Skip to main content

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း


ဖားအောက်တောရဆရာတော်

နိဗ္ဗာနဂါမိနိပဋိပဒါ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) ကျမ်းစာများကို သဘောတရားရေးရာအပိုင်း တိုက်တွန်းချက်ဥယျောဇဉ်အပိုင်းတို့ဖြင့် ခြံရံတန်ဆာဆင်ထားပါသည်။

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊
ဒါနအားလုံးကို ဓမ္မဒါနက အောင်နိုင်၏၊

သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
အရသာအားလုံးကို တရားအရသာက အောင်နိုင်၏၊

သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊
မွေ့လျော်ဖွယ်အားလုံးကို တရား၌ မွေ့လျော်ခြင်းက အောင်နိုင်၏၊

တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။
ဒုက္ခအားလုံးကို တဏှာကုန်ခြင်းက အောင်နိုင်၏၊

စိရံ တိဋ္ဌတု သဒ္ဓမ္မော၊ ဓမ္မေ ဟောန္တု သဂါရဝါ။
ဘုရားရှင်၏ အဆုံးအမ သာသနာတော်သည်
အဓွန့်ရှည်စွာ တည်ပါစေသတည်း။
သဒ္ဓမ္မသုံးဖြာ၌ ရိုသေလေးစားခြင်း ရှိကြပါစေကုန်သတည်း။

''ဓမ္မဒါန''

စင်္ကာပူနိုင်ငံရှိ အလှူရှင်များက စင်္ကာပူနိုင်ငံတွင် ပုံနှိပ်လှူဒါန်းကြပါသည်။
ဤကျမ်းစာကို ဓမ္မဒါနအဖြစ် မည်သူမဆို ကူးယူခွင့် ပုံနှိပ်ခွင့် ရှိသည်။

နိဒါနကထာ - အကြောင်းပြစာတမ်းလွှာ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ချစ်သား ရဟန်းတို့...အကြင်ရဟန်းတို့သည် အဓမ္မကို ဓမ္မဟု ထင်ရှားပြကြကုန်၏၊ ချစ်သား ရဟန်းတို့... ထိုရဟန်းတို့သည် လူများအပေါင်း၏ (လူ-နတ်-နိဗ္ဗာန် သုံးတန်သော) အစီးအပွားမဲ့ခြင်းငှာ, လူများအပေါင်း၏ (လူနတ်-နိဗ္ဗာန် သုံးတန်သော) ချမ်းသာမဲ့ခြင်းငှာ, လူများအပေါင်း၏ (လူ-နတ်-နိဗ္ဗာန် သုံးတန်သော) အကျိုးမဲ့ခြင်းငှာ, နတ်လူတို့၏ (လူ-နတ်-နိဗ္ဗာန် သုံးတန်သော) အစီးအပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ကျင့်သည် မည်ကုန်၏၊ ချစ်သား ရဟန်းတို့... ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း ဖြစ်ပွားစေသည် မည်ကုန်၏၊ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏၊[၁]

ချစ်သား ရဟန်းတို့...အကြင်ရဟန်းတို့သည် ဓမ္မကို အဓမ္မဟု ထင်ရှားပြကြကုန်၏၊ ချစ်သား ရဟန်းတို့... ထိုရဟန်းတို့သည် လူများအပေါင်း၏ (လူ-နတ်-နိဗ္ဗာန် သုံးတန်သော) အစီးအပွားမဲ့ခြင်းငှာ, လူများအပေါင်း၏ (လူနတ်-နိဗ္ဗာန် သုံးတန်သော) ချမ်းသာမဲ့ခြင်းငှာ, လူများအပေါင်း၏ (လူ-နတ်-နိဗ္ဗာန် သုံးတန်သော) အကျိုးမဲ့ခြင်းငှာ, နတ်လူတို့၏ (လူ-နတ်-နိဗ္ဗာန် သုံးတန်သော) အစီးအပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ကျင့်သည် မည်ကုန်၏၊ ချစ်သား ရဟန်းတို့... ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း ဖြစ်ပွားစေသည် မည်ကုန်၏၊ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏၊[၁]

ချစ်သား ရဟန်းတို့...အကြင်ရဟန်းတို့သည် အဓမ္မကို အဓမ္မဟု ထင်ရှားပြကြကုန်၏၊ ချစ်သား ရဟန်းတို့... ထိုရဟန်းတို့သည် လူများအပေါင်း၏ (လူ-နတ်-နိဗ္ဗာန် သုံးတန်သော) အစီးအပွားဖြစ်ခြင်းငှာ, လူများအပေါင်း၏ (လူနတ်-နိဗ္ဗာန် သုံးတန်သော) ချမ်းသာကို ရရှိခြင်းငှာ, လူများအပေါင်း၏ (လူ-နတ်-နိဗ္ဗာန် သုံးတန်သော) အကျိုးဖြစ်ခြင်းငှာ, နတ်လူတို့၏ (လူ-နတ်-နိဗ္ဗာန် သုံးတန်သော) အစီးအပွားဖြစ်ခြင်းငှာ ချမ်းသာခြင်းငှာ ကျင့်သည် မည်ကုန်၏၊ ချစ်သား ရဟန်းတို့... ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွားစေသည် မည်ကုန်၏၊ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း အရှည်ခိုင်ခံ့ တည်တံ့စေသည် မည်ကုန်၏၊[၁]

ချစ်သား ရဟန်းတို့... အကြင်ရဟန်းတို့သည် ဓမ္မကို ဓမ္မဟု ထင်ရှားပြကြကုန်၏၊ ချစ်သား ရဟန်းတို့... ထိုရဟန်းတို့သည် လူများအပေါင်း၏ (လူ-နတ်-နိဗ္ဗာန် သုံးတန်သော) အစီးအပွားဖြစ်ခြင်းငှာ, လူများအပေါင်း၏ (လူနတ်-နိဗ္ဗာန် သုံးတန်သော) ချမ်းသာကို ရရှိခြင်းငှာ, လူများအပေါင်း၏ (လူ-နတ်-နိဗ္ဗာန် သုံးတန်သော) အကျိုးဖြစ်ခြင်းငှာ, နတ်လူတို့၏ (လူ-နတ်-နိဗ္ဗာန် သုံးတန်သော) အစီးအပွားဖြစ်ခြင်းငှာ ချမ်းသာခြင်းငှာ ကျင့်သည် မည်ကုန်၏၊ ချစ်သား ရဟန်းတို့... ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွားစေသည် မည်ကုန်၏၊ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း အရှည်ခိုင်ခံ့ တည်တံ့စေသည် မည်ကုန်၏၊[၁] 

ဤကဲ့သို့ ဘုရားရှင် ညွှန်ကြားပြသ ဆိုဆုံးမထားတော်မူခဲ့သည့်အတိုင်း ထေရဝါဒပိဋကပါဠိတော်နှင့် အညီ ''ဝိပဿနာကျင့်စဉ်ပိုင်းဆိုင်ရာ''၌ ''ဓမ္မနှင့် အဓမ္မ''ကို ကွဲကွဲပြားပြား သိရှိကြပါစေဟူသော မွန်မြတ်သော ဦးတည်ချက်ဖြင့် တစ်ချိန်က အမှတ်မထင်သော တစ်နေရာတွင် ဝိပဿနာသင်တန်းတစ်ခုကို ပို့ချပေးခဲ့ဖူး၏၊ ထိုသင်တန်းတွင် သင်တန်းသူ သင်တန်းသားများ လက်စွဲစာစောင်အဖြစ် အသုံးပြုရန် ရည်ရွယ်ကာ ဤစာမူကို စုစည်းခဲ့ပါသည်။ ထိုသို့ စုစည်းရာ၌ အချိန်၏ တိုတောင်းမှုစသည့် အကြောင်းအမျိုးမျိုးကြောင့် သန့်ရှင်းသော စာမူတစ်ခုကား မဖြစ်ခဲ့ပါ။ သို့သော် ထိုစာမူကို ရိုက်နှိပ်လှူဒါန်းပူဇော်လိုသူ အလှူရှင်တို့၏ လျှောက်ထားတောင်းပန်ချက်အရ သန့်ရှင်းသော စာမူတစ်ခု အဖြစ်သို့ ရောက်အောင် ပို့ဆောင်ပေးလိုက်ပါသည်။

ဝိပဿနာကျင့်စဉ်ပိုင်းဆိုင်ရာ၌ ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်နိဒါန်းတွင် ဤသို့ မိန့်ကြားထားတော် မူခဲ့၏ ..။

"ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ, သောကပရိဒေဝါနံ သမတိက္ကမာယ, ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ, ဉာယဿ အဓိဂမာယ, နိဗ္ဗာနဿ သစ္ဆိကိရိယာယ၊ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ။[၂]

''ရဟန်းတို့ ... ဤခရီးလမ်းသည် .. သတ္တဝါတို့၏ စိတ်ဓာတ် သန့်ရှင်းစင်ကြယ်ရန်, စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို ကျော်လွှားလွန်မြောက်ရန်, ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့ ချုပ်ငြိမ်းရန်, အရိယမဂ်ကို ရရှိရန်, နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်း .. ဖြစ်ပေ၏၊ ယင်းသည့်ခရီးလမ်းသည်ကား ဤသတိပဋ္ဌာန်တရား လေးပါးတို့ပင်တည်း။''[၂]

ဤသို့ မိန့်ကြားတော်မူချက်နှင့် ဆက်စပ်၍ ''နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း''သာ ရှိသည်ကို နားလည်သဘောပေါက်စေရန်ဟူသော ဦးတည်ချက်ဖြင့်လည်း ဤစာမူကို စုစည်းခဲ့ခြင်း ဖြစ်ပါသည်။

ဤအရာတွင် အဘယ်အကြောင်းကြောင့် ယောဂီသူတော်စင်တို့အား ''ဝိပဿနာကျင့်စဉ်ပိုင်းဆိုင်ရာ''၌ '' ဓမ္မနှင့် အဓမ္မ''ကို ကွဲကွဲပြားပြား သိစေလိုပါသနည်း? ''နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း''သာ ရှိသည်ကို နားလည်သဘောပေါက်စေလိုပါသနည်း?ဟု မေးရန် ရှိ၏၊ အဖြေမှာ ဤသို့ ဖြစ်၏ ..။

သမဏရဟန်းနှင့် ဗြာဟ္မဏရဟန်း

သမဏရဟန်း –– သမိတပါပတ္တာ သမဏော ..ဟူသော ပါဠိတော်[၃]နှင့် အညီ ..ပါးလျှပ်သော ကိလေသာ, ထူထပ်သော ကိလေသာဟူသည့် မကောင်းမှု အကုသိုလ်တရား အားလုံးတို့ကို အကြွင်းအကျန်မရှိ အကုန်အစင် ငြိမ်းအေးအောင် ငြှိမ်းသတ်တတ်သောကြောင့် သမဏရဟန်း မည်ပေသည်။

ပရိနိဗ္ဗာန်စံလွန်တော်မူမည့်ညဉ့်တွင် သုဘဒ္ဒါပရိဗိုဇ်အား ဘုရားရှင်က ဤသို့ မိန့်ကြားသွားတော်မူ၏ ..။ ''သုဘဒ္ဒ...ဤငါဘုရားရှင်၏ အဆုံးအမသာသနာတော်တွင်း၌သာလျှင် မဂ္ဂင် (၈)ပါးကျင့်စဉ်တရားသည် ထင်ရှား တည်ရှိ၏၊ ယင်းမဂ္ဂင် (၈)ပါးကျင့်စဉ်တရားတို့ကို အောင်အောင်မြင်မြင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြသဖြင့် ဤငါဘုရားရှင်၏ အဆုံးအမသာသနာတော်တွင်း၌သာလျှင် ပထမရဟန်း (= သောတာပန်) သည်လည်း ထင်ရှား တည်ရှိ၏၊ ဒုတိယရဟန်း (= သကဒါဂါမ်) သည်လည်း ထင်ရှားတည်ရှိ၏၊ တတိယရဟန်း (= အနာဂါမ်) သည်လည်း ထင်ရှားတည်ရှိ၏၊ စတုတ္ထရဟန်း (= ရဟန္တာ) သည်လည်း ထင်ရှားတည်ရှိ၏၊ သို့သော် ငါဘုရားရှင်၏ အဆုံးအမ သာသနာတော်မှတစ်ပါး အခြားအခြားသော အယူဝါဒတို့၌ကား မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားသည်လည်း ထင်ရှား မတည်ရှိ၊ မဂ္ဂင် (၈)ပါးကျင့်စဉ်တရားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြသည့်သူတို့လည်း ထင်ရှားမရှိကြကုန်။ သို့အတွက် ယင်းအယူဝါဒတို့၌ ပထမရဟန်း (= သောတာပန်) မှလည်း ဆိတ်သုဉ်း၏၊ ဒုတိယရဟန်း (= သကဒါဂါမ်) မှလည်း ဆိတ်သုဉ်း၏၊ တတိယရဟန်း (= အနာဂါမ်) မှလည်း ဆိတ်သုဉ်း၏၊ စတုတ္ထရဟန်း (= ရဟန္တာ) မှလည်း ဆိတ်သုဉ်း၏၊

သုဘဒ္ဒ...ဤငါဘုရားရှင်၏ အဆုံးအမ သာသနာတော်တွင်း၌ ယင်းရဟန်းတော်တို့သည် ဤမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို မိမိတို့ ကိုယ်တိုင်လည်း ကောင်းစွာ ကျင့်ကြကုန်လျက် သူတစ်ပါးတို့ကိုလည်း ကောင်းစွာ ကျင့်စေကြကုန်လျက် ကောင်းမွန်စွာ နေထိုင်သွားကြကုန်သည် ဖြစ်ငြားအံ့၊ ဤလောကကြီးသည် ရဟန္တာပုဂ္ဂိုလ်တို့ဖြင့် မဆတ်သုဉ်းနိုင်လေရာ''ဟု မိန့်ကြားသွားတော်မူ၏၊[၄]

သမ္မာဝိဟရေယျုံ = ကောင်းမွန်စွာ နေထိုင်ပုံစနစ်–– ရဟန်းတော်တို့သည် ဤဘုရားရှင်၏ သာသနာတော်တွင်း၌ မဂ္ဂင် (၈)ပါးကျင့်စဉ်တရားတို့ကို မိမိတို့ကိုယ်တိုင်လည်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြကုန်လျက် နေထိုင်ကြရာဝယ် ရဟန်းတော်တစ်ပါးက မိမိကိုယ်တိုင် သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်ပြီးသည့်အခါ အခြားရဟန်းတော်တစ်ပါးကိုလည်း အလားတူပင် သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်အောင်၊ တစ်ဖန် မိမိက သကဒါဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်ပြီးသည့်အခါ အခြားရဟန်းတော်တစ်ပါးကိုလည်း သကဒါဂါမိ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်အောင်၊ တစ်ဖန် မိမိက အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်ပြီးသည့်အခါ အခြားရဟန်းတော်တစ်ပါးကိုလည်း အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်အောင်၊ တစ်ဖန် မိမိက အရဟတ္တ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်ပြီးသည့်အခါ အခြားရဟန်းတော်တစ်ပါးကိုလည်း အရဟတ္တမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်အောင် မဂ္ဂင် (၈)ပါးကျင့်စဉ်တရားတို့ကို လက်ဆင့်ကမ်းကာ သင်ကြားပြသလျက် နေထိုင်သွားကြမည်ဆိုပါက ဤကဲ့သို့သော နေထိုင်နည်းမျိုးကို ဤသာသနာတော်၌ ကောင်းမွန်စွာ နေထိုင်နည်းဟု ဆိုလိုကြောင်းကို အဋ္ဌကထာ[၅]က ရှင်းလင်းတင်ပြထား၏၊ ရဟန်းတော်တို့သည် ဤသာသနာတော်မြတ်အတွင်း၌ .. ဤကဲ့သို့ .. ကောင်းမွန်စွာ နေထိုင်သွားကြပါက ဤလောကကြီးသည် ရဟန္တာပုဂ္ဂိုလ်တို့မှ မဆိတ်သုဉ်းနိုင်ဟု ဆိုလိုပေသည်။

ဗြာဟ္မဏရဟန်း –– ဤအရာတွင် ဇာတိဗြာဟ္မဏ ဝိသုဒ္ဓိဗြာဟ္မဏဟု ဗြာဟ္မဏ နှစ်မျိုး ရှိနေပေ၏၊[၆]အမျိုးဇာတ် အားဖြင့် ဗြာဟ္မဏအမည်ရသည့် ပုဏ္ဏားတို့ကို ဇာတိဗြာဟ္မဏဟု ခေါ်ဆို၏၊ ယင်းတို့ကို သာသနာတော်၌ကား ဗြာဟ္မဏဟု မဆိုလိုပါ။ သာသနာတော်၌ကား – ဗာဟိတပါပေါတိ ဗြာဟ္မဏော[၇] ..ဟု ဘုရားရှင် ဟောကြားထားတော်မူသည်နှင့် အညီ ပါးလျှပ်သော ကိလေသာ, ထူထပ်သော ကိလေသာဟူသည့် မကောင်းမှု အကုသိုလ်တရား အားလုံးတို့မှ အပ ပြုအပ်ပြီးသည့် အဖြစ်ကြောင့် အရိယာသူတော်ကောင်းတို့ကို ဗြာဟ္မဏဟု ခေါ်ဆိုပေသည်။

ဘုရားရှင်၏ အသိအမှတ်ပြုခြင်းကို ခံယူရသော သမဏရဟန်းနှင့် ဗြာဟ္မဏရဟန်း

ဣတိဝုတ်ပါဠိတော်[၈]တွင် ဘုရားရှင်သည် မည်သည့်ပုဂ္ဂိုလ်များကို သမဏဟုလည်းကောင်း ဗြာဟ္မဏဟု လည်းကောင်း ခေါ်ဆိုကြောင်းကို ဤသို့ မိန့်ကြားသွားတော်မူ၏ ..။

''ချစ်သား ရဟန်းတို့ ...ခပ်သိမ်းကုန်သော အကြင် သမဏဗြာဟ္မဏတို့သည် ..

၁။ 'ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ဒုက္ခအရိယသစ္စာတရားတည်း'ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ကြကုန်၊

ယေ စ ခေါ ကေစိ ဘိက္ခဝေ သမဏာ ဝါ ဗြာဟ္မဏာ ဝါ 'ဣဒံ ဒုက္ခ'န္တိ ယထာဘူတံ ပဇာနန္တိ၊ 'အယံ ဒုက္ခသမုဒယော'တိ ယထာဘူတံ ပဇာနန္တိ၊ 'အယံ ဒုက္ခနိရောဓော'တိ ယထာဘူတံ ပဇာနန္တိ၊ 'အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ'တိ ယထာဘူတံ ပဇာနန္တိ၊ တေ ခေါ မေ ဘိက္ခဝေ သမဏာ ဝါ ဗြာဟ္မဏာ ဝါ သမဏေသု စေဝ သမဏသမ္မတာ ဗြာဟ္မဏေသု စ ဗြာဟ္မဏသမ္မတာ, တေ စ ပနာယသ္မန္တော သာမညတ္ထဉ္စ ဗြာဟ္မညတ္ထဉ္စ ဝါ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရန္တီ''တိ။ (ဣတိဝုတ္တက၊ ခု၊၁၊၂၆၆၊ စာပိုဒ်၊၁၀၃။ သမဏဗြာဟ္မဏသုတ္တန်။)

၂။ 'ဤကား ဒုက္ခဖြစ်ကြောင်း ဖြစ်သည့် အရိယာတို့၏ အမှန်တရား ဒုက္ခသမုဒယအရိယသစ္စာတရားတည်း'ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ကြကုန်၊ ၃။ 'ဤကား ဒုက္ခချုပ်ရာ ဖြစ်သည့် အရိယာတို့၏ အမှန်တရား ဒုက္ခနိရောဓအရိယသစ္စာတရားတည်း'ဟု ဟုတ်တိုင်း မှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ကြကုန်၊

၄။ 'ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရားတည်း'ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ကြကုန်။

ဤသို့ ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ကြသည့် ထိုသမဏဗြာဟ္မဏတို့ကို သမဏတို့၌လည်း သမဏဟု ငါဘုရား မသမုတ်အပ်ကုန်၊ ဗြာဟ္မဏတို့၌လည်း ဗြာဟ္မဏဟု ငါဘုရား မသမုတ်အပ်ကုန်၊ ထိုအရှင်တို့သည် သမဏဖြစ်ရခြင်း၏အကျိုးကိုလည်းကောင်း, ဗြာဟ္မဏဖြစ်ရခြင်း၏ အကျိုးကိုလည်းကောင်း မျက်မှောက်သောဘဝ၌ပင် မိမိတို့ကိုယ်တိုင် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ထွင်းဖောက်သိမြင်လျက် မျက်မှောက်ပြုကာ ရောက်၍ မနေကြရကုန်။

ချစ်သား ရဟန်းတို့ ...အကြင် သမဏဗြာဟ္မဏတို့သည်ကား ..

၁။ 'ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ဒုက္ခအရိယသစ္စာတရားတည်း'ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ကြကုန်၏၊

၂။ 'ဤကား ဒုက္ခဖြစ်ကြောင်း ဖြစ်သည့် အရိယာတို့၏ အမှန်တရား ဒုက္ခသမုဒယအရိယသစ္စာတရားတည်း'ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ကြကုန်၏၊ ၃။ 'ဤကား ဒုက္ခချုပ်ရာ ဖြစ်သည့် အရိယာတို့၏ အမှန်တရား ဒုက္ခနိရောဓအရိယသစ္စာတရားတည်း'ဟု ဟုတ်တိုင်း မှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ကြကုန်၏၊

၄။ 'ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရားတည်း'ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ကြကုန်၏၊

ဤသို့ ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ကြသည့် သမဏ ဗြာဟ္မဏတို့ကို သမဏတို့၌လည်း သမဏဟု ငါဘုရား သမုတ်အပ်ကုန်၏၊ ဗြာဟ္မဏတို့၌လည်း ဗြာဟ္မဏဟု ငါဘုရား သမုတ်အပ်ကုန်၏၊ ထိုအရှင်တို့သည် သမဏဖြစ်ရခြင်း၏အကျိုးကိုလည်းကောင်း, ဗြာဟ္မဏဖြစ်ရခြင်း၏ အကျိုးကို လည်းကောင်း မျက်မှောက်သောဘဝ၌ပင် မိမိတို့ကိုယ်တိုင် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ထွင်းဖောက်သိမြင်လျက် မျက်မှောက် ပြုကာ ရောက်၍ နေကြရကုန်၏၊''[၈]

ဤအထက်ပါဒေသနာတော်နှင့် အညီ ဘုရားရှင်ကိုယ်တော်တိုင်က အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သူတို့ကိုသာ သမဏရဟန်းအဖြစ် ဗြာဟ္မဏရဟန်းအဖြစ် အသိအမှတ် ပြုထားတော်မူပေသည်။ အရိယသစ္စာလေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်သူတို့ကိုကား သမဏရဟန်းအဖြစ် ဗြာဟ္မဏရဟန်းအဖြစ် ဘုရားရှင်က အသိအမှတ်ပြုတော်မမူ။[၉]ဤဘုရားရှင်၏ သာသနာတော်တွင်း၌ပင် ဘုရားရှင်ကိုယ်တော်တိုင်၏ သမဏ ရဟန်းအဖြစ် ဗြာဟ္မဏရဟန်းအဖြစ် အသိအမှတ်ပြုခြင်းကို ခံယူလိုသည့် သူတော်ကောင်းတိုင်း သူတော်ကောင်းတိုင်းသည် တစ်နည်းဆိုရသော် သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဟူသည့် အရိယာအဆင့်သို့ ရောက်ရှိ တက်လှမ်းလိုသည့် သူတော်ကောင်းတိုင်း သူတော်ကောင်းတိုင်းသည် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ကြိုးပမ်းရတော့မည်သာ ဖြစ်၏၊ ထိုသို့ ကြိုးပမ်းရာ၌ ယောဂါဝစရပုဂ္ဂိုလ်သည် ..

ဤသမဏဗြာဟ္မဏသုတ္တန်၌ကား ဗြာဟ္မဏအရ အရိယာသူတော်ကောင်းအားလုံးတို့ကိုပင် ဗြာဟ္မဏဟု ဆိုလိုပေသည်။

၁။ ဒုက္ခအရိယသစ္စာတရားဟူသည် အဘယ်နည်း။
၂။ ဒုက္ခဖြစ်ကြောင်း ဒုက္ခသမုဒယအရိယသစ္စာတရားဟူသည် အဘယ်နည်း။
၃။ ဒုက္ခချုပ်ရာ ဒုက္ခနိရောဓအရိယသစ္စာတရားဟူသည် အဘယ်နည်း။
၄။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အမည်ရသည့် မဂ္ဂအရိယ သစ္စာတရားဟူသည် အဘယ်နည်း ....။

ဤကဲ့သို့သော မေးခွန်းတို့၏ အဖြေတို့ကိုလည်း ကြိုတင်ကာ သိထားသင့်ပေသည်။ ထိုသို့ သိရှိနိုင်ရန်အတွက် သဘောတရားရေးရာအပိုင်းကိုလည်း ရေးသားတင်ပြထားပါသည်။

တစ်ဖန် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ရေးအတွက် ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အမည်ရသည့် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို ကျင့်ရမည်ဖြစ်ရာ ယင်းမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို မည်သို့မည်ပုံ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည်နည်း၊ နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်းဖြစ်သည့် သတိပဋ္ဌာန်တရား (၄)ပါးတို့ကို မည်သို့မည်ပုံ ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ရမည်နည်း ... ဤသို့စသော မေးခွန်းများ၏ အဖြေများကို ဖြေကြားသောအနေဖြင့် လုပ်ငန်းခွင်အပိုင်းတွင် ကျင့်စဉ်အရပ်ရပ်တို့ကို အကျဉ်းချုပ်ကာ ရေးသားတင်ပြထားပေသည်။

တစ်ဖန် ယောဂီသူတော်စင်တို့ သစ္စာလေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ပါက ရရှိနိုင်သည့် အကျိုးအပြစ်တို့ကို ညွှန်ကြားပြသလျက် တိုက်တွန်းဟောကြားထားတော်မူသည့် သုတ္တန်အရပ်ရပ်တို့ကို စုပေါင်းကာ တိုက်တွန်းချက် ဥယျောဇဉ်အပိုင်းဟူသော အမည်ဖြင့် အပိုင်းကဏ္ဍ တစ်ရပ်ကိုလည်း ဆက်လက်ကာ ရေးသားတင်ပြထားပါသည်။ ဤကဲ့သို့သော ကျမ်းစာငယ်တစ်ခုအတွင်း၌ ကျင့်စဉ်အကျဉ်းချုပ် လိုရင်းကိုသာ တင်ပြထားနိုင်သည်ဖြစ်ရာ ကျင့်စဉ်အရပ်ရပ် အပြည့်အစုံကို မဖော်ပြနိုင်ခြင်းကိုကား နားလည်သဘောပေါက်ကာ ခွင့်လွှတ်နိုင်လိမ့်မည်ဟု မျှော်လင့်အပ်ပါသည်။

ယောဂီသူတော်စင်အပေါင်းတို့သည်လည်း ယခုမျက်မှောက်ဘဝမှာပင် ဘုရားရှင်နှစ်ခြိုက်တော်မူသည့် ဘုရားရှင်၏ အသိအမှတ်ပြုခြင်းကို ခံယူရသည့် သမဏရဟန်းအစစ် ဗြာဟ္မဏရဟန်းအစစ်ဘဝသို့ ရောက်ရှိကြကာ သံသရာဝဋ်ဆင်းရဲ ဒုက္ခအားလုံးတို့၏ အဆုံးအပိုင်းအခြား ဖြစ်သည့် မဟာအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် တရားတော်မြတ်ကြီး၏ အငြိမ်းဓာတ် အရသာထူးကြီးကို အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်တို့ဖြင့် မျက်မှောက်ပြုကာ သုံးဆောင်ခံစားလျက် နေထိုင်နိုင်ကြပါစေဟူသော မွန်မြတ်သော ဦးတည်ချက်ကို ရှေ့သွားပြုလျက် .....

ဖားအောက်တောရဆရာတော်
၁၃၇၃-ခု၊ ကဆုန်လပြည့် ဗုဒ္ဓနေ့၊
၂၀၁၁-ခု၊ မေလ (၁၇) ရက်၊

ရည်သန်တောင့်တ အာသီသ

ဘုရားရှင်၏ စစ်မှန်သည့် သဒ္ဓမ္မသုံးဖြာ သာသနာတော်ကြီး ထွန်းလင်းတောက်ပရေး

တစ်ချိန်တွင် .. အသျှင်မဟာကဿပ ကိုယ်တော်မြတ်ကြီးသည် ဘုရားရှင်ထံတော်သို့ ချဉ်းကပ်တော်မူကာ ''အရဟတ္တဖိုလ် နိဗ္ဗာန်သို့ ရောက်ရှိတော်မူကြသည့် ရဟန္တာအရှင်မြတ်တို့၏ အရေအတွက် များပြားရခြင်း၏ အကြောင်းနှင့် နည်းပါးရခြင်း၏ အကြောင်းတို့ကို'' ဘုရားရှင်အား မေးမြန်းလျှောက်ထားတော်မူခဲ့၏၊ ယင်းမေးခွန်းတို့၏ အဖြေများကို လည်းကောင်း၊ သဒ္ဓမ္မအမည်ရသည့် ဘုရားရှင်၏ တရားစစ် တရားမှန်တို့သည် သဒ္ဓမ္မပ္ပဋိရူပကအမည်ရသည့် တရား အတုအယောင်တို့ လွှမ်းမိုးလာသောအခါ ကွယ်ပျောက်သွားနိုင်ကြောင်းကိုလည်းကောင်း ဘုရားရှင်က ''သဒ္ဓမ္မပ္ပဋိရူပက သုတ္တန်''တွင် ဤသို့ ဖြေကြားထားတော်မူခဲ့၏၊ ယင်းသဒ္ဓမ္မပ္ပဋိရူပကသုတ္တန်ကို ရှေးဦးစွာ ဖော်ပြအပ်ပါသည်။

သဒ္ဓမ္မပ္ပဋိရူပကသုတ္တန်

တပည့်တော် အာနန္ဒာသည် ဘုရားရှင်၏ ထံတော်မှောက်မှ သဒ္ဓမ္မပ္ပဋိရူပကသုတ္တန် တရားဒေသနာတော်ကို ဤသို့လျှင် နာခံမှတ်သားဆောင်ထားလိုက်ရပါသည် အရှင်ဘုရား ..။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်မွန် အနာထပိဏ်ကျောင်းဒါယကာ၏ အရံဖြစ်သော ဇေတဝန် ကျောင်းတိုက်တော်၌ သီတင်းသုံးစံနေတော်မူ၏၊ ထိုအခါ .. အသျှင်မဟာကဿပ မထေရ်မြတ်သည် ဘုရားရှင်၏ ထံတော်မှောက်သို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို အလွန် ရိုသေစွာ ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်ပြီးသော် .. ဘုရားရှင်အား ဤစကားကို လျှောက်ထားတော်မူခဲ့၏ ..။

''မြတ်စွာဘုရား ...ရှေးက သိက္ခာပုဒ်တို့သည် အလွန်နည်းလှသည်သာလျှင် ဖြစ်ကုန်၏၊ များစွာကုန်သော ရဟန်းတော်တို့သည်လည်း အရဟတ္တဖိုလ်၌ တည်တော်မူကြကုန်၏၊ ထိုကဲ့သို့ ဖြစ်ရခြင်း၏ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော အကြောင်းတရားကား အဘယ်ပါနည်း၊ အားပေးထောက်ပံ့တတ်သော အကြောင်းတရားကား အဘယ်ပါနည်း မြတ်စွာ ဘုရား၊

မြတ်စွာဘုရား ... ယခုအခါ၌ သိက္ခာပုဒ်တို့သည်လည်း အလွန်များပြားကြသည်သာလျှင် ဖြစ်ကုန်၏၊ အလွန် နည်းပါးသည်သာလျှင် ဖြစ်ကုန်သော ရဟန်းတော်တို့သည်လည်း အရဟတ္တဖိုလ်၌ တည်တော်မူကြကုန်၏၊ ထိုကဲ့သို့ ဖြစ်ရခြင်း၏ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော အကြောင်းတရားကား အဘယ်ပါနည်း၊ အားပေးထောက်ပံ့တတ်သော အကြောင်းတရားကား အဘယ်ပါနည်း မြတ်စွာဘုရား ..''ဟု လျှောက်ထားတော်မူ၏၊

ချစ်သား ကဿပ ... ထိုအရာသည် ဤသို့ပင် ဖြစ်ပေ၏၊ သတ္တဝါတို့သည် ဆုတ်ယုတ်ကုန်သည်ရှိသော် သူတော်ကောင်းတရားသည် ကွယ်ပသည်ရှိသော် သိက္ခာပုဒ်တို့သည်လည်း အလွန်များပြားကြသည်သာလျှင် ဖြစ်ကုန်၏၊ အလွန်နည်းပါးသည်သာလျှင် ဖြစ်ကုန်သော ရဟန်းတို့သည်လည်း အရဟတ္တဖိုလ်၌ တည်ကြကုန်၏၊

ချစ်သား ကဿပ ...အကြင်မျှလောက်သော ကာလပတ်လုံး လောက၌ သူတော်ကောင်းတရား အတုအယောင် သည် မဖြစ်ပေါ်လာသေး၊ ထိုမျှလောက်သော ကာလပတ်လုံး မှန်ကန်သော သူတော်ကောင်းတရားသည် မကွယ်ပသေး သည်သာလျှင် ဖြစ်၏၊ ချစ်သား ကဿပ ...အကြင်အခါ၌ကား လောက၌ သူတော်ကောင်းတရားအတုအယောင်သည် ဖြစ်ပေါ်၏၊ ထိုအခါ၌ မှန်ကန်သော သူတော်ကောင်းတရား၏ ကွယ်ပခြင်းသည်လည်း ထင်ရှားဖြစ်ပေါ်လာပေ၏၊

ချစ်သား ကဿပ ... ဥပမာသော်ကား အကြင်မျှလောက်သော ကာလပတ်လုံး လောက၌ ရွှေအတုသည် မဖြစ်ပေါ်လာသေး၊ ထိုမျှလောက်သော ကာလပတ်လုံး ရွှေအစစ်သည် မကွယ်ပသေးသည်သာလျှင် ဖြစ်၏၊ ချစ်သား ကဿပ ... အကြင်အခါ လောက၌ ရွှေအတုသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ထိုအခါ၌ ရွှေအစစ်၏ ကွယ်ပခြင်း သည်လည်း ဖြစ်ပေါ်လာပေ၏၊ ချစ်သား ကဿပ ... ဤအတူသာလျှင် အကြင်မျှလောက်ကာလပတ်လုံး လောက၌ သူတော်ကောင်းတရား အတုအယောင်သည် မဖြစ်ပေါ်လာသေး၊ ထိုမျှလောက်ကာလပတ်လုံး .. မှန်ကန်သော သူတော်ကောင်းတရားသည် မကွယ်ပသေးသည်သာလျှင် ဖြစ်၏၊ ချစ်သား ကဿပ ... အကြင်အခါ လောက၌ သူတော်ကောင်းတရား အတုအယောင်သည် ထင်ရှားဖြစ်ပေါ်လာ၏၊ ထိုအခါ၌ မှန်ကန်သော သူတော်ကောင်းတရား၏ ကွယ်ပခြင်းသည်လည်း ထင်ရှားဖြစ်ပေါ်လာပေ၏၊

ချစ်သား ကဿပ ... ပထဝီဓာတ်သည် မှန်ကန်သော သူတော်ကောင်းတရားကို မကွယ်ပျောက်စေနိုင်၊ အာပေါဓာတ်သည် မှန်ကန်သော သူတော်ကောင်းတရားကို မကွယ်ပျောက်စေနိုင်၊ တေဇောဓာတ်သည် မှန်ကန်သော သူတော်ကောင်းတရားကို မကွယ်ပျောက်စေနိုင်၊ ဝါယောဓာတ်သည် မှန်ကန်သော သူတော်ကောင်းတရားကို မကွယ် ပျောက်စေနိုင်။ စင်စစ်သော်ကား အကြင်ယောကျ်ားတို့သည် ဤသူတော်ကောင်းတရားကို ကွယ်ပျောက်စေကုန်၏၊ မဂ်ဖိုလ် နိဗ္ဗာန်မှ အချည်းနှီးဖြစ်ကြကုန်သော ထိုယောကျ်ားတို့သည် ဤသာသနာတော်၌သာ ထင်ရှားဖြစ်ပေါ်လာကြကုန်၏၊ ''လှေသည် ဝန်ကို ယူဆောင်ခြင်းဖြင့်သာလျှင် နစ်မြုပ်ရသကဲ့သို့'' ချစ်သား ကဿပ ... မှန်ကန်သော သူတော်ကောင်း တရား၏ ကွယ်ပျောက်ခြင်းသည်ကား မဖြစ်နိုင်ပေ။

ချစ်သား ကဿပ ... အောက်အဖို့သို့ သက်ရောက်စေတတ်ကုန်သော ဤတရားငါးမျိုးတို့သည် သူတော်ကောင်း တရား မှေးမှိန်ခြင်းငှာ ကွယ်ပျောက်ခြင်းငှာ ဖြစ်ကုန်၏၊ အဘယ်ငါးမျိုးတို့နည်းဟူမူ –– ချစ်သား ကဿပ ... ဤသာသနာတော်၌ ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောကျ်ား ဥပါသိကာမိန်းမတို့သည် ..

၁။ မြတ်စွာဘုရား၌ မရိုသေ, မတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏၊
၂။ တရားတော်၌ မရိုသေ, မတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏၊
၃။ သံဃာတော်၌ မရိုသေ, မတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏၊
၄။ သီလကျင့်စဉ် သမာဓိကျင့်စဉ် ဝိပဿနာပညာကျင့်စဉ်ဟူသည့် သိက္ခာသုံးရပ် အကျင့်မြတ်၌ မရိုသေ, မတုပ်ဝပ် ကုန်သည်ဖြစ်၍ နေကုန်၏၊
၅။ စျာန်သမာပတ် ရှစ်ပါးတည်းဟူသော သမာဓိတရားတော်၌ မရိုသေ, မတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏၊

ချစ်သား ကဿပ ... အောက်အဖို့သို့ သက်ရောက်စေတတ်ကုန်သော ဤတရားငါးမျိုးတို့သည် သူတော်ကောင်း တရား မှေးမှိန်ခြင်းငှာ ကွယ်ပျောက်ခြင်းငှာ ဖြစ်ကုန်၏၊

ချစ်သား ကဿပ ... ဤတရား ငါးမျိုးတို့သည် မှန်ကန်သော သူတော်ကောင်းတရား၏ တည်တံ့ခြင်းငှာ မမှေးမှိန်ခြင်းငှာ မကွယ်ပျောက်ခြင်းငှာ ဖြစ်ကုန်၏၊ အဘယ်ငါးမျိုးတို့နည်းဟူမူ –– ချစ်သား ကဿပ ... ဤသာသနာတော်၌ ရဟန်းယောကျ်ား ရဟန်းမိန်းမ ဥပါသကာယောကျ်ား ဥပါသိကာမိန်းမတို့သည် ..

၁။ မြတ်စွာဘုရား၌ ရိုသေတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏၊
၂။ တရားတော်၌ ရိုသေတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏၊
၃။ သံဃာတော်၌ ရိုသေတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏၊
၄။ သီလကျင့်စဉ် သမာဓိကျင့်စဉ် ဝိပဿနာပညာကျင့်စဉ်ဟူသည့် သိက္ခာသုံးရပ် အကျင့်မြတ်၌ ရိုသေတုပ်ဝပ် ကုန်သည်ဖြစ်၍ နေကုန်၏ (= အရိုအသေ ဖြည့်ကျင့်လျက် နေထိုင်ကုန်၏)၊
၅။ စျာန်သမာပတ် ရှစ်ပါးတည်းဟူသော သမာဓိတရားတော်၌ ရိုသေတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏ (= အရိုအသေ ဖြည့်ကျင့်လျက် နေထိုင်ကုန်၏)၊

ချစ်သား ကဿပ ... ဤတရား ငါးမျိုးတို့သည် မှန်ကန်သော သူတော်ကောင်းတရား၏ တည်တံ့ခြင်းငှာ မမှေးမှိန်ခြင်းငှာ မကွယ်ပျောက်ခြင်းငှာ ဖြစ်ကုန်၏ဟု ဟောကြားတော်မူ၏၊[၁၀]

ဤအရာတွင် သဒ္ဓမ္မ သုံးဖြာ သာသနာတော်နှင့် သဒ္ဓမ္မပ္ပဋိရူပက = သူတော်ကောင်းတရားအတုအယောင် သုံးမျိုးတို့ကို ယင်းသုတ္တန်အဋ္ဌကထာ[၁၁]က ရှင်းလင်းဖွင့်ဆိုထားပါသည်။

၁။ အဓိဂမသဒ္ဓမ္မ = အရိယမဂ်ဉာဏ် (၄)ပါး, အရိယဖိုလ်ဉာဏ် (၄)ပါး, ပဋိသမ္ဘိဒါဉာဏ် (၄)ပါး, အဘိညာဏ် (၆)ပါး, စျာန်သမာပတ် (၈)ပါး၊

၂။ ပဋိပတ္တိသဒ္ဓမ္မ = အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် ပဋိသမ္ဘိဒါဉာဏ် အစရှိသည့် အဓိဂမသဒ္ဓမ္မတရားတော်ကို ရရှိရေးအတွက် ကျင့်ရမည့် သီလကျင့်စဉ် သမာဓိကျင့်စဉ် ဝိပဿနာပညာကျင့်စဉ်ဟူသည့် သိက္ခာသုံးရပ် အကျင့်မြတ်၊

၃။ ပရိယတ္တိသဒ္ဓမ္မ = ယင်းသိက္ခာသုံးရပ် အကျင့်မြတ်ကို မှန်မှန်ကန်ကန် တိတိကျကျ ဖော်ပြထားသည့် ဘုရားရှင်၏ ပရိယတ်တရားတော် –

ဤသို့လျှင် သဒ္ဓမ္မ သုံးဖြာ လာရှိပေသည်။ ယင်းသဒ္ဓမ္မ သုံးဖြာကို ကွယ်ပျောက်စေတတ်သည့် သဒ္ဓမ္မပ္ပဋိရူပက = သူတော်ကောင်းတရားအတုအယောင် သုံးမျိုးလည်း လာရှိပေသည်။

၁။ အဓိဂမသဒ္ဓမ္မပ္ပဋိရူပက = မဂ်ဉာဏ်အတု ဖိုလ်ဉာဏ်အတု စသည့် အတုအယောင်များ = ဩဘာသ စသည့် ဥပက္ကိလေသတရား (၁၀)ပါးကို အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် အစစ်အဖြစ် အယူအဆ မှားယွင်းမှု၊ (ဥပက္ကိလေသ တရား (၁၀)ပါးအကြောင်းကို ဝိပဿနာပိုင်း[၁၂]တွင် ကြည့်ပါ။)

၂။ ပဋိပတ္တိသဒ္ဓမ္မပ္ပဋိရူပက = ဘုရားရှင်၏ တရားတော်နှင့် ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်သည့် မမှန်ကန်သည့် သီလကျင့်စဉ်, မမှန်ကန်သည့် သမာဓိကျင့်စဉ်, မမှန်ကန်သည့် ဝိပဿနာပညာကျင့်စဉ်၊ 

၃။ ပရိယတ္တိသဒ္ဓမ္မပ္ပဋိရူပက = မမှန်ကန်သည့် သီလကျင့်စဉ်, မမှန်ကန်သည့်သမာဓိကျင့်စဉ်, မမှန်ကန်သည့် ဝိပဿနာ ပညာကျင့်စဉ်တို့ကို ညွှန်ကြားပြသနေသည့်၊ ဘုရားရှင်၏ မှန်ကန်သည့် ပရိယတ်တရားတော်နှင့် ထိပ်တိုက် ဆန့်ကျင်ဘက်ဖြစ်နေသည့် အတုအယောင် သီလကျင့်စဉ်, အတုအယောင် သမာဓိကျင့်စဉ်, အတုအယောင် ဝိပဿနာပညာကျင့်စဉ်တရားများ –

ဤသို့လျှင် မှန်ကန်သည့် သဒ္ဓမ္မကျင့်စဉ် သုံးမျိုးရှိသကဲ့သို့ မမှန်ကန်သည့် သူတော်ကောင်းတရားအတုအယောင် သဒ္ဓမ္မပ္ပဋိရူပက ကျင့်စဉ်သုံးရပ်လည်း ရှိနေပေသည်။ အတုအယောင် သဒ္ဓမ္မပ္ပဋိရူပက ကျင့်စဉ်များ လွှမ်းမိုးဖိစီးလာသော အခါ မှန်ကန်သည့် သဒ္ဓမ္မ သုံးဖြာ သာသနာတော်ကြီးသည်လည်း တဖြည်းဖြည်း ကွယ်ပျောက်သွားနိုင်မည် ဖြစ်ပေသည်။

သစ္စသံယုတ်ပါဠိတော် သီသပါဝနသုတ္တန်[၁၃]တွင် ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ဘုရားရှင်၏ တရားတော်များကို အကျဉ်းချုပ်လိုက်ပါက အရိယသစ္စာလေးရပ် တရားမြတ်တို့သာ ဖြစ်ကြသည်။ ယင်းအရိယသစ္စာ လေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နိုင်ရေးအတွက် ညွှန်ကြား ပြသနေသည့် ပရိယတ်တရားတော်တို့ကား မှန်ကန်သည့် ပရိယတ္တိသဒ္ဓမ္မတရားတော်များသာ ဖြစ်ကြသည်။ ယင်းပရိယတ္တိ သဒ္ဓမ္မတရားတော်က ညွှန်ကြားပြသထားသည့်အတိုင်း မှန်မှန်ကန်ကန် တိတိကျကျ လိုက်နာကျင့်သုံးနေသည့် သီလ ကျင့်စဉ် သမာဓိကျင့်စဉ် ဝိပဿနာပညာကျင့်စဉ်တို့ကား မှန်ကန်သည့် ပဋိပတ္တိသဒ္ဓမ္မတရားတော်များပင် ဖြစ်ကြသည်။ ယင်းကဲ့သို့ မှန်ကန်သည့် ပဋိပတ္တိသဒ္ဓမ္မတရားတော်ကို တကယ်လက်တွေ့ ဖြူဖြူစင်စင် ဖြည့်ကျင့်ခြင်းကြောင့် ဖြစ်ပေါ် လာရသော အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် အစရှိသည့် အဓိဂမတရားတော်တို့သည်ကား မှန်ကန်သည့် အဓိဂမသဒ္ဓမ္မ တရားတော်များပင် ဖြစ်ကြပေသည်။

ဘုရားရှင် ညွှန်ကြားပြသထားတော်မူသည့် ဒုက္ခအရိယသစ္စာ အမည်ရသည့် ဥပါဒါနက္ခန္ဓာငါးပါး = ရုပ်ပရမတ် တရား+နာမ်ပရမတ်တရားတို့ကို ဘုရားရှင်၏ တပည့်သာဝကတစ်ဦးသည် ရှု၍ မရနိုင်ဟု ညွှန်ကြားပြသနေသော ညွှန်ကြားချက်တို့ကား ပရိယတ်အတုအယောင် ပရိယတ္တိသဒ္ဓမ္မပ္ပဋိရူပကတရားတို့ပင် ဖြစ်ကြသည်။ တစ်ဖန် အင်္ဂုတ္တိုရ် တိကနိပါတ် တိတ္ထာယတနသုတ္တန်[၄၂]တွင် ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၏ ဖြစ်စဉ်သည်ကား သမုဒယအရိယသစ္စာတရားပင် ဖြစ်သည်။ ယင်းကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၏ ဖြစ်စဉ်အကျဉ်းချုပ်မှာ ... ''အတိတ်အကြောင်းတရားငါးပါး ထင်ရှား ဖြစ်ခြင်းကြောင့် ပစ္စုပ္ပန်အကျိုးတရားငါးပါး ထင်ရှားဖြစ်ပုံ၊ ပစ္စုပ္ပန်အကြောင်းတရားငါးပါး ထင်ရှားဖြစ်ခြင်းကြောင့် အနာဂတ်အကျိုးတရားငါးပါး ထင်ရှားဖြစ်ပုံ'' –– တို့ပင်တည်း။[၁၄] ယင်းဖြစ်စဉ်ကား ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအနေဖြင့် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုပွားသုံးသပ်ရမည့် လုပ်ငန်းခွင်ပင် ဖြစ်ပေသည်၊ ဆရာ့အပြောနှင့် ပါးစပ်ဟကာ အလွမ်းကြီးလွမ်းရမည့် လုပ်ငန်းခွင်မျိုးလည်းမဟုတ်ပေ။ အကယ်၍ အတိတ်သည် ဖြစ်ပြီးပြီ မရှိတော့ပြီဖြစ်၏၊ အနာဂတ်သည်လည်း မဖြစ်ပေါ်လာသေး မရောက်ရှိလာသေး၊ သို့အတွက် အတိတ်-အနာဂတ်ကို ဝိပဿနာဉာဏ်ဖြင့် ရှု၍ မရနိုင်ဟု ညွှန်ကြားနေကြသည်ဖြစ်အံ့၊ ယင်းညွှန်ကြားချက်တို့မှာ ပရိယတ်အတုအယောင် ပရိယတ္တိသဒ္ဓမ္မပ္ပဋိရူပကတရားတို့ပင် ဖြစ်ကြသည်။

တစ်ဖန် ယင်းတိတ္ထာယတနသုတ္တန်[၄၂]တွင်ပင် ယင်းကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၏ ချုပ်စဉ်ကိုလည်း နိရောဓအရိယသစ္စာတရားဟု ဘုရားရှင်က ဟောကြားထားတော်မူခဲ့၏၊ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ[၄၃] ဆရာတော်ကလည်း နောက်အနာဂတ်တစ်ချိန်တွင် ဖြစ်ပေါ်လာမည့် အရဟတ္တမဂ်၏ စွမ်းအားကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတည်းဟူသော အကြောင်းသမုဒယအရိယသစ္စာတရားတို့၏ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆိုအပ်သော အနုပ္ပါဒနိရောဓသဘောအားဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းခြင်းကြောင့် ပရိနိဗ္ဗာန စုတိအခိုက်တွင် အကျိုး ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခအရိယသစ္စာတရားတို့၏ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဟု ခေါ်ဆိုအပ်သော အနုပ္ပါဒနိရောဓသဘောအားဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းမှုကို ဆိုလိုပါကြောင်း ကိုလည်း ရှင်းပြထားတော်မူ၏၊ ဤနိရောဓအရိယသစ္စာတရားကို ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ဥဒယဗ္ဗယဉာဏ် ကဲ့သို့သော ဝိပဿနာဉာဏ်ဖြင့်[၄၄] ထိုးထွင်းသိမြင်အောင် ရှုပွားရမည့် ကျင့်စဉ်ပင် ဖြစ်ပေသည်။ သို့သော် အကယ်၍ ကျင့်စဉ်တစ်ခုက အနာဂတ်သည်လည်း မဖြစ်ပေါ်လာသေး မရောက်ရှိလာသေးအတွက် အနာဂတ်ကို ဝိပဿနာဉာဏ်ဖြင့် ရှု၍ မရနိုင်ဟု ညွှန်ကြားနေသည်ဖြစ်အံ့၊ ယင်းညွှန်ကြားချက်မှာလည်း ပရိယတ်အတုအယောင် ပရိယတ္တိသဒ္ဓမ္မပ္ပဋိရူပက တရားပင် ဖြစ်ပေသည်။ ယင်းပရိယတ္တိသဒ္ဓမ္မပ္ပဋိရူပကတရားကို အမှီပြု၍ အလွဲလွဲ အချော်ချော် ကျင့်နေသည့် ကျင့်စဉ် မှာလည်း ပဋိပတ်အတုအယောင် ပဋိပတ္တိသဒ္ဓမ္မပ္ပဋိရူပကတရားပင် ဖြစ်ပေသည်။ ယင်း ပရိယတ္တိသဒ္ဓမ္မပ္ပဋိရူပက ပဋိပတ္တိသဒ္ဓမ္မပ္ပဋိရူပကတရားတို့ကို အမှီပြု၍ ဖြစ်ပေါ်လာသော အဓိဂမတရားမှာလည်း တကယ့်အဓိဂမ = အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် အစစ် မဖြစ်နိုင်သည့်အတွက် အဓိဂမအတုအယောင် အဓိဂမသဒ္ဓမ္မပ္ပဋိရူပကတရားပင် ဖြစ်ပေသည်။

ယင်း ပရိယတ္တိသဒ္ဓမ္မပ္ပဋိရူပက ပဋိပတ္တိသဒ္ဓမ္မပ္ပဋိရူပက အဓိဂမသဒ္ဓမ္မပ္ပဋိရူပကတရားတို့ ထွန်းလင်းတောက်ပ လာပါက ဘုရားရှင် ဟောကြားပြသဆိုဆုံးမထားတော်မူခဲ့သည့် စစ်မှန်သည့် ပရိယတ္တိသဒ္ဓမ္မ ပဋိပတ္တိသဒ္ဓမ္မ အဓိဂမသဒ္ဓမ္မ တရားတို့ တဖြည်းဖြည်း ပျောက်ကွယ်သွားမည် ဖြစ်ပေသည်။ ထိုကဲ့သို့ မပျောက်ကွယ်နိုင်စေရန်, စစ်မှန်သည့် သဒ္ဓမ္မသုံးဖြာ သာသနာတော်ကြီး ထွန်းလင်းတောက်ပလာစေရန် ရည်သန်တောင့်တလျက် ကျမ်းစာအုပ်အဖြစ် ရိုက်နှိပ်လိုသူတို့၏ လျှောက်ထားတောင်းပန်ချက်အရ ဤကျမ်းစာကို ပုံနှိပ် လှူဒါန်းခြင်း ဖြစ်ပါသည်။

တရားစစ် တရားမှန်ကို ..
လိုလားတောင့်တလျက် ရှိကြကုန်သော သူတော်ကောင်း သူမြတ်လောင်း အပေါင်းတို့သည်လည်း ... မမှန်ကန်သည့် ပရိယတ္တိသဒ္ဓမ္မပ္ပဋိရူပက ပဋိပတ္တိသဒ္ဓမ္မပ္ပဋိရူပက အဓိဂမသဒ္ဓမ္မပ္ပဋိရူပကတရားတို့ မထွန်းလင်း မတောက်ပနိုင်အောင် ..,
ဘုရားရှင်၏ စစ်မှန်သည့် ပရိယတ္တိသဒ္ဓမ္မ ပဋိပတ္တိသဒ္ဓမ္မ အဓိဂမသဒ္ဓမ္မတရားတို့ ထွန်းလင်း တောက်ပလာအောင် ..
ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေသောဝ် .........။

ဖားအောက်တောရဆရာတော်

အခန်း (၁) 

သဘောတရားရေးရာအပိုင်း

အသာဆုံး အမြတ်ဆုံး တရား

ယာဝတာ ဘိက္ခဝေ ဓမ္မာ သင်္ခတာ ဝါ အသင်္ခတာ ဝါ ..
ဝိရာဂေါ တေသံ ဓမ္မာနံ အဂ္ဂမက္ခာယတိ၊ ယဒိဒံ ...
မဒနိမ္မဒနော ပိပါသဝိနယော အာလယသမုဂ္ဃါတော
ဝဋ္ဋုပစ္ဆေဒေါ တဏှာက္ခယော ဝိရာဂေါ နိရောဓော နိဗ္ဗာနံ။

ချစ်သား ရဟန်းတို့ ...
အကြင်ရွေ့လောက်ကုန်သော အကြောင်းတရားတို့သည် ပေါင်းစု၍ပြုပြင်အပ်သည်လည်း ဖြစ်ကုန်သော သင်္ခတတရားတို့သည်လည်းကောင်း ..,
အကြောင်းတရားတို့သည် ပေါင်းစု၍ မပြုပြင်အပ်သည်လည်း ဖြစ်ကုန်သော အသင်္ခတတရားတို့သည်လည်းကောင်း .. ရှိကြကုန်၏၊

ထို သင်္ခတ အသင်္ခတ တရားတို့တွင် ..
ရာဂနှင့် တကွသော သံကိလေသဓမ္မတို့၏ သင်္ခါရတရားတို့၏ ကင်းပြတ်ရာ ပျက်ပြယ်ရာဖြစ်သော အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို .. အမြတ်ဆုံးဟူ၍ ဆိုအပ်၏၊

မာနအစရှိသော ယစ်စေတတ်သော တရားတို့၏ ယစ်စေတတ်သည့် သတ္တိကင်းရာ ဖြစ်သော နိဗ္ဗာန်,
ကာမတို့ကို မွတ်သိပ်ဆာလောင်သော တဏှာ၏ ကင်းပျောက်ရာဖြစ်သော နိဗ္ဗာန်,
ငြိတွယ်စရာ ကာမဂုဏ်ငါးပါးတို့ကို အကြွင်းမဲ့ ဖြတ်ရာဖြစ်သော နိဗ္ဗာန်,
ဝဋ်သုံးပါး၏ ပြတ်ရာဖြစ်သော နိဗ္ဗာန်,
တဏှာ၏ ကုန်ရာဖြစ်သော နိဗ္ဗာန်,
တဏှာ၏ ပျက်ပြယ်ရာ ကင်းရာဖြစ်သော နိဗ္ဗာန်,
တဏှာ၏ ချုပ်ရာဖြစ်သော နိဗ္ဗာန်,
ဝါနဟု ဆိုအပ်သော တဏှာမှ ထွက်မြောက်ရာဖြစ်သော နိဗ္ဗာန် ..
ဤနိဗ္ဗာန်တရားတော်မြတ်သည် အသင်္ခတ တရားတည်း၊
သင်္ခတ အသင်္ခတ တရားတို့တွင် ယင်းအသင်္ခတတရားသည် အသာဆုံး အမြတ်ဆုံး တရားတည်း။

(အံ၊၁၊၃၄၃။ ခု၊၁၊၂၅၄။)

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ သောကပရိဒေဝါနံ သမတိက္ကမာယ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ ဉာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ၊ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ။

''ရဟန်းတို့ ... ဤခရီးလမ်းသည် .. သတ္တဝါတို့၏ စိတ်ဓာတ် သန့်ရှင်းစင်ကြယ်ရန်, စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို ကျော်လွှားလွန်မြောက်ရန်, ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့ ချုပ်ငြိမ်းရန်, အရိယမဂ်ကို ရရှိရန်, နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်း .. ဖြစ်ပေ၏၊ ယင်းသည့်ခရီးလမ်းသည်ကား ဤသတိပဋ္ဌာန်တရား လေးပါးတို့ပင်တည်း။''[၂]

ဘုရားရှင်သည် ဤမဟာသတိပဋ္ဌာနသုတ္တန်နိဒါန်းဝယ် နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်းမှာ သတိပဋ္ဌာန်တရား လေးပါးတည်းဟူသော ကျင့်စဉ်ပင် ဖြစ်ကြောင်းကို ကြေညာထားတော်မူခဲ့၏၊ ဤကြေညာချက်အရ နိဗ္ဗာန်သို့သွားရာလမ်းမှာ တစ်ကြောင်းတည်းသော လမ်းသာ ရှိ၏၊ နှစ်လမ်း သုံးလမ်း စသည် မရှိ၊ ကျင့်စဉ်နည်းလမ်း အမျိုးမျိုး မရှိဟု သဘောပေါက်ပါ။ သို့သော် ထိုကဲ့သို့သော တစ်ကြောင်းတည်းသော လမ်းကို လျှောက်သွားရာ၌ မိမိလျှောက်သွားနေသော လမ်းသည် ဘုရားရှင် ညွှန်ကြားထားတော်မူသည့် မှန်ကန်တိကျသည့် သတိပဋ္ဌာန်လမ်းစဉ် ဖြစ်ဖို့ကား အထူးလိုအပ်လှပေသည်။ အကယ်၍ မိမိလျှောက်သွားနေသော လမ်းမှာ ဘုရားရှင် ညွှန်ကြားထားတော် မူသည့် မှန်ကန်တိကျသည့် သတိပဋ္ဌာန်လမ်းစဉ် မဟုတ်ခဲ့ပါမူကား မိမိမျှော်မှန်းထားသည့် နိဗ္ဗာန်ဟူသည့် ပန်းတိုင်သို့ ဆိုက်ရောက်နိုင်မည်ကား မဟုတ်ပေ။[၁၅] ဂဏကမောဂ္ဂလ္လာနသုတ္တန်တွင် လာရှိသော အောက်ပါ ဂဏကမောဂ္ဂလ္လာန် ပုဏ္ဏားကြီး၏ မေးမြန်းလျှောက်ထားချက်ကို ပြန်လည်ဖြေကြားထားတော်မူသည့် ဘုရားရှင်၏ မိန့်ကြားတော်မူချက် များကို ဆက်လက် ဖတ်ရှုကြည့်ပါ ..။

ဂဏကမောဂ္ဂလ္လာန်ပုဏ္ဏားကြီး၏ မေးမြန်းလျှောက်ထားချက်

တစ်ချိန် .. ဘုရားရှင်သည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းတိုက်တွင် သီတင်းသုံး စံနေတော်မူခိုက် .. ဂဏကမောဂ္ဂလ္လာန်ပုဏ္ဏားကြီးသည် ဘုရားရှင်ထံသို့ ချဉ်းကပ်ကာ သူသိလိုသည့် မေးခွန်းများကို မေးမြန်းလျှောက်ထားခဲ့၏၊ ထိုမေးခွန်းများ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏ ..။

အရှင်ဂေါတမ၏ သာသနာတော်၌ အစဉ်အတိုင်း လိုက်နာပြုကျင့်အပ်သည့် ကျင့်စဉ်အရပ်ရပ် ထင်ရှား တည်ရှိပါသလားဟု မေးမြန်းလျှောက်ထားလိုက်၏၊ ထိုအခါ ဘုရားရှင်က အစဉ်အတိုင်း လိုက်နာပြုကျင့်အပ်သည့် ကျင့်စဉ်အရပ်ရပ်ကို အကျဉ်းချုပ်ကာ ..

၁။ ရဟန်းတော်တို့ လိုက်နာပြုကျင့်အပ်သည့် ပါတိမောက္ခသံဝရသီလတည်းဟူသော ဝိနည်းသီလကျင့်စဉ်၊

၂။ မျက်စိ နား နှာ လျှာ ကိုယ် နှလုံးတည်းဟူသော ဒွါရ (၆)ပါး တံခါးကြီး (၆)ပေါက်မှ ရာဂ ဒေါသ မောဟ စသည့် ကိလေသာ အညစ်အကြေးတို့ ဝင်ရောက်မလာနိုင်အောင် မိမိ၏ ကမ္မဋ္ဌာန်းအာရုံ၌ ဘာဝနာစိတ်ကို အမြဲသွတ်သွင်းထားလျက် ဣန္ဒြေတို့ကို ထိန်းသိမ်းစောင့်ရှောက်ထားခြင်းတည်းဟူသော ဣန္ဒြိယသံဝရသီလ ကျင့်စဉ်၊

၃။ အစာအာဟာရ၌ အတိုင်းအရှည်ကို သိခြင်း၊ ပစ္စဝေက္ခဏာဆင်ခြင်လျက် အစာအာဟာရကို သုံးဆောင်မှီဝဲခြင်း တည်းဟူသော ပစ္စယသန္နိဿိတသီလကျင့်စဉ်၊

၄။ ညဉ့်သုံးယာမ် တစ်ယာမ်သာ အိပ်စက်လျက် ကြွင်းကျန်သော အချိန်ကာလတို့၌ ကမ္မဋ္ဌာန်းတရားကိုသာ အပြင်းအထန် ကြိုးစားအားထုတ်ခြင်း ဇာဂရိယာနုယောဂကျင့်စဉ်၊

၅။ သတိ၏ တည်ရာ အာရုံဖြစ်ကြကုန်သော သမထကမ္မဋ္ဌာန်းအာရုံနှင့် ဝိပဿနာကမ္မဋ္ဌာန်းအာရုံတို့အပေါ်၌ ခိုင်မြဲသောသတိနှင့် ပိုင်းပိုင်းခြားခြား ကွဲကွဲပြားပြား သိတတ်သော သမ္ပဇဉ်ဉာဏ်တို့နှင့် ပြည့်စုံအောင် ဖြည့်ကျင့် ရမည့် သတိ-သမ္ပဇဉ်ပိုင်းကျင့်စဉ်၊

၆။ ဆိတ်ငြိမ်ရာ တောကျောင်း တောင်ကျောင်းသို့ ချဉ်းကပ်ကာ ရှေးဦးစွာ သမထကမ္မဋ္ဌာန်းကို အောင်အောင် မြင်မြင် ဖြည့်ကျင့်ရမည့် ကျင့်စဉ်၊ ထိုသို့ကျင့်ရာ၌ ––

၇။ (က) သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့အပေါ်၌ လိုလားတပ်မက်ခြင်း ကာမစ္ဆန္ဒနီဝရဏ၊
( ခ ) သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ကို ပျက်စီးအောင် ဖျက်ဆီးလိုခြင်း ဗျာပါဒနီဝရဏ၊
( ဂ ) ကမ္မဋ္ဌာန်းအာရုံပေါ်၌ စိတ်စေတသိက်တို့၏ တက်တက်ကြွကြွ မရှိဘဲ လေးလံ ထိုင်းမှိုင်းနေခြင်း ထိနမိဒ္ဓ နီဝရဏ၊
(ဃ) ကမ္မဋ္ဌာန်းအာရုံပေါ်၌ စိတ်စေတသိက်တို့ကို စုစည်းလို့ မရနိုင်ဘဲ ပြင်ပအာရုံ အမျိုးမျိုးပေါ်သို့ စိတ်ပျံ့လွင့်နေခြင်း ဥဒ္ဓစ္စနှင့် ပြုပြီးဒုစရိုက် မပြုလိုက်မိသောသုစရိုက်တို့ကို အာရုံပြုကာ နောင်တတစ်ဖန် ပူပန်နေခြင်း ကုက္ကုစ္စတည်းဟူသော နီဝရဏ (ဥဒ္ဓစ္စ + ကုက္ကုစ္စ နီဝရဏ)၊
( င ) ရတနာသုံးတန် ကံ-ကံ၏အကျိုးတရားစသည်တို့အပေါ်၌ သို့လော သို့လော တွေးတောယုံမှားနေခြင်း ဝိစိကိစ္ဆာနီဝရဏ –

သမထစျာန်နှင့် ဝိပဿနာဉာဏ်တို့ကို ဖြစ်ပေါ်မလာအောင် တားမြစ်နှောင့်ယှက် ပိတ်ပင်နေသည့် ဤနီဝရဏ တရား (၅)ပါးတို့ကို နှိပ်ကွပ်ဖျက်ဆီးကြောင်းဖြစ်သည့် ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်သို့ ဆိုက်အောင် အားထုတ်ရမည့် ကျင့်စဉ်၊

၈။ ထိုစတုတ္ထစျာန်သမာဓိကို ဝိပဿနာဉာဏ်၏ အခြေခံသမာဓိအဖြစ် ထူထောင်ကာ အရဟတ္တဖိုလ်ပေါက် အဆင့်ဆင့် လိုက်နာပြုကျင့်ရမည့် ဝိပဿနာကျင့်စဉ် –

ဤကဲ့သို့ အစဉ်အတိုင်း လိုက်နာပြုကျင့်ရမည့် ကျင့်စဉ်အရပ်ရပ်တို့ ငါဘုရားရှင်၏ သာသနာတော်၌ ထင်ရှား တည်ရှိပါကြောင်းကို ပြန်လည်ကာ မိန့်ကြားတော်မူလိုက်၏၊ ထိုကျင့်စဉ်အရပ်ရပ်တို့ကို အကျဉ်းချုပ်လိုက်လျှင် ထိုကျင့်စဉ်တို့မှာ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ဟူသော မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့သာ ဖြစ်ကြပေသည်။

ထိုအခါ ဂဏကမောဂ္ဂလ္လာန် ပုဏ္ဏားကြီးက –– ''အရှင်ဂေါတမကဲ့သို့သော ဆိုဆုံးမမည့် ဆရာတစ်ဆူကို ရရှိတော်မူကြသည့် တပည့်သာဝကအားလုံးတို့ဟာ အရဟတ္တဖိုလ် နိဗ္ဗာန်ကို ပြီးစီးစေနိုင်ကြပါသလား''ဟု ထပ်မံကာ မေးမြန်းလျှောက်ထားလိုက်၏၊

ထိုအခါ ဘုရားရှင်က ''အချို့ကုန်သော တပည့်သာဝကတွေဟာ အရဟတ္တဖိုလ် နိဗ္ဗာန်ကို ပြီးစီးစေနိုင်ကြကြောင်း အချို့ကုန်သော တပည့်သာဝကတွေဟာ အရဟတ္တဖိုလ် နိဗ္ဗာန်ကို မပြီးစီးစေနိုင်ကြကြောင်း''တို့ကို မိန့်ကြားတော် မူလိုက်၏၊

ထိုအခါ ဂဏကမောဂ္ဂလ္လာန် ပုဏ္ဏားကြီးက '' အရှင်ဂေါတမ... နိဗ္ဗာန်တရားတော်မြတ်သည်လည်း ထင်ရှား တည်ရှိ၏၊ နိဗ္ဗာန်သွားရာ လမ်းသည်လည်း ထင်ရှားတည်ရှိ၏၊ နိဗ္ဗာန်သွားရာ လမ်းကို ညွှန်ကြားပြသတတ်သည့် အရှင်ဂေါတမသည်လည်း ထင်ရှားတည်ရှိ၏၊ ထိုသို့ ထင်ရှားတည်ရှိပါလျက် အချို့ကုန်သော တပည့်သာဝကတွေဟာ အရဟတ္တဖိုလ် နိဗ္ဗာန်ကို ပြီးစီးစေနိုင်ကြပြီး အချို့ကုန်သော တပည့်သာဝကတွေဟာ အရဟတ္တဖိုလ် နိဗ္ဗာန်ကို မပြီးစီးစေနိုင်ကြခြင်းမှာ မည်ကဲ့သို့သော အကြောင်းကြောင့်ပါနည်း''ဟု[၁၆] ထပ်မံကာ မေးမြန်းလျှောက်ထားလိုက်ပြန်၏၊

ထိုအခါ ဘုရားရှင်က ဂဏကမောဂ္ဂလ္လာန်ပုဏ္ဏားကြီးကို ဤသို့ မေးမြန်းတော်မူလိုက်၏ ''ဒကာတော်ပုဏ္ဏား... ဤသာဝတ္ထိပြည်မှ ရာဇဂြိုဟ်သို့ သွားရာလမ်းကို သင်ဒကာတော်ပုဏ္ဏား သိရှိပါသလား''ဟု မေးမြန်းတော်မူလိုက်၏၊ ထိုအခါ ပုဏ္ဏားကြီးက သိရှိပါကြောင်းကို ပြန်လည်ကာ လျှောက်ထားလိုက်၏၊ ထိုအခါ ဘုရားရှင်က ထပ်မံကာ ဤသို့ မေးမြန်းတော်မူလိုက်၏ ..။

'' ဒကာတော်ပုဏ္ဏား...ဆိုကြစို့ ..၊ ယောက်ျား (၂)ယောက်တို့ဟာ သင့်ထံသို့ လာရောက်ကာ ရာဇဂြိုဟ်သို့ သွားရာလမ်းကို မေးမြန်းပြီ ဆိုကြစို့၊ သင်ဒကာတော်ပုဏ္ဏားကလည်း ရာဇဂြိုဟ်သို့ သွားရာလမ်းကို ခရီးလမ်းညွှန် မြေပုံနှင့်တကွ အသေးစိတ် ညွှန်ကြားပြသပေးလိုက်ပြီ ဆိုကြစို့၊ ထိုအခါမှာ တစ်ယောက်သော ယောက်ျားက သင်ညွှန်ကြားပြသလိုက်သည့် ခရီးလမ်းညွှန်မြေပုံအတိုင်း တစ်သွေမတိမ်း လိုက်နာကာ သွားရောက်လိုက်သည့်အတွက် ရာဇဂြိုဟ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားပြီ ဆိုကြစို့၊ သို့သော် .. တစ်ယောက်သော ယောက်ျားကား သင်ညွှန်ကြားပြသလိုက်သည့် ခရီးလမ်းညွှန်မြေပုံအတိုင်း မသွားဘဲ ထိပ်တိုက်ဆန့်ကျင်ဘက် လမ်းတစ်ခုကို ယူကာ သွားလိုက်သည့်အတွက် ရာဇဂြိုဟ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် မရောက်ရှိဘူး ဆိုကြစို့ ..။

ဒီနေရာမှာ .. ရာဇဂြိုဟ်လည်း ထင်ရှားတည်ရှိ၏၊ ရာဇဂြိုဟ်သို့ သွားရာလမ်းလည်း ထင်ရှားတည်ရှိ၏၊ ရာဇဂြိုဟ်သို့ သွားရာလမ်းကို ညွှန်ကြားပြသတတ်သည့် သင်ဒကာတော်ပုဏ္ဏားလည်း ထင်ရှားတည်ရှိ၏၊ ထိုသို့ ထင်ရှားတည်ရှိပါလျက် တစ်ယောက်သော ယောက်ျားကသာ ရာဇဂြိုဟ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားပြီး တစ်ယောက်သော ယောက်ျားက ရာဇဂြိုဟ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် မရောက်ရှိခြင်းမှာ မည်ကဲ့သို့သော အကြောင်းကြောင့်ပါနည်း''ဟု မေးမြန်းတော်မူလိုက်၏၊

ထိုအခါ ပုဏ္ဏားကြီးက '' အရှင်ဂေါတမ ... တပည့်တော် ဘာတတ်နိုင်မှာလဲ၊ တပည့်တော်ဟာ မဂ္ဂက္ခာယီ (= ရာဇဂြိုဟ်သို့ သွားရာလမ်းကို ညွှန်ကြားပြသတတ်သည့် ခရီးလမ်းညွှန်သူ)သာ ဖြစ်ပါတယ်''ဟု ပြန်လည်ကာ လျှောက်ထားလိုက်၏၊

ထိုအခါ ဘုရားရှင်က အောက်ပါအတိုင်း မိန့်ကြားတော်မူလိုက်၏ ..။

''အလားတူပဲ ဒကာတော်ပုဏ္ဏား... နိဗ္ဗာန်တရားတော်မြတ်သည်လည်း ထင်ရှားရှိတာ မှန်၏၊ နိဗ္ဗာန်သွားရာ လမ်းသည်လည်း ထင်ရှားရှိတာ မှန်၏၊ နိဗ္ဗာန်သွားရာလမ်းကို ညွှန်ကြားပြသတတ်သည့် ငါဘုရားရှင်လည်း ထင်ရှား ရှိတာ မှန်၏၊ သို့သော် ငါဘုရားရှင်က တပည့်သာဝကတွေကို နိဗ္ဗာန်သွားရာ လမ်းကို ဒီလို တစ်ကြိမ်တစ်ခါ ဆိုဆုံးမပေမဲ့ ဒီလို ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ ဆိုဆုံးမပေမဲ့ အချို့ကုန်သော တပည့်သာဝကတွေသာ နိဗ္ဗာန်တရားတော်မြတ်ကို စင်စစ် ဆုံးဖြတ်ချက် ချနိုင်ကြတယ်၊ စင်စစ် ပြီးစီးစေနိုင်ကြတယ်။ အချို့ကုန်သော တပည့် သာဝကတွေကတော့ စင်စစ် မပြီးစီးစေနိုင်ကြပါဘူး။ ဒကာတော်ပုဏ္ဏား... ဒီနေရာမှာ ငါဘုရားရှင်ဟာ ဘာပြုလုပ်နိုင်မှာလဲ၊ ဒကာတော် ပုဏ္ဏား...တထာဂတဘုရားရှင်ဟာ မဂ္ဂက္ခာယီ (= နိဗ္ဗာန်သို့သွားရာ လမ်းကို ပြောပြတတ်သူ)သာ ဖြစ်ပါတယ်၊ သမ္မာသမ္ဗုဒ္ဓဘုရားရှင်ဟာ နိဗ္ဗာန်သို့သွားရာ လမ်းကို ဟောကြားပြသတတ်သူသာ ဖြစ်ပါတယ်။ ကိုယ်တိုင်ကျင့်သူတွေသာ သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်ကြမှာ ဖြစ်ကြပါတယ်''- ဟု မိန့်ကြားတော်မူလိုက်၏၊[၁၇]

ကျင့်သူတို့သာ လွတ်မြောက်နိုင်ကြပါသည်

တုမှေဟိ ကိစ္စမာတပ္ပံ၊ အက္ခာတာရော တထာဂတာ။
ပဋိပန္နာ ပမောက္ခန္တိ၊ စျာယိနော မာရဗန္ဓနာ။[၁၈]

''သင်ချစ်သားတို့ ပြုသင့်ပြုထိုက်သည့် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတည်းဟူသော လုပ်ငန်းကိစ္စရပ်ကို သင်ချစ်သားတို့ကိုယ်တိုင် အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြပါ ..။ ငါဘုရားရှင်တို့ကတော့ နိဗ္ဗာန်ရောက်ကြောင်း တစ်ကြောင်းတည်းသော လမ်းဖြစ်သည့် သတိပဋ္ဌာန်တရားလေးပါးတည်းဟူသော လမ်းကို တစ်နည်းဆိုရသော် - မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားတည်းဟူသော လမ်းကို ဟောကြားပြသ ဆိုဆုံးမတတ်သူတို့သာ ဖြစ်ကြ၏၊ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကို တကယ်လက်တွေ့ ကျင့်ကြံ ကြိုးကုတ် ပွားများအားထုတ်ကြသည့် အာရမ္မဏူပနိဇ္ဈာနစျာန် လက္ခဏူပနိဇ္ဈာနစျာန်ဟူသော နှစ်မျိုးသော စျာန်တို့ကို ဝင်စားနိုင်သူတို့သည်သာ ကိလေသာ မာရ်စစ်သည်တို့၏ အနှောင်အဖွဲ့မှ လွတ်မြောက်နိုင်ကြကုန်၏၊''

အာရမ္မဏူပနိဇ္ဈာနစျာန်နှင့် လက္ခဏူပနိဇ္ဈာနစျာန်

ဤနေရာတွင် အဋ္ဌသာလိနီအဋ္ဌကထာ[၁၉]က အာရမ္မဏူပနိဇ္ဈာနစျာန်နှင့် လက္ခဏူပနိဇ္ဈာနစျာန်တို့ကို ဤကဲ့သို့ ရှင်းလင်းတင်ပြထား၏ ..။

''စျာန် - ဟူသည် အာရမ္မဏူပနိဇ္ဈာနစျာန် လက္ခဏူပနိဇ္ဈာနစျာန်ဟု စျာန်(၂)မျိုး ရှိ၏၊ ထို (၂)မျိုးတို့တွင် လောကီစျာန်သမာပတ် (၈)ပါးတို့ကို –– ပထဝီကသိုဏ်းစသော သမထနိမိတ်အာရုံကို ကပ်၍ စိုက်စိုက်စူးစူး ရှုတတ်သောကြောင့် အာရမ္မဏူပနိဇ္ဈာနစျာန် ဟူ၍ ခေါ်ဆို၏၊။ ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့သည် လက္ခဏူပနိဇ္ဈာနစျာန် မည်၏၊ ထိုတွင် ဝိပဿနာဉာဏ်သည် သင်္ခါရတရားတို့၏ အနိစ္စစသော လက္ခဏာကို ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သောကြောင့် လက္ခဏူပနိဇ္ဈာနစျာန် မည်၏၊ ဝိပဿနာဉာဏ်၏ ပြုသင့်ပြုထိုက်သော သင်္ခါရတရားတို့၏ အနိစ္စစသော လက္ခဏာကို စူးစူးစိုက်စိုက် ရှုခြင်းလုပ်ငန်းကိစ္စ၏ မဂ်ဉာဏ်ကြောင့် ပြီးစီး ပြည့်စုံ လာရကား မဂ်ဉာဏ်သည် လက္ခဏူပနိဇ္ဈာနစျာန်မည်၏၊ အရိယမဂ်တရားသည် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် တရားတော်မြတ်ကြီး၏ အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု သတ္တိအရှိန်အဝါကို ရရှိသဖြင့် သင်္ခါရတရားတို့၏ အနိစ္စစသော လက္ခဏာကို မသိအောင် ဖုံးလွှမ်းထားတတ်သည့် မောဟကို အကြွင်းမဲ့ ပယ်သတ်လိုက်၏၊ မသိမှုကို ပယ်သတ်လိုက်သဖြင့် သိမှုသည် ပြီးစီး ပြည့်စုံသွား၏၊ ဤသို့ ပြီးစီး ပြည့်စုံခြင်းကို ကိစ္စသိဒ္ဓိအားဖြင့် ပြီးစီးပြည့်စုံခြင်းဟု ဆို၏၊ ထိုကြောင့် အရိယမဂ်တရားသည် ကိစ္စသိဒ္ဓိအားဖြင့် လက္ခဏူပနိဇ္ဈာနစျာန် မည်၏ဟု ဆိုလိုပေသည်။ အရိယဖိုလ်တရားသည်ကား နိရောဓသစ္စာအမည်ရသော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်၏ ဟုတ်မှန်တိုင်းသော သန္တိလက္ခဏာကို ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သောကြောင့် လက္ခဏူပနိဇ္ဈာနစျာန် မည်၏၊''[၁၉]

ဤကဲ့သို့သော အာရမ္မဏူပနိဇ္ဈာနစျာန်နှင့် လက္ခဏူပနိဇ္ဈာနစျာန်တို့ကို ဝင်စားနိုင်သူတို့သည်သာလျှင် ကိလေသာ မာရ်စစ်သည်တို့၏ အနှောင်အဖွဲ့မှ လွတ်မြောက်နိုင်ကြပါသည်ဟု ဘုရားရှင်က ဟောကြားတော်မူခြင်း ဖြစ်ပေသည်။

သံသရာ၌ ကျင်လည်နေရခြင်း၏ အကြောင်းရင်း

ပဌမကောဋိဂါမသုတ္တန်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝဇ္ဇီတိုင်း ကောဋိရွာ၌ သီတင်းသုံးစံနေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ဤသို့ မိန့်ကြားတော်မူ၏ ..။

''ရဟန်းတို့... အရိယသစ္စာလေးပါးတို့ကို (အနုဗောဓဉာဏ်ဖြင့်)[၂၀] လျော်စွာ မသိမမြင်ခြင်းကြောင့် (ပဋိဝေဓ ဉာဏ်ဖြင့်)[၂၁] ထိုးထွင်း၍ မသိမမြင်ခြင်းကြောင့် ငါဘုရားရှင်သည်လည်းကောင်း, သင်ချစ်သားတို့တစ်တွေသည် လည်းကောင်း ဤသို့ကလောက် (ဤမျှလောက်) ရှည်လျားလှစွာသော (သံသရာခရီး) ကာလပတ်လုံး တစ်ခုသောဘဝမှ တစ်ခုသော ဘဝသို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးသွားခဲ့ကြရလေပြီ၊ တစ်ခုသော ဘဝ၌လည်း ထပ်ကာထပ်ကာ ကျင်လည်ကျက်စား ပြေးသွားခဲ့ကြရလေပြီ။ အဘယ်လေးပါးတို့ကို (မသိမမြင်ခြင်းကြောင့်)နည်း?

ရဟန်းတို့ ...

၁။ ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'ကို (အနုဗောဓဉာဏ်ဖြင့်) လျော်စွာ မသိမမြင်ခြင်းကြောင့် (ပဋိဝေဓဉာဏ်ဖြင့်) ထိုးထွင်း၍ မသိမမြင်ခြင်းကြောင့် ငါဘုရားရှင်သည်လည်းကောင်း, သင်ချစ်သားတို့တစ်တွေသည်လည်းကောင်း ရှည်လျားစွာသော ဤ (သံသရာခရီး) ကာလပတ်လုံး တစ်ခုသော ဘဝမှ တစ်ခုသောဘဝသို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးသွားခဲ့ကြရလေပြီ၊ တစ်ခုသောဘဝ၌လည်း ထပ်ကာထပ်ကာ ကျင်လည်ကျက်စား ပြေးသွားခဲ့ကြရလေပြီ။

၂။ ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခသမုဒယ အရိယသစ္စာတရား'ကို။ပ။

၃။ ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခနိရောဓအရိယသစ္စာတရား'ကို။ပ။

၄။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယ သစ္စာ)တရား'ကို (အနုဗောဓဉာဏ်ဖြင့်)လျော်စွာ မသိမမြင်ခြင်းကြောင့် (ပဋိဝေဓဉာဏ်ဖြင့်) ထိုးထွင်း၍ မသိမမြင်ခြင်းကြောင့် ငါဘုရားရှင်သည်လည်းကောင်း၊ သင်ချစ်သားတို့သည်လည်းကောင်း ဤသို့ကလောက် (ဤမျှလောက်) ရှည်လျားလှစွာသော (သံသရာခရီး) ကာလပတ်လုံး တစ်ခုသောဘဝမှ တစ်ခုသောဘဝသို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးသွားခဲ့ကြရလေပြီ၊ တစ်ခုသောဘဝ၌လည်း ထပ်ကာထပ်ကာ ကျင်လည်ကျက်စား ပြေးသွားခဲ့ကြရလေပြီ။

ရဟန်းတို့ ...ငါဘုရားရှင်သည် ထိုဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'ကို (အနုဗောဓဉာဏ်ဖြင့်) လျော်စွာ သိမြင်ပြီ၊ (ပဋိဝေဓဉာဏ်ဖြင့်) ထိုးထွင်း၍ သိမြင်ပြီ ..။ ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခသမုဒယ အရိယသစ္စာတရား'ကို (အနုဗောဓဉာဏ်ဖြင့်)လျော်စွာ သိမြင်ပြီ၊ (ပဋိဝေဓ ဉာဏ်ဖြင့်) ထိုးထွင်း၍ သိမြင်ပြီ..။ ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခနိရောဓအရိယသစ္စာ တရား'ကို (အနုဗောဓဉာဏ်ဖြင့်) လျော်စွာ သိမြင်ပြီ၊ (ပဋိဝေဓဉာဏ်ဖြင့်) ထိုးထွင်း၍ သိမြင်ပြီ..။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်းအကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'ကို (အနုဗောဓဉာဏ်ဖြင့်) လျော်စွာ သိမြင်ပြီ၊ (ပဋိဝေဓဉာဏ်ဖြင့်) ထိုးထွင်း၍ သိမြင်ပြီ..။ ဘဝတို့၌ တပ်မက်ခြင်း 'ဘဝတဏှာ'ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ ဘဝသစ်သို့ ဆွဲဆောင်တတ်သော ကြိုးနှင့် တူသော ဘဝတဏှာသည် ကုန်ဆုံးခဲ့လေပြီ၊ ယခုအခါ တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း အလျှင်းမရှိတော့ပြီ''ဟု မိန့်ကြားတော်မူလိုက်၏၊

မြတ်စွာဘုရားသည် ဤတရားစကားတော်ကို ဟောကြားတော်မူလိုက်၏၊ ဤတရားစကားတော်ကို ဟောကြား တော်မူပြီးနောက် ဤဂါထာဒေသနာတော်တို့ကို ဆက်လက်ကာ မိန့်ကြားတော်မူပြန်၏ ..။

''အရိယသစ္စာလေးပါးတို့ကို ဟုတ်မှန်သည့်အတိုင်း မသိမမြင်ခြင်းကြောင့် ထိုထိုဘဝတို့၌ ရှည်လျားစွာသော (သံသရာခရီး) ကာလပတ်လုံး ကျင်လည်ကျက်စား ပြေးသွားခဲ့ရလေပြီ။ ထိုအရိယသစ္စာတို့ကို (ငါဘုရားရှင်သည်) (အနုဗောဓဉာဏ် + ပဋိဝေဓဉာဏ်ဖြင့်) ထိုးထွင်း၍ သိမြင်ပြီးပေပြီ၊ ဘဝသစ်သို့ ဆွဲဆောင်တတ်သော ကြိုးနှင့်တူသော ဘဝတဏှာကို ကောင်းစွာ နုတ်ပယ်ပြီးပေပြီ၊ ဆင်းရဲ၏ အရင်းအမြစ် (တဏှာ)ကို အကြွင်းမဲ့ ဖြတ်တောက်ပြီးပေပြီ၊ ယခုအခါ တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း အလျှင်းမရှိတော့ပြီ''ဟု မိန့်ကြားတော်မူ၏၊[၂၂]

ဤကောဋိဂါမသုတ္တန်ဒေသနာတော်၌ လာရှိသည့်အတိုင်း သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးရာ နိဗ္ဗာန်သို့ ဆိုက်ရောက်ရေးအတွက် သစ္စာလေးပါးကိုကား အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ကြိုးပမ်းရတော့မည်သာ ဖြစ်၏၊ ထိုကဲ့သို့ မကြိုးပမ်းနိုင်ပါကလည်း သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးရာ နိဗ္ဗာန်သို့ မရောက်ရှိနိုင်ကြောင်းကို အထွတ်တပ်သော ပြသာဒ်ဆောင်ပေါက်သော အဆောက်အအုံတစ်ခုကို စံနမူနာထားကာ ကူဋာဂါရသုတ္တန်တွင် ဤသို့ ထပ်မံကာ မိန့်ကြားထားတော်မူပြန်၏ ..။

သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားသို့ သွားရာလမ်း

ကူဋာဂါရသုတ္တန်[၂၃] 

ရဟန်းတို့ ...တစ်ယောက်ယောက်သော ပုဂ္ဂိုလ်က ..

၁။ ''ငါသည် ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ဘဲ၊

၂။ ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခသမုဒယအရိယသစ္စာတရား'ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ဘဲ၊

၃။ ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခနိရောဓအရိယသစ္စာတရား'ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ဘဲ၊

၄။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယ သစ္စာ)တရား'ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ဘဲ၊ သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားဖြစ်သည့် နိဗ္ဗာန်သို့ ရောက်အောင် ငါပြုလုပ်ပေအံ့'' ––

ဟု ပြောဆိုလာငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ထိုကဲ့သို့သော ပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်းအရာမျိုးသည် မရှိနိုင်သည်သာတည်း။

ရဟန်းတို့ ... ဥပမာသော်ကား ''ငါသည် ပြာသာဒ်ဆောင်ပေါက်သော အိမ်၏ အောက်ပိုင်း အဆောက်အဦကို မဆောက်လုပ်သေးဘဲ အထက်ပိုင်း အဆောက်အဦဖြစ်သည့် ပြာသာဒ်ဆောင်ကို တင်ဆောက်ပေအံ့''ဟု ပြောဆိုလာငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ထိုကဲ့သို့သော ပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်းအရာမျိုးသည် မရှိနိုင်သည်သာတည်း။

ရဟန်းတို့ ... ဤအတူပင် တစ်ယောက်ယောက်သော ပုဂ္ဂိုလ်က ..

၁။ ''ငါသည် ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ဘဲ၊

၂။ ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခသမုဒယအရိယသစ္စာတရား'ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ဘဲ၊

၃။ ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခနိရောဓအရိယသစ္စာတရား'ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ဘဲ၊

၄။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယ သစ္စာ)တရား'ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ဘဲ၊ သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားဖြစ်သည့် နိဗ္ဗာန်သို့ ရောက်အောင် ငါပြုလုပ်ပေအံ့'' ––

ဟု ပြောဆိုလာငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ထိုကဲ့သို့သော ပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်းအရာမျိုးသည် မရှိနိုင်သည်သာတည်း။

ရဟန်းတို့ ...တစ်ယောက်ယောက်သော ပုဂ္ဂိုလ်က ..

၁။ ''ငါသည် ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး၍၊

၂။ ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခသမုဒယအရိယသစ္စာတရား'ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး၍၊

၃။ ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခနိရောဓအရိယသစ္စာတရား'ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး၍၊

၄။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယ သစ္စာ)တရား'ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး၍ သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားဖြစ်သည့် နိဗ္ဗာန်သို့ ရောက်အောင် ငါပြုလုပ်ပေအံ့'' ––

ဟု ပြောဆိုလာငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ထိုကဲ့သို့သော ပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်းအရာမျိုးသည် ရှိနိုင်သည်သာတည်း။

ရဟန်းတို့ ... ဥပမာသော်ကား ''ငါသည် ပြာသာဒ်ဆောင်ပေါက်သော အိမ်၏ အောက်ပိုင်း အဆောက်အဦကို ဆောက်လုပ်ပြီးပါမှ အထက်ပိုင်း အဆောက်အဦဖြစ်သည့် ပြာသာဒ်ဆောင်ကို တင်ဆောက်ပေအံ့''ဟု ပြောဆို လာငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ထိုကဲ့သို့သော ပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်းအရာမျိုးသည် ရှိနိုင်သည်သာတည်း။

ရဟန်းတို့...ဤအတူပင် တစ်ယောက်ယောက်သော ပုဂ္ဂိုလ်က ..

၁။ ''ငါသည် ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး၍၊

၂။ ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခသမုဒယအရိယသစ္စာတရား'ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး၍၊

၃။ ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခနိရောဓအရိယသစ္စာတရား'ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး၍၊

၄။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယ သစ္စာ)တရား'ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီး၍ သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားဖြစ်သည့် နိဗ္ဗာန်သို့ ရောက်အောင် ငါပြုလုပ်ပေအံ့'' ––

ဟု ပြောဆိုလာငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ထိုကဲ့သို့သော ပြောဆိုချက်သည် ပြောဆိုသည့်အတိုင်း ဖြစ်နိုင်ရာသော အကြောင်းအရာမျိုးသည် ရှိနိုင်သည်သာတည်း။

ရဟန်းတို့...ထို့ကြောင့် ဤသာသနာတော်၌ ..

၁။ ''ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'တည်း''ဟု သိအောင် ကြိုးစား အားထုတ်ရမည်။

၂။ ''ဤကား ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခသမုဒယအရိယသစ္စာတရား'တည်း''ဟု သိအောင် ကြိုးစားအားထုတ်ရမည်။

၃။ ''ဤကား ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခနိရောဓအရိယသစ္စာတရား'တည်း''ဟု သိအောင် ကြိုးစားအားထုတ်ရမည်။

၄။ ''ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တည်း''ဟု သိအောင် ကြိုးစားအားထုတ်ရမည်ဟု မိန့်ကြားတော်မူ၏၊[၂၃]

ဤဒေသနာတော်တို့ကား ဤမျက်မှောက် ပစ္စက္ခဘဝတွင်ပင် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုလိုကြသည့် သူတော်ကောင်းတိုင်း ဦးထိပ်ရွက် ပန်ဆင်ကာ လိုက်နာပြုကျင့်ရမည့် တရားဒေသနာတော် တို့ပင် ဖြစ်ကြပေသည်။ တစ်ဖန် .. ရှေးဦးစွာ အရိယသစ္စာတရား (၄)ပါးတည်းဟူသော တရားဓမ္မစက်တော်ကို လည်ပတ်စေတော်မူပုံကို ဖော်ပြသည့် ဓမ္မစက္ကပ္ပဝတ္တနသုတ္တန်[၂၄]ကို ဆက်လက် ရှင်းလင်းတင်ပြပေအံ့ ..။

ဓမ္မစက္ကပ္ပဝတ္တနသုတ္တံ

၁။[၂၅]ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ ––

''ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ။ ကတမေ ဒွေ? ––

၁-၁။ ယော စာယံ ကာမေသု ကာမသုခလ္လိကာနုယောဂေါ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္ထသံဟိတော။

၁-၂။ ယော စာယံ အတ္တကိလမထာနုယောဂေါ ဒုက္ခော အနရိယော အနတ္ထသံဟိတော။

၂။ ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။

၃။ ကတမာ စ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ?

အယမေဝ အရိယော အဋ္ဌင်္ဂီကော မဂ္ဂေါ၊ သေယျထိဒံ ––
၃-၁။ သမ္မာဒိဋ္ဌိ
၃-၂။ သမ္မာသင်္ကပ္ပေါ
၃-၃။ သမ္မာဝါစာ
၃-၄။ သမ္မာကမ္မန္တော
၃-၅။ သမ္မာအာဇီဝေါ
၃-၆။ သမ္မာဝါယာမော
၃-၇။ သမ္မာသတိ
၃-၈။ သမ္မာသမာဓိ

၄။ အယံ ခေါ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။

၅။ ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ – ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏမ္ပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ။ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

၆။ ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ – ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒိရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ၊ သေယျထိဒံ - ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ။

၇။ ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ – ယော တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။

၈။ ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ – အယမေဝ အရိယော အဋ္ဌင်္ဂီကော မဂ္ဂေါ၊ သေယျထိဒံ ––
၈-၁။ သမ္မာဒိဋ္ဌိ
၈-၂။ သမ္မာသင်္ကပ္ပေါ
၈-၃။ သမ္မာဝါစာ
၈-၄။ သမ္မာကမ္မန္တော
၈-၅။ သမ္မာအာဇီဝေါ
၈-၆။ သမ္မာဝါယာမော
၈-၇။ သမ္မာသတိ
၈-၈။ သမ္မာသမာဓိ။

ဒုက္ခသစ္စာ၌ ဉာဏ်သုံးပါး

၉။ 'ဣဒံ ဒုက္ခံ အရိယသစ္စ'န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

၁၀။ 'တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညေယျ'န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

၁၁။ 'တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညာတ'န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

သမုဒယသစ္စာ၌ ဉာဏ်သုံးပါး

၁၂။ 'ဣဒံ ဒုက္ခသမုဒယံ အရိယသစ္စ'န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

၁၃။ 'တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟာတဗ္ဗ'န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

၁၄။ 'တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟီန'န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

နိရောဓသစ္စာ၌ ဉာဏ်သုံးပါး

၁၅။ 'ဣဒံ ဒုက္ခနိရောဓံ အရိယသစ္စ'န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

၁၆။ 'တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကာတဗ္ဗ'န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

၁၇။ 'တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကတ'န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

မဂ္ဂသစ္စာ၌ ဉာဏ်သုံးပါး

၁၈။ 'ဣဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စ'န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

၁၉။ တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗ'န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

၂၀။ 'တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝိတ'န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

ဘုရားအဖြစ် ဝန်ခံချိန်

၂၁။ ယာဝကီဝဉ္စ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ န သုဝိသုဒ္ဓံ အဟောသိ၊ နေဝ တာဝါဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ 'အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ'တိ ပစ္စညာသိံ။

၂၂။ ယတော စ ခေါ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ သုဝိသုဒ္ဓံ အဟောသိ၊ အထာဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ 'အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ'တိ ပစ္စညာသိံ။

၂၃။ ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ - 'အကုပ္ပါ မေ ဝိမုတ္တိ၊ အယမန္တိမာ ဇာတိ၊ နတ္ထိဒါနိ ပုနဗ္ဘဝေါ'တိ။

၂၄။ ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ ပဉ္စဝဂ္ဂိယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။ ၂၅။ ဣမသ္မိဉ္စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ အာယသ္မတော ကောဏ္ဍညဿ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ - ''ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မ''န္တိ။

နတ်ဗြဟ္မာတို့ ကြွေးကြော်ကြခြင်း

၂၆။ ပဝတ္တိတေ စ ပန ဘဂဝတာ ဓမ္မစက္ကေ .. ဘုမ္မာ ဒေဝါ သဒ္ဒမနုဿာဝေသုံ - ''ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ''န္တိ။

၂၇။ ဘုမ္မာနံ ဒေဝါနံ သဒ္ဒံ သုတွာ .. စာတုမဟာရာဇိကာ ဒေဝါ သဒ္ဒမနုဿာဝေသုံ။ပ။ စာတုမဟာရာဇိကာနံ ဒေဝါနံ သဒ္ဒံ သုတွာ ..

တာဝတိံသာ ဒေဝါ။ပ။
ယာမာ ဒေဝါ။ပ။
တုသိတာ ဒေဝါ။ပ။
နိမ္မာနရတီ ဒေဝါ။ပ။
ပရနိမ္မိတဝသဝတ္တီ ဒေဝါ။ပ။

ဗြဟ္မကာယိကာ ဒေဝါ သဒ္ဒမနုဿာဝေသုံ ''ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ၊ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ''န္တိ။

၂၈။ ဣတိဟ တေန ခဏေန တေန လယေန တေန မုဟုတ္တေန ယာဝ ဗြဟ္မလောကာ သဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆိ။ အယဉ္စ ဒသသဟဿိလောကဓာတု သင်္ကမ္ပိ သမ္ပကမ္ပိ သမ္ပဝေဓိ၊ အပ္ပမာဏော စ ဥဠာရော ဩဘာသော လောကေ ပါတုရဟောသိ အတိက္ကမ္မ ဒေဝါနံ ဒေဝါနုဘာဝန္တိ။

၂၉။ အထ ခေါ ဘဂဝါ ဣမံ ဥဒါနံ ဥဒါနေသိ - ''အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော''တိ၊ ဣတိ ဟိဒံ အာယသ္မတော ကောဏ္ဍညဿ 'အညာသိ ကောဏ္ဍညော' တွေဝ နာမံ အဟောသိ။

၃၀။ အထ ခေါ အာယသ္မာ အညာသိကောဏ္ဍညော ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ဝိဒိတဓမ္မော ပရိယောဂါဠှဓမ္မော တိဏ္ဏဝိစိကိစ္ဆော ဝိဂတကထံကထော ဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော သတ္ထုသာသနေ ဘဂဝန္တံ ဧတဒဝေါစ - ''လဘေယျာဟံ ဘန္တေ ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ၊ လဘေယျံ ဥပသမ္ပဒ''န္တိ။

၃၁။ ''ဧဟိ ဘိက္ခူ''တိ ဘဂဝါ အဝေါစ - ''သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယာ''တိ။ သာဝ တဿ အာယသ္မတော ဥပသမ္ပဒါ အဟောသီတိ။

ဓမ္မစက္ကပ္ပဝတ္တနသုတ္တံ[၂၄] နိဋ္ဌိတံ။

ဓမ္မစက္ကပ္ပဝတ္တနသုတ္တန် (ဓမ္မစကြာတရားဒေသနာတော်)

၁။[၂၅]အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနအမည်ရသည့် သားတို့ကို ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌ သီတင်းသုံးစံနေတော်မူဆဲ ဖြစ်၏၊ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ကို မိန့်တော်မူ၏..။ ရဟန်းတို့...ရဟန်းဖြစ်သူသည် ဤ အစွန်းတရား နှစ်ပါးတို့ကို မမှီဝဲအပ်ကုန်၊ အဘယ် အစွန်းတရား နှစ်ပါးတို့နည်း? –

၁-၁။ ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော, ပုထုဇဉ်တို့၏ အလေ့အကျင့်သာ ဖြစ်၍ အရိယာတို့၏ အလေ့အကျင့် မဟုတ်သော, အကျိုးစီးပွားနှင့် မစပ်ယှဉ်သော, ကာမဂုဏ်တို့၌ ကာမဂုဏ်ချမ်းသာကို ကပ်ငြိသောအားဖြင့် အဖန်တလဲလဲ လိုက်စားအားထုတ်ခြင်းလည်းကောင်း၊

၁-၂။ ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော, အရိယာတို့၏ အကျင့်မဟုတ်သော, အကျိုးစီးပွားနှင့် မစပ်ယှဉ်သော, မိမိကိုယ်ကို ပင်ပန်းအောင် ညှဉ်းပန်းမှုကို အဖန်ဖန် အားထုတ်ခြင်းလည်းကောင်း –– ဤ အစွန်းတရား နှစ်ပါးတို့ပင်တည်း။

၂။ ရဟန်းတို့...ထိုအစွန်းတရား နှစ်ပါးတို့သို့ မကပ်ရောက်မူ၍ ငါဘုရားရှင်သည် အထူးသဖြင့် ထိုးထွင်း သိမြင်တော်မူအပ်သော, ပညာမျက်စိကို ပြုတတ်သော, ဉာဏ်အမြင်ကို ပြုတတ်သော, အလယ်အလတ်ဖြစ်သော (မဇ္ဈိမပဋိပဒါ) အကျင့်သည် ကိလေသာ အပူမီး ငြိမ်းအေးရန်အလို့ငှာ ဖြစ်၏၊ ထူးသော ဉာဏ်ဖြင့် (သစ္စာလေးရပ် တရားမြတ်ကို) ထိုးထွင်းသိမြင်ရန်အလို့ငှာ ဖြစ်၏၊ နိဗ္ဗာန်ကို ထိုးထွင်းသိမြင်တတ်သည့် အရိယမဂ်ဉာဏ်ကို ရရှိရန်အလို့ငှာ ဖြစ်၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှာ ဖြစ်၏၊

၃။ ရဟန်းတို့...ငါဘုရားရှင်သည် အထူးသဖြင့် ထိုးထွင်းသိမြင်တော်မူအပ်သော, ပညာမျက်စိကို ပြုတတ်သော, ဉာဏ်အမြင်ကို ပြုတတ်သော, ကိလေသာ အပူမီး ငြိမ်းအေးရန် ထူးသော ဉာဏ်ဖြင့် (သစ္စာလေးရပ် တရားမြတ်ကို) ထိုးထွင်းသိမြင်ရန် နိဗ္ဗာန်ကို ထိုးထွင်းသိမြင်တတ်သည့် အရိယမဂ်ဉာဏ်ကို ရရှိရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ဖြစ်သော, ထိုအလယ်အလတ်ဖြစ်သော မြတ်သော (မဇ္ဈိမပဋိပဒါ) အကျင့်ကား အဘယ်နည်း။

ဤအင်္ဂါရှစ်ပါးရှိသော အရိယမဂ်ပင်တည်း။ ဤအင်္ဂါရှစ်ပါးရှိသော အရိယမဂ်ဟူသည် အဘယ်နည်း..။

၃-၁။ (သစ္စာလေးရပ် တရားမြတ်ကို) မှန်စွာ ထိုးထွင်းသိမြင်ခြင်း 'သမ္မာဒိဋ္ဌိ'၊
၃-၂။ (သစ္စာလေးရပ် တရားမြတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းဟူသော) မှန်စွာ ကြံခြင်း 'သမ္မာသင်္ကပ္ပ'၊
၃-၃။ မှန်စွာ ပြောဆိုခြင်း 'သမ္မာဝါစာ'၊
၃-၄။ မှန်စွာ ပြုလုပ်ခြင်း 'သမ္မာကမ္မန္တ'၊
၃-၅။ မှန်စွာ အသက်မွေးခြင်း 'သမ္မာအာဇီဝ'၊
၃-၆။ (သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းသိမြင်ရန်) မှန်စွာ ကြိုးစားအားထုတ်ခြင်း 'သမ္မာဝါယာမ'၊
၃-၇။ (သစ္စာလေးရပ် တရားမြတ်အာရုံကို) မှန်စွာ အောက်မေ့ခြင်း 'သမ္မာသတိ'၊
၃-၈။ (ဥပစာရသမာဓိ အပ္ပနာသမာဓိတည်းဟူသော) မှန်စွာ တည်ကြည်ခြင်း 'သမ္မာသမာဓိ'တို့ပင်တည်း။

၄။ ရဟန်းတို့...ငါဘုရားရှင်သည် အထူးသဖြင့် ထိုးထွင်းသိမြင်တော်မူအပ်သော, ပညာမျက်စိကို ပြုတတ်သော, ဉာဏ်အမြင်ကို ပြုတတ်သော, ကိလေသာ အပူမီး ငြိမ်းအေးရန် ထူးသော ဉာဏ်ဖြင့် (သစ္စာလေးရပ် တရားမြတ်ကို) ထိုးထွင်းသိမြင်ရန် နိဗ္ဗာန်ကို ထိုးထွင်းသိမြင်တတ်သည့် အရိယမဂ်ဉာဏ်ကို ရရှိရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ဖြစ်သော, ထိုအလယ်အလတ်ဖြစ်သော မြတ်သော (မဇ္ဈိမပဋိပဒါ) အကျင့်သည်ကား ဤသည်ပင်တည်း။

၅။ ရဟန်းတို့...ဤသည်ကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'ပေတည်း၊ ပဋိသန္ဓေတည်နေရခြင်းသည်လည်း ဒုက္ခတည်း၊ အိုရခြင်းသည်လည်း ဒုက္ခတည်း၊ နာရခြင်းသည်လည်း ဒုက္ခတည်း၊ သေရခြင်းသည်လည်း ဒုက္ခတည်း၊ မချစ်မနှစ်သက်သောသူတို့နှင့် အတူနေရခြင်းသည်လည်း ဒုက္ခတည်း၊ ချစ်ခင် နှစ်သက်သောသူတို့နှင့် ကွေကွင်းရခြင်းသည်လည်း ဒုက္ခတည်း၊ လိုချင်ရာကို မရခြင်းသည်လည်း ဒုက္ခတည်း၊ အကျဉ်းအားဖြင့် တဏှာ ဒိဋ္ဌိတို့ဖြင့် စွဲလမ်းရာ အာရုံဖြစ်ကုန်သော ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခတို့တည်း။

၆။ ရဟန်းတို့...ဤသည်ကား ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခသမုဒယ အရိယသစ္စာ တရား'ပေတည်း၊ အကြင်တဏှာသည် ဘဝသစ်၌ ဖြစ်စေတတ်၏၊ နှစ်သက်ခြင်း တပ်မက်ခြင်းနှင့် တကွ ဖြစ်၏၊ ထိုထိုအာရုံ၌ လွန်စွာ နှစ်သက်တတ်၏၊ ဤတပ်မက်မှု တဏှာဟူသည် အဘယ်နည်း၊ ကာမဘုံတို့၌ တပ်မက်မှု တဏှာ 'ကာမတဏှာ'၊ (အတ္တသည်) တည်မြဲ၏ ဟု စွဲယူသော သဿတဒိဋ္ဌိနှင့် တကွဖြစ်သော တပ်မက်မှု တဏှာ 'ဘဝတဏှာ'၊ (အတ္တသည်) သေလျှင် ပြတ်စဲ၏ဟု စွဲယူသော ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော တပ်မက်မှုတဏှာ 'ဝိဘဝတဏှာ'တို့တည်း။

၇။ ရဟန်းတို့...ဤသည်ကား ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခနိရောဓအရိယသစ္စာ တရား'ပေတည်း၊ ယင်းဒုက္ခ၏ ချုပ်ငြိမ်းရာဟူသည် ထိုတပ်မက်မှု တဏှာ၏သာလျှင် အကြွင်းမဲ့ စွဲမက်မှု ကင်းပျောက် ချုပ်ငြိမ်းရာ စွန့်လွှတ်ရာ တစ်ဖန်စွန့်ပယ်ရာ လွတ်မြောက်ရာ မကပ်ငြိရာ (နိဗ္ဗာန်)ပင် ဖြစ်၏၊

၈။ ရဟန်းတို့...ဤသည်ကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'ပေတည်း၊ ဤအရိယမဂ်သည် အင်္ဂါရှစ်ပါးရှိ၏၊ အင်္ဂါရှစ်ပါး ဟူသော်ကား ––

၈-၁။ (သစ္စာလေးရပ် တရားမြတ်ကို) မှန်စွာ ထိုးထွင်းသိမြင်ခြင်း 'သမ္မာဒိဋ္ဌိ'၊
၈-၂။ (သစ္စာလေးရပ် တရားမြတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းဟူသော) မှန်စွာ ကြံခြင်း 'သမ္မာသင်္ကပ္ပ'၊
၈-၃။ မှန်စွာ ပြောဆိုခြင်း 'သမ္မာဝါစာ'၊
၈-၄။ မှန်စွာ ပြုလုပ်ခြင်း 'သမ္မာကမ္မန္တ'၊
၈-၅။ မှန်စွာ အသက်မွေးခြင်း 'သမ္မာအာဇီဝ'၊
၈-၆။ (သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းသိမြင်ရန်) မှန်စွာ ကြိုးစားအားထုတ်ခြင်း 'သမ္မာဝါယာမ'၊
၈-၇။ (သစ္စာလေးရပ် တရားမြတ်အာရုံကို) မှန်စွာ အောက်မေ့ခြင်း 'သမ္မာသတိ'၊
၈-၈။ (ဥပစာရသမာဓိ အပ္ပနာသမာဓိတည်းဟူသော) မှန်စွာ တည်ကြည်ခြင်း 'သမ္မာသမာဓိ' တို့ပင်တည်း။

ဒုက္ခသစ္စာ၌ ဉာဏ်သုံးပါး

၉။ ရဟန်းတို့...''ဤတရားသည် ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'မည်၏''ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားစဖူးကုန်သော (ဒုက္ခသစ္စာ)တရားတို့၌ ငါဘုရားရှင်၏သန္တာန်၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ကွဲကွဲပြားပြား သိတတ်သော 'ပညာ' ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ထိုးထွင်း၍ သိတတ်သော 'ဝိဇ္ဇာ' ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ဉာဏ်အရောင်အလင်းသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ (သစ္စဉာဏ်)

၁၀။ ရဟန်းတို့...ငါဘုရားရှင်သည် ထိုဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'ကို စင်စစ် ပိုင်းခြား၍ သိထိုက်၏ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားစဖူးကုန်သော (ဒုက္ခသစ္စာ) တရားတို့၌ ငါဘုရားရှင်၏ သန္တာန်၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ကွဲကွဲပြားပြား သိတတ်သော 'ပညာ' ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ထိုးထွင်း၍ သိတတ်သော 'ဝိဇ္ဇာ' ဉာဏ်သည် ထင်ရှား ဖြစ်ပေါ်တော်မူခဲ့၏၊ ဉာဏ်အရောင်အလင်းသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ (ကိစ္စဉာဏ်)

၁၁။ ရဟန်းတို့... ငါဘုရားရှင်သည် ထိုဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'ကို ပိုင်းခြား၍ သိခဲ့ပြီးပြီဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားစဖူးကုန်သော (ဒုက္ခသစ္စာ) တရားတို့၌ ငါဘုရားရှင်၏ သန္တာန်၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ကွဲကွဲပြားပြား သိတတ်သော 'ပညာ' ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ထိုးထွင်း၍ သိတတ်သော 'ဝိဇ္ဇာ' ဉာဏ်သည် ထင်ရှား ဖြစ်ပေါ်တော်မူခဲ့၏၊ ဉာဏ်အရောင်အလင်းသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ (ကတဉာဏ်)

သမုဒယသစ္စာ၌ ဉာဏ်သုံးပါး

၁၂။ ရဟန်းတို့...''ဤ (တဏှာ)တရားသည် ဒုက္ခဖြစ်ကြောင်း အရိယာတို့၏ အမှန်တရား 'ဒုက္ခသမုဒယအရိယသစ္စာ တရား'မည်၏''ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားစဖူးကုန်သော (သမုဒယသစ္စာ) တရားတို့၌ ငါဘုရားရှင်၏ သန္တာန်၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ကွဲကွဲပြားပြား သိတတ်သော 'ပညာ' ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ထိုးထွင်း၍ သိတတ်သော 'ဝိဇ္ဇာ' ဉာဏ်သည် ထင်ရှား ဖြစ်ပေါ်တော်မူခဲ့၏၊ ဉာဏ်အရောင်အလင်းသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ (သစ္စဉာဏ်)

၁၃။ ရဟန်းတို့...ငါဘုရားရှင်သည် ''ထို ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခသမုဒယ အရိယသစ္စာတရား'ကို ပယ်အပ်၏''ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားစဖူးကုန်သော (သမုဒယသစ္စာ) တရားတို့၌ ငါဘုရားရှင်၏ သန္တာန်၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ကွဲကွဲပြားပြား သိတတ်သော 'ပညာ' ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ထိုးထွင်း၍ သိတတ်သော 'ဝိဇ္ဇာ' ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ဉာဏ်အရောင်အလင်းသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ (ကိစ္စဉာဏ်)

၁၄။ ရဟန်းတို့...ငါဘုရားရှင်သည် ''ထို ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခသမုဒယ အရိယသစ္စာတရား'ကို ပယ်ပြီးပြီ''ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားစဖူးကုန်သော (သမုဒယသစ္စာ) တရားတို့၌ ငါဘုရားရှင်၏ သန္တာန်၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ကွဲကွဲပြားပြား သိတတ်သော 'ပညာ' ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ထိုးထွင်း၍ သိတတ်သော 'ဝိဇ္ဇာ' ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ဉာဏ်အရောင်အလင်းသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ (ကတဉာဏ်)

နိရောဓသစ္စာ၌ ဉာဏ်သုံးပါး

၁၅။ ရဟန်းတို့...''ဤနိဗ္ဗာန်သည် ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခနိရောဓအရိယသစ္စာတရား' မည်၏''ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားစဖူးကုန်သော (နိရောဓသစ္စာ) တရားတို့၌ ငါဘုရားရှင်၏ သန္တာန်၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ကွဲကွဲပြားပြား သိတတ်သော 'ပညာ' ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ထိုးထွင်း၍ သိတတ်သော 'ဝိဇ္ဇာ' ဉာဏ်သည် ထင်ရှား ဖြစ်ပေါ်တော်မူခဲ့၏၊ ဉာဏ်အရောင်အလင်းသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ (သစ္စဉာဏ်)

၁၆။ ရဟန်းတို့...ငါဘုရားရှင်သည် ''ထိုဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခနိရောဓအရိယသစ္စာ တရား'ကို မျက်မှောက်ပြုအပ်၏''ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားစဖူးကုန်သော (နိရောဓသစ္စာ) တရားတို့၌ ငါဘုရားရှင်၏ သန္တာန်၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်တော် မူခဲ့၏၊ ကွဲကွဲပြားပြား သိတတ်သော 'ပညာ' ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ထိုးထွင်း၍ သိတတ်သော 'ဝိဇ္ဇာ' ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ဉာဏ်အရောင်အလင်းသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ (ကိစ္စဉာဏ်)

၁၇။ ရဟန်းတို့...ငါဘုရားရှင်သည် ''ထိုဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခနိရောဓအရိယသစ္စာ တရား'ကို မျက်မှောက်ပြုပြီးပြီ''ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားစဖူးကုန်သော (နိရောဓသစ္စာ) တရားတို့၌ ငါဘုရားရှင်၏သန္တာန်၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်တော် မူခဲ့၏၊ ကွဲကွဲပြားပြား သိတတ်သော 'ပညာ' ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ထိုးထွင်း၍ သိတတ်သော 'ဝိဇ္ဇာ' ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ဉာဏ်အရောင်အလင်းသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ (ကတဉာဏ်)

မဂ္ဂသစ္စာ၌ ဉာဏ်သုံးပါး

၁၈။ ရဟန်းတို့...''ဤမဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားသည် ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ) တရား' မည်၏''ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားစဖူးကုန်သော (မဂ္ဂသစ္စာ) တရားတို့၌ ငါဘုရားရှင်၏ သန္တာန်၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ကွဲကွဲပြားပြား သိတတ်သော 'ပညာ' ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော် မူခဲ့၏၊ ထိုးထွင်း၍ သိတတ်သော 'ဝိဇ္ဇာ' ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ဉာဏ်အရောင်အလင်းသည် ထင်ရှား ဖြစ်ပေါ်တော်မူခဲ့၏၊ (သစ္စဉာဏ်)

၁၉။ ရဟန်းတို့...ငါဘုရားရှင်သည် ''ထိုဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ) တရား'ကို ပွားများအပ်၏''ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားစဖူးကုန်သော (မဂ္ဂသစ္စာ) တရားတို့၌ ငါဘုရားရှင်၏ သန္တာန်၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ကွဲကွဲပြားပြား သိတတ်သော 'ပညာ' ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော် မူခဲ့၏၊ ထိုးထွင်း၍ သိတတ်သော 'ဝိဇ္ဇာ' ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ဉာဏ်အရောင်အလင်းသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ (ကိစ္စဉာဏ်)

၂၀။ ရဟန်းတို့...ငါဘုရားရှင်သည် ''ထိုဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ) တရား'ကို ပွားများပြီးပြီ''ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားစဖူးကုန်သော (မဂ္ဂသစ္စာ) တရားတို့၌ ငါဘုရားရှင်၏ သန္တာန်၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ကွဲကွဲပြားပြား သိတတ်သော 'ပညာ' ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော် မူခဲ့၏၊ ထိုးထွင်း၍ သိတတ်သော 'ဝိဇ္ဇာ' ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ဉာဏ်အရောင်အလင်းသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ (ကတဉာဏ်)

ဘုရားအဖြစ် ဝန်ခံချိန်

၂၁။ ရဟန်းတို့...ဤ အရိယာတို့၏ အမှန်တရား 'အရိယသစ္စာ' လေးပါးတို့၌ ဤသို့ သုံးပါးသော အပြန်, တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော မှန်ကန်သော ဉာဏ်အမြင် မစင်ကြယ်သေးသမျှ ကာလပတ်လုံး ငါဘုရားရှင်သည် နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ ''အတုမရှိ မွန်မြတ်သော, (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ ထွင်းဖောက်သိမြင်သည့် အရဟတ္တမဂ်ဉာဏ် (သဗ္ဗညုတဉာဏ်တော်မြတ်)ကို ထိုးထွင်းသိမြင်ပြီ (ရရှိပြီ)''ဟူ၍ ဝန်မခံခဲ့သေးချေ။

၂၂။ ရဟန်းတို့...ဤ အရိယာတို့၏အမှန်တရား 'အရိယသစ္စာ' လေးပါးတို့၌ ဤသို့ သုံးပါးသော အပြန်, တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော မှန်ကန်သော ဉာဏ်အမြင်သည် စင်ကြယ်လာသောအခါ၌သာလျှင် ငါဘုရားရှင်သည် နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော ဤလူ့လောက၌ ''အတုမရှိ မွန်မြတ်သော, (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ ထွင်းဖောက်သိမြင်သည့် အရဟတ္တမဂ်ဉာဏ် (သဗ္ဗညုတဉာဏ်တော်မြတ်)ကို ထိုးထွင်းသိမြင်ပြီ (ရရှိပြီ)''ဟူ၍ ဝန်ခံတော်မူခဲ့၏၊

၂၃။ ငါဘုရားရှင်၏ ကိလေသာတို့မှ လွတ်မြောက်မှုသည် မပျက်စီးနိုင်ပြီ၊ ဤဘဝသည်ကား အဆုံးစွန်သော ဘဝတည်း၊ ယခုအခါ ဘဝသစ်၌ တစ်ဖန် ဖြစ်ပေါ်ရခြင်းသည် အလျှင်းမရှိတော့ပြီဟု ငါဘုရားရှင်အား ဉာဏ်အမြင် (ပစ္စဝေက္ခဏာဉာဏ်)သည်လည်း ထင်ရှားဖြစ်ပေါ်တော်မူခဲ့ပြီဟု မိန့်ကြားတော်မူ၏၊

၂၄။ မြတ်စွာဘုရားသည် ဤတရားစကားတော်ကို မိန့်ကြားတော်မူလတ်သော် ပဉ္စဝဂ္ဂီရဟန်းတို့သည် နှစ်လိုကုန်သည် ဖြစ်၍ မြတ်စွာဘုရား၏ တရားစကားတော်ကို ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။

၂၅။ ဤဂါထာမဖက် သက်သက်သော ဒေသနာတော်ကို ဟောကြားတော်မူလတ်သော် အရှင်ကောဏ္ဍညအား ''ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်းသဘော ရှိ၏''ဟု (ကိလေသာ) မြူ အညစ်အကြေး ကင်းသော တရားမျက်စိ 'သောတာပတ္တိမဂ်ဉာဏ်'သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊

နတ်ဗြဟ္မာတို့ ကြွေးကြော်ကြခြင်း

၂၆။ မြတ်စွာဘုရားသည် ဓမ္မစကြာတရားဒေသနာတော်ကို ဟောကြားတော်မူလတ်သော် .. ''ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောအတွင်းဝယ် လောက၌ ရဟန်း ပုဏ္ဏား နတ် မာရ်နတ် ဗြဟ္မာ တစ်စုံတစ်ယောက်မျှ မဟောနိုင်သော, အတုမရှိ မွန်မြတ်သော ဤဓမ္မစကြာတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဟောကြားတော် မူအပ်လေပြီ''ဟု ဘုမ္မစိုးနတ်တို့သည် ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကြကုန်၏၊

၂၇။ ဘုမ္မစိုးနတ်တို့၏ ကောင်းချီးပေးသံကို ကြားကြရ၍ စာတုမဟာရာဇ်နတ်တို့သည် ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကြပြန်ကုန်၏၊ပ။ စာတုမဟာရာဇ်နတ်တို့၏ ကောင်းချီးပေးသံကို ကြားကြရ၍ ..

တာဝတိံသာနတ်။ပ။
ယာမာနတ်။ပ။
တုသိတာနတ်။ပ။
နိမ္မာနရတိနတ်။ပ။
ပရနိမ္မိတဝသဝတ္တိနတ်။ပ။

ဗြဟ္မာ့ပြည်၌ ဖြစ်သော ဗြဟ္မာတို့သည် ''ဗာရာဏသီပြည် ဣသိပတနမိဂဒါဝုန်တောဝယ် လောက၌ ရဟန်း ပုဏ္ဏား နတ် မာရ်နတ် ဗြဟ္မာ တစ်စုံတစ်ယောက်မျှ မဟောနိုင်သော, အတုမရှိ မွန်မြတ်သော ဤဓမ္မစကြာတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဟောကြားတော် မူအပ်လေပြီ''ဟု ဗြဟ္မာတို့သည် ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကြပြန်ကုန်၏၊

၂၈။ ဤသို့လျှင် ထိုအချိန် ထိုအခါ ထိုကာလတွင် (အကနိဋ္ဌ) ဗြဟ္မာ့ပြည်တိုင်အောင် ကောင်းချီးပေးသံသည် ပျံ့နှံ့၍ တက်ရောက်သွားလေ၏၊ ဤတစ်သောင်းသော လောကဓာတ်သည်လည်း တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ ထက်ဝန်းကျင် တုန်လှုပ်၏၊ အတိုင်းအရှည် မရှိ ကြီးမားသော အရောင်အလင်းသည်လည်း လောက၌ နတ်တို့၏ အာနုဘော်ကို ကျော်လွန်၍ ထင်ရှားဖြစ်ပေါ်ခဲ့လေ၏၊

၂၉။ ထိုအခါ မြတ်စွာဘုရားသည် ''ရဟန်းတို့...ကောဏ္ဍညသည် သစ္စာလေးပါးတရားကို သိလေပြီတကား၊ ရဟန်းတို့...ကောဏ္ဍညသည် သစ္စာလေးပါးတရားကို သိလေပြီတကား''ဟု ဝမ်းမြောက်ဝမ်းသာ ဥဒါန်းစကားတော်ကို ကျူးရင့်တော်မူလေ၏၊ ဤသို့ ဥဒါန်းကျူးရင့်တော်မူသောကြောင့်ပင်လျှင် အရှင်ကောဏ္ဍညအား ''အညာသိ ကောဏ္ဍည'' ဟူ၍သာလျှင် အမည်တွင်လေ၏၊

၃၀။ ထို့နောက် အရှင်အညာသိကောဏ္ဍညသည် သစ္စာလေးပါးတရားကို ဉာဏ်ဖြင့် မြင်ပြီးသည်ဖြစ်၍, သစ္စာလေးပါး တရားသို့ ဉာဏ်ဖြင့် ဆိုက်ရောက်ပြီးသည်ဖြစ်၍, သစ္စာလေးပါးတရားကို ဉာဏ်ဖြင့် သိပြီးသည်ဖြစ်၍, သစ္စာလေးပါး တရားသို့ ဉာဏ်ဖြင့် သက်ဝင်ပြီးသည်ဖြစ်၍, ယုံမှားခြင်းကို ကူးမြောက်ပြီးသည်ဖြစ်၍, သို့လောသို့လော (တွေးတောခြင်း) ကင်းပြီးသည်ဖြစ်၍, မြတ်စွာဘုရားရှင်၏သာသနာတော်၌ သစ္စာလေးပါးကို သိခြင်း၌ ရဲရင့်ခြင်းသို့ ရောက်ရှိပြီးသည် ဖြစ်၍, ဘုရားရှင်မှတစ်ပါး ကိုးစားထိုက်သူ မရှိသည်ဖြစ်၍ မြတ်စွာဘုရားကို ''အရှင်ဘုရား... တပည့်တော်သည် မြတ်စွာဘုရားရှင်၏ ထံတော်မှောက်၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ရဟန်းအဖြစ်ကို ရလိုပါ၏''ဟု လျှောက်ထားတော် မူလေ၏၊

၃၁။ ''ရဟန်း... လာလော့'' ''တရားတော်ကို ကောင်းစွာ ဟောကြားအပ်ပြီ၊ သံသရာဝဋ်ဆင်းရဲ၏အဆုံးကို ပြုခြင်းငှာ မြတ်သော အကျင့်ကို ကောင်းစွာ ကျင့်လော့''ဟု မြတ်စွာဘုရားသည် မိန့်ကြားတော်မူ၏၊ ထိုကဲ့သို့ မိန့်ကြားတော်မူသော စကားတော်သည်ပင်လျှင် ထိုအရှင်အညာသိကောဏ္ဍည၏ ရဟန်းပဉ္စင်းအဖြစ်သည် ပြီးစီးပြီး ဖြစ်လေတော့၏၊

ဓမ္မစက္ကပ္ပဝတ္တနသုတ္တန်[၂၄]သည် ပြီးဆုံးတော်မူပြီ။

အရှင်အညာသိကောဏ္ဍညမထေရ်နှင့် အတူတကွ (၁၈)ကုဋေကုန်သော ဗြဟ္မာတို့သည် အရိယသစ္စာလေးပါးတို့ကို ထိုးထွင်းသိမြင်ကာ သောတာပတ္တိဖိုလ်၌ တည်ကြကုန်၏၊[၂၆] နတ်တို့ကား အသင်္ချေနှင့်ချီ၍ ကျွတ်တန်း ဝင်ကြလေသည်။ ဤအရာ၌ အရှင်အညာသိကောဏ္ဍညမထေရ်မြတ် ထိုးထွင်းသိမြင်သွားတော်မူသော အရိယသစ္စာ လေးပါးနှင့် နတ်ဗြဟ္မာတို့ ထိုးထွင်းသိမြင်အပ်သော အရိယသစ္စာလေးပါးတို့ကား တူညီလျက်ရှိသည်ကို သတိပြုသင့်လှပေသည်။ အရိယသစ္စာလေးပါးအကြောင်းကို အကျဉ်းချုပ်ကာ ဆက်လက်ရှင်းလင်းတင်ပြပေအံ့ ..။

အရိယသစ္စာလေးပါးအကြောင်း

ဒုက္ခသစ္စာဟူသည်

ခန္ဓသုတ္တန်

သာဝတ္ထိနိဒါန်း။ ရဟန်းတို့... ခန္ဓာငါးမျိုးတို့ကိုလည်းကောင်း, ဥပါဒါနက္ခန္ဓာငါးမျိုးတို့ကိုလည်းကောင်း ဟောကြားတော်မူပေအံ့ ..၊ ထိုတရားတော်ကို နာယူကြကုန်လော့ .....။

ရဟန်းတို့... ခန္ဓာငါးမျိုးတို့ဟူသည် အဘယ်တို့နည်း?

ရဟန်းတို့...အတိတ်-အနာဂတ်-ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း-အပြင်လည်းဖြစ်သော အကြမ်း-အနုလည်း ဖြစ်သော အယုတ်-အမြတ်လည်းဖြစ်သော အဝေး-အနီးလည်းဖြစ်သော ရုပ်အားလုံးကို ရူပက္ခန္ဓာဟု ဆိုအပ်၏၊ အတိတ်အနာဂတ်-ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း-အပြင်လည်းဖြစ်သော အကြမ်း-အနုလည်းဖြစ်သော။ပ။ ဝေဒနာအားလုံးကို။ ပ။ သညာအားလုံးကို။ပ။ သင်္ခါရအားလုံးကို သင်္ခါရက္ခန္ဓာဟု ဆိုအပ်၏၊ အတိတ်-အနာဂတ်-ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း-အပြင်လည်းဖြစ်သော အကြမ်း-အနုလည်းဖြစ်သော အယုတ်-အမြတ်လည်းဖြစ်သော အဝေး-အနီးလည်း ဖြစ်သော ဝိညာဏ်အားလုံးကို ဝိညာဏက္ခန္ဓာဟု ဆိုအပ်၏၊ ရဟန်းတို့... ဤတရားတို့ကို ခန္ဓာငါးမျိုးတို့ဟူ၍ ဆိုအပ်၏၊

ရဟန်းတို့...ဥပါဒါနက္ခန္ဓာငါးမျိုးတို့ဟူသည် အဘယ်တို့နည်းဟူမူ - ရဟန်းတို့...

၁။ အာသဝေါတရားတို့၏ အာရုံဖြစ်၍ တဏှာ-ဒိဋ္ဌိတို့ဖြင့် စွဲလမ်းအပ်သော အတိတ်-အနာဂတ်-ပစ္စုပ္ပန်လည်း ဖြစ်သော။ပ။ အဝေး-အနီးလည်းဖြစ်သော ရုပ်အားလုံးကို ရူပုပါဒါနက္ခန္ဓာဟု ဆိုအပ်၏၊

၂။ အာသဝေါတရားတို့၏ အာရုံဖြစ်၍ တဏှာ-ဒိဋ္ဌိတို့ဖြင့် စွဲလမ်းအပ်သော။ပ။ အဝေး-အနီးလည်းဖြစ်သော ဝေဒနာအားလုံးကို ဝေဒနုပါဒါနက္ခန္ဓာဟု ဆိုအပ်၏၊

၃။ အာသဝေါတရားတို့၏ အာရုံဖြစ်၍ တဏှာ-ဒိဋ္ဌိတို့ဖြင့် စွဲလမ်းအပ်သော။ပ။ အဝေး-အနီးလည်းဖြစ်သော သညာအားလုံးကို သညုပါဒါနက္ခန္ဓာဟု ဆိုအပ်၏၊

၄။ အာသဝေါတရားတို့၏ အာရုံဖြစ်၍ တဏှာ-ဒိဋ္ဌိတို့ဖြင့် စွဲလမ်းအပ်သော။ပ။ အဝေး-အနီးလည်းဖြစ်သော (ဝေဒနာ-သညာမှ ကြွင်းသော စေတသိက်) သင်္ခါရအားလုံးကို သင်္ခါရုပါဒါနက္ခန္ဓာဟု ဆိုအပ်၏၊

၅။ အာသဝေါတရားတို့၏ အာရုံဖြစ်၍ တဏှာ-ဒိဋ္ဌိတို့ဖြင့် စွဲလမ်းအပ်သော အတိတ်-အနာဂတ်-ပစ္စုပ္ပန်လည်း ဖြစ်သော။ပ။ အဝေး-အနီးလည်းဖြစ်သော ဝိညာဏ်အားလုံးကို ဝိညာဏုပါဒါနက္ခန္ဓာဟု ဆိုအပ်၏၊

ရဟန်းတို့...ဤတရားတို့ကို ဥပါဒါနက္ခန္ဓာငါးမျိုးတို့ဟူ၍ ဆိုအပ်၏ဟု မိန့်ကြားတော်မူ၏၊[၂၇] သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။[၂၈]

ဤအထက်ပါ ဓမ္မစက္ကပ္ပဝတ္တနသုတ္တန် မဟာသတိပဋ္ဌာနသုတ္တန် စသည့် ထိုထိုဒေသနာတော်တို့၌ လာရှိသည့် အတိုင်း - ရူပုပါဒါနက္ခန္ဓာ, ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာတည်း ဟူသော ဥပါဒါနက္ခန္ဓာငါးပါးသည် ဒုက္ခသစ္စာတရားမည်၏၊ ယင်းသို့ဖြစ်လျှင် ရူပုပါဒါနက္ခန္ဓာစသည့် ဥပါဒါနက္ခန္ဓာဟူသည် အဘယ်နည်းဟု မေးရန်ရှိ၏၊

ဤအထက်ပါ ခန္ဓသုတ္တန်[၂၇] ဒေသနာတော်မြတ်၌ .. ဘုရားရှင် ဟောကြားထားတော်မူသည်နှင့် အညီ .. အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ (= ကိုယ်တွင်း), ဗဟိဒ္ဓ (= ပြင်ပ), ဩဠာရိက (= အကြမ်း), သုခုမ (= အနု), ဟီန (= အယုတ်), ပဏီတ (= အမြတ်), ဒူရ (= အဝေး), သန္တိက (= အနီး)ဟူသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့်, အာသဝေါတရားတို့၏ အာရုံဖြစ်ကြသည့်, တဏှာ-ဒိဋ္ဌိတို့ဖြင့် စွဲလမ်းအပ်သော တစ်နည်း - တဏှာဒိဋ္ဌိတို့သည် ကပ်ရောက်အပ်သော ကံသည် ''ငါ၏အကျိုး''ဟု စွဲယူအပ်သည့် ရုပ်တရားအစုအပုံသည် ရူပုပါဒါနက္ခန္ဓာ မည်၏၊

အလားတူပင် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဝေဒနာတရားအစုအပုံ, သညာတရား အစုအပုံ, သင်္ခါရတရားအစုအပုံ, ဝိညာဏ်တရားအစုအပုံအသီးအသီးကိုလည်း ဝေဒနုပါဒါနက္ခန္ဓာ, သညုပါဒါနက္ခန္ဓာ, သင်္ခါရုပါဒါနက္ခန္ဓာ, ဝိညာဏုပါဒါနက္ခန္ဓာဟု အသီးအသီး ခေါ်ဆိုကြောင်းကိုလည်း ယင်းခန္ဓသုတ္တန်ဒေသနာတော်မြတ်တွင် ဆက်လက်ကာ ဟောကြားထားတော်မူပေသည်။

ဤအထက်ပါ အရပ်ရပ်သော ဒေသနာတော်များနှင့်အညီ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခသစ္စာမည်၏၊ ယင်းဥပါဒါနက္ခန္ဓာငါးပါးတို့တွင် ရူပုပါဒါနက္ခန္ဓာကား ရုပ်တရား အစုအပုံတည်း၊ ဝေဒနုပါဒါနက္ခန္ဓာ သညုပါဒါနက္ခန္ဓာ သင်္ခါရုပါဒါနက္ခန္ဓာ ဝိညာဏုပါဒါနက္ခန္ဓာတို့ကား နာမ်တရား အစုအပုံတို့တည်း။ သို့အတွက် ဥပါဒါနက္ခန္ဓာငါးပါးတို့ဟူသည် ရုပ်နာမ် နှစ်ပါး တရားအစုအပုံတို့သာ ဖြစ်ကြသည်ဟု မှတ်သားပါလေ။

သမုဒယသစ္စာဟူသည်

ဘုရားရှင်သည် အဘိဓမ္မာဝိဘင်းပါဠိတော်[၂၉]၌ ..
၁။ တဏှာကို သမုဒယသစ္စာဟုလည်းကောင်း၊
၂။ တဏှာနှင့် တကွသော ကိလေသာအားလုံးကို သမုဒယသစ္စာဟုလည်းကောင်း၊
၃။ တဏှာ, ကြွင်းကိလေသာအားလုံးနှင့် တကွ အကုသိုလ်တရားအားလုံးကို သမုဒယသစ္စာဟုလည်းကောင်း၊
၄။ တဏှာ, ကြွင်းကိလေသာ, ကြွင်းအကုသိုလ်တရားအားလုံးနှင့် အာသဝေါတရားတို့၏ အာရုံယူရာဖြစ်သော သံသရာဝဋ်ကို လည်ပတ်စေတတ်သော အလောဘ အဒေါသ အမောဟဟူသော ကုသလမူလတရား သုံးပါးကို သမုဒယသစ္စာဟုလည်းကောင်း၊
၅။ တဏှာ, ကြွင်းကိလေသာ, ကြွင်းအကုသိုလ်တရားအားလုံး, အာသဝေါတရားတို့၏ အာရုံယူရာဖြစ်သော သံသရာဝဋ်ကို လည်ပတ်စေတတ်သော အလောဘ အဒေါသ အမောဟဟူသော ကုသလမူလတရား သုံးပါးနှင့် ကြွင်းလောကီကုသိုလ်တရားအားလုံးကို သမုဒယသစ္စာဟုလည်းကောင်း ––

ဤသို့လျှင် သမုဒယသစ္စာကို ငါးနည်း ခွဲခြား၍ ဟောကြားထားတော်မူ၏၊ ထို့ကြောင့် သမ္မောဟဝိနောဒနီ အဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကြီး[၃၀]တို့က အောက်ပါအတိုင်း ဖွင့်ဆိုထားတော်မူကြ၏၊

''ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှကို စေတနာ, စေတနာနှင့်ယှဉ်ဖက် သမ္ပယုတ္တဓမ္မဟု အထူး မပြောတော့ဘဲ သမုဒယသစ္စာဟု အထူးမမ သာမညအားဖြင့် သစ္စဝိဘင်းပါဠိတော်၌ ဘုရားရှင်သည် ဟောကြားထားတော်မူ၏၊'' တစ်ဖန် အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ် တိတ္ထာယတနသုတ္တန်[၃၁]၌ သမုဒယသစ္စာကို ဘုရားရှင်က ဤသို့ ဟောကြားထားတော်မူ၏ ..။

ကတမဉ္စ ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ? အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာ-မရဏံ သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿု-ပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ။

''ရဟန်းတို့ ...ဒုက္ခဖြစ်ကြောင်း သမုဒယ အရိယသစ္စာတရားဟူသည် အဘယ်နည်း? –

၁။ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့်    သင်္ခါရတို့ ဖြစ်ကုန်၏၊
၂။ သင်္ခါရတို့ ဖြစ်ခြင်းကြောင့်    ဝိညာဏ် ဖြစ်၏၊
၃။ ဝိညာဏ် ဖြစ်ခြင်းကြောင့်    နာမ်ရုပ် ဖြစ်၏၊
၄။ နာမ်ရုပ် ဖြစ်ခြင်းကြောင့်    သဠာယတနဖြစ်၏၊
၅။ သဠာယတန ဖြစ်ခြင်းကြောင့်    ဖဿ ဖြစ်၏၊
၆။ ဖဿ ဖြစ်ခြင်းကြောင့်    ဝေဒနာ ဖြစ်၏၊
၇။ ဝေဒနာ ဖြစ်ခြင်းကြောင့်    တဏှာ ဖြစ်၏၊
၈။ တဏှာ ဖြစ်ခြင်းကြောင့်    ဥပါဒါန် ဖြစ်၏၊
၉။ ဥပါဒါန် ဖြစ်ခြင်းကြောင့်    ဘဝ (ဥပပတ္တိဘဝ + ကမ္မဘဝ) ဖြစ်၏၊
၁၀။ ဘဝ (ကမ္မဘဝ) ဖြစ်ခြင်းကြောင့်    ဇာတိ ဖြစ်၏၊
၁၁။ ဇာတိ ဖြစ်ခြင်းကြောင့်    (၁၂) ဇရာမရဏ ဖြစ်၏၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့သည် ဖြစ်ပေါ်လာကြကုန်၏၊

ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဤဒုက္ခတုံး ဒုက္ခအစုအပုံ၏ ဖြစ်ကြောင်းတရားသည် တစ်နည်း ဒုက္ခတုံး ဒုက္ခအစုအပုံ၏ ဖြစ်ခြင်းသည် ထင်ရှားဖြစ်ပေ၏၊ ရဟန်းတို့...ဤ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၏ဖြစ်စဉ်ကို ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားဟူ၍ ခေါ်ဆိုအပ်၏၊၊''

ဤတိတ္ထာယတနသုတ္တန်၌ အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့၏ ဖြစ်စဉ် အားလုံးကို သမုဒယသစ္စာဟု ဟောကြားထားတော်မူပေသည်။

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်နည်း

အထက်ပါအတိုင်း ဘုရားရှင်သည် သမုဒယသစ္စာတရားတော်ကို ကျွတ်ထိုက်သသူ ဝေနေယျ သတ္တဝါတို့၏ အဇ္ဈာသယဓာတ်ခံဟူသည့် အလိုအကြိုက် စရိုက်ဝါသနာသို့ လိုက်၍လည်းကောင်း သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဟူသည့် ဣန္ဒြေ ငါးပါးတို့၏ အနုံ့အထက် အနုအရင့်သို့ လိုက်၍လည်းကောင်း နားလည်သဘောပေါက်နိုင်ရန် သို့မဟုတ် ထိုးထွင်းသိမြင်နိုင်ရန် နည်းမျိုးစုံဖြင့် သမုဒယသစ္စာတရားတော်ကို ဟောကြားထားတော်မူခဲ့၏၊ အထက်တွင် တင်ပြထားသော သစ္စဝိဘင်းပါဠိတော်၌ လာရှိသော နည်း (၅)နည်းတို့တွင် ရှေ့(၄)နည်းတို့ကား သမုဒယသစ္စာကို အကြွင်းအကျန်နှင့်တကွ ဟောကြားထားတော်မူသော သာဝသေသနည်းများ ဖြစ်ကြ၏၊ သံသရာဝဋ်ကို လည်ပတ် စေတတ်သော ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှကို သမုဒယသစ္စာဟု ဟောကြားတော်မူသော ပဉ္စမနည်းသည်ကား သမုဒယသစ္စာကို အကြွင်းအကျန်မရှိ ကုန်စင်အောင် ဟောကြားတော်မူသော အနာဝသေသနည်း ဖြစ်၏၊ ထို ကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှက သမုဒယသစ္စာ ဖြစ်နေပုံနှင့် ပတ်သက်၍ လက်တွေ့ရှုကွက်ကို ရှုတတ်နိုင်ရန် ညွှန်ပြတော်မူလိုသည့်အတွက် အနုလောမပဋိစ္စသမုပ္ပါဒ်တရားတော်ကို သမုဒယသစ္စာဟု အထက်တွင်ဖော်ပြထားသော တိတ္ထာယတနသုတ္တန်တွင် ဘုရားရှင်က ဟောကြားထားတော်မူခဲ့ပေသည်။ ထိုအနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးကလည်း ယောဂါဝစရပုဂ္ဂိုလ်တို့ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နိုင်ရေးအတွက် လက်တွေ့ရှုကွက်ကို ရှုတတ်ရေးအတွက် ရှုကွက်အကျဉ်းချုပ်ကို ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်ကြီး[၃၂]တွင် ဤသို့ ဟောကြားထားတော်မူခဲ့၏ ..။

အတိတ်အကြောင်းတရား ငါးပါး

ရှေးအတိတ်ဘဝဝယ် ဤပစ္စုပ္ပန်ဘဝသို့ ရောက်ကြောင်း ကံကို ပြုစုပျိုးထောင်ခဲ့စဉ်က ..
၁။ အဝိဇ္ဇာ = အရိယသစ္စာလေးပါး အမှန်တရားကို မသိမှု, ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်ဖြင့် အသိမှားမှုသဘော၊
၂။ သင်္ခါရ = ဤပစ္စုပ္ပန်ဘဝ ခန္ဓာငါးပါးရရှိရေးအတွက် အားထုတ်ကြောင်းဖြစ်သည့် ကုသိုလ် စိတ်-စေတသိက် နာမ်တရားအုပ်စု (အချို့အချို့သော ပစ္စုပ္ပန်အကုသလဝိပါက်များအတွက် အကုသိုလ် စိတ်-စေတသိက် နာမ်တရားအုပ်စု)၊
၃။ တဏှာ = ဤပစ္စုပ္ပန်ဘဝ ခန္ဓာငါးပါးကို တွယ်တာမက်မောမှု နိကန္တိ၊
၄။ ဥပါဒါန = ဤပစ္စုပ္ပန်ဘဝ ခန္ဓာငါးပါးအပေါ်၌ စိတ်ကပ်ရောက်စွဲလမ်းမှု (တဏှာဒဠှတ္တ)၊[၃၇]
၅။ ဘဝ = ကမ္မဘဝ = ကံ = ယင်းသင်္ခါရတရားအုပ်စုတွင် အကျုံးဝင်သော ကုသိုလ်စေတနာ (အကုသိုလ်စေတနာ)၊ 

ဤအတိတ်အကြောင်းတရားငါးပါးကား ဤပစ္စုပ္ပန်ဘဝတွင် ဒုက္ခအရိယသစ္စာတရား ထင်ရှားဖြစ်ပေါ်လာကြောင်း သမုဒယအရိယသစ္စာတရားတည်း။ ယင်းအတိတ်အကြောင်းတရားငါးပါး သမုဒယအရိယသစ္စာတရားကြောင့် ဤဘဝတွင် ဒုက္ခအရိယသစ္စာတရား ထင်ရှားဖြစ်ပေါ်လာရ၏၊ ယင်းဒုက္ခအရိယသစ္စာတရားစုတို့မှာ ဤသို့ ဖြစ်ကြ၏၊

ပစ္စုပ္ပန်အကျိုးတရား ငါးပါး

ဤပစ္စုပ္ပန်ဘဝဝယ် ထင်ရှားဖြစ်ပေါ်လာရသော ..
၁။ ဝိညာဏ = ဘဝတစ်ခုနှင့် ဘဝတစ်ခုကို (= ခန္ဓာတစ်ခုနှင့် ခန္ဓာတစ်ခုကို) ဆက်စပ်တတ်သော အခြင်းအရာ အားဖြင့် ဖြစ်သော ပဋိသန္ဓိဝိညာဏ်၊
၂။ နာမရူပ = အမိဝမ်းတွင်းသို့ သက်ဝင်ဘိသကဲ့သို့ ဖြစ်သော ပဋိသန္ဓိဝိညာဏ်နှင့် အတူယှဉ်တွဲဖြစ်ပေါ်လာသော စေတသိက်နာမ်တရားစုနှင့် ရုပ်တရားစု၊
၃။ အာယတန = စက္ခု သောတ ဃာန ဇိဝှါ ကာယ မနတည်းဟူသော အတွင်းအာယတန (၆)ပါး၊
၄။ ဖဿ = စက္ခုသမ္ဖဿ သောတသမ္ဖဿ ဃာနသမ္ဖဿ ဇိဝှါသမ္ဖဿ ကာယသမ္ဖဿ မနောသမ္ဖဿတည်း ဟူသော အတွေ့ (= ဖဿ) (၆)ပါး၊
၅။ ဝေဒနာ = စက္ခုသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဝေဒနာ၊ သောတသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဝေဒနာ၊ ဃာနသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဝေဒနာ၊ ဇိဝှါသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဝေဒနာ၊ ကာယသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဝေဒနာ၊ မနောသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဝေဒနာတည်းဟူသော ခံစားမှု (= ဝေဒနာ) (၆)ပါး၊ 

ဤအကျိုးတရားငါးပါးကား အတိတ်အကြောင်းတရားငါးပါး သမုဒယအရိယသစ္စာတရားကြောင့် ထင်ရှား ဖြစ်ပေါ်လာရသော ပစ္စုပ္ပန်အကျိုးတရားငါးပါး ဒုက္ခအရိယသစ္စာတရားစုတည်း။

ပစ္စုပ္ပန်အကြောင်းတရား ငါးပါး

ဤပစ္စုပ္ပန်ဘဝဝယ် အာယတန (၆)ပါးတို့၏ ရင့်ကျက်လာခြင်းကြောင့် ပြုစုပျိုးထောင်လိုက်သော .. 
၁။ အဝိဇ္ဇာ = အရိယသစ္စာလေးပါး အမှန်တရားကို မသိမှု, ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာစသည်ဖြင့် အသိမှားမှုသဘော၊
၂။ သင်္ခါရ = နောင်အနာဂတ်ဝယ် ခန္ဓာငါးပါးရရှိရေးအတွက် အားထုတ်ကြောင်းဖြစ်သည့် ကုသိုလ် စိတ်-စေတသိက် နာမ်တရားအုပ်စု (အကုသိုလ် စိတ်-စေတသိက် နာမ်တရားအုပ်စု)၊
၃။ တဏှာ = နောင်အနာဂတ်ဘဝ ခန္ဓာငါးပါးကို တွယ်တာမက်မောမှု နိကန္တိ၊
၄။ ဥပါဒါန = နောင်အနာဂတ်ဘဝ ခန္ဓာငါးပါးအပေါ်၌ စိတ်ကပ်ရောက်စွဲလမ်းမှု၊
၅။ ဘဝ = ကမ္မဘဝ = ကံ = ယင်းသင်္ခါရတရားအုပ်စုတွင် အကျုံးဝင်သော ကုသိုလ်စေတနာ (အကုသိုလ်စေတနာ)၊ 

ဤပစ္စုပ္ပန်အကြောင်းတရားငါးပါးကား နောင်အနာဂတ်ဘဝတွင် ဒုက္ခအရိယသစ္စာတရား ထင်ရှားဖြစ်ပေါ်လာ ကြောင်း သမုဒယအရိယသစ္စာတရားတည်း။ ယင်းပစ္စုပ္ပန်အကြောင်းတရားငါးပါး သမုဒယအရိယသစ္စာတရားကြောင့် နောင်အနာဂတ်ဘဝတွင် ဒုက္ခအရိယသစ္စာတရား ထင်ရှားဖြစ်ပေါ်လာရပေအံ့။ ယင်း ဒုက္ခအရိယသစ္စာတရားစုတို့မှာ ဤသို့ ဖြစ်ကြ၏၊

အနာဂတ်အကျိုးတရား ငါးပါး

နောင်အနာဂတ်ဘဝဝယ် ထင်ရှားဖြစ်ပေါ်လာရသော ..
၁။ ဝိညာဏ = ဘဝတစ်ခုနှင့် ဘဝတစ်ခုကို (= ခန္ဓာတစ်ခုနှင့် ခန္ဓာတစ်ခုကို) ဆက်စပ်တတ်သော အခြင်းအရာ အားဖြင့် ဖြစ်သော ပဋိသန္ဓိဝိညာဏ်၊
၂။ နာမရူပ = အမိဝမ်းတွင်းသို့ သက်ဝင်လာလတ္တံ့သော ပဋိသန္ဓိဝိညာဏ်နှင့် အတူယှဉ်တွဲဖြစ်ပေါ်လာသော စေတသိက်နာမ်တရားစုနှင့် ရုပ်တရားစု၊
၃။ အာယတန = စက္ခု သောတ ဃာန ဇိဝှါ ကာယ မနတည်းဟူသော အတွင်းအာယတန (၆)ပါး၊
၄။ ဖဿ = စက္ခုသမ္ဖဿ သောတသမ္ဖဿ ဃာနသမ္ဖဿ ဇိဝှါသမ္ဖဿ ကာယသမ္ဖဿ မနောသမ္ဖဿတည်း ဟူသော အတွေ့ (= ဖဿ) (၆)ပါး၊
၅။ ဝေဒနာ = စက္ခုသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဝေဒနာ၊ သောတသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဝေဒနာ၊ ဃာနသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဝေဒနာ၊ ဇိဝှါသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဝေဒနာ၊ ကာယသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဝေဒနာ၊ မနောသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဝေဒနာတည်းဟူသော ခံစားမှု (= ဝေဒနာ)၊ 

ဤအကျိုးတရားငါးပါးကား ပစ္စုပ္ပန်အကြောင်းတရားငါးပါး သမုဒယအရိယသစ္စာတရားကြောင့် ထင်ရှား ဖြစ်ပေါ်လာရသော အနာဂတ်အကျိုးတရားငါးပါး ဒုက္ခအရိယသစ္စာတရားစုတည်း။

ဤသို့ ဟောကြားထားတော်မူသည့် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးကို ကိုးကားတော်မူလျက် ရှုကွက်အကျဉ်းချုပ်ကို နားလည်သဘောပေါက်နိုင်ရန် အဋ္ဌကထာကြီးများ[၃၃]က ဤသို့ အကျဉ်းချုပ်ကာ ထပ်မံရှင်းလင်းတင်ပြထားတော် မူကြ၏၊

အတီတေ ဟေတဝေါ ပဉ္စ၊ ဣဒါနိ ဖလပဉ္စကံ။
ဣဒါနိ ဟေတဝေါ ပဉ္စ၊ အာယတိံ ဖလပဉ္စကံ။

ထိုရှင်းလင်းချက်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏ ..။

အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတည်းဟူသော အတိတ် အကြောင်းတရားငါးပါး သမုဒယသစ္စာတရားကြောင့် ဤပစ္စုပ္ပန်ဘဝတွင် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတည်းဟူသော အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ထင်ရှားဖြစ်ပေါ်လာရ၏၊

တစ်ဖန် ဤပစ္စုပ္ပန်ဘဝတွင် ထပ်မံ၍ ပြုစုပျိုးထောင်လိုက်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတည်းဟူသော ပစ္စုပ္ပန်အကြောင်းတရားငါးပါး သမုဒယသစ္စာတရားကြောင့် နောင်အနာဂတ်ဘဝတွင် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတည်းဟူသော အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ထင်ရှားဖြစ်ပေါ်လာရ၏၊ အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်တို့၌ နည်းတူသဘောပေါက်ပါ။

ဘယ်တုန်းက တဏှာလဲ?

သို့သော် ဓမ္မစက္ကပ္ပဝတ္တနသုတ္တန်စသည့် ထိုထိုဒေသနာတော်တို့၌ ပဓာနနည်းအားဖြင့် တဏှာကို သမုဒယသစ္စာ ဟု ဟောကြားထားတော်မူခဲ့၏၊ ဘဝသစ်ကို မျှော်လင့်တောင့်တသည့် တဏှာ အစိုဓာတ် အစေးဓာတ် ရှိသူတို့က ပြုစုပျိုးထောင်လိုက်သော ကံကသာလျှင် ဘဝသစ်ကို ထပ်မံဖြစ်ပေါ်စေနိုင်၏၊ တဏှာ အစိုဓာတ် အစေးဓာတ် ခန်းခြောက်နေသူ ရဟန္တာအရှင်မြတ်တို့အဖို့ အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ မဆိုက်ရောက်မီက ပြုစုပျိုးထောင်ခဲ့သော ထိုကုသိုလ်ကံ အကုသိုလ်ကံ မှန်သမျှတို့သည် ဘဝသစ်ကို လိုလားတောင့်တသည့် တဏှာ အစိုဓာတ် အစေးဓာတ်၏ အားပေးထောက်ပံ့မှု အကူအညီကို မရရှိကြသည့်အတွက် ဘဝသစ်ဟူသည့် အကျိုးတရားကို ဖြစ်ပေါ်စေနိုင်သည့် စွမ်းအားကား မရှိကြတော့ပြီ ဖြစ်၏၊ သို့အတွက် ပဓာနနည်းအားဖြင့် တဏှာကို သမုဒယသစ္စာဟု ဟောကြားထားတော် မူခဲ့၏၊ သို့သော် ဤအရာ၌ ဆန်းစစ်သင့်သော အချက်တစ်ရပ်ကို ထပ်မံကာ တင်ပြလိုပေသည်။

တဏှာကို သမုဒယသစ္စာဟု ဘုရားရှင် ဟောကြားထားတော်မူသည်ကား မှန်၏၊ သို့သော် လက်ရှိ ဒုက္ခသစ္စာ တရားစု၏ အကြောင်းရင်းစစ်ဖြစ်သော သမုဒယသစ္စာ အမည်ရသည့် တဏှာကား ဘယ်တုန်းက ဖြစ်ခဲ့သည့် တဏှာနည်းဟု စူးစမ်းဆင်ခြင်သင့်၏၊

''ရုပ်နာမ်နှစ်ပါးသည် ခန္ဓာငါးပါးတည်း၊ ထိုခန္ဓာငါးပါးသည် ဒုက္ခသစ္စာတည်း၊ ထိုဒုက္ခသစ္စာကို ဖြစ်စေတတ်သော ရှေးရှေးဘဝက ပြုစုပျိုးထောင်ခဲ့သော တဏှာသည် သမုဒယသစ္စာတည်း။''[၃၄]

ဤအထက်ပါ အဋ္ဌကထာကြီးများ၏ ဖွင့်ဆိုချက်နှင့်အညီ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော တဏှာသည် သာလျှင် ဤဘဝ ဒုက္ခသစ္စာ၏ အကြောင်းရင်း ဖြစ်၏၊ ဤဘဝတွင် ပြုစုပျိုးထောင်လိုက်သော တဏှာကား ဤဘဝ ဒုက္ခသစ္စာ၏ အကြောင်းရင်းကား မဟုတ်ပေ၊ အနာဂတ် ဒုက္ခသစ္စာ၏သာ အကြောင်းရင်း ဖြစ်ပေသည်။ တစ်နည်း ဆိုရသော် အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတည်းဟူသော အကြောင်း သမုဒယသစ္စာတရားကသာလျှင် ဤဘဝ ဒုက္ခသစ္စာ၏ အကြောင်းရင်း ဖြစ်ပေသည်။ ဤဘဝတွင် ပြုစုပျိုးထောင် နေသော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတည်းဟူသော သမုဒယသစ္စာတရားစုကား နောင်အနာဂတ် ဒုက္ခသစ္စာ၏သာ အကြောင်းတရား ဖြစ်ပေသည်။ အကယ်၍ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတည်းဟူသော အကြောင်း သမုဒယသစ္စာတရားကို ဤဘဝ ဒုက္ခသစ္စာတရား၏ အကြောင်းရင်းအဖြစ် လက်မခံနိုင်ခဲ့ဘူးဆိုပါက ဤဘဝတွင် ပြုစုပျိုးထောင်နေသော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတည်းဟူသော အကြောင်း သမုဒယသစ္စာတရားတို့က နောင်အနာဂတ် ဒုက္ခသစ္စာတရားကို ဖြစ်စေနိုင်၏ဟူသော အချက်ကိုလည်း စဉ်းစားရတော့မည် ဖြစ်ပေသည်၊ ပါရမီကုသိုလ်ကံများကိုလည်း ထူထောင်ဖို့ လိုမလိုကိုပါ ထပ်မံစဉ်းစားရတော့မည် ဖြစ်ပေသည်။

အဝိဇ္ဇာ၏ အဓိပ္ပါယ်

တစ်ချိန်တွင် ရဟန်းတော်တစ်ပါးက ဘုရားရှင်ထံတော်သို့ ချဉ်းကပ်ပြီးနောက် ဘုရားရှင်ကို ဤကဲ့သို့ မေးမြန်းလျှောက်ထားတော်မူ၏ –– ''မြတ်စွာဘုရား ...'အဝိဇ္ဇာ အဝိဇ္ဇာ'ဟု ပြောဆိုနေပါသည် မြတ်စွာဘုရား၊ အဘယ်ကို အဝိဇ္ဇာဟုခေါ်ဆိုပါသလဲ မြတ်စွာဘုရား? အဘယ်မျှသော အတိုင်းအရှည်ဖြင့် အဝိဇ္ဇာသို့ရောက်ရှိနေသည့် ပုဂ္ဂိုလ်ဟု ခေါ်ဆိုပါသလဲ မြတ်စွာဘုရား?'' .. ဤသို့ ထိုရဟန်းတော်က မြတ်စွာဘုရားအား မေးမြန်းလျှောက်ထား၏၊ ဤသို့ မေးမြန်းလျှောက်ထားသည့်အခါ ဘုရားရှင်က အောက်ပါအတိုင်း အဖြေပေးတော်မူ၏ ..။ 

''ချစ်သား ရဟန်း ...
၁။ ဒုက္ခအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်မှု၊
၂။ ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်မှု၊
၃။ ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်မှု၊
၄။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယ သစ္စာ)တရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်မှု၊ 

ချစ်သားရဟန်း ... ဤ မသိမမြင်မှု (၄)မျိုးကို အဝိဇ္ဇာဟု ခေါ်ဆို၏၊ ဤသို့ (၄)မျိုးသော မသိမမြင်မှုသို့ ရောက်ရှိနေသော ပုဂ္ဂိုလ်ကို အဝိဇ္ဇာသို့ ရောက်ရှိနေသည့် ပုဂ္ဂိုလ်ဟု ခေါ်ဆို၏'' ..ဟု ဘုရားရှင်က ပြန်လည် မိန့်ကြားတော်မူလိုက်၏၊[၃၅]

အရိယသစ္စာတရား (၄)ပါးကို မသိမှုကို အဝိဇ္ဇာဟု ခေါ်ဆိုလျှင် ယင်း အဝိဇ္ဇာ (= မောဟ)သည် အဘယ်အရာကို သိရှိနေပါသနည်းဟု မေးရန်ရှိ၏၊ အဖြေကို အဋ္ဌကထာကြီးများ[၃၆]က ဤသို့ ဖွင့်ဆိုထားတော်မူကြ၏ ..။ ''ပရမတ္ထအားဖြင့် တကယ်ထင်ရှားရှိနေသည့် သိသင့်သိထိုက်သည့် ခန္ဓာငါးပါး ဒုက္ခသစ္စာတရား စသည့် သစ္စာလေးရပ် တရားမြတ်တို့၌ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ဘဲ, ရုပ်တရား နာမ်တရားဟု ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် မသိမမြင်ဘဲ, အကြောင်းတရား အကျိုးတရားဟု မသိမမြင်ဘဲ, ယင်းရုပ်-နာမ်-ကြောင်း-ကျိုး (= သင်္ခါရ) တရားစုတို့ကို အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရား အစုအပုံဟု မသိမမြင်ဘဲ ပြောင်းပြန်လှန်ကာ မသိသင့် မသိထိုက်သည့် မမြင်သင့် မမြင်ထိုက်သည့် ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာစသည်ဖြင့် အသိမှားနေမှုသဘော, ယင်းခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို နိစ္စ သုခ သုဘဟုလည်းကောင်း ယင်းခန္ဓာငါးပါး ရုပ်နာမ်တရားစုတို့တွင် ခန္ဓာတစ်ပါးပါးကို သို့မဟုတ် ခန္ဓာအများစုကို အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်ဟုလည်းကောင်း အသိမှားနေမှုသဘောကို အဝိဇ္ဇာ (= မောဟ)ဟု ခေါ်ဆိုကြောင်း''ကို ရှင်းလင်းတင်ပြထားတော်မူကြ၏၊

ယင်း အသိမှားမှု အဝိဇ္ဇာကို အခြေတည်ကာ အမျိုးသားဘဝ အမျိုးသမီးဘဝ လူဘဝ နတ်ဘဝ ဗြဟ္မာဘဝ စသည့် ထိုထိုဘဝတို့၌ တွယ်တာမက်မောမှု တဏှာတရား ထင်ရှားဖြစ်ပေါ်လာ၏၊ တစ်ဖန် ဥပါဒါန် (၄)ပါးတို့တွင် သတ္တဝါအများစုတို့၌ အမျိုးသားဘဝ အမျိုးသမီးဘဝစသည့် သက်ရှိသက်မဲ့ လိုချင်စရာ ကာမဝတ္ထုအစုစုတို့အပေါ်၌ စွဲလမ်းမှု ကာမုပါဒါန်ကား အဖြစ်များကြ၏၊ ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်တို့ကား အဖြစ်နည်းကြ၏၊ သို့အတွက် အဋ္ဌကထာကြီးများ[၃၇]က ကာမုပါဒါန်ကိုပင် ရည်ညွှန်းကာ ဥပါဒါန်ကို ဤသို့ ဖွင့်ဆိုထားတော်မူကြ၏..။

''ဘုရားရှင်သည် ဝိဘင်းပါဠိတော်[၃၈]တွင် 'သက်ရှိသက်မဲ့ လိုချင်စရာ ကာမဝတ္ထုအစုစုတို့အပေါ်၌ လိုလား တောင့်တမှု, ငြိကပ်တွယ်တာမှု, နှစ်သက်မြတ်နိုးမှု, မက်မောမှု, ငြိကပ်တတ်သည့် အစိုဓာတ် အစေးဓာတ်, ပူပန်မှု, တွေဝေမိန်းမောမှု, မျိုမတတ်စွဲလမ်းမှုကို ကာမုပါဒါန်'ဟု ဟောကြားထားတော်မူခဲ့၏၊ ယင်းသို့ ဟောကြားထားတော် မူသောကြောင့် အကျဉ်းအားဖြင့် ခိုင်မြဲနေသော တဏှာကိုပင် ကာမုပါဒါန်ဟု ဆိုလို၏၊ ခိုင်မြဲနေသော တဏှာဟူသည် ရှေးရှေးတဏှာ၏ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါတို့ကို ဆက်ခံရသည့် နောက်နောက်သော တဏှာတည်း။ ယင်းသို့ ခိုင်မြဲနေသည့် နောက်နောက်သော တဏှာသည်ပင် ကာမုပါဒါန် မည်၏၊ ယင်းကာမုပါဒါန်ကား သတ္တဝါအများစုတို့၌ အဖြစ်များကြ၏၊'' သို့အတွက် အတိတ်အကြောင်းတရား ပစ္စုပ္ပန်အကြောင်းတရား စသည်တို့ကို ဖော်ပြရာ၌ ယင်းကာမုပါဒါန်ကိုပင် ဦးစားပေးကာ ဖော်ပြထားပါသည်။

အဝိဇ္ဇာ တဏှာ ဥပါဒါန် သုံးပါးတို့ကား ကိလေသဝဋ်တရား သုံးပါးတို့တည်း။ ယင်း အဝိဇ္ဇာ တဏှာ ဥပါဒါန်တိ့ု၏ အထောက်အပံ့ကို ရရှိသော သင်္ခါရ ကံတို့ကသာလျှင် ဘဝသစ်ဟူသော ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတည်းဟူသော အကျိုး ခန္ဓာငါးပါးကို ဖြစ်စေနိုင်၏၊ သင်္ခါရ ကံတို့ကား ကမ္မဝဋ်တည်း။ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတို့ကား အကျိုး ဝိပါကဝဋ်တည်း။

အထက်တွင် ဖော်ပြထားသော အနုလောမ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ဝယ် အတိတ်အကြောင်းတရားပိုင်း၌ အဝိဇ္ဇာနှင့် သင်္ခါရကိုသာ တိုက်ရိုက်ဟောကြားထားတော်မူ၏၊ ယင်းသို့ ဟောကြားတော်မူရာဝယ် အဝိဇ္ဇာကား ကိလေသဝဋ်တည်း၊ အဝိဇ္ဇာတည်းဟူသော ကိလေသဝဋ်ကို ဟောကြားတော်မူလိုက်လျှင် အဝိဇ္ဇာနှင့် ကိလေသဝဋ်ချင်း တူညီနေကြသည့် တဏှာနှင့် ဥပါဒါန်တို့ကိုလည်း သိမ်းကျုံးယူရ၏၊ အလားတူပင် ကမ္မဝဋ်ပိုင်း၌ သင်္ခါရဟူသော ကမ္မဝဋ်ကို တိုက်ရိုက်ဟောကြားတော်မူလိုက်လျှင် ကမ္မဝဋ်ချင်း တူညီနေသည့် ကမ္မဘဝ (= ကံ) ကိုလည်း သိမ်းကျုံး ယူရ၏၊ သို့အတွက် အဝိဇ္ဇာနှင့် သင်္ခါရကို တိုက်ရိုက်ဟောကြားတော်မူလိုက်လျှင် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတည်းဟူသော အတိတ်အကြောင်းတရား ငါးပါးစလုံးကိုပင် သိမ်းကျုံးကာ ကောက်ယူရပေသည်။ ဤ အတိတ် အကြောင်းတရားငါးပါးကား အတိတ်အကြောင်းတစ်လွှာတည်း။

တစ်ဖန် ယင်း အတိတ်အကြောင်းတရားငါးပါးကြောင့် ထင်ရှားဖြစ်ပေါ်လာရသည့် ပစ္စုပ္ပန် အကျိုးတရားပိုင်းတွင် ပဋိသန္ဓေအခိုက် ဖြစ်ပေါ်နေသော ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတည်းဟူသော အကျိုးတရားငါးပါးကို ပဓာနထားကာ ဟောကြားထားတော်မူ၏၊ ယင်းပဋိသန္ဓေအခိုက် ထင်ရှားဖြစ်ပေါ်နေသည့် ဝိပါကဝဋ်တရားငါးပါးကို တိုက်ရိုက်ဟောကြားတော်မူလိုက်လျှင် ယင်းအတိတ်အကြောင်းတရားငါးပါးကြောင့်ပင် ဘဝတစ်လျှောက်ဝယ် ထင်ရှား ဖြစ်ပေါ်နေကြသည့် ဝိပါကဝဋ်ချင်း တူညီနေကြသည့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတည်းဟူသော အကျိုးဝိပါက်တရားကိုလည်း သိမ်းကျုံးကာ ကောက်ယူရပေသည်။ ဤအကျိုးတရားငါးပါးကား ပစ္စုပ္ပန်အကျိုး တစ်လွှာတည်း။

ဤ ပစ္စုပ္ပန်အကျိုးတရား ခန္ဓာငါးပါးတို့ကို အမှီပြု၍ နှလုံးသွင်းမှားမှု အယောနိသောမနသိကာရကို အကြောင်း ခံကာ နောင်အနာဂတ်ဘဝအတွက် ရည်မျှော်ကာ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတည်းဟူသော ပစ္စုပ္ပန် အကြောင်းတရားငါးပါး သမုဒယသစ္စာတရားကို ထပ်မံကာ ထူထောင်ကြပြန်၏၊ ဤအကြောင်းတရားငါးပါးကား ပစ္စုပ္ပန်အကြောင်းတစ်လွှာတည်း။ ယင်းပစ္စုပ္ပန်အကြောင်းတရားပိုင်းတွင် ကိလေသဝဋ်ပိုင်းကို ဟောကြားတော်မူရာ၌ တဏှာနှင့် ဥပါဒါန်ကိုသာ တိုက်ရိုက်ဟောကြားထားတော်မူ၏၊ တဏှာနှင့် ဥပါဒါန်ဟူသော ကိလေသဝဋ်ကို ဟောကြားတော်မူလိုက်လျှင် ကိလေသဝဋ်ချင်း တူညီနေသည့် အဝိဇ္ဇာကိုလည်း ထည့်သွင်းကောက်ယူရပေသည်။ အဝိဇ္ဇာကို အမှီရမှသာလျှင် တဏှာ ဥပါဒါန်တို့ကား ဖြစ်နိုင်ခွင့်ရှိကြပေသည်။ တစ်ဖန် ကမ္မဝဋ်ပိုင်းတွင် ကမ္မဘဝ (= ကံ) ကိုသာ တိုက်ရိုက်ဟောကြားထားတော်မူ၏၊ ယင်းသို့ ကမ္မဘဝ (= ကံ) ကို တိုက်ရိုက်ဟောကြားတော်မူလိုက်လျှင် ကမ္မဝဋ်ချင်း တူညီနေသည့် သင်္ခါရကိုလည်း သိမ်းကျုံးကာ ကောက်ယူရပေသည်။ သို့အတွက် ပစ္စုပ္ပန်အကြောင်းတရား ငါးပါး ပစ္စုပ္ပန်အကြောင်းတစ်လွှာ ဖြစ်ပေသည်။

တစ်ဖန် ယင်းပစ္စုပ္ပန်အကြောင်းတရားငါးပါးကြောင့် (သံသရာခရီး မဆုံးသေးသူတို့အတွက်) အနာဂတ်ဘဝတွင် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတည်းဟူသော အကျိုးခန္ဓာငါးပါး ဒုက္ခသစ္စာတရား ထင်ရှားဖြစ်ပေါ် လာရပြန်၏၊ ယင်းအနာဂတ် အကျိုးတရားပိုင်းတွင် ဥပပတ္တိဘဝနှင့် ဇာတိကို ပဓာနထားကာ ဟောကြားထားတော် မူ၏၊ ဇာတိကား အနာဂတ် ပဋိသန္ဓေအခိုက် ထင်ရှားဖြစ်ပေါ်လာသည့် ခန္ဓာငါးပါးတို့ပင်တည်း။ ဥပပတ္တိဘဝ ဟူသည်ကား ထိုကံကြောင့် တစ်နည်း - အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော ထိုပစ္စုပ္ပန်အကြောင်းတရား ငါးပါးကြောင့် အနာဂတ်ဘဝတစ်လျှောက်တွင် ဖြစ်ပေါ်နေသော ဝိပါကဝဋ်ဖြစ်သည့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော အကျိုး ဝိပါက်ခန္ဓာငါးပါး ဒုက္ခသစ္စာတရားစုတို့ပင်တည်း၊[၃၉] အနာဂတ်အကျိုးတစ်လွှာတည်း။

ဤသို့လျှင် အနုလောမပဋိစ္စသမုပ္ပါဒ်တရားဒေသနာတော်၌ အတိတ်အကြောင်းတစ်လွှာ, ပစ္စုပ္ပန်အကျိုးတစ်လွှာ, ပစ္စုပ္ပန်အကြောင်းတစ်လွှာ, အနာဂတ်အကျိုးတစ်လွှာဟု အလွှာ (၄)ပါး ရှိပေသည်။ တစ်လွှာတစ်လွှာ၌ အခြင်းအရာ ငါးပါးစီ ရှိသဖြင့် အလွှာ (၄)လွှာ၌ အခြင်းအရာ (၂၀) ရှိပေသည်။ တစ်ဖန် အတိတ်အဓွန့်ကာလ, ပစ္စုပ္ပန်အဓွန့်ကာလ, အနာဂတ်အဓွန့်ကာလဟု အဓွန့်ကာလ (၃)ပါး ရှိပေသည်။[၃၂]

တစ်ဖန် အတိတ်အကြောင်းတရားငါးပါးနှင့် ပစ္စုပ္ပန်အကျိုးတရားငါးပါးတို့၏ အကြားတွင် (= သင်္ခါရနှင့် ဝိညာဏ် အကြားတွင်) အကြောင်းတရားနှင့် အကျိုးတရားတို့ ဆက်စပ်နေသည့် အစပ်တစ်ခု၊ ပစ္စုပ္ပန်အကျိုးတရားငါးပါးနှင့် အနာဂတ်ဘဝကို တစ်နည်း အနာဂတ် အကျိုးတရားငါးပါးကို ဖြစ်ပေါ်စေနိုင်သည့် ပစ္စုပ္ပန်အကြောင်းတရားငါးပါးတို့၏ အကြားတွင် (= ဝေဒနာနှင့် တဏှာအကြားတွင်) အကျိုးတရားတို့ကို စွဲမှီ၍ အကြောင်းတရားများ ထပ်မံ ဖြစ်ပေါ်လာ ကြရသဖြင့် အကျိုးတရားနှင့် အကြောင်းတရားတို့ ဆက်စပ်နေသည့် အစပ်တစ်ခု၊ နောင်အနာဂတ်ဘဝအတွက် ပြုစုပျိုးထောင်ထားသည့် ပစ္စုပ္ပန်အကြောင်းတရား ငါးပါးနှင့် အနာဂတ်အကျိုးတရား ငါးပါးတို့၏ အကြားတွင် (= ကမ္မဘဝ = ကံနှင့် ဥပပတ္တိဘဝ = ဇာတိအကြားတွင်) အကြောင်းတရားနှင့် အကျိုးတရားတို့ ဆက်စပ်နေသည့် အစပ်တစ်ခု - ဤသို့လျှင် အစပ် (၃)ခု ရှိပေသည်။[၄၀]

အနုလောမပဋိစ္စသမုပ္ပါဒ်တရားဒေသနာတော်ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် တကယ်လက်တွေ့ ရှုပွားရာ သိမ်းဆည်းရာ၌ ဤဖော်ပြပါ အလွှာ (၄)ပါး, အဓွန့်ကာလ (၃)ပါး, အစပ် (၃)ပါး, အခြင်းအရာ (၂၀)တို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိအောင် မြင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည်ဟု မှတ်သားနာယူပါလေ။

နိရောဓသစ္စာဟူသည်

၁။ တဏှာ၏ အကြွင်းအကျန်မရှိ အကုန်အစင် ချုပ်ငြိမ်းခြင်းကိုလည်းကောင်း,
၂။ တဏှာ, ကြွင်းကိလေသာတို့၏ အကြွင်းအကျန်မရှိ အကုန်အစင် ချုပ်ငြိမ်းခြင်းကိုလည်းကောင်း,
၃။ တဏှာ, ကြွင်းကိလေသာ, ကြွင်းအကုသိုလ်တရားတို့၏ အကြွင်းအကျန်မရှိ အကုန်အစင် ချုပ်ငြိမ်းခြင်းကို လည်းကောင်း,
၄။ တဏှာ, ကြွင်းကိလေသာ, ကြွင်းအကုသိုလ်တရား, အာသဝေါတရားတို့၏ အာရုံဖြစ်သော ကုသလမူလတရား (၃)ပါးတို့၏ အကြွင်းအကျန်မရှိ အကုန်အစင် ချုပ်ငြိမ်းခြင်းကိုလည်းကောင်း,
၅။ တဏှာ, ကြွင်းကိလေသာ, ကြွင်းအကုသိုလ်တရား, အာသဝေါတရားတို့၏ အာရုံဖြစ်သော ကုသလမူလတရား (၃)ပါး, အာသဝေါတရားတို့၏ အာရုံဖြစ်သော ကြွင်းကုသိုလ်တရားအားလုံးတို့၏ အကြွင်းအကျန်မရှိ အကုန်အစင် ချုပ်ငြိမ်းခြင်းကိုလည်းကောင်း နိရောဓသစ္စာဟု သစ္စဝိဘင်းပါဠိတော်[၄၁]၌ ဟောကြားထားတော်မူ၏၊

တစ်ဖန် ဘုရားရှင်သည် အင်္ဂုတ္တရနိကာယ် တိကနိပါတ် တိတ္ထာယတနသုတ္တန်[၄၂]တွင် ဤသို့ ဟောကြားထားတော် မူပြန်၏ ..။

ကတမဉ္စ ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ? အဝိဇ္ဇာယ တွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော၊ သင်္ခါရနိရောဓာ ဝိညာဏနိရောဓော၊ ဝိညာဏနိရောဓာ နာမရူပနိရောဓော၊ နာမရူပနိရောဓာ သဠာယတနနိရောဓော၊ သဠာယတနနိရောဓာ ဖဿနိရောဓော၊ ဖဿနိရောဓာ ဝေဒနာနိရောဓော၊ ဝေဒနာနိရောဓာ တဏှာနိရောဓော၊ တဏှာနိရောဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊ ဇာတိနိရောဓာ ဇရာမရဏံ သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿု-ပါယာသာ နိရုဇ္ဈန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ။

''ရဟန်းတို့ ...ဒုက္ခချုပ်ကြောင်း နိရောဓအရိယသစ္စာတရားဟူသည်အဘယ်နည်း?
၁။ အဝိဇ္ဇာ၏သာလျှင် အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ခြင်းကြောင့် သင်္ခါရတို့သည် ချုပ်ကုန်၏၊
၂။ သင်္ခါရတို့၏ ချုပ်ခြင်းကြောင့် ဝိညာဏ်သည် ချုပ်၏၊
၃။ ဝိညာဏ်၏ ချုပ်ခြင်းကြောင့် နာမ်+ရုပ်သည် ချုပ်၏၊
၄။ နာမ်+ရုပ်၏ ချုပ်ခြင်းကြောင့် သဠာယတနသည် ချုပ်၏၊
၅။ သဠာယတန၏ ချုပ်ခြင်းကြောင့် ဖဿသည် ချုပ်၏၊
၆။ ဖဿ၏ ချုပ်ခြင်းကြောင့် ဝေဒနာသည် ချုပ်၏၊
၇။ ဝေဒနာ၏ ချုပ်ခြင်းကြောင့် တဏှာသည် ချုပ်၏၊
၈။ တဏှာ၏ ချုပ်ခြင်းကြောင့့်် ဥပါဒါန်သည် ချုပ်၏၊
၉။ ဥပါဒါန်၏ ချုပ်ခြင်းကြောင့် ဘဝ (= ကမ္မဘဝ+ဥပပတ္တိဘဝ)သည် ချုပ်၏၊
၁၀။ ဘဝ (= ကမ္မဘဝ)၏ ချုပ်ခြင်းကြောင့် ဇာတိသည် ချုပ်၏၊
၁၁။ ဇာတိ၏ ချုပ်ခြင်းကြောင့် (၁၂) ဇရာ+မရဏသည် ချုပ်၏၊ သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿ-ဥပါယာသ တို့သည် ချုပ်ကုန်၏၊

ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဒုက္ခတုံး ဒုက္ခအစုအပုံ၏ ချုပ်ခြင်းသည် ဖြစ်၏၊ ရဟန်းတို့... ဤ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၏ ချုပ်စဉ်ကို ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာ တရားတည်းဟူ၍ ဆိုအပ်၏၊''

ဤနိရောဓသစ္စာကား ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်ရမည့် နိရောဓသစ္စာဖြစ်သည်။ အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကား အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်တို့ဖြင့် ထိုးထွင်းသိရမည့် လောကုတ္တရာ နိရောဓသစ္စာ ဖြစ်သည်။

အကြောင်းတရား အကျိုးတရားတို့ ချုပ်ငြိမ်းမည့်အချိန်

ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အစီအစဉ်တကျ စီးဖြန်းလာလေရာ ဥဒယဗ္ဗယ ဉာဏ်ပိုင်းသို့ ရောက်ရှိသည့်အခါ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း အကြောင်း သမုဒယသစ္စာတရားများ၏ ထင်ရှား ဖြစ်ခြင်းကြောင့် အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ ထင်ရှားဖြစ်ပေါ်လာခြင်းကိုသာ ဝိပဿနာ ဉာဏ်ပညာ မျက်စိဖြင့် သိအောင် မြင်အောင် ရှုရသည်သာ မဟုတ်သေး၊ အကြောင်း သမုဒယသစ္စာတရားတို့၏ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားမှုကိုလည်း သိအောင် မြင်အောင် ရှုရတော့မည် ဖြစ်သည်။

ဤအရာတွင် ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ္ဂမဟာဋီကာတို့[၄၃]၏ ဖွင့်ဆိုချက်အရ ဤဥဒယဗ္ဗယဝိပဿနာဉာဏ်ပိုင်းကို အားသစ်လျက်ရှိနေသည့် ယောဂါဝစရပုဂ္ဂိုလ်သည် ဤဘဝမှာသော်လည်းကောင်း, နောင်အနာဂတ်ဘဝ တစ်ခုခုမှာသော်လည်းကောင်း အနာဂတ်တစ်ချိန်ချိန်ဝယ် အရဟတ္တမဂ်သို့ ဆိုက်ရောက်သည့်အခါတွင် အရဟတ္တမဂ်ဉာဏ်၏ စွမ်းအားကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့သည် အကြွင်းအကျန် မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြမည် ဖြစ်သည်။ ထိုကဲ့သို့ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့၏ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြခြင်းကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့သည် ဤဘဝ အရဟတ္တမဂ်သို့ မဆိုက်ရောက်မီမှာပင်ဖြစ်စေ, အတိတ်ဘဝထိုထိုကပင်ဖြစ်စေ ပြုစုပျိုးထောင်ခဲ့သည့် သင်္ခါရ ကံတို့ကို အနာဂတ်ဘဝသစ် ဖြစ်ပေါ်လာရေးအတွက် အထောက်အပံ့ မပေးနိုင်ကြကုန်။ ဤကဲ့သို့ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့၏ အားပေးထောက်ပံ့မှု အကူအညီကို မရရှိကြသည့်အတွက် အရဟတ္တမဂ်သို့ မဆိုက်ရောက်မီ သံသရာတစ်လျှောက် ပြုစုပျိုးထောင်ခဲ့သည့် သင်္ခါရ ကံတို့သည် နောင်အနာဂတ်ဘဝသစ်ဟု ခေါ်ဆိုအပ်သည့် အနာဂတ်ဘဝ ခန္ဓာငါးပါးတို့ကို ဖြစ်စေနိုင်သည့် စွမ်းအင်များ ကုန်ခန်းသွားကြ၏၊ အကြွင်းအကျန်မရှိ ချုပ်ငြိမ်းသွားကြ၏၊ ဤကဲ့သို့ အရဟတ္တမဂ်ဉာဏ်၏ စွမ်းအားကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်းသမုဒယသစ္စာတရားတို့၏ အကြွင်းအကျန် မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြသည့်အတွက်, နောင် အနာဂတ်ဘဝ ခန္ဓာငါးပါးတို့ကို ဖြစ်စေနိုင်သည့် အကြောင်းတရားတို့၏ ထင်ရှား မရှိကြခြင်းကြောင့် နောင်အနာဂတ် ဘဝသစ်၌ အကျိုးခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့သည်လည်း ထင်ရှားဖြစ်ပေါ်လာနိုင်သည့် စွမ်းအင်များ မရှိကြတော့ခြင်းကြောင့် အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့သည်လည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားကာ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြ၏၊ ဤသို့ အကြောင်း-အကျိုး နှစ်ရပ်လုံးတို့၏ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းမှုကို နိရောဓသစ္စာတရားဟု ဤတိတ္ထာယတနသုတ္တန်တွင် ဘုရားရှင်က ဟောကြားထားတော်မူခဲ့ပေသည်။ ဤနိရောဓသစ္စာတရားသည်ကား ဥဒယဗ္ဗယာနုပဿနာဉာဏ် (= ဥဒယဗ္ဗယဝိပဿနာဉာဏ်)ဖြင့် ထိုးထွင်းသိရမည့် နိရောဓသစ္စာတရား ဖြစ်ပေသည်။[၄၄]

သဥပါဒိသေသနိဗ္ဗာန်နှင့် အနုပါဒိသေသနိဗ္ဗာန်

ဤကဲ့သို့ ဥဒယဗ္ဗယဉာဏ်စသည့် ဝိပဿနာဉာဏ်တို့ဖြင့် ထိုးထွင်းသိမြင်အပ်သည့် နိရောဓသစ္စာအကြောင်းကို ဆက်လက်ကာ ဆွေးနွေးတင်ပြအပ်ပါသည် ..။

ယောဂါဝစရပုဂ္ဂိုလ်သည် ယခုကဲ့သို့ ဥဒယဗ္ဗယဉာဏ်ပိုင်းသို့ ဆိုက်ရောက်လာသည့်အခါ ဥဒယဗ္ဗယဉာဏ်ကို အားသစ်နေဆဲ အားထုတ်နေဆဲအချိန်အခါတွင် ပုထုဇန်အဆင့်မှာသာ တည်ရှိနေသေး၏၊ ဆက်လက်၍ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို အစဉ်အတိုင်း အဆက်မပြတ် အဆင့်ဆင့် ဆက်လက် ကြိုးပမ်းရဦးမည်သာ ဖြစ်သည်။ ထိုသို့ ကြိုးပမ်းလိုက်သည့်အခါ ပါရမီတရားအပေါင်းတို့ကလည်း ရင့်ညောင်းလာခဲ့သော် ဤဘဝ သို့မဟုတ် နောင်အနာဂတ် ဘဝဟူသည့် တစ်ခုသော အနာဂတ် တစ်ချိန်ချိန်တွင် အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်မည် ဖြစ်သည်။ ဤကဲ့သို့ အနာဂတ်တစ်ချိန်ချိန်တွင် မိမိရရှိတော့မည့် အရဟတ္တမဂ်ဉာဏ်၏ စွမ်းအားကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ဦးဆောင်နေသည့် ကိလေသာထု အစိုင်အခဲတို့သည် အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းမှုမျိုးကို ရည်ညွှန်း တော်မူကာ ဘုရားရှင်က ဤ တိတ္ထာယတနသုတ္တန် စသည့် ထိုထိုသုတ္တန် ဒေသနာတော်တို့တွင်..''အဝိဇ္ဇာယ တွေဝ အသေသဝိရာဂနိရောဓာ'' ..စသည်ဖြင့် ဟောကြားထားတော်မူခဲ့ပေသည်။

ဤကဲ့သို့ ကိလေသာတို့၏ ချုပ်ငြိမ်းမှုကို နောက်ထပ်တစ်ဖန် ပြန်လည်ကာ မည်သည့်အခါမှ ဖြစ်ပေါ်ခြင်း အလျှင်းမရှိကြတော့သည့် ချုပ်ငြိမ်းမှုမျိုး ဖြစ်သည့်အတွက် အနုပ္ပါဒနိရောဓဟူ၍လည်း ခေါ်ဆိုပေသည်၊ နောင်တစ်ဖန် ဖြစ်ပေါ်ခြင်း အလျှင်းမရှိသည့် ချုပ်ငြိမ်းမှုမျိုးဟု ဆိုလိုပေသည်။ ဤကဲ့သို့ ကိလေသာအပူမီးတို့၏ ချုပ်ငြိမ်းမှုကို ကိလေသပရိနိဗ္ဗာန်ဟုလည်း ခေါ်ဆိုပေသည်၊ သဥပါဒိသေသပရိနိဗ္ဗာန်ဟုလည်း ခေါ်ဆိုပေသည်။ သဥပါဒိသေသ ပရိနိဗ္ဗာန်ဟူသည် ကိလေသာတွေက အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားသော်လည်း ခန္ဓာ (၅)ပါးကား ကြွင်းကျန်နေကြသေးသည့်အတွက် ပရိနိဗ္ဗာန်စံသည်အထိ ဆက်လက် တည်ရှိနေကြဦးမည် ဖြစ်ခြင်းကြောင့် သဥပါဒိသေသနိဗ္ဗာန်ဟု ခေါ်ဆိုခြင်း ဖြစ်ပေသည်။

နောက်တစ်မျိုးသည်ကား ခန္ဓပရိနိဗ္ဗာန် ဖြစ်ပေသည်။ ဤကဲ့သို့ အရဟတ္တမဂ်ဉာဏ်၏ စွမ်းအားကြောင့် အဝိဇ္ဇာ တဏှာ ဥပါဒါန်ဟူသည့် ကိလေသာထု အစိုင်အခဲတို့သည် အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြသည့် အတွက် ကိလေသာတို့၏ အားပေးထောက်ပံ့မှု အကူအညီကို မရရှိကြသည့်အတွက်ကြောင့် အတိတ်ဘဝထိုထိုတွင် လည်းကောင်း အရဟတ္တမဂ်ဆိုက်ရောက်မည့်ဘဝတွင်လည်းကောင်း အရဟတ္တမဂ်သို့ မဆိုက်ရောက်မီ ပြုစုပျိုးထောင် ခဲ့ကြသည့် သင်္ခါရ ကံတို့သည်လည်း နောင်တစ်ဖန် ဘဝသစ်ကို ဖြစ်စေနိုင်သည့် စွမ်းအင်များ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြ၏၊ ဤကဲ့သို့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသည့် အကြောင်း သမုဒယသစ္စာ တရားတို့သည် အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြသည့်အတွက် အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာ တရားတို့သည်လည်း ပရိနိဗ္ဗာနစုတိအခိုက်တွင် ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားကာ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြ၏၊ ဤကဲ့သို့သော ချုပ်ငြိမ်းမှုမျိုးကို နောက်ထပ်တစ်ဖန် မည်သည့်အခါမှ တစ်ဖန်ဖြစ်ပေါ်လာခြင်း အလျှင်းမရှိကြတော့သည့်အတွက် အနုပ္ပါဒနိရောဓဟူ၍လည်း ခေါ်ဆိုပေသည်၊ ခန္ဓပရိနိဗ္ဗာန်ဟူ၍လည်း ခေါ်ဆိုပေသည်၊ အနုပါဒိသေသနိဗ္ဗာနဓာတ်သို့ ဝင်စံတော်မူသည်ဟူ၍လည်း ခေါ်ဆိုပေသည်။ အနုပါဒိသေသနိဗ္ဗာန်ဆိုသည်မှာ အတိတ်က ပြုစုပျိုးထောင်ခဲ့သည့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဆိုသည့် အကြောင်း သမုဒယသစ္စာတရား တွေကြောင့် ထင်ရှားဖြစ်ပေါ်နေကြသည့် အကျိုး ဝိပါက်ခန္ဓာ ဒုက္ခသစ္စာတရားတို့၏ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းမှုကို အနုပါဒိသေသနိဗ္ဗာန်ဟု ခေါ်ဆိုပေသည်။[၄၅]

ကိလေသပရိနိဗ္ဗာန်နှင့် ခန္ဓပရိနိဗ္ဗာန်

ဤနေရာတွင် ဘုရားရှင်ကို ဦးတည်ကာ ကိလေသပရိနိဗ္ဗာန်နှင့် ခန္ဓပရိနိဗ္ဗာန်အကြောင်းကို ဆက်လက်၍ ရှင်းလင်းတင်ပြအပ်ပါသည် ..။

ဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့ည မိုးသောက်ယာမ်အဆုံး၌ ဗောဓိပင်ခြေ မြတ်သော ပလ္လင်ဗွေထက်တွင် သဗ္ဗညုတဉာဏ်အထွတ်တပ်ထားတော်မူသည့် အရဟတ္တမဂ်ဉာဏ် အရဟတ္တဖိုလ်ဉာဏ် တို့ကို ရရှိတော်မူသည့်အတွက်ကြောင့် ဝါသနာအငွေ့ဓာတ်နှင့်တကွ ကိလေသာတို့၏ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းခြင်းဟူသည့် ကိလေသပရိနိဗ္ဗာန်ကို ဝင်စံတော်မူခဲ့ပေသည်။ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီးနောက် (၄၅)ဝါ အချိန်ကာလကို ကျော်လွှားလွန်မြောက်တော်မူပြီးနောက် မဟာသက္ကရာဇ် (၁၄၈)ခုနှစ်၊ ကဆုန်လပြည့်နေ့ည မိုးသောက်ယာမ်ကာလ၏ နောက်ဆုံးပိုင်းမှာပင် ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်အတွင်းဝယ် ဝိပါက် ခန္ဓာ (၅)ပါးတို့၏ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းခြင်းဟူသည့် ခန္ဓပရိနိဗ္ဗာန်ကို ဝင်စံတော်မူခဲ့ပေသည်၊၊[၄၆]

ထိုကြောင့် ကိလေသပရိနိဗ္ဗာန် သို့မဟုတ် သဥပါဒိသေသနိဗ္ဗာနဓာတ်ဝင်စံတော်မူရာ အချိန်ကာလနှင့် နေရာ ဒေသတို့သည်လည်း ထင်ရှားတည်ရှိနေခဲ့၏၊ အလားတူပင် ခန္ဓပရိနိဗ္ဗာန် သို့မဟုတ် အနုပါဒိသေသနိဗ္ဗာနဓာတ် ဝင်စံတော်မူရာ အချိန်ကာလနှင့် နေရာဒေသတို့သည်လည်း အထင်အရှား တည်ရှိနေခဲ့၏၊

သို့သော် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်ဟု ခေါ်ဆိုအပ်သည့်, လောကုတ္တရာ အရိယမဂ်ဉာဏ် အရိယဖိုလ် ဉာဏ်တို့၏ အာရုံဖြစ်သည့်, လောကုတ္တရာနိရောဓအရိယသစ္စာအစစ် အဖြစ်ကြီးဖြစ်တော်မူသည့် နိဗ္ဗာန်တရားတော် မြတ်ကြီးသည်ကား နိစ္စထာဝရ အမြဲတည်ရှိနေသည့် တစ်ခုတည်းသော အငြိမ်းဓာတ်တရားတော်ကြီးသာ ဖြစ်ပေသည်။ ထိုလောကုတ္တရာ နိဗ္ဗာန်တရားတော်မြတ်ကြီးသည် အကြောင်းတရားတို့က ပြုပြင်ခြင်းကြောင့် ဖြစ်ပေါ်လာရသည့် တရားမျိုးကား မဟုတ်ခြင်းကြောင့် ထိုနိဗ္ဗာန်တရားတော်မြတ်ကို အသင်္ခတဓာတု (= အသင်္ခတဓာတ်) ဟုလည်း ခေါ်ဆိုပေသည်။[၄၇]

ထိုအသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်သည် မပျက်မစီးဘဲ အမြဲထာဝရ တည်ရှိနေသည့် တရားမျိုး ဖြစ်ခြင်းကြောင့် လောကတွင် ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူသည်ပင်ဖြစ်စေ, လောကတွင် ဘုရားရှင်တို့ မပွင့်ထွန်း မပေါ်ပေါက်တော်မူခဲ့သည်ပင်ဖြစ်စေ အမြဲထာဝရ တည်ရှိနေသည့် တစ်ခုတည်းသော တရားတော်မြတ်ပင် ဖြစ်ပေသည်။

ဘုရားရှင်တို့ ပွင့်ထွန်းတော်မူလာသည့်အခါ ထိုနိဗ္ဗာန်သို့ ပရိနိဗ္ဗာန် ဝင်စံတော်မူကြသည့် သူတော်ကောင်းများ များပြားလာခြင်းကြောင့် ထိုနိဗ္ဗာန်၌ ပရိနိဗ္ဗာန်ဝင်စံတော်မူကြသည့် ပုဂ္ဂိုလ်တို့ဖြင့် ပြည့်နှက်ပိုလျှံသွားသည်ဟူ၍လည်း မရှိ၊ ဘုရားရှင်တို့ မပွင့်ထွန်းတော်မူသည့်အခါ သုညကမ္ဘာများစွာတို့၌ ပရိနိဗ္ဗာန် ဝင်စံတော်မူကြသည့် သူတော်ကောင်း များ မရှိကြသည့်အတွက်ကြောင့် ထိုနိဗ္ဗာန်၌ ပရိနိဗ္ဗာန် ဝင်စံတော်မူကြသည့် ပုဂ္ဂိုလ်တို့ဖြင့် ယုတ်လျော့သွားသည် ဟူ၍လည်း မရှိ ဖြစ်ပေသည်၊[၄၈] နိစ္စထာဝရ အမြဲ တည်ရှိနေသည့် တရားတော်မြတ်တစ်ဆူသာ ဖြစ်ပေသည်။ ထို အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တရားတော်မြတ်ကြီးသည် မည်သည့်အချိန်အခါက စတင်ဖြစ်ခဲ့သည်ဟုလည်း ပြောဆိုသတ်မှတ်ဖို့ရန် အချိန်ကာလလည်း မရှိ ဖြစ်ပေသည်၊ ''မည်သည့်နေရာ မည်သည့်ဒေသတွင် ဖြစ်ပေါ်နေပါသည်'' ဟု ပြောဆိုသတ်မှတ်ဖို့ရန် နေရာဒေသလည်း မရှိ ဖြစ်ပေသည်၊ နိစ္စထာဝရ မပျက်စီးဘဲ အမြဲတည်ရှိနေသော တရားတော်မြတ် တစ်ဆူသာ ဖြစ်ပေသည်။[၄၉]

သို့သော် ကိလေသာတို့၏ ချုပ်ငြိမ်းမှု ကိလေသပရိနိဗ္ဗာန် သို့မဟုတ် သဥပါဒိသေသနိဗ္ဗာန်တရားတော်မြတ်နှင့် ခန္ဓာတို့၏ချုပ်ငြိမ်းမှု ခန္ဓပရိနိဗ္ဗာန် သို့မဟုတ် အနုပါဒိသေသနိဗ္ဗာန်တရားတော်မြတ်တို့တွင် ဖြစ်ပေါ်လာအောင် ပြုပြင်ပေးနေကြသည့် အကြောင်းတရားတို့လည်း ထင်ရှားရှိနေကြ၏၊ ပရိနိဗ္ဗာန်စံတော်မူရာ အချိန်ကာလနှင့် နေရာဒေသတို့လည်း ထင်ရှားရှိနေကြ၏၊ မည်သည့်အကြောင်းတရားတို့ပါနည်းဟု မေးရန်ရှိ၏၊ လောကီမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားဟု ခေါ်ဆိုအပ်သည့် သမထ ဝိပဿနာဘာဝနာကို ရင့်ကျက်လာအောင် အဆင့်ဆင့် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ပါမှ ဤကဲ့သို့ ရင့်ကျက်လာကြသည့် အဆင့်ဆင့်သော ဝိပဿနာဉာဏ်တို့က အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်ပါမှ ဤကဲ့သို့ ရင့်ကျက်လာသည့် ဝိပဿနာဉာဏ်တို့၏အဆုံး၌ လေးဆင့်သော အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်တို့သည် လောကုတ္တရာ နိရောဓသစ္စာဖြစ်သည့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံယူကာ တစ်ဆင့်ပြီးတစ်ဆင့် (တစ်ဆင့်နှင့် တစ်ဆင့်အကြားတွင် စိတ္တက္ခဏပေါင်းများစွာ ဝိပဿနာဇောဝီထိပေါင်းများစွာ ခြားလျက်) ဖြစ်ပေါ်လာကြ၏၊ လေးဆင့်သော အရိယ မဂ်ဉာဏ်တို့က မိမိတို့ကို အာရမ္မဏူပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေသည့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီး၏ အငြိမ်းဓာတ် အအေးဓာတ် အရှိန်အဝါသတ္တိထူးကြီး အကူအညီကို ရယူကာ ဆိုင်ရာဆိုင်ရာ ကိလေသာအပူမီးတို့ကို တစ်ဆင့်ပြီးတစ်ဆင့် သမုစ္ဆေဒပဟာန်ဟူသည့် အကြွင်းမဲ့ ပယ်သတ်ခြင်းဖြင့် ငြိမ်းအေးအောင် ငြှိမ်းသတ်ကြ၏၊ လေးဆင့်သော အရိယဖိုလ်ဉာဏ်တို့ကလည်း အလားတူပင် မိမိတို့ကို အာရမ္မဏူပနိဿယပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပေးနေသည့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီး၏ အငြိမ်းဓာတ် အအေးဓာတ် အရှိန်အဝါသတ္တိထူးကြီး အကူအညီကို ရယူကာ ဆိုင်ရာဆိုင်ရာ ကိလေသာအပူမီးတို့ကို တစ်ဆင့်ပြီး တစ်ဆင့် ပဋိပဿဒ္ဓိ နိရောဓသဘောဖြင့် တစ်ဖန် ထပ်မံကာ ငြိမ်းသထက် ငြိမ်းအေးအောင် ငြှိမ်းသတ်ကြ၏၊ ဤကဲ့သို့ ငြှိမ်းသတ်ကြသည့် အတွက်ကြောင့် ကိလေသာအပူမီးဟူသည့် သမုဒယသစ္စာတရားတို့သည် တစ်နည်းဆိုရလျှင် အထက်တွင် ရှင်းပြခဲ့သည့် အတိုင်း အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသည့် သမုဒယသစ္စာတရားတို့သည် အကြွင်းအကျန် မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြ၏၊ ဤကဲ့သို့ အကြောင်းတရားတို့၏ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြခြင်းကြောင့် အကျိုးခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတို့သည်လည်း အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းသွားကြ၏၊ ထိုကြောင့် ကိလေသာအပူမီးတို့၏ ငြိမ်းအေးခြင်း ကိလေသပရိနိဗ္ဗာန် သို့မဟုတ် သဥပါဒိသေသနိဗ္ဗာန်၌..

၁။ ဝိပဿနာဉာဏ်
၂။ အရိယမဂ်ဉာဏ်
၃။ အရိယဖိုလ်ဉာဏ်
၄။ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် –

ဟူသည့် ဤကဲ့သို့သော အကြောင်းတရားများ ထင်ရှားတည်ရှိနေကြ၏၊ ဤကဲ့သို့သော အကြောင်းတရား များကြောင့် ထင်ရှားဖြစ်ပေါ်လာရသည့် သဘောတရားမျိုးသာ ဖြစ်ချေသည်၊ ဖြစ်ပေါ်လာရာ အချိန်ကာလနှင့် ဖြစ်ပေါ်လာရာ နေရာဒေသတို့သည်လည်း ယင်း ကိလေသပရိနိဗ္ဗာန် သို့မဟုတ် သဥပါဒိသေသနိဗ္ဗာန်၌ အထင်အရှား ရှိနေကြ၏၊

တစ်ဖန် .. ခန္ဓာတို့၏ ချုပ်ငြိမ်းမှု ခန္ဓပရိနိဗ္ဗာန် သို့မဟုတ် အနုပါဒိသေသနိဗ္ဗာန်တရားတော်မြတ်၌လည်း ကိလေသာတို့၏ ချုပ်ငြိမ်းခြင်း ကိလေသပရိနိဗ္ဗာန်ဟူသည့် အကြောင်းတရားသည် ထင်ရှားရှိနေ၏၊ ကိလေသပရိနိဗ္ဗာန် ဝင်စံရခြင်းကြောင့်သာလျှင် ခန္ဓပရိနိဗ္ဗာန် ဝင်စံနိုင်ခြင်းဖြစ်၏၊ တစ်နည်းဆိုရလျှင် သဥပါဒိသေသနိဗ္ဗာနဓာတ်သို့ ဝင်စံနိုင်ခြင်းကြောင့်သာလျှင် အနုပါဒိသေသနိဗ္ဗာနဓာတ်သို့ ဝင်စံနိုင်ခြင်းဖြစ်၏၊ ဤအရာ၌လည်း ခန္ဓပရိနိဗ္ဗာန်ဝင်စံရာ သို့မဟုတ် အနုပါဒိသေသနိဗ္ဗာနဓာတ် ဝင်စံရာ အချိန်ကာလနှင့် နေရာဒေသတို့သည်လည်း အထင်အရှား တည်ရှိ နေကြပေသည်။

အဘာဝ ပညတ်မျှသာ

ဤအရာ၌ သဥပါဒိသေသနိဗ္ဗာန်နှင့် အနုပါဒိသေသနိဗ္ဗာန်တို့သည် တစ်နည်း - ကိလေသပရိနိဗ္ဗာန်နှင့် ခန္ဓပရိနိဗ္ဗာန်တို့သည် ဥဒယဗ္ဗယဉာဏ်ကဲ့သို့သော ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်အပ်သော နိရောဓသစ္စာတရား ဖြစ်ခဲ့လျှင် နိရောဓသစ္စာ အမည်ရကြသည့် ယင်း သဥပါဒိသေသနိဗ္ဗာန်နှင့် အနုပါဒိသေသနိဗ္ဗာန်တို့သည် တစ်နည်း ကိလေသပရိနိဗ္ဗာန်နှင့် ခန္ဓပရိနိဗ္ဗာန်တို့သည် လောကီ နိရောဓသစ္စာတရားလေလော သို့မဟုတ် လောကုတ္တရာ နိရောဓသစ္စာတရားလေလောဟု မေးမြန်းကြ၏၊ ဤအရာဝယ် ညောင်လွန့်တောရဆရာတော်ဘုရားက မိမိ၏ နိဗ္ဗာနတ္ထပကာသနီကျမ်းတွင် ''သဥပါဒိသေသနိဗ္ဗာန် သို့မဟုတ် ကိလေသပရိနိဗ္ဗာန်ဟူသည် ကိလေသာတို့၏ ချုပ်ငြိမ်းမှု ဆိတ်သုဉ်းမှု မရှိမှု 'အဘာဝ'သဘောမျှသာ ဖြစ်၏၊ အနုပါဒိသေသနိဗ္ဗာန်ဟူသည် သို့မဟုတ် ခန္ဓပရိနိဗ္ဗာန်ဟူသည် ခန္ဓာတို့၏ ချုပ်ငြိမ်းမှု ဆိတ်သုဉ်းမှု မရှိမှု 'အဘာဝ'သဘောမျှသာ ဖြစ်၏''ဟု ဆုံးဖြတ်ထားတော်မူ၏၊ အာကိဉ္စညာယတန စျာန်စိတ်သည် အာကာသာနဉ္စာယတနစျာန်စိတ်၏ ဆိတ်သုဉ်းမှု ကင်းဆိတ်မှု မရှိမှု 'နတ္ထိဘာဝ'သဘောကို အာရုံ ပြုသကဲ့သို့ အလားတူပင် ဤဥဒယဗ္ဗယဉာဏ်ကဲ့သို့သော ဝိပဿနာဉာဏ်သည်လည်း ကိလေသာတို့၏ ချုပ်ငြိမ်းမှု ဆိတ်သုဉ်းမှု မရှိမှု အဘာဝသဘောကို, ခန္ဓာတို့၏ ချုပ်ငြိမ်းမှု ဆိတ်သုဉ်းမှု မရှိမှု အဘာဝသဘောကိုသာ အာရုံပြု၏၊ အာကိဉ္စညာယတနစျာန်၏ အရှုခံအာရုံဖြစ်သည့် နတ္ထိဘာဝသဘောကို နတ္ထိဘောပညတ်ဟု ဆိုသကဲ့သို့ ဤအရာ၌ ကိလေသာတို့၏ ချုပ်ငြိမ်းမှု ဆိတ်သုဉ်းမှု မရှိမှု, ခန္ဓာတို့၏ ချုပ်ငြိမ်းမှု ဆိတ်သုဉ်းမှု မရှိမှု အဘာဝသဘောကိုလည်း အဘာဝပညတ်ဟုပင် ဆုံးဖြတ်ထားတော်မူသည်။

မဂ္ဂသစ္စာဟူသည်

မဂ္ဂသစ္စာသည်လည်း ..
(၁) သမထပိုင်း မဂ္ဂသစ္စာ၊
(၂) ဝိပဿနာပိုင်း မဂ္ဂသစ္စာ၊
(၃) အရိယမဂ်ဉာဏ်အခိုက် လောကုတ္တရာ မဂ္ဂသစ္စာ - ဟု (၃) မျိုးရှိ၏၊

သမထပိုင်း မဂ္ဂသစ္စာ

အာနာပါနကမ္မဋ္ဌာန်းကဲ့သို့သော သမထကမ္မဋ္ဌာန်းတစ်ခုခုကို စျာန်ရအောင် ပွားများသူတို့အဖို့ ပထမစျာန်သမာဓိ အခိုက်၌ မဂ္ဂင်တရားကိုယ် (၈)ပါး ရှိပေသည်။ အာနာပါနပထမစျာန်ကို စံထား၍ တင်ပြပေအံ့။ အာနာပါနပထမစျာန် အခိုက်တွင် စျာန်နာမ်တရား (၃၄)လုံး ရှိရာ ယင်းတို့တွင် မဂ္ဂင်တရားကိုယ် (၅)ပါး ပါဝင်ပေသည်။

၁။ သမ္မာဒိဋ္ဌိ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထိုးထွင်းသိမြင်ခြင်းသဘော၊
၂။ သမ္မာသင်္ကပ္ပ = အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှေ့ရှုတင်ပေးခြင်းသဘော၊
၃။ သမ္မာဝါယာမ = အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်၌ ဘာဝနာစိတ် ကပ်ပြီး တည်နေအောင် ကြိုးစား အားထုတ်ခြင်းသဘော၊
၄။ သမ္မာသတိ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို အမှတ်ရနေခြင်းသဘော၊
၅။ သမ္မာသမာဓိ = အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ စိတ် ငြိမ်ဝပ်စွာ ကပ်တည်နေခြင်းသဘော၊

အာနာပါနကမ္မဋ္ဌာန်းကို အားမထုတ်မီနှင့် အားထုတ်ဆဲကာလတို့၌ ကြိုတင် ဆောက်တည် ကျင့်သုံးထားအပ်သော ကျင့်သုံးနေဆဲဖြစ်သော သီလမဂ္ဂင် (၃)ပါး ဖြစ်သည့် ..

၆။ သမ္မာဝါစာ = ဝစီဒုစရိုက်မှ ရှောင်ကြဉ်ကာ ကောင်းမွန်မှန်ကန်သော စကားကို ပြောကြားခြင်း၊
၇။ သမ္မာကမ္မန္တ = ကာယဒုစရိုက် သုံးပါးမှ ရှောင်ကြဉ်ကာ ကောင်းမွန်မှန်ကန်သော လုပ်ငန်းရပ်ကို ပြုလုပ်ခြင်း၊
၈။ သမ္မာအာဇီဝ = မိစ္ဆာအာဇီဝအမျိုးမျိုးနှင့် မအပ်သော ကုန်သွယ်မှု ငါးမျိုးတို့မှ ရှောင်ကြဉ်ကာ ကောင်းမွန် မှန်ကန်သော ဆွမ်းခံခြင်း လယ်လုပ်ခြင်း စသည်ဖြင့် အသက်မွေးခြင်း၊

အားလုံးပေါင်းသော် သမထပိုင်းအခိုက်၌ မဂ္ဂင်တရားကိုယ် (၈)ပါး ဖြစ်သည်။

ကုန်သွယ်မှု ငါးမျိုး

လူပုဂ္ဂိုလ်များအတွက် ..
၁။ သတ္ထ ဝဏိဇ္ဇာ = လက်နက်ကို ကုန်သွယ်ခြင်း,
၂။ သတ္တ ဝဏိဇ္ဇာ = လူကို ကုန်သွယ်ခြင်း,
၃။ မံသ ဝဏိဇ္ဇာ = အသားတိုးပွားအောင် မွေးမြူရေးလုပ်၍ ကုန်သွယ်ခြင်း,
၄။ မဇ္ဇ ဝဏိဇ္ဇာ = သေရည် သေရက် မူးယစ်ဆေးဝါးကို ကုန်သွယ်ခြင်း,
၅။ ဝိသ ဝဏိဇ္ဇာ = အဆိပ်ကို ကုန်သွယ်ခြင်းဟု –

ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေသော ဥပါသကာ-ဒါယကာ ဥပါသိကာ-ဒါယိကာမတို့ မပြုကျင့် မပြုထိုက်သော ကုန်သွယ်မှု (၅)မျိုး လာရှိ၏၊ ယင်းကုန်သွယ်မှု (၅)မျိုးကြောင့် ရရှိသော ပစ္စည်းများကို မသုံးစွဲဘဲ ရှောင်ကြဉ်မှုသဘောသည်လည်း သမ္မာအာဇီဝပင် ဖြစ်သည်။[၅၀]

ဝိပဿနာပိုင်း မဂ္ဂသစ္စာ

ထိုသစ္စာလေးပါးတို့တွင် ရှေးဖြစ်ကုန်သော ဒုက္ခသစ္စာ သမုဒယသစ္စာ နှစ်မျိုးတို့ကား သံသရာဝဋ်၌ လည်ပတ်နေ သော ဝဋ္ဋသစ္စာတရားများတည်း။ နောက်ဖြစ်ကုန်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်တည်း ဟူသော လောကုတ္တရာ နိရောဓသစ္စာနှင့် ယင်းနိရောဓသစ္စာကို ထွင်းဖောက်သိမြင်တတ်သော အရိယမဂ်ဉာဏ်နှင့် ယှဉ်တွဲနေသည့် မဂ္ဂင်တရားကိုယ် (၈)ပါးတည်းဟူသော, ဒုက္ခချုပ်ရာ နိရောဓနိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် လောကုတ္တရာ မဂ္ဂအရိယသစ္စာတို့ကား သံသရာဝဋ်မှ ကင်းရာ ချုပ်ရာဖြစ်သည့် နိဗ္ဗာန်တရားတော်မြတ်နှင့် ယင်းနိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်တရားများ ဖြစ်ကြသည့်အတွက် ဝိဝဋ္ဋသစ္စာတည်း။ ထို ဝဋ္ဋသစ္စာ ဝိဝဋ္ဋသစ္စာ နှစ်မျိုးတို့တွင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝဋ္ဋသစ္စာဖြစ်သည့် ဒုက္ခသစ္စာနှင့် သမုဒယသစ္စာ တရားစုတို့၌ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်းအမှုကို ပြုလုပ်ရမည် ဖြစ်သည်။ ဝိဝဋ္ဋသစ္စာတရား နှစ်မျိုးတို့၌ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်းသည် မရှိပေ။[၅၁]

ယင်း ဒုက္ခသစ္စာ အမည်ရသည့် အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက (=အကြမ်း), သုခုမ (= အနု), ဟီန (= အယုတ်), ပဏီတ (= အမြတ်), ဒူရ (= အဝေး), သန္တိက (= အနီး)ဟု ခေါ်ဆိုအပ်သည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးနှင့် သမုဒယသစ္စာ အမည်ရသည့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတို့ကား မိမိတို့၏ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့က ပြုပြင်ပေးမှ ဖြစ်ပေါ်လာကြရသည့် တရားတို့ ဖြစ်ခြင်းကြောင့် သင်္ခါရတရားတို့ မည်ကြ၏၊ ယင်းသင်္ခါရတရားတို့ကား လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရမည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ ဖြစ်ကြ၏၊

ဝိပဿနာဆိုသည်မှာ အဘယ်နည်း?

အနိစ္စစသည်တို့၏ အစွမ်းဖြင့် အမျိုးမျိုးသော အခြင်းအရာတို့ဖြင့် ဒုက္ခသစ္စာဓမ္မ+သမုဒယသစ္စာဓမ္မ ဟူသည့် သင်္ခါရဓမ္မ (= သင်္ခါရတရား)တို့ကို ရှုပွားတတ်သောကြောင့် ဝိပဿနာ မည်၏၊[၅၂]

ဤအထက်ပါ အဋ္ဌကထာ၏ ရှင်းလင်းတင်ပြချက်အရ ဝိပဿနာဟူသည် ဒုက္ခသစ္စာဓမ္မနှင့် သမုဒယသစ္စာဓမ္မဖြစ်ကြသည့် သင်္ခါရတရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု အမျိုးမျိုးသော အခြင်းအရာတို့ဖြင့် ရှုပွားသုံးသပ်ခြင်းကို ဆိုလိုပေသည်။

ထိုကြောင့် ဝိပဿနာပိုင်း၌ မဂ္ဂင်တရားကိုယ် (၈)ပါးတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏၊

၁။ သမ္မာဒိဋ္ဌိ = ယင်းသင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို ထိုးထွင်းသိမြင်ခြင်းသဘော၊
၂။ သမ္မာသင်္ကပ္ပ = ယင်းသင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာပေါ်သို့ စိတ်ကို ရှေ့ရှုတင်ပေးခြင်း သဘော၊
၃။ သမ္မာဝါယာမ = ယင်းသင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို သိအောင် ကြိုးစားအားထုတ်ခြင်း သဘော၊
၄။ သမ္မာသတိ = ယင်းသင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာကို အမှတ်ရနေခြင်းသဘော၊
၅။ သမ္မာသမာဓိ = ယင်းသင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာအာရုံ၌ စိတ် ငြိမ်ဝပ်စွာ ကပ်တည် နေခြင်းသဘော၊

ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အားမထုတ်မီနှင့် အားထုတ်ဆဲကာလတို့၌ ကြိုတင် ဆောက်တည် ကျင့်သုံး ထားအပ်သော ကျင့်သုံးနေဆဲဖြစ်သော သီလမဂ္ဂင် (၃)ပါး ဖြစ်သည့် ..

၆။ သမ္မာဝါစာ = ဝစီဒုစရိုက်မှ ရှောင်ကြဉ်ကာ ကောင်းမွန်မှန်ကန်သော စကားကို ပြောကြားခြင်း၊
၇။ သမ္မာကမ္မန္တ = ကာယဒုစရိုက် သုံးပါးမှ ရှောင်ကြဉ်ကာ ကောင်းမွန်မှန်ကန်သော လုပ်ငန်းရပ်ကို ပြုလုပ်ခြင်း၊
၈။ သမ္မာအာဇီဝ = မိစ္ဆာအာဇီဝအမျိုးမျိုးနှင့် မအပ်သော ကုန်သွယ်မှု ငါးမျိုးတို့မှ ရှောင်ကြဉ်ကာ ကောင်းမွန် မှန်ကန်သော ဆွမ်းခံခြင်း လယ်လုပ်ခြင်း စသည်ဖြင့် အသက်မွေးခြင်း၊

အားလုံးပေါင်းသော် ဝိပဿနာပိုင်းအခိုက်၌ မဂ္ဂင်တရားကိုယ် (၈)ပါး ဖြစ်သည်။

တစ်ဖန် အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း ဥဒယဗ္ဗယဉာဏ်ကဲ့သို့သော ဝိပဿနာဉာဏ်သည်လည်း သစ္စာလေးပါးကို ထိုးထွင်းသိမြင်သည်ဖြစ်ရာ ဝိပဿနာဉာဏ်အခိုက် ဖြစ်ပေါ်နေသော သစ္စာလေးပါးကို ခြုံငုံ၍ ဆိုရသော် လောကီဝိပဿနာဉာဏ်ဖြင့် သစ္စာလေးပါးကို သိမြင်ခိုက်၌လည်း မဂ္ဂင်တရားကိုယ် (၈)ပါးတို့ ရှိနေကြ ပေသည်။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏ ..။

(၁) သမ္မာဒိဋ္ဌိ = သစ္စာလေးပါးအာရုံကို ထိုးထွင်းသိမြင်ခြင်းသဘော၊
(၂) သမ္မာသင်္ကပ္ပ = သစ္စာလေးပါးအာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော၊
(၃) သမ္မာဝါယာမ = သစ္စာလေးပါးအာရုံကို ထိုးထွင်းသိမြင်အောင် ကြိုးစားအားထုတ်ခြင်းသဘော၊ 
(၄) သမ္မာသတိ = သစ္စာလေးပါးအာရုံကို အမှတ်ရနေခြင်းသဘော၊
(၅) သမ္မာသမာဓိ = သစ္စာလေးပါးအာရုံ၌ စိတ် ငြိမ်ဝပ်စွာ ကပ်တည်နေခြင်းသဘော၊
(၆၊ ၇၊ ၈) ကြိုတင် ဆောက်တည် ကျင့်သုံးထားအပ်သော သီလမဂ္ဂင် (၃)ပါး၊

အားလုံးပေါင်းသော် ဝိပဿနာပိုင်းအခိုက်၌ မဂ္ဂင်တရားကိုယ် (၈)ပါး ဖြစ်သည်။

လက်တွေ့ရှုရာ၌ကား ... ရုပ်သက်သက်ကို ဝိပဿနာရှုနေခိုက်ဖြစ်လျှင် ရုပ်တရားတို့၏ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာကို အာရုံပြု၍ မဂ္ဂင် (၅)ပါး၊

နာမ်သက်သက်ကို ဝိပဿနာရှုနေခိုက်ဖြစ်လျှင်လည်း နာမ်တရားတို့၏ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာကို အာရုံပြု၍ မဂ္ဂင် (၅)ပါး၊

အကြောင်းတရားတို့ကို ဝိပဿနာရှုနေခိုက်ဖြစ်လျှင်လည်း အကြောင်းတရားတို့၏ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာကို အာရုံပြု၍ မဂ္ဂင် (၅)ပါး ––

ဤသို့ စသည်ဖြင့် သဘောပေါက်ပါ။ ဆောက်တည်ကျင့်သုံးနေဆဲ ဖြစ်သော သီလမဂ္ဂင် (၃)ပါးနှင့်ပေါင်းလျှင် မဂ္ဂင် (၈)ပါးပင် ဖြစ်သည်။ သို့သော် လောကီဝိပဿနာဉာဏ် ဖြစ်ပွားခိုက်၌ ဤသီလမဂ္ဂင် (၃)ပါးတို့မှာ ဝိပဿနာ ဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသည့် သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ တို့ကိုကား အာရုံမယူနိုင်ကြပေ။ မိမိ မိမိတို့၏ ဆိုင်ရာဆိုင်ရာ သူ့အသက် သို့မဟုတ် သူ့ပစ္စည်း သို့မဟုတ် သူ့သားမယား စသည့် ရှောင်ကြဉ်ထိုက်သည့် ဝိရမိတဗ္ဗဝတ္ထုကိုသာ အာရုံပြုကြသည်။ တစ်ဖန် လောကီသီလမဂ္ဂင် (၃)ပါးတို့မှာလည်း တစ်ပါးနှင့် တစ်ပါး အာရုံချင်းကား မတူညီကြပေ။ ယင်းသို့ အာရုံချင်း ကွဲပြားသောကြောင့် ယင်းမဂ္ဂင် (၃)ပါးတို့သည်လည်း လောကီအခိုက်၌ စိတ္တက္ခဏတစ်ခုအတွင်းဝယ် အတူယှဉ်တွဲကာ မဖြစ်နိုင်ကြပေ၊ စိတ္တက္ခဏတစ်ခုအခိုက်၌ တစ်မျိုးစီသာ ယှဉ်တွဲဖြစ်နိုင်ပေသည်။ သို့အတွက် လောကီဝိပဿနာအခိုက်၌ ဝိပဿနာစိတ္တက္ခဏတစ်ခုအတွင်းဝယ် အထက်တွင် တင်ပြထားသည့် မဂ္ဂင်တရားကိုယ် (၅)ပါးတို့သာ အတူယှဉ်တွဲကာ ဖြစ်နိုင်ကြသည်ဟု မှတ်သားပါ။ သို့သော် လောကုတ္တရာ အရိယမဂ်ဉာဏ်အခိုက်၌ကား မဂ္ဂင်တရားကိုယ် (၈)ပါးလုံး ပြိုင်တူယှဉ်တွဲ ဖြစ်နိုင်ကြပေသည်။

အရိယမဂ်ဉာဏ်အခိုက် လောကုတ္တရ မဂ္ဂသစ္စာ

ဥပမာ ––- ပထမစျာန်နာမ်တရားတို့ကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ရောက်ခဲ့သော် ထိုအရိယမဂ် အခိုက်၌ နာမ်တရား (၃၇)လုံး ရှိပေသည်။ ထိုနာမ်တရားတို့တွင် မဂ္ဂင် (၈)ပါးလည်း ပါဝင်ပေသည်။ ထိုအရိယမဂ်နှင့် ယှဉ်တွဲနေသည့် ယင်း စိတ်စေတသိက်အားလုံးတို့ကား အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် တစ်ခုတည်းကိုသာ အာရုံပြုကြသည်၊ ထိုးထွင်းသိမြင်နေကြသည်။ ယင်းမဂ္ဂင် (၈)ပါးတို့မှာ ဤသို့ ဖြစ်ကြသည် ..။

၁။ သမ္မာဒိဋ္ဌိ = အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်အာရုံကို ထိုးထွင်းသိမြင်ခြင်းသဘော၊
၂။ သမ္မာသင်္ကပ္ပ = အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်အာရုံပေါ်သို့ အရိယမဂ်စိတ်ကို ရှေ့ရှုတင်ပေးခြင်းသဘော၊
၃။ သမ္မာဝါယာမ = အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်အာရုံကို ထိုးထွင်းသိမြင်အောင် ကြိုးစားအားထုတ်ခြင်း သဘော၊
၄။ သမ္မာသတိ = အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်အာရုံကို အမှတ်ရနေခြင်းသဘော၊
၅။ သမ္မာသမာဓိ = အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်အာရုံပေါ်၌ အရိယမဂ်စိတ်၏ ငြိမ်ဝပ်စွာ ကပ်တည် နေခြင်းသဘော၊

အရိယမဂ်သည် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်၏ အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူး ပြုပေးသည့် အကူအညီဖြင့် သမ္မာဝါစာ မဖြစ်အောင်, သမ္မာကမ္မန္တ မဖြစ်အောင်, သမ္မာအာဇီဝ မဖြစ်အောင် တားမြစ် နှောင့်ယှက်နေသည့် ကိလေသာတို့ကို ပယ်သတ်လိုက်၏၊ သို့အတွက် အရိယမဂ်ဉာဏ်အခိုက်၌ သမ္မာဝါစာသဘော သမ္မာကမ္မန္တသဘော သမ္မာအာဇီဝသဘောတရားတို့သည် ရှေးရှုတည်နေကြ၏၊ ထိုကြောင့် ..

၆။ သမ္မာဝါစာ = မှန်သော စကားကို ပြောဆိုခြင်း၊
၇။ သမ္မာကမ္မန္တ = မှန်သော လုပ်ငန်းရပ်ကို ပြုလုပ်ခြင်း၊
၈။ သမ္မာအာဇီဝ = မှန်သော အသက်မွေးခြင်း၊

ဤသီလမဂ္ဂင် (၃)ပါးလည်း အရိယမဂ်ဉာဏ်နှင့် ယှဉ်တွဲလျက် ဖြစ်ပေါ်လာကြ၏၊

အားလုံးပေါင်းသော် အရိယမဂ်ဉာဏ်အခိုက်၌ မဂ္ဂင်တရားကိုယ် (၈)ပါး ဖြစ်သည်။

ဤသို့လျှင် .. သမထပိုင်း၌ မဂ္ဂင် (၈)ပါး, ဝိပဿနာပိုင်း၌ မဂ္ဂင် (၈)ပါး, အရိယမဂ်ဉာဏ်အခိုက်၌ မဂ္ဂင် (၈)ပါးတို့ ဖြစ်ကြသည်။ ထိုတွင် သမထပိုင်းမဂ္ဂင် (၈)ပါး, ဝိပဿနာပိုင်းမဂ္ဂင် (၈)ပါးတို့ကား လောကီ မဂ္ဂသစ္စာတရားတို့ ဖြစ်ကြ၏၊ အရိယမဂ်ဉာဏ်အခိုက် မဂ္ဂင် (၈)ပါးတို့ကား လောကုတ္တရာ မဂ္ဂသစ္စာတရားတို့ ဖြစ်ကြ၏၊ လောကုတ္တရာ မဂ္ဂသစ္စာတရားတို့ဖြင့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ကို အာရုံပြုနိုင်ရေးအတွက် လောကီ မဂ္ဂသစ္စာတရားတို့ကို ပွားများအားထုတ်ရမည် ဖြစ်သည်။[၅၃]

အနတ္တလက္ခဏသုတ္တန်ကို နာယူတော်မူကြမည့် ပဉ္စဝဂ္ဂီရဟန်းတော်တို့၏ ကျောထောက်နောက်ခံပါရမီ

အရှင်ကောဏ္ဍည မထေရ်မြတ်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ဝါဆိုလပြည့်နေ့ဝယ် ဓမ္မစကြာတရား ဒေသနာတော်ကို နာကြားတော်မူပြီးသည်၏ အဆုံး၌ အရိယသစ္စာ (၄)ပါးကို ထိုးထွင်းသိမြင်တော်မူကာ သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်တော်မူခဲ့၏၊ အရှင်ဝပ္ပသည် ဝါဆိုလပြည့်ကျော် (၁)ရက်နေ့၌, အရှင်ဘဒ္ဒိယသည် ဝါဆိုလပြည့်ကျော် (၂)ရက်နေ့၌, အရှင်မဟာနာမသည် ဝါဆိုလပြည့်ကျော် (၃)ရက်နေ့၌, အရှင်အဿဇိသည် ဝါဆိုလပြည့်ကျော် (၄)ရက်နေ့၌ အသီးအသီး အရိယသစ္စာ (၄)ရပ် တရားမြတ်တို့ကို ထွင်းဖောက်သိမြင်တော်မူကာ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်တော်မူခဲ့၏၊

ထိုအရှင်မြတ်ကြီးတို့သည် ဒုက္ခသစ္စာ အမည်ရသည့် အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက (= အကြမ်း), သုခုမ (= အနု), ဟီန (= အယုတ်), ပဏီတ (= အမြတ်), ဒူရ (= အဝေး), သန္တိက (= အနီး)ဟု ခေါ်ဆိုအပ်သည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုထားတတ်ကြသူများလည်း ဖြစ်တော်မူကြ၏၊ သမုဒယသစ္စာ အမည်ရသည့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတို့ကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတည်း ဟူသော အကျိုးခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ ထင်ရှားဖြစ်ပေါ်ပုံကိုလည်း ရှုထားတတ်ပြီးကြသူများလည်း ဖြစ်တော် မူကြ၏၊ ယင်း အကြောင်း သမုဒယသစ္စာတရားတို့နှင့် အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကို လက္ခဏာရေး သုံးတန်သို့ တင်ကာ အဆင့်ဆင့်သော ဝိပဿနာဉာဏ်တို့ဖြင့် သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်တော် မူကြသည့်တိုင်အောင် ဝိပဿနာရှုတတ်ပြီးကြသူများလည်း ဖြစ်တော်မူကြ၏၊ အကြောင်းမှာ ဝါဆိုလပြည့်နေ့မှ ဝါဆိုလပြည့်ကျော် (၅)ရက်နေ့သို့ ဆိုက်ရောက်သည့်တိုင်အောင် ဘုရားရှင်ကိုယ်တော်တိုင်က ထိုဒုက္ခသစ္စာ သမုဒယသစ္စာ တရားတို့ကို မည်သို့မည်ပုံ ဝိပဿနာရှုရမည်ဟု ပူးပူးကပ်ကပ် ကြပ်ကြပ်မတ်မတ် သင်ပေးနေတော်မူသောကြောင့် ထိုကဲ့သို့ ဝိပဿနာရှုပွားတတ်တော်မူကြခြင်း ဖြစ်၏၊[၅၄] ဤကား ထိုအရှင်မြတ်ကြီးတို့၏ အနီးကပ်ဆုံးသော ပစ္စုပ္ပန်ပါရမီတရားအပေါင်းတို့ ဖြစ်ကြ၏၊

တစ်ဖန် ထိုအရှင်မြတ်ကြီးတို့သည် အနတ္တလက္ခဏသုတ္တန်ဒေသနာတော်မြတ်၌ လာရှိသည့်အတိုင်း အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက (= အကြမ်း), သုခုမ (= အနု), ဟီန (= အယုတ်), ပဏီတ(= အမြတ်), ဒူရ (= အဝေး), သန္တိက (= အနီး) ဟု ခေါ်ဆိုအပ်သည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုပွားတော် မူနိုင်ကြသဖြင့် အနတ္တလက္ခဏသုတ္တန်ဒေသနာတော်နိဂုံး ပြီးဆုံးတော်မူလတ်သောအခါ ပဋိသမ္ဘိဒါဉာဏ်တော်မြတ် (၄)ပါးနှင့် အတူတကွ အရဟတ္တဖိုလ်ပန်းကို ဆင်မြန်းတော်မူကြမည့် သူတော်ကောင်းကြီးတို့လည်း ဖြစ်တော်မူကြ၏၊ ထိုပဋိသမ္ဘိဒါဉာဏ်တော်မြတ် (၄)ပါးကို ရရှိတော်မူကြမည့် သူတော်ကောင်းတို့ ဖြည့်ကျင့်ရမည့် အဓိဂမ ပရိယတ္တိ သဝန ပရိပုစ္ဆာ ပုဗ္ဗယောဂ ဟူသည့် အင်္ဂါရပ် (၅)ပါးကိုလည်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၅၅]တွင် ဖော်ပြထား၏၊ ယင်းအင်္ဂါရပ် (၅)ပါးကို ဤကျမ်းစာ[၅၆]တွင်လည်း ကြည့်ပါ။ ယင်းအင်္ဂါ (၅)ရပ်တို့တွင် ပထမအင်္ဂါရပ်ကို ဤဘုရားရှင်၏ သာသနာတော်တွင်း၌ ဖြည့်ကျင့်တော်မူကြ၏၊ ကြွင်းအင်္ဂါ (၄)ရပ်တို့ကို ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ ဖြည့်ကျင့်ဆည်းပူးတော်မူကြပြီးဖြစ်တော်မူကြ၏၊ ဤ၌ အလေးဂရုပြုကာ ပြောဆိုလိုသော အင်္ဂါရပ်မှာ ပုဗ္ဗယောဂပင် ဖြစ်ပေသည်။

ပုဗ္ဗယောဂ – ဟူသည် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ ဆွမ်းခံသွားရာ၌ ကမ္မဋ္ဌာန်းကိုဆောင်ခြင်း ဆွမ်းခံရွာမှ ကျောင်းသို့ ပြန်ကြွလာရာ၌ ကမ္မဋ္ဌာန်းကို ဆောင်ခြင်းတည်းဟူသော အသွားအပြန် ကမ္မဋ္ဌာန်းကိုဆောင်ခြင်း ဂတပစ္စာဂတိက ကျင့်ဝတ်ကို ဖြည့်ကျင့်လျက် သမထ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းတို့ကို စီးဖြန်းပွားများအားထုတ်တော် မူလေရာ အနုလောမဉာဏ် ဂေါတြဘုဉာဏ်တို့၏ အနီးအပါး၌ဖြစ်သော သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို အပတ်တကုတ် အားထုတ်ဖူးခြင်းသည် ပုဗ္ဗယောဂ မည်၏၊[၅၇]

ဤအရှင်မြတ်ကြီး (၅)ပါးတို့သည် ဤ ပုဗ္ဗယောဂအင်္ဂါရပ်နှင့်လည်း ပြည့်စုံတော်မူကြပြီးလည်း ဖြစ်တော်မူကြ၏၊ အထူးသဖြင့် အရှင်ကောဏ္ဍည မထေရ်မြတ်ကြီးသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းထက်က ပွင့်ထွန်းပေါ်ပေါက်တော် မူခဲ့သော ပဒုမုတ္တရဘုရားရှင်၏ သာသနာတော်တွင်းမှ စတင်ကာ ရှည်စွာသော ညဉ့်အပိုင်းအခြားကို သိတော်မူသည့် 'ရတ္တညူ' ဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်းနိုင်ရေးအတွက် ပါရမီမျိုးစေ့တို့ကို ဖြည့်ကျင့်ဆည်းပူးခဲ့သူ ဖြစ်ပေသည်။

ဤရှင်းလင်းချက်များအရ အနတ္တလက္ခဏသုတ္တန်ကို နာယူတော်မူကြမည့် ပဉ္စဝဂ္ဂီရဟန်းတော်တို့သည် အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓစသည့် (၁၁)မျိုးသော အခြင်းအရာဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုပွားတတ်ပြီးသူများလည်း ဖြစ်တော် မူကြ၏ဟူသော အချက်ကို အလေးအနက် မှတ်သားထားစေလိုသည်။ တစ်ဖန် သမုဒယသစ္စာ အမည်ရသည့် အကြောင်းတရားတို့ကိုလည်း လက္ခဏာရေးသုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုပွားနေသူများ ဖြစ်တော် မူကြ၏ဟူသော အချက်ကိုလည်း သတိပြုထားစေလိုသည်။ သို့မှသာလျှင် ဓမ္မစက္ကပ္ပဝတ္တနသုတ္တန်ဒေသနာတော် ရှုကွက်နှင့် အနတ္တလက္ခဏသုတ္တန်ဒေသနာတော် ရှုကွက်တို့ သဘောတရား အနက်အဓိပ္ပါယ်ချင်း တူညီလျက်ရှိသည်ကို သဘောကျ လက်ခံနိုင်မည် ဖြစ်ပေသည်။

ဤအရှင်မြတ်ကြီး (၅)ပါးတို့သည် အနတ္တလက္ခဏသုတ္တန်ကို နာယူရတော့မည့် ဝါဆိုလပြည့်ကျော် (၅)ရက်နေ့ ညနေပိုင်းသို့ ရောက်ရှိတော်မူလာသောအခါ ယခုရှင်းပြခဲ့သည့်အတိုင်း အရဟတ္တဖိုလ်သို့ ရောက်နိုင်လောက်အောင် အတိတ်ဘဝထိုထိုက ဆည်းပူးခဲ့သော အတိတ်ပါရမီနှင့် ပစ္စုပ္ပန်ဘဝတွင် ထပ်မံဆည်းပူးထားအပ်သော ပါရမီတော်မြတ် အပေါင်းတို့က ရင့်ညောင်းတော်မူလာကြပြီ ဖြစ်ကြသည့်အတွက် အတိတ် အနာဂတ် ပစ္စုပ္ပန်စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အနတ္တလက္ခဏာကို ဦးစားပေးကာ လက္ခဏာရေး သုံးတန်သို့ တင်လျက် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းတော်မူကြပါက အရဟတ္တဖိုလ်ပန်းကို ဆင်မြန်းတော် မူနိုင်ကြလိမ့်မည်ဟု ဘုရားရှင်က သိရှိတော်မူသည့်အတွက် အနိစ္စတစ်ကျော့ ဒုက္ခတစ်ကျော့ အနတ္တတစ်ကျော့ ဤသို့ သုံးကျော့ သုံးပြန် အပြန်အလှန် အမေးအဖြေ ပြုလုပ်ပြီးမှ ဝိပဿနာရှုကွက်ကို ဆက်လက်ကာ ဟောကြားထားတော် မူခြင်းကြောင့် တေပရိဝဋ္ဋဓမ္မဒေသနာဟု အမည်တွင်သော ဤအနတ္တလက္ခဏသုတ္တန်[၅၈]တရားဒေသနာတော်ကို ဟောကြားပေးတော်မူလေသည် .....။

အနတ္တလက္ခဏသုတ္တံ

၁။[၂၅] ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။

တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ –– ''ဘိက္ခဝေါ''တိ။

''ဘဒန္တေ''တိ တေ ဘိက္ခူ ဘဂဝတော ပစ္စေဿာသုံ။ ဘဂဝါ ဧတဒဝေါစ ––

၂။ ရူပံ ဘိက္ခဝေ အနတ္တာ။ ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ၊ လဗ္ဘေထ စ ရူပေ - 'ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ'တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ၊ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ၊ န စ လဗ္ဘတိ ရူပေ - 'ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ'တိ။

၃။ ဝေဒနာ အနတ္တာ။ ဝေဒနာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ဝေဒနာ အာဗာဓာယ သံဝတ္တေယျ၊ လဗ္ဘေထ စ ဝေဒနာယ - 'ဧဝံ မေ ဝေဒနာ ဟောတု၊ ဧဝံ မေ ဝေဒနာ မာ အဟောသီ'တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ဝေဒနာ အနတ္တာ၊ တသ္မာ ဝေဒနာ အာဗာဓာယ သံဝတ္တတိ၊ န စ လဗ္ဘတိ ဝေဒနာယ

- 'ဧဝံ မေ ဝေဒနာ ဟောတု၊ ဧဝံ မေ ဝေဒနာ မာ အဟောသီ'တိ။

၄။ သညာ အနတ္တာ။ သညာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ သညာ အာဗာဓာယ သံဝတ္တေယျ၊ လဗ္ဘေထ စ သညာယ - 'ဧဝံ မေ သညာ ဟောတု၊ ဧဝံ မေ သညာ မာ အဟောသီ'တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ သညာ အနတ္တာ၊ တသ္မာ သညာ အာဗာဓာယ သံဝတ္တတိ၊ န စ လဗ္ဘတိ သညာယ - 'ဧဝံ မေ သညာ ဟောတု၊ ဧဝံ မေ သညာ မာ အဟောသီ'တိ။

၅။ သင်္ခါရာ အနတ္တာ။ သင်္ခါရာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿံသု၊ နယိဒံ သင်္ခါရာ အာဗာဓာယ သံဝတ္တေယျုံ၊ လဗ္ဘေထ စ သင်္ခါရေသု - 'ဧဝံ မေ သင်္ခါရာ ဟောန္တု၊ ဧဝံ မေ သင်္ခါရာ မာ အဟေသု'န္တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ သင်္ခါရာ အနတ္တာ၊ တသ္မာ သင်္ခါရာ အာဗာဓာယ သံဝတ္တန္တိ၊ န စ လဗ္ဘတိ သင်္ခါရေသု - 'ဧဝံ မေ သင်္ခါရာ ဟောန္တု၊ ဧဝံ မေ သင်္ခါရာ မာ အဟေသု'န္တိ။

၆။ ဝိညာဏံ အနတ္တာ။ ဝိညာဏဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ဝိညာဏံ အာဗာဓာယ သံဝတ္တေယျ၊ လဗ္ဘေထ စ ဝိညာဏေ - 'ဧဝံ မေ ဝိညာဏံ ဟောတု၊ ဧဝံ မေ ဝိညာဏံ မာ အဟောသီ'တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ဝိညာဏံ အနတ္တာ၊ တသ္မာ ဝိညာဏံ အာဗာဓာယ သံဝတ္တတိ၊ န စ လဗ္ဘတိ ဝိညာဏေ - 'ဧဝံ မေ ဝိညာဏံ ဟောတု၊ ဧဝံ မေ ဝိညာဏံ မာ အဟောသီ'တိ။

၇။ ''တံ ကိံ မညထ ဘိက္ခဝေ ..
ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါ''တိ? ''အနိစ္စံ ဘန္တေ''။
''ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ''တိ? ''ဒုက္ခံ ဘန္တေ''။
''ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ - ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ''တိ? ''နော ဟေတံ ဘန္တေ''။

၈။ ''ဝေဒနာ နိစ္စာ ဝါ အနိစ္စာ ဝါ''တိ? ''အနိစ္စာ ဘန္တေ''။
''ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ''တိ? ''ဒုက္ခံ ဘန္တေ''။
''ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ - ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ''တိ? ''နော ဟေတံ ဘန္တေ''။

၉။ ''သညာ နိစ္စာ ဝါ အနိစ္စာ ဝါ''တိ? ''အနိစ္စာ ဘန္တေ''။ 
''ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ''တိ? ''ဒုက္ခံ ဘန္တေ''။
''ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ - ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ''တိ? ''နော ဟေတံ ဘန္တေ''။

၁၀။ ''သင်္ခါရာ နိစ္စာ ဝါ အနိစ္စာ ဝါ''တိ? ''အနိစ္စာ ဘန္တေ''။
''ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ''တိ? ''ဒုက္ခံ ဘန္တေ''။
''ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ - ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ''တိ? ''နော ဟေတံ ဘန္တေ''။

၁၁။ ''ဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါ''တိ? ''အနိစ္စံ ဘန္တေ''။
''ယံ ပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံ ဝါ''တိ? ''ဒုက္ခံ ဘန္တေ''။
''ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ - ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ''တိ? ''နော ဟေတံ ဘန္တေ''။

ဝိပဿနာ ရှုကွက်

၁၂။ တသ္မာတိဟ ဘိက္ခဝေ ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ - 'နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ'တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

၁၃။ ယာ ကာစိ ဝေဒနာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ ဝေဒနာ - 'နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ'တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

၁၄။ ယာ ကာစိ သညာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ သညာ - 'နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ'တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

၁၅။ ယေ ကေစိ သင်္ခါရာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယေ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗေ သင်္ခါရာ - 'နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ'တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

၁၆။ ယံ ကိဉ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ဝိညာဏံ - 'နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ'တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။

၁၇။ ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊ သညာယပိ နိဗ္ဗိန္ဒတိ၊ သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ၊ ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ။

နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ။
ဝိမုတ္တသ္မိံ ဝိမုတ္တမိတိ ဉာဏံ ဟောတိ။

'ခီဏာ ဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ၊ 
နာပရံ ဣတ္ထတ္တာယာ'တိ ပဇာနာတီတိ။

၁၈။ ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ ပဉ္စဝဂ္ဂိယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုံ။

၁၉။ ဣမသ္မိဉ္စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ ပဉ္စဝဂ္ဂိယာနံ ဘိက္ခူနံ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ဝိမုစ္စိံသူတိ။

အနတ္တလက္ခဏသုတ္တံ[၅၈] နိဋ္ဌိတံ။

အနတ္တလက္ခဏသုတ္တန်

၁။[၂၅]အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနအမည်ရသည့် သားတို့ကို ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌ သီတင်းသုံးစံနေတော်မူဆဲ ဖြစ်၏၊ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ကို ''ရဟန်းတို့...'' ဟု မိန့်တော်မူ၏၊ ''အရှင်ဘုရား...''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်လည်လျှောက်ထားကြကုန်၏၊ ဘုရားရှင်သည် ဤသို့ မိန့်ကြားတော်မူ၏ ..။

၂။ ရဟန်းတို့...ရုပ်သည် အတ္တ မဟုတ်၊ ရဟန်းတို့...ရုပ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤရုပ်သည် နာကျင်ခြင်းငှာ မဖြစ်လေရာ၊ ''ငါ၏ ရုပ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ ရုပ်သည် ဤသို့ မဖြစ်စေလင့်''ဟု ရုပ်၌ တောင့်တမှုကို ရကောင်း လေရာ၏၊ ရဟန်းတို့...ရုပ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏၊ ''ငါ၏ ရုပ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ ရုပ်သည် ဤသို့ မဖြစ်စေလင့်''ဟု ရုပ်၌ တောင့်တမှုကို ရလည်းမရနိုင်။

၃။ ဝေဒနာသည် အတ္တ မဟုတ်၊ ရဟန်းတို့...ဝေဒနာသည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤဝေဒနာသည် နာကျင်ခြင်းငှာ မဖြစ်လေရာ၊ ''ငါ၏ ဝေဒနာသည် ဤသို့ ဖြစ်စေ၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်''ဟု ဝေဒနာ၌ တောင့်တမှုကို ရကောင်းလေရာ၏၊ ရဟန်းတို့...ဝေဒနာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏၊ ''ငါ၏ ဝေဒနာသည် ဤသို့ ဖြစ်စေ၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်''ဟု ဝေဒနာ၌ တောင့်တမှုကို ရလည်းမရနိုင်။

၄။ သညာသည် အတ္တ မဟုတ်၊ ရဟန်းတို့... သညာသည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤသညာသည် နာကျင်ခြင်းငှာ မဖြစ်လေရာ၊ ''ငါ၏ သညာသည် ဤသို့ ဖြစ်စေ၊ ငါ၏ သညာသည် ဤသို့ မဖြစ်စေလင့်''ဟု သညာ၌ တောင့်တမှုကို ရကောင်းလေရာ၏၊ ရဟန်းတို့... သညာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏၊ ''ငါ၏ သညာသည် ဤသို့ ဖြစ်စေ၊ ငါ၏ သညာသည် ဤသို့ မဖြစ်စေလင့်''ဟု သညာ၌ တောင့်တမှုကို ရလည်းမရနိုင်။

၅။ သင်္ခါရတို့သည် အတ္တ မဟုတ်ကုန်၊ ရဟန်းတို့...သင်္ခါရတို့သည် အတ္တဖြစ်ကုန်ငြားအံ့၊ နာကျင်ခြင်းငှာ မဖြစ်ကုန်လေရာ၊ ''ငါ၏ သင်္ခါရတို့သည် ဤသို့ ဖြစ်စေကုန်သတည်း၊ ငါ၏ သင်္ခါရတို့သည် ဤသို့ မဖြစ်စေကုန် သတည်း''ဟု သင်္ခါရတို့၌ တောင့်တမှုကို ရကောင်းလေရာ၏၊ ရဟန်းတို့...သင်္ခါရတို့သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်ကုန်၏၊ ''ငါ၏ သင်္ခါရတို့သည် ဤသို့ဖြစ်စေကုန်သတည်း၊ ငါ၏ သင်္ခါရတို့သည် ဤသို့ မဖြစ်စေကုန်သတည်း''ဟု သင်္ခါရတို့၌ တောင့်တမှုကို ရလည်းမရနိုင်။

၆။ ဝိညာဏ်သည် အတ္တ မဟုတ်၊ ရဟန်းတို့...ဝိညာဏ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ နာကျင်ခြင်းငှာ မဖြစ်လေရာ၊ ''ငါ၏ ဝိညာဏ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ ဝိညာဏ်သည် ဤသို့ မဖြစ်စေလင့်''ဟု ဝိညာဏ်၌ တောင့်တမှုကို ရကောင်း လေရာ၏၊ ရဟန်းတို့...ဝိညာဏ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏၊ ''ငါ၏ ဝိညာဏ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ ဝိညာဏ်သည် ဤသို့ မဖြစ်စေလင့်''ဟု ဝိညာဏ်၌ တောင့်တမှုကို ရလည်းမရနိုင်။

၇။ ရဟန်းတို့...ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊

ရုပ်သည် မြဲလေသလော မမြဲလေသလော (နိစ္စလေလော အနိစ္စလေလော)။ မမြဲပါ (အနိစ္စပါ) အရှင်ဘုရား။

မမြဲသော ရုပ်သည် ဆင်းရဲလေလော ချမ်းသာလေလော (ဒုက္ခလေလော သုခလေလော)။ ဆင်းရဲပါ (ဒုက္ခပါ) အရှင်ဘုရား။

မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို - ''ဤရုပ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤရုပ်သည် ငါ ဖြစ်၏၊ ဤရုပ်သည် ငါ၏ ကိုယ် 'အတ္တ'တည်း''ဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အရှင်ဘုရား။

၈။ ဝေဒနာသည် မြဲလေသလော မမြဲလေသလော (နိစ္စလေလော အနိစ္စလေလော)။ မမြဲပါ (အနိစ္စပါ) အရှင်ဘုရား။ မမြဲသော ဝေဒနာသည် ဆင်းရဲလေလော ချမ်းသာလေလော (ဒုက္ခလေလော သုခလေလော)။ ဆင်းရဲပါ (ဒုက္ခပါ) အရှင်ဘုရား။

မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝေဒနာကို - ''ဤဝေဒနာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝေဒနာသည် ငါ ဖြစ်၏၊ ဤဝေဒနာသည် ငါ၏ ကိုယ် 'အတ္တ'တည်း''ဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အရှင်ဘုရား။

၉။ သညာသည် မြဲလေသလော မမြဲလေသလော (နိစ္စလေလော အနိစ္စလေလော)။ မမြဲပါ (အနိစ္စပါ) အရှင်ဘုရား။ မမြဲသော သညာသည် ဆင်းရဲလေလော ချမ်းသာလေလော (ဒုက္ခလေလော သုခလေလော)။ ဆင်းရဲပါ (ဒုက္ခပါ) အရှင်ဘုရား။

မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော သညာကို - ''ဤသညာသည် ငါ့ဥစ္စာ ဖြစ်၏၊ ဤသညာသည် ငါ ဖြစ်၏၊ ဤသညာသည် ငါ၏ ကိုယ် 'အတ္တ'တည်း''ဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အရှင်ဘုရား။

၁၀။ သင်္ခါရတို့သည် မြဲလေကုန်သလော မမြဲလေကုန်သလော (နိစ္စတို့လေလော အနိစ္စတို့လေလော)။ မမြဲကုန်ပါ (အနိစ္စတို့ပါ) အရှင်ဘုရား။

မမြဲကုန်သော သင်္ခါရတို့သည် ဆင်းရဲတို့လေလော ချမ်းသာတို့လေလော (ဒုက္ခတို့လေလော သုခတို့လေလော)။ ဆင်းရဲတို့ပါ (ဒုက္ခတို့ပါ) အရှင်ဘုရား။

မမြဲကုန်သော ဆင်းရဲကုန်သော ဖောက်ပြန်ခြင်းသဘောရှိကုန်သော သင်္ခါရတို့ကို - ''ဤသင်္ခါရတို့သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤသင်္ခါရတို့သည် ငါ ဖြစ်၏၊ ဤသင်္ခါရတို့သည် ငါ၏ ကိုယ် 'အတ္တ'တည်း''ဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အရှင်ဘုရား။

၁၁။ ဝိညာဏ်သည် မြဲလေသလော မမြဲလေသလော (နိစ္စလေလော အနိစ္စလေလော)။ မမြဲပါ (အနိစ္စပါ) အရှင်ဘုရား။ မမြဲသော ဝိညာဏ်သည် ဆင်းရဲလေလော ချမ်းသာလေလော (ဒုက္ခလေလော သုခလေလော)။ ဆင်းရဲပါ (ဒုက္ခပါ) အရှင်ဘုရား။

မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်ကို - ''ဤဝိညာဏ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ကိုယ် 'အတ္တ'တည်း''ဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အရှင်ဘုရား။

ဝိပဿနာ ရှုကွက်

၁၂။ ရဟန်းတို့...ထိုသို့ဖြစ်ခြင်းကြောင့် အတိတ်-အနာဂတ်-ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း-အပြင်လည်းဖြစ်သော အကြမ်း-အနုလည်းဖြစ်သော အယုတ်-အမြတ်လည်းဖြစ်သော အဝေး-အနီးလည်းဖြစ်သော အလုံးစုံသော ရုပ်ကို ''ဤရုပ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ ကိုယ် 'အတ္တ' မဟုတ်''ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ဝိပဿနာပညာဖြင့် ရှုရမည်။

၁၃။ အတိတ်-အနာဂတ်-ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း-အပြင်လည်းဖြစ်သော အကြမ်း-အနုလည်းဖြစ်သော အယုတ်-အမြတ်လည်းဖြစ်သော အဝေး-အနီးလည်းဖြစ်သော အလုံးစုံသော ဝေဒနာကို - ''ဤဝေဒနာသည် ငါ့ဥစ္စာ မဟုတ်၊ ဤဝေဒနာသည် ငါ မဟုတ်၊ ဤဝေဒနာသည် ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ဝိပဿနာပညာဖြင့် ရှုရမည်။

၁၄။ အတိတ်-အနာဂတ်-ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း-အပြင်လည်းဖြစ်သော အကြမ်း-အနုလည်းဖြစ်သော အယုတ်-အမြတ်လည်းဖြစ်သော အဝေး-အနီးလည်းဖြစ်သော အလုံးစုံသော သညာကို - ''ဤသညာသည် ငါ့ဥစ္စာ မဟုတ်၊ ဤသညာသည် ငါ မဟုတ်၊ ဤသညာသည် ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ဝိပဿနာပညာဖြင့် ရှုရမည်။

၁၅။ အတိတ်-အနာဂတ်-ပစ္စုပ္ပန်လည်းဖြစ်ကုန်သော အတွင်း-အပြင်လည်းဖြစ်ကုန်သော အကြမ်း-အနုလည်း ဖြစ်ကုန်သော အယုတ်-အမြတ်လည်းဖြစ်ကုန်သော အဝေး-အနီးလည်းဖြစ်ကုန်သော အလုံးစုံသော သင်္ခါရတို့ကို ''ဤသင်္ခါရတို့သည် ငါ့ဥစ္စာ မဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါ မဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါ၏ ကိုယ် 'အတ္တ' မဟုတ်ကုန်''ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ဝိပဿနာပညာဖြင့် ရှုရမည်။

၁၆။ အတိတ်-အနာဂတ်-ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း-အပြင်လည်းဖြစ်သော အကြမ်း-အနုလည်းဖြစ်သော အယုတ်-အမြတ်လည်းဖြစ်သော အဝေး-အနီးလည်းဖြစ်သော အလုံးစုံသော ဝိညာဏ်ကို - ''ဤဝိညာဏ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤဝိညာဏ်သည် ငါ မဟုတ်၊ ဤဝိညာဏ်သည် ငါ၏ကိုယ် 'အတ္တ' မဟုတ်''ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ဝိပဿနာပညာဖြင့် ရှုရမည်။

၁၇။ ရဟန်းတို့...ဤသို့ ဝိပဿနာပညာဖြင့် ရှုမြင်သော အကြားအမြင် ဗဟုဿုတရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်း ငြီးငွေ့၏၊

ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊

(ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) ''လွတ်မြောက်ရပေပြီ''ဟု (ပစ္စဝေက္ခဏာ) အသိဉာဏ်သည် ဖြစ်ပေါ်လာ၏၊

''ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုလုပ်ဖွယ် (အရိယမဂ်ဉာဏ်) ကိစ္စကို ပြုပြီးပြီ၊

ဤ (အရိယမဂ်ဉာဏ်) ကိစ္စအလို့ငှာ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီ''ဟု ကွဲကွဲပြားပြား သိ၏ဟု ဟောကြား တော်မူ၏၊

၁၈။ မြတ်စွာဘုရားသည် ဤတရားစကားတော်ကို မိန့်ကြားတော်မူ၏၊ ပဉ္စဝဂ္ဂီရဟန်းတော်တို့သည် မြတ်စွာဘုရား မိန့်ကြားတော်မူသော တရားစကားတော်ကို နှစ်လိုဝမ်းမြောက်ကုန်သည်ဖြစ်၍ ရိုသေစွာ ဦးဖြင့် ခံယူကုန်ပြီ။

၁၉။ ဤဂါထာမဖက် သက်သက်သော ဒေသနာတော်ကို ဟောကြားတော်မူအပ်သည်ရှိသော် ပဉ္စဝဂ္ဂီ ရဟန်းတော်တို့၏ စိတ်တို့သည် ဥပါဒါနက္ခန္ဓာငါးပါးတို့အပေါ်၌ မစွဲလမ်းကုန်မူ၍ အာသဝေါတရားတို့မှ လွတ်မြောက်တော်မူကြလေ ကုန်၏၊

အနတ္တလက္ခဏသုတ္တန်[၅၈]သည် ပြီးဆုံးတော်မူပြီ။ 

ဆန္နောဝါဒသုတ္တန်အဋ္ဌကထာအဖွင့်[၅၉]နှင့် အညီ အတိတ် အနာဂတ် ပစ္စုပ္ပန်စသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ''နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ = ငါ့ဟာ မဟုတ်၊ ငါ မဟုတ်၊ ငါ၏ ကိုယ် 'အတ္တ' မဟုတ်'' ဟု ရှုခြင်းနှင့် အနိစ္စဟု ဒုက္ခဟု အနတ္တဟု လက္ခဏာယာဉ်တင်ကာ ရှုခြင်းတို့မှာ အနက်အဓိပ္ပါယ် အတူတူပင် ဖြစ်၏ဟု မှတ်ပါ။ ယင်းသင်္ခါရတရားတို့ကို ဒုက္ခဟု ရှုမြင်တတ်သည့် ဒုက္ခာနုပဿနာဉာဏ်က ''ငါ့ဟာ ငါ့ဥစ္စာ''ဟု စွဲလမ်းနေသည့် တဏှာစွဲကို ပယ်စွန့်နိုင်၏၊ ယင်းသင်္ခါရတရားတို့ကို အနိစ္စဟု ရှုမြင်တတ်သည့် အနိစ္စာနုပဿနာဉာဏ်က ''ငါ ငါ''ဟု ထောင်လွှားတတ်ကြွတတ်သည့် မာနစွဲကို ပယ်စွန့်နိုင်၏၊ ယင်းသင်္ခါရတရားတို့ကို အနတ္တဟု ရှုမြင်တတ်သည့် အနတ္တာနုပဿနာဉာဏ်က ''အတ္တ''ဟု စွဲလမ်းယုံကြည်တတ်သည့် အတ္တစွဲကို ပယ်စွန့်နိုင်၏၊ ထိုကြောင့် ''ငါ့ဟာ မဟုတ်၊ ငါ မဟုတ်၊ ငါ၏ ကိုယ် 'အတ္တ' မဟုတ်'' ဟု ရှုခြင်းနှင့် ''အနိစ္စဟု ဒုက္ခဟု အနတ္တဟု'' လက္ခဏာယာဉ်တင်ကာ ရှုခြင်းတို့မှာ အနက်အဓိပ္ပါယ် အတူတူပင် ဖြစ်၏ဟု မှတ်ပါ။

ယင်းသို့ ဝိပဿနာရှုရာ၌ ယင်းဥပါဒါနက္ခန္ဓာငါးပါးတို့ဝယ် ပစ္စုပ္ပန်ခန္ဓာငါးပါးတို့သာမက အတိတ်ခန္ဓာငါးပါး အနာဂတ်ခန္ဓာငါးပါးတို့လည်း ပါဝင်လျက် ရှိနေကြ၏၊ ယင်း (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ဝိပဿနာရှုရာ၌ ပစ္စက္ခဉာဏ်လေလော အနွယဉာဏ်လေလောဟု မေးရန်ရှိ၏၊ အဖြေကို သိရှိလိုပါက အောက်ပါ အဋ္ဌကထာ ဋီကာ[၆၀] အဖွင့်များကို ကြည့်ပါ။

''သမ္မပ္ပညာယ ပဿတိ = မှန်ကန်သော ပညာဖြင့် မြင်၏''ဟူသည် .. ဝိပဿနာပညာနှင့် တကွသော အရိယမဂ်ပညာဖြင့် ကောင်းစွာ မြင်၏ဟု ဆိုလို၏၊

အနတ္တလက္ခဏသုတ္တန်ဒေသနာတော်၌ လာရှိသော ''သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ'' ဟု ညွှန်ကြားထားတော်မူရာ၌လည်း ''ဝိပဿနာပညာနှင့် တကွသော အရိယမဂ်ပညာဖြင့် ကောင်းစွာ ရှုမြင်ရမည်''ဟု ညွှန်ကြားတော်မူလိုရင်း ဖြစ်၏၊

အရိယမဂ်၏ ရှေးအဖို့ဖြစ်သော ဝိပဿနာပိုင်း၌ - ဝိပဿနာဉာဏ်ဖြင့် ယင်း (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုပွားသုံးသပ်ခြင်း၏ အစွမ်းဖြင့် ယင်း ဥပါဒါနက္ခန္ဓာတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ကောင်းမွန် မှန်ကန်စွာ ဝိပဿနာ သမ္မာဒိဋ္ဌိတည်းဟူသော အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်လျက် သိမြင်နေ၏၊

အရိယမဂ်ခဏ၌ကား ယင်းအရိယမဂ်ဉာဏ်က (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာ ငါးပါး ဒုက္ခသစ္စာတရားတို့ကိုလည်းကောင်း, ယင်းတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကိုလည်းကောင်း မသိအောင် ဖုံးလွှမ်းထားတတ်သည့် မောဟတရားကို ပယ်ရှား ဖျက်ဆီးလိုက်၏၊ ယင်းသို့ ပယ်ရှားလိုက်သဖြင့် မသိမှုပျောက်ကာ သိမှုကိစ္စသည် အလိုလို ပြီးစီးသွား၏၊ ယင်းသို့ သိမှုကိစ္စကို (ကိစ္စသိဒ္ဓိအားဖြင့်) ထိုးထွင်း၍သိခြင်း ပရိညာဘိသမယ၏ အစွမ်းဖြင့် ကောင်းမွန်မှန်ကန်စွာ အရိယမဂ္ဂသမ္မာဒိဋ္ဌိတည်းဟူသော အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်လျက် သိမြင်၏ဟု ဆိုလိုပေသည်။[၆၀] (အသမ္မောဟပဋိဝေဓတည်း၊ ဒုက္ခသစ္စာကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟကို ပယ်သောအားဖြင့် သိခြင်းမြင်ခြင်းတည်း။)

သတိပြုပါ –– ဤ ၌ အတိတ် အနာဂတ်စသည့် ဥပါဒါနက္ခန္ဓာတို့ကို လက္ခဏာယာဉ်တင်ကာ ရှုပွားသုံးသပ် တတ်သော ဝိပဿနာဉာဏ်ကို အတ္တပစ္စက္ခဉာဏ် - ဟု သံယုတ်ဋီကာ[၆၀]က ဖွင့်ဆိုထားသည်ကို သတိပြုပါ။ သို့သော် ဝိပဿနာဉာဏ်ဖြင့် လက်ငင်းဒိဋ္ဌ ရှုမြင်အပ်ပြီးသော ဒိဋ္ဌတရားတို့၌ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို အတ္တပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးသောအခါ ဝိပဿနာဉာဏ်ဖြင့် လက်ငင်းဒိဋ္ဌ မရှုလိုက်နိုင်သေး မရှုလိုက်ရသေးသော, အဒိဋ္ဌဖြစ်သည့် အတိတ် အနာဂတ်တရားတို့၌လည်း .. ၎င်းနည်းဟု အနွယဉာဏ်ဖြင့်လည်း ဆက်လက်ကာ ရှုနိုင်သည်။ သံသရာခရီးကား အလွန်ရှည်လျားလှ၏၊ ယောဂီပုဂ္ဂိုလ်တစ်ဦး ဝိပဿနာဉာဏ်ဖြင့် ရှုလိုက်နိုင်သော အတိတ် အနာဂတ်တရားတို့ကား အနည်းငယ်သာ ဖြစ်၏၊ မရှုလိုက်နိုင်သော အတိတ် အနာဂတ်တရားတို့ကား အထူးသဖြင့် အတိတ်သံသရာတစ်လျှောက် ဖြစ်ပေါ်ခဲ့ကြသော ခန္ဓာငါးပါးတို့ကား အလွန့်အလွန် များပြားလှပေသည်။ သာဝကတစ်ဦးအနေဖြင့် ကုန်စင်အောင် ဝိပဿနာရှုနိုင်ဖို့ကား မဖြစ်နိုင်ပေ။ သို့အတွက် ဝိပဿနာ ရှုလိုက်နိုင်ပြီးသော အတိတ် အနာဂတ်တရားတို့ကို ဝိပဿနာရှုပြီးသောအခါ မရှုလိုက်နိုင်သေးသော အတိတ် အနာဂတ်တရားတို့၌လည်း အနွယဉာဏ်ဖြင့် ဆက်လက်ကာ ဝိပဿနာ ရှုပွားရန် ဘုရားရှင်က ညွှန်ကြားတော်မူခြင်း ဖြစ်ပေသည်။

ပဉ္စဝဂ္ဂီရဟန်းတော်တို့သည် ဓမ္မစကြာတရားဒေသနာတော်၌ လာရှိသည့်အတိုင်း ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို စနစ်တကျ ဝိပဿနာ ရှုပွားသုံးသပ်တော်မူနိုင်ကြသဖြင့် သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်တော်မူခဲ့ကြ၏၊ အနတ္တလက္ခဏသုတ္တန်ဒေသနာတော်၌ လာရှိသည့်အတိုင်း အတိတ် အနာဂတ် ပစ္စုပ္ပန်စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်တော်မူနိုင်ကြသဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော်မူခဲ့ကြ၏၊ ယောဂါဝစရ ပုဂ္ဂိုလ်တစ်ဦးသည်လည်း အကယ်၍ သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်လိုသည် ဖြစ်ငြားအံ့၊ အရဟတ္တဖိုလ်သို့လည်း ဆိုက်ရောက်လိုသည်ဖြစ်ငြားအံ့၊ ထိုအရှင်မြတ်ကြီးတို့ ကြွသွားတော်မူကြသည့် လမ်းကြောင်း အတိုင်း တသွေမတိမ်း လိုက်နာကာ ပြုကျင့်ရမည်သာ ဖြစ်ပေသည်။ အကြောင်းမှာ နိဗ္ဗာန်သို့ သွားရာ လမ်းမှာ တစ်ကြောင်းတည်းသောလမ်းသာ ရှိသောကြောင့်တည်း။ အပရိဇာနနသုတ္တန်[၆၁]စသည်ကို ဆက်လက်ကာ ဖတ်ရှုကြည့်ပါ။

ပဌမ အပရိဇာနနသုတ္တန်

ချစ်သား ရဟန်းတို့ ...အလုံးစုံသော ခန္ဓာငါးပါး ရုပ်နာမ်တရားကို (ဉာတပရိညာပညာဖြင့်) ထိုးထွင်း၍ မသိသေးလျှင် (တီရဏပရိညာပညာဖြင့်) ပိုင်းခြား၍ မသိသေးလျှင် (ထိုခန္ဓာငါးပါး ရုပ်နာမ်တရားတို့အပေါ်၌ တွယ်တာမက်မောနေသော တဏှာတရားကို ပဟာနပရိညာပညာဖြင့်)[၆၂] မခွာနိုင်သေးလျှင် မပယ်နိုင်သေးလျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ မထိုက်။

ချစ်သား ရဟန်းတို့ ...အလုံးစုံသော ခန္ဓာငါးပါး ရုပ်နာမ်တရားကို (ဉာတပရိညာပညာဖြင့်) ထိုးထွင်း၍ မသိသေးလျှင် (တီရဏပရိညာပညာဖြင့်) ပိုင်းခြား၍ မသိသေးလျှင် (ထိုခန္ဓာငါးပါး ရုပ်နာမ်တရားတို့အပေါ်၌ တွယ်တာမက်မောနေသော တဏှာတရားကို ပဟာနပရိညာပညာဖြင့်) မခွာနိုင်သေးလျှင် မပယ်နိုင်သေးလျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ မထိုက်ဟူသည် အဘယ်နည်း?

