒေသ နေတ္တိပါဠိတော်တို့မှ လာသော သဒ္ဒါခြောက်ပါးတို့တွင် နိဒ္ဒေသ အရာ၌ ဝင်သော ဝစနတ္ထဝိသေသ တို့တည်း။
ပါဠိနှင့် အဋ္ဌကထာ ဆန့်ကျင်သည် ဟု မမှတ်သင့်ပုံ
နိဗ္ဗစနံ နိရုတ္တိ၊ နိဗ္ဗစနဝိတ္ထာရော နိဒ္ဒသော။
နေတ္တိအဋ္ဌကထာ ( ၃၂) ကို ရှု။
တဏှက္ခယာ ဒုက္ခက္ခယော၊ ဒုက္ခက္ခာ နိဗ္ဗာနံ၊
ဤသို့လာသော နေတ္တိပါဠိတော် (၅ဝ) နှင့်အညီ “ ဒုက္ခက္ခယာ နိဗ္ဗာနံ” အရ ဒုက္ခကုန်မှ နိဗ္ဗာန်ဖြစ်လာ သည်ဟူ၍ သိကြကုန်။
“ဒုက္ခနိရောဓဿ ပစ္စယတ္တာ ဒုက္ခနိရောဓော” ဟူသော ယခင် နေတ္တိ အဋ္ဌကထာပါဌ်၏အရ နိဗ္ဗာန်ကြောင့် ဒုက္ခကုန်ရသည် ဟူသော အနက်။
“ဒုက္ခက္ခယာ နိဗ္ဗာနံ” ဟူသော ဤနေတ္တိပါဠိတော်၏အရ ဒုက္ခကုန်သောကြောင့် နိဗ္ဗာန်ဖြစ်ပေါ် လာရသည် ဟူသော အနက်အားဖြင့် ပါဠိ အဋ္ဌကထာ ဆန့်ကျင်သကဲ့သို့သော အရာများကိုလည်း စင်စစ် ဆန့်ကျင်သည် ဟု မမှတ်ဘဲလျက် နိဗ္ဗာန် ပေါ်လာလိုသောကြောင့် နိဗ္ဗာန်၏ ဆန့်ကျင်ဘက် နာမ် ရုပ် ဒုက္ခ ဟူသမျှ ထွက်ပြေးနှင့်ရသည်၊ ဒုက္ခ ဟူသမျှ တွက်ပြေးရသောကြောင့် ဒုက္ခ ငြိမ်းခြင်း နိဗ္ဗာန်ဖြစ်သည်၊ နေရောင်ကြောင့် အမိုက်ပျောက်ရသည်၊ အမိုက်မှောင် ပျောက်သောကြောင့် အလင်းရောင် တောက်သည်၊ နေထွက်လို၍ အရုဏ်တက်ရသည်၊ အရုဏ်တက်သောကြောင့် နေထွက်ရသည် ဟူသော သူရိယုဂ္ဂမနုပမာ ကံကုန်သဖြင့် စုတေလိုသောကြောင့် အနာကြီးပေါက်လာ ရသည်။ အနာကြီးပေါက်သောကြောင့် စုတေရသည် ဟူသော နာသာဘင်္ဂေါပမာ ကျမ်းဝယ်လာသော အရာများကဲ့သို့သာ မှတ်သဖြင့် ပါဠိ အဋ္ဌကထာ အပြန်အလှန် အညမညသံသန္ဒနာတည်း ဟု မှတ်ကြကုန်။
ဤနေတ္တိပါဠိတော်လာ “ဒုက္ခက္ခယာ နိဗ္ဗာနံ” ဟူသော စကားတော်မြတ် ဖြင့်လည်း ရဟန္တာပုဂ္ဂိုလ်တို့ မစုတိခင် ထိုရဟန္တာပုဂ္ဂိုလ်တို့ စံဝင်နေစရာ ဘာသာထာဝရဖြစ်၍ နေနှင့်သော နိဗ္ဗာန် ဟူသည် မရှိ ဟူသော အနက်ကိုလည်း ပညတ္တိဟာရနေတ္တိနည်း အားဖြင့် သိစေတော်မူသည်။
သိမ်မွေ့နူးညံ့သော နိဗ္ဗာန်ရတနာ
လောကဿန္တန္တိ လောကဿ အန္တဘူတံ နိဗ္ဗာနံ။
ဤသို့ သာရတ္ထဒီပနီဋီကာ (၂၄၁) ဈီ-အင်္ဂါတွင် လာသည်နှင့်အညီ နိဗ္ဗာန် ဟူသည် ရဟန္တာပုဂ္ဂိုလ် တို့၏ ခန္ဓာကွယ်ပျောက် အသက်ခန္ဓာ မရောက်လာခြင်း ဟု ဆိုအပ်သော လောက၏ ဆုံးရာ၌ ပရိနိဗ္ဗုတ လောကလွတ်ပြီး ပုဂ္ဂိုလ်သီးကို ကျောက်ထီးပမာ စောင်ရန်းကာသို့ စောင့်ရှောက်လာသော အစွမ်းအားဖြင့် ထိုပရိနိဗ္ဗုတပုဂ္ဂိုလ်အား ငြိမ်းဧးခြင်းကို ဖြစ်စေလျက် ဖြစ်ပေါ်လာသော အစ္ဆရိယ အဗ္ဘုတ ရတနာတော်မြတ်ကိုပင် ဆိုသတည်း ဟု သိအပ်သောကြောင့်၎င်း …
နိဗ္ဗာနမ္ပိ ဟိ ခန္ဓေ ပဋိစ္စ ပညာပနတော သရီရသ္မိံ ယေဝ ပညပေတိ။
ဤသို့လာသော သာရတ္ထဒီပနီဋီကာ (၂၄၀) နှင့်အညီ နိဗ္ဗာန် ဟူသည် အလွတ် သက်သက် ဖြစ်လိုရာ၌ ဖြစ်နေသည့် တရားမျိုးမဟုတ်၊ ပရိနိဗ္ဗန္တ ရဟန္တာ ပုဂ္ဂိုလ်တို့ ကိုယ်ခန္ဓာကို စွဲ၍သာလျှင် ထိုခန္ဓာကွယ်သည့်အခါ ဖြစ်ပေါ်လာသော တရားထူးဝိသေသ ဟူ၍ သိအပ်သောကြောင့်၎င်း …
နိဗ္ဗာနဿ အနုပ္ပါဒေယေဝ ပုဂ္ဂလဿ နိရောဓော။
ဟူသော ဝိသုဒ္ဓိမဂ် မဟာဋီကာပါဌ်နှင့်အညီ နိဗ္ဗာန် ဟူသည် ပရိနိဗ္ဗန္တ ပုဂ္ဂိုလ် ခန္ဓာ ကွယ်သည့်အခါ ထိုပုဂ္ဂိုလ်ကို စောင့်ရှောက်သောအားဖြင့် ဖြစ်ပေါ်လာသည် ဟု သိအပ်သောကြောင့်၎င်း …
အနိမိတ္တန္တိ သဗ္ဗနိမိတ္တရဟိတံ နိဗ္ဗာနံ။
ဟူသော ကထာဝတ္ထုအဋ္ဌကထာ (၂၆၇) တွင် လာသည့်အတိုင်း နိဗ္ဗာန် ဟူသည် ထိုပရိနိဗ္ဗန္တပုဂ္ဂိုလ် ခန္ဓာကွယ်သည့်အခါ ထိုပုဂ္ဂိုလ်အား တာဏ လေဏ ပရာယဏ ဖြစ်၍ ငြိမ်းဧးခြင်း သဘောအားဖြင့် ဖြစ်ပေါ်လာသော်လည်း အထည်ဒြဗ် ဥပါဒ်အားဖြင့် မဖြစ် အလွန်သိမ်မွေ့နူးညံ့စွာ ဖြစ်ပေါ်လာ သည်ဖြစ်၍ ယင်းသို့ ဖြစ်ပေါ်လာသည်ကို သိသာလောက်အောင် အထောက်သာဓက အခြင်းအရာ နိမိတ် အရိပ်အမြွက် မထွက်မပေါ်၊ ၎င်း ပရိနိဗ္ဗုတပုဂ္ဂိုလ်ကို အလွန်ချမ်းသာအောင် စောင့်ရှောက်၍ နေတော်မူပါသော်လည်း အလွန် သိမ်မွေ့သောအားဖြင့် စောင့်ရှောက်တော်မူသည်ဖြစ်၍ စောင့်ရှောက်ပုံ အခြင်းအရာကို သိသာလောက်အောင် အရိပ်နိမိတ်မထွက်၊ ဤသို့ အစရှိသည်ဖြင့် အောက်ကပြခဲ့ပြီးသည့်အတိုင်း အလုံးစုံသော နိမိတ်အရိပ်မပေါ် မထွက်သောကြောင့်သာ ဖြစ်ပေါ် လာမှန်း မသိရသည်။
စင်စစ်အားဖြင့်ကား ထင်ရှားမြင်ရသောသူတို့ ကိုယ်၌ နတ်ကို ပူးဝင်လာသည်ကို မသိကြ ရသေး၏ရှင့်၊ ထင်ရှားမမြင်ရ မသိရ အလွန်နက်နဲ၍နေသော ရူပါဒိသင်္ခါဝိမုတ္တအဖြစ်၌ တည်၍ နေသော ပရိနိဗ္ဗုတပုဂ္ဂိုလ်၌ ဆိုက်လာ ပေါ်လာသော ထိုနိဗ္ဗာန်အခြင်းအရာကို အဘယ်သိနိုင် မြင်နိုင်ပါတော့အံ့နည်း၊ မသိပင် မသိသော်လည်း အရူပဘုံ၌ အရူပဗြဟ္မာတို့ကို မသိမမြင်စေကာ ထိုအရူပ ဗြဟ္မာတို့ မိမိတို့ တည်ရာဌာန၌ ရှိသည်ဧကန် ဟု ဆိုအပ်သကဲ့သို့ ထို ပရိနိဗ္ဗုတ ရူပါဒိသင်္ခါဝိမုတ္တ ရဟန္တာအသျှင်၌ ထိုရဟန္တာအသျှင်ကို စောင့်ရှောက်၍ နေတော်မူသော ထို အသင်္ခတဓာတ်နိဗ္ဗာန် ဟူသည် စင်စစ်ဧကန်ရှိ၏ ဟု သိအပ်သည်၏ အဖြစ်ကြောင့် ယင်းသို့ ရှိလျှင်လည်း ထိုနိဗ္ဗာန်သည် ထိုမိမိစောင့်ရှောက်ရာ ပရိနိဗ္ဗုတပုဂ္ဂိုလ်၌ပင် ရှိ၏ဟူ၍ ဆိုသင့်သော ကြောင့် ငါတို့ဘုရားသျှင် “စံတော်မူရာ နိဗ္ဗာန်သည် ပရိနိဗ္ဗာန် စံတော်မူသော ထိုဘုရားသျှင်၌ ရှိသည်ဟူ၍ ဆိုအပ်သတည်း။
ဘုရားသျှင် စံတော်မူရာ နိဗ္ဗာန် ယခုတိုင် ရှိမရှိ
ဘုရားသျှင် စံတော်မူရာ နိဗ္ဗာန်သည် ယခုရှိပါ၏လော မေးသော် …
“ အဘူတံ အဇာတံ ဟုတွာ အတ္ထီတိ အဗ္ဘုတံ” ဟူသော သဠာယတနသံယုတ်အဋ္ဌကထာ (၁၄၉) “အတ္ထိ ဘိက္ခဝေ အဇာတံ” စသော ဥဒါန်းပါဠိတော်(၁၇၈) စသည်တို့နှင့်အညီ ထိုဘုရားသျှင်၏ နိဗ္ဗာန်သည် ဘုရားသျှင် ကိုယ်တော် ပရိနိဗ္ဗာန်စံသည်မှစ၍ ဘုရားသျှင်အား တဆယ့်တသီး မီးမလောင် လာရအောင် စောင့်ရှောက်တော်မူလျက် အစ္ဆရိယ အဗ္ဘုတ သုဇောတိတတရ သုပဘာ၀န္တတရ - အားဖြင့် ဖြစ်ပေါ်လာပြီးနောက် ယခုထက်ထိ မပျက်မစီး ထင်ရှားရှိပါ၏ ဟု ဖြေအပ်၏။
ဤသို့ သာမညဖြေဆိုသော် နေရာအများနှင့် ဆက်ဆံရကား သာမည ဟူသော ဧကတ္တတာ ဖြစ်၏။ ဘုရားသျှင်၏နိဗ္ဗာန် ကုသိနာရုံပြည်တော်၌ ရှိသည်ဆိုသော် သီးသီးခြားခြား ဝေမတ္တတာ ဖြစ်၏။ ယင်းသို့ ကုသိနာရုံ ပြည်၌ ရှိသည်ဆိုသော်လည်း ဧကတ္တတာ ဖြစ်သေး၏။ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တော်၌ ရှိသည်ဆိုသော် ဝေမတ္တတာ ဖြစ်၏။ ယင်းသို့ ဆိုသော်လည်း ဧကတ္တတာ ဖြစ်သေး၏။ အင်ကြင်းပင်အစုံတို့၏ အကြား၌ ရှိ၏ဆိုသော် ဝေမတ္တတာ ဖြစ်လာ၏။ ယင်းသို့ ဆိုသော်လည်း ဧကတ္တတာ ဖြစ်သေး၏။ ဘုရားသျှင်ခန္ဓာတော် ကွယ်သည့်အခါ ရူပါဒိသင်္ခါဝိမုတ္တ ပုဂ္ဂိုလ် အဖြစ်၌ တည်၍ နေတော်မူသော ထိုဘုရားသျှင်၌ ရှိသည်။ ဝါ၊ ဘုရားသျှင် တည်ရာဖြစ်၍ ထင်ရှားရှိ၏ဆိုသော် ဝေမတ္တတာ ဖြစ်သတည်း။
နေတ္တိပါဠိတော်ကျမ်းလာ သောဠသဟာရနည်းတို့တွင် အဓိဋ္ဌာနဟာရ သံဝဏ္ဏနာနည်း။ ဤ၌ ရူပါဒီသင်္ခါဝိမုတ္တပုဂ္ဂိုလ်အဖြစ် ဆိုသော်လည်း ပုဂ္ဂိုလ် အစစ် မမည်၊ ဘူတပုဗ္ဗဂတိက နည်းအားဖြင့် သာ ပုဂ္ဂိုလ်ဆိုရသတည်း၊ ဤသို့သော နည်းကို ရည်တော်မူ၍သာ “ရူပသင်္ခါဝိမုတ္တော ခေါ မဟာရာဇ တထာဂတော” စသည်ဖြင့် သဠာယတနသံယုဘ်ပါဠိတော် (၅၄၈) ၌ ဟောတော် မှုသည် မှတ်။
၎င်းရူပါဒိသင်္ခါဝိမုတ္တ တထာဂတ - ဟူသည် ပရိနိဗ္ဗန္တပုဂ္ဂိုလ်တို့ ခန္ဓာပျက် သည်မှနောက် နိဗ္ဗာန်၌ တည်ရောက်၍ ဂမ္ဘီရ အပ္ပမေယျသဘော အဖြစ်၌ တည်နေသော ခီဏာသ၀အသျှင်တို့ကို ဆိုသတည်း။
ဤအကြောင်းများကို နောက်ပရိနိဗ္ဗုတကထာသို့ ရောက်မှ ဤထက် အကျယ် အသွယ်သွယ်သော ပါဠိ အဋ္ဌကထာ ဋီကာ သာဓကတို့နှင့်တကွ ပြဆိုလတ္တံ့။
နေတ္တိအဋ္ဌကထာပါဌ်
သံသာရဒုက္ခဋ္ဋိတေဟိ လေတဗ္ဗတော လေဏံ။ တတော ရက္ခဏတော တာဏံ၊ အင်္ဂဏာဘာဝေန အနင်္ဂဏံ၊ နိဒ္ဒေါသတာယ အကာစံ။ ရာဂါဒိမလာဘာဝေန ဝိမလံ။ စတူဟိ သြဃေဟိ အနဇ္ဈောတ္ထရဏီယတော ဒီပေါ။ သံသာရဒုက္ခဝူပသမသုခတာယ သုခံ။ ပမာဏကရဓမ္မာဘာဝတော အပ္ပမာဏံ။ သံသာရသမုဒ္ဒေ အနောသီဒနဋ္ဌာနတာယ ပတိဋ္ဌာ။ ရာဂါဒိကိဉ္စနာဘာဝေန အကိဉ္စနံ။
၎င်းအဋ္ဌကထာအနက်
တံ၊ ထိုနိဗ္ဗာန်သည်။
သံသာရဒုက္ခဋ္ဋိတေဟိ၊ သံသရာဝဋ်ဒုက္ခဖြင့် အနှိပ်စက် ခံရကုန်သော သူတို့သည်။
ဝါ၊ တို့၏။
လေတဗ္ဗတော၊ ပုန်းအောင်းခိုမှီးရာ ဖြစ်သောကြောင့်။
လေဏံ၊ လေဏမည်၏။
တတော၊ ထိုသံသရာဝဋ်ဒုက္ခမှ။
ရက္ခဏတော၊ ပရိနိဗ္ဗုတပုဂ္ဂိုလ်များကို စောင့်ရှောက်တတ်သောကြောင့်၊
တနည်းကား …
တတော၊ ထိုသံသရာဝဋ်ဆင်းရဲ အနှိပ်စက်ခံရဘူးသော ပရိနိဗ္ဗုတပုဂ္ဂိုလ်များမှ။
ရက္ခဏတော၊ သံသရာဒုက္ခ တဖန်မလာရအောင် မုယောခင်းမှ နွားအပေါင်းတို့ကို စောင့်သကဲ့သို့ စောင့်ရှောက်တတ်သောကြောင့်
တာဏံ၊ တာဏမည်တော်မူ၏။
အင်္ဂဏာဘာဝေန၊ ကိလေသာမြူ မပြူမသန်းနိုင်ရာ ဖြစ်သောကြောင့်။
အနင်္ဂဏံ၊ အနင်္ဂဏမည်၏။
နိဒ္ဒေါသတာယ၊ နာမ်ရုပ်ဒုက္ခ ဟူသော အညစ်အကြေး အကြားအမြှေးတို့၏ မရှိခြင်းကြောင့်။
အကာစံ၊ အကာစ မည်တော်မူ၏။
တံ၊ ထိုသို့သော ဂုဏ်ကျေးဇူး တို့ဖြင့် ချီးကျူး၍ မကုန်နိုင်သော နိဗ္ဗာန်သခင် ကျေးဇူးရှင်သည်။
ရာဂါဒိမလာဘာဝေန၊ ရာဂ ဒေါသ မောဟ စသည်များစွာ အညစ်အကြေးတကာ ဟူသမျှတို့၏ မရှိခြင်းကြောင့်။
ဝိမလံ၊ ဝိမလ ဟု အနွတ္ထတံဆိပ် ကွပ်နှိပ်အပ်တော်မူ၏။
စတူဟိ သြဃေဟိ၊ လေးပါးသော သြဃတို့သည်။
အနဇ္ဈောတ္ထရဏီယတော၊ မလွှမ်းမိုးနိုင်သောကြောင့်။
ဒီပေါ၊ ပရိနိဗ္ဗုတ ရဟန္တာသခင် အသျှင်များတို့၏ အမြဲခိုမှီးရာ ကျွန်းကြီးသဖွယ် ဖြစ်တော်မူပေ၏။
သံသာရဒုက္ခဝူပသမသုခတာယ၊ ပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့၏ သံသရာဒုက္ခမှ လှလှကြီး ငြိမ်းချမ်းသာရာ ဖြစ်တော်မူသောကြောင့်။
သုခံ၊ သုခ မည်တော်မူ၏။
ပမာဏကရဓမ္မာဘာဝတော၊ နှိုင်းရှည့်စရာ ဒုက္ခများစွာတို့ကို ပြုတတ်သော သင်္ခတတရားတို့၏ မရှိခြင်းကြောင့်။
တံ၊ ထိုနိဗ္ဗာန်သည်။
အပ္ပမာဏံ၊ တုဘက်မပြု သူမတူတန်ဖြစ်၍ နေတော်မူ၏။
သံသာရသမုဒ္ဒေ၊ သံသရာဟူသော သမုဒြာ, သမုဒြာဟူသော သံသရာ, သံသရာ သမုဒြာ, သမုဒြာ သံသရာ၌။
အနောသီဒနဋ္ဌာနတာယ၊ မိမိ စောင့်ရှောက်အပ်သော ပရိနိဗ္ဗုတသခင် အသျှင်တို့၏ မနစ်နိုင်ရာ အရပ်ဖြစ်သောကြောင့်။
ပတိဋ္ဌာ၊ ပတိဋ္ဌ ဟု နာမထူးလည် အနွတ္ထဘွဲ့ချည်တော်မူအပ်၏။
ရာဂါဒိကိဉ္စနာဘာဝေန၊ ရာဂစသည်တို့၏အတွက် ကြောင့်ကြစိုက်စရာ ဘယ်ဟာတခု မရှိသည်၏ အဖြစ်ကြောင့်။
အကိဉ္စနံ၊ အကိဉ္စန ဟု နာမထင်ပေါ် အနွတ္ထကျော်တော်မူပေ၏။
အဓိပ္ပါယ် ရှင်းပြပုံ
ဤသို့ နေတ္တိအဋ္ဌကထာ(၁၂၀) ဈား အင်္ဂါတွင် လာသည့်အတိုင်း ယင်းသို့သော တာဏ လေဏ စသော ဂုဏ်တော်အပေါင်းတို့၏ တည်ရာနိဗ္ဗာန်ဟူသည် ထင်ရှားစင်စစ် ရှိသည်၏အဖြစ် …
စောင့်ရှောက်တတ်သော နိဗ္ဗာန်ဟူသည် ထင်ရှားရှိသဖြင့်လည်း စောင့်ရှောက်အပ်သော ပရိနိဗ္ဗုတ ပုဂ္ဂိုလ်ဟူသည် ထင်ရှားမရှိ မဆိုထိုက်သည် အဖြစ် …
ပုန်းအောင်းရာစင်စစ် ဖြစ်တော်မူသော နိဗ္ဗာန်ဟူသည် ထင်ရှားရှိသဖြင့် ထိုပုန်းအောင်းရာ၌ ပုန်းအောင်း၍ အမြဲနေသော ရူပါဒိသင်္ခါဝိမုတ္တပုဂ္ဂလ ဟူသည် ထင်ရှားမရှိ မဆိုနိုင်သည်၏အဖြစ်ကို နစ်နစ်နာနာ သဘောကျကြကုန်။
“နိဗ္ဗာနမေဝ အတ္ထိ။ န နိဗ္ဗုတော ပုမာ “ဝိသုဒ္ဓိမဂ်အဋ္ဌကထာ စသည်တို့၌ လာသောစကားမှာလည်း ပုမာ-ဟု ဆိုအပ်သော ပုရိသပုဂ္ဂလ သတ္တဇီဝအဖြစ်ဖြင့် မရှိသည်ကိုသာရည်၍ ဆိုသည်၊ လုံးလုံးနိဗ္ဗာန် စံသူမရှိသည်ကို ရည်၍ဆိုသည် မဟုတ်။ ယင်းသို့ နိဗ္ဗာန်စံသူ လုံးလုံးကြီး မရှိဆိုခဲ့လျှင် “ ကာယဿ ဘေဒါ ဓမ္မဋ္ဌော၊ သင်္ချံ နောပေတိ ဝေဒဂူ” စသော သဠာယတနသံယုတ် ပါဠိတော် စသည်တို့နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်တော့အံ့ ။
၎င်း ရူပါဒိသင်္ခါဝိမုတ္တဖြစ်၍ နိဗ္ဗာန်၌တည်သော အကြောင်းကို နောက်မှ အကျယ် ဆိုလတ္တံ့၊
နိဗ္ဗာနောဂဓဂါမိနန္တိ နိဗ္ဗာနဿ အန္တောဂါမိနံ မဂ္ဂံ။ ဗြဟ္မစရိယဉှိ နိဗ္ဗာနံ အာရမ္မဏံ ကရိတွာ နိဗ္ဗာနဿ အန္တောယေဝ ဝတ္တတိ၊
နိဗ္ဗာနောဂဓဂါမိနန္တိ၊ ဟူသည်ကား။
နိဗ္ဗာနဿ၊ နိဗ္ဗာန်၏။
အန္တောဂါမိနံ၊ အတွင်းသို့ ရောက်စေနိုင်သော။
မဂ္ဂံ၊ မဂ်ကို။
ဟိ၊ ဆိုသင့်စွ။
ဗြဟ္မစရိယံ၊ မဂ် တည်းဟူသော အကျင့်သည်။
နိဗ္ဗာနံ၊ ပရိနိဗ္ဗာန်စံသည့်အခါ ဖြစ်ရောက်လာလတ္တံ့သော ဧးမြခြင်းသဘော ဟူသော နိဗ္ဗာန်ကို။
အာရမ္မဏံ ကရိတွာ၊ အာရုံတပ်တတ် ပြုနိုင်သည်ဖြစ်၍။
နိဗ္ဗာနဿ၊ နိဗ္ဗာန်၏။
အန္တောယေဝ၊ အတွင်း၌ပင်လျှင်။
ဝတ္တတိ၊ ဖြစ်၏။
န ဣတရံ၊ လွင်ပ၌ ဖြစ်သည် မဆိုသင့် ဟူလို။
စတုက္ကအင်္ဂုတ္တရအဋ္ဌကထာ (၂၇၅)
ဧဝံ ဝိဟာရီ အာတာပီ၊ အဟောရတ္တမတန္ဒိတော။
ဘာဝယံ ကုသလံ ဓမ္မံ၊ ယောဂက္ခေမဿ ပတ္တိယာ။
အပ္ပမာဒရတော ဘိက္ခု၊ ပမာဒေ ဘယဒဿီ ဝါ။
အဘဗ္ဗော ပရိဟာနာယ၊ နိဗ္ဗာနဿေဝ သန္တိကေ၊
ယောဂက္ခေမဿ၊ ယောဂကုန်ရာ နိဗ္ဗာန်သို့။
ပတ္တိယာ၊ ရောက်ခြင်းငှါ။
ဧဝံ ဝိဟာရီ၊ ဤသို့နေလေ့ရှိသည်ဖြစ်၍။
အာတာပီ၊ လုံ့လရှိသည်ဖြစ်၍။
အဟောရတ္တံ၊ နေ့ညဉ့်မပြတ်။
အတန္ဒိတော၊ မပျင်းမရိ။
ကုသလံ ဓမ္မံ၊ ကုသိုလ်တရားကို။
ဘာဝယံ-ဘာဝယန္တော၊ တိုးပွါးစေလျက်။
အပ္ပမာဒရတော ဘိက္ခု၊ ပမာဒေ ဘယဒဿီ ဝါ။
အဘဗ္ဗော ပရိဟာနာယ၊ နိဗ္ဗာနဿေဝ သန္တိကေ၊
ပမာဒေ၊ မေ့လျော့ပေါ့ဖျင်း နေမိခြင်း၌။
ဘယဒဿီ ဝါ၊ ပစ္စုပ္ပန်ကျိုး တမလွန်ကျိုး အကျိုးနှစ်ပါး ပျက်ပြား ဆုတ်ယုတ်တတ်သဖြင့် ကြောက်အပ်စွာသော ဘေးကြီးဟု ရှုလေ့ရှိသည်ဖြစ်၍။
အပ္ပမာဒရတော၊ အပ္ပမာဒ တရားကို ပွါးများခြင်း၌ မွေ့လျော်နိုင်သော။
ဘိက္ခု၊ ရဟန်းသည်။
ပရိဟာနာယ၊ ဆုတ်ယုတ်ပျက်စီးခြင်းငှါ။
အဘဗ္ဗော၊ မထိုက်နိုင်သည်ဖြစ်၍။
နိဗ္ဗာနဿ၊ သုခပယ်ချိုး ဒုက္ခပျိုးတတ်သည့် တဏှာမျိုးမှ လွတ်မြောက်ရာဖြစ်သော။
နိဗ္ဗာနဿ၊ နိဗ္ဗာန်၏။
သန္တိကေဝ၊ အနီး၌သာလျှင်။
ဝါ၊ ထံတော်ပါး၌သာလျှင်။
သန္တိကေ၊ နီးနီးရောက်၍ ကပ်၍နေရလေ၏။
စတုက္ကအင်္ဂုတ္တိုရ်ပါဠိတော်(၃၀၉)
ဤသို့လာသော အင်္ဂုတ္တိုရ်ပါဠိတော်၌ နိဗ္ဗာန်၏အတွင်း နိဗ္ဗာန်၏အနီး ဟူသည်လည်း ထာဝရအစဉ် ထင်ရှားတည်၍ နေနှင့်သော နိဗ္ဗာန်၏ အတွင်း အနီးအရပ်ဟူသည် အခြားမရှိ၊ ဝုဋ္ဌာနဂါမိနီဝိပဿနာ ကို မဂ်ဖိုလ်၏ အနီးဆိုအပ် သကဲ့သို့ အရဟတ္တမဂ် အရဟတ္တဖိုလ်ကိုလည်း နိဗ္ဗာန်၏အနီး နိဗ္ဗာန်၏ အတွင်း ဆိုအပ်သတည်း။ အဘယ့်ကြောင့်နည်း ဟူမူကား ထိုအရဟတ္တမဂ် အရဟတ္တဖိုလ် ဖြစ်သည် ရှိသော် ပရိနိဗ္ဗာန်စံရတော့မည် ဧကန်ဖြစ်သောကြောင့်တည်း။
တနည်းကား “သိလာပုတ္တကဿ သရီရံ” ကဲ့သို့ နိဗ္ဗာန်နှင့် နိဗ္ဗာန်၏အနီး ဟူသည် အတူတူ အထူးအခြားမရှိ အဘေဒဘေဒူပစာရ ဟူ၍လည်း ဆိုသင့်၏။ ပရိနိဗ္ဗာန်စသည် ဟူရာ၌လည်း နိဗ္ဗာန်၌ စံနေရသည် ဟူလိုသည်။ နိဗ္ဗာန်နှင့် ပရိနိဗ္ဗာန်ဟူသည် အတူတူပင်တည်း။
ပရိနိဗ္ဗာနသဘာဝသင်္ခါတံ နိဗ္ဗာနန္တိ နိဋ္ဌမေတ္ထ ဂန္တဗ္ဗံ။
သဠာယတနသံယုတ် -၃ (၆၇)
“ အနေဇော သန္တိ မာရဗ္ဘ၊ စက္ခုမာ ပရိနိဗ္ဗုတော”
အစရှိသော ထိုထိုပါဠိတော်တို့၌ “ပရိနိဗ္ဗုတော” ဟူသောပါဌ်ဖြင့် နိဗ္ဗာန် သို့သွားပြီး နိဗ္ဗာန်၌ တည်နေပြီ၊ နိဗ္ဗာန်စံ၍ နေတော်မူပြီ ဟု နိဗ္ဗာန်သို့ ရောက်သွားသည်ကို ပဓာနဝါစကသတ္တိဖြင့် ပြသည်။ စုတေတော်မူပြီဟူသော အနက်မှာ ဒီပနတ္ထ၊ ဘေးခပ်သိမ်း ကင်းငြိမ်း၍ ချမ်းမြေ့သာယာ နေတော်မူလေပြီ ဟူသောအနက်ကား ပကာသနတ္ထ ဟု သိကြကုန်။ ။
နိဗ္ဗာန်သို့ ရောက်သည် ဟူရာ၌လည်း နိဗ္ဗာန်ရှိရာ ပုဂ္ဂိုလ်က သွားရသည် မဟုက်၊ ပုဂ္ဂိုလ်ရှိရာ နိဗ္ဗာန် ရောက်လာသည်ကိုပင် ဆိုသည်။ အရဟတ္တဖိုလ်သို့ ရောက်သည်ဟူရာ၌ အရဟတ္တဖိုလ်ရှိနှင့်ရာ ပုဂ္ဂိုလ်က ရောက်သွားသည် မဟုတ်။ ပုဂ္ဂိုလ်သန္တာန်ဝယ် အရဟတ္တဖိုလ် ပေါ်လာသည်ကိုပင် ဆိုသကဲ့သို့တည်း။
နိဗ္ဗာန်ချမ်းသာ စံစားနေတော်မူကြပုံ
အနုပါဒိသေသာ သမ္ပရာယိကာ။
သမ္ပရာယိကာတိ သမ္ပရာယေ ခန္ဓဘေဒတော ပရဘာဂေ ဘဝါ။
ဤသို့လာသော ဣတိဝုတ်ပါဠိတော် (၂၂၁) အဋ္ဌကထာ (၁၅၉) တို့ဖြင့် အနုပါဒိ သေသနိဗ္ဗာန် ဟူသည် ရဟန္တာပုဂ္ဂိုလ် ခန္ဓာပျက်သည့်အခါမှ ဖြစ်ပေါ်လာသည် ဟု မိန့်ဆိုအပ်သည့်အတိုင်း အောက်က အကျယ်ပြခဲ့ပြီးသော်လည်း ဤတွင်လည်း စကားစပ်ပြန်သဖြင့် တထပ် သတိရကြရုံမျှ အကျဉ်း သင်္ခေပ ပြလိုက်ပြန် သတည်း။
ဆက်ဦးအံ့ အောက်အကျဉ်း သင်္ခေပကထာ၌ ပြအပ်ခဲ့ပြီးသော မိလိန္ဒပဥှာ စကားအတိုင်း ပွတ်ကျည်ပွတ်ခုံ နှစ်ပါးစုံ ပွတ်တိုက်သည့်အခါမှ မီးပေါ်လာသည် နှင့်အတူ၎င်း စကြာမင်းကြီးရှိရာ စကြာရတနာ ဆိုက်ရောက်လာ သည်နှင့်အတူ ၎င်း ရဟန္တာပုဂ္ဂိုလ်များ ခန္ဓာတော် ကွယ်သည့်အခါမှ နိဗ္ဗာန်ရတနာ ပေါ်လာသည် ဟူ၍မှတ်ကြကုန်။
ခန္ဓာတော်ကွယ်မှ နိဗ္ဗာန်ရတနာ ပေါ်လာခဲ့သော် ထိုနိဗ္ဗာန်ရတနာဖြင့် ထိုရဟန္တာပုဂ္ဂိုလ်များအား အဘယ်အကျိုး ရှိပါအံ့နည်း ဟူငြားအံ့၊ ရဟန္တာပုဂ္ဂိုလ် ခန္ဓာကွယ်ပြီးနောက် ရူပါဒိသင်္ခါဝိမုတ္တ ပုဂ္ဂိုလ် အရာဝယ် တည်၍ ထိုရူပါဒိသင်္ခါဝိမုတ္တအဖြစ်ဖြင့် ထိုနိဗ္ဗာန်ချမ်းသာကို စံစား၍ နေတော်မူကြ ရသည်မှတ်။
ဤအကြောင်းမှာ သဠာယတနသံယုတ်ပါဠိတော် အဋ္ဌကထာ - စသည် တို့ဖြင့် အထက်နိဗ္ဗုတထာ အရာသို့ ရောက်မှ လွန်စွာ ထင်ရှားလတ္တံ့။
အယံ ဒုက္ခနိရောဓောတိ အယံ သဗ္ဗသင်္ခတနိဿဋာ အသင်္ခတာ ဓာတု၊ ယထာပုတ္တဿ ဒုက္ခဿ နိရောဓပစ္စယတ္တာ ဒုက္ခနိရောဓော။
နေတ္တိအဋ္ဌကထာ (၅၈)
အယံ ဒုက္ခနိရောဓောတိ၊ ဟူသည်ကား။
သဗ္ဗသင်္ခတနိဿဋာ၊ အလုံးစုံသော တေဘူမိကသင်္ခါရတရားတို့မှ ထွက်လွတ်၍လာသော။
အသင်္ခတာ ဓာတု၊ အသင်္ခတဓာတ်သည်။
ယထာ ဝုတ္တဿ၊ ဆိုခဲ့တိုင်းသော။
ဒုက္ခဿ၊ တဆယ့်တသီး မီးပူဒုက္ခ၏။
နိရောဓပစ္စယတ္တာ၊ တဖန်အသစ်မလာဘဲအမြဲချုပ်ပျောက်ခြင်း၏ အကြောင်း ဖြစ်သောကြောင့်။
ဒုက္ခနိရောဓော၊ ဒုက္ခနိရောဓ မည်၏။
ဒုက္ခနိရောဓဿ ပစ္စယော ဒုက္ခနိရော”။
ဥတ္တရပဒလောပသမာသ်ဆိုလိုသည်။
နိဗ္ဗာန်ရတနာကို ဥပမာအမျိုးမျိုးဖြင့် ပြပုံ
မှိုကြက်တောင်ကို ဖြစ်စေတတ်သော သတ္တိအာနုဘော်ရှိသော မြေဓာတ်ထဲမှ ထိုမြေနှင့် မစပ်မယှက် ထိုမြေနှင့်မတူ အမူထူးခြားဖြစ်ပေါ်လာသော မှိုကြက်တောင်၏ သဘော၊ ပိန္နဲပင်၌ ထိုသိန္နဲသီးကို ဖြစ်စေတတ်သော အာနုဘော်ရှိသော ပိန္နဲသားထဲမှခွဲ၍ ပေါ်ထွက်လာသော ပိန္နဲသီး၏သဘော၊ နွားနို့ရည်ကိုဖြစ်စေ တတ်သော အာနုဘော်ရှိသော နွားမကိုယ်ထဲမှ ထွက်၍လာသော နွားနို့ရည် သဘော၊ ပတ္တမြားတောင်၌ ပတ္တမြားကိုဖြစ်စေတတ်သော အာနုဘော်ရှိသော မြေဓာတ် မြေကြမ်း ကြီးထဲမှ ထိုမြေတို့နှင့်မတူ အလွန်ထူးမြတ်သော အရောင် အဆင်းရှိသော ထိုမြေတို့နှင့် မစပ်မယှက် သက်သက် ပေါ်ထွက်လာသော အဘိုး အနဂ္ဃ ပတ္တမြားရတနာ၏ သဘောများကဲ့သို့ နိဗ္ဗာန် ရတနာကိုဖြစ်စေနိုင်သော အလွန်ခြိုးခြံ၍ ကျင့်အပ်သော အကြောင်းပါရမီဟူသော သင်္ခတတရား ထဲမှ ထိုသင်္ခတတရားတို့နှင့် အနည်းငယ်မျှမတူ ထိုတရားတို့နှင့် မစပ်မယှက် သက်သက် ကေဝလဖြစ်၍ ထွက်ပေါ်လာသော အလွန်ထူးမြတ်သော အသင်္ခတဓာတ်ကို နိဗ္ဗာန်ရတနာဆိုသည် ဟူလိုသတတ်။
ပတ္တမြားတောင်၌ မြေခိုး တောင်ငွေ့ မြေဆီ ဩဇာသတ္တိ တို့နှင့်မကင်း ထိုပတ္တမြားရတနာ ဖြစ်ပေါ်လာသောကြောင့် ထို မြေ တောင်ဓာတ် သတ္တိအခိုးသည် ထိုပတ္တမြားရတနာကို ပြုပြင်အပ် သည်ဟု ဆိုဘွယ်ရှိသော်လည်း ထိုမြေဓာတ်နှင့် ထိုပတ္တမြားရတနာဓာတ် နေပုံ နေဟန် အလွန်ကွာဝေးသဖြင့် ထိုမြေကြီး တောင်ငွေ့တို့သည် ထိုပတ္တမြားမြတ်ကို ပြုပြင်အပ်သည် ဟု စင်စစ်ဆိုနိုင်စရာ လက္ခဏာ မထင်သကဲ့သို့ ပါရမီသမ္ဘာရ ဒါန သီလ ဘာဝနာ မဂ် ဖိုလ် သြဇာသတ္တိ တို့နှင့် မကင်း ထိုနိဗ္ဗာန်ရတနာ ပေါ်လာသော်လည်း ထိုအကြောင်း သင်္ခတတရား တို့နှင့်မတူ အလွန်ထူးမြတ်လှသဖြင့် ထိုသင်္ခတတရားတို့သည် ပြုပြင်၍ ဖြစ်လာသည် ဟု မဆိုဝံ့ မဆိုထိုက်သောကြောင့် ယင်းနိဗ္ဗာန်ကို အသင်္ခတ ဆိုရသည် မှတ်။
ဘဝနိရောဓောတိ နိဗ္ဗာနံ။
ဥပရိပဏ္ဏာသအဋ္ဌကထာ။
ဘဝတို့၏ချုပ်ရာကို နိဗ္ဗာန်ဆိုသည် ဟူလို။
ဗဟိမုခေါတိ သဗ္ဗသင်္ခါရတော ဗဟိဘူတံ နိဗ္ဗာနံ၊
ဥပရိပဏ္ဏာသဋီကာ(၂၇၄)
သင်္ခါရတရားတို့နှင့် မစပ်မယှက် သက်သက် သင်္ခါရတရား၏ အဆုံးပြင်ဘက်၌ တည်နေသော ဧးမြခြင်းသဘောသည် နိဗ္ဗာန်မည်သည် ဟူလိုသတတ်။
တိဿန္နံပိ ဒုက္ခတာနံ နိဗ္ဗုတိဘာဝတော နိဗ္ဗာနံ။
ဝိသုဒ္ဓိမဂ်မဟာဋီကာ (ပ-၄၆၀)
ရဟန္တာတို့ ပရိနိဗ္ဗာန်ပြုသည့်အခါ ကာယိကဒုက္ခ စေတသိကဒုက္ခ ဒုက္ခဒုက္ခ ဟူသော ဒုက္ခသုံးပါး တို့၏၊ ဝါ- ကာမဒုက္ခ ရူပဒုက္ခ အရူပဒုက္ခ-ဟူသော ဒုက္ခ သုံးပါးတို့၏ ငြိမ်းဧးခြင်းဟူသော သီတိဘာဝ နိဗ္ဗာယနသဘော ဖြစ်လာသည်ကို နိဗ္ဗာန်ရတနာ ပေါ်လာသည် ဟု ဆိုသည် ဟူလို သတတ်။
ယသ္မာ အဝိဇ္ဇာဒီနံ နိရောဓောနာမ ခိဏာကာရောပိ ဝုစ္စတိ အရဟတ္တမ္ပိ နိဗ္ဗာနမ္ပီတိ။
ယသ္မာ၊ အကြင်ကြောင့်။
အဝိဇ္ဇာဒီနံ၊ အဝိဇ္ဇာ-အစရှိသည်တို့၏။
နိရောဓောနာမ၊ ချုပ်ခြင်း မည်သည်ကား။
ခိဏာကာရောပိ၊ အဝိဇ္ဇာ သည်တို့၏ ကုန်သွားခြင်း အဘာဝ အခြင်းအရာကို၎င်း။
အရဟတ္တမ္ပိ၊ အရဟတ္တဖိုလ်ကို၎င်း။
နိဗ္ဗာနမ္ပိ၊ နိဗ္ဗာန်ကို၎င်း။
ယထာရဟံ၊ ထိုက်သည် လျော်စွာ။
ဝုစ္စတိ၊ ဆိုအပ်၏။
ဤသို့ ဒုကနိပါတ် အင်္ဂုတ္တရအဋ္ဌကထာ (၁၆၄) ဒီ- အင်္ဂါတွင် လာသော စကားသည်လည်း …
အရဟတ္တံ အရဟတ္တန္တိ အာဝုသော သာရိပုတ္တ ဝုစ္စတိ။ ကတမံ နခေါ အရဟတ္တန္တိ။
ယော ခေါ အာဝုသော ရာဂက္ခယော ဒေါသက္ခယော မောဟက္ခယော။ ဣဒံ ဝုစ္စတိ အရဟတ္တံ့။ ၊
နိဗ္ဗာနံ နိဗ္ဗာနန္တိ အာဝုသော သာရိပုတ္တ ဝုစ္စတိ။ ကတမံ န ခေါ နိဗ္ဗာနန္တိ။
ယော ခေါ အာဝုသော ရာဂက္ခယော ဒေါသက္ခယော မောဟက္ခယော။ ဣဒံ ဝုစ္စတိ နိဗ္ဗာနံ ၊
ဟူ၍လာသော သဠာယတနသံယုဘ်ပါဠိတော် (၄၄၇) စကားများနှင့် ထပ်တူထပ်မျှပင်တည်း။
ရာဂေါ အခီယိတ္ထ ဧတ္တာဘိ ရာဂက္ခယော။ ။ အရဟတ္တဖိုလ်ရစေ။
ရာဂေါ ခီယတိ ဧတ္ထာတိ ရာဂက္ခယော။ ။ နိဗ္ဗာန်ရစေ။
ရာဂဿ ခယော ရာဂက္ခယော။ ။ ခီဏာကာကို ရစေ။
ဧတ္ထ၊ ဤနိဗ္ဗာန်၌။
ရာဂေါ၊ ရာဂသည်။
အရဟတ္တမဂ္ဂဝသေန၊ မိမိကို အာရုံ ပြု၍ ရာဂကိုသတ်သော အရဟတ္တမဂ်၏ အစွမ်းအားဖြင့်။
ဒီယတိ၊ ကုန်ရ၏။
ဣတိ၊ ထိုသို့ ရာဂကုန်ရာ ဖြစ်သောကြောင့်၊
ဝါ၊ ရာဂကို ကုန်စေတတ်သော အရဟတ္တမဂ်အား အာရမ္မဏူပနိဿယ သတ္တိဖြင့် ကျေးဇူးပြုတတ် သောကြောင့်။
တံ၊ ထိုနိဗ္ဗာန်သည်။
ရာဂက္ခယော၊ ရာဂက္ခယ မည်တော်မူ၏။
ဤသို့သော ဝစနတ္ထနှင့်လျော်စွာ အရဟတ္တမဂ် ခဏ၌ပင် ရာဂကုန်ဆဲ ဖြစ်သည်။ အရဟတ္တဖိုလ်ခဏ ရာဂကုန်ပြီးဖြစ်သည်။ နိဗ္ဗာန်သို့ရောက်မှ ရာဂ ကုန်သည်မဟုတ်၊ ဝါ- နိဗ္ဗာန်ဖြစ်ပေါ် လာမှ ရာဂ ကုန်သည်မဟုတ်။ ငွေ၏အညစ်အကြေး ခဲကြေး စသည်တို့ ကုန်မှ ဘော်စင်ကျသကဲ့သို့ ကိလေသာ အညစ်အကြေး ဟူသော ခဲ သံ-ခန္ဓာကိုယ် အညစ်အကြေး ဟူသော ကြေးနီ ကြေးဝါ ကုန်မှ နိဗ္ဗာန် ငွေဖြူဘော်စင် ဖြစ်ပေါ် လာရောက်လာသည် မှတ်ကြကုန်။
စတုက္ကအင်္ဂုတ္တိုရ်ပါဠိတော်
ယတ္ထ ခေါ အာဝုသော န ဇာယတိ န ဇိယျတိ န မိယျတိ န စဝတိ န ဥပပဇ္ဇတိ။ နာဟံ တံ ဂမနေန လောကဿန္တံ ဉာတေယျံ ဒိဋ္ဌေယျံ ပတ္တေယျန္တိ ဝဒါမိ။ န စာဟံ အာဝုသော အပတွာဝ လောကဿန္တံ ဒုက္ခဿ အန္တကိရိယံ ဝဒါမိ။
အပိစာဝုသော ဣမသ္မိံယေ၀ ကဠ၀ရေ ဗျာမမတ္တေ သသညိမှိ သမနကေ လောကဉ္စေဝ ပညပေမိ လောကသမုဒယံ လောကနိရောဓံ လောကနိရောဓဂါမိနိပဋိပဒန္တိ။
ဂမနေန န ပတ္တဗ္ဗော၊ လောကဿန္တော ကုဒါစနံ။
နု စ အပဘွာ လောကဿန္တံ၊ ဒုက္ခာ အတ္ထိ ပမောစနံ။
၎င်းအဋ္ဌကထာ
လောကန္တိ ဒုက္ခသစ္စံ။
လောကသမုဒယန္တိ သမုဒယသစ္စံ။
လောကနိရောဓန္တိ နိရောဓသစ္စံ။
လောကနိရောဓဂါမိနိပဋိပဒန္တိ မဂ္ဂသစ္စ။
၎င်းပါဠိတော်အနက်
အာဝုသော၊ လောက၏ဆုံးရာ နိဗ္ဗုတာအရပ်ကို မေးလျှောက်လာသော အို ဒါယကာ ရေဝတ နတ်သား။
ယတ္ထ ခေါ၊ အကြင် နိဗ္ဗာန်အရပ်၌။
န ဇာယတိ၊ ဇာတိဘေးကြီးလည်း မရှိ။
န ဇိယျတိ၊ ဇရာဘေးကြီးလည်း မဝင်နိုင်။
န မိယျတိ၊ သေဘေးကြီးလည်း မလာနိုင်။
န စဝတိ၊ ဘုံတပါးသို့လည်း မရွှေ့ပြောင်းရ။
န ဥပပဇ္ဇတိ၊ ဘုံတပါးက ပဋိသန္ဓေ ကပ်နေလာရာလည်း မဟုတ်။
အဟံ၊ ငါဘုရားသည်။
လောကဿ၊ လောက၏။
အန္တံ၊ အဆုံးဟုဆိုအပ်သော။
တံ ဌာနံ၊ ထိုအရပ်ကို။
ဝါ၊ ထို မအိုမသေ အမြဲနေရာဖြစ်သော နိဗ္ဗာန်အရပ်ကို။
ဂမနေန၊ ခြေဖြင့်။
ဂန္တွာ၊ သွား၍။
ဉာတေယျံ၊ သိထိုက်၏ဟူ၍။
ဒိဋ္ဌေယျံ၊ မြင်ထိုက်၏ဟူ၍။
ပတ္တေယျံ၊ ရောက်ထိုက်၏ဟူ၍။
န ဝဒါမိ၊ ဟောတော်မမူ။
အာဝုသော၊ ဒါယကာနတ်သား။
အဟံ၊ ငါဘုရားသည်။
လောကဿ၊ လောက၏။
တံ အန္တံ၊ ထိုအဆုံးသို့။
အပတွာ၊ မရောက်သရွေ့။
ဒုက္ခဿ၊ ၏။
အန္တကိရိယံ၊ အဆုံးကိုပြုနိုင်၏ ဟူ၍။
န စ ၀ဒါမိ၊ ဟောတော်မမူသလျှင်ကတည်း။
အာဝုသော၊ အို ရေဝတနတ်သား။
အပိစ၊ စင်စစ်သော်ကား။
ဗျာမမတ္တေ၊ တလံမျှလောက်။
သသညိမှိ၊ သညာရှိသော။
သမနကေ၊ စိတ်ရှိသေးသော။
ဣမသ္မိံယေ၀ ကဠ၀ရေ၊ ဤခန္ဓာကိုယ် အတ္တဘော၌ပင်လျှင်။
လောကဉ္စေဝ၊ ဒုက္ခသစ္စာကို၎င်း။
လောကသမုဒယဉ္စ၊ သမုဒယသစ္စာကို၎င်း။
လောကနိရောဓဉ္စ၊ နိရောဓသစ္စာကို၎င်း။
လောကနိရောဓဂါမိနိပဋိပဒဉ္ဇ မဂ္ဂသစ္စာကို၎င်း။
ပညပေမိ၊ ငါပညတ်တော်မူ၏။
ဂမနေန၊ ခြေဖြင့်သွားသဖြင့်။
လောကဿ၊ ဒုက္ခသစ္စာဟူသော လောက၏။
အန္တော၊ အဆုံးသို့။
ကုဒါစနံ၊ တရံတဆစ်မျှ။
န ပတ္တဗ္ဗော၊ မရောက်နိုင်၊
လောကဿန္တံ၊ လောက၏အဆုံးသို့ ။
အပတွာ၊ မရောက်မချင်း။
ဒုက္ခာ၊ ဆင်းရဲမှ
ပမောစနံ၊ လွှတ်နိုင်ခြင်းသည်။
န စ အတ္ထိ၊ ရှိလည်းမရှိ။
ဤသို့လာသော စတုတ္တအင်္ဂုတ္တိုရ်ပါဠိတော် (၃၂၆) စသည်။
လောကန္တိ၊ ဟူသည်ကား၊
ဒုက္ခသစ္စံ၊ ဒုက္ခသစ္စာ။ပ။
ပဋိပဒန္တိ၊ ကာ။
မဂ္ဂသစ္စံ၊ မဂ္ဂသစ္စာ။
ဤသို့လာသော စတုက္ကအင်္ဂုတ္တိုရ်ပါဠိတော် ၎င်းအဋ္ဌကထာလာတိုင်း နိဗ္ဗာန် ဟူသည် ပရိနိဗ္ဗန္တပုဂ္ဂိုလ်် ခန္ဓာကိုယ်ကိုလွှတ်၍ အလွတ်သက်သက် ဖြစ်လာသော မည်သည်မရှိ၊ ပရိနိဗ္ဗန္တပုဂ္ဂိုလ်နှင့် စပ်သဖြင့် သာ ဖြစ်ပေါ်လာသည်ဟူ၍ နောက်က ပြဆိုခဲ့ပြီးသည့်အတိုင်း အထူးယုံကြည်ကြကုန်။
နိဗ္ဗာနံ ဟိ အတပ္ပကဋ္ဌေန အမတသဒိသတ္တာ အမတံ။ နာဿ မတံ မရဏံ ၀ယော အတ္ထီတိ အမတံ။
နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။
အတပ္ပကဋ္ဌေန၊ မြင်ရ ရောက်ရ တွေ့ရသူတို့ မမုန်းနိုင် ရောင့်ရဲမပြေနိုင်ကောင်းသော အနက်အားဖြင့်။
အမတသဒိသတ္တာ၊ အမြိုက် သုဓာနှင့် တူသောကြောင့်။
အမတံ၊ အမတမည်၏။
အဿ၊ ထိုနိဗ္ဗာန်အား။
မတံ မရဏံ ၀ယော၊ ပျက်စီးခြင်းသည်။
န အတ္ထိ၊ မရှိ။
ဣတိ၊ ထိုကြောင့်။
အမတံ၊ မည်၏။
ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ (၂၅၉) ၁င်္၁း၊ ညု။
အမတံ၊ အမြိုက်သုဓာသဖွယ်ဖြစ်သောနိဗ္ဗာန်။
အမတံ၊ သေကြေပျက်စီးခြင်း မရှိသောနိဗ္ဗာန်။
ဤသို့အောက်က အနက်ပေးခဲ့ရာ၌ သာဓကဘို့။
နိရောဓောတိ နိဗ္ဗာနံ၊ နိဗ္ဗာနဥှိ အာဂမ္မ ဒုက္ခ နိရုဇ္ဈတီတိ နိရောဓောတိ ဝုစ္စတိ။
ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ။ အနက်လွယ်၏။
သမုဒြာပင်လယ် စသည့် ဥပမာဖြင့် ရှင်းပြပုံ
ဤအဋ္ဌကထာပါဌ်၌ ဒုက္ခ၏ ချုပ်ရာ ဟူရာဝယ် အဓိပ္ပါယ်ကား သမုဒြာရေ ပင်လယ်ကြီးသည် ကမ်းထိပ်ကမ်းသို့ ရောက်သည့်အခါ ရေဆုံးရသည်ဖြစ်၍ ယင်းကမ်းထိပ်ကမ်းစသည် ရေပင်လယ်ကြီး ဆုံးရာဟူ၍ ဆိုအပ်သကဲ့သို့ သတ္တငါတို့ အနမတဂ္ဂ သံသာရမှ စ၍ ထိုထိုဘဝကျင်လည် မျောသွားကြရာ ယထာဗလ ယထာသတ္တိ အစွမ်းရှိသမျှ ကုသိုလ်ပါရမီ တရားတို့ကို အားထုတ်၍ အလုံးစုံ ပါရမီအကြောင်း ပြည့်စုံသဖြင့် အောက်မဂ် အောက်ဖိုလ်ရကြပြီး သည့်နောက် ရဟန္တာပုဂ္ဂိုလ်ဖြစ်၍ စုတိစိတ် ရောက်သည်တိုင်အောင် သမုဒြာ ရေအပြင်နှင့်တူ၏၊ စုတိစိတ်၏ အခြားမဲ့၌ ဖြစ်ပေါ်လာသော အသင်္ခတဓာတ် နိဗ္ဗာန်ရပ်သည် သမုဒြာ ရေအဆုံး ကမ်းထိပ်ကမ်းစနှင့် တူ၏။
တနည်းမှာလည်း တောမီးကြီးစွာ အနောက်အရပ်က အရှေ့အရပ်သို့ လောင်၍ မရပ်မဆိုင်း သွားလေရာဝယ် အရှေ့အရပ်က ချောင်းရေကြီးစီး၍လာရာ ထိုများစွာသော ရေဓာတ်သို့ ရောက်လျှင် တောမီး ပျောက်ငြိမ်းသည့်အခါ ထိုရေဓာတ်သည် ဤတောမီးငြိမ်းရာဟူ၍ ဆိုအပ်သည်နှင့်အတူ တောမီးကြီး အရှေ့အရပ်သို့ မပြတ်မစဲ လောင်၍ သွားတုန်းအခါကဲ့သို့ ထိုပုဂ္ဂိုလ်ခန္ဓာငါးပါး ဘဝမခြား ဖြစ်သွားရသည်နှင့် တူ၏။ မီးလောင်ရာသို့ အရှေ့အရပ်က ချောင်းရေကြီးစီး၍ လာသည် နှင့် အသင်္ခတဓာတ် နိဗ္ဗာန်ပေါ်လာသည်နှင့် တူ၏။
တနည်း အပူကြီး ပြင်းစွာတက်၍ သည့် ယောက်ျား ဆေးသမားကောင်း၏ ဆေးအစွမ်းဖြင့် အချမ်းအဧး သီတဓာတ် ပေါ်လာသည့်အခါ အပူဓာတ်ငြိမ်းရသကဲ့သို့ အတုလဆေးသမား ဘုရားသျှင်၏ အတုလဖြစ်သော အသင်္ခတဓာတ် ဆေးတော်မြတ် ဆတ်ဆတ် ပေါ်လာသည့်အခါ ခန္ဓာငါးဝ အပူဒုက္ခ ပျောက်ရလေသည်။
ဤသို့သော အရာများကိုရည်၍ အသင်္ခတဓာတ်နိဗ္ဗာန်ကို ဒုက္ခ၏ချုပ်ရာ ဆိုသည်။ လူ့ပြည်မှသေ၍ ရောက်သွားရာ နတ်ပြည်စသော ဘုံတည်ရာ တခြား အလွတ်၌ ရှိသကဲ့သို့ ရဟန္တာပုဂ္ဂိုလ်တို့ စုတေပြီးသည့်နောက် ရောက်သွားရာ နိဗ္ဗာန်အရပ်ဟူသည် တခြားအလွတ်ဝယ် ရှိတော့သည် မဟုတ်။ ထိုရဟန္တာစုတိ ကျရာဝယ် ဖြစ်ပေါ်လာသော ထိုရဟန္တာကိုယ်နှင့် တစပ်တည်းကဲ့သို့ ဖြစ်၍ တည်ရောက်လာသော အသင်္ခတဓာတ်ကိုပင် ထိုရဟန္တ ဒုက္ခချုပ်ရာဆိုသည် ဟူ၍မှတ်။
တဉ္စ နိဗ္ဗာနပဒံ မရဏာဘာဝေန ပဏီတဋ္ဌေန ဝါ အမတံ။ သဗ္ဗသင်္ခါရူပသမနတော သန္တိ။ တဏှာသင်္ခါတဝါနာဘာဝတော နိဗ္ဗာနံ။ စဝနာဘာဝတော အစ္စုတံ။
သုတ္တသင်္ဂဟအဋ္ဌကထာ။
တဉ္စ နိဗ္ဗာနပဒံ၊ ထိုနိဗ္ဗာန်အရပ် ဟူသည်လည်း။
မရဏာဘာဝေန ဝါ၊ သေကြေပျက်စီးခြင်းမရှိ သတ္တဝါတို့၏ သေနိုင်ရာ မဟုတ်သောကြောင့်၎င်း။
ပဏီတဋ္ဌေန ဝါ၊ လွန်စွာမြတ်သော အနက်ကြောင့်၎င်း။
အမတံ၊ အမတ မည်၏။
သဗ္ဗသင်္ခါရူပသမနတော၊ အလုံးစုံသော ခန္ဓာငါးဝ သင်္ခါရနယ်ဝင် ဟူသမျှတို့၏ တဝတည်းငြိမ်းရာ ဖြစ်သောကြောင့်။
ဝါ၊ သင်္ခါရဒုက္ခ ဟူသမျှကို တဝတည်း ငြိမ်းဧးစေနိုင်သောကြောင့်။
သန္တိ၊ သန္တိ မည်တော်မူ၏။
တဏှာသင်္ခါတဝါနာဘာဝတော၊ တဏှာဟူသော ဝါနမရှိရာ ဖြစ်သောကြောင့်။
နိဗ္ဗာနံ၊ နိဗ္ဗာန်တံဆိပ် ဘွဲ့တော်ကြီးဖြင့် ကွပ်နှိပ်အပ်၏။
စဝနာဘာဝတော၊ ပရိနိဗ္ဗုတပုဂ္ဂိုလ် ထံဝယ် တကယ်ငြိမ်းဧးခြင်းဟူသော မိမိသဘော ဖြစ်သည်မှစ၍ ဘယ်သည့်အခါမှ ရွှေ့လျောပျောက်သွားခြင်းမရှိ၊ ထိုပရိနိဗ္ဗုတပုဂ္ဂိုလ်အား တဧးမြထဲသာ အမြဲ ဧးမြ၍နေစေသောအားဖြင့် အမြဲတည်၍ နေသောကြောင့်။
အစ္စုတံ၊ အစ္စုတဟု နာမတရပ် တံဆိပ်တပ်တော်မူအပ်၏။
၎င်းအဋ္ဌကထာအနက်။
အစ္စုတန္တိ နိစ္စံ ဓုဝံ သဿတံ အဝိပရိဏာမဓမ္မန္တိ နိဗ္ဗာနံ အစ္စုတံ။
စူဠနိရုတ္တိပါဠိ။
အစ္စုတန္တိ၊ အစ္စုတ-ဟူသည်ကား။
ယံ နိဗ္ဗာနံ၊ အကြင်နိဗ္ဗာန်သည်။
နိစ္စံ၊ ဘင်ခဏအားဖြင့်ပျက်စီးခြင်းမရှိ ပကတိမြဲ၍နေ၏။
ဓုဝံ၊ မြေကြီးမြင်းမိုရ်တို့မျှမက ခိုင်ခံ့မြဲမြံတော်မူ၏။
သဿတံ၊ အဇဋာကာသ ကောင်းကင်ကဲ့သို့ အမြဲတည်၍ နေ၏။
အဝိပရိဏာမဓမ္မံ၊ အဘယ်တစုံတခု တဘောက်ပြန်ခြင်းသဘော မရှိ။
ဣတိ၊ ထိုကြောင့်။
တံ နိဗ္ဗာနံ၊ ထိုနိဗ္ဗာန်သည်။
အစ္စုတံ၊ အစ္စုတ မည်၏။
၎င်းအနက်။
ယော သော သဗ္ဗသင်္ခါရသမထော သဗ္ဗုပဓိနိဿဂ္ဂေါ တဏှက္ခယော ဝိရာဂေါ နိရောဓော နိဗ္ဗာနံ။
ဟူသော မဟာနိဒ္ဒေသပါဠိတော်(၁၅) ။ အနက်လွယ်ပြီ။
ဤသို့သော ပါဠိ အဋ္ဌကထာ တို့နှင့်အညီ ဘေးခပ်သိမ်းတို့မှ ငြိမ်းဧးခြင်းသန္တိ သဘောရှိသော မပျက်မစီး အမြဲတည်နေသော တဏှာမလာနိုင်ရာ အလုံးစုံသော သင်္ခါရတရားတို့၏ ငြိမ်းရာ ခန္ဓုပဓိစသော ဥပဓိလေးပါးတို့ မလိုက်နိုင်ရာ စွန့်ပစ်ရရာ ချုပ်ကြီးချုပ်ရာ ငြိမ်းဧးခြင်းသဘောကို နိဗ္ဗာန် ဆိုသည်ဟု သိ။
ယင်း ဥပဓိတရားတို့ မလိုက်နိုင်ရာ ချုပ်ကြီးချုပ်ရာ ဟူသည်လည်း အသင်္ခတ ဓာတ်ဟူသော ဧးမြစွာသော နိဗ္ဗာယနသီတသဘာဝကို ဆိုသတည်း။ ဧရာဝတီ မြစ်ရေကြီးသည် တောမီးကြီး၏ မလောင်နိုင်ရာ ဆိုအပ်သကဲ့သို့ ဧးမြခြင်း သီတလ သဘော သန္တိသဘောရှိသော အသင်္ခတဓာတ် ဟူသော မြစ်ရေကြီးထဲသို့ ခန္ဓာငါးဝ ဘေးဒုက္ခမီးကြီးတို့ မလိုက်နိုင် ဟူလိုသည်။
တနည်းလည်း မိုဃ်းတိမ်ကြီးထဲမှ မိုယ်းရေရွှဲရွှဲကြီး ကျလာသည့်အခါ တောမီးကြီးစွာငြိမ်း၍ သွားသည်ရှိသော် ထိုယခုဆဲဆဲကျ၍ လာသော မိုယ်းကြီးသည် ထိုတောမီးကြီး ငြိမ်းရာ ငြိမ်းကြောင်း ဖြစ်သကဲ့သို့ ထိုတောမီးသည် မိုယ်းရေကြီးအတွင်း တည်နေသူတို့သို့ မလိုက်နိုင် မလောင်နိုင်သကဲ့သို့ ဧးမြခြင်း သီတသီတလ သဘောရှိသော၊ ဝါ- သဘောဟု ဆိုအပ်သော အသင်္ခတဓာတ် မိုဃ်းကြီး ကျရောက်လာသဖြင့် ထိုမိုယ်းကြီးတွင်း၌ တည်နေကုန်သော ပရိနိဗ္ဗုတအသျှင်များတို့သို့ ထိုခန္ဓာငါးဝ တောမီးမလိုက်နိုင် မလောင်နိုင်။ ထိုခန္ဓာငါးဝ တောမီးကြီးသည် ထိုပရိနိဗ္ဗုတ အသျှင်တို့ကို လက်မှ လွှတ်လိုက်ရသည် ဟူလို သတည်း။
ဥပဓယော နိသဇ္ဇန္တိ ဧတ္ထ ဧတေန ဝါတိ ဥပဓိနိဿဂ္ဂေါ။ ဝစနတ္ထပြု။
ဧတ္ထ၊ ဤအသင်္ခတဓာတ်ဟူသော သီတလဓာတ်ထဲ၌။
ဝါ၊တနည်းကား။
ဧတေန၊ ဤအသင်္ခတဓာတ် မိုဃ်းရေကြီး ကျရောက်ခြင်းဖြင့်။
ဥပဓယာ၊ ခန္ဓာစသော ဥပဓိလေးပါးတို့သည်။
နိသဇ္ဇန္တိ၊ ပရိနိဗ္ဗုတပုဂ္ဂိုလ်များသို့ မလိုက်နိုင် လက်မှိုင်ချရ စွန့်ကြရကုန်၏။
ဣတိ၊ ထိုကြောင့်။
နံ၊ ထိုနိဗ္ဗာန်သည်။
ဥပဓိနိဿဂ္ဂေါ၊ ဥပဓိနိဿဂ္ဂ မည်၏။
၎င်းအနက်။
ထိုနိဗ္ဗာန်သည် ဥပဓိတို့၏ စွန့်လွှတ်လိုက်ရာ ဟူသည်၌လည်း ထိုနိဗ္ဗာန်သည် ထိုရဟန္တာ ရုပ်နာမ် ခန္ဓာဥပဓိမီး၏ အပြီးတပေါင်းတည်း ငြိမ်းဧးရာ ဖြစ်သည်ကို ရည်၍ဆိုသည်။ ရဟန္တာပုဂ္ဂိုလ် ခန္ဓာတတိတခြား၊ စုတိပြီးသည့်နောက် ထို ရဟန္တာပုဂ္ဂိုလ် ရောက်ရာ အလွတ်သက်သက်၌ တည်နေနှင့်သော နိဗ္ဗာန်ဟူသည် တခြား မရှိ။ ထိုရဟန္တစုတိ၏ အခြားမဲ့၌ ချက်ခြင်း ပေါ်ရောက်လာ သန္တိသဘာဝ နိဗ္ဗာယနသဘော၏ ထိုရဟန္တာ၌ ပေါ်လာသည်။ ထိုရဟန္တာ ပုဂ္ဂိုလ် စုတိခန္ဓာနှင့် တစပ်တည်း တစဉ်တည်းဖြစ်၍ လာသည်။ ထိုရဟန္တာ ပုဂ္ဂိုလ်၏ စုတိခန္ဓာလည်း တခြား၊ ထိုစုတိပြီးနောက် ထိုရဟန္တာပုဂ္ဂိုလ် ရောက်ရာ အရပ်တပါး အခြားအလွတ်သက်သက်၌ တည်နေနှင့် သော နိဗ္ဗာန်လည်း တပါး ဟူ၍ မမှတ်ကြအပ်၊ မမှတ်ကြလင့်။ ထိုကြောင့် ဝါ- ထိုသို့သော အနက် သဘောကို ပြတော်မူလို၍ပင် “အညေ ခန္ဓာ အညံ နိဗ္ဗာနန္တိ နဟေဝံ ဝတ္တဗ္ဗေ” ဟူ၍ ကထာဝတ္ထု ပါဠိတော်ကို ဟောတော်မူသတည်း။ ယင်းသို့ ရဟန္တာတို့၏ စုတိအခြားမဲ့၌ ယင်းနိဗ္ဗာန်၏ တစပ်တည်း ဖြစ်ပေါ်လာသောအဖြစ်ကို ဝီထိ ထိုး၍ ပြသော်လည်း ပြသင့်သည်သာတည်း။
နိဗ္ဗာန်ဝီထိပုံ
ဘွင် ဘွင် ဘွင် ဘွင် ဘွင် န ဒ မ ဇော ဇော ဇော ဇော ဇော စု နိ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ * ၁ ၂ ၃ ၄ ၅
ဤသို့ ပြအပ်၏။
ဤသို့ နိဗ္ဗာနဝီထိ၌ မနောဒွါရာဝဇ္ဇန်း မရဏာသန္နဇော ငါးချက်တို့သည် စုတိနောက် ပေါ် ရောက်လာသောနိဗ္ဗာန်ကို အာရုံပြုသည်ဟူ၍မှတ်။ ဤကိုရည်တော်မူ၍ …
တော်မူ၍---
“အနေဇော သန္တိမာရ ဗ္ဘ၊ စက္ခုမာ ပရိနိဗ္ဗုတော”
ဟူ၍ ဘုရားသျှင် ပရိနိဗ္ဗာန်ပြုလျှင်ပြုခြင်း အသျှင်အနုရုဒ္ဓါ ရဟန္တာသခင်မြတ် မြွက်ကြားတော် မူသတည်း။
ဤနိဗ္ဗာနဝီထိ ဟူသည်ကို ရှေးဆရာတို့ ချရိုးပြရိုး မရှိသည်ကား ဝီထိဟူသည် ရုပ် နာမ် ခန္ဓာ ဥပါဒ်အားဖြင့် တစဉ်တည်း ဖြစ်သွားခြင်းအရာဖြစ်၍ နိဗ္ဗာန်ဟူက ယင်းဥပါဒ်အားဖြင့်ဖြစ်သော ရုပ်နာမ်ခန္ဓာတွင်း၌ မဝင်သောကြောင့်သာ နိဗ္ဗာန်ကိုထည့်၍ ဝီထိမထိုး မပြခြင်းမျှသာတည်း။ ယင်း ရဟန္တာတို့ စုတိနောက်၌နိဗ္ဗာန် ရတနာ မပေါ်လာ၍ မဟုတ်။ ထိုစုတိနောက် တစပ်တည်းကဲ့သို့ပင် ပေါ်လာသည် မှတ်။
ဤကိုရည်၍ “နိဗ္ဗာနမ္ပိ ခန္ဓပဋိဗဒ္ဓမေဝ” ဟူသော ဝိသုဒ္ဓိမဂ်ဋီကာ (၁၉၃) ၌ မိန့်ဆိုအပ်သတည်း။ ၎င်းဝိသုဒ္ဓိမဂ်ဋီကာ စကားသည်လည်း “အနုပါဒိသေသာ သမ္မရာယိကာ” ဟူသော ၎င်း ဣတိဝုတ်ပါဠိတော် (၂၂၁) “သမ္ပရာယိကာတိ သမ္မရာယေ ခန္ဓဘေဒတော ပရဘာဂေ ဘဝါ” ဟူသော ၎င်း ဣတိဝုတ်အဋ္ဌကထာ(၁၅၉) တို့နှင့် သံသန္ဒနဖြစ်ပေစွမှတ်။
“ပဉ္စန္နံ ခန္ဓာနံ နိရောဓော နိဗ္ဗ၁နံ” သုတ်မဟာဝါ အဋ္ဌကထာ(၁၄၇)။ ဤအဋ္ဌကထာ၌လည်း ဥပဓိနိဿဂ္ဂကိုပင် နိဗ္ဗာန်ဆိုလိုသည်။ ခန္ဓာငါးပါးတို့၏ ချုပ်ရာ ဟူသည်နှင့် ဥပဓိတို့သည် စွန့်အပ်ရာ ဟူသည် နည်းတူပင်မှတ်။
“သုသုခံ ဝတ.နိဗ္ဗာနံ၊ ယတ္ထ ဧဝရူပံ ဒုက္ခံ န သံဝိဇ္ဇတိ” ဥဒါန်းပါဠိတော် (၉၃) ဒုက္ခ၏ အဘာဝကို နိဗ္ဗာန်ဟုမဆို။ ဒုက္ခ၏မရှိရာကို နိဗ္ဗာန်ဆိုသည်ဟု သိရန်။
“ဥပဓိဝိဝေကော နိဗ္ဗာနံ” အင်္ဂုတ္တရဋီကာ။ ဥပဓိငါးပါးတို့၏ ဆိတ်ရာကို နိဗ္ဗာန် ဆိုလိုသတည်း။
ပရိနိဗ္ဗုတရဟန္တာဂ္ဂိုလ်၏ ခန္ဓာကွယ်လျှင်ကွယ်ခြင်း ဧးမြခြင်း နိဗ္ဗာန် သဘော ဖြစ်လာသည်ကို ရည်၍ “ဥပဓိဝိဝေကော နိဗ္ဗာနံ” ဆိုသည်မှတ်၊
“ပဉ္စက္ခန္ဓဝိဝိတ္တတာယ အဝိဂ္ဂဟံ ဟုတွာ ဂယှတီတိ အနိမိတ္တပစ္စုပဋ္ဌာနံ”
ဝိသုဒ္ဓိမဂ်ဋီကာ (၁၉၃)။ သာ။
ခန္ဓာငါးပါးမှ ဆိတ်သည်၏အဖြစ်ဖြင့် ကိုယ်ကောင် အထည်ဒြပ် မဟုတ်သည်ဖြစ်၍ ငြိမ်းဧးခြင်း သဘောအားဖြင့်သာ ယူအပ် သိအပ်သောကြောင့် ယင်းနိဗ္ဗာန်ကို အနိမိတ္တပစ္စုပဋ္ဌာန် ရှိသည် ဟူလိုသတတ်။
“ဒွေမာနိ ဘိက္ခဝေ သုခါနိ။ ကတမာနိ ဒွေေ။ ဥပဓိသုခဉ္ဇ နိရုပဓိသုခဉ္ဇ။ ဣမာနိ ဘိက္ခဝေ ဒွေ သုခါနိ။ ဧတဒဂ္ဂံ ဘိက္ခဝေ ဣမေသံ ဒွိန္နံ သုခါနံ ယဒိဒံ နိရုပဓိသုခံ” ဒုကအင်္ဂုတ္တရနိကာယပါဠိတော် (၇၉)။ ဒု။ ဤ၌လည်း ဥပဓိငါးပါး မရှိရာကိုပင် နိဗ္ဗာန်ဟု ဟောတော်မူသည့်အရာပင်တည်း။
“ပယောဇနမ္ပိ သာဓာရဏာသာဓာရဏဝသေန ဒုဗ္ဗိဓံ။ တတ္ထ သာဓာရဏံ အနုပါဒါပရိနိဗ္ဗာနံ ဝိမုတ္တိရသတ္တာ ဘဂဝတော ဒေသနာယ”
အင်္ဂုတ္တိုရ်အဋ္ဌကထာ။
ဤ၌လည်း အသင်္ခတဓာတ် နိဗ္ဗာန်ဟူသည်နှင့် အနုပါဒါပရိနိဗ္ဗာန် ဟူသည် အတူတူသာတည်း။ ။
“နိဗ္ဗာနဂတောတိ တဏှာဝါနတော နိက္ခန္တံ နိဗ္ဗာနံ မဂ္ဂေန ဂတော။ နိဗ္ဗာနပတ္တောတိ တမေဝ ဖလေန ပတ္တော”
မဟာနိဒ္ဒေသအဋ္ဌကထာ (၇၂)
ဤ၌ ပရိနိဗ္ဗာန် မပြုရသေးခင်ကို ရည်၍ ဆိုသောအရာတည်း။ ပရိနိဗ္ဗာန် မပြုသေးမီ နိဗ္ဗာန်သို့ ရောက်သည်ဆိုသော အရာဟူသမျှ၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် တို့ဖြင့် နိဗ္ဗာန်ကို အာရုံပြုနိုင်သည်ကို ရည်၍ဆိုသတည်း၊
နိဗ္ဗာန်ရွှေနန်း စံမြန်းရပုံ
ပရိနိဗ္ဗာန်ပြုရသည့်အခါ နိဗ္ဗာန်သို့ရောက်သည် ဟူရာ၌ကား မုချစင်စစ် ဧးမြခြင်းနိဗ္ဗာန်သဘောသည် ထို ပရိနိဗ္ဗုတပုဂ္ဂိုလ်အား ဧးမြစေသောအားဖြင့် ရောက်လာ ဖြစ်လာသည်ကို ရည်၍ဆိုသည်မှတ်။
ဆဟိ ဘိက္ခဝေ ဓမ္မေဟိ သမ္ပန္နာဂတော အဘဗ္ဗော သီတိဘာဝံ သစ္ဆိကာတုံ။ ကတမေဟိ ဆဟိ၊။ ဣဓ ဘိက္ခဝေ ဘိက္ခု ယသ္မိံ သမယေ စိတ္တံ နိဂ္ဂဟေတဗ္ဗံ၊ တသ္မိံ သမယေ စိတ္တံ န နိဂ္ဂဏှာတိ။ ယသ္မိံ သမယေ စိတ္တံ ပဂ္ဂဏှိတဗ္ဗံ၊ တသ္မိံ သမယေ စိတ္တံ န ပဂ္ဂဏှာတိ။ ယသ္မိံ သမယေ စိတ္တံ သံပဟံသိတဗ္ဗံ၊ တသ္မိံ သမယေ စိတ္တံ န သံပဟံသတိ။ ယသ္မိံ သမယေ စိတ္တံ အဇ္ဈုအပေက္ခိတဗ္ဗံ၊ တသ္မိံ သမယေ စိတ္တံ န အဇ္ဇုပေက္ခတိ။ ဟီနာဓိမုတ္တိကော စ ဟောတိ သက္ကာရာဘိရတော စ။ ဣမေဟိ ခေါ ဘိက္ခဝေ ဆဟိ ဓမ္မေဟိ သမ္ပန္နာဂတော ဘိက္ခု အဘဗ္ဗော အနုတ္တရံ သီတိဘာဝံ သစ္ဆိကာတုံ။
ဆက္ကင်္ဂုတ္တရပါဠိ (၃၇၉)
အနုတ္တရံ သီတိဘာဝန္တိ ဧတ္ထ နိဗ္ဗာနံ အနုတ္တရော သီတိဘာဝေါနာမ။
ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ။
ဤ၌လည်း သီတိဘာဝဟူသည် တဆယ့်တသီး မီးငြိမ်းဧးခြင်း နိဗ္ဗာန် သဘောကိုပင် ဆိုသတည်း။
ကိလေသာဘိသင်္ခါရပဝတ္တိသင်္ခါတံ ခန္ဓပဝတ္တိသင်္ခါတမေဝ ဝါ ပဉ္စသုပိ ဂတီသု ဂတံ ဂမနံ ဧတဿ နတ္ထီတိ အာဂတော သဥပါဒိသေသ အနုပါဒိသေသနိဗ္ဗာနပဝတ္တိယာ။
ဣတိဝုတ်အဋ္ဌကထာ။
ဤ၌ “သဥပါဒိသေသနိဗ္ဗာနအနုပါဒိသေသနိဗ္ဗာနပဝတ္တိယာ” ဟူသော ပါဌ်ဖြင့် အရဟတ္တဖိုလ် ဟူသော သဥပါဒိသေသနိဗ္ဗာန်ကဲ့သို့ အသင်္ခတဓာတ် ဟူသော အနုပါဒိသေသနိဗ္ဗာန်၏ ဖြစ်ပေါ် လာခြင်းကို ဆိုသဖြင့် နိဗ္ဗာန်ဟူသည် ပုဂ္ဂိုလ်သန္တာန်ကိုလွှတ်၍ အလွတ်သက်သက် ပကတိထာဝရ တည်နေနှင့်သော မည်သည် မရှိ။ နိဗ္ဗာန်ဖြစ်ကြောင်း အဆောက်အဦနှင့် ပြည့်စုံသော ပုဂ္ဂိုလ် ပေါ်လာမှ ထိုပုဂ္ဂိုလ်ကို အရာဝိသယကဲ့သို့ ပြု၍ ငြိမ်းဧးခြင်း သီတိဘာဝ သဘော ဖြစ်ပေါ်လာသည်ကို ရည်၍ နိဗ္ဗာန်ရွှေနန်း စံမြန်းရသည်ဟု သမာဓိဂုဏာလင်္ကာရ စကားဖြင့် တင်စား၍ ဆိုအပ်သတည်း။
ယထာ စ ဥဏှသံဖုဋ္ဌော သီတံ ပတ္ထေတိ။ ဧဝမေဝါယံ သံသာရဝဋ္ဋေ ဧကာဒသဂ္ဂိသန္တာပသန္တေတ္တော ယောဂါဝစရော ဧကာဒသဂ္ဂိဂူပသမနံ နိဗ္ဗာနံ ပတ္ထေတိ။
ဝိသုဒ္ဓိမဂ် (ဋ္ဌ-ဒု-၃၀၄)
ဥဏှသံဖုဋ္ဌော၊ နေပူ မီးပူ တို့ဖြင့် နှိပ်စက်အပ်သော။
ပုရိသော၊ ယောကျ်ားသည်။
သီတံ၊ အပူလွတ်ကင်း ဧးမြခြင်းကို။
ပတ္ထေတိ ယထာ၊ လွန်စွာ တောင့်တဘိ သကဲ့သို့။
ဧ၀မေ၀၊ ဤနည်းအတူသာလျှင်။
သံသာရဝဋ္ဋေ၊ သံသရာဝဋ်ဆင်းရဲ၌။
ဧကာဒသဂ္ဂိသန္တာပသန္တေတ္တော၊ ဇာတိ ဇရာ မရဏ-စသည် တသီး ဆယ့်တမီး တို့ဖြင့် ပူလောင်သော။
အယံ ယောဂါဝစရော၊ ဤယောဂါဝစရပုဂ္ဂိုလ်သည်။
ဧကာဒသဂ္ဂိဂူပသမနံ၊ တဆယ့်တသီးမီးတို့မှ ငြိမ်းဧးခြင်း သဘောဟု ဆိုအပ်သော။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
ပတ္ထေတိ၊ ရအောင် တောင့်တ၏။
ဤ၌ “ဧကာဒသဂ္ဂိဝူပသမနံ နိဗ္ဗာနံ” ဟူသော စကားသည်၎င်း ယခင် ဆက္ကင်္ဂုတ္တရသီတိဘာဝသုတ် ၌လာသော “သီတိဘာဝံ သစ္ဆိကာတုံ" ၌ သီတိဘာဝ ဟူသော စကားသည်၎င်း ယခင်အောက်၌ ညွှန်းပြအပ်ခဲ့ပြီးသော “ကတမာစ ဘိက္ခဝေ အနုပါဒိသေသာ နိဗ္ဗာနဓာတု။ပ။ သီတီ ဘဝိဿန္တိ” ဟု လာသော ဣတိဝုတ်ပါဠိတော်သည်၎င်း အညမည သံသန္ဒနဖြစ်လှပေသတည်း။
ထိုကြောင့် နိဗ္ဗာန်ဟူသည် အညတိတ္ထိယတို့ ပြောဆိုမှားသော ထာဝရဘုရား ဟူသကဲ့သို့ အကြောင်းကင်း၍ အစဉ်ထာဝရ တည်နေနှင့်သော မည်သည် မရှိ။ ပရိနိဗ္ဗန္တ ရဟန္တာပုဂ္ဂိုလ်၏ ခန္ဓာကွယ်ပျောက်သော အခါမှသာ တဆယ့်တသီး မီးတို့မှ ငြိမ်းဧးခြင်းသဘော ဖြစ်ပေါ်လာသည်ကို နိဗ္ဗာန်သို့ ရောက်သည် ဟု ဆိုအပ်သတည်း။
ဤကိုရည်တော်မူ၍ “ကာယဿ ဘေဒါ ဓမ္မဋ္ဌော၊ သင်္ချံ နောပေတိ ဝေဒဂူ” ဟူသော သဠာယတနသံယုတ်ပါဠိတော် “အနုပါဒိသေသာ သမ္ပရာယိကာ” ဟူသော ဣတိဝုတ်ပါဠိတော်တို့ကို ဟောတော်မူအပ်သတည်း။
ပမာဒေန သဗ္ဗကိလေသေဟိ သဗ္ဗဒုစ္စရိတေဟိ သဗ္ဗေဟိ ပရိဿယေဟိ သဗ္ဗာသဝေဟိ သဗ္ဗဘဝေဟိ သဗ္ဗသန္တာပေဟိ သဗ္ဗာကုသလာဘိ သင်္ခါရေဟိ နိဗ္ဗာနံ ဓုဝ နိစ္စံ အဿတံ အဝိပရိဏာမဓမ္မံ။
စူဠနိဒ္ဒေသပါဠိ(၂၂၆ )
ဓမ္မသေနာပတိသခင် အသျှင်သာရိပုတြာ အမိန့်။
ပမာဒေန၊ မေ့လျော့ခြင်း သံမောဟမှ။
သဗ္ဗကိလေသေဟိ၊ အလုံးစုံသော ကိလေသာတို့မှ။
သဗ္ဗဒုစ္စရိတေဟိ၊ အလုံးစုံသော ဒုစ္စရိတတို့မှ။
သဗ္ဗေဟိ ပရိဿယေဟိ၊ အလုံးစုံသော ကိုယ်တွင်းကိုယ်ပ ဘေးဥပါဒ်ရန်တို့မှ။
သဗ္ဗာသဝေဟိ၊ အလုံးစုံသော အာသဝေါဘေးရန်တို့မှ။
သဗ္ဗဘဝေဟိ၊ အလုံးစုံသောဘဝတို့မှ။
သဗ္ဗသန္တာပေဟိ၊ အလုံးစုံသော ပူပန်ခြင်းတို့မှ။
သဗ္ဗာကုသလာဘိသင်္ခါရေဟိ၊ အလုံးစုံသော အကုသိုလ်အဘိသင်္ခါရမာရ်ဘေးတို့မှ။
နိဗ္ဗာနံ၊ ငြိမ်းဧးခြင်း သဘောဟူသော နိဗ္ဗာန်သည်။
(သဒ္ဒတ္တ ပညတ္ထ နှစ်နက်ထွက်သော သိလေသနည်း)
ဓုဝံ၊ ငြိမ်းဧးခြင်းဟူသော သဘောဖြစ်ပြီးသည့်နောက် မပျောက် မပျက် အမြဲတည်၍နေ၏။
နိစ္စံ၊ အခါမစဲ အမြဲငြိမ်းဧးခြင်းဖြစ်၍ နေ၏။
သဿတံ၊ အခါခပ်သိမ်း မပျက်မစီး အမြဲတည်၍ နေ၏။
အဝိပရိဏာမဓမ္မံ၊ ငြိမ်းဧခြင်းမှ ဘောက်လဲဖောက်ပြန်ခြင်း သဘောမရှိ။
ဤမျှလောက် ဂုဏ်ရောင် တောက်သော နိဗ္ဗာန်သို့ အဘယ်သူ မရောက်လိုဘဲ ရှိပါတော့အံ့နည်း။ မြန်မြန်ရောက်အောင် ခဲကြရမည် ဟူလိုသတတ်။
“အန္တန္တိ နိဗ္ဗာနံ” ဟု ဝိမတိဝိနောဒနီဋီကာ စသည်တို့၌ လာတိုင်း “အန္တဂတော၊ သံသရာဝဋ်အဆုံး နိဗ္ဗာန်သို့ ရောက်သည်” ဟူ၍ လာသော မဟာနိဒ္ဒေသ (၁၆) နှင့်အညီ ရုပ်နာမ်ခန္ဓာတို့၏ အဆုံးအစသတ်မှ ဖြစ်ပေါ်လာသော တဆယ့်တသီး မီးတို့၏ တပေါင်းတည်း ငြိမ်းဧးခြင်း သီတိဘာဝ နိဗ္ဗုတသဘော တရားကို နိဗ္ဗာန်ဆိုရသည်။ အစ အလယ်နှင့် ကင်း၍ အဆုံးချည်း သက်သက် ဖြစ်၍နေနှင့်သော နိဗ္ဗာန်ဟူသည် မရှိမှတ်။
သဥပါဒိသေသာ နိဗ္ဗာနဓာတူဟိ ဝိဇ္ဇာ။
နေတ္တိပါဠိတော်( ၅၉ )
သဥပါဒိသေသာ နိဗ္ဗာနဓာတူတိ အရဟတ္တဖလံ အဓိပ္ပေတံ။ တဉ္ဇ ပညာပဓာနန္တိ အာဟ သဥပါဒိသေသာ နိဗ္ဗာနဓာတူတိ ဝိဇ္ဇာတိ။ ၎င်း နေတ္တိအဋ္ဌကထာပါဌ် (၁၂၈) တို့နှင့်အညီ အရဟတ္တဖိုလ် ဟူသော သဥပါဒိသေသ နိဗ္ဗာန်ဖြစ်ပေါ်လာသည့်အခါ ဥပါဒ် ဌ် ဘင်နှင့်တကွဖြစ်ပေါ် လာသည်။
“ဣဓေ၀ ဘိက္ခဝေ သဗ္ဗဝေဒယိတာနိ အနဘိနန္ဒိတာနိ သီတီ ဘဝိဿန္တိ။ အယံ ဝုစ္စတိ ဘိက္ခဝေ အနုပါဒိသေသာ နိဗ္ဗာနဓာတု” ဟူသော ဣတိဝုတ်ပါဠိတော် (၂၂ဝ)
နှင့်အညီ ကျင်နာခြင်း ဝေဒနာသဘောရှိသော ခန္ဓာငါးပါးတို့၏အဟောင်းလည်း ချုပ်ပျောက် အသစ်လည်း မရောက်သဖြင့် လောင်စာမရှိလျှင် လောင်တတ်သောမီး မလာနိုင်သကဲ့သို့ လောင်စာ သဖွယ် ရုပ်နာမ်ကွယ်သည်ဖြစ်၍ တဆယ့်တသီး မီးအပေါင်းတို့မှ လှလှကြီး ငြိမ်းဧးခြင်းဟူသော သီတိဘာဝ သဘောဟု ဆိုအပ်သော အနုပါဒိသေသ နိဗ္ဗာန်ရတနာ ပေါ်လာသည့်အခါ ဥပါဒ်အားဖြင့် အထည်ဒြဗ် မပေါ်မထင် အလွန်လျှင် သိမ်မွေ့နူးညံ့လှစွာသော သုဒုဒ္ဒသ သုနိပုဏ သုဂမ္ဘီရ နိဗ္ဗာယန သဘောဖြစ်၍ ဖြစ်ပေါ်လာသတည်း။
ဤသို့ သဥပါဒိသေသနိဗ္ဗာန် အနုပါဒိသေသနိဗ္ဗာန် နှစ်ပါးလုံးပင် ထိုသူသန္တာန်၌ ဥပါဒ်ဒြဗ်အားဖြင့် ထင်ရှားဖြစ်၍ ပေါ်လာခြင်း ဥပါဒ်ဒြဗ်မထင် အရိပ်နိမိတ် မမြင်ရဘဲလျက် သိမ်မွေ့ပေါ်လာခြင်းဟူ၍ ဖြစ်ပေါ်လာခြင်း ဩဠာရိက သုခုမာကာရသာ ကွဲပြားသည်။ ဖြစ်ပေါ်လာခြင်းကား အတူတူသာ မှတ် ကြကုန်။
အရဟတ္တဖိုလ်ဟူသော သဥပါဒိသေသနိဗ္ဗာန်မှာ ခန္ဓာကိုယ် မကွယ်မီ ဤဘဝ ပေါ်လာသည်။ ပေါ်လာပြီးနောက်လည်း ဘင်ခဏအားဖြင့် ချုပ်ပျောက်၍ သွားသည်။ အနုပါဒိသေသနိဗ္ဗာန်မှာ ခန္ဓာ ကွယ်ပျောက်ပြီးမှ ပေါ်လာသည်။ ပေါ်လာပြီးနောက် မပျောက်မပျက် အမြဲတည်၍ နေသတည်း။
အသင်္ခတနိဗ္ဗာန်၏
လက္ခာသုံးပါးနှင့် ဌီ-ရှိပုံ
တီဏိမာနိ ဘိက္ခဝေ အသင်္ခတဿ အသင်္ခတလက္ခဏာနိ။ ကတမာနိ တီဏိ။ ဥပ္ပါဒေါ န ပညာယတိ၊ ဝယော န ပညာယတိ၊ ဌိတဿ အညထတ္တံ န ပညာယတိ။
ဘိက္ခဝေ၊ ချစ်သား ရဟန်းများတို့။
အသင်္ခတဿ၊ အသင်္ခတဓာတ် ဟု ဆိုအပ်သော နိဗ္ဗာန်တရား၏။
အသင်္ခတလက္ခဏာနိ၊ ဤကား အသင်္ခတဓာတ် နိဗ္ဗာန်တည်း ဟု သိကြောင်း မှတ်ကြောင်း လက္ခဏာ တို့သည်။
ဣမာနီ တီဏိ၊ ဤ သုံးပါးတို့တည်း။
ကတမာနိ တီဏိ၊ အဘယ်သုံးပါးတို့နည်း။
ဥပ္ပါဒေါ၊ သရုပ် အထည် ဒြဗ်ဥပါဒ်သည်။
န ပညာယတိ၊ မထင်။
၀ယော၊ ပျက်စီးခြင်း ဘင် သဘောသည်။
နု ပညာယတိ၊ မထင်။
ဌိတဿ၊ တည်၍နေသော အသင်္ခတ တရား၏။
အညထတ္တံ၊ အဘယ်လောက်ပင် ကြာသော်လည်း ဟောင်းနွမ်းခြင်း ရင့်အိုခြင်းမရှိ ပကတိ အသစ် စက်စက်သာ နေသဖြင့် တပါးသော အခြင်းအရာ၏ ဖြစ်ခြင်းသည်။
န ပညာယတိ၊ မထင်။
ဤသို့ တိကအင်္ဂုတ္တိုရ် ပါဠိတော် (၁၅၀) စသည်နှင့်အညီ နိဗ္ဗာန်ဟူက ဥပါဒ် ဘင်သာ မရှိသည်၊ ဌီကား ရှိ၏။ ထိုဌီ၏လည်း သင်္ခတတရားတို့၏ ဌီကဲ့သို့ ရင့်ခြင်း ဟောင်းနွမ်းခြင်း ပျက်စီးခြင်း မည်သည် မရှိ၊ ပကတိ အသစ်စက်စက် အမြဲ သဿတဖြစ်၍ တည်နေသည် ဟူလို။ ဤ၌ “ဌီတိ န ပညာယတိ” မဆိုဘဲလျက် “ဌိတဿ အညထတ္တံ န ပညာယတိ” ဆိုသည်ကို ထောက်၍ နိဗ္ဗာန်၌ ဌိ-မရှိ မဆိုသင့်သည်ကို သိ။
ဤပါဠိတော်များကို ထောက်သဖြင့်လည်း “တဒုဘယပရိစ္ဆိန္နာယ ဌိတိယာ အဘာဝတော န ဌိတိ” ဟူသော ဥဒါန်းအဋ္ဌကထာ (၃၅၅) ၌ ဖြစ်ခြင်း ပျက်ခြင်း နှစ်ပါးဖြင့် ပိုင်းခြားအပ်သော ဌီမရှိဆိုသော အရာဝယ် ဖြစ်ပြီး၍ ပျက်စီးရဦး လတ္တံ့ ဖြစ်သော ရုန့်ရင်းသော ဌီမရှိသည်ကိုသာ ရည်၍ဆိုသည်။ ပျက်စီးခြင်း သဘော မရှိသော ဌီမရှိသည်ကိုရည်၍ မဆို ဟု သိကြကုန်း၊
ခန္ဓာ ကွယ်ပျောက်မှ
ဖြစ်ပေါ်လာသော နိဗ္ဗာန်
ပစ္စယပဋိဗဒ္ဓတာယ သပစ္စယော။ ပစ္စယေဟိ သမာဂမ္မ ကတတ္တာ သင်္ခတော။ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈနဘာဝတော အသဿတော သဒါ အဘာ၀တော ဥပ္ပတ္တိ။ ကာရဏသင်္ခါတဿ နိမိတ္တဿ အတ္ထိတာယ သနိမိတ္တံ။ နိဗ္ဗာနံ ဝုတ္တပကာရာဘာဝတော အပ္ပစ္စယံ အသင်္ခတံ သဿတံ အနိမိတ္တံ။
ကထာဝတ္ထု အဋ္ဌကထာ (၁၂၃) ။၁င်္ဝး၊ ငေါ။
အပ္ပစ္စယံ၊ အကြောင်းတရားတို့ကြောင့်ပင် ပေါ်လာသော်လည်း ထို အကြောင်းတို့နှင့်မတူ အလွန် ကွဲပြားသဖြင့် အကြောင်းတခြား အကျိုးတပါး ကဲ့သို့ ဖြစ်နေသည်ဖြစ်၍။
ဝါ၊ မိမိအကြောင်းတရားကို ချုပ်ပြီးသည့်နောက်မှ ပေါ်ပေါက်လာသည်ဖြစ်၍ မိမိအကြောင်းတရား တို့့နှင့် မစပ်မယှက်နေသော နိဗ္ဗာန်။
(အ-အက္ခရာကား ဝိရုဒ္ဓတ္ထ။ ပစ္စယေဟိ ဝိရုဒ္ဓံ အပ္ပစ္စယံ-ဟု ဝစနတ္ထပြု။)
အသင်္ခတံ၊ အကြောင်းတရားတို့ ပြုပြင်၍ ဖြစ်သော်လည်း ထိုအကြောင်းတို့သည် ဟေတုသဟဇာတ စသော ပစ္စယသတ္တိတို့ဖြင့် တက္ခရောက်၍ ပြုပြင်နိုင်စကောင်းသည် မဟုတ်သဖြင့် ပြုပြင်၍သာ ဖြစ်သည်ဟု ဆိုနိုင်ဘွယ်မထင်သော နိဗ္ဗာန်။
သဿတံ၊ ဖြစ်ပြီးသည့်နောက် မပျောက်မပျက် အမြဲတည်၍နေသော နိဗ္ဗာန်။
အနိမိတ္တံ၊ ဖြစ်ကြောင်းနိမိတ် ရှိသော်လည်း အကြောင်းပုံနှင့် အကျိုးပုံဟန် အလွန်ဝေးသဖြင့် အကြောင်းရှိပုံ အရိပ်နိမိတ် မပေါ်ထင်သော နိဗ္ဗာန်။
ယခင့် အဋ္ဌကထာဘွင့်ကို မှီးသည့်အနက်။
အဘူတမေဝ ဘူတံ ဇာတံ ဟုတွာ အတ္ထီတိ အဗ္ဘုတံ။
အဘူတမေဝ၊ တရံတဆစ် မဖြစ်ဘူးသေးဘဲသာလျှင်။
ဘူတံ ဇာတံ၊ ရဟန္တာပုဂ္ဂိုလ်တို့ ပရိနိဗ္ဗာန်ပြုသည့်အခါ တကြိမ်တည်းသာ ဖြစ်ပေါ်လာသည်။
ဟုတွာ၊ ဖြစ်ပြီး၍၊
ဝါ၊ ဖြစ်ပြီးသည့်နောက်။
အတ္ထိ၊ မပျောက်မပျက် အမြဲ တည်ရှိ၍နေသည်တည်း။
ဣတိ၊ ထိုသို့ တရံတဆစ် မဖြစ်ဘူးသေးဘဲ ဖြစ်ပေါ်ပြီးနောက် မပျောက်မပျက် အမြဲတည်ရှိ၍ နေသောကြောင့်
တံ၊ ထို ငြိမ်းဧးခြင်း သီတိဘာဝဟူသော နိဗ္ဗာန်တရားသည်။
အဗ္ဘုတံ၊ အဗ္ဘုတ မည်၏။
သဠာယတနသံယုတ်အဋ္ဌကထာ (၁၄၉)