စက္ခုဒွါရ

၁။ ချစ်သား ရဟန်းတို့...မျက်စိကို (စက္ခုပသာဒကို) (ဉာတပရိညာပညာဖြင့်) ထိုးထွင်း၍ မသိသေးလျှင် (တီရဏပရိညာပညာဖြင့်) ပိုင်းခြား၍ မသိသေးလျှင် ထို မျက်စိ (စက္ခုပသာဒ) အပေါ်၌ တွယ်တာ မက်မောနေသော တဏှာတရားကို (ပဟာနပရိညာပညာဖြင့်) မခွာနိုင်သေးလျှင် မပယ်နိုင်သေးလျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ မထိုက်၊
၂။ ရူပါရုံတို့ကို။ပ။
၃။ စက္ခုဝိညာဏ်ကို။ပ။
၄။ စက္ခုသမ္ဖဿကို။ပ။
၅။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို။ပ။

သောတဒွါရ

၁။ နားကို (သောတပသာဒကို)။ပ။
၂။ အသံတို့ကို (သဒ္ဒါရုံတို့ကို)။ပ။
၃။ သောတဝိညာဏ်ကို။ပ။
၄။ သောတသမ္ဖဿကို။ပ။
၅။ သောတသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို။ပ။

ဃာနဒွါရ

၁။ နှာခေါင်းကို (ဃာနပသာဒကို)။ပ။
၂။ အနံ့တို့ကို (ဂန္ဓာရုံတို့ကို )။ပ။
၃။ ဃာနဝိညာဏ်ကို။ပ။
၄။ ဃာနသမ္ဖဿကို။ပ။
၅။ ဃာနသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို။ပ။

ဇိဝှါဒွါရ

၁။ လျှာကို (ဇိဝှါပသာဒကို)။ပ။
၂။ အရသာတို့ကို။ပ။
၃။ ဇိဝှါဝိညာဏ်ကို။ပ။
၄။ ဇိဝှါသမ္ဖဿကို။ပ။
၅။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို။ပ။

ကာယဒွါရ

၁။ ကိုယ်ကို (ကာယပသာဒကို)။ပ။
၂။ အတွေ့အထိတို့ကို (ဖောဋ္ဌဗ္ဗာရုံတို့ကို)။ပ။
၃။ ကာယဝိညာဏ်ကို။ပ။
၄။ ကာယသမ္ဖဿကို။ပ။
၅။ ကာယသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို။ပ။

မနောဒွါရ

၁။ စိတ်ကို (ဘဝင်စိတ်ကို = ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို)။ပ။
၂။ ဓမ္မာရုံတို့ကို (စေတသိက်-၅၂။ သုခုမရုပ်-၁၆ တို့ကို)။ပ။
၃။ မနောဝိညာဏ်ကို။ပ။
၄။ မနောသမ္ဖဿကို။ပ။
၅။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို။ပ။

ချစ်သား ရဟန်းတို့...အလုံးစုံသော ခန္ဓာငါးပါး ရုပ်နာမ်တရားကို (ဉာတပရိညာပညာဖြင့်) ထိုးထွင်း၍ မသိသေးလျှင် (တီရဏပရိညာပညာဖြင့်) ပိုင်းခြား၍ မသိသေးလျှင် (ထိုခန္ဓာငါးပါး ရုပ်နာမ်တရားတို့အပေါ်၌ တွယ်တာမက်မောနေသော တဏှာတရားကို ပဟာနပရိညာပညာဖြင့်) မခွာနိုင်သေးလျှင် မပယ်နိုင်သေးလျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ မထိုက်ဟူသည် ဤသည်ပင်တည်း။

ချစ်သား ရဟန်းတို့...အလုံးစုံသော ခန္ဓာငါးပါး ရုပ်နာမ်တရားကို (ဉာတပရိညာပညာဖြင့်) ထိုးထွင်း၍ သိလျှင် (တီရဏပရိညာပညာဖြင့်) ပိုင်းခြား၍ သိလျှင် (ထိုခန္ဓာငါးပါး ရုပ်နာမ်တရားတို့အပေါ်၌ တွယ်တာ မက်မောနေသော တဏှာတရားကို ပဟာနပရိညာပညာဖြင့်) ခွာနိုင်လျှင် ပယ်နိုင်လျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ ထိုက်၏၊

ချစ်သား ရဟန်းတို့...အလုံးစုံသော ခန္ဓာငါးပါး ရုပ်နာမ်တရားကို (ဉာတပရိညာပညာဖြင့်) ထိုးထွင်း၍ သိလျှင် (တီရဏပရိညာပညာဖြင့်) ပိုင်းခြား၍ သိလျှင် (ထိုခန္ဓာငါးပါး ရုပ်နာမ်တရားတို့ အပေါ်၌ တွယ်တာ မက်မောနေသော တဏှာတရားကို ပဟာနပရိညာပညာဖြင့်) ခွာနိုင်လျှင် ပယ်နိုင်လျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ ထိုက်၏ဟူသည် အဘယ်နည်း?

စက္ခုဒွါရ

၁။ ရဟန်းတို့...မျက်စိကို (စက္ခုပသာဒကို) (ဉာတပရိညာပညာဖြင့်) ထိုးထွင်း၍ သိလျှင် (တီရဏပရိညာပညာ ဖြင့်) ပိုင်းခြား၍ သိလျှင် ထိုမျက်စိ (စက္ခုပသာဒ) အပေါ်၌ တွယ်တာမက်မောနေသော တဏှာတရားကို (ပဟာနပရိညာပညာဖြင့်) ခွာနိုင်လျှင် ပယ်နိုင်လျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာ ထိုက်၏၊
၂။ ရူပါရုံတို့ကို။ပ။
၃။ စက္ခုဝိညာဏ်ကို။ပ။
၄။ စက္ခုသမ္ဖဿကို။ပ။
၅။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို။ပ။

သောတဒွါရ

၁။ နားကို (သောတပသာဒကို)။ပ။
၂။ အသံတို့ကို (သဒ္ဒါရုံတို့ကို)။ပ။
၃။ သောတဝိညာဏ်ကို။ပ။
၄။ သောတသမ္ဖဿကို။ပ။
၅။ သောတသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို။ပ။

ဃာနဒွါရ

၁။ နှာခေါင်းကို (ဃာနပသာဒကို)။ပ။
၂။ အနံ့တို့ကို (ဂန္ဓာရုံတို့ကို )။ပ။
၃။ ဃာနဝိညာဏ်ကို။ပ။
၄။ ဃာနသမ္ဖဿကို။ပ။
၅။ ဃာနသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို။ပ။

ဇိဝှါဒွါရ

၁။ လျှာကို (ဇိဝှါပသာဒကို)။ပ။
၂။ အရသာတို့ကို။ပ။
၃။ ဇိဝှါဝိညာဏ်ကို။ပ။
၄။ ဇိဝှါသမ္ဖဿကို။ပ။
၅။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို။ပ။

ကာယဒွါရ

၁။ ကိုယ်ကို (ကာယပသာဒကို)။ပ။
၂။ အတွေ့အထိတို့ကို (ဖောဋ္ဌဗ္ဗာရုံတို့ကို)။ပ။
၃။ ကာယဝိညာဏ်ကို။ပ။
၄။ ကာယသမ္ဖဿကို။ပ။
၅။ ကာယသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို။ပ။

မနောဒွါရ

၁။ စိတ်ကို (ဘဝင်စိတ်ကို = ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို)။ပ။
၂။ ဓမ္မာရုံတို့ကို (စေတသိက်-၅၂။ သုခုမရုပ်-၁၆ တို့ကို)။ပ။
၃။ မနောဝိညာဏ်ကို။ပ။
၄။ မနောသမ္ဖဿကို။ပ။
၅။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာကို။ပ။

ချစ်သား ရဟန်းတို့...အလုံးစုံသော ခန္ဓာငါးပါး ရုပ်နာမ်တရားကို (ဉာတပရိညာပညာဖြင့်) ထိုးထွင်း၍ သိလျှင် (တီရဏပရိညာပညာဖြင့်) ပိုင်းခြား၍ သိလျှင် (ထိုခန္ဓာငါးပါး ရုပ်နာမ်တရားတို့အပေါ်၌ တွယ်တာ မက်မောနေသော တဏှာတရားကို ပဟာနပရိညာပညာဖြင့်) ခွာနိုင်လျှင် ပယ်နိုင်လျှင် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခြင်းငှာထိုက်၏ဟူသည် ဤသည်ပင်တည်းဟု မိန့်ကြားတော်မူ၏၊

ဤအလုံးစုံသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား သိရှိနိုင်ရေးအတွက် တစ်နည်းဆိုရသော် သစ္စာလေးပါးကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်ရေးအတွက် သမာဓိကို ထူထောင်ဖို့ရန် ဘုရားရှင်က တိုက်တွန်းထားတော်မူ၏၊ အောက်ပါ သမာဓိသုတ္တန်[၆၃]ကို ဖတ်ရှုကြည့်ပါ ..။

သမာဓိသုတ္တန်

သာဝတ္ထိနိဒါန်း။ပ။ ချစ်သား ရဟန်းတို့... စိတ်တည်ကြည်မှု 'သမာဓိ'ကို ပွားများကြကုန်လော့၊ ချစ်သား ရဟန်းတို့... စိတ်တည်ကြည်မှု သမာဓိရှိသော ရဟန်းသည် ဟုတ်တိုင်းမှန်စွာ သိမြင်၏၊ အဘယ်သို့လျှင် ဟုတ်တိုင်း မှန်စွာ သိသနည်း?

၁။ ''ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'တည်း''ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်၏၊

၂။ ''ဤကား ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခသမုဒယ အရိယသစ္စာတရား'တည်း''ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်၏၊ ၃။ ''ဤကား ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခနိရောဓ အရိယသစ္စာတရား'တည်း''ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်၏၊

၄။ ''ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တည်း''ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်၏၊

ချစ်သား ရဟန်းတို့ ... စိတ်တည်ကြည်မှု 'သမာဓိ'ကို ပွားများကြကုန်လော့၊ ချစ်သား ရဟန်းတို့ ... စိတ်တည်ကြည်မှု သမာဓိရှိသော ရဟန်းသည် ဟုတ်တိုင်းမှန်စွာ သိမြင်၏၊

ချစ်သား ရဟန်းတို့...ထို့ကြောင့် ဤသာသနာတော်၌ ..

၁။ ''ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'တည်း''ဟု သိအောင် ကြိုးစား အားထုတ်ရမည်။

၂။ ''ဤကား ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခသမုဒယ အရိယသစ္စာတရား'တည်း''ဟု သိအောင် ကြိုးစားအားထုတ်ရမည်။

၃။ ''ဤကား ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခနိရောဓ အရိယသစ္စာတရား'တည်း''ဟု သိအောင် ကြိုးစားအားထုတ်ရမည်။

၄။ ''ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တည်း''ဟု သိအောင် ကြိုးစားအားထုတ်ရမည်''ဟု မိန့်ကြားတော်မူ၏၊

ကြာပန်းနှင့်တူသော ဘုရားရှင်

ပုပ္ဖသုတ္တန် [၆၄]

သာဝတ္ထိနိဒါန်း။ ချစ်သား ရဟန်းတို့...ငါဘုရားရှင်သည် လောကနှင့် မငြင်းခုံပါ၊ လောကကြီးကသာ ငါဘုရားရှင်နှင့် လာရောက်ကာ ငြင်းခုံနေပေ၏၊ ချစ်သား ရဟန်းတို့...တရားအတိုင်း ဓမ္မကိုသာ ဟောပြောတတ်သူသည် လောက၌ တစ်စုံတစ်ယောက်သော သူနှင့်မျှ မငြင်းခုံပါ။

ချစ်သား ရဟန်းတို့ ... လောက၌ ပညာရှိသူတော်ကောင်းတို့က မရှိဟု ခေါ်ဆိုသမုတ်အပ်သည်ကို ငါဘုရားရှင်ကလည်း ''မရှိ''ဟုပင် ခေါ်ဆိုသမုတ်အပ်ပါ၏၊ ချစ်သား ရဟန်းတို့ ...လောက၌ ပညာရှိသူတော်ကောင်းတို့က ရှိ၏ဟု ခေါ်ဆိုသမုတ်အပ်သည်ကို ငါဘုရားရှင်ကလည်း ''ရှိ၏''ဟုပင် ခေါ်ဆိုသမုတ်အပ်ပါ၏၊

ချစ်သား ရဟန်းတို့...လောက၌ ပညာရှိသူတော်ကောင်းတို့က မရှိဟု ခေါ်ဆိုသမုတ်အပ်၍ ငါဘုရားရှင် ကလည်း ''မရှိ''ဟုပင် ခေါ်ဆိုသမုတ်အပ်သော အရာကား အဘယ်ပါနည်း?

ချစ်သား ရဟန်းတို့...မြဲသော ခိုင်ခံ့သော တည်တံ့သော ဖောက်ပြန်ခြင်းသဘော မရှိသော ရုပ်တရားကို လောက၌ မရှိဟု ပညာရှိသူတော်ကောင်းတို့က ခေါ်ဆိုသမုတ်အပ်ပါ၏၊ ထိုရုပ်တရားမျိုးကို ငါဘုရားရှင်ကလည်း ''မရှိ''ဟုပင် ခေါ်ဆိုသမုတ်အပ်ပါ၏၊ ဝေဒနာကို။ပ။ သညာကို။ပ။ သင်္ခါရတို့ကို။ပ။ မြဲသော ခိုင်ခံ့သော တည်တံ့သော ဖောက်ပြန်ခြင်းသဘော မရှိသော ဝိညာဏ်ကို လောက၌ မရှိဟု ပညာရှိသူတော်ကောင်းတို့က ခေါ်ဆိုသမုတ်အပ်ပါ၏၊ ထိုဝိညာဏ်မျိုးကို ငါဘုရားရှင်ကလည်း ''မရှိ''ဟုပင် ခေါ်ဆိုသမုတ်အပ်ပါ၏၊ ချစ်သား ရဟန်းတို့...လောက၌ ပညာရှိ သူတော်ကောင်းတို့က မရှိဟု ခေါ်ဆိုသမုတ်အပ်၍ ငါဘုရားရှင်ကလည်း ''မရှိ''ဟုပင် ခေါ်ဆိုသမုတ်အပ်သော အရာကား ဤသည်ပင်တည်း။

ချစ်သား ရဟန်းတို့...လောက၌ ပညာရှိသူတော်ကောင်းတို့က ရှိ၏ဟု ခေါ်ဆိုသမုတ်အပ်၍ ငါဘုရားရှင် ကလည်း ''ရှိ၏''ဟုပင် ခေါ်ဆိုသမုတ်အပ်သော အရာကား အဘယ်ပါနည်း?

ချစ်သား ရဟန်းတို့...မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်တရားမျိုးကို လောက၌ ရှိ၏ဟု ပညာရှိသူတော်ကောင်းတို့က ခေါ်ဆိုသမုတ်အပ်၏၊ ထိုရုပ်တရားမျိုးကို ငါဘုရားရှင်ကလည်း ''ရှိ၏''ဟုပင် ခေါ်ဆိုသမုတ်အပ်ပါ၏၊ မမြဲသော ဝေဒနာ။ပ။ သညာ။ပ။ သင်္ခါရ။ပ။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘော ရှိသော ဝိညာဏ်ကို လောက၌ ရှိ၏ဟု ပညာရှိသူတော်ကောင်းတို့က ခေါ်ဆိုသမုတ်အပ်၏၊ ထိုဝိညာဏ်မျိုးကို ငါ ဘုရားရှင်ကလည်း ''ရှိ၏''ဟုပင် ခေါ်ဆိုသမုတ်အပ်ပါ၏၊ ချစ်သား ရဟန်းတို့...လောက၌ ပညာရှိ သူတော်ကောင်း တို့က ရှိ၏ဟု ခေါ်ဆိုသမုတ်အပ်၍ ငါဘုရားရှင်ကလည်း ''ရှိ၏''ဟုပင် ခေါ်ဆိုသမုတ်အပ်သော အရာကား ဤသည်ပင် တည်း။

ချစ်သား ရဟန်းတို့...လောက၌ ပျက်စီးတတ်သော တရား (လောကဓမ္မ)ဟူ၍ ရှိ၏၊ ထိုတရားကို တထာဂတ အမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားသည် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ထိုးထွင်းသိမြင်တော်မူ၏၊ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တော်မူ၏၊ ထိုတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ထိုးထွင်း သိမြင်တော်မူပြီးလျှင်, သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တော်မူပြီးလျှင် ထိုတရားကို အကျဉ်းအားဖြင့်လည်း ဟောကြားပေးတော်မူ၏၊ အကျယ်အားဖြင့်လည်း ဟောကြားပေးတော်မူ၏၊ သရုပ်ထုတ်ကာ ကွဲကွဲပြားပြား သိအောင်လည်း ဟောကြားပေးတော်မူ၏၊ ထိုတရားကို သင်ချစ်သားတို့၏ အသိဉာဏ်၌ တည်ရှိလာအောင် ကျင့်စဉ်ကို ညွှန်ပြလျက်လည်း ဟောကြားပေးတော်မူ၏၊ အနက်အဓိပ္ပာယ်ကိုလည်း ဖွင့်ဆိုပြပေးတော်မူ၏၊ ကွဲကွဲပြားပြား သိအောင်လည်း ခွဲခြားဝေဖန်ကာ ဟောကြားပေးတော်မူ၏၊ ဥပမာထုတ်ဆောင်ကာ ပေါ်လွင်ထင်ရှားအောင်လည်း ပြုလုပ်ပေးတော်မူ၏၊

ချစ်သား ရဟန်းတို့...တထာဂတအမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားသည် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ထိုးထွင်းသိမြင်တော်မူပြီးလျှင်, သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်တော်မူပြီးလျှင် အကျဉ်းအားဖြင့်လည်း ဟောကြားတော်မူအပ်သော, အကျယ်အားဖြင့်လည်း ဟောကြားတော်မူအပ်သော, သရုပ်ထုတ်ကာ ကွဲကွဲပြားပြား သိအောင်လည်း ဟောကြားပေးတော်မူအပ်သော, သင်ချစ်သားတို့၏ အသိဉာဏ်၌ တည်ရှိလာအောင် ကျင့်စဉ်ကို ညွှန်ပြလျက်လည်း ဟောကြားပေးတော်မူအပ်သော, အနက်အဓိပ္ပာယ်ကိုလည်း ဖွင့်ဆိုပြပေးတော်မူအပ်သော, ကွဲကွဲပြားပြား သိအောင်လည်း ခွဲခြားဝေဖန်ကာ ဟောကြားပေးတော်မူအပ်သော, ဥပမာထုတ်ဆောင်ကာ ပေါ်လွင်ထင်ရှားအောင်လည်း ပြုလုပ်ပေးတော်မူအပ်သော, လောက၌ ပျက်စီးတတ်သော တရား (လောကဓမ္မ) ဟူသည် အဘယ်နည်း?

ချစ်သား ရဟန်းတို့...ရုပ် (ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်)တရားသည် လောက၌ ပျက်စီးတတ်သော တရားတည်း၊ ထိုတရားကို တထာဂတအမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားသည် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ထိုးထွင်းသိမြင်တော်မူ၏၊ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တော်မူ၏၊ ထိုတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ထိုးထွင်းသိမြင်တော်မူပြီးလျှင်, သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်တော်မူပြီးလျှင် ထိုတရားကို အကျဉ်းအားဖြင့်လည်း ဟောကြားပေးတော်မူ၏၊ အကျယ်အားဖြင့်လည်း ဟောကြားပေးတော်မူ၏၊ သရုပ်ထုတ်ကာ ကွဲကွဲပြားပြား သိအောင်လည်း ဟောကြားပေးတော်မူ၏၊ သင်ချစ်သားတို့၏ အသိဉာဏ်၌ တည်ရှိလာအောင် ကျင့်စဉ်ကို ညွှန်ပြလျက်လည်း ဟောကြားပေးတော်မူ၏၊ အနက်အဓိပ္ပာယ်ကိုလည်း ဖွင့်ဆိုပြပေးတော်မူ၏၊ ကွဲကွဲပြားပြား သိအောင်လည်း ခွဲခြားဝေဖန်ကာ ဟောကြားပေးတော်မူ၏၊ (ရုပ်သည် ရေမြှုပ်စိုင်နှင့် ပမာတူ၏၊ ဝေဒနာသည် ရေပွက်နှင့် ပမာတူ၏၊ သညာသည် တံလျှပ်နှင့် ပမာတူ၏၊ သင်္ခါရတို့သည် ငှက်ပျောတုံးနှင့် ပမာတူကြ၏၊ ဝိညာဏ်သည် မျက်လှည့်ရုပ်နှင့် ပမာတူ၏..စသည်ဖြင့်) ဥပမာထုတ်ဆောင်ကာ ပေါ်လွင်ထင်ရှားအောင်လည်း ပြုလုပ်ပေးတော်မူ၏၊

ချစ်သား ရဟန်းတို့...အကြင်သူသည် ဤသို့ ငါဘုရားရှင်က သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ထိုးထွင်းသိမြင်တော် မူပြီးလျှင်, သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တော်မူပြီးလျှင် လောကဓမ္မ အမည်ရသည့် ယင်း ရုပ် (ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်)တရားကို အကျဉ်းအားဖြင့်လည်း ဟောကြားပေးတော်မူအပ်သည် ဖြစ်ပါလျက်, အကျယ်အားဖြင့်လည်း ဟောကြားပေးတော်မူအပ်သည်ဖြစ်ပါလျက်, သရုပ်ထုတ်ကာ ကွဲကွဲပြားပြား သိအောင်လည်း ဟောကြားပေးတော်မူအပ်သည်ဖြစ်ပါလျက်, သင်ချစ်သားတို့၏ အသိဉာဏ်၌ တည်ရှိလာအောင် ကျင့်စဉ်ကို ညွှန်ပြလျက်လည်း ဟောကြားပေးတော်မူအပ်သည်ဖြစ်ပါလျက်, အနက်အဓိပ္ပာယ်ကိုလည်း ဖွင့်ဆိုပြပေးတော် မူအပ်သည်ဖြစ်ပါလျက်, ကွဲကွဲပြားပြား သိအောင်လည်း ခွဲခြားဝေဖန်ကာ ဟောကြားပေးတော်မူအပ်သည် ဖြစ်ပါလျက်, (ရုပ်သည် ရေမြှုပ်စိုင်နှင့် ပမာတူ၏၊ ဝေဒနာသည် ရေပွက်နှင့် ပမာတူ၏၊ သညာသည် တံလျှပ်နှင့် ပမာတူ၏၊ သင်္ခါရတို့သည် ငှက်ပျောတုံးနှင့် ပမာတူကြ၏၊ ဝိညာဏ်သည် မျက်လှည့်ရုပ်နှင့် ပမာတူ၏..စသည်ဖြင့်) ဥပမာ ထုတ်ဆောင်ကာ ပေါ်လွင်ထင်ရှားအောင်လည်း ပြုလုပ်ပေးတော်မူအပ်သည်ဖြစ်ပါလျက် လောကဓမ္မ အမည်ရသည့် ယင်းရုပ် (ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်) တရားကို ဉာဏ်ပညာမျက်စိဖြင့် မသိ၊ ဉာဏ်ပညာမျက်စိဖြင့် မမြင်။ ချစ်သား ရဟန်းတို့... ပညာမျက်စိ မရှိသည့်, ပညာမျက်စိ ကာဏ်းနေသည့်, (ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကို) မသိမမြင်သည့် ထိုပုထုဇန် ငမိုက်သားကို ငါဘုရားရှင်သည် အဘယ်သို့ ပြုလုပ်ပေးနိုင်ပါအံ့နည်း။

ချစ်သား ရဟန်းတို့ ... ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောက ဥပမာသော်ကား ကြာညိုပန်းသည်ဖြစ်စေ၊ ကြာပဒုမ္မာပန်းသည်ဖြစ်စေ၊ ကြာပုဏ္ဍရိက်ပန်းသည်ဖြစ်စေ ရေထဲ၌ပင် ဖြစ်ပေါ်ခဲ့ရ၏၊ ရေထဲ၌ပင် ကြီးပွားခဲ့ရ၏၊ ရေထဲမှ ရေမျက်နှာပြင်ပေါ်သို့ တက်ရောက်ကာ ပွင့်လန်းလာသောအခါ ရေနှင့် လိမ်းကျံမှု မရှိဘဲ ရေပေါ်၌ပင် ရပ်တည်နေနိုင်ခဲ့၏၊ ရေနှင့် လိမ်းကျံမှု မရှိ။ ချစ်သား ရဟန်းတို့... ဤဥပမာအတူပင် တထာဂတ အမည်ရတော် မူသော သင်တို့ဆရာ ငါဘုရားသည် ဩကာသလောကကြီး၌ မွေးဖွားလာခဲ့ရ၏၊ ဩကာသလောကကြီး၌ပင် ကြီးပွားလာခဲ့ရ၏၊ ဩကာသလောကကြီး၌ မွေးဖွားလာခဲ့ရသော်လည်း ဩကာသလောကကြီး၌ပင် ကြီးပွားလာခဲ့ရသော်လည်း လောကကြီးကို ကျော်လွှားလွှမ်းမိုးကာ လောကကြီးနှင့် ငြိကပ်လိမ်းကျံမှု မရှိဘဲ သီတင်းသုံးနေထိုင်နိုင်ပါ၏''[၆၅]ဟု ဟောကြားတော်မူ၏၊[၆၄]

မဟာသတိပဋ္ဌာနသုတ္တံ

၁။[၂၅]ဧဝံ မေ သုတံ –ဧကံ သမယံ ဘဂဝါ ကုရူသု ဝိဟရတိ ကမ္မာသဓမ္မံ နာမ ကုရူနံ နိဂမော။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ - ''ဘိက္ခဝေါ''တိ။

''ဘဒ္ဒန္တေ''တိ တေ ဘိက္ခူ ဘဂဝတော ပစ္စေဿာသုံ။ ဘဂဝါ ဧတဒဝေါစ ––

ဥဒ္ဒေသော

၂။ ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ သောကပရိဒေဝါနံ သမတိက္ကမာယ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ ဉာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ၊ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ။

ကတမေ စတ္တာရော? ဣဓ ဘိက္ခဝေ ဘိက္ခု ..
၂-၁။ ကာယေ ကာယာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊
၂-၂။ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊
၂-၃။ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊
၂-၄။ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ။

ဥဒ္ဒေသော နိဋ္ဌိတော။

ကာယာနုပဿနာ - အာနာပါနပဗ္ဗံ

သမထပိုင်း

၃။ ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ? ဣဓ ဘိက္ခဝေ ဘိက္ခု အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ နိသီဒတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ၊ သော သတောဝ အဿသတိ, သတောဝ ပဿသတိ။

၃-၁။ ဒီဃံ ဝါ အဿသန္တော 'ဒီဃံ အဿသာမီ'တိ ပဇာနာတိ၊
ဒီဃံ ဝါ ပဿသန္တော 'ဒီဃံ ပဿသာမီ'တိ ပဇာနာတိ။

၃-၂။ ရဿံ ဝါ အဿသန္တော 'ရဿံ အဿသာမီ'တိ ပဇာနာတိ၊
ရဿံ ဝါ ပဿသန္တော 'ရဿံ ပဿသာမီ'တိ ပဇာနာတိ။

၃-၃။ 'သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီ'တိ သိက္ခတိ၊
'သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီ'တိ သိက္ခတိ။

၃-၄။ 'ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီ'တိ သိက္ခတိ၊
'ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီ'တိ သိက္ခတိ။

၄။ သေယျထာပိ ဘိက္ခဝေ ဒက္ခော ဘမကာရော ဝါ ဘမကာရန္တေဝါသီ ဝါ ..
ဒီဃံ ဝါ အဉ္ဆန္တော 'ဒီဃံ အဉ္ဆာမီ'တိ ပဇာနာတိ၊
ရဿံ ဝါ အဉ္ဆန္တော 'ရဿံ အဉ္ဆာမီ'တိ ပဇာနာတိ။
ဧဝမေဝ ခေါ ဘိက္ခဝေ ဘိက္ခု ..

၄-၁။ ဒီဃံ ဝါ အဿသန္တော 'ဒီဃံ အဿသာမီ'တိ ပဇာနာတိ၊
ဒီဃံ ဝါ ပဿသန္တော 'ဒီဃံ ပဿသာမီ'တိ ပဇာနာတိ။

၄-၂။ ရဿံ ဝါ အဿသန္တော 'ရဿံ အဿသာမီ'တိ ပဇာနာတိ၊
ရဿံ ဝါ ပဿသန္တော 'ရဿံ ပဿသာမီ'တိ ပဇာနာတိ။

၄-၃။ 'သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီ'တိ သိက္ခတိ၊
'သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီ'တိ သိက္ခတိ။

၄-၄။ 'ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီ'တိ သိက္ခတိ၊
'ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီ'တိ သိက္ခတိ။

ဝိပဿနာပိုင်း - ပထမဆင့်

၅-၁။ (က) ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊
၅-၁။ ( ခ ) ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊
၅-၁။ ( ဂ ) အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။

ဝိပဿနာပိုင်း - ဒုတိယဆင့်

၅-၂။ (က) သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊
၅-၂။ ( ခ ) ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊
၅-၂။ ( ဂ ) သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။

ဝိပဿနာပိုင်း - တတိယဆင့်

၅-၃။ 'အတ္ထိ ကာယော'တိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။

ဝိပဿနာပိုင်း - စတုတ္ထဆင့် 

၅-၄။ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။
၆။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ။

အာနာပါနပဗ္ဗံ နိဋ္ဌိတံ။

ကာယာနုပဿနာ ဣရိယာပထပဗ္ဗ

သမထပိုင်း + ဝိပဿနာပိုင်း

၇။ ပုန စပရံ ဘိက္ခဝေ ဘိက္ခု ..
၇-၁။ ဂစ္ဆန္တော ဝါ 'ဂစ္ဆာမီ'တိ ပဇာနာတိ၊
၇-၂။ ဌိတော ဝါ 'ဌိတောမှီ'တိ ပဇာနာတိ၊
၇-၃။ နိသိန္နော ဝါ 'နိသိန္နောမှီ'တိ ပဇာနာတိ၊
၇-၄။ သယာနော ဝါ 'သယာနောမှီ'တိ ပဇာနာတိ၊

၈။ ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတိ။ 

ဝိပဿနာပိုင်း - ပထမဆင့်

၉-၁။ (က) ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊
၉-၁။ ( ခ ) ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊
၉-၁။ ( ဂ ) အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။

ဝိပဿနာပိုင်း - ဒုတိယဆင့်

၉-၂။ (က) သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊
၉-၂။ ( ခ ) ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊
၉-၂။ ( ဂ ) သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။

ဝိပဿနာပိုင်း - တတိယဆင့်

၉-၃။ 'အတ္ထိ ကာယော'တိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။

ဝိပဿနာပိုင်း - စတုတ္ထဆင့်

၉-၄။ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။

၁၀။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ။

ဣရိယာပထပဗ္ဗံ နိဋ္ဌိတံ။

ကာယာနုပဿနာ သမ္ပဇာနပဗ္ဗံ - သမထပိုင်း + ဝိပဿနာပိုင်း

၁၁။ ပုန စပရံ ဘိက္ခဝေ ဘိက္ခု ..
၁၁-၁။ အဘိက္ကန္တေ ပဋိက္ကန္တေ သမ္ပဇာနကာရီ ဟောတိ၊
၁၁-၂။ အာလောကိတေ ဝိလောကိတေ သမ္ပဇာနကာရီ ဟောတိ၊
၁၁-၃။ သမိဉ္ဇိတေ ပသာရိတေ သမ္ပဇာနကာရီ ဟောတိ၊
၁၁-၄။ သံဃာဋိပတ္တစီဝရဓာရဏေ သမ္ပဇာနကာရီ ဟောတိ၊
၁၁-၅။ အသိတေ ပီတေ ခါယိတေ သာယိတေ သမ္ပဇာနကာရီ ဟောတိ၊
၁၁-၆။ ဥစ္စာရပဿာဝကမ္မေ သမ္ပဇာနကာရီ ဟောတိ၊
၁၁-၇။ ဂတေ ဌိတေ နိသိန္နေ သုတ္တေ ဇာဂရိတေ ဘာသိတေ တုဏှီဘာဝေ သမ္ပဇာနကာရီ ဟောတိ။

ဝိပဿနာပိုင်း

၁၂။ ဣတိ အဇ္ဈတ္တံ ဝါ။ပ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ။

သမ္ပဇာနပဗ္ဗံ နိဋ္ဌိတံ။

ကာယာနုပဿနာ ပဋိကူလမနသိကာရပဗ္ဗံ - သမထပိုင်း

၁၃။ ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ဥဒ္ဓံ ပါဒတလာ အဓော ကေသမတ္ထကာ တစပရိယန္တံ ပူရံ နာနပ္ပကာရဿ အသုစိနော ပစ္စဝေက္ခတိ –– 'အတ္ထိ ဣမသ္မိံ ကာယေ ..

ကေသာ လောမာ နခါ ဒန္တာ တစော၊
မံသံ နှာရု အဋ္ဌိ အဋ္ဌိမိဉ္ဇံ ဝက္ကံ၊
ဟဒယံ ယကနံ ကိလောမကံ ပိဟကံ ပပ္ဖာသံ၊
အန္တံ အန္တဂုဏံ ဥဒရိယံ ကရီသံ (မတ္ထလုင်္ဂံ)၊
ပိတ္တံ သေမှံ ပုဗ္ဗော လောဟိတံ သေဒေါ မေဒေါ၊
အဿု ဝသာ ခေဠော သိင်္ဃာဏိကာ လသိကာ မုတ္တ'န္တိ။

၁၄။ သေယျထာပိ ဘိက္ခဝေ ဥဘတောမုခါ ပုတောဠိ ပူရာ နာနာဝိဟိတဿ ဓညဿ၊ သေယျထိဒံ သာလီနံ ဝီဟီနံ မုဂ္ဂါနံ မာသာနံ တိလာနံ တဏ္ဍုလာနံ။ တမေနံ စက္ခုမာ ပုရိသော မုဉ္စိတွာ ပစ္စဝေက္ခေယျ –– 'ဣမေ သာလီ ဣမေ ဝီဟီ ဣမေ မုဂ္ဂါ ဣမေ မာသာ ဣမေ တိလာ ဣမေ တဏ္ဍုလာ'တိ။ ဧဝမေဝ ခေါ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ဥဒ္ဓံ ပါဒတလာ အဓော ကေသမတ္ထကာ တစပရိယန္တံ ပူရံ နာနပ္ပကာရဿ အသုစိနော ပစ္စဝေက္ခတိ 'အတ္ထိ ဣမသ္မိံ ကာယေ ကေသာ လောမာ နခါ ဒန္တာ တစော။ပ။ မုတ္တ'န္တိ။

ဝိပဿနာပိုင်း

၁၅။ ဣတိ အဇ္ဈတ္တံ ဝါ။ပ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ။

ပဋိကူလမနသိကာရပဗ္ဗံ နိဋ္ဌိတံ။

ကာယာနုပဿနာ ဓာတုမနသိကာရပဗ္ဗံ - သမထပိုင်း + ဝိပဿနာပိုင်း

၁၆။ ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ 'အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူ'တိ။

၁၇။ သေယျထာပိ ဘိက္ခဝေ ဒက္ခော ဂေါဃာတကော ဝါ ဂေါဃာတကန္တေဝါသီ ဝါ ဂါဝိံ ဝဓိတွာ စတုမဟာပထေ ဗိလသော ဝိဘဇိတွာ နိသိန္နော အဿ၊ ဧဝမေဝ ခေါ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ 'အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူ'တိ။


ဝိပဿနာပိုင်း

၁၈။ ဣတိ အဇ္ဈတ္တံ ဝါ။ပ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ။

ဓာတုမနသိကာရပဗ္ဗံ နိဋ္ဌိတံ။

ကာယာနုပဿနာ နဝသိဝထိကပဗ္ဗံ - သမထပိုင်း + (ဝိပဿနာပိုင်း)

၁၉။ ပုန စပရံ ဘိက္ခဝေ ဘိက္ခု သေယျထာပိ ပေဿယျ သရီရံ သိဝထိကာယ ဆဍ္ဍိတံ ဧကာဟမတံ ဝါ ဒွီဟမတံ ဝါ တီဟမတံ ဝါ ဥဒ္ဓုမာတကံ ဝိနီလကံ ဝိပုဗ္ဗကဇာတံ။ သော ဣမမေဝ ကာယံ ဥပသံဟရတိ 'အယမ္ပိ ခေါ ကာယော ဧဝံဓမ္မော ဧဝံဘာဝီ ဧဝံအနတီတော'တိ။ (၁)

ဝိပဿနာပိုင်း

၂၀။ ဣတိ အဇ္ဈတ္တံ ဝါ။ပ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ။

သမထပိုင်း + (ဝိပဿနာပိုင်း)

၂၁။ ပုန စပရံ ဘိက္ခဝေ ဘိက္ခု သေယျထာပိ ပေဿယျ သရီရံ သိဝထိကာယ ဆဍ္ဍိတံ ကာကေဟိ ဝါ ခဇ္ဇမာနံ ကုလလေဟိ ဝါ ခဇ္ဇမာနံ ဂိဇ္ဈေဟိ ဝါ ခဇ္ဇမာနံ ကင်္ကေဟိ ဝါ ခဇ္ဇမာနံ သုနခေဟိ ဝါ ခဇ္ဇမာနံ ဗျဂ္ဃေဟိ ဝါ ခဇ္ဇမာနံ ဒီပီဟိ ဝါ ခဇ္ဇမာနံ သိင်္ဂါလေဟိ ဝါ ခဇ္ဇမာနံ ဝိဝိဓေဟိ ဝါ ပါဏကဇာတေဟိ ခဇ္ဇမာနံ။ သော ဣမမေဝ ကာယံ ဥပသံဟရတိ 'အယမ္ပိ ခေါ ကာယော ဧဝံဓမ္မော ဧဝံဘာဝီ ဧဝံအနတီတော'တိ။ (၂)

ဝိပဿနာပိုင်း

၂၂။ ဣတိ အဇ္ဈတ္တံ ဝါ။ပ။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ။

သမထပိုင်း + (ဝိပဿနာပိုင်း)

၂၃။ ပုန စပရံ ဘိက္ခဝေ ဘိက္ခု သေယျထာပိ ပေဿယျ သရီရံ သိဝထိကာယ ဆဍ္ဍိတံ ..

အဋ္ဌိကသင်္ခလိကံ သမံသလောဟိတံ နှာရုသမ္ဗန္ဓံ။ ပ။ (၃)

အဋ္ဌိကသင်္ခလိကံ နိမံသလောဟိတမက္ခိတံ နှာရုသမ္ဗန္ဓံ။ ပ။ (၄)

အဋ္ဌိကသင်္ခလိကံ အပဂတမံသလောဟိတံ နှာရုသမ္ဗန္ဓံ။ ပ။ (၅)

အဋ္ဌိကာနိ အပဂတသမ္ဗန္ဓာနိ ဒိသာ ဝိဒိသာ ဝိက္ခိတ္တာနိ၊ အညေန ဟတ္ထဋ္ဌိကံ အညေန ပါဒဋ္ဌိကံ အညေန ဂေါပ္ဖကဋ္ဌိကံ အညေန ဇင်္ဃဋ္ဌိကံ အညေန ဦရုဋ္ဌိကံ အညေန ကဋိဋ္ဌိကံ အညေန ဖာသုကဋ္ဌိကံ အညေန ပိဋ္ဌိဋ္ဌိကံ အညေန ခန္ဓဋ္ဌိကံ အညေန ဂီဝဋ္ဌိကံ အညေန ဟနုကဋ္ဌိကံ အညေန ဒန္တဋ္ဌိကံ အညေန သီသကဋာဟံ။ သော ဣမမေဝ ကာယံ ဥပသံဟရတိ .. 'အယမ္ပိ ခေါ ကာယော ဧဝံဓမ္မော ဧဝံဘာဝီ ဧဝံအနတီတော'တိ။ (၆)

ဝိပဿနာပိုင်း

၂၄။ ဣတိ အဇ္ဈတ္တံ ဝါ။ပ။ ဝိဟရတိ။

သမထပိုင်း + (ဝိပဿနာပိုင်း)

၂၅။ ပုန စပရံ ဘိက္ခဝေ ဘိက္ခု သေယျထာပိ ပေဿယျ သရီရံ သိဝထိကာယ ဆဍ္ဍိတံ .. အဋ္ဌိကာနိ သေတာနိ သင်္ခဝဏ္ဏပဋိဘာဂါနိ။ ပ။ (၇)

အဋ္ဌိကာနိ ပုဉ္ဇကိတာနိ တေရောဝဿိကာနိ။ ပ။ (၈)

အဋ္ဌိကာနိ ပူတီနိ စုဏ္ဏကဇာတာနိ။ သော ဣမမေဝ ကာယံ ဥပသံဟရတိ .. 'အယမ္ပိ ခေါ ကာယော ဧဝံဓမ္မော ဧဝံဘာဝီ ဧဝံအနတီတော'တိ။ (၉)

ဝိပဿနာပိုင်း - ပထမဆင့်

၂၆-၁။ (က) ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊
၂၆-၁။ ( ခ ) ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊
၂၆-၁။ ( ဂ ) အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။

ဝိပဿနာပိုင်း - ဒုတိယဆင့်

၂၆-၂။ (က) သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊
၂၆-၂။ ( ခ ) ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊
၂၆-၂။ ( ဂ ) သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။

ဝိပဿနာပိုင်း - တတိယဆင့်

၂၆-၃။ 'အတ္ထိ ကာယော'တိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။

ဝိပဿနာပိုင်း - စတုတ္ထဆင့်

၂၆-၄။ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။

၂၇။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ကာယေ ကာယာနုပဿီ ဝိဟရတိ။

နဝသိဝထိကပဗ္ဗံ နိဋ္ဌိတံ။
စုဒ္ဒသ ကာယာနုပဿနာ နိဋ္ဌိတာ။

ဝေဒနာနုပဿနာ - ဝေဒနာကို ဆင်ခြင်ခြင်း ကိုးမျိုး

ဝိပဿနာပိုင်း - ပထမဆင့် (၁)

၂၈။ ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ? ဣဓ ဘိက္ခဝေ ဘိက္ခု ..
၂၈-၁။ သုခံ ဝါ ဝေဒနံ ဝေဒယမာနော 'သုခံ ဝေဒနံ ဝေဒယာမီ'တိ ပဇာနာတိ။
၂၈-၂။ ဒုက္ခံ ဝါ ဝေဒနံ ဝေဒယမာနော 'ဒုက္ခံ ဝေဒနံ ဝေဒယာမီ'တိ ပဇာနာတိ။
၂၈-၃။ အဒုက္ခမသုခံ ဝါ ဝေဒနံ ဝေဒယမာနော 'အဒုက္ခမသုခံ ဝေဒနံ ဝေဒယာမီ'တိ ပဇာနာတိ။
၂၈-၄။ သာမိသံ ဝါ သုခံ ဝေဒနံ ဝေဒယမာနော 'သာမိသံ သုခံ ဝေဒနံ ဝေဒယာမီ'တိ ပဇာနာတိ၊
၂၈-၅။ နိရာမိသံ ဝါ သုခံ ဝေဒနံ ဝေဒယမာနော 'နိရာမိသံ သုခံ ဝေဒနံ ဝေဒယာမီ'တိ ပဇာနာတိ။
၂၈-၆။ သာမိသံ ဝါ ဒုက္ခံ ဝေဒနံ ဝေဒယမာနော 'သာမိသံ ဒုက္ခံ ဝေဒနံ ဝေဒယာမီ'တိ ပဇာနာတိ၊
၂၈-၇။ နိရာမိသံ ဝါ ဒုက္ခံ ဝေဒနံ ဝေဒယမာနော 'နိရာမိသံ ဒုက္ခံ ဝေဒနံ ဝေဒယာမီ'တိ ပဇာနာတိ။
၂၈-၈။ သာမိသံ ဝါ အဒုက္ခမသုခံ ဝေဒနံ ဝေဒယမာနော 'သာမိသံ အဒုက္ခမသုခံ ဝေဒနံ ဝေဒယာမီ'တိ ပဇာနာတိ၊
၂၈-၉။ နိရာမိသံ ဝါ အဒုက္ခမသုခံ ဝေဒနံ ဝေဒယမာနော 'နိရာမိသံ အဒုက္ခမသုခံ ဝေဒနံ ဝေဒယာမီ'တိ ပဇာနာတိ။

ဝိပဿနာပိုင်း - ပထမဆင့် (၂)

၂၉-၁။ (က) ဣတိ အဇ္ဈတ္တံ ဝါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ၊

၂၉-၁။ ( ခ ) ဗဟိဒ္ဓါ ဝါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ၊
၂၉-၁။ ( ဂ ) အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ။

ဝိပဿနာပိုင်း - ဒုတိယဆင့်

၂၉-၂။ (က) သမုဒယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ၊
၂၉-၂။ ( ခ ) ဝယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ၊
၂၉-၂။ ( ဂ ) သမုဒယဝယဓမ္မာနုပဿီ ဝါ ဝေဒနာသု ဝိဟရတိ။

ဝိပဿနာပိုင်း - တတိယဆင့်

၂၉-၃။ 'အတ္ထိ ဝေဒနာ'တိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။

ဝိပဿနာပိုင်း - စတုတ္ထဆင့်

၂၉-၄။ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။

၃၀။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ။

ဝေဒနာနုပဿနာ နိဋ္ဌိတာ။

စိတ္တာနုပဿနာ- စိတ်ကို ဆင်ခြင်ခြင်း တစ်ဆယ့်ခြောက်ပါး

ဝိပဿနာပိုင်း - ပထမဆင့် (၁)

၃၁။ ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ? ဣဓ ဘိက္ခဝေ ဘိက္ခု ..
၃၁-၁။ သရာဂံ ဝါ စိတ္တံ 'သရာဂံ စိတ္တ'န္တိ ပဇာနာတိ၊
၃၁-၂။ ဝီတရာဂံ ဝါ စိတ္တံ 'ဝီတရာဂံ စိတ္တ'န္တိ ပဇာနာတိ။
၃၁-၃။ သဒေါသံ ဝါ စိတ္တံ 'သဒေါသံ စိတ္တ'န္တိ ပဇာနာတိ၊
၃၁-၄။ ဝီတဒေါသံ ဝါ စိတ္တံ 'ဝီတဒေါသံ စိတ္တ'န္တိ ပဇာနာတိ။
၃၁-၅။ သမောဟံ ဝါ စိတ္တံ 'သမောဟံ စိတ္တ'န္တိ ပဇာနာတိ၊
၃၁-၆။ ဝီတမောဟံ ဝါ စိတ္တံ 'ဝီတမောဟံ စိတ္တ'န္တိ ပဇာနာတိ။
၃၁-၇။ သံခိတ္တံ ဝါ စိတ္တံ 'သံခိတ္တံ စိတ္တ'န္တိ ပဇာနာတိ၊
၃၁-၈။ ဝိက္ခိတ္တံ ဝါ စိတ္တံ 'ဝိက္ခိတ္တံ စိတ္တ'န္တိ ပဇာနာတိ။
၃၁-၉။ မဟဂ္ဂတံ ဝါ စိတ္တံ 'မဟဂ္ဂတံ စိတ္တ'န္တိ ပဇာနာတိ၊
၃၁-၁၀။ အမဟဂ္ဂတံ ဝါ စိတ္တံ 'အမဟဂ္ဂတံ စိတ္တ'န္တိ ပဇာနာတိ။
၃၁-၁၁။ သဥတ္တရံ ဝါ စိတ္တံ 'သဥတ္တရံ စိတ္တ'န္တိ ပဇာနာတိ၊
၃၁-၁၂။ အနုတ္တရံ ဝါ စိတ္တံ 'အနုတ္တရံ စိတ္တ'န္တိ ပဇာနာတိ။
၃၁-၁၃။ သမာဟိတံ ဝါ စိတ္တံ 'သမာဟိတံ စိတ္တ'န္တိ ပဇာနာတိ၊
၃၁-၁၄။ အသမာဟိတံ ဝါ စိတ္တံ 'အသမာဟိတံ စိတ္တ'န္တိ ပဇာနာတိ။
၃၁-၁၅။ ဝိမုတ္တံ ဝါ စိတ္တံ 'ဝိမုတ္တံ စိတ္တ'န္တိ ပဇာနာတိ။
၃၁-၁၆။ အဝိမုတ္တံ ဝါ စိတ္တံ 'အဝိမုတ္တံ စိတ္တ'န္တိ ပဇာနာတိ။

ဝိပဿနာပိုင်း - ပထမဆင့် (၂)

၃၂-၁။ (က) ဣတိ အဇ္ဈတ္တံ ဝါ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ၊
၃၂-၁။ ( ခ ) ဗဟိဒ္ဓါ ဝါ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ၊
၃၂-၁။ ( ဂ ) အဇ္ဈတ္တဗဟိဒ္ဓါ ဝါ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ။

ဝိပဿနာပိုင်း - ဒုတိယဆင့်

၃၂-၂။ (က) သမုဒယဓမ္မာနုပဿီ ဝါ စိတ္တသ္မိံ ဝိဟရတိ၊
၃၂-၂။ ( ခ ) ဝယဓမ္မာနုပဿီ ဝါ စိတ္တသ္မိံ ဝိဟရတိ၊
၃၂-၂။ ( ဂ ) သမုဒယဝယဓမ္မာနုပဿီ ဝါ စိတ္တသ္မိံ ဝိဟရတိ။

ဝိပဿနာပိုင်း - တတိယဆင့်

၃၂-၃။ 'အတ္ထိ စိတ္တ'န္တိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။

ဝိပဿနာပိုင်း - စတုတ္ထဆင့်

၃၂-၄။ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။
၃၃။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ။

စိတ္တာနုပဿနာ နိဋ္ဌိတာ။

ဓမ္မာနုပဿနာ - နီဝရဏပဗ္ဗ

ဝိပဿနာပိုင်း - ပထမဆင့် (၁)

၃၄။ ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ? ဣဓ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ပဉ္စသု နီဝရဏေသု။ ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ပဉ္စသု နီဝရဏေသု? ဣဓ ဘိက္ခဝေ ဘိက္ခု ..

၃၄-၁။ (က) သန္တံ ဝါ အဇ္ဈတ္တံ ကာမစ္ဆန္ဒံ 'အတ္ထိ မေ အဇ္ဈတ္တံ ကာမစ္ဆန္ဒော'တိ ပဇာနာတိ၊
၃၄-၁။ ( ခ ) အသန္တံ ဝါ အဇ္ဈတ္တံ ကာမစ္ဆန္ဒံ 'နတ္ထိ မေ အဇ္ဈတ္တံ ကာမစ္ဆန္ဒော'တိ ပဇာနာတိ၊
၃၄-၁။ ( ဂ ) ယထာ စ အနုပ္ပန္နဿ ကာမစ္ဆန္ဒဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ၊
၃၄-၁။ (ဃ) ယထာ စ ဥပ္ပန္နဿ ကာမစ္ဆန္ဒဿ ပဟာနံ ဟောတိ တဉ္စ ပဇာနာတိ၊
၃၄-၁။ ( င ) ယထာ စ ပဟီနဿ ကာမစ္ဆန္ဒဿ အာယတိံ အနုပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ။

၃၄-၂။ (က) သန္တံ ဝါ အဇ္ဈတ္တံ ဗျာပါဒံ 'အတ္ထိ မေ အဇ္ဈတ္တံ ဗျာပါဒေါ'တိ ပဇာနာတိ၊
၃၄-၂။ ( ခ ) အသန္တံ ဝါ အဇ္ဈတ္တံ ဗျာပါဒံ 'နတ္ထိ မေ အဇ္ဈတ္တံ ဗျာပါဒေါ'တိ ပဇာနာတိ၊
၃၄-၂။ ( ဂ ) ယထာ စ အနုပ္ပန္နဿ ဗျာပါဒဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ၊
၃၄-၂။ (ဃ) ယထာ စ ဥပ္ပန္နဿ ဗျာပါဒဿ ပဟာနံ ဟောတိ တဉ္စ ပဇာနာတိ၊
၃၄-၂။ ( င ) ယထာ စ ပဟီနဿ ဗျာပါဒဿ အာယတိံ အနုပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ။

၃၄-၃။ (က) သန္တံ ဝါ အဇ္ဈတ္တံ ထိနမိဒ္ဓံ 'အတ္ထိ မေ အဇ္ဈတ္တံ ထိနမိဒ္ဓ'န္တိ ပဇာနာတိ၊
၃၄-၃။ ( ခ ) အသန္တံ ဝါ အဇ္ဈတ္တံ ထိနမိဒ္ဓံ 'နတ္ထိ မေ အဇ္ဈတ္တံ ထိနမိဒ္ဓ'န္တိ ပဇာနာတိ၊
၃၄-၃။ ( ဂ ) ယထာ စ အနုပ္ပန္နဿ ထိနမိဒ္ဓဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ၊
၃၄-၃။ (ဃ) ယထာ စ ဥပ္ပန္နဿ ထိနမိဒ္ဓဿ ပဟာနံ ဟောတိ တဉ္စ ပဇာနာတိ၊
၃၄-၃။ ( င ) ယထာ စ ပဟီနဿ ထိနမိဒ္ဓဿ အာယတိံ အနုပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ။

၃၄-၄။ (က) သန္တံ ဝါ အဇ္ဈတ္တံ ဥဒ္ဓစ္စကုက္ကုစ္စံ 'အတ္ထိ မေ အဇ္ဈတ္တံ ဥဒ္ဓစ္စကုက္ကုစ္စ'န္တိ ပဇာနာတိ၊
၃၄-၄။ ( ခ ) အသန္တံ ဝါ အဇ္ဈတ္တံ ဥဒ္ဓစ္စကုက္ကုစ္စံ 'နတ္ထိ မေ အဇ္ဈတ္တံ ဥဒ္ဓစ္စကုက္ကုစ္စ'န္တိ ပဇာနာတိ၊
၃၄-၄။ ( ဂ ) ယထာ စ အနုပ္ပန္နဿ ဥဒ္ဓစ္စကုက္ကုစ္စဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ၊
၃၄-၄။ (ဃ) ယထာ စ ဥပ္ပန္နဿ ဥဒ္ဓစ္စကုက္ကုစ္စဿပဟာနံ ဟောတိ တဉ္စ ပဇာနာတိ၊
၃၄-၄။ ( င ) ယထာ စ ပဟီနဿ ဥဒ္ဓစ္စကုက္ကုစ္စဿ အာယတိံ အနုပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ။

၃၄-၅။ (က) သန္တံ ဝါ အဇ္ဈတ္တံ ဝိစိကိစ္ဆံ 'အတ္ထိ မေ အဇ္ဈတ္တံ ဝိစိကိစ္ဆာ'တိ ပဇာနာတိ၊
၃၄-၅။ ( ခ ) အသန္တံ ဝါ အဇ္ဈတ္တံ ဝိစိကိစ္ဆံ 'နတ္ထိ မေ အဇ္ဈတ္တံ ဝိစိကိစ္ဆာ'တိ ပဇာနာတိ၊
၃၄-၅။ ( ဂ ) ယထာ စ အနုပ္ပန္နာယ ဝိစိကိစ္ဆာယ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ၊
၃၄-၅။ (ဃ) ယထာ စ ဥပ္ပန္နာယ ဝိစိကိစ္ဆာယ ပဟာနံ ဟောတိ တဉ္စ ပဇာနာတိ၊
၃၄-၅။ ( င ) ယထာ စ ပဟီနာယ ဝိစိကိစ္ဆာယ အာယတိံ အနုပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ။

ဝိပဿနာပိုင်း - ပထမဆင့် (၂)

၃၅-၁။ (က) ဣတိ အဇ္ဈတ္တံ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊
၃၅-၁။ ( ခ ) ဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊
၃၅-၁။ ( ဂ ) အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ။

ဝိပဿနာပိုင်း - ဒုတိယဆင့်

၃၅-၂။ (က) သမုဒယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊
၃၅-၂။ ( ခ ) ဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊
၃၅-၂။ ( ဂ ) သမုဒယဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ။

ဝိပဿနာပိုင်း - တတိယဆင့်

၃၅-၃။ 'အတ္ထိ ဓမ္မာ'တိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။

ဝိပဿနာပိုင်း - စတုတ္ထဆင့်

၃၅-၄။ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။

၃၆။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ပဉ္စသု နီဝရဏေသု။

နီဝရဏပဗ္ဗံ နိဋ္ဌိတံ။

ဓမ္မာနုပဿနာ - ခန္ဓပဗ္ဗ

ဝိပဿနာပိုင်း - ပထမဆင့် (၁)

၃၇။ ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ပဉ္စသု ဥပါဒါနက္ခန္ဓေသု။ ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ပဉ္စသု ဥပါဒါနက္ခန္ဓေသု? ဣဓ ဘိက္ခဝေ ဘိက္ခု ..

၃၇-၁။ (က) 'ဣတိ ရူပံ၊
၃၇-၁။ ( ခ ) ဣတိ ရူပဿ သမုဒယော၊
၃၇-၁။ ( ဂ ) ဣတိ ရူပဿ အတ္ထင်္ဂမော။

၃၇-၂။ (က) ဣတိ ဝေဒနာ၊
၃၇-၂။ ( ခ ) ဣတိ ဝေဒနာယ သမုဒယော၊
၃၇-၂။ ( ဂ ) ဣတိ ဝေဒနာယ အတ္ထင်္ဂမော။

၃၇-၃။ (က) ဣတိ သညာ၊
၃၇-၃။ ( ခ ) ဣတိ သညာယ သမုဒယော၊
၃၇-၃။ ( ဂ ) ဣတိ သညာယ အတ္ထင်္ဂမော။

၃၇-၄။ (က) ဣတိ သင်္ခါရာ၊
၃၇-၄။ ( ခ ) ဣတိ သင်္ခါရာနံ သမုဒယော၊
၃၇-၄။ ( ဂ ) ဣတိ သင်္ခါရာနံ အတ္ထင်္ဂမော။

၃၇-၅။ (က) ဣတိ ဝိညာဏံ၊
၃၇-၅။ ( ခ ) ဣတိ ဝိညာဏဿ သမုဒယော၊
၃၇-၅။ ( ဂ ) ဣတိ ဝိညာဏဿ အတ္ထင်္ဂမော'တိ။

ဝိပဿနာပိုင်း - ပထမဆင့် (၂)

၃၈-၁။ (က) ဣတိ အဇ္ဈတ္တံ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊
၃၈-၁။ ( ခ ) ဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊
၃၈-၁။ ( ဂ ) အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ။

ဝိပဿနာပိုင်း - ဒုတိယဆင့်

၃၈-၂။ (က) သမုဒယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊
၃၈-၂။ ( ခ ) ဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊
၃၈-၂။ ( ဂ ) သမုဒယဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ။

ဝိပဿနာပိုင်း - တတိယဆင့်

၃၈-၃။ 'အတ္ထိ ဓမ္မာ'တိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။

ဝိပဿနာပိုင်း - စတုတ္ထဆင့်

၃၈-၄။ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။

၃၉။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ပဉ္စသု ဥပါဒါနက္ခန္ဓေသု။

ခန္ဓပဗ္ဗံ နိဋ္ဌိတံ။

ဓမ္မာနုပဿနာ - အာယတနပဗ္ဗ

ဝိပဿနာပိုင်း - ပထမဆင့် (၁)

၄၀။ ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ဆသု အဇ္ဈတ္တိကဗာဟိရေသု အာယတနေသု။ ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ဆသု အဇ္ဈတ္တိကဗာဟိရေသု အာယတနေသု? ဣဓ ဘိက္ခဝေ ဘိက္ခု ..

၄၀-၁။ (က) စက္ခုဉ္စ ပဇာနာတိ၊
၄၀-၁။ ( ခ ) ရူပေ စ ပဇာနာတိ၊
၄၀-၁။ ( ဂ ) ယဉ္စ တဒုဘယံ ပဋိစ္စ ဥပ္ပဇ္ဇတိ သံယောဇနံ တဉ္စ ပဇာနာတိ၊
၄၀-၁။ (ဃ) ယထာ စ အနုပ္ပန္နဿ သံယောဇနဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ၊
၄၀-၁။ ( င ) ယထာ စ ဥပ္ပန္နဿ သံယောဇနဿ ပဟာနံ ဟောတိ တဉ္စ ပဇာနာတိ၊
၄၀-၁။ ( စ ) ယထာ စ ပဟီနဿ သံယောဇနဿ အာယတိံ အနုပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ။

၄၀-၂။ (က) သောတဉ္စ ပဇာနာတိ၊
၄၀-၂။ ( ခ ) သဒ္ဒေ စ ပဇာနာတိ၊
၄၀-၂။ ( ဂ ) ယဉ္စ တဒုဘယံ ပဋိစ္စ ဥပ္ပဇ္ဇတိ သံယောဇနံ တဉ္စ ပဇာနာတိ၊
၄၀-၂။ (ဃ) ယထာ စ အနုပ္ပန္နဿ သံယောဇနဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ၊
၄၀-၂။ ( င ) ယထာ စ ဥပ္ပန္နဿ သံယောဇနဿ ပဟာနံ ဟောတိ တဉ္စ ပဇာနာတိ၊
၄၀-၂။ ( စ ) ယထာ စ ပဟီနဿ သံယောဇနဿ အာယတိံ အနုပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ။

၄၀-၃။ (က) ဃာနဉ္စ ပဇာနာတိ၊
၄၀-၃။ ( ခ ) ဂန္ဓေ စ ပဇာနာတိ၊
၄၀-၃။ ( ဂ ) ယဉ္စ တဒုဘယံ ပဋိစ္စ ဥပ္ပဇ္ဇတိ သံယောဇနံ တဉ္စ ပဇာနာတိ၊
၄၀-၃။ (ဃ) ယထာ စ အနုပ္ပန္နဿ သံယောဇနဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ၊
၄၀-၃။ ( င ) ယထာ စ ဥပ္ပန္နဿ သံယောဇနဿ ပဟာနံ ဟောတိ တဉ္စ ပဇာနာတိ၊
၄၀-၃။ ( စ ) ယထာ စ ပဟီနဿ သံယောဇနဿ အာယတိံ အနုပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ။

၄၀-၄။ (က) ဇိဝှဉ္စ ပဇာနာတိ၊
၄၀-၄။ ( ခ ) ရသေ စ ပဇာနာတိ၊
၄၀-၄။ ( ဂ ) ယဉ္စ တဒုဘယံ ပဋိစ္စ ဥပ္ပဇ္ဇတိ သံယောဇနံ တဉ္စ ပဇာနာတိ၊
၄၀-၄။ (ဃ) ယထာ စ အနုပ္ပန္နဿ သံယောဇနဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ၊
၄၀-၄။ ( င ) ယထာ စ ဥပ္ပန္နဿ သံယောဇနဿ ပဟာနံ ဟောတိ တဉ္စ ပဇာနာတိ၊
၄၀-၄။ ( စ ) ယထာ စ ပဟီနဿ သံယောဇနဿ အာယတိံ အနုပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ။

၄၀-၅။ (က) ကာယဉ္စ ပဇာနာတိ၊
၄၀-၅။ ( ခ ) ဖောဋ္ဌဗ္ဗေ စ ပဇာနာတိ၊
၄၀-၅။ ( ဂ ) ယဉ္စ တဒုဘယံ ပဋိစ္စ ဥပ္ပဇ္ဇတိ သံယောဇနံ တဉ္စ ပဇာနာတိ၊
၄၀-၅။ (ဃ) ယထာ စ အနုပ္ပန္နဿ သံယောဇနဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ၊
၄၀-၅။ ( င ) ယထာ စ ဥပ္ပန္နဿ သံယောဇနဿ ပဟာနံ ဟောတိ တဉ္စ ပဇာနာတိ၊
၄၀-၅။ ( စ ) ယထာ စ ပဟီနဿ သံယောဇနဿ အာယတိံ အနုပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ။

၄၀-၆။ (က) မနဉ္စ ပဇာနာတိ၊
၄၀-၆။ ( ခ ) ဓမ္မေ စ ပဇာနာတိ၊
၄၀-၆။ ( ဂ ) ယဉ္စ တဒုဘယံ ပဋိစ္စ ဥပ္ပဇ္ဇတိ သံယောဇနံ တဉ္စ ပဇာနာတိ၊
၄၀-၆။ (ဃ) ယထာ စ အနုပ္ပန္နဿ သံယောဇနဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ၊
၄၀-၆။ ( င ) ယထာ စ ဥပ္ပန္နဿ သံယောဇနဿ ပဟာနံ ဟောတိ တဉ္စ ပဇာနာတိ၊
၄၀-၆။ ( စ ) ယထာ စ ပဟီနဿ သံယောဇနဿ အာယတိံ အနုပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ။

ဝိပဿနာပိုင်း - ပထမဆင့် (၂) 

၄၁-၁။ (က) ဣတိ အဇ္ဈတ္တံ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊
၄၁-၁။ ( ခ ) ဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊
၄၁-၁။ ( ဂ ) အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ။

ဝိပဿနာပိုင်း - ဒုတိယဆင့်

၄၁-၂။ (က) သမုဒယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊
၄၁-၂။ ( ခ ) ဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊
၄၁-၂။ ( ဂ ) သမုဒယဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ။

ဝိပဿနာပိုင်း - တတိယဆင့်

၄၁-၃။ 'အတ္ထိ ဓမ္မာ'တိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။

ဝိပဿနာပိုင်း - စတုတ္ထဆင့်

၄၁-၄။ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။

၄၂။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ ဆသု အဇ္ဈတ္တိကဗာဟိရေသု အာယတနေသု။

အာယတနပဗ္ဗံ နိဋ္ဌိတံ။

ဓမ္မာနုပဿနာ ဗောဇ္ဈင်္ဂပဗ္ဗ

ဝိပဿနာပိုင်း - ပထမဆင့် (၁)

၄၃။ ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ သတ္တသု ဗောဇ္ဈင်္ဂေသု။ ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ သတ္တသု ဗောဇ္ဈင်္ဂေသု? ဣဓ ဘိက္ခဝေ ဘိက္ခု ..
၄၃-၁။ (က) သန္တံ ဝါ အဇ္ဈတ္တံ သတိသမ္ဗောဇ္ဈင်္ဂံ 'အတ္ထိ မေ အဇ္ဈတ္တံ သတိသမ္ဗောဇ္ဈင်္ဂေါ'တိ ပဇာနာတိ၊
၄၃-၁။ ( ခ ) အသန္တံ ဝါ အဇ္ဈတ္တံ သတိသမ္ဗောဇ္ဈင်္ဂံ 'နတ္ထိ မေ အဇ္ဈတ္တံ သတိသမ္ဗောဇ္ဈင်္ဂေါ'တိ ပဇာနာတိ၊
၄၃-၁။ ( ဂ ) ယထာ စ အနုပ္ပန္နဿ သတိသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ၊
၄၃-၁။ (ဃ) ယထာ စ ဥပ္ပန္နဿ သတိသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရီ ဟောတိ တဉ္စ ပဇာနာတိ။

၄၃-၂။ (က) သန္တံ ဝါ အဇ္ဈတ္တံ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂံ 'အတ္ထိ မေ အဇ္ဈတ္တံ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂေါ'တိ ပဇာနာတိ၊
၄၃-၂။ ( ခ ) အသန္တံ ဝါ အဇ္ဈတ္တံ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂံ 'နတ္ထိ မေ အဇ္ဈတ္တံ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂေါ'တိ ပဇာနာတိ၊
၄၃-၂။ ( ဂ ) ယထာ စ အနုပ္ပန္နဿ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ၊
၄၃-၂။ (ဃ) ယထာ စ ဥပ္ပန္နဿ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရီ ဟောတိ တဉ္စ ပဇာနာတိ။

၄၃-၃။ (က) သန္တံ ဝါ အဇ္ဈတ္တံ ဝီရိယသမ္ဗောဇ္ဈင်္ဂံ 'အတ္ထိ မေ အဇ္ဈတ္တံ ဝီရိယသမ္ဗောဇ္ဈင်္ဂေါ'တိ ပဇာနာတိ၊
၄၃-၃။ ( ခ ) အသန္တံ ဝါ အဇ္ဈတ္တံ ဝီရိယသမ္ဗောဇ္ဈင်္ဂံ 'နတ္ထိ မေ အဇ္ဈတ္တံ ဝီရိယသမ္ဗောဇ္ဈင်္ဂေါ'တိ ပဇာနာတိ၊
၄၃-၃။ ( ဂ ) ယထာ စ အနုပ္ပန္နဿ ဝီရိယသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ၊
၄၃-၃။ (ဃ) ယထာ စ ဥပ္ပန္နဿ ဝီရိယသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရီ ဟောတိ တဉ္စ ပဇာနာတိ။

၄၃-၄။ (က) သန္တံ ဝါ အဇ္ဈတ္တံ ပီတိသမ္ဗောဇ္ဈင်္ဂံ 'အတ္ထိ မေ အဇ္ဈတ္တံ ပီတိသမ္ဗောဇ္ဈင်္ဂေါ'တိ ပဇာနာတိ၊
၄၃-၄။ ( ခ ) အသန္တံ ဝါ အဇ္ဈတ္တံ ပီတိသမ္ဗောဇ္ဈင်္ဂံ 'နတ္ထိ မေ အဇ္ဈတ္တံ ပီတိသမ္ဗောဇ္ဈင်္ဂေါ'တိ ပဇာနာတိ၊
၄၃-၄။ ( ဂ ) ယထာ စ အနုပ္ပန္နဿ ပီတိသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ၊
၄၃-၄။ (ဃ) ယထာ စ ဥပ္ပန္နဿ ပီတိသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရီ ဟောတိ တဉ္စ ပဇာနာတိ။

၄၃-၅။ (က) သန္တံ ဝါ အဇ္ဈတ္တံ ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂံ 'အတ္ထိ မေ အဇ္ဈတ္တံ ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂေါ'တိ ပဇာနာတိ၊
၄၃-၅။ ( ခ ) အသန္တံ ဝါ အဇ္ဈတ္တံ ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂံ 'နတ္ထိ မေ အဇ္ဈတ္တံ ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂေါ'တိ ပဇာနာတိ၊
၄၃-၅။ ( ဂ ) ယထာ စ အနုပ္ပန္နဿ ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ၊
၄၃-၅။ (ဃ) ယထာ စ ဥပ္ပန္နဿ ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရီ ဟောတိ တဉ္စ ပဇာနာတိ။

၄၃-၆။ (က) သန္တံ ဝါ အဇ္ဈတ္တံ သမာဓိသမ္ဗောဇ္ဈင်္ဂံ 'အတ္ထိ မေ အဇ္ဈတ္တံ သမာဓိသမ္ဗောဇ္ဈင်္ဂေါ'တိ ပဇာနာတိ၊
၄၃-၆။ ( ခ ) အသန္တံ ဝါ အဇ္ဈတ္တံ သမာဓိသမ္ဗောဇ္ဈင်္ဂံ 'နတ္ထိ မေ အဇ္ဈတ္တံ သမာဓိသမ္ဗောဇ္ဈင်္ဂေါ'တိ ပဇာနာတိ၊
၄၃-၆။ ( ဂ ) ယထာ စ အနုပ္ပန္နဿ သမာဓိသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ၊
၄၃-၆။ (ဃ) ယထာ စ ဥပ္ပန္နဿ သမာဓိသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရီ ဟောတိ တဉ္စ ပဇာနာတိ။

၄၃-၇။ (က) သန္တံ ဝါ အဇ္ဈတ္တံ ဥပေက္ခာသမ္ဗောဇ္ဈင်္ဂံ 'အတ္ထိ မေ အဇ္ဈတ္တံ ဥပေက္ခာသမ္ဗောဇ္ဈင်္ဂေါ'တိ ပဇာနာတိ၊
၄၃-၇။ ( ခ ) အသန္တံ ဝါ အဇ္ဈတ္တံ ဥပေက္ခာသမ္ဗောဇ္ဈင်္ဂံ 'နတ္ထိ မေ အဇ္ဈတ္တံ ဥပေက္ခာသမ္ဗောဇ္ဈင်္ဂေါ'တိ ပဇာနာတိ၊
၄၃-၇။ ( ဂ ) ယထာ စ အနုပ္ပန္နဿ ဥပေက္ခာသမ္ဗောဇ္ဈင်္ဂဿ ဥပ္ပါဒေါ ဟောတိ တဉ္စ ပဇာနာတိ၊
၄၃-၇။ (ဃ) ယထာ စ ဥပ္ပန္နဿ ဥပေက္ခာသမ္ဗောဇ္ဈင်္ဂဿ ဘာဝနာယ ပါရိပူရီ ဟောတိ တဉ္စ ပဇာနာတိ။

ဝိပဿနာပိုင်း - ပထမဆင့် (၂)

၄၄-၁။ (က) ဣတိ အဇ္ဈတ္တံ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊
၄၄-၁။ ( ခ ) ဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊
၄၄-၁။ ( ဂ ) အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ။

ဝိပဿနာပိုင်း - ဒုတိယဆင့်

၄၄-၂။ (က) သမုဒယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊
၄၄-၂။ ( ခ ) ဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊
၄၄-၂။ ( ဂ ) သမုဒယဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ။

ဝိပဿနာပိုင်း - တတိယဆင့်

၄၄-၃။ 'အတ္ထိ ဓမ္မာ'တိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ။

ဝိပဿနာပိုင်း - စတုတ္ထဆင့် 

၄၄-၄။အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။

၄၅။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ သတ္တသု ဗောဇ္ဈင်္ဂေသု။

ဗောဇ္ဈင်္ဂပဗ္ဗံ နိဋ္ဌိတံ။

ဓမ္မာနုပဿနာ သစ္စပဗ္ဗံ

ဝိပဿနာပိုင်း - ပထမဆင့် (၁)

၄၆။ ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ စတူသု အရိယသစ္စေသု။ ကထဉ္စ ပန ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ စတူသု အရိယသစ္စေသု? ဣဓ ဘိက္ခဝေ ဘိက္ခု ..

'ဣဒံ ဒုက္ခ'န္တိ ယထာဘူတံ ပဇာနာတိ၊
'အယံ ဒုက္ခသမုဒယော'တိ ယထာဘူတံ ပဇာနာတိ၊
'အယံ ဒုက္ခနိရောဓော'တိ ယထာဘူတံ ပဇာနာတိ၊
'အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ'တိ ယထာဘူတံ ပဇာနာတိ။

ဒုက္ခသစ္စနိဒ္ဒေသော

၄၇။ ကတမဉ္စ ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ? ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ မရဏမ္ပိ ဒုက္ခံ၊ သောကပရိဒေဝ-ဒုက္ခ-ဒေါမနဿု-ပါယာသာပိ ဒုက္ခာ၊ အပ္ပိယေဟိ သမ္ပယောဂေါပိ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါပိ ဒုက္ခော၊ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ၊ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

၄၈။ ကတမာ စ ဘိက္ခဝေ ဇာတိ? ယာ တေသံ တေသံ သတ္တာနံ တမှိ တမှိ သတ္တနိကာယေ ဇာတိ သဉ္ဇာတိ ဩက္ကန္တိ အဘိနိဗ္ဗတ္တိ ခန္ဓာနံ ပါတုဘာဝေါ အာယတနာနံ ပဋိလာဘော၊ အယံ ဝုစ္စတိ ဘိက္ခဝေ ဇာတိ။

၄၉။ ကတမာ စ ဘိက္ခဝေ ဇရာ? ယာ တေသံ တေသံ သတ္တာနံ တမှိ တမှိ သတ္တနိကာယေ ဇရာ ဇီရဏတာ ခဏ္ဍိစ္စံ ပါလိစ္စံ ဝလိတ္တစတာ အာယုနော သံဟာနိ ဣန္ဒြိယာနံ ပရိပါကော၊ အယံ ဝုစ္စတိ ဘိက္ခဝေ ဇရာ။

၅၀။ ကတမဉ္စ ဘိက္ခဝေ မရဏံ? ယံ တေသံ တေသံ သတ္တာနံ တမှာ တမှာ သတ္တနိကာယာ စုတိ စဝနတာ ဘေဒေါ အန္တရဓာနံ မစ္စု မရဏံ ကာလကိရိယာ ခန္ဓာနံ ဘေဒေါ ကဠေဝရဿ နိက္ခေပေါ ဇီဝိတိန္ဒြိယဿုပစ္ဆေဒေါ၊ ဣဒံ ဝုစ္စတိ ဘိက္ခဝေ မရဏံ။

၅၁။ ကတမော စ ဘိက္ခဝေ သောကော? ယော ခေါ ဘိက္ခဝေ အညတရညတရေန ဗျသနေန သမန္နာဂတဿ အညတရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ သောကော သောစနာ သောစိတတ္တံ အန္တောသောကော အန္တောပရိသောကော၊ အယံ ဝုစ္စတိ ဘိက္ခဝေ သောကော။

၅၂။ ကတမော စ ဘိက္ခဝေ ပရိဒေဝေါ? ယော ခေါ ဘိက္ခဝေ အညတရညတရေန ဗျသနေန သမန္နာဂတဿ အညတရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ အာဒေဝေါ ပရိဒေဝေါ အာဒေဝနာ ပရိဒေဝနာ အာဒေဝိတတ္တံ ပရိဒေဝိတတ္တံ၊ အယံ ဝုစ္စတိ ဘိက္ခဝေ ပရိဒေဝေါ။

၅၃။ ကတမဉ္စ ဘိက္ခဝေ ဒုက္ခံ? ယံ ခေါ ဘိက္ခဝေ ကာယိကံ ဒုက္ခံ ကာယိကံ အသာတံ ကာယသမ္ဖဿဇံ ဒုက္ခံ အသာတံ ဝေဒယိတံ၊ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခံ။

၅၄။ ကတမဉ္စ ဘိက္ခဝေ ဒေါမနဿံ? ယံ ခေါ ဘိက္ခဝေ စေတသိကံ ဒုက္ခံ စေတသိကံ အသာတံ မနောသမ္ဖဿဇံ ဒုက္ခံ အသာတံ ဝေဒယိတံ၊ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒေါမနဿံ။

၅၅။ ကတမော စ ဘိက္ခဝေ ဥပါယာသော? ယော ခေါ ဘိက္ခဝေ အညတရညတရေန ဗျသနေန သမန္နာဂတဿ အညတရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ အာယာသော ဥပါယာသော အာယာသိတတ္တံ ဥပါယာသိတတ္တံ၊ အယံ ဝုစ္စတိ ဘိက္ခဝေ ဥပါယာသော။

၅၆။ ကတမော စ ဘိက္ခဝေ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော? ဣဓ ယဿ တေ ဟောန္တိ အနိဋ္ဌာ အကန္တာ အမနာပါ ရူပါ သဒ္ဒါ ဂန္ဓာ ရသာ ဖောဋ္ဌဗ္ဗာ ဓမ္မာ၊ ယေ ဝါ ပနဿ တေ ဟောန္တိ အနတ္ထကာမာ အဟိတကာမာ အဖာသုကကာမာ အယောဂက္ခေမကာမာ၊ ယာ တေဟိ သဒ္ဓိံ သင်္ဂတိ သမာဂမော သမောဓာနံ မိဿီဘာဝေါ၊ အယံ ဝုစ္စတိ ဘိက္ခဝေ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော။

၅၇။ ကတမော စ ဘိက္ခဝေ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော? ဣဓ ယဿ တေ ဟောန္တိ ဣဋ္ဌာ ကန္တာ မနာပါ ရူပါ သဒ္ဒါ ဂန္ဓာ ရသာ ဖောဋ္ဌဗ္ဗာ ဓမ္မာ၊ ယေ ဝါ ပနဿ တေ ဟောန္တိ အတ္ထကာမာ ဟိတကာမာ ဖာသုကကာမာ ယောဂက္ခေမကာမာ မာတာ ဝါ ပိတာ ဝါ ဘာတာ ဝါ ဘဂိနီ ဝါ မိတ္တာ ဝါ အမစ္စာ ဝါ ဉာတိသာလောဟိတာ ဝါ၊ ယာ တေဟိ သဒ္ဓိံ အသင်္ဂတိ အသမာဂမော အသမောဓာနံ အမိဿီဘာဝေါ၊ အယံ ဝုစ္စတိ ဘိက္ခဝေ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော။

၅၈။ ကတမဉ္စ ဘိက္ခဝေ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ?

၅၈-၁။ ဇာတိဓမ္မာနံ ဘိက္ခဝေ သတ္တာနံ ဧဝံ ဣစ္ဆာ ဥပ္ပဇ္ဇတိ - 'အဟော ဝတ မယံ န ဇာတိဓမ္မာ အဿာမ၊ န စ ဝတ နော ဇာတိ အာဂစ္ဆေယျာ'တိ။ န ခေါ ပနေတံ ဣစ္ဆာယ ပတ္တဗ္ဗံ၊ ဣဒမ္ပိ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ။

၅၈-၂။ ဇရာဓမ္မာနံ ဘိက္ခဝေ သတ္တာနံ ဧဝံ ဣစ္ဆာ ဥပ္ပဇ္ဇတိ - 'အဟော ဝတ မယံ န ဇရာဓမ္မာ အဿာမ၊ န စ ဝတ နော ဇရာ အာဂစ္ဆေယျာ'တိ။ န ခေါ ပနေတံ ဣစ္ဆာယ ပတ္တဗ္ဗံ၊ ဣဒမ္ပိ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ။

၅၈-၃။ ဗျာဓိဓမ္မာနံ ဘိက္ခဝေ သတ္တာနံ ဧဝံ ဣစ္ဆာ ဥပ္ပဇ္ဇတိ 'အဟော ဝတ မယံ န ဗျာဓိဓမ္မာ အဿာမ၊ န စ ဝတ နော ဗျာဓိ အာဂစ္ဆေယျာ'တိ။ န ခေါ ပနေတံ ဣစ္ဆာယ ပတ္တဗ္ဗံ၊ ဣဒမ္ပိ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ။

၅၈-၄။ မရဏဓမ္မာနံ ဘိက္ခဝေ သတ္တာနံ ဧဝံ ဣစ္ဆာ ဥပ္ပဇ္ဇတိ 'အဟော ဝတ မယံ န မရဏဓမ္မာ အဿာမ၊ န စ ဝတ နော မရဏံ အာဂစ္ဆေယျာ'တိ။ န ခေါ ပနေတံ ဣစ္ဆာယ ပတ္တဗ္ဗံ၊ ဣဒမ္ပိ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ။

၅၈-၅။ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသဓမ္မာနံ ဘိက္ခဝေ သတ္တာနံ ဧဝံ ဣစ္ဆာ ဥပ္ပဇ္ဇတိ 'အဟော ဝတ မယံ န သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသဓမ္မာ အဿာမ၊ န စ ဝတ နော သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသဓမ္မာ အာဂစ္ဆေယျု'န္တိ။ န ခေါ ပနေတံ ဣစ္ဆာယ ပတ္တဗ္ဗံ၊ ဣဒမ္ပိ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ။

၅၉။ ကတမေ စ ဘိက္ခဝေ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ? သေယျထိဒံ ရူပုပါဒါနက္ခန္ဓော၊ ဝေဒနုပါဒါနက္ခန္ဓော၊ သညုပါဒါနက္ခန္ဓော၊ သင်္ခါရုပါဒါနက္ခန္ဓော၊ ဝိညာဏုပါဒါနက္ခန္ဓော။ ဣမေ ဝုစ္စန္တိ ဘိက္ခဝေ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

၆၀။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ။

သမုဒယသစ္စနိဒ္ဒေသော

၆၁။ ကတမဉ္စ ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ? ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ၊ သေယျထိဒံ - ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ။

၆၂။ သာ ခေါ ပနေသာ ဘိက္ခဝေ တဏှာ ကတ္ထ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ကတ္ထ နိဝိသမာနာ နိဝိသတိ? ယံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

၆၃။ ကိဉ္စ လောကေ ပိယရူပံ သာတရူပံ? စက္ခု လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။
သောတံ လောကေ။ပ။
ဃာနံ လောကေ။ပ။
ဇိဝှါ လောကေ။ပ။
ကာယော လောကေ။ပ။
မနော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

၆၄။ ရူပါ လောကေ။ပ။
သဒ္ဒါ လောကေ။ပ။
ဂန္ဓာ လောကေ။ပ။
ရသာ လောကေ။ပ။
ဖောဋ္ဌဗ္ဗာ လောကေ။ပ။
ဓမ္မာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

၆၅။ စက္ခုဝိညာဏံ လောကေ။ပ။
သောတဝိညာဏံ လောကေ။ပ။
ဃာနဝိညာဏံ လောကေ။ပ။
ဇိဝှါဝိညာဏံ လောကေ။ပ။
ကာယဝိညာဏံ လောကေ။ပ။
မနောဝိညာဏံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

၆၆။ စက္ခုသမ္ဖေဿာ လောကေ။ပ။
သောတသမ္ဖေဿာ လောကေ။ပ။
ဃာနသမ္ဖေဿာ လောကေ။ပ။
ဇိဝှါသမ္ဖေဿာ လောကေ။ပ။
ကာယသမ္ဖေဿာ လောကေ။ပ။
မနောသမ္ဖေဿာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

၆၇။ စက္ခုသမ္ဖဿဇာ ဝေဒနာ လောကေ။ပ။
သောတသမ္ဖဿဇာ ဝေဒနာ လောကေ။ပ။
ဃာနသမ္ဖဿဇာ ဝေဒနာ လောကေ။ပ။
ဇိဝှါသမ္ဖဿဇာ ဝေဒနာ လောကေ။ပ။
ကာယသမ္ဖဿဇာ ဝေဒနာ လောကေ။ပ။
မနောသမ္ဖဿဇာ ဝေဒနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

၆၈။ ရူပသညာ လောကေ။ပ။
သဒ္ဒသညာ လောကေ။ပ။
ဂန္ဓသညာ လောကေ။ပ။
ရသသညာ လောကေ။ပ။
ဖောဋ္ဌဗ္ဗသညာ လောကေ။ပ။
ဓမ္မသညာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

၆၉။ ရူပသေဉ္စတနာ လောကေ။ပ။
သဒ္ဒသေဉ္စတနာ လောကေ။ပ။
ဂန္ဓသေဉ္စတနာ လောကေ။ပ။
ရသသေဉ္စတနာ လောကေ။ပ။
ဖောဋ္ဌဗ္ဗသေဉ္စတနာ လောကေပ။
ဓမ္မသေဉ္စတနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

၇၀။ ရူပတဏှာ လောကေ။ပ။
သဒ္ဒတဏှာ လောကေ။ပ။
ဂန္ဓတဏှာ လောကေ။ပ။
ရသတဏှာ လောကေ။ပ။
ဖောဋ္ဌဗ္ဗတဏှာ လောကေ။ပ။
ဓမ္မတဏှာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

၇၁။ ရူပဝိတက္ကော လောကေ။ပ။
သဒ္ဒဝိတက္ကော လောကေ။ပ။
ဂန္ဓဝိတက္ကော လောကေ။ပ။
ရသဝိတက္ကော လောကေ။ပ။
ဖောဋ္ဌဗ္ဗဝိတက္ကော လောကေ။ပ။
ဓမ္မဝိတက္ကော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

၇၂။ ရူပဝိစာရော လောကေ။ပ။
သဒ္ဒဝိစာရော လောကေ။ပ။
ဂန္ဓဝိစာရော လောကေ။ပ။
ရသဝိစာရော လောကေ။ပ။
ဖောဋ္ဌဗ္ဗဝိစာရော လောကေ။ပ။
ဓမ္မဝိစာရော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ဥပ္ပဇ္ဇမာနာ ဥပ္ပဇ္ဇတိ၊ ဧတ္ထ နိဝိသမာနာ နိဝိသတိ။

၇၃။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ။

–––––––

နိရောဓသစ္စနိဒ္ဒေသော

၇၄။ ကတမဉ္စ ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ? ယော တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။

၇၅။ သာ ခေါ ပနေသာ ဘိက္ခဝေ တဏှာ ကတ္ထ ပဟီယမာနာ ပဟီယတိ၊ ကတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ? ယံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

၇၆။ ကိဉ္စ လောကေ ပိယရူပံ သာတရူပံ? စက္ခု လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။
သောတံ လောကေ။ပ။
ဃာနံ လောကေ။ပ။
ဇိဝှါ လောကေ။ပ။
ကာယော လောကေ။ပ။
မနော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

၇၇။ ရူပါ လောကေ။ပ။
သဒ္ဒါ လောကေ။ပ။
ဂန္ဓာ လောကေ။ပ။
ရသာ လောကေ။ပ။
ဖောဋ္ဌဗ္ဗာ လောကေ။ပ။
ဓမ္မာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

၇၈။ စက္ခုဝိညာဏံ လောကေ။ပ။
သောတဝိညာဏံ လောကေ။ပ။
ဃာနဝိညာဏံ လောကေ။ပ။
ဇိဝှါဝိညာဏံ လောကေ။ပ။
ကာယဝိညာဏံ လောကေ။ပ။
မနောဝိညာဏံ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

၇၉။ စက္ခုသမ္ဖေဿာ လောကေ။ပ။
သောတသမ္ဖေဿာ လောကေ။ပ။
ဃာနသမ္ဖေဿာ လောကေ။ပ။
ဇိဝှါသမ္ဖေဿာ လောကေ။ပ။
ကာယသမ္ဖေဿာ လောကေ။ပ။
မနောသမ္ဖေဿာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

၈၀။ စက္ခုသမ္ဖဿဇာ ဝေဒနာ လောကေ။ပ။
သောတသမ္ဖဿဇာ ဝေဒနာ လောကေ။ပ။
ဃာနသမ္ဖဿဇာ ဝေဒနာ လောကေ။ပ။
ဇိဝှါသမ္ဖဿဇာ ဝေဒနာ လောကေ။ပ။
ကာယသမ္ဖဿဇာ ဝေဒနာ လောကေ။ပ။
မနောသမ္ဖဿဇာ ဝေဒနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊
ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

၈၁။ ရူပသညာ လောကေ။ပ။
သဒ္ဒသညာ လောကေ။ပ။
ဂန္ဓသညာ လောကေ။ပ။
ရသသညာ လောကေ။ပ။
ဖောဋ္ဌဗ္ဗသညာ လောကေ။ပ။
ဓမ္မသညာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

၈၂။ ရူပသေဉ္စတနာ လောကေ။ပ။
သဒ္ဒသေဉ္စတနာ လောကေ။ပ။
ဂန္ဓသေဉ္စတနာ လောကေ။ပ။
ရသသေဉ္စတနာ လောကေ။ပ။
ဖောဋ္ဌဗ္ဗသေဉ္စတနာ လောကေ။ပ။
ဓမ္မသေဉ္စတနာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

၈၃။ ရူပတဏှာ လောကေ။ပ။
သဒ္ဒတဏှာ လောကေ။ပ။
ဂန္ဓတဏှာ လောကေ။ပ။
ရသတဏှာ လောကေ။ပ။
ဖောဋ္ဌဗ္ဗတဏှာ လောကေ။ပ။
ဓမ္မတဏှာ လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

၈၄။ ရူပဝိတက္ကော လောကေ။ပ။
သဒ္ဒဝိတက္ကော လောကေ။ပ။
ဂန္ဓဝိတက္ကော လောကေ။ပ။
ရသဝိတက္ကော လောကေ။ပ။
ဖောဋ္ဌဗ္ဗဝိတက္ကော လောကေ။ပ။
ဓမ္မဝိတက္ကော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

၈၅။ ရူပဝိစာရော လောကေ။ပ။
သဒ္ဒဝိစာရော လောကေ။ပ။
ဂန္ဓဝိစာရော လောကေ။ပ။
ရသဝိစာရော လောကေ။ပ။
ဖောဋ္ဌဗ္ဗဝိစာရော လောကေ။ပ။
ဓမ္မဝိစာရော လောကေ ပိယရူပံ သာတရူပံ၊ ဧတ္ထေသာ တဏှာ ပဟီယမာနာ ပဟီယတိ၊ ဧတ္ထ နိရုဇ္ဈမာနာ နိရုဇ္ဈတိ။

၈၆။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ။

–––––––

မဂ္ဂသစ္စနိဒ္ဒေသော

၈၇။ ကတမဉ္စ ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ? အယမေဝ အရိယော အဋ္ဌင်္ဂီကော မဂ္ဂေါ သေယျထိဒံ - သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ။

၈၈-၁။ ကတမာ စ ဘိက္ခဝေ သမ္မာဒိဋ္ဌိ? ယံ ခေါ ဘိက္ခဝေ ..
(က) ဒုက္ခေ ဉာဏံ၊
( ခ ) ဒုက္ခသမုဒယေ ဉာဏံ၊
( ဂ )) ဒုက္ခနိရောဓေ ဉာဏံ၊
(ဃ) ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ၊
အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဒိဋ္ဌိ။

၈၈-၂။ ကတမော စ ဘိက္ခဝေ သမ္မာသင်္ကပ္ပေါ?
(က) နေက္ခမ္မသင်္ကပ္ပေါ
( ခ ) အဗျာပါဒသင်္ကပ္ပေါ
( ဂ ) အဝိဟိံသာသင်္ကပ္ပေါ၊
အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာသင်္ကပ္ပေါ။

၈၈-၃။ ကတမာ စ ဘိက္ခဝေ သမ္မာဝါစာ?
(က) မုသာဝါဒါ ဝေရမဏီ,
( ခ ) ပိသုဏာယ ဝါစာယ ဝေရမဏီ,
( ဂ ) ဖရုသာယ ဝါစာယ ဝေရမဏီ,
(ဃ) သမ္ဖပ္ပလာပါ ဝေရမဏီ၊
အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဝါစာ။

၈၈-၄။ ကတမော စ ဘိက္ခဝေ သမ္မာကမ္မန္တော?
(က) ပါဏာတိပါတာ ဝေရမဏီ,
( ခ ) အဒိန္နာဒါနာ ဝေရမဏီ,
( ဂ ) ကာမေသုမိစ္ဆာစာရာ ဝေရမဏီ၊
အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာကမ္မန္တော။

၈၈-၅။ ကတမော စ ဘိက္ခဝေ သမ္မာအာဇီဝေါ?
ဣဓ ဘိက္ခဝေ အရိယသာဝကော မိစ္ဆာအာဇီဝံ ပဟာယ သမ္မာအာဇီဝေန ဇီဝိတံ ကပ္ပေတိ၊ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာအာဇီဝေါ။

၈၈-၆။ ကတမော စ ဘိက္ခဝေ သမ္မာဝါယာမော? ဣဓ ဘိက္ခဝေ ဘိက္ခု ..
(က) အနုပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊
( ခ ) ဥပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ ပဟာနာယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊
( ဂ ) အနုပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဥပ္ပါဒါယ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ၊
(ဃ) ဥပ္ပန္နာနံ ကုသလာနံ ဓမ္မာနံ ဌိတိယာ အသမ္မောသာယ ဘိယျောဘာဝါယ ဝေပုလ္လာယ ဘာဝနာယ ပါရိပူရိယာ ဆန္ဒံ ဇနေတိ ဝါယမတိ ဝီရိယံ အာရဘတိ စိတ္တံ ပဂ္ဂဏှာတိ ပဒဟတိ။
အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာဝါယာမော။

၈၈-၇။ ကတမာ စ ဘိက္ခဝေ သမ္မာသတိ? ဣဓ ဘိက္ခဝေ ဘိက္ခု ..
(က) ကာယေ ကာယာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊
( ခ ) ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊
( ဂ ) စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ၊
(ဃ) ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံ။
အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာသတိ။

၈၈-၈။ ကတမော စ ဘိက္ခဝေ သမ္မာသမာဓိ? ဣဓ ဘိက္ခဝေ ဘိက္ခု ..

(က) ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ သဝိတက္ကံ သဝိစာရံ ဝိဝေကဇံ ပီတိသုခံ ပဌမံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။

( ခ ) ဝိတက္ကဝိစာရာနံ ဝူပသမာ အဇ္ဈတ္တံ သမ္ပသာဒနံ စေတသော ဧကောဒိဘာဝံ အဝိတက္ကံ အဝိစာရံ သမာဓိဇံ ပီတိသုခံ ဒုတိယံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။

( ဂ ) ပီတိယာ စ ဝိရာဂါ ဥပေက္ခကော စ ဝိဟရတိ၊ သတော စ သမ္ပဇာနော၊ သုခဉ္စ ကာယေန ပဋိသံဝေဒေတိ၊ ယံ တံ အရိယာ အာစိက္ခန္တိ 'ဥပေက္ခကော သတိမာ သုခဝိဟာရီ'တိ တတိယံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။

(ဃ) သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာ ပုဗ္ဗေဝ သောမနဿဒေါမနဿာနံ အတ္ထင်္ဂမာ အဒုက္ခမသုခံ ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ စျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ အယံ ဝုစ္စတိ ဘိက္ခဝေ သမ္မာသမာဓိ။

၈၉။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ။

ဝိပဿနာပိုင်း - ပထမဆင့် (၂)

၉၀-၁။ (က) ဣတိ အဇ္ဈတ္တံ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊
၉၀-၁။ ( ခ ) ဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊
၉၀-၁။ ( ဂ ) အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ။

ဝိပဿနာပိုင်း - ဒုတိယအဆင့်

၉၀-၂။ (က) သမုဒယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊
၉၀-၂။ ( ခ ) ဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ၊
၉၀-၂။ ( ဂ ) သမုဒယဝယဓမ္မာနုပဿီ ဝါ ဓမ္မေသု ဝိဟရတိ။

ဝိပဿနာပိုင်း - တတိယအဆင့်

၉၀-၃။ 'အတ္ထိ ဓမ္မာ'တိ ဝါ ပနဿ သတိ ပစ္စုပဋ္ဌိတာ ဟောတိ ယာဝဒေဝ ဉာဏမတ္တာယ ပဋိဿတိမတ္တာယ၊

ဝိပဿနာပိုင်း - စတုတ္ထအဆင့်

၉၀-၄။ အနိဿိတော စ ဝိဟရတိ၊ န စ ကိဉ္စိ လောကေ ဥပါဒိယတိ။
၉၁။ ဧဝမ္ပိ ခေါ ဘိက္ခဝေ ဘိက္ခု ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ စတူသု အရိယသစ္စေသု။

သစ္စပဗ္ဗံ နိဋ္ဌိတံ။

ဓမ္မာနုပဿနာ နိဋ္ဌိတာ။

–––––––

၉၂။ ယော ဟိ ကောစိ ဘိက္ခဝေ ဣမေ စတ္တာရော သတိပဋ္ဌာနေ ဧဝံ ဘာဝေယျ သတ္တဝဿာနိ၊ တဿ ဒွိန္နံ ဖလာနံ အညတရံ ဖလံ ပါဋိကင်္ခံ ဒိဋ္ဌေဝ ဓမ္မေ အညာ, သတိ ဝါ ဥပါဒိသေသေ အနာဂါမိတာ။

တိဋ္ဌန္တု ဘိက္ခဝေ သတ္တဝဿာနိ။ ယော ဟိ ကောစိ ဘိက္ခဝေ ဣမေ စတ္တာရော သတိပဋ္ဌာနေ ဧဝံ ဘာဝေယျ ဆ ဝဿာနိ။ ပ။ ပဉ္စ ဝဿာနိ။ စတ္တာရိ ဝဿာနိ။ တီဏိ ဝဿာနိ။ ဒွေ ဝဿာနိ။ ဧကံ ဝဿံ။

တိဋ္ဌတု ဘိက္ခဝေ ဧကံ ဝဿံ။ ယော ဟိ ကောစိ ဘိက္ခဝေ ဣမေ စတ္တာရော သတိပဋ္ဌာနေ ဧဝံ ဘာဝေယျ သတ္တမာသာနိ၊ တဿ ဒွိန္နံ ဖလာနံ အညတရံ ဖလံ ပါဋိကင်္ခံ ဒိဋ္ဌေဝ ဓမ္မေ အညာ, သတိ ဝါ ဥပါဒိသေသေ အနာဂါမိတာ။

တိဋ္ဌန္တု ဘိက္ခဝေ သတ္တ မာသာနိ။ ယော ဟိ ကောစိ ဘိက္ခဝေ ဣမေ စတ္တာရော သတိပဋ္ဌာနေ ဧဝံ ဘာဝေယျ ဆ မာသာနိ။ ပ။ ပဉ္စ မာသာနိ။ စတ္တာရိ မာသာနိ။ တီဏိ မာသာနိ။ ဒွေ မာသာနိ။ ဧကံ မာသံ။ အဍ္ဎမာသံ။

တိဋ္ဌတု ဘိက္ခဝေ အဍ္ဎမာသော။ ယော ဟိ ကောစိ ဘိက္ခဝေ ဣမေ စတ္တာရော သတိပဋ္ဌာနေ ဧဝံ ဘာဝေယျ သတ္တာဟံ၊ တဿ ဒွိန္နံ ဖလာနံ အညတရံ ဖလံ ပါဋိကင်္ခံ ဒိဋ္ဌေဝ ဓမ္မေ အညာ, သတိ ဝါ ဥပါဒိသေသေ အနာဂါမိတာတိ။

၉၃။ ''ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ သောကပရိဒေဝါနံ သမတိက္ကမာယ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ ဉာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ''တိ ဣတိ ယံ တံ ဝုတ္တံ၊ ဣဒမေတံ ပဋိစ္စ ဝုတ္တန္တိ။ ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ တေ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။

မဟာသတိပဋ္ဌာနသုတ္တံ[၁၀၆] နိဋ္ဌိတံ။

မဟာသတိပဋ္ဌာနသုတ္တန်

၁။[၂၅]တပည့်တော် အာနန္ဒာသည် ဘုရားရှင်၏ထံတော်မှောက်မှ ဤသို့ နာခံမှတ်သားဆောင်ထားလိုက်ရပါသည် ဘုရား။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကုရုတိုင်း ကမ္မာသဓမ္မ[၆၆] အမည်ရသော နိဂုံးရွာကြီး၌ သီတင်းသုံးစံနေတော် မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့...''ဟု ခေါ်တော်မူ၏၊ ရဟန်းတို့သည် မြတ်စွာဘုရားအား ''အရှင်ဘုရား...''ဟု ပြန်လည်လျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောကြားတော်မူ၏၊

အကျဉ်းချုပ်

၂။ ရဟန်းတို့ ... ဤခရီးလမ်းသည် .. သတ္တဝါတို့၏ စိတ်ဓာတ် သန့်ရှင်းစင်ကြယ်ရန်, စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို ကျော်လွှားလွန်မြောက်ရန်, ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့ ချုပ်ငြိမ်းရန်, အရိယမဂ်ကို ရရှိရန်, နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်း ဖြစ်ပေ၏၊ ယင်းသည့် ခရီးလမ်းကား ဤသတိပဋ္ဌာန် တရား လေးပါးတို့ပင်တည်း။

အဘယ်လေးပါးတို့နည်းဟူမူ –– ရဟန်းတို့...ဤသာသနာတော်၌ ရဟန်းသည် .. 

၂-၁။ အပြင်းအထန် ကြိုးစားအားထုတ်သော လုံ့လဝီရိယရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည် ဖြစ်၍ သတိ[၆၇] ရှိသည် ဖြစ်၍ လောက[၆၈]၌ အဘိဇ္ဈာ[၆၉] ဒေါမနဿ[၇၀]ကို ပယ်ဖျောက်၍ ကာယ၌ ကာယကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊

၂-၂။ အပြင်းအထန် ကြိုးစားအားထုတ်သော လုံ့လဝီရိယရှိသည် ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည် ဖြစ်၍ သတိရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊

၂-၃။ အပြင်းအထန် ကြိုးစားအားထုတ်သော လုံ့လဝီရိယရှိသည် ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည် ဖြစ်၍ သတိရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊

၂-၄။ အပြင်းအထန် ကြိုးစားအားထုတ်သော လုံ့လဝီရိယရှိသည် ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည် ဖြစ်၍ သတိရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ (ဓမ္မ)သဘောတရားတို့၌ (ဓမ္မ)သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေ၏၊

အကျဉ်းချုပ် ပြီး၏၊

ဝင်သက်လေ-ထွက်သက်လေကို ရှုဆင်ခြင်ခြင်းအခန်း

သမထပိုင်း

၃။ ရဟန်းတို့... အဘယ်သို့လျှင် ရဟန်းသည် ကာယ၌ ကာယကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေသနည်း။ ရဟန်းတို့... ဤသာသနာတော်၌ ရဟန်းသည် တောသို့ သွားရောက်၍ ဖြစ်စေ သစ်ပင်ရင်းသို့ သွားရောက်၍ ဖြစ်စေ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာထား၍ သတိကို (ကမ္မဋ္ဌာန်းအာရုံသို့) ရှေ့ရှုဖြစ်စေလျက် ထိုင်၏၊ ထိုရဟန်းသည် သတိရှိလျက်သာလျှင် ဝင်သက်လေကို ဖြစ်စေ၏၊ သတိရှိလျက်သာလျှင် ထွက်သက်လေကို ဖြစ်စေ၏၊

၃-၁။ ရှည်ရှည် ဝင်သက်လေကို ရှူသွင်းလျှင်လည်း ''ရှည်ရှည် ဝင်သက်လေကို ရှူသွင်း၏''ဟု သိ၏၊
ရှည်ရှည် ထွက်သက်လေကို ရှူထုတ်လျှင်လည်း ''ရှည်ရှည် ထွက်သက်လေကို ရှူထုတ်၏''ဟု သိ၏၊

၃-၂။ တိုတို ဝင်သက်လေကို ရှူသွင်းလျှင်လည်း ''တိုတို ဝင်သက်လေကို ရှူသွင်း၏''ဟု သိ၏၊
တိုတို ထွက်သက်လေကို ရှူထုတ်လျှင်လည်း ''တိုတို ထွက်သက်လေကို ရှူထုတ်၏''ဟု သိ၏၊

၃-၃။ (ဝင်သက်လေ၏) ''အစ အလယ် အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိလျက် ဝင်သက်လေကို ဖြစ်စေအံ့''ဟု ကျင့်၏၊
(ထွက်သက်လေ၏) ''အစ အလယ် အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိလျက် ထွက်သက်လေကို ဖြစ်စေအံ့'' ဟု ကျင့်၏၊

၃-၄။ ''ရုန့်ရင်းသော ဝင်သက်လေကို ငြိမ်းစေလျက် ဝင်သက်လေကို ဖြစ်စေအံ့''ဟု ကျင့်၏၊
''ရုန့်ရင်းသော ထွက်သက်လေကို ငြိမ်းစေလျက် ထွက်သက်လေကို ဖြစ်စေအံ့''ဟု ကျင့်၏၊

၄။ ရဟန်းတို့...ဥပမာသော်ကား ကျွမ်းကျင်သော ပန်းပွတ်သမားသည်လည်းကောင်း, ပန်းပွတ်သမား၏ တပည့်သည်လည်းကောင်း ..
(ပွတ်ကြိုးကို) ရှည်ရှည် ဆွဲငင်လျှင်လည်း ''ရှည်ရှည် ဆွဲငင်သည်''ဟု သိ၏၊
(ပွတ်ကြိုးကို) တိုတို ဆွဲငင်လျှင်လည်း ''တိုတို ဆွဲငင်သည်''ဟု သိ၏၊

ရဟန်းတို့...ဤအတူပင် ရဟန်းသည် ..
၄-၁။ ရှည်ရှည် ဝင်သက်လေကို ရှူသွင်းလျှင်လည်း ''ရှည်ရှည် ဝင်သက်လေကို ရှူသွင်း၏''ဟု သိ၏၊
ရှည်ရှည် ထွက်သက်လေကို ရှူထုတ်လျှင်လည်း ''ရှည်ရှည် ထွက်သက်လေကို ရှူထုတ်၏''ဟု သိ၏၊

၄-၂။ တိုတို ဝင်သက်လေကို ရှူသွင်းလျှင်လည်း ''တိုတို ဝင်သက်လေကို ရှူသွင်း၏''ဟု သိ၏၊
တိုတို ထွက်သက်လေကို ရှူထုတ်လျှင်လည်း ''တိုတို ထွက်သက်လေကို ရှူထုတ်၏''ဟု သိ၏၊

၄-၃။ (ဝင်သက်လေ၏) ''အစ အလယ် အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိလျက် ဝင်သက်လေကို ဖြစ်စေအံ့''ဟု ကျင့်၏၊
(ထွက်သက်လေ၏) ''အစ အလယ် အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိလျက် ထွက်သက်လေကို ဖြစ်စေအံ့''ဟု ကျင့်၏၊

၄-၄။ ''ရုန့်ရင်းသော ဝင်သက်လေကို ငြိမ်းစေလျက် ဝင်သက်လေကို ဖြစ်စေအံ့''ဟု ကျင့်၏၊
''ရုန့်ရင်းသော ထွက်သက်လေကို ငြိမ်းစေလျက် ထွက်သက်လေကို ဖြစ်စေအံ့''ဟု ကျင့်၏၊

ဝိပဿနာပိုင်း - ပထမဆင့်

၅-၁။ (က) ဤသို့လျှင် အဇ္ဈတ္တ ကာယ၌မူလည်း ကာယကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊
၅-၁။ ( ခ ) ဗဟိဒ္ဓ ကာယ၌မူလည်း ကာယကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊
၅-၁။ ( ဂ ) အဇ္ဈတ္တ ဗဟိဒ္ဓ ကာယ နှစ်မျိုးလုံးတို့၌မူလည်း ကာယကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊[၇၁]

ဝိပဿနာပိုင်း - ဒုတိယဆင့်

၅-၂။ (က) ကာယ၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊
၅-၂။ ( ခ ) ကာယ၌ ချုပ်ကြောင်းတရားနှင့် ချုပ်+ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်းနေ၏၊
၅-၂။ ( ဂ ) ကာယ၌ ဖြစ်ကြောင်း ချုပ်ကြောင်းတရားနှင့် ဖြစ်ခြင်း ချုပ်+ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊

ဝိပဿနာပိုင်း - တတိယဆင့်

၅-၃။ ထို့ပြင် ''ကာယသည်သာလျှင် ရှိ၏''ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) ဝိပဿနာဉာဏ် အဆင့်ဆင့် တိုးပွားခြင်းငှာသာ ဖြစ်၏၊ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိ အဆင့်ဆင့် တိုးပွားခြင်းငှာသာ ဖြစ်၏၊

၅-၄။ (ထိုရဟန်းသည် တဏှာ-ဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ (ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော) လောက၌ တစ်စုံတစ်ခုသောတရားကိုမျှလည်း (ငါ, ငါ၏ ဥစ္စာဟု) စွဲလည်း မစွဲလမ်း။

၆။ ရဟန်းတို့...ဤသို့လည်း ရဟန်းသည် ကာယ၌ ကာယကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊

 ဝင်သက်လေ-ထွက်သက်လေကို ရှုဆင်ခြင်ခြင်းအခန်း ပြီး၏၊

ဣရိယာပုထ်ကို ဆင်ခြင်ခြင်းအခန်း

သမထပိုင်း + ဝိပဿနာပိုင်း

၇။ ရဟန်းတို့... တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ..
၇-၁။ သွားလျှင်လည်း ''သွားသည်''ဟု သိ၏၊
၇-၂။ ရပ်လျှင်လည်း ''ရပ်သည်''ဟု သိ၏၊
၇-၃။ ထိုင်လျှင်လည်း ''ထိုင်သည်''ဟု သိ၏၊
၇-၄။ လျောင်းလျှင်လည်း ''လျောင်းသည်''ဟု သိ၏၊

၈။ ထိုရဟန်း၏ ကာယသည် အကြင်အကြင် အမူအရာအားဖြင့် တည်နေ၏၊ ထိုကာယကို ထိုထိုအမူအရာအားဖြင့် သိ၏၊

ဝိပဿနာပိုင်း - ပထမဆင့်

၉-၁။ (က) ဤသို့လျှင် အဇ္ဈတ္တ ကာယ၌မူလည်း ကာယကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊
၉-၁။ ( ခ ) ဗဟိဒ္ဓ ကာယ၌မူလည်း ကာယကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊
၉-၁။ ( ဂ ) အဇ္ဈတ္တ ဗဟိဒ္ဓ ကာယ နှစ်မျိုးလုံးတို့၌မူလည်း ကာယကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊

ဝိပဿနာပိုင်း - ဒုတိယဆင့်

၉-၂။ (က) ကာယ၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊
၉-၂။ ( ခ ) ကာယ၌ ချုပ်ကြောင်းတရားနှင့် ချုပ်+ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊
၉-၂။ ( ဂ ) ကာယ၌ ဖြစ်ကြောင်း ချုပ်ကြောင်းတရားနှင့် ဖြစ်ခြင်း ချုပ်+ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊

ဝိပဿနာပိုင်း - တတိယဆင့်

၉-၃။ ထို့ပြင် ''ကာယသည်သာလျှင် ရှိ၏''ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) ဝိပဿနာဉာဏ် အဆင့်ဆင့် တိုးပွားခြင်းငှာသာ ဖြစ်၏၊ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိ အဆင့်ဆင့် တိုးပွားခြင်းငှာသာ ဖြစ်၏၊

ဝိပဿနာပိုင်း - စတုတ္ထဆင့်

၉-၄။ (ထိုရဟန်းသည် တဏှာ-ဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ (ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော) လောက၌ တစ်စုံတစ်ခုသောတရားကိုမျှလည်း (ငါ, ငါ၏ ဥစ္စာဟု) စွဲလည်း မစွဲလမ်း။

၁၀။ ရဟန်းတို့...ဤသို့လည်း ရဟန်းသည် ကာယ၌ ကာယကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ 

ဣရိယာပုထ်ကို ဆင်ခြင်ခြင်းအခန်း ပြီး၏၊

သတိသမ္ပဇဉ်ဖြင့် ဆင်ခြင်ခြင်းအခန်း - သမထပိုင်း + ဝိပဿနာပိုင်း 

၁၁။ ရဟန်းတို့... တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ..
၁၁-၁။ ရှေ့သို့တိုးရာ နောက်သို့ဆုတ်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊
၁၁-၂။ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊
၁၁-၃။ ကွေးရာ ဆန့်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊
၁၁-၄။ ဒုကုဋ် သပိတ် သင်္ကန်းကို ကိုင်ဆောင်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊
၁၁-၅။ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊
၁၁-၆။ ကျင်ကြီးစွန့်ရာ ကျင်ငယ်စွန့်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊
၁၁-၇။ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ပျော်ရာ နိုးလာရာ စကားပြောရာ ဆိတ်ဆိတ်နေရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊

ဝိပဿနာပိုင်း

၁၂။ ဤသို့လျှင် အဇ္ဈတ္တ ကာယ၌မူလည်း။ပ။ ရဟန်းတို့... ဤသို့လည်း ရဟန်းသည် ကာယ၌ ကာယကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊

သတိသမ္ပဇဉ်ဖြင့် ဆင်ခြင်ခြင်းအခန်း ပြီး၏၊

စက်ဆုပ်ဖွယ်ရာဟု နှလုံးသွင်းခြင်းအခန်း - သမထပိုင်း

၁၃။ ရဟန်းတို့... တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ခြေဖဝါးမှ အထက်, ဆံပင်ဖျားမှ အောက် ထက်ဝန်းကျင် အရေပါး အဆုံးရှိသော မစင်ကြယ်သည့် အရာအမျိုးမျိုးတို့ဖြင့် ပြည့်လျက်ရှိသော ဤရုပ်အပေါင်းကိုပင် စူးစိုက်ဆင်ခြင်၏ –– ''ဤရုပ်အပေါင်း၌ ..

ဆံပင်၊ မွေးညင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေ၊
အသား၊ အကြော၊ အရိုး၊ ရိုးတွင်းချဉ်ဆီ၊ အညှို့၊
နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုပ်၊
အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်၊
သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊
မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်သည် ရှိ၏''ဟု စူးစိုက်ဆင်ခြင်၏၊

၁၄။ ရဟန်းတို့... ဥပမာသော်ကား နှစ်ဖက်မျက်နှာဝရှိသော အိတ်သည် စပါးအမျိုးမျိုးဖြင့် ပြည့်လျက် ရှိရာ၏၊ အဘယ်စပါးတို့နည်းဟူမူ- သလေးစပါး ကောက်ကြီးစပါး ပဲနောက် ပဲကြီး နှမ်း ဆန်တို့တည်း။ မျက်စိအမြင်ရှိသော ယောကျ်ားသည် ထိုအိတ်ကို ဖြေ၍ ''ဤသည်တို့ကား သလေးစပါးတို့တည်း၊ ဤသည်တို့ကား ကောက်ကြီးစပါးတို့တည်း၊ ဤသည်တို့ကား ပဲနောက်တို့တည်း၊ ဤသည်တို့ကား ပဲကြီးတို့တည်း၊ ဤသည်တို့ကား နှမ်းတို့တည်း၊ ဤသည်တို့ကား ဆန်တို့တည်း''ဟု စူးစိုက်ဆင်ခြင်ရာသကဲ့သို့ ရဟန်းတို့... ဤအတူပင် ရဟန်းသည် ခြေဖဝါးမှ အထက်, ဆံပင်ဖျားမှ အောက် ထက်ဝန်းကျင် အရေပါး အဆုံးရှိသော မစင်ကြယ်သည့် အရာအမျိုးမျိုးတို့ဖြင့် ပြည့်လျက်ရှိသော ဤကာယကိုပင် စူးစိုက်ဆင်ခြင်၏ ''ဤကာယ၌ ဆံပင် မွေးညင်း ခြေသည်း လက်သည်း သွား အရေ။ပ။ကျင်ငယ်သည် ရှိ၏''ဟု (စူးစိုက်ဆင်ခြင်၏)။

ဝိပဿနာပိုင်း

၁၅။ ဤသို့လျှင် အဇ္ဈတ္တ ကာယ၌မူလည်း။ပ။ ရဟန်းတို့... ဤသို့လည်း ရဟန်းသည် ကာယ၌ ကာယကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊

စက်ဆုပ်ဖွယ်ရာဟု နှလုံးသွင်းဆင်ခြင်ခြင်းအခန်း ပြီး၏၊

ဓာတ်အားဖြင့် နှလုံးသွင်းခြင်းအခန်း - သမထပိုင်း + ဝိပဿနာပိုင်း

၁၆။ ရဟန်းတို့... တစ်ဖန် ထို့ပြင်လည်း ''ဤကာယ၌ ပထဝီဓာတ် = မြေဓာတ်, အာပေါဓာတ် = ရေဓာတ်, တေဇောဓာတ် = မီးဓာတ်, ဝါယောဓာတ် = လေဓာတ်သည် ရှိ၏''ဟု ဤကာယကို တည်မြဲတိုင်း ထားမြဲတိုင်းပင် ဓာတ်အားဖြင့် စူးစိုက်ဆင်ခြင်၏၊

၁၇။ ရဟန်းတို့... ဥပမာသော်ကား ကျွမ်းကျင်သော နွားသတ်သမားသည်လည်းကောင်း နွားသတ်သမား၏ တပည့်သည်လည်းကောင်း နွားကို သတ်၍ လမ်းလေးခွဆုံရာ၌ အစုအပုံအားဖြင့် ခွဲခြားလျက် ထိုင်နေရာသကဲ့သို့ ရဟန်းတို့... ဤအတူပင် ရဟန်းသည် ''ဤကာယ၌ ပထဝီဓာတ် = မြေဓာတ်, အာပေါဓာတ် = ရေဓာတ်, တေဇောဓာတ် = မီးဓာတ်, ဝါယောဓာတ် = လေဓာတ်သည် ရှိ၏''ဟု ဤကာယကို တည်မြဲတိုင်း ထားမြဲတိုင်းပင် ဓာတ်အားဖြင့် စူးစိုက်ဆင်ခြင်၏၊

ဝိပဿနာပိုင်း

၁၈။ ဤသို့လျှင် အဇ္ဈတ္တ ကာယ၌မူလည်း။ပ။ ရဟန်းတို့... ဤသို့လည်း ရဟန်းသည် ကာယ၌ ကာယကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊

ဓာတ်အားဖြင့် နှလုံးသွင်းခြင်းအခန်း ပြီး၏၊

သူသေကောင် ကိုးမျိုးကို ဆင်ခြင်ခြင်းအခန်း - သမထပိုင်း + (ဝိပဿနာပိုင်း)

၁၉။ ရဟန်းတို့... တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ..သေ၍ တစ်ရက်ရှိသော သူသေကောင်, သေ၍ နှစ်ရက် ရှိသော သူသေကောင်, သေ၍ သုံးရက်ရှိသော သူသေကောင်, ဖူးရောင်နေသော သူသေကောင်, ရုပ်ဆင်းပျက်လျက် ညိုမဲနေသော သူသေကောင်, ပြည်ကဲ့သို့ စက်ဆုပ်ဖွယ် အပုပ်ရည် ယိုစီးနေသော သင်္ချိုင်း၌ စွန့်ပစ်ထားအပ်သော သူသေကောင်ကို မြင်ရာသကဲ့သို့ ထိုရဟန်းသည် ''ဤ ငါ၏ကာယသည်လည်း ဤကဲ့သို့သော သဘောရှိ၏၊ ဤကဲ့သို့သော သဘောဖြစ်လိမ့်မည်သာတည်း၊ ဤကဲ့သို့သော သဘောကို မလွန်ဆန်နိုင်''ဟု ဤကာယကိုပင် နှိုင်းစာ၍ (ဉာဏ်ဖြင့် ကပ်ဆောင်၍) ရှု၏၊ (၁)

ဝိပဿနာပိုင်း

၂၀။ ဤသို့လျှင် အဇ္ဈတ္တ ကာယ၌မူလည်း။ပ။ ရဟန်းတို့... ဤသို့လည်း ရဟန်းသည် ကာယ၌ ကာယကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊

သမထပိုင်း + (ဝိပဿနာပိုင်း)

၂၁။ ရဟန်းတို့... တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ကျီးတို့ ခဲစားအပ်သည်မူလည်းဖြစ်သော, စွန်ရဲတို့ ခဲစားအပ်သည်မူလည်းဖြစ်သော, လင်းတတို့ ခဲစားအပ်သည်မူလည်းဖြစ်သော, ဘုံမတီးငှက်တို့ ခဲစားအပ်သည်မူလည်း ဖြစ်သော, ခွေးတို့ ခဲစားအပ်သည်မူလည်းဖြစ်သော, ကျားတို့ ခဲစားအပ်သည်မူလည်းဖြစ်သော, သစ်တို့ ခဲစားအပ်သည် မူလည်းဖြစ်သော, မြေခွေးတို့ ခဲစားအပ်သည်မူလည်းဖြစ်သော, ပိုးအမျိုးမျိုးတို့ ခဲစားအပ်သည်မူလည်းဖြစ်သော, သင်္ချိုင်း၌ စွန့်ပစ်ထားအပ်သော သူသေကောင်ကို မြင်ရာသကဲ့သို့ ထိုရဟန်းသည် ''ဤ ငါ၏ ကာယသည်လည်း ဤကဲ့သို့သော သဘောရှိ၏၊ ဤကဲ့သို့သော သဘောဖြစ်လိမ့်မည်သာတည်း၊ ဤကဲ့သို့သော သဘောကို မလွန်ဆန်နိုင်''ဟု ဤကာယကို သာလျှင် နှိုင်းစာ၍ (ဉာဏ်ဖြင့် ကပ်ဆောင်၍) ရှု၏၊ (၂)

ဝိပဿနာပိုင်း

၂၂။ ဤသို့လျှင် အဇ္ဈတ္တ ကာယ၌မူလည်း။ပ။ ရဟန်းတို့... ဤသို့လည်း ရဟန်းသည် ကာယ၌ ကာယကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊

သမထပိုင်း + (ဝိပဿနာပိုင်း)

၂၃။ ရဟန်းတို့... တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ..

အသားအသွေးရှိသေးသော, အကြောတို့ဖြင့် ဖွဲ့ထားသော, အရိုးဆက်လျက်ရှိသေးသော သင်္ချိုင်း၌ စွန့်ပစ် ထားအပ်သော သူသေကောင်ကို မြင်ရာသကဲ့သို့။ပ။ (၃)

အသားကင်း၍ သွေးတို့ဖြင့် ပေကျံလျက် အကြောတို့ဖြင့် ဖွဲ့ထားသော, အရိုးဆက်လျက် ရှိသေးသော, သင်္ချိုင်း၌ စွန့်ပစ်ထားအပ်သော သူသေကောင်ကို။ပ။ (၄)

အသားအသွေးကင်းလျက် အကြောတို့ဖြင့် ဖွဲ့ထားသော, အရိုးဆက်လျက် ရှိသေးသော, သင်္ချိုင်း၌ စွန့်ပစ် ထားအပ်သော သူသေကောင်ကို။ပ။ (၅)

တစ်နေရာ၌ လက်ရိုး, တစ်နေရာ၌ ခြေရိုး, တစ်နေရာ၌ ခြေဖမျက်ရိုး, တစ်နေရာ၌ မြင်းခေါင်းရိုး, တစ်နေရာ၌ ပေါင်ရိုး, တစ်နေရာ၌ ခါးရိုး, တစ်နေရာ၌ နံရိုး, တစ်နေရာ၌ ကျောက်ကုန်းရိုး, တစ်နေရာ၌ ပခုံးရိုး, တစ်နေရာ၌ လည်ပင်းရိုး, တစ်နေရာ၌ မေးရိုး, တစ်နေရာ၌ သွားရိုး, တစ်နေရာ၌ ဦးခေါင်းခွံအားဖြင့် ဖွဲ့ခြင်းကင်းကုန်လျက် ထိုထိုအရပ်တို့၌ ကြဲပြန့်နေကုန်သော သင်္ချိုင်း၌ စွန့်ပစ်ထားအပ်ကုန်သော အရိုးစုသူသေကောင်တို့ကို မြင်ရာသကဲ့သို့ ထိုရဟန်းသည် ''ဤငါ၏ကာယသည်လည်း ဤကဲ့သို့သော သဘောရှိ၏၊ ဤကဲ့သို့သောသဘော ဖြစ်လိမ့်မည်သာတည်း၊ ဤကဲ့သို့သော သဘောကို မလွန်ဆန်နိုင်''ဟု ဤကာယကိုသာလျှင် နှိုင်းစာ၍ (ဉာဏ်ဖြင့် ကပ်ဆောင်၍) ရှု၏၊ (၆)

ဝိပဿနာပိုင်း

၂၄။ ဤသို့လျှင် အဇ္ဈတ္တ ကာယ၌မူလည်း။ပ။ နေ၏၊

သမထပိုင်း + (ဝိပဿနာပိုင်း)

၂၅။ ရဟန်းတို့... တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ..

ခရုသင်းအဆင်းနှင့်အတူ ဖြူဖွေးနေကုန်သော သင်္ချိုင်း၌ စွန့်ပစ်ထားအပ်ကုန်သော အရိုးစုသူသေကောင်တို့ကို မြင်ရာသကဲ့သို့။ပ။ (၇)

နှစ်လွန်လျက် စုပုံနေသော သင်္ချိုင်း၌ စွန့်ပစ်ထားအပ်ကုန်သော အရိုးစုသူသေကောင်တို့ကို မြင်ရာသကဲ့သို့။ ပ။ (၈)

ဆွေးမြေ့လျက် အမှုန့်ဖြစ်ကုန်သော သင်္ချိုင်း၌ စွန့်ပစ်ထားအပ်ကုန်သော အရိုးစုသူသေကောင်တို့ကို မြင်ရာ သကဲ့သို့ ထိုရဟန်းသည် ''ဤငါ၏ ကာယသည်လည်း ဤကဲ့သို့သော သဘောရှိ၏၊ ဤကဲ့သို့သော သဘော ဖြစ်လိမ့်မည် သာတည်း၊ ဤကဲ့သို့သော သဘောကို မလွန်ဆန်နိုင်''ဟု ဤကာယကိုသာလျှင် နှိုင်းစာ၍ (ဉာဏ်ဖြင့် ကပ်ဆောင်၍) ရှု၏၊ (၉)

ဝိပဿနာပိုင်း - ပထမဆင့်

၂၆-၁။ (က) ဤသို့လျှင် အဇ္ဈတ္တ ကာယ၌မူလည်း ကာယကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊၊ ၂၆-၁။ ( ခ ) ဗဟိဒ္ဓ ကာယ၌မူလည်း ကာယကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊

၂၆-၁။ ( ဂ ) အဇ္ဈတ္တ ဗဟိဒ္ဓ ကာယ နှစ်မျိုးလုံးတို့၌မူလည်း ကာယကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊

ဝိပဿနာပိုင်း - ဒုတိယဆင့်

၂၆-၂။ (က) ကာယ၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊

၂၆-၂။ ( ခ ) ကာယ၌ ချုပ်ကြောင်းတရားနှင့် ချုပ်+ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်းနေ၏၊

၂၆-၂။ ( ဂ ) ကာယ၌ ဖြစ်ကြောင်း ချုပ်ကြောင်းတရားနှင့် ဖြစ်ခြင်း ချုပ်+ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊

ဝိပဿနာပိုင်း - တတိယဆင့်

၂၆-၃။ ထို့ပြင် ''ကာယသည်သာလျှင် ရှိ၏''ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) ဝိပဿနာဉာဏ် အဆင့်ဆင့် တိုးပွားခြင်းငှာသာ ဖြစ်၏၊ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိ အဆင့်ဆင့် တိုးပွားခြင်းငှာသာ ဖြစ်၏၊

ဝိပဿနာပိုင်း - စတုတ္ထဆင့်

၂၆-၄။ (ထိုရဟန်း သည် တဏှာ-ဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ (ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော) လောက၌ တစ်စုံတစ်ခုသောတရားကိုမျှလည်း (ငါ, ငါ၏ ဥစ္စာဟု) စွဲလည်း မစွဲလမ်း။

၂၇။ ရဟန်းတို့... ဤသို့လည်း ရဟန်းသည် ကာယ၌ ကာယကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊

သူသေကောင် ကိုးမျိုးကို ဆင်ခြင်ခြင်းအခန်း ပြီး၏၊

ကာယကို ဆင်ခြင်ခြင်း တစ်ဆယ့်လေးမျိုး ပြီး၏၊

ဝေဒနာကို ဆင်ခြင်ခြင်း ကိုးမျိုး

ဝိပဿနာပိုင်း - ပထမဆင့် (၁)

၂၈။ ရဟန်းတို့... အဘယ်သို့လျှင် ရဟန်းသည် ဝေဒနာ[၇၂]တို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့... ဤသာသနာတော်၌ ရဟန်းသည် ..

၂၈-၁။ သုခဝေဒနာ[၇၃]ကို ခံစားလျှင်လည်း ''သုခဝေဒနာကို ခံစားသည်''ဟု သိ၏၊
၂၈-၂။ ဒုက္ခဝေဒနာ[၇၄]ကို ခံစားလျှင်လည်း ''ဒုက္ခဝေဒနာကို ခံစားသည်''ဟု သိ၏၊
၂၈-၃။ အဒုက္ခမသုခဝေဒနာ[၇၅]ကို ခံစားလျှင်လည်း ''အဒုက္ခမသုခဝေဒနာကို ခံစားသည်''ဟု သိ၏၊
၂၈-၄။ ကာမဂုဏ်နှင့် စပ်သော သုခဝေဒနာကို ခံစားလျှင်လည်း ''ကာမဂုဏ်နှင့် စပ်သော သုခဝေဒနာကို ခံစားသည်''ဟု သိ၏၊
၂၈-၅။ ကာမဂုဏ်နှင့် မစပ်သော သုခဝေဒနာကို ခံစားလျှင်လည်း ''ကာမဂုဏ်နှင့် မစပ်သော သုခဝေဒနာကို ခံစားသည်''ဟု သိ၏၊
၂၈-၆။ ကာမဂုဏ်နှင့် စပ်သော ဒုက္ခဝေဒနာကို ခံစားလျှင်လည်း ''ကာမဂုဏ်နှင့် စပ်သော ဒုက္ခဝေဒနာကို ခံစားသည်'' ဟု သိ၏၊
၂၈-၇။ ကာမဂုဏ်နှင့် မစပ်သော ဒုက္ခဝေဒနာကို ခံစားလျှင်လည်း ''ကာမဂုဏ်နှင့် မစပ်သော ဒုက္ခဝေဒနာကို ခံစားသည်''ဟု သိ၏၊
၂၈-၈။ ကာမဂုဏ်နှင့် စပ်သော အဒုက္ခမသုခဝေဒနာကို ခံစားလျှင်လည်း ''ကာမဂုဏ်နှင့် စပ်သော အဒုက္ခမသုခ ဝေဒနာကို ခံစားသည်''ဟု သိ၏၊
၂၈-၉။ ကာမဂုဏ်နှင့် မစပ်သော အဒုက္ခမသုခဝေဒနာကို ခံစားလျှင်လည်း ''ကာမဂုဏ်နှင့် မစပ်သော အဒုက္ခမသုခ ဝေဒနာကို ခံစားသည်''ဟု သိ၏၊

ဝိပဿနာပိုင်း - ပထမဆင့် (၂)

၂၉-၁။ (က) ဤသို့လျှင် အဇ္ဈတ္တ ဝေဒနာတို့၌မူလည်း ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊
၂၉-၁။ ( ခ ) ဗဟိဒ္ဓ ဝေဒနာတို့၌မူလည်း ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊
၂၉-၁။ ( ဂ ) အဇ္ဈတ္တ ဗဟိဒ္ဓ ဝေဒနာ နှစ်မျိုးလုံးတို့၌မူလည်း ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍နေ၏၊

ဝိပဿနာပိုင်း - ဒုတိယဆင့်

၂၉-၂။ (က) ဝေဒနာတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊
၂၉-၂။ ( ခ ) ဝေဒနာတို့၌ ချုပ်ကြောင်းတရားနှင့် ချုပ်+ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊
၂၉-၂။ ( ဂ ) ဝေဒနာတို့၌ ဖြစ်ကြောင်း ချုပ်ကြောင်းတရားနှင့် ဖြစ်ခြင်း ချုပ်+ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊

ဝိပဿနာပိုင်း - တတိယဆင့်

၂၉-၃။ ထို့ပြင် ''ဝေဒနာသည်သာလျှင် ရှိ၏''ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) ဝိပဿနာ ဉာဏ် အဆင့်ဆင့် တိုးပွားခြင်းငှာသာဖြစ်၏၊ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိ အဆင့်ဆင့် တိုးပွားခြင်း ငှာသာ ဖြစ်၏၊

ဝိပဿနာပိုင်း - စတုတ္ထဆင့်

၂၉-၄။ (ထိုရဟန်းသည် တဏှာ-ဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ (ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော) လောက၌ တစ်စုံတစ်ခုသောတရားကိုမျှလည်း (ငါ, ငါ၏ဥစ္စာဟု) စွဲလည်း မစွဲလမ်း။

၃၀။ ရဟန်းတို့... ဤသို့လည်း ရဟန်းသည် ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ဝေဒနာကို ဆင်ခြင်ခြင်း ကိုးပါး ပြီး၏၊

စိတ်ကို ဆင်ခြင်ခြင်း တစ်ဆယ့်ခြောက်ပါး

ဝိပဿနာပိုင်း - ပထမဆင့် (၁)

၃၁။ ရဟန်းတို့... အဘယ်သို့လျှင် ရဟန်းသည် စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။

ရဟန်းတို့... ဤသာသနာတော်၌ ရဟန်းသည် ..
၃၁-၁။ ရာဂ[၇၆]နှင့်တကွသော စိတ်ကိုလည်း ''ရာဂနှင့်တကွသော စိတ်''ဟု သိ၏၊
၃၁-၂။ ရာဂကင်းသော စိတ်ကိုလည်း ''ရာဂကင်းသော စိတ်''ဟု သိ၏၊
၃၁-၃။ ဒေါသ[၇၇]နှင့်တကွသော စိတ်ကိုလည်း ''ဒေါသနှင့်တကွသော စိတ်''ဟု သိ၏၊
၃၁-၄။ ဒေါသကင်းသော စိတ်ကိုလည်း ''ဒေါသကင်းသော စိတ်''ဟု သိ၏၊
၃၁-၅။ မောဟ[၇၈]နှင့်တကွသော စိတ်ကိုလည်း ''မောဟနှင့်တကွသော စိတ်''ဟု သိ၏၊
၃၁-၆။ မောဟကင်းသော စိတ်ကိုလည်း ''မောဟကင်းသော စိတ်''ဟု သိ၏၊
၃၁-၇။ ကျုံ့သော သံခိတ္တစိတ်ကိုလည်း ''ကျုံ့သော သံခိတ္တစိတ်''ဟု သိ၏၊
၃၁-၈။ ပျံ့လွင့်သော ဝိက္ခိတ္တစိတ်ကိုလည်း ''ပျံ့လွင့်သော ဝိက္ခိတ္တစိတ်''ဟု သိ၏၊
၃၁-၉။ မဟဂ္ဂုတ်[၇၉]စိတ်ကိုလည်း ''မဟဂ္ဂုတ်စိတ်''ဟု သိ၏၊
၃၁-၁၀။ အမဟဂ္ဂုတ်[၈၀]စိတ်ကိုလည်း ''အမဟဂ္ဂုတ်စိတ်''ဟု သိ၏၊
၃၁-၁၁။ သဥတ္တရ[၈၁]စိတ်ကိုလည်း ''သဥတ္တရစိတ်''ဟု သိ၏၊
၃၁-၁၂။ အနုတ္တရစိတ်[၈၂]ကိုလည်း ''အနုတ္တရစိတ်''ဟု သိ၏၊
၃၁-၁၃။ သမာဟိတစိတ်[၈၃]ကိုလည်း ''သမာဟိတစိတ်''ဟု သိ၏၊
၃၁-၁၄။ အသမာဟိတစိတ်[၈၄]ကိုလည်း ''အသမာဟိတစိတ်''ဟု သိ၏၊
၃၁-၁၅။ ဝိမုတ္တစိတ်[၈၅]ကိုလည်း ''ဝိမုတ္တစိတ်''ဟု သိ၏၊
၃၁-၁၆။ အဝိမုတ္တစိတ်[၈၆]ကိုလည်း ''အဝိမုတ္တစိတ်''ဟု သိ၏၊

ဝိပဿနာပိုင်း - ပထမဆင့် (၂)

၃၂-၁။ (က) ဤသို့လျှင် အဇ္ဈတ္တ စိတ်၌မူလည်း စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊
၃၂-၁။ ( ခ ) ဗဟိဒ္ဓ စိတ်၌မူလည်း စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊
၃၂-၁။ ( ဂ ) အဇ္ဈတ္တ ဗဟိဒ္ဓ စိတ် နှစ်မျိုးလုံးတို့၌မူလည်း စိတ်ကိုအကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊

ဝိပဿနာပိုင်း - ဒုတိယဆင့်

၃၂-၂။ (က) စိတ်၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊
၃၂-၂။ ( ခ ) စိတ်၌ ချုပ်ကြောင်းတရားနှင့် ချုပ်+ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊
၃၂-၂။ ( ဂ ) စိတ်၌ ဖြစ်ကြောင်း ချုပ်ကြောင်းတရားနှင့် ဖြစ်ခြင်း ချုပ်+ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊

ဝိပဿနာပိုင်း - တတိယဆင့်

၃၂-၃။ ထို့ပြင် ''စိတ်သည်သာလျှင် ရှိ၏''ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) ဝိပဿနာဉာဏ် အဆင့်ဆင့် တိုးပွားခြင်းငှာသာ ဖြစ်၏၊ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိ အဆင့်ဆင့် တိုးပွားခြင်းငှာသာ ဖြစ်၏၊

ဝိပဿနာပိုင်း - စတုတ္ထဆင့်

၃၂-၄။ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ (ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော) လောက၌ တစ်စုံတစ်ခုသောတရားကိုမျှလည်း (ငါ, ငါ၏ဥစ္စာဟု) စွဲလည်း မစွဲလမ်း။

၃၃။ ရဟန်းတို့... ဤကဲ့သို့လည်း ရဟန်းသည် စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊

စိတ်ကို ဆင်ခြင်ခြင်း တစ်ဆယ့်ခြောက်ပါး ပြီး၏၊

ဓမ္မသဘောတရားကို ဆင်ခြင်ခြင်း ငါးပါး - နီဝရဏတရားငါးပါးကို ဆင်ခြင်ခြင်းအပိုင်း

ဝိပဿနာပိုင်း - ပထမဆင့် (၁)

၃၄။ ရဟန်းတို့... အဘယ်သို့လျှင် ရဟန်းသည် သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့... ဤသာသနာတော်၌ ရဟန်းသည် နီဝရဏ[၈၇] ငါးပါး သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ရဟန်းတို့... အဘယ်သို့လျှင် ရဟန်းသည် နီဝရဏ ငါးပါး သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့... ဤသာသနာတော်၌ ရဟန်းသည် ..

၃၄-၁။ (က) မိမိသန္တာန်၌ ကာမစ္ဆန္ဒ[၈၈]တရား ထင်ရှားရှိလျှင်လည်း ''ငါ၏ သန္တာန်၌ ကာမစ္ဆန္ဒတရား ထင်ရှားရှိသည်''ဟု သိ၏၊
၃၄-၁။ ( ခ ) မိမိသန္တာန်၌ ကာမစ္ဆန္ဒတရား ထင်ရှားမရှိလျှင်လည်း ''ငါ၏ သန္တာန်၌ ကာမစ္ဆန္ဒတရား ထင်ရှား မရှိ''ဟု သိ၏၊
၃၄-၁။ ( ဂ ) မဖြစ်သေးသော ကာမစ္ဆန္ဒတရား၏ ဖြစ်ကြောင်းကိုလည်းသိ၏၊
၃၄-၁။ (ဃ) ဖြစ်ပြီးသော ကာမစ္ဆန္ဒတရား၏ ပယ်ကြောင်းကိုလည်း သိ၏၊
၃၄-၁။ ( င ) ပယ်ပြီးသော ကာမစ္ဆန္ဒတရား၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏၊

၃၄-၂။ (က) မိမိသန္တာန်၌ ဗျာပါဒ[၈၉]တရား ထင်ရှားရှိလျှင်လည်း ''ငါ၏ သန္တာန်၌ ဗျာပါဒတရား ထင်ရှားရှိသည်''ဟု သိ၏၊
၃၄-၂။ ( ခ ) မိမိသန္တာန်၌ ဗျာပါဒတရား ထင်ရှားမရှိလျှင်လည်း ''ငါ၏ သန္တာန်၌ ဗျာပါဒတရား ထင်ရှား မရှိ''ဟု သိ၏၊
၃၄-၂။ ( ဂ ) မဖြစ်သေးသော ဗျာပါဒတရား၏ ဖြစ်ကြောင်းကိုလည်း သိ၏၊
၃၄-၂။ (ဃ) ဖြစ်ပြီးသော ဗျာပါဒတရား၏ ပယ်ကြောင်းကိုလည်း သိ၏၊
၃၄-၂။ ( င ) ပယ်ပြီးသော ဗျာပါဒတရား၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏၊

၃၄-၃။ (က) မိမိသန္တာန်၌ ထိနမိဒ္ဓ[၉၀]တရား ထင်ရှားရှိလျှင်လည်း ''ငါ၏သန္တာန်၌ ထိနမိဒ္ဓတရား ထင်ရှားရှိသည်''ဟု သိ၏၊
၃၄-၃။ ( ခ ) မိမိသန္တာန်၌ ထိနမိဒ္ဓတရား ထင်ရှားမရှိလျှင်လည်း ''ငါ၏သန္တာန်၌ ထိနမိဒ္ဓတရား ထင်ရှားမရှိ''ဟုသိ၏၊
၃၄-၃။ ( ဂ ) မဖြစ်သေးသော ထိနမိဒ္ဓတရား၏ ဖြစ်ကြောင်းကိုလည်း သိ၏၊
၃၄-၃။ (ဃ) ဖြစ်ပြီးသော ထိနမိဒ္ဓတရား၏ ပယ်ကြောင်းကိုလည်း သိ၏၊
၃၄-၃။ ( င ) ပယ်ပြီးသော ထိနမိဒ္ဓတရား၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏၊

၃၄-၄။ (က) မိမိသန္တာန်၌ ဥဒ္ဓစ္စ[၉၁]ကုက္ကုစ္စ[၉၂]တရား ထင်ရှားရှိလျှင်လည်း ''ငါ၏ သန္တာန်၌ ဥဒ္ဓစ္စကုက္ကုစ္စတရား ထင်ရှားရှိသည်''ဟု သိ၏၊
၃၄-၄။ ( ခ ) မိမိသန္တာန်၌ ဥဒ္ဓစ္စကုက္ကုစ္စတရား ထင်ရှားမရှိလျှင်လည်း ''ငါ၏ သန္တာန်၌ ဥဒ္ဓစ္စကုက္ကုစ္စတရား ထင်ရှား မရှိ''ဟု သိ၏၊
၃၄-၄။ ( ဂ ) မဖြစ်သေးသော ဥဒ္ဓစ္စကုက္ကုစ္စတရား၏ ဖြစ်ကြောင်းကိုလည်း သိ၏၊
၃၄-၄။ (ဃ) ဖြစ်ပြီးသော ဥဒ္ဓစ္စကုက္ကုစ္စတရား၏ ပယ်ကြောင်းကိုလည်း သိ၏၊
၃၄-၄။ ( င ) ပယ်ပြီးသော ဥဒ္ဓစ္စကုက္ကုစ္စတရား၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏၊

၃၄-၅။ (က) မိမိသန္တာန်၌ ဝိစိကိစ္ဆာ[၉၃]တရား ထင်ရှားရှိလျှင်လည်း ''ငါ၏ သန္တာန်၌ ဝိစိကိစ္ဆာတရား ထင်ရှားရှိ၏''ဟု သိ၏၊
၃၄-၅။ ( ခ ) မိမိသန္တာန်၌ ဝိစိကိစ္ဆာတရား ထင်ရှားမရှိလျှင်လည်း ''ငါ၏ သန္တာန်၌ ဝိစိကိစ္ဆာတရား ထင်ရှားမရှိ''ဟု သိ၏၊
၃၄-၅။ ( ဂ ) မဖြစ်သေးသော ဝိစိကိစ္ဆာတရား၏ ဖြစ်ကြောင်းကိုလည်း သိ၏၊
၃၄-၅။ (ဃ) ဖြစ်ပြီးသော ဝိစိကိစ္ဆာတရား၏ ပယ်ကြောင်းကိုလည်း သိ၏၊
၃၄-၅။ ( င ) ပယ်ပြီးသော ဝိစိကိစ္ဆာတရား၏ နောင်အခါ မဖြစ်ပေါ်ကြောင်းကိုလည်း သိ၏၊

ဝိပဿနာပိုင်း - ပထမဆင့် (၂)

၃၅-၁။ (က) ဤသို့လျှင် အဇ္ဈတ္တ (ဓမ္မ)သဘောတရားတို့၌မူလည်း (ဓမ္မ)သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊
၃၅-၁။ ( ခ ) ဗဟိဒ္ဓ (ဓမ္မ)သဘောတရားတို့၌မူလည်း (ဓမ္မ)သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍နေ၏၊
၃၅-၁။ ( ဂ ) အဇ္ဈတ္တ ဗဟိဒ္ဓ (ဓမ္မ)သဘောတရား နှစ်မျိုးလုံးတို့၌မူလည်း (ဓမ္မ)သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊

ဝိပဿနာပိုင်း - ဒုတိယဆင့်

၃၅-၂။ (က) (ဓမ္မ)သဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊
၃၅-၂။ ( ခ ) (ဓမ္မ)သဘောတရားတို့၌ ချုပ်ကြောင်းတရားနှင့် ချုပ်+ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊
၃၅-၂။ ( ဂ ) (ဓမ္မ)သဘောတရားတို့၌ ဖြစ်ကြောင်း ချုပ်ကြောင်းတရားနှင့် ဖြစ်ခြင်း ချုပ်+ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊

ဝိပဿနာပိုင်း - တတိယဆင့်

၃၅-၃။ ထို့ပြင် ''(ဓမ္မ)သဘောတရားတို့သည်သာလျှင် ရှိကုန်၏''ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊

(ထိုသတိသည်) ဝိပဿနာဉာဏ် အဆင့်ဆင့် တိုးပွားခြင်းငှာသာ ဖြစ်၏၊ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိ အဆင့်ဆင့် တိုးပွားခြင်းငှာသာ ဖြစ်၏၊

ဝိပဿနာပိုင်း - စတုတ္ထဆင့်

၃၅-၄။ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ (ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော) လောက၌ တစ်စုံတစ်ခုသောတရားကိုမျှလည်း (ငါ, ငါ၏ဥစ္စာဟု) စွဲလည်း မစွဲလမ်း။

၃၆။ ရဟန်းတို့... ဤသို့လည်း ရဟန်းသည် (ဓမ္မ)သဘောတရားတို့၌ (ဓမ္မ)သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊

နီဝရဏတရားငါးပါးကို ဆင်ခြင်ခြင်းအပိုင်း ပြီး၏၊

ခန္ဓာငါးပါးကို ဆင်ခြင်ခြင်းအပိုင်း

ဝိပဿနာပိုင်း - ပထမဆင့် (၁)

၃၇။ ရဟန်းတို့... တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ဥပါဒါနက္ခန္ဓာငါးပါး(ဓမ္မ)သဘောတရားတို့၌ (ဓမ္မ)သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ရဟန်းတို့... အဘယ်သို့လျှင် ရဟန်းသည် ဥပါဒါနက္ခန္ဓာငါးပါး (ဓမ္မ)သဘောတရားတို့၌ (ဓမ္မ)သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့... ဤသာသနာတော်၌ ရဟန်းသည်..

၃၇-၁။ (က) ဤကားရုပ်တရားတည်း၊
၃၇-၁။ ( ခ ) ဤကား ရုပ်တရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊
၃၇-၁။ ( ဂ ) ဤကား ရုပ်တရား၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း၊

၃၇-၂။ (က) ဤကား ဝေဒနာတည်း၊
၃၇-၂။ ( ခ ) ဤကား ဝေဒနာ၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊
၃၇-၂။ ( ဂ ) ဤကား ဝေဒနာ၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း၊

၃၇-၃။ (က) ဤကား သညာ[၉၄]တည်း၊
၃၇-၃။ ( ခ ) ဤကား သညာ၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊
၃၇-၃။ ( ဂ ) ဤကား သညာ၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း၊

၃၇-၄။ (က) ဤသည်တို့ကား သင်္ခါရ[၉၅]တို့တည်း၊
၃၇-၄။ ( ခ ) ဤကားသင်္ခါရတို့၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊
၃၇-၄။ ( ဂ ) ဤကား သင်္ခါရတို့၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း၊

၃၇-၅။ (က) ဤကား ဝိညာဏ်[၉၆]တည်း၊
၃၇-၅။ ( ခ ) ဤကားဝိညာဏ်၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊
၃၇-၅။ ( ဂ ) ဤကား ဝိညာဏ်၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်းဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊

ဝိပဿနာပိုင်း - ပထမဆင့် (၂)

၃၈-၁။ (က) ဤသို့လျှင် အဇ္ဈတ္တ (ဓမ္မ)သဘောတရားတို့၌မူလည်း (ဓမ္မ)သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊
၃၈-၁။ ( ခ ) ဗဟိဒ္ဓ (ဓမ္မ)သဘောတရားတို့၌မူလည်း (ဓမ္မ)သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍နေ၏၊
၃၈-၁။ ( ဂ ) အဇ္ဈတ္တ ဗဟိဒ္ဓ (ဓမ္မ) သဘောတရား နှစ်မျိုးလုံးတို့၌မူလည်း (ဓမ္မ)သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊

ဝိပဿနာပိုင်း - ဒုတိယဆင့်

၃၈-၂။ (က) (ဓမ္မ)သဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ မူလည်း နေ၏၊
၃၈-၂။ ( ခ ) (ဓမ္မ)သဘောတရားတို့၌ ချုပ်ကြောင်းတရားနှင့် ချုပ်+ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ ရှိသည်ဖြစ်၍မူလည်း နေ၏၊
၃၈-၂။ ( ဂ ) (ဓမ္မ)သဘောတရားတို့၌ ဖြစ်ကြောင်း ချုပ်ကြောင်းတရားနှင့် ဖြစ်ခြင်း ချုပ်+ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊

ဝိပဿနာပိုင်း - တတိယဆင့်

၃၈-၃။ ထို့ပြင် ''(ဓမ္မ)သဘောတရားတို့သည်သာလျှင် ရှိကုန်၏''ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) ဝိပဿနာဉာဏ် အဆင့်ဆင့် တိုးပွားခြင်းငှာသာ ဖြစ်၏၊ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိ အဆင့်ဆင့် တိုးပွားခြင်းငှာသာ ဖြစ်၏၊

ဝိပဿနာပိုင်း - စတုတ္ထဆင့်

၃၈-၄။ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ (ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော) လောက၌ တစ်စုံတစ်ခုသောတရားကိုမျှလည်း (ငါ, ငါ၏ဥစ္စာဟု) စွဲလည်း မစွဲလမ်း။

၃၉။ ရဟန်းတို့... ဤသို့လည်း ရဟန်းသည် (ဓမ္မ)သဘောတရားတို့၌ (ဓမ္မ)သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊

ခန္ဓာငါးပါးကို ဆင်ခြင်ခြင်းအပိုင်း ပြီး၏၊

အာယတနတစ်ဆယ့်နှစ်ပါးကို ဆင်ခြင်ခြင်းအပိုင်း

ဝိပဿနာပိုင်း - ပထမဆင့် (၁)

၄၀။ ရဟန်းတို့... တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ခြောက်ပါးသော အတွင်း အပ အာယတန[၉၇](ဓမ္မ) သဘော တရားတို့၌ (ဓမ္မ)သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ရဟန်းတို့... အဘယ်သို့လျှင် ရဟန်းသည် ခြောက်ပါးသော အတွင်းအပ အာယတန (ဓမ္မ)သဘောတရားတို့၌ (ဓမ္မ)သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့... ဤသာသနာတော်၌ ရဟန်းသည် ..

၄၀-၁။ (က) မျက်စိကိုလည်း (စက္ခုပသာဒကိုလည်း) သိ၏၊
၄၀-၁။ ( ခ ) အဆင်းတို့ကိုလည်း (ရူပါရုံတို့ကိုလည်း) သိ၏၊
၄၀-၁။ ( ဂ ) ထိုနှစ်ပါးစုံကို စွဲ၍ သံယောဇဉ် ဖြစ်ခြင်းကိုလည်း သိ၏၊
၄၀-၁။ (ဃ) မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊
၄၀-၁။ ( င ) ဖြစ်ပြီးသော သံယောဇဉ်၏ ပယ်ကြောင်းကိုလည်း သိ၏၊
၄၀-၁။ ( စ ) ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ကြောင်းကိုလည်း သိ၏၊

၄၀-၂။ (က) နားကိုလည်း (သောတပသာဒကိုလည်း) သိ၏၊
၄၀-၂။ ( ခ ) အသံတို့ကိုလည်း (သဒ္ဒါရုံတို့ကိုလည်း) သိ၏၊
၄၀-၂။ ( ဂ ) ထိုနှစ်ပါးစုံကို စွဲ၍ သံယောဇဉ် ဖြစ်ခြင်းကိုလည်း သိ၏၊
၄၀-၂။ (ဃ) မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊
၄၀-၂။ ( င ) ဖြစ်ပြီးသော သံယောဇဉ်၏ ပယ်ကြောင်းကိုလည်း သိ၏၊
၄၀-၂။ ( စ ) ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ကြောင်းကိုလည်း သိ၏၊

၄၀-၃။ (က) နှာခေါင်းကိုလည်း (ဃာနပသာဒကိုလည်း) သိ၏၊
၄၀-၃။ ( ခ ) အနံ့တို့ကိုလည်း (ဂန္ဓာရုံတို့ကိုလည်း) သိ၏၊
၄၀-၃။ ( ဂ ) ထိုနှစ်ပါးစုံကို စွဲ၍ သံယောဇဉ်ဖြစ်ခြင်းကိုလည်း သိ၏၊
၄၀-၃။ (ဃ) မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊
၄၀-၃။ ( င ) ဖြစ်ပြီးသော သံယောဇဉ်၏ ပယ်ကြောင်းကိုလည်း သိ၏၊
၄၀-၃။ ( စ ) ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ကြောင်းကိုလည်း သိ၏၊

၄၀-၄။ (က) လျှာကိုလည်း (ဇိဝှါပသာဒကိုလည်း) သိ၏၊
၄၀-၄။ ( ခ ) အရသာတို့ကိုလည်း (ရသာရုံတို့ကိုလည်း) သိ၏၊
၄၀-၄။ ( ဂ ) ထိုနှစ်ပါးစုံကို စွဲ၍ သံယောဇဉ် ဖြစ်ခြင်းကိုလည်း သိ၏၊
၄၀-၄။ (ဃ) မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊
၄၀-၄။ ( င ) ဖြစ်ပြီးသော သံယောဇဉ်၏ ပယ်ကြောင်းကိုလည်း သိ၏၊
၄၀-၄။ ( စ ) ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ကြောင်းကိုလည်း သိ၏၊

၄၀-၅။ (က) ကိုယ်ကိုလည်း (ကာယပသာဒကိုလည်း) သိ၏၊
၄၀-၅။ ( ခ ) အတွေ့အထိတို့ကိုလည်း (ဖောဋ္ဌဗ္ဗာရုံတို့ကိုလည်း) သိ၏၊
၄၀-၅။ ( ဂ ) ထိုနှစ်ပါးစုံကို စွဲ၍ သံယောဇဉ် ဖြစ်ခြင်းကိုလည်း သိ၏၊
၄၀-၅။ (ဃ) မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊
၄၀-၅။ ( င ) ဖြစ်ပြီးသော သံယောဇဉ်၏ ပယ်ကြောင်းကိုလည်း သိ၏၊
၄၀-၅။ ( စ ) ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ကြောင်းကိုလည်း သိ၏၊

၄၀-၆။ (က) စိတ်ကိုလည်း (လောကီစိတ်အားလုံးကိုလည်း) သိ၏၊
၄၀-၆။ ( ခ ) သဘောတရားတို့ကိုလည်း (ဓမ္မာရုံ = စေတသိက်-၅၂ + သုခုမရုပ်-၁၆ တို့ကိုလည်း) သိ၏၊
၄၀-၆။ ( ဂ ) ထိုနှစ်ပါးစုံကို စွဲ၍ သံယောဇဉ်ဖြစ်ခြင်းကိုလည်း သိ၏၊
၄၀-၆။ (ဃ) မဖြစ်သေးသော သံယောဇဉ်၏ ဖြစ်ကြောင်းကိုလည်း သိ၏၊
၄၀-၆။ ( င ) ဖြစ်ပြီးသော သံယောဇဉ်၏ ပယ်ကြောင်းကိုလည်း သိ၏၊
၄၀-၆။ ( စ ) ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါ မဖြစ်ကြောင်းကိုလည်း သိ၏၊

ဝိပဿနာပိုင်း - ပထမဆင့် (၂)

၄၁-၁။ (က) ဤသို့လျှင် အဇ္ဈတ္တ (ဓမ္မ)သဘောတရားတို့၌မူလည်း (ဓမ္မ)သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊
၄၁-၁။ ( ခ ) ဗဟိဒ္ဓ (ဓမ္မ)သဘောတရားတို့၌မူလည်း (ဓမ္မ)သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍နေ၏၊
၄၁-၁။ ( ဂ )အဇ္ဈတ္တ ဗဟိဒ္ဓ (ဓမ္မ)သဘောတရား နှစ်မျိုးလုံးတို့၌မူလည်း (ဓမ္မ)သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊

ဝိပဿနာပိုင်း - ဒုတိယဆင့်

၄၁-၂။ (က) (ဓမ္မ)သဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ မူလည်း နေ၏၊
၄၁-၂။ ( ခ ) (ဓမ္မ)သဘောတရားတို့၌ ချုပ်ကြောင်းတရားနှင့် ချုပ်+ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ မူလည်း နေ၏၊
၄၁-၂။ ( ဂ ) (ဓမ္မ)သဘောတရားတို့၌ ဖြစ်ကြောင်း ချုပ်ကြောင်းတရားနှင့် ဖြစ်ခြင်း ချုပ်+ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊

ဝိပဿနာပိုင်း - တတိယဆင့်

၄၁-၃။ ထို့ပြင် ''(ဓမ္မ)သဘောတရားတို့သည်သာလျှင် ရှိကုန်၏''ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) ဝိပဿနာဉာဏ် အဆင့်ဆင့် တိုးပွားခြင်းငှာသာ ဖြစ်၏၊ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိ အဆင့်ဆင့် တိုးပွားခြင်းငှာသာ ဖြစ်၏၊

ဝိပဿနာပိုင်း - စတုတ္ထဆင့်

၄၁-၄။ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ (ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော) လောက၌ တစ်စုံတစ်ခုသောတရားကိုမျှလည်း (ငါ, ငါ၏ဥစ္စာဟု) စွဲလည်း မစွဲလမ်း။

၄၂။ ရဟန်းတို့... ဤသို့လည်း ရဟန်းသည် ခြောက်ပါးကုန်သော အတွင်း အပ အာယတန (ဓမ္မ)သဘော တရားတို့၌ (ဓမ္မ)သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊

အာယတနတစ်ဆယ့်နှစ်ပါးကို ဆင်ခြင်ခြင်းအပိုင်း ပြီး၏၊

ဗောဇ္ဈင်ခုနစ်ပါးကို ဆင်ခြင်ခြင်းအပိုင်း

ဝိပဿနာပိုင်း - ပထမဆင့် (၁)

၄၃။ ရဟန်းတို့... တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် ဗောဇ္ဈင်[၉၈] ခုနစ်ပါး (ဓမ္မ)သဘောတရားတို့၌ (ဓမ္မ)သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ရဟန်းတို့... အဘယ်သို့လျှင် ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါး (ဓမ္မ)သဘောတရားတို့၌ (ဓမ္မ)သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့ ... ဤသာသနာတော်၌ ရဟန်းသည်..

၄၃-၁။ (က) မိမိသန္တာန်၌ သတိသမ္ဗောဇ္ဈင်[၉၉]တရား ထင်ရှားရှိလျှင်လည်း ''ငါ၏သန္တာန်၌ သတိသမ္ဗောဇ္ဈင်တရား ထင်ရှားရှိသည်''ဟု သိ၏၊
၄၃-၁။ ( ခ ) မိမိသန္တာန်၌ သတိသမ္ဗောဇ္ဈင်တရား ထင်ရှားမရှိလျှင်လည်း ''ငါ၏သန္တာန်၌ သတိသမ္ဗောဇ္ဈင်တရား ထင်ရှားမရှိ''ဟု သိ၏၊
၄၃-၁။ ( ဂ ) မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်တရား၏ ဖြစ်ကြောင်းကိုလည်း သိ၏၊
၄၃-၁။ (ဃ) ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်တရားကို တိုးပွားစေခြင်းငှာ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏၊

၄၃-၂။ (က) မိမိသန္တာန်၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်[၁၀၀]တရား ထင်ရှားရှိလျှင်လည်း ''ငါ၏ သန္တာန်၌ ဓမ္မဝိစယသမ္ဗောဇ္ဈင် တရား ထင်ရှားရှိသည်''ဟု သိ၏၊
၄၃-၂။ ( ခ ) မိမိသန္တာန်၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်တရား ထင်ရှားမရှိလျှင်လည်း ''ငါ၏ သန္တာန်၌ ဓမ္မဝိစယသမ္ဗောဇ္ဈင် တရား ထင်ရှားမရှိ''ဟု သိ၏၊
၄၃-၂။ ( ဂ ) မဖြစ်သေးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်တရား၏ ဖြစ်ကြောင်းကိုလည်း သိ၏၊
၄၃-၂။ (ဃ) ဖြစ်ပြီးသော ဓမ္မဝိစယသမ္ဗောဇ္ဈင်တရားကို တိုးပွားစေခြင်းငှာ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏၊

၄၃-၃။ (က) မိမိသန္တာန်၌ ဝီရိယသမ္ဗောဇ္ဈင်[၁၀၁]တရား ထင်ရှားရှိလျှင်လည်း ''ငါ၏ သန္တာန်၌ ဝီရိယသမ္ဗောဇ္ဈင်တရား ထင်ရှားရှိသည်''ဟု သိ၏၊
၄၃-၃။ ( ခ ) မိမိသန္တာန်၌ ဝီရိယသမ္ဗောဇ္ဈင်တရား ထင်ရှားမရှိလျှင်လည်း ''ငါ၏ သန္တာန်၌ ဝီရိယသမ္ဗောဇ္ဈင်တရား ထင်ရှားမရှိ''ဟု သိ၏၊
၄၃-၃။ ( ဂ ) မဖြစ်သေးသော ဝီရိယသမ္ဗောဇ္ဈင်တရား၏ ဖြစ်ကြောင်းကိုလည်း သိ၏၊
၄၃-၃။ (ဃ) ဖြစ်ပြီးသော ဝီရိယသမ္ဗောဇ္ဈင်တရားကို တိုးပွားစေခြင်းငှာ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏၊

၄၃-၄။ (က) မိမိသန္တာန်၌ ပီတိသမ္ဗောဇ္ဈင်[၁၀၂] တရား ထင်ရှားရှိလျှင်လည်း ''ငါ၏ သန္တာန်၌ ပီတိသမ္ဗောဇ္ဈင်တရား ထင်ရှားရှိသည်''ဟု သိ၏၊
၄၃-၄။ ( ခ ) မိမိသန္တာန်၌ ပီတိသမ္ဗောဇ္ဈင်တရား ထင်ရှားမရှိလျှင်လည်း ''ငါ၏ သန္တာန်၌ ပီတိသမ္ဗောဇ္ဈင်တရား ထင်ရှားမရှိ''ဟု သိ၏၊
၄၃-၄။ ( ဂ ) မဖြစ်သေးသော ပီတိသမ္ဗောဇ္ဈင်တရား၏ ဖြစ်ကြောင်းကိုလည်း သိ၏၊
၄၃-၄။ (ဃ) ဖြစ်ပြီးသော ပီတိသမ္ဗောဇ္ဈင်တရားကို တိုးပွားစေခြင်းငှာ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏၊

၄၃-၅။ (က) မိမိသန္တာန်၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်[၁၀၃]တရား ထင်ရှားရှိလျှင်လည်း ''ငါ၏ သန္တာန်၌ ပဿဒ္ဓိသမ္ဗောဇ္ဈင် တရား ထင်ရှားရှိသည်''ဟု သိ၏၊
၄၃-၅။ ( ခ ) မိမိသန္တာန်၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်တရား ထင်ရှားမရှိလျှင်လည်း ''ငါ၏ သန္တာန်၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်တရား ထင်ရှားမရှိ''ဟု သိ၏၊
၄၃-၅။ ( ဂ ) မဖြစ်သေးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်တရား၏ ဖြစ်ကြောင်းကိုလည်း သိ၏၊
၄၃-၅။ (ဃ) ဖြစ်ပြီးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်တရားကို တိုးပွားစေခြင်းငှာ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏၊

၄၃-၆။ (က) မိမိသန္တာန်၌ သမာဓိသမ္ဗောဇ္ဈင်[၁၀၄]တရား ထင်ရှားရှိလျှင်လည်း ''ငါ၏ သန္တာန်၌ သမာဓိသမ္ဗောဇ္ဈင် တရား ထင်ရှားရှိသည်''ဟု သိ၏၊
၄၃-၆။ ( ခ ) မိမိသန္တာန်၌ သမာဓိသမ္ဗောဇ္ဈင်တရား ထင်ရှားမရှိလျှင်လည်း ''ငါ၏ သန္တာန်၌ သမာဓိသမ္ဗောဇ္ဈင်တရား ထင်ရှားမရှိ''ဟု သိ၏၊
၄၃-၆။ ( ဂ ) မဖြစ်သေးသော သမာဓိသမ္ဗောဇ္ဈင်တရား၏ ဖြစ်ကြောင်းကိုလည်း သိ၏၊
၄၃-၆။ (ဃ) ဖြစ်ပြီးသော သမာဓိသမ္ဗောဇ္ဈင်တရားကို တိုးပွားစေခြင်းငှာ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏၊

၄၃-၇။ (က) မိမိသန္တာန်၌ ဥပေက္ခာသမ္ဗောဇ္ဈင်[၁၀၅]တရား ထင်ရှားရှိလျှင်လည်း ''ငါ၏ သန္တာန်၌ ဥပေက္ခာသမ္ဗောဇ္ဈင် တရား ထင်ရှားရှိသည်''ဟု သိ၏၊
၄၃-၇။ ( ခ ) မိမိသန္တာန်၌ ဥပေက္ခာသမ္ဗောဇ္ဈင်တရား ထင်ရှားမရှိလျှင်လည်း ''ငါ၏ သန္တာန်၌ ဥပေက္ခာသမ္ဗောဇ္ဈင် တရား ထင်ရှားမရှိ''ဟု သိ၏၊

၄၃-၇။ ( ဂ ) မဖြစ်သေးသော ဥပေက္ခာသမ္ဗောဇ္ဈင်တရား၏ ဖြစ်ကြောင်းကိုလည်း သိ၏၊
၄၃-၇။ (ဃ) ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်တရားကို တိုးပွားစေခြင်းငှာ ပြည့်စုံခြင်း၏ အကြောင်းကိုလည်း သိ၏၊

ဝိပဿနာပိုင်း - ပထမဆင့် (၂)

၄၄-၁။ (က) ဤသို့လျှင် အဇ္ဈတ္တ (ဓမ္မ)သဘောတရားတို့၌မူလည်း (ဓမ္မ)သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊
၄၄-၁။ ( ခ ) ဗဟိဒ္ဓ (ဓမ္မ)သဘောတရားတို့၌မူလည်း (ဓမ္မ)သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍နေ၏၊
၄၄-၁။ ( ဂ ) အဇ္ဈတ္တ ဗဟိဒ္ဓ (ဓမ္မ)သဘောတရား နှစ်မျိုးလုံးတို့၌မူလည်း (ဓမ္မ)သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေ၏၊

ဝိပဿနာပိုင်း - ဒုတိယဆင့်

၄၄-၂။ (က) (ဓမ္မ)သဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ မူလည်း နေ၏၊
၄၄-၂။ ( ခ ) (ဓမ္မ)သဘောတရားတို့၌ ချုပ်ကြောင်းတရားနှင့် ချုပ်+ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊
၄၄-၂။ ( ဂ ) (ဓမ္မ)သဘောတရားတို့၌ ဖြစ်ကြောင်း ချုပ်ကြောင်းတရားနှင့် ဖြစ်ခြင်း ချုပ်+ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊

ဝိပဿနာပိုင်း - တတိယဆင့်

၄၄-၃။ ထို့ပြင် ''(ဓမ္မ)သဘောတရားတို့သည်သာလျှင် ရှိကုန်၏'' ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) ဝိပဿနာဉာဏ် အဆင့်ဆင့် တိုးပွားခြင်းငှာသာ ဖြစ်၏၊ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိ အဆင့်ဆင့် တိုးပွားခြင်းငှာသာ ဖြစ်၏၊

ဝိပဿနာပိုင်း - စတုတ္ထဆင့်

၄၄-၄။ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ (ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော) လောက၌ တစ်စုံတစ်ခုသော တရားကိုမျှလည်း (ငါ, ငါ၏ဥစ္စာဟု) စွဲလည်း မစွဲလမ်း။

၄၅။ ရဟန်းတို့... ဤသို့လည်း ရဟန်းသည် ဗောဇ္ဈင်ခုနစ်ပါး (ဓမ္မ)သဘောတရားတို့၌ (ဓမ္မ)သဘောတရား တို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊

ဗောဇ္ဈင်ခုနစ်ပါးကို ဆင်ခြင်ခြင်းအပိုင်း ပြီး၏၊

သစ္စာလေးပါးကို ဆင်ခြင်ခြင်းအပိုင်း

ဝိပဿနာပိုင်း - ပထမဆင့် (၁)

၄၆။ ရဟန်းတို့... တစ်ဖန် ထို့ပြင်လည်း ရဟန်းသည် အရိယသစ္စာလေးပါးသဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ရဟန်းတို့... အဘယ်သို့လျှင် ရဟန်းသည် အရိယသစ္စာလေးပါး သဘော တရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့... ဤသာသနာတော်၌ ရဟန်းသည် ..

''ဤကား ဒုက္ခအရိယသစ္စာတရားတည်း''ဟု ဟုတ်မှန်သည့်အတိုင်း သိ၏၊
''ဤကား ဒုက္ခဖြစ်ကြောင်း ဒုက္ခသမုဒယအရိယသစ္စာတရားတည်း''ဟု ဟုတ်မှန်သည့်အတိုင်း သိ၏၊
''ဤကား ဒုက္ခချုပ်ရာ ဒုက္ခနိရောဓအရိယသစ္စာတရားတည်း''ဟု ဟုတ်မှန်သည့်အတိုင်း သိ၏၊ 
''ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ) တရားတည်း''ဟု ဟုတ်မှန်သည့်အတိုင်း သိ၏၊

ဒုက္ခအရိယသစ္စာ

၄၇။ ရဟန်းတို့... ဒုက္ခအရိယသစ္စာဟူသည် အဘယ်နည်း။ ပဋိသန္ဓေတည်နေရခြင်း = ဇာတိသည်လည်း ဒုက္ခတည်း၊ အိုခြင်း = ဇရာသည်လည်း ဒုက္ခတည်း၊ သေခြင်း = မရဏသည်လည်း ဒုက္ခတည်း၊ စိုးရိမ်ပူပန်ခြင်း = သောက, ငိုကြွေးခြင်း = ပရိဒေဝ, ကိုယ်ဆင်းရဲခြင်း = ဒုက္ခ, စိတ်ဆင်းရဲခြင်း = ဒေါမနဿ, ပြင်းစွာပူပန်ခြင်း = ဥပါယာသတို့သည် လည်း ဒုက္ခတို့တည်း၊ မချစ်ခင် မနှစ်သက်ဖွယ် သင်္ခါရ/သတ္တဝါအာရုံတို့နှင့် တွေ့ဆုံပေါင်းသင်းရခြင်းသည်လည်း ဒုက္ခတည်း၊ ချစ်ခင်နှစ်လိုဖွယ် သင်္ခါရ/သတ္တဝါအာရုံတို့နှင့် ကွဲကွာကွေကွင်းရခြင်းသည်လည်း ဒုက္ခတည်း၊ အလိုရှိသည်ကို မရခြင်းသည်လည်း ဒုက္ခတည်း၊ အကျဉ်းချုပ်အားဖြင့် ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခတို့တည်း။

၄၈။ ရဟန်းတို့... ဇာတိဟူသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါအစုအပေါင်း၌ ရှေးဦးစွာဖြစ်ခြင်း, ပြည့်စုံစွာဖြစ်ခြင်း, (အမိဝမ်းတွင်း ဥခွံတွင်းသို့) သက်ဝင်ခြင်း, ကိုယ်ထင်ရှားဖြစ်ခြင်း, ခန္ဓာတို့၏ ထင်ရှားဖြစ်ခြင်း, အာယတနတို့ကို ရခြင်းတည်း။ ရဟန်းတို့... ဤတရားသဘောကို ဇာတိဟူ၍ ခေါ်ဆိုအပ်၏၊

၄၉။ ရဟန်းတို့... ဇရာဟူသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါအပေါင်း၌ အိုခြင်း, အိုသော အခြင်းအရာ, သွားကျိုးခြင်း, ဆံဖြူခြင်း, အရေတွန့်ရှုံ့ခြင်း, ရုပ်အသက်ဆုတ်ယုတ်ခြင်း, (မျက်စိစသော) ဣန္ဒြေတို့၏ ရင့်ခြင်းတည်း။ ရဟန်းတို့... ဤတရားသဘောကို ဇရာဟူ၍ ခေါ်ဆိုအပ်၏၊

၅၀။ ရဟန်းတို့... မရဏဟူသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါအပေါင်းမှ ရွေ့လျောခြင်း, ရွေ့လျောသော အခြင်းအရာ, ပျက်စီးခြင်း, ကွယ်ပျောက်ခြင်း, သက်ပြတ်ခြင်း, သေဆုံးခြင်း, ကွယ်လွန်ခြင်း, ခန္ဓာတို့၏ ပျက်စီးခြင်း, ကိုယ်ကို ပစ်ချခြင်း, ဇီဝိတိန္ဒြေ၏ ပြတ်စဲခြင်းတည်း။ ရဟန်းတို့... ဤတရားသဘောကို မရဏဟူ၍ ခေါ်ဆိုအပ်၏၊

၅၁။ ရဟန်းတို့... သောကဟူသည် အဘယ်နည်း။ ရဟန်းတို့... တစ်မျိုးမျိုးသော ပျက်စီးခြင်းနှင့် မလွတ်ကင်းသော, တစ်မျိုးမျိုးသော ဆင်းရဲကြောင်းနှင့် တွေ့ကြုံသော သတ္တဝါ၏ စိုးရိမ်ခြင်း, စိုးရိမ်သော အခြင်းအရာ, စိုးရိမ်သည်၏အဖြစ်, အတွင်း၌ စိုးရိမ်ခြင်း, အတွင်း၌ ပြင်းစွာ စိုးရိမ်ခြင်းတည်း။ ရဟန်းတို့... ဤသဘောတရားကို သောကဟူ၍ ခေါ်ဆိုအပ်၏၊

၅၂။ ရဟန်းတို့... ပရိဒေဝဟူသည် အဘယ်နည်း။ ရဟန်းတို့... တစ်မျိုးမျိုးသော ပျက်စီးခြင်းနှင့် မလွတ်ကင်းသော, တစ်မျိုးမျိုးသော ဆင်းရဲကြောင်းနှင့် တွေ့ကြုံသော သတ္တဝါ၏ ငိုကြွေးခြင်း, ပြင်းစွာ ငိုကြွေးခြင်း, ငိုကြွေးသော အခြင်းအရာ, ပြင်းစွာ ငိုကြွေးသော အခြင်းအရာ, ငိုကြွေးသည်၏အဖြစ်, ပြင်းစွာ ငိုကြွေးသည်၏အဖြစ်တည်း။ ရဟန်းတို့... ဤသဘောတရားကို ပရိဒေဝဟူ၍ ခေါ်ဆိုအပ်၏၊

၅၃။ ရဟန်းတို့... ဒုက္ခဟူသည် အဘယ်နည်း။ ရဟန်းတို့... ကိုယ်၌ဖြစ်သော ဆင်းရဲခြင်း, ကိုယ်၌ဖြစ်သော မသာယာခြင်း, ကိုယ်အတွေ့ကြောင့်ဖြစ်သော ဆင်းရဲသော မသာယာအပ်သော ခံစားခြင်းတည်း။ ရဟန်းတို့... ဤသဘောတရားကို ဒုက္ခဟူ၍ ခေါ်ဆိုအပ်၏၊

၅၄။ ရဟန်းတို့... ဒေါမနဿဟူသည် အဘယ်နည်း။ ရဟန်းတို့... စိတ်၌ဖြစ်သော ဆင်းရဲခြင်း, စိတ်၌ဖြစ်သော မသာယာခြင်း, စိတ်အတွေ့ကြောင့်ဖြစ်သော ဆင်းရဲသော မသာယာအပ်သော ခံစားခြင်းတည်း။ ရဟန်းတို့... ဤသဘောတရားကို ဒေါမနဿဟူ၍ ခေါ်ဆိုအပ်၏၊

၅၅။ ရဟန်းတို့... ဥပါယာသဟူသည် အဘယ်နည်း။ ရဟန်းတို့... တစ်မျိုးမျိုးသော ပျက်စီးခြင်းနှင့် မလွတ်ကင်းသော တစ်မျိုးမျိုးသော ဆင်းရဲခြင်း၏ အကြောင်းနှင့် တွေ့ကြုံသော သတ္တဝါ၏ ပင်ပန်းခြင်း, ပြင်းစွာပင်ပန်းခြင်း, ပင်ပန်းသည်၏အဖြစ်, ပြင်းစွာပင်ပန်းသည်၏အဖြစ်တည်း။ ရဟန်းတို့... ဤသဘောတရားကို ဥပါယာသဟူ၍ ခေါ်ဆိုအပ်၏၊

၅၆။ ရဟန်းတို့... မချစ်မနှစ်လိုဖွယ်အာရုံတို့နှင့် တွေ့ဆုံပေါင်းသင်းရခြင်း ဆင်းရဲဟူသည် အဘယ်နည်း။ ဤလောက၌ မလိုလား မနှစ်သက် မမြတ်နိုးအပ်ကုန်သော အဆင်း အသံ အနံ့ အရသာ အတွေ့အထိ သဘောတရားတို့ သော်လည်းကောင်း၊ အကျိုးမဲ့ခြင်း အစီးအပွားမဲ့ခြင်း မချမ်းသာခြင်း ဘေးမငြိမ်းခြင်းကို လိုလားကုန်သော သူတို့သော် လည်းကောင်း ထိုသူအား ရှိကုန်၏၊ ထို (သင်္ခါရ/သတ္တဝါ) အာရုံတို့နှင့် တကွ တွေ့ရခြင်း ဆုံရခြင်း ပေါင်းဖော်ရခြင်း ရောနှောရခြင်းတည်း။ ရဟန်းတို့... ဤတရားသဘောကို မချစ်မနှစ်လိုဖွယ် (သင်္ခါရ/သတ္တဝါ) အာရုံတို့နှင့် တွေ့ဆုံပေါင်းသင်းရခြင်း ဆင်းရဲဟူ၍ ခေါ်ဆိုအပ်၏၊

၅၇။ ရဟန်းတို့... ချစ်ခင်နှစ်လိုဖွယ်အာရုံတို့နှင့် ကွဲကွာကွေကွင်းရခြင်း ဆင်းရဲဟူသည် အဘယ်နည်း။ ဤလောက၌ လိုလား နှစ်သက် မြတ်နိုးအပ်ကုန်သော အဆင်း အသံ အနံ့ အရသာ အတွေ့အထိသဘောတရားတို့သော်လည်းကောင်း၊ အကျိုးအစီးအပွားချမ်းသာခြင်း ဘေးကင်းခြင်းကို လိုလားကုန်သော အမိ အဖ ညီ-အစ်ကို နှမ-အစ်မ မိတ်ဆွေ အပေါင်းအဖော် ဆွေမျိုးသားချင်းတို့သော်လည်းကောင်း ထိုသူအား ရှိကုန်၏၊ ထို (သင်္ခါရ/သတ္တဝါ) အာရုံတို့နှင့် မတွေ့ရခြင်း မဆုံရခြင်း မပေါင်းဖော်ရခြင်း မရောနှောရခြင်းတည်း။ ရဟန်းတို့... ဤတရားသဘောကို ချစ်ခင် နှစ်လိုဖွယ် (သင်္ခါရ/သတ္တဝါ) အာရုံတို့နှင့် ကွဲကွာကွေကွင်းရခြင်း ဆင်းရဲဟူ၍ ခေါ်ဆိုအပ်၏၊

၅၈။ ရဟန်းတို့... အလိုရှိသည်ကို မရခြင်း ဆင်းရဲဟူသည် အဘယ်နည်း။

၅၈-၁။ ရဟန်းတို့... ပဋိသန္ဓေတည်နေရခြင်း = ဇာတိသဘောတရား ထင်ရှားရှိကြကုန်သော သတ္တဝါတို့အား ''ငါတို့သည် ဇာတိသဘောတရား မရှိကြကုန်မူ ကောင်းလေစွ၊ ဇာတိသည် ငါတို့ထံသို့ မရောက်လာမူကား ကောင်းလေစွ'' ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏၊ ယင်းသို့တောင့်တသော်လည်း ဤ (ဇာတိမလာခြင်း)ကို တောင့်တခြင်းဖြင့် မရအပ် မရနိုင်၊ ဤသည်လည်း အလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏၊

၅၈-၂။ ရဟန်းတို့...အိုခြင်း = ဇရာသဘောတရား ထင်ရှားရှိကြကုန်သော သတ္တဝါတို့အား ''ငါတို့သည် ဇရာသဘော တရား မရှိကြကုန်မူ ကောင်းလေစွ၊ ဇရာသည် ငါတို့ထံ မရောက်လာမူကား ကောင်းလေစွ''ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏၊ ယင်းသို့ တောင့်တသော်လည်း ဤ (ဇရာမလာခြင်း)ကို တောင့်တခြင်းဖြင့် မရအပ် မရနိုင်၊ ဤသည်လည်း အလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏၊

၅၈-၃။ ရဟန်းတို့...ဖျားနာခြင်း = ဗျာဓိသဘောတရား ထင်ရှားရှိကြကုန်သော သတ္တဝါတို့အား ''ငါတို့သည် ဗျာဓိသဘောတရား မရှိကြကုန်မူ ကောင်းလေစွ၊ ဗျာဓိသည် ငါတို့ထံ မရောက်လာမူကား ကောင်းလေစွ''ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏၊ ယင်းသို့ တောင့်တသော်လည်း ဤ (ဗျာဓိမလာခြင်း)ကို တောင့်တခြင်းဖြင့် မရအပ် မရနိုင်၊ ဤသည်လည်း အလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏၊

၅၈-၄။ ရဟန်းတို့... သေခြင်း = မရဏသဘောတရား ထင်ရှားရှိကြကုန်သော သတ္တဝါတို့အား ''ငါတို့သည် မရဏသဘောတရား မရှိကြကုန်မူ ကောင်းလေစွ၊ မရဏသည် ငါတို့ထံ မလာမူကား ကောင်းလေစွ''ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏၊ ယင်းသို့ တောင့်တသော်လည်း ဤ (မရဏမလာခြင်း)ကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏၊

၅၈-၅။ ရဟန်းတို့... စိုးရိမ်ပူဆွေးရခြင်း = သောက, ငိုကြွေးမြည်တမ်းရခြင်း = ပရိဒေဝ, ကိုယ်ဆင်းရဲရခြင်း = ဒုက္ခ, စိတ်ဆင်းရဲရခြင်း = ဒေါမနဿ, ပြင်းစွာပူပန်ရခြင်း = ဥပါယာသ သဘောတရား ထင်ရှားရှိကြကုန်သော သတ္တဝါတို့အား ''ငါတို့သည် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ သဘောတရား မရှိကြကုန်မူ ကောင်းလေစွ၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသသည် ငါတို့ထံသို့ မရောက်လာမူကား ကောင်းလေစွ''ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏၊ ယင်းသို့ တောင့်တသော်လည်း ဤ (သောကစသည်တို့ မလာခြင်း)ကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏၊

၅၉။ ရဟန်းတို့... အကျဉ်းချုပ်အားဖြင့် ဒုက္ခသစ္စာ ဖြစ်ကြသည့် ငါးပါးကုန်သော ဥပါဒါနက္ခန္ဓာ (= ဥပါဒါန်၏ အာရုံတရားစု)တို့ဟူသည် အဘယ်နည်း။ ငါးပါးကုန်သော ဥပါဒါနက္ခန္ဓာတို့ဟူသည် ရုပ် ဥပါဒါနက္ခန္ဓာ၊ ဝေဒနာ ဥပါဒါနက္ခန္ဓာ၊ သညာ ဥပါဒါနက္ခန္ဓာ၊ သင်္ခါရ ဥပါဒါနက္ခန္ဓာ၊ ဝိညာဏ် ဥပါဒါနက္ခန္ဓာတို့ပေတည်း။ ရဟန်းတို့... ဤ (ဥပါဒါနက္ခန္ဓာ ငါးပါး)တို့ကို အကျဉ်းချုပ်အားဖြင့် ဒုက္ခသစ္စာ ဖြစ်ကြသည့် ငါးပါးကုန်သော ဥပါဒါနက္ခန္ဓာတို့ဟူ၍ ဆိုအပ်ကုန်၏၊

၆၀။ ရဟန်းတို့... ဤတရားသဘောကို ဒုက္ခအရိယသစ္စာဟူ၍ ဆိုအပ်၏၊

ဒုက္ခသမုဒယအရိယသစ္စာ

၆၁။ ရဟန်းတို့... ဒုက္ခသမုဒယအရိယသစ္စာဟူသည် အဘယ်နည်း။ တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်သော နှစ်သက်တပ်မက်ခြင်းနှင့် တကွဖြစ်သော ထိုထိုဘဝအာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော တဏှာတည်း။ ထိုတပ်မက်ခြင်း = တဏှာသည် အဘယ်နည်း။ ကာမဘုံ၌ တပ်မက်ခြင်း = ကာမတဏှာ,ရူပအရူပဘုံတို့၌ တပ်မက်ခြင်း = ဘဝတဏှာ, ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော တပ်မက်ခြင်း = ဝိဘဝတဏှာတို့တည်း။

၆၂။ ရဟန်းတို့... ထိုတဏှာဖြစ်သည်ရှိသော် အဘယ်၌ ဖြစ်သနည်း၊ တည်သည်ရှိသော် အဘယ်၌ တည်သနည်း။ လောက၌ ချစ်ခင်ဖွယ် သာယာဖွယ် သဘောသည် (ရှိ၏)၊ ထို (တဏှာ)သည် ဖြစ်သည်ရှိသော် ဤ (ချစ်ခင်ဖွယ် သာယာဖွယ်အာရုံ) ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤ (ချစ်ခင်ဖွယ် သာယာဖွယ်အာရုံ) ၌ တည်၏၊

၆၃။ လောက၌ ချစ်ခင်ဖွယ် သာယာဖွယ်သဘောသည် အဘယ်နည်း။ လောက၌ မျက်စိသည် (= စက္ခုပသာဒသည်) ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤမျက်စိ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤမျက်စိ၌ တည်၏၊
လောက၌ နားသည် (= သောတပသာဒသည်)။ပ။
လောက၌ နှာခေါင်းသည် (= ဃာနပသာဒသည်)။ပ။
လောက၌ လျှာသည် (= ဇိဝှါပသာဒသည်)။ပ။
လောက၌ ကိုယ်သည် (= ကာယပသာဒသည်)။ပ။
လောက၌ စိတ်သည် (= ဘဝင်စိတ်သည် = ဘဝင်မနောအကြည်ဓာတ် = မနောဒွါရသည်) ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤစိတ်၌ ဖြစ်၏၊ တည်သည်ရှိသော် ဤစိတ်၌ တည်၏၊

၆၄။ လောက၌ ရူပါရုံ (= အရောင်အဆင်း) တို့သည်။ပ။
လောက၌ သဒ္ဒါရုံ (= အသံ) တို့သည်။ပ။
လောက၌ ဂန္ဓာရုံ (= အနံ့) တို့သည်။ပ။
လောက၌ ရသာရုံ (= အရသာ) တို့သည်။ပ။
လောက၌ ဖောဋ္ဌဗ္ဗာရုံ (အတွေ့အထိ) တို့သည်။ပ။
လောက၌ ဓမ္မသဘောတရားတို့သည် (= စေတသိက်-၅၂ +သုခုမရုပ်-၁၆ တို့သည်) ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤတရားသဘောတို့၌ ဖြစ်၏၊ တည်သည်ရှိသော် ဤတရား သဘောတို့၌ တည်၏၊

၆၅။ လောက၌ စက္ခုဝိညာဏ် (မျက်စိ၌မှီသောစိတ်) သည်။ပ။
လောက၌ သောတဝိညာဏ် (နား၌မှီသောစိတ်) သည်။ပ။
လောက၌ ဃာနဝိညာဏ် (နှာခေါင်း၌မှီသောစိတ်) သည်။ပ။
လောက၌ ဇိဝှါဝိညာဏ် (လျှာ၌မှီသောစိတ်) သည်။ပ။
လောက၌ ကာယဝိညာဏ် (ကိုယ်၌မှီသောစိတ်) သည်။ပ။
လောက၌ မနောဝိညာဏ် (မနော၌မှီသောစိတ်) သည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤမနောဝိညာဏ်၌ ဖြစ်၏၊ တည်သည်ရှိသော် ဤမနောဝိညာဏ်၌ တည်၏၊

၆၆။ လောက၌ စက္ခုသမ္ဖဿ (မျက်စိအတွေ့) သည်။ပ။
လောက၌ သောတသမ္ဖဿ (နားအတွေ့) သည်။ပ။
လောက၌ ဃာနသမ္ဖဿ (နှာခေါင်းအတွေ့) သည်။ပ။
လောက၌ ဇိဝှါသမ္ဖဿ (လျှာအတွေ့) သည်။ပ။
လောက၌ ကာယသမ္ဖဿ (ကိုယ်အတွေ့) သည်။ပ။
လောက၌ မနောသမ္ဖဿ (မနောအတွေ့) သည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤမနောသမ္ဖဿ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤမနောသမ္ဖဿ၌ တည်၏၊

၆၇။ လောက၌ စက္ခုသမ္ဖဿဇာဝေဒနာ (မျက်စိအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း) သည်။ပ။ 
လောက၌ သောတသမ္ဖဿဇာဝေဒနာ (နားအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း) သည်။ပ။ 
လောက၌ ဃာနသမ္ဖဿဇာဝေဒနာ (နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း) သည်။ပ။ 
လောက၌ ဇိဝှါသမ္ဖဿဇာဝေဒနာ (လျှာအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း) သည်။ပ။ 
လောက၌ ကာယသမ္ဖဿဇာဝေဒနာ (ကိုယ်အတွေ့ကြောင့်ဖြစ်သော ခံစားခြင်း) သည်။ပ။ 
လောက၌ မနောသမ္ဖဿဇာဝေဒနာ (မနောအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း) သည် ချစ်ခင်ဖွယ် သာယာဖွယ် သဘော ဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤမနောသမ္ဖဿဇာဝေဒနာ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤ မနောသမ္ဖဿဇာဝေဒနာ၌ တည်၏၊

၆၈။ လောက၌ ရူပသညာ (ရူပါရုံ၌ မှတ်သားခြင်း) သည်။ပ။
လောက၌ သဒ္ဒသညာ (သဒ္ဒါရုံ၌ မှတ်သားခြင်း) သည်။ပ။
လောက၌ ဂန္ဓသညာ (ဂန္ဓာရုံ၌ မှတ်သားခြင်း) သည်။ပ။
လောက၌ ရသသညာ (ရသာရုံ၌ မှတ်သားခြင်း) သည်။ပ။
လောက၌ ဖောဋ္ဌဗ္ဗသညာ (ဖောဋ္ဌဗ္ဗာရုံ၌ မှတ်သားခြင်း) သည်။ပ။
လောက၌ ဓမ္မသညာ (ဓမ္မာရုံ၌ မှတ်သားခြင်း) သည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤဓမ္မသညာ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤဓမ္မသညာ၌ တည်၏၊

၆၉။ လောက၌ ရူပသေဉ္စတနာ (ရူပါရုံ၌ စေ့ဆော်ခြင်း) သည်။ပ။
လောက၌ သဒ္ဒသေဉ္စတနာ (သဒ္ဒါရုံ၌ စေ့ဆော်ခြင်း) သည်။ပ။
လောက၌ ဂန္ဓသေဉ္စတနာ (ဂန္ဓာရုံ၌ စေ့ဆော်ခြင်း) သည်။ပ။
လောက၌ ရသသေဉ္စတနာ (ရသာရုံ၌ စေ့ဆော်ခြင်း) သည်။ပ။
လောက၌ ဖောဋ္ဌဗ္ဗသေဉ္စတနာ (ဖောဋ္ဌဗ္ဗာရုံ၌ စေ့ဆော်ခြင်း) သည်။ပ။
လောက၌ ဓမ္မသေဉ္စတနာ (ဓမ္မာရုံ၌ စေ့ဆော်ခြင်း) သည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာ သည် ဖြစ်သည်ရှိသော် ဤဓမ္မသေဉ္စတနာ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤဓမ္မသေဉ္စတနာ၌ တည်၏၊

၇၀။ လောက၌ ရူပတဏှာ (ရူပါရုံ၌ တပ်မက်ခြင်း) သည်။ပ။
လောက၌ သဒ္ဒတဏှာသည်။ပ။
လောက၌ ဂန္ဓတဏှာသည်။ပ။
လောက၌ ရသတဏှာသည်။ပ။
လောက၌ ဖောဋ္ဌဗ္ဗတဏှာသည်။ပ။
လောက၌ ဓမ္မတဏှာသည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤ ဓမ္မတဏှာ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤဓမ္မတဏှာ၌ တည်၏၊

၇၁။ လောက၌ ရူပဝိတက် (ရူပါရုံ၌ ကြံစည်ခြင်း) သည်။ပ။
လောက၌ သဒ္ဒဝိတက်သည်။ပ။
လောက၌ ဂန္ဓဝိတက်သည်။ပ။
လောက၌ ရသဝိတက်သည်။ပ။
လောက၌ ဖောဋ္ဌဗ္ဗဝိတက်သည်။ပ။
လောက၌ ဓမ္မဝိတက်သည် ချစ်ခင်ဖွယ် သာယာဖွယ်သဘောဖြစ်၏၊ ထိုတပ်မက်ခြင်း 'တဏှာ'သည် ဖြစ်သည် ရှိသော် ဤဓမ္မဝိတက်၌ ဖြစ်၏၊ တည်သည်ရှိသော် ဤဓမ္မဝိတက်၌ တည်၏၊

၇၂။ လောက၌ ရူပဝိစာရ (ရူပါရုံ၌ သုံးသပ်ဆင်ခြင်ခြင်း) သည်။ပ။
လောက၌ သဒ္ဒဝိစာရသည်။ပ။
လောက၌ ဂန္ဓဝိစာရသည်။ပ။
လောက၌ ရသဝိစာရသည်။ပ။
လောက၌ ဖောဋ္ဌဗ္ဗဝိစာရသည်။ပ။
လောက၌ ဓမ္မဝိစာရသည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤဓမ္မဝိစာရ၌ ဖြစ်၏၊ တည်သည်ရှိသော် ဤဓမ္မဝိစာရ၌ တည်၏၊

၇၃။ ရဟန်းတို့... ဤတရားသဘောကို အရိယာတို့ သိအပ်သော ဒုက္ခသမုဒယအရိယသစ္စာ (ဒုက္ခဖြစ်ကြောင်း အရိယာတို့ သိအပ်သော အမှန်တရား) ဟူ၍ ဆိုအပ်၏၊

–––––––

ဒုက္ခနိရောဓအရိယသစ္စာ

၇၄။ ရဟန်းတို့... ဒုက္ခနိရောဓအရိယသစ္စာဟူသည် အဘယ်နည်း။ ထိုတဏှာ၏သာလျှင် အကြွင်းမရှိ ကင်းချုပ်ရာ, တဏှာကို စွန့်ရာ, တဏှာကို ဝေးစွာ စွန့်ရာ, တဏှာမှ လွတ်မြောက်ရာ, တဏှာဖြင့် မကပ်ငြိရာ (နိဗ္ဗာန်) တည်း။

၇၅။ ရဟန်းတို့... ထိုတဏှာကို ပယ်အပ်သည်ရှိသော် အဘယ်၌ ပယ်အပ်သနည်း၊ ချုပ်သည်ရှိသော် အဘယ်၌ ချုပ်သနည်း၊ လောက၌ ချစ်ခင်ဖွယ် သာယာဖွယ်သဘောသည် (ရှိ၏)၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤချစ်ခင်ဖွယ် သာယာဖွယ်သဘော၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤချစ်ခင်ဖွယ် သာယာဖွယ်သဘော၌ ချုပ်၏၊

၇၆။ လောက၌ ချစ်ခင်ဖွယ် သာယာဖွယ်သဘောသည် အဘယ်နည်း။ လောက၌ မျက်စိသည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤမျက်စိ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤမျက်စိ၌ ချုပ်၏၊
လောက၌ နားသည်။ပ။
လောက၌ နှာခေါင်းသည်။ပ။
လောက၌ လျှာသည်။ပ။
လောက၌ ကိုယ်သည်။ပ။
လောက၌ စိတ်သည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည် ပယ်အပ်သည်ရှိသော် ဤစိတ်၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤစိတ်၌ ချုပ်၏၊

၇၇။ လောက၌ ရူပါရုံတို့သည်။ပ။
လောက၌ သဒ္ဒါရုံတို့သည်။ပ။
လောက၌ ဂန္ဓာရုံတို့သည်။ပ။
လောက၌ ရသာရုံတို့သည်။ပ။
လောက၌ ဖောဋ္ဌဗ္ဗာရုံတို့သည်။ပ။
လောက၌ ဓမ္မာရုံတို့သည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မာရုံတို့၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မာရုံတို့၌ ချုပ်၏၊

၇၈။ လောက၌ စက္ခုဝိညာဏ်သည်။ပ။
လောက၌ သောတဝိညာဏ်သည်။ပ။
လောက၌ ဃာနဝိညာဏ်သည်။ပ။
လောက၌ ဇိဝှါဝိညာဏ်သည်။ပ။
လောက၌ ကာယဝိညာဏ်သည်။ပ။
လောက၌ မနောဝိညာဏ်သည် ချစ်ခင်ဖွယ် သာယာဖွယ်သဘောဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤမနောဝိညာဏ်၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤမနောဝိညာဏ်၌ ချုပ်၏၊

၇၉။ လောက၌ စက္ခုသမ္ဖဿသည်။ပ။
လောက၌ သောတသမ္ဖဿသည်။ပ။
လောက၌ ဃာနသမ္ဖဿသည်။ပ။
လောက၌ ဇိဝှါသမ္ဖဿသည်။ပ။
လောက၌ ကာယသမ္ဖဿသည်။ပ။
လောက၌ မနောသမ္ဖဿသည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤ မနောသမ္ဖဿ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤ (မနောသမ္ဖဿ) ၌ ချုပ်၏၊

၈၀။ လောက၌ စက္ခုသမ္ဖဿဇာဝေဒနာသည်။ပ။
လောက၌ သောတသမ္ဖဿဇာဝေဒနာသည်။ပ။
လောက၌ ဃာနသမ္ဖဿဇာဝေဒနာသည်။ပ။
လောက၌ ဇိဝှါသမ္ဖဿဇာဝေဒနာသည်။ပ။
လောက၌ ကာယသမ္ဖဿဇာဝေဒနာသည်။ပ။
လောက၌ မနောသမ္ဖဿဇာဝေဒနာသည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည် ရှိသော် ဤမနောသမ္ဖဿဇာဝေဒနာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤမနောသမ္ဖဿဇာဝေဒနာ၌ ချုပ်၏၊

၈၁။ လောက၌ ရူပသညာသည်။ပ။
လောက၌ သဒ္ဒသညာသည်။ပ။
လောက၌ ဂန္ဓသညာသည်။ပ။
လောက၌ ရသသညာသည်။ပ။
လောက၌ ဖောဋ္ဌဗ္ဗသညာသည်။ပ။
လောက၌ ဓမ္မသညာသည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မသညာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မသညာ၌ ချုပ်၏၊

၈၂။ လောက၌ ရူပသေဉ္စတနာသည်။ပ။
လောက၌ သဒ္ဒသေဉ္စတနာသည်။ပ။
လောက၌ ဂန္ဓသေဉ္စတနာသည်။ပ။
လောက၌ ရသသေဉ္စတနာသည်။ပ။
လောက၌ ဖောဋ္ဌဗ္ဗသေဉ္စတနာသည်။ပ။
လောက၌ ဓမ္မသေဉ္စတနာသည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မသေဉ္စတနာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မသေဉ္စတနာ၌ ချုပ်၏၊

၈၃။ လောက၌ ရူပတဏှာသည်။ပ။
လောက၌ သဒ္ဒတဏှာသည်။ပ။
လောက၌ ဂန္ဓတဏှာသည်။ပ။
လောက၌ ရသတဏှာသည်။ပ။
လောက၌ ဖောဋ္ဌဗ္ဗတဏှာသည်။ပ။
လောက၌ ဓမ္မတဏှာသည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မတဏှာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မတဏှာ၌ ချုပ်၏၊

၈၄။ လောက၌ ရူပဝိတက်သည်။ပ။
လောက၌ သဒ္ဒဝိတက်သည်။ပ။
လောက၌ ဂန္ဓဝိတက်သည်။ပ။
လောက၌ရသဝိတက်သည်။ပ။
လောက၌ ဖောဋ္ဌဗ္ဗဝိတက်သည်။ပ။
လောက၌ ဓမ္မဝိတက်သည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မဝိတက်၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မဝိတက်၌ ချုပ်၏၊
၈၅။ လောက၌ ရူပဝိစာရသည်။ ပ။
လောက၌ သဒ္ဒဝိစာရသည်။ ပ။
လောက၌ ဂန္ဓဝိစာရသည်။ ပ။
လောက၌ ရသဝိစာရသည်။
လောက၌ ဖောဋ္ဌဗ္ဗဝိစာရသည်။ ပ။
လောက၌ ဓမ္မဝိစာရသည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မဝိစာရ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မဝိစာရ၌ ချုပ်၏၊
၈၆။ ရဟန်းတို့... ဤတရားသဘောကို ဒုက္ခနိရောဓအရိယသစ္စာ (= ဒုက္ခ၏ ချုပ်ရာ အရိယာတို့ သိအပ်သော အမှန်တရား) ဟူ၍ ဆိုအပ်၏၊

–––––––

ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)

၈၇။ ရဟန်းတို့... ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာဟူသည် အဘယ်နည်း။ မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ်အကျင့်လမ်းတည်း။ ဤမဂ်အကျင့်လမ်းတို့သည် အဘယ်တို့နည်း။ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိတို့ပေတည်း။

၈၈-၁။ ရဟန်းတို့ ... သမ္မာဒိဋ္ဌိဟူသည် အဘယ်နည်း။

(က) ဒုက္ခအရိယသစ္စာတရားကို (= ဥပါဒါနက္ခန္ဓာငါးပါးကို) ထိုးထွင်းသိမြင်သော ဉာဏ်၊ ( ခ ) ဒုက္ခသမုဒယအရိယသစ္စာတရားကို (= ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၏ ဖြစ်စဉ်ကို) ထိုးထွင်းသိမြင်သော ဉာဏ်၊

( ဂ ) ဒုက္ခနိရောဓအရိယသစ္စာတရားကို (= ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၏ ချုပ်စဉ်ကို) ထိုးထွင်းသိမြင်သော ဉာဏ်၊

(ဃ) ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာတရားကို (= ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ် ဖြစ်သည့် မဂ္ဂအရိယသစ္စာတရားကို) ထိုးထွင်းသိမြင်သော ဉာဏ်တည်း။

ရဟန်းတို့... ဤသို့ ထိုးထွင်းသိမြင်သော ဉာဏ် (၄)မျိုးကို မှန်စွာ သိမြင်ခြင်း 'သမ္မာဒိဋ္ဌိ' ဟူ၍ ဆိုအပ်၏၊

၈၈-၂။ ရဟန်းတို့... သမ္မာသင်္ကပ္ပဟူသည် အဘယ်နည်း။
(က) (ကာမအာရုံမှ) လွတ်ကင်းသော ကြံစည်ခြင်း (= နေက္ခမ္မဝိတက်)၊
( ခ ) ဖျက်ဆီးလိုခြင်းမှ လွတ်ကင်းသော ကြံစည်ခြင်း (= အဗျာပါဒဝိတက်)၊
( ဂ ) ညှဉ်းဆဲလိုခြင်းမှ လွတ်ကင်းသော ကြံစည်ခြင်း (= အဝိဟိံသာဝိတက်) တည်း။
ရဟန်းတို့... ဤ (၃)မျိုးသော ကြံစည်ခြင်းကို မှန်စွာ ကြံစည်ခြင်း 'သမ္မာသင်္ကပ္ပ'ဟူ၍ ဆိုအပ်၏၊

၈၈-၃။ ရဟန်းတို့ ... သမ္မာဝါစာဟူသည် အဘယ်နည်း။
(က) မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊
( ခ ) ကုန်းစကားမှ ရှောင်ကြဉ်ခြင်း၊
( ဂ ) ရုန့်ကြမ်းသော စကားမှ ရှောင်ကြဉ်ခြင်း၊
(ဃ) ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်ခြင်းတည်း။
ရဟန်းတို့... ဤသို့ ရှောင်ကြဉ်ခြင်း (= ဤသို့ ရှောင်ကြဉ်လျက် ကောင်းမွန်မှန်ကန်သော စကားကို ပြောဆိုခြင်း) ကို မှန်စွာပြောဆိုခြင်း 'သမ္မာဝါစာ' ဟူ၍ ဆိုအပ်၏၊

၈၈-၄။ ရဟန်းတို့ ... သမ္မာကမ္မန္တဟူသည် အဘယ်နည်း။
(က) အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
( ခ ) မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
( ဂ ) ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းတည်း။
ရဟန်းတို့... ဤသို့ ရှောင်ကြဉ်ခြင်း (= ဤသို့ ရှောင်ကြဉ်လျက် ကောင်းမွန်မှန်ကန်သော လုပ်ငန်းရပ်ကို ပြုလုပ်ခြင်း) ကို မှန်စွာပြုလုပ်ခြင်း 'သမ္မာကမ္မန္တ' ဟူ၍ ဆိုအပ်၏၊

၈၈-၅။ ရဟန်းတို့ ... သမ္မာအာဇီဝဟူသည် အဘယ်နည်း။
ရဟန်းတို့... ဤသာသနာတော်၌ အရိယာဖြစ်သော တပည့်သည် မှားယွင်းစွာ အသက်မွေးခြင်းကို ပယ်စွန့်၍ မှန်စွာ အသက်မွေးခြင်းဖြင့် အသက်မွေး၏၊
ရဟန်းတို့... ဤသို့ အသက်မွေးခြင်းကို မှန်စွာ အသက်မွေးခြင်း 'သမ္မာအာဇီဝ' ဟူ၍ ဆိုအပ်၏၊

၈၈-၆။ ရဟန်းတို့ ...သမ္မာဝါယာမဟူသည် အဘယ်နည်း။
(က) ရဟန်းတို့... ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးကုန်သော ယုတ်မာကုန်သော အကုသိုလ် တရားတို့ကို မဖြစ်ပေါ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏၊
( ခ ) ဖြစ်ပြီးကုန်သော ယုတ်မာကုန်သော အကုသိုလ်တရားတို့ကို ပယ်ရှားရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏၊
( ဂ ) မဖြစ်သေးကုန်သော ကုသိုလ်တရားတို့ကို ဖြစ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏၊
(ဃ) ဖြစ်ပြီးကုန်သော ကုသိုလ်တရားတို့ကို တည်မြဲစေရန် မပျောက်ပျက်စေရန် တိုးတက်ဖြစ်ပွားစေရန် ပြန့်ပြောစေရန် ပွားများမှု ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏၊
ရဟန်းတို့... ဤသို့ အားထုတ်ခြင်းကို မှန်စွာ အားထုတ်ခြင်း 'သမ္မာဝါယာမ' ဟူ၍ ဆိုအပ်၏၊

၈၈-၇။ ရဟန်းတို့ ...သမ္မာသတိဟူသည် အဘယ်နည်း။

(က) ရဟန်းတို့... ဤသာသနာတော်၌ ရဟန်းသည် ပြင်းထန်စွာ အားထုတ်သော လုံ့လဝီရိယရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာ-ဒေါမနဿကို ပယ်ဖျောက်၍ ကာယ၌ ကာယကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊

( ခ ) ပြင်းထန်စွာ အားထုတ်သော လုံ့လဝီရိယရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာ-ဒေါမနဿကို ပယ်ဖျောက်၍ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊

( ဂ ) ပြင်းထန်စွာ အားထုတ်သော လုံ့လဝီရိယရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာ-ဒေါမနဿကို ပယ်ဖျောက်၍ စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊

(ဃ) ပြင်းထန်စွာ အားထုတ်သော လုံ့လဝီရိယရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာ-ဒေါမနဿကို ပယ်ဖျောက်၍ ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊

ရဟန်းတို့ ... ဤသို့ အောက်မေ့ခြင်း သတိကို မှန်စွာ အောက်မေ့ခြင်း 'သမ္မာသတိ' ဟူ၍ ဆိုအပ်၏၊

၈၈-၈။ ရဟန်းတို့ သမ္မာသမာဓိဟူသည် အဘယ်နည်း။

(က) ရဟန်းတို့... ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရား တို့မှ ကင်းဆိတ်၍သာလျှင် ဝိတက်နှင့် တကွဖြစ်သော ဝိစာရနှင့် တကွဖြစ်သော နီဝရဏကင်းခြင်းကြောင့် ဖြစ်သည့် ပီတိ-သုခရှိသော ပထမစျာန်သို့ ရောက်၍ နေ၏၊

( ခ ) ဝိတက် ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော, စိတ်အစဉ်ဝယ် မွန်မြတ်သော တည်ကြည်မှု သမာဓိကို ဖြစ်ပွားစေတတ်သော, ဝိတက်လည်းမရှိသော, ဝိစာရလည်း မရှိသော, (ပထမစျာန်သမာဓိ သို့မဟုတ် ဒုတိယစျာန်သမာဓိဟူသော) သမာဓိကြောင့်ဖြစ်သည့် ပီတိသုခရှိသော ဒုတိယစျာန်သို့ ရောက်၍ နေ၏၊

( ဂ ) ပီတိ၏လည်း ကင်းခြင်းကြောင့် အညီအမျှ လျစ်လျူရှုလျက် သတိရှိလျက် ဆင်ခြင်လျက် နေ၏၊ (စေတသိက)သုခကိုလည်း (နာမကာယ)ကိုယ်ဖြင့် ခံစား၏၊ အကြင် (တတိယစျာန်)ကြောင့် ထိုသူကို ''အညီအမျှ လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ''ဟု အရိယာ(ပုဂ္ဂိုလ်)တို့သည် ချီးမွမ်း ပြောဆိုကုန်၏၊ ထိုတတိယစျာန်သို့ ဆိုက်ရောက်၍ နေ၏၊

(ဃ) ချမ်းသာခြင်း(= သုခ) ဆင်းရဲခြင်း(= ဒုက္ခ) ကို ပယ်ခြင်းကြောင့်လည်းကောင်း ရှေးဦးကပင် ဝမ်းသာခြင်း (= သောမနဿ) စိတ်နှလုံးမသာခြင်း (= ဒေါမနဿ)တို့၏ ချုပ်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာ ကင်းသော ဥပေက္ခာကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထစျာန်သို့ ရောက်၍ နေ၏၊

ရဟန်းတို့... ဤကဲ့သို့သော သမာဓိကို မှန်စွာ တည်ကြည်ခြင်း 'သမ္မာသမာဓိ' ဟူ၍ ဆိုအပ်၏၊ ၈၉။ ရဟန်းတို့... ဤ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကို ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် မဂ္ဂအရိယသစ္စာတရား) ဟူ၍ ဆိုအပ်၏၊

ဝိပဿနာပိုင်း - ပထမဆင့် (၂)

၉၀-၁။ (က) ဤသို့လျှင် အဇ္ဈတ္တ (ဓမ္မ)သဘောတရားတို့၌မူလည်း (ဓမ္မ)သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊

၉၀-၁။ ( ခ ) ဗဟိဒ္ဓ (ဓမ္မ)သဘောတရားတို့၌မူလည်း (ဓမ္မ)သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍နေ၏၊
၉၀-၁။ ( ဂ ) အဇ္ဈတ္တ ဗဟိဒ္ဓ (ဓမ္မ)သဘောတရား နှစ်မျိုးလုံးတို့၌မူလည်း (ဓမ္မ)သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊

ဝိပဿနာပိုင်း - ဒုတိယအဆင့်

၉၀-၂။ (က) (ဓမ္မ)သဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ မူလည်း နေ၏၊

၉၀-၂။ ( ခ ) (ဓမ္မ)သဘောတရားတို့၌ ချုပ်ကြောင်းတရားနှင့် ချုပ်+ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊

၉၀-၂။ ( ဂ ) (ဓမ္မ)သဘောတရားတို့၌ ဖြစ်ကြောင်း ချုပ်ကြောင်းတရားနှင့် ဖြစ်ခြင်း ချုပ်+ပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊

ဝိပဿနာပိုင်း - တတိယအဆင့်

၉၀-၃။ ထို့ပြင် ''(ဓမ္မ)သဘောတရားတို့သည်သာလျှင် ရှိကုန်၏'' - ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) ဝိပဿနာဉာဏ် အဆင့်ဆင့် တိုးပွားခြင်းငှာသာ ဖြစ်၏၊ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိ အဆင့်ဆင့် တိုးပွားခြင်းငှာသာ ဖြစ်၏၊

ဝိပဿနာပိုင်း - စတုတ္ထအဆင့်

၉၀-၄။ (ထိုရဟန်းသည် တဏှာဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ (ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော) လောက၌ တစ်စုံတစ်ခုသော တရားကိုမျှလည်း (ငါ, ငါ၏ဥစ္စာဟု) စွဲလည်း မစွဲလမ်း။

၉၁။ ရဟန်းတို့... ဤသို့လည်း ရဟန်းသည် အရိယသစ္စာလေးပါး (ဓမ္မ)သဘောတရားတို့၌ (ဓမ္မ)သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊

သစ္စာအပိုင်း ပြီး၏၊
(ဓမ္မ)သဘောတရားကို ဆင်ခြင်ခြင်း ပြီး၏၊

–––––––

၉၂။ ရဟန်းတို့... မည်သည့်ပုဂ္ဂိုလ်မဆို ဤသတိပဋ္ဌာန်လေးပါးတို့ကို ခုနစ်နှစ်တို့ပတ်လုံး ဤဟောကြားပြသထားသော နည်းအတိုင်း ပွားများအားထုတ်ငြားအံ့၊ ထိုသို့ ပွားများအားထုတ်သော ပုဂ္ဂိုလ်အား မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ် ဖြစ်စေ, ဥပါဒါန်အကြွင်းရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤအရိယဖိုလ်နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော အရိယဖိုလ်ကို (အမှန်ရပေမည်ဟု) အလိုရှိအပ်၏၊

ရဟန်းတို့... ခုနစ်နှစ်ကို ထားဘိဦး။ ရဟန်းတို့... မည်သည့်ပုဂ္ဂိုလ်မဆို ဤသတိပဋ္ဌာန်လေးပါးတို့ကို ခြောက်နှစ်တို့ပတ်လုံး ဤဟောကြားပြသထားသော နည်းအတိုင်း ပွားများအားထုတ်ငြားအံ့။ပ။ ငါးနှစ်တို့ပတ်လုံး။ လေးနှစ်တို့ပတ်လုံး။ သုံးနှစ်တို့ပတ်လုံး။ နှစ်နှစ်တို့ပတ်လုံး။ တစ်နှစ်တို့ပတ်လုံး။

ရဟန်းတို့... တစ်နှစ်ကို ထားဘိဦး။ ရဟန်းတို့... မည်သည့်ပုဂ္ဂိုလ်မဆို ဤသတိပဋ္ဌာန်လေးပါးတို့ကို ခုနစ်လတို့ပတ်လုံး ဤဟောကြားပြသထားသော နည်းအတိုင်း ပွားများအားထုတ်ငြားအံ့၊ ထိုသို့ ပွားများအားထုတ်သော ပုဂ္ဂိုလ်အား မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ဖြစ်စေ, ဥပါဒါန်အကြွင်းရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤ အရိယဖိုလ် နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော အရိယဖိုလ်ကို (အမှန်ရပေမည်ဟု) အလိုရှိအပ်၏၊

ရဟန်းတို့... ခုနစ်လကို ထားဘိဦး။ ရဟန်းတို့... မည်သည့်ပုဂ္ဂိုလ်မဆို ဤသတိပဋ္ဌာန်လေးပါးတို့ကို ခြောက်လတို့ပတ်လုံး ဤဟောကြားပြသထားသော နည်းအတိုင်း ပွားများအားထုတ်ငြားအံ့။ပ။ ငါးလတို့ပတ်လုံး။ လေးလတို့ပတ်လုံး။ သုံးလတို့ပတ်လုံး။ နှစ်လတို့ပတ်လုံး။ တစ်လပတ်လုံး။ လခွဲပတ်လုံး။

ရဟန်းတို့... လခွဲကို ထားဘိဦး။ ရဟန်းတို့... မည်သည့်ပုဂ္ဂိုလ်မဆို ဤသတိပဋ္ဌာန်လေးပါးတို့ကို ခုနစ်ရက် ပတ်လုံး ဤဟောကြားပြသထားသော နည်းအတိုင်း ပွားများအားထုတ်ငြားအံ့၊ ထိုသို့ ပွားများအားထုတ်သော ပုဂ္ဂိုလ်အား မျက်မှောက်ဘဝ၌ပင် အရဟတ္တဖိုလ်ဖြစ်စေ, ဥပါဒါန်အကြွင်းရှိသေးလျှင် အနာဂါမိဖိုလ်ဖြစ်စေ ဤအရိယဖိုလ် နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော အရိယဖိုလ်ကို (အမှန်ရပေမည်ဟု) အလိုရှိအပ်၏၊

၉၃။ ''ရဟန်းတို့ ... ဤခရီးလမ်းသည် .. သတ္တဝါတို့၏ စိတ်ဓာတ် သန့်ရှင်းစင်ကြယ်ရန်, စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို ကျော်လွှားလွန်မြောက်ရန်, ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့ ချုပ်ငြိမ်းရန်, အရိယမဂ်ကို ရရှိရန်, နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်း ဖြစ်ပေ၏၊ ယင်းသည့် ခရီးလမ်းကား ဤသတိပဋ္ဌာန် လေးပါးတို့ပင်တည်း ..''ဟု ဤသို့လျှင် အကြင်သတိပဋ္ဌာန်တရား ကြေညာချက်ကို ငါဘုရား မိန့်ကြားတော်မူခဲ့၏၊ ဤကြေညာချက်ကို .. ဤ (အကျိုး နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော အကျိုးတရားကို အမှန်ရရှိနိုင်ခြင်း) ကို ရည်ရွယ်တော်မူ၍ မိန့်ကြားတော်မူခဲ့၏ဟု မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောကြားတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောကြားတော်မူသော တရားဒေသနာတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။

မဟာသတိပဋ္ဌာနသုတ္တန်[၁၀၆]သည် ပြီးဆုံးတော်မူပြီ။

မဟာသတိပဋ္ဌာနသုတ္တန် ရှင်းလင်းချက်

ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်ကို ကာယာနုပဿနာပိုင်း၌ အခန်းပေါင်း (၁၄)ခန်း၊ ဝေဒနာနုပဿနာပိုင်း၌ ဝေဒနာကိုးမျိုးတို့ဖြင့် တန်ဆာဆင်ကာ အခန်း (၁)ခန်း၊ စိတ္တာနုပဿနာပိုင်း၌ တစ်ဆယ့်ခြောက်မျိုး သော စိတ်တို့ဖြင့် တန်ဆာဆင်ကာ အခန်း (၁)ခန်း၊ ဓမ္မာနုပဿနာပိုင်း၌ ဓမ္မသဘောတရားတို့ကို အုပ်စုကြီး ငါးပိုင်းတို့ဖြင့် တန်ဆာဆင်ကာ အခန်း (၅)ခန်း၊ အားလုံးပေါင်းသော် အခန်းပေါင်း (၂၁)ခန်းတို့ဖြင့် တန်ဆာဆင်ကာ ဟောကြားထားတော်မူပေသည်။ အခန်းတိုင်း အခန်းတိုင်း၌ ဝိပဿနာပိုင်းဝယ် အရဟတ္တဖိုလ်ဆိုက်သည်အထိ ဟောကြားထားတော်မူပေသည်။

ရှေးရှေးအဋ္ဌကထာတို့၏ ဖွင့်ဆိုချက်အတိုင်း ဆိုရမူ .. သမထပိုင်းဝယ် အာနာပါနအခန်း၌ အာနာပါနကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်ရောက်သည်အထိ ရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော်မူ၏၊ (၃၂)ကောဋ္ဌာသတို့ကို ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် နှလုံးသွင်းရှုပွားသုံးသပ်သည့် ပဋိကူလမနသိကာရအခန်း၌ ယင်း ကောဋ္ဌာသတို့၏ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောကို အာရုံယူကာ ပထမစျာန်သမာဓိသို့ ဆိုက်ရောက်သည့် တိုင်အောင် ရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော်မူ၏၊ သူသေ အလောင်းကောင် (၉)မျိုးအခန်း၌ သူသေ အလောင်းကောင် (၉)မျိုးကို အာရုံယူကာ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် နှလုံးသွင်းကာ ပထမစျာန် သမာဓိသို့ ဆိုက်ရောက်သည့်တိုင်အောင် ရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော်မူ၏၊

သို့သော် မဟာသီဝမထေရ်မြတ်ကြီး၏ အယူအဆအရမူ ဘုရားရှင်သည် အာနာပါနကမ္မဋ္ဌာန်းနှင့် ပဋိကူလမနသိကာရကမ္မဋ္ဌာန်းတို့ကိုသာ အပ္ပနာစျာန်သမာဓိသို့ ဆိုက်သည့်တိုင်အောင် ရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော် မူခြင်း ဖြစ်၏၊ သူသေ အလောင်းကောင် (၉)မျိုးတို့ကိုကား အပ္ပနာစျာန်သမာဓိသို့ ဆိုက်သည့်တိုင်အောင် ရှုပွား သုံးသပ်ရန် ညွှန်ကြားထားတော်မူသည်ကား မဟုတ်၊ မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ အပြစ်အာဒီနဝကို ရှုမြင်ရန် အာဒီနဝါနုပဿနာအဖြစ် ရှုပွားရန် ညွှန်ကြားထားတော်မူခြင်းဖြစ်၏ဟု ဆုံးဖြတ်ထားတော်မူပေသည်။[၁၀၇] အာဒီနဝါနုပဿနာဟူသည် ဝိပဿနာပိုင်းတွင် လာရှိသည့် ''ဘာဝနာ (၄၀) ခေါ် တော (၄၀) ရှုကွက်''တို့ဝယ် ဒုက္ခလက္ခဏာ (၂၅)ချက်တို့တွင် အကျုံးဝင်သည့် အာဒီနဝါနုပဿနာရှုကွက်ပင် ဖြစ်သည်။[၁၀၈] ဝိဇယသုတ္တန်[၁၀၉]တွင် လာရှိသည့် ရဟန်းယောက်ျား ပရိသတ်, ရဟန်းမိန်းမ ပရိသတ်, အမျိုးသားဥပါသကာ ပရိသတ်, အမျိုးသမီးဥပါသိကာ ပရိသတ် ဟူသည့် ပရိသတ် (၄)မျိုးတို့ကို သိရိမာ၏ အလောင်းကို စံထားကာ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် နှစ်မျိုးစလုံးတို့၌ ''သိရိမာ၏ အလောင်းကဲ့သို့ ရွံရှာစက်ဆုပ်ဖွယ် အသုဘအလောင်းကောင်အဖြစ် ဉာဏ်ဖြင့် မြင်အောင် ကပ်ဆောင် ကြည့်ရှုလျက် အသုဘဘာဝနာကို ပွားများရန်'' ညွှန်ကြားထားတော်မူ၏၊ ယင်းအသုဘဘာဝနာမှာ မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ ခန္ဓာအိမ်၏ အပြစ်အာဒီနဝကို ဉာဏ်ဖြင့် မြင်အောင် ရှုပွားရသည့် အာဒီနဝါနုပဿနာပင် ဖြစ်သည်။ ဤမဟာသတိပဋ္ဌာနသုတ္တန်၌လည်း ဘုရားရှင်သည် ပုံစံတူပင် ညွှန်ကြားထားတော်မူပေသည်။ ထိုကြောင့် မဟာသီဝ မထေရ်မြတ်ကြီးက ဤမဟာသတိပဋ္ဌာနသုတ္တန်၌ လာရှိသော သူသေ အလောင်းကောင် (၉)မျိုး ရှုကွက်မှာ အာဒီနဝါနုပဿနာဖြစ်ကြောင်းကို ဆုံးဖြတ်ထားတော်မူခြင်း ဖြစ်ပေသည်။

'' ကြွင်းကျန်သော ကမ္မဋ္ဌာန်းတို့သည် ဥပစာရကမ္မဋ္ဌာန်းတို့ ဖြစ်ကြကုန်၏'' – ဟု အဋ္ဌကထာများ[၁၁၀]က ဆုံးဖြတ်ထားတော်မူကြ၏၊ ဤမဟာသတိပဋ္ဌာနသုတ္တန်တွင် အခန်းပေါင်း (၂၁)ခန်းရှိရာ ကာယာနုပဿနာပိုင်း၌ (၁၄)ခန်း ရှိပေသည်။ ထိုတွင် အာနာပါနကမ္မဋ္ဌာန်း ပဋိကူလမနသိကာရကမ္မဋ္ဌာန်း သူသေ အလောင်းကောင် (၉)မျိုး ကမ္မဋ္ဌာန်းတို့မှာ ရှေးရှေးအဋ္ဌကထာတို့၏ အယူအဆအရ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း အပ္ပနာစျာန်သမာဓိသို့ ဆိုက်သည့်တိုင်အောင် ပွားများအားထုတ်ရမည့် အပ္ပနာကမ္မဋ္ဌာန်းတို့ ဖြစ်ကြ၏၊ ကြွင်းကုန်သော ဓာတုမနသိကာရ (= ဓာတ်ကြီးလေးပါးကို စတင်ကာ နှလုံးသွင်း ရှုပွားရသည့် ဓာတ်ကမ္မဋ္ဌာန်း)အခန်း၊ အဓွန့်ကာလ ရှည်လျားသည့် ဣရိယာပုထ် လေးပါးစလုံး၌ (ရုပ်နာမ်တို့ကို) သိမ်းဆည်း ရှုပွားရသည့် ဣရိယာပထအခန်း၊ အဓွန့်ကာလ အလယ်အလတ်ဖြစ်သည့်, အဓွန့်ကာလ တိုတောင်းသည့် ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်းစသည့် ဣရိယာပုထ် အမျိုးမျိုးတို့၌ (ရုပ်နာမ်တို့ကို) သမ္ပဇဉ်ဉာဏ်ဖြင့် သိမ်းဆည်းရှုပွားရသည့် သမ္ပဇဉ်အခန်း - ဤအခန်း (၃)ခန်းတို့ကား ဥပစာရကမ္မဋ္ဌာန်းတို့ ဖြစ်ကြ၏၊

သမထကမ္မဋ္ဌာန်းပိုင်း၌ ကမ္မဋ္ဌာန်း (၄၀) ရှိသည်ကား မှန်၏၊ သို့သော် ဝိပဿနာပိုင်းသို့ ရောက်ရှိလာသော အခါ၌မူကား ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းဟု ကမ္မဋ္ဌာန်း နှစ်မျိုးသာ ရှိပေသည်။ ထိုတွင် ရုပ်ကမ္မဋ္ဌာန်းရှုကွက်ကို ဟောကြားတော်မူရာ၌ ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်း ဤနည်း နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသော နည်းလမ်းဖြင့် ရုပ်တရားကို စတင်ကာ သိမ်းဆည်း ရှုပွားရန် ညွှန်ကြားထားတော်မူ၏၊[၁၁၁]ဓာတ်ကမ္မဋ္ဌာန်းကို စနစ်တကျ သိမ်းဆည်းရှုပွားလိုက်သော ယောဂီသည် ဓာတ်ကြီးလေးပါးအာရုံ၌ သမာဓိ နက်ရှိုင်းလာသောအခါ သဒိသူပစာရအားဖြင့် ဥပစာရသမာဓိအမည်ရသည့် ဥပစာရသမာဓိသို့ ဆိုက်ရောက်သွား၏၊[၁၁၂]ရုပ်ကလာပ်များကို ဉာဏ်ဖြင့် တွေ့မြင်ပြီးနောက် ရုပ်ကလာပ်တစ်ခု တစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးအာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော သမာဓိမျိုးကို ဆိုလိုသည်။

ဤဖော်ပြပါ အခန်း (၃)ခန်း ကမ္မဋ္ဌာန်း (၃)မျိုးတို့၌ ဓာတ်ကြီးလေးပါးကို ဦးတည်ကာ ဥပစာရသမာဓိသို့ ဆိုက်ရောက်သည့်တိုင်အောင် ရှေးဦးစွာ သမာဓိကို စတင်ထူထောင်ရမည့် ကမ္မဋ္ဌာန်းများ ဖြစ်ကြခြင်းကြောင့် ယင်း ကမ္မဋ္ဌာန်းတို့ကို ဥပစာရကမ္မဋ္ဌာန်းတို့ဟူ၍ ဖွင့်ဆိုထားတော်မူကြခြင်း ဖြစ်သည်။ ရုပ်ကလာပ်တစ်ခု တစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်မှ သမထပိုင်းတွင် အဆုံးဖြစ်၍ ဝိပဿနာပိုင်းတွင်လည်း အစ ဖြစ်ပေသည်။ ရုပ်ပရမတ်တရားတို့ကို စတင်ကာ ထိုးထွင်းသိမြင်သောအပိုင်း ဖြစ်သောကြောင့်တည်း။ သို့အတွက် ဤဓာတ်ကမ္မဋ္ဌာန်းမှာ သမထ ဝိပဿနာ နှစ်ဘက်ရ ကမ္မဋ္ဌာန်း ဖြစ်ပေသည်။

တစ်ဖန် မဟာသီဝမထေရ်မြတ်ကြီး၏ အယူအဆအရ ပြောဆိုရမူ သူသေ အလောင်းကောင် (၉)မျိုးနှင့် ဆက်စပ်နေသည့် အသုဘဘာဝနာ ရှုကွက်မှာလည်း ဥပစာရကမ္မဋ္ဌာန်းပင် ဖြစ်၏၊ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် နှစ်မျိုးလုံးတို့၌ မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ သေပြီးပုပ်ပွနေသည့် အလောင်းကောင်အဖြစ် ဉာဏ်ဖြင့် မြင်အောင် ကပ်ဆောင် ကြည့်ရှုကာ မိမိအလောင်းကောင်၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘော သူတစ်ပါးအလောင်းကောင်၏ ရွံရှာ စက်ဆုပ်ဖွယ် အသုဘသဘောတို့ကို ဉာဏ်ဖြင့် ကပ်ဆောင်ကာ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပွားသုံးသပ်ရမည့် လုပ်ငန်းခွင် ဖြစ်သည်။ ဗဟိဒ္ဓ သေနေသည့် အလောင်းကောင်၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကို ရှုပွားပြီးနောက် အသက်ထင်ရှား ရှိနေကြသည့် မိမိနှင့်တကွ အခြားအခြားသော သက်ရှိသတ္တဝါတို့၏ (တကယ် သေနေသည့် အလောင်းကောင်အတူ) သေနေသည့် အလောင်းကောင်အဖြစ် ဉာဏ်ဖြင့် မြင်အောင် ကပ်ဆောင်၍ အသုဘဘာဝနာကို ပွားများရမည်ဖြစ်ရာ ထိုကဲ့သို့ ရှုနိုင်ရေးမှာ သမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသည့် ဉာဏ်အရောင်အလင်း၏ အကူအညီကို ရရှိပါမှသာလျှင် ရှုပွားနိုင်မည် ဖြစ်ပေသည်။ သို့သော် ထိုသို့ ရှုနေသော အရှုခံအလောင်းကောင်အာရုံမှာ အဇ္ဈတ္တအလောင်းကောင်တစ်လှည့် ဗဟိဒ္ဓအလောင်းကောင် တစ်လှည့် လှည့်လည်ကာ ရှုပွားနေရသဖြင့် အပ္ပနာစျာန်သမာဓိသို့ မဆိုက်ရောက်နိုင်ဘဲ သဒိသူပစာရအားဖြင့် ဥပစာရသမာဓိအမည်ရသည့် သမာဓိတစ်မျိုးသို့သာ ဆိုက်ရောက်နိုင်သည့်အတွက် ဤကမ္မဋ္ဌာန်းကို ဥပစာရကမ္မဋ္ဌာန်း ဟု မဟာသီဝမထေရ်မြတ်ကြီးက မိန့်ဆိုတော်မူခြင်း ဖြစ်ပေသည်။

သို့သော် ရှေးရှေးအဋ္ဌကထာကြီးများကလည်း ဤ ကမ္မဋ္ဌာန်း (၉)မျိုးတို့သည် ပထမစျာန်ကဲ့သို့သော အပ္ပနာစျာန် သမာဓိကို ရရှိနိုင်ကြသည့် အပ္ပနာကမ္မဋ္ဌာန်းများ ဖြစ်ကြောင်းကို ဖွင့်ဆိုထားတော်မူကြ၏၊ အကြောင်းမှာ ဤသို့ ဖြစ်၏၊ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် သုသာန်သင်္ချိုင်း၌ စွန့်ပစ်ထားအပ်သည့် သိရိမာအလောင်းကဲ့သို့ ပုပ်ပွနေသည့် လိင်တူ အလောင်းကောင်တစ်ခုကို တွေ့မြင်သောအခါ ယင်း လိင်တူ အလောင်းကောင်၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘ သဘောကို အာရုံယူကာ သမာဓိကို ဆက်လက်ထူထောင်ခဲ့သော် ပထမစျာန်သမာဓိသို့ ဆိုက်ရောက်နိုင်၏၊ တစ်ဖန် ယင်းပထမစျာန်သမာဓိနှင့် ယှဉ်တွဲနေသည့် ဉာဏ်ကြောင့် ဖြစ်ပေါ်လာသည့် ဉာဏ်အလင်းရောင် အကူအညီဖြင့် မိမိလည်း ထိုအလောင်းကောင်ကဲ့သို့ ပုပ်ပွပြီး သေနေသည့် အလောင်းကောင် ဖြစ်နေပုံကို ဉာဏ်ဖြင့် မြင်အောင် ကပ်ဆောင်ကြည့်ရှုပါက ပုပ်ပွပြီး သေနေသည့် မိမိ၏ အလောင်းကောင်ကိုလည်း ဉာဏ်ဖြင့် တွေ့မြင်နိုင်ပေသည်။ အလားတူပင် အခြားအခြားသော မိမိနှင့် နီးစပ်ရာ သက်ရှိသတ္တဝါတို့၏ တစ်နေ့တွင် အလားတူ သေကျေပျက်စီးပြီးနောက် ပုပ်ပွနေသည့် အလောင်းကောင်များ ဖြစ်နေကြပုံကို ဉာဏ်ဖြင့် မြင်အောင် ကပ်ဆောင်ကြည့်ရှုပါကလည်း ဉာဏ်ဖြင့် တွေ့မြင်နိုင်သည်သာ ဖြစ်သည်။ ထိုသို့ တွေ့မြင်သောအခါ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း အဇ္ဈတ္တ အလောင်းကောင်ကို အာရုံယူကာ အသုဘဘာဝနာကိုလည်း ပွားနိုင်၏၊ ဗဟိဒ္ဓအလောင်းကောင်ကို အာရုံယူကာ အသုဘဘာဝနာကိုလည်း ပွားနိုင်၏၊ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့်လည်း အသုဘဘာဝနာကို ပွားနိုင်၏၊ ထိုသို့ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် အလောင်းကောင်များကို ပြောင်းကာ ပြောင်းကာ အာရုံယူလျက် အသုဘဘာဝနာကို ပွားရာ၌ကား လိင်တူအလောင်းကောင် လိင်မတူအလောင်းကောင်ဟု ခွဲခြားနေရန် မလိုပေ။ လိင်တူသည်ဖြစ်စေ လိင်မတူသည်ဖြစ်စေ အလောင်းကောင် အားလုံးကိုပင် အာရုံယူကာ အသုဘဘာဝနာအဖြစ် စီးဖြန်းနိုင်ပေသည်။ ထိုကြောင့် ရှေးရှေးအဋ္ဌကထာကြီးများက ဤ သူသေကောင် (၉)မျိုးနှင့် ဆက်စပ်နေသည့် ကမ္မဋ္ဌာန်းကို ပထမစျာန် သမာဓိသို့လည်း ဆိုက်ရောက်အောင် ရှေးဦးစွာ ပွားများအားထုတ်နိုင်သည့် နည်းပရိယာယ် တစ်မျိုး ထင်ရှားရှိနေသဖြင့် ဤ သူသေကောင် (၉)မျိုးနှင့် ဆက်စပ်နေသည့် ကမ္မဋ္ဌာန်းကို အပ္ပနာကမ္မဋ္ဌာန်းအဖြစ် ဖွင့်ဆိုထားတော်မူခြင်း ဖြစ်ပေသည်။ ရှုကွက်ကို ဤကျမ်းစာ''လုပ်ငန်းခွင်အပိုင်း''တွင် ကြည့်ရှုပါ။

တစ်ဖန် ဝေဒနာနုပဿနာပိုင်း အခန်း (၁)ခန်း, စိတ္တာနုပဿနာပိုင်း အခန်း (၁)ခန်း, ဓမ္မာနုပဿနာပိုင်း အခန်း (၅)ခန်း - အားလုံးပေါင်းသော် အခန်း (၇)ခန်းတို့၌ လာရှိသော ဝေဒနာနုပဿနာကမ္မဋ္ဌာန်း စသည်တို့ကိုလည်း ဥပစာရကမ္မဋ္ဌာန်းများသာ ဖြစ်ကြောင်းကိုလည်း အဋ္ဌကထာများက ဖွင့်ဆိုထားတော်မူလျက် ရှိကြ၏၊ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏ ..။

ဝေဒနာနုပဿနာကမ္မဋ္ဌာန်း စိတ္တာနုပဿနာကမ္မဋ္ဌာန်း ဓမ္မာနုပဿနာကမ္မဋ္ဌာန်းတို့ကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် –– ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ[၁၁၃]–– ရုပ်ကမ္မဋ္ဌာန်းကို ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီး သိမ်းဆည်းထားပြီး ရှုပွားထားပြီး ဖြစ်ရမည်ဟု စည်းကမ်းသတ်မှတ်ချက် ပေးထား၏၊ အထက်တွင် ရှင်းလင်းတင်ပြခဲ့ပြီးသည့်အတိုင်း ရုပ်ကမ္မဋ္ဌာန်းကို စတင်အားသစ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကမ္မဋ္ဌာန်းကို စတင်ကာ အားထုတ်ရတော့မည် ဖြစ်၏၊ ယင်းဓာတ်ကမ္မဋ္ဌာန်းမှာလည်း သဒိသူပစာရအားဖြင့် ဥပစာရသမာဓိ အမည်ရသည့် ဥပစာရကမ္မဋ္ဌာန်း တစ်မျိုးသာ ဖြစ်ပေသည်။ ထိုကြောင့် ယင်းဥပစာရသမာဓိကို ဝိပဿနာ၏ အခြေခံပါဒက သမာဓိအဖြစ် ထူထောင်ကာ ဝေဒနာနုပဿနာကမ္မဋ္ဌာန်း စိတ္တာနုပဿနာကမ္မဋ္ဌာန်း ဓမ္မာနုပဿနာကမ္မဋ္ဌာန်းတို့ကို ဆက်လက်ပွားများရမည် ဖြစ်သည်။ ထိုသို့ ပွားများရာ၌လည်း ထိုရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို သိမ်းဆည်းရှုပွားသော အခါ ဉာဏ်အရောင်အလင်းကား ရှိတန်သလောက် ရှိနေ၏၊ သမာဓိလည်း ရှိတန်သလောက် ရှိနေ၏၊ ယင်းကဲ့သို့ ဉာဏ်အရောင်အလင်းကို ဖြစ်စေတတ်သည့် သမာဓိကိုလည်း သဒိသူပစာရအားဖြင့် ဥပစာရသမာဓိ ဟူ၍ပင် ခေါ်ဆိုပေသည်။ (မုချအားဖြင့်ကား ဝိပဿနာခဏိကသမာဓိသာ ဖြစ်သည်ဟု ဆိုလိုပေသည်။) [၂၈၉]

တစ်ဖန် အာနာပါနစတုတ္ထစျာန်သမာဓိကဲ့သို့သော စျာန်သမာဓိတစ်ခုခုကို ဝိပဿနာ၏ အခြေခံ ပါဒကစျာန် အဖြစ် သမာဓိကို ထူထောင်ကာ ယင်း ဝေဒနာနုပဿနာကမ္မဋ္ဌာန်း စိတ္တာနုပဿနာကမ္မဋ္ဌာန်း ဓမ္မာနုပဿနာ ကမ္မဋ္ဌာန်းတို့ကို ပွားများအားထုတ်ရာ၌လည်း ဝေဒနာ စိတ္တ ဓမ္မ အမည်ရသည့် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို သိမ်းဆည်းရှုပွားရာ၌ ဉာဏ်အရောင်အလင်းကား ဆက်လက်တည်ရှိနေသည်သာ ဖြစ်သည်။ ထိုကဲ့သို့ ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို သိမ်းဆည်းရှုပွားခိုက်၌လည်း သမာဓိကား ဆက်လက်တည်ရှိနေသည်သာ ဖြစ်သည်။ ယင်းသမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့် ဉာဏ်အရောင်အလင်းများ ဆက်လက်ကာ အဆက်မပြတ် ဖြစ်ပေါ်နေခြင်း ဖြစ်၏၊ ယင်း သမာဓိကိုလည်း သဒိသူပစာရအားဖြင့် ဥပစာရသမာဓိဟူ၍ပင် ခေါ်ဆိုပေသည်။ ဝိပဿနာကို ဆက်လက် ပွားများ အားထုတ်ရာ၌လည်း နည်းတူပင်သဘောပေါက်ပါ။

သဒိသူပစာရဟူသည်

အိမ်၏ အနီးအပါး၌ တည်ရှိသော မြေအဖို့ကိုသာ အိမ်ဥပစာဟု ခေါ်ဆိုသကဲ့သို့ ရွာ၏ အနီးအပါး၌ တည်ရှိသော မြေအရပ်ကိုသာ ရွာဥပစာဟု ခေါ်ဆိုသကဲ့သို့ အလားတူပင် စျာန်၏ အနီးအပါး၌ တည်ရှိသော (စျာနဝီထိတွင် အကျုံးဝင်သော ပရိကံ ဥပစာ အနုလုံ ဂေါတြဘူကဲ့သို့သော) သမာဓိမျိုးကိုသာ ဥပစာရသမာဓိဟု ခေါ်ဆိုအပ်၏၊ သို့သော် အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ဓာတ်ကမ္မဋ္ဌာန်းစသည်ကို ပွားများအားထုတ်ခြင်းကြောင့် အထွတ်အထိပ်သို့ ရောက်ရှိလာသော သမာဓိမှာ ကပ်စရာ စျာန်ကား မရှိ ဖြစ်ခဲ့၏၊ ဓာတ်ကမ္မဋ္ဌာန်း ဝေဒနာကမ္မဋ္ဌာန်း စသည်တို့ကို ပွားများအားထုတ်ခြင်းကြောင့် စျာန်သမာဓိသို့ကား မဆိုက်ရောက်နိုင်။ သို့သော် ဓာတ်ကမ္မဋ္ဌာန်း ဝေဒနာကမ္မဋ္ဌာန်း စသည်တို့ကို ပွားများအားထုတ်ခြင်းကြောင့် အထွတ်အထိပ်သို့ ရောက်ရှိလာသော သမာဓိမှာ စျာန်၏ အနီးအပါး၌ တည်ရှိသော တကယ့် ဥပစာရသမာဓိအစစ်နှင့် သမာဓိဒီဂရီစံချိန်ချင်း တူညီနေသောကြောင့် သဒိသူပစာရအားဖြင့် တင်စားကာ ယင်းသမာဓိများကိုလည်း ဥပစာရသမာဓိဟု ခေါ်ဆိုခြင်း ဖြစ်သည်။ အကယ်စင်စစ်မှာမူ ယင်းသမာဓိတို့မှာ ခဏိကစိတ္တေကဂ္ဂတာ အမည်ရသည့် ခဏိကသမာဓိ တစ်မျိုးသာ ဖြစ်ပေသည်။[၁၁၄]

အာနာပါန သမထပိုင်း

အာနာပါန သမထကျင့်စဉ်ပိုင်းတွင် ..
၁။ ဝင်သက်လေ-ထွက်သက်လေ၏ အရှည်ကို သိအောင် ကြိုးစားအားထုတ်ရန်
၂။ ဝင်သက်လေ-ထွက်သက်လေ၏ အတိုကို သိအောင် ကြိုးစားအားထုတ်ရန်
၃။ ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကြိုးစား အားထုတ်ရန်
၄။ ဝင်သက်လေ-ထွက်သက်လေကို ငြိမ်အောင် ငြိမ်းအောင် ချုပ်ငြိမ်းအောင် ကြိုးစားအားထုတ်ရန် –– ဤသို့လျှင် အဆင့် (၄)ဆင့် ခွဲကာ ညွှန်ကြားထားတော်မူပေသည်။ ထိုတွင် ''အရှည်-အတို''ကို အဋ္ဌကထာ ဋီကာများ[၁၁၅]က ဤသို့ ရှင်းလင်းတင်ပြထားကြ၏၊

အရှည်-အတို

''အချိန်ကာလ ခပ်ကြာကြာဖြစ်နေသော ဝင်သက်လေ-ထွက်သက်လေကို 'အရှည်'ဟုလည်းကောင်း, အချိန်ကာလ ခပ်တိုတို ဖြစ်နေသော ဝင်သက်လေ-ထွက်သက်လေကို 'အတို'ဟုလည်းကောင်း သိရှိပါလေ။''[၁၁၅]

ပဿမ္ဘယံ = အာနာပါနချုပ်ငြိမ်းမည့်အချိန်

အနုပုဗ္ဗနိရောဓသုတ္တန်[၁၁၆]

ရဟန်းတို့...အစဉ်အတိုင်း ချုပ်ငြိမ်းခြင်းတို့သည် ဤကိုးမျိုးတို့တည်း။ အဘယ်ကိုးမျိုးတို့နည်းဟူမူ ..
၁။ ပထမစျာန်ကို ဝင်စားသောပုဂ္ဂိုလ်အား ကာမသညာသည် ချုပ်ငြိမ်း၏၊
၂။ ဒုတိယစျာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား ဝိတက်-ဝိစာရတို့သည် ချုပ်ငြိမ်းကုန်၏၊
၃။ တတိယစျာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား နှစ်သိမ့်မှု 'ပီတိ' သည် ချုပ်ငြိမ်း၏၊
၄။ စတုတ္ထစျာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား ဝင်သက်လေ-ထွက်သက်လေတို့သည် ချုပ်ငြိမ်းကုန်၏၊
၅။ အာကာသာနဉ္စာယတနစျာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား ရူပသညာသည် ချုပ်ငြိမ်း၏၊
၆။ ဝိညာဏဉ္စာယတနစျာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား အာကာသာနဉ္စာယတနသညာသည် ချုပ်ငြိမ်း၏၊
၇။ အာကိဉ္စညာယတနစျာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား ဝိညာဏဉ္စာယတနသညာသည် ချုပ်ငြိမ်း၏၊
၈။ နေဝသညာနာသညာယတနစျာန်ကို ဝင်စားသော ပုဂ္ဂိုလ်အား အာကိဉ္စညာယတနသညာသည် ချုပ်ငြိမ်း၏၊
၉။ သညာ ဝေဒနာတို့ ချုပ်ငြိမ်းရာ နိရောဓသမာပတ်ကို ဝင်စားသောပုဂ္ဂိုလ်အား သညာသည်လည်းကောင်း, ဝေဒနာသည်လည်းကောင်း ချုပ်ငြိမ်း၏၊
ရဟန်းတို့... အစဉ်အတိုင်း ချုပ်ငြိမ်းခြင်းတို့သည် ဤကိုးမျိုးတို့တည်းဟု မိန့်ကြားတော်မူ၏၊[၁၁၆]

ဤအာနာပါနကမ္မဋ္ဌာန်းကို သမထပိုင်း၌ အာနာပါန ချုပ်ငြိမ်းသည့်တိုင်အောင် ကျင့်ရန် ညွှန်ကြားထားတော် မူ၏၊ အာနာပါနသည်လည်း အထက်ပါသုတ္တန်အရ စတုတ္ထစျာန်သမာဓိသို့ ဆိုက်ရောက်သည့်အခါမှသာလျှင် ချုပ်ငြိမ်းမည်ဖြစ်၏၊ သို့အတွက် ဤအာနာပါနကမ္မဋ္ဌာန်းကို သမထပိုင်း၌ စတုတ္ထစျာန်သို့ ဆိုက်သည့်တိုင်အောင် ရှုပွားရန် ဘုရားရှင်က ညွှန်ကြားထားတော်မူသည်ဟု သဘောပေါက်ပါ။ ကျင့်စဉ်အရပ်ရပ်ကိုကား ဤကျမ်းစာ လုပ်ငန်းခွင်အပိုင်းတွင် ဆက်လက် ကြည့်ရှုပါ။

အာနာပါန ဝိပဿနာပိုင်း - ပထမအဆင့်

ဝိပဿနာပိုင်းတွင် ဘုရားရှင်သည် အဇ္ဈတ္တ၌လည်းကောင်း, ဗဟိဒ္ဓ၌လည်းကောင်း, အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးစလုံး၌ လည်းကောင်း ကာယကို ကာယဟု အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော်မူ၏၊ ထိုတွင် ကာယ၏ အဓိပ္ပါယ်ကို ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးက ဤသို့ ရှင်းပြထားတော်မူ၏ ..။

ကာယဟူသည်

ကာယဟူသည် ..
၁။ နာမကာယ = နာမ်တရားအပေါင်းအစု၊
၂။ ရူပကာယ = ရုပ်တရားအပေါင်းအစုကို ဆိုလိုသည်။

၁။ နာမကာယ = ဝေဒနာ သညာ စေတနာ ဖဿ မနသိကာရ ဝိတက် ဝိစာရ စသည့် စိတ်+စေတသိက် နာမ်တရားအပေါင်းအစုသည် နာမကာယ မည်၏၊

၂။ မဟာဘုတ် ဓာတ်ကြီး (၄)ပါး, ယင်းမဟာဘုတ် ဓာတ်ကြီး (၄)ပါးကို မှီတွယ်ကာ ဖြစ်ပေါ်နေကြကုန်သော (၂၄)မျိုးသော ဥပါဒါရုပ်တို့သည်လည်းကောင်း၊ အဿာသ-ပဿာသသည်လည်းကောင်း၊ စိတ်ကို (= ဥပစာရ+ အပ္ပနာဘာဝနာစိတ်ကို) အာရုံတစ်ပါးသို့ လွင့်ပါးမသွားအောင် ဖွဲ့ချည်ထားကြောင်းဖြစ်သည့် နိမိတ် (= အာနာပါန ဥဂ္ဂဟနိမိတ်+အာနာပါနပဋိဘာဂနိမိတ်)သည်လည်းကောင်း ရူပကာယ ရုပ်တရားအပေါင်းအစု မည်၏၊

ယင်းရုပ်တရားတို့ကား ကံကြောင့်ဖြစ်သည့် ကမ္မဇရုပ်၊ စိတ်ကြောင့်ဖြစ်သည့် စိတ္တဇရုပ်၊ ရုပ်ကလာပ်တို့တွင် ပါဝင် တည်ရှိသော တေဇောဓာတ် (= ဥတု)ကြောင့်ဖြစ်သည့် ဥတုဇရုပ်၊ ရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဩဇာကြောင့် ဖြစ်သည့် အာဟာရဇရုပ်ဟု (၄)မျိုး ရှိ၏၊ ယင်း(၄)မျိုးကို ကရဇကာယဟု ခေါ်ဆို၏၊ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရား ကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ရုပ်တရားအစုအပုံဟု ဆိုလို၏၊ ဤအပိုင်းသည်ကား အာနာပါနစတုတ္ထစျာန်ကို ဝိပဿနာ၏ အခြေပါဒကစျာန်အဖြစ် သမာဓိကို ထူထောင်ကာ ဝိပဿနာကျင့်စဉ်ကို ညွှန်ကြားပြသနေသောအပိုင်း ဖြစ်သဖြင့် စိတ္တဇရုပ်ကလာပ်တို့တွင် အကျုံးဝင်သော အဿာသ-ပဿာသနှင့် အာနာပါနနိမိတ်တို့ကိုပါ ရုပ်တရား စာရင်းတွင် ထည့်သွင်းကာ အရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီးက ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးတွင် ဟောကြား သွားတော်မူခြင်း ဖြစ်ပေသည်။[၁၁၇]

အဿာသ ပဿာသ

အဿာသ-ပဿာသ = ဝင်သက်လေ-ထွက်သက်လေဟူသည် ဟဒယဝတ္ထုရုပ်ကို မှီတွယ်ဖြစ်ပေါ်နေသည့် စိတ်ကြောင့်ဖြစ်သည့် စိတ္တဇရုပ်ကလာပ်တို့၏ အပေါင်းအစု ဖြစ်သည်။ ယင်း ရုပ်ကလာပ်တို့ကို ဝိပဿနာဉာဏ်ဖြင့် ဓာတ်ခွဲကြည့်လိုက်ပါက ရုပ်ကလာပ် တစ်ခု တစ်ခု၌ ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ (= အရောင်အဆင်း) ဂန္ဓ (= အနံ့) ရသ (= အရသာ) ဩဇာ (= အဆီအစေး) သဒ္ဒ (= အသက်ရှူသံ) - ဟု ရုပ်သဘောတရား (၉)မျိုးစီ ရှိ၏၊[၁၁၈] ယင်းရုပ်တရားတို့ကိုပါ ရူပကာယ (= ရုပ်တရားအပေါင်းအစု) စာရင်းတွင် ထည့်သွင်းကာ ထပ်မံ ဟောကြား သွားတော်မူခြင်း ဖြစ်ပေသည်။

အာနာပါနနိမိတ်

အာနာပါနနိမိတ် ဟူသည်မှာ စျာန်သမာဓိကဲ့သို့သော မွန်မြတ်သော သမထ ဘာဝနာစိတ်နှင့် ယှဉ်တွဲလျက်ရှိသော ဘာဝနာသညာကြောင့် ဖြစ်ပေါ်လာရသော ဝင်သက်လေ-ထွက်သက်လေနှင့် တစ်သားတည်း ရောနှောနေသော ရူပါရုံ အရောင်အဆင်းတို့၏ အပေါင်းအစု ဖြစ်၏၊ ဘာဝနာသညာ ကွဲပြားခြင်းကြောင့် နိမိတ်၏ အရောင်အဆင်းနှင့် ပုံသဏ္ဌာန်တို့ ကွဲပြားသွားသဖြင့် နိမိတ်အမျိုးမျိုးကို ယောဂါဝစရပုဂ္ဂိုလ်က တွေ့မြင်နေခြင်း ဖြစ်၏၊[၁၁၉] သို့သော် ဤအပိုင်း၌ ယောဂါဝစရပုဂ္ဂိုလ်က မိမိ၏ စိတ်ကို ရှုပွားနေသည့်အပိုင်း မဟုတ်သဖြင့် မိမိ၏ ဘာဝနာသညာ ကွဲပြား သွားသည်ကို သတိမပြုမိ ရှိတတ်ပေသည်။ ခိုင်ခံ့နေသည့် ဤအာနာပါနပဋိဘာဂနိမိတ်ကိုပင် ရည်ညွှန်းတော်မူကာ ဤသို့ ထပ်မံ ဟောကြားထားတော်မူပေသည်။

နိမိတ္တဉ္စ ဥပနိဗန္ဓနာ[၁၂၀] ––- စျာန်သမာဓိနှင့် ယှဉ်တွဲနေသည့် စျာန်စိတ်ကဲ့သို့သော စိတ်ဓာတ်ကို အာရုံ၌ ခိုင်မြဲစွာ အရှည် ခိုင်ခံ့ တည်တံ့အောင် ဖွဲ့ချည်ကြောင်းဖြစ်သည့် ယင်းအာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော နိမိတ်ကိုလည်း အာနာပါနအပိုင်း ဖြစ်သည့်အတွက်ကြောင့် ရူပကာယ (= ရုပ်တရားအပေါင်းအစု) စာရင်းတွင် ထည့်သွင်းကာ ထပ်မံ ဟောကြားသွားတော်မူခြင်း ဖြစ်ပေသည်။ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ပကတိသော အာနာပါန = ဝင်သက်လေ-ထွက်သက်လေဟူသည် စိတ္တဇရုပ်ကလာပ်တို့၏ အပေါင်းအစုပင် ဖြစ်သည်။ အာနာပါန နိမိတ်ဟူသည် ယင်းဝင်သက်လေ-ထွက်သက်လေဟူသော ရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိကြသော ဝဏ္ဏဓာတ် ရူပါရုံ အရောင်အဆင်းတို့၏ အပေါင်းအစုနှင့် နောက်တွင် ဆက်လက်တင်ပြမည့် ယင်းစိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင် တည်ရှိသော တေဇောဓာတ် (= ဥတု) အသီးအသီးကြောင့် ဆင့်ကဲဖြစ်ပွားလာကြကုန်သော စိတ္တပစ္စယ-ဥတုဇရုပ်တို့၏ အပေါင်းအစုပင် ဖြစ်သည်။ ယောဂီပုဂ္ဂိုလ်သည် ဤအပိုင်းတွင် ဓာတ်ကမ္မဋ္ဌာန်းကို စနစ်တကျ မရှုပွားရသေးသဖြင့် ရုပ်ကလာပ်တို့ကို မမြင်နိုင်သေးဘဲ ရုပ်ကလာပ်တို့၏ အရောင်အဆင်းကို အတုံးလိုက် အခဲလိုက် အစုလိုက် အပုံလိုက် မြင်တွေ့နေခြင်း ဖြစ်၏၊ စျာန်စိတ်ကဲ့သို့သော စိတ်တစ်ခု တစ်ခုသည် စိတ္တဇရုပ်ကလာပ်ပေါင်း များစွာကို ဖြစ်စေနိုင်သည့် စွမ်းအား ရှိ၏၊ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း၌လည်း စိတ်တို့မည်သည် အကြိမ် ကုဋေတစ်သိန်းမက ဖြစ်နိုင်သည့် စွမ်းအားရှိကြသဖြင့် ဟဒယဝတ္ထုရုပ်ကို မှီတွယ်ဖြစ်ပေါ်နေကြသည့် စိတ်တိုင်းစိတ်တိုင်းကလည်း စိတ္တဇရုပ်ကလာပ်ပေါင်း များစွာကို ဖြစ်စေနိုင်ရကား ယင်းစိတ္တဇရုပ်ကလာပ်တို့၏ အရေအတွက်မှာ အလွန့်အလွန် များပြားလှပေသည်။ တစ်ဖန် ရုပ်တို့၏ သက်တမ်းမှာ စိတ္တက္ခဏ (၁၇)ချက် သက်တမ်းရှည်ကြသဖြင့် ရှေးရှေးစိတ္တက္ခဏကြောင့် ဖြစ်သော ရုပ်တို့၏ သက်တမ်း မကုန်ဆုံးမီ နောက်နောက်စိတ္တက္ခဏကြောင့်ဖြစ်သည့် ရုပ်တို့ကား ဆင့်ကာဆင့်ကာ ထပ်ကာထပ်ကာ အဆက်မပြတ် တရစပ် ဖြစ်နေကြသဖြင့် ယင်းရုပ်ကလာပ်တို့၏ အရောင်အဆင်းမှာ ရုပ်ဃနအတုံးအခဲကို မဖြိုခွဲနိုင်သေးသူတို့အတွက် အစဉ်အတန်း တစ်ခုတည်းကဲ့သို့ ဖြစ်ပေါ်နေ၏၊

တစ်ဖန် ယင်းစိတ္တဇရုပ်ကလာပ်တိုင်းတွင် ပါဝင်တည်ရှိသော တေဇောဓာတ် (= ဥတု)တိုင်းကလည်း ရုပ်ကလာပ် အသစ်အသစ်ကို အဆက်မပြတ် တရစပ် များစွာ ဖြစ်စေကြပြန်၏၊ သို့သော် ယင်း တေဇောဓာတ် (= ဥတု)ကြောင့် အဆက်မပြတ် ဖြစ်ပွားနေသော ဥတုဇရုပ်တို့ကား အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင်အောင် ပျံ့နှံ့ကာ ဖြစ်ပွားနေကြ၏၊ ယင်းဥတုဇရုပ်ကလာပ်တိုင်းတွင် ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် ရူပါရုံကလည်း ဘာသုရရူပ = ကြည်လင်တောက်ပ လျက်ပင် ရှိ၏၊ ယင်းဥတုဇရုပ်ကလာပ်တို့မှာ စျာန်သမာဓိကဲ့သို့သော မွန်မြတ်သော သမထဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာကြသည့် စိတ္တဇရုပ်ကလာပ်တို့တွင် တည်ရှိသော တေဇောဓာတ် (= ဥတု)ကြောင့် ဆင့်ကဲ ဖြစ်ပွား လာကြရသော ဥတုဇရုပ်တို့ ဖြစ်ခြင်းကြောင့် ယင်းတို့ကို စိတ္တပစ္စယ-ဥတုဇရုပ်တို့ဟူ၍ ခေါ်ဆိုပေသည်။

နိမိတ်ဟူသည် အထက်တွင် တင်ပြထားသည့် စိတ္တဇရုပ်ကလာပ်တို့နှင့် စိတ္တပစ္စယ-ဥတုဇရုပ်တို့၌ ပါဝင် တည်ရှိသော ဝဏ္ဏဓာတ် ရူပါရုံ အပေါင်းအစုတို့၏ အရောင်အဆင်းပင်တည်း။ သို့သော် ယင်းနိမိတ်မှာ ဝင်သက်လေ ထွက်သက်လေနှင့် တစ်သားတည်း ရောနှောကာ ဖြစ်ပေါ်လျက်ရှိ၏၊ တစ်နည်းဆိုရသော် နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်း ပတ်ဝန်းကျင်တွင် တည်ရှိနေသော ဝင်သက်လေ-ထွက်သက်လေဟု ခေါ်ဆိုအပ်သော ယင်း စိတ္တဇရုပ်ကလာပ်တို့နှင့် စိတ္တပစ္စယ-ဥတုဇရုပ်ကလာပ်တို့၏ ဝဏ္ဏဓာတ် ရူပါရုံ အပေါင်းအစုတို့၏ ရုပ်တုံး ရုပ်ခဲ မပြိုကွဲသေးသည့် အတုံးလိုက် အခဲလိုက် တည်ရှိနေသော အရောင်အဆင်းပင်တည်း။

ဤနေရာ၌ အထူးသတိပြုရန်အချက်မှာ သမထဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာကြသော စိတ္တဇရုပ်ကလာပ် တို့ကား အဇ္ဈတ္တတွင်သာ ပျံ့နှံ့တည်ရှိကြ၏၊ ယင်းစိတ္တပစ္စယ-ဥတုဇရုပ်ကလာပ်တို့မှာကား အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင်အောင် ယောဂါဝစရပုဂ္ဂိုလ်၏ ဝန်းကျင်ပတ်ချာ အရပ် (၁၀)မျက်နှာ၌ ပျံ့နှံ့တည်ရှိနေကြ၏၊ စျာန်သမာဓိ ကဲ့သို့သော သမထဘာဝနာသမာဓိသည် နက်ရှိုင်းလျှင် နက်ရှိုင်းသလို ယင်းအရောင်အလင်းမှာလည်း ပို၍ ပို၍ တောက်ပ၏၊ ခန္ဓာအိမ်၏ ဝန်းကျင်ပတ်ချာ အရပ် (၁၀)မျက်နှာ၌ ပျံ့နှံ့တည်ရှိနေသော ယင်းအရောင်အလင်းကို ဉာဏာလောက = ဉာဏ်ရောင်ဟု ခေါ်ဆိုပေသည်။[၁၂၁] သို့သော် အာနာပါနပဋိဘာဂနိမိတ်မှာကား ဝင်သက်လေ ထွက်သက်လေနှင့် တစ်သားတည်း ရောနှောကာ ဖြစ်ပေါ်လျက်ရှိနေသော အရောင်အဆင်းတို့၏ အပေါင်းအစုသာ ဖြစ်၏၊ နိမိတ်နှင့် ဉာဏ်ရောင်တို့၏ အကြောင်းအရင်းမှာ စျာန်သမာဓိကဲ့သို့သော မွန်မြတ်သော သမထဘာဝနာ စိတ်သာ ဖြစ်ပေသည်။ ဝိပဿနာဘာဝနာစိတ်ကြောင့် ထင်ရှားဖြစ်ပေါ်လာသော ဝိပဿနာဉာဏ် အရောင်အလင်းကိုလည်း အလားတူပင် မှတ်သားပါလေ။[၁၂၂]

ဤအထက်ပါ ရှင်းလင်းချက်များအရ ကာယာနုပဿနာပိုင်းတွင် ရုပ်တရားသက်သက်ကိုသာ ဝိပဿနာ ရှုရသည် မဟုတ်သေး၊ ဆိုင်ရာဆိုင်ရာ ရုပ်တရားတွေကို မှီတွယ်ကာ အာရုံ (၆)မျိုးကို ထိုက်သလို အာရုံယူနေကြသည့် နာမ်တရားတို့ကိုလည်း ဝိပဿနာ ရှုပွားရမည်ဟု မှတ်သားပါ။ အကြောင်းမှာ ...

ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်ရောက်နိုင်၊ နာမ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်ရောက်နိုင်။ သို့အတွက် ရံခါ ရုပ်တရားကို အာရုံယူ၍ ရံခါ နာမ်တရားကို အာရုံယူ၍ လက္ခဏာရေးသုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုရမည် ဖြစ်၏၊ အလားတူပင် အဇ္ဈတ္တ ခန္ဓာငါးပါး (= ရုပ်တရား နာမ်တရား) သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်ရောက်နိုင်၊ ဗဟိဒ္ဓ ခန္ဓာငါးပါး (= ရုပ်တရား နာမ်တရား) သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်ရောက်နိုင်။ သို့အတွက် ရံခါ အဇ္ဈတ္တ ခန္ဓာငါးပါး (= ရုပ်တရား နာမ်တရား)ကို အာရုံယူ၍ ရံခါ ဗဟိဒ္ဓ ခန္ဓာငါးပါး (= ရုပ်တရား နာမ်တရား)ကို အာရုံယူ၍ လက္ခဏာရေးသုံးတန်သို့တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုရမည် ဖြစ်၏၊[၁၂၃]

ထို့ကြောင့် ဘုရားရှင်က ဤသတိပဋ္ဌာန်ဒေသနာတော်၌ အခန်းပေါင်း (၂၁)ခန်းရှိရာ အခန်းတိုင်း အခန်းတိုင်း၌ ရူပကာယ နာမကာယ ဟု ခေါ်ဆိုသည့် ရုပ်တရား နာမ်တရား နှစ်မျိုးစလုံးကိုလည်းကောင်း၊ အဇ္ဈတ္တ ခန္ဓာငါးပါး (= ရုပ်တရား နာမ်တရား) ဗဟိဒ္ဓ ခန္ဓာငါးပါး (= ရုပ်တရား နာမ်တရား) နှစ်မျိုးစလုံးကိုလည်းကောင်း ဝိပဿနာ ရှုရန် ညွှန်ကြားထားတော်မူခြင်း ဖြစ်ပေသည်။ အလုံးစုံသော ခန္ဓာငါးပါး (= ရုပ်တရား နာမ်တရား)တို့ကို ဉာတပရိညာ တီရဏပရိညာ ပဟာနပရိညာဟူသော ပရိညာပညာသုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား မသိရှိပါက သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးခြင်းငှာ မထိုက်၊ သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးရာဖြစ်သည့် နိဗ္ဗာန်သို့ မရောက်ရှိနိုင်ဟူသော အထက်တွင် ရှင်းပြခဲ့သည့် အပရိဇာနနသုတ္တန်[၁၂၄] အဆိုအမိန့်ကိုလည်း ပြန်လည်ကာ သတိပြုပါ။

ပရိညာပညာ (၃) မျိုး

ဤတွင် ဝိပဿနာပိုင်းဆိုင်ရာ လောကီပရိညာ (၃)ပါးအကြောင်း[၁၂၅]ကို ရှင်းလင်းတင်ပြပေအံ့ ..။

၁။ ဉာတပရိညာ –– ရုပ်တရားတို့၏ ဖောက်ပြန်ပျက်စီးတတ်သော ရုပ္ပနလက္ခဏာကိုလည်းကောင်း၊ နာမ်တရားတို့၏ မိမိတို့၏ ဆိုင်ရာဆိုင်ရာအာရုံသို့ ညွတ်ကိုင်းရှိုင်းတတ်သော နမနလက္ခဏာကိုလည်းကောင်း၊ ရုပ်တရားအသီးအသီး၏ ကိုယ်ပိုင်သဘာဝလက္ခဏာ နာမ်တရားအသီးအသီး၏ ကိုယ်ပိုင်သဘာဝလက္ခဏာကိုလည်းကောင်း၊ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂)ရပ်တို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကိုလည်းကောင်း ထိုးထွင်းသိမြင်တတ်သော ဉာဏ်ပညာသည် ဉာတပရိညာ မည်၏၊ ထို ဉာတပရိညာပညာသို့ ဆိုက်ရောက်ရေးအတွက် ယောဂါဝစရပုဂ္ဂိုလ်သည် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် ရုပ်တရား နာမ်တရား အသီးအသီးကိုလည်းကောင်း, ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို လည်းကောင်း ဉာဏ်ဖြင့် ပိုင်းခြားယူရမည် သိမ်းဆည်းရှုပွားရမည် ဖြစ်ပေသည်။ ဉာဏ်စဉ်နည်းအားဖြင့် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးတို့သည် ဉာတပရိညာဟူသော အမည်ကို ရရှိကြပေသည်။ သိသင့် သိထိုက်သည့် ရုပ်နာမ်ပရမတ်တို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကိုလည်းကောင်း အကြောင်းတရားနှင့် အကျိုးတရားတို့ကိုလည်းကောင်း ပိုင်းပိုင်းခြာခြား သိသောကြောင့် ဤ ဉာဏ် နှစ်ပါးတို့သည် ဉာတပရိညာဟူသော အမည်ကို ရရှိကြပေသည်။

၂။ တီရဏပရိညာ ––- ရုပ်တရား နာမ်တရားတို့ကို ပေါင်းစုခြုံငုံကာ အုပ်စုအလိုက် လက္ခဏာရေးသုံးတန်သို့ တင်ကာ ရှုပွားသုံးသပ်တတ်သော ဝိပဿနာဉာဏ်ကိုလည်းကောင်း, အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတို့ကို ပေါင်းစုခြုံငုံလျက် လက္ခဏာရေးသုံးတန်သို့ တင်ကာ ရှုပွားသုံးသပ်တတ်သော ဝိပဿနာဉာဏ်ကိုလည်းကောင်း ကလာပသမ္မသနဉာဏ်ဟု ခေါ်ဆိုပေသည်။ ယင်းကလာပသမ္မသနဉာဏ်မှစ၍ အကြောင်းတရားနှင့်တကွသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ ဖြစ်မှု-ပျက်မှုကို ခဏပစ္စုပ္ပန်သို့ ဆိုက်သည့်တိုင်အောင် ထိုးထွင်းသိမြင်လျက် လက္ခဏာရေးသုံးတန်သို့ တင်ကာ ရှုပွားသုံးသပ်တတ်သော ဥဒယဗ္ဗယဉာဏ်သို့တိုင်အောင်သော ဝိပဿနာဉာဏ်တို့ကို တီရဏပရိညာဟု ခေါ်ဆိုပေသည်။ ယင်းသမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယဉာဏ် နှစ်မျိုးတို့သည် သိသင့်သိထိုက်သော သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့ကို ပိုင်ပိုင်နိုင်နိုင် ထိုးထွင်းသိမြင်လျက် ယင်းသင်္ခါရ တရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု စူးစမ်းဆင်ခြင် ဆုံးဖြတ်ချက် ချနိုင်သော ဉာဏ်များ ဖြစ်ခြင်းကြောင့် တီရဏပရိညာဟူသော အမည်ကို ရရှိကြပေသည်။

၃။ ပဟာနပရိညာ ––- သင်္ခါရတရားတို့၏ အပျက်သက်သက်ကိုသာ ရှုမြင်၍ လက္ခဏာရေးသုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနေသော ဘင်္ဂါနုပဿနာဉာဏ်မှစ၍ အထက်ပိုင်း ဝိပဿနာဉာဏ်အားလုံးတို့ကို ပဟာန ပရိညာဟု ခေါ်ဆိုပေသည်။ သင်္ခါရတရားတို့၏ အပျက်သက်သက်ကို အာရုံယူကာ အနိစ္စဟု ရှုပွားသုံးသပ်တတ်သော, အနိစ္စအခြင်းအရာကို ပိုင်ပိုင်နိုင်နိုင် ထိုးထွင်းသိမြင်နေသော အနိစ္စာနုပဿနာဉာဏ်က သင်္ခါရတို့၌ နိစ္စဟု စွဲယူသော နိစ္စသညာကို ပယ်စွန့်နိုင်၏၊ အလားတူပင် ယင်း သင်္ခါရတို့၏ အပျက်ကိုပင် အာရုံယူကာ ဒုက္ခဟု ရှုပွားသုံးသပ် တတ်သော, ဒုက္ခအခြင်းအရာကို ပိုင်ပိုင်နိုင်နိုင် ထိုးထွင်းသိမြင်နေသော ဒုက္ခာနုပဿနာဉာဏ်က သင်္ခါရတို့၌ သုခဟု စွဲယူသော သုခသညာကို ပယ်စွန့်နိုင်၏၊ အလားတူပင် ယင်းသင်္ခါရတို့၏ အပျက်ကိုပင် အာရုံယူကာ အနတ္တဟု ရှုပွားသုံးသပ်တတ်သော, အနတ္တအခြင်းအရာကို ပိုင်ပိုင်နိုင်နိုင် ထိုးထွင်းသိမြင်နေသော အနတ္တာနုပဿနာဉာဏ်က သင်္ခါရတို့၌ အတ္တဟု စွဲယူသော အတ္တသညာကို ပယ်စွန့်နိုင်၏၊

အလားတူပင် ယင်းသင်္ခါရတို့၏ အပျက်ကိုပင် အာရုံယူကာ အနိစ္စဟု ဒုက္ခဟု အနတ္တဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပွားသုံးသပ်နေသည့်အတွက် ယင်းသင်္ခါရတရားတို့အပေါ်၌ ငြီးငွေ့မှု နိဗ္ဗိန္ဒဉာဏ်သည် ထင်ရှား ဖြစ်ပေါ်လာ၏၊ သင်္ခါရတရားတို့အပေါ်၌ ငြီးငွေ့ဖွယ်အဖြစ် ရှုမြင်တတ်သော ယင်းနိဗ္ဗိဒါနုပဿနာဉာဏ်က သင်္ခါရ တရားတို့အပေါ်၌ နှစ်သက်မှု နန္ဒီတရားကို ပယ်စွန့်နိုင်၏၊

အလားတူပင် ယင်းသင်္ခါရတို့၏ အပျက်ကိုပင် အာရုံယူကာ အနိစ္စဟု ဒုက္ခဟု အနတ္တဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပွားသုံးသပ်နေသည့်အတွက် ယင်းသင်္ခါရတရားတို့အပေါ်၌ ငြီးငွေ့ဖွယ်အဖြစ် ရှုမြင်ကာ ယင်းသင်္ခါရ တရားတို့၌ တပ်မက်မှု တဏှာသည် ကင်းပြတ်သွား၏၊ ယင်းသို့ တပ်မက်မှု တဏှာ ကင်းပြတ်စေသည့်, အနိစ္စဟု ဒုက္ခဟု အနတ္တဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပွားသုံးသပ်နေသည့် ဝိပဿနာဉာဏ်ကို ဝိရာဂါနုပဿနာ ဉာဏ်ဟု ခေါ်ဆို၏၊ ယင်းဝိရာဂါနုပဿနာဉာဏ်က သင်္ခါရတရားတို့အပေါ်၌ တွယ်တာမက်မောနေသည့် ရာဂကို ပယ်စွန့်လိုက်ခြင်း ဖြစ်၏၊

အလားတူပင် ယင်းသင်္ခါရတို့၏ အပျက်ကိုပင် အာရုံယူကာ အနိစ္စဟု ဒုက္ခဟု အနတ္တဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပွားသုံးသပ်နေသည့်အတွက် ယင်းသင်္ခါရတရားတို့၌ တပ်မက်မှု တဏှာသည် ချုပ်ငြိမ်းသွား၏၊ ယင်းတဏှာကား ဒုက္ခသစ္စာအမည်ရသည့် သင်္ခါရတရားတို့ကို ဖြစ်ပေါ်စေတတ်သည့် အကြောင်းရင်း သမုဒယသစ္စာ ဖြစ်ပေသည်။ ယင်းသမုဒယကို ချုပ်ငြိမ်းစေတတ်သော, သင်္ခါရတို့၏ အပျက်ကိုပင် အာရုံယူကာ အနိစ္စဟု ဒုက္ခဟု အနတ္တဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပွားသုံးသပ်နေသည့် ဝိပဿနာဉာဏ်ကို နိရောဓာနုပဿနာဉာဏ်ဟု ခေါ်ဆို၏၊ ယင်းနိရောဓာနုပဿနာဉာဏ်က သမုဒယကို ပယ်စွန့်နိုင်၏၊

အလားတူပင် ယင်းသင်္ခါရတို့၏ အပျက်ကိုပင် အာရုံယူကာ အနိစ္စဟု ဒုက္ခဟု အနတ္တဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပွားသုံးသပ်နေသည့် ဝိပဿနာဉာဏ်သည် ယင်းသင်္ခါရတရားတို့၌ ''ငါ ငါ့ဥစ္စာ''စသည်ဖြင့် စွဲယူတတ်သော အာဒါနတရားကို ပယ်စွန့်လျက် ယင်းသင်္ခါရတရားတို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ဘက်သို့ ညွတ်ကိုင်းရှိုင်းသော အားဖြင့် ပြေးသွားသက်ဝင်နေ၏၊ ယင်းဝိပဿနာဉာဏ်ကို ပဋိနိဿဂ္ဂါနုပဿနာဉာဏ်ဟု ခေါ်ဆို၏၊ ယင်း ပဋိနိဿဂ္ဂါနုပဿနာဉာဏ်က သင်္ခါရတရားတို့၌ ''ငါ ငါ့ဥစ္စာ''စသည်ဖြင့် စွဲယူတတ်သော အာဒါနတရားကို ပယ်စွန့်လိုက်ပေသည်။

ဤကဲ့သို့ ဘင်္ဂါနုပဿနာဉာဏ်စသော အထက်ပိုင်း ဝိပဿနာဉာဏ်များက ကိလေသာတို့ကို ပယ်စွန့်ရာ၌ တဒင်္ဂအားဖြင့်သာ = ဝိပဿနာဉာဏ် အဆက်မပြတ် ဖြစ်နေခိုက်၌သာ ပယ်စွန့်နိုင်၏၊ ထိုသို့ ကိလေသာတို့ကို တဒင်္ဂအားဖြင့် ပယ်စွန့်လျက် .. သင်္ခါရတရားတို့၏ အပျက်သက်သက်ကို အာရုံယူကာ သိသင့်သိထိုက်သည့် ယင်းသင်္ခါရတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့ကို ထိုးထွင်းသိမြင်နေသောကြောင့် ယင်းဝိပဿနာဉာဏ်တို့သည် ပဟာနပရိညာဟူသော အမည်ကို ရရှိကြပေသည်။[၁၂၅]

ဝိပဿနာပိုင်း - ဒုတိယအဆင့်

သမုဒယဓမ္မာနုပဿီ + ဝယဓမ္မာနုပဿီ

ရူပက္ခန္ဓာ၌ ဥဒယဉာဏ် (၅) ပါး

ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုသနည်း။[၁၂၆]
၁။ အဝိဇ္ဇာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏ဟု အကြောင်းတရားထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရားထင်ရှားဖြစ်ခြင်း ဟူသော အနက်သဘောအားဖြင့် ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၂။ တဏှာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏ဟု အကြောင်းတရားထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရားထင်ရှားဖြစ်ခြင်း ဟူသော အနက်သဘောအားဖြင့် ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၃။ ကံဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏ဟု အကြောင်းတရားထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရားထင်ရှားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၄။ အာဟာရဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏ဟု အကြောင်းတရားထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရားထင်ရှားဖြစ်ခြင်း ဟူသော အနက်သဘောအားဖြင့် ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၅။ ဖြစ်ပေါ်ခြင်း (= နိဗ္ဗတ္တိ) လက္ခဏာကို ရှုသောသူသည်လည်း ရူပက္ခန္ဓာ၏ ခဏအားဖြင့် ဖြစ်ခြင်း (= ဥဒယ)ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် ဤငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊

ရူပက္ခန္ဓာ၌ ဝယဉာဏ် (၅) ပါး

ရူပက္ခန္ဓာ၏ ချုပ်+ပျက်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုသနည်း။
၁။ အဝိဇ္ဇာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် ရူပက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၂။ တဏှာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် ရူပက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၃။ ကံချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက် သဘောအားဖြင့် ရူပက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၄။ အာဟာရချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် ရူပက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၅။ ဖောက်ပြန်တတ်သော ( = ဝိပရိဏာမ) လက္ခဏာကို ရှုသောသူသည်လည်း ရူပက္ခန္ဓာ၏ ခဏအားဖြင့် ပျက်ခြင်း (= ဝယ) ကို ဝိပဿနာ ဉာဏ်ဖြင့် မြင်အောင် ရှု၏၊
ရူပက္ခန္ဓာ၏ ချုပ်+ပျက်ခြင်းကို ရှုသောသူသည် ဤငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊ (ဤ၌ ဝယ-သဒ္ဒါသည် ချုပ်ခြင်းအနက်+ပျက်ခြင်းအနက် နှစ်မျိုးကို ဟော၏၊)
ဖြစ်ခြင်း (= ဥဒယ)နှင့် ချုပ်+ပျက်ခြင်း (= ဝယ)ကို ရှုသော သူသည် ဤဆယ်ပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊

ဝေဒနာက္ခန္ဓာ၌ ဥဒယဉာဏ် (၅) ပါး

ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုသနည်း။
၁။ အဝိဇ္ဇာဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၂။ တဏှာဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၃။ ကံဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၄။ ဖဿဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၅။ ဖြစ်ပေါ်ခြင်း (= နိဗ္ဗတ္တိ)လက္ခဏာကို ရှုသောသူသည်လည်း ဝေဒနာက္ခန္ဓာ၏ ခဏအားဖြင့် ဖြစ်ခြင်း (= ဥဒယ) ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသော သူသည် ဤငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊

ဝေဒနာက္ခန္ဓာ၌ ဝယဉာဏ် (၅) ပါး

ဝေဒနာက္ခန္ဓာ၏ ချုပ်+ပျက်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုသနည်း။
၁။ အဝိဇ္ဇာချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝေဒနာက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၂။ တဏှာချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝေဒနာက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၃။ ကံချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝေဒနာက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၄။ ဖဿချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝေဒနာက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၅။ ဖောက်ပြန်သော ( = ဝိပရိဏာမ) လက္ခဏာကို ရှုသောသူသည်လည်း ဝေဒနာက္ခန္ဓာ၏ ခဏအားဖြင့် ပျက်ခြင်း (= ဝယ) ကို ဝိပဿနာ ဉာဏ်ဖြင့် မြင်အောင် ရှု၏၊
ဝေဒနာက္ခန္ဓာ၏ ချုပ်+ပျက်ခြင်းကို ရှုသောသူသည် ဤငါးပါးသော လက္ခဏာတို့ကို မြင်၏၊
ဖြစ်ခြင်း (= ဥဒယ)နှင့် ချုပ်+ပျက်ခြင်း (= ဝယ)ကို ရှုသောသူသည် ဤဆယ်ပါးသော လက္ခဏာတို့ကို ဝိပဿနာ ဉာဏ်ဖြင့် မြင်အောင် ရှု၏၊

သညာက္ခန္ဓာ၌ ဥဒယဉာဏ် (၅) ပါး

သညာက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုသနည်း။
၁။ အဝိဇ္ဇာဖြစ်ခြင်းကြောင့် သညာဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် သညာက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၂။ တဏှာဖြစ်ခြင်းကြောင့် သညာဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် သညာက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၃။ ကံဖြစ်ခြင်းကြောင့် သညာဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် သညာက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၄။ ဖဿဖြစ်ခြင်းကြောင့် သညာဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် သညာက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၅။ ဖြစ်ပေါ်ခြင်း (= နိဗ္ဗတ္တိ)လက္ခဏာကို ရှုသောသူသည်လည်း သညာက္ခန္ဓာ၏ ခဏအားဖြင့် ဖြစ်ခြင်း (= ဥဒယ)ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
သညာက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် ဤငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ရှု၏၊

သညာက္ခန္ဓာ၌ ဝယဉာဏ် (၅) ပါး

သညာက္ခန္ဓာ၏ ချုပ်+ပျက်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုသနည်း။
၁။ အဝိဇ္ဇာချုပ်ခြင်းကြောင့် သညာချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် သညာက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၂။ တဏှာချုပ်ခြင်းကြောင့် သညာချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် သညာက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၃။ ကံချုပ်ခြင်းကြောင့် သညာချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် သညာက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၄။ ဖဿချုပ်ခြင်းကြောင့် သညာချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် သညာက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၅။ ဖောက်ပြန်သော ( = ဝိပရိဏာမ) လက္ခဏာကို ရှုသောသူသည်လည်း သညာက္ခန္ဓာ၏ ခဏအားဖြင့် ပျက်ခြင်း (= ဝယ) ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
သညာက္ခန္ဓာ၏ ချုပ်+ပျက်ခြင်းကို ရှုသောသူသည် ဤငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
ဖြစ်ခြင်း (= ဥဒယ)နှင့် ချုပ်+ပျက်ခြင်း (= ဝယ)ကို ရှုသောသူသည် ဤဆယ်ပါးသော လက္ခဏာတို့ကို ဝိပဿနာ ဉာဏ်ဖြင့် မြင်အောင် ရှု၏၊

သင်္ခါရက္ခန္ဓာ၌ ဥဒယဉာဏ် (၅) ပါး

သင်္ခါရက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုသနည်း။
၁။ အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် သင်္ခါရက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၂။ တဏှာဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် သင်္ခါရက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၃။ ကံဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် သင်္ခါရက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၄။ ဖဿဖြစ်ခြင်းကြောင့် သင်္ခါရဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် သင်္ခါရက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၅။ ဖြစ်ပေါ်ခြင်း (= နိဗ္ဗတ္တိ)လက္ခဏာကို ရှုသောသူသည်လည်း သင်္ခါရက္ခန္ဓာ၏ ခဏအားဖြင့် ဖြစ်ခြင်း (= ဥဒယ)ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
သင်္ခါရက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် ဤငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊

သင်္ခါရက္ခန္ဓာ၌ ဝယဉာဏ် (၅) ပါး

သင်္ခါရက္ခန္ဓာ၏ ချုပ်+ပျက်ခြင်းကို ရှုသော သူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုသနည်း။
၁။ အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် သင်္ခါရက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၂။ တဏှာချုပ်ခြင်းကြောင့် သင်္ခါရချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် သင်္ခါရက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၃။ ကံချုပ်ခြင်းကြောင့် သင်္ခါရချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် သင်္ခါရက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၄။ ဖဿချုပ်ခြင်းကြောင့် သင်္ခါရချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် သင်္ခါရက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၅။ ဖောက်ပြန်သော ( = ဝိပရိဏာမ) လက္ခဏာကို ရှုသောသူသည်လည်း သင်္ခါရက္ခန္ဓာ၏ ခဏအားဖြင့် ပျက်ခြင်း (= ဝယ) ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
သင်္ခါရက္ခန္ဓာ၏ ချုပ်+ပျက်ခြင်းကို ရှုသောသူသည် ဤငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
ဖြစ်ခြင်း (= ဥဒယ)နှင့် ချုပ်+ပျက်ခြင်း (= ဝယ)ကို ရှုသော သူသည် ဤဆယ်ပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊

ဝိညာဏက္ခန္ဓာ၌ ဥဒယဉာဏ် (၅) ပါး

ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုသနည်း။
၁။ အဝိဇ္ဇာဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၂။ တဏှာဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၃။ ကံဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၄။ နာမ်ရုပ်ဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်၏ဟု အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၅။ ဖြစ်ပေါ်ခြင်း (= နိဗ္ဗတ္တိ)လက္ခဏာကို ရှုသောသူသည်လည်း ဝိညာဏက္ခန္ဓာ၏ ခဏအားဖြင့် ဖြစ်ခြင်း(= ဥဒယ) ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် ဤငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊

ဝိညာဏက္ခန္ဓာ၌ ဝယဉာဏ် (၅) ပါး

ဝိညာဏက္ခန္ဓာ၏ ချုပ်+ပျက်ခြင်းကို ရှုသော သူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုသနည်း။
၁။ အဝိဇ္ဇာချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝိညာဏက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၂။ တဏှာချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝိညာဏက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၃။ ကံချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝိညာဏက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၄။ နာမ်ရုပ်ချုပ်ခြင်းကြောင့် ဝိညာဏ်ချုပ်၏ဟု အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ခြင်းဟူသော အနက်သဘောအားဖြင့် ဝိညာဏက္ခန္ဓာ၏ ချုပ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
၅။ ဖောက်ပြန်သော ( = ဝိပရိဏာမ) လက္ခဏာကို ရှုသောသူသည်လည်း ဝိညာဏက္ခန္ဓာ၏ ခဏအားဖြင့် ပျက်ခြင်း (= ဝယ) ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
ဝိညာဏက္ခန္ဓာ၏ ချုပ်+ပျက်ခြင်းကို ရှုသောသူသည် ဤငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊
ဖြစ်ခြင်း (= ဥဒယ)နှင့် ချုပ်+ပျက်ခြင်း (= ဝယ)ကို ရှုသောသူသည် ဤဆယ်ပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊

ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း (= ဥဒယ) ကို ရှုသောသူသည် ဤနှစ်ဆယ့်ငါးပါးသော လက္ခဏာတို့ကို ဝိပဿနာ ဉာဏ်ဖြင့် မြင်အောင် ရှု၏၊

ခန္ဓာငါးပါးတို့၏ ချုပ်+ပျက်ခြင်း (= ဝယ) ကို ရှုသောသူသည် ဤနှစ်ဆယ့်ငါးပါးသော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊

ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း (= ဥဒယ)နှင့် ချုပ်+ပျက်ခြင်း (= ဝယ)ကို ရှုသောသူသည် ဤငါးဆယ်သော လက္ခဏာတို့ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှု၏၊[၁၂၆]

အတိုချုပ်ရှင်းလင်းချက်

အထက်တွင် ဖော်ပြထားသော ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးကိုပင် ကိုးကားတော်မူလျက် မဟာသတိပဋ္ဌာနသုတ္တန် ကို ဖွင့်ဆိုတော်မူကြသော အဋ္ဌကထာကြီးများက မဟာသတိပဋ္ဌာနသုတ္တန်တွင် ဘုရားရှင် ဟောကြားထားတော်မူသည့် ဝိပဿနာပိုင်း ဒုတိယဆင့်ဖြစ်သည့် သမုဒယဓမ္မာနုပဿီ ဟူသော ရှုကွက်မှာ အထက်တွင် တင်ပြထားသော ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ လာရှိသော ဥဒယဉာဏ် (၂၅)ပါးကို ဆိုလိုကြောင်းကိုလည်းကောင်း၊ ဝယဓမ္မာနုပဿီ ဟူသော ရှုကွက်မှာ အလားတူပင် အထက်တွင် တင်ပြထားသော ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ လာရှိသော ဝယဉာဏ် (၂၅)ပါးကို ဆိုလိုကြောင်းကိုလည်းကောင်း ရှင်းလင်းတင်ပြထားတော်မူကြ၏၊[၁၂၇]

တစ်ဖန် သမုဒယဓမ္မာနုပဿီပိုင်းတွင် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးက အဝိဇ္ဇာ တဏှာ ကံ အာဟာရဟု ရူပက္ခန္ဓာအတွက် အကြောင်းတရား (၄)မျိုးကိုလည်းကောင်း၊ အဝိဇ္ဇာ တဏှာ ကံ ဖဿဟု ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာတို့အတွက် အကြောင်းတရား (၄)မျိုးစီကိုလည်းကောင်း၊ အဝိဇ္ဇာ တဏှာ ကံ နာမ်ရုပ်ဟု ဝိညာဏက္ခန္ဓာ အတွက် အကြောင်းတရား (၄)မျိုးကိုလည်းကောင်း အသီးအသီး ဟောကြားထားတော်မူ၏၊

ထိုတွင် အဝိဇ္ဇာ တဏှာကို တိုက်ရိုက်ဟောကြားတော်မူလိုက်လျှင် ကိလေသဝဋ်ချင်း တူညီနေသည့် ဥပါဒါန်ကိုလည်း ဟောကြားတော်မူပြီးပင် ဖြစ်၏၊ ကံကို တိုက်ရိုက် ဟောကြားတော်မူလိုက်လျှင် ကမ္မဝဋ်ချင်း တူညီနေသည့် သင်္ခါရကိုလည်း ဟောကြားတော်မူပြီးပင် ဖြစ်၏၊ သို့အတွက် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်၌ လာရှိသည့်အတိုင်း အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အတိတ်အကြောင်းတရားငါးပါး သမုဒယသစ္စာတရားကြောင့် ဤပစ္စုပ္ပန်ဘဝတွင် ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ထင်ရှားဖြစ်ပေါ်လာပုံကိုလည်းကောင်း၊ ဤပစ္စုပ္ပန်ဘဝတွင် ထပ်မံပြုစုပျိုးထောင် လိုက်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော ပစ္စုပ္ပန်အကြောင်းတရားငါးပါး သမုဒယသစ္စာတရားကြောင့် နောင်အနာဂတ်ဘဝတွင် ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ထင်ရှားဖြစ်ပေါ်ပုံကိုလည်းကောင်း သိအောင် မြင်အောင် ရှုရမည့်အပိုင်း ဖြစ်သည်ဟု မှတ်သားပါ။ အတိတ် အဆက်ဆက် အနာဂတ်အဆက်ဆက်တို့၌လည်း နည်းတူသဘောပေါက်ပါ။

တစ်ဖန် ရူပက္ခန္ဓာ၏ ပစ္စုပ္ပန်အကြောင်းတရားတို့တွင် အာဟာရကို တိုက်ရိုက်ယူကာ ဟောကြားတော် မူလိုက်သဖြင့် ပစ္စုပ္ပန်အကြောင်းတရားချင်း တူညီနေသည့် စိတ်နှင့် ဥတုတို့ကိုလည်း ဟောကြားတော်မူပြီးပင် ဖြစ်၏၊ သို့အတွက် စိတ်ကြောင့် စိတ္တဇရုပ်ဖြစ်ပုံ, ဥတုကြောင့် ဥတုဇရုပ်ဖြစ်ပုံ, အာဟာရကြောင့် အာဟာရဇရုပ်ဖြစ်ပုံတို့ကို ဝိပဿနာဉာဏ်ဖြင့် သိအောင် မြင်အောင် ရှုရမည့်အပိုင်း ဖြစ်သည်ဟုလည်း မှတ်သားပါ။

တစ်ဖန် ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာတို့အတွက် ပစ္စုပ္ပန်အကြောင်းတရားပိုင်းတွင် ဖဿကို တိုက်ရိုက် ယူကာ ဟောကြားထားတော်မူ၏၊ ဝိညာဏက္ခန္ဓာအတွက် ပစ္စုပ္ပန်အကြောင်းတရားပိုင်းတွင် နာမ်ရုပ်ကို တိုက်ရိုက် ယူကာ ဟောကြားထားတော်မူ၏၊ ထိုသို့ တိုက်ရိုက်ယူကာ ဟောကြားတော်မူလိုက်သဖြင့် ပစ္စုပ္ပန်အကြောင်းတရားချင်း တူညီနေသည့် ယင်းနာမ်တရားစုတို့၏ မှီ၍ဖြစ်ရာ ဝတ္ထုရုပ်နှင့် စွဲမှီရာ အာရုံတရားတို့ကိုလည်း ဟောကြားတော်မူပြီးပင် ဖြစ်၏၊ သို့အတွက် နာမ်ခန္ဓာ (၄)ပါးတို့၏ အကြောင်းတရားတို့ကို သိမ်းဆည်းရှုပွားရာ၌ ယင်းနာမ်တရားစုတို့၏ သက်ဆိုင်ရာ မှီ၍ဖြစ်ရာ ဝတ္ထုရုပ်နှင့် သက်ဆိုင်ရာ စွဲမှီရာအာရုံတရားတို့ကိုလည်း သိမ်းဆည်းရှုပွားရမည်ဟု မှတ်ပါ။ ခန္ဓာ (၅)ပါးရှိသည့် ပဉ္စဝေါကာရဘုံဝယ် ဆိုင်ရာ ဆိုင်ရာ မှီရာဝတ္ထုရုပ် မရှိက နာမ်တရားတို့ မဖြစ်နိုင်ပုံကိုလည်းကောင်း သက်ဆိုင်ရာ အာရုံ မရှိက နာမ်တရားတို့ မဖြစ်နိုင်ပုံကိုလည်းကောင်း သတိပြုပါလေ။

ဝယဓမ္မာနုပဿီ အပိုင်းတွင်လည်း အလားတူပင် မှတ်သားပါလေ။ တစ်ဖန် အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့် အတိုင်း အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကား နောင်အရဟတ္တမဂ် ရမည့်အချိန်တွင် အကြွင်းအကျန် မရှိ ကုန်စင်အောင် နောက်ထပ်တစ်ဖန် ဖြစ်ပေါ်ခြင်း အလျှင်းမရှိသော အသေသဝိရာဂသဘော အနုပ္ပါဒနိရောဓသဘော အားဖြင့် ချုပ်ငြိမ်းကြမည် ဖြစ်၏၊ အကြောင်းတရားတို့၏ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းခြင်းကြောင့် အကျိုးခန္ဓာငါးပါးတို့၏လည်း ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားကာ အကြွင်းအကျန်မရှိ ကုန်စင်အောင် နောက်ထပ် တစ်ဖန် ဖြစ်ပေါ်ခြင်း အလျှင်းမရှိသော အသေသဝိရာဂသဘော အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းကြမည် ဖြစ်၏၊ ယင်းအကြောင်းအကျိုး နှစ်ရပ်စလုံးတို့၏ ထိုကဲ့သို့ ချုပ်ငြိမ်းမှုကို သိအောင် မြင်အောင် ရှုရမည့်အပိုင်း ဖြစ်ပေသည်။ ဆရာ့အပြောနှင့် အလွမ်းကြီး လွမ်း, အဆွေးကြီး ဆွေးကာ ကျေနပ်နေရမည့်အပိုင်းမျိုးကား မဟုတ်ပေ။ ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုပွားရမည့်အပိုင်းသာ ဖြစ်ပေသည်။ လက်တွေ့ရှုပွားရမည့် ရှုပုံနည်းစနစ်ကို လုပ်ငန်းခွင်အပိုင်းတွင် ဆက်လက်ကြည့်ရှုပါ။

ဝိပဿနာပိုင်း ဒုတိယအဆင့်တွင် ဘုရားရှင်သည် ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း သမ္မသနဉာဏ်ပိုင်း ဥဒယဗ္ဗယဉာဏ်ပိုင်းတည်းဟူသော ဝိပဿနာဉာဏ် (၃)မျိုးတို့ကို တစ်ပေါင်းတည်း စုစည်းကာ ဟောကြားထားတော်မူခဲ့ပေသည်။

ဝိပဿနာပိုင်း - တတိယအဆင့်

''ထို့ပြင် 'ကာယသည်သာလျှင် ရှိ၏'ဟု ထိုရဟန်းအား သတိသည် ရှေးရှုထင်၏၊ (ထိုသတိသည်) ဝိပဿနာဉာဏ် အဆင့်ဆင့် တိုးပွားခြင်းငှာသာ ဖြစ်၏၊ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိ အဆင့်ဆင့် တိုးပွားခြင်းငှာသာ ဖြစ်၏၊''

ဤ၌ သတိပြုရန် အချက်တစ်ရပ်ကို ဆိုပေအံ့ ..။ အထက်တွင် တင်ပြထားသော ဝိပဿနာပိုင်း ပထမအဆင့်နှင့် ဝိပဿနာပိုင်း ဒုတိယအဆင့်တွင် ဘုရားရှင်သည် ဥဒယဗ္ဗယဉာဏ်သို့ တိုင်အောင်သော ဝိပဿနာဉာဏ်တို့ကို ဟောကြားထားတော်မူခဲ့၏၊ လာမည့် ဝိပဿနာပိုင်း စတုတ္ထအဆင့်တွင် အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်တို့ကို ဟောကြားထားတော်မူ၏၊ သို့အတွက် ဤ ဝိပဿနာပိုင်း တတိယအဆင့်တွင်ကား ဘင်္ဂဉာဏ်မှ စ၍ အထက်ပိုင်း ဝိပဿနာဉာဏ်အားလုံးကို ရည်ညွှန်းထားတော်မူပေသည်ဟု မှတ်သားပါ။

ထိုကြောင့် ယောဂီပုဂ္ဂိုလ်သည် ဤအပိုင်းတွင် ကာလ သုံးပါး, သန္တာန် နှစ်ပါးအတွင်း၌ တည်ရှိကြကုန်သော ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရားနာမ်တရားတို့၏ ဖြစ်မှု ပျက်မှုကို ခဏပစ္စုပ္ပန်သို့ ဆိုက်သည့်တိုင်အောင် ဝိပဿနာ ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီ တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနိုင်သဖြင့် ဝိပဿနာ၏ ညစ်ညူးကြောင်း ဥပက္ကိလေသတရားတို့ကို ကျော်လွွှားလွန်မြောက်သွားသောအခါ ယင်းခန္ဓာငါးပါး ရုပ်တရားနာမ်တရားတို့၏ ဖြစ်မှုကို မရှုတော့ဘဲ နှလုံးမသွင်းတော့ဘဲ ယင်းတို့၏ အပျက်သက်သက်ကိုသာ အာရုံယူ၍ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက်ကာ စီးဖြန်းလိုက်သောအခါ ယင်းရုပ်နာမ်တို့၏ အဖြစ်ကို မမြင်တော့ဘဲ အပျက်သက်သက်ကိုသာ ရှုမြင်နေတော့မည် ဖြစ်သည်။ ထိုအခါတွင် ယင်းဥပါဒါနက္ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏..

(က) အပျက်သက်သက်ကို အာရုံယူ၍ အနိစ္စဟုလည်းကောင်း၊
( ခ ) ပြိုပြို ပျက်ပျက်နေသဖြင့် ကြောက်လန့်ဖွယ်ကောင်းသည့် အနက်သဘောကို အာရုံယူ၍ ဒုက္ခဟု လည်းကောင်း၊
( ဂ ) မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တဟူသည့် အနှစ်သာရ မရှိမှုသဘောကို အာရုံယူ၍ အနတ္တဟုလည်းကောင်း –

ဤသို့ လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီ တင်ကာ တွင်တွင်ကြီး ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ဆက်လက်ကာ စီးဖြန်းနိုင်သောအခါ ရင့်ကျက်လာသော ယင်းဘင်္ဂဉာဏ်၏နောက်တွင် ဘယဉာဏ်စသော အထက်ပိုင်းဝိပဿနာ ဉာဏ်များ တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ကာ ဖြစ်ပေါ်လာကြမည် ဖြစ်ပေသည်။ ထိုအပိုင်း၌ကား ယောဂါဝစရ ပုဂ္ဂိုလ်သည် ရုပ်ပရမတ်သက်သက် နာမ်ပရမတ်သက်သက်ကိုသာ ဝိပဿနာဉာဏ်ဖြင့် တွေ့မြင်သိရှိနေမည် ဖြစ်သည်။ ရုပ်ကလာပ်ကဲ့သို့သော တစ်စုံတစ်ခုသော အစိုင်အခဲမျှကိုသော်လည်း တွေ့မြင် သိရှိတော့မည် မဟုတ်ပေ။ ကာလ သုံးပါး, သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိကြကုန်သော ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရားနာမ်တရားတို့၏ နိစ္စ သုခ အတ္တ သုဘဟူသည့် အနှစ်သာရတို့မှ ဆိတ်သုဉ်းနေသည့် သုညသဘောကိုသာ ဝိပဿနာဉာဏ်ဖြင့် တွေ့မြင်သိရှိနေမည်သာ ဖြစ်ပေသည်။ ယင်းကဲ့သို့သော သုညသဘောတရားကိုပင် ရည်ရွယ်တော်မူကာ .. ''ရှင်သေမင်း မမြင်နိုင်သည့်အရပ်သို့ အရောက်သွားလိုသော သူသည် (ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော ရုပ်နာမ်ဓမ္မသင်္ခါရ) လောကကို သုညမြင်အောင် ဝိပဿနာဉာဏ်ဖြင့် ကြည့်ရှုပါ''ဟု ဘုရားရှင်က မောဃရာဇ ရှင်ရသေ့အား ညွှန်ကြားတော်မူခြင်း ဖြစ်ပေသည်။[၁၂၈]

ဝိပဿနာပိုင်း - စတုတ္ထအဆင့်

''(ထိုရဟန်းသည် တဏှာ-ဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ (ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော) လောက၌ တစ်စုံတစ်ခုသော တရားကိုမျှလည်း (ငါ, ငါ၏ ဥစ္စာဟု) စွဲလည်း မစွဲလမ်း။''

ဤအပိုင်းကား ရင့်ကျက်လာသော အဆင့်ဆင့်သော ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာကြကုန်သော လေးဆင့်ကုန်သော အရိယမဂ်ဉာဏ်တို့နှင့် လေးဆင့်ကုန်သော အရိယဖိုလ်ဉာဏ်တို့ အဆင့်ဆင့် ဖြစ်ပေါ်လာပုံကို ညွှန်ပြတော်မူသော အပိုင်း ဖြစ်ပေသည်။ ထိုလေးဆင့်သော အရိယမဂ်ဉာဏ်တို့က အဆင့်ဆင့် ဆိုင်ရာ ဆိုင်ရာ ကိလေသာတို့ကို ပယ်သတ်လိုက်ကြသဖြင့် အရဟတ္တမဂ်သို့ ဆိုက်ရောက်သောအခါ ယင်း အရဟတ္တမဂ်က အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ကို အကြွင်းအကျန်မရှိ ကုန်စင်အောင် ပယ်သတ်လိုက်ပေသည်။ သို့အတွက် ဥပါဒါနက္ခန္ဓာငါးပါးတို့ အပေါ်၌ စွဲလမ်းမှုများ လုံးဝ မရှိတော့ပေ၊ ''အစွဲပြုတ် တဲကုပ် ရွှေနန်းတော်''ဘဝသို့ ရောက်ရှိသွားပြီ ဖြစ်ပေသည်။

သတိပြုရန် –– မဟာသတိပဋ္ဌာနသုတ္တန်၌ လာရှိသော အခန်းပေါင်း (၂၁)ခန်းတို့ဝယ် ဝိပဿနာပိုင်းဆိုင်ရာ ညွှန်ကြားချက်တို့မှာ ညွှန်ကြားတော်မူပုံစကားလုံး ကွဲပြားသော်လည်း အနက်အဓိပ္ပါယ်အားဖြင့်ကား တူညီလျက်ပင် ရှိပေသည်။ ကာယာနုပဿနာသတိပဋ္ဌာန်ပိုင်း၌ အခန်းတိုင်း အခန်းတိုင်းဝယ် 'ကာယ'ဟူသော စကားလုံးကို အသုံးပြုကာ ကာယဟူသော အမည်ဖြင့် ရုပ်တရား ဦးဆောင်နေသည့် ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရားနာမ်တရားတို့ကို အဆင့် လေးဆင့်တို့ဖြင့် ပိုင်းခြားကာ ဝိပဿနာရှုကွက်ကို ညွှန်ကြားထားတော်မူ၏၊[၁၂၉]

ဝေဒနာနုပဿနာသတိပဋ္ဌာန်ပိုင်းတွင် 'ဝေဒနာ'ဟူသော စကားလုံးကို အသုံးပြုကာ ဝေဒနာဟူသော အမည်ဖြင့် ဝေဒနာ (၉)မျိုး ဦးဆောင်နေသည့် ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရားနာမ်တရားတို့ကို အဆင့် လေးဆင့်တို့ဖြင့် ပိုင်းခြားကာ ဝိပဿနာရှုကွက်ကို ညွှန်ကြားထားတော်မူ၏၊[၁၂၉]

စိတ္တာနုပဿနာသတိပဋ္ဌာန်ပိုင်းတွင် 'စိတ္တ'ဟူသော စကားလုံးကို အသုံးပြုကာ စိတ္တဟူသော အမည်ဖြင့် (၁၆)မျိုးသော အသိစိတ် (ဝိညာဏ်) ဦးဆောင်နေသည့် ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရားနာမ်တရားတို့ကို အဆင့် လေးဆင့်တို့ဖြင့် ပိုင်းခြားကာ ဝိပဿနာရှုကွက်ကို ညွှန်ကြားထားတော်မူ၏၊[၁၂၉]

ဓမ္မာနုပဿနာသတိပဋ္ဌာန်ပိုင်းတွင် 'ဓမ္မ'ဟူသော စကားလုံးကို အသုံးပြုကာ ဓမ္မဟူသော အမည်ဖြင့် အခန်း (၅)ခန်း ခွဲခြားကာ ဖဿ ဦးဆောင်နေသည့် သို့မဟုတ် ဓမ္မသဘောတရားများ ဦးဆောင်နေသည့် ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရားနာမ်တရားတို့ကို အဆင့် လေးဆင့်တို့ဖြင့် ပိုင်းခြားကာ ဝိပဿနာရှုကွက်ကို ညွှန်ကြားထားတော်မူ၏၊[၁၂၉]

သို့အတွက် သတိပဋ္ဌာန်ပိုင်းဆိုင်ရာ အခန်းတိုင်း အခန်းတိုင်း၌ ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရားနာမ်တရားတို့ကို အဆင့် လေးဆင့်တို့ဖြင့် ပိုင်းခြားကာ ဝိပဿနာရှုကွက်ကို ရှုပွားရမည်ဟု နာယူမှတ်သားပါလေ။ ထိုကြောင့် သတိပဋ္ဌာန် တစ်ပါးကို ပွားများပါက သတိပဋ္ဌာန် (၄)ပါးစလုံး စုံညီစွာ ပါဝင်လျက် ရှိနေသည်ကို သဘောပေါက်ပါလေ ....။

ဣရိယာပထပိုင်း အခန်း နှင့် သမ္ပဇဉ်ပိုင်း အခန်း

''မည်သည့်ကမ္မဋ္ဌာန်းကိုမဆို ပွားများ အားထုတ်သောအခါ သတိသမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံပါမှသာလျှင် ယင်းကမ္မဋ္ဌာန်းဘာဝနာသည် ပြီးစီးပြည့်စုံနိုင်၏၊''[၁၃၀]

ဤအထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုချက်များနှင့်အညီ သမထကမ္မဋ္ဌာန်းကိုပင်ဖြစ်စေ, ဝိပဿနာကမ္မဋ္ဌာန်းကိုပင် ဖြစ်စေ မည်သည့်ကမ္မဋ္ဌာန်းကိုမဆို ပွားများအားထုတ်ရာ၌ ဣရိယာပထပိုင်းဆိုင်ရာရှုကွက်, သမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့ကို စနစ်တကျ ရှုသင့်ပေသည်။ ထိုသို့ ရှုတတ်ရန် ဤတွင် အကျဉ်းချုပ်၍ ရေးသားတင်ပြပေအံ့ ..။

ရှုကွက် ညွှန်ကြားချက်

ဘုရားရှင်က ဣရိယာပထပိုင်းဆိုင်ရာ ရှုကွက်ကို ဤသို့ ညွှန်ကြားထားတော်မူ၏ ..။

ရဟန်းတို့... နောက်တစ်မျိုးသော်ကား ယောဂါဝစရရဟန်းသည် ..
၁။ သွားလျှင်လည်း ''သွား၏''ဟု ကွဲကွဲပြားပြား သိ၏၊
၂။ ရပ်လျှင်လည်း ''ရပ်၏''ဟု ကွဲကွဲပြားပြား သိ၏၊
၃။ ထိုင်လျှင်လည်း ''ထိုင်၏''ဟု ကွဲကွဲပြားပြား သိ၏၊
၄။ အိပ်လျှင်လည်း = လျောင်းလျှင်လည်း ''အိပ်၏ = လျောင်း၏''ဟု ကွဲကွဲပြားပြား သိ၏၊

ဘုရားရှင်က သမ္ပဇဉ်ပိုင်းဆိုင်ရာရှုကွက်ကို ဤသို့ ညွှန်ကြားထားတော်မူ၏ ..။

ရဟန်းတို့... နောက်တစ်မျိုးသော်ကား ယောဂါဝစရရဟန်းသည် ..
၁။ ရှေ့သို့တက်ရာ နောက်သို့ဆုတ်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊
၂။ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊
၃။ ကွေးရာ ဆန့်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊
၄။ ဒုကုဋ် သပိတ် သင်္ကန်းကို ကိုင်ဆောင်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊
၅။ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊
၆။ ကျင်ကြီးစွန့်ရာ ကျင်ငယ်စွန့်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏၊
၇။ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ပျော်ရာ နိုးလာရာ စကားပြောရာ ဆိတ်ဆိတ်နေရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ ရှိ၏၊[၁၃၁]

ဤအထက်ပါ စာပိုဒ် နှစ်ပိုဒ်တို့တွင် ပထမစာပိုဒ်ကား ဣရိယာပထပိုင်းဆိုင်ရာ ပထမဆင့်ရှုကွက်ဖြစ်၍ ဒုတိယစာပိုဒ်ကား သမ္ပဇဉ်ပိုင်းဆိုင်ရာ ပထမဆင့်ရှုကွက် ဖြစ်သည်။ ယင်းရှုကွက်တို့ကား တစ်ခုနှင့်တစ်ခု ဆက်စပ်မှု ရှိနေ၏၊ ယင်းရှုကွက်တို့ကို ဘုရားရှင်၏ အလိုတော်ကျအတိုင်း မည်သို့ မည်ပုံရှုရန် ဖြစ်သည်ကို အဋ္ဌကထာ ဋီကာတို့၌ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းတင်ပြထားတော်မူကြ၏၊ ယင်းရှင်းလင်း ဖွင့်ဆိုချက်များကို အကျဉ်းချုပ်၍ ရေးသား တင်ပြအပ်ပါသည်။

ဘုရားရှင်သည် ဣရိယာပထပဗ္ဗ (= ဣရိယာပထပိုင်း) ရှုကွက်၌လည်း သွား-ရပ်-ထိုင်-လျောင်း ဣရိယာပုထ် အခိုက်တို့၌ ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏၊ တစ်ဖန် - သမ္ပဇဉ်ပိုင်းဝယ် အဘိက္ကန္တေ ပဋိက္ကန္တေ = ရှေ့သို့တက်ရာ နောက်သို့ဆုတ်ရာစသည့် ထိုထိုဣရိယာပုထ်အခိုက်တို့၌လည်း ဝိပဿနာရှုရန် ညွှန်ကြားထားတော် မူ၏၊ တစ်ဖန် သမ္ပဇဉ်ပိုင်းဝယ် ဂတေ ဌိတေ .. စသည်ဖြင့် သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ စသည့် ဣရိယာပုထ် အခိုက်တို့၌ ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏၊ ဣရိယာပထပိုင်း၌ တစ်ကြိမ်, သမ္ပဇဉ်ပိုင်း၌ နှစ်ကြိမ် အားလုံး သုံးကြိမ်တိုင်တိုင် သွား ရပ် ထိုင် လျောင်း စသည့် ထိုထို ဣရိယာပုထ်အခိုက်အတန့်တို့၌ ဝိပဿနာရှုရန် ညွှန်ကြားထားတော်မူ၏၊ ယင်းညွှန်ကြားချက်နှင့် ပတ်သက်၍ အဋ္ဌကထာ[၁၃၂]က ရှင်းလင်းတင်ပြထား၏၊ ယင်းအဋ္ဌကထာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏ ..။

၁။ ဣရိယာပထပဗ္ဗ၌ သွား-ရပ်-ထိုင်-လျောင်း ဣရိယာပုထ် လေးပါးတို့၌ကား အဓွန့်ရှည်သော ဣရိယာပုထ်တို့ကို ရည်ညွှန်းထားတော်မူ၏၊ အဓွန့်ရှည်စွာ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာတို့၌ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို သိမ်းဆည်းလျက် အကြောင်းတရားနှင့်တကွသော ယင်းခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာရှုရန် ရည်ညွှန်းထားတော်မူ၏၊

၂။ ''ရှေ့သို့တက်ရာ နောက်သို့ဆုတ်ရာ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ ကွေးရာ ဆန့်ရာ'' ဤ(၆)ဌာနတို့၌ကား အလယ်အလတ်စား ဣရိယာပုထ်များကို ရည်ညွှန်းထားတော်မူ၏၊ ဆွမ်းခံသွားရာ စသည့် ထိုထိုဣရိယာပုထ် အခိုက်အတန့်တို့၌လည်း ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို သိမ်းဆည်းလျက် အကြောင်းတရားနှင့် တကွသော ယင်းခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာရှုရန် ရည်ညွှန်းထားတော်မူ၏၊

၃။ သမ္ပဇဉ်ပိုင်းဝယ် အမှတ် (၇)အဖြစ် တင်ပြထားသော ''သွားရာ ရပ်ရာ ထိုင်ရာ အိပ်ပျော်ရာ နိုးလာရာ''ဟူသော ဤ (၅)ဌာနတို့၌ကား ကျောင်းအတွင်း ထိုထိုဤဤ အရပ်သို့ သွားခြင်း စင်္ကြံလျှောက်ခြင်း တရားထိုင်စဉ် ရှေ့တိုး နောက်ဆုတ်ပြုခြင်း စသည့် အသေးစား ဣရိယာပုထ်တို့ကို ရည်ညွှန်းထားတော်မူ၏၊ ကျောင်းအတွင်း ထိုထိုဤဤ သွားရပ် ထိုင်လျောင်း ဟူသော အသေးစား အတိုစား ဣရိယာပုထ်တို့ အခိုက်၌လည်း ယောဂါဝစရပုဂ္ဂိုလ်သည် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို သိမ်းဆည်းလျက် အကြောင်းတရားနှင့်တကွသော ယင်းခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာရှုရမည် ဖြစ်ပေသည်။[၁၃၂]

သို့သော် အဋ္ဌကထာတွင် မဟာသီဝ မထေရ်မြတ်ကြီး၏ အယူအဆကိုလည်း တင်ပြထား၏၊ မဟာသီဝ ရဟန္တာအရှင်မြတ်ကြီး၏ အယူအဆမှာ ဤသို့ ဖြစ်၏၊ သွား-ရပ်-ထိုင်-လျောင်းဟူသော ဣရိယာပထရှုကွက်, ရှေ့သို့တက်ရာ နောက်သို့ဆုတ်ရာ တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ ကွေးရာ ဆန့်ရာဟူသော သမ္ပဇဉ်ရှုကွက်တို့၌ ထိုထို သွားဆဲ ရပ်ဆဲ ထိုင်ဆဲ လျောင်းဆဲ ရှေ့သို့တက်ဆဲ နောက်သို့ဆုတ်ဆဲ တည့်တည့်ကြည့်ဆဲ စောင်းငဲ့ကြည့်ဆဲ ကွေးဆဲ ဆန့်ဆဲ ဟူသော ထိုထိုဣရိယာပထ အခိုက်အတန့်တို့၌လည်း ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို သိမ်းဆည်းလျက် အကြောင်းတရားနှင့် တကွသော ယင်းခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာဝိပဿနာ ရှုပွားသုံးသပ်ရန် ရည်ညွှန်းတော်မူ၏၊ အမှတ် (၇)အဖြစ် သတ်မှတ်လျက် ဖော်ပြထားသော ဂတေ-ဌိတေ-နိသိန္နေသုတ္တေ-ဇာဂရိတေ-ဘာသိတေ-တုဏှီဘာဝေ = သွားပြီးရာ ရပ်ပြီးရာ ထိုင်ပြီးရာ အိပ်ပြီးရာ နိုးလာရာ စကားပြောဆိုရာ စကားမပြော ဆိတ်ဆိတ်နေရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလုပ်ရန် ညွှန်ကြားချက်မှာ ထိုထိုဣရိယာပုထ်ကို ပြုပြီးရာအခါ၌ ထိုထိုဣရိယာပုထ်အခိုက်အတန့်က ဖြစ်ခဲ့ပြီးသော ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုရန် ရ ည် ညွှ န်း ထား တော် မူ ၏၊ ––- ဤ သို့လျှင် မဟာသီဝ မထေရ်မြတ်ကြီးက မိန့်ဆိုတော်မူကြောင်းကို အဋ္ဌကထာ၌ ဖွင့်ဆိုထားတော်မူ၏၊ (အကျယ်ကို အဋ္ဌကထာတွင် ကြည့်ပါ။)[၁၃၃]

၁။ ဤညွှန်ကြားချက်များအရ ယောဂီသူတော်ကောင်းသည် .. သွားဆဲ ရပ်ဆဲ ထိုင်ဆဲ အိပ်ဆဲ ရှေ့သို့ တက်ဆဲ နောက်သို့ဆုတ်ဆဲ တည့်တည့်ကြည့်ဆဲ စောင်းငဲ့ကြည့်ဆဲ ကွေးဆဲ ဆန့်ဆဲ စသည့် ထိုထိုဣရိယာပုထ် အခိုက်အတန့် တို့၌လည်း ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုပါ။

၂။ သွားပြီးရာ ရပ်ပြီးရာ ထိုင်ပြီးရာ အိပ်ပြီးရာ (= လျောင်းပြီးရာ) နိုးပြီးရာအခါတို့၌လည်း ထိုထိုသွားဆဲ ရပ်ဆဲ ထိုင်ဆဲ အိပ်ဆဲ လျောင်းဆဲ နိုးဆဲအချိန်ကာလက ဖြစ်ခဲ့သော အတိတ် ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုပါ။ သွားဆဲ၌လည်း ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို ဝိပဿနာ ရှုရ၏၊ သွားပြီးလျှင်လည်း သွားဆဲအချိန်က ဖြစ်ခဲ့ပြီးသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို တစ်ဖန် ပြန်သိမ်းဆည်းလျက် ဝိပဿနာရှုရ၏၊ မည်သို့ ရှုရမည်နည်း၊ အဖြေမှာ အောက်ပါအတိုင်း ဖြစ်သည် ..။

ထိုဣရိယာပထရှုကွက် (သမ္ပဇညရှုကွက်)တို့၌ အိမ်ခွေး မြေခွေးစသော တောသားတိရစ္ဆာန်တို့သည်သော်မှလည်း သွားလျှင် ''ငါတို့ သွားကုန်၏''ဟု အကယ်၍ကား သိကြပါကုန်၏၊ သို့သော် ဤကဲ့သို့သော အိမ်ခွေး မြေခွေး စသည့် တောသားတိရစ္ဆာန်တို့သော်မှလည်း သိနိုင်သည့် သိနည်းမျိုးမျှလောက်ကို ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် ဤ ဣရိယာပထရှုကွက် (သမ္ပဇညရှုကွက်)တို့ကို ဟောကြားတော်မူသည်ကား မဟုတ်ပေ။ အိမ်ခွေး မြေခွေး စသော တောသားတိရစ္ဆာန်တို့၏ သိပုံဟူသော သိနည်းမျိုးကား သတ္တဝါဟူသော အယူအဆ အစွဲအလမ်းကို မပယ်စွန့်နိုင်၊ အတ္တရှိ၏ဟု ထင်မှတ် စွဲလမ်းနေသော အတ္တသညာကို မပယ်ခွာနိုင်၊ ဝိပဿနာကမ္မဋ္ဌာန်းလည်း မဖြစ်၊ သတိပဋ္ဌာန ဘာဝနာလည်း မဖြစ်ပေ။ သို့သော် ဤယောဂါဝစရရဟန်းတော်၏ သိနည်း သိပုံသည်ကား သတ္တဝါဟူသော အယူအဆ အစွဲအလမ်းကိုလည်း ပယ်စွန့်နိုင်၏၊ အတ္တရှိ၏ဟု ထင်မှတ်စွဲလမ်းနေသော အတ္တသညာကိုလည်း ပယ်ခွာနိုင်၏၊ ဝိပဿနာကမ္မဋ္ဌာန်းလည်း ဖြစ်၏၊ သတိပဋ္ဌာနဘာဝနာလည်း ဖြစ်၏၊ မှန်ပေသည် ဤရဟန်းတော်၏ အသိကား..

၁။ အဘယ်သူသည် သွားသနည်း၊
၂။ အဘယ်သူ၏ သွားခြင်းနည်း၊
၃။ အဘယ်အကြောင်းကြောင့် သွားသနည်း ––

ဤကဲ့သို့သော အသိမျိုးတည်း။ ယင်းကဲ့သို့သော သိနည်း သိပုံမျိုးကို ရည်ရွယ်တော်မူ၍ ဤဣရိယာပထရှုကွက် (သမ္ပဇညရှုကွက်)တို့ကို ဘုရားရှင်ကိုယ်တော်တိုင်က ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပေသည်၊ ရပ်ခြင်းစသည်တို့၌လည်း ဤနည်းပင်တည်း။[၁၃၄]

၁။ ထိုစကားရပ်၌ –– အဘယ်သူသည် သွားသနည်းဟူမူ - တစ်စုံတစ်ယောက်သော သတ္တဝါသည်လည်းကောင်း, ပုဂ္ဂိုလ်သည်လည်းကောင်း မသွားပေ။ (သွားတတ်သော ပုဂ္ဂိုလ် သတ္တဝါကား မရှိ ဟူလို။)

၂။ အဘယ်သူ၏ သွားခြင်းနည်းဟူမူ - တစ်စုံတစ်ယောက်သော သတ္တဝါ၏လည်းကောင်း, ပုဂ္ဂိုလ်၏လည်းကောင်း သွားခြင်း မဟုတ်။ (မည်သည့်ပုဂ္ဂိုလ် သတ္တဝါ တစ်စုံတစ်ယောက်၏မျှ သွားခြင်းမဟုတ် ဟူလို။)

၃။ ယင်းသို့ဖြစ်လျှင် အဘယ်အကြောင်းကြောင့်သွားသနည်းဟူမူ - စိတ်ကြောင့် (= သွားလိုသောစိတ်ကြောင့်) ဖြစ်သော ဝါယောဓာတ်၏ (= ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း၏) တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ သွားခြင်းကြောင့် သွား၏ (= ရုပ်နာမ်တို့သည် သွားခြင်းကိရိယာကို ပြီးစီးစေ၏ ဟူလို)။ ထို့ကြောင့် ဤယောဂါဝစရရဟန်းသည် ဤသို့ သိ၏၊

၁။ သွားအံ့ဟူသော စိတ်သည် ဖြစ်ပေါ်လာ၏၊ (စိတ်ပြဓာန်းသော သမ္ပယုတ်တရားစုသည် ဖြစ်ပေါ်လာ၏၊)

၂။ ထိုစိတ်သည် ဝါယောဓာတ်ကို ဖြစ်စေ၏ (= ဝါယောဓာတ်၏ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်အပေါင်း ရုပ်တရားအပေါင်းကို ဖြစ်စေ၏၊ ဤ၌ ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင်လွန်ကဲမှု ထက်မြက်မှုကိုသာ ဆိုလိုသည်၊ အရေအတွက် အတိုင်းအတာ ပမာဏအားဖြင့် လွန်ကဲမှုကို မဆိုလိုပါ။)

၃။ ယင်း သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော ဝါယောဓာတ်သည် (= ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော မဟာဘုတ်သည်) ကာယဝိညတ်ရုပ်ကို ဖြစ်စေ၏၊ (ကာယဝိညတ္တိ နဝကကလာပ်, ကာယဝိညတ္တိ လဟုတာဒိဒွါဒသက ကလာပ်ဟူသော ရုပ်အပေါင်းကို ဖြစ်စေ၏၊)

၄။ စိတ်သည် ပြုပြင်အပ်သော, စိတ်ကြောင့် ဖြစ်သော သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဝါယောဓာတ်၏ (= သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ဝါယောဓာတ်ပြဓာန်းသော ရုပ်ကလာပ်အပေါင်း ရုပ်တရားအပေါင်း၏) တစ်ကိုယ်လုံးသို့ ပျံ့နှံ့၍ သွားခြင်းကြောင့် ..

၅။ အလုံးစုံသော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်း၏ ရှေ့သို့ သယ်ဆောင်သော အခြင်းအရာ အားဖြင့် ဖြစ်ခြင်းကို = ရှေ့အဖို့အားဖြင့် နေရာအသစ်အသစ်၌ ရုပ်တရားအပေါင်း၏ ဖြစ်ခြင်းကို သွားခြင်းဟူ၍ ခေါ်ဆိုအပ်ပေသည်။[၁၃၅]

ဤအထက်ပါ အဋ္ဌကထာ ဋီကာတို့၏ ညွှန်ကြားချက်မှာ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော စတုသမုဋ္ဌာနိက ရုပ်တရားတို့ကို အထူးသဖြင့် စိတ္တဇရုပ်တို့ကို နေရာတကျ သိမ်းဆည်းထားပြီးသော ယောဂီ သူတော်ကောင်းအတွက်ကား လွယ်ကူနေမည်သာ ဖြစ်သည်။ သို့သော် ဤအရာ၌ ယောဂီသူတော်ကောင်းအနေဖြင့် အထူးသတိပြုရမည့် အချက်မှာ ပရမတ်တရားတို့သည် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့၍ ဖြစ်ရိုးဓမ္မတာ မရှိ ဟူသော အချက်ပင် ဖြစ်ပေသည်။

တစ်ဖန် ဤရှုကွက်ကို ရှုရာ၌ ရုပ်တို့မည်သည် ပရမတ်ရုပ်တရားတို့၏ ဓမ္မတာအတိုင်း ကလာပ်ခေါ်သည့် အုပ်စုအလိုက်သာ ဖြစ်ရိုး ဓမ္မတာ ရှိ၏ဟူသော အချက်ကိုလည်း မမေ့ပါနှင့်။ ဤရှုကွက်တွင် – 

၁။ သယ်ဆောင်တတ်သော ရုပ်,
၂။ အသယ်ဆောင်ခံရသော ရုပ် –

ဤရုပ်သဘောတရား နှစ်မျိုးတို့ကိုလည်း ခွဲခြားရှုတတ်ဖို့ လိုအပ်ပေသည်။ တစ်ဖန် ..

၁။ ပဓာန = ပြဓာန်းသော ရုပ်,
၂။ အပ္ပဓာန = မပြဓာန်းသော ရုပ် –

ဤရုပ်သဘောတရားနှစ်မျိုးတို့ကိုလည်း ခွဲခြားရှုတတ်ဖို့ လိုအပ်ပေသည်။ ဤဣရိယာပထရှုကွက်တွင် ဘုရားရှင်သည် .. ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ = သွားလျှင် သွား၏ဟု သိ၏ .. ဤသို့စသည်ဖြင့် ပထမ တစ်နည်း, ယထာ ယထာ ဝါ ပနဿ - စသည်ဖြင့် ဒုတိယတစ်နည်း –– ဤသို့ ရှုကွက် နှစ်နည်း ဟောကြားထားတော် မူ၏၊ ထိုနှစ်နည်းတို့တွင် ပထမနည်း၌ ..

၁။ ဣရိယာပထရုပ်ဟု ခေါ်ဆိုအပ်သော ကာယဝိညတ္တိနဝကကလာပ်, ကာယဝိညတ္တိ လဟုတာဒိဒွါဒသကကလာပ် ရုပ်တရားတို့ကား ပဓာန (= ပြဓာန်းသော) ရုပ်တရားတို့တည်း။ ယင်းရုပ်တရားတို့ကား သယ်ဆောင်တတ်သော ရုပ်တရားတို့တည်း။

၂။ (၆)ဒွါရ (၄၂)ကောဋ္ဌာသဟူသော ခန္ဓာကိုယ် တစ်ကိုယ်လုံး၌ တည်ရှိကြသော ကြွင်းကျန်သော ကံ-စိတ်-ဥတုအာဟာရတည်းဟူသော အကြောင်းတရား (၄)ပါးကြောင့် ထင်ရှားဖြစ်ပေါ်လာကြရသော (= စတုသမုဋ္ဌာနိက) ရုပ်တရားတို့ကား အပ္ပဓာန (= မပြဓာန်းသော) ရုပ်တရားတို့တည်း။ ယင်းရုပ်တရားတို့ကား အသယ်ဆောင်ခံရသော ရုပ်တရားတို့တည်း။

တစ်ဖန် –– ယထာ ယထာ ဝါ ပနဿ ..စသည်ဖြင့် ဟောကြားထားတော်မူအပ်သော ဒုတိယနည်း၌ကား..

၁။ ဣရိယာပထရုပ်ဟု ခေါ်ဆိုအပ်သော ကာယဝိညတ္တိနဝကကလာပ်, ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ် ရုပ်တရားတို့ကား အပ္ပဓာန = မပြဓာန်းသော ရုပ်တရားတို့တည်း၊ သယ်ဆောင်တတ်သောရုပ်တရားတို့ပင်တည်း။

၂။ ခန္ဓာကိုယ် တစ်ကိုယ်လုံး၌ တည်ရှိကြသော ကြွင်းကျန်သော စတုသမုဋ္ဌာနိကရုပ်တရားတို့ကား ပဓာန = ပြဓာန်းသော ရုပ်တရားတို့တည်း၊ အသယ်ဆောင်ခံရသော ရုပ်တရားတို့ပင်တည်း။ ဤ၌ သယ်ဆောင်တတ်သော ရုပ်တရားတို့ကား စတုသမုဋ္ဌာနိကရုပ်တရားတို့ကို တစ်နေရာမှ တစ်နေရာသို့ ရောက်အောင် တကယ် သယ်ဆောင် နေကြသည်ကား မဟုတ်ပေ။ စတုသမုဋ္ဌာနိကရုပ်တို့သည်လည်း တကယ်တမ်းအသယ်ဆောင်ခံရသော အခြင်းအရာ အားဖြင့် ဖြစ်နေကြသည်လည်း မဟုတ်ပေ။ သွားလိုသောစိတ် သွားနေသောစိတ်တို့ကြောင့် ဖြစ်ပေါ်လာကြသော စိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင်ကြောင့် ယင်း အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေကြသော စတုသမုဋ္ဌာနိကရုပ်တရားတို့သည် မူလနေရာ၌ အသစ်အသစ် ထပ်၍ ထပ်၍ မဥပါဒ်နိုင်ကြတော့ဘဲ မဖြစ်နိုင်ကြတော့ဘဲ နေရာအသစ်အသစ်၌ ပြောင်းရွှေ့၍ ဥပါဒ်ကြရ၏ ဖြစ်ကြရ၏၊

ရှေ့သို့ ရှေးရှုသယ်ဆောင်ခြင်းဟူသည် ရှေ့အဖို့အားဖြင့် နေရာအသစ်အသစ်၌ ထပ်ကာထပ်ကာ ဆင့်ကာ ဆင့်ကာ စတုသမုဋ္ဌာနိကရုပ်တရားအပေါင်း၏ ဖြစ်ခြင်းတည်း၊ ယင်းသို့ ဖြစ်ခြင်းကိုပင် ရှေ့သို့တက်ခြင်း = ရှေ့သို့ သွားခြင်းဟု ခေါ်ဆို၏၊[၁၃၆]

တစ်ဖန် သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်သော ရုပ်တရားဘက်၌ ဣရိယာပထရုပ် အမည် ရသော ကာယဝိညတ်ရုပ် ပါဝင်နေ၏၊ ကာယဝိညတ္တိနဝကကလာပ်ရုပ်, ကာယဝိညတ္တိလဟုတာဒိဒွါဒသကရုပ်တို့ တည်း။ ယင်းရုပ်တို့ကား စိတ္တဇရုပ်တို့ ဖြစ်ကြ၏၊ တစ်ဖန် အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေ ကြသော ရုပ်တရားဘက်၌ စတုသမုဋ္ဌာနိကရုပ်တရားတို့ ရှိကြရာ ယင်းတို့တွင်လည်း စိတ္တဇရုပ်တို့ ပါဝင်လျက်ပင် ရှိကြပြန်၏၊ နားမရှုပ်ထွေးရန် ထပ်မံ၍ ရှင်းလင်းတင်ပြပေအံ့ ..။

၁။ အရူပဝိပါက် (၄)ခု, ဒွိပဉ္စဝိညာဏ် (၁၀)မှ ကြွင်းသော ဟဒယဝတ္ထုကို မှီ၍ ဖြစ်သော မနောဓာတ် မနောဝိညာဏဓာတ် အမည်ရသော စိတ် (၇၅) အားလုံးသည် ပထမဘဝင်မှ စ၍ ဥပါဒ်ကာလတိုင်း ဥပါဒ်ကာလတိုင်း၌ စိတ္တသမုဋ္ဌာန်ရုပ်ကို = စိတ္တဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေ၏၊ ထိုသို့ ဖြစ်စေရာ၌ စိတ်၏ ဓမ္မတာအားဖြင့် ဥပါဒ်အခိုက်မှာသာ အားရှိသောကြောင့် ဥပါဒ်ခိုက် ဥပါဒ်ခိုက်၌သာ စိတ္တဇရုပ်ကို ဖြစ်စေသည်၊ ဌီအခိုက် ဘင်အခိုက်၌ စိတ္တဇရုပ်ကို မဖြစ်စေနိုင်။ စိတ်တစ်ကြိမ် ဥပါဒ်လျှင် ယင်းစိတ်က စိတ္တဇရုပ်ကလာပ် တစ်ခုကိုသာမက စိတ္တဇရုပ်ကလာပ်ပေါင်း များစွာကိုပင် ဖြစ်စေနိုင်၏၊

ပဋ္ဌာန်းဒေသနာတော်များ[၁၃၇]၌ စိတ်ကြောင့်ဖြစ်သည့် စိတ္တဇရုပ်အပိုင်းဝယ် တံသမုဋ္ဌာနာနဉ္စ ရူပါနံ - ဟု ဗဟုဝုစ်ဖြင့် ဟောကြားထားတော်မူ၏၊ စိတ်ကြောင့် စိတ္တဇရုပ်ကလာပ်ပေါင်းများစွာ ဖြစ်နိုင်ကြောင်းကို ယင်းဒေသနာ တော်တို့က ညွှန်ပြလျက် ရှိကြ၏၊

၂။ မဟဂ္ဂုတ် လောကုတ္တရာ အပ္ပနာဇော (၂၆)မျိုးတို့သည် (ပဉ္စဝေါကာရဘုံ၌ ဖြစ်ခိုက်) စိတ္တဇဩဇဋ္ဌမကရုပ်ကိုလည်း ဖြစ်စေ၏၊ ဖြစ်ပြီးဣရိယာပုထ်ကိုလည်း ပင်ကိုယ်အနေ မပျက်အောင် ဆောင်ထားနိုင်၏၊ တောင့်ထားနိုင်၏၊ ထောက်ပံ့ထားနိုင်၏၊ ခိုင်ခံ့စေ၏၊ (ဣရိယာပုထ် အသစ်ကိုကား မဖြစ်စေနိုင်။)

၃။ ဝုဋ္ဌော (= မနောဒွါရာဝဇ္ဇန်း), ကာမဇော (၂၉), အဘိညာဏ်ဇော [(၃၂)မျိုးသော စိတ်တို့] တို့သည်ကား..

(က) စိတ္တဇဩဇဋ္ဌမကရုပ်ကိုလည်း ဖြစ်စေနိုင်ကုန်၏၊
( ခ ) ဖြစ်ပြီး ဣရိယာပုထ်ကိုလည်း ခိုင်ခံ့စေနိုင်ကုန်၏၊
( ဂ ) ဝိညတ်ရုပ် နှစ်မျိုးကိုလည်း ဖြစ်စေနိုင်ကုန်၏ = ဣရိယာပထရုပ်အသစ်ကိုလည်း ဖြစ်စေနိုင်ကုန်၏၊

[၁၃၈] ဤသတ်မှတ်ချက်အရ ဣရိယာပထရုပ်ကို ဖြစ်စေနိုင်သော စိတ်တို့ကြောင့် ဖြစ်ကုန်သော ဣရိယာပထရုပ် = ဝိညတ်ရုပ် ပါဝင်သော စိတ္တဇရုပ်ကလာပ် နှစ်မျိုးတို့သည် သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်သော ရုပ်တရားအုပ်စု၌ ပါဝင်ကြ၏၊ ကြွင်းကျန်သော စိတ်တို့ကြောင့် ဖြစ်ကုန်သော စိတ္တဇဩဇဋ္ဌမကရုပ်တရားတို့သည်ကား အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေသော ရုပ်တရားအုပ်စု၌ ပါဝင်ကြ၏၊ ထို့ကြောင့် စိတ္တဇရုပ်တို့သည် နှစ်ဘက်လုံး၌ တည်ရှိနေကြခြင်းဖြစ်၏၊ ဤဣရိယာပထပိုင်းရှုကွက်၌ ပြဓာန်းသော ပဓာနဖြစ်သော ဣရိယာပထရုပ် (= ဝိညတ်ရုပ်) ပါဝင်သော ရုပ်တရားတို့ကား ခန္ဓာအိမ်ဟု ခေါ်ဆိုသမုတ်အပ်သော စတုသမုဋ္ဌာနိကရုပ်တရားစုတို့ကို သွားသောအခြင်းအရာအားဖြင့် ဖြစ်အောင် သယ်ဆောင်တတ်သော ရုပ်တရားတို့တည်း။ သို့သော် တကယ်တမ်း သယ်ဆောင်နေသည်ကား မဟုတ်ပေ၊ သယ်ဆောင်သော အခြင်းအရာအားဖြင့် ဖြစ်နေသည်ဟု ထင်ရလောက်အောင် ရုပ်တရားတို့ကို နေရာအသစ်အသစ်၌ အဆက်မပြတ် ရှေ့နှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဆက်ကာဆက်ကာ ပြောင်းရွှေ့ဖြစ်စေမှုကို ဆိုလိုပေသည်။ အကြောင်းမူ ပရမတ်တရားတို့ကား တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ဖြစ်ရိုး ဓမ္မတာမရှိဘဲ ဖြစ်သည့်နေရာ၌သာ ပျက်သွားသောကြောင့်တည်း။ သို့သော် ကံ-စိတ်-ဥတု-အာဟာရတည်းဟူသော အကြောင်းတရားတို့၏ ကျေးဇူးပြုပေးမှု အရှိန်အဝါမကုန်သေး၍ အကြောင်းတရားတို့က ကျေးဇူးပြုပေးမှုကြောင့် နောက်ထပ် အသစ်အသစ် ရှေ့နှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဆက်ကာဆက်ကာ ဖြစ်နေသော ရုပ်တရားတို့သည် နေရာအဟောင်းအဟောင်း၌ ထပ်၍ မဖြစ်တော့ဘဲ နေရာအသစ်အသစ်၌သာ ပြောင်းရွှေ့ဖြစ်ကြသည်။ ထိုသို့ နေရာအသစ်အသစ်၌ ရှေ့နှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဆက်ကာဆက်ကာ အဆက်မပြတ် ဖြစ်မှုကား ဣရိယာပထရုပ် = ကာယဝိညတ်ပါဝင်သော သယ်ဆောင်တတ်သော ကာယဝိညတ္တိနဝကကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ် ရုပ်တရားတို့တွင် ပါဝင်သော ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲလျက်ရှိသော မဟာဘုတ်တို့၏ စွမ်းအင်တည်း။ ယင်းသယ်ဆောင်တတ်သော ရုပ်တရားတို့တွင် ပါဝင်သော ကာယဝိညတ်ရုပ်က စိတ်၏ အလိုအတိုင်း ဖြစ်လိုသည့်နေရာ၌ အသစ်အသစ် ဥပါဒ်ရန် ပဲ့ကိုင်ပေးလျက် ရှိ၏၊

မိမိရရှိထားပြီးသည့် သမာဓိကို စတုတ္ထစျာန်သို့ ဆိုက်အောင် အဆင့်ဆင့် ထူထောင်ပါ။ လင်းရောင်ခြည် စွမ်းအင်များသည် ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပလာသောအခါ ဓာတ်ကြီးလေးပါးကို ပြည်တည်၍ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို သိမ်းဆည်းပါ = ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ထိုနောင် ဘဝင်မနောအကြည်ကို သိမ်းဆည်း၍ သွားလိုသော စိတ်ကို မြင်အောင် ရှုပါ၊ အနည်းငယ် သွားကြည့်ပါ၊ ယင်းသွားလိုသော စိတ်ကြောင့် ကာယဝိညတ္တိနဝကကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ်ရုပ်တရားတို့ ဖြစ်ပေါ်လာပုံကို မြင်အောင်ရှုပါ။ ယင်းရုပ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းပါ။ ယင်းရုပ်တရားတို့ကား ဣရိယာပထရုပ်တရားတို့တည်း။ ယင်းရုပ်တရားတို့တွင် သဘာဝသတ္တိစွမ်းအင်လွန်ကဲနေသော ဝါယောဓာတ်နှင့် တကွသော ဘူတရုပ် ဓာတ်ကြီးလေးပါးကြောင့် သွားနေသည့် ကိုယ်အမူအရာ ကာယဝိညတ်ရုပ် ဖြစ်ပေါ်လာပုံကို မြင်အောင်ရှုပါ။

သဘောပေါက်ပါက ယင်း ကာယဝိညတ္တိနဝကကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ် ဟူသော သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေကြသော ပဓာနပြဓာန်းသော ရုပ်တို့ကို ဦးစားပေး၍ ဆက်လက် သိမ်းဆည်းပါ။ ဉာဏ်ထက်မြက်လာသောအခါ အပ္ပဓာနဖြစ်သည့် မပြဓာန်းသော အသယ်ဆောင်ခံရသော အခြင်းအရာ အားဖြင့် ဖြစ်နေကြသော (၆)ဒွါရ (၄၂)ကောဋ္ဌာသ၌ တည်ရှိသော စတုသမုဋ္ဌာနိကရုပ်တရားတို့ကို ဆက်လက် သိမ်းဆည်းပါ။ သယ်ဆောင်တတ်သော ရုပ်, အသယ်ဆောင်ခံရသော ရုပ် - ဤနှစ်မျိုးတို့ကို တစ်လှည့်စီ သိမ်းဆည်းနေပါ။ အားလုံးကို ခြုံငုံ၍ သိမ်းဆည်းနိုင်သောအခါ ..

၁။ ဤကား ရုပ်-ရုပ် ဟုလည်းကောင်း, သို့မဟုတ်
၂။ ရုပ်တရား ရုပ်တရား ဟုလည်းကောင်း, သို့မဟုတ်
၃။ ရုပ် ရုပ် ဟုလည်းကောင်း သိမ်းဆည်းနေပါ။ ရပ်ရာ ထိုင်ရာ လျောင်းရာတို့၌လည်း နည်းတူ ရှုပါ။

နောက်တစ်နည်း ရှုကွက် ညွှန်ကြားချက်

သို့သော် ဣရိယာပထ ရှုကွက်ကား မပြီးဆုံးသေးပါ။ ဣရိယာပထရှုကွက် တစ်မျိုးကို ဘုရားရှင်သည် ထပ်မံ၍ ဟောကြားထားတော်မူပြန်သည်။ ယင်းဒေသနာတော်မှာ အောက်ပါအတိုင်းပင် ဖြစ်၏ ..။

''ထိုရဟန်းတို့၏ ရူပကာယ (= ရုပ်တရားအပေါင်း)သည် အကြင် အကြင် အမူအရာအားဖြင့် ထားအပ်၏ = တည်ရှိနေ၏ = ဖြစ်နေ၏၊ ထိုရူပကာယ (= ရုပ်တရားအပေါင်း)ကို ထိုထို ထားအပ်သော = တည်ရှိနေသော = ဖြစ်နေသော အမူအရာအားဖြင့် ကွဲကွဲပြားပြား သိ၏ = ကွဲကွဲပြားပြား သိအောင်ရှုပါ။''[၁၃၉]

ဤရှုကွက်၏ ဆိုလိုရင်း သဘောတရားကို အဋ္ဌကထာ ဋီကာ ဆရာတော်တို့က အောက်ပါအတိုင်း ဖွင့်ဆို ထားတော်မူ၏၊

ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတိ = ထိုရဟန်း၏ ရူပကာယ = ရုပ်တရားအပေါင်းသည် အကြင်အကြင် အမူအရာအားဖြင့် ထားအပ်၏ = တည်ရှိနေ၏ = ဖြစ်နေ၏၊ ထိုရူပကာယ = ရုပ်တရားအပေါင်းကို ထိုထို ထားအပ်သော = တည်ရှိနေသော = ဖြစ်နေသော အမူအရာအားဖြင့် ကွဲကွဲပြားပြား သိ၏ = ကွဲကွဲပြားပြားသိအောင် ရှုပါ – ဟူသော ဤဒေသနာတော်သည်ကား ဣရိယာပုထ် လေးမျိုးလုံးကို သိမ်းကျုံးရေတွက်၍ ညွှန်ကြားတော်မူသော ဒေသနာတော် ဖြစ်၏၊ ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ = သွားလျှင် သွား၏ဟု ကွဲကွဲပြားပြား သိ၏ .. ဤသို့ စသည်ဖြင့် ရှေးပိုင်း ဣရိယာပထရှုကွက်တွင် ဣရိယာပုထ် တစ်မျိုးစီ တစ်မျိုးစီ၏ ရှုကွက်ကို ဟောကြားထားတော်မူသောကြောင့် - ယထာ ယထာ ဝါ ပနဿ ... စသော ဤ နောက်ရှုကွက်ဒေသနာတော်သည် ထိုဣရိယာပုထ် လေးပါးလုံးကို တစ်ပေါင်းတည်း သိမ်းကျုံး၍ ပြန်လည်ဟောကြားထားတော်မူသော ဒေသနာတော်ပင် ဖြစ်၏၊

ထိုကြောင့် ဤဒေသနာတော်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏၊ အကြင် အကြင်သို့သော အခြင်းအရာအားဖြင့် ထိုယောဂါဝစရ ရဟန်းတော်၏ ရူပကာယ = ရုပ်တရားအပေါင်းသည် တည်ရှိနေ၏၊ ထိုထို တည်နေတိုင်းသော အခြင်းအရာအားဖြင့် ထိုရူပကာယ = ရုပ်တရားအပေါင်းကို ကွဲကွဲပြားပြား သိအောင် ရှုပါ၊ သွားသော အခြင်းအရာ အားဖြင့် တည်နေသော ရူပကာယ = ရုပ်တရားအပေါင်းကို သွား၏ဟု ကွဲကွဲပြားပြား သိအောင် ရှုပါ။ ရပ်သော ထိုင်သော လျောင်းသော အခြင်းအရာအားဖြင့် တည်နေသော ရူပကာယ = ရုပ်တရားအပေါင်းကိုလည်း ရပ်၏ ထိုင်၏ လျောင်း၏ဟု ကွဲကွဲပြားပြား သိအောင် ရှုပါ။ ဤကား ဆိုလိုရင်းတည်း။[၁၄၀]

ဋီကာဆရာတော်၏ အဖွင့်တစ်မျိုး

ယင်းဋီကာ[၁၄၁]၏ ဆိုလိုရင်းမှာ ဤသို့တည်း။

ဘုရားရှင်သည် –– ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ = သွားလျှင်သွား၏ဟု ကွဲကွဲပြားပြား သိပါ ... ဤသို့ စသည်ဖြင့် ဤဣရိယာပထရှုကွက် ရှေ့နည်းကို ဣရိယာပထရုပ် အမည်ရသော ကာယဝိညတ္တိ ပါဝင်သော သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေကြသော ရုပ်တရားတို့ကို ပဓာနထား၍ ဟောကြားထားတော် မူခဲ့၏၊

အမူအရာအားဖြင့် ကွဲကွဲပြားပြား သိ၏ = ကွဲကွဲပြားပြား သိအောင် ရှုပါ - ဟု ဒုတိယနည်းကို ထပ်မံ ဟောကြား ထားတော်မူ၏၊

ယင်းနည်း၌ အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေကြသော စတုသမုဋ္ဌာနိက ရုပ်တရား အပေါင်းကား အပ္ပဓာန = မပြဓာန်းပေ။ သို့သော် သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေကြသော ပဓာန = ပြဓာန်းသော ဣရိယာပထရုပ်တို့ကို ပဓာနထား၍ ဦးစားပေး၍ ရှုနေပါက အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေကြသော အပ္ပဓာန = မပြဓာန်းသော စတုသမုဋ္ဌာနိက ရုပ်တရားအပေါင်းကို သိမ်းဆည်း ရှုပွားခြင်း ကိစ္စသည်လည်း အစဉ်လိုက်၍ ပြီးစီးနိုင်၏၊

တစ်ဖန် –– ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတိ = ထိုရဟန်း၏ ရူပကာယ = ရုပ်တရားအပေါင်းသည် အကြင်အကြင် အမူအရာအားဖြင့် ထားအပ်၏ = တည်ရှိနေ၏ = ဖြစ်နေ၏၊ ထိုရူပကာယ = ရုပ်တရားအပေါင်းကို ထိုထို ထားအပ်သော = တည်ရှိနေသော = ဖြစ်နေသော အမူအရာအားဖြင့် ကွဲကွဲပြားပြား သိ၏ = ကွဲကွဲပြားပြား သိအောင် ရှုပါ - ဟု ဒုတိယနည်းကို ထပ်မံ ဟောကြား ထားတော်မူ၏။

ဤဒုတိယနည်း၌ကား အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေကြသော စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းကိုလည်း ပဓာနထား၍ တစ်ဖန် ရှုပွားသိမ်းဆည်းရန် ညွှန်ကြားထားတော်မူ၏၊ ယင်း စတုသမုဋ္ဌာနိက ရူပကာယ = ရုပ်တရားအပေါင်းတို့ကား ဤဒုတိယနည်း၌ ပဓာနထား၍ ရှုရမည့် ပြဓာန်းသော ရုပ်တရားတို့ ဖြစ်ကြ၏၊ သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေကြသော ဣရိယာပထရုပ်တရားတို့ကား ဤဒုတိယနည်း၌ မပြဓာန်းသော ရုပ်တရားတို့ ဖြစ်ကြ၏၊

အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေကြသော ယင်း စတုသမုဋ္ဌာနိက ရုပ်တရားတို့ကို ပဓာန ထား၍ ရှုပွားသိမ်းဆည်းပါက အပ္ပဓာနဖြစ်သော မပြဓာန်းသော သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေကြသော ဣရိယာပထရုပ်တရားတို့ကို သိမ်းဆည်းရှုပွားခြင်း ကိစ္စသည်လည်း အစဉ်လိုက်၍ ပြီးစီးနိုင်၏၊ ဤသို့သော ရှုပွားပုံနည်းစနစ်များကို ညွှန်ကြားတော်မူလိုသည့်အတွက် –– ယထာ ယထာ ဝါ ပနဿ ... စသော ဤ ဒုတိယနည်း ရှုကွက်ကို ဘုရားရှင်သည် ထပ်မံ၍ ဟောကြားတော်မူပြန်သည်။ ဤကား နည်းနှစ်မျိုးတို့၏ ထူးခြားချက်ပင်တည်း။[၁၄၁] (ဤကား ဋီကာစကားရပ်၏ ဆိုလိုရင်းတည်း။)

ထို့ကြောင့် ယောဂီသူတော်ကောင်းသည် ..

၁။ သွားလျှင်လည်း ပဓာန-အပ္ပဓာန ရုပ်တရားတို့ကို ကွဲကွဲပြားပြား သိအောင် ရှုပါ။
၂။ ရပ်လျှင်လည်း ပဓာန-အပ္ပဓာန ရုပ်တရားတို့ကို ကွဲကွဲပြားပြား သိအောင် ရှုပါ။
၃။ ထိုင်လျှင်လည်း ပဓာန-အပ္ပဓာန ရုပ်တရားတို့ကို ကွဲကွဲပြားပြား သိအောင် ရှုပါ။
၄။ လျောင်းလျှင်လည်း ပဓာန-အပ္ပဓာန ရုပ်တရားတို့ကို ကွဲကွဲပြားပြား သိအောင် ရှုပါ။
ဤရုပ်တရားတို့ကား ရူပက္ခန္ဓာတည်း၊ ရုပ်တရားအစုတည်းဟု မှတ်သားထားပါ။

လောကူပမာကို ဆောင်ရသော်

နှိုင်းခိုင်းဖွယ်ရာ လောကူပမာတစ်ခုကို နားလည်လွယ်အောင် ဆောင်ပြရသော် .. ယောက်ျားတစ်ဦးသည် ဆန်အိတ် တစ်အိတ်ကို သယ်ဆောင်လာသည် ဆိုကြပါစို့။ ပကတိမျက်စိအမြင် ဉာဏ်မျက်စိအမြင်ဟူသော မျက်စိ အမြင် နှစ်မျိုးရှိသော ယောက်ျားသည် ဆန်အိတ်ကို သယ်ဆောင်တတ်သော ယောက်ျားကို စူးစူးစိုက်စိုက် ကြည့်ရှု နေပါက အသယ်ဆောင်ခံရသော ဆန်အိတ်ကိုလည်း အစဉ်လိုက်၍ မြင်လာနိုင်၏၊ တစ်ဖန် အသယ်ဆောင်ခံရသော ဆန်အိတ်ကို စူးစူးစိုက်စိုက် လိုက်၍ ကြည့်ရှုနေပါက ယင်းဆန်အိတ်ကို သယ်ဆောင်တတ်သော ယောက်ျားကိုလည်း အစဉ်လိုက်၍ မြင်လာနိုင်၏၊ ယောက်ျားနှင့် သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေသော ဣရိယာပထ ရုပ်တရားတို့ ပါဝင်သော ကာယဝိညတ္တိနဝကကလာပ် ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ် ရုပ်တရားတို့ကား တူ၏၊ အသယ်ဆောင်ခံရသော ဆန်အိတ်နှင့် အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေကြသော စတုသမုဋ္ဌာနိက ရုပ်တရားတို့ကား တူ၏၊ ဤဥပမာအတူပင် ယောဂါဝစရပုဂ္ဂိုလ်သည် သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေကြသော ရုပ်တရားတို့ကို ပဓာနထား၍ သိမ်းဆည်းရှုပွားနေပါက အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေကြသော စတုသမုဋ္ဌာနိကရုပ်တရားတို့ကို သိမ်းဆည်းခြင်း ရှုပွားခြင်းသည်လည်း အစဉ်လိုက်၍ ပြီးစီးလာနိုင်၏၊ ဣရိယာပထ ပထမနည်းရှုကွက် ဖြစ်၏၊ တစ်ဖန် အသယ်ဆောင်ခံရသော အခြင်းအရာ အားဖြင့် ဖြစ်နေကြသော စတုသမုဋ္ဌာနိက ရုပ်တရားတို့ကို ပဓာနထား၍ သိမ်းဆည်းရှုပွားနေပါကလည်း သယ်ဆောင် တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေကြသော ဣရိယာပထရုပ် ဝိညတ်ရုပ် ပါဝင်သော ရုပ်တရားတို့ုကို သိမ်းဆည်း ရှုပွားခြင်းသည်လည်း အစဉ်လိုက်၍ ပြီးစီးပြည့်စုံနိုင်၏၊ ဤရှုကွက်ကား - ယထာ ယထာ ဝါ ပနဿ... စသည်ဖြင့် ဟောကြားထားတော်မူအပ်သော ဣရိယာပထ ဒုတိယနည်းရှုကွက် ဖြစ်သည်။

ဤဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်သည့်တိုင်အောင် သိမ်းဆည်း ရှုပွားလိုသော ယောဂီသူတော်ကောင်းသည် ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ လာရှိသော ညွှန်ကြားချက်များကို ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်လျက် လိုက်နာပြုကျင့်သင့်လှပေသည်။ ပညာရှိသော်လည်း သတိဖြစ်ခဲလှ၏၊ သတိမမူ ဂူမမြင် ရှိတတ်၏၊ သတိရှိစေ။

အလားတူ ရှုကွက်များ

၁။ ရှေ့သို့တက်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၂။ နောက်သို့ဆုတ်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၃။ တည့်တည့်ကြည့်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၄။ စောင်းငဲ့ကြည့်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၅။ လက်-ခြေတို့ကို ကွေးရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၆။ လက်-ခြေတို့ကို ဆန့်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၇။ ဒုကုဋ်သင်္ကန်းကို ကိုင်ဆောင်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၈။ သပိတ်ကို ကိုင်ဆောင်ရာ၌ ပဓာန-အပ္ပဓာနရုပ်တရား,
၉။ သင်းပိုင်နှင့် ကိုယ်ဝတ်သင်္ကန်းကို ကိုင်ဆောင်ရာ၌ ပဓာန-အပ္ပဓာနရုပ်တရား,
၁၀။ စားရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၁။ သောက်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၂။ ခဲဖွယ်ကို ခဲရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၃။ လျက်ဖွယ်ကို လျက်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၄။ ကျင်ကြီးစွန့်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၅။ ကျင်ငယ်စွန့်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၆။ သွားရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၇။ ရပ်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၈။ ထိုင်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၁၉။ အိပ်ပျော်ရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၂၀။ အိပ်ရာမှ နိုးလာရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၂၁။ စကားပြောဆိုရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား,
၂၂။ စကားမပြော ဆိတ်ဆိတ်နေရာ၌ ပဓာန-အပ္ပဓာန ရုပ်တရား –

ဤရုပ်တရားတို့ကို သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ဤသို့ ရုပ်တရားတို့ကို သိမ်းဆည်းတတ်ပါက၊ ဉာဏ်ဖြင့် ပိုင်းခြားယူတတ်ပါက နာမ်တရားတို့ကိုလည်း ဆက်လက်ကာ သိမ်းဆည်းရမည်၊ ဉာဏ်ဖြင့် ပိုင်းခြားယူရမည် ဖြစ်ပေသည်။

သမ္ပဇဉ် (၄) ပါး

၁။ သာတ္ထက သမ္ပဇဉ်,
၂။ သပ္ပါယ သမ္ပဇဉ်,
၃။ ဂေါစရ သမ္ပဇဉ်,
၄။ အသမ္မောဟ သမ္ပဇဉ် ––- ဤသို့လျှင် သမ္ပဇဉ် (၄)မျိုး ရှိ၏၊[၁၄၂] 

၁။ သာတ္ထက သမ္ပဇဉ် ––- သံသရာမှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်းစင်စစ် ဧကန်ဖြစ်သည့် ကုသိုလ်တရားတို့ တိုးပွားသည့် လုပ်ငန်းရပ်တို့ကား အကျိုးရှိသော လုပ်ငန်းရပ်တို့တည်း။ အကုသိုလ်တရား တိုးပွားကြောင်း လုပ်ငန်းရပ်တို့ကား အကျိုးမရှိသော လုပ်ငန်းရပ်တို့တည်း။ ဤသို့လျှင် အကျိုးရှိ-မရှိကို ပိုင်းခြားလျက် အကျိုးမရှိသည်ကို စွန့်လွှတ်၍ အကျိုးရှိသည်ကိုသာ ပိုင်းခြားယူတတ်သော လိုက်နာပြုကျင့်သော ဉာဏ်သည် သာတ္ထကသမ္ပဇဉ်ဉာဏ် မည်၏၊

၂။ သပ္ပါယ သမ္ပဇဉ် ––- အကျိုးရှိသည်မှန်သော်လည်း သပ္ပါယ-အသပ္ပါယ = တော်-မတော်ကို ပိုင်းခြားလျက် မတော်သည့်လုပ်ငန်းခွင်ကို စွန့်လွှတ်၍ သင့်တော်သည်ကိုသာ ပိုင်းခြားယူတတ်သော လိုက်နာပြုကျင့်သော ဉာဏ်သည် သပ္ပါယသမ္ပဇဉ်ဉာဏ် မည်၏၊

၃။ ဂေါစရ သမ္ပဇဉ် ––- ဆွမ်းခံ သွားရာ၌ ကမ္မဋ္ဌာန်းကို ဆောင်ခြင်း, ဆွမ်းခံရွာမှ ပြန်လာရာ၌ ကမ္မဋ္ဌာန်းကို ဆောင်ခြင်း စသည်ဖြင့် သမထကမ္မဋ္ဌာန်းသို့မဟုတ် ဝိပဿနာကမ္မဋ္ဌာန်း အာရုံတစ်ခုအတွင်းသို့ ဘာဝနာစိတ်ကို အမြဲ သွတ်သွင်းထားတတ်သော ဉာဏ်သည် ဂေါစရသမ္ပဇဉ်ဉာဏ် မည်၏၊ သမထကမ္မဋ္ဌာန်းတစ်ခုခုကို အမြဲတမ်း ပွားများနေပါက သမထကမ္မဋ္ဌာန်းအာရုံတစ်ခုခုအတွင်းသို့ မိမိ၏ ဘာဝနာစိတ်ကို အမြဲတမ်း သွတ်သွင်းထားတတ်ပါက ဂေါစရသမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံလေပြီ။ အကယ်၍ မိမိက ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ပွားများနိုင်သူအဆင့်သို့ ရောက်ရှိနေသူဖြစ်ပါက ဆွမ်းခံအသွား-အပြန်တို့၌လည်း ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလျက် ပြုကျင့်နေပါက ဂေါစရသမ္ပဇဉ်ဉာဏ်နှင့်လည်း ပြည့်စုံသည် မည်၏၊ အသမ္မောဟသမ္ပဇဉ်ဉာဏ်နှင့်လည်း ပြည့်စုံသည် မည်ပေ၏၊

၄။ အသမ္မောဟ သမ္ပဇဉ် ––- ပရမတ္ထအားဖြင့်ကား ..

ရုပ်ဓာတ်နာမ်ဓာတ် = ရုပ်တရား နာမ်တရားတို့၏သာလျှင် သွားခြင်းတည်း၊
ရုပ်ဓာတ်နာမ်ဓာတ် = ရုပ်တရား နာမ်တရားတို့၏သာလျှင် ရပ်ခြင်းတည်း၊
ရုပ်ဓာတ်နာမ်ဓာတ် = ရုပ်တရား နာမ်တရားတို့၏သာလျှင် ထိုင်ခြင်းတည်း၊
ရုပ်ဓာတ်နာမ်ဓာတ် = ရုပ်တရား နာမ်တရားတို့၏သာလျှင် အိပ်ခြင်းတည်း၊

မှန်ပေသည် ––- ထိုထို သွားခြင်း ရပ်ခြင်း ထိုင်ခြင်း အိပ်ခြင်း ဟူသောကောဋ္ဌာသ၌ ရုပ်တရားနှင့် အတူတကွ အခြားတစ်ပါးသော စိတ်သည် ဖြစ်ပေါ်၍ လာ၏၊ အခြားတစ်ပါးသော စိတ်သည် ချုပ်ပျက်၍ သွား၏၊

ဤသို့လျှင် စိတ်တစ်ခုနှင့် စိတ်တစ်ခု၏ အကြား၌ ခြားကွယ်တတ်သော တစ်စုံတစ်ခုသော တရားမျှ မရှိဘဲ မြစ်ရေအယဉ် တသွင်သွင် အဆက်မပြတ်စီးဆင်းနေသကဲ့သို့ - အကြားအလပ် မရှိအောင် ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ်သော စိတ်အစဉ်သန္တတိသည် ဖြစ်ပေါ်၍ နေ၏၊ ဤသို့လျှင် ရှေ့သို့တက်ခြင်း စသည်တို့၌ မတွေမဝေ သိခြင်းသည် အသမ္မောဟသမ္ပဇဉ်ဉာဏ် မည်၏၊[၁၄၃]

ရုပ်တရားတို့သည် စိတ္တက္ခဏ (၁၇)ချက် သက်တမ်းရှည်ကြသဖြင့် ရုပ်တရားတို့နှင့် အတူ ပြိုင်ဖြစ်သော စိတ်ကား တစ်မျိုးတခြားတည်း။ ယင်းရုပ်တရားတို့နှင့် ပြိုင်၍ ချုပ်သော စိတ်ကား အခြား စိတ်တစ်မျိုးတည်း။ ရုပ်တရား တစ်ခုခုနှင့် ပြိုင်၍ အတူဖြစ်သော စိတ်နှင့် ယင်းရုပ်တရား တစ်ခုခုနှင့်ပင် အတူ ပြိုင်၍ ချုပ်သော စိတ်တို့၏ အကြားတွင် စိတ္တက္ခဏ (၁၅)ချက် ကွာခြားလျက် ရှိ၏၊ ယင်းရုပ်တရား တစ်ခုခုနှင့် အတူ ပြိုင်၍ ဖြစ်သော စိတ်နှင့် ယင်းရုပ်တရား တစ်ခုခုနှင့်ပင် အတူ ပြိုင်၍ ချုပ်သော စိတ်တို့ကိုပါ ထပ်ပေါင်းလိုက်ပါက စိတ္တက္ခဏ (၁၇)ချက် ဖြစ်သည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့လျှင် ထိုထိုဣရိယာပထအခိုက် ထိုထိုသမ္ပဇဉ်အခိုက်တို့၌ ရုပ်နာမ်ပရမတ်တို့ကို သိအောင် မြင်အောင် ရှုရမည် ဖြစ်သည်။ သို့မှသာလျှင် အသမ္မောဟသမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံမည် ဖြစ်ပေသည်။

ဤ အသမ္မောဟသမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံအောင် ယောဂီသူတော်ကောင်းသည် ..

၁။ သွားရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၂။ ရပ်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၃။ ထိုင်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၄။ လျောင်းရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၅။ ရှေ့သို့တက်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၆။ နောက်သို့ဆုတ်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၇။ တည့်တည့်ကြည့်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၈။ စောင်းငဲ့ကြည့်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၉။ လက်ခြေတို့ကို ကွေးရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၁၀။ လက်ခြေတို့ကို ဆန့်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၁၁။ ဒုကုဋ်သင်္ကန်းကို ကိုင်ဆောင်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၁၂။ သပိတ်ကို ကိုင်ဆောင်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၁၃။ သင်းပိုင်-ကိုယ်ဝတ်သင်္ကန်းကို ကိုင်ဆောင်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၁၄။ စားရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၁၅။ သောက်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၁၆။ ခဲဖွယ်ကို ခဲရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၁၇။ လျက်ဖွယ်ကို လျက်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၁၈။ ကျင်ကြီးစွန့်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၁၉။ ကျင်ငယ်စွန့်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၂၀။ သွားရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၂၁။ ရပ်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၂၂။ ထိုင်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၂၃။ အိပ်ပျော်ရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၂၄။ အိပ်ရာမှ နိုးလာရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၂၅။ စကားပြောဆိုရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး,
၂၆။ စကားမပြော ဆိတ်ဆိတ်နေရာ၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါး –

ဤသို့လျှင် ထိုထိုဣရိယာပထရှုကွက် ထိုထိုသမ္ပဇဉ်ပိုင်းဆိုင်ရာရှုကွက်တို့၌ ရုပ်နာမ်နှစ်ပါး = ခန္ဓာငါးပါးတို့ကို သိအောင် ဆက်လက် ရှုပွားရဦးမည်သာ ဖြစ်၏၊ ယင်းသို့ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို စနစ်တကျ ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းနိုင်ပါမှ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှသာလျှင် အသမ္မောဟသမ္ပဇဉ်ဉာဏ်ကို စတင်ရရှိနိုင်မည် ဖြစ်ပေသည်။ သို့သော် ယောဂါဝစရပုဂ္ဂိုလ်သည် အကယ်၍ ခန္ဓာငါးပါးတို့တွင် ရူပက္ခန္ဓာ အမည်ရသော ရုပ်တရားတို့ကို သာလျှင် သိမ်းဆည်းရှုပွားနိုင်သော အဆင့်တွင်သာ ရှိနေသေးသည်ဖြစ်ပါက ထိုထိုဣရိယာပထအခိုက် သမ္ပဇဉ်ပိုင်း ဆိုင်ရာ ရှုကွက်တို့၌ ရုပ်တရားတို့ကိုသာလျှင် = ပဓာန-အပ္ပဓာန ရုပ်တရားတို့ကိုသာလျှင် သိမ်းဆည်းရှုပွား၍ နေပါလေဦး။ အကယ်၍ ခန္ဓာငါးပါးစလုံးတို့ကို သိမ်းဆည်းနိုင် ရှုပွားနိုင်သော အဆင့်သို့ ရောက်ရှိသွားပါက ထိုထို ဣရိယာပထအခိုက် သမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌ ခန္ဓာငါးပါးစလုံးတို့ကိုပင် သိမ်းဆည်း ရှုပွားပါ။

ဤမျှနှင့်ကား မပြီးဆုံးသေးပါ။ ယင်းခန္ဓာငါးပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးသောအခါ ယင်းခန္ဓာငါးပါးတို့၏ အကြောင်းတရားတို့ကို ရှာဖွေသိမ်းဆည်းလျက် အကြောင်းတရားနှင့်တကွသော ယင်းခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရဦးမည်သာ ဖြစ်ပေသည်။ ယင်းသို့ ရှုပွားသုံးသပ်နိုင်ရန်အတွက် ရုပ်ကမ္မဋ္ဌာန်းပိုင်း, နာမ်ကမ္မဋ္ဌာန်းပိုင်း, ပဋိစ္စသမုပ္ပါဒ်ပိုင်း, လက္ခဏာဒိစတုက္ကပိုင်း, ဝိပဿနာပိုင်းဟူသော အပိုင်းကြီးငါးရပ်တို့ကိုလည်း ဆက်လက်ကာ ရေးသားတင်ပြဦးမည်သာ ဖြစ်ပေသည်။

ရှုကွက်လိုရင်း အတိုချုပ် မှတ်သားရန်

ယောဂီသူတော်ကောင်းသည် ..

၁။ အာနာပါနကဲ့သို့သော သမထကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများခိုက်ဖြစ်လျှင် သွားခြင်း ရပ်ခြင်း ထိုင်ခြင်း လျောင်းခြင်း ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း စသော ထိုထို ဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့၌လည်း ယင်း သမထ ကမ္မဋ္ဌာန်းကိုပင် ဆက်လက်၍ ပွားများအားထုတ်နေပါ။ ယင်းသို့ အားထုတ်နိုင်ပါက ဂေါစရသမ္ပဇဉ်နှင့် ပြည့်စုံလေပြီ။

၂။ ဓာတ်ကမ္မဋ္ဌာန်းကို ပွားများခိုက်ဖြစ်လျှင် ဓာတ်တစ်ပါးကို ရှုနေခိုက် ဓာတ်နှစ်ပါးကို ရှုနေခိုက် ဓာတ်သုံးပါးကို ရှုနေခိုက် ဓာတ်ကြီးလေးပါးလုံးကို ရှုနေခိုက်ဖြစ်လျှင် ထိုထို ဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့၌လည်း ဓာတ်တစ်ပါးကို, ဓာတ်နှစ်ပါးကို, ဓာတ်သုံးပါးကို, ဓာတ်ကြီးလေးပါးလုံးကိုပင် ရှုနေပါ။

၃။ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းနိုင်သောအခါ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ ထိုထိုဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့၌လည်း ပဓာန-အပ္ပဓာန ဖြစ်သော ရုပ်တရားတို့ကို (= သယ်ဆောင်တတ်သော အခြင်းအရာအားဖြင့် ဖြစ်နေသော ရုပ်တရား အသယ်ဆောင်ခံရသော အခြင်းအရာအားဖြင့် ဖြစ်နေသော ရုပ်တရားတို့ကို) တစ်လှည့်စီ ဦးစားပေးကာ သိမ်းဆည်း၍ ယင်းပဓာန-အပ္ပဓာန ရုပ်တရားအားလုံးကိုပင် ခြုံငုံ၍ သိမ်းဆည်းရှုပွားနေပါ။ ထိုသို့ ရှုပွားတတ်ရေးအတွက် ရုပ်ကမ္မဋ္ဌာန်းပိုင်းကိုလည်း ဆက်လက်ကာ ရေးသားတင်ပြဦးမည်သာ ဖြစ်ပေသည်။

ရုပ်ကမ္မဋ္ဌာန်းပိုင်းကို တင်ပြရာ၌ မဟာသတိပဋ္ဌာနသုတ္တန် ကာယာနုပဿနာသတိပဋ္ဌာန်ပိုင်း၌ လာရှိသော ဓာတုမနသိကာရအခန်းဝယ် ဟောကြားထားတော်မူသည့် ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း ရှုကွက်ကို ဦးတည်ကာ ရုပ်တရားများကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပွားပုံနည်းစနစ်များကို အသေးစိတ် ဖော်ပြသွားမည် ဖြစ်ပေသည်။ အလားတူပင် (၃၂)ကောဋ္ဌာသ သို့မဟုတ် (၄၂)ကောဋ္ဌာသတို့၌ ဓာတ်ကမ္မဋ္ဌာန်းအကျယ် ရှုပွားပုံ နည်းစနစ်တို့ကိုလည်း ပူးတွဲကာ တင်ပြသွားမည် ဖြစ်ပေသည်။

တစ်ဖန် ယင်း ဣရိယာပထရုပ် သမ္ပဇညရုပ်တို့ကို ဖြစ်ပေါ်စေတတ်သော မနောဒွါရိက ဇောဝီထိစိတ်အစဉ် ဟူသော နာမ်တရားတို့ကိုလည်း ယောဂါဝစရပုဂ္ဂိုလ်သည် ဆက်လက်၍ သိမ်းဆည်းရဦးမည်သာ ဖြစ်၏၊ ထိုသို့ သိမ်းဆည်းတတ်ရေးအတွက် နာမ်ကမ္မဋ္ဌာန်းပိုင်းကိုလည်း ဆက်လက်ကာ တင်ပြဦးမည်သာ ဖြစ်ပေသည်။

တစ်ဖန် ထိုရုပ်နာမ်ပရမတ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှင်းရှင်းလင်းလင်း သိမြင်ရေးအတွက် အာနာပါနစတုတ္ထစျာန်ကဲ့သို့သော စျာန်သမာဓိများကို ထူထောင်လိုသူတို့အတွက် သမထကမ္မဋ္ဌာန်းပိုင်းကိုလည်း ''လုပ်ငန်းခွင်အပိုင်း''တွင် ရှေးဦးစွာ ရေးသားတင်ပြမည် ဖြစ်ပေသည်။

အထူးတလည် ထပ်မံ၍ သတိပေးလိုသော အချက်တစ်ရပ်မှာ ဘုရားရှင်သည် ကာယာနုပဿနာသတိပဋ္ဌာန် ပိုင်းကို အခန်းပေါင်း (၁၄)ခန်းတို့ဖြင့် တန်ဆာဆင်ကာ အခန်းတိုင်း၌ ဝိပဿနာရှုကွက်ကို အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သည့်အထိ ဟောကြားထားတော်မူခဲ့၏၊ သို့သော် နိဗ္ဗာန်သို့ သွားရာ လမ်းမှာ တစ်ကြောင်းတည်းသော လမ်းသာ ရှိသဖြင့် ယင်းကာယာနုပဿနာပိုင်းဆိုင်ရာ အခန်း (၁၄)ခန်းတို့၌ ဝိပဿနာပိုင်းဆိုင်ရာ ရှုကွက်တို့ကား အာနာပါနအခန်း၌ တင်ပြခဲ့သည့် ဝိပဿနာရှုကွက်နှင့် အားလုံးတူညီလျက်ပင် ရှိကြပေသည်။

ဝေဒနာနုပဿနာသတိပဋ္ဌာန်ပိုင်း

ဤ ဝေဒနာနုပဿနာသတိပဋ္ဌာန်ပိုင်း၌ ဝေဒနာနုပဿနာခန်းဟု အခန်း (၁)မျိုးသာ ရှိပေသည်။ ယင်း အခန်း၌ ––

၁။ သုခဝေဒနာ
၂။ ဒုက္ခဝေဒနာ
၃။ အဒုက္ခမသုခဝေဒနာ (= ဥပေက္ခာဝေဒနာ) ဟု – သာမန်အားဖြင့် ဝေဒနာ (၃)မျိုး၊

ကာမဂုဏ်နှင့် ဆက်စပ်နေသော ..
၁။ သုခဝေဒနာ
၂။ ဒုက္ခဝေဒနာ
၃။ အဒုက္ခမသုခဝေဒနာ (= ဥပေက္ခာဝေဒနာ) ဟု – ဝေဒနာ (၃)မျိုး၊

ကာမဂုဏ်နှင့် မဆက်စပ်သော ကာမဂုဏ်မှ ထွက်မြောက်ကြောင်း နေက္ခမ္မဓာတ်နှင့် ဆက်စပ်နေသော ..
၁။ သုခဝေဒနာ
၂။ ဒုက္ခဝေဒနာ
၃။ အဒုက္ခမသုခဝေဒနာ (= ဥပေက္ခာဝေဒနာ) ဟု – ဝေဒနာ (၃)မျိုး ––

ဤသို့အားဖြင့် ဤ (၉)မျိုးသော ဝေဒနာတို့ကို စတင် ရှုပွားသိမ်းဆည်းရန် ဘုရားရှင် ညွှန်ကြားထားတော်မူ၏၊

အဋ္ဌကထာများ၏ ရှင်းလင်းချက်

ဤအရာ၌ အဋ္ဌကထာများ[၁၄၄]က ဝေဒနာနုပဿနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုသော ယောဂါဝစရ ပုဂ္ဂိုလ်သည် .. ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ–– ရုပ်ကမ္မဋ္ဌာန်းကို ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီး သိမ်းဆည်းထားပြီး ရှုပွားထားပြီး ဖြစ်ရမည်ဟု ဖွင့်ဆိုထားတော်မူကြ၏၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၁၄၅]ကလည်း ရုပ်ကမ္မဋ္ဌာန်းကို ကောင်းမွန် စင်ကြယ်စွာ သိမ်းဆည်း ရှုပွားပြီးမှသာလျှင် နာမ်တရားကို ဝေဒနာကစ၍ဖြစ်စေ ဝိညာဏ်ကစ၍ဖြစ်စေ ဖဿကစ၍ ဖြစ်စေ သိမ်းဆည်းရှုပွားရန် ညွှန်ကြားထားတော်မူ၏၊ သို့အတွက် ဝေဒနာနုပဿနာကမ္မဋ္ဌာန်းကို ပွားများ အားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကမ္မဋ္ဌာန်းကို အစတည်ကာ ရုပ်တရားတို့ကို အသိဉာဏ်၌ စင်စင်ကြယ်ကြယ် သန့်သန့်ရှင်းရှင်းဖြင့် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရှေးဦးစွာ သိမ်းဆည်းရှုပွားထားပါ။ အကြောင်းမှာ ဤသို့ ဖြစ်၏ ..။

အရှင်သာရိပုတြာကိုယ်တော်မြတ်ကြီးသည် စျာန်နာမ်တရားတို့ကို ဝိပဿနာရှုရာ၌ စျာန်နာမ်တရား တစ်လုံးစီ တစ်လုံးစီ၏ ဥပါဒ်-ဌီ-ဘင် (= ဖြစ်-တည်-ပျက်) ကို ရှင်းရှင်းလင်းလင်း မြင်အောင် ကြည့်လျက် အနုပဒဓမ္မ ဝိပဿနာနည်းဖြင့် ယင်းစျာန်နာမ်တရား တစ်လုံးစီ တစ်လုံးစီကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားနိုင်ကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင်က ထုတ်ဖော်ကာ အနုပဒသုတ္တန်[၁၄၆]တွင် ဟောကြားထားတော်မူသည်။ ယင်းအနုပဒသုတ္တန်အဋ္ဌကထာ[၁၄၇]ကလည်း ထိုသို့ရှုပွားနိုင်ခြင်းမှာ ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ –– ယင်းနာမ်တရား တို့၏ မှီရာဝတ္ထုရုပ်နှင့် ဆိုင်ရာဆိုင်ရာအာရုံတို့ကို ပူးတွဲသိမ်းဆည်းပြီးပါမှ စျာန်နာမ်တရားကဲ့သို့သော နာမ်တရားများကို သိမ်းဆည်းရှုပွားသောကြောင့်သာ ထိုကဲ့သို့ အနုပဒဓမ္မ ဝိပဿနာနည်းဖြင့် ဝိပဿနာရှုပွားသုံးသပ်နိုင်ကြောင်းကို ရှင်းလင်းတင်ပြထားတော်မူ၏၊ ထိုကြောင့် နာမ်တရားကို သိမ်းဆည်းရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ သိမ်းဆည်းရှုပွားလိုသော နာမ်တရားတို့၏ မှီရာ ဝတ္ထုရုပ်နှင့် ဆိုင်ရာ ဆိုင်ရာ အာရုံရုပ်တရားတို့ကို၊ အကယ်၍ မိမိရှုပွားလိုသော နာမ်တရားတို့မှာ စျာန်နာမ်တရားများ ဖြစ်ခဲ့လျှင်လည်း ယင်းစျာန်နာမ်တရားတို့၏ မှီ၍ဖြစ်ရာ ဟဒယဝတ္ထုရုပ်နှင့် သို့မဟုတ် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရနှင့် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော ဆိုင်ရာဆိုင်ရာ အာရုံတို့ကို ပူးတွဲ သိမ်းဆည်းနိုင်ပါမှသာလျှင် ယင်းနာမ်တရားတို့ကို သိမ်းဆည်းရှုပွား၍ ရရှိနိုင်မည် ဖြစ်ပေသည်။ ထိုကြောင့် ဝေဒနာနုပဿနာကမ္မဋ္ဌာန်းကဲ့သို့သော နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းရှုပွားထားပြီး ဖြစ်ရမည်ဟု အဋ္ဌကထာများက ညွှန်ကြားထားတော် မူခြင်း ဖြစ်ပေသည်။

ဖဿပဉ္စမကတရား

တစ်ဖန် .. ဝေဒနာကို သိမ်းဆည်းရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝေဒနာတစ်ခုတည်းကိုသာ သိမ်းဆည်းရှုပွားရသည်မဟုတ်သေး၊ ထိုဝေဒနာနှင့် အတူယှဉ်တွဲ ဖြစ်ပေါ်နေသည့် ထိုဝေဒနာ၏ အာရုံကိုပင် တွေ့ထိသော အခြင်းအရာအားဖြင့်ဖြစ်သော ဖဿ၊ ထိုအာရုံကိုပင် မှတ်သားတတ်သော သညာ၊ ထိုအာရုံပေါ်သို့ ယှဉ်ဖက် စိတ်စေတသိက် သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးသည့် စေတနာ၊ ထိုအာရုံကို ပိုင်းပိုင်း ခြားခြား သိတတ်သည့် ဝိညာဏ် - ဤ ဖဿလျှင် ငါးခုမြောက်ရှိသည့် ဖဿပဉ္စမကတရားတို့ကို သိမ်းဆည်း ရှုပွားရမည်ဟု အဋ္ဌကထာများ[၁၄၄]က ထပ်မံ ညွှန်ကြားထားတော်မူကြပြန်၏၊

ဤတွင် မဟာသတိပဋ္ဌာနသုတ္တန်ဋီကာက[၁၄၈] ဤသို့ ထပ်မံ ရှင်းလင်းတင်ပြထားတော်မူ၏၊ ဤ ဖဿပဉ္စမက တရားငါးပါးတို့သည် စိတ်တိုင်း စိတ်တိုင်း၌ အမြဲယှဉ်တွဲနေသည့် စိတ်အားလုံးတို့နှင့် အမြဲတမ်းဆက်ဆံနေသည့် သဗ္ဗစိတ္တသာဓာရဏစေတသိက်တို့ ဖြစ်ခြင်းကြောင့် ယင်းတရားငါးပါးကို ဦးတည်ကာ ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏၊ ယင်းတရားငါးပါးကို သိမ်းဆည်းရှုပွားရလျှင် နာမ်ခန္ဓာ (၄)ပါးစလုံးကို သိမ်းဆည်းရှုပွားရမည်ဟုသာ မှတ်သားပါ။ ထို ဖဿပဉ္စမကတရားငါးပါးတို့တွင် ဝေဒနာကား ဝေဒနာက္ခန္ဓာ၊ သညာကား သညာက္ခန္ဓာ၊ ဖဿနှင့် စေတနာတို့ကား သင်္ခါရက္ခန္ဓာ၊ အသိစိတ် ဝိညာဏ်ကား ဝိညာဏက္ခန္ဓာ – ဤသို့လျှင် နာမ်ခန္ဓာ (၄)ပါး ဖြစ်သည်။ ထိုတွင် သင်္ခါရက္ခန္ဓာ၌ ဖဿနှင့် စေတနာကို တိုက်ရိုက်ယူကာ ဖွင့်ဆိုလိုက်သဖြင့် ထို ဖဿ စေတနာတို့နှင့် သင်္ခါရက္ခန္ဓာ စာရင်းဝင်ချင်း တူညီနေကြသည့် ကျန်စေတသိက် (၄၈)လုံးတို့ကိုလည်း သိမ်းကျုံးရေတွက်ယူရမည် ဖြစ်သည်။ အကြောင်းမှာ ထိုသင်္ခါရက္ခန္ဓာတရားစုတို့တွင် စေတနာကား ပဓာနပြဓာန်းသောတရား ဖြစ်သောကြောင့် ဖြစ်၏။ ဘုရားရှင် ကိုယ်တော်တိုင်က ခန္ဓဝိဘင်းပါဠိတော်ဝယ် သုတ္တန္တဘာဇနီယနည်း [၁၄၉] ၌ သင်္ခါရက္ခန္ဓာကို ဝေဖန်ဟောကြားတော်မူရာဝယ် ''စက္ခုသမ္ဖဿဇာ စေတနာ''စသည်ဖြင့် စေတနာတစ်ခုတည်းကိုသာ ဝေဖန်ဟောကြားသွားတော်မူသော ထုံးတစ်ရပ် လည်း ထင်ရှားရှိနေပေသည်၊ သို့သော် ကျန် ခန္ဓာ (၄)ပါးတို့ကိုကား သရုပ်ထုတ်ကာ ဝေဖန်ဟောကြားသွားတော် မူပေသည်။ ထိုထုံးကို နှလုံးမူ၍ အဋ္ဌကထာများက သင်္ခါရက္ခန္ဓာ၌ ဖဿနှင့် စေတနာကို ပဓာနထားကာ ဖွင့်ဆိုသွားတော် မူကြခြင်း ဖြစ်ပေသည်။

သို့အတွက် ကြိုတင် သိမ်းဆည်းထားအပ်သော ရူပက္ခန္ဓာနှင့် နာမ်ခန္ဓာ (၄)ပါးတို့ကို ပေါင်းလိုက်သော် ဝေဒနာဦးဆောင်သည့် ခန္ဓာ (၅)ပါးပင် ဖြစ်ပေသည်။ ဤ ခန္ဓာ (၅)ပါးတို့ကို သိမ်းဆည်းရှုပွားနိုင်ပါက ရှေ့သို့ ဆက်လက်၍ လိုက်နာပြုကျင့်ရမည့် ဝိပဿနာကျင့်စဉ်မှာ အာနာပါနကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့် အတိုင်းပင် လိုက်နာပြုကျင့်ရမည် ဖြစ်ပေသည်။

စိတ္တာနုပဿနာသတိပဋ္ဌာန်ပိုင်း

ဤစိတ္တာနုပဿနာသတိပဋ္ဌာန်ပိုင်း၌လည်း ဝေဒနာနုပဿနာသတိပဋ္ဌာန်ပိုင်းကဲ့သို့ပင် အဋ္ဌကထာများက ပုံစံတူပင် ဖွင့်ဆိုထားတော်မူကြ၏၊ သို့အတွက် စိတ္တာနုပဿနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ရှေးဦးစွာ ရုပ်ကမ္မဋ္ဌာန်းကို ရှုထားပြီး ဖြစ်ရမည်။ ထို့နောင် အသိစိတ် ဝိညာဏ် ဦးဆောင်နေသည့် ဖဿပဉ္စမကတရားတို့ကို ဆက်လက်ကာ သိမ်းဆည်းရှုပွားရမည်။ ယင်း ဖဿပဉ္စမကတရား ငါးပါးတို့မှာ အထက်တွင် ရှင်းပြခဲ့ပြီးသည့်အတိုင်း နာမ်ခန္ဓာ (၄)ပါးတို့သာ ဖြစ်ကြသည်။ အားလုံးပေါင်းသော် အသိစိတ် ဝိညာဏ် ဦးဆောင် နေသည့် ခန္ဓာ (၅)ပါးတို့သာ ဖြစ်ကြသည်။ ယင်း အသိစိတ် ဝိညာဏ် ဦးဆောင်နေသည့် ခန္ဓာ (၅)ပါးတို့ကို သိမ်းဆည်း ရှုပွားပြီးသောအခါ ဆက်လက်ပြုကျင့်ရမည့် ဝိပဿနာရှုကွက်မှာ အာနာပါနကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့် အတိုင်းပင် လိုက်နာပြုကျင့်ရမည်သာ ဖြစ်ပေသည်။

ဓမ္မာနုပဿနာသတိပဋ္ဌာန်ပိုင်း

ဤဓမ္မာနုပဿနာသတိပဋ္ဌာန်ပိုင်းတွင် ..
၁။ နီဝရဏ (၅)ပါး အခန်း၊
၂။ ခန္ဓာ (၅)ပါး အခန်း၊
၃။ အာယတန (၁၂)ပါး အခန်း၊
၄။ ဗောဇ္ဈင် (၇)ပါး အခန်း၊
၅။ သစ္စာ (၄)ပါး အခန်း - ဟု အခန်း (၅)ခန်း ရှိ၏၊

၁။ နီဝရဏ (၅) ပါး အခန်း ––- ဤနီဝရဏအခန်းကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဖဿကို ဦးတည်ကာ ဖဿပဉ္စမကတရား ငါးပါး ဦးဆောင်နေသည့် နီဝရဏနာမ်တရားများနှင့် ကြွင်းသော လောကီ နာမ်တရားများကို သိမ်းဆည်း ရှုပွားရမည် ဖြစ်ပေသည်။ ထိုသို့ မသိမ်းဆည်းမီ ရုပ်ကမ္မဋ္ဌာန်းကိုကား ရှေးဦးစွာ သိမ်းဆည်းရှုပွားထားပြီး ဖြစ်ရမည်။ ထိုကြောင့် ဤ နီဝရဏအခန်း ရှုကွက်သည်လည်း နီဝရဏ (၅)ပါးကို ဦးတည်ကာ ခန္ဓာ (၅)ပါးစလုံးကိုပင် ရှုပွားရမည့် ရှုကွက် ဖြစ်ပေသည်။ ခန္ဓာ (၅)ပါးတို့ကို သိမ်းဆည်းရှုပွားပြီးသောအခါ ဆက်လက် ပြုကျင့်ရမည့် ဝိပဿနာရှုကွက်မှာ အာနာပါနကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်းပင် လိုက်နာ ပြုကျင့်ရမည်သာ ဖြစ်ပေသည်။

၂။ ခန္ဓာ (၅) ပါး အခန်း ––- ဤအခန်း၌ ခန္ဓာ (၅)ပါးစလုံးကိုပင် သိမ်းဆည်းရှုပွားရန် ဘုရားရှင်က ညွှန်ကြား ထားတော်မူပေသည်။ တစ်ဖန် အကြောင်းသမုဒယသစ္စာတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတို့ ထင်ရှားဖြစ်ခြင်းကိုလည်းကောင်း, အကြောင်းသမုဒယသစ္စာတရားတို့ ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတို့ ချုပ်ငြိမ်းပုံကိုလည်းကောင်း, အကြောင်း အကျိုး နှစ်ရပ်စလုံးတို့၏ ခဏပစ္စုပ္ပန်အားဖြင့် ဖြစ်မှု ပျက်မှုကိုလည်းကောင်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရန် ဆက်လက်ကာ ညွှန်ကြားထားတော်မူ၏၊ ထို့နောင် ဆက်လက်ပြုကျင့်ရမည့် ဝိပဿနာရှုကွက်မှာ အာနာပါနကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်းပင် လိုက်နာ ပြုကျင့်ရမည်သာ ဖြစ်ပေသည်။

၃။ အာယတန (၁၂) ပါး အခန်း ––- ဤအခန်း၌ အာယတန (၁၂)ပါးကို ဦးတည်ကာ (= ခန္ဓာ ငါးပါး) ရုပ်နာမ် တရားတို့ကို ရှေးဦးစွာ သိမ်းဆည်းရှုပွားရန် ညွှန်ကြားထားတော်မူ၏၊ ထို့နောင် ဆက်လက်ပြုကျင့်ရမည့် ဝိပဿနာ ရှုကွက်မှာ အာနာပါနကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်းပင် လိုက်နာပြုကျင့်ရမည်သာ ဖြစ်ပေသည်။

၄။ ဗောဇ္ဈင် (၇) ပါး အခန်း ––- ဤအခန်း၌လည်း ဗောဇ္ဈင် (၇)ပါးကို ဦးတည်ကာ (= ခန္ဓာ ငါးပါး) ရုပ်နာမ် တရားတို့ကိုပင် ရှေးဦးစွာ သိမ်းဆည်း ရှုပွားရန် ညွှန်ကြားထားတော်မူ၏၊ ထို့နောင် ဆက်လက်ပြုကျင့်ရမည့် ဝိပဿနာရှုကွက်မှာ အာနာပါနကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်းပင် လိုက်နာပြုကျင့်ရမည်သာ ဖြစ်ပေသည်။

၅။ သစ္စာ (၄) ပါး အခန်း ––- ဤ အခန်း၌ ရှေးဦးစွာ ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတို့ကို သိမ်းဆည်းရန် ညွှန်ကြားထားတော်မူ၏၊ ထို့နောင် အကြောင်းသမုဒယသစ္စာတရားတို့ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတို့ ထင်ရှားဖြစ်ပုံကို သိအောင် မြင်အောင် ရှုသည့် သမုဒယသစ္စာပိုင်းကိုလည်းကောင်း၊ အကြောင်း သမုဒယသစ္စာတရားတို့ ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားတို့၏ ချုပ်ငြိမ်းပုံကို ဝိပဿနာ ဉာဏ်ဖြင့် သိအောင် မြင်အောင် ရှုရသည့် နိရောဓသစ္စာပိုင်းကိုလည်းကောင်း ရှုပွားရန် ဆက်လက် ညွှန်ကြားထားတော် မူ၏၊ တစ်ဖန် ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် လောကီမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကိုလည်း သိမ်းဆည်းရှုပွားရန် ဆက်လက်ကာ ညွှန်ကြားထားတော်မူပေသည်။ ထို့နောင် ဆက်လက်ပြုကျင့်ရမည့် ဝိပဿနာ ရှုကွက်မှာ အာနာပါနကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်းပင် လိုက်နာပြုကျင့်ရမည်သာ ဖြစ်ပေသည်။

မဂ္ဂင် (၈) ပါး ကျင့်စဉ်တရား

ဤအရာ၌ ဓမ္မာနုပဿနာသတိပဋ္ဌာန်ပိုင်းတွင် ဘုရားရှင် ရှင်းလင်းဟောကြားထားတော်မူသည့် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကို အကျဉ်းချုပ်ကာ ရှင်းလင်းတင်ပြအပ်ပါသည်။

မဟာသတိပဋ္ဌာနသုတ္တန်အဋ္ဌကထာ[၁၅၀]တွင် ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ္ဂေါ ဣဓ အဓိပ္ပေတော, န လောကုတ္တရော –– ဤမဟာသတိပဋ္ဌာနသုတ္တန်ပိုင်း၌ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားမှာ အရိယမဂ်၏ ရှေ့အဖို့၌ လိုက်နာပြုကျင့်ရမည့် ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်ဟု ခေါ်ဆိုအပ်သည့် လောကီမဂ္ဂင် တရားကိုယ် (၈)ပါးပင် ဖြစ်သည်။ ဤ၌ နိရောဓသစ္စာ တရားကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်အပ်သည့် နိရောဓသစ္စာအဖြစ် ဟောကြားထားတော်မူသကဲ့သို့ အလားတူပင် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားကိုလည်း ဝိပဿနာဉာဏ်၏ အရှုခံအာရုံအဖြစ် ဟောကြားထားတော် မူသောကြောင့် ဖြစ်၏၊ လောကုတ္တရာမဂ္ဂသစ္စာတရားကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံ မဟုတ်သောကြောင့်, ယင်းလောကုတ္တရာမဂ္ဂသစ္စာတရားကို မရရှိသေးသောကြောင့် ဤမဟာသတိပဋ္ဌာနသုတ္တန်တွင် အလိုမရှိအပ်ခြင်း ဖြစ်ပေသည်။ ယင်းလောကီ မဂ္ဂင် (၈)ပါးကို ဤတွင် အကျဉ်းချုပ်ကာ တင်ပြပေအံ့ ..။

၁။ သမ္မာဒိဋ္ဌိ –– ဤမဟာသတိပဋ္ဌာနသုတ္တန်တွင် အရိယသစ္စာ (၄)ရပ် တရားမြတ်တို့ကို ထိုးထွင်းသိမြင်သော ဉာဏ်ကို သမ္မာဒိဋ္ဌိဟု ဟောကြားထားတော်မူ၏၊ ထိုအရိယသစ္စာ (၄)ပါးတို့တွင် ဒုက္ခသစ္စာ သမုဒယသစ္စာ တရား နှစ်ပါးတို့မှာ ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ ဖြစ်ကြ၏၊ ယင်း ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ထိုးထွင်းသိမြင်တတ်သောဉာဏ်မှာ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ပင် ဖြစ်၏၊ ယင်းဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်သည် ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၏ ဖြစ်စဉ်ကိုလည်း သိ၏၊ ချုပ်စဉ်ကိုလည်း သိ၏၊ ဖြစ်စဉ်မှာ သမုဒယအရိယသစ္စာတရားဖြစ်၍ ချုပ်စဉ်မှာ ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ထိုးထွင်းသိမြင်အပ်သည့် နိရောဓအရိယသစ္စာတရားပင် ဖြစ်သည်။ တစ်ဖန် ယင်း ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်သည် ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ ခဏပစ္စုပ္ပန်သဘောအားဖြင့် ဖြစ်မှု ပျက်မှုကိုလည်း သိ၏၊ ယင်းတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကိုလည်း ပိုင်ပိုင်နိုင်နိုင် ထိုးထွင်း၍ သိမြင်ပေသည်။

တစ်ဖန် ဒုက္ခသစ္စာစာရင်းတွင် လောကီမဂ္ဂင် တရားကိုယ် (၈)ပါးတို့သည်လည်း ပါဝင်လျက် ရှိနေသည်ကို သတိပြုပါ။ ဆိုလိုသည်မှာ ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကို ဝိပဿနာရှုရာ၌ ယင်းလောကီမဂ္ဂင်တရားကိုယ် (၈)ပါးတို့ကိုလည်း ထည့်သွင်းကာ ဝိပဿနာရှုနေသည်ဟု သဘောပေါက်ပါ။ ဥပမာ –– ပထမစျာန်နာမ်တရားတို့ကို ဝိပဿနာရှုခိုက်၌ ရှေ့ပိုင်း[၁၅၁]တွင် ရှင်းပြခဲ့သည့်အတိုင်း မဂ္ဂင်တရားကိုယ် (၅)ပါးတို့ ပါဝင်လျက် ရှိကြ၏၊ အလားတူပင် အရူပသတ္တကဝိပဿနာရှုနည်း[၁၅၂]၌ လာရှိသည့်အတိုင်း ရှေးရှေးဝိပဿနာဉာဏ်ကို (= ရှေးရှေးဝိပဿနာဇောဝီထိ စိတ်အစဉ် နာမ်တရားစုကို) နောက်နောက်သော ဝိပဿနာဉာဏ်ဖြင့် (= နောက်နောက်သော ဝိပဿနာဇောဝီထိ စိတ်အစဉ် နာမ်တရားစုဖြင့်) တစ်ဖန် ပြန်၍ ဝိပဿနာရှုရာ၌ မဂ္ဂင်တရားကိုယ် (၅)ပါးတို့လည်း ပါဝင်လျက် ရှိနေကြ၏၊ ထိုအခါတွင် ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်က လောကီမဂ္ဂင်တရားကိုယ် (၅)ပါးတို့ကိုလည်းကောင်း ယင်းတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကိုလည်းကောင်း ထိုးထွင်းသိမြင်လျက်ပင် ရှိနေပေသည်။ တစ်ဖန် သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ အသီးအသီး ပါဝင်ပြဓာန်းလျက်ရှိကြသော နာမ်တရားစုတို့ကို ဝိပဿနာရှုရာ၌လည်း ယင်း မဂ္ဂင် (၃)ပါးတို့ကိုလည်းကောင်း ယင်းတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကိုလည်းကောင်း ဝိပဿနာ သမ္မာဒိဋ္ဌိဉာဏ်က ထိုးထွင်းသိမြင်လျက်ပင် ရှိနေပေသည်။

၂။ သမ္မာသင်္ကပ္ပ
(က) ကာမဂုဏ်မှ ထွက်မြောက်လိုမှုနှင့် ဆက်စပ်နေသည့် ကြံစည်မှု နေက္ခမ္မသင်္ကပ္ပ၊
( ခ ) မေတ္တာနှင့် ယှဉ်တွဲနေသည့် သတ္တဝါ သင်္ခါရတို့ကို မဖျက်ဆီးလိုမှုနှင့် ဆက်စပ်နေသည့် ကြံစည်မှု အဗျာပါဒသင်္ကပ္ပ၊
( ဂ ) ကရုဏာနှင့်ယှဉ်တွဲနေသည့် သတ္တဝါ သင်္ခါရတို့ကို မညှဉ်းပန်း မနှိပ်စက်လိုမှုနှင့် ဆက်စပ်နေသည့် ကြံစည်မှု အဝိဟိံသသင်္ကပ္ပ ––
ဤသင်္ကပ္ပ (၃)မျိုးကို သမ္မာသင်္ကပ္ပဟု ခေါ်ဆိုကြောင်းကို မဟာသတိပဋ္ဌာနသုတ္တန်တွင် ဟောကြားထားတော် မူ၏၊

ထိုတွင် –– ( က ) နေက္ခမ္မသင်္ကပ္ပ - အကြောင်းကို အဋ္ဌကထာ ဋီကာ[၁၅၃]တို့က ဤသို့ ရှင်းပြထားကြ၏ ..။

ပဗ္ဗဇ္ဇာ ပဌမံ စျာနံ၊ နိဗ္ဗာနဉ္စ ဝိပဿနာ။
သဗ္ဗေပိ ကုသလာ ဓမ္မာ၊ နေက္ခမ္မန္တိ ပဝုစ္စရေ။

၁။ ပဗ္ဗဇ္ဇာ = ရှင်ရဟန်းပြုခြင်းနှင့် ဆက်စပ်နေသော ကြံစည်မှု ဝိတက် –– ဥပမာ – သင်္ကန်းဆိုးခြင်း၊ သပိတ် ဖုတ်ခြင်း၊ ပစ္စည်းလေးပါးကို သုံးဆောင်ရာ၌ ပစ္စဝေက္ခဏာ ဆင်ခြင်လျက် သုံးဆောင်ခြင်း၊ ဝိနည်းသိက္ခာပုဒ်တော်များကို ရိုသေစွာ လိုက်နာပြုကျင့်ခြင်း စသည်တို့နှင့် ဆက်စပ်နေသည့် ကြံစည်မှု ဝိတက် (= သင်္ကပ္ပ) တရားမျိုးကို ဆိုလိုပေသည်။

၂။ ပထမစျာန်နှင့် ယှဉ်သော ဝိတက် –– ဥပမာ – အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူကာ အာနာပါန ပထမစျာန်သမာဓိကို ထူထောင်ခိုက်၌ စျာန်စိတ္တက္ခဏတိုင်းဝယ် စျာန်နာမ်တရား (၃၄)လုံးစီ ရှိနေ၏၊ (နာမ်ကမ္မဋ္ဌာန်း ပိုင်းတွင် ကြည့်ပါ။) ယင်းနာမ်တရားစုတို့တွင် ဝိတက်ခေါ်သည့် သမ္မာသင်္ကပ္ပမဂ္ဂင်လည်း ပါဝင်လျက် ရှိနေ၏၊ ယင်း သမ္မာသင်္ကပ္ပသည် ဤအရာ၌ အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်သို့ စျာန်စိတ်ကို ရှေးရှုတင်ပေးခြင်းသဘောသာ ဖြစ်၏၊ ယင်းသမ္မာသင်္ကပ္ပမဂ္ဂင်မှာ ကာမဘုံမှ ထွက်မြောက်ကြောင်းတရားဖြစ်၍ နေက္ခမ္မသင်္ကပ္ပဟု ခေါ်ဆိုခြင်း ဖြ စ် ပေ သ ည်။ ဤ ၌ သ တိ ပြု စေ လို သော အ ချ က် တ စ် ရ ပ် မှာ –– ''ဆေးတံကိုက်ကာ ကာမဂုဏ်မှ ထွက်မြောက်ကြောင်း မဟုတ်သည့် အာရုံအမျိုးမျိုးတို့ကို နှစ်ခြိုက်သလို စဉ်းစားတွေးခေါ်နေသည့် လုပ်ငန်းမျိုး'' ကို သမ္မာသင်္ကပ္ပဟု မခေါ်ဆိုလိုသည်ကို သတိပြုပါ။

တစ်ဖန် ဒုတိယစျာန်စသော အထက်ပိုင်းစျာန်များကို နေက္ခမ္မသင်္ကပ္ပစာရင်းတွင် ထည့်သွင်းကာ မဖော်ပြခြင်းမှာ ယင်းအထက်ပိုင်းစျာန်တို့၌ ဝိတက် မယှဉ်သောကြောင့် သမ္မာသင်္ကပ္ပမဂ္ဂင် မယှဉ်ရကား မဖော်ပြခြင်းပင် ဖြစ်ပေသည်။

၃။ နိဗ္ဗာန်ကို အာရုံပြုသော ဝိတက် –– ရင့်ကျက်လာသော ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့သည် လောကုတ္တရာ နိရောဓသစ္စာအစစ် ဖြစ်တော်မူသည့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို ထိုးထွင်းသိမြင်ကာ အာရုံပြုနေကြ၏၊ ယင်းအရိယမဂ်ဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ဝိတက်မှာ လောကုတ္တရာ သမ္မာသင်္ကပ္ပမဂ္ဂင်ပင် ဖြစ်၏၊ အရိယမဂ်ဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ယင်းသမ္မာသင်္ကပ္ပ မဂ္ဂင်က အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်အာရုံပေါ်သို့ အရိယမဂ်စိတ်ကို (= အရိယမဂ်စိတ်စေတသိက်တို့ကို) ရှေ့ရှုတင်ပေးလိုက်သောအခါ အရိယမဂ်နှင့် ယှဉ်တွဲလျက်ရှိသော ယင်းသမ္မာဒိဋ္ဌိမဂ္ဂင်က ယင်းနိဗ္ဗာန်တရားတော် မြတ်ကို ထိုးထွင်းသိမြင်လေသည်။ သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းများပင် ဖြစ်ကြပေသည်။ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကလည်း ယင်းနိယျာနိကတရားကောင်းများ ထင်ရှားဖြစ်ပေါ်လာရေးအတွက် အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးလျက်ပင် ရှိနေပေသည်။ ထိုသို့ သံသရာ ဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်းအစစ် အဖြစ်ကြီးဖြစ်သည့် ယင်း အရိယမဂ်နှင့် ယှဉ်တွဲလျက်ရှိသော သမ္မာသင်္ကပ္ပမဂ္ဂင်ကိုလည်း နေက္ခမ္မသင်္ကပ္ပဟုပင် ခေါ်ဆိုပေသည်။ အရိယဖိုလ်ဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော သမ္မာသင်္ကပ္ပကိုလည်း သဒိသူပစာရအားဖြင့် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ရာ နိဗ္ဗာန် တရားတော်မြတ်ကြီးကိုပင် ဆက်လက်ကာ အာရုံယူနေသည့်အတွက် နေက္ခမ္မသင်္ကပ္ပဟုပင် ခေါ်ဆိုပေသည်။

၄။ ဝိပဿနာဉာဏ်နှင့် ယှဉ်သော ဝိတက် –– ယင်းဝိတက်က ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သည့် သင်္ခါရတရားအာရုံပေါ်သို့ ဝိပဿနာစိတ်ကို (= ဝိပဿနာစိတ်စေတသိက်တရားစုကို) ရှေ့ရှုတင်ပေးလိုက်သောအခါ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်က ယင်းသင်္ခါရတရားတို့ကို ပရမတ်သို့ဆိုက်အောင် ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း သိမြင်သွားပေသည်။ တစ်ဖန် ယင်းသမ္မာသင်္ကပ္ပမဂ္ဂင်က အကြောင်း သမုဒယသစ္စာတရားအာရုံပေါ်သို့ ဝိပဿနာစိတ်ကို ရှေ့ရှုတင်ပေးလိုက်သောအခါ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်က ယင်းသမုဒယသစ္စာတရားတို့ကို (= ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၏ ဖြစ်စဉ်ကို) ထိုးထွင်းသိမြင်သွားပေသည်။ တစ်ဖန် ယင်းသမ္မာသင်္ကပ္ပမဂ္ဂင်က နိရောဓသစ္စာတရားအာရုံပေါ်သို့ ဝိပဿနာစိတ်ကို ရှေ့ရှုတင်ပေးလိုက်သောအခါ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်က ယင်းနိရောဓသစ္စာတရားကို (= ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၏ ချုပ်စဉ်ကို) ထိုးထွင်း သိမြင်သွားပေသည်။ တစ်ဖန် ယင်းသမ္မာသင်္ကပ္ပမဂ္ဂင်က သင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက် အာရုံပေါ်သို့ ဝိပဿနာစိတ်ကို ရှေ့ရှုတင်ပေးလိုက်သောအခါ ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်က ယင်းသင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ထိုးထွင်း သိမြင်သွားပေသည်။ ယင်းဝိပဿနာဉာဏ်တို့ကား ကိလေသာတို့ကို တဒင်္ဂအားဖြင့် ပယ်စွန့်သွားသောကြောင့် ကိလေသာမှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းများပင် ဖြစ်ကြပေသည်။ သို့အတွက် ယင်းဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော သမ္မာသင်္ကပ္ပကိုလည်း နေက္ခမ္မသင်္ကပ္ပဟုပင် ခေါ်ဆိုပေသည်။ ယခုကဲ့သို့ သမ္မာသင်္ကပ္ပမဂ္ဂင်သည် သမ္မာဒိဋ္ဌိမဂ္ဂင်နှင့် အတူယှဉ်တွဲကာ သမထ ဝိပဿနာ ဘာဝနာ ကျင့်စဉ်အရပ်ရပ်တို့၌ သမထ ဝိပဿနာ ဘာဝနာလုပ်ငန်းရပ်များ ပြီးစီးပြည့်စုံစေရန်အတွက် ဆောင်ရွက်ပေးသည့် မဂ္ဂင်ဖြစ်ခြင်းကြောင့် ယင်းသမ္မာသင်္ကပ္ပမဂ္ဂင်ကိုလည်း သမ္မာဒိဋ္ဌိမဂ္ဂင်နှင့် အတူယှဉ်တွဲ၍ ပညာမဂ္ဂင်စာရင်းတွင် ထည့်သွင်းကာ ကျမ်းဂန်တို့၌ ဖော်ပြခြင်း ဖြစ်ပေသည်။

၅။ ကုသိုလ်တရားအားလုံးတို့နှင့် ယှဉ်သော ဝိတက် –– ကုသိုလ်တရားအားလုံးတို့သည် အကုသိုလ်တရားအားလုံးတို့မှ ထွက်မြောက်ကြောင်း တရားကောင်းများပင် ဖြစ်ကြ၏၊ သို့အတွက် ကုသိုလ်တရားတို့နှင့် ယှဉ်တွဲလျက် ရှိသော သမ္မာသင်္ကပ္ပကိုလည်း အကုသိုလ်တရားတို့မှ ထွက်မြောက်ကြောင်း ဖြစ်ခြင်းကြောင့် နေက္ခမ္မသင်္ကပ္ပဟူ၍ပင် ခေါ်ဆိုပေသည်။ ဒုတိယစျာန်စသော အထက်ပိုင်း စျာန်ကုသိုလ်တရားတို့သည်လည်း ကာမဘုံမှ ထွက်မြောက်ကြောင်း တရားကောင်းတို့ပင် ဖြစ်ကြ၏၊ သို့သော် ယင်းအထက်ပိုင်းစျာန်ကုသိုလ်တရားတို့ကား ဝိတက် (= သမ္မာသင်္ကပ္ပ)နှင့် မယှဉ်သောကြောင့် နေက္ခမ္မသင်္ကပ္ပဟူသော အမည်ကိုကား မရရှိနိုင်ကြပေ။ သို့သော် ကာမဘုံမှ ထွက်မြောက်ကြောင်း ဖြစ်ခြင်းကြောင့် နေက္ခမ္မဟူသော အမည်ကိုကား ရရှိနိုင်ကြပေသည်။

ကုသိုလ်နာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားနိုင်သောအခါနှင့် ဝိပဿနာ ရှုပွားနိုင်သောအခါတို့၌ ယင်း နေက္ခမ္မသင်္ကပ္ပ အမျိုးမျိုးတို့ကို ထိုးထွင်းသိမြင်မည် ဖြစ်ပေသည်။ ရှုကွက်ကို နာမ်ကမ္မဋ္ဌာန်းပိုင်း[၁၅၄]တွင် ကြည့်ပါ။

( ခ ) အဗျာပါဒသင်္ကပ္ပ –– အဒေါသ (= မေတ္တာ) နှင့် ယှဉ်တွဲနေသည့် ကာမာဝစရကုသိုလ်တရားတို့နှင့် ယှဉ်သော ဝိတက်ဟူသော သမ္မာသင်္ကပ္ပ၊ မေတ္တာ ပထမစျာန်နှင့် ယှဉ်တွဲနေသည့် ဝိတက်ဟူသော သမ္မာသင်္ကပ္ပ - ဤ သမ္မာသင်္ကပ္ပတို့ကား အဗျာပါဒသင်္ကပ္ပ မည်၏၊ ယင်းကုသိုလ်နာမ်တရားစုတို့နှင့် မေတ္တာ ပထမစျာန်နာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားနိုင်သောအခါနှင့် ဝိပဿနာရှုပွားနိုင်သောအခါတို့၌ ယင်းအဗျာပါဒသင်္ကပ္ပကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်မည် ဖြစ်ပေသည်။ ရှုကွက်ကို နာမ်ကမ္မဋ္ဌာန်းပိုင်း[၁၅၅]တွင် ကြည့်ပါ။

( ဂ ) အဝိဟိံသသင်္ကပ္ပ –– ကရုဏာနှင့်ယှဉ်သော ဝိတက်သည် အဝိဟိံသသင်္ကပ္ပ မည်၏၊၊ ကရုဏာနှင့် ယှဉ်တွဲနေသည့် ကာမာဝစရကုသိုလ်တရားတို့နှင့် ယှဉ်သော ဝိတက်ဟူသော သမ္မာသင်္ကပ္ပ၊ ကရုဏာ ပထမစျာန်နှင့် ယှဉ်တွဲနေသည့် ဝိတက်ဟူသော သမ္မာသင်္ကပ္ပ - ဤ သမ္မာသင်္ကပ္ပတို့ကား အဝိဟိံသသင်္ကပ္ပ မည်၏၊ ယင်းကုသိုလ်နာမ်တရားစုတို့နှင့် ကရုဏာ ပထမစျာန်နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားနိုင်သောအခါနှင့် ဝိပဿနာ ရှုပွားနိုင်သောအခါတို့၌ ယင်းအဝိဟိံသသင်္ကပ္ပကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်မည် ဖြစ်ပေသည်။ ရှုကွက်ကို နာမ်ကမ္မဋ္ဌာန်းပိုင်း[၁၅၆]တွင် ကြည့်ပါ။

၃။ သမ္မာဝါစာ = ဝစီဒုစရိုက်မှ ရှောင်ကြဉ်ကာ ကောင်းမွန်မှန်ကန်သော စကားကို ပြောကြားခြင်း၊
၄။ သမ္မာကမ္မန္တ = ကာယဒုစရိုက် သုံးပါးမှ ရှောင်ကြဉ်ကာ ကောင်းမွန်မှန်ကန်သော လုပ်ငန်းရပ်ကို ပြုလုပ်ခြင်း၊
၅။ သမ္မာအာဇီဝ = မိစ္ဆာအာဇီဝအမျိုးမျိုးနှင့် မအပ်သော ကုန်သွယ်မှု ငါးမျိုးတို့မှ ရှောင်ကြဉ်ကာ ကောင်းမွန် မှန်ကန်သော ဆွမ်းခံခြင်း လယ်လုပ်ခြင်း စသည်ဖြင့် အသက်မွေးခြင်း၊

၆။ သမ္မာဝါယာမ = မဖြစ်ပေါ်သေးကုန်သော အကုသိုလ်တရားတို့ကို မဖြစ်အောင်၊ ဖြစ်ပေါ်ပြီးကုန်သော အကုသိုလ် တရားတို့ကို ပယ်နိုင်အောင်၊ မဖြစ်ပေါ်သေးကုန်သော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်လာအောင်၊ ဖြစ်ပေါ်ပြီးကုန်သော ကုသိုလ်တရားတို့ကို အရဟတ္တမဂ်ဆိုက်သည့်အထိ တိုင်းထက်အလွန် တိုးပွားအောင် ကြိုးစားအားထုတ်ခြင်း (၄)မျိုးကို သမ္မာဝါယာမမဂ္ဂင်ဖြစ်ကြောင်းကို မဟာသတိပဋ္ဌာနသုတ္တန်တွင် ဟောကြားထားတော်မူ၏၊ မည်သို့မည်ပုံ ကြိုးစား အားထုတ်ရမည်နည်း? နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်းမှာ သတိပဋ္ဌာန်တရား (၄)ပါးတည်းဟူသော ကျင့်စဉ်ပင် ဖြစ်၏၊ အထက်က ရှင်းပြခဲ့သည့်အတိုင်း အထူးသဖြင့် အာနာပါနကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြ ထားခဲ့သည့်အတိုင်း စျာန်သမာဓိတစ်ခုခုကို ဝိပဿနာ၏ အခြေခံ ပါဒကစျာန်အဖြစ် ထူထောင်၍ဖြစ်စေ၊ ဥပစာရ သမာဓိတစ်ခုခုကို ထူထောင်၍ဖြစ်စေ အဆင့်လေးဆင့်တို့ဖြင့် ပိုင်းခြားထားအပ်သည့် ဝိပဿနာကျင့်စဉ်ကို အဆင့်ဆင့် အစီအစဉ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည်သာ ဖြစ်ပေသည်။ ထိုသို့ အားထုတ်ရာ၌ ယင်း စျာန်သမာဓိ ဥပစာရသမာဓိတို့နှင့် ယှဉ်တွဲနေသော ဝီရိယမှာလည်း သမ္မာဝါယာမမဂ္ဂင်ပင် ဖြစ်၏၊ အဆင့်ဆင့်သော ဝိပဿနာ ဉာဏ်တို့နှင့် ယှဉ်တွဲလျက်ရှိသော ဝီရိယမှာလည်း သမ္မာဝါယာမမဂ္ဂင်ပင် ဖြစ်၏၊ ယင်းစျာန်နာမ်တရားတို့ကို လည်းကောင်း ယင်းဥပစာရသမာဓိနာမ်တရားတို့ကိုလည်းကောင်း ယင်းဝိပဿနာဉာဏ်ကိုလည်းကောင်း တစ်ဖန်ပြန်၍ ဝိပဿနာရှုနိုင်သောအခါ၌ ယင်းသမ္မာဝါယာမမဂ္ဂင်ကိုလည်း ဝိပဿနာဉာဏ်ဖြင့် သိမြင်နေမည် ဖြစ်ပေသည်။

၇။ သမ္မာသတိ = သတိပဋ္ဌာန်တရား (၄)ပါးတို့၌ အစဉ်တစိုက် ရှုပွားသုံးသပ် အမှတ်ရနေသော သတိကို သမ္မာသတိ ဟု ခေါ်ဆိုကြောင်းကို မဟာသတိပဋ္ဌာနသုတ္တန်တွင် ဟောကြားထားတော်မူ၏၊ အထက်က အကြိမ်ကြိမ် ရှင်းပြခဲ့သည့် အတိုင်း သတိပဋ္ဌာန်တရားတို့၌ သမထပိုင်း ဝိပဿနာပိုင်းဟု အပိုင်းနှစ်ပိုင်း ရှိရာ သမထပိုင်းကျင့်စဉ်၌လည်း သတိကား အမြဲတမ်း ပါဝင်လျက် ရှိ၏၊ အလားတူပင် ဝိပဿနာပိုင်း၌လည်း အဆင့်တိုင်း အဆင့်တိုင်းတွင် အမြဲတမ်းပင် ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲကာ ပါဝင်လျက် ရှိနေ၏၊ သို့အတွက် သမထစျာန်နာမ်တရားတို့ကို ဝိပဿနာရှုနိုင်သော အခါ၊ သတိနှင့်ယှဉ်သည့် ကုသိုလ်နာမ်တရား ဝိပါက်နာမ်တရားတို့ကို ဝိပဿနာရှုနိုင်သောအခါ၊ ဝိပဿနာ ဉာဏ်ကိုလည်း တစ်ဖန် ပြန်၍ ဝိပဿနာရှုနိုင်သောအခါတို့၌ ယင်းသမ္မာသတိမဂ္ဂင်ကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း သိမြင်မည် ဖြစ်ပေသည်။

၈။ သမ္မာသမာဓိ = ပထမစျာန်သမာဓိ ဒုတိယစျာန်သမာဓိ တတိယစျာန်သမာဓိ စတုတ္ထစျာန်သမာဓိတို့ကို သမ္မာသမာဓိဟု ခေါ်ဆိုကြောင်းကို ဘုရားရှင်က မဟာသတိပဋ္ဌာနသုတ္တန်တွင် ဟောကြားထားတော်မူ၏၊ ယင်း စျာန်နာမ်တရားတို့ကို ဝိပဿနာ ရှုနိုင်သောအခါ ယင်းသမ္မာသမာဓိမဂ္ဂင်ကိုလည်း ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း သိမြင်မည် ဖြစ်ပေသည်။

ဤမဟာသတိပဋ္ဌာနသုတ္တန်၌ ဘုရားရှင်က ရူပါဝစရစျာန်သမာဓိ (၄)မျိုးကိုသာ သမ္မာသမာဓိ ခေါ်ဆိုကြောင်းကို ဟောကြားထားတော်မူ၏၊ ယင်းသို့ ဟောကြားတော်မူချက်မှာ မဇ္ဈေဒီပကနည်းအားဖြင့် ဟောကြားထားတော်မူခြင်း ဖြစ်၏၊ ဘုရားရှင်သည် ထိုထိုသုတ္တန်တို့၌ ဓာတ်ကမ္မဋ္ဌာန်းကဲ့သို့သော ဥပစာရသမာဓိကို ရွက်ဆောင်ပေးနိုင်သည့် ဥပစာရကမ္မဋ္ဌာန်းတို့ကိုလည်း ဟောကြားထားတော်မူ၏၊[၁၅၇] စျာန်သမာပတ် (၈)ပါးစလုံးတို့ကိုလည်း ဟောကြား ထားတော်မူ၏၊[၁၅၈] ထို့ကြောင့် သမာဓိမှာ (၃)မျိုး ရှိနေ၏၊ အထွတ်အထိပ်သို့ ရောက်ရှိသွားသော ဥပစာရသမာဓိ အမည်ရသည့် ကာမာဝစရသမာဓိက (၁)မျိုး၊ ရူပါဝစရစျာန်လေးပါးဟူသည့် ရူပါဝစရသမာဓိက (၁)မျိုး၊ အရူပါဝစရ စျာန် လေးပါးဟူသည့် အရူပါဝစရသမာဓိက (၁)မျိုး - ဤသို့လျှင် သမာဓိ (၃)မျိုး ရှိပေသည်။ ထို (၃)မျိုးတို့အနက် အလယ်ဖြစ်သည့် ရူပါဝစရသမာဓိကို တိုက်ရိုက်ဟောကြားတော်မူလိုက်လျှင် အစနှင့် အဆုံးဖြစ်သည့် ကာမာဝစရ သမာဓိ အရူပါဝစရသမာဓိတို့ကိုလည်း ဟောကြားတော်မူပြီးပင် ဖြစ်ပေသည်။ ဤကဲ့သို့ ဟောကြားတော်မူသည့် နည်းစနစ်ကို မဇ္ဈေဒီပကနည်းဟု ခေါ်ဆိုပေသည်။ မြွေတစ်ကောင်ကို ခါးလယ်က ကိုင်ကာ မြှောက်ပြလိုက်လျှင် ခါးကိုသာ မြင်ရသည်မဟုတ်၊ မြွေတစ်ကောင်လုံးကို မြင်ရနိုင်သကဲ့သို့ မှတ်ပါ။ ထိုကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၁၅၉]က ''စိတ္တဝိသုဒ္ဓိ နာမ သဥပစာရာ အဋ္ဌ သမာပတ္တိယော = စိတ္တဝိသုဒ္ဓိမည်သည် ဥပစာရသမာဓိနှင့်တကွ စျာန်သမာပတ် (၈)ပါးစလုံးကိုပင် ဆိုလိုသည်''ဟု ရှင်းပြထားတော်မူလေသည်။ ဥပစာရသမာဓိ သို့မဟုတ် စျာန်သမာဓိကြောင့် နီဝရဏအညစ်အကြေးတို့မှ ကင်းစင်နေသည့် စိတ်အစဉ်ကို စိတ္တဝိသုဒ္ဓိဟု ခေါ်ဆိုလေသည်။ သို့အတွက် စိတ္တဝိသုဒ္ဓိနှင့် ဥပစာရသမာဓိ အပ္ပနာစျာန်သမာဓိတို့မှာ အနက်အဓိပ္ပါယ်ချင်း တူညီနေသည့်, စကားလုံးသာ ကွဲပြားနေသည့် ဝေါဟာရ အသုံးအနှုန်းတို့ ဖြစ်ကြသည်။

အားလုံးပေါင်းသော် သမထပိုင်းအခိုက် ဝိပဿနာပိုင်းအခိုက်တို့၌ မဂ္ဂင်တရားကိုယ် (၈)ပါးတို့ ဖြစ်ကြသည်။

ဘုရားရှင်သည် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့တွင် ဥပစာရသမာဓိ စျာန်သမာဓိကဲ့သို့သော သမာဓိများကို ထည့်သွင်းကာ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်အဖြစ် အဘယ်အကြောင်းကြောင့် ဟောကြားနေတော်မူရပါသနည်းဟု မေးရန်ရှိ၏၊ ရှေး သမာဓိသုတ္တန်ပိုင်း[၁၆၀]တွင် ရှင်းလင်းတင်ပြထားခဲ့ပြီးသည့်အတိုင်း အရိယသစ္စာ (၄)ပါးတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နိုင်ရေးအတွက် သမာဓိမှာ သို့မဟုတ် သမာဓိကြောင့် ဖြစ်ပေါ်လာသော ဉာဏ်အရောင်အလင်းမှာ မရှိမဖြစ် လိုအပ်သည့် အင်္ဂါရပ်တစ်ခုပင် ဖြစ်ပေသည်။ ထိုကြောင့် သမ္မာသမာဓိမဂ္ဂင်ကိုလည်း အင်္ဂါရပ်တစ်ခုအဖြစ် ထည့်သွင်းကာ ဟောကြားထားတော်မူခြင်း ဖြစ်ပေသည်။

တစ်ကြောင်းတည်းသောလမ်း၏ အဓိပ္ပါယ်

သို့သော် သမာဓိပိုင်းတွင် သမထကမ္မဋ္ဌာန်း (၄၀) ရှိနေသဖြင့် နိဗ္ဗာန်သို့ သွားရာလမ်းသည် များစွာရှိသည်ဟုကား အယူအဆ မမှားစေလိုပါ။ အကြောင်းမှာ ဘုရားရှင်က ဤမဟာသတိပဋ္ဌာနသုတ္တန်တွင် ထိုသမထစျာန်များကို ဝိပဿနာ၏ အခြေပါဒကစျာန်အဖြစ်သာ ရည်ညွှန်းကာ ဟောကြားထားတော်မူခြင်း ဖြစ်ပေသည်။ ထိုစျာန်သမာဓိ တစ်ခုခုကို ဝိပဿနာ၏ အခြေပါဒကစျာန်အဖြစ် သမာဓိကို ထူထောင်ပြီးနောက် ဝိပဿနာပိုင်းသို့ ရောက်ရှိသွားသော အခါ၌ကား နိဗ္ဗာန်သို့ သွားရာ ဝိပဿနာလမ်းကြောင်းမှာ တစ်ကြောင်းတည်းသောလမ်းသာ ဖြစ်၏၊ အကြောင်းမှာ သတိပဋ္ဌာန်တိုင်း သတိပဋ္ဌာန်တိုင်း၏ အခန်းတိုင်း အခန်းတိုင်းတွင် အဆင့်လေးဆင့်တို့ဖြင့် တန်ဆာဆင်ကာ ဝိပဿနာ ရှုကွက်ကို ပုံစံတူပင် ဟောကြားထားတော်မူသောကြောင့်ပင် ဖြစ်ပေသည်။ ထို့ကြောင့် မဟာသတိပဋ္ဌာနသုတ္တန်ကို ဖွင့်ဆိုထားကြသော ဋီကာဆရာတော်များက ..မဟာသတိပဋ္ဌာနသုတ္တန်၌ လာရှိသော သမထကျင့်စဉ်များသည် ဝိပဿနာဘာဝနာကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ရေးအတွက်သာ အလိုရှိအပ်ကုန်၏၊ သတိပဋ္ဌာန်ဒေသနာတော်သည်ကား ဝိပဿနာဘာဝနာသာလျှင် ပြဓာန်းလျက် ရှိ၏၊ ဝိပဿနာဘာဝနာတို့သည် သာလျှင် များပြားလျက် ရှိကြ၏ ..ဟု ဖွင့်ဆိုထားတော်မူကြ၏၊ သို့အတွက် တစ်ကြောင်းတည်းသောလမ်းမှာ ဝိပဿနာပိုင်းကိုသာ ဦးတည်ကာ ရည်ညွှန်းထားသည်ဟု မှတ်ပါ။[၁၆၁]

ထိုမဂ္ဂင် (၈)ပါးတို့တွင် သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပတို့ကား ပညာမဂ္ဂင်တရားတို့ ဖြစ်ကြ၏၊ ပညာသိက္ခာ = ပညာကျင့်စဉ်, အဓိပညာသိက္ခာ = လွန်ကဲမြင့်မြတ်သော ပညာကျင့်စဉ်ဟုလည်း ခေါ်ဆို၏၊ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝတို့ကား သီလမဂ္ဂင်တရားတို့ ဖြစ်ကြ၏၊ သီလသိက္ခာ = သီလကျင့်စဉ်, အဓိသီလသိက္ခာ = လွန်ကဲ မြင့်မြတ်သော သီလကျင့်စဉ်ဟုလည်း ခေါ်ဆို၏၊ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိတို့ကား သမာဓိမဂ္ဂင်တရား တို့ ဖြစ်ကြ၏၊ သမာဓိသိက္ခာ = သမာဓိကျင့်စဉ်, အဓိစိတ္တသိက္ခာ = လွန်ကဲမြင့်မြတ်သော သမာဓိကျင့်စဉ်ဟုလည်း ခေါ်ဆို၏၊[၁၆၂]

သီလမဂ္ဂင် –– ဤသီလမဂ္ဂင် = သီလကျင့်စဉ်ပိုင်းတွင် ရဟန်းတို့ လိုက်နာပြုကျင့်အပ်သည့် ပါတိမောက္ခ သံဝရသီလ ဦးဆောင်သည့် ဝိနည်းပိုင်းဆိုင်ရာ ကျင့်ဝတ်သိက္ခာပုဒ်တော်များတည်းဟူသော ပါတိမောက္ခသံဝရသီလ၊ လူ ဥပါသကာ ဥပါသိကာမတို့အတွက် (၅)ပါးသီလ (၈)ပါးသီလ (၁၀)ပါးသီလကဲ့သို့သော သိက္ခာပုဒ်တော်များ၊ ဒွါရ (၆)ပါး တံခါး (၆)ပေါက်မှ ကိလေသာများ မဝင်လာအောင် ကမ္မဋ္ဌာန်းအာရုံအတွင်းသို့ ဘာဝနာစိတ်ကို အမြဲ သွတ်သွင်းလျက် ထိန်းသိမ်းစောင့်ရှောက်ခြင်းတည်းဟူသော ဣန္ဒြိယသံဝရသီလ၊[၁၆၃] ပစ္စည်းလေးပါးကို သုံးစွဲရာ၌ ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်၍ သုံးစွဲခြင်းတည်းဟူသော ပစ္စယသန္နိဿိတသီလ၊ မိစ္ဆာအာဇီဝအမျိုးမျိုးမှ ရှောင်ကြဉ်ကာ မှန်ကန်သော အသက်မွေးမှု = သမ္မာအာဇီဝလုပ်ငန်းရပ်ဖြင့် အသက်မွေးဝမ်းကျောင်း စင်ကြယ်အောင် လိုက်နာပြုကျင့်ခြင်းတည်းဟူသော အာဇီဝပါရိသုဒ္ဓိသီလ –– ဤသီလကြီး (၄)ပါးစလုံးတို့ ပါဝင်ကြ၏၊

ထို့ပြင် အစာအာဟာရ၌ အတိုင်းအရှည်ကို သိခြင်း (= ဘောဇနေ မတ္တညုတာ)၊ ညဉ့်သုံးယာမ် တစ်ယာမ်သာ ကျိန်းစက်၍ ကြွင်းကျန်သည့် နေ့ညဉ့်တို့ပတ်လုံး ကမ္မဋ္ဌာန်းတရားကိုသာ ထထကြွကြွ လုံ့လဝီရိယဖြင့် ကြိုးစား အားထုတ်ခြင်း (= ဇာဂရိယာနုယောဂ)၊[၁၆၄] အထက်သမ္ပဇဉ်ပိုင်းတွင် ရှင်းပြခဲ့သည့်အတိုင်း ရှေ့သို့တက်ရာ နောက်သို့ ဆုတ်ရာစသည်တို့၌ သတိသမ္ပဇဉ်နှင့် ပြည့်စုံခြင်း၊[၁၆၅] ရရသမျှသော ပစ္စည်းလေးပါးဖြင့် ရောင့်ရဲလွယ်ခြင်း (= သန္တောသ) တရားနှင့် ပြည့်စုံခြင်း၊ နီဝရဏကို ပယ်ရှားနိုင်ရေးအတွက် စျာန်သမာဓိကို ပွားများအားထုတ်ရာ၌ သင့်လျော်မည့် ဆိတ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်ခြင်းဟူသည့် စရဏကျင့်စဉ်အရပ်ရပ်တို့[၁၆၆]နှင့် ဓုတင် (၁၃)ပါး[၁၆၇]တို့သည်လည်း ဤသီလမဂ္ဂင်ပိုင်းတွင် ပါဝင်ကြပေသည်။

သမာဓိမဂ္ဂင် –– ဤသမာဓိမဂ္ဂင် = သမာဓိသိက္ခာ = သမာဓိကျင့်စဉ်ပိုင်းတွင် ဥပစာရသမာဓိနှင့်တကွသော စျာန်သမာပတ် (၈)ပါးစလုံးတို့ ပါဝင်ကြ၏၊ သို့သော် သာမညဖလသုတ္တန်တွင်ကား လောကီအဘိညာဏ် (၅)ပါး တို့ကိုလည်း သမာဓိသိက္ခာ = သမာဓိကျင့်စဉ်ပိုင်းတွင် ထည့်သွင်းကာ ဟောကြားထားတော်မူခဲ့ပေသည်။

ပညာမဂ္ဂင် –– ဤပညာမဂ္ဂင် = ပညာသိက္ခာ = ပညာကျင့်စဉ်ပိုင်းတွင် ပါဝင်ကြသည့် သမ္မာဒိဋ္ဌိနှင့် သမ္မာသင်္ကပ္ပမဂ္ဂင်တို့ကား သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းသိမြင်ကြသည့် မဂ္ဂင်တရားတို့ပင် ဖြစ်ကြသည်။

ဤသို့လျှင် ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အမည်ရသည့် ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ် အစစ် အဖြစ်ကြီး ဖြစ်ပေသည့် ဤမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့သည် .. ကိလေသာတို့မှ လွတ်မြောက်ရာဖြစ်သည့် အရဟတ္တဖိုလ် အထွတ်တပ်ထားသည့် လေးဆင့်သော အရိယမဂ်ဉာဏ် လေးဆင့်သော အရိယဖိုလ်ဉာဏ်တို့ဖြင့် လောကုတ္တရာ နိရောဓသစ္စာ အမည်ရသည့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်ကြီးကို ထိုးထွင်းသိမြင်ရေး အတွက် အခြေခံလိုအပ်သည့် အရိယသစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းသိမြင်ရန် အဆင့်ဆင့်သော ကျင့်စဉ်တို့ပင် ဖြစ်ကြပေသည်။

အလားတူပင် အထက်တွင် ရှင်းပြခဲ့ပြီးသည့်အတိုင်း သတိပဋ္ဌာန်တရားလေးပါး ကျင့်စဉ်တရားတို့သည်လည်း ကိလေသာတို့မှ လွတ်မြောက်ရာဖြစ်သည့် အရဟတ္တဖိုလ် အထွတ်တပ်ထားသည့် လေးဆင့်သော အရိယမဂ်ဉာဏ် လေးဆင့်သော အရိယဖိုလ်ဉာဏ်တို့ဖြင့် လောကုတ္တရာ နိရောဓသစ္စာ အမည်ရသည့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်ကြီးကို ထိုးထွင်းသိမြင်ရေးအတွက် အခြေခံလိုအပ်သည့် အရိယသစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းသိမြင်ရန် အဆင့်ဆင့်သော ကျင့်စဉ်တို့ပင် ဖြစ်ကြပေသည်။

သို့အတွက် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းသည် သတိပဋ္ဌာန်တရား လေးပါးတို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းပင် ဖြစ်ပေသည်။ အလားတူပင် သတိပဋ္ဌာန်တရားလေးပါးတို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းသည်လည်း မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ခြင်းပင် ဖြစ်ပေသည်။ ဤကဲ့သို့သော သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တို့ကို ရည်ညွှန်းတော်မူကာ ပရိနိဗ္ဗာန် စံလွန်တော်မူတော့မည့် ထိုနှစ်တွင် ဘုရားရှင်သည် ရဟန်းတော်တို့အား ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ မိန့်မှာသွားတော်မူခဲ့လေသည်။

မေ့ပျောက်လို့ မရနိုင်သည့် ဘုရားရှင်၏ မှာကြားချက်များ

''ဤကား သီလကျင့်စဉ်တည်း၊ ဤကား သမာဓိကျင့်စဉ်တည်း၊ ဤကား ပညာကျင့်စဉ်တည်း။ သီလဖြင့် ထုံမွမ်း ထားအပ်သော သမာဓိသည် ကြီးကျယ်ဖွံ့ဖြိုးများမြတ်သော အကျိုးရှိ၏၊ ကြီးကျယ်ဖွံ့ဖြိုးများမြတ်သော အာနိသင်ရှိ၏၊ သမာဓိဖြင့် ထုံမွမ်းထားအပ်သော ပညာသည် ကြီးကျယ်ဖွံ့ဖြိုးများမြတ်သော အကျိုးရှိ၏၊ ကြီးကျယ်ဖွံ့ဖြိုးများမြတ်သော အာနိသင်ရှိ၏၊ ပညာဖြင့် ထုံမွမ်းထားအပ်သော စိတ်သည် ကောင်းစွာသာလျှင် အာသဝေါတရားတို့မှ လွတ်မြောက်၏၊ အဘယ်အာသဝေါတရားတို့နည်းဟူမူ - ကာမာသဝ ဘဝါသဝ အဝိဇ္ဇာသဝတို့ပင်တည်း။''[၁၆၈]

အာသဝေါတရားတို့မှ လွတ်မြောက်လျှင် သံသရာဝဋ်ဆင်းရဲဒုက္ခမှလည်း လွတ်မြောက်တော့မည်သာ ဖြစ်သည်။ သို့အတွက် သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ခန်းရေးအတွက် –
၁။ သီလဖြင့် ထုံမွမ်းထားအပ်သော သမာဓိကို ရအောင် ထူထောင်ရမည်။
၂။ သမာဓိဖြင့် ထုံမွမ်းထားအပ်သော ပညာကို ရအောင် ပွားများရမည်။

သို့မှသာလျှင် ပညာဖြင့် ထုံမွမ်းထားအပ်သော စိတ်သည် အာသဝေါတရားတို့မှ ကောင်းစွာ လွတ်မြောက်မည် ဖြစ်သည်။ တန်ခိုးအာနိသင် ထက်မြက်သော စိတ်တစ်ခုကို ရရှိရေးအတွက် ထိုစိတ်ဓာတ်ကို သီလ သမာဓိ ပညာတို့ဖြင့် ထုံမွမ်းပေးရမည် ဖြစ်သည်။ စံချိန်မီ သီလ-သမာဓိ-ပညာ ဖြစ်မူ ထိုသီလ-သမာဓိ-ပညာတို့ဖြင့် ထုံမွမ်းထားသော စိတ်သည် သိကြားမင်း၏ ဝရဇိန်လက်နက် မိုးကြိုးစက်ထက် အဆပေါင်းများစွာ စွမ်းအင်များ ထက်မြက်လာ၏၊ ကိလေသာကို ကုန်ခန်းစေနိုင်သော စွမ်းအားများ ပေါ်လာတတ်၏၊ တန်ခိုး အကြီးမားဆုံး စွမ်းအင် အထက်မြက်ဆုံး ဖြစ်သော ထိုစိတ်ဓာတ်မျိုးကို အလိုရှိခဲ့ပါမူ သီလ-သမာဓိ-ပညာ သိက္ခာ သုံးရပ် အကျင့်မြတ်ကို ရိုသေစွာ ဖြည့်ကျင့် ရမည်သာ ဖြစ်ပေသည်။ ထိုကြောင့် –– ယောဂီသူတော်ကောင်းသည် ..

၁။ ရှေးဦးစွာ သီလကို စင်ကြယ်အောင် သုတ်သင်ပါ၊ ဖြည့်ကျင့်ပါ။
၂။ သမာဓိကို ထူထောင်ပါ။
၃။ ထိုနောင် အရိယသစ္စာလေးပါးကို သိအောင် ကြိုးစားအားထုတ်ပါ။

တစ်ဖန် ပရိနိဗ္ဗာန်စံလွန်တော်မူမည့်နှစ် ပရိနိဗ္ဗာန်မစံမီ (၃)လမြောက် တပို့တွဲလပြည့်နေ့သို့ အရောက်တွင် ဝေသာလီပြည် စာပါလစေတီတွင် သတိသမ္ပဇဉ်ဉာဏ်ယှဉ်တော်မူကာ အာယုသင်္ခါရကို လွှတ်တော်မူ၏၊[၁၆၉] ထို့နောင် ဘုရားရှင်သည် ဝေသာလီပြည် မဟာဝုန်တောအတွင်းရှိ စုလစ်မွန်းချွန် အထွတ်တပ်သော ပြာသာဒ်ဆောင်ပေါက်သည့် ကူဋာဂါရသာလာရှိရာ ကျောင်းတိုက်အတွင်းသို့ ကြွရောက်တော်မူခဲ့၏၊ ဝေသာလီပြည်ပတ်ဝန်းကျင်တွင် တည်ရှိသော ရဟန်းသံဃာတော်တို့ကို စည်းဝေးညီမူရာ တန်ဆောင်းဝန်းအတွင်း၌ စည်းဝေးစေတော်မူပြီးလျှင် ထိုရဟန်းတော် တို့အား သာသနာတော် အရှည်ခိုင်ခံ့တည်တံ့ရေးအတွက် ဗောဓိပက္ခိယတရား (၃၇)ပါးတို့ကို ပွားများအားထုတ်ကြရန် တိုက်တွန်းတော်မူပြီးနောက် ဤသို့ ဆက်လက်ကာ မှာကြားတော်မူလေသည် ..။

''ရဟန်းတို့ ...သင်ချစ်သားတို့အား ယခုအခါ ငါဘုရားသည် မိန့်မှာတော်မူပေဦးအံ့..၊ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတို့က ပြုပြင်ပေးပါမှ ဖြစ်ပေါ်လာကြရသည့် 'သင်္ခါရ'တရားတို့သည် ပျက်ခြင်းသဘော ရှိကြကုန်၏၊ မမေ့သော သတိတရားဖြင့် မိမိတို့၏ ရဟန်းကိစ္စပြီးစီးအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြကုန်လော့..၊

တထာဂတအမည်ရတော်မူသော သင်တို့ဆရာ ငါဘုရား၏ ပရိနိဗ္ဗာန်စံလွန်တော်မူခြင်းသည် မကြာမြင့်မီ အချိန်ကာလအတွင်း၌ပင် ဖြစ်တော်မူပေလိမ့်မည်၊ ဤနေ့မှ နောက် သုံးလလွန်မြောက်သည့် ကဆုန်လပြည့်နေ့ဝယ် တထာဂတအမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူပေတော့အံ့ ...''ဟု –ဤစကားကို မြတ်စွာဘုရားသည် မိန့်ကြားတော်မူ၏၊

ဤစကားတော်ကို မိန့်ကြားတော်မူပြီးလျှင် ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဆက်လက်ကာ ဤမှာကြားချက်တို့ကိုလည်း မိန့်ကြားတော်မူပြန်၏ ..။

''ရဟန်းတော်များ အိုချစ်သားတို့ ... ငါဘုရားရှင်၏ အရွယ်တော်သည်ကား အိုမင်းရင့်ရော်တော်မူလှလေပြီ၊ ငါဘုရားရှင်၏ ကြွင်းကျန်နေသေးသည့် သက်တမ်းသည်ကား အလွန့်အလွန် နည်းပါးလှလေပြီ၊ သင်ချစ်သားတို့ တစ်တွေကို စွန့်လွှတ်ကာ ကြွသွားတော်မူရပေတော့အံ့၊ သို့သော် ငါဘုရားရှင်သည် မိမိ၏ ကိုးကွယ်အားထားရာကို ပြုလုပ်ပြီးခဲ့လေပြီ။

ရဟန်းတော်များ အိုချစ်သားတို့ ... သမထ ဝိပဿနာ ဘာဝနာကုသိုလ်တရားတို့၌ မမေ့ပျောက်ခြင်း အပ္ပမာဒ သတိတရား ထင်ရှားရှိလျက် နေထိုင်ကြကုန်လော့၊ ကောင်းမွန်စင်ကြယ်သော ကိုယ်ကျင့်သီလနှင့် ပြည့်စုံသူတို့ ဖြစ်အောင် ကြိုးစားကြကုန်လော့၊ ဥပစာရ အပ္ပနာ နှစ်ဖြာသော သမာဓိတို့ဖြင့် ကောင်းစွာ တည်ကြည်သော စိတ်ထားရှိသူတို့ ဖြစ်အောင် ကြိုးစားကြကုန်လော့။ သစ္စာလေးရပ် တရားမြတ်အာရုံပေါ်သို့ မိမိတို့၏ စိတ်ကို ကောင်းစွာ ပို့ဆောင်ပေးတတ်သည့် သမ္မာသင်္ကပ္ပမဂ္ဂင်, သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းသိမြင်တတ်သည့် သမ္မာဒိဋ္ဌိ မဂ္ဂင်တို့နှင့်လည်း ပြည့်စုံအောင် ကြိုးစားကြကုန်လော့။ မိမိတို့၏ စိတ်ကို ဤသီလ-သမာဓိ-ပညာ ကျင့်စဉ်တို့ကို ကျင့်လျက် ထိန်းသိမ်းစောင့်ရှောက်ကြပါကုန်လော့ ..။

ရဟန်းတော်များ အိုချစ်သားတို့ ... ဤ ဓမ္မ-ဝိနယ သာသနာတော်၌ ဤသို့လျှင် သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့ကို မမေ့မလျော့ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေသည့် ရဟန်းတော်သည် အဖန်ဖန် အထပ်ထပ် ပြောင်းရွှေ့ကျင်လည်ရာ 'ဤဘဝသံသရာ'ကို ပယ်စွန့်ကာ သံသရာဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို ပြုနိုင်ပေလတ္တံ့.....''ဟု မိန့်ကြားတော်မူလေ၏၊[၁၇၀]

သဘောတရားရေးရာအပိုင်း ပြီး၏၊

အခန်း (၂) 

လုပ်ငန်းခွင်အပိုင်း 

သမထကမ္မဋ္ဌာန်းပိုင်း

သမာဓိ စွမ်းအားတော်

သမာဓိံ ဘိက္ခဝေ ဘာဝေထ၊
သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။
ကိဉ္စ ယထာဘူတံ ပဇာနာတိ၊
''ဣဒံ ဒုက္ခ''န္တိ ယထာဘူတံ ပဇာနာတိ။
''အယံ ဒုက္ခသမုဒယော''တိ ယထာဘူတံ ပဇာနာတိ။
''အယံ ဒုက္ခနိရောဓော''တိ ယထာဘူတံ ပဇာနာတိ။
''အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ''တိ ယထာဘူတံ ပဇာနာတိ။
သမာဓိံ ဘိက္ခဝေ ဘာဝေထ၊
သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ။

ချစ်သား ရဟန်းတို့...စိတ်တည်ကြည်မှု 'သမာဓိ'ကို ပွားများကြကုန်လော့၊

ချစ်သား ရဟန်းတို့...စိတ်တည်ကြည်မှု သမာဓိရှိသော ရဟန်းသည် ဟုတ်တိုင်းမှန်စွာ သိမြင်၏၊
အဘယ်သို့လျှင် ဟုတ်တိုင်းမှန်စွာ သိသနည်း?
''ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'တည်း''ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်၏၊
''ဤကား ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခသမုဒယအရိယသစ္စာတရား'တည်း''ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်၏၊
''ဤကား ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခနိရောဓအရိယသစ္စာတရား'တည်း''ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်၏၊
''ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တည်း''ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်၏၊
ချစ်သား ရဟန်းတို့ ...စိတ်တည်ကြည်မှု 'သမာဓိ'ကို ပွားများကြကုန်လော့၊
ချစ်သား ရဟန်းတို့ ... စိတ်တည်ကြည်မှု သမာဓိရှိသော ရဟန်းသည် ဟုတ်တိုင်းမှန်စွာ သိမြင်၏၊
(သံ၊၃၊၃၆၃၊ စာပိုဒ်၊၁၀၇၁။ သမာဓိသုတ္တန်။)

အာနာပါနကမ္မဋ္ဌာန်း

အာနာပါန ချီးမွမ်းခန်း

''ရဟန်းတို့ ...ဤအာနာပါနဿတိသမာဓိသည်လည်း ပွားများအပ်သည်ရှိသော် ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်သည်ရှိသော် ငြိမ်လည်း ငြိမ်သက်၏၊ မွန်လည်း မွန်မြတ်၏၊ သွန်းလောင်းထည့်စွက်အပ်သော ပရိကမ္မစသော အကြောင်းတစ်ပါးလည်း မရှိ၊ ကာယိကသုခ စေတသိကသုခကို ဖြစ်စေတတ်သောကြောင့် ချမ်းသာစွာ နေထိုင်ရကြောင်း တရားလည်း ဖြစ်၏၊ ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်းကုန်သော, စျာန်ဖြင့် မပယ်ခွာအပ်သေးကုန်သော, ယုတ်မာ ကုန်သော အကုသိုလ်တရားတို့ကိုလည်း တစ်ခဏချင်းအားဖြင့် ကွယ်ပျောက်ရုပ်သိမ်း ချုပ်ငြိမ်းစေနိုင်၏၊''[၁၇၁]

အာနာပါန ပြည်တည်ခန်း

''ရဟန်းတို့ ...ဤသာသနာတော်၌ ယောဂါဝစရရဟန်းသည် တောသို့ သွားရောက်၍ ဖြစ်စေ, သစ်ပင်ရင်းသို့ သွားရောက်၍ဖြစ်စေ, ဆိတ်ငြိမ်ရာ အရပ်သို့ သွားရောက်၍ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် အထက်ပိုင်းကိုယ်ကို ဖြောင့်မတ်စွာ ထား၍ သတိကို ဝင်သက်လေ-ထွက်သက်လေတည်းဟူသော အာနာပါနကမ္မဋ္ဌာန်းသို့ ရှေးရှုဖြစ်စေလျက် ထိုင်၏၊ ထိုရဟန်းသည် သတိရှိလျက်သာလျှင် ဝင်သက်လေကို ဖြစ်စေ၏ = အသက်ရှူသွင်း၏၊ သတိရှိလျက်သာလျှင် ထွက်သက်လေကို ဖြစ်စေ၏ = အသက်ရှူထုတ်၏၊''[၁၇၂]

ဤအရာ၌ .. ဝင်သက်လေ-ထွက်သက်လေ၌ သတိမြဲအောင် ကျင့်ရန် ဘုရားရှင်သည် စတုက္ကလေးခုတို့ဖြင့် ခွဲခြားစိတ်ဖြာ၍ ဟောကြားတော်မူ၏၊[၁၇၃] ဝင်သက်လေ၌ စတုက္က လေးခု, ထွက်သက်လေ၌ စတုက္က လေးခု ဖြစ်သဖြင့် နှစ်ရပ်ပေါင်းသော် ဝင်သက်လေ၌ (၁၆)မျိုးသောအခြင်းအရာ, ထွက်သက်လေ၌ (၁၆)မျိုးသောအခြင်းအရာ, အားလုံး (၃၂)မျိုးသော အခြင်းအရာတို့၌ သတိမြဲအောင် ကျင့်ရမည် ဖြစ်သည်။ ဝိပဿနာပိုင်းသို့ ရောက်ရှိသွားသောအခါ အာနာပါနစျာန်တရားတို့နှင့် တကွ ပကိဏ္ဏကသင်္ခါရ အမည်ရသော (၃၁)ဘုံအတွင်း၌ တည်ရှိသော တေဘူမက သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနိုင်သောအခါ ယင်း (၃၂)မျိုးသော အခြင်းအရာတို့သည်လည်း တဖြည်းဖြည်း ပြီးစီးပြည့်စုံလာမည် ဖြစ်ပေသည်။ ဤအပိုင်းတွင်ကား ပထမစတုက္ကကိုသာ ဦးစားပေး၍ ရေးသားတင်ပြပေအံ့ ..။

သတိပြုရန်

ဝင်သက်လေ-ထွက်သက်လေ ထိထိသွားရာ (ထိမှုထင်ရှားရာ) အရပ်၌သာလျှင် သတိကို တည်စေ၍ (သတိကို ထား၍) အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် အာနာပါနဿတိ သမာဓိဘာဝနာသည် ပြီးစီးပြည့်စုံနိုင်၏၊[၁၇၄]

ရှောင်ရန်

အာနာပါနကမ္မဋ္ဌာန်း၌ ပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ်ဟု နိမိတ်သုံးမျိုး ရှိ၏၊[၁၇၅]

၁။ ပရိကမ္မနိမိတ် –– အားထုတ်စပုဂ္ဂိုလ်များအတွက် ပကတိသော ဝင်သက်လေ-ထွက်သက်လေ၏ တွေ့ထိမှု ထင်ရှားရာ အရပ်ဖြစ်သော နှာသီးဖျား (= နာသိကဂ္ဂ) သို့မဟုတ် အထက်နှုတ်ခမ်း (= မုခနိမိတ္တ = ဥတ္တရောဋ္ဌ) သည် နိမိတ် မည်၏၊ ပရိကမ္မနိမိတ်ဟု ဆိုလိုသည်။[၁၇၅] ပကတိသော ဝင်သက်လေ-ထွက်သက်လေသည်လည်း ပရိကမ္မနိမိတ်ပင် မည်၏၊ အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်စပုဂ္ဂိုလ်များအတွက် ရှေးဦးစွာ သမာဓိ စတင်ဖြစ်ပေါ်လာဖို့ရန် အာရုံအကြောင်းတရား ဖြစ်သောကြောင့် ပရိကမ္မနိမိတ်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။ တစ်ဖန် အာနာပါနကမ္မဋ္ဌာန်းကို ပထမစတုက္က၌ ဘုရားရှင် ညွှန်ကြားတော်မူသည့်အတိုင်း အစဉ်အတိုင်း ကျင့်သဖြင့် သမာဓိအားကောင်းလာသောအခါ ဘာဝနာ၏ စွမ်းဟုန်ကြောင့် ဖြစ်ပေါ်လာသော မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ်ရှိသော အာနာပါနနိမိတ်သည်လည်း ပရိကမ္မနိမိတ် မည်၏၊

၂။ ဥဂ္ဂဟနိမိတ် –– တိုးတက်မြင့်မားလာသော ဘာဝနာသမာဓိစွမ်းဟုန်ကြောင့်ပင် ဖြစ်ပေါ်လာသော ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူဖွေးနေသော အာနာပါနနိမိတ်သည် ဥဂ္ဂဟနိမိတ် မည်၏၊ (ယေဘုယျဟု မှတ်ပါ၊ အခြားအရောင်များလည်း ပေါ်နိုင်သောကြောင့် ဖြစ်သည်။)

၃။ ပဋိဘာဂနိမိတ် –– တစ်ဖန် .. ထိုထက်အလွန် ပို၍ ပို၍ တိုးတက်မြင့်မားလာသော ဘာဝနာသမာဓိ စွမ်းဟုန်ကြောင့်ပင် ဖြစ်ပေါ်လာသော သောက်ရှူးကြယ်ကဲ့သို့ အလွန်ကြည်လင် တောက်ပနေသော အာနာပါန နိမိတ်သည် ပဋိဘာဂနိမိတ် မည်၏၊ (ဤ၌လည်း ယေဘုယျဟု မှတ်ပါ။)

၁။ ယောဂါဝစရပုဂ္ဂိုလ်သည် အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ်ရှိသော ပရိကမ္မ နိမိတ်, ဖြူဆွတ်နေသော ဥဂ္ဂဟနိမိတ်, ကြည်လင်တောက်ပနေသော ပဋိဘာဂနိမိတ်တို့ ဖြစ်ပေါ်လာသောအခါ ယင်းနိမိတ်ကို အရောင်အားဖြင့် နှလုံးမသွင်းပါနှင့် = ယင်းနိမိတ်တို့၏ အရောင်ကို နှလုံးမသွင်းပါနှင့်။ နှလုံးသွင်းခဲ့သော် အရောင်ကသိုဏ်းဘက်သို့ ကူးသွားမည်။ သို့သော် တကယ့်အရောင်ကသိုဏ်းလည်း မဖြစ်နိုင်။ အရောင်ကသိုဏ်း ပြုလုပ်နိုင်သော အာရုံနိမိတ်တို့တွင် ယင်းအာနာပါနနိမိတ် မပါဝင်သောကြောင့် ဖြစ်၏၊

၂။ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့ဟူသော ပထဝီဓာတ်၏ သဘာဝလက္ခဏာ၊ ယိုစီး-ဖွဲ့စည်းဟူသော အာပေါ ဓာတ်၏ သဘာဝလက္ခဏာ၊ ပူ-အေးဟူသော တေဇောဓာတ်၏ သဘာဝလက္ခဏာ၊ ထောက်ကန်မှုဟူသော ဝါယောဓာတ်၏ သဘာဝလက္ခဏာဟု ဓာတ်ကြီး (၄)ပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာများ ရှိကြ၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် ပကတိသော ဝင်သက်လေ-ထွက်သက်လေ အဝင်အပါဖြစ်သော ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော ယင်းနိမိတ်အားလုံးကို သဘာဝလက္ခဏာအားဖြင့်လည်း နှလုံးမသွင်းပါနှင့်၊ ယင်း အာနာပါနနိမိတ်အားလုံး၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။ နှလုံးသွင်းခဲ့သော် ဓာတ်ကမ္မဋ္ဌာန်း ဖြစ်သွားမည်၊ အာနာပါနကမ္မဋ္ဌာန်း မဖြစ်တော့ပေ။ သို့သော် ဓာတ်ကမ္မဋ္ဌာန်း မှာလည်း အာနာပါနတစ်ခုတည်း၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးမျှလောက်ကိုသာ ရှုရုံမျှဖြင့် မလုံလောက်သည်သာ ဖြစ်၏၊ ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း၌ကား တစ်ကိုယ်လုံးကို ခြုံငုံ၍ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို ရှုရ၏၊ ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်း၌ကား (၄၂)ကောဋ္ဌာသတို့တွင် ကောဋ္ဌာသ တစ်ခုစီ တစ်ခုစီ၌ ခြုံငုံ၍ ဓာတ်ကြီး (၄)ပါးတို့၏ သဘာဝလက္ခဏာကို ရှုရ၏၊

၃။ အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာဟူသော လက္ခဏာသုံးပါးတို့သည် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော သင်္ခါရတရားအားလုံးတို့နှင့် သက်ဆိုင်သောကြောင့် အများဆိုင် သာမညလက္ခဏာ မည်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် ပကတိသော ဝင်သက်လေ-ထွက်သက်လေ အဝင်အပါဖြစ်သော ယင်းအာနာပါနနိမိတ် အားလုံးကို သာမညလက္ခဏာအားဖြင့်လည်း နှလုံးမသွင်းပါနှင့်။ အနိစ္စဟု ဒုက္ခဟု အနတ္တဟု လက္ခဏာရေး သုံးတန် တစ်လှည့်စီ တင်ကာ ဝိပဿနာ မရှုပွား မသုံးသပ်ပါနှင့်။ အကြောင်းမူ ဝိပဿနာဟူသည် ဒုက္ခသစ္စာ, သမုဒယသစ္စာ အမည်ရသော ပရမတ်သင်္ခါရတရားတို့ကိုသာလျှင် လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ရှုပွားသုံးသပ်ရသော လုပ်ငန်းခွင် ဖြစ်၏၊ ပကတိသော ဝင်သက်လေ-ထွက်သက်လေ အဝင်အပါ ယင်း အာနာပါနနိမိတ်အားလုံးတို့သည်ကား သမူဟပညတ် သဏ္ဌာနပညတ်စသော ပညတ်မစင်သေးသည့် ပညတ် အတုံးအခဲတို့သာ ဖြစ်ကြသေး၏၊ ပညတ်တရားတို့မည်သည်မှာ ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ မဟုတ် ဖြစ်ကြ၏၊ ထို့ကြောင့် ယင်းနိမိတ်တို့၌ သာမညလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။[၁၇၆]

ထို့ကြောင့် ပကတိသော ဝင်သက်လေ-ထွက်သက်လေကို အာရုံပြု၍ ''ဝင်လေ ဖြစ်-ပျက် အနိစ္စ, ထွက်လေ ဖြစ်-ပျက် အနိစ္စ'' .. ဟု မရှုပါနှင့်။ ဃန ဟူသည့် ရုပ်အတုံးအခဲ မပြိုသေးသော ပကတိသော ဝင်သက်လေထွက်သက်လေကား ပညတ်သာတည်း။

ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းကို အောင်မြင်စွာ ရှုပွားနိုင်သောအခါ စိတ်ကြောင့် ဖြစ်သည့် ပကတိသော ဝင်သက်လေ-ထွက်သက်လေဟူသော အဿာသ-ပဿာသကောဋ္ဌာသ၌ ဓာတ်ကြီး (၄)ပါးကို ဉာဏ်ဖြင့် မြင်အောင် စိုက်ရှုပါ။ သမာဓိစွမ်းအင် ပြည့်ဝလာသောအခါ ရုပ်ကလာပ်အမှုန်များကို တွေ့ရှိမည် ဖြစ်သည်။ ယင်း ရုပ်ကလာပ်တို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုလိုက်ပါက ရုပ်ကလာပ် တစ်မှုန်တစ်မှုန်၌ ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ သဒ္ဒ (အသက်ရှူသံ)ဟု (၉)မျိုးသော ရုပ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်မည် ဖြစ်သည်။[၁၇၇] ယင်း (၉)မျိုးသော ရုပ်တရားတို့ကား လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုကောင်းသော ရုပ်တရားတို့ ဖြစ်ကြ၏၊ ပရမတ္ထရုပ်တရားတို့ ဖြစ်ကြ၏၊ ယင်းပရမတ္ထ ရုပ်တရားတို့ကို မသိမ်းဆည်းနိုင်ဘဲ, ဉာဏ်ဖြင့် ပိုင်းခြား မယူနိုင်ဘဲ, မသိမမြင်ဘဲ ပကတိသော ဝင်သက်လေ-ထွက်သက်လေ အဝင်အပါ ယင်းအာနာပါနနိမိတ် အားလုံးကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှုပါက တကယ့်ဝိပဿနာအစစ် မဟုတ်ဟု မှတ်သားပါလေ။

ရေတွက်ခြင်း = ဂဏနာနည်း

ပကတိသော ဝင်သက်လေ ထွက်သက်လေကို ထိမှုထင်ရှားရာ နှာသီးဖျား (တစ်ပေါက်ပေါက်)၊ သို့မဟုတ် အထက်နှုတ်ခမ်းဟူသော အရပ်က စောင့်၍ ''ဝင်လေ-ထွက်လေ''ဟု ရှုကြည့်ပါ။ မမှတ်ဘဲနေနိုင်ပါက မမှတ်ပါနှင့်၊ ဝင်လေ-ထွက်လေအာရုံ၌ သတိမြဲအောင်သာ စိုက်ရှုနေပါ၊ စိုက်ကြည့်နေပါ။ အကယ်၍ မမှတ်ဘဲ မနေနိုင်ပါက ''ဝင်လေ-ထွက်လေ''ဟုသာ မှတ်နေပါ။

ထိုသို့ရှုရာ၌ ထိမှုသက်သက်ကိုလည်း မရှုပါနှင့်၊ ထိမှု ထင်ရှားသည့်နေရာ၏ အတွင်းဘက်သို့ ဝင်သွားသောလေ အပြင်ဘက်သို့ ထွက်သွားသော လေတို့ကိုလည်း လိုက်မရှုပါနှင့်၊ ထိမှုထင်ရှားရာနေရာက စောင့်၍ ''ဝင်လေထွက်လေ''ကိုသာ ရှုပါ။ ထိမှုသက်သက်ကို ရှုခြင်းမှာ ကမ္မဋ္ဌာန်းတစ်မျိုး ဖြစ်၏၊ ဓာတ်ကမ္မဋ္ဌာန်းနှင့် နွယ်၏၊ ထိသည့် လေကို ရှုခြင်းသည်သာလျှင် အာနာပါနကမ္မဋ္ဌာန်း ဖြစ်ပေသည်။ ထိနေသည့် ဝင်လေ-ထွက်လေကိုသာလျှင် ထိသည့် နေရာက စောင့်၍ သတိကြီးစွာဖြင့် ရှုနေပါ၊ သိမ်းဆည်းနေပါ။ ထိုသို့ ရှုရာ၌ ဝင်သက်လေ-ထွက်သက်လေအာရုံ၌ ဘာဝနာစိတ်သည် နာရီဝက် တစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေသော် ကောင်း၏၊ ထိုင်တိုင်း ထိုင်တိုင်း တစ်နာရီခန့် ဝင်သက်လေ-ထွက်သက်လေအာရုံ၌ ဘာဝနာစိတ်သည် အမြဲတမ်း ကပ်၍ တည်နေသော် ဒီဃ-ရသ (= အရှည်-အတို)သို့ ပြောင်းနိုင်ပြီ။

အကယ်၍ ဝင်သက်လေ-ထွက်သက်လေအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ မတည်ခဲ့သော်, စိတ်ပျံ့လွင့်မှု များခဲ့သော် အဋ္ဌကထာကြီး[၁၇၈]တို့၌ ညွှန်ကြားထားသည့်အတိုင်း ရေတွက်သည့်နည်းကို အသုံးပြုပါ။

၁။ ''ဝင်လေ-ထွက်လေ'' တစ် (၁)
၂။ ''ဝင်လေ-ထွက်လေ'' နှစ် (၂)
၃။ ''ဝင်လေ-ထွက်လေ'' သုံး (၃)
၄။ ''ဝင်လေ-ထွက်လေ'' လေး (၄)
၅။ ''ဝင်လေ-ထွက်လေ'' ငါး (၅)
၆။ ''ဝင်လေ-ထွက်လေ'' ခြောက် (၆)
၇။ ''ဝင်လေ-ထွက်လေ'' ခုနစ် (၇)
၈။ ''ဝင်လေ-ထွက်လေ'' ရှစ် (၈)

ဤသို့ ရေတွက်ပါ။ (၁)မှ (၈)အထိ စိတ်ကို အပြင်အာရုံအမျိုးမျိုးသို့ မထွက်စေဘဲ ဝင်လေ-ထွက်လေအာရုံ၌သာ ငြိမ်ဝပ်စွာ ကပ်တည်နေအောင် စိတ်ကို ခပ်တင်းတင်း ထား၍ ရှုပါ။ ထိုသို့ ရေတွက်ရာ၌ (၁)မှ (၅)အထိလည်း ရေတွက်နိုင်၏၊ (၁)မှ (၁၀)အထိလည်း ရေတွက်နိုင်၏၊ (၅)ထက် မလျော့ပါစေနှင့်၊ (၁၀)ထက်လည်း မပိုပါစေနှင့်၊ (၅)နှင့် (၁၀) အကြား မိမိနှစ်ခြိုက်သည့်နေရာတွင် ရပ်နိုင်သည်။

ထိုသို့ ရေတွက်ရာ၌ ရေတွက်ခြင်း ဂဏနာနည်း၏ အစွမ်းဖြင့် ဘာဝနာစိတ်သည် ဝင်သက်လေ-ထွက်သက်လေ အာရုံ၌ တစ်စတစ်စ တဖြည်းဖြည်း ငြိမ်ဝပ်စွာ ကပ်၍ တည်လာလိမ့်မည်။ နာရီဝက်ခန့် တစ်နာရီခန့် ထိုင်တိုင်း ထိုင်တိုင်း ငြိမ်ဝပ်စွာကပ်၍ တည်လာသော် ရေတွက်သည့် ဂဏနာနည်းကို လွှတ်လိုက်၍ ''ဝင်လေ-ထွက်လေ''ဟုပင် ဆက်ရှုကြည့်ပါ။ ဘာဝနာစိတ်သည် ဝင်လေ-ထွက်လေအာရုံ၌ နာရီဝက် ငြိမ်ပါစေ၊ တစ်နာရီ ငြိမ်ပါစေ စသည်ဖြင့်လည်း အဓိဋ္ဌာန်ပြု၍ ထိုင်ကြည့်ပါ။ အောင်မြင်မှုရခဲ့သော် အရှည်-အတို ရှုကွက်ကို ပြောင်းရှုနိုင်ပြီ။ သို့သော် ဤအပိုင်းတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသည့် ယောဂီများလည်း ရှိကြပေသည်။ ထိုယောဂီများမှာ အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်ရာ၌ နှစ်ပတ် သုံးပတ်အတွင်းတွင် ခိုင်မြဲသော သမာဓိကို မရရှိဘဲ အချိန်ကြာမြင့်စွာ အာနာပါနကမ္မဋ္ဌာန်းကို ဆက်လက်ကြိုးပမ်းနေကြရသူများ ဖြစ်ကြ၏၊

အခက်အခဲ (၄) ရပ်

၁။ နှာခေါင်းအတွင်း (= နှာတံအတွင်း) သို့ ဝင်လေ-ထွက်လေကို လိုက်ရှုမိခြင်း – ထိုယောဂီပုဂ္ဂိုလ်သည်ကား ဝင်သက်လေ-ထွက်သက်လေကို ရှုရာ၌ ဝင်သက်လေ-ထွက်သက်လေ၏ ထင်ရှားမှုကို အလိုရှိနေ၏၊ သို့အတွက် နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဝန်းကျင်တွင် ဝင်သက်လေ-ထွက်သက်လေက အလွန်ကြီး မထင်ရှားသဖြင့် သိမ်မွေ့နေသဖြင့် ဝင်သက်လေ-ထွက်သက်လေ ထင်ရှားမည်ဟု ယူဆရသော နှာခေါင်းအတွင်း (= နှာတံအတွင်း)သို့ လိုက်ကာ ယင်းဝင်သက်လေ-ထွက်သက်လေကို ရှုနေ၏၊ သို့သော် နှာခေါင်းအတွင်း (= နှာတံအတွင်း)၌ကား ဝင်သက်လေ-ထွက်သက်လေ၌ တည်ရှိသော ဝါယောဓာတ်၏ တွန်းကန်မှုသဘောက ပို၍ ထင်ရှားနေတတ်၏၊ ယင်းတွန်းကန်မှုသဘောကိုပင် အာရုံယူကာ ဝင်သက်လေ-ထွက်သက်လေဟု ရှုနေတတ်၏၊ တစ်နည်းဆိုရသော် ယင်းတွန်းကန်မှုသဘောကိုပင် ဝင်သက်လေ-ထွက်သက်လေ ပြုလုပ်ကာ ရှုနေတတ်၏၊ တွန်းကန်မှုသဘောကို ရှုဖန် များလာပါက ယင်းတွန်းကန်မှုသဘောနှင့် တွဲ၍ ပထဝီဓာတ်၏ မာမှုသဘောလည်း ထင်ရှားလာတတ်၏၊ ယင်း တွန်းကန်မှုသဘောနှင့် မာမှုသဘောကိုပင် ဝင်လေ-ထွက်လေ ပြုလုပ်ကာ ဆက်လက်၍ ရှုနေခဲ့သော် အာပေါဓာတ်၏ ဖွဲ့စည်းမှုသဘော၊ တေဇောဓာတ်၏ ပူမှု-အေးမှုသဘောတို့သည်လည်း ထင်ရှားလာတတ်ပြန်၏၊ ယင်းမာမှုသဘောကား ပထဝီဓာတ်တည်း၊ ဖွဲ့စည်းမှု သဘောကား အာပေါဓာတ်တည်း၊ ပူမှု-အေးမှု သဘောကား တေဇောဓာတ်တည်း၊ တွန်းကန်မှုသဘောကား ဝါယောဓာတ်တည်း၊ ဤသို့လျှင် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာများ ထင်ရှား ဖြစ်ပေါ်လာကြ၏၊

အာနာပါနကမ္မဋ္ဌာန်းကို ရှုနေရာမှ ဓာတ်ကမ္မဋ္ဌာန်းဘက်သို့ အာရုံပြောင်းသွား၏၊ သို့သော် ယောဂီပုဂ္ဂိုလ်က ဗဟုဿုတ နည်းပါးသဖြင့် အာနာပါနကမ္မဋ္ဌာန်းကို ရှုနေသည်ဟု ယူဆကာ ဆက်လက်၍ ဓာတ်ကြီးလေးပါးကိုပင် အာရုံယူကာ ရှုပွားနေခဲ့သော် တွန်းမှု မာမှု ဖွဲ့စည်းမှုတို့က တစ်စတစ်စ အားကောင်းလာသဖြင့် နှာခေါင်းပတ်ဝန်းကျင်၌ တင်းမာမှုသဘောတရားများကား တဖြည်းဖြည်း ပို၍ ပို၍ အားကောင်းလာတတ်ပေသည်။ ဆက်လက်ကာ ရှုဖန် များလာသောအခါ မျက်နှာတစ်ခုလုံး နှာခေါင်းတစ်ခုလုံး တင်းကျပ်ပြီး ခဲလာတတ်၏၊ တစ်ဖန် ဆက်လက်ကာ ရှုဖန်များလာသောအခါ အချို့ယောဂီများမှာ မျက်စိမှိတ်လိုက်ရုံဖြင့် ဦးခေါင်းကြီး တစ်ခုလုံး ခဲမာနေတတ်ပေသည်။ ထိုအခါ၌ တရားထိုင်ရမှာကိုပင် ကြောက်ရွံ့သလို ဖြစ်လာတတ်ပေသည်။

ဤအရာ၌ ဓာတ်ကမ္မဋ္ဌာန်းကို စနစ်တကျ မရှုတတ်ခြင်း၏ အပြစ်ကို သတိပြုသင့်ပေသည်။ ဓာတ်ကမ္မဋ္ဌာန်းကို ရှုရာ၌ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၁၇၉]က – သကလမ္ပိ အတ္တနော ရူပကာယံ အာဝဇ္ဇေတွာ .. မိမိ၏ ရူပကာယတစ်ခုလုံး၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအသီးအသီးကို ဉာဏ်ဖြင့် ဆင်ခြင်ကာ ရှုပွားသုံးသပ်ရမည်ဟု ညွှန်ပြထားတော်မူ၏၊ နှာခေါင်းအတွင်း (= နှာတံအတွင်း)၌သာ ဓာတ်ကြီးလေးပါးကို စိုက်ရှုနေရမည်ဟု မညွှန်ကြားပေ။ ထိုယောဂီကား ဤစည်းကမ်းသတ်မှတ်ချက်ကိုလည်း မလိုက်နာ ဖြစ်နေ၏၊

တစ်ဖန် ဓာတ်ကမ္မဋ္ဌာန်းကို ရှုရာ၌ ပထဝီဓာတ်ဝယ် မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့ဟု သဘောတရား (၆)ခု၊ အာပေါဓာတ်ဝယ် ယိုစီး-ဖွဲ့စည်းဟု သဘောတရား (၂)ခု၊ တေဇောဓာတ်ဝယ် ပူမှု-အေးမှုဟု သဘောတရား (၂)ခု၊ ဝါယောဓာတ်ဝယ် ထောက်ကန်မှု-တွန်းကန်မှုဟု သဘောတရား (၂)ခု၊ အားလုံးပေါင်းသော် သဘောတရား (၁၂)ခုရှိရာ ယင်းသဘောတရားတို့ကို ခြေဆုံး ခေါင်းဆုံး တစ်ခုပြီးတစ်ခု သိအောင် မြင်အောင် ရှုရမည်၊ ဓာတ်သဘောတရား များကိုလည်း ညီမျှသွားအောင် ရှုရမည်ဟူသော ဤစည်းကမ်းသတ်မှတ်ချက်ကိုလည်း ထိုယောဂီပုဂ္ဂိုလ်က မလိုက်နာ ဖြစ်ခဲ့ပြန်၏၊ ရှုကွက်အပြည့်အစုံကို ရုပ်ကမ္မဋ္ဌာန်းပိုင်း[၁၈၀]တွင် ကြည့်ပါ။

ဤကဲ့သို့သော စည်းကမ်းသတ်မှတ်ချက်များကို မလိုက်နာဘဲ ဓာတ်ကမ္မဋ္ဌာန်းကို အာနာပါနကမ္မဋ္ဌာန်း ပြုလုပ်ကာ ရှုပွားနေသည့်အတွက် ဤကဲ့သို့သော အခက်အခဲများနှင့် ကြုံတွေ့ရခြင်း ဖြစ်ပေသည်။ သို့အတွက် ဝင်သက်လေထွက်သက်လေ မထင်ရှားသောအခါ နှာခေါင်းအတွင်း (= နှာတံအတွင်း)သို့ လိုက်၍ မကြည့်ပါနှင့်။

၂။ ထိမှုထင်ရှားရာနေရာ၌ တည်ရှိသည့် အရေပြားအတွင်းသို့ စိုက်ရှုမိခြင်း – ဤယောဂီကား ဝင်သက်လေထွက်သက်လေ၏ ထိမှုသက်သက်ကိုသာ စိုက်ရှုနေသူမျိုး ဖြစ်တတ်၏၊ ဝင်သက်လေ-ထွက်သက်လေ၏ ထိမှု ထင်ရှားသည့်နေရာ၌ တည်ရှိသည့် ဝင်သက်လေ-ထွက်သက်လေကို မရှုဘဲ ထိမှုသက်သက်ကိုသာ ရှုဖန်များလာသော အခါ ဝင်သက်လေ-ထွက်သက်လေ၏ ထိမှုထင်ရှားသည့် အရေပြားအတွင်းသို့ တဖြည်းဖြည်း စိုက်ရှုမိနေတတ်၏၊ ထိုသို့ ရှုဖန်များလာသောအခါ အရေပြားအတွင်း၌ တည်ရှိသော ဝါယောဓာတ်၏ တွန်းကန် လှုပ်ရှားမှုသဘော ပထဝီဓာတ်၏ မာမှုသဘော၊ အာပေါဓာတ်၏ ဖွဲ့စည်းမှုသဘော၊ တေဇောဓာတ်၏ ပူမှု-အေးမှုသဘောတည်းဟူသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံပေါ်သို့ စိတ်ရောက်ရှိသွားတတ်၏၊ ထိုအခါ အထက်က တင်ပြခဲ့သည့် အတိုင်း အာနာပါနကို ရှုရာမှ ဓာတ်ကမ္မဋ္ဌာန်းကို ရှုမိလျက်သား ဖြစ်နေတတ်၏၊ ရှုဖန်များလာသောအခါ အထက်တွင် တင်ပြထားသကဲ့သို့ပင် မျက်နှာတစ်ခုလုံး ဦးခေါင်းတစ်ခုလုံး တဖြည်းဖြည်း တင်းမာလာကာ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရတတ်ပေသည်။ ထိုကြောင့် အာနာပါနကို ရှုရာ၌ ဝင်သက်လေ-ထွက်သက်လေ၏ ထိမှုထင်ရှားရာနေရာ၌ တည်ရှိသည့် အရေပြားအတွင်းသို့ စိုက်မရှုပါနှင့်။ ယင်းအရေပြား၏ အထက်ဝယ် နှမ်းစေ့တစ်ထောက်ခန့် သို့မဟုတ် စပါးလုံးတစ်ထောက်ခန့် အကွာတွင် တည်ရှိနေသည့် ဝင်သက်လေ-ထွက်သက်လေကိုသာ စိုက်ရှုနေပါ။

၃။ သွားနှစ်ခုကို ဖိမိခြင်း ––- အာနာပါနကို ရှုရာ၌ ဝင်သက်လေ-ထွက်သက်လေက အလွန့်အလွန် သိမ်မွေ့ လာသောအခါ ထိုသိမ်မွေ့သော ဝင်သက်လေ-ထွက်သက်လေကိုပင် အလွန့်အလွန် စူးစူးစိုက်စိုက် ရှုဖန်များလာသော အခါ အထက်သွား အောက်သွားဟူသည့် သွားနှစ်ခုကို မသိမသာ ဖိမိတတ်၏၊ ထိုအခါတွင်လည်း ဝါယောဓာတ်၏ တွန်းကန်မှုသဘောက စ၍ ထင်ရှားလာတတ်၏၊ ရှုဖန်များလာသောအခါ မာမှုသဘော ဖွဲ့စည်းမှုသဘော ပူမှုအေးမှုသဘော တွန်းကန်မှုသဘောတည်းဟူသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာများ တစ်စတစ်စ ထင်ရှားလာကာ အာနာပါနကို ရှုနေရာမှ ဓာတ်ကမ္မဋ္ဌာန်းဘက်သို့ အာရုံပြောင်းသွားတတ်၏၊ ထိုအခါတွင်လည်း အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း မျက်နှာတစ်ခုလုံး ဦးခေါင်းတစ်ခုလုံး တင်းမာခဲလာကာ အခက်အခဲ များစွာနှင့် ရင်ဆိုင်နေရတတ်ပေသည်။ ထိုကြောင့် အာနာပါနကို ရှုရာ၌ သွားနှစ်ခုကို ထိပြီးမထားဘဲ အနည်းငယ် ခွာထားပါ။

၄။ မျက်စိဖြင့် ဝင်သက်လေ-ထွက်သက်လေကို စိုက်ကြည့်နေမိခြင်း ––- အာနာပါနကို ရှုရာ၌ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းအရပ်တည်းဟူသော ဝင်သက်လေ-ထွက်သက်လေ၏ ထိမှုထင်ရှားရာ အရပ်၌ တည်ရှိသော ဝင်သက်လေ-ထွက်သက်လေကို စိုက်ရှုရာဝယ် စိတ်ဖြင့်သာ စိုက်ရှုပါ၊ မျက်စိကို အသုံးမပြုပါနှင့်။ အကယ်၍ မျက်စိကို အသုံးပြုခဲ့သော် မျက်စိဖြင့် ယင်းဝင်သက်လေ-ထွက်သက်လေကို စိုက်ကြည့်နေခဲ့သော် ကြည့်ဖန်များလာသောအခါ မျက်စိပတ်ဝန်းကျင်တွင် တင်းမာကာ ခဲလာတတ်၏၊ ရှုဖန်များလာသောအခါ မျက်စိပတ်ဝန်းကျင်တွင်သာမက ဦးခေါင်း တစ်ခုလုံး တင်းမာကာ ခဲလာတတ်၏၊ ဓာတ်ကြီးလေးပါးတို့တွင် ဝါယောဓာတ်၏ တွန်းကန်မှုသဘောလက္ခဏာ ပထဝီဓာတ်၏ မာမှုသဘောလက္ခဏာ အာပေါဓာတ်၏ ဖွဲ့စည်းမှုသဘောလက္ခဏာတို့ လွန်ကဲလာခြင်း ဖြစ်၏၊

အထူးသဖြင့် ပကတိသော ဝင်သက်လေ-ထွက်သက်လေကို စိုက်ရှုရာက သမာဓိအလွန်အားကောင်းလာသော အခါ နိမိတ်ပေါ်လာတတ်၏၊ ယင်းနိမိတ်ကို မျက်စိဖြင့် စိုက်ကြည့်ဖန်များလာသောအခါ၌လည်း နိမိတ်ကလည်း ကြည်လင်တောက်ပလာသောအခါ ယင်းကြည်လင်တောက်ပနေသော နိမိတ်၏ အရောင်အလင်းတို့က မျက်စိကို အဆက်မပြတ် ရိုက်ခတ်နေသဖြင့် မျက်ရည်များကျကာ သမာဓိမှာ တဖြည်းဖြည်း လျှောကျသွားတတ်၏၊ ထိုသို့ ရှုဖန်များလာသောအခါ မျက်လုံးအိမ်ပတ်ဝန်းကျင်တွင် မာမှု ဖွဲ့စည်းမှု တွန်းကန်မှု စသည့် ဓာတ်သဘာဝတို့ လွန်ကဲလာကာ တဖြည်းဖြည်း သမာဓိမှာ လျှောကျသွားတတ်ပေသည်။ တစ်ဖန် အချို့ယောဂီများ၌ မျက်မှောင် နှစ်ခုတို့၏ အကြားဝယ် စိုက်ရှုတတ်သည့် အလေ့အကျင့်ကြောင့် ယင်းမျက်မှောင်နှစ်ခုအကြားတွင် အလင်းရောင် အစိုင်အခဲ စတင်ပေါ်လာတတ်၏၊ အဆင့် ကြားဖူးထားသည့် စကားအရ ယင်းနေရာ၌ နိမိတ်ပေါ်မှုကိုလည်း ယောဂီပုဂ္ဂိုလ်က အလိုရှိနေ၏၊ ထိုအခါတွင် ထိုအလင်းရောင် အစိုင်အခဲကိုပင် အာနာပါနနိမိတ်ပြုလုပ်ကာ စိုက်ရှုဖန် များလာသောအခါ ယင်းအလင်းရောင် အစိုင်အခဲတို့က မျက်လုံးအိမ်နှစ်ခုအတွင်းသို့ ရိုက်ခတ်လာသောအခါ မျက်ရည်များ ကျကာ သမာဓိမှာ တဖြည်းဖြည်း လျှောကျသွားတတ်၏၊ စျာန်သို့ကား မည်သို့မျှ မကူးတက်နိုင်။ မျက်မှောင်နှစ်ခုအကြားတွင် ပေါ်လာသည့် အလင်းရောင် အစိုင်အခဲကို တတိယမျက်လုံးဟု အချို့အယူဝါဒများက သင်ပြလျက် ရှိကြ၏၊ ထိုသင်ကြားချက်ကို အဆင့်ကြားဖူး၍ဖြစ်စေ တိုက်ရိုက်ကြားဖူး၍ဖြစ်စေ ထိုတတိယမျက်လုံး ဟူသော အယူဝါဒကို နှစ်ခြိုက်သဘောကျသဖြင့် လိုက်နာပြုကျင့်ကြခြင်း ဖြစ်ပေသည်။

သို့သော် ဝင်သက်လေ-ထွက်သက်လေ၏ ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းအရပ်၌သာ ဝင်သက်လေ-ထွက်သက်လေကို သတိကပ်ကာ ရှုပွားသုံးသပ်နိုင်ပါမှ အာနာပါနဿတိသမာဓိဘာဝနာသည် စျာန်ရသည်အထိ ပြီးစီးပြည့်စုံနိုင်၏ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၁၇၄]၏ အဆိုအမိန့်ကိုကား စျာန်ကို အလိုရှိသူတိုင်း အထူး အလေးဂရုပြုကာ ရိုသေစွာ လိုက်နာပြုကျင့်သင့်လှပေသည်။

ဤအခက်အခဲ (၄)ရပ်ကို ကျော်လွှားလွန်မြောက်ပြီးနောက် ဝင်သက်လေ-ထွက်သက်လေအာရုံ၌ သတိ ခိုင်မြဲလာသောအခါ အရှည်-အတို ကျင့်စဉ်ကို ဆက်လက်ပြုကျင့်သင့်ပေသည်။

၁။ အရှည် - ၂။ အတို

အာနာပါန ပထမစတုက္က ကျင့်စဉ်၌ ဝင်သက်လေ-ထွက်သက်လေကို အာရုံယူ၍ သမာဓိကို ထူထောင်ရာဝယ် ပကတိသော ဝင်သက်လေ-ထွက်သက်လေ၏ ..

၁။ ဒီဃ = အရှည်ကို သိအောင် ကြိုးစားအားထုတ်ခြင်း၊
၂။ ရဿ = အတိုကို သိအောင် ကြိုးစားအားထုတ်ခြင်း၊
၃။ သဗ္ဗကာယ = ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကြိုးစားအားထုတ်ခြင်း၊
၄။ ပဿမ္ဘယ = ဝင်သက်လေ-ထွက်သက်လေကို ငြိမ်အောင် ငြိမ်းအောင် ကျင့်ခြင်း –
ဤသို့ အဆင့် (၄)ဆင့် ရှိပေသည်။ ထိုတွင် အရှည်-အတို ကျင့်စဉ်ကို ဘုရားရှင်သည် ဤသို့ ဟောကြားထားတော် မူခဲ့၏၊

၁။ ရှည်စွာမူလည်း ဝင်သက်လေကို ရှူသွင်းခဲ့သည်ရှိသော် ''ရှည်စွာ ဝင်သက်လေကို ရှူသွင်း၏''ဟု ကွဲကွဲပြားပြား သိ၏၊ ရှည်စွာမူလည်း ထွက်သက်လေကို ရှူထုတ်ခဲ့သည်ရှိသော် ''ရှည်စွာ ထွက်သက်လေကို ရှူထုတ်၏''ဟု ကွဲကွဲပြားပြား သိ၏၊

၂။ တိုစွာမူလည်း ဝင်သက်လေကို ရှူသွင်းခဲ့သည်ရှိသော် ''တိုစွာ ဝင်သက်လေကို ရှူသွင်း၏''ဟု ကွဲကွဲပြားပြား သိ၏၊ တိုစွာမူလည်း ထွက်သက်လေကို ရှူထုတ်ခဲ့သည်ရှိသော် ''တိုစွာ ထွက်သက်လေကို ရှူထုတ်၏''ဟု ကွဲကွဲပြားပြား သိ၏၊[၁၈၁]

ဤအရာတွင် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၁၈၂]နှင့် မဟာဋီကာ[၁၈၃]တို့က –– ''အချိန်ကာလ ခပ်ကြာကြာ ဖြစ်နေသော ဝင်သက်လေ-ထွက်သက်လေကို 'အရှည်'ဟုလည်းကောင်း, အချိန်ကာလ ခပ်တိုတို ဖြစ်နေသော ဝင်သက်လေထွက်သက်လေကို 'အတို'ဟုလည်းကောင်း သိရှိပါ''ဟု ညွှန်ကြားထား၏၊

ထို ''အရှည်-အတို''ကို ရှုရာ၌ ဝင်လေ-ထွက်လေကို သက်သက်ရှည်အောင် သက်သက်တိုအောင် မကြိုးစားပါနှင့်၊ ပုံမှန် ရှူနေကျအတိုင်းသာ ရှူပါ၊ သဘာဝအတိုင်း ရှူမြဲတိုင်းသာ ရှူပါ၊ သက်သက် ပြုပြင်နေပါက ပြုပြင်နေရသည့် ဝီရိယ လွန်ကဲသွားသဖြင့် သမာဓိပျက်ပြယ်သွားတတ်သည်။

ရှေးဦးစွာ ဝင်သက်လေ-ထွက်သက်လေအာရုံ၌ ရေတွက်သည့်နည်းဖြင့်ဖြစ်စေ မရေတွက်ဘဲဖြစ်စေ သတိ မြဲအောင် စိတ်ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားပါ။ ထိုသို့ ငြိမ်ဝပ်စွာ ကပ်၍ တည်လာသောအခါမှ ရှည်လျှင် ရှည်သည့်အတိုင်း သိအောင်ကြိုးစားပါ၊ တိုလျှင် တိုသည့်အတိုင်း သိအောင်ကြိုးစားပါ။ ''အရှည် အတို''ဟုလည်း မမှတ်ပါနှင့်၊ မမှတ်ဘဲ မနေနိုင်ပါက ''ဝင်လေ-ထွက်လေ''ဟုသာ မှတ်ပါ။ ရှည်မှု-တိုမှုကို ကွဲကွဲပြားပြား သိနေလျှင် လုံလောက်ပေပြီ၊ တစ်နည်းဆိုရသော် ဝင်သက်လေ-ထွက်သက်လေမှာ ရှည်သည်ဖြစ်စေ တိုသည်ဖြစ်စေ ယင်း ဝင်သက်လေ-ထွက်သက်လေကို မပြတ်တရစပ် တောက်လျှောက် သိနေလျှင် လုံလောက်ပေပြီ။ မည်၍မည်မျှ ရှည်သည် မည်၍မည်မျှ တိုသည်ဟုလည်း မဆန်းစစ်ပါနှင့်၊ ဝေဖန်ဆန်းစစ်မှု (= ဓမ္မဝိစယသမ္ဗောဇ္ဈင်) က လွန်ကဲသွားလျှင်လည်း သမာဓိမှာ ပျက်ပြယ်သွားတတ်ပြန်သည်။

ဝင်သက်လေ-ထွက်သက်လေ၏ ''အရှည်-အတို'' အာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားပါ။ ထိုသို့ ရှုရာ၌ ဝင်လေ-ထွက်လေမှာ တစ်ထိုင်လုံး ရှည်နေလျှင် သို့မဟုတ် တစ်ထိုင်လုံး တိုနေလျှင်လည်း အပြစ်မဖြစ်ပါ။ သို့သော် တစ်ခါ အသက်ရှူမှုနှင့် တစ်ခါ အသက်ရှူမှုတို့မှာ များသောအားဖြင့် တူညီမှု အမြဲတမ်း မရှိနိုင်ပေ၊ နှေးချင်လည်း နှေးနေတတ်၏၊ မြန်ချင်လည်း မြန်နေတတ်၏၊ စိတ်ကို အေးအေးထား၍ ရှူမြဲတိုင်း သဘာဝအတိုင်းသာ ရှူနေပါ။

အထူးသတိပြုရန် အချက်တစ်ရပ်

ထိုသို့ရှုရာ၌ ဝင်လေမှာ ရှည်၍ ထွက်လေမှာ တိုခဲ့သော် ကြာလျှင် ခန္ဓာကိုယ်သည် နောက်သို့ လန်သွားတတ်၏၊ ထွက်လေမှာ ရှည်၍ ဝင်လေမှာ တိုခဲ့သော် ခန္ဓာကိုယ်မှာ ရှေ့သို့ ကိုင်းလာတတ်၏၊ ထိုကြောင့် ဝင်လေ-ထွက်လေကို ညီမျှအောင် ရှူခြင်းက သမာဓိကို များစွာ အထောက်အကူ ပြုပေသည်။ ရှည်လျှင်လည်း ညီမျှပါစေ၊ တိုလျှင်လည်း ညီမျှပါစေ။ ထိုအရှည်အတို အာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်သည် ထိုင်တိုင်း ထိုင်တိုင်း ကပ်၍ တည်နေခဲ့သော် ဤအပိုင်းတွင်လည်း ပရိကမ္မနိမိတ် သို့မဟုတ် ဥဂ္ဂဟနိမိတ်တို့ စတင်ကာ ဖြစ်ပေါ်လာတတ်ပါသည်။ သို့သော် လုပ်ငန်းခွင်မှာ ဆက်လက်ရှုပွားရန် ရှိနေသေးသဖြင့် နိမိတ်ပေါ်သည်ဖြစ်စေ မပေါ်သည်ဖြစ်စေ နိမိတ်ကို အာရုံမယူသေးဘဲ ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင်ရှားရှား သိအောင် ဆက်လက် ကြိုးစားအားထုတ်ပါ။

၃။ သဗ္ဗကာယပဋိသံဝေဒီ

၃။ ''ဝင်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး) ကို ထင်ထင်ရှားရှား သိသည်ဖြစ်၍ ဝင်သက်လေကို ရှူသွင်းအံ့''ဟု ကျင့်၏၊ ''ထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး) ကို ထင်ထင်ရှားရှား သိသည် ဖြစ်၍ ထွက်သက်လေကို ရှူထုတ်အံ့''ဟု ကျင့်၏၊[၁၈၄]

ဝင်သက်လေ-ထွက်သက်လေ၏ အရှည်-အတိုအာရုံ၌ ထိုင်တိုင်းထိုင်တိုင်း ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်လာသော် ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင်ရှားရှား သိအောင် ကြိုးစားအားထုတ်ပါ။ ရှေးဦးစွာ ဝင်လေ-ထွက်လေအာရုံ၌ သတိမြဲအောင် ကြိုးစားပါ။ ထို့နောက် အရှည်-အတို အာရုံ၌ သတိမြဲအောင် ကြိုးစားပါ။ အရှည်-အတို အာရုံ၌ သတိမြဲ၍ စည်းစည်းပိုင်ပိုင် သတိကပ်နေသောအခါ ဤ ''ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး) ကို ထင်ထင် ရှားရှား သိအောင်'' ဆက်လက်ကြိုးစားပါ။

ထိုသို့ ကြိုးပမ်းရာ၌ ''ဤကား အစ, ဤကား အလယ်, ဤကား အဆုံး''ဟု လိုက်မမှတ်ပါနှင့်၊ သမာဓိ ပျက်ပြယ်သွားတတ်သည်။ မမှတ်ဘဲ မနေနိုင်သော် ''ဝင်လေ-ထွက်လေ''ဟုသာ မှတ်ပါ။ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင်သာ ကြိုးစားပါ။ သိနေပါက လုံလောက်ပေပြီ။

ယေဘုယျအကြံပေးချက်

ယခုတိုင်အောင် တင်ပြခဲ့သော ဤအာနာပါနကျင့်စဉ်တွင် ဝင်သက်လေ–ထွက်သက်လေ၏ (၁) ရှည်မှု, (၂) တိုမှု, (၃) အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင်ရှားရှား သိမှုဟု အဆင့်သုံးဆင့် ရှိသွားပြီ ဖြစ်၏၊ ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး) ကို ထင်ထင်ရှားရှား သိအောင် ရှုနိုင်သော ယောဂါဝစရပုဂ္ဂိုလ်သည် ..