ဤသို့သော ပါဠိ အဋ္ဌကထာတို့ကို ထောက်သဖြင့်လည်း နိဗ္ဗာန်ဟူသည် အကြောင်းပါရမီတိုနှင့် ကင်း၍ လျောက်လျားဘာသာ ကမ္ဘာကမ္ဘေ အမြဲ ဖြစ်၍နေသော မည်သည် မရှိ၊ အကြောင်း ပါရမီနှင့် ပြည့်စုံသည့်အခါ အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ရောက်ပြီးသည့်နောက် ခန္ဓာတော် ကွယ်ပျောက် လျှင်ပျောက်ခြင်း ထိုရဟန္တာပုဂ္ဂိုလ်ကို ဘဝတပါး ဂတိတခြား မလား မရောက်ရအောင် စောင့်ရှောက် မှိုင်းမ တာဏ လေဏ သဘောအားဖြင့်ဖြစ်၍ ဖြစ်ပေါ်လာသော သဘောတရားဟူ၍ မှတ်။
နိဗ္ဗာန်ရတနာကြီးကို
ပတ္တမြားရတနာနှင့် နှိုင်းပြပုံ
တယိဒံ မဂ္ဂသမင်္ဂိနာ ပတ္တဗ္ဗဘာဝတော အသာဓာရဏံ။ ပုရိမာယ ကောဋိယာ အဘာဝတော အပ္ပဘဝံ။ မဂ္ဂဘာဝေ ဘာဝတော အပ္ပဘဝံတိ စေ။ န မဂ္ဂေန အနုပ္ပါဒနီယတော။ ပတ္တဗ္ဗမေတံ ဟိ မဂ္ဂေန န ဥပ္ပါဒေတဗ္ဗံ။ တသ္မာ အပ္ပဘဝမေဝ။ အပ္ပဘဝတ္တာ အဇရာမရဏံ။ ပဘဝဇရာမရဏာနံ အဘာဝတော နိစ္စံ။
ဝိသုဒ္ဓိမဂ် (ဋ္ဌ၊ ဒု-၁၄၀)။ ထံ။
ဤသူသော ဝိသုဒ္ဓိမဂ်ပါဌ်ဝယ် “ပုရိမာယ ကောဋိယာ အဘာဝတော အပ္ပဘဝံ” ဟု ဆိုကာမျှဖြင့် နိဗ္ဗာန်ဟူသည် အစမထင် သံသရာက အကြောင်း ပဘဝကင်း၍ ကမ္ဘာကမ္ဘေ အစဉ်ထာဝရကပင် ဖြစ်နေနှင့်သည်၊ ထိုသို့ ဘာသာအကြောင်း ကင်း၍ ဖြစ်နေနှင့်ပြီးသော နိဗ္ဗာန်ရှိရာသို့ ပုဂ္ဂိုလ်တို့က နောက်မှ သွားကြရောက်ကြရသည် ဟု စိုးစဉ်းယုံမှားဘွယ် ရှိသည့်အတိုင်း မန္ဒ ပညာပုဂ္ဂိုလ်အချို့ကို ယုံမှားကြသကဲ့သို့ မယုံမှားမိကြအောင် အထူးသတိ ဆောင်ကြကုန်။
၎င်းဝိသုဒ္ဓိမဂ်ပါဠ်ဖြင့် နိဗ္ဗာန်ဟူသည် အကြောင်းအမွန် ပဘဝမရှိ၊ ပကတိ ကမ္ဘာကမ္ဘေက လျောက်လျား ဘာသာ ဖြစ်နေနှင့်သည် ဟူသော အနက်ကို မပြ၊ စင်စစ်မူကား အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်သည်၊ သင်္ခါရကြောင့် ဝိညာဉ် ဖြစ်သည် - စသည်ဖြင့် ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုး တရားတို့ကဲ့သို့ နိဗ္ဗာန် သည် အဘယ်တရားကြောင့်ဖြစ်သည် ဟု ထိထိခိုက်ခိုက် မုချဆိုစရာ မရှိသည် ကိုသာ ပြသတည်း။
ဒါနကြောင့် သီလ၊ သီလကြောင့် ဘာဝနာ၊ ဘာဝနာကြောင့် မဂ်ဖိုလ်၊ မဂ်ဖိုလ်ကြောင့် နိဗ္ဗာန်ဖြစ်ပေါ် လာရသည် ဟု နိဗ္ဗာန်၏အကြောင်း ပဘဝကို ထုတ်ဆိုရန် ရှိသော်လည်း ထိုအကြောင်းတရား တို့သည် ထိုနိဗ္ဗာန်ကို ဥပါဒ် အထည်ဒြဗ်ပေါ်အောင် မပြုပြင်နိုင်သဖြင့် ထိုနိဗ္ဗာန်သည် ထိုအကြောင်း တို့ကြောင့် ဖြစ်လာသည် ဟု မဆိုလောက်သည်ကို ရည်၍သာ ထိုနိဗ္ဗာန်ကို အပ္ပဘဝ ဆိုသတည်း။
အပ္ပဘဝတာ စဿ အပ္ပစ္စယတာယ ဒဋ္ဌဗ္ဗာ။
၎င်းဝိသုဒ္ဓိမဂ်ဋီကာ။
အဿ၊ ထိုနိဗ္ဗာန်၏။
အပ္ပဘဝတာ စ၊ အကြောင်းအမွန် မရှိဆိုသည့် အရာကိုလည်း ။
အဿ ထိုနိဗ္ဗာန်၏။
အပ္ပစ္စယတာယ၊ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ စသည်တို့ကဲ့သို့ အကြောင်းပစ္စယကို ထုတ်ဆိုစရာ မရှိသောကြောင့်။
ဝါ၊ မရှိသော အဖြစ်အားဖြင့်၊
ဒဋ္ဌဗ္ဗာ၊ မှတ်အပ်၏။
၎င်း ဋီကာပါဌ်ဖြင့် နိဗ္ဗာန်အား ကျေးဇူးပြုတတ်သော အဝိဇ္ဇာ အစရှိသော အကြောင်းပစ္စည်း ထုတ်ဆိုစရာ မုချအစစ် မရှိသည်ကိုသာ ရည်၍ အပ္ပဘဝတာကို ဆိုသည်။ အချင်းခပ်သိမ်း အကြောင်းအမွန် ပဘဝနှင့်ကင်း၍ ကမ္ဘာကမ္ဘေ ဖြစ်နေသည်ကိုရည်၍ ဆိုသည်မဟုတ် ဟူသော အနက်ကိုပင် ပြတော်မူသတည်း။
ဝေပူသာခေါင် ပတ္တမြားတောင်၏အတွင်း ဖြစ်ပေါ်လာသော ပတ္တမြား ရတနာသည် များစွာသော တောင်ငွေ့ ရေမြေတို့ သတ္တိတို့့နှင့် မကင်း ဖြစ်လာသော်လည်း အဘယ်သို့သော မြေ၏သတ္တိကြောင့်၊ အဘယ်သို့သော ရေ၏သတ္တိကြောင့်၊ အဘယ်သို့သော အငွေ့ကြောင့်၊ အဘယ်အခြေပါဒကြောင့် ဤပတ္တမြားရတနာ ဖြစ်ပေါ် လာသည် ဟု အကြောင်း မထင်နိုင်သကဲ့သို့ များစွာသော အကြောင်း ပါရမီတွေ ပြည့်စုံသောကြောင့် ထိုပြည့်စုံသော ပုဂ္ဂိုလ် သန္တာန်ဝယ် ရှူဘွယ်မငြီး နိဗ္ဗာန်ရတနာကြီး ဖြစ်ပေါ်လာရာ ထိုအကြောင်း တို့ကြောင့် ဖြစ်ပေါ်လာသည် ဟု ဆိုနိုင်စရာ အရိပ်နိမိတ် မထင် ဖြစ်၍ နေသတည်း။
တမာပင်အခွကြား၌ ပေါက်သော အလွန်အဆင်းအနံ့နှင့် ပြည့်စုံသော သဇင်ပန်းသည် တမာမျိုးစေ့ တမာပင်တို့၏ သတ္တိမူလရင်းနှင့် မကင်း၍ ဖြစ်သော်လည်း ထိုတမာမျိုးစေ့ တမာပင် အဆင်း အနံ့ အရသာတို့မှ လွန်စွာ ကွာဝေး၍နေသဖြင့် ထိုတမာစေ့ တမာပင်တို့ကြောင့် ထိုသဇင်ပန်းဖြစ်သည် ဟု သိနိုင် ဆိုနိုင်စရာ အရိပ်နိမိတ် မထင်သကဲ့သို့ ဒါန သီလ စသော သင်္ခတ တရားတို့ အကြောင်းရင်း ခံ၍ ထိုနိဗ္ဗာန်ရတနာ ပေါ်လာသော်လည်း ထို သင်္ခတဆိုး ဒုက္ခမျိုးတို့နှင့် ဘယ်ဟာတခု နှိုင်းချိန် စရာမရှိ၊ ထို ဒါန စသော သင်္ခတတရားတို့ဖြင့့် ပြီးသည်။ ထိုတရားတို့ကြောင့်ပင် ဖြစ်လာသည် ဟု ဆိုနိုင်စရာ အရိပ်နိမိတ် မထင်သောကြောင့် ထိုနိဗ္ဗာန်ကို “သဗ္ဗနိမိတ္တရဟိတံ နိဗ္ဗာနံ” ဟူ၍ သမ္မောအဋ္ဌကထာ၌ မိန့်ဆိုသတည်း။
နတ်တို့ကိုယ်သည် ကိုယ်ဒြဗ်ထင်ရှားရှိလျက် လူတို့ကိုယ်ထက် သိမ်မွေ့သောကြောင့် လူတို့ကိုယ်မှ အရိပ်ထွက်သကဲ့သို့ နတ်တို့ကိုယ်မှ ကိုယ်ရှိပုံကို သိကြောင်း အရိပ်မထွက်။ ထိုအတူ ထိုနိဗ္ဗာန်၏ ဖြစ်ကြောင်းပါရမီ သင်္ခတတရား များစွာ ရှိသော်လည်း ထိုသင်္ခတပါရမီတို့ကြောင့် ဖြစ်ပေါ်လာသည့် အရိပ်နိမိတ်မပေါ် သင်္ခတစော်မနံ သင်္ခတပုံဟန်နှင့် အလွန်ဝေးကွာ အလွန်သိမ်မွေ့စွာ ဖြစ်၍ နေသည် ဟူ၍မှတ်။
သီတိဘာဝ ဧမြခြင်း
နိဗ္ဗာန်သည်
မအိုမသေ အမြဲတည်ပုံ
ယေစိဓ ပဇဟန္တိ ကာမရာဂံ၊
ဘဝရာဂါနုသယဉ္စ ပဟာယ မောဟံ။
န စ တေ ပုန မုပေန္တိ ဂဗ္ဘသေယျံ၊
ပရိနိဗ္ဗာနဂတာ သီတိဘူတာတိ။
သုတ္တသင်္ဂဟပါဠိ။ ခံ။
ဣဓ၊ ဤငါဘုရား သာသနာတော်၌။
ယေ၊ အကြင်ငါ၏ သားတော် အနုဇာတ တပည့်ကျော်တို့သည်။
ကာမရာဂဉ္စ၊ ကာမဂုဏ်မီး တကဲ့ဘေးကြီးကို ချမ်းသာကြီးမှတ် တပ်စွန်းတတ်သည့် ကာမရာဂ ရန်သူကြီးကိုလည်း။
ပဇဟန္တိ၊ ပယ်စွန့်နိုင်ကုန်၏။
ဘ၀ရာဂါနုသယဉ္စ၊ ထက်ဘုံတလျှိုး ဒုက္ခမျိုးမှန် ဗြဟ္မာ့ဘုံ နှစ်တန်တို့၌ ဘဝင်ခြိုက်တတ်သည့် ဘ၀ရာဂါနုသယကို၎င်း။
မောဟဉ္စ၊ ဤ ဗြဟ္မာ့ဘုံသည် အကောင်းဆုံး အမြတ်ဆုံး ဖြစ်ရာ၏ ဟု တွေဝေတတ်သော အဝိဇ္ဇာနုသယကို၎င်း။
ပဟာယ၊ ပယ်နိုင်ကြပေကုန်သည်ဖြစ်၍။
ဝါ၊ ပဟာယပဇဟန္တိ၊ ပယ်နိုင်ကုန်ပြန်သည်ဖြစ်အံ့။
တေ၊ ထိုငါ၏ရဲကျော် ငါ၏တပည့်တော်ရင်း မှန်သမျှတို့သည်။
ပုန၊ တဖန်။
ဂမ္ဘသေယျံ၊ အမိဝမ်းခေါင်း ကိန်းအောင်းသန္ဓေ တဖန်စွဲနေရခြင်းသို့။
န ဥပေန္တိ၊ မရောက်ရကုန်။
၀ရိနိဗ္ဗာနဂတာ၊ နိဗ္ဗာန်သို့သာ ရောက်ကြရကုန်၏။
သီတိဘူတာ၊ တဆယ့်တသီး မီးအပေါင်းတို့မှ ကောင်းကောင်းကြီး ငြိမ်းဧးခြင်းဟူသော သီတိဘာဝ နိဗ္ဗာနဓာတ်သို့ ကောင်းစွာလှလှ ရောက်ကြရကုန်၏။
၎င်းအနက်။
ဤ၌လည်း “သီတီ ဘဝိဿန္တိ” ဟူသော ဣတိဝုတ်ပါဠိတော် (၂၂၁) “သီတိဘာဝံ သစ္ဆိကာတုံ” ဟူသော ဆက္ကအင်္ဂုတ္တရပါဠိတော်(၃၇၉) တို့အတိုင်း သီတိဘာဝ သဘောကိုပင် နိဗ္ဗာန်ဆိုသတည်း။
ဟန္တွာ ရတိဉ္စ အရတိဉ္စ၊ သီတိဘူတံ နိရူပဓိံ။
သဗ္ဗလောကာဘိဘုံ ဓီရံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
မဇ္ဈိမပဏ္ဏာသပါဠိတေ၌ (၄၁၁) ။ ဓေ။
ရတိဉ္စ၊ မမွေ့လျော်သင့်ရာ ကာမဂုဏ်ထဲ မွေ့လျော် အားသဲခြင်းကို၎င်း။
အရတိဉ္စ၊ မွေ့လျော်သင့်ရာ ဘာဝနာထဲ မမွေ့လျော်နိုင်ဘဲ ပျင်းအားသဲခြင်း ကို၎င်း၊
ဟန္တွာ၊ မရဏဿတိကမ္မဋ္ဌာန်း သံဝေဂလက်နက်စွမ်း တို့ဖြင့် တိုက်ဖျက် ညှဉ်းပန်း သတ်စွမ်းနိုင် ကုန်သည်ဖြစ်၍။
သဗ္ဗလောကာဘိဘုံ၊ အလုံးစုံသော ဒုက္ခတလျှိုး လူ့ဘုံမျိုးကို လွှမ်းမိုးနိုင်သည်ဖြစ်၍။
နိရုပဓိံ၊ ကိလေသုပဓိ ခန္ဓုပဓိ - စသည်မရှိသော။
သီတိဘူတံ၊ တဆယ့်တသီး မီးရှိမှ ငြိမ်းဧးခြင်း ဟူသော နိဗ္ဗာန်သို့ ရောက်ပြီးသော။
ကံ ဓီရံ၊ ထို ပညာရှိကို။
ဗြာဟ္မဏံ၊ ဗြာဟ္မဏစစ်ဟူ၍။
အဟံ ဗြူမိ၊ ငါဟောတော်မူ၏။
၎င်းအနက်။ ။ ဤ၌လည်း သီတိဘာဂ-ကိုပင် နိဗ္ဗာန်ဆိုသည်မှတ်။
ယသ္မာ ပနဿ န ဥပ္ပါဒေါ ပညာယတိ၊ န ဝယော၊ န ဌိတဿ အညထတ္တံ။ တသ္မာ တံ န ဇာယတိ န ဇိယျတိ န မိယျတီတိ ကတွာ အမတန္တိ ဝုစ္စတိ။
ခုဒ္ဒကပါဌအဋ္ဌကထာပါဌ် (၁၅ဝ)
ယသ္မာ ပန၊ အကြင်ကြောင့်ကား။
အဿ၊ ထိုနိဗ္ဗာန်၏။
ဥပ္ပါဒေါ၊ သရုပ် သကောင် အထည် ဒြဗ် ဥပါဒ်ပေါ်လာခြင်းသည်။
န ပညာယတိ၊ မထင်။
ဝယော၊ ပျက်စီးခြင်း ဘင်ခဏသည်။
န ပညာယတိ၊ မထင်။
ဌိတဿ၊ တည်၍နေသော ဧးမြခြင်း သီတိဘာဝဟူသော နိဗ္ဗာန်၏။
အညထတ္တံ၊ တည်ကတဲမှ စ၍ ဖောက်လွဲဖောက်ပြန်ခြင်းရှိသော အဖြစ်သည်။
န ပညာယတိ၊ မထင်။
တသ္မာ၊ ထို ဥပါဒ် ဘင် မထင်မရှိ ဌီသာရှိသော်လည်း ထို ရင့်၍သွားခြင်း ဖောက်ပြန်ခြင်း မထင် သောကြောင့်။
တံ၊ ထိုနိဗ္ဗာန်ကို။
န ဇာယတိ၊ ဖြစ်လည်းမဖြစ်။
န ဇိယျတိ၊ အိုလည်း မအို။
န မိယျတိ၊ သေလည်းမသေ။
ဣတိကတွာ၊ ဤသို့ နှလုံးပိုက်တော်မူ၍။
အမတန္တိ၊ အမတ-ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
၎င်းအနက်။
ဤခုဒ္ဒကပါဌအဋ္ဌကထာပါဌ်ကို ထောက်သဖြင့်လည်း သီတိဘာဝဟူသော ဧးမြခြင်းနိဗ္ဗာန် သဘော ဟူသည် ဥပါဒ်ဘင်အားဖြင့် သရုပ် အကောင် ဒြဗ် မထင် အလွန်လျှင် ဧးမြခြင်း သဘောအားဖြင့် ဖြစ်ပြီးသည့်နောက် မအိုမရင့် မသေမကြေ အမြဲတည်နေသည် ဟူ၍ မှတ်အပ်၏။
အနန္တန္တိ အန္တရဟိတံ၊ နိစ္စန္တိ အတ္ထော။
ဥပရိပဏ္ဏာသဋီကာ(၂၃၀)
အနန္တန္တိ၊ အနန္တ-ဟူသည်။
အန္တရဟိတံ၊ ဥပါဒ်ဘင်ဟူသော အစွန်း အစကင်းသောနိဗ္ဗာန်။
နိစ္စံ၊ ဧးမြခြင်း သဘောအားဖြင့် တည်လာပြီးနောက် မပျောက်မပျက် အမြဲတည်၍နေသော နိဗ္ဗာန်။
ဣတိ၊ ဤကား။
အတ္ထော၊ အနက်တည်း။ ၎င်းအနက်။
ပရိယန္တဘာဝရဟိတတ္တာ အနန္တ ဝုစ္စတိ နိဗ္ဗာနံ။
ပရိဝါရအဋ္ဌကထာ(၂၃၅) ။ ၁င်္ဝး၊ ဒူ။
ပရိယန္တဘာဝရဟိတတ္တာ၊ ဥပါဒ် ဘင် ဟူသော အစွန်းအစမှ ကင်းသောကြောင့်။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
အနန္တံ၊ အနန္တ-ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
၎င်းအနက်။ ။
ဣဒံ ခေါ ဌာနံ ဒုဒ္ဒသံ ယဒိဒံ သဗ္ဗသင်္ခါရသမထော သဗ္ဗုပဓိနိဿဂ္ဂေါ တဏှက္ခယော ဝိရာဂေါ နိရောဓော နိဗ္ဗာနံ။
မူလပဏ္ဏာသပါဠိတော် (၂၂၄)။ ညိ။
သဗ္ဗသင်္ခါရသမထော၊ အလုံးစုံသော သင်္ခါရတရားဟူသမျှတို့မှ ငြိမ်းဧးခြင်း သဘောဟု ဆိုအပ်သော။
သဗ္ဗုပဓိနိဿဂ္ဂေါ၊ အလုံးစုံသော ကိလေသာ ခန္ဓာ ငါးပါးစသော ဥပဓိဟူသမျှတို့ မလိုက်နိုင်ရာ စွန့်ပစ်ရာ လျောရရာဖြစ်သော။
ဝါ၊ အလုံးစုံသော ဥပဓိတို့ကို စွန့်ပစ်ပယ်၌ အလွတ်သက်သက် ဖြစ်လာသော။
တဏှက္ခယော၊ တဏှာဟူသမျှတို့၏ ကုန်ရာဖြစ်သော။
ဝိရာဂေါ၊ ရာဂဟူသော ရန်သူတို့၏ မပြူမသီနိုင်ရာဖြစ်သော။
နိရောဓော၊ ဘေးဟူသမျှတို့၏ လှလှကြီး ချုပ်ရာ မပေါ်လာနိုင်ရာဖြစ်သော။
ယဒိဒံ-ယံ ဣဒံ နိဗ္ဗာနံ၊ အကြင်နိဗ္ဗာန်သည်။
အတ္ထိ၊ ရှိ၏၊
ဣဒံ ခေါ ဌာနံ၊ ဤသို့စင်လောက် ဂုဏ်ရောင်တောက်သော နိဗ္ဗာန်ဟူသည်။
ဒုဒ္ဒသံ၊ မြင်နိုင် သိနိုင် ရောက်နိုင်ခဲ၏။ ။ ၎င်းအနက်။
ယဉ္စ နိဗ္ဗာနံ မရဏဘာဝေန ပဏီတတ္ထေန ဝါ အမတံ။ သဗ္ဗသင်္ခါရဝူပသမနတော သန္တိ။ တဏှာသင်္ခါတဝါနာဘာဝတော နိဗ္ဗာနံ။ စဝနာဘာဝတော အစ္စုတံ။
သုတ္တသင်္ဂဟအဋ္ဌကထာ။
ယဉ္စ နိဗ္ဗာနံ၊ ယင်းသို့သော နိဗ္ဗာန်သည်လည်း။
မရဏဘာဝေန ဝါ၊ သေခြင်းမရှိ သေရာလည်း မဟုတ်သောကြောင့်၎င်း။
ပဏီတတ္ထေန ဝါ၊ မြတ်လှစွာသော အနက်သဘောကြောင့်၎င်း။
အမတံ၊ အမတမည်၏။
သဗ္ဗသင်္ခါရဝူပသမနတော၊ လောကီ လောကုတ္တရာ အလုံးစုံသော သင်္ခါရတို့မှ ငြိမ်းရာ ငြိမ်းဧးခြင်း ဟူသော အနက်သဘောကြောင့်။
သန္တိ၊ သန္တိလည်း မည်တော်မူ၏။
တဏှာသင်္ခါတဝါနာဘာဝတော၊ တဏှာဟူသော ဘုံသုံးပါး၌ ချုပ်စပ်ဖွဲ့ထား တတ်သူ ရန်သူ ဟူသမျှတို့ မပြုမရှိနိုင်ရာ ဖြစ်သောကြောင့်။
နိဗ္ဗာနံ၊ နိဗ္ဗာနဟု အနွတ္ထတံဆိပ် ကွပ်နှိပ်တော်မူအပ်၏။
စဝနာဘာဝတော၊ မိမိငြိမ်းဧးခြင်း သဘော ဖြစ်သည်မှစ၍ ဘယ်သည့်ကာလမှ ရွှေ့လျော ပျက်စီးခြင်း မရှိသောကြောင့်။
အစ္စုတံ၊ အစ္စုတဟု နာမဘွဲ့တော် သုံးဘုံလွှမ်း၍ ကျော်တော်မူ၏။
၎င်းအနက်။
အနန္တန္တိ အန္တရဟိတံ၊ နိစ္စန္တိ အတ္ထော။ သဗ္ဗတော ပဘန္တိ ကိလေသန္ဓကာရာဘာဝတော သမန္တတော ပဘဿရံ။
ဥပရိပဏ္ဏာသ ဋီကာ(၂၃၀)
အနန္တန္တိ ၊ ဟူသည်ကား။
အန္တရဟိတံ၊ အဆုံးကင်းသည်တည်း။
နိစ္စံ၊ ပရိနိဗ္ဗုတ ရဟန္တာအသျှင်တို့သန္တာန်၌ မိမိငြိမ်းဧးခြင်း သဘော တည်လာသည်မှစ၍ မပျက်မစီး အမြဲတည်နေသော နိဗ္ဗာန်။
ဣတိ-အယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
သဗ္ဗတော ပဘန္တိ၊ ဟူသည်ကား။
ကိလေသန္ဓကာရာဘာဝတော၊ ကိလေသာအမိုက်တိုက် မတွယ်မဝင်လာနိုင်သည်၏ အဖြစ်ကြောင့်။
တံ၊ ထို နိဗ္ဗာန်သည်။
သမန္တတော၊ ထက်ဝန်းကျင်မှ။
ပဘဿရံ၊ ရောင်တလက်လက် ပြိုးပြိုးပြက်၍ နေ၏။
၎င်းအနက်။
ဗဟိမုခေါတိ သဗ္ဗသင်္ခါရတော ဗဟိဘူတံ နိဗ္ဗာနံ ဥဒ္ဒိဿ ပဝတ္တဉာဏာဘိမုခေါ။
ဥပရိပဏ္ဏာသဋီကာ (၂၇၄)။ ညော်။
ဗဟိမုခေါတိ၊ ဟူသည်ကား။
သဗ္ဗသင်္ခါရတော၊ အလုံးစုံသော သင်္ခါရတရားမှ။
ဗဟိဘူတံ၊ အပဖြစ်၍ဖြစ်သော။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
ဥဒ္ဒိဿ၊ ရည်၍။
ပဝတ္တဉာဏာဘိမုခေါ၊ ဖြစ်သောဉာဏ်လျှင် အမှူးအဦး ရှိသည်ဖြစ်၍။
၎င်းအနက်။
ဤဋီကာ၌ သင်္ခါရတို့၏ပြင်ဘက်၌ ဖြစ်သည်ကို နိဗ္ဗာန်ဆိုသောစကားနှင့် “တာသံ ပရဘာဂေ နိဗ္ဗာနေ တိဋ္ဌေယျ” ဟူ၍ အောက်၌ပြအပ်ခဲ့ပြီးသော နေတ္တိအဋ္ဌကထာစကားနှင့် အညမညသံသန္ဒန ဖြစ်လှပေသတည်း။
ဂတိဟူသမျှတို့၏ ပြင်ဘက်ဟူသည်နှင့် သင်္ခါရတရားတို့၏ အပဟူသည် အတူတူသာ မှတ်အပ် သောကြောင့်တည်း။
ရေထွက်တတ်သော တောင်ထဲမှ ပေါ်ထွက်၍ တက်လာသော ရေတမ်းခွန်သည် တောင်ခိုးမြေဓာတ် သတ္တိတို့နှင့်မကင်း ပေါ်ထွက်၍လာသော်လည်း မြေတပုံ ရေတခြားဖြစ်၍ ထိုရေသည် ထိုမြေမှ အပ ဆိုအပ်သကဲ့သို့ ဒါန သီလ ဘာဝနာ မဂ်ဖိုလ်ဟူသော သင်္ခတတရား အကြောင်းရင်းခံ၍ ထိုနိဗ္ဗာန် ရတနာ ရေသီတာ ထွက်ပေါ်လာသော်လည်း ထိုဒါနစသော သင်္ခတတရားတို့နှင့်မတူ အလွန် အမူထူးပြား တပါးတခြားကြီး ဖြစ်၍ နေသောကြောင့် ထိုမိမိ၏ အကြောင်းဖြစ်သော သင်္ခတတရားတို့နှင့် မပေါင်း မနှော မစပ်မယှက် သက်သက်ကေဝလဖြစ်၍ ဧးမြခြင်း သီတိဘာဝ ဟူသော နိဗ္ဗာန်ရတနာ မြို့ခေမာ၌ ထိုပရိနိဗ္ဗုတ ပုဂ္ဂိုလ်အပေါင်း ကောင်းကောင်းကြီးတည်၍ ချမ်းမြေ့သာယာ နေတော်မူကြရသည် ဟူလိုသတတ်။
သီလာဒိဂုဏယုတ္တဿ ဟိ ကဋစ္ဆု ဘိက္ခာပိ ပဉ္စရတနမတ္တာယဘူမိယာ ပဏ္ဏသာလမ္ပိ ကတွာ ဒိန္နံ အနေကာနိ ကပ္ပသဟဿာနိ ဒုဂ္ဂတိဝိနိပါတတော ရက္ခတိ။ ပရိယောသာနေ စ အမတာယ ဓာတုယာ ပစ္စယောတိ။
မူလပဏ္ဏာသအဋ္ဌကထာ (၁၆၄)။ ဇ။
သီလာဒိဂုဏယုတ္တဿ၊ သီလအစရှိသော ဂုဏ်ကျေးဇူးတို့နှင့် ယှဉ်သော ပုဂ္ဂိုလ်အား။
ဒိန္နာ၊ လှူအပ်သော။
ကဋစ္ဆုဘိက္ခာပိ၊ တယောက်ချို မျှလောက်သော ဆွမ်းသည်၎င်း။
ပဉ္စရတနမတ္တာယ၊ ငါးတောင်မျှလောက်သော။
ဘူမိယာ၊ မြေပေါ်၌။
ပဏ္ဏသာလမ္ပိ၊ သစ်ရွက်မိုးသော သစ်ခက်ကျောင်းကိုလည်း။
ကတွာ၊ ဆောက်လုပ်၍၊
ဒိန္နံ၊ လှူအပ်သော အလှူသည်၎င်း။
အနေကာနိ၊ များစွာကုန်သော။
ကပ္ပသဟဿာနိ၊ ကမ္ဘာအထောင်တို့ပတ်လုံး၊
ဒုဂ္ဂတိဝိနိပါတတော၊ ဒုဂ္ဂတိဘုံသို့ မကျရအောင်။
ရက္ခတိ၊ စောင့်ရှောက်နိုင်၏။
စ၊ သည်သာ မကသေး။
ပရိယောသာနေ၊ သုဂတိဘုံ လူနတ်ချမ်းသာကို ခိုလှုံပြီးသော အဆုံး၌။
တံ၊ ထိုဒါနကုသိုလ်သည်။
အမတာယ ဓာတုယာ၊ အသင်္ခတ နာမထူးမြတ် မသေနိုင်သည့် အမတဓာတ်၏။
ဝါ၊ နိဗ္ဗာန်ရွှေနန်း စံမြန်းရခြင်း၏။
ပစ္စယော၊ အကြောင်းသည်။
ဟောတိ၊ ဖြစ်၏။ ။ ၎င်းအနက်။
အနည်းငယ်မျှသော ဒါနမျှကိုပင် “နိဗ္ဗာနပစ္စယဖြစ်သည်” ဟု ဆိုသည်ကို ထောက်သဖြင့် နိဗ္ဗာန်ကို အပ္ပစ္စယ အသင်္ခတဆိုသော အရာတို့၌ မုချ ဥပနိဿယ စသော ပစ္စည်းမဖြစ်သည်ကိုသာ ရည်၍ ဆိုသည်။ စင်စစ်မူကား ဒါန သီလ စသောအကြောင်းများစွာတို့နှင့် ကင်း၍ ထိုနိဗ္ဗာန် ရတနာကြီး မပေါ် လာနိုင် ဟု အပြီးမှတ်ကြကုန်။
နိဗ္ဗာန်ရတနာ ပေါ်လာပုံနှင့်
နိဗ္ဗာန် အမျိုးမျိုး
ဝိဝဋ္ဋံပတ္ထေတွာ ဒါနံ ဒေန္တော သမာပတ္တိယော နိဗ္ဗတ္တေန္တော အနုက္ကမေန အမတံ နိဗ္ဗာနံ ပဋိလဘတီတိ။
မူလပဏ္ဏာသအဋ္ဌကထာ (၉၃)။ ဃာ။
ဝဋ်ဆင်းရဲကင်းရာ နိဗ္ဗုတာကို တောင့်တ၍ပြုသော ဒါနမှသာ နိဗ္ဗာန်ရောက်ကြောင်း ဖြစ်သည်။ ဣတရသည် နိဗ္ဗာန်ရောက်ကြောင်း နိဗ္ဗာန်ရကြောင်း မဟုတ် ဟူလိုသည်။ ဤ၌ နိဗ္ဗာန်ရကြောင်း ဟူသည်လည်း စကြာမင်းကြီး ဖြစ်ခါနီး ဥပုသ်ခုနစ်ရက်သုံးပြီးမှ စကြာရတနာကို ရသည်ဆိုရာ၌ ရှေးရှိနှင့်ပြီး စကြာရတနာကြီးကို ရသည်မဟုတ်။ မိမိဘုန်းကံပြည့်စုံသည့် အတွက် အသစ်စက်စက် အရှေ့လောကဓာတ်မှ စကြာရတနာ ဖြစ်ပေါ်လာ၍ စကြာမင်းကြီးထံ ရောက်လာသည်ကိုပင် ထိုမင်း စကြာရတနာ ရသည်ဟု ဆိုအပ်သကဲ့သို့ ဒါန သီလ ဘာဝနာ မဂ်ဖိုလ်အကြောင်း အဆောက်အဦ ပြည့်စုံ၍ ပရိနိဗ္ဗုတပုဂ္ဂိုလ်အဖြစ်သို့ ရောက်သည့်အခါ တဆယ့်တသီး မီးအပေါင်းတို့မှ ငြိမ်းဧးခြင်း သန္တိလက္ခဏာ ရှိသော သီတိဘာဝ နိဗ္ဗုတသဘာဝဟု ဆိုအပ်သော နိဗ္ဗာန်ရတနာမြတ်သည် ထို ပရိနိဗ္ဗုတပုဂ္ဂိုလ် စံစားစရာ ဖြစ်ပေါ်လာသည်။ ယင်းသို့ ဖြစ်ပေါ်လာ သည်ကိုပင် ထိုအသျှင် နိဗ္ဗာန် ရသည် ဟု ဆိုသည် မှတ်ကြကုန်။
နိဗ္ဗာနာယာတိ ဝါ အနုပါဒိသေသနိဗ္ဗာနာယ။ ဥပသမာယာတိ ဟိ သဥပါဒိသေသနိဗ္ဗာနံ ဂဟိတံ။
မူလပဏ္ဏာသဋီကာ (၁၉၅)
နိဗ္ဗာနာယာတိ၊ နိဗ္ဗာနာယ-ဟူသည်ကား။
အနုပါဒိသေသနိဗ္ဗာနာယ၊ ရဟန္တာဖြစ်၍ ကိလေသာ ကုန်ပြီးနောက် ကြွင်းကျန်ရစ်သော ခန္ဓာငါးပါး တို့ပါ ငြိမ်းဧးရာဖြစ်သော အသင်္ခတဓာတ် နိဗ္ဗာန်ဖြစ်ပေါ်လာခြင်းငှါ။
(ဝါ- ကား ဝိကပ္ပနတ္ထ။) ဥပသမာယာတိ ဣမိနာ-ဟူသောပါဌ်ဖြင့်။
သဥပါဒိသေသနိဗ္ဗာနံ၊ ကိလေသာမှ ကြွင်းကျန်ရစ်သော ခန္ဓာငါးပါးဟူသော ဥပါဒိရှိသေးသော ရဟန္တာပုဂ္ဂိုလ်၏ ကိလေသာငြိမ်းခြင်းဟူသော နိဗ္ဗာန်ကို၊
ဝါ၊ အရဟတ္တဖိုလ် ဟူသော နိဗ္ဗာန်ကို။
ဂဟိတံ၊ ယူအပ်၏။
(ဟိ-ကား ဒဠှတ္ထ။) ၎င်းအနက်။
ဤမူလပဏ္ဏာသဋီကာ၌ကား အသင်္ခတဓာတ်ကို သဥပါဒိသေသနိဗ္ဗာန် မဆိုလို။ ကိလေသာငြိမ်းခြင်း သဘာဝကို ငါ- အရဟတ္တဖိုလ်ကိုသာ သဥပါဒိသေသနိဗ္ဗာန် ဆိုလိုသည်၏ အဖြစ်ကို သိအပ်၏။
ကတမေ ဒွေ ဓမ္မာ အဘိညေယျာ။ ဒွေ ဓာတုယာ သင်္ခတာ စ ဓာတု အသင်္ခတာ စ ဓာတု။ ဣမေ ဒွေ ဓမ္မာ အဘိညေယျာ။
သုတ်ပါထေယျ ပါဠိတော်(၂၂၉)။ ဆု။
ဤပါဠိတော်၌လည်း အသင်္ခတဓာတ်နိဗ္ဗာန်ကို သင်္ခတဓာတ်ကဲ့သို့ အဘိညေယျတရား တခု၏ အဖြစ်ဖြင့် ဟောတော်မူသောကြောင့် အသင်္ခတဓာတ် နိဗ္ဗာန် ဟူသည် ခန္ဓာ နာမ်ရုပ်တို့၏ ချုပ်ပျောက်ခြင်း အဘာဝမျှကိုသာ ဆိုသည်မဟုတ်။ ခန္ဓာငါးပါးတို့၏ ချုပ်ပျောက်သော အဆုံး၌ ဖြစ်ပေါ်လာသော နိဗ္ဗုတိသဘာဝ ဓမ္မအားဖြင့် ထင်ရှားစင်စစ် အရောင် တလက်လက်ဖြစ်၍ တည်သော အတုလ ဂမ္ဘီရ ရတနာတော်မြတ်ကို နိဗ္ဗာန်ဆိုသည် မှတ်ကြကုန်။
အနာဂါမီသု အာယုနော မဇ္ဈံ အတိက္ကမိတွာ အန္တရာဝကိလေသပရိနိဗ္ဗာနံ အရဟတ္တံ ပတ္တော အန္တရာပရိနိဗ္ဗာယီနာမ။ မဇ္ဈံ ဥပဟစ္စ အတိက္ကမိတွာ ပတ္တော ဥပဟစ္စပရိနိဗ္ဗာယီနာမ။ အသင်္ခါရေန အပ္ပယောဂေန အကိလမန္တော သုခေန ပတ္တော အသင်္ခါရပရိနိဗ္ဗာယီနာမ။
သုတ်ပါထေယျ အဋ္ဌကထာ (၂၁၃)
ဤ၌ “ကိလေသပရိနိဗ္ဗာနံ အရဟတ္တံ ပတ္တော” ဟူသည်ကို ထောက်သဖြင့် ကိလေသပရိနိဗ္ဗာန် ဟူသည် အရဟတ္တဖိုလ်ကို ဆိုသည်ဟု သိအပ်၏။ ကိလေသပရိနိဗ္ဗာန် ဟူသည်လည်း အောက်၌ ညွှန်းပြအပ်ခဲ့ပြီးသော ပရိယာယအားဖြင့် ရအပ်သော သဥပါဒိသေသနိဗ္ဗာန် သုံးမျိုးတို့တွင် ဤ အရာ၌ အရဟတ္တဖိုလ်ဟူသော သဥပါဒိသေသ နိဗ္ဗာန်ပင်တည်း မှတ်။
အနုပါဒါပရိနိဗ္ဗာနဿ ပန ပရိနိဗ္ဗာယမာနဿ အရဟတော အာရမ္မဏဘာဝေန ပသိဒ္ဓိမတ္တံ၊ န ဥပ္ပတ္တိ၊ တဿ အပ္ပစ္စယတ္တာတိ ဒဋ္ဌဗ္ဗံ။ မဏိဒီပ။ ၁င်္၁း၊ ခေါ။
အနုပါဒါပရိနိဗ္ဗာနဿ ပန၊ အသင်္ခတဓာတ်ဟူသော အနုပါဒါပရိနိဗ္ဗာန်၏ ကား။
ပရိနိဗ္ဗာယမာနဿ၊ ပရိနိဗ္ဗာန်ပြုသော။
အရဟတော၊ ရဟန္တာပုဂ္ဂိုလ်၏။
အာရမ္မဏဘာဝေန၊ အာရုံ၏အဖြစ်ဖြင့်။
ပသိဒ္ဓိမတ္တံ၊ ပြီးကာမျှတည်း။
ဥပ္ပတ္တိ၊ ဥပါဒ်အားဖြင့် ရုပ်ဒြဗ် ပေါ်လာခြင်းသည်။
န၊ မဖြစ်။
ဤ၌ အသင်္ခတဓာတ်နိဗ္ဗာန်၏ ဥပါဒ်အားဖြင့် မဖြစ်ခြင်းကိုသာရည်၍ “န ဥပ္ပတ္တိ” ဆိုသည်။ လုံးလုံးအားဖြင့် မဖြစ်ခြင်းကိုရည်၍ ဆိုသည်မဟုတ်။ အကယ်၍ လုံးလုံးအားဖြင့် အဘယ်တခုမျှ မဖြစ်သည်ကို ဆိုခဲ့လျှင် ယင်း နိဗ္ဗာန်သည် အဘယ်ဟာ တခုမျှမဟုတ် အဘာဝ ဖြစ်ခဲ့ရာ၏။ ယင်းသို့ဖြစ်ကလည်း “အတ္ထိ ဘိက္ခဝေ အဇာတံ” စသော ဥဒါန်းပါဠိတော်။ “အနုပါဒိသေသာ သမ္ပရာယိကာ”။ “သမ္ပရာယိကာတိ သမ္ပရာယေ ခန္ဓဘေဒတော ပရဘာဂေ၊ ဘဝါ”။ ဤသို့သော ဣတိဝုတ်ပါဠိတော် အဋ္ဌကထာ-စသည်တို့နှင့် ဖြောင့် ဖြောင့်ဖြောင့် ဆန့်ကျင်ရာ၏ မှတ်။
ပဌာနသာရကျမ်းအလို
နိဗ္ဗာန်ကို စိစစ်ပြပုံ
ဘဝတွေဝံ။ ကိန္နာမ အတ္ထုရူပံ နိဗ္ဗာနန္တိ ဇာနိတဗ္ဗံ။ နနု ရာဂါဒိခယန္တေ ဇာတတ္တတိ ဝုတ္တတ္တာ အဘာဝမတ္တံ ရာဂါဒီနံ ခယနမတ္တံ ဝါ နိဗ္ဗာနန္တိ။ ဥစ္စတေ။ သဗ္ဗေသံ သင်္ခတဓမ္မာနံ ပဋိပက္ခဘူတံ သင်္ခတသမ္မုတိသစ္စာရမ္မဏဝိဒူရံ သမုစ္ဆေဒပဟာနာကာရဿ အရိယမဂ္ဂဉာဏဿ သစ္ဆိကာတဗ္ဗာရမ္မဏဘူတံ ယံ အတ္ထရူပံ။ သာ အသင်္ခတဓာတုနိဗ္ဗာနန္တိ ဝိညာယတိ။
ပဋ္ဌာနသာရ။ ၁င်္၁း၊ မဲ။
ဧဝံ၊ ဤနိဗ္ဗာန်ဟူသည် အချင်းခပ်သိမ်း မပြိုမကွဲ အမြဲတည်နေသည်ဟူ၍ အသင် ပရိဟာရဆရာ ဆိုတိုင်း။
ဘဝတု ဟောတု၊ ဟုတ်ပါစေတော့။
ကိန္နာမ အတ္ထရူပံ၊ အဘယ်သို့သော အနက်သဘော မည်သည်ကို။
နိဗ္ဗာနန္တိ၊ နိဗ္ဗာန် ဟူ၍။
ဇာနိတဗ္ဗံ၊ သိအပ်သနည်း။
ရာဂါဒိခယန္တေ၊ ရာဂ-စသည်ကုန်သော အဆုံး၌။
ဇာတတ္တတိ၊ ဖြစ်သောကြောင့်ဟူ၍၊
ဝုတ္တတ္တာ၊ ဟိတ်ပါဌ်ကို ထုတ်ဆိုခဲ့သောကြောင့်။
အဘာဝမတ္တံ့၊ ရာဂ-စသည်တို့၏ မရှိခြင်းအဘာဝ မျှသည်။
နိဗ္ဗာနံ နနု၊ နိဗ္ဗာန်မည်သည် မဟုတ်ပါတုံလော။
ဝါ၊ တနည်းကား။
ရာဂါဒီနံ၊ ရာဂစသည်တို့၏။
ခယနမတ္တံ၊ ကုန်ခြင်းမျှသည်၊
နိဗ္ဗာနံ နနု၊ နိဗ္ဗာန်မည် သည်မဟုတ်ပါတုံလော။
ဣတိ၊ ဤကား စောဒနာဘွယ် စကားတည်း။
ဝုစ္စတေ၊ ၎င်းစောဒနာဘွယ်ကို ပယ်ဦးအံ့။
သဗ္ဗေသံ သင်္ခတဓမ္မာနံ၊ အလုံးစုံကုန်သော သင်္ခတတရားတို့၏။
ပဋိပက္ခဘူတံ၊ အနိစ္စ အဓုဝ ဝိပရိဏာမ စသော သဘော တို့မှ ပြန်သော နိစ္စ ဓုဝ အဝိပရိဏာမ စသော သဘောရှိသည် ဖြစ်၍ဖြစ်သော။
သင်္ခတသမ္မုတိသစ္စာရမ္မဏဝိဒူရံ၊ သင်္ခတသမုတ် မဟဂ္ဂုတ်နယ်ဝင် ဈာန်ငါးအင် တို့၏ ပဋိဘာဂနိမိတ် အာရုံဟူသော သမ္မုတိသစ္စာအာရုံမှ ဝေးကြီးဝေးသော။
ဝါ၊ မဟဂ္ဂုတ် သမ္မုတိသစ္စာ များကဲ့သို့ ကိလေသာကို ဝိက္ခမ္ဘနသတ္တိမျှဖြင့် ပယ်တက်ရုံမျှ မကသော အာရုံဖြစ်သော။
သမုစ္ဆေဒပဟာနာကာရဿ၊ ကိလေသာဟုန် ရန်သူပုန်ကို မဖြုံပယ်ဖြတ်နိုင်သော။
အရိယမဂ္ဂဉာဏဿ၊ အရိယမဂ် ဉာဏ်၏။
သစ္ဆိကာတဗ္ဗာရမ္မဏဘူတံ၊ မျက်မှောက်ပြုအပ်သော အာရုံဖြစ်၍ ဖြစ်သော။
ဝါ၊ ကိလေသာမီးပူ ရန်သူတို့ကို အကုန်ဖြူအောင် ပယ်သတ်နိုင်ကြောင်း ကောင်းမြတ်သော အာရုံဖြစ်၍ဖြစ်သော။
ယံ အတ္ထရူပံ၊ အကြင် အနက်သဘောသည်။
အတ္ထိ၊ မဂ်လေးတန်တို့၏ ဆွဲရာမှီရာအားဖြင့် ထင်ရှားရှိ၏၊
သာ အသင်္ခတဓာတု၊ ထိုအကြောင်းပါရမီကို ပြုပြင်အပ်သော်လည်း ပြုပြင်အပ်ရာ မထင်သဖြင့် အသင်္ခတနာမထင်ပေါ် သုံးဘုံကျော်တော်မူသော နိဗ္ဗုတိသခင် အသျှင်ဓာတ်တော်မြတ်သည်။
နိဗ္ဗာန်၊ နိဗ္ဗာန်မည်၏။
ကိလေသာကို ဝိက္ခမ္ဘနသတ္တိဖြင့် ပယ်နိုင်အောင် ကျေးဇူးပြုတတ်သော ကသိုဏ်းပညတ် ပဋိဘာဂ နိမိတ် အာရုံများပင် ထိုကသိုဏ်းရှင် ပုဂ္ဂိုလ်၏ သညဇ အားဖြင့် ထိုပုဂ္ဂိုလ်အား ထင်ရှား ရှိတုံသေး၏။ ထိုအာရုံထက်ပင် လွန်ကဲစွာ ထောင့်ငါးရာ ကိလေသာတို့ကို အကုန်အစင် အပြီးတိုင် ပယ်သတ် နိုင်အောင် ထိုမဂ်လေးတန်တို့အား အာရမ္မဏူပနိဿယသတ္တိဖြင့် ကျေးဇူးပြုတတ်သော အသင်္ခတ ဓာတ်နိဗ္ဗာန် အာရုံဟူသည် အဘယ်သို့လျှင် အဘာဝ တုစ္ဆ ရိတ္တ ဖြစ်နိုင် ပါအံ့နည်း။ ဧကန်စင်စစ် ဘဝသံဝိဇ္ဇာမာန ဟူ၍သာ မှတ်လေလော့ ဟူလိုသည်။
၎င်းပဋ္ဌာနသာရဒီပနီကျမ်းလည်း နေတ္တိအဋ္ဌကထာကို မှီးသည်။ ၎င်းနေတ္တိအဋ္ဌကထာကို မှီး၍လည်း ၎င်းကျမ်း၏ အဓိပ္ပါယ် မြုပ်သည်ကို ပေါ်အောင် ထုတ်ပြလိုက်သတည်း။ နေတ္တိအဋ္ဌကထာပါဌ်ကား ကျယ်လွန်းလှစွ။
ဝိသုဒ္ဓိမဂ် အဋ္ဌကထာပါဌ်
▬▬▬▬▬▬▬▬▬
(က) တယိဒံ သန္တိလက္ခဏံ၊ အစ္စု တိရသံ၊ အဿာသကရဏရသံ ဝါ၊ အနိမိတ္တပစ္စုပဋ္ဌာန်၊ နိပ္ပပဉ္စပစ္စုပဋ္ဌာနံ ဝါ။ နတ္ထေဝံ နိဗ္ဗာနဿ သသဝိသာဏံ ဝိယ အနုပလဗ္ဘနီယတောတိ စေ။ န၊ ဥပါယေန ဥပလဗ္ဘနီယတော။ ဥပလဗ္ဘတိ ဟိ တဒနုရူပပဋိပတ္တိသင်္ခါတေန ဥပါယေန။ စေတောပရိယဉာဏေန ပရေသံ လောကုတ္တရစိတ္တံဝိယ။ တသ္မာ န အနုပလဗ္ဘနီယတော နတ္ထီတိ န ဝတ္ထဗ္ဗံ။ န ဟိ ယံ ဗာလပုထုဇ္ဇနာ န ဥပလဘန္တိ၊ တံ နတ္တီတိ ဝတ္ထဗ္ဗံ။
(ခ) အပိစ နိဗ္ဗာနံ နတ္ထီတိ န ဝတ္ထဗ္ဗံ။ ကသ္မာ၊ ပဋိပတ္တိယာ ဝဉ္ဈာဘာဝါပဇ္ဇနတော။ အသတိ ဟိ နိဗ္ဗာနေ သမ္မာဒိဋ္ဌိ ပုရေဇာတာယ သီလာခန္ဓတ္တယသင်္ခါတာယ သမ္မာပဋိပတ္တိယာ ဝဉ္ဈာဘာဝေါ အာပဇ္ဇတိ။ န စာယံ ဝဉ္ဈာ၊ နိဗ္ဗာနပါပနတောတိ။ န ပဋိပတ္တိယာ ဝဉ္ဈာဘာဝါပတ္တိ၊ အဘာဝပါပကကတ္တာ ဣတိ စေ။ န၊ အတီတာ နာဂတာဘာဝေပိ နိဗ္ဗာနပတ္တိယာ အဘာဝတော။
(ဂ) ဝတ္တမာနာနံပိ အဘာဝေါ နိဗ္ဗာနန္တိ စေ။ န၊ တေသံ အဘာဝါသမ္ဘဝတော။ အဘာဝေ စ အဝတ္တမာနဘာဝါပဇ္ဇနတော၊ ဝတ္တမာနက္ခန္ဓနိဿိတမဂ္ဂက္ခဏေ စ သောပါဒိသေသနိဗ္ဗာနဓာတု-ပတ္တိယာ အဘာဝဒေါသတောတိ။ တဒါ ကိလေသာနံ အဝတ္တမာနတ္တာ နု ဒေါသော ဣတိ စေ န၊ အရိယမဂ္ဂဿ နိရတ္ထကတာဝါပဇ္ဇနတော။ ဧဝံ ဟိ အရိယမဂ္ဂတော ပုဗ္ဗေပိ ကိလေသာ န သန္တီတိ အရိယမဂ္ဂဿ နိရတ္ထကဘာဝေါ အာပဇ္ဇတိ၊ တသ္မာ အကာရဏမေတံ။
(ဃ) ယော ခေါ အာဝုသော ရာဂက္ခယောတိအာဒိဝစနတော ခယော နိဗ္ဗာနန္တိ စေ။ န၊ အရဟတ္တဿာပိ ခယမတ္တာပဇ္ဇနတော။ တမ္ပိ ဟိ ယော ခေါ အာဝုသော ရာဂက္ခယောတိအာဒိနာ နယေန နိဒ္ဒိဋ္ဌံ၊ ကိဉ္စ ဘိယျော နိဗ္ဗာနဿ ဣတ္တရကာလာဒိပတ္တိဒေါသတော။ ဧဝံ ဟိ သတိ နိဗ္ဗာနံ ဣတ္တရကာလံ သင်္ခတလက္ခဏံ သမ္မာဝါယာမနိရ ပေက္ခာဓိဂမနီယဘာဝဉ္ဇ အာပဇ္ဇတိ။ သင်္ခတလက္ခဏေယေဝ စ သင်္ခတပရိယာပန္နံ။ သင်္ခတပရိယာပန္နတ္တာ ရာဂါဒီဟိ အဂ္ဂိဟိ အာဒိတ္တံ။ အာဒိတ္တတ္တာ ဒုက္ခဉ္ဇာတိ အာပဇ္ဇတိ။
(င) ယသ္မာ ခယာ ပဋ္ဌာယ န ဘိယျော ပဝတ္တိနာမ ဟောတိ၊ တသ္မာ တဿ နိဗ္ဗာနဘာဝေ န ဒေါသော ဣတိ စေ။ န၊ တာဒိသဿ ခယဿ အဘာဝတော။ ဘာဝေပိ စဿ ဝုတ္တပ္ပကာရဒေါသာနတိ ဝတ္တနတော အရိယမဂ္ဂဿ စ နိဗ္ဗာနဘာဝါပဇ္ဇနတော။ အရိယမဂ္ဂေါ ဟိ ဒေါသေ ခီဏေတိ၊ တသ္မာ ခယောတိ ဝုစ္စတိ။ တတော စ ပဋ္ဌာယ န ဘိယျော ဒေါသာနံ ပဝတ္တီတိ။ အနုပ္ပတ္တိနိရောဓသင်္ခါတဿ ပန ခယဿ ပရိယာယေန ဥပနိဿယတ္တာ ယဿ ဥပနိဿယော ဟောတိ၊ တဒုပစာရေန ခယောတိ ဝုတ္တံ။
(ဝိသုဒ္ဓိမဂ် (ဒု-၁၃၉))
ဤ ဝိသုဒ္ဓိမဂ်စကားကို အမှီပြု၍လည်း နိဗ္ဗာန်၏ အခြင်းအရာကို သိလေဦး။
ဝိသုဒ္ဓိမဂ်အဋ္ဌကထာ၏ ရခဲစွာသော အနက်ယောဇနာ
▬▬▬▬▬▬▬▬▬
အနက်ကား …
(က) တယိဒံ-တံ ဣဒံ နိဗ္ဗာနံ၊ ထိုနိဗ္ဗာန်သည်။
သန္တိလက္ခဏံ၊ ဇာတိ အစ ရှိသောမီးတို့မှ လွန်စွာဝေးသည်ထက် ဝေးသည်ဖြစ်၍ အလွန် ဧးမြ ငြိမ်းချမ်းခြင်း လက္ခဏာရှိ၏။
ဝါ၊ ငြိမ်းဧးခြင်းသည်ပင်လျှင် ထိုနိဗ္ဗာန်တည်းဟု သိကြောင်း မှတ်ကြောင်းရှိ၏။
အစ္စုတိရသံ၊ မိမိ၏ငြိမ်းဧးခြင်း သဘောမှ အချင်းခပ်သိမ်း မရွှေ့မစွန့်ခြင်းသတ္တိနှင့် ပြည့်စုံ၏။
(အစ္စုတိ ရသန္တိ အစ္စုတိသမ္ပတ္တိကံ။ မူလဋီကာ။)
ဝါ၊ တနည်းကား။
အဿာသကရဏရသံ၊ ဘေးကိုကြောက်၍ မိမိထံ တည်ရောက်လာသော ပရိနိဗ္ဗုတပုဂ္ဂိုလ်များအား ဘေးမှ ကွယ်ကာ ချမ်းသာရအောင် ပြုတတ်ပြုနိုင်ခြင်းကိစ္စ ရှိ၏။
အနိမိတ္တပစ္စုပဋ္ဌာနံ၊ အကြောင်းတို့ ပြုပြင်၍ပင် ဖြစ်သော်လည်း အလွန်သိမ်မွေ့စွာ ဖြစ်သဖြင့် အကြောင်းတရားတို့သည် ပြုပြင်၍ ဖြစ်သည်ဟု သိလောက်စရာ သင်္ခတလက္ခဏာ သင်္ခတနိမိတ် မထင် ငြိမ်းဧးခြင်း သဘောအားဖြင့် ဖြစ်ပေါ်လာသော်လည်း ယင်းဖြစ်ပုံကိုသိကြောင်း ဥပါဒ် ဟူသော ဇာတနိမိတ် အရိပ်မပေါ် အလွန် သိမ်မွေ့သော ဌီသဘောအားဖြင့် ထင်ရှားရှိပါသော်လည်း ယင်း ထင်ရှားရှိပုံကို သိကြောင်း ရုန့်ရင်းသော ဌီ-ဟူသော ဘူတနိမိတ်မရှိ၊ ဤသို့အစရှိသော အလုံးစုံသော နိမိတ်မရှိခြင်းသည်ပင်လျှင် ထိုနိဗ္ဗာန် ဟု သိရကြောင်း အခြင်း အရာရှိ၏။
ဝါ၊ တနည်းလည်း။
နိုပ္ပပဉ္စပစ္စုပဋ္ဌာနံ၊ သံသရာစက်ရဟတ် အစပြတ်ခြင်း အကျိုး ပစ္စုပဋ္ဌာန် ရှိ၏။ (ဗျင်္ဂျတ္ထ။)
ဧဝံ၊ ဤသို့ သင်္ခတနိမိတ် စသည် မရှိသည်ရှိသော်။
နိဗ္ဗာနံ၊ နိဗ္ဗာန်ဟူသည်။
နတ္ထိ၊ ပရမတ္ထအားဖြင့် ထင်ရှားမရှိရာ။
ကသ္မာ၊ အဘယ့်ကြောင့်နည်းဟူမူကား၊
တဿ၊ ထိုနိဗ္ဗာန် ဟူသည်၏။
သသဝိသာဏံ ဝိယ၊ ယုန်၏ ဦးချိုဟူသော စကားကဲ့သို့၊
အနုပလဗ္ဘနီယတော၊ စကားသာထင်၍ ဝတ္ထုအထည်ဒြဗ်အားဖြင့် ထင်ရှားမရ အပ်သောကြောင့် တည်း။
ဣတိ စေ၊ ဤသို့ တစုံတယောက် ဉာဏ်မပေါက်သူတို့ ဆိုခဲ့ငြားအံ့။
န၊ အသင်စောဒကဆိုတိုင်း မဟုတ်။
ကသ္မာ၊ အဘယ့်ကြောင့် နည်းဟူမူကား။
တဿ၊ ထိုနိဗ္ဗာန်၏။
ဥပါယေန၊ နိဗ္ဗာန်ရကြောင်း အကျင့်ကောင်းဖြင့်။
ဥပလဗ္ဘနီယတော၊ ကိုယ်တိုင်ထက်ကြပ် ကောင်းကောင်းကြီး ရအပ်ရထိုက် သောကြောင့်တည်း၊
ဟိ၊ ယင်းသည့်စကား မမှန်လား။
တံ၊ ထိုဘေးခပ်သိမ်း ကင်းငြိမ်းဧးခြင်း ဟူသော နိဗ္ဗာန်ကို။
တဒနုရူပပဋိပတ္တိယာ၊ ထိုနိဗ္ဗာန်အား ထိုက်တန်လောက်သော အကျင့်ကောင်းဖြင့်။
ဥပလဗ္ဗတိ၊ မဂ်ဖိုလ်သခင် နိဗ္ဗာန်ဝင်သော အသျှင်ကောင်းတို့ ကောင်းကောင်းကြီး ရကြအပ်၏။
ကိမိဝ၊ ဥပမာ အဘယ်ကဲ့သို့နည်းဟူမူကား။
ပရေသံ၊ သူတပါးတို့၏။
လောကုတ္တရစိတ္တံ၊ အလွန်သိခက်သော မဂ်ဖိုလ်စိတ်ကို။
စေတောပရိယဉာဏေန၊ တယောက်သောသူ၏ စေတောပရိယအဘိညာဉ်ဖြင့်။
ဥပလဘန္တိ ဝိယ၊ အာရုံ ပြုရာအားဖြင့် ထင်ရှား ရအပ်သကဲ့သို့တည်း။
စေတောပရိယ အဘိညာဉ် တည်းဟူသော နည်းကောင်းလမ်းကောင်းဖြင့် အာရုံပြုအပ် ရအပ်သော သူတပါးတို့၏ အလွန်နက်သော အလွန်သိခက်သော လောကုတ္တရာစိတ် ဟူသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသကဲ့သို့ ဒါန သီလ ဘာဝနာအကြောင်း မဂ်ဖိုလ်လမ်းကောင်းတို့ဖြင့် ရှာနိုင်လှမှ အနိုင်ရသော နိဗ္ဗာန် ဟူသည်လည်း အချည်းနှီး အဘာဝမျှ မဖြစ်သင့်။ ပရမတ္ထအားဖြင့် ထင်ရှားဧကန် ရှိသည်မှန်၏ ဟူလိုသတတ်။ (အရည်စစ် ဗျင်္ဂျတ္ထ။)
တသ္မာ န အနုပလဗ္ဘနီယတော၊ ထိုသို့ နိဗ္ဗာန်ဟူသည်၏ ပရမတ္ထအားဖြင့် ထင်ရှားမရစကောင်းသည် မဟုတ်သောကြောင့်။
နတ္တီတိ၊ နိဗ္ဗာန်ဟူသည် ယုန်၏ဦးချို ဟူသကဲ့သို့ စကားသာထင်၍ အသားမမြင် မရှိဟူသော စကားကို။
နဝတ္ထဗ္ဗံ၊ အသင်စောဒက အကြံရတိုင်း မဆိုသင့်။
ဟိ၊ သင့်စကားကို ပယ် လှည်းသော ငါ၏စကား မလွဲနိုင်။
ယံ၊ အကြင်တရားကို။
ဗာလပုထုဇ္ဇနာ၊ ဗာလဖြစ်သူ ပုထုဇ္ဇန်လူတို့သည်။
န ဥပလဘန္တိ၊ မရကုန်။
တံ၊ ထို ပုထုဇ္ဇန်ဗာလတို့ မရအပ်သော တရားကို။
နတ္ထီတိ၊ ပုထုဇ္ဇန်ဗာလတို့ မရကာမျှဖြင့် ယင်း သည့်တရား မရှိပါတကားဟူ၍။
န ဝတ္ထဗ္ဗံ၊ ဆိုသင့်ဆိုထိုက်တော့မည် မဟုတ်။
(ခ) အပိ၊ တနည်းတပုံကား၊
နိဗ္ဗာနံ၊ နိဗ္ဗာန်ဟူသည်။
နတ္ထိ၊ စကားသာ ရှိ၍ အသားဝတ္ထု ပရမတ္ထအားဖြင့် ထင်ရှားမရှိ။
ဣတိ၊ ဤသို့။
န ဝတ္ထဗ္ဗံ၊ အသင် စောဒက မဆိုအပ်။
ကသ္မာ၊ အဘယ့်ကြောင့်နည်း၊
ပဋိပတ္တိယာ၊ နိဗ္ဗာန်ရကြောင်း သူတော်တကာကျင့်ကြရသော အကျင့်ကောင်း၏။
ဝဉ္ဈာဘာဝါပဇ္ဇနတော၊ အမြုံ၏အသွင် အချည်းနှီးပင် ကျိုးမထင်သောအဖြစ်သို့ ရောက်ခြင်းကြောင့် တည်း။
ဟိ၊ ငါဖြေဆိုအပ်သော အကြောင်းဟိတ်သည် တကယ်ချိတ်မိသော ဟိတ်ပင်တည်း။
နိဗ္ဗာနေ၊ ဘေးခပ်သိမ်း ငြိမ်းဧးခြင်းနိဗ္ဗာန်သဘောဟူသည်။
အသတိ၊ ပရမတ္ထအားဖြင့် ထင်ရှားမရှိခဲ့သော်။
သမ္မာဒိဋ္ဌိပုရေဇာတာယ၊ သမ္မာဒိဋ္ဌိ ရှေး၌ ဖြစ်ခြင်းရှိသော။
ဝါ၊ ရှေ့သွားဖြစ်သော သမ္မာဒိဋ္ဌိရှိသော။
သီလာခန္ဓတ္တယသင်္ခတာယ၊ သီလအစရှိသော တရားအစုသုံးပါး ဟု ဆိုအပ်သော။
ဝါ၊ သီလ သမာဓိ ပညာ ဟု ဆိုအပ်သော။
သမ္မာပဋိပတ္တိယာ၊ နိဗ္ဗာန် ရောက်ကြောင်း အကျင့်ကောင်း၏။
ဝဉ္ဈာဘာဝေါ၊ အကြောင်းသာစုံ ကျိုးမကြုံသဖြင့် မြုံသောအဖြစ်သည်။
အာပဇ္ဇတိ၊ ဖြစ်ခဲ့ရာ၏။
အယံ၊ ဤကိုယ်နှင့်အသက် ငဲ့ကွက်မရှိ သေရမသိ ကျင့်ရသော သီလ သမာဓိ ပညာ ရှေ့သွား အကျင့်များသည်။
န စ ဝဉ္ဈာ၊ အကြောင်းသာကြုံ ကျိုးမဆုံ၍ မြုံလည်း မမြုံသင့်။
ကသ္မာ၊ အဘယ့်ကြောင့် မမြုံသည်ကို သိရပါသနည်း။
နိဗ္ဗာနပါပနတော၊ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းသူတို့ နိဗ္ဗာန်သို့ ရောက်ကြ သောကြောင့်။
န ဝဉ္ဈာ၊ မမြုံသည်ကို သိရပါသတည်း။
ဣတိ၊ ဤသို့ပရိဟာရ ဆရာ ငါဖြေဆိုသည်ရှိသော်။
နိဗ္ဗာနံ၊ နိဗ္ဗာန်ဟူသည်။
နတ္ထိ၊ ထင်ရှားမရှိ။
ဣတိ၊ ဤသို့။
ဝုတ္တေပိ၊ ဆိုသော်လည်း။ (ထည့်)
ပဋိပတ္တိယာ၊ အကျင့်၏။
ဝာဘာဝါပတ္တိ၊ မြူသောအဖြစ်သို့ ရောက်ခြင်းသည်။
နု၊ မဖြစ်နိုင်ပါ။
အဘာဝပါပကတ္တာ၊ ထိုအကျင့်ဖြင့် အဘာဝဟူသော နိဗ္ဗာန်သို့ရောက်ခြင်းကြောင့်တည်း။
ဣတိ စေ၊ ဤသို့တဘန် စောဒက တက်ပြန်ငြားအံ့။
န၊ ယင်းသို့လည်း စောဒက မတက်သင့်။
ကသ္မာ၊ အဘယ့်ကြောင့်နည်းဟူမူကား။
အတီတာ နာဂတာဘာဝေပိ၊ အတိတ်တရားတို့၏ လွန်ခဲ့ပြီး ချုပ်ပြီးဖြစ်၍ ထင်ရှား မရှိခြင်း အနာဂတ် တရားတို့၏ မလာသေး မဖြစ်သေးသည်ဖြစ်၍ ထင်ရှား မရှိခြင်း၌လည်း။
နိဗ္ဗာနပတ္တိယာ၊ နိဗ္ဗာန်သို့ ရောက်ခြင်းဟူသည်၏။
အဘာဝတော၊ မရှိခြင်းကြောင့်တည်း။
ရုပ်နာမ်တရားတို့ ချုပ်ပျောက်ခြင်း အဘာဝသည် နိဗ္ဗာန်အကယ်၍တည်း မည်ငြားအံ့၊ အတိတ် အနာဂတ်ဖြစ်၍ ထင်ရှားမရှိခြင်းသည်လည်း နိဗ္ဗာန်ပင် မည်ခဲ့ရာ၏၊ ယင်းသို့လည်း မမည်နိုင်ခဲ့ ဟူလိုသတတ်။
(ဂ) ဝတ္တမာနာနံ၊ ဖြစ်ဆဲဖြစ်ကုန်သော ခန္ဓာတို့၏။
အဘာဝေါ၊ မရှိခြင်း ချုပ်ခြင်းသည်။
နိဗ္ဗာနံ၊ နိဗ္ဗာန်ပင်တည်း။
ဣတိ စေ၊ ဤသို့ နှုတ်မဆိတ်လို ဆိုပြန်ငြားအံ့။
န၊ သင်စောဒက ကြံရာမရ ဆိုလိုရာဆိုတိုင်း မသင့်။
တေသံ၊ ထိုဝတ္တမာန ခန္ဓာတို့၏။
အဘာဝါသမ္ဘဝတော၊ အဘာဝ၏ မဖြစ်သင့်သောကြောင့်တည်း။
အဘာဝေ စ၊ ဝတ္တမာနခန္ဓာတို့၏ အကယ်တစိ အဘာဝဖြစ်ဘိသော်လည်း၊
အဝတ္တမာနာပဇ္ဇနတော၊ ဝတ္ထမာနခန္ဓာမဟုတ်နိုင်သော အဖြစ်သို့ ရောက်ခြင်းကြောင့်။
န၊ ဝတ္ထမာနခန္ဓာတို့၏ အဘာဝကို နိဗ္ဗာန်ဆိုလိုသော သင့်စကား လားလားမသင့်။
စ၊ ဤမျှလောက်သာ သင့်စကား၌ အပြစ်ဆိုက်သည် မဟုတ်ပါသေး။
ဧဝံ၊ ဤသို့ ဖြစ်ဆဲဖြစ်သော ခန္ဓာတို့၏ မရှိခြင်းကို နိဗ္ဗာန်ဆိုလိုသည် ရှိသော်။
ဝတ္တမာနက္ခန္ဓနိဿိတမဂ္ဂက္ခဏေ၊ ဖြစ်ဆဲဖြစ်သော ခန္ဓာကိုမှီသော အရဟတ္တမဂ်ခဏသည်။
အဓိဂတေပိ၊ ရောက်လာသည်ရှိသော်လည်း။
သောပါဒိသေသနိဗ္ဗာနပတ္တိယာ၊ ကိလေသာ ကုန်ခြင်းဟူသော သဥပါဒိသေသ နိဗ္ဗာန်သို့ ရောက်ခြင်း၏။
အဘာဝဒေါသတော၊ မရှိခြင်းဟူသော အပြစ်သို့ ရောက်သောကြောင့်။
န၊ ဖြစ်ဆဲခန္ဓာတို့၏ မရှိခြင်းကို နိဗ္ဗာန်ဆိုသော အသင်၏စကား အမှားစင်စစ်ဖြစ်၍ မသင့်။
ဧဝံ၊ ဤသို့ ငါပရိဟာရဆရာ ဆိုသည်ရှိသော်။
တဒါ၊ ထိုဖြစ်ဆဲဖြစ်သော ခန္ဓာကိုမှီလျက် အရဟတ္တမဂ် ပေါ်လာသောအခါ၌။
ကိလေသာနံ၊ အလုံးစုံသော ကိလေသာတို့၏။
အဝတ္တမာနတ္တာ၊ ဖြစ်ဆဲမဟုတ်သောကြောင့်။
န ဒေါသော၊ ဖြစ်ဆဲဖြစ်သော ခန္ဓာတို့၏ မရှိခြင်းကို နိဗ္ဗာန်ဆိုသော ငါစောဒကစကား၌ အပြစ် မဆိုက်ပါသေး။
ဝါ၊ အပြစ်မဆိုလောက်လှပါသေး။
ဣတိ စေ၊ ဤသို့ မရှက်နိုင်လို ဆိုမိဆိုရာ သင်စောဒက ဆိုပြန်ငြားအံ့။
န၊ ယင်းစကားလည်း အမှားဧကန်ဖြစ်၍ မသင့်။
ကသ္မာ၊ အဘယ့်ကြောင့်နည်း။
အရိယမဂ္ဂဿ၊ အရိယမဂ်၏။
နိရတ္ထကတာဝါပဇ္ဇနတော၊ အကျိုးမရှိသော အဖြစ်သို့ရောက်ခြင်းကြောင့်တည်း။
ဟိ၊ ကိလေသာတို့၏ ဖြစ်ဆဲမဟုတ်သော အဘာဝကို သဥပါဒိသေသ နိဗ္ဗာန်ဆိုလိုသည် ရှိသော် အရိယမဂ်ဖြစ်ကျိုး မနပ်ဆိုရာ ရောက်သည် ဟူသော ငါ၏စကားသည် များများကြီးမှန်၏။
ဧဝံ၊ ဤသို့ ကိလေသာတို့၏ ဖြစ်လာဆဲ မဟုတ်သော အဘာဝကို သဥပါဒိသေသ နိဗ္ဗာန် ဆိုလိုသည်ရှိသော်။
အရိယမဂ္ဂတော၊ အရိယမဂ်မှ။
ပုဗ္ဗေပိ၊ ရှေးသမထဝိပဿနာကုသိုလ် ဖြစ်လာတုန်းအခါ၌လည်း၊
ကိလေသာ၊ ကိလေသာတို့သည်။
န သန္တိ၊ ဖြစ်လာသည် မရှိကုန်။
ဣတိ တသ္မာ၊ ထိုသို့ကိုလေသာတို့၏ ဖြစ်ဆဲမဟုတ်ဟူသော အသင်လိုအပ်သော နိဗ္ဗာန်၏ အရိယမဂ် မဖြစ်ခင်ကပင် ဖြစ်နှင့်လေပြီး ဖြစ်သောကြောင့်။
အရိယမဂ္ဂဿ၊ ကိလေသာကို ပယ်စရာဖြစ်ပေါ်လာရသော အရိယမဂ်၏။
နိရတ္ထကဘာဝေါ၊ ဖြစ်ပေါ်လာကျိုး မရှိသော အဖြစ်သည်။
အာပဇ္ဇတိ၊ ဖြစ်ခဲ့ရာ၏။
တသ္မာ၊ ထိုကြောင့်။
ဧတံ၊ ဤယုတ္တိ ယုတ္တာမထင် ဆိုချင်မက်မော ဆိုအားသဲသော အသင်စောဒကစကားအပေါင်းသည်။
အကရဏံ၊ ဆိုလောက်သော အကြောင်း မရှိ။
ဝါ၊ ဆိုစရာအကြောင်းပင် မဟုတ်။
ဣတိ၊ ဤသို့ ငါ ပရိဟာရဆိုသည် ရှိသော်။
(ဃ) ယော ခေါ အာဝုသော ရာဂက္ခယောတိ အာဒိဝစနတော၊ ယော ခေါ အာဝုသော ရာဂက္ခယော - ဤသို့အစရှိသော ဇမ္ဗုခါဒကသုတ်ကို မိန့်ဆိုတော်မူခြင်းကြောင့်။
ခယော၊ ရာဂစသည်တို့၏ ကုန်ခြင်းချုပ်ခြင်း ဘင်ခဏသည်။
နိဗ္ဗာနံ၊ အသင်္ခတဓာတ်နိဗ္ဗာန်ပင်တည်း။
ဣတိစေ၊ ဤသို့မရှက်ဆေးခြေ တပုံလော၍ စောဒကဆိုပြန်လေငြားအံ့။
ဝါ၊ အကယ်၍ ဆိုဦးမည်လော။
န၊ ၎င်းစကား ကိုလည်း မဆိုသင့်။
ကသ္မာ၊ အဘယ့်ကြောင့်နည်း ဟူမူကား။
အရဟတ္တဿာပိ၊ အရဟတ္တဖိုလ်အားလည်း။
ဝါ၊ ၏လည်း။
ခယမတ္တာပဇ္ဇနတော၊ ရာဂစသည် ကုန်ခြင်းမျှသာ ဟူသောအနက်သို့ ရောက်ရာသောကြောင့်တည်း။
ဟိ၊ ရောက်ရာသည် မှန်၏။
တမ္ပိ၊ ထိုအရဟတ္တဖိုလ်ကိုလည်း။
ယော ခေါ အာဝုသော ရာဂက္ခယောတိ အာဒိနာ၊ ရာဂက္ခယော - ဤသို့ အစရှိသော။
နယေန၊ နည်းဖြင့်။
နိဒ္ဒိဋ္ဌံ၊ အသျှင် သာရိပုတြာမထေရ်သည်ပင် ညွှန်းတော်မူအပ်၏။
ကိဉ္စ ဘိယျော၊ ဤမျှလောက် စကားဖြင့်ပင် ထိုစောဒကကို ပယ်နိုင်လောက်သော်လည်း စိုးစဉ်းစကား အလွန်အားဖြင့် ဖြေကြားဦးအံ့။
နိဗ္ဗာနဿ၊ နိဗ္ဗာန်၏။
ဣတ္တရကာလာဒိပတ္တိဒေါသတော၊ တိုသောကာလရှိခြင်း အစရှိသည်သို့ ရောက်သော အပြစ် ဒေါသကြောင့်။
တံ၊ ထို ကိလေသာတို့ ကုန်ခြင်းခယမျှကို နိဗ္ဗာန်ဆိုသော စောဒကဆရာစကားသည်။
န၊ မသင့်။
ဟိ၊ မသင့်သည်မှန်၏။
ဧဝံ သတိ၊ ဤသို့ ရာဂစသော ကိလေသာတို့၏ ကုန်ခြင်းမျှကို နိဗ္ဗာန်ဆိုခဲ့သည် ရှိသော်။
နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။
ဣတ္တရကာလံ၊ ရာဂစသည်တို့ ကုန်ခြင်း ဘင်ခဏအားဖြင့် တိုသောကာလရှိသော အဖြစ်သို့၎င်း။
သင်္ခတလက္ခဏံ၊ ရာဂ ကုန်ခြင်း စသည်တို့၏ သင်္ခတတရားဖြစ်၍ သင်္ခတလက္ခဏာရှိသော အဖြစ်သို့ ၎င်း။
သမ္မာဝါယာမနိရပေက္ခာဓိဂမနီယဘာဝဥ၊ ကောင်းစွာ အားထုတ်ခြင်း၊ ဟူသော သမ္မာဝါယာမမဂ္ဂင်ကို မငဲ့ဘဲ မရှိဘဲလျက်ပင် ယင်း နိဗ္ဗာန်ကို ရအပ်သည်၏ အဖြစ်သို့၎င်း။
အာပဇ္ဇတိ၊ ရောက်ခဲ့ရာ၏။
သင်္ခတလက္ခဏေယေဝ စ၊ သင်္ခတလက္ခဏာ ရှိသောကြောင့်သာလျှင်လည်း။
သင်္ခတပရိယာပန္နံ၊ သင်္ခတ တရားတို့၌ အကျုံးဝင်ခဲ့ရာ၏။
သင်္ခတပရိယာပန္နတ္တာ၊ သင်္ခတတရားတို့၌ အကျုံးဝင်သောကြောင့်။
ရာဂါဒီဟိ၊ ရာဂအစရှိကုန်သော။
အဂ္ဂီဟိ၊ မီးတို့ ဖြင့်။
အာဒိတ္တံ၊ ရဲရဲတောက်ရာ၏။
အာဒိတ္တံ၊ ရဲရဲတောက်သောကြောင့်။
ဒုက္ခဉ္ဇာတိ၊ ချမ်းသာရာမထင် ဆင်းရဲရာသာပင်တည်း ဟူ၍လည်း။
အာပဇ္ဇတိ၊ ဆိုရာရောက်ခဲ့ရာ၏။
ဣတိ၊ ဤသို့ ပရိဟာရဆရာ ငါဆိုသည်ရှိသော်။
(င) ယသ္မာ၊ အကြင်ကြောင့်။
ခယာ၊ ရာဂစသည်တို့၏ ကုန်ခြင်းမှ။
ပဋ္ဌာယ၊ စ၍။
ဘိယျော၊ အလွန်များစွာ။
ပဝတ္တိနာမ၊ ဒုက္ခဖြစ်ရခြင်း မည်သည်။
န ဟောတိ၊ မဖြစ်။
တသ္မာ၊ ထိုကြောင့်။
တဿ၊ ထိုကိလေသာ ကုန်ခြင်း ခယ၏။
နိဗ္ဗာနဘာဝေ၊ နိဗ္ဗာန် မည်သော အဖြစ်၌၊
န ဒေါသော၊ အပြစ်မရှိ။
ဣတိ စေ၊ ဤသို့ ဆိုပြန်ငြားအံ့။
န၊ ယင်းစကားလည်း မသင့်သေး၊
ကသ္မာ၊ အဘယ့်ကြောင့်နည်း ဟူမူကား၊
တာဒိသဿ၊ ထိုသို့ ဒုက္ခကို များများကြီး မဖြစ်နိုင်သည့် သဘောရှိသော။
ခယဿ၊ ခယ၏။
အဘာဝတော၊ မရှိသောကြောင့်တည်း။
ဘာဝေပိ စ၊ အကယ်၍ ရှိသော်လည်း၊
အဿ၊ ထို ကိလေသာ ကုန်ခြင်းဟူသော ခယ၏။
ဝုတ္တပ္ပကာရဒေါသာနတိဝတ္တနတော၊ ဆိုအပ်ခဲ့ပြီးသော ဣတ္တရကာလသင်္ခတလက္ခဏ စသည် အပြား ရှိသော အပြစ်ဒေါသကို မလွန်နိုင် သောကြောင့်တည်း။
စ၊ သည်သာမကသေး၊
အရိယမဂ္ဂဿ၊ အရိယမဂ်၏။
နိဗ္ဗာနဘာဝါပဇ္ဇနတော၊ နိဗ္ဗာန်မည်သာ အဖြစ်သို့ ရောက်ရာသောကြောင့်။
တံ၊ ထို ကိလေသာတို့၏ ကုန်ခြင်းခယကို နိဗ္ဗာန်ဆိုသော စောဒကစကားသည်။
န၊ မသင့်နိုင်။
ဟိ၊ ဆိုသင့်စွ။
အရိယမဂ္ဂေါ၊ အရိယမဂ်သည်။
ဒေါသေ၊ ကိလေသာတို့ကို။
ခီဏေတိ၊ ကုန်စေတတ်၏။
တသ္မာ၊ ထိုကြောင့်။
သော၊ ထို အရိယမဂ်ကို။
ခယောတိ၊ ခယ-ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ကိလေသာတို့၏ ကုန်ခြင်းဟူသော အဘာဝကို ရည်၍ စောဒကဆရာက ဆိုသော်လည်း ခယ-ဟူသော သာမညစကားကို လေသအမြွက်ရှာ၍ ကိလေသာကို ကုန်စေတတ်သောကြောင့် ခယ မည်သည် ဟူသော ဟေတုကတ္တုသာဓန ကြံသဖြင့် စကားကပ်ဆို၍ နှိပ်ပြန်သတည်း။
တတော စ၊ ထို ကိလေသာတို့ကို တဘန်မဖြစ်စေမူ၍ ကုန်စေသောအခါမှ။
ဝါ၊ အရိယမဂ်ဖြစ်သောအခါမှ။
ပဋ္ဌာယ၊ စ၍။
ဘိယျော၊ အလွန်များစွာ။
ဒေါသာနံ၊ ဒုက္ခဟူသော အပြစ်ဒေါသတို့၏။
ပဝတ္တိ၊ ဖြစ်ခြင်းသည်။
န၊ မရှိ။
ဣတိ-တသ္မာ၊ ထိုသို့ စောဒကဆရာ စကား၌ အပြစ်များစွာ ရောက်သောကြောင့်။
အနုပ္ပတ္တိနိရောဓသင်္ခါတဿ ခယဿ၊ တဘန်မဖြစ်သဖြင့် အလုံးစုံ ခန္ဓာငါးပါးဒုက္ခတို့၏ ကုန်ခြင်း ဟူသော ခယ၏။
ပရိယာယေန၊ သုတ္တန်ပရိယာယ်အားဖြင့်။
ဥပနိဿယတ္တာ၊ မှီရာဖြစ်သောကြောင့်။
ယဿ၊ အကြင် ခယ၏။
ဥပနိဿယော၊ မှီရာသည်။
ဟောတိ၊ ဖြစ်၏။
တဒုပစာရေန၊ ထို မှီတတ်သော ခယ၏ အမည်ကို မှီရာနိဗ္ဗာန်၌ တင်စားသောအားဖြင့်။
ခယောတိ၊ ရာဂက္ခယ-စသည် ဟူ၍။
ဝုတ္တံ၊ အသျှင် သာရိပုတြာမထေရ်မြတ် မိန့်တော်မူအပ်သတည်း။
နိဗ္ဗာန်ရောက်လာသည့်အခါ အလုံးစုံသော ကိလေသာခန္ဓာ ဘေးဒုက္ခ မရောက်လာနိုင်သောကြောင့် ထို ဘေးဒုက္ခကုန်ခြင်းသည် နိဗ္ဗာန်ကိုမှီ၍ ဖြစ်သည်ဟု သုတ္တန်ပရိယာယ်အားဖြင့် ဆိုအပ်သည်ဖြစ်၍ ထို မှီတတ်သော ခယ၏အမည်ကို မှီရာနိဗ္ဗာန်၌ တင်စား၍ မှီရာနိဗ္ဗာန်ကို ခယဟုဆိုသည်။ ခယ ဟု ဆိုသော်လည်း ကုန်ပျောက် သွားခြင်း အဘာဝကို မယူအပ်။ ကုန်ပျောက်ရာ အသင်္ခတဓာတ်ကို ယူရမည် ဟူလိုသတတ်။
ကသ္မာ၊ အဘယ့်ကြောင့်။
သရူပေနေဝ၊ ခယုပနိဿယသည် နိဗ္ဗာန်မည်၏ ဟု နိဗ္ဗာန်သရုပ်ကို တဲ့တဲ့ဆိုသောအားဖြင့်။
နဝုတ္တံ၊ ဆိုတော်မမူအပ်သနည်း။
ဣတိ စေ၊ ဤသို့ ဆိုငြားအံ့။
အတိသုခုမတ္တာ၊ ယင်းနိဗ္ဗာန်၏ အလွန်သိမ်မွေ့သောကြောင့်။
သရူပေန၊ အားဖြင့်။
နဝုတ္တံ၊ မဆိုအပ်သတည်း။
ဤကား ဝိသုဒ္ဓိမဂ်အဋ္ဌကထာ ရခဲစွာသော ယောဇနာနည်းတည်း။
အဓိပ္ပါယ်အကျဉ်းကား …
နိဗ္ဗာန်ဟူသည် ထင်ရှားမရှိ၊ ရုပ်နာမ်ခန္ဓာပျောက်ချုပ်၍သွားသော လုံးလုံးကြီး အသစ်မဖြစ်လာသော အဘာဝကို နိဗ္ဗာန်ဆိုသည် မဟုတ်လော ဟု စောဒကဆရာက ဆိုလာရာ …
ယင်းစကားကို မဆိုသင့်၊ အကယ်၍ ဆိုခဲ့လျှင် နိဗ္ဗာန်ရခြင်းငှါ အားထုတ် ရသော ဒါန သီလ စသော ကုသိုလ်တို့၏ အကျိုးမရှိ၊ နိရတ္တကမြုံ၍ သွားလေသော အဖြစ်သို့ ရောက်ခြင်းကြောင့်တည်း ဟု ပရိဟာယ်ဆရာက ဆိုရာဝယ် …
ယင်းသို့ အဘာ၀အဖြစ်သို့ ရောက်ရခြင်းသည်ပင် ထို ဒါန သီလ စသော ပါရမီကုသိုလ်တို့၏ အကျိုး မဟုတ်ပါလော ဒကတက်ပြန်ရာဝယ် ..
အကယ်၍ ရုပ်နာမ်ခန္ဓာ မရှိခြင်း အဘာဝသည် နိဗ္ဗာန်မည်ခဲ့ငြားအံ့ အတီတခန္ဓာ အနာဂတခန္ဓာ တို့၏ ထင်ရှားမရှိခြင်း အဘာဝသည်လည်း နိဗ္ဗာန် မည်သည်ပင် ဖြစ်ခဲ့ရာ၏။ ယင်းသို့ဖြစ်လျှင် ဟိုရှေးကြီးအခါကပင် သတ္တဝါ ဟူသမျှ နိဗ္ဗာန်ရကြသည်ချည်း ဖြစ်ခဲ့ရာ၏၊ ထိုကြောင့် အဘာဝမျှကို နိဗ္ဗာန် ဆိုသည် ဟု မဆိုသင့်ကြောင်းနှင့် ပရိဟာယ်ဆရာ ဖြေဆိုရာဝယ် …
ယင်းသို့ အတိတ် အနာဂတ် တရားတို့ ထင်ရှားမရှိသော အဘာဝကို နိဗ္ဗာန်မည်သည် ဟု ငါမဆိုလို၊ ဖြစ်ပေါ် ဆဲသော ဝတ္တမာနတရားတို့၏ မဖြစ်လာခြင်း ပျောက်၍သွားခြင်း အဘာဝကိုသာ နိဗ္ဗာန် ငါဆိုပါသည် ဟူ၍ စောဒကဆရာ ဆိုလာပြန်ရာဝယ်--- ၊
ယင်းသို့ ဖြစ်ဆဲဖြစ်သော ခန္ဓာတို့၏ ချုပ်ပျောက်၍သွားခြင်း အဘာဝကို နိဗ္ဗာန်ဆိုလိုခဲ့ငြားအံ့၊ ထို ဖြစ်ဆဲဖြစ်သော မဂ်စိတ္တုပ္ပါဒ်ခန္ဓာ မချုပ်ပျောက်မီက ကိလေသာကုန်ခြင်းဟူသော သဥပါဒိသေသ နိဗ္ဗာန်ဟူသည် ထင်ရှားမဖြစ်သေး ဟု ဆိုရာ ရောက်ခဲ့ရာ၏။ ဖြစ်လည်း ဖြစ်သည်သာ ဖြစ်၏။ ထိုကြောင့် ဖြစ်ဆဲ ဝတ္တမာနခန္ဓာတို့၏ ချုပ်ပျောက်ခြင်း အသစ်မရောက်လာခြင်း အဘာဝကို နိဗ္ဗာန်မဆိုသင့် ဟု ပရိဟာယ်ဆရာ ဖြေဆိုပြန်ရာဝယ် …
ထိုသို့ မဂ်စိတ္တုပ္ပါဒ်ဖြစ်ဆဲအခါ ကိလေသာတို့ မရှိသဖြင့် ထိုမရှိခြင်းကိုပင် သဥပါဒိသေသနိဗ္ဗာန် ဖြစ်လာပြီး မဆိုသင့်ပါလော ဟု စောဒကတက်ပြန် ရာတွင် …
ယင်းသို့ ကိလေသာတို့ ဖြစ်ဆဲ ဥပါဒ်ဆဲ မဟုတ်သမျှကို သဥပါဒိသေသ နိဗ္ဗာန် ဆိုခဲ့ပြန်လျှင် ကိလေသာတို့ကို ပယ်ခြင်းငှါ မဂ်လေး ဖြစ်လာအောင် အားထုတ်ခြင်း အရိယာမဂ်ဖြစ်ခြင်း၏အကျိုး မရှိခဲ့ရာ၊ ထိုကြောင့် ကိလေသာတို့ မဖြစ်ရုံ မဥပါဒ်လာရုံမျှကို သဥပါဒိသေသနိဗ္ဗာန်၊ ဖြစ်ဆဲဖြစ်သော ခန္ဓာ တို့၏ ချုပ်ခြင်း မရှိခြင်း အဘာဝမျှကို အနုပါဒိသေသနိဗ္ဗာန် ဟု ဆိုလိုစရာ ဆိုနိုင်စရာ အဘယ်ဟာတခု အကြောင်းမရှိ အကြောင်းမထင် ဆိုချင်မက်မော မဆိုပါနှင့် ဟု ပရိဟာရဆရာက နာနာကြီး ပိတ်ဆီးနှိပ်ဆိုပြန်ရာဝယ် …
“ယော ခေါ အာဝုသော ရာဂက္ခ ယော။ ပ ။ ဣဒံ ဝုစ္စတိ နိဗ္ဗာနံ” ဟု အသျှင်သာရိပုတြာမထေရ် သည်ပင် မိန့်ဆိုတော်မူသောကြောင့် ကိလေသာ တို့၏ အကြွင်းမဲ့ကုန်ပျောက် အသစ်မရောက်ခြင်း ဟူသော ကိလေသက္ခယ သည်ပင် အသင်္ခတဓာတ်ဟူသော နိဗ္ဗာန်မည်သည် မဆိုသင့်ပါလော ဟု တပုံ လော၍ စောဒကတက်ပြန်သည့်အခါ …
ယင်းသို့ဖြစ်လျှင် “ယော ရာဂက္ခယော။ပ။ ဣဒံ ဝုစ္စတိ အရဟတ္တံ” ဟူ၍ လည်း အသျှင်သာရိပုတြာပင် မိန့်တော်မူသောကြောင့် အရဟတ္တဖိုလ် ဟူသည်လည်း အခြားမဟုတ်၊ ကိလေသာတို့့၏ ကုန်ခြင်း ခယကိုပင် ဆိုသည် ဟု ဆိုရာ မရောက်ခဲ့ပြီးလော ဟု ပရိဟာရဆရာ မိန့်ဆိုသည့်အခါ …
ထို စောဒကဆရာ ဆိုရာမဲ့သီး ကျီးကြည့် ကြောင်ကြည့် ဣန္ဒြေမရ အမူမလှ ဝန်လည်းမချ ဖြစ်၍ နေသည့်အခါ -
ယင်းစောဒကကို နိုင်သည်ထက ်နိုင်ရအောင် “ကိဉ္စဘိယျော “ တက်၍ ကြောလိုသော ပရိဟာရ ဆရာက ယင်းသို့ ကိလေသာတို့၏ ကုန်ခြင်း ချုပ်ခြင်း ခယဟူသော အဘာဝကို နိဗ္ဗာန်ဆိုခဲ့လျှင် ထိုကိလေသာကုန်ခြင်း ခယဟူက ဘဝ်ခဏမျှသာဖြစ်၍ နိဗ္ဗာန်ဟူသည် မရှည်မကြာ တိုသော ခဏသာ ဖြစ်ခဲ့ရာ၏။ ထိုခဏ၏လည်း သင်္ခတမျိုးဖြစ်၍ သင်္ခတနယ်ဝင်ပင် ဖြစ်ခဲ့ရာ၏။ သင်္ခတနယ် ဝင်ဖြစ်က ဒုက္ခအိုးကြီးသာ ဖြစ်ရာ၏၊ ယင်းသို့ နိဗ္ဗာန်ဟူသည် ဒုက္ခမရှိ ငြိမ်းရမည်ဖြစ်ပါလျက် ခယ မျှကို နိဗ္ဗာန်ဆိုလိုသော အသင်စောဒက အလိုအားဖြင့် နိဗ္ဗာန်ဟူက ဒုက္ခအိုးကြီး မီးကြီးရဲရဲ လောင်ရဦးတော့မည့် အဓိပ္ပါယ်ရောက်ခဲ့ ရာ၏ ဟု ပရိဟာရဆရာ ဆိုပြန်ရာဝယ် …
ကိလေသာကုန်ခြင်း ခယဖြစ်သည့်နောက် ပရိနိဗ္ဗာန်ပြုတော့ခါနီးသဖြင့် ဒုက္ခများများကြီး ခံနေစရာမရှိသောကြောင့် ယင်းသို့ ကိလေသက္ခယကို နိဗ္ဗာန်ဆိုသော်လည်း အပြစ်မရှိလှပါသေး ဟု ဆိုပြန်သည့်အခါ …
ထိုသို့ ဒုက္ခအိုးကြီး အပြီးငြိမ်းစေနိုင်သော ခယ၏မရှိခြင်းကြောင့် အကယ်၍ ရှိခဲ့လျှင်လည်း ဒုက္ခအိုးပင် ဖြစ်ရာသောကြောင့် မင်္ဂသည်လည်း ကိလေသာကို ကုန်စေတတ်သည်ဖြစ်၍ ခယ မည်ထိုက်သဖြင့် မဂ်သည်ပင် နိဗ္ဗာန် မည်ခဲ့ရာသောကြောင့် ယင်းသို့ ကိလေသက္ခယ အဘာဝကို နိဗ္ဗာန်မဆိုသင့် ရုပ်နာမ်တဘန် မဖြစ်ခြင်းဟူသော အနုပ္ပါဒနိရောဓခယ၏ မှီရာအကြောင်း ဖြစ်သော ပရိနိဗ္ဗန္တ ပုဂ္ဂိုလ်ခန္ဓာနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်လာသော ငြိမ်းဧးခြင်း သီတိဘာဝ နိဗ္ဗာယနသဘော ရှိသော အသင်္ခတဓာတ်၏ ခယဟူသော အမည်ကို ထိုနိဗ္ဗာန်ကြောင့် ကိလေသာတို့ ကုန်ပျောက် ရသော ခယ၌ တင်စား၍ ထိုကိလေသက္ခယကိုပင် ဥပစာရအားဖြင့် ခယဆိုသည် မှတ်လေ ဟူလို သတည်း။
ဤကား ၎င်းဝိသုဒ္ဓိမဂ်၏ ပိဏ္ဍတ္ထအဓိပ္ပါယ်တည်း။
သဠာယတနသံယုတ် အဋ္ဌကထာပါဌ်
▬▬▬▬▬▬
ယော ခေါ အာဝုသာ ရာဂက္ခယောတိ နိဗ္ဗာနံ အာဂမ္မ ရာဂေါ ခီယတိ၊ တသ္မာ နိဗ္ဗာနံ ရာဂက္ခယောတိ ဝုစ္စတိ။ ဒေါသမောဟေသုပိ ဧသေဝ နယော။ ယော ပန ဣမိနာ သုတ္တေန ကိလေသက္ခယမတ္တံ နိဗ္ဗာနန္တိ ဝဒေယျ။ သော ဝတ္တဗ္ဗော ကဿ ကိလေသာနံ ခယော ကိံ အတ္တနော ဥဒါဟု ပရေသန္တိ။ အဒ္ဓါ အတ္တနောတိ ဝက္ခတိ။ တတော ပုစ္ဆိတဗ္ဗော ဂေါတြဘုဉာဏဿ ကိံ အာရမ္မဏန္တိ။ ဇာနမာနော နိဗ္ဗာနန္တိ ဝက္ခတိ။ ကိ” ပန ဂေါတြဘူဉာဏက္ခဏေ ကိလေသာ ခီဏာ ဥဒါဟု ခီယန္တိ ခီယိဿန္တီတိ။ ခီဏာတိ ဝါ ခီယန္တိ ဝါ န ဝတ္တဗ္ဗာ ခီယိဿန္တီတိ ပန ဝတ္တဗ္ဗာ။ ကိံ ပန တေသု ကိလေသေသု အခီဏေသုယေဝ ဂေါတြဘုဉာဏံ ကိလေသက္ခယံ အာရမ္မဏံ ကရောတီတိ။ အဒ္ဓါ ဧဝံ ဝုတ္တေ နိရုတ္တရော ဘဝိဿတိ။ မဂ္ဂဉာဏေနာပိ စေတံ ယောဇေတဗ္ဗံ။ မဂ္ဂက္ခဏေပိ ဟိ ကိလေသာ န ခီဏာ ဒီယန္တီတိ ပန ဝုစ္စတိ။ န စ အခီဏေသုယေဝ ကိလေသေသု ကိလေသက္ခယော အာရမ္မဏံ ဟောတိ၊ တသ္မာ သမ္ပဋိစ္ဆိတမေတံ။ ယံ အာဂမ္မ ရာဂါဒယော ခီယန္တိ တံ နိဗ္ဗာနံ။ တံ ပနေတံ ရူပိနော ဓမ္မာတိ အာဒီသု ဒုကေသု အရူပိနော ဓမ္မာတိ သင်္ဂဟိတတ္တာ န ကိလေသက္ခယမတ္တမေဝါတိ။
(သဠာယတနသံယုတ်အဋ္ဌကထာ (၁၂၇) ။ ငဲ။။)
တေသု ကိလေသေသု၊ ထိုကိလေသာတို့သည်။
အခိဏေသုယေ၀၊ မကုန်မီ ကပင်လျှင်။
ဂေါတြဘုဉာဏံ၊ ဂေါတြဘုဉာဏ်သည်။
ကိလေသက္ခယံ၊ ကိလေသာ ကုန်ခြင်းဟု ဆိုအပ်သော နိဗ္ဗာန်ကို။
အာရမ္မဏံ ကရောတိ ကိံ ၊ အာရုံပြုပါ သလော။
ကိလေသေသု၊ ကိလေသာ တို့သည်။
အခီဏေသုယေဝ၊ မကုန်မီကပင်လျှင်။
ကိလေသက္ခယော၊ ကိလေသာကုန်ခြင်းဟူသော နိဗ္ဗာန်သည်။
အာရမ္မဏံ၊ မဂ်၏အာရုံသည်။
န စ ဟောတိ၊ ဖြစ်လည်း မဖြစ်နိုင်။
၎င်းအဋ္ဌကထာဂဏ္ဍိပဗ္ဗအနက်
အဓိပ္ပါယ် အကျဉ်းကား ..