၁။ အသက်ရှူမှုနှေးသဖြင့် ဝင်သက်လေ-ထွက်သက်လေမှာ ရှည်နေလျှင်လည်း ရှည်နေသည့်အတိုင်း ဝင်သက်လေထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး)ကိုသာ ထင်ထင်ရှားရှား သိအောင် ရှုနေပါ။

၂။ အသက်ရှူမှုက မြန်နေသဖြင့် ဝင်သက်လေ-ထွက်သက်လေမှာ တိုနေလျှင်လည်း တိုနေသည့်အတိုင်း ဝင်သက်လေထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး)ကိုသာ ထင်ထင်ရှားရှား သိအောင် ရှုနေပါ။

အဆင့်သုံးဆင့်စလုံးကို တစ်ပေါင်းတည်း ကျင့်နေခြင်းပင် ဖြစ်၏၊ ထိုသို့ ရှုရာ၌ ဤကား - အစ, ဤကား အလယ်, ဤကား - အဆုံးဟုလည်း မမှတ်ပါနှင့်။ ဤကား - အရှည်, ဤကား - အတိုဟုလည်း မမှတ်ပါနှင့်။ မှတ်လိုပါက အဆင့်သုံးဆင့်စလုံးမှာပင် ဝင်လေ-ထွက်လေဟုသာ မှတ်နေပါ။ ရှည်မှု-တိုမှုတို့ကိုလည်း ''တကယ် ရှ ည်မှ ရှည်ပါ့မလား? တကယ် တိုမှ တိုပါ့မလား?'' စသည်ဖြင့် ဝေဖန် ဆန်းစစ်မှု မပြုပါနှင့်။ ထိုသို့ ဝေဖန်ဆန်းစစ်နေသည့် ဓမ္မဝိစယသမ္ဗောဇ္ဈင်တရားက လွန်ကဲလာသောအခါ သမာဓိသမ္ဗောဇ္ဈင်တရားက လျော့နည်းသွားတတ်ပေသည်။ အသက်ရှူ မှုက နှေးနေသဖြင့် ရှည်ချင်လည်း ရှည်နေပါစေ၊ အသက်ရှူမှုက မြန်နေသဖြင့် တိုချင်လည်း တိုနေပါစေ၊ ရှည်လျှင်လည်း ရှည်သည့်အတိုင်း, တိုလျှင်လည်း တိုသည့်အတိုင်း အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင် ရှားရှား သိအောင်သာ ရှုနေပါ။ တစ်ထိုင်လုံး အသက်ရှူ မှုက နှေးနေသဖြင့် ရှည်နေလျှင်လည်း ရှည်နေသည့်အတိုင်း အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင်ရှားရှား သိနေအောင်သာ ဆက်လက် ကြိုးစားနေပါ။ အသက်ရှူ မှု မြန်လာအောင် တိုသွားအောင် မကြိုးစားပါနှင့်၊ သဘာဝအတိုင်းသာ ရှူနေပါ။ တစ်ထိုင်လုံး အသက်ရှူ မှုက မြန်နေ သဖြင့် တိုနေလျှင်လည်း တိုနေသည့်အတိုင်း အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင်ရှားရှား သိနေအောင်သာ ဆက်လက်ကြိုးစားပါ။ အသက်ရှူ မှု နှေးသွားအောင် ရှည်သွားအောင် မကြိုးစားပါနှင့်။ တစ်ထိုင်လုံး အသက်ရှူမှုက ပုံမှန် နှေးနေသဖြင့် ရှည်နေလျှင်လည်း အပြစ်မဖြစ်ပါ။ တစ်ထိုင်လုံး အသက်ရှူမှုက ပုံမှန် မြန်နေသဖြင့် တိုနေလျှင်လည်း အပြစ်မဖြစ်ပါ။ သက်သက်ရှည်အောင် သက်သက်တိုအောင် ကြိုးစားနေပါက ထိုသို့ ကြိုးပမ်းနေသည့် ဝီရိယသမ္ဗောဇ္ဈင် တရားက လွန်ကဲနေသဖြင့် သမာဓိသမ္ဗောဇ္ဈင်တရားက လျော့နည်းသွားတတ်ပေသည်။ သမာဓိနှင့် ဝီရိယတို့ ညီမျှမှု ရှိဖို့လည်း လိုအပ်ပေသည်။

သိက္ခတိ = ကျင့်၏ - ဟု ဟောကြားတော်မူခြင်း၏ ဦးတည်ချက်

ဤ တတိယအဆင့်မှစ၍ '' ပဇာနာတိ = ကွဲကွဲပြားပြားသိ၏''ဟု မဟောဘဲ၊ ''သိက္ခတိ = ကျင့်၏''ဟု ဘုရားရှင်သည် ဟောကြားထားတော်မူ၏၊ ရည်ရွယ်တော်မူချက်မှာ ဤသို့ ဖြစ်၏၊ –– ထိုဝင်သက်လေ-ထွက်သက်လေအာရုံ၌ အစအလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကြိုးပမ်းလေရာ ကြိုးပမ်းသည့်အတိုင်း အကုန်လုံးကိုလည်း ထင်ထင်ရှားရှား တစ်နာရီ နှစ်နာရီ စသည်ဖြင့် အဆက်မပြတ် ဆက်တိုက် သိနေသောအခါ, ထိုဝင်သက်လေထွက်သက်လေအာရုံ၌ ဘာဝနာစိတ်သည်လည်း ငြိမ်ဝပ်စွာ ကပ်၍ တည်နေသောအခါ ..

၁။ နီဝရဏ ကိလေသာ အညစ်အကြေးတို့ စိတ်အစဉ်သို့ ဝင်ရောက်မလာအောင် စောင့်စည်းမှု သံဝရတရားကား အဓိသီလသိက္ခာ၊ (သတိသံဝရ-ဝီရိယသံဝရ ဟူ၏၊)
၂။ ထိုအကုန်လုံးသော ဝင်သက်လေ-ထွက်သက်လေအာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော သမာဓိကား အဓိစိတ္တသိက္ခာ၊
၃။ ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး) ကို ထင်ထင်ရှားရှား သိနေသော ပညာကား အဓိပညာသိက္ခာ

ဤ သိက္ခာ (၃)ရပ် အကျင့်မြတ်တို့နှင့် ပြည့်စုံအောင် ကြိုးစားအားထုတ်ပါဟု သိစေလို၍ သိက္ခတိ-သဒ္ဒါဖြင့် ဘုရားရှင်သည် ဟောကြားတော်မူခဲ့ပေသည်။[၁၈၅]

ထိမှုထင်ရှားသည့်နေရာကသာ စောင့်၍ အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင်ရှားရှား သိအောင် ကြိုးပမ်းပါ။ ထိမှုထင်ရှားရာနေရာမှ အတွင်းဘက်သို့လည်းကောင်း, အပြင်ဘက်သို့လည်းကောင်း ဝင်လေ-ထွက်လေကို လိုက်မကြည့် ပါနှင့်၊ ထိမှုထင်ရှားရာ တစ်နေရာမှသာ စောင့်ကြည့်ပါ။ ထိုသို့ အစ-အလယ်-အဆုံး (= အကုန်လုံး) ကို ထင်ထင်ရှားရှား သိအောင် ကြိုးပမ်းရာ၌ ဝင်သက်လေ-ထွက်သက်လေအာရုံ၌ တစ်နာရီ နှစ်နာရီခန့် ထိုင်တိုင်းထိုင်တိုင်း ငြိမ်ဝပ်စွာ ကပ်၍ တည်လာသော် ထိုဝင်သက်လေ-ထွက်သက်လေကို သိမ်မွေ့ နူးညံ့စေရမည်, ငြိမ်သက်စေရမည်ဟု နှလုံးပိုက်၍ (= နှလုံးသွင်း၍) ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး)ကိုပင် ထင်ထင်ရှားရှား သိအောင် ဆက်လက်၍ ကြိုးပမ်းပါ။ ဝင်သက်လေ-ထွက်သက်လေကို သက်သက်သိမ်မွေ့အောင် မပြုလုပ်ပါနှင့်၊ ထိုသို့ ပြုပြင်မှု ဝီရိယက လွန်ကဲသွားခဲ့သော် သမာဓိသည် ပျက်ပြယ်သွားတတ်သည်။

အနာဂတ်ဝိဘတ်ဖြင့် ဟောကြားတော်မူခြင်း၏ ဦးတည်ချက်

တစ်ဖန် –– ' ' အဿသိဿာမိ၊ ပဿသိဿာမိ = ဝင်သက်လေကို ရှူသွင်းအံ့၊ ထွက်သက်လေကို ရှူထုတ်အံ့''ဟု အနာဂတ်ဝိဘတ်ဖြင့်လည်း ဟောကြားထားတော်မူပြန်၏၊ အကြောင်းမှာ ဤသို့ဖြစ်၏၊ ဤ တတိယအဆင့်မှ စ၍.. 

၁။ ဝင်သက်လေ ထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင်ရှားရှား သိတတ်သောဉာဏ်၊
၂။ ဝင်သက်လေ ထွက်သက်လေ၏ ချုပ်ငြိမ်းမှုကို ထင်ထင်ရှားရှား သိတတ်သောဉာဏ်၊
၃။ ပီတိနှင့်တကွသော စျာန်အင်္ဂါတို့ကို ထင်ထင်ရှားရှား သိတတ်သော ဉာဏ်၊ ပီတိနှင့်တကွသော စျာန်နာမ်တရား တို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ထင်ထင်ရှားရှား ထိုးထွင်းသိတတ်သောဉာဏ်။ ပ။ တေဘူမကသင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ထင်ထင်ရှားရှား ထိုးထွင်း သိတတ်သောဉာဏ် –

ဤသို့သော တန်ဖိုးရှိသော ဉာဏ်တို့ကို ဖြစ်ပေါ်လာအောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါဟု သိစေလို၍ ဤမှစ၍ အာနာပါနကျင့်စဉ်ကို အနာဂတ်ဝိဘတ်ဖြင့် ဘုရားရှင် ဟောကြားတော်မူသည်။[၁၈၆] အာနာပါနကျင့်စဉ် စတုက္ကလေးခု အပြည့်အစုံကို ဤကျမ်းစာ[၁၈၇]တွင် ကြည့်ပါ၊၊

၄။ ပဿမ္ဘယံ ကာယသင်္ခါရံ

၄။ ''ရုန့်ရင်းသော အဿာသ-ပဿာသ ကာယသင်္ခါရတရားကို ငြိမ်းစေလျက် ဝင်သက်လေကို ရှူသွင်းအံ့''ဟု ကျင့်၏၊ ''ရုန့်ရင်းသော အဿာသ-ပဿာသ ကာယသင်္ခါရတရားကို ငြိမ်းစေလျက် ထွက်သက်လေကို ရှူထုတ်အံ့''ဟု ကျင့်၏၊[၁၈၈]

ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် ထိုင်တိုင်းထိုင်တိုင်း ဝင်သက်လေ-ထွက်သက်လေအာရုံ၌ ရှေးဦးစွာ သတိမြဲအောင်သာ ကြိုးစားပါ။ သတိမြဲလာသောအခါ ထိုဝင်သက်လေ-ထွက်သက်လေ၏ အရှည်-အတို (အနှေး-အမြန်)ကို သိအောင် ဆက်လက်ကြိုးစားပါ။ ဘာဝနာစိတ်သည် ထိုဝင်သက်လေ-ထွက်သက်လေ၏ အရှည်-အတိုအာရုံ၌ စည်းစည်းပိုင်ပိုင်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်လာသောအခါ ထိုဝင်သက်လေ-ထွက်သက်လေအာရုံ၌ပင်လျှင် ရှည်လျှင်လည်း အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင်ရှားရှား သိအောင်, တိုလျှင်လည်း အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင်ရှားရှား သိအောင် ဆက်လက်ကြိုးပမ်းပါ။ ထိုသို့ ကြိုးပမ်းရာ၌ ဝင်သက်လေ-ထွက်သက်လေ၏ ထိမှုထင်ရှားသည့်နေရာကသာ စောင့်၍ အစ-အလယ်-အဆုံး (= အကုန်လုံး)ကို ထင်ထင်ရှားရှား သိအောင် ကြိုးပမ်းပါ။ ထိမှုထင်ရှားရာနေရာမှ အတွင်းဘက်သို့လည်းကောင်း, အပြင်ဘက်သို့လည်းကောင်း ဝင်လေ-ထွက်လေကို လိုက်မကြည့် ပါနှင့်၊ ထိမှုထင်ရှားရာ တစ်နေရာမှသာ စောင့်ကြည့်ပါ။ ထိုသို့ အစ-အလယ်-အဆုံး (= အကုန်လုံး) ကို ထင်ထင်ရှားရှား သိအောင် ကြိုးပမ်းရာ၌ ဝင်သက်လေ-ထွက်သက်လေအာရုံ၌ တစ်နာရီ နှစ်နာရီခန့် ထိုင်တိုင်းထိုင်တိုင်း ငြိမ်ဝပ်စွာ ကပ်၍ တည်လာသော် ထိုဝင်သက်လေ-ထွက်သက်လေကို သိမ်မွေ့ နူးညံ့စေရမည်, ငြိမ်သက်စေရမည်ဟု နှလုံးပိုက်၍ (= နှလုံးသွင်း၍) ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး (= အကုန်လုံး)ကိုပင် ထင်ထင်ရှားရှား သိအောင် ဆက်လက်၍ ကြိုးပမ်းပါ။ ဝင်သက်လေ-ထွက်သက်လေကို သက်သက်သိမ်မွေ့အောင် မပြုလုပ်ပါနှင့်၊ ထိုသို့ ပြုပြင်မှု ဝီရိယက လွန်ကဲသွားခဲ့သော် သမာဓိသည် ပျက်ပြယ်သွားတတ်သည်။

ဤအရာ၌ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၁၈၉]က ဤသို့ ဖွင့်ဆိုထား၏ ..။

''ရုန့်ရင်းရုန့်ရင်းကုန်သော ကာယသင်္ခါရ အမည်ရသော အဿာသ-ပဿာသ = ဝင်သက်လေ-ထွက်သက်လေ တို့ကို ငြိမ်းစေအံ့'' –– ဟု ..

၁။ ရှေးဦးစွာ ဆင်ခြင်ခြင်း (= အာဘောဂ)၊
၂။ စိတ်ကို အဖန်တလဲလဲ ရှေးရှုဆောင်ခြင်း (= သမန္နာဟာရ)၊
၃။ နှလုံးသွင်းခြင်း (= မနသိကာရ)၊
၄။ စူးစမ်းခြင်း (= ပစ္စဝေက္ခဏာ = ဝီမံသာ) - ဟူသော –

ဤဦးတည်ချက်ရှိလျှင် လုံလောက်ပေပြီ၊ အာနာပါနကို သက်သက်သိမ်မွေ့အောင် တမင်ပြုပြင်ပေးနေရပါက ပြုပြင်ပေးနေရသည့် ဝီရိယက လွန်ကဲလာသဖြင့် သမာဓိမှာ ပျက်ပြားသွားတတ်ရုံသာမက စိတ်လည်းပင်ပန်း လူလည်း နွမ်းလာတတ်သည်။ ထို့ကြောင့် အာနာပါနကို သိမ်မွေ့စေရမည် ငြိမ်စေရမည် ငြိမ်းစေရမည်ဟူသော ဦးတည်ချက်ဖြင့်သာ သဘာဝအတိုင်း ရှူမြဲတိုင်းသာ ရှူနေပါ။ ထိုသို့ အားထုတ်ရာ၌ သမာဓိအားကောင်းလာသည်နှင့်အမျှ အာနာပါနလေသည် တဖြည်းဖြည်း သိမ်မွေ့လာတတ်၏၊ ထိုသိမ်မွေ့သောလေ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်သည်ထက် ငြိမ်ဝပ်အောင်, ကပ်သည်ထက်ကပ်နေအောင် စွမ်းအင်ကြီးမားသော သတိ, ဝင်သက်လေ-ထွက်သက်လေကို ထင်ထင် ရှားရှား သိသော သမ္ပဇဉ်ဉာဏ်ဖြင့် စူးစူးစိုက်စိုက် ရှုနေပါ။ ဤအပိုင်း၌ သိမ်မွေ့သောလေကို သိမ်းဆည်းတတ်သော အလွန်အားကောင်းသော သတိ, သိမ်မွေ့သောလေကို ထင်ထင်ရှားရှား သိတတ်သော အလွန်အားကောင်းသော သမ္ပဇဉ်ဉာဏ်တို့ကား အထူးလိုအပ်လှပေသည်။

ထိုသို့ကြိုးပမ်းရာ၌ ရံခါ ဝင်သက်လေ-ထွက်သက်လေမှာ မထင်မရှား ဖြစ်နေတတ်၏၊ လေကို ရှာမတွေ့ ဖြစ်နေတတ်၏၊ ထိုအခါ မူလရှုသည့်နေရာ၌သာ စိတ်စိုက်၍ အသက်ရှူနေပါသည်ဟု နှလုံးပိုက်၍ ကြည့်နေပါ။

၁။ အမိဝမ်းတွင်းဝယ် ပဋိသန္ဓေ တည်နေရဆဲပုဂ္ဂိုလ်၊
၂။ ရေထဲ၌ နစ်မြုပ်နေသောပုဂ္ဂိုလ်၊
၃။ သတိမေ့မျောနေသောပုဂ္ဂိုလ်၊
၄။ သေသောပုဂ္ဂိုလ်၊
၅။ စတုတ္ထစျာန် ဝင်စားနေသောပုဂ္ဂိုလ်၊
၆။ ရူပ-အရူပပုဂ္ဂိုလ် (ဗြဟ္မာ)၊
၇။ နိရောဓသမာပတ် ဝင်စားနေသောပုဂ္ဂိုလ် –

ဤသို့လျှင် အသက်မရှူသောပုဂ္ဂိုလ် (၇)မျိုးရှိရာ ထိုပုဂ္ဂိုလ် (၇)မျိုးတို့တွင် မိမိ မပါဝင်ဟု နှလုံးပိုက်၍, မိမိ၏ သတိ-ပညာ အားနည်းမှုကြောင့်သာ ဝင်သက်လေ-ထွက်သက်လေကို မသိခြင်းဖြစ်သည်ဟု နှလုံးပိုက်၍ မူလရှုမြဲ နေရာ၌သာ စိုက်ရှုနေပါ။ ဤကဲ့သို့သောပုဂ္ဂိုလ်, ဤကဲ့သို့သော အချိန်အခါမျိုးကိုပင် ရည်ရွယ်တော်မူ၍ ဘုရားရှင်ကလည်း အောက်ပါအတိုင်း ဟောကြားထားတော်မူ၏၊

''ရဟန်းတို့ ...ငါဘုရားသည် အာနာပါနကို သိမ်းဆည်းတတ်သော သတိ လွတ်ကင်းပျောက်ပျက်လျက်ရှိသော, အာနာပါနကို ထင်ထင်ရှားရှား သိတတ်သော ဆင်ခြင်တတ်သော သမ္ပဇဉ်ဉာဏ် ကင်းသသူအား အာနာပါနဿတိ သမာဓိဘာဝနာကို ဟောတော်မမူ''ဟု မိန့်ကြားထားတော်မူ၏၊[၁၉၀]

မည်သည့်ကမ္မဋ္ဌာန်းမဆို သတိနှင့် ပြည့်စုံသသူအားသာလျှင် သမ္ပဇဉ်ဉာဏ်ပညာနှင့် ပြည့်စုံသသူအားသာလျှင် ဘာဝနာကမ္မဋ္ဌာန်း အောင်မြင်မှုသည် ပြီးစီးပြည့်စုံနိုင်သည်မှန်သော်လည်း ဤအာနာပါနကမ္မဋ္ဌာန်းမှ တစ်ပါးသော အခြားကမ္မဋ္ဌာန်းတစ်ခုခုကို နှလုံးသွင်းရှုပွားသော ယောဂါဝစရပုဂ္ဂိုလ်အား မိမိရှုပွားနေသည့် ကမ္မဋ္ဌာန်းအာရုံသည် သမာဓိအားကောင်းလာလေ ထင်ရှားလာလေသည်သာ ဖြစ်၏၊ သို့သော် ဤအာနာပါနကမ္မဋ္ဌာန်းသည်ကား ခဲယဉ်းလှ၏၊ ခဲခဲယဉ်းယဉ်း ပွားများရသော ဘာဝနာလည်း ဖြစ်၏၊

၁။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်,
၂။ ပစ္စေကဗုဒ္ဓဘုရားရှင်,
၃။ ဗုဒ္ဓပုတ္တ အမည်ရကြသော သမ္မာသမ္ဗုဒ္ဓဘုရားရှင်၏ တပည့်သား သာဝက –

ဤသုံးမျိုးကုန်သော မဟာပုရိသ အမည်ရကြကုန်သော ယောက်ျားမြတ်တို့၏သာလျှင် နှလုံးသွင်းရာ ဘုံဌာန ဖြစ်၏၊ သိမ်သိမ်ငယ်ငယ် မဟုတ်သည်သာတည်း၊ သိမ်သိမ်ငယ်ငယ် ပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် မှီဝဲနိုင်သည့် ကမ္မဋ္ဌာန်းလည်း မဟုတ်ခဲ့ပေ။ အကြင်အကြင်သို့သော အခြင်းအရာအားဖြင့် ယင်းအာနာပါနကို နှလုံးသွင်း၏၊ ထိုထိုနှလုံးသွင်းသော အခြင်းအရာအားဖြင့် ယင်းအာနာပါနအာရုံသည် ငြိမ်လည်းငြိမ်သက်၏၊ နူးညံ့သိမ်မွေ့လည်း နူးညံ့သိမ်မွေ့၏၊ ထို့ကြောင့် ဤအာနာပါနဿတိကမ္မဋ္ဌာန်း၌ အားကောင်းမောင်းသန်သော သတိကိုလည်းကောင်း, ပညာကိုလည်းကောင်း အလိုရှိအပ်ပေသည်။[၁၉၁]

အာနာပါနနိမိတ်ပေါ်စ အခြေအနေ

ဝင်လေ-ထွက်လေ၏ အလွန့်အလွန် သိမ်မွေ့နူးညံ့သောကြောင့် မထင်မရှား ဖြစ်လာသောအခါ မူလ ဝင်လေထွက်လေ၏ ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဟူသော အရပ်၌သာလျှင် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ ရှုဖန်များလာသောအခါ အလွန်သိမ်မွေ့သော လေကို တစ်ဖန်ပြန်၍ တွေ့လာတတ်၏၊ သတိ သမ္ပဇဉ်ဉာဏ်တို့၏ စွမ်းအင်ကြီးမားလာသောအခါ၌ တစ်ဖန်ပြန်၍ တွေ့ရှိ ခြင်းပင် ဖြစ်၏၊ ထိုသိမ်မွေ့သောလေ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားလိုက်ပါက သမာဓိအားကောင်းလာသောအခါ နိမိတ်များ ပေါ်လာတတ်ပေသည်။ ဤအဆိုမှာလည်း ယေဘုယျသတ်မှတ်ချက်သာ ဖြစ်၏၊

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်[၁၉၂]၌ အရှည်-အတိုကို ရှုသည့်အပိုင်း၌လည်း နိမိတ်ပေါ်နိုင်ကြောင်း လာရှိ၏၊ အတိတ်က ဆည်းပူးခဲ့သော ပါရမီအရှိန်အဝါ အားကောင်းသော ယောဂါဝစရပုဂ္ဂိုလ်တို့သည် ဤ အရှည်-အတိုကို ရှုသည့် အပိုင်း၌လည်းကောင်း, အာနာပါန၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ရှုသည့်အပိုင်း၌ လည်းကောင်း, အာနာပါန(လေ)ကို သိမ်မွေ့နူးညံ့အောင် ငြိမ်သက်အောင် ငြိမ်းအောင် ကျင့်သည့်အပိုင်း၌လည်းကောင်း ဤ (ဒီဃ-ရသ-သဗ္ဗကာယ-ပဿမ္ဘယ) အဆင့် (၄)ဆင့်လုံး၌ပင် နိမိတ်ပေါ်တတ်ပေသည်။

အချို့ယောဂီများ၌ အလင်းရောင် အလျင်စ၍ ပေါ်တတ်၏၊ အချို့ယောဂီများ၌ နိမိတ် အလျင်စ၍ ပေါ်တတ် ၏၊ အလင်းရောင်ပေါ်ခဲ့သော် ထိုအလင်းရောင်ကို နှလုံးမသွင်းပါလေနှင့်၊ ပကတိသော ဝင်လေ-ထွက်လေကိုပင် သတိမြဲစွာ ရှုနေပါ။ နိမိတ်ပေါ်ခဲ့လျှင်လည်း ပေါ်စနိမိတ်မှာ မခိုင်ခံ့တတ်သော သဘောရှိသဖြင့် နိမိတ်ကို နှလုံး မသွင်းသေးဘဲ ပကတိသော ဝင်လေ-ထွက်လေကိုပင် ရှုနေပါ။ သတိမြဲနေပါစေ၊ သမ္ပဇဉ်ဉာဏ် အားကောင်းနေပါစေ။

အကယ်၍ အရှည်-အတိုကို ရှုသည့်အပိုင်း၌ နိမိတ်ပေါ်ခဲ့လျှင်လည်း ထိုနိမိတ်ကို နှလုံးမသွင်းသေးဘဲ သဗ္ဗကာယ = ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင်၊ ပဿမ္ဘယ = ဝင်သက်လေ-ထွက်သက်လေကို သိမ်မွေ့နူးညံ့အောင် ငြိမ်သက်အောင် ငြိမ်းအောင် ဆက်ကျင့်ပါ။ ထိုအခါ နိမိတ်သည်လည်း တစ်စတစ်စ ခိုင်လာတတ်ပါသည်။

အကယ်၍ ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှားသိအောင် ရှုသည့်အပိုင်းသို့ရောက်မှ နိမိတ်ပေါ်ခဲ့သော် ထိုနိမိတ်ကို မကြည့်သေးဘဲ ဝင်သက်လေ-ထွက်သက်လေကို သိမ်မွေ့ နူးညံ့အောင်သာ ဆက်ကျင့်ပါ။ သိမ်မွေ့နူးညံ့သော လေအပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားနိုင်သဖြင့် လေနှင့် နိမိတ် တစ်သားတည်း ဖြစ်လာသောအခါ ယင်း သမာဓိကိုပင် ခိုင်ခံ့သည်ထက် ခိုင်ခံ့အောင် ဆက်လက်၍ ထူထောင်ပါ။

အကယ်၍ အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း ––
၁။ ဒီဃ = ဝင်သက်လေ-ထွက်သက်လေ၏ အရှည်ကို သိအောင် အားထုတ်ခြင်း
၂။ ရဿ = ဝင်သက်လေ-ထွက်သက်လေ၏ အတိုကို သိအောင် အားထုတ်ခြင်း
၃။ သဗ္ဗကာယ = ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် ကျင့်ခြင်း
၄။ ပဿမ္ဘယ = ဝင်သက်လေ-ထွက်သက်လေကို သိမ်မွေ့နူးညံ့အောင် ငြိမ်အောင် ငြိမ်းအောင် ကျင့်ခြင်း –

ဟူသော ဤအဆင့်လေးဆင့်ကို အစဉ်အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ကျင့်လာရာ ပဿမ္ဘယ-သို့ ရောက်ရှိလာပါမှ နိမိတ်ပေါ်လာသည်ဖြစ်အံ့၊ ပေါ်စတွင် ယင်းနိမိတ်သည် မခိုင်ခံ့တတ်သော သဘောရှိသဖြင့် ယင်းနိမိတ်ကို နှလုံး မသွင်းသေးဘဲ ပကတိ ဝင်လေ-ထွက်လေကိုသာ နှလုံးသွင်းနေပါ။ လေနှင့် နိမိတ် တစ်သားတည်းဖြစ်နေသောအခါ, လေသည်ပင် နိမိတ် - နိမိတ်သည်ပင် လေဖြစ်လာသောအခါ ပုံစံမှန်အဆင့်သို့ ရောက်ရှိသွားပေပြီ။ ဝင်လေ-ထွက်လေကို အာရုံပြုလိုက်က နိမိတ်ကို အာရုံပြုလျက်သား ဖြစ်နေ၏၊၊ နိမိတ်ကို အာရုံပြုလိုက်ကလည်း လေကိုပါ အာရုံပြုလျက်သား ဖြစ်နေ၏၊ ယင်းသို့ဖြစ်က ပုံစံမှန်သွားပေပြီ။

အချို့ယောဂီများ၌ ဖြစ်ပေါ်တတ်သော အခြေအနေ

အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၌ လေနှင့်နိမိတ်မှာ တစ်သားတည်း မဖြစ်ဘဲ ဝင်လေ-ထွက်လေက တခြား, နိမိတ်က တခြား ဖြစ်နေတတ်၏၊ အကယ်၍ ဝင်လေ-ထွက်လေနှင့် နိမိတ်မှာ တခြားစီဖြစ်နေပါက ယင်းနိမိတ်မှာ အာနာပါနနိမိတ် အစစ် မဟုတ်ပေ၊ ဉာဏ်ရောင် ခေါ်သည့် အလင်းရောင် အစိုင်အခဲသာ ဖြစ်ပေသည်။ ယင်း အလင်းရောင် အစိုင်အခဲမှာ နှာသီးဖျားမှ တစ်ထွာခန့် တစ်ပေခန့်တွင်လည်း ပေါ်နေတတ်၏၊ လက်တစ်လုံးခန့် လက်နှစ်လုံးခန့်တွင်လည်း ပေါ်နေတတ်၏၊ နဖူးပေါ်တွင်လည်း ပေါ်နေတတ်၏၊ အကွာအဝေးအမျိုးမျိုး၌ ပုံသဏ္ဌာန် အမျိုးမျိုး, အရောင်အမျိုးမျိုးရှိသော အလင်းရောင် အစိုင်အခဲများ ပေါ်နေတတ်၏၊ ဤအရာတွင် အထက်တွင် ရှင်းပြခဲ့သည့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၁၇၄]၏ အဆိုကို မမေ့ပါနှင့်။

''ဝင်သက်လေ-ထွက်သက်လေ၏ ထိမှုထင်ရှားရာ ထိမှုထင်ရှားရာ နေရာ၌ (= နှာသီးဖျား သို့မဟုတ် အထက် နှုတ်ခမ်းတည်းဟူသော နှစ်နေရာတွင် ဝင်သက်လေ-ထွက်သက်လေ၏ ထိမှုထင်ရှားရာ ထိမှုထင်ရှားရာ နေရာ၌) အာနာပါနကို သိမ်းဆည်းတတ်သော သတိကို ထား၍ အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်သော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် အာနာပါနဿတိသမာဓိဘာဝနာသည် စျာန်ရသည်အထိ ပြီးစီးပြည့်စုံနိုင်၏၊''

ဤ အပိုင်းတွင်လည်း ဤ စည်းမျဉ်းဥပဒေသကို မမေ့ပါနှင့်။ အလွန် တိကျစွာ လိုက်နာရမည့် စည်းမျဉ်းဥပဒေသ ဖြစ်သည်။

တစ်ဖန် ယင်းနိမိတ်၏ အရောင်ကိုလည်း နှလုံးမသွင်းပါနှင့်။ ဤစည်းမျဉ်းဥပဒေသမှာလည်း အလွန်တိကျစွာ လိုက်နာရမည့် စည်းမျဉ်းဥပဒေသ တစ်ခုပင် ဖြစ်သည်။

ဤသို့ အလင်းရောင် အစိုင်အခဲ ဝေးကွာနေရာ၌ ယင်းအလင်းရောင် အစိုင်အခဲကို နှလုံးမသွင်းဘဲ ဝင်လေထွက်လေ ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဟူသော နှစ်နေရာတို့တွင် တစ်နေရာမှ စောင့်၍ ပကတိ ဝင်လေ-ထွက်လေကိုသာ ရှုနေပါ။ တဖြည်းဖြည်း သမာဓိစွမ်းအင် ပြည့်ဝလာသောအခါ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတွင် မြစ်ဖျားခံ၍ အခြေစိုက်၍ နိမိတ်သည် ကပ်၍ တည်နေပေလိမ့်မည်။ နိမိတ်နှင့် ဝင်လေထွက်လေတို့သည် တစ်သားတည်း ဖြစ်သွားပါက ပုံစံမှန်သွားပြီ ဖြစ်သည်။

သို့သော် ဝင်သက်လေ-ထွက်သက်လေနှင့် တစ်သားတည်း မဖြစ်ဘဲ အကွာအဝေးအမျိုးမျိုး၌ တည်ရှိနေသော ''အရောင်အလင်း အစိုင်အခဲ''ကိုကား နိမိတ်ဟု မခေါ်ဆိုပါ။ ယင်းကို ပညာရောင် ဉာဏ်ရောင်ဟုသာ ခေါ်ဆိုပါသည်။ ဝင်သက်လေ-ထွက်သက်လေနှင့် တစ်သားတည်းဖြစ်နေသည့် အလင်းရောင် အစိုင်အခဲကိုသာ နိမိတ်ဟု ခေါ်ဆိုပါသည်။ ဓမ္မတာအားဖြင့်သော်ကား ပညာရောင် ဉာဏ်ရောင်ခေါ်သည့် ဉာဏ်အရောင်အလင်းမှာ – သမန္တတော ပတ္ထရတိ ဟူသော ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ[၁၉၃]နှင့် အညီ ယောဂီပုဂ္ဂိုလ်၏ ခန္ဓာအိမ်ဝန်းကျင်ပတ်ခြာ အရပ် (၁၀)မျက်နှာ၌ ပျံ့နှံ့ တည်ရှိနေတတ်၏၊ သမာဓိအားကောင်းလျှင် အားကောင်းသလို သမာဓိနှင့် ယှဉ်တွဲနေသော ဉာဏ်၏ အာနုဘော် မှာလည်း ကြီးမားလာတတ်၏၊ ဉာဏ်၏ အာနုဘော်က ကြီးလျှင် ကြီးသလို ယင်းဉာဏ်ကြောင့် ဖြစ်ပေါ်လာသည့် ဉာဏ်အရောင်အလင်းမှာလည်း ပို၍ပို၍ တောက်ပလာတတ်၏၊ ပို၍ပို၍လည်း ကျယ်ပြန့်လာတတ်၏၊ သို့သော် ဤကဲ့သို့သော အာနာပါနနိမိတ်ပေါ်စအခြေအနေ၌ကား သမာဓိမှာလည်း အလွန်ကြီး မစူးရှလှသေး၊ ယင်းသမာဓိနှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်မှာလည်း မထက်မြက်လွန်းလှသေး။ သို့အတွက် ဉာဏ်အရောင်အလင်းမှာလည်း ''ဟိုတစ်ကွက် ဒီတစ်ကွက် ဟိုနေရာပေါ်လိုက် ဒီနေရာပေါ်လိုက်'' စသည်ဖြင့် နေရာအမျိုးမျိုးပြောင်းကာ ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ဖြစ်ပေါ်နေတတ်၏၊ ယင်းကဲ့သို့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းအရပ်တို့မှ ဝေးကွာနေသော နေရာဒေသအမျိုးမျိုး၌ ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ဖြစ်ပေါ်နေသော အရောင်အလင်းကိုပင် အာနာပါနနိမိတ်ဟု ယူဆကာ စူးစူးစိုက်စိုက် ရှုနေပါက သမာဓိမှာလည်း လျှောကျသွားတတ်၏၊ ယင်းအရောင်အလင်းမှာလည်း ပျောက်ကွယ်သွားတတ်၏၊ အာနာပါနသမာဓိ၏ အရှုခံအာရုံ မဟုတ်သောကြောင့် ဖြစ်၏၊ သို့အတွက် ဝင်သက်လေ-ထွက်သက်လေနှင့် တစ်သားတည်းဖြစ်နေသည့် နှာသီးဖျား သို့မဟုတ် အထက် နှုတ်ခမ်းအရပ်၌ တည်ရှိနေသည့် နိမိတ်ကိုသာ စူးစူးစိုက်စိုက် ရှုပါ။ အကယ်၍ နိမိတ်ပျောက်ပျက်သွားခဲ့လျှင်လည်း ထိုဝင်သက်လေ-ထွက်သက်လေကိုသာ တစ်ဖန်ပြန်၍ ရှုနေပါ။ တစ်ဖန် သမာဓိ အားကောင်းလာပြန်ပါက ဝင်သက်လေ-ထွက်သက်လေနှင့် တစ်သားတည်းဖြစ်နေသည့် နိမိတ်ကို ပြန်လည်တွေ့ရှိမည်သာ ဖြစ်ပေသည်။ ထိုအခါ နိမိတ်ကိုသာ စူးစူးစိုက်စိုက် ရှုလျက် သမာဓိကို ထူထောင်နေပါ။

နိမိတ်ကို မကစားပါနှင့်

ဤနေရာတွင် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၁၉၄]က ဤသို့ ညွှန်ကြားထား၏ ..။

''ထိုကမ္မဋ္ဌာန်းတို့တွင် .. အာနာပါနနိမိတ်ကို တိုးပွားအောင် ပြုလုပ်ခဲ့သော် လေအစုအပုံသည်သာလျှင် တိုးပွားလာ၏၊ အာနာပါနကမ္မဋ္ဌာန်းကို ဝင်လေ-ထွက်လေ ထိမှုထင်ရှားရာ နေရာ၌ သတိကိုထား၍ ပွားများရမည်ဟု ယင်းအာနာပါနကမ္မဋ္ဌာန်းကို နေရာဖြင့်လည်း ပိုင်းခြားထား၏၊ ဤသို့လျှင် လေအစုအပုံ တိုးပွားခြင်းဟူသော အပြစ်ရှိသည့်အတွက်ကြောင့်လည်းကောင်း, ထိမှုထင်ရှားရာနေရာဖြင့် ပိုင်းခြားသတ်မှတ်ထားသည့်အတွက်ကြောင့် လည်းကောင်း အာနာပါနနိမိတ်ကို တိုးပွားအောင် မပြုလုပ်ပါနှင့်။''

ဤ စည်းမျဉ်းဥပဒေသမှာလည်း ရိုသေစွာ ဦးထိပ်ရွက်ပန်ဆင်၍ လိုက်နာရမည့် စည်းမျဉ်းဥပဒေသ တစ်ခုပင် ဖြစ်သည်။ ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းအာနာပါနနိမိတ်ကို ကြီးအောင် သေးအောင် ရှည်အောင် တိုအောင် ဝေးအောင် နီးအောင် ဖြူအောင် ဝါအောင် နီအောင် ပြာအောင် ဤသို့စသည်ဖြင့် မကြိုးစားပါနှင့်။ ယင်းသို့ ကြိုးစားနေခဲ့သော် မိမိ အလိုရှိနေသော အာနာပါနစျာန်သို့ကား မရောက်ရှိနိုင်တော့ပေ။ မယုံကြည်လျှင် လက်တွေ့ စမ်းသပ်ကြည့်ပါ၊ မိမိကိုယ်တိုင်ပင် သိရှိနိုင်ပေလိမ့်မည်။

နိမိတ်အမျိုးမျိုး

ဤအာနာပါနနိမိတ်သည်ကား ခပ်သိမ်းကုန်သောသူတို့အား တစ်ချက်တည်း ထပ်တူသည် မဖြစ်ပေ၊ အမျိုးမျိုး ပေါ်တတ်၏၊ အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ချမ်းသာသောအတွေ့ကို ဖြစ်စေလျက် .. 

၁။ လဲဝါဂွမ်းကဲ့သို့ (ဥဂ္ဂဟနိမိတ်)
၂။ ဗိုင်းဝါဂွမ်းကဲ့သို့ (ဥဂ္ဂဟနိမိတ်)
၃။ လေအလျဉ်ကဲ့သို့ (ဥဂ္ဂဟနိမိတ်)
၄။ သောက်ရှူးကြယ်ရောင်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၅။ ပတ္တမြားလုံးကဲ့သို့ (ပဋိဘာဂနိမိတ်)
၆။ ပုလဲလုံးကဲ့သို့ (ပဋိဘာဂနိမိတ်) ထင်လာတတ်၏၊
အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ကျန်းသောအတွေ့ရှိသည်ဖြစ်၍ ..
၇။ ဝါရိုးကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၈။ သစ်သားနှစ်တံကျင်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်) ထင်လာတတ်၏၊

အချို့သော ယောဂါဝစရပုဂ္ဂိုလ်အား ..
၉။ ရှည်စွာသော ဆောက်လုံးကြိုးမျှင်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၁၀။ ပန်းဆိုင်းကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၁၁။ မီးခိုးညွန့်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၁၂။ ကျယ်ပြန့်သော ပင့်ကူချည်မျှင်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၁၃။ တိမ်တိုက်လွှာကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၁၄။ ပဒုမ္မာကြာပွင့်ကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၁၅။ ရထားဘီးစက်ဝန်းကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၁၆။ လဝန်းကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်)
၁၇။ နေဝန်းကဲ့သို့ (ဥဂ္ဂဟနိမိတ်+ပဋိဘာဂနိမိတ်) ထင်လာတတ်၏၊[၁၉၅]

တစ်ခုတည်းသာလျှင် ဖြစ်သော တစ်မျိုးတည်းသာလျှင် ဖြစ်သော ဤအာနာပါနကမ္မဋ္ဌာန်းသည် နိမိတ်မထင်မီ နိမိတ်ထင်သည်မှ ရှေးမဆွက ဖြစ်ကုန်သော သညာတို့၏ အထူးထူးသော သဘောရှိသည်၏ အဖြစ်ကြောင့် (= တစ်ဦးနှင့် တစ်ဦး တစ်ချိန်နှင့်တစ်ချိန် မတူညီဘဲ သညာတို့၏ ထူးထွေကွဲပြားမှု ရှိသည်၏ အဖြစ်ကြောင့်) နိမိတ်အမျိုးမျိုး ထင်လာခြင်းဖြစ်၏၊ မှန်ပေသည် - ဤအာနာပါနနိမိတ်သည် အာနာပါနဿတိသမာဓိဘာဝနာသညာကြောင့် ဖြစ်ပေါ်လာရ၏ (ဘာဝနာသညာဖြင့် မှတ်အပ် ကြံဆအပ်ကာမျှ ဖြစ်၏)၊ ဘာဝနာသညာဟူသော အကြောင်းရင်း ရှိ၏၊ ဘာဝနာသညာဟူသော အမွန်အစ ရှိ၏၊ ထိုကြောင့် ဘာဝနာသညာ ထူးထွေ ကွဲပြားမှု ရှိသောကြောင့် နိမိတ်အမျိုးမျိုး ထင်လာရခြင်း ဖြစ်ပေသည်။[၁၉၆]

ကပ်၍ တည်နေအောင် ကြိုးစားပါ။ ရေပြည့်နေသော ဖန်ခွက်တစ်ခုအတွင်းသို့ ပတ္တမြားတစ်လုံးကို သို့မဟုတ် ပုလဲတစ်လုံးကို နှစ်ထားသကဲ့သို့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတွင် ကပ်၍ တည်နေသော နိမိတ် အတွင်း၌သာ ဘာဝနာစိတ်ကို နစ်မြုပ်သွားအောင် စိုက်ရှုနေပါ၊ ယင်းနိမိတ်ကိုသာ စူးစူးစိုက်စိုက် မြဲမြဲမြံမြံ ရှုနေပါ။ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်ပါ။

အာနာပါနဿတိသမာဓိဘာဝနာသည် ရင့်ကျက်လာသောအခါ နိမိတ်မပေါ်မီ ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် နိမိတ်နှင့် ပတ်သက်၍ တစ်ဆင့်ကြားဖူး၍ ဖြစ်စေ, စာပေကိုဖတ်ဖူး၍ ဖြစ်စေ ''ဤသို့သော နိမိတ်ဤသို့သော နိမိတ်'' စသည်ဖြင့် နိမိတ်နှင့်ပတ်သက်သော အယူအဆ အတွေးအခေါ်များ အမှတ်သညာများသည် ရံခါ ကြိုးကြားကြိုးကြား ဖြစ်ပေါ်တတ်၏၊ ယင်းအမှတ်သညာတို့၏ ထူးထွေကွဲပြားမှုကြောင့် နိမိတ်အမျိုးမျိုး ပုံသဏ္ဌာန် အမျိုးမျိုး အရောင်အမျိုးမျိုး ဖြစ်ပေါ်လာရခြင်း ဖြစ်၏၊ နိမိတ်ပေါ်လာပြီး နောက်ပိုင်း၌လည်း ဘာဝနာသညာက ထပ်မံ၍ ကွဲပြားနေပြန်လျှင်လည်း နိမိတ်မှာ ပုံသဏ္ဌာန်အမျိုးမျိုး အရောင်အမျိုးမျိုး ပြောင်းလဲနေတတ်ပေသည်။ ထိုကဲ့သို့ အပြောင်းအလဲများနေပါက စျာန်သမာဓိသို့ ရောက်ရှိဖို့ရန် များစွာ အခက်အခဲ ရှိနိုင်ပေသည်။

ထို့ကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် နိမိတ်နှင့် ပတ်သက်သည့် သညာများကို နည်းနိုင်သမျှ နည်းအောင် ကြိုးစားပါ။ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတွင် ကပ်၍ပေါ်နေသော နိမိတ်၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားပါ။ ရေပြည့်နေသော ဖန်ခွက်တစ်ခုအတွင်းသို့ ပတ္တမြားတစ်လုံးကို သို့မဟုတ် ပုလဲတစ်လုံးကို နှစ်ထားသကဲ့သို့ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတွင် ကပ်၍ တည်နေသော နိမိတ် အတွင်း၌သာ ဘာဝနာစိတ်ကို နစ်မြုပ်သွားအောင် စိုက်ရှုနေပါ၊ ယင်းနိမိတ်ကိုသာ စူးစူးစိုက်စိုက် မြဲမြဲမြံမြံ ရှုနေပါ။ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်ပါ။

နိမိတ်ကို ကစားတတ်သော ဒါယကာကြီးတစ်ဦး

တစ်ချိန်က တောရစခန်းတစ်ခုတွင် ယောဂီဒါယကာကြီးတစ်ဦးနှင့် ဆုံခဲ့ဖူး၏၊ ထိုဒါယကာကြီးကား အာနာပါန ကမ္မဋ္ဌာန်းကို နှစ်ရှည်လများ အချိန်ကြာမြင့်စွာ အားထုတ်နေသူ တစ်ဦး ဖြစ်၏၊ သမာဓိမှာ အလွန်အားကောင်း၍ နိမိတ်ကိုလည်း လိုသလို ကစားနိုင်သူ တစ်ဦး ဖြစ်၏၊ အဝေးအနီး အလိုရှိရာအရပ်သို့ တိုင်အောင် ထိုနိမိတ်ကို စေလွှတ်နိုင်၏၊ အလွန်အားကောင်းသည့် သင်္ဘောဆလိုက်မီးကဲ့သို့ မိမိအလိုရှိရာအရပ်သို့တိုင်အောင် ထိုနိမိတ်ကို စေလွှတ်ကာ ကြည့်နိုင်၏၊ တစ်ဖန် ထိုနိမိတ်ကို တိုစေချင်က ထိုနိမိတ်မှာ ချက်ချင်း တိုသွား၏၊ ရှည်စေလိုလျှင်လည်း ချက်ချင်း ရှည်သွား၏၊ ပုလဲလုံးဖြစ်စေဟု အဓိဋ္ဌာန်လိုက်လျှင် ချက်ချင်း ပုလဲလုံး ဖြစ်သွား၏၊ ရွဲလုံးဖြစ်စေဟု အဓိဋ္ဌာန် လိုက်လျှင် ချက်ချင်း ရွဲလုံး ဖြစ်သွား၏၊ ဘာဝနာသညာ ကွဲပြားသွားခြင်းကြောင့် နိမိတ်အမျိုးမျိုး ကွဲပြားသွားသည့် ထုံးတစ်ရပ်ပင် ဖြစ်၏၊ သို့သော် ထိုဒါယကာကြီးကား စျာန်သို့ ဆိုက်သည့်တိုင်အောင်ကား မရှုပွားတတ် မရှုပွားနိုင် ဖြစ်နေ၏၊ အကြောင်းမှာ ဝင်သက်လေ-ထွက်သက်လေ ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်း အရပ်တွင် တည်ရှိသော ဝင်သက်လေ-ထွက်သက်လေနှင့် တစ်သားတည်းဖြစ်နေသော အာနာပါနပဋိဘာဂနိမိတ် သက်သက်ကိုသာ စူးစူးစိုက်စိုက် မရှုသောကြောင့် ဖြစ်၏၊ ဤစည်းကမ်းသတ်မှတ်ချက်ကို မလိုက်နာနိုင်သောကြောင့် သာလျှင် စျာန်သို့ မကူးတက်နိုင်ခြင်း ဖြစ်၏၊

တစ်ဖန် အထူးသတိပြုရန် အချက်တစ်ရပ်မှာ ဤသို့ ဖြစ်၏၊ ယင်းကဲ့သို့ နိမိတ်ကို ရှည်စေ တိုစေ ပုလဲလုံးဖြစ်စေ ရွဲလုံးဖြစ်စေ ဝါစေ နီစေ ပြာစေ စသည်ဖြင့် နိမိတ်ကို ပုံသဏ္ဌာန်အမျိုးမျိုး အရောင်အမျိုးမျိုးဖြစ်အောင် ကြိုးပမ်းနေပါက ထိုသို့ကြိုးပမ်းနေသည့် ဝီရိယက လွန်ကဲလာပြန်သဖြင့် အာရုံအမျိုးမျိုးသို့ စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စတရားက ဝင်နှောင့် နေရကား သမာဓိမှာ လျှောကျသွားတတ်ပေသည်။ ထိုကြောင့် နိမိတ်၏ ပုံသဏ္ဌာန်အမျိုးမျိုး အရောင်အမျိုးမျိုးတို့ကို နှလုံးမသွင်းဘဲ နိမိတ်အနေဖြင့်သာ နှလုံးသွင်းကာ စူးစူးစိုက်စိုက် ရှုနေပါ။

တစ်ဖန် နောက်ထပ် အထူးသတိပြုရန် အချက်တစ်ရပ် ရှိနေပြန်သေး၏၊ နိမိတ်ကို ပုလဲလုံးဖြစ်စေ ရွဲလုံးဖြစ်စေ စသည်ဖြင့် ပြုပြင်နေရာ၌ ယင်းနိမိတ်မှာ တကယ့်ပုလဲလုံးအစစ် တကယ့်ရွဲလုံးအစစ် ဖြစ်သွားသည်ကား မဟုတ်၊ အထက်က အကြိမ်ကြိမ် ရှင်းပြခဲ့သည့်အတိုင်း ပုလဲလုံးဖြစ်စေလိုသည့် ရွဲလုံးဖြစ်စေလိုသည့် ဘာဝနာသညာနှင့် ယှဉ်တွဲနေသည့် ဘာဝနာသမာဓိနှင့်လည်း ယှဉ်တွဲနေသည့် ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော စိတ္တဇရုပ်ကလာပ်နှင့် ယင်းစိတ္တဇရုပ်ကလာပ်တို့တွင် တည်ရှိသော တေဇောဓာတ် ဥတုကြောင့် ထပ်ဆင့်ဖြစ်ပွားလာသော စိတ္တပစ္စယ-ဥတုဇ ရုပ်ကလာပ်တို့၏ အရောင်အလင်း အစိုင်အခဲသာ ဖြစ်ပေသည်။ အလားတူပင် ယင်းနိမိတ်၏ အရောင်အလင်းအောက်၌ တည်ရှိသော ယင်းနိမိတ်ဖြင့် ထိုးစိုက်ကြည့်၍ တွေ့မြင်နေရသော အရာဝတ္ထုတို့မှာလည်း တကယ့်အမှန် တရားဟုကား ယူဆလို့ မရနိုင်ပေ။ အကြောင်းမှာ ယင်းနိမိတ်မှာ ဘာဝနာသညာကွဲပြားလျှင် ကွဲပြားသွားတတ်သကဲ့သို့ အလားတူပင် ယင်းနိမိတ်အရောင်အလင်း၏ အကူအညီဖြင့် တွေ့မြင်နေရသော အရာဝတ္ထုတို့မှာလည်း ကွဲပြား သွားနိုင်ပေသည်။ ဥပမာ - စူဠာမဏိစေတီတော်ကဲ့သို့သော အရာဝတ္ထုတစ်ခုတည်းကိုပင် ယောဂီအများစုတို့က နိမိတ်၏အရောင်အလင်း အကူအညီဖြင့် စူးစိုက်ကြည့်ရှုလိုက်ကြသောအခါ ယောဂီတစ်ဦး၏ တွေ့မြင်ရပုံအခြင်းအရာနှင့် အခြားယောဂီတစ်ဦး၏ တွေ့မြင်ရပုံအခြင်းအရာတို့မှာ မတူကွဲပြားခြားနားသကဲ့သို့ မှတ်ပါ။

ဤအရာတွင် .. အာနာပါနနိမိတ်၏ အရောင်အလင်း အကူအညီဖြင့် တွေ့မြင်ရသော အရာဝတ္ထုတို့မှာ ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်ကြောင့် ဖြစ်ပေါ်လာသည့် အလင်းရောင်အောက်တွင် တည်ရှိသော အရာဝတ္ထုတို့ကို ဒိဗ္ဗစက္ခုအဘိညာဏ်စိတ်ဖြင့် တွေ့မြင်ရသကဲ့သို့ တိကျမှုကား မရှိနိုင်။ ဒိဗ္ဗစက္ခုအဘိညာဏ်ကို အလိုရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ကသိုဏ်း (၁၀)ပါး သမာပတ် (၈)ပါးတို့ကို အဝါးဝစွာ လေ့လာထားပြီးသူ ဖြစ်ရ၏၊ ထိုနောင် ပထဝီကသိုဏ်းမှသည် ဩဒါတကသိုဏ်းသို့ တိုင်အောင်သော ကသိုဏ်း (၈)ပါး သမာပတ် (၈)ပါးတို့၌ (၁၄)မျိုးသော အခြင်းအရာတို့ဖြင့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ နိုင်နိုင်နင်းနင်း ထပ်မံလေ့ကျင့်ရပြန်၏၊[၁၉၇] ထိုသို့ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဒိဗ္ဗစက္ခုအဘိညာဏ်ကို အလိုရှိသောအခါ တေဇောကသိုဏ်း ဩဒါတကသိုဏ်း အာလောကကသိုဏ်းဟူသော (၃)မျိုးသော ကသိုဏ်းတို့တွင် နှစ်ခြိုက်ရာ ကသိုဏ်း တစ်မျိုးမျိုးကို ထပ်မံ၍ အလေးဂရုပြုကာ ပွားများရပြန်၏၊ ထိုကသိုဏ်း (၃)မျိုးတို့တွင် အာလောကကသိုဏ်းမှာ အကောင်းဆုံး ဖြစ်၏၊ အကယ်၍ အာလောကကသိုဏ်းကို ရွေးချယ်ခဲ့သည်ဖြစ်အံ့၊ ယင်းအာလောကကသိုဏ်းကိုပင် အာရုံယူကာ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ပွားများရ၏၊ သမာဓိကို ထူထောင်ရ၏၊ ထိုစျာန်သမာဓိများနှင့် ယှဉ်တွဲနေသည့် ဉာဏ်ကြောင့် ဖြစ်ပေါ်လာသည့် ဉာဏ်အရောင်အလင်းက အလွန့်အလွန် အားကောင်းလာသောအခါ ထိုစျာန်သမာဓိကြောင့် အာလောကကသိုဏ်း အရောင်အလင်းက ပို၍ပို၍ တောက်ပလာသောအခါ ထိုအာလောကကသိုဏ်းအရောင်အလင်းကို မိမိအလိုရှိရာအရပ်သို့ တိုင်အောင် ထပ်မံ ဖြန့်ကျက်ရပြန်၏၊ ထိုဖြန့်ကျက်ထားသော အာလောကကသိုဏ်းအရောင်အလင်းကို အာရုံယူကာ ပထမစျာန်သမာဓိ ဒုတိယစျာန်သမာဓိ တတိယစျာန်သမာဓိတို့ကို ထပ်မံ ထူထောင်ပြီးနောက် စတုတ္ထစျာန်သမာဓိ၏ ဥပစာရသမာဓိ နယ်မြေသို့ ဆိုက်အောင် သမာဓိကို ထပ်မံ ပွားများထားရ၏၊ (စတုတ္ထစျာန်စျာန်သမာဓိသို့ ဆိုက်ရောက်အောင်ကား မပွားထားရ၊ ယင်းစတုတ္ထစျာန်၏ ဥပစာရသမာဓိနယ်မြေ၌သာ သမာဓိကို ထူထောင်ထားရ၏၊) ထို့နောင် –''ဤမျှလောက်သော အရပ်သို့ တိုင်အောင် အလင်းရောင်သည် တည်စေသတည်း ..'' ဟု အဓိဋ္ဌာန်ပြုကာ ထိုအလင်းရောင်အတွင်းတွင် တည်ရှိသော အရာဝတ္ထုတို့ကို ကြည့်ရှုရ၏၊ တွေ့မြင်သောအခါတွင်မှ စတုတ္ထစျာန်သမာဓိ ဟူသော အဘိညာဏ်ဇောသည် ဖြစ်ပေါ်လာပေလတ္တံ့။ ထိုအဘိညာဏ်ဇောကြောင့် ဖြစ်ပေါ်လာသည့် အလင်းရောင်အောက်တွင် တည်ရှိသော အာရုံအမျိုးမျိုး အရာဝတ္ထုအမျိုးမျိုးတို့ကို အဘိညာဏ်ဇောစိတ်ဖြင့်လည်းကောင်း, အဘိညာဏ်ဇော၏နောင်၌ အလင်းရောင် မပျောက်မချင်း ဆက်လက်ဖြစ်ပေါ်နေတတ်သည့် ပစ္စဝေက္ခဏာဇောစိတ် အသီးအသီးဖြင့်လည်းကောင်း တွေ့မြင်ရခြင်းသည်သာလျှင် မှန်ကန်တိကျသော အာရုံဖြစ်ပေသည်။[၁၉၈] စိတ်ကပ်ထားပါ။ ထိုနိမိတ်အားလုံးကို သိတန်သလောက် သိမှုကား ရှိကောင်းရှိနိုင်၏၊ သို့သော် နှာသီးဝတွင် ကပ်နေသော နိမိတ်အတွင်း၌သာ ဘာဝနာစိတ် နစ်မြုပ်နေဖို့သာ လိုရင်း ဖြစ်ပေသည်။ ထိုနိမိတ်၏ အတွင်း၌ ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ထိုင်တိုင်းလိုလို ငြိမ်ဝပ်စွာ ကပ်၍ တည်လာပါက ထိုနိမိတ်မှာလည်း တစ်စတစ်စ တဖြည်းဖြည်း ကြည်လင်သည်ထက်ကြည်လင် တောက်ပသည်ထက်တောက်ပလာပေလိမ့်မည်။ အထူး ကြည်လင် တောက်ပလာသော ထိုနိမိတ်ကား ပဋိဘာဂနိမိတ်တည်း။

သို့သော် ဤအပိုင်းကား အာနာပါနနိမိတ်အကြောင်းကိုသာ ဆွေးနွေးတင်ပြနေသည့် အပိုင်းဖြစ်သဖြင့် နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းတည်းဟူသော ဝင်သက်လေ-ထွက်သက်လေ၏ ထိမှုထင်ရှားရာ အရပ်ဒေသကို မစွန့်လွှတ်ဘဲ ထိုအရပ်ဒေသ၌ တည်ရှိနေသည့် ဝင်သက်လေ-ထွက်သက်လေနှင့် တစ်သားတည်းဖြစ်နေသည့် အာနာပါနနိမိတ်ကိုသာ စူးစူးစိုက်စိုက် ဆက်လက်ရှုနေပါ။ ယင်းနိမိတ်အာရုံ၌သာ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်ပြီး တည်နေအောင်သာ ဆက်လက်ကြိုးပမ်းပါ။

ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်

ယေဘုယျအားဖြင့် ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော နိမိတ်မှာ ဥဂ္ဂဟနိမိတ် ဖြစ်၏၊ ဥဂ္ဂဟနိမိတ်ကား မကြည်ပေ။ ဆွတ်ဆွတ်ဖြူရာမှ သောက်ရှူးကြယ်ကဲ့သို့ တောက်ပနေသော ဖန်တုံးမှန်တုံးကဲ့သို့ အလွန်ကြည်လင် တောက်ပနေသော နိမိတ်ကား ပဋိဘာဂနိမိတ်တည်း။ ပတ္တမြားလုံးကဲ့သို့ ထင်လာရာ၌ မကြည်သော ပတ္တမြားလုံး ကဲ့သို့သော နိမိတ်ကား ဥဂ္ဂဟနိမိတ်တည်း၊ ကြည်လင်တောက်ပနေသော ပတ္တမြားလုံးကဲ့သို့သော နိမိတ်ကား ပဋိဘာဂနိမိတ်တည်း။ ကြွင်းကျန်သော အရောင်တို့၌လည်း နည်းတူ သဘောပေါက်ပါ။

အထက်တွင် ဖော်ပြထားသော နိမိတ်အမျိုးမျိုးတို့တွင် အမှတ် (၁၁)အဖြစ် ဖော်ပြထားသော နိမိတ်မှာ မီးခိုးညွန့်ကဲ့သို့သော နိမိတ်ဖြစ်၏၊ ယင်းနိမိတ်၌ ညစ်ထပ်ထပ် မီးခိုးရောင်နိမိတ်ကား ပရိကမ္မနိမိတ်တည်း၊ ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူသော မီးခိုးညွန့်ရောင်နိမိတ်ကား ဥဂ္ဂဟနိမိတ်တည်း၊ ကြည်လင်တောက်ပလာသော မီးခိုးညွန့်ရောင် နိမိတ်ကား ပဋိဘာဂနိမိတ်တည်း။

ထိုနိမိတ်တို့ ပေါ်လာရာ၌ ဆင်စွယ်ကဲ့သို့သော ပုံသဏ္ဌာန်ဖြင့် နှာသီးဝမှစ၍ အပြင်ဘက်သို့ အတန်းလိုက် ပေါ်လာရာ၌ကား ယင်းနိမိတ်နောက်သို့ စိတ်ကို မလိုက်ဘဲ နှာသီးဝနှင့် အနီးကပ်ဆုံးနေရာ၌ တည်ရှိနေသည့် နိမိတ်အတွင်း၌သာ ဘာဝနာစိတ်ကို သွတ်သွင်းထားပါ၊ စိုက်ကြည့်နေပါ။ အတွင်းဘက်သို့ အချောင်းလိုက် တည်ရှိရာ၌လည်း အတွင်းဘက်သို့ လိုက်မကြည့်ဘဲ နှာသီးဝနှင့် အနီးကပ်ဆုံးနေရာ၌ တည်ရှိသည့် နိမိတ်၌သာ စိတ်ကပ်ထားပါ။ ထိုနိမိတ်အားလုံးကို သိတန်သလောက် သိမှုကား ရှိကောင်းရှိနိုင်၏။ သို့သော် နှာသီးဝတွင် ကပ်နေသော နိမိတ်အတွင်း၌သာ ဘာဝနာစိတ် နစ်မြုပ်နေဖို့သာ လိုရင်း ဖြစ်ပေသည်။ ထိုနိမိတ်၏ အတွင်း၌ ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ထိုင်တိုင်းလိုလို ငြိမ်ဝပ်စွာ ကပ်၍ တည်လာပါက ထိုနိမိတ်မှာလည်း တစ်စတစ်စ တဖြည်းဖြည်း ကြည်လင်သည်ထက်ကြည်လင် တောက်ပသည်ထက်တောက်ပလာပေလိမ့်မည်။ အထူး ကြည်လင် တောက်ပလာသော ထိုနိမိတ်ကား ပဋိဘာဂနိမိတ်တည်း။

ဤသို့ ပဋိဘာဂနိမိတ် ထင်သည့်အခါမှ စ၍ .. ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ နီဝရဏ ကိလေသာ အညစ်အကြေးတို့သည် ခွာအပ်ပြီးသာလျှင် ဖြစ်ကုန်၏၊ နီဝရဏမှ ကြွင်းသော ကိလေသာတို့သည်လည်း အနည်ထိုင် သွားကြကုန်သည်သာ ဖြစ်ကုန်၏၊ အာနာပါနဿတိသည်လည်း ယင်းအာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ရှေးရှု တည်နေသည်သာလျှင် ကပ်၍ တည်နေသည်သာလျှင် ဖြစ်၏၊ ဘာဝနာစိတ်သည် ဥပစာရသမာဓိဖြင့် အာနာပါန ပဋိဘာဂနိမိတ်အာရုံ၌ ကောင်းစွာတည်နေသည်သာလျှင် ဖြစ်၏၊[၁၉၉]

ထိုအခါ၌ ဤယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာနာပါနနိမိတ်ကို ဝါဂွမ်းစိုင် သောက်ရှူးကြယ် စသည်တို့၌ကဲ့သို့ ထင်လာသော အဖြူရောင် စသော အရောင်အဆင်းအားဖြင့်လည်း နှလုံးမသွင်းပါနှင့်၊ သဘာဝလက္ခဏာ သာမညလက္ခဏာအားဖြင့်လည်း နှလုံးမသွင်းပါနှင့်။[၂၀၀] [၂၀၁]

စင်စစ်သော်ကား ခတ္တိယမဟေသီ မိဖုရားခေါင်ကြီးသည် စကြဝတေးမင်းလောင်းကိုယ်ဝန်ကို (ဖန်ပေါင်းချောင် အတွင်း၌ တည်နေသကဲ့သို့ မြင်တွေ့နေရသဖြင့် မပျက်စီးအောင်) စောင့်ရှောက်အပ်သကဲ့သို့လည်းကောင်း, လယ်သမားသည် သလေးမုယောစပါးဖုံးကို စောင့်ရှောက်အပ်သကဲ့သို့လည်းကောင်း ထိုအာနာပါနပဋိဘာဂနိမိတ်ကို စောင့်ရှောက်ပါ။ ယင်းပဋိဘာဂနိမိတ်ကိုပင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ နှလုံးသွင်းပါ။ ယင်းသို့ နှလုံးသွင်းခြင်းဖြင့် ယင်းဥပစာရသမာဓိကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ပါ။ ဝီရိယနှင့် သမာဓိ, သဒ္ဓါနှင့် ပညာတို့ကို ညီမျှအောင် သတိဖြင့် ထိန်းကွပ်လျက် ဣန္ဒြေ (၅)ပါး ညီမျှအောင် ကြိုးစားပါ။ ယင်းသို့ ကြိုးစားအားထုတ်ခဲ့သော် ထိုအာနာပါနပဋိဘာဂနိမိတ်အာရုံ၌ စတုက္ကစျာန် ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်လာကြကုန်၏၊[၂၀၂]

ဣန္ဒြေ (၅) ပါး ညီမျှအောင် ကျင့်ပုံ

သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဟု ဣန္ဒြေ (၅)ပါး ရှိ၏၊ ယောဂါဝစရပုဂ္ဂိုလ်၏ စိတ်အစဉ်ကို နိဗ္ဗာန်သို့သွားရာ သမထဘာဝနာလမ်းကြောင်း ဝိပဿနာဘာဝနာလမ်းကြောင်းမှ တိမ်းစောင်း၍ ဘေးသို့ ကျမသွားအောင် ထိန်းချုပ်ထားနိုင်သော စွမ်းအားကြီး ငါးရပ်ပင် ဖြစ်၏၊ ထိုတွင် သဒ္ဓါဟူသည်မှာ ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည့် ယုံကြည်သင့် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုတို့၌ ယုံကြည်မှုတည်း။ ဘုရားရှင်၏ ဗောဓိဉာဏ်တော်မြတ် အပေါ်၌ ယုံကြည်ဖို့လည်း အထူးလိုအပ်၏၊ ဘုရားရှင်၏အပေါ်၌ ထိုထို ဤဤ ကြံစည်လျက် မယုံကြည်မှုတွေ များပြားနေပါက ယောဂါဝစရပုဂ္ဂိုလ်၏ ဘာဝနာလုပ်ငန်းခွင်သည် နောက်သို့ ဆုတ်သွားမည် ဖြစ်၏၊ ဘုရားရှင်၏ မဂ် (၄)ပါး ဖိုလ် (၄)ပါး နိဗ္ဗာန် ပရိယတ်တည်းဟူသော (၁၀)တန်သော တရားတော်မြတ်အပေါ်၌လည်း ယုံကြည်မှု အပြည့်အဝရှိဖို့ကား အထူးလိုအပ်လျက် ရှိ၏၊ ဘုရားရှင် ဟောကြားထားတော်မူအပ်သော ပရိယတ်တရားတော် တို့ကား ဘာဝနာလုပ်ငန်းခွင်ကို လမ်းညွှန်ပေးနေသော တရားတော်တို့သာ ဖြစ်ကြ၏၊ ယင်းတရားတော်တို့အပေါ်၌ ယုံကြည်ချက် သဒ္ဓါတရား အပြည့်အဝရှိဖို့ကား ဤအပိုင်းတွင် အထူးလိုအပ်ပေသည်။

ဝင်လေ-ထွက်လေကို ရှုနေရုံမျှဖြင့် စျာန်ရသည်ဆိုသည်မှာ ဟုတ်မှဟုတ်ပါ့မလား၊ ဝါဂွမ်းစိုင်ကဲ့သို့ ဖြူဖွေးနေသော ဥဂ္ဂဟနိမိတ် ရေခဲတုံး ဖန်တုံး မှန်တုံးကဲ့သို့ အလွန် ကြည်လင်တောက်ပနေသော ပဋိဘာဂနိမိတ်တို့ ဖြစ်ပေါ်လာကြသည် ဆိုသည်မှာ ဟုတ်မှဟုတ်ပါ့မလား – ဤသို့ စသည်ဖြင့် ဘုရားရှင်၏ တရားတော်အပေါ်၌ မယုံကြည်မှု အဿဒ္ဓိယ တရားတွေ အားကောင်းနေလျှင်သော်လည်းကောင်း, ယခုခေတ်ကား စျာန်ရနိုင်သည့်ခေတ် မဟုတ်ဟု ခေတ်ကို လွှဲချနေလျှင်သော်လည်းကောင်း ယောဂါဝစရပုဂ္ဂိုလ်၏ သဒ္ဓါတရားမှာ ယုတ်လျော့နေသည် မည်၏၊ ယင်းသို့ အားပျော့နေသော သဒ္ဓါတရားက ယောဂါဝစရပုဂ္ဂိုလ်၏ သမထဘာဝနာစိတ်ကို သမထလမ်းကြောင်းပေါ်မှ တိမ်းစောင်း၍ ဘေးသို့ ကျမသွားအောင် ထိန်းချုပ်ထားနိုင်သည့် စွမ်းအား မရှိတော့ပေ။

အာနာပါနကမ္မဋ္ဌာန်းကဲ့သို့ သမထဘာဝနာတစ်ခုကို ပွားများနေသော သမာဓိကမ္မိက ယောဂါဝစရပုဂ္ဂိုလ်အဖို့ သဒ္ဓါတရား အားကောင်းလျှင်လည်း သင့်မြတ်သည်သာ ဖြစ်၏၊[၂၀၃] အာနာပါန သမထဘာဝနာလုပ်ငန်းခွင်၌ ''ဝင်လေထွက်လေဟု နှလုံးသွင်းမှုကို ပြုနေရုံမျှဖြင့် အဘယ်မှာလျှင် စျာန်တရားသည် ဖြစ်ပေါ်လာနိုင်ပါအံ့နည်း'' - ဟု မကြံစည်တော့ဘဲ ''အဒ္ဓါ သမ္မာသမ္ဗုဒ္ဓေန ဝုတ္တဝိဓိ ဣဇ္စျိဿတိ = သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် ဟောကြားထား တော်မူအပ်သော အစီအရင်သည် မချွတ်ဧကန် ပြီးစီးပြည့်စုံပေလတ္တံ့'' - ဟု ယုံကြည်လျက် ယုံကြည်မှုသဒ္ဓါတရားကို ဖြစ်စေလျက် အာနာပါနဿတိ ဘာဝနာလုပ်ငန်းရပ်ကို ပြုလုပ်ပါ။

တစ်ဖန် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု၌ လွတ်လွတ်သက်ဝင်၍ ဆုံးဖြတ်ခြင်း သဒ္ဓါဓိမောက္ခကိစ္စက, အထူးသဖြင့် အာနာပါနဘာဝနာလုပ်ငန်းခွင်၌ လွတ်လွတ်သက်ဝင်၍ ဆုံးဖြတ်ခြင်း သဒ္ဓါဓိမောက္ခကိစ္စက အလွန် ထင်ရှားနေသောကြောင့်လည်းကောင်း, ပညိန္ဒြေက = အာနာပါနပဋိဘာဂနိမိတ်ကို ထိုးထွင်းသိနေသော အသိဉာဏ်က မသန့်ရှင်းသောကြောင့်လည်းကောင်း = ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မသိမမြင်သောကြောင့်လည်းကောင်း, ဝီရိယ သတိ သမာဓိ ဣန္ဒြေတို့က လျော့လျော့ရဲရဲ ရှိနေခြင်းစသော အကြောင်းတရားကြောင့်လည်းကောင်း သဒ္ဓိန္ဒြေသည် အလွန်အားကောင်းနေ၏၊ ထိုအခါ၌ ဝီရိယိန္ဒြေသည် မိမိနှင့်ယှဉ်ဖက် စိတ်စေတသိက်တည်းဟူသော သမ္ပယုတ်တရား တို့ကို အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံမှ လျှောကျမသွားအောင် ချီးမြှောက်ထားခြင်း ချီးပင့်ထားခြင်း ပဂ္ဂဟလုပ်ငန်းကိစ္စကို မရွက်ဆောင်နိုင်။

သတိန္ဒြေသည်လည်း အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံကို အသိဉာဏ်၌ ထင်ထင်ရှားရှား ဖြစ်ပေါ်လာစေခြင်း ဥပဋ္ဌာနကိစ္စကို မရွက်ဆောင်နိုင်။ သမာဓိန္ဒြေသည်လည်း အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထနိမိတ်အာရုံမှ ပြင်ပအာရုံသို့ စိတ်ပျံ့လွင့်မသွားအောင် ရွက်ဆောင်ပေးခြင်း အဝိက္ခေပကိစ္စကို မရွက်ဆောင်နိုင်။ ပညိန္ဒြေသည်လည်း အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့ သမထအာရုံနိမိတ်ကို ထိုးထွင်းသိမြင်ခြင်း ဒဿနကိစ္စကို ပြုလုပ်အံ့သောငှာ မစွမ်းနိုင်။ ထို့ကြောင့် ပရမတ္ထဓမ္မသဘာဝကို ဆင်ခြင်ခြင်းဖြင့်လည်းကောင်း[၂၀၄], သဒ္ဓိန္ဒြေ အားကောင်း လောက်အောင် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထအာရုံကို နှလုံးမသွင်းခြင်းဖြင့်လည်းကောင်း သဒ္ဓိန္ဒြေကို ယုတ်လျော့စေရ၏၊

အကယ်၍ ဝီရိယိန္ဒြေ = ကြိုးစားအားထုတ်မှု လုံ့လဝီရိယက အားကောင်းနေပြန်လျှင်လည်း သဒ္ဓါ သတိ သမာဓိ ပညာတို့သည်လည်း အဓိမောက္ခကိစ္စ ဥပဋ္ဌာနကိစ္စ အဝိက္ခေပကိစ္စ ဒဿနကိစ္စဟူသော မိမိ မိမိ၏ ဆိုင်ရာကိစ္စ အသီးအသီးကို မရွက်ဆောင်နိုင်တော့ပေ။ ထိုကြောင့် ပဿဒ္ဓိ သမာဓိ ဥပေက္ခာသမ္ဗောဇ္ဈင်များ ဖြစ်ပေါ်လာလောက် အောင် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော သမထနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးပမ်းခြင်းဖြင့် လွန်ကဲနေသော ဝီရိယိန္ဒြေကို ယုတ်လျော့စေရ၏၊ သမာဓိ ပညာတို့ လွန်ကဲရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။

ဤအရာ၌ သဒ္ဓါနှင့်ပညာ, သမာဓိနှင့်ဝီရိယတို့၏ ညီမျှမှုကို ပညာရှိ သူတော်ကောင်းတို့က ချီးမွမ်းတော်မူကြ၏၊ သဒ္ဓါက အားကောင်း၍ ပညာက နုံ့နေသော် မုဒ္ဓပ္ပသန္န = အနှစ်မမှီး အချည်းနှီးသော အရာဝတ္ထု၌ ကြည်ညိုနေတတ်၏၊ တိတ္ထိတို့၏ တပည့်သာဝကတို့ကဲ့သို့ မကြည်ညိုသင့် မကြည်ညိုထိုက်သော အရာဝတ္ထု၌ ကြည်ညိုနေတတ်၏၊ (မနှဲလေးမင်းကြီး-မင်းကလေး-မယ်တော်ကြီး စသည်တို့ကို ကြည်ညိုနေသကဲ့သို့ မှတ်ပါ။)

ပညာက အားကောင်း၍ သဒ္ဓါက နုံ့ပြန်လျှင်လည်း ကေရာဋိကပက္ခ = ကောက်ကျစ်စဉ်းလဲသည့်ဘက်သို့ ယိုင်လဲသွားတတ်၏၊ တကယ်လက်တွေ့ မကျင့်ဘဲ ဝေဖန်ရေးသမားသက်သက် လုပ်နေတတ်၏၊ ဆေးကြောင့်ဖြစ်သော ရောဂါသည် ကုစားရခက်ခဲသကဲ့သို့ ထိုပုဂ္ဂိုလ်မျိုးသည်လည်း ကုစားဖို့ရန် အလွန်ခက်ခဲတတ်၏၊ ဒါပေမဲ့ဟူသော စကားလုံးများကို ခပ်များများ သုံး၍ ဝေ့လည်ကြောင်ပတ် လုပ်နေတတ်၏၊ မလွှဲမရှောင်သာလျှင် ''မြွေမသေ-တုတ်မကျိုး'' မူဝါဒကို လက်ခံကျင့်သုံးတတ်၏၊ ''ကောင်းတော့ကောင်းပါရဲ့ - ဒါပေမဲ့''ဟူသော စကားလုံးများဖြင့် နိဂုံးချုပ်တတ်၏၊ ဘုရားတရားတော်ကို ကျောခိုင်းနေသူများတည်း။

သဒ္ဓါနှင့်ပညာ တရားနှစ်ပါး ညီမျှခဲ့ပါမူကား ရတနာသုံးတန် ကံ-ကံ၏ အကျိုးတရားစသည့် ယုံကြည်သင့် ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု၌သာလျှင် ယုံကြည်တတ်၏၊ အာနာပါနကျင့်စဉ်ကို ဘုရားဟောအတိုင်း တကယ် လက်တွေ့ကျင့်က (ပါရမီလည်း အထိုက်အလျောက် အားကောင်းခဲ့ပါမူ) အာနာပါနပဋိဘာဂနိမိတ်သို့ ဆိုက်နိုင်၏ဟု ယုံကြည်၏၊ စျာန်သို့ ဆိုက်နိုင်၏ဟု ယုံကြည်၏၊ ယုံကြည်သင့် ယုံကြည်ထိုက်သော အရာဝတ္ထု၌ ယုံကြည်ခြင်းပင်တည်း။ ယင်းယုံကြည်မှု သဒ္ဓါတရားလည်း ရှိ၍ တကယ်လက်တွေ့ အာနာပါနကျင့်စဉ်ကို ကျင့်သောအခါ ဉာဏ်ပညာဖြင့် အာနာပါနပဋိဘာဂနိမိတ်ကိုလည်း ထိုးထိုးထွင်းထွင်း သိပါမူ ထိုအခါ သဒ္ဓါနှင့် ပညာ နှစ်ပါးတို့ကား ညီမျှမှု ရှိသွားပြီ ဖြစ်၏၊

တစ်ဖန် သမာဓိက အားကောင်း၍ ဝီရိယက နုံ့နေပြန်လျှင်လည်း သမာဓိသည် ပျင်းရိခြင်း ကောသဇ္ဇတရား၏ ဘက်တော်သားဖြစ်ခြင်းကြောင့် ယောဂီသူတော်ကောင်း၏ စိတ်အစဉ်ကို ပျင်းရိခြင်း ကောသဇ္ဇတရားက လွှမ်းမိုး ဖိစီးသွားတတ်၏၊ ဝီရိယက အားကောင်း၍ သမာဓိက နုံ့နေပြန်လျှင်လည်း ဝီရိယသည် စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စ၏ ဘက်တော်သားဖြစ်ခြင်းကြောင့် ယောဂီသူတော်ကောင်း၏ စိတ်အစဉ်ကို ဥဒ္ဓစ္စတရားက လွှမ်းမိုးဖိစီးတတ်ပြန်၏၊ ''သမာဓိလွန်သော် ကောသဇ္ဇ၊ ဝီရိယလွန်သော် ဥဒ္ဓစ္စ'' ဟူ၏၊ သမာဓိကို ဝီရိယနှင့် ယှဉ်တွဲပေးလိုက်သော် ယင်းသမာဓိသည် ပျင်းရိခြင်း = ကောသဇ္ဇ၌ ကျရောက်ဖို့ရန် အခွင့် မရနိုင်။ ဝီရိယကို သမာဓိနှင့် ယှဉ်စပ်ပေးလိုက်သော် ယင်း ဝီရိယသည် စိတ်ပျံ့လွင့်ခြင်း = ဥဒ္ဓစ္စ၌ ကျရောက်ဖို့ရန် အခွင့် မရနိုင်။ ထိုကြောင့် ထိုသမာဓိနှင့် ဝီရိယ နှစ်မျိုးကို ညီမျှအောင် ပြုကျင့်ပါ။ မှန်ပေသည် - သမာဓိနှင့် ဝီရိယ နှစ်ပါးစုံ ညီမျှခြင်းဖြင့် အပ္ပနာစျာန်သည် ဖြစ်ပေါ်လာ၏၊၊[၂၀၅] သင့်မြတ်၏၊ မှန်ပေသည် - သတိသည် ဥဒ္ဓစ္စ၏ ဘက်တော်သား ဖြစ်ကြကုန်သော စွမ်းအင်လွန်ကဲနေသော သဒ္ဓါ, စွမ်းအင်လွန်ကဲနေသော ဝီရိယ, စွမ်းအင်လွန်ကဲနေသော ပညာတို့၏ အားအစွမ်းကြောင့် ဘာဝနာစိတ်ကို ဥဒ္ဓစ္စဘက်သို့ ကျရောက်ခြင်းမှလည်း စောင့်ရှောက်ပေး၏ = မကျရောက်အောင် စောင့်ရှောက်ပေး၏၊ ပျင်းရိခြင်း ကောသဇ္ဇ၏ ဘက်တော်သားဖြစ်သော သမာဓိကြောင့် ကောသဇ္ဇဘက်သို့ ကျရောက်ခြင်းမှလည်း စိတ်ကို စောင့်ရှောက်ပေး၏ = မကျရောက်အောင် စောင့်ရှောက်ပေး၏၊ ထိုကြောင့် – အလုံးစုံသော ဟင်းလျာတို့၌ ဆားခတ်ခြင်းကို အလိုရှိအပ် သကဲ့သို့လည်းကောင်း, အလုံးစုံသော မင်းမှုကိစ္စတို့၌ လုပ်ငန်းကိစ္စအဝဝတို့၌ ကျွမ်းကျင်လိမ္မာသော အမတ်ကို အလိုရှိအပ်သကဲ့သို့လည်းကောင်း အလားတူပင် အလုံးစုံသောကမ္မဋ္ဌာန်းတို့၌ လီန = ဘာဝနာလုပ်ငန်းခွင်မှ စိတ်ဓာတ်ကျဆင်းရာအခါ, ဥဒ္ဓစ္စ = ဘာဝနာအာရုံမှ စိတ်ပျံ့လွင့်ရာအခါဟူသော အလုံးစုံသော အချိန်အခါတို့၌ သတိကို အလိုရှိအပ်ပေသည်။ ထိုကြောင့် ရှေးရှေးအဋ္ဌကထာတို့၌ ဤသို့ ဖွင့်ဆိုထားတော်မူ၏ – ''သတိကိုကား အခါခပ်သိမ်း ဘာဝနာလုပ်ငန်းခွင်တိုင်း၌ အလိုရှိအပ်၏'' .. ဟု ဘုရားရှင်သည် ဟောကြားထားတော်မူ၏၊ အဘယ်ကြောင့်နည်း – ဘာဝနာကုသိုလ်စိတ်သည် သတိလျှင် ကိုးကွယ် လဲလျောင်း ပုန်းအောင်း မှီခိုရာ ရှိ၏၊ မရောက်သေးသော တရားထူး တရားမြတ်သို့ ရောက်ရှိခြင်းငှာ မရသေးသော တရားထူး တရားမြတ်ကို ရခြင်းငှာ မသိသေးသော တရားထူး တရားမြတ်ကို သိခြင်းငှာ ဘာဝနာကုသိုလ်စိတ်သည် သတိကို မှီခိုရ၏၊ သတိမပါဘဲ မိမိ ဘာဝနာကုသိုလ်စိတ်ချည်းသက်သက် တရားထူး တရားမြတ်ကို ရရှိဖို့ရန် သိရှိဖို့ရန် မစွမ်းနိုင်ပေ။ တစ်ဖန် – သတိသည် ဘာဝနာအာရုံကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးတတ်၏၊ ဘာဝနာစိတ်ကိုလည်း ဘာဝနာ အာရုံကို အမှတ်ရနေအောင် ဘာဝနာအာရုံမှ ပျောက်ပျက်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ပေးတတ်၏၊ ထိုကြောင့် ယင်းသတိကို ဝိပဿနာဉာဏ်ဖြင့် ရှုဆင်ခြင်သော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ဘာဝနာအာရုံနှင့် ဘာဝနာစိတ်ကို စောင့်ရှောက်ပေးတတ်သော သဘောတရားဟု ရှေးရှူထင်လာ၏၊ သတိနှင့်ကင်း၍ ဘာဝနာစိတ်ကို ချီးပင့်ခြင်း နှိပ်ကွပ်ခြင်း = စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်း စိတ်ဓာတ်ကို နှိပ်ကွပ်ပေးခြင်းသည် မဖြစ်နိုင်။ ထိုကြောင့် ဘုရားရှင်က သတိကို သဗ္ဗတ္ထိက = အခါခပ်သိမ်း အလိုရှိအပ်၏ဟု ဟောကြားတော်မူပေသည်။[၂၀၇]

ဓမ္မဝိစယသမ္ဗောဇ္ဈင် ဝီရိယသမ္ဗောဇ္ဈင် ပီတိသမ္ဗောဇ္ဈင်တည်းဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကို ပွားပေးပါ။ ဤသို့ ပွားသော် စိတ်ဓာတ်ကို ချီးမြှောက်ပေးသည် မည်၏၊ ကျဆင်းနေသော စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်းတည်း။ အပြင်းအထန် ကြိုးစားအားထုတ်ခြင်း = ဝီရိယလွန်ကဲခြင်း စသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် တက်ကြွတုန်လှုပ်လျက် ရှိ၏၊ ပျံ့လွင့်လျက် ရှိ၏၊ ထိုအခါမျိုး၌ ဓမ္မဝိစယ ဝီရိယ ပီတိဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကို မပွားပါနှင့်၊ ပဿဒ္ဓိ သမာဓိ ဥပေက္ခာဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကိုသာ ပွားပေးပါ။ တက်ကြွတုန်လှုပ်နေသောစိတ်ဓာတ် ပျံ့လွင့်နေသောစိတ်ဓာတ်ကို နှိပ်ကွပ်ပေးခြင်းတည်း။

တစ်နည်း – သမထကမ္မဋ္ဌာန်းကို ပွားများဆဲ သမာဓိကမ္မိကပုဂ္ဂိုလ်အား စွမ်းအားကြီးမားသော သဒ္ဓါတရားသည်လည်း သင့်သည်သာတည်း။ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ သမာဓိကို ထူထောင်နိုင်ခဲ့သော် အပ္ပနာစျာန်သို့ မုချရောက်ရှိနိုင်၏ဟု အာရုံသို့ အစဉ်တစိုက် ဝင်သွားသကဲ့သို့ လွတ်လွတ်သက်ဝင် ဆုံးဖြတ်သည်၏ အစွမ်းဖြင့် ယုံယုံကြည်ကြည်ဖြင့် အာနာပါနပဋိဘာဂနိမိတ်အာရုံသို့ ပြေးဝင်သွားခဲ့သော် အပ္ပနာစျာန်သို့ ရောက်ရှိပေလတ္တံ့။ စျာန်ကား သမာဓိပြဓာန်းသောကြောင့် ဖြစ်၏၊ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ယောဂါဝစရပုဂ္ဂိုလ် အဖို့ ပညာသည် စွမ်းအင်ကြီးမားခဲ့ပါမူ သင့်သည်သာတည်း။ ဤသို့ စွမ်းအင်ကြီးမားခဲ့သော် ထိုယောဂါဝစရပုဂ္ဂိုလ်သည် လက္ခဏာရေးသုံးတန်ကို ထိုးထွင်းသိမြင်ခြင်း လက္ခဏပဋိဝေဓဉာဏ်သို့ ရောက်ရှိနိုင်၏၊

တစ်ဖန် – သမာဓိ ပညာ နှစ်ပါးတို့၏ ညီမျှခြင်းကြောင့်လည်း လောကီအပ္ပနာစျာန်သည် ဖြစ်ပေါ်လာနိုင်သည် သာလျှင်တည်း။ သို့သော် – ''သမထဝိပဿနံ ယုဂနဒ္ဓံ ဘာဝေတိ = သမထနှင့် ဝိပဿနာကို ရှဉ်းစုံကလျက် ယုဂနဒ္ဓနည်းအားဖြင့် ပွားများ၏၊''[၂၀၆] ဤသို့ ဟောကြားထားတော်မူသောကြောင့် လောကုတ္တရာအပ္ပနာသည်ကား ထိုသမာဓိ ပညာ နှစ်မျိုးတို့၏ ညီမျှသည်၏ အဖြစ်ကြောင့်သာလျှင် ဖြစ်ပေါ်နိုင်၏ဟု အလိုရှိအပ်ပေသည်။

သတိ – သတိကား သဒ္ဓါနှင့်ပညာ ညီမျှရေး, သမာဓိနှင့်ဝီရိယ ညီမျှရေး, သမာဓိနှင့်ပညာ ညီမျှရေးတို့အတွက် အခါခပ်သိမ်း အမြဲတမ်း အလိုရှိအပ်သောတရား ဖြစ်၏၊ အခါခပ်သိမ်း နေရာတိုင်း၌ အားကောင်းမှသာလျှင် သင့်မြတ်၏။ မှန်ပေသည် - သတိသည် ဥဒ္ဓစ္စ၏ ဘက်တော်သား ဖြစ်ကြကုန်သော စွမ်းအင်လွန်ကဲနေသော သဒ္ဓါ, စွမ်းအင်လွန်ကဲနေသော ဝီရိယ, စွမ်းအင်လွန်ကဲနေသော ပညာတို့၏ အားအစွမ်းကြောင့် ဘာဝနာစိတ်ကို ဥဒ္ဓစ္စဘက်သို့ ကျရောက်ခြင်းမှလည်း စောင့်ရှောက်ပေး၏ = မကျရောက်အောင် စောင့်ရှောက်ပေး၏။ ပျင်းရိခြင်း ကောသဇ္ဇ၏ ဘက်တော်သားဖြစ်သော သမာဓိကြောင့် ကောသဇ္ဇဘက်သို့ ကျရောက်ခြင်းမှလည်း စိတ်ကို စောင့်ရှောက်ပေး၏ = မကျရောက်အောင် စောင့်ရှောက်ပေး၏။ ထိုကြောင့် – အလုံးစုံသော ဟင်းလျာတို့၌ ဆားခတ်ခြင်းကို အလိုရှိအပ် သကဲ့သို့လည်းကောင်း, အလုံးစုံသော မင်းမှုကိစ္စတို့၌ လုပ်ငန်းကိစ္စအဝဝတို့၌ ကျွမ်းကျင်လိမ္မာသော အမတ်ကို အလိုရှိအပ်သကဲ့သို့လည်းကောင်း အလားတူပင် အလုံးစုံသောကမ္မဋ္ဌာန်းတို့၌ လီန = ဘာဝနာလုပ်ငန်းခွင်မှ စိတ်ဓာတ်ကျဆင်းရာအခါ, ဥဒ္ဓစ္စ = ဘာဝနာအာရုံမှ စိတ်ပျံ့လွင့်ရာအခါဟူသော အလုံးစုံသော အချိန်အခါတို့၌ သတိကို အလိုရှိအပ်ပေသည်။ ထိုကြောင့် ရှေးရှေးအဋ္ဌကထာတို့၌ ဤသို့ ဖွင့်ဆိုထားတော်မူ၏ – ''သတိကိုကား အခါခပ်သိမ်း ဘာဝနာလုပ်ငန်းခွင်တိုင်း၌ အလိုရှိအပ်၏'' .. ဟု ဘုရားရှင်သည် ဟောကြားထားတော်မူ၏။ အဘယ်ကြောင့်နည်း – ဘာဝနာကုသိုလ်စိတ်သည် သတိလျှင် ကိုးကွယ် လဲလျောင်း ပုန်းအောင်း မှီခိုရာ ရှိ၏။ မရောက်သေးသော တရားထူး တရားမြတ်သို့ ရောက်ရှိခြင်းငှာ မရသေးသော တရားထူး တရားမြတ်ကို ရခြင်းငှာ မသိသေးသော တရားထူး တရားမြတ်ကို သိခြင်းငှာ ဘာဝနာကုသိုလ်စိတ်သည် သတိကို မှီခိုရ၏။ သတိမပါဘဲ မိမိ ဘာဝနာကုသိုလ်စိတ်ချည်းသက်သက် တရားထူး တရားမြတ်ကို ရရှိဖို့ရန် သိရှိဖို့ရန် မစွမ်းနိုင်ပေ။ တစ်ဖန် – သတိသည် ဘာဝနာအာရုံကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးတတ်၏။ ဘာဝနာစိတ်ကိုလည်း ဘာဝနာ အာရုံကို အမှတ်ရနေအောင် ဘာဝနာအာရုံမှ ပျောက်ပျက်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ပေးတတ်၏။ ထိုကြောင့် ယင်းသတိကို ဝိပဿနာဉာဏ်ဖြင့် ရှုဆင်ခြင်သော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ဘာဝနာအာရုံနှင့် ဘာဝနာစိတ်ကို စောင့်ရှောက်ပေးတတ်သော သဘောတရားဟု ရှေးရှူထင်လာ၏။ သတိနှင့်ကင်း၍ ဘာဝနာစိတ်ကို ချီးပင့်ခြင်း နှိပ်ကွပ်ခြင်း = စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်း စိတ်ဓာတ်ကို နှိပ်ကွပ်ပေးခြင်းသည် မဖြစ်နိုင်။ ထိုကြောင့် ဘုရားရှင်က သတိကို သဗ္ဗတ္ထိက = အခါခပ်သိမ်း အလိုရှိအပ်၏ဟု ဟောကြားတော်မူပေသည်။ [၂၀၇]

ဗောဇ္ဈင် (၇) ပါး ညီမျှအောင် ကျင့်ပုံ

၁။ အာနာပါနပဋိဘာဂနိမိတ်အာရုံကို အောက်မေ့အမှတ်ရနေသော အဖန်ဖန် အထပ်ထပ် သိမ်းဆည်းနေသော သတိကား သတိသမ္ဗောဇ္ဈင်၊
၂။ အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထိုးထွင်းသိနေသော ပညာကား ဓမ္မဝိစယသမ္ဗောဇ္ဈင်၊
၃။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဗောဇ္ဈင်(၇)ပါးတို့ စုံစုံညီညီ ညီညီမျှမျှ ဖြစ်အောင် ကြိုးစားအားထုတ်ခြင်း အထူးသဖြင့် ဓမ္မဝိစယသမ္ဗောဇ္ဈင် ဝီရိယသမ္ဗောဇ္ဈင်တို့ဖြစ်အောင် ကြိုးစားအားထုတ်ခြင်း ဝီရိယကား ဝီရိယသမ္ဗောဇ္ဈင်၊
၄။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ကြည်ရွှင်ဝမ်းမြောက်ခြင်းပီတိကား ပီတိသမ္ဗောဇ္ဈင်၊
၅။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်စေတသိက်တို့၏ ငြိမ်းအေးနေခြင်း ပဿဒ္ဓိကား ပဿဒ္ဓိသမ္ဗောဇ္ဈင်၊
၆။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေခြင်း သမာဓိကား သမာဓိသမ္ဗောဇ္ဈင်၊
၇။ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို – ''တက်ကြွခြင်း တွန့်ဆုတ်ခြင်း'' ဘက်သို့ မရောက်အောင် အညီအမျှထားခြင်း တတြမဇ္ဈတ္တတာကား ဥပေက္ခာသမ္ဗောဇ္ဈင်၊

ဤ ဗောဇ္ဈင်မြတ်တရား (၇)ပါးကိုလည်း ယောဂီသူတော်ကောင်းသည် ညီမျှအောင် ပွားရမည် ဖြစ်သည်။ အလွန့်အလွန် လုံ့လဝီရိယ လျော့နည်းနေခြင်း စသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် အာနာပါန ပဋိဘာဂနိမိတ်တည်းဟူသော ကမ္မဋ္ဌာန်းအာရုံမှ တွန့်ဆုတ်နေ၏၊ စိတ်ဓာတ် ကျဆင်းနေ၏၊ ထိုအခါ၌ ပဿဒ္ဓိသမ္ဗောဇ္ဈင် သမာဓိသမ္ဗောဇ္ဈင် ဥပေက္ခာသမ္ဗောဇ္ဈင်ဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကို မပွားများပါနှင့်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင် ဝီရိယသမ္ဗောဇ္ဈင် ပီတိသမ္ဗောဇ္ဈင်တည်းဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကို ပွားပေးပါ။ ဤသို့ ပွားသော် စိတ်ဓာတ်ကို ချီးမြှောက်ပေးသည် မည်၏။ ကျဆင်းနေသော စိတ်ဓာတ်ကို မြှင့်တင်ပေးခြင်းတည်း။ အပြင်းအထန် ကြိုးစားအားထုတ်ခြင်း = ဝီရိယလွန်ကဲခြင်း စသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် တက်ကြွတုန်လှုပ်လျက် ရှိ၏၊ ပျံ့လွင့်လျက် ရှိ၏။ ထိုအခါမျိုး၌ ဓမ္မဝိစယ ဝီရိယ ပီတိဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကို မပွားပါနှင့်၊ ပဿဒ္ဓိ သမာဓိ ဥပေက္ခာဟူသော ဗောဇ္ဈင်မြတ်တရား သုံးပါးတို့ကိုသာ ပွားပေးပါ။ တက်ကြွတုန်လှုပ်နေသောစိတ်ဓာတ် ပျံ့လွင့်နေသောစိတ်ဓာတ်ကို နှိပ်ကွပ်ပေးခြင်းတည်း။

ဗောဓိခေါ်သော အရိယမဂ်ဉာဏ်ကို ရရှိဖို့ရန် အကြောင်းအင်္ဂါရပ်များ ဖြစ်သောကြောင့် ဤတရား (၇)ပါးတို့ကို ဗောဇ္ဈင်ဟု ခေါ်ဆိုသည်။ ဤကား ဣန္ဒြေ (၅)ပါး ဗောဇ္ဈင် (၇)ပါးတို့ကို ညီမျှအောင်ကျင့်ပုံ အကျဉ်းတည်း။

တစ်ခုတည်းသော ဘာဝနာစိတ်၏ အာရုံ မဖြစ်နိုင်ပုံ

ဤနေရာတွင် .. အရှင်သာရိပုတြာကိုယ်တော်မြတ်ကြီးက မိမိ၏ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးတွင် ဤသို့ မိန့်ဆိုထားတော်မူ၏ ..။

နိမိတ္တံ အဿာသပဿာသာ၊ အနာရမ္မဏမေကစိတ္တဿ။
အဇာနတော တယော ဓမ္မေ၊ ဘာဝနာနုပလဗ္ဘတိ။
[၂၀၈]

အာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်စ ယောဂီပုဂ္ဂိုလ်များအတွက် ..
၁။ နိမိတ်-ဟူသည် ဝင်သက်လေ-ထွက်သက်လေ၏ ထိမှုထင်ရှားရာ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းကို ဆိုလိုသည်။
၂။ အဿာသ-ဟူသည် ဝင်သက်လေကို ဆိုလိုသည်။
၃။ ပဿာသ-ဟူသည် ထွက်သက်လေကို ဆိုလိုသည်။

ဤ အဿာသ, ပဿာသ, နိမိတ်ဟူသော သုံးပါးတို့တွင်လည်း –
၁။ အဿာသလျှင် အာရုံရှိသော ဘာဝနာစိတ်ကား တစ်မျိုးတခြား တစ်ပါးသာတည်း။
၂။ ပဿာသလျှင် အာရုံရှိသော ဘာဝနာစိတ်ကား တစ်မျိုးတခြား တစ်ပါးသာတည်း။
၃။ နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်းဟူသော နိမိတ်လျှင် အာရုံရှိသော ဘာဝနာစိတ်ကား တစ်မျိုးတခြား တစ်ပါးသာတည်း။[၂၀၉]

ထို့ကြောင့် ဤ အဿာသ, ပဿာသ, နိမိတ်ဟူသော သုံးမျိုးကုန်သော တရားတို့သည် တစ်ခုတည်းသော ဘာဝနာစိတ်၏ အာရုံကား မဖြစ်နိုင်ကြပေ။

တစ်ခုတည်းသော ဘာဝနာစိတ်၏ အာရုံ ဖြစ်နိုင်ပုံ

သို့သော် အထက်က တင်ပြခဲ့သည့်အတိုင်း အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းလာရာ သမာဓိများ အဆင့်ဆင့် ရင့်ညောင်းလာကြသဖြင့် အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူကာ ဣန္ဒြေ (၅)ပါး ဗောဇ္ဈင် (၇)ပါးတို့ကို ညီမျှအောင် ကျင့်နိုင်သဖြင့် အာနာပါနပဋိဘာဂနိမိတ်ကို အဓွန့်ရှည်စွာ အာရုံပြုလျက် နေနိုင်၏၊ ဘာဝနာစိတ်သည်လည်း အာနာပါနပဋိဘာဂနိမိတ် အာရုံတစ်ခုတည်း၌ စူးစူးစိုက်စိုက် နစ်မြုပ်လျက် တည်တံ့နေ၏၊ ထိုအခါ၌ ...

၁။ နိမိတ်-ဟူသည်မှာ အာနာပါနပဋိဘာဂနိမိတ်တည်း။
၂။ အဿာသ-ဟူသည်မှာလည်း အာနာပါနပဋိဘာဂနိမိတ်တည်း။
၃။ ပဿာသ-ဟူသည်မှာလည်း အာနာပါနပဋိဘာဂနိမိတ်ပင်တည်း။

ပကတိသော ဝင်သက်လေ-ထွက်သက်လေဟူသည့် အဿာသ-ပဿာသကို အမှီပြု၍ ဖြစ်ပေါ်လာသော ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော အာနာပါနနိမိတ်ကိုလည်း အဿာသ-ပဿာသဟုပင် ခေါ်ဆိုနိုင်ပေသည်၊၊[၂၁၀]

ထို့ကြောင့် ပြည်ဆရာတော်ဘုရားကြီးက မိမိ၏ ဝိသုဒ္ဓိမဂ္ဂနိဿယ[၂၁၁]တွင် ဤသို့ မိန့်မှာသွားတော်မူခဲ့၏ ..။

''ယင်းသို့ ထင်လာတိုင်းသော အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ အပ္ပနာစျာန် ဆိုက်နိုင်လောက်သော အခြင်းအရာအားဖြင့် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်တံ့ ခိုင်ခံ့အောင် ကပ်ထားလျက် ဌပနာနည်း၏ အစွမ်းဖြင့် ပွားများနိုင်ခဲ့သော် ပကတိသော ဝင်သက်လေ-ထွက်သက်လေကို အာရုံမမူတော့ဘဲ မျက်နှာလွှဲထားသဖြင့် ပကတိသော အဿာသ-ပဿာသကို မှီ၍ ဖြစ်ပေါ်လာသော ပဋိဘာဂနိမိတ်ကိုသာ မျက်နှာမူထားသဖြင့် ..

၁။ အဿာသ,
၂။ ပဿာသ,
၃။ နိမိတ် –

ဤသုံးပါးတို့သည် တစ်ခုတည်းသော ဘာဝနာစိတ်၏ အာရုံဖြစ်သည် တမုံ့၊ တစ်ခုတည်းသော ဘာဝနာစိတ်၌ မထင်သည်ကား မဟုတ်၊ ထင်ပါ၏ ဩော် - ဟူလိုသည်။''[၂၁၁]

အရှင်သာရိပုတြာကိုယ်တော်မြတ်ကြီးကလည်း ဤသို့ မိန့်ဆိုသွားတော်မူ၏ ..။
နိမိတ္တံ အဿာသပဿာသာ၊ အနာရမ္မဏမေကစိတ္တဿ။
ဇာနတောဝ တယော ဓမ္မေ၊ ဘာဝနာ ဥပလဗ္ဘတိ။
[၂၁၂]

''နိမိတ်, အဿာသ, ပဿာသ –– ဤသုံးမျိုးသောတရားတို့သည် တစ်ခုတည်းသော ဘာဝနာစိတ်၏ အာရုံကား မဖြစ်ခဲ့။ (အားထုတ်စပုဂ္ဂိုလ်များကို ရည်ညွှန်းပြောဆိုသော စကား ဖြစ်သည်။) သို့သော် ယင်းသုံးမျိုးသော တရားတို့ကို တစ်ခုတည်းသော ဘာဝနာစိတ်က သိရှိပါမှသာလျှင် အာနာပါနဿတိသမာဓိဘာဝနာသည် အပ္ပနာစျာန်သို့ ဆိုက်သည့်တိုင်အောင် ပြီးစီးပြည့်စုံမှုကို ရရှိနိုင်၏'' –– ဟု မိန့်ဆိုသွားတော်မူခဲ့ခြင်း ဖြစ်၏၊

ဆိုလိုသည်မှာ - အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူကာ အပ္ပနာစျာန်သမာဓိသို့ ဆိုက်သည့်တိုင်အောင် ပွားများနိုင်သောအခါ နိမိတ်, အဿာသ, ပဿာသ –– ဤ သုံးမျိုးသောတရားတို့သည် အာနာပါနပဋိဘာဂနိမိတ် တစ်ခုတည်းသာ ဖြစ်သွားကြသည့်အတွက် တစ်ခုတည်းသော အပ္ပနာစျာန်စိတ်၏ အာရုံ ဖြစ်နိုင်ကြသည် - ဟု ဆိုလိုပေသည်။

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၂၁၃]ကလည်း ဤသို့ ထပ်မံ ဖွင့်ဆိုထားတော်မူပြန်၏ ..။

''အကြင် ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အဿာသ, ပဿာသ, နိမိတ်ဟူကုန်သော ဤသုံးပါးကုန်သော တရားတို့သည် တစ်ခုတည်းသော ဘာဝနာစိတ်၏ အာရုံအဖြစ် ရပ်တည်မှု မရှိကုန်၊ ထိုပုဂ္ဂိုလ်၏ အာနာပါန ကမ္မဋ္ဌာန်းသည် အပ္ပနာစျာန်သို့လည်း မရောက်ရှိနိုင်၊ ဥပစာရစျာန် (= ဥပစာရသမာဓိ) သို့လည်း မရောက်ရှိနိုင်။ အလျော်အားဖြင့် ပြောဆိုရမူ – အကြင် ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဤသုံးပါးကုန်သော တရားတို့သည် တစ်ခုတည်းသော ဘာဝနာစိတ်၏ အာရုံအဖြစ် ရပ်တည်မှု ရှိကုန်၏၊ ထိုပုဂ္ဂိုလ်၏သာလျှင် အာနာပါနကမ္မဋ္ဌာန်းသည် အပ္ပနာစျာန် (= အပ္ပနာသမာဓိ) သို့လည်း ရောက်နိုင်၏၊ ဥပစာရစျာန် ဥပစာရသမာဓိသို့လည်း ရောက်ရှိနိုင်၏ဟု မှတ်သားပါလေ'' –– ဟု ဖွင့်ဆိုထားတော်မူ၏၊

အထူးမှတ်သားသင့်သော အချက်တစ်ရပ်

အချို့သော ကမ္မဋ္ဌာန်းဆရာတို့ကား အာနာပါန အပ္ပနာစျာန် (= အပ္ပနာသမာဓိ) ၏ အာရုံမှာ ''အသံ'' ဖြစ်ကြောင်းကိုလည်းကောင်း၊ အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်ရာ၌ သမာဓိအားကောင်းလာသောအခါ ''အသံ'' တစ်ခုခုကို ဗြုန်းကနဲ ကြားလိုက်ပါက စျာန်သို့ ဆိုက်ရောက်ကြောင်းကိုလည်းကောင်း ဟောပြောနေကြပြန်၏၊ ယခု ရှင်းပြခဲ့သည့်အတိုင်း အာနာပါနစျာန်၏ အာရုံမှာ အာနာပါနပဋိဘာဂနိမိတ် အာရုံတစ်ခုတည်းသာ ဖြစ်၏၊ အဆင်း အသံ အနံ့ အရသာ အတွေ့အထိ အာရုံအမျိုးမျိုးတို့နှင့် စျာန်သမာဓိ၏အာရုံ နိဗ္ဗာန်အာရုံတို့မှ တစ်ပါးသော ဓမ္မသဘောတရားအာရုံတို့သည် ကာမာဝစရနာမ်တရားတို့၏ အာရုံသာ ဖြစ်ကြ၏၊ စျာန်နာမ်တရားတို့၏ အာရုံကား မဟုတ်ကြပေ။ ဤကဲ့သို့သော အဘိဓမ္မာစည်းမျဉ်း သတ်မှတ်ချက်ကိုကား ရိုသေစွာ ဦးထိပ်ရွက်ပန်ဆင်သင့်လှပေသည်။

ပထမစျာန်သို့

စျာန်သို့ ကူးလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရ[၂၁၄]ကို သိမ်းဆည်းတတ်ဖို့ သိမ်းဆည်းထားပြီးဖြစ်ဖို့ ဉာဏ်ဖြင့် ပိုင်းခြားယူပြီးဖြစ်ဖို့ လိုအပ်ပေသည်။ အနုပဒသုတ္တန်[၂၁၅]၌ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် စျာန်အင်္ဂါတို့နှင့်တကွသော စျာနဓမ္မ အမည်ရသော စျာန်နာမ်တရားစုတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ကြောင်းကိုလည်းကောင်း, ထင်ထင်ရှားရှား သိတော်မူကြောင်းကိုလည်းကောင်း, ယင်းတရားတို့၏ ဖြစ်မှု တည်မှု ပျက်မှုကို ထင်ထင်ရှားရှား သိလျက် ဝိပဿနာ ရှုပွားသုံးသပ်နိုင်ကြောင်းကို လည်းကောင်း ဘုရားရှင်ကိုယ်တော်တိုင်က ဝန်ခံလျက် ဟောကြားထားတော်မူ၏၊ ထိုကဲ့သို့ ရှုနိုင်ရခြင်း၏ အကြောင်း ကိုလည်း အဋ္ဌကထာဆရာတော်[၂၁၆]က ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ – ဝတ္ထု (= ဒွါရ ) နှင့် အာရုံကို ပူးတွဲ သိမ်းဆည်းလျက် ယင်းစျာန်နာမ်တရားတို့ကို ဝိပဿနာရှုပွားခြင်းကြောင့် ထိုကဲ့သို့ ရှုနိုင်ကြောင်းကို ရှင်းပြထား၏၊

ပညာအရာတွင် ထိပ်တန်းဧတဒဂ် ဘွဲ့ထူးကြီးကို ဆင်မြန်းသွားတော်မူသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ကိုယ်တိုင် ရိုသေစွာ ဦးထိပ်ရွက်ပန်ဆင်လျက် လိုက်နာပြုကျင့်သွားတော်မူသော ဤရှေးထုံးဟောင်း ဥပဒေသကြီးကား စျာန်အင်္ဂါတို့ကိုလည်းကောင်း, စျာန်အင်္ဂါနှင့်တကွသော စျာန်နာမ်တရားစုတို့ကိုလည်းကောင်း သိမ်းဆည်းလိုသော = ဉာဏ်ဖြင့် ပိုင်းခြားယူလိုသော ဝိပဿနာလည်း ရှုပွားသုံးသပ်လိုသော ယောဂီသူတော်ကောင်း အတွက် တန်ဖိုး မဖြတ်နိုင်သော ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်၍ လိုက်နာ ပြုကျင့်သင့် ပြုကျင့်ထိုက်သော ရှေးထုံးဟောင်းကြီး တစ်ခုပင် ဖြစ်ပေသည်။

ယောဂီသူတော်ကောင်းသည် အလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေအောင် သမာဓိကို ထူထောင်နိုင်သောအခါ ယင်းအာနာပါနပဋိဘာဂနိမိတ်သည်လည်း အထူးကြည်လင်တောက်ပလာသောအခါ ယင်းအာနာပါနပဋိဘာဂနိမိတ် အာရုံအတွင်းသို့ ဘာဝနာစိတ်သည် နစ်မြုပ်သွားကာ ငြိမ်ဝပ်စွာ ကပ်ပြီး တည်ရှိနေလိမ့်မည်။ ယင်းကဲ့သို့ နစ်မြုပ်နေသော သမာဓိကို စျာန်သမာဓိဟု ခေါ်ဆို၏၊ ယင်းစျာန်သမာဓိကို ခိုင်ခံ့အောင် အချိန်ကြာမြင့်စွာ တည်တံ့အောင် ဆက်လက် ကြိုးပမ်းပါ။

ထိုင်တိုင်းထိုင်တိုင်း ထိုကဲ့သို့ နစ်မြုပ်နေသော သမာဓိကို (၂)နာရီ (၃)နာရီခန့် တည်တံ့အောင် ထူထောင်နိုင်ပါက သုံးလေးရက်ခန့် ကြာသောအခါ စျာန်အင်္ဂါတို့ကို သိမ်းဆည်းလိုက သိမ်းဆည်းနိုင်ပြီ ဖြစ်ပေသည်။ စျာန်အင်္ဂါတို့ကို သိမ်းဆည်းလိုသောအခါ ဘဝင်မနောအကြည်၏တည်ရာ နှလုံးအိမ်အတွင်း ဟဒယဝတ္ထုရှိရာဘက်သို့ လှမ်းအာရုံ ယူကြည့်ပါ။ ကြိမ်ဖန်များစွာ လေ့ကျင့်ပါက ဟဒယဝတ္ထုကို မှီဖြစ်နေသော ဘဝင်မနောအကြည် = မနောဒွါရကို လည်းကောင်း, ယင်းမနောဒွါရတွင် ထင်နေသော အာနာပါနပဋိဘာဂနိမိတ်ကိုလည်းကောင်း လွယ်ကူစွာ သိမ်းဆည်းနိုင် မည် ဖြစ်ပေသည်။ ထိုနောင် သမာဓိကို အရှိန်မြင့်မားသည်ထက် မြင့်မားအောင် ထူထောင်၍ ယင်းဘဝင်မနောဒွါရနှင့် ယင်းအာနာပါနပဋိဘာဂနိမိတ်ကို ပူးတွဲ သိမ်းဆည်းလျက် စျာန်အင်္ဂါတို့ကို ဆင်ခြင်ကြည့်ပါ။ ယင်းဘဝင်မနောဒွါရတွင် ယင်းအာနာပါနပဋိဘာဂနိမိတ်အာရုံက ရှေးရှုထင်ခြင်းသို့ ရောက်သောအခါ = ရှေးရှုကျရောက်လာသောအခါ ယင်းအာနာပါနပဋိဘာဂနိမိတ်အာရုံကို အာရုံပြုနေသော အာရုံမူနေသော စျာန်အင်္ဂါတို့ကို ကြိမ်ဖန်များစွာ ဆင်ခြင်လိုက်ပါက တဖြည်းဖြည်း လွယ်ကူစွာပင် သိမ်းဆည်းနိုင်ပေလိမ့်မည်။ ရှေးဦးစွာ စျာန်အင်္ဂါတို့ကို တစ်လုံးစီ ထင်ထင်ရှားရှား သိအောင် သိမ်းဆည်းပါ။ ထို့နောင် စျာန်အင်္ဂါ (၅)ပါးလုံးကို ပြိုင်တူလိုလို ဉာဏ်၌ ထင်လာအောင် သိမ်းဆည်းပါ။

ဝင်စားမှု များပါစေ - ဆင်ခြင်မှု နည်းပါစေ

ထိုအာနာပါနပဋိဘာဂနိမိတ်အာရုံ၌ ရောက်အပ် ရအပ်သော ပထမစျာန်ရှိသော ပထမစျာန်ကို ရသစ်စဖြစ်သော အာဒိကမ္မိကပုဂ္ဂိုလ်သည် စျာန်ဝင်စားမှု များပါစေ၊ စျာန်အင်္ဂါကို ဆင်ခြင်မှု မများပါစေနှင့်။ အပြစ်ကား – စျာန်အင်္ဂါကို ဆင်ခြင်ခြင်းများသောသူအား စျာန်အင်္ဂါတို့သည် ရုန့်ရင်းကုန်သည်ဖြစ်၍ ထင်လာတတ်ကုန်၏၊ စျာန်အင်္ဂါကို ဆင်ခြင်ခြင်းများသဖြင့် စျာန်အင်္ဂါတို့၏ ထင်ထင်ရှားရှား ဖြစ်ပေါ်လာသောကြောင့် ဖြစ်၏၊ ပထမစျာန်ကို နိုင်နိုင်နင်းနင်း အဝါးဝစွာ ဝင်စားနိုင်မှု စွမ်းအားရှိသည်၏ အဖြစ်သို့ မရောက်စေအပ်သည်၏ အဖြစ်ကြောင့် စျာန်အင်္ဂါတို့သည် အားမရှိကုန်သည် ဖြစ်၍ ထင်လာကုန်၏၊ ထိုသို့ ထင်လာလတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား ထိုစျာန်အင်္ဂါတို့သည် ရုန့်ရင်းအားနည်းသောအားဖြင့် ထင်လာသည်၏ အဖြစ်ကြောင့် အာနာပါနဿတိသမာဓိဘာဝနာဖြင့် အထက် ဒုတိယစျာန်သို့ တက်ခြင်းငှာ အကြောင်းတရား၏အဖြစ်သို့ မရောက်နိုင်ကုန်။ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ပထမစျာန်ကို ဝင်စားမှုများခြင်းဖြင့် နိုင်နိုင်နင်းနင်း အဝါးဝစွာ မပွားစေအပ် မလေ့လာအပ်သည်ရှိသော် အထက် ဒုတိယစျာန်ကို ရစိမ့်သောငှာ အားထုတ်ပါသော်လည်း ရောက်အပ် ရအပ်ပြီးသော ပထမစျာန်မှလည်း ဆုတ်ယုတ်တတ်၏ လျှောကျတတ်၏၊ ဒုတိယစျာန်သို့ ရောက်ရှိ ခြင်းငှာလည်း မစွမ်းနိုင် ရှိတတ်၏၊[၂၁၇]

စျာန်အင်္ဂါ (၅) ပါး

၁။ ဝိတက် = အာနာပါနပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော။
၂။ ဝိစာရ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်းသဘော။
၃။ ပီတိ = အာနာပါနပဋိဘာဂနိမိတ်အာရုံကို နှစ်သက်ခြင်းသဘော။
၄။ သုခ = အာနာပါနပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော။
၅။ ဧကဂ္ဂတာ = အာနာပါနပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်းပေါ်သို့ စိတ် ကျရောက်တည်ငြိမ်နေခြင်းသဘော။

ဝသီဘော် (၅) တန်

၁။ အာဝဇ္ဇနဝသီ = စျာန်ဝင်စား၍ စျာန်အင်္ဂါများကို အလိုရှိတိုင်း ဆင်ခြင်နိုင်စွမ်းရှိခြင်း။
၂။ သမာပဇ္ဇနဝသီ = စျာန်ကို အလိုရှိသလို အလိုရှိတိုင်း ဝင်စားနိုင်စွမ်းရှိခြင်း။
၃။ အဓိဋ္ဌာနဝသီ = စျာန်ကို (၁-နာရီ ၂-နာရီ စသည်ဖြင့်) အလိုရှိသလောက် အချိန်ကာလကို ပိုင်းခြား၍ အဓိဋ္ဌာန်၍ ဝင်စားနိုင်စွမ်းရှိခြင်း။
၄။ ဝုဋ္ဌာနဝသီ = ပိုင်းခြားထားသော အချိန်ကာလ စေ့သော် စျာန်မှ ထနိုင်စွမ်းရှိခြင်း။
၅။ ပစ္စဝေက္ခဏာဝသီ = စျာန်အင်္ဂါတို့ကို အလိုရှိသလို ဆင်ခြင်နိုင်စွမ်း ရှိခြင်း။

စျာန်အင်္ဂါကို အမြန်ဆုံး ဆင်ခြင်နိုင်သော မနောဒွါရာဝဇ္ဇန်း၏ သတ္တိကို 'အာဝဇ္ဇနဝသီ' ဟု ခေါ်ဆို၍ စျာန်အင်္ဂါကိုပင် အမြန်ဆုံး ဆင်ခြင်နိုင်သော ပစ္စဝေက္ခဏာဇော၏ သတ္တိကို 'ပစ္စဝေက္ခဏာဝသီ' ဟု ခေါ်ဆိုသည်။ မနောဒွါရာဝဇ္ဇန်းနှင့် ပစ္စဝေက္ခဏာဇောတို့ကား မနောဒွါရဝီထိ တစ်ဝီထိ၏ အတွင်း၌ စိတ္တက္ခဏ တစ်ခုပြီးတစ်ခု ဖြစ်နိုင်သော တရားဓမ္မတို့သာ ဖြစ်ကြသည်။ ဆိုလိုသည်မှာ ဇောဝီထိစဉ် တစ်ခုအတွင်း၌ မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်၊ ပစ္စဝေက္ခဏာဇော ငါးကြိမ် သို့မဟုတ် ခုနစ်ကြိမ် စောတတ်၏၊[၂၁၈]

ယောဂီသူတော်ကောင်းသည် ယင်း စျာန်အင်္ဂါများကို ကျေပွန်စွာ နှုတ်တက်ရအောင် လေ့ကျင့်ပါ။ ထိုနောင် အထက်တွင် ရှင်းလင်းတင်ပြထားသည့်အတိုင်း စျာန်အင်္ဂါတို့ကို ဆင်ခြင်ကြည့်ပါ။ စျာန်ကို ဝင်စားလိုက်ပါ၊ ထိုနောင် စျာန်မှထကာ စျာန်အင်္ဂါ တစ်ခုကို သိမ်းဆည်းပါ။ တစ်ဖန် စျာန်ကို ပြန်ဝင်စားပါ။ အခြား စျာန်အင်္ဂါတစ်ခုကို ထပ်ပြီး သိမ်းဆည်းပါ။ ဤသို့လျှင် စျာန်အင်္ဂါ တစ်လုံးစီကို ပိုင်ပိုင်နိုင်နိုင် သိမ်းဆည်းနိုင်ပါက စျာန်အင်္ဂါငါးပါးလုံးကို စျာန်မှ ထတိုင်း သိမ်းဆည်းကြည့်ပါ၊ ပြိုင်တူမြင်အောင် လေ့ကျင့်ပါ။ ပထမစျာန်၏ စျာန်အင်္ဂါ (၅)ပါးတို့သည် အထက်တွင် ရှင်းပြထားသည့်အတိုင်း ထင်ရှားလာသောအခါ ယင်းပထမစျာန်ကို အထက်ပါအတိုင်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။

ဒုတိယစျာန်သို့

ဤဝသီဘော် (၅)တန်တို့၌ ဝသီမြောက်အောင် နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် အဝါးဝစွာ လေ့လာထားအပ်ပြီးသော ပထမစျာန်မှ ထ၍ –

၁။ ဤ ပထမစျာန်သမာပတ်သည် (နီဝရဏကို ပယ်ခွာရာဝယ် ပထမဦးဆုံး ဖြစ်ခြင်းကြောင့်) နီးကပ်သော နီဝရဏရန်သူ ရှိ၏၊
၂။ ဝိတက် ဝိစာရတို့၏ ရုန့်ရင်းသည်၏အဖြစ်ကြောင့် (ကျိုးပျက်လွယ်သော သဘောရှိရကား) အားနည်းသော စျာန်အင်္ဂါ ရှိ၏၊

ဤသို့လျှင် ပထမစျာန်၌ အပြစ်ကို မြင်အောင်ရှု၍ –
၃။ ဒုတိယစျာန်ကို ငြိမ်သက်သောတရားဟု နှလုံးသွင်း၍
၄။ ပထမစျာန်၌ လိုချင်ငဲ့ကွက် တသက်သက်ရှိခြင်း နိကန္တိကို ကုန်စေ၍ ဒုတိယစျာန်ကို ရရှိခြင်းငှာ –အာနာပါနဿတိသမာဓိဘာဝနာ၌ အားထုတ်ခြင်းကို ပြုအပ်၏၊ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် [အထက်ပါ ဦးတည်ချက် (၄)မျိုးဖြင့်] စူးစူးစိုက်စိုက် ရှုအပ်၏၊

ဤအဆင့်၌ အာနာပါနပဋိဘာဂနိမိတ်အာရုံကို မမှတ်ပါနှင့်၊ စိုက်သာ ကြည့်နေပါ၊ ရှုနေပါ။ ဝင်လေ-ထွက်လေဟု မှတ်နေခဲ့သော် ''ဝိတက္ကဝိစာရာ ဝစီသင်္ခါရော''[၂၁၉]ဟူသည်နှင့်အညီ ဝင်လေ-ထွက်လေဟူသော မှတ်နေမှု ရွတ်ဆိုနေမှု ဝစီသင်္ခါရကို ဝိတက် ဝိစာရတို့က ပြုပြင်ပေးနေသဖြင့် ဝိတက် ဝိစာရ မပြုတ်နိုင် ရှိတတ်၏၊ ပြုတ်သွားသော်လည်း ပြန်ပြန်ဝင်နေတတ်၏၊ ထိုကြောင့် ဤဒုတိယစျာန်သို့ ကူးသည့်အပိုင်းမှစ၍ အထက်ပိုင်း စျာန်တို့၌ မမှတ်ပါနှင့်။ အာနာပါနပဋိဘာဂနိမိတ်ကိုသာ စိုက်ကြည့်နေပါ၊ ရှုနေပါ။[၂၂၀]

ထိုသို့ ကြိုးစားအားထုတ်လတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား အကြင်အခါ၌ ပထမစျာန်မှ ထ၍ အာနာပါန ပဋိဘာဂနိမိတ်ကိုပင် သိမ်းဆည်းတတ် အမှတ်ရတတ်သော သတိနှင့် ပြည့်စုံသည်ဖြစ်၍ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်တတ်သော သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်အင်္ဂါတို့ကို ရှေးရှု ဉာဏ်ဖြင့် သက်ဝင်၍ ဆင်ခြင်စဉ် ဝိတက် ဝိစာရတို့သည် ရုန့်ရင်းသောအားဖြင့် ထင်လာကုန်၏၊ ပီတိ သုခသည်လည်းကောင်း, စိတ္တေကဂ္ဂတာ (ဧကဂ္ဂတာ) သည်လည်းကောင်း ငြိမ်သက်သောအားဖြင့် ထင်လာ၏၊ ထိုအခါ၌ ရုန့်ရင်းသော စျာန်အင်္ဂါကို ပယ်ခြင်းငှာလည်းကောင်း, ငြိမ်သက်သော စျာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း ထို အာနာပါနပဋိဘာဂနိမိတ်ကိုပင် အဖန်ဖန် အထပ်ထပ် နှလုံးသွင်းနေပါ၊ စူးစူးစိုက်စိုက် ရှုနေပါ။ ထိုသို့ နှလုံးသွင်း ရှုပွားလျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ပီတိ သုခ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ သုံးပါးရှိသော ဒုတိယစျာန်သည် ဖြစ်ပေါ်လာပေလတ္တံ့။[၂၂၁]

တတိယစျာန်သို့

ယင်း ရရှိပြီးသော ဒုတိယစျာန်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ဤသို့သော ဘာဝနာအစဉ်ဖြင့် ဒုတိယစျာန်ကိုလည်း ရအပ်ပြီးသည်ရှိသော် ယင်းဒုတိယစျာန်ကို ဝသီဘော် (၅)တန်တို့ဖြင့် နိုင်နိုင် နင်းနင်း လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝသီဘော် (၅)တန်တို့ဖြင့် အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးရာ ဒုတိယစျာန်မှ ထ၍ –

၁။ ဤ ဒုတိယစျာန်သမာပတ်သည် နီးကပ်သော ဝိတက် ဝိစာရဟူသော ရန်သူရှိ၏၊
၂။ [ထိုဒုတိယစျာန်သမာပတ်၌ စိတ်၏ လောက်လက်ပေါ်သည်၏အဖြစ် ဟူသော ပေါ်လွင်သော အခြင်းအရာဖြင့် ဖြစ်သော အကြင် ပီတိသည် ရှိ၏၊ ယင်းပီတိကြောင့်ပင်လျှင် ဤဒုတိယစျာန်ကို ရုန့်ရင်းကြမ်းတမ်း၏ဟူ၍ ဆိုအပ်၏၊[၂၂၂] ဤသို့ ဟောတော်မူအပ်သော ပီတိ၏ ရုန့်ရင်းသည့်အတွက်ကြောင့် အားနည်းသော စျာန်အင်္ဂါ ရှိ၏၊

ဤသို့လျှင် ထို ဒုတိယစျာန်သမာပတ်၌ အပြစ်ဒေါသကို မြင်အောင် ရှု၍ –
၃။ တတိယစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍၊
၄။ ဒုတိယစျာန်၌ လိုချင်ငဲ့ကွက် တသက်သက်ရှိခြင်း နိကန္တိကို ကုန်စေ၍ .. တတိယစျာန်ကို ရရှိခြင်းငှာ အာနာပါနဿတိသမာဓိဘာဝနာ၌ အားထုတ်ခြင်းကို ပြုအပ်၏၊ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် [အထက်ပါ ဦးတည်ချက် (၄)မျိုးဖြင့်] စူးစူးစိုက်စိုက် ရှုအပ်၏၊[၂၂၃]

ထိုသို့ ကြိုးစားအားထုတ်လတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား အကြင်အခါ၌ ဒုတိယစျာန်မှ ထ၍ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင် သိမ်းဆည်းတတ် အမှတ်ရတတ်သော သတိနှင့် ပြည့်စုံသည်ဖြစ်၍ အာနာပါန ပဋိဘာဂနိမိတ်အာရုံကိုပင် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်တတ်သော သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်အင်္ဂါတို့ကို ရှေးရှု ဉာဏ်သက်ဝင်၍ ဆင်ခြင်စဉ် ပီတိသည် ရုန့်ရင်းသောအားဖြင့် ထင်လာ၏၊ သုခသည် လည်းကောင်း, ဧကဂ္ဂတာသည်လည်းကောင်း ငြိမ်သက်သောအားဖြင့် ထင်လာ၏၊ ထိုအခါ၌ ရုန့်ရင်းသော စျာန်အင်္ဂါကို ပယ်ခြင်းငှာလည်းကောင်း, ငြိမ်သက်သော စျာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း ထိုအာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင်လျှင် အဖန်ဖန်အထပ်ထပ် နှလုံးသွင်းနေပါ။ စူးစူးစိုက်စိုက် ရှုနေပါ။ ထိုသို့ နှလုံးသွင်းရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော တတိယစျာန်သည် ဖြစ်ပေါ် လာပေလတ္တံ့။[၂၂၄]

ဤတတိယစျာန်၌ တတြမဇ္ဈတ္တတာ စေတသိက်ဟူသော တတြမဇ္ဈတ္တုပေက္ခာသည် ဝိတက်-ဝိစာရ-ပီတိတို့ မရှိခြင်းကြောင့် အလွန်ပေါ်လွင်ထင်ရှားနေ၏၊ တတိယစျာန်ချမ်းသာကိုပင် အညီအမျှ လျစ်လျူ ရှုနိုင်သူ သတိရှိသူ ချမ်းသာစွာနေလေ့ရှိသူဟု ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့က ယင်းတတိယစျာန်နှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို ချီးမွမ်းမြှောက်စားတော်မူကြ၏၊ ဤစျာန်၌ တတြမဇ္ဈတ္တတာ၏စွမ်းအား သတိ၏စွမ်းအား သုခ၏ စွမ်းအားတို့ကား အလွန်ပေါ်လွင်ထင်ရှားလျက် အလွန်မြင့်မားလျက် ရှိကြ၏၊ လောကီသုခတို့တွင် ဤတတိယစျာန်သုခကား အမြင့်မားဆုံး ဖြစ်၏၊ အထက်အထက်စျာန်တို့၌ သုခဝေဒနာမယှဉ်ဘဲ ဥပေက္ခာဝေဒနာသာ ယှဉ်သောကြောင့် ဖြစ်၏၊ ယင်းတတိယစျာန်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။

စတုတ္ထစျာန်သို့

ဤသို့သော ဘာဝနာအစဉ်ဖြင့် ထိုတတိယစျာန်ကိုလည်း ရရှိအပ်ပြီးသည်ရှိသော် ဆိုအပ်ခဲ့ပြီးသည့်နည်းအတိုင်း ပင်လျှင် ယင်းတတိယစျာန်ကိုလည်း ဝသီဘော် (၅)တန်တို့ဖြင့် နိုင်နိုင်နင်းနင်း လေ့ကျင့်အပ်ပြီးသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ဝသီဘော် (၅)တန်တို့ဖြင့် အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးရာ တတိယစျာန်မှ ထ၍ –

၁။ ဤ တတိယစျာန်သမာပတ်သည် ပီတိဟူသော နီးကပ်သော ရန်သူ ရှိ၏၊
၂။ ''အကြင် စျာန်အင်္ဂါကို သုခဟူ၍ စိတ်၏ နှလုံးသွင်းခြင်းသည် ရှိ၏၊ ဤသုခကြောင့်ပင်လျှင် ထိုတတိယစျာန်ကို ရုန့်ရင်း၏ဟူ၍ ဆိုအပ်၏၊''[၂၂၅] ဤသို့ ဟောတော်မူအပ်သော သုခ၏ ရုန့်ရင်းသည်၏ အဖြစ်ကြောင့် အားနည်းသော စျာန်အင်္ဂါ ရှိ၏၊

ဤသို့လျှင် ထို တတိယစျာန်သမာပတ်၌ အပြစ်ဒေါသကို မြင်အောင် ရှု၍ –
၃။ စတုတ္ထစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍၊
၄။ တတိယစျာန်၌ လိုချင်ငဲ့ကွက် တသက်သက်ရှိ ခြင်း နိကန္တိကို ကုန်စေ၍ စတုတ္ထစျာန်ကို ရရှိခြင်းငှာ –

အာနာပါနဿတိသမာဓိဘာဝနာ၌ အားထုတ်ခြင်းကို ပြုအပ်၏၊ အာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင်လျှင် အထက်ပါ ဦးတည်ချက်တို့ဖြင့် စူးစူးစိုက်စိုက် ရှုအပ်၏၊[၂၂၆]

ထိုသို့ အပတ်တကုတ် ကြိုးစားအားထုတ်လတ်သော် အကြင်အခါ၌ တတိယစျာန်မှထ၍ အာနာပါနပဋိဘာဂ နိမိတ်အာရုံကိုပင် သိမ်းဆည်းတတ် အမှတ်ရတတ်သော သတိနှင့် ပြည့်စုံသည်ဖြစ်၍ အာနာပါနပဋိဘာဂနိမိတ် အာရုံကိုပင် ထိုးထိုးထွင်းထွင်း လင်းလင်းထင်ထင် သိမြင်တတ်သော သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ စျာန်အင်္ဂါတို့ကို ရှေးရှု ဉာဏ်သက်ဝင်၍ ဆင်ခြင်စဉ် ဆင်ခြင်သော ထိုရဟန်း၏ ဉာဏ်၌ စေတသိက-သောမနဿဟု ခေါ်ဆိုအပ်သော သုခသည် ရုန့်ရင်းသောအားဖြင့် ထင်လာ၏၊ ဥပေက္ခာဝေဒနာသည်သာလျှင်လည်းကောင်း, စိတ္တေကဂ္ဂတာသည် လည်းကောင်း ငြိမ်သက်သောအားဖြင့် ထင်လာ၏၊ ထိုအခါ၌ ရုန့်ရင်းသော စျာန်အင်္ဂါကို ပယ်ခြင်းငှာလည်းကောင်း, ငြိမ်သက်သော စျာန်အင်္ဂါကို ရရှိခြင်းငှာလည်းကောင်း ထိုအာနာပါနပဋိဘာဂနိမိတ်အာရုံကိုပင်လျှင် အဖန်ဖန် အထပ်ထပ် နှလုံးသွင်းနေပါ၊ စူးစူးစိုက်စိုက် ရှုနေပါ။ ထိုသို့ နှလုံးသွင်း ရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဥပေက္ခာ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးရှိသော စတုတ္ထစျာန်သည် ဖြစ်ပေါ်လာပေလတ္တံ့။[၂၂၇]

ယင်း စတုတ္ထစျာန်ကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။

၁။ ကာယိက-ဒုက္ခဝေဒနာကို ပထမစျာန်၏ ဥပစာရက္ခဏ၌ -
၂။ စေတသိက-ဒေါမနဿဝေဒနာကို ဒုတိယစျာန်၏ ဥပစာရက္ခဏ၌ -
၃။ ကာယိက-သုခဝေဒနာကို တတိယစျာန်၏ ဥပစာရက္ခဏ၌ -
၄။ စေတသိက-သောမနဿဝေဒနာကို စတုတ္ထစျာန်၏ ဥပစာရက္ခဏ၌ အသီးအသီး ပယ်အပ်၏၊[၂၂၈]

စတုတ္ထစျာန်၏ ထူးခြားသော မှတ်ကျောက်

စတုတ္ထစျာန်၌ ဝင်သက်လေ-ထွက်သက်လေသည် = အဿာသ-ပဿာသ ကာယသင်္ခါရသည် သိမ်မွေ့ နူးညံ့ခြင်းကို လွန်သွား၏၊ မဖြစ်ခြင်းသို့သာလျှင် ရောက်ရှိသွား၏ဟု မှတ်ပါ။[၂၂၉]

''အတိသုခုမ = အလွန် သိမ်မွေ့နူးညံ့၏၊ လွန်သော သိမ်မွေ့နူးညံ့ခြင်းရှိ၏''ဟူသည် ပထမစျာန် ဒုတိယစျာန် တတိယစျာန်ဟူသော အခြားအခြားသော စျာန်တို့၌ ရအပ်သော အဿာသ-ပဿာသ ကာယသင်္ခါရသည် စတုတ္ထစျာန်၌ သိမ်မွေ့နူးညံ့မှုကို ကျော်လွန်သွား၏၊ ထိုအဿာသ-ပဿာသ ကာယသင်္ခါရ၏ ထိုစတုတ္ထစျာန်၌ သိမ်မွေ့ နူးညံ့သည်၏ အဖြစ်သော်လည်း မရှိ ဖြစ်တုံသေး၏၊ ရုန့်ရင်းသည်၏ အဖြစ်ကား အဘယ်မှာလျှင် ဖြစ်နိုင်တော့အံ့နည်း။ ထိုကြောင့် ''အပ္ပဝတ္တိမေဝ ပါပုဏာတိ = မဖြစ်ခြင်းသို့သာလျှင် ရောက်ရှိသွား၏''ဟု အဋ္ဌကထာဆရာတော်တို့က မိန့်ဆိုတော်မူခြင်း ဖြစ်၏၊[၂၃၀]

ဒီဃဘာဏက မဇ္ဈိမဘာဏက သံယုတ္တဘာဏကဟူသော ထိုဘာဏကမထေရ်မြတ်တို့၏ အလိုအတိုင်း အဋ္ဌကထာက ဖွင့်ဆိုတော်မူခြင်း ဖြစ်၏၊[၂၃၁]

စတုတ္ထစျာန်သမာပတ်ကို ဝင်စားနေသော ပုဂ္ဂိုလ်တို့၏ သန္တာန်၌ အဿာသ-ပဿာသတို့ မရှိကြောင်းကိုလည်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၂၃၂]က ဖွင့်ဆိုထား၏၊

ရှေးသဘောတရားရေးရာအပိုင်း[၂၃၃]တွင် ရှင်းလင်းတင်ပြထားခဲ့သည့်အတိုင်း ဘုရားရှင်ကိုယ်တော်တိုင်ကလည်း အနုပုဗ္ဗနိရောဓသုတ္တန်[၂၃၄]စသည့် ထိုထိုသုတ္တန်တို့၌ စတုတ္ထစျာန်သို့ ဆိုက်ရောက်သောအခါ ဝင်သက်လေထွက်သက်လေတို့ ချုပ်ငြိမ်းကြောင်းကို ဟောကြားထားတော်မူပေသည်။

အထူး သတိပြုသင့်သော အချက်တစ်ရပ်

သို့သော် ဤအရာ၌ ယောဂီသူတော်ကောင်းအနေဖြင့် အထူး သတိပြုသင့်သော အချက်တစ်ရပ် ရှိနေပေ၏၊ ယောဂီသူတော်ကောင်းကိုယ်တိုင် စတုတ္ထစျာန်သို့ ငါဆိုက်ရောက်လေပြီဟု မိမိကိုယ်ကို မိမိ ယုံကြည်ယူဆသောအခါ ငါသည် အသက်ရှူလေသလော မရှူလေသလောဟု ခဏခဏ မဆန်းစစ်ပါနှင့်။ ထိုသို့ ဆန်းစစ်ခဲ့သော် သမာဓိလည်း ပျက်ပြားတတ်၍ ရရှိပြီးစျာန်မှလည်း လျှောကျတတ်သည်။ စတုတ္ထစျာန်သမာပတ်ကိုသာ (မှန်သည်ဟု ယူဆလျှင်) များများဝင်စားနေပါဦး။ စတုတ္ထစျာန်သမာပတ်အခိုက်၌ အသက်မရှူသော်လည်း တစ်နည်း စတုတ္ထစျာန်သမာပတ်သည် အဿာသ-ပဿာသကို မဖြစ်စေသော်လည်း စျာန်အင်္ဂါကို ပြန်လည်ဆင်ခြင်သော မနောဒွါရပစ္စဝေက္ခဏာဇောဝီထိ, အသက်ရှူ-မရှူကို ပြန်လည်ဆင်ခြင်နေသော ကာမဇောမနောဒွါရဝီထိတို့မှာ အဿာသ-ပဿာသကို ဖြစ်စေနိုင်သော ဇောဝီထိစိတ်အစဉ်တို့ ဖြစ်ကြ၏၊ ထိုကြောင့် အသက်ရှူ-မရှူကို ပြန်လည်ဆန်းစစ်နေသောအခါ ယင်းဆန်းစစ်နေသော ကာမဇောမနောဒွါရဝီထိတို့ကြောင့် ဖြစ်ပေါ်လာသော အလွန်သိမ်မွေ့နူးညံ့သော အဿာသ-ပဿာသကို = အသက်ငွေ့ငွေ့ကလေး ရှူနေသည်ကို အချို့ယောဂီများသည် သတိပြုမိနေတတ်၏၊ စတုတ္ထစျာန်သမာပတ်အခိုက်၌ အသက်မရှူသော်လည်း အသက်ရှူ-မရှူကို ပြန်လည် ဆန်းစစ်သောအခိုက်၌ ရှူနေခြင်းသာ ဖြစ်၏၊ ထို့ကြောင့် အစပိုင်းတွင် အသက်ရှူ-မရှူကို ဆန်းစစ်မှု မပြုသေးဘဲ စတုတ္ထစျာန်ကို ဝင်စားမှုကိုသာ များများပြုလုပ်ပါ။ ကျေနပ်မှု ရရှိသောအခါမှ အသက်ရှူ-မရှူကို ပြန်လည် ဆန်းစစ်ပါ။ ဥပေက္ခာ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးတို့မှာလည်း စတုတ္ထစျာန်၏ ဥပစာရသမာဓိအခိုက်၌လည်း ထင်ရှားနေတတ်ရကား စတုတ္ထစျာန်၏ ဥပစာရသမာဓိအခိုက်၌ ဖြစ်ပေါ်နေသော ဥပေက္ခာ-ဧကဂ္ဂတာနှင့် စတုတ္ထစျာန်အခိုက်၌ ဖြစ်ပေါ်နေသော ဥပေက္ခာ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါတို့သည် အနည်းငယ် ရောထွေးတတ်သည်။ ဥပစာရသမာဓိအခိုက်၌ အသက်ရှူမှု ရှိ၏၊ စတုတ္ထစျာန် သမာပတ်အခိုက်၌ အသက်မရှူပေ။ သတိ ရှိစေ။

ယောဂီသူတော်ကောင်းသည် ယင်း စတုတ္ထစျာန်သမာဓိကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။ လင်းရောင်ခြည်စွမ်းအင်များ ပရိယောဒါတ = ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသည့်တိုင်အောင် လေ့ကျင့်ပါ။ ထိုအခါဝယ် ဝိပဿနာသို့ ကူးလိုက ကူးနိုင်ပေပြီ။

ဘာဝနာလုပ်ငန်းခွင် နှင့် ဘဝင်အကြောင်း

ဘဝင်ကျနေတတ်ပုံ

ဤတိုင်အောင် .. အာနာပါနကမ္မဋ္ဌာန်းကို စတုတ္ထအပ္ပနာစျာန်သို့ ဆိုက်အောင် ပွားများအားထုတ်ပုံ အစီအစဉ်များကို အကျဉ်းချုပ်၍ ရေးသားတင်ပြပြီးလေပြီ။ ကမ္မဋ္ဌာန်းများ၌ ဥပစာရသမာဓိ, အပ္ပနာသမာဓိဟု သမာဓိ နှစ်မျိုး ရှိ၏၊ အပ္ပနာစျာန်၏ အနီး၌ ကပ်၍ ဖြစ်လေ့ရှိသော သမာဓိကား ဥပစာရသမာဓိတည်း။ အပ္ပနာစျာန် အခိုက်၌ ဖြစ်ပေါ်နေသော သမာဓိကား အပ္ပနာသမာဓိတည်း။ ဥပစာရသမာဓိအခိုက်၌ ဘဝင်ကျနေတတ်ပုံနှင့် ပတ်သက်၍ ဝိသုဒ္ဓိမဂ်[၂၃၅]တွင် ဤသို့ သတိပေးထား၏၊

''သမာဓိသည် ဥပစာရသမာဓိ, အပ္ပနာသမာဓိဟု နှစ်မျိုးရှိ၏၊ ဘာဝနာစိတ်သည် ဥပစာရသမာဓိကို ရရှိခိုက် ဖြစ်သော ဥပစာရဘူမိ၌လည်းကောင်း, အပ္ပနာစျာန်သမာဓိကို ရရှိခိုက်ဖြစ်သော ပဋိလာဘဘူမိ၌လည်းကောင်း ဤနှစ်မျိုးသော ဘူမိတို့၌ နှစ်မျိုးသော အခြင်းအရာအားဖြင့် တည်ကြည်နေတတ်၏၊

ထိုနှစ်မျိုးတို့တွင် ဥပစာရဘူမိ၌ နီဝရဏကို ပယ်ခွာခြင်းဖြင့် နီဝရဏတို့ ဝေးကွာသွားခြင်းကြောင့် ဘာဝနာစိတ်သည် သမထအာရုံ၌ ကောင်းစွာ တည်ကြည်နေတတ်၏၊ ပဋိလာဘဘူမိ၌ကား စျာန်အင်္ဂါတို့၏ စွမ်းအင်အပြည့်အဝဖြင့် ထင်ထင်ရှားရှား ဖြစ်ပေါ်လာခြင်းကြောင့် ဘာဝနာစိတ်သည် သမထအာရုံ၌ (အာနာပါနပဋိဘာဂနိမိတ်, အရိုးစု ကောဋ္ဌာသပဋိဘာဂနိမိတ်, ဩဒါတကသိုဏ်းပဋိဘာဂနိမိတ်စသော သမထအာရုံ၌) ကောင်းစွာ တည်ကြည်နေတတ်၏၊

ယင်းသမာဓိ နှစ်မျိုးတို့၏ ထူးခြားခြင်း၏ အကြောင်းကား ဤသို့တည်း ..။ ဥပစာရသမာဓိအခိုက်၌ စျာန်အင်္ဂါတို့သည် စွမ်းအင်အပြည့်အဝဖြင့် ထင်ထင်ရှားရှား ဖြစ်ပေါ်လာနိုင်သော စွမ်းအား မရှိ ကြသေးကုန်၊

ဘာဝနာစွမ်းအားနှင့် ပြည့်စုံခြင်းသို့ မရောက်ရှိကြသေးကုန်၊ စျာန်အင်္ဂါ၏ စွမ်းအင်များသည် အားကောင်းမောင်းသန်စွာ မဖြစ်လာနိုင်သေးသည့်အတွက်ကြောင့်တည်း။ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာမည်သည်ကား – ငယ်ရွယ် နုနယ် နေသေးသော မတ်တတ်ရပ်သင်စ ကလေးသူငယ်ကို ချီမြှောက်လျက် မတ်တတ်ရပ်စေ၍ ထားအပ်သည်ရှိသော် ခဏခဏ မြေသို့ လဲကျသွားတတ်၏၊

ဤဥပမာအတူပင်လျှင် ဥပစာရသမာဓိသည် ဖြစ်ပေါ်လာလတ်သော် ဘာဝနာစိတ်သည် ရံခါ သမထနိမိတ် = ပဋိဘာဂနိမိတ်ကို အာရုံပြု၏၊ ရံခါ စိတ်သည် ဘဝင်သို့ သက်တတ်၏ = ဘဝင် ကျကျနေတတ်၏၊[၂၃၆]

သို့သော် အပ္ပနာစျာန်သမာဓိအခိုက်၌ကား စျာန်အင်္ဂါတို့သည် ဖြစ်ပေါ်လာသော စွမ်းအင်များ ပြည့်ပြည့်စုံစုံ ရှိနေကုန်၏၊ ထိုစျာန်အင်္ဂါတို့၏ စွမ်းအင်များသည် ပြည့်ပြည့်စုံစုံ ဖြစ်ပေါ်လာကြသည့်အတွက်ကြောင့် = စျာန်အင်္ဂါတို့သည် အားအစွမ်းနှင့် ပြည့်ပြည့်စုံစုံ ဖြစ်ပေါ်လာကြသည့်အတွက်ကြောင့် အားကောင်းမောင်းသန်သော ယောက်ျားသည် နေရာမှထကာ တစ်နေ့ပတ်လုံးသော်လည်း မတ်တတ်ရပ်တည်၍ နေရမူ ရပ်တည်နေနိုင်သကဲ့သို့ ဤဥပမာအတူပင်လျှင် အပ္ပနာစျာန်သမာဓိသည် ဖြစ်ပေါ်လာလတ်သော် ဘဝင်၏ဖြစ်ခွင့် အလှည့်အကြိမ်ကို တစ်ကြိမ် ဖြတ်တောက်လိုက်သော် (မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်ဖြစ်လတ်သော်) တစ်ညဉ့်ပတ်လုံးသော်လည်းကောင်း, တစ်နေ့ပတ်လုံးသော်လည်းကောင်း အပ္ပနာသမာဓိသည် တည်နေတတ်၏၊ အပ္ပနာကုသိုလ်ဇော စျာန်ဇောစိတ်အစဉ်၏ အစွမ်းဖြင့်သာလျှင် အဆက်မပြတ် ဖြစ်နေပေ၏၊ တစ်ညဉ့်လုံး တစ်နေ့လုံး စျာန်ဝင်စားနေနိုင်၏၊ ဤကား သမာဓိ နှစ်မျိုးတို့၏ ထူးထွေကွဲပြားရခြင်း၏ အကြောင်းတည်း။''

သတိပြုသင့်သော အချက်တစ်ရပ်

ယောဂါဝစရပုဂ္ဂိုလ်သည် အထက်ပါ ဥပစာရစျာန် အပ္ပနာစျာန်တို့တွင် တစ်မျိုးမျိုးသောစျာန်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာ၏ အခြေခံ အကြောင်းရင်းဖြစ်အောင် ထူထောင်၍ ဓာတ်ကြီး (၄)ပါးတို့ကို သိမ်းဆည်းသောအခါ သမာဓိဒီဂရီ စံချိန်မီလာသောအခါ ရုပ်ကလာပ်များကို စတင်တွေ့ရှိ၏၊ ယင်းရုပ်ကလာပ်များကို ဓာတ်ခွဲနိုင်၍ ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးနှင့်တကွသော ဥပါဒါရုပ်တို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းရ၏၊ ယင်းသို့ သိမ်းဆည်းနိုင်သောအခါ ရူပပရိစ္ဆေဒဉာဏ် = ရူပပရိဂ္ဂဟဉာဏ်ကို ရရှိ၏၊ ထိုအချိန်အခါတွင်မှ ရုပ်ပရမတ်အစစ် ဓာတ်အနှစ်ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိသည် မည်၏၊

တစ်ဖန် နာမ်တရားတို့မှာလည်း ဝီထိမှ အလွတ်ဖြစ်သော ဝီထိမုတ်စိတ်အနေဖြင့်လည်းကောင်း, ဝီထိစိတ် အနေဖြင့်လည်းကောင်း ဖြစ်ရိုးဓမ္မတာ ရှိကြ၏၊ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ စိတ်-စေတသိက်တို့သည် အတူ ယှဉ်တွဲ၍သာ ဖြစ်ကြ၏၊ ယင်းစိတ္တက္ခဏတစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိကြသော စိတ်-စေတသိက်တရားစုတို့ကို အရူပကလာပ = နာမ်ကလာပ်ဟု မဟာဋီကာ[၂၃၇]၌ ခေါ်ဝေါ်သုံးစွဲထား၏၊ နာမ်ပိုင်းဇယားများတွင် ဝီထိအမျိုးအစား (၆)မျိုးတို့ကိုလည်းကောင်း, ယင်းဝီထိတို့၏ အကြားအကြား၌ ဖြစ်လေ့ရှိကြသော ဘဝင်နာမ်တရားစုတို့ကိုလည်းကောင်း ဖော်ပြထား၏၊ ယင်းဝီထိ (၆)မျိုးတို့၏ စိတ္တက္ခဏတစ်ခုတစ်ခုအတွင်း၌ တည်ရှိကြသော တစ်နည်း - နာမ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိကြသော စိတ်-စေတသိက်တို့၏ မိမိ မိမိဆိုင်ရာ ပရမတ္ထဓာတ်သားတို့၏ လက္ခဏရသ- ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကိုလည်း ဉာဏ်ဖြင့် ပိုင်းခြားယူရ၏၊ သိမ်းဆည်းရ၏၊ ပဋိသန္ဓေစိတ္တက္ခဏ စုတိစိတ္တက္ခဏ တစ်မျိုးမျိုးသော ဘဝင်စိတ္တက္ခဏအတွင်း၌ တည်ရှိကြသော စိတ်-စေတသိက်တို့၏ မိမိ မိမိဆိုင်ရာ ပရမတ္ထ ဓာတ်သားတို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကိုလည်း ဉာဏ်ဖြင့် ပိုင်းခြားယူရ၏၊ သိမ်းဆည်းရ၏၊[၂၃၈] ယင်းသို့ သိမ်းဆည်းနိုင်သောအခါ နာမပရိစ္ဆေဒဉာဏ် = အရူပပရိဂ္ဂဟဉာဏ်ကို ရရှိ၏၊ ထိုအချိန်အခါတွင်မှ နာမ်ပရမတ်အစစ် ဓာတ်အနှစ်ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိသည် မည်၏၊

ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် တရားဘာဝနာတစ်ခုကို စီးဖြန်းပွားများ အားထုတ်လိုက်သောအခါ ရုပ်ကလာပ် နာမ်ကလာပ်ကိုမျှ မမြင်ခဲ့သော်လည်းကောင်း, မြင်သော်လည်း ဓာတ်မခွဲနိုင်ခဲ့သော်လည်းကောင်း ရုပ်ပရမတ်အစစ် နာမ်ပရမတ်အစစ်ကို မသိသေးသည် မည်၏၊ နာမရူပပရိစ္ဆေဒဉာဏ်ကိုမျှ မရရှိသေးသည် မည်၏၊

တစ်ဖန် အတိတ် အနာဂတ်ကိုလည်း မရှုသဖြင့် အတိတ်ရုပ်နာမ်ပရမတ်အစစ် အနာဂတ်ရုပ်နာမ်ပရမတ် အစစ်တို့ကိုလည်း လုံးလုံးမသိရကား အတိတ်အကြောင်းတရားကြောင့် ပစ္စုပ္ပန်အကျိုးတရားဖြစ်ပုံ, ပစ္စုပ္ပန်အကြောင်း တရားကြောင့် အနာဂတ်အကျိုးတရားဖြစ်ပုံကိုလည်း ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိသေး ဖြစ်နေ၏၊ ထိုသို့ မသိသေး ဖြစ်ခဲ့သော် ပစ္စယပရိဂ္ဂဟဉာဏ်ကိုလည်း မရရှိသေးသည် မည်၏၊

ထိုသို့ နာမရူပပရိစ္ဆေဒဉာဏ်အစစ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်အစစ်ကိုမျှ မရရှိသေးသော ယောဂါဝစရပုဂ္ဂိုလ် တစ်ဦး၏ သန္တာန်၌ တိကျမှန်ကန်သည့် ဝိပဿနာဉာဏ်အစစ် ဖြစ်ပေါ်လာရေးမှာလည်း မိုးနှင့်မြေကြီးပမာ အလွန် အလှမ်းကွာလျက်ပင် ရှိနေသေး၏၊ ဝိပဿနာဉာဏ်အစစ်မျှ မဖြစ်သေးသည့်အတွက် ပရမတ္ထအရိယသစ္စာအစစ် အဖြစ်ကြီးဖြစ်ပေသော အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ် နိဗ္ဗာန်တရားတော်မြတ်ကြီးတို့နှင့်လည်း ပို၍ ပို၍ အလွန့် အလွန် ဝေးကွာလျက်ပင် ရှိနေသေး၏၊ အကြောင်းကား ဤသို့တည်း ..။

''ချစ်သားသုသိမ...သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာ၌ ကောင်းစွာ တည်သော ဓမ္မဋ္ဌိတိ အမည်ရသော ဝိပဿနာဉာဏ်သည် ရှေးက ဖြစ်၏၊ နိရောဓသစ္စာ နိဗ္ဗာန်တရားတော်မြတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ်သည် နောက်ကာလ၌ ဖြစ်၏၊[၂၃၉]

နိဗ္ဗာန်ကို အာရုံပြုလျက် ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ်သည် စျာန်အဘိညာဏ်တို့၏ အကျိုးဆက်ဖြစ်သည်ဟု အထင်ရှိနေသော အရှင်သုသိမအား ဘုရားရှင်က ပြန်လည်ဖြေကြားလိုက်သော အကျဉ်းချုပ် အဖြေပင် ဖြစ်၏၊ ဤ ဒေသနာတော်နှင့်အညီ အရိယမဂ်ဉာဏ်ကား စျာန်အဘိညာဏ်တို့၏ အကျိုးဆက် မဟုတ်၊ ဝိပဿနာဉာဏ်၏ အကျိုးဆက်သာ ဖြစ်၏၊ ဝိပဿနာဉာဏ်တို့၏ အဆုံး၌သာ ဖြစ်ပေါ်လာနိုင်သော တရားဖြစ်၏၊ စစ်မှန်သော ဝိပဿနာ ဉာဏ်တို့က အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် အဆင့်ဆင့် ကျေးဇူးပြုပေးပါမှ ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာနိုင်သော တရား ဖြစ်ပေသည်။

ထိုကြောင့် မှန်ကန်တိကျသော ဝိပဿနာဉာဏ်ကို မရရှိသေးသော သူတော်ကောင်းတစ်ဦးသည် နိဗ္ဗာန်ကို ဝင်ခွင့်လက်မှတ် မရရှိသေးသူသာ ဖြစ်၏၊ မမှန်းဆနိုင်သော ခပ်လှမ်းလှမ်း တစ်နေရာမှာသာ ရပ်တည်နေရသူ ဖြစ်၏၊ ထိုသို့ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တို့နှင့် အလွန် အလှမ်းကွာဝေးလျက်ရှိသော အရပ်ဒေသတစ်ခုဝယ် ရပ်တည်နေရခိုက် သူတော်ကောင်းတစ်ဦးသည် ဘာဝနာတစ်ခုခုကို နှလုံးသွင်းလိုက်သဖြင့် သမာဓိ အရှိန်အဝါ အတော်အသင့် အားကောင်းလာသောအခါ ဥပစာရသမာဓိနယ်မြေသို့ ရောက်စတွင် သို့မဟုတ် ဥပစာရသမာဓိ နယ်မြေနှင့် ဆင်တူယိုးမှားနယ်မြေသို့ ရောက်စတွင် အထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၂၄၀]၌ သတိပေးထားသည့်အတိုင်း ဘဝင်များ ကျကျနေတတ်ပါသည်။

ယင်းသို့ ဘဝင်ကျကျနေမှုကိုပင် ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် ''ဘာမျှ မသိတော့''ဟု ပြောတတ်၏၊ ''ရုပ်နာမ် နှစ်မျိုးလုံး ချုပ်သွားသည်''ဟုလည်း ပြောလာတတ်၏၊ ယင်းသို့ ဖြစ်နေမှုကိုပင် နိဗ္ဗာန်ကို မျက်မှောက်ပြုနေသည်ဟုလည်း အယူရှိလာပြန်၏၊ အမှန်မှာ ဘဝင်ကျနေခြင်းသာ ဖြစ်၏၊ ရုပ်ပရမတ်အစစ် နာမ်ပရမတ်အစစ်ကိုမျှ မသိသေးသဖြင့် ဝိပဿနာဉာဏ်အစစ်ပင် မဖြစ်သေးသောကြောင့် ဖြစ်၏၊

ထိုသို့ ဘဝင်ကျနေခြင်းကို ယောဂါဝစရပုဂ္ဂိုလ်က ''ဘာမျှ မသိ''ဟု ပြောဆိုနေခြင်းမှာ ထိုဘဝင်စိတ်သည် ပစ္စုပ္ပန်အာရုံဟူသမျှကို လုံးဝအာရုံမပြုဘဲ အတိတ်ဘဝက သေခါနီးကာလ မရဏာသန္နဇောက ယူထားအပ်သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံသုံးမျိုးတို့တွင် အာရုံတစ်မျိုးမျိုးကိုသာ အာရုံပြုနေ သိနေသောကြောင့် ဖြစ်၏၊ ဘဝင်စိတ်သည် အတိတ်ဘဝ မရဏာသန္နဇောက ယူထားခဲ့သည့် အာရုံကိုပင် အာရုံပြုနေပါသည်ဟူသော ဤအချက်ကို လည်း အတိတ်ဘဝကဖြစ်ခဲ့သော မရဏာသန္နဇော၏အာရုံကို ပုံစံမှန်ရှုတတ်သော, အတိတ်အကြောင်းတရားများကြောင့် ပစ္စုပ္ပန်အကျိုးတရားများ ဖြစ်ပုံကို ပုံစံမှန် ဟုတ်တိုင်းမှန်စွာ ရှုတတ်သော ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် သိမြင်နေသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ အရာသာ ဖြစ်၏။ အတိတ်ဘဝက မရဏာသန္နဇော၏ အာရုံကို မရှုသူ မရှုတတ်သူ, အတိတ်အကြောင်းတရားကြောင့် ပစ္စုပ္ပန်အကျိုးတရားဖြစ်ပုံကို မရှုသူ မရှုတတ်သူတို့၏ အရာဌာနကား မဟုတ်ပေ။ သို့အတွက် ဘာမျှမသိဟု ပြောနေခြင်းဖြစ်၏။ သို့သော် ဗုဒ္ဓအဘိဓမ္မာ၌ကား ဤသို့ လာရှိ၏ ..။

''ကာမ ရူပ အရူပ လောကုတ္တရာဟူသော ဘုံ (၄)ပါးအတွင်း၌ဖြစ်သော စိတ်ဟူသမျှသည် အာရုံကို သိခြင်း = ဝိဇာနနလက္ခဏာမရှိသော စိတ်မည်သည် မရှိပေ။ စိတ်အားလုံးသည် အာရုံကိုသိခြင်း ဝိဇာနနသဘောလက္ခဏာ ရှိသည်ချည်းပင် ဖြစ်သည်။''[၂၄၁]

သို့အတွက် ဘဝင်စိတ်သည်လည်း အတိတ်ဘဝ သေခါနီးကာလဝယ် မရဏာသန္နဇောက ယူခဲ့သော ကံကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံသုံးမျိုးတို့တွင် အာရုံတစ်မျိုးမျိုးကို သိလျက်ပင် ရှိသည်။ ဘာမျှမသိသောစိတ်ကား မဟုတ်ပေ။ တစ်ဖန် ''အရှုခံအာရုံရော ရှုနေသည့်စိတ်ရော ချုပ်နေသည်၊ ချုပ်သွားသည်'' ဟူသော အဆိုအမိန့်နှင့် ပတ်သက်၍လည်း အောက်ပါ ကျမ်းဂန်အဆိုအမိန့်များကို သတိပြုစေလိုပေသည်။

နိရောဓသမာပတ်

''အဘယ်ကြောင့် နိရောဓသမာပတ်ကို ဝင်စားတော်မူကြကုန်သနည်းဟူမူ လောကီစျာန်သမာပတ် (၈)ပါးကို ရရှိတော်မူကြကုန်သော အနာဂါမ်အရိယာသူတော်ကောင်း သို့မဟုတ် ရဟန္တာအရှင်မြတ်ကြီးတို့သည် ရုပ်-နာမ်ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ဖြစ်ခြင်း-ပျက်ခြင်း အထူးအပြား၌ ငြီးငွေ့တော်မူကြကုန်သည်ဖြစ်၍ မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင်လျှင် စိတ်-စေတသိက်တို့ မရှိကြကုန်သည်ဖြစ်၍ စိတ်-စေတသိက်တို့ ချုပ်ငြိမ်းနေကြကုန်သည်ဖြစ်၍ ''စိတ်-စေတသိက်-စိတ္တဇရုပ်တို့၏ ချုပ်ငြိမ်းခြင်း အနုပါဒိသေသနိဗ္ဗာနဓာတ်သို့ ရောက်ရှိ၍ နေကြကုန်သကဲ့သို့ ချမ်းချမ်းသာသာ နေကြကုန်အံ့'' ဟု နှလုံးပိုက်တော်မူကြကုန်၍ နိရောဓသမာပတ်ကို ဝင်စားတော်မူကြကုန်၏၊''[၂၄၂]

ဤအဋ္ဌကထာ၏ ဖွင့်ဆို ရှင်းလင်းချက်နှင့် အညီ .. ရှုနေသည့် စိတ်-စေတသိက်တို့၏ ချုပ်ငြိမ်းမှုမှာ နိရောဓသမာပတ်နှင့် သက်ဆိုင်သည့် အရာဌာန ဖြစ်၏၊ နိရောဓသမာပတ်ဟူသည်မှာလည်း ရူပါဝစရစျာန်သမာပတ် (၄)ပါး အရူပါဝစရစျာန်သမာပတ် (၄)ပါးတည်းဟူသော သမာပတ် (၈)ပါးတို့ကို ရရှိထားတော်မူကြသည့် အနာဂါမ် အရိယာသူတော်ကောင်း သို့မဟုတ် ရဟန္တာအရှင်မြတ်ကြီးတို့၏ အရာဌာနသာ ဖြစ်သည်။ အကြောင်းမူ .. သမထဝိပဿနာ၏ အစွမ်းဖြင့် ယုဂနဒ္ဓနည်းအားဖြင့် ယင်းစျာန်သမာပတ်တို့ကို လုံ့လကြိုးကုတ် အားထုတ်နိုင်ပါမှ နိရောဓသမာပတ် မဝင်စားမီ ရှေးအဖို့၌ ပြုသင့်ပြုထိုက်သော ပုဗ္ဗကိစ္စ (၄)ပါးကို ပြုပြီးသော အနာဂါမ် သို့မဟုတ် ရဟန္တာ အရှင်မြတ်၏ သန္တာန်၌သာလျှင် နေဝသညာနာသညာယတနစျာန်သမာပတ်ကို ဝင်စားပြီးနောက် နိရောဓသမာပတ်သို့ ဆိုက်ရောက်နိုင်သောကြောင့် ဖြစ်၏၊[၂၄၃]

နိရောဓသမာပတ်ကို ဝင်စားလိုသော အနာဂါမ် သို့မဟုတ် ရဟန္တာအရှင်မြတ်သည် ရှေးဦးစွာ သမာပတ် (၈)ပါးကို ဖြစ်စေနိုင်သည့် ပထဝီကသိုဏ်းနိမိတ်စသည့် ကသိုဏ်းနိမိတ်တစ်ခုခုကို အာရုံယူကာ ပထမစျာန်ကို ဝင်စား၍ ပထမစျာန်မှ ထပြီးလျှင် ယင်းပထမစျာန်နာမ်တရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုရ၏၊ ထိုနောင် ဒုတိယစျာန်ကို တစ်ဖန်ဝင်စား၍ ယင်းဒုတိယစျာန်နာမ်တရားတို့ကိုလည်း လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုရ၏၊ ဤနည်းအားဖြင့် ဝိညာဏဉ္စာယတနစျာန်သို့တိုင်အောင် ပြုကျင့်ရ၏၊ ဝိညာဏဉ္စာယတနစျာန် နာမ်တရားတို့ကို ဝိပဿနာရှုပြီးနောက် အာကိဉ္စညာယတနစျာန်ကို တစ်ဖန်ဝင်စားရ၏၊ အာကိဉ္စညာယတနစျာန်မှ ထသောအခါ..

၁။ မိမိကိုယ်နှင့် မစပ်သော အသီးအခြား ဖြစ်နေသော ကျောင်း သင်္ကန်း စသော ပရိက္ခရာတို့ကို မပျက်စီးဖို့ရန် အဓိဋ္ဌာန်ခြင်း,
၂။ သံဃာတော်၏ ငံ့လင့် မျှော်လင့်ခြင်းကို ဆင်ခြင်ခြင်း (သံဃာတော်က သံဃာ့ကိစ္စ ကံတစ်ခုခုအတွက် အလိုရှိခဲ့သော် နိရောဓသမာပတ်မှ ထနိုင်ရန် ဆင်ခြင်ခြင်း),
၃။ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၏ ခေါ်တော်မူခြင်းကို ဆင်ခြင်ခြင်း (ဘုရားရှင်က သိက္ခာပုဒ်တော်ကို ပညတ်လိုခြင်းစသော အကြောင်းတစ်ခုခုကြောင့် အလိုရှိခဲ့သော် နိရောဓသမာပတ်မှ ထနိုင်ရန် ဆင်ခြင်ခြင်း),
၄။ မိမိ၏ ဇီဝိတိန္ဒြေ၏ ကြွင်းကျန်နေသေးသော အဓွန့်ကာလ အပိုင်းအခြားကို ဆင်ခြင်ခြင်း (မိမိ၏ အာယုသင်္ခါရ ကုန်ဆုံးမည့် အချိန်အခါကို ဆင်ခြင်၍ အာယုသင်္ခါရ မချုပ်ဆုံးမီ နိရောဓသမာပတ်မှ ထနိုင်ရန် ဆင်ခြင်ခြင်း)

ဤပုဗ္ဗကိစ္စကို ပြုလုပ်၍ နေဝသညာနာသညာယတနစျာန်ကို ဝင်စားရ၏၊ နေဝသညာနာသညာယတနဇော တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ကျပြီးနောက် နိရောဓသမာပတ်သို့ ဆိုက်ရောက်သွား၏၊[၂၄၄] ထိုကြောင့် စိတ်စေတသိက်တို့၏ ချုပ်ငြိမ်းမှု နိရောဓသမာပတ်ဟူသည် သမာပတ် (၈)ပါးကို ရရှိတော်မူသည့် အနာဂါမ် ရဟန္တာ အရှင်မြတ်ကြီးတို့၏ အရာဌာနသာ ဖြစ်သည်ဟု ဆိုခြင်းဖြစ်၏၊ သမာပတ် (၈)ပါးကိုလည်း မရရှိသေးသော အနာဂါမ်လည်း မဖြစ်သေးသော ရဟန္တာလည်း မဖြစ်သေးသော ယောဂီသူတော်ကောင်းနှင့် ဤ နိရောဓသမာပတ်သည်ကား အလွန့်အလွန် အလှမ်း ဝေးကွာလျက်ပင် ရှိနေသေး၏၊

တစ်ဖန် ရုပ်နာမ်ပရမတ်အစစ်ကိုမျှ မသိသေးသဖြင့် စစ်မှန်သည့် ဝိပဿနာဉာဏ်ကိုမျှ မရရှိသေးသော သူတော်ကောင်းတစ်ဦးအဖို့ ထိုဘာမျှမသိမှုသဘောကို ဖလသမာပတ်ဟု ဆိုရန်မှာလည်း မမှန် ဖြစ်နေပြန်၏၊ ဖလသမာပတ်ဟူသည်မှာလည်း ဖြစ်မှု-ပျက်မှု ထင်ရှားရှိသော ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့၏ ချုပ်ဆုံးရာ မရှိရာဖြစ်သော မဖြစ်မပျက်သည့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံပြုနေသော ဖိုလ်ဇောစိတ်အစဉ်တို့၏ အကြိမ်များစွာ ဖြစ်နေမှုသဘောတည်း။ ဆိုလိုသည်မှာ အာရုံဘက်၌ သင်္ခါရတရားတို့၏ ချုပ်ငြိမ်းရာ မဖြစ်မပျက်သည့် အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီး တည်ရှိနေ၏၊ ထို အငြိမ်းဓာတ် နိဗ္ဗာန်ကို အာရုံယူတတ်သည့် အာရမ္မဏိကတရားဘက်၌ကား မဖြစ်မပျက်သည့် အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို အာရုံပြုနေသည့် ဖိုလ်ဇောစိတ္တုပ္ပါဒ် (= ဖိုလ်ဇောစိတ်စေတသိက်)တို့၏ အစဉ်များ ထင်ရှားရှိနေကြ၏၊ ရှုနေသည့်စိတ် ချုပ်နေသော သမာပတ်မျိုးကား မဟုတ်ပေ။

သို့သော် ဖလသမာပတ်ဟူသည်မှာလည်း သောတာပန် အစရှိသော အရိယာသူတော်ကောင်းတို့၏ အရာသာ ဖြစ်သည်။ အရိယာပုဂ္ဂိုလ်တိုင်းသည်လည်း အရိယသစ္စာ (၄)ပါးကို သိတော်မူရိုးဓမ္မတာသာ ရှိ၏၊ သစ္စာ (၄)ပါးကို မသိကလည်း သံသရာဝဋ်ဆင်းရဲဒုက္ခကြီးသည် မကုန်ဆုံးနိုင်ကြောင်း သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးရာဖြစ်သည့် နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်ကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင်က သစ္စသံယုတ် ကူဋာဂါရသုတ္တန်တွင် ဟောကြား ထားတော်မူခဲ့၏၊ ဤကျမ်းစာ သဘောတရားရေးရာအပိုင်း[၂၄၅]တွင် ပြန်ကြည့်ပါ။

ထို့ကြောင့် နိဗ္ဗာန်တရားတော်မြတ်ကို အရိယဖိုလ်ဉာဏ်တို့ဖြင့် မျက်မှောက်ပြုနိုင်ရေး (= ဖလသမာပတ်ကို ဝင်စားနိုင်ရေး)ဟူသည့် လုပ်ငန်းရပ်မှာလည်း အရိယသစ္စာလေးရပ် တရားမြတ်တို့ကို မဖောက်မပြန် ဟုတ်မှန်သည့် အတိုင်း ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးသူ အရိယာသူတော်ကောင်းတို့၏ အရာသာ ဖြစ်၏၊ ပရမတ်ရုပ်နာမ်အစစ်ကိုမျှ မသိသေးသူတို့၏ အရာကား မဟုတ်ပါပေ။

''ထိုသစ္စာ (၄)ပါးတို့တွင် ဒုက္ခသစ္စာ သမုဒယသစ္စာ နှစ်မျိုးတို့ကား ဝဋ္ဋသစ္စာတည်း။ နိရောဓသစ္စာ မဂ္ဂသစ္စာ နှစ်မျိုးတို့ကား ဝိဝဋ္ဋသစ္စာတည်း။ ထိုတွင် ယောဂါဝစရပုဂ္ဂိုလ်သည် ဝဋ္ဋသစ္စာ နှစ်မျိုး၌ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းသည် ဖြစ်၏၊ ဝိဝဋ္ဋသစ္စာ နှစ်ပါး၌ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်း နှလုံးသွင်းမှု မရှိ။''ဟူသော ..

သမ္မောဟဝိနောဒနီအဋ္ဌကထာ[၂၄၆]၏ ဖွင့်ဆိုချက်နှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းလိုပါက ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို ရှေးဦးစွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်အောင် ကြိုးပမ်းရမည် ဖြစ်၏၊ ဒုက္ခသစ္စာဟူသည်မှာလည်း ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ခန္ဓသုတ္တန်,[၂၄၇] အဘိဓမ္မာဝိဘင်းပါဠိတော်[၂၄၈] စသည်တို့၌ ဟောကြားထားတော်မူသည့်အတိုင်း အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက - ဟူသော (၁၁)မျိုးသော အခြင်းအရာဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ (၅)ပါးပင်တည်း။ သမုဒယသစ္စာဟူသည်မှာလည်း အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံလျက် ပြုစုပျိုးထောင်ထားသော သင်္ခါရ ကံတို့ပင်တည်း။

ထို့ကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် –
၁။ ဒုက္ခသစ္စာကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ သိရေး,
၂။ သမုဒယသစ္စာကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ သိရေး,
၃။ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ဟုတ်တိုင်းမှန်စွာ သိရေး –

ဤ သမ္မာဒိဋ္ဌိ ဉာဏ်ပညာများ ရရှိရေးအတွက် အတိတ်နှင့် အနာဂတ်ကို မလွှဲမရှောင်သာ ရှုရတော့မည် ဖြစ်သည်။ ဒုက္ခသစ္စာစာရင်းတွင်လည်း ပစ္စုပ္ပန်ခန္ဓာ (၅)ပါးတွင်သာမက အတိတ်ခန္ဓာ (၅)ပါး အနာဂတ်ခန္ဓာ (၅)ပါး တို့လည်း ပါဝင်လျက်ရှိကြ၏၊ တစ်ဖန် သမုဒယသစ္စာစာရင်းတွင် အကျုံးဝင် သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အတိတ်အကြောင်းတရား (၅)ပါးဟူသည်မှာ အတိတ်ခန္ဓာ (၅)ပါးတို့၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်၏၊ အတိတ်အကြောင်းတရားကြောင့် ဖြစ်ပေါ်လာရသော ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော ပစ္စုပ္ပန်အကျိုးတရား (၅)ပါး ဒုက္ခသစ္စာတရားဟူသည်မှာလည်း ပစ္စုပ္ပန်ခန္ဓာ (၅)ပါးတို့၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်၏၊ ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော ပစ္စုပ္ပန်အကြောင်းတရား (၅)ပါး သမုဒယသစ္စာတရားဟူသည်မှာလည်း ပစ္စုပ္ပန်ခန္ဓာ (၅)ပါးတို့၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်၏၊ တစ်ဖန် ပစ္စုပ္ပန်အကြောင်းတရားကြောင့် နောင်အနာဂတ်တွင် ထင်ရှားဖြစ်ပေါ်လာမည့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော အနာဂတ်အကျိုးတရား (၅)ပါး ဒုက္ခသစ္စာတရားဟူသည်မှာလည်း ယင်းအနာဂတ်ခန္ဓာ (၅)ပါးတို့၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်၏၊ အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်၌လည်း နည်းတူပင် သဘောပေါက်ပါ။ ထိုကြောင့် သမုဒယသစ္စာကို ဟုတ်တိုင်းမှန်စွာ သိရေး၊ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ဟုတ်တိုင်းမှန်စွာ သိရေးအတွက်လည်း အတိတ် အနာဂတ်ခန္ဓာတို့ကို မလွှဲမရှောင်သာ သိမ်းဆည်းရှုပွားရတော့မည်သာ ဖြစ်ပေသည်။

ယင်း ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော သင်္ခါရတရားတို့ကို သိမ်းဆည်းရာ ဉာဏ်ဖြင့် ပိုင်းခြားယူရာ၌ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ပါမှ ပရမတ်အချင်းချင်း၏ အကြောင်း-အကျိုး ဆက်စပ်မှု၊ ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်လျက် ရှုမြင်နိုင်မည် ဖြစ်သည်။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလ (၃)ပါးအတွင်း၌ တည်ရှိသော အကြောင်းတရားအဆက်ဆက်ဟူသော သမုဒယ သစ္စာ, အကျိုးတရားအဆက်ဆက်ဟူသော ဒုက္ခသစ္စာတရားတို့ကို သိမ်းဆည်းနိုင်သောအခါ (= ဉာဏ်ဖြင့် ပိုင်းခြား ယူနိုင်သောအခါ) ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို လက္ခဏာယာဉ် (၃)ချက်တင်လျက် တွင်တွင်ကြီး ဝိပဿနာ ရှုရမည် ဖြစ်၏၊ ယင်းသို့လျှင် ဝဋ္ဋသစ္စာ အမည်ရသော ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၌ တွင်တွင်ကြီး ဝိပဿနာရှုနိုင်ပါမှ ယင်းဝိပဿနာဉာဏ်တို့၏ အဆုံးတွင် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့သည် နိရောဓသစ္စာ နိဗ္ဗာန်တရားတော်မြတ်ကြီးကို အာရုံယူလျက် ဖြစ်ပေါ်လာကြမည် ဖြစ်သည်။ ယင်းအရိယမဂ်ဉာဏ်နှင့် ယှဉ်တွဲနေသော မဂ္ဂင်တရားကိုယ် (၈)ပါးကား လောကုတ္တရာမဂ္ဂသစ္စာတရားတည်း။ ယင်းအရိယမဂ်ဉာဏ်တို့၏ အာရုံဖြစ်သော အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးသည်ကား လောကုတ္တရာနိရောဓသစ္စာတရားတည်း။ ယင်း သစ္စာ (၄)ပါးကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပါမှ အရိယာသူတော်ကောင်း ဖြစ်နိုင်၏၊ အရိယာသူတော်ကောင်းဖြစ်ပါမှလည်း ဖလသမာပတ်ကို ဝင်စားနိုင်ပေသည်။ ယောဂီသူတော်ကောင်းသည် အောက်ပါ စာပိုဒ်ကလေးကို ဖတ်ရှုကြည့်ပါ။

''ဖလသမာပတ်ကို ဝင်စားခြင်းငှာ အလိုရှိသော အရိယသာဝကသည် ဆိတ်ငြိမ်ရာအရပ်သို့ ချဉ်းကပ်လျက် အထူးထူးသော အာရုံမှ ဖဲခွာ၍ တစ်ယောက်ထီးတည်းသာ ကိန်းအောင်းလျက် ဥဒယဗ္ဗယဉာဏ် ဘင်္ဂဉာဏ် ဘယတုပဋ္ဌာနဉာဏ် အစရှိသော ကိုးပါးသော ဝိပဿနာဉာဏ်တို့၏ အစွမ်းဖြင့် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတည်း ဟူသော သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုအပ်ကုန်၏၊ ဥဒယဗ္ဗယဉာဏ် ဘင်္ဂဉာဏ် အစရှိသော ဖြစ်ပေါ်လာသော အစဉ်အတိုင်းသော ဝိပဿနာဉာဏ်ရှိသော ထိုအရိယသာဝက၏ သန္တာန်ဝယ် သင်္ခါရတရားလျှင် အာရုံရှိသော တစ်နည်း သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာလျှင် အာရုံရှိသော[၂၄၉] ဝေါဒါန်ဟု ရအပ်သော အမည်ရှိသော ဂေါတြဘုဉာဏ်၏ အခြားမဲ့၌ ဖလသမာပတ်၏ အစွမ်းဖြင့် နိရောဓသစ္စာ နိဗ္ဗာန်တရားတော်မြတ်တည်းဟူသော အာရုံ၌ လောကုတ္တရာအပ္ပနာစျာန်၏ အစွမ်းဖြင့် (= ဖိုလ်ဇောစိတ်အစဉ်၏ အစွမ်းဖြင့်) ဖြစ်ပေါ်လာ၏၊ ဤဖလသမာပတ်ကို ဝင်စားရာ၌ ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဖလသမာပတ်သို့ ညွတ်ကိုင်းရှိုင်းသော စိတ်ထားရှိသည်၏ အဖြစ်ကြောင့် သေက္ခအရိယာသူတော်ကောင်း၏ သန္တာန်၌လည်း အရိယဖိုလ်ဇောသည်သာလျှင် ဖြစ်ပေါ်လာ၏၊ အရိယမဂ်သည် ဖြစ်ပေါ်မလာပေ။''[၂၅၀]

ထိုကြောင့် ဖလသမာပတ်ဟူသည် ပရမတ္ထသစ္စာအစစ် ဖြစ်ကြကုန်သော ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား တည်းဟူသော သင်္ခါရတရားတို့ကို ဥဒယဗ္ဗယဉာဏ်စသော ဉာဏ်စဉ်အတိုင်း လက္ခဏာရေးသုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနိုင်သော အရိယာသူတော်ကောင်းတို့သည်သာ ဝင်စားနိုင်သော သမာပတ်မျိုး ဖြစ်၏၊

အကယ်၍ ယောဂီသူတော်ကောင်းတစ်ဦးသည် ဘုရားရှင် ဟောကြားထားတော်မူသည့် ရုပ်တရား နာမ်တရား တို့သည် ဘုရားရှင်သာ သိနိုင်သည်၊ သာဝကတို့သည် မသိနိုင်ဟု ယုံကြည်လက်ခံထားသည်ဖြစ်အံ့၊ သိအောင်လည်း မရှုသည်ဖြစ်အံ့၊ ယင်းယောဂီသူတော်ကောင်းသည် ဘုရားရှင် ဟောကြားထားတော်မူသည့် (၁၁)မျိုးသော အခြင်းအရာ အားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာ (၅)ပါး ဒုက္ခသစ္စာတရားကို မသိသေးသည် မည်၏၊ တစ်နည်းဆိုရသော် ဘုရားရှင် ဟောကြားထားတော်မူသည့် ရုပ်နာမ်မျှကိုပင် မသိသေးသည် မည်၏၊ တစ်ဖန် အတိတ် အနာဂတ်ကိုလည်း မရှုသည် ဖြစ်အံ့၊ ထိုသို့ မရှုခဲ့သော် အတိတ်အကြောင်းတရားကြောင့် ပစ္စုပ္ပန်အကျိုးတရားဖြစ်ပုံ၊ ပစ္စုပ္ပန်အကြောင်း တရားကြောင့် အနာဂတ်အကျိုးတရား ဖြစ်ပုံကိုလည်း မသိသေးသည် မည်၏၊ ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားကို မသိသေးသည် မည်၏၊ သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို မသိသေးသည် မည်၏၊ ဖလသမာပတ်ဟူသည် ထိုကဲ့သို့ မသိမှုတွေ တစ်ပုံကြီး ထမ်းထားသော ပုဂ္ဂိုလ်တို့ ဝင်စား၍ ရနိုင်သော သမာပတ်မျိုးကား မဟုတ်ပေ။ သတိ ရှိစေ။

ဉာဏ်အရောင်အလင်းများအကြောင်း

အထက်တွင် ဉာဏ်အရောင်အလင်းများ၏ အကြောင်းကို အလျဉ်းသင့်သလို ရေးသားတင်ပြခဲ့၏၊ အထူးသဖြင့် စတုတ္ထစျာန်သမာဓိသို့ ဆိုက်သောအခါ ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော အလင်းရောင်များသည် ထွက်ပေါ်လာကြကြောင်းကို ရေးသားတင်ပြခဲ့၏၊ ဤအဆိုနှင့် ပတ်သက်၍ သံသယ ကင်းရှင်းသွားရန်အလို့ငှာ ပညာအရောင် ဉာဏ်အရောင်များအကြောင်းကို ရေးသားတင်ပြပေအံ့ ..။

အာလောကသုတ္တန်

ဘုရားရှင်သည် အင်္ဂုတ္တိုရ်ပါဠိတော် စတုက္ကနိပါတ် အာလောကသုတ္တန်[၂၅၁].. စသည်တို့၌ (၁) လရောင်၊ (၂) နေရောင်၊ (၃) မီးရောင်၊ (၄) ပညာရောင် = ဉာဏ်ရောင် - ဟု အရောင်အလင်း (၄)မျိုး ရှိကြောင်းကို ဟောကြားထားတော်မူခဲ့၏၊ ထိုလေးမျိုးတို့တွင် ပညာရောင် (= ဉာဏ်ရောင်) (၄)မျိုးရှိကြောင်းကို အင်္ဂုတ္တရဋီကာ[၂၅၂] ပစလာယမာနသုတ္တန်တွင် ရှင်းပြထား၏၊ ယင်းအဖွင့်တို့ကို ပိုမို၍ သဘောပေါက်စေရန် မူရင်းပါဠိတော် အဋ္ဌကထာ အဖွင့်တို့နှင့် ဆက်စပ်လျက် ရေးသားတင်ပြအပ်ပါသည်။

အိပ်ချင်ငိုက်မျဉ်းမှု မိဒ္ဓတရားကို ပယ်ဖျောက်ကြောင်းတရား (၇) မျိုး

(ပစလာယမာနသုတ္တန်ကောက်နုတ်ချက်)

အရှင်မဟာမောဂ္ဂလ္လာန်အလောင်းအလျာ ဖြစ်တော်မူသော ကောလိတပရိဗိုဇ်သည် အရှင်သာရိပုတြာ အလောင်းအလျာ ဖြစ်တော်မူသော ဥပတိဿပရိဗိုဇ်ထံမှ ''ယေ ဓမ္မာ ဟေတုပ္ပဘာဝါ'' အစရှိသည့် အရှင်အဿဇိ မထေရ် ဟောကြားတော်မူလိုက်သည့် သစ္စာလေးပါးနှင့် စပ်သည့် တရားဂါထာဒေသနာတော်ကို နာကြားခွင့်ရရှိသည့် အတွက် သောတာပတ္တိမဂ်ဖိုလ်သို့ ဆိုက်ရောက်တော်မူခဲ့၏၊ ထိုနေ့ကား တပို့တွဲလဆန်း (၁)ရက်နေ့ ဖြစ်၏၊ ထိုနေ့ ညနေချမ်းမှာပင် ဥပတိဿပရိဗိုဇ် ကောလိတပရိဗိုဇ်နှင့် တကွ နောက်လိုက်တပည့်ပရိဗိုဇ် (၂၅၀)တို့သည် သိဉ္စဉ်း ဆရာကြီး၏ အရံမှ ထွက်ခွာပြီးနောက် ဝေဠုဝန်ကျောင်းတိုက်တော်သို့ သွားရောက်ကာ ဘုရားရှင်၏ ထံတော်မှောက်၌ ''ဧဟိ ဘိက္ခု'' ရဟန်းအဖြစ်ကို ခံယူကြလေသည်။ ဘုရားရှင်ထံတော်မှ တရားတော်ကို နာယူပြီးသည်၏ အဆုံး၌ ယင်းတပည့်ရဟန်း (၂၅၀)တို့သည်ကား အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားတော်မူကြ၏၊ အရှင်သာရိပုတြာနှင့် အရှင်မဟာမောဂ္ဂလ္လာန်တို့ကား မိမိတို့ ရရှိမည့် အဂ္ဂသာဝကဗောဓိဉာဏ်တို့၏ ကြီးကျယ်မြင့်မြတ်သည့်အတွက်ကြောင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ရေးအတွက် ဆက်လက်ကာ သမထ-ဝိပဿနာ ဘာဝနာတို့ကို ကြိုးပမ်းကြဦးမည် ဖြစ်ကြပေသည်။

ထို့နောင် အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်သည် မာဂဓတိုင်းအတွင်းရှိ ကလ္လဝါဠပုတ္တရွာငယ်ကို ဆွမ်းခံရွာ အဖြစ် အမှီပြုကာ ယင်းရွာ၏ အနီးရှိ တောအုပ်တစ်ခုအတွင်း၌ ကျိန်းစက်မှု မပြုဘဲ စင်္ကြံသွားခြင်း ရပ်ခြင်း ထိုင်ခြင်း ဣရိယာပုထ်တို့ဖြင့် (၇)ရက်တိုင်တိုင် ရဟန်းတရားကို အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တော် မူလေသည်။ (၇)ရက်မြောက်သောနေ့တွင် စင်္ကြံဦးတွင် ထိုင်လျက် တရားအားထုတ်နေခိုက်တွင် အိပ်ချင်ငိုက်မျဉ်းမှု မိဒ္ဓတရားက နှိပ်စက်လာ၏၊ ထိုအခါတွင် ဘုရားရှင် ကြွလာတော်မူကာ အိပ်ချင်ငိုက်မျဉ်းမှု မိဒ္ဓတရားကို ပယ်ဖျောက် ကြောင်းတရား (၇)မျိုးကို ဟောကြားပြသပေးတော်မူ၏၊ ဘုရားရှင် ညွှန်ကြားပေးတော်မူသည့် နည်းလမ်းကောင်းများကို ရိုသေစွာ လိုက်နာလျက် ကျင့်သုံးတော်မူလေရာ အထူးသဖြင့် ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ပွားများထားသည့် ဉာဏ်အရောင်အလင်းကို နေ့နှင့် ည တစ်ဆက်တည်း လင်းနေအောင် ပွားများလျက် အိပ်ချင်ငိုက်မျဉ်းမှု မိဒ္ဓတရားကို ပယ်ရှားကာ ရဟန်းတရားကို ဆက်လက် ကြိုးပမ်းတော်မူလေရာ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူခဲ့လေသည်။

ဤတွင် အိပ်ချင်ငိုက်မျဉ်းမှု မိဒ္ဓတရားကို ပယ်ဖျောက်ကြောင်းတရား (၇)မျိုးတို့၏ အကျဉ်းချုပ်မှာ ဤသို့ ဖြစ်၏ ..။

၁။ အိပ်ချင်ငိုက်မျဉ်းမှု မိဒ္ဓတရားကို ဖြစ်စေနိုင်သည့် အာရုံကို နှလုံးမသွင်းခြင်း၊
၂။ သင်ကြားထားဖူးသည့် လေ့ကျက်ထားဖူးသည့် ပရိယတ်တရားတော်ကို စိတ်ဖြင့် အဖန်ဖန် စူးစမ်းဆင်ခြင်ခြင်း၊
၃။ သင်ကြားထားဖူးသည့် လေ့ကျက်ထားဖူးသည့် ပရိယတ်တရားတော်ကို အကျယ်အားဖြင့် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊
၄။ နှာခေါင်းနှင့် နားနှစ်ဖက်တို့ကို ဆွဲငင်ပေးခြင်း၊ လက်ဖြင့် ကိုယ်ကို သုံးသပ်ဆုပ်နယ်ခြင်း၊
၅။ နေရာမှ ထကာ မျက်နှာသစ်ခြင်း၊ အရပ်မျက်နှာတို့ကို ကြည့်ခြင်း၊ နက္ခတ်တာရာတို့ကို ကြည့်ခြင်း၊
၆။ ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ပွားများထားသည့် ဉာဏ်အရောင်အလင်း အာလောကသညာကို နေ့နှင့် ည တစ်ဆက်တည်း လင်းနေအောင် အဓိဋ္ဌာန်ပြုလျက် အရောင်အလင်းနှင့်တကွဖြစ်သော စိတ်ကို ပွားများခြင်း၊
၇။ ကမ္မဋ္ဌာန်းအာရုံ၌ ဘာဝနာစိတ်ကို သွတ်သွင်းလျက် အာရုံတစ်ပါးသို့ မပျံ့လွင့်သော စိတ်ထားဖြင့် စင်္ကြံ လျှောက်ခြင်း –

ဤနည်းလမ်းတို့ဖြင့် ယင်းမိဒ္ဓတရားကို ပယ်ဖျောက်၍ မရခဲ့သော် လက်ျာနံတောင်းဖြင့် စောင်းလျက် ခြေတစ်ခုပေါ်သို့ ခြေတစ်ခုကို တင်ကာ ''မည်သည့်အချိန်အခါ၌ ထအံ့''ဟု နှလုံးသွင်းလျက် ကျိန်းစက်ခြင်းကို ပြုရန် ညွှန်ကြားသွားတော်မူပေသည်။

ထိုတွင် ဤ၌ ဆွေးနွေးလိုသော အချက်မှာ အမှတ် (၆)ဖြစ်သည့် ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ပွားများထားသည့် ဉာဏ်အရောင်အလင်းအကြောင်း ဖြစ်ပါသည်။

''ချစ်သား မောဂ္ဂလ္လာန် ...ဤသို့ နေရာမှထပြီးလျှင် ရေဖြင့် မျက်စိတို့ကို ပွတ်သပ်၍ အရပ်မျက်နှာတို့နှင့် နက္ခတ်တာရာတို့ကို ကြည့်သော သင့်အား ထိုမိဒ္ဓတရားသည် အကယ်၍ မကင်းပျောက်ခဲ့မူ ချစ်သား မောဂ္ဂလ္လာန်...

ထိုသို့ မကင်းပျောက်နိုင်ခြင်းကြောင့် သင်ချစ်သားသည် မိဒ္ဓတရားကို ပယ်ဖျောက်ကြောင်းဖြစ်သော အာလောကသညာ = အလင်းရောင်ဟူသော အမှတ်သညာကို (ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ရှေးရှုဆောင်ယူအပ်သော အာလောက သညာကို) နှလုံးသွင်းလေလော့၊ နေ့ဟူသော အမှတ်သညာကို ဆောက်တည်လေလော့ (အဓိဋ္ဌာန်လေလော့)။ နေ့အခါ၌ အာလောကသညာ = အလင်းရောင်ဟူသော အမှတ်သညာကို ဆောက်တည်ထားသကဲ့သို့ (အဓိဋ္ဌာန်ပြုထားသကဲ့သို့) ထို့အတူ ညဉ့်အခါ၌လည်း အာလောကသညာ = အလင်းရောင်ဟူသော အမှတ်သညာကို ဆောက်တည်လေလော့ (အဓိဋ္ဌာန်လေလော့)။ သင်ချစ်သားသည် ညဉ့်အခါ၌လည်း အာလောကသညာ = အလင်းရောင်ဟူသောအမှတ်သညာကို ဆောက်တည်ထားသကဲ့သို့ (အဓိဋ္ဌာန်ထားသကဲ့သို့) ထို့အတူ နေ့အခါ၌လည်း ယင်းအာလောကသညာ = အလင်းရောင် ဟူသော အမှတ်သညာကို ဆောက်တည်လေလော့ (အဓိဋ္ဌာန်လေလော့)။ ဤသို့ မိဒ္ဓကင်းစင်၍ ထက်ဝန်းကျင် မြှေးယှက်ခြင်းမရှိသော စိတ်ဖြင့် ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ရှေးရှုဆောင်ယူအပ်သော ဉာဏ်အရောင်အလင်းနှင့် တကွဖြစ်သော စိတ်ကို ပွားများလေလော့။ ဤသို့ ပွားများ၍နေသော သင်ချစ်သား၏ သန္တာန်၌ မိဒ္ဓတရား၏ ကင်းပျောက်ကြောင်းသည် ရှိသည်သာလျှင်တည်း။[၂၅၃, ၂၅၄]

ဆိုလိုရင်းမှာ ဤသို့ဖြစ်၏ – ထိုအမှတ် (၆) ညွှန်ကြားချက်၌ သပ္ပဘာသံ စိတ္တံ = အရောင်အလင်းနှင့် တကွဖြစ်သော စိတ်ကို ပွားများရန် ဘုရားရှင်က ညွှန်ကြားထားတော်မူ၏၊ အဋ္ဌကထာ ဋီကာများကလည်း ယင်းစိတ်ကို ''ဒိဗ္ဗစက္ခုအဘိညာဏ်အလို့ငှာ ရှေးရှုဆောင်ယူအပ်သော ဉာဏ်အရောင်အလင်းနှင့် တကွဖြစ်သော စိတ်''ဟု ရှင်းပြ ထားတော်မူကြ၏၊ ထိနမိဒ္ဓကို ပယ်ဖျောက်ကြောင်း အလင်းရောင်လည်း ဖြစ်၏၊ ယင်းအလင်းရောင်မှာ အာလောက ကသိုဏ်းကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းလည်း ရှိ၏၊ ကြွင်းသော ကသိုဏ်းတို့ကို ပွားများခြင်းကြောင့် အထူးသဖြင့် တေဇောကသိုဏ်းနှင့် ဩဒါတကသိုဏ်းတို့ကို ပွားများခြင်းကြောင့် ဖြစ်ပေါ်လာသော အရောင် အလင်းလည်း ရှိ၏၊ ယင်း အာလောကကသိုဏ်း, တေဇောကသိုဏ်း, ဩဒါတကသိုဏ်းတို့ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းမှာ ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိဖို့ရန်အတွက် အခြေခံအကြောင်းရင်း အရောင်အလင်းပင် ဖြစ်သည်၊၊[၂၅၅]

ယင်းအရောင်အလင်းများကို နေ့နှင့် ည တူညီနေအောင် တစ်နေ့လုံး တစ်ညလုံး လင်းနေအောင် အဓိဋ္ဌာန်ပြုရန် ဘုရားရှင်က ညွှန်ကြားနေတော်မူခြင်း ဖြစ်၏၊ ဤအရာ၌ အင်္ဂုတ္တရဋီကာ[၂၅၄]က ဉာဏ်အရောင်အလင်း (၄)မျိုး ရှိကြောင်းကို ဖွင့်ဆိုထားတော်မူ၏၊

ဉာဏ်ရောင် (၄) မျိုး

၁။ ထိနမိဒ္ဓဝိနောဒနအာလောက = ထိနမိဒ္ဓကို ပယ်ဖျောက်တတ်သော, ဒိဗ္ဗစက္ခုအဘိညာဏ် အလို့ငှာ ပွားများ ထားအပ်သော, အထူးသဖြင့် .. အာလောကကသိုဏ်းကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၊ ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၊
၂။ ကသိဏာလောက = ကောင်းစွာ ပွားများထားအပ်သော အာလောကကသိုဏ်း၏ အရောင်အလင်းကဲ့သို့ ကောင်းစွာ ပွားများထားအပ်သော ကသိုဏ်းဘာဝနာကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၊
၃။ ပရိကမ္မာလောက = ပရိကမ္မဘာဝနာကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၊
၄။ ဥပက္ကိလေသာလောက = ဝိပဿနာဉာဏ်၏ ညစ်ညူးကြောင်း ဥပက္ကိလေသ အရောင်အလင်း ––

ဤသို့လျှင် ဉာဏ်ရောင် လေးမျိုး ရှိ၏၊ ဤလေးမျိုးလုံးသည် ဉာဏ်ကြောင့်သာလျှင် ဖြစ်ပေါ်လာသော အရောင်အလင်းများတည်း။ ယင်းကဲ့သို့သော အရောင်အလင်းကို ဖြစ်စေတတ်သောဉာဏ်နှင့် အတူယှဉ်တွဲလျက် ဖြစ်သော စိတ်ကို ''သပ္ပဘာသံ စိတ္တံ = အရောင်အလင်းနှင့်တကွ ဖြစ်သော စိတ်''ဟု ဘုရားရှင်က ဟောကြားထားတော် မူ၏၊ အထက်ပါ ပစလာယမာနသုတ္တန်တွင်ကား အာလောကကသိုဏ်းဘာဝနာဉာဏ် ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်တို့နှင့် ယှဉ်သောစိတ်ကို အထူးရည်ညွှန်းထားတော်မူ၏၊ ယင်းအရောင်အလင်းနှင့် တကွဖြစ်သော စိတ်ကို ပွားများရန် ဘုရားရှင်က ညွှန်ကြားထားတော်မူ၏၊

တစ်ဖန် အထက်ပါ ဉာဏ်ရောင်လေးမျိုးတို့တွင် ပရိကမ္မာလောက = ပရိကမ္မဘာဝနာကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းမှာ –

၁။ ဥပစာရသမာဓိ အပ္ပနာသမာဓိတို့၏ ရှေးအဖို့၌ဖြစ်သော ပရိကမ္မ၊
၂။ အဘိညာဏ်၏ ရှေးအဖို့၌ဖြစ်သော ပရိကမ္မ၊
၃။ အရိယမဂ်၏ ရှေးအဖို့၌ဖြစ်သော ပရိကမ္မ – ဤသို့လျှင် ပရိကမ္မ သုံးမျိုးရှိ၏၊

သမထပိုင်းတွင် ပရိကမ္မသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိ = ပရိကမ္မဘာဝနာ ဥပစာရဘာဝနာ အပ္ပနာဘာဝနာဟု သမာဓိသုံးမျိုး ဘာဝနာသုံးမျိုး ရှိ၏၊ ယင်းပရိကမ္မသမာဓိကိုပင် ခဏိကသမာဓိဟူ၍ ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ[၂၅၆]တွင် ခေါ်ဝေါ်သုံးစွဲထား၏၊ ယင်းခဏိကသမာဓိမှာ ဥပစာရသမာဓိနှင့် နီးကပ်လျက်ရှိသော အဆင့် မြင့်မားသော သမာဓိ ဖြစ်၏၊ ပရိကမ္မဘာဝနာကြောင့် ဖြစ်ပေါ်လာရသော ခဏိကသမာဓိတည်း။ ယင်းပရိကမ္မ ဘာဝနာ ပရိကမ္မသမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့်လည်း အရောင်အလင်းများသည် ထွက်ပေါ်လျက်ပင် ရှိ၏၊ ပရိကမ္မာလောကဟု ခေါ်ဆို၏၊

တစ်ဖန် ဒိဗ္ဗစက္ခုအဘိညာဏ်၏ အခြေခံအကြောင်းရင်းဖြစ်သော ပရိကမ္မဘာဝနာဉာဏ်ကြောင့်လည်း အရောင်အလင်းများသည် ထွက်ပေါ်လျက်ပင် ရှိ၏၊ ပရိကမ္မာလောကဟုပင် ခေါ်ဆို၏၊ ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်ကို အလိုရှိသော သူတော်ကောင်းသည် ကသိုဏ်းလျှင် အာရုံရှိသော အဘိညာဏ်၏ အခြေခံ အကြောင်းရင်းဖြစ်သော ပါဒကစျာန်ကို ခပ်သိမ်းသော အခြင်းအရာအားဖြင့် (တစ်ဆယ့်လေးမျိုးသော အခြင်းအရာအားဖြင့်) ဒိဗ္ဗစက္ခု အဘိညာဏ်ဉာဏ်သို့ ဘာဝနာစိတ်ကို ရှေးရှုဆောင်ယူ၍ ရနိုင်လောက်အောင် ပွားထားရ၏၊ တေဇောကသိုဏ်း ဩဒါတကသိုဏ်း အာလောကကသိုဏ်း သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော ကသိုဏ်းကို ဒိဗ္ဗစက္ခုဉာဏ် ဖြစ်ခြင်း၏ နီးကပ်သော အကြောင်းတရားဖြစ်အောင် ပြုအပ်၏၊ (ဤကသိုဏ်း သုံးမျိုးတို့တွင်လည်း အာလောကကသိုဏ်းကား ဒိဗ္ဗစက္ခုအဘိညာဏ်အတွက် အသာဆုံး အမြတ်ဆုံး ဖြစ်၏၊) ဥပစာရစျာန်၏ အာရုံဖြစ်အောင် ပြုလုပ်၍ ကသိုဏ်း ဝန်းကို တိုးပွားစေ၍ ထားအပ်၏၊ ထိုသို့ တိုးပွားအောင် ပြုလုပ်ထားသော ဖြန့်ကြက်ထားသော ကသိုဏ်းအာရုံ၌ ပထမစျာန်သမာဓိ ဒုတိယစျာန်သမာဓိ တတိယစျာန်သမာဓိတို့ကို ထူထောင်ပြီးနောက် စတုတ္ထစျာန်၏ ဥပစာရသမာဓိ နယ်မြေသို့ ဆိုက်သည့်တိုင်အောင် သမာဓိကို ဆက်လက်ထူထောင်ထားပါ။ စတုတ္ထစျာန်၏ အစွမ်းအားဖြင့် အပ္ပနာကို မဖြစ်စေအပ်။ စတုတ္ထစျာန်သို့ ဆိုက်အောင် မပွားများထားရ။ မှန်ပေသည် - ယင်းကသိုဏ်းအာရုံ၌ စတုတ္ထစျာန်၏ ဥပစာရစျာန်သို့ဆိုက်အောင် ပရိကံကို မပြုထားသော ပုဂ္ဂိုလ်၏ သန္တာန်၌ အဘိညာဏ်၏ အစွမ်းဖြင့် စတုတ္ထ အပ္ပနာစျာန်သည် မပြီးစီး မပြည့်စုံနိုင်။ အကယ်၍ ယင်းကသိုဏ်းအာရုံ၌ စတုတ္ထစျာန်၏အစွမ်းဖြင့် အပ္ပနာကို ဖြစ်စေသည် ဖြစ်အံ့၊ စတုတ္ထစျာန်သို့ဆိုက်အောင် ပွားများထားသည်ဖြစ်အံ့၊ ထိုကသိုဏ်းအာရုံသည် အဘိညာဏ်ဉာဏ်၏ အခြေခံအကြောင်းရင်းဖြစ်သော ပါဒကစျာန်၏ မှီရာအာရုံသာ ဖြစ်နိုင်၏၊ အဘိညာဏ်ဉာဏ်သို့ ရောက်ကြောင်း ပရိကံ၏ မှီရာ အာရုံ မဖြစ်နိုင်။ ဤကား အပြစ်တည်း။[၂၅၇]

ထို့ကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာလောကကသိုဏ်းကိုလည်းကောင်း, တေဇောကသိုဏ်း ဩဒါတကသိုဏ်းတို့တွင် တစ်မျိုးမျိုးသော ကသိုဏ်းကိုလည်းကောင်း အဘိညာဏ်၏အခြေခံ စတုတ္ထစျာန်သမာဓိ၏ ဥပစာရနယ်မြေဟူသော ဒိဗ္ဗစက္ခုအဘိညာဏ်၏ ဥပစာရသမာဓိသို့ ဆိုက်အောင် ပွားများလျက် ယင်းကသိုဏ်း ပဋိဘာဂနိမိတ်ကို အလိုရှိသလောက် ဖြန့်ကြက်ထားပါ။[၂၅၈]

စတုတ္ထစျာန်၏ ဥပစာရသမာဓိကား (= ဥပစာရစျာန်ကား) ဤအရာ၌ အလွန်ကြည်လင်တောက်ပနေသော ကသိုဏ်းပဋိဘာဂနိမိတ်ကို အာရုံပြု၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းဥပစာရဘုံ၌ ရပ်တည်၍ ကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို တိုးပွားအောင် ပြုလုပ်ရ၏၊ အထူးသဖြင့် အာလောကကသိုဏ်း ပဋိဘာဂနိမိတ်ကို တိုးပွားအောင် ပြုလုပ်ရ၏၊ ယင်းသို့ တိုးပွားအောင် ပြုလုပ်ထားသော ကသိုဏ်းဝန်းပြန့်နှံ့ရာအရပ်၏ အတွင်း၌သာလျှင် တည်ရှိသော ရူပါရုံကို ရှုကြည့်အပ်၏၊ ကသိုဏ်းဝန်းလင်းရောင်ခြည်ကို ဖြန့်ကြက်ထားရာ အရပ်၏ ပြင်ပ၌ တည်ရှိသော ရူပါရုံကို ရှုကြည့်သော ထိုယောဂါဝစရပုဂ္ဂိုလ်အား ပရိကံ၏ ဝါရသည် ကျော်လွန်သွား၏၊ ဤကား အပြစ်တည်း။ ဤ၌ ပရိကံမည်သည် အာလောကကသိုဏ်း သို့မဟုတ် တေဇောကသိုဏ်း သို့မဟုတ် ဩဒါတကသိုဏ်းပဋိဘာဂနိမိတ်လျှင် တည်ရာအာရုံရှိသော စတုတ္ထစျာန်၏ ဥပစာရသမာဓိ (= ဥပစာရစျာန်)တည်း။ ထိုဥပစာရစျာန် ဥပစာရသမာဓိ သည်လည်း ထိုကသိုဏ်းလင်းရောင်ခြည်၏ ပြင်ပ၌ တည်ရှိသော ရူပါရုံကို ကြည့်ရှုသော ပုဂ္ဂိုလ်၏ သန္တာန်၌ မဖြစ်နိုင်။ ဗဟိဒ္ဓအာရုံအမျိုးမျိုးသို့ စိတ်ပျံ့လွင့်သွားသောကြောင့်တည်း။ ယောဂါဝစရပုဂ္ဂိုလ်သည် ကသိုဏ်းလင်းရောင်ခြည် စွမ်းအင်ကြောင့်သာလျှင် ရူပါရုံအမျိုးမျိုးကို ရှုမြင်ရခြင်း ဖြစ်၏၊ ကသိုဏ်းလင်းရောင်ခြည် (= ကသိဏာလောက) ဟူသည်မှာလည်း အဘိညာဏ်၏ အခြေခံ ပရိကံကြောင့်သာလျှင် (= ကသိုဏ်းလင်းရောင်ခြည်လျှင် တည်ရာအာရုံ ရှိသော စတုတ္ထစျာန်၏ ဥပစာရသမာဓိတည်းဟူသော ပရိကံကြောင့်သာလျှင်) ဖြစ်ပေါ်လာရ၏၊ ထို့ကြောင့် ကသိဏာလောကနှင့် ဥပစာရစျာန် နှစ်ပါးစုံသည်လည်း ပရိကံ၏ မဖြစ်ခြင်းကြောင့် (= ပရိကံဝါရကို ကျော်လွှား သွားခြင်းကြောင့်) မဖြစ်နိုင်တော့ပေ။ ထိုသို့ ပရိကံ၏ဝါရကို ကျော်လွန်သွားခြင်းကြောင့် အာလောက (= လင်းရောင်ခြည်) သည်လည်း ကွယ်ပျောက်သွား၏၊ ထိုအာလောက (= အလင်းရောင်)သည် ကွယ်ပျောက်သွားခဲ့သည်ရှိသော် ရူပါရုံ အမျိုးမျိုးသည်လည်း မထင် ဖြစ်လာတော့၏၊ အာလောက (= လင်းရောင်ခြည်)၏ ပြင်ပ၌ တည်ရှိသော ရူပါရုံကို ကြည့်ရှုသော ယောဂါဝစရပုဂ္ဂိုလ်အား ပရိကံ၏ဝါရသည် ကျော်လွန်သွား၏၊ ပရိကံ၏ဝါရကို ကျော်လွန်သွားသော ပုဂ္ဂိုလ်၏သန္တာန်၌ ကသိုဏ်းပဋိဘာဂနိမိတ်လျှင် အာရုံရှိသော ဉာဏ်သည် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ရူပါရုံ အမျိုးမျိုးသည် မထင်လာခြင်းဖြစ်၏၊ (ကသိုဏ်းပဋိဘာဂနိမိတ်လျှင် တည်ရာအာရုံရှိသော ဉာဏ်မဖြစ်သောကြောင့် ဉာဏ်ကြောင့်ဖြစ်သော လင်းရောင်ခြည်လည်း ကွယ်သွား၏၊ လင်းရောင်ခြည် မရှိသဖြင့် ရူပါရုံအမျိုးမျိုးကို မတွေ့မြင်ရခြင်း ဖြစ်သည်။)[၂၅၉]

ထိုသို့ မထင်လတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်သည် အဖန်ဖန် အထပ်ထပ် အဘိညာဏ်ဉာဏ်၏ အခြေခံ အကြောင်းရင်းဖြစ်သော စတုတ္ထစျာန်ဟူသော ပါဒကစျာန်ကိုသာလျှင် ဝင်စားပါ။ ဝင်စားပြီးနောက် ထိုပါဒကစျာန်မှ ထ၍ အာလောက (= အလင်းရောင်)ကို ဖြန့်ကြက်ပါ။[၂၆၀] (အာလောကကသိုဏ်းဝန်းကို ဖြန့်ကြက်ပါက အာလောက = အလင်းရောင်ကို ဖြန့်ကြက်မှုလည်း တစ်ပါတည်း ပြီးစီးသွား၏ဟု မှတ်ပါ။ တေဇောကသိုဏ်း ဩဒါတကသိုဏ်း တို့၌လည်း နည်းတူပင်တည်း။)

အကြင်မျှလောက်သော အရပ်သို့တိုင်အောင် ပိုင်းခြား၍ ကသိုဏ်းဝန်းကို တိုးပွားအောင် ပြုလုပ်ထား၏၊ ဖြန့်ကြက်ထား၏၊ ထိုမျှလောက် ပိုင်းခြားထားသမျှ အရပ်သို့တိုင်အောင် စွမ်းအင် ပြည့်ပြည့်ဝဝဖြင့် ဖြစ်ပေါ်လာသော အာလောက (= လင်းရောင်ခြည်)သည် တည်နေပေ၏၊[၂၆၁]

ဤသို့သောနည်းဖြင့် အစဉ်အတိုင်း ကျင့်ခဲ့သော် အာလောက (= လင်းရောင်ခြည်)သည် စွမ်းအင်ပြည့်ဝလာ၏၊ မြဲမြံခြင်းသို့ ရောက်ရှိလာ၏၊ ကာလမြင့်ရှည် တည်လာ၏၊ ဤ၌ အစဉ်အတိုင်း ကျင့်ခြင်းဟူသည် ဤသို့တည်း။ အဘိညာဏ်ဉာဏ်၏ အခြေခံအကြောင်းရင်းဖြစ်သော ပါဒကစျာန်ကို အဖန်ဖန် အထပ်ထပ် ဝင်စား၍ ထိုထို ပါဒကစျာန်မှ ထ၍ အမြဲမပြတ် အာလောက (= လင်းရောင်ခြည်)ကို ပြန့်အောင် ဖြန့်ကြက်သည်၏ အစွမ်းဖြင့် အာလောက (= လင်းရောင်ခြည်)သည် စွမ်းအင်ပြည့်ဝလာ၏၊ မြဲမြံခြင်းသို့ ရောက်ရှိလာ၏၊ ကာလမြင့်ရှည် တည်လာ၏၊ ထိုအခါဝယ် ..

''ဤမျှသောအရပ်၌ အာလောက (= အလင်းရောင်)သည် ဖြစ်စေသော်'' .... ဤသို့လျှင် အကြင်မျှလောက်သော အရပ်ကို ပိုင်းခြားထား၏၊ ပိုင်းခြားလျက် အဓိဋ္ဌာန်ပြုထား၏၊ ထိုပိုင်းခြား ထားသောအရပ်၌ (= ပိုင်းခြားလျက် အဓိဋ္ဌာန်ပြုထားသော အရပ်၌) အာလောက (= အလင်းရောင်)သည် တည်ရှိနေသည်သာလျှင်ကတည်း။ တစ်နေ့ပတ်လုံးသော်လည်း ထိုင်နေ၍ ကြည့်ရှုနေသော ဒိဗ္ဗစက္ခုအဘိညာဏ်ရ ပုဂ္ဂိုလ်အား ရူပါရုံအမျိုးမျိုးကို မြင်ခြင်းသည် ဖြစ်ပေါ်နေသည်သာလျှင်ကတည်း။[၂၆၂]

ဤသို့သောနည်းဖြင့် အစဉ်အတိုင်းကျင့်ခဲ့သော်ဟူသည် ဤသို့တည်း။ ယောဂါဝစရပုဂ္ဂိုလ်သည် အဘိညာဏ် ဉာဏ်၏ အခြေခံအကြောင်းရင်းဖြစ်သော ပါဒကစျာန်ကို အဖန်ဖန် အထပ်ထပ် ဝင်စား၍ [ပထဝီမှသည် ဩဒါတ ကသိုဏ်းသို့တိုင်အောင်သော ကသိုဏ်း (၈)ပါးတို့တွင် ကသိုဏ်း တစ်ပါးတစ်ပါး၌ သမာပတ် (၈)ပါးစီ ပေါက်အောင် တစ်ဆယ့်လေးမျိုးသော အခြင်းအရာအားဖြင့် အဖန်ဖန် အထပ်ထပ် စျာန်ကို ဝင်စား၍ တစ်ဖန် အထူးသဖြင့် အာလောကကသိုဏ်းလျှင်အာရုံရှိသော စတုတ္ထစျာန်ကို အဖန်ဖန် အထပ်ထပ်ဝင်စား၍] အဘိညာဏ်၏ အခြေခံ အကြောင်းရင်းဖြစ်သော ထိုထိုပါဒကစျာန်မှ ထ၍ အမြဲမပြတ် အာလောက (= အလင်းရောင်)ကို ပြန့်အောင် ဖြန့်ကြက်သည်၏ အစွမ်းဖြင့် အာလောက (= အလင်းရောင်)သည် စွမ်းအင် ပြည့်ဝလာ၏၊ မြဲမြံ ခိုင်ခံ့လာ၏၊ မြင့်ရှည်စွာ တည်တံ့လာ၏၊ ယင်းသို့ တည်တံ့နေသော အလင်းရောင်ကို အာရုံယူကာ တစ်ဖန် စတုတ္ထစျာန်၏ ဥပစာရသမာဓိသို့ ဆိုက်အောင် လျင်လျင်မြန်မြန် သမာဓိကို ထူထောင်ထားပါ။ ထိုအခါ အလင်းရောင်မှာ တည်တံ့ရုံတွင်မက ပိုမို၍ တောက်ပလာမည်ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်သော်တမူကား ထိုအာလောက (= အလင်းရောင်) ပျံ့နှံ့ရာအရပ်၌ တည်ရှိနေသော ရူပါရုံကို ကြာမြင့်စွာသော်လည်း ယောဂါဝစရပုဂ္ဂိုလ်သည် တွေ့မြင်နေရသည်သာလျှင် ဖြစ်၏၊ ထို့ကြောင့် အထက်ပါ စကားရပ်ကို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏၊[၂၆၃] ဖြစ်ပေါ်လာအောင် ပြုပြင်ပေးတတ်သောကြောင့် ပရိကမ္မ = ပရိကံဟူ၍လည်း ခေါ်ဆိုသင့်ကြောင်း ဖွင့်ဆိုထား၏၊ ယင်းပရိကံအမည်ရသော ဝိပဿနာဉာဏ်ကြောင့်လည်း လင်းရောင်ခြည်များသည် ဖြစ်ပေါ်လာကြသည်သာ ဖြစ်၏၊ အကြောင်းမူ .. အဓိစိတ္တ အမည်ရသော လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် လင်းရောင်ခြည်ကို ဖြစ်စေနိုင်သော စွမ်းအား ရှိသောကြောင့်တည်း။ အဋ္ဌကထာကြီးများက အဓိစိတ္တသုတ္တန်ဟူ၍ ခေါ်ဝေါ်သုံးစွဲထားသော အောက်ပါ နိမိတ္တသုတ္တန်ကောက်နုတ်ချက်ကို ဖတ်ရှုကြည့်ပါ ..။

ဤ အာလောက (= အရောင်အလင်း)ကား အဘိညာဏ်ဉာဏ်၏ ရှေးအဖို့၌ဖြစ်သော ပရိကမ္မာလောကတည်း။

တစ်ဖန် .. အရိယမဂ်၏ ရှေးအဖို့၌ဖြစ်သော ပရိကမ္မာလောကလည်း ရှိသေး၏၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ အနုလောမဉာဏကထာ[၂၆၄]တွင် အရိယမဂ်၏ ရှေးအဖို့၌ဖြစ်သော မဂ္ဂဝီထိ၌ အကျုံးဝင်သော ပရိကံ-ဥပစာ-အနုလုံ အမည်ရသော ကာမာဝစရဇော သုံးမျိုးကိုလည်း အရိယမဂ်ဉာဏ်၏ ပရိကံအရာ၌ တည်သောကြောင့်, အရိယမဂ်ဉာဏ် ဖြစ်ပေါ်လာအောင် ပြုပြင်ပေးတတ်သောကြောင့် ပရိကမ္မ = ပရိကံဟူ၍လည်း ခေါ်ဆိုသင့်ကြောင်း ဖွင့်ဆိုထား၏။ ယင်းပရိကံအမည်ရသော ဝိပဿနာဉာဏ်ကြောင့်လည်း လင်းရောင်ခြည်များသည် ဖြစ်ပေါ်လာကြသည်သာ ဖြစ်၏။ အကြောင်းမူ .. အဓိစိတ္တ အမည်ရသော လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် လင်းရောင်ခြည်ကို ဖြစ်စေနိုင်သော စွမ်းအား ရှိသောကြောင့်တည်း။ အဋ္ဌကထာကြီးများက အဓိစိတ္တသုတ္တန်ဟူ၍ ခေါ်ဝေါ်သုံးစွဲထားသော အောက်ပါ နိမိတ္တသုတ္တန်ကောက်နုတ်ချက်ကို ဖတ်ရှုကြည့်ပါ ..။

နိမိတ္တသုတ္တန် ကောက်နုတ်ချက်

''ရဟန်းတို့ ...အကြင်အခါ၌ကား အဓိစိတ္တ အမည်ရသော လွန်မြတ်သော သမထဘာဝနာစိတ် ဝိပဿနာ ဘာဝနာစိတ်ကို ပွားများအားထုတ်သော ယောဂါဝစရရဟန်းသည် ရံဖန်ရံခါ သမာဓိဖြစ်ကြောင်းနိမိတ်ကို = သမာဓိဖြစ်ကြောင်းတရားကို နှလုံးသွင်း၏၊ ရံဖန်ရံခါ ဝီရိယဖြစ်ကြောင်း နိမိတ်ကို = ဝီရိယဖြစ်ကြောင်းတရားကို နှလုံးသွင်း၏၊ ရံဖန်ရံခါ ဥပေက္ခာဖြစ်ကြောင်း နိမိတ်ကို = ဥပေက္ခာဖြစ်ကြောင်းတရားကို နှလုံးသွင်း၏၊ ထိုသို့ နှလုံးသွင်းသော ထိုရဟန်း၏စိတ်သည် ပျော့ပျောင်းနူးညံ့မှုလည်း ဖြစ်လာ၏၊ ထိုထို သမထဘာဝနာမှု ဝိပဿနာ ဘာဝနာမှု၌ သင့်လျော်မှု ခံ့ညားမှုလည်း ဖြစ်လာ၏၊ အရောင် ပြိုးပြိုးပြက်ပြက် တလက်လက် ထွက်ခြင်းသည်လည်း ဖြစ်လာ၏၊ ပျက်စီးခြင်းသဘောလည်း မရှိ၊ အာသဝေါတရားတို့ကုန်ရန် ကောင်းစွာ တည်ကြည်နေပေ၏၊''[၂၆၅]

အဋ္ဌကထာကြီးများ၌ ပရိသုဒ္ဓ-ပရိယောဒါတ-ပဘဿရ ဟူသော စကားလုံးများကို လှည့်လည်၍ ပရိယာယ်တူ အဓိပ္ပါယ်တူ ဖွင့်ဆိုထားတော်မူကြ၏၊ ပြည်ဆရာတော်ဘုရားကြီးကလည်း မိမိ၏ ဝိသုဒ္ဓိမဂ်နိဿယ[၂၆၆]တွင် ''ပဘဿရေ = ပြိုးပြိုးပြက် အရောင်ရှိလတ်သော်''ဟု ပဘဿရ-စကားလုံးကို ဘာသာပြန်ဆိုထားတော်မူ၏၊

ဤကား အဆင့်မြင့်မားနေသော သမထဘာဝနာစိတ်နှင့် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော အရောင်အလင်းများ ထွက်ပေါ်လာနိုင်ကြောင်း ပါဠိတော် အဋ္ဌကထာ ဋီကာ အဆို အမိန့်တို့ ဖြစ်ကြ၏၊ ''သဗ္ဗောယံ အာလောကော ဉာဏသမုဋ္ဌာနောဝ = ဤအရောင်အားလုံးသည် ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းသာ ဖြစ်၏'' –– ဟူသော ဋီကာ[၂၅၄]အဖွင့်နှင့် အညီ အားလုံး ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဉာဏ်ရောင်များသာ ဖြစ်ကြ၏၊

ဉာဏ်ရောင်ဟူသည်မှာ

ဉာဏ်အရောင်အလင်းဟူသည်မှာ မည်ကဲ့သို့သော အရာပါနည်းဟု ဆန်းစစ်ရန် ရှိလာပြန်၏၊ ဤမေးခွန်း၏ အဖြေကို ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ ဒုတိယတွဲ၊ ဥဒယဗ္ဗယဉာဏ်ခန်း၊ ဥပက္ကိလေသအပိုင်းတွင် ရှင်းပြထား၏၊ ထိုရှင်းလင်း ချက်များမှာ ဥဒယဗ္ဗယဉာဏ်ကြောင့် ထွက်ပေါ်လာသော အရောင်အလင်းကို ရှင်းလင်းတင်ပြထားသော စကားရပ်များ ဖြစ်ကြ၏၊ ယင်းစကားရပ်များကို ဋီကာဆရာတော်သည် လက္ခဏာဟာရနေတ္တိနည်းအားဖြင့် ဖွင့်ဆိုရေးသားသွားတော် မူသည်ဟု မှတ်ပါ။ ဉာဏ်ကြောင့် ဖြစ်ပေါ်သွားသော အရောင်အလင်းချင်း တူညီ၍ ဥပက္ကိလေသာလောက၌ ထိနမိဒ္ဓဝိနောဒနအာလောက ကသိဏာလောက ပရိကမ္မာလောကတို့ကို စုပေါင်း၍ လက္ခဏာဟာရနေတ္တိနည်း-အရ ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏၊ ယင်းအရောင်အလင်း လေးမျိုးလုံးသည် ဉာဏ်ကြောင့်သာ ဖြစ်ပေါ်လာသော အရောင်အလင်းများ ဖြစ်သောကြောင့်တည်း။ အဆင့်မြင့်မားနေသော သမထဘာဝနာစိတ်နှင့် ဝိပဿနာဘာဝနာစိတ် အားလုံးတို့ကြောင့် ပဘဿရ = ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော လင်းရောင်ခြည်များ ထွက်ပေါ် လာကြောင်း ဘုရားဟောဒေသနာကိုလည်း သတိပြုပါ။ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ၏ ရှင်းလင်းချက်မှာ ဤသို့ ဖြစ်၏၊

ဝိပဿနောဘာသ = ဝိပဿနာဉာဏ်အရောင်အလင်းဟူသည် –
၁။ ဝိပဿနာစိတ်ကြောင့်ဖြစ်သော စိတ္တဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်တည်ရှိသော, အလွန်တောက်ပသော
ဝဏ္ဏဓာတ် (= ရူပါရုံ) ၏ အရောင်အလင်းနှင့် –
၂။ မိမိသန္တာန်၌ ကျရောက်လျက်ရှိသော (ယင်း စိတ္တဇရုပ်ကလာပ်တို့၌ တည်ရှိသော တေဇောဓာတ်) ဥတုကြောင့် ဖြစ်သော ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော, အလွန်တောက်ပသော ဝဏ္ဏဓာတ် (= ရူပါရုံ) ၏ အရောင်အလင်းတည်း။[၂၆၇]

ရှင်းလင်းချက် – နှလုံးအိမ်အတွင်း၌ တည်ရှိသော ဟဒယဝတ္ထုရုပ်ကို မှီ၍ဖြစ်နေသော စိတ်တိုင်းစိတ်တိုင်းသည် မိမိ၏ဖြစ်ဆဲ ဥပါဒ်ကာလ၌ပင်လျှင် ဩဇာလျှင် ရှစ်ခုမြောက်ရှိသော စိတ္တဇဩဇဋ္ဌမကရုပ်တို့ကို တစ်နည်း ရုပ်ကလာပ် တို့ကို ဖြစ်စေနိုင်၏၊[၂၆၈] စိတ်တစ်လုံး တစ်လုံးသည် စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်၏၊ ဟဒယဝတ္ထုကို မှီ၍ဖြစ်နေသော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်းသည် ဖြစ်ဆဲ ဥပါဒ်ကာလ၌ပင်လျှင် ယင်းစိတ္တဇ ရုပ်များကို ဖြစ်စေနိုင်သည်ချည်းသာ ဖြစ်၏၊ ယင်း စိတ္တဇရုပ်ကလာပ် တစ်ခုတစ်ခုကို ဓာတ်ခွဲကြည့်ပါက ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာဟု ရုပ်သဘောတရား ရှစ်မျိုးစီ အသီးအသီးရှိ၏၊ စိတ်ကြောင့် ဖြစ်သောကြောင့် စိတ္တဇ၊ ဩဇာလျှင် ရှစ်ခုမြောက်ရှိသောကြောင့် ဩဇဋ္ဌမက၊ နှစ်ရပ်ပေါင်းသော် စိတ္တဇဩဇဋ္ဌမကရုပ်ဟု ခေါ်ဆို၏၊ ယင်းရုပ် ရှစ်မျိုးတို့တွင် ပါဝင်သော ဝဏ္ဏဓာတ်ဟုခေါ်ဆိုသော ရူပါရုံမှာ (သမထဘာဝနာစိတ်) ဝိပဿနာ ဘာဝနာစိတ်ကြောင့်ဖြစ်သော ရုပ်ကလာပ်အတွင်း၌ တည်ရှိသော ရူပါရုံဖြစ်ခဲ့လျှင် ဘာသုရရူပ = အလွန်တောက်ပသော ရူပါရုံ ဖြစ်၏၊

ယင်းဘာသုရရူပ (= တောက်ပသော ရူပါရုံ)မှာ စိတ္တဇရုပ်ကလာပ်တိုင်းတွင် ပါဝင်သဖြင့် စိတ္တဇရုပ်ကလာပ် အရေအတွက် များလျှင်များသလို တောက်ပသော ရူပါရုံအရေအတွက်မှာလည်း များသည်သာ ဖြစ်၏၊ ယင်း ရူပါရုံတို့၏ တောက်ပမှုမှာလည်း ဉာဏ်၏အာနုဘော်အားလျော်စွာသာလျှင် တောက်ပ၏၊ ဉာဏ်၏အာနုဘော်က ကြီးမားလျှင် ကြီးမားသလို တောက်ပ၍ ဉာဏ်၏အာနုဘော်က သေးလျှင်သေးသလို လျော့၍ တောက်ပ၏၊ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌ ထိုထို သမထအာရုံ ဝိပဿနာအာရုံတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော (သမထ ဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့နှင့် အတူယှဉ်တွဲဖြစ်ကြသော နာမ်တရားစုတို့မှာ ယေဘုယျအားဖြင့် (၃၄)လုံးခန့် ရှိ၏၊

၁။ ပထမစျာန်၌ စျာန်နာမ်တရား (၃၄)
၂။ ဒုတိယစျာန်၌ စျာန်နာမ်တရား (၃၂)
၃။ တတိယစျာန်၌ စျာန်နာမ်တရား (၃၁)
၄။ စတုတ္ထစျာန်၌ စျာန်နာမ်တရား (၃၁)
၅။ ကရုဏာစျာန်၌ ကရုဏာထပ်တိုးသဖြင့် စျာန်နာမ်တရား (၃၅/၃၃/၃၂)
၆။ မုဒိတာစျာန်၌ မုဒိတာထပ်တိုးသဖြင့် စျာန်နာမ်တရား (၃၅/၃၃/၃၂)
၇။ ဝိပဿနာစိတ်တို့၌ ဉာဏ်-ပီတိ ယှဉ်-မယှဉ်သို့လိုက်၍ နာမ်တရား (၃၄/၃၃/၃၃/၃၂) အသီးအသီး ရှိ၏၊ ယင်းနာမ်တရားစုတို့တွင် (ယေဘုယျအားဖြင့်) ပညိန္ဒြေစေတသိက်ဟု ခေါ်ဆိုသော ဉာဏ် (= ပညာ)လည်း ပါဝင်၏၊ ယင်းဉာဏ်၏ အာနုဘော်က ကြီးမားလျှင် ကြီးမားသလို ဉာဏ်၏ အာနုဘော်က သေးလျှင် သေးသလို ရူပါရုံမှာ တောက်ပသည် ဟူလိုသည်။

တစ်ဖန် ယင်း စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်တိုင်းတွင် တေဇောဓာတ်လည်း ပါဝင်လျက် ရှိ၏၊ ဥတုဟု ခေါ်ဆို၏၊ ယင်း တေဇောဓာတ် (= ဥတု)ကလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်များကို ဖြစ်စေပြန်၏၊ (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့က အာနုဘော်ကြီးလျှင် ကြီးသလို စိတ္တဇရုပ်ကလာပ်တစ်ခုတစ်ခု အတွင်း၌ တည်ရှိသော တစ်ခုသော တေဇောဓာတ် (= ဥတု)သည် မိမိ၏ ဌီကာလသို့ ရောက်ရှိခိုက်၌ ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်၏၊ ယင်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တိုင်းတွင် ပါဝင်သော ဝဏ္ဏခေါ် ရူပါရုံကလည်း ဘာသုရရူပ (= အလွန်တောက်ပသော ရူပါရုံ) ပင် ဖြစ်၏၊ ယင်းရူပါရုံ၏ တောက်ပမှုမှာလည်း ဉာဏ်၏ အာနုဘော်က ကြီးလျှင် ကြီးသလို သေးလျှင် သေးသလိုပင် တောက်ပ၏၊ ယင်းဥတုဇရုပ်တို့ကို ''သသန္တတိပတိတ ဥတုသမုဋ္ဌာန = မိမိ၏ ရုပ်သန္တတိအစဉ်၌ ကျရောက်လျက်ရှိသော ဥတုဇရုပ်များ ဥတုသမုဋ္ဌာန် ရုပ်များ''ဟု မဟာဋီကာဆရာတော်က ခေါ်ဝေါ်သုံးစွဲထားပေသည်။[၂၆၉]

တစ်ဖန် ထို (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်သော စိတ္တသမုဋ္ဌာန်ရုပ်, ထိုမှ ထပ်ဆင့် ဖြစ်ပွားလာသော ယင်းရုပ်ကလာပ်တို့၏ တေဇောဓာတ် ဥတုကြောင့်ဖြစ်သော ဥတုသမုဋ္ဌာန်ရုပ် ဤရုပ်နှစ်မျိုးတို့တွင် စိတ္တသမုဋ္ဌာန်-ဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် (= ရူပါရုံ) အရောင်အလင်းသည် ယောဂါဝစရ ပုဂ္ဂိုလ်၏ ရူပကာယကိုယ်အတွင်း၌သာလျှင် ပျံ့နှံ့၍ တည်၏ (ဗဟိဒ္ဓသို့ ပျံ့နှံ့၍ မထွက်)။ ဥတုသမုဋ္ဌာန်-ဩဇဋ္ဌမက ရုပ်ကလာပ်များတွင် ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် (= ရူပါရုံ) အရောင်အလင်းသည်ကား ခန္ဓာကိုယ်၏အတွင်း၌သာမက ခန္ဓာကိုယ်၏ ပြင်ပဖြစ်သည့် ဝန်းကျင်ပတ်ချာ အရပ် (၁၀)မျက်နှာသို့တိုင်အောင် သမထဘာဝနာစိတ် ဝိပဿနာ ဘာဝနာစိတ်တို့နှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်၏ အာနုဘော်ကကြီးလျှင် ကြီးသည့်အားလျော်စွာ အဝေးသို့တိုင်အောင် ပျံ့နှံ့၏၊ ဉာဏ်၏အာနုဘော်က သေးလျှင်လည်း သေးသည့်အားလျော်စွာ ဝန်းကျင်ပတ်ချာ အရပ် (၁၀)မျက်နှာ၌ ပျံ့နှံ့၏၊ ထိုအရောင်အလင်းသည်ကား ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌သာလျှင် ထင်ရှား၏၊ (ဘေးပတ်ဝန်းကျင်၌ တည်ရှိကြသော လူအပေါင်းတို့အဖို့ မထင်ရှား ဟူလိုသည်။) ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့၍ တည်နေသော ထိုအရောင် အလင်းနှင့် တွေ့ထိမိရာအရပ်၌ တည်ရှိသော ရူပါရုံအမျိုးမျိုးကိုလည်း ယောဂါဝစရပုဂ္ဂိုလ်သည် တွေ့မြင်နေပေ၏၊ ထိုသို့ တွေ့မြင်ရာဝယ် စက္ခုဝိညာဏ်ဖြင့်ပင် တွေ့မြင်လေသလော သို့မဟုတ် မနောဝိညာဏ်ဖြင့်ပင် တွေ့မြင်လေသလော ဟူသော အချက်ကို စူးစမ်းဆင်ခြင်သင့်သည်ဟု ဆရာမြတ်တို့က မိန့်ဆိုတော်မူကြကုန်၏၊ (မိမိ မဟာဋီကာဆရာ၏ အယူအဆမှာမူ) ဒိဗ္ဗစက္ခုအဘိညာဏ်ဉာဏ်ကို ရရှိတော်မူကြကုန်သော သူတော်ကောင်းတို့သည် ထိုရူပါရုံကို ဒိဗ္ဗစက္ခု အဘိညာဏ်ဟူသော မနောဝိညာဏ်စိတ်ဖြင့် တွေ့မြင်သကဲ့သို့ အလားတူပင် ဤအရာ၌လည်း ထိုရူပါရုံအပေါင်းကို (သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ဟူသော) မနောဝိညာဏ်ဖြင့်သာလျှင် သိမြင်ကြ၏ဟူသော စကားသည် သာလျှင် သင့်မြတ်သကဲ့သို့ ထင်ပေသည်။[၂၆၇]

ပါရမီ၏စွမ်းအင်နှင့် သမာဓိစွမ်းအင်

အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးတို့ကဲ့သို့ ပညာဉာဏ် ကြီးမားခြင်းအကြောင်း ပါရမီတရားကောင်းတို့ကို ဖြည့်ကျင့်ဆည်းပူးထားပြီးသော သူတော်ကောင်းကြီးတို့၏ ပညာဉာဏ်၏ အာနုဘော်မှာလည်း ကြီးမားတတ်၏၊ ပါရမီ အရှိန်အဝါက အထက်တန်းကျလျှင် ဉာဏ်၏အာနုဘော်မှာ ပိုမို ကြီးမားတတ်၏၊ ပါရမီအရှိန်အဝါက သေးသိမ် မှေးမှိန်လျှင် ဉာဏ်၏အာနုဘော်မှာလည်း သေးသိမ်မှေးမှိန်တတ်၏၊ ဉာဏ်အာနုဘော် ကြီးမားမှု မကြီးမားမှု၏ အနီးကပ်ဆုံးသော အခြားအကြောင်းတစ်ရပ်မှာ သမာဓိပင် ဖြစ်၏၊

တည်ကြည်သောသမာဓိရှိသောပုဂ္ဂိုလ်သည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏၊[၂၇၀] ဤသို့ ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် သမာဓိသည်လည်း ဉာဏ်ပညာ ကြီးမားမှု မကြီးမားမှု၏ အနီးကပ်ဆုံးသော အကြောင်းတစ်ရပ်ပင် ဖြစ်သည်။ သမာဓိ၏ စွမ်းအားရှိန်စော် အာနုဘော်က ကြီးမားပါက ဉာဏ်၏ အာနုဘော်မှာလည်း ကြီးမားတတ်၍ သမာဓိ၏ စွမ်းအားရှိန်စော် အာနုဘော်က ပျော့ညံ့နေပါက ဉာဏ်၏ အာနုဘော်မှာလည်း ပျော့ညံ့ နေတတ်၏၊ ထိုကြောင့် ဉာဏ်၏ အရောင်အလင်းကို များများတောက်ပလိုပါက ဉာဏ်ကြောင့် အရောင်အလင်း များသည် ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသည်ကို အလိုရှိပါက သမာဓိကိုလည်း အလွန်နက်ရှိုင်း၍ အလွန့်အလွန် စွမ်းအားရှိန်စော် အာနုဘော်နှင့် ပြည့်စုံလာအောင် များများထူထောင်ပေးပါ။

ဖလူပစာရစကားဟု မှတ်ပါ

ဤအထက်ပါ မဟာဋီကာဆရာတော်[၂၆၇]၏ ရှင်းလင်းချက်များနှင့် အညီ ဉာဏာလောက = ဉာဏ်အရောင် အလင်းဟူသော စကားမှာ အကျိုး၏အမည်ကို အကြောင်း၌ တင်စား၍ ခေါ်ဝေါ်သုံးစွဲထားသော (ပုဒ်စစ် သဒ္ဒါစစ် ကျမ်းအရ) ဖလူပစာရစကား ဖြစ်သည်။ ဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ် တို့ကြောင့် ဖြစ်ပေါ်လာသော အကျိုးဖြစ်သော စိတ္တဇရုပ် ဥတုဇရုပ်တို့၌ ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် (= ရူပါရုံ)၏ အာလောက (= ဩဘာသ = အရောင်အလင်း)ဟူသော အမည်ကို အကြောင်းဖြစ်သော ဉာဏ်အပေါ်၌ တင်စား၍ (သမထဉာဏ်ရောင်) ဝိပဿနာဉာဏ်ရောင်ဟု ခေါ်ဝေါ်သုံးစွဲထားသော ဖလူပစာရစကားဟု မှတ်သားပါလေ။ ဤရှင်းလင်းချက်အရ ဉာဏ်၌ အရောင်အလင်း မရှိ၊ ဉာဏ်ကြောင့်ဖြစ်သော ရုပ်တရားတို့၌သာ အရောင်အလင်း ရှိသည်ဟု အတိုချုပ် မှတ်သားပါလေ။

မဟာဋီကာအဖွင့်

ဤအရာတွင် မဟာဋီကာအဖွင့်အရ ပြောဆိုရမူ – ဤ၌ ဖလူပစာရ စကား မဟုတ်ဘဲ ကာရဏူပစာရစကားဟု မှတ်ပါ။ အကျိုးဖြစ်သော ရုပ်တရားတို့၏ အရောင်အလင်းဟူသော အမည်ကို အကြောင်းဖြစ်သော ဉာဏ်အပေါ်၌ တင်စား၍ ဉာဏာလောက (= ဉာဏ်အရောင်အလင်း)ဟု ခေါ်ဝေါ်သုံးစွဲထားပေသည်ဟု မှတ်ပါ။[၂၇၁]

မုချနှင့် ဥပစာ

သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌ အရောင်အလင်း ရှိမှုကို သို့မဟုတ် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း ရှိမှုကို အချို့သော ဆရာမြတ်တို့ကား လက်မခံ လိုကြပေ။ မလွှဲမရှောင်သာသဖြင့် ဥဒယဗ္ဗယဉာဏ်၌ အရောင်အလင်းရှိသည်ကိုကား သို့မဟုတ် ဥဒယဗ္ဗယဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း ရှိသည်ကိုကား လက်ခံလိုကြ၏၊ ထိုသို့ လက်ခံနိုင်သော်လည်း သမထဘာဝနာ စိတ်နှင့် ကြွင်းသော ဝိပဿနာစိတ်တို့၌ အရောင်အလင်းရှိမှုကိုကား ငြင်းပယ်တော်မူကြပြန်၏၊ ထိုဆရာမြတ်တို့၏ အကြောင်းပြချက်မှာ ဤသို့ ဖြစ်၏၊

စိတ်ဝယ် ဝဏ္ဏ (= အရောင်) မည်သည် ရှိပါသလောဟု မေးခဲ့သော် မရှိပါဟုပင် ဖြေဆိုလေရာ၏၊ မှန်ပေသည် အညိုစသော အရောင်တို့တွင် တစ်မျိုးမျိုးသော အရောင်သည်မူလည်း ဖြစ်ချင်ဖြစ်ပါစေ, မထင်ရှားသော အရောင်မူ လည်း ဖြစ်ချင်ဖြစ်ပါစေ, သို့မဟုတ် ရွှေရောင်မူလည်း ဖြစ်ချင်ဖြစ်ပါစေ၊ မည်သည့်အရောင်မဆို စင်ကြယ်နေသည့် အတွက်ကြောင့် ''ပဘဿရ = ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပလျက်''ဟုပင် ဆိုရ၏၊[၂၇၂]

ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပမှု ပဘဿရ စသည်တို့မည်သည် ဝဏ္ဏဓာတ် (= ရူပါရုံ)၌ ရသင့် ရထိုက်သော ဂုဏ်ထူးဝိသေသတို့ ဖြစ်သောကြောင့် ''စိတ်ဝယ် ဝဏ္ဏ (= အရောင်) မည်သည် ရှိပါသလော'' ဟူသော မေးခွန်းကို အဋ္ဌကထာက တင်ပြထားခြင်း ဖြစ်၏၊ စိတ်ကား နာမ်တရားဖြစ်ခြင်းကြောင့် ''နတ္ထိ = မရှိပါ''ဟု ပယ်မြစ်ပြီး၍ ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ –– ဟူသော ဤဒေသနာတော်သည် ပရိယာယကထာ (= ပရိယာယ်အားဖြင့် တင်စား၍ ဟောကြားတော်မူအပ်သော ဒေသနာတော်) ဖြစ်၏၊ ထိုကဲ့သို့သော ဘဝင်စိတ်, ဘဝင်စိတ်နှင့် အလားတူ ရှုအပ်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် စသည်၏ စင်ကြယ်သော ဘာဝနာစိတ် ဖြစ်ကြောင်းကို ထင်ရှားစေခြင်းငှာ ဟောကြားတော်မူသော ပရိယာယကထာဒေသနာတော် ဖြစ်ကြောင်းကို ထင်ရှားပြလိုသည့်အတွက် –– ''သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ[၂၇၃] = ထိုယောဂါဝစရ ရဟန်းတော်သည် ဤသို့လျှင် တည်ကြည်သော စတုတ္ထစျာန်သမာဓိနှင့် ယှဉ်သောစိတ်သည် ထက်ဝန်းကျင် ဖြူစင်လတ်သော်, ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပလတ်သော်'' ဤသို့စသော တရားစကားတော်ကို ဘုရားရှင်သည် ဟောကြားတော်မူခဲ့၏၊[၂၇၂] ဘုရားရှင်သည် စတုတ္ထစျာန်သမာဓိကို ဂုဏ်တင်ကာ ချီးမွမ်းတော်မူရာ၌ ပရိသုဒ္ဓေ ပရိယောဒါတေ = ထက်ဝန်းကျင် ဖြူစင်လတ်သော်, ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပလတ်သော် စသည်ဖြင့် ဂုဏ်တင်ကာ ချီးမွမ်းမြှောက်စားတော် မူလေ့ရှိ၏၊ ယင်းကဲ့သို့သော ဒေသနာတော်တို့မှာ စတုတ္ထစျာန်စိတ်၌ ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော လင်းရောင်ခြည်ရှိ၍ မုချအားဖြင့် ဟောကြားထားတော်မူအပ်သော ဒေသနာတော်တို့ကား မဟုတ်ကြပေ။ ဖလူပစာရ သို့မဟုတ် ကာရဏူပစာရတည်းဟူသော အကြောင်းပရိယာယ် တစ်မျိုးအားဖြင့် ဟောကြားထားတော်မူခြင်းသာ ဖြစ်သည် ဟူလို။

ထို့ကြောင့် ဤကျမ်းကလည်း သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌ အရောင်အလင်း ရှိသည်ဟူ၍ မဆိုလိုပါ။ ထိုသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်သော စိတ္တဇရုပ်, ထို စိတ္တဇတေဇောဓာတ် ကြောင့် ထပ်ဆင့်ဖြစ်ပွားလာသော ဥတုဇရုပ်တို့၌ တည်ရှိသော ရူပါရုံ၏ တောက်ပမှုသာဟု ဆိုပေသည်။ သို့သော် ထိုအရောင်အလင်းမှာ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့နှင့် ယှဉ်သော ဉာဏ်၏ စွမ်းအင်အာနုဘော် အပေါ်၌ အခြေစိုက်၍ ဖြစ်ပေါ်လာခြင်းကြောင့် ဖလူပစာရအားဖြင့် သို့မဟုတ် ကာရဏူပစာရအားဖြင့် ဉာဏ်ရောင် ဟူ၍သာ တင်စား၍ ခေါ်ဆိုခြင်းဖြစ်သည် ဟူပေ။

မနောဒွါရ = ဘဝင်မနောအကြည်ဓာတ်

ဤတွင် အလျဉ်းသင့်နေသဖြင့် မနောဒွါရ = ဘဝင်မနောအကြည်ဓာတ် အကြောင်းကိုလည်း တစ်ဆက်တည်း တင်ပြအပ်ပါသည်။ ဘုရားရှင်သည် အင်္ဂုတ္တိုရ်ပါဠိတော် အစ္ဆရာသင်္ဃာတဝဂ်[၂၇၄]တို့၌ ဘဝင်စိတ်ကို ''ပဘဿရ = ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်ရှိသော စိတ်''ဟု ဟောကြားထားတော်မူ၏၊ အဋ္ဌကထာ ဋီကာ[၂၇၅]တို့ကလည်း ဤဒေသနာတော်သည် ပရိယာယကထာ (= အကြောင်းပရိယာယ် တစ်မျိုးအားဖြင့် တင်စား၍ ဟောကြားထားတော်မူအပ်သော ဒေသနာတော်) ဖြစ်ကြောင်းကို ရှင်းပြထားတော်မူကြ၏၊

အထက်တွင် ရှင်းပြခဲ့ပြီးသည့်အတိုင်း ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပမှု (= ပဘဿရ)စသည်တို့ မည်သည် ဝဏ္ဏဓာတ် (= ရူပါရုံ)၌ ရသင့်ရထိုက်သော ဂုဏ်ထူးဝိသေသတို့ဖြစ်သောကြောင့်, ဘဝင်စိတ်ကလည်း နာမ်တရားမျှသာ ဖြစ်ခြင်းကြောင့် ယင်းဘဝင်စိတ်၌ကား အရောင်အလင်း မရှိပေ။ သို့သော် ယင်းဘဝင်စိတ်သည် အထက်က ရှင်းပြခဲ့သည့် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကဲ့သို့ အရောင်အလင်းကို ဖြစ်စေနိုင်သော စွမ်းအားကား ရှိသည်သာ ဖြစ်သည်။ ဟဒယဝတ္ထုရုပ်ကိုသာ မှီ၍ ဖြစ်နေသော ယင်းဘဝင်စိတ်သည်လည်း စိတ္တဇရုပ် ကလာပ်တို့ကို ဖြစ်စေနိုင်သည်သာ ဖြစ်၏၊ ယင်းဘဝင်စိတ်တို့ကြောင့် ဖြစ်သွားကြသော စိတ္တဇရုပ်ကလာပ်တိုင်း၌လည်း ဝဏ္ဏဓာတ် (= ရူပါရုံ)သည် ပါဝင်လျက်ရှိ၏၊ ယင်းဘဝင်စိတ်နှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်က အာနုဘော်ကြီးလျှင် ကြီးသလို ယင်းဝဏ္ဏဓာတ် (= ရူပါရုံ)ကလည်း ဘာသုရရူပ (= တောက်ပသည်သာ)ဖြစ်၏၊ တစ်ဖန် ယင်းစိတ္တဇရုပ်ကလာပ်တိုင်း၌ တေဇောဓာတ်ပါဝင်လျက် ရှိ၏၊ ယင်း တေဇောဓာတ် (= ဥတု)ကလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဆင့်ကာဆင့်ကာ ဖြစ်စေပြန်၏၊ ယင်းဥတုဇရုပ်ကလာပ်တိုင်း၌လည်း ဝဏ္ဏဓာတ် (= ရူပါရုံ) ပါဝင်ပြန်၏၊ ယင်း ဝဏ္ဏဓာတ် (= ရူပါရုံ)ကလည်း ဘာသုရရူပ (=တောက်ပသော ရူပါရုံသာ) ဖြစ်၏၊ ဘဝင်စိတ်နှင့် ယှဉ်နေသော ဉာဏ်အာနုဘော်က ကြီးလျှင်ကြီးသလို တောက်ပသည်သာ ဖြစ်၏၊ ယင်း ဘဝင်စိတ်ကြောင့် ဖြစ်ကြသော စိတ္တဇရုပ်ကလာပ်တို့၏ ရူပါရုံနှင့် ထိုမှ ထပ်ဆင့် ဖြစ်ပွားလာကြကုန်သော ဥတုဇရုပ်ကလာပ်တို့၏ ရူပါရုံ - ဤနှစ်မျိုး ကုန်သော ရုပ်ကလာပ်တို့၏ ရူပါရုံ အရောင်အဆင်း၏ တောက်ပမှုကို ရည်ရွယ်တော်မူကာ ဘုရားရှင်က –''ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ = ရဟန်းတို့ ... ဤဘဝင်စိတ်သည် ပြိုးပြိုးပြက် တလက်လက်တောက်ပ၏'' - ဟု ဟောကြားတော်မူခြင်း ဖြစ်၏၊

ဤရှင်းလင်းချက်များအရ ဘဝင်စိတ်၌ အရောင်အလင်း မရှိ၊ ဘဝင်စိတ်ကြောင့်ဖြစ်သော အကျိုးရုပ်တရား တို့၌သာ အရောင်အလင်း ရှိသည်ဟု မှတ်ပါ။ ဤ၌လည်း အကျိုးဖြစ်သော ရုပ်တရားတို့၏ အရောင်အလင်းဟူသော အမည်ကို အကြောင်းဖြစ်သော ဘဝင်စိတ်အပေါ်၌ တင်စား၍ အကြောင်းဖြစ်သော ဘဝင်စိတ်မှာ အရောင်ရှိသည်ဟု ပြောဆိုသော ဖလူပစာရစကား သို့မဟုတ် ကာရဏူပစာရစကားဟု မှတ်ပါ။ ယင်းဘဝင်စိတ်ကို အခြေခံကာ ဖြစ်ပေါ်လာ ကြသည့် ယင်းရူပါရုံတို့၏ အရောင်အလင်းမှာ ကြည်လင်တောက်ပမှုက များပြားနေသဖြင့် ဘဝင်မနောအကြည်ဓာတ်ဟု ခေါ်ဝေါ်သုံးစွဲခြင်း ဖြစ်ပေသည်။

ယင်းဘဝင်မနောအကြည်ဓာတ်ကိုပင် မနောဒွါရဟု ခေါ်ဆိုပေသည်။ နာမ်တရားများကို ဉာဏ်ဖြင့် ပိုင်းခြား ယူရာ သိမ်းဆည်းရာ၌ ယင်းမနောဒွါရကို ယောဂီပုဂ္ဂိုလ်က ရှုထားပြီး သိမ်းဆည်းထားပြီးဖြစ်ဖို့ လိုပေသည်။ အကြောင်းမှာ ယင်းမနောဒွါရနှင့် ဆိုင်ရာအာရုံကို ပူးတွဲ သိမ်းဆည်းနိုင်ပါမှ မနောဒွါရိကဇောဝီထိနာမ်တရားများကို ရှုပွားနိုင်မည် သိမ်းဆည်းနိုင်မည် ဖြစ်ပေသည်။ တစ်ဖန် –

၁။ စက္ခုဒွါရိကဇောဝီထိ နာမ်တရားများနှင့် ရူပါရုံကို ဆက်လက် အာရုံယူကြသည့် မနောဒွါရိကဇောဝီထိ နာမ်တရားများကို သိမ်းဆည်းလိုလတ်သော် စက္ခုဒွါရနှင့် မနောဒွါရဟူသော ဒွါရနှစ်ခုနှင့် ရူပါရုံကို၊
၂။ သောတဒွါရိကဇောဝီထိ နာမ်တရားများနှင့် သဒ္ဒါရုံကို ဆက်လက် အာရုံယူကြသည့် မနောဒွါရိကဇောဝီထိ နာမ်တရားများကို သိမ်းဆည်းလိုလတ်သော် သောတဒွါရနှင့် မနောဒွါရဟူသော ဒွါရနှစ်ခုနှင့် သဒ္ဒါရုံကို၊
၃။ ဃာနဒွါရိကဇောဝီထိနာမ်တရားများနှင့် ဂန္ဓာရုံကို ဆက်လက် အာရုံယူကြသည့် မနောဒွါရိကဇောဝီထိ နာမ်တရားများကို သိမ်းဆည်းလိုလတ်သော် ဃာနဒွါရနှင့် မနောဒွါရဟူသော ဒွါရနှစ်ခုနှင့် ဂန္ဓာရုံကို၊
၄။ ဇိဝှါဒွါရိကဇောဝီထိ နာမ်တရားများနှင့် ရသာရုံကို ဆက်လက် အာရုံယူကြသည့် မနောဒွါရိကဇောဝီထိ နာမ်တရားများကို သိမ်းဆည်းလိုလတ်သော် ဇိဝှါဒွါရနှင့် မနောဒွါရဟူသော ဒွါရနှစ်ခုနှင့် ရသာရုံကို၊
၅။ ကာယဒွါရိကဇောဝီထိ နာမ်တရားများနှင့် ဖောဋ္ဌဗ္ဗာရုံကို ဆက်လက် အာရုံယူကြသည့် မနောဒွါရိကဇောဝီထိ နာမ်တရားများကို သိမ်းဆည်းလိုလတ်သော် ကာယဒွါရနှင့် မနောဒွါရဟူသော ဒွါရနှစ်ခုနှင့် ဖောဋ္ဌဗ္ဗာရုံကို၊

ဤသို့လျှင် ဒွါရနှစ်ခု ဒွါရနှစ်ခုနှင့် ဆိုင်ရာအာရုံတို့ကို ပူးတွဲသိမ်းဆည်းနိုင်ပါမှ ယင်းဆိုင်ရာဆိုင်ရာ ပဉ္စဒွါရိက ဇောဝီထိနာမ်တရားများနှင့် ယင်းဆိုင်ရာဆိုင်ရာ ပဉ္စာရုံတစ်ခုခုကိုပင် ဆက်လက်အာရုံယူနေကြသည့် မနောဒွါရိက နာမ်တရားစုတို့ကို ရှုပွားနိုင်မည် သိမ်းဆည်းနိုင်မည် ဖြစ်ပေသည်။[၂၇၆]

ဥပက္ကိလေသာလောက

အမေး – သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌ ပဘဿရ (= ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်အလင်း) ရှိရိုးမှန်လျှင် = ထိုစိတ်တို့က ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်အလင်းကို ဖြစ်စေနိုင်ရိုးမှန်လျှင် အဘယ်ကြောင့် ဝိပဿနာဉာဏ်တို့တွင် ရင့်ကျက်လာသော ဥဒယဗ္ဗယဉာဏ်ပိုင်း၌သာလျှင် ဩဘာသ (= အရောင်အလင်း) ဖြစ်ပေါ်လာနိုင်ကြောင်းကို မိန့်ဆိုထားတော်မူပါသနည်းဟု မေးရန် ရှိ၏၊

အဖြေ – အဖြေမှာ ဤသို့ ဖြစ်၏၊

''ထိုဝိပဿနာဩဘာသသည် ဖြစ်ပေါ်လာလတ်သည်ရှိသော် ယောဂါဝစရပုဂ္ဂိုလ်သည် ''ငါ့အား ဤအခါမှ ရှေး၌ ဤသို့သဘောရှိသော ဩဘာသ = အရောင်အလင်းသည် မဖြစ်ဖူးလေစွတကား၊ မချွတ်ဧကန် အရိယမဂ်သို့ ဆိုက်ရောက်သည် ငါဖြစ်လေပြီ၊ အရိယဖိုလ်သို့ ဆိုက်ရောက်သည် ငါဖြစ်လေပြီ''ဟု အရိယမဂ် မဟုတ်သော ဩဘာသကိုပင်လျှင် အရိယမဂ်ဟူ၍, အရိယဖိုလ် မဟုတ်သော ဩဘာသကိုပင်လျှင် အရိယဖိုလ်ဟူ၍ စွဲယူ၏၊''[၂၇၇]

ဥဒယဗ္ဗယဉာဏ် အကျယ်ရှုပွားနည်းသို့လည်း ရောက်ရှိလာသဖြင့် ဝိပဿနာဉာဏ်တို့ကလည်း ရင့်ကျက် လာသောအခါ ဩဘာသ = အရောင်အလင်း ဖြစ်ပေါ်လာရာဝယ် ''ငါ့အား ဤအခါမှ ရှေး၌ ဤသို့သဘောရှိသော ဩဘာသ = အရောင်အလင်းသည် မဖြစ်ဖူးလေစွတကား''ဟုသာ အဋ္ဌကထာက ဖွင့်ဆိုသွား၏၊ ရှေးယခင်က တစ်ခါမျှ အရောင်အလင်း မဖြစ်ဖူးသေး၊ ယခုအခါမှသာလျှင် စတင်၍ အသစ်စက်စက် ဖြစ်ပေါ်လာသည်ဟုကား မဆိုပါ။ ဤအချက်ကို အထူးသတိပြုပါ။ အောက်ပါအချက်ကိုလည်း ထောက်ရှု ကြည့်ပါ။

ဩဘာသ = အရောင်အလင်းဖြစ်ရာ၌ကဲ့သို့ အလားတူပင် ထိုဉာဏ် စသည်တို့တွင်လည်း တစ်ပါးပါးသည် ဖြစ်ပေါ်လာလတ်သည်ရှိသော် ယောဂါဝစရပုဂ္ဂိုလ်သည် ''စင်စစ် ငါ့အား ဤအခါမှ ရှေး၌ ဤသို့သဘောရှိသော ဉာဏ်သည် မဖြစ်ဖူးစွတကား၊ ဤသို့သဘောရှိသော ပီတိသည်၊ ပဿဒ္ဓိ၊ သုခ၊ အဓိမောက္ခ၊ ပဂ္ဂဟ = ဝီရိယ၊ ဥပဋ္ဌာန = သတိ၊ ဥပေက္ခာ = ဝိပဿနုပေက္ခာ+အာဝဇ္ဇနုပေက္ခာ (ဝိပဿနုပေက္ခာ = တတြမဇ္ဈတ္တတာစေတသိက်) သည်၊ နိကန္တိသည် မဖြစ်ဖူးလေစွတကား၊ မချွတ်ဧကန် အရိယမဂ်သို့ ဆိုက်ရောက်သည် ငါဖြစ်လတ်ပြီ၊ အရိယဖိုလ်သို့ ဆိုက်ရောက်သည် ငါဖြစ်လတ်ပြီ''ဟု အရိယမဂ် မဟုတ်သော ဉာဏ။ ပ။ နိကန္တိကိုပင်လျှင် အရိယမဂ်ဟူ၍, အရိယဖိုလ် မဟုတ်သော ဉာဏ။ ပ။ နိကန္တိကိုပင်လျှင် အရိယဖိုလ်ဟူ၍ စွဲယူ၏၊[၂၇၈]

ဤ၌လည်း ရှေးယခင်က ဤကဲ့သို့သော သဘောရှိသော ဝိပဿနာဉာဏ်၊ ဤကဲ့သို့သော သဘောရှိသော ပီတိ၊ ပဿဒ္ဓိ၊ သုခ၊ အဓိမောက္ခ၊ ပဂ္ဂဟ = ဝီရိယ၊ ဥပဋ္ဌာန = သတိ၊ ဥပေက္ခာ၊ နိကန္တိသည် မဖြစ်ဖူးလေစွတကားဟုသာ ဆိုသည်၊ သံသရာတစ်လျှောက်၌လည်းကောင်း, ဤဘဝ၌လည်းကောင်း ဉာဏ၊ ပီတိ၊ ပဿဒ္ဓိ၊ သုခ၊ အဓိမောက္ခ၊ ဝီရိယ၊ သတိ၊ ဥပေက္ခာ၊ နိကန္တိတို့သည် တစ်ခါမျှ မဖြစ်ဖူးဟု ဆိုလိုသည်ကား မဟုတ်ပေ၊ ထက်မြက်စူးရှသော ဤကဲ့သို့သော ဝိပဿနာဉာဏ်မျိုး၊ ဤကဲ့သို့သော ပီတိမျိုး စသည်တို့သာ မဖြစ်ဖူးသေးဟု ဆိုလိုသည်။ ဤကဲ့သို့သော ဉာဏ်မျိုး ဤကဲ့သို့သော ပီတိမျိုး စသည်တို့ မဖြစ်ဖူးသော်လည်း ဤဉာဏ်မျိုး ပီတိမျိုး စသည်တို့မှ အခြားတစ်ပါးသော ဉာဏ်မျိုး ပီတိမျိုး စသည်တို့ကား ဖြစ်ဖူးသည်သာ ဖြစ်၏၊ အောက်ထစ်ဆုံးအားဖြင့် နာမရူပပရိစ္ဆေဒဉာဏ်, ပစ္စယပရိဂ္ဂဟဉာဏ်, သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ်အနုပိုင်းတို့ကား ဧကန်ဖြစ်ခဲ့ဖူးသည်သာ ဖြစ်၏၊ တစ်ဖန် ဘဝတစ်လျှောက်လုံး၌ တစ်ကြိမ်တစ်ခါမျှသော်လည်း ပီတိ မဖြစ်ဖူးဟူသည်ကား မရှိနိုင်။

အလားတူပင် ဤကဲ့သို့သော ဩဘာသ = အရောင်အလင်းမျိုးသာ မဖြစ်ဖူးသေးဟုသာ ဆိုသည်။ ဩဘာသ = အရောင်အလင်း တစ်ခါမျှ မဖြစ်ဖူးသေးဟု ဆိုလိုသည်ကား မဟုတ်ပေ။ အခြားအခြားသော အဆင့်မြင့်မားနေသော သမထဘာဝနာစိတ်နှင့် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်ပေါ်လာသော ဩဘာသ = အရောင်အလင်းနှင့် ဤ ရင့်ကျက်လာသော ဥဒယဗ္ဗယဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဩဘာသ = အရောင်အလင်းသည် မတူ ထူးခြားလျက် ရှိသောကြောင့် တစ်မူထူးခြားလျက်ရှိသောကြောင့် ဤဥဒယဗ္ဗယဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဩဘာသ = ဝိပဿနောဘာသ = အရောင်အလင်းကို ဂုဏ်တင်ကာ ချီးမွမ်းလျက် သီးသန့်ဖော်ပြခြင်းသာ ဖြစ်ပေသည်ဟု မှတ်သား ပါလေ။ ထို့ကြောင့် တရားဘာဝနာ တစ်ခုခုကို အားထုတ်လိုက်သဖြင့် သမာဓိ အတော်အသင့် အားကောင်းလာ၍ ပြိုးခနဲ ပြက်ခနဲ ဝင်းခနဲ လက်ခနဲ အရောင်အလင်းများ အထိုက်အလျောက် ဖြစ်ပေါ်လာသောအခါ ငါ ဥဒယဗ္ဗယဉာဏ်သို့ ဆိုက်လေပြီဟု ယူဆလျှင် ယောဂီသူတော်ကောင်းသည် ဤသာသနာတော်၌ အရှုံးကြီး ရှုံးလေပြီ။ အကြောင်းမူ အကြောင်းတရားနှင့်တကွသော ရုပ်နာမ်ပရမတ်တရားတို့ကိုသာလျှင် လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်နိုင်ပါမှ ဥဒယဗ္ဗယဉာဏ်ဟူသည် ဖြစ်ပေါ်လာနိုင်သောကြောင့်တည်း။

အာနာပါနကမ္မဋ္ဌာန်းမှ ဝိပဿနာသို့ (အာနာပါန-စတုက္က လေးမျိုး)

ယောဂီသူတော်ကောင်းသည် .. မိမိရရှိထားပြီးသော အာနာပါနစတုတ္ထစျာန်သမာဓိကို ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပြီးသောအခါ ယင်း အာနာပါနစတုတ္ထစျာန်ကို ဝိပဿနာ၏ အခြေပါဒကပြု၍ တရားထိုင်တိုင်း ထိုင်တိုင်း ယင်းစျာန်ကို ဝင်စား၍ စျာန်မှ ထသောအခါ ..

၁။ ရူပပရိဂ္ဂဟ = ရုပ်တရားကို သိမ်းဆည်းခြင်း၊
၂။ အရူပပရိဂ္ဂဟ = နာမ်တရားကို သိမ်းဆည်းခြင်း၊
၃။ ရူပါရူပပရိဂ္ဂဟ = ရုပ်နာမ်ကို သိမ်းဆည်းခြင်း၊
၄။ နာမရူပဝဝတ္ထာန = နာမ်ရုပ်ကို ပိုင်းခြားမှတ်သားခြင်း၊

၅။ ပစ္စယပရိဂ္ဂဟ = ကာလသုံးပါးလုံး၌ ယင်းရုပ်နာမ်တို့၏ အကြောင်းတရားတို့ကို သိမ်းဆည်းခြင်း –ဟူသော လုပ်ငန်းခွင်များကို အဆင့်ဆင့် ပြုလုပ်၍ အကြောင်းတရားနှင့် တကွသော ယင်းရုပ်နာမ်တို့ကို ဝိပဿနာဉာဏ်စဉ်အတိုင်း လက္ခဏာရေး သုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏၊[၂၇၉] ဤတွင် –

၁။ ဒီဃ = ဝင်သက်လေ-ထွက်သက်လေ၏ အရှည်ကို သိအောင် ကြိုးစားအားထုတ်ခြင်း၊
၂။ ရဿ = ဝင်သက်လေ-ထွက်သက်လေ၏ အတိုကို သိအောင် ကြိုးစားအားထုတ်ခြင်း၊
၃။ သဗ္ဗကာယ = ဝင်သက်လေ-ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် အားထုတ်ခြင်း၊
၄။ ပဿမ္ဘယ = ဝင်သက်လေ-ထွက်သက်လေကို ငြိမ်အောင် ငြိမ်းအောင် ကျင့်ခြင်း –ဟူသော အာနာပါန ပထမစတုက္ကသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ပြီးဆုံးလေပြီ။ ဒုတိယစတုက္က စသည်ကို အကျဉ်းချုပ်၍ ဆက်လက် တင်ပြအပ်ပါသည်။

ဒုတိယ-စတုက္က

၁။ ပီတိပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊
ပီတိပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။

၂။ သုခပဋိသံဝေဒီ။ ပ။
၃။ စိတ္တသင်္ခါရပဋိသံဝေဒီ။ ပ။
၄။ ပဿမ္ဘယံ စိတ္တသင်္ခါရံ။ ပ။[၂၈၀]

၁။ ပီတိကို ထင်ထင်ရှားရှားသိလျက် ဝင်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊
ပီတိကို ထင်ထင်ရှားရှားသိလျက် ထွက်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊
၂။ သုခကို ထင်ထင်ရှားရှားသိလျက်။ ပ။
၃။ စိတ္တသင်္ခါရကို ထင်ထင်ရှားရှားသိလျက်။ ပ။
၄။ စိတ္တသင်္ခါရကို ငြိမ်းစေလျက်။ ပ။

၁။ အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြု၍ ပီတိနှင့်ယှဉ်သော ပထမစျာန် ဒုတိယစျာန်တို့ကို ဝင်စား၏၊ ထို ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ စျာန်သမာပတ်ကို ဝင်စားဆဲခဏ၌ စျာန်ကိုရရှိနေသဖြင့် အာနာပါနပဋိဘာဂနိမိတ် အာရုံကို ထင်ထင်ရှားရှား သိနေသောကြောင့် အာရုံကို အကြောင်းပြု၍ ထို ယောဂါဝစရပုဂ္ဂိုလ်သည် စျာနပီတိကို ထင်ထင်ရှားရှား သိနေ၏၊ ယင်းသို့ စျာနပီတိကို ထင်ထင်ရှားရှားသိလျက် အသက်ရှူနေခဲ့သော် အာရုံသဘောအားဖြင့် ပီတိကို ထင်ထင်ရှားရှား သိနေသည် မည်၏၊ ယင်းသို့ ပီတိကို ထင်ထင်ရှားရှား သိလျက် အသက်ရှူနေပါ။ (သမထပိုင်းတည်း။)

ပရမတ်တရားတို့ကို ပရမတ်သို့ဆိုက်အောင် သဘာဝမှန်အတိုင်း ထိုးထွင်းသိတတ်သော ဉာဏ်သည် အသမ္မောဟမည်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းပထမစျာန် ဒုတိယစျာန်တို့ကို ဝင်စား၍ ယင်းစျာန်မှ ထ၍ ယင်းစျာန်နှင့် ယှဉ်သော ပီတိကို တစ်နည်း – ပီတိကို အဦးမူသဖြင့် စျာန်နာမ်တရားအားလုံးကို ယင်းတို့၏ ပြိုပြိုပျက်ပျက် ကုန်ကုန် ပျောက်ပျောက်သွားသည့်သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ဝိပဿနာရှုပွားသုံးသပ်၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်အခိုက်၌ ယင်းပီတိ၏ တစ်နည်း ပီတိနှင့် တကွသော စျာန်နာမ်တရားစုတို့၏ သဘာဝလက္ခဏာ သာမညလက္ခဏာကို ထိုးထွင်းသိမြင်သဖြင့် အသမ္မောဟ သဘောအားဖြင့် (= မတွေမဝေသောအားဖြင့်) ပီတိကို ထင်ထင်ရှားရှား သိအပ်သည် မည်၏၊ ယင်းသို့ ထင်ထင်ရှားရှား သိလျက် အသက်ရှူနေပါ။ (ဝိပဿနာပိုင်းတည်း။)[၂၈၁]

၂။ သမထပိုင်း၌ ပထမစျာန် ဒုတိယစျာန် တတိယစျာန်တို့ကို အစဉ်အတိုင်း ဝင်စား၍ အသက်ရှူနေခဲ့သော်, ဝိပဿနာပိုင်း၌ ယင်းစျာန်နှင့်ယှဉ်သော သုခကို တစ်နည်း သုခကို အဦးမူသဖြင့် စျာန်နာမ်တရားစုတို့ကို အစဉ်အတိုင်း ယင်းတို့၏အပျက်ကို အာရုံယူ၍ ဝိပဿနာရှုလျက် အသက်ရှူနေခဲ့သော် သုခကို ထင်ထင်ရှားရှား သိလျက် အသက် ရှူနေသည် မည်၏၊ ထိုကဲ့သို့ သုခကို ထင်ထင်ရှားရှားသိလျက် အသက်ရှူနေပါ။[၂၈၂]

၃။ သမထပိုင်း၌ အာနာပါနစျာန် (၄)ပါးလုံးကို အစဉ်အတိုင်း ဝင်စားလျက် အသက်ရှူနေခဲ့သော်, ဝိပဿနာပိုင်း၌ စိတ္တသင်္ခါရ အမည်ရသော ဝေဒနာ သညာ တရားနှစ်ပါးကို, တစ်နည်း သညာနှင့်ယှဉ်သော ဝေဒနာကို, တစ်နည်း ဝေဒနာကို အဦးမူသဖြင့် စျာန်နာမ်တရားအားလုံးကို ယင်းတို့၏ အပျက်ကို အာရုံယူ၍ ဝိပဿနာရှုလျက် အသက် ရှူနေခဲ့သော် စိတ္တသင်္ခါရတရားကို ထင်ထင်ရှားရှား သိလျက် အသက်ရှူနေသည် မည်၏၊ ယင်းသို့ အသက်ရှူနိုင်အောင် ကျင့်ပါ။[၂၈၃]

၄။ သမထပိုင်း၌ အာနာပါနစျာန် (၄)ပါးတို့ကို အစဉ်အတိုင်းဝင်စားလျက် အသက်ရှူနေခဲ့သော် ရုန့်ရင်းရုန့်ရင်းသော စိတ္တသင်္ခါရတရားကို ငြိမ်းစေလျက် ချုပ်စေလျက် အသက်ရှူနေသည် မည်၏၊ ဝိပဿနာပိုင်း၌ ယင်းစျာန် (၄)ပါးတို့ကို အသီးအသီး ဝင်စား၍ ယင်းစျာန်အသီးအသီးမှ ထသောအခါ ဝေဒနာကို အဦးမူသဖြင့် ယင်းစျာန်နာမ်တရားတို့ကို သိမ်းဆည်းလျက် ယင်းတို့၏ အပျက်ကို အာရုံယူ၍ ဝိပဿနာရှုနေခဲ့သော် ရုန့်ရင်းရုန့်ရင်းသော စိတ္တသင်္ခါရတရားကို ငြိမ်းစေလျက် ချုပ်စေလျက် အသက်ရှူနေသည် မည်၏၊ ယင်းသို့ အသက်ရှူနိုင်အောင် ကျင့်ပါ၊၊[၂၈၄]

ပီတိပဋိသံဝေဒီ - ပုဒ်၌ ပီတိကို အဦးမူသဖြင့် ဝေဒနာကို, သုခပဋိသံဝေဒီ - ပုဒ်၌ သုခဝေဒနာကို, စိတ္တသင်္ခါရ နှစ်ပုဒ်တို့၌ သညာ ဝေဒနာ တရားနှစ်ပါးသည် စိတ္တသင်္ခါရ မည်ရကား သညာနှင့်ယှဉ်သော ဝေဒနာကို ဦးတည်၍ ဟောကြားထားတော်မူ၏၊ ထို့ကြောင့် ဤဒုတိယစတုက္ကကို ဝေဒနာနုပဿနာနည်းဖြင့် ဘုရားရှင် ဟောကြားထားတော် မူသည်ဟု သိရှိပါလေ။[၂၈၅]

တတိယ-စတုက္က

၁။ စိတ္တပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ၊
စိတ္တပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။

၂။ အဘိပ္ပမောဒယံ စိတ္တံ။ ပ။
၃။ သမာဒဟံ စိတ္တံ။ ပ။
၄။ ဝိမောစယံ စိတ္တံ။ ပ။[၂၈၆]

၁။ စျာန်စိတ်ကို ထင်ထင်ရှားရှားသိလျက် ဝင်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊၊
စျာန်စိတ်ကို ထင်ထင်ရှားရှားသိလျက် ထွက်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊
၂။ စိတ်ကို လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်စေလျက်။ ပ။
၃။ စိတ်ကို အာရုံ၌ အညီအညွတ် ကောင်းစွာထားလျက်။ ပ။
၄။ စိတ်ကို ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်စေလျက်။ ပ။

၁။ သမထပိုင်း၌ အာနာပါနစျာန် (၄)ပါးတို့ကို အစဉ်အတိုင်း ဝင်စားလျက် အသက်ရှူနေခဲ့သော်, ဝိပဿနာပိုင်း၌ ယင်းစျာန်အသီးအသီးကို ဝင်စား၍ စျာန်မှ ထတိုင်းထတိုင်း ယင်းစျာန်စိတ်ကို တစ်နည်း စျာန်စိတ်ကို အဦးမူသဖြင့် စျာန်နာမ်တရားအားလုံးကို ယင်းတို့၏ အပျက်ကို မြင်အောင်ကြည့်၍ ဝိပဿနာရှုလျက် အသက်ရှူနေခဲ့သော် စျာန်စိတ်ကို ထင်ထင်ရှားရှားသိလျက် အသက်ရှူနေသည် မည်၏၊ ယင်းသို့ အသက်ရှူနိုင်အောင် ကျင့်ပါ။

၂။ သမထပိုင်း၌ ပီတိနှင့်ယှဉ်သော အာနာပါနပထမစျာန်ကို ဝင်စားလျက် အသက်ရှူနေ၏၊ ပီတိနှင့် ယှဉ်သော အာနာပါနဒုတိယစျာန်ကို ဝင်စားလျက် အသက်ရှူနေ၏၊ ယင်းစျာန်ကို ဝင်စားဆဲခဏ၌ စျာန်စိတ်နှင့် ယှဉ်သော ပီတိကြောင့် စျာန်စိတ်သည် လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်လျက် ရှိ၏၊ ယင်းသို့ စျာန်ပီတိဖြင့် စျာန်စိတ်ကို လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်စေလျက် အသက်ရှူနေပါ၊ အသက်ရှူနိုင်အောင် ကျင့်ပါ။ ဝိပဿနာပိုင်း၌ကား ပီတိနှင့် ယှဉ်သော အာနာပါနပထမစျာန်ကို ဝင်စား၍ ယင်းပထမစျာန်မှ ထ၍ ယင်းစျာန်နှင့် ယှဉ်သော ပီတိကို တစ်နည်း ပီတိကို အဦးမူသဖြင့် စျာန်နာမ်တရားအားလုံးကို အပျက်ကိုမြင်အောင် ကြည့်၍ ဝိပဿနာရှု၏၊ ပီတိနှင့် ယှဉ်သော အာနာပါနဒုတိယစျာန်ကို ဝင်စား၍ ယင်းစျာန်မှ ထ၍ ယင်းစျာန်နှင့် ယှဉ်သော ပီတိကို တစ်နည်း ပီတိကို အဦးမူသဖြင့် ယင်းဒုတိယစျာန်နာမ်တရားအားလုံးကို ယင်းတို့၏ အပျက်ကို မြင်အောင်ကြည့်၍ ဝိပဿနာရှု၏၊ ဝိပဿနာအခိုက်၌ စျာန်နှင့် ယှဉ်သော ပီတိကို အာရုံ ပြုနေရ၍ ယင်းပီတိကို အာရုံ ပြုနေရသော ရှုနေသော ဝိပဿနာ စိတ်သည်လည်း လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်လျက် ရှိ၏၊ ယင်းသို့ စိတ်ကို လွန်စွာ ရွှင်လန်းတက်ကြွ ဝမ်းမြောက်စေလျက် အသက်ရှူနိုင်အောင် ကျင့်ပါ။ အသက်ရှူနေပါ။[၂၈၇]

အလွန် ချစ်ခင်မြတ်နိုးအပ်သော ပြုံးရွှင်နေသော မိတ်ဆွေတစ်ဦးကို တွေ့မြင်ရသောအခါ တွေ့မြင်နေရသူ မိမိ၏ သန္တာန်၌လည်း အပြုံးပန်းများ ပွင့်လန်းလာသကဲ့သို့ မှတ်ပါ။

၃။ ''သမာဒဟံ စိတ္တံ = စိတ်ကို ကောင်းကောင်းထားလျက် အသက်ရှူပုံ''မှာလည်း သမထပိုင်း ဝိပဿနာပိုင်းဟု နှစ်ပိုင်းပင် ရှိ၏၊ သမထပိုင်း၌ အာနာပါနပထမစျာန်ကို ဝင်စားလျက် အသက်ရှူနေခဲ့သော်, ဒုတိယစျာန်ကို ဝင်စားလျက် အသက်ရှူနေခဲ့သော်, တတိယစျာန်ကိုဝင်စားလျက် အသက်ရှူနေခဲ့သော်, စတုတ္ထစျာန်ကို ဝင်စားလျက် အသက်ရှူနေခဲ့သော်, ယင်းစျာန်တို့၏ အာရုံဖြစ်သော အလွန်ကြည်လင်တောက်ပနေသော အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စျာန်စိတ်ကို အညီအညွတ် ကောင်းစွာထားလျက် အသက်ရှူနေသည် မည်၏၊ ယင်းသို့ အသက် ရှူနိုင်အောင် ကျင့်ပါ၊ အသက်ရှူနေပါ။[၂၈၈]

ဝိပဿနာပိုင်း၌ကား ဤသို့ လာရှိ၏၊ – အာနာပါနပထမစျာန်ကို ဝင်စား၍ ယင်းစျာန်မှ ထပြီးလျှင် ယင်း ပထမစျာန်နှင့် ယှဉ်သော စျာန်စိတ်ကို တစ်နည်း စျာန်စိတ်ကို အဦးမူသဖြင့် စျာန်နာမ်တရားအားလုံးကို အပျက်ကို မြင်အောင်ကြည့်၍ ဝိပဿနာရှု၏၊ အလားတူပင် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်တို့ကိုလည်း အသီးအသီး ဝင်စား၍ ပုံစံတူပင် ဝိပဿနာရှု၏၊ ထိုသို့ ဝိပဿနာရှုရာ၌ ဝိပဿနာအခိုက်ဝယ် ယင်းစျာန်စိတ်၏ တစ်နည်း ယင်းစျာန်စိတ်နှင့်တကွသော စျာန်နာမ်တရားတို့၏ သဘာဝလက္ခဏာကိုလည်း ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း သိမြင်နေသဖြင့်, သာမညလက္ခဏာကိုလည်း စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း သိမြင်နေသဖြင့် ယင်းစျာနဓမ္မ အမည်ရသော သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာ၌ ဝိပဿနာဘာဝနာစိတ်သည် ကောင်းစွာ တည်နေ၏၊ ယင်းသို့ ကောင်းစွာ တည်နေသော ဝိပဿနာဉာဏ်နှင့် ယှဉ်သော သမာဓိကို ခဏိကစိတ္တေကဂ္ဂတာ = ခဏိကသမာဓိဟု ခေါ်ဆို၏၊ ယင်းခဏိကစိတ္တေကဂ္ဂတာ = ခဏိကသမာဓိ၏ အစွမ်းဖြင့် စျာန်စိတ်ကို အဦးမူ၍ သိမ်းဆည်းထားအပ်သော စျာနဓမ္မ သင်္ခါရတရားစုတို့၏ အနိစ္စအခြင်းအရာ သို့မဟုတ် ဒုက္ခအခြင်းအရာ သို့မဟုတ် အနတ္တအခြင်းအရာဟူသော တစ်မျိုးမျိုးသော အခြင်းအရာ၌ ဝိပဿနာစိတ်ကို အညီအညွတ် ကောင်းစွာထားလျက် အသက်ရှူနေပါ၊ အသက်ရှူနိုင်အောင် ကျင့်ပါ။[၂၈၉]

ဝိပဿနာပိုင်း - ခဏိကသမာဓိ

သတိပြုပါ –– ဤ၌ အာနာပါနစျာန် အသီးအသီးကို ဝင်စား၍ ယင်း စျာန်မှ ထ၍ စျာန်စိတ်ကို အဦးမူလျက် စျာနဓမ္မ အမည်ရသော စျာန်သင်္ခါရတရားတို့ကို ဝိပဿနာရှုခိုက် ယင်းသင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ စသော အခြင်းအရာ တစ်မျိုးမျိုး၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော ဝိပဿနာသမာဓိကို .. ခဏိကစိတ္တေကဂ္ဂတာ = ခဏိကသမာဓိဟု ခေါ်ဆိုသည်ဟူသော အချက်ကို သတိပြုပါ။ ဝိပဿနာပိုင်း၌ ဆိုလိုသော ခဏိကသမာဓိမှာ မည်မျှ အဆင့်မြင့်မားနေသည်ကို မှတ်သားထားစေလိုသည်။

၄။ ဝိမောစယံ စိတ္တံ = စိတ်ကို ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်စေလျက် အသက်ရှူနေပါ။ ဤ၌လည်း သမထပိုင်း ဝိပဿနာပိုင်းဟု နှစ်ပိုင်း ရှိ၏၊ သမထပိုင်း၌ ပထမစျာန်ဖြင့် နီဝရဏတရားတို့မှ စိတ်ကို လွတ်မြောက်စေလျက် ဒုတိယစျာန်ဖြင့် ဝိတက် ဝိစာရတို့မှ, တတိယစျာန်ဖြင့် ပီတိမှ, စတုတ္ထစျာန်ဖြင့် သုခ ဒုက္ခတို့မှ စိတ်ကို လွတ်မြောက်စေလျက် ယင်းစျာန်တို့ကို ဝင်စားလျက် အသက်ရှူနေပါ။

ဝိပဿနာပိုင်း၌ကား ထိုစျာန်တို့ကို ဝင်စား၍ ထိုစျာန်တို့မှ ထ၍ စျာန်နှင့်ယှဉ်သော စိတ်ကို (စိတ်ကို အဦးမူ၍ စျာန်နာမ်တရားအားလုံးကို) ကုန်တတ် ပျက်တတ်သော သဘောကို မြင်အောင်ကြည့်၍ ဝိပဿနာရှု၏၊ ထိုယောဂါဝစရ ပုဂ္ဂိုလ်သည် အနိစ္စာနုပဿနာဖြင့် နိစ္စသညာမှ, ဒုက္ခာနုပဿနာဖြင့် သုခသညာမှ, အနတ္တာနုပဿနာဖြင့် အတ္တသညာမှ, ယင်းသို့ လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှုသဖြင့် သင်္ခါရတရားတို့၌ ငြီးငွေ့သော အခြင်းအရာအားဖြင့် ဖြစ်သော နိဗ္ဗိဒါနုပဿနာဖြင့် သင်္ခါရတို့၌ နှစ်သက်ရွှင်လန်း ဝမ်းမြောက်စွာဖြင့် တွယ်တာမက်မောတတ်သော နန္ဒီရာဂမှ, သင်္ခါရတရားတို့၏ ပျက်ခြင်း (= ဘင်)ကို အဖန်ဖန် လက္ခဏာယာဉ်တင်ကာ ရှုသဖြင့် သင်္ခါရတို့၌ တပ်မက်ခြင်း ကင်းသော အခြင်းအရာအားဖြင့် ဖြစ်သော ဝိရာဂါနုပဿနာဖြင့် ရာဂမှ, သင်္ခါရတို့၏ချုပ်ခြင်း (= ဘင်) ကို ရှုသော နိရောဓာနုပဿနာဖြင့် ဖြစ်ခြင်း (= သမုဒယ)မှ, သင်္ခါရတို့၏ ပျက်ခြင်း (= ဘင်)ကို လက္ခဏာယာဉ်တင်ကာ အဖန်ဖန် ရှုသဖြင့် ကိလေသာတို့ကို တဒင်္ဂအားဖြင့် စွန့်ပယ်သော အခြင်းအရာအားဖြင့် ဖြစ်သော နိဗ္ဗာန်သို့ ညွတ်ကိုင်းရှိုင်းသော အားဖြင့် ပြေးဝင်တတ်သော ပဋိနိဿဂ္ဂါနုပဿနာဖြင့် သင်္ခါရတို့ကို နိစ္စ စသည်ဖြင့် စွဲယူခြင်း အာဒါနမှ စိတ်ကို လွတ်မြောက်စေလျက် အသက်ရှူ၏၊ ယင်းသို့ အသက်ရှူနိုင်ခဲ့သော် ဆန့်ကျင်ဘက်တရားတို့မှ စိတ်ကို လွတ်မြောက် စေလျက် အသက်ရှူနေသည် မည်၏၊ ယင်းသို့ အသက်ရှူနိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။[၂၉၀]

ဤ တတိယစတုက္ကကို စိတ္တာနုပဿနာ၏ အစွမ်းဖြင့် ဘုရားရှင် ဟောကြားတော်မူသည်ဟု သိရှိပါလေ။[၂၉၁]

စတုတ္ထ-စတုက္က

၁။ အနိစ္စာနုပဿီ အဿသိဿာမီတိ သိက္ခတိ၊
အနိစ္စာနုပဿီ ပဿသိဿာမီတိ သိက္ခတိ။

၂။ ဝိရာဂါနုပဿီ။ ပ။
၃။ နိရောဓာနုပဿီ။ ပ။
၄။ ပဋိနိဿဂ္ဂါနုပဿီ။ ပ။[၂၉၂]

ဟောကြားထားတော်မူအပ်ကုန်၏၊[၂၉၃]

၁။ သင်္ခါရတရားတို့ကို အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ ဝင်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊
သင်္ခါရတရားတို့ကို အနိစ္စဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ ထွက်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊
၂။ သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်နှင့် ရာဂ၏ကင်းပြတ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ (ဝိရာဂါနုပဿနာ)။ ပ။
၃။ သင်္ခါရတရားတို့၏ ခဏအားဖြင့် ချုပ်ခြင်း ခဏဘင်နှင့် ရာဂ၏ချုပ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ (နိရောဓာနုပဿနာ)။ ပ။
၄။ ကိလေသာတို့ကို တဒင်္ဂအားဖြင့် စွန့်လွှတ်တတ်သော ဝိပဿနာဉာဏ်, သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ စွန့်လွှတ် တတ်သော အရိယမဂ်ဉာဏ်နှင့် ပြည့်စုံအောင် သင်္ခါရတရားတို့၏ ပျက်ခြင်း ဘင်နှင့် သင်္ခါရတရားတို့၏ ချုပ်ရာ, သင်္ခါရတရားတို့ကို စွန့်လွတ်ရာ နိဗ္ဗာန်ကို အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ ဝင်သက်လေကို ဖြစ်စေအံ့။ ပ။ ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏၊

ဤ စတုတ္ထစတုက္ကကို သုဒ္ဓဝိပဿနာ၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ ရှေးစတုက္က သုံးမျိုးတို့ကိုကား သမထ-ဝိပဿနာ၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။

ပထမစတုက္ကကို အာနာပါနကမ္မဋ္ဌာန်းကို အားသစ်စ အာဒိကမ္မိကပုဂ္ဂိုလ်၏ သမထကမ္မဋ္ဌာန်း၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူ၏၊ ကာယာနုပဿနာသတိပဋ္ဌာန်တည်း။ ဒုတိယစတုက္က, တတိယစတုက္က, စတုတ္ထစတုက္ကဟူသော စတုက္က သုံးခုတို့ကိုကား ဤ ပထမစတုက္က၌ ရအပ်ပြီးသော စျာန်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ ဝေဒနာနုပဿနာသတိပဋ္ဌာန်, စိတ္တာနုပဿနာသတိပဋ္ဌာန်, ဓမ္မာနုပဿနာသတိပဋ္ဌာန်၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ကုန်၏။

ဤအဋ္ဌကထာအဖွင့်များနှင့် အညီ ပထမစတုက္က၌ စျာန်ကို ရရှိအောင် အားထုတ်ပြီးပါမှ ဒုတိယစတုက္က တတိယစတုက္က စတုတ္ထစတုက္ကတို့ကို အဆင့်ဆင့် ကူးတက်ရမည် ဖြစ်ပေသည်။ ထိုတွင် စတုတ္ထစတုက္ကတွင် အကျုံးဝင်သော အနိစ္စာနုပဿီ-ပုဒ်တွင် ပါဝင်သော အနိစ္စတရားများကို အဋ္ဌကထာဆရာတော်[၂၉၄]က ''အနိစ္စန္တိ ပဉ္စက္ခန္ဓာ'' = အနိစ္စ တရားတို့မှာ ဥပါဒါနက္ခန္ဓာ (၅)ပါးတို့ဖြစ်ကြောင်းကို ဖွင့်ဆိုထားတော်မူ၏၊ ထိုခန္ဓာ (၅)ပါးတို့မှာ စျာန်နာမ်တရားများ အပါအဝင် ပကိဏ္ဏကသင်္ခါရ အမည်ရသော ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ပင်တည်း။ ထိုခန္ဓာ (၅)ပါးတို့ကို ဝိပဿနာ ရှုနိုင်ရန် ယင်းခန္ဓာ (၅)ပါး ရုပ်နာမ်တရားတို့ကို ရှေးဦးစွာ သိမ်းဆည်းရမည် ဉာဏ်ဖြင့် ပိုင်းခြားယူရမည် ဖြစ်ပေသည်။ အကြောင်းတရားတို့ကိုလည်း သိမ်းဆည်းရမည် ဉာဏ်ဖြင့် ပိုင်းခြားယူရမည် ဖြစ်ပေသည်။ ယင်းသို့ သိမ်းဆည်းနိုင်ရန် ယင်းခန္ဓာ (၅)ပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ရန်အတွက် ရုပ်ကမ္မဋ္ဌာန်းပိုင်း, နာမ်ကမ္မဋ္ဌာန်းပိုင်း, ပဋိစ္စသမုပ္ပါဒ်ပိုင်း, လက္ခဏာဒိစတုက္ကပိုင်း, ဝိပဿနာကမ္မဋ္ဌာန်းပိုင်းဟူသော အပိုင်းကြီး ငါးရပ်တို့ကို ဤအခန်း (၂) လုပ်ငန်းခွင်အပိုင်းတွင် ဆက်လက်၍ ရေးသားတင်ပြထားပေသည်။ အလိုရှိက ထိုအပိုင်းတို့ကို ဆက်လက် လေ့လာပါ။

ဤအာနာပါနကမ္မဋ္ဌာန်းကို ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း စတုက္ကလေးမျိုးတို့ဝယ် ဝင်လေ၌ (၁၆)မျိုး, ထွက်လေ၌ (၁၆)မျိုး –– ဤ (၃၂)မျိုးသော အခြင်းအရာတို့ဖြင့် ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်နိုင်ခဲ့သော်, ဘုရားရှင် သင်ပြပေးတော်မူသည့်အတိုင်း အသက်ရှူတတ်ခဲ့သော် အောက်ပါအကျိုးတရားတို့ကို ရရှိနိုင်ပေသည်။

အကျိုးဂုဏ်အင် အာနိသင်

''ရဟန်းတို့ ... (၃၂)မျိုးသော အခြင်းအရာတို့ဖြင့် ပြည့်ပြည့်စုံစုံ ပွားများထားအပ်ပြီးသော, ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်ပြီးသော အာနာပါနဿတိသည် (၄)ပါးကုန်သော သတိပဋ္ဌာန်တရားတို့ကို ပြီးစီးပြည့်စုံစေနိုင်၏၊ ပြည့်ပြည့်စုံစုံ ပွားများထားအပ်ပြီးကုန်သော, ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်ပြီးကုန်သော သတိပဋ္ဌာန်တရား (၄)ပါးတို့သည် ဗောဇ္ဈင်မြတ်တရား (၇)ပါးတို့ကို ပြီးစီးပြည့်စုံစေနိုင်ကုန်၏၊ ပြည့်ပြည့်စုံစုံ ပွားများထားအပ်ပြီးကုန်သော, ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်ပြီးကုန်သော ဗောဇ္ဈင်မြတ်တရား (၇)ပါးတို့သည် အရိယမဂ်ဉာဏ် (၄)ပါးတည်း ဟူသော ဝိဇ္ဇာ, အရိယဖိုလ်ဉာဏ် (၄)ပါးတည်းဟူသော ဝိမုတ္တိ –– ဤ ဝိဇ္ဇာ ဝိမုတ္တိ တရားနှစ်ပါးကို ပြီးစီးပြည့်စုံ စေနိုင်ကုန်၏၊''[၂၉၅]

ယောဂါဝစရပုဂ္ဂိုလ်သူမြတ်တို့သည် မဟာကရုဏာတော်ရှင် ဘုရားရှင်၏ အလိုတော်ကျအတိုင်း အသက် ရှူတတ်သော လူသားတစ်ဦး ဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေသောဝ် ...။

ပဋိကူလမနသိကာရ အရိုးစုကမ္မဋ္ဌာန်း

ဤအပိုင်း၌ကား စတုရာရက္ခ = အစောင့် (၄)ပါး ကမ္မဋ္ဌာန်းများကို ရှုပွားပုံကို ဝိပဿနာသို့ မကူးမီ ပွားများ အားထုတ်ထားရန် ဆက်လက် တင်ပြအပ်ပါသည်။ စတုရာရက္ခကမ္မဋ္ဌာန်းများကို ပွားများရာ၌ ဩဒါတကသိုဏ်းမှ သို့မဟုတ် ကသိုဏ်း (၁၀)ပါး သမာပတ် (၈)ပါးတို့ကို ပွားများပြီးပါမှ ကူးခဲ့သော် ယောဂီအများစု၌ ပိုမို၍ လွယ်ကူသည်ကို တွေ့ရ၏၊ ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်းအတွက်လည်း များစွာ အထောက်အကူ ပြု၏၊

ထိုကြောင့် စတုရာရက္ခကမ္မဋ္ဌာန်းများကို မတင်ပြမီ ..
(၃၂)ကောဋ္ဌာသရှုပုံ,
အရိုးစုကမ္မဋ္ဌာန်းရှုပုံ,
ဩဒါတကသိုဏ်းနှင့် တကွ အခြားအခြားသော ကသိုဏ်းတို့ကို ရှုပုံ,
ကသိုဏ်းတစ်ခုတစ်ခု၌ သမာပတ် (၈)ပါးစီ ပေါက်အောင် ရှုပုံတို့ကို ရှေးဦးစွာ တင်ပြအပ်ပါသည်။

လင်းရောင်ခြည်စွမ်းအင်များ .. ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပလာသည့်တိုင်အောင် အာနာပါနစတုတ္ထစျာန်သမာဓိသို့ တိုင်အောင် သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အလွန်အားကောင်းလာသောအခါ ယင်း လင်းရောင်ခြည်စွမ်းအင်၏ အကူအညီဖြင့် အောက်ပါ (၃၂)ကောဋ္ဌာသတို့ကို ရှုကြည့်ပါ။

ထိုသို့ ရှုရာ၌ ပထဝီကောဋ္ဌာသ (၂၀)တို့ကို (၅)ခုစီ (၅)ခုစီ ပိုင်း၍, အာပေါကောဋ္ဌာသ (၁၂)မျိုးတို့ကို (၆)ခုစီ (၆)ခုစီ ပိုင်း၍ ရှုကြည့်ပါ။ အစဉ်အတိုင်း ကောဋ္ဌာသ တစ်ခုပြီး တစ်ခု ရှုပါ။ ကြည်လင်သော မှန်အတွင်းသို့ ကြည့်လိုက်သောအခါ မိမိ၏ မျက်နှာရိပ်ကို ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်တွေ့ရသကဲ့သို့ (၃၂)ကောဋ္ဌာသ တို့ကိုလည်း ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်အောင်ရှုပါ။ ထိုသို့ ရှုရာ၌ လင်းရောင်ခြည်စွမ်းအင်များ မှိန်သွား၍ ကောဋ္ဌာသတို့ကို ကြည့်ရာ၌ ဝိုးတိုးဝါးတား မထင်မရှား ဖြစ်လာပါက အာနာပါနစတုတ္ထစျာန်သမာဓိကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ ကောဋ္ဌာသတို့ကို တစ်ဖန်ပြန်၍ ရှုပါ။ လင်းရောင်ခြည် မှိန်သွားတိုင်း ဤနည်းကို အသုံးပြုပါ။

(၃၂) ကောဋ္ဌာသ

ယင်း (၃၂)ကောဋ္ဌာသတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏ ..။

ပထဝီဓာတ်လွန်ကဲသော ပထဝီကောဋ္ဌာသ (၂၀) 

တစပဉ္စက
၁။ ကေသာ = ဆံပင် ၅၃။
၂။ လောမာ = မွေးညင်း ၅၃။
၃။ နခါ = ခြေသည်း လက်သည်း ၅၃။
၄။ ဒန္တာ = သွား ၅၃။
၅။ တစော = အရေ (အရေထူ အရေပါး) ၅၃။

ဝက္ကပဉ္စက
၆။ မံသံ = အသား ၅၃။
၇။ နှာရု = အကြော ၅၃။
၈။ အဋ္ဌိ = အရိုး ၅၃။
၉။ အဋ္ဌိမိဉ္ဇံ = ရိုးတွင်းခြင်ဆီ ၅၃။
၁၀။ ဝက္ကံ = အညှို့ = ကျောက်ကပ် ၅၃။

ပပ္ဖါသပဉ္စက
၁၁။ ဟဒယံ = နှလုံး ၅၃။
၁၂။ ယကနံ = အသည်း ၅၃။
၁၃။ ကိလောမကံ = အမြှေး ၅၃။
၁၄။ ပိဟကံ = အဖျဉ်း = သရက်ရွက် ၅၃။
၁၅။ ပပ္ဖါသံ = အဆုတ် ၅၃။

မတ္ထလုင်္ဂပဉ္စက
၁၆။ အန္တံ = အူမ ၅၃။
၁၇။ အန္တဂုဏံ = အူသိမ် (အူထုံး-အူချည်ကြိုး) ၅၃။
၁၈။ ဥဒရိယံ = အစာသစ် (ဥတုဇရုပ်) ၈။
၁၉။ ကရီသံ = အစာဟောင်း (ဥတုဇရုပ်) ၈။
၂၀။ မတ္ထလုင်္ဂံ = ဦးနှောက် ၅၃။

အာပေါဓာတ်လွန်ကဲသော အာပေါကောဋ္ဌာသ (၁၂)

မေဒဆက္က
၁။ ပိတ္တံ = သည်းခြေ (အိမ်သည်းခြေ+အရည်သည်းခြေ) ၅၃။
၂။ သေမှံ = သလိပ် ၅၃။
၃။ ပုဗ္ဗော = ပြည် (ဥတုဇရုပ်) ၈။
၄။ လောဟိတံ = သွေး (အိုင်နေသောသွေး+အကြောတွင်းရှိသွေး) ၅၃။
၅။ သေဒေါ = ချွေး (စိတ္တဇ+ဥတုဇရုပ်) ၁၆။
၆။ မေဒေါ = အဆီခဲ ၅၃။

မုတ္တဆက္က
၇။ အဿု = မျက်ရည် (စိတ္တဇ+ဥတုဇရုပ်) ၁၆။
၈။ ဝသာ = ဆီကြည် ၅၃။
၉။ ခေဠော = တံတွေး (စိတ္တဇ+ဥတုဇရုပ်) ၁၆။
၁၀။ သိင်္ဃာနိကာ = နှပ် (စိတ္တဇ+ဥတုဇရုပ်) ၁၆။
၁၁။ လသိကာ = အစေး ၅၃။
၁၂။ မုတ္တံ = ကျင်ငယ် (ဥတုဇရုပ်) ၈။

ယောဂါဝစရပုဂ္ဂိုလ်သည် ဤ (၃၂)ကောဋ္ဌာသတို့ကို အာနာပါနစတုတ္ထစျာန်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်စွမ်းအင်၏ အကူအညီကိုယူ၍ ဆံပင်မှသည် ကျင်ငယ်, ကျင်ငယ်မှသည် ဆံပင်သို့တိုင်အောင် အဝါးဝစွာ လေ့လာပါ။ ဆံပင်မှသည် အောက်သို့ စိုက်ရှုလိုက်ရာ ကျင်ငယ်သို့ တိုင်အောင်, ကျင်ငယ်မှသည် အထက်သို့ လှန်၍ ရှုလိုက်ရာ ဆံပင်သို့တိုင်အောင် တိုးလျှိုပေါက် ဉာဏ်ဖြင့် ထင်ထင်ရှားရှား တွေ့မြင်သည် ဖြစ်အံ့၊ ထိုအခါ၌ အဇ္ဈတ္တ၌ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာပြီး ဖြစ်ပေပြီ = ပဂုဏ ဖြစ်ပေပြီ။

ထိုအခါ ယင်းအာနာပါနစတုတ္ထစျာန်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်၏ အကူအညီကိုပင် ယူ၍ ထိုလင်းရောင်ခြည်ပြန့်နှံ့ရာ အနီးကပ်ဆုံး နေရာ၌ အထူးသဖြင့် ရှေ့တည့်တည့်၌ တည်ရှိသော သူတော်ကောင်း တစ်ဦး၏ သို့မဟုတ် သတ္တဝါတစ်ဦး၏ သန္တာန်၌တည်ရှိသော (၃၂)ကောဋ္ဌာသတို့ကို ဆံပင်မှသည် ကျင်ငယ်, ကျင်ငယ်မှသည် ဆံပင်သို့တိုင်အောင် ကြိမ်ဖန် များစွာ ရှုကြည့်ပါ။ အောင်မြင်မှု ရရှိသောအခါ အဇ္ဈတ္တ၌ တစ်လှည့်, ဗဟိဒ္ဓ၌ တစ်လှည့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ ထိုသို့ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ကြိမ်ဖန်များစွာ ရှုနိုင်ပါမှ ဘာဝနာစွမ်းအင်သည် ကြီးမားလာမည် ဖြစ်ပေသည်၊ ဉာဏ်လင်းရောင်ခြည်များသည်လည်း ပို၍ ပို၍ ကြီးမား ကျယ်ပြန့်စွာ တောက်ပလာကြမည် ဖြစ်ပေသည်။

ဤနည်းစနစ်ကို မှီ၍ အနီးမှသည် အဝေးသို့ တစ်စတစ်စ တိုး၍တိုး၍ ရှုကြည့်ပါ။ အရပ် (၁၀)မျက်နှာ အားလုံးသို့ ဖြန့်ကြက်၍ ရှုကြည့်ပါ။ ယင်းအာနာပါနစတုတ္ထစျာန်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်နှင့် တွေ့ထိမိရာ လူ တိရ စ္ဆာန် စသည့် သတ္တဝါတိုင်းကို တစ်ဦးပြီးတစ်ဦး တစ်ယောက်ပြီးတစ်ယောက် အဇ္ဈတ္တ တစ်လှည့်, ဗဟိဒ္ဓ တစ်လှည့် ရှုကြည့်ပါ။ ယောက်ျား မိန်းမ ကျွဲ နွား တိရ စ္ဆာန်ဟု မတွေ့မမြင်တော့ဘဲ (၃၂)ကောဋ္ဌာသ အစုအပုံဟု ကြည့်လိုက်တိုင်း တွေ့မြင်နေပါက အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာပြီး ဖြစ်ပေပြီ = ပဂုဏ ဖြစ်ပေပြီ။

လမ်း (၃) သွယ်

ယင်း (၃၂)ကောဋ္ဌာသတို့ကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာပြီးရာ အချိန်အခါမှ စ၍ နိဗ္ဗာန်သို့ ဝင်ရာ မုခ်ဦးကြီး သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော မုခ်ဦးဝဖြင့် ဝင်ရောက်သွားခဲ့သော် ကိလေသာတို့မှ မချွတ်ဧကန် လွတ်မြောက်လိမ့်မည်သာ ဖြစ်သည်။ ကမ္မဋ္ဌာန်းသည် ..

၁။ ဝဏ္ဏ = အရောင်အဆင်း = ဝဏ္ဏကသိုဏ်းအားဖြင့်သော်လည်းကောင်း၊
၂။ ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ် = ပဋိကူလအားဖြင့်သော်လည်းကောင်း၊
၃။ သုညတ = အတ္တမှ ဆိတ်သုဉ်းသော သုညတဓာတ်သဘောအားဖြင့်သော်လည်းကောင်း ထင်လာနိုင်၏၊ ပ။

၁။ အလိုရှိသသူအား ဝဏ္ဏကသိုဏ်းအားဖြင့်၊
၂။ အလိုရှိသသူအား ပဋိကူလအားဖြင့်၊
၃။ အလိုရှိသသူအား သုညတဓာတ်သဘောအားဖြင့် ကမ္မဋ္ဌာန်းသည် ထင်ရှားလာမည်သာ ဖြစ်ပေသည်။[၂၉၆]

ဤ အဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့်အညီ ယောဂါဝစရပုဂ္ဂိုလ်သည် (၃၂)ကောဋ္ဌာသတို့ကို နိုင်နိုင်နင်းနင်း အဝါးဝစွာ လေ့လာပြီးသောအခါ အထက်ပါ လမ်းသုံးသွယ်တို့တွင် မိမိကြိုက်နှစ်သက်ရာလမ်းကို ရွေးချယ်၍ ရှုနိုင်သည်သာ ဖြစ်ပေသည်။ ဤကျမ်းတွင်ကား လမ်းသုံးသွယ်လုံးကိုပင် ရေးသားတင်ပြပေအံ့ ..။

ပဋိကူလမနသိကာရ

အဇ္ဈတ္တ ဗဟိဒ္ဓ ကောဋ္ဌာသနှစ်မျိုးတို့တွင် မိမိ၏ အသက်ရှင်နေဆဲဖြစ်သော ခန္ဓာကိုယ်အတွင်း၌ တည်ရှိသော (၃၂)ကောဋ္ဌာသတို့ဝယ် ကောဋ္ဌာသတစ်ခုစီ၌ဖြစ်စေ, ကောဋ္ဌာသအများစု၌ဖြစ်စေ ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ်ဟု ပရိကမ်ကိုပြုသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အပ္ပနာစျာန်သည်လည်းကောင်း, ဥပစာရစျာန်သည်လည်းကောင်း နှစ်မျိုးလုံး ဖြစ်နိုင်၏၊ ဗဟိဒ္ဓ သူတစ်ပါး၏ အသက်ရှင်နေဆဲဖြစ်သော ခန္ဓာကိုယ်အတွင်း၌ တည်ရှိသော ကောဋ္ဌာသ၌ ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ်ဟု နှလုံးသွင်းသော ပုဂ္ဂိုလ်၏ သန္တာန်၌ကား အပ္ပနာစျာန်သည်လည်း မဖြစ်နိုင်၊ ဥပစာရစျာန်သည်လည်း မဖြစ်နိုင်။[၂၉၇]

အမေး – (၁၀)မျိုးကုန်သော အသုဘအလောင်းကို အာရုံယူ၍ ရှုပွားရသော အသုဘကမ္မဋ္ဌာန်းတို့၌ ဤ အပ္ပနာစျာန် ဥပစာရစျာန် နှစ်မျိုးလုံးပင် ဖြစ်နိုင်သည် မဟုတ်လော – ဤကား အမေးတည်း။

အဖြေ – အိမ်း ..ဖြစ်နိုင်၏၊ မှန်ပေသည် - ထို (၁၀)မျိုးသော အသုဘအလောင်းကောင်တို့သည်ကား အနုပါဒိန္နကပက္ခ = သက်မဲ့အဖို့အစု၌ တည်နေကြကုန်၏၊ ထိုကြောင့် ထို (၁၀)မျိုးကုန်သော အသုဘအလောင်းကောင် တို့ကို အာရုံယူ၍ ရှုပွားရသော အသုဘကမ္မဋ္ဌာန်းတို့၌ အပ္ပနာစျာန်သည်လည်းကောင်း, ဥပစာရစျာန်သည်လည်းကောင်း ဖြစ်နိုင်၏၊[၂၉၇]

တစ်ဖန် ဤဗဟိဒ္ဓဖြစ်သော သူတစ်ပါး၏ သန္တာန်၌ တည်ရှိသော (၃၂)ကောဋ္ဌာသသည်ကား ဥပါဒိန္နကပက္ခ = သက်ရှိအဖို့အစု၌ တည်နေ၏ (သက်ရှိသတ္တဝါတို့၏ (၃၂)ကောဋ္ဌာသကို အာရုံယူ၍ ပဋိကူလအားဖြင့် ရှုပွားရ၏)။ ထိုကြောင့် ဤသက်ရှိ ဗဟိဒ္ဓ သူတစ်ပါး၏ကိုယ်၌ တည်ရှိသော (၃၂)ကောဋ္ဌာသ၌ ဤအပ္ပနာစျာန် ဥပစာရစျာန် နှစ်မျိုးလုံးသည်လည်း မဖြစ်နိုင်။ သို့သော် အသုဘာနုပဿနာဟု ဆိုအပ်သော ဝိပဿနာဘာဝနာသည်ကား ဖြစ်နိုင်၏ဟု သိရှိပါလေ။[၂၉၇] (ဝိဇယသုတ္တန်စသည်တို့၌ လာရှိသော သဝိညာဏကအသုဘာနုပဿနာဘာဝနာတည်း။ ဝိပဿနာပိုင်းတွင် ထင်ရှားလတ္တံ့။)

မူလဋီကာ၏ ရှင်းလင်းချက်

အနုပါဒိန္နကပက္ခေ ဌိတာနိ – သက်မဲ့ အသုဘအလောင်းကောင် (၁၀)မျိုးတို့ကို အာရုံယူ၍ ရှုပွားရသော အသုဘကမ္မဋ္ဌာန်းတို့၌ အသုဘအလောင်းကောင်တို့ကား အနုပါဒိန္နကပက္ခ = သက်မဲ့အဖို့အစု၌ တည်နေကြကုန်၏ဟု အဋ္ဌကထာက ဖွင့်ဆိုထား၏၊ ယင်းစကားရပ်ဖြင့် စေတိယတောင်၌ သီတင်းသုံးတော်မူသော မဟာတိဿ မထေရ် မြတ်ကြီးကဲ့သို့လည်းကောင်း,[၂၉၈] သံဃရက္ခိတမထေရ်မြတ်ကြီး၏ အလုပ်အကျွေး ဖြစ်တော်မူသော သာမဏေကဲ့သို့ လည်းကောင်း[၂၉၉] ဗဟိဒ္ဓ သက်ရှိသတ္တဝါတို့၏ ကိုယ်၌ တည်ရှိသော (၃၂)ကောဋ္ဌာသကိုလည်း အနုပါဒိန္နကပက္ခ = သက်မဲ့အဖို့အစု၌ ထား၍ အာရုံယူခြင်းငှာ စွမ်းနိုင်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ (၁၀) မျိုးသော အသုဘ၏ အဖြစ်ဖြင့် အသက်ရှင်ဆဲဖြစ်သော ကိုယ်၌လည်း ထင်လာလတ်သော် ဥပစာရစျာန်သို့ ရောက်ခြင်းကို ညွှန်ပြအပ်၏ဟု သိရှိပါလေ။[၃၀၀]

''အတ္ထိဿ ကာယေ'' = ''ထိုသူ၏ ကာယ၌ (၃၂-ကောဋ္ဌာသသည်) ရှိ၏''ဟု ဆံပင် စသော ကောဋ္ဌာသတို့ကို သူတစ်ပါး၏ ဆံပင် စသည်ဖြင့် စွဲယူအပ်ကုန်လတ်သော် သတ္တဝါ၏အဖြစ်ဖြင့် စွဲယူသည် မည်၏၊ ထိုသို့ မယူဘဲ–''ဣမသ္မိံ ကာယေ'' = ''ဤကိုယ်၌''ဟု စွဲယူခဲ့သော် မည်သူ၏ကိုယ်ဟု မစွဲယူဘဲ ''ဣမသ္မိံ ကာယေ'' = ''ဤကိုယ်၌''ဟုသာ ယူသဖြင့် သတ္တဝါဟု ယူခြင်းမှ ကင်းနေ၏၊ ထိုသို့ သတ္တဝါဟု စွဲယူခြင်းမှကင်းသော ငါဟုပြုအပ်သော ကိုယ်၌ ''ငါ၏ ကိုယ်''ဟု မဆိုသောကြောင့် ဖျက်ဆီးအပ်ပြီးသော ''ငါဟု နှလုံးသွင်းခြင်း'' ရှိသော အခါခပ်သိမ်း (သမာဓိနှင့် ယှဉ်သော ဉာဏ်၏)အနီး၌ စုဝေးတည်နေသော ထင်ရှားသည်လည်းဖြစ်သော မိမိ၏ (၃၂)ကောဋ္ဌာသ ကာယ၌ သတိ၏ ရှေးရှု ကပ်၍ တည်နေခြင်းသည် ဖြစ်သကဲ့သို့ တစ်နည်း (၃၂)ကောဋ္ဌာသတို့၏ ထင်ထင်ရှားရှား ထင်လာခြင်းသည် ဖြစ်သကဲ့သို့ ထို့အတူ ထိုဗဟိဒ္ဓ သူတစ်ပါး၏ကိုယ်၌ သတိ၏ ရှေးရှုကပ်၍တည်နေခြင်းသည် တစ်နည်း (၃၂)ကောဋ္ဌာသတို့၏ ထင်ထင်ရှားရှား ထင်လာခြင်းသည် မဖြစ်ပေ။ ထိုကြောင့် ဗဟိဒ္ဓ သူတစ်ပါး၏ (၃၂)ကောဋ္ဌာသတို့၌ ပဋိကူလအားဖြင့် နှလုံးသွင်းခဲ့သော် အပ္ပနာစျာန်သို့ မရောက်နိုင်။ ထိုသို့ အပ္ပနာစျာန်သို့ မရောက်နိုင်သော်လည်း ဝိဇယသုတ္တန်[၃၀၁]၌ ဟောကြားထားတော်မူသည့်အတိုင်း ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ မိမိခန္ဓာ သူတစ်ပါးခန္ဓာတို့၏ ဟုတ်မှန်တိုင်းသော အပြစ်ကို မြင်အောင်ရှုသော အာဒီနဝါနုပဿနာဟူသော ဝိပဿနာဉာဏ်ကား ထို သူတစ်ပါး၏ (၃၂)ကောဋ္ဌာသ တို့၌လည်း ဖြစ်နိုင်၏၊ ဤကဲ့သို့သော အဓိပ္ပါယ်ကို ရည်ရွယ်တော်မူ၍ အဋ္ဌကထာဆရာတော်က အသုဘာနုပဿနာဟု ဆိုအပ်သော ဝိပဿနာဘာဝနာကား ဖြစ်နိုင်၏ဟု သိရှိပါလေ''ဟု ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏၊[၃၀၂]

ဤမူလဋီကာဆရာတော်၏ ရှင်းလင်းချက်နှင့်အညီ အဇ္ဈတ္တ (၃၂)ကောဋ္ဌာသတို့၌ ဥပစာရစျာန် အပ္ပနာစျာန်ကို လည်းကောင်း, ဗဟိဒ္ဓ သက်ရှိကိုယ်ကောင်ကိုလည်း ဗဟိဒ္ဓ သက်မဲ့အလောင်းကောင်အရာ၌ ထား၍ တစ်နည်း ဗဟိဒ္ဓ သက်ရှိသတ္တဝါတို့၏ (၃၂)ကောဋ္ဌာသကိုလည်း ဗဟိဒ္ဓ သက်မဲ့အလောင်းကောင်၏ ကောဋ္ဌာသအရာ၌ ထား၍ ပဋိကူလအားဖြင့် ရှုနိုင်သူတို့အဖို့ ဗဟိဒ္ဓ ကောဋ္ဌာသ၌လည်း ဥပစာရစျာန်ကိုလည်းကောင်း ရရှိနိုင်ပေသည်။ ဥပစာရ စျာန်၌လည်း စျာန်အင်္ဂါ (၅)ပါးပင် ရှိ၏၊ အပ္ပနာစျာန်၌လည်း စျာန်အင်္ဂါ (၅)ပါးပင် ရှိ၏၊ စျာန်အင်္ဂါချင်းကား တူညီလျက် ရှိ၏၊ စွမ်းအင်ချင်းသာ ကွာခြားလျက် ရှိ၏၊

ဥပစာရဘုံ၌ နီဝရဏကို ပယ်ခွာနိုင်ခြင်းကြောင့် ဘာဝနာစိတ်သည် ကမ္မဋ္ဌာန်းအာရုံ၌ တည်ကြည်နေခြင်းဖြစ်၏၊ စျာန်ကို ရရှိသည့် ပဋိလာဘဘုံ၌ကား စျာန်အင်္ဂါတို့၏ ထင်ထင်ရှားရှား စွမ်းအင်ကြီးမားစွာ ဖြစ်ပေါ်လာခြင်းကြောင့် ကမ္မဋ္ဌာန်းအာရုံ၌ ဘာဝနာစိတ်သည် တည်ကြည်နေခြင်း ဖြစ်၏၊ ဥပစာရဘုံ၌ စျာန်အင်္ဂါတို့သည် စွမ်းအင် အပြည့်အဝဖြင့် ဖြစ်ပေါ်မလာနိုင်ကုန်သေး၊ အပ္ပနာစျာန်အခိုက်၌ကား စျာန်အင်္ဂါတို့သည် စွမ်းအင် အပြည့်အဝဖြင့် ဖြစ်ပေါ်လာကြ၏၊[၃၀၃]

အရိုးစုကမ္မဋ္ဌာန်း

ဤ (၃၂)ကောဋ္ဌာသတို့ကို ပဂုဏဖြစ်အောင် အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာပြီးသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ယင်း (၃၂)ကောဋ္ဌာသတို့ကို ခြုံငုံ၍ ဖြစ်စေ၊ ကောဋ္ဌာသ တစ်ခုစီ တစ်ခုစီကိုဖြစ်စေ အာရုံယူ၍ ပဋိကူလ မနသိကာရကမ္မဋ္ဌာန်းကို စီးဖြန်းနိုင်ပေသည်။[၃၀၄]

ဤတွင် အရိုးစုကောဋ္ဌာသတစ်ခုကို အာရုံယူ၍ ရှုပွားပုံကို တင်ပြအပ်ပါသည်။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးတို့တွင် နှစ်ခြိုက်ရာက စနိုင်၏၊ ဤ၌ အဇ္ဈတ္တကစ၍ အားထုတ်ပုံကို တင်ပြအပ်ပါသည်။

ယောဂါဝစရပုဂ္ဂိုလ်သည် မိမိရရှိထားပြီးသည့် အာနာပါနစတုတ္ထစျာန်သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ အဇ္ဈတ္တ (၃၂) ကောဋ္ဌာသတို့ကို သိမ်းဆည်းပါ။ ဗဟိဒ္ဓ၌လည်း အနီးကပ်ဆုံး၌ တည်ရှိသော လင်းရောင်ခြည်ဖြင့် တွေ့ထိမိသော သတ္တဝါတစ်ဦး၏ (၃၂)ကောဋ္ဌာသတို့ကိုလည်း သိမ်းဆည်းပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ တစ်ကြိမ် နှစ်ကြိမ်ခန့် သိမ်းဆည်းပါ။ ထိုနောင် အဇ္ဈတ္တ အရိုးစုကောဋ္ဌာသကို ဉာဏ်ဖြင့် ခြုံငုံ၍ သိမ်းဆည်းပါ။ အရိုးစုကောဋ္ဌာသ ထင်ရှားလာသောအခါ ယင်းအရိုးစု ကောဋ္ဌာသ၏ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောကို အာရုံယူ၍ –

၁။ ပဋိကူလ-ပဋိကူလ = ရွံစရာ-ရွံစရာဟုလည်းကောင်း၊
၂။ အဋ္ဌိကပဋိကူလ = အရိုးစုရွံစရာဟုလည်းကောင်း၊
၃။ အဋ္ဌိက-အဋ္ဌိက = ရွံစရာအရိုးစု ရွံစရာအရိုးစုဟုလည်းကောင်း –

ပါဠိလို ဖြစ်စေ မြန်မာလို ဖြစ်စေ နှစ်ခြိုက်သလို ရှုနေပါ။ ထိုရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားပါ။ အာနာပါနစတုတ္ထစျာန်၏ အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံရသော ယင်း ပဋိကူလမနသိကာရ ဘာဝနာစိတ်သည် အလွန့်အလွန် စွမ်းအင်ကြီးမားနေမည်သာ ဖြစ်ပေသည်။ ထိုသို့ ရှုရာ၌ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောကို ဉာဏ်ဖြင့် ပေါလောကြီးပေါ်နေအောင် ထင်လင်းနေအောင် ရှုပါ။

ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၃၀၅]အဖွင့်နှင့် အညီ ..
၁။ ဝဏ္ဏ = အရိုးစု၏ အရောင်၊
၂။ သဏ္ဌာန = အရိုးစု၏ ပုံသဏ္ဌာန်၊
၃။ ဒိသ = အရိုးစု၏တည်ရှိရာ ခန္ဓာကိုယ်၏ အထက်ပိုင်း အောက်ပိုင်းဒေသ၊
၄။ ဩကာသ = အရိုးစု တည်ရှိရာအရပ်၊
၅။ ပရိစ္ဆေဒ = အခြားကောဋ္ဌာသတို့နှင့် မရောယှက်ဘဲ အရိုးစု ကောဋ္ဌာသချည်း သီးသန့်တည်နေပုံ, အရိုးစု ကောဋ္ဌာသ အချင်းချင်းလည်း မရောမယှက် တည်နေပုံ –

ဤ (၅)မျိုးသော အခြင်းအရာအားဖြင့် ထင်လာသော အရိုးစုကောဋ္ဌာသကား ဥဂ္ဂဟနိမိတ်တည်း။ ယင်း ငါးမျိုးသော အခြင်းအရာဟူသော ခပ်သိမ်းသော အခြင်းအရာအားဖြင့် ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလ၏ အစွမ်းဖြင့် ထင်လာသော အရိုးစုကောဋ္ဌာသကား ပဋိဘာဂနိမိတ်တည်း။[၃၀၆]

ယင်း ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် ထင်လာသော အရိုးစုကောဋ္ဌာသပဋိဘာဂနိမိတ်ကို မှီဝဲသော ပွားများသော ယောဂါဝစရပုဂ္ဂိုလ်အား ပထမစျာန်၏ အစွမ်းဖြင့်သာလျှင် အပ္ပနာစျာန်သည် ဖြစ်ပေါ်လာ၏၊[၃၀၇] ကြွင်းကျန်သော ကောဋ္ဌာသတို့၌လည်း အလိုရှိပါက နည်းတူပင် ပွားနိုင်သည်။

စျာန်အင်္ဂါ (၅) ပါး

၁။ ဝိတက် = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံပေါ်သို့ စိတ်ကို ရှေးရှု တင်ပေးခြင်းသဘော။
၂။ ဝိစာရ = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံကို ထပ်ကာထပ်ကာ သုံးသပ် ဆင်ခြင်ခြင်းသဘော။
၃။ ပီတိ = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံကို နှစ်သက်ခြင်းသဘော။
၄။ သုခ = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော။
၅။ ဧကဂ္ဂတာ = ရွံရှာစက်ဆုပ်ဖွယ် အရိုးစုအာရုံတစ်ခုတည်းပေါ်သို့ စိတ်ကျရောက်တည်ငြိမ်နေခြင်းသဘော။

ပီတိ သောမနဿ

ဤမျှ ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော အရိုးစုကောဋ္ဌာသ၌ အဘယ်သို့လျှင် ပီတိသောမနဿ ဖြစ်နိုင်ပါအံ့နည်းဟု မေးရန်ရှိ၏၊ အဖြေမှာ ဤသို့ ဖြစ်၏၊ ပဋိကူလမနသိကာရလမ်းမှ ရှုပွားသုံးသပ်နေသော ဤအရိုးစုကောဋ္ဌာသသည် ရွံရှာစက်ဆုပ်ဖွယ် ဧကန်ဖြစ်သော်လည်း ထိုအရိုးစုကောဋ္ဌာသပဋိဘာဂနိမိတ်အာရုံ၌ ''အဒ္ဓါ ဣမာယ ပဋိပဒါယ ဇရာမရဏမှာ ပရိမုစ္စိဿာမိ'' = မချွတ်ဧကန် အမှန်အားဖြင့် ဤကျင့်ဝတ်ပဋိပတ်ဖြင့် အိုဘေးဆိုးကြီး သေဘေးဆိုးကြီးမှ ငါလွတ်မြောက်ရပေတော့အံ့ – ဟု မိမိရရှိမည့် အကျိုးအာနိသံသကို ရှုမြင်လေ့ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း, နီဝရဏအညစ်အကြေးတည်းဟူသော စိတ်အစဉ်ကို ပူပန်စေတတ်သော တရားဆိုးကို ပယ်နိုင်ခြင်းကြောင့်လည်းကောင်း ပီတိ-သောမနဿသည် ဖြစ်ပေါ်လာနိုင်၏၊ လောကူပမာအားဖြင့်ကား ''ယခုအခါ၌ များစွာသော အဖိုးအခကို ငါရပေတော့အံ့''ဟု အကျိုးအာနိသံသကို ရှုမြင်လေ့ရှိသော ပုပ္ဖဆဍ္ဍက = ပန်းမှိုက်သွန် မစင်ဘင်ကျုံးသမားအား မစင်ပုံကြီးကို အာရုံပြု၍ မစင်ပုံကြီး၌ ပီတိ-သောမနဿ ဖြစ်သကဲ့သို့လည်းကောင်း, အပြင်းအထန် ဖျားနာခြင်း ဗျာဓိဒုက္ခသို့ ရောက်ရှိနေသော ရောဂါသည်အား ပျို့အန်ခြင်း ဝမ်းလျှောခြင်း ဖြစ်ရာ၌ ပီတိ-သောမနဿသည် ဖြစ်ပေါ်လာသကဲ့သို့လည်းကောင်း မှတ်ပါ။[၃၀၈]

သတိပြုရန်

ဤ ပဋိကူလမနသိကာရ၏ အစွမ်းဖြင့် အရိုးစုကောဋ္ဌာသကို အာရုံယူ၍ ပွားများရာ၌ အရိုးဟူသော အမည်နာမ ပညတ်ကို စွန့်လွှတ်၍ ထိုအရိုးစုအာရုံ၌ ''ပဋိကူလ ပဋိကူလ = ရွံစရာ ရွံစရာ''ဟု ရွံရှာစက်ဆုပ်ဖွယ်သဘော၌သာ သတိကို တည်အောင်ထားပါ။ သို့သော် ထိုသို့ အားထုတ်ရာ၌ ရှေးဦးစွာ အားထုတ်လျှင် အားထုတ်ချင်း ပဋိကူလ = ရွံရှာစက်ဆုပ်ဖွယ်သဘောအားဖြင့်ကား မထင်လာနိုင်သေးပေ။ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် မထင်သေး သမျှ ကာလပတ်လုံး အရိုးစုဟူသော အမည်နာမ ပညတ်ကို မလွှတ်ပါနှင့်။ အကြင်အခါ၌ကား ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောအားဖြင့် ထင်လာ၏၊ ထိုအခါ၌ အရိုးစုဟူသော အမည်နာမပညတ်ကို သို့မဟုတ် အရိုးစုပညတ်ကို လွှတ်၍ ပဋိကူလ ပဋိကူလ = ရွံစရာ ရွံစရာ- ဟုသာ နှလုံးသွင်းပါ။ အထက်တွင် ဖော်ပြထားသော ငါးမျိုးသော အခြင်းအရာဟူသော ခပ်သိမ်းသော အခြင်းအရာအားဖြင့် ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောကို ထင်လာအောင် နှလုံးသွင်းပါ။[၃၀၉]

အဇ္ဈတ္တ - ဗဟိဒ္ဓ

အဇ္ဈတ္တဝယ် (၃၂)ကောဋ္ဌာသတို့၌ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ပြီးရာ ထိုအခါ၌ ယောဂါဝစရပုဂ္ဂိုလ်သည် အကယ်၍ ဗဟိဒ္ဓသူတစ်ပါးသန္တာန်တို့သို့လည်း ကောဋ္ဌာသကို နှလုံးသွင်းခြင်း = မနသိကာရကို အကယ်၍ ကပ်ဆောင် ငြားအံ့၊ ထိုသို့ ကပ်ဆောင်လတ်သော် ထိုယောဂါဝစရပုဂ္ဂိုလ်အား ကောဋ္ဌာသအားလုံးတို့သည် ထင်ရှားသည်ဖြစ်၍ ဖြစ်ကုန်လတ်သော် လှည့်လည်ကျက်စား သွားလာနေထိုင်ကြကုန်သော လူ တိရ စ္ဆာန် အစရှိသော သတ္တဝါတို့သည် သတ္တဝါဟု စွဲယူထိုက်သော အခြင်းအရာကို စွန့်၍ ကောဋ္ဌာသတို့၏ အစုအပုံ၏ အဖြစ်ဖြင့်သာလျှင် ထင်လာကုန်၏၊ (လင်းရောင်ခြည်စွမ်းအင်ဖြင့် တွေ့ရှိနေရသော) ထိုလူ တိရ စ္ဆာန်စသော သတ္တဝါတို့သည် စားမျိုအပ်သော သောက်ဖွယ် စားဖွယ် အစရှိသော အာဟာရသည် ကောဋ္ဌာသအစုအပုံ၌ ထည့်သွင်းအပ်သကဲ့သို့ ထင်လာ၏၊ ထိုအခါ၌ ထိုယောဂါဝစရပုဂ္ဂိုလ်သည် အဇ္ဈတ္တကောဋ္ဌာသ အများစု၌ သို့မဟုတ် ထင်ရှားရာ ကောဋ္ဌာသတစ်ခုခု၌ ''ပဋိကူလ ပဋိကူလ = ရွံစရာ ရွံစရာ''ဟု အဖန်ဖန် အထပ်ထပ် နှလုံးသွင်းလတ်သော် အစဉ်အားဖြင့် အပ္ပနာစျာန်သည် ဖြစ်ပေါ်လာနိုင်၏၊၊[၃၁၀]

ဤ အဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့်အညီ ယောဂါဝစရပုဂ္ဂိုလ်သည် အဇ္ဈတ္တအရိုးစုကောဋ္ဌာသ၌ ပဋိကူလအားဖြင့် နှလုံးသွင်း ရှုပွားလေရာ ပထမစျာန်သမာဓိသို့ ဆိုက်သည်ဖြစ်အံ့၊ ယင်း ရွံရှာစက်ဆုပ်ဖွယ် အဇ္ဈတ္တအရိုးစုကောဋ္ဌာသ အာရုံ၌ ဘာဝနာစိတ်သည် နစ်မြုပ်လျက် ငြိမ်ဝပ်စွာ ကပ်တည်နေသည် ဖြစ်အံ့။ ထိုအခါတွင် ပထမစျာန်သို့ ဆိုက်ရောက်ပြီ ဖြစ်၏၊ ယင်းပထမစျာန်ကို ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ဝသီဘော် (၅)တန် နိုင်နင်းပြီးသော် မိမိ၏ ရှေ့တည့်တည့်တွင် သို့မဟုတ် လင်းရောင်ခြည်ဖြင့် တွေ့ထိမိရာ အနီးစပ်ဆုံး တစ်နေရာတွင် တွေ့ရှိရသော သူတစ်ပါး‌၏ အရိုးစုကောဋ္ဌာသကို အာရုံယူ၍ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလအားဖြင့်ပင် နှလုံးသွင်းပါ။ စျာန်အင်္ဂါများ ထင်ရှားလာသည့်တိုင်အောင် နှလုံးသွင်းပါ။ သို့သော် ယင်းစျာန်မှာ အထက်ပါမူလဋီကာ၏ ရှင်းလင်းချက် အရ ဗဟိဒ္ဓအလောင်းကောင်၏ အရိုးစုကဲ့သို့ သက်မဲ့အရိုးစုအာရုံအရာ၌ ထား၍ နှလုံးသွင်းနိုင်သောကြောင့် ရရှိလာသော ဥပစာရစျာန်သာ ဖြစ်သည်။ ယင်းစျာန်အင်္ဂါများ ထင်ရှားလာသောအခါ အဇ္ဈတ္တသို့ တစ်ဖန်ပြန်၍ အဇ္ဈတ္တအရိုးစုကိုပင် ပဋိကူလအားဖြင့် နှလုံးသွင်းပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် နှလုံးသွင်းပါ။ ယင်းသို့ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ကြိမ်ဖန်များစွာ နှလုံးသွင်းခြင်းကြောင့် ပဋိကူလမနသိကာရဘာဝနာသည် အလွန့် အလွန် အရှိန်အဝါကောင်း၍ စွမ်းအင်ပြည့်ဝလာမည် ဖြစ်သည်။ ထိုနောင် လင်းရောင်ခြည်ဖြင့် တွေ့ထိမိရာ အရပ် (၁၀)မျက်နှာ၌ တည်ရှိသော အဝေး အနီး အရပ်အားလုံးသို့ ဉာဏ်ကိုစေလွှတ်၍ အရိုးစုကောဋ္ဌာသများကိုလည်း တစ်ခုပြီးတစ်ခု နည်းတူပင် အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘော ထင်ရှားလာသည့် တိုင်အောင် ရှုပါ။

ထိုသို့ ရှုရာ၌ အဇ္ဈတ္တအရိုးစုကောဋ္ဌာသအာရုံ၌သာလျှင် ပထမစျာန်သမာဓိသို့ ဆိုက်ရောက်နိုင်ပြီး ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသအာရုံ၌ကား အထက်က ရှင်းပြခဲ့သည့်အတိုင်း သက်မဲ့အလောင်းကောင်၏ အရိုးစုကောဋ္ဌာသအရာ၌ ထား၍ ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလသဘောကို ရှုပွား သုံးသပ်နိုင်ပါမှသာလျှင် ဥပစာရသမာဓိသို့ ဆိုက်ရောက်နိုင်မည် ဖြစ်ပါသည်။

အဝေး အနီး အရပ်အားလုံးသို့ ဉာဏ်ကိုစေလွှတ်၍ နည်းတူပင် အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓ တစ်လှည့် ရှုရာဝယ် အရပ် (၁၀)မျက်နှာ၌ မည်သည့်အရပ်ကို မဆို ကြည့်လိုက်တိုင်း ရှုလိုက်တိုင်း သတ္တဝါကို မတွေ့တော့ဘဲ အရိုးစု ကောဋ္ဌာသချည်းသက်သက် မြင်အောင် လေ့ကျင့်ပါ။ အောင်မြင်မှု ရရှိသောအခါ ဩဒါတကသိုဏ်းသို့ ကူးနိုင်ပေပြီ။

ကသိုဏ်း (၁၀) ပါး - သမာပတ် (၈) ပါး

ဝဏ္ဏကသိုဏ်း (၄) မျိုး

(၃၂)ကောဋ္ဌာသတို့၌ နီလကသိုဏ်း ပီတကသိုဏ်း လောဟိတကသိုဏ်း ဩဒါတကသိုဏ်းဟု ဝဏ္ဏကသိုဏ်း (၄)မျိုးတို့ကို ရနိုင်၏၊

၁။ နီလကသိုဏ်း = အညိုရောင်ကသိုဏ်း – ဆံပင် မွေးညင်း သည်းခြေတို့၌လည်းကောင်း, မျက်လုံးတို့၌ မည်းနက်ရာအရပ်၌လည်းကောင်း ညိုသောအရောင်ကို အာရုံပြု၍ နီလံ နီလံ = အညို အညိုဟု နှလုံးသွင်းသော ပုဂ္ဂိုလ်အား စတုက္ကစျာန် ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်နိုင်ကုန်၏၊ ယင်းစျာန်ကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ဝိပဿနာဉာဏ်ကို ဖြစ်စေနိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏၊[၃၁၁]

၂။ ပီတကသိုဏ်း = အဝါရောင်ကသိုဏ်း – အဆီခဲ၌လည်းကောင်း, မျက်လုံးတို့၏ ဝါရွှေရာအရပ်၌လည်းကောင်း, (ဝါသော အရေပြား၌လည်းကောင်း, ဝါသော လက်ဖဝါး ခြေဖဝါးတို့၌လည်းကောင်း) အဝါရောင်ကို အာရုံယူ၍ ပီတကံ ပီတကံ = အဝါ အဝါဟု နှလုံးသွင်းသောပုဂ္ဂိုလ်အား စတုက္ကစျာန် ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်နိုင်ကုန်၏၊ ယင်းစျာန်ကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ဝိပဿနာဉာဏ်ကို ဖြစ်စေနိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏၊[၃၁၁]

၃။ လောဟိတကသိုဏ်း = အနီရောင်ကသိုဏ်း – အသား၌လည်းကောင်း, သွေး၌လည်းကောင်း (လျှာ၌ လည်းကောင်း) မျက်လုံးတို့၏ နီမြန်းရာ အရပ်၌လည်းကောင်း အနီရောင်ကို အာရုံယူ၍ လောဟိတကံ လောဟိတကံ = အနီ အနီဟု နှလုံးသွင်းသော ပုဂ္ဂိုလ်အား စတုက္ကစျာန် ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်နိုင်ကုန်၏၊ ယင်းစျာန်ကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ဝိပဿနာဉာဏ်ကို ဖြစ်စေနိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏၊[၃၁၂]

၄။ ဩဒါတကသိုဏ်း = အဖြူရောင်ကသိုဏ်း – ခြေသည်း-လက်သည်း၌လည်းကောင်း, သွား၌လည်းကောင်း, အရေထူ-အရေပါး၌လည်းကောင်း, အရိုး၌လည်းကောင်း, မျက်လုံးတို့၏ ဖြူရာအရပ်၌လည်းကောင်း အဖြူရောင်ကို အာရုံပြု၍ ဩဒါတံ ဩဒါတံ = အဖြူ အဖြူဟု နှလုံးသွင်းသော ပုဂ္ဂိုလ်အား စတုက္ကစျာန် ပဉ္စကစျာန်တို့သည် ဖြစ်ပေါ်လာနိုင်ကုန်၏၊ ယင်းစျာန်ကို ဝိပဿနာ၏ အခြေပါဒက ပြု၍ ဝိပဿနာဉာဏ်ကို ဖြစ်စေနိုင်သော် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏၊[၃၁၂]

အဘိဘာယတနစျာန်

ယင်းသို့ (၃၂)ကောဋ္ဌာသမှ ဝဏ္ဏကသိုဏ်း လေးမျိုးသို့ ကူး၍ ရရှိသော စျာန်များကို ယင်းကသိုဏ်းအာရုံတို့ကို လွှမ်းမိုးဖိစီးလျက် ရရှိသော စျာန်များ ဖြစ်ခြင်းကြောင့် အဘိဘာယတနစျာန်ဟု ခေါ်ဆို၏၊ ကိလေသာအညစ်အကြေး စသည့် ဆန့်ကျင်ဘက်တရားတို့ကို လွယ်ကူစွာ လွှမ်းမိုးဖိစီးနိုင်သောကြောင့်လည်း အဘိဘာယတနစျာန်ဟု ခေါ်ဆို၏၊

အဘိဘာယတနတို့ဟူသည် .. လွှမ်းမိုး ဖိစီး နှိပ်နင်းကြောင်းတရားတို့တည်း = ရူပါဝစရစျာန်တို့တည်း။ အဘယ်တရားကို လွှမ်းမိုး ဖိစီး နှိပ်နင်းကြသနည်း။ ဆန့်ကျင်ဘက်တရားတို့ကိုလည်း လွှမ်းမိုး ဖိစီး နှိပ်နင်းတတ်ကြ၏၊ ကသိုဏ်းအာရုံတို့ကိုလည်း လွှမ်းမိုး ဖိစီး နှိပ်နင်းတတ်ကြ၏၊ မှန်ပေသည် ထို အဘိဘာယတနစျာန်တို့သည် ထိပ်တိုက် ဆန့်ကျင်ဘက်၏ အဖြစ်ဖြင့် ဆန့်ကျင်ဘက်တရားတို့ကို လွှမ်းမိုး ဖိစီး နှိပ်နင်းတတ်ကြ၏၊ အဘိဘာယတနစျာန်တို့ကို ရရှိအောင် ပွားများနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၏ ထက်မြက်စူးရှသည့်အတွက်ကြောင့် ကသိုဏ်းအာရုံ တို့ကိုလည်း လွှမ်းမိုး ဖိစီး နှိပ်နင်းတတ်ကြ၏၊[၃၁၃]

သည်းခြေကဲ့သို့ အလွန်သေးငယ်သော ကောဋ္ဌာသပင် ဖြစ်ချင်ဖြစ်ပါစေ။ ယင်းကဲ့သို့သော ကောဋ္ဌာသကို အာရုံယူ၍ အညိုရောင်ကသိုဏ်းကို ပွားများရာ၌ အညိုရောင်ကသိုဏ်းနိမိတ် ဖြစ်သည်နှင့် အတူတကွ အပ္ပနာစျာန်ကို ဖြစ်စေနိုင်၏ဟု ဆိုလို၏၊ ဤသို့ ဖြစ်စေအပ်ကုန်သော စျာန်တို့ကို အဘိဘာယတနစျာန်တို့ဟူ၍ ဆိုအပ်ကုန်၏၊[၃၁၄]

အဘိဘုလည်း ဟုတ်၍ အာယတနလည်း ဟုတ်သောကြောင့် အဘိဘာယတနမည်သော တရား။ ယောဂါဝစရပုဂ္ဂိုလ်၏ ကသိုဏ်းပရိကမ္မဘာဝနာနှင့် ဉာဏ်သည် ကသိုဏ်းအာရုံနှင့် ဆန့်ကျင်ဘက်တရားတို့ကို လွှမ်းမိုး ဖိစီး နှိပ်နင်းတတ်သောကြောင့် အဘိဘု မည်၏၊ ယင်းအဘိဘုဟူသော အာယတန အကြောင်းတရား ထင်ရှားရှိသော စျာန်သည် အဘိဘာယတနစျာန် မည်၏၊ တစ်နည်း – လွှမ်းမိုး ဖိစီး နှိပ်နင်းထိုက်သော ကသိုဏ်းအာရုံဟု ဆိုအပ်သော အကြောင်းတရားရှိသော စျာန်သည် အဘိဘာယတနစျာန် မည်၏၊ ကသိုဏ်းအာရုံကို လွှမ်းမိုးဖိစီး နှိပ်နင်း တတ်သောကြောင့် အဘိဘုလည်း ဟုတ်၍ ယောဂါဝစရပုဂ္ဂိုလ်၏ ချမ်းသာအထူး၏ တည်ရာ အာယတနလည်း ဟုတ်သောကြောင့် သမ္ပယုတ်တရားနှင့် တကွသော ရူပါဝစရစျာန်သည် အဘိဘာယတနစျာန် မည်၏၊[၃၁၅]

ကသိုဏ်းအာရုံကို လွှမ်းမိုး ဖိစီး နှိပ်နင်းတတ်၏ဟူသည် သည်းခြေကဲ့သို့ အလွန်သေးငယ်သော ကသိုဏ်းဝန်းပင် ဖြစ်ချင်ဖြစ်ပါစေ, ဦးခေါင်းခွံအရိုးစုကဲ့သို့ အနည်းငယ်ကြီးမားသော ကသိုဏ်းဝန်းပင် ဖြစ်ချင်ဖြစ်ပါစေ၊ ထို ကသိုဏ်း အာရုံကို လွယ်လွယ်ကူကူ မပင်မပန်း ချမ်းချမ်းသာသာဖြင့် အလိုရှိသလောက် အရပ် (၁၀)မျက်နှာသို့တိုင်အောင် = အနန္တစကြဝဠာသို့တိုင်အောင် ဖြန့်ကြက်နိုင်မှု အပ္ပနာစျာန်သို့ဆိုက်အောင် ပွားနိုင်မှုကို ဆိုလိုသည်။

ဘုရားရှင်သည် ဤအဘိဘာယတနစျာန်တို့ကို မဟာပရိနိဗ္ဗာနသုတ္တန်,[၃၁၆] အဘိဘာယတနသုတ္တန်,[၃၁၇] ဓမ္မသင်္ဂဏီ ပါဠိတော်[၃၁၈] စသည့် ထိုထိုပါဠိတော်တို့၌ ဟောကြားထားတော်မူခဲ့၏၊

အဇ္ဈတ္တနှင့် ဗဟိဒ္ဓ

သုတ္တန်ဒေသနာတော်တို့၌ အဇ္ဈတ္တံ ရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပရိတ္တာနိ[၃၁၉] စသည်ဖြင့် အဇ္ဈတ္တကောဋ္ဌာသတို့၌လည်း အရောင်ဝဏ္ဏကသိုဏ်း ရှုပွားပုံများကို ထည့်သွင်း၍ ဟောကြားထားတော်မူ၏၊ အဘိဓမ္မာ ဓမ္မသင်္ဂဏီပါဠိတော်[၃၂၀]၌ကား – အဇ္ဈတ္တံ အရူပသညီဟု အဇ္ဈတ္တကောဋ္ဌာသတို့၌ ဝဏ္ဏကသိုဏ်း ရှုကွက်ကို ဟောကြားထားတော်မမူခဲ့ပေ။ ထိုသို့ မဟောကြားခြင်း၏ အကြောင်းကို အဋ္ဌကထာ ဋီကာ[၃၂၁]တို့က ဤသို့ ရှင်းပြထား၏၊

ယောဂါဝစရပုဂ္ဂိုလ်သည် အဇ္ဈတ္တ (၃၂)ကောဋ္ဌာသ၌ တည်ရှိသော ကသိုဏ်းရုပ်တို့ကို ဝဏ္ဏကသိုဏ်းအာရုံအဖြစ် ရှုပွားခဲ့သော် အဇ္ဈတ္တရူပေ ပရိကမ္မဝသေန အဇ္ဈတ္တံ ရူပသညီ နာမ ဟောတိ[၃၂၂] ဟူသော အဋ္ဌကထာအဖွင့်နှင့် အညီ ပရိကမ္မဘာဝနာကား ဖြစ်နိုင်၏၊ သို့သော် အဇ္ဈတ္တကောဋ္ဌာသတို့၏ အရောင်ကို အာရုံယူ၍ ကသိုဏ်းပရိကံကို စီးဖြန်း ခဲ့သော် အဇ္ဈတ္တကသိုဏ်းရုပ်တို့ကား ဗဟိဒ္ဓကသိုဏ်းရုပ်တို့ကဲ့သို့ မထင်ရှားပေ။ ဉာဏ်ထက်မြက်သူ ယောဂါဝစရပုဂ္ဂိုလ်တို့ အဖို့ ပဋိဘာဂနိမိတ်ဖြစ်ပေါ်သည်နှင့် အတူတကွ ဥပစာရသမာဓိဇောဝီထိ အကြိမ်အနည်းငယ် ဖြစ်ပေါ်ပြီးနောက် အပ္ပနာစျာန်ဇောကို ဖြစ်စေနိုင်ခြင်းသည် ကသိုဏ်းဝန်းအာရုံကို လွှမ်းမိုး ဖိစီး နှိပ်နင်းနိုင်သောကြောင့်သာ ဖြစ်ရ၏၊ ယင်းသို့ လွှမ်းမိုးဖိစီးနှိပ်နင်းနိုင်ခြင်းမှာလည်း ကသိုဏ်းရုပ်က ထင်ရှားပါမှသာလျှင် ဖြစ်နိုင်၏၊ ထင်ရှားမှုနှင့် ကင်း၍ကား မဖြစ်နိုင်။ ထိုကြောင့် အဇ္ဈတ္တကောဋ္ဌာသတို့၌ ကသိုဏ်းရုပ်က မထင်ရှားသောကြောင့် ယင်းအဇ္ဈတ္တကသိုဏ်းရုပ်တို့၌ ပရိကမ္မဘာဝနာသာ ဖြစ်နိုင်၍ ဥပစာရဘာဝနာ အပ္ပနာဘာဝနာသည် မဖြစ်နိုင်ပေ။

ထိုသုတ္တန်ပါဠိတော်တို့၌လည်းကောင်း, ဤအဘိဓမ္မာပါဠိတော်၌လည်းကောင်း ကသိုဏ်းရုပ်ရှုကွက်တို့၌ ယောဂါဝစရပုဂ္ဂိုလ်တို့သည် ဗဟိဒ္ဓကောဋ္ဌာသတို့၏ ဝဏ္ဏကသိုဏ်းရုပ်တို့ကိုသာလျှင် အပ္ပနာစျာန်သို့ ဆိုက်သည့် တိုင်အောင် လွှမ်းမိုးဖိစီးနှိပ်နင်းနိုင်ကုန်၏၊ ဗဟိဒ္ဓကသိုဏ်းရုပ်တို့ကိုသာလျှင် အပ္ပနာစျာန်သို့ ဆိုက်သည့်တိုင်အောင် ပွားများ၍ ရနိုင်ကုန်၏၊ ဗဟိဒ္ဓကသိုဏ်းရုပ်တို့၏ ထင်ရှားသောကြောင့် ဖြစ်၏၊ ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် အဇ္ဈတ္တကသိုဏ်းရုပ်တို့၌ ပရိကမ္မဘာဝနာကို ပွားများပြီးနောက် ဆက်လက်၍ ဗဟိဒ္ဓကသိုဏ်းရုပ်တို့၌လည်း ပရိကမ္မဘာဝနာ ဥပစာရဘာဝနာ အပ္ပနာဘာဝနာတို့ကို (အဘိဘာယတနစျာန်ကို အလိုရှိခဲ့လျှင်) ပွားများရမည်သာ ဖြစ်၏၊ အကယ်၍ အဇ္ဈတ္တကသိုဏ်းရုပ်တို့၌ ပရိကမ္မဘာဝနာကို ပွားများ၍ မရနိုင်သောကြောင့်လည်းကောင်း, အဇ္ဈတ္တ ကသိုဏ်းရုပ်တို့၌ ပရိကမ္မဘာဝနာကို ပွားများရန် အလိုမရှိသောကြောင့်လည်းကောင်း, အဇ္ဈတ္တကသိုဏ်းရုပ်တို့၌ ကသိုဏ်းပရိကမ္မဘာဝနာကို မစီးဖြန်းသော ယောဂါဝစရပုဂ္ဂိုလ်သည် ဗဟိဒ္ဓကသိုဏ်းရုပ်တို့၌သာ ကသိုဏ်း ပရိကမ္မဘာဝနာ ဥပစာရဘာဝနာ အပ္ပနာဘာဝနာတို့ကို ပွားများရ၏၊

ထိုကြောင့် ဗဟိဒ္ဓကသိုဏ်းရုပ်တို့ကို သုတ္တန်၌ဖြစ်စေ, အဘိဓမ္မာ၌ဖြစ်စေ မြဲသောအားဖြင့် ဟောကြားတော် မူထိုက်သောကြောင့် ထိုသုတ္တန်ပါဠိတော်၌လည်းကောင်း, ဤအဘိဓမ္မာပါဠိတော်၌လည်းကောင်း ဟောကြားတော် မူအပ်ကုန်ပြီ။[၃၂၁]

ဤကား အဇ္ဈတ္တကောဋ္ဌာသတို့၌ ကသိုဏ်းရုပ်စျာန်တို့ကို အားထုတ်သော်လည်း မရနိုင်သောပုဂ္ဂိုလ် သို့မဟုတ် အဇ္ဈတ္တကောဋ္ဌာသတို့၌ ကသိုဏ်းရုပ်စျာန်တို့ကို ရရှိအောင် ပွားများအားထုတ်ခြင်းငှာ အလိုမရှိသော ပုဂ္ဂိုလ်တို့အတွက် ဖွင့်ဆိုချက်တည်း။[၃၂၃]

သို့သော် ဝိမောက္ခကထာ၌ကား အဇ္ဈတ္တကောဋ္ဌာသတို့၌လည်း ကသိုဏ်းရုပ်စျာန်တို့ကို ရရှိအောင် ကြိုးစား အားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်တို့အတွက် ကသိုဏ်းရုပ်စျာန်တို့ကို ရရှိနိုင်ကြောင်း လာရှိပေသည်။[၃၂၄]

ယင်းအဘိဘာယတနစျာန်တို့၌ အောက်ပါအတိုင်း ကသိုဏ်းအာရုံ (၄)မျိုး လာရှိ၏၊
၁။ ပရိတ္တ = မဖြန့်ကြက်အပ်သေးသော ငယ်သော ကသိုဏ်းဝန်း၊
၂။ အပ္ပမာဏ = တိုးပွားအောင် ဖြန့်ကြက်အပ်ပြီးသော ကသိုဏ်းဝန်း၊
၃။ သုဝဏ္ဏ = အရောင်အဆင်း လှသော ကသိုဏ်းဝန်း၊
၄။ ဒုဗ္ဗဏ္ဏ = အရောင်အဆင်း မလှသော ကသိုဏ်းဝန်း၊

ဤသို့လျှင် ကသိုဏ်းအာရုံ (၄)မျိုး လာရှိ၏၊[၃၂၅] ထိုတွင် –

၁။ ပရိတ္တ = မဖြန့်ကြက်အပ်သေးသော ငယ်သော ကသိုဏ်းဝန်းရုပ်သည် ဝိတက်စရိုက်များသော ပုဂ္ဂိုလ်၏ အစွမ်းဖြင့် လာရှိ၏၊
၂။ အပ္ပမာဏ = တိုးပွားအောင် အတိုင်းအတာပမာဏမရှိ ဖြန့်ကြက်အပ်ပြီးသော ကသိုဏ်းရုပ်သည် မောဟစရိုက်များသော ပုဂ္ဂိုလ်၏ အစွမ်းဖြင့် လာရှိ၏၊
၃။ သုဝဏ္ဏ = အရောင်အဆင်း လှသော ကသိုဏ်းဝန်းရုပ်သည် ဒေါသစရိုက်များသော ပုဂ္ဂိုလ်၏ အစွမ်းဖြင့် လာရှိ၏၊
၄။ ဒုဗ္ဗဏ္ဏ = အရောင်အဆင်း မလှသော ကသိုဏ်းဝန်းရုပ်သည် ရာဂစရိုက် ထူပြောများပြားသော ပုဂ္ဂိုလ်၏ အစွမ်းဖြင့် လာရှိ၏၊[၃၂၆]

ဩဒါတကသိုဏ်းသည် အသာဆုံး အမြတ်ဆုံး

ရဟန်းတို့ ...ဤ အဘိဘာယတနစျာန် (၈)မျိုးတို့တွင် အချို့သော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိအဇ္ဈတ္တ သန္တာန်၌ တည်ရှိသော ကောဋ္ဌာသတို့၏ အဆင်းရုပ်တို့ကို မရှုမူ၍ ဗဟိဒ္ဓ၌ ဖြူသောအဆင်း ဖြူသောအသွေး ဖြူသော အရောင်ရှိသော ဖြူသောကသိုဏ်းရုပ်တို့ကို ရှု၏၊ ထိုကသိုဏ်းရုပ်တို့ကို လွှမ်းမိုး၍ ''ငါသိ၏၊ ငါမြင်၏''ဟု ဤသို့ အမှတ်သညာ ရှိ၏၊ ဤအဘိဘာယတနစျာန်သည်ကား အသာဆုံး အမြတ်ဆုံးတည်း။[၃၂၇]

တွေ့ထိမိရာ လူ တိရ စ္ဆာန် စသည့် သတ္တဝါတိုင်းကို တစ်ဦးပြီးတစ်ဦး တစ်ယောက်ပြီး တစ်ယောက် အဇ္ဈတ္တ တစ်လှည့်, ဗဟိဒ္ဓ တစ်လှည့် ရှုကြည့်ပါ။ ယောက်ျား မိန်းမ ကျွဲ နွား တိရ စ္ဆာန်ဟု မတွေ့မမြင်တော့ဘဲ (၃၂)ကောဋ္ဌာသအစုအပုံဟု ကြည့်လိုက်တိုင်း တွေ့နေပါက အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာပြီး ဖြစ်ပေပြီ = ပဂုဏ ဖြစ်ပေပြီ။

အထက်ပါ ဒေသနာတော်နှင့်အညီ ဝဏ္ဏကသိုဏ်း လေးမျိုးတို့တွင် ဩဒါတ = အဖြူရောင်ကသိုဏ်းကား ယောဂါဝစရပုဂ္ဂိုလ်တို့၏ စိတ်ဓာတ်ကို အထူးကြည်လင်စေတတ်သဖြင့် အသာဆုံး အမြတ်ဆုံး ကသိုဏ်းတစ်ခု ဖြစ်၏၊ ထိုကြောင့် ဩဒါတကသိုဏ်းရှုကွက်ကို ဦးစားပေး၍ တင်ပြပေအံ့ ..။

ဩဒါတကသိုဏ်းပွားများပုံ

ယောဂါဝစရပုဂ္ဂိုလ်သည် ဤ (၃၂)ကောဋ္ဌာသတို့ကို အာနာပါနစတုတ္ထစျာန်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်စွမ်းအင်၏ အကူအညီကို ယူ၍ ဆံပင်မှသည် ကျင်ငယ်, ကျင်ငယ်မှသည် ဆံပင်သို့တိုင်အောင် အဝါးဝစွာ လေ့လာပါ။ ဆံပင်မှသည် အောက်သို့ စိုက်ရှုလိုက်ရာ ကျင်ငယ်သို့ တိုင်အောင်, ကျင်ငယ်မှသည် အထက်သို့ လှန်၍ ရှုလိုက်ရာ ဆံပင်သို့တိုင်အောင် တိုးလျှိုပေါက် ဉာဏ်ဖြင့် ထင်ထင်ရှားရှား တွေ့မြင်သည် ဖြစ်အံ့၊ ထိုအခါ၌ အဇ္ဈတ္တ၌ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာပြီးဖြစ်ပေပြီ = ပဂုဏ ဖြစ်ပေပြီ။

ထိုအခါ ယင်းအာနာပါနစတုတ္ထစျာန်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်၏ အကူအညီကိုပင်ယူ၍ ထိုလင်းရောင်ခြည် ပြန့်နှံ့ရာ အနီးကပ်ဆုံး နေရာ၌ အထူးသဖြင့် ရှေ့တည့်တည့်၌ တည်ရှိသော သူတော်ကောင်း တစ်ဦး၏ သို့မဟုတ် သတ္တဝါတစ်ဦး၏ သန္တာန်၌ တည်ရှိသော (၃၂)ကောဋ္ဌာသတို့ကို ဆံပင်မှသည် ကျင်ငယ်, ကျင်ငယ်မှသည် ဆံပင်သို့တိုင်အောင် ကြိမ်ဖန်များစွာ ရှုကြည့်ပါ။ အောင်မြင်မှု ရရှိသောအခါ အဇ္ဈတ္တ၌ တစ်လှည့်, ဗဟိဒ္ဓ၌ တစ်လှည့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ ထိုသို့ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ကြိမ်ဖန်များစွာ ရှုနိုင်ပါမှ ဘာဝနာစွမ်းအင်သည် ကြီးမားလာမည် ဖြစ်ပေသည်။

ဤနည်းစနစ်ကို မှီ၍ အနီးမှသည် အဝေးသို့ တစ်စတစ်စ တိုး၍တိုး၍ ရှုကြည့်ပါ။ အရပ် (၁၀)မျက်နှာ အားလုံးသို့ ဖြန့်ကြက်၍ ရှုကြည့်ပါ။ ယင်း အာနာပါနစတုတ္ထစျာန်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်နှင့်

၁။ အာနာပါန စတုတ္ထစျာန်သမာဓိကို ပြန်လည်ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ..
၂။ အဇ္ဈတ္တ (၃၂)ကောဋ္ဌာသတို့ကို သိမ်းဆည်းပါ။
၃။ မိမိ၏ ရှေ့တည့်တည့်တွင် သို့မဟုတ် အနီးကပ်ဆုံး တစ်နေရာ၌ တည်ရှိသော ဗဟိဒ္ဓ (၃၂)ကောဋ္ဌာသတို့ကို သိမ်းဆည်းပါ။
၄။ ထိုဗဟိဒ္ဓ (၃၂)ကောဋ္ဌာသတို့တွင် အရိုးစုကောဋ္ဌာသကို သိမ်းဆည်းပါ။ (ပဋိကူလအားဖြင့် နှလုံးသွင်းလိုကလည်း သွင်းပါ။ မသွင်းလိုကလည်း ယင်းအရိုးစုကို သိမ်းဆည်းရုံ သိမ်းဆည်းပါ။)
၅။ ထိုဗဟိဒ္ဓအရိုးစု၏ အဖြူဆုံး တစ်နေရာကို ရွေးချယ်၍ သို့မဟုတ် အရိုးစုအားလုံး ဖြူနေသော် အရိုးစုအားလုံးကို ခြုံငုံ၍ သို့မဟုတ် ဦးခေါင်းခွံအရိုးကို အာရုံယူ၍ ဩဒါတ ဩဒါတ = အဖြူ အဖြူဟု နှလုံးသွင်းပါ။

ယောဂါဝစရပုဂ္ဂိုလ်သည် အကယ်၍ စိတ်အားထက်သန်ပါက အဇ္ဈတ္တအရိုးစု၌ ပဋိကူလအားဖြင့် နှလုံးသွင်းပြီး၍ ပထမစျာန်သို့ ဆိုက်ပြီးသောအခါ ယင်းအရိုးစုသည်လည်း ဖြူလာသောအခါ ထိုအဖြူရောင်၌ ပရိကမ္မဘာဝနာကို စီးဖြန်းလိုက စီးဖြန်းနိုင်ပါသည်။ အဇ္ဈတ္တကသိုဏ်းရုပ်၌ အပ္ပနာစျာန်သို့ ဆိုက်သည်တိုင်အောင် ရှုမရဖြစ်နေပါက သို့မဟုတ် မရှုလိုပါက ပရိကမ္မသမာဓိမျှကိုသာ ထူထောင်ပြီးနောက် ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသ၏ အဖြူရောင်ကို အာရုံယူ၍ ဩဒါတ အဖြူရောင်ကသိုဏ်းကို ဆက်လက် ရှုရမည် ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ ဗဟိဒ္ဓ အရိုးကောဋ္ဌာသမှပင် ဩဒါတကသိုဏ်းသို့ သွားလိုကလည်း အထက်ဖော်ပြပါ အစီအစဉ် အတိုင်း ရှုနိုင်ပါသည်။ ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသကို ပဋိကူလအားဖြင့် နှလုံးသွင်းခြင်းသည်ကား ပဋိကူလမနသိကာရ ကမ္မဋ္ဌာန်းကိုလည်း စီးဖြန်းတတ်စေ, အရိုးစုကောဋ္ဌာသလည်း ခိုင်ခံ့စေ, အရိုးစုကောဋ္ဌာသလည်း ဖြူလာစေဟူသော ဦးတည်ချက်တို့ဖြင့် နှလုံးသွင်းခြင်းသာ ဖြစ်သည်။ ပဋိကူလအားဖြင့် နှလုံးမသွင်းဘဲ ဩဒါတကသိုဏ်းသို့ တိုက်ရိုက် သွားလိုကလည်း သွားနိုင်သည်သာ ဖြစ်သည်။ ဗဟိဒ္ဓ အရိုးစု၏ အထူးသဖြင့် ဦးခေါင်းခွံ၏ အဖြူရောင်ကို အာရုံယူ၍ ဩဒါတ ဩဒါတ = အဖြူ အဖြူဟု ရှုသောအခါ ထိုအဖြူရောင်အာရုံ၌ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေအောင် ကြိုးစားပါ။

အာနာပါနစတုတ္ထစျာန်စသော ရှေးရှေး ဘာဝနာသမာဓိတို့၏ အားကြီးသော မှီရာ = ဥပနိဿယသတ္တိစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိထူးကြီးကို ဆက်ခံထားရသော ယောဂါဝစရပုဂ္ဂိုလ်၏ ဩဒါတ ကသိုဏ်း ဘာဝနာစိတ်သည် အဖြူရောင်အာရုံ၌ ငြိမ်ဝပ်စွာကပ်၍ တည်နေမည်သာ ဖြစ်ပေသည်။ ယင်းအဖြူရောင် အာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ တည်နေပါက အရိုးစုကောဋ္ဌာသ ပျောက်၍ အဖြူရောင်ကသိုဏ်းဝန်းသက်သက်သာ ကျန်ရှိနေမည်ဖြစ်သည်။ ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော အဖြူရောင် ကသိုဏ်းဝန်းကား ဥဂ္ဂဟနိမိတ်တည်း။ သောက်ရှူးကြယ်ကဲ့သို့ အလွန် ကြည်လင်တောက်ပလာသော အဖြူရောင် ကသိုဏ်းဝန်းကား ပဋိဘာဂနိမိတ်တည်း။ ဥဂ္ဂဟနိမိတ်သို့ မဆိုက်မီ အရိုးစုနိမိတ်အားလုံးကား ဆွတ်ဆွတ် မဖြူမီ ပရိကမ္မနိမိတ်ချည်းသာတည်း။

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ဤသာသနာတော်တွင်း၌ ရှေးရှေးဘဝများကဖြစ်စေ သို့မဟုတ် ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်တွင်း ဘဝထိုထိုကဖြစ်စေ ဖြည့်ကျင့်ဆည်းပူးခဲ့သော ဩဒါတကသိုဏ်း ပါရမီကုသိုလ် အဆောက်အဦရှိသူ ဖြစ်ပါက အဖြူရောင် ဩဒါတကသိုဏ်းဝန်းမှာ အထူးကြိုးစား၍ မဖြန့်ရတော့ဘဲ ဥဂ္ဂဟနိမိတ် သို့မဟုတ် ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်လာသောအခါ အဖြူရောင် ဩဒါတကသိုဏ်းဝန်းကို စိုက်၍ အဖြူ အဖြူဟု ရှုနေစဉ်မှာပင် ယင်းအဖြူရောင် ဩဒါတကသိုဏ်းဝန်းသည် အရပ် (၁၀)မျက်နှာသို့တိုင်အောင် လွယ်ကူစွာ ပြန့်သွားမည် ဖြစ်ပေသည်။

အကယ်၍ အဖြူရောင်ကသိုဏ်းဝန်းမှာ ပြန့်ကျယ်၍ မသွားပါက ထိုအဖြူရောင်ကသိုဏ်းဝန်းကိုပင် ဆွတ်ဆွတ် ဖြူ၍ အထူးကြည်လင်တောက်ပလာသည့်တိုင်အောင် ယင်းဩဒါတကသိုဏ်းဝန်းကိုပင် အာရုံယူ၍ အဖြူ အဖြူဟု ရှုနေပါ။ သမာဓိကို ဆက်လက်ထူထောင်ပါ။ ဆွတ်ဆွတ်ဖြူ၍ အထူး သန့်ရှင်းကြည်လင်တောက်ပနေသည့် ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်သောအခါ ယင်းပဋိဘာဂနိမိတ်ကိုပင် အာရုံယူ၍ အဖြူ အဖြူဟု ဆက်လက် ရှုပွားခဲ့သော် ပထမစျာန်သမာဓိသို့ကား ဆိုက်နိုင်၏၊ သို့သော် ယင်းသမာဓိမှာ မခိုင်ခံ့ဘဲ အရှည်မတည်တံ့ ဖြစ်တတ်၏၊ ထိုကြောင့် ယင်းပဋိဘာဂနိမိတ်ကို သမာဓိ အရှည်ခိုင်ခံ့တည်တံ့ရေးအတွက် တိုးပွားအောင် ပြုလုပ်သင့်ပေသည်။

ယင်း အဖြူရောင်ဩဒါတကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေသောအခါ ''အဖြူရောင်ကသိုဏ်းဝန်းသည် ဘေးပတ်လည်ဝန်းကျင်သို့ လက်တစ်သစ်ခန့် ပြန့်ပါစေ၊ သို့မဟုတ် လက်နှစ်သစ်ခန့် ပြန့်ပါစေ၊ သို့မဟုတ် လက်သုံးသစ်ခန့် ပြန့်ပါစေ၊ သို့မဟုတ် လက်လေးသစ်ခန့် ပြန့်ပါစေ'' ဤသို့စသည်ဖြင့် မိမိ၏ ဉာဏ်အာနုဘော်စွမ်းအားနှင့် နှိုင်းချိန်လျက် လက်တစ်သစ် လက်နှစ်သစ် စသည်ဖြင့် ပိုင်းခြား၍ အဓိဋ္ဌာန်ပြုကာ ဖြန့်ကြည့်ပါ။ လက်တစ်သစ် လက်နှစ်သစ် စသည်ဖြင့် မပိုင်းခြားဘဲကား ကသိုဏ်းဝန်းကို မဖြန့်ပါနှင့်၊ ပိုင်းခြား၍သာ ဖြန့်ပါ။ ထိုသို့ ပိုင်းခြား၍ အဓိဋ္ဌာန်ပြုကာ ဖြန့်လိုက်သဖြင့် ကသိုဏ်းဝန်းသည် ပြန့်သွားခဲ့သော် ယင်းကသိုဏ်းဝန်းသည် အနည်းငယ် လှုပ်ရှားသွားတတ်၏၊ ထိုအခါ ထိုကသိုဏ်းဝန်းကို ငြိမ်သက်သွားအောင် အဖြူ အဖြူဟု ရှုနေပါ။ သမာဓိစွမ်းအင် အားကောင်းလာသောအခါ ကသိုဏ်းဝန်းသည် ငြိမ်သက်သွားမည် ဖြစ်သည်။ ငြိမ်သက်သွားပါက ရှေးနည်းတူ ပိုင်းခြား၍ အဓိဋ္ဌာန်ပြုကာ ထပ်မံ၍ ဖြန့်ကြည့်ပါ။ တစ်စတစ်စ ကသိုဏ်းဝန်းသည် ကျယ်ပြန့်လာသောအခါ ''တစ်တောင် ပြန့်ပါစေ၊ တစ်လံ ပြန့်ပါစေ'' ဤသို့စသည်ဖြင့် တိုးချဲ့၍ ဖြန့်ကြည့်ပါ။ ဤနည်းဖြင့် ကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာသို့ အတိုင်းအတာပမာဏ မရှိအောင် ဖြန့်ကြက်ပါ။ အရပ် (၁၀)မျက်နှာ၌ မည်သည့်အရပ်ကိုမဆို ကြည့်လိုက်တိုင်း ဖြူနေပါစေ။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနလုံး၌ သဏ္ဌာန်ဒြပ် လုံးဝမရှိတော့ဘဲ အဖြူရောင်ချည်းသက်သက် တည်ရှိနေသောအခါ ထိုအဖြူရောင်ကသိုဏ်းအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင်, လှုပ်ရှားနေပါက လှုပ်ရှားနေသော အဖြူရောင်ကသိုဏ်းအာရုံလည်း ငြိမ်ဝပ်သွားအောင် မိမိ၏ ရှေ့တည့်တည့် သုံးလေးပေခန့်ကွာဝေးသော ယင်း ဖြန့်ကြက်ပြီးသော အဖြူရောင်ကသိုဏ်း၏ တစ်နေရာ၌ တိုက်နံရံ တစ်ခုပေါ်၌ ဦးထုပ်တစ်လုံးကို ချိတ်ဆွဲထားသကဲ့သို့ ဘာဝနာစိတ်ကို ကပ်ထား၍ အဖြူ အဖြူဟုသာ ရှုနေပါ။ ယင်းအဖြူရောင်ကသိုဏ်းအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ တည်လာသောအခါ အဖြူရောင်ကသိုဏ်း မှာလည်း လှုပ်ရှားမှုမရှိတော့ဘဲ ငြိမ်ဝပ်လာမည် ဖြစ်၏၊ ဘာဝနာစိတ်လည်း ငြိမ်သက်လာ၍ အဖြူရောင်ကသိုဏ်းလည်း ငြိမ်ဝပ်လာသောအခါ ယင်းအဖြူရောင်ကသိုဏ်းမှာ ဆွတ်ဆွတ်ဖြူ၍ အထူး ကြည်လင်သန့်ရှင်းလာမည် ဖြစ်သည်။ အဖြူရောင်ကသိုဏ်းဝန်းနိမိတ်ကို တိုးပွားအောင် ပြုလုပ်ပြီးနောက် ထပ်မံ၍ ရရှိလာသော ကသိုဏ်းပဋိဘာဂနိမိတ် တည်း။ ထိုအဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို တစ်နာရီခန့် နှစ်နာရီခန့် စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် အဖြူ အဖြူဟုပင် ရှုနေပါ။ ထိုအခါ ယင်းပဋိဘာဂနိမိတ်ကိုပင် ထပ်ကာထပ်ကာ နှလုံး သွင်းနေပါက ရှုနေပါက ထိုပဋိဘာဂနိမိတ်အာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော စူးစူးစိုက်စိုက် နက်နက်ရှိုင်းရှိုင်း နစ်မြုပ်နေသော ဘာဝနာစိတ်ဝယ် စျာန်အင်္ဂါ(၅)ပါးလည်း အလွန်ထင်ရှားနေမည်၊ အားရှိနေမည် ဖြစ်ပေသည်။ ထိုအခါ ပထမစျာန်သမာဓိသို့ ဆိုက်ရောက်ပြီ ဖြစ်သည်။

စျာန်အင်္ဂါ (၅) ပါး

၁။ ဝိတက် = အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော။
၂။ ဝိစာရ = အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို ''အဖြူ အဖြူ''ဟု ထပ်ကာထပ်ကာ သုံးသပ် ဆင်ခြင်ခြင်းသဘော။
၃။ ပီတိ = အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို နှစ်သက်ခြင်းသဘော။
၄။ သုခ = အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော။
၅။ ဧကဂ္ဂတာ = အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်းပေါ်သို့ စိတ်ကျရောက် တည်ငြိမ်နေခြင်း သဘော။

ဝိတက်စသည့် တစ်လုံးစီ တစ်လုံးစီကို စျာန်အင်္ဂါဟု ခေါ်ဆို၍ ယင်းစျာန်အင်္ဂါတို့၏ အပေါင်းအစုကို စျာန်ဟု ခေါ်ဆိုသည်။ ယင်းပထမစျာန်သမာဓိကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ဝသီဘော် (၅)တန် နိုင်နင်းသောအခါ အာနာပါနကမ္မဋ္ဌာန်း၌ ရေးသားတင်ပြခဲ့သည့်အတိုင်း ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန် တို့သို့လည်း အစဉ်အတိုင်း ကူးပါလေ။

စတုက္ကနည်း - စျာန် (၄) ပါး

၁။ ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ (၅)ပါး ရှိသော ပထမစျာန်၊
၂။ ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ (၃)ပါးရှိသော ဒုတိယစျာန်၊
၃။ သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ (၂)ပါးရှိသော တတိယစျာန်၊
၄။ ဥပေက္ခာ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ (၂)ပါးရှိသော စတုတ္ထစျာန်။

ပဉ္စကနည်း - စျာန် (၅) ပါး

၁။ ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ (၅)ပါး ရှိသော ပထမစျာန်၊
၂။ ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ (၄)ပါး ရှိသော ဒုတိယစျာန်၊
၃။ ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ (၃)ပါး ရှိသော တတိယစျာန်၊
၄။ သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ (၂)ပါး ရှိသော စတုတ္ထစျာန်၊
၅။ ဥပေက္ခာ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ (၂)ပါး ရှိသော ပဉ္စမစျာန်။

ဤပဉ္စကနည်း၌ကား ဝိတက်နှင့် ဝိစာရတို့ကို တစ်လုံးစီ ဖြုတ်သဖြင့် စျာန် (၅)ပါး ဖြစ်သည်။ စတုက္ကနည်း၌ကား ဝိတက်နှင့် ဝိစာရတို့ကို ပြိုင်တူ ဖြုတ်သဖြင့် စျာန် (၄)ပါး ဖြစ်သည်။ ကျွတ်ထိုက်သသူ နတ် လူ ဗြဟ္မာ ဝေနေယျကြာ သတ္တဝါတို့၏ အလိုအကြိုက် စရိုက်နှင့်လျော်ညီစွာ ဉာဏ်နုံ့သူတို့အား ပဉ္စကနည်းကို ဉာဏ်ထက်မြက်သူတို့အား စတုက္ကနည်းကို ဟောကြားတော်မူသည်၊ ရူပါဝစရစျာန်များတည်း။ ရူပါဝစရဘုံသို့ ရောက်စေနိုင်သော စွမ်းအားရှိသော စျာန်များဟု ဆိုလို၏၊ ဤ၌ကား ရူပါဝစရဘုံအတွက် ရည်ရွယ်၍ သမာဓိကို ထူထောင်သည့် လုပ်ငန်းရပ်ကို ပြုလုပ်စေသည်ကား မဟုတ်ပါ။ ဝိပဿနာ၏ အခြေပါဒကအဖြစ် ရည်ရွယ်၍ သမာဓိကို ထူထောင်နေခြင်းသာ ဖြစ်သည်။

ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသကို အာရုံယူကာ ဩဒါတ = အဖြူရောင်ကသိုဏ်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် အဝါးဝစွာ နိုင်နိုင်နင်းနင်း ပွားများပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် အဇ္ဈတ္တအရိုးစု၏ အဖြူရောင်ကို အာရုံယူကာ ဩဒါတကသိုဏ်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ဆက်လက်ကာ ပွားများအားထုတ်ပါ။ ထို့နောင် –

၁။ အကျော်ပန်း စံပယ်ပန်း မြတ်လေးပန်းတို့ကဲ့သို့ ဖြူသော ပန်းများ၌သော်လည်းကောင်း,
၂။ အဖြူရောင် အဝတ်ပိတ်စ၌သော်လည်းကောင်း,
၃။ အဖြူရောင် စက္ကူ၌သော်လည်းကောင်း,
၄။ စကျင်ကျောက်ကဲ့သို့ အဖြူရောင် ကျောက်ပြားများ၌သော်လည်းကောင်း –
အဖြူရောင်ကသိုဏ်းနိမိတ်ကို ရယူနိုင်ပေသည်။

အရိုးစုကောဋ္ဌာသ၌ အဖြူရောင်ကသိုဏ်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် သမာဓိကို အောင်အောင်မြင်မြင် ထူထောင်ထားပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဖြူနေသည့် မည်သည့်အရာဝတ္ထုကိုမဆို သီးသန့် အဖြူရောင်ကသိုဏ်းဝန်း မပြုလုပ်တော့ဘဲ ယင်းအရာဝတ္ထု၏ အဖြူရောင်သက်သက်ကိုသာ နှလုံးသွင်းလိုက်ပါက တစ်ခဏအတွင်းမှာပင် အဖြူရောင်ကသိုဏ်းဝန်း ဖြစ်ပေါ်လာကာ အထူး ကြိုးစားပြီး မဖြန့် ကြက်ရတော့ဘဲ ကသိုဏ်းဝန်းမှာ အရပ်ဆယ်မျက်နှာသို့တိုင်အောင် လွယ်လင့်တကူ ပျံ့နှံ့သွားတတ်ပေသည်။ ထိုအခါ ပထမစျာန် သမာဓိမှသည် စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ပွားများအားထုတ်ပါလေ။

နီလကသိုဏ်း = အညိုရောင်ကသိုဏ်း

အညိုရောင်ကသိုဏ်းကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် – ဩဒါတကသိုဏ်း စတုတ္ထစျာန် သမာဓိကို တစ်ဖန် ပြန်လည် ထူထောင်ပါ။ (၃၂)ကောဋ္ဌာသတို့ကို တစ်ဖန် ပြန်သိမ်းဆည်းပါ။ မိမိရှေ့တွင် ထိုင်နေသော ယောဂါဝစရပုဂ္ဂိုလ်တစ်ဦး၏ အညိုရောင်ဆံပင်ကို လှမ်းအာရုံယူပါ။ ယင်းအညိုရောင်ဆံပင်ကို ဉာဏ်၌ ထင်ထင် ရှားရှား တွေ့မြင်လာသောအခါ – နီလ - နီလ = အညို - အညို – ဟု နှလုံးသွင်းနေပါ။ ရှေးရှေး ဘာဝနာသမာဓိတို့က အားကြီးသော မှီရာဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုမှုကို ဆက်ခံရသော နီလကသိုဏ်း ပရိကမ္မသမာဓိသည်လည်း အရှိန်အဝါ အားကောင်းလာကာ မကြာမီ အချိန်ကာလအတွင်းမှာပင် ဆံပင်ကို မတွေ့တော့ဘဲ အညိုရောင်ကသိုဏ်း ဝန်းကိုသာ တွေ့ရှိမည် ဖြစ်ပေသည်။ ယင်းအညိုရောင်ကသိုဏ်းဝန်းကို အာရုံယူကာ သမာဓိကို ဆက်လက်ထူထောင်ပါ။

ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော နိမိတ်သုံးပါး, ပရိကမ္မဘာဝနာ ဥပစာရဘာဝနာ အပ္ပနာ ဘာဝနာဟူသော ဘာဝနာသုံးပါး, ပရိကမ္မသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော သမာဓိသုံးပါးတို့ကို အစဉ်အတိုင်း ရသည်တိုင်အောင် ရှေးဩဒါတကသိုဏ်း၌ ဆိုခဲ့ပြီးသည့်အတိုင်း ဆက်လက် နှလုံးသွင်းပါ၊ သမာဓိကို ထူထောင်ပါ။

ပကတိသော ဆံပင်နိမိတ်ကို ဆံပင်အဖြစ်နှင့်သာ တွေ့မြင်နေပါက ယင်းဆံပင်နိမိတ်မှာ ပရိကမ္မနိမိတ်ပင် ဖြစ်၏၊ ယင်းဘာဝနာမှာ ပရိကမ္မဘာဝနာ, ယင်းသမာဓိမှာ ပရိကမ္မသမာဓိသာ ဖြစ်၏၊ တစ်ဖန် သမာဓိကို ဆက်လက် ထူထောင်လိုက်ရာ ဆံပင်ကို မတွေ့တော့ဘဲ ကသိုဏ်းဝန်းအဖြစ် ယောဂီ၏ ဉာဏ်တွင် ထင်လာတတ်၏၊ ယင်းသို့ ထင်လာသော နိမိတ်ကား ဥဂ္ဂဟနိမိတ်တည်း။ ဥဂ္ဂဟနိမိတ်၌ကား ကသိုဏ်းအပြစ်ဒေါသများ ထင်နေသေး၏၊ ယင်းဥဂ္ဂဟနိမိတ်ကိုပင် အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်ခဲ့သော် ယင်းဘာဝနာမှာ ပရိကမ္မဘာဝနာ, ယင်းသမာဓိမှာလည်း ပရိကမ္မသမာဓိပင် ရှိနေသေး၏၊ ယင်းဥဂ္ဂဟနိမိတ်ကိုပင် အာရုံယူနေသော သမာဓိမှာ တဖြည်းဖြည်း ရင့်ကျက်လာသောအခါ နိမိတ်မှာ ဥဂ္ဂဟနိမိတ်မှ ပဋိဘာဂနိမိတ်အဆင့်သို့ ကူးပြောင်းသွား၏၊ ပဋိဘာဂနိမိတ်ကား ကသိုဏ်းဝန်းမှ လွတ်၍ ကောင်းကင်၌ တည်နေသော ဣန္ဒနီလာပတ္တမြားဖြင့် ပြီးသော ယပ်ဝန်းအတူ ထင်လာ၏၊ ဤအခိုက်၌လည်း ပရိကမ္မဘာဝနာ, ပရိကမ္မသမာဓိပင် ရှိသေး၏၊ သို့သော် .. ယင်းသမာဓိကို ရင့်ကျက်အောင် ဆက်လက် ထူထောင်ခဲ့သော် ပဋိဘာဂနိမိတ်မှာ ကြည်လင်တောက်ပသည်ထက် ပို၍ ကြည်လင် တောက်ပလာတတ်၏၊ ယင်းနိမိတ်အာရုံ၌ ဘာဝနာစိတ်သည် ရံခါ နစ်မြုပ်နေတတ်၏၊ မနစ်မြုပ်မီအဆင့်တွင်ရှိသော သမာဓိမှာ ဥပစာရသမာဓိဖြစ်၏၊ ဘာဝနာမှာ ဥပစာရဘာဝနာ ဖြစ်၏၊ အကယ်၍ ယင်းနိမိတ်အာရုံ၌ ဘာဝနာစိတ်က နစ်မြုပ်နေခဲ့သော် ယင်းနစ်မြုပ်နေသော သမာဓိမှာ အပ္ပနာစျာန်သမာဓိ ဖြစ်၏၊ ယင်းဘာဝနာမှာ အပ္ပနာဘာဝနာ ဖြစ်၏၊ သို့သော် ယင်းအပ္ပနာသမာဓိမှာ ကြာရှည်စွာ မတည်တံ့ ရှိတတ်၏၊ ကြာရှည်စွာ တည်တံ့နိုင်ရေးအတွက် ယင်းဥပစာရသမာဓိအခိုက်မှာဖြစ်စေ, အပ္ပနာစျာန်သမာဓိအခိုက်မှာဖြစ်စေ ကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာသို့ တိုင်အောင် အဆုံးအစ မရှိအောင် ဖြန့်ကြက်အပ်ပေသည်။ ယင်းသို့ ဖြန့်ကြက်ပြီးနောက် ရရှိလာသော ကသိုဏ်းရုပ်တွင် မိမိ၏ ရှေ့တည့်တည့် သုံးလေးပေခန့် အကွာတွင် တည်ရှိသော အညိုရောင်ကသိုဏ်း တစ်နေရာကို အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်ခဲ့သော် အပ္ပနာစျာန်သမာဓိသို့ ဆိုက်နိုင်၏၊ ယင်းသမာဓိကား ကြာရှည်စွာ တည်တံ့နိုင်၏၊ ဤသို့ ကသိုဏ်းဝန်းကို ဖြန့်ကြက်ပြီးရာအခါ၌လည်း –

၁။ ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော နိမိတ်သုံးမျိုး,
၂။ ပရိကမ္မဘာဝနာ ဥပစာရဘာဝနာ အပ္ပနာဘာဝနာဟူသော ဘာဝနာသုံးမျိုး,
၃။ ပရိကမ္မသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော သမာဓိသုံးမျိုးတို့ကို အစဉ်အတိုင်း ရရှိနိုင်ပေသည်။

စတုတ္ထစျာန်သမာဓိသို့တိုင်အောင် သမာဓိကို ဆက်လက် ထူထောင်ပါ။ အောင်မြင်မှုကို ရရှိခဲ့သော် အဇ္ဈတ္တ ဆံပင်ကောဋ္ဌာသကို အာရုံယူကာ ပုံစံတူပင် ရှုကြည့်ပါ။ စတုတ္ထစျာန်သမာဓိသို့တိုင်အောင် သမာဓိကို ထူထောင်နိုင်သည်သာ ဖြစ်ပေသည်။ ထိုနောင် ဗဟိဒ္ဓ သည်းခြေကောဋ္ဌာသကို အာရုံယူကာ အညိုရောင်ကသိုဏ်းကို ပုံစံတူပင် ပွားများနိုင်ပါသည်၊ စတုတ္ထစျာန်သမာဓိအထိ ဆိုက်နိုင်ပေသည်။ ဗဟိဒ္ဓ သည်းခြေကောဋ္ဌာသ၌ နီလကသိုဏ်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် သမာဓိကို ထူထောင်ပြီးသောအခါ အဇ္ဈတ္တသည်းခြေကို အာရုံယူကာ ပုံစံတူပင် ရှုနိုင်ပေသည်။ ယင်းကဲ့သို့ အောင်မြင်မှုကို ရရှိသောအခါ အောက်မဲညိုပွင့်ကဲ့သို့သော ပန်းတစ်ပွင့်ကို သို့မဟုတ် မြခွာညိုကဲ့သို့သော ပန်းတစ်ပွင့်ကို အာရုံယူကာ အညိုရောင်ကသိုဏ်းကို ပွားများအားထုတ်ကြည့်ပါ။ ယင်းအညိုရောင်ပန်းတစ်ပွင့်ကလည်း ယောဂါဝစရပုဂ္ဂိုလ်၏ ဘာဝနာစိတ်ကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည် တိုင်အောင် အားကြီးသော မှီရာ အာရုံအကြောင်းတရားအဖြစ် ရပ်တည်ကာ အာရမ္မဏူပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုနေမည်သာ ဖြစ်ပေသည်။ ပန်းတစ်ပွင့်မှ စတုတ္ထစျာန်သမာဓိဟူသော ဘာဝနာအနှစ်ကို ထုတ်ယူလိုက်ခြင်းပင် ဖြစ်၏၊ နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်သည့် ယောနိသောမနသိကာရရှိသူကို စျာန်ကုသိုလ်ကဲ့သို့သော (ဝိပဿနာ ကုသိုလ်ကဲ့သို့သော) အဆင့်မြင့်မားလှသော ကုသိုလ်တရားတို့က အမြဲတမ်း စောင့်ကြိုလျက်ပင် ရှိနေကြပေသည်။

အလားတူပင် –
၁။ အညိုရောင် အခြားပန်းပွင့်များ,
၂။ အညိုရောင် အဝတ်စများ,
၃။ မျက်စဉ်းညိုကျောက်ကဲ့သို့သော အညိုရောင်ကျောက်များ ––

ဤကဲ့သို့သော အညိုရောင် အရာဝတ္ထုများကို အာရုံယူကာ ပုံစံတူပင် ရှုကြည့်ပါ။

ပီတကသိုဏ်း = အဝါရောင်ကသိုဏ်း

မိမိရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိတစ်ခုခုကို ပြန်လည်ထူထောင်ပါ။ ထိုသမာဓိကြောင့် လင်းရောင်ခြည်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ယင်းလင်းရောင်ခြည် အကူအညီဖြင့် အဇ္ဈတ္တ သို့မဟုတ် ဗဟိဒ္ဓ (၃၂)ကောဋ္ဌာသတို့တွင် အဆီခဲ၏ သို့မဟုတ် ကျင်ငယ်၏ အဝါရောင်ကို အာရုံယူကာ –

ပီတကံ - ပီတကံ - ပီတကံ = အဝါ - အဝါ - အဝါဟု နှလုံးသွင်းပါ။

ကြွင်းသော အချက်အလက်များကို ဩဒါတကသိုဏ်း, နီလကသိုဏ်းတို့၌ ဆိုခဲ့သည့် အကြောင်းအရာများကို နည်းမှီ၍ သိရှိပါလေ။ စတုတ္ထစျာန်သမာဓိသို့ဆိုက်အောင် အဇ္ဈတ္တ ကျင်ငယ်, ဗဟိဒ္ဓ ကျင်ငယ် နှစ်မျိုးလုံး၌ တစ်လှည့်စီ ပွားများပါ။

ကျင်ကြီး ကျင်ငယ်တို့သည် သဘာဝအားဖြင့် အလွန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော ကောဋ္ဌာသများပင် ဖြစ်ကြ၏၊ မည်မျှပင် ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော ကောဋ္ဌာသပင် ဖြစ်ချင်ဖြစ်ပါစေ၊ ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်သည့် ယောနိသောမနသိကာရတရားသည် ထင်ရှားတည်ရှိနေသည်ဖြစ်အံ့၊ ထိုကျင်ကြီးသည် သို့မဟုတ် ထိုကျင်ငယ်သည် အဝါရောင်ဖြစ်ပါက ဝါရွှေသော အရောင်ရှိသော ထိုကျင်ကြီးက သို့မဟုတ် ထိုကျင်ငယ်က ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် စတုတ္ထစျာန်သမာဓိ ဖြစ်ပေါ်လာသည့်တိုင်အောင် အာရမ္မဏူပနိဿယပစ္စယသတ္တိဖြင့် အားကြီးသော မှီရာအာရုံအကြောင်းတရားအဖြစ် ရပ်တည်ကာ ကျေးဇူးပြုပေးနေမည်သာ ဖြစ်ပေသည်။ ယင်းစတုတ္ထစျာန်သမာဓိကို ဝိပဿနာ၏ အခြေပါဒကပြုကာ ဝိပဿနာသို့ ကူးခဲ့သော် ပါရမီအား လျော်စွာ အရဟတ္တဖိုလ်သို့တိုင်အောင်ပင် ဆိုက်ရောက်နိုင်ပေသည်။ ထိုကြောင့် နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ယောနိသောမနသိကာရကို အမြဲတမ်း မွေးမြူပါ။ အနှစ်သာရ ဘာမျှ ရှာမရသော ခန္ဓာအိမ်အတွင်းမှ ဘာဝနာဟူသော အနှစ်သာရကို ရရှိအောင် ထုတ်ယူတတ်ပါစေ၊ တန်ဖိုးရှိသော ဘဝတစ်ခု ဖြစ်အောင် ကြိုးပမ်းပါလေလော့။

ပန်းပိတောက်နှင့် ငုရွှေဝါ

ပိတောက်တွေ ရွှေရည်လူးသည့်.. အတာကူးသည့် လတန်ခူးဝန်းကျင်တွင် ပင်လုံးကျွတ် ဖူးပွင့်ဝေဆာလျက် ရှိကြသော ပန်းပိတောက်နှင့် ငုရွှေဝါတို့က ယခုကဲ့သို့ အဝါရောင် ပီတကသိုဏ်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည် တိုင်အောင် ပွားများအားထုတ်ထားပြီးသည့် သူတော်ကောင်း တစ်ဦးကို ''လာစမ်းပါ ရှုကြည့်ကြစမ်းပါ''- ဟု ဖိတ်ခေါ်နေသကဲ့သို့ ရှိကြ၏၊ အဝါရောင် ပီတကသိုဏ်း၌ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ထားပြီးသည့် အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် ပင်လုံးကျွတ်ပွင့်နေသော ပန်းပိတောက် တို့ကို တွေ့မြင်ရသောအခါ၌လည်းကောင်း, ပင်လုံးကျွတ်ပွင့်နေသော ငုရွှေဝါတို့ကို တွေ့မြင်ရသောအခါ၌လည်းကောင်း ရှေးရှေးဘာဝနာသမာဓိတို့၏ အကူအညီကို ယူ၍ဖြစ်စေ, မယူဘဲနှင့်ပင်ဖြစ်စေ ယင်းပင်လုံးကျွတ်ပွင့်နေသော ပန်းတို့၏ အဝါရောင်ကို ပီတကသိုဏ်းနိမိတ်အဖြစ် လှမ်း၍ အာရုံယူလိုက်ပါက အချိန်အနည်းငယ်အတွင်းမှာပင် တစ်လောက လုံးကို အဝါရောင်ဖြင့် လွှမ်းခြုံထားသည်ကို တွေ့မြင်ရကာ စတုတ္ထစျာန်သမာဓိသို့တိုင်အောင် အဆင့်ဆင့်သော သမာဓိကို လွယ်ကူစွာပင် ထူထောင်ရရှိကြသော ဟူ၏၊ ယင်းသမာဓိကို ကားစီးကာ သွားလျက်ပင် လေ့ကျင့်၍ ရတတ်ကြ၏၊ နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်သည့် ယောနိသောမနသိကာရတရား ထင်ရှားရှိနေသည့် ယောဂါဝစရ ပုဂ္ဂိုလ်တစ်ဦးအဖို့ အဝါရောင် ဝတ်စုံတစ်ခုကလည်း ပီတကသိုဏ်း၏တည်ရာ အာရုံနိမိတ် ဖြစ်နိုင်၏၊ အဝါရောင် ဆေးဒန်းမြင်းသီလာ ကျောက်ဖျာတစ်ချပ်ကလည်း ပီတကသိုဏ်း၏တည်ရာ အာရုံနိမိတ် ဖြစ်နိုင်၏၊ ယင်းအဝါရောင် ဝတ်စုံတစ်ခုက သို့မဟုတ် ယင်းအဝါရောင် ဆေးဒန်းမြင်းသီလာ ကျောက်ဖျာတစ်ခုက ပီတကသိုဏ်းကို ပွားများလျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်တစ်ဦး၏သန္တာန်၌ စတုတ္ထစျာန်သမာဓိ ဖြစ်ပေါ်လာသည့်တိုင်အောင် အာရမ္မဏပစ္စယ သတ္တိဖြင့် အာရုံအကြောင်းတရားအဖြစ် ရပ်တည်ကာ ကျေးဇူးပြုပေးလျက်ပင် ရှိပေသည်။

လောဟိတကသိုဏ်း = အနီရောင်ကသိုဏ်း

မိမိရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိတစ်ခုခုကို ပြန်လည် ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အထူး အားကောင်းလာသောအခါ ယင်းလင်းရောင်ခြည်၏ အကူအညီဖြင့် ဗဟိဒ္ဓ မိမိ၏ ရှေ့တည့်တည့်၌ တည်ရှိသော ယောဂီတစ်ဦး၏ နှလုံးအိမ်အတွင်း၌ တည်ရှိသော သွေးကောဋ္ဌာသ၏ အနီရောင်ကို လှမ်းအာရုံယူကာ လောဟိတကံ - လောဟိတကံ - လောဟိတကံ = အနီ - အနီ - အနီ ––- ဟု နှလုံးသွင်း ရှုပွားပါ။ သွေးကောဋ္ဌာသပျောက်ကာ အနီရောင်ကသိုဏ်းဝန်းကို တွေ့ရှိလာသောအခါ ယင်းအနီရောင်ကသိုဏ်းဝန်းကို အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်ပါ။ ရှေးနည်းအတူ ကသိုဏ်းဝန်းကို ဖြန့်ကြက်ကာ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ပွားများပါ။

ဗဟိဒ္ဓ အသည်း နှလုံးစသည်တို့၏ ဝန်းကျင်၌ တည်ရှိသော အိုင်နေသော သွေးကောဋ္ဌာသ၏ အနီရောင်ကို အာရုံယူကာ ပုံစံတူ ရှုနိုင်ပါသည်။ အဇ္ဈတ္တ နှလုံးအိမ်အတွင်း၌ တည်ရှိသောသွေး, အဇ္ဈတ္တ အသည်း နှလုံး စသည်တို့၏ ဝန်းကျင်၌ တည်ရှိသောသွေးတို့၏ အနီရောင်ကို အာရုံယူကာလည်း အနီရောင်ကသိုဏ်းကို ရှုပွားနိုင်ပေသည်။

ယခုကဲ့သို့ လောဟိတကသိုဏ်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ထားပြီးသော သူတော်ကောင်းတစ်ဦးကို ပဒုမ္မာကြာပန်းတစ်ပွင့်ကလည်း အနီရောင်ကသိုဏ်း ရှုဖို့ရန် ''လာစမ်းပါ ရှုကြည့်စမ်းပါ''ဟု ဖိတ်ခေါ်နေသကဲ့သို့ တည်ရှိနေမည်သာ ဖြစ်၏၊ နီမြန်းသော လယ်ခေါင်ရန်း ပန်းတစ်ပွင့်ကလည်း အနီရောင်ကသိုဏ်း ရှုဖို့ရန် ''လာစမ်းပါ ရှုကြည့်စမ်းပါ''ဟု ဖိတ်ခေါ်နေသကဲ့သို့ တည်ရှိနေမည်သာ ဖြစ်၏၊ ပတ္တမြားလက်စွပ်တစ်ခုတွင် တည်ရှိသော ပတ္တမြားရတနာ တစ်ခုကလည်း အနီရောင်ကသိုဏ်း ရှုဖို့ရန် ''လာစမ်းပါ ရှုကြည့်စမ်းပါ''ဟု ဖိတ်ခေါ်သကဲ့သို့ တည်ရှိနေမည်သာ ဖြစ်၏၊ နီမြန်းသော ကတ္တီပါဝတ်စုံ တစ်စုံကလည်း အနီရောင်ကသိုဏ်း ရှုဖို့ရန် ''လာစမ်းပါ ရှုကြည့်စမ်းပါ''ဟု ဖိတ်ခေါ်နေသကဲ့သို့ တည်ရှိနေမည်သာ ဖြစ်၏၊ မက်မောဖွယ်ရာ မြတ်နိုးဖွယ်ရာ နှစ်သက်ဖွယ်ရာ တဏှာ-လောဘဖြစ်စရာ ငါးဖြာအာရုံ ကာမဂုဏ် ညွန်အိုင်တွင်းမှ ဘာဝနာဟူသော အနှစ်ကို ထုတ်ယူနေခြင်းပင် ဖြစ်ပေသည်။

အရဟတ္တဖိုလ်ပေါက် အနှစ်သာရများ

အလွန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းလှသော ဆံပင်ကဲ့သို့သော သို့မဟုတ် သည်းခြေကဲ့သို့သော ကောဋ္ဌာသ တစ်ခုကလည်း အညိုရောင်ကသိုဏ်းအဖြစ် ရပ်တည်ကာ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ကျေးဇူး ပြုပေးနိုင်သော စွမ်းအား ရှိနေ၏၊ အလွန်မြတ်နိုးဖွယ်ရာကောင်းလှသော စကားဝါပန်း တစ်ပွင့်ကလည်း အဝါရောင် ကသိုဏ်းအဖြစ် ရပ်တည်ကာ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ကျေးဇူးပြုပေးနိုင်သောစွမ်းအား ရှိနေ၏၊ အလွန်မြတ်နိုးဖွယ်ရာ ပတ္တမြားရတနာတစ်ခုကလည်း အနီရောင်ကသိုဏ်းအဖြစ် ရပ်တည်ကာ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ကျေးဇူးပြုပေးနိုင်သော စွမ်းအား ရှိနေ၏၊ အလွန် ရွံရှာစက်ဆုပ်ဖွယ် ကောင်းလှသော သွားတစ်ချောင်းကလည်း အဖြူရောင်ကသိုဏ်းအဖြစ် ရပ်တည်ကာ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ကျေးဇူးပြုပေးနိုင်သော စွမ်းအား ရှိနေ၏၊

ယောနိသောမနသိကာရတရား ထင်ရှားရှိနေသူ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ငါးဖြာအာရုံ ကာမဂုဏ် ညွန်ဗွက်အတွင်းမှ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင်သော ဘာဝနာဟူသော အနှစ်သာရများကို အချိန်မရွေး ထုတ်ယူ၍ ရရှိနိုင်သည်သာ ဖြစ်၏၊ တစ်ဖန် ယင်းစတုတ္ထစျာန်သမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာသို့ ကူးခဲ့သော် ပါရမီအားလျော်စွာ အရဟတ္တဖိုလ်သို့ တိုင်အောင်သော အနှစ်သာရများကို ထုတ်ယူ၍ ရရှိနိုင်သည်သာ ဖြစ်၏၊

အကယ်၍ ပါရမီက မစုံညီသေးသဖြင့် အရဟတ္တဖိုလ်သို့ မဆိုက်ရောက်နိုင်သေးဘဲ သောတာပန်အဆင့်မျှ လောက်သာ ဆိုက်ရောက်ခဲ့မည်ဆိုလျှင်လည်း မလျောကျသော စျာန်ရှိသော ထိုသူတော်ကောင်းကို သံသရာခရီးတွင် အလွန် အဆင့်အတန်း မြင့်မားလှသော ဗြဟ္မာ့ချမ်းသာကြီးက ''ကြွတော်မူပါ ကြွတော်မူပါ''ဟု ဆီးကြိုကာ ဖိတ်ခေါ်နေမည်သာ ဖြစ်ပေသည်။ သောတာပန်အဆင့် အရိယာသူတော်ကောင်းပင် ဖြစ်ချင်ဖြစ်ပါစေ ဗြဟ္မာ့ပြည်သို့ ပဋိသန္ဓေအားဖြင့် ကပ်ရောက်သွားသော အရိယာသူတော်ကောင်းမှန်သမျှသည် ထိုဗြဟ္မာ့ပြည်မှ စုတေကာ ကာမဘုံသို့ တစ်ဖန် ပဋိသန္ဓေအားဖြင့် ပြန်လာရိုးဓမ္မတာ မရှိပေ။ ခုနစ်ဘဝအတွင်းဝယ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကာ ပရိနိဗ္ဗာန်စံတော်မူရမည့် သူတော်ကောင်းသာ ဖြစ်ပေသည်။ သံသရာဝဋ်ဒုက္ခ မီးပုံကြီး၏ အငြိမ်းကြီးငြိမ်းရာ ဖြစ်သည့် နိဗ္ဗာန်သို့ ဝင်စံတော်မူဖို့ရန် ကျိန်းသေသည့် လက်မှတ်ကို ရရှိထားပြီးသူတို့သာ ဖြစ်ကြပေသည်။

ဤမျှ ကြီးမားလှသော ဂုဏ်ကျေးဇူးရှိသည့် ဤကဲ့သို့သော တရားထူး တရားမြတ်များကို သာသနာတော်၌ သက်ဝင်ယုံကြည်မှု သဒ္ဓါတရားကို လက်ကိုင်ထားလျက်ရှိသော သင်ကဲ့သို့သော သူတော်ကောင်းတစ်ဦးသည် အဘယ်အကြောင်းကြောင့် မပွားများ အားမထုတ်ဘဲ နေထိုက်ပါအံ့နည်း၊ အချိန်ရှိခိုက် လုံ့လစိုက်ပါလော့။

ပထဝီကသိုဏ်း = မြေကသိုဏ်း

၁။ ကသိုဏ်းဝန်းအဖြစ် ပြုပြင်အပ်ပြီးသော မြေ,
၂။ ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော ပြကတေ့သော ကောက်စပါးနယ်ရာ တလင်းစသော မြေ,
၃။ အပိုင်းအခြား ရှိသည်သာဖြစ်သော မြေ,
၄။ အပိုင်းအခြား မရှိသည်ကား မဟုတ်သော မြေ,
၅။ မန်းငယ် (= ဗန်းငယ်) ဆန်ကောငယ် ပမာဏရှိသော မြေ,
၆။ အိုးစရည်းဖုံး စလောင်းဖုံး ပမာဏရှိသော မြေ –
ဤမြေတို့၌ ပထဝီကသိုဏ်းနိမိတ်ကို ရယူနိုင်ပေသည်။[၃၂၈]

ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ရှေးရှေးအတိတ်ဘဝ၌လည်း သာသနာတော်တွင်း၌သော်လည်းကောင်း ရသေ့ ရဟန်းအဖြစ်၌သော်လည်းကောင်း ရှင်ရဟန်းပြုဖူး၍ ပထဝီကသိုဏ်း၌ စတုက္ကစျာန် ပဉ္စကစျာန်တို့ကို ဖြစ်စေအပ်ဖူးကုန်၏၊ ဤသို့သဘောရှိသော ဘာဝနာကြောင့်ဖြစ်သော ကောင်းမှုကုသိုလ် ပါရမီပုညသမ္ဘာရ အဆောက်အဦရှိသော အားကြီးသော ဘာဝနာကုသိုလ်တည်းဟူသော မှီရာ ဥပနိဿယနှင့် ပြည့်စုံသော ထိုယောဂါဝစရပုဂ္ဂိုလ်မြတ်အဖို့မူကား (အလောင်းတော်ဟတ္ထိပါလသတို့သားသည် ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော ဂင်္ဂါမြစ်ရေအယဉ်ကို ကြည့်၍ အာပေါကသိုဏ်းနိမိတ်ကို ရယူကာ ကသိုဏ်းပရိကမ်တို့ကို ပြုလုပ်ကာ စျာန်တို့ကို ဖြစ်စေနိုင်သကဲ့သို့[၃၂၉] အလားတူပင်) ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော ပကတိသော မြေဝယ် .. လယ်ထွန်ရာအရပ်၌သော်လည်းကောင်း, ကောက်နယ်တလင်းအဝန်း၌သော်လည်းကောင်း ပရိကမ္မနိမိတ်ကို ယူခဲ့သော် ''ပထဝီ - ပထဝီ''ဟု စီးဖြန်းခဲ့သော် ထိုပရိကမ္မနိမိတ်မှ ဥဂ္ဂဟနိမိတ်သို့ တစ်ခဏချင်း ပြောင်းလဲသွားကာ ဥဂ္ဂဟနိမိတ်ကို ရရှိနိုင်ပေသည်။[၃၃၀]

ဤအထက်ပါ ညွှန်ကြားချက်များနှင့်အညီ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည်လည်း ပထဝီကသိုဏ်း၌ နိမိတ်ကို ရယူလိုခဲ့သော် ညီညာ၍ မြက်-သစ်ရွက်-ခဲ စသော အပြစ်ကင်းသော ပကတိသော မြေကြီးတစ်နေရာတွင် တုတ်ဖြင့် ဖြစ်စေ, အရာဝတ္ထုတစ်ခုဖြင့် ဖြစ်စေ ဝန်းဝိုင်းသော အရေးအသားတစ်ခုကို ပြုပါ။ မန်းငယ် (= ဗန်းငယ်) ဆန်ကောငယ် ပမာဏမှ စ၍ ယောဂါဝစရပုဂ္ဂိုလ်၏ ဆန္ဒရှိသလောက် ဝန်းဝိုင်းသော ပမာဏကို ပြုပါ။

အရုဏ်အရောင်အဆင်းရှိသော မြေ၌ ပထဝီကသိုဏ်းဝန်းကို ပြုလုပ်အပ်၏ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၃၃၁]၏ ညွှန်ကြားချက်နှင့်အညီ ကသိုဏ်းဝန်းပြုလုပ်မည့် မြေကြီး၏ အရောင်မှာ မမည်းလွန်း မဖြူလွန်းသော အနီရောင် = အရုဏ်ရောင် အသင့်အတင့် သန်းနေသော မြေကြီးရောင် ဖြစ်ပါစေ။ ထိုမြေအဝန်းအဝိုင်းကို စိုက်ကြည့်ကာ .. ပထဝီ - ပထဝီ - ပထဝီ = မြေ - မြေ - မြေ - ဟု နှလုံးသွင်းပါ။

မျက်စိကို ဖွင့်တုံ မှိတ်တုံ ပြုလုပ်ကာ နိမိတ်ကို ယူကြည့်ပါ။ အကယ်၍ နိမိတ်မှာ မထင်မရှား ဖြစ်နေလျှင် မိမိ ရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိတစ်ခုခုကို ပြန်လည်ထူထောင်ပါ။ ထိုစတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၏ အကူအညီဖြင့် ထို မိမိပြုပြင်ထားသော ပထဝီကသိုဏ်းဝန်းနိမိတ်ကို လှမ်းကြည့်ကာ ပထဝီ ပထဝီ - ပထဝီ = မြေ - မြေ - မြေဟု နှလုံးသွင်းပါ။ သို့မဟုတ် မျက်စိကို ဖွင့်တုံ မှိတ်တုံပြုကာ နိမိတ် ယူကြည့်ပါ။ ပကတိသော မျက်စိဖြင့် မြင်ရသကဲ့သို့ နိမိတ်ကို ယူ၍ရခဲ့သော် မိမိနှစ်သက်ရာနေရာသို့ သွား၍ ထိုင်နိုင်ပြီ။ ထိုသို့ ထိုင်သောအခါ၌လည်း မိမိ ရရှိထားပြီးသော စတုတ္ထစျာန်သမာဓိတစ်ခုခုကို တစ်ဖန် ပြန်လည်ထူထောင်၍ ယင်း သမာဓိစွမ်းအင်ကြောင့် လင်းရောင်ခြည်စွမ်းအင်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ထိုလင်းရောင်ခြည်၏ အကူအညီဖြင့် ထိုပထဝီကသိုဏ်းနိမိတ်ကိုပင် တစ်ဖန် ပြန်လည်၍ လှမ်းကာ အာရုံယူပါ။ ကသိုဏ်းဝန်းနိမိတ်ကို တစ်ဖန် အာရုံယူ၍ ရခဲ့သော် ထိုပထဝီကသိုဏ်းနိမိတ်ကို အဖန်ဖန် အထပ်ထပ် မှီဝဲပါ။

ထိုသို့ ပထဝီကသိုဏ်းနိမိတ်ကို နှလုံးသွင်းရာ၌ ထိုပထဝီကသိုဏ်းဝန်း၌ တည်သော အရုဏ်ရောင်အဆင်းနှင့် တူသော အရောင်အဆင်းကိုလည်း မနောဝိညာဏ်ဖြင့် မဆင်ခြင်အပ် နှလုံးမသွင်းအပ်။ ထိုပထဝီကသိုဏ်းဝန်း၏ တည်ရာမြေကြီး၏ ထဒ္ဓလက္ခဏာ = ခက်မာခြင်း ပထဝီဓာတ်လက္ခဏာကိုလည်း နှလုံးမသွင်းအပ်။ စင်စစ်မူကား အရောင်အဆင်းကို မလွှတ်မူ၍ ထိုအရောင်အဆင်းကို မိမိ အရောင်အဆင်း၏ မှီရာ ပထဝီကသိုဏ်းဝန်းနှင့် တူသော အခြင်းအရာ တူသောအလား ရှိသည်ကို ပြု၍ ပထဝီဓာတ်ထူပြောသည်၏အဖြစ် သတ္တိအားဖြင့် လွန်သည်၏အဖြစ်ဖြင့် ပထဝီ = မြေဟူသော လောကဝေါဟာရပညတ်၌ စိတ်ကို ရှေးရှုတည်စေ၍ ပထဝီ - ပထဝီ - ပထဝီ = မြေ - မြေ - မြေဟု နှလုံးသွင်းပါ။[၃၃၂]

ရရှိနိုင်သော အပြစ်

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းဝန်း၌ တည်ရှိသော အရုဏ်ရောင်ဟူသော အရောင် အဆင်းကို နှလုံးသွင်းပါက ပထဝီကသိုဏ်း မဖြစ်တော့ဘဲ ဝဏ္ဏကသိုဏ်း = အရောင်ကသိုဏ်း ဖြစ်သွားပေလိမ့်မည်။ ပထဝီကသိုဏ်းလမ်းမှ အရောင်ကသိုဏ်းလမ်းသို့ ပြောင်းသွားပြီ ဖြစ်သည်။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ပထဝီကသိုဏ်းဝန်း၌ ထူပြောလျက်ရှိသော ပထဝီဓာတ်၏ ခက်မာမှုသဘောကို နှလုံးသွင်းမိပါက ပထဝီကသိုဏ်းကို နှလုံးသွင်းသည် မမည်တော့ဘဲ ဓာတ်ကမ္မဋ္ဌာန်းကို နှလုံးသွင်းသည် မည်ပေလိမ့်မည်။ ပထဝီကသိုဏ်းလမ်းမှ ဓာတ်ကမ္မဋ္ဌာန်းလမ်းဘက်သို့ ပြောင်းသွားပြီ ဖြစ်ပေသည်။ ပိုမို၍ ရှုပ်ထွေးစေသော ပြဿနာတစ်ရပ်ကား ယင်းပထဝီ ကသိုဏ်းဝန်း၌ တည်ရှိသော မာမှုသဘောကို နှလုံးသွင်းမိပါက ယင်းပထဝီကသိုဏ်းဝန်းကလည်း အရပ်ဆယ်မျက်နှာသို့ ပြန့်ကားသွားသောအခါ ယင်းမာမှုသဘောက ယောဂါဝစရပုဂ္ဂိုလ်၏ ရူပကာယတစ်ခုလုံးကို လွှမ်းခြုံထားသကဲ့သို့ ဖြစ်ကာ သမာဓိ၏ စွမ်းအင်ထက်မြက်လာသည်နှင့်အမျှ မာမှုသဘောမှာလည်း လွန်ကဲလာကာ ထိုယောဂါဝစရပုဂ္ဂိုလ် အနေဖြင့် ထိုမာမှုသဘောကို သည်းမခံနိုင် ဖြစ်တတ်ပေသည်။ သတိရှိစေ။ ဤစည်းကမ်းသတ်မှတ်ချက်ကို ပကတိသော မြေဝန်း၌ နိမိတ်ယူစဉ်၌သော်လည်းကောင်း, တစ်နေရာတွင် တရားထိုင်စဉ် ယင်းနိမိတ်ကို တစ်ဖန် ပြန်၍ အာရုံယူစဉ်၌ လည်းကောင်း လိုက်နာပါ။

ဥဂ္ဂဟနိမိတ် - ပဋိဘာဂနိမိတ်

မြေကြီး၌ တည်ရှိသော မူလပထဝီကသိုဏ်းဝန်းကား ပရိကမ္မနိမိတ်တည်း။ ယင်းပရိကမ္မနိမိတ် ပထဝီ ကသိုဏ်းဝန်းကို မျက်စိဖွင့်တုံမှိတ်တုံပြု၍ နိမိတ်ကိုယူရာ၌ ပကတိသော ဖွင့်ထားသောမျက်စိဖြင့် ကသိုဏ်းဝန်းနိမိတ်ကို မြင်ရသကဲ့သို့ မျက်စိကို မှိတ်ထားသောအခါ၌လည်း ထိုပထဝီကသိုဏ်းဝန်းနိမိတ်သည် ထင်နေပါက ထိုအခါ ဥဂ္ဂဟနိမိတ် ဖြစ်ပေါ်လာပြီ ဖြစ်၏၊ တစ်ဖန် တစ်နေရာတွင် သွားရောက်ကာ တရားထိုင်သောအခါ၌လည်း မိမိ ရရှိထားပြီးသော စတုတ္ထစျာန်သမာဓိတစ်ခုခုကို ထူထောင်ပြီးနောက် ထိုစတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်၏ အကူအညီဖြင့် ထို မူလနိမိတ် ယူခဲ့ဖူးသော ပထဝီကသိုဏ်းဝန်းနိမိတ်ကိုပင် တစ်ဖန် ပြန်၍ အာရုံယူလိုက်သောအခါ ဖွင့်ထားသော မျက်စိဖြင့် မြင်ရသကဲ့သို့ ထင်လာပါမူ ထိုအခါတွင်လည်း ဥဂ္ဂဟနိမိတ်သည် ဖြစ်ပေါ်လာသည် မည်၏၊ ထိုဥဂ္ဂဟနိမိတ်ကိုပင် ဆက်လက်၍ နှလုံးသွင်းခဲ့သော် မှီဝဲခဲ့သော် ယင်းနိမိတ်ကိုပင် အာရုံယူကာ သမာဓိကို ထူထောင်ခဲ့သော် ယင်းသမာဓိကို တိုးပွားအောင် ပွားများအားထုတ်ခဲ့သော် အစဉ်အတိုင်း နီဝရဏတို့သည် ခွာအပ်ပြီး ဖြစ်ကုန်၏ = ကွာကျသွားကြကုန်၏၊ ကိလေသာတို့သည် အနည်ထိုင်သွားကြကုန်၏၊ ဥပစာရသမာဓိဖြင့် စိတ်သည် တည်ကြည်လာ၏၊ ပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာ၏၊ ထိုပဋိဘာဂနိမိတ်ကို တိုးပွားအောင် ဖြန့်ကြက်၍သော်လည်းကောင်း, တိုးပွားအောင် မဖြန့်ကြက်ဘဲသော်လည်းကောင်း ယင်းပဋိဘာဂ နိမိတ်ကို အာရုံယူကာ ဆက်လက်၍ နှလုံးသွင်းခဲ့သော် သမာဓိကို ဆက်လက်ထူထောင်ခဲ့သော် စတုတ္ထစျာန်သမာဓိသို့ တိုင်အောင် ဆိုက်ရောက်နိုင်ပေသည်။ သို့သော် နိမိတ်ကို ဖြန့်ကြက်ခဲ့သော် ဘာဝနာသမာဓိမှာ ရှည်မြင့်စွာ တည်နိုင်သဖြင့် နိမိတ်ကို စွမ်းအားရှိသလောက် ဖြန့်ကြက်ပြီးလျှင် စတုတ္ထစျာန်သို့ ဆိုက်အောင်ရှုပါ။

ဥဂ္ဂဟနိမိတ်၌ လက်ချောင်းရာ တုတ်ရာစသည့် ကသိုဏ်းအပြစ်ဒေါသများ ထင်ရှားနေတတ်၏၊ ပဋိဘာဂနိမိတ်ကား .. အိတ်အတွင်းမှ ထုတ်ယူအပ်သော ကြေးမုံဝန်းကဲ့သို့လည်းကောင်း, ကောင်းစွာ ပွတ်အပ်ပြီးသော ခရုသင်းခွက်ကဲ့သို့လည်းကောင်း, တိမ်တိုက်အကြားမှ ထွက်ပေါ်လာသော လပြည့်ဝန်းကဲ့သို့လည်းကောင်း, မိုးတိမ်ညိုဝ၌ ပျံသန်းနေသော ဥဗျိုင်းတို့ကဲ့သို့လည်းကောင်း ဥဂ္ဂဟနိမိတ်ကို ထွင်းဖောက်၍ ထွက်ပေါ်လာသကဲ့သို့ ထိုဥဂ္ဂဟနိမိတ်ထက် အဆပေါင်း အရာအထောင်မက အလွန် စင်ကြယ်သန့်ရှင်းသည်ဖြစ်၍ ထင်လာတတ်ပေ၏၊[၃၃၃]

အချို့အချို့သော ယောဂီများ

အထက်တွင် ရေးသားတင်ပြထားသည့်အတိုင်း ဩဒါတကသိုဏ်းမှ စ၍ အခြားအခြားသော ကသိုဏ်းတို့၌ ဘာဝနာသမာဓိအရှိန်အဝါ အားကောင်းလာသော အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့အဖို့မူကား ပထဝီကသိုဏ်းနိမိတ် ဝန်းကိုပင် အထူး မပြုလုပ်ရတော့ဘဲ ဩဒါတကသိုဏ်းစသည်တို့ဖြင့် စတုတ္ထစျာန်သမာဓိသို့ဆိုက်အောင် သမာဓိကို ထူထောင်၍ ထိုစတုတ္ထစျာန်သမာဓိ ဘာဝနာစိတ်ကြောင့် ဉာဏ်အရောင်အလင်းသည် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ မိမိ ထိုင်၍ တရားနှလုံးသွင်းရာ အောက်၌ဖြစ်စေ, ပတ်ဝန်းကျင်၌ဖြစ်စေ တည်ရှိနေသော အရုဏ်ရောင်အဆင်းရှိသော ပကတိမြေကြီးကိုပင် ယင်း မိမိပွားများထားသည့် စတုတ္ထစျာန်ဘာဝနာသမာဓိကြောင့် ထွက်ပေါ်လာသော ဉာဏ်အရောင်အလင်းဓာတ်ဖြင့် ထိုးစိုက်၍ ပထဝီကသိုဏ်းနိမိတ်ကို ယူခဲ့သော်လည်း ရရှိနိုင် သည်သာ ဖြစ်ပေသည်။ ယင်းနိမိတ်ကိုပင် အဖန်ဖန် အထပ်ထပ် မှီဝဲပွားများခဲ့သော် အစဉ်အတိုင်း နိမိတ်သုံးမျိုး, ဘာဝနာသုံးမျိုး, သမာဓိသုံးမျိုးတို့ ဖြစ်ပေါ်လာနိုင်၏၊ ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်သောအခါ နိမိတ်ကို စွမ်းအား ရှိသလောက် ဖြန့်ကြက်၍ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ဆက်လက်ပွားများပါ။

အာပေါကသိုဏ်း = ရေကသိုဏ်း

၁။ သပိတ်, ခွက်, ပုံး စသည်၌ အနားရေးနှင့်အမျှ ပြည့်အောင် ထည့်ထားအပ်သော ကသိုဏ်းဝန်းအဖြစ် ပြုလုပ်ထားအပ်သော အညို, အဝါ, အဖြူ, အနီ အရောင်တို့ဖြင့် ရောယှက်မှု မရှိ၊ ပကတိ ကြည်လင်သန့်ရှင်းသော, ကောင်းကင်မှ ကျလာသော မိုးရေ သို့မဟုတ် ထိုရေနှင့် အလားတူ သန့်ရှင်းသော ရေ၌သော်လည်းကောင်း,

၂။ ရေတွင်း, ရေကန်, တစ်ဖက်ဆည်ကန်, သမုဒ္ဒရာမှ တက်လာသော ဆားငံရေဖြင့် ပြည့်သော ဆားကျင်း, ဒီချောင်း, သမုဒ္ဒရာစသော ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သော ရေ၌သော်လည်းကောင်း အာပေါကသိုဏ်း နိမိတ်ကို ရယူနိုင်ပေသည်။[၃၃၄]

ဤညွှန်ကြားချက်များနှင့်အညီ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအတွက် အကောင်းဆုံးသော ရေမှာ ကြည်လင် သန့်ရှင်းသော ရေတွင်းရေပင် ဖြစ်သည်။ ရေတွင်းရေ မရခဲ့သော် သို့မဟုတ် ယင်းရေတွင်းရေကို အာပေါကသိုဏ်းနိမိတ် ပြုလုပ်ဖို့ရန် အလိုမရှိခဲ့သော် သပိတ်၌ဖြစ်စေ, အိုးခွက်တစ်ခု၌ဖြစ်စေ ရေကို ပြည့်အောင်ထည့်၍ ယင်းရေက ငြိမ်သက်လာသောအခါ ယင်းရေ၌ အာပေါကသိုဏ်းနိမိတ်ကို ယူပါ။ ရေတွင်းရေ၌ဖြစ်စေ, သပိတ်အိုးခွက် စသည်၌ တည်ရှိသော ရေ၌ဖြစ်စေ အာပေါကသိုဏ်းနိမိတ်ကို ယူရာ၌ ရေဟူသော ပညတ်သက်သက်ကိုသာ အာရုံယူပါ။ ရေတွင်းနံရံနှင့် ရေတွင်းအောက်ခြေကိုလည်းကောင်း သို့မဟုတ် သပိတ်အိုးခွက်၏ နံရံနှင့် အောက်ခြေကိုလည်းကောင်း မကြည့်မိရန် သတိပြုပါ။ ရေသက်သက်ကိုသာ ကြည့်၍ နိမိတ်ယူပါ။ တစ်ဖန် ထိုသို့ နိမိတ်ယူရာ၌ မိမိ ရရှိထားပြီးသော တစ်မျိုးမျိုးသော စတုတ္ထစျာန်သမာဓိကို ထူထောင်ပြီးမှ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ စျာန်မှထကာ မျက်စိကို ဖွင့်တုံ မှိတ်တုံပြုကာ အာပေါကသိုဏ်းနိမိတ်ကို ယူခဲ့သော် ပို၍ အရမြန်တတ်သည်။ မကြာမီ အချိန်ကာလအတွင်းမှာပင် ဥဂ္ဂဟနိမိတ်မှ ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်သွားတတ်သည်။ ရှေးရှေးသော ဘာဝနာ သမာဓိများက ယင်းအာပေါကသိုဏ်းဘာဝနာသမာဓိအား အားကြီးသောမှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေး နေသောကြောင့် ဖြစ်သည်။

ထိုသို့ အာပေါကသိုဏ်းနိမိတ်ကို ယူရာ၌ ရေ၏ အရောင်ကို နှလုံးမသွင်းပါနှင့်၊ အရောင်ကို နှလုံးသွင်းခဲ့သော် ဝဏ္ဏကသိုဏ်းဘက်သို့ ကူးသွားမည်။ အာပေါဓာတ်၏ ယိုစီးခြင်း ပဂ္ဃရဏလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်၊ ရေ၏ အေးမှု သီတလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။ ဓာတ်ကို နှလုံးသွင်းခဲ့သော် ဓာတ်ကမ္မဋ္ဌာန်းဘက်သို့ ကူးသွားမည် ဖြစ်၏၊ အထူးသဖြင့် ရေ၏ အေးမှုသဘောကို နှလုံးသွင်းပါက သမာဓိအားကောင်းလာသောအခါ အာပေါကသိုဏ်းဝန်း ကလည်း ပြန့်ကားသွားသောအခါ ထိုသို့ နှလုံးသွင်းနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အအေးဓာတ် လွှမ်းမိုးကာ ချမ်းတက်လာတတ်၏၊ ထိုကြောင့် အဆင်း၏ မှီရာ အာပေါကသိုဏ်းကို အဆင်းနှင့်တကွ တူသော အခြင်းအရာ ရှိသည်ကိုပြု၍ အာပေါဓာတ် ထူပြောသည်၏ အစွမ်းဖြင့် အာပေါ = ရေဟူသော လောကဝေါဟာရ၌ စိတ်ကို ထား၍ အာပေါ - အာပေါ - အာပေါ = ရေ - ရေ - ရေ ဟု နှလုံးသွင်း ပွားများပါ။[၃၃၅]

ဥဂ္ဂဟနိမိတ် - ပဋိဘာဂနိမိတ်

ဤတွင် အာပေါကသိုဏ်း၌ ဥဂ္ဂဟနိမိတ်သည် လှုပ်သကဲ့သို့ ထင်လာတတ်၏၊ အာပေါကသိုဏ်းနိမိတ်ကို ယူခဲ့စဉ်က ရေသည် ရေမြှုပ် ရေပြွက်နှင့်ရောသော ရေဖြစ်ခဲ့မူ ထိုပုံစံအတိုင်းသာ ထင်လာတတ်၏၊ လှိုင်းတံပိုး ထခြင်း, ရေမြှုပ် ရေပြွက်နှင့် ရောနှောနေခြင်းစသော ကသိုဏ်းအပြစ်ဒေါသသည် ထင်လာတတ်၏၊ ထိုကြောင့် ငြိမ်သက်၍ နက်ရှိုင်းသော ရေ၌ နိမိတ်ယူခြင်းက အပြစ်ဒေါသ နည်းပါးသဖြင့် ပိုကောင်းလှပေသည်။ ပဋိဘာဂနိမိတ်ကား တုန်လှုပ်ခြင်း ကင်းသည်ဖြစ်၍ ကောင်းကင်၌ ထားအပ်သော မြယပ်ဝန်းကဲ့သို့လည်းကောင်း, မြကြေးမုံဝန်းကဲ့သို့ လည်းကောင်း ဖြစ်၍ ရှေးရှုထင်လာ၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုပဋိဘာဂနိမိတ် ထင်လာသည်နှင့် အတူတကွ သာလျှင် ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း ယင်းပဋိဘာဂနိမိတ်ကို အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်ခဲ့သော် ဥပစာရစျာန်, အပ္ပနာစျာန်တို့ကို ရောက်ရှိနိုင်ပေသည်။[၃၃၆]

တေဇောကသိုဏ်း = မီးကသိုဏ်း

ရှေးရှေးဘဝထိုထိုက ပြုအပ် ဆည်းပူးအပ်ခဲ့ဖူးသော တေဇောကသိုဏ်း ဘာဝနာလုပ်ငန်း၌ ဘာဝနာကုသိုလ် ပုညသမ္ဘာရ ရှိခဲ့ဖူးသော ပုဂ္ဂိုလ်အား ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော မီး၌ တေဇောကသိုဏ်းနိမိတ်ကို ယူခဲ့သော် ရရှိနိုင်သည်သာ ဖြစ်၏၊

၁။ ဆီမီးတောက် ဆီမီးလျှံ၌လည်းကောင်း,
၂။ ချက်ပြုတ်ရာ မီးဖို၌လည်းကောင်း,
၃။ သပိတ်ဖုတ်ရာဌာန၌ တည်ရှိသော မီးပုံ၌လည်းကောင်း,
၄။ တောမီးလောင်ရာ မီးတောက်မီးလျှံ၌လည်းကောင်း –

အမှတ်မရှိ တစ်ခုခုသော မီးတောက်လောင်ရာအရပ်၌ မီးလျှံကို ကြည့်ရှုစဉ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ် ဖြစ်ပေါ်လာနိုင်၏၊

အတိတ်ဘဝထိုထိုက တေဇောကသိုဏ်းကို စီးဖြန်းမှု ပါရမီ ပုညသမ္ဘာရ မရှိသော ယောဂါဝစရပုဂ္ဂိုလ်သည်ကား တေဇောကသိုဏ်းဝန်းကို ပြုလုပ်ထိုက်၏၊ ပြုလုပ်ပုံ အစီအရင်ကား – အနှစ်အဆီရှိ၍ ခြောက်သွေ့နေသော ထင်းခွဲခြမ်းတို့ကို သင့်တော်ရာ တစ်နေရာ၌ သပိတ်ဖုတ်သည့် ပုံစံအနေအထားအားဖြင့် အစုအပုံလိုက် မီးတောက်မီးလျှံ ထွက်ပေါ်လာသည့်တိုင်အောင် မီးရှို့ပါ။

သင်ဖြူးဖျာ, သားရေပိုင်း, ပုဆိုးကြမ်း, သစ်သားပျဉ်ချပ်စသည့် တစ်ခုခုတွင် အချင်းတစ်ထွာခန့်လောက် အတိုင်းအရှည် ပမာဏရှိသော ဝန်းဝိုင်းသော အပေါက်ကို ဖောက်၍ ထိုအပေါက်ဖောက်ထားသော အရာဝတ္ထုကို မိမိ၏ ရှေ့၌ ထား၍ ထိုင်ပြီးလျှင် –

၁။ မီးပုံအောက်၌ လောင်နေသော မြက်ထင်းကိုလည်းကောင်း,
၂။ အထက်သို့ တက်နေသော မီးခိုးညွန့်ကိုလည်းကောင်း –

နှလုံးမသွင်းမူ၍ အလယ်၌ မချဲမူ၍ တစ်ခဲနက် တစ်လုံးတည်းအားဖြင့် တောက်လောင်နေသော မီးတောက် မီးလျှံ၌ ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ကို ယူပါလေ။[၃၃၇]

အရောင်နှင့် လက္ခဏာကို နှလုံးမသွင်းပါနှင့်

ထိုသို့ တေဇောကသိုဏ်းနိမိတ်ကို ယူရာ၌ ထိုမီးတောက်မီးလျှံ၏ အညို အဝါ အနီ စသည်အားဖြင့် ကွဲပြားသော အရောင်ကို နှလုံးမသွင်းပါနှင့်။ အရောင်ကို နှလုံးသွင်းခဲ့သော် ဝဏ္ဏကသိုဏ်းဘက်သို့ ကူးသွားမည် ဖြစ်၏၊ ထို မီးတောက်မီးလျှံ၏ ပူသောလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။[၃၃၈] ပူသော လက္ခဏာကို နှလုံးသွင်းပါက ဓာတ်ကမ္မဋ္ဌာန်းလမ်းဘက်သို့ ပြောင်းသွားမည် ဖြစ်၏၊

တစ်ဆင့်စကား ကြားဖူးသည်မှာ – ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် တေဇောကသိုဏ်းဘာဝနာကို ပွားများ အားထုတ်ရာ၌ သမာဓိအားကောင်းလာသောအခါ မီးတောက်မီးလျှံ၏ ပူလောင်သော သဘောကို အာရုံယူမိသဖြင့် သမာဓိအရှိန်အဝါ အားကောင်း၍ ကသိုဏ်းဝန်းလည်း အရပ်ဆယ်မျက်နှာသို့ ပြန့်သွားသောအခါ မူလ နှလုံး သွင်းမိသော ပူသော သဘောမှာ အလွန် ထင်ရှားလာ၍ ထိုအပူရှိန်၏ ဒဏ်ချက်ကို မခံနိုင်သဖြင့် ထွက်ပြေးရဖူး၏၊ မီးတောက်မီးလျှံတွေက ထိုယောဂီ၏ ခန္ဓာကိုယ်ကို ဝိုင်း၍ လောင်နေကြသော ဟူ၏၊

ထိုကြောင့် တေဇောကသိုဏ်းကို ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်သည် မီးတောက်မီးလျှံ၌ရှိသော အရောင်အဆင်း၏တည်ရာ မီးကို အဆင်းနှင့်တကွသာလျှင် ပြု၍ တေဇောဓာတ် များပြားထူပြောသည်၏ အစွမ်းဖြင့် တေဇော = မီးဟူသော လောကဝေါဟာရပညတ်၌ စိတ်ကိုထား၍ တေဇော - တေဇော - တေဇော = မီး - မီး မီး - - ဟု နှလုံးသွင်း ပွားများပါ။ ဤသို့ ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်အား ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ် တို့သည် အစဉ်အတိုင်း ဖြစ်ပေါ်လာကြမည် ဖြစ်ပေသည်။[၃၃၉]

ဤညွှန်ကြားချက်များနှင့် အညီ တေဇောကသိုဏ်းကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ ရရှိထားပြီးသော စတုတ္ထစျာန်သမာဓိတစ်ခုခုကို တစ်ဖန် ပြန်၍ သမာဓိထူထောင်ပါ။ ရှေ့ဦးစွာ ထမင်း ဟင်းချက်ရာ မီးဖို၌ တည်ရှိသော မီးတောက်မီးလျှံ၌ အောက်ပိုင်းထင်းစ အပေါ်ပိုင်း မီးညွန့်တို့ကို မကြည့်ဘဲ အလယ် မီးတောက်ကိုသာ ကြည့်၍ တေဇောကသိုဏ်းနိမိတ်ကို ယူကြည့်ပါ။ မအောင်မြင်ခဲ့သော် ဆယ်လက်မခန့် အပေါက်ရှိသော ဇလုံပေါက် တစ်ခုကို မိမိ၏ ရှေ့က ခံထား၍ ထိုဇလုံပေါက်၏ ရှေ့၌ တည်ရှိသော မီးတောက်မီးလျှံ၌ တေဇောကသိုဏ်းနိမိတ်ကို ယူကြည့်ပါ၊ အောင်မြင်တတ်ပါသည်။ နိမိတ် သုံးမျိုး, ဘာဝနာ သုံးမျိုး, သမာဓိ သုံးမျိုးတို့ကို အစဉ်အတိုင်း ရရှိအောင် ကြိုးစားအားထုတ်ပါ။

ရှေးယခင်က အိမ်ကို မီးလောင်ခြင်း, မြို့ရွာကို မီးလောင်ခြင်း, တောမီးလောင်ခြင်း စသည်တို့ကို မြင်ခဲ့ဖူးလျှင် လည်း မိမိ ရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိ တစ်ခုခုကို ထူထောင်ပြီးနောက် ယင်း မြင်ဖူးထားသည့် မီးတောက် မီးလျှံ၏ အလယ်သားကို တစ်ဖန်အာရုံယူ၍လည်း တေဇောကသိုဏ်းဘာဝနာကို ပွားများအားထုတ်နိုင်ပေသည်။

ဥဂ္ဂဟနိမိတ် - ပဋိဘာဂနိမိတ်

ထိုသို့ တေဇောကသိုဏ်းဘာဝနာကို ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပါ်လာသော ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ် နှစ်မျိုးတို့တွင် ဥဂ္ဂဟနိမိတ်ကား မီးတောက်မီးလျှံသည် ပြတ်၍ပြတ်၍ ကျသည်နှင့်တူသည် ဖြစ်၍ ထင်လာ၏၊ ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သော မီးပုံ၌ တေဇောကသိုဏ်းနိမိတ်ကိုယူသော ပုဂ္ဂိုလ်အားကား ကသိုဏ်း၏ အပြစ်ဒေါသသည် ထင်ရှား၏၊ မီးအပိုင်းအစ = မီးထင်းစသည်လည်းကောင်း, မီးကျီးစု မီးကျီးခဲပုံသည် လည်းကောင်း, ပြာသည်လည်းကောင်း, မီးခိုးသည်လည်းကောင်း ထင်နေတတ်၏၊ ပဋိဘာဂနိမိတ်သည်ကား မတုန်လှုပ်သည်ဖြစ်၍ ကောင်းကင်၌ ဖြန့်ခင်းထားအပ်သော ကမ္ဗလာပိုင်းကဲ့သို့လည်းကောင်း, ရွှေယပ်ဝန်းကဲ့သို့လည်းကောင်း, ရွှေသည်တိုင်ကဲ့သို့လည်းကောင်း ထင်လာ၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုပဋိဘာဂနိမိတ်၏ ထင်သည်နှင့် အတူတကွ သာလျှင် ဥပစာရစျာန်သို့လည်းကောင်း အပ္ပနာစျာန်သို့လည်းကောင်း ရောက်ရှိနိုင်ပေသည်။[၃၃၉]

ဝါယောကသိုဏ်း = လေကသိုဏ်း

ဝါယောကသိုဏ်းကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း လေ၌ နိမိတ်ကို ယူအပ်၏၊ ထိုဝါယောကသိုဏ်းနိမိတ်ကိုလည်း ..

၁။ အမြင်၏ အစွမ်းဖြင့်လည်းကောင်း,
၂။ အတွေ့၏ အစွမ်းဖြင့်လည်းကောင်း –– ယူအပ်ပေသည်။[၃၄၀] ထိုကြောင့် ..

၁။ သစ်ပင်ဖျား သစ်ရွက်ဖျား စသည်တို့၌ တိုက်ခတ်၍နေသော လေကို ကြည့်၍ မြင်၍လည်း ဝါယောကသိုဏ်း နိမိတ်ကို ယူနိုင်၏၊
၂။ မိမိ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်နေရာ၌ လာရောက် တွေ့ထိနေသော လေကိုလည်း ဝါယောကသိုဏ်း နိမိတ်အဖြစ် ယူနိုင်၏၊

၁။ အကယ်၍ သစ်ပင်ဖျား သစ်ရွက်ဖျား စသည်တို့၌ တိုက်ခတ်၍နေသော လေကို ကြည့်၍ ဝါယောကသိုဏ်း နိမိတ်ကို ယူလိုခဲ့သော် ရှေးဦးစွာ မိမိ ရရှိထားပြီးသော စတုတ္ထစျာန်သမာဓိ တစ်ခုခုကို ထူထောင်ပြီးနောက် လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ ထိုလင်းရောင်ခြည်၏ အကူအညီဖြင့် ထိုလေကို မြင်အောင် ကြည့်၍ ထိုလေ၌ သတိကိုဖြစ်စေ၍ ဝါယော - ဝါယော - ဝါယော = လေ - လေ - လေ - - ဟု နှလုံးသွင်း ပွားများပါ။ နိမိတ် သုံးမျိုး, ဘာဝနာ သုံးမျိုး, သမာဓိ သုံးမျိုးလုံးကို ရအောင် အစဉ်အတိုင်း ပွားများအားထုတ်ပါ။

၂။ အကယ်၍ မိမိကိုယ်အင်္ဂါ၌ တွေ့ထိလာသော လေကို ဝါယောကသိုဏ်းနိမိတ်အဖြစ် ယူလိုသော် ရှေးဦးစွာ မိမိ ရရှိထားပြီးသော စတုတ္ထစျာန်သမာဓိ တစ်ခုခုကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ လေသာပြူတင်းပေါက်စသည်မှ ဝင်လာ၍ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်နေရာ၌ လာရောက် ထိခိုက်သော လေအစု၌ သတိကို ဖြစ်စေ၍ ဝါယော - ဝါယော - ဝါယော = လေ - လေ - လေ - - ဟု နှလုံးသွင်း ပွားများပါ။ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။ သမာဓိသုံးမျိုးလုံးကို ရရှိအောင် အစဉ်အတိုင်း ပွားများအားထုတ်ပါ။

ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်

ဥဂ္ဂဟနိမိတ်ကား ခုံလောက် = ဖိုခနောက်မှ ချအပ်ကာမျှဖြစ်သော နို့ဃနာဆွမ်း၏ အခိုးအငွေ့အလုံးနှင့်တူစွာ တုန်လှုပ်သည်ဖြစ်၍ ထင်လာ၏၊ ပဋိဘာဂနိမိတ်သည်ကား ငြိမ်သက်သော အနေအထိုင်ရှိသည် မတုန်လှုပ်သည်ဖြစ်၍ ထင်လာ၏၊ ကြွင်း နည်းတူ မှတ်လေ။[၃၄၁]

အင်္ဂုတ္တရနိကာယ် သတ္တကနိပါတ် ပစလာယမာနသုတ္တန်[၃၄၃]၌ လာရှိသော ဘုရားရှင်၏ အရှင်မဟာမောဂ္ဂလ္လာန် မထေရ်မြတ်ကြီးအား ညွှန်ကြားထားတော်မူချက်နှင့် ညီညွတ်လျက်ပင် ရှိပေသည်။

အာလောကကသိုဏ်း = အလင်းရောင်ကသိုဏ်း

အာလောကကသိုဏ်းကို နိမိတ်ယူလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ..
၁။ နံရံပေါက်ဖြင့် ဝင်၍ ထင်လာသော လရောင် နေရောင် အဝန်း,
၂။ သံကောက်ပေါက်ဖြင့် ဝင်၍ ထင်လာသော လရောင် နေရောင် အဝန်း,
၃။ လေသောက်တံခါးပေါက်ဖြင့် ဝင်၍ ထင်လာသော လရောင် နေရောင် အဝန်း ––
ဤအဝန်းတစ်ခုခု၌ နိမိတ်ကို ယူနိုင်၏၊[၃၄၂]

အာလောကကသိုဏ်း ဘာဝနာလုပ်ငန်း၌ ပြုအပ်ခဲ့ဖူးသော အဓိကာရ ကောင်းမှုကုသိုလ် ပါရမီရှိသောပုဂ္ဂိုလ် အား နံရံပေါက်စသည်တို့တွင် တစ်ခုခုသော အပေါက်ဖြင့် နေရောင်သည်လည်းကောင်း, လရောင်သည်လည်းကောင်း ဝင်၍ နံရံပေါ်၌လည်းကောင်း, မြေ (= ကြမ်းပြင်)ပေါ်၌လည်းကောင်း ထင်လာသော အလင်းရောင် အဝန်းကို မြင်၍သာလျှင် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာနိုင်၏၊ တစ်ခဲနက် ထူသော အရွက်ရှိသော သစ်ပင်၏ အခက်အကြားဖြင့်သော်လည်းကောင်း, တစ်ခဲနက် ထူသော သစ်ခက်မဏ္ဍပ်ကြားဖြင့်သော်လည်းကောင်း ထွက်၍ မြေပေါ်၌သာလျှင် ထင်လာသော အရောင်အဝန်းကို မြင်၍သာလျှင်လည်း ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည် ဖြစ်ပေါ်လာနိုင်၏၊[၃၄၂]

အာလောကကသိုဏ်း ဘာဝနာလုပ်ငန်း၌ ဖြည့်ကျင့်ဆည်းပူးခဲ့သော ပါရမီအရှိန်အဝါ အားပျော့သော ယောဂါဝစရပုဂ္ဂိုလ်သည်ကား အထက်တွင် တင်ပြထားသော အလင်းရောင်သုံးမျိုးတို့တွင် တစ်မျိုးမျိုး၌ အာလောကော- အာလောကော - အာလောကော = အလင်းရောင် - အလင်းရောင် - အလင်းရောင် - ဟု နှလုံးသွင်း ပွားများပါ။ မအောင်မြင်ခဲ့သော် အိုးတစ်လုံး၏ အတွင်း၌ ဆီမီးကို ညှိထွန်း၍ အိုးဝကို ပိတ်၍ အိုး၌ အပေါက်ငယ်တစ်ခု ပြုလုပ်၍ နံရံသို့ ရှေးရှုတည်ထားပါ။ ထိုဖောက်ထားသော အိုးပေါက်မှ ဆီမီးရောင်သည် ထွက်၍ နံရံပေါ်၌ အဝန်းအဝိုင်း ထင်နေပေမည်။ ထိုနံရံပေါ်၌ ထင်နေသော ဆီမီးရောင် အဝန်းအဝိုင်းကို အာလောကော - အာလောကော အာလောကော = အလင်းရောင် - အလင်းရောင် - အလင်းရောင် - ဟု နှလုံးသွင်း ပွားများပါလေ။ ဤသို့ ပြုပြင်စီမံထားသော အလင်းရောင်ကသိုဏ်းဝန်းကား လရောင် နေရောင်တို့ကြောင့် ထင်နေသော ကသိုဏ်းဝန်းထက် ပို၍ တာရှည်ခံပေသည်။[၃၄၂]

အထက်တွင် တင်ပြထားသော စတုတ္ထစျာန်သမာဓိအမျိုးမျိုးတို့ကို အောင်အောင်မြင်မြင် ထူထောင်ထားပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည်ကား ညနေချမ်းအခါဝယ် သို့မဟုတ် နံနက်ခင်းအခါဝယ် ထူထဲသော သစ်ခက် သစ်ရွက်ရှိသော သစ်ပင်၏ အကြားမှ မြင်တွေ့ရသော နေရောင်ခြည်၏ အလင်းရောင်ကို အာရုံယူ၍ အာလောကကသိုဏ်းနိမိတ်ကို ရယူခဲ့သော် လွယ်လွယ်ကူကူပင် နိမိတ်ကို ယူ၍ ရတတ်ပေ၏၊ အလင်းရောင်စွမ်းအင်မှာလည်း ပို၍ အားကောင်းတတ် ပေသည်။ မှောင်မိုက်နေသော ညဉ့်အခါဝယ် ယင်းကဲ့သို့သော ကသိုဏ်းဝန်းနိမိတ်ကို ဖြန့်ကြက်ခဲ့သော် ကသိုဏ်းဝန်းကို ဖြန့်ကြက်ထားပြီးရာ အရပ်အတွင်း၌ တည်ရှိနေသော အလင်းရောင်မှာ နေ့အခါ၌ကဲ့သို့ပင် လင်းနေသော ဟူ၏၊

ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်

ဤအာလောကကသိုဏ်း၌ ဥဂ္ဂဟနိမိတ်သည် နံရံပေါ်၌လည်းကောင်း, မြေ = ကြမ်းပြင်ပေါ်၌လည်းကောင်း, သစ်ခက်သစ်ရွက်ကြားစသည်၌လည်းကောင်း ထင်နေသော ပကတိ အလင်းရောင် အဝန်းအဝိုင်းနှင့် တူ၏၊ ပဋိဘာဂ နိမိတ်သည်ကား ဘုရားရှင်၏ တစ်လံမျှလောက်သော ရောင်ခြည်တော်ဝန်းကဲ့သို့ တစ်ခဲနက် အတုံးလိုက် အခဲလိုက် ဖြစ်၍ အထူး ကြည်လင်သော အလင်းရောင်အစုနှင့် တူ၏၊ ကြွင်း နည်းတူ မှတ်ပါလေ။[၃၄၄]

ထိနမိဒ္ဓ ပယ်ဖျောက်ရေး

ဤ အာလောကသညာ ခေါ် အာလောကကသိုဏ်းမှာ .. ထိနမိဒ္ဓ = စိတ်စေတသိက်တို့၏ ထိုင်းမှိုင်းမှုကို ပယ်ဖျောက်ရေးအတွက် အကောင်းဆုံးသော လက်နက်တစ်မျိုး ဖြစ်၏၊ အင်္ဂုတ္တိုရ်ပါဠိတော် သတ္တကနိပါတ် ပစလာယမာနသုတ္တန်[၃၄၃]၌ ဘုရားရှင်သည် ထိနမိဒ္ဓ ပျောက်ကင်းကြောင်းတရား (၇)မျိုးတို့ကို ခွဲခြားကာ ဟောကြား ထားတော်မူခဲ့၏၊ ယင်း (၇)မျိုးတို့တွင် ဤအာလောကသညာသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်တိုင်း လက်ကိုင်ထားသင့်သော ကမ္မဋ္ဌာန်း တစ်မျိုးပင် ဖြစ်သည်။ ဒိဗ္ဗစက္ခုအဘိညာဏ်၏ အခြေခံကသိုဏ်းတို့တွင် ဤအာလောကကသိုဏ်းမှာ အကောင်းဆုံး အသာဆုံး အမြတ်ဆုံးသော ကသိုဏ်းတစ်ခုပင် ဖြစ်သည်။

အာကာသကသိုဏ်း = ကောင်းကင်ကသိုဏ်း

၁။ နံရံပေါက်၌သော်လည်းကောင်း,
၂။ သံကောက်ပေါက်၌သော်လည်းကောင်း,
၃။ လေသာပြူတင်းပေါက်ကြား၌သော်လည်းကောင်း
အာကာသကသိုဏ်း = အကြားအပေါက်ကသိုဏ်း = ကောင်းကင်ကသိုဏ်းနိမိတ်ကို ရယူနိုင်ပေသည်။

ရှေးရှေးဘဝက အာကာသကသိုဏ်း ဘာဝနာလုပ်ငန်း၌ ပြုအပ်ခဲ့ဖူးသော အဓိကာရကောင်းမှုကုသိုလ် ရှိသသူအား နံရံပေါက်စသော အကြားအပေါက် တစ်ခုခုကို တွေ့မြင်ခဲ့သော် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည် လွယ်ကူစွာပင် ဖြစ်ပေါ်လာနိုင်၏၊ အဓိကာရကောင်းမှုကုသိုလ် အားနည်းသသူကား နေပြောက်မထိုးရအောင် ကောင်းစွာ မိုးထားအပ်သော မဏ္ဍပ်၌သော်လည်းကောင်း, သားရေ, ဖျာ စသည်တို့တွင် တစ်ခုခု၌သော်လည်းကောင်း, တစ်ထွာ လက်လေးသစ် စသည် ပမာဏရှိသော ဝန်းဝိုင်းသော အပေါက်ကို ပြုလုပ်၍ ထိုကသိုဏ်းဝန်းအဖြစ် ပြုလုပ် ထားအပ်သော အပေါက်ကိုသော်လည်းကောင်း, နံရံပေါက် စသော တစ်ခုခုသော အပေါက်ကိုသော်လည်းကောင်း အာကာသနိမိတ်အဖြစ် အာရုံယူ၍ အာကာသော - အာကာသော - အာကာသော = ကောင်းကင် - ကောင်းကင် - ကောင်းကင် ဟူ၍ နှလုံးသွင်း ပွားများအပ်၏၊

အကယ်၍ အောင်မြင်မှုကို မရရှိခဲ့လျှင် တစ်ထွာခန့် တစ်ပေခန့် အချင်းရှိသော အပေါက်အဝိုင်းတစ်ခုကို သစ်သားပျဉ်ချပ်တွင် စက်ဝိုင်းကျကျ ဖောက်ပါ။ ထိုအာကာသကသိုဏ်းဝန်းပါသော ပျဉ်ချပ်ကို သစ်ပင်, မိုးသား, တိမ်ရိပ် စသော အပြစ်ကင်းစင်သည့် ကောင်းကင်ဘက်သို့ မြှောက်၍ ကိုင်ထားပါ။ ထိုအဝန်းအဝိုင်း အာကာသနိမိတ်ကို စိတ်စိုက်၍ အာရုံယူကြည့်ပါ။ ကသိုဏ်းဝန်းအပေါက်ကို ကျော်လွန်၍ ကောင်းကင်ဘက်သို့ လိုက်မကြည့်ပါနှင့်။ ပျဉ်ပြားချပ်တွင် ဖောက်ထွင်းထားသော ကသိုဏ်းဝန်း၌သာ အာကာသကသိုဏ်းနိမိတ်ကို ယူပါ။ အကယ်၍ လွယ်ကူစွာဖြင့် နိမိတ်ကို ယူ၍ မရနိုင် ဖြစ်နေသေးလျှင် မိမိ ရရှိထားပြီးသော စတုတ္ထစျာန်သမာဓိတစ်ခုခုကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ ထိုနောင် ပုံစံတူပင် အာကာသကသိုဏ်းဝန်းနိမိတ်ကို ပုံစံတူပင် မျက်စိဖွင့်၍ ပြန်ယူကြည့်ပါ။ မျက်စိမှိတ်လိုက်သောအခါ ဥဂ္ဂဟနိမိတ်သည် ထင်လာပါက အောင်မြင်မှုကို ရရှိပေပြီ။ အောင်မြင်မှု ရရှိသောအခါ အာကာသနိမိတ်ကို ခိုင်ခံ့အောင် အနည်းငယ် ဆက်လက် လေ့ကျင့်၍ မိမိ အလိုရှိရာအရပ်သို့ သွား၍ ထိုင်လျက် ပွားများနိုင်ပေပြီ။

မိမိ ကြိုက်နှစ်သက်ရာ တစ်နေရာ၌ သွားရောက်ထိုင်သောအခါ မိမိ ရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိ တစ်ခုခုကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ ထိုနောင် မိမိ ရရှိထားပြီးဖြစ်သည့် အာကာသကသိုဏ်းဝန်းနိမိတ်ကိုပင် တစ်ဖန် ပြန်၍ အာရုံယူပါ။ ရှေးရှေး ဘာဝနာသမာဓိတို့၏ အားကြီးသော မှီရာ ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိထူးကို ဆက်ခံရသော နောက်နောက်သော ဘာဝနာသမာဓိမှာလည်း လွယ်ကူချောမောလျက်ပင် ရှိနေတတ်ပါသည်။

ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်

ဤအာကာသကသိုဏ်း၌ ဥဂ္ဂဟနိမိတ်သည် နံရံပေါက် စသည်တို့နှင့် အတူတကွ ထိုမူလနံရံပေါက် စသည်တို့နှင့် တူသည်သာလျှင် ဖြစ်ပေသည်။ ဥဂ္ဂဟနိမိတ်အခိုက်၌ ဘာဝနာစွမ်းအား နည်းပါးသည့်အတွက်ကြောင့် ကသိုဏ်းဝန်းကို တိုးပွားအောင် ပြုလုပ်သော်လည်း မတိုးပွားနိုင်သေးပေ။ ပဋိဘာဂနိမိတ်ကား အပေါက်ဖောက်ထားသည့် စက်ဝိုင်း အာကာသနိမိတ်၏ နံရံစွန်းစသည် မထင်တော့ဘဲ ကောင်းကင်အာကာသအဝန်းသက်သက်သာဖြစ်၍ ထင်လာ တော့သည်။ ထိုအခါ အာကာသကသိုဏ်း ဘာဝနာလုပ်ငန်း အာကာသကသိုဏ်း ဘာဝနာသမာဓိသည် မြဲမြံသွားပြီ ဖြစ်သောကြောင့် ကသိုဏ်းဝန်းကို တိုးပွားစေသော်လည်း ကသိုဏ်းဝန်းသည် တိုးပွားလာနိုင်ပေသည်။ ကြွင်းနည်းတူပြီ၊၊[၃၄၅]

ကသိုဏ်း (၁၀) ပါး

စတုတ္ထစျာန်သမာဓိ ဆိုက်သည်တိုင်အောင်သော – ကသိုဏ်း (၁၀)ပါး ရှုကွက်ကား ဤတွင် ပြီးဆုံးသွားပြီ ဖြစ်ပေသည်။ ဤကဲ့သို့ အောင်မြင်မှုကို ရရှိပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ပထဝီ, အာပေါ, တေဇော, ဝါယော, နီလ, ပီတ, လောဟိတ, ဩဒါတ, အာလောက, အာကာသဟူသော ဘုရားဟော ဒေသနာစဉ်အတိုင်း .. ကသိုဏ်း (၁၀)ပါးတို့၌ ကသိုဏ်းတိုင်း ကသိုဏ်းတိုင်းဝယ် စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ပွားများအားထုတ်ပါ။

ထိုသို့ ကြိုးစားအားထုတ်နိုင်ပါက မည်သည့်အရာဝတ္ထုနှင့် တွေ့ကြုံရသည် ဖြစ်စေ ကသိုဏ်းဝန်းနိမိတ်အဖြစ် အာရုံယူ၍ ရနိုင်သည့် အရာဝတ္ထု မှန်ပါက ယင်းဝတ္ထုကို ကသိုဏ်းနိမိတ်အဖြစ် လှမ်း၍ အာရုံယူလိုက်သည်နှင့် တစ်ပြိုင်နက် ကသိုဏ်းနိမိတ်ကို လွယ်လွယ်ကူကူပင် ရယူနိုင်ပေသည်။ ကသိုဏ်း (၁၀)ပါးလုံးတို့ကို စတုတ္ထစျာန် သမာဓိသို့ ဆိုက်သည်တိုင်အောင် ကျွမ်းကျွမ်းကျင်ကျင် ရှုနိုင်သူ ယောဂီတစ်ဦးအား အလွန်သေးငယ်သော စကားဝါပန်း တစ်ပွင့်ကလည်း အဝါရောင်ကသိုဏ်း ဖြစ်ပေါ်လာအောင် အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေမည်သာ ဖြစ်၏၊ နီမြန်းသော နှင်းဆီပန်းတစ်ပွင့်ကလည်း အနီရောင်ကသိုဏ်း ဖြစ်ပေါ်လာအောင်, အလွန်သေးငယ်သော စံပယ်ပန်း တစ်ပွင့်ကလည်း အဖြူရောင်ကသိုဏ်း ဖြစ်ပေါ်လာအောင် အာရမ္မဏပစ္စယသတ္တိဖြင့် အလားတူပင် ကျေးဇူးပြုပေး နေမည်သာ ဖြစ်၏၊

သက်ရှိ သက်မဲ့ ကာမဝတ္ထုအစုစုမှ, အနှစ်သာရ ဘာမျှ ရှာမရသော ဤခန္ဓာကိုယ်ယုတ် အကောင်ပုပ်ကြီးမှ ဘာဝနာဟူသော အနှစ်သာရကို ထုတ်ယူတတ်ပါက ယခုကဲ့သို့ နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်သည့် ယောနိသော မနသိကာရတရား ထင်ရှားရှိနေသော ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးအဖို့ စတုတ္ထစျာန်သမာဓိကဲ့သို့သော ဘာဝနာ အနှစ်သာရများကား လွယ်လွယ်ကူကူပင် ထွက်ပေါ်လာမည် ဖြစ်ပေသည်။ ယင်းစတုတ္ထစျာန်သမာဓိကို အခြေခံ၍ ဝိပဿနာသို့ ကူးတက်သွားပါက ယင်းသမာဓိတရားတို့က အရဟတ္တဖိုလ်ကို ရသည်တိုင်အောင် ကျေးဇူးပြုပေး နေမည်သာ ဖြစ်ပေသည်။ သို့သော် ယခုအခါ၌ကား ကသိုဏ်းပညတ်ကို အာရုံယူ၍ ရရှိသော စတုတ္ထစျာန်သမာဓိကို အခြေခံ၍ အရူပစျာန်များကို ပွားများအားထုတ်ပုံအပိုင်းကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။

အရူပါဝစရစျာန်ပိုင်း

အာကာသာနဉ္စာယတနစျာန်

အရူပါဝစရစျာန်သည် ..
၁။ အာကာသာနဉ္စာယတနစျာန် = အာကာသ (= ကောင်းကင်)ပညတ်လျှင် တည်ရာအာရုံရှိသောစျာန်,
၂။ ဝိညာဏဉ္စာယတနစျာန် = အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာအာရုံရှိသောစျာန်,
၃။ အာကိဉ္စညာယတနစျာန် = အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း (= နတ္ထိဘော)ပညတ်လျှင် တည်ရာ အာရုံရှိသောစျာန်,
၄။ နေဝသညာနာသညာယတနစျာန် = သညာရှိသည်လည်း မဟုတ်, မရှိသည်လည်း မဟုတ်သော = ရုန့်ရင်း ကြမ်းတမ်းသော သညာကား မရှိ၊ အလွန့်အလွန် သိမ်မွေ့နူးညံ့သော သညာသာ ရှိသော, အာကိဉ္စညာယတန ဝိညာဏ်လျှင် တည်ရာအာရုံရှိသောစျာန် ––

ဤသို့လျှင် လေးမျိုးပြား၏၊ ထိုတွင် အာကာသာနဉ္စာယတနစျာန်ကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ရုပ်တရားတို့၏ အပြစ်ကို မြင်အောင် ရှုဆင်ခြင်အပ်၏ ..။

မိဘတို့၏ သုက်သွေးကို အမှီပြုကာ ကံ-စိတ်-ဥတု-အာဟာရတည်းဟူသော အကြောင်းတရားလေးပါးတို့ကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ဤခန္ဓာကိုယ်ကို ကရဇကာယဟု ခေါ်ဆို၏၊ ဤကရဇကာယ ထင်ရှား ရှိခြင်းကြောင့် (၁) တုတ်ဓားစသော လက်နက်ကို စွဲကိုင်လျက် သတ်ပုတ်ကြ၏၊ ရိုက်နှက်ကြ၏၊ ညှဉ်းပန်းနှိပ်စက်ကြ၏၊ (၂) ခိုက်ရန် ဖြစ်ကြ၏၊ ငြင်းခုံကြ၏၊ (၃) မျက်စိရောဂါ, နားရောဂါ စသည်ဖြင့် ရောဂါအမျိုးမျိုးကို ခံစားရ၏၊ ဤ ကရဇကာယ အမည်ရသော ရုပ်တရားသာ မရှိပါက ထိုကဲ့သို့သော ဒုက္ခမျိုးစုံမှ လွတ်ပေလိမ့်မည်ဟု ပညာဖြင့် ဆင်ခြင်၍ ရုပ်တရားကိုသာလျှင် ငြီးငွေ့ခြင်းငှာ, စက်ဆုပ်ခြင်းငှာ, ချုပ်စေခြင်းငှာ အာကာသာနဉ္စာယတနစျာန်ကို ရရှိအောင် ကြိုးစား အားထုတ်ရ၏၊ အာကာသာနဉ္စာယတနစျာန်ဟူသည် အာကာသ (= ကောင်းကင်)ပညတ်လျှင် တည်ရာအာရုံရှိသော စျာန်တည်း။ ကရဇကာယ အမည်ရသော ရုပ်တရား၌ အပြစ်ကို မြင်အောင်ရှု၍ ထိုရုပ်တရားကို ကျော်လွှား လွန်မြောက်ဖို့ရန် အာကာသကသိုဏ်းမှ တစ်ပါး ကြွင်းကျန်သော ပထဝီကသိုဏ်းစသော ကသိုဏ်း (၉)ပါးတို့တွင် တစ်ပါးပါးသော ကသိုဏ်း၌ စတုတ္ထစျာန်ကို ဖြစ်စေအပ်၏၊[၃၄၆]

ထပ်မံ ရှင်းလင်းချက်

ဥပမာ ဩဒါတ (= အဖြူရောင်)ကသိုဏ်း ဆိုကြစို့ ..။ ယောဂါဝစရပုဂ္ဂိုလ်၏ မူလ နိမိတ်ယူရာဖြစ်သော ဩဒါတကသိုဏ်း၏တည်ရာ ဦးခေါင်းခွံကဲ့သို့သော အရိုးကား သက်ရှိယောဂီတစ်ဦး၏ ဦးခေါင်းခွံအရိုး ဖြစ်ခဲ့ပါမူ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကာယဒွါရ၌ တည်ရှိသည့် (၅၃)မျိုးသော ရုပ်တရားတို့၏ အပေါင်းအစုသာ ဖြစ်သည်။ (ရုပ်ကမ္မဋ္ဌာန်းပိုင်းဇယားများ[၃၄၇]တွင် ကြည့်ပါ။) ကံ-စိတ်-ဥတု-အာဟာရတည်းဟူသော အကြောင်းတရား လေးပါးကြောင့် ထင်ရှားဖြစ်ပေါ်လာကြရသည့် ကရဇကာယ အမည်ရသည့် ရုပ်အစစ်တို့ပင်တည်း။

သို့သော် ဩဒါတကသိုဏ်းလျှင် အာရုံရှိသော စတုတ္ထစျာန်သို့တိုင်အောင်သော ရူပါဝစရစျာန်တရားတို့၏အာရုံမှာ ဩဒါတကသိုဏ်း ပဋိဘာဂနိမိတ်တည်း။ ယင်းပဋိဘာဂနိမိတ်ကား မူလအဖြူရောင်နိမိတ်ကို ယူရာ ဦးခေါင်းခွံအရိုးဟု ခေါ်ဝေါ်အပ်သော ကရဇကာယရုပ်ဟူသော ပရမတ္ထဓမ္မမှ အလွတ်ဖြစ်သော, ယောဂါဝစရပုဂ္ဂိုလ်၏ ဘာဝနာသညာ ကြောင့် ဖြစ်ပေါ်လာရသော ပညတ်သာတည်း။ ရုပ်အစစ်ကား မဟုတ်ပေ။ ရူပါဝစရစတုတ္ထစျာန်သို့ တိုင်အောင်သော စျာန်တရားတို့သည် ယင်းပညတ်ပဋိဘာဂနိမိတ်ကိုသာ အာရုံပြုကြ၏၊ မူလကသိုဏ်းဝန်း၏ တည်ရာ ဦးခေါင်းခွံ အရိုးဟူသော ကရဇကာယရုပ်တို့၏ အပေါင်းအစုဖြစ်သည့် ရုပ်အစစ်ကို အာရုံ မပြုကြပေ။ ထိုကြောင့် ရူပါဝစရ စျာန်တို့သည်လည်း ကရဇရူပ (= ကရဇကာယ) ခေါ်သည့် ရုပ်အစစ်တို့ကို (= ရုပ်တရားတို့ကို) ကျော်လွှား လွန်မြောက်ပြီးသာ ဖြစ်ကြသည်။

နှိုင်းခိုင်းဖွယ်ရာ လောကဥပမာ

ထိုယောဂါဝစရပုဂ္ဂိုလ်အား ရူပါဝစရစတုတ္ထစျာန်၏ အစွမ်းအားဖြင့် ယင်းစျာန်က ကရဇရုပ်ကို အာရုံမပြုခြင်း, ပဋိဘာဂနိမိတ်ကိုသာ အာရုံပြုခြင်းကြောင့် – ကရဇရုပ်ကို ကျော်လွှားလွန်မြောက်ခြင်းသည် အကယ်၍ကား ဖြစ်ပါပေ၏၊ ထိုသို့ပင် ဖြစ်ပါသော်လည်း ကသိုဏ်းရုပ်သည်လည်း စျာန်၏ အာရုံအဖြစ်ဖြင့် အာရုံယူ၍ ရနိုင်ခြင်းကြောင့် ထိုကရဇရုပ်နှင့် တူသည်သာလျှင် ဖြစ်၏၊ ထိုကြောင့် ထိုကသိုဏ်းရုပ်ကိုလည်း ကျော်လွှားလွန်မြောက်ဖို့ရန် အလို ရှိအပ်ပေ၏၊ ဥပမာ – မြွေကြောက်တတ်သော ယောက်ျားသည် တောတွင်း၌ မြွေက နောက်မှ လိုက်သဖြင့် အပန်းတကြီး လျင်လျင်မြန်မြန် ပြေးလေသော် ပြေးရာအရပ်၌ မြွေနှင့်တူအောင် ဆေးရောင်အမျိုးမျိုးဖြင့် ခြယ်သထားအပ်သော ဆန်းကြယ်သော ထန်းရွက်ကိုလည်းကောင်း, နွယ်ကိုလည်းကောင်း, ကြိုးကိုလည်းကောင်း, မြေကြီး၌ ကွဲအက်နေသော အက်ကြောင်းကိုလည်းကောင်း အဝေးက လှမ်းမြင်လိုက်လျှင် ကြောက်ရွံ့ထိတ်လန့်သွား၏၊ ထိုဝတ္ထုကို မကြည့်လို ဖြစ်သွား၏၊ နောက်ဥပမာ တစ်မျိုးကား – မိမိ၏ အကျိုးစီးပွားမဲ့ကို ပြုလုပ်တတ်သော ရန်သူယောက်ျား တစ်ဦးနှင့်အတူ တစ်ရွာတည်း၌ နေထိုင်ရသော ယောက်ျားသည် ထိုရန်သူယောက်ျားက ပုတ်ခတ်ခြင်း, နှောင်ဖွဲ့ခြင်း, အိမ်ကို မီးတိုက်ခြင်း စသည်တို့ဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ အခြားတစ်ရွာသို့ ပြောင်းရွှေ့နေထိုင်လိုက်၏၊ ထိုရွာ၌လည်း ထိုရန်သူ ယောက်ျားနှင့် အဆင်းသဏ္ဌာန် အသံ အပြုအမူ ပယောဂတူသော ယောက်ျားကို တွေ့မြင်ပြန်သော် ကြောက်ရွံ့ ထိတ်လန့်သည်သာ ဖြစ်ပြန်၏၊ ထိုသူ့ကိုလည်း မကြည့်လို ဖြစ်နေတတ်၏၊

ဤဥပမာများအတူ –– ယောဂါဝစရပုဂ္ဂိုလ်သည် ကရဇရုပ်ကိုသာမက ထိုကရဇရုပ်ကို အခြေခံ၍ ဖြစ်ပေါ် လာသော ကသိုဏ်းရုပ်ကိုလည်း ဤကသိုဏ်းရုပ်သည် ထိုကရဇရုပ်နှင့် တူသည်သာလျှင်တည်းဟု စွဲမြဲစွာ မှတ်သား၍ ထိုကသိုဏ်းရုပ်ကိုလည်း ကြောက်ခြင်း လန့်ခြင်း မမြင်လိုခြင်း သဘောတရားသည် ထင်ရှားဖြစ်ပေါ်လာကာ ယင်းကသိုဏ်းရုပ်ကိုလည်း ကျော်လွှားလွန်မြောက်ခြင်းငှာ အလိုရှိမှုကို မှတ်သားပါ။[၃၄၈]

ပြုကျင့်ရမည့် လုပ်ငန်းခွင်

ဩဒါတကသိုဏ်းကို အခြေခံကာ အာကာသာနဉ္စာယတနစျာန်ကို ပွားများအားထုတ်လိုသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ရှေးဦးစွာ ဩဒါတကသိုဏ်းလျှင် အာရုံရှိသော ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်, စတုတ္ထစျာန်တို့ကို အစဉ်အတိုင်း ဝင်စားထားပါ။ ထိုနောင် အောက်ပါအတိုင်း ဆက်လက်ကာ လိုက်နာပြုကျင့်ပါ။ –

ဤဆိုအပ်ခဲ့ပြီးသည့်နည်းအတိုင်း ထိုယောဂါဝစရပုဂ္ဂိုလ်သည် စတုတ္ထစျာန်၏ အာရုံဖြစ်သော ထိုဩဒါတကသိုဏ်း ရုပ်မှ ငြီးငွေ့၍ ကျော်လွှားလွန်မြောက်လိုသည်ဖြစ်၍ ဝသီဘော်ငါးတန်ကို နိုင်နင်းအောင် လေ့ကျက်အပ်ပြီးသည်ဖြစ်၍ အဝါးဝစွာ လေ့လာအပ်ပြီးသော ဩဒါတကသိုဏ်းလျှင် အာရုံရှိသော စတုတ္ထစျာန်မှ ထ၍ ထိုစတုတ္ထစျာန်၌ ဤသို့ အပြစ်ကို မြင်အောင် ရှုပါ။ –

၁။ ဤရူပါဝစရစတုတ္ထစျာန်သည် ငါ ငြီးငွေ့အပ်သော ကသိုဏ်းရုပ်ကို အာရုံပြုဘိ၏၊
၂။ သောမနဿဝေဒနာဟူသော နီးကပ်သော ရန်သူရှိ၏၊
၃။ ငြိမ်သက်သော ဝိမောက္ခဖြစ်သော အရူပစျာန်အောက် ရုန့်ရင်း၏၊

ဤသို့ အပြစ်ကို မြင်အောင် ရှုပါ။ ဤရူပါဝစရစတုတ္ထစျာန်သည် ဥပေက္ခာ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးသာ ရှိသကဲ့သို့ အလားတူပင် အရူပါဝစရစျာန်တို့သည်လည်း ဥပေက္ခာ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးတို့သာ ရှိကြသောကြောင့် ဤရူပါဝစရစတုတ္ထစျာန်၌ စျာန်အင်္ဂါ၏ ရုန့်ရင်းကြမ်းတမ်းမှု သဘောတရားကား မရှိပေ။ ထို ယောဂါဝစရပုဂ္ဂိုလ်သည် ထိုရူပါဝစရစတုတ္ထစျာန်၌ ဤဆိုအပ်ခဲ့ပြီးသောနည်းအတိုင်း အပြစ်ကို မြင်အောင်ရှုပြီးလျှင်

၄။ ထိုစတုတ္ထစျာန်၌ တွယ်တာငဲ့ကွက် တသက်သက်ရှိခြင်းကို ကုန်စေ၍,
၅။ အာကာသာနဉ္စာယတနစျာန်ကို ငြိမ်သက်သောအားဖြင့် အဆုံးမရှိသောအားဖြင့် နှလုံးသွင်း၍,
၆။ စကြဝဠာဆုံးသည်တိုင်အောင်လည်းကောင်း, အလိုရှိသမျှအရပ်သို့ တိုင်အောင်လည်းကောင်း မိမိ ပွားများ ထားပြီးသော ဩဒါတကသိုဏ်းရုပ်ကို ဖြန့်ကြက်၍,
၇။ ထိုကသိုဏ်းရုပ်ဖြင့် တွေ့ထိရာအရပ်ကို အာကာသ - အာကာသ ဟူ၍လည်းကောင်း, အနန္တအာကာသ အနန္တအာကာသ ဟူ၍လည်းကောင်း နှလုံးသွင်း၍ ..

ရူပါဝစရစတုတ္ထစျာန်၏ အာရုံဖြစ်သော ဩဒါတကသိုဏ်းရုပ်ကို ခွာ၏၊ ထင်ရှားစေအံ့ – ထိုဩဒါတ ကသိုဏ်းရုပ်ကို ခွာသော ယောဂါဝစရပုဂ္ဂိုလ်သည် ဖျာတစ်ချပ်ကို ခေါက်လိပ်သကဲ့သို့ ဩဒါတကသိုဏ်းရုပ်ကို ခေါက်လိပ်သည်လည်း မဟုတ်။ မုန့်အိုးကင်းမှ မုန့်ကို ခွာသကဲ့သို့ ဩဒါတကသိုဏ်းဝန်းရုပ်ကို ခွာထုတ်သည်လည်း မဟုတ်။ အဟုတ်သော်ကား ဩဒါတကသိုဏ်းကို မဆင်ခြင်ခြင်းတည်း၊ နှလုံးမသွင်းခြင်းတည်း၊ မသုံးသပ်ခြင်းတည်း။ ဩဒါတကသိုဏ်းကို မဆင်ခြင်ဘဲ နှလုံးမသွင်းဘဲ မသုံးသပ်ဘဲ စင်စစ်မှာမူ ထိုဩဒါတကသိုဏ်းရုပ်ဖြင့် တွေ့ထိရာ အရပ်ကိုပင် – အာကာသ - အာကာသဟူ၍ တစ်ဖက်သတ် နှလုံးသွင်းသော ယောဂါဝစရပုဂ္ဂိုလ်သည် ကသိုဏ်းကို ခွာသည်မည်၏၊ ယင်းသို့ ခွာအပ်သော ဩဒါတကသိုဏ်းသည်လည်း မထမကြွ မနစ်မဆုတ်။ ဤယောဂါဝစရပုဂ္ဂိုလ်၏ ဩဒါတကသိုဏ်းကို သက်သက် နှလုံးမသွင်းခြင်းကိုလည်းကောင်း, အာကာသ အာကာသဟု တစ်ဖက်သတ် နှလုံးသွင်းခြင်းကိုလည်းကောင်း အစွဲပြု၍ ဩဒါတကသိုဏ်းကို ခွာသည် မည်ပေ၏၊ ကသိုဏ်းကို ခွာရာခွာကြောင်း အာကာသ ကောင်းကင်ပညတ်မျှသည်သာလျှင် ထင်လာ၏၊

၁။ ကသိဏုဂ္ဃါဋိမာကာသ = ကသိုဏ်းကို ခွာ၍ ရရှိအပ်သော အာကာသ၊
၂။ ကသိဏဖုဋ္ဌောကာသ = ကသိုဏ်းဖြင့် တွေ့ထိမိရာ အာကာသ၊
၃။ ကသိဏဝိဝိတ္တာကာသ = ကသိုဏ်းမှ ကင်းဆိတ်သွားသော အာကာသ၊
ဤသုံးပုဒ်လုံးသည် ပရိယာယ်နှင်နှင် ဖြစ်သောကြောင့် အနက်အားဖြင့် တူသည်သာတည်း။[၃၄၉]

အကြံပေးချက်

ဤအထက်ပါ ညွှန်ကြားချက်အတိုင်း ယောဂါဝစရပုဂ္ဂိုလ်သည် နှလုံးသွင်းကြည့်ပါ။ အောင်မြင်မှုကို ရရှိနိုင်ပါသည်။ အကယ်၍ အောင်မြင်မှုကို မရရှိပါက ဤသို့လည်း နှလုံးသွင်းကြည့်ပါ – ဩဒါတကသိုဏ်းဝန်းကို စကြဝဠာ တစ်ခုလုံး ပြည့်အောင် ဖြန့်ကြက်ပါ။ အလိုရှိခဲ့လျှင် အနန္တစကြဝဠာသို့ တိုင်အောင်လည်း ဩဒါတ ကသိုဏ်းဝန်းကို ဖြန့်ကြက်ပါ။ ဖြန့်ကြက်ပြီးနောက် ထိုဩဒါတကသိုဏ်းလျှင် အာရုံရှိသော စျာန်များကို စတုတ္ထစျာန်သို့ တိုင်အောင် ဝင်စားပါ။ ထိုစတုတ္ထစျာန်မှ ထ၍ အထက်တွင် ရေးသားတင်ပြထားသည့်အတိုင်း (၁) မှ (၅)သို့ တိုင်အောင်သော ဆင်ခြင်ရမည့်အချက်များကို ဆင်ခြင်ပါ။ ထိုနောင် ဩဒါတကသိုဏ်းရုပ်ကို အဆုံးအစ မရှိအောင် ဖြန့်ကြက်ပါ။

ထိုနောင် ထိုဩဒါတကသိုဏ်း၏ တစ်နေရာတွင် စိတ်စိုက်ကာ ဩဒါတကို နှလုံးမသွင်းဘဲ အာကာသကို တစ်ဖက်သတ် နှလုံးသွင်းပါ။ မကြာမီအချိန်ကာလအတွင်းမှာပင် အာကာသအကြားအပေါက်ကို မြင်လာတတ်ပါသည်။ ထိုအခါတွင် အာကာသ မဖြစ်သေးသော ဩဒါတကသိုဏ်းကို လုံးဝ နှလုံးမသွင်းတော့ဘဲ ထင်လာသော အာကာသကို သာလျှင် တစ်ဖက်သတ် နှလုံးသွင်းလျက် အာကာသ အာကာသဟု ရှုနေပါ။ အာကာသသည် ထင်ရှားသထက် ထင်ရှားလာ၍ ငြိမ်သက်လာသောအခါ ယင်းအာကာသကိုပင် ဖြန့်ကြက်၍ အာကာသ အာကာသဟု ရှုပါ။ အာကာသ ကျယ်ပြန့်လာသည်နှင့်အမျှ ဩဒါတကသိုဏ်းဝန်းမှာ တဖြည်းဖြည်း နောက်သို့ ဆုတ်သွားကာ အာကာသက နေရာ ယူလာပေလိမ့်မည်။ အာကာသကို အရပ် (၁၀)မျက်နှာသို့ တဖြည်းဖြည်း ဖြန့်ပါ။ နောက်ဆုံးတွင် ဩဒါတကသိုဏ်း ပျောက်၍ အာကာသချည်းသက်သက် ကျန်ရှိပေလိမ့်မည်။ ယင်းသို့ ကျန်ရှိနေသော အာကာသကား ဩဒါတကသိုဏ်းကို ခွာ၍ ရရှိလာသော အာကာသနိမိတ်ပင်တည်း။ ထိုအခါတွင် အောက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ညွှန်ကြားချက်အတိုင်း ဆက်လက်လေ့ကျင့်ပါ။

အာကာသာနဉ္စာယတနစျာန်သို့

ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုဩဒါတကသိုဏ်းကို ခွာ၍ ရရှိလာသော အာကာသနိမိတ်ကို အာကာသ အာကာသဟူ၍ အဖန်ဖန် အထပ်ထပ် ဆင်ခြင်၏၊ ဝိတက်ဖြင့် အာကာသ - အာကာသဟု ရှေးရှုခေါက်သည်ကို ထက်ဝန်းကျင် လှည့်လည်ခေါက်သည်ကို ပြု၏၊ ဤသို့ အဖန်ဖန် အထပ်ထပ် ဆင်ခြင်သော ဝိတက်ဖြင့် အာကာသ - အာကာသဟု ရှေးရှုခေါက်သည်ကို ထက်ဝန်းကျင် လှည့်လည်ခေါက်သည်ကိုပြုသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ နီဝရဏ ကိလေသာ အညစ်အကြေးတို့သည် ကွာကျသွားကြကုန်၏၊ အာကာသနိမိတ်လျှင် တည်ရာအာရုံ ရှိသော သတိသည် အလွန်ထင်သည်ဖြစ်၍ ကောင်းစွာ တည်၏၊ ဥပစာရစျာန်သမာဓိဖြင့် ဘာဝနာစိတ်သည် အာကာသနိမိတ်၌ ကောင်းစွာ တည်ကြည်နေ၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာကာသနိမိတ်ကို အဖန်ဖန် အထပ်ထပ် မှီဝဲ၏, ပွားများ၏, ကြိမ်ဖန်များစွာ အလေ့အလာပြု၏၊ ဤသို့ အဖန်ဖန် အထပ်ထပ် ဆင်ခြင်သော နှလုံးသွင်းသော ထိုယောဂါဝစရပုဂ္ဂိုလ်အား အာကာသနိမိတ်အာရုံ၌ အာကာသာနဉ္စာယတနစိတ်သည် အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏၊ ဩဒါတကသိုဏ်းစသော ကသိုဏ်းပညတ်အာရုံတို့၌ ရူပါဝစရစျာန်စိတ်သည် အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်သကဲ့သို့တည်း။ မှန်ပေသည် .. ဤအာကာသာနဉ္စာယတနစျာန်စိတ်၌လည်း စျာန်၏ ရှေးအဖို့၌ သုံးကြိမ်သော ဥပစာရဇော သို့မဟုတ် လေးကြိမ်သော ဥပစာရဇောတို့ကား ကာမာဝစရဇောတို့တည်း။ ယင်း ကာမာဝစရ ဥပစာရဇောတို့သည် ဥပေက္ခာဝေဒနာနှင့် ယှဉ်ကုန်သည်သာလျှင် ဖြစ်ကုန်၏၊ လေးကြိမ်မြောက်ဇော, သို့မဟုတ် ငါးကြိမ်မြောက်ဇောသည် အာကာသာနဉ္စာယတန အမည်ရသော အရူပါဝစရဇော ဖြစ်၏၊ အကြွင်းကား ဩဒါတကသိုဏ်း၌ ဖွင့်ဆိုခဲ့သည့်အတိုင်းသာတည်း။[၃၅၀]

အထူးမှာထားချက်

ဤသို့လျှင် အရူပါဝစရစျာန်စိတ်သည် ဖြစ်ပေါ်လာလတ်သော် ထိုယောဂါဝစရရဟန်းသည် အိုးဝတွင် ဖုံးလွှမ်း ထားအပ်သော အဝတ်ကို ဖွင့်လှစ်လိုက်သည့်အခါ အဝတ်ကွယ်ပျောက်၍ မျက်နှာဝ ဟင်းလင်းပေါက် အာကာသသည် ပေါ်ပေါက်လာသကဲ့သို့ – ဤဥပမာအတူပင်လျှင် ရှေး၌ ကသိုဏ်းဝန်းကို ရူပါဝစရစျာန်စက္ခုဖြင့် ကြည့်ရှုလျက် နေပြီးနောက် ယင်း ဩဒါတကသိုဏ်းဝန်းကို နှလုံးမသွင်းတော့ဘဲ အာကာသ အာကာသဟူ၍ ဤ ပရိကမ်ဖြစ်သော ဥပစာရစျာန် မနသိကာရဖြင့် အဆောတလျင် ထိုပထဝီကသိုဏ်းနိမိတ်အာရုံကို ခွာအပ်ပြီးလတ်သော် ထင်လာသော အာကာသနိမိတ်အာရုံကိုသာလျှင် အရူပါဝစရစျာနစက္ခုဖြင့် ရှုလျက် နေ၏၊ ဤမျှ အတိုင်းအရှည်ရှိသော စကား အစဉ်ဖြင့် ဤယောဂါဝစရပုဂ္ဂိုလ်ကို ဤသို့ ဆိုအပ်ပေ၏၊

''၁။ ကုန်အောင်စုံသော ရူပသညာ အမည်ရသော ဩဒါတကသိုဏ်းရုပ် စသည်တို့ကို အာရုံပြုသော ရူပါဝစရ စျာန်တို့ကိုလည်းကောင်း, ထိုရူပါဝစရစျာန်တို့၏ အာရုံဖြစ်သော ဩဒါတကသိုဏ်းစသော အာရုံတို့ကို လည်းကောင်း ကျော်လွှားလွန်မြောက်၍ သွားခြင်းကြောင့်,

၂။ ရူပသညာ သဒ္ဒသညာ ဂန္ဓသညာ ရသသညာ ဖောဋ္ဌဗ္ဗသညာဟူသော ဝတ္ထု-အာရုံ ထိခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာကုန်သော ပဋိဃသညာတို့၏ ချုပ်ငြိမ်းသွားခြင်းကြောင့်, (ဒွေပဉ္စဝိညာဏ်နှင့် ယှဉ်သော သညာ များတည်း။)

၃။ ဒွေပဉ္စဝိညာဏ်နှင့် ယှဉ်သော သညာ (၁၀)မျိုးမှ တစ်ပါးသော ကာမာဝစရ ကုသိုလ် အကုသိုလ် ဝိပါက် ကြိယာဟူသော (၄၄)မျိုးသော စိတ်နှင့်ယှဉ်သော (၄၄)မျိုးသော သညာဟူသော အထူးထူးသော နာနတ္တသညာ တို့ကို နှလုံးမသွင်းခြင်းကြောင့် အနန္တအာကာသဟု နှလုံးသွင်းတတ်သော အာကာသာနဉ္စာယတနစျာန်ကို ပြည့်စုံစေ၍ နေထိုင်၏''[၃၅၁]ဟူ၍ ဆိုအပ်ပေ၏၊[၃၅၂] [၃၅၃]

ဝိညာဏဉ္စာယတနစျာန်

ဝိညာဏဉ္စာယတနစျာန်ဟူသည် .. အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာအာရုံ ရှိသော စျာန်တည်း၊ အာကာသာနဉ္စာယတနဝိညာဏ်ကို အရှုခံအာရုံ ထား၍ ရှုပွားသုံးသပ်သဖြင့် ရရှိလာသော စျာန်တည်း။ ထို ဝိညာဏဉ္စာယတနစျာန်ကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အာကာသာနဉ္စာယတန စျာန်သမာပတ်ကို ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်အပ်၏၊ အာကာသာနဉ္စာယတနစျာန်သမာပတ်၌ ဝသီဘော်ငါးတန်ကို နိုင်နင်းအောင် လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ..

၁။ ဤ ငါရရှိထားသော အာကာသာနဉ္စာယတန စျာန်သမာပတ်သည် ရူပါဝစရစျာန်ဟူသော နီးကပ်သော ရန်သူရှိ၏၊
၂။ ဝိညာဏဉ္စာယတနစျာန်သမာပတ်ကဲ့သို့ ငြိမ်သက်သည်လည်း မဟုတ်ခဲ့။ ဤသို့လျှင် အာကာသာနဉ္စာယတန စျာန်သမာပတ်၌ အပြစ်မြင်အောင် ရှု၍,
၃။ ထိုအာကာသနဉ္စာယတနစျာန်၌ ခုံမင်တပ်မက်ခြင်း တဏှာကို ကုန်စေ၍,
၄။ ဝိညာဏဉ္စာယတနစျာန်ကို ငြိမ်သက်၏ဟူ၍ နှလုံးသွင်းပြီးလျှင် –

ထိုပထဝီကသိုဏ်းကို ခွာ၍ ရအပ်သော အာကာသနိမိတ်ကို ပျံ့နှံ့၍ ဖြစ်ပေါ်လာသော ထိုအာကာသာနဉ္စာယတနဝိညာဏ်ကို ဝိညာဏံ - ဝိညာဏံဟူ၍ အဖန်ဖန် အထပ်ထပ် ဆင်ခြင်အပ်၏ နှလုံးသွင်းအပ်၏ ဉာဏ်ဖြင့် သက်ဝင်၍ ဆင်ခြင်အပ်၏၊ ဝိတက်ဖြင့် ဝိညာဏံ - ဝိညာဏံဟု ရှေးရှုခေါက်သည်ကို ထက်ဝန်းကျင် လှည့်လည်၍ ခေါက်သည်ကို ပြုအပ်၏၊ အနန္တံ အနန္တံဟူ၍ သက်သက် နှလုံးမသွင်းကောင်း၊ ဝိညာဏံ - ဝိညာဏံဟုလည်းကောင်း, အနန္တံ ဝိညာဏံ - အနန္တံ ဝိညာဏံဟုလည်းကောင်း နှလုံးသွင်းကောင်း၏၊

ဤသို့သောနည်းအားဖြင့် ထိုအာကာသာနဉ္စာယတနဝိညာဏ်ဟူသော ဝိညာဏနိမိတ်၌ အဖန်တလဲလဲ ဘာဝနာ စိတ်ကို ဖြစ်စေသော ထိုယောဂါဝစရပုဂ္ဂိုလ်အား နီဝရဏကိလေသာအညစ်အကြေးတို့သည် ကွာကျသွားကြကုန်၏၊ အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာအာရုံရှိသော သတိသည် ကောင်းစွာ တည်လာ၏၊ ဥပစာရစျာန် သမာဓိဖြင့် ဘာဝနာစိတ်သည် ကောင်းစွာ တည်ကြည်လာ၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာကာသာနဉ္စာယတန ဝိညာဏ်နိမိတ်ကို အဖန်ဖန် အထပ်ထပ် မှီဝဲ၏ ပွားများ၏ ကြိမ်ဖန်များစွာ အလေ့အလာပြု၏၊ ဤသို့သောနည်းဖြင့် အကြိမ်များစွာပြုသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ကသိုဏ်းကို ခွာ၍ ရရှိလာသော အာကာသနိမိတ်၌ အာကာသာနဉ္စာယတနစျာန်စိတ်သည် အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်သကဲ့သို့ – ပထဝီကသိုဏ်းကို ခွာ၍ ရရှိလာသော အာကာသနိမိတ်ကို ပျံ့နှံ့၍ အာရုံပြု၍ ဖြစ်ပေါ်လာသော အာကာသာနဉ္စာယတနဝိညာဏ်အာရုံ၌ ဝိညာဏဉ္စာယတန စျာန်စိတ်သည် အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏၊[၃၅၄]

ပရမတ်အာရုံဖြစ်သည်ကို သတိပြုပါ

ဤ၌ အရှုခံအာရုံမှာ အာကာသာနဉ္စာယတနစျာန်ဝိညာဏ်ဖြစ်၏၊ ပရမတ်အာရုံတည်း။ ထိုအာကာသာနဉ္စာယတနစျာန်ဝိညာဏ်ကို ဝိညာဏံ ဝိညာဏံဟု ရှုခဲ့သော် ထိုအာကာသာနဉ္စာယတနဝိညာဏ်အာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော ဘာဝနာစိတ်တို့တွင် ဥပစာရစျာန်ဇောတို့၏ နောက်၌ အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော စျာန်စိတ်သည် ဝိညာဏဉ္စာယတနစျာန်စိတ်တည်း။ အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာအာရုံ ရှိသော စျာန်စိတ် ဟူလိုသည်။ အရှုခံအာရုံဖြစ်သော စျာန်စိတ်မှာ အာကာသာနဉ္စာယတနစျာန်စိတ်, ရှုတတ်သော စျာန်စိတ်မှာ ဝိညာဏဉ္စာယတနစျာန်စိတ်တည်း။ နှစ်မျိုးလုံးသည် စျာန်စိတ်ချည်းသာတည်း။ ပရမတ်တရားချည်းသာတည်း။

အခက်အခဲတစ်ရပ်

အရှုခံအာရုံမှာ ပရမတ်တရား ဖြစ်နေသဖြင့် နာမ်ကမ္မဋ္ဌာန်းကို မရှုဖူးသေးသော အချို့အချို့သော ယောဂါဝစရ ပုဂ္ဂိုလ်တို့အဖို့ ယင်းအာကာသာနဉ္စာယတနဝိညာဏ်ကို မသိမ်းဆည်းတတ် ဖြစ်နေကြ၏၊ ထိုအခါတွင် – ယင်း အာကာသာနဉ္စာယတနစျာန်၏ ဥပေက္ခာ+ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ နှစ်ပါးကို သိမ်းဆည်းတတ်ပါသလားဟု ထိုပုဂ္ဂိုလ်တို့ကို မေးကြည့်လိုက်သောအခါ သိမ်းဆည်းတတ်ပါကြောင်းကို ဝန်ခံကြ၏၊ ထိုအခါတွင် ယင်းစျာန်အင်္ဂါ နှစ်ပါးတို့နှင့် စိတ္တက္ခဏ တစ်ခုတစ်ခုအတွင်းဝယ် အတူယှဉ်တွဲ ဖြစ်နေသော ယင်းစျာန်စိတ်ကို မြင်အောင်ရှုပါဟု အကြံပြုလိုက်သောအခါ ယင်းစျာန်စိတ်ကို ရှုတတ်သွားကြ၏၊ သို့သော် နောက်ထပ် ထပ်ဆင့် မေးခွန်း တစ်ခု မေးလာတတ်ကြပြန်၏၊ ယင်းအာကာသာနဉ္စာယတနစျာန်စိတ်မှာ ယောဂါဝစရပုဂ္ဂိုလ်၏ နှလုံးအိမ်အတွင်း၌ တည်ရှိသော ဟဒယဝတ္ထုရုပ်ကိုသာ မှီ၍ဖြစ်နေသော စိတ်တစ်မျိုးဖြစ်သဖြင့် ယင်းစျာန်စိတ်ကို ဝိညာဏံ - ဝိညာဏံ ဟု ရှုနေသောအခါ နှလုံးအိမ်အတွင်း ဟဒယဝတ္ထု ရှိသည့်နေရာကို စိုက်ရှုနေရမှာလားဟု မေးတတ်ကြပြန်၏၊ ဟုတ်ပါသည်ဟုပင် အဖြေပေးရ၏၊ သို့သော် ဦးခေါင်းကို ငုံ့ကာ နှလုံးအိမ်ဘက်သို့ စိုက်ကြည့်ရမည်ဟုကား မဆိုလိုကြောင်းကိုလည်းကောင်း, စိတ်ဖြင့်သာ စိုက်ရှုရန်ကိုလည်းကောင်း ထပ်မံ၍ အကြံပြုရပြန်သည်။

ဝိညာဏဉ္စာယတနစျာန်သို့ ဆိုက်ရောက်နေသူ

ဤမျှ အတိုင်းအရှည်ရှိသော ဘာဝနာအစဉ်ဖြင့် ဤပုဂ္ဂိုလ်ကို ဤသို့ ခေါ်ဆိုအပ်ပေ၏၊ ''''အကြွင်းမရှိ အလုံးစုံသော အာကာသာနဉ္စာယတနစျာန်နှင့် အာကာသနိမိတ်အာရုံကို ကျော်လွှားလွန်မြောက်၍ 'အနန္တံ ဝိညာဏံ - အနန္တံ ဝိညာဏံ''ဟု ဤသို့ နှလုံးသွင်းသည်ဖြစ်၍ ဝိညာဏဉ္စာယတနစျာန်ကို ပြည့်စုံစေ၍ နေသူ''[၃၅၅] ဟူ၍ ဆိုအပ်၏၊[၃၅၆]

ဤ၌ အာကာသာနဉ္စာယတနစျာန်ကိုလည်းကောင်း, ယင်းအာကာသာ နဉ္စာယတနစျာန်၏ တည်ရာအာရုံ ဖြစ်သည့် အာကာသနိမိတ်ကိုလည်းကောင်း – ဤ နှစ်မျိုးလုံးကိုပင် အာကာသာနဉ္စာယတနဟု ဆိုလို၏၊ ထို နှစ်မျိုးလုံးကိုပင် မဖြစ်ခြင်းကို ပြုသဖြင့်လည်းကောင်း, နှလုံးမသွင်းသဖြင့်လည်းကောင်း – အချင်းခပ်သိမ်း ကျော်လွှား လွန်မြောက်သွားပါမှသာလျှင် ဤ ဝိညာဏဉ္စာယတနစျာန်ကို ပြည့်စုံစေ၍ နေနိုင်သောကြောင့် ဤစျာန်နှင့် အာရုံ နှစ်ပါးစုံကိုလည်း တစ်ပေါင်းတည်းပြု၍ အာကာသာနဉ္စာယတနံ သမတိက္ကမ္မ = အာကာသာနဉ္စာယတနစျာန်နှင့် အာကာသာနဉ္စာယတနစျာန်၏ အာရုံ (= အာကာသနိမိတ်)ကို ကျော်လွှားလွန်မြောက်၍ဟု ဘုရားရှင် ဟောကြားတော် မူပေသည်။[၃၅၇]

ဆိုလိုရင်းသဘော

စိတ်တို့မည်သည် တစ်ခုသော စိတ္တက္ခဏအတွင်း၌ နှစ်ခုပြိုင်တူ ဖြစ်ရိုးဓမ္မတာကား မရှိပေ။ စိတ္တက္ခဏတစ်ခုပြီးမှ နောက်စိတ္တက္ခဏတစ်ခု ဖြစ်နိုင်၏၊ ဤ၌ အရှုခံအာရုံဖြစ်သည့် အာကာသာနဉ္စာယတနစျာန်ဝိညာဏ်နှင့် ရှုတတ်သည့် ဝိညာဏဉ္စာယတနစျာန်ဝိညာဏ်တို့သည် တစ်ခုသော စိတ္တက္ခဏအတွင်း၌ နှစ်ခုပြိုင်တူကား မဖြစ်နိုင်ကြပေ။ အာကာသာနဉ္စာယတနစျာန်စိတ်က ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားဖြစ်နေချိန်ဝယ် ဝိညာဏဉ္စာယတနစျာန်စိတ်ကား ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားမဖြစ်နိုင်သေးပေ။ ဝိညာဏဉ္စာယတနစျာန်စိတ်က ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှား ဖြစ်နေချိန်ဝယ် အာကာသာနဉ္စာယတနစျာန်စိတ်သည် ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှား မဖြစ်နိုင်တော့ပြီ ဖြစ်၏၊ ယင်း အရှုခံအာရုံဖြစ်သည့် အာကာသာနဉ္စာယတနစျာန်စိတ်က ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားမဖြစ်သည့်အခါမှ = ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားဖြစ်မှုကို ကျော်လွှားသွားနိုင်ပါမှ ဝိညာဏဉ္စာယတနစျာန်စိတ်က ဥပါဒ်-ဌီ-ဘင်အားဖြင့် ပြည့်ပြည့်စုံစုံ ဖြစ်ပေါ်လာနိုင်မည်ဖြစ်သည်။ အာကာသာနဉ္စာယတနစျာန်ဝိညာဏ် (= စိတ်)ကို ယခုကဲ့သို့ ကျော်လွှား လွန်မြောက်သွားခဲ့လျှင် ယင်းစျာန်စိတ်ကလည်း ကသိုဏ်းကို ခွာ၍ ရရှိလာသည့် အာကာသနိမိတ်ကိုသာ သိနေသည် ဖြစ်ရကား ယင်းအာကာသကို သိနေသည့် စျာန်စိတ်ကို ကျော်လွှားလွန်မြောက်သွားပါက ယင်းအာကာသနိမိတ်ကို သိမှုသဘောလည်း မရှိတော့သဖြင့် တစ်ပါတည်း ယင်းအာကာသနိမိတ်အာရုံကိုပါ ကျော်လွှားလွန်မြောက်သွားသည်ဟု ဆိုရပေသည်။ ယင်းကဲ့သို့ စျာန်စိတ်နှင့် စျာန်၏အာရုံ နှစ်ပါးစုံကို ကျော်လွှားလွန်မြောက်သွားသော်လည်း ချုပ်ဆုံး လေပြီးသော အတိတ်ဖြစ်သော ထိုအာကာသာနဉ္စာယတနဝိညာဏ်ကို ဝိညာဏဉ္စာယတနစျာန်ဝိညာဏ်စိတ်က တစ်ဖန် ပြန်၍ အာရုံပြုနိုင်သည် သိနိုင်သည်ဟု မှတ်ပါလေ။[၃၅၈]

အနန္တံ ဝိညာဏံ

အာကာသာနဉ္စာယတနဝိညာဏ်သည် အဆုံးအပိုင်းအခြား မရှိသည့် အနန္တဖြစ်သော ကောင်းကင်ပညတ် = အာကာသနိမိတ်ကို အာရုံပြု၏၊ ထိုအကြောင်းအာရုံ၏ အနန္တဟူသောအမည်ကို အကျိုးဖြစ်သော အာရုံယူတတ်သည့် အာရမ္မဏိကဝိညာဏ်အပေါ်၌ တင်စား၍ ကာရဏူပစာရအားဖြင့် (တစ်နည်း ဖလူပစာရအားဖြင့်) အာကာသာနဉ္စာယတနဝိညာဏ်ကိုပင် အနန္တံ ဝိညာဏံဟု ဆိုသည်။ ဝိညာဏဉ္စာယတနစျာန်ကို အလိုရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာကာသာနဉ္စာယတနဝိညာဏ်ကိုပင် ''အနန္တံ ဝိညာဏံ''ဟု နှလုံးသွင်းရ၏ဟု ဆိုလိုသည်။ ဤနည်းအလို –အနန္တံ ဝိညာဏံ = အနန္တမည်သော ဥပါဒ်-ဘင်အားဖြင့် အပိုင်းအခြား မရှိသော ကောင်းကင်ပညတ်ကို (= အာကာသ နိမိတ်)ကို အာရုံပြုသော ဝိညာဏ် = အာကာသာနဉ္စာယတနဝိညာဏ်ဟု ဆိုလိုသည်။

တစ်နည်း – ဝိညာဏဉ္စာယတနစျာန်ကို ရရှိအောင် အားထုတ်သော ဘာဝနာစိတ်သည် အာကာသာနဉ္စာယတနဝိညာဏ်ကို အာရုံပြုသည့်အခါ ဥပါဒ်ကို ပိုင်းခြား၍ဖြစ်စေ, ဌီကို ပိုင်းခြား၍ဖြစ်စေ, ဘင်ကို ပိုင်းခြား၍ဖြစ်စေ အာရုံပြုသည်ကား မဟုတ်၊ အဟုတ်သော်ကား အပိုင်းအခြား မထားဘဲ အာကာသာနဉ္စာယတနဝိညာဏ်တစ်ခုလုံးကိုပင် အာရုံပြုသည်။ ဤသို့ အာရုံယူတတ်သော အာရမ္မဏိကဘာဝနာစိတ်က အထူးသဖြင့် ဝိညာဏဉ္စာယတန ဘာဝနာစိတ်က အနန္တဖြစ်အောင် = အပိုင်းအခြား မရှိအောင် အာရုံပြုအပ်သောကြောင့် အစွန်းအစ ဘင်မျှမကျန် အချင်းခပ်သိမ်း အလုံးစုံသော အာကာသာနဉ္စာယတနဝိညာဏ်ကို နှလုံးသွင်းရသည်၏ အစွမ်းဖြင့် ယင်းအာကာသာနဉ္စာယတနဝိညာဏ်ကို အနန္တံ ဝိညာဏံဟု ဆိုသည်။ ဤနည်းအလို – အနန္တံ ဝိညာဏံ = အပိုင်းအခြား မရှိဘဲ အာရုံပြုအပ်သော အာကာသာနဉ္စာယတနဝိညာဏ်ဟု ဆိုလိုသည်။[၃၅၉]

အာကိဉ္စညာယတနစျာန်

အာကိဉ္စညာယတနစျာန်ဟူသည် အာကာသာနဉ္စာယတနစျာန်၏ မရှိခြင်း = နတ္ထိဘောပညတ်လျှင် တည်ရာ အာရုံရှိသော စျာန်ဟု ဆိုလိုသည်။ အာကိဉ္စညာယတနစျာန်ကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ဝိညာဏဉ္စာယတနစျာန်သမာပတ်၌ ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်အပ်၏၊ ဝသီဘော်ငါးတန် နိုင်နင်းအောင် လေ့ကျင့်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့ ဆင်ခြင်အပ်၏၊ –

၁။ ဤ ငါရရှိထားသော ဝိညာဏဉ္စာယတနစျာန်သမာပတ်သည် အာကာသာနဉ္စာယတနစျာန်ဟူသော နီးကပ်သော ရန်သူရှိ၏၊ (အချိန်မရွေး အာကာသာနဉ္စာယတနစျာန်သို့ ပြန်လည်ကာ လျောကျနိုင်၏ဟု ဆိုလိုသည်။) 
၂။ အာကိဉ္စညာယတနစျာန်ကဲ့သို့ ငြိမ်သက်သည်လည်း မဟုတ်ခဲ့။ ဤသို့လျှင် ဝိညာဏဉ္စာယတနစျာန်၌ အပြစ်ကို မြင်အောင် ရှု၍,
၃။ ထိုဝိညာဏဉ္စာယတနစျာန်၌ တွယ်တာငဲ့ကွက် တသက်သက် ရှိခြင်း = နိကန္တိကို ကုန်စေ၍,
၄။ အာကိဉ္စညာယတနစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍,
၅။ အကြင် အာကာသာနဉ္စာယတနစျာန်ဝိညာဏ်ကို အာရုံပြု၍ ဝိညာဏဉ္စာယတနစျာန်သည် ဖြစ်ပေါ်လာရ၏၊ ထိုဝိညာဏဉ္စာယတနစျာန်၏ပင်လျှင် အာရုံဖြစ်၍ဖြစ်သော အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းဟူသော နတ္ထိဘောပညတ်ကို, ဆိတ်သည်၏ အဖြစ်ကို, ကင်းသော အခြင်းအရာကို နှလုံးသွင်းအပ်၏၊[၃၆၀] 

အဘယ်သို့ နှလုံးသွင်းအပ်သနည်း? ထိုအာကာသာနဉ္စာယတနစျာန်ဝိညာဏ်ကို အချင်းခပ်သိမ်း နှလုံးမသွင်း မူ၍ ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းသဘော နတ္ထိဘောပညတ်ကိုသာ အာရုံပြု၍ ..