“ယော ခေါ အာဝုသော ရာဂက္ခယော စသော သဠာယတနသံယုတ် ပါဠိတော်၌ …
“ရာဂက္ခယော၊ ရာဂကုန်ခြင်းသည်။
နိဗ္ဗာနံ၊ နိဗ္ဗာန်မည်၏”
ဟူ၍ အနက်မပေးအပ်။
“ရာဂက္ခယော၊ ရာဂ၏ကုန်ရာသည်။
နိဗ္ဗာနံ၊ နိဗ္ဗာန်မည်၏။”
ဤသို့ အနက်ပေး၍ ရာဂ၏ကုန်ခြင်း အဘာဝကို နိဗ္ဗာန် မဆိုအပ်။ ရာဂကုန်ရာကို နိဗ္ဗာန် ဟု ဆိုအပ်သတည်း။
သဠာယတနသံယုတ် အဋ္ဌကထာပါဌ်နှင့် ညီလျော်သော အဓိပ္ပါယ်
▬▬▬▬▬▬▬▬▬
အကြင် တစုံတယောက်သော ဝိတဏ္ဍဝါဒီပုဂ္ဂိုလ်က ၎င်းသုတ်ကို စွဲ၍ “ရာဂက္ခယော” ဟူသောပုဒ်၌ “ရာဂေါ ခီယတိ ဧတ္တာတိ ရာဂက္ခယော” ဟု ဝစနတ္ထမကြံ။ “ရာဂဿ ခီယနံ ရာဂက္ခယော” ဟု ဝစနတ္ထကြံ၍ ရာဂ၏ ကုန်ခြင်း မရှိခြင်း အဘာဝမျှကို နိဗ္ဗာန်ဆိုသည် ဟု အကယ်၍ ဆိုငြားအံ့၊ ထို ဝိတဏ္ဍဝါဒီပုဂ္ဂိုလ်ကို ဤသို့ ဆိုအပ်၏။ ရာဂ၏ကုန်ခြင်းမျှကို နိဗ္ဗာန်ဆိုလိုခဲ့သော် အဘယ်သူ၏ ရာဂကုန်ခြင်းနည်း၊ မိမိ၏ ရာဂကုန်ခြင်းလော ၊ သူတပါးတို့၏ ရာဂကုန်ခြင်းလော ဟု မေးစီစစ်အပ်၏။
ယင်းသို့ ပေးအပ်သည့်အခါ မိမိရာဂကုန်ခြင်းကို ဆိုသတည်း ဟု စင်စစ် ဆိုလတ္တံ့။ အဘယ့်ကြောင့်နည်း၊ သူတပါး ရာဂကုန်ခြင်းသည် နိဗ္ဗာန်သို့ မိမိ မရောက်နိုင် မဆီမဆိုင် သောကြောင့်တည်း။
ထိုနောင်မှ ထိုဝိတဏ္ဍဝါဒီပုဂ္ဂိုလ်အား ဂေါတြဘူဉာဏ်သည် အဘယ်ကို အာရုံပြုသနည်း ဟု မေးလေဦး၊ ယင်းသို့မေးရာ သူသိပါလျှင် နိဗ္ဗာန်ကိုပင် အာရုံပြုသည် ဟု ဆိုလတ္တံ့၊ ယင်းသို့ ဆိုသောအခါ ဂေါတြဘူဉာဏ်ဖြစ်သော အခိုက်၌ ကိလေသာတို့ ကုန်ပြီလော ကုန်ဆဲလော ကုန်လတ္တံ့ လောဟု မေးလေဦး၊ ယင်းသို့ မေးသည့်အခါ ကုန်လတ္တံ့သာတည်း ဟု ဆိုလတ္တံ့။
ယင်းသို့သောအခါ ယင်းသို့ ဂေါတြဘူဉာဏ်အခိုက်၌ ကိလေသာ ကုန်လတ္တံသာ ဖြစ်၍ ယခု မကုန်သေးဖြစ်လျှင် ယင်း ဂေါတြဘူသည် ကိလေသာ မကုန်မီကပင် ကိလေသာကုန်ခြင်း ဟူသော နိဗ္ဗာန်ကို အဘယ်သို့ အာရုံပြုနိုင်ပါအံ့နည်း မေးအပ်သည်ရှိသော် “ ထိုဝိတဏ္ဍဝါဒီပုဂ္ဂိုလ်သည် ဆိုရာမဲ့သီး ဖြစ်လတ္တံ့။
တနည်းလည်း မဂ်ဉာဏ်ဖြစ်ခြင်းကို ထောက်သဖြင့်လည်း ယင်းဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်ကို သို့ဆိုအပ်၏။ မဂ်ဉာဏ်ဖြစ်သော ခဏ၌ ကိလေသာတို့ကုန်ပြီး မဟုတ်၊ ကုန်ဆဲမျှသာတည်း။ ထို့ကြောင့် ကိလေသာ မကုန်မီကပင် ကိလေသာ ကုန်ခြင်းဟူသော နိဗ္ဗာန်သည် မဂ်၏အာရုံ မဖြစ်နိုင်၊ ယင်းသို့ဖြစ်၍ အကြင် တရားသို့ အာရုံပြုသောအားဖြင့် ရောက်၍ အရဟတ္တမဂ်ဖြင့် ကိလေသာ ကုန်၏။ ထိုကိလေသာကုန်ရာ သဘောတရားကို နိဗ္ဗာန် ဟု ငါဆိုအပ်ခဲ့ပြီးသော အတိုင်း ဝန်ခံအပ်၏၊ ယင်းကိလေသာတို့ ကုန်ရာဟူသော နိဗ္ဗာန်သည် ၊ “အရူပိနော ဓမ္မာ” ဟူသော မာတိကာပုဒ် အရကောက်၌ အတွင်းဝင်သောကြောင့် အဘာဝမဟုတ် ဘာ၀ဧကန်သာတည်း မှတ်အပ်၏ ဟူလိုသတည်း။
၎င်းသဠာယတနသံယုတ်အဋ္ဌကထာပါဌာနုရူပအဓိပ္ပါယ်။
ဤသို့ စောဒနာ သောဓနာ နည်းမျိုးဖြင့် သမ္မောဟဝိနောဒနီအဋ္ဌကထာ၌ ဤထက်ပင် အကျယ် လာသေး၏။ နားလေးကြမည်ကြောင့် မရေးဝံ့ပြီ။
နေတ္တိဝိဘာ၀နီအရ နိဗ္ဗာန် အဓိပ္ပါယ်
▬▬▬▬▬▬
နိဗ္ဗာနဿ အရိယမဂ္ဂဖလာနံ အာရမ္မဏတ္တာ မဂ္ဂဖလာနဉ္စ ကိလေသာနံ သမုစ္ဆိန္ဒနပဋိပဿမ္ဘနတော သမုစ္ဆိန္ဒနေ စ တိဝိဓဿ ပရိဝတ္တဿ အပ္ပဝတ္တနဘော အဇာတာဒိကံ နိဗ္ဗာနံ အတ္ထိယေဝါတိ ဒဋ္ဌဗ္ဗံ။
(နေတ္တိဝိဘာဝနီ (၁၉၆))
နိဗ္ဗာန်တရား၏ အရိယာမဂ်ဖိုလ်တို့၏ အာရုံဖြစ်သောကြောင့် အရိယာမဂ် ဖိုလ်တို့၏လည်း ယင်းနိဗ္ဗာန်ကိုပင် အာရုံပြု၍ ကိလေသာတို့ကို ဖြတ်ရငြိမ်းစေရ သောကြောင့် ယင်းသို့ ဖြတ်ရာ ၌လည်း ၀ဋ်သုံးပါး၏ မဖြစ်လာခြင်း ချုပ်လေခြင်းကြောင့် နိဗ္ဗာန်ဟူသည် ထင်ရှားရှိသင့်သည် သာတည်း။ ထင်ရှားမရှိလျှင် ယင်းထင်ရှားမရှိသော နိဗ္ဗာန်ကို အကြောင်းထား၍ ဆိုအပ်ခဲ့ပြီးသော အကျိုးတရားတို့ မဖြစ်ပွါးနိုင်ရာသောကြောင့်တည်း ဟူလိုသည်။
၎င်းနေတ္တိဝိဘာဝနီပါဌ်အဓိပ္ပါယ်။
ဤနေတ္တိဝိဘာဝနီ စကားသည်လည်း ဤထက် အကျယ်လာသာ နေတ္တိအဋ္ဌကထာကို မှီ၍ဆိုအပ် သောစကားတည်း။
နိဗ္ဗာန် မည်ပုံ အကြောင်း အမျိုးမျိုး
▬▬▬▬▬▬▬
ဇရာယ အဇရိတတ္တာ အဇဇ္ဇရံ။ ဓီရဋ္ဌေန ဓုဝံ။ အပလုဇ္ဇနတ္ထာယ အပလောကိတံ။ စက္ခုဝိညာဏေန အပဿိတဗ္ဗတ္တာ အနိဒဿနံ။ တဏှာမာနဒိဋ္ဌိပပဉ္စာနံ အဘာဝေန နိပ္ပပဉ္စံ။ သန္တဘာဝေန သန္တံ။ မရဏာဘာဝေန အမတံ။ ဥတ္တမဋ္ဌေန ပဏီတံ။ သသိရီကဋ္ဌေန သိဝံ။ နိရုပဒ္ဒဝတာယ ခေမံ။ တဏှက္ခယဿ ပစ္စယတ္တာ တဏှက္ခယံ။ ဝိမှာပနီယဋ္ဌေန အစ္ဆရိတဗ္ဗယုတ္တကန္တိ အစ္ဆရိယံ။ အဘူတမေဝ ဘူတံ ဇာတံ ဟုတွာ အတ္ထီတိ အဗ္ဘုတံ။ နိဒ္ဒုက္ခတ္တာ အနီတိကံ၊ နိဒ္ဒုက္ခသဘာဝတ္တာ အနီတိကဓမ္မံ။ ဝါနာဘာဝေန နိဗ္ဗာနံ။ ဗျာပဇ္ဇာဘာဝေန အဗျာပဇ္ဇံ။ ဝိရာဂါဓိဂမဿ ပစ္စယတော ဝိရာဂေါ ပရမတ္ထသုဒ္ဓိတာယ သုဒ္ဓိ။ တီဟိ ဘဝေဟိ ဝိမုတ္တိတာယ ဝိမုတ္တိ။ အာလယာနံ အဘာဝေန အနာလယံ။ ပတိဋ္ဌာနဋ္ဌေန ဒီပံ။ အလ္လီယိတဗ္ဗဋ္ဌေန လေဏံ။ တာယနဋ္ဌေန တာဏံ။ ဘယသရဏဋ္ဌေန သရဏံ ဘယနာသနန္တိ အတ္ထော။ ပရံ အာယနံ ဂတိ ပတိဋ္ဌာတိ ပရာယဏံ။
(သဠာယတနသံယုတ်အဋ္ဌကထာ (၁၄၉)၊ စု။)
အဇဇ္ဇရံ၊ ဧရာဘေးဖြင့် ဆွေးမြေ့အိုမင်း ဟောင်းနွမ်းခြင်း မရှိနိုင်သော နိဗ္ဗာန်။
ဓုဝံ၊ ငြိမ်းအေးခြင်းသဘောမှ ဘောက်ပြန်တုန်လှုပ်ခြင်းမရှိ ပကတိ မြဲမြဲ ခိုင်ခံ့သောနိဗ္ဗာန်။
အပလောကိတံ၊ မိမိသည်လည်း ပျက်စီးခြင်းမရှိ မိမိသို့ ရောက်လာသူတို့လည်း ပျက်စီးနိုင်စရာ မဟုတ်သောနိဗ္ဗာန်။
အနိဒဿနံ၊ စက္ခုဝိညာဉ်ဖြင့် မမြင်စကောင်းသော နိဗ္ဗာန်။
(ဤကား ဤအဋ္ဌကထာအလို။)
တနည်းကား …
အနိဒဿနံ၊ စက္ခုဝိညာဉ်ဖြင့် မမြင်စကောင်းသော်လည်း မဂ်ဉာဏ်ဖိုလ်ဉာဏ် မျက်စိဖြင့် မမြင် စကောင်းသည် မဟုတ်သော နိဗ္ဗာန်။
(အနိဒဿနမ္ပိ အနိဒဿနံ န ဟောတီတိ အနိဒဿနံ” အ-အက္ခရာ၏ အနက်သုံးချက် ထွက်ရာ၌ တန္တနည်း၊ နိဒဿနသဒ္ဒါတခုကြရာ၌ ဧကသေသနည်း။)
နိပ္ပပဉ္စံ၊ တဏှာ မာန ဒိဋ္ဌိဟူသော ပပဉ္စတရား မရှိရာဖြစ်သော နိဗ္ဗာန်။
သန္တံ၊ တဆယ့် တသီး မီးကြီးငြိမ်းရာဖြစ်သော နိဗ္ဗာန်။
အမတံ၊ မိမိလည်းမသေနိုင် မိမိထံသို့ ရောက်လာသူတို့၏လည်း မသေနိုင်ရာဖြစ်သော နိဗ္ဗာန်။
ပဏီတံ၊ ဆိုအပ်ခဲ့ပြီးသော ဂုဏ်တို့ကြောင့် မြတ်လှစွာသောနိဗ္ဗာန်။
သိဝံ၊ ကြီးမြတ်သော ကျက်သရေ ရှိသောနိဗ္ဗာန်။
(သိရီ အဿ အတ္ထီတိ သိဝံ။ ဝစနတ္ထ။)
ခေမံ၊ ဘေးပေါင်းကင်းစင် ရန်မျိုးကြဉ်သောနိဗ္ဗာန်။
တဏှက္ခယံ၊ တဏှာကုန်စေတတ်သော အရဟတ္တမဂ်အား အာရမ္မဏပစ္စည်း တပ်သည်ဖြစ်၍ တဏှာ ကုန်စေတတ်သည် မည်သော နိဗ္ဗာန်။
အစ္ဆရိယံ၊ အံ့ဘွယ်သရဲ အံ့အဲစလောက်သော နိဗ္ဗာန်။
အဗ္ဘုတံ၊ တရံ တဆစ် မဖြစ်စဘူး အထူးဖြစ်ပေါ်လာပြီးနောက် မပျောက်မပျက် အမြဲတည်၍ နေသော နိဗ္ဗာန်။
(ဘူတ၏ အနက်သုံးချက် ထွက်သော တန္တနည်း။)
အနီတိကံ၊ ဆင်းရဲဘေးဒဏ် ရန်မာရ်ကင်းရာဖြစ်သော နိဗ္ဗာန်။
နိဗ္ဗာနံ၊ ခပ်သိမ်းသော ဘေးဒုက္ခတို့၏ အကြောင်း တဏှာရာဂ အပေါင်းတို့၏ ကောင်းကောင်းကြီး ကုန်ရာ မရှိရာ ဖြစ်သော နိဗ္ဗာန်။
အဗျာပဇ္ဇံ၊ တစုံတခု ဘေးရန်မှုနှင့် ကြောင့်ကြပူပင်စရာ မရှိသောနိဗ္ဗာန်။
ဝိရာဂေါ၊ ဘေးရန် တွေ့ကြောင်း ရာဂ အပေါင်းတို့၏ ကင်းဝေးရာဖြစ်သော နိဗ္ဗာန်။
သုဒ္ဓိ၊ မဘောက်မပြန် မှန်သောအားဖြင့် စင်ကြယ်သန့်ရှင်းသောနိဗ္ဗာန်။
ဝိမုတ္တိ၊ ဘ၀သုံးပါးတို့မှ လွတ်ရာဖြစ်သော နိဗ္ဗာန်။
အနာလယံ၊ တွယ်တာခြင်းတဏှာတို့၏ မသီလာနိုင်ရာဖြစ်သော နိဗ္ဗာန်။
ဒီပံ၊ သင်္ဘောပျက်ပြား ရေဝယ် မျောသွား သင်္ဘောသားတို့၏ မှီခိုရာ ကျွန်းကြီးသဖွယ်ကဲ့သို့ သံသရာ ဝယ် ထောက်တည်ရာမရ မျောသွားကြသူဝေနေ လူတို့၏ မှီခိုရာတည်ရာ ဖြစ်သောနိဗ္ဗာန်၊
လေဏံ၊ မိုဃ်းစွတ်နေပူ ရန်သူနှိပ်စက် ထွက်ပြေးရသူတို့၏ ပုန်းအောင်းရာ ကျောက်ဂူလိုဏ်ကြီး ကဲ့သို့ သံသရာဒုက္ခနှိပ်စက်လှသူ ဝေနေလူတို့၏ ပုန်းအောင်းခိုနေရာဖြစ်သော နိဗ္ဗာန်၊
တာဏံ၊ ခန္ဓာဝန်ဒုက္ခ တို့ဖြင့် နှိပ်စက်ကုန်သူတို့ကို မနှိပ်စက်ရအောင် စောင့်ရှောက် ကယ်ဆယ် ကိုးကွယ်ရာ ဖြစ်ပေတတ်သော နိဗ္ဗာန်။
သရဏံ၊ ဘေးဒုက္ခဟူသမျှတို့ကို မွမွ ကြေအောင် ဖျက်ဆီးပေတတ်သော နိဗ္ဗာန်။
ဝါ၊ သရဏံ၊ ဇာတိ-ဧရာ စသော ဘေးတို့ကို ဖျက်ဆီးတတ်သည်ဖြစ်၍။
သရဏံ၊ နိဗ္ဗုတပုဂ္ဂိုလ်တို့၏ ကိုးကွယ်ရာ ဖြစ်သော နိဗ္ဗာန်။
ပရာယဏံ၊ သံသရာရေး တကယ်ဘေးမှ ပြေးသွားခိုနေရာ လွန်စွာ မှန်လှပေသော နိဗ္ဗာန်။
အဋ္ဌကထာ သံဝဏ္ဏနာနရူပ သဠာယတန သံယုတ် ပါဠိတော် အနက်။
▬▬▬▬▬▬▬
ဤ ပါဠိတော် အဋ္ဌကထာ တို့ဖြင့်လည်း ယင်းနိဗ္ဗာနဓာတ်၏ ပရမတ္ထအားဖြင့် ထင်ရှားရှိသည်၏ အဖြစ်ကို အဝုတ္တသိဒ္ဓိနည်း ပညတ္တိဟာရသံဝဏ္ဏနာ နေတ္တိနည်းတို့ဖြင့် ပြအပ်သည်သာ ဖြစ်၏။ ပရမတ္ထအားဖြင့် ထင်ရှားမရှိလျှင် ယင်းသို့သော “အဇဇ္ဇရံ” စသောပါဌ်တို့၏ ဆိုအပ်ခဲ့ပြီးသော အနက်ကို ထင်ရှားမရှိရာ ရောက်သည်ဖြစ်၍ သမ္မပ္ပလာပ-စကားမျှသာ ဖြစ်ခဲ့ရာကြောင့်တည်း။
အနိမိတ္တန္တိ သဗ္ဗနိမိတ္တရဟိတံ နိဗ္ဗာနံ။
(ကထာဝတ္ထုအဋ္ဌကထာ(၂၆၇)၊ စျာ။)
သတ္တနိမိဘာဝတော ခန္ဓာ အနိမိတ္တာ။
သင်္ခါရနိမိဘာဝတော နိဗ္ဗာနံ။
(၎င်းကထာဝတ္ထု အဋ္ဌကထာ (၁၆၉)။ ဆ။)
သတ္တနိမိတ္တာဘာဝတော၊ မိန်းမယောက်ျား ပုဂ္ဂိုလ်သတ္တဝါ ဟု ဆိုစရာ အကြောင်းနိမိတ် အရိပ် အမြွက် မရှိသောကြောင့်။
ခန္ဓာ၊ ခန္ဓာငါးပါးတို့သည်။
အနိမိတ္တာ၊ အနိမိတ္တ မည်ကုန်၏။
သင်္ခါရနိမိတ္တာဘာဝတော၊ ဒါန သီလ ဝိပဿနာ မဂ် ဖိုလ်ဟူသော သင်္ခါရအကြောင်းရင်းကြောင့် ဖြစ်သော်လည်း ထိုဖြစ်ခြင်း ပျက်ခြင်းနှင့် မကင်းသော သင်္ခါရနယ်ဝင် ဟု ဆိုစရာ ဘယ်ဟာတခု အရိပ် နိမိတ် မရှိသောကြောင့်။
နိဗ္ဗာနံ၊ နိဗ္ဗာန်သည်၊
အနိမိတ္တံ၊ အနိမိတ္တ မည်၏။
နောက်ပါဌတ္ထ။
နိဗ္ဗာန် ထင်ရှားရှိကြောင်း ကြေးမုံ - မျက်နှာရိပ်တို့ဖြင့် ခွဲခြားပြပုံ
ပထဝီ အတ္ထိ ပထဝိံ ပထဝိတော သမာပဇ္ဇန္တဿ ဝိပရီတော အတ္ထီတိ အာမန္တာ။ နိဗ္ဗာနံ အတ္ထိ နိဗ္ဗာနံ နိဗ္ဗာနတော သမာပဇ္ဇန္တဿ ဝိပရီတံ ဟောတီတိ နဟေဝံ ဝတ္တဗ္ဗေ။
ကထာဝတ္ထုပါဠိတော်(၂၃၁)
ပထဝီကသိုဏ်းပညတ် ပဋိဘာဂနိမိတ်ကို ထင်ရှားရှိသည် ဆိုအပ်လျက် ထိုပထဝီကသိုဏ်း ပညတ်ကို ပထဝီ ပထဝီ ဟု အာရုံပြုသဖြင့် ဈာန်ဝင်စားသော သူအား ဘောက်လဲ ဘောက်ပြန် ဖြစ်သည် ဆိုအပ်သည် မဟုတ်လော ဟု ပရဝါဒီ ပုဂ္ဂိုလ်က မေးသည့် အခါ ပထဝီကသိုဏ်းဟူသည် ထိုပုဂ္ဂိုလ်၏ သညဇအားဖြင့်သာ ထင်ရှားရှိ၍ အလုံးစုံသူတို့အား ထင်ရှားရှိသည် မဟုတ်နိုင်ရကား “အာမန္တာ” ဟု သကဝါဒီပုဂ္ဂိုလ်က ဝန်ခံခြင်းကိုစွဲ၍ ထောက်၍ ယင်းနည်းအတူ နိဗ္ဗာန် ဟူသည် ထင်ရှားရှိသည်ပင် ဖြစ်သော်လည်း ထိုနိဗ္ဗာန်ကို နိဗ္ဗာန်ဟု အာရုံပြုသဖြင့် ဖိုလ်ကိုဝင်စားသောသူအား ဘောက်လဲဘောက်ပြန် ဖြစ်သည် မဆိုရလော ဟု ပရဝါဒီပုဂ္ဂိုလ်က မေးမြန်းပြန်လတ်သည့်အခါ …
ဤသို့မူကား မဆိုသင့်ဟု သကဝါဒီပုဂ္ဂိုလ် ပယ်ဖြေတော်မူသတည်း။
၎င်းကထာဝတ္ထုပါဌ်ဖြင့်လည်း နိဗ္ဗာန်ထင်ရှားရှိသည် ဟူရာဝယ် ပထဝီ ကသိုဏ်း ပညတ် ထင်ရှားရှိသည့် အရာကဲ့သို့ သာမန်တစိတ်အားဖြင့် ရှိသည် မဟုတ်၊ အလုံးစုံအားဖြင့် ထင်ရှားဧကန် ရှိသည် ဟူလို။
တနည်း ပထဝီကသိုဏ်းပညတ် ထင်ရှားရှိသည် ဆိုသည်မှာ ထိုပုဂ္ဂိုလ်၏ သညဇအလျောက်သာ ထင်ရှားရှိသည်၊ တကယ်အလုံးစုံ မဘောက်မပြန် ထင်ရှားရှိသည် မဟုတ်၊ နိဗ္ဗာန်ထင်ရှားရှိသည် ဟူရာ၌ကား ယင်းသို့မဟုတ်ပါ ဟူလိုသတတ်။ ထင်ရှားရှိသော် အဘယ်၌ ရှိပါသနည်း မေးရန်။
မုခနိမိတ္တန္တိ မုခပဋိဗိဗ္ဗံ။ တံ ဟိ ပရိသုဒ္ဓံ အာဒါသမဏ္ဍလံ ပဋိစ္စ ပညာယတိ။ ကိံ ပန တံ ဩလောကယတော အကမုခံ ပညာယတိ၊ ဥဒါဟု ပရမုခန္တိ၊ ယဒိ သကမုခံ ဘဝေယျ၊ ပရံမုခါ ဟုတွာ ပညာယေယျ၊ အထ ပရဿ ဘဝေယျ။ ဝဏ္ဏာဒီဟိ အသဒိသံ ဟုတွာ ပညာယေယျ ။ တသ္မာ န တံ အတ္တနော န ပရဿ။ အာဒါသံ ပန နိဿာယ နိဘာသရူပံနာမ ပညာယတီတိ ဝဒန္တိ။ အထ ယံ ဥဒကေ ပညာယတိ၊ တံ ကေန ကာရဏေနာတိ။ မဟာဘူတာနံ ဝိသုဒ္ဓတာယ။
ခန္ဓဝဂ္ဂသံယုတ်အဋ္ဌကထာ(၂၈၃)။ င်္၉း။ ဂ။
ကြေးမုံမှန်ထဲ၌ ထင်သော မျက်နှာရိပ်သည် ထိုကြည့်သောသူ၏ အရိပ်လော။ သူတပါး၏ အရိပ်လော။ အကယ်၍ ကြည့်သောသူ၏ အရိပ်ဖြစ်အံ့၊ ထိုကြည့်သောသူထံသို့ မျက်နှာလှည့်၍ မနေရာ၊ သူတယောက်လာ၍ ရှေ့ကနေသော အရိပ်ဆိုရမည်လည်း ထိုကြည့်သောသူနှင့် အဆင်း သဏ္ဌာန် မတူသည် ဖြစ်ရာ၏။ ထိုကြောင့် ထိုအရိပ်သည် ကြည့်သောသူ၏ အရိပ်လည်း မဟုတ်၊ တပါးသူ၏ အရိပ်လည်းမဟုတ်။ ကြေးမုံမှန်ကို မှီ၍ ထင်သော အရိပ်အရောင်မျှသာတည်း ဤသို့ ဆရာကြီးတို့ ဆိုကြကုန်သည် ဟု အဋ္ဌကထာဆရာ ဆိုတော်မူသည့် အချက်တွင် အကြံ အလွန် မခက်ကြပါလော။ ထိုကြည့်သောသူ လက်လှုပ် ခြေလှုပ်တိုင်း ထိုအရိပ်လည်း လှုပ်ရှားလျက် ရှိသောကြောင့် ထိုသူ၏ အရိပ်ပင်တည်း ဟု ဆိုစရာပင် ရှိသည်။
ထိုကြည့်သော သူ၏ထံ မျက်နှာလှည့်၍ နေသည်ကိုသာ ဘယ်တွက်ဘယ်ခြင်းရာဖြင့် ဖြစ်ပါ လိမ့်မည်နည်း ဟူ၍သာ ကြံစည်ဘွယ်ရှိသည်။ ထိုကြေးမုံမှန်၏ သတ္တိ သဘောဓမ္မတာတည်း။
ကြံစည်ရသော် မတော်လိမ့်လော တော်လိမ့်လော၊ ဤသို့ အကြံအစည် အလွန်ခက်ခဲနက်နဲ၍ နေခဲ့သည်။ ထိုအရိပ်သည်လည်း ထင်ရှားရှိသည်ပင် ဖြစ်သည်။ အကယ်၍ မရှိလျှင် စက္ခုဝိညာဉ်ဖြင့် မမြင်နိုင်၊ ယင်းသို့ရှိသော်လည်း ထိုအရိပ်သည် ထိုကြေးမုံမှန်တွင်း၌ အဘယ်အရပ်ကိုမှီ၍ အဘယ်တွင် ကပ်၍ - အဘယ်ပုံ နေသနည်းဟူ၍ မကြံနိုင်ရာ၊ ယင်းသို့ မကြံနိုင်သော်လည်း ထိုအရိပ် သည် ထင်ရှားမရှိဟူ၍ မဆိုနိုင် မဆိုထိုက်သကဲ့သို့ နိဗ္ဗာန်ဟူသည် ထင်ရှားရှိသည် ဆိုရာဝယ် အဘွယ်တွင် ရှိသနည်း ဟု ကြံစည်အပ်၏။
ယင်းသို့ ကြံစည်သော် ပရိနိဗ္ဗုတပုဂ္ဂိုလ်၌ ငြိမ်းဧးခြင်း သဘောဖြစ်၍ ထင်ရှားရှိသည် ဆိုရန် ရှိသော်လည်း ဘယ်ပုံဘယ်ခြင်းရာဖြင့်ဖြစ်၍ ထင်ရှား ရှိနေသည်ဟု မဆိုနိုင်အောင် လွန်စွာနက်နဲ ခက်ခဲ၍နေသည်၊ ထိုပရိနိဗ္ဗုတ ပုဂ္ဂိုလ်ကို လွှတ်၍ အလွတ်သက်သက်၌လည်း ထိုနိဗ္ဗာန်ဟူသည် မရှိသည်ကို ရည်၍လည်း …
“အညေ ခန္ဓာ အညံ နိဗ္ဗာနံ အညော ပုဂ္ဂလောတိ နဟေဝံ ဝတ္တဗ္ဗံ” ဟု အောက်၌ ညွှန်းပြအပ်ခဲ့သော ကထာဝတ္ထုပါဠိတော်ကို ဟောတော်မူပြီး သည့်အတိုင်း…
“နိဗ္ဗာနမ္ပိ ခန္ဓပဋိဗဒ္ဓမေဝ ခန္ဓေဟိ ဝိသယိကတတ္တာတိ ၀ဒန္တိ”
ဟူသော ဝိသုဒ္ဓိမဂ်ဋီကာ အာစရိယဝါဒနှင့်လည်း အညီ နိဗ္ဗာန်ဟူသည် ပရိနိဗ္ဗာန်ပြု၍ သွားတော် မူကြကုန်သော ရဟန္တာအသျှင်တို့၌ပင် ပရိနိဗ္ဗုတ ရဟန္တာအသျှင်တို့၏ တည်ရာဖြစ်၍ ထင်ရှား ရှိသည်ဆိုမှ သင့်နိုင်ရာသည်။ ထင်ရှားရှိသည် ဟူ၍လည်း ဆိုခဲ့၊ အဘယ်၌ရှိသည် ဟူ၍လည်း နေရာ မချ မပြ နိုင်ခဲ့လျှင် ပရဝါဒီဆရာဆိုတိုင်း နိဗ္ဗာန်ဟူက အဘာဝသာ ဖြစ်မြဲဖြစ်ခဲ့ရာသောကြောင့် တည်း။
ယင်း ပရိနိဗ္ဗုတ ရဟန္တာတို့ဟူသည် အဘယ်နည်း၊ ပရိနိဗ္ဗာန်ပြုကတည်းကပင် ထိုပုဂ္ဂိုလ်ကို ပြတ်၍သွားခဲ့ပြီး မဟုတ်ပါလော ဟူငြားအံ့။ “န၊ ပြတ်၍မသွား” ဟူ၍ဆို။ အကယ်၍ ပြတ်သွားသည် ဆိုခဲ့လျှင် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်ကြောင်းနှင့် ကထာဝတ္ထု - နိဒ္ဒေသ - မဇ္ဈိမပဏ္ဏာသပါဠိတော် အဋ္ဌကထာ-စသည်တို့၌ ဆိုအပ်သောကြောင့်၎င်းတည်း။
၎င်းအကြောင်းကို နောက် ပရိနိဗ္ဗုတကထာသို့ ရောက်မှ ထုတ်ဆောင်၍ အကျယ်ဆိုလတ္တံ့။
ရုပ်နှင့် နိဗ္ဗာန် သမ္ပယုတ် မဖြစ်ကြောင်း ခွဲခြား ပြပုံ
ရူပဓမ္မာနံ ပန ရူပဓမ္မေဟိ နိဗ္ဗာနေန ဝါ နိဗ္ဗာနဿ စ ရူပေန သဒိံ သမ္ပယောဂေါ နာမ နတ္တီတိ ဧကုပ္ပါဒါဒိသဘာဂတာယ အဘာဝတော။ တေသံ သမ္မယောဂံ နိဝါရေန္တေန သာဧ၀ ဧကုပ္ပါဒါဒိတာ ဧတေသံ သဘာဂတာတိ တဒဘာဝတော ဝိပ္ပယောဂေါပိ နိဝါရိတော။
ဓာတုကထာအဋ္ဌကထာဘွင့် မူလဋီကာ (၁၈)
ရုပ်တရားတို့၏ ရုပ်တရားတို့နှင့်၎င်း ရုပ်တရားတို့၏ နိဗ္ဗာန်နှင့်၎င်း နိဗ္ဗာန်၏လည်း ရုပ်တရားနှင့်၎င်း သမ္ပယုတ်မဖြစ်ဟူရာ၌ ဧကုပ္ပါဒ-အစရှိသော လက္ခဏာလေးပါးဟူသော သမ္ပယောဂ အင်္ဂါတို့၏ မရှိခြင်းကြောင့် ရုပ်နှင့် ရုပ်ချင်း သမ္ပယုတ်မဖြစ်၊ ရုပ်နှင့် နိဗ္ဗာန်လည်း သမ္ပယုတ်မဖြစ် ဟူ၍ အဓိပ္ပါယ် လာသည်။
ဤအရာဝယ် အဘယ်ရုပ်နှင့် အဘယ်နိဗ္ဗာန်ကို ရည်၍ သမ္မယုတ် မဖြစ်သည်ကို ဆိုသနည်း၊ နိဗ္ဗာန်မရသူတို့၏ ခန္ဓာတို့နှင့် နိဗ္ဗာန်၏သမ္ပယုတ် ဝိပ္ပယုတ်ဖြစ်မဖြစ်၌ လုံးလုံး လျဉ်းပါးဘွယ် မရှိ။ နိဗ္ဗာန်ရသူတို့၏ ရုပ်ခန္ဓာနှင့် နိဗ္ဗာန်၏သာလျှင် အတူတကွ ဖြစ်သကဲ့သို့ ရှိသောကြောင့် လျဉ်းပါးဘွယ် ရှိသတည်း။ ထိုကြောင့် “ရူပဓမ္မာနံ” ဟု သာမည ဆိုသော်လည်း ပရိနိဗ္ဗာန်ပြုသည့် အခါ ထိုပရိနိဗ္ဗန္တ ပုဂ္ဂိုလ် ရုပ်တရားတို့နှင့်သာ ထိုပုဂ္ဂိုလ်အား ဘေးခပ်သိမ်းတို့မှ ကင်းငြိမ်းအောင် ရွက်ဆောင် စောင့်ရှောက်သောအားဖြင့် ဖြစ်ပေါ်လာသော ငြိမ်းဧးခြင်း သီတိဘာဝ ဟု ဆိုအပ်သော နိဗ္ဗာန်တရားသည် သမ္ပယုတ်လော ဝိပ္ပယုတ်လော ဟု ဝေနေယျတို့ စိုးစဉ်းလျဉ်းပါးဘွယ် ရှိရကား ထိုပရိနိဗ္ဗန္တပုဂ္ဂိုလ် ရုပ်တရားတို့ကိုသာ ရည်၍ ဆိုသည် ဟု သိအပ်၏။
အညံ ရူပံ အညံ နိဗ္ဗာနန္တိ နဟေဝံ ဝတ္တဗ္ဗေ။
ကထာဝတ္ထုပါဠိတော် (၅၃)
ဤ၌ ရုပ်တခြား နိဗ္ဗာန်တလော ဟု ပရဝါဒီ ဆရာက မေးသောအခါ ဤသို့မဆိုသင့် ဟု ပယ်ဖြေတော်မူသော သကဝါဒီဆရာ၏ စကားတော်သည်လည်း ဤ ပရိနိဗ္ဗန္တ ရဟန္တာပုဂ္ဂိုလ်၏ ရုပ်နှင့် ထိုရုပ်ခန္ဓာကို အရာကဲ့သို့ပြု၍ ဖြစ်ပေါ်လာသော အသင်္ခတဓာတ် နိဗ္ဗာန်ကိုပင် ရည်၍ ဟောတော်မူအပ်သည့် စကားသာတည်း၊ နိဗ္ဗာန်ကို မမြင်ရ နိဗ္ဗာန်သို့ မရောက်ရသေးသော အန္ဓဗာလ ပုထုဇန်တို့၏ ရုပ်ခန္ဓာနှင့် နိဗ္ဗာန် မဆီမဆိုင်လှ၍ လျဉ်းပါးဘွယ် အနည်းငယ်မျှ မရှိသင့်သော ကြောင့်တည်း။
ဤကထာဝတ္ထုပါဠိတော်၌ ရုပ်တခြား နိဗ္ဗာန်တခြား မဆိုရ ဟူရာဝယ် ရုပ်သည်ပင် နိဗ္ဗာန် နိဗ္ဗာန်သည်ပင် ရုပ် ဆိုလိုသည် မဟုတ်၊ ရုပ်နှင့်တစပ်တည်း ကဲ့သို့ စပ်နေသည့် ရုပ်ကို လွှတ်၍ အလွတ်သက်သက် ဖြစ်လာသည် မဟုတ် ဟူလိုသတည်း။
နိဗ္ဗာန်ကို မြင်ရပုံ အဓိပ္ပါယ်
ဝေါသဂ္ဂပရိဏာမိတန္တိ ဧတ္ထ ဒွေ ဝေါသဂ္ဂေါ ပရိစာဂဝေါသဂ္ဂေါ ပက္ခန္ဒနဝေါသဂ္ဂေါ စ။ တတ္ထ ဝိပဿနာ တဒင်္ဂဝသေန ကိလေသေ စေဝ ခန္ဓေ စ ပရိစ္စဇတီတိ ပရိစာဂဝေါသဂ္ဂေါ။ မဂ္ဂါ အာရမ္မဏဝသေန နိဗ္ဗာနံ ပက္ခန္ဒတီတိ ပက္ခန္ဒနဝေါသဂ္ဂေါ။
သုတ်ပါထေယျအဋ္ဌကထာ(၂၀၂)။ ဆံ။
ဤ၌ မဂ်သည် အာရုံပြုသောအားဖြင့် နိဗ္ဗာန်သို့ စီးဝင်တတ်သောကြောင့် ပက္ခန္ဒနဝေါသဂ္ဂ မည်၏။ ဤသို့ ဆိုအပ်သည်ကို ထောက်၍လည်း မဂ်ဖိုလ်ကို ရကာမတ္တဖြင့် အသင်္ခတဓာတ်နှိဗ္ဗာန်ကို ရပြီဟူ၍ မမှတ်အပ်။ အာရုံပြုနိုင်ကာမတ္တသာ မှတ် အပ်၏။
ဣဒမက္ခာတံ သက္ကာယဿ နိဿရဏန္တိ ဣဒံ အရဟတ္တမဂ္ဂေန စ ဖလေန စ နိဗ္ဗာနံ ဒိသွာ ဌိတဿ ဘိက္ခုနော ပုန သက္ကာယော နတ္ထီကိ ဥပ္ပနံ္န အရဟတ္တဖလသမာပတ္တိစိတ္တံ သက္ကာယဿ နိဿရဏန္တိအက္ခာတံ။
သုတ်ပါထေယျအဋ္ဌကထာ (၂၁၅)။ ဆော။
ဤပါဌ်ဖြင့်လည်း အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ရောက်သော်လည်း အသင်္ခတ ဓာတ်နိဗ္ဗာန်သို့ မရောက်သေး။ ထိုအရဟတ္တမဂ် အရဟတ္တဖိုလ်ဖြင့် နိဗ္ဗာန်ကို မြင်ရုံမတ္တသာ ရှိသေးသည်ဟု သိရန်။
ဤပါဌ်ကိုထောက်သဖြင့် သောတာပန် သကဒါဂါမ် အနာဂါမ်တို့သော်လည်း ငါဟူသော မာန သက္ကာယကို အနံ့အသက်နှင့်တကွ လုံးလုံးကြီး မပယ်နိုင်သေး၊ ရဟန္တာပုဂ္ဂိုလ်ဖြစ်မှသာ ပယ်နိုင်သည် ဟု သိရန်။
အသ္မီတိ အသ္မိမာနော။ အယမဟမသ္မီတိ ပဉ္စသု ခန္ဓေသု အယံနာမ အဟံ အသ္မီတိ။ ဧတ္တာဝတာ အရဟတ္တံ ဗျာကတံ ဟောတိ။ပ။ အသ္မိမာနသမုဂ္ဃါတောတိ အရဟတ္တမဂ္ဂေါ။ အရဟတ္တမဂ္ဂဖလဝသေန ဟိ နိဗ္ဗာနေ ဒိဋ္ဌေ ပုန အသ္မိမာနော နတ္ထီတိ အရဟတ္တမဂ္ဂေါ အသ္မိမာနသမုဂ္ဃါတောတိ ဝုတ္တော။
သုတ်ပါထေယျ၊အဋ္ဌကထာ (၂၁၉)။ ဆား။
၎င်းပါဌ်ဖြင့်လည်း ရွှေနည်းတူ အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ရောက်ခါမျှ ဖြင့် နိဗ္ဗာန်ကို မြင်ရုံမျှသာ ရှိသေးသည်ဟု သိရန်။
၎င်းပါဌ်ကို ထောက်၍လည်း ရဟန္တာဖြစ်မှသာ ငါ- ငါ၏ဥစ္စာဟူသော မာန သက္ကာယ သဘော လုံးလုံးကြီး ပျောက်နိုင်သည်ဟု သိရန်။
ယင်းနိဗ္ဗာန်ကို မြင်သည်ဟူရာ၌ အဘယ်ကိုမြင်သနည်း၊ ဖြစ်ပြီးရှိပြီးသော နိဗ္ဗာန်ကို မြင်သလော၊ မဖြစ်သေး မရှိသေးသည့် နိဗ္ဗာန်ကို မြင်သလော၊ ရှိပြီးကို မြင်သည်ဆိုသော် …
“သမ္ပရာယိကာတိ သမ္ပရာယေ ခန္ဓဘေဒတော ပရဘာဂေ ဘဝါ“ ဟူသော ၎င်းဣတိဝုတ် အဋ္ဌကထာ။
“သာဝကော ခေါ သဥပါဒိသေသော အနုပါဒိသေသံ နိဗ္ဗာနဓာတုံ အနုပါပုဏိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ” ဟူသော နေတ္တိပါဠိတော်။
“ကာယဿ ဘေဒါ ဓမ္မဋ္ဌော၊ သင်္ချံ နောပေတိ ဝေဒဂူ။”
သဠာယတနသံယုတ်ပါဠိတော် (၄ဝ၈)
စသည်တို့၌ ခန္ဓာပျက်သည့်အခါမှ နိဗ္ဗာန်ဖြစ်ပေါ် လာသည် ဆိုသောကြောင့် ခန္ဓာမပျက်မီ ယင်းနိဗ္ဗာန် မရှိသေးရကား ရှိပြီးသော နိဗ္ဗာန်ကို မြင်သည် ဆိုရမည်လည်း အခက်၊ မရှိသေးသည့် နိဗ္ဗာန်ကို မြင်သည် ဆိုရမည်လည်း တခက် မဟုတ်ပါလော ဟူငြားအံ့၊ မခက်။
အဘယ့်ကြောင့်နည်း ဟူမူကား အရဟတ္တဖိုလ်ကို ရသည့်အခါ အကယ်၍ အရဟတ္တဖိုလ်ကို မရလျှင် နောင်ဘဝသစ် ဖြစ်ပေါ်လာလတ္တံ့သော မိမိခန္ဓာ ငါးပါးတို့၏ တဖန်မဖြစ်လာသဖြင့် ချုပ်ကြီးချုပ်၍ ငြိမ်းတော့မည့် သဘောကို ထင်မြင်လိုက်သည်ကိုပင် နိဗ္ဗာန်ကို အာရုံပြုသည် ဆိုအပ်သောကြောင့် တည်း။
ထိုကြောင့်မဟုတ်လော၊ အရဟတ္တဖိုလ်ကို ရပြီးသည့်နောက်
“ ခီဏာ မေ ဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ၊ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတိ။
ဟူ၍ ထိုထိုပါဠိတော်များစွာတို့၌ လာသတည်း။
၎င်းပါဌ်ဖြင့် နိဗ္ဗာန်ကို အာရုံပြု၍ ဆင်ခြင်ရာ ပစ္စဝေက္ခဏာ ဉာဏ်အရာကို ပြသည်ဟု အဋ္ဌကထာ ကျမ်းလာသည်နှင့် အညီ ပစ္စဝေက္ခဏာဉာဏ်ဖြင့် နိဗ္ဗာန်ကို အာရုံပြုသည့် အခြင်းအရာကိုသာ ယူရမည် မဟုတ်ပါလော ဟူငြားအံ့၊ မနောဒွါရာဝဇ္ဇန်းဖြင့် သာမညပြုအပ်သော အာရုံကို ဇော ခုနစ်ချက်ဖြင့် အသေအချာ အာရုံပြုရာဝယ် ဇော၏အာရုံအရာ ဟူသမျှကို မနောဒွါရာဝဇ္ဇန်း အာရုံပြု နိုင်သည် မည်သကဲ့သို့ မနောဒွါရာဝဇ္ဇန်း အရာကဲ့သို့ဖြစ်သော မဂ်ဖိုလ်ဖြင့် နိဗ္ဗာန်၏ သဘော သာမညကို အာရုံပြုလိုက်ပြီး သည့်နောက် ပစ္စဝေက္ခဏာဝီထိဖြင့် “ ခီဏာ မေ ဇာတိ” စသည့် အခြင်းအရာအားဖြင့် အသေအချာ အာရုံပြုပုံကို ပြသော စကားတော်တည်းဟူ၍ မှတ်။
အနာဂတံသ အဘိညာဉ်စိတ်ဖြင့် အနာဂတ်အာရုံကို သာမည ထင်လိုက်ပြီး သည့်နောက် ပစ္စဝေက္ခဏာဉာဏ် ဒေသနာဉာဏ်တို့ဖြင့် ထိုအာရုံ အခြင်းအရာကို တဘန်ထပ်မံ၍ အသေအချာ ဆင်ခြင်ပြန်သကဲ့သို့၎င်း …
စစ်သည်တဘက် ရန်အမျက်ကို တိုက်ဖြိုသော ဥပရာဇာမင်းလောင်းသည် စစ်သည်တဘက်ကို လှလှကြီးအောင်ပြီးသည့် အဆုံး၌ ငါသည် ယခုအခါ ထီးဖြူရိပ်ငြိမ် နန်းစည်းစိမ်ကို စံစားရပေ တော့မည်ဟု မိမိစံစားပုံနှင့်တကွ လက်ဝါးကြီးအုပ် သာမည ရှေးဦးတကြိမ် နန်းစည်းစိမ်ကို အာရုံပြုလိုက်သကဲ့သို့ ၎င်း …
အနုပါဒိသေသာ သမ္မရာယိကာ။
ဣတိဝုတ်ပါဠိတော်(၂၂၁)
သမ္ပရာယိကာတိ သမ္ပရာယေ ခန္ဓဘေဒတော ပရဘာဂေ ဘဝါ။
၎င်းဣတိဝုတ်အဋ္ဌကထာ (၁၅၉)
နိဗ္ဗာနဿ အနုပ္ပါဒေယေဝ ပုဂ္ဂလဿ နိရောဓော …
ဟူသော ဝိသုဒ္ဓိမဂ်မဟာဋီကာ တို့လာတိုင်း ပရိနိဗ္ဗာန်ပြု၍ ခန္ဓာပျက်ခါမှ ပေါ်လာဖြစ်လာ လတ္တံ့သော မိမိအစဉ်သန္တာန်၌ လွန်စွာငြိမ်းဧးလတ္တံ့သော နိဗ္ဗာန် သဘောကို မဂ်ဖိုလ်တို့ဖြင့် သာမည သိလိုက် မြင်လိုက် အာရုံပြုလိုက်ပြီးသည့်နောက် ပစ္စဝေက္ခဏာဝီတိတို့ဖြင့် အကြိမ်ကြိမ်အထပ်ထပ် အသေအချာ ယင်း မိမိရလတ္တံ့သော နိဗ္ဗာန်ချမ်းသာကို အာရုံပြုသတည်းဟူ၍ မှတ်အပ်၏။
ဤအရာဝယ် အောက်၌ ညွှန်းပြအပ်ခဲ့ပြီးသော “ပရိနိဗ္ဗာနသန္တိ- ကိရိယာဘိသမယဝသေန” စသော မဇ္ဈိမပဏ္ဏာသ ဋီကာ စကားသည် ဤထက်ပင် နီတတ္ထအားဖြင့် ထင်ရှားသေး၏။ ထိုအောက်စကားကို မမှတ်မိ မရှုမိခဲ့လျှင် ထိုအောက်စကားကို အရင်းအဖျားလည်၍ ရှုကြလေဦး။
ယင်းသို့ ဖြစ်သည်ရှိသော် …
- “ နိဗ္ဗာနံ ဌပေတွာ သဗ္ဗေ ဓမ္မာ သိယာ အတီတာပိ သိယာ အနာဂတာပိ သိယာ ပစ္စုပ္ပန္နာပိ။ နိဗ္ဗာနမ္ပန န ဝတ္ထဗ္ဗံ အတီတန္တိပိ အနာဂတန္တိပိ ပစ္စုပ္ပန္နန္တပိ။”
ဤသို့ ဝိဘင်းပါဠိတော်၌ ဟောတော်မူသောကြောင့် နိဗ္ဗာန်ဟူသည် ကာလသုံးပါးမှ အလွတ် ကာလဝိမုတ် ဖြစ်သင့်ပါလျက် ယင်းနိဗ္ဗာန်သည် အနာဂတ် ပက္ခသို့ ဝင်သည်ဆိုရာ မရောက်ပြီလော ဟူငြားအံ့၊ ဤဝိဘင်းပါဠိတော်၌၎င်း အခြားပါဠိ အဋ္ဌကထာတို့၌၎င်း “နိဗ္ဗာနံ ကာလဝိမုတ္တံ ဟောတိ” ဟူ၍ မုချ ဒေသနာအားဖြင့် ဟောတော်မမူ။ “န ဝတ္ထဗ္ဗံ အတီတန္တိ ဝါ“ စသည်ဖြင့် ပရိယာယ ဒေသနာအရာ နဝတ္တဗ္ဗ-သဒ္ဒါဖြင့်သာ တော်မူသည်ကို ထောက်သဖြင့် ယင်းနိဗ္ဗာန်၏ ဥပါဒ်ဒြဗ် အားဖြင့် ထင်ရှားမဖြစ်လာသော်လည်း အလွန် နူးညံ့သိမ်မွေ့သော သီတိဘာဝ သဘောအားဖြင့် ရဟန္တာပုဂ္ဂိုလ်တို့ ပရိနိဗ္ဗာန် ပြုသည့်အခါ ဖြစ်ရောက်လာလတ္တံ့သော ယင်း နိဗ္ဗာန်၏ ယင်းသို့ မဖြစ်သေးမီ အနာဂတ်ဖြစ်လာသည့်အခါ ပစ္စုပ္ပန်ဆိုရန ်ရှိသော်လည်း ဥပါဒ်ဒြဗ် ပေါ်လာအောင် ဖြစ်သည်မဟုတ်သောကြောင့် စင်စစ်အားဖြင့် ဖြစ်လတ္တံ့ ဖြစ်ဆဲ ဖြစ်ပြီး မဆိုထိုက်သည်ကို ရည်၍ နဝတ္တဗ္ဗ-သဒ္ဒါဖြင့် ဟောတော်မူသည် ဟူ၍ သိအပ်၏။
စန္ဒ-သူရိယ-မေရု-ပဗ္ဗတ ဟူသော ပညတ်တို့သည် လ နေ နက္ခတ် မြင်းမိုရ် မပေါ်လာမီက ယင်း စန္ဒ သူရိယ မေရု ပဗ္ဗတ အမည်တို့သည် ဖြစ်လာလတ္တံ့ ဟူ၍၎င်း၊ ယင်းပညတ် ပေါ်လာစအခါ ယင်းပညတ် ဖြစ်လာဆဲဟူ၍၎င်း၊ ပေါ်လာပြီးအခါ ယင်း အမည်ပညတ် ဖြစ်လာပြီ ဟူ၍၎င်း ဆိုသင့်လျက် ဥပါဒ် ဌီ ဘင် သရုပ်သကောင် အထည်ဒြဗ်အားဖြင့် ပေါ်လာသည် မဟုတ်သောကြောင့် ယင်းပညတ်ကို ကာလသုံးပါးမှ အလွတ် နဝတ္တဗ္ဗတရား-ဟူ၍သာ ဆိုအပ်သကဲ့သို့တည်း။
“တဿ ဣဓေဝ ဘိက္ခဝေ သဗ္ဗဝေဒယိတာနိ အနဘိနန္ဒိတာနိ သီတီ ဘဝိဿန္တိ၊ အယံ ဝုစ္စတိ ဘိက္ခဝေ အနုပါဒိသေသာ နိဗ္ဗာနဓာတု” ဟူ၍ အောက်ကညွှန်းပြခဲ့ပြီးသော ဣတိဝုတ်ပါဠိတော် (၂၂၁) အတိုင်း “သီတီ ဘဝိဿန္တိ” ဟူသောပါဌ်ဖြင့် ဧးမြခြင်းဖြစ်လတ္တံ့ ဟူ၍ နီတတ္ထပင် ဟောတော် မူသည်။
“ အယံ ဝုစ္စတိ ဘိက္ခဝေ အနုပါဒိသေသာ နိဗ္ဗာနဓာတု” ပါဌ်ဖြင့် ဖြစ်လတ္တံ့သော ဧးမြခြင်း သီတိဘာဝ သဘောသည် အနုပါဒိသေသ နိဗ္ဗာနဓာတ် မည်သည် ဟူ၍ နီတတ္ထပင် ဟောတော် မူသည်။ ဤသို့သော နီတတ္ထပါဠိတော်ကို ထောက်သဖြင့် ယင်းနိဗ္ဗာန်သဘော မဖြစ်သေးမီ ဖြစ်လတ္တံ့ပင် ဧကန် ဆိုအပ်တော့သည်။ ဥပါဒ်အားဖြင့် အထည်ဒြဗ်ပေါ်အောင် ဖြစ်လတ္တံ့ မဟုတ် သောကြောင့်သာ အနာဂတ်စစ် မဆိုရသည်။
“နိဗ္ဗာနဿ အနုပ္ပါဒေယေဝ ပုဂ္ဂလဿ နိရောဓော” ဟု ပြအပ်ခဲ့ပြီးသော ဝိသုဒ္ဓိမဂ်မဟာဋီကာအတိုင်း နိဗ္ဗာန်မဖြစ်မီက ပုဂ္ဂိုလ်ချုပ်နှင့်ရသည် ဆိုသော စကားဖြင့်လည်း ယင်းနိဗ္ဗာန် မဖြစ်သေးမီအခါ ဖြစ်လတ္တံ့ပင် ဆိုသင့်သည်။ ယထာဝုတ္တကာရဏကြောင့် အနာဂတ်စစ်သာ မဆိုရသည်တမည်သာ ဧကန် မှတ်။ ထိုကြောင့် ဝါ- ထိုအနက်သဘောကိုပင် ရည်တော်မူ၍ အဘိဓမ္မတ္ထ ဝိကာသနီ မည်သော အဘိဓမ္မာဝတာရသံဝဏ္ဏနာဋီကာကျမ်း၌ …
“ နိဗ္ဗာနေ အနာဂတေပိ အတ္ထပဋိသမ္ဘိဒါ သိယာ။ န ဝတ္တဗ္ဗာ အတီတာရမ္မဏာတိပိ အနာဂတာရမ္မဏာတိပိ ပစ္စုပ္ပန္နာရမ္မဏာတိပိ” ဟူ၍ မိန့်အပ်ပြီ။
အနာဂတေပိ၊ အနာဂတ်လည်းဖြစ်သော။
ဝါ၊ မဖြစ်ပေါ် လာသေးသည်လည်းဖြစ်သော။
နိဗ္ဗာနေ၊ နိဗ္ဗာန်အာရုံ၌။
အတ္ထပဋိသမ္ဘိဒါ၊ အတ္ထပဋိသမ္ဘိဒါ ဉာဏ်သည်။
သိယာ ဟောတိ၊ ဖြစ်၏။
တထာပိ၊ ထိုသို့ အနာဂတ်ဖြစ်သော နိဗ္ဗာန်အာရုံ၌ အာရုံပြု၍ဖြစ်သော်လည်း။
သာ၊ ထိုအနာဂတ်ဖြစ်သော နိဗ္ဗာန်အာရုံ၌ အာရုံပြု၍ဖြစ်သော အတ္ထပဋိသမ္ဘိဒါဉာဏ်ကို။ (ထည့်ပါ)
အတီတာရမ္မဏာတိပိ၊ အတိတ်တရားလျှင် အာရုံရှိ၏ ဟူ၍၎င်း။
အနာဂတာရမ္မဏာတိပိ၊ အနာဂတ်တရားလျှင် အာရုံရှိ၏ ဟူ၍၎င်း။
ပစ္စုပ္ပန္နာရမ္မဏာတိပိ၊ ပစ္စုပ္ပန်တရားလျှင် အာရုံရှိ၏ ဟူ၍၎င်း။
န ဝတ္တဗ္ဗာ၊ မဆိုသင့်။ ။ (၎င်းအနက်)
ဤအဘိဓမ္မတ္တဝိကာသနီဋီကာ င်္၉းပေ၊ ဆော-အင်္ဂါတွင် လာသည်ကို ထောက်သဖြင့်လည်း နိဗ္ဗာန် ဟူက မုချအနာဂတ်စစ်ပင် မဆိုထိုက်သော်လည်း မဖြစ်သေးမီအခါ ဖြစ်လတ္တံ့ ဟူ၍ ပရိယာယ အားဖြင့် ဆိုသင့် ဆိုထိုက်သည့် အဖြစ်ကို ဧကန် သိကြကုန်။
သို့ဖြစ်လျှင် ယင်းနိဗ္ဗာန်သည် နိစ္စ သဿတ - ဟူ၍ လာသော စကားတို့နှင့် မဆန့်ကျင်လော ဟူငြားအံ့၊ မဆန့်ကျင်။ အဘယ်ကြောင့်နည်း၊ သင်္ခတတရား တို့ကို အနိစ္စဆိုရာ၌ ဖြစ်ပြီးသည့်နောက် ချုပ်ပျောက်၍ သွားသောကြောင့် အနိစ္စဆိုအပ်သည်၊ အသင်္ခတတရားကို နိစ္စ သဿတ - ဆိုရာ၌ ဖြစ်ပြီးသည့်နောက် မပျောက်မပျက် အမြဲတည်နေသည်ကို ရည်၍ ဆိုအပ်သောကြောင့်တည်း။ ထိုကြောင့် …
“အဘူတမေဝ ဘူတံ ဇာကံ ဟုတွာ အတ္တီတိ အဗ္ဗုတံ”
ဟူ၍ သဠာယတနသံယုတ်အဋ္ဌကထာ (၁၄၉) ၌ မိန့်အပ်ပြီ။
တံ၊ ထို ငြိမ်းဧးခြင်း သီတိဘာဝသဘော ဟု ဆိုအပ်သော နိဗ္ဗာန်သည်။
အဘူတမေ၀၊ ရှေး၌ တရံတဆစ် မဖြစ်ဘူးသေးဘဲသာလျှင်။
ဘူတံ ဇာတံ၊ ရဟန္တာပုဂ္ဂိုလ်တို့ ပရိနိဗ္ဗာန်ပြုရာ ဤတခါသာ ဖြစ်ရောက်လာသည်။
ဟုတွာ၊ ဖြစ်၍၊
အတ္ထိ၊ မပျောက်မပျက် အမြဲတည်၍ နေသည်တည်း။
ဣတိ၊ ထိုကြောင့်။
တံ၊ ထိုနိဗ္ဗာန်သည်။
အဗ္ဗုတံ၊ အဗ္ဗုတ မည်၏။
“အဗ္ဗုတံ၊ တရံတဆစ် မဖြစ်ဘူးသေးဘဲ တခါတည်း ဖြစ်လာပြီး နောက် အမြဲတည်ရှိ၍နေသော နိဗ္ဗာန်” ဟု အနက်ပေးစေလိုသတည်း။ ။
ဤ၌၎င်း အဗ္ဗုတသဒ္ဒါသည် အဘူတအနက် ဘူတအနက် ဟုတွာအနက် အတ္ထိအနက် ဤ လေးချက်ကို တပြိုင်နက် ပြနိုင်သောကြောင့် ပဒီပနည်းအား ဖြင့် ပြီးသော သဒ္ဒါတည်း။
ဤအရာကို အောက်ကလည်း တကြိမ်ဆိုခဲ့ပြီးသော်လည်း ဤပဒီပနည်း အမှာနှင့်တကွ မပြခဲ့ရသောကြောင့်၎င်း နိဗ္ဗာန်ဟူသည်၏ ဖြစ်လာ ပေါ်လာပြီးမှ အမြဲတည်နေသည်ဆိုရာ၌ လွန်စွာ ကိုးစားရာ ပါဌ်ဖြစ်သောကြောင့်၎င်း ပညာရှိတို့ သတိကြပ်ကြပ် ရကြစေခြင်းငှါ ဤတွင်လည်း တကြိမ်ထပ်လိုက်ပြန်သည်။
သဒ္ဒကဝိ ပညာရှိတို့ ကြပ်ကြပ်သတိ ရှိကြစေကုန်သတည်း။
န ဟိ အညေ ဓမ္မာ ဝိယ နိဗ္ဗာနံ။ တံ ပန အတိဂမ္ဘီရတ္တာ အပတ္တေန အာလမ္ဗိတုံ န သက္ကာ။
မူလဋီကာ။ ၁င်္၁း၊ ထူ။
ဤမူလဋီကာ၌ နိဗ္ဗာန်သို့ မရောက်သောသူသည် ယင်းနိဗ္ဗာန်ကို အာရုံမပြုနိုင်ဟူ၍ မိန့်ဆိုအပ်သော စကားများမှာ ပရိနိဗ္ဗာန်ပြုပြီးသည့်နောက် အသင်္ခတဓာတ်သို့ ရောက်သည်ကို မဆိုလို၊ ပရိနိဗ္ဗာန် မပြုသေးခင် သဥပါဒိသေသ နိဗ္ဗာန်သို့ ရောက်သည်ကိုရည်၍ ဆိုသည်မှတ်။ အကယ်၍ အနုပါဒိသေသနိဗ္ဗာန်သို့ ရောက်သည်ကိုပင် ရည်၍ ဆိုသည် ဟု ယူခဲ့သည်ရှိသော် …
“သာဝကာ ခေါ သဥပါဒိသေသော အနုပါဒိသေသံ နိဗ္ဗာနဓာတုံ အနုပါပုဏိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ”
ဟူသော နေတ္တိပါဠိတော် (၇၇)
“ နိဗ္ဗာနဿ အနုပ္ပါဒေယေဝ ပုဂ္ဂလဿ နိရောဓော”
ဟူသော ဝိသုဒ္ဓိမဂ်ဋီကာ။
“ဒုက္ခက္ခယာ နိဗ္ဗာနံ” ဟူသော သဠာယတနသံယုတ်ပါဠိတော် နေတ္တိပါဠိတော် (၅ဝ) တို့နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်လတ္တံ့သောကြောင့်တည်း။
နိဗ္ဗာနံ အာရမ္မဏံ ကတွာ ပဝတ္တနဘာဝေါယေဝ နိဗ္ဗာနဂမနံနာမ ဟောတိ။ န စ တတော အညံ ကိဉ္စိ နိဗ္ဗာနဂမနံနာမ အတ္ထိ။
မဏိဒီပ။ ၁င်္၁း။ ဓေ။
ဤ၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် တို့ဖြင့် နိဗ္ဗာန်ကို အာရုံပြုသည်မှတပါး တစုံတခု နိဗ္ဗာန််သို့ ရောက်သော ဟူသည် မရှိ ဆိုသော အရာကိုလည်း သဥပါဒိသေသ နိဗ္ဗာန်ကိုပင် ရည်၍ ဆိုသည်မှတ်။
အနုပါဒိသေသနိဗ္ဗာန်ကိုပင် ရည်၍ ဆိုသည်ဟု ယူခဲ့သော် ယခင် ဆိုအပ်ခဲ့ပြီးသော “အနုပါဒိသေသာ သမ္ပရာယိကာ” ဟူသော ဣတိဝုတ်ပါဠိတော်၊ 'သမ္ပရာယိကာတိ သမ္ပရာယေ ခန္ဓဘေဒတော ဘဝါ” ၎င်းဣတိဝုတ်အဋ္ဌကထာ တို့နှင့် စင်စစ် ဆန့်ကျင်တော့မည် ဖြစ်သောကြောင့်တည်း။
ထိုစကားသည် မှန်၏။ ၎င်းဣတိဝုတ်ပါဠိတော် အဋ္ဌကထာတို့၌ ပရိနိဗ္ဗာန် မပြုသေးခင် ဤဘဝ၌ပင် သဥပါဒိသေသနိဗ္ဗာန် ဖြစ်လာသည်။ ပရိနိဗ္ဗာန်ပြုပြီးသည့်အခါမှ အနုပါဒိသေသနိဗ္ဗာန် ဖြစ်လာသည် ဟု နီတတ္ထ မိန့်တော်မူကြောင်းကို ပါဌ်အနက် အကျယ်တို့နှင့်တကွ အောက်၌ အတန်တန် အထပ်ထပ် ပြအပ် ပြီးသလျှင်ကတည်း။
ယင်းသို့ စကားစပ်ဆိုင်တိုင်း စပ်ဆိုင်တိုင်း အထပ်ထပ်ဆိုခဲ့သည့် အရာများ တို့၌ ကျမ်းဂန်မြင်သိ ပညာရှိတို့က ပုနရုတ္တိ နိရတ္ထကဒေါသဖြင့် အပြစ်တင်ဘွယ် ရှိသော်လည်း ဤနိဗ္ဗာန်အရာ၌ အလွန် တွေဝေစရာ လျဉ်းပါးစရာ ယောင်မှားစရာ ပါဠိ ပါဌ ပဒေသများစွာ ရှိသောကြောင့် ထို တွေဝေဘွယ်ရာ ရှိသမျှကို အခါခါလိုက်၍ ပယ်ဖြေရသဖြင့် ယင်းသို့ ပယ်ဖြေရာ၌လည်း အာဂမယုတ္တိ ကို ပြ၍ ပယ်ဖြေဦးမှ အောက်ကစကားကို မမှတ်ခဲ့မိ သတိမရ သံမုဠှမန္ဒပုဂ္ဂိုလ်တို့ ယုံကြည်နိုင်စရာ ရှိသောကြောင့် ယင်းပုဂ္ဂိုလ်တို့ ယုံကြည်ဘွယ်ရာ ဖြစ်စေခြင်းငှါ ရှေးထုတ်ပြအပ်ခဲ့ပြီးသော သာဓကပါဌ်တို့ကိုလည်း လျဉ်းပါးစရာ စကားအရာ ရောက်တိုင်း ရောက်တိုင်း ထုတ်ပြရပြန် ပေသည်ဟု နှလုံးပြုတော်မူကြကုန်သဖြင့် ယင်းသို့သော ပုနရုတ္တိဒေါသ ဝိတ္ထာရဒေါသ ထင်မြင်စရာ ရှိသော အရာများတို့၌ သတိဝေပုလ္လသခင် ပညာရှင်တို့ အဇ္ဇူပေက္ခန သည်းခံ ကြည့်ရှုတော် မူကြပါစေကုန်သတည်း။
နိဗ္ဗာန်ရောက်ရပုံ
ဆက်ဦးအံ့၊ နိဗ္ဗာန်သို့ ရောက်သည် ဟူရာ၌ အာရုံပြုသောအားဖြင့် ရောက်ခြင်း တည်နေရသော အားဖြင့် ရောက်ခြင်းဟူ၍ နှစ်ပါးအပြား ရှိ၏။ ထိုနှစ်ပါးတို့တွင် ပရိနိဗ္ဗာန် မစံရသေးခင် အာရုံပြုသောအားဖြင့်သာ ရောက်နိုင်သည်၊ စံနေရသောအားဖြင့် မရောက်နိုင်၊ ပရိနိဗ္ဗာန်ပြုသော အခါ တည်နေရသောအားဖြင့်သာ ရောက်နိုင်သည်၊ အာရုံပြုသောအားဖြင့် ရောက်သည် မဟုတ်၊ အာရုံပြုသောအားဖြင့် နိဗ္ဗာန်သို့ ရောက်သည့်အခါ သတ္တဝါ၏ အဖြစ်ကို မလွန်မီသာ ရောက်သည်။ တည်နေရသောအားဖြင့် နိဗ္ဗာန်သို့ ရောက်သည့်အခါ သတ္တဝါ၏အဖြစ်ကို လွန်မှသာ ရောက်သည်။ ထိုနှစ်ပါးတို့တွင် သတ္တဝါ၏အဖြစ်ကို မလွန်မီ နိဗ္ဗာန်သို့ရောက်သည်ကို ရည်တော်မူ၍ “နိဗ္ဗာနံ အာရမ္မဏံ ကတွာ” စသောပါဌ်ဖြင့် “နိဗ္ဗာန်ကို အာရုံပြုသည်မှတပါး နိဗ္ဗာန် ရောက်သည် မည်သည် မရှိ” ဟူသော စကားကို ၎င်းမဏိဒီပဆရာ မိန့်တော် မူသည်ဟု မှတ်။
အကယ်၍ သတ္တဝါ၏အဖြစ်ကို လွန်၍မျှ နိဗ္ဗာန်သို့ ရောက်သောမည်သည် မရှိဆိုခဲ့လျှင်…
“ကာယဿ ဘေဒါ ဓမ္မဋ္ဌော၊ သင်္ချံ နောပေတိ ဝေဒဂူ”
စသော-သဠာယတနသံယုတ်၊ “အတ္ထံ ပလေတိ န ဥပေတိ သင်္ချံ” စသော စူဠနိဒ္ဒေသပါဠိတော်-စသည်တို့နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တော့လတ္တံ့။ ၎င်းပါဠိတော်များကို အထက် ပရိနိဗ္ဗုတ ကထာသို့ရောက်မှ အနက်အဓိပ္ပါယ် အကျယ်အားဖြင့် ဆိုလတ္တံ့။
သတ္တဝါ၏ အဖြစ်ကိုလွန်မှ နိဗ္ဗာန်သို့ ရောက်ရသည်ဆိုသော် ထိုပုဂ္ဂိုလ် အဘယ်လိုဖြစ်၍ နိဗ္ဗာန်၌ တည်ရ ရောက်ရပါသနည်း ဟူငြားအံ့၊ “ရူပသင်္ခါဝိမုတ္တော ခေါ မဟာရာဇ တထာဂတော ဂမ္ဘီရော” စသည်ဖြင့် အထက်၌ ဆိုလတ္တံ့သော သဠာယတန သံယုတ်ပါဠိတော် စသည်တို့နှင့်အညီ ရူပသင်္ခါဝိမုတ္တ။ပ။ ဝိညာဏသင်္ခါဝိမုတ္တ၊ ပရိနိဗ္ဗုတ အသျှင်ဖြစ်၍ အဘယ်လို အခြင်းအရာဟု မဆိုနိုင်ဘွယ် တကယ်နက်နဲ၍ နေသောအားဖြင့် နိဗ္ဗာန်၌ တည်ရောက်၍ နေသည်ဟု သိ။
“ပရိနိဗ္ဗုတာ ပရိနိဗ္ဗာယိံသု” စသည်ဖြင့်လာသော ထိုထို ပါဠိတော်အဋ္ဌကထာတို့၌လည်း အလုံးစုံ ငြိမ်းပျောက် ပြတ်တောက်၍ သွားသည်ကို ဆိုသည် မဟုတ်၊ ထိုရဟန္တာပုဂ္ဂိုလ်တို့ မအိုမသေ အမြဲတည်နေရာ အသင်္ခတဓာတ် နိဗ္ဗာန်ရပ်၌ ချမ်းမြေ့သာယာ တည်နေရသည် ဆိုလိုသည် ဟု ဧကန္တ မှတ်ကြကုန်။
နိဗ္ဗာယနကိရိယာမုခေန နိဗ္ဗာနံ ဝုတ္တံ။
နိဗ္ဗာယနကိရိယာမုခေန၊ ငြိမ်းဧးခြင်း ကိရိယာကို အကြောင်း အဦးပြုသဖြင့်။
နိဗ္ဗာန်၊ နိဗ္ဗာန်ကိုပင်။
ဝုတ္တံ၊ မိန့်တော်မူအပ်၏။
ဝိသုဒ္ဓိမဂ်ဋီကာ(၂၇၉)။ င်္၉း။ ဍ-ချပ်။
ဤဋီကာအလိုကား ပရိနိဗ္ဗာယတိ-၌ ပရိ-ရှေး နိ-ရှေးရှိသော ဝါဓာတ်၏ ငြိမ်းခြင်းကိရိယာ-ဟောခြင်းကို အရင်းပြုသဖြင့် ယင်း ငြိမ်းခြင်းသဘောရှိသော နိဗ္ဗာန်ကိုပင် ယူရမည်။ “ပရိနိဗ္ဗာယတိ၊ နိဗ္ဗာန်သို့ ရောက်လေ၏” ဟူ၍ ဆိုလိုသည် ဟူလိုသတည်း။
ထိုကြောင့် ဤဋီကာပါဌ်ဖြင့်ပင် ယခင်စကားကို ယုံကြည်သင့်လှတော့၏။
ဥပါဒီယတေ ကမ္မကိလေသေဟီတိ ဥပါဒိ၊ ဝိပါကက္ခန္ဓာ ကဋတ္တာ စ ရူပံ။ သော ပန ဥပါဒိ ကိလေသာဘိသင်္ခါရနိမ္မထနေန နိဗ္ဗာနပတ္တိယံ အနောသဋ္ဌော။ ဣဓ ခန္ဓမစ္စုမာရနိမ္မထနေန သြသဋ္ဌော နိဿေတိတောတိ ကတိ အယံ အနုပါဒိသေသာ နိဗ္ဗာနဓာတု။ နိဗ္ဗာနဓာတူတိ စ နိဗ္ဗုတိ မတ္တံ။ ဣတ္ထမ္ဘူတလက္ခဏေ စာယံ ကရဏနိဒ္ဒေသော။
ကမ္မကိလေသေဟိ၊ ကံကိလေသာ တို့သည်။
ဥပါဒီယတေ၊ ဖြစ်စေအပ်၏။
ဣတိ၊ ထိုကြောင့်။
ဥပါဒိ၊ ဥပါဒိ မည်၏။
သော ပန ဥပါဒိ၊ ထိုဥပါဒိမည်သော ခန္ဓာငါးပါးကိုကား။
ကိလေသာဘိသင်္ခါရနိမ္မထနေန၊ အရဟတ္တမဂ်ဖြင့် ကိလေသမာရ် အဘိသင်္ခါရမာရ်ကို နှိပ်နင်းသဖြင့်။
နိဗ္ဗာနပတ္တိယံ၊ အာရုံပြုကာ နိဗ္ဗာန်သို့ ရောက်ရသောအခါ၌။
အနောသဋ္ဌော၊ မစွန့်နိုင်သေး။
ဣဓ၊ ဤခန္ဓပရိနိဗ္ဗာန် စံရသောအခါ၌။
ခန္ဓမစ္စုမာရနိမ္မထနေန၊ ခန္ဓမာရ် မစ္စုမာရ်ကို နှိပ်နင်းသဖြင့်။
သြသဋ္ဌော၊ စွန့်အပ်ပြီ။
နိဿေတိတော၊ အကြွင်းမရှိစေအပ်ပြီ။
ဣတိ၊ ထိုကြောင့်။
အယံ၊ ဤအသင်္ခတဓာတ်နိဗ္ဗာန်သည်။
အနုပါဒိသေသာ၊ အနုပါဒိသေသ မည်သော။
နိဗ္ဗာနဓာတု၊ နိဗ္ဗာနဓာတ်မည်၏၊
နိဗ္ဗာနဓာတူတိ စ၊ နိဗ္ဗာနဓာတ် ဟူသည်လည်း။
နိဗ္ဗုတိမတ္တံ၊ ငြိမ်းဧးခြင်းသဘောတည်း။
ဣတ္ထမ္ဘူတလက္ခဏေ စ၊ ဣတ္ထမ္ဘူတလက္ခဏအနက်၌သာလျှင်။
အယံ ကရဏနိဒ္ဒေသော၊ ဤကရိုဏ်းဝိဘတ်ကို ညွှန်းခြင်းတည်း။
တနည်းကား …
စ၊ အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗာယိ-ဟူသော ဤသီလက္ခန် ပါဠိတော်ဝယ် ကရိုဏ်း ဝိဘတ်၏အနက်ကို ပြဆိုဦးအံ့။
အယံ ကရဏနိဒ္ဒေသော၊ ဤကရဏနိဒ္ဒေသသည်။
ဣတ္ထမ္ဘူတလက္ခဏေ၊ ပရိနိဗ္ဗာန်စံခြင်း ဟူသော အထူးသို့ ရောက်သောပုဂ္ဂိုလ်ကို ဤသို့သော အခြင်းအရာ ဖြစ်၍ ပရိနိဗ္ဗာန်စံသည်ဟု မှတ်ကြောင်းဖြစ်သောအနက်၌။
ဝတ္တတိ၊ ဖြစ်၏။
သီလက္ခန်ဋီကာ(၃၈) သာရတ္ထဒီပနီဋီကာ၌လည်း ၎င်းနည်း။ ။
ဤဋီကာတို့ အလိုအားဖြင့် ဘိန္နန သီသေန - စသည်ကဲ့သို့
“အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ၊ အနုပါဒိသေသနိဗ္ဗာနဓာတု” ဟု ဆိုအပ်သော ငြိမ်းဧးခြင်း သဘောရှိသည်။
ဟုတွာ၊ ဖြစ်၍။
ပရိနိဗ္ဗာယတိ၊ ငြိမ်းကြီးငြိမ်းတော်မူရလေ၏။
ဤသို့ ဗဟုဗွီဟိအတွင်းဝင်သောအားဖြင့် အနက်ယောဇနာအပ်၏။
ဤဋီကာတို့၏ အလိုအားဖြင့် “အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ” ဟူသော ပုဒ်၏အရလည်း ပရိနိဗ္ဗုတပုဂ္ဂိုလ်၊ ပရိနိဗ္ဗာယတိ-၏ အရလည်း ၎င်း ပရိနိဗ္ဗုတပုဂ္ဂိုလ်ချည်းသာ ရအပ်၏။
ချဲ့ဦးအံ့ “အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ” ဟူသော ဗဟုဗ္ဗီဟိသမာသ် ဝါကျအတွင်း ဝင်သော သဒ္ဒါသည် ငြိမ်းဧးခြင်းသဘောဟု ဆိုအပ်သော နိဗ္ဗာန်ကို အကြောင်းပဝတ္တနိမိတ်ပြုသဖြင့် ထိုငြိမ်းဧးခြင်းသို့ ရောက်သော ပရိနိဗ္ဗုတပုဂ္ဂိုလ်ကို ဟောသည်၊ ပရိနိဗ္ဗာယတိ-ဟူသော ပုဒ်သည်လည်း နိဗ္ဗာ ယတိ-၌ နိ-ပုဗ္ဗ၊ ဝါ- ဓာတ်၏အရ ငြိမ်းဧးခြင်း ကြိယာသဘာဝ ဟူသော နိဗ္ဗာန်ကို အကြောင်း ပဝတ္တနိမိတ်ပြု၍ ထိုနိဗ္ဗာန်သို့ ရောက်သော၊ ဝါ၊ ထိုနိဗ္ဗာန်၌ တည်သော ပရိနိဗ္ဗုတပုဂ္ဂိုလ်ကိုပင် ဟောသတည်း ဟူလို။
အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာတိ ပရိနိဗ္ဗာနဿ ပရိနိဗ္ဗာနန္တ ရတော ဝိသေသနတ္ထံ ကရဏဘာဝေန ဝုတ္တံ။ အထဝါ ယာယ နိဗ္ဗာနဓာတုဃာ ပစ္ဆိမစိတ္တံ အပ္ပဋိသန္ဓိကံ ဇာတံ။ သာ အသင်္ခတဓာတု ကရဏဘာဝေန ဝုတ္တာ၊ ၊၊
အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာတိ၊ ဓာတုယာ-ဟူသည်ကား။
ပရိနိဗ္ဗာနဿ၊ ခန္ဓပရိနိဗ္ဗာန်၏။
ပရိနိဗ္ဗာနန္တရတော၊ ကိလေသပရိနိဗ္ဗာန်မှ။
ဝိသေသနတ္ထံ၊ အထူးပြုခြင်းငှါ။
ကရဏဘာဝေန၊ ဝိသေသနတ္ထကရိုဏ်းဝိဘတ်ဖြင့်။
ဝုတ္တံ၊ မိန့်အပ်၏။
အထဝါ၊ တနည်းကား။
ယာယ နိဗ္ဗာနဓာတုယာ၊ အကြင် နိဗ္ဗာနဓာတ်ဖြင့်။
ပစ္ဆိမစိတ္တံ၊ စုတိကျသော ရဟန္တာပုဂ္ဂိုလ်၏ နောက်ဆုံး စုတိစိတ်သည်။
အပ္ပဋိသန္ဓိကံ ၊ နောင်ဘဝပဋိသန္ဓေသစ်ကို မဖြစ်စေနိုင်သည်။
ဇာတံ၊ ဖြစ်၏။
သာ အသင်္ခတဓာတု၊ ထိုအသင်္ခတနိဗ္ဗာနဓာတ်ကို။
ကရဏဘာဝေန၊ ကရဏကာရကတ္တကရိုဏ်းဝိဘတ်ဖြင့်။
ဝုတ္တာ၊ မိန့်အပ်၏။
မူလဋီကာ(၄၇)
ဤမှုလဋီကာ ရှေ့နည်းအလို၌ ဝိသေသနတ္ထ ကရိုဏ်းဝိဘတ်ဖြင့် ကိလေသ ပရိနိဗ္ဗာန်ကို နစ်စေ၍ ခန္ဓပရိနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြုသည်ကို သိစေသည် ဟူလို။
နောက်နည်းအလို၌ ရဟန္တာပုဂ္ဂိုလ် စုတိစိတ်နောက် ချက်ခြင်းရောက်လာလတ္တံ့သော အသင်္ခတဓာတ် နိဗ္ဗာန်၏သတ္တိကြောင့် ထိုစုတိစိတ်နောင် ပဋိသန္ဓေစိတ် ဝင်မြဲတိုင်း မဝင်လာနိုင်သည်ဖြစ်၍ ထို အသင်္ခတဓာတ်၏ ရဟန္တာပုဂ္ဂိုလ်တို့ တဆယ့်တသီး မီးငြိမ်းကြီးငြိမ်းဧးခြင်းအား ကြိယာကာရကတမ သတ္တိဖြင့် ကျေးဇူးပြုနိုင်သည်ကို သိစေခြင်းငှါ ကရဏကာရကတ္ထ၌ ကရိုဏ်းဝိဘတ် သက်သည် ဟု ပြတော်မူသည် ဟူလို။
ပုထုဇန်သေက္ခပုဂ္ဂိုလ်တို့၏ စုတိစိတ်နောင် ပဋိသန္ဓေစိတ်ဝင်၍ ဖြစ်သကဲ့သို့ ရဟန္တာပုဂ္ဂိုလ်တို့ စုတိစိတ်နောင် ပဋိသန္ဓေစိတ် မဝင်နိုင်၊ ပဋိသန္ဓေစိတ်၏အစား အသင်္ခတဓာတ် နိဗ္ဗာန်ဝင်၍ ဖြစ်လာသည် ဟူလို။
ယင်းသို့ အသင်္ခတဓာတ်ဝင်၍ ဖြစ်လာလိုသောကြောင့်လည်း ထိုစုတိစိတ် နောင် ပဋိသန္ဓေစိတ် မဝင်နိုင်သည်၊ ခြင်္သေ့မင်းရှေ့ ယုန်သားငယ် မသန်းလာဝံ့ သကဲ့သို့တည်း။
နိဗ္ဗာနဓာတူတိ စ နိဗ္ဗာယနမတ္တံ၊ န အသင်္ခတဓာတု၊ ဣတ္ထမ္ဘူတလက္ခဏေ စာယံ ကရဏနိဒ္ဒေသော။ အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ။ အနုပါဒိသေသနိဗ္ဗာနဓာတု ဟုတွာ ဣစ္ဆတီတိ အတ္တော ...
ဟူ၍ လာသော နေတ္တိဝိဘာဝနီ (၉၁) အလိုအားဖြင့် ငြိမ်းဧးခြင်းသဘော ရှိသည်ဖြစ်၍ သံသရာ ဘေးကြီးမှ လွတ်သွားလေ၏ ဟူလိုသတတ်။
ဤနေတ္တိဝိဘာဝနီ၌ နိဗ္ဗာနဓာတုသဒ္ဒါဖြင့် ငြိမ်းခြင်းကြိယာ သာမညကိုသာ ယူရမည်။ အသင်္ခတ ဓာတ်ကို ဤအရာ၌မယူနှင့်၊ ပရိနိဗ္ဗာယတိ-၌ နိပုဗ္ဗ၊ ဝါ- ဓာတ်၏ အရကိုလည်း ဘေးမှ လွတ်ငြိမ်းခြင်း ကြိယာသာမညကိုသာ ယူရမည်။ အသင်္ခတဓာတ် နိဗ္ဗာန်ကို ဤအရာ၌ မယူသင့် ဟူလိုသတတ်။ ။
ဤနေတ္တိဝိဘာဝနီစကားလည်း သူ၏ ဝတ္တိစ္ဆာအားလျော်စွာ ပရိယာယ နည်းမျိုးအားဖြင့် စကားတပုံ ဆိုသည်ကို မသင့် မယူသာပေ။
ဤနေတ္တိဝိဘာဝနီ၌ “အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗာယိ” ဟူသောပါဌ်ဖြင့် ငြိမ်းဧးခြင်း သဘောရှိသည်ဖြစ်၍ သံသရာမှ လွတ်သွားလေသည် ဟူသောအနက်ကို မုချပြသဖြင့် ငြိမ်းဧးခြင်း သဘောရှိသော အသင်္ခတဓာတ် နိဗ္ဗာန်သို့ ရောက်သွားလေသည် ဟူသော အနက်ကိုလည်း အဝုတ္တသိဒ္ဓိနည်း အားဖြင့် ပြနိုင်သောကြောင့်တည်း။
ရှေ့ဋီကာ သုံးစောင် တို့ဖြင့်ကား “အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗာယိ” ဖြင့် ငြိမ်းဧးခြင်း သဘောရှိသော ဝါ- သဘောဟု ဆိုအပ်သော အသင်္ခတဓာတ် နိဗ္ဗာန်သို့ ရောက်လေသည်၊ ဝါ-အသင်္ခတဓာတ်နိဗ္ဗာန်၌ တည်လေသည်။ ဟူသောအနက်ကို မုချနီတတ္ထအားဖြင့် ပြသည် ဟူလို သတတ်။
ထိုကြောင့် ရဟန္တာတို့ ပရိနိဗ္ဗာန်စံသည် ဟူသော စကားလည်းတခြား ရဟန္တာတို့ စုတိကျသည် ဟူသော စကားလည်း တပါးဟု သိကြကုန်။ ရဟန္တာတို့ စုတိကျ သည်ဟူသောစကားမှာ ရဟန္တာတို့ သေလေပြီဟူသော အများနှင့် ဆက်ဆံသော သေခြင်းဟူသော အမင်္ဂလာစကား၊ ရဟန္တာတို့ ပရိနိဗ္ဗာန် စံတော်မူသည်ဟူသော စကားမှာ ရဟန္တာအသျှင်တို့ မအိုမသေ အမြဲနေရသော အသင်္ခတ ဓာတ် နိဗ္ဗာန်ရွှေပြည်မြတ်၌ မအိုမသေ အမြဲစံနေတော်မူကြရသည် ဟု ဆိုလိုသော မင်္ဂလာစကား ဟု ကွဲကွဲပြားပြား သိကြကုန်။
“ရာဇာ ကာလင်္ကတော” ကား အမင်္ဂလာစကား ““ရာဇာ ဒေဝံဂတော” အား မင်္ဂလာစကား ဟု ထူးခြားသကဲ့သို့တည်း။
“ရာဇာ ဒေဝံဂတော” ၌ကား ထိုမင်းသည် နတ်ပြည်သို့ ရောက်သည်လည်း ရှိ၏၊ မရောက်သည်လည်း ရှိ၏။ “ပရိနိဗ္ဗုတော” ဆိုရာ၌ကား ဧကန်စင်စစ် ထိုရဟန္တာနိဗ္ဗာန်သို့ ရောက်သတည်း။ ဤသို့လည်း အထူးသိလေဦး။
ဤစကားသည်လည်း ယေဘုယျသာ။
“ သဗ္ဗေဝ နိက္ခိပိဿန္တိ၊ ဘူတာ လောကာ သမုဿယံ၊ ယတ္ထ ဧတာဒိသော သတ္ထာ၊ သမ္ဗုဒ္ဓေါ ပရိနိဗ္ဗုတော။
အစရှိသော 'သံဝေဂကထာအရာ၌ ပရိနိဗ္ဗုတော - လာသည်ကို ထောက်သဖြင့် စုတိကျရောက်ရ သည်ကို ပဓာနပြု၍ ဆိုအပ်သော အရာလည်း ထင်သောကြောင့်တည်း။
ဤနည်းအတူ “ နိဗ္ဗာ ယိံသု သသာဝကာ” စသည်ဖြင့် လာသော ဗုဒ္ဓဝင် ပါဠိတော် - စသည် တို့၌လည်း သံဝိဂ္ဂကထာအရာဝယ် လာသည်ဖြစ်၍ အတည်မကျ စုတိရခြင်းဟူသော အနက်ကိုပင် ပဓာနအားဖြင့် ယူအပ်၏။ နိဗ္ဗာန် စံမြန်းကြရကုန်၏ဟူသော အနက်မှာ အပဓာနသာ ဖြစ်သတည်း။
(က) နိဗ္ဗာနံ အတ္ထီတိ အာမန္တာ။ ။ နိဗ္ဗာနံ အတ္ထီတိ အတ္ထိ သိယာနိဗ္ဗာနံ သိယာ နော နိဗ္ဗာနန္တိ။
(ခ) အာဇာနာဟိ နိဂ္ဂဟံ၊ ဟဉ္စိ နိဗ္ဗာနံ အတ္ထီတိ အတ္ထိ သိယာ နိဗ္ဗာနံ သိယာ နော နိဗ္ဗာနန္တိ။ တေန နိဗ္ဗာနံ နော နိဗ္ဗာနံ နော နိဗ္ဗာနံ နိဗ္ဗာနန္တိ။
(ဂ) ယံ တတ္ထ ဝဒေသိ ဝတ္တဗ္ဗေ ခေါ နိဗ္ဗာနံ အတ္ထီတိ အတ္ထိ သိယာ နိဗ္ဗာနံ သိယာ နော နိဗ္ဗာနန္တိ။ နော စ ဝတ္တဗ္ဗေ နိဗ္ဗာနံ နော နိဗ္ဗာနံ နော နိဗ္ဗာနံ နိဗ္ဗာနန္တိ မိစ္ဆာ။
(ဃ) နော စေ ပန ဝတ္တဗ္ဗေ နိဗ္ဗာနံ နော နိဗ္ဗာနံ နော နိဗ္ဗာနံ နိဗ္ဗာနန္တိ။ နော စ ဝတ ရေ ဝတ္တဗ္ဗေ နိဗ္ဗာနံ အတ္ထီတိ အတ္ထိ သိယာ နိဗ္ဗာနံ သိယာ နော နိဗ္ဗာနန္တိ။
(င) ယံ တတ္ထ ၀ဒေသိ ဝတ္တဗ္ဗေ ခေါ နိဗ္ဗာနံ အတ္ထီတိ အတ္ထိ သိယာ နိဗ္ဗာနံ သိယာ နော နိဗ္ဗာနန္တိ။ နော စ ဝတ္တဗ္ဗေ နိဗ္ဗာနံ နော နိဗ္ဗာနံ နော နိဗ္ဗာနံ နိဗ္ဗာနန္တိ မိစ္ဆာ။
ကထာဝတ္ထုပါဠိတော် (၁၁၂)
၎င်းပါဠိတော်၏ အလွန် ရခဲသော အနက်
(က) နိဗ္ဗာန၊ နိဗ္ဗာန်ဟူသည်။
အတ္ထိ၊ ထင်ရှားရှိပါ၏လော။
ဣတိ၊ ဤသို့ ပရဝါဒီဆရာ မေးအပ်သည်ရှိသော်။
အာမန္တာ၊ ရှိပါ၏။
နိဗ္ဗာနံ အတ္ထီတိ၊ နိဗ္ဗာန် ထင်ရှားရှိ၏ ဆိုရာ၌။
ဝါ၊ ဆိုသော်လည်း။
နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။
သိယာ၊ ရံခါသာလျှင်။
အတ္ထိ၊ ထင်ရှား ရှိလာဖြစ်လာ၏။
နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။
သိယာ၊ ရံခါသော်ကား။
နော အတ္ထိ၊ ထင်ရှားရှိလာ ဖြစ်ပေါ်လာသည် မဟုတ်။
ဣတိ၊ ဤသို့ သကဝါဒီပုဂ္ဂိုလ် မိန့်ဆိုအပ်သည်ရှိသော်။
(ခ) တံ၊ အသျှင်သကဝါဒီသခင် ထိုထိပ်တင်ကို။
နိဂ္ဂဟံ၊ မဝံ့မစား အားပါး မနာ နှိပ်ပါရသည့် အရာကို။
အာဇာနာဟိ၊ ဝန်ခံတော်မူပါလော့။
ဟဉ္စိ၊ အကယ်၍လျှင်။
နိဗ္ဗာနံ အတ္ထီတိ၊ နိဗ္ဗာန်ထင်ရှားရှိ၏ ဆိုသော်လည်း။
အတ္ထိ သိယာ နိဗ္ဗာနံ သိယာ နော နိဗ္ဗာနန္တိ၊ ယင်းနိဗ္ဗာန် တရံတခါသာ ထင်ရှား ရှိလာ၏။ ယင်းသည့်နိဗ္ဗာန် တရံတခါကား ထင်ရှားရှိလာ ဖြစ်ပေါ်လာသည် မဟုတ်ဟူ၍။
ဝဒေယျ၊ ဆိုခဲ့ငြားအံ့။
တေန၊ ထိုသို့ဆိုသဖြင့်။
နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။
နော နိဗ္ဗာနံ၊ နိဗ္ဗာန်မဟုတ်။
နော နိဗ္ဗာနံ၊ နိဗ္ဗာန်မဟုတ်သော တရားသည်။
နိဗ္ဗာနံ၊ နိဗ္ဗာန်ဖြစ်ခဲ့၏။
ဣတိ၊ ဤသို့ အသျှင်သကဝါဒီ ဆိုရာရောက်၏။
(အနုလောမ ပါပနာ)
(ဂ) အထ၊ ထိုသို့ဖြစ်လျက်။
တတ္ထ၊ ထိုနှစ်ချက်တို့တွင်။
ခေါ၊ စင်စစ်။
နိဗ္ဗာနံ အတ္ထီထိ အတ္ထိ သိယာ နိဗ္ဗာနံ သိယာ နော နိဗ္ဗာနန္တိ၊ နိဗ္ဗာနံ အတ္ထိ ။ပ။ နိဗ္ဗာနံ-ဟူသော စကားကိုသာ။
ဝတ္တဗ္ဗေ၊ ဆိုသင့်၏။
နိဗ္ဗာနံ နော နိဗ္ဗာနံ နော နိဗ္ဗာနံ နိဗ္ဗာနန္တိ၊ နိဗ္ဗာနံ။ပ။ နိဗ္ဗာနံ-ဟူသော နောက်စကားကို။
နော စ ဝတ္တဗ္ဗေ၊ မဆိုအပ်သည်သာလျှင် ဖြစ်၏။
ဣတိ၊ ဤသို့။
ယံ ဝစနံ၊ အကြင် စကားကို။
ဝဒေသိ၊ အသျှင်သကဝါဒီဆိုခဲ့အံ့။
တံ၊ ထိုစကားသည်။
မိစ္ဆာ၊ အမှားပင်တည်း။
ဝါ၊ စကားနှစ်ချက် အဓိပ္ပါယ်ရ အတူတူပင်ဖြစ်လျက် ရှေ့အချက်ကိုသာ ဝန်ခံ၍ နောက်အချက်ကို ဝန်မခံသဖြင့် အမှားစင်စစ်တည်း။
( အနုလောမ ရောပနာ)
(ဃ) ပန၊ ထိုသို့မဟုတ်ခဲ့လျှင်။
နိဗ္ဗာနံ နော နိဗ္ဗာနံ နော နိဗ္ဗာနံ နိဗ္ဗာနန္တိ၊ နိဗ္ဗာန်သည် နိဗ္ဗာန်မဟုတ်၊ နိဗ္ဗာန်မဟုတ်သောတရားသည် နိဗ္ဗာန်မည်၏ဟူသော စကားကို။
နော စေ ဝတ္တဗ္ဗေ၊ အကယ်၍ မဆိုလို ဝန်မခံလိုငြားအံ့၊
ရေ၊ အို အသျှင်သကဝါဒီဆရာ။
ဝတ၊ စင်စစ်။
နိဗ္ဗာနံ အတ္ထီတိ အတ္ထိ သိယာ နိဗ္ဗာနံ သိယာ နော နိဗ္ဗာနန္တိ၊ နိဗ္ဗာန်ထင်ရှားရှိ၏ ဆိုသော်လည်း ရံခါသာ နိဗ္ဗာန် ရှိသည်၊ ရံခါ နိဗ္ဗာန်မရှိဟူသော စကားကိုလည်း။
နော စ ဝတ္တဗ္ဗေ၊ မဆိုသင့်တော့သည်သာ မဟုတ်ပါလော။
(ပဋိလောမ ပါပနာ)
(င) အထ၊ ထိုသို့ဖြစ်လျက်။
တတ္ထ၊ ထိုအဓိပ္ပါယ်သွား တသားတည်းဖြစ်သင့်သော စကားနှစ်ချက်တို့တွင်။
ခေါ၊ စင်စစ်။
နိဗ္ဗာနံ အတ္တီတိ အတ္ထိ သိယာ နိဗ္ဗာနံ သိယာ နော နိဗ္ဗာနန္တိ၊ နိဗ္ဗာနံ-ဟူသော ရှေ့စကားကိုသာလျှင်။
ဝတ္တဗ္ဗေ၊ ဆိုသင့်၏။
နိဗ္ဗာနံ နော နိဗ္ဗာနံ နော နိဗ္ဗာနံ နိဗ္ဗာနန္တိ၊ နိဗ္ဗာနံ။ပ။ နိဗ္ဗာနံ-ဟူသော နောက်အချက်ကိုကား။
နော စ ဝတ္တဗ္ဗေ၊ မဆိုသင့်သည်သာ ဖြစ်၏။
ဣတိ၊ ဤသို့။
ယံ ဝစနံ၊ အကြင်စကားကို။
ဝဒေသိ၊ အသင်သကဝါဒီ ဆိုခဲ့ငြားအံ့။
တံပိ၊ ထိုစကားသည်လည်း။
မိစ္ဆာ၊ စကားနှစ်ချက် အဓိပ္ပါယ် တချက်တည်း ထွက်လျက် ရှေ့အချက်ကို ပယ်လှန်၍ နောက် အချက်ကို မပယ်လှန်သောကြောင့် အမှားစင်စစ်ပင်တည်း။
(ပဋိလောမ ရောပနာ)
၎င်း ကထာဝတ္ထုပါဠိတော်၏ အလွန်သင့်လျော်ကောင်းမြတ် ဝါစုဂ္ဂတ ပြုစအပ်လှသော သုဒုလ္လဘတ္ထ တည်း။
အလွန်ရနိုင်ခဲသော အဓိပ္ပါယ်
အဓိပ္ပါယ် အကျဉ်းကား …
နိဗ္ဗာန်ထင်ရှား ရှိပါသလော ဟု ပရဝါဒီကမေးရာ ထင်ရှားရှိပါ၏၊ ယင်းသို့ နိဗ္ဗာန်ထင်ရှား ရှိသည် ဆိုသော်လည်း အစဉ်ထာဝရ ယင်းနိဗ္ဗာန်ရှိ၍နေသည် မဟုတ်၊ တရံတခါသာ နိဗ္ဗာန်ရှိသည် ဖြစ်လာသည် ဟု သကဝါဒီဆရာ မိန့်ဆိုသည်။
ယင်းသို့ ဆိုခြင်းသည်လည်း နိဗ္ဗာန်ဟူက အချင်းခပ်သိမ်း ဖြစ်လာတတ် ပေါ်လာတတ်သော တရားမဟုတ်၊ တရံတခါ အခွင့်ကြီးသာမှသာ ပေါ်လာပြီးနောက် မပျောက်မပျက် အမြဲတည်နေသည် ဟု ဆိုလိုသတည်း။ ။
ယင်းသကဝါဒီစကားသည် “န သဗ္ဗေနသဗ္ဗံ ဇာတန္တိ အဇာတံ “ ဟု ဝစနတ္ထပြ ဥဒါနအဋ္ဌကထာ (၁၅၇) “အဘူတံ အဇာတံ ဟု အတ္ထီတိ အဗ္ဘုတံ” ဟူသော သဠာယတနသံယုတ်အဋ္ဌကထာ(၁၄၉) နှင့်အညီပင်တည်း။
ယင်းသို့ သကဝါဒီဆရာက နိဗ္ဗာန်ရှိ၏ ဆိုသော်လည်း တရံတခါသာ ရှိသည်။ တရံတခါ မရှိ ဆိုသောအချက်ကို မနှစ်သက်၍ ယင်းသို့ဖြစ်က နိဗ္ဗာန်သည် နိဗ္ဗာန် မဟုတ်၊ နိဗ္ဗာန်မဟုတ်သော တရားသာ နိဗ္ဗာန် ဟု အသင်သကဝါဒီ ဆိုရာရောက်၏ ဟု ပရဝါဒီဆရာက ဆိုလေသတည်း။
ယင်း ပရဝါဒီဆရာကား နိဗ္ဗာန်ဟူသည် အဇာဋာကာသ အထက်ကောင်းကင် အောက်ကောင်းကင် ကြီးများကဲ့သို့ အစဉ်ထာဝရအမြဲရှိမှသာ နိဗ္ဗာန်ရှိသည် ဆိုသင့်ရာ၏၊ အစဉ်ထာဝရ အမြဲမရှိသည့် ယင်းနိဗ္ဗာန်ကို ထင်ရှားရှိသည် မဆိုသင့် ဟု အာဘော်ထားသတည်း။
ယင်းသို့ မိမိဘောဂရှိသည့်အတိုင်း အပြစ်တင်လို၍ ယံ တတ္ထ ဝဒေသိ စသည်ကို တက်ဆိုသတည်း။
နိဗ္ဗာန်ထင်ရှားရှိ၏ ဆိုသော်လည်း တရံတခါသာ ရှိသည်၊ တရံတခါကား မရှိ မဖြစ် ဟု ဆိုလိုသည်ဖြစ်လျှင် နိဗ္ဗာန်ဟူက အမြဲထင်ရှား ရှိနေရမည် ဖြစ်သောကြောင့် ယင်းသို့ အမြဲတည်နေ သောနိဗ္ဗာန်ကား နိဗ္ဗာန်မဟုတ်၊ နိဗ္ဗာန်မဟုတ်သော တရားသာ နိဗ္ဗာန်ဟုဆိုရာ ဝန်ခံရာ ရောက်လျက် မရောက် ဟု အသင် သကဝါဒီ ဆိုခဲ့ငြားအံ့၊ အသင့်စကား အမှားပင်တည်း။ ။
ထိုသို့ မဟုတ် နိဗ္ဗာန်သည် နိဗ္ဗာန်မဟုတ်၊ နိဗ္ဗာန်မဟုတ်သော တရားသာ နိဗ္ဗာန်ဟု မဆိုလိုလျှင်လည်း နိဗ္ဗာန် ရံခါသာရှိသည် ရံခါမရှိ ဟူသောစကားကိုလည်း မဆိုလိုရာပင် ရောက်တော့၏။ ထိုသို့ ရောက်လျက် မရောက်ဆိုခဲ့လျှင် ၎င်းစကားလည်း အမှားစင်စစ်ပင်တည်း ဟု ပရဝါဒီဆရာ ဆိုပြန်ခြင်းငှါ နော စေ ပန - စသောစကားကို တက်ဆိုပြန်သတည်း။
ပရဝါဒီဆရာက နိဗ္ဗာန်ထင်ရှားရှိသည်မှန်လျှင် အစဉ်ထာဝရ ကမ္ဘာကမ္ဘေ အမြဲရှိနေမှသာ နိဗ္ဗာန် ဟူသည် ရှိရမည်။ တရံတခါသာ ဖြစ်လာပြီးနောက်မှ မပျောက်မပျက် အမြဲထင်ရှားရှိနေသည် မဆိုသင့် ဟု အာဘော်ထားသတည်း။
ယင်းသို့ အာဘော်ထားသော်လည်း ၎င်းထားတိုင်း မဟုတ်၊ တရံတခါ အခွင့်ကြီးသာမှ ဖြစ်လာပြီးနောက် မပျောက်မပျက် အမြဲထင်ရှား ရှိသည်သာ ဧကန်တည်း ဟု သကဝဒီဆရာ ဆိုလိုသည်။
ယင်း ဆိုလိုသောစကားကို တစုံတယောက် ပရဝါဒီပုဂ္ဂိုလ်များက မတားမြစ်သင့်သည်သာ ဟု ပြလိုသော မူလဋီကာ (၇ဝ) ဆရာအသျှင်က …
အတီတံ အတ္ထီတိ ၀ဒန္တဿ ပရဝါဒိဿာယံ ဒေါသော ယထာ အာပဇ္ဇတိ။ န တထာ နိဗ္ဗာနံ အတ္ထီတိ ၀ဒန္တဿ သကဝါဒိဿ ၀စနံ ပဋိဗာဟေတဗ္ဗံ။
ဟု မိန့်ပြအပ်သတည်း။
အတီတံ၊ လွန်လေပြီးသော အတိတ်သင်္ခါရတရားသည်။
အတ္ထိ၊ ထင်ရှားရှိသေး၏။
ဣတိ၊ ဤသို့။
၀ဒန္တဿ၊ ဆိုသော။
ပရဝါဒိဿ၊ ပရဝါဒီပုဂ္ဂိုလ်အား။
အယံ ဒေါသော၊ ဤပယ်လှန် တားမြစ်အပ်သော အပြစ်သည်။
အာပဇ္ဇတိ ယထာ၊ ရောက်သကဲ့သို့။
တထာ၊ ထို့အတူ။
နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။
အတ္ထိ၊ ထင်ရှားရှိ၏။
ဣတိ၊ ဤသို့။
၀ဒန္တဿ၊ ဆိုသော။
သကဝါဒိဿ၊ သကဝါဒီပုဂ္ဂိုလ်၏။
ဝစနံ၊ စကားကို။
န ပဋိဗာဟေတဗ္ဗံ၊ မတားမြစ်အပ်။ မတားမြစ်သင့်။
၎င်းမူလဋီကာအနက်။
ဤပါဠိတော်၌ “ နိဗ္ဗာနံ အတ္ထီတိ အာမန္တာ” စသော စကားတော်၏ အရည်စစ် အဓိပ္ပါယ်မှာ နိဗ္ဗာန် ဟူသည် အစဉ်ထာဝရ ကမ္ဘာကမ္ဘေ အကြောင်းကင်း၍ ဖြစ်နေသော တရားမဟုတ် အကြောင်းပါရမီ တွေ စုံလင်မှ တရံတခါ အခွင့်ကြီးသာ၍ ဖြစ်ပေါ်လာပြီးနောက် မပျောက်မပျက် အမြဲတည်၍ နေသည်။
ယင်းသို့ဖြစ်လာပြီးနောက် မပျောက်မပျက် အမြဲတည်နေသည်ကို ရည်၍သာ ယင်းနိဗ္ဗာန်ကို ဓုဝ သဿတ ဆိုရသည် ဟူလိုသတတ်။
ဤကား အလွန်နက်နဲ ခက်ခဲလှစွာသော ကထာဝတ္ထုပါဠိတော် စကားအရပ်ရပ် တို့တွင် အထူးသဖြင့် ခက်ခဲနက်နဲလှစွာသော ဤ ”နိဗ္ဗာနံ အတ္ထီတိ အာမန္တာ” စသော စကားတော်မှ ထုတ်ဘော်၍ ရအပ်သော ဒုလ္လဘာဓိပ္ပါယကို တိက္ခ ကဝိ ဂမ္ဘီရဉာဏ ပုဂ္ဂိုလ်တို့ မှသာ သဘောထိထိ မိနိုင်ရာသည်။ မိအောင် ကြံဆောင် အားထုတ်ကြပါကုန်။
အတီတေပိဟိ ဝေဒနာ ဝေဒနာယေ၀။ပ။ ဝိညာဏံ ဝိညာဏမေ၀။ အနာဂတေပိ ပစ္စုပ္ပန္နေပိ။ နိဗ္ဗာနံ သဒါပိ နိဗ္ဗာနမေဝ။
အတီတေပိ၊ ဖြစ်ပြီးသည့်နောက် အတိတ်ကာလ ရောက်သော်လည်း။
ဝေဒနာ၊ ခံစားတတ်သောကြောင့် ဝေဒနာအမည်ရသော တရားသည်။
ဝေဒနာယေဝ၊ သဘောရင်းအတိုင်း ဝေဒနာပင် မည်သလျှင်ကတည်း။ပ။
ပစ္စုပ္ပန္နေပိ၊ ပစ္စုပ္ပန်၌လည်း။
ဝေဒနာ၊ သည်။
ဝေဒနာယေဝ၊ ဝေဒနာ မည်သည်လျှင်တည်း။ပ။
နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။
သဒါပိ၊ အခါခပ်သိမ်းလည်း။
ဝါ၊ ဖြစ်ပြီး ဖြစ်လတ္တံ့ ဖြစ်ဆဲ အားဖြင့် ကာလသုံးပါး၌လည်း။
နိဗ္ဗာနမေဝ၊ ငြိမ်းဧးခြင်းသဘော ရှိသည်သာလျှင်တည်း။
ဤသို့ သုတ်ပါထေယျဋ္ဌကထာ (၁၆၀) စာ-အင်္ဂါတွင် လာသော စကား၌ နိဗ္ဗာန် ဟူသည် အခါ ခပ်သိမ်း ကမ္ဘာကမ္ဘေ အကြောင်းကင်း၍ ဖြစ်နေသော တရားဟု မထင်မှားမိကြရအောင် ယခုအနက်ဇယာဇနာအတိုင်း ငြိမ်းဧးခြင်းသဘော ရှိသော နိဗ္ဗာန်ဟူက ကာလသုံးပါးလုံး၌ပင် ငြိမ်းဧးခြင်း သဘောအတိုင်းသာလျှင် ဖြစ်၏။ ဝေဒနာစသော တရား တို့သည် ကာလသုံးပါးလုံးတို့၌ ခံစားခြင်း သဘောစသော မိမိတို့သဘောတရားကို မလွန်နိုင်၊ သဘောရင်း အတိုင်းသာ ဖြစ်ကြသကဲ့သို့တည်း ဟူသော အနက်ကိုသာ ၎င်း အဋ္ဌကထာဆရာတော် ပြတော်မူအပ်သည်။
နိဗ္ဗာန်ဟူက အစဉ်ထာဝရ အခါခပ်သိမ်း အကြောင်းကင်း၍ ဖြစ်နေသော တရားဟု ပြတော်မူသည် မဟုတ်။ အကယ်၍ ယင်းသို့ ပြဆိုခဲ့လျှင် “ အဘူတံ အဇာတံ ဟုတွာ အတ္ထီတိ အဗ္ဘုတံ” ဟူသော ယခင် သဠာယတနသံယုတ် အဋ္ဌကထာ။ “ သဗ္ဗေနသဗ္ဗံ အဇာတိဓမ္မတာတိ ဒဿနတ္ထံ အဇာတန္တိ ဝုတ္တံ” ဟူသော ဥဒါန်းအဋ္ဌကထာတို့နှင့် ဝိရုဒ္ဓဖြစ်တော့မည် ဧကန်မှတ်။
အဇာတံ - စသော ပါဌ်၏ အဓိပ္ပါယ်များ
အဗ္ဘုတံ၊ တရံတဆစ် မဖြစ်ဘူးသေးဘဲ ဖြစ်လာ ပေါ်လာပြီးနောက် မပျောက်မပျက် အမြဲ တည်နေသော နိဗ္ဗာန်။
အဇာတံ၊ အချင်းခပ်သိမ်း ဖြစ်လာတတ်သည် မဟုတ်၊ တရံတခါ ခွင့်ကြီး သာမှ ဖြစ်ပေါ်လာသော နိဗ္ဗာန်။
ဤသို့ အနက်ပေးရမည် ဟူလို။ ယခင် အဋ္ဌကထာနှစ်ရပ်တို့၏ အနက် အဓိပ္ပါယ်။
ယင်းသို့ ဖြစ်ပေါ်လာသော်လည်း ဥပါဒ်အားဖြင့် ဖြစ်ပေါ် လာသည် မဟုတ်၍သာ အဇာတ-ဆိုရသည်။ လုံးလုံးကြီး အဘယ်သဘောတခုမျှ မဖြစ် ပေါ်လာသည် မဟုတ်၊ အကယ်၍ ယင်းသို့ အဘယ်သဘောတခုမျှ မဖြစ်လာခဲ့လျှင် ယင်းသည့် နိဗ္ဗာန် အဘာဝ ဧကန် ဖြစ်ခဲ့ရာ၏၊ ဤနည်းအတူ အသင်္ခတ ဟူလည်း အကြောင်းပစ္စည်းတရားတို့ ဥပါဒ်ဒြဗ်ပေါ် လာအောင် မပြုပြင်နိုင်၍သာ အသင်္ခတ -ဆိုရသည်။ အဘယ်သဘောတခုမျှ ပေါ်လာအောင် မပြုပြင် အပ်သောကြောင့် အသင်္ခတ -ဆိုသည် မဟုတ်။
န ဥပ္ပါဒေါ ပညာယတီတိ အာဒီဟိ ဥပ္ပါဒဧရာဘင်္ဂါနံ အဘာဝေါ ဝုတ္တာ။ ဥပ္ပါဒါ နဥှိ အကာဝေန အသင်္ခတန္တိ ပညာယတိ။
တိကနိပါတ်အင်္ဂုတ္တရအဋ္ဌကထာ (၁၃၈) ။
ဥပါဒ် ဘင် မရှိသောကြောင့်သာ အသင်္ခတ ဆိုရသည်။ လုံးလုံးကြီး မပြုပြင် အပ်သောကြောင့် အသင်္ခတ ဆိုရသည်မဟုတ် ဟူလို။
ဤအဋ္ဌကထာ နိဒသနနည်းပြကို ထောက်သဖြင့် ဥပါဒ်အထည်ဒြဗ်အားဖြင့် မထင်၍သာ အသင်္ခတ - အဇာတ - အဘူတ - အကတ ဆိုရသည်။ လုံးလုံးကြီး သင်္ခတ- ဇာတ - ဘူတ - ကတ မဟုတ်သောကြောင့် အသင်္ခတ အဇာတ အဘူတ အကတ-ဆိုသည် မဟုတ် ဟု သိအပ်၏။
ဧကတိံ သဘူမိယံ ဟိ သုခံ ပရိယန္တံနာမ နိဗ္ဗာနမေဝ။ နိဗ္ဗာနေဟိ ပဋိသန္နိဝသေန ပုနဗ္ဗဝေါနာမ နတ္ထိ။
ဤသို့လာသော အနာဂတဝင် ပါဠိတော်၌ နိဗ္ဗာန်ဝယ် ပဋိသန္ဓေ၏ အစွမ်းအားဖြင့် တဘန်ဖြစ်ရခြင်း မည်သည် မရှိဆိုသဖြင့် ပဋိသန္ဓေနေခြင်းမှ တပါးသော အခြင်းအရာအားဖြင့်ကား ဖြစ်ရာမဟုတ် မဆိုသင့်ဟူသော အနက်ကို ဗျတိရေကနည်းအားဖြင့် ပြတော်မူသည်ပင် ဖြစ်၏။ ၎င်းပါဠိတော် သည်လည်း …
“နိဗ္ဗာနံ အရဟတော ဂတိ” ဟူသော ပရိဝါရပါဠိတော်။
“ ကာယဿ ဘေဒါ ဓမ္မဋ္ဌော၊ သင်္ချံ နာပေတိ ဝေဒဂူ” ဟူသော သဠာယတနသံယုတ်ပါဠိတော်။ ။
“အတ္ထံ ပလေတိ န ဥပေတိ သင်္ခံ “ စသော စူဠနိဒ္ဒေသပါဠိတော်။
“ရှုပသင်္ခါဝိမုတ္တော ခေါ မဟာရာဇ တထာဂတော ဂမ္ဘီရော” စသော သဠာယတနသံယုတ်ပါဠိတော် စသည်တို့နှင့် ညီလျော်လှပေစွ။
စိတ်-စသည်တို့၏ နိဗ္ဗာန်နှင့် တစိတ်အားဖြင့် တူပုံ
ဤဆိုလတ္တံ့သည်ကား အောက်၌ ထုတ်ပြအပ်ခဲ့ပြီးသော ပါဠိ အဋ္ဌကထာ ဋီကာတို့မှ အရည်စစ် အဆီညှစ်၍ ရအပ် ဆုံးဖြတ်အပ်သော တပါးသော စိတ် စေတသိက် ရုပ်တို့၏ နိဗ္ဗာန်တရားနှင့် တစိတ်အားဖြင့် ထပ်တူထပ်မျှ သဒိသ ဖြစ်ပုံတည်း။
စိတ် စေတသိက် ရုပ်တို့ကို သူ၏သန္တာန်၌ဖြစ်သော စိတ် စေတသိက် ရုပ်၊ ငါ၏သန္တာန်၌ဖြစ်သော စိတ် စေတသိက် ရုပ် ဟု ဆိုအပ်သကဲ့သို့ နိဗ္ဗာန် ကိုလည်း သူ၏နိဗ္ဗာန် ငါ၏နိဗ္ဗာန် ဆိုအပ်သည်သာ ဖြစ်၏။
သူ၏အကြောင်း ငါ၏အကြောင်း အားလျော်စွာ ထိုသူတို့၌ပင် ထိုစိတ် စေတသိက် ရုပ်တရား ဖြစ်လာသကဲ့သို့ ထိုထိုသူတို့ အသီးအသီး ဖြည့်ကျင့်အပ်သော ပါရမီအကြောင်းအားလျော်စွာ ထိုထိုသူတို့ ထံ၌ပင် ထိုနိဗ္ဗာန် ဖြစ်ပေါ် လာသည်သာ ဖြစ်၏။
စိတ် စေတသိက် ရုပ်တရားတို့သည် ထိုထိုသူတို့ကိုလွှတ်၍ အလွတ်၌ မတည်သကဲ့သို့ နိဗ္ဗာန် သည်လည်း ထိုထိုပရိနိဗ္ဗုတပုဂ္ဂိုလ်ကိုလွှတ်၍ အလွတ် သက်သက်၌ မတည်။
အရဟတ္တဖိုလ်ကိုလည်း သဥပါဒိသေသနိဗ္ဗာန် ဆိုအပ်သည့် အရာရှိသည် ဟု နေတ္တိအဋ္ဌကထာ စသည်၌ လာသည့်အတိုင်း သဥပါဒိသေသနိဗ္ဗာန်သို့ ရောက်သည်ဟူ၌ ပုဂ္ဂိုလ်က အရဟတ္တဖိုလ်ရှိရာ သွားရောက်ရသည် မဟုတ်သကဲ့သို့ အနုပါဒိသေသနိဗ္ဗာန်သို့ ရောက်သည် ဟူရာ၌လည်း ပုဂ္ဂိုလ်က အနုပါဒိသေသ နိဗ္ဗာန်ရှိရာ သွားရောက်ရသည် မဟုတ်။
အရဟတ္တဖိုလ်ရတနာ ပေါ်လာချိန်ရောက်သော ပုဂ္ဂိုလ်၌ အရဟတ္တဖိုလ် ပေါ်လာသကဲ့သို့ နိဗ္ဗာန် ရတနာ ပေါ်လာချိန်ရောက်သော ရဟန္တာ၌ အနုပါဒိသေသနိဗ္ဗာန်ရတနာ ပေါ်လာသည်။
ကိလေသာ မကုန်သေးခင် အရဟတ္တဖိုလ် ဟူသော သဥပါဒိသေသနိဗ္ဗာန် မပေါ်လာနိုင်သကဲ့သို့ ရုပ်နာမ်ခန္ဓာ ကိုယ်မကုန်သေးခင် အနုပါဒိသေသနိဗ္ဗာန် မပေါ်လာနိုင်။
“ယောကောစိ သင်္ခတာသင်္ခတဓမ္မာ အတ္တဿ အဘာဝတော အနတ္တာနာမ”
ဟူသော ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ (၂၄၆) နှင့် အညီ နိဗ္ဗာန်တရားသည်လည်း အခြားသော စိတ် စေတသိက် ရုပ်တို့ကဲ့သို့ပင် တိတ္ထိတို့ ကြံဆအပ်သော အတ္တမဟုတ်သောကြောင့် အနတ္တမည်၏။
ဤကား အခြားသော ပရမတ္ထ တရားတို့နှင့် နိဗ္ဗာန်တရား တစိတ်အားဖြင့် တူပုံ။
စိတ်-စသည်တို့၏ နိဗ္ဗာန်နှင့် ထူးခြားပုံ
ဤဆိုလတ္တံ့ သည်ကား အခြားသော ပရမတ္ထတရားတို့နှင့် နိဗ္ဗာန်တရား ထူးခြားပုံတည်း။
တပါးသော စိတ် စေတသိက် ရုပ် တရားတို့မှာ သူ၏ စိတ် စေတသိက် ရုပ်၊ ငါ၏ စိတ် စေတသိက် ရုပ် ဆိုအပ်သကဲ့သို့ နိဗ္ဗာန်ကိုလည်း သူ၏နိဗ္ဗာန် ငါ၏ နိဗ္ဗာန် ဆိုအပ်သော်လည်း တပါးသော စိတ် စေတသိက် ရုပ်တို့မှာ ထိုသူတို့ သတ္တဝါဖြစ်၍ နေစဉ်သာ ဖြစ်ပေါ် လာရသည်၊ နိဗ္ဗာန်မှာ ထိုသူတို့ သတ္တပညတ်ကို လွှတ်၍နေသည့်အခါမှသာ ဖြစ်ပေါ်လာသည်။
တပါးသော စိတ် စေတသိက် ရုပ်ပရမတ္ထတရား တို့မှာ ထိုထိုသူတို့ အကြောင်း အားလျော်စွာ ဖြစ်ပေါ်လာသည်ကိုစွဲ၍ ဖြစ်သည့်အတိုင်း သင်္ခတနိမိတ် လက္ခဏာ ပေါ်၍နေသဖြင့် သင်္ခတတရား ပင် ဆိုအပ်သည်၊ နိဗ္ဗာန်မှာ ထိုထိုသူတို့ ပြုအပ်သော အကြောင်းအားလျော်စွာ ဖြစ်ပေါ် လာရင်း မှန်သော်လည်း ယင်းသို့ ဖြစ်ပေါ်လာပုံ၏ အလွန်သိမ်မွေ့နက်နဲရကား ထိုအကြောင်းတရား တို့ကြောင့် ဖြစ်ပေါ်လာပုံ သင်္ခတနိမိတ်ပေါ် မထင်သဖြင့် ထိုနိဗ္ဗာန်ကို သင်္ခတမဆိုသင့် မဆိုထိုက်။
တပါးသော စိတ် စေတသိက် ရုပ် ပရမတ္ထတရားတို့မှာ ထိုထို မိမိတို့ဖြစ်ရာ ဖြစ်ရာ၌ ဖြစ်ချည် ပျက်ချည် အတည်မကျ သင်္ခါရဒုက္ခ ဘေးဘယကို ဖြစ်စေလျက် ဖြစ်ပေါ်လာသည်။ နိဗ္ဗာန်မှာ ထိုထို မိမိရောက်ရာ ပရိနိဗ္ဗုတအသျှင်များအား ဘေးကင်းချမ်းသာ လွန်စွာမြစေလျက် မပျက်မစီး နိစ္စ - ဓု၀ - သဿတ ဖြစ်၍ အမြဲ တည်နေလာသည်။
တပါးသော စိတ် စေတသိက် ရုပ်တရားတို့မှာ ထိုမိမိတို့ ရောက်ရာ သတ္တဝါ သန္တာန်၌ ဥပါဒ် ဌီ ဘင် အားဖြင့် ခဏတ္တယဖြစ်၍ ဖြစ်၍နေရသည်၊ နိဗ္ဗာန်မှာ ထိုထိုသူတို့ ရုပ်နာမ်ပျောက်၍ ပရိနိဗ္ဗုတ ပုဂ္ဂိုလ်အဖြစ်၌ တည်နေသည့်အခါ ထိုထို ရူပါဒိသင်္ခါဝိမုတ္တ ရဟန္တာအသျှင်တို့၌ ဝါ- ထိုအသျှင်တို့၏ တည်ရာဖြစ်၍ ဥပါဒ် ဘင်ဟူသည် မရှိ၊ သိမ်မွေ့စွာတည်နေသော ဌီ၏အစွမ်းအားဖြင့် အသစ် စက်စက် ကဲ့သို့ ဘယ်သည့်ကာလမှ ပျက်စီးခြင်း မရှိ၊ အမြဲ တည်၍ နေသည်။
အရဟတ္တဖိုလ်ဟူသော သဥပါဒိသေသနိဗ္ဗာန်မှာ ဤဘဝခန္ဓာရှိစဉ် ပေါ်လာသည်။ အနုပါဒိသေသ နိဗ္ဗာန်မှာ ဘဝခန္ဓာပျက်သည့်အခါမှ ပေါ်လာသည်။
သဥပါဒိသေသနိဗ္ဗာန်မှာ ဥပါဒ် ဌီ ဘင်အားဖြင့် ပေါ်လာသည်။ အနုပါဒိသေသနိဗ္ဗာန်မှာ ဥပါဒ် ဘင် မရှိ၊ သုဒုဒ္ဒသ - သုနိပုဏ - ဌိတိသဘာဝ အားဖြင့်သာ ပေါ်လာသည်။
ယင်းအရဟတ္တဖိုလ်ဟူသော သဥပါဒိသေသနိဗ္ဗာန်မှာ ထိုရဟန္တာ ခန္ဓာငါးပါး ရှိတုန်းအခါတွင်သာ တည်တံ့နိုင်သည်၊ အနုပါဒိသေသနိဗ္ဗာန်မှာ ထိုရဟန္တာတို့ စုတိပြီးနောက် ရူပါဒိသင်္ခါ ဝိမုတ္တပုဂ္ဂိုလ် အဖြစ်ဝယ် တည်နေသည်မှစ၍ ဘယ်သည် ကာလမှ ပျက်စီးခြင်းမရှိ၊ အမြဲ တည်နေသည်။
သဥပါဒိသေသနိဗ္ဗာန်မှာ သင်္ခါရ သင်္ခတ နယ်ဝင်ဖြစ်၍ အနိစ္စ ဒုက္ခ ဖြစ်သည်။ အနုပါဒိသေသနိဗ္ဗာန်မှာ ပိသင်္ခါရ - အသင်္ခတနယ်ဝင်ဖြစ်၍ နိစ္စ သုခ ဖြစ်သည်။
တပါးသော ပရမတ္တတရားတို့မှာ ထိုပုဂ္ဂိုလ်တို့ရှိရာ အရပ်ဆယ်မျက်နှာ၌ထိုထို ပုဂ္ဂိုလ်တို့၌ စွဲကပ်၍ တည်သည်၊ နိဗ္ဗာန်မှာ ထိုထိုအရပ်ဆယ်မျက်နှာ၌ ထိုထို ပရိနိတပုဂ္ဂိုလ်တို့ ရှိရာ တည်သော်လည်း ထိုထိုအရပ် ထိုထိုပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၌ စွဲ၍ကပ်၍ မတည်။
သဥပါဒိသေသနိဗ္ဗာန်နှင့်တကွ တပါးသော ပရမတ္ထတရားတို့မှာ မပျက်စီးရအောင် မဆင်းရဲရအောင် ဘယ်သည့်နတ်ဗြဟ္မာ ဘုရားတို့သော်မှ မတတ်နိုင် သည်ဖြစ်၍ မပျက်စီးစေလိုသူတို့၏ အလိုသို့ မလိုက်သောကြောင့် အဝယဝတ္တန - အနတ္တ။
မပျက်စီးရအောင် ဘယ်သူတယောက်မျှ မစီရင်နိုင် အစိုးပိုင်သူ မရှိ အသာမိက အနတ္တ။
အနုပါဒိသေသနိဗ္ဗာန်မှာ မိမိ၏ အလွန်ဧးမြချမ်းသာခြင်း သီတိဘာဝ သန္တိ သဘာဝ နိဗ္ဗာယနသဘာဝ သုပရိသုဒ္ဓ သုပဘာဝန္တ အစ္စန္တသုခသဘောမှ ရွှေ့လျောပျက်စီးစေလိုသူတို့ အလိုသို့မလိုက် သောကြောင့် အဝသဝတ္တန အနတ္တ။
ယင်းနိဗ္ဗာန်၏ ယင်းနိစ္စ - သုခ - စသော အတုလဂုဏ် ဝိသေသကို ပျက်စီးအောင် ဘယ်သူ တစုံတယောက်မှ မတတ်နိုင် မစီရင်နိုင် အစိုးပိုင်သူမရှိ၊ ပကတိ ချမ်းသာ ဧးမြ၍ အမြဲတည်နေ သောကြောင့် အသာမိက အနိသာရိယ အနတ္တ။
စိတ် စေတသိက် ရုပ်ဟူသော အနတ္တတရားတို့မှာ အပြစ်အာဒီနဝ အားဖြင့် ဝိပသနာရှုအပ်သည်၊ နိဗ္ဗာန်ဟူသော အနတ္တတရားမှာ ဂုဏ်အားဖြင့် ဥပသမာနုဿဘိ၏ အာရုံဖြစ်သည်၊
ဤကား တပါးသော ပရမတ္တတရားတို့နှင့် နိဗ္ဗာန်ဟူသော ပရမတ္တတရား အလွန်ထူးခြား ကွဲလွဲပုံ တည်း။
နိဗ္ဗာန် အကျဉ်းမှတ် သဘာဝ အနက်များ
ဤသို့လျှင် “ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်းဝယ်” ဤမျှလောက် ပြအပ်ခဲ့ပြီးသော ပါဠိ အဋ္ဌကထာ ဋီကာ, အာဂမ သာဓက - စကားအစဉ်ဖြင့် ငြိမ်းဧးခြင်း ပရိနိဗ္ဗာယန သဘောတရားသည် နိဗ္ဗာန်မည်၏ ဟူသော အနက် …
ယင်း ငြိမ်းဧးခြင်း သဘောတရားသည် ပရမတ္ထအားဖြင့် ထင်ရှားရှိ၏။ ပျောက်၍ပြတ်၍သွားသော အဘာဝမျှကို နိဗ္ဗာန်ဆိုသည်မဟုတ် ဟူသောအနက်။
ယင်းငြိမ်းဧးခြင်း သဘောဟူသော နိဗ္ဗာန်သည်လည်း ငြိမ်းခြင်းသို့ရောက်သူ ပရိနိဗ္ဗုတပုဂ္ဂိုလ်နှင့် စပ်၍ပင် ထင်ရှားပေါ်လာသည်ဟူသော အနက် …
ထိုပရိနိဗ္ဗုတပုဂ္ဂိုလ် တို့သည်လည်း ထိုမိမိတို့ထံ၌ ဆိုက်ရောက်လာသော နိဗ္ဗာန်၌ပင် တည်နေ ကြသည်။ ပျောက်၍ပြတ်၍ သွားသည်မဟုတ် ဟူသောအနက်။
နိဗ္ဗာန် ရောက်သည်ဟူရာ၌ သူတပါးတို့ ရောက်နှင့်ပြီးရာ နိဗ္ဗာန်သို့ နောက်နောက်သူတို့ထပ်၍ ရောက်သည်မဟုတ်၊ မိမိတို့ ဘုန်းကံ ပါရမီအစွမ်းဖြင့် မိမိတို့ထံ အသီးအသီးဖြစ်ပေါ်လာသော နိဗ္ဗာန်ရတနာ၌ အသီးအသီး တည်စံနေကြသည် ဟူသော အနက် …
နိဗ္ဗာန်ရှိရာသို့ ပုဂ္ဂိုလ်က သွားရောက်ရသည် မဟုတ်၊ ပုဂ္ဂိုလ်ရှိရာ နိဗ္ဗာန် ရတနာ ဆိုက်ရောက် လာသည် ဟူသော အနက် …
ယင်းသို့ ဆိုက်ရောက်လာရာ၌ ဥပါဒ်ဒြဗ်အားဖြင့် ထင်ရှားစွာ ဖြစ်လာသည် မဟုတ်၊ အလွန် သိမ်မွေ့သော သုနိပုဏ, သုဒုဒ္ဒသ သုဂမ္ဘီရ သဘောအားဖြင့် ဖြစ်ရောက်လာသည် ဟူသော အနက် ..
ယင်းသို့ ဖြစ်ရောက်လာပြီးနောက်မှ မပျောက်မပျက် အမြဲတည်နေသည် ကိုသာရည်၍ ယင်း နိဗ္ဗာန်ကို နိစ္စ-ဓု၀-သဿတ-ဆိုသည်၊ သူအများတို့ တပေါင်းတည်း ရောက်ကြစရာ ကမ္ဘာကမ္ဘေ က အကြောင်းကင်း၍ အစဉ်ထာဝရ ဖြစ်နေနှင့်သော နိဗ္ဗာန်ပြည်ဟူသည် မရှိ ဟူသော အနက် …
ထိုနိဗ္ဗာန်၏ ထိုထိုရဟန္တာတို့ စုတိကျရောက်ရာဝယ် အရပ်ဆယ်မျက်နှာတွင် အဘယ်အရပ်တွင် နိဗ္ဗာန်မရှိ မဆိုသင့် ဟူသော အနက် …
မဂ်ဖိုလ်ရကာမတ္တဖြင့် အသင်္ခတဓာက်နိဗ္ဗာန်သို့ မရောက်သေး၊ ရဟန္တာတို့ စုတိကျရောက်ပြီး အခါမှ ယင်းနိဗ္ဗာန်သို့ ရောက်ရသည် ဟူသော အနက် …
နိဗ္ဗာန်ကို အာရုံပြုသည် ဟူရာ၌လည်း သူတပါးတို့ တည်ဆောက်၍ နေရာ နိဗ္ဗာန်ကို အာရုံပြုသည် မဟုတ်။ မိမိ မိမိတို့ စုတိပြီးနောက် ရောက်လာလတ္တံ့သော ငြိမ်းဧးခြင်း ပရိနိဗ္ဗာယနသဘောကို အာရုံပြုသည် ဟူသော အနက် …
ယင်း မိမိစုတိပြီးနောက်မှ ဖြစ်ရောက်လာလတ္တံ့ ငြိမ်းဧးခြင်းနိဗ္ဗာန်ကို အာရုံပြုသော စိတ်တို့ကိုလည်း ယင်းနိဗ္ဗာန်၏ ဥပါဒ်အားဖြင့် ဖြစ်လတ္တံ့ မဟုတ်သောကြောင့် အနာဂတာရမ္မဏစိတ် မဆိုထိုက် ဟူသော အနက် …
ယင်းနိဗ္ဗာန်၏ ဥပါဒ် ဒြဗ်အားဖြင့် မဖြစ်သော်လည်း ငြိမ်းဧးခြင်းသဘာဝ ဓမ္မအားဖြင့် ထင်ရှား ပေါ်လာသည်မှန်၏ ဟူသော အနက် …
ယင်း နိဗ္ဗာနသုခထက် မြတ်သော သုခမည်သည်မရှိ ဟူသော အနက် …
ယင်း နိဗ္ဗာန်ထက်မြတ်သော သင်္ခတ အသင်္ခတတရား ဟူသည် တစုံတခုမရှိ ဟူသော အနက် …
ယင်းနိဗ္ဗာန်သို့ ရောက်ကြရသူ ဟူသမျှကို နိဗ္ဗာန်၌ မပျောက်မပျက် မအိုမသေ အမြဲချမ်းသာစွာ တည်နေကြရသည် ဟူသော အနက် …
တို့ကို ကောင်းကောင်းကြီး ပြဆိုဆုံးဖြတ်အပ်သော နိဗ္ဗာနကထာ ဝိတ္ထာရကဏ္ဍ သည် ပြဆို အပ်ခဲ့ပြီးသော ပိဋကတ္တယ ပါဠိ အဋ္ဌကထာ ဋီကာ သာဓကတို့ဖြင့် အခေါဘဝိနိစ္ဆယဖြစ်၍ “ပညာရှိ သူတော်ကောင်းအပေါင်းတို့ သာဓုကာရံ ကောင်းချီးညံအောင် အောင်စည်ခတ်တီး အောင်သံဟီး၍” ဤတွင် အပြီး သတ်လတ်ပြီ။
ဝိတ္ထာရကဏ္ဍ (က) နိဗ္ဗာနကထာ ပြီး၏။
……….