၁။ နတ္ထိ - နတ္ထိ = မရှိ - မရှိဟူ၍လည်းကောင်း,
= နတ္ထိ ကိဉ္စိ - နတ္ထိ ကိဉ္စိ = ဘာမျှမရှိ ဘာမျှမရှိဟူ၍လည်းကောင်း,
၂။ သုညံ - သုညံ = ဆိတ်၏ - ဆိတ်၏ဟူ၍လည်းကောင်း,
၃။ ဝိဝိတ္တံ - ဝိဝိတ္တံ = ကင်း၏ - ကင်း၏ဟူ၍လည်းကောင်း –

အဖန်ဖန် အထပ်ထပ် ဆင်ခြင်အပ်၏၊ နှလုံးသွင်းအပ်၏၊ ဉာဏ်ဖြင့် သက်ဝင်၍ ရှုအပ်၏၊ ဝိတက်ဖြင့် ''နတ္ထိ ကိဉ္စိ - နတ္ထိ ကိဉ္စိ = ဘာမျှမရှိ ဘာမျှမရှိ''ဟု ရှေးရှုခေါက်သည်ကို ထက်ဝန်းကျင် လှည့်လည်၍ ခေါက်သည်ကို ပြုအပ်၏၊[၃၆၁]

ဤဆိုအပ်ခဲ့ပြီးသည့်နည်းအတိုင်း ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိ ခြင်း နတ္ထိဘောပညတ်ဟု ဆိုအပ်သော စျာန်ဖြစ်ကြောင်းနိမိတ်၌ ဘာဝနာစိတ်ကို ဖြစ်စေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် နီဝရဏ ကိလေသာအညစ်အကြေးတို့သည် ကွာကျသွားကြကုန်၏၊ အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း နတ္ထိဘော ပညတ်လျှင် တည်ရာအာရုံရှိသော သတိသည် ကောင်းစွာ တည်လာ၏၊ ဥပစာရစျာန်သမာဓိဖြင့် ဘာဝနာစိတ်သည် ကောင်းစွာ တည်ကြည်လာ၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း နတ္ထိဘောပညတ်ဟု ဆိုအပ်သော စျာန်ဖြစ်ကြောင်းနိမိတ်ကို အဖန်တလဲလဲ မှီဝဲ၏ ပွားများ၏ ကြိမ်ဖန်များစွာ အလေ့အလာပြု၏၊ ဤသို့သောနည်းဖြင့် ပြုကျင့်သော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ပထဝီကသိုဏ်းကို ခွာ၍ ရအပ်သော အာကာသနိမိတ်ကို ပျံ့နှံ့၍ ဖြစ်ပေါ်လာသော ထိုမဟဂ္ဂုတ် အာကာသာနဉ္စာယတနဝိညာဏ်၏ သာလျှင် ဆိတ်သည်၏အဖြစ်, ကင်းသည်၏အဖြစ်, မရှိသည်၏အဖြစ်ဟူသော နတ္ထိဘောပညတ်၌ အာကိဉ္စညာယတနစျာန်စိတ်သည် အပ္ပနာစျာန်၏ အစွမ်းဖြင့် ဖြစ်ပေါ်လာ၏၊ အာကာသနိမိတ်၌ ပျံ့နှံ့၍ဖြစ်သော အာကာသာနဉ္စာယတနဝိညာဏ်နိမိတ်ကို အာရုံပြု၍ ဝိညာဏဉ္စာယတနဝိညာဏ်သည် ဖြစ်ပေါ်လာသကဲ့သို့ပင်တည်း။[၃၆၂]

မှတ်သားစေလိုသော ထူးခြားချက်

ဤဆိုလတ္တံ့သည်ကား အထူးတည်း။ ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းဟူသော နတ္ထိဘောပညတ် အာရုံ၌ အာကိဉ္စညာယတနစျာန်စိတ်သည် ဖြစ်ပေါ်လာသည်ရှိသော် ထိုယောဂါဝစရပုဂ္ဂိုလ်သည် အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းဟူသော နတ္ထိဘောပညတ်ကိုသာလျှင် ရှုလျက်နေ၏၊

နှိုင်းခိုင်းဖွယ်ရာ လောကဥပမာ မည်သည်ကား – ယောက်ျား တစ်ယောက်သည် စည်းဝေးညီမူရာ တန်ဆောင်းဝန်းစသည်တို့၌ တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စကြောင့် စည်းဝေးညီမူနေသော ရဟန်းသံဃာတော်ကို ဖူးမြော်ပြီးနောက် တစ်ခုသော အရပ်ဒေသသို့ ထွက်ခွာသွား၏၊ တစ်ဖန် ရဟန်းသံဃာတော်များ၏ စည်းဝေးညီမူရာ တန်ဆောင်းဝန်းသို့ ပြန်လာပြန်၏၊ စည်းဝေးခြင်းကိစ္စ၏ ပြီးဆုံးသောအခါ၌ ရဟန်းတော်တို့သည် မိမိတို့ စည်းဝေး ညီမူရာအရပ်မှ ထကုန်၍ ယင်းနေရာမှ ဖဲခွာသွားကြကုန်သည်ရှိသော်, ထိုယောက်ျားသည် ထိုစည်းဝေးညီမူရာအရပ်သို့ ဆိုက်ရောက်လာ၍ တံခါးဝ၌ ရပ်လျက် တစ်ဖန် ထိုစည်းဝေးညီမူရာအရပ်ကို ကြည့်လိုက်သည်ရှိသော် ရဟန်းတို့မှ ဆိတ်သည်ကိုသာလျှင် မြင်သကဲ့သို့ ရဟန်းတို့မှ ကင်းသည်ကိုသာလျှင် မြင်သကဲ့သို့, ထိုယောက်ျား၏ သန္တာန်၌ ဤမျှလောက်ကုန်သော ရဟန်းတော်တို့သည် သေမူလည်း သေလေကုန်သလော၊ အရပ်တစ်ပါးသို့မူလည်း သွားလေကုန် သလောဟု ဤသို့သော ကြံယောင်ကြံမှား အခြားသောစိတ်သည် မဖြစ်သကဲ့သို့ – တကယ်စင်စစ်သော်ကား ဤစည်းဝေး ညီမူရာအရပ်သည် ရဟန်းတို့မှ ဆိတ်၏၊ ရဟန်းတို့မှ ကင်း၏ဟု မရှိသည်၏ အဖြစ်ကိုသာလျှင် ရှုသကဲ့သို့ –ဤဥပမာအတူပင်လျှင် ရှေး၌ ဩဒါတကသိုဏ်းကို ခွာ၍ ရရှိလာသော အာကာသနိမိတ်၌ ဖြစ်စေအပ်ပြီးသော အာကာသာနဉ္စာယတနဝိညာဏ်ကို ဝိညာဏဉ္စာယတနစျာန်စက္ခုဖြင့် ဝိညာဏံ - ဝိညာဏံဟု ရှုလျက်နေပြီး၍ နောက်ကာလရောက်ရှိလာပါမှ ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းသဘော = နတ္ထိဘောပညတ်ကို အာရုံယူ၍ နတ္ထိ နတ္ထိ, သုညံ သုညံ, ဝိဝိတ္တံ ဝိဝိတ္တံ - ဟူသော ပရိကမ်ဖြစ်သော နှလုံးသွင်းခြင်း မနသိကာရဖြင့် ထိုအာကာသာနဉ္စာယတနဝိညာဏ်သည် ကွယ်ပျောက်သည်ရှိသော် ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ ကင်းခြင်း ပျောက်ခြင်းဟု ဆိုအပ်သော မရှိ ခြင်း နတ္ထိဘောပညတ်ကိုသာလျှင် ဘာဝနာစိတ်ဖြင့် အဖန်ဖန် ရှုလျက်နေ၏၊[၃၆၃]

နတ္ထိ - နတ္ထိ, သုညံ - သုညံ, ဝိဝိတ္တံ - ဝိဝိတ္တံ

''နတ္ထိ - နတ္ထိ, သုညံ - သုညံ, ဝိဝိတ္တံ - ဝိဝိတ္တံဟူသော ပရိကမ်ဖြစ်သော နှလုံးသွင်းခြင်း မနသိကာရဖြင့် ထိုအာကာသာနဉ္စာယတနဝိညာဏ်သည် ကွယ်ပျောက်သည်ရှိသော်''ဟူသော ဤစကားရပ်ဖြင့် ထိုအာကာသာနဉ္စာယတနဝိညာဏ်ကို အာရုံပြုခြင်း၏ မရှိ ခြင်းကြောင့် ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ ကွယ်ပျောက်ခြင်းသည် ဖြစ်ပေါ်လာ၏၊ ပျက်စီးသွားသည်၏ အဖြစ်ကြောင့် ကွယ်ပျောက်သွားသည်ကား မဟုတ်ပေ။ (ဆိုလိုသည်မှာ –ဝိညာဏဉ္စာယတနဝိညာဏ်သည် အာကာသာနဉ္စာယတနဝိညာဏ်ကို အာရုံ ပြုနေ၏ နှလုံးသွင်းနေ၏၊ ထိုကြောင့် ဝိညာဏဉ္စာယတနဝိညာဏ် ဖြစ်ပေါ်နေခိုက်၌ ယင်းအာကာသာနဉ္စာယတနဝိညာဏ်သည် အာရုံအဖြစ် ရပ်တည်ကာ ကျေးဇူးပြုပေးနေသဖြင့် အာရုံအကြောင်းတရားအဖြစ်ဖြင့် ထင်ရှားရှိနေ၏၊ သို့သော် ဤအာကိဉ္စညာယတနစျာန်ဝိညာဏ်ကား ယင်းအာကာသာနဉ္စာယတနဝိညာဏ်ကို လှမ်းအာရုံမယူပေ၊ နှလုံးမသွင်းပေ။ ယင်းအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိမှုသဘောကိုသာ = နတ္ထိဘောပညတ်ကိုသာ အာရုံပြုနေ၏ နှလုံးသွင်းနေ၏၊ ထို့ကြောင့် အာကိဉ္စညာယတနဝိညာဏ်က ထိုအာကာသာနဉ္စာယတနဝိညာဏ်ကို အာရုံပြုခြင်း၏ မရှိခြင်းကြောင့် = အာရုံ မပြုခြင်းကြောင့်, နှလုံးမသွင်းခြင်းကြောင့်, ယင်းအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိမှုသဘောကိုသာ အာရုံ ပြုနေခြင်းကြောင့် နှလုံးသွင်းနေခြင်းကြောင့် ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ ကွယ်ပျောက်ခြင်းသည် ဖြစ်ပေါ်လာရ၏၊ ပျက်စီးသွားသည်၏အဖြစ်ကြောင့် ကွယ်ပျောက်သွားသည်ကား မဟုတ်ဟု ဆိုလိုပေသည်။)

နှိုင်းခိုင်းဖွယ်ရာ လောကဥပမာကို နှီးနှောပြခြင်း

ထိုအထက်တွင် တင်ပြထားသော ဥပမာစကားရပ်၌ ဤဆိုလတ္တံ့သည်ကား ဥပမာ ဥပမေယျ နှီးနှောခြင်းတည်း။ ထိုယောက်ျားသည် ထိုတန်ဆောင်းဝန်းအစရှိသော အရပ်၌ စည်းဝေးညီမူနေသော ရဟန်းသံဃာတော်အပေါင်းကို ဖူးမြင်ပြီးနောက် အရပ်တစ်ပါးသို့ ဖဲခွာသွားလေ၏၊ ထိုနောင်မှ ရဟန်းသံဃာတော်အားလုံးတို့သည် တစ်စုံတစ်ခုသာလျှင် ဖြစ်သော ပြုဖွယ်ကိစ္စဖြင့် ယင်း တန်ဆောင်းဝန်းမှ ဖဲခွာသွားကြကုန်သည်ရှိသော် ထိုယောက်ျားသည် တစ်ဖန် ပြန်လာ၍ ယင်းတန်ဆောင်းဝန်းကို ကြည့်လေက ထိုစည်းဝေးညီမူရာအရပ်ကို ရဟန်းသံဃာတော်တို့မှ ဆိတ်သုဉ်းသည်ကိုသာလျှင် တွေ့မြင်၏၊ ရဟန်းသံဃာတော်တို့၏ ထိုစည်းဝေးညီမူရာအရပ်မှလည်း ဖဲခွာသွားခြင်း၏ အကြောင်းရင်းကို မရှုသကဲ့သို့ – ဤဥပမာအတူ ဤယောဂါဝစရပုဂ္ဂိုလ်သည် ရှေး၌ ဝိညာဏဉ္စာယတနစျာန်မျက်စိဖြင့် အာကာသာနဉ္စာယတနစျာန်ဝိညာဏ်ကို ရှု၍ နောက်ကာလ၌ ယင်းအာကာသာနဉ္စာယတနဝိညာဏ်ကိုပင် ''နတ္ထိ = မရှိ''ဟူ၍ ပရိကမ်ဟူသော ဘာဝနာမနသိကာရဖြင့် ရှုလေသော် ထိုအာကာသာနဉ္စာယတနဝိညာဏ်သည် ကင်းသွား၏၊ ကင်းသည်ရှိသော် တစ်ဖန် အာကိဉ္စညာယတနစျာန်မျက်စိဖြင့် ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းဟူသော နတ္ထိဘောပညတ်ကိုသာလျှင် ရှုလျက်နေ၏၊ ထိုအာကာသာနဉ္စာယတနဝိညာဏ်၏ ကင်းခြင်း ချုပ်ခြင်း မရှိခြင်း၏ အကြောင်းရင်းကို မစူးစမ်း မဆင်ခြင်။ အဘယ်ကြောင့်နည်းဟူမူ အာကိဉ္စညာယတနစျာန်၏ ထိုသို့သဘောရှိသော ယင်းဝိညာဏ်၏ ကင်းခြင်း ချုပ်ခြင်း မရှိခြင်း၏ အကြောင်းရင်းကို နှလုံးသွင်းခြင်း၏ မရှိခြင်းကြောင့်တည်း။[၃၆၄]

အာကိဉ္စညာယတနစျာန်သို့ ဆိုက်ပြီ

ဤမျှ အတိုင်းအရှည်ရှိသော စကားအစဉ်ဖြင့် ထိုယောဂါဝစရပုဂ္ဂိုလ်ကို အလုံးစုံသော ဝိညာဏဉ္စာယတန စျာန်ကိုလည်းကောင်း, ထိုဝိညာဏဉ္စာယတနစျာန်၏ တည်ရာအာရုံ ဖြစ်သော အာကာသာနဉ္စာယတနဝိညာဏ်ကို လည်းကောင်း ကောင်းစွာကျော်လွှားလွန်မြောက်၍ အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း = နတ္ထိဘောပညတ်ကို အာရုံယူ၍ နတ္ထိ -နတ္ထိ, သုညံ - သုညံ, ဝိဝိတ္တံ - ဝိဝိတ္တံဟူ၍ ဤအခြင်းအရာအားဖြင့် နှလုံးသွင်းသည်ဖြစ်၍ အာကိဉ္စညာယတနစျာန်ကို ပြည့်စုံစေ၍ နေ၏[၃၆၅]ဟူ၍ ဆိုအပ်၏၊[၃၆၆]

ဝိညာဏဉ္စာယတနံ သမတိက္ကမ္မ

ဤဆိုအပ်ခဲ့ပြီးသောနည်းဖြင့် ဝိညာဏဉ္စာယတနစျာန်ကိုလည်းကောင်း, ထိုဝိညာဏဉ္စာယတနစျာန်၏ တည်ရာ အာရုံဖြစ်သော အာကာသာနဉ္စာယတနစျာန်ကိုလည်းကောင်း ဤသို့လျှင် စျာန်နှင့်အာရုံ နှစ်ပါးစုံကိုလည်း မဖြစ်ခြင်းကို ပြုသဖြင့်လည်းကောင်း နှလုံးမသွင်းခြင်းကို ပြုခြင်းဖြင့်လည်းကောင်း ကောင်းစွာ ကျော်လွှားလွန်မြောက်၍ သွားပါမှသာလျှင် ဤ အာကိဉ္စညာယတနစျာန်ကို ပြည့်စုံစေ၍ နေသင့်၏၊ ထိုကြောင့် ဤ စျာန်နှင့် အာရုံ နှစ်ပါးစုံကိုလည်း တစ်ပေါင်းတည်းပြု၍ ဝိညာဏဉ္စာယတနံ သမတိက္ကမ္မဟူသော ဤစကားတော်ကို ဟောကြားထားတော်မူအပ်၏ဟု သိရှိပါလေ။[၃၆၇]

နတ္ထိ ကိဉ္စိ = ဘာမျှမရှိ

နတ္ထိ - နတ္ထိ, သုညံ - သုညံ, ဝိဝိတ္တံ - ဝိဝိတ္တံဟူ၍ ဤသို့ နှလုံးသွင်းလျက်ဟု ဆိုလို၏၊ ဝိဘင်းပါဠိတော်၌ကား ''ထိုရှေး၌ အနန္တံ ဝိညာဏံဟု နှလုံးသွင်းအပ်ပြီးသော အာကာသာနဉ္စာယတနဝိညာဏ်ကိုပင်လျှင် မထင်သည်ကို ပြု၏၊ ထင်ခြင်းကို ကင်းပျောက်စေ၏ = ပျောက်ပျက်စေ၏၊ ကွယ်ပျောက်စေ၏၊ အာကာသာနဉ္စာယတနဝိညာဏ်၏ စိုးစဉ်းဘင်မျှ အကျန်သည် မရှိ'' ဤသို့ ရှု၏၊ ထိုကြောင့် ''နတ္ထိ ကိဉ္စိ''ဟူ၍ ဆိုအပ်၏၊ ဤသို့လျှင် ဟောကြားထားတော်မူအပ်သော ထိုစကားကို ''ခယတော သမ္မသန''ဟူသော သင်္ခါရတရားတို့၏ အပျက် = ဘင်ကို ရှုတတ်သော ဘင်္ဂါနုပဿနာကဲ့သို့ အကယ်၍ကား ဟောတော်မူအပ်ပါပေ၏၊ ထိုသို့ပင် ဟောတော်မူသော်လည်း ထိုဝိဘင်းပါဠိတော်၏ ဆိုလိုရင်းသဘောတရားကို ဤဆိုခဲ့ပြီးသည့်အတိုင်းသာလျှင် မှတ်သားပါ။ ထိုအာကာသာနဉ္စာယတနဝိညာဏ်ကို မဆင်ခြင်မူ၍, နှလုံးမသွင်းမူ၍, ဉာဏ်ဖြင့် သက်ဝင်၍ မရှုမူ၍ သက်သက် ထိုဝိညာဏ်၏ မရှိခြင်းသဘော = နတ္ထိဘောပညတ်ကိုသာလျှင် = မရှိသည်၏အဖြစ်ကိုသာလျှင် နှလုံးသွင်းသည်ဖြစ်၍ မထင်သည်ကို ပြု၏၊ ထင်ခြင်းကို ကင်းပျောက်စေ၏၊ ကွယ်ပျောက်စေ၏၊ ဤသို့ ဆိုလို၏၊ ဤဆိုအပ်ခဲ့ပြီးသော အနက်အဓိပ္ပာယ်မှ အခြားတစ်ပါးသော အနက်အဓိပ္ပာယ်အားဖြင့် ဤပါဠိတော်၏ အနက်အဓိပ္ပာယ်ကို မမှတ်သားထိုက်ပေ။[၃၆၈]

အာကိဉ္စညာယတနစျာန်ဟူသည်

ယောဂါဝစရပုဂ္ဂိုလ်သည် အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းသဘော = နတ္ထိဘောပညတ်ကို အာရုံပြု၍ ဤအာကိဉ္စညာယတနစျာန်ကို ရရှိအောင် ကြိုးစားအားထုတ်ရ၏၊ ထိုသို့ အားထုတ်ရာ၌ အရှုခံအာရုံဖြစ်သော အာကာသာနဉ္စာယတနဝိညာဏ်၏ အောက်ထစ်ပိုင်းခြား အယုတ်ဆုံးအားဖြင့် စိုးစဉ်းအနည်းငယ် ဘင်မျှသော်လည်း အကြွင်းအကျန် မရှိသောကြောင့် ယင်းအာကာသာနဉ္စာယတနဝိညာဏ်သည် အကိဉ္စန မည်၏၊

စိုးစဉ်းအနည်းငယ် ဘင်မျှသော်လည်း အကြွင်းအကျန် မရှိသော အာကာသာနဉ္စာယတနဝိညာဏ်၏ ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်အား မထင်ဘဲ ကင်းကွာ ပျောက်ကွယ်ခြင်းသဘောသည် အာကိဉ္စည မည်၏၊

ယင်းမရှိ ခြင်းသဘောကို နတ္ထိဘာဝဟု ဆို၏၊ ထိုမရှိ ခြင်းသည် ပရမတ် အထည်ကိုယ် မဟုတ်, ပညတ်မျှသာ ဖြစ်သောကြောင့် နတ္ထိဘာဝပညတ် = နတ္ထိဘောပညတ်ဟု ဆိုအပ်၏၊ နတ်တို့၏တည်ရာ ဘုံဗိမာန်နေရာသည် ဒေဝါယတနမည်သကဲ့သို့ – ထိုစိုးစဉ်းအနည်းငယ် ဘင်မျှသော်လည်း အကြွင်းအကျန်မရှိသော အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိသည်၏ အဖြစ်တည်းဟူသော နတ္ထိဘောပညတ်သည် ထိုတတိယအရူပစျာန် (= အာကိဉ္စညာယတနစျာန်)၏ တည်ရာဖြစ်သောကြောင့် အာယတန မည်၏၊ ထိုကြောင့် ယင်းနတ္ထိဘောပညတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော တတိယ အရူပါဝစရစျာန်သည် အာကိဉ္စညာယတနစျာန် မည်၏၊[၃၆၉]

နေဝသညာနာသညာယတနစျာန်

ရုန့်ရင်းကြမ်းတမ်းသော သညာကား မရှိ၊ အလွန့်အလွန် သိမ်မွေ့နူးညံ့သော သညာသာ ရှိသောကြောင့် သညာရှိသည်လည်းမဟုတ် မရှိသည်လည်းမဟုတ်သော စျာန်သည် နေဝသညာနာသညာယတနစျာန် မည်၏၊ သညာကို အဦးမူသဖြင့် ဒေသနာတော်ကို ဟောကြားထားတော်မူခြင်း ဖြစ်၏၊ ယင်းသမာပတ်အတွင်း၌ တည်ရှိကြကုန်သော အသိစိတ်, ဖဿ, ဝေဒနာ, စေတနာစသော (၃၁)မျိုးသော နာမ်တရားစုအားလုံးတို့သည်လည်း အလွန့်အလွန် သိမ်မွေ့ နူးညံ့ကြကုန်၏၊ ရုန့်ရင်းကြမ်းတမ်းသော နာမ်တရားကား မရှိ၊ အလွန့်အလွန် သိမ်မွေ့နူးညံ့သော နာမ်တရားစုသာ ယင်းသမာပတ်၌ တည်ရှိသည်။ ထိုကြောင့် ယင်းသမာပတ်ကို သင်္ခါရာဝသေသသမာပတ် = အပိုင်းအခြားကို လွန်၍ သိမ်မွေ့သည်၏အဖြစ်သို့ ရောက်လျက် မပြောစလောက် သင်္ခါရမျှသာဖြစ်သော = အသိမ်မွေ့ဆုံးအဖြစ်သို့ရောက်သော သင်္ခါရမျှသာဖြစ်သော = အသိမ်မွေ့ဆုံးအဖြစ်သို့ရောက်သော သင်္ခါရမျှသာ ကြွင်းကျန်သော စတုတ္ထအရူပါဝစရ သမာပတ်ဟု ခေါ်ဆို၏၊

လုပ်ငန်းခွင် အဆင့်ဆင့်

ယင်းနေဝသညာနာသညာယတနစျာန်ကို ရရှိအောင် ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အာကိဉ္စညာယတနစျာန်သမာပတ်၌ ဝသီဘော်ငါးတန်ကို နိုင်နင်းအောင် လေ့ကျင့်ရ၏၊ လေ့ကျင့်ပြီးသော် ဤသို့ ဆင်ခြင်အပ်၏၊ –

၁။ ဤ ငါရရှိထားသော အာကိဉ္စညာယတနစျာန်သမာပတ်သည် ဝိညာဏဉ္စာယတနစျာန်သမာပတ်ဟူသော နီးကပ်သော ရန်သူရှိ၏ဟုလည်းကောင်း,
၂။ နေဝသညာနာသညာယတနသမာပတ်ကဲ့သို့ ငြိမ်သက်သည်လည်း မဟုတ်ခဲ့ဟုလည်းကောင်း, ''သညာသည် ရောဂါတည်း၊ သညာသည် အိုင်းအမာနှင့် တူ၏၊ သညာသည် မြားငြောင့်နှင့် တူ၏၊ အကြင် နေဝသညာနာသညာသည် ရှိ၏၊ ဤနေဝသညာနာသညာယတနစျာန်သည် ငြိမ်သက်၏၊ ဤနေဝသညာနာသညာယတန စျာန်သည် မွန်မြတ်၏'' – ဟုလည်းကောင်း –

ဤသို့လျှင် အာကိဉ္စညာယတနစျာန်၌ အပြစ်ဒေါသကိုလည်းကောင်း, အထက်ဖြစ်သော နေဝသညာနာသညာယတနစျာန်၌ အကျိုးအာနိသင်ကိုလည်းကောင်း မြင်အောင်ရှု၍ –

၃။ အာကိဉ္စညာယတနစျာန်၌ တွယ်တာငဲ့ကွက် တသက်သက်ရှိခြင်း နိကန္တိတရားကို ကုန်ခန်းစေ၍,
၄။ နေဝသညာနာသညာယတနစျာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍,
၅။ အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းသဘော (= နတ္ထိဘောပညတ်)ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ထိုအာကိဉ္စညာယတနစျာန်သမာပတ်ကိုပင် အာရုံပြု၍ –

သန္တာ - သန္တာ = ငြိမ်သက်ပေစွ - ငြိမ်သက်ပေစွဟု အဖန်ဖန် အထပ်ထပ် ဆင်ခြင်အပ်၏၊ နှလုံးသွင်းအပ်၏၊ ဉာဏ်ဖြင့် သက်ဝင်၍ ရှုအပ်၏၊ ဝိတက်ဖြင့် သန္တာ - သန္တာ = ငြိမ်သက်ပေစွ - ငြိမ်သက်ပေစွဟု ရှေးရှုခေါက်သည်ကို, ထက်ဝန်းကျင် လှည့်လည်၍ ခေါက်သည်ကို ပြုအပ်၏၊[၃၇၀]

ဤဆိုအပ်ခဲ့ပြီးသည့် နည်းအတိုင်း ထိုအာကိဉ္စညာယတနစျာန်သမာပတ် အာရုံနိမိတ်၌ အဖန်ဖန် အထပ်ထပ် ဘာဝနာမနသိကာရကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ နီဝရဏ ကိလေသာအညစ်အကြေးတို့သည် ကွာကျသွားကြကုန်၏၊ အာကိဉ္စညာယတနဝိညာဏ်လျှင် တည်ရာအာရုံရှိသော သတိသည် ကောင်းစွာ တည်လာ၏၊ ဥပစာရစျာန်သမာဓိဖြင့် ဘာဝနာစိတ်သည် ကောင်းစွာ တည်ကြည်လာ၏၊

ထိုယောဂါဝစရပုဂ္ဂိုလ်သည် နေဝသညာနာသညာယတနစျာန်ဖြစ်ကြောင်းဖြစ်သည့် ထိုအာကိဉ္စညာယတန စျာန်သမာပတ်နိမိတ်ကို အဖန်တလဲလဲ မှီဝဲ၏, ပွားများ၏, ကြိမ်ဖန်များစွာ အလေ့အလာပြု၏, အဖန်ဖန် အထပ်ထပ် အာရုံပြုနေ၏, ယင်းအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်တည်နေအောင် သမာဓိကို ထူထောင်၏၊ ဤသို့သော နည်းဖြင့် ပြုကျင့်သော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ – အာကာသာနဉ္စာယတနဝိညာဏ်၏ ကင်းခြင်း = မရှိခြင်းသဘော = နတ္ထိဘောပညတ်အာရုံ၌ အာကိဉ္စညာယတနစျာန်သည် အပ္ပနာ၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသကဲ့သို့ အာကိဉ္စညာယတနစျာန်သမာပတ်ဟု ခေါ်ဆိုအပ်ကုန်သော နာမ်ခန္ဓာလေးပါးတို့၌ အာရုံပြု၍ နေဝသညာနာသညာယတနစျာန်စိတ်သည် အပ္ပနာ၏အစွမ်းဖြင့် ဖြစ်ပေါ်လာ၏၊[၃၇၁]

နေဝသညာနာသညာယတနစျာန်သို့ ဆိုက်ပြီ

ဤမျှ အတိုင်းအရှည်ရှိသော စကားအစဉ် တရားအယဉ်ဖြင့် ထိုယောဂါဝစရပုဂ္ဂိုလ်ကို အလုံးစုံသော အာကိဉ္စညာယတနစျာန်ကိုလည်းကောင်း, ထိုအာကိဉ္စညာယတနစျာန်၏ တည်ရာအာရုံဖြစ်သော အာကာသာနဉ္စာယတန ဝိညာဏ်၏ မရှိခြင်းသဘောဟူသော နတ္ထိဘောပညတ်အာရုံကိုလည်းကောင်း ကောင်းစွာ ကျော်လွှားလွန်မြောက်၍ အာကိဉ္စညာယတနဝိညာဏ်ကိုပင် သန္တာ - သန္တာဟု နှလုံးသွင်းသည်ဖြစ်၍ နေဝသညာနာသညာယတနစျာန်ကို ပြည့်စုံစေ၍နေ၏ဟူ၍ ဆိုအပ်ပေ၏၊[၃၇၂]

အာကိဉ္စညာယတနံ သမတိက္ကမ္မ

ဤ၌ အာကိဉ္စညာယတနစျာန်သည်လည်းကောင်း, အာကိဉ္စနညာယတနစျာန်၏ အာရုံဖြစ်သော နတ္ထိဘော ပညတ်သည်လည်းကောင်း ဤစျာန်နှင့်အာရုံ နှစ်မျိုးစုံသည်ပင် အာကိဉ္စညာယတနမည်၏၊ အာကိဉ္စညာယတနစျာန်၏ အာရုံဖြစ်သော နတ္ထိဘောပညတ်သည် အထက်တွင် ဆိုခဲ့သည့်အတိုင်း အာကိဉ္စညလည်း မည်၏၊ ထိုအာကိဉ္စည အမည်ရသော နတ္ထိဘောပညတ်အာရုံသည် တတိယအရူပါဝစရစျာန် = အာကိဉ္စညာယတနစျာန်၏ တည်ရာအာရုံ ဖြစ်သောကြောင့် – နတ်တို့၏ တည်ရာ ဘုံဗိမာန်သည် ဒေဝါယတန မည်သကဲ့သို့ –– တည်ရာဟူသော အနက်သဘောကြောင့် အာယတနလည်း မည်၏၊ ထိုကြောင့် နတ္ထိဘောပညတ်အာရုံသည် အာကိဉ္စညာယတန မည်၏၊ ကမ္ဗောဇတိုင်းသည် မြင်းတို့၏ ဖြစ်ထွန်းရာဒေသ အာယတနဖြစ်သကဲ့သို့ အလားတူပင် နတ္ထိဘောပညတ်သည် အာကိဉ္စညလည်း ဟုတ်၏၊ ထိုအာကိဉ္စညဟူသည် ထိုတတိယအရူပါဝစရစျာန် = အာကိဉ္စညာယတနစျာန်၏ ဖြစ်ပေါ် လာခြင်း၏ အကြောင်းရင်းစစ် ဖြစ်သောကြောင့် အာယတနလည်း ဟုတ်၏၊ ထိုကြောင့်လည်း အာကိဉ္စညာယတန မည်၏၊

ဤသို့လျှင် စျာန်သည်လည်းကောင်း, နတ္ထိဘောပညတ်အာရုံသည်လည်းကောင်း – ဤစျာန်နှင့်အာရုံ နှစ်မျိုးလုံးကိုလည်း မဖြစ်ခြင်းကို ပြုသဖြင့်လည်းကောင်း, နှလုံးမသွင်းခြင်းကို ပြုခြင်းဖြင့်လည်းကောင်း ကောင်းစွာ ကျော်လွှားလွန်မြောက်၍ သွားမှသာလျှင် ဤနေဝသညာနာသညာယတနစျာန်ကို ပြည့်စုံစေ၍ နေသင့်၏၊ ထိုကြောင့် ဤစျာန်နှင့်အာရုံ နှစ်ပါးစုံကိုလည်း တစ်ပေါင်းတည်းပြု၍ – အာကိဉ္စညာယတနံ သမတိက္ကမ္မ – ဟူသော ဤစကားကို ဟောကြားတော်မူအပ်၏ဟု သိရှိပါလေ။[၃၇၃]

ငြိမ်သက်ပါ၏ မွန်မြတ်ပါ၏

နေဝသညာနာသညာယတနစျာန်ကို ရရှိအောင် ကြိုးစားအားထုတ်ရာ၌ အရှုခံအာရုံဖြစ်သော အာကိဉ္စညာယတနစျာန်ကို ..

၁။ ဧတံ သန္တံ ဧတံ ပဏီတံ = ဤဝိညာဏ်သည် ငြိမ်သက်၏, ဤဝိညာဏ်သည် မွန်မြတ်၏ဟုလည်းကောင်း,
၂။ သန္တံ - သန္တံ = သန္တာ - သန္တာ = ငြိမ်သက်၏ ငြိမ်သက်၏ဟု လည်းကောင်း,
၃။ ပဏီတံ - ပဏီတံ = မွန်မြတ်၏ မွန်မြတ်၏ဟုလည်းကောင်း –

ဤသို့ နှလုံးသွင်းရ၏၊ များစွာသော စိတ်တို့သည် တစ်စုံတစ်ခုသော အထည်ဝတ္ထုဒြပ်ကို တစ်စုံတစ်ခုသော သိစရာအာရုံကို အာရုံပြုနေရပါမှ ကြာရှည်စွာ မွေ့လျော်နိုင်ကြ၏၊ ဤတတိယအရူပါဝစရစျာန် = အာကိဉ္စညာယတနစျာန်သမာပတ်ကား ဘာမျှမရှိခြင်းဟူသော နတ္ထိဘောပညတ်ကိုပင် အာရုံပြုနိုင်သဖြင့် – ''ဤသမာပတ်သည် ငြိမ်သက်ပေစွ၊ ယင်းသမာပတ်သည် အာကာသာနဉ္စာယတနဝိညာဏ်၏ ဆိတ်သည်၏အဖြစ်ဟူသော ဘာမျှမရှိခြင်း နတ္ထိဘောပညတ်ဟူသော သို့စင်မျှလောက် အလွန် သိမ်မွေ့စွာကိုသော်လည်း အာရုံပြု၍ တည်နိုင်တုံပေသည်တကား''ဟု ဤသို့လျှင် နတ္ထိဘောပညတ်ကိုပင် အာရုံပြုနိုင်သဖြင့် ငြိမ်သက်သော အာရုံရှိသည်၏အဖြစ်ကြောင့် ထိုအာကိဉ္စညာယတနစျာန်ကို ငြိမ်သက်ပေစွဟု နှလုံးသွင်း၏၊[၃၇၄]

ဤတတိယအရူပါဝစရစျာန် (= အာကိဉ္စညာယတနစျာန်) သည် ဘာမျှမရှိခြင်း နတ္ထိဘောပညတ်ကိုပင် အာရုံပြုနိုင်သဖြင့် အလွန်တရာမှ ငြိမ်သက်မွန်မြတ်ပေသည်ဟု ယောဂါဝစရပုဂ္ဂိုလ်က ယင်းစျာန်ကို ချီးမွမ်းသည်။ စတုတ္ထအရူပါဝစရစျာန် (= နေဝသညာနာသညာယတနစျာန်) စိတ်-စေတသိက်များလောက် မငြိမ်သက်သဖြင့် ''မငြိမ်သက်ဘူး''ဟု ရှေးပရိကမ်ပြုခါနီးတုန်းက အပြစ်ရှုခဲ့သည်။ သန္တမေတံ ပဏီတမေတံ = ဧတံ သန္တံ - ဧတံ ပဏီတံ = ဤဝိညာဏ်သည် ငြိမ်သက်၏၊ ဤဝိညာဏ်သည် မွန်မြတ်၏ဟု ချီးမွမ်းခြင်းကား ဘာမျှမရှိခြင်း သဘောတရားကို (= နတ္ထိဘောပညတ်ကို) အာရုံပြုနိုင်သည့်အတွက် ချီးမွမ်းခြင်းတည်း။ ထိုကြောင့် အပြစ်အားလျော်စွာ အပြစ်ရှု၍ ဂုဏ်အားလျော်စွာ ချီးမွမ်းသည့်အတွက် ဆန့်ကျင်ဘက် မဖြစ်ဟု မှတ်ပါ။ အရုပ်ဆိုး၍ လိမ္မာသော မိန်းကလေး၌ ရုပ်အဆင်းအတွက် ကဲ့ရဲ့ထိုက်၍ အလိမ္မာအတွက် ချီးမွမ်းထိုက်သကဲ့သို့တည်း။

အမေးနှင့် အဖြေ

အမေး – အာကိဉ္စညာယတနစျာန်ကို ငြိမ်သက်သောအားဖြင့် အကယ်၍ နှလုံးသွင်းအံ့၊ အဘယ်ကြောင့် ယင်းစျာန်နှင့် စျာန်၏အာရုံကို ကျော်လွှားလွန်မြောက်ခြင်းသည် ဖြစ်နိုင်ပါအံ့နည်း? ဤသို့ မေးရန်ရှိ၏၊

အဖြေ – အာကိဉ္စညာယတနသမာပတ်ကို ဝင်စားခြင်းငှာ အလိုမရှိသည်၏အဖြစ်ကြောင့် ကျော်လွှား လွန်မြောက်ခြင်းသည် ဖြစ်နိုင်၏၊ ထင်ရှားစေအံ့ – ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုအာကိဉ္စညာယတနစျာန်ကို ငြိမ်သက်သောအားဖြင့် အကယ်၍ နှလုံးသွင်းသည်ကား မှန်၏၊ ထိုသို့ပင် နှလုံးသွင်းသည် မှန်သော်လည်း ထို ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ –– ''ငါသည် ဤအာကိဉ္စညာယတနစျာန်ကို ဆင်ခြင်အံ့, ဝင်စားအံ့, ဆောက်တည်အံ့, ထအံ့, ပစ္စဝေက္ခဏာဇောဖြင့် စျာန်အင်္ဂါကို ဆင်ခြင်အံ့'' ဤသို့သော နှလုံးသွင်းခြင်း အာဘောဂသည်, ဤသို့ ကောင်းစွာ အဖန်ဖန် နှလုံးသို့ ဆောင်ခြင်းသည်, ဤသို့သော နှလုံးသွင်းမှု မနသိကာရသည် မဖြစ်။ အဘယ်ကြောင့်နည်းဟူမူ အာကိဉ္စညာယတနစျာန်ထက် နေဝသညာနာသညာယတနစျာန်၏ သာလွန်၍ ငြိမ်သက်, သာလွန်၍ မွန်မြတ်သည်၏ အဖြစ်ကြောင့်တည်း။[၃၇၅]

နှိုင်းခိုင်းဖွယ်ရာ လောကဥပမာ

ရှင်ဘုရင်တစ်ပါးသည် လက်မှုပညာပြပွဲ တစ်ခုကို လှည့်လည်ကာ ရှုစားတော်မူစဉ် ပုဆိုးတစ်ထည်ကို ခေါင်းပေါင်းကာ ပုဆိုးတစ်ထည်ကို ခါးထောင်းကျိုက်၍ တစ်ကိုယ်လုံး၌ ဖွေးဖွေးဖြူနေသော ဆင်စွယ်မှုန့်များဖြင့် လူးလဲပေကျံလျက် ကြိုးကြိုးစားစားဖြင့် သားနားသပ်ရပ်သော ဆင်စွယ်ရုပ်, ဆင်စွယ်ကြုတ် အမျိုးမျိုးတို့ကို ပြုလုပ်နေသော ဆင်စွယ်ပွတ်သမားတို့ကို မြင်တော်မူလေရာ ''တော်ပါပေသည် စွမ်းပါပေသည်''ဟု အားရနှစ်သက် မြိန်ရှက်စွာ ချီးမွမ်းသော်လည်း ကိုယ်တိုင်ကား ထီးနန်းကို စွန့်လွှတ်၍ ဆင်စွယ်ပွတ်သမား မဖြစ်လို။ ထိုကဲ့သို့ ချီးမွမ်းလျက်ပင် ဆင်စွယ်ပွတ်သမားတို့ကို ကျော်လွန်၍ နန်းတော်ရောက်အောင် ကြွမြန်းလေသကဲ့သို့ မှတ်ပါ။[၃၇၆]

နေဝသညာ - နာသညာ

ဤနေဝသညာနာသညာယတနစျာန်သမာပတ်၌ တည်ရှိသော သညာသည်လည်း ထင်ရှားသော သညာကိစ္စကို ပြုခြင်းငှာ မစွမ်းနိုင်သည်၏ အဖြစ်ကြောင့် နေဝသညာ မည်၏၊ ရုန့်ရင်းသောသင်္ခါရမှ ကြွင်းသော အလွန်သိမ်မွေ့သော သင်္ခါရ၏အဖြစ်ဖြင့် ထင်ရှားရှိသောကြောင့် နာသညာလည်း မည်၏၊

အမေး – ဤ၌ ထင်ရှားသော သညာကိစ္စဟူသည် အဘယ်နည်း?

အဖြေ – အာကိဉ္စညာယတနစျာန်အာရုံကို အမှတ်ပြု၍ သိခြင်းသည်လည်းကောင်း, ဝိပဿနာဉာဏ်၏ အရှုခံအာရုံအဖြစ်သို့ ကပ်ရောက်၍ ငြီးငွေ့မှု နိဗ္ဗိဒါဉာဏ်ကို ဖြစ်စေခြင်းသည်လည်းကောင်း သညာကိစ္စ မည်၏၊

ထင်ရှားစေအံ့ – ရေအေး၌ တေဇောဓာတ်သည် လောင်မြိုက်ခြင်း ကိစ္စကို ပြုခြင်းငှာ မစွမ်းနိုင်သကဲ့သို့ အလားတူပင် ဤသညာသည် မိမိ၏ အရှုခံအာရုံ ဖြစ်သော အာကိဉ္စညာယတနစျာန်အာရုံကို အမှတ်ပြု၍ သိခြင်းကိစ္စကိုလည်း ထင်ထင်ရှားရှား ပြုခြင်းငှာ မစွမ်းနိုင်။ ကြွင်းသော အရူပါဝစရသမာပတ်သုံးမျိုးတို့၌ တည်ရှိသော သညာကဲ့သို့ ဝိပဿနာဉာဏ်၏ အရှုခံအာရုံအဖြစ်သို့ ကပ်ရောက်၍ ငြီးငွေ့မှု နိဗ္ဗိဒါဉာဏ်ကို ဖြစ်စေခြင်းကိုလည်း ပြုခြင်းငှာ မစွမ်းနိုင်။

မှန်ပေသည် –– နေဝသညာနာသညာယတနစျာန်မှ တစ်ပါးကုန်သော ခန္ဓာတို့၌ ဝိပဿနာဉာဏ်၏ အရှုခံအာရုံအဖြစ် သိမ်းဆည်းဖူးခြင်း ဝိပဿနာ နှလုံးသွင်းဖူးခြင်းကို မပြုဖူးသော မဖြစ်စဖူးသော ယောဂါဝစရရဟန်းသည် နေဝသညာနာသညာယတနခန္ဓာတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၍ သင်္ခါရတရားတို့ အပေါ်၌ ငြီးငွေ့ခြင်း နိဗ္ဗိဒါဉာဏ်သို့ ရောက်ရှိခြင်းငှာ စွမ်းနိုင်သောသူမည်သည် မရှိစဖူးပေ။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးပင် ဖြစ်စေကာမူ အခြားအခြားသော ခန္ဓာတို့၌ ဝိပဿနာ နှလုံးသွင်းခြင်းကို မပြုဖူးဘဲ နေဝသညာနာသညာယတနခန္ဓာတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာရှုပွားသုံးသပ်၍ သင်္ခါရတရားတို့၌ ငြီးငွေ့ခြင်း နိဗ္ဗိဒါဉာဏ်သို့ ရောက်ခြင်းငှာ စွမ်းနိုင်သည်မည်သည် မရှိပေ။ ခန္ဓာငါးပါးနည်းစသည်ကို အဦးမူသဖြင့် ဝိပဿနာဘာဝနာကို စတင် နှလုံးသွင်းခဲ့ပြီးနောက် ဒွါရအာရုံတို့နှင့်တကွ ဒွါရ (၆)ပါးတို့၌ မပြတ်ဖြစ်နေကြကုန်သော ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့ကို ပြကတေ့အားဖြင့် ဝိပဿနာရှုတတ်သော, ဝိပဿနာရှုဖူးသော ပညာဉာဏ် ကြီးမားတော် မူသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးနှင့် ဉာဏ်ရည်တူသော သူသည်သာလျှင် နေဝသညာ နာသညာယတန ခန္ဓာတို့၌ ဥဒယဗ္ဗယဉာဏ်ကို ဖြစ်စေခြင်းငှာ တတ်နိုင်ပေရာ၏၊

ထို သာရိပုတ္တရာထေရ်ကျော် တူလျော်ဆိုဖွယ် ပညာကျယ်သော ပကတိဝိပဿကပုဂ္ဂိုလ်သည်လည်း ''ဤသို့လျှင် ဤနေဝသညာနာသညာယတနတရားတို့သည် ရှေးက မရှိကုန်မူ၍ ယခုမှ ရုတ်ခြည်း ဖြစ်ပေါ်လာကြကုန်သတတ်၊ ယခုမှ ရုတ်ခြည်း ဖြစ်ကုန်၍ ချုပ်ပျက်ကုန်သတတ်''ဟု ဤသို့လျှင် နေဝသညာနာသညာယတန နာမ်တရားအားလုံးတို့ကို ပေါင်းစုခြုံငုံ၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း ကလာပသမ္မသနနည်း၏ အစွမ်းဖြင့်သာလျှင် ဝိပဿနာ ရှုပွားသုံးသပ် ခြင်းငှာ စွမ်းနိုင်လေရာ၏၊ ယင်းနေဝသညာနာသညာယတနသမာပတ်အတွင်း၌ ဖဿစသော ပရမတ္ထဓာတ်သား တရား တစ်လုံးစီ တစ်လုံးစီကို လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုပွားသုံးသပ်ခြင်းတည်းဟူသော အနုပဒဓမ္မ ဝိပဿနာနည်း၏ အစွမ်းဖြင့်ကား ဝိပဿနာ မရှုပွား မသုံးသပ်နိုင်လေရာ။ ဤသို့လျှင် ဤနေဝသညာနာသညာယတန သမာပတ်သည် တရားစစ်မှူး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသော်မှလည်း အနုပဒဓမ္မ ဝိပဿနာနည်းအားဖြင့် ဝိပဿနာ ရှုပွားသုံးသပ်ခြင်းငှာ မစွမ်းနိုင်လေရကား အလွန် သိမ်မွေ့သည်၏ အဖြစ်သို့ ရောက်ရှိသော သမာပတ်ဖြစ်လေသည်။[၃၇၇]

အဆင့်ဆင့် သာလွန် မြင့်မြတ်ပုံ

ဤအရူပါဝစရသမာပတ်တို့၌ ဥပေက္ခာ ဧကဂ္ဂတာအားဖြင့် စျာန်အင်္ဂါ နှစ်ပါးစီ ညီမျှသောကြောင့် တစ်ပါးနှင့် တစ်ပါး မထူးခြားသကဲ့သို့ ထင်ရသော်လည်း အောက်အောက်သော သမာပတ်ထက် အထက်အထက်သော သမာပတ်က တိုးတက်ပွားများအပ်သော ဘာဝနာစွမ်းအားကြောင့် သာလွန် မွန်မြတ်ပေသည်။ ဥပမာ – လေးထပ်တိုက် တစ်လုံးဝယ် အောက်ဆုံးထပ်၌ စားသောက်ဖွယ်နှင့်တကွ ယုယဖျော်ဖြေမည့် ကချေသည်တို့ဖြင့် လှပမွှေးကြိုင် တစ်ထပ်လုံး လှိုင်နေအောင် ပြင်ဆင်ထားလေရာ၏၊ ဒုတိယ, တတိယ, စတုတ္ထ အထပ်တို့၌လည်း ထိုနည်းအတိုင်းပင် ပြင်ဆင် ထားလေရာ၏၊ သို့သော် အောက်အောက်အထပ်ထက် အထက်အထက်အထပ်က ပိုမို သားနားသကဲ့သို့လည်းကောင်း, ရက်ကန်းသည် တစ်ယောက်သည် ကြမ်းသောချည်, နုသောချည်, ထိုထက်နုသောချည်, ထိုထက်ပင် အလွန်နုသော ချည်ဟု ချည် (၄)မျိုးဖြင့် အဝတ်ပုဆိုး (၄)ထည်ကို ရက်ရာ၌ အလျားအနံ တူမျှသော်လည်း တစ်ထည်ထက် တစ်ထည်မှာ သာလွန် နုနယ်သကဲ့သို့လည်းကောင်း ဤဥပမာအတူ မှတ်သားပါ။[၃၇၈]

မလွှဲသာ၍ အာရုံပြုရသည်

ဝိညာဏဉ္စာယတနစျာန်ကို ရရှိအောင် ကြိုးစားအားထုတ်သူသည် အာကာသာနဉ္စာယတနဝိညာဏ်၌ အပြစ် မြင်သော်လည်း ဝိညာဏဉ္စာယတနစျာန်သို့ ရောက်ရှိဖို့အရေးဝယ် အာကာသာနဉ္စာယတနဝိညာဏ်မှတစ်ပါး အခြား ပြုဖွယ်အာရုံ မရှိသောကြောင့် မလွှဲသာသဖြင့် အာကာသာနဉ္စာယတနဝိညာဏ်ကိုသာ ဘာဝနာအစဉ်နှင့်တကွ ဝိညာဏဉ္စာယတနဝိညာဏ်က အာရုံပြုရတော့သည်။

အလားတူပင် နေဝသညာနာသညာယတနစျာန်ကို ရရှိအောင် ကြိုးစားအားထုတ်သူသည် အာကိဉ္စညာယတန ဝိညာဏ်၌ အပြစ်မြင်သော်လည်း နေဝသညာနာသညာယတနစျာန်သို့ ရောက်ရှိဖို့ အရေးဝယ် အာကိဉ္စညာယတန ဝိညာဏ်မှတစ်ပါး အခြားပြုဖွယ်အာရုံ မရှိသောကြောင့် မလွှဲသာသဖြင့် အာကိဉ္စညာယတနဝိညာဏ်ကိုသာ ဘာဝနာအစဉ်နှင့်တကွ နေဝသညာနာသညာယတနဝိညာဏ်က အာရုံပြုရတော့သည်။ ဥပမာ – ရှင်ဘုရင်အပေါ်၌ အပြစ်မြင်နေသော မှူးမတ်တစ်ဦးသည် အသက်မွေးဝမ်းကျောင်းဖို့ အရေးဝယ် ရှင်ဘုရင်ကို ခစားမှုမှတစ်ပါး အခြား လုပ်ငန်းကောင်း မရှိတော့သဖြင့် အပြစ်မြင်အပ်သော ရှင်ဘုရင်ကိုပင် မလွှဲသာ၍ ခစားနေရသကဲ့သို့ မှတ်ပါ။[၃၇၉]

ဤသို့ အာရုံပြုသော်လည်း တစ်စုံတစ်ယောက်သော ယောက်ျားသည် ရှည်စွာသော လှေကားသို့ တက်သည် ရှိသော် အခြားတစ်ပါးသော ကိုင်တွယ်စရာ၏ မရှိခြင်းကြောင့် လှေကားပေါင်ကို ထောက်ရသကဲ့သို့လည်းကောင်း, တောင်ထိပ်အဖျားသို့ တက်သည်ရှိသော် ထို တောင်ထိပ်၏ ထိပ်ဖျားကိုပင် ထောက်ရသကဲ့သို့လည်းကောင်း, ကျောက်တောင်သို့ တက်သည်ရှိသော် တုန်လှုပ်လျက်လာရာ၌ အခြားကိုင်တွယ်စရာ၏ မရှိခြင်းကြောင့် မိမိ၏ ပုဆစ်ဒူးကို ပင်လျှင် ထောက်ရသကဲ့သို့လည်းကောင်း – ထိုအတူပင်လျှင် ဝိညာဏဉ္စာယတနစျာန်သည် အာကာသာနဉ္စာယတန ဝိညာဏ်ကို အာရုံပြု၍, နေဝသညာနာသညာယတနစျာန်သည် အာကိဉ္စညာယတနဝိညာဏ်ကို အာရုံပြု၍ ဖြစ်ပေါ်လာရ၏၊[၃၈၀]

ကြွင်းကျန်သော ကသိုဏ်းများ

ဩဒါတကသိုဏ်းကို အခြေခံ၍ သမာပတ် (၈)ပါးတို့ကို ရရှိအောင် ပွားများအားထုတ်ပုံ အစီအရင်ကို ရေးသားတင်ပြခဲ့ပြီးလေပြီ။ အလားတူပင် .. ကျန်ဝဏ္ဏကသိုဏ်း သုံးမျိုး ဖြစ်ကြသည့် နီလကသိုဏ်း ပီတကသိုဏ်း လောဟိတကသိုဏ်းတို့၌လည်းကောင်း၊ ပထဝီကသိုဏ်း အာပေါကသိုဏ်း တေဇောကသိုဏ်း ဝါယောကသိုဏ်း အာလောကကသိုဏ်းတို့၌လည်းကောင်း သမာပတ် (၈)ပါးစီကို ရရှိအောင် နည်းမှီ၍ ကြိုးစားအားထုတ်ပါလေ။ ပုံစံတစ်ခုကို အနည်းငယ် ဆိုရသော် ဤသို့ဖြစ်၏၊

နီလကသိုဏ်း (= အညိုရောင်ကသိုဏ်း)၌ စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် သမာဓိကို ထူထောင်ပါ။ ယင်းစတုတ္ထစျာန်သမာဓိမှ ထပြီးလျှင် ရုပ်တို့၏ အပြစ်ကို ဆင်ခြင်ပါ။ နီလကသိုဏ်းကို အနန္တစကြဝဠာသို့တိုင်အောင် ဖြန့်ကြက်ကာ ယင်းစတုတ္ထစျာန်၏ အပြစ်နှင့် အာကာသာနဉ္စာယတနစျာန်၏ အကျိုးတို့ကို ဆင်ခြင်ပါ။ ထိုနောင် ယင်းနီလကသိုဏ်းနိမိတ်၌ အာကာသနိမိတ်ကို မြင်အောင်ရှု၍ နီလကသိုဏ်းကို ခွာပါ။ နီလကသိုဏ်း ပျောက်၍ အာကာသနိမိတ်ချည်းသက်သက် ကျန်သောအခါ ယင်းအာကာသနိမိတ်ကို အာရုံယူ၍ အာကာသာနဉ္စာယတန စျာန်ကိုလည်းကောင်း, ယင်းအာကာသာနဉ္စာယတနဝိညာဏ်ကို အာရုံပြု၍ ဝိညာဏဉ္စာယတနစျာန်ကိုလည်းကောင်း, ယင်းအာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း နတ္ထိဘောပညတ်ကို အာရုံပြု၍ အာကိဉ္စညာယတနစျာန်ကို လည်းကောင်း, ယင်းအာကိဉ္စညာယတနဝိညာဏ်ကို အာရုံပြု၍ နေဝသညာနာသညာယတနစျာန်ကိုလည်းကောင်း ရရှိအောင် ကြိုးစားအားထုတ်ပါ။ ဤမျှဆိုလျှင် သဘောပေါက်နိုင်လောက်ပေပြီ။

ယခုအခါတွင် စတုရာရက္ခကမ္မဋ္ဌာန်းများကို ဆက်လက်၍ ရေးသားတင်ပြမည် ဖြစ်ပါသည်။ စတုရာရက္ခ = အစောင့်လေးပါးကမ္မဋ္ဌာန်းဟူသည် မေတ္တာကမ္မဋ္ဌာန်း, ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း, အသုဘကမ္မဋ္ဌာန်း, မရဏာနုဿတိ ကမ္မဋ္ဌာန်းတို့ ဖြစ်ကြ၏၊ ထိုတွင် မေတ္တာကမ္မဋ္ဌာန်းကို ရှေးဦးစွာ ရေးသားတင်ပြမည် ဖြစ်ပါသည်။ သို့သော် မေတ္တာကမ္မဋ္ဌာန်းကို ရေးသားပါက မေတ္တာကမ္မဋ္ဌာန်းနှင့် ဗြဟ္မဝိဟာရကမ္မဋ္ဌာန်းချင်း တူညီနေသော ကရုဏာကမ္မဋ္ဌာန်း, မုဒိတာကမ္မဋ္ဌာန်း, ဥပေက္ခာကမ္မဋ္ဌာန်းတို့ကိုပါ တစ်ပါတည်း ရေးသားတင်ပြပေအံ့။ ထိုသို့ ရေးသားတင်ပြရာ၌ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ဗြဟ္မဝိဟာရနိဒ္ဒေသ၌ လာရှိသော အားထုတ်ပုံအစဉ်ကို အကျဉ်းချုပ်၍ ရေးသားတင်ပြမည် ဖြစ်ပေသည်။

စတုရာရက္ခကမ္မဋ္ဌာန်းပိုင်း

ဗြဟ္မဝိဟာရကမ္မဋ္ဌာန်းပိုင်း - မေတ္တာဘာဝနာကမ္မဋ္ဌာန်း

ဤမေတ္တာကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ''ဤပုဂ္ဂိုလ်တို့၌ ရှေးဦးစွာ မေတ္တာဘာဝနာကို မပွားအပ်၊ ဤပုဂ္ဂိုလ်တို့၌ အချင်းခပ်သိမ်း မေတ္တာဘာဝနာကို မပွားအပ်''ဟု မေတ္တာဘာဝနာကို ဖျက်ဆီးတတ်သော ပုဂ္ဂိုလ်တို့ကို သိထားသင့်၏၊

၁။ အပ္ပိယပုဂ္ဂလ = မချစ်အပ်သောပုဂ္ဂိုလ်၊
၂။ အတိပ္ပိယသဟာယက = အလွန်ချစ်အပ်သော အပေါင်းအဖော်ပုဂ္ဂိုလ်၊
၃။ မဇ္ဈတ္တပုဂ္ဂလ = မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်၊
၄။ ဝေရီပုဂ္ဂလ = ရန်သူပုဂ္ဂိုလ်၊

ဤပုဂ္ဂိုလ် (၄)မျိုးတို့၌ မေတ္တာစျာန်ကို မရသေးမီ ရှေးဦးစွာ အဦးဆုံး မပွားအပ်။ မေတ္တာစျာန်ကို ရရှိပြီးသော အခါ၌ကား (အတ္တ-ပိယ-မဇ္ဈတ္တ-ဝေရီ ဟူသော) အစီအစဉ်အတိုင်း မေတ္တာစျာန်ကို ရရှိအောင် ပွားနိုင်သည်။ သို့သော် ယင်းပုဂ္ဂိုလ်တို့မှာ လိင်တူပုဂ္ဂိုလ် အသက်ရှင်ဆဲပုဂ္ဂိုလ်တို့သာ ဖြစ်ရမည်။[၃၈၁]

၅။ လိင်္ဂဝိသဘာဂ = လိင်မတူသောပုဂ္ဂိုလ်၊

ဤပုဂ္ဂိုလ်ကို သီးသန့် မေတ္တာမပွားအပ်။ အမျိုးသမီး ယောဂါဝစရပုဂ္ဂိုလ်သည် အမျိုးသားတစ်ဦးကို အာရုံယူ၍ သီးသန့် မေတ္တာမပွားအပ်၊ အမျိုးသား ယောဂါဝစရပုဂ္ဂိုလ်သည် အမျိုးသမီးတစ်ဦးကို အာရုံယူ၍ သီးသန့် မေတ္တာ မပွားအပ်။ ရာဂဖြစ်တတ်သောကြောင့် ထိုသို့ သီးသန့် မပွားသင့်ခြင်း ဖြစ်၏၊

၆။ ကာလကတပုဂ္ဂလ = သေသွားသောပုဂ္ဂိုလ်၌ အချင်းခပ်သိမ်း မေတ္တာ မပွားအပ်။

အကြောင်းပြချက် – အပ္ပိယပုဂ္ဂိုလ်ကို ပိယပုဂ္ဂိုလ်အရာ၌ထားလျက် မေတ္တာပွားသောပုဂ္ဂိုလ်သည် ပင်ပန်း တတ်၏၊ အတိပ္ပိယသဟာယကပုဂ္ဂိုလ်ကို မဇ္ဈတ္တပုဂ္ဂိုလ်အရာ၌ထားလျက် မေတ္တာပွားသောပုဂ္ဂိုလ်သည် ပင်ပန်းတတ်၏၊ ထိုအတိပ္ပိယသဟာယကပုဂ္ဂိုလ်၏ သန္တာန်ဝယ် အနည်းငယ်မျှသာလျှင်ဖြစ်သော ဆင်းရဲဒုက္ခသည် ဖြစ်ပေါ်လာလတ်သော် ငိုအံ့သော အခြင်းအရာသို့ ရောက်သကဲ့သို့ ဖြစ်တတ်၏၊ မဇ္ဈတ္တပုဂ္ဂိုလ်ကို လေးစားထိုက်သောပုဂ္ဂိုလ် အရာ၌လည်းကောင်း, ပိယပုဂ္ဂိုလ်အရာ၌လည်းကောင်း ထားလျက် မေတ္တာဘာဝနာကို ပွားများသောသူသည် ပင်ပန်းတတ်၏၊ ဝေရီပုဂ္ဂိုလ်ကို အဖန်တလဲလဲ အောက်မေ့သော ယောဂါဝစရပုဂ္ဂိုလ်အား အမျက်ဒေါသသည် ထင်ရှား ဖြစ်ပေါ်လာတတ်၏၊ ထို့ကြောင့် ဤပုဂ္ဂိုလ် (၄)မျိုးတို့၌ ရှေးဦးစွာ မေတ္တာဘာဝနာကို မပွားများသင့်ပေ။ လိင်္ဂဝိသဘာဂ = လိင်မတူသောပုဂ္ဂိုလ်၌ကား ရာဂဖြစ်တတ်သောကြောင့် သီးသန့်မေတ္တာဘာဝနာကို မပွားသင့်ခြင်း ဖြစ်၏၊ သို့သော် ''သဗ္ဗာ ဣတ္ထိယော = အမျိုးသမီးအားလုံးတို့သည် ဘေးရန်ကင်းကြပါစေ၊ သဗ္ဗေ ပုရိသာ = အမျိုးသားအားလုံးတို့သည် ဘေးရန်ကင်းကြပါစေ'' ဤသို့စသည်ဖြင့် မေတ္တာစျာန်ကို ရရှိ ပြီးရာ သီမာသမ္ဘေဒကို ပြိုအောင် ဖြိုပြီးရာအခါ၌ မေတ္တာကို ပွားများနိုင်သည်။ သေလွန်သွားပြီးသော ပုဂ္ဂိုလ်၌ မေတ္တာဘာဝနာကို ပွားများခဲ့သည်ရှိသော် မေတ္တာအပ္ပနာ စျာန်သို့လည်း မဆိုက်ရောက်နိုင်၊ ဥပစာရစျာန်သမာဓိသို့လည်း မဆိုက်ရောက်နိုင်။ ထိုကြောင့် သေသူကို အာရုံယူ၍ မေတ္တာကို မပွားပါနှင့်။[၃၈၂]

မေတ္တာပွားရမည့် ပုဂ္ဂိုလ်အစဉ်မှာ ..
၁။ အတ္တ = မိမိ,
၂။ ပိယ = ချစ်ခင်လေးစားအပ်သူနှင့် အလွန်ချစ်မြတ်နိုးအပ်သူ,
၃။ မဇ္ဈတ္တ = မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်,
၄။ ဝေရီ = ရန်သူပုဂ္ဂိုလ် ––

ဤပုဂ္ဂိုလ် (၄)ဦးကို အစဉ်အတိုင်းပွားပါ။ မိမိကိုယ်ကို မိမိ စ၍ မေတ္တာပွားခြင်းမှာ သက်သေအရာ၌ ထားရန် အတွက်သာ ဖြစ်၏၊ အပ္ပနာစျာန်ကို ရရှိရေးအတွက်ကား မဟုတ်ပေ။ မှန်ပေသည် – ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် နှစ်ပေါင်းတစ်ရာကာလပတ်လုံးသော်လည်းကောင်း, နှစ်ပေါင်းတစ်ထောင်ကာလပတ်လုံးသော်လည်းကောင်း ''အဟံ သုခိတော ဟောမိ = ငါသည် ကိုယ်၏ချမ်းသာခြင်း စိတ်၏ချမ်းသာခြင်း ရှိသည် ဖြစ်ပါစေ'' ဤသို့ စသောနည်းဖြင့် မိမိ၌ မေတ္တာကို အကယ်၍ ပွားစေကာမူ ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အပ္ပနာစျာန်သည် မည်သည့်နည်းနှင့်မျှ ဖြစ်ပေါ်မလာနိုင်။ ''အဟံ သုခိတော ဟောမိ = ငါသည် ကိုယ်၏ချမ်းသာခြင်း စိတ်၏ချမ်းသာ ခြင်းရှိသည် ဖြစ်ပါစေ''ဟု မိမိကိုယ်ကို မိမိ မေတ္တာပွားသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ငါသည် ချမ်းသာသုခကို အလိုရှိသကဲ့သို့, ဆင်းရဲကို စက်ဆုပ်သကဲ့သို့, အသက်ရှည်လိုသကဲ့သို့, မသေလိုသကဲ့သို့, အလားတူပင် ငါမှ တစ်ပါးကုန်သော သတ္တဝါတို့သည်လည်း ချမ်းသာကို အလိုရှိကြကုန်သည် ဆင်းရဲကို စက်ဆုပ်ကြကုန်သည် အသက်ရှည်လိုကြကုန်သည် ဖြစ်ပေကုန်၏ဟု ဤသို့လျှင် မိမိကိုယ်ကို သက်သေပြု၍ အခြားသောသတ္တဝါတို့၌ စီးပွားချမ်းသာကို အလိုရှိသည့် စိတ်နေစိတ်ထားသည် ဖြစ်ပေါ်လာတတ်၏၊

သဗ္ဗာ ဒိသာ အနုပရိဂမ္မ စေတသာ၊ နေဝဇ္ဈဂါ ပိယတရမတ္တနာ ကွစိ။
ဧဝံ ပိယော ပုထု အတ္တာ ပရေသံ၊ တသ္မာ န ဟိံသေ ပရမတ္တကာမော။
[၃၈၃]

''ခပ်သိမ်းသော အရပ်မျက်နှာတို့သို့လည်း စိတ်ဖြင့် ထက်ဝန်းကျင် ရှာဖွေသောအားဖြင့် အစဉ်လှည့်ပတ်၍ ရှာဖွေသော်လည်း မိမိထက် သာလွန် ချစ်မြတ်နိုးအပ်သော အခြားတစ်ပါးသော သတ္တဝါကို မည်သည့်အရပ်၌မျှ မရနိုင်လေရာ မတွေ့မြင်နိုင်လေရာ။ ဤသို့ မိမိထက် ချစ်မြတ်နိုးအပ်သူကို မရနိုင်ခြင်း မတွေ့မြင်နိုင်ခြင်း၏ အစွမ်းဖြင့် အသီးအသီး ကိုယ်စီကိုယ်စီ မိမိမှ တစ်ပါးကုန်သော ထိုထိုသတ္တဝါတို့သည်လည်း သူတို့ကိုယ်ကို သူတို့ ချစ်မြတ်နိုးကြ၏၊ ထိုကြောင့် မိမိ၏ စီးပွားချမ်းသာကို လိုလားတောင့်တသော သူတော်ကောင်းသည် တစ်ပါးသော သတ္တဝါကို မညှဉ်းဆဲလေရာ။''[၃၈၃]

ဤညွှန်ကြားချက်များနှင့်အညီ စိတ်ဓာတ် နူးညံ့ပျော့ပျောင်းလာရန် ကိုယ်ချင်းစာတရား ကိန်းဝပ်လာရန်အတွက် ရှေ့ဦးစွာ မိမိကိုယ်ကိုမိမိ မေတ္တာ အချိန်အနည်းငယ် ပွားပါ။

၁။ အဟံ အဝေရော ဟောမိ = ငါသည် ဘေးရန် ကင်းပါစေ၊
၂။ အဗျာပဇ္ဇော ဟောမိ = စိတ်ဆင်းရဲ ကင်းပါစေ၊
၃။ အနီဃော ဟောမိ = ကိုယ်ဆင်းရဲ ကင်းပါစေ၊
၄။ သုခီ အတ္တာနံ ပရိဟရာမိ = ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ။

စိတ်ဓာတ် နူးညံ့ပျော့ပျောင်းလာ၍ ကိုယ်ချင်းစာတရားများ စွမ်းအားကြီးမားလာသောအခါ .. အခြား သတ္တဝါများကို ပြောင်း၍ မေတ္တာပွားနိုင်ပါသည်။ သို့သော် စိတ်ဓာတ် နူးညံ့ပျော့ပျောင်းပြီးသူ, ကိုယ်ချင်းစာတရား အားကောင်းပြီးသူ, အခြားသတ္တဝါတစ်ယောက်ကို အာရုံယူ၍ မေတ္တာဘာဝနာကို မငြိုမငြင် မပင်မပန်း လွယ်လွယ်ကူကူ ပွားများနိုင်သူတို့အဖို့ကား ဤ မိမိကိုမိမိ မေတ္တာပွားမှုမှာ အလွန်ကြီး မလိုအပ်ပါ။ အခြားသတ္တဝါတစ်ဦးကို မေတ္တာစျာန် ဆိုက်အောင် မေတ္တာပွားလိုပါက အောက်ပါ အစီအစဉ်အတိုင်း ပြုကျင့်ပါ။

ပိယဂရုဘာဝနီယ လိင်တူပုဂ္ဂိုလ်

ယောဂါဝစရပုဂ္ဂိုလ်သည် မိမိရရှိထားပြီးသည့် အာနာပါနစတုတ္ထစျာန်သမာဓိကိုဖြစ်စေ, စွမ်းနိုင်ပါက ဩဒါတ ကသိုဏ်း စတုတ္ထစျာန်သမာဓိကိုဖြစ်စေ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပလာသည့်တိုင်အောင် တစ်ဖန် ပြန်၍ သမာဓိ ထူထောင်ပါ။ ဩဒါတကသိုဏ်းသမာဓိမှာ ပို၍ ကောင်းမွန်ပေ၏၊ ယင်းသမာဓိနှင့် ယင်းလင်းရောင်ခြည် စွမ်းအင်တို့၏ အကူအညီကို ရရှိသော, ယင်းသမာဓိတို့၏ အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကို ဆက်ခံရသော ယောဂါဝစရပုဂ္ဂိုလ်၏ မေတ္တာဘာဝနာသည် ချောမောလွယ်ကူလျက် ရှိနေမည်သာ ဖြစ်၏၊ အကြောင်းမူ ယင်းစတုတ္ထစျာန်သမာဓိကြောင့် ယောဂါဝစရပုဂ္ဂိုလ်၏ စိတ်ဓာတ်သည် အနင်္ဂဏဝိဂတူပက္ကိလေသ = ရာဂ ဒေါသ မောဟ စသည့် ကိလေသာအညစ်အကြေးတို့မှ ကင်းဝေး စင်ကြယ်လျက် ရှိ၏၊ မုဒုဘူတ = နူးညံ့ပျော့ပျောင်းလျက် ရှိ၏၊ ကမ္မနိယ = ထိုထိုဘာဝနာမှု၌ ပွားများဖို့ရန် အခန့်သင့် ဖြစ်နေ၏၊ ပရိသုဒ္ဓပရိယောဒါတ = ထက်ဝန်းကျင်မှ ဖြူစင်လျက် ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော အရောင်အလင်းလည်း ရှိနေ၏၊ ဤကဲ့သို့သော စွမ်းအင်များက ယောဂါဝစရပုဂ္ဂိုလ်၏ မေတ္တာဘာဝနာကို လွယ်ကူချောမောအောင် အချိန်အနည်းငယ်အတွင်း၌ မေတ္တာစွမ်းအင်များ ပြည့်ဝလာအောင် အားပေးကူညီလျက် ရှိနေသောကြောင့် ဖြစ်၏၊ ထိုသို့ လင်းရောင်ခြည်စွမ်းအင်များ ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပလာသောအခါ ယောဂါဝစရ ပုဂ္ဂိုလ်ကိုယ်တိုင်က အလွန် ချစ်ခင်လေးစား မြတ်နိုးအပ်သော လိင်တူပုဂ္ဂိုလ် တစ်ဦးကို လှမ်း၍ အာရုံယူပါ။ ယောဂါဝစရပုဂ္ဂိုလ်၏ စတုတ္ထစျာန်သမာဓိကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်သည် ယောဂါဝစရပုဂ္ဂိုလ်၏ ဝန်းကျင်ပတ်ချာ ခပ်သိမ်းသော အရပ်မျက်နှာ၌ ပြန့်နှံ့နေမည်သာ ဖြစ်၏၊ ယောဂါဝစရပုဂ္ဂိုလ်က လှမ်း၍ အာရုံ ယူလိုက်သော မေတ္တာဘာဝနာ၏ အရှုခံ ထိုပုဂ္ဂိုလ်ကို ထိုလင်းရောင်ခြည်အတွင်း၌ တွေ့မြင်နေမည်သာ ဖြစ်၏၊ ထိုသူတော်ကောင်း၏ ထိုင်နေသည့်ပုံ ရပ်နေသည့်ပုံ စသည်တို့တွင် မိမိ အနှစ်ခြိုက်ဆုံး စိတ်အချမ်းသာဆုံးပုံကို ရွေးချယ်ပါ။ မိမိ မြင်ဖူးသော ထိုသူတော်ကောင်း၏ ရုပ်ပုံတို့တွင် စိတ်အချမ်းသာဆုံး မြင်ဖူးထားသည့်ပုံကို လှမ်းအာရုံယူပါ။ မိမိနှင့် လေးတောင်ခန့် ငါးတောင်ခန့်တွင် တည်ရှိနေအောင် အာရုံယူပါ။ ထိုသူတော်ကောင်းကို အလင်းရောင်အောက်တွင် ရှင်းရှင်းလင်းလင်း တွေ့မြင်ရပါက အောက်ပါအတိုင်း မေတ္တာပွားပါ။

အယံ သပ္ပုရိသော = ဤသူတော်ကောင်းသည် ––
၁။ အဝေရော ဟောတု = ဘေးရန် ကင်းပါစေ၊
၂။ အဗျာပဇ္ဇော ဟောတု = စိတ်ဆင်းရဲ ကင်းပါစေ၊
၃။ အနီဃော ဟောတု = ကိုယ်ဆင်းရဲ ကင်းပါစေ၊
၄။ သုခီ အတ္တာနံ ပရိဟရတု = ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ။

ဤမေတ္တာပွားနည်း လေးချက်ကို သုံးလေးခေါက်လောက် ပွားကြည့်ပါ။ ပါဠိလိုဖြစ်စေ မြန်မာလိုဖြစ်စေ ကြိုက်နှစ်သလို ပွားများနိုင်သည်။ ထို့နောင် ထိုမေတ္တာပွားနည်း လေးမျိုးတို့တွင် မိမိနှစ်သက်ရာ တစ်မျိုးမျိုးကို ရွေးချယ်ပါ။ ဥပမာ – ''စိတ်ဆင်းရဲ ကင်းပါစေ'' – ဟူသော မေတ္တာပွားနည်းကို ရွေးချယ်သည် ဆိုပါစို့။ ထိုသူတော်ကောင်း၏ စိတ်ဆင်းရဲခြင်း ကင်း၍ ပြုံးရွှင်နေသည့်ပုံကို အာရုံယူ၍ စိတ်ပါလက်ပါ ဤသူတော်ကောင်းသည် ''စိတ်ဆင်းရဲ ကင်းပါစေ၊ စိတ်ဆင်းရဲ ကင်းပါစေ ..''ဟု ကြိမ်ဖန်များစွာ မေတ္တာပွားပါ။ ထိုပုံ၌ ဘာဝနာစိတ်သည် အလွန်ငြိမ်သက်စွာ ကပ်၍တည်လာပါက စျာန်အင်္ဂါများကို ဆင်ခြင်ကြည့်ပါ။ ပထမစျာန် ဒုတိယစျာန် တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် အစဉ်အတိုင်း ပွားများပါ။ ထို့နောင် အထက်ပါ မေတ္တာပွားနည်း လေးချက်လုံး၌ တစ်ချက် တစ်ချက်ဝယ် တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် အစဉ်အတိုင်း မေတ္တာပွားပါ။ ထိုသို့ ပွားရာ၌ ''ဘေးရန် ကင်းပါစေ''ဟု မေတ္တာပွားလျှင် ဘေးရန် ကင်းနေသည့်ပုံ, ''စိတ်ဆင်းရဲ ကင်းပါစေ''ဟု မေတ္တာပွားလျှင် စိတ်ဆင်းရဲ ကင်းနေသည့်ပုံ, ''ကိုယ်ဆင်းရဲ ကင်းပါစေ''ဟု မေတ္တာပွားလျှင် ကိုယ်ဆင်းရဲ ကင်းနေသည့်ပုံ, ''ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ''ဟု မေတ္တာပွားလျှင် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ခန္ဓာဝန်ကို ရွက်ဆောင်နေသည့် ပုံများ ပေါ်နေပါစေ။ ယင်းမေတ္တာစျာန်အသီးအသီး၌လည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၃၈၄] ဋီကာ[၃၈၅]အဖွင့်တို့နှင့် အညီ ပုဂ္ဂိုလ်တစ်ဦးတစ်ဦး၌ မေတ္တာစျာန် တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် မေတ္တာပွားရခြင်း ဖြစ်၏၊ မေတ္တာပွားနည်း လေးချက်ရှိရာ အချက်တိုင်း အချက်တိုင်း၌ တတိယစျာန်သို့ ဆိုက်အောင် မေတ္တာပွားပါ။ ယင်း စျာန်အသီးအသီး၌ ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ဘေးရန်ကင်းစေလိုသောစိတ်ထား, စိတ်ဆင်းရဲကင်းစေလိုသောစိတ်ထား, ကိုယ်ဆင်းရဲကင်းစေလိုသောစိတ်ထား ဤသို့ စသော အကျိုးကို လိုလားတောင့်တသော စိတ်ထားတို့ကား ဥပေက္ခာသဘော မဟုတ်သဖြင့် စတုတ္ထစျာန်သို့ တိုင်အောင် မဆိုက်နိုင်ခြင်း ဖြစ်၏၊

အောင်မြင်မှုရရှိသောအခါ အလားတူပင် ချစ်ခင်လေးစားအပ်သော ပိယဂရုဘာဝနီယ လိင်တူပုဂ္ဂိုလ်တို့၌ တစ်ယောက်ပြီး တစ်ယောက် မေတ္တာကို ပွားပါ။ အနည်းဆုံး (၁၀)ယောက်ခန့်လောက် အောင်အောင်မြင်မြင် မေတ္တာ ပွားပြီးသောအခါ သိပ်ချစ်သည့် အတိပ္ပိယသဟာယက လိင်တူ အသက်ရှင်ဆဲ ပုဂ္ဂိုလ်တို့၌ တစ်ယောက်ပြီးတစ်ယောက် အာရုံယူ၍ အလားတူပင် မေတ္တာစျာန်များကို တတိယစျာန်သို့ တိုင်အောင် ရရှိအောင် ပွားများပါ။ ပိယဂရုဘာဝနီယ ပုဂ္ဂိုလ်နှင့် အတိပ္ပိယပုဂ္ဂိုလ် - ဤပုဂ္ဂိုလ် နှစ်မျိုးလုံး၌ မေတ္တာချင်း ညီမျှအောင် အားလုံး ပိယပုဂ္ဂိုလ်အရာ၌ပင် တည်အောင် ပွားများပါ။

ထို့နောင် မဇ္ဈတ္တ = မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်တို့၌ အနည်းဆုံး (၁၀)ယောက်ခန့်လောက် တစ်ယောက်ပြီး တစ်ယောက် အာရုံယူ၍ အလားတူပင် တတိယစျာန်သို့ အသီးအသီး ဆိုက်သည့်တိုင်အောင် မေတ္တာပွားပါ။ ထိုပုဂ္ဂိုလ်အားလုံးတို့သည်လည်း လိင်တူ အသက်ရှင်ဆဲပုဂ္ဂိုလ်တို့သာ ဖြစ်ကြပါစေ။ ထို့နောင် ဝေရီ = ရန်သူပုဂ္ဂိုလ် = မုန်းသည့်ပုဂ္ဂိုလ်တို့၌ မေတ္တာပွားပါ။ ထိုသို့မေတ္တာပွားရာ၌ အမုန်းဆုံးပုဂ္ဂိုလ်ကို နောက်ဆုံးထားကာ အနည်းငယ် မကျေမနပ်ဖြစ်ဖူးသူကို ရှေးဦးစွာ မေတ္တာပွားပါ။ အောင်မြင်မှုကို ရရှိပါက ဝေရီပုဂ္ဂိုလ်များကို တစ်ယောက်ပြီး တစ်ယောက် အာရုံယူကာ မေတ္တာဘာဝနာကမ္မဋ္ဌာန်းရေချမ်းဖြင့် စျာန်ဆိုက်သည့်အထိ ပက်ဖျန်းပေးပါ။ ပုဂ္ဂိုလ်တိုင်း၌ မေတ္တာပွားနည်း လေးနည်းလုံးဝယ် တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် မေတ္တာပွားပါ။ အားလုံး လိင်တူ အသက်ရှင်ဆဲ ပုဂ္ဂိုလ်တို့သာ ဖြစ်ကြပါစေ။ အကြင်ပုဂ္ဂိုလ်အဖို့ ရန်သူဟူသည် မရှိ၊ မုန်းသည့်ပုဂ္ဂိုလ်ဟူသည် မရှိ၊ မဟာပုရိသဇာတ် ရှိတော်မူကြကုန်သော အလောင်းတော်တို့၏ စိတ်ထားမျိုးရှိသဖြင့် နန္ဒိယမျောက်မင်းကဲ့သို့ မိမိ၏ အကျိုးစီးပွားမဲ့ကို ပြုကုန်သော သူတစ်ပါးတို့အပေါ်၌သော်လည်း ဝေရီဟူသော အမှတ်သညာသည်ပင် ဖြစ်ပေါ်၍ မလာ၊ ထိုပုဂ္ဂိုလ်သည် ဝေရီပုဂ္ဂိုလ်ကို ရှာကြံ၍ မေတ္တာပွားရန် မလိုပါ။ ဝေရီရှိသူသည် ဝေရီပုဂ္ဂိုလ်၌ မေတ္တာပွားပါ။

(၁) ပိယပုဂ္ဂိုလ် (၂) အတိပ္ပိယပုဂ္ဂိုလ် (၃) မဇ္ဈတ္တပုဂ္ဂိုလ် (၄) ဝေရီပုဂ္ဂိုလ်ဟု မေတ္တာဘာဝနာ၏ အရှုခံပုဂ္ဂိုလ်အုပ်စု (၄)စု ရှိ၏၊ ကောဋ္ဌာသ (၄)ခုဟု ခေါ်ဆို၏၊ မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းသော ယောဂါဝစရပုဂ္ဂိုလ်သည် ကောဋ္ဌာသတစ်ခုတစ်ခု၌ မိမိ၏ ဘာဝနာစိတ်ကို နူးညံ့အောင်, ထိုထိုဘာဝနာမှု၌ ခံ့ညားအောင် ပြုပြီးမှ (တတိယစျာန်သို့ ဆိုက်အောင်ပွားပြီးမှ) အခြားအခြားသော ကောဋ္ဌာသ၌ ဘာဝနာစိတ်ကို ရှေးရှုဆောင်ယူပါ၊ စျာန်စိတ်ကို ဖြစ်စေပါ၊၊[၃၈၆]

သီမာသမ္ဘေဒ = ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုဖျက်ခြင်း

၁။ ပိယမနာပဂရုဘာဝနီယ = ချစ်ခင်မြတ်နိုးလေးစားထိုက်သော ကုသိုလ်တရားကို တိုးပွားစေတတ်သောပုဂ္ဂိုလ်၊
၂။ အတိပ္ပိယသဟာယက = အလွန်ချစ်ခင်အပ်သော အဆွေခင်ပွန်း အပေါင်းအဖော်ပုဂ္ဂိုလ်၊
၃။ မဇ္ဈတ္တ = မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်၊
၄။ ဝေရီ = ရန်သူပုဂ္ဂိုလ် မုန်းသည့်ပုဂ္ဂိုလ်၊

ဤပုဂ္ဂိုလ်လေးမျိုးတို့၌ မေတ္တာစျာန်ကို တတိယစျာန်သို့ ဆိုက်သည့်တိုင်အောင် နိုင်နိုင်နင်းနင်း ပွားများပြီးသော အခါ ပိယမနာပဂရုဘာဝနီယပုဂ္ဂိုလ်နှင့် အတိပ္ပိယသဟာယကပုဂ္ဂိုလ်တို့အပေါ်၌လည်း မေတ္တာချင်း ညီမျှသွားသဖြင့် ပိယပုဂ္ဂိုလ်အရာ၌သာ တည်သွားသောအခါ ..

၁။ အတ္တ = မိမိကိုယ်၊
၂။ ပိယ = ချစ်ခင်မြတ်နိုးလေးစားအပ်သူ + အလွန်ချစ်ခင်အပ်သူ၊
၃။ မဇ္ဈတ္တ = မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်၊
၄။ ဝေရီ = ရန်သူပုဂ္ဂိုလ် မုန်းသည့်ပုဂ္ဂိုလ်၊

ဤ ပုဂ္ဂိုလ်လေးဦးတို့အပေါ်၌ မေတ္တာစိတ်ကို ညီမျှအောင် ပြုကျင့်ပါ။

၁။ ဤပုဂ္ဂိုလ်ကား အတ္တပုဂ္ဂိုလ်၊
၂။ ဤပုဂ္ဂိုလ်ကား ပိယပုဂ္ဂိုလ်၊
၃။ ဤပုဂ္ဂိုလ်ကား မဇ္ဈတ္တပုဂ္ဂိုလ်၊
၄။ ဤပုဂ္ဂိုလ်ကား ဝေရီပုဂ္ဂိုလ် –– ဟု

ဤကဲ့သို့သော ပိုင်းခြားကန့်သတ်ချက် ကင်းအောင် မေတ္တာစိတ်ထားချင်း ညီမျှအောင် မေတ္တာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းပါ။[၃၈၇] ထိုသို့ မေတ္တာပွားရာ၌ မိမိကိုယ်ကို အာရုံပြု၍ မေတ္တာပွားခဲ့သော် စျာန်သို့ကား မဆိုက်ရောက်နိုင်။ သို့သော် ဤအပိုင်း၌ကား အတ္တ ပိယ မဇ္ဈတ္တ ဝေရီဟူသော ပုဂ္ဂိုလ်အပိုင်းအခြား ကင်းအောင် = ညီမျှသော မေတ္တာစျာန်စိတ်ချည်း အဆက်မပြတ် ဖြစ်အောင် ပွားများခြင်းသာ ဖြစ်၏၊ မေတ္တာစိတ်ထားချင်း ညီမျှခဲ့သော် သီမာသမ္ဘေဒ = ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုခွဲဖျက်ဆီးနိုင်ပြီ ဖြစ်၏၊ ယင်းသီမာသမ္ဘေဒအလို့ငှာသာ မိမိကိုယ်ကို မေတ္တာပွားခြင်းဖြစ်၏၊

ရှေးဦးစွာ မိမိရရှိထားပြီးသော (အာနာပါနစတုတ္ထစျာန် ဩဒါတကသိုဏ်းစတုတ္ထစျာန်) သမာဓိတို့ကို ပြန်လည်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ အချိန်အနည်းငယ်ခန့် (မိနစ်ပိုင်း သို့မဟုတ် စက္ကန့်ပိုင်းလောက်) မိမိကိုယ်ကို မိမိ မေတ္တာပွားပါ။ ထိုနောင် ပိယပုဂ္ဂိုလ်တစ်ဦးကို အာရုံယူ၍ တတိယစျာန်သို့ ဆိုက်အောင် မေတ္တာပွားပါ။ ထိုနောင် အလယ်အလတ်ပုဂ္ဂိုလ် တစ်ဦးကို အာရုံယူ၍ တတိယစျာန်သို့ ဆိုက်အောင် မေတ္တာပွားပါ။ ထိုနောင် ဝေရီပုဂ္ဂိုလ် တစ်ဦးကို အာရုံယူ၍ တတိယစျာန်သို့ ဆိုက်အောင် မေတ္တာပွားပါ။

ထိုနောင် အတ္တ = မိမိကိုယ်ကို တစ်ဖန်ပြန်၍ အလားတူ မေတ္တာပွားပါ။ ထိုနောင် နောက်ထပ် အခြားပိယပုဂ္ဂိုလ် တစ်ဦးကို, ထိုနောင် နောက်ထပ် အခြားမဇ္ဈတ္တပုဂ္ဂိုလ် တစ်ဦးကို, ထိုနောင် အခြားဝေရီပုဂ္ဂိုလ် တစ်ဦးကို အာရုံယူ၍ အလားတူပင် မေတ္တာပွားပါ။ ထိုသို့ မေတ္တာပွားရာဝယ် ပိယ-မဇ္ဈတ္တ-ဝေရီပုဂ္ဂိုလ်တို့ကို မေတ္တာပွားရာ၌ကား ပုဂ္ဂိုလ်တိုင်း၌ မေတ္တာစျာန်ကို တတိယစျာန်သို့ ဆိုက်အောင် မေတ္တာပွားပါ။ မေတ္တာပွားနည်း လေးမျိုးလုံး၌ တတိယစျာန်သို့ ဆိုက်ပါစေ။

ဤနည်းအားဖြင့် ပိယ, မဇ္ဈတ္တ, ဝေရီပုဂ္ဂိုလ်တို့၌ တစ်ယောက်ပြီး တစ်ယောက် ပြောင်းလဲ၍ အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီ၊ အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီဟူသော ပုဂ္ဂိုလ်စဉ်ဖြင့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ မေတ္တာဘာဝနာကို ပွားများပါ။ မေတ္တာဘာဝနာကို ပွားများနေသော မေတ္တာစိတ်ချည်းဖြစ်အောင် ပိယ, မဇ္ဈတ္တ, ဝေရီပုဂ္ဂိုလ်တို့၌ ညီမျှသော မေတ္တာစျာန်စိတ်ချည်း ဖြစ်အောင် လေ့ကျင့်ပါ။ ညီမျှသော မေတ္တာစိတ်ထားရှိအောင် ညီမျှသော မေတ္တာစျာန်ကို ရရှိအောင် ပွားများနိုင်ခဲ့သော် သီမာသမ္ဘေဒ = ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုခွဲဖျက်ဆီးနိုင်ပြီ၊ ပုဂ္ဂိုလ်အပိုင်းအခြား ကင်းပေပြီ။ ထိုအခါတွင် ယောဂါဝစရပုဂ္ဂိုလ်သည် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော် (၃၁၄)၌ လာရှိသည့်အတိုင်း ..

၁။ အနောဓိသောဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၅)မျိုး၊
၂။ ဩဓိသောဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၇)မျိုး၊
၃။ ဒိသာဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၁၀)မျိုး၊
ဤမေတ္တာဘာဝနာတို့ကို ဆက်လက်၍ ပွားနိုင်ပြီ ဖြစ်ပေသည်။

အထက်ပါ အနောဓိသောဖရဏာ မေတ္တာ စေတောဝိမုတ္တိ စသော မေတ္တာဘာဝနာတို့ကား အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီဟူသော ပုဂ္ဂိုလ်အပိုင်းအခြားကို ပြိုအောင် ဖြိုခွဲဖျက်ဆီးနိုင်သဖြင့် ပိယ, မဇ္ဈတ္တ, ဝေရီပုဂ္ဂိုလ်တို့၌ အပ္ပနာစျာန်သို့ ဆိုက်အောင် ရောက်အပ်ပြီး ရအပ်ပြီးသော အပ္ပနာမေတ္တာစိတ်ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ပြီးစီးပြည့်စုံနိုင်၏ဟု သိရှိပါလေ။[၃၈၈]

ဤစည်းမျဉ်းဥပဒေသကား သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု ..ဤသို့စသည်ဖြင့် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းလိုသော ယောဂါဝစရပုဂ္ဂိုလ်တို့သည် ဦးထိပ်ရွက်ပန်ဆင်လျက် ရိုသေစွာ လိုက်နာပြုကျင့်သင့်သော စည်းမျဉ်း ဥပဒေသ တစ်ခုပင် ဖြစ်ပေသည်။

အနောဓိသောဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၅) မျိုး၏ အရှုခံ အာရုံ 

ရည်ညွှန်းပိုင်းခြားခြင်းမရှိ ပျံ့နှံ့စေအပ်သော မေတ္တာ စေတောဝိမုတ္တိ (၅)မျိုး –
၁။ သဗ္ဗေ သတ္တာ = ခပ်သိမ်းကုန်သော ခန္ဓာ (၅)ပါး၌ ငြိကပ်တွယ်တာခြင်း ရှိကြကုန်သော သတ္တဝါတို့သည်။
၂။ သဗ္ဗေ ပါဏာ = ခပ်သိမ်းကုန်သော ဝင်သက်-ထွက်သက် ရှိကြကုန်သော သတ္တဝါတို့သည်။
၃။ သဗ္ဗေ ဘူတာ = ခပ်သိမ်းကုန်သော ကံ ကိလေသာကြောင့် ထင်ရှားဖြစ်ကြကုန်သော သတ္တဝါတို့သည်။
၄။ သဗ္ဗေ ပုဂ္ဂလာ = ခပ်သိမ်းကုန်သော ငရဲ၌ကျရောက်ခြင်းသဘော ရှိကြကုန်သော သတ္တဝါတို့သည်။
၅။ သဗ္ဗေ အတ္တဘာဝပရိယာပန္နာ = ခပ်သိမ်းကုန်သော ခန္ဓာကိုယ် အတ္တဘော၌ အကျုံးဝင်ကြကုန်သော သတ္တဝါတို့သည်။

ဩဓိသောဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၇) မျိုး၏ အရှုခံ အာရုံ 

ရည်ညွှန်းပိုင်းခြားခြင်း ရှိသော ပျံ့နှံ့စေအပ်သော မေတ္တာ စေတောဝိမုတ္တိ (၇)မျိုး –
၁။ သဗ္ဗာ ဣတ္ထိယော = ခပ်သိမ်းကုန်သော အမျိုးသမီးတို့သည်။
၂။ သဗ္ဗေ ပုရိသာ = ခပ်သိမ်းကုန်သော အမျိုးသားတို့သည်။
၃။ သဗ္ဗေ အရိယာ = ခပ်သိမ်းကုန်သော အရိယာပုဂ္ဂိုလ်တို့သည်။
၄။ သဗ္ဗေ အနရိယာ = ခပ်သိမ်းကုန်သော အရိယာမဟုတ်သော ပုဂ္ဂိုလ်တို့သည်။
၅။ သဗ္ဗေ ဒေဝါ = ခပ်သိမ်းကုန်သော နတ်တို့သည်။
၆။ သဗ္ဗေ မနုဿာ = ခပ်သိမ်းကုန်သော လူသားတို့သည်။
၇။ သဗ္ဗေ ဝိနိပါတိကာ = ခပ်သိမ်းကုန်သော အပါယ်သား သတ္တဝါတို့သည်။

မေတ္တာပွားပုံစနစ်

ရှေးဦးစွာ ဩဒါတကသိုဏ်းစတုတ္ထစျာန်သို့ ဆိုက်သည့်တိုင်အောင် သမာဓိကို ပြန်လည် ထူထောင်ပါ။ အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီပုဂ္ဂိုလ်တို့၌ မေတ္တာစိတ်ထားချင်း ညီမျှအောင် မေတ္တာစျာန်ကို (အထက်တွင် ရေးသားတင်ပြခဲ့သည့် အတိုင်း) ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဝင်စားပါ။ မေတ္တာချင်း ညီမျှ၍ အပိုင်းအခြား ကင်းသောအခါ မိမိ စွမ်းနိုင်သမျှ ကျောင်းပရိဝုဏ်တစ်ခုအတွင်း၌ သို့မဟုတ် အိမ်ပရိဝုဏ်တစ်ခုအတွင်း၌ တည်ရှိသော သတ္တဝါအားလုံးကို လှမ်း၍ အာရုံယူပါ။ ထိုအချိန်အခါဝယ် ယောဂါဝစရပုဂ္ဂိုလ်၏ မေတ္တာဘာဝနာတည်းဟူသော သမထဘာဝနာစိတ်ကြောင့်လည်း လင်းရောင်ခြည်များသည် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပနေမည်သာ ဖြစ်ပေသည်။ ထိုလင်းရောင်ခြည်၏ အကူအညီဖြင့် မိမိပိုင်းခြားထားသည့် နယ်မြေအတွင်း၌ တည်ရှိသော သတ္တဝါအားလုံးကို လှမ်း၍ အာရုံယူလိုက်သောအခါ ယင်းသတ္တဝါအားလုံးကို ယင်းလင်းရောင်ခြည်အောက်တွင် ထင်ထင်ရှားရှား တွေ့မြင်နေပါစေ။ ယင်းသို့ တွေ့မြင်သောအခါမှ အနောဓိသောဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၅)မျိုး၊ ဩဒိသောဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၇)မျိုး - နှစ်ရပ်ပေါင်း (၁၂)မျိုးသော မေတ္တာတို့ကို ဆက်လက်၍ ပွားပါ။ ထိုသို့ပွားရာ၌ ယင်း (၁၂)မျိုးတို့၌ တစ်မျိုးမျိုးလျှင် မေတ္တာပွားနည်း (၄)မျိုးစီ ရှိပြန်သဖြင့် (၁၂ ဍ္ဍ ၄ = ၄၈) မျိုးသော မေတ္တာပွားနည်းတို့ကို ပွားများရမည် ဖြစ်သည်။ ပွားပုံမှာ – ဤသို့ ဖြစ်၏၊

၁။ သဗ္ဗေ သတ္တာ = ခပ်သိမ်းကုန်သော ခန္ဓာ (၅)ပါး၌ ငြိကပ်တွယ်တာခြင်း ရှိကြကုန်သော သတ္တဝါတို့သည် -
(က) အဝေရာ ဟောန္တု = ဘေးရန်ကင်းကြပါစေ။ (တတိယစျာန်သို့ ဆိုက်အောင် ပွားပါ၊၊)
( ခ ) အဗျာပဇ္ဇာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။ (တတိယစျာန်သို့ ဆိုက်အောင် ပွားပါ၊၊)
( ဂ ) အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။ (တတိယစျာန်သို့ ဆိုက်အောင် ပွားပါ၊၊)
(ဃ) သုခီ အတ္တာနံ ပရိဟရ န္တု = ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိတို့၏ ခန္ဓာဝန်ကို ရွက်ဆောင် နိုင်ကြပါစေ။ (တတိယစျာန်သို့ ဆိုက်အောင် ပွားပါ၊၊)

ဤသို့ မေတ္တာ (၄)ချက်ပွားရာ အချက်တိုင်း၌ တတိယစျာန်သို့ ဆိုက်ရောက်ပါစေ။ မေတ္တာစျာန်၏ အရှုခံ အာရုံဖြစ်သည့် သတ္တဝါအားလုံးကိုလည်း ရှင်းရှင်းလင်းလင်း ဉာဏ်လင်းရောင်ခြည်ဖြင့် တွေ့မြင်နေပါစေ။ အောင်မြင်မှု ရရှိလာသောအခါ သဗ္ဗေ ပါဏာ - ၌လည်း အလားတူပင် (၄)ချက် ပွားပါ။ တစ်ချက်တစ်ချက်၌ တတိယစျာန်သို့ ပေါက်ပါစေ။ အလားတူပင် (၄)ချက် ပွားပါ။ အလားတူပင် သဗ္ဗေ ဘူတာ - စသည့် ကြွင်းကျန်သော ပုဂ္ဂိုလ်တို့၌လည်း (၄)ချက်စီပင် ဆက်လက်၍ မေတ္တာပွားပါ။ သဗ္ဗာ ဣတ္ထိယော = အမျိုးသမီးအားလုံးတို့သည်ဟု မေတ္တာပွားရာ၌ မိမိပိုင်းခြားထားသော နယ်မြေအတွင်း၌ တည်ရှိသော အမျိုးသမီးအားလုံးတို့ကို လင်းရောင်ခြည်အောက်တွင် မြင်တွေ့နေပါစေ။ သဗ္ဗေ ပုရိသာဟု မေတ္တာပွားရာ၌လည်း အမျိုးသားအားလုံးကို မြင်တွေ့နေပါစေ။ သဗ္ဗေ ဒေဝါဟု ပွားရာ၌ မိမိပိုင်းခြားထားသည့် နယ်မြေအတွင်း၌ တည်ရှိသော နတ်အားလုံးကို, သဗ္ဗေ မနုဿာဟု ပွားရာ၌လည်း အလားတူပင် လူသားအားလုံးကို, သဗ္ဗေ ဝိနိပါတိကာဟု ပွားရာ၌လည်း အလားတူပင် မိမိပိုင်းခြားထားသည့် နယ်မြေအတွင်း၌ တည်ရှိသော အပါယ်သား သတ္တဝါအားလုံးကို ဉာဏ်ဖြင့် ငုံနိုင်သမျှ ခြုံငုံ၍ ရှုပါ။ ဤ (၄၈)မျိုးသော မေတ္တာတို့ကို ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။

ကျောင်းပရိဝုဏ်တစ်ခုအတွင်း၌ သို့မဟုတ် အိမ်ပရိဝုဏ်တစ်ခုအတွင်း၌ အောင်မြင်မှုကို ရရှိသောအခါ ကျောင်းဝိုင်းတစ်ဝိုင်းလုံး ကျောင်းတိုက်တစ်ခုလုံးအတွင်း၌ (၄၈)မျိုး, ကျောင်းတိုက် (၂)တိုက်အတွင်း၌ (၄၈)မျိုး, ဤသို့စသည်ဖြင့် တဖြည်းဖြည်း မေတ္တာစျာန်ကို ဖြန့်ကြက်ပါ။ ရွာတစ်ရွာ, တစ်မြို့နယ်, နှစ်မြို့နယ်, ပြည်နယ်တစ်ခု, ပြည်နယ်နှစ်ခု, တစ်ပြည်လုံး, တစ်ကမ္ဘာလုံး, (၃၁)ဘုံလုံး - ဤသို့စသည်ဖြင့် (၄၈)မျိုးစီ တဖြည်းဖြည်း ဖြန့်ကြက်၍ ရှုပါ။ အောင်မြင်မှု ရရှိသောအခါ အနန္တစကြဝဠာသို့တိုင်အောင် (၄၈)မျိုးသော မေတ္တာဘာဝနာတို့ကို ဖြန့်ကြက်၍ ရှုပါ။ ထိုနောင် ဒိသာဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၁၀)မျိုးသို့ ပြောင်းရှုပါ။

ဒိသာဖရဏာ မေတ္တာ စေတောဝိမုတ္တိ (၁၀) မျိုး

အရပ် (၁၀)မျက်နှာတို့၌ ပျံ့နှံ့စေအပ်သော မေတ္တာ စေတောဝိမုတ္တိ (၁၀)မျိုး –
၁။ အရှေ့ အရပ်မျက်နှာ၌ (၄၈)မျိုး၊
၂။ အနောက် အရပ်မျက်နှာ၌ (၄၈)မျိုး၊
၃။ တောင် အရပ်မျက်နှာ၌ (၄၈)မျိုး၊
၄။ မြောက် အရပ်မျက်နှာ၌ (၄၈)မျိုး၊
၅။ အရှေ့တောင် အရပ်မျက်နှာ၌ (၄၈)မျိုး၊
၆။ အနောက်တောင် အရပ်မျက်နှာ၌ (၄၈)မျိုး၊
၇။ အနောက်မြောက် အရပ်မျက်နှာ၌ (၄၈)မျိုး၊
၈။ အရှေ့မြောက် အရပ်မျက်နှာ၌ (၄၈)မျိုး၊
၉။ အထက် အရပ်မျက်နှာ၌ (၄၈)မျိုး၊
၁၀။ အောက် အရပ်မျက်နှာ၌ (၄၈)မျိုး၊

အားလုံးပေါင်းသော် အရပ် (၁၀)မျက်နှာ၌ (၁၀ x ၄၈ = ၄၈၀) ဖြစ်၏၊ အထက်တွင် အနန္တစကြဝဠာသို့ တိုင်အောင် သတ္တဝါအားလုံးကို ခြုံငုံ၍ ဖြန့်ကြက်ကာ ပွားများထားအပ်သော (၄၈)မျိုးသော မေတ္တာနှင့် ဤ (၄၈၀)တို့ကို ပေါင်းသော် (၅၂၈)သွယ် မေတ္တာ ဖြစ်၏၊

ဤ ဒိသာဖရဏာ မေတ္တာ စေတောဝိမုတ္တိကို ပွားရာ၌ အရှေ့တည့်တည့် အရပ်မျက်နှာဘက်၌ တည်ရှိသော အနန္တစကြဝဠာသို့တိုင်အောင် သတ္တဝါအားလုံးကို အာရုံယူ၍ ယင်းသတ္တဝါအားလုံးတို့ကို လင်းရောင်ခြည်၏ အောက်၌ တွေ့မြင်နေသောအခါမှ (၄၈)မျိုးသော မေတ္တာဘာဝနာတို့ကို စီးဖြန်းပါ။ အနောက်အရပ်မျက်နှာ စသည့် ကြွင်းကျန်သော အရပ်မျက်နှာတို့၌လည်း နည်းတူပင် ရှုပါ။ အောင်မြင်မှုရရှိသောအခါ မေတ္တသုတ္တန် စသည်တို့၌ လာရှိသော မေတ္တာပွားနည်းများကိုလည်း ဆက်လက်၍ ပွားများနိုင်ပေသည်။ ဤသို့ (၅၂၈)သွယ်သော မေတ္တာတို့ကို စနစ်တကျ ပွားများနိုင်သောအခါ ယောဂါဝစရပုဂ္ဂိုလ်၏ မေတ္တာဘာဝနာကမ္မဋ္ဌာန်းသည် အောက်ပါ ဘုရားဟော ဒေသနာတော်နှင့် အံဝင်ခွင်ကျနေသဖြင့် ဘုရားရှင်၏ အလိုတော်ကျအတိုင်း ပွားများနေသည်ကို ယောဂါဝစရပုဂ္ဂိုလ် ကိုယ်တိုင် သိရှိပေလိမ့်မည်။

''ထိုယောဂါဝစရပုဂ္ဂိုလ်သည် မေတ္တာနှင့်ယှဉ်သောစိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို, သုံးခုမြောက် အရပ်မျက်နှာကို, လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းဖြင့် အထက် အောက် ဖီလာ အလုံးစုံသော အရပ်မျက်နှာတို့၌ ရှိသော သတ္တဝါအားလုံးကို မိမိနှင့်အတူ ပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေလျက် နေ၏၊''[၃၈၉]

မေတ္တာအကျိုး (၁၁) ပါး[၃၉၀]

''ရဟန်းတို့ ... ဆန့်ကျင်ဘက်တရားတို့မှ လွတ်မြောက်ကြောင်း ဖြစ်သောကြောင့် မေတ္တာ စေတောဝိမုတ္တိ အမည်ရသော မေတ္တာစိတ်ကို ရိုသေသဖြင့် မှီဝဲအပ်သည်ရှိသော်, တိုးပွားစေအပ်သည်ရှိသော်, ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သည်ရှိသော်, စီးနင်းလိုက်ပါရန် ကပြီးသောယာဉ်ကဲ့သို့ ပြုအပ်ပြီးသည်ရှိသော်, တည်ရာဝတ္ထုကဲ့သို့ ပြုအပ်ပြီးသည်ရှိသော်, တည်တံ့ခိုင်ခံ့အောင် စွဲမြဲစွာ ဆောက်တည်ထားအပ်သည်ရှိသော်, ဝသီဘော်သို့ရောက်အောင် လေ့လာအပ်ပြီးသည်ရှိသော်, လွန်စွာ အသင့်အားထုတ်အပ်ပြီး ကောင်းစွာ ပြည့်စုံစေအပ်ပြီးသည်ရှိသော် (၁၁)မျိုးသော အကျိုးတရားတို့ကို မချွတ်ဧကန် ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်၏၊ အဘယ် (၁၁)မျိုးတို့နည်းဟူမူ ––

၁။ ချမ်းသာစွာ အိပ်စက်ရ၏၊
၂။ ချမ်းသာစွာ အိပ်ရာမှ နိုးရ၏၊
၃။ အိပ်မက်ဆိုးကို မမြင်မက်။
၄။ လူတို့၏ ချစ်ခင်မြတ်နိုးခြင်းကို ခံရ၏၊
၅။ သားရဲဘီလူးတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏၊
၆။ နတ်တို့သည် စောင့်ရှောက်ကုန်၏၊
၇။ ထို မေတ္တာပွားများသောသူအား မီး, အဆိပ်, လက်နက်တို့သည် မစွဲ မကျ မဖျက်ဆီးနိုင်။
၈။ ထိုပုဂ္ဂိုလ်၏ ဘာဝနာစိတ်သည် လျင်မြန်စွာ တည်ကြည်၏၊ (သမာဓိကို ရလွယ်၏၊)
၉။ မျက်နှာအရေအဆင်းသည် ကြည်လင်၏၊
၁၀။ မတွေမဝေ သေရ၏၊
၁၁။ အလွန်မြတ်သော အရဟတ္တဖိုလ်ကို ထိုးထွင်း၍ မသိနိုင်သော် ဗြဟ္မာ့ပြည်သို့ လားရောက်ရ၏၊''[၃၉၀]

အိပ်နိုး ချမ်းသာ၊ ယုတ်မာ မမက်၊ နှစ်သက် လူနတ်၊ စောင့်မှတ် နတ်များ၊ ဆိပ်ကား မနှံ့၊ စိတ်ပျံ့ တည်ကြည်၊ ရွှင်သည် မျက်နှာ၊ သေခါ မတွေ၊ လားလေ ဗြဟ္မာ၊ ဆယ့်တစ်ခါဟု၊ မေတ္တာနိသင်၊ ကျိုးဆက်ထင်သည်၊ ရှင်လူအများ ကျင့်ရာသော်။[၃၉၁]

ကရုဏာဘာဝနာ

ကရုဏာဘာဝနာကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ မိမိနှင့် နီးစပ်ရာ လိင်တူ အသက်ရှင်နေဆဲ ဒုက္ခိတသတ္တဝါ တစ်ဦးကို ရွေးချယ်ပါ။ ထိုသတ္တဝါ၏ ဆင်းရဲဒုက္ခများကို ဆင်ခြင်ပါ။ ကရုဏာတရား ထင်ရှားဖြစ်ပွားလာအောင် နှလုံးသွင်းပါ။

ထိုနောင် ဩဒါတကသိုဏ်း သို့မဟုတ် အာလောကကသိုဏ်း စတုတ္ထစျာန်သမာဓိကို ပြန်လည်ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ မိမိရွေးချယ်ထားသော ယင်းဒုက္ခိတသတ္တဝါကို လင်းရောင်ခြည် စွမ်းအင် အကူအညီဖြင့် မြင်အောင်ကြည့်ပါ။ ဉာဏ်ထဲ၌ ထင်ထင်ရှားရှား တွေ့မြင်သောအခါ ထိုဒုက္ခိတသတ္တဝါကို အာရုံပြု၍ မေတ္တာစျာန်ကို ဝင်စားလိုက ဝင်စားပါ။ အကယ်၍ မေတ္တာစျာန်ကို ဝင်စားခဲ့သော် ယင်း မေတ္တာစျာန်မှ ထ၍ ကရုဏာဘာဝနာကို ပွားပါ။ အကယ်၍ (မေတ္တာစျာန်ကို မဝင်စားလိုပါက ကရုဏာဘာဝနာကို တိုက်ရိုက် ပွားလိုကလည်း ပွားပါ။) ကရုဏာဘာဝနာကို ပွားများလိုပါက ထိုဒုက္ခိတသတ္တဝါကိုပင် အာရုံပြု၍ –

အယံ သပ္ပုရိသော ဒုက္ခာ မုစ္စတု ...= ဤသူတော်ကောင်းသည် ဆင်းရဲဒုက္ခမှ လွတ်ပါစေ ...

ဤသို့ ကြိမ်ဖန်များစွာ ကရုဏာဘာဝနာကို ပွားများပါ။ တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် စျာန်တိုင်း စျာန်တိုင်း၌ ဝသီဘော်ငါးတန် နိုင်နင်းအောင် ပွားများပါ။ ဆက်လက်၍ အလားတူပင် ဒုက္ခိတ လိင်တူသတ္တဝါ လေး, ငါး, ဆယ်ဦးလောက်ကို တစ်ယောက်ပြီးတစ်ယောက် အာရုံယူကာ ပုံစံတူပင် ကရုဏာဘာဝနာကို တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် ပွားများပါ။ ထိုနောင် မေတ္တာကမ္မဋ္ဌာန်း၌ ရေးသားတင်ပြခဲ့သည့်အတိုင်း ပိယပုဂ္ဂိုလ်၌, ထိုနောင် မဇ္ဈတ္တပုဂ္ဂိုလ်၌, ထိုနောင် ဝေရီပုဂ္ဂိုလ်၌ အစဉ်အတိုင်း ကရုဏာဘာဝနာကို တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် ပွားများပါ။

ပုထုဇန်မှန်သမျှ အပါယ်ဘေးဆိုးကြီးမှ မလွတ်သေးသဖြင့် သနားစရာ သတ္တဝါချည်းသာတည်း။ သံသရာ အဆက်ဆက်မှသည် ယနေ့သို့တိုင်အောင် မှားခဲ့မိသော ဒုစရိုက်တို့ကြောင့် အပါယ်ဝဋ်ဆင်းရဲဒုက္ခကြီးကို အပါယ်သံသရာဘေးမှ မလွတ်မြောက်သေးသမျှကာလပတ်လုံး တစ်နေ့တွင် ခံစားကြရဦးမည်သာ ဖြစ်ကြသဖြင့် ပုထုဇန် မှန်သမျှသည် သနားစရာသတ္တဝါချည်းသာတည်း။ ပုထုဇန် အရိယာမဟူ သတ္တဝါတိုင်း သတ္တဝါတိုင်းသည် အိုဘေးဆိုးကြီး, နာဘေးဆိုးကြီး, သေဘေးဆိုးကြီးမှ မလွတ်မြောက်ကြသေးသဖြင့် သနားစရာသတ္တဝါချည်းသာတည်း။ ယင်းကဲ့သို့သော သနားစရာသတ္တဝါဖြစ်နေပုံသဘောကို ဉာဏ်ဖြင့်ဆင်ခြင်ကာ အာရုံယူ၍ သုခိတသတ္တဝါတို့၌လည်း ကရုဏာဘာဝနာကို ပွားများအားထုတ်နိုင်ပေသည်။

အောင်မြင်မှုကို ရရှိပါက မေတ္တာစျာန်၌ ရေးသားတင်ပြခဲ့သည့်အတိုင်း အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီဟူသော ပုဂ္ဂိုလ်လေးမျိုးတို့၌ ပုဂ္ဂိုလ်အပိုင်းအခြား ကင်းအောင် သီမာသမ္ဘေဒကို ပြု၍ သီမာသမ္ဘေဒပြုပြီးသော ထိုသတ္တဝါ ပညတ်နိမိတ်ကို မှီဝဲခြင်း, ပွားများခြင်း, အကြိမ်များစွာ ပြုခြင်းဖြင့် ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် ကရုဏာ အပ္ပနာစျာန်ကို တိုးပွားအောင် ပြုလုပ်ပါ။ ထိုနောင် အနောဓိသောဖရဏာ ကရုဏာ, ဩဓိသောဖရဏာ ကရုဏာ, ဒိသာဖရဏာ ကရုဏာဘာဝနာတို့ကို ဆက်လက်ပွားများပါ။

အနန္တစကြဝဠာသို့တိုင်အောင် သတ္တဝါအားလုံးတို့အပေါ်၌ ဖြန့်ကြက်၍ ပွားများထားအပ်သော –
၁။ အနောဓိသောဖရဏာ ကရုဏာဘာဝနာ (၅) မျိုး
၂။ ဩဓိသောဖရဏာ ကရုဏာဘာဝနာ (၇) မျိုး
၃။ ဒိသာဖရဏာ ကရုဏာဘာဝနာ (၁၀x၁၂ = ၁၂၀) မျိုး
အားလုံးပေါင်းသော် ကရုဏာဘာဝနာ (၁၃၂) မျိုးတည်း။

မုဒိတာဘာဝနာ

မုဒိတာဘာဝနာကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ကြီးပွားချမ်းသာခြင်း ရှိနေသည့် သုခိတသတ္တဝါတစ်ဦးကို ရွေးချယ်ပါ။ ယင်းပုဂ္ဂိုလ်မှာ အလွန် ချစ်ခင်မြတ်နိုးအပ်သည့် အပေါင်းအဖော် သူငယ်ချင်း ဖြစ်ပါစေ၊ အသက်ရှင်နေဆဲ လိင်တူပုဂ္ဂိုလ် ဖြစ်ပါစေ၊ မြင်တွေ့လိုက်ရပါက ဝမ်းသာမှု ရွှင်လန်းမှုကို အများဆုံးဖြစ်စေနိုင်သည့် ပုဂ္ဂိုလ်လည်း ဖြစ်ပါစေ။

ဩဒါတကသိုဏ်း သို့မဟုတ် အာလောကကသိုဏ်း စတုတ္ထစျာန်သမာဓိကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ မိမိ ရွေးချယ်ထားသည့် သုခိတသတ္တဝါကို လှမ်းအာရုံယူပါ။ လက်နှိပ်မီးဖြင့် ထိုးစိုက်ကြည့်နေသကဲ့သို့ ထိုပုဂ္ဂိုလ်ကို တွေ့မြင်သောအခါ ထိုပုဂ္ဂိုလ်ကို အာရုံပြု၍ အလိုရှိပါက မေတ္တာစျာန်ကို တစ်ဖန် ပြန်ဝင်စားပါ၊ ထိုနောင် ကရုဏာစျာန်ကို ဆက်လက်ဝင်စားပါ၊ အကယ်၍ မေတ္တာဘာဝနာ ကရုဏာဘာဝနာတို့ကို မပွားတော့ဘဲ မုဒိတာဘာဝနာကိုပင် တိုက်ရိုက်ပွားလိုကလည်း ပွားများနိုင်ပေသည်။ အကယ်၍ မေတ္တာဘာဝနာ ကရုဏာဘာဝနာတို့ကို ပွားများပါက ယင်းမေတ္တာစျာန်, ကရုဏာစျာန်တို့မှ ထသောအခါ သို့မဟုတ် မေတ္တာဘာဝနာ ကရုဏာဘာဝနာတို့ကို မပွားများတော့ဘဲ မုဒိတာဘာဝနာကိုပင် တိုက်ရိုက် ပွားများလိုသောအခါ မိမိ ရွေးချယ်ထားသည့် ထိုပုဂ္ဂိုလ်ကိုပင် အာရုံပြု၍ ..

အယံ သပ္ပုရိသော ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆတု ......= ဤသူတော်ကောင်းသည် ရရှိပြီးသော စည်းစိမ်ချမ်းသာမှ မရွေ့လျောပါစေသတည်း ...

ဤသို့ မုဒိတာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။ တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ပွားများပါ။ ရှေးရှေး ဘာဝနာသမာဓိတို့၏ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိထူးကြီးကို ဆက်ခံရသော မုဒိတာဘာဝနာသည် လွယ်ကူချောမောနေမည်သာ ဖြစ်ပေသည်။ အတိတ်က ချမ်းသာခဲ့သည့် ရုပ်ပုံလွှာ, ပစ္စုပ္ပန် ချမ်းသာနေဆဲ ရုပ်ပုံလွှာ, အနာဂတ်၌ ချမ်းသာလတ္တံ့ ရုပ်ပုံလွှာတို့ကို အာရုံယူ၍ ရှုနိုင်သည်သာ ဖြစ်သည်။ (အနာဂတ်ဘဝဟု အတိတ်ဘဝဟု မဆိုလိုပါ။ ဤပစ္စုပ္ပန် အသက်ရှင်နေဆဲဘဝကိုသာ ဆိုလိုသည်။)

ချစ်ခင်မြတ်နိုးအပ်သည့် လိင်တူ သုခိတသတ္တဝါ (၁၀)ဦးခန့်လောက်ကို ပုံစံတူ ဆက်လက်၍ မုဒိတာဘာဝနာကို ပွားများပါ။ ထိုနောင် ပိယပုဂ္ဂိုလ်, ထိုနောင် မဇ္ဈတ္တပုဂ္ဂိုလ်, ထိုနောင် ဝေရီပုဂ္ဂိုလ် အသီးအသီး၌ အစဉ်အတိုင်း မုဒိတာဘာဝနာကို ဖြစ်စေပါ။ တတိယစျာန်သို့ တိုင်အောင်သော မုဒိတာစျာန်ကို ရရှိအောင် ကြိုးစားအားထုတ်ပါ။ မုဒိတာအပ္ပနာစျာန်ကို တိုးပွားအောင် ပြုလုပ်ပါ။ အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီ ပုဂ္ဂိုလ်လေးမျိုးတို့၌ ညီမျှသော မုဒိတာဘာဝနာစိတ်ရှိအောင် ပုဂ္ဂိုလ်အပိုင်းအခြား ကင်းအောင် သီမာသမ္ဘေဒကို ပြု၍ သီမာသမ္ဘေဒပြုပြီးသော ထိုသတ္တဝါပညတ်နိမိတ်ကိုပင်လျှင် မှီဝဲခြင်း, ပွားများခြင်း, ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းဖြင့် မုဒိတာဘာဝနာ အပ္ပနာ စျာန်ကို တိုးပွားအောင် ပြုလုပ်ပါ။ ထိုနောင် အနန္တစကြဝဠာ၌ တည်ရှိကြသော အနန္တသတ္တဝါတို့ကို အာရုံပြု၍ –

၁။ အနောဓိသောဖရဏာ မုဒိတာဘာဝနာ (၅) မျိုး
၂။ ဩဓိသောဖရဏာ မုဒိတာဘာဝနာ (၇) မျိုး
၃။ ဒိသာဖရဏာ မုဒိတာဘာဝနာ (၁၀x၁၂ = ၁၂၀) မျိုး
အားလုံးပေါင်းသော် မုဒိတာဘာဝနာ (၁၃၂) မျိုးတည်း။

ဤမုဒိတာဘာဝနာတို့ကို ဆက်လက်၍ ပွားများပါ။ မေတ္တာဘာဝနာကမ္မဋ္ဌာန်း၌ ရေးသားတင်ပြခဲ့ပြီးသည့် အကြောင်းအရာ အချက်အလက်တို့ကို နည်းမှီ၍သာ ပွားများအားထုတ်ပါလေ။

ဥပေက္ခာဘာဝနာ

ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ––

၁။ ဩဒါတကသိုဏ်း သို့မဟုတ် အာလောကကသိုဏ်း စတုတ္ထစျာန်သမာဓိကို တစ်ဖန် ပြန်၍ ထူထောင်ပါ။လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ ..
၂။ မချစ်မမုန်း အလယ်အလတ် မဇ္ဈတ္တ လိင်တူ အသက်ရှင်ဆဲ ပုဂ္ဂိုလ်တစ်ဦးကို အာရုံပြု၍ တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။
၃။ ထိုပုဂ္ဂိုလ်ကိုပင် အာရုံပြု၍ တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် ကရုဏာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။
၄။ ထိုပုဂ္ဂိုလ်ကိုပင် အာရုံပြု၍ တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် မုဒိတာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပါ။

ထိုကဲ့သို့ မဇ္ဈတ္တ လိင်တူပုဂ္ဂိုလ်တစ်ဦးကို အာရုံယူကာ မေတ္တာ, ကရုဏာ, မုဒိတာ ဘာဝနာအသီးသီး၌ ရအပ်ပြီးသော တတိယစျာန်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် အဝါးဝစွာ လေ့လာအပ်ပြီးသော အစဉ်အတိုင်း ဝင်စားထားပြီးသော ယင်းဗြဟ္မဝိဟာရ (မုဒိတာ) တတိယစျာန်မှ ထ၍ ..

၁။ သုခိတာ ဟောန္တု = သတ္တဝါတို့သည် ချမ်းသာခြင်းသို့ ရောက်ကြပါစေကုန်သတည်း .. ဟု ဤသို့ စသည်ဖြင့် မေတ္တာဗြဟ္မဝိဟာရ တတိယစျာန်သို့ ဆိုက်အောင် မေတ္တာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းခြင်းသည် ယင်း တတိယစျာန်၏ သတ္တဝါတို့အပေါ်၌ မြတ်နိုးတနာ ပြုသောအားဖြင့် နှလုံးသွင်းခြင်းနှင့် ယှဉ်သည်၏ အဖြစ်ကြောင့် လည်းကောင်း,

၂။ ဒုက္ခာ မုစ္စန္တု = သတ္တဝါတို့သည် ဆင်းရဲဒုက္ခမှ လွတ်ကြပါစေကုန်သတည်း .. ဤသို့ ကရုဏာဗြဟ္မဝိဟာရ ဘာဝနာကို တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် စီးဖြန်းခြင်းသည် ယင်းတတိယစျာန်၏ မုန်းခြင်း ချစ်ခြင်း၏ အနီး၌ ကျင်လည်သည်၏ အဖြစ်ကြောင့်လည်းကောင်း,

၃။ ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု = သတ္တဝါတို့သည် ရရှိပြီးသော စည်းစိမ်ချမ်းသာမှ မရွေ့လျောကြပါစေကုန် သတည်း .. ဤသို့ မုဒိတာဗြဟ္မဝိဟာရဘာဝနာကို တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် စီးဖြန်းခြင်းသည် ယင်းတတိယစျာန်၏ ဝမ်းမြောက်ခြင်း သောမနဿနှင့် ယှဉ်သည်၏အဖြစ်ကြောင့် ရုန့်ရင်းသည်၏အဖြစ်ကြောင့် လည်းကောင်း ––

ဤသို့လျှင် မေတ္တာဗြဟ္မဝိဟာရ တတိယစျာန်, ကရုဏာဗြဟ္မဝိဟာရ တတိယစျာန်, မုဒိတာဗြဟ္မဝိဟာရ တတိယစျာန်တို့၌ အပြစ်ကို မြင်အောင် ရှု၍ ဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထစျာန်၏ ငြိမ်သက်သော သဘောရှိသည်၏ အဖြစ်ကြောင့် အကျိုးအာနိသံသကိုလည်း မြင်အောင်ရှု၍ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ပြကတေ့အားဖြင့်သာလျှင် လျစ်လျူ ရှုလေ့ရှိသော ဥပေက္ခာအရာ၌ ထားနိုင်သော (အထက်၌ တင်ပြထားသည့်အတိုင်း မေတ္တာဗြဟ္မဝိဟာရ တတိယစျာန်, ကရုဏာဗြဟ္မဝိဟာရ တတိယစျာန်, မုဒိတာဗြဟ္မဝိဟာရ တတိယစျာန်တို့ကို ပွားများထားပြီးသော) အကြင် အလယ်အလတ် မချစ်မမုန်း မဇ္ဈတ္တပုဂ္ဂိုလ်သည် ရှိ၏၊ ထိုပြကတေ့ မဇ္ဈတ္တပုဂ္ဂိုလ်ကို လျစ်လျူ ရှု၍ ဥပေက္ခာ ဗြဟ္မဝိဟာရဘာဝနာကို ဖြစ်စေအပ်၏၊ ပွားများပုံမှာ – ထိုမဇ္ဈတ္တပုဂ္ဂိုလ်တစ်ဦးကိုပင် အာရုံပြု၍ မေတ္တာဗြဟ္မဝိဟာရ တတိယစျာန်, ကရုဏာဗြဟ္မဝိဟာရ တတိယစျာန်, မုဒိတာဗြဟ္မဝိဟာရ တတိယစျာန်တို့ကို ဝင်စားပြီးနောက် အထက်ပါအတိုင်း ဆင်ခြင်၍ သို့မဟုတ် –– ဤသူတော်ကောင်းသည် ငါက ..

၁။ ဘေးရန်ကင်းပါစေဟု မေတ္တာဘာဝနာကို ပွားများသော်လည်း ဘေးရန် ကင်းချင်မှ ကင်းမည်၊ စိတ်ဆင်းရဲ ကင်းပါစေဟု မေတ္တာဘာဝနာကို ပွားများသော်လည်း စိတ်ဆင်းရဲ ကင်းချင်မှ ကင်းမည်၊ ကိုယ်ဆင်းရဲ ကင်းပါစေဟု မေတ္တာဘာဝနာကို ပွားများသော်လည်း ကိုယ်ဆင်းရဲ ကင်းချင်မှ ကင်းမည်၊ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေဟု မေတ္တာဘာဝနာကို ပွားများသော်လည်း ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ချင်မှ ရွက်ဆောင်နိုင်မည်။

၂။ ဆင်းရဲဒုက္ခမှ လွတ်ပါစေဟု ကရုဏာဘာဝနာကို ပွားများသော်လည်း ဆင်းရဲဒုက္ခမှ လွတ်ချင်မှ လွတ်မည်။

၃။ ရရှိပြီး စည်းစိမ်ချမ်းသာမှ မရွေ့လျောပါစေသတည်းဟု မုဒိတာဘာဝနာကို ပွားများသော်လည်း ရရှိပြီး စည်းစိမ်ချမ်းသာမှ မရွေ့လျောဘဲ ရှိချင်မှ ရှိမည်။

၄။ အဘယ်ကြောင့်နည်းဟူမူ သတ္တဝါအားလုံးတို့သည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြကုန်၏ဟု ဤသို့ ဆင်ခြင်၍ ''အယံ သပ္ပုရိသော ကမ္မဿကော = ဤသူတော်ကောင်းသည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိ၏၊''

ဤသို့လျှင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဥပေက္ခာဘာဝနာကို ပွားများပါ။ မေတ္တာ, ကရုဏာ, မုဒိတာ ဗြဟ္မဝိဟာရတရားတို့၌ တတိယစျာန်ကို အခြေခံပြီးမှ ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာသို့ တက်ရောက်လာသဖြင့် ရှေးရှေးသော ဘာဝနာသမာဓိတို့၏ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြောင့် နောက်နောက်သော ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာသည် မကြာမီအချိန်ကာလအတွင်းမှာပင် စတုတ္ထစျာန်သို့ ဆိုက်ရောက်သွားပေလိမ့်မည်။

အောင်မြင်မှုကို ရရှိပါက အလားတူပင် မဇ္ဈတ္တပုဂ္ဂိုလ် (၁၀)ယောက်ခန့်လောက်ကို တစ်ယောက်ပြီးတစ်ယောက် အာရုံယူကာ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဗြဟ္မဝိဟာရတရားတို့ကို ဆက်လက် ပွားများပါ။ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း၌ မေတ္တာဘာဝနာကို တတိယစျာန်သို့ ဆိုက်သည်တိုင်အောင်, ကရုဏာဘာဝနာကို တတိယစျာန်သို့ ဆိုက်သည်တိုင်အောင်, မုဒိတာဘာဝနာကို တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် ပွားများပြီးပါမှ ယင်းပုဂ္ဂိုလ်ကိုပင် အာရုံယူကာ ဥပေက္ခာဘာဝနာကို စတုတ္ထစျာန်သို့ ဆိုက်သည်တိုင်အောင် ပွားများပါ။ ဥပေက္ခာဘာဝနာ၌ ပထမစျာန် ဒုတိယစျာန် တတိယစျာန် မရှိသည်ကို, စတုတ္ထစျာန်သာ ရှိသည်ကို သတိပြုပါ။ သို့သော် ယင်းဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထစျာန်မှာ မေတ္တာ, ကရုဏာ, မုဒိတာ ဘာဝနာအသီးအသီး၌ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန် အသီးအသီး ကို ရရှိအောင် ပွားများထားပြီးသည့် ယောဂါဝစရပုဂ္ဂိုလ်သည်သာလျှင် ပွားများ၍ ရရှိနိုင်သော စျာန်မျိုး ဖြစ်ပေသည်။ အာနာပါနတတိယစျာန် သို့မဟုတ် ကသိုဏ်းဘာဝနာတတိယစျာန်တို့ကို အခြေခံကာ ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာကို တက်ရောက်ပွားခဲ့သော် (ယင်းတတိယစျာန်တို့၏ အာရုံမှာ သတ္တဝါပညတ်အာရုံ မဟုတ်ကြသောကြောင့်) ဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထစျာန်သို့ မဆိုက်ရောက်နိုင်ဟု မှတ်သားပါလေ။

မဇ္ဈတ္တ = မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ် တော်တော်များများတို့၌ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ ဗြဟ္မဝိဟာရတရားတို့ကို အစဉ်အတိုင်း ပွားများ၍ စတုတ္ထစျာန်သို့ တိုင်အောင်သော အောင်မြင်မှုကို ရရှိသောအခါ..

၁။ ပိယပုဂ္ဂိုလ် (၁၀)ယောက်ခန့်
၂။ အတိပိယပုဂ္ဂိုလ် (၁၀)ယောက်ခန့်
၃။ မဇ္ဈတ္တပုဂ္ဂိုလ် (၁၀)ယောက်ခန့်
၄။ ဝေရီပုဂ္ဂိုလ် (၁၀)ယောက်ခန့် သို့မဟုတ် ရှိသမျှ ––

ဤပုဂ္ဂိုလ် ခပ်များများ၌ တစ်ဦးချင်းကို အာရုံပြု၍ ပုံစံတူပင် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဘာဝနာတို့ကို ပွားများပါ။ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်း၌ မေတ္တာ, ကရုဏာ, မုဒိတာစျာန်တို့ကို အခြေမခံဘဲ ဥပေက္ခာဘာဝနာကို ပွားများလို့ မရရှိနိုင်သည်ကို သတိပြုပါ။ ထိုသို့ ပွားများရာ၌ ..

၁။ ပိယပုဂ္ဂိုလ် တစ်ယောက်ကို အာရုံယူ၍ မေတ္တာစျာန်, ကရုဏာစျာန်, မုဒိတာစျာန်, ဥပေက္ခာစျာန်
၂။ အတိပ္ပိယပုဂ္ဂိုလ်တစ်ယောက်ကို အာရုံယူ၍ မေတ္တာစျာန်, ကရုဏာစျာန်, မုဒိတာစျာန်, ဥပေက္ခာစျာန်
၃။ မဇ္ဈတ္တပုဂ္ဂိုလ် တစ်ယောက်ကို အာရုံယူ၍ မေတ္တာစျာန်, ကရုဏာစျာန်, မုဒိတာစျာန်, ဥပေက္ခာစျာန်
၄။ ဝေရီပုဂ္ဂိုလ် တစ်ယောက်ကို အာရုံယူ၍ မေတ္တာစျာန်, ကရုဏာစျာန်, မုဒိတာစျာန်, ဥပေက္ခာစျာန် ––

ဤသို့ စျာန်အသီးအသီးကို ရရှိအောင် ပွားများပါ။ တစ်ဖန် ဒုတိယအကြိမ် ဒုတိယအခေါက်ဝယ် ..

၁။ နောက်ပိယပုဂ္ဂိုလ် တစ်ယောက်ကို အာရုံယူ၍ မေတ္တာစျာန်, ကရုဏာစျာန်, မုဒိတာစျာန်, ဥပေက္ခာစျာန်
၂။ နောက်အတိပ္ပိယပုဂ္ဂိုလ်တစ်ယောက်ကို အာရုံယူ၍ မေတ္တာစျာန်, ကရုဏာစျာန်, မုဒိတာစျာန်, ဥပေက္ခာစျာန်
၃။ နောက်မဇ္ဈတ္တပုဂ္ဂိုလ် တစ်ယောက်ကို အာရုံယူ၍ မေတ္တာစျာန်, ကရုဏာစျာန်, မုဒိတာစျာန်, ဥပေက္ခာစျာန်
၄။ နောက်ဝေရီပုဂ္ဂိုလ် တစ်ယောက်ကို အာရုံယူ၍ မေတ္တာစျာန်, ကရုဏာစျာန်, မုဒိတာစျာန်, ဥပေက္ခာစျာန်

ဤသို့ စျာန်အသီးအသီးကို ရရှိအောင် ထပ်မံ ပွားများပါ။ ဤနည်းစနစ်ကို အသုံးပြု၍ ပုဂ္ဂိုလ် (၄)မျိုးကို ပြောင်းကာ ပြောင်းကာ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ပွားများပါ။ ပိယပုဂ္ဂိုလ်နှင့် အတိပ္ပိယပုဂ္ဂိုလ် နှစ်ဦးတို့ဝယ် မေတ္တာချင်း ကရုဏာချင်း မုဒိတာချင်း ဥပေက္ခာချင်း ညီမျှ သွားသောအခါ ပိယ, မဇ္ဈတ္တ, ဝေရီဟု ပုဂ္ဂိုလ် (၃)မျိုးသာ ယင်းစျာန်တို့၏ တည်ရာအာရုံများ ဖြစ်နေကြပေလိမ့်မည်။

ထိုနောင် အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီဟူသော ပုဂ္ဂိုလ်လေးမျိုးတို့၌ ပုဂ္ဂိုလ်အပိုင်းအခြား ကင်းအောင် ပုံစံတူပင် မေတ္တာစျာန်, ကရုဏာစျာန်, မုဒိတာစျာန်, ဥပေက္ခာစျာန်တို့ကို ရရှိအောင် ပွားများအားထုတ်ပါ။ သီမာသမ္ဘေဒ = ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုဖျက်နိုင်အောင် သီမာသမ္ဘေဒကို ပြု၍ ယင်းသို့ သီမာသမ္ဘေဒကို ပြုပြီးနောက် ရရှိလာသော ထိုသတ္တဝါပညတ် နိမိတ်ကိုပင် အာရုံပြု၍ –

၁။ မေတ္တာ –ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်
၂။ ကရုဏာ –ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်
၃။ မုဒိတာ –ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်
၄။ ဥပေက္ခာ –စတုတ္ထစျာန်

ဤသို့ ဗြဟ္မဝိဟာရဘာဝနာ အသီးအသီး၌ ဆိုင်ရာဆိုင်ရာ စျာန်အသီးအသီးကို ရရှိသည်တိုင်အောင် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ, ဗြဟ္မဝိဟာရဘာဝနာတို့ကို မှီဝဲပါ, ပွားများပါ, ကြိမ်ဖန်များစွာ အလေ့အလာပြုပါ။ ဤကဲ့သို့ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ ဗြဟ္မဝိဟာရဘာဝနာတို့ကို အစဉ်အတိုင်း ပွားများနေခြင်းကိုပင် ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာကို ပွားများအားထုတ်သည်ဟု ဆိုပေသည်။ ဤကဲ့သို့ ပုဂ္ဂိုလ်အပိုင်းအခြား ကင်းအောင် ပြုပြီးသည့်နောက် ရရှိလာသော သတ္တဝါပညတ်နိမိတ်ကို အာရုံပြု၍ ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာကို မှီဝဲသော ပွားများသော ကြိမ်ဖန်များစွာ အလေ့အလာပြုသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဥပေက္ခာဗြဟ္မဝိဟာရစတုတ္ထစျာန်သည် ဖြစ်ပေါ်၍ လာပေ၏၊ ထိုနောင် ..

၁။ အနောဓိသောဖရဏာ ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာ (၅) မျိုး
၂။ ဩဓိသောဖရဏာ ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာ (၇) မျိုး
၃။ ဒိသာဖရဏာ ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာ (၁၀x၁၂ = ၁၂၀) မျိုး
အားလုံးပေါင်းသော် ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာ (၁၃၂) မျိုး –

ဤ (၁၃၂)မျိုးသော ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာတို့ကို ဆက်လက်၍ ပွားများအားထုတ်ပါ။ ဥပေက္ခာ ဗြဟ္မဝိဟာရဘာဝနာဆိုသော်လည်း ဥပေက္ခာဗြဟ္မဝိဟာရ တစ်ခုတည်းကိုသာ ပွားများရသည်ကား မဟုတ်၊ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဗြဟ္မဝိဟာရဘာဝနာတို့ကို အစဉ်အတိုင်း စျာန်အသီးအသီးသို့ ဆိုက်အောင် ပွားရသည်ဟု မှတ်ပါ။

မေးသင့်သော မေးခွန်း

အမေး – ဤဥပေက္ခာဗြဟ္မဝိဟာရစတုတ္ထစျာန်သည် ပထဝီကသိုဏ်း စသည်တို့၌ ဖြစ်ပြီးသော တတိယစျာန် ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဖြစ်လေသလောဟု မေးရန် ရှိ၏၊

အဖြေ – မဖြစ်ဟူပေ။ အဘယ်ကြောင့်နည်းဟူမူ – ပထဝီကသိုဏ်း စသည်တို့၌ တတိယစျာန်ကား ပထဝီကသိုဏ်း စသည်လျှင် အာရုံရှိ၏၊ ဥပေက္ခာဗြဟ္မဝိဟာရ စတုတ္ထစျာန်ကား သတ္တဝါပညတ်လျှင် အာရုံရှိ၏၊ ထိုသို့ အာရုံ၏ သဘောမတူသည်၏ အဖြစ်ကြောင့်တည်း။ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်တို့၏ အာရုံနှင့် စတုတ္ထစျာန်၏ အာရုံမှာ အာရုံချင်း မတူ ကွဲပြားသောကြောင့် မရနိုင်ဟု ဆိုလိုသည်။ အလျော်အားဖြင့်ဆိုရမူ မေတ္တာကမ္မဋ္ဌာန်း, ကရုဏာကမ္မဋ္ဌာန်း, မုဒိတာကမ္မဋ္ဌာန်းတို့၌ ဖြစ်ပြီးသော တတိယစျာန်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ သာလျှင် ဤ ဥပေက္ခာဗြဟ္မဝိဟာရစတုတ္ထစျာန်သည် ဖြစ်ပေါ်လာနိုင်၏၊ အဘယ်ကြောင့်နည်းဟူမူ သတ္တဝါပညတ် အာရုံချင်း သဘောတူညီမှု ရှိသည်၏ အဖြစ်ကြောင့်တည်း။ ပိယပုဂ္ဂိုလ်၌ မေတ္တာစျာန်, ကရုဏာစျာန်, မုဒိတာစျာန်တို့ကို ဖြစ်စေလျှင် ယင်းပုဂ္ဂိုလ်၌ပင် ဥပေက္ခာဗြဟ္မဝိဟာရစျာန်ကို ဖြစ်စေနိုင်၏၊ ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်တို့၏ အာရုံနှင့် ဤဥပေက္ခာဗြဟ္မဝိဟာရစတုတ္ထစျာန်၏ အာရုံသည် အာရုံချင်း တူညီနေရမည်ဟု ဆိုလို၏၊ ဤသို့ စသည်ဖြင့် မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ စျာန်အသီးအသီးတို့၏ အာရုံသည် ပိယပုဂ္ဂိုလ်ချင်း, မဇ္ဈတ္တပုဂ္ဂိုလ်ချင်း, ဝေရီပုဂ္ဂိုလ်ချင်း တူညီကြ၏၊ တစ်ဖန် သတ္တဝါအားလုံးတို့၌ မေတ္တာတတိယစျာန်, ကရုဏာတတိယစျာန်, မုဒိတာတတိယစျာန်တို့ကို ဖြစ်စေလျှင် ယင်းသတ္တဝါအားလုံးတို့၌ပင် ဥပေက္ခာဗြဟ္မဝိဟာရစတုတ္ထစျာန်ကို ဖြစ်စေနိုင်၏၊ ဤသို့လျှင် ဗြဟ္မဝိဟာရဘာဝနာတို့၌ သတ္တဝါပညတ်အာရုံချင်း တူညီမှု ရှိ၏၊[၃၉၂]

ဗြဟ္မဝိဟာရ စေတသိက်များ၏ လက္ခဏ ရသ စသည်

မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဟု ဗြဟ္မဝိဟာရ စေတသိက် (၄)မျိုး ရှိ၏၊ ဗြဟ္မာတို့ကဲ့သို့ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတို့နှင့် ယှဉ်သော မွန်မြတ်သော စိတ်ဓာတ်ဖြင့် နေထိုင်ခြင်းကို ဗြဟ္မဝိဟာရ - ဟု ဆိုလိုသည်။ ဗြဟ္မစိုရ်တရား လေးပါးဟူ၍လည်း ခေါ်ဆို၏၊ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာစျာန်တို့ကို ဝင်စားကာ နေထိုင်ခြင်းကို မြတ်သောအကျင့်ကို ကျင့်လျက် နေထိုင်ခြင်းဟု ဆိုလိုသည်။ အပ္ပမညာတရား လေးပါးဟူ၍လည်း ခေါ်၏၊ အတိုင်း အတာ ပမာဏ မရှိသော သတ္တဝါပညတ်ကို အာရုံယူကာ မေတ္တာစျာန် ကရုဏာစျာန် မုဒိတာစျာန် ဥပေက္ခာစျာန်တို့ကို ဝင်စားနေသောကြောင့် ယင်း မေတ္တာ (= အဒေါသ), ကရုဏာ, မုဒိတာ, ဥပေက္ခာ (= တတြမဇ္ဈတ္တတာ) စေတသိက် တို့ကိုလည်း အပ္ပမညာ (= အတိုင်းအတာပမာဏ မရှိသော) စေတသိက်များဟု ခေါ်သည်။

ယင်းလေးမျိုးတို့တွင် မေတ္တာ၏ တရားကိုယ်မှာ အဒေါသစေတသိက်ပင် ဖြစ်သည်။ သို့သော် အဒေါသတိုင်းကား မေတ္တာ မဟုတ်ပေ။ အဒေါသတိုင်းကား မေတ္တာ မဟုတ်သဖြင့် မေတ္တာအဆင့်သို့ ရောက်နေသော, အထူးသဖြင့် မေတ္တာစျာန်အဆင့်သို့ ရောက်နေသော အဒေါသ၏ လက္ခဏ ရသ စသည်ကို ဆက်လက်၍ တင်ပြအပ်ပါသည်။

မေတ္တာ (= အဒေါသ)

၁။ ဟိတာကာရပဝတ္တိလက္ခဏာ မေတ္တာ
၂။ ဟိတူပသံဟာရရသာ၊
၃။ အာဃာတဝိနယပစ္စုပဋ္ဌာနာ၊
၄။ သတ္တာနံ မနာပဘာဝဒဿနပဒဋ္ဌာနာ။
ဗျာပါဒူပသမော ဧတိဿာ သမ္ပတ္တိ၊ သိနေဟသမ္ဘဝေါ ဝိပတ္တိ။[၃၉၃]

၁။ မေတ္တာသည် –– သတ္တဝါတို့၏ အကျိုးစီးပွားကို ကျင့်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာရှိ၏၊ ဝါ။ အကျိုးစီးပွားဟူသော အဖို့အစုကို ဖြစ်စေခြင်း လက္ခဏာ ရှိ၏၊
၂။ သတ္တဝါတို့၏ အကျိုးစီးပွားကို ကပ်၍ ဆောင်ခြင်း (ကိစ္စရသ) ရှိ၏၊ ဝါ။
သတ္တဝါတို့၏ အကျိုးစီးပွားကို ကပ်၍ ဆောင်ခြင်းဟူသော ပြည့်စုံသောဂုဏ် (သမ္ပတ္တိရသ) ရှိ၏၊
၃။ ရန်ငြိုးဖွဲ့ခြင်း (= အာဃာတ)ကို ပယ်ဖျောက်တတ်သော သဘောတရားဟု ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်အား ရှေးရှုထင်တတ်၏၊ (ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်)။ ဝါ။ ရန်ငြိုးကင်းပျောက်ခြင်း = ရန်ငြိုးကို ပယ်ဖျောက်ခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏၊ (ဖလပစ္စုပဋ္ဌာန်)
၄။ သတ္တဝါတို့၏ မြတ်နိုးဖွယ်ရာ မနာပကိုသာ ရှုမြင်တတ်သော ယောနိသောမနသိကာရလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏၊

သတ္တဝါတို့အား ဖျက်ဆီးလိုသော ပျက်စီးစေလိုသော ဗျာပါဒ = ဒေါသ၏ ဝိက္ခမ္ဘနပဟာန်အားဖြင့် ငြိမ်းခြင်းသည် ထိုမေတ္တာ၏ ပြည့်စုံခြင်းမည်၏၊ ကောင်းစွာ ကိစ္စပြီးခြင်း မည်၏၊ တွယ်တာမက်မောခြင်း တဏှာသိနေဟ၏ ဖြစ်ခြင်းသည် ထိုမေတ္တာ၏ ပျက်စီးခြင်း မည်၏၊

မေတ္တာမုခေန ဟိ ရာဂေါ ဝေဉ္ဇတိ = မေတ္တာကို ရှေ့ထား၍ ရာဂသည် လှည့်ပတ်တတ်၏၊ ရာဂက မေတ္တာ အယောင်ဆောင်၍ လှည့်ပတ်တတ်၏၊ မေတ္တာပွားရင်း ရာဂဖြစ်လာခဲ့သော် .. မေတ္တာဘာဝနာ ပျက်စီးတော့၏ ဟူလိုသည်။

ကရုဏာ

၁။ ဒုက္ခာပနယနာကာရပ္ပဝတ္တိလက္ခဏာ ကရုဏာ
၂။ ပရဒုက္ခာသဟနရသာ၊
၃။ အဝိဟိံသာပစ္စုပဋ္ဌာနာ၊
၄။ ဒုက္ခာဘိဘူတာနံ အနာထဘာဝဒဿနပဒဋ္ဌာနာ။ ဝိဟိံသူပသမော တဿာ သမ္ပတ္တိ၊ သောကသမ္ဘဝေါ ဝိပတ္တိ။[၃၉၃]

၁။ ကရုဏာသည် ––- သတ္တဝါတို့၏ ဆင်းရဲဒုက္ခကို ပယ်ရှားလိုသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော လက္ခဏာ ရှိ၏၊
၂။ သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခကို ပယ်ရှားလိုသည်၏အဖြစ်ဖြင့် သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခကို သည်းမခံနိုင်ခြင်း (= မရှုရက်နိုင်ခြင်း) ကိစ္စ ရှိ၏၊ (ကိစ္စရသ)
၃။ သတ္တဝါတို့ကို မညှဉ်းဆဲခြင်းကို ရှေးရှု ဖြစ်စေတတ်၏၊ (ဖလပစ္စုပဋ္ဌာန်)။ ဝါ။
သတ္တဝါတို့ကို ညှဉ်းပန်းနှိပ်စက်ခြင်း ဝိဟိံသာ၏ ဆန့်ကျင်ဘက်အဖြစ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်အား ရှေးရှုထင်လာတတ်၏၊ (ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်)
၄။ ဆင်းရဲဒုက္ခဖြင့် အညှဉ်းပန်း အနှိပ်စက်ခံနေကြရကုန်သော သတ္တဝါတို့၏ ကိုယ်းကွယ်အားထားရာ မရှိသည်၏ အဖြစ်ကို ရှုတတ်သော ယောနိသောမနသိကာရလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏၊

သတ္တဝါတို့အပေါ်၌ ညှဉ်းပန်းနှိပ်စက်တတ်သော ဒေါသ၏ ဝိက္ခမ္ဘနပဟာန်အားဖြင့် = ကရုဏာစျာန် သမာပတ်ဖြင့် ခပ်ကြာကြာ ခွာထားနိုင်သောအားဖြင့် ငြိမ်းအေးခြင်းသည် ထိုကရုဏာ၏ ပြည့်စုံခြင်း သမ္ပတ္တိ မည်၏၊ ကောင်းစွာ ကိစ္စပြီးစီးခြင်း မည်၏၊ သတ္တဝါတို့၏ ဆင်းရဲဒုက္ခဖြင့် အလွှမ်းမိုး အဖိစီးခံရခြင်းကြောင့် (ယင်းဒုက္ခကို မြင်သိရသဖြင့်) သောက၏ ဖြစ်ခြင်းသည် ကရုဏာ၏ ပျက်စီးခြင်း ဝိပတ္တိ မည်၏၊

ကရုဏာမုခေန သောကော ဝေဉ္ဇတိ = ကရုဏာကို ရှေ့ထားလျက် သောကသည် လှည့်စားတတ်၏၊ သောကသည် ကရုဏာယောင်ဆောင်၍ လှည့်စားတတ်၏၊ ကရုဏာလိုလိုနှင့် သောကဖြစ်နေတတ်သည်ဟု ဆိုလိုသည်။

မုဒိတာ

၁။ ပမောဒနလက္ခဏာ မုဒိတာ
၂။ အနိဿာယနရသာ၊
၃။ အရတိဝိဃာတပစ္စုပဋ္ဌာနာ၊
၄။ သတ္တာနံ သမ္ပတ္တိဒဿနပဒဋ္ဌာနာ။
အရတိဝူပသမော တဿာ သမ္ပတ္တိ၊ ပဟာသသမ္ဘဝေါ ဝိပတ္တိ။[၃၉၃]

၁။ မုဒိတာသည် –– သုခိတသတ္တဝါတို့၏ စည်းစိမ်ဥစ္စာ ကုံလုံပြည့်စုံသည်ကို ကြည်ရွှင်ဝမ်းမြောက်ခြင်းသဘော လက္ခဏာ ရှိ၏၊
၂။ သုခိတသတ္တဝါတို့၏ စည်းစိမ်ဥစ္စာ ကုံလုံပြည့်စုံသည်ကို မငြူစူခြင်း ကိစ္စ ရှိ၏၊ ဝါ။
ငြူစူခြင်း၏ ဆန့်ကျင်ဘက် ဖြစ်၍ ထိုဣဿာကို ပယ်ဖျက်ခြင်း ကိစ္စ ရှိ၏၊
၃။ သုခိတသတ္တဝါတို့၏ ဥစ္စာစည်းစိမ်ဂုဏ်သိရ်တို့၌ မမွေ့လျော် မနှစ်သက်ခြင်း အရတိကို ပယ်ဖျောက်သော အခြင်းအရာအားဖြင့် ဖြစ်သော သဘောတရား။ (ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်)
တစ်နည်း – အရတိကို ပျောက်ငြိမ်းခြင်း အကျိုးကို ရှေးရှူ ဖြစ်စေတတ်၏၊ (ဖလပစ္စုပဋ္ဌာန်)
၄။ သုခိတသတ္တဝါတို့၏ စည်းစိမ်ဥစ္စာ ကုံလုံပြည့်စုံသည်ကို အသင့်ရှုနိုင်သော ယောနိသောမနသိကာရလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏၊

အရတိ၏ မုဒိတာစျာန်၏ စွမ်းအားကြောင့် ခပ်ကြာကြာ ခွာထားနိုင်သော ဝိက္ခမ္ဘနပဟာန်အားဖြင့် အရတိ၏ ပျောက်ငြိမ်းခြင်းသည် ထိုမုဒိတာ၏ ပြည့်စုံခြင်း သမ္ပတ္တိတည်း၊ ကောင်းစွာ ကိစ္စပြီးစီးခြင်းတည်း။ ဂေဟသိတပီတိ = ကာမဂုဏ်အိမ်ကို မှီ၍ ဖြစ်သော ပီတိ၏ အစွမ်းဖြင့် ပျော်ရွှင်ခြင်း၏ ဖြစ်ခြင်းသည် ပျက်စီးခြင်း ဝိပတ္တိတည်း။

ဥစ္စာစည်းစိမ် ဂုဏ်သိရ်တို့နှင့် ကုံလုံပြည့်စုံသော သတ္တဝါတို့ကိုလည်းကောင်း, ထိုသတ္တဝါတို့၏ ဥစ္စာစည်းစိမ် ဂုဏ်သိရ်ကိုလည်းကောင်း တွေ့မြင်သောအခါ ယောနိသောမနသိကာရ မဖြစ်ဘဲ တစ်ခါတစ်ရံ အယောနိသော မနသိကာရ ဖြစ်တတ်၍ ထိုသတ္တဝါနှင့် ယင်း၏ ဥစ္စာစည်းစိမ် ဂုဏ်သိရ်တို့အပေါ်၌ တပ်မက်မှု တဏှာလောဘ အရင်းခံလျက် ကြည် ရွှင် ဝမ်းမြောက်မှု ပီတိလည်း ဖြစ်တတ်၏၊ ယင်းပီတိကား တဏှာလောဘ စသည့် ကိလေသာတို့၏ စံအိမ်ဖြစ်သော ကာမဂုဏ်အိမ်ကို မှီ၍ ဖြစ်ပေါ်လာသော ဂေဟသိတပီတိတည်း။ ယင်းဂေဟသိတပီတိ၏ အစွမ်းဖြင့် ရွှင်လန်းဝမ်းမြောက်မှု စိတ်တက်ကြွမှုသည် ပဟာသ မည်၏၊ တရားကိုယ်အားဖြင့် လောဘပြဓာန်းသော လောဘမူ သောမနဿသဟဂုတ် စိတ္တုပ္ပါဒ်များတည်း။ ယင်းပဟာသ ဖြစ်ပေါ်ခဲ့သော် မုဒိတာသည် ပျက်စီးလေပြီ။ ပဟာသကား မုဒိတာအတုတည်း၊ ယင်းပဟာသသည် မုဒိတာယောင်ဆောင်၍ လှည့်ပတ်တတ်၏ဟု ဆိုလိုသည်။[၃၉၄]

ဥပေက္ခာဗြဟ္မဝိဟာရ (= တတြမဇ္ဈတ္တတာ)

၁။ သတ္တေသု မဇ္ဈတ္တာကာရပ္ပဝတ္တိလက္ခဏာ ဥပေက္ခာ
၂။ သတ္တေသု သမဘာဝဒဿနရသာ၊
၃။ ပဋိဃာနုနယဝူပသမပစ္စုပဋ္ဌာနာ၊
၄။ ''ကမ္မဿကာ သတ္တာ၊ တေ ကဿ ရုစိယာ သုခိတာ ဝါ ဘဝိဿန္တိ၊ ဒုက္ခတော ဝါ မုစ္စိဿန္တိ၊ ပတ္တသမ္ပတ္တိတော ဝါ န ပရိဟာယိဿန္တီ''တိ ဧဝံ ပဝတ္တကမ္မဿကတာဒဿနပဒဋ္ဌာနာ။
ပဋိဃာနုနယဝူပသမော တဿာ သမ္ပတ္တိ၊ ဂေဟသိတာယ အညာဏုပေက္ခာယ သမ္ဘဝေါ ဝိပတ္တိ။[၃၉၃]

၁။ ဥပေက္ခာသည် –– သတ္တဝါတို့၌ အလယ်အလတ်သဘောရှိသော လျစ်လျူရှုခြင်းဟူသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော လက္ခဏာ ရှိ၏၊
၂။ သတ္တဝါတို့၌ ဥဒါသိန်အားဖြင့် (= လျစ်လျူမူသောအားဖြင့်) ဖြစ်ခြင်းကြောင့် မုန်းခြင်း ချစ်ခြင်းသို့ မကျရောက်ဘဲ ညီမျှသည်၏ အဖြစ်ကိုသာ ရှုခြင်း ကိစ္စ ရှိ၏၊
၃။ သတ္တဝါတို့၌ မုန်းခြင်း ချစ်ခြင်းတို့ကို ငြိမ်းစေခြင်းကို ဖြစ်စေတတ်၏၊ (ဖလပစ္စုပဋ္ဌာန်)
၄။ ''သတ္တဝါတို့သည် မိမိတို့ ပြုထားအပ်သော ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏၊ ထိုသတ္တဝါတို့သည် အဘယ်သူ၏ အလိုအားဖြင့် ချမ်းသာပါစေဟု မေတ္တာပို့သသည့်အတိုင်း ချမ်းသာခြင်းသို့ ရောက်ကုန်သည်မူလည်း ဖြစ်ကုန်လတ္တံ့နည်း။ ဆင်းရဲဒုက္ခမှ လွတ်ပါစေဟု ကရုဏာဘာဝနာကို ပွားသည့်အတိုင်း ဆင်းရဲဒုက္ခမှမူလည်း လွတ်ကုန်လတ္တံ့နည်း။ ရပြီး စည်းစိမ်ချမ်းသာမှ မရွေ့လျောပါစေသတည်းဟု မုဒိတာဘာဝနာကို ပွားသည့် အတိုင်း ရောက်ရှိအပ်ပြီး ရရှိအပ်ပြီးသည့် စည်းစိမ်ချမ်းသာမှမူလည်း မဆုတ်ယုတ်ဘဲ ရှိကုန်လတ္တံ့နည်း'' ဤသို့သော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ဥစ္စာ ရှိသည်၏ အဖြစ်ကို ရှုတတ်သော ဉာဏ်လျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏၊

မုန်းခြင်း ချစ်ခြင်းတို့ကို ငြိမ်းစေခြင်းသည် = မုန်းခြင်း ချစ်ခြင်းတို့၏ ငြိမ်းခြင်းသည် (= မုန်းတတ်သော ဒေါသ ချစ်တတ်သောလောဘ၏ ငြိမ်းအေးခြင်းသည်) ထိုဥပေက္ခာဗြဟ္မဝိဟာရ၏ ပြည့်စုံခြင်း ကောင်းစွာ ပြီးစီးခြင်း သမ္ပတ္တိ မည်၏၊ ကာမဂုဏ်ကို မှီသော ဉာဏ်ကင်းသော မောဟနှင့် ယှဉ်သော ဥပေက္ခာ၏ ဖြစ်ခြင်းသည် ထိုဥပေက္ခာ ဗြဟ္မဝိဟာရ၏ ပျက်စီးခြင်း ဝိပတ္တိ မည်၏၊

လောဘမူ ဥပေက္ခာသဟဂုတ်စိတ်လေးခု, မောဟမူ ဒွေ၌ ယှဉ်သော မောဟသည်လည်းကောင်း ဥပေက္ခာ ဝေဒနာသည်လည်းကောင်း အညာဏုပေက္ခာ မည်၏၊[၃၉၅]

ကိလေသာတို့မှ လွတ်မြောက်မှု

၁။ နိဿရဏေဥှတံ အာဝုသော ဗျာပါဒဿ ယဒိဒံ မေတ္တာ စေတောဝိမုတ္တိ။
၂။ နိဿရဏေဥှတံ အာဝုသော ဝိဟေသာယ ယဒိဒံ ကရုဏာ စေတောဝိမုတ္တိ။
၃။ နိဿရဏေဥှတံ အာဝုသော အရတိယာ ယဒိဒံ မုဒိတာ စေတောဝိမုတ္တိ။
၄။ နိဿရဏေဥှတံ အာဝုသော ရာဂဿ ယဒိဒံ ဥပေက္ခာ စေတောဝိမုတ္တိ။[၃၉၆]

၁။ ''ငါ့သျှင် ... ကိလေသာမှ လွတ်မြောက်သော ယင်းမေတ္တာနှင့်ယှဉ်သော စျာန်စိတ် (= မေတ္တာ စေတောဝိမုတ္တိ) သည် သတ္တဝါတို့ကို ဖျက်ဆီးလိုခြင်း = ဒေါသမှ ထွက်မြောက်ကြောင်းတည်း။

၂။ ငါ့သျှင် ...ကိလေသာမှ လွတ်မြောက်သော ယင်းကရုဏာနှင့်ယှဉ်သော စျာန်စိတ် (= ကရုဏာ စေတောဝိမုတ္တိ) သည် သတ္တဝါတို့ကို ညှဉ်းပန်းနှိပ်စက်လိုခြင်း = ဝိဟေသာတရားမှ ထွက်မြောက်ကြောင်းတည်း။ ၃။ ငါ့သျှင် ... ကိလေသာမှ လွတ်မြောက်သော ယင်းမုဒိတာနှင့်ယှဉ်သော စျာန်စိတ် (= မုဒိတာ စေတောဝိမုတ္တိ) သည် မမွေ့လျော်ခြင်း = အရတိတရားမှ ထွက်မြောက်ကြောင်းတည်း။''

၄။ ငါ့သျှင် ... ကိလေသာမှ လွတ်မြောက်သော ယင်း လျစ်လျူရှုခြင်း = ဥပေက္ခာနှင့် ယှဉ်သော စျာန်စိတ် (= ဥပေက္ခာ စေတောဝိမုတ္တိ) သည် စွဲမက်ခြင်း = ရာဂမှ ထွက်မြောက်ကြောင်းတည်း။

ဤဒေသနာတော်များနှင့် အညီ .. ဤ ဗြဟ္မဝိဟာရစျာန်တရားတို့ကား ဆန့်ကျင်ဘက် ကိလေသာတို့မှ လွတ်မြောက်စေနိုင်သည့် စွမ်းအားရှိသော စျာန်တရားတို့တည်း။ ယင်းသို့ ဆန့်ကျင်ဘက် ကိလေသာတို့မှ လွတ်မြောက်သော စိတ်ဓာတ်ဖြင့် နေထိုင်ခြင်းကိုပင် ဗြဟ္မဝိဟာရ = မွန်မြတ်သော နေထိုင်ခြင်း - ဟု ဆိုအပ်၏၊ ဗြဟ္မာကဲ့သို့ နေထိုင်ခြင်းဟုလည်း ခေါ်ဆိုအပ်ပေ၏၊

ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း

အာရကတ္တာ ဟတတ္တာ စ၊ ကိလေသာရီန သော မုနိ။
ဟတသံသာရစက္ကာရော၊ ပစ္စယာဒီန စာရဟော။
န ရဟော ကရောတိ ပါပါနိ၊ အရဟံ တေန ဝုစ္စတိ။[၃၉၇]

၁။ ဝါသနာအငွေ့ဓာတ်နှင့်တကွ ကိလေသာတို့ကို အကြွင်းမဲ့ ဖျက်ဆီးနိုင်သဖြင့် ကိလေသာတို့မှ အဝေးကြီး ဝေးကွာတော်မူခြင်းတည်းဟူသော ဤအကြောင်းကြောင့် ''အရဟံ'' မည်တော်မူပါပေသော မြတ်စွာဘုရား၊
၂။ တစ်ထောင့်ငါးရာ ကိလေသာတို့ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် ချိုးဖဲ့ဖျက်ဆီးတော်မူတတ်ခြင်းတည်း ဟူသော ဤအကြောင်းကြောင့် ''အရဟံ'' မည်တော်မူပါပေသော မြတ်စွာဘုရား၊
၃။ အဝိဇ္ဇာ-တဏှာ ဦးစီးသည့် ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်၏ ထောက်အကန့်တို့ကို ချိုးဖဲ့ဖျက်ဆီးတော် မူခြင်းတည်းဟူသော ဤအကြောင်းကြောင့် ''အရဟံ'' မည်တော်မူပါပေသော မြတ်စွာဘုရား၊
၄။ သူမတူသော သီလ-သမာဓိ-ပညာ-ဂုဏ်သကတ်ကြောင့် လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ မြတ်သောအလှူ ပူဇော်အထူးကို ခံယူတော်မူထိုက်ခြင်းတည်းဟူသော ဤအကြောင်းကြောင့် ''အရဟံ'' မည်တော်မူပါပေသော မြတ်စွာဘုရား၊
၅။ ဆိတ်ကွယ်ရာအရပ်၌ မကောင်းမှု ဟူသမျှတို့ကို ပြုတော်မမူ ပြောတော်မမူ ကြံစည်တော်မမူခြင်းတည်းဟူသော ဤအကြောင်းကြောင့် ''အရဟံ'' မည်တော်မူပါပေသော မြတ်စွာဘုရား၊

ဤကား အရဟံဂုဏ်တော်၏ အနက်ငါးနက် ဖြစ်သည်။ ဤအနက် အဓိပ္ပါယ်တို့ကို ကျေပွန်အောင် နှုတ်တက် ရအောင် လေ့ကျက်ထားပါ။ ဤ အရဟံဂုဏ်တော် ကမ္မဋ္ဌာန်းကို ပွားများလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ဩဒါတကသိုဏ်း စတုတ္ထစျာန်သမာဓိကို သို့မဟုတ် အာနာပါန စတုတ္ထစျာန်သမာဓိကို တစ်ဖန် ထူထောင်၍ ထိုသမထဘာဝနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း အကူအညီဖြင့် မိမိ ကြည်ညိုလေးစားသည့် ရုပ်ပွားတော်တစ်ဆူကို မြင်အောင် ထိုးစိုက် အာရုံယူကြည့်ပါ။ သက်တော်ထင်ရှား မြတ်စွာဘုရားကို မဖူးမြင်ရသဖြင့် သက်တော်ထင်ရှား ဘုရားရှင်၏ ကိုယ်စား ရုပ်ပွားတော်ကို စတင်ကာ အာရုံယူခြင်း ဖြစ်ပါသည်။ ထင်ထင်ရှားရှား တွေ့မြင်သောအခါ ယင်းပုံတော်ကို သက်တော်ထင်ရှားဘုရားဟု အမှတ်ပြုကာ အာရုံ ညွတ်ကြည့်ပါ။ အတိတ်က သက်တော်ထင်ရှား ဘုရားရှင်များကို ဖူးမြင်တွေ့ ခဲ့ရဖူးလျှင် ထိုဘုရားရှင်၏ ရုပ်ပုံတော်သည် ပေါ်လာတတ်ပါသည်။ ထိုဘုရားပုံတော်မှ ဂုဏ်တော်ကို ပြောင်း၍ ရှုရန် ဖြစ်သည်။ အကယ်၍ ထိုသို့ အာရုံယူကြည့်ရာ၌ သက်တော်ထင်ရှား ဘုရားရှင်၏ ပုံတော်မပေါ်ခဲ့သော် မိမိ အာရုံယူထားသော ရုပ်ပွားတော်ကိုပင် သက်တော်ထင်ရှား ဘုရားဟု အမှတ်ထား၍ ထိုပုံတော်မှ ဂုဏ်တော်ကို ပြောင်း၍ ရှုပါ။ အထက်ပါ အရဟံဂုဏ်တော်၏ အနက်အဓိပ္ပါယ် ငါးမျိုးတို့တွင် မိမိ နှစ်ခြိုက်ရာ အနက်အဓိပ္ပါယ် တစ်မျိုးမျိုးကို အာရုံယူ၍ ''အရဟံ-အရဟံ''ဟု ပွားများပါ။ သမာဓိ အားကောင်း လာသောအခါ ပုံတော်ပျောက်၍ ဂုဏ်တော်အပေါ်၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ တည်နေပေလိမ့်မည်။ ထိုအခါ ပုံတော်ကို လိုက်၍ အာရုံ မယူပါနှင့်၊ လိုက်၍ မရှာဖွေပါနှင့်။ ဂုဏ်တော်အပေါ်၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ပွားများပါ။ တစ်နာရီခန့် ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ ဂုဏ်တော်အာရုံ၌ တည်နေခဲ့သော် စျာန်အင်္ဂါတို့ကို ပြန်ဆင်ခြင်ကြည့်ပါ။ သို့သော် ဤစျာန်မှာ ဥပစာရစျာန်မျှသာ ဖြစ်သည်။ ယင်းဥပစာရစျာန်သို့ ဆိုက်အောင် ပွားများပါ။ ကြွင်းကျန်သော ဂုဏ်တော်တို့၌လည်း နည်းမှီ၍ ပွားများပါလေ။ ဝသီဘော်နိုင်နင်းအောင် လေ့ကျင့်ပါ။

အသုဘကမ္မဋ္ဌာန်း

အာနာပါနစတုတ္ထစျာန်သမာဓိကိုသော်လည်းကောင်း, ဩဒါတကသိုဏ်းစတုတ္ထစျာန်သမာဓိကိုသော်လည်းကောင်း တစ်ဖန်ပြန်၍ သမာဓိထူထောင်ပါ။ ထိုသမာဓိနှင့် ယှဉ်သော ဘာဝနာဉာဏ်ကြောင့် အရောင်အလင်းများသည် ဝန်းကျင်ပတ်ချာ အရပ်များသို့တိုင်အောင် ပြန့်နှံ့လျက် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ မိမိ မြင်ဖူးထားသော ရွံရှာစက်ဆုပ်ဖွယ်အကောင်းဆုံးသော လိင်တူ အသုဘအလောင်းကောင်တစ်ခုကို လှမ်း၍ အာရုံယူပါ။ ဉာဏ်လင်းရောင်ခြည်အောက်တွင် ထိုအလောင်းကောင်ကို တွေ့မြင်နေအောင် ကြိုးစားပါ။ ရှေးယခင်က မိမိ မြင်ဖူးထားသည့် ပုံစံအတိုင်း ပြန်လည်၍ မြင်အောင် အလင်းရောင် အကူအညီဖြင့် လှမ်းအာရုံယူပါ။ ထင်ထင်ရှားရှား ဉာဏ်လင်းရောင်ခြည်ဖြင့် တွေ့မြင်ရသောအခါ ထိုအလောင်းကောင်၏ ရွံရှာစက်ဆုပ်ဖွယ် အကောင်းဆုံးသော အနေအထား၌ မိမိ၏ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထား၍ – ''ပဋိကူလ ပဋိကူလ = ရွံစရာ ရွံစရာ''ဟု ရှုနေပါ။

ထိုအလောင်းကောင်အာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် အသုဘ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေသောအခါ အသုဘအလောင်းကောင်အာရုံသည်လည်း ဥဂ္ဂဟနိမိတ်မှ ပဋိဘာဂနိမိတ်သို့ ကူးသွားမည် ဖြစ်၏၊ ပကတိမျက်စိဖြင့် ဖွင့်ကြည့်သကဲ့သို့ ထင်ထင်ရှားရှား တွေ့မြင်နေရသော အလောင်းကောင်နိမိတ်ကား ဥဂ္ဂဟနိမိတ် တည်း။[၃၉၈]

အသုဘအလောင်းကောင် အာရုံကို နှလုံးသွင်းနေသော ဘာဝနာမနသိကာရ၏ မပြန့်ပြောသေးသည့်အတွက် မကြီးကျယ် မမြင့်မြတ်သေးသည့်အတွက်ကြောင့်လည်းကောင်း, အသုဘအလောင်းကောင်အာရုံ၏ အလွန်ကြီး ငြိမ်သက်မှု မရှိသေးသည့်အတွက်ကြောင့်လည်းကောင်း ဥဂ္ဂဟနိမိတ်သည် ဖောက်ပြန်သည် အရုပ်ဆိုးသည် ကြောက်မက်ဖွယ်သော အမြင်ရှိသည် ဖြစ်၍ ထင်လာ၏၊ ပဋိဘာဂနိမိတ်သည်ကား အသုဘဘာဝနာမနသိကာရ၏ ပြန့်ပြောကြီးကျယ် မြင့်မြတ်သည်၏အဖြစ်သို့ ရောက်ရှိလာခြင်းကြောင့်လည်းကောင်း, အသုဘအလောင်းကောင်အာရုံ၏ ငြိမ်သက်မှုရှိလာသည်၏ အဖြစ်ကြောင့်လည်းကောင်း အလိုရှိတိုင်း ဝအောင်စားပြီး၍ လျောင်းလျက် အိပ်နေသော ဆူဖြိုးသော ကိုယ်အင်္ဂါကြီးငယ်ရှိသော ယောက်ျားကဲ့သို့ ထင်လာ၏၊[၃၉၉ ၄၀၀]

ထိုပဋိဘာဂနိမိတ်ကိုပင် ''ပဋိကူလ-ပဋိကူလ = ရွံစရာ-ရွံစရာ''ဟု ကြိမ်ဖန်များစွာ နှလုံးသွင်း ရှုပွားခဲ့သော် ဘာဝနာစိတ်သည်လည်း ယင်းအာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော် စျာန်အင်္ဂါ များသည် ထင်ရှားနေပေလိမ့်မည်။ ထင်ရှားပါက ပထမစျာန်သမာဓိသို့ ဆိုက်ပေပြီ။ ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ထားပါ။

မရဏဿတိ = မရဏာနုဿတိကမ္မဋ္ဌာန်း

ပါဠိတော်[၄၀၁] အဋ္ဌကထာတို့[၄၀၂]နှင့် အညီ မရဏာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိရရှိထားပြီးသော အသုဘကမ္မဋ္ဌာန်းကိုပင် ပထမစျာန်သမာဓိသို့ ဆိုက်အောင် တစ်ဖန် ပြန်၍ သမာဓိကို ထူထောင်ပါ။ ယင်းဗဟိဒ္ဓအသုဘအလောင်းကောင်၌ ပထမစျာန်သမာဓိသို့ ဆိုက်အောင် ရှုနိုင်သောအခါ ''ဤ ငါ၏ ခန္ဓာကိုယ် သည်လည်း ဤကဲ့သို့သော သေခြင်းသဘော ရှိ၏၊ ဤကဲ့သို့သော သေခြင်းသဘောသည် မချွတ်ဧကန် ဖြစ်လိမ့်မည်၊ ဤကဲ့သို့သော သေခြင်းသဘောတရားကို မလွန်မြောက်နိုင်''ဟု မိမိ၏ သေခြင်းတရားအပေါ်သို့ ဉာဏ်ဖြင့် ရှေးရှု ကပ်ဆောင်၍ သတိကိုလည်းကောင်း, သံဝေဂကိုလည်းကောင်း, ဉာဏ်ကိုလည်းကောင်း ဖြစ်စေလျက် ကြည့်ရှု လိုက်သောအခါ မိမိသေနေသည့် ရွံရှာစက်ဆုပ်ဖွယ် အသုဘအလောင်းကောင်ကို တွေ့ရှိမည် ဖြစ်သည်။ ထိုအခါ မိမိသေနေသောပုံဝယ် ဇီဝိတိန္ဒြေ၏ ပျက်စဲမှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ထိုဇီဝိတိန္ဒြေ၏ ပြတ်စဲမှုအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားလျက် ..

၁။ မရဏံ မေ ဓုဝံ၊ ဇီဝိတံ မေ အဓုဝံ = ငါ၏ သေခြင်းတရားသည် မြဲ၏၊ အသက်ရှင်ခြင်းသည် မမြဲ။
၂။ မရဏံ မေ ဘဝိဿတိ = ငါ၏ သေခြင်းတရားသည် မချွတ်ဧကန် ဖြစ်လိမ့်မည်။
၃။ မရဏပရိယောသာနံ မေ ဇီဝိတံ = ငါ၏ အသက်ရှင်ခြင်းသည် သေခြင်းလျှင် အဆုံးအပိုင်းအခြား ရှိ၏၊
၄။ မရဏံ မရဏံ = သေခြင်းတရား သေခြင်းတရား ––

ဤသို့စသော နှလုံးသွင်းနည်းတို့တွင် မိမိကြိုက်နှစ်သက်ရာ တစ်နည်းနည်းဖြင့် ပါဠိလိုဖြစ်စေ, မြန်မာလိုဖြစ်စေ ရှုနေပါ။ မိမိ သေနေသည့်ပုံဝယ် ဇီဝိတိန္ဒြေ၏ ပြတ်စဲသွားမှု သဘောတရားအာရုံ၌ မရဏဿတိ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေအောင် ကြိုးစားပါ။ ယင်းသို့ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော် စျာန်အင်္ဂါ (၅)ပါးတို့သည်လည်း ထင်ရှားလာကြမည် ဖြစ်ပေသည်။ သို့သော် ဥပစာရစျာန်မျှသာ ဖြစ်သည်။

တစ်ဖန် ဘုရားရှင်သည် ပေသကာရဓီတာဟု ခေါ်ဆိုအပ်သည့် ယက်ကန်းသည်မလေးအား မရဏဿတိ ကမ္မဋ္ဌာန်း စီးဖြန်းပွားများပုံကို ယင်းပေသကာရဓီတာဝတ္ထု[၄၀၃]၌ ဤသို့လည်း ဟောကြားထားတော်မူခဲ့၏ ..။

၁။ အဒ္ဓုဝံ မေ ဇီဝိတံ = ငါ၏ အသက်ရှင်ခြင်းသည် မမြဲ။
၂။ ဓုဝံ မေ မရဏံ = ငါ၏ သေခြင်းတရားသည် မြဲ၏၊
၃။ အဝဿံ မယာ မရိတဗ္ဗမေဝ = ငါသည် မချွတ်ဧကန် သေရလိမ့်မည်၊
၄။ မရဏပရိယောသာနံ မေ ဇီဝိတံ = ငါ၏ အသက်ရှင်ခြင်းသည် သေခြင်းလျှင် အဆုံးအပိုင်းအခြား ရှိ၏၊
၅။ ဇီဝိတမေဝ အနိယတံ = ငါ၏ အသက်ဇီဝိတိန္ဒြေသည်ကား မမြဲခြင်းသဘောတရားသာလျှင် ရှိ၏၊
၆။ မရဏံ နိယတံ = ငါ၏ သေခြင်းတရားသည်ကား မြဲ၏၊

ဤသို့လည်း မရဏဿတိ ဘာဝနာကို ပွားများနိုင်ပေသည်။

နောက်ဆုံးအချိန်

တစ်ခုသောဘဝ၌ တစ်ခုသော သေခြင်းတရားသည်ကား မြဲသည်သာ ဖြစ်၏၊ နောက်ဆုံး သေခါနီးအချိန် ကာလဝယ် မရဏဿတိ ဘာဝနာကို မပွားများထားသူတို့အဖို့ သေခြင်းတရားနှင့် ရင်ဆိုင်ရမည့်ဘေးကို ကြည့်ကာ အဆိပ်ပြင်းထန်သည့်မြွေကို တွေ့မြင်ရသည့်အလား ကြောက်ရွံ့တုန်လှုပ်နေတတ်၏၊ မိမိလားရောက်ရတော့မည့် ဂတိကို တွေ့မြင်နေရသည့်အတွက် စိတ်မချမ်းသာမှု ပူပန်မှု ကြောက်ရွံ့တုန်လှုပ်မှု ဟူသည့် ဆုတ်နစ်သည့် ဒေါသနှင့် ယှဉ်တွဲနေသည့် အကုသိုလ်ဇောတို့က မရဏာသန္နဇော၏ နေရာကို အရယူနေကြပေသည်။ မျက်ရည်စက်လက်ဖြင့် ဘဝကို အဆုံးသတ်သွားကြ၏၊ သို့သော် မရဏဿတိဘာဝနာကို ပွားများထားပြီးသူ မပြတ်လေ့ကျင့်နေသူတို့ကား.. အဆိပ်ပြင်းထန်သည့် မြွေကို တွေ့ရှိသည့်အခါ ကြောက်ရွံ့တုန်လှုပ်မှု မရှိဘဲ ယင်းမြွေကို တုတ်ဖြင့် ကော်ယူကာ ဝေးရာတစ်နေရာသို့ ပို့ဆောင်ပေးလိုက်သကဲ့သို့ ..သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါ ကြောက်ရွံ့တုန်လှုပ်မှု မရှိဘဲ မိမိပွားများထားသည့် မရဏဿတိဘာဝနာကဲ့သို့သော ဘာဝနာကုသိုလ်တို့ကြောင့် ထင်ရှားဖြစ်ပေါ်လာကြရသော မိမိသွားရမည့် ကောင်းသော လားရာဂတိကို ရည်မျှော်ကာ ချမ်းမြေ့စွာဖြင့် ဘဝကို အဆုံးသတ်ရပေသည်။ ထိုကြောင့် ဘုရားရှင်က မရဏဿတိဘာဝနာကို ပွားများအားထုတ်ရန် ယင်း'ပေသကာရဓီတာဝတ္ထု'တွင်လည်း တိုက်တွန်းထားတော်မူခဲ့လေသည်။

ဇီဝိတိန္ဒြေ၏ ပြတ်စဲမှု

ဤရှုကွက်ကား ပရမတ်တရား - ဇီဝိတိန္ဒြေ–နှင့် ဆက်စပ်နေသဖြင့် လွယ်မယောင်နှင့် ခက်သော ရှုကွက်တစ်ခု ဖြစ်နေ၏၊ ဇီဝိတိန္ဒြေယုပစ္ဆေဒသင်္ခါတဿ မရဏဿ သရဏံ မရဏဿတိ –– ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၄၀၂]တွင် ဖွင့်ဆိုထားသည့်အတိုင်း မိမိ၏ ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကို မြင်အောင် ကြည့်၍ ရှုရမည့် ရှုကွက်ဖြစ်နေပေသည်။ မိမိ သေနေသည့် အလောင်းကောင်ကို ဉာဏ်နှင့် ကပ်ဆောင်ကာ ကြည့်နိုင်ရုံမျှဖြင့်ကား လိုရင်းကိစ္စ မပြီးနိုင် ရှိနေသေး၏၊ ထို့ကြောင့် ယောဂါဝစရပုဂ္ဂိုလ်က ဗဟိဒ္ဓအလောင်းကောင်အာရုံ၌ ပထမစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ရှုပြီးသောအခါ .. မိမိသေနေသည့် ပုံကိုလည်း ဉာဏ်ဖြင့် ကပ်ဆောင်ကာ ကြည့်ရှုနိုင်သဖြင့် မိမိသေနေသည့် အလောင်းကောင်ကိုလည်း တွေ့မြင်သောအခါ ..ယင်းအလောင်းကောင်၏ နှလုံးအိမ်အတွင်းဘက်သို့ ထိုးစိုက်ကာ ရှုကြည့်ပါ။ ထိုသို့ ရှုရာ၌ ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကိုကား လွယ်လွယ်ကူကူ တွေ့ချင်မှတွေ့မည် ဖြစ်၏၊ အကြောင်းကား ယင်းသေနေသော အလောင်းကောင်၌ ဇီဝိတိန္ဒြေကား ပြတ်စဲပြီး ဖြစ်သောကြောင့် ဖြစ်၏၊ သို့အတွက် ယင်း အလောင်းကောင်၏ နှလုံးအိမ်အတွင်းဘက်သို့ ဉာဏ်ကို စေလွှတ်ကာ ရှုကြည့်နိုင်သောအခါ မသေမီ အချိန်ကာလ ဘက်သို့ အနည်းငယ် နောက်ဆုတ်ကာ ရှုကြည့်ပါ။ ထိုအခါ .. သေခါနီး ဘဝင်မနောအကြည်ဓာတ်ကို သို့မဟုတ် စိတ်အစဉ်ကို တွေ့ရှိနိုင်ပေသည်။ ဤအရာဝယ် ပြောလိုရင်းမှာ ဘဝင်မနောအကြည်ဓာတ်ပင် ဖြစ်သည်။ ယောဂီ ပုဂ္ဂိုလ်သည် စျာန်အင်္ဂါများကို သိမ်းဆည်းခဲ့စဉ်က ယင်းဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းနိုင်ခဲ့ပြီးဖြစ်သဖြင့် ဤအချိန်တွင်လည်း ယင်း ဘဝင်မနောအကြည်ဓာတ်ကို လွယ်လွယ်ကူကူ သိမ်းဆည်းနိုင်မည် ဖြစ်ပေသည်။ ယင်းဘဝင် မနောအကြည်ဓာတ်ကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ သေမည့်ဘက်သို့ တစ်ဖန် တိုး၍ ရှုကြည့်ပါ။ ထိုအခါ ယင်းဘဝင် မနောအကြည်ဓာတ်၏ ရပ်စဲမှုသဘောကိုကား တွေ့မြင်နိုင်ပေသည်။ ထိုအခါတွင် အထက်က ရှင်းပြခဲ့သည့်အတိုင်း ယင်းဘဝင်မနောအကြည်ဓာတ်ကို ဖြစ်စေသည့် အကြောင်းရင်း ဘဝင်စိတ်ကို ထိုးစိုက်ကာ ရှုကြည့်ပါ။ ယင်းဘဝင်စိတ်ကို တွေ့သည့်အခါ ယင်းဘဝင်စိတ်နှင့်အတူ ယှဉ်ဖက် ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုသဘောကို မြင်အောင် တစ်ဆင့် ရှုကြည့်ပါ။ တွေ့မြင်ပါက ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကို သဘောပေါက်မည် ဖြစ်ပေသည်။

သို့သော် ယောဂီအများစုမှာ ––- နာမ်ကမ္မဋ္ဌာန်းကို မရှုရသေးသည့်အတွက် မရှုဖူးသေးသည့်အတွက် ဘဝင်စိတ်နှင့် ဇီဝိတိန္ဒြေကို သဘောပေါက်ဖို့ကား အလွန် ခဲယဉ်းနေသေးသော အချိန်ကာလပင် ဖြစ်ပေသည်။ မည်သို့ပင်ခက်ခဲသော်လည်း ဘဝင်မနောအကြည်ဓာတ်ကိုကား တွေ့ရှိနေပြီဖြစ်သည့်အတွက် ယင်းဘဝင်မနောအကြည် ဓာတ်၏ ပြတ်စဲမှုကိုပင် အာရုံယူကာ မရဏာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းလိုကလည်း စီးဖြန်းနိုင်ပေသည်။ သို့သော် အထက်က ရှင်းပြခဲ့သည့်အတိုင်း ယင်း ဘဝင်မနောအကြည်ဓာတ်မှာ ဥပစာရအားဖြင့်သာ ဘဝင်ဟု ခေါ်ဆိုထားခြင်း ဖြစ်ပေသည်။ မည်သို့ပင် ခက်ခဲနေသော်လည်း မိမိ သေနေသည့် အလောင်းကောင်ကိုကား ဉာဏ်ဖြင့် ကပ်ဆောင်၍ ရှုခဲ့သော် ရရှိနိုင်သည်သာ ဖြစ်၏၊ အတိတ်ဘဝထိုထိုက မရဏာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့ဖူးသူ ဖြစ်လျှင်လည်း ယင်းဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကို တစ်နည်းဆိုရသော် ဇီဝိတိန္ဒြေနှင့် တကွသော ဘဝင်စိတ်၏ ပြတ်စဲမှုကို ရှုမြင်နိုင်ပေသည်။ ထိုသို့ ရှုမြင်နိုင်လျှင်ကား အကောင်းဆုံးပင် ဖြစ်ပေသည်။ သို့သော် နာမ်ကမ္မဋ္ဌာန်းကို မရှုဖူးသေးသော ယောဂီအများစုမှာ ဥပစာရအားဖြင့် တင်စားကာ ခေါ်ဝေါ်သုံးစွဲနေသော အထက်တွင် ရှင်းပြခဲ့ပြီးသော ဘဝင်မနောအကြည်ဓာတ်၏ ပြတ်စဲမှုသဘောကိုကား ရှု၍ရရှိနေပေသည်။ ယင်းဘဝင်မနောအကြည်ဓာတ်၏ ပြတ်စဲမှု ရပ်ဆိုင်းမှုသဘောကို အာရုံ ယူကာ မရဏာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းလိုက စီးဖြန်းနိုင်ပါသည်။ သို့သော် ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းသို့ ဆိုက်သည် တိုင်အောင် ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ရှုထားပြီးသူ ယောဂီပုဂ္ဂိုလ်တို့သည်ကား ယင်းဇီဝိတိန္ဒြေနှင့်တကွသော ဘဝင်စိတ်၏ ပြတ်စဲမှုကိုလည်းကောင်း, ရုပ်ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကိုလည်းကောင်း လွယ်လွယ်ကူကူပင် ရှု၍ ရရှိနိုင်ပေသည်။

ဤ မေတ္တာ ဗုဒ္ဓါနုဿတိ အသုဘ မရဏဿတိ ကမ္မဋ္ဌာန်း (၄)မျိုးတို့ကား .. ယောဂါဝစရပုဂ္ဂိုလ်တို့အား စောင့်ရှောက်ပေးတတ်သည့် စတုရာရက္ခ အမည်ရသော အစောင့် (၄)ပါး ကမ္မဋ္ဌာန်းများ ဖြစ်ကြသည်။ ဝိပဿနာသို့ မကူးမီ သင်ယူထားသင့်သော ပွားများထားသင့်သော ကမ္မဋ္ဌာန်းများပင် ဖြစ်ကြပေသည်။ ဘုရားရှင်ကိုယ်တော်တိုင် ကလည်း မေဃိယသုတ္တန်[၄၀၄]တွင် ဤသို့ ဟောကြားထားတော်မူခဲ့၏၊

အသုဘာ ဘာဝေတဗ္ဗာ ရာဂဿ ပဟာနာယ၊
မေတ္တာ ဘာဝေတဗ္ဗာ ဗျာပါဒဿ ပဟာနာယ၊
အာနာပါနဿတိ ဘာဝေတဗ္ဗာ ဝိတက္ကုပစ္ဆေဒါယ။

ဤမေဃိယသုတ္တန်နှင့် အညီ အသုဘဘာဝနာကား ရာဂကို တိုက်ဖျက်ရန်အတွက် အကောင်းဆုံးသော လက်နက် ဖြစ်၏၊ အသုဘ အလောင်းကောင်ကို အာရုံယူ၍ ရှုပွားရသော ဤအထက်ပါ အသုဘဘာဝနာကို အဝိညာဏက အသုဘ = သက်မဲ့ အသုဘဟု ခေါ်ဆို၏၊ သက်ရှိ သတ္တဝါတို့၏ (၃၂)ကောဋ္ဌာသကို အာရုံယူ၍ ပဋိကူလမနသိကာရ အားဖြင့် ရှုပွားရသော ဘာဝနာကို အသုဘကမ္မဋ္ဌာန်းအဖြစ် ဂိရိမာနန္ဒသုတ္တန်[၄၀၅]၌ ဟောကြားထားတော်မူ၏၊ သဝိညာဏက အသုဘတည်း၊ ရှင် အသုဘတည်း။ ယင်း အဝိညာဏက အသုဘဘာဝနာ, သဝိညာဏက အသုဘ ဘာဝနာ နှစ်မျိုးလုံးသည်ပင် ရာဂကို ပယ်သတ်ရန်အတွက် အကောင်းဆုံးသော လက်နက်ပင် ဖြစ်သည်။

မေတ္တာကမ္မဋ္ဌာန်းကား ဗျာပါဒ ဒေါသကို ပယ်ရှားရာ၌ အကောင်းဆုံးသော ကမ္မဋ္ဌာန်းဖြစ်၏၊ အာနာပါနဿတိကမ္မဋ္ဌာန်းကား ကြံစည်စိတ်ကူးမှု ဝိတက်အမျိုးမျိုးကို တိုက်ဖျက်ရာ၌ အစွမ်းထက်မြက်သော ကမ္မဋ္ဌာန်းတစ်ခု ဖြစ်၏၊

သို့အတွက် ယောဂါဝစရပုဂ္ဂိုလ်သည် ရာဂ ထကြွသောင်းကျန်းလာသောအခါ အသုဘဘာဝနာကို ပွားပါ။ ဒေါသ ပြင်းထန်လာသောအခါ မေတ္တာဘာဝနာကို ပွားပါ။ ဝိတက် ထူပြောလာသောအခါ အာနာပါနဿတိကို ပွားပါ။ ဘာဝနာလုပ်ငန်းခွင်၌ သဒ္ဓါတရား လျော့နည်းလာသောအခါ, စိတ်မကြည်လင်သောအခါ ဗုဒ္ဓါနုဿတိကို ပွားပါ။ သံဝေဂဉာဏ် နည်းပါး လာသောအခါ, ဘာဝနာလုပ်ငန်းခွင်၌ ပျင်းရိလာသောအခါ မရဏဿတိဘာဝနာကို ပွားပါလေ။

ဘုရားရှင်သည် .. သမထကမ္မဋ္ဌာန်းပိုင်းတွင် ကမ္မဋ္ဌာန်း (၄၀) ဟောကြားထားတော်မူ၏၊ ထိုကမ္မဋ္ဌာန်းတို့တွင် ဤသမထကမ္မဋ္ဌာန်းပိုင်း၌ ––

၁။ အာနာပါနကမ္မဋ္ဌာန်း
၂။ ပဋိကူလမနသိကာရ အရိုးစုကမ္မဋ္ဌာန်း
၃။ ကသိုဏ်း (၁၀)ပါး သမာပတ် (၈)ပါး
၄။ ဗြဟ္မစိုရ်တရား (၄)ပါး
၅။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း
၆။ အသုဘကမ္မဋ္ဌာန်း
၇။ မရဏာနုဿတိကမ္မဋ္ဌာန်း ––

ဤကမ္မဋ္ဌာန်းများကို အကျဉ်းချုပ်ကာ တင်ပြထားပေသည်။ ကြွင်းကျန်သော သမထကမ္မဋ္ဌာန်းများကို ပွားများအားထုတ်လိုပါက ဆရာသမားများထံသို့ ချဉ်းကပ်ကာ လေ့လာကြပါကုန်။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာကမ္မဋ္ဌာန်းသို့ ကူးတက်လိုပါက ရုပ်ကမ္မဋ္ဌာန်းပိုင်း စသည်ကို ဆက်လက်ကာ ပွားများအားထုတ်ပါလေ။

ရုပ်ကမ္မဋ္ဌာန်းပိုင်း

ကထဉ္စ ဘိက္ခဝေ ဘိက္ခု . . န ရူပညူ ဟောတိ?
ဣဓ ဘိက္ခဝေ ဘိက္ခု . .
ယံ ကိဉ္စ ရူပံ သဗ္ဗံ ရူပံ 'စတ္တာရိ မဟာဘူတာနိ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပ'န္တိ ယထာဘူတံ နပ္ပဇာနာတိ။
ဧဝံ ခေါ ဘိက္ခဝေ ဘိက္ခု . . န ရူပညူ ဟောတိ။

ချစ်သား ရဟန်းတို့ ... အဘယ်သို့လျှင် ယောဂါဝစရရဟန်းသည် ရုပ်တရားကို မသိလေသနည်း?

ချစ်သား ရဟန်းတို့ ... ဤသာသနာတော်၌ ယောဂါဝစရရဟန်းသည် ..

မဟာဘုတ်ဓာတ်ကြီးလေးပါးတို့ကိုလည်းကောင်း .., ထိုမဟာဘုတ်ဓာတ်ကြီးလေးပါးတို့ကို မှီ၍ ဖြစ်ကြကုန်သော (၂၄)မျိုးသော ဥပါဒါရုပ်တို့ကိုလည်းကောင်း ..

ဤအလုံးစုံသော ရုပ်တရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား မသိ။

ချစ်သား ရဟန်းတို့ ... ဤသို့လျှင် ယောဂါဝစရရဟန်းသည် ရုပ်တရားကို မသိပေ။ (မ၊၁၊၂၈၂၊ စာပိုဒ်၊၃၄၇။ မဟာဂေါပါလကသုတ္တန်။)

သော . .
ဂဏနတော (သမုဋ္ဌာနတော) ရူပံ အဇာနန္တော . . .
ရူပံ ပရိဂ္ဂဟေတွာ . .
အရူပံ ဝဝတ္ထပေတွာ . .
ရူပါရူပံ ပရိဂ္ဂဟေတွာ . .
ပစ္စယံ သလ္လက္ခေတွာ . .
လက္ခဏံ အာရောပေတွာ . .
ကမ္မဋ္ဌာနံ မတ္ထကံ ပါပေတုံ န သက္ကောတိ။

ထိုယောဂါဝစရရဟန်းသည် ..
၁။ ရုပ် (၂၈)ပါးဟူသော အရေအတွက်အားဖြင့်လည်းကောင်း,
၂။ ကံ စိတ် ဥတု အာဟာရတည်းဟူသော အကြောင်း သမုဋ္ဌာန်အားဖြင့်လည်းကောင်း ..
ရုပ်တရားကို မသိခဲ့သော် ...

၁။ ရုပ်တရားကို သိမ်းဆည်း၍ (= ဉာဏ်ဖြင့် ပိုင်းခြားယူ၍) ..,
၂။ နာမ်တရားကို ပိုင်းခြား မှတ်သား၍ ..,
၃။ ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်း၍ ..,
၄။ ယင်းရုပ်နာမ်တို့၏ အကြောင်းတရားကို ကောင်းစွာ ပိုင်းခြားမှတ်သား၍ ..,
၅။ လက္ခဏာရေး သုံးတန်သို့ တင်၍ ..
ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသည့် အထွတ်အထိပ်သို့ ရောက်စေအံ့သောငှာ မစွမ်းနိုင်ပေ။ (မ၊ဋ္ဌ၊၂၊၁၆၃။ မဟာဂေါပါလကသုတ္တန်အဋ္ဌကထာ။)

ရုပ်ကမ္မဋ္ဌာန်းပိုင်း

ရုပ် (၂၈) ပါး

ရုပ်တရားတို့သည် ဘူတရုပ် ဥပါဒါရုပ်ဟု အကျဉ်းအားဖြင့် နှစ်မျိုးရှိ၏၊ အခြားသောရုပ်များထက် သဘော လက္ခဏာအားဖြင့်လည်းကောင်း, အထည်ကိုယ်ဒြပ်အားဖြင့်လည်းကောင်း ကြီးကျယ်ထင်ရှားသော ဓာတ်ကြီးလေးပါးကို ဘူတရူပ = ဘူတရုပ်, မဟာဘူတ = မဟာဘုတ်ဟု ခေါ်ဆိုသည်။ မဟာဘုတ် လေးပါးကို မှီ၍ဖြစ်သော (၂၄)မျိုးသော ရုပ်ကို ဥပါဒါရုပ်ဟု ခေါ်ဆိုသည်၊ မဟာဘုတ်ဓာတ်ကြီးလေးပါးကို ဖြူအောင် ဝါအောင် နီအောင် ဤသို့ စသည်ဖြင့် ခြယ်လှယ်သော အမွှန်းတင်ရုပ်များတည်း။

တစ်ဖန် .. ယင်းမဟာဘုတ်လေးပါးကို ဓာတု (= ဓာတ်) ဟုလည်း ခေါ်ဆိုပြန်၏၊ မိမိသဘောကို မိမိ ဆောင်ထားနိုင်သော, မိမိသဘောအတိုင်း ထင်ရှားသော တရားကို ဓာတု (= ဓာတ်)ဟု ခေါ်ဆို၏၊ ပထဝီဓာတ်သည် မာ-ကျန်း-လေး-ပျော့-ချော-ပေါ့ဟူသော မိမိသဘောကို မိမိဆောင်ထား၏၊ အာပေါဓာတ်သည် ယိုစီး-ဖွဲ့စည်းဟူသော မိမိသဘောကို မိမိဆောင်ထား၏၊ တေဇောဓာတ်သည် ပူ-အေးဟူသော မိမိသဘောကို မိမိဆောင်ထား၏၊ ဝါယောဓာတ်သည် ထောက်ကန်-တွန်းကန်ဟူသော မိမိသဘောကို မိမိဆောင်ထား၏၊ ထိုကြောင့် ယင်းလေးပါးကို ဓာတ်ဟုလည်း ခေါ်ဆိုသည်။

(၁) မဟာဘုတ် ဓာတ်ကြီး (၄) ပါး

၁။ ပထဝီဓာတ်, ၂။ အာပေါဓာတ်, ၃။ တေဇောဓာတ်, ၄။ ဝါယောဓာတ်။

(၂) ပသာဒရုပ် = အကြည်ရုပ် = အကြည်ဓာတ် (၅) ပါး

၁။ စက္ခုပသာဒ = မျက်စိ အကြည်၊
၂။ သောတပသာဒ = နား အကြည်၊
၃။ ဃာနပသာဒ = နှာ အကြည် = နှာခေါင်း အကြည်၊
၄။ ဇိဝှါပသာဒ = လျှာ အကြည်၊
၅။ ကာယပသာဒ = ကိုယ် အကြည်၊

(၃) ဂေါစရရုပ် = အာရုံရုပ် (၇) မျိုး

၁။ ရူပါရုံ = အဆင်း = အရောင် = ဝဏ္ဏ၊
၂။ သဒ္ဒါရုံ = အသံ၊
၃။ ဂန္ဓာရုံ = အနံ့၊
၄။ ရသာရုံ = အရသာ၊
၅။ ဖောဋ္ဌဗ္ဗာရုံ = အတွေ့အထိဓာတ်၊[၄၀၆]

(၄) ဘာဝရုပ် (၂) ပါး

၁။ ဣတ္ထိဘာဝရုပ် = အမျိုးသမီးဖြစ်ကြောင်းရုပ်၊
၂။ ပုရိသဘာဝရုပ် = အမျိုးသားဖြစ်ကြောင်းရုပ်၊

(၅) ဟဒယရုပ် (၁) ပါး

၁။ ဟဒယဝတ္ထုရုပ် = မနောဓာတ် မနောဝိညာဏဓာတ် ဟူသော အသိစိတ်တို့၏ မှီရာဖြစ်သော ရုပ်၊ (နှလုံးအိမ် အတွင်းရှိ သွေး၌ တည်၏၊)

(၆) ဇီဝိတရုပ် (၁) ပါး

၁။ ဇီဝိတိန္ဒြေ = ဇီဝိတ = သက်စောင့်ရုပ် = သက်စောင့်ဓာတ်၊

(ဤရုပ်ကား ကံကြောင့်ဖြစ်သော ကမ္မဇရုပ်ကလာပ်တိုင်း၌ ပါဝင်၍ ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်ရှောက် ပေးသော ကမ္မဇရုပ်တို့၏ အသက်တည်း။)

(၇) အာဟာရရုပ် (၁) ပါး

၁။ ကဗဠီကာရအာဟာရ = စားမျိုအပ်သော အစာအာဟာရ၌ ပါဝင်တည်ရှိသော အဆီအစေး အနှစ် ဩဇာ၊[၄၀၇]

ဤ (၁၈)မျိုးသော ရုပ်ကို မိမိ၏ ကိုယ်ပိုင်ဥစ္စာဖြစ်သော သဘာဝလက္ခဏာ ကိုယ်စီ ရှိသောကြောင့် သဘာဝရုပ် ဟူ၍လည်းကောင်း, အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာဟူသော အများဆိုင် သာမညလက္ခဏာ ထင်ရှား ရှိသောကြောင့် သလက္ခဏရုပ်ဟူ၍လည်းကောင်း, ကံ-စိတ်-ဥတု-အာဟာရတည်းဟူသော ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့သည် ဖြစ်စေအပ်သောကြောင့် နိပ္ဖန္နရုပ်ဟူ၍လည်းကောင်း, တကယ့် ဖောက်ပြန်တတ်သည့် ရုပ်အစစ် ဖြစ်သောကြောင့် ရူပရုပ်ဟူ၍လည်းကောင်း, အနိစ္စ ဒုက္ခ အနတ္တဟူသော လက္ခဏာယာဉ်သုံးချက်သို့တင်၍ ဝိပဿနာ ရှုပွား သုံးသပ်ကောင်းသောကြောင့် သမ္မသနရုပ်ဟူ၍လည်းကောင်း ခေါ်ဆိုသည်။ ကျန် ရုပ် (၁၀)မျိုးတို့ကား ထိုကဲ့သို့ မဟုတ်၍ အသဘာဝရုပ်, အလက္ခဏရုပ်, အနိပ္ဖန္နရုပ်, အရူပရုပ်, အသမ္မသနရုပ်များတည်း။

(၈) ပရိစ္ဆေဒရုပ် (၁) ပါး

၁။ အာကာသဓာတ် = ရုပ်ကလာပ်တို့၏ အကြားအပေါက် = ပရိစ္ဆေဒရုပ်၊[၄၀၈]

(၉) ဝိညတ်ရုပ် (၂) မျိုး

၁။ ကာယဝိညတ် = ကိုယ်ဖြင့် သိစေတတ်သော ကိုယ်အမူအရာ၊
၂။ ဝစီဝိညတ် = နှုတ်ဖြင့် သိစေတတ်သော နှုတ်အမူအရာ၊
= (စကားသံဖြင့်) သိစေတတ်သော နှုတ်အမူအရာ၊

(၁၀) ဝိကာရရုပ် (၅) မျိုး (၃) မျိုး

၁။ ရူပဿ လဟုတာ = (စိတ္တဇ-ဥတုဇ-အာဟာရဇ) ရုပ်တို့၏ ပေါ့မှုသဘော၊
၂။ ရူပဿ မုဒုတာ = (စိတ္တဇ-ဥတုဇ-အာဟာရဇ) ရုပ်တို့၏ နူးညံ့မှုသဘော၊
၃။ ရူပဿ ကမ္မညတာ = (စိတ္တဇ-ဥတုဇ-အာဟာရဇ) ရုပ်တို့၏ အမှု၌ ကောင်းမွန် ခံ့ညားမှုသဘော၊

(ဝိညတ်ရုပ် နှစ်မျိုးနှင့် ဤရုပ် သုံးမျိုးကို ဝိကာရရုပ်ဟုလည်း ခေါ်ဆိုသည်။ ထူးထွေခြားနားသော အမူအရာ ရုပ်များဟု ဆိုလိုသည်။)

(၁၁) လက္ခဏရုပ် (၄) မျိုး

၁။ ဥပစယ = (က) ဘဝတစ်ခု၌ ရုပ်အစစ်တို့၏ ရှေးဦးအစ ဖြစ်ခြင်းသဘော၊
( ခ ) ဣန္ဒြေ ပြည့်စုံသည့်တိုင်အောင် = ဘဝတစ်ခု၌ ရထိုက်သမျှ ရုပ်များ ပြည့်စုံသည့်တိုင်အောင် ရုပ်အစစ်တို့၏ အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်းသဘော။
၂။ သန္တတိ = ဘဝတစ်ခု၌ ဣန္ဒြေပြည့်စုံပြီးနောက် ရုပ်အစစ်တို့၏ ရှေ့နှင့်နောက် အစဉ်မပြတ် ဆက်စပ်လျက် အထပ်ထပ် ဖြစ်ခြင်းသဘော။[၄၀၉]
၃။ ဇရတာ = ရုပ်အစစ်တို့၏ ရင့်ခြင်း အိုခြင်း ဆွေးမြည့်ခြင်းသဘော။
(ရုပ်အစစ်တို့၏ တည်မှု ဌီကာလကို ဆိုလိုသည်။)
၄။ အနိစ္စတာ = ရုပ်အစစ်တို့၏ ပျက်ခြင်းသဘော။
(ရုပ်အစစ်တို့၏ ပျက်မှု = ဘင်ကို ဆိုလိုသည်။)

ဤအာကာသဓာတ်နှင့်တကွ ဝိကာရရုပ် (၅)မျိုး လက္ခဏရုပ် (၄)မျိုး၊ ဤ (၁၀)မျိုးသောရုပ်တို့သည် လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခြင်းငှာ မထိုက်သောကြောင့် အသမ္မသနုပဂရုပ် = အသမ္မသနရုပ်တို့ မည်ကြ၏၊ ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရားတို့ကြောင့် ဖြစ်ပေါ်လာသော နိပ္ဖန္နရုပ်တို့ မဟုတ်ရကား အနိပ္ဖန္နရုပ်တို့ မည်ကြ၏၊ တကယ့် ရုပ်အစစ်တို့လည်း မဟုတ်ကြကုန်။ ထိုတွင် အာကာသဓာတ်ဟူသည် အန္တရပရိစ္ဆေဒ မျှသာ ဖြစ်၏၊

အန္တရပရိစ္ဆေဒ-ဟူသည် ထိုထို ရုပ်ကလာပ်တို့၏ ရုပ်ကလာပ်တစ်ခုနှင့် ရုပ်ကလာပ်တစ်ခု မရောယှက်ခြင်း၏ အကြောင်း ဖြစ်သောကြောင့် ရုပ်ကလာပ်တို့၏ အကြားအပေါက်ဖြစ်သော နယ်ခြားဒေသ အပိုင်းအခြားတည်း။[၄၁၀]

ဝိညတ်ရုပ်တို့မှာလည်း ကိုယ်အမူအရာ နှုတ်အမူအရာ အခြင်းအရာမျှသာ ဖြစ်သည်။ ရုပ်အစစ်တို့၏ အမူအရာ အခြင်းအရာမျှသာတည်း။ လက္ခဏရုပ်ဟူသည်မှာလည်း ရုပ်အစစ်တို့၏ ဖြစ်မှု တည်မှု ပျက်မှု အခြင်းအရာမျှသာတည်း။ ဝိကာရရုပ်ဟူသည်မှာလည်း စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့၏ ထူးထွေကွဲပြားခြားနားသော အမူအရာထူးများ သာတည်း။ ထိုကြောင့် တကယ့် ရုပ်အစစ်တို့ကား မဟုတ်ကြပေ။ ထိုကြောင့်လည်း ဝိပဿနာ မရှုကောင်းပေ။ သို့သော် ဤကဲ့သို့ ရုပ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းနေသည့် နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း ဒိဋ္ဌိဝိသုဒ္ဓိစခန်း၌ကား ယင်းရုပ်အတု (၁၀)မျိုးတို့ကို ရောနှော၍ သိမ်းဆည်းရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၄၁၁]၌လည်းကောင်း, လက္ခဏာဟာရနေတ္တိ နည်းအားဖြင့် မဟာရာဟုလောဝါဒသုတ္တန်[၄၄၈]စသော ထိုထိုသုတ္တန်တို့၌လည်းကောင်း ဖွင့်ဆိုထားပေသည် ဟောကြား ထားတော်မူပေသည်။

အာကာသဓာတ်ကို မမြင်က ရုပ်ကလာပ်ကို မမြင်နိုင်။ ရုပ်ကလာပ်ကို မမြင်ပါက ရုပ်ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော ပရမတ္ထရုပ်တရားအစစ်တို့ကို မသိမ်းဆည်းနိုင်။ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်က အနတ္တသို့လည်း မဆိုက်နိုင်၊ အနတ္တသို့ ဉာဏ်အမြင် မဆိုက်က စစ်မှန်သော ဝိပဿနာဉာဏ်လည်း မဖြစ်နိုင်ပေ။ ထိုကြောင့် ရုပ်နာမ်ကို သိမ်းဆည်းနေသည့် ဒိဋ္ဌိဝိသုဒ္ဓိပိုင်း၌ အာကာသဓာတ်ကို ရှုရန် ညွှန်ကြားနေရခြင်းဖြစ်၏၊ ရုပ်ကလာပ်တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ပရမတ္ထ ရုပ်အစစ်တို့ကို သိမ်းဆည်းနိုင်သောအခါ ယင်းရုပ်အစစ်တို့၏ ဖြစ်မှု တည်မှု ပျက်မှုကိုလည်း မလွှဲမရှောင်သာ မြင်တွေ့နေမည်သာ ဖြစ်၏၊ ထိုကြောင့် ယင်းလက္ခဏရုပ်တို့ကိုလည်း သိမ်းဆည်းရ၏၊ ဖြစ်မှု တည်မှု ပျက်မှုတို့ကား သင်္ခတတရားတို့၏ သင်္ခတလက္ခဏာတည်း။[၄၁၂] ယင်းသင်္ခတလက္ခဏာကို မြင်ပါမှ ဤကား သင်္ခတတရားတစ်ခု ဤကား သင်္ခတတရားတစ်ခုဟု ရှေးသင်္ခတနှင့် နောက်သင်္ခတကို ပိုင်းခြား၍ ရနိုင်မည်၊ သန္တတိဃန ဟူသော ရုပ်အစဉ်အတန်း အတုံးအခဲ ပြိုနိုင်မည်။ ဃနပြိုမှလည်း ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည်။ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပါမှလည်း အနတ္တသို့ ဉာဏ်အမြင်ဆိုက်မည်။ အနတ္တသို့ ဉာဏ်အမြင် ဆိုက်ပါမှလည်း လက္ခဏာရေး သုံးတန်လုံး ထင်ရှားကာ စစ်မှန်သော ဝိပဿနာဉာဏ်သည် ဖြစ်ပေါ်လာနိုင်ပေမည်။ တစ်ဖန် ဣရိယာပထပိုင်းဆိုင်ရာ ရှုကွက်, သမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်, စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်ရှုကွက်တို့၌ ဝိကာရရုပ်တို့ကား ရှောင်လွှဲ၍ မရနိုင်သော မလွှဲမရှောင်သာ တွေ့မြင်နေရမည့် ယင်းရုပ်အစစ်တို့၏ ထူးထွေကွဲပြားခြားနားသော အမူအရာရုပ်တို့သာ ဖြစ်ကြရကား ယင်းတို့ကိုလည်း ဤအပိုင်း၌ ရောနှော၍ သိမ်းဆည်းရန် ပါဠိတော်နှင့် အဋ္ဌကထာတို့က ညွှန်ကြား ထားတော်မူခြင်း ဖြစ်၏၊ သို့သော် ယင်းရုပ်အတုတို့မှာ ရုပ်အစစ်တို့ကို မှီ၍ ဖြစ်ပေါ်လာကြသော အတုအယောင်တို့သာ ဖြစ်ခြင်းကြောင့် သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ်စသော ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ၌ကား ယင်းရုပ်အတုတို့ကို ဝိပဿနာ မရှုရန်လည်း ညွှန်ကြားထားတော်မူပေသည်။

(၆) ဒွါရ၌ တည်ရှိသော ရုပ်ကလာပ်များ

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၄၁၃]၌ကား စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ မနောဒွါရတို့၌ (၅၄)မျိုးသော ရုပ်တရား၊ ကာယဒွါရ၌ (၄၄)မျိုးသော ရုပ်တရားတို့ကို ရေတွက်ပြထား၏၊ သို့သော် ယင်းဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ပင် တေဇော ကောဋ္ဌာသ (၄)မျိုးနှင့် အဿာသပဿာသကောဋ္ဌာသမှ တစ်ပါးသော ဝါယောကောဋ္ဌာသ (၅)မျိုးတို့၌ ဇီဝိတနဝက ကလာပ်ရုပ်တရားတို့ အသီးအသီး ရှိကြောင်းကို ဖော်ပြထား၏၊ ယင်းတေဇောကောဋ္ဌာသ ဝါယောကောဋ္ဌာသ ရုပ်တရားတို့ကား ခန္ဓာကိုယ်တစ်ကိုယ်လုံး၌ အနှံ့အပြား တည်ရှိကြသော ရုပ်တရားတို့ ဖြစ်ကြ၏၊ သို့အတွက် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့သည် ခန္ဓာကိုယ်တစ်ကိုယ်လုံး၌ အနှံ့အပြား တည်ရှိနေကြသကဲ့သို့ အလားတူပင် ဇီဝိတနဝက ကလာပ်ရုပ်တို့သည်လည်း ခန္ဓာအိမ်တစ်ခုလုံး၌ အနှံ့အပြားပင် တည်ရှိနေကြပေသည်။ ထို့ကြောင့် လယ်တီဆရာတော်ဘုရားက မိမိ၏ ပရမတ္ထဒီပနီ[၄၁၄]တွင် ကာယဒသကကလာပ် ဘာဝဒသကကလာပ် ဇီဝိတနဝကကလာပ် (၃)မျိုးတို့သည် ခန္ဓာအိမ်တစ်ခုလုံး၌ အနှံ့အပြား တည်ရှိနေကြသည့် ''သကလသရီရဗျာပီ'' ရုပ်ကလာပ် (၃)မျိုးတို့ ဖြစ်ကြောင်းကို အထက်ပါ ယင်းဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကိုပင် ကိုးကား၍ ဖွင့်ဆိုထားပေသည်။ သို့အတွက် ယင်းဇီဝိတနဝကကလာပ်ကိုပါ (၆)ဒွါရလုံးတို့၌ ထပ်မံ ပေါင်းစပ်လိုက်ပါက ကာယဒွါရ၌ ရုပ်ကလာပ်အမျိုးအစား (၆)မျိုး ရုပ်အမျိုးအစား (၅၃)မျိုး၊ ကျန် ဒွါရ (၅)မျိုးတို့၌ ရုပ်ကလာပ်အမျိုးအစား (၇)မျိုးစီ ရုပ်အမျိုးအစား (၆၃)မျိုးစီ အသီးအသီး တည်ရှိနေပေသည်။ သို့သော် ဤ၌ အမျိုးအစား၏ အရေအတွက်ကိုသာ ဆိုလိုသည်။ တစ်မျိုးမျိုး၌ကား ရုပ်ကလာပ်ပေါင်း များစွာ ရုပ်အမျိုးအစားပေါင်း များစွာ တည်ရှိနိုင်ပေသည်။

ထိုဇီဝိတနဝကကလာပ်တို့တွင် အစာကို ကြေကျက်စေတတ်သည့် ဂဟဏီအမည်ရသော ပါစကဝမ်းမီး ခေါ် ပါစကတေဇောဓာတ် ပါဝင်သည့် ဇီဝိတနဝကကလာပ်ရုပ်တရားတို့လည်း ပါဝင်ကြ၏၊ ယင်းဇီဝိတနဝကကလာပ် ရုပ်တို့သည်လည်း ခန္ဓာအိမ်တစ်ခုလုံး၌ပင် အနှံ့အပြား တည်ရှိနေကြ၏၊ ယင်းသို့ တည်ရှိနေသည့်အတွက် – သရီရေ မက္ခိတာဟာရောပိ ရူပံ သမုဋ္ဌာပေတိ[၄၁၅] – ခန္ဓာကိုယ်ပေါ်၌ လိမ်းကျံပေးလိုက်သော အာဟာရဆေးဝါးသည်လည်း တစ်နည်းဆိုရသော် ခန္ဓာကိုယ်ပေါ်၌ လိမ်းကျံပေးလိုက်သော အာဟာရဆေးဝါးဟု ခေါ်ဆိုအပ်သော ဥတုဇရုပ် ကလာပ်တွင် ပါဝင်သော ဩဇာသည်လည်း ယင်းလိမ်းကျံသည့်နေရာတွင် အသင့်တည်ရှိနေသည့် ယင်းဇီဝိတနဝက ကလာပ်ရုပ်တို့တွင် ပါဝင်သော ပါစကတေဇောဓာတ်၏ အထောက်အပံ့ကို ရရှိသဖြင့် အာဟာရဇရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်ပေသည်။ ထို့ကြောင့် မျက်စိအတွင်းသို့ မျက်စဉ်းဆေးကို ခပ်လိုက်လျှင် နားအတွင်းသို့ နားဆီဆေးကို ထည့်ပေးလိုက်လျှင် အလားတူပင် အာဟာရဇရုပ်ကလာပ်များသည် မျက်စိအတွင်း နားအတွင်းသို့ ပျံ့နှံ့ ဖြစ်ပေါ်သွားပေသည်။ (ပျံ့နှံ့ ဖြစ်ပွားသွားပုံကို အာဟာရဇရုပ် ဖြစ်ပုံအပိုင်းတွင် ကြည့်ပါ။) ထို့ကြောင့် ဇီဝိတနဝကကလာပ်ရုပ်၏ ဒွါရ (၆)ပါးလုံးတို့၌ အနှံ့အပြားတည်ရှိမှုမှာ ဒွါရ (၆)ပါးလုံးတို့၌ တည်ရှိကြသော စတုသမုဋ္ဌာနိကဩဇာ အသီးအသီး၏ အာဟာရဇရုပ်ကို ဖြစ်စေရာ၌ မရှိမဖြစ်သော လိုအပ်ချက်တစ်ခုပင် ဖြစ်ပေသည်။

မနောဒွါရ ဟူသည်

ဤအရာ၌ အဋ္ဌကထာဆရာတော်[၄၁၃]က ဟဒယကို မနောဒွါရဟု ခေါ်ဝေါ်သုံးစွဲထား၏၊ ဤကဲ့သို့သော အသုံးအနှုန်းနှင့် ဆက်စပ်၍ မနောဒွါရအကြောင်းကို ဆက်လက်တင်ပြအပ်ပါသည်။

သံယုတ်အဋ္ဌကထာ[၄၁၆]နှင့် မဟာဋီကာ[၄၁၇]တို့၏ ဖွင့်ဆိုချက်နှင့် အညီ –

၁။ ဘဝင်ကိုလည်း မနောဒွါရဟု ခေါ်ဆို၏၊
၂။ မနောဒွါရာဝဇ္ဇန်းနှင့် တကွသော ဘဝင်ကိုလည်း မနောဒွါရဟု ခေါ်ဆို၏၊
၃။ ဟဒယဝတ္ထုကိုလည်း ဌာနျူပစာရအားဖြင့် မနောဒွါရဟု ခေါ်ဆို၏၊

ဌာနျူပစာရ – ဘဝင်သည် တစ်နည်း အာဝဇ္ဇန်းနှင့် တကွသော ဘဝင်သည် ဟဒယဝတ္ထုကိုပင် မှီ၍ဖြစ်ရ၏၊ မှီတတ်သော ဘဝင်၏ တစ်နည်း မှီတတ်သော အာဝဇ္ဇန်းနှင့် တကွသော ဘဝင်၏ မနောဒွါရဟူသော အမည်ကို မှီအပ်သော မှီရာဖြစ်သော ဟဒယဝတ္ထုရုပ်၌ တင်စား၍ တစ်နည်းဆိုရသော် ဌာနီဖြစ်သော ဘဝင်၏ သို့မဟုတ် အာဝဇ္ဇန်းနှင့် တကွသော ဘဝင်၏ မနောဒွါရဟူသော အမည်ကို ဌာနဖြစ်သော ဟဒယဝတ္ထု၌ တင်စား၍ ဌာနဖြစ်သော (= မှီရာ ဖြစ်သော) ဟဒယဝတ္ထုရုပ်ကိုပင် ဌာနျူပစာရအားဖြင့် မနောဒွါရဟု ခေါ်ဆိုထားပေသည်။



မှတ်သားလွယ်ကူစေရန် ဒွါရ (၆)ပါး၌ တည်ရှိကြသော ရုပ်ကလာပ်အမျိုးအစားနှင့် ရုပ်အရေအတွက် အမျိုးအစားတို့ကို ဇယားများဖြင့် ဖော်ပြထားပါသည်။

၁။ စက္ခုဒသကကလာပ် = ရူပါရုံ၏ ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော စက္ခုအကြည်ဓာတ်လျှင် (၁၀)ခုမြောက် ရှိသော (ကြည်သော) ရုပ်ကလာပ်။
၂။ ကာယဒသကကလာပ် = ဖောဋ္ဌဗ္ဗာရုံ (ပထဝီ-တေဇော-ဝါယော)၏ ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော ကာယအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော (ကြည်သော) ရုပ်ကလာပ်။ 
၃။ ဘာဝဒသကကလာပ် = ဘာဝရုပ်လျှင် (၁၀)ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်။
၄။ ဇီဝိတနဝကကလာပ် = ဇီဝိတရုပ်လျှင် (၉)ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်။
၅။ စိတ္တဇအဋ္ဌကလာပ် = ယဒယဝတ္ထုကို မှီ၍ဖြစ်သောစိတ်ကြောင့် ဖြစ်သော ဩဇာလျှင် (၈)ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်။
၆။ ဥတုဇအဋ္ဌကလာပ် = ရုပ်ကလာပ်တစ်ခုအတွင်း၌ ရှိသော တေဇောဓာတ် (= ဥတု)ကြောင့် ဖြစ်သော ဩဇာလျှင် (၈)ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်။ ၇။ အာဟာရဇအဋ္ဌကလာပ် = အာဟာရ (= ဩဇာ)ကြောင့် ဖြစ်သော ဩဇာလျှင် (၈)ခုမြောက် ရှိသော (မကြည်သော) ရုပ်ကလာပ်။

မှတ်ချက် –– ဤ (၆၃)မျိုးသော ရုပ်တို့ကို သသမ္ဘာရစက္ခုဟု ခေါ်ဆို၏၊ ထိုတွင် စက္ခုပသာဒမှာ ပသာဒစက္ခုလည်း အမည်ရသည်။

၁။ သောတဒသကကလာပ် = သဒ္ဒါရုံ (= အသံ)၏ ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော သောတအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော (ကြည်သော) ရုပ်ကလာပ်။

မှတ်ချက် –– ဤ (၆၃)မျိုးသော ရုပ်တို့ကို သသမ္ဘာရသောတဟု ခေါ်ဆို၏၊ ထိုတွင် သောတပသာဒမှာ ပသာဒသောတဟူသော အမည်ကိုလည်း ရရှိသည်။ ကာယဒသကကလာပ် စသော ကျန် (၆)မျိုးသော ရုပ်ကလာပ်တို့၏ သဘောအဓိပ္ပါယ်ကို ရှေး စက္ခုဒွါရ၌ ဆိုခဲ့သည့်နည်းအတိုင်းပင် မှတ်ပါ။

၁။ ဃာနဒသကကလာပ် = ဂန္ဓာရုံ (= အနံ့)၏ ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော ဃာနအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော (ကြည်သော) ရုပ်ကလာပ်။

မှတ်ချက် –– ဤ (၆၃)မျိုးသော ရုပ်တို့ကို သသမ္ဘာရဃာနဟု ခေါ်ဆို၏၊ ထိုတွင် ဃာနပသာဒမှာ ပသာဒဃာနဟူသော အမည်ကိုလည်း ရရှိသည်။

၁။ ဇိဝှါဒသကကလာပ် = ရသာရုံ (အရသာ)၏ ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော ဇိဝှါအကြည်ဓာတ်လျှင် (၁၀)ခုမြောက်ရှိသော (ကြည်သော) ရုပ်ကလာပ်။

မှတ်ချက် –– ဤ (၆၃)မျိုးသော ရုပ်တို့ကို သသမ္ဘာရဇိဝှါဟု ခေါ်ဆို၏၊ ထိုတွင် ဇိဝှါပသာဒမှာ ပသာဒဇိဝှါဟူသော အမည်ကိုလည်း ရရှိသည်။

မှတ်ချက် –– ဤ (၅၃)မျိုးသော ရုပ်တို့ကို သသမ္ဘာရကာယဟု ခေါ်ဆို၏၊ ထိုတွင် ကာယပသာဒမှာ ပသာဒကာယဟူသော အမည်ကိုလည်း ရရှိပေသည်။ ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်း၌ လာရှိသော (၄၂)ကောဋ္ဌာသဟူသည် ဤကာယဒွါရ (= ကိုယ်ဌာန)၌ တည်ရှိသော ရုပ်တရားများကိုပင် ထပ်မံ၍ (၄၂)ပုံ ပုံကာ ခွဲခြားစိတ်ဖြာ၍ ရှုခြင်း ဖြစ်သည်။ သို့အတွက် ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်း၌ အချို့အချို့သော ကောဋ္ဌာသ၌ တည်ရှိသော ရုပ်တရားတို့ကို ရေတွက်ပြရာ၌ (၅၃)ဟု တွေ့လျှင် အထက်ပါ (၅၃)မျိုးသော ရုပ်တရားတို့ကိုပင် ဆိုလိုသည်ဟု မှတ်ပါ။

၁။ ဟဒယဒသကကလာပ် = မနောဓာတ်+မနောဝိညာဏဓာတ်ဟူသော အသိစိတ်တို့၏ မှီ၍ဖြစ်ရာ ဟဒယဝတ္ထုရုပ်လျှင် (၁၀)ခုမြောက်ရှိသော (မကြည်သော) ရုပ်ကလာပ်။

မှတ်ချက် –– ဤ (၆၃)မျိုးသော ရုပ်တရားတို့ကို သသမ္ဘာရဟဒယဟု ခေါ်ဆို၏၊ ထိုတွင် ဟဒယရုပ်မှာ ဟဒယဝတ္ထုဟူသော အမည်ကိုလည်း ရရှိပေသည်။

ဓာတ်ကမ္မဋ္ဌာန်းပိုင်း

ကာလသုံးပါး သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ရုပ်-နာမ်-ကြောင်း-ကျိုး (= သင်္ခါရ)တရားတို့ကို ပရိညာ ပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိရှိနိုင်ရန်အတွက် ဥပစာရသမာဓိ အပ္ပနာသမာဓိ ဟူသော နှစ်မျိုးသော သမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိကို ထူထောင်ရမည် ဖြစ်သည်။ ''နိဗ္ဗာန်သို့သွားရာ တစ်ကြောင်းတည်းသော လမ်း'' အမည်ရသော ဤကျမ်းစာတွင်ကား သမထပိုင်းတွင် အာနာပါနကမ္မဋ္ဌာန်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည့် တိုင်အောင်လည်းကောင်း၊ ကသိုဏ်း (၁၀)ပါး သမာပတ် (၈)ပါး, ဗြဟ္မစိုရ်တရား (၄)ပါး, စတုရာရက္ခကမ္မဋ္ဌာန်း တို့ကိုလည်းကောင်း သမထကမ္မဋ္ဌာန်းပိုင်းဟူသော အမည်ဖြင့် သမာဓိပိုင်း စိတ္တဝိသုဒ္ဓိစခန်းကို ရေးသားတင်ပြခဲ့၏၊ ယခုအခါ၌ ဒိဋ္ဌိဝိသုဒ္ဓိစခန်းတွင် အကျုံးဝင်သော ရုပ်တရားတို့ကို သိမ်းဆည်းပုံ (= ဉာဏ်ဖြင့် ပိုင်းခြားယူပုံ)အပိုင်းကို ရုပ်ကမ္မဋ္ဌာန်းပိုင်းဟူသော အမည်ဖြင့် ဆက်လက်၍ ရေးသားတင်ပြပေအံ့ ..။

ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း

သမထပိုင်း၌ သမထကမ္မဋ္ဌာန်း (၄၀) ရှိ၏၊ သမာဓိပိုင်းတည်း။ ဝိပဿနာပိုင်း၌ကား ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း ဟု နှစ်မျိုး ရှိ၏၊ ရူပပရိဂ္ဂဟ = ရုပ်ကို သိမ်းဆည်းခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း, အရူပပရိဂ္ဂဟ = နာမ်ကို သိမ်းဆည်းခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းဟုလည်း ခေါ်ဆို၏၊ ထိုနှစ်မျိုးတို့တွင် ဘုရားရှင်သည် ရုပ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူလတ်သော် ..

၁။ အကျဉ်းနှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း,
၂။ အကျယ်နှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း –

စတုဓာတုဝဝတ္ထာန် အမည်ရသော ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာကို ဉာဏ်ဖြင့် ပိုင်းခြား ယူကြောင်းဖြစ်သော ဓာတ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူခဲ့လေသည်။[၄၁၈]

ထိုနှစ်မျိုးတို့တွင် ဤကျမ်း၌ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းရှုပွားနည်းကို ရှေ့ဦးစွာ ရေးသားတင်ပြ၍ ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်းကို နောက်တွင် ဆက်လက်၍ ရေးသားတင်ပြမည် ဖြစ်သည်။

မဟာသတိပဋ္ဌာနသုတ္တန် ဓာတုမနသိကာရအခန်း

''ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား ယောဂါဝစရရဟန်းတော်သည် တည်မြဲတိုင်းသော ထားမြဲတိုင်းသော ဤခန္ဓာကိုယ်ကြီးကိုပင်လျှင် 'ဤခန္ဓာကိုယ်ကြီး၌ ပထဝီဓာတ်သည် ရှိ၏၊ အာပေါဓာတ်သည် ရှိ၏၊ တေဇောဓာတ်သည် ရှိ၏၊ ဝါယောဓာတ်သည် ရှိ၏'ဟု ဓာတ်သဘောအားဖြင့် အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဆင်ခြင် သုံးသပ် ရှုပွား၍ နေပေ၏''[၄၁၉]

ဤအထက်ပါ ဒေသနာတော်ကား .. မဟာသတိပဋ္ဌာနသုတ္တန် ဓာတုမနသိကာရအခန်းတွင် လာရှိသော ဓာတ်ကမ္မဋ္ဌာန်း ပြည်တည်ခန်းပင် ဖြစ်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် ဤရူပကာယ ခန္ဓာကိုယ်ကြီး၏ အရိုးကြား, အကြောကြား, အသားကြား, အရေကြားသို့ ဉာဏ်တည်းဟူသော လက်ကို သွင်း၍ ဉာဏ်ဖြင့်စိုက်၍ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် ဟူသော ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကို ဉာဏ်ဖြင့် သိအောင် မြင်အောင် ကြည့်ရှုရမည်ဖြစ်သည်။[၄၂၀] အကယ်၍ ဤကဲ့သို့ လွယ်လွယ်ကူကူဖြင့် မရှုတတ်သေး မမြင်သေးပါက ဤခန္ဓာကိုယ်၏ အရိုးကြား, အကြောကြား, အသားကြား, အရေကြားသို့ ဉာဏ်တည်းဟူသော လက်ကို သွင်း၍ ဦးခေါင်းမှသည် ခြေထောက်သို့ တိုင်အောင် ခြေဆုံးခေါင်းဆုံး အောက်ပါအတိုင်း ရှုပါ။

မဟာဘုတ်ဓာတ်ကြီး (၄) ပါး

၁။ ပထဝီဓာတ်

ဂရုပထဝီ (၃) မျိုး

၁။ မာမှု သဘော
၂။ ကြမ်းမှု သဘော
၃။ လေးမှု သဘော

လဟုပထဝီ (၃) မျိုး

၄။ ပျော့မှု သဘော
၅။ ချောမှု သဘော
၆။ ပေါ့မှု သဘော

၂။ အာပေါဓာတ်

၁။ ယိုစီးမှု သဘော
၂။ ဖွဲ့စည်းမှု သဘော

၃။ တေဇောဓာတ်

၁။ ပူမှု သဘော
၂။ အေးမှု သဘော

၄။ ဝါယောဓာတ်

၁။ ထောက်ကန်မှု သဘော
၂။ တွန်းကန်မှု သဘော

မာ-ကြမ်း-လေး၊ ပျော့-ချော-ပေါ့ကား ပထဝီဓာတ်၏ သဘာဝလက္ခဏာ,[၄၂၁] ယိုစီး-ဖွဲ့စည်းကား အာပေါဓာတ်၏ သဘာဝလက္ခဏာ, ပူ-အေးကား တေဇောဓာတ်၏ သဘာဝလက္ခဏာ, ထောက်ကန်မှုသဘောကား ဝါယောဓာတ်၏ သဘာဝလက္ခဏာ, တွန်းကန်မှုသဘောကား ဝါယောဓာတ်၏ လုပ်ငန်းကိစ္စရပ် ဖြစ်သည်။ တစ်နည်း - လက္ခဏာ ဖြစ်သည်။[၄၂၂]

ရှေးဦးစွာ မိမိ ရရှိထားပြီးသည့် အာနာပါနစတုတ္ထစျာန်သမာဓိကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ အလိုရှိပါက ဩဒါတကသိုဏ်း စတုတ္ထစျာန်သမာဓိအထိ သမာဓိကို ထူထောင်ပါ။ (တရားထိုင်တိုင်း သမာဓိကို ထူထောင်ရန် မမေ့ပါနှင့်။) ထိုနောင် ..

၁။ မာ-မှု ထင်ရှားသည့် တစ်နေရာက စ၍ မာမှုသဘောကို ဦးခေါင်းမှသည် ခြေဖျားသို့ တိုင်အောင် တစ်ကိုယ်လုံး၌ အနှံ့အပြား မြင်အောင် ရှုပါ။ အလားတူပင် –
၂။ ကြမ်းမှု ထင်ရှားသည့် တစ်နေရာကစ၍ ကြမ်းမှုသဘောကို။ ပ။
၃။ လေးမှု ထင်ရှားသည့် တစ်နေရာကစ၍ လေးမှုသဘောကို။ ပ။
၄။ ပျော့မှု ထင်ရှားသည့် တစ်နေရာကစ၍ ပျော့မှုသဘောကို။ ပ။
၅။ ချောမှု ထင်ရှားသည့် တစ်နေရာကစ၍ ချောမှုသဘောကို။ ပ။
၆။ ပေါ့မှု ထင်ရှားသည့် တစ်နေရာကစ၍ ပေါ့မှုသဘောကို။ ပ။
၇။ ယိုစီးမှု ထင်ရှားသည့် တစ်နေရာကစ၍ ယိုစီးမှုသဘောကို။ ပ။
၈။ ဖွဲ့စည်းမှု ထင်ရှားသည့် တစ်နေရာကစ၍ ဖွဲ့စည်းမှုသဘောကို။ ပ။
၉။ ပူမှု ထင်ရှားသည့် တစ်နေရာကစ၍ ပူမှုသဘောကို။ ပ။
၁၀။ အေးမှု ထင်ရှားသည့် တစ်နေရာကစ၍ အေးမှုသဘောကို။ ပ။
၁၁။ ထောက်ကန်မှု ထင်ရှားသည့် တစ်နေရာကစ၍ ထောက်ကန်မှု သဘောကို။ ပ။
၁၂။ တွန်းကန်မှု ထင်ရှားသည့် တစ်နေရာကစ၍ တွန်းကန်မှုသဘောကို ဦးခေါင်းမှသည် ခြေဖျားသို့တိုင်အောင် တစ်ကိုယ်လုံး၌ အနှံ့အပြား မြင်အောင် ရှုပါ။

ဤ (၁၂)မျိုးသော ဓာတ်သဘောတရားတို့တွင် မည်သည့်သဘောတရားကိုမဆို ရှုပါက တစ်ကိုယ်လုံး၌ ပြန့်နေပါစေ၊ တစ်ကိုယ်လုံး၌ အနှံ့အပြား မြင်ပါစေ။ ရှေးဦးစွာ မာမှုသဘောကို တစ်ကိုယ်လုံး အနှံ့အပြား မြင်အောင် ရှုကြည့်ပါ။ အောင်မြင်မှု ရရှိပါက ကျန်ဓာတ်များကိုလည်း ဆက်ရှုပါ။ အကယ်၍ မအောင်မြင်ပါက တွန်းကန်မှု သဘောက စ၍ ရှုကြည့်ပါ။ တွန်းကန်မှုသဘောသည် ကျန်ဓာတ်သဘောတရားများကို ဉာဏ်ဖြင့်တွေ့မြင်ဖို့ရန် များစွာ အထောက်အကူ ပြုပေသည်။

ဝ-လုံးတန်းက စပါ

ဗျည်း (၃၃)လုံးတွင် က-ကြီး, ခ-ခွေးက စသည် မှန်သော်လည်း ကလေးသူငယ်တစ်ဦးကို သင်ပေးရာ၌ ဝ-လုံးက လွယ်ကူသဖြင့် ဝ-လုံးတန်းက စ၍ သင်ပြပေးရသကဲ့သို့ အလားတူပင် ဝါယောဓာတ်၏ တွန်းကန်မှုသဘော မှာလည်း ဝ-လုံးနှင့် တူနေ၏၊ ယောဂီအများစု၌ ရှု၍ လွယ်ကူသည်ကို တွေ့ရ၏၊ ထို့ကြောင့် အထက်ပါစနစ်ဖြင့် မအောင်မြင်ပါက ဝ-လုံးတန်းက စရှုကြည့်ပါ။

ယောဂါဝစရပုဂ္ဂိုလ်သည် ဦးခေါင်း၏ အလယ်ဗဟိုလောက်တွင် ဘာဝနာစိတ်ကို စိုက်ထားပါ၊ အသက် ရှူသွင်း လိုက်သောအခါ အသက်ရှူထုတ်လိုက်သောအခါ တွန်းကန်နေသည့်သဘောကို ထိုနေရာ၌ ဉာဏ်ဖြင့် စိုက်၍ ရှုကြည့်ပါ။ အသက်ရှူသွင်းလိုက်တိုင်း ရှူထုတ်လိုက်တိုင်း တွန်းနေသည့်သဘောကို ဉာဏ်ဖြင့် စူးစူးစိုက်စိုက် ကြည့်ပါ၊ လေကို မကြည့်ပါနှင့်။ ဆွမ်းလုတ်ကို ဝါးသောအခါ ပါးအတွင်း၌ တွန်းကန်နေသည့် ပုံစံမျိုး ဖြစ်သည်။ တွန်းကန်မှုသဘောကို တွေ့ရှိသောအခါ ထိုတွန်းကန်မှုသဘော၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။

ဤစနစ်ဖြင့်လည်း အောင်မြင်မှုကို မရရှိပါက မိမိ ရရှိထားပြီးသည့် အာနာပါနစတုတ္ထစျာန်သမာဓိကို, အလိုရှိပါက ဩဒါတကသိုဏ်း စတုတ္ထစျာန်သမာဓိကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ သမာဓိ၏စွမ်းအင်များ ပြည့်ဝလာသောအခါ၌ တွန်းကန်မှုသဘောကို အထက်ပါအတိုင်း တစ်ဖန် ပြန်၍ ရှုကြည့်ပါ။

အာနာပါနစတုတ္ထစျာန်သမာဓိ သို့မဟုတ် ဩဒါတကသိုဏ်းစတုတ္ထစျာန်သမာဓိတို့မှာ (ဤကျမ်းစာ၌ ရေးသား တင်ပြထားသည့်အတိုင်း ဆိုရမူ) ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာ၏ အခြေပါဒက အကြောင်းရင်းစျာန်ပင် ဖြစ်သည်။ ယင်းသမာဓိကို စွမ်းအင်ပြည့်ဝလာအောင် လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသည့်တိုင်အောင် ထူထောင်ပါ။ တရားထိုင်တိုင်း အခက်အခဲရှိတိုင်း လိုက်နာပြုကျင့်ရမည့် ဥပဒေသတစ်ခု ဖြစ်သည်။

တွန်းကန်မှုသဘောကို ဦးခေါင်းအတွင်း၌ ထင်ထင်ရှားရှား တွေ့မြင်သောအခါ ထိုတွန်းကန်မှုသဘောတရား အပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။ တွန်းကန်မှုသဘောတရားအပေါ်၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေသောအခါ ယင်းတွန်းကန်မှုသဘောတရားသည်လည်း အလွန်ထင်ရှားလာမည် ဖြစ်သည်။ ထင်ရှား လာသောအခါ ဦးခေါင်း၏ အတွင်းပိုင်းမှသည် ဦးခေါင်း၏ အပြင်ဘက်သို့တိုင်အောင် တစ်စတစ်စ တဖြည်းဖြည်း တွန်းကန်မှုသဘောတရားကို ထင်ထင်ရှားရှား မြင်တွေ့အောင် ဉာဏ်ဖြင့် လိုက်ကြည့်ပါ။ အရိုးကြား, အကြောကြား, အသားကြား, အရေကြားသို့ ဉာဏ်တည်းဟူသော လက်ကို သွင်း၍ လိုက်ကြည့်ပါ။ ဦးခေါင်းတစ်ခုလုံး၌ တွန်းကန်မှု သဘောတရားကို ထင်ထင်ရှားရှား တွေ့မြင်သောအခါ လည်ပင်း ရင်ဘတ် ဝမ်းဗိုက်စသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ ဉာဏ်ကို စေလွှတ်၍ အရိုးကြား, အကြောကြား, အသားကြား, အရေကြားသို့ ဉာဏ်တည်းဟူသော လက်ကို သွင်း၍ လိုက်ရှုပါ။ တစ်ကိုယ်လုံး၌ ခြေဆုံးခေါင်းဆုံး တွန်းကန်မှုသဘောတရားကို ထင်ထင်ရှားရှား တွေ့မြင်သောအခါ ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်သဘောတရားတစ်ခုကို ရှုပွားမှု၌ အောင်မြင်သွားပြီ ဖြစ်သည်။ ဝ-လုံး တစ်လုံးကို ဝိုင်းစက်အောင် ရေးတတ်သွားပေပြီ။ အကယ်၍ ဝင်လေ-ထွက်လေ၌ တွန်းကန်မှုသဘောကို စိတ်စိုက်ရှုသော်လည်း ထင်ထင်ရှားရှား မတွေ့၍သော်လည်းကောင်း, ဝမ်းဗိုက်မှ စတင်၍ ရှုရန် စိတ်က ပို၍ ထက်သန်နေသော်လည်းကောင်း ထိုအခါမျိုး၌လည်း ဝမ်းဗိုက်ဝယ် တွန်းကန်မှု ထင်ရှားရာ နေရာမှစ၍ တစ်ကိုယ်လုံး၌ တွန်းကန်မှုသဘောတရားကို မြင်အောင် အလားတူပင် ဆက်ရှုနိုင်ပေသည်။

တွန်းကန်မှုသဘောတရားတစ်ခုကို ခန္ဓာအိမ်တစ်ခုလုံး၌ အနှံ့အပြား ထင်ထင်ရှားရှား တွေ့မြင်သောအခါ နည်းတူပင် မာမှုထင်ရှားသည့် တစ်နေရာက စ၍, အထူးသဖြင့် သွားနှစ်ခုထိထားသည့် နေရာက စ၍ မာမှုသဘော တရားကို တစ်ကိုယ်လုံး အနှံ့အပြား မြင်အောင် ဆက်ရှုပါ။ ထင်ရှားလာသောအခါ တွန်းမှု မာမှု သဘောတရားနှစ်မျိုးကို ခြေဆုံး ခေါင်းဆုံး မြင်အောင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ ဣရိယာပုထ် လေးပါးလုံး၌ ကွေးရာ ဆန့်ရာ စသည့် ကိုယ်အမူအရာအားလုံးတို့၌လည်း ယင်း တွန်းမှု မာမှု ဓာတ်များကို ရှုနိုင်အောင် ကြိုးစားပါ။

တွန်းမှု မာမှု သဘောတရားနှစ်ခုကို ထပ်ကာထပ်ကာ ရှုခဲ့သော် ကျန်းမှု (= ကျန်းတန်းမှု = ကြမ်းတမ်းမှု) သဘောကို ဉာဏ်ဖြင့် တွေ့မြင်လာတတ်သည်။ ခန္ဓာကိုယ်ကို သဲဖြင့် ပွတ်သပ်သကဲ့သို့ ကျန်းမှုသဘောကို တွေ့မြင် တတ်သည်။ မတွေ့သော် ကျန်းမှု ထင်ရှားသည့် တစ်နေရာက စ၍ ကျန်းမှု သဘောကို မြင်အောင် ရှုပါ။ လက်ဖဝါးကို ပက်လက်လှန်၍ လက်ဖမိုးဖြင့် အဝတ်ကို ပွတ်ကြည့်ပါ၊ အပေါ်အံသွားထိပ်ကို လျှာဖြင့် ပွတ်ကြည့်ပါ၊ ကျန်းမှုသဘောကို ထင်ထင်ရှားရှား တွေ့နိုင်သည်။ ယင်းသို့ ထင်ရှားသည့် တစ်နေရာမှ စ၍ တစ်ကိုယ်လုံး၌ ကျန်းမှုသဘောတရားကို မြင်အောင် ဆက်ရှုပါ။ အောင်မြင်မှု မရခဲ့သော် ထို ကျန်းမှုထင်ရှားသည့် နေရာ၌ပင် တွန်းမှု-မာမှု-ကျန်းမှု သဘောတရားတို့ကို ပူးတွဲ ရှုကြည့်ပါ။ ဆင်ရိုင်းတစ်ကောင်ကို ယဉ်ကျေးသည့် ဆင်တစ်ကောင်ဖြင့် ချော့၍ မျှား၍ ဖမ်းယူသကဲ့သို့ မထင်ရှားသည့် ဓာတ်ကို တွေ့ရှိအောင် ထင်ရှားသည့် ဓာတ်ဖြင့် ပူးတွဲရှုခြင်းဖြစ်သည်။ အောင်မြင်မှုကို ရရှိတတ်ပါသည်။ အောင်မြင်မှုကို မရခဲ့သော် မိမိ ရရှိထားပြီးသည့် စျာန်သမာဓိများကို တစ်ဖန် ပြန်လည်၍ ထူထောင်ဖို့ လိုအပ်ပါသည်။

သမာဓိရှိသော ပုဂ္ဂိုလ်သည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏၊[၄၂၃] –– ဟု ဘုရားရှင် ဟောကြား ထားတော်မူသောကြောင့် သမာဓိကို စွမ်းအင်ပြည့်ဝလာအောင် တစ်ဖန် ပြန်၍ ထူထောင်ရခြင်း ဖြစ်သည်။ သမာဓိ၏ အရှိန်အဝါ အားကောင်းလာသောအခါ တွန်းမှု မာမှု ကျန်းမှု သဘောတရားတို့ကို တစ်ဖန် ပြန်၍ ရှုကြည့်ပါ။

အောင်မြင်မှုကို ရရှိသောအခါ လေးမှုသဘောတရားတစ်ခုကို ခန္ဓာကိုယ်ဝယ် လေးမှုထင်ရှားရာနေရာမှ စ၍ တစ်ကိုယ်လုံး၌ အနှံ့အပြား မြင်အောင် ရှုကြည့်ပါ။ မထင်ရှားပါက ထိုင်နေသည့် ကြမ်းပြင်ကို တင်ပါးဖြင့် အနည်းငယ် ဖိကြည့်ပါ၊ သို့မဟုတ် ပေါင်ပေါ်သို့ တင်ထားသော လက်ကို အနည်းငယ် ဖိကြည့်ပါ။ အောင်မြင်မှုကို ရတတ်ပါသည်။ အောင်မြင်ခဲ့သော် တွန်းမှု မာမှု ကျန်းမှု လေးမှု သဘောတရားတို့ကို ခြေဆုံးခေါင်းဆုံး မြင်အောင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ ဓာတ်သဘောတရားတစ်ခုကို ရှုသော်လည်း ဓာတ်သဘောတရားအားလုံးကိုပင် ပြိုင်တူလိုလို ဉာဏ်၌ ထင်မြင်နေပါက ပို၍ကောင်းသည်သာ ဖြစ်သည်။

ထိုနောင် ထောက်ကန်မှုသဘောတရားကို ဆက်ရှုနိုင်သည်။ ထောက်ကန်မှုဟူသည် ပြိုလဲတော့မည့် အိမ် တစ်အိမ်ကို ကျားခေါ်သည့် သစ်သားတစ်ချောင်းဖြင့် ထောက်ကန်ထားလိုက်သောအခါ မပြိုမလဲတော့ဘဲ တည်ငြိမ်စွာ ရပ်တည်နေသကဲ့သို့ အလားတူပင် ဤခန္ဓာအိမ်ကြီး၌လည်း သွားလျှင် သွားသည့်ဣရိယာပုထ်အတိုင်း တည်ရှိနေအောင် မပြိုမလဲရအောင်, ရပ်လျှင် ရပ်သည့်ဣရိယာပုထ်အတိုင်း တည်ရှိနေအောင် မပြိုမလဲရအောင်, ထိုင်လျှင် ထိုင်သည့် ဣရိယာပုထ်အတိုင်း တည်ရှိနေအောင် မပြိုမလဲရအောင်, အိပ်လျှင်လည်း အိပ်သည့်ဣရိယာပုထ်အတိုင်း တည်ရှိနေ အောင် မပြိုမလဲရအောင် ထောက်ကန်ထားသည့် ထိန်းထားသည့် သဘောတရားတစ်ခု ဖြစ်သည်။ ယင်းထောက်ကန်မှု သဘောတရားကို မာမှုသဘောတရားနှင့် တွဲရှုပါက ပို၍ သဘောပေါက်မြန်တတ်ပါသည်။ အကယ်၍ မထင်ရှားပါက ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ကြည့်ပါ။ မပြိုမလဲရအောင် ထိန်းထားသည့် ထောက်ကန်ထားသည့် ငြိမ်အောင် ထိန်းထားသည့်သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ။ အောင်မြင်မှုကို ရရှိတတ်ပါသည်။ အောင်မြင်မှုကို ရခဲ့သော် တစ်ကိုယ်လုံး၌ အနှံ့အပြားမြင်အောင် ဆက်ရှုပါ။ မာမှုသဘောနှင့် ကပ်၍ ရှုပါက ခန္ဓာအိမ်ကို ထားမြဲတိုင်း တည်မြဲတိုင်းသော ဣရိယာပုထ်အတိုင်း မပြိုမလဲရအောင် တုတ်နှင့် လျှိုထားသကဲ့သို့ မတ်နေအောင် ထိန်းထားသည့် ထောက်ကန်မှုသဘောကို ပို၍ လျင်မြန်စွာ သဘောပေါက်တတ်သဖြင့် မာ-ကျန်း-လေးဟူသော ဂရုပထဝီဓာတ်တို့ကို ရှုပြီးမှ ထောက်ကန်မှု ဝါယောဓာတ်ကို ရှုရန် တင်ပြရခြင်း ဖြစ်သည်။ အလွယ်မှ အခက်သို့ ကူးတက်သည့်သဘော ဖြစ်သည်။

အောင်မြင်မှုကို ရရှိသောအခါ တွန်း-မာ-ကျန်း-လေး-ထောက် ဟူသော ယင်းသဘောတရား ငါးမျိုးကို တစ်ကိုယ်လုံး၌ မြင်အောင် ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ဆက်လက် ရှုပွားပါ။ သမာဓိတည်းဟူသော မြတ်သော ကျောက်ဖျာထက်၌ ဉာဏ်တည်းဟူသော သန်လျက်ကို မြမြထက်အောင် သွေးနေခြင်း ဖြစ်သည်။ ကျေနပ်မှုကို ရရှိသောအခါ ပျော့မှုသဘောကို ဆက်ရှုပါ။ အောက်အတွင်းနှုတ်ခမ်းသားကို လျှာဖြင့် အသာအယာ ထိထားကြည့်ပါ။

ပျော့ပျောင်းသည့်သဘောကို အာရုံယူကြည့်ပါ။ နူးညံ့ပျော့ပျောင်းသည့် သဘောကို တွေ့ရှိနိုင်ပါသည်။ ယင်းပျော့သည့် သဘောတရားအပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။

ထင်ရှားလာသောအခါ ခန္ဓာကိုယ်တစ်ခုလုံး၌ ခြေဆုံးခေါင်းဆုံး ပျော့မှုသဘောတရားကို မြင်အောင် ဆက်ရှုပါ။ မုန့်ကျွဲသည်းကဲ့သို့ အကြိမ်တစ်ရာ ဖတ်ထားအပ်သော ဝါဂွမ်းစိုင်ကဲ့သို့ တစ်ကိုယ်လုံး၌ ပျော့ပျောင်းသည့်သဘောကို မြင်အောင် ကြိုးစားပါ။

ပျော့ပျောင်းမှု သဘောတရားကို ကျေကျေနပ်နပ် တွေ့မြင်သောအခါ ချောမှုသဘောတရားကို ဆက်ရှုပါ။ ယင်းပျော့ပျောင်းနူးညံ့နေသည့် အတွင်းနှုတ်ခမ်းသား၌ လျှာကို တံတွေးရွှဲအောင်ဆွတ်၍ ခပ်ဖြည်းဖြည်း အသာအယာ ပွတ်ကြည့်ပါ။ ချောမွတ်နေသည့် သဘောတရားကို တွေ့ရှိနိုင်ပါသည်။ ယင်းချောမွတ်သည့် သဘောတရားအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။ ထင်ရှားလာသောအခါ တစ်ကိုယ်လုံး၌ အနှံ့အပြားမြင်အောင် ဆက်ရှုပါ။ ခန္ဓာကိုယ်ကို ဆီဖြင့် လိမ်းသုတ်လျက် ပွတ်သပ်ကြည့်သောအခါ ချောမွတ်နေသည့် သဘောတရားကို တွေ့သကဲ့သို့ မြင်နေပါစေ။

ထိုသို့တွေ့မြင်သောအခါ ပေါ့မှုသဘောတရားကို ဆက်ရှုပါ။ ပျော့မှုနှင့် ချောမှု သဘောတရားကို ထပ်ကာ ထပ်ကာ ရှုနေပါက ပေါ့မှုသဘောတရားသည်လည်း ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ထင်ရှားလာတတ်ပါသည်။ အကယ်၍ မထင်မရှား ဖြစ်နေပါက ဒူးပေါ်၌ တင်ထားသော လက်မှ လက်ညှိုး တစ်ချောင်းကို အသာအယာ-မ-ကြည့်ပါ၊ ပေါ့မှုသဘောတရားသည် ထင်ရှားလာတတ်ပါသည်။ အကယ်၍ မထင်မရှား ဖြစ်နေပါက လေးမှုသဘောတရားကို တစ်ဖန်ပြန်၍ ရှုပါ။ ခန္ဓာကိုယ်တစ်ကိုယ်လုံး၌ လေးလံမှုသဘောတရားကို ထင်ထင်ရှားရှား တွေ့မြင်ရသောအခါ အထက်ပါအတိုင်း ဒူးပေါ်၌ တင်ထားသော လက်ညှိုးတစ်ချောင်းကို ဖြည်းညင်းစွာ အသာအယာ-မ-ကြည့်ပါ။ ပေါ့မှုသဘောတရားကို စူးစူးစိုက်စိုက် ရှုကြည့်ပါ။ လေထဲမှာ လွင့်နေသော ဝါဂွမ်းစိုင်ကဲ့သို့ ပေါ့မှုသဘောကို ထင်ထင် ရှားရှား တွေ့နိုင်သည်။

မာ-ကျန်း-လေး-ပျော့-ချော-ပေါ့ကား ပထဝီဓာတ်၊ ထောက်ကန်-တွန်းကန်သဘောကား ဝါယောဓာတ် ဤသို့လျှင် ဓာတ်နှစ်ပါးကို သိမ်းဆည်းမိလေပြီ။ ထပ်ကာထပ်ကာ ကြိမ်ဖန်များစွာ သိမ်းဆည်းပါ။ ကျေနပ်မှုကို ရရှိသော အခါ တေဇောဓာတ် ပူမှုသဘောကို ဆက်ရှုပါ၊ ဘယ်ဘက်လက်ဝါးပေါ်၌ ညာဘက်လက်ဝါးကို တင်ထားသောအခါ ညာဘက်လက်ခုံ၌ ပူမှုသဘောကို တွေ့နိုင်၏၊ ယင်းပူမှုသဘောကို အာရုံစိုက်၍ ရှုပါ။ ခန္ဓာကိုယ်ဝယ် ပူမှုထင်ရှားရာ မည်သည့်နေရာကမဆို ရှုနိုင်ပါသည်။ ထိုသို့ ပူမှုသဘောကို စိုက်၍ ရှုလိုက်ရာ ပူမှုသဘောတရားသည် ဉာဏ်၌ ထင်ရှားလာသောအခါ ခန္ဓာကိုယ်တစ်ကိုယ်လုံး၌ အနှံ့အပြား မြင်အောင် အရိုးကြား အကြောကြား အသားကြား အရေကြားသို့ ဉာဏ်တည်းဟူသော လက်ကို သွင်း၍ ပူမှုသဘောကို ထင်ထင်ရှားရှား မြင်သိအောင် ရှုပါ။

အောင်မြင်မှုကို ရရှိသောအခါ အေးမှုသဘောကို ဆက်၍ ရှုကြည့်ပါ။ အေးမှုထင်ရှားရာ မည်သည့်နေရာကမဆို ရှုနိုင်ပါသည်။ အေးမှုထင်ရှားရာ နေရာကို လွယ်လွယ်နှင့် မတွေ့ပါက နှာသီးဝတွင် ဝင်လေအခိုက်၌ အေးမှုသဘောကို မြင်အောင် ရှုပါ။ အေးမှုသဘောကိုသာ တစ်ဖက်သတ် အာရုံယူပါ။ တစ်စတစ်စ ထင်ရှားလာသောအခါ တစ်ကိုယ်လုံး၌ အနှံ့အပြား မြင်အောင် အေးမှုသဘောကို ဆက်၍ ရှုပါ။

အေးမှုသဘောကို ခြေဆုံးခေါင်းဆုံး မြင်တွေ့သောအခါ တေဇောဓာတ်ရှုကွက်မှာ အောင်မြင်သွားပြီ ဖြစ်သည်။ မာ-ကျန်း-လေး - ပျော့-ချော-ပေါ့၊ ပူ-အေး၊ ထောက်-တွန်းဟု ဓာတ်သဘောတရား (၁၀)မျိုးကို ရရှိသွားပြီ ဖြစ်၏၊ ယင်း (၁၀)မျိုးသော သဘောတရားတို့ကို ထပ်ကာထပ်ကာ ရှုနေပါက ကြိမ်ဖန်များစွာ အလေ့အလာ ပြုနေပါက ဖွဲ့စည်းသည့် အာပေါဓာတ်၏ အာဗန္ဓနလက္ခဏာသည် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် ထင်ရှားလာတတ်ပေသည်။ အကယ်၍ ဤသို့ ကြိုးပမ်းသော်လည်း ယင်းဖွဲ့စည်းမှုသဘောမှာ မထင်မရှားဖြစ်နေပါက တွန်းကန်မှုသဘောနှင့် မာမှုသဘောတရား နှစ်မျိုးတို့ကိုသာ ထပ်ကာထပ်ကာ ရှုနေပါ၊ ဖွဲ့စည်းမှုသဘောတရားသည် ထင်ရှားလာပေလိမ့်မည်။ ဖွဲ့စည်းမှုဟူသည် ခန္ဓာကိုယ်တစ်ခုလုံးကို ကြိုးနှင့်စည်းထားသကဲ့သို့ တင်းကျပ်စွာ စည်းနှောင်ထားသည့်သဘော ဖြစ်သည်။

ယင်း ဖွဲ့စည်းမှုသဘောကို ထင်ထင်ရှားရှား ဉာဏ်ဖြင့် တွေ့မြင်သောအခါ ယိုစီးမှုထင်ရှားရာ တစ်နေရာမှစ၍ ယိုစီးမှုသဘောကို မြင်အောင်ရှုပါ။ သဘောမပေါက်ပါက သွား၏ အရင်းတစ်နေရာဝယ် သွားရည်များ ယိုစီးစိမ့်ထွက်ရာ နေရာမှစ၍ ယိုစီးမှုသဘောကို တစ်ကိုယ်လုံး အနှံ့အပြား မြင်အောင် ရှုပါ။ (၃၂)ကောဋ္ဌာသတို့ကို အဝါးဝစွာ ရှုထားပြီးသော ယောဂါဝစရပုဂ္ဂိုလ်အဖို့ အာပေါဓာတ်လွန်ကဲနေသော အာပေါကောဋ္ဌာသ (၁၂)မျိုးတို့ကိုလည်း ရှုတတ်ပြီး ဖြစ်နေရကား သွေးကဲ့သို့ ယိုစီးမှု အာပေါဓာတ် လွန်ကဲသော ကောဋ္ဌာသတစ်ခုခုဖြင့် ကပ်၍ ရှုပါက ပို၍လွယ်ကူနေမည်သာ ဖြစ်ပေသည်။ ယိုစီးမှုသဘောတရားကို ခန္ဓာကိုယ်အနှံ့အပြား အထက်အောက် စုန်ဆန်လျက် စီးဆင်းနေပုံကို သဘောပေါက်ပါက အာပေါဓာတ်နှစ်မျိုးကို ရှုပွားမှုလည်း အောင်မြင်သွားပြီ ဖြစ်ပေသည်။ ထိုအခါ တွန်း-မာ-ကျန်း-လေး-ထောက်-ပျော့-ချော-ပေါ့-ပူ-အေး-ဖွဲ့စည်း-ယိုစီးဟူသော ဤအစဉ်အတိုင်းပင် ဓာတ်သဘော တရား (၁၂)မျိုးကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုနေပါဦး။ ထိုသို့ ရှုရာ၌ မည်သည့်သဘောတရားကိုမဆို ရှုလိုက်တိုင်း ခြေဆုံးခေါင်းဆုံး ဦးခေါင်းမှသည် ခြေဖျားသို့တိုင်အောင် ထင်ထင်ရှားရှား တွေ့မြင်နေအောင် ကြိုးစားပါ။ ထိုနောက် သွက်သွက်လက်လက် မြင်အောင် ဆက်ကြိုးစားပါ။ ထိုသို့ ကြိုးစားရာ၌ ဓာတ်သဘောတရား (၁၂)မျိုးပြည့်က တစ်ခေါက် ဖြစ်၏၊ တစ်မိနစ်အတွင်းဝယ် နှစ်ခေါက် သုံးခေါက် ရရှိအောင် ကြိုးစားပါ။

အထက်ပါအတိုင်း လေ့ကျင့်၍ အောင်မြင်မှုကို ရရှိပါက ဝ-လုံးတန်းကို အောင်မြင်လေပြီ။ ထိုအခါ ဘုရားဟော ဒေသနာစဉ်အတိုင်း တစ်ဖန်ပြန်၍ ပြောင်းရှုပါ။ မာ-ကျန်း-လေး-ပျော့-ချော-ပေါ့၊ ယိုစီး-ဖွဲ့စည်း၊ ပူ-အေး၊ ထောက်တွန်းဟူသော ဒေသနာစဉ်အတိုင်း တစ်ဖန် ရှုပါ။ ဝ-လုံးတန်း ကျေညက်သွားသောအခါ က-ကြီး ခ-ခွေးမှ စ၍ ဗျည်း (၃၃)လုံးကို တစ်ဖန်ပြန်၍ သင်ယူရသကဲ့သို့ မှတ်ပါ။ ဒေသနာတော်စဉ်အတိုင်း ရှု၍ သွက်လာသောအခါ..