၄- ဝိတ္ထာရကဏ္ဍ (ခ) နိဗ္ဗုတိကထာ
တတိယတွဲ
ဤသို့လျှင် “ဂမ္ဘီရာဂမ္ဘီရမဟာနိဗ္ဗုတဒီပနီ” မည်သောကျမ်း ဝိတ္ထာရအခန်း၌ နိဗ္ဗာနကထာ နိဗ္ဗုတိကထာ နှစ်ပါးတို့တွင် နိဗ္ဗာန်၏အခြင်းအရာ လက္ခဏာကို ပြဆိုရာ ပြဆိုကြောင်းဖြစ်သော နိဗ္ဗာနကထာကဏ္ဍကို ပြဆိုပြီး၍ ယခုအခါ ယင်းနိဗ္ဗာန်သို့ ရောက်၍ နေကြကုန်သော ပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့၏ အခြင်းအရာတို့ကို ပြဆိုရာပြဆိုကြောင်းဖြစ်သော နိဗ္ဗုတိကထာကဏ္ဍကို ထုတ်ဆို ရေးသား တရားရေဧး တိုက်ကျွေးလတ္တံ့။
သဠာယတနသံယုတ် ပါဠိတော်
သေယျထိဒံ …
အထ ခေါ အာယသ္မာ ဖဂ္ဂုနော ယေန ဘဂဝါ၊ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ ဖဂ္ဂုနော ဘဂဝန္တံ ဧတဒဝေါစ။
အတ္ထိ နုခေါ ဘန္တေ တံ စက္ခု၊ ယေန စက္ခုနာ အတီတေ ဗုဒ္ဓေ ပရိနိဗ္ဗုတေ ဆိန္နပပဉ္စေ ဆိန္နဝဋုမေ ပရိယာဒိန္နဝဋ္ဋေ သဗ္ဗဒုက္ခဝီတိဝတ္တေ ပညာပယမာနော ပညာပေယျ။ အတ္ထိ နုခေါ ဘန္တေ တံ သောတံ။ တံ ဃာနံ။ သာ ဇိဝှါ။ပ။ အတ္ထိ နုခေါ ဘန္တေ သော ကာယော။ အတ္ထိ နုခေါ ဘန္တေ သော မနော၊ ယေန မနေန အတီတေ ဗုဒ္ဓေ ပရိနိဗ္ဗုတေ ဆိန္နပပဉ္စေ ဆိန္နဝဋုမေ ပရိယာဒိန္နဝဋ္ဋေ သဗ္ဗဒုက္ခဝီတိဝတ္တေ ပညာပယမာနော ပညာပေယျာတိ။
နတ္ထိ ခေါ ဖဂ္ဂုန တံ စက္ခု၊ ယေန စက္ခုနာ အတီတေ ဗုဒ္ဓေ ပရိနိဗ္ဗုတေ ဆိန္နပပဉ္စေ ဆိန္နဝဋုမေ ပရိယာဒိန္နဝဋ္ဋေ သဗ္ဗဒုက္ခဝီတိဝတ္တေ ပညာပယမာနော ပညာပေယျ။ နတ္ထိ ခေါ ဖဂ္ဂုန တံ သောတံ၊ ယေန သောတေန။ပ။ နတ္ထိ ခေါ ဖဂ္ဂုန တံ ဃာနံ။ပ။ နတ္ထိ ခေါ ဖဂ္ဂုန သာ ဇိဝှါ။ပ။ နတ္ထိ ခေါ ဖဂ္ဂုန သော ကာယော။ပ။ နတ္ထိ ခေါ ဖဂ္ဂုန သော မနော၊ ယေန မနေန အတီတေ ဗုဒ္ဓေ ပရိနိဗ္ဗုတေ ဆိန္နပပဉ္စေ ဆိန္နဝဋုမေ ပရိယာဒိန္နဝဋ္ဋေ သဗ္ဗဒုက္ခဝီတိဝတ္တေ ပညာပယမာနော ပညာပေယျာတိ။
သဠာယတနသံယုတ်ပါဠိတော် ဖဂ္ဂုနသုတ် (၂၇၈)
အနက်ကား …
အထခေါ၊ ထိုသို့ သာဝတ္ထိတွင်ခေါ် နေပြည်ကျော်ဝယ် ဘုရားသျှင် သီတင်း သုံးနေတော်မူသော အခါ၌။
အာယသ္မာ ဖဂ္ဂုနော၊ အသျှင် ဖဂ္ဂုနမထေရ်သည်။
ယေန၊ အကြင်အရပ်၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အတ္ထိ၊ ရှိတော်မူ၏။
တေန၊ ထိုဘုရားသျှင် ရှိတော်မူရာအရပ်သို့။
ဥပသင်္ကမိ၊ ကပ်လေ၏။
ဥပသင်္ကမိတွာ၊ ကပ်လေပြီး၍။
ဧကမန္တံ၊ တင့်အပ်လျောက်ပတ်သော အရပ်၌။
နိသီဒိ၊ နေလေ၏။
ဧကမန္တံ၊ တင့်အပ်လျောက်ပတ်သော အရပ်၌။
နိသိန္နော၊ နေလေပြီးသော။
အာယသ္မာ ဖဂ္ဂုနော၊ အသျှင် ဖဂ္ဂုနမထေရ်သည်။
ဘဂ၀န္တံ၊ ဘုရားသျှင်ကို။
ဧတံ၊ ဤသို့သော စကားကို။
အဝေါစ၊ နားတော်လျှောက်ကြား တင်ထားလေ၏။
ဘန္တေ၊ မြတ်စွာဘုရား။
အတီတေ၊ လွန်လေကုန်ပြီးသော။
ပရိနိဗ္ဗုတေ၊ နိဗ္ဗာန်ရွှေနန်း စံမြန်းနေကြကုန်သော။
ဆိန္နပပဉ္စေ၊ ပြတ်ပြီးသော တဏှာ မာန ဒိဋ္ဌိ ဟူသော ပပဉ္စတရား သုံးပါးရှိကုန်သော။
ဆိန္နဝဋုမေ၊ ပြတ်ပြီးသော သံသရာ ခရီးခဲ ရှိကုန်သော။
ပရိယာဒိန္နဝဋ္ဋေ၊ ကုန်ခန်းပြီးသော ဝဋ်ဆင်းရဲ ရှိကုန်သော။
သဗ္ဗဒုက္ခဝီတိဝတ္တေ၊ အလုံးစုံသော ဝဋ်ဒုက္ခကို လွန်၍နေတော်မူကြကုန်သော။
ဗုဒ္ဓေ၊ မြတ်စွာဘုရားတို့ကို။
ယေန စက္ခုနာ၊ အကြင် မျက်စိတော်ဖြင့်။
ပညာပယမာနော၊ ဘုရားဟု ပညတ်ခေါ်ဆိုလိုသော သူသည်။
ပညာပေယျ၊ ပညတ် ခေါ်ဆိုရာ၏။
တံ စက္ခု၊ ထိုဘုရားဟု ပညတ်ခေါ်ဆိုကြောင်း ဖြစ်သော မျက်စိတော်မြတ်သည်။
အတ္တိ နုခေါ၊ ရှိပါသေးသလော။ပ။
ယေန သောတေန၊ အကြင်နားတော်ဖြင့်။ပ။
ယေန ဃာနေန၊ အကြင် နှာခေါင်းတော်ဖြင့်။ပ။
ယာယ ဇိဝှါယ၊ အကြင်လျှာတော်ဖြင့် ။ပ။
ယေန ကာယန၊ အကြင် ကိုယ်ဖြင့်။ပ။
ယေမှ မနေန၊ အကြင်စိတ်တော်ဖြင့်။ပ။
ပညာပေယျ၊ ဘုရားဟူ၍ ပညတ်ရာ၏။
သော မနော၊ ထိုဘုရားဟူ၍ ခေါ်ဝေါ် ပညတ်ကြောင်း ဖြစ်သော စိတ်သည်။
အတ္ထိ နုခေါ၊ ရှိပါသေးသလော။
ဣတိ၊ ဤသို့ ဖဂ္ဂုန ရဟန်း လျှောက်ထားသည်ရှိသော် …
ဖဂ္ဂုန၊ ချစ်သား ဖဂ္ဂုန။
အတီတေ၊ လွန်လေကုန်ပြီးသော။
ပရိနိဗ္ဗုတေ၊ နိဗ္ဗာန်ရွှေနန်း စံမြန်း၍နေကြကုန်သော။
ဆိန္နပပဉ္စေ၊ ပြတ်ပြီးသာ ပပဉ္စတရား ရှိကုန်သော။
ဝါ၊သံသရာကိုချဲ့ထွင်တတ်သော တဏှာ မာန ဒိဋ္ဌိတို့ကိုဖြတ်တောက် နိုင်ကုန်ပြီးသော။
ဆိန္နဝဋုမေ၊ အတည်မကျ ပြေးသွားရရာ သံသရာခရီး တကယ့်ဘေးကြီးကို ဖြတ်နိုင်ကုန်ပြီးသော။
ပရိယာဒိန္နဝဋ္ဋေ၊ ကုန်ခန်းပြီးသော ဝဋ်ဒုက္ခရှိကုန်သော။
သဗ္ဗဒုက္ခဝီတိဝတ္တေ၊ အလုံးစုံသော ဝဋ်ဆင်းရဲကို လွန်တော် မူကြကုန်ပြီးသော။
ဗုဒ္ဓေ၊ ဘုရားသျှင်တို့ကို။
ယေန စက္ခုနာ၊ အကြင် စက္ခုဖြင့်။
ပညာပယမာနော၊ ပညတ်ခေါ်ဝေါ် လိုသောသူသည်။
ပညာပေယျ၊ ပညတ် ခေါ်ဆိုရာ၏။
တံ စက္ခု၊ ထိုစက္ခုသည်။
နတ္တိ၊ မရှိ။ပ။
တံသောတံ၊ ထိုသောတသည်။
နတ္ထိ၊ မရှိ။ပ။
တံ ဃာနံ၊ ထိုဃာနသည်။ပ။
သာ ဇိဝှါ၊ ထိုလျှာသည်။ ပ။
သော က၁ယော၊ ထိုကိုယ်သည်။ပ။
သော မနော၊ ထိုစိတ်သည်။
နတ္ထိ၊ မရှိ။
ဣတိ၊ ဤသို့ ဘုရားသျှင် မိန့်ကြားတော်မူ၏။
ဤသို့ ဟောကြားတော်မူအပ်သော သဠာယတန သံယုတ်ပါဠိတော်ဖြင့် ပရိနိဗ္ဗာန်စံ၍ နေကြ ကုန်သော ဘုရား, ပစ္စေကဗုဒ္ဓါ, သာဝကတို့အား ဘုရား ပစ္စေကဗုဒ္ဓါ - အစရှိသည်ဖြင့် ခေါ်ဝေါ်ကြောင်း ဖြစ်သော မျက်စိ နား နှာခေါင်း စသော ရုပ်နာမ်တရားတို့ မရှိသည်ကို ပြတော် မူသည်။ အလုံးစုံပြတ်တောက် အချည်းနှီး အဘာဝ အဖြစ်သို့ ရောက်သွားသည်ကို ပြဆိုတော်မူသည် မဟုတ်။ အကယ်၍ ယင်းသို့ပြတော်မူသည် ဆိုခဲ့သော် ထိုဘုရားသျှင် စသည်တို့ စုတိပြီးနောက် အဘယ်နိဗ္ဗာန်၌မျှ မဖြစ်ပြီ၊ အဘယ်နိဗ္ဗာန်သို့ ရောက်သောမည်သည် မရှိ၊ အလုံးစုံပြတ်တောက်၍ သွားသည်ဆိုရာ ရောက်ခဲ့တော့မည်။
ယင်းသို့ဆိုခဲ့လျှင်လည်း ရဟန္တာပုဂ္ဂိုလ်များ သေသွားပြီးနောက် တဘန် မဖြစ်ရောက်လာပြီလောဟူ၍ ပဿေနဒီကောသလမင်းကြီး ဘုရားသျှင်အား လျှောက်ကြားရာ ဤသို့ ရဟန္တာပုဂ္ဂိုလ်များ သေသွား ပြီးနောက် မဖြစ်လာပြီ ဟူ၍ ငါဟောတော် မမူ။ ဤသို့သော အခြင်းအရာအားဖြင့် ဘုရားသျှင် ဟော ကြားတော်မူအပ်သော ၎င်းသဠာယတနသံယုတ်ပါဠိတော် ကောသလရာဇ ပုစ္ဆာသုတ်နှင့် ရှေ့နောက် ပုဗ္ဗာပရ ဝိရုဒ္ဓဒေါသ ဧကန္တဖြစ်တော့လတ္တံ့။ ၎င်းပြင်လည်း ယင်းနည်းတူပင်လျှင် ဝစ္ဆပရိဗိုဇ် လျှောက်ထားရာ ဘုရားသျှင် ဖြေကြားတော် မူအပ်သော မဇ္ဈိမပဏ္ဏာသပါဠိတော်၊ ယင်းနည်းတူပင် ဥပသိဝပုဏ္ဏား လျှောက်ထား၍ ဘုရားသျှင် ဖြေကြားတော်မူအပ်သော စူဠနိဒ္ဒေသပါဠိတော် စသည် တို့နှင့် စင်စစ် ဝိရုဒ္ဓဖြစ်တော့လတ္တံ့။ ဤဆိုလတ္တံ့ သည်တို့ကား ယင်း သဠာယတနသံယုတ်ပါဠိတော် မဇ္ဈိမပဏ္ဏာသပါဠိတော် အဋ္ဌကထာ ဋီကာ- စသည်တို့တည်း
ကောသလမင်းကြီးအား ဘုရားသျှင် ဖြေတော်မူပုံ
၁။ (က) အထခေါ ရာဇာ ပဿေနဒီကောသလော ခေမာယ ဘိက္ခုနီယာ ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ ဥဋ္ဌာယာသနာ ခေမံ ဘိက္ခုနိံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကမိ။ အထ ခေါ ရာဇာ ပဿေနဒီကောသလော အပရေန သမယေန ယေန ဘဂဝါ၊ တေနုပသင်္ကမိ။ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ ရာဇာ ဿေနဒီကောသလော ဘဂဝန္တံ ဧတဒဝေါစ၊
(ခ) ကိံ နုခေါ ဘန္တေ ဟောတိ တထာဂတော ပရံမရဏာတိ။ အဗျာကတံ ခေါ ဧတံ မဟာရာဇ ဟောတိ တထာဂတော ပရံမရဏာတိ။
(ဂ) ကိံ ပန ဘန္တေ နဟောတိ တထာဂတော ပရံမရဏာတိ။ ဧတံပိ ခေါ မဟာရာဇ အဗျာကတံ နဟောတိ တထာဂတော ပရံမရဏာတိ။
(ဃ) ကိံ နုခေါ ဘန္တေ ဟောတိ စ န စ ဟောတိ တထာဂတော ပရံမရဏာတိ။ အဗျာကတံ ခေါ ဧတံ မဟာရာဇ မယာ ဟောတိ စ န စ ဟောတိ တထာဂတော ပရံမရဏာတိ။
(င) ကိံ ပန ဘန္တေ နေဝဟောတိ နနဟောတိ တထာဂတော ပရံမရဏာတိ။ ဧတံပိ ခေါ မဟာရာဇ အဗျာကတံ မယာ နေ၀ ဟောတိ နနဟောတိ တထာဂတော ပရံမရဏာတိ။
( စ) ကိံ နုခေါ ဘန္တေ ဟောတိ တထာဂတော ပရံမဏာတိ ဣတိပုဋ္ဌော သမာနော ဧတံ မဟာရာဇ အာဗျာကတံ မယာ ဟောတိ တထာဂတော ပရံမရဏာတိ ဝဒေတိ။ပ။
(ဆ) ကိံ ပန နေဝဟောတိ နနဟောတိ တထာဂတော ပရံမရဏာတိ ဣတိပုဋ္ဌော သမာနော ဧတံပိ ခေါ မဟာရာဇာ အဗျာကတံ မယာ နေဝဟောတိ နနဟောတိ တထာဂတော ပရံမရဏာတိ ဝဒေတိ။
(ဇ) ကော နု ခေါ ဘန္တေ ဟေတု ကော ပစ္စယော ယေန တံ အဗျာကတံ ဘဂဝတာတိ။ တေနဟိ မဟာရာဇ တည၀တ္ထ ပဋိပုစ္ဆိဿာမိ။ ယထာ တေ ခမေယျ၊ တထာ နံ ဗျာကရေယျာသိ၊ တံ ကိံ မညသိ မဟာရာဇ အတ္ထိ တေ ကောစိ ဂဏကော ဝါ မုဒ္ဒိကော ဝါ သင်္ချာယကော ဝါ။ သော ပဟောတိ ဂင်္ဂါယ ဝါလုကံ ဂဏေတုံ ဧတ္ထကာနိ ဝါလုကာနီတိ ဝါ။ပ။ ဝါလုကသတသဟဿာနီတိ။ ဝါတိ။ နောဟေတံ ဘန္တေ။
(ဈ) အတ္တိ ပန တေ ကောစိ ဂဏကော ဝါ မုဒ္ဒိကော ဝါသင်္ချာယကော ဝါ။သော ပဟောတိ မဟာသမုဒ္ဒေ ဥဒကံ ဂဏေတုံ ဧတ္တကာနိ ဥဒကာဠှကာနီတိ ဝါ။ပ။ ဧတ္တကာနိ ဥဒကာဠှက သတသဟဿာနီတိ ဝါတိ။ နောဟေတံ ဘန္တေ။
(ဉ) တံ ကိဿ ဟေတု။ မဟာ ဟိ ဘန္တေ သမုဒ္ဒေါ ဂမ္ဘီရော အပ္ပမေယျော ဒုပ္ပရိယောဂါဟော။ ဧ၀မေ၀ ခေါ မဟာရာဇ ယေန ရူပေန တထာဂတံ ပညာပယမာနော ပညာပေယျ၊ တံ ရူပံ တထာဂတဿ ပဟီနံ ဥစ္ဆိန္နမူလံ တာလာဝတ္ထုကတံ အနဘာဝံ ကတံ အာယတိံ အနုပ္ပါဒဓမ္မံ၊ ရူပသင်္ခါဝိမုတ္တော ခေါ မဟာရာဇ တထာဂတော ဂမ္ဘီရော အပ္ပမေယျော ဒုပ္ပရိယောဂါဟော သေယျထာပိ မဟာရာဇ သမုဒ္ဒေါ၊ ဟောတိ တထာဂတော ပရံမရဏာတိပိ နဥပေတိ။ နဟောတိ တထာဂတော ပရံမရဏာတိပိ နဥပေတိ။ ဟောတိ စ န စ ဟောတိ တထာဂတော ပရံမရဏာတိပိ နဥပေတိ။ နေဝ ဟောတိ နနဟောတိ တထာဂတော ပရံမရဏာတိပိ နဥပေတိ။ပ။
(ဋ) အစ္ဆရိယံ ဘန္တေ အဗ္ဘုတံ ဘန္တေ ယတြဟိနာမ သတ္ထုစေဝ သာဝိကာယ စ အတ္ထေန အတ္ထော ဗျဉ္စနေန ဗျဉ္ဇနံ သံသန္ဒိဿတိ သမေဿတိ န ဝိရောဓယိဿတိ ယဒိဒံ အဂ္ဂပဒသ္မိံ။
(ဌ) ဧကမိဒါဟံ ဘန္တေ သမယံ ခေမံ ဘိက္ခုနိံ ဥပသင်္ကမိတွာ ဧတမတ္ထံ အပုစ္ဆိံ။ သာပိ မေ အယျာ ဧတေဟိ ပဒေဟိ ဧတေဟိ ဗျဉ္ဇနေဟိ ဧတမတ္ထံ ဗျာကာသိ သေယျထာပိ ဘဂဝါ။ အစ္ဆရိယံ ဘန္တေ အဗ္ဘုတံ ဘန္တေ ယတြဟိနာမ သတ္ထုစေဝ သာဝိကာယ စ အတ္ထေန အတ္ထော ဗျဉ္ဇနေန ဗျဉ္ဇ္ဇနံ သံသန္ဒိဿတိ သမေဿတိ န ဝိရောဓယိဿတိ ယဒိဒံ အဂ္ဂပဒသ္မိံ။ ဟန္ဒ ဒါနိ ဘန္တေ ဂစ္ဆာမ ဗဟုကိစ္စာ ဗဟုကရဏီယာတိ။ ယဿဒါနိ တွံ မဟာရာဇ ကာလံ မညသီတိ။ ။
အထ ခေါ ရာဇာ ပဿေနဒီကောသလော ဘဂဝတော ဘာသိတံ အဘိနန္ဒိတွာ အနုမောဒိတွာ ဥဋ္ဌာယာသနာ ဘဂဝန္တံ အဘိဝါဒေတွာ ပဒက္ခိဏံ ကတွာ ပက္ကမီတိ။
သဠာယတနဝဂ္ဂသံယုတ်ပါဠိတော် (၅၄၇) ။
လျှောက်ထား ဖြေဆိုချက် အဘွင့် အဋ္ဌကထာ
၂။ (က) ယေန ရူပေန တထာဂတန္တိ ယေန ရူပေန ဒီဃော ရဿော သာမော ဩဒါတောတိ သတ္တသင်္ခါတံ တထာဂတံ ပညာပေယျ။
(ခ) တံ ရူပံ တထာဂတဿ ပဟီနန္တိ တံ ဝုတ္တပ္ပကာရံ ရူပံ သမုဒယပ္ပဟာနေန သဗ္ဗညုတထာဂတဿ ပဟီနံ။
(ဂ) ရူပသင်္ခါဝိမုတ္တောတိ အာယတိံ ရူပဿ အနုပ္ပတ္တိယာ ရူပကောဋ္ဌာသေနာပိ ဧဝရူပေါနာမ ဘဝိဿတီတိ ဝေါဟာရဿ ပဋိပဿဒ္ဓတ္တာ ရူပပဏ္ဏတ္တိယာပိ ဝိမုတ္တော။
(ဃ) ဂမ္ဘီရောတိ အဇ္ဈာသယဂမ္ဘီရတာယ စ ဂုဏဂမ္ဘီရတာယ စ ဂမ္ဘီရော။ တဿ ဧဝံ ဂုဏဂမ္ဘီရဿ သတော သဗ္ဗညုတထာဂတဿ ယံ ဥပါဒါယ သတ္တသင်္ခါတော တထာဂတောတိ ပညတ္တိ ဟောတိ။ တဒဘာဝေန တဿာ ပညတ္တိယာ အဘာဝံ ပဿန္တဿ သတ္တသင်္ခါတော ဟောတိ တထာဂတော ပရံမရဏတိ ဣဒံပိ ဝစနံ မှ ဥပေတိ န ယုဇ္ဇတိ။ နဟောတိ တထာဂတော ပရံမရဏာတိအာဒိဝစနမ္ပိ နဥပေတိ နယုဇ္ဇတီတိအတ္ထော။
ဆဠာယတနဝဂ္ဂသံယုတ်အဋ္ဌကထာ (၁၅၀)
၎င်းအဘွင့် ဋီကာ
၃။ (က) တထာဂတောတိ ခီဏာသဝတထာဂတံ သန္ဓာယ ပုစ္ဆတိ။ ခီဏာသဝေါ စ ယေ အရဟတ္တဖလဘာဝိတေ ခန္ဓေ ဥပါဒါယ သတ္တပညတ္တိ ဟောတိ။ တေသု ခန္ဓေသု သတိ ခီဏာသ၀သင်္ခါတော စ ဟောတီတိ ဝေါဟာရေန ပညာပေတုံ သက္ကာ ဘဝေယျ။ အသန္တေသု န သက္ကာ။ တသ္မာ ပရံမရဏာတိ ဝုတ္တတ္တာ ဧဝံ အဘာဝါ အာဗျာကတမေတန္တိ ဝုတ္တံ။
(ခ) ယဒိပိ ဧဝံ သဘာဝတော နဟောတိ တထာဂတော ပရံမရဏာတိ ပုဋ္ဌာယ အာမာတိ ပဋိဇာနိတဗ္ဗံ သိယာ။ တထာပိ သက္ကာ သတ္တသင်္ခါတဿပုစ္ဆိတတ္တာ ပဋိက္ခိပိတုန္တိ ဧတသ္မီတိ အာဒိ ဝုတ္တံ။
ဆဠာယတနသံယုတ်ဋီကာ (၃၈၉)
အနက်ယောဇနာနည်းနှင့်
အဓိပ္ပါယ် ယူနည်းများ
ယခုအခါ ၎င်းထုတ်ပြအပ်ခဲ့ပြီးသော သဠာယတနသံယုတ်ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ အနက်ကို မပြဆိုခဲ့လျှင် ထိုပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ အလွန်ခက်ခဲသော အနက်အဓိပ္ပါယ်များကို နေရာကျ အနက်သမ္ဗန်နိုင် အဓိပ္ပါယ် ယူနိုင်ကြမည့်အရေး အလွန်ကွာဝေး၍ နေမည်ကြောင့် ဂန္ထဝိတ္ထာရဒေါသကို ဂရုမထား ရေးသားဦးလတ္တံ့။
ဤပါဠိတော် အဋ္ဌကထာ၏ အနက်အဓိပ္ပါယ်ကို သေချာစွာ နားလည်ကြမှ ရဟန္တာပုဂ္ဂိုလ်တို့ စုတိပြီးနောက် ပျောက်၍ ပြတ်၍မသွား၊ ရူပါဒိသင်္ခါဝိမုတ္တ အသျှင်များ ဖြစ်၍ နိဗ္ဗာန်၌ တည်နေကြသည်၊ ဘယ်ပုံဘယ်နည်းဖြစ်၍ တည်နေကြသည် ဟူ၍လည်း ဝေနေယျတို့ ဉာဏ်ဖြင့် မဆိုနိုင်အောင် မထောက်လှမ်းနိုင်အောင် လွန်စွာနက်နဲ၍ နေတော်မူကြသည် ဟူသော စကားကို အထူးအားဖြင့် ယုံကြည်ကြနိုင်မည်ဖြစ်၍ ဤပြဆိုလတ္တံ့သော ယင်းသဠာယတန သံယုတ်ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ အနက်ယောဇနာနည်း အဓိပ္ပါယ်ယူနည်းများကို အထူးအားဖြင့် သဘောကျကြအောင် မပျင်းမရိ သတိအထူး ဆောင်နိုင်ကြပါစေကုန်သတည်း။
၁။ (က) အထခေါ၊ ထိုသာဝတ္ထိခေါ် ရွှေပြည်ကျော်ဝယ် သီတင်းသုံး နေတော်မူသော အခါ၌။
ရာဇာ ပဿေနဒီကောသလော၊ ပဿေနဒီကောသလ မင်းကြီးသည်။
ခေမာယ ဘိက္ခုနိယာ၊ ခေမာဘိက္ခုနီမသည်။
ဘာသိတံ၊ ဟောပြောအပ်သော “ရဟန္တာပုဂ္ဂိုလ် သေသည်မှ နောက်ဖြစ်သေး၏ဟူ၍ ငါမဟော၊ မဖြစ်ဟူ၍လည်း ငါမဟော” ဤသို့ အစရှိသော တရားစကားတော်ကို။
အဘိနန္ဒိတွာ၊ နှစ်သက်ရွှင်လန်းခဲ့ပြီး၍။
အနုမောဒိတွာ၊ ဝမ်းမြောက်ဝမ်းသာခဲ့ပြီး၍။
အာသနာ၊ နေရာမှ။
ဥဋ္ဌာယ၊ ထခဲ့ပြီး၍။
ခေမံ ဘိက္ခုနိံ ၊ ခေမာဘိက္ခုနီမကို။
အဘိဝါဒေတွာ၊ ရှိခိုးဦးချခဲ့ပြီး၍။
ပဒက္ခိဏံ၊ နောက်ဆုတ် ကိုယ်ပစ် လကျ်ာရစ် လှည့်ပြန်သည်ကို။
ကတွာ၊ ပြုပြီး၍။
ပက္ကမိ၊ ဖဲသွားခဲ့လေ၏။
အထခေါ၊ ထိုသို့ဖဲသွားပြီးသည့်နောက်မှလျှင်။
အပရေန သမယေန၊ တပါးသော အခါ၌။
ယေန၊ အကြင်အရပ်၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အတ္ထိ၊ ရှိတော်မူ၏။
တေန၊ ထိုဘုရားရှိတော်မူရာ အရပ်သို့။
ဥပသင်္ကမိ၊ ကပ်လေ၏။
ဥပသင်္ကမိတွာ၊ ကပ်လေပြီး၍။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
အဘိဝါဒေတွာ၊ ရိုသေညွတ်နူး ရှိခိုးဦး၍။
ဧကမန္တံ၊ တင့်အပ်လျောက်ပတ် အပြစ်ခြောက်ပါး ကင်းသော အရပ်၌။
နိသီဒိ၊ နေလေ၏။
ဧကမန္တံ၊ တင့်အပ်လျောက်ပတ်သောအရပ်၌။
နိသိန္နော၊ နေထိုင်ပြီးသည်ရှိသော်။
ရာဇာ ပဿေနဒီကောသလော၊ ပဿေနဒီ ကောသလမင်းကြီးသည်။
ဘဂဝန္တံ၊ ဘုရားသျှင်ကို။
ဧတံ ဝစနံ၊ ဤသို့သော စကားကို။
အဝေါစ၊ နားတော်သွင်းထား လျှောက်ကြားလေ၏။
(ခ) ဘန္တေ၊ ရွှေဘုန်းတော်သျှင်။
တထာဂတော၊ ရဟန္တာဖြစ်သောသူသည်၊
ပရံမရဏာ၊ သေသည်မှနောက်၌။
နုခေါ၊ စင်စစ်လျှင်။
ဟောတိ ကိံ ၊ ဖြစ်ပါသေးသလော။
ဣတိ၊ ဤသို့ လျှောက်ထားသည်ရှိသော်။
မဟာရာဇ၊ မင်းကြီး။
ဧတံ၊ ဤသို့သော။
ဟောတိ တထာဂတော ပရံမရဏတိ၊ ရဟန္တာပုဂ္ဂိုလ် သေပြီးသည့်နောက် ဖြစ်သေး၏ ဟူသော စကားကို။
အဗျာကတံ၊ ငါဟောကြားတော်မမူ။
ဣတိ၊ ဤသို့ ဘုရားသျှင် မိန့်ကြားတော်မူသော အခါဝယ်။
(ဂ) ဘန္တေ၊ မြတ်ဘုရား။
ပန၊ ထိုသို့မဟုတ်လျှင်။
တထာဂတော၊ ရဟန္တာပုဂ္ဂိုလ်သည်။
ပရံမရဏာ၊ သေသည်မှောက်၌။
နဟောတိ ကိံ ၊ မဖြစ်ပါဘဲ အမြဲပျောက်၍ သွားပါသလော။
ဣတိ၊ ဤသို့ကောသလမင်းကြီး တဘန်လျှောက်ထားပြန်သည်ရှိသော်။
မဟာရာဇ၊ မင်းမြတ်။
မယာ၊ သည်။
ဧတံပိ ခေါ နဟောတိ တထာဂတော ပရံမရဏာတိ၊ ဤရဟန္တာပုဂ္ဂိုလ် သေပြီးသည်နောက် ပျောက်၍ သွားလေပြီ မဖြစ်ဟူသော စကားကိုလည်း။
အဗျာကတံ၊ ဟောကြားတော်မမူ။
ဣတိ၊ ဤသို့ ဘုရားသျှင်က တဘန်မိန့်ကြားတော်မူပြန်သော အခါဝယ်။
(ဃ) ဘန္တေ၊ ရွှေဘုန်းတော်သခင် ထိပ်ခေါင်တင်။
နုခေါ၊ ယင်းသို့မဟုတ်ခဲ့လျှင်။
တထာဂတော၊ ရဟန္တာသခင် ပုဂ္ဂိုလ်သျှင်သည်။
ပရံမရဏာ၊ သေသည် မှနောက်၌။
ဟောတိစ န စ ဟောတိ ၊ အချို့လည်းဖြစ်သေး၏ အချို့လည်းမဖြစ် မှတ်ရပါမည်လော။
ဣတိ၊ ဤသို့တဘန် လျှောက်ထားပြန်သည်ရှိသော်။
မဟာရာဇ၊ မင်းကြီး။
ဧတံပိ ခေါ။ပ။ ပရံမရဏာတိ၊ ဤရဟန္တာပုဂ္ဂိုလ် သေပြီးသည့်နောက် အချို့လည်းဖြစ် အချို့လည်း မဖြစ်ဟူသော စကားကိုလည်း။
အဗျာကတံ၊ ငါ ဟောကြားတော် မမူ။
ဣတိ၊ ဤသို့ ဘုရားသျှင်က တဘန် မိန့်ကြားတော်မူပြန်သည်ရှိသော်။
(င) ဘန္တေ၊ မြတ်စွာဘုရား။
ပန၊ ထိုသို့ဟောတော်မမူခဲ့လျှင်။
တထာဂတော၊ ရဟန္တာဖြစ်သော ပုဂ္ဂိုလ်သည်။
ပရံမရဏာ၊ သေပြီးသည့်နောက်၌။
နေဝဟောတိ နနဟောတိ၊ ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်းမဟုတ် မှတ်ရပါမည်လော။
ဣတိ၊ ဤသို့လျှောက်ထားပြန်သော အခါဝယ်။
မဟာရာဇ၊ ကောသလမင်းကြီး။
မယာ၊ ငါဘုရားသည်။
ဧတံပိ ခေါ နေ၀ဟောတိ နနဟောတိ တထာဂတော ပရံမရဏာတိ၊ ဤရဟန္တာပုဂ္ဂိုလ် သေပြီးသည့်နောက် ဖြစ်သေးသည်လည်း မဟုတ် မဖြစ်သည်လည်းမဟုတ် ပြောသော စကား ကိုလည်း။
အဗျာကတံ၊ ဟောကြားတော် မမူ။
ဣတိ၊ ဤသို့ ဘုရားသျှင် မိန့်ကြားတော် မူပြန်သည်ရှိသော်။
(စ) (ဆ) (ဇ) ဘန္တေ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား။
ကိံ နုခေါ၊ အဘယ်ကြောင့်လျှင်။
ဟောတိ တထာဂတော ပရံမရဏာတိ၊ ရဟန္တာပုဂ္ဂိုလ် သေပြီးသည့်နောက် ဖြစ်ပါသေးသလောဟူ၍။ ပုဋ္ဌော သမာနော၊ မေးလျှောက်ပါသည်ရှိသော်။
ဧတံ မဟာရာဇ ဟောတိ တထာဂတော ပရံမရဏာတိ၊ ဤသို့ ရဟန္တာပုဂ္ဂိုလ် သေသည်နောက် ဖြစ်သေး၏ဟူသော စကားကို။
အဗျာကတံ၊ ငါဟောကြားတော်မမူအပ်။
ဣတိ၊ ဤသို့။
ဝဒေတိ၊ ဆိုတော်မူ၏။ပ။
ဘန္တေ၊ ရွှေဘုန်းတော်သျှင်။
ယေန၊ အကြင်အကြောင်းကြောင့်။
တံ၊ ထိုလေးချက် အမေးကို။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။
အဗျာကတံ၊ ဟောကြားတော်မမူအပ်။
သော ဟေတု၊ ထိုအကြောင်းရင်းသည်။
ကောနုခေါ၊ အဘယ်ပါနည်း။
သော ပစ္စယော၊ ထိုအထောက်အပံ့သည်။
ကောနုခေါ၊ အဘယ်ပါနည်း။
ဣတိ၊ ဤသို့ ကောသလမင်းကြီး စစ်ဆေး ပြန်လျှောက်သည်ရှိသော်။
မဟာရာဇ၊ မင်းမြတ်။
တေနဟိ၊ ထို သို့ သိလိုရေးနှင့် စစ်ဆေးပြန်သောကြောင့်။
ဧတ္ထ၊ ဤအရာ၌။
တံယေ၀၊ သင်မင်းမြတ်ကိုသာလျှင်။
ပဋိပုစ္ဆိဿာမိ၊ ပြန်မေးဦးအံ့။
ယထာ၊ အကြင်အခြင်းအရာဖြင့်။
တေ၊ သင်အား။
ခမေယျ၊ နှစ်သက်၏။
တထာ၊ ထိုအခြင်းအရာဖြင့်။
နံ၊ ထိုငါမေးအပ်လတ္တံ့သည်ကို။
ဗျာကရေယျာသိ၊ ဖြေကြားဦးလော့။
မဟာရာဇ၊ ကောသလမင်းကြီး။
တံ၊ ထိုငါမေးတော်မူလိမ့်သော အရာကို။
ကိံ မညသိ၊ အသို့ အသင် အောက်မေ့ဘိသနည်း။
တေ၊ သင်မင်းကြီးအား။
ကောစိ၊ တစုံတယောက်သော။
ဂဏကော ဝါ၊ ဟူးရား ကိုးကြောင်း အပေါင်းဂဏန်း တတ်သောသူသည်၎င်း။
မုဒ္ဒိကော ဝါ၊ လက်ချိုးအရေအတွက် ကောင်းသောသူသည်၎င်း။
သင်္ချာယကော ဝါ၊ သစ်ပင်ကိုမြင်ကာမျှဖြင့် ရွက်ပေါင်း မည်မျှရှိ၏ - စသည်ဖြင့် ရေတွက်ခြင်းအရာ သင်္ချာတတ်သော သူသည်၎င်း။
အတ္ထိ ကိံ ၊ ရှိသည်မဟုတ်လော။
သော၊ ထိုသို့ ဂဏန်း သင်္ချာ အရေအတွက်ကောင်းသောသူ လူများအပေါင်းသည်။
ဂင်္ဂါယ၊ ဂင်္ဂါ မြစ်ကြီး၌။
ဝါလုကံ၊ သဲစုကို။
ဧတ္ထကာနိ ဝါလုကာနီတိ ဝါ၊ ဤမျှလောက် သဲတို့ဟူ၍၎င်း။ပ။
ဧတ္တကာနိ ဝါလုကသတသဟဿာနီတိ ဝါ၊ ဤမျှလောက်သဲ အသိန်းတို့ ဟူ၍၎င်း။
ဂဏေတုံ၊ ရေတွက်ခြင်းငှါ။
ပဟောတိ ကိံ ၊ စွမ်းနိုင်ပါမည်လော။
ဘန္တေ၊ မြတ်စွာဘုရား၊
ဧတံ၊ ဤသို့စွမ်းနိုင်မည့် အရာသည်။
နော၊ မသင့်ပါ။
(ဈ) တေ၊ သင်မင်းကြီးအား။
ဂဏကော ဝါ၊ ဂဏန်းတတ်သောသူသည်၎င်း။
မုဒ္ဒိကော ဝါ၊ လက်ချိုးအရေအတွက် ကောင်းသောသူသည်၎င်း။
သင်္ချာ ယကော ဝါ၊ သင်္ချာတတ်သော သူသည်၎င်း။
အတ္ထိ၊ ရှိသည်မဟုတ်ပါလော။
သော၊ ထိုသူများအပေါင်းသည်။
မဟာသမုဒ္ဒေ၊ မဟာ သမုဒြာ၌။
ဥဒကံ၊ ရေကို။
ဧတ္တကာနိ ဥဒကာဠှကာနီတိ ဝါ၊ ဤမျှလောက် ရေကွမ်းစားတို့ ဟူ၍၎င်း။ပ။
ဧတ္တကာနိ ဥဒကာဠှက သတသဟဿာနီတိ ဝါ၊ ဤမျှလောက် ရေကွမ်းစား အသိန်းတို့ ဟူ၍၎င်း။
ဂဏေတုံ၊ ရေတွက်ခြင်းငှါ။
ပဟောတိ ကိံ ၊ စွမ်းနိုင်ပါမည်လော။
ဘန္တေ၊ ရွှေဘုန်းတော်သျှင်။
ဧတံ၊ ဤသမုဒြာရေအစုကို ရေတွက်ခြင်းငှါ စွမ်းနိုင်မည့်အရာသည်။
နော၊ မသင့်ပါဘုရား။
(ဉ) တံ၊ ထိုမသင့်ခြင်းသည်။
ကိဿ ဟေတု၊ အဘယ့်ကြောင့်နည်း။
ဘန္တေ၊ မြတ်စွာဘုရား။
သမုဒ္ဒေါ၊ သမုဒြာသည်။
မဟာ၊ ကြီးကျယ်လှပါ၏။
ဂမ္ဘီရော၊ နက်လှပါ၏။
အပ္ပမေယျော၊ ကြိုးစသည်တို့ဖြင့် မနှိုင်းရှည့်နိုင်စကောင်းပါ။
ဒုပ္ပရိယောဂါဟော၊ တာ ဝါး-စသည်တို့ဖြင့် မထောက်လှမ်းနိုင်စကောင်းပါ။
မဟာရာဇ၊ မင်းကြီး။
ဧ၀မေ၀ ခေါ၊ ဤနည်းအတူ၎င်းလျှင်။
ယေန ရူပေန၊ အကြင်နှစ်ဆယ့်ရှစ်ခု ရုပ်အစုဖြင့်။
တထာဂတံ၊ ရဟန္တာကို။
ပညာပယမာနော၊ ရှည်သောသူ မည်းနက်သောသူ အစရှိသည်ဖြင့် ခေါ်ဝေါ် ပညတ်သောသူသည်၊
ပညာပေယျ၊ ပညတ်ရာ၏။
တံ ရူပံ၊ ထိုသတ္တဝါဟု ခေါ်ဝေါ်ပညတ်ကြောင်း ရုပ်တရားအပေါင်းကို။
ဝါ၊ ရုပ်၌သတ္တဝါ ဟု ထင်မှားတတ်သော သညာ တဏှာ မာန ဒိဋ္ဌိ အပေါင်းကို၊
ပဟီနံ၊ ပယ်တော်မူအပ်ပြီ။
ဥစ္ဆိန္နမူလံ၊ ဖြတ်အပ်ပြီးသော အဝိဇ္ဇာဟူသော အမြစ်မူလရှိပြီ။
တာလာဝတ္ထုကတံ၊ လည်ဆစ်ပြတ်ပြုတ် ထန်းပင်ငုတ်ကဲ့သို့ ပြုအပ်ပြီ။
အနဘာဝံ၊ တဘန် အသစ် လူ၍မဖြစ်နိုင်အောင်။
ကတံ၊ ပြုတော်မူအပ်ပြီ။
အာယတိံ ၊ နောင်ဘဝ၌။
အနုပ္ပါဒဓမ္မံ၊ ဖြစ်လာနိုင်ဘွယ်သဘော မရှိရအောင်။
ကတံ၊ ပြုတော်မူအပ်ပြီ။
မဟာရာဇ၊ ရဟန္တာပုဂ္ဂိုလ်တို့ သေပြီးသည့်နောက် ဖြစ်လေဦးမည် မဖြစ်မည်ကို မေးလျှောက် လာသော ဒါယကာမင်းကြီး။
ခေါ၊ စင်စစ်။
ရူပသင်္ခါဝိမုတ္တော၊ ရုပ်ဟူသော ပညတ်မှလွတ်၍ နေသော။
ဝါ၊ ရုပ်နှင့်စပ်သော လူနတ် သတ္တဝါဟူသော ပညတ်မှ လွတ်၍နေသော။
တထာဂတော၊ ခီဏာသ၀ ပုဂ္ဂိုလ်သည်။
ဂမ္ဘီရော၊ မိမိလွတ်၍နေရာနိဗ္ဗာန်၌ရှိ၏ မရှိဟူ၍ မဆိုနိုင် မယူနိုင်အောင် ဒိဋ္ဌဇ္ဈာသယ အရာအားဖြင့် နက်နဲခြင်း၊ ဤမျှလောက်သော ဂုဏ်ရှိ၏ဟူ၍ မဆိုနိုင်စရာ ဂုဏ်၏အရာအားဖြင့် နက်နဲခြင်း တို့ဖြင့် နက်နဲ၍ နေ၏။
အပ္ပမေယျော၊ အမျိုးအမည်အားဖြင့် ဤသူလိုတည်းဟု နှိုင်းရှည့်စရာ မရှိဖြစ်၍နေ၏။
ဒုပ္ပရိယောဂါဟော၊ ဤသည့်ခြင်းရာ ဤလိုဟာ ဟု ဝေနေယျတို့ဉာဏ်ဖြင့် သက်ဝင်နိုင်ခဲ၏။
မဟာ သမုဒ္ဒေါ သေယျထာပိ၊ မဟာသမုဒြာ ရေအစုကဲ့သို့ ဖြစ်၍နေ၏။
တသ္မာ၊ ထိုသို့ သတ္တဝါဟု ခေါ်ဝေါ်ကြောင်း ရုပ်တရားတို့၌ သတ္တဝါဟု မှတ်တတ်သော သတ္တသညာ တဏှာ မာန ဒိဋ္ဌိတို့ကို ပယ်တော်မူပြီးသည့်အဖြစ် ရုပ်နှင့်စပ်သော သတ္တဝါဟူသော ပညတ်မှ လွတ်၍နေသော ရူပသင်္ခါဝိမုတ္တ ပုဂ္ဂိုလ်၏ အလွန်နက်နဲ၍နေသည်၏အဖြစ်ကြောင့်။
(တသ္မာ -ကား ဂမျမာန်။)
တထာဂတော၊ ရဟန္တာပုဂ္ဂိုလ်သည်။
ပရံမရဏာ၊ သေသည်မှနောက်၌။
ဟောတိ၊ ဖြစ်သေး၏။
ဣတိပိ ဝစနံ၊ ဤသို့ ငါဘုရား ဟောကြားတော်မှုသော်လည်း။
နဥပေတိ နယုဇ္ဇတိ၊ မသင့်နိုင်။
ဝါ၊ ရူပသင်္ခါဝိမုတ္တ ပုဂ္ဂိုလ်၏ သတ္တဝါဟု ခေါ်ဝေါ်ကြောင်း ရုပ်မရှိသဖြင့် သတ္တဝါဟူသော ပညတ် မရှိဖြစ်၍ နေသည်ကို မြင်တော်မူသော ငါဘုရားနှင့် တော်တန်သော စကားပင် မဟုတ်။
(အဋ္ဌကထာကိုမှီသော အနက်။)
တထာဂတော၊ ရဟန္တာပုဂ္ဂိုလ်သည်။
ပရံမရဏာ၊ သေသည်မှနောက်၌။
န ဟောတိ၊ မဖြစ်။
ဣတိပိ ၀စနံ၊ ဤသို့ ငါဟောကြားတော်မူသော်လည်း။
နဥပေတိ နယုဇ္ဇတိ၊ မသင့်နိုင်။
ဝါ၊ သတ္တသညာ တဏှာ မာန ဒိဋ္ဌိ တို့ကို ပယ်ပြီးသော သဗ္ဗညုသခင် ငါဘုရားသျှင်နှင့် တော်တန်သော စကားပင်မဟုတ်။
တထာဂတော၊ ရဟန္တာပုဂ္ဂိုလ်သည်။
ပရံမရဏာ၊ သေသည်မှနောက်၌။
ဟောတိ စ န စ ဟောတိ၊ ဖြစ်သူလည်း ဖြစ်၏ မဖြစ်သူလည်း မဖြစ်။
ဣတိပိ ၀စနံ၊ ဤသို့ ငါဟောတော်မူသော်လည်း။
ဥပေတိ နယုဇ္ဇတိ၊ မသင့်မလျော် ငါဘုရားနှင့် မတော်။
တထာဂတော၊ ရဟန္တာပုဂ္ဂိုလ်သည်။
ပရံမရဏာ၊ သေသည်မှနောက်၌။
နေဝဟောတိ နနဟောတိ၊ ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်းမဟုတ်။
ဣတိပိ ဝစနံ၊ ဤသို့ ငါဟောတော်မူသော်လည်း။
နဥပေတိ နယုဇ္ဇတိ၊ မသင့်။
ဝါ၊ ရူပသင်္ခါဝိမုတ္တပုဂ္ဂိုလ်၏ သတ္တဝါဟု ခေါ်ဝေါ်ကြောင်း ရုပ်မရှိသဖြင့် သတ္တဝါ ဟူသော ပညတ်မရှိ ပညတ်အရာကို လွန်၍နေသည်ကို ငါသိတော်မူလျက်ဖြစ်၍ မသင့်နိုင်။
ဝေဒနာသင်္ခါဝိမုတ္တ သညာသင်္ခါဝိမုတ္တ သင်္ခါရသင်္ခါဝိမုတ္တ ဝိညာဏသင်္ခါဝိမုတ္တ ပုဂ္ဂိုလ်အရာ တို့ကို ပေယျာလအတွင်း သွင်းထားအပ်သတည်း။ ၎င်းတို့လည်း ဤရူပသင်္ခါဝိမုတ္တပုဂ္ဂိုလ်အရာနှင့် နည်းတူ ပင်တည်း။
(ဋ) ဘန္တေ၊ မြတ်စွာဘုရား။
အစ္ဆရိယံ၊ အံ့ဘွယ်ရှိစွ။
ဘန္တေ၊ မြတ်စွာဘုရား။
အဗ္ဘုတံ၊ မဖြစ်ဘူးမြဲ ဖြစ်စွ။
ကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူ။
ယတြဟိ နာမ-ယသ္မာ ကာရဏာ၊ အကြင်ကြောင့်။
သတ္ထုစေဝ၊ ကိုယ်တော်သခင် ဘုရားသျှင်၏၎င်း။
သာဝိကာယ စ၊ ခေမာဘိက္ခုနီသခင် တပည့်တော်အသျှင်မ၏၎င်း။
အတ္ထေန၊ မိန့်ကြားတော်မူအပ်သောအနက်နှင့်။
အတ္ထော၊ မိန့်ကြားတော်မူအပ်သော အနက်ချင်းသည်၎င်း။
ဗျဉ္စနေန၊ ပြညွှန်းတော်မူအပ်သော သုတ်ဒေသနာသဒ္ဒါနှင့်။
ဗျဉ္စနံ၊ ပြညွန်းတော်မူအပ်သော သုတ်ဒေသနာသဒ္ဒါချင်းသည်၎င်း။
သံသန္ဒိဿတိ၊ နှီးနှောလှပေ၏။
သမေဿတိ၊ ညီညွတ်လှပေ၏။
န ဝိရောဓေဿတိ၊ မဆန့်ကျင်ပါပေဘုရား။
ယဒိဒံ၊ ယင်းသို့ မဆန့်ကျင်သော အရာဟူသည် အဘယ်နည်းဟူမူကား။
အဂ္ဂပဒသ္မိံ အဂ္ဂပဒံ၊ ရဟန္တာပုဂ္ဂိုလ်တို့ သေပြီးနောက် ဖြစ်မဖြစ်စသည်နှင့် စပ်လျဉ်းသော ကောင်းမြတ်သော ပါဠိ အစဉ် ဤအရာပင်လျှင်တည်း။
(ဌ) ဘန္တေ၊ မြတ်စွာဘုရား။
အဟံ၊ အကျွန်ုပ်သည်။
ဣဓ၊ ဤအကျွန်ုပ်မေးလျှောက်သည့်အရာ၌။
ဧကံ သမယံ၊ တပါးသောအခါ၌။
ခေမံ ဘိက္ခုနိံ ၊ ခေမာတွင်ထ ဘိက္ခုနီမ အထံသို့။
ဥပသင်္ကမိတွာ၊ ချဉ်းကပ်၍။
ဧတမတ္ထံ၊ ဤရဟန္တာ ဂ္ဂိုလ်တို့ စုတေပြီးသည့်နောက် ဖြစ်မဖြစ်စသည်နှင့် စပ်လျဉ်းသော အကြောင်း ခြင်းရာကို။
အပုစ္ဆိံ၊ မေးလျှောက်ဘူးပါ၏။
သာပိ အယျာ၊ ထိုအသျှင်မသည်လည်း။
ဧတေဟိ ပဒေဟိ၊ ဤကိုယ်တော်မြတ်ဘုရား ဟောကြားတော်မူအပ်သော ပုဒ်ပဒတို့ဖြင့်။
ဧတေဟိ ဗျဉ္ဇနေဟိ၊ ဤအသျှင်ဘုရား မိန့်ကြားတော်မူအပ်သော ဝါကျစကားရပ်တို့ဖြင့်။
ဧတမတ္ထံ၊ ဤကိုယ်တော်မြတ် မိန့်တော်မူအပ်သော အနက်ကိုပင်။
ဘဂဝါ သေယျထာပိ၊ အသျှင်ဘုရားကဲ့သို့ပင်။
ဗျာကာသိ၊ ဖြေကြားပါပေ၏။ပ။
သတ္ထုစေဝ၊ ဘုရားသျှင်၏၎င်း။
သာဝိကာယ စ၊ တပည့်တော်မ၏၎င်း။
အတ္ထေန၊ ဟောကြားတော်မူအပ်သောအနက်နှင့်။
အတ္ထော၊ အနက်ချင်း။
ဗျဉ္စနေန၊ သဒ္ဒါနှင့်။
ဗျဉ္ဇနံ၊ သဒ္ဒါချင်း။
သံသန္ဒိဿတိ သမေဿတိ၊ နှီးနှောညီညွတ်လှပါပေ၏။ပ။
ဘန္တေ၊ မြတ်စွာဘုရား။
မယံ၊ အကျွန်ုပ်တို့သည်။
ဟန္တ- ဒါနိ၊ ယခုအခါ၌။
ဂစ္ဆာမ၊ ခြေတော်စုံနား ဦးထိပ်ထား၍ ပြန်သွားရပါကုန်အံ့။
ဗဟုကိစ္စာ ဗဟုကရဏီယာ၊ ပြုရန်ကိစ္စ များပြားလှပါကုန်သေးသည် ဘုရား။
ဣတိ၊ ဤသို့ ကောသလမင်းကြီး လျှောက်ထားရာဝယ်။
မဟာရာဇ၊ မင်းမြတ်။
ဒါနိ၊ ယခုအခါ၌။
ယဿ၊ ယင်းသို့သော သွားရခြင်း၏။
ကာလံ၊ အချိန်ကာလကို။
မညသိ၊ သင်သာသိတော့ အောက်မေ့တော့လော့။
ဣတိ၊ ဤသို့ မြတ်စွာဘုရားမိန့်ကြားတော်မူ၏။
အကြွင်းကား လွယ်ပြီ။ သဠာယတန သံယုတ်ပါဠိတော် အနက်တည်း။
၎င်းအဋ္ဌကထာ၏
အလွန်ခက်သော အနက်
၂။ (က) ယခုအခါ ၎င်းအဋ္ဌကထာ၏ အလွန်ခက်ခဲသော အနက်ကို ပြဆို ပေအံ့။
ယေန ရူပေန တထာဂတန္တိ၊ ယေန ရူပေန တထာဂတံ - ဟူသည်ကား။
ယေန ရူပေန၊ အကြင်နှစ်ဆယ့်ရှစ်ခု ရုပ်တရားအစုဖြင့်။
ဒီဃော၊ ရှည်သော လူ နတ် စသည်တည်း။
ရဿော၊ ယောကျ်ား မိန်းမ-စသည်တည်း။
သာမော၊ ရွှေသော ရဟန်းပုဏ္ဏား - စသည်တည်း။
ဩဒါတော၊ ဖြူသော မင်း သူဌေး သူကြွယ် -စသည်တည်း။
ဣတိ၊ ဤသို့။
သတ္တသင်္ခါတံ၊ သတ္တဝါဟုဆိုအပ်သော။
တထာဂတံ၊ ရဟန္တာကို။
ပညာပေယျ၊ ပညတ်ခေါ်ဆိုရာ၏။
(ခ) တံ ရူပံ တထာဂတဿ ပဟီနန္တိ ၊ ဟူသည်ကား၊
ဝုတ္တပ္ပကာရံ၊ ဆိုအပ်ခဲ့ ပြီးသော လူရှည် လူပု-စသည် ခေါ်ဆိုကြောင်းအပြားရှိသော။
တံ ရူပံ၊ ထိုနှစ်ဆယ့်ရှစ်ခု ရုပ်အစုကို။
သမုဒယပ္ပဟာနေန၊ ထိုရုပ်၏ဖြစ်ကြောင်း ကိလေသာ အပေါင်းကို ပယ်သဖြင့်။
သဗ္ဗညုတထာဂတဿ၊ သဗ္ဗညုဟုဆိုအပ်သော တထာဂတသည်။
ဝါ၊ တထာဂတဟုဆိုအပ်သော သဗ္ဗညုငါဘုရားသည်။
ပဟီနံ၊ ပယ်တော်မူအပ်ပြီ။ ။
(ဂ) ရူပသင်္ခါဝိမုတ္တောတိ၊ ဟူသည်ကား။
အာယတိံ၊ ဤယခုနိဗ္ဗာန်သို့ ရောက်နေပြီးသည်မှ နောက်၌။
(ဤအာယတိံ ၏ အနက်ကို ဤဘဝမှ နောက်၌ ဟု အနက်မပေးမိ မယောင်မိအောင် သတိဆောင်ကြလေ ခက်ဆစ်ကြီးတခု မှတ်)
ရူပဿ၊ ရုပ်၏။
အနုပ္ပတ္တိယာ၊ တရံတဆစ် မဖြစ်ပေါ်လာ မရောက်လာသဖြင့်။
ရူပကောဋ္ဌာသေနာပိ၊ ရုပ်အစုမှ၎င်း။
ဧဝရူပေါပိနာမ၊ ဤသို့သဘော ရှိသောသူ မည်သည်လည်း။
ဘဝိဿတိ၊ ဖြစ်ဦးလတ္တံ့။
ဣတိ၊ ဤသို့။
ဝေါဟာရဿ၊ ဝေါဟာရပညတ်၏။
ပဋိပဿဒ္ဓတ္တာ၊ ငြိမ်းပြီးသောကြောင့်။
ရူပပဏ္ဏတ္တိယာပိ၊ ရုပ်ဟူသောပညတ်မှ၎င်း။
ဝါ၊ ရုပ်နှင့်စပ်သော လူ နတ်-စသော ပညတ်မှ၎င်း။
ဝိမုတ္တော၊ လွတ်ကြီးလွတ်၍ နေ၏။
(ဃ) ဂမ္ဘီရောတိ၊ ၎င်းရူပသင်္ခါဝိမုတ္တပုဂ္ဂိုလ်၏ နက်နဲ၍နေသည် ဟူရာ၌။
အဇ္ဈာသယဂမ္ဘီရတာယ စ၊ ၎င်းရုပ်ဟူသော။
ဝါ၊ ရုပ်နှင့်စပ်သော ပညတ်မှလွတ်၍ နေသောရဟန္တာသခင်၏ ထင်ရှားရှိ၏ ထင်ရှားမရှိ စသည်ဖြင့် ဆိုနိုင် ယူနိုင်စရာ မရှိသည်ဖြစ်၍ ဒိဋ္ဌဇ္ဈာသယအရာအားဖြင့် နက်နဲသည်၏ အဖြစ်ကြောင့်၎င်း။
ဂုဏဂမ္ဘီရတာယ စ၊ အဘယ်သို့သော ဂုဏ် အဘယ်မျှလောက်သော ဂုဏ်ရှိသည် ဟု ဆိုနိုင်စရာ မရှိသည်ဖြစ်၍ ဂုဏ်အားဖြင့် နက်နဲသည်၏ အဖြစ်ကြောင့်၎င်း။
ဝါ၊ အဖြစ်အားဖြင့်၎င်း၊
ဂမ္ဘီရော၊ ဂမ္ဘီရ မည်၏။
ဝါ၊ နက်နဲ၍နေ၏။
ဧဝံ၊ ဤရုပ် ဟူသော ပညတ်မှ လွတ်၍နေသော ပုဂ္ဂိုလ်၏ ဂုဏ်အဇ္ဈာသယ နှစ်ပါးတို့ဖြင့် နက်နဲ၍ နေသည်ဟု ဆိုခဲ့ပြီးသည့်အတိုင်း၊
ဂုဏဂမ္ဘီရဿ၊ ဂုဏ်အားဖြင့် နက်နဲတော်မူသည်။
သတော၊ ဖြစ်ပါလျက်။
ဝါ၊ ဖြစ်တော်မူသော။
တဿ သဗ္ဗညုတထာဂတဿ၊ ထိုရူပသင်္ခါဝိမုတ္တပုဂ္ဂိုလ်၏ ဖြစ်နေပုံ အလုံးစုံကို သိတော်မူသော ငါဘုရား၏။
(ဣဒံပိ ဝစနံ-၌စပ်။)
ယံ၊ အကြင်ရုပ်တရားကို။
ဥပါဒါယ၊ စွဲ၍။
သတ္တသင်္ခါတော၊ သတ္တဟု ဆိုအပ်သော။
တထာဂတောတိ ပညတ္တိ၊ တထာဂတ ဟူသော ပညတ်သည်။
ဝါ၊ သတ္တဝါဟု ခေါ်ဝေါ်ခြင်း ပညတ်သည်။
ဟောတိ၊ ဖြစ်၏။
တဒဘာဝေန၊ ထိုသတ္တဝါဟု ခေါ်ဝေါ် ပညတ်ကြောင်း ရုပ်အပေါင်း မရှိသဖြင့်။
တဿာ ပညတ္တိယာ၊ ထိုသတ္တဝါဟူသော ပညတ်၏။
အဘာဝံ၊ လုံးလုံး ကွယ်ပျောက် မရှိခြင်းသို့ ရောက်၍နေသည်ကို။
ပဿန္တဿ၊ မြင်တော်မူပါလျက်။
ဝါ၊ ရူပသင်္ခါဝိမုတ္တ ပုဂ္ဂိုလ်၏ သတ္တဝါဟု ခေါ်ဝေါ် ပညတ်ကြောင်း ရုပ်အပေါင်း မရှိသည်ဖြစ်၍ သတ္တဝါဟူသော ပညတ်မရှိ ဖြစ်နေဘိသည်ကို ငါအသိကြီး ဖြစ်ပါလျက်။
သတ္တသင်္ခါတော၊ သတ္တဟု ဆိုအပ်သော။
အယံ တထာဂတော၊ ဤတထာဂတသည်။
ပရံမရဏာ၊ သေသည်မှနောက်၌။
ဟောတိ၊ သတ္တ၏အဖြစ်အားဖြင့် ဖြစ်သေး၏။
ဣဒံပိ ဝစနံ၊ ဤသိုဟောကြားတော်မူခြင်းသည်။
န ဥပေတိ-နယုဇ္ဇတိ၊ ငါဘုရားနှင့် မသင့်မလျော်။
နဟောတိ တထာဂတော ပရံမရဏာတိအာဒိဝစနမ္ပိ၊ ရဟန္တာပုဂ္ဂိုလ်သည် စုတေသည်မှနောက် လုံးလုံးကြီး ပျောက်သွားလေပြီ မဖြစ်ပြီ ဤသို့စသော စကားတော်ကို ငါဆိုတော်မူရမည့် အချက် သည်လည်း။
နဥပေတိ-နယုဇ္ဇတိ၊ မသင့်မလျော် ငါနှင့်မတော်။
ငါသိလျက်နှင့်မတော်သည့်စကားကို ငါမိန့်မြွက်၍ မတော်နိုင်ဟူလိုသတည်း။
ဤကား ၎င်းအဋ္ဌကထာအနက်။
အဋ္ဌကထာလာ
ဝါရလေးချက် ရှင်းပြပုံ
သိတော်မူပုံအခြင်းအရာကား …
၁။ ရဟန္တာပုဂ္ဂိုလ်တို့ နိဗ္ဗာန်၌ တည်ရောက်၍ နေသည့်အခါ သတ္တဝါဟု ခေါ်ဝေါ်ကြောင်း ရုပ်နာမ်အပေါင်း မရှိသည်ဖြစ်၍ သတ္တဝါဟူသော ပညတ်ကို လွန်၍တည်နေသည်ကို သိမြင်တော် မူသတည်း။ ယင်းသို့ သိတော်မူလျက်နှင့် ရဟန္တာ ပုဂ္ဂိုလ်စုတေသည်မှ နောက်ဖြစ်သေး၏ဟု ဆိုသော် ထိုရဟန္တာသည် ထို နိဗ္ဗာန်၌သတ္တဝါ၏ အဖြစ်ဖြင့် ရုပ်နာမ်နှင့်တကွ တည်နေ ဖြစ်နေ အမြဲနေသည်ဟု ဘိုရာရောက်သည်။ ယင်းသို့သော သဿတအယူ စကားကို ငါဘုရားဆိုတော်မူ၍ မသင့် ဟူလို သတတ်။ (ဟောတိဝါရ-အဓိပ္ပါယ်။ ပဌမ။)
၂။ ဤနည်းအတူ ရဟန္တာပုဂ္ဂိုလ်တို့ အနုပါဒိသေသနိဗ္ဗာန်၌ တည်ရောက်၍ နေသည့်အခါ သတ္တဝါဟု ခေါ်ဝေါ်ကြောင်း ရုပ်နာမ်အပေါင်း မရှိသဖြင့် သတ္တဝါဟူသော ပညတ်မျှသာ မရှိသည်။ ထိုသူလုံးလုံး ပြတ်သွားသည် မဟုတ်သည်ကို သိတော်မူလျက်နှင့်ပင် ရဟန္တာသတ္တဝါသည် စုတေသည်မှနောက် ပျောက်လေပြီ။ လုံးလုံးကြီးမဖြစ်ပြီဟူ၍ ဥစ္ဆေဒအယူဝါဒအရာကို ငါဟောတော်မူသော်လည်း မသင့် ဟူလိုသတတ်။ ဤအရာ၌ ရဟန္တာပုဂ္ဂိုလ် ရဟန္တာသတ္တဝါ ဟူသည်မှာ အတူတူပင် ပရိယာယ်မျှသာ ထူးသတည်း။ ဘူတပုဗ္ဗဂတိကနည်း သုံးချက်မှတ်။ (နဟောတိဝါရ-အဓိပ္ပါယ်။ ဒုတိယ။)
၃။ ဤနည်းအတူ ရဟန္တာပုဂ္ဂိုလ်စုတေပြီးနောက် အနုပါဒိသေသနိဗ္ဗာန ဓာတ်၌တည်၍နေသည့်အခါ သတ္တဝါ ခေါ်ဝေါ်ကြောင်း ရုပ်နာမ်အပေါင်း မရှိသဖြင့် လူနတ်သတ္တဝါဟူသော ပညတ်မျိုးမရှိ၊ ပညတ်ဟူသမျှကို လွန်၍နေသည့် အခါ ထိုသူ ထိုနိဗ္ဗာန်၌ ရှိလည်းရှိ၏၊ ရှိလည်းမရှိ၊ ဤသို့မျှလည်း မဆိုနိုင်အောင် လွန်စွာနက်နဲ၍ နေသည်ကို ငါသိတော်မူလျက် ဤဘဝက ရဟန္တာပုဂ္ဂိုလ် စုတေ ပြီးနောက် ဖြစ်လည်း ဖြစ်၏၊ ဖြစ်လည်း မဖြစ်ဆိုခဲ့လျှင် ထိုရဟန္တာသည် ထိုနိဗ္ဗာန်၌ ရှိလည်းရှိ၏ ရှိလည်းမရှိ ဆိုရာရောက်သောကြောင့် ယင်းသို့ ဧကစ္စသဿတဝါဒ အဖြစ် ရောက်မည့်စကား ကိုလည်း ငါဘုရားဆိုတော်မူ၍ မသင့် ဟူလိုသတတ်။ (ဟောတိ စ န စ ဟောတိဝါရ-အဓိပ္ပါယ်။ တတီယ။)
၄။ ဤနည်းအတူ ရဟန္တာပုဂ္ဂိုလ် စုတေပြီးနောက် နိဗ္ဗာန်၌တည်ရောက်၍ နေသည့်အခါ လူနတ် စသည် ဘုရား ပစ္စေကဗုဒ္ဓါ စသည် ခေါ်ဝေါ် ပညတ်ကြောင်း ရုပ်နာမ်အပေါင်း မရှိသည်ဖြစ်၍ ယင်းသို့ သတ္တပညတ်ကို လွန်၍ ရူပါဒီသင်္ခါဝိမုတ္တဖြစ်၍ နေသည့်အခါ ထိုရဟန္တာ ထိုနိဗ္ဗာန်၌ ရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ် ဟု မဆိုသင့်အောင် လွန်စွာ နက်နဲ၍နေသည်ကို ငါသိတော်မူလျက်ပင် ရဟန္တာပုဂ္ဂိုလ် စုတေသည်မှနောက် ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ် ဆိုခဲ့လျှင် ထိုရဟန္တာ ထိုနိဗ္ဗာန်၌ရှိသည်လည်း မဟုတ် မရှိသည်လည်းမဟုတ် ဆိုရာ ရောက်သောကြောင့် ယင်းသို့သော အမရာဝိက္ခေပ-ဝါဒအရာကိုလည်း ငါဘုရားမိန့်တော်မူ၍ မသင့် ဟူလိုသတတ်။
(နေဝဟောတိ နနဟောတိဝါရ-အဓိပ္ပါယ်။ စတုတ္ထ။)
အဋ္ဌကထာ၌ ပဌမဝါရအဓိပ္ပါယ်မျှလောက်သာ ထင်ရှားသည်၊ ကြွင်းသုံးဝါရအဓိပ္ပါယ်ကို အာဒိသဒ္ဒါဖြင့် ညွှန်းသွားသောကြောင့် မထင်ရှား၊ ထိုသို့ မထင်ရှားသော အရာ၌ ဆိုလတ္တံ့သော နေတ္တိပါဠိတော် မဇ္ဈိမပဏ္ဏာသပါဠိတော် အဋ္ဌကထာတို့ကို မှီး၍ ဆိုအပ်ခဲ့ပြီးသော အဓိပ္ပါယ်တို့ကို ပြဆိုနိုင်ပါသတည်း၊
ထိုစကားသည် မှန်၏။ ထို နေတ္တိပါဠိတော် (၅၇) ၌
ရူပသင်္ခယေ ဝိမုတ္တာ ခေါ တထာဂတော အတ္တီတိပိ နဥပေတိ နတ္ထီတိပိ နဥပေတိ-စသော စကား …
မဇ္ဈိမပဏ္ဏာသပါဠိတော် (၁၅၅) ၌ …
ရူပသင်္ခါဝိမုတ္တော ခေါ ဝစ္ဆ တထာဂတော ဂမ္ဘီရော အပ္ပမေယျော ဒုပ္ပရိယောဂါဟော ဥပပဇ္ဇတီတိ နဥပေတိ။ နပပဇ္ဇတီတိ နဥပေတိ - ဟူသောစကား …
ကထာဝတ္ထုပါဠိတော် (၅၄) ၌ -
ပရိနိဗ္ဗုတော ပုဂ္ဂလော ဥစ္ဆိန္နောတိ နဟေဝံ ဝတ္တဗ္ဗေ-ဟူသောစကား …
ဣတိဝုတ်ပါဠိတော်(၂၃၅) ၌
န သော ပမာဏမေတိ - စသောစကား …
စူဠနိဒ္ဒေသပါဠိတော် (၁၀၉) ၌ အတ္ထံ ပလေတိ န ဥပေတိ သင်္ခံ စသောစကား သဠာယတန သံယုတ်ပါဠိတော် (၄ဝ၈) ၌ “ကာယဿ ဘေဒါ ဓမ္မဋ္ဌော၊ သင်္ချံ နောပေတိ ဝေဒဂူ” ဟူသော စကား ..
နေတ္တိအဋ္ဌကထာ၌ “တာသံ ပရဘာဂေ နိဗ္ဗာနေ တိဋ္ဌေယျာတိ အတ္ထော” ဟူသော စကား-အလုံးစုံတို့သည် …
နိဗ္ဗာန်ရောက်သူတို့ အလုံးစုံပျောက်၍ မသွား၊ နာမ်ရုပ်မျှသာ ပျောက်သွား သည်ဖြစ်၍ နာမ်ရုပ်ကို မှီ၍ဖြစ်သော သတ္တပညတ်ကို လွန်သဖြင့် ထိုရဟန္တာ ထိုနိဗ္ဗာန်၌ ရှိ၏မရှိ စသည်ဖြင့် ဝေနေယျတို့ ဉာဏ်ဖြင့် ထောက်လှမ်းနိုင်ဘွယ်မရှိ၊ ရူပါဒိသင်္ခါဝိမုတ္တအဖြစ်သို့ ရောက်၍ ဂမ္ဘီရ အပ္ပမေယျဖြစ်၍ တည်နေသည်ကို ပြဆိုနိုင်သော အထောက်သာဓက ပါဌ်တို့ချည်းတည်း။
ဤပါဠိတော်တို့၌ …
- (က) ရူပသင်္ခါဝိမုတ္တ
- (ခ) ဝေဒနာသင်္ခါဝိမုတ္တ
- (ဂ) သညာ သင်္ခါဝိမုတ္တ
- (ဃ) သင်္ခါရသင်္ခါဝိမုတ္တ
- (င) ဝိညာဏသင်္ခါဝိမုတ္တ တထာဂတ …
ဟု လာသောအရာကို ပရိနိဗ္ဗာန်မပြုသေးခင် သဇီဝရဟန္တာကို ဆိုသည်ဟူ၍ အချို့သူများ ယောင်မှား တတ်ကြ ဆိုတတ်ကြသည်။
ယင်းသို့ဆိုခဲ့လျှင် ပရိနိဗ္ဗာန် မပြုသေးခင်ကပင် ခန္ဓာငါးပါးမှ လွတ်၍နေသည်။ လူနတ်စသော သတ္တပညတ် ဘုရား ပစ္စေကဗုဒ္ဓါ- စသော ပညတ်မှ လွတ်၍နေသည် ဆိုရာ ရောက်ခဲ့၏။
ယင်းသို့ ဆိုခဲ့လျှင် …
ကာယဿ ဘေဒါ ဓမ္မဋ္ဌော သင်္ချံ နောပေတိ ဝေဒဂူ။
ဟူသော ရဟန္တာပုဂ္ဂိုလ် ခန္ဓာပျက်ပြီးသည့်နောက် နိဗ္ဗာန်၌ တည်ရောက်၍ နေသည့်အခါ လူနတ် စသော ပညတ်အရေအတွက်သို့ မရောက်ပြီ ဟု လာသော သဠာယတနသံယုတ်ပါဠိ “အတ္ထံ ပလေတိ န ဥပေတိ သင်္ခံ” စသော စူဠနိဒ္ဒေသ စသော များစွာသော ပါဠိတော်တို့နှင့် ဝိရုဒ္ဓဖြစ်ခဲ့တော့မည်။ ။
ပရိနိဗ္ဗာန် မပြုသေးခင်ကပင် ခန္ဓာငါးပါးနှင့်စပ်သော သတ္တပညတ်မှလွတ်၍ အနုပါဒိသေသနိဗ္ဗာန်သို့ ရောက်ပြီ ဟူ၍လည်း ဆိုရာရောက်ခဲ့တော့မည်။
ယင်းသို့ ဆိုခဲ့လျှင်လည်း …
သာဝကော ခေါ သဥပါဒိသေသော အနုပါဒိသေသနိဗ္ဗာနဓာတု အနုပါပုဏိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ။
ဟူသော နေတ္တိပါဠိတော်နှင့် ဝိရုဒ္ဓဖြစ်ခဲ့တော့မည်။ သည်သာမက ဤ သဠာယတနသံယုတ် ပါဠိတော် ၌ …
ရူပသင်္ခါဝိမုတ္တာ ခေါ မဟာရာဇ တထာဂတော ဂမ္ဘီရော အပ္ပမေယျော ဒုပ္ပရိယောဂါဟော သေယျထာပိ မဟာသမုဒ္ဒေါ။ ဟောတိ တထာဂတော ပရံမရဏာတိပိ နဥပေတိ။ နဟောတိ တထာဂတော။ပ။ နဥပေတိ။
ဟူသော ပါဌ်၌ ရူပသင်္ခါဝိမုတ္တ တထာဂတ အရကို သဇီဝဟုယူခဲ့လျှင် ရှုပါဒိသင်္ခါဝိမုတ္တ ဂမ္ဘီရဖြစ်သော သဇီဝရဟန္တာပုဂ္ဂိုလ်၌သာ စုတေသည်မှနောက် ဖြစ်၏- မဖြစ် စသည်ဖြင့် ဆို၍ မသင့်သည်။
ယင်းသို့ ဂမ္ဘီရမဟုတ်သော ပုထုဇန်တို့၌ကား သေသည်မှ နောက်ဖြစ်၏ ဟူသော သဿတအရာ မဖြစ်ဟူသော ဥစ္ဆေဒဝါဒအရာ စသော အခြင်းအရာ အားဖြင့် ဆိုလိုက်သေး၏ ဟု ဆိုရာရောက်ခဲ့ တော့မည်။
ယင်သို့ ဆိုခဲ့လျှင်လည်း သာမညပုထုဇ္ဇန တထာဂတ တို့အားလည်း သေပြီး သည့်နောက် ဖြစ် မဖြစ်-
စသော …
- (က) သဿတာကာရ
- (ခ) ဥစ္ဆေဒါကာရ
- (ဂ) ဧကစ္စသဿတာကာရ
- (ဃ) အမရာဝိက္ခေပိကာကာရ
အားဖြင့် လေးပါးလုံးနှင့်ပင် မဆိုသင့်ကြောင်းကိုလာသေ၁ စတုက္ကအင်္ဂုတ္တိုရ် ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ပဋိသမ္ဘိဒါမဂ်ပါဠိတော်စသည်တို့နှင့် စင်စစ် ဝိရုဒ္ဓ ဖြစ်ခဲ့တော့မည်။
ယင်းသို့ ”ရူပသင်္ခါဝိမုတ္တာ ခေါ မဟာရာဇ တထာဂတော ဂမ္ဘီရော”စသော ရှေ့စကား နှင့် “ဟောတိ တထာဂတော” စသော နောက်စကားကို တပေါင်းတည်းအရတူ သဇီဝရဟန္တာကိုသာ ယူခြင်း၌ ဆိုအပ်ခဲ့ပြီးသော အပြစ်ဒေါသတို့နှင့် မကင်းသော အပြစ်၏ အလွန်ထင်ရှားရကား ယင်းသို့ မယူဘဲလျက် ယင်း “ရူပသင်္ခါဝိမုတ္တာ” စသော ရှေ့စကားကိုဟိတ် “ဟောတိ တထာဂတော” စသော နောက်စကားကို ဟိတ်၏ဖိုလ်ပြု၍ ယခင် ယောဇနာခဲ့သည့် အတိုင်းသာ ၎င်းပါဠိတော်ပါဌ်အနက်ကို နာနာကျက်မှတ် သဘောလင်းအောင် ခါခါထပ်၍ ကြံကြလေ။
ယခင်ယောဇနာ၍ ပြခဲ့သော ၎င်းသဠာယတနသံယုတ် အဋ္ဌကထာပါဌ် အနက်ကိုလည်း ကသိုဏ်း ကွက်ကျအောင် ဝါစုဂ္ဂတ ပြုကြပြီးခါ အဘန်ဘန် အထပ်ထပ် အတ္ထယုတ္တိ ရှိမရှိကို မိမိရရ ကြံမိကြလျှင် ဧကန်ပင် သဘောကျကြ ကုန်လတ္တံ့။
ယင်းသို့ သဘောကျကြသည့်အခါ ရူပသင်္ခါဝိမုတ္တ ဝေဒနာသင်္ခါဝိမုတ္တ။ပ။ ဝိညာဏသင်္ခါဝိမုတ္တ ဂမ္ဘီရတထာဂတ - ဟူသည် သဇီဝရဟန္တာကို ဆိုသည်မဟုတ်၊ သဇီဝရဟန္တာပုဂ္ဂိုလ် စုတိပြီးသည့် နောက် နိဗ္ဗာန်၌ တည်ရောက်၍ ခန္ဓာငါးပါး မရှိသဖြင့် ထိုခန္ဓာနှင့်စပ်သော ပညတ်မှလွတ်၍ နေသော ခီဏာသ၀ အသျှင်တို့ကိုပင် ဆိုပေသည် ဟု သဘောစင်စစ် ကျကြကုန်လတ္တံ့။
သဠာယတနသံယုတ်ဋီကာအနက်
ယခုအခါ အောက်၌ ထုတ်ပြအပ်ခဲ့ပြီးသော သဠာယတနသံယုတ် ဋီကာအနက်ကို ပြဆိုလတ္တံ့။
၃။ (က) တထာဂတောတိ၊ တထာဂတ- ဟူသောစကားကို။
ခီဏာသဝတထာဂတံ၊ ရဟန္တာသတ္တဝါကို။
သန္ဓာယ၊ ရည်၍။
ပုစ္ဆတိ၊ ကောသလမင်းကြီး မေးသတည်း။
(ရဟန္တာသတ္တဝါ သေသည်မှနောက် ဖြစ်မဖြစ်-စသည်ဖြင့် မေးလျှောက်သည်။ သတ္တဝါ သာမညကို မေးလျှောက်သည့်အရာ မဟုတ်ဟူလို။)
ခီဏာသဝေါစ၊ ရဟန္တာသည်လည်း။
အရဟတ္တဖလဘာဝိတေ၊ အရဟတ္တဖိုလ်ဖြင့် ထုံမွှန်းအပ်ကုန်ပြီးသော။
ခန္ဓေ၊ ခန္ဓာငါးပါးတို့ကို။
ဥပါဒါယ၊ စွဲ၍။
သတ္တပညတ္တိ၊ တထာဂတ-ဟူသော သတ္တပညတ်သည်။
ဟောတိ၊ ဖြစ်၏။
တေသု ခန္ဓေသု၊ ထိုသတ္တဝါဟု ခေါ်ဝေါ်ကြောင်းဖြစ်သောခန္ဓာတို့သည်။
သတိ-သန္တေသု၊ ရှိကုန်သည် ရှိသော်။
ခီဏာသဝသင်္ခါ စ၊ ခီဏာသဝ ဟူသော ပညတ်သည်လည်း။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
ဝေါဟာရေန၊ သက္ကပညတ် ခီဏာသ၀ပညတ် အားဖြင့်။
ပညာပေတုံ၊ ပညတ်ခြင်းငှါ။
သက္ကာ၊ တတ်ကောင်းသည်။
ဘဝေယျ၊ ဖြစ်ရာ၏။
ခန္ဓေသု၊ ယင်းသို့သော ခန္ဓာတို့သည်။
အသန္တေသု၊ မရှိကုန်သည် ရှိသော်။
န သက္ကာ၊ မတတ်စကောင်း။
တသ္မာ၊ ထိုသို့သတ္တဝါဟု ခေါ်ဝေါ် ပညတ်ကြောင်း ရုပ် နာမ် ခန္ဓာမရှိသည့်အခါ သတ္တဝါဟူသော ရဟန္တာ ဟူသော ပညတ် မရှိနိုင်ရကား။
ပရံမရဏာတိ၊ ရဟန္တာသတ္တဝါ သေသည့်နောက် ဟူ၍၊
ဝုတ္တတ္တာ၊ မေးအပ်သည်ဖြစ်သောကြောင့်။
ဧတံ၊ ဤ ရဟန္တာသတ္တဝါ သေသည်မှနောက် ဖြစ်လာသေး၏ မဖြစ်လာပြီ- စသောစကားကို။
အဗျာကတံ၊ ငါဟောကြားတော်မမူ၊။
ဣတိ၊ ဤသို့။
ဝုတ္တံ၊ သျှင်တော်မြတ်ဘုရား ကောသလမင်းကြီးအား မိန့်ကြားတော်မူအပ်ပြီ။
(ခ) နဟောတိ တထာဂတော ပရံမရဏာတိ၊ ဟူ၍။
ပဋ္ဌာယ၊ မေးအပ်သော ပုစ္ဆာ၌။
အာမာတိ၊ ဟုတ်၏ဟူ၍။
ပဋိဇာနိတဗ္ဗံ၊ ၀န်ခံအပ်သည်။
သိယာ၊ ဖြစ်ငြားအံ့။
သဘာဝတော၊ ရဟန္တာပုဂ္ဂိုလ် သေသည်မှနောက် ဤလောက၌ ဖြစ်ရောက်လာရိုး မရှိသော သဘော အတိုင်း အားသာလျှင်။
ယဒိပိ ဟောတိ၊ အကယ်၍ကား ဖြစ်၏။
တထာပိ၊ ထိုသို့ဖြစ်သော်လည်း၊
သတ္တသင်္ခါတဿ သတ္တဝါဟူသောအရာကို။
ပုစ္ဆိတတ္တာ၊ မေးအပ်သောကြောင့်၊
ပဋိက္ခိပိတုံ၊၊ ပယ်ခြင်းငှါ။
သက္ကာ၊ တတ်ကောင်း၏။
ဣတိ၊ ဤသို့ နှလုံးပိုက်တော်မူ၍။
ဧတသ္မီတိ အာဒိ၊ ဧတသ္မိ-ဤသို့အစရှိသော စကားကိုလည်း။
ဝုတ္တံ၊ မိန့်တော် မူအပ်ပြီ။
ဋီကာဆရာ့စကား
လိုရင်းအဓိပ္ပါယ် စသည်ပြပုံ
သတ္တဝါအရာကို မေးအပ်သောကြောင့် ရဟန္တာပုဂ္ဂိုလ်၏လည်း စုတ်ပြီးနောက် ဤလောကထဲ၌ တစုံတခုသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းမရှိ နိဗ္ဗာန်၌လည်း သတ္တဝါ၏အဖြစ်ဖြင့် ဖြစ်ခြင်း မရှိသောကြောင့် “န ဟောတိ တထာဂတော ပရံမရဏာတိ” အစရှိသည်ဖြင့် မေးအပ်သော ပုစ္ဆာတို့ကို ဝန်မခံသော်လည်း အသင့်ပင် ဟု နှလုံးပြုတော်မူ၍ “ဧတသ္မိ” စသည်ကို မိန့်ဆိုတော် မူသည် ဟူလိုသတတ်။ ဤ၌ လိုရင်းအဓိပ္ပါယ်တည်း။
ဤမှတပါး ၎င်း “သတ္တသင်္ခါတဿ ပုစ္ဆိတတ္တာ” ၌ သတ္တဝါဟူ၍ မေးအပ်သောကြောင့် ပရမတ္ထ အားဖြင့် သတ္တဝါဟူသည် မရှိသောကြောင့် ဤသို့သော အဓိပ္ပါယ်ကို မယူအပ်၊ အကယ်၍ ယူခဲ့လျှင် ရဟန္တာမှတပါး အခြားသတ္တဝါ အရာတို့နှင့် ထူးခြားနိုင်တော့မည် မဟုတ်။ ထို့ကြောင့် ဆိုအပ် ခဲ့ပြီးသည့်အတိုင်းသာ အဓိပ္ပါယ်ကို ယူအပ်၏ …
ဆက်ဦးအံ့ …
ဤသဠာယတနသံယုတ် ကောသလရာဇပုစ္ဆာ၌ “တထာဂတော” ဟုသာမည သဒ္ဒါနှင့် မေးသော် လည်း ရဟန္တာပုဂ္ဂိုလ်ကို ရည်၍ မေးသည်ဟု ဘုရားသျှင် သိတော်မူသောကြောင့် ”ယေန ရူပေန တထာဂတံ။ပ။ အာယတိံ အနုပ္ပါဒဓမ္မံ” ဟူသော အကြောင်းဟိတ်တပါး “ရူပသခါဝိမုတ္တော ခေါ မဟာရာဇ တထာဂတော ဂမ္ဘီရော” စသော အကြောင်းဟိတ်တပါး၊ ယင်းသို့သောဟိတ်နှစ်ပါး ကြောင့် မင်းကြီး ပုစ္ဆာကို ဝန်မခံသည်။
သတ္တဝါ ဟူသော တထာဂတ သညာကို ငါပယ်တော်မူပြီးသောကြောင့်၎င်း ရုပ်ဟူသောပညတ်မှ ဝါ- ရုပ်နှင့်စပ်သော လူနတ်စသော ပညတ်မှလွတ်၍ နိဗ္ဗာန်၌ တည်သော ရဟန္တာ၏ အလွန် နက်နဲသည်ဖြစ်၍ ထိုရဟန္တာ ထိုနိဗ္ဗာန်၌ရှိ၏ - မရှိ စသည်ဖြင့် ဝေနေယျတို့ ဉာဏ်ဖြင့် မထောက် လှမ်းနိုင်ဘွယ် တကယ်နက်နဲ၍ နေသောကြောင့်၎င်း ယင်းသို့သော အကြောင်းနှစ်ပါးတို့ကြောင့် ရဟန္တာ သတ္တဝါ သေသည်မှ နောက်၌ ဖြစ်၏- မဖြစ်-စသည်ဖြင့် ငါဟောတော်မူ၍ မသင့်ဟု ဘုရားသျှင် ပယ်တော်မူသည် ဟူလို။
“ဟောတိ ခေါ ဘန္တေ တထာဂတော ပရံမရဏာ.”
စသည်ဖြင့်လာသော မဇ္ဈိမပဏ္ဏာသပါဠိတော် မာလုကျပုစ္ဆာ၌ကား ပုထုဇန် သေက္ခ ရဟန္တာ မဆို သတ္တဝါသာမညကို မေးသည် ဟု ဘုရားသျှင် သိတော်မူသည့်အတိုင်း ယခင်ဆိုအပ်ခဲ့ပြီးသော အကြောင်း ဟိတ်နှစ်ပါး မိန့်ဆိုတော်မမူဘဲ “ဧဝံ အဗျာကတံ မာလုကျပုတ္တ” စသည်ဖြင့်သာ မိန့်ကြားတော်မူသတည်း။
၎င်းမာလုကျပုတ္တပုစ္ဆာလေးချက်တွင် …
- ပဌမပုစ္ဆာ၌ ဤဘဝမှ အတ္တဟူသော အသက်ဝိညာဏ်ဟု ဆိုအပ်သော သတ္တဝါသည် နောင်ဘဝသို့ လိုက်၍ပြောင်း၍ သွားသလော ဟု သဿတ အယူအားဖြင့် မေးသည်။
- ဒုတီယပုစ္ဆာ၌ ဤဘဝမှ ရုပ်ကိုယ်ခန္ဓာသည် ဤဘဝတွင်ပင် ပျက်စီး ပုပ်ဆွေး၍ နောင်ဘဝသို့ မပြောင်းမလိုက်သကဲ့သို့ အသက်ဝိညာဏ်ဟု ဆိုအပ်သော အတ္တဟူသော သတ္တဝါသည်လည်း ဤ ဘဝမှနောက် ပြတ်တောက်၍ သွားသလော ဟု ဥစ္ဆေဒဝါဒအရာအားဖြင့်မေးသည်။
- တတီယဝါဒ၌ ဤဘဝမှ အတ္တဟူသော အသက်ဝိညာဏ် သတ္တဝါသည် နောင်ဘဝသို့ ပြောင်းရွှေ့ လိုက်သွားသူလည်း အချို့ရှိသလော၊ အချို့လည်း ယင်းသို့ မလိုက်ဘဲ ပျောက်ပျက် ပြတ်တောက်၍ သွားပါ သလော ဟု ဧကစ္စသဿတ အရာအားဖြင့် မေးသည် ။
- စတုတ္ထဝါဒ၌ ဤဘဝမှ အသက်ဝိညာဏ် ဇီဝ အတ္တ ဟု ဆိုအပ်သော သတ္တဝါသည် သေသည် မှနောက် ဘဝတပါး ပြောင်းသွားသည်လည်း မဆိုသင့်၊ ပြောင်းသွားသည် မဟုတ်ဟူ၍လည်း မဆိုသင့်ပါသလော ဟု အမရာဝိက္ခေပိက ဒိဋ္ဌိဝါဒအားဖြင့် မေးသတည်း။
၎င်း ဒိဋ္ဌိအရာလေးပါးလုံးကိုပင် ငါမဟော ငါအယူတော် မရှိ-ဟု ပယ်တော် မူခြင်းငှါ “ဧဝံ အဗျာကတံ မာလုကျပုတ္တ” စသည်ဖြင့် မိန့်တော်မူပြီး၍ ယင်းသို့ မဟောခြင်း၏အကြောင်းကို ပြတော်မူခြင်းငှါ “ကသ္မာ စေတံ မာလုကျပုတ္တ အဗျာကတံ” စသည်ဖြင့် ငါဟောတော်မူက လေးပါးဒိဋ္ဌိစွဲငြိ ကပ်သွားသဖြင့် ဝေနေယျတို့ သုခချမ်းသာ မရာမရေ ဖြစ်ကြမည်အနေကြောင့် ငါ ဟောတော်မမူသည် ဟု မိန့်တော်မူသတည်း။
ဤကောသလရာဇပုစ္ဆာ၌ကား “တထာဂတောတိ ခီဏာသဝတထာဂတံ သန္ဓာယ ပုစ္ဆတိ” ၎င်းဋီကာ လာတိုင်း ရဟန္တာသတ္တဝါ သေသည်မှနောက် ဟူ၍ ရဟန္တာနှင့် စပ်၍၎င်း၊ သတ္တဝါနှင့်စပ်၍၎င်း မေးအပ်သောကြောင့် ရဟန္တာနှင့်စပ်၍ မေးသောအချက်၌ ရူပသင်္ခါဝိမုတ္တဖြစ်၍ နိဗ္ဗာန်၌ တည်နေသော ရဟန္တာ၏ မိမိတည်ရာနိဗ္ဗာန်၌ ရှိ၏- မရှိ စသည်ဖြင့် ဝေနေယျတို့ ဉာဏ်ဖြင့် မထောက်လှမ်းနိုင်ဘွယ် တကယ်နက်နဲ၍ နေသောကြောင့် ရှေးဘဝက ရဟန္တာ သေ၍ ထိုနိဗ္ဗာန်၌ ဖြစ်သော မဖြစ်သော ဟူ၍ ငါဟောတော်မူခြင်းငှါ မသင့် ဆိုလိုသတတ်။
“တထာဂတော” ဟု သတ္တဝါနှင့်စပ်၍ မေးသောအချက်၌ “တံ ရူပံ တထာဂတဿ ပဟီနံ” စသည်ဖြင့် မိန့်တော်မူအပ်သော ရှေ့ဟိတ်အရ ငါဘုရားအား တထာဂတသညာဟူသော သတ္တသညာကို ပယ်တော်မူပြီးသောကြောင့် ရဟန္တာသတ္တဝါ ဟု သတ္တဝါနှင့်စပ်၍ ငါဟောတော်မူခြင်းငှါ မသင့် ဟူလို သတတ်။
ရဟန္တာပုဂ္ဂိုလ် သေသည်မှနောက် ရုပ်နှင့်စပ်သော ပညတ်မှလွတ်၍နေသဖြင့် ထိုသူ ထိုနိဗ္ဗာန်၌ ရှိ၏ ဟူ၍ မဆိုသင့် ဟူရာဝယ် သဿတဝါဒနှင့် ဆက်ဆံသော အတ္ထိသဒ္ဒါဖြင့်သာ မဆိုသင့်သည်။ “ကာယဿ ဘေဒါ ဓမ္မဋ္ဌော၊ သင်္ချံ နောပေတိ ဝေဒဂူ” ဟူသော ယခင် သဠာယတနသံယုတ်ပါဠိတော် “တာသံ ပရဘာဂေ နိဗ္ဗာနေ တိဋ္ဌေယျ” ဟူသော နေတ္တိအဋ္ဌကထာ “နိဗ္ဗာနံ အရဟတော ဂတိ” ဟူသော ပရိဝါပါဠိတော်တို့နှင့်အညီ ထိုနိဗ္ဗာန်၌ ရဟန္တာအသျှင်တို့ တည်နေသည် ဟူ၍ကား စင်စစ် ဆိုသင့် ဆိုထိုက်လှတော့၏ မှတ်။
ဤဆိုအပ်ခဲ့ပြီးသော သဠာယတနသံယုတ်ပါဠိတော် အဋ္ဌကထာ ဋီကာ စသည်တို့ကို အထူးသဖြင့် ယုံကြည်မှတ်သား သဘောထင်ရှား ဖြစ်စေခြင်းငှါ ယင်းနည်းတူလာသော မဇ္ဈိမပဏ္ဏာသပါဠိတော် အဋ္ဌကထာ ဋီကာ တို့ကို ထုတ်ဆိုပေအံ့။
၎င်းပါဠိတော်ကို အရင်းနိဒါန်းနှင့် တကွ ရေးသားက ဂစ္ဆဂရုဘယကြောင့် လိုရင်းပါဌ်ကိုသာ ရေးသားပေအံ့။
ဝစ္ဆပရိဗိုဇ်အား
မြတ်စွာဘုရား ဖြေဆိုပုံ
မဇ္ဈိမပဏ္ဏာသ ပါဠိတော်
၁။ (က) ဧဝံ ဝိမုတ္တစိတ္တော ပန ဘော ဂေါတမ ဘိက္ခု ကုဟိံ ဥပပဇ္ဇတီတိ ဣတိ ပုဋ္ဌော သမာနော ဥပပဇ္ဇတီတိ ခေါ ဝစ္ဆ နဥပေတီတိ ၀ဒေသိ။
(ခ) တေန ဟိ ဘော ဂေါတမ န ဥပပဇ္ဇတီတိ ဣတိ ပုဋ္ဌော သမာနော န ဥပပဇ္ဇတီတိပိ ခေါ ဝစ္ဆ န ဥပေတီတိ ဝဒေသိ။
(ဂ) တေနဟိ ဘော ဂေါတမ ဥပပဇ္ဇတိ စ န စ ဥပပဇ္ဇတီတိ ဣတိ ပုဋ္ဌော သမာနော ဥပပဇ္ဇတိ စ န စ ဥပပဇ္ဇတီတိ ခေါ ဝစ္ဆ နဥပေတီတီ ဝဒေသိ။
(ဃ) တေနဟိ ဘော ဂေါတမ နေဝဥပပဇ္ဇတိ နနဥပပဇ္ဇတီတိ ဣတိ ပုဋ္ဌော သမာနော နေဝဥပပဇ္ဇတိ နနဥပပဇ္ဇတီတိ ခေါ ဝစ္ဆ နဥပေတီတိ ဝဒေသိ။ ဧတ္တာဟံ ဘော ဂေါတမ အညာဏံ ပရိယာမိ၊ ဧတ္ထ သမ္မောဟံ ပရိယာမိ၊ ဣဟ ဘောတော ဂေါတမဿ ပုရိမေန ကထာသလ္လာပေန အဟုမျာသမတ္ထော၊ သာပိ မေ ဧတရဟိ အန္တရဟိတာတိ။
၂။ အလံ ဟိ တေ ဝစ္ဆ အညာဏာယ၊ အလံ သမ္မောဟာယ၊ ဂမ္ဘီရောဝါယံ ဝစ္ဆ ဓမ္မော၊ ဣဟ ဝစ္ဆ သော ဒုရနုဗောဓော သန္တော ပဏီတော အတက္ကာဝစရော နိပုဏော ပဏ္ဍိတဝေဒနီယော။ သော တယာ ဒုဇ္ဇာနော အညဒိဋ္ဌိကေန အညခန္တိကေန အညရုစိကေန အညတြ ယောဂေန အညတြ အာစရိယကေန။ တေနဟိ ဝစ္ဆ တညေဝေတ္ထ ပဋိပုစ္ဆိဿာမိ၊ ယထာ တေ ခမေယျ၊ တထာ နံ ဗျာကရေယျာသိ။ တံ ကိံ မညသိ ဝစ္ဆ၊ သစေ တေ ပုရတော အဂ္ဂိ ဇလေယျ၊ ဇာနေယျာသိ တွံ အယံ မေ ပုရတော အဂ္ဂိ ဇလတီတိ။ သစေ မေ ဘော ဂေါတမ ပုရတော အဂ္ဂိ ဇလေယျ၊ ဇာနေယျာဟံ အယံ မေ ပုရတော အဂ္ဂိ ဇလတီတိ။
၃။ သစေ ပန တံ ဝစ္ဆ ဧဝံ ပုစ္ဆေယျုံ ယော တေ ပုရတော အဂ္ဂိ ဇလတိ၊ အယံ အဂ္ဂိ ကံ ပဋိစ္စ ဇလတီတိ။ ဧဝံ ပုဋ္ဌော တွံ ဝစ္ဆ ကိန္တိ ဗျာကရေယျာသီတိ။ သစေ မံ ဘော ဂေါတမ ဧဝံ ပုစ္ဆေယျုံ ယော တေ ပုရတော အဂ္ဂိ ဇလတိ၊ အယံ အဂ္ဂိ ကံ ပဋိစ္စ ဇလတီတိ။ ဧဝံ ပုဋ္ဌော အဟံ ဘော ဂေါတမ ဧဝံ ဗျာကရေယျံ ယော မေ ပုရတော အဂ္ဂိ ဇလတိ၊ အယံ အဂ္ဂိ တိဏကဋ္ဌုပါဒါနံ ပဋိစ္စ ဇလတီတိ။
၄။ သစေ ဝစ္ဆ ပုရတော သော အဂ္ဂိ နိဗ္ဗာယေယျ၊ ဇာနေယျာသိ တွံ အယံ မေ ပုရတော အဂ္ဂိ နိဗ္ဗုတောတိ။ သစေ မေ ဘော ဂေါတမ ပုရတော သော အဂ္ဂိ နိဗ္ဗာနေယျ၊ ဇာနေယျာဟံ အယံ မေ ပုရတော အဂ္ဂိ နိဗ္ဗုတောတိ။
၅။ သစေ တံ ဝစ္ဆ ဧဝံ ပုစ္ဆေယျုံ ယော တေ ပုရတော အဂ္ဂိ နိဗ္ဗုတော၊ သော အဂ္ဂိ ဣတော ကတမံ ဒိသံ ဂတော ပုရတ္ထိမံ ဝါ ဒက္ခိဏံ ဝါ ပစ္ဆိမံ ဝါ ဥတ္တရံ ဝါတိ။ ဧဝံ ပုဋ္ဌော တွံ ဝစ္ဆ ကိန္တိ ဗျာကရေယျာသီတိ။ န ဥပေတိ ဘော ဂေါတမ၊ ယဥှိ ဘော ဂေါတမ အဂ္ဂိ တိဏကဋ္ဌုပါဒါနံ ပဋိစ္စ ဇလတိ၊ တဿ စ ပရိယာဒါနာ အညဿ စ အနုပဟာရာ အနာဟာရော နိဗ္ဗုတောတွေဝ သင်္ချံ ဂစ္ဆတီတိ။
၆။ ဧ၀မေ၀ ခေါ ဝစ္ဆ ယေန ရူပေန တထာဂတံ ပညာပယမာနော ပညာပေယျ၊ တံ ရူပံ တထာဂတဿ ပဟီနံ ဥစ္ဆိန္နမူလံ တာလာဝတ္ထုကတံ အနဘာဝံ ကတံ အာယတိံ အနုပ္ပါဒဓမ္မံ။ ရူပသင်္ခါဝိမုတ္တော ခေါ ဝစ္ဆ တထာဂတော ဂမ္ဘီရော အပ္ပမေယျော ဒုပ္ပရိယောဂါဟော သေယျထာပိ မဟာသမုဒ္ဒေါ။ ဥပပဇ္ဇတီတိ နဥပေတိ၊ နဥပပဇ္ဇတီတိ နဥပေတိ၊ ဥပပဇ္ဇတိ စ န စ ဥပပဇ္ဇတီတိ န ဥပေတိ၊ နေဝ ဥပပဇ္ဇတိ နန ဥပပဇ္ဇတီတ နဥပေတိ။
၇။ ယာယ ဝေဒနာယ တထာဂတံ ပညာပယမာနော ပညာပေယျ၊ သာ ဝေဒနာ တထာဂတဿ ပဟီနာ ဥစ္ဆိန္နမူလာ တာလာဝတ္ထုကတာ အနဘာဝံ ကတာ အာယတိံ အနုပ္ပါဒဓမ္မာ။ ဝေဒနာသင်္ခါဝိမုတ္တော ခေါ ဝစ္ဆ တထာဂတော ဂမ္ဘီရော အပ္ပမေယျော ဒုပ္ပရိယောဂါဟော သေယျထာပိ မဟာသမုဒ္ဒေါ။ ဥပပဇ္ဇတီတိ နဥပေတိ၊ နဥပပဇ္ဇတီတိ နဥပေတိ၊ ဥပပဇ္ဇတိ စ န စ ဥပပဇ္ဇတီတိ န ဥပေတိ၊ နေဝ ဥပပဇ္ဇတိ နန ဥပပဇ္ဇတီတ နဥပေတိ။
၈။ ယာယ သညာယ တထာဂတံ ပညာပယမာနော ပညာပေယျ၊ သာ သညာ တထာဂတဿ ပဟီနာ ဥစ္ဆိန္နမူလာ တာလာဝတ္ထုကတာ အနဘာဝံ ကတာ အာယတိံ အနုပ္ပါဒဓမ္မာ။ သညာသင်္ခါဝိမုတ္တော ခေါ ဝစ္ဆ တထာဂတော ဂမ္ဘီရော အပ္ပမေယျော ဒုပ္ပရိယောဂါဟော သေယျထာပိ မဟာသမုဒ္ဒေါ။ ဥပပဇ္ဇတီတိ နဥပေတိ၊ နဥပပဇ္ဇတီတိ နဥပေတိ၊ ဥပပဇ္ဇတိ စ န စ ဥပပဇ္ဇတီတိ န ဥပေတိ၊ နေဝ ဥပပဇ္ဇတိ နန ဥပပဇ္ဇတီတ နဥပေတိ။
၉။ ယေဟိ သင်္ခါရေဟိ တထာဂတံ ပညာပယမာနော ပညာပေယျ၊ တေ သင်္ခါရာ တထာဂတဿ ပဟီနာ ဥစ္ဆိန္နမူလာ တာလာဝတ္ထုကတာ အနဘာဝံကတာ အာယတိံ အနုပ္ပါဒဓမ္မာ။ သင်္ခါရသင်္ခါဝိမုတ္တော ခေါ ဝစ္ဆ တထာဂတော ဂမ္ဘီရော အပ္ပမေယျော ဒုပ္ပရိယောဂါဟော သေယျထာပိ မဟာသမုဒ္ဒေါ။ ဥပပဇ္ဇတီတိ န ဥပေတိ၊ န ဥပပဇ္ဇတီတိ န ဥပေတိ၊ ဥပပဇ္ဇတိ စ န စ ဥပပဇ္ဇတီတိ န ဥပေတိ၊ နေဝ ဥပပဇ္ဇတိ နန ဥပပဇ္ဇတီတ နဥပေတိ။
၁၀။ ယေန ဝိညာဏေန တထာဂတံ ပညာပယမာနော ပညာပေယျ၊ တံ ဝိညာဏံ တထာဂတဿ ပဟီနံ ဥစ္ဆိန္နမူလံ တာလာဝတ္ထုကတံ အနဘာဝံ ကတံ အာယတိံ အနုပ္ပါဒဓမ္မံ။ ဝိညာဏသင်္ခါဝိမုတ္တာ ခေါ ဝစ္ဆ တထာဂတော ဂမ္ဘီရော အပ္ပမေယော ဒုပ္ပရိယောဂါဟော သေယျထာပိ မဟာသမုဒ္ဒေါ။ ဥပပဇ္ဇတီတိ န ဥပေတိ၊ န ဥပပဇ္ဇတီတိ န ဥပေတိ၊ ဥပပဇ္ဇတိ စ န စ ဥပပဇ္ဇတီတိ န ဥပေတိ၊ နေဝ ဥပပဇ္ဇတိ နန ဥပပဇ္ဇတီတ နဥပေတိ။
၁၁။ ဧဝံ ဝုတ္တေ ဝစ္ဆဂေါတ္တော ပရိဗ္ဗာဇကော ဘဂဝန္တံ ဧတဒဝေါစ သေယျထာပိ ဘော ဂေါတမ ဂါမဿ ဝါ နိဂမဿ ဝါ အဝိဒူရေ မဟာသာလရုက္ခော၊ တဿ အနိစ္စတာ သာခါပလာသံပလုဇ္ဇေယျုံ၊ တစပပဋိကာ ပလုဇ္ဇေယျုံ။ ဖေဂ္ဂုံ ပလုဇ္ဇေယျုံ၊ သော အပရေန သမယေန အပဂတသာခါပလာသော အပဂတတစပပဋိကော အပဂတဖေဂ္ဂုကော သုဒ္ဓေ သာရေ ပတိဋ္ဌိတော။ ဧ၀မေဝ ဘောတော ဂေါတမဿ ပါဝစနံ အပဂတသာခါပလာသံ အပဂတတစပပဋိကံ အပဂတဖေဂ္ဂုကံ သုဒ္ဓေ သာရေ ပတိဋ္ဌိတံ။ အဘိက္ကန္တံ ဘော ဂေါတမ။ပေ။ ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေပါဏုပေတံ သရဏံ ဂတန္တိ။
မဇ္ဈိမပဏ္ဏာသပါဠိတော် (၁၅၄)
၎င်းပါဋိတော်အနက် ယောဇနာပုံ
၁။ ပန၊ လျှောက်ထားပါရစေဦး ဘုရား။
(က) ဘော ဂေါတမ၊ အသျှင် ဂေါတမ။
ဧဝံ ဝိမုတ္တစိတ္တော၊ ဤသို့ ကိလေသာတို့မှ လွတ်ပြီးသော စိတ်ရှိသော။
ဘိက္ခု၊ ရဟန္တာပုဂ္ဂိုလ်သည်။
ကုဟိံ ဥပပဇ္ဇတီတိ၊ သေပြီးသည့်နောက် အဘယ်၌ ဖြစ်၍ နေပါသေးသနည်း ဟု။
ဣတိ၊ ဤသို့။
ပုဋ္ဌော၊ မေးလျှောက်အပ်သည်။
သမာနော၊ ဖြစ်သည်ရှိသော်။
ဝစ္ဆ၊ ဝစ္ဆပရိဗိုဇ်။
ခေါ၊ စင်စစ်။
ဥပပဇ္ဇတိ၊ ထိုရဟန္တာပုဂ္ဂိုလ် သေပြီးသည့်နောက် ဖြစ်သေး၏။
ဣတိပိ၊ ဤသို့ငါဟောတော်မူသော်လည်း။
နဥပေတိ နယုဇ္ဇတိ၊ မသင့်မတော် မလျော်နိုင်။
ဣတိ၊ ဤသို့။
ဝဒေသိ၊ မိန့်တော်မူ၏။
(ခ) ဘော ဂေါတမ၊ အသျှင် ဂေါတမ။
တေနဟိ၊ ထိုသို့ဖြစ်တပြီးကား။
န ဥပပဇ္ဇတီတိ၊ ရဟန္တာပုဂ္ဂိုလ် စုတေပြီးနောက် အဘယ်သို့မှ မရောက်မဖြစ် သလော ဟု။
ဣတိ၊ ဤသို့။
ပုဋ္ဌော သမာနော၊ မေးလျှောက်ပါသော်လည်း။
ဝစ္ဆ ၊ ဝစ္ဆ။
ခေါ၊ စင်စစ်။
န ဥပပဇ္ဇတီတိ၊ ရဟန္တာပုဂ္ဂိုလ် စုတေပြီးနောက် အဘယ်သို့မျှ မရောက်မဖြစ်။
ဣတိ၊ ဤသို့ ငါဟောတော်မူသော်လည်း။
နဥပေတိ နယုဇ္ဇတိ၊ မသင့်မတော် မလျော်နိုင်။
ဣတိ၊ ဤသို့။
ဝဒေသိ၊ အသျှင်ဘုရား မိန့်ကြားတော်မူ၏။ ။
(ဂ) ဘော ဂေါတမ၊ အသျှင် ဂေါတမ။
တေနဟိ၊ ယင်းသို့ဆိုတပြီးကား။
ဥပပဇ္ဇတိ စ န စ ဥပပဇ္ဇတီတိ၊ ရဟန္တာပုဂ္ဂိုလ် သေပြီးသည့်နောက် ဖြစ်သူလည်း ဖြစ်၏ မဖြစ် သူလည်းမဖြစ် မှတ်ရပါမည်လော ဟု။
ဣတိ ပုဋ္ဌော သမာနော၊ ဤသို့ အကျွန်ုပ်လျှောက်ထားပြန်ပါသော်လည်း။
ဝစ္ဆ၊ အချင်း ဝစ္ဆ။
ဥပပဇ္ဇတိ စ န စ ဥပပဇ္ဇတီတိ၊ ရဟန္တာပုဂ္ဂိုလ် စုတေပြီးနောက် ဖြစ်သူလည်းဖြစ်၏ မဖြစ် သူလည်းမဖြစ်ဟု။
ဣတိ၊ ဤသို့ ငါဟောတော်မူသော်။
နဥပေတိ နယုဇ္ဇတိ၊ မသင့်မတော် မလျော်နိုင်။
ဣတိ၊ ဤသို့။
ဝဒေသိ၊ မိန့်တော်မူ၏။
(ဃ) ဘော ဂေါတမ၊ အသျှင်ဂေါတမ။
တေနဟိ၊ ထိုသို့မဟုတ်ခဲ့လျှင်။
နေဝ ဥပပဇ္ဇတိ နနဥပပဇ္ဇတိ၊ ရဟန္တာပုဂ္ဂိုလ် သေပြီးသည့်နောက် ဖြစ်သည် လည်းမဟုတ် မဖြစ်သည်လည်းမဟုတ် မှတ်ရပါမည်လော ဟု။
ဣတိ ပုဋ္ဌော သမာနော၊ ဤသို့ အကျွန်ုပ်မေးလျှောက် ပြန်ပါသည်ရှိသော်။
ဝစ္ဆ၊ ဝစ္ဆပရိဗိုဇ်။
ခေါ၊ စင်စစ်။
နေဝ ဥပပဇ္ဇတိ နနဥပပဇ္ဇတိ၊ ရဟန္တာပုဂ္ဂိုလ် စုတေပြီးသည့်နောက် ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်း မဟုတ်။
ဣတိပိ၊ ဤသို့ ငါဘုရား ဟောကြားတော် မူသော်လည်း။
နဥပေတိ နယုဇ္ဇတိ၊ မသင့်မတော် မလျော်နိုင်။
ဣတိ၊ ဤသို့။
၀ဒေသိ၊ အသျှင်ဘုရား မိန့်ကြားတော်မူခဲ့၏။
ဘော ဂေါတမ၊ ဂေါတမနွယ်တော် သုံးဘုံကျော်တော်မူသော အသျှင်ဘုရား။
ဧတ္ထ၊ ဤအသျှင်ဘုရား မိန့်ကြား ဖြေဆိုတော်မူသော စကား လေးချက်လုံး၌ပင်။
အဟံ၊ အကျွန်ုပ်သည်။
အညာဏံ၊ မသိနိုင် နားမလည်နိုင်ခြင်းသို့။
ပရိယာမိ၊ အဖန်တလဲလဲ ရောက်ပါ၏။
ဧတ္ထ၊ ဤရဟန္တာ ပုဂ္ဂိုလ်တို့ စုတေ ပြီးနောက် ဖြစ်သေး မဖြစ်သေး - စသည်ဖြင့် အကျွန်ုပ် မေးလျှောက်အပ်သော အရာလေးချက်ကို ဖြေဆိုတော်မူသော အသျှင်ဘုရား စကားတော် လေးချက် လုံး၌ပင်။
သမ္မောဟံ၊ အဘယ်ကိုရည်ထား ဘယ်ကို မိန့်ကြားသည် ဟု မတွေးတော မကြံစည်နိုင် ကြံမှိုင် တွေဝေခြင်းသို့။
ပရိယာမိ၊ ထက်ဝန်းကျင်မှ အပြား အားဖြင့် ရောက်ပါ၏။
ဣဟ၊ ဤအကျွန်ုပ် မေးလျှောက်အပ်သော အရာလေးချက်လုံး၌ပင်။
ဘောတော ဂေါတမဿ၊ အသျှင်ဂေါတမ၏။
ပုရိမေန၊ ရှေ့ဖြစ်သော။
ကထာသလ္လာပေန၊ အသျှင်ဘုရား မိန့်ကြားဖြေဆိုတော်မူသော စကားလေးချက်လုံး၌ပင်။
မေ ၊ အကျွန်ုပ်အား။
အသမတ္ထော၊ နားမလည်နိုင် မစွမ်းနိုင်သည်။
အဟု၊ ဖြစ်ခဲ့၏။
(“အဟုသမတ္ထော” ပါဌ် ရှိ၏။ “အဟုမျာသမတ္ထော၊” ရှိသော်သာ သင့်၏။)
ဧတရဟိ၊ ဤယခုအခါ၌။
သာပိ ကထာ၊ ထိုဖြေကြားတော် မူအပ်သော စကားလေးရပ်လုံးသည်လည်း
မေ၊ အကျွန်ုပ်အား။
အန္တရဟိတာ၊ ကွယ်ကြီးကွယ်ခဲ့ပြီ။
ဝါ၊ စိတ်နှင့်မတွေ့ဉာဏ်မဝှေ့သဖြင့် မေ့ကြီး မေ့ခဲ့ပြီ။
ဣတိ၊ ဤသို့ ဝစ္ဆပရိဗိုဇ် လျှောက်ကြားအပ်သည်ရှိသော်။
၂။ ဝစ္ဆ၊ ဝစ္ဆပရိဗိုဇ်။
တေ၊ သင့်အား။
အညာဏာယ၊ မသိခြင်းငှါ။
အလံ၊ ထိုက်လှတော့၏။
သမ္မောဟာယ၊ တွေဝေခြင်းငှါ။
အလံ၊ ထိုက်လှတော့၏။
ဝစ္ဆ၊ အချင်း ဝစ္ဆ။
အယံ ဓမ္မော၊ ဤငါဘုရား တရားတော်သည်။
ဝါ၊ ရဟန္တာပုဂ္ဂိုလ်တို့ စုတေပြီးသည့်နောက် ဖြစ်သေး မဖြစ်သေးနှင့်စပ်သော ဤတရားသည်။
ဂမ္ဘီရောဝ-ဂမ္ဘီရောဧဝ၊ အလွန်နက်သည်သာဖြစ်၏။
ဝစ္ဆ၊ အချင်း ၀စ္စ။
ဣဟ၊ ဤအသင် လျှောက်ထားအပ်သော အရာ၌။
သော ဓမ္မော၊ ထိုရဟန္တာပုဂ္ဂိုလ် စုတေပြီးနောက် ဖြစ်မဖြစ်နှင့်စပ်သော တရားတော်အရာသည်။
ဒုရနုဗောဓော၊ အလွန်သိနိုင်ခဲသည့် အရာတည်း။
သန္တော၊ ငြိမ်သက်လှသော အရာတည်း။
ပဏီတော၊ မြတ်လှသော အရာတည်း။
အတက္ကာဝစရော၊ ဝေနေယျတို့ အလွန်ကြံနိုင်ခဲ့သော အရာတည်း။
နိပုဏော၊ သိမ်မွေ့နူးညံ့လှစွာသော အရာတည်း။
ပဏ္ဍိတဝေဒနီယော၊ တကယ့်ပညာရှိတို့သာ သိစွမ်းနိုင်သော အရာတည်း။
သော ဓမ္မော၊ ထိုတကယ့်ပညာရှင်တို့သာ သက်ဝင်နိုင်ရာ နက်နဲ သိမ်မွေ့လှစွာသော တရားတော် အရာကို။
အညဒိဋ္ဌိကေန၊ ငါဘုရားသာသနာ တော်မှ တပါးသော အယူရှိသော။
အညခန္တိကေန၊ သာသနာတော်မှ တပါး သောအယူကို နှစ်သက်လေ့ရှိသော။
အညရုစိကေန၊ သာသနာတော်မှ တပါးသော အယူကို နှစ်ခြိုက်လေ့ရှိသော။
တယာ၊ ဝစ္ဆဂေါတ္တ အမည်ရသော အသင် ပရိဗိုဇ်သည်။
ယောဂေန၊ ငါဘုရားသာသနာဝယ် ရုပ်နာမ်ခန္ဓာနှင့် စပ်သော ဝိပဿနာ တရားများကို ကြိုးစား အားထုတ်ခြင်းကို။
အညတြ၊ ကြဉ်ထား၍။
အာစရိယကေန၊ ရဟန္တာပုဂ္ဂိုလ်တို့ ခန္ဓာပျက်ကြွေ စုတေပြီးနောက် ဖြစ်လာသေး၏ မဖြစ်လာပြီ စသည်နှင့်စပ်သော အရာဝယ် ကောင်းစွာညွှန်းပြ အပ်သော ဆရာကောင်းတို့ နည်းကောင်း နည်းမြတ်ကို။
အညတြ၊ ကြဉ်ထား၍။
ဒုဇ္ဇနော၊ မသိနိုင်။
ဝါ၊ သိနိုင်မည့်အရေး လွန်စွာဝေး၏။
ဝစ္ဆ၊ အို ဝစ္ဆ ပရိဗိုဇ်။
တေနဟိ၊ ထိုသို့ဖြစ်တပြီးကား။
ဧတ္တ၊ ဤအသင် မေးအပ်သော အရာ၌။
တညေဝ၊ အသင့်ကိုပင်လျှင်။
ပဋိပုစ္ဆိဿာမိ၊ ငါပြန်မေးတော်မူအံ့။
ယထာ၊ အကြင်အခြင်းအရာအားဖြင့်။
တေ၊ သင်အား။
ဝါ၊ သင်သည်။
ခမေယျ၊ နှစ်သက်ရာ၏။
တထာ၊ ထိုအခြင်းအရာအားဖြင့်။
နံ၊ ထိုငါ မေးလိမ့်သောအရာကို။
ဗျာကရေယျာသိ၊ သင်ဖြေကြားလော့၊
ဝစ္ဆ၊ ဝစ္ဆ ပရိဗိုဇ်။
တံ၊ ထိုငါမေးတော်မူလိမ့်သောအရာကို။
ကိံ မညသိ၊ အသို့ အောက်မေ့ဘိသနည်း။
သစေ၊ အကယ်၍။
တေ၊ သင်၏။
ပုရတော၊ ရှေ့မှ။
အဂ္ဂိ၊ မီးသည် ။
ဇလေယျ၊ တောက်ငြားအံ့။
အယံ အဂ္ဂိ၊ ဤ မီးသည်။
မေ၊ ငါ၏။
ပုရတော၊ ရှေ့မှ။
ဇလတိ၊ တောက်၍ နေ၏။
ဣတိ၊ ဤသို့။
တွံ၊ သင်သည်။
ဇာနေယျာသိ၊ သိရာသည် မဟုတ်လော။
ဣတိ၊ ဤသို့ မေးတော်မူသည်ရှိသော်။
ဘော ဂေါတမ၊ အသျှင်ဂေါတမ။
သစေ၊ အကယ်၍။
မေ၊ အကျွန်ုပ်၏။
ပုရတော၊ ရှေ့မှ။
အဂ္ဂိ၊ မီးသည် ။
ဇလေယျ၊ တောက်ငြားအံ့။
အယံ အဂ္ဂိ၊ ဤမီးသည်။
မေ၊ ငါ၏။
ပုရတော၊ ရှေ့မှ။
ဇလတိ၊ တောက်၍နေ၏။
ဣတိ၊ ဤသို့။
အဟံ၊ အကျွန်ုပ်သည်။
ဇာနေယျံ၊ သိရာပါ၏။
ဣတိ၊ ဤသို့ ဝစ္ဆပရိဗိုဇ် လျှောက်ထားရာဝယ်။
၃။ ဝစ္ဆ၊ အို ဝစ္ဆ။
တံ၊ သင့်ကို။
ဧဝံ၊ ဤသို့။
သစေ ပန ပုစ္ဆေယျုံ၊ အကယ်၍ သူတပါးတို့ မေးကြကုန်အံ့။
တေ၊ သင်၏။
ပုရတော၊ ရှေ့မှ။
ယော အဂ္ဂိ၊ အကြင်မီးသည်။
ဇလတိ၊ တောက်၏။
အယံ အဂ္ဂိ၊ ထိုမီးသည်။
ကံ၊ အဘယ်ကို။
ပဋိစ္စ၊ စွဲ၍။
ဇလတိ၊ တောက်သနည်း။
ဣတိ၊ ဤသို့ မေးကုန်ငြားအံ့။
ဝစ္ဆ၊ ဝစ္ဆ ပရိဗိုဇ်။
ဧဝံ ပုဋ္ဌော၊ ဤသို့ သူတပါးတို့ မေးအပ်သည်ရှိသော်။
တွံ၊ သင်သည်။
ကိန္တိ ဗျာကရေယျာသိ၊ အသို့ ဖြေကြားရာသနည်း။
ဣတိ၊ ဤသို့ ဘုရားသျှင် အမေးတော်ရှိသော အခါဝယ်။
ဘော ဂေါတမ၊ အသျှင် ဂေါတမ။
သစေ၊ အကယ်၍။
မံ၊ အကျွန်ုပ်ကို။
ဧဝံ၊ ဤသို့။
ပုစ္ဆေယျုံ၊ မေးကုန်ငြားအံ့။
တေ၊ သင်၏။
ပုရတော၊ ရှေ့မှ။
ယော အဂ္ဂိ၊ အကြင်မီးသည်။
ဇလတိ၊ တောက်၏။
အယံ အဂ္ဂိ၊ ထိုမီးသည်။
ကံ၊ အဘယ်ကို။
ပဋိစ္စ၊ စွဲ၍၊
ဇလတိ၊ တောက်သနည်း။
ဣတိ၊ ဤသို့ မေးကုန်အံ့။
ဧဝံ ပုဋ္ဌော၊ ဤသို့ မေးပြန်အပ်သည်ရှိသော်။
ဘော ဂေါတမ၊ အသျှင်ဂေါတမ။
အဟံ၊ အကျွန်ုပ်သည်။
ဧဝံ၊ ဤသို့။
ဗျာကရေယျံ၊ ဖြေကြားပါအံ့၊
မေ၊ ငါ၏။
ပုရတော၊ ရှေ့မှ။
ယော အဂ္ဂိ၊ အကြင်မီးသည်။
ဇလတိ၊ တောက်၏။
အယံ အဂ္ဂိ၊ ထိုမီးသည်။
တိဏကဋ္ဌုပါဒါနံ၊ မြက်ထင်း လောင်စာကို။
ပဋိစ္စ၊ စွဲ၍။
ဇလတိ၊ တောက်၏။
ဣတိ၊ ဤသို့။
ဗျာကရေယျံ၊ ဖြေကြားပါအံ့။
ဣတိ၊ ဤသို့ ဝစ္ဆပရိဗိုဇ် လျှောက်ထားသည် ရှိသော်။
၄။ ဝစ္ဆ၊ အချင်း ဝစ္ဆမည်သော ပရိဗိုဇ်။
သစေ၊ အကယ်၍။
ပုရတော၊ ရှေ့မှ။
သော အဂ္ဂိ၊ ထိုမီးသည်။
နိဗ္ဗာယေယျ၊ ငြိမ်းငြားအံ့။
အယံ အဂ္ဂိ၊ ဤမီးသည်။
မေ၊ ငါ၏။
ပုရတော၊ ရှေ့မှ။
နိဗ္ဗုတော၊ ငြိမ်းခဲ့ပြီ။
ဣတိ၊ ဤသို့။
တွံ၊ သင် ပရိဗိုဇ် ဝစ္ဆသည်။
ဇာနေယျာသိ၊ သိရာသည် မဟုတ်ပါလော။
ဣတိ၊ ဤသို့ ဘုရားသျှင် မေးတော်မူသည်ရှိသော်။
ဘော ဂေါတမ၊ ဂေါတမရသေ့အနွယ်မှ ဖြစ်တော်မူသော အသျှင်ဘုရား။
မေ၊ အကျွန်ုပ်၏။
ပုရတော၊ ရှေ့မှ။
သော အဂ္ဂိ၊ ထိုမီးသည်။
သစေ နိဗ္ဗာမေယျ၊ အကယ်၍ငြိမ်းအံ့။
အယံ အဂ္ဂိ၊ ဤမီးသည်။
မေ၊ ငါ၏။
ပုရတော၊ ရှေ့မှ။
နိဗ္ဗုတော၊ ငြိမ်းသွားလေ၏။
ဣတိ၊ ဤသို့။
အဟံ၊ အကျွန်ုပ်သည်။
ဇာနေယျံ၊ သိပါလအံ့။
ဣတိ၊ ဤသို့ ဝစ္ဆပရိဗိုဇ် လျှောက်ထားသည်ရှိသော်။
၅။ ဝစ္ဆ၊ အို ဝစ္ဆ။
တံ၊ သင့်ကို။
အညေ၊ သူတပါးတို့က။
ဧဝံ၊ ဤသို့။
ပုစ္ဆေယျုံ ၊ မေးကုန်ငြားအံ့။
တေ၊ သင်၏။
ပုရတော၊ ရှေ့မှ။
နိဗ္ဗုတော၊ ငြိမ်းလေပြီးသော။
သော အဂ္ဂိ၊ ထိုမီးသည်။
ဣတော၊ ဤအရပ်မှ။
ကတမံ ဒိသံ၊ အဘယ်အရပ်သို့။
ဂတော၊ သွားလေသနည်း။
ပုရတ္ထိမံ ဝါ ဒိသံ၊ အရှေ့အရပ်သို့ မူလည်း။
ဂတော၊ သွားသလော။ပ။
ဥတ္တရံ ဝါ ဒိသံ၊ မြောက်အရပ်သို့ မူလည်း။
ဂတော၊ သွားသလော။
ဣတိ၊ ဤသို့။
ပုစ္ဆေယျုံ ၊ မေးကုန်ငြားအံ့။
ဝစ္ဆ၊ ဝစ္ဆ။
ဧဝံ ပုဋ္ဌော၊ ဤသို့မေးအပ်သော။
တွံ၊ သင်သည်။
ကိန္တိ၊ အသို့။
ဗျာကရေယျာသိ၊ ဖြေကြားအံ့နည်း။
ဣတိ၊ ဤသို့ ဘုရားသျှင်က မေးတော်မူလတ်သည်ရှိသော်။
ဘော ဂေါတမ၊ ဂေါတမ မြတ်စွာဘုရား။
န ဥပေတိ၊ ယင်းသည့်စကား ပြန်ကြားဖြေဆိုခြင်းငှါ မသင့်။
ဟိ၊ အကျွန်ုပ် စကား မသင့်ပြီလား ဘုရား။
သော အဂ္ဂိ၊ ထိုမီးသည်။
ယံ တိဏကဋ္ဌုပါဒါနံ၊ အကြင် မြက် ထင်းလောင်စာကို။
ပဋိစ္စ၊ စွဲ၍။
ဗလတိ၊ တောက်၏။
တဿ စ၊ ထိုမီးလောင်စာ၏လည်း။
ပရိယာဒါနာ၊ ကုန်ကျွမ်းလေခြင်းကြောင့်။
အညဿ စ၊ တပါးသော လောင်စာ၏လည်း။
အနုပဟာရာ၊ အထောက်အပံ့မရှိခြင်းကြောင့်။
အနာဟာရော၊ မီးလောင်စာ အထောက်အပံ့ ကင်းသည်ဖြစ်၍။
နိဗ္ဗုတောတွေဝ၊ ငြိမ်းလေ၏ ဟူ၍သာလျှင်။
သင်္ချံ ၊ ရေတွက်ခြင်းသို့။
ဂစ္ဆတိ၊ ရောက်၏။
ဣတိ၊ ဤသို့ ဝစ္ဆပရိဗိုဇ် လျှောက်ထားရာဝယ်။
၆။ ဝစ္ဆ၊ ဝစ္ဆအမည်ရသော အို ပရိဗိုဇ်။
ခေါ၊ စင်စစ်။
ဧ၀မေ၀၊ ဤအတူ သာလျှင်။
ယေန ရူပေန၊ အကြင်ရုပ်ဖြင့်။
တထာဂတံ၊ သတ္တဝါကို။
ပညာပယ မာနော၊ လူရှည် လူပု လူမည်း လူရွှေ - စသည်ဖြင့် ပညတ်လိုသော သူသည်။
ပညာပေယျ၊ ပညတ်ရာ၏။
တံရူပံ၊ ထိုတထာဂတ-ဟု ခေါ်ဝေါ် ပညတ်ကြောင်း ဖြစ်သောရုပ်ကို။
တထာဂတဿ၊ ငါဘုရားသည်။
ပဟီနံ၊ အကြောင်းသမုဒယကို ပယ်သဖြင့် ပယ်တော်မူအပ်ပြီ။
ဥစ္ဆိန္နမူလံ၊ ဖြတ်အပ်ပြီးသော အဝိဇ္ဇာ တဏှာ ကံ သင်္ခါရ အရင်းရှိပြီ။
ဝါ၊ အဝိဇ္ဇာ တဏှာ ကံ သင်္ခါရ ဟူသော ရုပ်ဖြစ်ကြောင်း အမြစ် မူလကို လှလှကြီး ငါ ဖြတ်တော်မူအပ်ပြီ။
တာလာဝတ္ထုကတံ၊ လည်ဆစ်ပြတ်တောက် တဖန်မပေါက် မရောက်နိုင်သော ထန်းပင်ငုတ်ကဲ့သို့ ပြုအပ်ပြီ။
အနဘာဝံ၊ အသစ်လူ၍ မပေါက်နိုင်အောင်။
ကတံ၊ ငါပြုအပ်ပြီ။
အာယတိံ အနုပ္ပါဒဓမ္မံ၊ နောင်ဘဝ မဖြစ်နိုင်သော သဘောရှိအောင်။
ကတံ၊ ငါပြုတော်မူအပ်ပြီ။
ဝစ္ဆ၊ အို ဝစ္ဆ ပရိဗိုဇ်။
ရူပသင်္ခါ - ရူပသင်္ခါယ၊ ရုပ်ဟူသောပညတ်မှ။
ဝါ၊ ရုပ်နှင့်စပ်သော လူ နတ်-စသော ပညတ်မှ။
ဝိမုတ္တော၊ လွတ်ကြီးလွတ်၍နေသော။
တထာဂတော၊ ပရိနိဗ္ဗုတ ရဟန္တာပုဂ္ဂိုလ်သည်။
(ဤ၌တထာဂတ-ကား ဘူတပုဗ္ဗဂတိကနည်း။)
ဂမ္ဘီရော၊ မိမိစံနေရာ နိဗ္ဗာန်၌ရှိ၏ဟူ၍၎င်း မရှိဟူ၍၎င်း
ဒိဋ္ဌဇ္ဈာသယ ပြုနိုင်စရာမရှိ သည်ဖြစ်၍ အဇ္ဈာသယအားဖြင့် နက်နဲခြင်း, အဘယ်မျှလောက် သီလသမာဓိဂုဏ် ရှိသည်ဟု မဆိုနိုင်အောင် ဂုဏ်အားဖြင့် နက်နဲခြင်းတို့ဖြင့် လွန်စွာနက်ခြင်း ရှိ၏။
အပ္ပမေယျော၊ တစုံတယောက် နှိုင်းရှည့်စရာ ဥပမာမရှိဖြစ်၍ နေ၏။
ဒုပ္ပရိယောဂါဟော၊ အလွန်ဉာဏ်ဖြင့် သက်ဝင်နိုင်ခဲ၏၊
သေယျထာပိ၊ ဥပမာသော်ကား။
မဟာသမုဒ္ဒေါ သေယျထာပိ၊ မဟာသမုဒြာ ပင်လယ်ကြီးကဲ့သို့ ဖြစ်၍ နေ၏။
တနည်းကား …
မဟာသမုဒ္ဒေါ သေယျထာပိ၊ သမုဒြာပင်လယ်ကြီးကို ထိုးဝါး ကြိုးတာတို့ဖြင့် မထောက်လှမ်းနိုင် သကဲ့သို့။
ဒုပ္ပရိယောဂါဟော၊ ဝေနေယျ တို့ဉာဏ်ဖြင့် လွန်စွာသက်ဝင်နိုင်ခဲ၏။
ဝါ၊မသက်ဝင် မထောက်လှမ်းနိုင်။
(ဘုရားသျှင်တို့ ဉာဏ်အရာသာ ဟူလို။)
၇၊ ယာယ ဝေဒနာယ၊ အကြင်ဝေဒနာဖြင့်။ပ။
၈။ ယာ သညာယ၊ အကြင်သညာဖြင့်။ပ။
၉။ ယေဟိ သင်္ခါရေဟိ၊ အကြင်သင်္ခါရတို့ဖြင့်။ပ။
၁၀။ ယေန ဝိညာဏေန၊ အကြင်ဝိဉာဏ်ဖြင့်။
တထာဂတံ၊ ရဟန္တာပုဂ္ဂိုလ်ကို။
ပညာပယမာနော၊ ပညတ်ခေါ်ဆိုလိုသောသူသည်။
ပညာပေယျ၊ စိတ်ထက်သောသူ စိတ်ကောင်းသောသူ စသည်ဖြင့် ခေါ်ဆိုပညတ်ရာ၏။
တံ ဝိညာဏံ၊ ထိုဝိညာဏ်စိတ်ကို။
တထာဂတဿ၊ ငါဘုရားသည်။
ပဟီနံ၊ အကြောင်းသမုဒယကို ပယ်သဖြင့် ပယ်တော်မူအပ်ပြီ။ပ။
ဝစ္ဆ၊ အို ဝစ္ဆ ပရိဗိုဇ်။
ဝိညာဏသင်္ခါဝိမုတ္တာ၊ ဝိညာဏ်နှင့်စပ်၍ ခေါ်ဝေါ် အပ်သော ပညတ်မျိုး ဟူသမျှမှ လွတ်၍နေသော။
သော တထာဂတော၊ ထိုသတ္တဝါသည်။
ဝါ၊ ထိုနိဗ္ဗာန်၌လွတ်၍ နေသောသူသည်။
ဂမ္ဘီရော၊ နက်ကြီး နက်၍နေ၏။ပ။
မဟာသမုဒ္ဒါ သေယျထာပိ၊ မဟာသမုဒြာကြီးကဲ့သို့ ဖြစ်၍နေ၏။
တနည်းကား၊
မဟာသမုဒ္ဒေါ သေယျထာပိ၊ သမုဒြာပင်လယ်ကြီးကို ကြိုး တာ ဝါးတို့ဖြင့် မတိုင်းထွာ မထောက်လှမ်း နိုင်သကဲ့သို့ ယင်း ဝိညာဏသင်္ခါဝိမုတ္တ တထာဂတ၏ ဖြစ်နေပုံ အခြင်းအရာကို ဝေနေယျတို့ ဉာဏ်ဖြင့် မတိုင်းထွာ မထောက်လှမ်းနိုင်စရာ ဖြစ်၍ နေ၏။
တသ္မာ၊ ထိုသို့ ငါဘုရားအားလည်း သတ္တသညာဟူသော တထာဂတသညာကို ပယ်တော်မူပြီးသည်၏ အဖြစ် ဝိညာဏသင်္ခါဝိမုတ္တ ပုဂ္ဂိုလ်၏လည်း လွန်စွာနက်၍နေသည် အဖြစ်ကြောင့်။
သော၊ ထိုဝိညာဏသင်္ခါဝိမုတ္တတထာဂတသည်။
ဥပပဇ္ဇတိ၊ မိမိတည်ရောက်ရာ နိဗ္ဗာန်၌ ဖြစ်၍နေ၏။
ဣတိပိ၊ ဤသို့ ငါဟောတော်မူသော်လည်း ၊
န ဥပေတိ၊ သဿတ ဒိဋ္ဌိအယူ သူထင်ခွင့်ကြောင့် မသင့်နိုင်။ပ။
န ဥပေတိ၊ အမရာဝိက္ခေပိကအယူ အားဖြင့် သူတပါး ထင်မှားဘွယ် ရှိသောကြောင့် မသင့်နိုင်။
တသ္မာ၊ ထိုသို့ ငါဘုရားအားလည်း ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ကို စွဲ၍ဖြစ်သော တထာတဟူသော သတ္တသညာကို ပယ်တော်မူပြီးသည့်အဖြစ်, ရူပါဒိသင်္ခါ ဝိမုတ္တပုဂ္ဂိုလ်၏လည်း အလွန်နက်နဲ၍ နေသည်၏ အဖြစ်ကြောင့်။
ဧဝံ ဝိမုတ္တ စိတ္တော၊ ဤသို့ ကိလေသာမှ လွတ်ပြီးသော စိတ်ရှိသော ပုဂ္ဂိုလ်သည်။
ဥပပဇ္ဇတိ၊ နောင်ဘဝ အဘယ်၌ ဖြစ်လတ္တံ့။
ဣတိ၊ ဤသို့ ငါဟောတော်မူသော်လည်း။
န ဥပေတိ၊ မသင့်။
နုပပဇ္ဇတိ၊ နောင်အခါ အဘယ်မှာမှ မဖြစ်လတ္တံ့။
ဣတိပိ၊ ဤသို့ ငါဟောတော်မူသော်လည်း။
န ဥပေတိ၊ မသင့်။
ဥပပဇ္ဇတိ စ န စ ဥပပဇ္ဇတိ၊ ထိုရဟန္တာ နောင်အခါ ဖြစ်လတ္တံ့ သူလည်း အချို့ -မဖြစ်လတ္တံ့ သူလည်း အချို့။
ဣတိ၊ ဤသို့ ငါဟောတော်မူသော်လည်း။
န ဥပေတိ၊ မသင့်။
နေဝဥပပဇ္ဇတိ-နနဥပပဇ္ဇတိ၊ ထိုရဟန္တာ နောင်အခါ ဖြစ်လေဦးမည်လည်း မဟုတ် မဖြစ်လေဦး မည်လည်း မဟုတ်၊
ဣတိ၊ ဤသို့ ငါဟောတော်မှုသော်လည်း။
နဥပေတိ၊ မသင့်နိုင်။
(တသ္မာ-မှစ၍ ဤတိုင်အောင်သော ပါဌ်တို့ကား ပါဌသေသတည်း။ ဝါ၊ ဂမျမာန်)
အလွန်ခက်သော ဂမ္ဘီရတ္ထအဓိပ္ပါယ် ရှင်းပြပုံ
အဓိပ္ပါယ်ကား …
ဝိမုတ္တိတ္တ သဇီဝရဟန္တာပုဂ္ဂိုလ် စုတေပြီးနောက် ဖြစ်လေဦးမည် မဖြစ်လိမ့်မည် အကြောင်းနှင့်စပ်၍ ဝစ္ဆပရိဗိုဇ်လျှောက်ထားရာဝယ် ဤသို့ ထိုဝိမုတ္တစိတ္တ ရဟန္တာသည် နောင် ဖြစ်လေဦးမည် ငါဟောတော်မူသော်လည်း မသင့်၊ မဖြစ် လတ္တံ့ ဟောတော်မူသော်လည်း မသင့်။ ဤသို့စသည်ဖြင့် ဘုရားသျှင် မိန့်တော်မူသည့်အခါ အဘယ်အကြောင်းကြောင့် ဘုရားသျှင် ဤသို့ မိန့်တော်မူပါလိမ့် နည်း၊ အဘယ်သို့ဖြစ်လေမသိ ဟု ထိုဝစ္ဆပရိဗိုဇ် တွေဝေခြင်းသို့ ရောက်သဖြင့် မိမိမသိနိုင် နားမလည် နိုင်ကြောင်း တွေဝေကြောင်းကို ဘုရားသျှင်အား လျှောက်ထားပြန်သည့်အခါ …
အို ဝစ္ဆပရိဗိုဇ် ဤအရာ၌ အသင်တွေဝေခြင်းငှါ သင့်လှတော့၏၊ ဤသို့သော ဝိမုတ္တစိတ္တ ရဟန္တာပုဂ္ဂိုလ် စုတေပြီးနောက် ဖြစ်လေဦးမည် မဖြစ်လိမ့်မည်-စသည် နှင့်စပ်၍ သိရမည့်အရာ လွန်စွာခက်ခဲ၏၊ လွန်စွာ သိနိုင်ခဲသော အရာဖြစ်၏။ အသင်ကဲ့သို့ အညဒိဋ္ဌိက ငါဘုရား သာသနာမှအပ အယူရှိသူကို မဆိုထားဘိ၊ ဤသာသနာဝင် ဖြစ်သူတို့သော်လည်း ဤအရာဝယ် လွန်စွာကြံနိုင်ခဲ သိနိုင်ခဲ၏။ ပညာကြီးလှသူတို့၏ အရာသာ ဖြစ်၏၊ သမထဝိပဿနာ တရားများကို ကြိုးစား အားထုတ် အာစရိယမုဋ္ဌိ နည်းကောင်းရသူတို့မှတပါး သိနိုင်ခဲလှတော့၏။
အို ဝစ္ဆပရိဗိုဇ် အသင်၏ ရှေ့မှ တောက်၍ နေသောမီးကို သင်မြင်သည့်အခါ ဤမီးသည် ငါ၏ရှေ့၌ တောက်၍ နေ၏ ဟု သင်သိလိမ့်မည် မဟုတ်ပါလော ဟု ဘုရားသျှင် မေးတော်မူပြန်သည့်အခါ ဤသို့ သိပါလိမ့်မည် အသျှင်ဘုရား ဟု နားတော်လျှောက်ရာတွင် …
ဤသင်၏ရှေ့တွင် ငြိမ်း၍သွားသောထိုမီးကို အဘယ်အရပ်သို့ ဤမီးသွားသနည်း ဟု သူတပါးတို့ မေးပြန်လျှင် အသင် အဘယ်ကဲ့သို့ ဆိုအံ့နည်း ဟု ဘုရားသျှင် မေးတော်မူပြန်သည့်အခါ -
ဤသို့ မေးခြင်းသည် မသင့်ပါ။ ဤမီးသည် လောင်စာမရှိသဖြင့် ငြိမ်းလေတော့သည်သာဘုရား ဟု ဝစ္ဆပရိဗိုဇ် လျှောက်ပြန်သည်ရှိသော် …
ဤနည်းအတူပင် ဝစ္ဆ ဤဘဝ ရဟန္တာ ပုဂ္ဂိုလ် စုတိပြီးနောက် အဘယ်ဘဝသို့ ရောက်မရောက် စသည်ဖြင့် ဆိုစရာ ရုပ်နာမ်ဒြပ်မရှိ၊ ထိုရဟန္တာပုဂ္ဂိုလ်၏ ရုပ်နာမ် ခန္ဓာမီးငြိမ်းကြီး ငြိမ်းလေပြီး သည့်နောက် ရုပ်နာမ်ခန္ဓာနှင့်စပ်၍ ခေါ်ဝေါ်ပညတ်အပ်သော လူနတ်-စသော ပညတ်မျိုးမှ လွတ်လျက် ရူပါဒိသင်္ခါဝိမုတ္တအဖြစ်သို့ ရောက်၍ နိဗ္ဗာန်၌ လွတ်နေသော ရဟန္တာ၏ အလွန်နက်နဲခြင်း ဂမ္ဘီရ အပ္ပမေယျ ဒုပ္ပယောဂါဟ ဖြစ်၍နေသဖြင့် ထိုနိဇ္ဇီဝရဟန္တာအား မိမိလွတ်၍ နေရာ နိဗ္ဗာန်၌ ရှိ၏ မရှိ-စသည်ဖြင့် ဟောတော်မူခြင်းငှါ မသင့်သောကြောင့် ဤဘဝ ဝိမုတ္တစိတ္တ သဇီဝရဟန္တာပုဂ္ဂိုလ် နောင်ဖြစ်လေဦးမည် မဖြစ်လိမ့်မည် - စသည်ဖြင့် ငါဟောတော်မူ၍ မသင့် မှတ်လေလော့။
သည်သာ မဟုတ်၊ ငါဘုရားအားလည်း ရုပ်နာမ်ခန္ဓာတို့့၌ သတ္တဝါ ဟု အယူ မရှိ၊ သတ္တသညာ တဏှာ မာန ဒိဋ္ဌိတို့ကို ပယ်ပြီးဖြစ်သောကြောင့် ရူပါဒိသင်္ခါ ဝိမုတ္တသတ္တဝါသည် ထိုနိဗ္ဗာန်၌ ရှိ၏ မရှိ-စသည်ဖြင့် သတ္တဝါဟူသော စကားကိုပင် ငါဆိုတော်မူ ယူတော်မူရင်းလည်း မရှိ ဟူလိုသတတ်။
ဤသို့ ငါဘုရားအားလည်း သတ္တပညာဟူသော တထာဂတသညာကို ပယ်ပြီးသောကြောင့်၎င်း ရူပါဒိသင်္ခါဝိမုတ္တပုဂ္ဂိုလ်၏ ထိုမိမိရောက်ရာ နိဗ္ဗာန်၌ ရှိ၏ မရှိ-စသည်ဖြင့် ငါဟောတော်မူခြင်းငှါ မသင့်သောကြောင့်၎င်း ယင်းသို့သော အကြောင်းနှစ်ပါးကြောင့် ဤဘဝဝိမုတ္တစိတ္တသဇီဝ ရဟန္တာ သည် နောင်အဘယ်၌ ဖြစ်လေဦးမည် မဖြစ်လိမ့်မည်-စသည်ဖြင့် ငါဟောတော်မူ၍ မသင့် - မှတ်လေလော့ ဟူလိုသည်။
အကယ်၍ ရူပါဒိသင်္ခါဝိမုတ္တဖြစ်၍ နိဗ္ဗာန်၌တည်နေသော နိဇ္ဇီဝရဟန္တာအား ထိုမိမိလွတ်၍ နေရာ နိဗ္ဗာန်၌ ရှိ၏ ဟူ၍ ဆိုသင့်သည် ဖြစ်အံ့၊ ဤဘဝဝိမုတ္တစိတ္တ သဇီဝရဟန္တာပုဂ္ဂိုလ် စုတိပြီးနောက် ဖြစ်ဦးလတ္တံ့ဟူ၍ ငါဟောတော်မူသော် သင့်လျော်ရာ၏။ အကယ်၍ ရူပါဒိသင်္ခါဝိမုတ္တဖြစ်၍ နိဗ္ဗာန်၌ တည်နေသော နိဇ္ဇီဝရဟန္တာအား ထိုမိမိတည်၍ နေရာနိဗ္ဗာန်၌ မရှိ ဟု ငါဟောတော်မူခြင်းငှါ သင့်လျော်ခဲ့လျှင် ဤဘဝဝိမုတ္တစိတ္တ သဇီဝရဟန္တာ စုတိပြီးနောက် အဘယ်၌မှ မဖြစ်၊ အဘာဝ ဖြစ်လေတော့သည် ဟု ငါဟောတော်မူသော် သင့်လျော်ပါ၏။ ယခုမူကား ယင်းသို့ ရှေ့စကား နှစ်ပါးစလုံးသည်ကိုပင် ငါဘုရား ဟောကြားတော်မူခြင်းငှါ မသင့်သောကြောင့် နောက်စကား နှစ်ပါးလုံး စသည်ကိုလည်း ငါဘုရား ဟောကြားတော်မမူသည် ဟူလိုသတတ်။
ဤကား ဗျင်္ဂျတ္ထနှင့်တကွ ပိဏ္ဍတ္ထအဓိပ္ပါယ်တည်း။ ဤဂမ္ဘီရဓိပ္ပါယမှာ ကျမ်းတတ်ခေါင်ထိ ကဝိကြီး တို့မှ စိန္တာနုစိန္တန အဘန်ဘန် ကြံစည်စဉ်းစားနိုင် ကြမှသာ သဘောထင်နိုင်ကြလတ္တံ့၊ (ခဲစွ)
ဤမဇ္ဈိမပဏ္ဏာသပါဠိတော်လာ ဝစ္ဆ ပရိဗိုဇ်အား ဘုရားဖြေကြားတော် မူသောအချက် …
ယခင် သဠာယတနသံယုတ် ပါဠိတော်လာ ကောသလမင်းကြီး ခေမာဘိက္ခုနီရဟန္တာထေရီမ ဖြေကြား အပ်သောအချက် …
ဤအတူ သဠာယတနသံယုတ် ပါဠိတော်လာ ကောသလမင်းကြီးအား ဘုရားသျှင် ဖြေကြားတော် မူသည့်အချက် …
စူဠနိဒ္ဒေသပါဠိတော်လာ ဥပသိဝပုဏ္ဏားအား နိဗ္ဗာန်ရောက်သူတို့ ပျောက်၍ သွား မသွား-စသည်နှင့် စပ်၍ မေးလျှောက်ရာ ဘုရားသျှင် ဖြေကြားတော်မူသော အချက် …
“န သော ပမာဏမေတိ” စသော ဣတိဝုတ်ပါဠိတော်လာ နိဗ္ဗာန်သို့ရောက် သော ရဟန္တာ အရာကို ဘွင့်ဆိုသော …
“အနုပါဒိသေသနိဗ္ဗာနသင်္ခါတံ အတ္ထံ ဂတော သော အရဟာ ဣမာယ နာမ ဂတိယာ ဌိတော ဧဒိသော နာမဂေါတ္တဝသေနာပိတိ ပမိဏိတုံ န သက္ကုဏေယျော”
စသည်ဖြင့် ဘွင့်ဆိုသော ဣတိဝုတ်အဋ္ဌကထာ။ “ရူပသင်္ခယေ ဝိမုတ္တော တထာဂတော အတ္ထီတိပိ နဥပေတိ” စသော နေတ္တိပါဠိတော် “အတ္ထံ ပလေတိ နဥပေတိ သင်္ခ” စသော စူဠနိဒ္ဒေသ ပါဠိတော် “ကာယဿ ဘေဒါ ဓမ္မဋ္ဌော၊ သင်္ချံ နောပေတိ ဝေဒဂူ” ဟူသော သဠာယတနသံယုတ်ပါဠိတော်။ ၎င်း၌ပင် လာသော ဖေဂ္ဂုနသုတ် ပါဠိတော် ၎င်း၌ပင်လာသော ယမကဘိက္ခုသုတ် ပါဠိတော် “ပရိနိဗ္ဗုတော ပုဂ္ဂလော အတ္တတ္တမှိ နတ္တတ္တမှိ” စသည် လာသော ကထာဝတ္ထုပါဠိတော် စကားရပ်အလုံးစုံတို့သည် ပရိနိဗ္ဗာန်စံနေကြသော ပုဂ္ဂိုလ်တို့ အလုံးစုံပြတ်တောက် အဘာဝ တုစ္ဆ အဖြစ်သို့မရောက် မသွား သည်ကို ပြဆို ရာ၌ ထပ်တူထပ်မျှ အညမညသံသန္ဒန ဖြစ်လှပေတော့သည် ဟု နိသံသယ မှတ်ကြကုန်။
ဤကား ပါဠိနှင့်ပါဠိတော်ချင်း ပါဠိနှင့်အဋ္ဌကထာ ဂန္ထန္တရ သံသန္ဒနာကာရ စကားချပ်၊ ဤ ဂန္ထန္တရ သံသန္ဒနာကာရ များမှာ ဤယခု နိဒဿနအားဖြင့် ပြဆိုအပ်ပြီးသော ပါဠိတော်အဋ္ဌကထာပါဌ် အရပ်ရပ်ကို အထပ်ထပ် နှံ့စပ်အောင် တိုက်ဆိုင်ကြည့်ရှု စိန္တာနုစိန္တန မဟာဝီရ ကျမ်းတတ်ခေါင်ထိ အသျှင်မြတ်ကြီး တို့သာ သဘောထိနိုင် မိနိုင် ကြရာသတည်း။
၁၁။ ဧဝံ ဝုတ္တေ၊ ဤသို့ ဟောတော်မူသည်ရှိသော်။
ဝစ္ဆဂေါတ္တော၊ ဝစ္ဆဂေါတ္တ အမည်ရသော။
ပရိဗ္ဗာဇကော၊ ပရိဗိုဇ်သည်။
ဘဂဝန္တံ၊ ဘုရားသျှင်ကို။
ဧတံ၊ ဤသို့သော စကားကို။
အဝေါစ၊ နားတော်လျှောက်လေ၏။
ဘော ဂေါတမ၊ ဂေါတမနွယ်တော် ဘွဲ့မည်ဖြင့် ထင်ပေါ်ခြင်းရှိတော်မူသော အသျှင်ဘုရား။
(ဂေါတဿ အပစ္စံ ဂေါတမော။ ဂေါတ-ပုဒ်၊ မ-ပစ္စည်း)
သေယျထာပိ၊ ပုံဆိုသည်ရှိသော်။
ဂါမဿ ဝါ၊ရွာ၏၎င်း။
နိဂမဿ ဝါ၊ နိဂုမ်း၏၎င်း။
အဝိဒူရေ၊ အနီး၌။
မဟာသာလရုက္ခော၊ အကြင် အင်ကြင်းပင်ကြီးသည်။
အတ္ထိ၊ ရှိ၏။
တဿ၊ ထိုအင်ကြင်းပင်ကြီး၏။
အနိစ္စတာ-အနိစ္စတာယ၊ နိစ္စမဟုတ်နိုင်သောကြောင့်။
မနုဿာ၊ လူတို့သည်။
သာခါပလာသံ၊ အခက် အရွက်ကို။
ပလုဇ္ဇေယျုံ၊ ခုတ်ချိုင် ဖျက်ဆီးကုန်ရာ၏။
တစပပဋိကာ၊ အခွံ အခေါက် အပွေးတို့ကို။
ပလုဇ္ဇေယျုံ၊ ခွါယူဖျက်ဆီးကြကုန်ရာ၏။
ဖေဂ္ဂုံ၊ အကာကိုလည်း။
ပလုဇ္ဇေယျုံ၊ ခုတ်ခွါဖျက်ဆီးကြကုန်ရာ၏။
သော၊ ထိုအင်ကြင်းပင်ကြီးသည်။
အပရေန သမယေန၊ တပါးသော အခါ၌၊
အပဂတသာခါပလာသော၊ ကင်းသော အခက်အရွက် ရှိသည်ဖြစ်၍။
အပဂတတစပပဋိကော၊ ကင်းသော အခေါက် အပွေးရှိသည်ဖြစ်၍။
အပဂတဖေဂ္ဂုကော၊ ကင်းသော အကာ ရှိသည်ဖြစ်၍။
သုဒ္ဓေ သာရေ၊ အနှစ်သက်သက်၌။
ပတိဋ္ဌိတော၊ တည်လေ၏။
ဧ၀မေ၀၊ ဤအတူသာလျှင်။
ဘောတော ဂေါတမဿ၊ ဂေါတမဟု ဂေါတ္တမည်တွင် ကိုယ်တော်သျှင်၏။
ပါဝစနံ၊ စကားတော်သည်။
အပဂတသာခါပလာသံ၊ အခက်အရွက် အပိုအမို မရှိ။
အပဂတတစပပဋိကံ၊ အပွေးအခေါက် အမြှောက် အပင့်မပါ။
အပဂတဖေဂ္ဂုကံ၊ အကာ အလျှမ်း စကားသွမ်းမှ ကင်းလှပေ၏။
သုဒ္ဓေ သာရေ၊ လိုရင်းတရား အနှစ်သက်သက်၌။
ပတိဋ္ဌိတံ၊ မယိမ်းမယိုင် ခိုင်ခိုင်ကြီး တည်တော်မူပေ၏။
ဘော ဂေါတမ၊ ဂေါတမနွယ်တော် သုံးဘုံကျော်သော အသျှင်ဘုရား။
အဘိက္ကန္တံ၊ အကာမဘက် အနှစ်သက်သက် မိန့်တော်မြွက်၍ တကယ်နှစ်သက်ဘွယ် ရှိလှပေ၏။
အဇ္ဇတဂ္ဂေ၊ ယနေ့ကို အစပြု၍။
မံ၊ အကျွန်ုပ်ကို။
ဥပါသကံ၊ ရတနာသုံးရပ် ဆည်းကပ်တတ်သူ ဥပါသကာ လူတယောက်ဟူ၍။
ဓာရေတု၊ မှတ်တော်မူပါဘုရား။
ယခင် မဇ္ဈိမပဏ္ဏာသပါဠိအနက်။
မီးတောက်မီးလျှံ ဥပမာ၌ ရှင်းပြပုံ
အောက်၌ ညွှန်းပြအပ်ခဲ့ပြီးသော သဠာယတနသံယုတ်ပါဠိတော်နှင့် နည်းတူပင်ဖြစ်၍ ၎င်း သဠာယတနသံယုတ် အဋ္ဌကထာအဘွင့်နှင့်အညီ ဂမ္ဘီရ၏အရကို အဇ္ဈာသယမ္ဘီရနှင့်တကွ ယောဇနာ သတည်း။
ဤပါဠိတော်၌ “အဂ္ဂိ ယထာ“ စသော ပါဌ်ဖြင့် မီးလျှံနှင့် ပုံကပ်သည်ကို ထောက်လျှင် နိဗ္ဗာန် ရောက်သွားသူ အလုံးစုံ ပျောက်၍သွားသည် ဆိုတော်မူရာ မရောက်လော ဟူငြားအံ့။ မရောက်။ အဘယ်ကြောင့်နည်း ဟူမူကား “ရူပသင်္ခါဝိမုတ္တော ။ပ။ ဂမ္ဘီရော” ဟူ၍သာ ဟောတော်မှုသည် အဖြစ် “ရူပသင်္ခါဝိမုတ္တော အဘာဝံ ဂစ္ဆတိ” ဟူ၍ ဟောတော်မမူသည်၏ အဖြစ်ကြောင့်တည်း။
ထို့ကြောင့် လေတိုက်ခတ်အပ်သော မီးလျှံသည် အချင်းခပ်သိမ်း ငြိမ်းပျောက်၍ သွားသကဲ့သို့ ပရိနိဗ္ဗုတ ရဟန္တာပုဂ္ဂိုလ်၏ ရုပ်နာမ်သည် အသစ်တဘန် မဖြစ်၊ အချင်း ခပ်သိမ်းငြိမ်းပျောက်၍ သွားသည် ဟူသော အနက်ကိုသာ ပြတော်မူလိုသည် ဟူ၍ မှတ်အပ်၏။
ထိုရဟန္တာ အလုံးစုံ ပြတ်တောက် ပျောက်၍ သွားလေတော့၏ ဟူသော အနက် ကို ပြောတော်မူသည် မဟုတ် မှတ်အပ်၏။ အကယ်၍ ယင်းသို့ ပြတော်မူလိုခဲ့လျှင် ယင်း ရူပါဒိသင်္ခါဝိမုတ္တ၏ ဂမ္ဘီရအဖြစ်ကို ဟောတော်မမူရာသောကြောင့်တည်း။
ရုပ်နာမ်လည်း ငြိမ်းပျောက် အလုံးစုံလည်း မပျောက် - ဖြစ်ခဲ့သော် အဘယ်သို့သော အခြင်းအရာ ဖြစ်၍ နေပါသနည်း ဟူငြားအံ့။
“ဂမ္ဘီရောအပ္ပမေယျာ ဒုပ္ပရိယောဂါဟော သေယျထာပိ မဟာသမုဒ္ဒေါ” ဟူသော ဤပါဠိတော်အတိုင်း မဟာသမုဒြာရေကို ကွမ်းစားခွက်ဖြင့် မတွက်နိုင် တာဝါးတို့ဖြင့် မထောက်လှမ်းနိုင်သကဲ့သို့ ဝေနေယျတို့ ဉာဏ်ဖြင့် မချင့်တွက်နိုင် ဉာဏ်မမှီနိုင် အလွန်နက်နဲသော အခြင်းအရာဖြစ်၍ နေသည် ဟူ၍သာ မှတ်အပ်သတည်း။
မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာပါဌ်
အနုပါဒါဝိမုတ္တောတိ စတူဟိ ဥပါဒါနေဟိ ကိဉ္စိဓမ္မံ အနုပါဒိယိတွာ ဝိမုတ္တော။ နဥပေတီတိ နယုဇ္ဇတိ။ ဧတ္ထ စ နဥပပဇ္ဇတီတိ ဣဒံ အနုဇာနိတဗ္ဗံ သိယာ။ ယသ္မာ ပန ဧဝံ ဝုတ္တေ သော ပရိဗ္ဗာဇကော ဥစ္ဆေဒံ ဂဏှေယျ၊ ဥပပဇ္ဇတီတိ ပန သဿတမေဝ။ ဥပပဇ္ဇတိ စ နဥပပဇ္ဇတိ စာတိ ဧကစ္စသဿတံ။ နေ၀ ဥပပဇ္ဇတိ နနဥပပဇ္ဇတီတိ အမရာဝိက္ခေပိကံ တသ္မာ အယံ အပ္ပတိဋ္ဌော အနာလမ္ဗော ဟောတု သုခပ္ပဝေသနဋ္ဌာနံ မာ လဘတူတိ အနနုညာယ ဌတွာ အနုညံပိ ပဋိက္ခိပိ ။ပ။
ဂမ္ဘီရောတိ ဂုဏဂမ္ဘီရော။ အပ္ပမေယျောတိ ပမာဏံ ဂဏှိတုံ န သက္ကုဏေယျော။ ဒုပ္ပရိယောဂါဟောတိ ဒုဩဂါဟော ဒုဇ္ဇာနော။ သေယျထာပိ မဟာသမုဒ္ဒေါတိ ယထာမဟာသမုဒ္ဒေါ ဂမ္ဘီရော အပ္ပမေယျော ဒုဇ္ဇာနော။ ဧ၀မေဝ ခီဏာသဝေါပိ တံ အာရဗ္ဘ ဥပပဇ္ဇတီတိ အာဒိ သဗ္ဗံ န ယုဇ္ဇတိ၊ ကထံ၊ ကထာပရိနိဗ္ဗုတံ အဂ္ဂိံ အာရဗ္ဘ ပုရတ္ထိမဒိသံ ဂတောတိ အာဒိသဗ္ဗံ န ယုဇ္ဇတိ။
မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ(၁၃၈) ။ ဈော။
၎င်းဋီကာပါဌ်
ကိဉ္စိဓမ္မန္တိ ရူပဓမ္မံ ဝါအရူပဓမ္မံ ဝါ။ အနုပါဒိယိတွာတိ အဂဟေတွာ။ န ဥပေတီတိ အတ္ထံ အာဟ န ယုဇ္ဇတီတိ။ အနုဇာနိတဗ္ဗံသိယာ အနုပါဒါဝိမုတ္တဿ ကိဉ္စိပိ ဥပ္ပတ္တိယာ အဘာဝတော။ ဧဝံ ဝိမုတ္တစိတ္တော န ဥပပဇ္ဇတီတိ ကာမေဉ္စတံ သဘာဝပဝေဒနံ။ ပရိဗ္ဗာဇကော ပန ဥစ္ဆေဒဝါဒိနောပိ အယံ သတ္တော အာယတိံ န ဥပပဇ္ဇတီတိ ဝဒန္တိ သမဏောပိ ဂေါတမော တထာ ၀ဒတီတိ ဥစ္ဆေဒဘာဝေ သော ပဝတ္တေယျာတိ။
မဇ္ဈိမပဏ္ဏာသဋီကာ (၉၃) ။ ဃဲ။
မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ အနက်
အနုပါဒါဝိမုတ္တောတိ၊ ဟူသည်ကား။
စတူဟိ၊ လေးပါးကုန်သော။
ဥပါဒါနေဟိ၊ ကာမုပါဒါန်စသော ဥပါဒါန်တရား တို့ဖြင့်။
ကိဉ္စိဓမ္မံ၊ တစုံတခုသော ရုပ်နာမ်ခန္ဓာတရားကို။
အနုပါဒိယိတွာ၊ မစွဲလမ်းမူ၍၊
ဝိမုတ္တော၊ ဘေးခပ်သိမ်းမှ လွတ်ကြီးလွတ်၍နေ၏။
န ဥပေတီတိ၊ ဟူသည်ကား။
နယုဇ္ဇတိ၊ မသင့်။
ဧတ္ထ စ၊ ဤ နဥပပတိ-အစရှိသော ပါဠိ၌လည်း။
န ဥပပဇ္ဇတီတိ ဣဒံ၊ ဟူသော ဤစကားသည်။
အနုဇာနိတဗ္ဗံ၊ ခွင့်ပြုထိုက်သော စကားသည်။
သိယာ၊ ဖြစ်ရာ၏။
ကသ္မာ၊ အဘယ့်ကြောင့်နည်းဟူမူကား။
အနုပါဒါဝိမုတ္တဿ၊ ရုပ်နာမ်တရားတို့၌ စွဲလမ်းခြင်းမရှိ နိဗ္ဗာန်၌ လွတ်ကြီးလွတ်၍ နေသော ရဟန္တာ ပုဂ္ဂိုလ်အား။
ကိဉ္စိပိ၊ တစုံတခုသော ရုပ်နာမ်တရား၏လည်း။
ဥပ္ပတ္တိယာ၊ ဖြစ်ခြင်း၏။
အဘာဝတော၊ မရှိခြင်းကြောင့်တည်း။
(ဋီကာဟိတ်ထည့်။)
ပန၊ ယင်းသို့ ခွင့်ပြုထိုက်သော်လည်း။
အယံ၊ အကြင်ကြောင့်။
ဧဝံ၊ ဤသို့။
ဝုတ္တေ၊ နဥပပဇ္ဇတိ-ဟု ခွင့်ပြုဟောကြားတော်မူသည်ရှိသော်။
သော ပရိဗ္ဗာဇကော၊ ထိုပရိဗိုဇ်သည်။
ဥစ္ဆေဒံ၊ ဥစ္ဆေဒဒိဋ္ဌိအယူကို။
ဂဏှေယျ၊ ယူခဲ့ရာ၏။
ပန၊ ထိုပြင်။
ဥပပဇ္ဇတီတိ၊ ဟူ၍။
ဝုတ္တေ၊ ဟောတော်မူသည်ရှိသော်။
သဿတမေဝ၊ သဿတဒိဋ္ဌိအယူကိုပင်လျှင်။
ဂဏှေယျ၊ ယူခဲ့ရာ၏။
ဥပပဇ္ဇတိ စ နဥပပဇ္ဇတိ စ၊ ဖြစ်သည်လည်း ရှိ၏ မဖြစ်သည်လည်းရှိ၏။
ဝါ၊ ဖြစ်လည်းဖြစ် ဖြစ်လည်းမဖြစ်။
ဧဝံ၊ ဤသို့။
ဝုတ္တေ၊ ဟောတော်မူသည်ရှိသော်။
ဧကစ္စသဿတံ၊ ဧကစ္စသဿတဒိဋ္ဌိအယူကို။
ဂဏှေယျ၊ ယူခဲ့ရာ၏။
နေ၀ ဥပပဇ္ဇတိ နန ဥပပဇ္ဇတီတိ၊ ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်း မဟုတ်ဟူ၍။
ဧဝံ ဝုတ္တေ၊ ဤသို့ ဟောခဲ့ပြန်သည်ရှိသော်။
အမရာဝိက္ခေပိကံ၊ အမရာမည်သော ငါး၏အတိုင်း ငါးစင်ရိုင်း၏အလား သူတပါးတို့ ဘမ်း၍ မမိနိုင် အောင် ကြံဆောင် ပြောဆိုလေ့ ရှိခြင်းဟူသော အမရာဝိက္ခေပိက ဒိဋ္ဌိအယူကို။
ဂဏှေယျ၊ ယူခဲ့ရာ၏။
တသ္မာ၊ ထိုကြောင့်။
အယံ၊ ဤပရိဗိုဇ်သည်။
အပ္ပတိဋ္ဌော၊ မိစ္ဆာဝါဒ ထောက်တည်ရာ မရသည်။
အနာလမ္ဗော၊ ဆွဲမှီရာ မရသည်။
ဟောတု၊ ဖြစ်စေတော့။
သုခပ္ပဝေသနဋ္ဌာနံ၊ မိစ္ဆာဉာဏ် သက်ဝင်လွယ်ခွင့်ကို။
မာ လဘတု၊ မရစေနှင့်တော့။
ဣတိ၊ ဤသို့ နှလုံးသွင်းတော် မူသည်ဖြစ်၍။
အနနုညာယ၊ ခွင့်မပြုခြင်း၌။
ဌတွာ၊ တည်တော်မူ၍။
အနုညံပိ၊ ခွင့်ပြုရမည့်အရာကိုလည်း။
ပဋိက္ခိပိ၊ ပယ်တော်မှု၏။ပ။
ဂမ္ဘီရောတိ၊ နက်နဲသည် ဟူသည်ကား။
သော၊ ထိုသတ္တဝါဟူ၍ ပညတ်ကြောင်း ခန္ဓာငါးပါးမှ လွတ်၍နေသော ပရိနိဗ္ဗုတ ရဟန္တာပုဂ္ဂိုလ်သည်။
ဂုဏဂမ္ဘီရော၊ သီလဂုဏ် သမာဓိဂုဏ် - စသောဂုဏ်တို့ဖြင့် အလွန်နက်နဲ၍ နေ၏။
အပ္ပမေယျာတိ၊ ဟူသည်ကား။
သော၊ ထိုရုပ်နာမ်နှင့်စပ်သော ပညတ်မှ လွတ်၍ နေသော ပရိနိဗ္ဗုတ ရဟန္တာအသျှင်ကို။
ပမာဏံ ဂဏှိတုံ၊ တစုံတယောက်သော လူ နတ် စသည်တို့နှင့် နှိုင်းရှည့်ခြင်းငှါ။
န သက္ကုဏေယျော၊ မတတ်စကောင်း။
ဒုပ္ပရိယောဂါဟောတိ၊ ဟူသည်ကား။
ဒုဩဂါဟော၊ မသက်ဝင်နိုင်။
ဒုဇ္ဇာနော၊ သိနိုင်ခဲ၏။
သေယျထာပိ မဟာသမုဒ္ဒေါတိ၊ ဟူသည်ကား။
မဟာသမုဒ္ဒေါ၊ မဟာသမုဒြာသည်။
ဂမ္ဘီရော၊ နက်သည်။
အပ္ပမေယျာ၊ မချင့်တွက်နိုင်သည်။
ဒုဇ္ဇာနော၊ သိနိုင်ခဲ သက်ဝင်နိုင်ခဲသည်။
ဟောတိ သေယျထာပိ၊ ဖြစ်သကဲ့သို့လျှင်။
ဧ၀မေဝ၊ ဤအတူ၎င်း။
ခီဏာသဝေါပိ၊ ရဟန္တာပုဂ္ဂိုလ်သည်လည်း။
တံ၊ ထိုစုတိပြီးနောက် နိဗ္ဗာန်ရောက်သဖြင့် ရူပါဒိသခါဝိမုတ္တ ဖြစ်၍နေသော အရာကို။
အာရဗ္ဘ၊ အကြောင်းပြု၍။
ဥပပဇ္ဇတီတိ အာဒိ သဗ္ဗံ၊ ဥပပဇ္ဇတိ-စသော စကားလေးရပ် အလုံးစုံသည်။
ဝါ၊ မိမိရောက်ရာ နိဗ္ဗာန်၌ အမြဲဖြစ်၍ နေ၏, ဖြစ်၍ မနေ, ဖြစ်လည်းဖြစ်၏ ဖြစ်လည်းမဖြစ်, ဖြစ်၍ နေသည်လည်း မဟုတ် မဖြစ်ဘဲ နေသည်လည်းမဟုတ်-ဟူသောစကား လေးရပ်လုံးသည်ပင်။
န ယုဇ္ဇတိ၊ ငါဟာတော်မူခြင်းငှါ မသင့်။
ကထံ၊ အဘယ်သို့ မသင့်သနည်းဟူကား။
ပရိနိဗ္ဗုတံ၊ ငြိမ်းလေပြီးသော။
အဂ္ဂိံ၊ မီးကို။
အာရဗ္ဘ၊ ၍။
ပုရတ္ထိမံဒိသံ၊ အရှေ့အရပ်သို့။
ဂတော၊ သွားလေ၏။
ဣတိအာဒိသဗ္ဗံ၊ ဤသို့ အစရှိသော အလုံးစုံသည်။
န ယုဇ္ဇတိ ယထာ၊ မသင့်နိုင် သကဲ့သို့တည်း။
ယခင် အဋ္ဌကထာပါဌ်အနက်။
ဤ၌ ငြိမ်းပြီးသော မီးကဲ့သို့ ပရိနိဗ္ဗုတပုဂ္ဂိုလ်၏ ရုပ်နာမ်အလုံးစုံ ကွယ်ပျောက်သည် ဟူသော အဓိပ္ပါယ်ကိုသာ ယူအပ်၏။ ထိုရဟန္တာအသျှင် အစဉ် သန္တာန် ပြတ်၍သွားသည်ကို ဆိုသတည်း ဟု မယောင်မှားအပ်၊ အကယ်၍ ယင်းသို့ ပြတ်သွားသည်ကို ဆိုလိုလျှင် သမုဒြာကဲ့သို့ ဂမ္ဘီရဖြစ်၍ နေသည်ဟု ဟောတော်မမူသင့် သောကြောင့်တည်း။
ရုပ်နာမ်လည်း ငြိမ်းပျောက် အလုံးစုံလည်း မပျောက် - ဖြစ်ခဲ့သော် အဘယ်သို့သော အခြင်းအရာ ဖြစ်၍ နေပါသနည်း ဟူငြားအံ့။
“ဂမ္ဘီရောအပ္ပမေယျာ ဒုပ္ပရိယောဂါဟော သေယျထာပိ မဟာသမုဒ္ဒေါ” ဟူသော ဤပါဠိတော်အတိုင်း မဟာသမုဒြာရေကို ကွမ်းစားခွက်ဖြင့် မတွက်နိုင် တာဝါးတို့ဖြင့် မထောက်လှမ်းနိုင်သကဲ့သို့ ဝေနေယျတို့ ဉာဏ်ဖြင့် မချင့်တွက်နိုင် ဉာဏ်မမှီနိုင် အလွန်နက်နဲသော အခြင်းအရာဖြစ်၍ နေသည် ဟူ၍သာ မှတ်အပ်သတည်း။
မဇ္ဈိမပဏ္ဏာသ ဋီကာပါဌ်
အပ္ပမာဏာယ သဘာဝဂုဏကာယ ဂုဏဂမ္ဘီရော။ ဤဒိသာ ဧတဿ ဂုဏာတိ ပရိယောဂါဟိတုံ အသက္ကုဏေယျတာယ ဒုပ္ပရိယောဂါဟော ဒုဇ္ဇနော။ ဧတ္တကာနိ ဥဒကာဠှကသတာနီတိ အာဒီနာ နိယမေတုံ န သက္ကာတိ အပ္ပမေယျော။ ဧ၀မေဝန္တိ ယထာ မဟာသမုဒ္ဒေါ ဂမ္ဘီရော အပ္ပမေယျော ဒုဇ္ဇနော ဧဝံ ခီဏာသဝေါ ဂုဏဝသေန။
တသ္မာ ယံ ရူပါဒိံ ဂဟေတွာ ရူပီတိ အာဒိဝေါဟာရော ဘဝေယျ။ ပရိနိဗ္ဗုတဿ ပန တဒဘာဝါ တထာ ပညာပေတုံ နသက္ကာ။ တတော တံ အာရဗ္ဘ ဥပပဇ္ဇတီတိ အာဒိသဗ္ဗံ န ယုဇ္ဇေယျ။
ယထာ ပန ဝိဇ္ဇမာနောဧ၀ ဇာတဝေဒေါ ဗျတ္တေန ပုရိသေန နီယျမာနော ပုရတ္ထိမာဒိဒိသံ ဂတောတိ ဝုစ္စေယျ။ န နိဗ္ဗုတော။ ဧဝံ ခီဏာသဝေါတိ ဒဿန္တော ဧဝမေဝန္တိ အာဒီမာဟ။
၎င်းမဇ္ဈိမပဏ္ဏာသဋီကာ(၉၄) ၁င်္ဝး။ ဃု။
၎င်းဋီကာအနက်
အပ္ပမာဏာယ၊ အတိုင်းမသိ များလှဘိသော။
သဘာဝဂုဏကာယ၊ ရုပ် ဝေဒနာ-စသည်တို့ မရှိသဖြင့် ထိုရုပ် ဝေဒနာ စသည်တို့ကို စွဲ၍ဖြစ်သော ပညတ်မှ လွတ်၍နေသော သဘာဝဂုဏ်ရှိသော အဖြစ်ဖြင့်။
ဝါ၊ အဖြစ်ကြောင့်။
သော၊ ထိုရူပသင်္ခါဝိမုတ္တ ။ပ။ ဝိညာဏသင်္ခါဝိမုတ္တခီဏာသ၀ အသျှင်သည်။
ဂုဏဂမ္ဘီရော၊ ဂုဏ်အားဖြင့် နက်နဲ၏။
ဧတဿ၊ ထိုရူပသင်္ခါဝိမုတ္တ ။ပ။ ဝိညာဏသင်္ခါဝိမုတ္တဖြစ်၍ နေသောပုဂ္ဂိုလ်အား။ ဝါ၊ ပုဂ္ဂိုလ်၏။
ဂုဏာ၊ ဂုဏတို့သည်။
ဤဒိသာ၊ ဤသို့ သဘောရှိကုန်၏။
ဣတိ၊ ဤသို့။
ပရိယောဂါဟိတုံ၊ ဝေနေယျတို့၏ ဉာဏ်ဖြင့် သက်ဝင်ခြင်းငှါ။
အသက္ကုဏေယျတာယ၊ မတတ်နိုင်စကောင်းသောကြောင့် ။
သော၊ ထိုရူပသင်္ခါဝိမုတ္တ ။ပ။ ဝိညာဏသင်္ခါဝိမုတ္တ ရဟန္တာပုဂ္ဂိုလ်သည်။
ဒုပ္ပရိယောဂါဟော၊ ဒုပ္ပရိယောဂါဟ မည်၏။
ဒုဇ္ဇနော၊ ဤပုံဤခြင်းရာ ဂုဏ်ရှိ၏ဟု သိအပ်နိုင်ခဲ၏။
ဧတ္တကာနိ ဥဒကာဠှကသတာနိ၊ ဤမျှလောက် ကွမ်းစားအရာတို့ဟူ၍။
ဣတိ အာဒိနာ၊ ဤသို့အစရှိသည်ဖြင့်။
နိယမေတုံ၊ မှတ်ခြင်းငှါ။
န သက္ကာ၊ မတတ်စကောင်း။
ဣတိ-တသ္မာ၊ ထိုကြောင့်။
သော၊ ထိုသမုဒြာပင်လယ်ကြီး သည်။
အပ္ပမေယျော၊ အပ္ပမေယျမည်၏။
ဧ၀မေဝန္တိ ၊ ဟူသည်ကား။
မဟာသမုဒ္ဒေါ၊ မဟာသမုဒြာသည်။
ဂမ္ဘီရော ယထာ၊ နက်သကဲ့သို့။
အပ္ပမေယျော ယထာ၊ မနှိုင်းရှည့်အပ်သကဲ့သို့။
ဒုဇ္ဇနော ယထာ၊ သိနိုင်ခဲသကဲ့သို။
ဧဝံတထာ၊ ထိုအတူ၊
ခီဏာသဝေါပိ၊ ရဟန္တာပုဂ္ဂိုလ်သည်လည်း။
ဂုဏဝသေန၊ ဂုဏ်၏ အစွမ်းအားဖြင့်။
ဂမ္ဘီရော၊ နက်၍နေ၏။
အပ္ပမေယျော၊ မနှိုင်းရှည့်နိုင်စရာဖြစ် ၍နေ၏။
ဒုဇ္ဇနော၊ ဘယ်ပုံခြင်းရာ ဘယ်လိုဟာဟု သိနိုင်ခဲရာ ဖြစ်၏။
ဤ၌ “ခီဏာသဝေါ” ဟု သာမည ဆိုသော်လည်း ၎င်းစကား၏ လဒ္ဓဂုဏ်ကို ဆိုသော တသ္မာ-စသော နောက်ဝါကျ၌ “ပရိနိဗ္ဗုတဿ ပန” ဟူ၍ အထူး ထုတ်ဆိုလတ္တံ့ သောကြောင့် ပရိနိဗ္ဗုတရဟန္တာကို ရည်၍ ဆိုသည်ဟု သိ။
တသ္မာ၊ ထိုသို့ ခီဏာသ၀ပုဂ္ဂိုလ်၏ ဂုဏ်၏အစွမ်းအားဖြင့် နက်နဲခြင်း မနှိုင်းရှည့်နိုင် မသိနိုင်စရာ ဖြစ်၍ နေခြင်းကြောင့်။
ယံ ရူပါဒိံ၊ အကြင်ရုပ် အစရှိသည်ကို။
ဂဟေတွာ၊ စွဲယူ၍။
ရူပီဘိအာဒိဝေါဟာရော၊ ရုပ်ရှိသောသတ္တဝါ အစရှိသော ဝေါဟာရပညတ်သည်။
ဘဝေယျ၊ ဖြစ်ရာ၏။
ပန၊ ထိုသို့ဖြစ်ရာသော် လည်း။
ပရိနိဗ္ဗုတဿ၊ နိဗ္ဗာန်ရွှေနန်း စံမြန်း၍နေသူ ပရိနိဗ္ဗုတအသျှင်အား။
တဒဘာဝါ၊ ထိုသို့ သတ္တဝါ ဟု ပညတ်ကြောင်း ရုပ်နာမ်အပေါင်း မရှိခြင်းကြောင့်။
တထာ၊ ထိုရုပ်ရှိသော လူနတ်စသော သတ္တဝါဟူသော ခေါ်ဝေါ်ပညတ် ခြင်းအားဖြင့်။
ပညာပေတုံ၊ ပညတ်ခြင်းငှါ။
န သက္ကာ၊ မတတ်ကောင်း။
တတော၊ ထိုသို့ နိဗ္ဗာန်ရွှေနန်း စံမြန်း၍နေသူ ပရိနိဗ္ဗုတရဟန္တာပုဂ္ဂိုလ်၏ ရုပ်စသည်မရှိ သဖြင့် ရူပီ-သတ္တဝါ-စသည်ဖြင့် ပညတ်စရာ မရှိသောကြောင့်။
တံ၊ ထိုပရိနိဗ္ဗုတ ပုဂ္ဂိုလ်၏ သတ္တဝါဟု ပညတ်စရာ မရှိသည့်အရာကို။ ဝါ၊ ရုပ်စသည်နှင့်စပ်သော သတ္တပညတ်မှ လွတ်၍ နေသောအရာကို။
အာရဗ္ဘ၊ အကြောင်းပြု၍။
တဿ၊ ထိုရဟန္တာပုဂ္ဂိုလ်အား။ ဝါ၊ ရုပ်စသည်ကို စွဲ၍ဖြစ်သော သတ္တပညတ်မှ လွတ်၍ နေသော အသျှင်အား။
ဥပပဇ္ဇတီတိ အာဒိသဗ္ဗံ၊ ထိုသူ ထိုနိဗ္ဗာန်၌ ဖြစ်၍နေ၏ ဖြစ်၍မနေ-ဤသို့အစရှိသော အလုံးစုံသည်။
န ယုဇ္ဇေယျ၊ မသင့်ရာ။
၎င်းဋီကာအနက်။
ဂမ္ဘီရတ္ထနိဗ္ဗာန်စံ ပုဂ္ဂိုလ်၌
ဗျင်္ဂျတ္ထ အဓိပ္ပါယ် စသည် ပြပုံ
သတ္တဝါဟု ခေါ်ဝေါ်စရာ ရုပ်နာမ်ခန္ဓာလည်းမရှိ၊ ရုပ်နာမ်ခန္ဓာမရှိသော်လည်း ဘယ်ဟာတခုမျှ မရှိသည်လည်းမဟုတ် ဖြစ်၍ ထိုပရိနိဗ္ဗုတပုဂ္ဂိုလ် ထိုနိဗ္ဗာန်၌ရှိ၏ မရှိ၊ ဖြစ်၍နေ၏ မနေ၊ ဤသို့အစရှိသည်ဖြင့် ဆိုရမည်အချက် အလွန် ခက်ခဲနက်နဲ၍ နေသည် ဟူလိုသတတ်။
(က) ထိုပရိနိဗ္ဗုတပါဒိသင်္ခါဝိမုတ္တ ရဟန္တာသည် သတ္တပညတ်၏ တည်ရာ ရုပ်နာမ် ခန္ဓာပင် မရှိသော်လည်း ဂမ္ဘီရ အပ္ပမေယျ သဘောဖြစ်၍ တည်နေသည်ကို ရည်သဖြင့် ဥပပဇ္ဇတိ ဟု ဟောတော်မူခဲ့လျှင် ယင်းသို့သော သန္ဓာယ ဘာသိတ ဂမ္ဘီရတ္ထ အရာကို ထို ဝစ္ဆပရိဗိုဇ် နားမလည်နိုင် ဉာဏ်မမှီနိုင်သဖြင့် …
အကယ်၍ ထိုပရိနိဗ္ဗုတရဟန္တာ ထိုနိဗ္ဗုတာ၌ ဖြစ်၍ရှိနေသေးသည်ဖြစ်လျှင် ရုပ်နာမ်ခန္ဓာနှင့်တကွ ဖြစ်နေရမည်၊ ရုပ်နာမ်ခန္ဓာမှတပါး အဘယ်ဖြစ်စရာရှိပါတော့အံ့နည်း၊ ထိုရုပ်နာမ်နှင့်တကွ ထိုနိဗ္ဗာန်၌ မပြိုမကွဲ အမြဲသဿတ ဖြစ်နေပြီ ဟု သဿတဒိဋ္ဌိအရာအားဖြင့် ထို ဝစ္ဆပရိဗိုဇ် အထင်မှားဘွယ် ရှိသောကြောင့် “ဥပပဇ္ဇတိ” ဟူ၍ ဟောကြား ဖြေဆိုတော်မူသော်လည်း မသင့် မတော် မလျော်နိုင် သည်မှတပါး …
(ခ) အဘယ်ပုံ အခြင်းအရာအားဖြင့် ဖြစ်နေသည် ဟု ဝေနေယျတို့၏ ဉာဏ်ဖြင့် မပိုင်းခြားနိုင်အောင် အလွန်နက်နဲ၍နေသော ဂမ္ဘီရ အပ္ပမေယျ၊ သဘောတခုအားဖြင့် ဖြစ်နေသော်လည်း ရုပ်နာမ်ခန္ဓာ အားဖြင့် ဖြစ်နေသည် မဟုဘ်သည်ကိုရည်၍ “နုပပဇ္ဇတိ” ဟုဟောတော်မူခဲ့လျှင်လည်း ယင်းသို့သော သန္ဓာယဘာသိတ ဂမ္ဘီရတ္ထအရာကို ထိုဝစ္ဆပရိဗိုဇ် နားမလည်နိုင် ဉာဏ်မမှီနိုင်သဖြင့် ယင်းသို့ ထိုပရိနိဗ္ဗုတပုဂ္ဂိုလ် ထိုနိဗ္ဗာန်၌ ရုပ်နာမ်အားဖြင့် ဖြစ်၍မနေသည် မှန်ခဲ့လျှင် ရုပ်နာမ်မှတပါး ဘယ်ဟာတခု ဖြစ်စရာ ရှိပါတော့အံ့နည်း၊ ထိုပရိနိဗ္ဗုတပုဂ္ဂိုလ် နိဗ္ဗာန်ရောက်လျှင် ဝါ-စုတိကျပြီးသည့်အခါ ဘယ်ဟာတခုမကျန် အလျှင်းကွယ်ပျောက် ပြတ်တောက်၍ သွားလေပြီ ဟု ဥစ္ဆေဒဒိဋ္ဌိ အရာအားဖြင့် ထို ဝစ္ဆပရိဗိုဇ် ယုံမှားဘွယ် ရှိသောကြောင့် “နုပပဇ္ဇတိ” ဟု ဟောကြား ဖြေဆိုတော်မူသော်လည်း မသင့်နိုင်။
(ဂ) ဂမ္ဘီရ သဘော တခုအားဖြင့် ဖြစ်နေသည်ကို ရည်တော်မူ၍ “ဥပပဇ္ဇတိစ” ဟု ရုပ်နာမ်ခန္ဓာ ဒုက္ခအစုအားဖြင့် မဖြစ်ဘဲနေသည်ကို ရည်တော်မူ ၍ ”နုပပဇ္ဇတိစ” ဟု ဤသို့နှစ်ချက်ရ ဟောတော် မူခဲ့ပြန်လျှင်လည်း ယင်းသို့သော သန္ဓာယ ဘာသိတ ဂမ္ဘီရတ္ထအရာကို ထိုဝစ္ဆပရိဗိုဇ် နားမလည်နိုင် ဉာဏ်မမှီနိုင် သဖြင့် ယင်းသို့ဖြစ်လည်း ဖြစ်၏၊ ဖြစ်လည်း မဖြစ်-မှန်ခဲ့လျှင် ပရိနိဗ္ဗုတပုဂ္ဂိုလ် အချို့လည်း နိဗ္ဗာန်၌ ရုပ်နာမ်အားဖြင့် ဖြစ်၏။ အချို့လည်း စုတိကျရောက် ကတဲကပင် ပြတ်ကြီးပြတ်၍ အလုံးစုံ ဘယ်ဟာတခုမျှ မကျန် အစဉ်သန္တာန် ကွယ်ပျောက်လေတော့၏။ ဤသို့ ဧကစ္စသဿတဒိဋ္ဌိ” အရာအားဖြင့် ထို ဝစ္ဆပရိဗိုဇ် ယုံမှားဘွယ် ရှိသောကြောင့် ယင်းသို့ “ဥပပဇ္ဇတိ စ နုပပဇ္ဇတိ စ” ဟူ၍ ဟောကြား ဖြေဆိုတော်မူသော်လည်း မသင့် မလျော် မတော်နိုင်ချေ။
(ဃ) တစုံတရာ ဂမ္ဘီရသဘောအားဖြင့် ဖြစ်နေသော်လည်း ရုပ်နာမ် အားဖြင့်ဖြစ်သည် မဟုတ်သည်ကို “ရည်တော်မူ၍ နေဝ ဥပပဇ္ဇတိ”ဟု ဂမ္ဘီရ အပ္ပမေယျ သဘောတခုအားဖြင့် ဖြစ်နေသည်ကိုရည်တော်မူ၍ “န စ နုပပဇ္ဇတိ” ဟု ဟောတော်မူခဲ့လျှင်လည်း ယင်းသို့သော သန္ဓာယ ဘာသိတ အတိဂမ္ဘီရတ္ထ အရာကို ထိုဝစ္ဆပရိဗိုဇ် နားမလည်နိုင် မရိပ်မိနိုင် ဉာဏ်မပိုင်သဖြင့် ယင်းသို့ “နေ၀ ဥပပဇ္ဇတိ န စ နုပပဇ္ဇတိ” ဟု အသျှင်ဂေါတမဆိုသော အရာသည် “နေဝဟောတိ နနဟောတိ တထာဂတော ပရမ္မရဏာတိ”ဟု ဆိုလေ့ရှိကြသော အမရာဝိက္ခေပိက မိစ္ဆာဒိဋ္ဌိလူများကဲ့သို့ နှစ်ဘက်သော အစွန်းဖြင့် သူဘမ်း၍ မမိနိုင်ဘွယ် စကားသွယ် စကားကပ်အားဖြင့် အသျှင်ဂေါတမ မိန့်တော်မူလေသလား ဟု အမရာဝိက္ခေပိကဒိဋ္ဌိ အရာအားဖြင့် ထိုဝစ္ဆပရိဗိုဇ် ယုံမှားဘွယ် ရှိသောကြောင့် “နေဝဥပပဇ္ဇတိ န စ နုပပဇ္ဇတိ” ဟု ဟောတော်မူသော်လည်း မသင့်မလျော် မတော် နိုင် ဟူလိုသတတ်။ ဗျင်္ဂျတ္ထအဓိပ္ပါယ်။
ပရိနိဗ္ဗုတပုဂ္ဂိုလ်၏ ရုပ်နာမ်မရှိသဖြင့် သတ္တပညတ်ကို လွန်၍နေသောကြောင့် ဝါ- သတ္တပညတ်မှ လွတ်၍နေသဖြင့် အလွန်နက်နဲလှစွာ ဖြစ်၍နေသောကြောင့် ဆိုအပ်ခဲ့ပြီးသော စကားလေးရပ်လုံး ကိုပင် မိန့်ဆိုဟောကြားတော် မူသော်လည်း ထိုဝစ္ဆပရိဗိုဇ် မှစ၍ အများသတ္တဝါတို့ နားမလည်နိုင် ဉာဏ်မမှီနိုင်ကြသဖြင့် ဆိုအပ်ခဲ့ပြီးသော မိစ္ဆာဒိဋ္ဌိလေးပါး အရာသို့ သက်ဝင်ကြမည်ကို ဘုရားသျှင် မြင်တော်မူသောကြောင့် ယင်း လေးပါးလုံးကိုပင် ဘုရားသျှင် ဟောတော်မမူသည် ဟူလိုသတည်း။ ပိဏ္ဍတ္ထ။
အောက်၌ ညွှန်းပြအပ်ခဲ့ပြီးသော သဠာယတနသံယုတ်ပါဠိတော် ကောသလမင်းကြီး ပုစ္ဆာလေးချက်၌ “ဧဝံ မယာ အဗျာကတံ” ဟု ဖြေကြားမိန့်ဆိုတော်မူသော စကားလေးရပ်လုံး၌လည်း အဓိပ္ပါယ် အရကောက် ဤအတိုင်းသာ ဟု သိကြကုန်။
ယထာ ပန ဝိဇ္ဇမာနောဧဝ ဇာတဝေဒေါ ဗျတ္တေန ပုရိသေန နိယျမာနော ပုရတ္ထိမာဒိသံ ဂတောတိ ဝုစ္စေယျ။ နနိဗ္ဗုတော။ ဧဝံ ခီဏာသဝေါပီတိ ဒဿန္တော ဧ၀မေဝန္တိ အာဒီမာဟ။
မဇ္ဈိမပဏ္ဏာသဋီကာ (၉၄)
ပန၊ ပရိနိဗ္ဗုတပုဂ္ဂိုလ်၏ အခြင်းအရာကို ဥပမာဖြင့် ပြဆိုဦးအံ့။
ဗျတ္တေန၊ လိမ္မာသော။
ပုရိသေန၊ ယောက်ျားသည်။
နိယျမာနော၊ ဆောင်ယူသွားအပ်သော။
ဝိဇ္ဇမာနော၊ ထင်ရှားတောက်လျက် တည်သော။
ဇာတဝေဒေါ ဧ၀၊ မီးရှူး မီးတိုင်ကိုသာလျှင်။
ပုရတ္ထိမာဒိဒိသံ၊ အရှေ့ အစရှိသော အရပ်သို့။
ဂတောတိ၊ သွား၏ဟူ၍။
ဝုစ္ဆေယျ ယထာ၊ ဆိုအပ်သကဲ့သို့။
နိဗ္ဗာ၊ ငြိမ်းလေပြီးသော မီးကို။
ပုရတ္ထိမာဒိဒိသံ၊ အရှေ့ အစရှိသော အရပ်သို့။
ဂတောတိ၊ သွား၏ဟူ၍။
န ဝုစ္စေယျ ယထာ၊ မဆိုအပ်သကဲ့သို့။
ဧဝံ တထာ၊ ထိုအတူ။
ခီဏာသဝေါပိ၊ ခန္ဓာဝန်ကြီး ရုပ်နာမ်မီးမှ ငြိမ်းကင်းပြတ် ပုဂ္ဂိုလ်မြတ်ကိုလည်း။
ဝေဒိတဗ္ဗော၊ သိအပ်၏။
၎င်းဋီကာပါဌ်ဖြင့်လည်း ပရိနိဗ္ဗုတပုဂ္ဂိုလ် ရုပ်နာမ်ခန္ဓာ ငြိမ်းပျောက်၍ သွားရာ အဘယ်အရပ်၌ ရုပ်နာမ်ခန္ဓာနှင့်တကွ ဖြစ်၏ ရောက်၏ ဟု မဆိုထိုက် သည်ကို ပြလိုရင်းတည်း။ စင်စစ်နိဗ္ဗာန်သို့ မရောက်ဟု ဆိုလိုသည် မဟုတ်။ အကယ်၍ နိဗ္ဗာန်သို့မရောက် နိဗ္ဗာန်၌မဖြစ်ဟု ဆိုလျှင် “ကာယဿ ဘေဒါ ဓမ္မဋ္ဌော၊ သင်္ချံ နောပေတိ ဝေဒဂူ” ဟူ၍၎င်း “နိဗ္ဗာနံ အရဟတော ဂတိ“ ဟူ၍၎င်း လာသော သဠာယတနသံယုတ် ပါဠိတော်စသည်တို့နှင့် ဧကန်ပင် ဆန့်ကျင်လတ္တံ့။
“ဧဝံ၊ ဤသို့။
ဒဿေန္တော၊ ပြလိုသည်ဖြစ်၍။
ဧ၀မေဝန္တိ အာဒိံ၊ ဧ၀မေဝံ ခီဏာသဝေါပိ တံ အာရဗ္ဘ ဥပပဇ္ဇတိ” အစရှိသောစကားတော်ကို။
အာဟု မိန့်တော်မူပြီ။
ဤကား ယခင်ဋီကာပါဌ်ကြွင်းအနက်။
ဤ “ခီဏာသဝေါပိ တံ အာရဗ္ဘ ဥပပဇ္ဇတိ” စသော သဠာယတနသံယုတ် အဋ္ဌကထာပါဌ်၌ “ဒီဏာသဝေါပိ၊ သည်လည်။ တံ၊ ထိုရူပါဒိသင်္ခါဝိမုတ္တဖြစ်၍ နေပြီးသည့်အရာကို” ဟူ၍ အနက်ပေးခဲ့ သည်မှာ သဇီဝရဟန္တာပုဂ္ဂိုလ် စုတိပြီးနောက် နိဗ္ဗာန်၌ တည်၍နေပြီးသည်ကို ရည်၍ အနက်ပေးဆို အပ်သည်။ “ဒီဏာ သဝေါပိ၊ သည်လည်း။ တံ၊ ထိုနိဗ္ဗာန်သို့ရောက်သောအခါ ရုပ်နာမ်ခန္ဓာမရှိသဖြင့် ထိုရုပ်နာမ် ခန္ဓာနှင့်စပ်သော ပညတ်မျိုးမှ လွတ်လတ္တံ့ သောအရာကို။ အာရဗ္ဘ၊ ၍။” ဤသို့အနက်ပေးသော်လည်း သင့်လျော်သေး၏။
ဤဒုတီယအနက်မှာ “ဧဝံ ဝိမုတ္တစိတ္တော ဘိက္ခု ကုဟိံ ဥပပဇ္ဇတိ” စသည်ဖြင့် ကုဟိံ - သဒ္ဒါ နှင့်တကွ ဝစ္ဆပရိဗိုဇ် မေးလျှောက်ရင်းနှင့် သင့်လျော်၏၊ ယခင် ပဌမအနက်မှာ …
ရူပသင်္ခါဝိမုတ္တော ခေါ ဝစ္ဆ တထာဂတော ဂမ္ဘီရော အပ္ပမေယျော ဒုပ္ပရိယောဂါဟော ဥပပဇ္ဇတီတိပိ နဥပေတိ …
စသည်ဖြင့် ဘုရားသျှင် ဖြေကြားတော်မူသော စကားတော်နှင့် သင့်လျော်၏။ ထိုစကားသည် မှန်၏။ ဘုရားသျှင် အဖြေတော်၌ ဥပပဇ္ဇတိ - စသည်ဖြင့်သာ မိန့်တော်မူသည်။ ကုဟိံ - သဒ္ဒါနှင့် မိန့်တော် မမူ၊ ထို့ကြောင့် ရဟန္တာပုဂ္ဂိုလ် စုတိပြီးနောက် အဘယ်ဘဝ၌ ဖြစ်လေဦးမည်ဟူ၍ မဆိုသင့်၊ နိဗ္ဗာန်၌သာ မအိုမသေ ချမ်းသာစွာ စံနေကြရသည်ဟု မှတ်လေ။
နိဗ္ဗာန်ရောက်သွားသူအား
အဘာဝ-ဟု
မဆိုသင့်ပုံ ရှင်းပြချက်
အတ္ထင်္ဂတဿ န ရူပပမာဏံ အတ္ထိ။ န ဝေဒနာပမာဏံ အတ္ထိ။ န သညာပမာဏံ အတ္ထိ။ န သင်္ခါရပမာဏံ အတ္ထိ။ န ဝိညာဏပမာဏံ အတ္ထိ။ ယေန နံ ဝဇ္ဇံ ဘဂဝါဒိနာ -
ဤသို့လာသော အောက်၌ အကျယ်ညွှန်းပြအပ်ခဲ့ပြီးသော စူဠနိဒ္ဒေသပါဠိ (၁၁၁) အရ နိဗ္ဗာန်ဟု ဆိုအပ်သော အတ္ထသို့ ရောက်၍နေသော ပုဂ္ဂိုလ်အား ဘုရား ပစ္စေကဗုဒ္ဓါ-စသည်ဟု နှိုင်းရှည့်ခေါ်ဆို ပြောကြားစရာ ရုပ် ဝေဒနာ စသည်မရှိ ဆိုသောစကားနှင့်လည်း ဤ “ပရိနိဗ္ဗုတဿ ပန တဒဘာဝါ တထာ ပညာပေတုံ န သက္ကာ” ဟူသော ယခင် မဇ္ဈိမပဏ္ဏာသဋီကာစကားသည် အလွန်ညီညွတ် လှပေသလျှင်ကတည်း။ အဘယ်ကြောင့်နည်း ဟူမူကား ဘုရား ပစ္စေကဗုဒ္ဓါ-စသည်ဖြင့် ခေါ်ဆို ပညတ်နိုင်စရာ ရုပ် ဝေဒနာစသည်တို့ မရှိဆိုသဖြင့် ထိုရုပ် ဝေဒနာ စသည်တို့သာ မရှိသည်၊ ထိုရဟန္တာ ပျောက်ပျက်၍ သွားသည် မဟုတ်ဟူသော အနက်၏ အဝုတ္တသိဒ္ဓိနည်းအားဖြင့် ဖြစ်သင့် သောကြောင့်တည်း။ ထိုစကားသည် မှန်စွ၊ ဘယ်ဟာတခုမျှ မရှိသော အဘာဝ သက်သက်ကို နှိုင်းရှည့်စရာ ရှိသော မရှိသော ဟု စကားတခုဖြစ်အောင် ဆိုသင့် ပြောသင့်တော့သည် မဟုတ်။ ထိုကြောင့် …
ခယမတ္တံ န နိဗ္ဗာနံ၊ ဂမ္ဘီရာဒိဿ ဝါစတော။
အဘာဝဿ ဟိ ကုမ္မာနံ၊ လောမဿေ၀ အဝါစတာ။
ဟူ၍ သစ္စသံခိပ် (၂၇) ၌ မိန့်အပ်ပြီ။
ခယမတ္တံ၊ ရုပ်နာမ်ခန္ဓာ ကုန်ငြိမ်းကာမျှသည်။
န နိဗ္ဗာနံ၊ နိဗ္ဗာန်မဟုတ်။
ကသ္မာ၊ အဘယ်ကြောင့်နည်း ဟူမူကား။
တဿ၊ ထိုနိဗ္ဗာန်၏။
ဂမ္ဘီရာဒိဿ ၊ နက်နဲခြင်းအစရှိသည်ကို။
ဝါစတော၊ ဂမ္ဘီရံ သုနိပုဏံ ဒုဒ္ဒသံ အဏုံ-အစရှိသည်ဖြင့် ပါဠိတော်တို့့၌ ဟောတော်မူသော ကြောင့်တည်း။
ဟိ၊ ၎င်းစကား လက်ဝါး မြေပုတ် အမှန်ဟုတ်၏။
အဘာဝဿ၊ ဘယ်ဟာတခုမှ မရှိသော အဘာဝကို။
အဝါစတာ၊ နက်နဲသော မနက်နဲသော - စသည်ဖြင့် စကားတလုံးဖြစ်အောင် ပြောဆိုဘွယ် မရှိသော အဖြစ်သည်။
ဟောတိ၊ ဖြစ်၏။
ကဿ ဝိယ၊ အဘယ်၏သို့နည်း ဟူမူကား။
ကုမ္မာနံ၊ လိပ်တို့၏။
အဘာဝဿ၊ တခါမျှ မရှိဘူးသော။
လောမဿ၊ အမွှေးဟူသည်၏။
အဝါစတာ ဣ၀၊ အမွေးတိုလော အမွေးရှည်လော အဖြုလော အနက်လော-စသည်ဖြင့် စကားလုံး ဖြစ်အောင် ပြောဆိုဘွယ် မရှိဘိသကဲ့သို့တည်း။
၎င်းအနက်။
ဤ၌ ဂမ္ဘီရ-စသည်ဖြင့် ဟောတော်မူအပ်သော နိဗ္ဗာန်၏ အဘာဝ မဆိုသင့် သကဲ့သို့ ဂမ္ဘီရ-စသည်ဖြင့် ဟောတော်မူအပ်သော ရူပါဒိသင်္ခါဝိမုတ္တ ပရိနိဗ္ဗုတ ရဟန္တာအသျှင်တို့၏ အဘာဝ အချည်းနှီးသာ မဆိုသင့်ပေသည့် အဖြစ်ကိုလည်း အဝုတ္တသိဒ္ဓိ နည်းအားဖြင့် ပြတော်မူသည်သာတည်း။ နိဗ္ဗာန်သာ ဘာဝ၊ နိဗ္ဗာန်ရောက်သူကား အဘာဝ ဟု မဆိုသင့်သော အနက်ကိုလည်း ပညတ္တိဟာရ နည်းအားဖြင့် သိစေတော်မူသည်လည်း ဖြစ်၏။
ယင်းသို့ ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့အား ရုပ်နာမ်တရားလည်းမရှိ၊ အဘာဝလည်း မဟုတ်ရ မမှတ်ရ ဆို သော် ရုပ်နာမ်မရှိလျှင် ရုပ်နာမ်မှတပါး ဘယ်ဟာတခု ရှိပါအံ့နည်း၊ ရုပ်နာမ်မရှိက အဘာဝသာ မဟုတ်ပါလောဟူ၍လည်း မတွေးတောကြရာ၊ အရူပဘုံ၌ အနာဂါမ် ရဟန္တာပုဂ္ဂိုလ်တို့သည် အကယ်၍ နိရောဓသမာပတ်ကို ဝင်စားသည်ဖြစ်အံ့၊ ထိုအရူပဘုံ၌ ပကတိဘုံ သဘာဝ အားဖြင့် ရုပ်တရားမရှိသည့် အပေါ်တွင် နိရောဓသမာပတ်ကို ဝင်စားတော်မူကြလျှင် နာမ်တရားလည်း မရှိပြန်၊ ထိုသို့ ရုပ်နာမ်နှစ်ပါး မရှိသော်လည်း ထိုပုဂ္ဂိုလ်တို့ ပရိနိဗ္ဗာန် မစံရသေးသောကြောင့် ထိုအသျှင်တို့ ထိုအရူပဘုံ၌ မရှိဟူ၍ မဆိုရ၊ ရှိသော် အဘယ်လိုရှိသည် ဟု ပညတ်တင်၍ မဆို မပြစွမ်းနိုင်၊ ၎င်းပုဂ္ဂိုလ်တို့ ခုနစ်ရက်အတွင်း၌ ပရိနိဗ္ဗုတပုဂ္ဂိုလ်ကဲ့သို့ဖြစ်၍ နေရာသည့် အကြောင်းကို …
“ယဒိ အရူပေ နိရောဓံ သမာပဇ္ဇေယျ၊ စိတ္တစေတသိကာနံ အညဿ စ ကဿစိ အဘာဝတော အပညတ္တိကော ဘဝေယျ အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗုတဒိသော” –
ဟု ဝိသုဒ္ဓိမဂ် ဋီကာ(ဒု-၅၂၅) င်္၉း၊ ဌ-အင်္ဂါတွင် လာသည်ကို ထောက်သဖြင့်လည်း ရုပ်နာမ် မရှိကာမျှဖြင့် အဘာဝ မဆိုသင့်သည့်အဖြစ်ကို စင်စစ် သီကြကုန်။
၎င်းဋီကာပါဌ်ဖြင့် အရူပဘုံ၌ အကယ်၍ နိရောဓ သမာပတ်ကို ဝင်စားခဲ့လျှင် ထိုပုဂ္ဂိုလ် ယင်းသို့ ဝင်စားခိုက် ပရိနိဗ္ဗုတပုဂ္ဂိုလ် တို့ကဲ့သို့ဖြစ်၍ နေသည်ဟူသော အနက်ကို နီတတ္ထအားဖြင့် ပြသည်။
ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့သည် အရူပဘုံ၌ နိရောဓသမာပတ်ကို ၀င်စား၍ နေရာသည် အခိုက်နှင့်တူသည်၊ ထိုပုဂ္ဂိုလ်တို့ လုံးလုံးပျောက်၍ မသွားဟူသော အနက်ကိုလည်း ပရိဝတ္တနာဟာရ နည်းအားဖြင့် ပြတော်မူသတည်း။
ဝိသုဒ္ဓိမဂ်ဋီကာ အနက်
အရူပေ၊ အရူပဘုံ၌။
နိရောဓံ၊ နိရောဓသမာပတ်ကို၊
ယဒိ သမာပဇ္ဇေယျ၊ အကယ်၍ ဝင်စားငြားအံ့။
စိတ္တစေတသိကာနံ၊ စိတ်စေတသိက်တို့၏၎င်း။
အညဿ၊ တပါးသော။
ကဿစိ စ၊ တစုံတခုသော ရုပ်နာမ်ခန္ဓာ၏၎င်း။
အဘာဝတော၊ မရှိခြင်းကြောင့်။
သော၊ ထိုပုဂ္ဂိုလ်သည်။
အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ၊ အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့်။
ပရိနိဗ္ဗုတသဒိသော၊ ပရိနိဗ္ဗာန်စံ၍ နေသောသူနှင့် တူသည်ဖြစ်၍။
အပညတ္တိကော၊ ဘယ်ပုံဘယ် ခြင်းရာ ဘယ်လိုဟာ ဟု ပညတ်တင်နိုင်စရာ မရှိသည်။
ဘဝေယျ၊ ဖြစ်ရာ၏။
၎င်းဋီကာအနက်။
ဤဋီကာပါဌ် အနက်ကို အောက်၌ ပြအပ်ခဲ့ပြီးသော်လည်း ဤတွင် တထပ် စကားစပ်၍ ကြပ်ကြပ်ကြီး သဘောထင်ကြအောင် ထုတ်ဆောင်လိုက်ပြန်သတည်း။
ဤသို့ ပြဆိုခဲ့ပြီးသော များစွာသော ပါဠိ အဋ္ဌကထာ ဋီကာတို့၌ အပြန်ပြန် အလှန်လှန် ကြံစည် စဉ်းစား နှလုံးထားမိကြသဖြင့် ရဟန္တာပုဂ္ဂိုလ် စုတိကျပြီးနောက် အလုံးစုံကွယ်ပျောက် အချည်းနှီး အဘာဝသို့ ရောက်၍ သွားသည် မဟုတ်ပေ။
အရူပဘုံသို့ရောက်သော ရဟန္တာပုဂ္ဂိုလ်တို့ အကယ်၍ နိရောဓသမာပတ်ကို ဝင်စားသည်ဖြစ်အံ့၊ ရုပ်နာမ်လည်း မရှိ၊ အလုံးစုံပြတ်တောက် ပျက်စီးအချည်းနှီး အဘာဝလည်း မဟုတ်၊ ထိုအရူပဘုံ၌ ခုနစ်ရက်ပတ်လုံး နိဗ္ဗာန်ရောက်သလောက်ပင် နာမ်ရုပ်ဒုက္ခဟူသမျှမှ ချမ်းသာရ၍ နေရရာသကဲ့သို့ နိဗ္ဗာန်၌ တည်ရောက်ကြသူ ပရိနိဗ္ဗုတ ပုဂ္ဂိုလ်ဟူသမျှ နိဗ္ဗာန်ရောက်သည်မှစ၍ ရုပ်နာမ်လည်း မရှိ၊ အချည်းနှီး အဘာဝလည်း မဟုတ်၊ ရုပ်နာမ်နှင့် စပ်သော ဒုက္ခဟူသမျှကို ဘယ်ဟာတခုမျှ မခံစားရ အတုမရ အစလနိဗ္ဗာနသုခဖြင့် တချမ်းသာတဲ တဧးမြထဲ အမြဲချမ်းသာ ဧးမြ၍ နေရသည်။ ယင်း ပရိနိဗ္ဗုတပုဂ္ဂလ ဝိသေသ ဂမ္ဘီရတရအဖြစ်သို့ လျင်မြန်စွာ ရောက်ကြရအောင် ခဲသင့်လှပေတော့သည် ဟူ၍ အထူး သတိရှိကြစေကုန်သတည်း။
ယင်းသို့ ရုပ်နာမ်ခန္ဓာလည်း မရှိ၊ ထိုပုဂ္ဂိုလ် ကွယ်ပပျောက်သွားသည် ဟူ၍လည်း မဆိုရသော် ထိုပရိနိဗ္ဗုတပုဂ္ဂိုလ် အဘယ်ပုံ အဘယ်အခြင်းအရာဖြစ်၍ နိဗ္ဗာန်၌ တည်နေပါသနည်း ဟူငြားအံ့။
သော န နမတိ ရူပေသု န နမတိ သဒ္ဒေသု ဂန္ဓေသု ရသေသု ဖောဋ္ဌဗ္ဗေသု ဓမ္မေသု။ ခယာ ရာဂဿ ဒေါသဿ မောဟဿ ယေန ရူပေန တထာဂတံ ပညာပယမာနော ပညာပေယျ။ တဿ ရူပဿ ခယာ ဝိရာဂါ နိရောဓာ စာဂါ ပဋိနိဿဂ္ဂါ ရူပသင်္ခယေ ဝိမုတ္တော တထာဂတော အတ္ထီတိပိ နဥပေတိ၊ နတ္ထီတိပိ နဥပေတိ၊ အတ္ထိ စ နတ္ထိ စာတိပိ နဥပေတိ၊ နေဝအတ္ထိ နနတ္ထီတိပိ နဥပေတိ။ အထခေါ ဂမ္ဘီရော အပ္ပမေယျော။ အသင်္ချေယော နိဗ္ဗုတောတွေဝ သင်္ချံ ဂစ္ဆတီတိ။
ဟူ၍ နေတ္တိပါဠိတော် (၅၇) လာတိုင်း မှတ်ကြအပ်၏။
၎င်းပါဠိတော် အနက်
သော၊ ထိုရဟန္တာ ဖြစ်လေပြီးသော ပုဂ္ဂိုလ်သည်။
ရူပေသု၊ ရူပါရုံတို့၌။
န နမတိ၊ တဏှာမာနဒိဋ္ဌိအားဖြင့် မမှားမညွှတ်။
ဓမ္မေသု၊ ဓမ္မာရုံတို့၌။
နနမတိ၊ တဏှာဒိဋ္ဌိ မာနဘိ၍ ဂတိညွတ်တိမ်း မယိမ်းမယိုင်။
သော၊ ထိုငါးပါး ကာမဂုဏ် အာရုံခြောက်ပါး မလိုက်စားသော ရဟန္တာပုဂ္ဂိုလ်သည်။
(နောက်မှ လိုက် နဥပေတိ-၌စပ်။)
ရာဂဿ၊ ရာဂ၏။
ခယာ၊ ကုန်ခြင်းကြောင့်။ပ။
မောဟဿ၊ မောဟ၏။
ခယာ၊ ကုန်ခန်း ကွယ်ပျောက်ခြင်းကြောင့်။
( န ဥပေတိ-၌စပ်။)
ယေန ရူပေန၊ အကြင်ရုပ်ဖြင့်။
ဝါ၊အကြင်ရုပ် မချုပ်မပျောက်သေးသောကြောင့်။
တိဋ္ဌန္တံ ဝါ တထာဂတံ၊ ရပ်သောသတ္တဝါဟူ၍၎င်း။
စရန္တံ ဝါ တထာဂတံ၊ သွားသော သတ္တဝါဟူ၍၎င်း။
ပညာပယမာနော၊ ပညတ်ပြောဆို လိုသောသူသည်။
ပညာပေယျ၊ ပညတ်ပြောဆိုရာ၏။
တဿ ရူပဿ၊ ထိုသတ္တဝါ ဟု ခေါ်ဝေါ် ပညတ်ကြောင်းရုပ်၏။
ခယာ၊ နိဗ္ဗာန်ပြုသဖြင့် ရုပ်ဟောင်းရုပ်သစ်မရှိ ကုန်ခန်းခြင်းကြောင့်။
ဝိရာဂါ၊ ကင်းလေခြင်းကြောင့်။
နိရောဓာ၊ တဘန်မဖြစ် သဖြင့် ချုပ်လေခြင်းကြောင့်။
စာဂါ၊ စွန့်သွားလေခြင်းကြောင့်။
ပဋိနိဿဂ္ဂါ၊ တဘန်မလာ အပြီးတိုင် စွန့်ခွါသွားလေခြင်းကြောင့်။
(ရူပသင်္ခယေ ဝိမုတ္တော-၌ စပ်။)
ရူပသင်္ခယေ၊ ရုပ်၏ကုန်ရာ အသင်္ခတဓာတ် နိဗ္ဗာန်၌။
ဝိမုတ္တော၊ ဘေးတကာ လွတ်ကင်း ရန်တကာရှင်း၍ လွတ်ခြင်းကြီး လွတ်၍ နေသော။
တထာဂတော၊ ပရိနိဗ္ဗုတရဟန္တာ ဖြစ်သောသူသည်။
(အတ္ထိ- စသော လေးချက်လုံး၌စပ်။)
အတ္ထိ၊ မိမိလွတ်၍နေရာ နိဗ္ဗာန်၌ ရှိသေး၏။
ဣတိပိ၊ ဤသို့လည်း။
နဥပေတိ န ဂဏှာတိ၊ သဿတ အားဖြင့် မမှားမယူ။
နတ္ထီ၊ ထိုမိမိလွတ်၍နေရာ နိဗ္ဗာန်၌ မရှိ။
ဣတိပိ၊ ဤသို့လည်း။
နဥပေတိ-နဂဏှာတိ၊ ဥစ္ဆေဒဒိဋ္ဌိအားဖြင့် ယောင်မှား၍မယူ။
အတ္ထိစ-နတ္တိစ၊ ထိုနိဗ္ဗာန်၌ ထိုသူရှိလည်းရှိ၏ ရှိလည်းမရှိ။ ဝါ၊ ရှိသူလည်းရှိ၏ မရှိ သူလည်း မရှိ။
ဣတိပိ၊ ဤသို့လည်း။
နဥပေတိ-နဂဏှာတိ၊ ဧကစ္စသဿတဒိဋ္ဌိ လူများကဲ့သို့ ယူမှားခြင်းကို မပြု။
နေ၀အတ္ထိ-နနတ္ထီ၊ မိမိလွတ်၍နေရာနိဗ္ဗာန်ဝယ် ထိုသူရှိသည်ဟူ၍လည်း မဆိုရ မရှိဟူ၍လည်း မဆိုရ။
ဣတိပိ၊ ဤသို့လည်း။
နဥပေတိ-နဂဏှာတိ၊ အမရာဝိက္ခေပိကဒိဋ္ဌိလူများကဲ့သို့ ငါးစင်ရိုင်းနှယ် သူဘမ်းဘွယ် ခက်အောင် မယူမဆို။
အထခေါ၊ စင်စစ်သော်ကား။
(ဧဝံဥပေတိ-ဟူသော ပါဌသေသ၌-စပ်။)
သော ထိုရုပ်၏ကုန်ရာ နိဗ္ဗာန်၌ လွှတ်ခြင်းကြီးလွတ်၍ နေသော ပရိနိဗ္ဗုတ ရဟန္တာအသျှင်သည်။
(သင်္ချံ ဂစ္ဆတိ-၌စပ်။)
ဂမ္ဘီရော၊ တိမ်ကောခြင်းအကြ၁င်း ကိလေသာ အပေါင်း မရှိသည်ဖြစ်၍ အလွန်နက်နဲ၏။
(ဤကား ဤနေတ္တိအဋ္ဌကထာဘွင့်နှင့်အညီ။)
ဂမ္ဘီရော၊ သီလ သမာဓိ စသောဂုဏ် အတ္ထိ နတ္ထိ- စသော အဇ္ဈာသယအရာ တို့ဖြင့် အဘယ်လိုဟု ဆိုနိုင်စရာမရှိ အလွန်နက်နဲ၍ နေ၏။
(သဠာယတနသံယုတ် ဣတိဝုတ် အဋ္ဌကထာ ဘွင့်တို့နှင့် အညီ။)
အပ္ပမေယျော၊ အမျိုး အနွယ် စသော အရာတို့၌ ဤသူလိုတည်းဟု နှိုင်းစရာမရှိ ဖြစ်၍နေ၏။
(ဣတိဝုတ်အဋ္ဌကထာဘွင့်နှင့်အညီ။)
အသင်္ချေယော၊ လူဟူ၍ နတ်ဟူ၍ မင်းပုဏ္ဏား-စသည်ဟူ၍ မရေတွက်အပ် မရေတွက်ထိုက်။
(သင်္ခံ န ဥပေတိ- စသော ပါဠိတော်၏အဘွင့် နိဒ္ဒေသအဋ္ဌကထာ စသည်တို့နှင့် အညီတည်း။)
သော၊ ထိုရူပသင်္ခယ နိဗ္ဗာန၌ လွတ်ကြီးလွတ်၍နေသော ခီဏာသ၀ သခင် ဂမ္ဘီရ အပ္ပမေယျ အသျှင်သည်။
နိဗ္ဗုတော၊၊ အတ္ထိ နတ္ထိ စရှိလေးဖြာ အဗ္ဈာသယအရာကို လွန်သဖြင့် အလွန်ငြိမ်းဧး၍ နေ၏။
ဣတိ ဧဝံ၊ ဤသို့သာလျှင်။
သင်္ချံ၊ ရေတွက်အပ်သည်၏ အဖြစ်သို့။
ဂစ္ဆတိ၊ ရောက်၏။
ဣတိဧဝံ၊ ဤသို့ သာလျှင်။
သော၊ ထိုရဟန္တာဖြစ်ပြီးသော ပုဂ္ဂိုလ်သည်။
ဂဏှာတိ၊ ဟုတ်တိုင်း ထင်ထင် ဒိဋ္ဌိစင်၍ လွန်လျှင် ဖြောင့်မတ် ကောင်းကောင်းကြီး ယူတတ် ယူနိုင် ယူပိုင် ယူဖြစ်လေတော့၏။
(ဂမျမာန်တည်း။ အကြွင်းအနက် နည်းတူ။)
အဓိပ္ပါယ်အကျဉ်းကား -
ရဟန္တာဖြစ်လေပြီးသောပုဂ္ဂိုလ်သည် ရာဂ ဒေါသ မောဟ ကုန်ပျောက်သည် ဖြစ်၍ သူတပါး တို့ကဲ့သို့ငါးပါးကာမဂုဏ် အာရုံခြောက်ပါး လိုက်စားခြင်း မရှိသည် ဖြစ်၍ သတ္တဝါဟု ခေါ်ဝေါ် ကြောင်း ရုပ်နာမ်ကုန်ပျောက် နိဗ္ဗာန်ရောက်ပြီးသော ပရိနိဗ္ဗုတ ရူပါဒိသင်္ခယဝိမုတ္တပုဂ္ဂိုလ်၊ ထိုနိဗ္ဗာန်၌ အတ္ထိ နတ္ထိ-စသည်ဖြင့် ယူမှားတတ်ကြသော ပုဂ္ဂိုလ်များကဲ့သို့ သဿတဒိဋ္ဌိ- စသော အယူလေးပါး မကပ်မငြိ၊ ထိုပရိနိဗ္ဗုတ ရူပါဒိသင်္ခါဝိမုတ္တပုဂ္ဂိုလ်သည် ထိုမိမိလွတ်၍နေရာနိဗ္ဗာန်၌ ဂမ္ဘီရ အပ္ပမေယျ အသင်္ချေယျ နိဗ္ဗုတဖြစ်၍ ချမ်းမြေ့သာယာ နေရလေတော့ သည်ဟူ၍သာ ဟုတ်တိုင်း ထင်ထင် သိမြင် ယုံကြည်ခြင်းသို့ ရောက်ကြလေ ဟူလိုသတတ်၊ ပိဏ္ဍတ္ထ။
သဠာယတနသံယုတ်ပါဠိတော်ဝယ် ကောသလမင်းကြီးပုစ္ဆာတွင် …
ရူပသင်္ခါဝိမုတ္တော ခေါ မဟာရာဇ တထာဂတော ဂမ္ဘီရော အပ္ပမေယျော ဒုပ္ပရိယောဂါဟော။
စသည်ဖြင့် ဘုရားသျှင် ဟောတော်မူတို့င်းသာ ဒုဟမရှိ နိသံသယ ဖြစ်လေတော့၏ ဟူလိုသတည်း။ ။ဒုတီယပိဏ္ဍတ္ထ။
နိဗ္ဗာန်ရောက်သွားကြသော ပရိနိဗ္ဗုတ ရဟန္တာပုဂ္ဂိုလ် ဟူသမျှသည် အလုံးစုံ ကွယ်ပျောက် ပြတ်တောက်ခြင်းသို့ ရောက်လေတော့သည်ဟု မယူမှားကြနှင့်၊ ယူမှားကြလျှင် ဥစ္ဆေဒဒိဋ္ဌိနှင့် ငြိကြ မိကြလိမ့်မည်၊ ထိုနိဗ္ဗာန်၌ ရုပ်နာမ် နှင့်တကွ အမြဲထင်ရှား ရှိနေသည်ဟူ၍လည်း မယူကြနှင့်၊ ယူမှားကြလျှင် သဿတဒိဋ္ဌိတောင်ကြီး ဘိမိကြလိမ့်မည်။ ထိုပရိနိဗ္ဗုတပုဂ္ဂိုလ်သည် ထိုနိဗ္ဗာန်၌ အဘယ်ခြင်းရာ ဘယ်လိုဟာ ဟု ဝေနေယျတို့ဉာဏ်ဖြင့် မထောက်လှမ်းနိုင်ဘွယ် တကယ်နက်ကြီး နက်၍နေသော ဂမ္ဘီရ အပ္ပမေယျ အသင်္ချေယျ သဘောဖြစ်၍ ဘေးခပ်သိမ်းမှ လွတ်ငြိမ်းချမ်းသာ နေတော်မူကြရသည်ဟူ၍သာ မှတ်ယူကြရ မည် ဟူလိုသတတ်။ ။တတီယ ဗျင်္ဂျတ္ထ။
နေတ္တိအဋ္ဌကထာပါဌ်
သောတိ ဧဝံ ဝိမုတ္တစိတ္တော ခီဏာသဝေါ၊ ရူပသင်္ခယေ ဝိမုတ္တောတိ ရူပါနံ သင်္ခယသင်္ခါတေ နိဗ္ဗာနေ ဝိမုတ္တော။ အတ္ထီတိပိ နဥပေတီတိ သဿတော အတ္တာ စ လောကော စာတိ တဏှာဒိဋ္ဌိဥပါယေန နဥပေတိ နဂဏှာတိ။ နတ္ထီတိ အသဿတောတိ။ အတ္တိနတ္ထီတိ ဧကစ္စံ သဿတံ ဧကစ္စံ အသဿတန္တိ။ နေဝအတ္ထိ နနတ္ထီတိ အမရာဝိက္ခေပဝသေန။ ဂမ္ဘီရောတိ ဥတ္တာနဘာဝဟေတူနံ ကိလေသာနံ အဘာဝေန ဂမ္ဘီရော။ နိဗ္ဗုတောတိ အတ္ထီတိအာဒိနာ ဥပဂမနကိလေသာနံ ဂူပသမေန ပရိနိဗ္ဗုတော သီဘိဘူတော။
၎င်းနေတ္တိအဋ္ဌကထာ(၁၂၇) ၁၊ ညိ။
၎င်းအဋ္ဌကထာ အနက်
သောတိ၊ သော-ဟူသည်ကား။
ဧဝံ၊ ဤဆိုအပ်ခဲ့ပြီးသော အတိုင်း။
ဝိမုတ္တစိတ္တော၊ ကိလေသာမှ လွတ်ပြီးသော စိတ်ရှိသော။
ခီဏာသဝေါ၊ ရဟန္တာပုဂ္ဂိုလ်သည်။
ရူပသင်္ခယေ ဝိမုတ္တာတိ၊ ဟူသည်ကား။
ရူပါနံ၊ ရုပ်တရားတို့၏။
သင်္ခယသင်္ခါတေ၊ စင်စစ်အမြစ်နှင့်တကွ ကုန်ရာဟု ဆိုအပ်သော။
နိဗ္ဗာနေ၊ အနုပါဒိသေသ နိဗ္ဗာနဓာတ်၌။
ဝိမုတ္တော၊ တဆယ့်တသီး မီးတို့မှ လွတ်ကြီးလွတ်၍နေသော။
(တထာဂတော-၌စပ်။)
အတ္ထီတိပိ နဥပေတီတိ၊ ဟူသည်ကား။
အတ္တာ စ၊ ဤဘဝမှထိုဘဝ ထိုဘဝမှ ထိုထိုဘဝသို့ ပြောင်းကာ ပြောင်းကာ လိုက်သွား ရွှေ့သွား တတ်သော တကိုယ်လုံး၌ အုပ်ချုပ်၍တည်သော အညတိတ္ထိယတို့ ကြံဆအပ်သော အတ္တ ဟူသည်၎င်း။
လောကော စ၊ လောကသည်၎င်း။
သဿတော၊ ထိုနိဗ္ဗာန်၌ ရောက်၍မြဲ၍ နေ၏။
ဣတိ၊ ဤသို့။
တဏှာဒိဋ္ဌိဥပါယေန၊ တဏှာ၏ကပ်ခြင်း ဒိဋ္ဌိ၏ကပ်ခြင်းဖြင့်။
န ဥပေတိ နဂဏှာတိ၊ မကပ်မယူ။
နတ္ထီတိ၊ ဟူသည်ကား။
အသသတော၊ ဤရဟန္တာပုဂ္ဂိုလ် ထိုနိဗ္ဗာန်၌မမြဲ မရှိ။
ဣတိ၊ ဤသို့ ဥစ္ဆေဒါကာရအားဖြင့်။