ထိုထို အရိုးကြား အကြောကြား အသားကြား အရေကြားသို့ ဉာဏ်တည်းဟူသော လက်ကို သွင်း၍ ဓာတ်ကြီး လေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုပွားမှုလုပ်ငန်းခွင်ကား အောင်မြင်သွားပေပြီ။[၄၂၄]သို့သော် လမ်းကား မဆုံးသေးပါ။ ဤကဲ့သို့ ဓာတ်သဘောတရားတို့ကို ရှုနေရုံမျှဖြင့် ရုပ်ကလာပ်များကို တွေ့မြင်သော ယောဂါဝစရပုဂ္ဂိုလ်တို့လည်း ရှိတတ်ပါ၏၊ မတွေ့မြင်နိုင်သေးသော ယောဂါဝစရ ပုဂ္ဂိုလ်တို့လည်း ရှိတတ်ပါ၏၊ ရုပ်ကလာပ်တို့ကို မတွေ့မြင်နိုင်သေးသော ယောဂါဝစရပုဂ္ဂိုလ်တို့သည် ..

မိမိ၏ ရူပကာယတစ်ခုလုံးကို ဉာဏ်ဖြင့်ဆင်ခြင်၍ ရှုရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၄၂၅]က ညွှန်ကြားထားသည့်အတိုင်း မိမိ၏ ခန္ဓာကိုယ်ကို အပေါ်က ခြုံငုံကြည့်၍ မာ-ကျန်း-လေး-ပျော့-ချော-ပေါ့၊ ယိုစီး-ဖွဲ့စည်း၊ ပူ-အေး၊ ထောက်တွန်းဟူသော ဓာတ်သဘောတရား (၁၂)မျိုးကို ရှုပါ၊ တစ်ကိုယ်လုံးကို ခြုံငုံ၍ ရှုနိုင်အောင် လေ့ကျင့်ပါ။ ထိုသို့ခြုံငုံ၍ ရှုရာ၌ ယောဂီအများစု၌ ဦးခေါင်းကစ၍ ဖြိုပြီး တစ်ကိုယ်လုံးကို ခြုံငုံ၍ ရှုလိုက်ပါက မကြာမီ အချိန်ကာလအတွင်းမှာပင် ဦးခေါင်းတစ်လုံးလုံး ခဲလာတတ်၏ မာလာတတ်၏ မခံနိုင်ဖြစ်လာတတ်၏၊ ထို့ကြောင့် လည်ကုပ်အရပ်လောက်က စ၍ ဦးခေါင်းပိုင်းနှင့် အောက်ပိုင်းကိုမျှ၍ ဓာတ်သဘောတရား (၁၂)မျိုးကို ခြုံငုံရှုပါ။ ထိုသို့ ရှုရာ၌ စွမ်းနိုင်ပါက ဓာတ်သဘောတရားကိုသာ အာရုံယူပါ၊ ကိုယ်ကို အာရုံ မယူပါနှင့်။ ဦးခေါင်းမှသည် ခြေဖျားသို့, ခြေဖျားမှသည် ဦးခေါင်းသို့တိုင်အောင် ထက်အောက်စုန်ဆန် အပြန်ပြန် အလှန်လှန် ရှုဖို့ မလိုပါ။ ဓာတ်သဘောတရား (၁၂)မျိုး အာရုံ၌သာ ခြုံငုံကြည့်ကာ သမာဓိကိုသာ ထူထောင်နေပါ။ ဓာတ်သဘောတရား (၁၂)မျိုးလုံးကို သွက်သွက်လက်လက် ဉာဏ်ဖြင့် မြင်လာသောအခါ ပြိုင်တူလိုလို ဉာဏ်၌ ထင်လာသောအခါ မာ-ကျန်း-လေး-ပျော့-ချော-ပေါ့ကို ကြည့်၍ ပထဝီဓာတ်ဟုလည်းကောင်း, ယိုစီး-ဖွဲ့စည်းကို ကြည့်၍ အာပေါဓာတ်ဟုလည်းကောင်း, ပူ-အေးကို ကြည့်၍ တေဇောဓာတ်ဟုလည်းကောင်း, ထောက်-တွန်းကို ကြည့်၍ ဝါယောဓာတ်ဟုလည်းကောင်း အသီးအသီး ရှုပါ။ ဓာတ်ကြီး (၄)ပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင်သာ ကြိုးစားပါ။

မာ-ကျန်း-လေး-ပျော့-ချော-ပေါ့ကို မမြင်ဘဲ ပထဝီဓာတ်ဟုလည်းကောင်း, ယိုစီး-ဖွဲ့စည်းကို မမြင်ဘဲ အာပေါဓာတ်ဟုလည်းကောင်း, ပူ-အေးကို မမြင်ဘဲ တေဇောဓာတ်ဟုလည်းကောင်း, ထောက်-တွန်းကို မမြင်ဘဲ ဝါယောဓာတ်ဟုလည်းကောင်း မရှုပါနှင့်။ ဆို-ကမ္မဋ္ဌာန်း မဖြစ်ဖို့ရန် သတိပြုပါ။ ယင်းဓာတ်သဘောတရားတို့ကို မမြင်သေးသော် မြင်အောင် ရှေးဦးစွာ လေ့ကျင့်ပါ။ သဘောတရား အသီးအသီးကို ဉာဏ်ဖြင့် ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း ထင်ထင်ရှားရှား လက်ဝယ်တင်ထား ပတ္တမြားသို့ ပိုင်းပိုင်းခြားခြား ပြဲ့ပြဲ့ကုန်စင် ဉာဏ်ဖြင့် သိမြင်သောအခါကျမှ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု ကာလအရာ ကာလအထောင် ကာလအသိန်းမက ရှုနေပါ။ ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ၊ သမာဓိကို ထူထောင်ပါ။

သတိပြုရန် အချက်များ

(က) ဓာတ်ညီမျှအောင် ရှုပါ

မာ-ကျန်း-လေး၊ ပျော့-ချော-ပေါ့၊ ယိုစီး-ဖွဲ့စည်း၊ ပူ-အေး၊ ထောက်-တွန်း ဟူသော သဘောတရား (၁၂)မျိုးကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဝယ် ထင်ရှားအောင် ရှုသည့်အပိုင်း၌ ဖြစ်စေ၊ ပထဝီဓာတ်, အာပေါဓာတ်, တေဇောဓာတ်, ဝါယောဓာတ်ဟု ရှုသည့် ဤအပိုင်း၌ဖြစ်စေ သဘောတရား တစ်မျိုးတည်း ဓာတ်တစ်လုံးတည်းကိုသာ သဲသဲမဲမဲ ရက်ရှည်လများ မရှုပါနှင့်။ ရှုခဲ့သော် ဓာတ်လွန်သွားတတ်၏၊ ဓာတ်လွန်နေခဲ့သော် အထူးသဖြင့် မာမှုသဘော, တွန်းမှုသဘော, ပူမှုသဘောတရားတို့ လွန်ကဲနေခဲ့သော် ခံနိုင်ရည်မရှိ ဖြစ်လာတတ်၏၊ အလားတူပင် မာမှုသဘော, လေးမှုသဘော, ဖွဲ့စည်းမှုသဘောတို့ လွန်ကဲလာသောအခါ၌လည်း မခံနိုင်ဖြစ်တတ်၏၊ တရားထိုင်တိုင်း ယင်းလွန်ကဲနေသော ဓာတ်တို့က အနှောင့်အယှက် ပေးနေတတ်၏၊ သမာဓိ မရနိုင် ရှိတတ်၏၊ ထိုကြောင့် ဓာတ်တစ်ခုတည်းကို ရက်ရှည်လများ သဲသဲမဲမဲ စိုက်မရှုပါနှင့်၊ ဓာတ်ကြီးလေးပါးလုံးကိုသာ ညီမျှအောင် ထိန်းရှုပါ။

(ခ) ဓာတ်များကို တစ်နေရာမှ တစ်နေရာသို့ ရောက်အောင် ဆွဲချခြင်း

ရုပ်တရားတို့သည် ဖောက်ပြန်ခြင်း ရုပ္ပနသဘောလက္ခဏာ ရှိကြ၏၊ ဤ၌ ဖောက်ပြန်ခြင်း ရုပ္ပနသဘောလက္ခဏာဟူသည် အအေးအပူ စသော ဆန့်ကျင်ဘက် အကြောင်းတရားတို့ကြောင့် ရှေးရှေးက ဖြစ်သွားသော ရုပ်အစဉ် သန္တတိနှင့် မတူညီဘဲ နောက်နောက်သော ရုပ်အစဉ် သန္တတိ၏ ဖြစ်မှုသဘောမျှသာတည်း။[၄၂၆]

ပရမတ်တရားတို့ကား ဖြစ်သည့်နေရာ၌သာ ပျက်ရိုးဓမ္မတာ ရှိကြ၏၊ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ ဖြစ်နိုင်ရိုး ဓမ္မတာကား မရှိပေ။ ထိုကြောင့် ဦးခေါင်းအတွင်းပိုင်းမှ စ၍ တွန်းမှုသဘောကို စတင်၍ ရှုလာရာ ဦးခေါင်း၏ အတွင်း၌ ဖြစ်ပေါ်နေသော တွန်းကန်မှုသဘောသည် တဖြည်းဖြည်း ခြေဖျားသို့တိုင်အောင် ဆင်းသွားသည်ဟုကား မယူဆစေလိုပါ။ ခန္ဓာကိုယ်အနှံ့အပြား၌ တွန်းမှုသဘောကား ထင်ရှားရှိနေ၏၊ ထင်ရှားရှိနေသော ယင်းတွန်းမှုသဘော ကိုသာ နေရာတိုင်း၌ ခန္ဓာကိုယ်အနှံ့အပြား တွေ့ရှိအောင် ဉာဏ်ဖြင့် ရှာဖွေရှုခြင်းသာ ဖြစ်သည်။ ကျန်သဘောတရား တို့၌လည်း နည်းတူပင် မှတ်ပါ။ ဓာတ်ကြီးလေးပါးတို့ကား ခန္ဓာကိုယ်ဝယ် မည်သည့်နေရာ၌မဆို မည်သည့်ကိုယ်အင်္ဂါ အစိတ်အပိုင်း၌မဆို တစ်ကိုယ်လုံး အနှံ့အပြား ထင်ရှား တည်ရှိနေကြသည်သာ ဖြစ်၏၊ အကြောင်းတရားတို့၏ ကျေးဇူးပြုပေးမှု အရှိန်အဝါ မကုန်သေးသမျှကာလပတ်လုံး အကျိုးရုပ်တရားတို့သည် အဆက်မပြတ် ဖြစ်နေကြသည် သာတည်း။ ရှေးရှေးဖြစ်သွားသော ရုပ်သန္တတိအစဉ်အတန်းနှင့် နောက်နောက် ဖြစ်သွားသော ရုပ်အစဉ်သန္တတိသာ ကွာခြားလျက်ရှိသည်။ ဖြစ်ပျက်အစဉ်အတန်းချင်းကား တူညီလျက်ရှိ၏၊ ထို့ကြောင့် ရုပ်တရားတို့သည် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့၍ ဖြစ်ရိုး ဓမ္မတာကား မရှိ၊ အကြောင်းတရားတို့၏ စွမ်းအင်ကြောင့် နေရာအသစ်အသစ်၌ အသစ်အသစ်သော ရုပ်တရားတို့သာ ထပ်ကာထပ်ကာ ဥပါဒ်နေကြပေသည်။ ထိုကြောင့် ဓာတ်သဘောတရားများ ကိုလည်း တစ်နေမှ တစ်နေရာသို့ ရောက်အောင် ဆွဲချ၍ မရနိုင်ဟု မှတ်ပါ။

(ဂ) မာ-ကျန်း-လေး - ပျော့-ချော-ပေါ့

သုတ္တန်ပါဠိတော်[၄၂၇]တို့၌ ယေဘုယျအားဖြင့် ပထဝီဓာတ်ကို ကက္ခဠံ = မာမှုသဘော, ခရိဂတံ = ကျန်းမှုသဘောဟု နှစ်မျိုးသာ ဟောကြားထားတော်မူ၏၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၄၂၈]၌လည်း ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းရှုကွက်တွင် ထဒ္ဓဘာဝေါ ဝါ ခရဘာဝေါ ဝါ မာမှုသဘော ကျန်းမှုသဘော နှစ်မျိုးကိုသာလျှင် ဖွင့်ဆိုထား၏၊ ဤကျမ်း၌ကား ဓမ္မသင်္ဂဏီပါဠိတော်ဂတိသို့ လိုက်၍ ပထဝီဓာတ်၌ ဓာတ်သဘောတရား (၆)မျိုး ရှုရန် တင်ပြထားပါသည်။ ဓမ္မသင်္ဂဏီပါဠိတော်[၄၂၉]၌ကား ဤသို့ လာရှိ၏၊ ––

၁။ ကက္ခဠ = မာမှုသဘော၊
၂။ ဖရုသ = ကျန်းမှုသဘော၊
၃။ ဂရုက = လေးမှုသဘော၊
၄။ မုဒုက = ပျော့မှုသဘော၊
၅။ သဏှ = ချောမှုသဘော၊
၆။ လဟုက = ပေါ့မှုသဘော၊

ဤသို့လျှင် ပထဝီ၌ ဓာတ်သဘောတရား (၆)မျိုးလာရှိ၏၊

သုခဝေဒနာ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော ပထဝီဓာတ် တေဇောဓာတ် ဝါယောဓာတ်ကို သုခသမ္ဖဿ, ဒုက္ခဝေဒနာဖြစ်ခြင်း၏ အကြောင်းဖြစ်သော ပထဝီဓာတ် တေဇောဓာတ် ဝါယောဓာတ်ကို ဒုက္ခသမ္ဖဿဟု ဆိုလို၏၊ ထိုကြောင့် ယင်းသုခသမ္ဖဿ ဒုက္ခသမ္ဖဿတို့ကား ယင်းဓာတ်သုံးပါးတို့၏ သီးခြားသဘာဝလက္ခဏာတို့ မဟုတ်ကြပေ။ ဓမ္မသင်္ဂဏီပါဠိတော်ဝယ် ဖောဋ္ဌဗ္ဗဓာတ်ကို ဝေဖန် ဟောကြားတော်မူရာ၌ မာ-ကျန်း-လေး၊ ပျော့-ချော-ပေါ့ဟူသော ဓာတ်သဘောတရား (၆)မျိုးကို ဟောကြားထားတော်မူသော်လည်း ယင်းသဘောတရားများမှာ ပထဝီဓာတ်ကိုသာလျှင် ဝေဖန်ဟောကြားထားတော်မူကြောင်းကို အဋ္ဌသာလိနီအဋ္ဌကထာ[၄၃၀]က ရှင်းလင်းတင်ပြထားပေသည်။

သုတ္တန်ဒေသနာတော်တို့၌ ပထဝီဓာတ်ရှုကွက်ဝယ် မာ-ကျန်း-သဘောတရား (၂)မျိုးကိုသာ ဟောကြားထားတော် မူသော်လည်း ဤကျမ်း၌ ဓမ္မသင်္ဂဏီပါဠိတော်သို့ လိုက်၍ (၆)မျိုး ဖော်ပြရခြင်းမှာ အကြောင်းရှိသည်သာ ဖြစ်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် အထက်ပါ ဓာတ်သဘောတရား (၁၂)မျိုးတို့ကို သို့မဟုတ် ဓာတ်ကမ္မဋ္ဌာန်းကို ပွားများ အားထုတ်ရာ၌ ရံခါ ဓာတ်များသည် လွန်ကဲလာတတ်၏၊ ယင်းဓာတ်တို့၏ လွန်ကဲလာမှုကြောင့် အချို့ယောဂီများ၌ ရရှိထားပြီးသည့် သမာဓိမှာ ပျက်ပြားကာ ဓာတ်ကို မရှုရဲ ဖြစ်နေတတ်၏၊ အထူးသဖြင့် မာမှုသဘော လေးမှုသဘော ဖွဲ့စည်းမှုသဘောတို့က အထူးလွန်ကဲလာသောအခါ ဦးခေါင်းတစ်ခုလုံးသည် တင်းမာလေးလံလျက် ခဲနေတတ်၏၊ သည်းမခံနိုင် ဖြစ်နေတတ်၏၊ ထိုအခါမျိုး၌ ဓာတ်ကို ညီမျှသွားအောင် ဆန့်ကျင်ဘက်သဘောတရားတို့ကို ဦးစားပေး ရှုခြင်းဖြင့် ထိန်းပေးရ၏၊

၁။ မာမှုသဘောက လွန်ကဲလာပါက ပျော့မှုသဘောကို, ပျော့မှုသဘောက လွန်ကဲလာပါက မာမှုသဘောကို ဦးစားပေး ရှုခြင်းဖြင့် ဓာတ်ညီမျှအောင် ပြုလုပ်ရ၏၊ အလားတူပင် –
၂။ ကျန်းမှုသဘောက လွန်ကဲလာပါက ချောမှုသဘောကို, ချောမှုသဘောက လွန်ကဲလာပါက ကျန်းမှုသဘောကို။ ပ။
၃။ လေးမှုသဘောက လွန်ကဲလာပါက ပေါ့မှုသဘောကို, ပေါ့မှုသဘောက လွန်ကဲလာပါက လေးမှုသဘောကို။ပ။
၄။ ယိုစီးမှုသဘောက လွန်ကဲလာပါက ဖွဲ့စည်းမှုသဘောကို, ဖွဲ့စည်းမှုသဘောက လွန်ကဲလာပါက ယိုစီးမှု သဘောကို။ပ။
၅။ ပူမှုသဘောက လွန်ကဲလာပါက အေးမှုသဘောကို, အေးမှုသဘောက လွန်ကဲလာပါက ပူမှုသဘောကို။ပ။
၆။ ထောက်ကန်မှုသဘောက လွန်ကဲလာပါက တွန်းကန်မှုသဘောကို, တွန်းကန်မှုသဘောက လွန်ကဲလာပါက ထောက်ကန်မှုသဘောကို ဦးစားပေး ရှုခြင်းဖြင့် ဓာတ်ကို ညီမျှအောင် ပြုလုပ်ရ၏၊

ဤသို့ အခက်အခဲရှိပါက ဖြေရှင်းနိုင်ရန်အတွက် ဤကျမ်း၌ ပထဝီဓာတ်ဝယ် သဘောတရား (၆)မျိုးလုံးကို ရေးသားတင်ပြထားခြင်း ဖြစ်၏၊ ရံခါ မာ-ကျန်း-လေးတို့က အလွန်ထင်ရှားနေတတ်၏၊ မခံမရပ်နိုင် ဖြစ်လာတတ်၏၊ ထိုအခါဝယ် ပျော့-ချော-ပေါ့ကို တစ်ဖက်သတ် ဦးစားပေး၍ ရှုပေးရ၏၊ ဓာတ်ညီမျှသည်အထိ ကြိုးပမ်းရ၏၊ ရံခါ ပျော့-ချော-ပေါ့က အားကောင်းလာတတ်ပြန်၏၊ လေထဲတွင် လွင့်တက်နေသော လဲမှို့ကဲ့သို့ ဖြစ်ကာ လှုပ်ရှား နေတတ်၏၊ ထိုအခါတွင်လည်း မာ-ကျန်း-လေးကို ဦးစားပေး၍ ရှုခြင်းဖြင့် ဓာတ်ကို ညီမျှအောင် ထိန်းပေးရ၏၊

ရံခါ ယိုစီးမှုသဘောက အလွန် အားကောင်းလာတတ်ပြန်၏၊ မြစ်ရေအယဉ် တသွင်သွင် စီးဆင်းနေသကဲ့သို့ ယိုစီးမှုက အလွန်ထင်ရှားနေတတ်၏၊ သမာဓိ ပျက်ပြားလာတတ်၏၊ ထိုအခါတွင် ဖွဲ့စည်းမှုသဘောကို ဦးစားပေး ရှုခြင်းဖြင့် ဓာတ်ညီမျှအောင် ပြုပြင်ပေးရ၏၊ ရံခါ အသက်ရှူကြပ်လောက်အောင် ဖွဲ့စည်းမှုသဘောတရားက ထင်ရှား လာပြန်၏၊ မခံမရပ်နိုင် ဖြစ်လာပြန်၏၊ ထိုအခါ ယိုစီးမှုသဘောကို ဦးစားပေးရှုလျက် အမောပြေစေရပြန်၏၊ တစ်ခါတစ်ရံ ပူမှုသဘောက အလွန်ပြင်းထန်လာသဖြင့် မီးဖြင့် ရှို့မြှိုက်ခံနေရသကဲ့သို့ အပြင်းအထန် ပူလောင်နေ တတ်ပြန်၏၊ ချွေးသီးချွေးပေါက်များ ယိုစီးလျက် ပင်ပန်းနေတတ်၏၊ ထိုအခါမျိုးတွင် အေးမှုသဘောကို တစ်ဖက်သတ် ပြောင်းရှုခြင်းဖြင့် ဓာတ်ညီမျှအောင် ပြုပြင်ပေးရ၏၊ တစ်ခါတစ်ရံ အေးမှုသဘော လွန်ကဲလာပါကလည်း ပူမှုသဘောဖြင့် ထိန်းပေးရ၏၊ ထောက်ကန်မှုသဘော လွန်ကဲလာသောအခါ၌လည်း တွန်းကန်မှုသဘောကို အာရုံယူ၍ ဓာတ် ညီမျှအောင် ထိန်းပေးရ၏၊ တစ်ခါတစ်ရံ တွန်းကန်မှု အားကောင်းလာသောအခါ ထောက်ကန်မှုကို တစ်ဖက်သတ် စိုက်ရှုလျက် ဓာတ်ကို ညီမျှအောင် ပြုပြင်ပေးရ၏၊ ထိုသို့ ထောက်ကန်မှုကို ဦးစားပေး ရှုသော်လည်း တွန်းကန်လှုပ်ရှားမှု ခန္ဓာကိုယ်ကြီး ယိမ်းထိုးနေမှုတို့မှာ အားကောင်းနေသေးခဲ့သော် ထိုအခါမျိုးတွင် မာ-ကျန်း-လေးဟူသော ဂရု ပထဝီဓာတ်များကို ဦးစားပေး ရှုလျက် ဓာတ်ညီမျှအောင် ထိန်းပေးရ၏၊ စားပွဲတစ်ခုပေါ်တွင် စက္ကူတစ်ရွက်သည် လေတိုက်ခတ်သဖြင့် တဖျပ်ဖျပ် လှုပ်ရှားနေသောအခါ ယင်းစက္ကူကို လေးလံသော အရာဝတ္ထုတစ်ခုဖြင့် ဖိထားလိုက်ပါက ငြိမ်ဝပ်သွားသကဲ့သို့ မှတ်ပါ။

ဤကဲ့သို့သော ဓာတ်ယုတ် ဓာတ်လွန်များကို ထိန်းလျက် သမာဓိကို ထူထောင်နိုင်ရန်အလို့ငှာ ဤကျမ်းတွင် ဓာတ်သဘောတရား (၁၂)မျိုးကို ရေးသားတင်ပြထားခြင်း ဖြစ်ပေသည်။ ဤကဲ့သို့သော ဓာတ်ယုတ် ဓာတ်လွန်များမှာ ယေဘုယျအားဖြင့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တို့၌ အဖြစ်များတတ်၏၊ သမထယာနိကပုဂ္ဂိုလ်တို့၌ကား အဖြစ် နည်းပါးလှပေသည်။ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည် စျာန်သမထကို အခြေမခံဘဲ ဝိပဿနာသို့ တိုက်ရိုက် ကူးလာသဖြင့် ဓာတ်ကြီးလေးပါးကို စတင်၍ ရှုလေရာ ဓာတ်သဘောတရားများက မထင်မရှား ဝိုးတိုးဝါးတားဖြစ်နေပါက အသိဉာဏ်၌ ထင်ရှားလာသည့်တိုင်အောင် အချိန်များများ ပေးကာ ရှုနေရ၏၊ ထိုသို့ အချိန်များများပေး၍ ရှုနေရသဖြင့် လေ့ကျက်မှု အရှိန်အဝါ အားများလာသောအခါ တစ်ရံတစ်ခါ အချို့ဓာတ်များမှာ လွန်ကဲလာတတ်၏၊ ထိုအခါမျိုးတွင် ဓာတ်ညီမျှအောင် ဆန့်ကျင်ဘက်ဓာတ်ကို အာရုံပြု၍ ထိန်းပေးရ၏၊

ယင်းသို့ ဖြစ်လျှင် .. သုတ္တန်ဒေသနာတော်များနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတို့၌ အဘယ်အကြောင်းကြောင့် ပထဝီဓာတ်၌ ကက္ခဠ-ခရိဂတ = မာမှု-ကျန်းမှု နှစ်မျိုးကိုသာ ဟောကြားမြွက်ဖော်တော်မူအပ်ပါသနည်း၊ ဖွင့်ဆို ရေးသားတော်မူအပ်ပါသနည်းဟု မေးရန် ရှိ၏၊ အဖြေကား ရှိသည်သာ ဖြစ်၏၊

အရာဝတ္ထုတစ်ခုသည် မည်မျှပင် ပျော့ပျောင်းသည့်အရာဝတ္ထု ဖြစ်ချင်ဖြစ်ပါစေ၊ ထိုအရာဝတ္ထုကို ဉာဏ်ဖြင့် သေသေချာချာ ဆန်းစစ်ကြည့်သောအခါ ထိုအရာဝတ္ထုနှင့် ထိုက်တန်သလောက် မာမှုသဘောကား ထင်ရှားရှိနေ သည်သာ ဖြစ်၏၊ များများမာသည်ကို မာသည်ဟု သုံးနှုန်း၍ နည်းနည်းမာသည်ကို ပျော့သည်ဟု ခေါ်ဝေါ်သုံးစွဲခြင်းသာ ဖြစ်၏၊ အလားတူပင် အရာဝတ္ထုတစ်ခုသည် မည်မျှပင် ချောမောသည်ဖြစ်ချင်ဖြစ်ပါစေ၊ ထိုအရာဝတ္ထုကို သေသေချာချာ ဉာဏ်ဖြင့် ဆန်းစစ်ကြည့်သောအခါ ထိုအရာဝတ္ထုနှင့် ထိုက်တန်သလောက် ကျန်းမှုသဘောကား ထင်ရှားရှိနေသည်သာ ဖြစ်၏၊ များများကျန်းသည်ကို ကျန်းသည်ဟု ခေါ်ဝေါ်သုံးစွဲ၍ နည်းနည်းကျန်းသည်ကို ချောသည်ဟု ခေါ်ဝေါ် သုံးစွဲခြင်းမျှသာ ဖြစ်၏၊ တစ်ဖန် မာမှု-ကျန်းမှုနှင့် တွဲလျက် လေးမှုသဘောလည်း ကပ်၍ ပါလာတတ်၏၊ အလားတူပင် ပျော့မှု-ချောမှု သဘောတရားတို့ ထင်ရှားလာသောအခါ ပေါ့မှုသဘောလည်း ကပ်၍ ပါလာတတ်၏၊ ထိုကြောင့် မာ-ကျန်း သဘောတရားနှစ်ခုကို ရှုပါက မာ-ပျော့-ကျန်း-ချော-လေး-ပေါ့ဟူသော ဓာတ်သဘောတရားတို့သည်လည်း ထင်ရှားလာသည်သာ ဖြစ်သောကြောင့် သုတ္တန်ဒေသနာတော်တို့၌ ကက္ခဠ-ခရိဂတဟု ပထဝီဓာတ်၌ သဘောတရား နှစ်မျိုးကိုသာ ဟောကြားထားတော်မူလေသည်။

အလားတူပင် ယိုစီးမှုသဘောတရားက များပြားနေပါက လွန်ကဲနေပါက ယိုစီးမှုသဘောတရားမှာ ထင်ရှား နေတတ်၏၊ သို့သော် ယိုစီးမှုသဘောတရားက အားပျော့နေပါက ယုတ်လျော့နေပါက ဖွဲ့စည်းမှုသဘောတရားမှာ ထင်ရှားနေတတ်၏၊ ပထဝီကောဋ္ဌာသ (၂၀)တို့၌ ပထဝီဓာတ်၏ စွမ်းအင်က လွန်ကဲများပြားနေသဖြင့် အာပေါဓာတ်၏ ယိုစီးမှုသဘောတရားမှာ ယုတ်လျော့နေ၏ အားပျော့နေ၏၊ ထိုကြောင့် ယင်းပထဝီကောဋ္ဌာသတို့၌ ယိုစီးမှုသဘော တရားသည် ယုတ်လျော့၍ ဖွဲ့စည်းမှုသဘောတရားသည် ပို၍ ထင်ရှားနေတတ်၏၊ တေဇောကောဋ္ဌာသ ဝါယော ကောဋ္ဌာသတို့၌လည်း ယိုစီး ဖွဲ့စည်း သဘောတရားများသည် အားပျော့လျက်ပင် ရှိ၏၊

ဘိလပ်မြေမှုန့်များကို ရေအနည်းငယ်ဖြင့် အချိုးတကျ ဖျော်စပ်လိုက်ပါက ဖွဲ့စည်းမှုအားကောင်းကာ အတုံးအခဲ ဖြစ်သွား၏၊ ဘိလပ်မြေမှုန့် အနည်းငယ်ကို ရေခပ်များများဖြင့် ဖျော်စပ်လိုက်ပါက ယိုစီးမှုအားကောင်းကာ ဖွဲ့စည်းမှု လျော့နည်းသွားတတ်၏၊ အတုံးအခဲ မဖြစ်နိုင်တော့ပေ။ ဤဥပမာအတူ မှတ်သားပါ။ ထို့ကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၄၃၁]၌ အာပေါဓာတ်ဝယ် - ဒြဝဘာဝ = ယိုစီးမှု, အာဗန္ဓနဘာဝ = ဖွဲ့စည်းမှု သဘောတရား နှစ်မျိုးလုံးကို ရှုရန် ညွှန်ကြားထားပေသည်။

တစ်ဖန် တေဇောကောဋ္ဌာသ လေးမျိုးတို့၌ တေဇောဓာတ်၏ သဘာဝသတ္တိ စွမ်းအင်မှာ လွန်ကဲလျက် ရှိ၏၊ ပထဝီကောဋ္ဌာသ, အာပေါကောဋ္ဌာသ, ဝါယောကောဋ္ဌာသတို့၌ကား အနည်းငယ်နုံ့လျက် ရံခါ ရှိတတ်၏၊ သဘာဝသတ္တိ စွမ်းအင် လွန်ကဲနေသော တေဇောဓာတ်ကို ပူသည်ဟုလည်းကောင်း, သဘာဝသတ္တိစွမ်းအင် ယုတ်လျော့နေသော တေဇောဓာတ်ကို နုံ့နေသော တေဇောဓာတ်ကို အေးသည်ဟုလည်းကောင်း ခေါ်ဝေါ်သုံးစွဲခြင်းမျှသာ ဖြစ်၏၊ ထို့ကြောင့် ထိုနှစ်မျိုးလုံးကိုပင် ရှုရန် ဤကျမ်း၌ ရေးသားတင်ပြနေခြင်း ဖြစ်၏၊ ပရိပါစနဘာဝ = ရင့်ကျက်စေမှုသဘောကိုလည်း ရှုရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၄၃၂]၌ ညွှန်ကြားထား၏၊ ယင်းညွှန်ကြားချက်အတိုင်း ပူမှု-အေးမှုဟူသော သဘာဝလက္ခဏာက မထင်ရှားသောအခါ ယင်း ရင့်ကျက်စေမှု ကိစ္စရသကိုလည်း ရှုလိုက ရှုနိုင်ပါသည်။

ဝါယောဓာတ်၌ကား ဝိတ္ထမ္ဘနဘာဝ = ထောက်ကန်မှုသဘော, သမုဒီရဏဘာဝ = တွန်းကန်မှုသဘော နှစ်မျိုးလုံးကို ရှုရန် ညွှန်ကြားထား၏၊ ပြိုလဲတော့မည့် အရာဝတ္ထုတစ်ခုကို မပြိုမလဲရအောင် ငြိမ်သွားအောင် 'ကျား'ခေါ်သည့် သစ်တစ်ချောင်းဖြင့် ပြန်ထောက်ထားသကဲ့သို့ ခန္ဓာကိုယ်ကို တည်မြဲတိုင်း ထားမြဲတိုင်းသော ဣရိယာပုထ်အတိုင်း တည်ရှိနေအောင် ပြန်လည်ထောက်ထားသောသဘောမှာ ထောက်ကန်မှုသဘော ဖြစ်၏၊ ထောက်မှုဟူသည်မှာလည်း ထားမြဲတိုင်း တည်မြဲတိုင်းသော ဣရိယာပုထ်အတိုင်း သဟဇာတ်ရုပ်တရားတို့ကို တည်တံ့ရုံမျှ ငြိမ်နေရုံမျှ တည်တံ့အောင် ငြိမ်အောင် ပြန်လည်တွန်းထားသော သဘောတည်း။ ထိန်းထားသော စွမ်းအားတည်း။ ငြိမ်အောင် တည်တံ့အောင် တွန်းနေသော စွမ်းအားကို ထောက်သည်ဟု သုံးစွဲ၍ လှုပ်အောင် ရွေ့အောင် တွန်းနေသည့် စွမ်းအားကို တွန်းသည်ဟု သုံးစွဲထားခြင်း ဖြစ်၏၊

ထောက်မှုမှာ သဘာဝလက္ခဏာဖြစ်၍ တွန်းမှုမှာ ကိစ္စရသ ဖြစ်သဖြင့် ယင်းထောက်မှု တွန်းမှု နှစ်မျိုးလုံးမှာ တစ်ခုနှင့် တစ်ခု အလွန့်အလွန် ဆက်စပ်လျက် နီးကပ်လျက် ရှိပေ၏၊ ထိုကြောင့် ထောက်ကန်မှု တွန်းကန်မှု နှစ်မျိုးလုံးကိုပင် ရှုရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၄၃၃]က ညွှန်ကြားထားပေသည်။

(ဃ) ဣရိယာပထ - သမ္ပဇည ရှုကွက်

ထိုင်သည့်အခိုက်၌ ဓာတ်တစ်ပါးမျှကိုသာ ရှုနေပါက သွား-ရပ်-ထိုင်-လျောင်းဟူသော ဣရိယာပုထ်လေးပါးလုံး၌ လည်းကောင်း, ကွေးမှု ဆန့်မှု စသော ထိုထိုသမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌လည်းကောင်း ကိုယ်အမူအရာတိုင်း နှုတ်အမူအရာတိုင်း၌ ဓာတ်တစ်ပါးကိုသာ ရှုနှင့်ပါဦး။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ထိုင်သည့်အခါ ဓာတ်နှစ်ပါးကိုသာ ရှုတတ်သေးပါက သွား-ရပ်-ထိုင်-လျောင်း ဟူသော ဣရိယာပုထ် လေးပါးလုံး၌လည်းကောင်း, ကွေးမှု ဆန့်မှု စသော ထိုထိုသမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌လည်းကောင်း ကိုယ်အမူအရာတိုင်း နှုတ်အမူအရာတိုင်း၌ ဓာတ်နှစ်ပါးကိုသာ ရှုနှင့်ပါဦး။ အကယ်၍ ထိုင်သည့်အခိုက်၌ ဓာတ်သုံးပါးမျှကိုသာ ရှုနေပါက သွား-ရပ်-ထိုင်လျောင်း ဟူသော ဣရိယာပုထ် လေးပါးလုံး၌လည်းကောင်း, ကွေးမှု ဆန့်မှု စသော ထိုထိုသမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌ လည်းကောင်း ကိုယ်အမူအရာတိုင်း နှုတ်အမူအရာတိုင်း၌ ဓာတ်သုံးပါးကိုသာ ရှုနှင့်ပါဦး။ အကယ်၍ ထိုင်သည့်အခိုက်၌ ဓာတ်လေးပါးလုံးကို ရှုတတ်ပါက ထိုထိုဣရိယာပုထ်တိုင်း ထိုထိုကိုယ်အမူအရာတိုင်း ထိုထိုနှုတ်အမူအရာတိုင်း၌ ဓာတ်ကြီးလေးပါးလုံးကိုပင် ရှုနေပါ။ ရှေ့နှင့်နောက် ဣရိယာပုထ်ချင်း ဆက်စပ်မိအောင် ရှုပါ။

(င) သမထယာနိကပုဂ္ဂိုလ် မဟုတ်သေးလျှင်

ယောဂါဝစရပုဂ္ဂိုလ်သည် အာနာပါန, ဩဒါတကသိုဏ်း စသော အခြားအခြားသော သမထကမ္မဋ္ဌာန်းများကို အားမထုတ်ဖူးသေးလျှင် ဤဓာတ်ကမ္မဋ္ဌာန်းကား ယောဂါဝစရပုဂ္ဂိုလ်အတွက် သမထကမ္မဋ္ဌာန်း (၄၀)တွင် အကျုံး ဝင်သော စတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်းလည်း မှန်၏၊ ယင်းကမ္မဋ္ဌာန်းကား သဒိသူပစာရအားဖြင့် ဥပစာရသမာဓိ အမည်ရသော ဥပစာရသမာဓိကို ရွက်ဆောင်ပေးနိုင်သော ဥပစာရကမ္မဋ္ဌာန်းလည်းဖြစ်၏၊ ဒိဋ္ဌိဝိသုဒ္ဓိစခန်းအတွက် ကြိုးပမ်းနေသော ရူပကမ္မဋ္ဌာန = ရုပ်ကမ္မဋ္ဌာန်းလည်း ဖြစ်၏၊ ထိုရုပ်ကမ္မဋ္ဌာန်းကို ဥပစာရသမာဓိ (သဒိသူပစာရဥပစာရသမာဓိ) သို့ ဆိုက်အောင် ပွားနိုင်သောအခါ ယင်းသမာဓိနှင့်ယှဉ်သော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်၏ စွမ်းအင် အကူအညီဖြင့် (၃၂)ကောဋ္ဌာသသို့ ကူး၍ တစ်ဖန် ထို (၃၂)ကောဋ္ဌာသမှ ဩဒါတကသိုဏ်း စသည့် ဝဏ္ဏကသိုဏ်းများသို့ ကူးလိုက်နိုင်ပါက စတုတ္ထစျာန်သမာဓိသို့ ဆိုက်အောင် ပေါက်ရောက်နိုင်၏၊ ထိုအခါ သမထယာနိကပုဂ္ဂိုလ်အဖြစ်သို့လည်း ရောက်ရှိသွားနိုင်ပေသည်။

လိုက်နာရမည့် စည်းကမ်းများ

အထက်တွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ခန္ဓာအိမ်တစ်ခုလုံးကို ခြုံငုံ၍ ယင်းခန္ဓာအိမ်၌တည်ရှိသော မာကျန်း-လေး-ပျော့-ချော-ပေါ့ သဘောတရားများကို ကြည့်၍ ပထဝီဓာတ်ဟုလည်းကောင်း, ယိုစီး-ဖွဲ့စည်း သဘောတရား များကို ကြည့်၍ အာပေါဓာတ်ဟုလည်းကောင်း, ပူ-အေး သဘောတရားများကို ကြည့်၍ တေဇောဓာတ်ဟုလည်းကောင်း, ထောက်ကန်-တွန်းကန် သဘောတရားများကို ကြည့်၍ ဝါယောဓာတ်ဟုလည်းကောင်း - ဤသို့လျှင် ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် - ဟု ကာလအရာ ကာလအထောင် ကာလအသိန်းမက ရှုနေပါ၊ ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ တည်နေအောင် ကပ်ထားပါ။ ထိုသို့ ကြိုးပမ်းအားထုတ်ရာ၌ လိုက်နာပြုကျင့်ရမည့် စည်းကမ်းများမှာ အောက်ပါအတိုင်း ဖြစ်ကြ၏၊[၄၃၄]

၁။ အနုပုဗ္ဗတော == အစဉ်အတိုင်း ရှုပါ

ထိုသို့ ဓာတ်ကမ္မဋ္ဌာန်းကို နှလုံးသွင်းနေသော ယောဂါဝစရပုဂ္ဂိုလ်သည် ဘုရားရှင် ဟောကြားထားတော်မူသည့် အတိုင်း ဆရာသမားထံမှ သင်ယူထားသည့်အတိုင်း ''ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်''ဟု အစဉ်အတိုင်းသာ ရှုပါ။ (အာပေါဓာတ် ပထဝီဓာတ် ဝါယောဓာတ် တေဇောဓာတ် ဤသို့စသည်ဖြင့် ''ဟိုခုန်သည်ခုန် ဟိုကျော်သည်ကျော်'' မရှုပါနှင့်။)

၂။ နာတိသီဃတော == မမြန်လွန်းစေရ

ဤသို့လျှင် ဓာတ်ကြီးလေးပါးကို ဘုရားဟောဒေသနာစဉ်အတိုင်း နှလုံးသွင်းသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း အလွန် လျင်လျင်မြန်မြန် နှလုံးမသွင်းပါနှင့်။ အကြောင်းကား ဓာတ်ကြီးလေးပါးကို အလွန် လျင်လျင်မြန်မြန် နှလုံး သွင်းနေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ တပြောင်းပြန်ပြန် ဓာတ်ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်း မနသိကာရသည် အဆက်မပြတ် ဖြစ်နေသည်ကား မှန်၏၊ သို့သော် ကမ္မဋ္ဌာန်းဟု ခေါ်ဆိုအပ်သော ဓာတ်ကြီးလေးပါးတို့၏ သဘောတရား အာရုံသည် မထင်မရှား ဖြစ်နေတတ်၏၊ ကမ္မဋ္ဌာန်းအာရုံသည် မထင်မရှား ဖြစ်နေခဲ့သော် ဥပစာရသမာဓိ စသော အဆင့်မြင့်မားနေသော တရားထူး တရားမြတ်ကို ယင်းဘာဝနာမနသိကာရတရားက ရွက်ဆောင် မပေးနိုင်တော့ပေ။ ထိုကြောင့် အလွန် လျင်လျင်မြန်မြန် နှလုံးမသွင်းပါနှင့်။

၃။ နာတိသဏိကတော == မနှေးလွန်းစေရ

အလွန် နှေးနှေးကွေးကွေးလည်း နှလုံးမသွင်းပါနှင့်။ အကြောင်းကား - အလွန် ဖြည်းဖြည်းဆေးဆေး နှေးနှေးကွေးကွေး ဓာတ်ကြီးလေးပါးကို နှလုံးသွင်းနေသော ပုဂ္ဂိုလ်၏သန္တာန်၌ ဓာတ်ကမ္မဋ္ဌာန်းသည် ပြီးဆုံးခြင်းသို့ မရောက်နိုင်၊ ဝိပဿနာဉာဏ် မဂ်ဉာဏ် ဖိုလ်ဉာဏ် စသော တရားထူး တရားမြတ်ကို ရခြင်း၏ အကြောင်းတရား မဖြစ်နိုင်ပေ။

၄။ ဝိက္ခေပပဋိဗာဟနတော == အပြင်အာရုံသို့ စိတ်ပျံ့လွင့်မှုကို တားမြစ်ရမည်

ဓာတ်ကြီးလေးပါးတည်းဟူသော ကမ္မဋ္ဌာန်းအာရုံကို စွန့်လွှတ်လိုက်၍ ဓာတ်ကြီးလေးပါးတို့၏ ပြင်ပ၌ တည်ရှိကြကုန်သော ပရမတ်အာရုံ ပညတ်အာရုံအမျိုးမျိုး၌ စိတ်ပျံ့လွင့်သွားမှုကို တားမြစ်ပေးပါ။ အကြောင်းမူ ဓာတ်ကြီး လေးပါး၏ ပြင်ပ၌ တည်ရှိသော ဓာတ်ကြီးလေးပါးမှ အခြားတစ်ပါးသော ပရမတ်အာရုံ ပညတ်အာရုံ အမျိုးမျိုး၌ စိတ်ပျံ့လွင့်မှု ရှိခဲ့သော် ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ်တတ်၏၊ ပျက်စီးတတ်၏၊[၄၃၅]

[တင်းကြပ်စွာ လိုက်နာရမည့် စည်းကမ်းတစ်ခု ဖြစ်၏၊ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို အာရုံယူ၍ သမာဓိ ထူထောင်ခိုက်ဝယ် ဓာတ်ကြီးလေးပါးမှ အခြားတစ်ပါးသော ပရမတ်အာရုံ ပညတ်အာရုံ အမျိုးမျိုးကို လိုက်ရှုနေပါက စတုဓာတုဝဝတ္ထာန် အမည်ရသော ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီးကို ဉာဏ်ဖြင့် ပိုင်းခြားယူတတ်သော ဓာတ်ကမ္မဋ္ဌာန်း မဟုတ်တော့သည်ကိုကား သတိပြုသင့်၏၊ ဓာတ်ကြီးလေးပါးကို ရှုပါမှသာလျှင် စတုဓာတုဝဝတ္ထာန် ဓာတ်ကမ္မဋ္ဌာန်းဟု ခေါ်ဆိုနိုင်၍ အထူးသဖြင့် ယခုကဲ့သို့ သမာဓိကို ထူထောင်ခိုက်ဝယ် ဓာတ်ကြီးလေးပါးမှတစ်ပါးသော ပြင်ပအာရုံအမျိုးမျိုးကို လိုက်ရှုနေပါက ဓာတ်ကမ္မဋ္ဌာန်းဟု မခေါ်ဆိုနိုင်သည်ကိုကား သဘောကျသင့်လှပေသည်။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ဖြစ်ပါက ပို၍ ပို၍ သတိပြုသင့်လှသော အချက်လည်း ဖြစ်၏၊ အကြောင်းမူ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တို့သည် ယေဘုယျအားဖြင့် ရုပ်ကမ္မဋ္ဌာန်းကစ၍ ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးရာ၌ ဓာတ်ကြီးလေးပါးကိုပင် အကျဉ်းနည်း အကျယ်နည်း နှစ်နည်းတို့တွင် တစ်နည်းနည်းဖြင့် စတင်၍ ပွားများအားထုတ်ရသောကြောင့် ဖြစ်၏၊[၄၃၆] ဓာတ်ကိုကား ရှု၏၊ သို့သော် ဓာတ်ကြီး လေးပါး၏ ပြင်ပ၌ တည်ရှိသော ပြင်ပအာရုံအမျိုးမျိုးကိုလည်း လိုက်၍ ရှုနေပါက 'ကျီးလည်း မမည် ကြက်လည်း မဟုတ်'သဖြင့် 'သပိတ်ကွဲ ကိုယ်ကြေ'သာ ရှိချေမည်။ ဓာတ်ကြီးလေးပါးကိုလည်းကောင်း ဓာတ်ကြီးလေးပါး၏ ပြင်ပအာရုံ အမျိုးမျိုးကိုလည်းကောင်း ရှုချင်သလို ရှုချင်တိုင်း လိုက်၍ ရှုနေခြင်းတည်းဟူသော အကြောင်းကြောင့် ပရမာဏုမြူထက် အဆပေါင်းများစွာ သေးငယ်သော ရုပ်ကလာပ်အမှုန်များကို မြင်မမြင်ကိုလည်းကောင်း, မြင်လျှင်လည်း ယင်း ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းနိုင် မသိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် မယူနိုင်ကိုလည်းကောင်း ယောဂါဝစရပုဂ္ဂိုလ်သည် မိမိကိုယ်ကို မိမိ မေးကြည့်ပါ။ အကယ်၍ ရုပ်ကလာပ်များကို မမြင်ဟုလည်းကောင်း, မြင်သော်လည်း ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို မသိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားမယူနိုင်ဟုလည်းကောင်း အဖြေထွက်ခဲ့လျှင် ဓာတ်ကမ္မဋ္ဌာန်းဖြင့် သမာဓိကို ထူထောင်ခိုက်ဝယ် ''ဓာတ်ကြီးလေးပါး၏ ပြင်ပအာရုံ အမျိုးမျိုးကို လိုက်မရှုရ''ဟူသော စည်းမျဉ်းဥပဒေသကို လိုက်နာပြုကျင့်သင့်လှပေသည်။ အကြောင်းမူ ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းနိုင်ပါမှ ပရမတ္ထသစ္စာနယ်သို့ စတင် ဆိုက်ရောက်သောကြောင့် ဖြစ်ပေသည်။“]

ချောင်းတစ်ခု သို့မဟုတ် မြစ်တစ်ခု သို့မဟုတ် ချောက်ကမ်းပါးတစ်ခုကို ဖြတ်ကျော်ရန် တံတားတစ်ခုကို တည်ဆောက်ထားရာ ထိုတံတားပေါ်၌ ခြေတစ်ဖဝါးစာ သွားနိုင်ရုံမျှ ပျဉ်တစ်ချပ်ကို ခင်းထား၏၊ ထိုပျဉ်တစ်ချပ်သာ ခင်းထားသော ခြေတစ်ဖဝါးစာမျှသာ သွားလမ်းရှိသော လမ်းခရီးကို သွားနေသော ယောက်ျားသည် ဘေးပတ်ဝန်းကျင် အာရုံအမျိုးမျိုးကို ငေးမောကြည့်လျက် ထိုတံတားပေါ်သို့ လျှောက်နေခဲ့သော် ထိုမှာဘက်ကမ်းသို့ မရောက်နိုင်ဘဲ ချောင်းအတွင်း သို့မဟုတ် မြစ်အတွင်း သို့မဟုတ် ချောက်ကမ်းပါးအတွင်းသို့ ကျဆင်းသွားဖွယ်ရာသာ ရှိ၏၊ ဤဥပမာကို ဤအရာ၌ ထုတ်ဆောင်ပြထိုက်လှပေသည်။[၄၃၇]

၅။ ပဏ္ဏတ္တိသမတိက္ကမနတော == အမည်ပညတ်၌ သောင်တင် မနေပါစေနှင့်

ပထဝီဓာတ်ဟူသော အမည်နာမပညတ်ပေါ်၌ ဘာဝနာစိတ်ကို မထားဘဲ မာ-ကျန်း-လေး-ပျော့-ချော-ပေါ့ ဟူသော ပထဝီဓာတ်၏ သဘောတရားအပေါ်၌သာ ဘာဝနာစိတ်ကို ထားရမည်။ အာပေါဓာတ်ဟူသော အမည်နာမ ပညတ်ပေါ်၌ ဘာဝနာစိတ်ကို မထားဘဲ ယိုစီးမှု-ဖွဲ့စည်းမှုဟူသော အာပေါဓာတ်၏ သဘောတရားအပေါ်၌သာ ဘာဝနာစိတ်ကို ထားရမည်။ တေဇောဓာတ်ဟူသော အမည်နာမပညတ်ပေါ်၌ ဘာဝနာစိတ်ကိုမထားဘဲ ပူမှုသဘော အေးမှုသဘောဟူသော တေဇောဓာတ်၏ သဘောတရားအပေါ်၌သာ ဘာဝနာစိတ်ကို ထားရမည်။ ဝါယောဓာတ် ဟူသော အမည်နာမပညတ်ပေါ်၌ ဘာဝနာစိတ်ကိုမထားဘဲ ထောက်ကန်မှုသဘော တွန်းကန်မှုသဘောဟူသော ဝါယောဓာတ်၏ သဘောတရားအပေါ်၌သာ ဘာဝနာစိတ်ကို ထားရမည်။ အမည်နာမပညတ်အပေါ်၌ ဘာဝနာစိတ်ကို သောင်တင်မနေစေဘဲ ဓာတ်ကြီးလေးပါးတို့၏ ပရမတ်အာရုံပေါ်၌သာ ဘာဝနာစိတ်ကို ကပ်ထားပါ။

၆။ အနုပဋ္ဌာနမုဉ္စနတော == မထင်ရှားသော ဓာတ်အချို့ကို လွှတ်ထားပါ

စိတ်ငြိမ်သက်မှု သမာဓိကို ရရှိအောင် ဦးစားပေး၍ ကျင့်နေရသောအချိန် ဖြစ်သဖြင့် အသိဉာဏ်၌ မထင်မရှား ဖြစ်နေသော အချို့အချို့သော သဘောတရားများကို ခေတ္တ လွှတ်ထားလိုပါက လွှတ်ထားနိုင်သည်၊ ခေတ္တ မရှုဘဲ ထားလိုက ထားနိုင်ပေသည်။ ဤသည်မှာလည်း ဓာတ်တစ်ခုခု၏လွန်ကဲလာမှုကြောင့် ကာယိကဒုက္ခဝေဒနာများ လွန်လွန်ကဲကဲ ဖြစ်မလာသဖြင့် သက်တောင့်သက်သာရှိ၍ အနေရအထိုင်ရ မခက်ပါမှသာလျှင် သမာဓိဖြစ်မှုကို အနှောင့်အယှက် မဖြစ်ပါမှသာလျှင် မထင်ရှားသော ဓာတ်အချို့ကို ခေတ္တ လွှတ်ထားခွင့် ရှိခြင်းဖြစ်သည်။ ဓာတ်တစ်ခုခုက လွန်ကဲနေ၍ ကာယိကဒုက္ခဝေဒနာများက လွှမ်မိုးဖိစီးလာကြသဖြင့် ဓာတ်ကြီးလေးပါးတည်းဟူသော ကမ္မဋ္ဌာန်းအာရုံပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်မထားနိုင်သဖြင့် ကမ္မဋ္ဌာန်းအာရုံနှင့် ကာယိကဒုက္ခဝေဒနာ အာရုံတို့၌ စိတ်သည် တစ်လှည့်စီ ပြေးသွားနေရကား စိတ်ငြိမ်သက်မှု သမာဓိကို မဖြစ်စေနိုင် ဖြစ်နေပါက ဓာတ်ညီမျှအောင် ပြန်လည်၍ နှလုံးသွင်း ရှုပွားပါ။ သို့သော် အနည်းဆုံး ပမာဏအားဖြင့် ပထဝီဓာတ်၏ သဘာဝလက္ခဏာတစ်မျိုး, အောင် ပြန်လည်၍ နှလုံးသွင်း ရှုပွားပါ။ သို့သော် အနည်းဆုံး ပမာဏအားဖြင့် ပထဝီဓာတ်၏ သဘာဝလက္ခဏာတစ်မျိုး, အာပေါဓာတ်၏ သဘာဝလက္ခဏာတစ်မျိုး, တေဇောဓာတ်၏ သဘာဝလက္ခဏာတစ်မျိုး, ဝါယောဓာတ်၏ သဘာဝ- လက္ခဏာ တစ်မျိုးဟူသော သဘောတရားတစ်မျိုးစီကား ထင်ရှားနေရမည်သာ ဖြစ်သည်။ သဘောတရား (၁၂)မျိုးလုံး ထင်ရှားနေပါက ပို၍ ပို၍ ကောင်းသည်သာ ဖြစ်ပေသည်။

၇။ လက္ခဏတော == သဘာဝလက္ခဏာကို ဦးစားပေး ရှုပါ

ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာကို ဦးစားပေး၍ ရှုပါ။ ဓာတ်ကမ္မဋ္ဌာန်းကို အားထုတ်စတွင်ကား ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးသည် အသိဉာဏ်၌ မထင်မရှားဖြစ်ခဲ့သော် ရသ = ကိစ္စကစ၍ ရှုလိုကလည်း ရှုနိုင်၏၊ သို့သော် ဤသို့ ဓာတ်ကမ္မဋ္ဌာန်းအာရုံ၌ သမာဓိသည် အားကောင်းလာ၍ ဓာတ်ကြီး လေးပါး အာရုံ၌ ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေခဲ့သော် ထိုသို့ တည်ငြိမ်နေသဖြင့် ဘာဝနာအရှိန်လည်း အားကောင်းလာသောအခါ၌ကား သမာဓိ၏ စွမ်းအင်ကြောင့် မထင်ရှားသော ဓာတ်များသည်လည်း ထင်ရှားလာရကား –

၁။ ပထဝီဓာတ်၏ မာမှု ကျန်းမှုသဘော,
၂။ အာပေါဓာတ်၏ ယိုစီးမှု ဖွဲ့စည်းမှုသဘော,
၃။ တေဇောဓာတ်၏ ပူမှု အေးမှုသဘော,
၄။ ဝါယောဓာတ်၏ ထောက်ကန်မှုသဘော ဟူသော

ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးပေါ်၌ ဘာဝနာစိတ်ကို စေလွှတ်၍ စူးစူးစိုက်စိုက် ရှုပေးပါ။ ဓာတုမနသိကာရ ဘာဝနာသမာဓိကို ပို၍ ပို၍ စူးရှထက်မြက်လာစေရန်အတွက် ဖြစ်သည်။ ဤသို့ ကျင့်၍မှ သမာဓိစွမ်းအင်က အလွန်ကြီး မထက်မြက်လာသေးလျှင် မာ-ယို-ပူ-ထောက် ဟူသော သဘာဝလက္ခဏာ မျှလောက်ကိုသာ ဦးစားပေး၍ ရှုလျက် သမာဓိကို ထူထောင်ပါ။

ဤသို့ အမည်နာမပညတ်ကို ပယ်စွန့်၍ ဓာတ်ကြီးလေးပါးတို့၏ အသီးအသီးသော ကိုယ်ပိုင်သဘာဝလက္ခဏာ အာရုံ၌သာလျှင် နှလုံးသွင်းရှုပွားမှုကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာတို့သည် ကောင်းစွာ ထင်ရှားလာကုန်သည်ဖြစ်၍ အလွန်ထင်ရှားလာကုန်သည်ဖြစ်၍ ထင်လာကုန်၏၊ ဤသို့ အဖန်ဖန် အထပ်ထပ် နှလုံးသွင်း ရှုပွားခြင်း၏ အစွမ်းဖြင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဘာဝနာစိတ်သည် အဖန်ဖန် အထပ်ထပ် မှီဝဲခြင်း ထုံခြင်းတည်းဟူသော အာသေဝနပစ္စည်းကို ရရှိလာ၏၊ ရူပကာယ တစ်ခုလုံးသည် ဓာတ်သဘောတရား အစုအပုံမျှ အနေဖြင့် ထင်လာ၏၊ အတ္တမှ ဆိတ်သုဉ်းသောအားဖြင့် ပုဂ္ဂိုလ် သတ္တဝါ ဇီဝကောင် မဟုတ်သောအားဖြင့် ထင်လာ၏၊ ယန္တရားစက်ကြိုးဖြင့် အဆင့်ဆင့် အပြန်ပြန် အလှန်လှန် လှုပ်ရှားသွားလာနေသော စက်ယန္တရားကဲ့သို့ အဆင့်ဆင့် အပြန်ပြန် အလှန်လှန် လှုပ်ရှားသွားလာနေသော ဓာတ် သဘောတရား အစုအပုံမျှဟူ၍ ထင်လာ၏၊

တစ်ဖန် အကယ်၍ ဗဟိဒ္ဓ အပြင်လောက၌လည်း ဓာတ်ကြီးလေးပါးကို နှလုံးသွင်းရှုပွားမှု ဘာဝနာမနသိကာရကို ဉာဏ်ဖြင့် ရှေးရှု ကပ်ဆောင်သည် ဖြစ်အံ့၊ ထိုအခါ ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် လှည့်လည် ကျက်စား သွားလာနေကြကုန်သော လူ တိရ စ္ဆာန် စသူတို့သည် သတ္တဝါဟူသော အခြင်းအရာကို ပယ်စွန့်၍ ဓာတ်ကြီးလေးပါးတို့၏ အပေါင်းအစု၏ အစွမ်းဖြင့်သာလျှင် ထင်လာကုန်၏၊ ထိုသူတို့ ပြုလုပ်အပ်သော အမူအရာ အပြုအမူ မှန်သမျှသည် ဓာတ်ကြီးလေးပါးဖြင့် ပြီးသော ဓာတ်ကြီးလေးပါးဖြင့် ပြုလုပ်ထားသော စက်ယန္တရားဖြင့် ဖြစ်စေအပ် လည်ပတ်စေ အပ်သော အရာဝတ္ထုဖြစ်၍ ထင်လာ၏၊ ထိုသူတို့ စားမျိုအပ်သော သောက်ဖွယ် စားဖွယ် စသည်သည်လည်း ဓာတ်ကြီး လေးပါးတို့၏ အပေါင်းအစု၌ ထည့်သွင်းလိုက်သော ဓာတ်ကြီးလေးပါးတို့၏ အပေါင်းအစုကဲ့သို့ ထင်လာ၏၊[၄၃၈]

ထိုအခါ၌ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ထိုကဲ့သို့ အာသေဝနပစ္စည်းကို ရရှိနေသော ဘာဝနာစိတ်သည်လည်း..

(က) ဝီရိယ လွန်ကဲနေခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စ၏ အစွမ်းဖြင့်သော်လည်းကောင်း,
( ခ ) ဝီရိယ လျော့လွန်းခြင်းကြောင့် ဖြစ်ပေါ်လာသော ပျင်းရိမှု ကောသဇ္ဇ၏ အစွမ်းဖြင့်သော်လည်းကောင်း

ဥပစာရသမာဓိတည်းဟူသော သမထဘာဝနာလမ်းကြောင်းပေါ်သို့ အကယ်၍ မသက်ရောက်သည် မသက်ရောက်သေးသည် မသက်ရောက်နိုင်သည် ဖြစ်နေငြားအံ့၊ ထိုအခါ၌ –

၈။ အဓိစိတ္တသုတ္တန် (= နိမိတ္တသုတ္တန်)[၄၃၉]
၉။ အနုတ္တရသီတိဘာဝသုတ္တန်[၄၄၀]
၁၀။ ဗောဇ္ဈင်္ဂသုတ္တန်[၄၄၁]

ဤသုတ္တန်သုံးမျိုးတို့၌ လာရှိသော နည်းအတိုင်း ဝီရိယနှင့် သမာဓိကို ညီမျှအောင် ပြုကျင့်ရမည်။ (ယင်းသုတ္တန် တို့ကား ဣန္ဒြေငါးပါး ညီမျှအောင် ဗောဇ္ဈင်ခုနစ်ပါး ညီမျှအောင် ကျင့်ပုံကျင့်နည်းများကို ညွှန်ကြားပြသထားတော်မူသော သုတ္တန်များ ဖြစ်ကြသည်။ အကျယ်ကို ယင်းသုတ္တန် ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ ကြည့်ပါ။ ဤ၌ကား အကျဉ်းချုပ်၍ ရေးသားတင်ပြပေအံ့။)[၄၄၂]

ဣန္ဒြေ (၅) ပါး ညီမျှအောင် ကျင့်ပုံ

ဤအရာဝယ် ဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းခွင်အပေါ်၌ ယုံကြည်မှုကား သဒ္ဓိန္ဒြေတည်း။ ဓာတ်ကြီးလေးပါး တို့၏ သဘာဝလက္ခဏာကို သိအောင် ကြိုးစားအားထုတ်မှု, ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်မှုကား ဝီရိယိန္ဒြေတည်း။ ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းတတ် အမှတ်ရတတ်သော သတိကား သတိန္ဒြေတည်း။ ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေမှု သဘောကား သမာဓိန္ဒြေတည်း။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို ထိုးထွင်းသိမြင်ခြင်း သဘောကား ပညိန္ဒြေတည်း။ ဤဣန္ဒြေငါးပါးကိုလည်း ညီမျှအောင် ကျင့်ရမည်။

ဓာတုမနသိကာရ ဘာဝနာလုပ်ငန်း၌ ယုံကြည်ချက် သဒ္ဓါတရားက စွမ်းအင်ကြီးမားနေသဖြင့် ဓာတုမနသိကာရ ဘာဝနာလုပ်ငန်း၌ လွတ်လွတ်သက်ဝင်၍ ဆုံးဖြတ်ခြင်း သဒ္ဓါဓိမောက္ခကိစ္စက အလွန် ထင်ရှားနေသောကြောင့် လည်းကောင်း, ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာကို ထိုးထွင်းသိမြင်နေသော ပညိန္ဒြေ (= အသိဉာဏ်)က မသန့်ရှင်းသောကြောင့်လည်းကောင်း, ဝီရိယ-သတိ-သမာဓိ ဣန္ဒြေတို့က လျော့လျော့ရဲရဲရှိနေခြင်း စသော အကြောင်းတရားကြောင့်လည်းကောင်း သဒ္ဓိန္ဒြေသည် အလွန်အားကောင်းနေ၏၊ ထိုအခါ၌ ဝီရိယိန္ဒြေသည် မိမိနှင့် ယှဉ်ဖက် သမ္ပယုတ်တရားတို့ကို ဓာတ်ကြီးလေးပါးအာရုံမှ လျှောကျမသွားအောင် ချီးပင့်ထားခြင်း ပဂ္ဂဟလုပ်ငန်းကိစ္စကို မရွက်ဆောင်နိုင်၊ သတိန္ဒြေသည်လည်း ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအသီးအသီးကို အသိဉာဏ်၌ ထင်ထင် ရှားရှား ဖြစ်ပေါ်လာစေခြင်း ဥပဋ္ဌာနကိစ္စကို မရွက်ဆောင်နိုင်၊ သမာဓိန္ဒြေသည်လည်း ဓာတ်ကြီးလေးပါးအာရုံမှ ပြင်ပအာရုံသို့ စိတ်ပျံ့လွင့်မသွားအောင် ရွက်ဆောင်ပေးခြင်း အဝိက္ခေပကိစ္စကို မရွက်ဆောင်နိုင်၊ ပညိန္ဒြေသည်လည်း ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထိုးထွင်းသိမြင်ခြင်း ဒဿနကိစ္စကို ပြုလုပ်အံ့သောငှာ မစွမ်းနိုင်။ အားကောင်းနေသော သဒ္ဓိန္ဒြေက လွှမ်းမိုးဖိစီးထားသောကြောင့် ဖြစ်၏၊ ထို့ကြောင့် ပရမတ္ထဓမ္မသဘာဝ, အထူးသဖြင့် ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကို ပရမတ်သို့ ဆိုက်အောင် ထိုးထိုး ထွင်းထွင်း သိအောင် ဆင်ခြင်ခြင်းဖြင့်လည်းကောင်း, သဒ္ဓိန္ဒြေအားကောင်းလောက်အောင် ဓာတ်ကမ္မဋ္ဌာန်းအာရုံကို နှလုံးမသွင်းခြင်းဖြင့်လည်းကောင်း သဒ္ဓိန္ဒြေကို ယုတ်လျော့စေရ၏၊

အကယ်၍ ဓာတ်ကြီးလေးပါးကို သိအောင် ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ် ငြိမ်နေအောင် ကြိုးစား အားထုတ်မှု လုံ့လဝီရိယက အားကောင်းနေပြန်လျှင်လည်း သဒ္ဓိန္ဒြေက အဓိမောက္ခကိစ္စ, သတိန္ဒြေက ဥပဋ္ဌာနကိစ္စ, သမာဓိန္ဒြေက အဝိက္ခေပကိစ္စ, ပညိန္ဒြေက ဒဿနကိစ္စဟူသော မိမိ မိမိ၏ ဆိုင်ရာဆိုင်ရာ ကိစ္စ အသီးအသီးကို မရွက်ဆောင်နိုင်တော့ပေ။ လွန်ကဲနေသော ဝီရိယသည် စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စ၏ အသင်းအပင်း ဘက်တော်သား ဖြစ်နေသဖြင့် ဓာတ်ကြီးလေးပါးအာရုံမှ ပြင်ပအာရုံသို့ စိတ်ပျံ့လွင့်မှု များနေသောကြောင့် ဖြစ်၏၊ ထိုကြောင့် ပဿဒ္ဓိသမ္ဗောဇ္ဈင် သမာဓိသမ္ဗောဇ္ဈင် ဥပေက္ခာသမ္ဗောဇ္ဈင်တို့ကို ပွားများခြင်းဖြင့် လွန်ကဲနေသော ဝီရိယကို ယုတ်လျော့ စေရ၏၊

အထူးသဖြင့် သဒ္ဓါနှင့် ပညာတို့၏လည်းကောင်း, ဝီရိယနှင့် သမာဓိတို့၏လည်းကောင်း ညီမျှမှုကို အရိယာ သူတော်ကောင်းတို့က ချီးမွမ်းမြှောက်စားတော်မူကြ၏၊ ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်၌ ယုံကြည်မှု သဒ္ဓါတရားက အားကောင်း၍ ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကို ထိုးထိုးထွင်းထွင်း သိမြင်တတ်သော ပညိန္ဒြေက နုံ့နေပြန်လျှင်, ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကို ရှင်းရှင်းလင်းလင်း ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မသိဘဲ ဝိုးတိုးဝါးတား မထင်မရှား သိနေပြန်လျှင် သဒ္ဓါနှင့် ပညာတို့မှာ ညီမျှမှုမရှိ ဖြစ်နေပြန်၏၊ မပြောပလောက်သော ကမ္မဋ္ဌာန်းအတွေ့အကြုံ၌ အထင်ကြီးနေတတ်၏၊ ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင် သဘာဝလက္ခဏာ အသီးအသီးကိုကား လွယ်လွယ်ကူကူဖြင့် ရှုရနေ၏၊ ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း သိနေ၏၊ သို့သော် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်၌ ယုံကြည်ချက် သဒ္ဓါတရားမှာ အားပျော့နေပြန်၏၊ ဓာတ်ကမ္မဋ္ဌာန်းကို စနစ်တကျ ရှုနိုင်ပါက ရုပ်ကလာပ်များကို တွေ့မြင်နိုင်သည်ဟူသော အချက်, ယင်းရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သာဝကတို့လည်း ရှု၍ ရနိုင်သည် သိမ်းဆည်း၍ ရနိုင်သည်ဟူသော အချက် - ဤအချက်တို့နှင့် ပတ်သက်၍ မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နေ၏၊ တစ်ခါတစ်ရံ ''ဒီရုပ် ဒီနာမ်တွေကို'' သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင် တို့သာ ရှု၍ရနိုင်သည် မဟုတ်ပါလားဟု သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ဘက်သို့ တွန်းပို့နေတတ်၏၊ ဘုရားရှင်ကိုပင် မိမိတို့၏ သက်သေအရာ၌ တည်အောင် ထားနေတတ်၏၊ ဝေဖန်ရေးသမား လုပ်နေတတ်၏၊ မိမိကိုယ်ကို မိမိ ဉာဏ်ပညာထက်မြက်သူ ပညာရှိ သူတော်ကောင်းတစ်ဦးဟု ခံယူချက်ရှိနေသဖြင့် ဘုရားဟောထားသည့် ပရမတ္ထ ရုပ်နာမ်တို့ကိုသာ ဝိပဿနာရှုကောင်းပါသည်ဟု ပြောဆိုလာသူကို မျက်လုံးကို ထောင့်ကပ်လျက် မျက်နှာချိုသွေးကာ အထင်သေးသော စိတ်ထားဖြင့် ကြည့်နေတတ်ပြန်၏၊ ဘာဝနာလုပ်ငန်းခွင်ကို ညွှန်ကြားပြသနေသော ဘုရားရှင်၏ တရားတော်များအပေါ်၌ ယုံကြည်ချက် စွမ်းအင်များ လျော့ပါးနေခြင်း ဖြစ်၏၊ ထို့ကြောင့် အဋ္ဌကထာ[၄၄၃]က အောက်ပါအတိုင်း မှတ်ချက်ချထား၏၊

''အတုအယောင် ပရိယတ္တိဗဟုသုတ, အတုအယောင် ပဋိပတ္တိဗဟုသုတဟူသော အတုအယောင် အကြားအမြင် ဗဟုသုတပညာက အားကောင်း၍ သဒ္ဓါတရားက အားပျော့နေပြန်လျှင်လည်း ကောက်ကျစ်စဉ်းလဲသည့်ဘက်သို့ ယိုင်လဲသွားတတ်၏၊ ဆေးကြောင့်ဖြစ်သော အနာရောဂါသည် အကုရခက်သကဲ့သို့ ထိုပုဂ္ဂိုလ်မျိုးကို ဘုရားရှင်၏ တရားစစ် တရားမှန်တည်းဟူသော ဆေးကို တိုက်ကျွေးလျက် မှားယွင်းစွာ လက်ခံထားသော အတုအယောင် ပရိယတ္တိဗဟုသုတ အတုအယောင် ပဋိပတ္တိဗဟုသုတပညာကြောင့် ဖြစ်ပေါ်လာသော မမှန်မကန် ကျင့်သုံးနေသည့် အနာရောဂါဆိုးကို ပျောက်ကင်းအောင် ကုသပေးဖို့ရန်မှာလည်း အလွန်ခက်ခဲလှပေသည်။'' အတုအယောင် ဗဟုသုတပညာများသလောက် မေးခွန်းပေါင်းစုံဖြင့် ဆင်ခြေပေးကာ ဝေ့လည်ကြောင်ပတ် လုပ်နေတတ်၏၊ သစ္စကပရိဗိုဇ်ကဲ့သို့သော ပုဂ္ဂိုလ်များ ပင်တည်း။ ထိုပုဂ္ဂိုလ်မျိုးသည်လည်း ဘာဝနာလုပ်ငန်းခွင်၌ အောင်မြင်မှုရရှိဖို့ရန် ခက်ခဲတတ်၏၊ ထိုကြောင့် သဒ္ဓါနှင့်ပညာ နှစ်ပါးတို့၏ ညီမျှမှု ရှိဖို့လည်း လိုအပ်ပေသည်။

တစ်ဖန် – ဓာတ်ကြီးလေးပါးအာရုံ၌ ငြိမ်ဝပ်စွာကပ်၍ တည်နေသော သမာဓိကား အားကောင်းလျက် ရှိ၏၊ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထင်ထင်ရှားရှားသိအောင် ကြိုးစားအားထုတ်မှု, ယင်း ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်၍ တည်နေအောင် ကြိုးစားအားထုတ်မှု လုံ့လဝီရိယကား အားပျော့လျက် ရှိနေပြန်၏၊ ထိုအခါ သမာဓိသည် ဘာဝနာလုပ်ငန်းခွင်၌ ပျင်းရိခြင်း ကောသဇ္ဇ၏ ဘက်တော်သား ဖြစ်ခြင်းကြောင့် လွန်ကဲသောသမာဓိရှိသော နုံ့သောဝီရိယရှိသော သူကို ပျင်းရိခြင်း ကောသဇ္ဇတရားက လွှမ်းမိုးဖိစီး နှိပ်စက်တတ်၏၊ ထို့ကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် ယခုကဲ့သို့ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို အာရုံယူ၍ သမာဓိကို ထူထောင်နေခိုက်၌ ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေသောအခါ ထိုဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို အသာအယာ မှေးမထားပါနှင့်။ ဘာဝနာစိတ်ကို လျှော့ချ၍ သက်သက်သာသာ မှေးစိုက်ထားခြင်းမှာ လုံ့လဝီရိယ လျော့ခြင်း၏ အမှတ်အသားပင် ဖြစ်၏၊ ထိုကဲ့သို့ ရှုနေသော ဘာဝနာစိတ်ကို လျှော့ချကာ သက်သက်သာသာ မှေးထားပါက ရှုနေသော ဘာဝနာစိတ်ဟူသော မဟာကုသိုလ် မနောဒွါရိကဇောဝီထိတို့၏ အကြားအကြား၌ ဘဝင်လည်း အကျများလာတတ်၍ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးမှာလည်း တဖြည်းဖြည်း မထင်မရှား ဖြစ်လာတတ်၏၊ ဘာဝနာလုပ်ငန်းခွင်မှ လျှောကျသွားခြင်းပင်တည်း။ ထိုကြောင့် ထိုအခါမျိုး၌ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထင်ထင်ရှားရှား သိအောင် ယင်းအာရုံ၌ စိတ်ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယကို မြှင့်တင်ပေးပါ။

တစ်ဖန် ဝီရိယသည် စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စ၏ ဘက်တော်သား ဖြစ်ခြင်းကြောင့် ဝီရိယက လွန်ကဲ၍ သမာဓိက နုံ့နေပြန်လျှင်လည်း ဓာတ်ကြီးလေးပါးကို ထင်ထင်ရှားရှား သိအောင် ယင်းဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍တည်နေအောင် လွန်လွန်ကဲကဲ ကြိုးစားအားထုတ်ခြင်း လုံ့လဝီရိယရှိသော နုံ့သောသမာဓိရှိသော သူကို ဓာတ်ကြီးလေးပါးမှ ပြင်ပဖြစ်သော အာရုံအမျိုးမျိုးသို့ စိတ်ပျံ့လွင့်နေမှု ဥဒ္ဓစ္စတရားက လွှမ်းမိုးဖိစီးတတ်ပြန်၏၊

အလျော်ကား – ဓာတ်ကြီးလေးပါးအာရုံ၌ ငြိမ်ဝပ်စွာကပ်၍ တည်နေသော သမာဓိကို ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထင်ထင်ရှားရှား သိအောင် ကြိုးစားအားထုတ်မှု, ယင်းဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်မှု လုံ့လဝီရိယနှင့် ညီမျှအောင် ယှဉ်စပ် ပေးလိုက်ပါက ဘာဝနာစိတ်သည် ပျင်းရိခြင်း ကောသဇ္ဇအဖို့အစု၌ ကျရောက်ဖို့ရန် အခွင့်ကို မရနိုင်လေရာ။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအသီးအသီးကို သိအောင် ယင်းဓာတ်ကြီးလေးပါးအာရုံ၌ စိတ်ငြိမ်ဝပ်စွာ ကပ်၍တည်နေအောင် ကြိုးစားအားထုတ်မှု လုံ့လဝီရိယကိုလည်း ယင်းဓာတ်ကြီးလေးပါးအာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေတတ်သော သမာဓိနှင့် ညီမျှအောင် ယှဉ်စပ်ပေးလိုက်သော် ဘာဝနာစိတ်သည် စိတ်ပျံ့လွင့်မှု ဥဒ္ဓစ္စအဖို့အစု၌ ကျရောက်ဖို့ရန် အခွင့်ကို မရရှိနိုင်လေရာ။ ထိုကြောင့် သမာဓိနှင့် ဝီရိယ နှစ်ပါးစုံကိုလည်း ညီမျှအောင် ပြုကျင့်ပါ။

သဒ္ဓါနှင့်ပညာ, ဝီရိယနှင့်သမာဓိ ဤနှစ်စုံလုံး ညီမျှမှသာလျှင် ဥပစာရသမာဓိတည်းဟူသော အပ္ပနာသည် ဖြစ်ပေါ်လာနိုင်ပေသည်။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို သိမ်းဆည်းတတ်သော သတိ = အောက်မေ့အမှတ်ရနေသော သတိကား အခါခပ်သိမ်း လိုအပ်သည်သာတည်း။[၄၄၄]

ဗောဇ္ဈင် (၇) ပါး ညီမျှအောင် ကျင့်ပါ

၁။ ဓာတ်ကြီးလေးပါးတို့၏ အသီးအသီးသော သဘာဝလက္ခဏာအာရုံကို အောက်မေ့ အမှတ်ရနေသော အဖန်ဖန် အထပ်ထပ် သိမ်းဆည်းနေသော သတိကား သတိသမ္ဗောဇ္ဈင်
၂။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကိုသာ ထိုးထွင်းသိနေသော စူးစမ်းဆင်ခြင်သုံးသပ်နေသော ပညာကား ဓမ္မဝိစယသမ္ဗောဇ္ဈင်
၃။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဓမ္မဝိစယ-ဝီရိယစသော ဗောဇ္ဈင်မြတ်တရားတို့ ထင်ရှား ဖြစ်ပေါ်လာအောင် အထူးသဖြင့် ဓာတ်ကြီးလေးပါးအာရုံ၌ စိတ်ငြိမ်ဝပ်စွာ ကပ်၍ တည်နေမှု သမာဓိသမ္ဗောဇ္ဈင် ဖြစ်အောင် ကြိုးစားအားထုတ်နေသော ဝီရိယကား ဝီရိယသမ္ဗောဇ္ဈင်
၄။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်၏ ကြည်ရွှင်ဝမ်းမြောက်နေခြင်း = ပီတိကား ပီတိသမ္ဗောဇ္ဈင်
၅။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်စေတသိက်တို့၏ ငြိမ်းအေးနေခြင်း = ပဿဒ္ဓိကား ပဿဒ္ဓိသမ္ဗောဇ္ဈင်
၆။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်၏ ငြိမ်ဝပ်စွာ ကပ်၍ တည်နေမှု = သမာဓိကား သမာဓိသမ္ဗောဇ္ဈင်
၇။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ဘာဝနာစိတ်ကို ..
(က) တက်ကြွခြင်း, ပျံ့လွင့်ခြင်း
( ခ ) တွန့်ဆုတ်ခြင်း, ပျင်းရိခြင်း
ဤအဖို့အစုဘက်သို့ မရောက်အောင် သမ္ပယုတ်တရားတို့ကို အညီအမျှထားခြင်း = တတြမဇ္ဈတ္တတာကား ဥပေက္ခာသမ္ဗောဇ္ဈင်
ဤသည်တို့ကား ဓာတ်ကမ္မဋ္ဌာန်းစခန်း၌ ဗောဇ္ဈင် (၇)ပါးတို့တည်း။

အလွန်လျော့လွန်းသော လုံ့လဝီရိယရှိနေခြင်း, ဘာဝနာလုပ်ငန်းခွင်၌ သာယာမှု ကင်းမဲ့နေခြင်းစသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် ဓာတ်ကမ္မဋ္ဌာန်းလုပ်ငန်းခွင်မှ တွန့်ဆုတ်နေ၏ ပျင်းရိနေ၏၊ ထိုအခါ၌ ပဿဒ္ဓိ-သမာဓိ-ဥပေက္ခာသမ္ဗောဇ္ဈင်တို့ကို မပွားများဘဲ = ဓာတ်ကြီးလေးပါး အာရုံ၌ ပဿဒ္ဓိဖြစ်အောင် သမာဓိ ဖြစ်အောင် ဥပေက္ခာဖြစ်အောင် မကြိုးစားဘဲ ဓမ္မဝိစယ-ဝီရိယ-ပီတိသမ္ဗောဇ္ဈင်တို့ကို ပွားများပေးပါ။ ဓာတ်ကြီး လေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထင်ထင်ရှားရှား သိအောင် စိတ်ဓာတ် တက်ကြွလာအောင် ပီတိဖြစ်အောင် ကြိုးစားပါ၊ ကျဆင်းနေသော စိတ်ဓာတ်ကို မြှင့်တင်ပေးပါ။

ဝီရိယ လွန်ကဲနေခြင်း ဝေဖန်မှုတွေက များပြားနေခြင်းစသော အကြောင်းတရားတို့ကြောင့် ဘာဝနာစိတ်သည် ပျံ့လွင့်နေ၏၊ ဓာတ်ကြီးလေးပါး၏ သဘာဝလက္ခဏာအာရုံမှ ပြင်ပအာရုံသို့ အရောက်များနေ၏၊ စိတ်ဓာတ်သည် တုန်လှုပ်တက်ကြွမှု များနေ၏၊ ထိုအခါ၌ ဓမ္မဝိစယ-ဝီရိယ-ပီတိ သမ္ဗောဇ္ဈင်တို့ကို မပွားများသေးဘဲ ပဿဒ္ဓိ-သမာဓိဥပေက္ခာသမ္ဗောဇ္ဈင်တို့ကို ပွားများပေးပါ။ စူးစမ်းဆင်ခြင်မှု ဝေဖန်မှုတို့ကို လျှော့ချပါ။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ထင်ထင်ရှားရှား အတင်း စူးစူးစိုက်စိုက် ရှုပွားနေမှု လုံ့လဝီရိယကို လျှော့ချပါ။ နှစ်သက်ဝမ်းမြောက်မှု ကြည်ရွှင်ဝမ်းမြောက်မှုကို မပြုပါနှင့်၊ စိတ်-စေတသိက်တို့ ငြိမ်းအေးသွားအောင် ဓာတ်ကြီး လေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို အညီအမျှ ရှုနိုင်အောင် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးဟူသော အာရုံ၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင်သာ ကြိုးစားပါ။

အရောင်အလင်းနှင့် ဥပစာရသမာဓိနယ်မြေ

''ဤသို့လျှင် သဒ္ဓါနှင့်ပညာ ဝီရိယနှင့်သမာဓိကို ညီမျှအောင် ယှဉ်စေ၍ ထိုဓာတ်ကြီးလေးပါးတို့၏ အသီးအသီး သော သဘာဝလက္ခဏာအာရုံ၌ပင်လျှင် နှလုံးသွင်းရှုပွားမှု ဘာဝနာလုပ်ငန်းရပ်ကို ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဟူသော ဣန္ဒြေငါးပါးတို့၏ ညီမျှမှုကိုရရှိ၍ အလွန်စင်ကြယ်သန့်ရှင်း ထက်မြက်စူးရှမှုတို့ ဖြစ်လာကြသောအခါ မယုံကြည်ခြင်း အဿဒ္ဓိယ, ဘာဝနာအာရုံမှ တွန့်ဆုတ်နေခြင်း လီန, ဓာတ်ကြီးလေးပါးအာရုံကို အမှတ်မရခြင်း မေ့ပျောက်နေခြင်း ပမာဒ, ဓာတ်ကြီးလေးပါးအာရုံမှ စိတ်ပျံ့လွင့်သွားခြင်း ဥဒ္ဓစ္စ, ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ဟုတ်တိုင်းမှန်စွာ မသိခြင်း မောဟ စသော ကိလေသာ အညစ်အကြေးတို့၏ ဝေးကွာသွားသည့် အဖြစ်ကြောင့် ဗောဇ္ဈင်မြတ်တရား ခုနစ်ပါးတို့သည် လွန်လွန်ကဲကဲပင်လျှင် ကြီးမားသော စွမ်းအားနှင့် ပြည့်စုံလာကုန်၏၊ ယင်းဗောဇ္ဈင်မြတ်တရား ခုနစ်ပါးတို့၏ ကြီးမားသော စွမ်းအင်သတ္တိဖြင့် အားပေးထောက်ပံ့မှု အရှိန်အဝါသတ္တိထူးကြီးကို ရရှိသည်ဖြစ်ရကား ခိုင်ခိုင်ခံ့ခံ့ တည်တံ့ခြင်းသို့ ရောက်ရှိနေကြကုန်သော

၁။ ဝိတက် = ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော၊
၂။ ဝိစာရ = ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်းသဘော၊
၃။ ပီတိ = ယင်းအာရုံကို နှစ်သက်ခြင်းသဘော၊
၄။ သုခ = ယင်းအာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော၊
၅။ ဧကဂ္ဂတာ = ယင်းဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အာရုံ တစ်ခုတည်းပေါ်သို့ စိတ်ကျရောက် တည်ငြိမ်နေခြင်းသဘော - ဟူသော ..

ဤစျာန်အင်္ဂါငါးပါးတို့သည် အထူးသဖြင့် ထက်မြက်ကုန်သည်ဖြစ်၍ ထင်ရှားလာကုန်၏၊ ထိုစျာန်အင်္ဂါတို့နှင့် တိုက်ရိုက် ဆန့်ကျင်ဘက် ဖြစ်ကြကုန်သော နီဝရဏကိလေသာ အညစ်အကြေးတို့သည်လည်း မိမိတို့နှင့် တူသော တည်ရာရှိကုန်သော ကိလေသာတို့နှင့် အတူတကွ ခွာအပ်ပြီးသာလျှင် ဖြစ်ကုန်၏၊ ဤမျှတိုင်အောင် ဖော်ပြခဲ့သော ဓာတ်ကမ္မဋ္ဌာန်းအားထုတ်ပုံ အစီအရင်အတိုင်း ပြည့်စုံအောင် ကြိုးစားအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာလျှင် အာရုံရှိသော ဥပစာရစျာန်ကို = ဥပစာရသမာဓိကို ကောင်းစွာ ရရှိအပ်ပြီး ဖြစ်ပေသည်။'' ထို့ကြောင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၄၄၅]က အထက်ပါ စကားကို ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်၏၊ ယင်းစကားရပ်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏၊

အထက်၌ ဖော်ပြခဲ့သော ဓာတ်ကမ္မဋ္ဌာန်းစည်းကမ်း (၁၀)ချက်နှင့်အညီ ဓာတ်ကြီးလေးပါးတို့၏ အသီးအသီးသော သဘာဝလက္ခဏာအာရုံ၌ မိမိ၏ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ဣန္ဒြေငါးပါး, ဗောဇ္ဈင်ခုနစ်ပါးကို ညီမျှအောင် ကြိုးစားအားထုတ်နေသော ယောဂါဝစရပုဂ္ဂိုလ်သည် ..

၁။ ထိုဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းရပ်၌ ကြိုးစားအားထုတ်မှုကို ပြုကျင့်ရာဝယ် ရိုရိုသေသေ လေးလေးစားစား မြတ်မြတ်နိုးနိုး ပြုကျင့်လေ့ရှိသည်၏ အဖြစ်ဖြင့်လည်းကောင်း,
၂။ လျောင်း-ထိုင်-ရပ်-သွား-ဣရိယာပုထ် လေးပါးတို့၌ အမြဲမပြတ် ဓာတ်ကြီးလေးပါးကိုသာ နှလုံးသွင်းရှုပွားခြင်းကို ပြုကျင့်လေ့ရှိသည်၏ အဖြစ်ဖြင့်လည်းကောင်း,
၃။ လျောက်ပတ်သောဥတု လျောက်ပတ်သောဘောဇဉ် လျောက်ပတ်သောအာဟာရ လျောက်ပတ်သောတရားနာမှု ကို မှီဝဲလေ့ရှိသည်၏ အဖြစ်ဖြင့်လည်းကောင်း,
၄။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ ဟူသော သမထနိမိတ်အာရုံကို ကောင်းစွာ မှတ်သားခြင်းဖြင့် လည်းကောင်း,
၅။ ဗောဇ္ဈင်ခုနစ်ပါး မြတ်တရားတို့ကို လျော်စွာ ဖြစ်စေခြင်းဖြင့်လည်းကောင်း,
၆။ ခန္ဓာကိုယ်၌လည်းကောင်း အသက်၌လည်းကောင်း ငဲ့ကွက်ခြင်း ကင်းသော ဖြစ်ခြင်း ရှိသည်၏ အဖြစ်ဖြင့် လည်းကောင်း,
၇။ ဘာဝနာလုပ်ငန်းရပ်၏ စပ်ကြားကာလ၌ ဘာဝနာလုပ်ငန်းမှ တွန့်ဆုတ်ခြင်းသို့ မရောက်စေခြင်းဖြင့် လည်းကောင်း –

ဓာတ်ကမ္မဋ္ဌာန်း ဘာဝနာလုပ်ငန်းရပ်ကို အဆင့်ဆင့် တိုးတက်အောင် အပတ်တကုတ် ကြိုးစားအားထုတ်လျက် လွန်ကဲသော အားထုတ်ခြင်း၌ မြဲမြံစွာ ရပ်တည်ခြင်းဖြင့် ကောင်းစွာသာလျှင် အားထုတ်ခြင်း လုံ့လပယောဂကို လည်းကောင်း, တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်အောင် အဆင့်ဆင့် အားထုတ်ခြင်း ပရက္ကမကိုလည်းကောင်း ဖြစ်စေအပ်၏၊ ထိုသို့ဖြစ်စေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ပိုင်းပိုင်းခြားခြား ထိုးထွင်းသိနေသော ဓာတုမနသိကာရ ဘာဝနာပညာသည် ဖြစ်ပေါ်နေ၏၊ ပကတိသော ဆီမီးသည် မိမိ၏ အရောင်အလင်းဖြင့် မျက်စိအမြင်ရှိသူတို့အား အရာဝတ္ထုအမျိုးမျိုးတို့ကို မြင်အောင် ထွန်းပြသကဲ့သို့ အလားတူပင် ဤဓာတုမနသိကာရ သမထဘာဝနာစိတ်နှင့် ယှဉ်တွဲလျက်ရှိသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအသီးအသီးကို ထိုးထွင်းသိမြင်နေသော ပညာသည်လည်း ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အထူးထူး အပြားပြားကို (မာ-ကျန်း-လေး-ပျော့-ချော-ပေါ့၊ ယိုစီး-ဖွဲ့စည်း၊ ပူ-အေး၊ ထောက်-တွန်းဟူသော သဘာဝလက္ခဏာ အထူးထူး အပြားပြားကို) ထင်လင်းစေသဖြင့် မိမိပညာရောင်ဖြင့် ထွန်းပြခြင်း ကိစ္စရှိ၏၊ ယင်းသို့ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအသီးအသီးကို ထင်လင်းစေသဖြင့် မိမိ၏ အရောင်အလင်းဖြင့် ထွန်းပြခြင်း ကိစ္စရှိသော ဘာဝနာပညာသည် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအသီးအသီး၏ '' ဖြစ်-တည်-ပျက်'' ဟူသော အစ-အလယ်-အဆုံးတို့၌ သိနေ၏၊ အစ-အလယ်-အဆုံးတို့၌ သိမှုကို မစွန့်လွှတ်ပေ။ ဓာတ်ကြီးလေးပါးတို့၏ သဘာဝ လက္ခဏာ အသီးအသီး၏ အစ-အလယ်-အဆုံးဟူသော ''ဖြစ်-တည်-ပျက်''ကို သိနေသော, သိမှုကို မစွန့်လွှတ်သော ထိုဘာဝနာပညာသည် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီး၏ အစ-အလယ်-အဆုံး ဟူသော ဖြစ်မှု တည်မှု ပျက်မှု အလုံးစုံကိုပင် ပိုင်းပိုင်းခြားခြား ယူနိုင် သိမ်းဆည်းထားနိုင်၏၊ ထိုဘာဝနာပညာနှင့်ယှဉ်သော သမာဓိကား မဟဂ္ဂုတ်အဖြစ်သို့ မရောက်ရှိခြင်းကြောင့် ဥပစာရမျှသာဖြစ်သော အထွတ်အထိပ်သို့ ရောက်နေသော ကာမာဝစရသမာဓိ ဖြစ်ပေသည်။ အထက်ပါအတိုင်း စည်းကမ်းတကျ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို သိမ်းဆည်းပွားများအားထုတ်နေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ယင်းဥပစာရသမာဓိ မျိုးသည် ဖြစ်ပေါ်လာနိုင်၏ ဟူပေ။[၄၄၆]

ထပ်မံရှင်းလင်းချက်များ

အထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် မဟာဋီကာစကားရပ်တို့မှာ ပညာရှိသူတော်ကောင်းတို့သည်သာ နားလည် သဘောပေါက်နိုင်သော စကားရပ်တို့ ဖြစ်နေကြ၏၊ ဉာဏ်နုံ့သူ သူတော်ကောင်းတို့အတွက် ထပ်မံ၍ အနည်းငယ် ရှင်းလင်းတင်ပြအပ်ပါသည်။

ယောဂါဝစရပုဂ္ဂိုလ်သည် အာနာပါနကမ္မဋ္ဌာန်း, ဩဒါတကသိုဏ်း စသည့် သမထကမ္မဋ္ဌာန်းတို့ကို စတုတ္ထစျာန်သို့ ပေါက်အောင် ရှုထားပြီးသူ သမထယာနိကပုဂ္ဂိုလ်ဖြစ်လျှင် ယင်းစတုတ္ထစျာန်သမာဓိကြောင့်လည်း အရောင်အလင်း များသည် ထွက်ပေါ်နေသည်သာ ဖြစ်၏၊ ယင်းစတုတ္ထစျာန်မှ ထ၍ ယခုကဲ့သို့ ဓာတ်ကြီးလေးပါးကို အာရုံယူ၍ သမာဓိကို ထူထောင်ခိုက်၌လည်း ယင်းဓာတုမနသိကာရ ဘာဝနာသမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့်လည်း ဖြစ်ပေါ်လာသော အရောင်အလင်းသည် ရှိနေသည်သာ ဖြစ်၏၊

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ဖြစ်၍ ဓာတ်ကမ္မဋ္ဌာန်းကိုသာ စတင် အားသစ်သူ သူတော်ကောင်း ဖြစ်ပါမူကား .. ယခုကဲ့သို့ ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကို အာရုံယူ၍ ဘာဝနာသမာဓိကို ထူထောင်လာရာ၌ ဥပစာရသမာဓိသို့ မဆိုက်မီ ဆိုက်လုနီးပါးဖြစ်သော ပရိကမ္မသမာဓိအခိုက်မှစ၍ အရောင်အလင်းများသည် စတင်ထွက်ပေါ်လာတတ်၏၊

ဤအရာဝယ် ယောဂါဝစရပုဂ္ဂိုလ်တို့၏ ပါရမီအပေါ်၌ အခြေတည်၍ တစ်ဦးနှင့်တစ်ဦး မတူထူးခြားကွဲပြားမှု အနည်းငယ် ရှိတတ်၏၊ အချို့သူတော်ကောင်းတို့ကား ဓာတ်ကြီးလေးပါးကို အာရုံယူ၍ သမာဓိကို ထူထောင်လာရာ သမာဓိအရှိန်အဝါ အားကောင်းလာသောအခါ ဝန်းကျင်ပတ်ချာ အရပ်မျက်နှာတို့၌ လင်းနေသည်ကို တွေ့ရတတ်၏၊ အချို့သူတော်ကောင်းတို့ကား အလင်းရောင်ကို စတင်၍ အသိအမှတ် မပြုမိဘဲ ခန္ဓာကိုယ်၌ပင် တည်ရှိသော ဓာတ်ကြီး လေးပါးကို စိုက်၍ရှုနေရာ သမာဓိအရှိန်အဝါ အားကောင်းလာသောအခါ မီးခိုးရောင်ကဲ့သို့သော ညစ်ထပ်ထပ်အဖြူကို စတင် တွေ့တတ်၏၊ အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၌ကား ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာများသည် အထူး ကျယ်ပြန့်လာတတ်၏၊ ခန္ဓာကိုယ်ကြီး တဖြည်းဖြည်း ကြီးထွားသွားသည်ဟု ထင်တတ်ကြ၏၊ အချို့ပုဂ္ဂိုလ်တို့ကား ခန္ဓာကိုယ် ပျောက်၍ ဓာတ်အစုအပုံဖြင့်သာ တွေ့မြင်နေရာ ထိုဓာတ်အစုအပုံ အတုံးအခဲမှာ တဖြည်းဖြည်း လုံးကျစ်၍ သေးသိမ်လာသည်ဟု ထင်တတ်ကြ၏၊ သမာဓိ၏ အရှိန်အဝါ အားကောင်းလာသောအခါ ဘာဝနာမနသိကာရအပေါ် အခြေစိုက်၍ ဖြစ်ပေါ်လာသော ကွဲပြားမှုတည်း။ ထို့ကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် ဤကဲ့သို့ သမာဓိအရှိန်အဝါ အားကောင်းလာသော အပိုင်း၌ ဓာတ်ကြီးလေးပါးကို ကြီးမားကျယ်ပြန့်သွားစေလိုသောစိတ်, ဓာတ်ကြီးလေးပါးကို ကျုံ့သွားစေလိုသောစိတ် ဤသို့စသော စိတ်ပြောင်းလဲမှု စိတ်ကစားမှုများ မဖြစ်အောင် အထူးသတိပြုဖို့ လိုအပ်ပေသည်။ ဤအပိုင်းတွင် ထိုကဲ့သို့ စိတ်အပြောင်းအလဲ များနေပါက .. ဘာဝနာသမာဓိမှာ တဖြည်းဖြည်း အရှိန်အဝါ လျော့လာတတ်၏၊ ဥဒ္ဓစ္စ ဝင်နေတတ်၏၊

ယောဂါဝစရပုဂ္ဂိုလ်သည် ဤကဲ့သို့ သမာဓိအရှိန်အဝါ အားကောင်းလာသောအခါ ''လက်-ခြေ-ခေါင်း-ကိုယ်'' စသော ခန္ဓာကိုယ် အစိတ်အပိုင်းတို့ကို မမြင်တော့ဘဲ ဓာတ်ကြီးလေးပါးတို့၏ အစုအပုံ အတုံးအခဲကြီးကိုသာ တွေ့မြင်နေ၏၊ ထိုအခါ သမာဓိမှာ အရှိန်အဝါ အားကောင်းလာပြီ ဖြစ်၏၊ အကြမ်းစား သတ္တသညာ (= လောက ဝေါဟာရအားဖြင့် ခေါ်ဝေါ်သုံးစွဲနေသော ''ငါ-သူတစ်ပါး-ယောက်ျား-မိန်းမ-ပုဂ္ဂိုလ်-သတ္တဝါ'' ဤသို့ စသော လောကသမညာ အတ္တစွဲ) ကွာစပြုလာပြီ ဖြစ်၏၊ ထိုကဲ့သို့သော သတ္တသညာ ကွာသွားအောင်လည်း ယောဂါဝစရ ပုဂ္ဂိုလ်သည် ကြိုးပမ်းရမည်သာဖြစ်၏၊

ဤကဲ့သို့ ကြိုးပမ်းလာရာ ထိုဓာတ်အတုံးအခဲကြီး၌ မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ်အရောင်ကို စတင် တွေ့ရှိတတ်၏၊ ပါရမီအရှိန်အဝါ အားကောင်းသူ သမာဓိအရှိန်အဝါအားကောင်းသူတို့ကား ဤအဆင့်တွင် အလွန် မကြာတော့ဘဲ ယင်းမီးခိုးရောင်ကဲ့သို့သော ညစ်ထပ်ထပ်အတုံးအခဲ၌ပင် တည်ရှိသော ဓာတ်ကြီးလေးပါးကို မြင်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူလျက် သိမ်းဆည်းလျက် သမာဓိကို ဆက်လက်ထူထောင်လိုက်သောအခါ ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ် ဖြူနေသော, ဆွတ်ဆွတ်ဖြူနေသော တိမ်တိုက်ကဲ့သို့သော အဖြူပြင် အဖြူအတုံးအခဲကြီးကို တွေ့မြင်လာတတ်၏၊ ယင်းအဖြူအတုံးအခဲ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် သိမ်းဆည်းလျက် သမာဓိကို ဆက်လက် ထူထောင် နိုင်ခဲ့သော် ရေခဲတုံး ဖလ်တုံး မှန်တုံးကဲ့သို့သော အလွန် ကြည်လင်တောက်ပနေသော အတုံးအခဲကြီးကို တွေ့တတ်၏၊ ရုပ်ဃနခေါ်သည့် အတုံးအခဲများ မပြိုမီ စပ်ကြားကာလ၌ ဓာတ်ကြီးလေးပါးတို့ကို အစုလိုက်အပုံလိုက် အတုံးလိုက် အခဲလိုက် တွေ့မြင်နေရခြင်း ဖြစ်၏၊

ဘုရားရှင်သည် စက္ခုပသာဒ သောတပသာဒ ဃာနပသာဒ ဇိဝှါပသာဒ ကာယပသာဒဟု ပသာဒရုပ် (= အကြည်ရုပ်) ငါးမျိုးကို ဟောကြားထားတော်မူခဲ့၏၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၄၄၇]ကလည်း ''ယင်းအကြည်ရုပ်တို့မှာ ရူပါရုံစသော ပဉ္စာရုံတို့ကို အာရုံယူတတ်သော စက္ခုဝိညာဏ် စသော ဆိုင်ရာ ဆိုင်ရာ ပဉ္စဝိညာဏ်တို့အား ဖြစ်ပေါ်လာအောင် မှီရာ နိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးတတ်၏၊ ယင်းသို့ ကျေးဇူးပြုတတ်သည်၏ အဖြစ်ဖြင့် ကြေးမုံအပြင်ကဲ့သို့ အထူးကြည်လင်သောကြောင့် ပသာဒရုပ် မည်၏'' - ဟု ဖွင့်ဆိုထား၏၊

ဤပါဠိတော် အဋ္ဌကထာတို့နှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်တို့ တွေ့မြင်နေသော အတုံးအခဲမှာ ယင်းပသာဒ ရုပ်တို့၏ အတုံးအခဲနှင့် မကြည်သော ရုပ်ကလာပ်တို့၏ အတုံးအခဲသာဖြစ်၏၊ ဤခန္ဓာအိမ်ဝယ် ကြည်သော ရုပ်ကလာပ်တို့၌ အထက်ပါ ပသာဒရုပ်ငါးမျိုးတို့ တည်ရှိကြ၏၊ မကြည်သော ရုပ်ကလာပ်တို့၌ကား ယင်းပသာဒရုပ်တို့ မတည်ရှိကြပေ။ သို့သော် ဤ ခန္ဓာအိမ်ဝယ် ကြည်သော ရုပ်ကလာပ်နှင့် မကြည်သော ရုပ်ကလာပ်တို့ကား ဆန်မှုန့်နှင့် နနွင်းမှုန့်ကို သမအောင် ရောစပ်ထားသကဲ့သို့ ရောနှော၍ တည်ရှိနေကြ၏၊ ကာယပသာဒရုပ်ကား တစ်ကိုယ်လုံး၌ အနှံ့အပြား တည်ရှိ၏၊ ထိမှုကိုသိနိုင်သည့် နေရာတိုင်းတွင် ကာယပသာဒကား တည်ရှိနေ၏၊ ကာယပသာဒနှင့်တကွ ပသာဒရုပ် ငါးမျိုးတို့ ပါဝင်နေသော ရုပ်ကလာပ်တို့ကား ကြည်သော ရုပ်ကလာပ်တို့ ဖြစ်ကြ၏၊ ယင်းရုပ်ကလာပ်တို့၏ အပေါင်းအစုကို ဃနခေါ်သည့် ရုပ်တုံးရုပ်ခဲများ မပြိုကွဲမီကာလ၌ ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတုမနသိကာရ ဘာဝနာသမာဓိ အရှိန်အဝါ အားကောင်းလာသောအခါ ရေခဲတုံး ဖလ်တုံး မှန်တုံးကဲ့သို့ အတုံးလိုက် အခဲလိုက် တွေ့မြင်နေခြင်း ဖြစ်၏၊ ကြည်သည့်ရုပ်ကလာပ် မကြည်သည့်ရုပ်ကလာပ်တို့ကို မခွဲခြားနိုင်သေးသော အဆင့်ပင် ဖြစ်၏၊ ထိုအကြည်ဓာတ် အကြည်ပြင် အကြည်အတုံးအခဲကြီး၌ ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် မြင်အောင် ဆက်လက် ပိုင်းခြားယူ၍ သိမ်းဆည်း၍ သမာဓိကို ထူထောင်ပါက ယင်းအကြည်အတုံးအခဲ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် ဆက်လက်ရှုနေပါက သမာဓိ၏ အရှိန်အဝါ အားကောင်းသထက် အားကောင်းလာသောအခါ အရောင်အလင်းများ သည်လည်း တဖျပ်ဖျပ် ထွက်ပေါ်လာတတ်ပေသည်။

ဓာတုမနသိကာရ သမထဘာဝနာစိတ်ကြောင့် ဖြစ်ပေါ်နေသော စိတ္တဇရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် ရူပါရုံတို့၏ လင်းရောင်ခြည်နှင့် ယင်းစိတ္တဇရုပ်ကလာပ်တို့၌ ပါဝင်သော တေဇောဓာတ်ကြောင့် ဆင့်ကဲ ဖြစ်ပွားလာကြကုန်သော စိတ္တပစ္စယ-ဥတုဇရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် ရူပါရုံတို့၏ လင်းရောင်ခြည် များတည်း။ ယင်းလင်းရောင်ခြည်တို့တွင် စိတ္တဇရုပ်ကလာပ်တို့၏ ဝဏ္ဏဓာတ်ရူပါရုံ၏ လင်းရောင်ခြည်မှာ ခန္ဓာအိမ်၏ အတွင်း၌သာ ပျံ့နှံ့တည်ရှိ၏၊ ဥတုဇရုပ်ကလာပ်တို့၏ ဝဏ္ဏဓာတ်ရူပါရုံ၏ လင်းရောင်ခြည်မှာ ခန္ဓာအိမ်၏ အတွင်း၌ သာမက အပြင်အပ ဗဟိဒ္ဓသို့ တိုင်အောင် ဉာဏ်အာနုဘော်အားလျော်စွာ ပျံ့နှံ့သွားတတ်၏၊ ယင်းလင်းရောင်ခြည် တို့သည် ဟဒယဝတ္ထုရုပ်ကို မှီဖြစ်နေကြကုန်သော သမထဘာဝနာစိတ် (ဝိပဿနာဘာဝနာစိတ်) တို့ကို မြစ်ဖျားခံလျက် အကြည်တုံး အကြည်ပြင်ကြီးကို ထိုးဖောက်ကာ အပြင်ဗဟိဒ္ဓသို့တိုင်အောင် ပျံ့နှံ့လျက် တဖျပ်ဖျပ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဓာတုမနသိကာရဘာဝနာသမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဉာဏာလောက = ဉာဏ်အရောင်အလင်းတည်း။ ယင်းဉာဏ်ရောင်သည် ပရမတ္ထဓမ္မသဘာဝမှန်ကို ဟုတ်တိုင်းမှန်စွာ သိအောင် မြင်အောင် ဆီမီးကဲ့သို့ ထွန်းပြခြင်း အဝဘာသနကိစ္စ ရှိပေသည်။ သမာဓိ၏အရှိန်အဝါကို အားကောင်းသထက် အားကောင်းအောင် ဆက်လက်၍ မြှင့်တင်ပေးနိုင်ပါက ဉာဏ်၏အာနုဘော်မှာ အရှိန်အဝါ မြင့်မားလာ၏၊ ဉာဏ်၏ အာနုဘော်သည် ကြီးမားလာပါက လင်းရောင်ခြည်စွမ်းအင်မှာလည်း ပို၍ ပို၍ တောက်ပလာ၏၊ ထို့ကြောင့် လင်းရောင်ခြည်စွမ်းအင်ကို များများအလိုရှိပါက သမာဓိကို များများ ထူထောင်ပေးပါ။

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် ဖြစ်၍ ယခုကဲ့သို့ ဓာတ်ကမ္မဋ္ဌာန်းဖြင့် သမာဓိကို စတင်ထူထောင်လာရာ –

၁။ အရောင်အလင်းမှာ အားပျော့နေပါက,
၂။ သို့မဟုတ် ဩဒါတကသိုဏ်းကဲ့သို့သော သမထကမ္မဋ္ဌာန်းတစ်ခုခုသို့ ပြောင်း၍ သမာဓိကို ထူထောင်လိုပါက,
၃။ သို့မဟုတ် စတုရာရက္ခကမ္မဋ္ဌာန်းများကို ပွားများအားထုတ်လိုပါက ..

ရုပ်ကလာပ်များကို မတွေ့ရသေးမီ အရောင်အလင်းများ အားကောင်းနေသော ယခုကဲ့သို့သော အချိန်မျိုးတွင် လမ်းခွဲခဲ့သော် အကောင်းဆုံး ဖြစ်သည်။ ရုပ်ကလာပ်များကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ ပရမတ်သို့ ဆိုက်အောင် ဓာတ်ခွဲပြီးမှ = ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးမှ သမထတစ်ခုခုဘက်သို့ ပြောင်းခဲ့သော် သမထနိမိတ်တစ်ခုခုကို (အရိုးစုကဲ့သို့သော သမထနိမိတ်တစ်ခုခုကို) အာရုံယူ၍ စိုက်ရှုလိုက်တိုင်း ရုပ်ကလာပ်အမှုန်များသာ ဖြစ်ဖြစ်သွား တတ်သဖြင့် (အရိုးစုကို မတွေ့တော့ဘဲ ရုပ်ကလာပ်အမှုန်များကိုသာ တွေ့မြင်နေတတ်သဖြင့်) သမာဓိ ထူထောင်ဖို့ရန် သမထနိမိတ် တစ်ခုခုကို ပြည်တည်ရာ၌ အခက်အခဲ အနည်းငယ် ရှိတတ်ပါသည်။ (သို့သော် ကြိုးစားပါက အောင်မြင်နိုင်ပါသည်။)

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်ဖြစ်၍ သမထတစ်ခုခုဘက်သို့ ပြောင်း၍ သမာဓိကို ထူထောင်လိုပါက ရှေးဦးစွာ ဓာတ်ကြီးလေးပါးကို အာရုံယူ၍ သမာဓိကို ထူထောင်ပါ။ အထက်တွင် တင်ပြခဲ့သည့်အတိုင်း ရေခဲတုံး ဖလ်တုံး မှန်တုံးကဲ့သို့ ကြည်နေသော အကြည်တုံး အကြည်ပြင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် အာရုံယူ၍ ဆက်လက်ကာ သမာဓိကို ထူထောင်ပါ။ လင်းရောင်ခြည်များသည် နာရီဝက် တစ်နာရီခန့် ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပလာသောအခါ သမထကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း –

၁။ (၃၂)ကောဋ္ဌာသ,
၂။ အရိုးစုကမ္မဋ္ဌာန်း,
၃။ ဩဒါတကသိုဏ်းနှင့် ကြွင်းကသိုဏ်းများ

ဤကမ္မဋ္ဌာန်းတို့ကို အစဉ်အတိုင်း ရှုနိုင်ပါသည်။ ဩဒါတကသိုဏ်း၌ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သောအခါ အခြား သမထကမ္မဋ္ဌာန်းများသို့လည်းကောင်း အထူးသဖြင့် စတုရာရက္ခကမ္မဋ္ဌာန်းများသို့လည်းကောင်း ပြောင်းရှုလိုက ရှုနိုင်ပေပြီ။ (ကသိုဏ်း ၁၀-ပါး သမာပတ် ၈-ပါးရှုကွက်, ဗြဟ္မစိုရ်တရား ၄-ပါးရှုကွက်, စတုရာရက္ခကမ္မဋ္ဌာန်းရှုကွက်တို့ကို သမထကမ္မဋ္ဌာန်းပိုင်းတွင် ပြန်ကြည့်ပါ။)

အကယ်၍ ဝိပဿနာသို့ ကူးလိုက အောက်ပါအတိုင်း ဆက်လက် လေ့ကျင့်ပါ။

အတိတ်က ဖြည့်ကျင့်ဆည်းပူးခဲ့သော ပါရမီ အရှိန်အဝါ အားကောင်းသည့် သူတော်ကောင်းတို့သည်ကား ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်အတိုင်း စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လာရာ အထက်တွင် ရေးသား တင်ပြထားသည့်အတိုင်း ရေခဲတုံး ဖလ်တုံး မှန်တုံးကဲ့သို့ ကြည်နေသော အကြည်တုံး အကြည်ပြင်၌ ဓာတ်ကြီးလေးပါးကို မြင်အောင် သိမ်းဆည်းလိုက်သည်နှင့် တစ်ပြိုင်နက် ရှုလိုက်သည်နှင့် တစ်ပြိုင်နက် မကြာမီ အချိန်ကာလအတွင်းမှာပင် ယင်းအကြည်တုံး အကြည်ပြင်ကြီးသည် ပြိုကွဲသွားကာ ရုပ်ကလာပ်အမှုန်များကို စတင်၍ တွေ့ရှိတတ်ပေသည်။ ပါရမီက အနည်းငယ် နုံ့နေသဖြင့် သမာဓိကလည်း အလွန်ကြီး မစူးရှသဖြင့် ရုပ်ကလာပ်များကို မတွေ့မြင်နိုင်သေး ဖြစ်နေပါက ထိုအခါတွင် အာကာသဓာတ်ကို မြင်အောင် ရှုရမည် ဖြစ်သည်။

အခက်အခဲများ

ထိုသို့ ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို အာရုံယူ၍ သမာဓိကို ထူထောင်ရာ၌ တစ်ခါ တစ်ရံ သမာဓိက လျှောကျသွားခဲ့သော် အကြည်ပြင်ကို တွေ့နေရာမှ အဖြူရောင်သို့ ပြန်၍ ဆိုက်ရောက်သွားတတ်၏၊ ထိုထက်ပင် သမာဓိက ပို၍ လျှောကျသွားခဲ့သော် မီးခိုးရောင်သို့ ပြန်၍ ဆိုက်ရောက်သွားတတ်သည်။ ထိုထက်ပင် ပို၍ သမာဓိက လျှောကျသွားပြန်လျှင် မီးခိုးရောင်မျှကိုပင် မတွေ့တော့ဘဲ ဃနမပြိုသေးသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာသို့ တစ်ဖန်ပြန်၍ ဆိုက်ရောက်သွားတတ်၏၊ ဤကဲ့သို့သော အခက်အခဲများမှာ ယေဘုယျအားဖြင့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တို့၌ ပို၍ အဖြစ်များတတ်၏၊

ထိုအခါမျိုးတွင် ကြီးမားသော ဇွဲလုံ့လဝီရိယဖြင့် ဓာတ်ကြီးလေးပါးတို့၏ သဘောလက္ခဏာကိုပင် အာရုံယူ၍ ထိုအာရုံ၌ ဘာဝနာစိတ်ကို စွဲမြဲစွာ ကပ်ထားလျက် သမာဓိကို ခိုင်ခံ့အောင် တည်တံ့အောင်, ဓာတ်ကြီးလေးပါးအာရုံ၌ မြဲစွာစိုက်၍ တည်နေအောင်, လေမတိုက်ရာ လေငြိမ်သက်ရာအရပ်၌ ညှိထွန်းအပ်သော ဆီမီးတိုင်ကဲ့သို့ မလှုပ်မယှက် ငြိမ်သက်စွာ ကပ်၍တည်နေအောင် ကြိုးစားအားထုတ်ပါက ဓာတ်ကြီးလေးပါးအာရုံ၌ ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေခဲ့သော် တဖြည်းဖြည်း မီးခိုးရောင်ကို တွေ့ရှိမည် ဖြစ်၏၊ ထိုတွင် ဓာတ်ကြီးလေးပါးကိုပင် မြင်အောင် ဆက်ရှုလျက် သမာဓိကို ဆက်လက်ထူထောင်နိုင်ပါက တိမ်တိုက်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေသည့် အဖြူကို အတုံးလိုက် အခဲလိုက် အပြင်လိုက် တွေ့ရှိမည်ဖြစ်၏၊ ထိုအဖြူတွင် တည်ရှိသော ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် ပိုင်းခြားယူလျက် သိမ်းဆည်းလျက် သမာဓိကို ဆက်လက်ထူထောင်နိုင်ပါက ရေခဲတုံး ဖလ်တုံး မှန်တုံးကဲ့သို့ ကြည်နေသော အကြည်တုံး အကြည်ခဲ အကြည်ပြင်ကြီးကို တစ်ဖန် ပြန်၍ တွေ့ရှိမည် ဖြစ်သည်။

ဤသို့လျှင် ယောဂါဝစရပုဂ္ဂိုလ်၏ သမာဓိ အတက်အကျသို့ လိုက်၍ မီးခိုးရောင်-အဖြူ-အကြည်၊ အကြည်အဖြူ-မီးခိုးရောင်ဟု ကြိမ်ဖန်များစွာ အပြောင်းအလဲကား ရှိနိုင်ပေသည်။ သို့သော် သမထယာနိကပုဂ္ဂိုလ်တို့၌ကား ဤအဆင့်တွင် အလွန့်အလွန်ကြီး ခက်ခဲမှု မရှိသည်ကို ယေဘုယျအားဖြင့် တွေ့ရှိရ၏၊ အကယ်၍ အခက်အခဲ ရှိနေပါက မိမိရရှိထားသည့် အာနာပါနစတုတ္ထစျာန် ဩဒါတကသိုဏ်းစတုတ္ထစျာန် စသည့် သမာဓိများကို တစ်ဖန် ပြန်ထူထောင်၍ သမာဓိအရှိန်အဝါ အားကောင်းလာသောအခါ ဓာတ်ကြီးလေးပါးကို သိမ်းဆည်းလျက် သမာဓိကို အဆင့်ဆင့် တစ်ဖန်ပြန်၍ ထူထောင်လိုက်ပါက မကြာမီ အချိန်ကာလအတွင်းမှာပင် အကြည်တုံး အကြည်ခဲ အကြည်ပြင်ကြီးကို ပြန်လည်တွေ့ရှိမည် ဖြစ်ပေသည်။ ထိုအကြည်တုံး အကြည်ခဲ အကြည်ပြင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းလျက် ဉာဏ်ဖြင့် ပိုင်းခြားယူလျက် သမာဓိကို ဆက်လက်ထူထောင်ပါက ပါရမီ အားလျော်စွာ အကြည်တုံးကြီးမှာ ပြိုကွဲသွားကာ ရုပ်ကလာပ်အမှုန်များကို စတင် တွေ့ရှိတတ်ပါသည်။ အကယ်၍ မတွေ့ရှိပါက ယင်းအကြည်တုံး အကြည်ပြင်၌ အာကာသဓာတ်ကို မြင်အောင် ဆက်ရှုရမည် ဖြစ်သည်။

ဘုရားရှင်သည် မဟာရာဟုလောဝါဒသုတ္တန်[၄၄၈].. စသည့် ထိုထိုသုတ္တန်တို့၌ ဓာတ် (၆)ပါး ကမ္မဋ္ဌာန်းကို ဟောကြားတော်မူရာဝယ် အာကာသဓာတ်ကိုလည်း ရှုပွားရန် ညွှန်ကြားထားတော်မူ၏၊ ဤညွှန်ကြားချက်နှင့် ပတ်သက်၍ မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ ဋီကာ[၄၄၉]တို့က အောက်ပါအတိုင်း ဖွင့်ဆိုထားတော်မူကြ၏ ..။

''မဟာဘုတ် ဓာတ်ကြီးလေးပါးတို့ကား လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ထိုက်သော ပရမတ္ထဓာတ်သားများ ဖြစ်ခြင်းကြောင့် အကျယ်ချဲ့၍ ဟောတန်စေ၊ လက္ခဏာရေး သုံးတန်တင်ကာ ဝိပဿနာ မရှုပွားထိုက်သော အာကာသဓာတ်ကို အဘယ်ကြောင့် ဘုရားရှင်သည် အကျယ်ချဲ့၍ ဟောကြားတော်မူအပ်ပါသနည်း ဟု မေးရန် ရှိလာပြန်၏၊ အဖြေမှာ - ဥပါဒါရုပ်တို့ကို ရှုပွားဖို့ရန် ညွှန်ကြားတော်မူလိုသောကြောင့် ဘုရားရှင်သည် အာကာသဓာတ်ကို အကျယ်ချဲ့၍ ဟောကြားတော်မူအပ်ပါသည် ဟူပေ။

ဘုရားရှင်သည် မဟာရာဟုလောဝါဒသုတ္တန် ရှေးပိုင်းဝယ် မဟာဘုတ် ဓာတ်ကြီးလေးပါးတို့ကို ရှုပွားပုံကိုသာလျှင် အကျယ်ချဲ့၍ ဟောကြားထားတော်မူရသေး၏၊ ဥပါဒါရုပ်ကို ရှုပွားပုံကို မဟောကြားရသေး။ ထို့ကြောင့် မဟာဘုတ် ဓာတ်ကြီးလေးပါးကို မှီ၍ ဖြစ်နေရသော ဥပါဒါရုပ်ချင်း တူညီသဖြင့် လက္ခဏာဟာရနေတ္တိနည်းအားဖြင့် အာကာသ ဓာတ်မှ ကြွင်းသော ဥပါဒါရုပ်အားလုံးကို အာကာသဓာတ်၌ ပေါင်းစု၍ ဟောကြားသွားတော်မူခြင်း ဖြစ်၏၊ အာကာသ ဓာတ်ကို ရှုပွားပုံကို ညွှန်ပြခြင်းဖြင့် ဥပါဒါရုပ်အားလုံးကို ရှုပွားရန် ညွှန်ပြပြီး ဖြစ်သည်ဟု သိရှိပါလေ။ ထိုကြောင့် ဤအာကာသဓာတ်ကို အဦးမူသဖြင့် ထိုဥပါဒါရုပ်ကို ရှုပွားပုံကို ညွှန်ပြရန် အလို့ငှာ အာကာသဓာတ်ကို အကျယ်ချဲ့၍ ဟောကြားတော်မူခဲ့လေသည်။ သည်မျှသာမကသေး၊ ဥပါဒါရုပ်ကို သိမ်းဆည်းဖို့ရန် ညွှန်ပြခြင်းအကျိုးသက်သက် အတွက်သာလျှင် အာကာသဓာတ်ကို အကျယ်ချဲ့၍ ဟောကြားတော်မူသည် မဟုတ်သေး၊ အကယ်စင်စစ်သော်ကား ရုပ်တရားတို့ကို သိမ်းဆည်းရာ၌ သိမ်းဆည်းမှု လွယ်ကူသည့် နည်းလမ်းကို ညွှန်ကြားတော်မူလိုသောကြောင့်လည်း ဘုရားရှင်သည် အာကာသဓာတ်ကို အကျယ်ချဲ့၍ ဟောကြားတော်မူခဲ့လေသည်။ အာကာသဓာတ်ဟူသည် ရုပ်ကလာပ်တို့၏ အကြားအပေါက် ဖြစ်၏၊ ရုပ်ကလာပ်တို့ကို တစ်ခုနှင့်တစ်ခု ရောယှက်မှု မရှိအောင် ပိုင်းခြားပေးသော ရုပ်တည်း။ ယင်းအာကာသဓာတ်ဖြင့် အပိုင်းအခြား ခံရသော ရုပ်ကလာပ်အပေါင်းသည်လည်း ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌ ထင်ရှားနေ၏၊ ထင်ထင်ရှားရှား ဖြစ်၍ တည်နေ၏၊ ရုပ်ကလာပ်အပေါင်းသည် ထင်ရှားနေခဲ့သော် ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ရုပ်တရားအပေါင်းသည်လည်း ထင်ရှားလာ၏၊ သိမ်းဆည်းဖို့ရန် လွယ်ကူလာ၏၊ ဤကဲ့သို့သော နည်းစနစ်ကောင်းကြီးကို ညွှန်ကြားပြသတော်မူလိုသည့်အတွက်ကြောင့်လည်း ဘုရားရှင်သည် အာကာသဓာတ်ကို ရှုပွားဖို့ရန် အကျယ်အားဖြင့် ညွှန်ကြားပြသပေးတော်မူသည်။''

အကြည်ဓာတ် (၆) ပါး

စက္ခုအကြည် သောတအကြည် ဃာနအကြည် ဇိဝှါအကြည် ကာယအကြည်ဟု ရုပ်အကြည်ဓာတ် (၅)မျိုးနှင့် ဘဝင်မနောအကြည်ဟု နာမ်အကြည်ဓာတ် တစ်မျိုး - အားလုံးပေါင်းသော် အကြည်ဓာတ် (၆)မျိုး ရှိ၏၊

ထိုတွင် ကာယအကြည်ဓာတ်များမှာ တစ်ကိုယ်လုံး၌ အနှံ့အပြား တည်ရှိနေ၏၊ ယင်းကာယအကြည်ဓာတ်နှင့် တကွ ရုပ်အကြည်ဓာတ် (၅)မျိုးတို့ ပါဝင်သော ရုပ်ကလာပ်တို့မှာ ကြည်သော ရုပ်ကလာပ်တို့ ဖြစ်ကြ၏၊

''စက္ခုပသာဒ စသော ငါးမျိုးသော ရုပ်သည် ရူပါရုံစသည့် အာရုံတို့ကို လှမ်း၍ အာရုံယူရာ၌ စက္ခုဝိညာဏ် စသော ဆိုင်ရာဝိညာဏဓာတ်တို့၏ မှီရာ ဝတ္ထုပုရေဇာတနိဿယ အကြောင်းတရားအဖြစ်ဖြင့် ကျေးဇူးပြုလျက် ကြေးမုံမှန်အပြင်ကဲ့သို့ ကြည်လင်နေသောကြောင့် ပသာဒရုပ် မည်၏၊''[၄၅၀]

ကြည်သော ရုပ်ကလာပ်တို့မှ ကြွင်းသော ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရားလေးပါးကြောင့် ထင်ရှားဖြစ်နေကြကုန်သော ရုပ်ကလာပ်တို့ကား မကြည်သော ရုပ်ကလာပ်တို့တည်း။ ကြည်သော ရုပ်ကလာပ် မကြည်သော ရုပ်ကလာပ်တို့ကား ဆန်မှုန့်နှင့် နနွင်းမှုန့်ကို သမအောင် ရောစပ်ထားသကဲ့သို့ ခန္ဓာကိုယ်အနှံ့အပြား၌ တည်ရှိနေကြ၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် အာကာသဓာတ်ကို မမြင်သေးမီ ရုပ်ကလာပ်တို့ကိုလည်း မမြင်သေးမီ အချိန်ကာလ၌ ဉာဏ်ကလည်း အလွန်ကြီး မစူးရှ မထက်မြက်သေးသဖြင့် ယင်း ကြည်သည့်ရုပ်ကလာပ် မကြည်သည့် ရုပ်ကလာပ်တို့ကို တစ်ဆက်တည်း တစ်စပ်တည်းကဲ့သို့ မြင်နေသဖြင့် ယင်းရုပ်ကလာပ်တို့ကို, အထူးသဖြင့် အကြည်ဓာတ်များ လွှမ်းခြုံဖုံးအုပ်ထားသော ရုပ်ကလာပ်အားလုံးတို့ကို အတုံးလိုက် အခဲလိုက် အပြင်လိုက် တွေ့မြင်နေရခြင်း ဖြစ်၏၊ ဓာတုမနသိကာရ ဘာဝနာသမာဓိနှင့် ယှဉ်နေသော ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်း၏ အကူအညီဖြင့် ထိုအကြည်ပြင်၌ အာကာသဓာတ်ကို မြင်အောင် ထိုးစိုက်၍ ရှုနိုင်သောအခါ .. ရုပ်ကလာပ်တို့၏ အကြားအပေါက်ဟူသော, ရုပ်ကလာပ်တို့ကို ပိုင်းခြားကြောင်းဖြစ်သော အာကာသဓာတ်ကို တွေ့မြင်သည်နှင့် တစ်ပြိုင်နက် ရုပ်ကလာပ်များကိုလည်း စတင်တွေ့ရှိမည် ဖြစ်သည်။

တစ်ဖန် နာမ်တရားတို့တွင် ဘဝင် = မနောအကြည်ဓာတ်မှာလည်း ပဘဿရ = ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်အလင်း ရှိလျက် ကြည်လင်ဖြူစင်နေကြောင်းကို - ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ ..ဤသို့ စသည်ဖြင့် အင်္ဂုတ္တိုရ် ဧကကနိပါတ် အစ္ဆရာသင်္ဃာတဝဂ်[၄၅၁]၌ ဘုရားရှင်သည် ဟောကြားထားတော်မူခဲ့၏၊ မူလဋီကာ[၄၅၂]၌ကား - သဘာဝေါ ဝါယံ စိတ္တဿ ပဏ္ဍရတာ = စိတ်အားလုံးသည်ပင် သဘာဝအားဖြင့် ဖြူစင်ကြောင်း ပဏ္ဍရဖြစ်ကြောင်းကို ဖွင့်ဆိုထားပေသည်။ (စိတ်အားလုံးသည် ဖြူစင်၍ အကုသိုလ်စေတသိက်များကသာ သို့မဟုတ် အကုသိုလ်စေတသိက်များကြောင့်သာ ညစ်နွမ်းသည်ဟု ဆိုလိုပေသည်။)

ထိုစိတ်တို့တွင် ဘဝင်စိတ်သည် ကြည်လင်၏၊ ဖြူစင်၏၊ ယင်းဘဝင်စိတ်သည်လည်း စိတ္တဇရုပ်ကို ဖြစ်စေနိုင်၏၊ ယင်းစိတ္တဇရုပ်ကလာပ်တိုင်း၌ တည်ရှိသော ဝဏ္ဏဓာတ်ရူပါရုံသည် ဘဝင်စိတ်နှင့် ယှဉ်တွဲလျက်ရှိသော ဉာဏ်၏ စွမ်းအင်အာနုဘော်အပေါ်၌ အခြေစိုက်၍ အနည်းနှင့်အများ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသည်သာ ဖြစ်၏၊ ထိုစိတ္တဇရုပ်ကလာပ်တိုင်း၌ ပါဝင်သော တေဇောဓာတ် ဥတုသည်လည်း ဥတုဇရုပ်ကလာပ် အသစ်အသစ်ကို အဆင့်ဆင့် ဖြစ်စေသည်သာ ဖြစ်၏၊ ယင်းဥတုဇရုပ်ကလာပ်တို့၌ တည်ရှိသော ဝဏ္ဏဓာတ်ရူပါရုံသည်လည်း ယင်းဘဝင်စိတ်နှင့် ယှဉ်သော ဉာဏ်၏ အာနုဘော်အပေါ်၌ အခြေစိုက်၍ အနည်းနှင့်အများပင် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသည်သာ ဖြစ်၏၊ အကျိုးဖြစ်သော ယင်းစိတ္တဇရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိသော ရူပါရုံနှင့် ယင်းဥတုဇရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိသော ရူပါရုံတို့၏ ကြည်လင်တောက်ပမှုကို အကြောင်းဖြစ်သော ဘဝင်စိတ်၌ တင်စားကာ ကာရဏူပစာရအားဖြင့် ဘဝင်စိတ်ကို ပဘဿရ = ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်အလင်းရှိ၏ဟု ဟောတော်မူခြင်း ဖြစ်၏၊ တစ်ဖန် ယင်းစိတ်တို့တွင် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာ စိတ်ဟူသော ကုသိုလ်စိတ် (ရဟန္တာအရှင်မြတ်တို့အဖို့ ကြိယာစိတ်)တို့သည်လည်း အထူးသဖြင့် ကြည်လင်၏၊ ဖြူစင်၏၊ ယင်းသမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကလည်း ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော လင်းရောင်ခြည်ကို ဖြစ်စေနိုင်ကြောင်းကို အထက်တွင် ရှင်းလင်းတင်ပြခဲ့ပြီးလေပြီ။

ရုပ်ကလာပ်များကို ဓာတ်ခွဲပါ

ရုပ်ကလာပ်များကို အကြမ်းအားဖြင့် ခွဲခြားလိုက်သော် ယင်းတို့မှာ ကြည်သည့် ရုပ်ကလာပ် မကြည်သည့် ရုပ်ကလာပ်ဟု ရုပ်ကလာပ် နှစ်မျိုး နှစ်စား ရှိနေ၏၊ ပသာဒရုပ် (= အကြည်ရုပ်) ငါးမျိုး ပါဝင်သော ရုပ်ကလာပ် အမှုန်များမှာ ကြည်လင်၍ ကျန်ရုပ်ကလာပ်များမှာ မကြည်ကြပေ။ အချို့ယောဂါဝစရပုဂ္ဂိုလ်တို့သည် ရုပ်ကလာပ်များကို တွေ့စအချိန်ဝယ် အတုံးအခဲ ခပ်ကြီးကြီးများကိုလည်း တွေ့နေတတ်၏၊ ဆန်စေ့ခန့် ဆန်ကွဲစေ့ခန့်လောက် ရှိသော အတုံးအခဲများကိုလည်း တွေ့မြင်နေတတ်သေး၏၊ အချို့ယောဂီတို့ကား အနက်ရောင်ကတ္တီပါပေါ်တွင် ဆန်ကွဲစေ့များကို, စိန်တုံးစိန်ခဲကလေးများကို ကြဲဖြန့်ထားသကဲ့သို့ တွေ့မြင်နေတတ်ကြ၏၊ ထိုအခါတွင် ယင်းအတုံးအခဲတို့၌လည်း ဓာတ်ကြီးလေးပါးကိုပင် မြင်အောင် ဆက်၍ ရှုလိုက်ပါက သို့မဟုတ် အာကာသဓာတ်ကိုပင် မြင်အောင် ဆက်စိုက် လိုက်ပါက ရုပ်ကလာပ်အမှုန်များကို တွေ့ရှိမည် ဖြစ်သည်။ ယင်းသို့ဖြစ်လျှင် ဆန်ကွဲစေ့ကဲ့သို့ စိန်တုံးစိန်ခဲကဲ့သို့သော ကြည်နေသော အတုံးအခဲတို့မှာ ကြည်နေသော ရုပ်ကလာပ်တို့၏ အပေါင်းအစု အတုံးအခဲဟု သဘောပေါက်ပါ။ တစ်ဖန် အောက်ခံ ကတ္တီပါနက်ရောင်ကဲ့သို့သော အတုံးအခဲအပြင်၌ ဓာတ်ကြီးလေးပါးကို ရှုလိုက်ပါက သို့မဟုတ် အာကာသဓာတ်ကို မြင်အောင် စိုက်ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များကို တွေ့ရှိနိုင်၏၊ မကြည်သော ရုပ်ကလာပ်တို့၏ အပေါင်းအစုပင်တည်း။

ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကလာပ်များကို မြင်သောအခါ ကြည်သော ရုပ်ကလာပ်၌ ဓာတ်လေးပါး, မကြည်သော ရုပ်ကလာပ်၌ ဓာတ်လေးပါးဟု ရုပ်ကလာပ်တစ်ခုတစ်ခု၌ ဓာတ်ကြီးလေးပါးကို မြင်အောင် စရှုပါ၊ သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကလာပ်တို့၏ အလွန် လျင်လျင်မြန်မြန် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေမှုကို တွေ့ရှိနေမည်သာ ဖြစ်သည်။ ရုပ်ကလာပ်တို့ကို ဓာတ်မခွဲနိုင်သေးပါက သမူဟဃန ကိစ္စဃနတို့ မပြိုသေးသဖြင့် ယင်းရုပ်ကလာပ်တို့ကို ရုပ်ကလာပ်အမှုန်အတိုင်းသာ မြင်တွေ့နေသေးလျှင် ယောဂါဝစရ ပုဂ္ဂိုလ်၏ ဘာဝနာဉာဏ်သည် ပညတ်နယ်မှာပင် ရှိနေသေး၏၊ ရုပ်ကလာပ်ဟူသည် သမူဟပညတ် သဏ္ဌာနပညတ် မကွာသေးသည့် ပရမတ္ထရုပ်တရားတို့၏ အသေးဆုံးသော အဖွဲ့အစည်းတစ်ခု ဖြစ်၏၊ ပရမာဏုမြူထက် အဆပေါင်း များစွာ သေးငယ်သော အမှုန်ကလေးသာ ဖြစ်၏၊ ယင်းရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော (၈)မျိုး သို့မဟုတ် (၉)မျိုး သို့မဟုတ် (၁၀)မျိုးသော ရုပ်တရားတို့ကို တစ်လုံးစီတစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာလျက် မသိမ်းဆည်းနိုင်သေးပါက ဉာဏ်ဖြင့် ပိုင်းခြားကာ မယူနိုင်သေးပါက ပရမတ်နယ်သို့ ဉာဏ်အမြင် မဆိုက်ရောက် သေးပေ။ အကြောင်းမူ ရုပ်ကလာပ်ဟူသည် ပညတ်နယ်၌ သမူဟပညတ် သဏ္ဌာနပညတ် စသည့် ပညတ်တို့ လုံးဝ မကွာသေးသည့် လုံးဝ မကင်းစင်သေးသည့် အသေးဆုံး အတုံးအခဲ ပညတ်သာ ရှိသေးသောကြောင့် ဖြစ်၏၊ ထိုရုပ်ကလာပ်တို့ကို ဓာတ်မခွဲနိုင်ဘဲ, ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာလျက် ပရမတ္ထရုပ်တရားတို့ကို မသိမ်းဆည်းနိုင်သေးဘဲ ရုပ်ကလာပ်အမှုန်အတိုင်း ပေါ်မှုပျောက်မှုကို အာရုံယူ၍ ဖြစ်-ပျက်ရှုနေပါက သို့မဟုတ် ဝိပဿနာရှုနေပါက ပညတ် ဖြစ်-ပျက်, ပညတ် ဝိပဿနာသာ ရှိသေးသည်၊ သို့အတွက် ရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ရုပ်ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းရဦးမည်၊ ဉာဏ်ဖြင့် ပိုင်းခြားယူရဦးမည်သာ ဖြစ်ပေသည်။

ထိုသို့ ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ပရမတ္ထ ရုပ်တရားတို့ကို သိမ်းဆည်းရာ ဉာဏ်ဖြင့် ပိုင်းခြားယူရာ၌ ဓာတ်ကြီးလေးပါးတို့ကို ရှေ့ဦးစွာ စတင်၍ သိမ်းဆည်းပါ။ သိမ်းဆည်းခြင်းဟူသည် ပရမတ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းတည်း။ အကယ်၍ ရုပ်ကလာပ်တို့၏ အလွန် လျင်လျင်မြန်မြန် ပေါ်မှု ပျောက်မှုကြောင့် ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို မသိမ်းဆည်းနိုင် စိုက်၍ ရှုမရနိုင် ဖြစ်နေပါက - မမြင်ချင် မတွေ့ချင်သူ တစ်ဦးနှင့် တွေ့သောအခါ မမြင်ယောင် မတွေ့ယောင် ဆောင်နေသကဲ့သို့ အလားတူပင် ရုပ်ကလာပ်တို့၏ ပေါ်မှုပျောက်မှုကို နှလုံးမသွင်းဘဲ အာရုံမယူဘဲ မကြည့်ဘဲ ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုသာ စူးစူးစိုက်စိုက် နှလုံးသွင်းပါ၊ ရှုနေပါ၊ သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။

အကယ်၍ ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ရှုမရနိုင် သိမ်းဆည်းမရနိုင် ဖြစ်နေပါက ခန္ဓာကိုယ် တစ်ကိုယ်လုံးကို ခြုံ၍ ပထဝီဓာတ်ကို ရှုပါ၊ သိမ်းဆည်းပါ။ တစ်နည်းဆိုရသော် ဤအပိုင်းတွင် ခန္ဓာကိုယ် အတုံးအခဲကြီးကို မတွေ့နိုင်ဘဲ ရုပ်ကလာပ်အမှုန်တို့ကိုသာ တွေ့ရှိနေမည် ဖြစ်သဖြင့် တစ်ကိုယ်လုံး၌ တည်ရှိသော ရုပ်ကလာပ်အားလုံးကို ခြုံ၍ ပထဝီဓာတ်ကို ရှုပါ၊ သိမ်းဆည်းပါ။ ထိုနောင် ရုပ်ကလာပ်တစ်ခုအတွင်း၌ ပထဝီဓာတ်ကို သိမ်းဆည်းပါ။ မိမိသိမ်းဆည်းလိုက်သော ရုပ်ကလာပ်သည် ပျောက်သွားပါက နောက်ကလာပ်တစ်ခု၌ ပထဝီဓာတ်ကိုပင် ဆက်လက် သိမ်းဆည်းပါ။ အောင်မြင်မှု ရရှိပါက ကလာပ်တစ်ခုပြီး ကလာပ်တစ်ခု ပြောင်း၍ ပထဝီဓာတ်တစ်ခုတည်းကိုပင် သိမ်းဆည်းပါ။ ပထဝီဓာတ်၌လည်း မာ-ကျန်း-လေး-ပျော့-ချော-ပေါ့ဟု သဘောတရား (၆)မျိုးရှိရာ ကလာပ်တစ်ခုတစ်ခုအတွင်း၌ မာ-ကျန်း-လေး ထင်ရှားနေပါက ပျော့-ချော-ပေါ့ မထင်ရှားပေ။ ပျော့ချော-ပေါ့ ထင်ရှားကလည်း မာ-ကျန်း-လေး မထင်ရှားပေ။ ထိုသို့ ပထဝီဓာတ်ကို သိမ်းဆည်းရာ၌ အခက်အခဲ ရှိနေသေးက မာမှုသဘောတစ်ခုကိုသာ ဦးစားပေး၍ သိမ်းဆည်းကြည့်ပါ။ အောင်မြင်မှု ရရှိပါက တဖြည်းဖြည်း တစ်လုံးစီ တိုးကြည့်ပါ။ မိမိရှုလိုက်သည့် ကလာပ်တိုင်း၌ မာ-ကျန်း-လေး သဘောတရားတို့ကို သို့မဟုတ် ပျော့ချော-ပေါ့ သဘောတရားတို့ကို ပြိုင်တူမြင်အောင် လေ့ကျင့်ပါ။ ရုပ်ကလာပ်အားလုံးကို ခြုံ၍ မာမှုသဘောကို ရှုလိုက်, ရုပ်ကလာပ်တစ်ခု၌ မာမှုသဘောကို ရှုလိုက် - ဤသို့ ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ အောင်မြင်မှု ရရှိပါက ရုပ်ကလာပ်အားလုံး၌ မာမှု-ကျန်းမှု သဘောနှစ်ခုကို ရှုလိုက်, ရုပ်ကလာပ်တစ်ခု၌ မာမှု-ကျန်းမှု သဘောနှစ်ခုကို ရှုလိုက် - ဤသို့ ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ အောင်မြင်မှု ရရှိပါက ရုပ်ကလာပ်အားလုံးကို ခြုံ၍ မာ-ကျန်း-လေးကို ရှုလိုက်, ရုပ်ကလာပ်တစ်ခု၌ မာ-ကျန်း-လေးကို ရှုလိုက် - ဤသို့ ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ မာ-ကျန်း-လေး မထင်ရှား၍ ပျော့-ချော-ပေါ့ ထင်ရှားသော ရုပ်ကလာပ်တို့ကို ရှုရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။ ဤနည်းစနစ်ကို မှီ၍ အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်တို့ကိုလည်း ဆက်ရှုပါ။

အာပေါဓာတ်ဝယ် ယိုစီး-ဖွဲ့စည်း နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသာ ပို၍ ထင်ရှားတတ်၏၊ ဃန မပြိုမီ နှစ်မျိုးလုံး ထင်ရှားသော်လည်း ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ကား တစ်မျိုးကသာ ပို၍ ထင်ရှားနေ၏၊ တေဇောဓာတ်ဝယ် ပူမှု အေးမှု နှစ်မျိုးရှိရာ ရုပ်ကလာပ်တစ်ခုအတွင်း၌ တစ်မျိုးသာ ရှိနိုင်၏၊ ပူမှုထင်ရှားက အေးမှု မထင်ရှားပေ။ အေးမှုထင်ရှားကလည်း ပူမှု မထင်ရှားပေ။ ဝါယောဓာတ်၏ ထောက်ကန်-တွန်းကန် သဘောတို့ကား ကလာပ်တိုင်း၌ တည်ရှိကြ၏၊ ထောက်ကန်မှုမှာ သဘာဝလက္ခဏာဖြစ်၍ တွန်းကန်မှုမှာ ရသကိစ္စ ဖြစ်သည်။

ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ယင်းဓာတ်ကြီးလေးပါးလုံးကို ပြိုင်တူ ဉာဏ်၌ မြင်နေအောင် ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ အောင်မြင်မှုကို ရရှိခဲ့သော် ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာအာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသောသမာဓိကား အထွတ်အထိပ်သို့ ရောက်ရှိလာသော သဒိသူပစာရအားဖြင့် ဥပစာရသမာဓိ အမည်ရသော ကာမာဝစရသမာဓိတည်း။ ပရမတ္ထဓမ္မသဘာဝကို အာရုံ ယူနေရသောကြောင့် ယင်းပရမတ္ထဓမ္မတို့၏လည်း နက်နဲသည်က တစ်ကြောင်း, အရှည်မတည် ချက်တစ်ဖြုတ် ရုတ်တရက် ချုပ်ပျက်တတ်သည်က တစ်ကြောင်း - ယင်းသို့ နက်နဲ၍ အရှည်မတည်တံ့သော မခိုင်ခံ့သော ပရမတ္ထဓမ္မတို့ကို အာရုံယူနေရသည့်အတွက်ကြောင့် ယင်းသမာဓိကို ဆက်လက် ထူထောင်သော်လည်း အပ္ပနာစျာန်သို့ကား မဆိုက်နိုင်၊ အပ္ပနာစျာန်၏ အနီးအပါး၌ ကျက်စားလေ့ ဖြစ်လေ့ရှိသော သမာဓိကိုသာလျှင် ဥပစာရသမာဓိဟု ဆိုသင့်ရကား ဤဓာတုမနသိကာရဘာဝနာလုပ်ငန်းခွင်၌လည်း အပ္ပနာစျာန်သမာဓိသည် မရှိ ဖြစ်ခဲ့၏၊ သို့သော် အပ္ပနာ စျာန်သမာဓိ၏ အနီး၌ ကပ်၍ ဖြစ်လေ့ရှိသော ဥပစာရသမာဓိအစစ်နှင့် အထွတ်အထိပ်သို့ ရောက်ရှိလာသော ဤဓာတုမနသိကာရသမာဓိသည် သမာဓိချင်း တိုင်းတာနှိုင်းစာကြည့်လိုက်ပါက တူညီသော သမာဓိလက္ခဏာ ရှိသောကြောင့် ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးအာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော အထွတ်အထိပ်သို့ ရောက်ရှိလာသော ဤဓာတုမနသိကာရသမာဓိကိုလည်း တင်စား၍ သဒိသူပစာရအားဖြင့် ဥပစာရသမာဓိဟူ၍ပင် ခေါ်ဆိုသည်။[၄၅၃ ၄၅၄]

ဒေါဏမတ္တာ = တစ်စိတ်သားခန့်

ဤခန္ဓာကိုယ်ဝယ် အလုံးအရပ်အားဖြင့် အလယ်အလတ်ဖြစ်သော ကိုယ်၌ ရသင့်သော အလယ်အလတ် ပမာဏ အားဖြင့် ပညာဉာဏ်ဖြင့် ကြံဆ၍ ယူအပ်သည်ရှိသော် ပရမာဏုမြူခန့် သို့မဟုတ် ပရမာဏုမြူထက် အဆပေါင်း များစွာ သေးငယ်ဖွယ်ရာရှိသော ရုပ်ကလာပ်အနေဖြင့် မှုန့်မှုန့်ညက်ညက်ဖြစ်၍ သိမ်မွေ့စွာသော မြူအဖြစ်သို့ ရောက်ရှိနေသော ပထဝီဓာတ်သည် (= ပထဝီဓာတ် ဦးဆောင်သည့် ရုပ်ကလာပ်အမှုန်ပေါင်းသည်) တစ်စိတ်သားခန့် အတိုင်းအရှည် ရှိသည် ဖြစ်လေရာ၏၊ ထိုပထဝီဓာတ်သည် မိမိအောက် ထက်ဝက်ပမာဏရှိသော အာပေါဓာတ်သည် ဖွဲ့စည်းသောအားဖြင့် ပေါင်းရုံးစပ်လျက် ယူအပ်သည်ဖြစ်၍, တေဇောဓာတ်က ယိုစီးခြင်းသဘော လက္ခဏာရှိသော အာပေါဓာတ်ကြောင့် အရည်အဖြစ် အစေးအဖြစ်သို့ မရောက်လေအောင် အလျော်အားဖြင့် စောင့်ရှောက်အပ်သည် ဖြစ်၍, ထောက်ကန်တတ်သော ဝါယောဓာတ်က ခိုင်ခံ့ခြင်းသို့ ရောက်စေအပ်သည်ဖြစ်၍ (= စမြင်းလုံးကဲ့သို့ လုံးစုတတ်သော လုံးစုအောင် ထောက်ကန်တတ်သော တွန်းကန်တတ်သော ဝါယောဓာတ်သည် လွန်စွာ ခိုင်ခံ့ခြင်းသို့ ရောက်စေအပ်သည်ဖြစ်၍) မုန့်ညက်ကဲ့သို့ ဖရိုဖရဲ မလွင့်၊ မပျက်စီး။ ဖရိုဖရဲ မလွှင့်အပ်သည်ဖြစ်၍ မပျက်စီးစေအပ်သည် ဖြစ်၍ တစ်ပါးမက များပြားလှစွာသော အမျိုးသမီးသဏ္ဌာန် အမျိုးသားသဏ္ဌာန်စသော အဖြစ်ဖြင့် အထူးထူး ကွဲပြားခြင်းသို့ ရောက်၏၊ သေးငယ်သည် ကြီးဖွံ့သည် မြင့်သည် နိမ့်သည် ခိုင်ခံ့ ခက်မာသည် အစရှိသောအဖြစ်ကိုလည်း ထင်ရှားပြ၏၊[၄၅၅]

ဤအထက်ပါ အဋ္ဌကထာအဖွင့်နှင့် အညီ ဤခန္ဓာကိုယ်ဝယ် အကြမ်းစားအားဖြင့် ဆိုရမူ ပထဝီဓာတ် ဦးဆောင်သည့် ရုပ်ကလာပ်ပေါင်းသည် တစ်စိတ်သားခန့် ရှိနေ၏၊ ယင်းရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတိုင်းကိုကား သာဝကတို့သည် ကုန်စင်အောင် မရှုနိုင်။ ရှုလိုက်နိုင်သော သိမ်းဆည်းလိုက် နိုင်သော ဓာတ်ကြီးလေးပါးလည်း အချို့အဝက်ရှိ၍ မရှုလိုက်နိုင် မသိမ်းဆည်းလိုက်နိုင်သော ဓာတ်ကြီးလေးပါးလည်း အချို့အဝက်ရှိ၏၊ တစ်နည်းဆိုရသော် ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းလိုက်နိုင်သော ဉာဏ်ဖြင့် ပိုင်းခြား ယူလိုက်နိုင်သော ရုပ်ကလာပ်တို့လည်း အချို့အဝက်ရှိ၍ မရှုလိုက်နိုင်သော ဉာဏ်ဖြင့် ပိုင်းခြား မယူလိုက်နိုင်သော ရုပ်ကလာပ်တို့လည်း အချို့အဝက်ရှိသည်သာ ဖြစ်၏၊ သာဝကပါရမီဉာဏ်အရာ၌ မိမိတို့၏ အတိတ်က ဆည်းပူးခဲ့သော ပါရမီ၏ စွမ်းအင်အပေါ်၌ အခြေစိုက်၍ ကောင်းစွာ စုပေါင်းလျက် ဖြစ်ပေါ်လာသော ဉာဏ်၏ အာနုဘော်အပေါ်၌ အခြေခံလျက်[၄၅၆] ခပ်များများ ရှုနိုင်မှု, ခပ်နည်းနည်း ရှုနိုင်မှုကား ရှိနိုင်သည်။ သို့သော် အမျိုးအစားကိုကား ကုန်စင်အောင် ရှုရမည် ဖြစ်ပေသည်။ အောက်ပါ ဋီကာ[၄၅၆]အဖွင့်ကို ဖတ်ရှုကြည့်ပါ။

''မိမိကိုယ်တွင်း အဇ္ဈတ္တသန္တာန်၌ တည်ရှိသော ရုပ်ဓမ္မ နာမ်ဓမ္မ အမျိုးအစားအားလုံးကိုလည်းကောင်း, သူတစ်ပါး သန္တာန်၌ တည်ရှိသော ရုပ်ဓမ္မ နာမ်ဓမ္မ အမျိုးအစားအားလုံးတို့ကိုလည်း ထိုရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို ယောက်ျားမိန်းမ-ပုဂ္ဂိုလ်-သတ္တဝါ-လူ-နတ်-ဗြဟ္မာ စသည်ဖြင့် သန္တာန်ခွဲခြား ဝေဖန်ခြင်းကို မပြုမူ၍ ဗဟိဒ္ဓချင်း တူညီ၍ သာမန်ပေါင်းစု ခြုံငုံ၍လည်းကောင်း ဝိပဿနာ ရှုပွားသုံးသပ်ခြင်းသည်ကား သာဝကတို့၏ ဝိပဿနာဉာဏ်၏ ကျက်စားရာ နယ်မြေ (= သမ္မသနစာရခေတ်) ဖြစ်ပေသည်။''

ဤအဖွင့်များနှင့် အညီ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ ရုပ် (၂၈)ပါးတည်းဟူသော ရုပ်အမျိုးအစား, ရုပ်ကမ္မဋ္ဌာန်းဇယားများတွင် ဖော်ပြထားသည့်အတိုင်း စက္ခုဒွါရ (= မျက်စိ)၌ ရုပ် (၆၃)မျိုး - ဤသို့ စသော ရုပ်အမျိုးအစားများကိုကား ကုန်စင်အောင် သိမ်းဆည်းရှုပွားရမည်သာ ဖြစ်သည်ဟု မှတ်သားပါ။

ဤထက် ရှင်းအောင် ဆိုရသော် မျက်စိ၌ စက္ခုဒသကကလာပ်ပေါင်း များစွာ ရှိနေ၏၊ (ပြိုင်တူတည်ရှိခိုက်ကို ဆိုလိုပါသည်။) ယင်းရုပ်ကလာပ်တို့တွင် စက္ခုဒသကကလာပ်အချို့၌သာ ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းနိုင်၍ အချို့၌ကား မသိမ်းဆည်းလိုက်နိုင်။ ဤသို့စသည်ဖြင့် သဘောပေါက်ပါ။ သို့သော် စက္ခုဒသကကလာပ်ကဲ့သို့သော ရုပ်ကလာပ် တစ်မျိုးတစ်မျိုး၌ တည်ရှိသော ရုပ်ကလာပ်အရေအတွက်ကို ကုန်စင်အောင် ပရမတ်သို့ ဆိုက်အောင် မသိမ်းဆည်းလိုက်နိုင်သော်လည်း စက္ခုဒသကကလာပ် ကာယဒသကကလာပ် စသော ရုပ်ကလာပ်အမျိုးအစားများနှင့် ယင်းသို့ သိမ်းဆည်းလိုက်နိုင်သော ရုပ်ကလာပ်အမျိုးအစားတို့၌ တည်ရှိသော ရုပ်တရားတို့ကိုကား ကုန်စင်အောင် သိမ်းဆည်းရမည် ဖြစ်ပေသည်။ မျက်စိ-နား-နှာ-လျှာ-ကိုယ်-နှလုံး (၆)ဒွါရလုံး၌ နည်းတူ သဘောပေါက်ပါ။

ယောဂါဝစရပုဂ္ဂိုလ်သည် (၆)ဒွါရလုံး၌ တည်ရှိသော ကြည်သည့် ရုပ်ကလာပ်၌ ဓာတ်ကြီးလေးပါး, မကြည်သည့် ရုပ်ကလာပ်၌ ဓာတ်ကြီးလေးပါးကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းပါ။ အောင်မြင်မှုကို ရရှိပါက ယောဂါဝစရ ပုဂ္ဂိုလ်သည် စတုဓာတုဝဝတ္ထာန်အမည်ရသော ဓာတုမနသိကာရ သမထပိုင်း ပြီးဆုံးပြီ ဖြစ်ပေသည်။ ဒိဋ္ဌိဝိသုဒ္ဓိ စခန်းသို့လည်း ခြေစုံပစ်၍ စတင်ဝင်ရောက်သွားပြီ ဖြစ်ပေသည်။

သတ္တသညာ-အတ္တသညာ ကွာပြီ

ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်တွင် ဓာတ်ကမ္မဋ္ဌာန်းရှုကွက်ကို ဟောကြားပြသတော်မူရာဝယ် နွားသတ်ယောက်ျား ဥပမာကို ထည့်သွင်း၍ ဟောကြားထားတော်မူ၏၊ ထိုစကားရပ်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏၊

နွားသတ်ယောက်ျားသည် နွားကို အသားတိုးပွားအောင် မွေးမြူစဉ်အခါ၌သော်လည်းကောင်း, နွားသတ်ရန် နွားသတ်ရုံသို့ ခေါ်ဆောင်သွားရာအခါ၌သော်လည်းကောင်း, နွားသတ်ရုံသို့ ယူဆောင်သွားပြီးနောက် ထိုနွားသတ်ရုံ၌ ထိုနွားကို ချည်နှောင်ထားရာ၌သော်လည်းကောင်း, ထိုနွားကို သတ်စဉ်၌သော်လည်းကောင်း, သတ်ပြီးနောက် နွားသေကောင်ကို မြင်တွေ့နေစဉ်၌သော်လည်းကောင်း ထိုနွားကို အသားတခြား, အရိုးတခြား, အူတခြား, အသည်းတခြား စသည်ဖြင့် ထိုထိုကောဋ္ဌာသတို့ကို တစ်ပုံစီ တစ်ပုံစီ မစုမပုံရသေးသမျှကာလပတ်လုံး ထိုနွားသတ်ယောက်ျား၏ သန္တာန်၌ နွားဟူသော အမှတ်သညာကား မကွယ်ပျောက်သေးပေ။ သို့သော် ထိုနွားကို အသားတခြား, အရိုးတခြား, အူတခြား, အသည်းတခြား စသည်ဖြင့် ထိုထိုကောဋ္ဌာသတို့ကို တစ်ပုံစီ တစ်ပုံစီ ခွဲခြားဝေဖန်စုပုံ၍ လမ်းမလေးဖြာ ပေါင်းဆုံမိရာ တစ်နေရာ၌ နွားသားရောင်းရန် ထိုင်နေသော ထိုနွားသတ်ယောက်ျား၏ သန္တာန်၌ နွားဟူသော အမှတ်သညာသည် ကွယ်ပျောက်သွား၏၊ နွားသားဟူသော အမှတ်သညာသည် ဖြစ်ပေါ်လာ၏၊ ထိုနွားသတ်ယောက်ျား၏ သန္တာန်၌ ''ငါသည် နွားကို ရောင်းချနေ၏၊ ဤသူတို့သည်ကား ငါ့ထံမှ နွားကို ဝယ်ယူနေကြကုန်၏''ဟူသော ဤသို့သော အမှတ်သညာသည် မဖြစ်။ အကယ်စင်စစ်သော်ကား ထိုယောက်ျား၏ သန္တာန်၌ ''ငါသည် နွားသားကို ရောင်းချနေ၏၊ ဤသူတို့သည်ကား ငါ့ထံမှ နွားသား ဆောင်ယူနေကြကုန်၏''ဟူ၍သာလျှင် ဤသို့သော အကြံအစည်သည် ဖြစ်ပေါ်နေ၏၊ (ဥပမာစကားရပ်)

ဤဥပမာအတူပင်လျှင် ဤယောဂါဝစရရဟန်းတော်၏ သန္တာန်၌လည်း ရှေးယခင် ပရမတ္ထဉာဏ်ပညာမျက်စိ ကာဏ်းနေသော ဗာလပုထုဇန် ဖြစ်စဉ်ကာလ၌ လူဖြစ်စဉ်မှာသော်လည်းကောင်း, ရဟန်းဖြစ်စဉ်မှာသော်လည်းကောင်း တည်မြဲတိုင်း ထားမြဲတိုင်းသော ဤရူပကာယခန္ဓာကိုယ်ကြီးကို သန္တတိဃန, သမူဟဃန, ကိစ္စဃနဟူသော ရုပ်တုံး ရုပ်ခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်တို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဓာတ်သဘောအစုအပုံအားဖြင့် ဉာဏ်ဖြင့် မဆင်ခြင်နိုင်သေးသမျှကာလပတ်လုံး သတ္တဝါဟူသော အမှတ်သညာ, ပုဂ္ဂိုလ်ဟူသော အမှတ်သညာသည် မကွယ်ပျောက်သေးပေ။ သို့သော် ရုပ်ဃန အတုံးအခဲ အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သော ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်တို့ကို ဉာဏ်ဖြင့် ဆင်ခြင်သုံးသပ် ရှုပွားနိုင်သော သိမ်းဆည်းနိုင်သော ထိုယောဂါဝစရရဟန်း၏ သန္တာန်၌ကား သတ္တဝါဟူသော အမှတ်သညာ (= သတ္တသညာ) သည် ကွယ်ပျောက်သွား၏၊ ဓာတ်၏အစွမ်းဖြင့်သာလျှင် စိတ်သည် တည်နေပေ၏၊ (ဥပမေယျစကားရပ်)

ထို့ကြောင့် ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူ၏ ..။

''ယောဂါဝစရ ရဟန်းသည် တည်မြဲတိုင်းသော ထားမြဲတိုင်းသော ဤ ရူပကာယ ခန္ဓာကိုယ်ကြီးကိုပင်လျှင် ဤရူပကာယ ခန္ဓာကိုယ်၌ ပထဝီဓာတ်သည် ရှိ၏၊ အာပေါဓာတ်သည် ရှိ၏၊ တေဇောဓာတ်သည် ရှိ၏၊ ဝါယောဓာတ်သည် ရှိ၏ဟု ပုဂ္ဂိုလ်သတ္တဝါ မဟုတ်သောအားဖြင့် ဓာတ်သဘောအစုအပုံအားဖြင့် တစ်လုံးစီ တစ်လုံးစီ ဆင်ခြင်သုံးသပ် ရှုပွားနေ၏၊ ရဟန်းတို့ ... ဖြစ်သင့်ဖြစ်ရာ နှိုင်းခိုင်းဖွယ်ရာ လောကဥပမာသည်ကား ကျွမ်းကျင်လိမ်မာသော နွားသတ်ယောက်ျားသည်သော်လည်းကောင်း, နွားသတ်ယောက်ျား၏ တပည့်သည်သော်လည်းကောင်း နွားမကို သတ်၍ အသားတခြား, အရိုးတခြား စသည်ဖြင့် တစ်ပုံစီ တစ်ပုံစီ ပုံ၍ လမ်းမလေးဖြာ ပေါင်းဆုံမိရာ အရပ်၌ ရောင်းချဖို့ရန် ထိုင်နေလေရာ၏၊ ရဟန်းတို့ ... ဤဥပမာအတူပင်လျှင် ယောဂါဝစရရဟန်းသည် တည်မြဲတိုင်း ထားမြဲတိုင်းသော ဤရူပကာယ ခန္ဓာကိုယ်ကြီးကိုပင်လျှင် ဤရူပကာယ ခန္ဓာကိုယ်၌ ပထဝီဓာတ်သည် ရှိ၏၊ အာပေါဓာတ်သည် ရှိ၏၊ တေဇောဓာတ်သည် ရှိ၏၊ ဝါယောဓာတ်သည် ရှိ၏ဟု ပုဂ္ဂိုလ် သတ္တဝါ မဟုတ်သောအားဖြင့် ဓာတ်သဘောအစုအပုံ အားဖြင့် တစ်လုံးစီ တစ်လုံးစီ ဆင်ခြင်သုံးသပ် ရှုပွားနေ၏''- ဟု ဟောတော်မူခြင်း ဖြစ်သည်၊၊[၄၅၇]

ရုပ်ဃန = ရုပ်တုံးရုပ်ခဲ သုံးမျိုး

ရုပ်လောက၌ သန္တတိဃန, သမူဟဃန, ကိစ္စဃနဟု ရုပ်အတုံးအခဲ သုံးမျိုးရှိ၏၊[၄၅၈] အထက်တွင် ရေးသား တင်ပြခဲ့သည့်အတိုင်း ဓာတ်ကမ္မဋ္ဌာန်းကို ပွားများအားထုတ်လိုက်ရာ ရုပ်ကလာပ်ကို မတွေ့မြင်သေးသမျှ ကာလပတ်လုံး သန္တတိဃန = ရုပ်အစဉ်အတန်း အတုံးအခဲကား မပြိုသေးပေ။ ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ကို သန္တတိပညတ်က ဖုံးအုပ်လျက်ပင် ရှိနေသေး၏။ ထိုအချိန်အခါတွင် အာရုံယူ၍ ရှုပွားနေရသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝ- လက္ခဏာ အာရုံမှာလည်း သန္တတိဃန သမူဟဃန ကိစ္စဃန အတုံးအခဲတို့ မပြိုသေးသည့် သန္တတိပညတ် သမူဟပညတ် သဏ္ဌာနပညတ်တို့ လုံးလုံးကြီး မကင်းစင်သေးသည့် ရုပ်သဘောလက္ခဏာတို့သာ ဖြစ်ကြသေးသည်။

အကြင်အခါ၌ကား ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်သည် ထက်မြက် စူးရှလာသဖြင့် (အထက်တွင် ရေးသားတင်ပြ ထားသည့်အတိုင်း) ရုပ်ကလာပ်များကို စတင်တွေ့ရှိ၏၊ ထိုအခါ၌ကား သန္တတိဃနတည်းဟူသော ရုပ်အစဉ်အတန်း အတုံးအခဲကြီးသည် ပြိုကွဲသွားပြီ ဖြစ်၏၊ ရုပ်အစဉ်အတန်း အတုံးအခဲကြီးကို အထူးသဖြင့် အကြည်တုံး အကြည်ပြင် အကြည်ခဲကြီးကို မတွေ့တော့ဘဲ လျင်လျင်မြန်မြန် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသော ရုပ်ကလာပ်အမှုန်များကိုသာ တွေ့မြင်နေသဖြင့် သန္တတိဃနဟူသော ရုပ်အစဉ်အတန်း အတုံးအခဲ ပြိုသွားခြင်း ဖြစ်၏၊ သို့သော် သမူဟဃန ကိစ္စဃနဟူသော ရုပ်အတုံးအခဲ နှစ်မျိုးကား မပြိုသေးပေ။

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ပထဝီ အာပေါ တေဇော ဝါယော ဟူသော ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါက သိမ်းဆည်းနိုင်ပါက သမူဟဃနဟူသော ရုပ်အပေါင်းအစု အတုံးအခဲလည်း ပြိုကွဲစပြုလာပြီ ဖြစ်၏၊ အကယ်၍ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဥပါဒါရုပ်တို့ကိုပါ ဆက်လက် သိမ်းဆည်းနိုင်ပါက သမူဟဃန = ရုပ်အပေါင်းအစု အတုံးအခဲမှာ လုံးဝပြိုကွဲသွားပြီ ဖြစ်၏၊ ယောဂါဝစရ ပုဂ္ဂိုလ်၏ ရူပပရိဂ္ဂဟဉာဏ် = ရုပ်ကို သိမ်းဆည်းတတ်သော ဉာဏ်သည် သန္တတိဃနကိုသာမက သမူဟဃနကိုပါ ဖြိုခွဲနိုင်ပြီ ဖြစ်သည်။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော (၈)မျိုး သို့မဟုတ် (၉)မျိုး သို့မဟုတ် (၁၀)မျိုးသော ရုပ်ပရမတ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားမယူနိုင်သေးပါက မသိမ်းဆည်းနိုင်သေးပါက ရုပ်ကလာပ်အတိုင်းသာ မြင်တွေ့နေသေးပါက သမူဟပညတ် သဏ္ဌာနပညတ်များ မစင်သေးသဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်သည် ပညတ်မှာပင် သောင်တင်လျက် ပညတ်နယ်မှာပင် ကျက်စားလျက် ရှိနေပေသေးသည်။ ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌တည်ရှိသော ရုပ်တရားအသီးအသီးကို ပရမတ္ထဓမ္မ သဘာဝလက္ခဏာ အသီးအသီးသို့ ဆိုက်အောင် သိမ်းဆည်းနိုင်ပါမှ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ပိုင်းခြားယူနိုင်ပါမှ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည်၊ သမူဟပညတ် ကွာမည်၊ သမူဟဃန = ရုပ်အပေါင်းအစု အတုံးအခဲ ပြိုကွဲသွားပေမည်။

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် လက္ခဏာဒိစတုက္ကပိုင်းတွင် ရေးသားတင်ပြထားသည့်အတိုင်း ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ပရမတ္ထရုပ်တရားတို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းနိုင်ပါက ထိုအခါတွင် သန္တတိဃန သမူဟဃနတို့သာမက ကိစ္စဃန (= ရုပ်လုပ်ငန်းကိစ္စ အတုံးအခဲကြီး)လည်း ပြိုကွဲပြီ ဖြစ်၏၊ ကိစ္စဃန အတုံးအခဲကြီးကို ဉာဏ်ဖြင့် ဖြိုခွဲနိုင်ပြီ ဖြစ်၏၊

ရုပ်တရားတို့၌ ဆိုင်ရာဆိုင်ရာ လုပ်ငန်းကိစ္စရပ်တို့ ရှိကြ၏၊ ပထဝီဓာတ်က ကလာပ်တူရုပ်တရားတို့၏ တည်ရာ ဖြစ်ခြင်း လုပ်ငန်းကိစ္စရပ်ကို ရွက်ဆောင်၏၊ ပတိဋ္ဌာနရသတည်း။ အာပေါဓာတ်က ရုပ်တရားတို့ကို တိုးပွားစေခြင်း လုပ်ငန်းကိစ္စရပ်ကို ရွက်ဆောင်၏၊ ဗြူဟနရသတည်း။ တေဇောဓာတ်က ကလာပ်တူ ရုပ်တရားတို့ကို ရင့်ကျက်စေခြင်း လုပ်ငန်းကိစ္စရပ်ကို ရွက်ဆောင်၏၊ ပရိပါစနရသတည်း။ ဝါယောဓာတ်က တွန်းကန်ခြင်း လုပ်ငန်းကိစ္စရပ်ကို ရွက်ဆောင်၏၊ သမုဒီရဏရသတည်း။ ဤသို့ စသည်ဖြင့် ရုပ်တရားတို့၌ ဆိုင်ရာဆိုင်ရာ လုပ်ငန်းကိစ္စရပ် အသီးအသီး ရှိ၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းရုပ်တရားတို့၏ လုပ်ငန်းကိစ္စရပ်အသီးအသီးကိုလည်း သိမ်းဆည်းရန် ဉာဏ်ဖြင့် ပိုင်းခြားယူရန် အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့က ညွှန်ပြလျက်ရှိပေသည်။ ယင်းလုပ်ငန်းကိစ္စရပ် အသီးအသီးကို မသိက ယောဂါဝစရပုဂ္ဂိုလ်၏ ရူပပရိဂ္ဂဟဉာဏ်ကို ကိစ္စဃန (= ရုပ်လုပ်ငန်းကိစ္စ အတုံးအခဲကြီး)က ဖုံးအုပ်လျက်ပင် ရှိနေပေသေးသည်။ ရုပ်တရားတို့၌ ဆိုင်ရာ ဆိုင်ရာ ရုပ်လုပ်ငန်းကိစ္စရပ်သည် ကွဲကွဲပြားပြားရှိနေသည် ဖြစ်ပါလျက် ကွဲကွဲပြားပြား မသိဘဲ လုပ်ငန်းကိစ္စရပ် တစ်ခုတည်းအဖြစ် စွဲယူခြင်းသည်ပင် ဤ၌ ကိစ္စဃနက ဖုံးအုပ်ထားသည်ဟု ဆိုသည်။ ယင်းကိစ္စဃနကိုလည်း ဉာဏ်ဖြင့် ဖြိုခွဲလျက် ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းပါ။

ရုပ်လောက၌ အာရမ္မဏဃန မရှိပါ

ရုပ်တရား၌လည်း သန္တတိဃန သမူဟဃန ကိစ္စဃန အာရမ္မဏဃနဟု ဃနလေးမျိုး ရှိကြောင်းကိုလည်းကောင်း, နာမ်တရား၌လည်း သန္တတိဃန သမူဟဃန ကိစ္စဃန အာရမ္မဏဃနဟု ဃနလေးမျိုး ရှိကြောင်းကိုလည်းကောင်း ဆရာစဉ်ဆက် ပြောရိုးဆိုစဉ် ရှိနေ၏၊ သို့သော် အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့က ရုပ်တရား၌ အာရမ္မဏဃန မရှိကြောင်းကိုလည်းကောင်း သန္တတိဃန သမူဟဃန ကိစ္စဃနဟု ဃနသုံးမျိုးသာ ရှိကြောင်းကိုလည်းကောင်း ဖွင့်ဆိုလျက် ရှိကြ၏၊

ဘုရားရှင်သည် ဓမ္မသင်္ဂဏီပါဠိတော်[၄၅၉]၌ အာရုံယူတတ်သော သာရမ္မဏတရား အာရုံမယူတတ်သော အနာရမ္မဏတရားဟု ပရမတ္ထတရားတို့ကို နှစ်ဖို့ နှစ်စုပြု၍ ဟောကြားထားတော်မူခဲ့၏၊ ထိုတွင် အာရုံယူတတ်သော သာရမ္မဏတရားတို့မှာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာဟူသော နာမ်ခန္ဓာလေးပါးတို့ဖြင့် သိမ်းကျုံးရေတွက်အပ်သော ကုသိုလ် အကုသိုလ် ဝိပါက် ကိရိယာ အဗျာကတတရားတို့ ဖြစ်ကြောင်းကို ဘုရားရှင် ကိုယ်တော်တိုင်ပင် ဟောကြားထားတော်မူခဲ့၏၊ အနာရမ္မဏ = အာရုံမယူတတ်သော တရားတို့ကိုလည်း ရုပ်တရား အားလုံးနှင့် အသင်္ခတဓာတ် နိဗ္ဗာန်တရားဟု ဘုရားရှင်ကိုယ်တော်တိုင်ပင် ယင်းဓမ္မသင်္ဂဏီပါဠိတော်၌ပင် ဟောကြား ထားတော်မူခဲ့၏၊

အာရုံယူတတ်သော သာရမ္မဏတရားတို့၌သာလျှင် အာရမ္မဏဃန = အာရုံယူမှု အတုံးအခဲ ရှိကြောင်းကိုလည်း အဋ္ဌသာလိနီအဋ္ဌကထာ[၄၆၀]နှင့် မဟာဋီကာ[၄၆၁]တို့က ဖွင့်ဆိုလျက် ရှိကြ၏၊ သာရမ္မဏတရားတို့ကား အာနာပါန ပဋိဘာဂနိမိတ် ဩဒါတကသိုဏ်း ပဋိဘာဂနိမိတ်ကဲ့သို့သော ပညတ်သမထနိမိတ်ကိုလည်းကောင်း, ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးဟူသော ပရမတ်တရား ကဲ့သို့သော ပရမတ်အာရုံကိုလည်းကောင်း - ပညတ် ပရမတ် နှစ်မျိုးလုံးကိုပင် အာရုံယူတတ်ကြ၏၊ ထိုသို့ အာရုံယူရာ၌ သာရမ္မဏဓမ္မ အမည်ရသော စိတ်စေတသိက်တို့သည် စိတ္တက္ခဏတစ်ခု တစ်ခု၏ အတွင်း၌ အနည်းဆုံး ပမာဏအားဖြင့် (၈)လုံး ပူးတွဲ၍ ဖြစ်ကြ၏၊ ရံခါ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်ကဲ့သို့သော ဇောများ၌ စိတ္တက္ခဏတိုင်းဝယ် စိတ်စေတသိက် (၃၄)လုံးအထိ အတူယှဉ်တွဲ၍ ဖြစ်ကြ၏၊ ထိုစိတ္တက္ခဏတိုင်း၌ အတူယှဉ်တွဲ ဖြစ်ပေါ်သွားကြကုန်သော စိတ်စေတသိက်တို့ကား အာရုံတစ်ခုကို အာရုံပြုရာ၌ ထူးထွေ ကွဲပြားမှု ရှိကြ၏၊

မူလပဏ္ဏာသအဋ္ဌကထာ[၄၆၂] မူလဋီကာ[၄၆၃]တို့နှင့် အညီ ထိုနာမ်တရားစုတို့တွင် စိတ်သည် အာရုံကို ရယူခြင်း သဘောမျှသာဖြစ်၏၊ ဥပမာ - ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော ပထဝီဓာတ်ကို လှမ်း၍အာရုံယူကြည့်ရာ အာရုံယူ၍ ရပါက (= ရှု၍ရပါက) ပထဝီဓာတ်ကို သိသည်ဟု ဆိုရ၏၊ အာရုံယူ၍ မရပါက (= ရှု၍မရပါက) ပထဝီဓာတ်ကို သိသည်ဟု မဆိုနိုင်။ ထိုကြောင့် သိမှု (= စိတ်)ဟူသည် အာရုံကို ရယူခြင်းသဘောမျှသာ ဖြစ်၏၊ အာရုံကိုရယူ၍ သိမှုသဘောသာ ဖြစ်၏၊ ဖဿကား အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘောမျှသာ ဖြစ်၏၊ အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်းသဘောမျှသာ ဖြစ်၏၊ ဝေဒနာကား အာရုံ၏အရသာကို ခံစားခြင်း သဘောမျှသာ ဖြစ်၏၊ ဤသို့လျှင် သာရမ္မဏတရားတို့၌ အာရုံယူမှုဝယ် ထူးထွေ ကွဲပြားမှု ရှိ၏၊ (ကျန် သာရမ္မဏ တရားတို့၌လည်း နည်းတူ သဘောပေါက်ပါ၊၊)

ယင်းသို့လျှင် သာရမ္မဏတရားတို့၏ အာရုံတစ်ခုကို အာရုံပြုရာ၌ အာရုံ ပြုပုံ အခြင်းအရာ ကွဲပြားမှု ရှိသည် ဖြစ်ပါလျက် ယင်းသာရမ္မဏတရားတို့ကို ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် စသည်ဖြင့် ကွဲကွဲပြားပြား မသိဘဲ ယင်း သာရမ္မဏတရားတို့ကို တစ်လုံးတစ်စုတည်း တစ်ခုတည်းအဖြစ် စွဲယူခြင်းသည် အာရမ္မဏဃန မည်ပေသည်။[၄၆၁]

ထို့ကြောင့် အာရမ္မဏဃနဟူသည် သာရမ္မဏတရားတို့နှင့်သာ ဆိုင်သော ဃနတစ်ခုဖြစ်သဖြင့် ရုပ်ပိုင်းဆိုင်ရာ၌ သန္တတိဃန သမူဟဃန ကိစ္စဃနဟု ဃနသုံးမျိုးသာ ဖွင့်ဆိုတော်မူသည်ဟု သိရှိပါလေ။

ဓာတုသော ပစ္စဝေက္ခတိ

ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်ဝယ် ဓာတုမနသိကာရပိုင်းကို ဟောကြားတော်မူရာ၌ - ဓာတုသော ပစ္စဝေက္ခတိ = ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တ မဟုတ်သောအားဖြင့် ဓာတ်သဘောအစုအပုံအားဖြင့် ဓာတ်ကြီးလေးပါးကို တစ်လုံးစီ တစ်လုံးစီ ဆင်ခြင်သုံးသပ် ရှုပွားရန် ညွှန်ကြားထားတော်မူ၏၊ ယင်းညွှန်ကြားချက်မှာ အထက်ပါ ဃနသုံးမျိုးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ရုပ်ကလာပ် တစ်ခုတစ်ခု၏အတွင်း၌ တည်ရှိသော ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်တို့ကို ပရမတ္ထဓမ္မသဘာဝလက္ခဏာသို့ ဆိုက်အောင် သိမ်းဆည်းရှုပွားရန် ညွှန်ကြား ထားတော်မူကြောင်းကို အဋ္ဌကထာ ဋီကာတို့ကလည်း ဖွင့်ဆိုလျက်ရှိကြ၏၊ ထို့ကြောင့် ဓာတ်ကမ္မဋ္ဌာန်းကို ရှုရာ၌ ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို ပရမတ္ထဓမ္မသဘာဝသို့ ဆိုက်အောင် အသီးအသီးသော ကိုယ်ပိုင်သဘာဝလက္ခဏာကို သိမ်းဆည်းနိုင်ပါမှ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှ ဘုရားရှင်၏ အလိုတော်ကျမည် ဓာတ်ကမ္မဋ္ဌာန်း ပီသမည်ကို သဘောပေါက်လေရာသည်၊ သတိပြုလေရာသည်၊ ဓာတုသော ပစ္စဝေက္ခတိ - ဖြစ်နိုင်မည်။

ယင်းသို့ ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှလည်း ပရမတ်သို့ ဉာဏ်အမြင်ဆိုက်မည်။ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပါမှလည်း အနတ္တရောင်ခြည်တော်နေဝန်းသည် တင့်တယ်စွာ ထွန်းလင်းထွက်ပေါ်လာမည် ဖြစ်ပေသည်။ ထိုအချိန်အခါသို့ ဆိုက်ရောက်ပါမှ သတ္တသညာ အတ္တသညာသည် ကွာသွားမည် ဖြစ်ပေသည်။

''အသီးအသီးသော ရုပ်ဓာတ် နာမ်ဓာတ်တို့ကို, ပရမတ္ထဓာတ်သား တစ်လုံးစီ တစ်လုံးစီကို ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတည်းဟူသော ရုပ်ဃန နာမ်ဃန အသီးအသီးကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးခြင်းကို ပြုလုပ်နိုင်ခဲ့သည်ရှိသော် အနတ္တလက္ခဏာ အနတ္တရောင်ခြည်တော် နေဝန်းသည် ဟုတ်မှန်တိုင်းသော မိမိ၏ သဘောလက္ခဏာအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားစွာ တည်လာနိုင်ပေသည်။''[၄၆၄]

အနတ္တရောင်ခြည်တော်နေဝန်းကြီးသည် တင့်တယ်စွာ ထွန်းလင်းထွက်ပေါ်လာပါမှ သတ္တသညာ အတ္တသညာ သည် ကွာသွားမည် ဖြစ်၏၊ ဤ၌ သတ္တသညာ အတ္တသညာ အယူအစွဲနှင့် ပတ်သက်၍ ဋီကာဆရာတော်တို့က အတ္တစွဲ နှစ်မျိုးကို တင်ပြထားတော်မူကြ၏၊

၁။ အတ္တဒိဋ္ဌိစွဲ – သာသနာပအယူအဆရှိသူ အချို့သော ဒိဋ္ဌိတို့သည် အတ္တသည် သေလျှင်ပြတ်၏ဟု ယူဆကြ၏၊

ဥစ္ဆေဒဒိဋ္ဌိတည်း။ အတ္တသည် သေလျှင်မပြတ် မြဲ၏ဟု အချို့က ယူဆကြ၏၊ သဿတဒိဋ္ဌိတည်း။ အတ္တသည် ခန္ဓာအိမ်၏ ပိုင်ရှင် ဖြစ်၏၊ ခန္ဓာအိမ်သည် တစ်ဘဝပြီး တစ်ဘဝ အသစ်အသစ် ပြောင်းလဲနေသော်လည်း အတ္တသည် မပြောင်း၊ ခန္ဓာအိမ်တိုင်း၌ အမြဲတမ်း လိုက်ပါတည်နေ၏၊ အတ္တသည် ပြုလုပ်ဖွယ်မှန်သမျှကို ပြုလုပ်တတ်၏၊ အတ္တသည် ခံစားဖွယ်မှန်သမျှကို ခံစားတတ်၏၊ အတ္တသည် စီမံခန့်ခွဲတတ်၏၊ အတ္တသည် မိမိ၏အလိုအတိုင်း ခန္ဓာအိမ်ကို လိုက်ပါစေတတ်၏၊ ဤသို့စသည်ဖြင့် အတ္တရှိကြောင်းကို ပြောဆိုကြ၏၊ သဿတဒိဋ္ဌိစွဲတည်း။ ဤ ဥစ္ဆေဒဒိဋ္ဌိ သဿတဒိဋ္ဌိစွဲ နှစ်မျိုးလုံးသည် အတ္တဒိဋ္ဌိစွဲတည်း။

၂။ လောကသမညာအတ္တစွဲ = လောကဝေါဟာရအတ္တစွဲ – လောက၌ ယောက်ျား-မိန်းမ-ပုဂ္ဂိုလ်-သတ္တဝါ-လူနတ်-ဗြဟ္မာ စသည်သည် တကယ် ထင်ရှားရှိ၏ဟု စွဲလမ်းယုံကြည်လျက် ပြောဆိုကြ၏၊ လောကသမညာအတ္တစွဲ = လောကဝေါဟာရအတ္တစွဲ = လူတို့ခေါ်ဝေါ်သုံးစွဲသည့်အတိုင်း အကယ် ထင်ရှားရှိ၏ဟု စွဲလမ်းယုံကြည်နေသော အတ္တစွဲမျိုးတည်း၊ သတ္တသညာပင်တည်း။

ယောဂါဝစရပုဂ္ဂိုလ်သည် ဓာတ်ကမ္မဋ္ဌာန်းလမ်းစဉ်အတိုင်း စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လေရာ ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးနှင့် တကွသော ဥပါဒါရုပ်တို့ကို ပရမတ်သို့ ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ ထိုရုပ်တရားတို့၏ အလွန့်အလွန် လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် သဘောကိုလည်း ဉာဏ်ဖြင့် တွေ့မြင်နေ၏၊ ထိုရုပ်တရားတို့၌ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရ အားဖြင့် တည်နေသည့် အတ္တ မရှိမှုကိုလည်း တွေ့မြင်နေ၏၊ ထိုရုပ် (ထိုနာမ်)က လွဲ၍ ထိုရုပ် (ထိုနာမ်)တို့၏ နောက်ဆွယ်တွင် ကိန်းဝပ်တည်နေသော အတ္တကိုလည်း မတွေ့ ဖြစ်နေ၏၊ ဤရုပ်ကား အမျိုးသားတည်း, ဤရုပ်ကား အမျိုးသမီးတည်း .. ဤသို့ စသည်ဖြင့် ပြောဆိုနိုင်လောက်သော အချိန်လည်း မရှိ၊ ပြောဆိုနိုင်လောက်သော အတ္တကိုလည်း ရှာမတွေ့၊ ပြောဆိုနိုင်လောက်သော အမျိုးသား အမျိုးသမီးကိုလည်း ရှာမတွေ့ ဖြစ်နေ၏၊ ထိုအခါတွင် ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အတ္တဒိဋ္ဌိစွဲနှင့် လောကသမညာ (= လောကဝေါဟာရ ) အတ္တစွဲဟူသော အတ္တစွဲ နှစ်မျိုးလုံးသည် ကွာကျသွားပြီ ဖြစ်ပေသည်။

ဥပါဒါရုပ်များကို သိမ်းဆည်းပုံ

(၆)ဒွါရလုံး၌ ကြည်သည့် ရုပ်ကလာပ်၌ ဓာတ်လေးပါး, မကြည်သည့် ရုပ်ကလာပ်၌ ဓာတ်လေးပါးတို့ကို သိမ်းဆည်းနိုင်သောအခါ ဥပါဒါရုပ်များကို ဆက်လက် သိမ်းဆည်းနိုင်ပေပြီ။ သို့သော် (၃၂) ကောဋ္ဌာသတို့၌လည်း ကြည်သည့် ရုပ်ကလာပ်တို့၌လည်းကောင်း, မကြည်သည့် ရုပ်ကလာပ်တို့၌လည်းကောင်း ဓာတ်ကြီးလေးပါးတို့ကို ဆက်လက်၍ သိမ်းဆည်းပါက ပို၍ ကောင်းပေသည်။ (၆)ဒွါရလုံး၌လည်းကောင်း (၃၂)ကောဋ္ဌာသတို့၌လည်းကောင်း, ကြည်သည့် ရုပ်ကလာပ်တို့၌လည်းကောင်း, မကြည်သည့် ရုပ်ကလာပ်တို့၌လည်းကောင်း ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းပြီးသောအခါ၌ကား ဉာဏ်မှာလည်း ထက်မြက်စူးရှလာပြီဖြစ်၍ ဥပါဒါရုပ်တို့သည်လည်း တစ်စတစ်စ ထင်ရှားလာနိုင်ပေသည်။ ရှုနည်းမှာ ရှေးဦးစွာ မျက်လုံးကို လှမ်းအာရုံယူပါ၊ ထိုအခါ၌ကား ရုပ်ကလာပ်အမှုန်များကို လွယ်လွယ်ကူကူပင် တွေ့မြင်နိုင်ပါသည်။ မတွေ့ပါက ယင်းမျက်လုံးအိမ်အတွင်း၌ တည်ရှိနေသော ဓာတ်ကြီးလေးပါးကို စိုက်ရှုလိုက်ပါက ဉာဏ်ကလည်း ထက်မြက်လာပြီဖြစ်၍ ရုပ်ကလာပ်အမှုန်များကို လွယ်ကူစွာပင် တွေ့ရှိနိုင်ပေသည်၊ ထိုအခါတွင် ကြည်သည့် ရုပ်ကလာပ်၌ ဓာတ်လေးပါး, မကြည်သည့် ရုပ်ကလာပ်၌ ဓာတ်လေးပါးတို့ကို ဆက်လက် သိမ်းဆည်းပါ။ နား-နှာ-လျှာ-ကိုယ်-နှလုံးတို့၌လည်း နည်းတူပင် သဘောပေါက်ပါ။ (၃၂)ကောဋ္ဌာသတို့၌ကား မိမိရှုလိုသည့် ကောဋ္ဌာသကို လှမ်း၍ အာရုံယူပါ၊ ထိုကောဋ္ဌာသကို တွေ့မြင်သောအခါ ယင်းကောဋ္ဌာသ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့ရှိသောအခါ ကြည်သည့် ရုပ်ကလာပ်၌လည်းကောင်း, မကြည်သည့် ရုပ်ကလာပ်၌လည်းကောင်း ဓာတ်ကြီးလေးပါးကို မြင်အောင် သိမ်းဆည်း ရှုပွားပါ။ (၆)ဒွါရ (၃၂)ကောဋ္ဌာသတို့၌ တည်ရှိသော ကြည်သည့်ရုပ်ကလာပ် မကြည်သည့်ရုပ်ကလာပ်တို့၌ ဓာတ်ကြီးလေးပါးကို အောင်အောင်မြင်မြင် သိမ်းဆည်းမိပြီးသောအခါ ဥပါဒါရုပ်တို့ကို ဆက်လက်၍ သိမ်းဆည်းနိုင်ပေပြီ။

''ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဤမဟာဘုတ် ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းသော ဉာဏ်ဖြင့် ပိုင်းခြားယူသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဥပါဒါရုပ်သည် ထင်ရှားလာ၏၊ မဟာဘုတ်မည်သည်ကို ကလာပ်တူ ဥပါဒါရုပ်ဖြင့် ပိုင်းခြားအပ်၏၊ ဥပါဒါရုပ်ကိုလည်း ကလာပ်တူ မဟာဘုတ်ဖြင့် ပိုင်းခြားအပ်၏၊ နေရောင်ခြည်မည်သည်ကို နေရိပ်ဖြင့် ပိုင်းခြားအပ်သကဲ့သို့လည်းကောင်း, နေရိပ်မည်သည်ကို နေရောင်ခြည်ဖြင့် ပိုင်းခြားအပ်သကဲ့သို့လည်းကောင်း - ဤဥပမာအတူပင်လျှင် မဟာဘုတ်ကို ကလာပ်တူ ဥပါဒါရုပ်ဖြင့် ပိုင်းခြားအပ်၏၊ ဥပါဒါရုပ်ကိုလည်း ကလာပ်တူ မဟာဘုတ်ဖြင့် ပိုင်းခြားအပ်၏၊''

ဤအထက်ပါ သမ္မောဟဝိနောဒနီအဋ္ဌကထာ[၄၆၅]အဖွင့်မှာ ရုပ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းနေသော ယောဂါဝစရပုဂ္ဂိုလ်အဖို့ အလွန်အဖိုးတန်သော သာသနာ့မှတ်တိုင်တစ်ခု ဖြစ်၏၊ မူလဋီကာ[၄၆၆]နှင့် အနုဋီကာ[၄၆၇]တို့ကလည်း ဘာဝနာလုပ်ငန်းခွင်ကို လုပ်တတ်သွားအောင် ရှင်းလင်းတင်ပြထားတော်မူကြ၏၊ ယင်း ရှင်းလင်းချက်တို့မှာ အောက်ပါအတို်င်း ဖြစ်ကြ၏၊

မဟာဘုတ်ကို ကလာပ်တူ ဥပါဒါရုပ်က ပိုင်းခြားပုံမှာ ညိုသော အရောင်ရှိသည့် မဟာဘုတ်, ရွှေသောအရောင် ရှိသည့် မဟာဘုတ်, အနံ့ကောင်းသော မဟာဘုတ်, အနံ့မကောင်းသော မဟာဘုတ် - ဤသို့ စသည်ဖြင့် ကလာပ်တူ ဝဏ္ဏ (= အဆင်း), ဂန္ဓ (= အနံ့) စသော ဥပါဒါရုပ်က မဟာဘုတ်ကို ထင်ရှားလာအောင် ပိုင်းခြား၍ ပြထား၏၊ ကလာပ်တူ မဟာဘုတ်၌ မှီဖြစ်သော ထိုကလာပ်တူ ဥပါဒါရုပ်၏ ထိုကလာပ်တူ မဟာဘုတ်မှ ပြင်ပ၌ မရှိခြင်းကြောင့် ကလာပ်တူ ဥပါဒါရုပ်ကိုလည်း ကလာပ်တူ မဟာဘုတ်က ပိုင်းခြားထားပြန်၏၊ နေရိပ်ဖြစ်ပေါ်လာဖို့ရန် နေရောင်ခြည် ဟူသော အကြောင်းတရားသည် ထင်ရှားရှိနေရ၏၊ ညဉ့်အခါ၌ နေရောင်ခြည်မရှိသောကြောင့် နေရိပ်သည် မထင်ရှားတော့ပေ။ ထိုကြောင့် နေရောင်ခြည်သည် နေရိပ်ကို ဖြစ်စေတတ်သော အကြောင်းတရား ဖြစ်သည်။ နေရောင်ခြည်၏ ထင်ရှား ရှိနေခြင်းတည်းဟူသော အကြောင်းတရားကြောင့်သာလျှင် နေရိပ်သည် (= သစ်ပင်ရိပ်သည်) ဖြစ်ပေါ်လာရ၏၊ ယင်းသို့ နေရောင်ခြည်ဟူသော အကြောင်းတရား ရှိသည်၏အဖြစ်, ယင်းနေရောင်ခြည်က နေရိပ် (= သစ်ပင်ရိပ်) ကို ဖြစ်စေတတ်သည်၏ အဖြစ်သည်ပင် နေရောင်ခြည်နှင့် နေရိပ် (= သစ်ပင်ရိပ်)တို့၏ အချင်းချင်း တစ်ခုက တစ်ခုကို ပိုင်းခြားတတ်သည်၏ အဖြစ်ပင်တည်း။[၄၆၆]

ဤစကားရပ်ဖြင့် ဖြစ်စေအပ်သောတရားနှင့် ဖြစ်စေတတ်သောတရား ဖြစ်မှုသည်ပင် အချင်းချင်း ပိုင်းခြားခြင်းကို ပြုလုပ်သည်ဟု ညွှန်ပြလျက်ရှိ၏၊[၄၆၇]

ယောဂါဝစရပုဂ္ဂိုလ်သည် နေသာနေသော နေ့အခါဝယ် မြေပြင်ပေါ်၌ ကျရောက်လျက်ရှိသော နေရောင်ခြည်နှင့် သစ်ပင်ရိပ်ကို လှမ်း၍ အာရုံယူကြည့်ပါ။ မြေပြင်ပေါ်၌ ကျရောက်လျက်ရှိသော နေရောင်ခြည်နှင့် နေရိပ် (= သစ်ပင်ရိပ်) တို့ကို လွယ်လွယ်ပင် တွေ့ရှိနိုင်ပေသည်။ နေရောင်ခြည်ဟူသော အကြောင်းကြောင့် သစ်ပင်ရိပ်ကား ဖြစ်ပေါ်လာရ၏၊ နေရောင်ခြည် မရှိက သစ်ပင်ရိပ်လည်း ဖြစ်ပေါ်မလာနိုင်။ နေရောင်ခြည်ကလည်း ဤကား သစ်ပင်ရိပ်ဟု ပိုင်းခြား ပြလျက် ရှိ၏၊ သစ်ပင်ရိပ်ကလည်း ဤကား နေရောင်ခြည်ဟု ပိုင်းခြားပြလျက် ရှိနေ၏၊ သို့သော် နေရောင်ခြည်ကား သစ်ပင်ရိပ်ကို ဖြစ်စေတတ်သော အကြောင်းတရားတည်း၊ သစ်ပင်ရိပ်သည်ကား နေရောင်ခြည်ကြောင့် ဖြစ်ပေါ် လာရသော, နေရောင်ခြည်က ဖြစ်စေအပ်သော တရားတည်း။ ယင်းသို့ ဖြစ်စေအပ်သောတရား, ဖြစ်စေတတ်သောတရား ဖြစ်မှုသည်ပင် အချင်းချင်း ပိုင်းခြားခြင်းကို ပြုလုပ်ခြင်းပင်တည်း။

အလားတူပင် ယောဂါဝစရပုဂ္ဂိုလ်သည် ယခုကဲ့သို့ ရုပ်ကလာပ်တစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီး လေးပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူရာ၌ ရုပ်ကလာပ်တို့ကို ဉာဏ်ဖြင့် တွေ့မြင်ပါမှသာလျှင် ယင်းရုပ်ကလာပ်တို့၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်း၍ ရနိုင်၏၊ အကယ်၍ ရုပ်ကလာပ်တို့ကို မတွေ့မမြင်ခဲ့သော် ယင်းရုပ်ကလာပ်တို့၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်း၍ ရရှိဖို့ရန် မဖြစ်နိုင်သေးပေ။ ရုပ်ကလာပ်တို့ကို ဉာဏ်ဖြင့် တွေ့မြင်ရခြင်းမှာလည်း အနည်းဆုံး ပမာဏအားဖြင့် ယင်းရုပ်ကလာပ်တို့၌ တည်ရှိသော ဝဏ္ဏခေါ်သည့် ရူပါရုံ အရောင်အဆင်းကို တွေ့မြင်ပါမှသာလျှင် ရုပ်ကလာပ်ကို တွေ့မြင်နိုင်၏၊ ရုပ်ကလာပ်တို့ကို တွေ့မြင်ပါက ရုပ်ကလာပ်တို့၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို တစ်ဆင့်တက်၍ သိမ်းဆည်းရနိုင်၏၊

တစ်ဖန် ရုပ်ကလာပ်တို့၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းနိုင်ပါကလည်း ယင်း ဓာတ်ကြီးလေးပါးတို့၏ ဝဏ္ဏ = အရောင်အဆင်း, ဂန္ဓ = အနံ့, ရသ = အရသာ, ဩဇာ = အဆီအစေးအနှစ် - ဤသို့ စသော ကလာပ်တူ ဥပါဒါရုပ်တို့ကို တစ်ဆင့်တက်၍ သိမ်းဆည်းခဲ့သော် အောင်မြင်မှုကို ရရှိနိုင်၏၊ အကြောင်းမူ ယင်းဥပါဒါရုပ်တို့ကား ဓာတ်ကြီးလေးပါး မဟာဘုတ်တရားတို့ ပါဝင်သော ရုပ်ကလာပ်တို့၏ ပြင်ပလောက၌ မတည်ရှိနိုင်သောကြောင့် ဖြစ်၏၊

မဟာဘုတ်ဓာတ်ကြီးလေးပါးတို့ကို စွဲမှီ၍ ကလာပ်တူ ဥပါဒါရုပ်တို့သည် ဖြစ်ပေါ်လာကြရ၏၊ ကလာပ်တူ မဟာဘုတ်တို့က သဟဇာတ နိဿယ စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု မပေးသော်ကား ကလာပ်တူ ဥပါဒါရုပ်တို့သည် ဖြစ်ပေါ်မလာနိုင်။ တစ်ဖန် ဥပါဒါရုပ်တို့ မပါဘဲ မဟာဘုတ်ချည်းသက်သက်လည်း ဖြစ်နိုင်စွမ်း မရှိပေ။ အဆင်းလှ၏၊ အဆင်းမလှ၊ အနံ့ကောင်း၏၊ အနံ့မကောင်း ဤသို့စသည်ဖြင့် သိနိုင်ခွင့်ရှိခြင်းမှာ ကလာပ်တူ ဥပါဒါရုပ်တို့ကြောင့်သာ ယောဂါဝစရပုဂ္ဂိုလ်က သိရှိခွင့်ကို ရရှိခြင်း ဖြစ်၏၊ မဟာဘုတ်ကား ဖြစ်စေတတ်သော အကြောင်းတရားတည်း၊ ကလာပ်တူ ဥပါဒါရုပ်ကား ဖြစ်စေအပ်သော အကျိုးတရားတည်း။ ဤသို့ ဖြစ်စေတတ်သော တရား ဖြစ်စေအပ်သောတရား ဖြစ်ခြင်းသည်ပင် ကလာပ်တူမဟာဘုတ်နှင့် ဥပါဒါရုပ်တို့သည် အချင်းချင်း ပိုင်းခြားခြင်းကို ပြုသည် မည်ပေသည်။ မဟာဘုတ်ကား နေရောင်ခြည်နှင့် တူ၏၊ ဥပါဒါရုပ်ကား နေရောင်ခြည်ကြောင့် ဖြစ်ပေါ်လာရသော သစ်ပင်ရိပ်နှင့် တူ၏၊

ဤရှင်းလင်းချက်များနှင့်အညီ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရုပ်တရားတို့ကို သိမ်းဆည်းသည့်အပိုင်းဝယ် မဟာဘုတ်တို့ကို ပရမတ်သို့ ဆိုက်အောင် မသိမ်းဆည်းနိုင်ဘဲ ဥပါဒါရုပ်တို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းဖို့ရန်, ဥပါဒါရုပ်တို့ကို ပရမတ်သို့ ဆိုက်အောင် မသိမ်းဆည်းနိုင်ဘဲလည်း မဟာဘုတ်တို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်း ဖို့ရန်မှာ မလွယ်ကူသည်ကိုကား သဘောပေါက်သင့်လှ၏၊ အနည်းဆုံးပမာဏအားဖြင့် အာကာသဓာတ်နှင့် ဝဏ္ဏဓာတ် အရောင်အဆင်းဟူသော ဥပါဒါရုပ်ကို မသိမ်းဆည်းနိုင်ပါက ဉာဏ်ဖြင့် မတွေ့မမြင်ပါက ရုပ်ကလာပ်ကို မြင်ဖို့ရန်မှာ မဖြစ်နိုင်ပေ။ ရုပ်ကလာပ်ကို မမြင်ပါကလည်း ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းဖို့ရန်မှာ မမျှော်မှန်းသင့်သောအရာသာ ဖြစ်၏၊ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီး လေးပါးကိုမျှ မသိမ်းဆည်းနိုင်သေး မသိမ်းဆည်းတတ်သေးလျှင် ပရမတ်အစစ် ရုပ်တရားကို မသိရှိသေးသူသာ ဖြစ်နေသေး၏၊ ရုပ်ပရမတ်ကိုမျှ မသိသေးသော ထိုသူတော်ကောင်း၏ သန္တာန်ဝယ် စစ်မှန်သော ဝိပဿနာဉာဏ်ကား မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်သေးပေ။ တစ်ဖန် ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုမျှ မရှုတတ်သေး မသိမ်းဆည်းတတ်သေးလျှင် ကလာပ်တူဥပါဒါရုပ်တို့ကို ဆက်လက် သိမ်းဆည်းနိုင်ရန်မှာလည်း မိုးနှင့် မြေကြီးပမာ အလွန့်အလွန် အလှမ်းကွာလျက်ပင် ရှိနေပေသေးသည်။ ထို့ကြောင့် ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ကလာပ်တူ ဥပါဒါရုပ်တို့ကိုလည်း ဆက်လက် သိမ်းဆည်းပါ။

ဝဏ္ဏ = အရောင်အဆင်း –– ရုပ်ကလာပ်တိုင်း၌ ဝဏ္ဏ-ဟု ခေါ်ဆိုသော ရူပါရုံ အရောင်အဆင်း ရှိ၏၊ လွယ်လွယ်ကူကူ တွေ့ရှိနေမည်သာ ဖြစ်သည်။ ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အဆက်မပြတ် ဖြစ်ပေါ်နေသော, သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့နှင့် ယှဉ်သော ဉာဏ်ကြောင့် လင်းရောင်ခြည်များကား ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပနေမည်သာ ဖြစ်၏၊ ယင်းလင်းရောင်ခြည်၏ အကူအညီဖြင့် ရုပ်ကလာပ်တို့၏ ရူပါရုံ အရောင်ကို မဟာကုသိုလ် မနောဒွါရိက ဝိပဿနာဇောဝီထိစိတ်အစဉ်ဖြင့် တစ်နည်း - မဟာကုသိုလ် မနောဒွါရိက ဝိပဿနာ ဇောဝီထိစိတ်အစဉ်တွင် ပါဝင်သော ဉာဏ်ဖြင့် တွေ့မြင်နေမည်သာ ဖြစ်သည်။

ဂန္ဓ = အနံ့ –– ရုပ်ကလာပ်တိုင်း၌ အနံ့ ရှိနေ၏၊ မဟာကုသိုလ် မနောဒွါရိက ဝိပဿနာဇောဝီထိစိတ်အစဉ်ဖြင့် သိရှိနိုင်သော တရားပင် ဖြစ်၏၊ သို့သော် အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၌ကား နှာခေါင်းနှင့် ဝေးကွာနေသော မျက်စိကဲ့သို့သော နေရာဒွါရတစ်ခု၌ တည်ရှိသော ရုပ်ကလာပ်တစ်ခု၏ အနံ့ကို လှမ်း၍ အာရုံယူရာ၌ ယင်းအနံ့မှာ မထင်မရှား ဖြစ်နေတတ်၏၊ အာရုံယူ၍ မရသော်လည်း ရှိနေတတ်၏၊ အထူးသဖြင့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်တို့၌ အဖြစ်များတတ်သော အခက်အခဲ တစ်ရပ်ပင် ဖြစ်၏၊ ထိုအခါမျိုး၌ ဃာနအကြည်ဓာတ်နှင့် ဘဝင်မနောအကြည် ဓာတ်ကို ပူးတွဲ သိမ်းဆည်းပါ။ နှာခေါင်းအတွင်းရှိ နှာနုရှိရာ အရပ်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စိုက်၍ ရှုလိုက်ပါက ရုပ်ကလာပ်တို့ကို လွယ်ကူစွာပင် တွေ့ရှိနိုင်ပေသည်။ ယင်းရုပ်ကလာပ်တို့တွင် ကြည်သော ရုပ်ကလာပ် တို့လည်း ပါဝင်ကြ၏၊ ဃာနဒသကကလာပ်, ကာယဒသကကလာပ်တို့တည်း။ ယင်းဃာနဒသကကလာပ်တို့၌ ပါဝင်တည်ရှိသော ဃာနအကြည်ဓာတ်တို့ကို ခြုံငုံ၍ သိမ်းဆည်းထားပါ။ တစ်ဖန် (၆)ဒွါရလုံး၌ တည်ရှိကြသော ကြည်သည့်ရုပ်ကလာပ် မကြည်သည့်ရုပ်ကလာပ်တို့၌ ဓာတ်ကြီးလေးပါးကို အောင်မြင်စွာ ရှု၍ ရရှိနေပြီဖြစ်သော ဤကဲ့သို့သော အချိန်အခါမျိုး၌ နှလုံးအိမ်အတွင်း၌ တည်ရှိသော မကြည်သည့် ဟဒယဒသကကလာပ်တို့တွင် ပါဝင်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ဖြစ်နေသော ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပနေသော ဘဝင်မနောအကြည် ဓာတ်ကိုလည်း လွယ်ကူစွာပင် တွေ့ရှိနေမည် ဖြစ်သည်။ ယင်းဘဝင်မနောအကြည်ဓာတ်ကိုလည်း သိမ်းဆည်းထားပါ။

ဤသို့လျှင် ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းဃာနအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်တည်းဟူသော အကြည်ဓာတ်နှစ်မျိုးတို့ကို ပူးတွဲ သိမ်းဆည်း၍ မိမိရှုပွားလိုသော ရုပ်ကလာပ်၌ အနံ့ကို အာရုံယူ၍ ရှုကြည့်ပါ။ အနံ့မှာ ဃာနဝိညေယျ = ဃာနဝိညာဏ်ဖြင့်လည်း သိနိုင်သောတရားဖြစ်၍ မနောဝိညေယျ = မနောဝိညာဏ်ဖြင့်လည်း သိနိုင်သော တရားတစ်မျိုး ဖြစ်၏၊ ဃာနဝိညာဏ်မှာ ဃာနအကြည်ဓာတ်ကို မှီ၍ ဖြစ်၏၊ မဟာကုသိုလ် မနောဒွါရိက ဝိပဿနာဇောဝီထိစိတ်အစဉ်ဟူသော မနောဝိညာဏ်မှာ ဘဝင်မနောအကြည်ဓာတ်ကို အစွဲပြု၍ ဟဒယဝတ္ထုကို မှီ၍ဖြစ်၏၊ ထိုကြောင့် အနံ့ကို ရှုရာ၌ ယခုကဲ့သို့ အခက်အခဲရှိသောအခါ ဆိုင်ရာအကြည်ဓာတ် နှစ်မျိုးတည်းဟူသော ဒွါရနှင့် အနံ့ဂန္ဓာရုံကို ပူးတွဲသိမ်းဆည်းလျက် ရှုခြင်းဖြစ်သည်။ ဂန္ဓာရုံကို စတင်သိမ်းဆည်းစ အာဒိကမ္မိကပုဂ္ဂိုလ် အတွက်သာ ဖြစ်သည်၊ အောင်မြင်မှု ရရှိသောအခါ ယင်းဂန္ဓာရုံကို မဟာကုသိုလ် မနောဒွါရိက ဝိပဿနာဇောဝီထိတည်း ဟူသော မနောဝိညာဏ်ဖြင့်လည်း ရှု၍ရနိုင်သည်သာ ဖြစ်သည်။ ဂန္ဓာရုံကို ဃာနဝိညာဏ်ဖြင့် အာရုံယူနေကျဖြစ်၍ ထိုသို့ ရှုခြင်း ဖြစ်သည်။ အောင်မြင်မှုရရှိလျှင်ကား ကောင်း၏၊ အောင်မြင်မှုကို မရရှိပါက မိမိရရှိထားပြီးသည့် သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ၊ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ကြိမ်ဖန်များစွာ သိမ်းဆည်းပါ။ ထိုနောင် အနံ့ဂန္ဓာရုံကို အထက်ပါနည်းအတိုင်း ဆက်ရှုပါ၊ အောင်မြင်မှုကို ရရှိ တတ်ပါသည်။ (၆)ဒွါရဝယ် ကြည်သည့်ရုပ်ကလာပ် မကြည်သည့်ရုပ်ကလာပ်တို့၌ ရှုကြည့်ပါ။

ရသ = အရသာ –– (၆)ဒွါရဝယ် ကြည်သည့်ရုပ်ကလာပ် မကြည်သည့်ရုပ်ကလာပ်တို့၌ တည်ရှိသော ရသာရုံကို ရှုရန်ဖြစ်သည်။ ယင်းရသာရုံမှာ ချို-ချဉ်-ငန်-စပ်-ဖန်-ခါးဟူသော အရသာခြောက်မျိုးလုံး ထိုက်သလို တည်ရှိနိုင်သည်။ ဇိဝှါဝိညာဏ်ဖြင့်သိနိုင်သော ဇိဝှါဝိညေယျတရားလည်း ဖြစ်သည်။ မနောဝိညာဏ်ဖြင့် သိနိုင်သော မနောဝိညေယျ တရားလည်း ဖြစ်၏၊ ရှေးဦးစွာ ရုပ်ကလာပ်တို့၌ ဓာတ်ကြီးလေးပါးနှင့်တကွ ဝဏ္ဏ-ဂန္ဓတို့ကို အောင်အောင်မြင်မြင် ရှုပြီးသောအခါ ယင်းရုပ်ကလာပ်တို့၌ တည်ရှိသော ရသာရုံကို ဆက်လက်၍ ရှုကြည့်ပါ။ မနောဝိညာဏ်ဖြင့်သာ ရှေးဦးစွာ ရှုကြည့်ပါ။ အခက်အခဲ ရှိပါက ဇိဝှါအကြည်ဓာတ် ဘဝင်မနောအကြည်ဓာတ်တို့ကို ပူးတွဲသိမ်းဆည်းလျက် လျှာ၌ ငြိကပ်နေသော တံတွေး၏ ရသာရုံကို လှမ်း၍ အာရုံယူကာ ရှုကြည့်ပါ။ အောင်မြင်မှုကို ရရှိတတ်ပါသည်။ သတ္တဝါတို့သည် ရသာရုံကို ဇိဝှါဝိညာဏ်ဖြင့် အာရုံယူနေကျ ဖြစ်၏၊ ဇိဝှါဝိညာဏ်၏ အကူအညီကို ယူ၍ ရှုက ပို၍ လွယ်ကူတတ်၏၊

ဘာဝနာအရှိန် အားကောင်းလာသောအခါ၌ကား ဤဝဏ္ဏ-ဂန္ဓ-ရသတို့မှာ မဟာကုသိုလ်မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ်အစဉ်ဟူသော မနောဝိညာဏ်သက်သက်ဖြင့်လည်း သိနိုင်သော သိမ်းဆည်း၍ ရနိုင်သော တရားတို့သာ ဖြစ်ကြသည်။[၄၆၈]

ဘာဝနာအရှိန် အားမကောင်းခင်သာ ဃာနဝိညာဏ် ဇိဝှါဝိညာဏ်တို့၏ အကူအညီကို ယူ၍ သဘောပေါက် လျင်မြန်စေရန် ဂန္ဓ-ရသတို့ကို ထိုကဲ့သို့ ရှုခြင်း ဖြစ်သည်ဟု မှတ်သားပါလေ။

ဩဇာ = အဆီအစေး ဩဇာ –– ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော အဆီ-အစေး-ဩဇာအာဟာရဓာတ် ဖြစ်သည်။ ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, အာဟာရဇဩဇာဟု ဩဇာလေးမျိုး ရှိသည်။ ရုပ်ကလာပ်၏အတွင်းမှာသာ စိုက်ရှုပါ။ အဆီ-အနှစ်-ဩဇာကို တွေ့ရှိမည် ဖြစ်သည်။ မနောဝိညေယျတရားသာ ဖြစ်၏၊ ဩဇာဟု သိလောက်သော နောက်ထပ် အမှတ်အသားတစ်ခုမှာ ယင်းအဆီအစေးမှ ရုပ်ကလာပ်အမှုန်များ ထပ်ထပ်ထွက်နေသည့် အမှတ်အသားပင် ဖြစ်သည်။ ယောဂီအများစုကား ယင်းဩဇာကို ကြက်ဥအနှစ်ကဲ့သို့ ရုပ်ကလာပ်၏ အလယ်၌ တည်ရှိနေသော အနှစ်အဖြစ် တွေ့ရှိတတ်၏၊ ယင်းအနှစ်ဩဇာမှ ကလာပ်အမှုန်များ ထပ်၍ တိုးပွားလာသည်ကိုလည်း သတိပြုမိတတ်၏ (တိုးပွားလာပုံကို နောက်တွင် တွေ့ရှိရလတ္တံ့)။ (၆)ဒွါရလုံး၌ ရှုပါ။

ဇီဝိတ = ရုပ်သက်စောင့်ဓာတ် –– အသက်ရှင်နေသည့်သဘော, ကလာပ်တူကမ္မဇရုပ်တို့ကို စောင့်ရှောက်နေသည့် သဘာတရားဖြစ်သည်။ ကမ္မဇရုပ်ကလာပ်များ၌သာ တည်ရှိသည်။ ရှေ့ဦးစွာ ကြည်သည့်ရုပ်ကလာပ်၌ စတင်ရှုကြည့်ပါ၊ ရှာဖွေကြည့်ပါ။ ထိုကြည်သည့် ရုပ်ကလာပ်များမှာ ပသာဒရုပ် တစ်မျိုးမျိုးပါဝင်သော ရုပ်ကလာပ်တို့သာဖြစ်ရကား ကမ္မဇရုပ်ဧကန် ဖြစ်သဖြင့် ယင်းရုပ်ကလာပ်တိုင်း၌ ဇီဝိတသည် အမြဲတည်ရှိနေ၍ ကြည်သည့် ရုပ်ကလာပ်၌ တည်ရှိသော ဇီဝိတကို စတင်ရှုခြင်း ဖြစ်သည်။ ယောဂီသူတော်ကောင်းသည် ထိုဇီဝိတကို ကြည်သည့် ရုပ်ကလာပ် အတွင်း၌ စတင်ရှုသောအခါ အသက်ရှင်နေသည့်သဘောကို ရှေးဦးစွာ မြင်အောင်ရှုပါ။ ယောဂီအများစုကား လှုပ်ရှားမှု ရှိ၍ အသက်ဝင်နေသည့်သဘော အသက်ရှင်သန်နေသည့် သဘောတစ်ခုကို တွေ့ရှိတတ်၏၊ ထိုသို့ တွေ့ရှိသောအခါ ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်ရှောက်နေသည့်သဘောကိုပါ မြင်အောင် ဆက်ရှုပါ။ ထိုဇီဝိတမှာ အသက်ရှင်နေသည့် သဘော, ရုပ်ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော ကလာပ်တူ ကမ္မဇရုပ်တို့ကိုသာ စောင့်ရှောက်နေသည့် သဘောတရား ဖြစ်သဖြင့် ကလာပ်ပြားဖြစ်သော အခြားသော ရုပ်ကလာပ်တို့၌ တည်ရှိသော ကမ္မဇရုပ်တို့ကိုကား မစောင့်ရှောက်ဟု မှတ်ပါ။

ကြည်သည့်ရုပ်ကလာပ်တို့၌ ဇီဝိတကို ရှာဖွေတွေ့ရှိပါက ရှုလို့ရရှိပါက မကြည်သည့်ရုပ်ကလာပ်အချို့တို့၌ ဇီဝိတကို ဆက်လက်၍ ရှာဖွေကြည့်ပါ၊ ရှုကြည့်ပါ။ ထိုအချို့သော မကြည်သော ရုပ်ကလာပ်တို့ဟူသည်မှာ တစ်ကိုယ်လုံး၌ အနှံ့အပြားတည်ရှိသော ဘာဝဒသကကလာပ် ဇီဝိတနဝကကလာပ်နှင့် နှလုံးအိမ်အတွင်း၌ တည်ရှိသော ဟဒယဒသက ကလာပ်တို့ပင် ဖြစ်ကြသည်။ စိတ္တဇရုပ်ကလာပ် ဥတုဇရုပ်ကလာပ် အာဟာရဇရုပ်ကလာပ်တို့လည်း မကြည်ကြပေ၊ သို့သော် ယင်းရုပ်ကလာပ်တို့၌ ဇီဝိတကား မရှိပေ။ ဟဒယဒသကကလာပ် ဘာဝဒသကကလာပ် ဇီဝိတနဝက ကလာပ်တို့လည်း မကြည်ကြပေ။ သို့သော် ယင်းရုပ်ကလာပ်တို့၌ ဇီဝိတကား ရှိနေ၏၊ ယင်းဇီဝိတကိုလည်း (၆)ဒွါရလုံးဝယ် ကြည်သည့် ရုပ်ကလာပ်နှင့် မကြည်သည့် ရုပ်ကလာပ်အချို့တို့၌ ရှုကြည့်ပါ။

ဘာဝရုပ် = အမျိုးသားဖြစ်ကြောင်းရုပ်-အမျိုးသမီးဖြစ်ကြောင်းရုပ် –– အမျိုးသားဟု သို့မဟုတ် အမျိုးသမီးဟု သိလောက်သော အမှတ်အသားတည်း၊ (၆)ဒွါရလုံး၌ အနှံ့အပြား တည်ရှိသော ရုပ်တည်း၊ မကြည်သည့် ရုပ်ကလာပ် အချို့တို့၌ တည်ရှိကြ၏၊ ကြည်သည့်ရုပ်ကလာပ်တို့၌ တည်ရှိသော ဇီဝိတကို သဘောပေါက်ပါက ရှု၍ ရရှိပါက မကြည်သည့် ရုပ်ကလာပ်တို့၌လည်း ဇီဝိတကို ရှာဖွေကြည့်ပါ၊ ရှုကြည့်ပါ။ အကယ်၍ မကြည်သည့် ရုပ်ကလာပ်တို့၌ ဇီဝိတကို ရှာဖွေ၍ မတွေ့ရှိပါက ဘာဝရုပ်ကို ဆက်လက်၍ မရှာဖွေပါနှင့်။ ဇီဝိတမရှိက ဘာဝရုပ် မရှိနိုင်သောကြောင့် ဖြစ်၏၊ အကယ်၍ မကြည်သည့် ရုပ်ကလာပ်တို့၌ ဇီဝိတကိုရှာဖွေတွေ့ရှိပါက ယင်းရုပ်ကလာပ်၌ ဘာဝရုပ်ကို ဆက်လက် ရှာဖွေကြည့်ပါ။ သို့သော် ယင်းရုပ်ကလာပ်မှာ ဇီဝိတနဝကကလာပ် ဖြစ်ပါက ဇီဝိတသာရှိ၍ ဘာဝရုပ် မရှိနိုင်ပေ။ အကယ်၍ ယင်းရုပ်ကလာပ်သည် ဘာဝဒသကကလာပ်ဖြစ်မူ ဇီဝိတလည်းရှိ၍ ဘာဝရုပ်လည်း ရှိနေပေသည်။ ဇီဝိတမရှိသည့် ရုပ်ကလာပ်၌ကား ဘာဝရုပ်လည်း မရှိနိုင်ပေ၊ ဇီဝိတရှိပါမှသာလျှင် ဘာဝရုပ်လည်း ရှိနိုင်ပေသည်။ ဘာဝရုပ်ကား ဧကန် ကမ္မဇရုပ် ဖြစ်၏၊ ဇီဝိတသည်လည်း ကလာပ်တူ ကမ္မဇရုပ်တိုင်းကို စောင့်ရှောက်လျက် ရှိ၏၊ ထို့ကြောင့် ဇီဝိတရှိရာ ရုပ်ကလာပ်၌သာ ဘာဝရုပ်ကို ဆက်လက်၍ ရှုကြည့်ပါ။ ဇီဝိတနဝကကလာပ် (ဟဒယ ဒသကကလာပ်) မဟုတ်ဘဲ ဘာဝဒသကကလာပ်သာ ဖြစ်ခဲ့လျှင် ဘာဝရုပ်ကို တွေ့ရှိမည်ဖြစ်သည်။ အမျိုးသား ယောဂီသည် အမျိုးသားဖြစ်ကြောင်း ပုရိသဘာဝရုပ်ကို ရှုပါ။ အမျိုးသမီးယောဂီသည် အမျိုးသမီးဖြစ်ကြောင်း ဣတ္ထိဘာဝရုပ်ကို ရှုပါ။ အမျိုးသား၌ ပုရိသဘာဝရုပ်, အမျိုးသမီး၌ ဣတ္ထိဘာဝရုပ် တစ်မျိုးစီသာ တည်ရှိ၏၊ ပုရိသဘာဝရုပ်ဟူသည် ဤသူကား ယောက်ျားဟု သိကြောင်း အမှတ်အသား ဖြစ်သည်။ ဣတ္ထိဘာဝရုပ်ဟူသည် ဤသူကား အမျိုးသမီးဟု သိကြောင်း အမှတ်အသား ဖြစ်သည်။ တွေ့ရှိပါက (၆)ဒွါရလုံး၌ လှည့်လည်၍ ရှုပါ။ ယင်းဘာဝရုပ်သည် (၆)ဒွါရလုံး၌ ဘာဝဒသကကလာပ်အနေဖြင့် တည်ရှိသည်။

ရုပ်လောကဝယ် ယောဂီအများစု၌ အရှုရခက်သော ရုပ်တရားတို့မှာ ဩဇာ, ဇီဝိတ, ဘာဝရုပ်တို့ပင် ဖြစ်ကြသည်။ ဤရုပ်သုံးမျိုးနှင့်တကွ အထက်တွင် တင်ပြခဲ့သော ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ စသော ရုပ်တရားတို့ကို (၆)ဒွါရ၌ တည်ရှိသော ကြည်သည့် ရုပ်ကလာပ်၌ (၁၀)မျိုး, မကြည်သည့် ရုပ်ကလာပ်၌လည်း (၈)မျိုး (၉)မျိုး (၁၀)မျိုး စသည်အားဖြင့် ခွဲခြားစိတ်ဖြာ၍ သိမ်းဆည်းတတ်ပါက ရုပ်ကမ္မဋ္ဌာန်းဇယားများတွင် ရေးသား တင်ပြထားသည့်အတိုင်း ရုပ်တရားတို့ကို ကုန်စင်အောင် သိမ်းဆည်းပါ။

(၆) ဒွါရ၌ ရုပ်ကလာပ်များကို ဓာတ်ခွဲပုံ = ရုပ်တို့ကို သိမ်းဆည်းပုံ

ကာယအကြည်ဓာတ်ပါဝင်သော ကာယဒသကကလာပ်မှာ (၆)ဒွါရလုံး၌ ပျံ့နှံ့တည်ရှိ၏၊ ဘာဝရုပ်ပါဝင်သော ဘာဝဒသကကလာပ်မှာလည်း (၆)ဒွါရလုံး၌ပင် ပျံ့နှံ့တည်ရှိ၏၊ ဇီဝိတရုပ်လျှင် (၉)ခုမြောက်ရှိသော ဇီဝိတနဝက ကလာပ်မှာလည်း (၆)ဒွါရလုံး၌ပင် ပျံ့နှံ့တည်ရှိ၏၊ စက္ခုအကြည်ဓာတ် ကာယအကြည်ဓာတ်စသော ပသာဒ (= အကြည်)ရုပ်တို့ ပါဝင်တည်ရှိသော စက္ခုဒသကကလာပ် ကာယဒသကကလာပ်စသော ထိုထိုရုပ်ကလာပ်တို့သည်ကား ဆန်မှုန့်နှင့် နနွင်းမှုန့်ကို သမအောင် ရောနှောပေါင်းစပ်ထားသကဲ့သို့ စက္ခုစသော (၆)ဒွါရတို့၌ ရောနှောလျက် တည်ရှိကြ၏၊

စက္ခုဒသကကလာပ်ကား စက္ခု (= မျက်စိ)၌သာ တည်ရှိ၏၊ သောတဒသကကလာပ်ကား နား၌သာ တည်ရှိ၏၊ ဃာနဒသကကလာပ်ကား နှာခေါင်း၌သာ တည်ရှိ၏၊ ဇိဝှါဒသကကလာပ်ကား လျှာ၌သာ တည်ရှိ၏၊ ဟဒယဒသက ကလာပ်ကား နှလုံး၌သာ တည်ရှိ၏၊ ကာယဒသကကလာပ် ဘာဝဒသကကလာပ် ဇီဝိတနဝကကလာပ်တို့ကား မျက်စိနား-နှာ-လျှာ-ကိုယ်-နှလုံးဟူသော (၆)ဒွါရလုံး၌ အနှံ့အပြား တည်ရှိကြ၏၊ ထိုကြောင့် စက္ခု၌ စက္ခုဒသကကလာပ် ကာယဒသကကလာပ်ဟု ကြည်သည့်ရုပ်ကလာပ် နှစ်မျိုး, နား၌ သောတဒသကကလာပ် ကာယဒသကကလာပ်ဟု ကြည်သည့်ရုပ်ကလာပ် နှစ်မျိုး, နှာခေါင်း၌ ဃာနဒသကကလာပ် ကာယဒသကကလာပ်ဟု ကြည်သည့်ရုပ်ကလာပ် နှစ်မျိုး, လျှာ၌ ဇိဝှါဒသကကလာပ် ကာယဒသကကလာပ်ဟု ကြည်သည့်ရုပ်ကလာပ် နှစ်မျိုး, ကိုယ်၌ ကာယဒသက ကလာပ်ဟု ကြည်သည့်ရုပ်ကလာပ် တစ်မျိုး, နှလုံး၌ ကာယဒသကကလာပ်ဟု ကြည်သည့် ရုပ်ကလာပ်တစ်မျိုး ဤသို့ အသီးအသီး ရှိ၏၊ မျက်စိ-နား-နှာ-လျှာတို့၌ ကြည်သည့်ရုပ်ကလာပ် နှစ်မျိုးစီ အကြည်ဓာတ်လည်း နှစ်မျိုးစီ ရှိနေသဖြင့် ထိုအကြည်ဓာတ် အကြည်ရုပ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူတတ်ဖို့ လိုအပ်ပေသည်။ ယောဂါဝစရ ပုဂ္ဂိုလ်အနေဖြင့်ကား ဤအဆင့်တွင် ကြည်သည့် ရုပ်ကလာပ်အမှုန်အနေဖြင့်သာ မြင်တွေ့နေဦးမည် ဖြစ်ပေသည်။

စက္ခုအကြည်ဓာတ်

ရူပါရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော, မဟာဘုတ် ဓာတ်ကြီးလေးပါးတို့ကို ကြည်လင်စေခြင်းသဘောလက္ခဏာ ရှိသော တရားသည် စက္ခုအကြည်ဓာတ် မည်၏၊ တစ်နည်း - ရူပါရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော မဟာဘုတ် ဓာတ်ကြီးလေးပါးတို့၏ ကြည်လင်ခြင်းသဘောလက္ခဏာမျှသည် စက္ခုအကြည်ဓာတ် မည်၏၊[၄၆၉]

ကာယအကြည်ဓာတ်

ဖောဋ္ဌဗ္ဗာရုံ (ပထဝီ-တေဇော-ဝါယော) ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော, မဟာဘုတ် ဓာတ်ကြီးလေးပါးတို့ကို ကြည်လင်စေခြင်း သဘောလက္ခဏာရှိသော တရားသည် ကာယအကြည်ဓာတ် မည်၏၊ တစ်နည်း - ဖောဋ္ဌဗ္ဗာရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော, မဟာဘုတ် ဓာတ်ကြီးလေးပါးတို့၏ ကြည်လင်ခြင်းသဘောလက္ခဏာမျှသည် ကာယအကြည်ဓာတ် မည်၏၊[၄၇၀]

ဤရှင်းလင်းချက်များနှင့်အညီ စက္ခုအကြည်ဓာတ်မှာ ရူပါရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော အကြည် ဖြစ်၏၊ ကာယအကြည်ဓာတ်မှာ ဖောဋ္ဌဗ္ဗာရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော အကြည် ဖြစ်၏၊ မျက်စိ၌ စက္ခုအကြည်ဓာတ် ပါဝင်သော စက္ခုဒသကကလာပ်နှင့် ကာယအကြည်ဓာတ် ပါဝင်သော ကာယဒသကကလာပ်ဟု ကလာပ်နှစ်မျိုးတို့သည် သမအောင် ရောနှောလျက် တည်ရှိနေကြ၏၊ ''မည်သည့်အကြည်ဓာတ်က စက္ခုအကြည် ဖြစ်သည်၊ မည်သည့်အကြည်ဓာတ်က ကာယအကြည် ဖြစ်သည်၊ မည်သည့်ရုပ်ကလာပ်က စက္ခုဒသကကလာပ် ဖြစ်သည်၊ မည်သည့်ရုပ်ကလာပ်က ကာယဒသကကလာပ် ဖြစ်သည်''ဟု ရိုက်ခတ်သော အာရုံနှင့် တိုက်ဆိုင်၍ ခွဲခြားယူရမည် ဖြစ်သည်။ သို့သော် ယင်းအကြည်ဓာတ်တို့မှာ ကလာပ်တူ ဓာတ်ကြီးလေးပါးတို့၏ ကြည်လင်ခြင်းသဘောမျှသာ ဖြစ်ကြသဖြင့် ယင်းတို့ စွဲမှီရာ ကလာပ်တူ ဓာတ်ကြီးလေးပါးတို့ကို ထပ်ကာထပ်ကာ သိမ်းဆည်းထားပြီးဖြစ်ဖို့လည်း အထူး လိုအပ်ပေသည်။

စက္ခုအကြည် – စက္ခုအကြည်ကို သိမ်းဆည်းရှုပွားလိုပါက ရှေးဦးစွာ မျက်စိ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းရှုပွားပါ။ ရုပ်ကလာပ်များကို တွေ့မြင်သောအခါ ကြည်သည့် ရုပ်ကလာပ်အမှုန်တစ်ခုကို အာရုံယူ၍ သိမ်းဆည်းပါ။ ယင်းရုပ်ကလာပ်၌ ပါဝင်သော ရုပ်သဘောတရား (၁၀)မျိုးကို ဆက်လက်သိမ်းဆည်းပါ။ ယင်း (၁၀)မျိုးမှ ပသာဒ = အကြည်ဓာတ်ကို သိမ်းဆည်းထားပါ၊ သို့မဟုတ် ကြည်သည့် ရုပ်ကလာပ်အများစု၌ တည်ရှိသော အကြည်ဓာတ်ကို သိမ်းဆည်းထားပါ။ ယင်းအကြည်ဓာတ်နှင့် မလှမ်းမကမ်းတွင် တည်ရှိသော ရုပ်ကလာပ်တို့၌ ပါဝင်သော ရူပါရုံကို သို့မဟုတ် ရုပ်ကလာပ် တစ်ခု၌ ပါဝင်သော ရူပါရုံကို လှမ်း၍ အာရုံယူကြည့်ပါ။[၄၇၁]

အကယ်၍ ထိုရူပါရုံက ထိုအကြည်ဓာတ်ကို ရှေးရှုရိုက်ခတ်နေပါလျှင် ထိုအကြည်ဓာတ်မှာ စက္ခုအကြည်ဓာတ်ပင် ဖြစ်သည်။ ထိုစက္ခုအကြည်ဓာတ် ပါဝင်သော ရုပ်ကလာပ်မှာ စက္ခုဒသကကလာပ်ပင် ဖြစ်သည်။ ယင်းစက္ခုဒသက ကလာပ်အတွင်း၌ တည်ရှိသော ရုပ်သဘောတရား (၁၀)မျိုးတို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် တစ်လုံးစီ တစ်လုံးစီ ပိုင်းခြားယူပါ။ အကယ်၍ ထိုရူပါရုံက ထိုအကြည်ဓာတ်ကို ရှေးရှု မရိုက်ခတ်လျှင် ထိုအကြည်ဓာတ်မှာ စက္ခုအကြည်ဓာတ် မဟုတ်ပေ၊ ကာယအကြည်ဓာတ်သာ ဖြစ်ဖွယ်ရာရှိသည်။ မျက်စိ၌ စက္ခုအကြည်ဓာတ်နှင့် ကာယအကြည်ဓာတ် နှစ်မျိုးသာ တည်ရှိနေသောကြောင့် ဖြစ်သည်။ ကာယအကြည်ဓာတ် ဟုတ်သည် မဟုတ်သည် ကိုလည်း အောက်ပါအတိုင်း စမ်းသပ်ကြည့်ပါ။

ကာယအကြည် – ဖောဋ္ဌဗ္ဗာရုံ (= ပထဝီဓာတ် တေဇောဓာတ် ဝါယောဓာတ်) ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော ရှေးရှုရိုက်ခတ်ခံရသော အကြည်ဓာတ်မှာ ကာယအကြည်ဓာတ် ဖြစ်သည်။ မျက်စိ၌ပင် တည်ရှိသော ဓာတ်ကြီး လေးပါးကို ဉာဏ်ဖြင့် မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ်များကို တွေ့မြင်သောအခါ ကြည်သည့်ရုပ်ကလာပ်အမှုန်တစ်ခု၌ သို့မဟုတ် အများစု၌ တည်ရှိသော အကြည်ဓာတ်ကို သိမ်းဆည်းထားပါ။ ယင်းရုပ်ကလာပ်နှင့် အနီးကပ်ဆုံး ရုပ်ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော သို့မဟုတ် ရုပ်ကလာပ်အများစုအတွင်း၌ တည်ရှိသော ပထဝီ တေဇော ဝါယောဟူသော ဖောဋ္ဌဗ္ဗဓာတ်တစ်ခုခုကို လှမ်း၍ အာရုံယူပါ၊ သိမ်းဆည်းပါ၊ စိုက်ရှုပါ။ (ဥပမာ - မာသည့် သဘောတစ်ခုကို စိုက်ရှုပါ။) အကယ်၍ ထိုဖောဋ္ဌဗ္ဗဓာတ်တစ်ခုခုက ထိုအကြည်ဓာတ်ကို ရှေးရှုရိုက်ခတ်နေပါလျှင် ထိုဖောဋ္ဌဗ္ဗဓာတ်တစ်ခုခု၏ ရှေးရှုရိုက်ခတ်မှုကို ခံယူရသော ထိုအကြည်ဓာတ်မှာ ကာယအကြည်ဓာတ်ပင် ဖြစ်သည်။ ယင်းကာယအကြည်ဓာတ် ပါဝင်သော ရုပ်ကလာပ်မှာ ကာယဒသကကလာပ်ပင် ဖြစ်သည်။ အကယ်၍ ထိုအကြည် ဓာတ်ကို ဖောဋ္ဌဗ္ဗဓာတ်တစ်ခုခုက ရှေးရှုရိုက်ခတ်မှု မရှိလျှင် ထိုအကြည်ဓာတ်မှာ စက္ခုအကြည်ဓာတ် ဖြစ်ဖွယ်ရာ ရှိ၏၊ စက္ခုအကြည်ဓာတ် ဟုတ်သည် မဟုတ်သည်ကို အထက်၌ တင်ပြထားသော စက္ခုအကြည်ဓာတ်ကို ရှုပုံစနစ်နှင့် စမ်းသပ်ကြည့်ပါ။

ဤသို့လျှင် ယောဂါဝစရပုဂ္ဂိုလ်သည် စက္ခုဒွါရ (= မျက်စိ)၌ စက္ခုဒသကကလာပ်နှင့် ကာယဒသကကလာပ်တို့ကို ခွဲခြား၍ရှုနိုင်ပြီ ဖြစ်သည်။ စက္ခုဒသကကလာပ်၌ တည်ရှိသော (၁၀)မျိုးသော ရုပ်တရား, ကာယဒသကကလာပ်၌ တည်ရှိသော (၁၀)မျိုးသော ရုပ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် ဆက်လက်၍ သိမ်းဆည်းပါ။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် မျက်စိ၌ပင် မကြည်သော ရုပ်ကလာပ်တို့တွင် ပါဝင်သော ဘာဝရုပ်ပါသည့် ဘာဝဒသက ကလာပ်ကိုပါ ပရမတ်သို့ ဆိုက်အောင် ဆက်လက် သိမ်းဆည်းနိုင်သည် ဖြစ်အံ့၊ ဇီဝိတနဝကကလာပ်ကိုလည်း ဆက်လက် သိမ်းဆည်းနိုင်သည် ဖြစ်အံ့၊ မျက်စိ၌ စက္ခုဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ် ဇီဝိတနဝက ကလာပ်တို့ကို သိမ်းဆည်းပြီး ဖြစ်ပေပြီ။ ယင်းရုပ်ကလာပ် လေးမျိုးတို့ကား အတိတ်ဘဝတစ်ခုခုက အဝိဇ္ဇာ-တဏှာဥပါဒါန်တို့ ခြံရံလျက် ပြုစုပျိုးထောင်ခဲ့သော သင်္ခါရ-ကံတို့ကြောင့် ဖြစ်ပေါ်လာရသော ကမ္မဇရုပ်တို့ပင် ဖြစ်ကြသည်။ စက္ခုဒွါရ၌ ကာယဒသကကလာပ် ဘာဝဒသကကလာပ် ဇီဝိတနဝကကလာပ်တို့ကို ရှုပုံစနစ်ကိုပင် နည်းမှီ၍ သောတဒွါရစသည့် ကျန်ငါးဒွါရတို့၌လည်း ပုံစံတူပင် ရှုပါ။

သောတအကြည်ဓာတ်

သဒ္ဒါရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော ဓာတ်ကြီးလေးပါးတို့ကို ကြည်လင်စေခြင်းသဘော = ဓာတ်ကြီး လေးပါးတို့၏ ကြည်လင်ခြင်းသဘောမျှသည် သောတပသာဒတည်း။[၄၇၂] နား၏အတွင်းဘက်၌ တည်ရှိသော ဓာတ်ကြီး လေးပါးကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ သိမ်းဆည်းပါ၊ စိုက်ရှုပါ။ ရုပ်ကလာပ်များကို တွေ့မြင်သောအခါ ကြည်သည့် ရုပ်ကလာပ်တစ်ခု၌ တည်ရှိသော အကြည်ဓာတ်ကို သို့မဟုတ် ကြည်သည့်ရုပ်ကလာပ် အများစု၌ တည်ရှိသော အကြည်ဓာတ်ကို သိမ်းဆည်းထားပါ၊ အာရုံယူထားပါ။ အသက်ရှူသံကဲ့သို့သော အဇ္ဈတ္တအသံကိုပင်ဖြစ်စေ, ဗဟိဒ္ဓက အသံကိုပင်ဖြစ်စေ အသံတစ်ခုခုကို လှမ်း၍ အာရုံယူကြည့်ပါ။ အကယ်၍ ထိုအသံက ထိုအကြည်ဓာတ်ကို ရှေးရှု ရိုက်ခတ်နေပါလျှင် ထိုသို့ အသံ၏ ရှေးရှု ရိုက်ခတ်မှုကို ခံယူရသော ထိုအကြည်ဓာတ်မှာ နားအကြည်ဓာတ် ဖြစ်၏၊ ယင်း နားအကြည်ဓာတ် ပါဝင်သော ရုပ်ကလာပ်မှာ သောတဒသကကလာပ် ဖြစ်၏၊ ယင်းရုပ်ကလာပ်၌ တည်ရှိသော (၁၀)မျိုးသော ရုပ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းပါ၊ တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ အကယ်၍ နား၌ တည်ရှိသော ထိုအကြည်ဓာတ်ကို အသံတစ်ခုခုက ရှေးရှုရိုက်ခတ်မှု မရှိလျှင် ထိုအကြည်ဓာတ်မှာ သောတအကြည်ဓာတ် မဟုတ်ဘဲ ကာယအကြည်ဓာတ်ပင် ဖြစ်ဖွယ်ရာ ရှိပေသည်။ ကာယအကြည်ဓာတ် ဟုတ်သည် မဟုတ်သည်ကို သိရှိရန် ဖောဋ္ဌဗ္ဗာရုံကို အာရုံယူ၍ အထက်တွင် ရေးသားခဲ့သည့်အတိုင်း ရှုကြည့်ပါ။ နား၌လည်း သောတဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ် ဇီဝိတနဝကကလာပ်တို့ကို ဆက်လက်၍ ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းပါ။ ကမ္မဇရုပ်ကလာပ်တို့ပင်တည်း။