န ဥပေတိ-နဂဏှာဘိ၊ မယူ။ နိဗ္ဗာန်၌လွတ်၍ နေသူလည်း တခြား၊ ရှေးဘဝ ရဟန္တာလည်း စုတိကျကတဲကပင် ပြတ်သွားလေပြီးဖြစ်၍ တခြားစီဟု မယူ။ ပရိနိဗ္ဗာန်ပြု၍သွားသော ရဟန္တာ သည်ပင် ရူပသင်္ခယနိဗ္ဗာန်၌ လွတ်၍နေသည်၊ ရူပသင်္ခယနိဗ္ဗာန်၌ လွတ်၍ နေသူသည်ပင် ပရိနိဗ္ဗာန် ပြု၍ သွားသော ရဟန္တာပင်တည်းဟူ၍ သိနိုင်မြင်နိုင် လေတော့သည် ဟူလို။
အတ္တိ နတ္ထီတိ၊ ဟူသည်ကား။
ဧကစ္စံ၊ ပရိနိဗ္ဗာန်စံသွားကြသူ အချို့သည်။
သဿတံ၊ ထိုနိဗ္ဗာန်၌ မြဲ၍နေ၏။
ဧကစ္စံ၊ ပရိနိဗ္ဗာန် စံသွားကြသော ရဟန္တာ အချို့သည်။
သဿတံ၊ မမြဲ။
ဝါ၊ ပရိနိဗ္ဗာန်ပြုကတဲ ကပင်ပျောက်၍ ပြတ်၍ သွားသဖြင့် ထိုနိဗ္ဗာန်၌ မရောက်-မတည် မရှိ။
ဣတိ၊ ဤသို့ ဧကစ္စသဿတ အခြင်းအရာအားဖြင့်လည်း။
န ဥပေတိ-နဂဏှာတိ၊ မကပ်မယူ။
နေဝအတ္ထိ နနတ္ထီတိ၊ ဟူသည်ကား။
အမရာဝိက္ခေပဝသေန၊ ငါးစင်ရိုင်းနယ် သူမတွယ်နိုင်အောင် ဆိုလေ့ရှိသော အမရာဝိက္ခေပဝါဒ၏ အစွမ်းအားဖြင့်။
ဝါ၊ ပရိနိဗ္ဗာန်ပြု၍သွားသော ရဟန္တာသည် ထိုရဟန္တာဘဝက အတ္တနှင့်တကွ ထိုနိဗ္ဗာန် ၌ရှိ၏ ဟူ၍လည်း ငါမဆို မရှိဟူ၍လည်း မဆိုဟု ဆိုလေ့ရှိသော အခြင်းအရာ အစွမ်းအားဖြင့်လည်း။
နဥပေတိ-နဂဏှာတိ၊ မကပ်မယူ။
ပရိနိဗ္ဗာန်ပြု၍ သွားကြသူအပေါင်းသည် ရူပသင်္ခယနိဗ္ဗာန၌ လွတ်၍ အမြဲနေကြသည်ဟူ၍လည်း ငါမဆို၊ ပရိနိဗ္ဗာန်ပြုကတဲကပင် ပြတ်သွားလေပြီ၊ ထိုနိဗ္ဗာန်၌ လွတ်သွား နေသောသူဟူသည် မရှိဟူ၍လည်း ငါမဆို၊ ဤသို့ ရှုပ်ယှက်ခတ် ရောက်တတ်ရာ ပြောတတ်သူ ပုထုဇန် လူအချို့ တို့ကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ် အဆို အယူမရှိ ဟူလိုသတည်း။
ဂမ္ဘီရောတိ၊ ဂမ္ဘီရ-ဟူသည်ကား။
ဥတ္တာနဘာဝဟေတူနံ၊ တိမ်ကောခြင်း၏ အကြောင်း ဖြစ်ကုန်သော။
ကိလေသာနံ၊ ကိလေသာတို့၏။
အဘာဝေန၊ မရှိသဖြင့်။
ဂမ္ဘီရော၊ နက်နဲ၏။
နိဗ္ဗုတောတိ၊ နိဗ္ဗုတော-ဟူသည်ကား။
အတ္ထီတိအာဒိနာ၊ ထိုရူပသင်္ခယဝိမုတ္တ ရဟန္တာ ပုဂ္ဂိုလ်သည် ထိုမိမိလွတ်၍နေရာ နိဗ္ဗာန်၌ရှိ၏-စသည်ဖြင့်။
ဥပဂမန ကိလေသာနံ၊ ကပ်တတ်ကုန်သော တဏှာဒိဋ္ဌိ- စသော ကိလေသာတို့၏။
ဝူပသမေန၊ မကပ်လာနိုင်ရာ ငြိမ်းရာဖြစ်သဖြင့်။
ပရိနိဗ္ဗုတော၊ ငြိမ်းကြီးငြိမ်း၍ နေလေ၏။
ဝါ၊ နိဗ္ဗာန်စံ၍ နေရလေ၏။
သီဘိဘူတော၊ တဆယ့်တသီး မီးအပေါင်းတို့မှ ဧးမြခြင်းဟူသော နိဗ္ဗာန်သို့ ရောက်ရလေ၏။
နေတ္တိအဋ္ဌကထာ အနက်။
ပါဠိ အဋ္ဌကထာ - စသော
စကားရပ်များကို ဆက်စပ်ပြပုံ
ဤနေတ္တိအဋ္ဌကထာအဘွင့်ကို အသေအချာ မစူးမစမ်းမိလျှင် ပါဠိတော်၌ ဂမ္ဘီရနိဗ္ဗုတ အရာကို၎င်း ရူပသင်္ခါဝိမုတ္တ အရကို၎င်း သဇီဝရဟန္တာပုဂ္ဂိုလ်ကို ဆိုသည်၊ နိဇ္ဇီဝဖြစ်သော ရဟန္တာကို ဆိုသည် မဟုတ်ဟု ယောင်မှားတတ်ကြသည်။ ဆိုလတ္တံ့သော ယုတ္တိကို ထောက်မိလျှင် ယောင်မှားဘွယ် မရှိ။
အဘယ်ယုတ္တိနည်း ဟူမူကား အကယ်၍ သဇီဝရဟန္တာပုဂ္ဂိုလ်၏ ဂမ္ဘီရဘာဝကို ဆိုလိုငြားအံ့ “ရူပသင်္ခယေ ဝိမုတ္တော တထာဂတော အတ္ထီတိပိ နဥပေတိ” စသော စကားတို့ကို အသျှင်ကစ္စည်း အထူးဆိုဘွယ် မရှိ။ “ခယာ ရာဂဿ မောဟဿ။ပ။ ဂမ္ဘီရော” စသည်ကိုသာ ဆိုရာ၏။ ထို ရဟန္တာသည် ရာဂ ဒေါသ မောဟ ကုန်ခြင်းကြောင့် ဂုဏ်အားဖြင့် နက်နဲ၏။ ကိလေသာမီး ငြိမ်းသဖြင့် နိဗ္ဗုတလည်း ဖြစ်၏။ ဤသို့သော အဓိပ္ပါယ် လောက်ကိုသာ ပြလိုရင်းဖြစ်ရာ သောကြောင့်တည်း။
စင်စစ်မူကား ဤမျှကိုသာ မဆိုဘဲလျက် “ရူပသင်္ခယေ ဝိမုတ္တော” စသော စကားတို့ကို ဆိုပြန်ခြင်းကြောင့် သဇီဝရဟန္တာပုဂ္ဂိုလ်၏ နက်နဲခြင်းကို ပြလို၍ ၎င်းစကားအလုံးစုံကို ဆိုသည် မဟုတ်၊ နိဇ္ဇီဝရူပသင်္ခယဝိမုတ္တ ရဟန္တာ၏ ဂမ္ဘီရကို ပြလို၍သာ “ရူပသင်္ခယေ ဝိမုတ္တော” စသော စကားကို ဆိုသတည်း ဟု သိသာသတည်း။
ဤသို့ယူမှလည်း ယခင်အောက်၌ ပြဆိုအပ်ခဲ့ပြီးသော “ရူပသင်္ခါဝိမုတ္တော ခေါ် မဟာရာဇ တထာဂတော ဂမ္ဘီရော အပ္ပမေယျော” စသော သဠာယတန သံယုတ်ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် “န သော ပမာဏမေတိ” စသော ဣတိဝုတ်ပါဠိတော်၌ “ အတ္ထင်္ဂတဿ န ပမာဏမတ္တိ” စသော စူဠနိဒ္ဒေသ ပါဠိတော် …
“အထဝါ အနုပါဒိသေသနိဗ္ဗာနသင်္ခါတံ အတ္ထံ ဂတော၊ သော အရဟာ ပမာဏကရာနံ ကိလေသာနံ အဘာဝေန နာမဂေါတ္တဝသေနာပိ ဧဒိသောနာမာတိ ပမိဏိဏိတုံ အသက္ကုဏေယျော"
စသော ဣတိဝုတ်အဋ္ဌကထာ(၂၀၇) စကားရပ်တို့နှင့် သံသန္ဒန ဖြစ်နိုင်မည့် အရေးကိုလည်း ထောက်တွေးမိကြစေကုန်သတည်း။
ထို စကားသည် မှန်၏၊ ထိုသဠာယတနသံယုတ် မဇ္ဈိမပဏ္ဏာသပါဠိတော်၌ ရူပသင်္ခါဝိမုတ္တ တထာဂတနှင့် ဤနေတ္တိပါဠိတော် ရူပသင်္ခယဝိမုတ္တ တထာဂတ ဟူသည် စကားပရိယာယ်မျှသာ ခြားသည်၊ အပ္ပါယ်ကား အတူကူပင်တည်း။ ရုပ်နှင့်စပ်သော ပညတ်မှလွတ်၍ နေသူဟူသည်နှင့် ရုပ်၏ကုန်ရာနိဗ္ဗာန်၌ လွတ်၍ နေသူဟူသည် စကားဆိုပုံ ပရိယာယ်မျှသာ ကွဲပြား၍ နိဗ္ဗာန်၌ တည်ရောက်ရှိနေသော ပရိနိဗ္ဗုတ ပုဂ္ဂိုလ်ရချည်း အတူတူသာ ဖြစ်သောကြောင့်တည်း။
စူဠနိဒ္ဒေသပါဠိတော်၌ “အတ္ထင်္ဂတဿ န ပမာဏမတ္ထိ” စသော စကား “ န သော ပမာဏမေတိ” ဣတိဝုတ်ပါဠိတော်ကို သံဝဏ္ဏနာပြုသော ဣတိဝုတ်အဋ္ဌကထာ၌ “အနုပါဒိသေသနိဗ္ဗာနသင်္ခါတံ အတ္ထံ ဂတော” စသော စကားတို့သည် ထပ်တူလုပ်မျှ နိဗ္ဗာန်ရောက်၍နေသော ပရိနိဗ္ဗုတ ပုဂ္ဂိုလ်၏ တစုံတယောက် နိဗ္ဗာန်မရောက်သေးသူတို့နှင့် မနှိုင်းရှည့်အပ်ဖြစ်၍ နေသည့်အရာကို ပြသော စကားချည်းပင်တည်း။
ဤစူဠနိဒ္ဒေသပါဠိတော် ဣတိဝုတ်ပါဠိတော် ၎င်းအဋ္ဌကထာတို့၌ အသင်္ခတဓာတ် အနုပါဒိသေသ နိဗ္ဗာန်ရောက်၍ နေသူတို့၏ တစုံတယောက်သူတို့နှင့် မနှိုင်းရှည့်နိုင် နှိုင်းရှည့်စရာ အပ္ပမာဏ အပ္ပမေယျ ဖြစ်၍နေသည်ကို တို့က်ရိုက်နီတတ္ထ ပြသည့်အရာကို ထောက်သဖြင့် “အပ္ပမာဏ အပ္ပမေယျ” ဟူသည်နှင့် “ဂမ္ဘီရ ဒုပ္ပရိယောဂါဟ” ဟူသည် အတူတူပင် ဖြစ်သောကြောင့် သယတန သံယုတ် ပါဠိတော် မဇ္ဈိမပဏ္ဏာသပါဠိတော်လာ “ရူပသင်္ခါဝိမုတ္တတထာဂတ” ဟူသော စကား နေတ္တိပါဠိတော်လာ “ရူပသင်္ခယဝိမုတ္တတထာဂတ” ဟူသော စကားတို့၌ ဂမ္ဘီရ အပ္ပမေယျ၏ အဖြစ်ကို ဆိုရာ၌လည်း ယခင် ဣတိဝုတ် စူဠနိဒ္ဒေသပါဠိတော် စသည်တို့နှင့်နည်းတူ ပရိနိဗ္ဗုတပုဂ္ဂိုလ်များ ကိုပင် ဆိုသည် ဟု စင်စစ် သိအပ်လှတော့၏။
“အတ္ထံ ပလေတိ နဥပေတိ သင်္ခံ” ဟူသော စူဠနိဒ္ဒေသပါဠိတော် “ကာယဿ ဘေဒါ ဓမ္မဋ္ဌော၊ သင်္ချံ နောပေတိ ဝေဒဂူ” စသော သဠာယတနသံယုတ် ပါဠိတော် “ရူပသင်္ခယေ ဝိမုတ္တော တထာဂတော။ပ။ အသင်္ချေယျော” ဟူသော နေတ္တိပါဠိတော်တို့သည်လည်း နိဗ္ဗာန်၌ တည်ရောက်၍ နေသော ပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့၏ လူဟူသော နတ်ဟူသော သတ္တဝါအရေအတွက် အားဖြင့်သာ မရေတွက် စကောင်းသည်၊ အလုံးစုံ ကွယ်ပျောက်ပြတ်တောက် ဥစ္ဆိန္နအဖြစ်သို့ကား မရောက် ဟူသည်ကို ထပ်တူထပ်မျှ ပြနိုင်သော ပါဠိတော်တို့ချည်း ဖြစ်ကုန်၏။
ထိုပါဠိတော်သုံးရပ် တို့နှင့်လည်း ယခင်ဆိုအပ်ခဲ့ပြီးသော ရူပသင်္ခါဝိမုတ္တော စသော သဠာယတန သံယုတ် မဇ္ဈိမပဏ္ဏာသ ဣတိဝုတ်ပါဠိတော် ၎င်းအဋ္ဌကထာ တို့သည် ထပ်တူထပ်မျှ ပရိနိဗ္ဗုတပုဂ္ဂိုလ် တို့၏ ဥစ္ဆိန္နအဖြစ်သို့မရောက်၊ ဂမ္ဘီရ အပ္ပမေယျ အခြင်းအရာအားဖြင့် ဖြစ်နေကြသည်ကို ပြနိုင် သည်ချည်းဖြစ်၍ ၎င်းပါဠိတော် အဋ္ဌကထာတို့ အညမညသံသန္ဒန ချည်းသာ ဟု သိကြကုန်။ ၎င်း ပါဠိတော်တို့နှင့်လည်း …
ယံ ရူပံ ဥပါဒါယ သတ္တသင်္ခါတော တထာဂတောတိ ပညတ္တိ ဟောတိ။ တဒဘာဝေန တဿာ ပညတ္တိယာ အဘာဝံ ပဿန္တဿ။
စသည်ဖြင့် အောက်၌ ညွှန်းပြအပ်ခဲ့ ပြီးသော သဠာယတနသံယုတ် အဋ္ဌကထာ။ “ ခီဏာသဝေါပိ တံ အာရဗ္ဘ ဥပပဇ္ဇတီတိ အာဒိ သဗ္ဗံ န ယုဇ္ဇတိ” စသည်ဖြင့် ယခင်ထုတ်ပြအပ်ပြီးသော မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ။ “ပုဂ္ဂလော ဥပလဗ္ဘတိ” စသော ရှေ့ကထာဝတ္ထုပါဠိတော်၊ “ပရိနိဗ္ဗုတော ပုဂ္ဂလော ဥစ္ဆိန္နောတိ နဟေဝံ ဝတ္တဗ္ဗေ”ဟူသော နောက် ကထာဝတ္ထုပါဠိတော် အလုံးစုံ တို့သည် ပရိနိဗ္ဗုတ အသျှင်တို့ အလုံးစုံပြတ်တောက် အဘာဝ တုစ္ဆ ရိတ္တ အဖြစ်သို့ မရောက်သွားသည်ကို ထပ်တူထပ်မျှ အညမည သံသန္ဒနဖြစ်၍ ပြဆိုနိုင်သော သာဓကပါဌ်တို့ချည်း မှတ်အပ်၏၊ မှတ်ကြကုန်၊ မှတ်ကြလေ။ ၎င်းပါဋ္ဌ်တို့၏ အနက်အဓိပ္ပါယ်ကိုလည်း အောက်က အကျယ်ပြအပ်ပြီးသလျှင်ကတည်း။
ကထာဝတ္ထုလာ စကားအရ ရှင်းပြပုံ
၎င်းပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၏ အလုံးစုံပြတ်တောက် ပျောက်ပျက်၍ မသွားသော အဖြစ်သည် ဤဆိုလတ္တံ့သော ကထာဝတ္ထုပါဠိတော် အကျယ်စကားတို့ဖြင့်လည်း လွန်စွာထင်ရှား ဖြစ်ဦးလတ္တံ့။ ဤပါဠိတော်၌ အနက်ကို မြှုပ်၍ရေးလိုက်သည်။
“ပရိနိဗ္ဗုတော ပုဂ္ဂလော အတ္ထတ္ထမှိ နတ္ထတ္ထမှီတိ။ အတ္ထတ္ထမှီတိ ပရိနိဗ္ဗုတော ပုဂ္ဂလော သဿတောတိ နဟေဝံ ဝတ္တဗ္ဗေ။ နတ္ထတ္ထမှီတိ ပရိနိဗ္ဗုတော ပုဂ္ဂလော ဥစ္ဆိန္နောတိ နဟေဝံ ဝတ္တဗ္ဗေ။”
ဟူ၍ လာသော ကထာဝတ္ထုပါဠိတော် (၅၄) နှင့်လည်း ဤနေတ္တိပါဠိတော်သည် ယမုနောဒကေန ဂင်္ဂါဒကသံသန္ဒန ဖြစ်သကဲ့သို့တည်း။
၎င်းပါဠိတော်၏အနက်ကား …
- ပရိနိဗ္ဗုတော ပုဂ္ဂလော၊ နိဗ္ဗာန်ရွှေနန်း စံမြန်း၍နေသော အသျှင်သည်။
- အတ္ထမှိ၊ မိမိစံရာ နိဗ္ဗာန်တွင်း၌။
- အတ္ထိ၊ အကယ်တစိ ရှိပါသလော။
- အတ္ထမှိ၊ မိမိရောက်ရာ နိဗ္ဗုတာ၌။
- နတ္ထိ၊ နိဗ္ဗာန်သို့ ရောက်လျှင် ရောက်ခြင်း အလုံးစုံ ကွယ်ပျောက် ပြတ်တောက်၍ သွားသလော။
- ဣတိ၊ ဤသို့။
- ဝိစာရဏာ၊ သကဝါဒီပုစ္ဆာ ပရဝါဒီပဋိညာ, ပရဝါဒီပုစ္ဆာ, သကဝါဒီပဋိညာ, - နည်းဖြင့် ရှေ့အောက်က ငါဟောကြား စိစစ်ခဲ့သော စိစစ်နည်းမျိုးကို။
- ကာတဗ္ဗာ၊ ပြုအပ်၏။
- ဝါ၊ ပြုပေလတ္တံ့၊ (ထည့်။)
- ပရိနိဗ္ဗုတော ပုဂ္ဂလော၊ သည်။
- အတ္တမှိ၊ နိဗ္ဗာန်၌
- အတ္ထိ၊ အကယ်တစိ ရှိပါသလော။
- ဣတိ၊ ဤသို့ သကဝါဒီဆရာ မေးလာအပ်သည်ရှိသော်
- အာမန္တာ၊ အကယ်စင်စစ် ရှိပါ၏။
- ဣတိ၊ ဤသို့ ပရဝါဒီဆရာသည် ဖြေကြားဝန်ခံရာဝယ်။
- ပရိနိဗ္ဗုတော ပုဂ္ဂလော၊ ပရိနိဗ္ဗာန် စံသွားသော ပုဂ္ဂိုလ်သည်။
- အတ္ထမှိ၊ နိဗ္ဗာန်၌။
- သဿတော၊ ရုပ်နာမ်နှင့်တကွ သတ္တ ဇီဝ အတ္တအားဖြင့် မြဲ၍နေသလော၊
- ဣတိ၊ ဤသို့ သကဝါဒီပုဂ္ဂိုလ်မြတ်က အတ္ထိ-ဟူသော သာမညအားဖြင့် ဖြေဆိုသော စကားကျ အလိုက် မေးပြန်သည်ရှိသော်။
- ဧဝံ၊ ဤသို့သော်ကား။
- န ဟိ ဝတ္တဗ္ဗေ။ မဆိုသင့်။
- ဣတိ၊ ဤသို့ ပရဝါဒီဆရာ ဆိုရလေ၏။
- ပရိနိဗ္ဗုတော ပုဂ္ဂလော၊ သည်။
- အတ္ထမှိ၊ နိဗ္ဗာန်၌။
- နတ္ထိ၊ မရှိပါသလော။
- ဣတိ၊ ဤသို့ ပရဝါဒီဆရာ မေးပြန်သည်ရှိသော်။
- အာမန္တာ၊ မရှိ။
- ဣတိ၊ ဤသို့ သကဝါဒီဆရာ ဖြေဆိုရာဝယ်။
- ပရိနိဗ္ဗုတော ပုဂ္ဂလော၊ သည်။
- ဥစ္ဆိန္တော၊ အလုံးစုံ ကွယ်ပျောက်၍ သွားသလော။
- ဣတိ၊ ဤသို့ ပရဝါဒီဆရာ မေးပြန်သည်ရှိသော်။
- ဧဝံ၊ ဤသို့ မူကား။
- န ဟိ ဝတ္တဗ္ဗေ၊ မဆိုသင့်။
- ဣတိ၊ ဤသို့ သကဝါဒီဆရာ ဖြေဆိုပြန်သတည်း။
(က) သကဝါဒီဆရာက ရုပ်နာမ်ခန္ဓာနှင့်တကွ မရှိသည်ကိုရည်၍ မရှိဆိုစေ လိုသောစိတ်ဖြင့်” ပရိနိဗ္ဗုတော ပုဂ္ဂလော အတ္ထတ္ထမှိ” ဟု မေးရာ ပရဝါဒီဆရာက ရုပ်နာမ်နှင့်တကွ မရှိသော်လည်း ဂမ္ဘီရ အပ္ပမေယျ ဒုပ္ပရိယောဂါဟ အားဖြင့် တစုံတခု အခြင်းအရာဖြစ်၍ ရှိနေသည်ကို ရည်သဖြင့် “အာမန္တာ” ဟု ဝန်ခံရာဝယ်။
(ခ) တဘန် သကဝါဒီဆရာက ရုပ်နာမ်နှင့်တကွ မြဲနေသည်ကို ရည်၍ “ပရိနိဗ္ဗုတော ပုဂ္ဂလော သဿတောတိ” ဟု မေးပြန်ရာဝယ် ယင်းသို့သော သဿတဝါဒကို ဝန်မခံလို၍ “နဟေဝံ ဝတ္တဗ္ဗေ” ဟု ပရဝါဒီဆရာ ဆိုရပြန်လေ၏။
(ဂ) တဘန် ထိုပရဝါဒီဆရာကပင် ပရိနိဗ္ဗုတပုဂ္ဂိုလ်သည် ရုပ်နာမ်နှင့်တကွ ထိုနိဗ္ဗာန်၌ မရှိသော်လည်း “ရူပသင်္ခါဝိတ္တော ခေါ မဟာရာဇ တထာဂတော ဂမ္ဘီရော အပ္ပမေယျော ဒုပ္ပရိယောဂါဟော“ ဟူသော သဠာယတနသံယုတ်ပါဠိတော် စသည်တို့အရ ထိုပရိနိဗ္ဗုတပုဂ္ဂိုလ်၏ နိဗ္ဗာန်၌ ဂမ္ဘီရ ဖြစ်နေသည်ကို ထောက်၍ ဂမ္ဘီရ ဟူက တစုံတခုသော အခြင်းအရာအားဖြင့် ရှိရမည်။ အဘယ် တစုံတခုမျှ မရှိသော အရာကို ဂမ္ဘီရ အပ္ပမေယျ ဟု ဟောတော်မမူသင့် နှလုံးပြုသဖြင့် ထိုတစုံတရာ ဂမ္ဘီရသဘောတခု ရှိရာသည်ကိုရည်၍ ရှိစေလိုသော နှလုံးထားဖြင့် “ ပရိနိဗ္ဗုတော ပုဂ္ဂလော နတ္ထတ္ထမှီတိ” ဟု ပရဝါဒီဆရာ မေးပြန်ရာဝယ် ရုပ်နာမ်ခန္ဓာ မရှိသည်ကို ရည်၍ သကဝါဒီဆရာက “အာမန္တာ” ဟု ဖြေဆိုသည်ရှိသော်--
(ဃ) တဘန်ပင် ပရဝါဒီ ဆရာက ပရိနိဗ္ဗုတပုဂ္ဂိုလ်၏ ရူပါဒိသင်္ခါဝိမုတ္တဖြစ်၍ ဂမ္ဘီရ အပ္ပမေယျ ဖြစ်နေသည်ဟု သဠာယတနသံယုတ်ပါဠိတော် - စသည်တို့၌ ဟောတော်မူပါလျက်ကိုပင် ထိုစကားတော်ကို ပယ်လှန်၍ အလုံးစုံ ဘယ်ဟာ ဘယ်အခြင်းအရာ တခုမျှမရှိ ဆိုဝံ့ပါမည်လော ဟူသော နှလုံးထားဖြင့် “ပရိနိဗ္ဗုတော ပုဂ္ဂလော ဥစ္ဆိန္တော“ ဟု လှန်မေးသည်တွင် ယင်းသို့ ပရဝါဒီ စိတ်ရည်မှန်း၍ မေးမြန်းသည့်အတိုင်း ဝန်မခံလိုရကား “နဟေဝံ ဝတ္တဗ္ဗေ” ဟု သကဝါဒီ ပုဂ္ဂိုလ် ဖြေဆိုရပြန်လေသတည်း ဟူလိုသည်။ ပိဏ္ဍတ္ထ။
ပရိနိဗ္ဗုတပုဂ္ဂိုလ်သည် နိဗ္ဗာန်၌ ရှိနေသည်ဆိုသော်လည်း ဂမ္ဘီရ အပ္ပမေယျ ဒုပ္ပရိယောဂါဟ ဖြစ်၍ တစုံတခုသော အခြင်းအရာအားဖြင့်သာ ရှိသည်။ ရုပ်နာမ် ခန္ဓာနှင့်တကွကား ရှိသည် မဟုတ်ပေ ဟု ဆိုသော် သဿတဒိဋ္ဌိလွတ်၏။ ပရိနိဗ္ဗုတ ပုဂ္ဂိုလ် ထိုနိဗ္ဗာန်၌ မရှိဆိုသော်လည်း သတ္တဝါ ဟု ဆိုလောက်စရာ ရုပ်နာမ်ခန္ဓာ မရှိသည်ကို ရည်၍ ဆိုပါသည်၊ တစုံတခု ဂမ္ဘီရ အခြင်းအရာအားဖြင့် ဘယ်ဟာ တခုမျှမရှိ ဟု မဆိုပါ၊ ဤသို့ဆိုသော် ဥစ္ဆေဒဒိဋ္ဌိ လွတ်၏ ဟူလိုသတည်း။ သကဝါဒီ ပရဝါဒီ နှစ်ပက္ခလုံး၏ ဗျင်္ဂျတ္ထ။
ဤသို့သော အဓိပ္ပါယ်များကို ဤကထာဝတ္တု အဋ္ဌကထာဝယ် ဤပရိနိဗ္ဗုတ ကထာအရာ၌ ပြည့်စုံစွာ မဘွင့်သော်လည်း ရှေ့ဦးအစ သစ္ဆိကဋ္ဌပရမတ္ထ ပုဂ္ဂလ အရာဝယ် အကျယ်ဘွင့်ပြတော်မူအပ်သော ဆလဝါဒ နယမုခ-စသော အလုံးစုံ အဋ္ဌကထာစကားကို၎င်း “ပုဂ္ဂလော ဥပလဗ္ဘတိ” စသော ၎င်းပါဠိတော် သွားပုံ အစဉ်ကို၎င်း မှီရာကိုယ်ပြု၍ ယခင် နေတ္တိပါဠိတော် အဋ္ဌကထာ သဠာယတန သံယုတ်ပါဠိတော် အဋ္ဌကထာ - စသည်တို့ကို အမှီလက်ရုံးပြု၍ ဆိုနိုင်ပါသတည်း။
ဤပရိနိဗ္ဗုတက၌ ”ပရိနိဗ္ဗုတော ပုဂ္ဂလော။ပ။ နဟေဝံ ဝတ္တဗ္ဗေ” ဟူသော စကားသည်လည်း အပြည့်အစုံ စကားမဟုတ်၊ အောက်၌ ဆိုအပ်ခဲ့ပြီးသော ပါဠိသွားပုံတို့ကို အမှီပြုသဖြင့် နည်း ရလောက်ပြီ ဟု နှလုံးပြုတော်မူ၍ နယမုခ နိဒဿနနည်းအားဖြင့် အကျဉ်းသံခိတ္တ ပြထားတော် မူသော ပါဠိသာ ဖြစ်သည်။
အောက်၌ ပြအပ်ခဲ့ပြီးသော ပါဠိတော်သွားပုံကို အမှီပြု၍ ၎င်းနည်းအတိုင်း ပါဠိသွားပုံ ပါဌ်စီထား အပ်သော်ကား “ပုဂ္ဂလော ဥပလဗ္ဘတိ သစ္ဆိကဋ္ဌပရမတ္တေ နတိ အာမန္တာ” အစရှိသော အစပါဠိအစဉ်ကို မှီ၍ …
- (က) သကဝါဒီပုစ္ဆာ ပရဝါဒီပဋိညာ အားဖြင့် ပြီးသော အနုလောမပဉ္စက။
- (ခ) ပရဝါဒီပုစ္ဆာ သကဝါဒီပဋိညာ အားဖြင့်ပြီးသော ပဋိက္ကမစတုက္က။
- (ဂ) ပရဝါဒီပုစ္ဆာ သကဝါဒီပဋိညာ အားဖြင့် ပြီးသော ပဋိလောမပဉ္စက။
- (ဃ) သကဝါဒီပုစ္ဆာ ပရဝါဒီပဋိညာ အားဖြင့်ပြီးသော ပဋိက္ကမစတုက္က။
- (င) ပရဝါဒိနာ သကဝါဒိနော နိဂ္ဂဟစတုက္က။
- (စ) သကဝါဒိနာ ပရဝါဒိနော နိဂ္ဂဟာကာရဒဿနဖြစ်သော ဥပနယနစတုက္က။
- (ဆ) တံနိဂမနစတုက္က။
ဤသို့ သကဝါဒီပုဗ္ဗပက္ခ၌ ရှစ်ဝါရ၊ ဤနည်းအတူ ပရဝါဒီပုဗ္ဗပက္ခ၌ ရှစ်ဝါရ အားဖြင့် သောဠသေဝါရတိုင်အောင် ထုတ်ဆို ရေးသားအပ်သလျှင်ကတည်း။
ယင်းသို့ သော်လည်း ၎င်းအတိုင်း ရေးသားက ဝိတ္ထာရတရ ဖြစ်သွားမည်ကြောင့် သောတုဇနတို့ နည်းရလောက်ရုံ အမြွက်မျှသာ ပြဆိုရေးသားလတ္တံ့ ။
ပါဠိတော်သွား ထုတ်ပြသော ပါဌ်
ပရိနိဗ္ဗုတော ပုဂ္ဂလော အတ္ထတ္ထမှီတိ အာမန္တာ။ ပရိနိဗ္ဗုတော ပုဂ္ဂလော သဿတောတိ န ဟေဝံ ဝတ္တဗ္ဗေ။
အာဇာနာဟိ နိဂ္ဂဟံ။ ဟဉ္စိ ပရိနိဗ္ဗုတော ပုဂ္ဂလော အတ္ထတ္ထမှီတိ တေန ဝတ ရေ ဝတ္တဗ္ဗေ ပရိနိဗ္ဗုတော ပုဂ္ဂလော သဿတောတိ။ ယံ တတ္ထ ၀ဒေသိ ဝတ္တဗ္ဗေ ခေါ ပရိနိဗ္ဗုတော ပုဂ္ဂလော အတ္ထတ္ထမှီတိ။ နော စ ဝတ္တဗ္ဗေ ပရိနိဗ္ဗုတော ပုဂ္ဂလော သဿတောတိ မိစ္ဆာ။ နော စေ ပန ဝတ္တဗ္ဗေ ပရိနိဗ္ဗုတော ပုဂ္ဂလော သဿတောတိ၊ နော စ ၀တ ရေ ဝတ္တဗ္ဗေ ပရိနိဗ္ဗုတော ပုဂ္ဂလော အတ္ထတ္ထမှီတိ။ ယံ တတ္ထ ၀ဒေသိ ဝတ္တဗ္ဗေ ခေါ ပရိနိဗ္ဗုတော ပုဂ္ဂလော အတ္တတ္ထမှီတိ။ နော စ ဝတ္တဗ္ဗေ ပရိနိဗ္ဗုတော ပုဂ္ဂလော သဿတောတိ မိစ္ဆာ။
သကဝါဒီပုစ္ဆာ ပရဝါဒီပဋိညာ အနုလောမပဉ္စကံ။
ပရိနိဗ္ဗုတော ပုဂ္ဂလော နတ္ထတ္ထမှီတိ အာမန္တာ။ ပရိနိဗ္ဗုတော ပုဂ္ဂလော ဥစ္ဆိန္နောတိ နဟေဝံ ဝတ္တဗ္ဗေ။
အာဇာနာဟိ ပဋိက္ကမံ။ ဟဉ္စိ ပရိနိဗ္ဗုတော ပုဂ္ဂလော နတ္ထတ္ထုမှီတိ။ တေန ဝတ ရေ ဝတ္တဗ္ဗေ ပရိနိဗ္ဗုတော ပုဂ္ဂလော ဥစ္ဆိန္နောတိ။ ယံ တတ္ထ ဝဒေသိ ဝတ္တဗ္ဗေ ခေါ ပရိနိဗ္ဗုတော ပုဂ္ဂလော နတ္ထတ္ထုမှီတိ။ နော စ ဝတ္တဗ္ဗေ ပရိနိဗ္ဗုတော ပုဂ္ဂလော ဥစ္ဆိန္နောတိ မိစ္ဆာ။ နော စေ ပန ဝတ္တဗ္ဗေ ပရိနိဗ္ဗုတော ပုဂ္ဂလော ဥစ္ဆိန္နောတိ။ တေန ဝတ ရေ နော ဝတ္တဗ္ဗေ ခေါ ပရိနိဗ္ဗုတော ပုဂ္ဂလော နတ္ထတ္ထုမှီတိ။ ယံ တတ္ထ ဝဒေသိ ၀တ္တဗ္ဗေ ခေါ ပရိနိဗ္ဗုတော ပုဂ္ဂလော နတ္ထတ္ထမှီတိ။ နော စ ဝတ္တဗ္ဗေ ပရိနိဗ္ဗုတော ပုဂ္ဂလော ဥစ္ဆိန္နောတိ မိစ္ဆာ။
ပရဝါဒီပုစ္ဆာ သကဝါဒီပဋိညာ ပဋိက္ကမစတုက္က။
ဤသို့အစရှိသည်ဖြင့် အကျယ်ထုတ်ဆိုအပ်၏။
အောက်အစဆုံးဖြစ်သော “ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္ဆိကဋ္ဌပရမတ္တေနာတိ “ အစရှိသော သကဝါဒီ ပရဝါဒီ ဆိုပုံ အလုံးစုံ၏ ဗျင်္ဂျတ္ထ အဓိပ္ပါယ်နှင့် ဤ “ပရိနိဗ္ဗုတော ပုဂ္ဂလော အတ္ထတ္ထမှိ” စသောပါဌ်၏ အဓိပ္ပါယ်သွားပုံ နည်းတူပင် သိကြကုန်။
ထို၌ အဓိပ္ပါယ် ဗျင်္ဂျတ္ထကား …
“ပုဂ္ဂိုလ်ဟူသည် အဟုတ်အမှန်အားဖြင့် ရှိ၏ ဆိုသော်လည်း သမ္မုတိ ပညတ် အားဖြင့်သာ မှန်နိုင်သည်၊ ပရမတ္ထအားဖြင့်ကား မမှန်နိုင်၊ အဟုတ်အမှန် အားဖြင့် ပုဂ္ဂိုလ်မရှိ ဆိုသော်လည်း ပရမတ္ထအားဖြင့်သာ မှန်နိုင်သည်၊ ပညတ် အားဖြင့် မမှန်နိုင် ဟူလိုသတည်း။
ဤနည်းအတူ ဤ ပရိနိဗ္ဗုတကထာ၌လည်း ပရိနိဗ္ဗုတပုဂ္ဂိုလ်သည် နိဗ္ဗာန်၌ ရှိ၏ - ဆိုသော် ရုပ်နာမ်မှတပါး တစုံတရာ ဂမ္ဘီရသဘောအားဖြင့် ရှိနေသည်ကို ရည်၍ ဆိုသော်သာ မှန်နိုင်သည်၊ သဿတအားဖြင့် ရုပ်နာမ်နှင့်တကွ ရှိနေသည် ဆိုသော် မမှန်။ ပရိနိဗ္ဗုတပုဂ္ဂိုလ်သည် နိဗ္ဗာန်၌ မရှိဆိုသော် ရုပ်နာမ်အားဖြင့် မရှိသည်ကို ရည်၍ဆိုသော်သာ မှန်နိုင်၏၊ တစုံတရာ အဘယ် ဂမ္ဘီရသဘောတခုမျှ မကျန် ပျောက်ကွယ် ပြတ်သွားလေတော့သည် ဟု ဥစ္ဆေဒ အယူအားဖြင့် ဆိုသော် မမှန် ဟူလိုသတတ်။
ဤ အတိဒုလ္လဘ ဂမ္ဘီရတ္ထာဓိပ္ပါယများကို များများကြီး သတိရှိကြကုန်။
အနုလောမ ပဉ္စကတ္တကိုပြပုံ
အနက်ကား …
- ပရိနိဗ္ဗုတော၊ နိဗ္ဗာန်ရွှေဘုံ ခိုလှုံ၍နေသော။
- ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။
- အတ္ထမှိ၊ နိဗ္ဗာန်တွင်း၌။
- အတ္ထိ၊ ရှိပါသလော။
- ဣတိ၊ ဤသို့ သကဝါဒီပုဂ္ဂိုလ် မေးဆိုလာသည်ရှိသော်။
- အာမန္တာ၊ ဩ ရှိပါ၏။
- ဣတိ၊ ဤသို့ ပရဝါဒီပုဂ္ဂိုလ် ဖြေဆိုရာဝယ်။
- ပရိနိဗ္ဗုတော ပုဂ္ဂလော၊ နိဗ္ဗာန်ရွှေနန်း စံမြန်း၍နေသော ပုဂ္ဂိုလ်သည်။
- သဿတော၊ ထိုနိဗ္ဗာန်ထဲ၌ ရုပ်ရောနာမ်ပါ မြဲ၍ နေပါသလား။
- ဣတိ၊ ဤသို့ သကဝါဒီပုဂ္ဂိုလ် မေးဆိုပြန်သည်ရှိသော်။
- ဧဝံ၊ ဤသို့မူကား။
- နဟိ ဝတ္တဗ္ဗေ၊ မဆိုသင့်သလျှင်ကတည်း။
- ဣတိ၊ ဤသို့ ပရဝါဒီဆရာ ဖြေဆိုလာပြန်ရာဝယ်။
- ရေ၊ အို ပရဝါဒီဆရာ။
- တံ၊ သင် ပရဝါဒီဆရာကို။
- နိဂ္ဂဟံ၊ နှိပ်လိုက်သည်၏ အဖြစ်ကို၊
- အာဇာနာဟိ၊ အသင်သိပေ ဝန်ခံပေလော့။
- ကထံ၊ အဘယ်သို့သော အကြောင်းဖြင့် အဘယ်လို နှိပ်မည်နည်း ဟူမူကား။
- ရေ၊ အို ပဝါဒီဆရာ။
- ဟဉ္စိ၊ အကယ်၍လျှင်။
- ပရိနိဗ္ဗုတော ပုဂ္ဂလော အတ္တတ္ထမှီတိ၊ ပရိနိဗ္ဗာန်ပြုသော ပုဂ္ဂိုလ် ထိုနိဗ္ဗာန်၌ ရှိ၏ဟူ၍၊
- ဝတ္တဗ္ဗေ ခေါ၊ ဆိုအပ်ဆိုထိုက်သည် ဖြစ်ငြားအံ့၊ (ထာပနာ။)
- ဧဝံ၊ ဤသို့ ပရိနိဗ္ဗုတပုဂ္ဂိုလ် နိဗ္ဗာန်၌ရှိ၏ ဟူ၍ ဆိုလိုသည်ရှိသော်။
- တေန၊ ထိုသို့သော စကားကြောင့်ပင်။
- ဝတ၊ စင်စစ်။
- ပရိနိဗ္ဗုတော ပုဂ္ဂလော၊ ပရိနိဗ္ဗုတ ပုဂ္ဂိုလ်သည်။
- သဿတော၊ ရုပ်ရောနာမ်ပါ ထိုနိဗ္ဗာန်၌ အမြဲရှိ၍နေ၏။
- ဣတိ၊ ဤသို့သော စကားကိုလည်း။
- ဝတ္တဗ္ဗေ၊ ဆိုသင့်ဆိုထိုက်တော့သလျှင်ကတည်း။
- ဝါ၊ ဆိုရာရောက်တော့သလျှင်ကတည်း၊ (ပါပနာ)
- အထ၊ ထိုသို့ဖြစ်ပါလျက်။
- တတ္ထ၊ ထိုပရိနိဗ္ဗုတပုဂ္ဂိုလ် ထိုနိဗ္ဗာန်ဝယ် ရှိပါ၏ ဆိုလျှင်ပင် ထိုပရိနိဗ္ဗုတပုဂ္ဂိုလ် ထိုနိဗ္ဗာန်၌ ရုပ်ရော နာမ်ပါ ရှိ၏-ဆိုရာရောက်သည် အချက်၌။
- ပရိနိဗ္ဗုတော ပုဂ္ဂလော၊ ပရိနိဗ္ဗုတပုဂ္ဂိုလ်သည်။
- အတ္ထမှိ၊ နိဗ္ဗာန်တွင်း၌။
- အတ္ထိ၊ ရှိ၏။
- ဣတိ၊ ဤသို့သော်ကား၊
- ဝတ္တဗ္ဗေ၊ ဆိုသင့်၏။
- ပရိနိဗ္ဗုတော ပုဂ္ဂလော သဿတောတိ၊ ပရိနိဗ္ဗာန်ပြုသောပုဂ္ဂိုလ် ထိုနိဗ္ဗာန်၌ ရုပ်နာမ်နှင့်တကွ ရှိ၏-ဟူသော စကားကိုမူကား။
- နော ဝတ္တဗ္ဗေ၊ မဆိုသင့်။
- ဣတိ ဤသို့။
- ယံ ဝစနံ၊ အကြင်စကားကို။
- ဝဒေသိ၊ သင် ပရဝါဒီ ဆိုဘိ၏။
- တံ၊ ထိုစကားသည်။
- မိစ္ဆာ၊ အမှားတည်း၊ (အနုလောမ ရောပနာ)
- ပန၊ ထိုသို့မဟုတ်။
- ပရိနိဗ္ဗုတော ပုဂ္ဂလော သဿတောတိ၊ ပရိနိဗ္ဗုတပုဂ္ဂိုလ် ထိုနိဗ္ဗာန်၌ ရုပ်နာမ်နှင့်တကွ ရှိနေ၏ ဟူသော စကားကို၊
- နော စေ ဝတ္တဗ္ဗေ၊ အကယ်၍ မဆိုလိုသည် ဖြစ်ငြားအံ့ (ထပနာ)
- ရေ၊ အို ပရဝါဒီဆရာ။
- တေန၊ ထိုသို့မဆိုလိုသော အကြောင်းဖြင့်ပင်လျှင်။
- ပရိနိဗ္ဗုတော ပုဂ္ဂလော အတ္တတ္ထမှီတိ၊ ပရိနိဗ္ဗုတပုဂ္ဂိုလ် ထိုနိဗ္ဗာန်၌ရှိ၏ ဟူသော စကားကိုလည်း။
- နော စ ဝတ္တဗ္ဗေ၊ ၊ မဆိုသင့် မဆိုထိုက် သလျှင်ကတည်း။
- ဝါ၊ မဆိုလိုရာ ရောက်တော့သလျှင်ကတည်း။ (ပဋိလောမ ပါပနာ)
- အထ ထိုသို့ဖြစ်ပါလျက်။
- တတ္ထ၊ ထိုပရိနိဗ္ဗုတပုဂ္ဂိုလ် ထိုနိဗ္ဗာန်၌ ရုပ်နာမ်နှင့် တက္ခ အမြဲရှိ၏ - မဆိုလိုခဲ့လျှင် ထိုပုဂ္ဂိုလ် ထိုနိဗ္ဗာန်၌ မရှိ-ဟူ၍ပင် ဆိုရာရောက်သည့် အချက်၌။
- ပရိနိဗ္ဗုတော ပုဂ္ဂလော အတ္တတ္ထမှီတိ၊ ပရိနိဗ္ဗုတပုဂ္ဂိုလ် ထိုနိဗ္ဗာန်၌ ရှိ၏- ဟူသော စကားကိုကား။
- ဝတ္တဗ္ဗေ၊ ဆိုသင့်၏။
- ပရိနိဗ္ဗုတော ပုဂ္ဂလော သဿတောတိ၊ ပရိနိဗ္ဗာန်ပြုသည့်ပုဂ္ဂိုလ် ထိုနိဗ္ဗာန်၌ ရုပ်ရောနာမ်ပါ အမြဲရှိ၍နေ၏ ဟူသောစကားကိုမူကား။
- နော ဝတ္တဗ္ဗေ၊ မဆိုသင့်။
- ဣတိ၊ ဤသို့။
- ယံ ဝစနံ၊ အကြင်စကားကို။
- ဝဒေသိ၊ သင် ပရဝါဒီ ဆိုဘိ၏။
- တံ၊ ထိုစကားသည်။
- မိစ္ဆာ၊ ပုဗ္ဗာပရဝိရောဓိဒေါသအားဖြင့် အမှားပင်တည်း။ ( ပဋိလောမ ရောပနာ) (အနုလောမပဉ္စကတ္ထ)
အဓိပ္ပါယ်ကား …
သကဝါဒီဆရာက ပရိနိဗ္ဗုတပုဂ္ဂိုလ်သည် ထိုနိဗ္ဗာန်၌ ရုပ်နာမ်နှင့်တကွမရှိသော သဘောကိုရည်၍ မရှိ ဟု ဆိုစေလိုသော နှလုံးသားဖြင့် “ပရိနိဗ္ဗုတော ပုဂ္ဂလော အတ္ထတ္ထမှိ-ဟု မေးလေရာဝယ် ပရဝါဒီဆရာကလည်း ထိုပရိနိဗ္ဗုတပုဂ္ဂိုလ်သည် ရုပ်နာမ်နှင့်တကွ ထိုနိဗ္ဗာန်၌ မရှိသော်လည်း မည်သို့ အခြင်းအရာဖြင့် ရှိနေသည် ဟု မဆိုနိုင်အောင် လွန်စွာ ထူးကဲ နက်နဲ၍ နေသော အားဖြင့် ဘုရားသျှင် ဟောတော်မူသည့်အရာကို ရည်၍” အာမန္တာ” ဟု ပဋိညာဏ်ပြုသည်တွင် …
သကဝါဒီဆရာက ရုပ်နာမ်မရှိ ဂမ္ဘီရတ္ထ သဘော တခုအားဖြင့်သာ ရှိနေသော အနက် ရုပ်နာမ်နှင့်တကွ ရှိနေသော အနက်အားဖြင့် နှစ်ပါးစလုံးနှင့် ဆက်ဆံသော အတ္ထိသဒ္ဒါသာမညနှင့် မေးသည်ကို ပရဝါဒီဆရာက “အာမန္တာ” ဟု လက်ဝါးကြီးအုပ် သာမညဝန်ခံသည့် အလိုအားဖြင့် ပရိနိဗ္ဗုတပုဂ္ဂိုလ် ထိုနိဗ္ဗာန်၌ ရုပ်နာမ်နှင့်တကွ သဿတဖြစ်၍ နေသည်ဟု ဝန်ခံရာ ရောက်လေသည်ကို ရည်သဖြင့် ပရဝါဒီအား သူ့စကားအရ စကားကျဘမ်းလို၍ “ပရိနိဗ္ဗုတော ပုဂ္ဂလော သဿတောတိ” ဟု တက်မေးရပြန်သည်တွင် ထိုသကဝါဒီဆရာ စကားဘမ်း သည်ကို အဘမ်းမခံလိုသဖြင့် “နဟေဝံ ဝတ္တဗ္ဗေ” ဟု ပရဝါဒီဆရာ ပယ်လှန်သည့်အခါ သကဝါဒီဆရာကပင် အသင်၏စကားကျနှင့် သင့်ကို ငါဆိုပါလျက် အချက်မတန် ပယ်လှန်ဘိသော အသင့်ကို နှိပ်နင်း၍သာ ဆိုစရာရှိတော့သည် ဟု ဆိုပြန်လိုရကား “အာဇာနာဟိ နိဂ္ဂဟံ” သကဝါဒီဆရာ မိန့်သတည်း။
တဘန်ပင် သို့နှိပ်ဟန်အခြင်းအရာကို ပြလိုရကား ဟဉ္စိ-အစရှိသည်ကို မိန့် ဆိုတော်မူသတည်း။
ထိုစကားဝယ် အဓိပ္ပါယ်ကား …
အို ပရဝါဒီဆရာ အကယ်၍ ပရိနိဗ္ဗုတပုဂ္ဂိုလ် ထိုနိဗ္ဗာန်၌ရှိ၏-ဟု သာမညစကား ဝန်ခံဘိ၏။ (အနုလောမ ထပနာ)
ထိုသို့ ဝန်ခံချေသော် ထိုပရိနိဗ္ဗုတပုဂ္ဂိုလ် ထိုနိဗ္ဗာန်၌ ရုပ်နာမ်နှင့်တကွ သဿတဖြစ်၍ ရှိနေသည် ဟူသော အနက်သည် မရောက်ပြီလော။ (အနုလောမ ပါပနာ)
ထိုသို့ဖြစ်လျက် ပရိနိဗ္ဗုတပုဂ္ဂိုလ်သည် ထိုနိဗ္ဗာန်၌ရှိ၏ဟု သာမညဆိုပြီးလျှင် ရုပ်နာမ်နှင့်တကွ ရှိသည်မဆိုလို ဟု မိမိစကားကို နုတ်ပြန်သော သင်ပရဝါဒီအား ပုဗ္ဗာပရဝိရောဓိဒေါသအားဖြင့် အမှား မဟုတ်ပါလော။ (အနုလောမ ရောပနာ)
ယင်းသို့မဟုတ် အကယ်၍ ပရိနိဗ္ဗုတပုဂ္ဂိုလ် ထိုနိဗ္ဗာန်၌ ရုပ်နာမ်ခန္ဓာနှင့်တကွ သဿတဖြစ်၍ ရှိနေသည် ဟု မဆိုလိုငြားအံ့။ (ပဋိလောမ ထပနာ)
ရေ၊ အို ပရဝါဒီဆရာ။ တေန၊ ထိုသို့မဆိုလိုသော အကြောင်းဖြင့်ပင်လျှင်။ ပရိနိဗ္ဗုတော ပုဂ္ဂလော အတ္တတ္ထမှီတိ၊ ပရိနိဗ္ဗုတပုဂ္ဂိုလ် ထိုနိဗ္ဗာန်၌ရှိ၏ ဟူသော စကားကိုလည်း။ နော စ ဝတ္တဗ္ဗေ၊ ၊ မဆိုသင့် မဆိုထိုက် သလျှင်ကတည်း။ ဝါ၊ မဆိုလိုရာ ရောက်တော့သလျှင်ကတည်း။ (ပဋိလောမ ပါပနာ)
ထိုသို့ ပရိနိဗ္ဗုတပုဂ္ဂိုလ်သည် ထိုနိဗ္ဗာန်၌ ရုပ်နာမ်နှင့်တကွ ရှိနေသည် ဟု မဆိုလိုဘဲလျက်ပင် ယင်းအနက်နှင့် ဆက်ဆံသော “အတ္ထိ” ဟူသော အမေး သာမညကို “အာမန္တာ” ဟုဝန်ခံသဖြင့် ရုပ်နာမ်နှင့်တကွ ထိုနိဗ္ဗာန်၌ ထိုသူရှိ၏ ဟု ဝန်ခံရာရောက်သဖြင့် အသင် ပရဝါဒီဆရာ၏ စကား ပုဗ္ဗာပရ ဝိရောဓိဒေါသ အားဖြင့် ဤလည်း အမှားတချက် မဟုတ်ပါလော ဟူလိုသည်။ (ပဋိလောမ ရောပနာ)
ဤကား သကဝါဒီဆရာမေး၍ ပရဝါဒီဆရာ ဖြေရာတွင် သကဝါဒီဆရာက ပရဝါဒီကိုနှိပ်၍ ဆိုအပ်သော ထပနာ - အနုလောမပါပနာ - ရောပနာ - ပဋိလောမပါပနာ - ရောပနာ အားဖြင့် အနုလောမပဉ္စက၌ အဓိပ္ပါယ်တည်း။ (နိဂ္ဂဟပက္ခ) ပဋိက္ကမပက္ခလည်း နည်းတူပင်တည်း။
အဓိပ္ပါယ် ဗျင်္ဂျတ္ထကား -
ပရိနိဗ္ဗာန်စံနေသော ပုဂ္ဂိုလ် ထိုနိဗ္ဗာန်၌ ရှိ၏-ဆိုသော် သဿတဒိဋ္ဌိ၊ မရှိဆိုသော် ဥစ္ဆေဒဒိဋ္ဌိ မလွတ်နိုင် ဟူလိုသတည်း။
ယင်းသို့ဖြစ်လျှင် အဘယ်ကို ဆိုရပါမည်နည်းဟူငြားအံ့။” နိဗ္ဗာနံ အရဟတော ဂတိ” ဟူသော ပရိဝါပါဠိတော် …
ကာယဿ ဘေဒါ ဓမ္မဋ္ဌော၊ သင်္ချံ နောပေတိ ဝေဒဂူ …
ဟူသော သဠာယတနသံယုတ်ပါဠိ။
ဓမ္မဋ္ဌောတိ အသေက္ခဓမ္မေသု နိဗ္ဗာနေဧ၀ ဝါ ဌိတော …
ဟူသော ၎င်းအဋ္ဌကထာတို့နှင့်အညီ ပရိနိဗ္ဗာန်ပြုသော ဝေဒဂူသည် ထိုနိဗ္ဗာန်၌ အမြဲတည်နေသည်ဟု ဆိုသော် ဒိဋ္ဌိနှစ်ပါးလုံး လွတ်၏မှတ်။
ပဋိက္ကမစတုက္ကတ္ထကို ပြပုံ
ဤယခုအခါ ပဝါဒီပုစ္ဆာ သကဝါဒီပဋိညာအားဖြင့် ဟောကြားအပ်သော ပဋိက္ကမစတုက္ကတ္ထကို ပြဆိုလတ္တံ့။
- ပရိနိဗ္ဗုတော ပုဂ္ဂလော၊ နိဗ္ဗူသာခေါင် ဘေးမဲ့တောင်သို့ ရောက်အောင် သွားသော ပရိနိဗ္ဗုတ ရဟန္တာ အသျှင်သည်။
- အတ္ထမှိ၊ ထို မိမိရောက်ရာ နိဗ္ဗာန်သာခေါင် ဘေးမဲ့တောင်၌။
- နတ္ထိ၊ မရှိပါသလော။
- ဝါ၊ မရှိ ဟူ၍ပင် အသင် သကဝါဒီ ဆိုတော့မည်လော။
- ဣတိ၊ ဤသို့ ပရဝါဒီဆရာ မေးပြန်လာသည်ရှိသော်။
- အာမန္တာ၊ အိမ်း မရှိဘူး။
- ဣတိ၊ ဤသို့ သကဝါဒီက မိမိလိုအပ်သော ရုပ်နာမ်မရှိသော သဘောကိုရည်၍ သန္ဓာယဘာသိတ-အားဖြင့် ဝန်ခံရာဝယ်။
- ပရိနိဗ္ဗုတော ပုဂ္ဂလော၊ ပရိနိဗ္ဗာန်ပြုသဖြင့် ငြိမ်းကြီးငြိမ်းလေပြီးသော ရဟန္တာသည်။
- ဥစ္ဆိန္တော၊ အလုံးစုံကုန်ပျောက် အဘယ်တခုမျှမကျန် ပြတ်တောက်၍ သွားသလော။
- ဝါ၊ သွားသည် ဆိုတော်မူမည်လော။
- ဣတိ၊ ဤသို့ ပရဝါဒီဆရာက ပြန်လှန်မေးပြန်သည်ရှိသော်။
- ဧဝံ၊ ဤသို့ မူကား။
- နဝတ္တဗ္ဗေ ဧဝ၊ မဆိုသင့်သလျှင်ကတည်း။
- ဣတိ၊ ဤသို့ သကဝါဒီဆရာ ဖြေဆိုပြန်ရာဝယ်။
- ရေ၊ သူ့ကိုနိုင်လို မျက်နှာချိုသော အို သကဝါဒီဆရာ။
- တံ၊ အသင် သကဝါဒီ သခင်ကို။
- ပဋိက္ကမံ၊ အစားပြန်၍ နှိပ်အပ်သည်ကို။
- အာဇာနာဟိ၊ သိတော်မူဦးလော့။
- ကထံ၊ အဘယ်လိုပြန်၍ နှိပ်မည်နည်း ဟူမူကား။
- ရေ၊ အို သူ့အပြစ်သာ ထင်၍ မိမိအပြစ်ကို မမြင်သော အသျှင် သကဝါဒီဆရာ။
- ဟဉ္စိ၊ အကယ်၍လျှင်။
- ပရိနိဗ္ဗုတော ပုဂ္ဂလော၊ နိဗ္ဗာန်သောင်ကမ်း ထိုမှာဘက်သို့ လှမ်းရောက်သွားသော သူသည်။
- အတ္ထမှိ၊ မိမိရောက်ရာ ဟိုမှာဘက်ကမ်း၌။
- နတ္ထိ၊ ရောက်ပြီးသည့်နောက် မရှိခြင်းသို့ ရောက်လေတော့၏။
- ဣတိ၊ ဤသို့။
- ဝတ္တဗ္ဗေ၊ ဆိုသင့် ဆိုထိုက်သည်ဖြစ်ငြားအံ့။ (အနုလောမ ထပနာ)
- ရေ၊ အို သကဝါဒီသခင်။
- တေန၊ ထိုပရိနိဗ္ဗာန်ပြုပြီး သည့်နောက် မရှိခြင်းသို့ ရောက်လေတော့သည် ဟူသော ဝန်ခံခြင်းဖြင့်ပင်။
- ဝါ၊ အချို့ အားဖြင့် မရှိခြင်း အလုံးစုံအားဖြင့် မရှိခြင်း နှစ်ပါးနှင့်ဆက်ဆံ၍ မေးအပ်သော နတ္ထိ ဟူသော စကားကို အာမန္တာ-ဟု ဝန်ခံခြင်းဖြင့်ပင်။
- ပရိနိဗ္ဗုတော ပုဂ္ဂလော၊ ပရိနိဗ္ဗုတ ပုဂ္ဂိုလ်သည်။
- ဥစ္ဆိန္တော၊ ပြတ်စဲပျောက်ပျက် သွားလေပြီ။
- ဣတိ၊ ဤသို့။
- ဝတ္တဗ္ဗေ ဝတ၊ စင်စစ်ဆိုရာ မရောက်ခဲ့ပါလော။ (အနုလောမ ပါပနာ)
- အထ၊ ထိုသို့ဖြစ်ပါလျက်။
- တတ္ထ၊ ထိုပရိနိဗ္ဗုတပုဂ္ဂိုလ် ထိုနိဗ္ဗာန်၌ မရှိ ဆိုသဖြင့်အလုံးစုံ ပျောက်ပျက်၍ သွားလေသည် ဟု ဆိုရာရောက်သည့် အချက်၌။
- ပရိနိဗ္ဗုတော ပုဂ္ဂလော၊ နိဗ္ဗာန်ရောက်သွားသော ရဟန္တာ သခင်သည်။
- အတ္ထမှိ၊ နိဗ္ဗာန်အောင်ချာ မြို့ခေမာ၌။
- နတ္ထိ၊ နိဗ္ဗာန်မြို့ကြီး ရောက်ပြီးသည့်နောက် မရှိခြင်းသို့ ရောက်လေတော့၏။
- ဣတိ၊ ဤသို့မူကား။
- ဝတ္တဗ္ဗေ၊ ဆိုသင့်၏။
- ပရိနိဗ္ဗုတော ပုဂ္ဂလော၊ မြို့ကြီးခေမာ နိဗ္ဗုတာသို့ ရောက်လေပြီးသော အသျှင်သည်။
- ဥစ္ဆိန္တော၊ အလျှင်းပြတ်တောက် မြို့ကြီးထဲ၌ ပျောက်ကြီးပျောက်လေပြီ။
- ဣတိ၊ ဤသို့မူကား၊
- နော ဝတ္တဗ္ဗေ၊ မဆိုသင့်။
- ဣတိ၊ ဤသို့။
- ယံ ဝစနံ၊ အကြင်ဝန်ခံပြီးသည့်နောက် ပယ်ရာ ရောက်ပြန်သော စကားကို။
- ဝဒေသိ၊ အသင် သကဝါဒီဆရာ ဆိုပြန်ခဲ့၏။
- တံ ဝစနံ၊ ထိုစကားသည်။
- မိစ္ဆာ၊ အမှား မဟုတ်ပါလော။ (အနုလောမ ရောပနာ)
- ပန၊ ယင်းသို့မဟုတ်။
- ပရိနိဗ္ဗုတော ပုဂ္ဂလော ဥစ္ဆိန္တောတိ၊ ဥစ္ဆိန္တော-ဟူသော စကားကို။
- နော စေ ဝတ္တဗ္ဗေ၊ အကယ်၍ မဆိုလိုသည် ဖြစ်ငြားအံ့။ (ထပနာ)
- ရေ၊ အို ရှေ့စကား နောက်စကား တသားတည်းနေအောင် မဆိုမိဘဲ ဆိုချင် မက်မော ဆိုအားသဲသော အသျှင် သကဝါဒီဆရာ။
- တေန၊ ထိုသို့ ပရိနိဗ္ဗုတ ပုဂ္ဂလ၏ ဥစ္ဆိန္နဖြစ်၍ သွားသည်ဟု မဆိုလိုသောအားဖြင့် ပင်လျှင်။
- ပရိနိဗ္ဗုတော ပုဂ္ဂလော နတ္ထတ္ထမှီတိ၊ နတ္ထတ္ထမှိ-ဟူသော စကားကိုလည်း။
- နော စ ဝတ္တဗ္ဗေ ၀တ၊ စင်စစ် မဆိုဝံ့စရာ ကောင်းပါသည် မဟုတ်တုံလော။ (ပါပနာ)
- အထ၊ ထိုသို့ဖြစ်လျက်။
- တတ္ထ၊ ထိုပရိနိဗ္ဗုတပုဂ္ဂိုလ် ဥစ္ဆိန္န ဖြစ်၍ သွား၏ဟု မဆိုလိုသဖြင့်ပင် ထိုပရိနိဗ္ဗုတပုဂ္ဂိုလ် ထိုနိဗ္ဗာန်၌ မရှိဟူသော စကားကိုလည်း မဆိုလိုရာ ရောက်သော အချက်၌ပင်လျှင်။
- ပရိနိဗ္ဗုတော ပုဂ္ဂလော နတ္ထတ္ထမှီတိ၊ နတ္ထတ္ထမှိ-ဟူသော စကားကိုကား။
- ဝတ္တဗ္ဗေ၊ ဆိုသင့်၏။
- ပရိနိဗ္ဗုတော ပုဂ္ဂလော ဥစ္ဆိန္နောတိ၊ ဥစ္ဆိန္နော -ဟူသော စကားကိုမူကား။
- နော ဝတ္တဗ္ဗေ၊ မဆိုသင့်။
- ဣတိ၊ ဤသို့။
- ယံ ဝစနံ၊ အကြင် ရှေ့နောက်နှစ်ရပ် မစပ်သောစကားကို။
- ဝါ၊ ဟုတ်ဘူး ဟုတ်ကဲ့ ရှေ့နောက်မတည့်သော စကားကို။
- ဝဒေသိ၊ အသျှင် သကဝါဒီ ဆိုတော်မူဘိ၏။
- တံ ဝစနံ၊ ထိုဟုတ်ကဲ့ ဟုတ်ဘူး အလူးလူး ဆိုအပ်သော အသျှင်စကားသည်။
- မိစ္ဆာ၊ မမှားတန်ဘဲ မှားအားသဲသော စကားမဟုတ် ပါလော။ (ပဋိလောမ ရောပနာ)
အဓိပ္ပါယ်ကား ....
ပရိနိဗ္ဗုတပုဂ္ဂိုလ် ခန္ဓာကိုယ်ကြီးနှင့်တကွ နိဗ္ဗာန်၌ မရှိသော်လည်း ဂမ္ဘီရ အပ္ပမေယျ ဒုပ္ပရိယာဂါဟ ဖြစ်၍နေသော အနက်သဘော တခုရှိသည့် အခြင်း အရာဖြင့် သဠာယတန သံယုတ်ပါဠိတော် စသည်တို့၌ လာသည့်အတိုင်း ရှိသင့်သည်ကိုရည်၍ ရှိ၏ဟု ဆိုစေလိုသော နှလုံးထားဖြင့် “ပရိနိဗ္ဗုတော ပုဂ္ဂလော နတ္ထတ္ထမှိ” ဟု ပရဝါဒီက မေးဆိုရာ …
ထိုပရိနိဗ္ဗုတပုဂ္ဂလ၏ ရုပ်နာမ်ခန္ဓာနှင့်တကွ ထိုနိဗ္ဗာန်၌ မရှိသည်ကိုရည်၍ သန္ဓာယဘာသိတ စကားဖြင့် “အာမန္တာ” ဟု သကဝါဒီဆရာ ပဋိဇာနနာ ပြုရာဝယ်။
ပရဝါဒီပုဂ္ဂိုလ်က ထိုသကဝါဒီ၏ သန္ဓာယဘာသိတ စကားကို မိမိနှလုံး၌ သိုထားမိ ရိပ်မိသော်လည်း ထိုသကဝါဒီအဆို နှုတ်ထွက်စကားမျှကိုဘမ်း၌ နှိပ်စားနှိပ်ခြင်း ပဋိက္ကမကို ပြုလိုသောကြောင့် “ပရိနိဗ္ဗုတော ပုဂ္ဂလော ဥစ္ဆိန္နောတိ” ဟု ပရဝါဒီဆရာ မေးပြန်ရာဝယ် …
ယင်းသို့ ပရိနိဗ္ဗုတ ပုဂ္ဂလ၏ ဥစ္ဆိန္န ဖြစ်သည်ဆိုလို၍ “အာမန္တာ” ဟု ငါဝန်ခံသည် မဟုတ်၊ ရုပ်နာမ်ခန္ဓာကိုယ်ကြီးနှင့်တကွ မရှိသည်ကိုသာ ရည်၍ ငါဝန်ခံပါသည် ဟူသော နှလုံးထားဖြင့် “နဟေဝံ ဝတ္တဗ္ဗေ” ဟု သကဝါဒီဆရာ မိန့်ဆိုရာတွင်။
ယင်း သကဝါဒီဆရာ၏ သန္ဓာယဘာသိတ နှလုံးထားကို ရိပ်မိသော်လည်း ကိုသကဝါဒီ နှုတ်ထွက် စကားများမျှကို ဘမ်း၍ “အာဇာနာတိ ပဋိက္ကမံ” ဟု ပရဝါဒီ ဆရာ မိန့်ဆိုပြီးလျှင် ထို မိမိနှိပ်စားပြန်၍ နှိပ်ပုံကို ပြလိုရကား …
“ဟဉ္စိ ဝတ္တဗ္ဗေ ခေါ ပရိနိဗ္ဗုတော ပုဂ္ဂလော နတ္ထတ္ထမှီတိ၊ နော ၀တ ရေ ဝတ္တဗ္ဗေ ပရိနိဗ္ဗုတော ပုဂ္ဂလော ဥစ္ဆိန္နောတိ “ အစရှိသောစကားကို မိန့်သတည်း။
ထို၏ အဓိပ္ပါယ်ကား …
အို သကဝါဒီဆရာ ပရိနိဗ္ဗုတပုဂ္ဂလ၏ နိဗ္ဗာန်၌ နတ္ထိဘာဝကို ဆရာဝန်ခံတော်မူ၏။ (အနုလောမ ထပနာ)
ထိုသို့ ဝန်ခံခဲ့သော် ထိုစကားဖြင့်ပင် ထိုပရိနိဗ္ဗုတ ပုဂ္ဂိုလ်ကား ဥစ္ဆိန္န ဖြစ်၍ သွားသည်ဆိုရာ မရောက်ပါလော။ (အနုလောမ ပါပနာ)
ထိုသို့ဖြစ်လျက် ပရိနိဗ္ဗုတပုဂ္ဂလ၏ နိဗ္ဗာန်၌ နတ္ထိဘာဝကိုသာ ဆိုသင့်သည်။ ဥစ္ဆိန္နဘာဝကိုကား မဆိုသင့်ဟု ဆိုပြန်သော အသင် သကဝါဒီဆရာအား ပုဗ္ဗာပရ ဝိရောဓိဒေါသအားဖြင့် အမှားကြီးတခု မဟုတ်ပါလော။ (အနုလောမ ရောပနာ)
ယင်းသို့မဟုတ် အကယ်၍ ပရိနိဗ္ဗုတပုဂ္ဂလ၏ ဥစ္ဆိန္နဘာဝကို မဆိုလိုသည် ဖြစ်အံ့၊ (ပဋိလောမ ထပနာ)
ထိုသို့မဆိုလိုခဲ့လျှင် ပရိနိဗ္ဗုတပုဂ္ဂလ၏ နတ္ထိဘာဝကိုလည်း မဆိုလိုရာ မရောက်ပြီလော။ (ပဋိလောမ ပါပနာ)
ထိုသို့ဖြစ်ပါလျက် ပရိနိဗ္ဗုတပုဂ္ဂလ၏ ဥစ္ဆိန္နဘာဝကိုကား မဆိုလို၊ ထိုပုဂ္ဂိုလ်၏ နတ္ထိဘာဝကိုကား ဆိုလိုသော အသျှင် သကဝါဒီဆရာစကား အမှားကြီး မဟုတ်ပါလော။ (ပရဝါဒီပဋိလောမ ရောပနာ)
ဤပရဝါဒီပက္ခ၌ အနုလောမပါပနာ - အနုလောမရောပနာ၊ ပဋိလောမပါပနာ - ပဋိလောမရောပနာ၊ ဤလေးချက်ကိုရည်၍ “ပဋိက္ကမစတုက္က” အမည်တပ်သတည်း။
အနုလောမထပနာ - ပဋိလောမထပနာ - နှစ်ခုကိုမူကား အစားနှိပ်လို၍ တိုင်ဆိုကာမျှသာ ဖြစ်သဖြင့် တကယ်ပြန်နှိပ်သောစကား မဟုတ်သေးသောကြောင့် ပဋိက္ကမအတွင်း မသွင်းအပ်သတည်း။
နှိပ်လို၍ စကားတိုင်ထားရုံမျှနှင့်ပင် ပြန်နှိပ်သည် ဟု မဆိုလောက်ပေသေး ဟူလိုသတတ်။
ဤသကဝါဒီ ပရဝါဒီ ပုဂ္ဂိုလ်နှစ်ပါးတို့၏ အချင်းချင်း မေးပုံ ဖြေပုံတို့ကို ပြရခြင်းသည် ပရိနိဗ္ဗုတ ပုဂ္ဂလ၏ နိဗ္ဗာန်တွင်း၌ ရုပ်နာမ်ခန္ဓာနှင့် တကွ သဿတ ဖြစ်၍ ရှိနေသည်ဟူ၍လည်း မဆိုသင့်၊ အဘယ်တစုံတရာ ဂမ္ဘီရ အပ္ပမေယျ သဘာဝ တခုမျှ မကျန်၊ အလုံးစုံ အစဉ်သန္တာန် ကွယ်ပျောက် ဥစ္ဆိန္န အဖြစ်သို့ ရောက်လေတော့သည် ဟူ၍လည်း မဆိုသင့်၊ ဤသို့သောစကားသည် သကဝါဒီ ပရဝါဒီ နှစ်ပါးလုံး သဘောတူစကားပင်တည်း ဟု သူအများ အထင်အရှား သိရခြင်းအကျိုး ရှိသတည်း။
ယင်းသို့သော အကျိုးကိုရည်၍ ဤသကဝါဒီ ပရဝါဒီ ပုစ္ဆာဝိဿဇ္ဇနာ ဖြစ်ကြပုံတို့ကို အသျှင်မောဂ္ဂလိပုတ္တတိဿ မထေရ် ဟောပြတော်မူသည်ဟူ၍ မှတ်အပ်၏။
ဤကထာဝတ္ထု ပါဠိတော်သည်ကား ပကတိ အခြားအခြား နေရာတို့၌ပင် အလွန်နက်နဲ ခဲခက် ရှုပ်ထွေး ရှိတတ်သည်ချည်းဖြစ်၍ ဤပရိနိဗ္ဗုတကထာ၌မူ ဆိုဘွယ်မရှိ၊ အလွန်နက်နဲ ခဲခက်ရှုပ်ထွေးစရာ စာသင်ငယ်တို့ အလွန်မသိနိုင်စရာ ဖြစ်သော်လည်း အခြေရပြီး ဉာဏ်ကြီး ကြပြီးသော စာသင်သားကြီးတို့ ဤကထာ ဝတ္ထုပါဠိတော် “ပုဂ္ဂလော ဥပလဗ္ဘတိ သစ္ဆိကဋ္ဌပရမတ္ထေနာတိ” အစရှိသော အရာတို့၌လည်း နည်းယူနိုင်ကြစေရန် ဤပရိနိဗ္ဗုတကထာ အရာ၌လည်း အထူး သဘောကျကြစေရန် အကျယ်ဝေဘန် ထုတ်ဆောင်လိုက်သတည်း။
ယင်းအကျယ်အရာကို မလိုက်နိုင် နားမလည်နိုင်သော ပုဂ္ဂိုလ်တို့မှာ ယခင် အကျဉ်းမျှကိုသာ နာနာ ကြည့်ရှု မှတ်သား အားထုတ်ကြစေကုန်သတည်း။
(က) ထပနာ-ဟူရာ၌ အပြစ်တင်လို၍ တိုင်တန်း တိုင်ထားသည် ဆိုလိုသတည်း၊
(ခ) ပါပနာ-ဟူရာ၌ တိုက်ရိုက် မဆိုသော်လည်း ဆိုရာစကားကျ အဓိပ္ပါယ် ရောက်သည် ဆိုလိုသည်။
(ဂ) ရောပန-ဟူရာ၌ တဘက်သားကို နှိပ်လို၍ အပြစ်ရှာတင်သည် ဆိုလိုသည်။
ဤကား ကထာဝတ္ထု အဋ္ဌကထာ၌လာသော အကျယ်စကားကို အကျဉ်း အမြွက်မျှ ဆိုထားအပ်သည့် စကားချပ်။
ဤဆိုလတ္တံ့ သည်ကား အောက်၌ ဆိုအပ်ခဲ့ပြီးသောနိဗ္ဗာန်ရောက်သွားကြသူ ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၏ အလုံးစုံ ပြတ်တောက် ဥစ္ဆိန္န အဖြစ်သို့ မရောက်၊ ဂမ္ဘီရ အပ္ပမေယျ သဘောအားဖြင့် ဖြစ်၍ နိဗ္ဗာန်၌ တည်နေကြသော အဖြစ်ကို ပြဆိုရာ ပြဆိုကြောင်း ဖြစ်သော သဠာယတနသံယုတ် ပါဠိတော် အဋ္ဌကထာ ဋီကာ၊ မဇ္ဈိမပဏ္ဏာသပါဠိတော် အဋ္ဌကထာ ဋီကာ၊ နေတ္တိပါဠိတော် အဋ္ဌကထာ၊ ကထာ ဝတ္ထုပါဠိတော် အဋ္ဌကထာ - စသည်တို့နှင့် အညမည သံသန္ဒနဖြစ်၍ အဓိပ္ပါယ် တပြေးတည်း လာသော ဣတိဝုတ်ပါဠိတော် အဋ္ဌကထာ၊ စူဠနိဒ္ဒေသပါဠိတော် အဋ္ဌကထာ၊ သဠာယတနသံယုတ် ယမကသုတ်ပါဠိတော် - စသည်တို့တည်း။
သေမင်း ရှာမတွေ့သော နိဗ္ဗာန်ရွှေနန်း စံမြန်းသူများ
န သော ပမာဏမေတီတိ ဧဝံ ဘူတော သော အရဟာ ဘဝါနံ ပမာဏာရဟဓမ္မာနံ အစ္စန္တမေဝ အတ္ထင်္ဂတတ္တာ အတ္ထင်္ဂတော။ တတော ဧဝ သီလာဒိဓမ္မက္ခန္ဓပါရိပူရိယာ စ ဧဒိသော သီလေန သမာဓိနာ ပညာယာတိ ကေနစိ ပမိဏိတုံ အသက္ကုဏေယျတ္တာ ပမာဏံ န ဧတိ။ အထဝါ အနုပါဒိသေသနိဗ္ဗာနသင်္ခါတံ အတ္ထံ ဂတော သော အရဟာ ဣမာယ နာမ ဂတိယာ ဌိတော ဧဒိသောနာမ ဂေါတ္တနာတိ ပမိဏိတုံ အသက္ကုဏေယျတ္တာ ပမာဏံ န ဧတိ န ဥပဂစ္ဆတိ။ တတောဧဝ အမောဟယိ မစ္စုရာဇံ၊ တေန အနုဗန္ဓိတုံ အသက္ကုဏေယျောတိ ၀ဒါမီတိ။
ဣတိဝုတ်အဋ္ဌကထာ (၂၇)
န သော ပမာဏမေတီတိ၊ ဟူသော ပါဠိတော်၌။
- ဧဝံ ဘူတော၊ ဤသို့ပရိနိဗ္ဗာန် ပြုသောအားဖြင့် ဖြစ်၍ဖြစ်သော။
- သော အရဟာ၊ ထိုရဟန္တာပုဂ္ဂိုလ်သည်။
- ပမာဏာရဟဓမ္မာနံ၊ ရှင်းရှည့်ခြင်းငှါ ထိုက်သော သဘော ရှိကုန်သော။
- ဘဝါနံ၊ ဘ၀သုံးပါးရှိ၏။
- အစ္စန္တမေဝ၊ စင်စစ်သာလျှင်။
- အတ္ထင်္ဂတတ္တာ၊ ချုပ်ခြင်းသို့ ရောက်သောကြောင့်။
- အတ္ထင်္ဂတော၊ အတ္ထင်္ဂတ မည်၏။
- တတော ဧo၊ ထိုသို့ နှိုင်းရှည့်ထိုက်သော ဘဝခန္ဓာတို့၏ ချုပ်လေခြင်းကြောင့်သာလျှင်။
- သီလာဒိ ဓမ္မက္ခန္ဓပါရိပူရိယာ စ၊ သီလအစရှိသော ဓမ္မက္ခန္ဓတို့့ကို ဖြည့်ကျင့်ရာ၌လည်း။
- သီလေန၊ သီလအားဖြင့်။
- သမာဓိနာ၊ သမာဓိအားဖြင့်။
- ပညာယ၊ ပညာ အားဖြင့်။
- ဧဒိသော၊ ဤသူကဲ့သို့ သဘောရှိ၏။
- ဣတိ၊ ဤသို့ ။
- ကေနစိ၊ တစုံ တယောက်သော ခန္ဓာရှိသူနှင့်၊
- ပမိဏိတုံ၊ နှိုင်းရှည့်ခြင်းငှါ၊
- အသက္ကုဏေယျတ္တာ၊ မတတ်နိုင်စကောင်းသောကြောင့်။
- ပမာဏံ၊ နှိုင်းရှည့်အပ်သည်၏ အဖြစ်သို့။
- န ဧတိ၊ မရောက်။
- အထဝါ၊ တနည်းကား။
- အနုပါဒိသေသနိဗ္ဗာနသင်္ခါတံ၊ အနုပါဒိသေသနိဗ္ဗာန် ဟု ဆိုအပ်သော။
- အတ္ထံ၊ နိဗ္ဗာန်သို့ ။
- ဂတော၊ သွားရောက် လေသော။
- သော အရဟာ၊ ထိုရဟန္တာပုဂ္ဂိုလ်သည်။
- ဣမာယ နာမ ဂတိယာ၊ ဤမည်သောဂတိ၌။
- ဌိတော၊ တည်၏။
- ဂေါတ္တေန၊ အမျိုးအနွယ်အားဖြင့်။
- ဧဒိသောနာမ၊ ဤအမည်ရှိသော သူနှင့်တူ၏။
- ဝါ၊ ဤသို့ သဘောရှိသည် မည်၏။
- ဣတိ၊ ဤသို့။
- ပမိဏိတုံ၊ နှိုင်းရှည့်ခြင်းငှါ။
- အသက္ကုဏေယျတ္တာ၊ မတတ်စကောင်းသောကြောင့်။
- ပမာဏံ၊ နှိုင်းရှည့်အပ်သည်၏ အဖြစ်သို့။
- န ဧတိ န ဥပဂစ္ဆတိ၊ မရောက်။
- တတောဧဝ၊ ထိုသို့ အမျိုးအနွယ်အားဖြင့် နှိုင်းရှည့် တောက်ဆစရာ မရှိသောကြောင့်သာလျှင်။
- မစ္စုရာဇံ၊ အဘယ်ဘုံမလပ် လူကိုလိုက်၍ သတ်တတ်သော သျှင်သေမင်းကို။
- အမောဟယိ၊ ရှာ၍မတွေ့ မေ့ကြီးမေ့စေနိုင်၏။
- တေန၊ ထိုသျှင်သေမင်းသည်။
- သော၊ ထိုနိဗ္ဗာန်ရွှေနန်း စံမြန်း၍နေသော ရဟန္တာ အသျှင်ကို။
- အနုဗန္ဓိတုံ၊ လိုက်၍ဘမ်းခြင်းငှါ။
- အသက္ကုဏေယျော၊ မတတ်နိုင်။
- ဣတိ၊ ဤသို့။
- ၀ဒါမိ၊ ငါဘုရား ဟောတော်မူ၏။
- ဣတိ၊ ဤကားအနက်။
၎င်း အဋ္ဌကထာတို့၌ ပရိနိဗ္ဗာန်ပြုပြီးနောက် အဘာဝသို့ ရောက်၍ သွားသည် မှန်လျှင် ဤသို့သော “န သော ပမာဏမေတိ” စသည်ဖြင့် အကျယ်စကား များဘွယ်မရှိရကား ယင်းနိဗ္ဗာန်ရောက်သွား သောသူသည် ထိုနိဗ္ဗာန်၌ အပ္ပမေယျ ဖြစ်၍ တည်နေသည် ဟူ၍လာသော ဤ ဣတိဝုတ်ပါဠိတော် အဋ္ဌကထာတို့ ဖြင့်လည်း နိဗ္ဗာန်ရောက်သွားသူတို့ အဘာဝ တုစ္ဆ အဖြစ်သို့ မရောက်ဟူသော အနက်၊ ထိုနိဗ္ဗာန်၌ အပ္ပမေယျဂုဏ်နှင့်ပြည့်စုံစွာ ငြိမ်းဧးချမ်းသာ တည်နေရသည် ဟူသောအနက် အလွန် ထင်ရှားသည်သာ ဖြစ်၏။
ထိုကြောင့် အမျိုး အနွယ် သီလ သမာဓိ သုခသမ္ပတ္တိ စသော အရာတို့ဖြင့် အဘယ်တစုံ တယောက်သူတို့နှင့် မနှိုင်းကောင်းစရာ လွန်စွာသိမ်မွေ့နက်နဲ ထူးကဲ ဆန်းပြားသော မီဏာသ၀ သခင် ဘေးပေါင်းကင်းစင် ရန်မျိုးကြဉ်သော ပရိနိဗ္ဗုတ အသျှင်မြတ်၏ အဖြစ်သို့လျင်မြန်စွာ ရောက်၍ ဘေးတကာ ကုန်ပျောက်ရာ နိဗ္ဗုတာသောင်ကမ်း ခေမာနန်း၌ ဆောလျင်စွာ စံမြန်း ကြရအောင် နီဝရဏ ခြောက်မျိုး လှိုင်းရေဆိုးတို့ကို တိုက်ချိုးပယ်လှဲလျက် ငါးပါးကာမဂုဏ် အာရုံ ဝဲကြမ်း ဥပါဒါန် ငါးမကန်းတို့ကို လွန်စွမ်းနိုင်ကြစေခြင်းငှါ သမ္မာဒိဋ္ဌိ စရှိမဂ္ဂင် ဘောင်တော်ကြီးကို မြန်မြန်ကြီး နှင့်နိုင်ကြစေကုန်သတည်း။
ရှေ့အောက်က ထုတ်ပြအပ်ပြီးသော နေတ္တိပါဠိတော်ဝယ် …
“ရူပသင်္ခယေ ဝိမုတ္တော ခေါ တထာဂတော အတ္ထီတိပိ နဥပေတိ နတ္ထီတိပိ နဥပေတိ”
ဟူသောပါဌ်။ မဇ္ဈိမပဏ္ဏာသပါဠိတော်ဝယ် …
ရူပသင်္ခါဝိမုတ္တော ခေါ ဝစ္ဆ ။ပ။ ဥပပဇ္ဇတီတိ နဥပေတိ နုပပဇ္ဇတီတိ န ဥပေတိ။
ဟူသောပါဌ်။ သဠာယတနသံယုတ်ပါဠိတော်ဝယ် –
“ရူပသင်္ခါဝိမုတ္တော ခေါ မဟာရာဇ တထာဂတော ဂမ္ဘီရော အပ္ပမေယျော ဒုပ္ပရိယောဂါဟော” စသောပါဌ်။
“အတ္ထင်္ဂတဿ နပမာဏမတ္ထီတိ အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗုတဿ ရူပပမာဏံ နတ္ထိ။ ဝေဒနာပမာဏံ နတ္ထိ”
စသည်ဖြင့်လာသော စူဠနိဒ္ဒေသပါဠိတော်။
“န သော ပမာဏမေတီတိ အနုပါဒိသေသနိဗ္ဗာနသင်္ခါတံ အတ္ထံ ဂတော သော အရဟာ ဣမာယနာမ ဂတိယာ ဌိတော ဧဒိသော နာမ ဂေါတ္တေနာတိ ပမိဏိတုံ အသက္ကုဏေယျတ္တာ ပမာဏံ န ဧတိ န ဥပဂစ္ဆတိ”
စသော ဤဣတိဝုတ်အဋ္ဌကထာ။
ဤသို့လာသော ပါဠိတော် အဋ္ဌကထာတို့သည် အညမည သံသန္ဒန ဖြစ်၍ နိဗ္ဗာန်ရောက်သူတို့ အလုံးစုံ ပျောက်၍ ပြတ်၍ မသွားသည်ကို ပြတော်မူသော ပါဌ်ပါဠိချည်းတည်း။
မဇ္ဈိမပဏ္ဏာသပါဠိတော်၌ကား သဠာယတနသံယုတ်ပါဠိတော်၌ ကဲ့သို့ “ပရံမရဏာ” ဟု မလာ။ သက်သက် “ဥပပဇ္ဇတိ” ဟူ၍ လာသောကြောင့် “ရူပသင်္ခါယဝိမုတ္တော တထာဂတော” ကတ္တား ကိုလည်း “ဥပပဇ္ဇတိ” စသော ၎င်းပုဒ်တို့၌သာ စပ်အပ်သည်ဖြစ်၍ ၎င်းပုဒ်၏ အရကို ပရိနိဗ္ဗာန် မပြုသေးခင် ရဟန္တာကို မယူသင့်၊ ပရိနိဗ္ဗာန်ပြုပြီးသော နိဗ္ဗာန်၌ လွတ်၍နေသော ရဟန္တာ အသျှင်ကိုသာ ယူအပ်သော အနက်၏ အလွန်ထင်ရှားရကား ယခင် သဠာယတန သံယုတ်လာ ရူပသင်္ခါဝိမုတ္တ - အရကိုလည်း ဤမဇ္ဈိမပဏ္ဏာသပါဠိတော် အတိုင်းသာလျှင် ဟု ဧကန္တ သိကြ မှတ်ကြ စေကုန်သတည်း။
စူဠနိဒ္ဒေသ ပါဠိတော်
အစ္စိယထာ ဝါတဝေဂေန ခိတ္တာ၊
ဥပသိဝါတိ ဘဂဝါ၊
အတ္ထံ ပလေတိ န ဥပေတိ သင်္ခံ။
အတ္ထင်္ဂတော သော ဥဒ ဝါ နတ္ထိ၊
ဥဒါဟု ဝေ သဿတိယာ အရောဂေါ၊
တံမေ မုနိ သာဓု ဝိယာကရောဟိ၊
တာ ဟိ တေ ဝိဒိတော ဧသဓမ္မောတိ။
အတ္ထင်္ဂတော သော ဥဒဝါ နတ္ထီတိ အတ္ထင်္ဂတော သော နတ္ထိ သော နိရုဒ္ဓေါ ဥစ္ဆိန္နော ဝိနဋ္ဌောတိ အတ္ထင်္ဂတော သော ဥဒဝါ နတ္ထီတိ။ ဥဒါဟု ဝေ သဿတိယာ အရောဂေါတိ၊ ဥဒါဟု နိစ္စော ဓုဝေါ သဿတော အဝိပရိဏာမဓမ္မော သဿတိသမံ တတ္ထေဝ တိဋ္ဌေယျာတိ ဥဒါဟု ဝေ သဿတိယာ အရောဂေါ။ တံ မေ မုနီ သာဓု ဝိယာကရောဟီတိ။ပ။
တန္တိ ယံ ပုစ္ဆာမိ ယံ ဝစာမိ ယံ အဇ္ဈေသာမိ ယံ ပသာဒေမိ။ မုနီတိ မောနံ ဝုစ္စတိ ဉာဏံ။ပ။
တေနာဟ သော ဗြာဟ္မဏော …
အတ္ထင်္ဂတော သော ဥဒဝါ နတ္ထိ၊
ဥဒါဟု ဝေ သဿတိယာ အရောဂေါ။
တံ မေ မုနိ သာဓု ဝိယာကရောဟိ၊
တထာ ဟိ တေ ဝိဒိတော ဧသ ဓမ္မောတိ။
အတ္ထင်္ဂတဿ န ပမာဏမတ္ထိ၊
ဥပသိဝါတိ ဘဂဝါ။
ယေန နံ ဝဇ္ဇံ တံ တဿ နတ္ထိ၊ .
သဗ္ဗေသု ဓမ္မေသု သမုဟတေသု၊
သမုဟတာ ဝါ ဒသဓာပိ သဗ္ဗေ။
အတ္ထင်္ဂတဿ န ပမာဏမတ္ထီတိ အတ္ထင်္ဂတဿ အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ ပရိနဗ္ဗုတဿ ရူပပမာဏံ နတ္ထိ ဝေဒနာပမာဏံ နတ္ထိ သညာပမာဏံ နတ္ထိ သင်္ခါရပမာဏံ နတ္ထိ ဝိညာဏပမာဏံ နတ္ထိ၊ နတ္ထိ န သန္တိ န သံဝိဇ္ဇန္တိ နုပလဗ္ဘန္တိ ပဟီနံ သမုစ္ဆိန္နံ ဝူပသန္တံ ပဋိပဿဒ္ဓံ အဘဗ္ဗုပ္ပတ္တိကံ ဉာဏဂ္ဂိနာ ဒဍ္ဎန္တိ အတ္ထင်္ဂတဿ န ပမာဏမတ္ထိ။ ဥပသိဝါတိ ဘဂဝါ။ပ။
ယေန နံ ဝဇ္ဇံ တံ တဿ နတ္ထီတိ ယေန ရာဂေန ဝဒေယျုံ ယေန ဒေါသေန ဝဒေယျုံ ယေန မောဟေန ဝဒေယျုံ ယေန မာနေန ဝဒေယျုံ ယာယ ဒိဋ္ဌိယာ ဝဒေယျုံ ယာယ ဝိစိကိစ္ဆာယ ဝဒေယျုံ ယေဟိ အနုသယေဟိ ဝဒေယျုံ ရတ္တောတိ ဝါ ဒုဋ္ဌောတိ ဝါ မုဠှောတိ ဝါ ဝိနိဗဒ္ဓေါတိ ဝါ ပရာမဋ္ဌောတိ ဝါ ဝိက္ခေပဂတောတိ ဝါ အနိဋ္ဌင်္ဂတောတိ ဝါ ထာမဂတောတိ ဝါ။ တေသံ အဘိသင်္ခါရာနံ ပဟီနတ္တာ ဂတီယာ ယေန ဝဒေယျုံ နေရယိကောတိ ဝါ တိရစ္ဆာနယောနိကောတိ ဝါ ပေတ္တိဝိသယိကောတိ ဝါ မနုဿောတိ ဝါ ဒေဝေါတိ ဝါ ရူပီတိ ဝါ အရူပီတိ ဝါ သညီတိ ဝါ အသညီတိ ဝါ နေဝသညီနာသညီတိ ဝါ သောဟေတု နတ္ထိ ပစ္စယော နတ္ထိ ကာရဏံ နတ္ထိ ယေန ဝဒေယျုံ ကထေယျုံ ဂဏေယျုံ ဒီပေယျုံ ဝေါဟာရေယျုန္တိ ယေန နံ ဝဇ္ဇံ တံ တဿ နတ္ထိ။
သဗ္ဗေသု ဓမ္မေသု သမုဟတေသူတိ သဗ္ဗေသု ဓမ္မေသု သဗ္ဗေသု ခန္ဓေသု သဗ္ဗေသု အာယတနေသု သဗ္ဗာသု ဓာတူသု သဗ္ဗာသု ဂတီသု သဗ္ဗာသု ဥပပတ္တီသု သဗ္ဗာသု ပဋိသန္ဓီသု သဗ္ဗေသု ဘဝေသု သဗ္ဗေသု သံသာရေသု သဗ္ဗေသု ဝဋ္ဋေသု ဦဟတေသု သမုဟတေသု ဥဒ္ဓတေသု သုဥဒ္ဓတေသု ဥပ္ပါဋိတေသု သမုပ္ပါဋိတေသု ပဟီနေသု သမုစ္ဆိန္နေသု ဝူပသန္တေသု ပဋိပဿဒ္ဓေသု အဘဗ္ဗုပ္ပတ္တိကေသု ဉာဏဂ္ဂိနာ ဒဍ္ဎေသူတိ သဗ္ဗေသု သမုဟတေသု။
သမုဟတာ ဝါ ဒသဓာပိ သဗ္ဗေတိ ဒသဓာ ဝုစ္စန္တိ ကိလေသာ စ ခန္ဓာ စ အဘိသင်္ခါရာ စ။ တဿ ဝါဒါစ ဝါဒပထာ စ အဓိဝစနာ စ အဓိဝစနပထာ စ နိရုတ္တိ စ နိရုတ္တိပထာ စ ပညတ္တိ စ ပညတ္တိပထာစ သမုဟတာ ဥဒ္ဓတာ သုဥဒ္ဓတာ ဥပ္ပါဋိတာ သမုပ္ပါတိတာ ပဟီနာ သမုစ္ဆိန္နာ ဝူပသန္တာ ပဋိပဿဒ္ဓါ အဘဗ္ဗုပ္ပတ္တိတာ ဉာဏဂ္ဂိနာ ဒဍ္ဎာတိ သမုဟကာ ဝါ ဒသမာပိ သဗ္ဗေတိ။
တေနာဟ ဘဂဝါ…
အတ္ထင်္ဂတဿ န ပမာဏမတ္ထိ၊
ဥပသိဝါတိ ဘဂဝါ၊
ယေန နံ ဝဇ္ဇံ တံ တဿ နုတ္ထိ။
သဗ္ဗေသု ဓမ္မေသု သမုဟတေသု၊
သမုဟတာ ဝါ ဒသဓာပိ သဗ္ဗေတိ။
စူဠနိဒ္ဒေသပါဠိတော် (၁၁၂)
အတ္ထံ ပလေတိ န ဥပေတိ သင်္ခန္တိ အတ္ထံ ပလေတီတိ အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ ပန ပရိနိဗ္ဗာယနတ္ထံ။
န ဥပေတိ သင်္ခတန္တိ အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗုတဿ သင်္ခံ န ဥပေတိ ဥဒ္ဒေသံ န ဥပေတိ ဂဏံ န ဥပေတိ ပဏ္ဏတ္တိံ န ဥပေတိ ခတ္တိယောတိ ဝါ ဗြာဟ္မဏောတိ ဝါ ဝေဿောတိ ဝါ သုဒ္ဒေါတိ ဝါ ဂဟဋ္ဌောတိ ဝါပဗ္ဗဇိတောတိ ဝါ ဒေဝေါတိ ဝါ မနုဿော တိ ဝါ ရူပီတိ ဝါ အရူပီတိ ဝါ သညီတိဝါ အသညီတိ ဝါ နေဝသညီနာသညီတိ ဝါ သော ဟေတုနတ္ထိပစ္စယော နတ္ထိ ကာရဏံ နတ္ထိ။
ယေန သင်္ခံ ဂစ္ဆေယျာတိ အတ္ထံ ပလေတိ နဥပေတိ သင်္ခန္တိ။
စူဠနိဒ္ဒေသပါဠိတော် (၁၁၉) ၎င်းတည်း။
အနက်ကား …
ဥပသိဝ၊ ဥပသိဝ မည်သောပုဏ္ဏား။
သော၊ ထိုရဟန္တာပုဂ္ဂိုလ် ဖြစ်ပြီးသည့်နောက် ပရိနိဗ္ဗာန် ပြုခြင်းသို့ ရောက်သောသူသည်။
ဝါတဝေဂေန၊ လေအဟုန်သည်။
ခိတ္တာ၊ ပစ်လွှင့်တိုက်ခတ်အပ်သော။
အစ္စိယထာ၊ မီးလျှံကဲ့သို့။
အတ္ထံ၊ ချုပ်ခြင်းသို့။
ဝါ၊ နိဗ္ဗာန်သို့။
ပလေတိ၊ ရောက်လေ၏။
သင်္ခံ၊ ရုပ်နာမ်ခန္ဓာကို စွဲ၍ဖြစ်သော လူနတ်စသော ခေါ်ဝေါ် ပညတ်ခြင်းသို့။
နဥပေတိ၊ မရောက်။
ဣတိ၊ ဤသို့။
ဘဂဝါ၊ ငါဘုရားသည်။
အာဟ၊ ဟောတော်မူ၏။
ဣတိ၊ ဤသို့။
ဝုတ္တေ၊ ဘုရားသျှင်မိန့် ကြားတော်မူအပ်သည်ရှိသော်။
ဥပသိဝေါ၊ ဥပသိဝ မည်သော။
သော ဗြဟ္မဏော၊ ထိုပုဏ္ဏားသည်။
ဘဂဝန္တံ၊ ဘုရားသျှင်ကို။
ဧဝံ၊ ဤသို့။
အဝေါစ၊ နားတော်လျှောက်လေ၏။
အတ္ထင်္ဂတော၊ ချုပ်ခြင်းသို့ ရောက်သော။
ဝါ၊ နိဗ္ဗာန်သို့ရောက်သော။
သော၊ ထိုပရိနိဗ္ဗုတ ရဟန္တာသည်။
ဥဒဝါ၊ စင်စစ်မူလည်း။
နတ္ထိ၊ အစဉ်သန္တာန်ကွယ်ပျောက် အလုံးစုံမရှိခြင်းသို့ ရောက်သလော။
ဥဒါဟု၊ ထိုသို့မဟုတ်။
သော၊ ထိုနိဗ္ဗာန်ရောက်သွားသော ရဟန္တာသည်။
ဝေ၊ စင်စစ်။
သဿတိယာ-သဿတ ဘာဝေန၊ ရုပ်နာမ်ခန္ဓာ မပြိုမကွဲ မြဲသောအဖြစ်ဖြင့်။
အရောဂေါ၊ ပျက်စီးခြင်းမရှိ နေရဘိသလော။
မုနိ၊ မြတ်စွာဘုရား။
သာဓု၊ အကျွန်ုပ်တောင်းပန်ပါ၏။
တံ၊ ထိုသို့သောအရာကို။
မေ၊ အကျွန်ုပ်အား။
ဝိယာကရောဟိ၊ ဟောကြားတော်မူပါဘုရား။
ဟိ၊ လျှောက်ထားသင့်ပါ၏။
တေ၊ ထိုကိုယ်တော်ဘုရားသည်။
တထာ၊ ထိုသို့သော အခြင်းအရာအားဖြင့်။
ဧသ ဓမ္မာ၊ ဤသို့သော သဘော အရာကို။
ဝိဒိတော၊ သိတော်မူအပ်ပါ၏။
ဣတိ ဤသို့။ ဥပသိဝ ပုဏ္ဏား လျှောက်ထားရာ ဂါထာ၌ …
အတ္ထင်္ဂတော သော ဥဒဝါ နတ္ထီတိ၊ နတ္ထိ-ဟူရာဝယ်။
အတ္ထင်္ဂတော၊ နိဗ္ဗာန်သို့ ရောက်လေသော။
သော၊ ထို ပရိနိဗ္ဗုတ ရဟန္တာသည်။
နုတ္ထိ၊ နိဗ္ဗာန်၌ မရှိသလော။
သော၊ ထိုနိဗ္ဗာန်ဝင်သွားသော ရဟန္တာသည်။
နိရုဒ္ဓေါ၊ အစဉ်သန္တာန် ချုပ်၍ သွားသလော။
ဥစ္ဆိန္နော၊ နောက်သံသရာက လိုက်၍လာသော ပုဂ္ဂိုလ် အစဉ် ဤနိဗ္ဗာန်တွင်ပြတ်၍ သွားသလော။
ဝိနဋ္ဌော၊ နိဗ္ဗာန်ရောက်သည့်နောက် အလုံးစုံ ကွယ်ပျောက်၍ သွားသလော။
ဣတိ အတ္ထံ၊ ဤသို့ မေးလျှောက်လိုသောအနက်ကို။
သန္ဓာယ၊ ရည်ရွယ်၍။
အတ္ထင်္ဂတော သော ဥဒဝါနတ္ထီတိ၊ နတ္ထိ ဟူသော စကားကို။
အာဟ၊ ဥပသိဝပုဏ္ဏား လျှောက်ထားလေ၏။
ဥဒါဟု သဿတိယာ အရောဂေါတိ၊ အရောဂေါ-ဟူရာဝယ်။
ဥဒါဟု၊ ထိုသို့ နိဗ္ဗာန်ရောက်သည့်နောက် ပျောက်၍သွားသည် မဆိုလိုသည်ရှိသော်။
သော၊ ထိုနိဗ္ဗာန် ရောက်သွားသောသူသည်။
နိစ္စော၊ ရုပ်နာမ်ခန္ဓာ မကွာမကွဲ ထိုနိဗ္ဗာန်၌ အမြဲတည်သလော။
ဓုဝေါ၊ သံသရာမှ အစဉ်တစိုက် လိုက်၍လာသော ခန္ဓာအစဉ်ကို မလွှတ် မချွတ်မယွင်း ရှိပါသေး သလော။
သဿတော၊ ရှေးဘဝက အတ္တဟူသော အသက်ဝိညာဏ် ထိုနိဗ္ဗာန်သို့ ရောက်သဖြင့် မြဲ၍ နေသလော။
အဝိပရိဏာမဓမ္မော၊ ရုပ်ရောနာမ်ပါ ရံခါ မပျောက် မဘောက်မပြန် ထိုနိဗ္ဗာန်၌စံ၍ နေရပါသလော။
သဿတိသမံ၊ ကမ္ဘာကမ္ဘေ အမြဲတည်၍ နေသော လ နေ တို့လို မြေကြီး မြင်းမိုရ်တောင် တို့နှင့်လည်း မခြား။
တတ္ထေဝ၊ မိမိရောက်ရာ နိဗ္ဗာန် ၌သာလျှင်။
တိဋ္ဌေယျ၊ ရုပ်ရောနာမ်ပါ အမြဲတည်နေရပါသလော။
ဣတိ အတ္ထံ၊ ဤသို့ အကျယ်မေးလျှောက်လိုသော အနက်ကို။
သန္ဓာယ၊ ရည်ရွယ်၍။
ဥဒါဟုဝေ သဿတိယာ အရောဂေါတိ၊ အရောဂေါ-ဟူသောစကားကို။
အာဟ၊ ဥပသိဝပုဏ္ဏား လျှောက်ကြား၏။ (သမ္ဗန်)
တံ မေ မုနိ သာဓု ဝိယာကရောဟီတိ၊ ကရောဟိ-ဟူရာဝယ်။
ယံ၊ အကြင်နိဗ္ဗာန် ရောက်သူ ပျောက်၍သွားသည် မသွားသည်နှင့် စပ်သောအရာကို။
ပုစ္ဆာမိ၊ အကျွန်ုပ် ဥပသိဝပုဏ္ဏား လျှောက်ထားပါ၏။
ယံ၊ အကြင်ပုစ္ဆာစကားကို။
ဝစာမိ၊ ဆိုပါ၏။
ယံ၊ အကြင်နိဗ္ဗာန်ရောက်သူတို့၏ အကြောင်းခြင်းရာ သိလိုပါသည့် အရာကို။
အဇ္ဈေသာမိ၊ ဟောကြားစိမ့်ငှါ တိုက်တွန်းပါ၏။
ယံ၊ အကြင် နိဗ္ဗာန်ရောက်သူတို့နှင့်စပ်သောအရာ ကောင်းစွာ ကြားနာရပါလိမ့်မည်ကို၊
ဥပါဒါယ၊ စွဲ၍။
တံ၊ အသျှင်ဘုရားကို။ (ထည့်။)
ပသာဒေပိ၊ အကျွန်ုပ်ကြည်ညိုရင်း ဖြစ်ပါ၏။ပ။
ဥပသီဝ၊ ဥပသိဝအမည်ရသော အိုပုဏ္ဏား။
အတ္ထင်္ဂတဿ၊ နိဗ္ဗာန်သို့ရောက်သွားသော ပရိနိဗ္ဗုတရဟန္တာပုဂ္ဂိုလ်အား။
ပမာဏံ၊ တစုံတယောက်သောသူတို့နှင့် နှိုင်းရှည့်စရာ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် တရားသည်။
နတ္ထိ၊ မရှိ။
ကသ္မာ၊ အဘယ့်ကြောင့် နည်းဟူမူကား။
ယသ္မာ ၊ အကြင်ကြောင့်။
ယေန၊ အကြင် ရာဂ ဒေါသ မောဟ မာန ဒိဋ္ဌိ ဝိစိကိစ္ဆာ အနုသယဖြင့်။
နံ၊ ထိုပရိနိဗ္ဗုတသခင် နိဗ္ဗာန်ဝင်သော ရဟန္တာအသျှင်ကို။
ဝဇ္ဇံ ဝဒေယျုံ၊ တပ်စွန်းပြစ်မှားတတ်သောသူ အစရှိသည်ဖြင့် ဆိုကြကုန်ရာ၏။
တံ၊ ထိုသို့ဆိုကြောင်းဖြစ်သော ရာဂ ဒေါသ-အစရှိသော တရားယုတ်သည်။
တဿ၊ ထိုပရိနိဗ္ဗာန်စံ၍ နေသောသူအား။
နတ္ထိ၊ မရှိ။
တသ္မာ၊ ထိုသို့တပ်သောသူ ပြစ်မှားတတ်သောသူ - စသည်ဖြင့် ဆိုရကြောင်း ကိလေသာ အပေါင်းတို့ မရှိခြင်းကြောင့်။
ပမာဏံ၊ တစုံတယောက် သူတို့နှင့် နှိုင်းရှည့်စရာ ပမာဏသည်။
နတ္ထိ၊ မရှိ။
ဝါ၊ တနည်းလည်း။
သဗ္ဗေသု ဓမ္မေသု၊ အလုံးစုံကုန်သော ခန္ဓာငါးပါး ကိလေသာ အယုတ်တရား ဟူသမျှတို့ကို။
သမုဟတေသု၊ နုတ်အပ်ကုန်ပြီးသည်ရှိသော်။
ဝါ ၊ နုတ်၍ ကုန်ကတဲကပင်။
သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော ခေါ်ဝေါ်ခြင်း ပညတ်ဝေါဟာရ ဟူသမျှတို့ကိုလည်း။
ဒသဓာ၊ ဆယ်ပါးသောအပြားအားဖြင့်။
သမုဟတာ၊ နုတ်ပယ်ကုန်ပြီ။
တသ္မာ၊ ထိုသို့ ခေါ်ဝေါ် ပညတ်စရာ ဟူသမျှတို့ကို နှုတ်အပ်ပြီး သောကြောင့်။
တဿ၊ ထိုပရိနိဗ္ဗုတသခင် နိဗ္ဗာန်ဝင်သော ရဟန္တာအသျှင်မြတ်အား။
ပမာဏံ၊ ဘယ်သည် ပုဂ္ဂိုလ် ဘယ်ဟာလိုဟု နှိုင်းရှည့်စရာ ပမာဏသည်။
နတ္ထိ၊ မရှိ။
အကြွင်းပါဌ်တို့ကား အနက်လွယ်ပြီ။
အဓိပ္ပါယ် ရှင်းပြချက်
ဤ၌ “ပမာဏံ နတ္ထိ” ဟူသော စကားသည် ပြဆိုအပ်ခဲ့ပြီးသော “ဂမ္ဘီရော အပ္ပမေယျော” ဟူ၍ လာသော နေတ္တိပါဠိ သဠာယတနသံယုတ်ပါဠိ မဇ္ဈိမပဏ္ဏာသပါဠိတော်တို့နှင့် ထပ်တူထပ်မျှ သံသန္ဒန ဖြစ်သည်သာလျှင်တည်း။ ထိုကြောင့် ထိုထိုအရာတို့၌ ဂမ္ဘီရ အပ္ပမေယျ ဟူ၍ လာသမျှသည် အဘာဝမဟုတ်၊ ဘာဝချည်းသာ ဖြစ်သကဲ့သို့ ဤ၌လည်း ဂမ္ဘီရ အပ္ပမေယျ အပ္ပမာဏ ဆိုသည့် အရာဖြစ်၍ အဘာဝမဟုတ် ဘာဝသာတည်းဟု ဧကန်သိအပ်၏။
ဤစူဠနိဒ္ဒေသပါဠိတော်၌ ဂမ္ဘီရ အပ္ပမေယျ အသင်္ချေယျ ဟူ၍ မလာ၊ “အပ္ပမာဏ” ဟူ၍သာ လာသော်လည်း အပ္ပမာဏ-ဟူသည် အပ္ပမေယျပင်တည်း။ အပ္ပမေယျ ဖြစ်လျှင်လည်း ဂမ္ဘီရ အသင်္ချေယျ၊ ဖြစ်တော့သည်သာတည်း။ ထိုကြောင့် ဤစူဠနိဒ္ဒေသပါဠိတော်၌ နိဗ္ဗာန်ရောက်သွား ပြီးသော အတ္ထင်္ဂတ ပုဂ္ဂိုလ်ကိုပင် အပ္ပမာဏ အပ္ပမေယျ - ဆိုသည် ဟု တိုက်ရိုက် သိအပ်သကဲ့သို့ သဠာယတနသံယုတ် နေတ္တိပါဠိတော် မဇ္ဈိမပဏ္ဏာသပါဠိတော်တို့၌ လာသော အပ္ပမေယျ-ဂမ္ဘီရ ဟူသော အရာတို့ကိုလည်း ပရိနိဗ္ဗုတအတ္ထင်္ဂတ ပုဂ္ဂိုလ်ကိုပင် ဆိုသည်၊ အပရိနိဗ္ဗုတ သဇီဝ ရဟန္တာကို ဆိုသည်မဟုတ် ဟူ၍ ဧကန္တ မှတ်ကြကုန်။
ထိုသို့ နိဗ္ဗာန်ရောက်သွားသော အတ္ထင်္ဂတ ပရိနိဗ္ဗုတပုဂ္ဂိုလ်၏ အပ္ပမေယျ ဂမ္ဘီရ ဖြစ်၍ နေသည့် အဖြစ်ကို ယုံကြည်ကြသဖြင့်လည်း အပ္ပမေယျ ဂမ္ဘီရ-ဟူက အဘာဝမဟုတ်၊ ဘာဝသာလျှင် ဖြစ်သင့် သောကြောင့် ထိုနိဗ္ဗာန်သို့ ရောက်သွား သူတို့ အလုံးစုံပြတ်တောက် ဥစ္ဆိန္န အဖြစ်သို့ ရောက်သွားလေ ကုန်သည် ဟူသော ဥစ္ဆေဒဒိဋ္ဌိကို ပယ်ဖျောက်၍ ထိုပရိနိဗ္ဗုတပုဂ္ဂိုလ်တို့ ထိုမိမိတို့ စံရာ နိဗ္ဗာန်၌ ရုပ်နာမ်မရှိသဖြင့် အဘယ်ပုံအခြင်းအရာ အမျိုးအမည်အားဖြင့် အဘယ်လိုဟာ ဟု မနှိုင်းရှည့်နိုင်၊ အပ္ပမေယျ ဂမ္ဘီရ သဘောအားဖြင့် ဖြစ်၍ ချမ်းမြေ့သာယာ စံနေ တည်နေကြရသည်ဟူ၍ ဧကန္တနိသံသယ နိဒွေဠှက အမြဲမှတ်ကြကုန်။
ယင်းပရိနိဗ္ဗာန် စံသွားသော ပုဂ္ဂိုလ်တို့ ပျောက်၍ပြတ်၍ သွားသည် မဆိုထိုက် သည်၏ အဖြစ်သည် ဤဆိုလတ္တံ့သော ပါဠိတော်ဖြင့်လည်း အလွန်ထင်ရှား လတ္တံ့။
ခန္ဓဝဂ္ဂသံယုတ် ပါဠိတော်
ဧကံ သမယံ အာယသ္မာ သာရိပုတ္တော သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ တေန ခေါ ပန သမယေန ယမကဿ နာမ ဘိက္ခုနော ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ ဟောတိ၊ တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ၊ ယထာ ခီဏာသဝေါ ဘိက္ခု ကာယဿ ဘေဒါ ဥစ္ဆိဇ္ဇတိ ဝိနဿတိ၊ န ဟောတိ ပရမ္မရဏာတိ။
အဿေသုံ ခေါ သမ္ဗဟုလာ ဘိက္ခူ ယမကဿ ကိရ နာမ ဘိက္ခုနော ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ ဟောတိ၊ တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ၊ ယထာ ခီဏာသဝေါ ဘိက္ခု ကာယဿ ဘေဒါ ဥစ္ဆိဇ္ဇတိ ဝိနဿတိ၊ န ဟောတိ ပရမ္မရဏာတိ။ အထ ခေါ တေ ဘိက္ခူ ယေနာယသ္မာ ယမကော၊ တေနုပသင်္ကမိံ သု။ ဥပသင်္ကမိတွာ အာယသ္မတာ ယမကေန သဒ္ဓိံ သမ္မောဒိံသု။ သမ္မောဒနီယံ ကထံသာရဏီယံ ဝီတိသာရေတွာ ဧကမန္တံ နိသီဒိံသု။ ဧကမန္တံ နိသိန္နာ ခေါ တေ ဘိက္ခူ အာယသ္မန္တံ ယမကံ ဧတဒဝေါစုံ ...
သစ္စံ ကိရ တေ အာဝုသော ယမက ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ၊ တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ ယထာ ခီဏာသဝေါ ဘိက္ခု ကာယဿ ဘေဒါ ဥစ္ဆိဇ္ဇတိ ဝိနဿတိ၊ န ဟောတိ ပရမ္မရဏာတိ။ ဧဝံ ခွါဟံ အာဝုသော ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ၊ ယထာ ခီဏာသဝေါ ဘိက္ခု ကာယဿ ဘေဒါ ဥစ္ဆိဇ္ဇတိ ဝိနဿတိ၊ န ဟောတိ ပရမ္မရဏာတိ။
မာ အာဝုသော ယမက ဧဝံ အဝစ။ မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ။ န ဟိ သာဓု ဘဂဝတော အဗ္ဘာစိက္ခနံ။ န ဟိ ဘဂဝါ ဧဝံ ဝဒေယျ၊ ခီဏာသဝေါ ဘိက္ခု ကာယဿ ဘေဒါ ဥစ္ဆိဇ္ဇတိ ဝိနဿတိ၊ န ဟောတိ ပရမ္မရဏာတိ။ ဧဝံ ခေါ အာယသ္မာ ယမကာ ဘိက္ခူဟိ ဝုစ္စမာနော တထေဝ တံ ပါပကံ ဒိဋ္ဌိဂတံ ထာမသာပရာမာသာ အဘိနိဝိဿ ဝေါဟရတိ၊ တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ၊ ယထာ ခီဏာသဝေါ ဘိက္ခု ကာယဿ ဘေဒါ ဥစ္ဆိဇ္ဇတိ ဝိနဿတိ၊ န ဟောတိ ပရမ္မရဏာတိ။
ယတော ခေါ တေ ဘိက္ခူ နာသက္ခိံသု အာယသ္မန္တံ ယမကံ ဧတသ္မာ ဒိဋ္ဌိဂတာ ဝိဝေစေတုံ။ အထခေါ တေ ဘိက္ခူ ဥဋ္ဌာယာသနာ ယေနာယသ္မာ သာရိပုတ္တော၊ တေနုပသင်္ကမိံသု။ ဥပသင်္ကမိတွာ အာယသ္မန္တံ သာရိပုတ္တံ ဧတဒဝေါစုံ၊ ယမကဿ နာမ အာဝုသော သာရိပုတ္တ ဘိက္ခုနော ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ၊ တထာတံ ဘဂဝတာ ဓမ္မံ ဒေသိတံ အဇာနာမိ၊ ယထာ ခီဏာသဝေါ ဘိက္ခု ကာယဿ ဘေဒါ ဥစ္ဆိဇ္ဇတိ ဝိနဿတိ၊ နဟောတိ ပရမ္မရဏာတိ။ သာဓာယသ္မာ သာရိပုတ္တော ယေန ယမကော ဘိက္ခု၊ တေနုပသင်္ကမတု အနုကမ္မံ ဥပါဒါယာတိ။ အဓိဝါသေသိ ခေါ အာယသ္မာ သာရိပုတ္တော တုဏှိဘာဝေန၊ အထခေါ အာယသ္မာ သာရိပုတ္တော သာယနှသမယံ ပဋိသလ္လာနာ ဝုဋ္ဌိတော ယေနာယသ္မာ ယမကော၊ တေနုပသင်္ကမိ။ ဥပသင်္ကမိတွာ အာယသ္မတာ ယမကေန သဒ္ဓိံသမ္မောဒိ။ပ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ သာရိပုတ္တော အာယသ္မန္တံ ယမကံ ဧတဒဝေါစ-သစ္စံ ကိရ တေ အာဝုသော ယမက ဧဝရူပံ ပါပကံ ဒိဋ္ဌိဂတံ ဥပ္ပန္နံ၊ တထာတံ ဘဂဝတာ ဓမ္မံ ဒေသိတံ အဇာနာမိ၊ ယထာ ခီဏာသဝေါ ဘိက္ခု ကာယဿ ဘေဒါ ဥစ္ဆိဇ္ဇတိ ဝိနဿတိ၊ နဟောတိ ပရမ္မရဏာတိ။
ကံ ကိံ မညသိ အာဝုသော ယမက ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ အာဝုသော။ ဝေဒနာ။ သညာ။ သင်္ခါရာ။ ဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ အာဝုသော။ပ။ တသ္မာတိဟ ဧဝံ ပဿံ။ပ။ နာပရံ ဣတ္ထတ္ထာယာတိပဇာနာတိ။
တံ ကိံ မညသိ အာဝုသော ယမက ရူပံ တထာဂတောတိ သမနုပဿသီတိ။ နော ဟေတံ အာဝုသော။ ဝေဒနံ တထာဂတောတိ- သမနုပဿသီတိ။ နော ဟေတံ အာဝုသော။ သညံ။ သင်္ခါရေ။ ဝိညာဏံ တထာဂတောတိ သမနုပဿသီတိ။ နော ဟေတံ အာဝုသော။
တံ ကိံ မညသိ အာဝုသော ယမက ရူပသ္မိံ တထာဂတောတိ သမနုပဿသီတိ။ နော ဟေတံ အာဝုသော။ အညတြ ရူပါ တထာဂတောတိ သမနုပဿသီတိ။ နော ဟေတံ အာဝုသော။ ဝေဒနာယ။ အညတြ ဝေဒနာယ။ပ။ သညာယ။ အညတြ သညာယ။ သင်္ခါရေသု။ အညတြ သင်္ခါရေဟိ။ ဝိညာဏသ္မိံ တထာဂတောတိ သမနုပဿသီတိ။ နော ဟေတံ အာဝုသော။ အညတြ ဝိညာဏာ တထာဂတောတိ သမနုပဿသီတိ။ နော ဟေတံ အာဝုသော။
တံ ကိံ မညသိ အာဝုသော ယမက ရူပံ ဝေဒနာ သညာ သင်္ခါရာ ဝိညာဏံ တထာဂတောတိ သမနုပဿသီတိ။ နော ဟေတံ အာဝုသော။
တံ ကိံ မညသိ အာဝုသော ယမက အယံ သော အရူပီ အဝေဒနော အသညီ အသင်္ခါရော အဝိညာဏော တထာဂတောတိ သမနုပဿသီတိ။ နော ဟေတံ အာဝုသော။ ဧတ္ထ စ တေ အာဝုသော ယမက ဒိဋ္ဌေဝဓမ္မေ သစ္စတော တထာဂတော အနုပလဘီယမာနော၊ ကလ္လံနုဟေတံ ဝေယျာကရဏံ၊ တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ၊ ယထာ ခီဏာသဝေါ ဘိက္ခု ကာယဿ ဘေဒ ဥစ္ဆိဇ္ဇတိ ဝိနဿတိ၊ န ဟောတိ ပရမ္မရဏာတိ။
အဟု ခေါ မေ တံ အာဝုသော သာရိပုတ္တ ပုဗ္ဗေ အဝိန္ဒသုနော ပါပကံ ဒိဋ္ဌိဂတံ၊ ဣဒဉ္စ ပန အာယသ္မတော သာရိပုတ္တဿ ဓမ္မဒေသနံ သုတွာ တေဉ္စဝ ပါပကံ ဒိဋ္ဌိဂတံ ပဟီနံ၊ ဓမ္မော စ မေ အဘိသမိယောတိ။
သစေ တံ အာဝုသော ယမက ဧဝံ ပုစ္ဆေယျုံ၊ ယော သော အာဝုသော ယမက ဘိက္ခု အရဟံ ခီဏာသဝေါ၊ သော ကာယဿ ဘေဒါ ပရမ္မရဏာ ကိံ ဟောတီတိ၊ ဧဝံ ပုဋ္ဌော တွံ အာဝုသော ယမက ကိန္တိ ဗျာကရေယျာသီတိ။
သစေ မံ အာဝုသော ဧဝံ ပုစ္ဆေယျုံ၊ ရူပံ ဝေဒနာ သညာ သင်္ခါရာ ဝိညာဏံ အနိစ္စံ၊ ယဒနိစ္စံ တံ ဒုက္ခံ၊ ယံ ဒုက္ခံ တံ နိရုဒ္ဓံ တဒတ္ထင်္ဂတံ၊ ဧဝံ ပုဋ္ဌော အဟံ အာဝုသော ဧဝံ ဗျာကရေယျ န္တိ။ သာဓု သာဓု အာဝုသော ယမကာတိ။
သဠာယတနသံယုတ်ပါဠိတော်။
၎င်းပါဠိတော် ဂဏ္ဌိပဗ္ဗအနက်
ဧကံ သမယံ၊ တရံရောအခါ၌။
အာယသ္မာ သာရိပုတ္တော၊ အသျှင်သာရိပုတြာသည်။
သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌။ပ။
ဇေတဝနေ၊ တေဇ၀န်ကျောင်းတော်ကြီး၌။
ဝိဟရတိ၊ သီတင်းသုံးနေတော်မူ၏။ပ။
ခီဏာသဝေါ၊ ရဟန္တာဖြစ်သော။
ဘိက္ခု၊ ရဟန်းသည်
ကာယဿ၊ ကိုယ်ခန္ဓာ၏။
ဘေဒါ၊ ပျက်သည်မှ။
ပရံ၊ နောက်၌။
ဥစ္ဆိဇ္ဇတိ၊ အစဉ် သန္တာန်ပြတ်လေ၏။
ဝိနဿတိ၊ ပျောက်၍ သွား၏။
ဝါ၊ မရှိခြင်းအဘာဝသို့ ရောက်၏။
ပရမ္မရဏာ၊ သေသည်မှနောက်၌။
န ဟောတိ၊ မဖြစ်။
ဣတိ၊ ဤသို့။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။
ယထာ၊ အကြင်အခြင်းအရာအားဖြင့်။
ဝုတ္တံ၊ ဟောတော်မူအပ်၏။
တထာ၊ ထိုဘုရား ဟောတော်မူတိုင်း။
အဟံ၊ ယမက အမည်ရသော ငါသည်။
အာဇာနာမိ၊ သိကြီးသိပါ၏။ပ။
တံ၊ ထိုမိစ္ဆာဒိဋ္ဌိ အယူကို။
ထာမသာ၊ အားရှိသောအားဖြင့်။
ပရာမာသာ၊ မှားသောသုံးသပ် ခြင်းဖြင့်။
အတိနိဝိဿ၊ အလွန်အကဲ နှလုံးစွဲသည်ဖြစ်၍။
ဝေါဟရတိ၊ ပြောဆို၏။ပ။
ဧတသ္မာ၊ ထိုမိစ္ဆာဒိဋ္ဌိ ယုတ်မာဘိသော အယူမှ။
ဝါ၊ အယူကို။
ဝိဝေစေတုံ၊ ကင်းစေကြဉ်စေခြင်းငှါ။ပ။
မေ၊ ယမကမည်သော အကျွန်ုပ်သည်။
တဉ္စ၊ ထို ရဟန္တာပုဂ္ဂိုလ် စုတေသည်မှနောက် ပျောက်၍သွားသည်ဟု ယူမိသော ဥစ္ဆေဒဒိဋ္ဌိ ဟူသော ယုတ်မာသော အယူကိုလည်း။
ပဟီနံ၊ ပယ်အပ်ပေပြီ။
ဓမ္မောစ၊ သောတာပတ္တိမဂ်ဖိုလ် တရားတော်ကိုလည်း။
အဘိသမိတော၊ ထိုးထွင်၍ သိရပေပြီ။ ၎င်းပါဠိတော် ဂဏ္ဍိပဗ္ဗအနက်။
ဤပါဠိတော်၌ ပိဏ္ဍတ္ထ အဓိပ္ပါယ်ကား …
ယမကမည်သော ရဟန်းတပါးသည် ဘုရားသျှင်တရားကို ဘုရားဟောတိုင်း ငါသိပါ၏၊ ရဟန္တာ ပုဂ္ဂိုလ် စုတေပြီးနောက် ပျောက်၍သွားသည်၊ အလုံးစုံမရှိ ပြတ်တောက်၍ သွားသည်၊ ဘုရား ဟောတော်မူသည်မှန်၏ ဟု ပြောလေ့ရှိရာ များစွာသော ရဟန်းတို့က အသင်သည် ဤသို့ မဟော ပါလင့်၊ ငါတို့ မြတ်စွာဘုရား ဤသို့ မဟောပါ ဟု အခါခါ “ဆိုဆုံးမကြသော်လည်း မရ နားမထောင်ဘဲ ရှိရာ အသျှင်သာရိပုတြာမထေရ်အား ဤ ယမကရဟန်း၏ ယုတ်မာသော အယူ ရှိသည်၏ အဖြစ်ကို ရဟန်းများ လျှောက်ထားကြရာဝယ် အသျှင်သာရိပုတြာ မထေရ်မြတ်ကိုယ်တိုင် ကြွသွား ဆုံးမသည့်အခါမှ မိမိအယူဝါဒကို စွန့်နိုင်လေသည်။
ဆုံးမပုံကား …
ငါ့သျှင်ယမက ရုပ် ဝေဒနာ - စသော တရားသည် နိစ္စလော အနိစ္စလောဟု မေးရာ အနိစ္စ ဖြစ်ကြောင်းနှင့် ၎င်း ယမက ရဟန်း လျှောက်ထားရာဝယ် …
၎င်းရုပ်ဝေဒနာ စသည်တို့ကို သတ္တဝါ ဆိုမည်လောဟု မေးပြန်ရာ သတ္တဝါ မဆိုပါ ဟု လျှောက်ထားပြန်သည့်အခါ …
ရုပ် ဝေဒနာ စသည်တို့ကိုကြဉ်၍ သတ္တဝါခေါ်ဆိုသလော မေးပြန်ရာ ယင်းသို့လည်း မဟုတ်ပါဟု လျှောက်ထားပြန်သည်တွင် …
ငါ့သျှင်သည် ရုပ်လည်းမရှိ ဝေဒနာစသည်လည်း မရှိသော ဝတ္ထုကို သတ္တဝါ ဟုဆိုမည်လော မေးပြန်ရာ ဤသို့လည်း မဆိုပါဟု လျှောက်သောအခါဝယ် …
ဤသို့ ငါ့သျှင် တရားသဘောကို သိမြင်ပါတပြီးလျက် သတ္တဝါဟု မုချဆိုစရာ မရှိပါဘဲလျက် ရဟန္တာဖြစ်သော ရဟန်းဟူသော သတ္တဝါသည် ကိုယ်ခန္ဓာ ပျက်စီးသည့်နောက် အလုံးစုံပျောက်၍ ပြတ်၍ သွားသည်ဟူသော စကားကို တရားတခု ပြုလုပ်ပြောဆိုခြင်းငှါ လျောက်ပတ် ခံ့ကျန်း ပါမည်လောဟု အသျှင်သာရိပုတြာ ဆိုဆုံးမသည့် အတွင်း ယင်း ယမက ရဟန်းသည် သောတာပန် တည်သဖြင့် မိမိ၏ ပါပက ဥစ္ဆေဒ အယူကို စွန့်၍ …
အသျှင်ဘုရား အသျှင်ဘုရားတရားတော်ကို ကြားနာရပေသဖြင့် ယုတ်မာသော ဥစ္ဆေဒဒိဋ္ဌိ အယူကိုလည်း စွန့်ရပေသည်၊ တရားအထူးကိုလည်း သိမြင်ရပေသည်ဟု လျှောက်ထားရာဝယ် နောက်နောင် သူတပါးတို့က အသင့်အား ဤအကြောင်းနှင့်စပ်၍ မေးမြန်းလာသည့်ကာလ အသင် အဘယ်သို့ ဖြေကြား မည်နည်းဟု အသျှင်သာရိပုတြာက မေးပြန်သည့်အခါ …
ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တရားသည် အနိစ္စသာတည်း၊ အနိစ္စ ဟူသမျှလည်း ဒုက္ခချည်း တည်း၊ ထို အနိစ္စ ဒုက္ခဖြစ်သော ရုပ် ဝေဒနာ စသော ခန္ဓာငါးပါးတို့၏ ချုပ်ခြင်းသို့ ရောက်လေသည် ဟူ၍သာ ထိုမေးလာသူတို့အား ကြားပါ ဟု လျှောက်ထားသည်တွင် …
အသျှင်သာရိပုတြာမထေရ်က သာဓု ငါ့သျှင် သာဓုဟု ကောင်းချီးပေးတော်မူသည် ဟူလိုသတတ်။ (ပိဏ္ဍတ္ထ)
ဤယမကအမည်ရသော ရဟန်းကဲ့သို့ ရဟန္တာပုဂ္ဂိုလ်သည် သေသည်မှနောက် အလုံးစုံပျောက်၍ ပြတ်၍ သွားလေတော့သည်ဟု ဥစ္ဆေဒဒိဋ္ဌိအယူကို မယူမိကြစေလင့် ဟူလိုသတတ်။ (အနွယ ဗျင်္ဂျတ္ထ။)
ရုပ်နာမ်ခန္ဓာသာ ပျောက်၍ ပြတ်၍ သွားသည်။ ထိုရဟန္တာပုဂ္ဂိုလ်၏ကား ပျောက်၍ ပြတ်၍ မသွား မှတ်ကြရမည် ဟူလိုသတတ်။ (ဗျတိရေကဗျင်္ဂျတ္ထ။)
ရဟန္တာတို့ ဖြစ်ရာဂတိ စသည်ပြပုံ
ရဟန္တာပုဂ္ဂိုလ် ပရိနိဗ္ဗာန်ပြုပြီးသည့်နောက် အစဉ်သန္တာန်ပျောက်၍ ပြတ်၍ မသွားဆိုသော် ထိုပရိနိဗ္ဗုတ ရဟန္တာပုဂ္ဂိုလ်သည် အဘယ်သို့ သွားပါသနည်း အဘယ်၌ တည်နေပါသနည်း ဟူငြားအံ့။
“နိဗ္ဗာနံ အရဟတော ဂတိ” ပရိဝါပါဠိတော်။
“သော ဝေဒနာ ပရိညာယ၊ ဒိဋ္ဌေ ဓမ္မေ အနာသဝေါ။
ကာယဿ ဘေဒါ ဓမ္မဋ္ဌော၊ သင်္ချံ နောပေတိ ဝေဒဂူ … ”
ဟူသော သဠာယတနသံယုတ်ပါဠိတော် (၄၈) တို့နှင့်အညီ ထိုပရိနိဗ္ဗုတ ရဟန္တာ အသျှင်သည် နိဗ္ဗာန်သို့ ရောက်သွားလေသည်၊ နိဗ္ဗာန်၌တည်နေသည် ဟူ၍မှတ်။
ထိုနိဗ္ဗာန်၌ ထိုပရိနိဗ္ဗုတ ရဟန္တာသည် လူဖြစ်၍ တည်သလော၊ နတ်ဖြစ်၍ တည်သလော ဟူငြားအံ့။
ဧဝံ ဂုဏော အရဟာဘာဝါဒီသု ကတ္ထစိ ပုနဗ္ဘဝါဘာဝတော မနုဿဒေဝါတိ သင်္ချံ နဥပေတိ၊ အပညတ္တိကသဘာဝမေဝ ဂစ္ဆတိ။ ဣတိဝုတ်အဋ္ဌကထာ (၂၀၂) စသည်တို့နှင့်အညီ လူဟူ၍ နတ်ဟူ၍ ရေတွက် အပ်သည်၏ အဖြစ်သို့ မရောက်၊ လူနတ်စသည်ဖြင့် ပညတ်အပ်သည့် သဘောကို လွန်၍ လူနတ်-စသည် မခေါ်ဆိုနိုင်၊ အလွန်နက်နဲသော ဂမ္ဘီရသဘောသို့ ရောက်၍တည်၏ဟု မှတ်အပ်၏။
အပ္ပဋိသန္တိကဿ၊ ပဋိသန္ဓေ တဘန်နေစရာ မရှိသော။
ခီဏာသဝဿ ၊ ရဟန္တာပုဂ္ဂိုလ်၏။
စရိမကစိတ္တံ၊ စုတိစိတ်သည်၊
ဝါ၊ စုတိစိတ်ဖြင့် မှတ်အပ်သော ခန္ဓာငါးပါး အပေါင်းသည်။
နိရုပါဒါနတော၊ လောင်စရာဝတ္ထု မရှိသောကြောင့်။
အနုပါဒါနော၊ လောင်စရာကို မရသော။
ဇာတဝေဒေါ ဝိယ၊ တောမီးကဲ့သို့။
ပရိနိဗ္ဗုတံ၊ ငြိမ်းလေတော့၏။
ဣဒံ နာမ၊ ဤမည်သော ဘဝကို။
နိဿိတံ၊ မှီလေသေး၏။
ဝါ၊ ဘဝတပါး ရောက်သွားလေသေး၏။
ဣတိ၊ ဤသို့ ဆိုစရာသည်။
န ပညာယတိ၊ မထင်။
ဣတိ၊ ဤသို့။
ဝဒန္တော၊ ဆိုတော်မူသော၊ဘုရားသည်။
ဝါ၊ ဆိုသောသူ ဟူသမျှသည်။
ဧတ္တာဝတာ၊ ဤမျှလောက်သောစကားဖြင့်။
ဥစ္ဆေဒဝါဒီ၊ ဥစ္ဆေဒဝါဒီရှိသော သူသည်။
ကိံ ဘဝတိ၊ အသို့ဖြစ်နိုင်ပါ အံ့နည်း။
အဟံ၊ ငါဘုရားသည်။
ကဒါစိပိ၊ တရံ တခါမျှလည်း။
အတ္တာနာမ၊ အတ္တမည်သော။
ကောစိ၊ တစုံတခုသည်။
အတ္ထိ၊ ရှိသေး၏။
ဣတိ၊ ဤသို့။
န ဝဒါမိ၊ ဟောတော်မမူ။
ဧဝံ သန္တေ၊ ဤသို့ဖြစ်ပါလျက်။
ကိံ ၊ အဘယ်သို့သော အရာကို။
နိဿယ၊ မှိကြကုန်၍။
မောဃပုရိသာ၊ မဂ်ဖိုလ်မပြီး အချည်းနှီးသော တိတ္ထိတို့သည်။
ဝဒန္တိ၊ ဥစ္ဆေဒဝါဒအားဖြင့် ငါ့အား စွပ်စွဲပြောဆိုကြကုန်ဘိသနည်း။
သတော-သတ္တသ နာမ၊ သတ္တ ဇီဝ အတ္တအယူမည်သည် ငါ့အား ရှိသော်သာလျှင်။
ဘဝေယျ၊ ယင်းသို့ ဥစ္ဆေဒဝါဒဖြင့် စွပ်စွဲခြင်းဖြစ်သော် ဖြစ်ခဲ့ရာ။
ဣတိအယံ၊ ဤသည်လျှင်။
ဧတ္ထ၊ ဤ “ကိံ ဧတ္တာဝတာ ဥစ္ဆေဒဝါဒီ ဘဝတိ “ ဟူသောစကား၌။
အဓိပ္ပါယော၊ အဓိပ္ပါယ်တည်း။
ဤသို့ မူလပဏ္ဍာသဋီကာ (၉၈) ၁င်္ဝး၊ ဒါ-အင်္ဂါတွင် လာရှိသည့်အတိုင်း ရဟန္တာအသင်တို့ စုတိကျသည့်အခါ ရုပ်နာမ်ခန္ဓာ တဘန်အသစ် မဖြစ် ငြိမ်းကြီး ငြိမ်းလေတော့၏ ဟူ၍သာ ပြောဆိုသူတို့အား ဥစ္ဆေဒဒိဋ္ဌိမဖြစ်၊ ထိုရဟန္တာများ လုံးလုံးပျောက်သွား ပြတ်သွား ကြလေတော့သည် ဟု ယူမှ ဟောပြောမှ သာလျှင် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်သည်မှတ်။
ဤဋီကာ၌ “ သတော သတ္တဿ နာမ ဘဝေယျ” ဟူသော နောက်ပါဌ် တစိတ်ကိုသာ ထောက်မိသဖြင့် သတ္တ-ဟူသော အတ္တ ရှိ၏၊ ထိုသတ္တဝါ အတ္တသည် ပြတ်၏ ပျောက်၏ဟူ၍ ယူမှသာ ဥစ္ဆေဒဒိဋ္ဌိဖြစ်သည်၊ နိဗ္ဗာန်ရောက်သူတို့ ပျောက်၍ ပြတ်၍ သွားလေတော့၏ ဟု ယူကာမျှဖြင့် ဥစ္ဆေဒဒိဋ္ဌိမဖြစ် ဟု မမှတ်အပ်။ ယင်းဋီကာဖြင့် ယင်းအနက်ကို မပြသောကြောင့်တည်း။ အကယ်၍ ယင်း အနက်ကို ပြခဲ့လျှင် “ အတ္ထင်္ဂတောသော ဥဒ ဝါနတ္ထိ၊ ဥဒါဟု ဝေ သဿတိယာ အရောဂေါ “ ဟူ၍ ဥပသိဝပုဏ္ဏား လျှောက်ထားသော အချက်၌ “ အတ္ထင်္ဂတဿ န ပမာဏမတ္ထိ” ဟု ဘုရားသျှင် မိန့်ကြားတော်မူအပ်သော စူဠနိဒ္ဒေသပါဠိကို ဘွင့်ဆိုသော ၎င်း စူဠနိဒ္ဒေသအဋ္ဌကထာ (၂၉) ၌ …
အထဿ ဘဂဝါ တဿ အတ္ထိတာယ သဿတော၊ နတ္ထိတာယ ဥစ္ဆေဒေါ။ တဒုဘယံ အနိစ္ဆန္တော အာဟ အတ္ထင်္ဂတဿ န ပမာဏမတ္ထီတိ ဟူ၍ ဘွင့်ဆိုသော နိဗ္ဗာန်ရောက်၍နေသူ သာမည-နှင့်စပ်သော ၎င်းပါဠိတော် အဋ္ဌကထာတို့ လှလှသား ဆန့်ကျင်ခဲ့တော့မည်မှတ်။ ၎င်းပါဠိအဋ္ဌကထာ တို့ကို ပါဌ်အနက် အကျယ်နှင့်တကွ အောက်၌ အတန်တန် ပြခဲ့ပြီးသလျှင်ကတည်း။
နိဿရဏန္တိ ဟိ နိဗ္ဗာနဿေတံ နာမံ၊ တယော ခေါ မေ ဘိက္ခဝေ ဓမ္မာ ဒုပ္ပဋိဝိဒ္ဓါ။ ကတမေ တယော။ ကာမာနမေတံ နိဿရဏံ၊ ယဒိဒံ နေက္ခမ္မံ။ ရူပါနမေတံ နိဿရဏံ၊ ယဒိဒံ အရူပံ။ ယံ ခေါ ပန ကိဉ္စိ ဘူတံ သင်္ခတံ ပဋိစ္စသမုပ္ပန္နံ၊ နိရောဓော တဿ နိဿရဏန္တိ ဟိ ဝုတ္တံ။ ဧဝံ ဝုတ္တဿ နိဿရဏဿ အဘာဝါပတ္တိဒေါသတော ပဌမဇ္ဈာနအာကာသာနဉ္စာယတနာဒီနံပိ အဘာဝေါ ဘဝေယျ၊ တသ္မာ အယုတ္တံ အက္ခယဿ နိဗ္ဗာနဿ ခယဒေါသာပဇ္ဇနန္တိ။
ဟိ၊ ဆိုသင့်စွ။
နိဿရဏန္တိ ဧတံ၊ နိဿရဏံ-ဟူသော ဤအမည်သည်။
နိဗ္ဗာနဿ၊ နိဗ္ဗာန်၏။
နာမံ၊ အမည်တည်း။
ဟိ၊ သင့်စွ။
ဘိက္ခဝေ၊ ရဟန်းတို့။
တယော၊ သုံးပါးကုန်သော။
ဣမေ ဓမ္မာ၊ ဤတရားတို့ကို။
ဒုပ္ပဋိဝိဒ္ဓါ၊ ထိုးထွင်း၍ သိနိုင်ခဲကုန်၏။
ကတမေ တယော၊ အဘယ်သုံးပါးတို့ နည်းဟူမူကား။
ယဒိဒံ နေက္ခမ္မံ၊ အကြင်ပဌမစျာန်သည်။
အတ္ထိ၊ ရှိ၏။
ကာမာနမေတံ၊ ကာမဂုဏ် ကာမတဏှာတို့၏။
ဝါ၊ တို့မှ။
နိဿရဏံ၊ ထွက်မြောက်ခြင်းဟု ဆိုအပ်သော။
ဝါ၊ ထွက်မြောက်ကြောင်းဖြစ်သော။
ဧတံ နိဿရဏံ၊ ဤပဌမဈာန်ဟူသော နိဿရဏဓမ္မလည်း တပါး၊
ယဒိဒံ အရူပံ၊ အကြင်အရူပဈာန်သည်။
အတ္ထိ၊ ရှိ၏။
ရူပါနံ၊ ရုပ်တရား တို့၏။
ဝါ၊ ရုပ်တရားတို့မှ။
နိဿရဏံ၊ ထွက်ခြင်းဟု ဆိုအပ်သော။
ဧတံ နိဿရဏံ၊ ဤအရူပဈာန်ဟူသော နိဿရဏဓမ္မလည်း တပါး။
ခေါ ပန၊ စင်စစ်အားဖြင့်။
ဘူတံ၊ ထင်ထင်ရှားရှားကြီး ဖြစ်သော။
သင်္ခတံ၊ သင်္ခတတရား ဟု ဆိုအပ်သော။
ပဋိစ္စသမုပ္ပန္နံ၊ အကြောင်းတရားတို့ကို စွဲမှီ၍ဖြစ်သော။
ယံ ကိဉ္စိဘူတံ၊ အကြင် ခန္ဓာငါးပါးသည်။
(ဘူတံ-တခုတည်းလျက် နှစ်ချက်ရ အနက် ပေးသည်မှာ သိလေသ-နည်းတည်း။)
အတ္ထိ၊ ရှိ၏။
တဿ၊ ထိုခန္ဓာကိုယ်ကောင်အား။
ဝါ၊ ထိုကိုယ်ကောင်ဒြဗ်မှ။
နိဿရဏံ၊ ထွက်မြောက်ခြင်းဟု ဆိုအပ်သော။
ဝါ၊ ထွက်မြောက်ရာဖြစ်သော။
နိရောဓော၊ နိဗ္ဗာန်ဟူသော နိဿရဏလည်း တပါး။
ဣတိ၊ ဤကား သုံးပါးတည်း။
ဣတိ၊ ဤသို့။
ဝုတ္တံ၊ ဘုရားသျှင်ဟောတော်မူအပ်ပြီ။
ဧဝံ၊ ဤသို့။
ဝုတ္တသ၊ ဟောတော်မူအပ်သော။
နိဿရဏဿ၊ နိဿရဏသုံးပါးတွင် တပါးအဝင်ဖြစ်သော နိဗ္ဗာန်ဟူသော နိသရဏတရား၏။
အဘာဝါပတ္တိဒေါသတော၊ အကယ်လုံးလုံးမရှိသော တုစ္ဆ အဘာဝ အဖြစ်သို့ ရောက်သော ဒေါသကြောင့်။
ပဌမဇ္ဈာနအာကာသာနဉ္စာယတနာဒီနံပိ၊ ပဌမဈာန် အာကာသာနဉ္စာယတနဈာန် - အစရှိသည် တို့၏လည်း။
အဘဝေါ၊ အချည်းနှီး တုစ္ဆ အဘာဝဖြစ်ခြင်းသည်။
ဘဝေယျ၊ ဖြစ်ခဲ့ရာ၏။
တသ္မာ၊ ထို့ကြောင့်။
အက္ခယဿ၊ မိမိဖြစ်ပေါ်လာပြီးနောက် ဘယ်လောက်ပင် ကာလကြာသော်လည်း မကုန်နိုင်သော သဘောရှိသော။
နိဗ္ဗာနဿ၊ နိဗ္ဗာန်၏။
ခယဒေါသာပဇ္ဇနံ၊ ခယ ဟူသော အပြစ်သို့ ရောက်ခြင်းသည်။
ဝါ၊ ရုပ်နာမ်ခန္ဓာ ကုန်သွားရခြင်းမျှ၏ နိဗ္ဗာန်မည်ရသော အပြစ်သို့ ရောက်ခြင်းသည်။
အယုတ္တံ၊ မသင့်ပေ။
ဤသို့ အဘိဓမ္မာဝတာရ (၁၁၀) င်္၉း-ပေ။ ဃု-အင်္ဂါတွင်လာသည့် စကားရပ်သည်လည်း နိဗ္ဗာန်၏ အဘာဝ မဟုတ်သည်၏အဖြစ် ဘာဝစစ်စစ် ဖြစ်သော အဖြစ်ကို ပြုကြသော အဋ္ဌကထာ ဋီကာကျမ်း ဟူသမျှတို့ထက် အလွန်ထင်ရှား သိသာသော ယုတ္တိစကားပေ ဟူ၍ မှတ်အပ်၏။
အပိစ၊ တနည်းသော်ကား။
ကိလေသက္ခယောနာမ၊ ကိလေသာကုန်ခြင်း ဟူသော ခယမည်သည်ကို။
သပ္ပုရိသေဟိ၊ သူတော်ကောင်းဖြစ်သူ လောကီ ဈာန်ရပုဂ္ဂိုလ် မဂ်ပုဂ္ဂိုလ် ဖိုလ်ပုဂ္ဂိုလ်တို့သည်။
ကရီယတိ၊ ပြုပြင်နိုင်၏။
ယထာနုရူပါယ ပဋိပတ္တိယာ၊ ထိုက်လျောက်ပတ်သော သမထ ဝိပဿနာဈာန် မဂ် ဖိုလ် ဟူသော အကျင့်မြတ်ဖြင့်။
ဥပါဒီယတိ၊ ဖြစ်စေနိုင်၏။
နိဗ္ဗာနံ ပန၊ နိဗ္ဗာန်ကိုကား။
ကေနစိ၊ တစုံတယောက်သောသူသည်။
န ဥပါဒီယတိ၊ မဖြစ်စေနိုင်။
ဣတိ-တသ္မာ၊ ထိုကြောင့်။
တံ၊ ထိုနိဗ္ဗာန်သည်။
အမတံ၊ အမတမည်၏။
အသင်္ခတံ၊ အသင်္ခတလည်း မည်၏။
ဤသို့၎င်း အဘိဓမ္မာဝတာရအဋ္ဌကထာ။ င်္၉း-ပေ၊ ဃုအင်္ဂါတွင် လာသော စကားသည်လည်း နိဗ္ဗာန်၏ အသင်္ခတမည်ခြင်း အကြောင်းကို ပြဆိုသော စကားအရပ်ရပ်တို့တွင် အလွန်ပေါ်ထင်သော စကားပေတည်း ဟု သိအပ်၏။
ဤပါဠိအဋ္ဌကထာတို့၌ …
“အတ္ထင်္ဂတော၊ နိဗ္ဗာန်ရောက်သွားသော။
သော၊ ထိုရဟန္တာသည်။
ဥစ္ဆိန္နော၊ ပျက်စီးပြတ်တောက် အချည်းနှီးသို့ ရောက်သွားလေသလော။
ဥဒါဟု၊ ထိုသို့မဟုတ်။
သော၊ ထိုနိဗ္ဗာန်ရောက်သွားလေသော သူသည်။
တတ္ထ၊ ထိုနိဗ္ဗာန်၌။
သဿတိယာ၊ မြဲ၍နေသောအားဖြင့်။
အရောဂေါ၊ ရုပ်နာမ်ခန္ဓာ မပျက်မစီး ပကတိအတိုင်း တည်လေသလော”
ဟု ဥပသိဝပုဏ္ဏား တဲ့တဲ့ကြီး လျှောက်ထားရာဝယ်။
“အတ္ထင်္ဂတဿ၊ နိဗ္ဗာန်ရောက်သွားလေသော သူအား။
ပမာဏံ၊ ဘုရား ပစ္စေကဗုဒ္ဓါ သာဝက - စသည် တို့ဖြင့် ခေါ်ဆိုနိုင်ကြောင်း နှိုင်းရှည့်ကြောင်းသည်။
နတ္ထိ၊ မရှိ”
ဤသို့သာ မိန့်ဆိုတော်မူသည်။ နိဗ္ဗာန် ရောက်သူတို့၏ အတ္တသည် ထိုနိဗ္ဗာန်၌ ပြတ်၍သွားသလော စသည်ဖြင့် အတ္တကို ထုတ်ဘော်၍ မေးခြင်းခြင်း မရှိ။ ယင်းစကားကို ဘွင့်ဆိုသော အဋ္ဌကထာ ၌လည်း …
“အထ၊ ထိုသို့ဥပသိဝပုဏ္ဏားကနိဗ္ဗာန်ရောက်သွားသူပျောက်၍သွားသလော၊ ထိုနိဗ္ဗာန်၌ သဿတဖြစ်၍နေသလော”ဟု မေးလျှောက်သောအခါဝယ်”
အဿ၊ ထိုနိဗ္ဗာန် ရောက်သွားသောသူ၏။
အတ္ထိတာယ၊ ထိုနိဗ္ဗာန်ဝယ် မကွယ်ရုပ်နာမ် အမှန်ထင်ရှား ရှိသောအားဖြင့် ဖြေကြားခဲ့ရာ၌။
သဿတော၊ သဿတဖြစ်ခဲ့ရာ၏။
နတ္ထိတာယ၊ တစုံတရာ ဘယ်ဟာတခုမျှမရှိ ဖြေကြားခဲ့သော်။
ဥစ္ဆေဒေါ၊ ဥစ္ဆေဒဝါဒ ဖြစ်ခဲ့ရာ၏၊
တဒုဘယံ၊ ထိုနှစ်ပါးလုံးကို။
အနိစ္ဆန္တော၊ အလိုတော် မရှိသည်ဖြစ်၍။
“ဘဂဝါ၊ ဘုရားသျှင်သည်။
အတ္ထင်္ဂတဿ န ပမာဏမတ္ထီတိ၊ မတ္ထိ -စသော စကားကို။
အာဟ၊ မိန့်တော်မူ၏”
ဟူ၍သာ ဘွင့်ဆိုတော်မူသည်။
နိဗ္ဗာန်ရောက်သူတို့့၏ အတ္တပြတ်သည် မြဲသည်-စသည်နှင့် စပ်သောစကားတို့ကို ဘွင့်ဆိုသည့် အချက်မရှိ၊ ထိုကြောင့် နိဗ္ဗာန်ရောက်သူတို့၏ အတ္တပြတ်သည် ဆိုမှ ယူမှ ဥစ္ဆေဒဒိဋ္ဌိဖြစ်သည် မဟုတ်။ နိဗ္ဗာန်ရောက်သူတို့ အလုံးစုံ ပျောက်သွား ပြတ်သွားလေတော့သည်ဟု ယူမှားကြလျှင် ဥစ္ဆေဒဒိဋ္ဌိ ဖြစ်ကြရမည် ဧကန် မှတ်ကြကုန်။
ဤပါဠိတော်လာ “အတ္ထင်္ဂတဿ န ပမာဏမတ္ထိ” စသောစကား “န သော ပမာဏမေတိ” စသော အောက်၌ ညွှန်းပြအပ်ခဲ့ပြီးသော ဣတိဝုတ်ပါဠိတော်။ “ရူပသင်္ခါဝိမုတ္တော ခေါ မဟာရာဇ တထာဂတော ဂမ္ဘီရော အပ္ပမေယျာ” စသော ရှေး၌ညွှန်းပြအပ်ခဲ့ပြီးသော သဠာယတနသံယုတ် ပါဠိတော်။ “ရူပသင်္ခါဝိမုတ္တော ခေါ ဝစ္ဆ တထာဂတော ဂမ္ဘီရော အပ္ပမေယျော” စသော ယခင်ညွှန်းပြ အပ်ခဲ့ပြီးသော မဇ္ဈိမပဏ္ဏာသပါဠိတော် “ရူပသင်္ခယေ ဝိမုတ္တော တထာဂတော အဂ္ဂီတိ န ဥပေတိ” စသော အောက်၌ ထုတ်ဆောင် အပ်ခဲ့ပြီးသော နေတ္တိပါဠိတော်စကား အလုံးစုံတို့သည် ယမုနောဒကေန ဂင်္ဂေါဒကံ သံသန္ဒန နိဗ္ဗာန် ရောက်သွား ထိုထိုနိဗ္ဗာန်၌ အပ္ပမေယျ အပ္ပမာဏ ဂမ္ဘီရ ဖြစ်၍နေသည်ကို ပြဆိုတော်မူသော ပါဠိတော်ချည်း ဟု နိသံသယ မှတ်ကြကုန်။
ပူတိဗန္ဓနာဝါယ အနုပုဗ္ဗေန ဘိဇ္ဇိတွာ အပဏ္ဏတ္တိကဘာဝူပသမော ဝိယ ခီဏာသဝဿ ဥပါဒိန္နကခန္ဓဘေဒေန အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗုတဿ အပဏ္ဏတ္တိကဘာဝူပ- ဂမောတိ။ ခန္ဓဝဂ္ဂသံယုဂ် အဋ္ဌကထာ (၃၀၃)
အဖွဲ့ပုပ်ဆွေးပျက်ပြား တခြားစီ မျောသွားသော ပျဉ်ချပ်ပျဉ်ပြားတို့၏ လှေဟူသော အမည်ပညတ် မရှိခြင်းသို့ ရောက်သည်နှင့်အတူ ပရိနိဗ္ဗာန်ပြုပြီးသော ရဟန္တာပုဂ္ဂိုလ်၏ ဥပါဒိန္နကခန္ဓာ ပျက်ချုပ် သဖြင့် အနုပါဒိသေသနိဗ္ဗာန်၌ တည်နေသည့်အခါ လူဟူ၍ နတ်ဟူ၍ ပညတ်အပ်သော သဘောမရှိ၊ ယင်းပညတ်အပ်သော သဘောကို လွန်၍နေသည် ဟူလိုသတတ်။
ဤခန္ဓဝဂ္ဂသံယုတ်အဋ္ဌကထာ၌ “ အပဏ္ဏတ္တိကဘာပူပဂမော” ဟူသည်နှင့် “သင်္ခံ န ဥပေတိ၊ ဂဏနံ န ဥပေတိ၊ ဥဒ္ဒေသံ န ဥပေတိ” စသော စူဠနိဒ္ဒေသ ပါဠိတော် “အသင်္ချေယျော နိဗ္ဗုတောတွေဝ သင်္ချံ ဂစ္ဆတိ” ဟူသော နေတ္တိ ပါဠိတော် - စသည်တို့ကား အဓိပ္ပါယ် တချက်တည်းပင်တည်း။
ခေါ်ဝေါ်ပညတ်စရာ မရှိသော အဖြစ်သို့ ရောက်သည်ဟူသော စကား, ပညတ်အပ်သည်သို့ မရောက် ရေတွက်အပ်သည် အဖြစ်သို့မရောက် ဟူသောစကား တို့သည် စကားဆိုပုံ ပရိယာယ်သာ ထူးခြားသည်။ အဓိပ္ပါယ်အားဖြင့်ကား တသားတည်းပင် ဟူလိုသတည်း။
ဘတ်ရှုသူတို့အား မှာထားပုံ
ဤပနိဗ္ဗုတပုဂ္ဂိုလ်တို့ ပရိနိဗ္ဗာန်ပြုပြီးသည့်နောက် အလျှင်းကွယ်ပျောက် ပြတ်တောက် အချည်းနှီး အဘာဝအဖြစ်သို့ ရောက်တော့သည်ဟု ဆရာကြီး ဆရာငယ် ကျမ်းတတ် ကျမ်းမတတ် အရပ်ရပ် တပြည်လုံး အယူဝါဒ ပြောကြ ဆိုကြသော အရာသည် မင်းအဆက်ဆက် ဆရာစဉ်ဆက် ရှေး ပဝေဏီကြီးအထက် ကပင် များသောအားဖြင့် ဖြစ်၍လာသောကြောင့်၎င်း …
ယင်းအရာနှင့်စပ်၍ လာသော ပါဠိ အဋ္ဌကထာ ဋီကာတို့၏ အမှန်အကန် သိနိုင်ကြမည့်အရာ အလွန် ခက်ခဲသောကြောင့်၎င်း …
ယင်းအရာနှင့်စပ်၍ စကား စပ်မိတိုင်း စပ်မိတိုင်း သာဓကပါဌ် အတန်အရာ ဆိုဦးမှ သောတုဇနတို့ နှစ်မြို့နားလည် နိုင်ကြစရာရှိသည်ဖြစ်၍ ရွေးထုတ်ဆိုအပ် ခဲ့ပြီးသော ပါဠိ အဋ္ဌကထာ သာဓက များကို ထပ်၍ပြဆိုရသော အရာလည်းရှိသည်၊ ယင်းသို့ပြဆိုရာ ပညာရှိအများ ယုံကြည်ဘွယ်ဖြစ်စေ ခြင်းငှါ အထူးထူးသော ဂန္ထန္တရတို့နှင့် နှီးနှော၍ ပြဦးမှ ယုတ္တတရ ဒဠှတရ ဖြစ်မည်ဖြစ်သောကြောင့် အထူးထူးသော ဂန္ထန္တရတို့ကို ထုတ်ဆိုရာဝယ် ရှေ့ဆိုအပ်ပြီးသည်ကို အထပ်ထပ်ဆို၍ နေသကဲ့သို့ ထင်စရာ အောက်မေ့စရာ အရာများလည်း ရှိသည်။ ရှေ့ဆိုအပ်ခဲ့ပြီးသော စကား၏ အလွန် အဆက်ဝေး၍ နေသောကြောင့် ထိုစကားကို သတိမရ မရှုမိကြသော သူတို့အား နားလည်စေလိုလှ၍ အချို့အရာ၌ ထပ်မံ ပြဆိုရသော အရာလည်း စိုးစဉ်းရှိသည်။
ထို့ကြောင့် ယင်းသို့ ပုနရုတ္တိဒေါသအရာ ထင်တိုင်းထင်တိုင်း ပညာခေါင်ထိ သတိဝေပုလ္လ ကျမ်းတတ် သခင် ပညာရှင်တို့ “ ကရုဏာယေဝါယံ ပရာဓော” ဟု အဓိဝါသနပြုတော်မူကြပါစေကုန်သတည်း။
သမုဒ္ဒေါပမာ ဂမ္ဘီရဂေါစရာ ကျမ်းဂန်အရာ လွန်စွာနက်နဲ ခက်ခဲလှသည်နှင့် လျော်စွာ ရဟန္တာ သော်မှလည်း လေခယွင်းယို ရှိတတ်ချေ၏ ဟု ဥဒါန်းပြုကြသည့်အတိုင်း နိဗ္ဗာန်အခြင်းအရာ နိဗ္ဗာန်ရောက်သူ ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၏ အခြင်းအရာ မှတပါး လိုရင်း မဟုတ်လှသော ၀စနာလင်္ကာရ အရာများတို့၌ ပမာဒလေခ ဒုရုတ္တဝစနအရာ စဉ်းငယ်ထင်တော်မူလာကြ၍ ရှိလျှင်လည်း “အနတိက္ကမန သဘာဝေါ သမ္မောဟဿဝါယံ ဒေါသော” ဟု အဇ္ဈုပေက္ခန ပြုတော်မူနိုင်ကြ ပါစေကုန်သတည်း၊
နတ်ချမ်းသာနှင့် ခံစားသူ ဥပမာစသည်ဖြင့် ရှင်းပြပုံ
“ဒိဗျံ သုခံ ဥပလဗ္ဘတိ ဒိဗျဿ သုခဿ ပဋိသံဝေဒီ ဥပလဗ္ဘတီတိ နဟေဝံ ဝတ္တဗ္ဗေ” ဟူ၍ လာသော ကထာဝတ္ထုပါဠိတော် (၄၄) ဝယ် နတ်ချမ်းသာသာ ရှိသည်၊ နတ်ချမ်းသာကို ခံစားရသောသူကား မရှိဆိုသော အချက်၌ ပရမတ္ထ သဘောအားဖြင့် လူ နတ် ပုဂ္ဂိုလ် သတ္တဝါဟူသည် ထင်ရှားမရှိသည်ကို ရည်၍ ဟောတော်မူသည်၊ ခံစားခြင်း ဝေဒနာမရှိ ဆိုလိုသည် မဟုတ်။
“ပုဂ္ဂလဝသေန သကဝါဒီ ပဋိက္ခေပေါ ဝေဒိတဗ္ဗော၊ နဝေဒယိတ ဝသေန” ၎င်း အဋ္ဌကထာ (၁၃၄) ကိုထောက်။
“ဒိဗျံ သုခံ ဥပလဗ္ဘတိ ဒိဗျဿ သုခဿ ပဋိသံဝေဒီ ဥပလဗ္ဘတီတိ အာမန္တာ …
ဟု လာပြန်သော ၎င်း ကထာဝတ္ထုပါဠိတော် (၄၄) ၌ နတ်ချမ်းသာလည်း ရှိ၏။ နတ်ချမ်းသာကို စံစား ရသောသူလည်း ရှိ၏-ဟု မိန့်ဆိုတော်မူသော အချက်၌ သမ္မုတိပညတ်အားဖြင့် ပုဂ္ဂိုလ်သတ္တဝါ ရှိသည့်အဖြစ်ကို ရည်၍ မိန့်တော်မူသတည်း။
“မာနုသကဿ သုခဿ ပဋိသံဝေဒီ ဥပလဗ္ဘတီတိ အာမန္တာ …”
ဟူသော အချက်၌လည်း ဤနည်းအတူပင်၊ သမ္မုတိပညတ်အားဖြင့် လူချမ်းသာကို ခံစားရသော သူရှိ၏ ဟူသောအနက်ကို ရည်တော်မူ၍ပင် ဟောတော်မူသည်။
“နိဗ္ဗာနံ ဥပလဗ္ဗတိ နိဗ္ဗာနဿ ပဋိသံဝေဒီ ဥပလဗ္ဘတီတိ နဟေဝံ ဝတ္တဗ္ဗေ …”
ဟူသော ၎င်း ကထာဝတ္ထုပါဠိတော်(၄၄) ဖြင့် နိဗ္ဗာန်သာ ရှိသည်။ နိဗ္ဗာန်ကို ခံစားရသောသူမရှိ ဟု ဟောတော်မူ၌ ပရမတ္ထသဘော အားဖြင့်၎င်း သမ္မုတိပညတ် အရာအားဖြင့်၎င်း နိဗ္ဗာန်ကို ခံစား ရသောသူ ဟူသည် မရှိဟူ၍ ဟောတော် မူသည်မှတ်။
အဘယ့်ကြောင့်နည်း ဟူမူကား နိဗ္ဗာန်သို့ရောက်၍ နေသော ရူပသင်္ခါဝိမုတ္တ ဝေဒနာသင်္ခါဝိမုတ္တ သမ္မာသင်္ခါဝိမုတ္တ သင်္ခါရသင်္ခါဝိမုတ္တ ဝိညာဏသင်္ခါဝိမုတ္တ ပရိနိဗ္ဗုတခီဏာသ၀ အသျှင်တို့အား ယင်းရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် တို့မှ လွတ်နေသည်ဖြစ်၍ ပရမတ္ထအားဖြင့်လည်း နိဗ္ဗာန်ကို ခံစားရသူရှိသည် မဆိုထိုက်၊ ထိုသို့ ရုပ် ဝေဒနာ-စသည် မရှိသည်ဖြစ်၍ ယင်း ရုပ် ဝေဒနာစသည်ကို စွဲ၍ဖြစ်သော လူ နတ် စသော ပညတ်မျိုးမှလည်း လွတ်၍နေသောကြောင့် သမ္မုတိပညတ် အရာအားဖြင့်လည်း နိဗ္ဗာန်ကို ခံစားရသူ ရှိသည်ဟူ၍လည်း မဆိုထိုက်သောကြောင့်တည်း။
ယင်းသို့ဖြစ်လျှင် ယင်းနိဗ္ဗာန်ကို ခံစားရသူ မရှိရကား ယင်းနိဗ္ဗာန်ဖြင့် ယင်း နိဗ္ဗာန်ရောက်သူ ဝေနေယျလူတို့အား အဘယ်အကျိုး ရှိပါတော့အံ့ နည်းဟူငြားအံ့ အကျိုးအနန္တ အသင်္ချေယျ ရှိလှ တော့သည် ဧကန်မှတ်ကြအပ်၏။ အဘယ့်ကြောင့် နည်းဟူမူကား ယင်းသို့ ပရမတ္ထနည်း ပညတ္တိနည်း နှစ်ပါး တို့ဖြင့်သာ ယင်းနိဗ္ဗာန်ကို မခံစားရသည်။ ယင်းနည်းနှစ်ပါးတို့မှ အလွတ် ရူပါဒိသင်္ခါဝိမုတ္တ ခီဏာသ၀ ပရိနိဗ္ဗုတ အသျှင်၏ အဖြစ်ဖြင့် ယင်းနိဗ္ဗာန်ချမ်းသာကို ခံစား၍ နေရသည် ဧကန် ဖြစ်သောကြောင့်တည်း။
ယင်း ပရိနိဗ္ဗုတ ပုဂ္ဂိုလ်ဟူသည် ပရိနိဗ္ဗာန် ပြုကတည်းကပင် အလုံးစုံ ပြတ်တောက် ဥစ္ဆိန္ဒ အဖြစ်သို့ ရောက်၍သွားပြီ မဟုတ်ပါလော၊ ယင်းသို့ ဥစ္ဆိန္န အဘာဝသို့ ရောက်လေပြီးသော သူအား အဘယ် သို့လျှင် ယင်းနိဗ္ဗာန်ချမ်းသာကို ခံစားရသည် ဆိုနိုင်ပါအံ့နည်း ဟူငြားအံ့၊ ယင်းသို့ နိဗ္ဗာန်၌ တည်ရောက်၍ နေသော ပရိနိဗ္ဗုတအသင်တို့ ဥစ္ဆိန္န အဘာဝ အဖြစ်သို့ ရောက်၍ မသွား ဧကန် ဖြစ်သောကြောင့်တည်း။
၎င်း အကြောင်းများကို ယုံကြည်လောက်သော အထောက်သာဓက ပါဠိတော်များစွာ အဋ္ဌကထာ ဋီကာ အစောင်စောင် တို့ဖြင့် အောက်၌ အတန်တန် ထုတ်ပြအပ်ခဲ့ပြီးသည်ဖြစ်၍ ပုနရုတ္တိ ဒေါသ အခါခါ ရောက်မည်ကြောင့် ဤ၌ တဘန် အကျယ်မဝေဘန်၊ အကျဉ်းအားဖြင့်သော်ကား …
“န သော ပမာဏမေတီတိ၊ န သော ပမာဏမေတိ” ဟူသော ဣတိဝုတ် ပါဠိတော်၌ …
ပမာဏကရာနံ၊ နှိုင်းရှည့်စရာကို ပြုတတ်ကုန်သော။
ဘဝါနံ၊ ရုပ်နာမ်ခန္ဓာဟူသော ဘဝတို့၏။
အတ္ထံ၊ ချုပ်ခြင်းသို့။
ဝါ၊ တဘန်မဖြစ်နိုင် ခြင်းသို့။
ဂတော၊ ရောက်သွားလေပြီးသော။
သော အရဟာ၊ ထိုရဟန္တာပုဂ္ဂိုလ်သည်။
သီလေန စ၊ သီလအားဖြင့်၎င်း။
သမာဓိနာ စ၊ သမာဓိအားဖြင့်၎င်း။
ပညာယ စ ပညာအားဖြင့်၎င်း။
ကေနစိ၊ တစုံတယောက် ပရိနိဗ္ဗုတ မဟုတ်သေးသော သူနှင့်။
ပမိဏိတုံ၊ နှိုင်းရှည်ခြင်းငှါ။
အသက္ကုဏေယျော၊ မတတ်စကောင်း။
အထဝါ၊ တနည်းကား။
အနုပါဒိသေသနိဗ္ဗာနသင်္ခါတံ၊ အနုပါဒိသေသနိဗ္ဗာန်ဟု ဆိုအပ်သော။
အတ္ထံ၊ နိဗ္ဗာန်သို့။
ဂတော၊ ရောက်သွားသော။
သော အရဟာ၊ ထိုပရိနိဗ္ဗုတ ရဟန္တာအသျှင်သည်။
ဣမာယ နာမ ဂတိယာ၊ ဤမည်သော လူနတ်ဘဝ - စသောဂတိ၌။
ဌိတော၊ တည်၍နေ၏။
ဂေါတ္တေန၊ အမျိုးအနွယ်အားဖြင့်။
ဤဒိသော၊ ဤသို့သဘောရှိ၏။
ဣတိ၊ ဤသို့။
ပမိဏိတုံ၊ နှိုင်းရှည့်ခြင်းငှါ။
အသက္ကုဏေယျော၊ မတတ်နိုင်စကောင်း။ဤသို့သော ဣတိဝုတ်အဋ္ဌကထာ။
အတ္ထင်္ဂတဿ၊ နိဗ္ဗာန်သို့ ရောက်သွားသောပုဂ္ဂိုလ်အား။
ယေန၊ အကြင် ရုပ် ဝေဒနှာ အစရှိသည်ကြောင့်။
ဘဂဝါဒိနာ၊ ဘုရားအစရှိသောအားဖြင့်။
ဝဇ္ဇံ ဝဒေယျုံ၊ ဆိုကုန်ရာ၏။
“ နိဒ္ဒေသဘွင့်အတိုင်း အနက်။
တံ၊ ထိုဘုရားစသည် ခေါ်ဝေါ်ကြောင်း ဖြစ်သော ရုပ် ဝေဒနာ - စသော ပမာဏသည်။ နတ္ထိ၊ မရှိ။ ဤသို့ စသည်ဖြင့် လာသော စူဠနိဒ္ဒေသပါဠိတော် စသော စကားတို့သည် ယင်းနိဗ္ဗာန်၌ တည်ရောက်၍ နေသူ ပရိနိဗ္ဗုတအသျှင်တို့၏ အလုံးစုံကွယ်ပျောက် ရိတ္တ တုစ္ဆ အဘာဝ အဖြစ်သို့ ရောက်၍မသွားသည်ကို ပြဆိုရာ၌ အလွန်သိသာ ထင်ရှားသော ပါဠိတော် အဋ္ဌကထာ ဋီကာ တို့တည်း။
၎င်းတို့့၏ ပါဌ်ပါဠိ အစဉ်အဓိပ္ပါယ်များကို ဤထက် အကျယ် အသေအချာ သိလိုကြလျှင် ယခင် အောက်စကားကို လည်၍ ရှုကြလေဦး။
အာစရိယ - ဥပဒေသ
ဆရာနည်းညွှန်ပြပုံ
ယင်းသို့ အတန်တန် ထုတ်ပြအပ်ခဲ့ပြီးသော ပါဠိတော်များစွာ အဋ္ဌကထာ ဋီကာ အရပ်ရပ်တို့ကို ထောက်ထားသဖြင့် နိဗ္ဗာန်ရောက်သွားကြသူ ပရိနိဗ္ဗုတ အသျှင်တို့ အလုံးစုံ ကွယ်ပျောက် ပြတ်တောက် အချည်းနှီး အဘာဝ အဖြစ်သို့ မရောက် မသွားသည်ကို ဧကန်သိသင့် သိထိုက်လျက် ယင်းပါဠိ အဋ္ဌကထာ ဋီကာတို့၏ အနက်အဓိပ္ပါယ် အလွန်ကွယ်ဝှက်သည်ဖြစ်၍ ဆရာစဉ်ဆက် နက်နက်စိစိ မိမိကြီး မကြံမိ သတိမရကြသည့်အတွက် နိဗ္ဗာန်ရောက်သူတို့ အလုံးစုံကွယ်ပျောက် ပြတ်တောက် ရိတ္တ တုစ္ဆ အဘာဝ အဖြစ်သို့ ရောက်သွားကြလေတော့သည် ဟု အပြောအဆို အလွန် များ၍ နေကြရာ …
ဆရာတို့ ငယ်ရွယ်စဉ် ပဉ္စင်းပျိုဖြစ်တုန်းအခါ ပညာနက်နဲတော်မူလှသော ကျမ်းတတ်ခေါင်ထိ ကဝိအကျော် ခင်မကန်ဆရာတော်ဘုရားကြီးက “နိဗ္ဗာန် ရောက်သူ ဘုရား ပစ္စေကဗုဒ္ဓါ သာဝက ဟူသမျှတို့ကို ပျောက်ပျက်လျော့ပါး ကုန်သွားလေသည်” မဆိုသင့်ကြောင်းနှင့် အထက် နတ်ရွာစံ မင်းတရားကြီးအား မိန့်ကြားတော်မူရာ ၎င်းမင်းတရားကြီး အလွန်သဘောကျကြောင်း ကြိုက်နှစ် သက်တော်မူလှကြောင်းနှင့် ကျမ်းတတ်ခေါင်ထိ ကဝိအကျော် တောင်သာ အဘိုး သူတော်ကြီး ပြောကြားဘူးသည့်အတိုင်း ဆရာလည်း ၎င်းဆိုအပ်ခဲ့ ပြီးသော ပါဠိ အဋ္ဌကထာ ဋီကာအရပ်ရပ်တို့ကို နှံ့စပ်အောင် အထပ်ထပ် ကြည့်ရှုပြီးခါ ကာလရှည်ကြာ နှစ်လများစွာ စိန္တာနုစိန္တန ပြုသဖြင့် သဘော လှလှကြီး ကျသည့်အခါမှ ယခင်ငယ်စဉ်အခါ တောင်သာဆရာကြီး ပြောကြားဘူးသည့်အတိုင်း အထက်နတ်ရွာစံ မင်းတရားကြီးအား ခင်မကန်ဆရာတော်ဘုရား မိန့်ကြားဘူးသည် ဆိုသော စကားကို အထူးယုံကြည် သင့်လှပေတော့သည်။
၎င်းဆရာတော်ဘုရားကြီးလည်း ၎င်းဆိုအပ်ခဲ့ပြီးသော ပါဠိတော် အဋ္ဌကထာ ဋီကာ တို့ကို သေချာစွာ သဘောထိထိ မိမိရရ ကြံစည်တော်မူမိသည့်အတိုင်း မိန့်တော်မူသည် ဖြစ်ပေလိမ့်မည် ဟု ယခုကြီးပြင်း အိုမင်းသည့်အခါမှ ၎င်း ဆရာတော်ဘုရားကြီး၏ အလွန်နက်နဲသော ဉာဏ်သွားကို အထူးအားဖြင့် ထပ်မံ ကြည်ညိုရပြန်ပေသတည်း။
ဤကား ဂန္ထန္တရကျမ်းဂန်နည်းမှ တပါး ဆရာနည်းအားဖြင့်လည်း သူများကို ကိုးစားယုံကြည်ဘွယ်ရာ ညွှန်းပြအပ်သော အာစရိယလဒ္ဓေါပဒေသ နယအမြွက် စကားချပ်။
နိဗ္ဗာန်ချမ်းသာကို
လောကူပမာဖြင့် ပြပုံ
ဆက်ဦးအံ့၊ ယင်း ဆိုအပ်ခဲ့ပြီးသည့် အတိုင်း နိဗ္ဗာန်၌ မပျောက်မပျက် အမြဲ တည်နေကြရသော ပရိနိဗ္ဗုတ ဘုရား ရဟန္တာတို့ ထိုနိဗ္ဗာန်၌ သုခဝေဒနနာ ဟူသော နာမ်တရားလည်း မရှိဘဲလျက် အဘယ်သို့ ချမ်းသာကို ခံစား၍ နေပါသနည်း။ သုခဝေဒနာရှိမှသာ မိမိချမ်းသာသည်ကို ချမ်းသာမှန်း သိရသော စိတ်ရှိမှသာ ချမ်းသာကို ခံစားရသည် ဆိုကောင်းပါသည် မဟုတ်တုံလော ဟူပြန်အံ့၊ မဟုတ်။ အဘယ့်ကြောင့် နည်းဟူမူကား နိရောဓသမာပတ် ချမ်းသာကို ခံစားခြင်း အကျိုးငှါ နိရောဓသမာပတ်ကို ဝင်စား၍ နေကြသော အနာဂါမ် ရဟန္တာအသျှင်တို့ ထို၀င်စားစဉ် ခုနစ်ရက်အတွင်း၌ စိတ် စေတသိက်လုံးလုံး မရှိသဖြင့် သုခဝေဒနာ မရှိဘဲလျက်ပင် မိမိချမ်းသာ သည်ကို ချမ်းသာမှန်း မသိဘဲလျက်ပင် အလွန်ချမ်းသာ၍ နေတော်မူကြ ရသည့်အရာကို ထောက်စရာ ကောင်းကောင်းကြီး ရှိသောကြောင့်တည်း။
အိပ်ခင်းနေရာ နူးညံ့စွာ၌ အိပ်ပျော်ခိုက်ယောက်ျား ယင်းသို့အိပ်ကြူးစဉ် ဘဝင်ကျတုန်းအခါ မိမိ အိပ်ပျော်ရခြင်း ချမ်းသာကို မသိဘဲလျက်ပင် ယင်း အိပ်ပျော်ရခြင်း ချမ်းသာကို လွန်စွာတောင့်တ၍ သူငါကစ လူဟူသမျှ အခါခါ အိပ်ပျော်လိုကြ အိပ်ချင်ကြသည်ကိုလည်း ထောက်ကြကုန်။
ဤကား လောကူပမာမျှ တည်း။
သာသနူပမာဖြင့် ပြပုံ
မိမိချမ်းသာသည်ကို ချမ်းသာမှန်း သိသဖြင့် အလွန်နှစ်သက်ခြင်း ပီတိနှင့် ယှဉ်သော တတီယစျာန် သုခထက်ပင် ပီတိနှင့်မယှဉ်သော စတုတ္ထဈာန်သုခ ချမ်းသာလှသည် ဟု စတုတ္ထဈာန် ချမ်းသာကို ရအောင် အားထုတ်ခြင်း၊ ရပြီးသည့်အခါ အကြိမ်ကြိမ်ဝင်စား၍ နေကြခြင်းအရာများကို၎င်း သုခဝေဒနာရှိသော စတုတ္ထဈာန်ချမ်းသာထက်ပင် သုခဝေဒနာမရှိသော ပဉ္စမစျာန်ချမ်းသာသည် အလွန်ချမ်းသာသေးသည် ဟု ပဉ္စမဈာန်တိုင်အောင် ဈာန်ဝင်စား၍ နေတော်မူကြသော ဈာနလာဘီ သခင် ဖလသမာပတ္တိပုဂ္ဂိုလ် အသျှင်တို့ကို၎င်း၊ ထောက်ကြကုန်။ ဤကား သာသနူပမာတည်း။ ။
သုခထက်
ဥပေက္ခာဝေဒနာ ချမ်းသာပုံ
ထိုကြောင့် သုခဝေဒနာဖြစ်မှသာ ချမ်းသာသည် မမှတ်အပ်၊ သုခဝေဒနာရှိသည်ထက်ပင် ဥပေက္ခာ ဝေဒနာနှင့် ယှဉ်သည့်အခိုက် အလွန်ချမ်းသာသည် ဟု သိကြကုန်။
“ဥပေက္ခာပိ စေတ္ထ သုခမိစ္စေ၀ ဝေဒိတဗ္ဗာ။ တထာဟိ ဝုတ္တံ သမ္ဗောဟဝိနောဒနိယံ ဥပေက္ခာ ပန သန္တတ္တာ၊ သုခမိစ္စေ၀ ဘာသိတာတိ။”
ဧတ္ထ၊ ဤအရဟတ္တဖလစတုတ္ထဈာန ဝိမုတ္တိသုခ ဟူရာ၌။
ဥပေက္ခာပိ စ၊ ဥပေက္ခာကိုပင်လျှင်။
သုခမိစ္စေ၀၊ သုခဟူ၍သာလျှင်။
ဝေဒိတဗ္ဗာ၊ သိအပ်၏။
တထာဟိ၊ ထိုကြောင့်ပင်လျှင်။
သမ္မာဟဝိနောဒနိယံ၊ သမ္မာဟဝိနောဒနီ အဋ္ဌကထာ၌။
ဥပေက္ခာ ပန သန္တတ္တာ သုခမိစ္စေ၀ ဘာသိတာတိ၊ ဘာသိတာ ဟူ၍။
ဝုတ္တံ၊ မိန့်တော်မူအပ်ပြီ။
ဤသို့လာသော တေရသကဏ် ဋီကာ၌လည်း သမ္မာအဋ္ဌကထာကို သာဓကပြု၍ ဥပေက္ခာဝေဒနာ ကိုပင် သုခဝေဒနာအရာ၌ မိန့်အပ်သည်မှတ်။
ဥပေက္ခာ ပန၊ ဥပေက္ခာကိုကား။
သန္တတ္တာ၊ ငြိမ်သက်လှသောကြောင့်။
သုခမိစ္စေ၀၊ သုခဟူ၍ သာလျှင်။
ဘာသိတာ၊ ဟောတော်မူအပ်ပြီ။
ဤကား သာဓကအဋ္ဌကထာ၏ အနက်။
ထိုကြောင့် သုခဝေဒနာထက် ဥပေက္ခာဝေဒနာ ချမ်းသာသည်၏အဖြစ် ဥပေက္ခာဝေဒနာထက် ဘယ် ဝေဒနာတခုမျှ မရှိဘဲလျက် ခုနှစ်ရက်ပတ်လုံး နိရောဓသမာပတ်ကို ၀င်စား၍ နေရသော ချမ်းသာ၏ အလွန်ချမ်းသာသည်၏ အဖြစ်ကို၎င်း ထိုခုနှစ်ရက် နာမ်တရားသာ မရှိ၍ ရုပ်တရား ရှိသေးသော ချမ်းသာထက် ဘယ်သည် ကာလမျှ ရုပ်နာမ်မရှိ၊ ပကတိ အမြဲချမ်းသာ၍ နေရသော ရူပါဒိသင်္ခါဝိမုတ္တ ပရိနိဗ္ဗုတ အသျှင်တို့၏ အတုမရှိ အလွန်ချမ်းသာ၍ နေတော်မူကြရသည်၏ အဖြစ်ကို၎င်း နစ်နစ် နယ်နယ် သဘောကျကြကုန်သဖြင့် …
“နိဗ္ဗာနသုခတော အညံ ဥတ္တရိတရံ သုခံနာမ နတ္ထိ” ယခင်အောက်၌ ညွှန်းပြအပ်ခဲ့ပြီးသော အဋ္ဌကထာ၊ အောက်၌ ညွှန်းပြအပ်ခဲ့ပြီးသော “နိဗ္ဗာနံ ပရမံ သုခံ” စသော ပါဠိတော် “ပတ္တာနံ အစလံ သုခံ” စသော ပါဠိတော် မြတ်အတိုင်း အထူးယုံကြည်ကြကုန်သည် ဖြစ်၍ ယင်းသို့ အနုတ္တရ သုခ ပရမသုခ, အစလသုခ - ဖြစ်သော နိဗ္ဗာနသုခဖြင့် အတုမရှိ ချမ်းသာရ၍နေသော ပရိနိဗ္ဗုတအသျှင် အဖြစ်သို့ မြန်မြန်ကြီး ရောက်ကြရအောင် များများ ကြံဆောင် ကြိုးကုတ် အားထုတ် သင့်လှ တော့၏။ အားထုတ်နိုင်ကြပါစေကုန်သတည်း။
ဆက်ဦးအံ့။ ယင်းသို့ အောက်၌ ပြဆိုအပ်ခဲ့ ကုန်ပြီးသော နည်းဖြင့် သဠာယတနသံယုတ် ကောသလရာဇပုစ္ဆာ” မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဝစ္ဆပရိဗိုဇ်ပုစ္ဆာ “န သော ပမာဏမေတိ - စသော ဣတိဝုတ် ပါဠိတော် ၎င်းအဋ္ဌကထာ - စသည်တို့ လာရှိသည့်အတိုင်း နိဗ္ဗာန်၌ တည်ရောက်၍ နေသော ရူပါဒိသင်္ခါဝိမုတ္တ ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၏ ထိုမိမိတို့၏ တည်နေရာ နိဗ္ဗာန်၌ အတ္ထိ နန္တိ - စသည်ဖြင့် ဆိုနိုင်စရာ မရှိ၊ ဒိဋ္ဌိအဇ္ဈာသယ အရာအားဖြင့်၎င်း အဘယ်မျှလောက် ဂုဏ်ရှိမည်ဟု ဆိုနိုင်စရာမရှိ၊ ဂုဏ်အရာအားဖြင့်၎င်း ဂမ္ဘီရ အပ္ပမေယျ ဖြစ်၍နေခဲ့သည် ဟူသော် ထိုပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့ အခြင်းအရာကို ဘုရားသျှင်တို့မှ မပိုင်းခြားနိုင် မသိနိုင်အောင် ဂမ္ဘီရ အပ္ပမေယျ ဖြစ်နေ သလော ဟူငြားအံ့။
“ယံ အတ္ထိ တံ ဝေနေယျာနံ အပ္ပမေယျမ္ပိ ဗုဒ္ဓါနံ ပန ပမေယျံ” …
နေတ္တိ အဋ္ဌကထာနှင့်အညီ “ယာဝတ္တကံ ဉေယျံ၊ ၊ကာဝတ္တကံ ဉာဏံ။ ယာဝတ္တကံ ဉာဏံ၊ တာဝတ္တကံ ဉေယျံ။
ဟူသော ပဋိသမ္ဘိဒါမဂ်ပါဠိတော်အတိုင်း ဘုရားသျှင်တို့အားကား ထိုပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့၏ အခြင်း အရာ အလုံးစုံကို ပြဲ့ပြဲ့ ထင်ထင် မြင်သည်သာ ဟူ၍မှတ်။
ဘုရားသျှင်တို့မှတပါး အခြားသူတို့အရာကား မဟုတ်သည် စင်စစ်ဟူ၍လည်း မှတ်။
ဤကို ရည်တော်မူ၍ ဝိသုဒ္ဓိမဂ်မဟာဋီကာ (ဒု-၄၄) ၌ …
“ဆိန္နဝဋုမကာ ပန သဗ္ဗေဝ အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ ပရိနိဗ္ဗုတာ။ တေသံ အနုဿရဏံနာမ တေသံ ပဋိပတ္တိယာ အနုဿရဏံ။ သာ ပန ပဋိပတ္တိသင်္ခေပတော ဆဠာရမ္မဏ- ဂဟဏလက္ခဏာတိ တာနိ ဣဓ ပရဝိညာဏ ဝိညာတဂဟဏေန ဂဟိတာနိ။ တေ ပနေတေ သမ္မာသမ္ဗုဒ္ဓါနံယေဝ ဝိသယော န အညေသန္တိ အာဟ ဗုဒ္ဓါနံယေဝ လဗ္ဘန္တီတိ။ န ဟိ အတီတေ ဗုဒ္ဓါ ဘဂဝန္တော ဧဝံ ဝိပဿိံသု၊ ဧဝံ မဂ္ဂံ ဘာဝေသုံ၊ ဧဝံ ဖလနိဗ္ဗာနာနိ သစ္ဆာကာသုံ၊ ဧဝံ ဝေနေယျ ဝိနေသုန္တိ ဧတ္ထ သဗ္ဗဒါ အညေသံ ဉာဏဿ ဂတိ အတ္ထီတိ …”
ဟု မိန့်ပြီ။ ၁င်္ဝး၊ ပေ။ နုချပ်။
ပန၊ ဆိန္နဝဋုမကပုဂ္ဂိုလ်သရုပ်ကို ထုတ်ပြဦးအံ့။
သဗ္ဗေဝ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော။
အနုပါဒိသေသာယ နိဗ္ဗာနဓာတုယာ၊ အနုပါဒိသေသ အသင်္ခတဓာတ် နိဗ္ဗာန်ဖြင့်။
ပရိနိဗ္ဗုတာ၊ နိဗ္ဗာန်စံ၍ နေကြကုန်သော ပုဂ္ဂိုလ်တို့သည်။
ဆိန္နဝဋုမကာ၊ ပြတ်ပြီးသော သံသရာဝဋ် ခရီးခဲရှိသူတို့ မည်ကုန်၏။
တေသံ၊ ထိုဖြတ်ပြီးသော ဝဋ်ဆင်းရဲရှိကုန်သော ပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့ကို။
အနုဿရဏံနာမ၊ အောက်မေ့ခြင်း မည်သည်ကား။
တေသံ၊ ထိုဆိန္နဝဋုမက ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၏။
ပဋိပတ္တိယာ၊ အကျင့်ပဋိပတ်ကို။
ဝါ၊ ဖြစ်ဟန်အခြင်းအရာကို။
အနုဿရဏံ၊ အောက်မေ့ခြင်းတည်း။
သာ ပန ပဋိပတ္တိ၊ ထိုပဋိပတ္တိသည်ကား။
သင်္ခေပတော၊ အကျဉ်းအားဖြင့်။
ဆဠာရမ္မဏ ဂဟဏ လက္ခဏာ၊ အာရုံခြောက်ပါးလျှင် မှတ်ကြောင်း လက္ခဏာရှိ၏၊
ဣတိ၊ ထိုကြောင့်။
တာနိ၊ ထိုအာရုံခြောက်ပါး တို့ကို၊
ဣဓ၊ ဤပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်အရာ၌။
ပရဝိညာဏ ဝိညာတဂဟဏေန၊ ပရဝိညာဏဝိညာတသဒ္ဒါဖြင့်။
ဂဟိတာနိ၊ ယူအပ်ကုန်၏။
တေ ပနေတေ၊ ထို ပရိနိဗ္ဗုတ ဆိန္န ဝဋုမကပုဂ္ဂိုလ်တို့၏ ဖြစ်နေပုံ အာရုံခြောက်ပါး တို့သည်။
သမ္မာသမ္ဗုဒ္ဓါနံယေဝ၊ ဘုရားသျှင်တို့၏သာလျှင်။
ဝိသယော၊ အရာတည်း။
န အညေသံ၊ ဘုရားမှတပါး အခြားသူတို့ အရာမဟုတ်။
ဣတိ၊ ထိုကြောင့်။
ဗုဒ္ဓါနံယေဝ လဗ္ဘန္တီတိ၊ ဟူ၍၊။
အာဟ၊ အဋ္ဌကထာ ဆရာအသျှင် မဟာဗုဒ္ဓဃောသ မိန့်တော်မူ၏။
ဟိ၊ မှန်၏။
အတီတေ၊ လွန်လေပြီးသောကာလ၌။
ဘဂဝန္တော ဗုဒ္ဓါ၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားသျှင်တို့သည်။
ဧဝံ၊ ဤသို့။
ဝိပဿိံသု၊ ဝိပဿနာ စီးဖြန်းကြကုန်၏။
ဧဝံ၊ ဤသို့သော အခြင်းအရာအားဖြင့်။
မဂ္ဂံ၊ မဂ်လေးတန်ကို။
ဘာဝေသုံ၊ ပွါးကုန်ဖြစ်စေကြကုန်၏။
ဧဝံ၊ ဤသို့သောနည်း ဤသို့သောအခြင်းအရာ အာကာရဖြင့်။
ဖလနိဗ္ဗာနာနိ၊ အရိယဖိုလ်နိဗ္ဗာန်တို့ကို။
သစ္ဆာကာသုံ၊ မျက်မှောက်ပြုတော် မူကြကုန်၏။
ဧဝံ၊ ဤသို့သော ဥဒ္ဒေသ နိဒ္ဒေသ စသောအားဖြင့်။
ဝေနေယျ၊ ဝေနေယျတို့ကို။
ဝိနေသုံ၊ တရားမြွက်ဟ ဆုံးမဟောကြားတော်မူကြကုန်၏။
ဣတိ ဧတ္ထ၊ ဤသို့ ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၏ ဝိပဿနာ စီးဖြန်းပုံမှစ၍ နိဗ္ဗာန်မျက်မှောက် ဝင်ရောက်၍ နေသည့်တိုင်အောင် ဖြစ်ပုံပျက်ပုံ အလုံးစုံ အခြင်းအရာကို ဆင်ခြင်သည့်အရာ၌။
သဗ္ဗဒါ၊ အချင်း ခပ်သိမ်း။
အညေသံ၊ ဘုရားမှတပါးသော ပစ္စေကဗုဒ္ဓါ သာဝက - စသည်တို့၏။
ဉာဏဿ၊ ဉာဏ်၏။
ဂတိ၊ ရောက်နိုင်ရာသည်။
န အတ္ထိ၊ မဖြစ်နိုင်။ဤကား ၎င်းဝိသုဒ္ဓိမဂ်ဋီကာ ယောဇနာ။
“ဆိန္နဝဋုမကာနုဿရဏာဒီသု တေ ဗုဒ္ဓါနံယေ၀ လဗ္ဘန္တိ။”
မဟာနိဒ္ဒေသ အဋ္ဌကထာ။ အဋ္ဌသာလိနီ မှာလည်း ၎င်းနည်း။
ဤသို့လာသော အဋ္ဌကထာ ဋီကာ၌ ဆိန္နဝဋုမက ဟု ဆိုအပ်သော ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်၌ တည်ရောက်၍ နေကြပုံ အခြင်းအရာတို့ကို ဘုရားသျှင်တို့သာ သိနိုင်ရာ၏။ သူတပါးတို့ အရာမဟုတ်ဟူသော အချက်ဝယ် “ဧဝံ ဖလနိဗ္ဗာနာနိ သစ္ဆာကာသုံ” ပါဌ်ဖြင့် ထိုပရိနိဗ္ဗုတပုဂ္ဂိုလ်တို့ နိဗ္ဗာန်မစံသေးခင် ဖြစ်ပုံအခြင်းအရာ နိဗ္ဗာန်စံသည့်အခါ ထိုနိဗ္ဗာန်၌ စံနေပုံအခြင်းအရာ တို့ကို ဘုရားသျှင်တို့သာ သိနိုင်ရာသည် ဟု နီတတ္ထ ပြတော်မူသည်။
ထိုကြောင့် “ရူပသင်္ခါဝိမုတ္တော ခေါ မဟာရာဇ တထာဂတော ဂမ္ဘီရော” ဟု လာသော သဠာယတန သံယုတ်ပါဠိတော် စသည်တို့၌ နိဗ္ဗာန်ဝယ် တည်ရောက်၍ နေသော ပရိနိဗ္ဗုတရူပါဒိသင်္ခါဝိမုတ္တ အသျှင်တို့၏ ဂမ္ဘီရ အပ္ပမေယျ အဖြစ်ကို ဟောတော်မူရာဝယ် ဘုရားသျှင်မှ တပါးသောသူတို့၏ အရာမဟုတ်သည်ကိုရည်၍ ဟောတော်မူသည်။ ဝိနည်းမဟာဝါပါဠိတော် စသည်တို့၌ “ဂမ္ဘီရ ဒုဒ္ဒသံ အဏုံ” စသည်ဖြင့် “နိဗ္ဗာန်၏ ဂမ္ဘီရအဖြစ်ကို ဟောတော်မူရာ၌ကား ပုထုဇန်တို့သာ သိမြင်နိုင်ရာ မဟုတ်သည်ကိုရည်၍ ဟောတော်မူသည်ဟု သေသေချာချာ ကွဲကွဲ ပြားပြား မှတ်ကြကုန်။
ထိုနိဗ္ဗာန် တရားတော်မြတ်၏ ဂမ္ဘီရအဖြစ်ကို ဟောတော်မူရာဝယ် ထိုနိဗ္ဗာန်၏ အဘာဝ မဟုတ်သည့် အဖြစ်ကို ဆိုအပ်ခဲ့ပြီးသော ပါဠိတော် အဋ္ဌကထာ ဋီကာ တို့ဖြင့် ဧကန်ယုံကြည်အပ်သကဲ့သို့ ထိုဂမ္ဘီရ ဖြစ်သော နိဗ္ဗာန်၌ ဂမ္ဘီရဖြစ်၍ နေသော ရူပါဒိသင်္ခါဝိမုတ ပရိနိဗ္ဗုတ ပုဂ္ဂလတို့၏လည်း အဘာ၀ဟု မဆိုသင့် သည်၏ အဖြစ်ကို ဆိုအပ်ခဲ့ပြီးသော ပါဠိ အဋ္ဌကထာ ဋီကာ များစွာတို့ကို ထောက်သဖြင့် ဧကန်ယုံကြည်ကြအပ်၏။
ယင်းသို့ ယုံကြည်သဖြင့်လည်း အလွန်နက်နဲလှသော ဘေးပေါင်းကင်းစင် ရန်မျိုးကြဉ်ရသည့် ပရိနိဗ္ဗုတပုဂ္ဂလ အဖြစ်သို့ လျင်မြန်စွာ ရောက်ကြရအောင် ဒါန သီလ ဘာဝနာ ကုသိုလ်တရားကို ကြိုးစား အားထုတ်နိုင်ကြပါစေကုန် သတည်း။
“နယိဒံ သိထိလ မာရဗ္ဘ၊ နယိဒံ အပ္ပေန ထာမသာ။ နိဗ္ဗာနံ အဓိဂန္တဗ္ဗံ၊ သဗ္ဗဂန္ထပ္ပမောစနံ။”
သဗ္ဗဂန္တပ္ပမောစနံ၊ အလုံးစုံသော ဘေးရန်အနှောင်အဖွဲ့ တကယ့်ဒုက္ခ ဟူသမျှမှ လွတ်ကြီး လွတ်ရအောင် ကယ်ဆောင်ဖျည်ယူတော်မူပေတတ်သော။
ဣဒံ နိဗ္ဗာနံ၊ ဤတဆယ့်တသီး မီးအပေါင်းတို့မှ ငြိမ်းကြီးငြိမ်းရာ နိဗ္ဗာသောင်ကမ်း ရွှေမြို့နန်းကို။
သိထိလံ၊ ဒါန သီလ ပေါ့ဖျင်း ဘာပနာလွတ်ကင်း နေထိုင်ခြင်းကို။
အာရဗ္ဘ၊ အကြောင်းပြု၍။
န အဓိဂန္တဗ္ဗ၊ မရောက် မရအပ်။
အပ္ပေန ထာမသာ၊ အနည်းငယ်သော သဒ္ဓါ ပညာ ဝီရိယ အားအစွမ်းဖြင့်။
န အဓိဂန္တဗ္ဗံ၊ မရောက် မရနိုင်။
ဤသို့ဟောကြား မြတ်ဘုရား တရားတော်မြတ်ကို ကြပ်ကြပ် ယုံကြည်ကြကုန်သဖြင့် တကယ့် သမုဒြာပင်လယ်ကြီးကို တကယ့်သင်္ဘောကြီးဖြင့်သာ လိုရာသောင်ကမ်း ကူးခပ်နိုင်မည့်အရေး ငှက်ပျောဖက်ဘောင် ပရိယာယ်လှေယောင်ဖြင့် လိုရာဆင့်ကမ်း မလှမ်းမခပ်နိုင်မည့် အရေးကို မြှော်တွေးစဉ်းစား များများကြီး နှလုံးထားကြကုန်သဖြင့် သုံးစုံရတနာ သဒ္ဓါလူလူ သီလဖြူဖြူ အလှူရဲရဲ ဘာဝနာတွင် စိတ်ဝင်စွဲ၍ တကယ့်သံသရာ ဤသည့်ဝဲမှ ခွါရှဲ ထွက်မြောက်ကြရအောင် ကောင်းကောင်းကြီး သတိဆောင်နိုင်ကြပါစေကုန် သတည်း။
ယထာဓမ္မဝိနိစ္ဆယကို
အကျဉ်း ပြပုံ
ယခုအခါ ယခင်နိဗ္ဗာန် တရားမြတ်၏ ဒါန သီလ ဘာဝနာ-စသော အကြောင်းတရားတို့နှင့် ကင်း၍ မဖြစ်ပေါ်လာနိုင်သည်ကို အသေအချာ သဘောထင်မြင်ကြ စေခြင်းငှါ ယင်းနိဗ္ဗာန်တရား၏ အဇာတ အဘူတ အကတ အသင်္ခတ အပ္ပစ္စယ- မည်ရာ၌ ယထာဓမ္မဝိနိစ္ဆယကို အကျဉ်းမျှ ပြဆိုလတ္တံ့။
၁။ ယင်းနိဗ္ဗာန်တရား၏ အဇာတ အဘူတ အကတ အသင်္ခတ အပ္ပစ္စယ အမည်သည်တို့တွင် အဇာတ မည်ရာ၌ အကြောင်းတရားတို့ကို စွဲ၍ ဖြစ်သော်လည်း ဥပါဒ်ပေါ်အောင် မဖြစ်သောကြောင့် ဇာတ-မဆိုလောက်သဖြင့် အဇာတ ဆိုရသည် အချက်
၂။ အခြား ပရမတ္ထတရားများကဲ့သို့ အခါခါ ဖြစ်ချည် ပျက်ချည်မနေ။ တရံတခါ ခွင့်ကြီးသာမှ တခါတည်းသာ ဖြစ်လာတတ်သောကြောင့် အဇာတ ဆိုရသည် အချက်
၃။ ဥပါဒ်အားဖြင့် မဖြစ်သော်လည်း သဘောအားဖြင့် ဖြစ်ပေါ်လာခြင်း သဘောအားဖြင့်ပင် ဖြစ်ပေါ်လာသော်လည်း ဥပါဒ်အားဖြင့် မဖြစ်သောကြောင့် ဖြစ်သော်လည်း ဖြစ်သည် မမည်၊ မဖြစ်သော်လည်း ဖြစ်သည်ပင်ဖြစ်၍ တန္တနည်း အားဖြင့် “ဝိန္ဒိယံ န ဝိန္ဒတိ, အိန္ဒိယံ ဝိန္ဒ္ဒတီတိ အဝိဇ္ဇာ” နေတ္တိ အဋ္ဌကထာ မိန့်မှာသည့်အတိုင်း “ဇာတမ္ပိ အဇာတံ, အဇာတပ္ပိ ဇာတန္တိ အဇာတံ” ဟူသော ဝစနတ္ထနှင့် အညီ အဇာတ-မည်ရသည့် အချက် (၃)
၁။ အဘူတ မည်ရာ၌လည်း အကြောင်းတရားတို့နှင့်ကင်း၍ ဥပါဒ်အားဖြင့် မဆိုထားဘိ၊ ငြိမ်းဧးခြင်း သဘာဝအားဖြင့်ပင် မထင်ရှားလာနိုင်သောကြောင့် အဘူတ-မည်ရသည် အချက်
၂။ ပဋိလောမနည်းအရ များစွာသော အကြောင်းတို့လည်း ကောင်းစွာ လှလှ ထိထိခိုက်ခိုက် မပြုကြနိုင်၊ တခုသောအကြောင်းတရားမျှလည်း မပြုပြင်နိုင်၍ အသင်္ခတ အကတ-ဆိုရသော်လည်း အကြောင်းတို့နှင့်ကင်း၍လည်း ဖြစ်သည်မဟုတ်ဟု သိစေခြင်းငှါ အဘူတ-ဆိုရသည် အချက်
၃။ ဥပါဒ်အားဖြင့် မထင်ရှားသော်လည်း သဘောအားဖြင့် ထင်ရှားသည် အမှန်၊ သဘောအားဖြင့် ထင်ရှားသော်လည်း ဥပါဒ်အားဖြင့် မထင်ရှားသည် အမှန်ဖြစ်၍ “အဘူတံပိဘူတံ, ဘူတံပိ အဘူတန္တိ အဘူတံ”-ဟူသော ဝစနတ္ထအရ တန္တနည်းအားဖြင့် အဘူတ-မည်ရသည် အချက် (၃)
၁။ အကတ-မည်ရာ၌လည်း အကြောင်းတရားတို့ကို စွဲ၍ဖြစ်သော်လည်း ဥပါဒ်ပေါ်အောင် မဖြစ် သည် ဖြစ်၍ ဇာတ-မဆိုထိုက်သဖြင့် အကြောင်းတရားတို့ ပြုအပ်သော်လည်း ပြုအပ်သည် မမည်သောကြောင့် အကတ-ဆိုရသည် အချက်
၂။ များစွာသော အကြောင်းတို့ကြောင့်သာ ထင်ရှား ပေါ်လာနိုင်သည် ဖြစ်၍ တခုသော အကြောင်း တရားကြောင့် ထင်ရှားပေါ်လာနိုင်သော တရား မဟုတ်သဖြင့် တခုသော အကြောင်းတရားသည် မပြုပြင်နိုင်သောကြောင့်လည်း အကတ-ဆိုရသည် အချက်
၃။ အကြောင်းတရားတို့သည် ပြုအပ်သော်လည်း ဥပါဒ်ပေါ်အောင်မပြု နိုင်သောကြောင့် ကတ-ပင်ဖြစ်သော်လည်း မုချအားဖြင့် ကတ-မဆိုသင့်၊ မုချ အားဖြင့် ကတ-မဆိုသင့်သော်လည်း အကြောင်းရင်း တရားတို့နှင့် မကင်းကောင်းသဖြင့် ကတ-ပင်ဖြစ်၍နေသောကြောင့် “ကတမ္ပိ နကတံ, အကတံပိ-ကတန္တိ အကတံ” ဟူသည်နှင့်အညီ ကတ မည်သည် ဟူသောနည်းအချက်။ (၃)
၁။ အသင်္ခတ မည်ရာ၌လည်း ယင်းနိဗ္ဗာန်တရားကို ဒါန သီလ ဘာဝနာစသော အကြောင်းတရား တို့သည် ပြုပြင်အပ်သော်လည်း ဥပါဒ်ဗ်ပေါ်အောင် မပြုနိုင်သောကြောင့် ပြုပြင်အပ်သည် ဟု မုချ မဆိုထိုက်သည်ဖြစ်၍ အသင်္ခတ-ဆိုရ သည်နည်းအချက်
၂။ အကြောင်းတရားကို ပြုပြင်အပ်ရင်းပင် မှန်သော်လည်း ယင်း အကြောင်းတရားတို့ ယင်းနိဗ္ဗာန် ပေါ်လာသည်တိုင်အောင် ကပ်ရောက်၍ ထိထိခိုက်ခိုက် မပြုပြင်နိုင်သောကြောင့်လည်း အသင်္ခတ-ဆိုရသည် ဟူသော နည်းအချက်
၃။ သင်္ခတ အကြောင်းတရားတို့ ပြုပြင်အပ်ရင်း ဖြစ်သော်လည်း ယင်း ပြုပြင်အပ်ပုံ သင်္ခတ လက္ခဏာမထင်၊ အကြောင်းပုံနှင့် အကျိုးပုံ အလွန်ကွာလှမ်း၍ နေသောကြောင့် သင်္ခတ-မဆိုထိုက် သည် ဖြစ်၍ အသင်္ခတ-အမည်ရသည် ဟူသော နည်းအချက်
၄။ ဥပါဒ်ပေါ်အောင် မဖြစ်သော်လည်း ငြိမ်းဧးခြင်း သဘောအားဖြင့် ထင်ရှားပေါ်လာအောင် ပြုပြင် အပ်သည့်အဖြစ် သဘောအားဖြင့် ထင်ရှား ပေါ်လာအောင် ပြုပြင်အပ်သော်လည်း ဥပါဒ်ပေါ်အောင် မပြုနိုင်သည့်အဖြစ်ကြောင့် “န သင်္ခတမ္ပိ သင်္ခတံ သင်္ခတံပိ န သင်္ခတန္တိ အသင်္ခတံ” ဟူသည်နှင့် အညီ အသင်္ခတ-မည်သည်ဟူသော နည်းအချက်။ (၄)
အပ္ပစ္စယ မည်ရာ၌လည်း အကြောင်းတရားတို့ကြောင့် ယင်းနိဗ္ဗာန် ဖြစ်ပေါ်လာရင်း မှန်သော်လည်း ယင်းအကြောင်းတရားတို့သည် ရဟန္တာစုတိ ခန္ဓာ ရောက်ရုံမျှသာ လိုက်နိုင်၍ ယင်းနိဗ္ဗာန် ပေါ်လာအောင် မလိုက်သည်ဖြစ်၍ အကြောင်းတပါး အကျိုးတခြားကဲ့သို့ နေသဖြင့် အကြောင်း တရားတို့နှင့် မစပ် မယှက် နေသောကြောင့် အပ္ပစ္စယ-ဆိုရသည်။ စင်စစ် ယင်းအကြောင်းရင်းနှင့် ကင်း၍ လျောက်လျား ဘာသာ ဖြစ်သောကြောင့် အပ္ပစ္စယ ဆိုရသည် မဟုတ် ဟူသောအချက်
ဤ အလွန်နက်နဲကွယ်ဝှက်သော အချက်အရာရှိကိုလည်း အချက်ကျကျ သတိရှိကြစေကုန်သတည်း။
ဤဂမ္ဘီရတ္ထအရာဝယ် ခက်ခဲစွာသော “အတ္ထိ ဘိက္ခဝေ အဇာတံ“ စသော ဥဒါန်းပါဠိတော်ကို နက်နက်ကြီး ဘွင့်ဆိုသော ၎င်းဥဒါန်းအဋ္ဌကထာ အနုလောမနည်း ပဋိလောမနည်းတို့၌ များများကြီး စိတ်စိုက်ကြံစည်မိသော ကျမ်းတတ်ကဝိ ပညာရှိအသျှင်တို့မှ လှလှကြီးသဘော ထင်မြင်နိုင်ကြမည်။
ယင်းသည့်အရာ ခက်ခဲစွာကို ကောင်းစွာလှလှ သဘောကျနိုင်ကြမှလည်း နိဗ္ဗာန်ရောက်သည်ဟူရာ၌ သူတပါးရောက်နှင့်ပြီးသော သူတပါးတို့့ ငြိမ်းဧးခြင်း နိဗ္ဗာန်သို့ ရောက်သည်မဟုတ်၊ မိမိရဟန္တာဖြစ်၍ စုတိပြီးနောက် မိမိရှေးပါရမီကံ အကြောင်းရင်းနှင့်မကင်း မိမိဘို့ငှါ ယင်းစုတိစိတ် အခြားမဲ့၌ ဥပါဒ်ဒြဗ်ကင်းလျက် အလွန် သိမ်မွေ့စွာ ပေါ်ရောက်လာသော ယင်းနိဗ္ဗာန်ရတနာ၌ ချမ်းမြေ့ သာယာ တည်စံနေရသည်ကို နိဗ္ဗာန်ရောက်သည် ဆိုသည် ဟူသောစကား၌ အထူးအားဖြင့် သဘော ကျနိုင်ကြမည်။
ယင်းသို့ သဘောကျကြအောင်လည်း ဆိုအပ်ခဲ့ပြီးသော ဥဒါန်းပါဠိတော် အဋ္ဌကထာပါဌ်အနက်တို့၌ အခါခါစဉ်းစား များများကြီး နှလုံးထားတော်မူ ကြပါစေကုန်သတည်း။
ဝိတ္ထာရကဏ္ဍ ( ခ) နိဗ္ဗုတိကထာ ပြီးပြီ။
သင်္ခေပ, ဝိတ္ထာရ - နှစ်ကဏ္ဍမှ ၅ - အရည်စစ် ကောက်နုတ်ချက်
▬▬▬▬▬▬▬▬▬▬▬▬
အလွန်ထူးဆန်း မှတ်သားဘွယ် နှစ်ဆယ့်တချက်
ဤဆိုလတ္တံ့ သည်ကား ဤ ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်း သင်္ခေပကဏ္ဍ ဝိတ္ထာရကဏ္ဍ နှစ်ခန်းလုံးမှ နိဂုံးချုပ်အရည်စစ် ဝိသေသအားဖြင့် ထုတ်နုတ် ကောက်ယူအပ်သော အလွန်ထူးဆန်း သော အချက်အပေါင်းတို့တည်း။
သေယျထိဒံ …
၁။ နိဗ္ဗာန်ဟူသည် ရုပ်နာမ်ခန္ဓာကွယ်ချုပ် ပျောက်ပျက်၍ သွားသော အဘာဝ မဟုတ်၊ ယင်းရုပ်နာမ် ကွယ်ချုပ်သည့်အဆုံး၌ ဖြစ်ပေါ်လာသော အလုံးစုံသော ဘေးအပေါင်းတို့မှ တပေါင်းတည်း ငြိမ်းဧးခြင်း ပရိနိဗ္ဗာယန သီတိဘာဝ သဘောအားဖြင့် ထင်ရှားဧကန် ရှိသည်ဟူသော အချက် -
၂။ နိဗ္ဗာန်ဟူသည် အချို့လူ မသိလှသူတို့ မှတ်ထင်ကြသည့် အတိုင်း လူ့ပြည် နတ်ပြည်များကဲ့သို့ အလွတ်သက်သက်၌ သတ္တဝါအများ ရောက်သွားရာအားဖြင့် ထာဝရဖြစ်နေသော ဘုံဌာနမဟုတ်၊ ရဟန္တာပုဂ္ဂိုလ်တို့ စုတိ ကျရောက်သည့်အဆုံး၌ ထိုရဟန္တာတို့ စုတိရာအရပ်တွင်ပင် ထိုရဟန္တာတို့ ပုန်းအောင်းရာ တည်နေရာဘို့ငှါ ထိုခဏခြင်း ဝင်းဝင်းတောက် အရောင်နှင့်တကွ ထင်းရှားပေါ် လာသည် ဟူသော အချက် -
၃။ စုတိကျရောက်သွားသော ရဟန္တာပုဂ္ဂိုလ်တို့လည်း အသီးအသီး မိမိတို့ ထံဝယ် ဖြစ်ပေါ်လာသော ယင်းနိဗ္ဗာန်ရတနာ ထူးမြတ်၌ ဘယ်သည့်ကာလမှ ဘုံတပါးသို့ ရွှေ့သွားခြင်းမရှိ၊ ယင်းနိဗ္ဗာန်ရတနာ ဘုံမြတ်စွာ၌သာ အမြဲ တည်နေကြရသည် ဟူသော အချက် -
၄။ ယင်းနိဗ္ဗာန်၏ နိစ္စ ဓုဝ သဿတ - ဆိုရာ၌လည်း အစမရှိ၊ ကမ္ဘာကမ္ဘေ အကြောင်းကင်း၍ အစဉ် ထာဝရ ဖြစ်နေသည်ကို နိစ္စ ဓုဝ သဿတ မဆိုလို၊ ရဟန္တာတို့ စုနောက်တွင် ထိုရဟန္တာအသျှင်တို့ ပုန်းအောင်းရာ တည်ရာ အားဖြင့် ဖြစ်ပေါ်လာသည်မှစ၍ ဘယ်သည့်ကာလမှ ပျောက်ပျက်ခြင်း မရှိ အမြဲတည်နေသည်ကို နိစ္စ ဓုဝ သဿတ - ဆိုသည် ဟူသော အချက် -
၅။ စကြာမင်းကြီးက စကြာရတနာထံ သွားရသည်မဟုတ်၊ စကြာမင်းကြီး၏ ကုသိုလ်ဘုန်းကံ ကြောင့်သာ ထိုစကြာရတနာ ထိုခဏခြင်း ဖြစ်ပေါ်လာ၍ ထိုမင်းကြီးထံ ရောက်လာသကဲ့သို့ ထိုစုတိ ကျရောက်သော ပရိနိဗ္ဗန္တ ရဟန္တာ ပုဂ္ဂိုလ်၏ ပါရမီဘုန်းကံ အစွမ်းကြောင့်သာ ထိုရဟန္တာပုဂ္ဂိုလ် တည်စံစရာ ထိုခဏခြင်း ယင်းနိဗ္ဗာန်ရတနာ ဆိုက်ရောက်ဖြစ်ပေါ်လာသည် ဟူသော အချက် -
၆။ ယင်းနိဗ္ဗာန်ကို အပ္ပစ္စယ - ဆိုရာ၌ လုံးလုံးနိဗ္ဗာန်ရမည်သူ ဆည်းပူးအပ်သော ပါရမီအကြောင်း ကင်း၍ ဖြစ်သောကြောင့် ယင်းနိဗ္ဗာန်ကို အပ္ပစ္စယ ဆိုသည်မဟုတ်၊ ထိုနိဗ္ဗာန်ပေါ် လာကြောင်း ပါရမီ အပေါင်းများစွာ ရှိပါသည်လည်း ထိုအကြောင်းများစွာတို့သည် ထိုရဟန္တာပုဂ္ဂိုလ် စုတိခန္ဓာရောက်ရုံ မျှသာ လိုက်နိုင်ကြ၍ စုတိနောက် ပရိနိဗ္ဗုတပုဂ္ဂိုလ်အဖြစ်သို့ ရောက်သဖြင့် နိဗ္ဗာန် ရတနာ ပေါ်လာ သည့်တိုင်အောင် မလိုက်နိုင်သောကြောင့် ထိုနိဗ္ဗာန်ဟူသော အကျိုးတရားသည် ထိုမိမိအကြောင်း ရင်းတရားတို့နှင့် မစပ်မယှက် သက်သက် တည်နေသည်ကို ရည်၍သာ ယင်းနိဗ္ဗာန်ကို အပ္ပစ္စယ ကေဝလ - ဆိုရသည်ဟူသော အချက် …
၇။ ဤအတူ ယင်းနိဗ္ဗာန်ကို အသင်္ခတ - ဆိုရာ၌လည်း ထိုရဟန္တာပုဂ္ဂိုလ်၏ ပါရမီအကြောင်းရင်း ကံတို့သည် ထိုနိဗ္ဗာန်အား လုံးလုံးကြီး မပြုပြင်အပ် ဆိုလိုသည် မဟုတ် ထိုပါရမီ အကြောင်းရင်း ကုသိုလ်သတ္တိဗလတို့သည် ထိုရဟန္တာ ပုဂ္ဂိုလ် စုတိကျရုံလောက်မျှသာ လိုက်နိုင်၍ ထိုရဟန္တာပုဂ္ဂိုလ် စုတိခန္ဓာနောက် နိဗ္ဗာန်ရတနာ ဖြစ်ပေါ်လာအောင် မရှိသဖြင့် ထိုအကြောင်း ပါရမီတို့သည် ထို နိဗ္ဗာန်သို့ ထိထိခိုက်ခိုက် ရောက်၍ ကျေးဇူးမပြုနိုင်သည်ကိုသာ ရည်၍ ထိုနိဗ္ဗာန်ကို အသင်္ခတ - ဆိုရသည် ဟူသော အချက် -
၈။ တနည်းလည်း ယင်းနိဗ္ဗာန်ကို အကြောင်းများစွာတို့ ပြုပြင်အပ် သော်လည်း ရုန်းကြမ်းစွာ ဥပါဒ် ဒြပ် ပေါ်လာအောင် မပြုပြင်နိုင်သည်ဖြစ်၍ ပြုပြင်အပ်သော်လည်း ပြုပြင်အပ်ရာမထင် အသင်္ခတ အရိပ်နိမိတ်လက္ခဏာ ကင်း၍ နေသောကြောင့် ယင်းနိဗ္ဗာန်ကို အသင်္ခတ ဆိုရသည်စသော အချက် -
၉။ ယင်း နိဗ္ဗာန်ကို အဇာတ ဆိုရာ၌လည်း ဥပါဒ်ဒြဗ်အားဖြင့် ရုန့်ကြမ်း မဖြစ်သည်ကိုသာ ရည်၍ အဇာတ ဆိုရသည်။ စင်စစ် လုံးလုံး မဖြစ်သောကြောင့် အဇာတ - ဆိုသည်မဟုတ်၊ ဥမင်လိုဏ်ဂူကြီး တူးပြီးအဆုံး မြေကြီးလုံးလုံး ကုန်သည့် အခါ ဝိဝရာကာသ - ဟူသော ကောင်းကင်ဟင်းလင်း ဥပါဒ်ဒြဗ် ကင်းလျက် ဖြစ်ပေါ်လာသောနည်းမျိုးဖြင့် ရဟန္တာပုဂ္ဂိုလ် ရုပ်နာမ်ခန္ဓာကုန်သည့်အဆုံးတွင် ယင်းနိဗ္ဗာန်ရတနာ၏ ရုန်ကြမ်းစွာသော ဥပါဒ်ကင်းလျက် အလွန်သိမ်မွေ့လှ ဖြစ်ပေါ်လာသည် ဟူသော အချက် -
၁၀။ ပုထုဇန် သေက္ခပုဂ္ဂိုလ်တို့ စုတိအခြားမဲ့၌ တစဉ်တစပ်တည်းစပ်၍ ပဋိသန္ဓေ စိတ္တုပ္ပါဒ်ဖြစ်လာ သကဲ့သို့ ရဟန္တာပုဂ္ဂိုလ် စုတိအခြားမဲ့၌ တစဉ်တည်း တစပ်တည်းစပ်၍ ယင်းနိဗ္ဗာန်ဟူသော သဘော တရား ဖြစ်ပေါ်လာသည် ဟူသော အချက် -
၁၁။ ပုထုဇန် သေက္ခပုဂ္ဂိုလ်တို့ စုတိစိတ်သည် ပဋိသန္ဓေစိတ်အား အနန္တပစ္စည်း တပ်သကဲ့သို့ ရဟန္တာကို စုတိစိတ်သည် နိဗ္ဗာန်အား သင်္ခတ အသင်္ခတ ဇာတ်မတူသည်ဖြစ်၍ အနုန္တရပစ္စည်း မတပ်သည် တမည်မျှသာ၊ ထိုရဟန္တာပုဂ္ဂိုလ် စုတိစိတ်နှင့် တစဉ်တည်း တစပ်တည်းပင် ယင်းနိဗ္ဗာန် ဟူသော ပရမတ္ထတရား ထင်ရှားဖြစ်ပေါ်လာသည် အမှန်ဟူသော အချက် -
၁၂။ အရဟတ္တဖိုလ်ဟူသော သဥပါဒိသေသနိဗ္ဗာန်ကို ထိုအရဟတ္တဖိုလ် ရကြသူတို့အား သူ၏ အရဟတ္တဖိုလ် ငါ၏အရဟတ္တဖိုလ် ဆိုအပ်သည်နှင့် အတူ ထိုအသင်္ခတဓာတ် ဟူသော အနုပါဒိသေသ နိဗ္ဗာန်ကိုလည်း သူ၏နိဗ္ဗာန် ငါ၏နိဗ္ဗာန်ဟု စင်စစ်ဆိုထိုက်သည် ဟူသော အချက် …
၁၃။ စုတိကျရောက်သော ရဟန္တာပုဂ္ဂိုလ် ဟူသမျှ မိမိတို့ ဘုန်းကံကြောင့် မိမိတို့စံနေစရာ ဖြစ်ပေါ် လာသော ထိုနိဗ္ဗာန်ရတနာ၌ မပျောက်မပျက် မအို မသေ အမြဲတည်စံနေကြသည် ဟူသော အချက် -
၁၄။ ထိုရဟန္တာပုဂ္ဂိုလ်တို့ စုတိပြီးနောက် ရူပါဒိသင်္ခါဝိမုတ္တပုဂ္ဂိုလ် အဖြစ်ဖြင့် ထိုနိဗ္ဗာန်၌ အမြဲ တည်ရောက်၍ နေသည်ကို အကြောင်း ပြုသဖြင့် ထိုပရိနိဗ္ဗုတ ရဟန္တာပုဂ္ဂိုလ်ကို အလုံးစုံ ပြတ်တောက် ဥစ္ဆိန္နအဖြစ်သို့ ရောက်သည် မဆိုရ ဟူသော အချက် -
၁၅။ အကယ်၍ ရဟန္တာပုဂ္ဂိုလ်တို့ စုတေပြီးနောက် အလျှင်းကွယ်ပျောက် ပြတ်တောက်၍ သွားသည် ဆိုခဲ့လျှင် ထိုရဟန္တာတို့ နိဗ္ဗာန်ရောက်သွားသည် မဟုတ်၊ ထိုရဟန္တာတို့ မအိုမသေ အမြဲနေရာ နိဗ္ဗာန်နှင့် အဝေးကြီး အလုံးစုံ အပြီးသတ် ပြတ်တောက်၍ သွားလေတော့သည် ဟု ရဟန္တာပုဂ္ဂိုလ် တို့အား ကဲ့ရဲခြင်းနှင့်တကွ ဥစ္ဆေဒဒိဋ္ဌိဝါဒ လှလှကြီးဖြစ်တော့မည် အမှန်ဟူသော အချက် -
၁၆၊ ထိုရဟန္တာပုဂ္ဂိုလတို့ စုတိပြီးနောက် ရူပါဒိသင်္ခါဝိမုတ္တပုဂ္ဂိုလ် အဖြစ်ဖြင့် ထိုနိဗ္ဗာန်၌ တည်နေ သည့်အခါ ယင်း ရူပါဒိသင်္ခါဝိမုတ္တ အဖြစ်၌ တည်သော ယင်း ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၏ အဘယ်မျှ လောက်သော ဂုဏ်ရှိသည်ဟု ဝေနေယျဉာဏ်ဖြင့် မပိုင်းခြားနိုင်အောင် ဂုဏ်အားဖြင့် အလွန် နက်နဲခြင်း ထို ပုဂ္ဂိုလ် ထိုနိဗ္ဗာန်၌ အတ္ထိ နတ္ထိ - စသည်ဆို၍ မသင့်နိုင် မကျော်နိုင်အောင် ဒိဋ္ဌဇ္ဈာသယ အရာအားဖြင့် အလွန်နက်နဲခြင်း ဤသို့နက်နဲခြင်းနှစ်ပါးတို့ဖြင့့်် လွန်စွာ နက်နဲ၍ နေတော်မူကြသည် ဟူသော အချက် -
(၁၇) ယင်းပရိနိဗ္ဗုတပုဂ္ဂိုလ်တို့ ယင်းနိဗ္ဗာန်၌ တည်ရောက်၍ နေသည့်အခါ သတ္တဝါခေါ်ဝေါ်ကြောင်း ရုပ်နာမ်မှ လွတ်၍နေသဖြင့် ယင်း ရုပ်နာမ်ကိုစွဲ၍ ဖြစ်သော လူဟူသော နတ်ဟူသော မင်း ပုဏ္ဏား ဟူသော ဘုရား ပစ္စေကဗုဒ္ဓါ ဟူသော ဤသို့အစရှိသော ပညတ်မျိုးဖြင့် မခေါ်ဆိုထိုက်သည် တမည်မျှသာ ထိုပရိနိဗ္ဗုတပုဂ္ဂိုလ်တို့ ထိုမအိုမသေ အမြဲတည်နေရာ ဂမ္ဘီရ နိဗ္ဗာန်၌ မပျောက် မပျက် မအိုမသေ အမြဲတည်စံနေကြရသည် ဟူသော အချက် -
(၁၈) ထိုစုတိကျရောက်သော ရဟန္တာပုဂ္ဂိုလ်ဟူက အရပ်ဆယ်မျက်နှာ၌ပင် ဖြစ်သင့်သောကြောင့် နိဗ္ဗာန်ဟူကလည်း ယင်း စုတိကျရောက်သော ပရိနိဗ္ဗန္တ ရဟန္တာတို့ ရှိရာ ထိုရဟန္တာပုဂ္ဂိုလ်တို့နှင့် စပ်၍သာ ပေါ်လာရသည်ဖြစ်၍ ထိုနိဗ္ဗာန်ကို ထိုထိုရဟန္တာတို့ စုတိကျရောက်ရာ အရပ်ဆယ်မျက်နှာ တို့၌ပင် ထင်ရှားမရှိ မဆိုသင့် ဟူသော အချက် …
(၁၉) နိဗ္ဗာန်ကို အရပ်အားဖြင့် မညွှန်ကြားအပ် ဟူရာဝယ်လည်း ထိုထို နိဗ္ဗာန်၏ ထိုထိုမိမိရောက်ရာ အရပ်၌ စွဲ၍ မှီ၍ ကပ်၍ မတည်သဖြင့် ထိုသို့ မိမိ ရောက်ရာအရပ်နှင့် မစပ်မယှက် နေသော ကြောင့်သာ ဆိုသည်။ ထိုထို အရပ် ဆယ်မျက်နှာတို့၌ ထိုနိဗ္ဗာန်မရှိသောကြောင့် ဆိုသည်မဟုတ် ဟူသော အချက် -
(၂၀) ယင်းနိဗ္ဗာန်ကို “အနိမိတ္တပစ္စုပဋ္ဌာနံ” ဆိုရာ၌လည်း ယင်းနိဗ္ဗာန်၏ အကြောင်းကင်း၍ လျောက်လျား ဘာသာ ဖြစ်သည်ကို ဆိုသည်မဟုတ်၊ ယင်း ဖြစ်ကြောင်း ပစ္စယရှိသော်လည်း အလွန် သိမ်မွေ့စွာဖြစ်သဖြင့် ယင်းအကြောင်း တရားတို့ကြောင့် ဖြစ်ပုံအရိပ် နိမိတ်မထင် အလွန်ထင်ရှားစွာ ဝင်းဝင်းတောက် တည်လျက် နေသည်ဖြစ်လျက် ထိုထင်ရှားရှိပုံကို သိရကြောင်း အရိပ်နိမိတ်မထင် အလွန်လျှင် သိမ်မွေ့စွာ တည်နေသည်ကို စွဲ၍သာ ယင်းနိဗ္ဗာန်ကို “အနိမိတ္တ” ဆိုရသည် ဟူသော အချက် -
(၂၁) ဒီပင်္ကရာ - သရဏင်္ကရာ စသော ဆိန္နဝဋုမ ပရိယာဒိဏ္ဏဝဋ္ဋ ပရိနိဗ္ဗုတ ဘုရားသျှင် ဟူသမျှ တို့သည် အလုံးစုံ ကွယ်ပျောက် ပြတ်တောက်၍ မသွား၊ ကိုယ်တော်မြတ်တို့ စုတိတော်အခြားမဲ့၌ ကိုယ်တော်မြတ်တို့ ချမ်းမြေ့သာယာ ပုန်းအောင်း လည်းလျောင်းစရာ ကိုယ်တော်မြတ်တို့ထံ၌ ဝင်းဝင်းတောက် ပေါ်ရောက်လာသော ယင်း နိဗ္ဗာန်ရတနာ၌ မအိုမသေ ယခုထက်ထိ အမြဲတည်စံနေ ကြရသည်။ နောင်လည်း ဘယ်သည့်ကာလမှ ပျောက်ပျက်တော့မည် မဟုတ်ဟူသော အချက် -
ဤအချက်ရှိသည် ထူးခြားနက်နဲသော အချက်တို့တည်း။ ဤအချက်တို့မှာ ဤမျှလောက် ပိဋကတ် သုံးသွယ် နိကာယ်ငါးဖြာ ပါဠိ အဋ္ဌကထာ ဋီကာကျမ်းဂန် တို့ကို နေ့ရက်ရှည်ကြာ နှစ်လများစွာ အခါခါမွှေနှောက် အခေါက်ခေါက်ကြည့်ရှု စိန္တာနုစိန္တန ပြုသဖြင့် ဆုံးဖြတ်အပ်သော ဝိနိစ္ဆယသည် ဧကန္တ ယထာဘူတ ယထာဓမ္မ ဝိနိစ္ဆယဖြစ်ပေလိမ့်မည်ဖြစ်ပေသော်ကော ဟု နှလုံးပြုနိုင်၊ ဆရာ အားကိုး ယုံကြည်နိုင်သော ပုဂ္ဂိုလ်တို့ မှတ်သားစဖွယ် အလွယ်တကူ ကောက်ယူ ကျက်မှတ်ကြရန် စီမံအပ်သော တကျမ်းလုံး ညွှန်းပြခဲ့သော ပါဠိ အဋ္ဌကထာ ဋီကာတို့မှ အရည်စစ် အဆီညှစ် ရအပ်သော အတိုကောက် စကားပြေ သက်သက်တို့တည်း။
ဤအတိုကောက် - စကားပြေသက်သက် အကျဉ်းအမြွက်တို့ဖြင့် တင်းမတိမ်နိုင် ရှိကြသော ကျမ်းတတ်ကဝိ ပညာရှိပုဂ္ဂိုလ်တို့မှာ ရှေးကပြဆိုအပ်ခဲ့ပြီးသော သင်္ခေပကဏ္ဍ ဝိတ္ထာရကဏ္ဍ နှစ်ရပ်လုံးအရှိ ပါဠိ အဋ္ဌကထာ ဋီကာတို့ကို အခါခါ အထက်အောက် မွှေနှောက် ကြည့်ရှု အကြိမ်ကြိမ် စိန္တာနုစိန္တန ပြုတော်မူကြလျှင် ဧကန်ပင် ဤအတိုင်းသာ တင်းတိမ်အားရ သဘောကျကြကုန်လတ္တံ့။ ကျကြအောင်လည်း ဤဒုလ္လဘကထာ ဂမ္ဘီရဉာဏဝိသယာ ခက်ခဲစွာ၌ များများကြီး နှလုံးစိုက်ထူ စိန္တာနုစိန္တန ပြုတော်မူကြပါစေကုန်သတည်း။
ဤပိသေသစကား ထူးခြားသော အရာများတို့တွင် နိဗ္ဗာန်ဟူက ဥပါဒ် အားဖြင့် ရုန့်ကြမ်း မဖြစ်သော်လည်း သိမ်မွေ့သော ဖြစ်နည်းမျိုး တို့ဖြင့် ဖြစ်ပေါ်လာရသေးသည် ဟူသော အချက်၌
“နိဗ္ဗာနဿ အနုပ္ပါဒေယေဝ ပုဂ္ဂလဿ နိရောဓော” ဟူသော ဝိသုဒ္ဓိမဂ် ဋီကာပါဌ်၌ “အနုပ္ပါဒေယေဝ” ဟူသောပုဒ် …
“သဥပါဒိသေသ အနုပါဒိသေသ နိဗ္ဗာနုပ္ပဝတ္တိယာ” ဟူသော ဣတိဝုတ် အဋ္ဌကထာ၌ “ပဝတ္တိ” ဟူသောပုဒ် …
“သမ္ပရာယိကာတိ သမ္ပရာယေ ခန္ဓဘေဒတော ပရဘာဂေ ဘဝါ” ဟူသော ဣတိဝုတ် အဋ္ဌကထာ (၁၅၉) ၌ “ ဘဝ” ဟူသောပုဒ်* …
အဘူတံ အဇာတံ ဟုတွာ အတ္ထီတိ အဗ္ဘုတံ” ဟူသော သဠာယတန သံယုတ်အဋ္ဌကထာ ၌ “ဟုတွာ အတ္ထီတိ” ဟူသောပုဒ် …
“တဿ ဘိက္ခဝေ ဣဓ သဗ္ဗဝေဒယိတာနိ အနဘိနန္ဒိတာနိ သီတီ ဘဝိဿန္တိ၊ အယံ ဘိက္ခဝေ အနုပါဒိသေသာ နိဗ္ဗာနဓာတု” ဟူသော ဣတိဝုတ်ပါဠိတော် (၂၂၁) ၌ “သီတီ ဘဝိဿန္တိ“ ဟူသောပုဒ် အယံ-ဟူသောပုဒ် …
တို့မှ ရဟန္တာပုဂ္ဂိုလ် စုတိကျရောက်သည့်အခါ ဖြစ်ပေါ်လာသော သီတိဘာဝ သဘောတရားသည် အနုပါဒိသေသ နိဗ္ဗာန်မည်၏ဟု အနက် ထွက်သောအချက်၊ “အဇာတံ အဘူတံ” ဟူသော ဥဒါန်း ပါဠိတော်ကို နက်နက်ကြီး အနည်းနည်း ဘွင့်ဆိုသော ဥဒါန်း အဋ္ဌကထာ ပါဌ် ဤခြောက်ရပ် ခြောက်ဌာနတို့၌ များများကြီး စိတ်စိုက်၍ ကြံမိကြလျှင် ဂမ္ဘီရဉာဏအသျှင်တို့ ဧကန်ပင် ယခင် ဝိနိစ္ဆယအတိုင်း သဘော ထင်မြင်ကြကုန်လတ္တံ့။
ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့ ပြတ်၍ပျောက်၍မသွား၊ ထိုမိမိတို့ရောက်ရာ နိဗ္ဗာန်၌ မအိုမသေ အမြဲတည်နေ ရသည် ဟူသော အချက်၌လည်း …
“ယထာ ဟိ ဝိဇ္ဇမာနော ဧ၀ ဇာတဝေဒေါ ဗျတ္တေန ပုရိသေန နီယမာနော ပုရတ္ထိမာဒိသံ ဂတောတိ ဝုစ္စေယျ၊ န နိဗ္ဗုတော၊ ဧ၀ မေဝံ ခီဏာသဝေါပိ”
စသော မဇ္ဈိမပဏ္ဏာသဋီကာ။
“အနုပါဒိသေသနိဗ္ဗာနသင်္ခတံ အတ္ထံ ဂတော သော အရဟာ ဣမာယ နာမ ဂတိယာ ဌိတော ဤဒိသော နာမဂေါတ္တဝသေနာတိ ပမိဏိတုံ န သက္ကာတိ။ ဟူသော ဣတိဝုတ်အဋ္ဌကထာ (၂၀၇)
န သော ပမာဏမေတိ ဟူသော ဣတိဝုတ်ပါဠိတော် (၂၃၅)
“အတ္ထံ ပလေတိ န ဥပေတိ သင်္ခံ” စသော စူဠနိဒ္ဒေသ ပါဠိတော် (၁၀၉)
“ကာယဿ ဘေဒါ ဓမ္မဋ္ဌော၊ သင်္ချံ နောပေတိ ဝေဒဂူ” ဟူသော သဠာယတနသံယုတ်ပါဠိတော် (၄၀၉)
“ပရိနိဗ္ဗုတော ပုဂ္ဂလော ဥစ္ဆိန္နောတိ နဟေဝံ ဝတ္တဗ္ဗေ” ဟူသော ကထာဝတ္ထုပါဠိတော် (၅၄)
“ရူပသင်္ခယေ ဝိမုတ္တော တထာဂတော အတ္တီတိပိ နဥပေတိ၊ နတ္ထီတိပိ နုဥပေတိ။ အထ ခေါ ဂမ္ဘီရော အပ္ပမေယျော အသင်္ချေယျော နိဗ္ဗုတောတွေဝ သင်္ချံ ဂစ္ဆတိ“ ဟူသော နေတ္တိပါဠိတော် (၅၇)
“ရူပသင်္ခါဝိမုတ္တော ခေါ မဟာရာဇ တထာဂတော ဂမ္ဘီရော အပ္ပမေယျာ ဒုပ္ပရိယောဂါဟော သေယျထာပိ မဟာသမုဒ္ဒေါ” ( စသော သဠာယတနသံယုတ်ပါဠိတော် (၅၄၆)
“ရူပသင်္ခါဝိမုတ္တော ခေါ ၀စ္ဆ တထာဂတော ဂမ္ဘီရော” စသော မဇ္ဈိမပဏ္ဏာသပါဠိတော် (၁၅၅)
“အတ္ထင်္ဂတဿ န ပမာဏမတ္ထိ” စသော စူဠနိဒ္ဒေသပါဠိတော် (၁၁၁) ၎င်းပါဠိတော် တို့၏ အဋ္ဌကထာ ဋီကာတို့၌ အခါခါစိတ်စိုက်၍ အတန်တန် စိန္တာနုစိန္တန ပြုမိကြလျင် ဂမ္ဘီရဉာဏအသျှင်တို့ ဧကန်ပင် ဤအတိုင်း သဘောထင်မြင်ကြပေကုန်လတ္တံ့။
ဤဆိုအပ်ခဲ့ပြီးသော လိုရင်းစကား နှစ်ဌာနကို ကောင်းစွာလှလှ သဘောကျကြ၍ ရှိလျှင်လည်း ကြွင်းသောအချက်တို့မှာ အန္တောဂတ ကဲ့သို့ ဖြစ်၍ သဘောကျကြတော့မည် ဧကန်သာတည်း။
ဤသို့လျှင် အလွန်နက်နဲထူးကွဲဆန်းကြယ်စွာ စီရင်အပ်သော -
(၁) ပဏာမ ကဏ္ဍ ပထမတွဲ
(၂) သင်္ခေပ ကဏ္ဍ ဒုတီယတွဲ
(၃) ဝိတ္ထာရကဏ္ဍ တဘီယတွဲ တို့ဖြင့် တန်ဆာဆင်အပ်သောကြောင့်၎င်း …
အကျယ်အကျဉ်း အရှည်ကောက် အတိုကောက် နည်းများစွာ တို့ဖြင့် တန်းဆာဆင်အပ် သောကြောင့် ၎င်း”
ပိဏ္ဏတ္ထာဓိပ္ပါယ ဗျင်္ဂျတ္ထာဓိပ္ပါယ တို့ဖြင့် သောတုဇန ဓမ္မပဋိဂ္ဂါဟကပုဂ္ဂိုလ်တို့ နားလည်မှတ်သားဘွယ် တကယ်စင်စစ် ဖြစ်သောကြောင့်၎င်း …
များစွာသော ပိဋကတ်သုံးသွယ် နိကာယ်ငါးဖြာ ပါဠိ အဋ္ဌကထာ ဋီကာ တို့ကို အတန်တန်မွှေနှောက် အထက်အောက် နှီးနှောခြင်း၊ ပါဠိသဘောတခုနှင့် ပါဠိသဘောချင်း နှီးနှောခြင်း ယင်းပါဠိတို့နှင့် အဋ္ဌကထာ ဋီကာ နှီးနှောခြင်း၊ ယင်းအဋ္ဌကထာ ဋီကာတို့ချင်း နှီးနှောခြင်း၊ ယင်းအဋ္ဌကထာ ဋီကာတို့ကို ပါဠိတော်တို့၌ ချသွင်းခြင်းကို ပြု၍ ကျမ်းတတ်ကဝိ ပညာရှိပုဂ္ဂိုလ်တို့ သဘော အထူးကျလောက်ဘွယ် တကယ်ကျယ်ဝန်းစွာ အနက်အဓိပ္ပါယ်များစွာတို့နှင့် တက္ခ ပြဆိုရေးသားအပ် သောကြောင့်၎င်း …
အလွန်နက်နဲ ကွယ်ဝှက်လှသော ဂမ္ဘီရကထာ ဖြစ်သည်နှင့်လျော်စွာ အသင့်အလျော် ကြားကာမျှဖြင့် နားမလည်နိုင်လတ္တံ့ ကုန်သော သူတို့အား အထူးသဖြင့် နားလည်ကြစေခြင်းငှါ မဟာအဋ္ဌကထာ ကြီးများကဲ့သို့ ပုနရုတ္တိ ဂန္ထဂရုကို နှလုံးမထား သောတုဇနတို့ သဘောလှလှ ကျကြစေခြင်းကိုသာ နှလုံးထားသဖြင့် လျဉ်းပါးစရာ အရာရောက်တိုင်း ရောက်တိုင်း ရှေးညွှန်ကြားအပ်ခဲ့ ဘူးသော သာဓကပါဌ်တို့ကို၎င်း …
ယထာရဟ အထပ်ထပ် ထုတ်ဆောင်ညွှန်ကြားသည်ဖြစ်၍ အများဉာဏ်ငယ် သူတို့နှင့်တကွ သဘောလှလှ ကျလောက် ကြေဧးလောက်ဘွယ် အသွယ်သွယ် အနည်းနည်း စီရင်ညွှန်းပြအပ် သောကြောင့်၎င်း …
အထူးထူး အထွေထွေ ပါဠိတော်များစွာ အဋ္ဌကထာ အရပ်ရပ် ဋီကာ အထပ်ထပ်တို့ဖြင့် သောတုဇန တို့ အလွန်ကြည်ညို လေးမြတ် ဝမ်းမြောက်လောက်ဘွယ် တကယ်များပြားသောကြောင့်၎င်း …
ကြားကြားသမျှ ရဟန်းသျှင်လူ သူတော်ကောင်းအပေါင်းတို့ "ဧကကောလာဟလံ သာဏုကာရံ" ကောင်းချီးညံလောက်စဖွယ် အလွန်ဆန်းကြယ် နက်နဲ ထူးကွဲကျယ်ဝန်းစွာ စီမံအပ်သော …
ဂမ္ဘီရာဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်း
ဤသည့်အခါ ဘဝဂ်တို့င်အောင် အောင်စည်ရွှမ်း၍ နိဗ္ဗာန် အောင်ခန်း ဝင်လတ်ပြီ။
အရည်စစ် ကောက်နုတ်ချက် ပြီး၏။
……..
၆ - မေတ္တာအာသီသ
▬▬▬▬▬▬▬
နိဂုံးချုပ် ငါးဌာနကို ပြပုံ
ဤသို့လျှင် ပိဋကတ် သုံးသွယ် နိကာယ်ငါးတန် ပါဠိ အဋ္ဌကထာ ဋီကာ ကျမ်းဂန်တို့ကို အဘန်ဘန် မွှေနှောက် အထက်အောက် ကြည့်ရှု အခါခါ စိန္တာနု စိန္တန ပြုသဖြင့် ယထာဓမ္မ ယထာသဘာဝ နေရာကျကောင်းစွာ ရေးသားဆုံးဖြတ် အပ်သော ဤ”ဂမ္ဘီရာဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်း” ကို ဝတိံသာ နတ်နန်းဝယ် အာသာဝတီ နွယ်နီနတ်ပန်းကို နတ်ဒေဝါတို့ သူ့ထက်ငါ ဆွတ်လှမ်း ပန်ဆင်ကြဘိသည့်အတူ သူ့ထက်ငါ ဝိုင်းယူကြပြီးခါ အတိဒုလ္လဘကထာ တကယ် နက်နဲ ထူးကဲ လှသည့် ဤဒေသနာကို တကယ် သမ္ပတ္တိစက်အလာ တကယ်အခွင့်ကြီး သာလှ၍ ကောင်းမွန်စွာ နာကြား မှတ်သားကြရသူ တကယ့်သမ္ပတ္တိ ပုဂ္ဂိုလ်တို့ …
“ဧဝံ ဝိမုတ္တစိတ္တော ခေါဝစ္ဆ တထာဂတော ဂမ္ဘီရော အပ္ပမေယျော”
စသည်ဖြင့် ဝိမုတ္တ စိတ္တရဟန္တာ နောင်အခါ အဘယ်မှာ ဖြစ်ပါလိမ့်ဦးမည်နည်း ဟု ဝစ္ဆပရိဗိုဇ် လျှောက်ထားရာ အဘယ်မှာမှ ဖြစ်လေဦးမည်ဟု - ငါဘုရား မဟောကြားကြောင်းနှင့့်် မိန့်တော် မူရာတွင် …
သို့ဖြစ်လျှင် အဘယ်တွင်မှ မဖြစ်ပေဘူးလားဘုရား လျှောက်ထားပြန်ရာဝယ် ဤသို့ အဘယ်တွင်မှ မဖြစ်ပေဘူး ဟူ၍လည်း ငါဘုရား မဟောကြား ဟု မိန့်တော်မူပြန်သည်တွင် …
အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်လတ္တံ့ မဖြစ်လတ္တံ့ တခုခုကိုမျှ မဟောရပါ သနည်းဟု ဝစ္ဆပရိဗိုဇ် လျှောက်ထားပြန်ရာ ---
နိဗ္ဗာန်၌ ရောက်၍နေသူ ပရိနိဗ္ဗုတ ရဟန္တာများ၏ ရုပ်စသည် မရှိသဖြင့် ရုပ်စသည်နှင့် စပ်သော ပညတ်မျိုးမှ လွတ်၍နေသောကြောင့် ထိုနိဗ္ဗာန်၌ ရူပါဒိသင်္ခါဝိမုတ္တ အဖြစ်ဝယ် တည်နေသော ထို ရဟန္တာအား ရုပ်နာမ်တရားပင် မရှိသော်လည်း အလုံးစုံ ကွယ်ပျောက်၍ မသွား၊ တစုံတရာ ဂမ္ဘီရ သဘောအား ဖြင့် ထိုသူ ထိုနိဗ္ဗာန်ဝယ် တည်ရှိနေသည်ကို ရည်၍ ထိုသူထိုနိဗ္ဗာန်၌ ဖြစ်၍နေ၏ ဟု ငါဟောတော်မူသည်ရှိသော် ရုပ်နာမ်နှင့်တကွ ဖြစ်နေသည် ဟု ဝေနေယျတို့ ထင်မှားဘွယ် ရှိသောကြောင့်၎င်း …
ရုပ်နာမ်မရှိသည်ကို ရည်၍ ထိုသူ ထိုနိဗ္ဗာန်၌ မရှိ - ငါဟောတော်မူခဲ့သော် အလုံးစုံ အဘယ်ဂမ္ဘီရ သဘောတခုမျှ မရှိ ပျောက်၍ ပြတ်၍သွားသည်ကို ဆိုလေသလော ဟု ဝေနေယျတို့ ယုံမှားဘွယ် ရှိသောကြောင့်၎င်း ---
ထိုနိဗ္ဗာန်၌တည်၍ နေသူ ထိုနိဗ္ဗာန်၌ ဖြစ်၍ နေ၏၊ ဖြစ်၍ မနေ - ဤသို့တခုခု ကိုမျှ ငါဟော၍ မတော်မလျော်နိုင် သောကြောင့် ထိုနိဗ္ဗာန်သို့ ရောက်လတ္တံ့သော ဝိမုတ္တစိတ္တ ရဟန္တာပုဂ္ဂိုလ်အား လည်း ထိုနိဗ္ဗာန်သို့ ရောက်လတ္တံ့၊ ထိုနိဗ္ဗာန်၌ တည်လတ္တံ့ ဟူ၍သာ ဟောသင့်ရကား ထိုနိဗ္ဗာန်၌ “ဥပဇ္ဇိဿတိ၊ ဖြစ်လတ္တံ့။ န ဥပဇ္ဇိဿတိ၊ မဖြစ်လတ္တံ့ “ ဟု တခုခုကိုမျှ ငါဟော၍ မတော်နိုင်၊ ဝေနေယျတို့ ဉာဏ်မနိုင်ဘွယ် ရှိသောကြောင့် အဘယ်တခုခုကို ငါဟောတော်မမူသည်ဟု ဝစ္ဆ ပရိဗိုဇ်အား ဘုရားသျှင် မိန့်ကြားတော်မူသည့်အရာ ဗျင်္ဂျတ္ထာဓိပ္ပါယဖြင့် မဇ္ဈိမပဏ္ဏာသပါဠိတော် လာသည်ကို ထောက်သဖြင့်၎င်း --
“ရူပသင်္ခါဝိမုတ္တော ခေါ မဟာရာဇ တထာဂတော ဂမ္ဘီရော အပ္ပမေယျော ...”
စသည်ဖြင့် ကောသလမင်းကြီးအားလည်း ယင်း ဝစ္ဆပရိဗိုဇ်အား ဟောကြားတော်မူသည့် အတိုင်းပင် ဟောကြားတော်မူသည်ဟု သဠာယတနသံယုတ် ပါဠိ တော်လာသည်ကို ထောက်သဖြင့်၎င်း …
“ အတ္ထင်္ဂတော သော ဥစ္ဆိန္နော ဝိနဋ္ဌော” စသည်ဖြင့် နိဗ္ဗာန်ရောက်သွားသည့် သူများ အလုံးစုံ ပြတ်တောက် ကွယ်ပျောက်၍ သွားသလော ဘုရားဟု ဥပသိဝပုဏ္ဏား လျှောက်ထားရာ “အတ္ထင်္ဂတဿ နပမာဏမတ္ထိ” စသည်ဖြင့် နိဗ္ဗာန် ရောက်သူများ အလုံးစုံကွယ်ပျောက်၍ သွားသည် မဆိုသင့်၊ ရုပ်ဝေဒနာ စသော ပမာဏတရားသာ မရှိသည် ဟု ဘုရားဟောကြားတော်မူကြောင်းနှင့် စူဠနိဒ္ဒေသပါဠိတော် လာသည်ကို ထောက်သဖြင့်၎င်း …
“ပရိနိဗ္ဗုတော ပုဂ္ဂလော ဥစ္ဆိန္နောတိ နဟေဝံ ဝတ္တဗ္ဗေ” -
ဟူသောပါဌ်ဖြင့် ပရိနိဗ္ဗုတရဟန္တာပုဂ္ဂိုလ်များ အလုံးစုံပြတ်တောက် ကွယ်ပျောက်၍ သွားသည် မဆိုသင့်ကြောင်းနှင့် ကထာဝတ္ထုပါဠိတော်လာသည်ကို ထောက်သဖြင့်၎င်း --
န သောပမာဏမေတိ - စသည်ဖြင့် ပရိနိဗ္ဗာန်ပြုသွားကြသောပုဂ္ဂိုလ်တို့ ထို နိဗ္ဗာန်၌ သီလ သမာဓိ ပညာ အမျိုးအနွယ်အားဖြင့် အဘယ်သူလိုတည်း ဟု မနှိုင်းရှည့်နိုင်ဘွယ် တကယ့်ဂမ္ဘီရ အပ္ပမာဏ အပ္ပမေယျဖြစ်၍ နေကြောင်းနှင့် ဟောတော်မူအပ်သော ဣတိဝုတ်ပါဠိ၌ ၎င်းအဋ္ဌကထာတို့ကို ထောက်သဖြင့်၎င်း -
ရဟန္တာပုဂ္ဂိုလ် သေပြီးသည့်နောက် ပြတ်တောက် ကွယ်ပျောက်၍ သွားကြောင်းနှင့် ဟောပြောလေ ့ရှိသော ယမကမည်သော ရဟန်းအား ဤကဲ့သို့ ပါပိကဝါဒ ဥစ္ဆေဒဒိဋ္ဌိစကား မဟောကြားရမည့် အကြောင်းနှင့် အသျှင်သာရိပုတြာ ကိုယ်တိုင် ဆုံးမရသည် ဟု သဠာယတနသံယုတ် ပါဠိတော် လာသည်များကို ထောက်သဖြင့်၎င်း -
“ယထာ ပန ဝိဇ္ဇမာနော ဧဝ ဇာတပေဒေါ ဗျတ္တေန ပုရိသေန နီယမာနာ ပုရတ္ထိမာဒိဒိသံ ဂတောတိ ဝုစ္စေယျ န နိဗ္ဗုတော။ ဧဝံ ခီဏာသဝေါပိ။”
စသည်ဖြင့် ပရိနိဗ္ဗုတပုဂ္ဂိုလ် ရုပ်နာမ်ခန္ဓာ ငြိမ်းပျောက်၍ သွားရာ အရပ်၌ ရုပ်နာမ်ခန္ဓာနှင့် တကွဖြစ်၏ ရောက်၏ ဟု မဆိုထိုက်သည်ကိုသာ ပြသည်၊ စင်စစ်နိဗ္ဗာန်သို့ မရောက်ဟု ဆိုလိုသည် မဟုတ်ဟူသော မဇ္ဈိမပဏ္ဏာသဋီကာ လာသည်ကို ထောက်သဖြင့်၎င်း …
ဤသို့စသော ပါဠိတော်များစွာ အဋ္ဌကထာ ဋီကာ အရပ်ရပ်တို့ကို ထောက် သဖြင့် နိဗ္ဗာန်ရောက် သွားကြသူတို့ အလုံးစုံကွယ်ပျောက် ပြတ်တောက် ရိတ္တ တုစ္ဆ အဘာဝသို့ ရောက်သွားကြလေ တော့သည်ဟု ဥစ္ဆေဒဝါဒစကား ပြောကြား ယူမှားခြင်းကို မဖြစ်စေရ၊ ထိုနိဗ္ဗာန်ရောက်သူကို ထိုနိဗ္ဗာန်၌ အဘယ်ပုံခြင်းရာ အားဖြင့် တည်နေသည်ဟု ဝေနေယျတို့ ဉာဏ်ဖြင့် မတိုင်းထွာနိုင် မပိုင်းခြားနိုင်ဘွယ် တကယ်နက်နဲခြင်း ဂမ္ဘီရ အပ္ပမေယျ သဘောအားဖြင့်ဖြစ်၍ အဘယ် ဘေးတခုမျှ မတွေ့ မငွေ့ ချမ်းမြေ့သာယာ အမြဲတည်စံနေ ကြရသည်ဟူ၍သာ နှလုံးနှစ်ခြိုက် ပိုက်ထားကြ ကုန်သည်ဖြစ်၍ ယင်းသို့ ဂမ္ဘီရဖြစ်သော နိဗ္ဗာန်၌ ဂမ္ဘီရ အပ္ပမေယျ ပရိနိဗ္ဗုတ ပုဂ္ဂလဖြစ်၍ တခါတည်း မပျောက်မပျက် မအို မသေ အမြဲတည်စံနေရာ နိဗ္ဗု အောင်ခန်း တကယ် ဘေးမသန်းသည့် ရွှေမြို့နန်း၌ ဆောလျင်စွာ စံမြန်းကြရပါစေကုန်သတည်း။
ဤကားအောက်က အကြိမ်ကြိမ်အခါခါ မေတ္တာဝေငှခဲ့သော သြဒိဿမေတ္တာ ဘာဝနာအဆုံး အာသီသဘာဝနာနိဂုံးချုပ်စကားတည်း။
ဤနိဗ္ဗုတဒီပနီကျမ်းအားလုံး၌ ---
(၁) အခါခါစိတ်စိုက် အကြိမ်ကြိမ် မလိုက်နိုင်သဖြင့် လိုရင်းအကျဉ်း၌သာ ဘဝင်ခြိုက်လိုကြသော ပုဂ္ဂိုလ်တို့မှာ ဤနိဗ္ဗုတဒီပနီကျမ်း သင်္ခေပကအဆုံး နိဂုံးချုပ်တရပ်
(၂) ဝိတ္ထာရကဏ္ဍ နိဗ္ဗာနကထာအဆုံး နိဂုံးချုပ်တရပ်
(၃) ဝိတ္ထာရကဏ္ဍ နိဗ္ဗုတကထာအဆုံး နိဂုံးချုပ်တရပ်
(၄) ၎င်းနိဂုံးအနီးတွင် ယင်းနိဗ္ဗာန်တရား၏အခြား ပရမတ္ထတရားတို့နှင့် တူပုံတူချက် ထူးပုံထူးချက် နိဂုံးချုပ်တရပ်
(၅) ဤအာသီသမေတ္တာ ဘာဝနာအဆုံး နိဂုံးချုပ်တရပ်
ဤငါးရပ်ငါးဌာန အတိုကောက်တို့၌ အခါခါ စိတ်စိုက်မှတ်သား တပေါင်းတည်း ဝါစုဂ္ဂတ ပြုအားနိုင်ကြလျှင် နိဗ္ဗာန်အခြင်းအရာ နိဗ္ဗာန်ရောက်သူတို့ အခြင်းအရာဝယ် အရိယာယ ဉာဏဂေါစရ အရာကို လုပ်ထား၍ ပုထုဇန်တို့ ဉာဏ်အရာအားဖြင့် ပါရင်္ဂတ ရောက်သွားပြီ ဆိုရမည်လောက် ခရီးရောက်ကြကုန်လတ္တံ့၊ ရောက်ကြပါစေကုန်သတည်း။
မေတ္တာအာသီသ ပြီး၏။
……
ပဟေဠိများနှင့် နိဂုံး - ဆုတောင်းခန်း
▬▬▬▬▬▬▬▬
ယခုအခါ ကျမ်းအားလုံးအပြီး နိဂုံးချုပ်ဆုတောင်းခန်းကို ပါဌ်ဂါထာ အကျယ်တန်း၍ ဆန်းကြယ်စွာ ညွှန်းပြလတ္တံ့။
ယင်းသို့ ညွှန်းပြရာ၌လည်း ယင်းနိဗ္ဗာန် နိဗ္ဗာန်ရောက်သူ ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့ တရားဝယ် လွန်စွာ တွေဝေသူ များလှသောကြောင့် ယင်းနိဗ္ဗာန်, နိဗ္ဗာန်ရောက်သူတို့ အခြင်းအရာ၏ လွန်စွာ ထင်သည် ထက် ထင်စေခြင်းငှါ ယင်းနှစ်ရပ်တို့၏ အခြင်းအရာကိုပင် ထင်စွာပြလျက်သာ ပြဆိုပေလတ္တံ့။
ယင်းသို့ ညွှန်းပြရာ၌လည်း အလွန်နက်နဲလှသော နိဗ္ဗာန် နိဗ္ဗာန်ရောက်သူ ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့ အခြင်းအရာကိုပြလျက် ညွှန်းပြရသည်နှင့် လျော်စွာ ယင်းနိဂုံး ဂါထာတို့၏ ဂမ္ဘီရတ္ထဖြစ်စေခြင်းငှါ၎င်း သောတုဇနတို့ ပဟေဠိ အလင်္ကာရ နည်းအရာ နည်းယူလိမ္မာကြစေခြင်းငှါ၎င်း ယင်း ပဟေဠိလက္ခဏာ သောဠသဂါထာမျိုးတို့ဖြင့် ပြဆိုလတ္တံ့။
သဒ္ဒပဟေဠိ ရှစ်မျိုး
▬▬▬▬▬▬▬
ဤဆိုလတ္တံ့ သည်ကား အလင်္ကာဋီကာကျမ်းလာ ယင်း ပဟေဠီလက္ခဏာတို့တည်း။
၁။ သန္ဓိပုဒ်စပ်၊ ဝှက်တုံလတ်၊ မှတ်လော့ သမာဂတာတည်း။
သမာဂတာနာမ သိယာ၊ ဂုဠှတ္တာ ပဒသန္ဓိနာ။
“ပဘဝါနတဝိတ္ထိဏ္ဏာ” ကား ပြယုဂ်တည်း။
၂။ သဒ္ဒါအနက်၊ နှစ်ချက်သင့်ရာ၊ မလိုသာကို၊ လိုသာ ထင်မှတ်၊ ဝှက်တုံလတ်၊ မှတ်လော့ ၀ဉ္စိတာ။
၀ဉ္စိတာညတ္ထရုဠှေန၊ ယတ္ထ သဒ္ဒေန ဝဉ္စိတာ။
နာဂသဒ္ဒါ ရဟန္တာ, ဆင်, အနက်နှစ်ချက် ဆိုသင့်ရာ ဆင်ကိုထင်မှားအောင် ဝှက်သကဲ့သို့တည်း။
အကတညူ၊ သူ့ကျေးဇူးကို မသိတတ် ဟူသော အနက်၌ ယောင်အောင် “အကတညူ၊ နိဗ္ဗာန်ကို သိတတ်၏” ဟူသောအနက်ကို ဝှက်သကဲ့သို့လည်း မှတ်။
၃။ မစပ်သင့်ရာ၊ ပုဒ်များစွာ လယ်မှာ ခြား၍ထား။
ပုဒ်စပ်မသိ၊ ဝှက်ထားဘိ၊ သိလေ ဥက္ကန္တာ။ ဥက္ကန္တာတိဗျဝဟိတ၊ ပ္ပယောဂါမောဟကာရိနိ။
"သမ္မာသမ္ဗုဒ္ဓံ ဘာဿိသံ အဘိဝန္ဒိယ" ကဲ့သို့တည်း။
၄။ တိမ်မြုပ် လှဘိ၊ ပညတ္တိသဒ္ဒါ၊ ပုဒ်စဉ်လာ၊ ပမုဿိတာ မှတ်လေလော့။
သိယာ ပမုဿိတာ ယဿာ၊ ဒုဗ္ဗောဓတ္ထာပဒါဝဠီ။
“ရမ္မဏကံ၊ ဖန်ပြာသာဒ်။ သဒ္ဒါမတ္တကံ၊ ငွေပြာသာဒ်။ ဒုဘကံ၊ ပတ္တမြားပြာသာဒ်” စသည်ကဲ့သို့ တည်း။
၅။ အရိုးမဟုတ်၊ ပုဒ်အနည်းနည်း၊ ပစ္စည်းအင်ဒသ၊ ဝှက်တုံက၊ မှတ်ကြ ဖရုသာ။
ဖရုသာပစ္စယာဒီဟိ၊ ဇာတသဒ္ဒါ ကထဉ္စိပိ။
“ဥပေါသထော၊ ဥပုသ် သုံးခြင်းရှိသည်” ဟု တဒ္ဓိတ်ဏပစ္စည်းကို ဝှက်သကဲ့သို့တည်း။
၆။ အရိုးနာမ၊ ပညတ္ထ၊ အဆန်းနှက်ထူ၊ သဒ္ဒတ္ထဖြင့်ဝှက်၊ မပျက်သမာန- သဒ္ဒါပဟေဠီမှတ်လေလော့။
သမာနသဒ္ဒါ သာ ဣဋ္ဌ၊ သဒ္ဒပရိယာယသာဓိတာ။
”ပဒုမုတ္တရ” ကို “ဇလဇုတ္တရ” “ယသောဓရာ” ကို “ကိတ္တိမဟီ” ဆိုသကဲ့သို့တည်း။
၇။ ဆဋ္ဌီသမာသ်၊ ထပ်ခါထပ်ခါ၊ တပုဒ်တည်းလျက် အများလာ၊ ယူပါ ပါရိဟာရိနီ။
ယဿာ သမ္ဗန္ဓဗာဟုလ္လာ၊ နာမံ သာ ပါရိဟာရိနီ။
“ပုညာရိက္ခယဂေါစရေ၊ ကုသိုလ်တို့၏ ရန်သူတို့၏ ကုန်ရာမဂ်ဖိုလ်တို့၏ “အာရုံ” ဟူသကဲ့သို့တည်း
၈။ မုချတ္ထကို၊ ယောင်စေလို၊ ဝှက်သို သမာနရူပါတည်း။
သမာနရူပါ မုချတ္ထာ၊ ရောပါပိတပဒါ သိယာ။
အမိ-စသော မုချတ္ထ၌ ယောင်အောင် တင်ထားအပ်သော ပရိယာယ သဒ္ဒါရှိသော တဏှာ စသည်ကိုဟောသော “မာတရံ ပိတရံ ဟန္တွာ” စသည်ကဲ့သို့တည်း။
သဒ္ဒပဟေဠီ ရှစ်မျိုး ပြီး၏။
အတ္ထပဟေဠိ ရှစ်မျိုး
▬▬▬▬▬▬▬
၁။ သင်္ချာရေတွက်၊ ယူခက်စရာ၊ ယောင်ဘွယ်သာ၊ ဝှက်ခါ သင်္ချာတာ မျိုးတည်း။
သင်္ချာတာနာမ သင်္ချာနံ၊ ယတ္တ ဗျာမောဟကာရဏံ။
“ဂီတသဒ္ဒေ သရာဒွေဒွေ“ စသည် ကဲ့သို့တည်း။ ဤ၌ သရနှစ်လုံးကို မယူမိအောင် အသံနှစ်ခုကို ထင်အောင် ယောင်အောင် ဝှက်သည်။
၂။ ကြိယာကာရက၊ ဝါကျအနေ၊ နှစ်တွေအနက် ထွက်၍နေအောင်၊ လှည့်ပတ်ဆောင်၊ မြဲခေါင်မှတ်လေ ပကပ္ပိတာတည်း။
အညထာ ဘာသတေ ယတ္ထ၊ ဝါကျတ္ထော သာ ပကပ္ပိတာ။
“ပါတုဝေါ ဥဒိတော ရာဇာ” ၌ ထွက်တော်မူလာသော ပြည့်ရှင်မင်း ဟူသော အနက်တပါး၌ ယုံမှားစေ၍ တက်လတ်သော လမင်း ဟူသော လိုအပ်သောအနက်ကို ဝှက်သကဲ့သို့တည်း။
၃။ အမည်ကိုဝှက်၊ ဆိုသည်ချက်တွင်၊ အနက်တပါး၊ ထူးခြားထွေလာ ယောင်အောင်သာ ဝှက်ခါ နာမန္တရိက။
သာ နာမန္တရိကာ ယတ္ထ၊ နာမေနာနတ္ထကပ္ပနာ။
ဣသိပတန တေယ-၏ နာမည်ကို မသိရအောင် ရသေ့စသော အနက်တပါး၌ ကြံမှားအောင် ဝှက်သကဲ့သို့တည်း။
၄။ သည်လိုဖြစ်လျှင်၊ သည်ဟာပင်ဟု၊ ထင်မှတ်စရာ၊ ရှိရာရာ၊ မြစ်ခါ မြစ်ခါဝှက်။
ယင်းထင်ဘွယ်ကို၊ န-မြစ်ဆိုး ဝှက်သို နိဘူတာ၏ အချက်တည်း။
နိဘူတာဝဌိတာညတ္ထာ၊ တုလျတ္ထသုတိဟေတုတော။
”အာဝ ဌိတာညတ္ထာ၊၊ သူထင်ဘွယ်အနက်တပါးကို တားမြစ်၍ တည်သော ပဟေဠိသည်” အနက်ပေး။
“ဓာဝန္တံ ဥဒယာ အတ္တံ” စသည်၌ “န စန္ဒမဏ္ဍလံ “ စသည်ဖြင့် သူထင်ရာကို န-မြစ်ဆို၍ ဝှက်သကဲ့သို့ တည်း၊ “ဝနံ ဆိန္ဒထမာ ရုကံ္ခ” စသည်ကို ယူ။
၅။ တိုက်ရိုက်စကား၊ ပြောတုံငြားလျက်၊ အနက်မထင်၊ တွေဝေလျှင်၊ မှတ်ရှင် သံမုဠှာ။
စကားဝိုးဝါး ရီးတီးရားတား နေအောင် ပြောသည် ဟူလို။
သံမုဠှာသံမုဠှတ္တာ စ၊ နိဒ္ဓိဋ္ဌတ္ထာပိ သာဓုကံ။
“အရပ်လေးမျက်နှာ လှည့်၍ မြင်းလေးကောင်ကို ချည်ထားပြီးလျှင် အလယ်ခေါင်တွင် မြက်ကို ထား၍ ကျွေးသည့်အခါ မြင်းလေးကောင်လုံး စားနိုင်သည်” ဆိုသကဲ့သို့တည်း။
၆။ သမာသ်ပုဒ်နက်၊ ရှေ့ပုဒ်ဝှက် မပျက် ဧကစ္ဆန္နာတည်း။
နောက်ပုဒ်ကိုဘော်၍ ရှေ့ပုဒ်ကို ဖုံးထားသည်ဟူလို။
ဧကစ္ဆန္နာ သမာသဿ၊ ပုဗ္ဗပဒံ၀ဂေါပနာ။
“ကာကဝှယ” ဟူသည်၌ ကာက-ကို မသိရအောင် ဝှယ-ဟူ၍သာ ဆိုသကဲ့သို့ တည်း။
ဝှယ၊ ကျီးသာသည်။
“အကြင်ငှက်ဖြင့် အဝေးသွားသူ ပြန်လာခါနီးတွင် ဝှယ-ဟူ၍ ဆိုအပ်၏။ ဝါ၊ သာသည်-ဟူ၍ ဆိုအပ်၏။ ထိုငှက်သားကို သင်စားဘူး၏လား” ဟု မေးသကဲ့သို့မှတ်။
၇။ အရိပ်အမြွက်၊ အနက်ခြင်းရာ၊ ဆိုပြီးခါ၊ နှစ်ဖြာလုံးကိုဝှက်၊ ဥဘယစ္ဆန္နာ ယင်းအချက်။
အာကာရံ ဗျဉ္ဈုဘယစ္ဆန္နာ၊ ယဿာ သကလဂေါပနာ။
ကြွက်နှင့်ကြောင်ပါး၊ ကျားနှင့် သမင်၊ မြင်ကာမတ္တ၊ ကိုက်ပြေးကြလျက်၊ အကြင်အသံကိုကြားလျှင် မပြေးမကိုက်ကြ၊ ထိုအသံကို သင် ကြားဘူး၏လား-မေသကဲ့သို့တည်း။
ကရဝိတ် ငှက်မင်း သံ ဖော်။
ကရဝိကသဒ္ဒါ နှစ်ပုဒ်လုံးကိုဝှက်သည်။
အတ္ထပဟေဠိ ရှစ်မျိုးပြီး၏။
သဒ္ဒတ္ထပဟေဠိ
▬▬▬▬▬
ပဟေဠီ လက္ခဏာ၊ ပေါင်းများစွာ၊ တဂါထာတည်း၌။
ရော၍ယှက်ခါ၊ ယင်းဂါထာ၊ သံကိဏ္ဏာဟု နှလုံးပိုက်။
သံကိဏ္ဏာနာမ သာ ယဿာ၊ နာနာလက္ခဏသင်္ကရာ။
ဤမဟာနိဗ္ဗုတိကထာဝယ် “ဂမ္ဘီရံဂမ္ဘီရံ” စသည်ကဲ့သို့တည်း။
သဒ္ဒတ္ထပဟေဠိ တစ်-ပြီး၏။
…………..
“ယခုအခါ ယင်းပဟေဠီလက္ခဏာတို့နှင့်အညီ ကျမ်းပြုရကျိုး နိဂုမ်းပါဌ်တန်း ဆုတောင်းခန်း ဆိုပေအံ့။”
၁။ အဘူတအဘူတဋ္ဌာနံ၊ အာကာရံ ဒုဗ္ဗိနိစ္ဆယံ။
ဝိနိစ္ဆယံသုကရောန္တော၊ ကရောန္တောအနဝဇ္ဇ ယံ။
၂။ မစ္စုနာ ဗာဟတော လောကော၊ ယတ္ထ ဌိတော န ဗာယတော။
အကတံ သီဃံ အာယာမ၊ သုက္ကေနေတေန တံ မယံ။
၁။ အဘူတအဘူတဋ္ဌာနံ၊ နိဗ္ဗာန် နိဗ္ဗာန်၌တည်နေကုန်သော ပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့၏။
အာကာရံ၊ သဘောခြင်းရာ ဖြစ်ပုံနေပုံ အလုံးစုံကို။
ဒုဗ္ဗိနိစ္ဆယံ၊ ဆုံးဖြတ်နိုင်ခဲသောအရာကို။
သုဝိနိစ္ဆယံ၊ ကောင်းကောင်းကြီး ဆုံးဖြတ်ခြင်းကို။
ဝါ၊ ဟုတ်မှန်သေချာ ကောင်းစွာ ဆုံးဖြတ်ခြင်းကို။
သုကရောန္တော၊ ကျယ်ကျယ် ဝင်းဝင်း ခင်းခင်းကျင်းကျင်း လွန်မင်းစွာ ပြုသည်ဖြစ်၍။
ယံ အနဝဇ္ဇံ၊ အကြင် ကုသိုလ်ကောင်းမှုကို။
ကရောန္တော၊ ကြည်လင်ရွှင်လန်း သဒ္ဓါစွမ်းဖြင့် ဝမ်းမြောက်ဝမ်းသာ ပြုစုပါ၏။
၂။ လောကော၊ သုံးခွင်ဝေနေ တတွေကို။
မစ္စုနာ၊ သျှင်သေမင်းသည်။
ဗာဟတော၊ ညှဉ်းဆဲတိုက်ဖြတ် ခါခါသတ်အပ်၏။
ယတ္ထ၊ အကြင်အရပ်၌။
ဌိတော၊ တည်သောသူကို။
တေန မစ္စုနာ၊ ထိုသျှင်သေမင်းသည်။
န ဗာယတော၊ မညှဉ်းဆဲ မသတ်ဖြတ်နိုင်။
ဧတေန သုက္ကေန၊ ဤနိဗ္ဗာန်, နိဗ္ဗာန်၌ တည်နေကုန်သူတို့၏ အခြင်းအရာကို သေချာစေ့စပ် ဆုံးဖြတ် ရေးသား တရားစည်ကြီး ရိုက်တီးရသော ကောင်းမှုဖြင့်။
ဝါ၊ ကောင်းမှုကြောင့်။
တံ အကတံ၊ ထိုသေမင်း မညှဉ်းဆဲနိုင်ရာ နိဗ္ဗုတာအရပ်သို့။
ဝါ၊ နိဗ္ဗူသာခေါင် လူမနီးသည့် ဘေးမဲ့တောင်သို့။
မယံ၊ အကျွန်ုပ်တို့သည်။
သီဃံ အာယာမ၊ လျင်စွာထုတ်ချောက် ဆောစွာ ရောက်ရပါလိုကုန်၏။
ဤဂါထာတို့ကား နိဗ္ဗာန်ဟော အရာ၌ လွန်စွာကွယ်မြုပ်သော အဘူတသဒ္ဒါ အကတသဒ္ဒါ ဟူသော ပညတ္တိသဒ္ဒါ တို့ဖြင့် ဆိုအပ်သောကြောင့် ပမုဿိတာပဟေဠီ တစိတ်နှင့် ရောသော ဂါထာ။
“သုကရောန္တော” ၌ သု-ကို ဝိနိစ္ဆယဟူသော ရှေ့ပုဒ်၌လည်း ယူ၍ ယှဉ်ရသည်ကား ကာကောလောကနနည်း၊ အနဝဇ္ဇ၌ နိဂ္ဂဟိတ်ကေ။
ကုသိုလ်အရာ၌ ကွယ်ဝှက်သော အနဝဇ္ဇ သုက္ကသဒ္ဒါ တို့ဖြင့် ဆိုခြင်းသည်လည်း ပမုဿိတာလက္ခဏာ ပင်တည်း။
၃။ ဇာတံပိ အဇာတံယေ၀၊ အဇာတံပိ ဇာတံ ဘဝေ။
ကတံပိ အကတံယေ၀၊ အကတံပိ ကတံ ဘဝေ။
၄။ ဧတာဒိသံ ဇာတာဇာတံ၊ ကတာကတံ ပုရုတ္တမံ။
သုခံသုခံ သု၀ဍ္ဎေန္တံ၊ သီဃမေတု ဘဝါဘဝံ။
၃။ ယံ၊ အကြင်မြို့သည်။
ဇာတံပိ၊ ဖြစ်ပါလျက်လည်း။
အဇာတံယေ၀၊ မဖြစ်သည်သာလျှင်တည်း။
အဇာတံပိ၊ မဖြစ်ပါဘဲလျက်လည်း။
ဇာတံ၊ ဖြစ်သည်ပင်။
ဘဝေ၊ ဖြစ်၏။
ကတံပိ၊ ပြုအပ်ပါလျက်လည်း။
အကတံယေ၀၊ မပြုအပ်သည်သာဖြစ်၏။
အကတံပိ၊ မပြုအပ်ပါဘဲလျက်လည်း။
ကတံ၊ ပြုအပ် သည်ပင်။
ဘဝေ၊ ဖြစ်၏။
၄။ ဧတာဒိသံ၊ ဤသို့သော သဘောရှိသော။
ဇာတာဇာတံ၊ ဖြစ်ပါလျက်နှင့် ဖြစ်သည်မမည်၊ မဖြစ်ပါလျက်လည်း ဖြစ်၍နေသော။
ကတာကတံ၊ ပြုအပ်ပါလျက်လည်း မပြုအပ်၊ မပြုအပ်ပါဘဲလျက်လည်း ပြုအပ်သည်ပင် ဖြစ်သော။
ဥတ္တမံ-ဥတပံ၊ တိုင်းပြည်တပါး မြို့တခြားများကဲ့သို့ အမိုက်တိုက်လည်း မရှိထသော။
သုခံသုခံ၊ အတုမရှိသော ချမ်းသာကို။
သု၀ဍ္ဎေန္တံ၊ ကောင်းကောင်းကြီး ပွါးစေတတ်သော။
ဘဝါဘဝံ၊ ထင်ရှားရှိလျက် ရှိရာ မထင်၊ ရှိရာမထင်သော်လည်း ထင်ရှားရှိသည်ပင် ဖြစ်ထသော။
ပုရုတ္တမံ၊ ပြည်ထူး ပြည်မြတ် ပြည်အထွတ်သည်။
မေ၊ ငါ၏ထံသို့။
သီဃံ၊ ဆောလျင်စွာ။
ဧတု၊ တည်ရောက် လာပါစေသတည်း။
တဲ့တဲ့ဆိုလျက် အသိခက်အောင် ဝှက်သော သံမုဠှာပဟေဠီ။ နိဗ္ဗာန်ကို ဝှက်သည်။
ဖြစ်ပါလျက်နှင့်ဖြစ်သည် မမည်၊ မဖြစ်ဘဲလျက်လည်း ဖြစ်သည် ဆိုသည့်အရာသည် အဘယ်လိုဟာ ဖြစ်ပါလိမ့်မည်နည်း ဟု တွေဝေရသည်ကို သံမုဠှာ ဆိုသည်။
ကမ္ဘာမီးလောင် မြေကြီးတက်တက်ပြောင် သည့်အခါ ထိုမြေကြီး နေရာ၌ ကောင်းကင်ဟင်းလင်း ဖြစ်သည်ဖြစ်၍ ထိုကောင်းကင်ဖြစ်လာပြီ ဟူ၍လည်း ဆိုသင့်ပါလျက် ဥပဒ်ဒြဗ်အားဖြင့် ဖြစ်သည် မဟုတ်ရကား ဖြစ်သည် မဆိုလောက်၊ ဖြစ်သည် မဆိုလောက်သော်လည်း ထိုအရပ်၌ ကောင်းကင် ဖြစ်လျက်ပင် နေသောကြောင့် ထိုကောင်းကင်ကို မြေကြီး ပျောက်သည့်နောက် ဖြစ်ရောက်လာသည် ဟူ၍လည်း ဆိုသင့်သည် ဖြစ်သကဲ့သို့ အရဟတ္တမဂ် အရဟတ္တဖိုလ်ဟူသော ကမ္ဘာမီးသတ္တိဖြင့် အကြောင်း အဘိသင်္ခါရမာရ်ကုန်၍ ရုပ်နာမ်ခန္ဓာမြေကြီး ကုန်ပျောက် တဘန် အသစ်မရောက်ရှိ သည့်အခါ ယင်းနိဗ္ဗာန်ရတနာ ပေါ်ပေါက် လာသည်ဖြစ်၍ ထိုနိဗ္ဗာန်ကို မဖြစ်ဟူ၍လည်း မဆိုသင့်၊ ယခင် ကောင်းကင်ကဲ့သို့ပင် ဥပါဒ်အထင်အရှား အထည်ဒြဗ်အားဖြင့် မဖြစ် လာသောကြောင့် ဖြစ်သည်ဟူ၍လည်း မဆိုထိုက်သည်ကို ရည်၍ “ဇာတံပိ အဇာတံ ယေဝ” စသည်ကို ဆိုသတည်း။ (ဤသို့ ဝှက်သည်ကို ဖော်။)
၅။ သင်္ခတာ သင်္ခတာဝါညေ၊ ဇာတာ ဇာတာတထေဝ တေ။
န ယော ဓမ္မာ တထာဟောတိ သီဃံလဘာမ တံမယံ။
၅။ အညေ၊ တပါးကုန်သော တရားတို့မှာ။
သင်္ခတာ၊ ပြုပြင်အပ်ကုန်သည် ရှိသော်။
သင်္ခတာဝ၊ ပြုပြင်အပ်ရာ လက္ခဏာ ထင်သဖြင့် ပြုပြင်အပ်သည် မည်သည်သာ ဖြစ်ကုန်၏။
ဇာတာ၊ ဖြစ်ပေါ်လာကုန်သည်ရှိသော်။
တေ၊ ထိုတရား တို့သည်။
တထေဝ ဇာတာ၊ ထိုဖြစ်ပေါ်လာသည့် လက္ခဏာထင်သဖြင့် ဖြစ်ပေါ် လာသည်ပင် မည်ကုန်၏။
ယော ဓမ္မာ၊ အကြင်တရားသည်။
တထာ၊ ထိုသို့ ပြုပြင်အပ်သည့်အတိုင်း ပြုပြင်အပ်သည်မည်သော ဖြစ်လာသည့်အတိုင်း ဖြစ်လာ သည်မည်သောအားဖြင့်။
န ဟောတိ၊ မဖြစ်။
တံ မယံ၊ ထိုသို့သော လက္ခဏာ အားဖြင့် ပြီးသော။
မတံ၊ စင်စစ်အလိုရှိအပ် အလိုရှိထိုက်သော။
အမတံ၊ အမြိုက်သဖွယ်ဖြစ်သော။
တံဓမ္မံ၊ ထိုတရားထူး တရားမြတ်ကို။
မယံ၊ ငါတို့သည်။
သီဃံ၊ ဆောလျင်စွာ။
လဘာမ၊ ဤကျမ်းပြုရ ကုသလကြောင့် ကောင်းကောင်းကြီး ရပါလိုကုန်၏။
ဝါ၊ ရပါစေကုန်သော။
လဘာမတံမယံ-၌ မတံ-တချက်၊ ရှေ့ပုဒ်ဝယ် အအက္ခရာကျေစေ၍ အမတံ-တချက် တံမယံ-တချက်၊ တံ-တချက်၊ မယံ-တချက်အားဖြင့် သဒ္ဒသတ္တိ အများထွက်ရကား ဘိန္နသတ္တိ သမဝေတနည်းမှတ်၊
နိဗ္ဗာန်ကိုဆိုသည် အခြင်းအရာ မထင်မထွက် နှစ်ဘက်အစွန်း ဖုံးလွှမ်းကွယ်ဝှက်သော ဥဘယစ္ဆန္နာပဟေဠိဂါထာ။
၆။ ယန္တ ပဒံ ဒုဗ္ဗိဓံပိ၊ နေဝ ဟောတိ ဂတာဂတံ။
နေဝ ဌိတံ အနာလဗ္ဗံ၊ သီယံ ဂစ္ဆာမတံ ပဒံ၊
၆။ ယန္တံ၊ ရောက်ရာ စင်စစ်ဖြစ်သော။
ယံ တံ ပဒံ၊ အကြင်အရပ်ဌာနသည်။
ဒုဗွီဓမ္မိ၊ နှစ်ပါးအပြားပင် ရှိသော်လည်း။
ဂတာဂတံ၊ သွားရာလာရာ အရပ်သည်။
နေဝ ဟောတိ၊ မဟုတ်။
နေဝ ဌိတံ၊ တည်နေရာလည်း မဟုတ်။
အနာလဗ္ဗံ၊ ဆွဲမှီရာ ဆောက်တည်ရာလည်း မရှိ။
အာမတံ၊ လွန်စွာ လိုအပ်ရာဖြစ်သော။
အမတံ၊ သေတတ်သူများလည်း မရှိထသော။
ပဒံ-ပကဋ္ဌံ ဒေန္တံ၊ မြတ်သော ချမ်းသာကိုလည်း ပေးတတ်ထသော။
တံပဒံ၊ ထိုအရပ်ကို။
မယံ၊ ငါတို့သည်။
သီဃံ၊ အလျင်တဆော။
ဂစ္ဆာမ၊ ရောက်ရပါလိုကုန်၏၊
ဝါ၊ ဤနိဗ္ဗုတံကထာ ကျမ်းမြတ်စွာကို သေချာပြုစု မြတ်ကောင်းမှုကြောင့် ယခုဆောစွာ ရောက်ရ ပါစေကုန်သော။
ရောက်ရာလည်းဖြစ်၊ သွားရာလာရာလည်း မဟုတ်၊ ထောက်တည်ရာ ဆွဲမှီရာလည်း မရှိ၊ လွန်စွာအလိုရှိအပ်သည်လည်းဖြစ်၊ သေသည့်သူများလည်း မရှိသောအရပ် ဟူသည် အဘယ်အရပ် ဖြစ်လိမ့်မည်နည်း ဟု တွေဝေအောင်ဝှက်သော သံမုဠှာပဟေဠီဂါထာ။
နှစ်ပါးအပြား ဟူရာ၌ သဥပါဒိသေသနိဗ္ဗာန် အနုပါဒိသေသနိဗ္ဗာန် ကိုယူ။
ယန္တံ-၏အရ ရောက်ရာ ဟူသည်၌ ပရိနိဗ္ဗာန်မပြုရသေးခင် အာရုံ ပြုသောအားဖြင့် ရောက်ရာ ပရိနိဗ္ဗာန်ပြုသည့်အခါ ထက်ကြပ် တွေ့ရောက်ရာကို ယူ။
သွားရာလာရာ မဟုတ် ဟူရာ၌ ဤနိဗ္ဗာန်သို့ ရောက်ပြီးသည့်နောက် အဘယ်ဘဝတပါး သွားရသည် မရှိ၊ ဘုံတပါးကလည်း ကိုယ်ခန္ဓာ အတ္တဘော နှင့်တကွ လာရာ မဟုတ်သည်ကို ယူ။
နေဝဌိတံ-အရ တည်ရာမဟုတ် ဟူရာ၌ ပဋိသန္ဓေ တည်နေရာ မဟုတ်သည်ကိုယူ။ အနာလမ္မံ-၏ အရ ဆွဲရာထောက်တည်ရာ မရှိဟူရာ၌ မှီရာမဟာဘုတ် ရုပ်အထည်ဒြဗ် မရှိသည်ကို ယူ၊
သေတတ်သူတို့ မရှိ ဟူရာ၌ မသေတတ်သူ မသေနိုင်သူ ပရိနိဗ္ဗုတ အသျှင်တို့၏သာ တည်နေရာကို ယူ။ ဘိန္နသတ္ထိနည်းမှာ ရှေ့အတိုင်း ကြံကြလေ။
၇။ န နရာ နရဇာတာပိ၊ ဒေ၀ဇာပိ နဒေဝတာ။ ဇာဇာ အဇဂါယေဝ၊ သီဃံဘဝါမတာဒိသာ။
၇။ ယေ၊ အကြင်သူတို့သည်။
နရဇာတာပိ၊ လူ၏သို့ပင် ဖြစ်ကုန်သော်လည်း။
ဝါ၊ လူကပင် ဖြစ်သွားကုန်သော်လည်း။
န နရာ၊ လူလည်း မဟုတ်ကုန်။
ဒေဝဇာပိ-ဒေ၀ဇာတာပိ၊ နတ်၏သို့ပင် ဖြစ်ကုန်သော်လည်း။
ဝါ၊ နတ်ကပင် ဖြစ်သွားကုန်သော်လည်း။
န ဒေ၀တာ၊ နတ်လည်း မဟုတ်ကုန်။
ဇဂဇာပိ၊ သတ္တဝါတို့မှ ဖြစ်သွားပါကုန်သော်လည်း။
အဇဂါဧဝ၊ သတ္တဝါ မဟုတ်ကုန်သည်သာလျှင်။
ဟောန္တိ၊ ဖြစ်ကုန်၏။
မ-မယံ၊ ငါတို့သည်။
အမတာ၊ မသေနိုင်ကုန်သော။
အဘဝါဘဝသုံးပါးလည်း မရှိကုန်သော။
အဘဝါ၊ ဘုံသုံးပါး၌ မရှိကုန်သော်လည်း။
ဘဝါ၊ ဂမ္ဘီရသဘောအားဖြင့် နိဗ္ဗာန်၌တည်ရှိသည်ပင် ဖြစ်ကုန်သော။
တာဒိသာ၊ ထိုသို့ အံ့ဩစဖွယ် တကယ် ထူးဆန်းသည့်သူ လူမတူ နတ်မမျှ နိဗ္ဗုတပုဂ္ဂလ ဝိသေသ တို့သည်။
သီဃံ၊ မနှေးမကြာ ဆောလျင်စွာ။
ဘဝါမ၊ နိဗ္ဗုတပုဂ္ဂလတို့၏ ဝိသေသဖြစ်ပုံကို အကုန်ညွှန်းရ မြတ်ပုညကြောင့် ကောင်းကောင်းကြီး ဖြစ်ရပါစေကုန်သော။
၎င်းသံမုဠှာပင်။ ။ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့ကို ဝှက်သည်။ နိဗ္ဗာနံ အရဟတော ဂတိ။ ပရိဝါပါဠိတော်။
ကာယဿ ဘေဒါ ဓမ္မဋ္ဌော၊ သင်္ချံ နောပေတိ ဝေဒဂူ။ ဟူသော သဠာယတနသံယုတ်ပါဠိတော်။
တာသံ ပရဘာဂေ နိဗ္ဗာနေ တိဋ္ဌေယျ။
ဟူသာ နေတ္တိ အဋ္ဌကထာတို့ လာတိုင်း ဘုံသုံးပါး၏ ပြင်ဘက်နိဗ္ဗာန်၌ တည်နေသည့်သခင် ပရိနိဗ္ဗုတ အသျှင်များကို ရည်၍ဝှက်သည် ဟူလို။
နိဗ္ဗာန်၌ တည်နေသည်ကိုရည်၍ “ဘဝါ၊ ရှိသည်ပင် ဖြစ်ကုန်သော” ဟု အနက်ပြန်ဆိုသတည်း။
၈။ ဥစ္ဆိန္နာပိ အနုစ္ဆိန္နာ၊ အနုစ္ဆိန္နာပိ ဆိန္နကာ။ နုစ္စန္တေ နတ္တိ နတ္ထီတိ၊ လဟုံ ဘဝါမတာဒိသာ။
၈။ ယေ၊ အကြင်သူတို့သည်။
ဥစ္ဆိန္နာပိ၊ ပြတ်သွားပါကုန်လျက်လည်း။
အနုစ္ဆိန္နာ၊ ပြတ်သည် မဟုတ်ကုန်။
အနုစ္ဆိန္နာပိ၊ ပြတ်သည် မဟုတ်ကုန်သော်လည်း။
ဆိန္နကာ၊ ပြတ်အောင်ပြုနိုင်ကုန်၏။
နတ္ထိ၊ မရှိသည်ဖြစ်ပါကုန်လျက်။
နတ္ထီတိ၊ မရှိ ဟူ၍လည်း။
နုစ္စန္တေ၊ မဆိုအပ်ကုန်။
အမတာ၊ တစုံတခုကိုမျှ လိုချင် တောင့်တ မရှိကုန်သော။
အမတာ၊ တရံတခါမျှ မသေနိုင်ကုန်သော။
အမတာ၊ သေတတ်သော သူတို့နှင့်မတူ အမူထူးလျက် ဆန့်ကျင်ဘက် ဖြစ်ကုန်သော။
အမတာ၊ လွန်စွာအလိုရှိအပ် အလိုရှိထိုက်ကုန်သော။
တာဒိသာ၊ ထိုသိုသော သဘောရှိသော သူတို့သည်။
လဟုံ၊ အလျင်တဆော။
ဘဝါမ၊ ဤကျမ်းပြု၍ ကုသလကြောင့် ကောင်းကောင်းကြီး ဖြစ်ရပါလိုကုန်၏။
ပရိနိဗ္ဗုတပုဂ္ဂိုလ်အရာကို သဒ္ဒါမခက် အနက်ပေါ်စွာ ဆိုပါလျှင်လည်း သည်ပင်သည်လို သည်ကို ဆိုသည်ဟု မသိနိုင်အောင် တွေဝေဘွယ် ဝှက်သော သံမုဠှာပဟေဠီပင်တည်း။
ရုပ်နာမ်ခန္ဓာ ရွံစရာပေါင်း ထောင်းထောင်းပြတ်သွား ဖြစ်တုံငြားလည်း ဤကားလူနတ် မဆိုအပ်ရုံ လုံးစုံမပြတ် နိဗ္ဗာန်ခေမာမြဘ်၌ တည်နေသည်ကိုရည်၍ “ဥစ္ဆိန္နာပိ အနုစ္ဆိန္နာ” ဟုဆိုအပ်သတည်း။
နိဗ္ဗာန်သာခေါင် ဘေးမဲ့တောင်တွင် သူမမြင်ကောင်း နတ်ဘုံရှောင်း၍ ကောင်းကောင်းကြီး တည်နေကြသဖြင့် ဥစ္ဆိန္န မဆိုရသော်လည်း သင်္ခတဆိုး ရုပ်နာမ်မျိုးမရှိ ဒုက္ခကြီး မဘိနိုင်သည်ကို ရည်၍ “အနုစ္ဆိန္နာပိ ဆိန္နကာ”ဟု ဆိုသတည်း။
တဆယ့်တသီး မီး၏လောင်စာ ကိုယ်ခန္ဓာဆိုး ဒုက္ခအိုးသာ မရာမရေ မရှိပေသည့် ရွှေနန်းနိဗ္ဗူ သူမတူတန် ဝင်းဝင်းလျှံ၌ သုဂမ္ဘီရဖြစ်၍ မငွေ့ဆင်းရဲ တချမ်းသာတဲ တည်နေလျက် ရှိပေသည်ကိုရည်၍ “နုစ္စန္တေ နတ္ထိ နတ္ထီတိ” ကို ဆိုသတည်း။
“ ဆိန္ဒကာ၊ ပြတ်သည်ဖြစ်ကုန်၏” အနက်ပေးလျှင် က-အက္ခရာ၌ အနတ္တက ဒေါသဝင်မည်ကြောင့် “ဆိန္နံ ကကရောန္တီတိ ဆိန္နကာ” ၀စနတ္ထ ပြု၍ ပြတ်အောင် ပြုတတ်သည် ဟု အနက်ပေးသည် ကိုလည်း သိ။
၉။ နေဝ ယတ္ထ မဟာဘူတံ၊ နာဘူတံ န နဘံ ဘဝံ။ နာရူပံ န နာယတနံ၊ သီဃံ အာယမတံ ဒိသံ။
၉။ ယတ္ထ၊ အကြင် ဘုံအရပ်၌။
မဟာဘူတံ၊ မဟာဘုတ်လေးပါးသည်။
နေဝ၊ မရှိသည်သာ အမှန်။
နာဘူတံ၊ ထင်ရှားမရှိသည်လည်း မဟုတ်။
န နဘံ၊ ကောင်းကင်လည်း မဟုတ်၊
ဘဝံ၊ ချမ်းသာကိုလည်း ပွါးစေနိုင်၏။
နာရူပံ၊ အရူပလေးဘုံလည်း မဟုတ်။
နာယတနံ၊ ဘုံတည်ရာ အာယတနမဟုတ် သည်လည်း၊
န၊ မဟုတ်။
အမတံ၊ မသေနိုင်ရာဖြစ်သော။
အာမတံ၊ အလွန်အလိုရှိအပ် တောင့်တအပ်သော။
တံ ဒိသံ၊ ထိုထူးဆန်းလှစွာ မသေနိုင်ရာအရပ်သို့။
မယံ၊ ငါတို့သည်။
သီဃံ၊ စွာ။
အာယာမ၊ ရှေးရှုမျက်မှောက် တခေါက်မပြန် မလှန်ရ ရောက်ကြီးရောက်ရပါလိုကုန်၏။
ဧတေန သုက္ကေန – ဆိုလိုသည်။ သုဏန္တပုဂ္ဂိုလ်တို့က မဟာဘုတ် လေးပါးမရှိလျှင် ဤသည် ဤသည်များပင် ဖြစ်လေသလောဟု ထင်ဘွယ်ရှိရာ ထင်ဘွယ်ရှိရာကို လိုက်၍လိုက်၍ မြစ်သဖြင့် နိဗ္ဗာန်ကို ဝှက်ဆိုသော နိဘူတာပဟေဠီဂါထာ။
ဤဂါထာကား – အတ္ထိ ဘိက္ခဝေ တဒါယတနံ ယတ္ထ နေဝ ပထဝီ” စသော ဥဒါန်းပါဠိတော်နှင့် အညီတည်း။
နိဗ္ဗာန်၏ အပရိယာပန္န ဘုံအရာကိုရည်၍ ဘုံတည်ရာ မဟုတ်သည် မဟုတ် ဟုဆိုသတည်း။
၁၀။ ဝုစ္စတာဒါဒိနိက္ခန္တာ၊ န နိက္ခန္တောနွနိက္ခမော။ နိဗ္ဗုတာ မဇ္ဈေ ပဇ္ဈိမော၊ န နိဗ္ဗုတော နွနိဗ္ဗုတော။
၁၁။ ယန္တေယန္တော သုဂတိတော၊ န သော သဗ္ဗော နသော တထာ။ ဗျာဘိကိတ္တိတမေတေဟိ၊ သီဃံ အာယာမ တံ ဒိသံ။
၁၀။ ယံ-ယဿ၊ အကြင်အရပ်အား။
အာဒေါ၊ အစ၌။
နိက္ခန္တာ၊ နိက္ခန္တာ ပုဒ်မှ။
အာဒိ၊ အစဖြစ်သော အက္ခရာကို။
ဝုစ္စတေ၊ ရွတ်ဆိုအပ်၏။
နိက္ခန္တော၊ နိက္ခန္တပုဒ်လုံးကို။
န ဝုစ္စတေ၊ မရွတ်ဆိုအပ်။
တထာပိ၊ ထိုသို့ နိက္ခန္တပုဒ်လုံးကို မရွတ်ဆိုအပ်သော်လည်း။
သော၊ ထိုအရပ်သည်။
နော အနိက္ခမော၊ ထွက်မြောက်ရာ မဟုတ်သည်လည်း မဟုတ်၊
မဇ္ဈေ ၊ အလယ်၌။
နိဗ္ဗုတာ ၊ နိဗ္ဗုတသဒ္ဒါမှ။
ပဇ္ဈိမော၊ အလယ်အက္ခရာကို။
ဝုစ္စတေ၊ ရွတ်ဆိုအပ်၏။
နိဗ္ဗုတော၊ နိဗ္ဗုတပုဒ်လုံးကို။
န ဝုစ္စတေ၊ မရွတ်ဆိုအပ်။
သော၊ ထိုအရပ်သည်။
နော အနိဗ္ဗုတော၊ ငြိမ်းရာ မဟုတ်သည်လည်း မဟုတ်။
၁၁။ အန္တေ၊ အဆုံး၌။
သုဂတိတော၊ သုဂတိပုဒ်မှ။
အန္တော၊ အဆုံးဖြစ် သော အက္ခရာကို။
ဝုစ္စတေ၊ ရွတ်ဆိုအပ်၏။
(နောက် ယ-အက္ခရာမှာ အာဂုမ်။)
သော သဗ္ဗော၊ ထိုအလုံးစုံသော သုဂတိပုဒ်ကို။
န ဝုစ္စတေ၊ မရွတ်ဆိုအပ်။
သော၊ ထိုသုဂတိပုဒ်လုံးကို အဆုံး၌ မရွတ်ဆိုအပ်သော အရပ်သည်။
တထာ၊ ထိုကောင်းသော သူတို့၏ ကောင်းကောင်းကြီး ရောက်ရာ မဟုတ်သောအားဖြင့်။
န၊ မဖြစ်။
ဧတေဟိ၊ ဤသုံးလုံးသော အက္ခရာ တို့ဖြင့်။
ဗျာဘိကိတ္တိတံ၊ သုံးဘုံလူပေါ် လှမ်း၍ကျော်သော။
တံ ဒိသံ၊ ထိုအရပ်ကို။
မယံ၊ ငါတို့သည်။
သီဃံ၊ မြန်မြန်ကြီး။
အာဃာမ ဤအရပ်ကို ညွှန်းဆိုရေးသား ကုသိုလ်အားဖြင့် ဘဝမခြား ရောက်ရပါစေကုန်သော။
နိဗ္ဗာန်၏ “နိဗ္ဗုတိ“ ဟူသော နာမံ-ကို ဝှက်သော နာမန္တရိက ပဟေဠီဂါထာ။ ။
ဝုစ္စတာဒါဒိ-၌ ဝုစ္စတေ အာဒေါ အာဒိ-ဟု ဒွိသန္တိမှတ်။
၁၂။ ယံတံပဒံ ဒုဗ္ဗိဓမ္ပိ၊ ဧကံယေ၀ ဌိတံ သဒါ။ နေဝါနတ္ထံ နာပျပဒံ၊ သိဃံ ဇာနေမု တံ ပဒံ။
၁၂၊ ယံတံပဒံ၊ အကြင်ပုဒ်သည်။
ဒုဗ္ဗိဓမ္ပိ၊ နှစ်ပုဒ်ပင် အပြားရှိသော်လည်း။
ဧကံယေဝ၊ တပုဒ်သည်သာလျှင်။
ဟုတွာ၊ ဖြစ်၍။
သဒါ၊ အခါခပ်သိမ်း။
ဌိတံ၊ တည်၏။
နေဝါနတ္ထံ၊ အနက်မရှိသည်လည်း မဟုတ်။
နာပျပဒံ၊ ပုဒ်မဟုတ် သည်လည်းမဟုတ်။
တံ ပဒံ၊ ထိုနှစ်ပုဒ်ဖြစ်လျက် တပုဒ်တည်းဖြစ်၍နေသော ပုဒ်ကို။
သီဃံ ဆောလျင်စွာ။
မယံ၊ ငါတို့သည်။
ဇာနေမု၊ သိရပါလိုကုန်၏။
ဤသို့သောအနက်ကို ပေးမှား ယောင်မှားအောင် သင်္ချာအယူခက်ဘွယ် ဝှက်ထားသော သင်္ချာတာ ပဟေဠီ။ ဤအနက်ကိုဤအရာ၌ မလို၊ လိုအပ်သော အနက်ကိုဘော်၍ ပေးသော်ကား -
၁၂။ ယံ ပဒံ၊ အကြင်နိဗ္ဗာန်သည်။
ဒုဗ္ဗိဓမ္ပိ၊ သဥပါဒိသေသနိဗ္ဗာန် အနုပါဒိသေသနိဗ္ဗာန် ဟူ၍ ပရိယာယ်အားဖြင့် နှစ်ပါးအပြား ရှိသော်လည်း။
ဧကံ ယေ၀၊ အသင်္ခတဓာတ် ဧကန္တမုချအားဖြင့် တပါးတည်းသာ ဖြစ်၏။
တထာပိ၊ ထိုသို့တပါးတည်းပင် ဖြစ်သော်လည်း။
နေဝါနတ္ထံ၊ ဘေးရန်ခပ်သိမ်း ကင်းငြိမ်း ချုပ်ပျောက်ရာ မဟုတ်သည်လည်း မဟုတ်။
တထာပိ၊ ထိုသို့ ချုပ်ပျောက်ရာ မဟုတ်သည် မဟုတ်သော်လည်း။
ဝါ၊ ချုပ်ပျောက်ရာပင် ဖြစ်သော်လည်း။
နာပဒံ၊ မြတ်သောချမ်းသာကို မပေးတတ်သည်လည်း မဟုတ်။
(ပ-သဒ္ဒုပပဒ ဒါ-ဓာတ် ပ-ကား ပကဋ္ဌ အနက်ဟော။)
တနည်းကား …
အပဒံ၊ အတုမရှိသော ချမ်းသာ၏တည်ရာ မဟုတ်သည်လည်း။
န၊ မဟုတ် (ဌာနတ္ထ။)
အပဒံ၊ ပရိနိဗ္ဗုတပုဂ္ဂလတို့၏ ရောက်ရာ ကောဋ္ဌာသ အစု တကွက်တဒေသ မဟုတ်သည်လည်း။
န၊ မဟုတ်။ ( ကောဋ္ဌာသတ္ထ။ )
အပဒံ၊ သင်္ခတဆိုး ဒုက္ခအိုးမှ တမျိုးတပါး ကတ္တားခြားရာ မဟုတ်သည်လည်း။
န၊ မဟုတ်။ (ပရိတ္တာဏတ္ထ။)
အပဒံ၊ နိဗ္ဗာန်ရောက်သွားကြသူ ပုဂ္ဂိုလ်ဖြူတို့၏ ဘေးမှ လွတ်ကြောင်း မဟုတ်သည်လည်း။
န၊ မဟုတ် (ကရဏတ္ထ။)
အပဒံ၊ ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၏ မှီရာမဟုတ်သည်လည်း။
န၊ မဟုတ်။ (၀တ္တွတ္ထ။)
အပဒံ၊ သတ္တဝါတို့ မရှိရာ မဟုတ်သည်လည်း။
န၊ မဟုတ်။
(သတ္တဝါ ဟူသော ရေတွက်ခြင်းဖြင့် မရှိသော်လည်း သတ္တပညတ်ကိုလွန်၍ နေသော ရှုပါဒိသင်္ခါ ဝိမုတ္တ အဖြစ်ဖြင့် တည်ရှိသည်ကိုယူ။)
အပဒံ၊ ဘေးခပ်သိမ်းတို့၏ ကင်းငြိမ်းရာနိဗ္ဗာန်မဟုတ်သည်လည်း။
န မဟုတ်။ (နိဗ္ဗာနတ္ထ။)
တံ တာဒိသံ၊ ထိုသို့သဘောရှိသော။
တံပဒံ၊ ထိုသည်ဌာန ကောဋ္ဌာသဟူ သူမတူရ ပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့၏ ဘေးမှလွတ်ကြောင်း ကောင်းကောင်းကြီးမှီရာ နိဗ္ဗုတာအရပ်ကို။
သီဃံ၊ ကာလမထောင့် ဘေးမမှောင့်ဘဲ ဖြောင့်ဖြောင့် တန်းတန်း ချမ်းမြေ့ သာယာ လျင်မြန်စွာ။
ဇာနေမု၊ ယခုပြုရ ဤပုညကြောင့် လှလှကြီး ထိုးထွင်း မြင်သိရပါစေကုန်သော။
ပဒံ ဌာနေ ပရိတ္တာဏေ၊ နိဗ္ဗာနမှိ စ ကာရဏေ။ သန္ဓေ ဝတ္ထုမှိ ကောဋ္ဌာသေ၊ ပါဒေ တံလဉ္ဆနေ မတံ။
ဟူသော အဘိဓာန်ကျမ်းလာ ပဒတ္ထ တို့နှင့် အညီတည်း။
သတ္တဝါတို့ ရူပါဒိသင်္ခါဝိမုတ္တ အဖြစ်ဖြင့် နိဗ္ဗာန်၌တည်ရှိသည် ဟူရာဝယ် အကျယ်ကို သိလိုကြလျှင် အောက်ကျမ်းရင်း စာကိုယ်ကို သေချာစွာ လည်၍ ရှုကြကုန်။
၁၃။ မာတရံ ပိတရံ ဟန္တွာ၊ သဉာတိကံ သရဋ္ဌိကံ။ ဒွိရာဇာနံ အပ္ပမေယျော၊ သီဃံ ဘဝါမ ဘူပတီ။
၁၃။ မာတရံ၊ အမိကို၎င်း။
ပိတရံ၊ အဘကို၎င်း။
သဉာတိကံ၊ ဆွေမျိုး တသင်း မိတ်ဆွေရင်းတို့နှင့် တကွသော။
သရဋ္ဌိကံ၊ တိုင်းသူပြည်သား လူအများနှင့် တကွသော။
ဒွိရာဇာနံ၊ မင်းကြီးနှစ်ယောက်ကို၎င်း။
ဟန္တွာ၊ သတ်ပိုင် သတ်နိုင်ကုန်သည်ဖြစ်၍။
အပ္ပမေယျာ၊ သူမတူနိုင် သူ့ကိုနိုင်ရကုန်သော။
ဘူပတီ၊ ပြည်ထဲသေဌ်နင်း လူဟူသမျှကို အကုန်နင်းနိုင်သည့် ပြည့်ရှင်မင်းတို့သည်။
သီဃံ ဘဝါမ၊ သုဂမ္ဘီရာ ကျမ်းရွှေစာကို သေချာပြုစု ဤကောင်းမှုကြောင့် ယခုလျင်စွာ ဖြစ်ရပါစေ ကုန်သော။
ပညာရှိသူ ကဝိဟူသမျှ ကြံပုံထွက်ကြ ကြံမိကြအောင် ကြံဆောင် ဝှက်ထား ရေးသားအပ်သည် အားလျော်စွာ ဂမ္ဘီရတ္တ ဖြစ်စေခြင်းငှါ ဝှက်သည်အတိုင်း ပေးအပ်သောအနက်။ ။ မသိနိုင်လူ သိလိုသူတို့အား ထင်ရှားစိမ့်ငှါ ဝှက်ရာကိုဘော်၍ ပေးသော်ကား …
၁၃။ မာတရံ၊ မိခင်ပမာ သာယာပျောင်းပျော့ လူကိုချော့ပုံ မယုံရသည် ကာမစစွာ သုံးတဏှာကို၎င်း၊
ပိတရံ-ဣတရံပိ၊ ဤမှတပါးလည်းဖြစ် ။
ပိတရံ၊ အဘပုံနှယ် ဘေးရန်ကွယ်ပုံ မယုံရသည့်မာနကို၎င်း။
သဉာတိကံ၊ ဆွေမျိုးယောင်ယောင် ဟန်ဆောင်လှည့်ပတ် လူကိုသတ်တတ်သည့် သဟဇာတ်မျိုး အကုသိုလ်တကျိုးနှင့် တကွ။
သရဋ္ဌိကံ၊ ပြည်သား တိုင်းသူ ကုလားပုံ လူတို့နှင့်မခြား သံယောဇဉ်တရား ရုပ်နာမ်များနှင့် တကွသော။
ဒွိရာဇာနံ၊ ပြည်ထဲသေဌ်နင်း အိမ်ရှေ့မင်းလို လူကို စောင့်ပုံ မယုံရသည့် မောဟ-ဒိဋ္ဌိ ပစ္စတ္ထိက မင်းနှစ်ယောက်ကို၎င်း။
ဟန္တွာ၊ တဘန်မလူ တက်တက် ဖြူအောင် သတ်ကုန် ပယ်ကုန် စွန့်ကုန်ပြီး၍။
အပ္ပမေယျာ၊ ရုပ်နာမ်ရှိသူ သုံးဘုံလူတို့နှင့် အတူနှိုင်းယှဉ် ဘက်မြင်စရာ မရှိကုန်သော။
ဘူပတီ၊ သုံးဘုံသူတို့ မပြုဝံ့ရာ ကြီးကျယ်စွာသော ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့သည်။
သီဃံ ဘဝါမ၊ ဘေးပေါင်းကာဟန့် ရန်မျိုးလှန့်လျက် ရပ်တံ့မကြာ လျင်စွာဖြစ်ရပါစေကုန်သော။
(ဤသို့ဘော်။)
အမိအဘစသည်တို့နှင့် တူသော တဏှာ မာန-စသည်တို့ကို ရည်၍ အမိစစ် အဘစစ်- စသော မုချတ္တ ၌ ယောင်မှား ယိုးမှား ရှိစေခြင်းငှါ ရုပ်ပုံတူနှင့်ဝှက်သော သမာနရူပါပဟေဠီဂါထာ။
၁၄။ ပုညာရာရိသတ္တိဗလာ၊ တဏှာသခိသခိက္ခယာ။ ပုညပ္ဖလဖလိဘူတံ၊ သုဒ္ဓါဝါသံ ဂတာမယံ။
၁၄။ ပညာရာရိယတ္တိဗလာ၊ ကုသိုလ်တို့၏ ရန်သူတို့၏ ရန်သူတို့၏ သတ္တိ၏ အစွမ်းဖြင့်။
ဝါ၊ ကုသိုလ်တို့၏ ရန်သူဖြစ်သော အကုသိုလ်တို့၏ ရန်သူဖြစ်သော မဂ်ဖိုလ်တို့၏ သတ္တိ၏ အားအစွမ်းဖြင့်။
တဏှာသခိသခိက္ခယာ၊ တဏှာ၏ အဆွေခင်ပွန်း၏ အဆွေခင်ပွန်းတို့၏ ကုန်ခြင်းကြောင့်။
ဝါ၊ တဏှာ၏ အဆွေခင်ပွန်း ဖြစ်သော အဝိဇ္ဇာ၏ အဆွေခင်ပွန်း ဖြစ်ကုန်သူ ကိလေသာရန်သူ ဟူသမျှတို့၏ ကုန်ခြင်းကြောင့်။
ပုညပ္ဖလဖလိဘူတံ၊ ၊ ကုသိုလ်တို့၏ အကျိုးတို့၏ အကျိုး သဖွယ်ဖြစ်၍ဖြစ်သော။
ဝါ၊ လောကီ ကုသိုလ်တို့၏ ဥပနိဿယ အကျိုးဖြစ်သော မဂ်ဖိုလ်တို့၏ အကျိုးကဲ့သို့ ဖြစ်၍ ဖြစ်သော။
သုဒ္ဓါဝါသံ၊ စင်ကြယ်လှသူ ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့၏ စံနေရာ နိဗ္ဗုတာရွှေနန်းသို့။
မယံ၊ ငါတို့သည်။
ဂတာ၊ ရောက်ရောက်ရပါလိုကုန်၏။
ဝါ၊ ဤဖြစ်တုံခဲလှ မြတ်ပုညကြောင့် ရောက်ရခဲစွာ နိဗ္ဗုတာသို့ လျင်စွာ ထုတ်ချောက် ရောက်ရပါစေ ကုန်သော။
အနက်ပေး အလွန်ခက်အောင် ဆဋ္ဌီတပ္ပုရိသ်သမာသ် အဆက်ဆက်ဖြင့် ဝှက်ထားသော ပါရိဟာရိနီ ပဟေဠီဂါထာ။
ပုညာနံ အရယော ပညာရီ၊ ပုညာရီနံ အရယော ပုညာရာရီ၊ ပုညာရာရိနံ သတ္တိပုညာရာရိသတ္တိ၊ ပုညရာရိသတ္တိယာ ဗလံ ပုညာရာရိသတ္တိဗလံ၊
တဏှာယ သခီ တဏှာသခီ၊ တဏှာသခိနော သခါရော တဏှာသဒိသခါရော တဏှာသခိသခီနံ ခယော တဏှာသခိသခိက္ခယော။
ပုညာနံ ဖလာနိ ပုညပ္ဖလာနီ၊ ပုညပ္ဖလာနံ ဖလံ ပုညပ္ဖ္ပလဖလံ၊ အပုညပ္ဖလမ္ပိ ပုညပ္ဖလဖလံ ဝိယ ဘဝတီတိ ပုညပ္ဖ္ပလဖလီဘူတံ။ ၀စနတ္ထ ပြု။ “အဘူတ တဗ္ဘာဝေ ဘူကရာသ သံယောဂေ ဝိကာရာစီ” ဟူသော မောဂ္ဂလာန် ကျမ်းသုတ်ဖြင့် အဘူတတဗ္ဘော အနက်၌ စီပစ္စည်းသက်၊ ဤ-ကို ရဿ-ပြု။ ။ မဂ်ဖိုလ်တို့ကြောင့် ပရိနိဗ္ဗာန်ပြုပြီးသည့် အဆုံး၌ ပရိနိဗ္ဗုတပုဂ္ဂိုလ် သန္တာန်ကို တည်ရာဝိသယ ကဲ့သို့ပြု၍ ဖြစ်ပေါ်လာသော နိဗ္ဗာန်ဟူသော ပရမတ္ထတရားသည် မဂ်ဖိုလ်တို့၏ ဥပနိဿယအကျိုး ဆိုရန်ရှိသော်လည်း ထိုနိဗ္ဗာန်၏ ဥပါဒ်ဒြဗ်အားဖြင့် ထင်ရှားစွာ ဖြစ်လာသည် မဟုတ်သဖြင့် အကျိုး မဆိုထိုက်သောကြောင့် သုတ္တန် ပရိယာယ်အားဖြင့်သာ အကျိုးဆိုသင့်သည်ကိုရည်၍ “ဖလဘူတံ” မဆိုဘဲလျက် “ဖလိဘူတ” ဟု ဆိုသတည်း။
၁၅။ ဂမ္ဘီရံနဘယံဌာန၊ နုတ္တာနဋ္ဌံနိဝါနကံ။ နိဗ္ဗာနာနံသုနိဗ္ဗာနံ၊ မယေယျာမမယာလဟုံ။
၁၅။ ဂမ္ဘီရံ၊ နက်နဲလှသူ ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့သာ မွေ့လျော်ရာဖြစ်ထသော။
(ဂမ္ဘီရာ ရမန္တိ ဧတ္ထာတိ ဂမ္ဘီရံ။ ၀စနတ္ထပြု။ ရ-တလုံးကျေ )
နဘယံ၊ ဒြဗ်မထင် အထည်မမြင် မိုးဃ်းကောင်းကင်ကဲ့သို့ ဖြစ်၍နေထသော။
(နဘံ ဝိယ ယာတိ ပဝတ္တတီတိ နဘယံ)
အဋ္ဌာနံ၊ တစုံတခုသော အရပ်၌ မှီကပ်တည်နေ ခြင်းလည်း မရှိထသော။
(နတ္ထိ ဌာနံ တေဿာတိ အဋ္ဌာနံ။ ဘယံ-ပုဒ်နောင် အကျေ)
နုတ္တာနဋ္ဌံ၊ မနက်သည့်လူ တိမ်သည့်သူတို့၏ တည်နိုင်ရာလည်း မဟုတ်ထသော။
(ဥတ္တနာ န ဟိဋ္ဌန္တိ ဧတ္ထာတိ နုတ္တာနဋ္ဌံ။)
နိဝါနကံ၊ ဘုံသုံးပါးဟူ ရန်သူထွေးရှုပ် တောချုံပုတ်တို့မှ လှလှကြီး ထွက်မြောက်အောင် ပြုတတ်သော။
(ဝါနတော နိက္ခမနံ ကရောတီတိ နိဝါနကံ။)
နိဗ္ဗာနာနံ၊ ဘေးရန်ထူပြော တောကြီးသုံးတန်တို့မှ ထွက်မြောက်ပြီး သူတို့သာ လွန်စွာ ညွှတ်ရောက် နိုင်ရာ ဖြစ်ထသော။
(နိဝါနာ ဝါနနိက္ခန္တာယေဝ အာဘုသော နမန္တိ ဂစ္ဆန္တိ ဧတ္ထာတိ နိဗ္ဗာနာနံ။)
သုနိဗ္ဗာနံ၊ ဝါနဟူသမျှကို တဝတည်း ကောင်းကောင်းကြီး နှင်ထုတ် ထွက်ပြေးစေနိုင်ထသော။
(ဝါနာနိ သုဋ္ဌု နိက္ခာမေတီတိ သုနိဗ္ဗာနံ။)
မယံ မဟန္တယံ၊ များမြတ်သော သီလ သမာဓိ မဂ် ဖိုလ် တရားရှိသူတို့သာ ရောက်နိုင်ရာဖြစ် ထသော။
ဝါ၊ မြတ်လှသည့်သူ ပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့သာ ရောက်နိုင်ရာဖြစ်ထသော။
(မဟန္တာ ဂုဏာ ဧတေသန္တိ မာ၊ မာယေဝ ယန္တိ ဧတ္ထာတိ မယံ။)
အမယံ၊ မမြတ်သောသူ သုံးဘုံသူတို့ ရောက်နိုင်ရာလည်း မဟုတ်ထသော။
နိဗ္ဗာနံ၊ နိဗ္ဗာန် သာခေါင် ဘေးမရှိသည့် ခေမာတောင်သို့။
အာလဟုံ၊ အလွန်လျင်စွာ။
ဧယျာမ-ဣ အ ဧယျာမ၊ ဤသို့ပြုရ မြတ်ပုညကြောင့် လှလှကြီး ရောက်ရပါလို ကုန်၏။
အရိုးမဟုတ်ဘဲ အလွန်ထူးကွဲသော ကာရိယ လောပ အာဒေသ တို့ဖြင့် ပုဒ်အနက် အလွန်ခက်အောင် ထွက်သော ဖရုသာပဟေဠီဂါထာ။
၁၆။ နောကတ္တဗ္ဗံ နောပဝတ္တံ၊ နောတသံ နောကုတောတသံ။ နောဥတ္တာနံ နောသုပဿံ၊ နောသဏိကံဂတာမယံ။
၁၆။ နောကတ္တဗ္ဗံ -အကတံ၊ အကြောင်းတရားတို့ ပြုအပ်သော်လည်း ပြုအပ်သည် မမည်ထသာ။
နောပဝတ္တံ-အဇာတံ၊ ဖြစ်လာသော်လည်း ဖြစ်ရာ မထင်ထသော။
နောတသံ နိဝါနံ၊ ဝါနမှ ထွက်မြောက်ရာလည်း ဖြစ်ထသော။
နောကုတောတသံ-နကုတောဘယံ၊ အဘယ်တစုံတခုမှ ဘေးမလာနိုင် ရာဖြစ်ထသော။
နောဥတ္တာနံ -ဂမ္ဘီရံ၊ နှက်ကြီးနက်၍ နေထသော။
နောသုပဿံ သုဒုဒ္ဒသံ၊ အလွန်မြင်နိုင်ခဲထသော။
နောတသံ-နိဗ္ဗာနံ၊ နိဗ္ဗာန်ရွှေမြို့သို့။
နောသဏိကံ-သီဃံ၊ အလျင်တဆော။
မယံ၊ ငါတို့သည်။
ဂတာ-ဂစ္ဆာမ၊ ဤသို့ ကြိုးပမ်း ကုသိုလ်စွမ်းကြောင့် ဘေးဘျမ်းမထောင့် ဖြောင့်ဖြောင့်ကြီး ရောက်ရ ပါလိုကုန်၏။
ပဒုမုတ္တရ-ကို ဇလဇုတ္တရ၊ ယသောရာ-ကို ကိတ္တိသမန္နာဂတာ-ဟု ဆိုအပ်သကဲ့သို့ ချင်း၏အနက်ကို ဟောပြနိုင်သော အရိုးမဟုတ်သော သဒ္ဒါဆန်းဖြင့် သိခက်အောင်ဝှက်သော သမာနသဒ္ဒါပဟေဠီ။
၁၇။ ဝေရီဟိ သင်္ခတံ ဌာနံ၊ သုသင်္ခတာ သုတေဇဝါ။ သင်္ခတာပျသင်္ခတာ၀၊ သီဃံ ဟောမ သုဒေဝတာ။
၁၇။ ဝေရီဟိ၊ သူပုန်ရန်သူတို့သည်။
သင်္ခတံ၊ ပြုပြင်တည်ထောင်အပ်သော။
ဌာနံ၊ သစ်တပ်မြို့ ကျောက်မြို့ မြေကတုတ် သူရဲခို အရပ်ကို။
သုသင်္ခတာ၊ အလွယ်တကူ ဖြိုဖျက်နိုင်ကုန်သည်ဖြစ်၍
သုတေဇဝါ-သုတေဇ၀န္တာ၊ အရှိန်အစော် အာနုဘော် ကြီးကုန်သော။
သင်္ခတာပိ၊ ရန်သူဘိုဖြိုဖျက် တိုက်ခိုက် လာကုန်သော်လည်း။
အသင်္ခတာဝ၊ မဖြိုဖျက်နိုင် သည်သာလျှင် ဖြစ်ကုန်သော။
သုဒေဝတာ၊ မင်းကောင်းမင်းမြတ်တို့သည်။
သီဃံ၊ အလျင်တဆော။
ဟောမ၊ ဤသို့ပြုစု မြတ်ကောင်းမှုကြောင့် ယခုဘ၀ ဖြစ်ရပါလိုကုန်၏။
(ဝှက်သည့်အတိုင်း ပေးသည့်အနက်။)
၁၇။ တနည်းကား …
ဝေရီဟိ၊ ကိလေသာမာရ် အဘိသင်္ခါရ ရန်သူတို့သည်။
သင်္ခတံ၊ ပြုပြင်စီမံအပ်သော။
ဌာနံ၊ ခန္ဓာ ကိုယ်ဆိုး ဒုက္ခအိုး အရပ်ကို။
သုသင်္ခတာ၊ ကောင်းကောင်းကြီး ဖျက်ဆီးဖြတ်တောက် နိုင်ကုန်ထသော။
သုတေဇဝါ၊ ခန္ဓာကိုယ် ရှိသူတို့ကို လွှမ်းမိုးနိုင်သော တန်ခိုးရှိန်စော် အာနုဘော် ရှိကုန်ထသော။
သင်္ခတာပိ၊ ဒါန သီလ-စသော အကြောင်းတရားတို့ ပြုပြင်အပ်ကုန်သော်လည်း။
အသင်္ခတာ၀၊ ပြုအပ်သည် မမည်သည်သာလျှင် ဖြစ်ကုန်ထသော။
သုဒေဝတာ၊ နတ်လူတို့ထက် ကဲလွန်ကုန်သူ ပရိနိဗ္ဗုတပုဂ္ဂိုလ်တို့သည်။
သီသံ ဟောမ၊ ဤသို့ ပြုရ ကုသလကြောင့် ယခုဘဝလျင်မြန်စွာ ဖြစ်ပါစေကုန်။
ဤကား ဝှက်သည်ကို ဘော်၍ပေးသောအနက်။ ဤကိုလိုလျက် ဟိုအနက်၌ ယောင်အောင် ကြံဆောင်ဝှက်ထားသော ပကပ္ပိတာပဟေဠီ။
.
၁၈။ ယာ ဓာတု စက္ခုသံယုတ္တာ၊ သဘယာ ဘယဇာတကာ။ ယေန ယုတ္တာ နိဗ္ဘယာဝ၊ သီဃံ ဘုဉ္ဇာမ တံ မယံ။
၁၈။ ယာ ဓာတု၊ အကြင်ဓာတုသဒ္ဒါသည်။
ဝါ၊ အကြင်ဓာတ်သည်။
စက္ခုသံယုတ္တာ၊ စက္ခု သောတ - စသည်နှင့် ယှဉ်သည်ရှိသော်။
သဘယာ၊ ဥပါဒ် ဌီ ဘင် တည်းဟူသော ဘေးရှိ၏။
ဝါ၊ ဇာတိ ဇရာ ဗျာဓိ မရဏ ဘေးလေးဝ ရှိ၏။
ဘယဇာတကာ၊ အပါယ်ဘေးကြီးစသည်ကိုလည်း ဖြစ်စေတတ်၏။
ယေန၊ အကြင်သဒ္ဒါနှင့်။
ယုတ္တာ၊ ယှဉ်သည်ရှိသော်။
နိဗ္ဘယာဝ၊ ဘေးမရှိသည်သာ ဖြစ်၏။
အမတံ၊ သုဓာဘုတ်သဖွယ်ဖြစ်သော။
အာမတံ၊ လွန်စွာအလိုရှိအပ် တောင့်တအပ်သော။
တံဓာတုံ၊ ထိုဓာတ်ထူးဓာတ်မြတ်ကို။
သီဃံ ဘုဉ္ဇာမ၊ ဤသိုယခုပြုစုအားသန် ကုသိုလ်ကံကြောင့် မြန်မြန်ကြီးသုံးဆောင်လိုပါကုန်၏။
အသခံတ - ဟူသော ရှေ့တပုဒ်ကို ဝှက်ဆိုသော ဧကစ္ဆန္နာပဟေဠီ တည်း။
ဤသည်လျှင် ဆုတောင်းခန်း အပြီးသတ်။
၁၉။ ယော ကတော ကျင်ရွှေနာမေန၊ တလေမဟီကဋောသုပါ။ ကာရေသိသုဂန္ထေနာနာ၊ တေနတေရောအယံဣဓ။
ဒုရသမ္ဗန္ဓဝိပရီတပဒက္ခရာ တို့ဖြင့် ဝှက်သော ဥက္ကန္တာ ပဟေဠီ။ ဉာဏ်မှီ သူတို့ ဘော်ကြရန်။ သံကိဏ္ဏာပဟေဠီ မှာ အထူးဆိုဘွယ်မရှိ။ ဂမ္ဘီရံ ဂမ္ဘီရံ စသော အထူးထူးသော ပဟေဠီလက္ခဏာတို့ အတွင်းဝင်သော ပဏာမ ဂါထာတို့ပင်တည်း။
သမာဂတာပဟေဠီ မှာလည်း အထူးပြဆိုဘွယ်မရှိ။ ထိုထိုအရာတို့၌ သန္ဒိပုဒ်စပ် မြုပ်အောင်ထားသော ပုညာရာရိ-စသော ပုဒ်ဂါထာတို့ပင်တည်း။
၂၀။ ယာနေဟိ နိဗ္ဗုတေယန္တာ၊ ယန္တာ ယန္တာ အယာနကာ။ ဧကယန္တာ အနာယန္တာ၊ အာယာပ တံ ကုဒါမယံ။
၂၀။ နိဗ္ဗုတေ၊ အိုနိဗ္ဗာန်သာခေါင် မြင့်ကြီးမြင့်လျက် ကြည့်မမြင်သည့် ဘေးမဲ့တောင်။
အမတံ၊ အခါခါ သေကြလိုသူ လူမလိမ္မာ အပေါင်းတို့ကို ကြဉ်၍။
(မတံ မရဏံ မတာ ဣစ္ဆန္တာတိ မတာ။ နှစ်ချက်အရ ပဒီပနည်း။ မတေ ပရိ၀ဇ္ဇိတွာဘိ အမတံ။ “အတဝေတုနာဒီသု စ” ကဲ့သို့ အအက္ခရာ ပရိဝဇ္ဇနတ္ထ)။
အမတံ မသေလိုသူ ပုဂ္ဂိုလ်ဖြူတို့၏ မသေရာ ဖြစ်တော်မူပေထသော။
(အမတာနံ အမတန္တိ အမတံ။ အမတ-တပုဒ်ကျေ။ ပဒီပနည်း လည်း ဟူသင့်၏။)
အမတံ အဂဒံ၊ မြေကြီးလေးမျိုးတို့ထက်မက ကာလနဂါးကြီးတွေ ပေါက်သော်လည်း အဆိပ် အတောက် မတက်နိုင်တာလည်း ဖြစ်ထသော။ (ကိလေသာ အဆိပ် မရောက်နိုင်ရာ ဆိုလိုသည်။) အမတံ သုဓံ၊ သိကြားမင်းတို့ သုံးဆောင်ရာ နတ်သုဓာဩဇာကိုသော်လည်း။
အမတံ၊ အလိုလိုဝသဖြင့် အလိုမရှိရာလည်း ဖြစ်ထသော။
အမတံ၊ အမြိုက်သုဓာ နတ်သြဇာကိုသော်လည်း။
အမတံ၊ တခါတည်းမျှ အလိုမရှိသော်လည်း။
ဝါ၊ မသုံးဆောင်သော်လည်း။
အမတံ၊ ဘယ်သည်ကာလမျှ မသေနိုင်ရာဖြစ်ထသော။
တံ-တုဝံ၊ အသျှင်မြတ်ထံတော် ဘေးမရှိသည့် တောင်ကြီးပေါ်သို့။
ယန္တာ၊ ရောက်လိုကြ ကုန်သည်ဖြစ်၍။
ယန္တာ၊ သူကြကုန်သူတို့သည်။
ဝါ၊သွားကြပါကုန်လျက်။
အယာနေဟိ၊ အသျှင်မြတ်ထံ ရောက်ကြောင်း မဟုတ်ကုန်သော။
ယာနေဟိ၊ ဆင်ယာဉ် မြင်းယာဉ် ရထားယာဉ် တို့ဖြင့်။
ဝါ၊ ကာမဂုဏ်ယာဉ်တို့ဖြင့်။
ယာယန္တာ၊ သွားကြကုန်သည်ဖြစ်၍။
(နိဗ္ဗာန်ကို အလိုရှိလျက် ကာမဂုဏ်ကို မစွန့်ရက်သူတို့ကိုယူ၊ ယာ-ဓာတ် အန္တ-ပစ္စည်း၊ အာ-ကို အာယ-ပြု။)
အာယန္တ၊ လွန်စွာရောက်သင့်ရာဖြစ်ထသော။
(အာ-ပုဗ္ဗ ဣ-ဓာတ် အန္တ-ပစ္စည်း။)
တံ-တုဝံ၊ အသျှင်မြတ်ထံတော်သို့။
အနာယန္တာ၊ မရောက်နိုင်ကြကုန်သည် ဖြစ်၍
အာယန္တေ၊ မရောက်သင့်ရာ ကြောက်အပ်စွာသည့် အပါယ်ရွာ တို့သို့သာလျှင်။
ယန္တာ ယန္တာ၊ ချာချာရစ်ပတ် ချားရဟတ်ကဲ့သို့ အထပ်ထပ် ရောက်နေကြ ရကုန်၏။
(နိဗ္ဗာန်ကို အလိုရှိကြလျက် ကာမဂုဏ် ဝဲဂယက်မှ မထွက်နိုင်ကြသည် အရေးနှင့် အပါယ်ဘုံ၌သာ အခါခါဆွေး၍ နေကြရသည်ဟူလို။)
အယာနကာ၊ လက္ခဏတ္တယ ယာဉ်သုံးဝ မရှိကြကုန်သော။
အယာနကာ၊ အသျှင်မြတ်နှင့်ဆန့်ကျင် အတ္တကိလမတ္တယာဉ် တို့ကိုသာ တည်ထောင်ပြုလုပ်ကြ ကုန်သူတို့သည်၎င်း။
(အယာနာနိ ဝိရုဒ္ဓယာနာနိ ကရောန္တီတိ အယာနကာ။ အ-ကာရဝိရုဒ္ဓတ္ထ။ အတ္တကိလမထာနုယောဂ အကျင့်နောက် မှောက်မှား လိုက်သွားသူတို့ကို ယူ။)
အယန္တေ၊ မရောက်သင့်ရာ ပါယ်လေးရွာတို့သို့သာလျှင်။
ယန္တာ ယန္တာ၊ လျှာတလျားလျား ဆီဆုံနွား၏သဖွယ် တလယ်လယ် ရောက်ကြရ ကုန်သည် ဖြစ်၍။ အာယန္တံ၊ လွန်စွာချမ်းသာရာဖြစ်သော။
(အယံ သုခမေတ္တာတိ အာယံ၊ အာယမေဝ အာယန္တံ။ အန္တ-ပုဒ် အနက်မရှိ)။
အာယန္တိ၊ လွန်စွာရောက်သင့် ရောက်ထိုက်သော။
(အာဘုသော ယာတဗ္ဗန္တိ အာယံ၊ အာယမေဝ အာယန္တံ။)
တံ တုဝံ၊ အသျှင်မြတ်ထံတော်ပါးသို့။
အနာယန္တာ၊ မရောက်နိုင်ကြကုန်။
အယန္တံ၊ မရောက်သင့်ရာ ကာမဂုဏ်နောက် အတ္တကိလမထ အကျင့်နောက်သို့။
အနာယန္တာ၊ မရောက်ကြကုန်သူတို့သည်။
ဧကယန္တာ၊ မြတ်လှစွာသော သတိပဋ္ဌာန် လမ်းမှန် လမ်းကောင်းသို့ ရောက်ကြကုန်ပြီးရကား။
ဧကယန္တာ၊ မြတ်လှစွာသော အရိယာပုဂ္ဂိုလ်တို့၏ မဂ်ဖိုလ်လမ်းသို့ လှမ်းရောက်နိုင်ကြကုန် ပြီးသည် ရှိသော်။
ဧကယန္တာ၊ မြတ်လှသော ပရိနိဗ္ဗုတ ပုဂ္ဂိုလ်တို့၏ တည်နေရာမျိုး ဒုက္ခအိုးဟူသမျှတို့၏ တဝတည်း ငြိမ်းဧးရာနိဗ္ဗုတာ အရပ်သို့ရောက်ကြကုန် ရကား။
အယန္တံ၊ မရောက်သင့်ရာ ဤလူ့ဘုံရွာသို့။
အနာယန္တာ၊ တခါတည်းမှ မပြန်မရောက်လာကုန်ဘဲ။
တံ-တာဒိသံ၊ ထိုသို့ တခါရောက်ပြီးသည်နောက် တခေါက်မပြန်ရာ ဖြစ်သော။
တံ တုဝံ၊ အသျှင် နိဗ္ဗူပြည်ကျော် ဘေးမရှိသည့်တောင်ကြီးပေါ်သို့။
အာယန္တာ၊ ကောင်းကောင်းကြီး ရောက်ကြကုန်၏။
တံ-တာဒိသံ၊ ထိုသို့ ကာမဂုဏ်ဖဲကြဉ် အတ္တကိလမထ မယှဉ် ယာနတ္တယသုံးခွင် သတိပဋ္ဌာန်ယာဉ် တို့ဖြင့်သာ ရောက်နိုင်ရာသော သဘောရှိသော။
တံ တုဝံ၊ အသျှင်မြတ်ထံ တုမရှိသည့် မြို့နိဗ္ဗာန်သို့။
မယံ၊ အကျွန်ုပ်တို့သည်။
ကုဒါ၊ ဘယ်သည်ကာလမှ။
ကုဒါ၊ စက်ဆုပ်အပ်စွာ ကိလေသာ ကာမဂုဏ်ကို ဖြတ်တောက်နိုင်ကုန်ပြီးသည်ရှိသော်။
(ကု-ပုဗ္ဗ ဒါ-ဆေဒနေ။)
ကုဒါ၊ လွန်စွာ စက်ဆုပ် ဤရုပ်နာမ် အကောင်ပုပ်ပါ ဖြတ်တောက်နိုင်ပြန်ကုန်သည် ဖြစ်၍။
ကုဒါ-ကံ ဥဒါ၊ အတုမရ ဘက်မမျှသည့် အစလချမ်းသာကို လွန်စွာ ပွါးစေနိုင်ကုန်လျက်။
အာယာမ၊ ရောက်ကြီးရောက်ရပါကုန်အံ့နည်း၊။
ဝါ၊ မြန်မြန်ကြီးရောက် ရပါစေကုန်သ်။ (ဗျင်္ဂျတ္ထ)
အလွန်ထူးဆန်းသော ကာရိယ အာဒေသ တို့ဖြင့် ပြီးသောကြောင့် ဖရုသာပဟေဠီ လက္ခဏာရှိသော များစွာ သော သိလေသာလင်္ကာရ တို့ဖြင့် တန်းဆာဆင်အပ်သော အလွန်လျှို့ဝှက်သော ပုဒ်အနက်ရှိ သောကြောင့် ပမုဿိတာ ပဟေဠီလက္ခဏာ - စသည်လည်း ရောယှက်သော ဝိစိကြတ္ထ သံကိဏ္ဏာပဟေဠီဂါထာ။
ဤသည်လျှင် ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်း ဆုတောင်းခန်း နိဂုံးနှင့် တကွ အလုံးစုံ အပြီးသတ် နတ် လူ သာဓု သာဓု ကောင်းချီးပြုကြပါစေကုန်သော။
ယင်းသို့ ပြုသူ ပုဂ္ဂိုလ်ဖြူတို့ ယင်းနိဗ္ဗူပြည်ကျော် ဂမ္ဘီရ ဘုံနန်းတော်၌ ဂမ္ဘီရာဂမ္ဘီရ ပရိနိဗ္ဗုတ အကျော်ဖြစ်၍ မြန်မြန်ကြီး စံပျော်ကြရပါစေကုန် သတည်း။ ပု။ ဒိ။ အာ။
နိဗ္ဗာနပစ္စယော ဟောတု။
နိဂမကဏ္ဍပိုင်း ပြီး၏။
.
ကိုးကားသောကျမ်းများ
ဤမျှလောက် ပါဠိတော် အဋ္ဌကထာ ဋီကာတို့ကို ကာလရှည်ကြာ အခါခါ မွှေနှောက် ထက်အောက် ပြန်ပြန် တန်တန်စူးစမ်း တကျမ်းနှင့်တကျမ်း နှီးနှော၍ စီရင်ဆုံးဖြတ်အပ်သော ဝိနိစ္ဆယ သည် ယထာဘူတ ယထာဓမ္မ ဝိနိစ္ဆယ ဖြစ်ပေလိမ့်မည် ဟု သောတုဇန ဓမ္မပဋိဂ္ဂါဟကပုဂ္ဂိုလ်တို့ အထူးယုံကြည် ကိုးစား မှတ်သားနိုင်ကြစေခြင်းငှါ ဤပါဠိတော် အဋ္ဌကထာ ဋီကာတို့ကို ဤကျမ်းအဆုံး၌ စုရုံးပေါင်းထား ရေးသားညွှန်ကြားအပ်သတည်း။
ညွှန်ကြားအပ်သော ကျမ်းများ
၁-ပထမဥဒါန်းပါဠိတော်
၂-နေတ္တိပါဠိတော်
၃-သဠာယတနသံယုတ်ပါဠိတော်
၄-စူဠနိဒ္ဒေသပါဠိတော်
၅-မဟာနိဒ္ဒေသပါဠိတော်
၆-မဇ္ဈိမပဏ္ဏာသပါဠိတော်
၇-ကထာဝတ္ထုပါဠိတော်
၈-ဣတိဝုတ်ပါဠိတော်
၉-ထေရဂါထာပါဠိတော်
၁၀-ပရိဝါပါဠိတော်
၁၁-သဠာယတနသံယုတ်ပါဠိတော်
၁၂-ဒုကအင်္ဂုတ္တရပါဠိတော်
၁၃-သံယုတ်ပါဠိတော်
၁၄-ဒုတိယဥဒါန်းပါဠိတော်
၁၅-တတိယဥဒါန်းပါဠိတော်
၁၆-စတုတ္ထဥဒါန်းပါဠိတော်
၁၇-စူဠနိရုတ္တိပါဠိတော်
၁၈-ပဋိသမ္ဘိဒါမဂ်ပါဠိတော်
၁၉-ဓမ္မသင်္ဂဟပါဠိတော်
၂၀-စူဠနိရုတ္တိပါဠိတော်
၂၁-ပဋိသမ္ဘိဒါမဂ်ပါဠိတော်
၂၂-ဓမ္မသင်္ဂဏီပါဠိတော်
၂၃-ဝိဘင်းပါဠိတော်
၂၄-အင်္ဂုတ္တရပါဠိတော်
၂၅-မူလပဏ္ဏာသပါဠိတော်
၂၆-နေတ္တိအဋ္ဌကထာ
၂၇-သမ္မောဟဝိနောဒနီအဋ္ဌကထာ
၂၈-ဣတိဝုတ်အဋ္ဌကထာ
၂၉-ပရိဝါအဋ္ဌကထာ
၃ဝ-ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ
၃၁-ထေရဂါထာအဋ္ဌကထာ
၃၂-မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ
၃၃-ဥဒါန်းအဋ္ဌကထာ
၃၄-ခမ္မပဒအဋ္ဌကထာ
၃၅-ဗုဒ္ဓဝင်အဋ္ဌကထာ
၃၆-မူလယမိုက်အဋ္ဌကထာ
၃၇-သုတ်ပါထေယျ အဋ္ဌကထာ
၃ဂ-အဋ္ဌသာလိနီအဋ္ဌကထာ
၃၉-သုတ္တနိပါတ်အဋ္ဌကထာ
၄၀-ဇာတ်အဋ္ဌကထာ
၄၁-ဒုကနိပါတ်အင်္ဂုတ္တရအဋ္ဌကထာ
၄၂- အဋ္ဌအင်္ဂုတ္တရအဋ္ဌကထာ
၄၃-ပဉ္စအင်္ဂုတ္တိုရ်အဋ္ဌကထာ
၄၄-စတုက္ကအင်္ဂုတ္တိုရ်အဋ္ဌကထာ
၄၅-ဝိသုဒ္ဓိမဂ်အဋ္ဌကထာ
၄၆-ခုဒ္ဒကပါဌအဋ္ဌကထာ
၄၇-မဟာနိဒ္ဒေသအဋ္ဌကထ
၄၈-ဧကင်္ဂုတ္တရအဋ္ဌကထာ
၄၉-သစ္စသံခိပ်အဋ္ဌကထာ
၅ဝ-စရိယာပိဋကအဋ္ဌကထာ
၅၁-သဂါထာဝဂ္ဂသံယုတ်အဋ္ဌကထာ
၅၂-သုတ္တသင်္ဂဟအဋ္ဌကထာ
၅၃-ကထာဝတ္ထုအဋ္ဌကထာ
၅၄-မူလပဏ္ဏာသအဋ္ဌကထာ
၅၅-ခန္ဓဝဂ္ဂသံယုတ်အဋ္ဌကထာ
၅၆-တိကနိပါတ်အင်္ဂုတ္တရအဋ္ဌကထာ
၅၇-သဠာယတနသံယုတ်အဋ္ဌကထာ
၅၈-အသင်္ခတသံယုတ်အဘွင့်
၅၉-သဠာယတနသံယုတ်အဋ္ဌကထာအဘွင့်
၆ဝ-ဝိသုဒ္ဓိမဂ်မဟာဋီကာ
၆၁-သီလက္ခန်ဋီကာ
၆၂-မူလဋီကာ
၆၃-အနုဋီကာ
၆၄-ဝိမတိဋီကာ -
၆၅-ဝဇီရဗုဒ္ဓိဋီကာ
၆၆-မဇ္ဈိမပဏ္ဏာသဋီကာ
၆၇-သဂါထာဝဂ္ဂသံယုတ်ဋီကာ
၆၈-မဟာဝဂ္ဂသံယုတ်ဋီကာ
၆၉-ခန္ဓဝဂ္ဂသံယုတ်ဋီကာ
၇၀-အဘိမာန်ဋီကာ
၇၁-မူလပဏ္ဏာသဋီကာ
၇၂-ဥပရိပဏ္ဏာသဋီကာ
၇၃-နေဋီကာ
၇၄-အဘိဓမ္မတ္ထဋီကာသစ်
၇၅-အဘိဓမ္မတ္ထဋီကာဟောင်း
၇၆-သာရတ္ထဒီပနီဋီကာ
၇၇-အဘိဓမ္မာဝတာသံဝဏ္ဏနာ ဋီကာကြီး
၇၈-အလင်္ကာဋီကာသစ်
၇၉-သင်္ခေပဝဏ္ဏနာဋီကာ
၈၀-အဘိဓမ္မတ္ထဝိဘာဝနီဋီကာ
၈၁-ဝဇိရသင်္ဂဟကျမ်း
၈၂-သဒ္ဒနီတိကျမ်း
၈၃- မိလိန္ဒပဥှာ
၈၄-မဏိဒီပ
၈၅- မဏိမဉ္ဇူ
၈၆-နေတ္တိဝိဘာဝနီ
၈၇-ပဌာနသာရ
၈၈-အနာဂတဝံသ
၈၉-သက္ကတကျမ်း သဒ္ဒတ္ထမုတ္တာဝလိ
၉၀-သက္ကတကျမ်း ကဗျာဒသ
၎င်းကျမ်းတို့တွင် ဝဇိရဗုဒ္ဓိဋီကာ ဝဇိရတ္ထသင်္ဂဟကျမ်း အလင်္ကာဋီကာ တို့မှာ အနည်းငယ် အဗ္ဗောဟာရိက ဖြစ်၍ ပါဌ်အစဉ်ကို မထုတ်ပြ၊ အဓိပ္ပါယ်မျှကိုသာ ယူ၍ ဆိုလိုက်အပ်သတည်း။
ဤမျှလောက်သော ပိဋကတ်သုံးသွယ် နိကာယ်ငါးဖြာ ပါဠိ အဋ္ဌကထာ ဋီကာကျမ်းဂန် အရပ်ရပ် တို့ကို ကာလရှည်ကြာ နှံ့စပ်အောင် ကြည့်ရှု အခါခါ စိန္တာနုစိန္တန ပြုသဖြင့် ဆုံးဖြတ်ရေးသား အပ်သော ဝိနိစ္ဆယ သည် ဧကန္တ ယထာဘူတ ယထာဓမ္မ ဝိနိစ္ဆယ ဖြစ်ပေရာ၏ ဖြစ်ပေလိမ့် ဖြစ်ပေသော်ကော ဟု သောတုဇနတို့ ယုံကြည် ကိုးကား မှတ်သားနိုင်ခြင်း ဖြစ်စေကြရန် ဤကျမ်းဂန်များစွာကို ဤ ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်း အဆုံး၌ တလုံးတဝတည်း စုပေါင်းရေးသား ညွှန်ကြားအပ်သော ကျမ်းပေါင်းစုတည်း။
စာတည်းဆရာတော်ကြီးများ
ဤ “ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်း” ကို ကျနမှန်ကန်အောင် နေ့နေ့ ညည ကာလအရှည် ပြင်ဆင်သုတ်သင်ကြသော ပိဋကတ်ကြပ်မ စာပြင် စာတည်း ဆရာတော်တို့စာရင်း …
၁ - ဆရာတော်ဘုရားကြီး၏ တပည့်ကြီး ကျိုက်လတ်ဆရာတော် ဦးသောမ
၂ - မဟာဝိသုဒ္ဓါရာမဆရာတော်
၃ - မောင်းထောင်ဆရာတော် ဦးဝိမလ
၄ - မုံရွာ သိမ်တော် ဦးသီလဝံသ
၅ - မိတ္ထီလာဘုန်းကြီး ဦးအာဒိစ္စဝံသ
၆ - ၎င်း ဦးပဏ္ဍဝံသ
ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတ ဒီပနီကျမ်း ပြီး၏။
Comments
Post a Comment