ဃာနအကြည်ဓာတ်

အနံ့ (= ဂန္ဓာရုံ) ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော ဓာတ်ကြီးလေးပါးတို့ကို ကြည်လင်စေခြင်းသဘော = ဓာတ်ကြီးလေးပါးတို့၏ ကြည်လင်ခြင်းသဘောမျှသည် ဃာနပသာဒ မည်၏၊[၄၇၃] နှာခေါင်း၏အတွင်း နှာနုရှိရာအရပ်၌ ဓာတ်ကြီးလေးပါးကို မြင်အောင်ရှုပါ၊ သိမ်းဆည်းပါ။ ရုပ်ကလာပ်များကို တွေ့မြင်သောအခါ ကြည်သည့် ရုပ်ကလာပ် တစ်ခု၏ အတွင်း၌ တည်ရှိသော အကြည်ဓာတ်ကို သို့မဟုတ် ကြည်သည့်ရုပ်ကလာပ် အများစု၌ တည်ရှိသော အကြည်ဓာတ်ကို သိမ်းဆည်းထားပါ။ ခန္ဓာကိုယ်အတွင်းဝယ် မည်သည့်နေရာ၌ မဆို တည်ရှိနေသော ရုပ်ကလာပ် တစ်ခု၏ သို့မဟုတ် ရုပ်ကလာပ်အများစု၏အတွင်း၌ တည်ရှိသော အနံ့ (= ဂန္ဓာရုံ)ကို လှမ်း၍ အာရုံယူပါ။ အကယ်၍ ထိုအနံ့ဂန္ဓာရုံက ထိုအကြည်ဓာတ်ကို ရှေးရှုရိုက်ခတ်နေပါလျှင် ထိုအနံ့ဂန္ဓာရုံ၏ ရှေးရှုရိုက်ခတ်မှုကို ခံယူရသော ထိုအကြည်ဓာတ်မှာ ဃာနအကြည်ဓာတ် ဖြစ်သည်။ ယင်းဃာနအကြည်လျှင် (၁၀)ခုမြောက်ရှိသော ရုပ်ကလာပ်မှာ ဃာနဒသကကလာပ် ဖြစ်သည်။ ယင်းဃာနဒသကကလာပ်ကို ဓာတ်ခွဲလျက် ပရမတ္ထရုပ်တရား (၁၀)မျိုးတို့ကို သိမ်းဆည်းပါ။ အကယ်၍ ထိုအကြည်ဓာတ်ကို အနံ့ဂန္ဓာရုံက ရှေးရှုရိုက်ခတ်မှု မရှိလျှင် ထိုအကြည်ဓာတ်မှာ ကာယအကြည်ဓာတ် ဖြစ်ဖွယ်ရာ ရှိသည်။ ကာယအကြည်ဓာတ် ဟုတ်သည် မဟုတ်သည်ကို တိကျစွာ သိရှိနိုင်ရန် ဖောဋ္ဌဗ္ဗာရုံကို အာရုံယူ၍ အထက်တွင် တင်ပြထားသည့်အတိုင်း ရှုကြည့်ပါ။ အောင်မြင်မှု ရရှိပါက နှာခေါင်း၌ ဃာနဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ် ဇီဝိတနဝကကလာပ်တို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းပါ။ ကမ္မဇရုပ်တို့ပင်တည်း။

ဇိဝှါအကြည်ဓာတ်

ရသာရုံ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော မဟာဘုတ် ဓာတ်ကြီးလေးပါးတို့ကို ကြည်လင်စေခြင်းသဘောသည် = မဟာဘုတ် ဓာတ်ကြီးလေးပါးတို့၏ ကြည်လင်ခြင်းသဘောမျှသည် ဇိဝှါပသာဒ မည်၏၊[၄၇၄] လျှာတွင် တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းပါ၊ စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့ရှိသောအခါ ကြည်သည့်ရုပ်ကလာပ် တစ်ခု၏ အတွင်း၌ တည်ရှိသော သို့မဟုတ် ကြည်သည့်ရုပ်ကလာပ်အများစု၏အတွင်း၌ တည်ရှိသော အကြည်ဓာတ်ကို သိမ်းဆည်းထားပါ။ နီးစပ်ရာ ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော သို့မဟုတ် ရုပ်ကလာပ်အများစု၏ အတွင်း၌ တည်ရှိသော ရသဓာတ်ကို လှမ်း၍ အာရုံယူပါ။ အကယ်၍ ထိုရသဓာတ်က ထိုအကြည်ဓာတ်ကို ရှေးရှုရိုက်ခတ်နေပါက ရသာရုံ၏ ရှေးရှုရိုက်ခတ်ခြင်းငှာ ထိုက်သော ထိုအကြည်ဓာတ်မှာ ဇိဝှါအကြည်ဓာတ် ဖြစ်၏၊ ယင်းဇိဝှါအကြည်ဓာတ် = ဇိဝှါပသာဒလျှင် (၁၀)ခုမြောက်ရှိသော ရုပ်ကလာပ်မှာ ဇိဝှါဒသကကလာပ်ဖြစ်၏၊ ယင်းရုပ်ကလာပ်ကို ပရမတ်သို့ ဆိုက်အောင် ဓာတ်ခွဲလျက် (၁၀)မျိုးသော ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းပါ။ အကယ်၍ .. ထိုရသာရုံက ထိုအကြည်ဓာတ်ကို ရှေးရှုရိုက်ခတ်မှုမရှိလျှင် ယင်းအကြည်ဓာတ်မှာ ကာယအကြည်ဓာတ်ပင် ဖြစ်ဖွယ်ရာ ရှိပေသည်။ ကာယအကြည်ဓာတ် ဟုတ်သည် မဟုတ်သည်ကို သေချာရန် ယင်းအကြည်ဓာတ်နှင့် အနီးကပ်ဆုံး အရပ်၌ တည်ရှိသော ရုပ်ကလာပ်တစ်ခု၏ သို့မဟုတ် ရုပ်ကလာပ်အများစု၏ ဖောဋ္ဌဗ္ဗာရုံကို အာရုံလှမ်းယူ၍ စမ်းသပ်ကြည့်ပါ။ ကာယအကြည်ဓာတ် ဟုတ်သည် မဟုတ်သည်ကို သိရှိနိုင်ပေသည်။ သေချာသည့်အခါ လျှာ၌လည်း ဇိဝှါဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ်ဟူသော ကမ္မဇရုပ်ကလာပ် သုံးမျိုးတို့၌ တည်ရှိသော (၁၀)မျိုးစီသော ပရမတ်ရုပ်တရားတို့ကိုလည်းကောင်း, ဇီဝိတနဝကကလာပ်၌ တည်ရှိသော (၉)မျိုးသော ပရမတ်ရုပ်တရားတို့ကို လည်းကောင်း သိမ်းဆည်းထားပါ။

ကာယဌာန - ကာယဒွါရ ၌ကား ကာယဒသကကလာပ် ဘာဝဒသကကလာပ် ဇီဝိတနဝကကလာပ်ဟု ကမ္မဇရုပ်ကလာပ် သုံးမျိုးသာ ရှိ၏၊ ရှုပုံမှာ ထင်ရှားပြီ။ ထိမှုကို သိသည့်နေရာတိုင်း၌ ကာယဒသကကလာပ်ကား ရှိနေ၏၊ အလားတူပင် ဘာဝဒသကကလာပ်နှင့် ဇီဝိတနဝကကလာပ်မှာလည်း မျက်စိ-နား-နှာ-လျှာ-ကိုယ်နှလုံးဟူသော (၆)ဒွါရလုံး၌ အနှံ့အပြား တည်ရှိနေ၏၊ ဘာဝရုပ်ကား အများနားလည်နေသော ဘာဝရုပ်နှင့် မတူညီပေ။ ဤဘာဝရုပ်က ဤသူကား အမျိုးသားဟု ထင်ရှားပြနေသောကြောင့်, ဤသူကား အမျိုးသမီးဟု ထင်ရှားပြနေသောကြောင့် အမျိုးသားနှင့် အမျိုးသမီးကို ခွဲခြား၍ ယူနိုင်ခြင်း ဖြစ်သည်။ ဘာဝရုပ်ကို စက္ခုဝိညေယျတရားဟု ဆိုလိုသည်ကား မဟုတ်ပါ။ ဤဘာဝရုပ်ကြောင့်ပင် အမျိုးသမီးတို့၏ အသွင်အပြင် ပုံသဏ္ဌာန် အပြုအမူ, အမျိုးသားတို့၏ အသွင်အပြင် ပုံသဏ္ဌာန် အပြုအမူတို့ကို သိရှိခွင့် ရနိုင်ခြင်းကိုသာ ဆိုလိုသည်။ ထိုဘာဝရုပ်ကို ရှုရာ၌ အမျိုးသား ယောဂီသည် ဇီဝိတပါဝင်သော မကြည်သော ရုပ်ကလာပ်အချို့၌ ပုရိသဘာဝရုပ်ကို ရှာဖွေကြည့်လိုက်သောအခါ ကျန်းတမ်းသော ကျားကျားလျားလျား အမူအရာ သဘောတရားတစ်ခုကို တွေ့ရှိတတ်၏၊ ဤအမှတ်အသားကြောင့် ယောက်ျားဖြစ်နေရသည်ဟု သဘောပေါက်တတ်၏၊ သို့သော် ယင်းကျန်းတမ်းသော အမူအရာသဘောမှာ ပထဝီဓာတ်၏ ကျန်းတမ်းခက်မာမှုနှင့် မတူညီသည်ကိုကား အများအားဖြင့် သဘောပေါက် နားလည်နေတတ်ပေသည်။ အလားတူပင် အမျိုးသမီးယောဂီသည်လည်း မိမိ၏အဇ္ဈတ္တသန္တာန်ဝယ် ဇီဝိတပါဝင်သော မကြည်သော ရုပ်ကလာပ်အချို့၌ ဣတ္ထိဘာဝ ရုပ်ကို ရှာဖွေကြည့်လိုက်သောအခါ နူးညံ့ပျော့ပျောင်းသော သဘာဝတစ်မျိုးကို တွေ့ရှိတတ်၏၊ ဤအမှတ်အသားကြောင့် အမျိုးသမီး ဖြစ်နေရသည်ဟုလည်း သဘောပေါက်တတ်၏၊ သို့သော် ယင်းနူးညံ့ပျော့ပျောင်းသော သဘာဝသည် ပထဝီဓာတ်၏ နူးညံ့ပျော့ပျောင်းမှုနှင့် မတူသည်ကိုကား သဘောပေါက် နားလည်နေတတ်ပေသည်။ (၆)ဒွါရလုံး၌ ရှုကြည့်ပါ။

မနောဒွါရ - ဟဒယဝတ္ထု

မနောဓာတ် အမည်ရသော ဘဝင်မနောအကြည်နှင့် မနောဝိညာဏဓာတ် အမည်ရသော ပဉ္စဝိညာဏ်မှ တစ်ပါး သော မနောဝိညာဏ်စိတ်တို့၏ မှီ၍ဖြစ်ရာ ရုပ်သည် ဟဒယဝတ္ထုရုပ်တည်း။ ယင်းမနောဓာတ် မနောဝိညာဏဓာတ်တို့၏ မှီရာသဘောရှိသော ရုပ်ဖြစ်သည်။[၄၇၅] ရှုနည်းမှာ နှလုံးအိမ်၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို ရှေးဦးစွာ သိမ်းဆည်းပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့သောအခါတွင် ဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းပါ။ သမထပိုင်း ကတည်းက ဘဝင်မနောအကြည်ကို သိမ်းဆည်းထားတတ်ပြီးသော သူတော်ကောင်းတစ်ဦးအဖို့ ဤအပိုင်းတွင် ဘဝင်မနောအကြည်ဓာတ်ကို တစ်ဖန်ပြန်၍ သိမ်းဆည်းရန်မှာ မခက်ခဲတော့ပြီ။ ယင်းဘဝင်မနောအကြည်တွင် ဘာဝနာစိတ်ကို စိုက်ထား၍ လက်ညှိုးတစ်ချောင်းကို ကွေးကြည့်ပါ-ဆန့်ကြည့်ပါ။ ကွေးချင်သောစိတ် ဆန့်ချင်သောစိတ် = ကွေးနေသောစိတ် ဆန့်နေသောစိတ်ကို မြင်အောင် ဆက်ကြည့်ပါ။ စိတ်ကို သိမ်းဆည်းနိုင်သောအခါ ယင်းစိတ်၏ မှီ၍ဖြစ်ရာ ဟဒယဝတ္ထုရုပ်ကို ဆက်လက် သိမ်းဆည်းကြည့်ပါ။ အောင်မြင်မှုကို ရရှိတတ်ပါသည်။ အကယ်၍ အောင်မြင်မှုကို ရရှိပါက ဘဝင်မနောအကြည်နှင့်တကွ ကွေးချင်ဆန့်ချင်သောစိတ် အဝင်အပါ မနောဝိညာဏဓာတ် ဟူသမျှသည် ယင်းဟဒယဝတ္ထုရုပ်ကိုပင် မှီတွယ်၍ ဖြစ်နေပုံကို သဘောပေါက်အောင် ဆက်ရှုပါ။ ယင်း ဟဒယ ဝတ္ထုရုပ်မှာ အထက်ပါ မနောဓာတ် မနောဝိညာဏဓာတ်တို့၏ အောက်တွင် တည်ရှိသော ရုပ်ကလာပ်အမှုန်တို့တွင် ပါဝင်သော ရုပ်တစ်မျိုး ဖြစ်သည်။ ဤ၌ မှီဖြစ်သည်ဟူသည် ဟဒယဝတ္ထုနှင့် မနောဓာတ် မနောဝိညာဏဓာတ်တို့၏ ဆက်စပ်လျက်ဖြစ်မှုသဘောကိုသာ ဆိုလိုသည်။ ဟဒယဝတ္ထုမရှိက ယင်း ဝိညာဏ်တို့၏ မဖြစ်နိုင်ခြင်းသည်ပင် ဆက်စပ်မှုသဘောတည်း။ ယင်းဟဒယဝတ္ထု ပါဝင်သော ရုပ်ကလာပ်မှာ ဟဒယဒသကကလာပ်ဖြစ်၏၊ ယင်းဟဒယ ဒသကကလာပ်ကို ဓာတ်ခွဲလျက် (၁၀)မျိုးသော ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းပါ။ ဤ၌ ကွေးချင်ဆန့်ချင်သောစိတ် စသည့်စိတ်ကို အလျင် သိမ်းဆည်းခြင်းမှာ စိတ်၏မှီရာ ဟဒယဝတ္ထုရုပ်ကို တိတိကျကျ သဘောပေါက်ရန်အတွက်သာ ဖြစ်သည်။ အချို့ယောဂီများသည်ကား ဘဝင်မနောအကြည်ကို သိမ်းဆည်းမိက ယင်းဘဝင်မနောအကြည်၏ မှီရာ ဟဒယဝတ္ထုရုပ်ကိုလည်း လွယ်လွယ်ကူကူပင် သိမ်းဆည်း၍ ရရှိတတ်ပေသည်။ ဟဒယဒသကကလာပ်ကို ပရမတ်သို့ ဆိုက်အောင် ရုပ်တရားတို့ကို သိမ်းဆည်းနိုင်သောအခါ နှလုံးအိမ်၌ပင် ကာယဒသကကလာပ်နှင့် ဘာဝဒသက ကလာပ်တို့ကိုလည်း ဆက်လက်၍ ဓာတ်ခွဲကာ ပရမတ် ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ဤသို့လျှင် နှလုံးအိမ်၌လည်း ဟဒယဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ် ဇီဝိတနဝကကလာပ်ဟု ကမ္မဇရုပ်ကလာပ် လေးမျိုးပင် ရှိပေသည်။

ဘဝင်မနောအကြည်နှင့် ကာယအကြည်

နှလုံးအိမ်၌ အကြည် နှစ်မျိုး ရှိနေ၏၊ ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ[၄၇၆] ဟူသော ဒေသနာတော်နှင့် အညီ ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေသော အိမ်ရှင်ဘဝင်စိတ်သည်လည်း ကြည်လင်လျက်ရှိ၏၊ ပြိုးပြိုးပြက်ပြက် အရောင် တလက်လက် တောက်ပလျက် ရှိ၏၊ (ဖလူပစာရ စကားတည်း သို့မဟုတ် ကာရဏူပစာ စကားတည်း) သဘာဝေါ ဝါယံ စိတ္တဿ ပဏ္ဍရတာ[၄၇၇] ဟူသော မူလဋီကာနှင့် အညီ ဟဒယဝတ္ထုကို မှီ၍ဖြစ်နေသော စိတ်အားလုံးသည်လည်း ကြည်သည် ဖြူစင်သည်သာဖြစ်၏၊ (အကုသိုလ်စေတသိက်ကသာ သို့မဟုတ် အကုသိုလ်စေတသိက်ကြောင့်သာ ညစ်နွမ်းရသည် ဟူလို။)

ဤဒေသနာတော်များနှင့် အညီ နှလုံးအိမ်အတွင်း၌ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်အလင်းကို ဖြစ်စေတတ်သော ဘဝင်မနောအကြည်လည်း ရှိ၏၊ နာမ်အကြည်ဓာတ်တည်း။ ထိမှုကို သိနိုင်သည့် ကာယဝိညာဏ်စိတ်၏ မှီရာ ကာယအကြည်ဓာတ်လည်း ရှိ၏၊ ရုပ်အကြည်ဓာတ်တည်း။ ကာယအကြည်ဓာတ်မှာ ရုပ်ကလာပ်အမှုန်အနေဖြင့်သာ ဖြစ်၏၊ ကြည်သော ရုပ်ကလာပ်အမှုန်တွင် ပါဝင်၏၊ ဘဝင်မနောအကြည်ကား မကြည်သည့် ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေရသော အကြည်ဓာတ်တစ်မျိုး ဖြစ်၏၊ ရုပ်ကလာပ်အမှုန် မဟုတ်ပေ။ ရှေး သမထကမ္မဋ္ဌာန်းပိုင်းစသည်တို့တွင် ရှင်းပြခဲ့သည့်အတိုင်း စိတ္တဇဩဇဋ္ဌမကရုပ်ကလာပ်နှင့် ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တို့၌ တည်ရှိသော ရုပ်ကလာပ်အများစု၏ ရူပါရုံအရောင်၏ ကြည်လင်တောက်ပမှုသာတည်း။ ယင်းဘဝင်မနောအကြည် = မနောဒွါရကား ကြည်၏၊ ယင်းမနောဒွါရ၏ မှီရာ ဟဒယဝတ္ထုရုပ်ကား မကြည်ပေ။ ကာယအကြည်ဓာတ် ပါဝင်သော ကာယဒသကကလာပ်မှာ နှလုံးအိမ် တစ်ခုလုံး၌ အနှံ့အပြား တည်ရှိနေ၏၊ ဘဝင်မနောအကြည်၏ ပတ်ဝန်းကျင်တွင် အမှုန်အနေဖြင့် ပျံ့နှံ့လျက် တည်နေ၏၊[၄၇၈]

(၆)ဒွါရ၌ တည်ရှိသော ကမ္မဇရုပ်တို့ကား ဘဝတစ်ခု ဖြစ်ပေါ်လာအောင် စတင်၍ ပြည်တည်ပေးသော ရုပ်တရားတို့တည်း။ အချို့သော ကမ္မဇရုပ်တို့ကား ပဋိသန္ဓေဝိညာဏ်နှင့် အတူ စတင်၍ ဥပါဒ်ခဲ့ကြ၏၊ အတိတ်က ပြုစုပျိုးထောင်ခဲ့သော အကြောင်းရင်းကံ၏ စွမ်းအင်သတ္တိ မကုန်သေးသမျှ ဘဝတစ်လျှောက်ဝယ် ဖြစ်-ပျက် အစဉ်အတန်းအနေဖြင့် ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေကြမည်သာဖြစ်၏၊ ယင်းကမ္မဇရုပ်တို့ကို (၆)ဒွါရလုံး၌ အောင်အောင်မြင်မြင် သိမ်းဆည်းမိပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ကြွင်းကျန်သော စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ကို ဆက်လက်၍ သိမ်းဆည်း ရှုပွားနိုင်ပေပြီ။

စိတ္တဇရုပ် ရှုပုံ

ဟဒယဝတ္ထုရုပ်ကို သိမ်းဆည်းတတ်သော ယောဂါဝစရပုဂ္ဂိုလ်အဖို့ ဤစိတ္တဇရုပ်ရှုကွက်မှာ လွယ်ကူနေမည် ဖြစ်သည်။ နှလုံးအိမ်အတွင်း၌ တည်ရှိသော ဟဒယဝတ္ထုကို မှီ၍ဖြစ်နေကြသော စိတ်တို့တွင် ပဋိသန္ဓေစိတ်ကလွဲလျှင် ဘဝတစ်လျှောက်လုံး၌ ဖြစ်ပေါ်နေသော မနောဓာတ် မနောဝိညာဏဓာတ် အမည်ရသော စိတ်အားလုံးသည် စိတ္တဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်သည်ချည်းပင် ဖြစ်၏၊ ယင်းစိတ်တစ်ခုတစ်ခုသည် ဩဇဋ္ဌမက ရုပ်ကလာပ်ပေါင်း များစွာကို တစ်ကိုယ်လုံး၌ အနှံ့အပြား ဖြစ်စေနိုင်၏၊ သို့သော် စိတ်တို့၏ ဓမ္မတာမှာ ဥပါဒ်ကာလ၌သာ အားရှိကြသဖြင့် ဥပါဒ်ကာလအခိုက်၌သာ စိတ္တဇရုပ်တို့ကို ဖြစ်စေနိုင်ပေသည်။ ရှုပုံမှာ - မနောအကြည်တွင် စိတ်စိုက်၍ ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေသော စိတ်များကြောင့် ရုပ်ကလာပ်များ အဆက်မပြတ် ဖြစ်နေပုံကို မြင်အောင် ရှုပါ။ မထင်ရှားပါက မနောအကြည်တွင် စိတ်စိုက်ထား၍ လက်ညှိုးတစ်ချောင်းကို ကွေးဆန့် ကြည့်ပါ။ ကွေးချင်သောစိတ် ဆန့်ချင်သော စိတ်တို့ကြောင့် ရုပ်ကလာပ်များ များစွာဖြစ်နေပုံနှင့် (၆)ဒွါရလုံး၌ အနှံ့အပြား ဖြစ်နေပုံကို မြင်အောင် ရှုပါ။ ထိုမျှဖြင့် မထင်ရှားသေးပါက မျက်လုံးကို အနည်းငယ် လှုပ်ကြည့်ပါ။ မျက်လုံးအိမ် ရှိလောက်ရာအရပ်တွင် စိတ္တဇရုပ်ကလာပ် ပေါင်းများစွာ ဖြစ်နေပုံကို တွေ့မြင်နိုင်ပေသည်။ ကျန် (၅)ဒွါရတို့၌လည်း နည်းတူ ရှုကြည့်ပါ။ ယင်းရုပ်ကလာပ်တို့မှာ မကြည်ကြပေ။ ဓာတ်ခွဲကြည့်ပါက ရုပ်ကလာပ်အသီးအသီး၌ ရုပ်သဘောတရား (၈)မျိုးစီ ရှိ၏ (ရုပ်ကမ္မဋ္ဌာန်းပိုင်း ဇယားတွင် ကြည့်ပါ)။ ယင်းပရမတ္ထရုပ်တို့ကို (၆)ဒွါရလုံး၌ လှည့်လည်၍ သိမ်းဆည်းပါ။

ဥတုဇရုပ် ရှုပုံ

စက္ခုဒသကကလာပ်စသော (၆)ဒွါရ၌ တည်ရှိသော ကမ္မဇကလာပ် စိတ္တဇကလာပ် ဥတုဇကလာပ် အာဟာရဇ ကလာပ်တို့၏ အတွင်း၌ တည်ရှိသော တေဇောဓာတ်ကို ဥတုဟု ခေါ်ဆို၏၊ ယင်းဥတုခေါ် တေဇောဓာတ်သည် ဩဇာလျှင် ရှစ်ခုမြောက်ရှိသော ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်၏ (ဥတု၏ သားတည်း)။ ထိုဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တို့တွင်လည်း တေဇောဓာတ် = ဥတု ပါဝင်လျက်ပင် ရှိပြန်၏၊ ယင်း တေဇောဓာတ် = ဥတုကလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေပြန်၏ (ဥတု၏ မြေးတည်း။) ဤသို့စသည်ဖြင့် ကံ-စိတ်-ဥတု-အာဟာရဟူသော ဆိုင်ရာ အကြောင်းတရားတို့ အပေါ်၌ အခြေစိုက်၍ ရုပ်ကလာပ်တို့သည် အနည်းနှင့်အများ အဆင့်ဆင့် ဖြစ်ပွားတတ်ကြပေသည်။[၄၇၉]

ဤတင်ပြချက်မှာ ဉာဏ်နုံ့သူတို့အတွက်သာဟု မှတ်ပါ။ ဉာဏ်ထက်မြက်သူ သူတော်ကောင်းတို့ကား ခန္ဓာကိုယ်ကို ခြုံ၍ ဓာတ်ကြီးလေးပါးကို ရှုလိုက်သောအခါ တစ်ကိုယ်လုံး၌ အတုံးအခဲကို မတွေ့တော့ဘဲ ရုပ်ကလာပ် အမှုန်များကိုသာ တွေ့နေ၏၊ တစ်ဖန် (၆)ဒွါရလုံး၌လည်း ကြည်သည့်ရုပ်ကလာပ် မကြည်သည့်ရုပ်ကလာပ်တို့၌ ဓာတ်ကြီးလေးပါးကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းနိုင်၏၊ ထိုအဆင့်တွင် ထိုသူတော်ကောင်းတို့သည် မျက်စိကို အာရုံပြုသော်လည်း မျက်လုံးကို မတွေ့တော့ဘဲ ရုပ်ကလာပ်အမှုန်တို့ကိုသာ တွေ့နေ၏၊ ထိုကဲ့သို့ ရုပ်ကလာပ်တို့ကိုသာ တွေ့နေသော သူတော်ကောင်းတို့သည် မျက်လုံးကို တစ်ဖန် ပြန်ရှာဖွေ၍ ယင်းမျက်လုံး၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို သီးသန့် ပြန်၍ သိမ်းဆည်းနေရန် မလိုပါ။ မျက်လုံးအိမ်၌ ရုပ်ကလာပ်တို့ကို လွယ်လွယ်ကူကူ တွေ့ရှိနေသော သူတော်ကောင်းတို့သည် ယင်းရုပ်ကလာပ်တို့၌ အကျုံးဝင်သော စက္ခုဒသက ကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ် ဇီဝိတနဝကကလာပ်တို့ကို ပရမတ်သို့ ဆိုက်အောင် ဓာတ်ခွဲလျက် သိမ်းဆည်းပါ။ နား-နှာ-လျှာ-ကိုယ်-နှလုံးတို့၌လည်း နည်းတူ သဘောပေါက်ပါ။ ကြွင်းကျန်နေသေးသော စိတ္တဇ, ဥတုဇ, အာဟာရဇ ဩဇဋ္ဌမကကလာပ်တို့ကို ဆက်လက် သိမ်းဆည်းရှုပွားရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။

ကမ္မဇတေဇောဓာတ် = ဥတု – အကယ်၍ ထိုတေဇောဓာတ်မှာ စက္ခုဒသကကလာပ်ကဲ့သို့သော ကမ္မဇရုပ် ကလာပ်တို့၏ အတွင်း၌ တည်ရှိသော တေဇောဓာတ် = ဥတုဖြစ်လျှင် ယင်းကမ္မဇတေဇောဓာတ် = ဥတုသည် အထက်ပါအတိုင်း (၄-၅)ဆင့်သော ဥတုဇရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်မိစေ၏၊[၄၈၀]

ထိုသို့ ဖြစ်စေရာ၌ ယင်းတေဇောဓာတ်ဥတုသည် ရုပ်၏ ဌီကာလသို့ ရောက်ရှိခိုက်၌သာလျှင် ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်၏၊ ရုပ်တို့၏ ဓမ္မတာအတိုင်း ဌီကာလသို့ ရောက်ရှိပါမှသာလျှင် အားရှိ သောကြောင့် ဖြစ်သည်။ ဤ၌ (၄-၅)ကြိမ်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏ဟူသည်မှာ တူညီသော ရုပ်အစဉ်သန္တတိ၏အစွမ်းဖြင့်သာ ပြောဆိုခြင်း ဖြစ်သည်။[၄၈၁]

၁။ ကမ္မဇတေဇောဓာတ် (= ဥတု)သည် ကံ၏ အထောက်အပံ့ကောင်း,
၂။ စိတ္တဇတေဇောဓာတ် (= ဥတု)သည် စျာန်စိတ် ဝိပဿနာစိတ် မဂ်စိတ် ဖိုလ်စိတ်တို့ကဲ့သို့သော မွန်မြတ်သော စိတ်တို့၏ အထောက်အပံ့ကောင်း,
၃။ ဥတုဇတေဇောဓာတ် (= ဥတု)သည် သပ္ပါယမျှတသော ဥတုကောင်းတို့၏ အထောက်အပံ့ကောင်း,
၄။ အာဟာရဇတေဇောဓာတ် (= ဥတု)သည် နတ်ဩဇာကဲ့သို့ မွန်မြတ်သော အစာအာဟာရဩဇာ၏ အထောက်အပံ့ ကောင်း –

ဤကဲ့သို့သော အထောက်အပံ့ကောင်းများကို ရရှိပါက – ဧဝံ ဒီဃမ္ပိ အဒ္ဓါနံ အနုပါဒိဏ္ဏပက္ခေ ဌတွာပိ ဥတုသမုဋ္ဌာနံ ပဝတ္တတိယေဝ[၄၈၂] = သက်မဲ့အနုပါဒိဏ္ဏအဖို့၌ ရပ်တည်၍သော်လည်း ဥတုသမုဋ္ဌာန်ဖြစ်သော မတူကုန်သော များစွာကုန်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းတို့ကိုလည်း ဆက်စပ်စေ၏ဟု မှတ်ပါ။[၄၈၃]

ဤ၌ သက်မဲ့ အနုပါဒိဏ္ဏအဖို့၌ ရပ်တည်၍သော်လည်း ဖြစ်၏ဟူသည် အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင်အောင် ဖြစ်မှုမျိုး, သေပြီးနောက်ပိုင်းကာလ အလောင်းကောင်အဆင့်သို့တိုင်အောင် ဖြစ်မှုမျိုး, အစာသစ်ကောဋ္ဌာသအဖြစ် တည်ရှိခိုက် ခန္ဓာအိမ်အတွင်းသို့ မပြန့်မီ ဥတုဇရုပ်တို့၏ ဖြစ်မှုမျိုးများတည်း။ ဗဟိဒ္ဓသို့တိုင်အောင် ဖြစ်မှုဟူသည် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကဲ့သို့သော မွန်မြတ်သော ပဏီတစိတ်တို့ကြောင့် ဖြစ်ပေါ်သွား ကြကုန်သော စိတ္တဇရုပ်ကလာပ်တို့၌ တည်ရှိသော တေဇောဓာတ် = ဥတုကြောင့် ဖြစ်သော ဥတုဇဩဇဋ္ဌမကရုပ်တို့သည် အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့ တိုင်အောင် သမထလင်းရောင်ခြည် ဝိပဿနာလင်းရောင်ခြည်အနေဖြင့် ဖြစ်မှုမျိုးတို့ပင်တည်း။[၄၈၄]

စိတ္တဇတေဇောဓာတ် = ဥတု – ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေသော အဆင့်မြင့်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်မှ တစ်ပါးသော ပကတိသော ကာမစိတ်ကြောင့် ဖြစ်သော စိတ္တဇဩဇဋ္ဌမကရုပ်တို့တွင်လည်း တေဇောဓာတ် = ဥတု ပါဝင်လျက် ရှိ၏၊ ယင်းတေဇောဓာတ် = ဥတုသည်လည်း ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏ (စိတ္တဇတေဇောဓာတ် = ဥတု၏ သားတည်း)။ ယင်း သားအရင်းဖြစ်သော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တွင်ပါဝင်သော တေဇောဓာတ် ဥတုကလည်း အခြားသော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏ (ယခင် စိတ္တဇတေဇောဓာတ် = ဥတု၏ မြေးတည်း)။ ယင်းမြေးအရင်းဖြစ်သော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တွင် ပါဝင်သော တေဇောဓာတ် = ဥတုကလည်း အခြားသော ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏ (မြစ် ရပြန်ပြီ ဟူလိုသည်)။ ဤသို့သော နည်းအားဖြင့် နှစ်ကြိမ် သုံးကြိမ်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်မိစေ၏၊[၄၈၅]

ပရိကမ္မသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော သမထဘာဝနာစိတ်, ဝိပဿနာဘာဝနာစိတ်, မဂ်စိတ်, ဖိုလ်စိတ် - ဤမွန်မြတ်သော ပဏီတစိတ်တို့ကြောင့်ဖြစ်သော စိတ္တဇရုပ်များတွင် ပါဝင်သော တေဇောဓာတ် = ဥတုကား ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ် အဆက်ဆက်ကို အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့ တိုင်အောင်, သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့နှင့် ယှဉ်တွဲလျက် ရှိသော ဉာဏ်၏အာနုဘော်က ကြီးလျှင် ကြီးသလို, သေးလျှင် သေးသလို, သမာဓိ အားကောင်းလျှင် ကောင်းသလို, အားနည်းလျှင် နည်းသလို ပျံ့နှံ့လျက် အကြိမ်များစွာတို့ပတ်လုံးလည်း ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်စေပေသည်။[၄၈၆]

အဆင့်မြင့်နေသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့နှင့် မဟဂ္ဂုတ် လောကုတ္တရာစိတ်တို့ကား အလွန်မွန်မြတ်သော ပဏီတစိတ်တို့ ဖြစ်ကြ၏၊ ယင်းမွန်မြတ်သော စိတ်တို့၏ စွမ်းအင်ကား ကြီးမားလှ၏၊ အထူးသဖြင့် စျာနသမာပတ္တိဝီထိအတွင်း၌ တည်ရှိကြသော စျာန်ဇော, ဖလသမာပတ္တိဝီထိအတွင်း၌ တည်ရှိကြသော ဖိုလ်ဇောတို့ကား နာရီပေါင်းများစွာ ရက်ပေါင်းများစွာသော်လည်း ဖြစ်နိုင်သည့် စွမ်းအားရှိကြ၏၊ ယင်းကဲ့သို့ စွမ်းအင်ကြီးမားကြသော မိနစ်ပေါင်းများစွာ နာရီပေါင်းများစွာ အဆက်မပြတ် ဆက်တိုက် ဖြစ်နေကြသော မွန်မြတ်သော စိတ်တို့ကြောင့် ဖြစ်ပေါ်လာကြကုန်သော စိတ္တဇရုပ်တို့သည်လည်း မွန်မြတ်သော ပဏီတစိတ္တဇရုပ်တို့သာ ဖြစ်ကြ၏၊ ယင်းစိတ္တဇရုပ် တို့၏ ပြန့်ပြောကြီးကျယ် မွန်မြတ်မှုကြောင့် ယင်းစိတ္တဇရုပ်တို့တွင် ပါဝင်သော တေဇောဓာတ် = ဥတုကြောင့် ဖြစ်သော ရုပ်တို့သည် အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင်အောင်ပင် ရှေးနှင့်နောက် ဆက်စပ်လျက် အကြိမ်များစွာ အထပ်ထပ် ဖြစ်နေကြပေသည်။[၄၈၇] ထိုသို့ ဖြစ်စေရာ၌လည်း ယင်း တေဇောဓာတ် = ဥတုသည် ရုပ်၏ ဌီကာလသို့ ရောက်ရှိခိုက်၌သာ ဖြစ်စေနိုင်သည်ဟု မှတ်ပါ။[၄၈၈] [၄၈၉]

တစ်ဖန် နောက်တွင် ဆက်လက်ဖော်ပြလတ္တံ့သော အာဟာရဇရုပ်ကလာပ်များတွင်လည်း တေဇောဓာတ် = ဥတုပါဝင်လျက်ပင် ရှိ၏၊ ယင်းအာဟာရဇတေဇောဓာတ် = ဥတုကလည်း ရုပ်၏ ဌီကာလသို့ ရောက်ရှိခိုက်ဝယ် အခြားသော ဥတုဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေပြန်၏ (သားရပြီ ဟူလို)။

ယင်း သားရင်းဖြစ်သော ဥတုဇရုပ်ကလာပ်တွင် ပါဝင်သော တေဇောဓာတ် = ဥတုကလည်း အခြားသော ဥတုဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေပြန်၏ (မြေးရပြန်ပြီ ဟူလို)။ ယင်းမြေးရင်းဖြစ်သော ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တွင် ပါဝင်သော တေဇောဓာတ် = ဥတုကလည်း အခြားသော ဥတုဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေပြန်၏ (မြစ်ရပြန်ပြီ ဟူလို)။ ဤသို့သော နည်းဖြင့် (၁၀)ကြိမ် (၁၂)ကြိမ်သော ရုပ်ကလာပ်တို့၏ဖြစ်ခြင်းကို ဆက်စပ်စေ၏၊ သို့သော် နတ်ဩဇာ စသည်တို့ကဲ့သို့သော မွန်မြတ်သော အာဟာရဇဩဇာ၏ အထောက်အပံ့ကို ရရှိခဲ့ပါမူ ယင်းအာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် တည်ရှိသော တေဇောဓာတ် = ဥတုသည် ရှည်မြင့်စွာသော ကာလပတ်လုံးသော်လည်း ဥတုဇဩဇဋ္ဌမကရုပ်များကို ဖြစ်စေနိုင်သည်သာတည်း။[၄၉၀ ၄၉၁]

အစာအိမ်တွင်ရှိသော အစာသစ်ကောဋ္ဌာသမှ အာဟာရဇရုပ်များ စတင်ဖြစ်ပေါ်လာပုံ ဇယား

ကမ္မဇရုပ်ကလာပ်အတွင်း၌ တည်ရှိသော တေဇောနှင့် ဩဇာမှ ဥတုဇရုပ်နှင့် အာဟာရဇရုပ်များ (၄-၅) ကြိမ်တိုင်အောင် နှစ်ခွ နှစ်ခွ ပွားပုံ ဇယား

မှတ်ချက် –– စိတ္တဇ-, ဥတုဇ-, အာဟာရဇ-ရုပ်ကလာပ်အတွင်း၌ တည်ရှိသော တေဇောနှင့် ဩဇာမှ ဥတုဇရုပ်နှင့် အာဟာရဇရုပ်များ နှစ်ခွ နှစ်ခွ ပွားပုံကိုလည်း နည်းတူသဘောပေါက်ပါ။

အာဟာရဇရုပ် ရှုပုံ

ကမ္မဇရုပ်ကလာပ်, စိတ္တဇရုပ်ကလာပ်, ဥတုဇရုပ်ကလာပ်, အာဟာရဇရုပ်ကလာပ်ဟူသော ရုပ်ကလာပ် အသီးအသီး၌ ပါဝင်တည်ရှိသော ဩဇာသည် အာဟာရ မည်၏၊ ထိုသို့ စတုသမုဋ္ဌာန်ရုပ်တို့၌ ပါဝင်သော ဩဇာ အသီးအသီးသည် အာဟာရမည်ပါသော်လည်း ထိုစတုသမုဋ္ဌာန်ဩဇာဟူသော အာဟာရသည် ထမင်းလုတ်စသည့် စားဖွယ် ခဲဖွယ် သောက်ဖွယ် လျက်ဖွယ်ကို အလုတ်အလွေးပြုလုပ်၍ ရှေးရှု ဆောင်ယူအပ် စားမျိုအပ်သည် ဖြစ်မှသာလျှင် အာဟာရဇရုပ်ကို ဖြစ်စေခြင်းဖြင့် အာဟာရကိစ္စကို ပြုလုပ်ပေးနိုင်၏၊ ယင်းထမင်းလုတ် စသည့် စားဖွယ် ခဲဖွယ် သောက်ဖွယ် လျက်ဖွယ်သည် ခန္ဓာကိုယ်ပြင်ပ ဗဟိဒ္ဓ တစ်နေရာ၌ တည်နေသည် ဖြစ်လတ်သော် ယင်းစတုသမုဋ္ဌာန် ဩဇာသည် အာဟာရဇရုပ်ကို ဖြစ်စေခြင်းဟူသော အာဟာရကိစ္စကို ပြုလုပ် မပေးနိုင်။ ထိုကြောင့် ''အာဟာရော'' ဟူ၍သာ မဟောမူ၍ ကဗဠီကာရော အာဟာရောဟု ပဋ္ဌာန်းပါဠိတော်[၄၉၂]၌ ဘုရားရှင်သည် ဟောကြားထားတော် မူပေသည်။

တစ်နည်း – အလုတ်အလွေး မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့ စားမျိုထိုက်သော အစာ (= အာဟာရ) ဟူသော တည်ရာဝတ္ထုရှိသောကြောင့် ယင်းအာဟာရ၏ အထောက်အပံ့ကို ရရှိပါမှ အာဟာရဇရုပ်ကို ဖြစ်စေခြင်းဟူသော အာဟာရကိစ္စကို ရွက်ဆောင်နိုင်သောကြောင့် ထိုကဗဠီကာရအာဟာရဟူသော ဤအမည်သည် ထိုစတုသမုဋ္ဌာနိက ဩဇာ၏ အမည် ဖြစ်သည်။ ဆိုလိုသည်မှာ ဤသို့ ဖြစ်၏၊ ကဗဠီကာရအာဟာရဟူသော ဤအမည်သည် စားမျိုထိုက်သော အစာဟူသော တည်ရာရှိသော စတုသမုဋ္ဌာနိကဩဇာတည်း။ ထိုစတုသမုဋ္ဌာနိကဩဇာဟူသော အာဟာရက အလုတ် အလွေးပြု၍ စားမျိုအပ်သော အစာ၌ တည်သောကြောင့် တည်ရာဖြစ်သော အစာ၏ ကဗဠီကာရအာဟာရဟူသော အမည်ကို တည်တတ်သော စတုသမုဋ္ဌာနိကဩဇာ၌ တင်စား၍ စတုသမုဋ္ဌာနိကဩဇာဟူသော အာဟာရကိုလည်း ဌာနူပစာရအားဖြင့် ကဗဠီကာရအာဟာရဟု ခေါ်ဆိုထားသည် ဟူလို။[၄၉၃]

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၄၉၄]၏ ဖွင့်ဆိုချက်နှင့် အညီ (၁) အစာသစ်, (၂) အစာဟောင်း, (၃) ပြည်, (၄) ကျင်ငယ် ဤကောဋ္ဌာသ (၄)မျိုးတို့ကား ဥတုကြောင့်ဖြစ်သော ဥတုသမုဋ္ဌာန်ရုပ် = ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစု သာတည်း။ ယင်းကောဋ္ဌာသတို့၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူကာ စိုက်ရှုလိုက်ခဲ့သော် ယင်းကောဋ္ဌာသတို့မှာ ရုပ်ကလာပ်တို့၏ အပေါင်းအစုသာ ဖြစ်သည်ကို တွေ့ရှိနိုင်၏၊ ယင်းရုပ်ကလာပ်တိုင်းတွင် ရုပ်သဘောတရား (၈)မျိုးစီရှိရာ တေဇောဓာတ် ဥတုလည်း ပါဝင်၏၊ ယင်းတေဇောဓာတ် ဥတုကြောင့် ရုပ်ကလာပ်များ ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေကြပေသည်။

ထို့ကြောင့် စားမျိုထိုက်သော အစာဟူသည် .. ဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုမျှသာတည်း။ ယင်းဥတုဇရုပ်တို့၌ တည်သော ဩဇာကား အာဟာရတည်း။ ယင်းအာဟာရသည် မိမိချည်းသက်သက် = ဩဇာချည်း သက်သက် အခြား ကလာပ်တူရုပ်တို့ မပါဘဲ ဝါးမျို စားမျို၍ ရထိုက်သော တရားကား မဟုတ်ပေ။ အခြား ကလာပ်တူ ရုပ်တို့နှင့်တကွ ယင်းဥတုဇဩဇဋ္ဌမကရုပ်တို့၏ များစွာသော အပေါင်းအစုကိုသာ အလုတ်ပြု၍ စားမျိုနိုင်၏။ ထို့ကြောင့် ယင်းဩဇာကို ကဗဠီကာရ-သဒ္ဒါဖြင့် ကူစွက်၍ ကဗဠီကာရအာဟာရဟု ဟောကြားထားတော်မူ၏။ ဤရှင်းလင်းချက် မှာလည်း သမုတိသစ္စာနယ်နှင့် မကင်းသေးသော ရှင်းလင်းချက်သာတည်း။ ထပ်မံ၍ အနည်းငယ် ရှင်းလင်းတင်ပြအပ်ပါသည်။

ယောဂါဝစရပုဂ္ဂိုလ်သည် အစာသစ်ကောဋ္ဌာသကို မစားမီ ပန်းကန် သပိတ်အတွင်း စသည်၌ တည်ရှိခိုက်၌ပင် ဖြစ်စေ, စားပြီး၍ အစာသစ်ကောဋ္ဌာသအဖြစ် အစာအိမ်အတွင်း၌ တည်ရှိခိုက်၌ပင်ဖြစ်စေ, စားခိုက် ဝါးခိုက် ခံတွင်း၌ တည်ရှိခိုက်၌ပင်ဖြစ်စေ ယင်းကောဋ္ဌာသ၌ တည်နေသော ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ် အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်၏၊ ယင်းရုပ်ကလာပ်တို့ကား သို့မဟုတ် ယင်းရုပ်ကလာပ်တို့၌ တည်ရှိသော ရုပ်တရားတို့ကား ဖြစ်ပြီးသည်နှင့် အလွန် လျင်လျင်မြန်မြန် ဖြစ်သည့်နေရာ၌ပင် ပျက်သွားကြ၏၊

အနုဋီကာ[၄၉၅]၏ ဖွင့်ဆိုချက်နှင့်အညီ ရုပ်ပရမတ်တရားတို့ကား ဖြစ်သည့်နေရာ၌သာ ပျက်သွားကြ၏၊ တစ်နေရာမှ တစ်နေရာသို့ ပြောင်းနိုင်သည့် စွမ်းအား မရှိကြပေ။ ထိုကြောင့် သပိတ်အတွင်း ပန်းကန်အတွင်း၌ တည်ရှိကြသော ဥတုဇဩဇဋ္ဌမကရုပ်တို့သည် ပါးစပ်အတွင်းသို့ မရောက် မပြောင်း၊ ပါးစပ်အတွင်း၌ တည်ရှိကြသော ဥတုဇဩဇဋ္ဌမကရုပ်တို့သည်လည်း အစာအိမ်အတွင်းသို့ မပြောင်းနိုင်၊ အစာသစ်ကောဋ္ဌာသအဖြစ်နှင့် ပြောင်းရွှေ့၍ မတည်နိုင်၊ ထိုမျှလောက် ပြောင်းရွှေ့နိုင်လောက်အောင် ပြောင်းရွှေ့၍ တည်နေနိုင်လောက်အောင် သက်တမ်း မရှိ ကြပေ။ စိတ္တက္ခဏ (၁၇)ချက် သက်တမ်းစေ့သည်နှင့် ချုပ်ပျက်သွားကြ၏၊ သို့သော် ယင်းဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တိုင်း၌ တေဇောဓာတ် = ဥတု ပါဝင်၏၊ ယင်းတေဇောဓာတ် = ဥတုတိုင်းသည် ယေဘုယျအားဖြင့် ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်သည့် စွမ်းအား ရှိသည်ချည်းပင် ဖြစ်၏၊ ယင်းဥတုဇတေဇောဓာတ်၏ ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိ မကုန်သေးသမျှ ကာလပတ်လုံး ပန်းကန်အတွင်း၌ဖြစ်စေ, သပိတ်အတွင်း၌ဖြစ်စေ, ပါးစပ်အတွင်း၌ ဖြစ်စေ, အစာသစ်အိမ်အတွင်း၌ ဖြစ်စေ ရှေးနှင့်နောက် ဆက်စပ်လျက် အဆက်မပြတ် အထပ်ထပ် ဖြစ်နေကြသည်သာ ဖြစ်၏၊ ထိုကြောင့် ပရမတ္ထသစ္စာနယ်မှ အတိအကျပြောဆိုရလျှင် ပရမတ်ရုပ်တရားတို့ကို = ပရမတ်ဥတုဇဩဇဋ္ဌမက ရုပ်တရားတို့ကို ထမင်းလုတ် စသည်ဖြင့် အလုတ်အလွေးပြု၍ တကယ် ဝါးမျို စားမျို၍ကား မရနိုင်။ ထို့ကြောင့် သိတော်မူ မြင်တော်မူကြကုန်သော ကျေးဇူးတော်ရင် ရှေးရှေး ဆရာတော်ဘုရားကြီးများက .. ကဗဠီကာရော အာဟာရော = အလုတ်အလွေး မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော အာဟာရဩဇာသည်ဟု ဘာသာပြန်ဆိုတော် မူကြသည်။ ဤရှင်းလင်းချက်များအရ ယင်းဥတုဇရုပ်တို့တွင် ပါဝင်သော ဩဇာချည်းသက်သက်လည်း စားမျို ဝါးမျို၍ မရနိုင်၊ ယင်းဥတုဇဩဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုကိုလည်း စားမျို ဝါးမျို၍ မရနိုင်ဟု မှတ်ပါ။ သို့သော် ယင်းဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တိုင်း၌ တည်ရှိသော တေဇောဓာတ် = ဥတု၏ သားစဉ်မြေးဆက် အဆက်ဆက် ဟူသော ရုပ်အစဉ်အတန်း သန္တတိအတုံးအခဲကိုသာလျှင် စားမျို ဝါးမျိုသည်ဟု သမုတိသစ္စာနယ်မှ ခေါ်ဝေါ်ခြင်း ဖြစ်သည်ဟု မှတ်ပါ။

အစာသစ်ကောဋ္ဌာသဟု ခေါ်ဆိုအပ်သော ယင်းဥတုဇဩဇဋ္ဌမကရုပ်တို့သည် အထက်တွင် ရှင်းပြထားသည့် အတိုင်း ရုပ်ကလာပ်တစ်ခု၌ တည်ရှိသော တေဇောဓာတ်ကြောင့် အသစ်အသစ် ဖြစ်ပေါ်နေရသော ရုပ်တရားတို့သာ ဖြစ်ကြ၏၊ တေဇောဓာတ်တည်းဟူသော မဟာဘုတ်ကြောင့် အဆက်မပြတ် အထပ်ထပ် ဖြစ်နေရသော ရုပ်တရားတို့သာ ဖြစ်ကြ၏၊ ယင်းသို့ ဖြစ်မှုကို ဘုတ်အဆက်ဆက် ရိုက်ခတ်၍ ဖြစ်ခြင်းဟု ရှေးရှေးဆရာတော်ကြီးများက ခေါ်ဝေါ် သုံးစွဲထားတော်မူကြသည်။ ဤ ရုပ်ကမ္မဋ္ဌာန်းရှုကွက်၌ အထူးသဖြင့် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့၏ ရှုကွက်၌ ယင်းကဲ့သို့ ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် ဖြစ်မှုသဘောကို နက်ရှိုင်းစွာ ရှုမြင်တတ်ဖို့ အထူး လိုအပ်ပေသည်။ ထိုသို့ ရှုမြင်တတ်ဖို့ရန် ပဋ္ဌာန်းပါဠိတော် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ မဟာဋီကာတို့[၄၉၆]၌ လာရှိသည့် အဆိုအမိန့်များကို ထပ်မံဖော်ပြအပ်ပါသည်။ ယင်းကျမ်းဂန်တို့၏ သဘောအဓိပ္ပါယ်ကို နားလည်အောင် ကြိုးစားပါ။ ယင်း ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ဆိုလိုရင်းကို ခြုံငုံ၍ ရှုကွက်ကို ရေးသားတင်ပြပေအံ့ ..။

အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ကလာပ်တူရုပ်တရားတို့နှင့် တကွ စားမျိုထိုက်သော အလုတ်အလွေး မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော အစာသစ်ကား အစာသစ်အိမ် စသည်တို့၏အတွင်း၌ အစာသစ်ကောဋ္ဌာသ အဖြစ် တည်ရှိခိုက် ခန္ဓာအိမ်အတွင်းသို့ မပျံ့နှံ့မီ၌ ဘုတ်အဆက်ဆက် ရိုက်ခတ်၍ ဖြစ်နေသော ဥတုဇဩဇဋ္ဌမက ရုပ်တို့၏ အပေါင်းအစုမျှသာတည်း။ ယင်းဥတုဇရုပ်တို့တွင် ပါဝင်သော ဩဇာကား ဥတုဇဩဇာပင်တည်း။ ယင်း ဥတုဇဩဇာကား တိုက်ရိုက်အားဖြင့် ကဗဠီကာရ-အာဟာရ မည်၏၊

တစ်ဖန် ယင်းကဗဠီကာရ-အာဟာရ အမည်ရသော ယင်းဥတုဇရုပ်တို့တွင် ပါဝင်တည်ရှိသော အဆီအစေး ဩဇာသည် အစာကို ကြေကျက်စေတတ်သော (အစာအိမ်ပတ်ဝန်းကျင်စသည့် ထိုထိုအရပ်၌ တည်ရှိသော ဇီဝိတနဝကရုပ်ကလာပ်တို့၌ တည်ရှိသော) ပါစကတေဇောဓာတ်ဟူသော ကမ္မဇဝမ်းမီး၏ တစ်နည်း - ကမ္မဇမဟာဘုတ်၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ အခြားအခြားသော ဩဇာလျှင် (၈)ခုမြောက်ရှိသော ဩဇဋ္ဌမကရုပ်ကို ဖြစ်စေ၏၊ ယင်းရုပ်တို့ကား ဥတုဇဩဇာကြောင့် ဖြစ်ပေါ်လာကြရသော အာဟာရဇဩဇဋ္ဌမကရုပ်တို့တည်း။ (စားမျိုလိုက်သော ကဗဠီကာရာဟာရ = ဥတုဇဩဇာ၏ သားတည်း။)

အစာသစ်ကောဋ္ဌာသဟု အမည်တပ်ထားသော ဖခင်ဖြစ်သော ယင်း ဥတုဇရုပ်ကလာပ်တို့၏ အရေအတွက် = ယင်းဥတုဇဩဇာတို့၏ အရေအတွက်က များလျှင်များသလို သားသမီးဖြစ်ကြသော အာဟာရဇဩဇဋ္ဌမကရုပ်တို့၏ အရေအတွက်လည်း ယေဘုယျအားဖြင့် များပြားနိုင်၏၊ ယင်းသားရင်း သမီးရင်း ဖြစ်ကြသော အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် တည်ရှိသော ဩဇာအသီးအသီးသည် ကလာပ်ပြား ဥပတ္ထမ္ဘက-အာဟာရဇဩဇာ၏ အထောက် အပံ့နှင့် ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကို ရရှိသောအခါ (၁၀)ဆင့် (၁၂)ဆင့် တိုင်အောင်သော အာဟာရဇဩဇဋ္ဌမက ရုပ်တို့ကို ဆင့်ကာဆင့်ကာ ဖြစ်စေပေ၏၊ ဤသို့ ဖြစ်စေရာ၌ အဆင့်တိုင်းတွင် ကလာပ်ပြား ဥပတ္ထမ္ဘက-အာဟာရဇ ဩဇာနှင့် ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကား လိုအပ်လျက်ပင် ရှိသည်။ ယင်းအာဟာရဇဩဇဋ္ဌမကရုပ်တို့သည် (သမုတိသစ္စာနည်းအရ ရသဓာတ်ရည်အဖြစ်ဖြင့်) ပရမတ္ထသစ္စာနည်းအရ ရုပ်ကလာပ်တို့အနေဖြင့် ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် ခန္ဓာကိုယ် တစ်ကိုယ်လုံးသို့ = (၆)ဒွါရလုံးသို့ ပျံ့နှံ့လျက် ဖြစ်ပွားနေကြ၏၊ ယင်းအာဟာရဇဩဇဋ္ဌမက ရုပ်တို့၌ ပါဝင်တည်ရှိသော ဩဇာကား –– ''ဩဇာလက္ခဏော ကဗဠီကာရော အာဟာရော'' .. ဟူသော အဋ္ဌကထာ အဖွင့်အရ ဩဇာလက္ခဏာသို့ ရောက်ရှိလာသော ကဗဠီကာရအာဟာရတည်း။

ထပ်မံရှင်းလင်းချက်

(၆)ဒွါရလုံးသို့ ပျံ့နှံ့လျက် ဖြစ်ပွားနေပုံကို ထပ်မံကာ ရှင်းလင်းတင်ပြအပ်ပါသည် ..။

အထူးသဖြင့် အစာသစ်အိမ်အတွင်း၌ အစာသစ်ကောဋ္ဌာသအဖြစ် တည်ရှိနေကြသော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တို့ကား မရေမတွက်နိုင်အောင် အလွန့်အလွန် များပြားလှ၏၊ ယေဘုယျအားဖြင့်[၄၉၇]ယင်းရုပ်ကလာပ် အများစုတို့၌ တည်ရှိကြသော ဩဇာအသီးအသီးကား ကမ္မဇဝမ်းမီးအမည်ရသည့် ဇီဝိတနဝကကလာပ်ရုပ်တို့၌ တည်ရှိကြသော ပါစကတေဇောဓာတ်အသီးအသီး၏ အားပေးထောက်ပံ့မှု အကူအညီကို ရရှိသောအခါ ဩဇာလျှင် (၈)ခုမြောက်ရှိသည့် အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်အသစ်ကို ပြိုင်တူ ထပ်မံဖြစ်စေပြန်၏၊ ယင်းအာဟာရဇ ဩဇဋ္ဌမကရုပ်ကလာပ်အသီးအသီး၌ တည်ရှိသော အသီးအသီးသော ဩဇာကား ဩဇာလက္ခဏာသို့ ရောက်ရှိလာသော ကဗဠီကာရအာဟာရတည်း။

ဤနေရာတွင် ပါစကတေဇောဓာတ်ပါဝင်သည့် ဇီဝိတနဝကကလာပ်များအကြောင်းကို အနည်းငယ် ထပ်မံ ရှင်းလင်းတင်ပြလိုပေသည်။ ခေတ်ပေါ်သိပ္ပံဆရာဝန်တို့၏ အယူအဆအရ ပြောဆိုရပါမူ အစာသစ်ကောဋ္ဌာသများသည် အစာသစ်အိမ်အတွင်း၌ တည်ရှိလာကြသောအခါ ခန္ဓာကိုယ်တစ်ခုလုံး၌ တည်ရှိနေကြသော သွေးအများစုတို့မှာ အစာချေဖို့ရန်အတွက် အစာအိမ်ဝန်းကျင်တွင် စုစည်းမိလာကြ၏၊ သို့သော် ဗုဒ္ဓအဘိဓမ္မာနည်းအရ ပြောဆိုရပါမူ ရုပ်တရားတို့ကား တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ဖြစ်ရိုး ဓမ္မတာကား မရှိကြပေ၊ ဖြစ်သည့်နေရာ၌သာ ပျက်သွားကြ၏၊ သို့သော် အတိတ်က ပြုစုပျိုးထောင်ခဲ့သော ကံ၏စွမ်းအားကြောင့် အစာအိမ်ဝန်းကျင်တွင် အစာကို ကြေကျက်စေတတ်သည့် ပါစကဝမ်းမီး = ပါစကတေဇောဓာတ်တို့ ပါဝင်ကြသည့် ဇီဝိတနဝကကလာပ်ရုပ်များ အဆက်မပြတ် များစွာ စုပေါင်းလျက် ပြိုင်တူ ဖြစ်ပေါ်တည်နေကြ၏၊ ယင်းဇီဝိတနဝကကလာပ်ရုပ်တိုင်းတွင် ပါဝင်သော တေဇောဓာတ်အသီးအသီးက အထက်ပါ အစာသစ်ကောဋ္ဌာသ အမည်ရသည့် ဥတုဇဩဇဋ္ဌမကရုပ် အသီးအသီး၌ တည်ရှိသော ဩဇာအသီးအသီးအား ပြိုင်တူ ဝိုင်းဝန်းကာ အသီးအသီး ထောက်ပံ့လိုက်သောအခါ ယင်းဥတုဇဩဇာ အသီးအသီးက အသစ်အသစ်သော အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အသီးအသီးကို ပြိုင်တူ ဖြစ်ပေါ်စေ၏၊ ဆိုလိုသည်မှာ – ဤဇီဝိတနဝကကလာပ်၌ တည်ရှိသော ပါစကတေဇောဓာတ်က (အစာသစ်ကောဋ္ဌာသဖြစ်သည့်) ဤဥတုဇဩဇဋ္ဌမကရုပ်ကလာပ်၌ တည်ရှိသော ဩဇာကို၊ ထိုဇီဝိတနဝကကလာပ်၌ တည်ရှိသော ပါစကတေဇောဓာတ်က (အစာသစ်ကောဋ္ဌာသဖြစ်သည့်) ထိုဥတုဇဩဇဋ္ဌမကရုပ်ကလာပ်၌ တည်ရှိသော ဩဇာကို အသီးအသီး ထောက်ပံ့သည်ဟု ဆိုလိုသည်။ ဤကား ပထမအဆင့်တည်း။

ဤအဆင့်တွင် ဩဇာလက္ခဏာသို့ ရောက်ရှိလာသော အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်များ များစွာ ရှိနေသည်ကို သတိပြုပါ။ ယင်းရုပ်ကလာပ်တို့တွင် တည်ရှိသော အချို့အချို့သော ဩဇာက ကမ္မဇဝမ်းမီးနှင့် ဥပတ္ထမ္ဘကအာဟာရဇဩဇာတို့၏ အကူအညီဖြင့် ဩဇဋ္ဌမကရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေတတ်သည့် ဇနက-ဩဇာများ ဖြစ်ကြ၏၊ အချို့အချို့သော ဩဇာက အခြားအခြားသော ရုပ်ကလာပ်တို့၌ တည်ရှိသော (ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာ ကလာပ်ပြား အာဟာရဇဩဇာဟူသည့်) ဩဇာအသီးအသီးအား အားပေးထောက်ပံ့တတ်သည့် ဥပတ္ထမ္ဘကဩဇာများ ဖြစ်ကြ၏၊ ယင်းကဲ့သို့ ဩဇာလက္ခဏာသို့ ရောက်ရှိလာသော အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တို့မှာ ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေကြသည်ကိုလည်း သတိပြုပါ။

ယင်းဩဇာလက္ခဏာသို့ ရောက်ရှိလာသော အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တို့၌ တည်ရှိသော ဩဇာကား အဇ္ဈတ္တိကာဟာရတည်း (= အဇ္ဈတ္တိက + အာဟာရတည်း)။ အစာသစ်ကောဋ္ဌာသအဖြစ် တည်ရှိနေကြသည့် ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်တို့တွင် တည်ရှိသော ဩဇာကား ဗာဟိရာဟာရတည်း (= ဗာဟိရ + အာဟာရတည်း)။ ယင်း အဇ္ဈတ္တိကာဟာရ အမည်ရသော အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တို့တွင် တည်ရှိကြသော အချို့သော ဩဇာမှာ ကမ္မဇဝမ်းမီးနှင့် ဥပတ္ထမ္ဘက-အာဟာရဇဩဇာတို့၏ အကူအညီဖြင့် အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေနိုင်သည့် စွမ်းအားရှိသည့် ဇနက-ဩဇာများ ဖြစ်ကြောင်းကို တင်ပြခဲ့၏၊ တစ်ဖန် အချို့အချို့သော ဩဇာက အခြားအခြားသော ရုပ်ကလာပ်တို့၌ တည်ရှိသော (ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာ ကလာပ်ပြား အာဟာရဇ ဩဇာဟူသည့်) ဩဇာအသီးအသီးအား အားပေးထောက်ပံ့တတ်သည့် ဥပတ္ထမ္ဘက-ဩဇာများ ဖြစ်ကြောင်းကိုလည်း တင်ပြခဲ့၏၊ သို့သော် ယင်းသို့ ဖြစ်စေတတ်သော ဇနက-ဩဇာ တည်ရှိရာ ရုပ်ကလာပ်နှင့် ဥပတ္ထမ္ဘက-ဩဇာ တည်ရှိရာ ရုပ်ကလာပ်တို့မှာ ရုပ်ကလာပ်ချင်း မတူဘဲ ကွဲပြားနေကြသည့်အတွက် ရှေးရှေးဆရာတော်ဘုရားကြီးများက ကလာပ်ပြား ဩဇာများဟု ခေါ်ဝေါ်သုံးစွဲထားတော်မူကြသည်။

ဩဇာလက္ခဏာသို့ ရောက်ရှိလာသော အာဟာရဇဩဇာ

ဩဇာလက္ခဏာသို့ ရောက်ရှိလာသည်ဟူသည်မှာ ယင်းအာဟာရဇ ဩဇဋ္ဌမကရုပ်တို့၌ ပါဝင်တည်ရှိသော ဩဇာကသာလျှင် ဌာနူပစာရအားဖြင့် ကဗဠီကာရအာဟာရ အမည်ရသော စတုသမုဋ္ဌာနိကဩဇာအား (ဩဇဋ္ဌမက ရုပ်များ အသစ်အသစ် ဖြစ်ပေါ်လာအောင်) အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုနိုင်၏၊ မူလအစာသစ်ကောဋ္ဌာသ = ဥတုဇဩဇဋ္ဌမကရုပ်တို့၌ တည်ရှိသော (ဗာဟိရ-အာဟာရ) ဥတုဇဩဇာက –

၁။ ကမ္မဇရုပ်ကလာပ်တို့၌ တည်ရှိသော ကမ္မဇဩဇာ,
၂။ စိတ္တဇရုပ်ကလာပ်တို့၌ တည်ရှိသော စိတ္တဇဩဇာ,
၃။ ဥတုဇရုပ်ကလာပ်တို့၌ တည်ရှိသော ဥတုဇဩဇာ,
၄။ ကလာပ်ပြား အာဟာရဇဩဇာ (= စားမျိုလိုက်သော ဥတုဇရုပ်တို့၌ပါသော ဩဇာကြောင့် ဖြစ်သော အာဟာရဇရုပ်တို့၌ ပါဝင်တည်ရှိသော ကလာပ်ပြား အာဟာရဇဩဇာ) –

ဤစတုသမုဋ္ဌာနိကဩဇာအား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူး မပြုနိုင်၊ အားပေးထောက်ပံ့မှုကို မပြုနိုင်။ ယင်းမူလအစာသစ်ကောဋ္ဌာသအဖြစ်၌ တည်ရှိသော ဥတုဇရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိသော (ဗာဟိရ-အာဟာရ) ဥတုဇဩဇာသည် ကမ္မဇဝမ်းမီး၏ အထောက်အပံ့ဖြင့် ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကိုသာ ဖြစ်စေနိုင်သော ဇနကသတ္တိရှိ၏၊ ယင်းဇနကသတ္တိကြောင့် ဖြစ်ပေါ်လာသော ရုပ်ကလာပ်တို့ကို အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တို့ ဟူ၍ ခေါ်ဆို၏၊ ယင်းရုပ်ကလာပ်တို့တွင် ပါဝင်သော ဩဇာမှာလည်း ဩဇာလက္ခဏာသို့ ဆိုက်ရောက်လာသော အဇ္ဈတ္တိကာဟာရ အမည်ရသည့် ဩဇာပင် ဖြစ်သည်။

ယင်း အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်သော အဇ္ဈတ္တိကာဟာရ-ဩဇာကား မိမိနှင့် ကလာပ်တူ မဟာဘုတ်တို့ကိုသာ မှီ၍ ဖြစ်လာရ၏၊ ရှေးယခင် ခန္ဓာအိမ်အတွင်းသို့ အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အဖြစ်ဖြင့် မပျံ့နှံ့မီ (ဗာဟိရ-အာဟာရ) အစာသစ်ကောဋ္ဌာသအဖြစ်ဖြင့် တည်ရှိခိုက် ဥတုဇဩဇဋ္ဌမကရုပ်တို့၌ တည်ရှိသော ကလာပ်ပြား ဓာတ်ကြီးလေးပါးကိုကား မှီ၍မဖြစ်ပေ။ ရသဓာတ်ရည်အဖြစ်ဖြင့် ခန္ဓာအိမ်အတွင်းသို့ ပျံ့နှံ့ဖြစ်ပွား လာသော ယင်းအာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိသော (အဇ္ဈတ္တိက-အာဟာရ) ဩဇာကသာလျှင်

၁။ ကမ္မဇရုပ်ကလာပ်တို့၌ တည်ရှိသော ကမ္မဇဩဇာ,
၂။ စိတ္တဇရုပ်ကလာပ်တို့၌ တည်ရှိသော စိတ္တဇဩဇာ,
၃။ ဥတုဇရုပ်ကလာပ်တို့၌ တည်ရှိသော ဥတုဇဩဇာ,
၄။ ကလာပ်ပြားဖြစ်သော အာဟာရဇရုပ်ကလာပ်တို့၌ တည်ရှိသော အာဟာရဇဩဇာ ––

ဤစတုသမုဋ္ဌာနိကဩဇာအား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်၏၊ ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်တို့ အဆင့်ဆင့် ဖြစ်ပေါ်လာအောင် အားပေးထောက်ပံ့နိုင်၏၊ ယင်းစတုသမုဋ္ဌာနိကဩဇာက (အဇ္ဈတ္တိကအာဟာရဇဩဇာ၏ အထောက်အပံ့ဖြင့်) ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေရာဝယ် ဌီကာလသို့ ရောက်ရှိမှသာလျှင် ဖြစ်စေနိုင်၏၊ ကမ္မဇဝမ်းမီးခေါ်သည့် ကမ္မဇတေဇောဓာတ်၏ အားပေးထောက်ပံ့မှုကိုလည်း ရရှိပါမှသာလျှင် ဖြစ်စေနိုင်၏၊ သို့အတွက် အထက်တွင် တင်ပြထားသော စတုသမုဋ္ဌာနိကဩဇာ အသီးအသီးက ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေရာ၌ ထောက်ပံ့တတ်သော အဇ္ဈတ္တိက-အာဟာရ-ဩဇာနှင့် ကမ္မဇဝမ်းမီး တို့က ပြိုင်တူအားပေးထောက်ပံ့ပါမှသာလျှင် ဖြစ်စေနိုင်၏ဟု မှတ်ပါ။ ဤကား ဒုတိယအဆင့်တည်း။ ဤအဆင့်မှ စ၍ လေးဆင့် ငါးဆင့် .. ဆယ်ဆင့် ဆယ့်နှစ်ဆင့်သို့ တိုင်အောင် ဩဇာအသီးအသီးက ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို အဆင့်ဆင့် ဖြစ်စေရာ၌ အဆင့်တိုင်းဝယ် ယင်းအဇ္ဈတ္တိက-အာဟာရ-ဩဇာနှင့် ကမ္မဇဝမ်းမီးတို့က ပြိုင်တူ အားပေးထောက်ပံ့ပါမှသာလျှင် ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်များ ပြိုင်တူ ဖြစ်နိုင်သည်ကို သဘောပေါက်ပါ။

ဤ၌ အာဟာရဇရုပ်ကလာပ်မှာ နှစ်မျိုး ရှိနေသည်ကို သတိပြုပါ။ အာဟာရဇရုပ်ကလာပ်မှာ နှစ်မျိုးရှိနေသဖြင့် အာဟာရဇဩဇာမှာလည်း နှစ်မျိုးပင် ရှိနေ၏၊ ထောက်ပံ့တတ်သော အာဟာရဇဩဇာနှင့် အထောက်ပံ့ခံရသော အာဟာရဇဩဇာတည်း။ ထောက်ပံ့တတ်သော အာဟာရဇဩဇာမှာ အထက်တွင် ဖော်ပြထားသော အစာသစ် ကောဋ္ဌာသ၌ အကျုံးဝင်သော ဥတုဇဩဇာကြောင့် ဖြစ်ပေါ်လာရသော အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင် တည်ရှိသော ဩဇာတည်း။ အထောက်ပံ့ခံရသော အာဟာရဇဩဇာကား ယင်းထောက်ပံ့တတ်သော အာဟာရဇဩဇာနှင့် ကလာပ်ပြားဖြစ်သော အညာဟာရသမုဋ္ဌိတ = အခြားသော ရုပ်ကလာပ်တွင် တည်ရှိသော ဩဇာကြောင့် ဖြစ်သော, ရုပ်၏ ဌီကာလသို့ ရောက်ရှိနေသော ဩဇာတည်း။ ယင်း အညာဟာရသမုဋ္ဌိတဩဇာနှင့် ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာတို့ကိုကား အထက်ပါ အဇ္ဈတ္တိက-အာဟာရဇဩဇာက အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက-အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေး၏၊ ယင်းအဇ္ဈတ္တိက-အာဟာရဇဩဇာက အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှသာလျှင် ကမ္မဇဝမ်းမီးကလည်း အားပေးထောက်ပံ့ပါမှသာလျှင် အထက်ပါ ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာနှင့် အညာဟာရသမုဋ္ဌိတ-အာဟာရဇဩဇာဟူသည့် ကလာပ်ပြား အာဟာရဇ ဩဇာတို့သည် ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို အဆင့်ဆင့် ပြိုင်တူ ဖြစ်ပေါ်စေနိုင်ကြပေသည်။ သို့သော် ယင်းသို့ အားပေးထောက်ပံ့တတ်သော အာဟာရဇဩဇာသည်လည်း အစာသစ်ကောဋ္ဌာသ၌ တည်ရှိသော ဥတုဇ ဩဇဋ္ဌမကရုပ်ကလာပ်တို့တွင် ပါဝင်သော ဥတုဇဩဇာက (ကမ္မဇဝမ်းမီး၏ အထောက်အပံ့ အကူအညီဖြင့်) တိုက်ရိုက် ဖြစ်စေတတ်သော ဇနကသတ္တိ (= ဇနက-အာဟာရပစ္စယသတ္တိ)ဖြင့် ကျေးဇူးပြုပေးသောကြောင့်သာလျှင် ဖြစ်ပေါ် လာရ၏၊ ယင်းဥတုဇဩဇာကား သို့မဟုတ် ယင်းဥတုဇရုပ်တို့ကား ဗာဟိရ-အာဟာရတည်း။ ဤသဘောတရားကိုပင် ရည်ရွယ်၍ .. ဗာဟိရ-အာဟာရတည်းဟူသော အကြောင်းတရားကို ရရှိပါမှသာလျှင် ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, အညာဟာရသမုဋ္ဌိတ အာဟာရဇဩဇာဟူသော ကလာပ်ပြား အဇ္ဈတ္တိက-အာဟာရသည် (အဇ္ဈတ္တိကအာဟာရဇဩဇာသည်) ဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်၏ - ဟု ဖွင့်ဆိုထားခြင်း ဖြစ်ပေသည်။[၄၉၈]

အညာဟာရသမုဋ္ဌိတ-အာဟာရဇဩဇာ = အထက်တွင် ရှင်းပြထားသော အခြားသော ဥတုဇဩဇဋ္ဌမက ရုပ်တို့တွင် ပါဝင်သော ကလာပ်ပြားဩဇာကြောင့် ဖြစ်နှင့်သော ရုပ်၏ ဌီကာလသို့ ရောက်ရှိနေသော အာဟာရဇ ဩဇာကိုလည်းကောင်း, ယောဂါဝစရပုဂ္ဂိုလ်ကိုယ်တိုင် ရှုပွားနေသော အစာသစ်ကောဋ္ဌာသ၌ အကျုံးဝင်သော ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာကြောင့် ဖြစ်ပေါ်လာရသော အာဟာရဇဩဇာကိုလည်းကောင်း အဇ္ဈတ္တိက-အာဟာရဟု ခေါ်ဝေါ်သုံးစွဲထားသည်။ အစာသစ်ကောဋ္ဌာသအဖြစ် ဥတုဇရုပ်အဖြစ်ဖြင့် တည်ရှိခိုက်၌ အစာအိမ်အတွင်း အူအတွင်း စသည်တို့၌ တည်ရှိနေသော်လည်း အဇ္ဈတ္တိက-အာဟာရဟု မခေါ်ဆိုဘဲ ဗာဟိရအာဟာရဟုသာ ခေါ်ဆိုသည်။ ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကို ရရှိသော ယင်းဗာဟိရ-အာဟာရဟူသော ဥတုဇဩဇာက ဖြစ်စေအပ်သော အာဟာရဇဩဇဋ္ဌမကရုပ်တို့ကိုသာ အဇ္ဈတ္တိက-အာဟာရဟု ခေါ်ဆိုသည် မှတ်ပါ။ ယင်းအဇ္ဈတ္တိက-အာဟာရ-ဩဇာက အားပေးထောက်ပံ့မှသာလျှင် စတုသမုဋ္ဌာနိကဩဇာသည် ဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်သည်။ ယင်း အဇ္ဈတ္တိက-အာဟာရက ဩဇဋ္ဌမကရုပ်ကို ဖြစ်စေရာ၌ ဗာဟိရ-အာဟာရနှင့်ကား ဆက်စပ်လျက် ရှိ၏၊ ထို့ကြောင့် ယင်းဗာဟိရ-အာဟာရသည် ဩဇာလက္ခဏာသို့ ရောက်ရှိနေသော အဇ္ဈတ္တိက-အာဟာရ၏ ဩဇဋ္ဌမကရုပ်ကို ဖြစ်စေရာ၌ အနီးကပ်ဆုံးသော အကြောင်းတရား ဖြစ်ရပေသည်။

ယင်း ဗာဟိရ-အာဟာရဟူသော ဥတုဇဩဇာက အာဟာရဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေရာ၌လည်း ဥပါဒိဏ္ဏ ကမ္မဇရုပ်ဟူသော ပါစကဝမ်းမီး ကမ္မဇတေဇောဓာတ်၏ အထောက်အပံ့ကို ရရှိပါမှသာလျှင် ဖြစ်စေနိုင်၏၊

ယင်းအဇ္ဈတ္တိက-အာဟာရဇဩဇဋ္ဌမကရုပ်တို့ကား ဩဇာလက္ခဏာသို့ ရောက်ရှိလာသော ဩဇာပါဝင်သော အာဟာရဇဩဇဋ္ဌမကရုပ်တို့တည်း၊ စားမျိုလိုက်သော ဗာဟိရ-အာဟာရဟူသော ကဗဠီကာရအာဟာရ (= ဥတုဇ ဩဇာ)၏ သားရင်းတည်း။ ယင်းအာဟာရဇဩဇဋ္ဌမကရုပ်တို့၌ တည်ရှိသော ဩဇာကို အဇ္ဈတ္တိက-အာဟာရ-ဩဇာနှင့် ကမ္မဇဝမ်းမီးတို့က ပြိုင်တူ အဆင့်ဆင့် အားပေးထောက်ပံ့လိုက်သောအခါ အသစ်အသစ်သော အာဟာရဇ ဩဇဋ္ဌမကရုပ်တို့သည် (၆)ဒွါရလုံးသို့ ပျံ့နှံ့ဖြစ်ပွားနေကြ၏၊ ဤ၌ အဆင့်တိုင်းတွင် တည်ရှိသော ဩဇာတိုင်းကို အသီးအသီးသော အာဟာရဇဩဇာနှင့် ကမ္မဇဝမ်းမီးတို့က ထောက်ပံ့နေသည်ကို သဘောပေါက်အောင် ရှုပါ။ ထိုသို့ ရှေးနှင့်နောက် ဆက်စပ်လျက် အာဟာရဇရုပ်ကလာပ်တို့၏ ဆက်ကာ ဆက်ကာ (၆)ဒွါရလုံးသို့ တိုင်အောင် အထပ်ထပ် ဖြစ်နေခြင်းကိုပင် သမုတိနယ်သုံးဝေါဟာရအားဖြင့် ရသဓာတ်ရည်များ (၆)ဒွါရလုံးသို့ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။

ယင်းသားရင်းဖြစ်သော အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာလက္ခဏာသို့ ဆိုက်ရောက်လာသော ယင်းဩဇာကား ကမ္မဇဝမ်းမီး၏ အကူအညီဖြင့် အထက်တွင် ရှင်းပြထားသော စတုသမုဋ္ဌာနိကဩဇာအား (တစ်ကြိမ် စားရုံမျှဖြင့်) (၇)ရက်ပတ်လုံးသော်လည်း ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် အားပေးထောက်ပံ့ထားနိုင်၏၊ တစ်နေ့ စားသော ဗာဟိရ-အာဟာရသည် အာဟာရဇဩဇဋ္ဌမကရုပ်တို့ကို ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် အဆက်မပြတ် အထပ်ထပ်ဖြစ်စေခြင်းဖြင့် စတုသမုဋ္ဌာနိကဩဇာအား ကမ္မဇဝမ်းမီး၏ အကူအညီဖြင့် (၇)ရက်ပတ်လုံးသော်လည်း အားပေးထောက်ပံ့ထားနိုင်၏၊ (ထမင်းအသက် ခုနစ်ရက်ဟူသော ဆိုရိုးစကားမှာ ဤမှဆင်းသက်လာသော စကား တည်း။) နတ်ဩဇာဖြစ်မူကား တစ်လပတ်လုံးသော်လည်းကောင်း, နှစ်လပတ်လုံးသော်လည်းကောင်း အလားတူပင် ထောက်ပံ့ထားနိုင်၏၊ မိခင်စားမျိုလိုက်သော အာဟာရသည်လည်း ကိုယ်ဝန်သားငယ်၏ ကိုယ်တွင်းသို့ ချက်ကြိုးမှ တစ်ဆင့် ပျံ့နှံ့လျက် ကိုယ်ဝန်သားငယ်၏ ခန္ဓာအိမ်၌ ကိုယ်ဝန်သားငယ်သန္တာန်၌ တည်ရှိသော ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကို ရရှိသောအခါ အာဟာရဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်၏၊ ယင်းအာဟာရဇဩဇာကလည်း ကိုယ်ဝန်သားငယ်၏ သန္တာန်၌ တည်ရှိသော စတုသမုဋ္ဌာနိကဩဇာအား ကိုယ်ဝန်သားငယ်၏ သန္တာန်၌ တည်ရှိသော ကမ္မဇဝမ်းမီး၏ အကူအညီဖြင့် အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနိုင်၏၊ တစ်ဖန် .. ခန္ဓာကိုယ်ဝယ် လိမ်းကျံ ပေးလိုက်သော ဗာဟိရ-အာဟာရသည်လည်း ခန္ဓာကိုယ်အနှံ့အပြား၌ တည်ရှိသော ဇီဝိတနဝကရုပ်ကလာပ်တို့တွင် ပါဝင်သော ကမ္မဇတေဇောဓာတ် ဝမ်းမီး၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ အာဟာရဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်သည်သာ ဖြစ်၏၊ ယင်းအာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာကား ဩဇာလက္ခဏာသို့ ရောက်ရှိလာသော ဩဇာပင်တည်း။ ယင်း ဩဇာကလည်း ကမ္မဇဝမ်းမီး၏ အကူအညီဖြင့် စတုသမုဋ္ဌာနိကဩဇာအား အာဟာရပစ္စယသတ္တိဖြင့် ဩဇဋ္ဌမကရုပ်များ ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးနိုင်သည်သာတည်း။ သို့အတွက် လက်တွေ့ရှုရန်စနစ်မှာ ဤသို့ ဖြစ်၏၊

လက်တွေ့ရှုပုံ နည်းစနစ်များ

၁။ စားသောက်နေဆဲအချိန် – စားသောက်နေဆဲအချိန်၌လည်း ရှုနိုင်၏၊ စားသောက်နေဆဲအချိန်၌လည်း ခံတွင်း လည်ပင်း စသည့်အရပ်တို့မှ စ၍ အစာသစ်အိမ် အူစသော ထိုထိုအရပ်တို့မှ အာဟာရဇရုပ်များသည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားနိုင်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် စွမ်းနိုင်ပါက စားသောက်နေဆဲအချိန်မှာပင် သမာဓိကို အဆင့်ဆင့် ထူထောင်၍ ပါးစပ်အတွင်း အစာသစ်အိမ်အတွင်း အစရှိသည့် မိမိရှုလိုသည့် ထိုထိုအရပ်ဝယ် အစာသစ်ကောဋ္ဌာသ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် မြင်အောင် စိုက်ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များကို တွေ့ရှိနိုင်၏၊ မိမိရှုနေသည့် အစာသစ်ကောဋ္ဌာသ၏ တည်ရာ ထိုထိုနေရာဝန်းကျင်၌ တည်ရှိသော အစာကို ကြေကျက်စေတတ်သော ဂဟဏီအမည်ရသော ဇီဝိတနဝကရုပ်ကလာပ်တို့တွင် ပါဝင်သော ကမ္မဇတေဇောဓာတ် ဝမ်းမီး၏ အားပေးထောက်ပံ့ မှုဖြင့် ယင်းဥတုဇရုပ်ကလာပ်တို့၏ အတွင်း၌ တည်ရှိသော (ဗာဟိရ-အာဟာရ) ဩဇာကြောင့် ရုပ်ကလာပ် အသစ် အသစ်များသည် ပြိုင်တူ ဖြစ်ပွားနေကြသည်ကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။[၄၉၉] ပထမဆင့် အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်တို့ပင်တည်း။ ယင်းအာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တို့တွင် ပါဝင်သော ဩဇာကား ဩဇာလက္ခဏာသို့ ဆိုက်ရောက်လာသော အဇ္ဈတ္တိက-အာဟာရဇဩဇာပင်တည်း။ ယင်းဩဇာကို ကမ္မဇဝမ်းမီးနှင့် ကလာပ်ပြား အဇ္ဈတ္တိကအာဟာရဇဩဇာတို့က အားပေးထောက်ပံ့လိုက်သောအခါ အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်များ တစ်ကိုယ်လုံးသို့ ပျံ့နှံ့လျက် ဖြစ်ပွားနေကြသည်ကိုလည်းကောင်း၊ ယင်းကလာပ်ပြား အဇ္ဈတ္တိက-အာဟာရဇဩဇာနှင့် ကမ္မဇဝမ်းမီးတို့၏ ထောက်ပံ့မှုဖြင့် ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, ကလာပ်ပြား အာဟာရဇဩဇာတို့ကြောင့် အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်များ တစ်ကိုယ်လုံးသို့ ပျံ့နှံ့လျက် ဖြစ်ပွားနေကြသည်ကိုလည်းကောင်း ဉာဏ်ဖြင့် မြင်အောင် ဆက်ရှုပါ။ ယင်းအဇ္ဈတ္တိက-အာဟာရဇရုပ်ကလာပ်တို့တွင် အချို့အချို့သော ဩဇာတို့ကား (ကမ္မဇဝမ်းမီးနှင့် ကလာပ်ပြား အဇ္ဈတ္တိက-အာဟာရဇဩဇာတို့၏ အထောက်အပံ့ဖြင့်) ဩဇဋ္ဌမကရုပ်ကလာပ် အသစ် အသစ်ကို ဖြစ်စေတတ်သော ဇနက-ဩဇာများ ဖြစ်ကြ၏၊ အချို့အချို့သော ဩဇာတို့ကား ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, ကလာပ်ပြား အာဟာရဇဩဇာတို့အား အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘက-ဩဇာများ ဖြစ်ကြ၏၊

၂။ စားသောက်ပြီးရာအချိန် – စားသောက်ပြီးရာအချိန်၌လည်း ရှုနိုင်၏၊ စားသောက်ပြီး၍ တရားထိုင်သော အခါ၌လည်း ရှုနိုင်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် သမာဓိကို အဆင့်ဆင့် ထူထောင်ပြီးသောအခါ အစာသစ်အိမ် အတွင်း၌ တည်ရှိသော အစာသစ်ကောဋ္ဌာသဝယ် ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့နိုင်သည်။ (အူ၏အတွင်း၌ တည်ရှိသော အစာသစ်ကောဋ္ဌာသ၌လည်း နည်းတူ ရှုနိုင်သည်။) ကမ္မဇဝမ်းမီး၏ အားပေးထောက်ပံ့မှုဖြင့် ယင်းဥတုဇရုပ်ကလာပ်များတွင် ပါဝင်တည်ရှိသော ဩဇာကြောင့် အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်များ ဖြစ်ပွားနေကြသည်ကို ဉာဏ်ဖြင့် မြင်အောင်ရှုပါ။ ယင်းရုပ်ကလာပ်တို့ကား မကြည်ကြပေ။ ဓာတ်ခွဲသော် ရုပ်သဘောတရား (၈)မျိုးစီ အသီးအသီး ရှိ၏၊ ယင်းရုပ်ကလာပ်တို့ကား အဇ္ဈတ္တိက-အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် တို့ပင်တည်း။ အထက်က ရှင်းပြခဲ့သည့်အတိုင်း ယင်းရုပ်ကလာပ်တို့တွင် ပါဝင်ကြသော အချို့အချို့သော ဩဇာတို့ကား ဇနက-ဩဇာ၊ အချို့အချို့သော ဩဇာတို့ကား ဥပတ္ထမ္ဘက-ဩဇာတို့ ဖြစ်ကြ၏၊ ကမ္မဇဝမ်းမီး၏ ထောက်ပံ့မှု ကလာပ်ပြား အာဟာရဇဩဇာ၏ ထောက်ပံ့မှုဖြင့် ယင်းဇနက-ဩဇာအသီးအသီးက (၁၀)ဆင့် (၁၂)ဆင့် တိုင်အောင်သော အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်များကို တစ်ကိုယ်လုံး အနှံ့အပြား ဖြစ်ပွားစေပုံကိုလည်းကောင်း၊ ကမ္မဇဝမ်းမီးနှင့် ယင်းဥပတ္ထမ္ဘက-ဩဇာ၏ အထောက်အပံ့ဖြင့် ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, ကလာပ်ပြား အာဟာရဇဩဇာ အသီးအသီးက အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်များကို ဖြစ်ပွားစေပုံကို လည်းကောင်း ဉာဏ်ဖြင့် မြင်အောင်ရှုပါ။ ယင်းအာဟာရဇဩဇဋ္ဌမကရုပ်တို့၏ (၆)ဒွါရလုံးသို့ ပျံ့နှံ့ ဖြစ်ပွားနေပုံကို ဉာဏ်ဖြင့် မြင်သောအခါ (၆)ဒွါရ (၄၂)ကောဋ္ဌာသသို့ ပြောင်းရှုနိုင်ပေပြီ။

မျက်စိ၌ ရှုပုံ ပုံစံတစ်ခု

ယောဂါဝစရပုဂ္ဂိုလ်သည် သမာဓိကို အဆင့်ဆင့် ထူထောင်၍ ယင်းအာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်များ၏ မျက်စိသို့တိုင်အောင် ပျံ့နှံ့ဖြစ်ပွားနေသည်ကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ ယင်းရုပ်ကလာပ်တို့တွင် တည်ရှိကြသော (၈)မျိုးသော ရုပ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ယင်းရုပ်သဘောတရား (၈)မျိုးတို့တွင် ပါဝင်တည်ရှိသော အချို့သော ဩဇာမှာ စတုသမုဋ္ဌာနိကဩဇာအား အားပေးထောက်ပံ့နိုင်သည့် စွမ်းအားရှိသော ဥပတ္ထမ္ဘက-ဩဇာ ဖြစ်၏၊ အချို့သော ဩဇာမှာ အာဟာရဇရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေနိုင်သော ဇနကဩဇာ ဖြစ်၏၊ ဥပတ္ထမ္ဘက-ဩဇာကား ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, ကလာပ်ပြား ဇနက-အာဟာရဇဩဇာ တို့အား အားပေးထောက်ပံ့၏၊ ဇနက-ဩဇာကား အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေ၏၊ (အောက်ပါ နံပါတ်-၄-ကို ကြည့်ပါ။)

၁။ ကမ္မဇဩဇာ – စက္ခုဒသကကလာပ်အတွင်း၌ တည်ရှိသော ကမ္မဇဩဇာဓာတ်နှင့် မျက်လုံးအိမ်သို့ တိုင်အောင် ပျံ့နှံ့၍ ဖြစ်ပွားနေကြသော ယင်းဥပတ္ထမ္ဘက-အာဟာရဇဩဇာတို့ ဩဇာအချင်းချင်း ပေါင်းဆုံမိသောအခါ ယင်း ဥပတ္ထမ္ဘက-အာဟာရဇဩဇာ၏ အားပေးထောက်ပံ့မှုကို ရရှိသဖြင့်, ကမ္မဇဝမ်းမီး၏ အားပေးထောက်ပံ့မှုကိုလည်း ရရှိသဖြင့် စက္ခုဒသကကလာပ်အတွင်း၌ တည်ရှိသော ကမ္မဇဩဇာသည် လေးဆင့် ငါးဆင့်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းတို့ကို ဆက်စပ်မိစေ၏၊[၅၀၀]ယင်းစက္ခုဒသကကလာပ်၌ ရှိသော ဩဇာကြောင့် ဩဇဋ္ဌမကရုပ်ကလာပ် ဖြစ်လာ၏၊ ယင်းဩဇဋ္ဌမကရုပ်ကလာပ်၌ တည်ရှိသော ဌီကာလသို့ ရောက်ရှိလာသော ဩဇာကြောင့် အခြားသော အဇ္ဈတ္တိကအာဟာရ-ဩဇာ၏ အားပေးထောက်ပံ့မှုဖြင့်, ကမ္မဇဝမ်းမီး၏လည်း အားပေးထောက်ပံ့မှုဖြင့် ဩဇဋ္ဌမကရုပ်ကလာပ် အသစ် ဖြစ်ပေါ်လာပြန်၏၊ ဤသို့လျှင် လေး-ငါးကြိမ်သော ရုပ်ကလာပ်တို့သည် ဆင့်ကာဆင့်ကာ ဖြစ်ပေါ်လာကြသည်။[၅၀၁]

မျက်စိတွင်ပင်တည်ရှိသော ကာယဒသကကလာပ်၏ ဩဇာ, ဘာဝဒသကကလာပ်၏ ဩဇာ, ဇီဝိတနဝက ကလာပ်၏ ဩဇာတို့ကလည်း ကမ္မဇဝမ်းမီးနှင့် ဥပတ္ထမ္ဘက-အာဟာရဇဩဇာ၏ အထောက်အပံ့ကို ရရှိရာ၌ အာဟာရဇ ဩဇဋ္ဌမကရုပ်များကို အဆင့်ဆင့် ဖြစ်စေပုံကိုလည်းကောင်း, ယင်းရုပ်ကလာပ်တို့တွင်ပါဝင်သော တေဇောဓာတ် = ဥတုကလည်း ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်များကို အဆင့်ဆင့် ဖြစ်စေပုံကိုလည်းကောင်း ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ ယင်းရုပ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူပါ။

၂။ စိတ္တဇဩဇာ – တစ်ဖန် မျက်စိ၌ တည်ရှိသော စိတ္တဇဩဇဋ္ဌမကကလာပ်အသီးအသီးတွင်လည်း ဩဇာ ပါဝင်လျက် ရှိ၏၊ ယင်းစိတ္တဇဩဇာသည်လည်း ကမ္မဇဝမ်းမီးနှင့် ဥပတ္ထမ္ဘက-အာဟာရဇဩဇာ၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ နှစ်ဆင့် သုံးဆင့်သော အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်များကို ဖြစ်စေပြန်၏၊ နှစ်ဆင့် သုံးဆင့်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏၊[၅၀၂] – မြင်အောင် ရှုပါ။

ဤ၌ အဆင့်မြင့်သော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်အဖြစ်သို့ မရောက်ရှိသေးသော ရိုးရိုး ပကတိသော ကာမာဝစရစိတ်၏ အစွမ်းဖြင့် နှစ်ဆင့်-သုံးဆင့်သော ဩဇဋ္ဌမကရုပ်တို့၏ ဖြစ်ခြင်းကို ဖွင့်ဆိုခြင်းဖြစ်သည်။ မဟဂ္ဂုတ် လောကုတ္တရာစိတ်တို့၏ အစွမ်းဖြင့်ကား များစွာသော ဩဇဋ္ဌမကရုပ်တို့၏ ဖြစ်ခြင်းကိုလည်း အလို ရှိအပ်သည်သာ ဖြစ်သည်။ ထိုမဟဂ္ဂုတ် လောကုတ္တရာစိတ်တို့ကြောင့် ဖြစ်ကုန်သော စိတ္တဇရုပ်တို့၏ ပြန့်ပြောကြီးကျယ် မြင့်မြတ်သောကြောင့် ဖြစ်၏၊[၅၀၃ ၅၀၄]

၃။ ဥတုဇဩဇာ – တစ်ဖန် မျက်စိ၌ အထက် ဥတုဇရုပ်ရှုကွက်တွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ကမ္မဇတေဇော စိတ္တဇတေဇော ဥတုဇတေဇော အာဟာရဇတေဇောဟူသော တေဇောဓာတ် ဥတုကြောင့် ဖြစ်သော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်အသီးအသီး၌လည်း ဩဇာသည် ပါဝင်လျက်ပင် ရှိ၏၊ ယင်းဥတုဇဩဇာ အသီးအသီးသည်လည်း ကမ္မဇဝမ်းမီးနှင့် အာဟာရဇဩဇာ၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ (၁၀)ဆင့် (၁၂)ဆင့်သို့ တိုင်အောင်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်စေ၏၊ မြင်အောင် ရှုပါ။[၅၀၅]

ယောဂါဝစရပုဂ္ဂိုလ်သည်ကား ရုပ်ကမ္မဋ္ဌာန်းဇယားများတွင် ရေးသားတင်ပြထားသည့်အတိုင်း ကလာပ်တစ်ခုစီ တစ်ခုစီ ခွဲ၍ သီးသန့် ရှုရန် လိုအပ်ပါသည်။[၅၀၆]

၄။ (ဇနက) အာဟာရဇဩဇာ – တစ်ဖန် မျက်စိဝယ် စားမျိုလိုက်သော ကဗဠီကာရအာဟာရတွင် တည်ရှိသော ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာက ကမ္မဇဝမ်းမီး၏ အကူအညီဖြင့် အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် များကို ဖြစ်ပွားစေကြောင်းကိုလည်း ရှေးတွင် ရှင်းပြခဲ့ပြီး ဖြစ်၏၊ ယင်းအာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာကား ဩဇာလက္ခဏာသို့ ဆိုက်ရောက်လာသော အာဟာရဇဩဇာတည်း။ ယင်း အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်တည်ရှိသော အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်သော စွမ်းအားရှိသော ဇနကဩဇာ အသီးအသီးကား ကမ္မဇဝမ်းမီး အသီးအသီး၏ အားပေးထောက်ပံ့မှုဖြင့်, ကလာပ်ပြားဖြစ်သော ဥပတ္ထမ္ဘကအာဟာရဇဩဇာအသီးအသီး၏လည်း အားပေးထောက်ပံ့မှုဖြင့် အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို အထပ်ထပ် ဖြစ်စေကြပြန်၏၊ တစ်ကြိမ် စားမျိုလိုက်သော အာဟာရသည်ပင် (၇)ရက်ပတ်လုံးသော်လည်း အာဟာရဇ ဩဇဋ္ဌမကရုပ်များကို အဆက်မပြတ် ဖြစ်နေအောင် အားပေးထောက်ပံ့ထားနိုင်သော စွမ်းအား ရှိနေ၏၊

ယင်းသို့ အထပ်ထပ် ဖြစ်နေကြသော အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တို့တွင် အာဟာရဇဩဇာသည် အညာဟာရသမုဋ္ဌိတ-အာဟာရဇဩဇာဟူသော ကလာပ်ပြား အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တို့တွင် ပါဝင်သော ဥပတ္ထမ္ဘက-ဩဇာ၏ အားပေးထောက်ပံ့မှုနှင့် ကမ္မဇဝမ်းမီး၏ ထောက်ပံ့မှုတို့ကို ရရှိပါက ဌီကာလသို့ ရောက်ရှိခိုက်ဝယ် (အစာကို ကြေကျက်စေတတ်သော ပါစကတေဇောဓာတ် = ကမ္မဇဝမ်းမီး၏ ထက်မြက်မှု မထက်မြက်မှု, အာဟာရဇ ဩဇာ၏ သို့မဟုတ် အာဟာရဇဩဇာ၏ တည်ရာ စားမျို ဝါးမျိုလိုက်သော ဗာဟိရ-အာဟာရ၏ မွန်မြတ်မှု မမွန်မြတ်မှုတို့ အပေါ်၌ အခြေစိုက်၍) အကြိမ် အနည်းငယ်သော်လည်းကောင်း, အကြိမ်များစွာသော်လည်းကောင်း ရုပ်ကလာပ် အသစ်အသစ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်မိစေ၏၊ ဒသ ဒွါဒသ ဝါရေ ပဝတ္တိံ ဃဋေတိ = (၁၀)ကြိမ် (၁၂)ကြိမ်သော ရုပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်မိစေ၏၊[၅၀၇] –– မြင်အောင် ရှုပါ။

ဤအပိုင်းတွင်ကား အထောက်အပံ့ ခံရသော ဩဇာမှာလည်း အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာတည်း။ ယင်းဩဇာကို ဇနက-ဩဇာဟု ခေါ်ဝေါ်သုံးစွဲထားပေသည်။ အားပေးထောက်ပံ့တတ်သော ဩဇာမှာလည်း အာဟာရဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာပင်တည်း။ ယင်းဩဇာကို ဥပတ္ထမ္ဘက-ဩဇာဟု ခေါ်ဝေါ် သုံးစွဲထားပေသည်။ အကျိုးလည်း အာဟာရဇဩဇာ, အကြောင်းလည်း အာဟာရဇဩဇာတည်း။ သို့သော် ကလာပ်ချင်း မတူညီဘဲ ကလာပ်ချင်း ကွဲပြားကြသည်။[၅၀၈]ယင်းဇနက-ဩဇာ ဥပတ္ထမ္ဘက-ဩဇာ နှစ်မျိုးလုံးတို့ကို အဇ္ဈတ္တိက- အာဟာရဟုလည်းကောင်း, အဇ္ဈတ္တိက-အာဟာရ-ဩဇာဟုလည်းကောင်း, အဇ္ဈတ္တိက-အာဟာရဇဩဇာဟု လည်းကောင်း ခေါ်ဝေါ်သုံးစွဲထားပေသည်၊ စကားအသုံးအနှုန်း ကွဲပြားသော်လည်း တစ်ခုတည်းသော အနက် အဓိပ္ပါယ်ကိုသာ ရည်ညွှန်းထားသည့် အဓိပ္ပါယ်တူစကားလုံးများဟု မှတ်သားပါ။

လိုရင်းမှတ်သားထားရန်

ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်း၌ တေဇောဓာတ် (= ဥတု)နှင့် ဩဇာတို့ကား ပါမြဲဓမ္မတာပင် ဖြစ်၏၊ ယေဘုယျအားဖြင့် ရုပ်ကလာပ်တိုင်း၌ တည်ရှိသော ဥတုကြောင့်လည်းကောင်း, ဩဇာကြောင့်လည်းကောင်း (ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့၏ အထောက်အပံ့ကို ရရှိသောအခါ) ရုပ်ကလာပ်တို့သည် နှစ်ခွ နှစ်ခွ ပွားနေကြ၏၊ ဥပမာ - စက္ခုဒသကကလာပ်ကို ဓာတ်ခွဲကြည့်ပါက ရုပ်သဘောတရား (၁၀)မျိုး ရှိ၏၊ ထိုတွင် တေဇောဓာတ် = ဥတုနှင့် ဩဇာတို့ ပါဝင်ကြ၏၊ ဥတုကလည်း (ဥပါဒိန္နကရုပ်၏ အားပေးထောက်ပံ့မှု အထောက်အပံ့အကြောင်းကို ရရှိခဲ့သော်) ဌီကာလသို့ ရောက်ခိုက်ဝယ် ဥတုဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်၏၊ တစ်ဖန် ယင်းစက္ခုဒသကကလာပ် အတွင်း၌ တည်ရှိသော ဩဇာကလည်း ကမ္မဇဝမ်းမီးနှင့် ဥပတ္ထမ္ဘက-အဇ္ဈတ္တိက-အာဟာရ-ဩဇာ၏ အားပေး ထောက်ပံ့မှုကို ရခဲ့သော် ဌီကာလသို့ ရောက်ခိုက်ဝယ် အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏ (သားရင်းများတည်း)။

တစ်ဖန် ယင်းစက္ခုဒသကကလာပ်၌ တည်ရှိသော တေဇောဓာတ် ဥတုကြောင့် ဖြစ်သော ဥတုဇဩဇဋ္ဌမကရုပ်ကို ပြန်၍ ဓာတ်ခွဲကြည့်ပါက ရုပ်သဘောတရား (၈)မျိုး ရှိနေ၏၊ ယင်းရုပ်ကလာပ်၌ တေဇောဓာတ်လည်း ပါဝင်ပြန်၏၊ ဩဇာလည်း ပါဝင်ပြန်၏၊ ကမ္မပစ္စယ-ဥတုဇတေဇော ကမ္မပစ္စယ-ဥတုဇဩဇာတို့ပင်တည်း။ ယင်းကမ္မပစ္စယဥတုဇတေဇောဓာတ်ကလည်း (ဥပါဒိန္နကကမ္မဇရုပ်၏ အထောက်အပံ့ကောင်းကို ရရှိသောအခါ) အခြားသော ဥတုဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေပြန်၏၊ အလားတူပင် ယင်းကမ္မပစ္စယ-ဥတုဇဩဇာကလည်း ကမ္မဇဝမ်းမီးနှင့် ဥပတ္ထမ္ဘကအဇ္ဈတ္တိက-အာဟာရ-ဩဇာ၏ အားပေး ထောက်ပံ့မှုကို ရခဲ့သော် ဌီကာလသို့ ရောက်ခိုက်ဝယ် အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏ (မြေးရပြန်ပြီ ဟူလို)။[၅၀၉]ဤနည်းအားဖြင့် (၄)ဆင့် (၅)ဆင့်သော အာဟာရဇ ရုပ်ကလာပ်များကို ဆင့်ကာ ဆင့်ကာ ဖြစ်ပေါ်စေကြပေသည်။

သတိပြုသင့်သော စိတ်ဝင်စားဖွယ်ရာ ဖွင့်ဆိုချက်များ

ဤအရာတွင် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၅၀၉]နှင့် မဟာဋီကာ[၅၁၀]တို့ ဖွင့်ဆိုချက်များ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏..။ ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဥတု ခေါ် တေဇောဓာတ်သည် ဥပါဒိန္နက အမည်ရသည့် ကမ္မဇရုပ်နှင့် ကင်း၍လည်း ဥတုဇဩဇဋ္ဌမကရုပ်ကို ဖြစ်စေနိုင်သော်ငြားလည်း ဣန္ဒြေတို့နှင့် ဆက်စပ်နေသည့် သက်ရှိလောကဝယ် ယင်း ဥပါဒိန္နက ခေါ် ကမ္မဇရုပ်နှင့် ကင်း၍ ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်ကိုကား မဖြစ်စေနိုင်။ ဥပါဒိန္နက အမည်ရသည့် ကမ္မဇရုပ်နှင့် ကင်းပြီး ယင်း ဥတု = တေဇောဓာတ်က ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်ကို ဖြစ်စေခြင်းမည်သည် မရှိစကောင်းပေ။ ထို့ကြောင့် ဥပါဒိန္နက ခေါ် ကမ္မဇရုပ်၏ အကြောင်းအထောက်အပံ့ကို ရရှိပါမှ ယင်းဥတု ခေါ် တေဇောဓာတ်က ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်ကို ဖြစ်စေနိုင်ကြောင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာက ဖွင့်ဆိုသွားခြင်း ဖြစ်ပေသည်။ အစာသစ်ကောဋ္ဌာသကဲ့သို့သော ဥတုကြောင့်ဖြစ်သည့် ဥတုသမုဋ္ဌာန်ရုပ်တို့၌ ပါဝင် တည်ရှိသော ဥတု ခေါ် တေဇောဓာတ်ကသာလျှင် ဥပါဒိန္နက ခေါ် ကမ္မဇရုပ်နှင့် ကင်းပြီး ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်များကို ဖြစ်စေနိုင်ပေသည်။

ဆိုလိုရင်းသဘောကို ထပ်ရှင်းပြပေအံ့ ..။ ဤခန္ဓာအိမ်ဝယ် အတိတ်က ပြုစုပျိုးထောင်ခဲ့သော ကံကြောင့် ဖြစ်ပေါ်နေကြကုန်သော ကမ္မဇရုပ်တို့ ရှိကြ၏၊ ယင်း ကမ္မဇရုပ်တို့ကို ဥပါဒိန္နကကမ္မဇရုပ်များဟု ခေါ်ဆို၏၊ အတိတ် ဘဝဝယ် တဏှာ-ဒိဋ္ဌိတို့ကို အခြေခံကာ ပြုစုပျိုးထောင်ခဲ့သော ကံက ''ငါ၏ အကျိုး''ဟု စွဲယူအပ်သည့် ရုပ်တရားတို့ ဖြစ်ကြ၏၊ ယင်းရုပ်တရားတို့ကို ဖြစ်ပေါ်စေတတ်သော အကြောင်းကံသည် အကယ်၍ အကျိုးဆက်ပေးနိုင်သည့် အရှိန်အဝါ ကုန်ဆုံးသွားသဖြင့် ကမ္မဇရုပ်အသစ်အသစ်တို့ ထပ်မံ မဖြစ်ပေါ်လာကုန်သည် ဖြစ်ငြားအံ့၊ ယင်းကမ္မဇရုပ်တို့ မရှိကြတော့သဖြင့် ကမ္မဇရုပ်တို့တွင် ပါဝင်သော တေဇောဓာတ် = ဥတုလည်း မရှိနိုင်တော့ပြီ၊ ကမ္မဇဩဇာလည်း မရှိနိုင်တော့ပြီ။ ယင်းသို့ဖြစ်လျှင် ကမ္မဇတေဇောဓာတ် = ဥတုကြောင့် ဖြစ်ပေါ်ရမည့် ဥတုဇဩဇဋ္ဌမကရုပ်တရား တို့လည်း မဖြစ်နိုင်ကြတော့လေကုန်ရာသည်။ ကမ္မဇဩဇာကလည်း ကမ္မဇဝမ်းမီးနှင့် အာဟာရဇဩဇာတို့၏ အထောက်အပံ့ဖြင့် အာဟာရဇဩဇဋ္ဌမကရုပ်တို့ကို မဖြစ်စေနိုင်လေရာ။

အလားတူပင် ကမ္မဇရုပ်တို့ ချုပ်ဆုံးသွားကြသဖြင့် စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, ဟဒယဟူသော နာမ်တရားတို့၏ မှီရာဝတ္ထုရုပ်တို့လည်း မရှိကြကုန်ပြီ ဖြစ်၏၊ မှီရာဝတ္ထုရုပ်တို့ မရှိကြကုန်သော် ယခုကဲ့သို့ ခန္ဓာငါးပါး ရှိသည့် ပဉ္စဝေါကာရဘုံဝယ် စိတ်စေတသိက် = နာမ်တရားတို့လည်း ဖြစ်နိုင်ခွင့် မရှိကြလေကုန်ရာ။ ယင်းသို့ဖြစ်သော် စိတ်စေတသိက်တို့ကြောင့် ဖြစ်ကြရမည့် စိတ္တဇရုပ်တို့လည်း မရှိနိုင်ကြလေကုန်ရာ။ စိတ္တဇရုပ်တို့ မရှိကြတော့ခြင်းကြောင့် စိတ္တဇဥတု, စိတ္တဇဩဇာတို့လည်း မရှိကြတော့သဖြင့် စိတ္တဇဥတုကြောင့် ဖြစ်ကြရမည့် ဥတုဇဩဇဋ္ဌမကရုပ်, စိတ္တဇ ဩဇာကြောင့် ဖြစ်ကြရမည့် အာဟာရဇဩဇဋ္ဌမကရုပ်တို့လည်း မရှိနိုင်ကြလေကုန်ရာ။

အလားတူပင် ကမ္မဇရုပ်တို့ ချုပ်ဆုံးသွားကြသဖြင့် ကမ္မဇဝမ်းမီးလည်း မရှိနိုင်တော့လေရာ။ ကမ္မဇဝမ်းမီး၏ အထောက်အပံ့ကောင်းကို မရတော့သည့်အတွက် အစာသစ်ကောဋ္ဌာသဖြစ်သည့် ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဥတုဇဩဇာကလည်း အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တို့ကို မဖြစ်စေနိုင်လေရာ။ ဩဇာလက္ခဏာသို့ ဆိုက်ရောက် လာသော ယင်းအာဟာရဇဩဇာ မရှိတော့သဖြင့် အခြားအခြားသော ကလာပ်ပြားဩဇာတို့ကို အားပေးထောက်ပံ့ တတ်သော ဩဇာလည်း မရှိနိုင်တော့လေရာ။ ယင်းသို့ဖြစ်သော် အာဟာရဇရုပ်ကလာပ် အစဉ်အတန်းသည်လည်း ပျက်စီးပြီးသာ ဖြစ်သွားပေသည်။

ကမ္မဇရုပ်များ ချုပ်ဆုံးပြီးနောက် ဆက်လက် ဖြစ်နိုင်သော ရုပ်တရားတို့မှာ အလောင်းကောင်အဖြစ်နှင့် တည်ရှိနေကြသော ဥတုဇရုပ်တို့သာတည်း။ အလောင်းကောင်၌ တည်ရှိသော ရုပ်တရားတို့ကား ဥတုဇဩဇဋ္ဌမက ရုပ်တရားတို့သာတည်း။ ရုပ်ကလာပ်တစ်ခု၌ တည်ရှိသော တေဇောဓာတ်ကြောင့် ဆင့်ကဲ ဖြစ်ပွားနေသော ဥတုဇရုပ်တို့၏ အစဉ်အတန်းသာ ဖြစ်ပေသည်။ ယင်းဥတုဇရုပ်တို့တွင် ပါဝင်တည်ရှိသော တေဇောဓာတ် = ဥတုတို့ကား ကမ္မဇရုပ်တို့၏ အထောက်အပံ့နှင့် ကင်း၍လည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်သည့် စွမ်းအား ရှိကြပေသည်။

ထိုကြောင့် ဣန္ဒြေတို့နှင့် ဆက်စပ်နေသည့် သက်ရှိလောကဝယ် ကမ္မဇဥတု, စိတ္တဇဥတု, အာဟာရဇဥတု ဟူသော ဥတုအသီးအသီးတို့က ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေရာ၌ ဥပါဒိန္နကအမည်ရသည့် ကမ္မဇရုပ်တို့၏ အထောက်အပံ့ကား လိုအပ်လျက်ပင် ရှိပေသည်။ အစာသစ်ကောဋ္ဌာသကဲ့သို့သော ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဥတု ခေါ် တေဇောဓာတ်က ရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေရာ၌သာ ကမ္မဇရုပ်တို့၏ အထောက်အပံ့ကို မလိုဟု မှတ်သားပါလေ။ သက်မဲ့လောက ဥတုဇရုပ်တို့၌လည်း ပုံစံတူပင် မှတ်သားပါလေ။

နှစ်ခွ နှစ်ခွ ပွားပုံ

တစ်ဖန် ယင်းစက္ခုဒသကကလာပ်၌ တည်ရှိသော တေဇောဓာတ် ဥတုကြောင့် ဖြစ်သော ဥတုဇဩဇဋ္ဌမက ရုပ်တို့တွင် ပါဝင်သော ဩဇာသည်လည်း ကမ္မဇဝမ်းမီးနှင့် ဥပတ္ထမ္ဘက-အာဟာရဇဩဇာ၏ အထောက်အပံ့ကောင်းကို ရရှိသောအခါ အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်ကို ဖြစ်စေပြန်၏ (မြေးရပြန်ပြီ ဟူလိုသည်)။ ဤနည်းအားဖြင့် စက္ခုဒသကကလာပ်အတွင်း၌ တည်ရှိသော တေဇောဓာတ်ကို အခြေတည်၍ ဖြစ်ပေါ်လာသော ဥတုဇဩဇဋ္ဌမက ရုပ်တို့တွင် ပါဝင်သော တေဇောဓာတ်နှင့် ဩဇာကြောင့် (၄-၅)ဆင့်သော သားစဉ်မြေးဆက် ဥတုဇရုပ် အာဟာရဇရုပ်တို့ ဖြစ်ပုံကို မြင်အောင် ရှုပါ။

တစ်ဖန် ယင်းစက္ခုဒသကကလာပ်တွင်ပင် ဩဇာ ပါဝင်လျက် ရှိ၏၊ ကမ္မဇဩဇာတည်း။ ယင်းဩဇာသည် ကမ္မဇဝမ်းမီးနှင့် အာဟာရဇဩဇာ၏ အထောက်အပံ့ကို ရရှိသောအခါ အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်ကို ဖြစ်စေ ပြန်၏၊ ယင်းရုပ်ကလာပ်တွင် တေဇောဓာတ်နှင့် ဩဇာတို့ ပါဝင်ပြန်၏၊ ယင်း တေဇောဓာတ်နှင့် ဩဇာတို့ကလည်း အထက်ပါအတိုင်း (၄-၅)ဆင့်သော ရုပ်ကလာပ်တို့ကို အဆင့်ဆင့် ဖြစ်ပေါ်စေနိုင်ပြန်၏၊ မြင်အောင် ရှုပါ။ နှစ်ခွ နှစ်ခွ ပွားသွားပုံကို သဘောပေါက်အောင် အထပ်ထပ် လေ့လာပါ။[၅၁၁]

တစ်ဖန် .. မျက်စိ၌ပင် တည်ရှိသော ကာယဒသကကလာပ် ဘာဝဒသကကလာပ် ဇီဝိတနဝကကလာပ် စိတ္တဇဩဇဋ္ဌမကကလာပ် ဥတုဇဩဇဋ္ဌမကကလာပ် အာဟာရဇဩဇဋ္ဌမကကလာပ်ဟူသော ရုပ်ကလာပ်အသီးအသီး၌ တည်ရှိသော တေဇောဓာတ် (= ဥတု)နှင့် ဩဇာတို့ကလည်း ဥတုဇရုပ် အာဟာရဇရုပ်တို့ကို နှစ်ခွ နှစ်ခွ ဖြစ်ပွား သွားစေပုံကို မြင်အောင် ရှုပါ။ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ ပုံစံတူ ရှုရန် ဖြစ်သည်။[၅၁၂]

ဤဖော်ပြပါ ရုပ်တို့၏ ဖြစ်ပုံကို သေချာစေ့ငု ဖတ်ရှု၍ ရုပ်ကမ္မဋ္ဌာန်းဇယားများကို ကြည့်၍ ဆရာသမားနှင့်လည်း စနစ်တကျ လေ့ကျင့်ပေးပါက ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရားလေးပါးကြောင့် ထင်ရှား ဖြစ်ပေါ်လာရသော ရုပ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည့်တိုင်အောင် စနစ်တကျ ရှုပွားတတ် သိမ်းဆည်းတတ် ဉာဏ်ဖြင့် ပိုင်းခြားယူတတ်မည် ဖြစ်ပေသည်။

ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်း

ဤတိုင်အောင် တင်ပြခဲ့သော (၆)ဒွါရ၌ တည်ရှိသော စတုသမုဋ္ဌာနိက (= ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရားလေးပါးကြောင့် ထင်ရှားဖြစ်ပေါ်လာရသော) ရုပ်တရားတို့ကို ရှုခြင်းသည်ကား ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းနည်းတည်း။ ထိုမှ တစ်ဆင့် တက်၍ ဓာတ်ကမ္မဋ္ဌာန်းအကျယ်နည်းကို ရှုနိုင်ပါသည်။ ဓာတ်ကမ္မဋ္ဌာန်း အကျယ် ရှုပွားနည်း၌ ..

၁။ ပထဝီကောဋ္ဌာသ –၂၀
၂။ အာပေါကောဋ္ဌာသ –၁၂
၃။ တေဇောကောဋ္ဌာသ –၄
၄။ ဝါယောကောဋ္ဌာသ –၆
အားလုံးပေါင်းသော် –၄၂ - ကောဋ္ဌာသ

ဤသို့လျှင် (၄၂)ကောဋ္ဌာသ လာရှိပေသည်။ ထိုတွင် ပထဝီကောဋ္ဌာသ (၂၀), အာပေါကောဋ္ဌာသ (၁၂)မျိုး၊ ပေါင်း (၃၂)ကောဋ္ဌာသတို့ကို ရုပ်အရေအတွက်နှင့်တကွ သမထကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့ပြီးလေပြီ။ ယင်းကောဋ္ဌာသ တစ်ခုစီတစ်ခုစီ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ ရုပ်ကလာပ်များကို တွေ့မြင်ရသောအခါ အထက်ပါ ကာယဒွါရ၌ တင်ပြထားသော ဇယားကို နည်းမှီ၍ ရသင့်သမျှ ရုပ်တရားတို့ကို သိမ်းဆည်း ရှုပွားပါ။ ထိုတွင် ..

၁။ ချွေး-မျက်ရည်-တံတွေး-နှပ် - ဤကောဋ္ဌာသ (၄)မျိုးတို့၌ စိတ္တဇဩဇဋ္ဌမကရုပ် (၈) + ဥတုဇဩဇဋ္ဌမကရုပ် (၈) - နှစ်ရပ်ပေါင်းသော် (၁၆)မျိုး (၁၆)မျိုးစီသော ရုပ်တရားတို့ ရှိကြ၏၊ စိတ်ကြောင့်လည်း ဖြစ်၏၊ ဥတုကြောင့်လည်း ဖြစ်၏၊

၂။ အစာသစ်-အစာဟောင်း-ပြည်-ကျင်ငယ် - ဤကောဋ္ဌာသ (၄)မျိုးတို့၌ ဥတုကြောင့်ဖြစ်သော ဥတုဇဩဇဋ္ဌမကရုပ် (၈)မျိုး (၈)မျိုးစီသာ ရှိ၏၊

၃။ ကြွင်းသော ကောဋ္ဌာသ (၂၄)မျိုးတို့၌ကား ကာယဒွါရ၌ တင်ပြထားသည့်အတိုင်း ကောဋ္ဌာသတစ်ခုတစ်ခု၌ (၅၃)မျိုး (၅၃)မျိုးစီသော ရုပ်တရားတို့ ရှိကြ၏၊ မြင်အောင်ရှုပါ။ သည်းခြေကို ရှုရာ၌ ဗဒ္ဓသည်းခြေ = အိမ်သည်းခြေ, အဗဒ္ဓသည်းခြေ = အရည်သည်းခြေ နှစ်မျိုးခွဲ၍ ရှုပါ။ သွေးကောဋ္ဌာသ၌လည်း သန္နိစိတလောဟိတ = နှလုံး အသည်း စသည်တို့၏ ပတ်ဝန်းကျင်၌ မလည်ပတ်ဘဲ ငြိမ်သက်စွာ စုဝေးတည်နေသော သွေး, သံသရဏလောဟိတ = အကြောအတွင်းမှ တစ်ကိုယ်လုံးသို့ အနှံ့အပြား လည်ပတ်သွားလာနေသော သွေး - ဤသွေးနှစ်မျိုးလုံး၌ (၅၃)မျိုးသော ရုပ်တရားတို့ကို သိမ်းဆည်းရှုပွားပါ။

တေဇောဓာတ် လွန်ကဲသော တေဇောကောဋ္ဌာသ (၄) မျိုး[၅၁၃]

၁။ သန္တပ္ပနတေဇော = တစ်ရက်ချန်ဖျားခြင်း စသည်ဖြင့် ပြင်းစွာပူလောင်သော တေဇော = ၃၃
၂။ ဍာဟတေဇော = အလွန့်အလွန် ပြင်းထန်စွာ ထက်ဝန်းကျင် ပူလောင်သော တေဇော = ၃၃
၃။ ဇီရဏတေဇော = အိုစေ, ရင့်ကျက်စေ, ဆွေးမြည့်စေသော ပူလောင်သော တေဇော = ၃၃
၄။ ပါစကတေဇော = အစာကိုကြေကျက်စေသော ပူလောင်သော တေဇော (ဇီဝိတနဝကကလာပ်) = ၉

ဤ၌ (၃၃)မျိုးသော ရုပ်တရားတို့ဟူသည်မှာ –

၁။ ဇီဝိတနဝကကလာပ် (ကမ္မဇ) = ၉
၂။ စိတ္တဇဩဇဋ္ဌမကကလာပ် = ၈
၃။ ဥတုဇဩဇဋ္ဌမကကလာပ် = ၈
၄။ အာဟာရဇဩဇဋ္ဌမကကလာပ် = ၈
အားလုံးပေါင်းသော် = ၃၃ - ဖြစ်သည်။

ဝါယောဓာတ်လွန်ကဲသော ဝါယောကောဋ္ဌာသ (၆) မျိုး

၁။ ဥဒ္ဓင်္ဂမ-ဝါတာ = အထက်သို့ ဆန်တက်သောလေ = ၃၃
၂။ အဓောဂမ-ဝါတာ = အောက်သို့ စုန်ဆင်းသောလေ = ၃၃
၃။ ကုစ္ဆိသယ-ဝါတာ = ဝမ်းဗိုက်အတွင်း အူ၏ အပြင်ဘက်၌ တည်ရှိသောလေ = ၃၃
၄။ ကောဋ္ဌာသယ-ဝါတာ = အူအတွင်း၌ တည်ရှိသောလေ = ၃၃
၅။ အင်္ဂမင်္ဂါနုသာရိနော-ဝါတာ = ကိုယ်အင်္ဂါကြီးငယ်သို့ အစဉ်လျှောက်သော အကြောအတွင်း၌ တည်ရှိသောလေ = ၃၃
၆။ အဿာသပဿာသော-ဝါတာ = ဝင်သက်လေ-ထွက်သက်လေ = ၉

ဤ၌ (၃၃) ဟူသည်မှာ ဇီဝိတနဝကကလာပ် (= ၉) + စိတ္တဇဩဇဋ္ဌမကကလာပ် (= ၈) + ဥတုဇဩဇဋ္ဌမက ကလာပ် (= ၈) + အာဟာရဇဩဇဋ္ဌမကကလာပ် (= ၈) = ၃၃ ဖြစ်သည်။ ထိုတွင် ဇီဝိတနဝကကလာပ်မှာ ကမ္မဇရုပ်ကလာပ်ဖြစ်သည်။

ထို ဝါယောဓာတ် လွန်ကဲသော ဝါယောကောဋ္ဌာသ (၆)မျိုးလုံး၌ပင် ရှေးဦးစွာ မိမိရှုပွားလိုသော ဝါယော ကောဋ္ဌာသ (= လေ)ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ။ ဥပမာ - အထက်သို့ ဆန်တက်သော လေကို ရှုလိုပါက အူ၏အတွင်းစသည့် ထိုထိုအရပ်၌ တည်ရှိသော အထက်သို့ ဆန်တက်လာသော လေကို ရှေးဦးစွာ မြင်အောင် ကြည့်ပါ။ မမြင်နိုင်ဖြစ်နေပါက မိမိရရှိထားပြီးသည့် သမာဓိကို အဆင့်ဆင့် ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ ယင်းလေကို တစ်ဖန်ပြန်၍ ရှုကြည့်ပါ။ အောင်မြင်မှု ရနိုင်ပါသည်။ ယင်းလေကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ ယင်းလေ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို (ဝါယောဓာတ် လွန်ကဲနေသော ဓာတ်ကြီးလေးပါးကို) ဉာဏ်ဖြင့် မြင်အောင်ရှုပါ။ ယင်းသို့ ရှုလိုက်သောအခါ ဓာတ်ကြီးလေးပါးကိုလည်း ဉာဏ်ဖြင့် တွေ့မြင်ပါက မကြာမီ အချိန်ကာလအတွင်းမှာပင် သမာဓိအရှိန်တက်လာသောအခါ ယင်းလေ၌ တည်ရှိသော ရုပ်ကလာပ်တို့ကို တွေ့မြင် နိုင်ပေသည်။ ယင်းရုပ်ကလာပ်တို့ကို ဓာတ်ခွဲပါက အထက်တွင် ရေးသားတင်ပြထားသော ရုပ်သဘောတရား (၃၃)မျိုးကို တွေ့ရှိနိုင်ပေသည်။ ယင်းပရမတ် ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။

အဿာသပဿာသ – ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၅၁၄]၏ ဖွင့်ဆိုချက်အရ အဿာသ-ပဿာသ = ဝင်သက်လေထွက်သက်လေဟူသည်ကား စိတ္တဇသဒ္ဒနဝကကလာပ်တို့၏ (= စိတ္တဇသဒ္ဒနဝကရုပ်တို့၏) အပေါင်းအစုမျှသာတည်း။ ဘဝင်မနောအကြည်ကို သိမ်းဆည်း၍ ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေသော အိမ်ရှင်ဘဝင်စိတ်နှင့် (မနောဓာတ်) မနောဝိညာဏဓာတ် အမည်ရသော အခြားအခြားသော စိတ်အသီးအသီးကြောင့် ယင်းဝင်သက်လေ-ထွက်သက်လေ ဖြစ်နေပုံကို ဉာဏ်ဖြင့် မြင်အောင် စိုက်ရှုပါ။ ယင်းလေကိုလည်း ဉာဏ်ဖြင့် တွေ့မြင်သောအခါ ယင်းလေ၌ တည်ရှိသော ဓာတ်လေးပါးကို မြင်အောင် ဆက်ရှုပါ။ သမာဓိအဆင့်မီလာသောအခါ ရုပ်ကလာပ်အမှုန်များကို စတင် တွေ့ရှိနိုင် ပေသည်။ ရုပ်ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော ပထဝီဓာတ်နှင့် အခြားရုပ်ကလာပ် တစ်ခုအတွင်း၌ တည်ရှိသော ပထဝီဓာတ်တို့ ယင်းစိတ္တဇဝါယောဓာတ်၏ စွမ်းအင်ကြောင့် ပွတ်ချုပ်ထိခိုက်လျက် ဖြစ်ပေါ်လာခြင်းကြောင့်, သို့မဟုတ် ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော မဟာဘုတ်တို့နှင့် အခြားသော ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော မဟာဘုတ်တို့သည် ယင်းစိတ္တဇဝါယောဓာတ်၏ စွမ်းအင်ကြောင့် မဟာဘုတ်အချင်းချင်း အလွန် နီးကပ်စွာ ပွတ်ချုပ် ထိခိုက်လျက် ဖြစ်ပေါ်လာခြင်းကြောင့် အသံသဒ္ဒရုပ်လည်း ပါဝင်နေရကား စိတ္တဇသဒ္ဒနဝကကလာပ်ရုပ်တို့ ဖြစ်ကြသည်။ ယင်းရုပ်တရားတို့မှာ ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေသော စိတ်တို့ကြောင့် ဖြစ်ပေါ်တည်နေကြရ၏၊ ဉာဏ်ဖြင့် မြင်အောင် စိုက်ရှုပါ။ (လဟုတာ-မုဒုတာ-ကမ္မညတာ ရုပ်တို့လည်း အသက်ရှူ၍ ကောင်းသောအခါ ပါဝင်နိုင်၏၊ သဒ္ဒလဟုတာဒိဒွါဒသက ကလာပ်တို့တည်း၊၊)

ဝါယောကောဋ္ဌာသ (၆)မျိုးလုံး၌ပင် ရှေးဦးစွာ လေကို မြင်အောင် ရှုပါ။ ထိုနောင် ယင်းလေ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့မြင်သောအခါ အထက်ပါအတိုင်း ရုပ်တရား တို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းပါ။

ကမ္မဇ ရုပ်ကလာပ် (၉) စည်း

အထက်ပါ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်ကလာပ် အမျိုးအစားတို့တွင် သဘောတူရာ စုပေါင်း၍ ရေတွက်သော် ရုပ်ကလာပ်အမျိုးအစားအားဖြင့် ကမ္မဇကလာပ်, စိတ္တဇကလာပ်, ဥတုဇကလာပ်, အာဟာရဇကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၄)မျိုး ရှိ၏၊ ထိုတွင် ကံကြောင့် ဖြစ်သော ကမ္မဇရုပ်ကလာပ်မှာ (၉)စည်း ရှိပေသည်။

၁။ စက္ခုဒသက ကလာပ်၊
၂။ သောတဒသက ကလာပ်၊
၃။ ဃာနဒသက ကလာပ်၊
၄။ ဇိဝှါဒသက ကလာပ်၊
၅။ ကာယဒသက ကလာပ်၊
၆။ ဣတ္ထိဘာဝဒသက ကလာပ်၊
၇။ ပုမ္ဘာဝဒသက ကလာပ်၊
၈။ ဟဒယဒသက ကလာပ်၊
၉။ ဇီဝိတနဝက ကလာပ်၊

အားလုံးပေါင်းသော် ကမ္မဇရုပ်ကလာပ် (၉)စည်း ဖြစ်သည်။ ယင်း ကမ္မဇရုပ်တို့သည် ပစ္စုပ္ပန်ကမ္မဇရုပ်ဖြစ်မူ အတိတ်ဘဝတစ်ခုခုတွင် ပြုစုပျိုးထောင်ခဲ့သော ကံကြောင့် ဖြစ်၏၊ အတိတ်ကမ္မဇရုပ်ဖြစ်မူ ယင်းအတိတ်၏ ရှေးဖြစ်သော အတိတ်က ပြုစုပျိုးထောင်ခဲ့သော ကံကြောင့်ဖြစ်၏၊ အနာဂတ်ကမ္မဇရုပ်ဖြစ်မူ အတိတ်ဘဝတစ်ခုခုက ပြုစုပျိုးထောင်ခဲ့သော အပရာပရိယဝေဒနီယကံ သို့မဟုတ် ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော ဥပပဇ္ဇဝေဒနီယ အမည်ရသော ကံကြောင့်ဖြစ်၏၊ ထိုကံသည် မည်သည့်ကံမျိုး ဖြစ်သည်ကို ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းသို့ ရောက်ရှိသော အခါမှ သဘောကျနိုင်မည်၊ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်နိုင်မည်၊ ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းနှင့် သက်ဆိုင်ပေသည်။ ဤအချိန်တွင်မူ ကံကြောင့်ဖြစ်သည့် ကမ္မဇရုပ်များ ဖြစ်ကြသည်ဟူ၍သာ ယာယီအားဖြင့် လက်ခံထားပါဦး။ တစ်ဖန် ဤတိုင်အောင် ရေးသားတင်ပြခဲ့သော (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ကမ္မဇရုပ် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ကား ရုပ်အတုတို့နှင့် မရောနှောသော ရုပ်အစစ်တို့သာတည်း။ လက္ခဏာယာဉ် သုံးချက်တင်ကာ ဝိပဿနာ ရှုကောင်းသော ရုပ်တရားတို့သာတည်း။ တစ်ဖန် ရုပ်အတုများနှင့် ရောနှော၍ ဖြစ်သော စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်များလည်း ရှိကြ၏၊ ရုပ်အစစ်သက်သက်သာ ဖြစ်သော ရုပ်ကလာပ်တို့နှင့် ရုပ်အတုများ ရောနှော၍ နေသော ရုပ်ကလာပ်တို့ကို စုပေါင်း၍ တင်ပြပေအံ့ ..။

စိတ္တဇ ရုပ်ကလာပ် (၈) စည်း

၁။ စိတ္တဇ-သုဒ္ဓဋ္ဌက ကလာပ် = သက်သက်သော စိတ္တဇအဋ္ဌကလာပ်၊
၂။ ကာယဝိညတ္တိနဝက ကလာပ် = ကာယဝိညတ်လျှင် (၉)ခုမြောက်ရှိသော ရုပ်ကလာပ်၊
၃။ လဟုတာဒေကဒသက ကလာပ် = လဟုတာစသည်လျှင် (၁၁)ခုမြောက်ရှိသော ရုပ်ကလာပ်၊ (၈+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၁။)
၄။ ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ် = ကာယဝိညတ်-လဟုတာ စသည်လျှင် (၁၂)ခုမြောက်ရှိသော ရုပ်ကလာပ်၊ (၈+ကာယဝိညတ်+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၂။)
၅။ ဝစီဝိညတ္တိဒသက ကလာပ် = ဝစီဝိညတ်-အသံလျှင် (၁၀)ခုမြောက်ရှိသော ရုပ်ကလာပ်၊ (၈+ဝစီဝိညတ်+အသံ = ၁၀။)
၆။ ဝစီဝိညတ္တိသဒ္ဒလဟုတာဒိတေရသက ကလာပ် = ဝစီဝိညတ်-အသံ-လဟုတာ စသည်လျှင် (၁၃)ခုမြောက်ရှိသော ရုပ်ကလာပ်၊ (၈+ဝစီဝိညတ်+အသံ+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၃။)
၇။ အဿာသပဿာသ-စိတ္တဇသဒ္ဒနဝက ကလာပ် = (ဝင်သက်လေ-ထွက်သက်လေ) စိတ်ကြောင့်ဖြစ်သော အသံလျှင် (၉)ခုမြောက်ရှိသော ရုပ်ကလာပ်၊ (၈+အသံ = ၉။)
၈။ အဿာသပဿာသ-စိတ္တဇသဒ္ဒလဟုတာဒိဒွါဒသကကလာပ် = (ဝင်သက်လေ-ထွက်သက်လေ) စိတ်ကြောင့် ဖြစ်သော အသံ-လဟုတာ စသည်လျှင် (၁၂)ခုမြောက်ရှိသော ရုပ်ကလာပ်၊
(၈+အသံ+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၂။)

၁။ စိတ္တဇ သုဒ္ဓဋ္ဌက ကလာပ် –– အမှတ် (၁)အဖြစ် သတ်မှတ်ထားသော ဤရုပ်ကလာပ်ကား (၆)ဒွါရနှင့် (၄၂)ကောဋ္ဌာသတို့တွင် အချို့အချို့သော ကောဋ္ဌာသတို့၌ တည်ရှိသော ဩဇာလျှင် (၈)ခုမြောက်ရှိသော စိတ္တဇဩဇဋ္ဌမကကလာပ် ဖြစ်သည်။ ယင်းရုပ်ကလာပ်အတွင်း၌ တည်ရှိသော ရုပ်တရားတို့ကား ရုပ်အစစ်တို့တည်း၊ ဝိပဿနာ ရှုကောင်း၏၊ ရှုကွက် ထင်ရှားပြီ။

၂။ ကာယဝိညတ္တိနဝက ကလာပ် – ဘဝင်မနောအကြည်၌ ဘာဝနာစိတ်ကို စိုက်ထား၍ တစ်နည်း - ဘဝင် မနောအကြည်ကို သိမ်းဆည်း၍ လက်ညှိုး တစ်ချောင်းကို ကွေးဆန့်ကြည့်ပါ။ ကွေးချင်ဆန့်ချင်သောစိတ် ကွေးနေ ဆန့်နေသော စိတ်တို့ကြောင့် စိတ္တဇရုပ်ကလာပ်တို့ လက်ညှိုးသို့တိုင်အောင် ပျံ့နှံ့သွားသည်ကို လက်ညှိုးသို့တိုင်အောင် လိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်သည်။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ ရုပ်သဘောတရား (၈)မျိုးစီ ရှိ၏၊ ကွေးသည့်အမူအရာ ဆန့်သည့်အမူအရာ ဟူသော ကာယဝိညတ်နှင့် ပေါင်းသော် (၉)မျိုး ဖြစ်သည်။

၃။ လဟုတာဒေကဒသက ကလာပ် – ရံခါ စိတ္တဇဩဇဋ္ဌမကရုပ်တို့ကို ရှုရာ၌ ယင်းရုပ်တို့၏ ပေါ့မှုသဘော, နူးညံ့မှုသဘော, (ကွေးခြင်း ဆန့်ခြင်း စသော) ထိုထိုအမှု၌ ခံ့ညားမှုသဘော (= ကွေးလို့ ဆန့်လို့ လွယ်လွယ်ကူကူ သွက်သွက်လက်လက် ရနိုင်မှုသဘော) - ဤသဘောတရားများသည် ထင်ရှားနေတတ်၏၊ ထိုအခါ ယင်းရုပ်အတုတို့ကိုပါ ရောနှော၍ သိမ်းဆည်းပါ။

၄။ ကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ် – အမှတ် (၂) ကာယဝိညတ္တိနဝကကလာပ်၌ တင်ပြထားသည့် ရှုကွက်အတိုင်း ရှုပါ။ အမှတ် (၂) ကာယဝိညတ္တိနဝကကလာပ်၌ လဟုတာ+မုဒုတာ+ကမ္မညတာဟူသော ရုပ်အတုတို့ မပါဝင်ကြပေ။ ဤကာယဝိညတ္တိလဟုတာဒိဒွါဒသက ကလာပ်၌ကား ယင်းရုပ်အတု သုံးမျိုးတို့ပါ ပါဝင်ကြ၏၊ ကွေးခြင်း ဆန့်ခြင်း စသော ထိုထို ကိုယ်အမူအရာကို ပြုလုပ်ရာ၌ ပေါ့ပေါ့ပါးပါး လျင်လျင်မြန်မြန် သွက်သွက်လက်လက် ပြုလုပ်နိုင်ပါက ယင်းရုပ်အတု သုံးမျိုးတို့ ပါဝင်၍ လေးလံ ထိုင်းမှိုင်းနေပါက ယင်းသုံးမျိုးတို့ မပါဝင်ကြပေ။ ဉာဏ်ဖြင့် မြင်အောင် ပိုင်းခြားယူပါ၊ သိမ်းဆည်းပါ။[၅၁၅]

၅။ ဝစီဝိညတ္တိဒသက ကလာပ် – က-ခ စသော အက္ခရာများကို တစ်လုံးစီ ရွတ်ဆိုကြည့်ပါ။ ဘဝင်မနောအကြည် = မနောဒွါရကို သိမ်းဆည်းထားပါ။ ထိုနောက် က-ခ စသည်ဖြင့် ရွတ်ဆိုလိုသောစိတ် ရွတ်ဆိုနေသောစိတ်များကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပါ။ ယင်းစိတ်များကြောင့် စိတ္တဇရုပ်ကလာပ်အမှုန်များသည် လည်ချောင်းစသော ထိုထိုအသံဖြစ်ရာ အရပ်ဌာနသို့ တိုင်အောင် ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် ပျံ့နှံ့သွားပုံကိုလည်းကောင်း, ယင်း စိတ္တဇရုပ်ကလာပ်တွင် ပါဝင်သော ပထဝီဓာတ် (= ပထဝီဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲသော မဟာဘုတ်)နှင့် အသံဖြစ်ရာဌာန၌ တည်ရှိသော ကမ္မဇရုပ်ကလာပ်များတွင် ပါဝင်သော ပထဝီဓာတ်တို့၏ (= ပထဝီဓာတ်၏ သဘာဝ- သတ္တိစွမ်းအင် လွန်ကဲသော မဟာဘုတ်တို့၏) ပထဝီဓာတ်အချင်းချင်း (= မဟာဘုတ်အချင်းချင်း) ရိုက်ခတ်သဖြင့် (= ပွတ်ချုပ်ထိခိုက်သဖြင့်) အသံဖြစ်ပေါ်လာပုံကိုလည်းကောင်း, ပြောဆိုသည့် ရွတ်ဆိုသည့် ဝစီဝိညတ် နှုတ်အမူအရာကိုလည်းကောင်း ကွဲပြားအောင် ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ ရှုပါ။

၆။ ဝစီဝိညတ္တိသဒ္ဒလဟုတာဒိတေရသက ကလာပ် – ဤရုပ်ကလာပ်ကိုလည်း အထက်ပါအတိုင်းပင် ရှုပါ။ ထိုသို့ပြောဆိုရာ ရွတ်ဆိုရာ၌ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် ရှိ၍ ရွတ်ဆို၍ အချိုးကျ အဆင်ပြေလျှင် လဟုတာ မုဒုတာ ကမ္မညတာရုပ်တို့ ပါဝင်သည်။ ဤမျှသာ ထူးသည်။ ဤအမှတ် (၅-၆) ရုပ်ကလာပ်တို့ကား စကားပြောဆိုစဉ် ရှုရမည့် သမ္ပဇဉ်ပိုင်းရှုကွက်အတွက် ပြဓာန်းသော ရုပ်တရားတို့တည်း။

၇။ အဿာသပဿာသ-စိတ္တဇသဒ္ဒနဝက ကလာပ်၊

၈။ အဿာသပဿာသ-စိတ္တဇသဒ္ဒလဟုတာဒိဒွါဒသက ကလာပ်၊

စိတ္တဇရုပ်ကလာပ်များကို (၆)စည်းအဖြစ်ဖြင့် လက်ခံထားသော်လည်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၅၁၆]၌ အဿာသပဿာသ-စိတ္တဇသဒ္ဒနဝက ရုပ်ကလာပ်ရှိကြောင်းကို ဖွင့်ဆိုထား၏၊ ဝိဘင်းပါဠိတော်ကြီး[၅၁၇]နှင့် အညီ ဖွင့်ဆိုခြင်းသာ ဖြစ်၏၊ ယင်း ဝင်သက်လေ-ထွက်သက်လေ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် မြင်အောင် သိမ်းဆည်းပါ။ သမာဓိစွမ်းအင် အားကောင်းသည်နှင့်အမျှ ရုပ်ကလာပ်များကို စတင်တွေ့ရှိနိုင်၏၊ ရုပ်ကလာပ် တစ်ခုတစ်ခု၌ အသံနှင့် ပေါင်းသော် (၉)မျိုး ရှိ၏၊ ရံခါ အသက်ရှူ ရသည်မှာ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် သိမ်သိမ်မွေ့မွေ့ဖြင့် ရှူ ၍ သိပ်ကောင်းနေပါက သိပ်အချိုးကျနေပါက လဟုတာ မုဒုတာ ကမ္မညတာတို့လည်း ပါဝင်လာ၏၊ အဿာသပဿာသစိတ္တဇသဒ္ဒလဟုတာဒိဒွါဒသက ကလာပ် ဖြစ်၏၊

ဥတုဇ ရုပ်ကလာပ် (၄) စည်း

၁။ ဥတုဇ-သုဒ္ဓဋ္ဌက ကလာပ် = ဥတုကြောင့်ဖြစ်သော သက်သက်သော ဩဇာလျှင် (၈)ခုမြောက်ရှိသော ရုပ်ကလာပ်။ (ရုပ်အစစ်တည်း။)
၂။ ဥတုဇ-သဒ္ဒနဝက ကလာပ် = ဥတုကြောင့်ဖြစ်သော အသံလျှင် (၉)ခု မြောက်ရှိသော ရုပ်ကလာပ်၊ (၈+အသံ = ၉။) (ရုပ်အစစ်တည်း။)
၃။ လဟုတာဒေကဒသက ကလာပ် = လဟုတာစသည်လျှင် (၁၁)ခု မြောက်ရှိသော ရုပ်ကလာပ်၊ (၈+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၁။)
၄။ သဒ္ဒလဟုတာဒိဒွါဒသက ကလာပ် = အသံ-လဟုတာစသည်လျှင် (၁၂)ခုမြောက်ရှိသော ရုပ်ကလာပ်၊ (၈+အသံ+လဟုတာ+မုဒုတာ+ကမ္မညတာ = ၁၂။)

ဤဥတုဇရုပ်ကလာပ် (၄)စည်းတို့တွင် နံပါတ် (၁) (၂)တို့ကား ရုပ်အစစ်တို့တည်း။ ဝိပဿနာရှုကောင်းသော ရုပ်များတည်း။ နံပါတ် (၁)ကား (၆)ဒွါရတို့၌လည်းကောင်း, (၄၂)ကောဋ္ဌာသတို့တွင် အချို့သော ကောဋ္ဌာသတို့၌ လည်းကောင်း ထိုက်သလို တည်ရှိ၏၊ နံပါတ် (၂)ကား ဝမ်းအော်သံ စသော အသံပါသော ရုပ်ကလာပ်တည်း။ ဤနံပါတ် (၁-၂) ရုပ်ကလာပ် (၂)မျိုးတို့ကား အဇ္ဈတ္တ၌လည်းကောင်း, ဗဟိဒ္ဓ သက်ရှိလောက သက်မဲ့လောက နှစ်မျိုး လုံး၌လည်းကောင်း တည်ရှိ၏၊

နံပါတ် (၃-၄)တို့ကား ရုပ်အတုများနှင့် ရောနှောနေ၏၊ ယင်းရုပ်အတုတို့ကား ဝိပဿနာ မရှုကောင်းပေ။ ရုပ်တရားတို့ကို သိမ်းဆည်းရာ နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌သာ ရောနှော၍ သိမ်းဆည်းရန် ဖြစ်သည်။ သို့သော် ယင်းရုပ်အတုတို့နှင့် ရောနှောနေသော ကလာပ်တူ ရုပ်အစစ်တို့ကား ဝိပဿနာ ရှုကောင်းသည်သာ ဖြစ်သည်။

ယင်းနှစ်မျိုးသော ရုပ်ကလာပ်တို့ကား ဗဟိဒ္ဓ သက်မဲ့အရာဝတ္ထုတို့၌ မရနိုင်။ အဇ္ဈတ္တနှင့် ဗဟိဒ္ဓ သက်ရှိသတ္တဝါ တို့၏ သန္တာန်၌သာ ရရှိနိုင်သည်။ ဝိပဿနာရှုရာ၌ လဟုတာ-မုဒုတာ-ကမ္မညတာတို့ကို ဝိပဿနာ မရှုကောင်းသဖြင့် ယင်းတို့ကို နှုတ်ပယ်လိုက်သော် ယင်းရုပ်ကလာပ်တို့သည် နံပါတ် (၁-၂)တို့နှင့် လုံးဝ တူညီသွားပေသည်။ ထို့ကြောင့် ရုပ်အစစ်တို့ကိုသာ ဝိပဿနာရှုရမည်ဟု လိုရင်းကို မှတ်သားထားပါ။

အသံ (၃) မျိုး

၁။ အသက်ရှူသံ = အဿာသပဿာသ-စိတ္တဇသဒ္ဒနဝက ကလာပ်၊
၂။ စကားပြောသံ = ဝစီဝိညတ္တိဒသက ကလာပ်၊
၃။ ဝမ်းအော်သံ လေတိုက်သံ စသည် = ဥတုဇသဒ္ဒနဝက ကလာပ်၊

နံပါတ် (၁-၂)တို့ကား အဇ္ဈတ္တ ဗဟိဒ္ဓ သက်ရှိသန္တာန်၌သာ ရရှိနိုင်၏၊ နံပါတ် (၃) ဥတုဇသဒ္ဒနဝက ကလာပ်ကား သက်ရှိ သက်မဲ့ နှစ်မျိုးစလုံး၌ ရရှိနိုင်၏၊ လေတိုက်သံစသည်တို့ကား သက်မဲ့ ဥတုဇသဒ္ဒနဝက ကလာပ်တို့တည်း။ သမာဓိကို အဆင့်ဆင့် ထူထောင်၍ လင်းရောင်ခြည်စွမ်းအင် အားကောင်းလာသောအခါ ယင်းတိုက်ခတ်နေသော လေကို လင်းရောင်ခြည်၏ အကူအညီဖြင့် လှမ်း၍ အာရုံယူကြည့်ပါ။ လေကို မြင်တွေ့ရသောအခါ ယင်းလေ၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းလိုက်ပါက သမာဓိ၏ အရှိန်အဝါ အားကောင်းလာသည်နှင့်အမျှ ရုပ်ကလာပ်များကို စတင်တွေ့ရှိ နိုင်ပေသည်။ ထိုအခါ (၉)မျိုးသော ပရမတ်ရုပ်တရားတို့ကို သိမ်းဆည်းပါ။ သစ်ခက်ချင်း ရိုက်ခတ်သံ မိုးချုန်းသံ စသည်တို့၌လည်း နည်းတူပင် ရှုနိုင်သည်။ ဝစီဝိညတ်ကား ဝိပဿနာ မရှုကောင်းပေ။ အသံကိုကား သို့မဟုတ် အသံနှင့်တကွသော အတူဖြစ်သော ကလာပ်တူ ရုပ်အစစ်တို့ကား ဝိပဿနာ ရှုကောင်းသော သမ္မသနရုပ်တရားတို့တည်း။

အာဟာရဇ ရုပ်ကလာပ် (၂) စည်း

၁။ အာဟာရဇ-သုဒ္ဓဋ္ဌက ကလာပ် = အာဟာရကြောင့် ဖြစ်သော သက်သက်သော ဩဇာလျှင် (၈)ခုမြောက် ရှိသော ရုပ်ကလာပ်၊
၂။ လဟုတာဒေကဒသက ကလာပ် = လဟုတာစသည်လျှင် (၁၁)ခုမြောက်ရှိသော ရုပ်ကလာပ်၊

ဤရုပ်ကလာပ် နှစ်မျိုးတို့တွင် နံပါတ် (၁)ကား (၆)ဒွါရတို့၌လည်းကောင်း, (၄၂)ကောဋ္ဌာသတို့တွင် အာဟာရဇရုပ်ကလာပ် ရကောင်းရာ အချို့အချို့သော ကောဋ္ဌာသတို့၌လည်းကောင်း ရရှိနိုင်၏၊ ရုပ်အစစ်တို့တည်း၊ ဝိပဿနာရှုကောင်းသော ရုပ်တို့တည်း။

နံပါတ် (၂) ရုပ်ကလာပ်သည်လည်း (၆)ဒွါရနှင့် အာဟာရဇရုပ်ကလာပ် ရကောင်းရာ အချို့အချို့သော ကောဋ္ဌာသတို့၌ ထိုက်သလို ရရှိနိုင်၏၊ သို့သော် ရုပ်အတုများနှင့်ကား ရောနှောနေ၍ ယင်းရုပ်အတုတို့ကား ဝိပဿနာ မရှုကောင်းပေ။ ရုပ်တရားတို့ကို သိမ်းဆည်းရာ၌သာ ရောနှော၍ သိမ်းဆည်းရန်ဖြစ်သည်။ ဝိပဿနာရှုရာ၌ကား ယင်းရုပ်အတုတို့ကို ချန်လှပ်ထား၍ ရုပ်အစစ်တို့ကိုသာ ဝိပဿနာရှုရမည် ဖြစ်သည်။ ယင်းသို့ဖြစ်လျှင် ဝိပဿနာ ရှုရမည့်ရုပ်မှာ နံပါတ် (၁) ရုပ်ကလာပ်နှင့် ပုံစံတူသွားပေပြီ။ အဇ္ဈတ္တနှင့် ဗဟိဒ္ဓ သက်ရှိသတ္တဝါတို့၏ သန္တာန်၌သာ ယင်းရုပ်ကလာပ်နှစ်မျိုးလုံးကို ရရှိနိုင်သည်။

လက္ခဏရုပ် (၄) ပါး ရှုကွက်

ဥပစယ မှာ ပဋိသန္ဓေ ကလလရေကြည် ဦးစွာ တည်ခိုက်မှ စ၍ ဣန္ဒြေ ပြည့်စုံသည့်တိုင်အောင်သော ရုပ်တရားတို့ကို သိမ်းဆည်းနိုင်သောအခါ ရှုရန် ဖြစ်သည်။ သန္တတိ ဇရတာ အနိစ္စတာတို့မှာ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ်တို့၏ ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက် သဘောပင် ဖြစ်သည်။

ရှေးဦးစွာ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ ရုပ်ကလာပ်တစ်ခုစီ ဓာတ်ခွဲ၍ ထိုရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော (၈)မျိုး (၉)မျိုး (၁၀)မျိုးသော ရုပ်အစစ်တို့၏ ပြိုင်တူ ဖြစ်မှု တည်မှု ပျက်မှုကို မြင်အောင် ရှုပါ။ ထိုနောင် (၆)ဒွါရတို့၌လည်းကောင်း, (၄၂)ကောဋ္ဌာသတို့၌လည်းကောင်း တည်ရှိသော ရုပ်အစစ်တို့ကို ဒွါရတစ်ခုစီ ကောဋ္ဌာသတစ်ခုစီ ခွဲ၍ ယင်းဒွါရ အသီးအသီး၌ တည်ရှိသော ရုပ်အစစ်တို့၏ ဖြစ်မှု တည်မှု ပျက်မှုကိုလည်းကောင်း, ကောဋ္ဌာသအသီးအသီး၌ တည်ရှိသော ရုပ်အစစ်တို့၏ ဖြစ်မှု တည်မှု ပျက်မှုကိုလည်းကောင်း မြင်အောင် ရှုပါ။ ထိုနောင် (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရနိုင်သမျှ ရုပ်အစစ်အားလုံးတို့ကို ခြုံငုံ၍ ဖြစ်-တည်-ပျက် ရှုပါ။[၅၁၈]

ရုပ်တို့၏ ဖြစ်ပုံ ပျက်ပုံ ဓမ္မတာ

ဤတွင် ရုပ်တို့၏ ဖြစ်ပုံ ပျက်ပုံ အခြင်းအရာ ဓမ္မတာကို အနည်းငယ် ရှင်းလင်းတင်ပြအပ်ပါသည်။ ရုပ်တို့၏ သက်တမ်း အချိန်ကာလကို စိတ္တက္ခဏ (၁၇)ချက်ဖြင့် ပုံသေ တိုင်းတာပြထား၏၊ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌လည်း ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက်ဟု ခဏငယ် သုံးမျိုးစီ ရှိနေ၏၊ ထိုကြောင့် ရုပ်တို့သည် စိတ္တက္ခဏကြီးအားဖြင့် (၁၇)ချက်, ခဏငယ်အားဖြင့် (၅၁)ချက် သက်တမ်းရှည်ကြ၏၊ ထိုအောက် လျော့၍သော်လည်းကောင်း, ထိုထက် ပိုလွန်၍သော်လည်းကောင်း သက်တမ်း မရှည်ကြပေ။

ဥပမာ –– စိတ္တက္ခဏတစ်ခုကို အမှတ် (၁) စိတ္တက္ခဏဟု သတ်မှတ်ကြပါစို့။ ကမ္မဇရုပ်ကလာပ်တိုင်းသည် ယင်းစိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ကံအရှိန်အဝါ မကုန်သေးသမျှ ကာလပတ်လုံး ဘဝသက်တမ်းတစ်လျှောက်ဝယ် စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇)ချက်မြောက်သော စိတ္တက္ခဏအထိ အမြဲတမ်း ဖြစ်နေ၏၊ ယင်းအမှတ် (၁) စိတ္တက္ခဏ၏ ဥပါဒ်ကာလ၌ စ၍ ဥပါဒ်ကြသော ရုပ်တရား တို့သည် အမှတ် (၁၇) စိတ္တက္ခဏ၏ ဘင်ကာလနှင့် ပြိုင်၍ချုပ်ကြ၏၊ ယင်း အမှတ် (၁) စိတ္တက္ခဏ၏ ဌီကာလနှင့် ပြိုင်၍ ဖြစ်ကြသော ဥပါဒ်ကြသော ရုပ်တရားတို့သည် အမှတ် (၁၈) စိတ္တက္ခဏ၏ ဥပါဒ်ကာလ၌ ချုပ်ဆုံးကြ၏၊ ယင်းအမှတ် (၁) စိတ္တက္ခဏ၏ ဘင်ကာလနှင့် ပြိုင်၍ ဥပါဒ်ကြသော ရုပ်တရားတို့သည် အမှတ် (၁၈) စိတ်၏ ဌီကာလ၌ ချုပ်ဆုံးကြ၏၊ ဤ၌ အမှတ် (၁၇) (၁၈)ဟူသည် အမှတ် (၁)မှ ထောက်၍ သတ်မှတ်အပ်သော စိတ္တက္ခဏ တစ်မျိုးမျိုးကို ဆိုလိုသည်။

တစ်ဖန် စိတ္တဇရုပ်တို့သည်လည်း ဟဒယဝတ္ထုကို မှီ၍ ဖြစ်နေသော စိတ်တိုင်း စိတ်တိုင်း၏ ဥပါဒ်ကာလတိုင်း ဥပါဒ်ကာလတိုင်း၌ အမြဲတမ်း ဘဝတစ်လျှောက်ဝယ် ဖြစ်နေကြ၏၊ အမှတ် (၁)ဟု သတ်မှတ်လိုက်သော စိတ္တက္ခဏနှင့် ဥပါဒ်ချင်း ပြိုင်၍ ဖြစ်သော စိတ္တဇရုပ်တရားတို့သည် အမှတ် (၁၇)ဟု သတ်မှတ်ထားသော စိတ္တက္ခဏ၏ ဘင်ကာလ၌ ချုပ်ဆုံးကြ၏၊

တစ်ဖန် ကမ္မဇကလာပ် စိတ္တဇကလာပ် ဥတုဇကလာပ် အာဟာရဇကလာပ်တိုင်းလိုလို၌ ပါဝင်သော တေဇောဓာတ်သည်လည်း ရုပ်၏ ဌီကာလသို့ ရောက်တိုင်း ရောက်တိုင်း ဥတုဇရုပ်များကို ဖြစ်စေနိုင်ပြန်၏၊ အမှတ် (၁) စိတ္တက္ခဏ၏ ဥပါဒ်ကာလ၌ ဖြစ်ကြသော ကမ္မဇရုပ်တို့သည် ယင်းအမှတ် (၁) စိတ္တက္ခဏ၏ ဌီကာလဝယ် ရုပ်၏ ဌီကာလသို့ ဆိုက်ရောက်လာသဖြင့် ယင်းရုပ်တို့တွင် ပါဝင်သော ကမ္မဇတေဇောဓာတ် အသီးအသီးသည် ဥတုဇရုပ် အသီးအသီးကို ဖြစ်စေပြန်၏၊ အလားတူပင် ယင်းအမှတ် (၁)ဟု သတ်မှတ်ထားအပ်သော စိတ်၏ ရှေ့တွင် ကပ်လျက် ဖြစ်သွားသော စိတ္တက္ခဏ၏ ဘင်ကာလနှင့် ပြိုင်၍ ဥပါဒ်ကြသော ကမ္မဇရုပ်တို့သည် ယင်း အမှတ် (၁)ဟု သတ်မှတ် လိုက်သော စိတ်၏ ဥပါဒ်ကာလ၌ ရုပ်၏ ဌီကာလသို့ ဆိုက်ရောက်လာသဖြင့် ယင်းရုပ်တရားတို့တွင် အကျုံးဝင်သော ကမ္မဇတေဇောဓာတ်အသီးအသီးသည် ဥတုဇရုပ်ကလာပ်အသီးအသီးကို ဖြစ်စေပြန်၏၊ ယင်း အမှတ် (၁)ဟု သတ်မှတ်လိုက်သော စိတ်နှင့် ဥပါဒ်ချင်း ပြိုင်၍ ဖြစ်သော ဥတုဇရုပ်တည်း။ တစ်ဖန် ယင်းအမှတ် (၁)ဟု သတ်မှတ် ထားသော စိတ်၏ ဘင်ကာလ၌ စ၍ ဥပါဒ်ကြကုန်သော ကမ္မဇရုပ်တို့သည် အမှတ် (၂)စိတ်၏ ဥပါဒ်ကာလ၌ ရုပ်၏ ဌီကာလသို့ ဆိုက်ရောက်လာသဖြင့် ယင်းရုပ်တရားတို့တွင် အကျုံးဝင်သော ကမ္မဇတေဇောဓာတ် အသီးအသီးသည်လည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသီးအသီးကို ဖြစ်စေနိုင်ပြန်၏၊ တစ်ဖန် ယင်း အမှတ် (၁)ဟု သတ်မှတ်အပ်သော စိတ်၏ ဌီကာလ၌ စ၍ ဥပါဒ်ကြသော ကမ္မဇရုပ်တို့သည် ယင်းအမှတ် (၁)စိတ်၏ ဘင်ကာလ၌ ရုပ်၏ဌီကာလသို့ ဆိုက်ရောက်လာသဖြင့် ယင်းရုပ်တရားတို့တွင် အကျုံးဝင်သော ကမ္မဇတေဇောဓာတ်သည် ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေပြန်၏၊ ဤရှင်းလင်းချက်အရ ယေဘုယျအားဖြင့် ကမ္မဇဥတုကြောင့်ဖြစ်သော ဥတုဇရုပ် တို့သည် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ဖြစ်နိုင်သည်ဟု မှတ်ပါ။ အလားတူပင် စိတ္တက္ခဏ (၁၇)ချက် သို့မဟုတ် ခဏငယ် (၅၁)ချက် ပြည့်ရာ စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌လည်း ပျက်သည် ချုပ်သည်ဟု သိပါ။

စိတ္တဇရုပ်တို့သည် စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း၌ ဖြစ်ကြသဖြင့် ယင်းစိတ္တက္ခဏ၏ ဌီကာလသို့ ရောက်မှသာလျှင် စိတ္တဇရုပ်တို့လည်း ဌီကာလသို့ ရောက်ရှိကြ၏၊ ထိုကြောင့် ယင်းစိတ္တဇရုပ်တို့တွင် အကျုံးဝင်သော စိတ္တဇတေဇောဓာတ် (= ဥတု) သည်လည်း စိတ္တက္ခဏတိုင်း၏ ဌီကာလတိုင်း၌ (ပဉ္စဝိညာဏ်၏ ဌီကာလမှ လွဲလျှင်) ရုပ်၏ ဌီကာလသို့ ရောက်ရှိလာသဖြင့် ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေပြန်၏၊ ယင်းဥတုဇ ရုပ်တို့သည်လည်း စိတ္တက္ခဏ (၁၇)ချက် ခဏငယ် (၅၁)ချက်ပြည့်ရာ ယင်းစိတ်မှ ရေတွက်သော် (၁၈)ခုမြောက်သော စိတ်၏ ဥပါဒ်ကာလ၌ ချုပ်ပျက်ကြ၏၊

တစ်ဖန် .. ရှေးရှေး ဥတုဇရုပ်တို့တွင် ပါဝင်သော ဥတုဇတေဇောဓာတ်သည်လည်း စွမ်းအင်မကုန်သေးက ဥတုဇရုပ်ကလာပ် အသစ်အသစ်ကို ဌီကာလသို့ ရောက်ခိုက်၌ ဖြစ်စေနိုင်ပြန်၏၊ ဥတုဇရုပ်တို့သည်လည်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်တိုင်း ဌီတိုင်း ဘင်တိုင်း၌ ဖြစ်နိုင်ရကား ဤဥတုဇတေဇောဓာတ်သည်လည်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ဥတုဇရုပ်ကို ဖြစ်စေနိုင်၏၊ အလားတူပင် စိတ္တက္ခဏ (၁၇)ချက် ခဏငယ် (၅၁)ချက် ပြည့်ရာ စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌လည်း ချုပ်ပျက်ပေသည်။

တစ်ဖန် ..အာဟာရဇရုပ်များသည်လည်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ဖြစ်နိုင်ကြ၏၊ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌လည်း ချုပ်ပျက်နိုင်ကြသည်။ ကမ္မဇရုပ်တို့သည် စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ဥပါဒ်နိုင်သဖြင့်, စိတ္တဇရုပ်တို့လည်း ဥပါဒ်ကာလတိုင်း၌ ဥပါဒ်နိုင်ကြ ဖြစ်နိုင်ကြသဖြင့်, ဥတုဇရုပ်တို့လည်း ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ဖြစ်နိုင်ကြသဖြင့်, အာဟာရဇဩဇာကြောင့် ဖြစ်သော အာဟာရဇရုပ်တို့သည်လည်း စိတ်တို့၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ဖြစ်နိုင်ကြသဖြင့် ယင်းသို့ ဖြစ်နိုင်ကြသော စတုသမုဋ္ဌာနိကဩဇာတို့သည် ရုပ်၏ ဌီကာလသို့ ရောက်တိုင်း ရောက်တိုင်း ကလာပ်ပြား အာဟာရဇဩဇာ၏ အားပေးထောက်ပံ့မှုကို ရရှိပါက အာဟာရဇ ဩဇဋ္ဌမက ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်ပြန်၏၊ အာဟာရဇရုပ်တို့သည် စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ဖြစ်နိုင်ကြသဖြင့် ယင်းအာဟာရဇရုပ်တို့တွင် အကျုံးဝင်သော တေဇောဓာတ် ဥတုသည်လည်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်းဝယ် ရုပ်၏ ဌီကာလသို့ ရောက်ခိုက် ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်ပြန်၏၊ ထိုကြောင့် စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌လည်း ချုပ်ပျက်နိုင်၏၊

ဤရှင်းလင်းချက်နှင့် အညီ စိတ္တက္ခဏတစ်ခုက ရပ်၍ ကြည့်လျှင် ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရား (၄)ပါးကြောင့် ထင်ရှားဖြစ်နေကြကုန်သော စတုသမုဋ္ဌာနိကရုပ်တို့သည် ယင်းစိတ္တက္ခဏ၏ ဥပါဒ်ကာလ၌ ဖြစ်နေသော ရုပ်တို့သည်လည်း ရှိကြ၏၊ သက်တမ်း မကုန်သေးသဖြင့် (= စိတ္တက္ခဏ (၁၇)ချက် ခဏငယ် (၅၁)ချက် မပြည့်သေးသဖြင့်) ဆက်လက် ဖြစ်နေကြသော ဌီကာလ၌ တည်ရှိနေကြသော ရုပ်တရားတို့လည်း ရှိကြ၏၊ သက်တမ်းစေ့သဖြင့် ချုပ်ပျက်သွားကြသော ရုပ်တရားတို့လည်း ရှိကြ၏၊

လောကူပမာကို ဆောင်ရသော် - အခိုင်အမာ ကျစ်ထားသော အုန်းဆံကြိုး တစ်ချောင်းကို ဖြေကြည့်ပါ။ ထိုအုန်းဆံကြိုးဟူသည် (၄)လက်မ (၅)လက်မ တစ်ထွာ တစ်မိုက် စသည့်ဖြင့် ရှည်လျားသော အုန်းဆံမျှင်များကို စုပေါင်း၍ ကျစ်ထားသည်ကို တွေ့နိုင်၏၊ တစ်နေရာတွင် ရပ်ကြည့်ပါက ယင်းအုန်းဆံမျှင်တို့၏ အစကိုလည်း တွေ့နိုင်၏၊ အဆုံးကိုလည်း တွေ့နိုင်၏၊ အလယ်သဘောတရားကိုလည်း တွေ့နိုင်၏၊

ဤဥပမာအတူပင် ရုပ်တို့သည် စိတ္တက္ခဏတစ်ခုတစ်ခု၏ ခဏငယ်တိုင်း ခဏငယ်တိုင်း၌ (= ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌) များစွာ ပြိုင်တူ ဖြစ်မှုလည်း ရှိကြ၏၊ ပျက်မှုလည်း ရှိကြ၏၊ ဌီကာလသို့ ရောက်နေ ဆဲလည်း ရှိကြ၏၊ ယင်းသို့လျှင် ရုပ်တို့၏ဖြစ်ပုံသည် နာမ်တို့၏ဖြစ်ပုံနှင့် မတူညီသည့်အတွက် ယင်းရုပ်တို့၏လည်း ရှေးနှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေကြသည့်အတွက် ရုပ်တရားတို့ကို ပရမတ်ဉာဏ်ပညာမျက်စိ မရှိသူတို့သည် အတုံးလိုက် အခဲလိုက် ပုံသဏ္ဌာန်အလိုက် တွေ့ရှိနေကြခြင်း ဖြစ်၏၊

နာမ်တရားတို့ကား စိတ္တက္ခဏတစ်ခု၏ အတွင်း၌ စိတ္တက္ခဏ နှစ်ခု သုံးခု စသည်ဖြင့် ပြိုင်၍ ပြိုင်တူဖြစ်ရိုး ဓမ္မတာ မရှိ၊ စိတ္တက္ခဏတစ်ခုပြီးမှ အခြားစိတ္တက္ခဏတစ်ခု ထပ်ဖြစ်နိုင်၏၊ ရုပ်တရားတို့သည်ကား စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ခဏငယ်တိုင်း ခဏငယ်တိုင်း၌ ပြိုင်တူ များစွာ ဖြစ်လည်းဖြစ်နိုင်ကြ၏၊ ပျက်လည်း ပျက်နိုင်ကြ၏၊ တည်လည်း တည်တံ့နိုင်ကြ၏၊ စိတ်တို့၏ ဥပါဒ်ကာလနှင့် ရုပ်တို့၏ ဥပါဒ်ကာလ, စိတ်တို့၏ ဘင်ကာလနှင့် ရုပ်တို့၏ ဘင်ကာလကား တူညီလျက်ပင် ရှိကြ၏၊ ဌီကာလကား ကွဲလွဲလျက် ရှိကြ၏၊ ရုပ်တို့၏ ဌီကာလသည် စိတ္တက္ခဏ (၁၆)ချက်နှင့် ခဏငယ်တစ်ချက်, တစ်နည်း စိတ်၏ ခဏငယ်ပေါင်း (၄၉)ချက် သက်တမ်း ရှိနေ၏၊ အချို့သော ရုပ်တို့၏ ဌီကာလနှင့် အချို့သော ရုပ်တို့၏ ဌီကာလမှာ ထပ်လျက် ရှိနေ၏၊ စိတ္တက္ခဏအနည်းငယ် အတိုးအဆုတ်လည်း ရှိနေ၏၊ ရှေ့နှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ပြိုင်တူ ဖြစ်နေကြ၏၊ အထပ်ထပ် ပြိုင်တူ ပျက်နေကြ၏၊ အထပ်ထပ် ပြိုင်တူ တည်နေကြ၏၊ သန္တတိဃန အတုံးအခဲကို မဖြိုခွဲနိုင်ပါက တစ်ဆက်တည်းဟု တစ်ခုတည်း တစ်တုံးတစ်ခဲတည်းဟု ထင်နေတတ်ကြ၏၊ မနေ့ကလည်း ငါပဲ ယနေ့လည်း ငါပဲဟု, မနေ့ကလည်း သူပဲ ယနေ့လည်း သူပဲဟု အထင် လွဲနေတတ်ကြ၏၊ ငါပဲ သူပဲ ယောက်ျားပဲ မိန်းမပဲ ပုဂ္ဂိုလ်သတ္တဝါပဲ လူပဲ နတ်ပဲ ဗြဟ္မာပဲဟု အထင်လွဲနေကြ၏ = အသိမှားနေကြ၏၊ ယင်း အသိမှားမှု အဝိဇ္ဇာနေရာ၌ ပရမတ်သို့ တိုင်အောင် ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိသည့် ဝိဇ္ဇာဉာဏ်ကို ယခု အစားထိုးနေခြင်းပင် ဖြစ်သည်။

ရုပ်-ရုပ် ဟု ရှုရမည့် အချိန်

ယောဂါဝစရပုဂ္ဂိုလ်သည် ယခုအခါ၌ကား (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ် ရုပ်အတုတို့ကို ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းနိုင်သောအဆင့် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သော အဆင့်သို့ကား ရောက်ရှိနေပြီဖြစ်၏၊ ထိုအဆင့်တွင် ယင်းရုပ်တရားအားလုံးတို့၏ ဖောက်ပြန်တတ်သော သဘောလက္ခဏာကို = ရှေ့ကဖြစ်သွားသော ရုပ်တို့၏ ဖြစ်ပုံအခြင်းအရာနှင့် မတူသော နောက်နောက်သော ရုပ်တို့၏ ဖြစ်ပုံအခြင်းအရာဟူသော ရုပ်အစဉ်သန္တတိ၏ မတူကွဲပြားသော ဖြစ်ပုံအခြင်းအရာကို အာရုံပြု၍ ယင်းရုပ်တရားတို့၏ ယင်းကဲ့သို့ ဖောက်ပြန်တတ်သော ရုပ္ပန လက္ခဏာအားဖြင့် တူညီမှု ရှိသောကြောင့် တစ်ပေါင်းတစ်စုတည်းပြု၍ -''ဧတံ ရူပံ = ဤကား ရုပ်တရား''ဟု ရှုရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၅၁၉]က ညွှန်ကြားလျက်ရှိ၏၊ ယင်းညွှန်ကြားချက်နှင့်အညီ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ် ရုပ်အတုအားလုံးကို ခြုံငုံ၍ ''ရုပ်တရား ရုပ်တရား''ဟု ရှုရန်အချိန် ဖြစ်သည်။

သို့သော် (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားအားလုံးကို မခြုံနိုင် မငုံနိုင် ဖြစ်နေပါက ရှေးဦးစွာ ဒွါရတစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိသော (၆၃)မျိုးသော ရုပ်အစစ် (၅၃-မျိုးသော ရုပ်အစစ်) တို့နှင့် ရနိုင်သမျှ ရုပ်အတုတို့ကို ဖောက်ပြန်တတ်သော ရုပ္ပနသဘောလက္ခဏာအားဖြင့် တစ်ပေါင်းတစ်စုတည်း ပြု၍ ရောနှောခြုံငုံ၍...

၁။ ''ဤကား ရုပ်-ရုပ်''ဟုလည်းကောင်း, သို့မဟုတ်
၂။ ''ရုပ်တရား-ရုပ်တရား''ဟုလည်းကောင်း, သို့မဟုတ်
၃။ ''ရုပ်-ရုပ်''ဟုလည်းကောင်း ရှုပါ။

(၄၂)ကောဋ္ဌာသတို့၌လည်း ကောဋ္ဌာသတစ်ခုစီ၌ ရနိုင်သမျှ ရုပ်အစစ်နှင့် ရုပ်အတုတို့ကို တစ်ပေါင်းတည်း တစ်စုတည်းပြု၍ ရောနှော ခြုံငုံ၍ ယင်းတို့၏ ဖောက်ပြန်တတ်သော သဘောလက္ခဏာအားဖြင့် တစ်ပေါင်း တစ်စုတည်းပြု၍ နည်းတူ ရှုပါ။

တစ်ဖန် ဒွါရတစ်ခုစီ၌လည်းကောင်း, ကောဋ္ဌာသတစ်ခုစီ၌လည်းကောင်း တည်ရှိသော ရုပ်တရားတို့ကို ပေါင်းစုခြုံငုံ၍ ရှုပွားနိုင် သိမ်းဆည်းနိုင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါက (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ် ရုပ်အတု အားလုံးတို့ကို ဖောက်ပြန်တတ်သော သဘောလက္ခဏာအားဖြင့် တစ်ပေါင်းတစ်စုတည်းပြု၍ ရောနှောခြုံငုံ၍ –

၁။ ''ဤကား-ရုပ်-ရုပ်'' ဟုလည်းကောင်း, သို့မဟုတ်
၂။ ''ရုပ်တရား-ရုပ်တရား''ဟုလည်းကောင်း, သို့မဟုတ်
၃။ ''ရုပ်-ရုပ်''ဟုလည်းကောင်း ရှုပါ၊ သိမ်းဆည်းပါ။

ဖောက်ပြန်တတ်သော သဘော

ဖောက်ပြန်တတ်သော သဘောဟူသည် ပူမှု အေးမှု စသော ဆန့်ကျင်ဘက် အကြောင်းတရားတို့ကြောင့် ရုပ်သန္တတိအစဉ်၏ မတူသော ဖြစ်ခြင်း, ပုံစံအမျိုးမျိုးပြောင်းလဲ၍ ဖြစ်ခြင်းကို ဆိုလိုသည်။ အပူဓာတ် အပူရှိန် လွန်ကဲလာသောအခါ အပူဖျား ဖျားသော ရုပ်သန္တတိအစဉ်များ ဆက်တိုက်ဖြစ်နေမှု, အအေးဓာတ် အအေးရှိန် လွန်ကဲလာသောအခါ အအေးနာ နာသော ရုပ်သန္တတိအစဉ်များ ဆက်တိုက်ဖြစ်နေမှုမျိုးကို ဖောက်ပြန်တတ်သော သဘောဟု ဆိုလိုသည်။ အလားတူပင် ထမင်းဆာသောအခါ ဖြစ်ပေါ်နေသော ရုပ်သန္တတိအစဉ်များ ထမင်းဝသောအခါ ဖြစ်ပေါ်နေသော ရုပ်သန္တတိအစဉ်များ တစ်ခုနှင့် တစ်ခု မတူဘဲ ကွဲပြားစွာ ဖြစ်နေမှု ပုံစံအမျိုးမျိုးပြောင်းလဲ၍ ဖြစ်မှုကိုလည်းကောင်း၊ အဆိပ်ပြင်းသော မြွေ အကိုက်ခံရသောအခါ ဖြစ်ပေါ်နေသော ရုပ်သန္တတိအစဉ်များနှင့် မြွေဆိပ်ပြေသွားသောအခါ ဖြစ်ပေါ်နေသော ရုပ်သန္တတိအစဉ်များ မတူဘဲ ကွဲပြားစွာ ဖြစ်နေမှုကိုလည်းကောင်း ဤသို့ စသည်ဖြင့် ရှေးရှေးက ဖြစ်သွားသော ရုပ်သန္တတိအစဉ်များနှင့် နောက်နောက် ဆက်တိုက်ဖြစ်ပေါ်လာသော ရုပ်သန္တတိအစဉ်တို့ မတူဘဲ ကွဲပြားစွာ ဖြစ်နေခြင်းသဘောတရားကိုပင် ဖောက်ပြန်တတ်သော သဘောဟု ဆိုလိုသည်။ သို့သော် ထိုရုပ်သန္တတိအစဉ်အတွင်း၌ တည်ရှိကြသော ပထဝီ အာပေါစသော ပရမတ္ထသဘာဝတရားတို့ကား မိမိတို့၏ မာမှု ယိုစီးမှု .. စသော ကိုယ်ပိုင်သဘာဝလက္ခဏာများ၏ ပြောင်းလဲမှု မရှိသဖြင့် ပရမတ်ဟူသော အမည်ကို ရရှိကြသည်သာ ဖြစ်ပေသည်။

သတိပြုရန် ရုပ်တရားရှုကွက်

၁။ ရုပ်ကလာပ်များကို မမြင်ခင် သဒိသူပစာရအားဖြင့် ဥပစာရသမာဓိ အမည်ရသော ဥပစာရသမာဓိသို့ ဆိုက်အောင် ဓာတ်ကြီးလေးပါးတို့၏ သဘာဝလက္ခဏာ အသီးအသီးကို အာရုံယူ၍ သမာဓိကို ထူထောင်ခိုက်၌ကား ''ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်''ဟု ဓာတ်ကြီး လေးပါးကိုသာ ရှုနေပါ။

၂။ ရုပ်ကလာပ်တို့ကို မြင်၍ ရုပ်ကလာပ်တို့ကို ဓာတ်ခွဲရာ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းရာ၌ကား - ''ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာ ဇီဝိတ စက္ခုပသာဒ'' - ဤသို့စသည်ဖြင့် ထိုသို့ ရုပ်ကလာပ်အလိုက် သိမ်းဆည်းရှုပွားပါ။

၃။ ဒွါရတစ်ခု ကောဋ္ဌာသတစ်ခု အတွင်း၌ တည်ရှိသော ရုပ်တရားအားလုံးကိုလည်းကောင်း, (၆)ဒွါရ (၄၂) ကောဋ္ဌာသ ဟူသော တစ်ကိုယ်လုံး၌ တည်ရှိသော ရုပ်တရားအားလုံးကိုလည်းကောင်း ဖောက်ပြန်တတ်သော သဘောလက္ခဏာအားဖြင့် တစ်ပေါင်းတစ်စုတည်းပြု၍ ရောနှောခြုံငုံ၍ သိမ်းဆည်းနိုင်သောအခါ –

၁။ ''ဤကား ရုပ်-ရုပ်''ဟုလည်းကောင်း, သို့မဟုတ်
၂။ ''ရုပ်တရား-ရုပ်တရား''ဟုလည်းကောင်း, သို့မဟုတ်
၃။ ''ရုပ်-ရုပ်''ဟုလည်းကောင်း သိမ်းဆည်းရှုပွားပါ။

တိုက်တွန်းပါရစေ

မူလပဏ္ဏာသပါဠိတော် မဟာဂေါပါလကသုတ္တန်[၅၂၀]၌လည်းကောင်း, ယင်းမဟာဂေါပါလကသုတ္တန်အဋ္ဌကထာ[၅၂၁] ၌လည်းကောင်း ယောဂါဝစရ ရဟန်းတော်သည် –

၁။ ဘူတရုပ် ဥပါဒါရုပ်ဟူသော ရုပ်အားလုံးကို ရုပ် (၂၈)ပါးဟူသော အရေအတွက်အားဖြင့်လည်းကောင်း,

၂။ (က) မည်သည့်ရုပ်တရားများက ကံကြောင့် ဖြစ်သည်။
( ခ ) မည်သည့်ရုပ်တရားများက စိတ်ကြောင့် ဖြစ်သည်။
( ဂ ) မည်သည့်ရုပ်တရားများက ဥတုကြောင့် ဖြစ်သည်။
(ဃ) မည်သည့်ရုပ်တရားများက အာဟာရကြောင့် ဖြစ်သည်။
( င ) မည်သည့်ရုပ်တရားများက အကြောင်းတစ်မျိုးကြောင့် ဖြစ်သည်။
( စ ) မည်သည့်ရုပ်တရားများက အကြောင်းနှစ်မျိုးကြောင့် ဖြစ်သည်။
(ဆ) မည်သည့်ရုပ်တရားများက အကြောင်းသုံးမျိုးကြောင့် ဖြစ်သည်။
( ဇ ) မည်သည့်ရုပ်တရားများက အကြောင်းလေးမျိုးလုံးကြောင့် ဖြစ်သည်။
( စျ ) မည်သည့်ရုပ်တရားများက မည်သည့်အကြောင်းကြောင့်မျှ မဖြစ် (လက္ခဏရုပ်လေးခုကို ဆိုလိုသည်) ဟု – အကြောင်းသမုဋ္ဌာန်အားဖြင့်လည်းကောင်း –

ဤသို့ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မရှုနိုင်ပါက မမြင်နိုင်ပါက မသိနိုင်ပါက မသိမ်းဆည်းနိုင်ပါက မဂ်ဖိုလ် နိဗ္ဗာန်သို့ မဆိုက်ရောက်နိုင်၊ ရှုနိုင်ပါမှ မြင်နိုင်ပါမှ သိနိုင်ပါမှ သိမ်းဆည်းနိုင်ပါမှ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှသာလျှင် မဂ်ဖိုလ် နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်မည်ဖြစ်ကြောင်း လာရှိ၏၊

ထို့ကြောင့် တရားစစ်တရားမှန်ကို လိုလားတောင့်တလျက်ရှိသော နိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကြီးကို လိုလား တောင့်တလျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းတရားလေးပါးကြောင့် ထင်ရှားဖြစ်ပေါ်နေသော ရုပ်တရားတို့ကို ဉာဏ်ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ပရမတ္ထဓာတ်သား တစ်လုံးစီ တစ်လုံးစီကို ဉာဏ်ဖြင့် သိသည့်တိုင်အောင် မြင်သည့်တိုင်အောင် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ အထက်တွင် ရေးသားတင်ပြခဲ့သည့်အတိုင်း (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို သိမ်းဆည်းနိုင်ပါမှသာလျှင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှသာလျှင် ရုပ် (၂၈)ပါးဟူသော အရေအတွက်ကိုလည်းကောင်း, မည်သည့်ရုပ်တရားများက မည်သည့်အကြောင်းတရားများကြောင့် ဖြစ်ပေါ်နေရသည်ဟု အကြောင်းသမုဋ္ဌာန်ကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိရှိနိုင်မည်ဖြစ်သည်။ အကယ်၍ ရုပ်ကလာပ်များကို ဉာဏ်ဖြင့် မတွေ့မြင်ခဲ့သော်လည်းကောင်း, တွေ့မြင်လျှင်လည်း ပရမတ်သို့ ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားမယူနိုင်ခဲ့သော်လည်းကောင်း ရုပ် (၂၈)ပါးဟူသော အရေအတွက်ကိုလည်းကောင်း, မည်သည့်ရုပ်တရားများက မည်သည့်အကြောင်းတရားကြောင့် ဖြစ်နေရပါသည်ဟူသော အကြောင်းသမုဋ္ဌာန်ကိုလည်းကောင်း သိရှိနိုင်ရေးမှာ မိုးနှင့် မြေကြီးပမာ အလွန့်အလွန် အလှမ်းဝေးကွာလျက်ပင် ရှိနေပေသည်။ ထို့ကြောင့် ဘုရားရှင် ဆိုလိုသော နိဗ္ဗာန်တရားတော်မြတ်ကြီးကိုလည်းကောင်း, ယင်းနိဗ္ဗာန်သို့ ရောက်စေတတ်သော တိကျမှန်ကန်သော ဝိပဿနာ ဉာဏ်တို့ကိုလည်းကောင်း လိုလားတောင့်တခဲ့ပါလျှင် ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ လာရှိသည့်အတိုင်း အရေအတွက်အားဖြင့်လည်းကောင်း, အကြောင်းသမုဋ္ဌာန်အားဖြင့်လည်းကောင်း နှစ်မျိုးသော အခြင်းအရာအားဖြင့် ရုပ်တရားတို့ကို သိမ်းဆည်းနိုင်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်အောင် ကြိုးပမ်းပါလေ။

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်ဘက်က ..
၁။ ရုပ် (၂၈)ပါးဟူသော အရေအတွက်ကိုလည်းကောင်း,
၂။ မည်သည့်ရုပ်တရားက မည်သည့်အကြောင်းကြောင့် ဖြစ်သည်ဟု အကြောင်းသမုဋ္ဌာန်ကိုလည်းကောင်း –

ဟုတ်တိုင်းမှန်စွာ မသိသော်လည်း ဝိပဿနာဉာဏ်ကိုလည်း ရရှိနိုင်သည်၊ မဂ်ဖိုလ် နိဗ္ဗာန်ကိုလည်း ရရှိနိုင်သည်ဟု အယူအဆရှိနေသည် ဖြစ်အံ့၊ ယောဂါဝစရပုဂ္ဂိုလ်သည် သဗ္ဗညုတဉာဏ်တော်မြတ်ပိုင်ရှင် သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်နှင့် ယှဉ်ပြိုင်၍ စင်ပြိုင်သာသနာတော် တစ်ရပ်ကို ထူထောင်ရတော့မည် ဖြစ်သဖြင့် သဗ္ဗညုတဉာဏ်တော် မြတ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဟောကြားထားတော်မူသော တရားဒေသနာတော်တို့ကို လက်မခံလိုဘဲ ပယ်လှန်လိုသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း သဗ္ဗညုတဉာဏ်တော်မြတ်ကြီးထက် သာလွန်၍ အဆင့်မြင့်သော ဉာဏ်တော်ကြီး တစ်ခု ရှိထားပြီးဖြစ်ဖို့ကား အထူး လိုအပ်နေမည်သာ ဖြစ်ပေသည်။

ယောဂါဝစရပုဂ္ဂိုလ်သည် ဤရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြထားသည့်အတိုင်း ရုပ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးသောအခါ ထိုထိုဣရိယာပထရှုကွက် ထိုထိုသမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌လည်း သယ်ဆောင်တတ်သော ရုပ်တရား အသယ်ဆောင်ခံရသော ရုပ်တရား၊ တစ်နည်း ပဓာန = ပြဓာန်းသော ရုပ်တရား, အပဓာန = မပြဓာန်းသော ရုပ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးသောအခါ ဆိုင်ရာ ဆိုင်ရာ မှီရာ ဝတ္ထုရုပ်တို့ကို မှီတွယ်၍ ယင်းရုပ်တရားတို့ကိုပင် အာရုံယူကာ ဖြစ်ပေါ်လာကြသည့် နာမ်တရားတို့ကို ဆက်လက်ကာ ဉာဏ်ဖြင့် ပိုင်းခြားယူရ သိမ်းဆည်းရဦးမည်သာ ဖြစ်ပေသည်။ ထိုသို့ သိမ်းဆည်းနိုင်ရေးအတွက် နာမ်ကမ္မဋ္ဌာန်းပိုင်းကို ဆက်လက်ကာ ကြိုးပမ်းပါလေ။

နာမ်ကမ္မဋ္ဌာန်းပိုင်း

ဂေါတမကစေတိယသုတ္တန် ကောက်နုတ်ချက်

အဘိညာယာဟံ ဘိက္ခဝေ ဓမ္မံ ဒေသေမိ, နော အနဘိညာယ။
သနိဒါနာဟံ ဘိက္ခဝေ ဓမ္မံ ဒေသေမိ, နော အနိဒါနံ။
သပ္ပါဋိဟာရိယာဟံ ဘိက္ခဝေ ဓမ္မံ ဒေသေမိ, နော အပ္ပါဋိဟာရိယံ။
တဿ မယှံ ဘိက္ခဝေ အဘိညာယ ဓမ္မံ ဒေသယတော နော အနဘိညာယ,
သနိဒါနံ ဓမ္မံ ဒေသယတော နော အနိဒါနံ,
သပ္ပါဋိဟာရိယံ ဓမ္မံ ဒေသယတော နော အပ္ပါဋိဟာရိယံ,
ကရဏီယော ဩဝါဒေါ, ကရဏီယာ အနုသာသနီ။
အလဉ္စ ပန ဝေါ ဘိက္ခဝေ တုဋ္ဌိယာ, အလံ အတ္တမနတာယ, အလံ သောမနဿာယ . . . သမ္မာသမ္ဗုဒ္ဓေါ ဘဂဝါ, သွာက္ခာတော ဓမ္မော, သုပ္ပဋိပန္နော သံယော . . . .။ (အံ၊၁၊၂၈၀။)

ချစ်သား ရဟန်းတို့ ... ငါဘုရားသည် တရားတော်ကို ..
ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးမှသာလျှင် ဟောကြားတော်မူ၏၊
ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိမမြင်ဘဲ ဟောကြားတော်မမူ။
ချစ်သား ရဟန်းတို့ ... ငါဘုရားသည် ..
အကြောင်းနိဒါန်းနှင့် တကွသော တရားတော်ကိုသာလျှင် ဟောကြားတော်မူ၏၊
အကြောင်းနိဒါန်း မပါသော တရားမျိုးကို ဟောကြားတော်မမူ။
ချစ်သား ရဟန်းတို့ ... ငါဘုရားသည် ..
ဆန့်ကျင်ဘက်တရားကို ပယ်ရှားနိုင်သည့် စွမ်းအားရှိန်စော်အာနုဘော်ရှိသော တရားမျိုးကိုသာလျှင် ဟောကြားတော်မူ၏၊
ဆန့်ကျင်ဘက်တရားကို ပယ်ရှားနိုင်သည့် စွမ်းအားရှိန်စော်အာနုဘော်မရှိသော တရားမျိုးကို ဟောကြားတော်မမူ။

ချစ်သား ရဟန်းတို့ ... တရားတော်ကို ..
ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးမှသာလျှင် ဟောကြားတော်မူသော,
ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိမမြင်ဘဲ ဟောကြားတော်မမူသော ..,
အကြောင်းနိဒါန်းနှင့် တကွသော တရားတော်ကိုသာလျှင် ဟောကြားတော်မူသော,
အကြောင်းနိဒါန်းမပါသော တရားမျိုးကို ဟောကြားတော်မမူသော ..,
ဆန့်ကျင်ဘက်တရားကို ပယ်ရှားနိုင်သည့် စွမ်းအားရှိန်စော်အာနုဘော်ရှိသော တရားမျိုးကိုသာလျှင် ဟောကြားတော်မူသော,
ဆန့်ကျင်ဘက်တရားကို ပယ်ရှားနိုင်သည့် စွမ်းအားရှိန်စော်အာနုဘော်မရှိသော တရားမျိုးကို ဟောကြားတော်မမူသော ..ထိုငါဘုရားသည် ..
တစ်ကြိမ်တစ်ခါ ဆိုဆုံးမခြင်း ဩဝါဒ တရားစကားကိုလည်း ပြုအပ်ပြီးလေပြီ၊
ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဆိုဆုံးမခြင်း အနုသာသနီကိုလည်း ပြုအပ်ပြီးလေပြီ။

ချစ်သား ရဟန်းတို့ ... သင်တို့သည် ..
'မြတ်စွာဘုရားသည် သမ္မာသမ္ဗုဒ္ဓဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏ ..၊
တရားတော်မြတ်သည် သွာက္ခာတဂုဏ်နှင့် ပြည့်စုံတော်မူပါပေ၏ ..၊
အရိယာသံဃာတော်သည် သုပ္ပဋိပန္နဂုဏ်နှင့် ပြည့်စုံတော်မူပါပေ၏ ..'ဟု ဤသို့လျှင် ...
နှစ်သက်ကျေနပ်စွာ လက်ခံဖို့ရန် သင့်လှသည်သာတည်း၊
နှစ်လို့သော စိတ်ထားရှိဖို့ရန် သင့်လှသည်သာတည်း၊
ရွှင်လန်းဝမ်းမြောက်ခြင်း သောမနဿတရား ထင်ရှားဖြစ်ဖို့ရန် သင့်လှသည်သာတည်း ....။

အပိုင်း (၁) - စိတ်ပိုင်းဆိုင်ရာ သိမှတ်စရာ

ကုဋေတစ်သိန်း

''နာမ်တရားတို့သည်ကား မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဟု ခေါ်ဆိုအပ်သော အချိန်ကာလ အတွင်း၌ပင် ကုဋေတစ်သိန်းမက ဖြစ်ပြီးလျှင် ချုပ်ပျက်သွားကြ၏၊''[၅၂၂] – ဤကျမ်းဂန်အဆိုအမိန့်များကို ကိုးကားလျက် ''မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်အတွင်းမှာ ကုဋေတစ်သိန်းမက ဖြစ်ပြီး ပျက်နေတဲ့ ဒီနာမ်တရားတွေကို ဘယ်လိုလုပ် ရှုမလဲ''ဟု ကုဋေတစ်သိန်းနှင့် ခဏခဏ ကိုင်အပေါက်ခံနေရသဖြင့် အလွန့်အလွန် မျက်နှာငယ်နေရှာသော, ယနေ့ခေတ် ဝိပဿနာလောကက မျက်နှာသာမပေးသဖြင့် မျက်မှောက်ခေတ်သာသနာဝယ် ချောင်ကြို ချောင်ကြား၌ အသာအယာ ပုကပ်နေရသော, သို့သော် တစ်ချိန်က မျက်နှာပန်း ပွင့်လန်းခဲ့ဖူးသော နာမ်တရားများကို သိမ်းဆည်းရှုပွားရန် အပိုင်းသို့ကား ဆိုက်ရောက်လာခဲ့ပေပြီ ..။ နှလုံးဖြူစင် ယောဂီသူတော်စင် အပေါင်းတို့သည် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေသောဝ် ....။

နာမ်ကမ္မဋ္ဌာန်း၌ သိမ်းဆည်းနည်း (၃) နည်း

နာမ်ကမ္မဋ္ဌာန်းကို စတင်အားသစ်ရာ၌ = နာမ်တရားတို့ကို စတင်သိမ်းဆည်းရာ ဉာဏ်ဖြင့် ပိုင်းခြားယူရာ၌..
၁။ ဖဿကစ၍ သိမ်းဆည်းသောနည်း (ဖဿ ထင်ရှားသော ပုဂ္ဂိုလ်အဖို့)
၂။ ဝေဒနာကစ၍ သိမ်းဆည်းသောနည်း (ဝေဒနာ ထင်ရှားသော ပုဂ္ဂိုလ်အဖို့)
၃။ အသိစိတ် = ဝိညာဏ်ကစ၍ သိမ်းဆည်းသောနည်း (အသိစိတ် ဝိညာဏ် ထင်ရှားသော ပုဂ္ဂိုလ်အဖို့) ဟု –

ဤသို့လျှင် (၃)နည်း ရှိပေသည်။[၅၂၃]အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်မျိုး ဖြစ်လျှင် နာမ်ကမ္မဋ္ဌာန်းကို စတင် အားသစ်ရာ၌ အောက်ပါ စည်းကမ်းသတ်မှတ်ချက်ကို ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်၍ လိုက်နာပြုကျင့်သင့်လှပေသည်။

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ဖြစ်လျှင် သုဝိသုဒ္ဓရူပပရိဂ္ဂဟ = ကောင်းမွန် စင်ကြယ်စွာ ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီးသူ = သိမ်းဆည်းပြီးသူ ဖြစ်ရပေမည်။ အကြောင်းမူ ခန္ဓာငါးပါးရှိသော သတ္တဝါတို့၏ သန္တာန်ဝယ် စက္ခုအကြည်, သောတအကြည်, ဃာနအကြည်, ဇိဝှါအကြည်, ကာယအကြည်ဟူသော အကြည်ရုပ်တို့ကား စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်ဟူသော နာမ်တရားစုတို့၏ အစဉ်အတိုင်း မှီ၍ဖြစ်ရာ ရုပ်တရားတို့ ဖြစ်ကြ၏၊ မနောဓာတ် မနောဝိညာဏဓာတ် အမည်ရသော နာမ်တရားစုတို့သည်လည်း ဘဝင် = မနောအကြည်ဓာတ်ကို အစွဲပြု၍ ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်ကြရ၏၊

သို့အတွက် ယင်းနာမ်တရားတို့၏ မှီ၍ဖြစ်ရာ ဆိုင်ရာဆိုင်ရာ ဝတ္ထုရုပ်တို့ကိုလည်းကောင်း, ဘဝင် = မနောအကြည် ဓာတ်ကိုလည်းကောင်း မသိမ်းဆည်းတတ်သေး = မရှုတတ်သေးပါက နာမ်တရားတို့ကို နာမ်တုံးနာမ်ခဲဟူသော နာမ်ဃန အသီးအသီးပြိုအောင် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းတတ်ရေး ဉာဏ်ဖြင့် ပိုင်းခြားယူတတ်ရေး ရှုမြင်တတ်ရေးမှာ အလွန် အလှမ်းဝေးလျက်ပင် ရှိနေပေဦးမည် ဖြစ်ပေသည်။

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် မဟာဋီကာတို့၏ အကြောင်းပြချက်

''ကောင်းမွန်စင်ကြယ်စွာ ရုပ်တရားကို သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌သာလျှင် အထက်တွင် တင်ပြထားသော နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း = နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားနည်း (၃)နည်း တို့တွင် တစ်မျိုးမျိုးသော အခြင်းအရာအားဖြင့် သို့မဟုတ် သုံးမျိုးသော အခြင်းအရာတို့ဖြင့် နာမ်တရားတို့သည် ထင်ရှားလာသောကြောင့် ဖြစ်သည်။ ထိုကြောင့် ကောင်းမွန် စင်ကြယ်စွာ ရုပ်တရားကို သိမ်းဆည်းပြီးသော ယောဂါဝစရ ပုဂ္ဂိုလ်သည်သာလျှင် နာမ်တရားတို့ကို သိမ်းဆည်းဖို့ရန် ကြိုးစားအားထုတ်ပါ။ ရုပ်တရားကို ကောင်းမွန်စင်ကြယ်စွာ မသိမ်းဆည်းရသေးသော ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားတို့ကို သိမ်းဆည်းဖို့ရန် ကြိုးစားအားထုတ်ခြင်းကို မပြုလုပ်ပါနှင့်။ အကယ်၍ ရုပ်တရား တစ်လုံးလောက် အသိဉာဏ်၌ ထင်ရှားလာရုံမျှဖြင့်သော်လည်းကောင်း, ရုပ်တရား နှစ်လုံးလောက် အသိဉာဏ်၌ ထင်ရှားလာရုံမျှဖြင့်သော်လည်းကောင်း ရုပ်ကမ္မဋ္ဌာန်းကို ဆက်လက်အားမထုတ်တော့ဘဲ ရုပ်တရားကို သိမ်းဆည်းခြင်း လုပ်ငန်းရပ်ကို ပယ်စွန့်ထားခဲ့၍ နာမ်တရားကို သိမ်းဆည်းဖို့ရန် ကြိုးစားအားထုတ် မိငြားအံ့၊ ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ်ပျက်စီးတတ်၏၊

နှိုင်းခိုင်းဖွယ်ရာ ဥပမာမည်သည်ကား –– ဝ သီ ဘော်ငါးတန်သို့ ဆိုက်အောင်သာလျှင် ကောင်းစွာ ပွားများ ထားအပ်သော အောက်အောက်သော စျာန်သည်သာလျှင် အထက်အထက်သော စျာန်၏ အခြေခံအကြောင်းရင်း အနီးကပ်ဆုံးသော အကြောင်းတရား ဖြစ်နိုင်၏၊ ရအပ်ကာမျှဖြစ်သော အောက်အောက်သော စျာန်သည် အထက် အထက်သော စျာန်၏ အခြေခံအကြောင်းရင်း အနီးကပ်ဆုံးသော အကြောင်းပဒဋ္ဌာန် မဖြစ်နိုင်။ ဤဥပမာအတူပင်လျှင် ရုပ်တရားတို့ကို သိမ်းဆည်းတတ်သော ရူပပရိဂ္ဂဟဉာဏ်သည် ကောင်းမွန်စင်ကြယ်မှသာလျှင် အရှုပ်အထွေး ကင်းစင်မှ သာလျှင် အဖုအထစ် ကင်းစင်မှသာလျှင် နာမ်တရားကို သိမ်းဆည်းတတ်သော အရူပပရိဂ္ဂဟဉာဏ်၏ အခြေခံ အကြောင်းရင်း အနီးကပ်ဆုံးသော အကြောင်းတရား ဖြစ်နိုင်၏၊ ရူပပရိဂ္ဂဟဉာဏ်သည် မစင်ကြယ်သည် ဖြစ်လတ်ဘိ မူကား အရူပပရိဂ္ဂဟဉာဏ်၏ အခြေခံ အကြောင်းရင်း အနီးကပ်ဆုံးသော အကြောင်းတရား မဖြစ်နိုင်။ ထိုကြောင့် ရုပ်တရား နာမ်တရား၏ တစ်စိတ်တစ်ဒေသသည်သော်လည်း ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ မထင်ရှားလတ်သော် ထိုရူပပရိဂ္ဂဟဉာဏ်သည် မစင်ကြယ်သည်သာလျှင် မည်ပေသည်။ များစွာကုန်သော ရုပ်တရား နာမ်တရားတို့သည် အသိဉာဏ်၌ မထင်လာ မမြင်လာလတ်ကုန်ပါမူကား အဘယ်မှာလျှင် ဆိုဖွယ်ရာ ရှိနိုင်ပါတော့အံ့နည်း။ ဤသို့သော အနက်အဓိပ္ပါယ်ကို ထင်ရှားပြတော်မူလိုသည်ဖြစ်၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၅၂၄]က အထက်ပါစကားရပ်ကို မိန့်ဆို သွားတော်မူခြင်း ဖြစ်ပေသည်။''[၅၂၅]

ဘုရားရှင်သည် အင်္ဂုတ္တိုရ်ပါဠိတော်[၅၂၆]ဂါဝီဥပမာသုတ္တန် အမည်ရှိသော သုတ္တန်တစ်ခုကို ဟောကြားထားတော် မူခဲ့၏၊ ထိုသုတ္တန်၌ မညီညွတ်သော တောင်၌ ကျက်စားလေ့ရှိသော မိုက်မဲသော မလိမ္မာသော ကျက်စားရာစားကျက်၌ လိမ္မာကျွမ်းကျင်မှု မရှိသော နွားမတစ်ကောင်အကြောင်းကို ဟောကြားထားတော်မူ၏၊ တောင်၌ ကျက်စားလေ့ရှိနေ သည့် ထိုနွားမိုက်မကား တစ်နေ့တွင် တောင်ထိပ်တစ်နေရာမှ လှမ်းမြော်ကြည့်လိုက်သောအခါ ကြည်လင်အေးမြသော ရေကန်ကြီးတစ်ခုနှင့် ယင်းရေကန်ကြီး၏ ပတ်ဝန်းကျင်၌ စိမ်းလန်းစိုပြည်လျက် တည်ရှိကြသော မြက် သစ်ရွက် အပေါင်းကို တွေ့မြင်ရသဖြင့် ယင်းစိမ်းလန်းစိုပြည်သော မြက်သစ်ရွက်နုတို့ကို စားသုံး၍ ယင်းရေကန်ကြီး၏ အတွင်း၌ တည်ရှိသော ကြည်လင်အေးမြသော ရေတို့ကို သောက်သုံးရန်ဟူသော ဦးတည်ချက်ဖြင့် တောင်ပေါ်မှ ဆင်းသက် လိုက်သောအခါ ရှေ့ခြေကို နင်းကွင်းကောင်းကောင်း၌ ခိုင်ခိုင်ခံ့ခံ့ မနင်းဘဲ နောက်ခြေကို မြှောက်လိုက်၏၊ တောင်ပေါ်မှ ကာပြန်ကျသဖြင့် မိမိ မျှော်လင့်ထားသော မြက် သစ်ရွက်နုတို့ကိုလည်း မစားရဘဲ, ရေကိုလည်း မသောက်ရဘဲ, မူလကြံစည်ခဲ့ရာ တောင်ထိပ်သို့လည်း ပြန်မတက်နိုင် ဖြစ်သွားခဲ့၏၊

ဤဥပမာအတူပင် ယောဂါဝစရ ရဟန်းတော်သည် အောက်အောက်စျာန်၌ ဝသီဘော်ငါးတန် နိုင်နင်းအောင် မလေ့ကျင့်ဘဲ အထက်အထက်စျာန်သို့ တက်ခဲ့သော် အထက်အထက်စျာန်သို့လည်း မတက်နိုင် ရှိတတ်၏၊ ရပြီး အောက်အောက်စျာန်မှလည်း လျှောကျတတ်၏၊ ဤသို့ ဘုရားရှင်သည် ဟောကြားထားတော်မူ၏၊ (အကျယ်ကို ယင်းဂါဝီဥပမာသုတ္တန်တွင် ကြည့်ပါ။)

အလားတူပင် အဋ္ဌကထာဆရာတော်ကလည်း ယင်းဥပမာကိုပင် ဆောင်၍ ဤ၌ သတိပေးထား၏၊ ကောင်းမွန် စင်ကြယ်စွာ ရုပ်ကမ္မဋ္ဌာန်းကို မသိမ်းဆည်းရသေးဘဲ နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းဖို့ရန် ကြိုးစားအားထုတ်ပါက ကမ္မဋ္ဌာန်းမှ ဆုတ်ယုတ်ပျက်စီးတတ်၏ဟု သတိပေးထား၏၊ မျှော်လင့်ထားသော နာမ်ကမ္မဋ္ဌာန်းသို့လည်း မတက်နိုင်, ရရှိပြီး ရုပ်ကမ္မဋ္ဌာန်းမှလည်း လျှောကျသွားတတ်၏ဟု ဆိုလို၏၊

သို့သော် ယောဂါဝစရပုဂ္ဂိုလ်သည် သမထယာနိကပုဂ္ဂိုလ်ဖြစ်လျှင်ကား ယင်းစျာန်သမာဓိ၏ စွမ်းအင်ကြောင့် ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာဟူသော စျာန်အင်္ဂါတို့ ဦးဆောင်သည့် စျာနဓမ္မ အမည်ရသည့် စျာန်နာမ်တရားတို့က စတင်၍ သိမ်းဆည်းလိုက သိမ်းဆည်းနိုင်ပေ၏၊ သို့သော်.. စျာန်နာမ်တရားတို့ကို သိမ်းဆည်းပြီးသောအခါ၌ ယင်းစျာန်နာမ်တရားတို့၏ မှီ၍ဖြစ်ရာ ဟဒယဝတ္ထုရုပ်နှင့် တကွသော ဘူတရုပ် ဥပါဒါရုပ်တို့ကိုပါ ဆက်လက်၍ သိမ်းဆည်းရမည် ဖြစ်ကြောင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၅၂၇]၌ ညွှန်ကြားထားပေသည်။ တစ်ဖန် ပကိဏ္ဏကသင်္ခါရ = ပြိုးပြွမ်းသော သင်္ခါရ အမည်ရသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ဆက်လက်သိမ်းဆည်းသည့်အပိုင်း၌ ကာမာဝစရ နာမ်တရားတို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းရမည် ဖြစ်၏၊ ထိုအခါတွင် ဆိုင်ရာဆိုင်ရာ မှီရာဝတ္ထုရုပ်တို့ကိုလည်း သိမ်းဆည်းထားပြီး ဖြစ်ဖို့ကား အထူးလိုအပ်ပေသည်။ ထိုကြောင့် အထက်ပါ စည်းကမ်းသတ်မှတ်ချက်မှာ သုဒ္ဓဝိပဿနာ ယာနိကပုဂ္ဂိုလ်သာမက သမထယာနိကပုဂ္ဂိုလ်သည်လည်း ကာမာဝစရနာမ်တရားတို့ကို သိမ်းဆည်းရာ၌ ရိုသေမြတ်နိုးစွာ ဦးထိပ်ရွက် ပန်ဆင်လျက် လိုက်နာပြုကျင့်ရမည့် ဥပဒေသတစ်ခုပင် ဖြစ်ပေသည်။

ဥပစာရသမာဓိ အပ္ပနာသမာဓိဟူသော နှစ်မျိုးသော သမာဓိတို့တွင် တစ်မျိုးမျိုးသော သမာဓိကိုမျှလည်း လုံးဝမထူထောင်ဘဲ, အထက်ပါ စည်းကမ်းသတ်မှတ်ချက်ကိုလည်း လုံးဝမလိုက်နာဘဲ နာမ်ကမ္မဋ္ဌာန်းကို အားသစ်ခြင်း နာမ်တရားတို့ကို သိမ်းဆည်းရှုပွားခြင်းတည်းဟူသော ဘာဝနာလုပ်ငန်းခွင်ကို ကြိုးပမ်းမိသည် ဖြစ်အံ့၊ ထိုသို့ ကြိုးပမ်းမိသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ဘုရားဟောတော်မူသည့် နာမ်တရားများကို ကုဋေတစ်သိန်းနှင့် ကိုင်ပေါက်နေသည့် အုပ်စုတွင် တစ်ဦးအပါအဝင် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

ကြိုတင်သိမှတ်ထားရန် အချက်နှစ်ရပ်

နာမ်တရားတို့ကို သိမ်းဆည်းရာ၌ မှီရာဝတ္ထုရုပ်၏ အစွမ်းဖြင့်လည်း သိမ်းဆည်းနိုင်၏၊ စက္ခုဒွါရဝီထိ သောတဒွါရ ဝီထိစသော အာယတနဒွါရ၏ အစွမ်းဖြင့်လည်း သိမ်းဆည်းနိုင်၏၊ ထိုနှစ်နည်းတို့တွင် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၅၂၈]က..

''ဤသို့လျှင် ရုပ်ကမ္မဋ္ဌာန်းကို = ရုပ်တရားကို ကောင်းမွန်စင်ကြယ်စွာ သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဒွါရ၏ အစွမ်းဖြင့် = အာယတနဒွါရ၏ အစွမ်းဖြင့် နာမ်တရားတို့သည် ထင်ရှားလာကုန်၏''ဟု –

ဤသို့ ဖွင့်ဆိုထားတော်မူ၏၊ ယင်းသို့ ညွှန်ကြားရခြင်းမှာ အကြောင်းရှိသည်သာ ဖြစ်၏၊

၁။ စက္ခုဝတ္ထုရုပ်ကို မှီ၍ဖြစ်သော နာမ်တရား,
၂။ သောတဝတ္ထုရုပ်ကို မှီ၍ဖြစ်သော နာမ်တရား,
၃။ ဃာနဝတ္ထုရုပ်ကို မှီ၍ဖြစ်သော နာမ်တရား,
၄။ ဇိဝှါဝတ္ထုရုပ်ကို မှီ၍ဖြစ်သော နာမ်တရား,
၅။ ကာယဝတ္ထုရုပ်ကို မှီ၍ဖြစ်သော နာမ်တရား,
၆။ ဟဒယဝတ္ထုရုပ်ကို မှီ၍ဖြစ်သော နာမ်တရား,

ဤသို့လျှင် မှီရာဝတ္ထုရုပ်၏ အစွမ်းဖြင့် နာမ်တရားတို့ကို သိမ်းဆည်းခြင်းကား ရောယှက်ရှုပ်ထွေးခြင်း ရှိနေ၏၊ သို့သော် –

၁။ စက္ခုဒွါရဝီထိ နာမ်တရားစု,
၂။ သောတဒွါရဝီထိ နာမ်တရားစု,
၃။ ဃာနဒွါရဝီထိ နာမ်တရားစု,
၄။ ဇိဝှါဒွါရဝီထိ နာမ်တရားစု,
၅။ ကာယဒွါရဝီထိ နာမ်တရားစု,
၆။ မနောဒွါရဝီထိ နာမ်တရားစု,

ဤသို့ အာယတနဒွါရအလိုက် နာမ်တရားစုတို့ကို သိမ်းဆည်းခြင်းကား အနာကုလ = ရောယှက်ရှုပ်ထွေးခြင်း ကင်းနေ၏၊ ထိုကြောင့် အဋ္ဌကထာဆရာတော်က စက္ခုဒွါရဝီထိ နာမ်တရားစုစသည့် အာယတနဒွါရ၏အစွမ်းဖြင့်သာ နာမ်တရားတို့ကို သိမ်းဆည်းရန် ညွှန်ကြားထားပေသည်။[၅၂၉]

ထပ်မံရှင်းလင်းချက်

၁။ စက္ခုဝတ္ထုရုပ်ကို မှီ၍ စက္ခုဝိညာဏ် နာမ်တရားစုသည် ဖြစ်ပေါ်လာရ၏၊
၂။ သောတဝတ္ထုရုပ်ကို မှီ၍ သောတဝိညာဏ် နာမ်တရားစုသည် ဖြစ်ပေါ်လာရ၏၊
၃။ ဃာနဝတ္ထုရုပ်ကို မှီ၍ ဃာနဝိညာဏ် နာမ်တရားစုသည် ဖြစ်ပေါ်လာရ၏၊
၄။ ဇိဝှါဝတ္ထုရုပ်ကို မှီ၍ ဇိဝှါဝိညာဏ် နာမ်တရားစုသည် ဖြစ်ပေါ်လာရ၏၊
၅။ ကာယဝတ္ထုရုပ်ကို မှီ၍ ကာယဝိညာဏ် နာမ်တရားစုသည် ဖြစ်ပေါ်လာရ၏၊
၆။ ဟဒယဝတ္ထုရုပ်ကို မှီ၍ မနောဓာတ် မနောဝိညာဏဓာတ် အမည်ရသော နာမ်တရားစုသည် ဖြစ်ပေါ်လာရ၏၊

ထိုတွင် စက္ခုဝတ္ထု သောတဝတ္ထု ဃာနဝတ္ထု ဇိဝှါဝတ္ထု ကာယဝတ္ထု ဟူသော ဝတ္ထုရုပ်ငါးမျိုးကို မှီ၍ဖြစ်သော အသီးအသီးသော နာမ်တရားစုတို့၌ ရောယှက်ရှုပ်ထွေးမှုကား မရှိပေ။ သို့သော် ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်ပေါ်ကြသော နာမ်တရားစုတို့မှာ အာရုံ (၆)ပါးကို ထိုက်သလို အာရုံယူနေကြသော နာမ်တရားစုတို့ ဖြစ်ကြသဖြင့် ရောယှက် ရှုပ်ထွေးမှုကား ရှိနေ၏၊ ပိုမို၍ သဘောပေါက်ရန် နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများကို ကြည့်ပါ။ တစ်ဖန် –

၁။ ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော စက္ခုဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရား,
၂။ သဒ္ဒါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော သောတဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရား,
၃။ ဂန္ဓာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဃာနဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရား,
၄။ ရသာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဇိဝှါဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရား,
၅။ ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကာယဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရား,
၆။ ဓမ္မာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော မနောဒွါရဝီထိ နာမ်တရား,

ဤသို့ အာယတနဒွါရ၏ အစွမ်းဖြင့် နာမ်တရားတို့ကို သိမ်းဆည်းခြင်းသည်ကား ရောယှက်ရှုပ်ထွေးခြင်း ကင်းနေ၏၊ ထိုကြောင့် အဋ္ဌကထာဆရာတော်က အာယတနဒွါရ၏ အစွမ်းဖြင့် နာမ်တရားတို့ကို သိမ်းဆည်းရန် ညွှန်ကြားရခြင်း ဖြစ်ပေသည်။ ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည်လည်း နာမ်တရားတို့ကို သိမ်းဆည်းလိုပါက, အထူးသဖြင့် ယောဂါဝစရပုဂ္ဂိုလ်သည်လည်း သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် ဖြစ်နေပါမူ ..

၁။ ရုပ်တရားကို သိမ်းဆည်းထားပြီး ဖြစ်ရမည်။
၂။ အာယတနဒွါရအလိုက် သိမ်းဆည်းရမည် – ဟု

ဤဥပဒေသ နှစ်ရပ်ကို ရိုသေစွာ နာယူမှတ်သားပါ။ ဘုရားရှင် ဟောကြားထားတော်မူသည့် နာမ်တရားတို့ကို ကုဋေတစ်သိန်းနှင့် ကိုင်လျက် မပေါက်မိအောင် ကြိုးစားပါ။

သာသနာတော်၌ ဒွါရ အသုံးအနှုန်း နှစ်မျိုး ရှိနေ၏၊ ကာယဒွါရ ဝစီဒွါရ မနောဒွါရဟူသော ဒွါရသုံးပါးတို့ကို ကမ္မဒွါရဟု ခေါ်ဆို၍ စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရ မနောဒွါရဟူသော ဒွါရ (၆)ပါးကို အာယတနဒွါရဟု ခေါ်ဆိုသည်။ ယင်းအာယတနဒွါရအလိုက် ဝီထိစိတ်အစဉ်အတိုင်း နာမ်တရားတို့ကို နာမ်တုံးနာမ်ခဲ ဟူသော နာမ်ဃန အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းရမည်ဟု ဆိုလိုပေသည်။[၅၃၀] (နာမ်တုံးနာမ်ခဲ နာမ်ဃန (၄)ပါး အကြောင်းအရာကို နောက်ပိုင်းတွင် ရေးသားတင်ပြပါမည်။)

လောကီနာမ်တရားများသာ

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၅၃၁]တွင် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော နာမ်တရားတို့ကို ထုတ်ဆောင်ပြရာ၌ လောကီစိတ်စေတသိက် နာမ်တရားစုတို့သာ ဖြစ်ကြောင်းကို ရှင်းလင်းတင်ပြထား၏၊ လောကုတ္တရာစိတ်တို့ကား မရရှိသေးသည့်အတွက်ကြောင့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည်လည်း မသိမ်းဆည်းနိုင်၊ သမထယာနိကပုဂ္ဂိုလ် သည်လည်း မသိမ်းဆည်းနိုင်ပေ။ ဤမိန့်ဆိုချက်နှင့် ပတ်သက်၍ မဟာဋီကာဆရာတော်[၅၃၂]က အောက်ပါအတိုင်း ရှင်းလင်းတင်ပြထားတော်မူ၏ ..။

''လောကီစိတ် (၈၁)မျိုးလုံးနှင့် ယှဉ်ဖက်သမ္ပယုတ်တရားစုတို့သည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်ကြောင်းကို ဖွင့်ဆိုသော ဤစကားရပ်မှာ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်နိုင်သော စိတ်အားလုံးကို သိမ်းကျုံးရေတွက်ပြသည်၏ အစွမ်းဖြင့် ဖွင့်ဆိုသွားတော်မူသော စကားရပ်သာ ဖြစ်၏၊ သို့သော် မဟဂ္ဂုတ်စိတ်တို့သည်ကား စျာန်ရသော ယောဂါဝစရပုဂ္ဂိုလ်တို့၏ အသိဉာဏ်၌သာလျှင် ထင်ရှားနိုင်ကုန်၏၊''

ဤသို့ ဖွင့်ဆိုထားသောကြောင့် စျာန်ကိုရရှိသော ယောဂါဝစရပုဂ္ဂိုလ်သည်သာလျှင် မဟဂ္ဂုတ်စိတ်တို့ကို ရှုပွားနိုင်ရကား ယင်းစျာန်ကို ရရှိသော စျာနလာဘီပုဂ္ဂိုလ်သည် နာမ်တရားတို့ကို သိမ်းဆည်းရာ၌ မိမိရရှိထားသော စျာန်နာမ်တရားတို့ကိုပါ ထည့်သွင်း၍ သိမ်းဆည်းရှုပွားပါ။ စျာန်ကို မရရှိသော သုက္ခဝိပဿကပုဂ္ဂိုလ်သည်ကား စျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားမှုကို ချန်လှပ်ထားနိုင်ပေသည်။ အလားတူပင် ကြိယာဇောတို့သည်လည်း ရဟန္တာ အရှင်မြတ်ကြီးတို့၏ သန္တာန်၌သာလျှင် ဖြစ်နိုင်ခွင့်ရှိသော နာမ်တရားတို့ ဖြစ်ခြင်းကြောင့် ပုထုဇန် သေက္ခပုဂ္ဂိုလ်တို့သည် ယခုကဲ့သို့ ရုပ်နာမ်ကို သိမ်းဆည်းရာ၌လည်းကောင်း, ဝိပဿနာပိုင်း၌လည်းကောင်း ယင်းကြိယာဇောတို့ကိုလည်း မသိမ်းဆည်း မရှုပွားဘဲ ချန်လှပ်ထားနိုင်ပေသည်။

တစ်ဖန် စိတ်တို့မည်သည် စေတသိက်တို့ မပါဘဲ မိမိချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအားကား မရှိ၊ အလားတူပင် စေတသိက်တို့သည်လည်း စိတ်မပါဘဲ မိမိတို့ချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအားကား မရှိကြကုန်။ စိတ်နှင့် စေတသိက်တို့သည် စိတ္တက္ခဏတိုင်း၌ အုပ်စုအလိုက် ယှဉ်တွဲ၍သာ ဖြစ်ကြရပေသည်။ ထိုကြောင့် ယောဂါဝစရ ပုဂ္ဂိုလ်သည် ဝိပဿနာပိုင်း၌ မိမိ သိမ်းဆည်းရှုပွားရမည့် စိတ်စေတသိက်တို့ကို ကြိုတင်၍ သိထားသင့်ပေသည်။

ကြိုတင်သိမှတ်ဖွယ်ရာများ

စိတ်တို့သည် အကြမ်းအားဖြင့် ခွဲခြားဝေဖန်လိုက်သော် ဝီထိစိတ်နှင့် ဝီထိမှ အလွတ်ဖြစ်သော ဝီထိမုတ်စိတ်ဟု နှစ်မျိုးရှိပေသည်။ ထိုတွင် ဝီထိမုတ်စိတ်မှာလည်း ပဋိသန္ဓေစိတ် ဘဝင်စိတ် စုတိစိတ်ဟု သုံးမျိုး ရှိ၏၊ ထိုတွင် ဘဝတစ်ခုဝယ် ရှေးဦးစွာဖြစ်သော စိတ်သည် .. ဘဝဟောင်းနှင့် ဘဝသစ်ကို ဘဝဟောင်းခန္ဓာနှင့် ဘဝသစ်ခန္ဓာကို ဆက်စပ်ပေးသကဲ့သို့ ဖြစ်သောကြောင့် ပဋိသန္ဓေစိတ်မည်၏၊ ဘဝတစ်ခုဝယ် နောက်ဆုံးပိတ် ဖြစ်ပေါ်သွားသော စိတ်သည် = ဘဝင်စိတ်သည် ဖြစ်ဆဲဘဝမှ ရွေ့လျောကျသွားခြင်းကြောင့် စုတိစိတ် မည်၏၊ ယင်း ပဋိသန္ဓေနှင့် စုတိတို့၏ စပ်ကြားကာလ၌ ဘဝတစ်လျှောက်ဝယ် ဝီထိစိတ်များ မဖြစ်သည့် အချိန်ကာလ၌ ဝိပါက်ခန္ဓာ မပြတ်စဲရေး စိတ်အစဉ် မပြတ်စဲရေးအတွက် ကံအရှိန်ရှိသမျှ တစ်ဘဝလုံး ခန္ဓာအစဉ် မပြတ်စဲရအောင် ဘဝ၏အကြောင်းတရား အဖြစ် ဖြစ်ပေါ်နေသော ပဋိသန္ဓေနှင့် အလားတူသော ဝိပါက်စိတ်သည် ဘဝင်စိတ်မည်၏၊ ယင်းဘဝင်စိတ်သည် ဝီထိစိတ်များ ဖြစ်ပေါ်လာသောအခါ ရပ်စဲ၍ ဝီထိစိတ်များ မဖြစ်သောအခါ တစ်ဖန်ပြန်လည်၍ အကြိမ်များစွာ ဖြစ်နေတတ်ပြန်၏၊ ဘဝတစ်လျှောက်လုံး ဤနည်းနှင်နှင်ချည်းတည်း။ ယင်းဘဝင်စိတ်နှင့် တကွသော ဘဝင်နာမ်တရားစုကို ဝီထိစိတ်တို့ကို သိမ်းဆည်းပြီးသောအခါသို့ ရောက်ရှိပါမှ အထူးသဖြင့် ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းသို့ ရောက်ရှိပါမှ ယောဂီအများစုသည် သိမ်းဆည်း၍ ရရှိနိုင်ပေသည်။ ထိုကြောင့် နာမ်တရားတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရ ပုဂ္ဂိုလ်သူမြတ်သည် ဝီထိစိတ်အစဉ်အတွင်း၌ တည်ရှိကြသော နာမ်တရားစုတို့က စတင်၍ သိမ်းဆည်းရမည် ဖြစ်သည်။ ဝီထိစဉ်နာမ်တရားတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေ့ဦးစွာ အောက်ပါ ခြောက်-ခြောက်လီ တရားများကို သိထားသင့်ပေသည်။

ခြောက်-ခြောက်လီ တရားများ

ဝတ္ထု (၆) ပါး = နာမ်တရားတို့၏ မှီ၍ ဖြစ်ရာရုပ်များ

၁။ စက္ခုဝတ္ထု = စက္ခုပသာဒ = မျက်စိအကြည်၊
၂။ သောတဝတ္ထု = သောတပသာဒ = နားအကြည်၊
၃။ ဃာနဝတ္ထု = ဃာနပသာဒ = နှာအကြည်၊
၄။ ဇိဝှါဝတ္ထု = ဇိဝှါပသာဒ = လျှာအကြည်၊
၅။ ကာယဝတ္ထု = ကာယပသာဒ = ကိုယ်အကြည်၊
၆။ ဟဒယဝတ္ထု = ဟဒယရုပ် = မနောဓာတ် မနောဝိညာဏဓာတ်တို့၏ မှီရာရုပ်၊

ဒွါရ (၆) ပါး

၁။ စက္ခုဒွါရ = စက္ခုပသာဒ = မျက်စိအကြည်၊
၂။ သောတဒွါရ = သောတပသာဒ = နားအကြည်၊
၃။ ဃာနဒွါရ = ဃာနပသာဒ = နှာအကြည်၊
၄။ ဇိဝှါဒွါရ = ဇိဝှါပသာဒ = လျှာအကြည်၊
၅။ ကာယဒွါရ = ကာယပသာဒ = ကိုယ်အကြည်၊
၆။ မနောဒွါရ = ဘဝင် = မနောအကြည်၊

အိမ်၌ တပ်ဆင်ထားအပ်သော တံခါးပေါက်သည် လူတို့ ဝင်ရန် ထွက်ရန် ပိတ်ဆို့အပ် ဖွင့်အပ်သောကြောင့် မုချအားဖြင့် ဒွါရမည်၏၊ အိမ်၌ တံခါးပေါက် မရှိလျှင် လူတို့ မဝင်နိုင်, အိမ်တံခါးပေါက်သည် လူတို့ဝင်ရောက်လာရာ ဖြစ်သကဲ့သို့ အလားတူပင် -စက္ခုပသာဒ စသည်မရှိလျှင် စက္ခုဒွါရိကစသော ဝီထိစိတ်များသည် မဖြစ်နိုင်၊ ခန္ဓာအိမ်ဝယ် တည်ရှိနေကြသော စက္ခုပသာဒ စသည်တို့သည် စက္ခုဒွါရိက စသော ဝီထိစိတ်များ၏ ဝင်ရောက်လာသည့်ပမာ ဖြစ်ပေါ်လာကြောင်း ဖြစ်သောကြောင့် အိမ်တစ်အိမ်၌ တပ်ဆင်ထားသော ပကတိသော တံခါးပေါက်တို့နှင့် တူညီရကား သဒိသူပစာရအားဖြင့် ယင်းစက္ခုပသာဒ စသည်တို့ကိုလည်း စက္ခုဒွါရစသည်ဖြင့် ခေါ်ဝေါ်သုံးစွဲထားပေသည်။

အာရုံ (၆) ပါး

၁။ ရူပါရုံ = အဆင်း = အရောင် = ဝဏ္ဏ၊
၂။ သဒ္ဒါရုံ = အသံ၊
၃။ ဂန္ဓာရုံ = အနံ့၊
၄။ ရသာရုံ = အရသာ၊
၅။ ဖောဋ္ဌဗ္ဗာရုံ = အတွေ့အထိ = (ပထဝီ-တေဇော-ဝါယော)၊
၆။ ဓမ္မာရုံ = ဓမ္မသဘော၊

ဓမ္မာရုံ (၆) မျိုး

၁။ ပသာဒရုပ် = အကြည်ရုပ် (၅)ပါး၊
၂။ သုခုမရုပ် = သိမ်မွေ့သောရုပ် (၁၆)ပါး၊[၅၃၃]
၃။ စိတ် = ဝိညာဏဓာတ် (၆)ပါး၊
၄။ စေတသိက် = စိတ်နှင့်ယှဉ်သော စေတသိက် (၅၂)လုံး၊
၅။ နိဗ္ဗာန် = အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်ကြီး၊
၆။ ပညတ် = ကသိုဏ်းပညတ်, အမည်နာမပညတ်, ပုံသဏ္ဌာန်ပညတ် စသည့် ပညတ်အမျိုးမျိုး။

အာရမ္မဏနှင့် အာလမ္ဗဏသဒ္ဒါများသည် ''အာရုံ''ဟူသော အနက်ကို ဟောသော ဝေဝုစ် ပရိယာယ် စကားလှယ် သဒ္ဒါတို့တည်း။ အာရမ္မဏ-သဒ္ဒါသည် ''မွေ့လျော်ရာ''ဟူသော အနက်ကို ဟော၏၊ ပကတိသော ဥယျာဉ် ပန်းမာလ် စသည်သည် လူသားတို့၏ မွေ့လျော်ရာဌာန ဖြစ်သကဲ့သို့ အလားတူပင် ရူပါရုံစသော အာရုံ (၆)ပါးတို့သည်လည်း စိတ်စေတသိက်တို့၏ မွေ့လျော်ရာ ဖြစ်သောကြောင့် အာရမ္မဏဟူသော အမည်ကို ရရှိကြပေသည်။ တစ်ဖန် အာလမ္ဗဏ သဒ္ဒါသည်လည်း ''ဆွဲကိုင်အပ်''ဟူသော အနက်ကို ဟော၏၊ မစွမ်းမသန်သောသူများသည် တောင်ဝှေး ကြိုးတန်းစသည့် အရာဝတ္ထုတစ်ခုခုကို ဆွဲကိုင်၍ ထရ ထိုင်ရသကဲ့သို့ အလားတူပင် စိတ်စေတသိက်များသည်လည်း အာရုံတစ်ခုခုကို အစွဲပြု၍သာလျှင် စွဲမှီရမှသာလျှင် စွဲကိုင်ရမှသာလျှင် ဖြစ်နိုင်စွမ်းရှိသောကြောင့် .. ယင်းအာရုံ (၆)ပါးတို့သည် စိတ်စေတသိက်တို့၏ စွဲမှီရာ ဆွဲကိုင်ရာ အာလမ္ဗဏဟူသော အမည်ကိုလည်း ရရှိကြပေသည်။

ဝိညာဏဓာတ် (၆) ပါး

၁။ စက္ခုဝိညာဏ် = စက္ခုအကြည်ဓာတ်ကို မှီဖြစ်၍ ရူပါရုံမျှကိုသာ သိသောစိတ်၊
၂။ သောတဝိညာဏ် = သောတအကြည်ဓာတ်ကို မှီဖြစ်၍ သဒ္ဒါရုံမျှကိုသာ သိသောစိတ်၊
၃။ ဃာနဝိညာဏ်= ဃာနအကြည်ဓာတ်ကို မှီဖြစ်၍ ဂန္ဓာရုံမျှကိုသာ သိသောစိတ်၊
၄။ ဇိဝှါဝိညာဏ် = ဇိဝှါအကြည်ဓာတ်ကို မှီဖြစ်၍ ရသာရုံမျှကိုသာ သိသောစိတ်၊
၅။ ကာယဝိညာဏ် = ကာယအကြည်ဓာတ်ကို မှီဖြစ်၍ ဖောဋ္ဌဗ္ဗာရုံမျှကိုသာ သိသောစိတ်၊
၆။ မနောဝိညာဏ် = ဘဝင်မနောအကြည်ဓာတ်ကို အစွဲပြု၍ ဟဒယဝတ္ထုရုပ်ကို မှီ၍ဖြစ်သော, အာရုံ (၆)ပါးကို ထိုက်သလို သိသောစိတ်။

(၁)မှသည် (၅)သို့ တိုင်အောင်သော ဒွေပဉ္စဝိညာဏ်မှ တစ်ပါး ဟဒယဝတ္ထုကို မှီတွယ်၍ ဖြစ်သော စိတ်အားလုံးသည် မနောဝိညာဏ် မည်ပေသည်။ အာရုံကို ထူးထူးထွေထွေ ကွဲကွဲပြားပြား သိသောစိတ်များတည်း။ ယင်းမနောဝိညာဏ်စိတ်တို့တွင် ဝီထိမုတ်စိတ် (၃)မျိုးမှ ကြွင်းကျန်သော မနောဝိညာဏ်စိတ်တို့သည်လည်းကောင်း, အထက်ပါ ပဉ္စဝိညာဏ်စိတ်တို့သည်လည်းကောင်း ဝီထိဟု ခေါ်ဆိုအပ်သော စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်တတ်ကြ၏၊ ယင်းဝီထိတို့မှာ အောက်ပါအတိုင်း အကျဉ်းအားဖြင့် (၆)မျိုး ရှိ၏၊

ဝီထိ (၆) ပါး

၁။ စက္ခုဒွါရဝီထိ = စက္ခုဒွါရ၌ ဖြစ်သော စိတ်ဖြစ်ပုံအစဉ်,
၂။ သောတဒွါရဝီထိ = သောတဒွါရ၌ ဖြစ်သော စိတ်ဖြစ်ပုံအစဉ်,
၃။ ဃာနဒွါရဝီထိ = ဃာနဒွါရ၌ ဖြစ်သော စိတ်ဖြစ်ပုံအစဉ်,
၄။ ဇိဝှါဒွါရဝီထိ = ဇိဝှါဒွါရ၌ ဖြစ်သော စိတ်ဖြစ်ပုံအစဉ်,
၅။ ကာယဒွါရဝီထိ = ကာယဒွါရ၌ ဖြစ်သော စိတ်ဖြစ်ပုံအစဉ်,
၆။ မနောဒွါရဝီထိ = မနောဒွါရ၌ ဖြစ်သော စိတ်ဖြစ်ပုံအစဉ် –ဤသို့လျှင် ဒွါရ၏ အစွမ်းဖြင့်သော်လည်းကောင်း၊

၁။ စက္ခုဝိညာဏဝီထိ = စက္ခုဝိညာဏ်ဖြင့် မှတ်သားအပ်သော ဝီထိ,
၂။ သောတဝိညာဏဝီထိ = သောတဝိညာဏ်ဖြင့် မှတ်သားအပ်သော ဝီထိ,
၃။ ဃာနဝိညာဏဝီထိ = ဃာနဝိညာဏ်ဖြင့် မှတ်သားအပ်သော ဝီထိ,
၄။ ဇိဝှါဝိညာဏဝီထိ = ဇိဝှါဝိညာဏ်ဖြင့် မှတ်သားအပ်သော ဝီထိ,
၅။ ကာယဝိညာဏဝီထိ = ကာယဝိညာဏ်ဖြင့် မှတ်သားအပ်သော ဝီထိ,
၆။ မနောဝိညာဏဝီထိ = မနောဝိညာဏ်ဖြင့် မှတ်သားအပ်သော ဝီထိ –ဤသို့လျှင် ဝိညာဏ်၏ အစွမ်းဖြင့်သော်လည်းကောင်း –

ဝီထိ (၆)မျိုး ရှိ၏၊ ဝီထိများကို ဒွါရနှင့် စပ်၍လည်း နာမည်တပ်ထား၏၊ စက္ခုဒွါရ၌ ရူပါရုံ ထင်လာလျှင် ထိုရူပါရုံကို အာရုံပြုသော စိတ်အစဉ်သည် စက္ခုဒွါရဝီထိ မည်၏၊ သောတဒွါရ၌ သဒ္ဒါရုံထင်လာလျှင် ထိုသဒ္ဒါရုံကို အာရုံပြုသော စိတ်အစဉ်သည် သောတဒွါရဝီထိ မည်၏၊ ဃာနဒွါရ။ပ။ ဇိဝှါဒွါရ။ပ။ ကာယဒွါရ။ပ။ မနောဒွါရ၌ ဓမ္မာရုံထင်လာလျှင် သို့မဟုတ် အာရုံ (၆)ပါး ထိုက်သလို ထင်လာလျှင် ယင်း ဓမ္မာရုံကို သို့မဟုတ် အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြုသော စိတ်အစဉ်သည် မနောဒွါရဝီထိ မည်၏၊ တစ်ဖန် ဝိညာဏ်နှင့် စပ်၍လည်း နာမည် တပ်ထား၏၊

၁။ စက္ခုဒွါရဝီထိကား –– ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇) ကြိမ်၊ တဒါရုံ (၂) ကြိမ်တည်း။
၂။ သောတဒွါရဝီထိကား –– ပဉ္စဒွါရာဝဇ္ဇန်း၊ သောတဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇) ကြိမ်၊ တဒါရုံ (၂) ကြိမ်တည်း။
၃။ ဃာနဒွါရဝီထိကား –– ပဉ္စဒွါရာဝဇ္ဇန်း၊ ဃာနဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇) ကြိမ်၊ တဒါရုံ (၂) ကြိမ်တည်း။
၄။ ဇိဝှါဒွါရဝီထိကား –– ပဉ္စဒွါရာဝဇ္ဇန်း၊ ဇိဝှါဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇) ကြိမ်၊ တဒါရုံ (၂) ကြိမ်တည်း။
၅။ ကာယဒွါရဝီထိကား –– ပဉ္စဒွါရာဝဇ္ဇန်း၊ ကာယဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇) ကြိမ်၊ တဒါရုံ (၂) ကြိမ်တည်း။
၆။ မနောဒွါရဝီထိကား –– မနောဒွါရာဝဇ္ဇန်း၊ ဇော (၇) ကြိမ်၊ တဒါရုံ (၂) ကြိမ်တည်း။

ပဉ္စဒွါရဝီထိများ၌ ထူးခြားသော စိတ်ကား .. စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်များတည်း။ ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိ စ္ဆိုင်း .. စသည်တို့ကား မထူးခြားချေ။ ထိုကြောင့် ထူးခြားသော ဝိညာဏ်ဖြင့် မှတ်သား၍ စက္ခုဝိညာဏဝီထိ စသည်ဖြင့် နာမည်တပ်ထားသည်။ မနောဒွါရဝီထိ၌ကား ဝိညာဏ် အထူး မပါ၊ အားလုံး မနောဝိညာဏ်ချည်းသာတည်း။ ထိုကြောင့် မနောဝိညာဏ်ချည်းသာဖြစ်သော ဝီထိသည် မနောဝိညာဏဝီထိမည်၏၊ ဤ၌ ဝီထိဟူသည် ထိုထိုဒွါရ၌ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ် ..စသော အစဉ်အားဖြင့် စိတ်တို့၏ ဖြစ်စဉ်လမ်းပင်တည်း။

ဝိသယပ္ပဝတ္တိ (၆) ပါး

၁။ အတိမဟန္တာရုံ = ဆိုင်ရာဒွါရ၌ ဆိုင်ရာအာရုံ ထင်လာသည့်ခဏမှ စ၍ ယင်းအာရုံ၏ ချုပ်သည့်ခဏသို့ တိုင်အောင် ရေတွက်လျှင် အလွန်များသော စိတ္တက္ခဏ သက်တမ်းရှိသော အာရုံ။ (တဒါရမ္မဏဝါရ။)

၂။ မဟန္တာရုံ = ဆိုင်ရာဒွါရ၌ ဆိုင်ရာအာရုံ ထင်လာသည့်ခဏမှ စ၍ ယင်းအာရုံ၏ ချုပ်သည့် ခဏသို့တိုင်အောင် ရေတွက်လျှင် များသော စိတ္တက္ခဏ သက်တမ်းရှိသော အာရုံ။ (ဇဝနဝါရ။)

၃။ ပရိတ္တာရုံ = ဆိုင်ရာဒွါရ၌ ဆိုင်ရာအာရုံ ထင်လာသည့်ခဏမှ စ၍ ယင်းအာရုံ၏ ချုပ်သည့် ခဏသို့တိုင်အောင် ရေတွက်လျှင် နည်းပါးသော စိတ္တက္ခဏ သက်တမ်းရှိသော အာရုံ။ (ဝေါဋ္ဌဗ္ဗနဝါရ။)

၄။ အတိပရိတ္တာရုံ = ဆိုင်ရာဒွါရ၌ ဆိုင်ရာအာရုံ ထင်လာသည့် ခဏမှ စ၍ ယင်းအာရုံ၏ ချုပ်သည့် ခဏသို့ တိုင်အောင် ရေတွက်လျှင် အလွန်နည်းပါးသော စိတ္တက္ခဏ သက်တမ်းရှိသော အာရုံ။ (မောဃဝါရ = ဝီထိစိတ်မှ ယုတ်လျော့၍ ဘဝင်လှုပ်ရုံမျှ ဖြစ်သော စိတ်အကြိမ်ကို မောဃဝါရဟု ဆိုသည်။ ဤဝါရ၌ ဝီထိစိတ် လုံးဝ မဖြစ်တော့ဘဲ ဘဝင်လှုပ်ရုံသာ လှုပ်တော့သည်။)

(ဤလေးမျိုးကား ပဉ္စဒွါရတည်း။)

၅။ ဝိဘူတာရုံ = ထင်ရှားသော အာရုံ (တဒါရမ္မဏဝါရ။)
၆။ အဝိဘူတာရုံ = မထင်ရှားသော အာရုံ (ဇဝနဝါရ။)

(ဤနှစ်မျိုးကား မနောဒွါရတည်း။)

ဤသို့လျှင် ဝိသယပ္ပဝတ္တိ (၆)မျိုး ရှိပေသည်။ ဤကား ကြိုတင် သိထားသင့်သော ခြောက်-ခြောက်လီ တရား တို့တည်း။ နာမ်ကမ္မဋ္ဌာန်းကို အားသစ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝိညာဏဓာတ် (၆)ပါးတွင် အကျုံးဝင်သော စိတ်နှင့် ယှဉ်ဖက် စေတသိက်တို့၏ အကြောင်းကို ရှေးဦးစွာ သိထားသင့်ပေသည်။ ရှေးဦးစွာ ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်နိုင်ခွင့်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြကုန်သော ဝိပဿနာ ရှုပွားသုံးသပ်ရမည့် စိတ်တို့ကို ရေးသားတင်ပြပေအံ့ ..။

ဝိပဿနာဉာဏ်၏ အရှုခံစိတ် အမျိုးအစား

စိတ် စေတသိက် ရုပ် နိဗ္ဗာန် - ဟု ပရမတ္ထတရား လေးပါးတို့ကို ဘုရားရှင် ဟောကြားထားတော်မူခဲ့၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် အကယ်၍ စတုတ္ထပရမတ်ဖြစ်သည့် နိဗ္ဗာန်တရားတော်မြတ်ကြီးကို အလိုရှိခဲ့ပါမူ ပထမပရမတ် ဒုတိယပရမတ် တတိယပရမတ် ဖြစ်ကြသည့် စိတ်စေတသိက် ရုပ်တရားတို့ကိုလည်းကောင်း, ယင်း စိတ်စေတသိက် ရုပ်တရားတို့၏ အကြောင်းနှင့် အကျိုး ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေသည့် ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားကိုလည်းကောင်း ရှေးဦးစွာ သိအောင် ကြိုးပမ်းရမည် ဖြစ်ပေသည်။ အကြောင်းမူ အကြောင်းတရားနှင့် တကွသော ယင်း စိတ်စေတသိက် ရုပ်တရားတို့ကို လက္ခဏာရေးသုံးတန်သို့တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုပွားသုံးသပ်နိုင်ပါမှ ရင့်ကျက်လာသော ယင်းဝိပဿနာဉာဏ်တို့၏ အဆုံးတွင် ဖြစ်ပေါ်လာသော အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကသာလျှင် ယင်း စတုတ္ထပရမတ်ဖြစ်သည့် နိဗ္ဗာန်တရားတော်မြတ်ကြီးကို ထိုးထွင်း သိမြင်နိုင်သောကြောင့် ဖြစ်သည်။ ယင်းပရမတ်တရားတို့တွင် စိတ်နှင့် စေတသိက်တို့ကို နာမ်တရားဟူ၍ ခေါ်ဆို၏၊ ယခုအခါ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော စိတ်တို့ကို ရေးသားတင်ပြပေအံ့ ..။

စိတ္တ – အာရုံကိုသိတတ်သော သဘောတရားသည် စိတ် မည်၏၊ သိတတ်၏ ဟူသည် – ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ - ဟူသော မူလဋီကာ[၅၃၄]နှင့် အညီ အာရုံကို ရယူခြင်းသဘောမျှသည်သာတည်း။ ယောဂါဝစရပုဂ္ဂိုလ်သည် အကယ်၍ စက္ခုအကြည်ဓာတ်ကို ပရမတ်သို့ ဆိုက်အောင် အာရုံယူတတ်ပါက စက္ခုအကြည်ဓာတ်ကို သိသည်ဟု ဆိုရ၏၊ အကယ်၍ စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ မရရှိပါက စက္ခုအကြည်ဓာတ်ကို သိသည်ဟုကား မဆိုနိုင်။ ဤသို့ စသည်ဖြင့် သဘောပေါက်ပါ။

အကုသိုလ်စိတ် (၁၂) မျိုး

စိတ်သည် ကာမာဝစရစိတ် ရူပါဝစရစိတ် အရူပါဝစရစိတ် လောကုတ္တရာစိတ်ဟု လေးမျိုး ရှိရာ ကာမာဝစရစိတ်မှာ (၅၄)မျိုး ရှိ၏၊ ထိုတွင် အကုသိုလ်စိတ် (၁၂)မျိုးမှာ အောက်ပါအတိုင်း ဖြစ်၏၊

လောဘမူစိတ် (၈) မျိုး

၁။ သောမနဿသဟဂုတ်[၅၃၅] ဒိဋ္ဌိဂတသမ္ပယုတ်[၅၃၇] အသင်္ခါရိက[၅၃၉] စိတ်တစ်ခု၊
၂။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက[၅၄၀] စိတ်တစ်ခု၊
၃။ ဥပေက္ခာသဟဂုတ်[၅၃၆] ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊
၄။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊
၅။ သောမနဿ သဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ်[၅၃၈] အသင်္ခါရိက စိတ်တစ်ခု၊
၆။ သောမနဿ သဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊
၇။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊
၈။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊
ဤသို့လျှင် လောဘမူစိတ် (၈)မျိုးရှိ၏၊

ဒေါသမူစိတ် (၂) မျိုး

၁။ ဒေါမနဿသဟဂုတ်[၅၄၁] ပဋိဃသမ္ပယုတ်[၅၄၂] အသင်္ခါရိက စိတ်တစ်ခု၊
၂။ ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု။

မောဟမူစိတ် (၂) မျိုး

၁။ ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ်[၅၄၃] စိတ်တစ်ခု၊
၂။ ဥပေက္ခာသဟဂုတ် ဥဒ္ဓစ္စသမ္ပယုတ်[၅၄၄] စိတ်တစ်ခု။
၁။ လောဘလျှင် အကြောင်းရင်းခံရှိသော လောဘမူစိတ် (၈)မျိုး၊
၂။ ဒေါသလျှင် အကြောင်းရင်းခံရှိသော ဒေါသမူစိတ် (၂)မျိုး၊
၃။ မောဟလျှင် အကြောင်းရင်းခံရှိသော မောဟမူစိတ် (၂)မျိုး၊
ဤသို့လျှင် အကုသိုလ်စိတ် (၁၂)မျိုး ရှိပေသည်။

အဟိတ်စိတ် (၁၈) မျိုး

အကုသလဝိပါက်စိတ် (၇) မျိုး

၁။ ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် တစ်ခု၊
၂။ ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ် တစ်ခု၊
၃။ ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ်စိတ် တစ်ခု၊
၄။ ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်စိတ် တစ်ခု၊
၅။ ဒုက္ခသဟဂုတ်[၅၄၅] ကာယဝိညာဏ်စိတ် တစ်ခု၊
၆။ ဥပေက္ခာသဟဂုတ် သမ္ပဋိ စ္ဆိုင်းစိတ်[၅၄၆] တစ်ခု၊
၇။ ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်[၅၄၇] တစ်ခု။

ဤစိတ် (၇)မျိုးတို့သည် (ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌) အလိုမရှိအပ်သော အနိဋ္ဌာရုံနှင့် တွေ့ကြုံသည့်အခါ အတိတ်က အကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာကြရသော အကုသိုလ်ကံ၏ အကျိုးဝိပါက်စိတ်တို့တည်း။ ယောဂါဝစရ ပုဂ္ဂိုလ်သည် ဤဘဝ၌ အနိဋ္ဌာရုံအမျိုးမျိုးနှင့် တွေ့ကြုံရခြင်းသည် အတိတ်က အကုသိုလ်ကံကြောင့်သာ ဖြစ်သည် ဟူသော အချက်ကို မမေ့သင့်ပေ။ ဖြေဆေးတစ်ခွက်ပင် ဖြစ်သည်။

အဟိတ်ကုသလဝိပါက်စိတ် (၈) မျိုး

၁။ ဥပေက္ခာသဟဂုတ် ကုသလဝိပါက် စက္ခုဝိညာဏ်စိတ် တစ်ခု၊
၂။ ဥပေက္ခာသဟဂုတ် ကုသလဝိပါက် သောတဝိညာဏ်စိတ် တစ်ခု၊
၃။ ဥပေက္ခာသဟဂုတ် ကုသလဝိပါက် ဃာနဝိညာဏ်စိတ် တစ်ခု၊
၄။ ဥပေက္ခာသဟဂုတ် ကုသလဝိပါက် ဇိဝှါဝိညာဏ်စိတ် တစ်ခု၊
၅။ သုခသဟဂုတ်[၅၄၈] ကုသလဝိပါက် ကာယဝိညာဏ်စိတ် တစ်ခု၊
၆။ ဥပေက္ခာသဟဂုတ် ကုသလဝိပါက် သမ္ပဋိ စ္ဆိုင်းစိတ် တစ်ခု၊
၇။ သောမနဿသဟဂုတ် ကုသလဝိပါက် သန္တီရဏစိတ် တစ်ခု၊
၈။ ဥပေက္ခာသဟဂုတ် ကုသလဝိပါက် သန္တီရဏစိတ် တစ်ခု။

ဤစိတ် (၈)မျိုးတို့သည်ကား (ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌) အတိတ်က ကုသိုလ်ကံ၏ အကျိုးဖြစ်သော, အတိတ် ကုသိုလ်ကံကြောင့် ဣဋ္ဌာရုံနှင့် တွေ့ကြုံသည့်အခါ ဖြစ်ပေါ်လာသော အကျိုးဝိပါက်စိတ်တို့တည်း။

အဟိတ်ကြိယာစိတ် (၃) မျိုး

၁။ ဥပေက္ခာသဟဂုတ် ပဉ္စဒွါရာဝဇ္ဇန်းစိတ်[၅၄၉] တစ်ခု၊
၂။ ဥပေက္ခာသဟဂုတ် မနောဒွါရာဝဇ္ဇန်းစိတ်[၅၅၀] တစ်ခု။
၃။ သောမနဿသဟဂုတ် ဟသိတုပ္ပါဒ်စိတ်[၅၅၁] တစ်ခု။

ဤစိတ်သုံးမျိုးတို့ကား ဒွါရနှင့် အာရုံ တိုက်ဆိုင်သည့်အခါ ယင်းအာရုံကို ဆင်ခြင်ရုံမျှ = ပြုကာမတ္တသာ ဖြစ်သောကြောင့်, ပြုံးရွှင်ရုံမျှသာ ဖြစ်သောကြောင့် အကျိုးတစ်စုံတစ်ရာကို ဖြစ်စေနိုင်သည့် စွမ်းအား မရှိရကား ကိရိယာ (= ကြိယာ) စိတ်ဟူသော အမည်ကို ရရှိကြပေသည်။

၁။ အကုသလဝိပါက်စိတ် (၇)မျိုး,
၂။ အဟိတ်ကုသလဝိပါက်စိတ် (၈)မျိုး,
၃။ အဟိတ်ကြိယာစိတ် (၃)မျိုး,

ဤ (၁၈)မျိုးသော စိတ်တို့ကား လောဘ ဒေါသ မောဟ, အလောဘ အဒေါသ အမောဟ ဟူသော ဟိတ်တို့နှင့် လုံးဝ မယှဉ်သောကြောင့် အဟိတ်စိတ်ဟူသော အမည်ကို ရရှိကြသည်။ ယင်း အကုသိုလ်စိတ် အဟိတ်စိတ်တို့မှ ကြွင်းကျန်သော စိတ်တို့သည်ကား တင့်တယ်ကောင်းမြတ်သော စိတ်အမျိုးအစားများ ဖြစ်ခြင်းကြောင့် သောဘဏစိတ်တို့ မည်ကုန်၏၊ ယင်းသောဘဏစိတ်တို့မှာ အကျဉ်းအားဖြင့် (၅၉)၊ အကျယ်အားဖြင့် (၉၁)မျိုး ရှိပေသည်။

ကာမာဝစရသောဘဏစိတ် (၂၄) မျိုး

မဟာကုသိုလ်စိတ် (၈) မျိုး

၁။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊
၂။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊
၃။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊
၄။ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊
၅။ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊
၆။ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု၊
၇။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု၊
၈။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု။

ဤစိတ် (၈)မျိုးတို့ကား ကာမာဝစရကုသိုလ်စိတ်တို့တည်း။ ယေဘုယျအားဖြင့် ကာမ (၁၁)ဘုံ၌ ကောင်းသော အကျိုးတရားတို့ကို ဖြစ်စေနိုင်သော စွမ်းအားရှိသော စိတ်တို့တည်း။ ပုထုဇန်အဆင့်တွင်သာ တည်ရှိနေသေးသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်သင့် ဖြစ်ထိုက်သော ဥပစာရသမာဓိသို့ တိုင်အောင်သော သမထဘာဝနာစိတ်နှင့် အရိယမဂ်ဉာဏ်တို့၏ ရှေးအဖို့၌ တည်ရှိကြသော ဝိပဿနာဘာဝနာစိတ်တို့ကား ဤ ကာမာဝစရကုသိုလ်စိတ်တို့ပင် ဖြစ်ကြသည်၊ အရာကျယ်၏၊ ထိုကြောင့် ယင်းစိတ်တို့ကို မဟာကုသိုလ်စိတ်ဟူ၍လည်း ခေါ်ဆိုပေသည်။

မဟာဝိပါက်စိတ် (၈) မျိုး

၁။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု။ ပ။
၈။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု။

မဟာကုသိုလ်စိတ် (၈)မျိုးနှင့် အလားတူ၏၊ ကုသိုလ်နှင့် ဝိပါက်သာ ကွာခြားသည်။ ဤမဟာဝိပါက်စိတ် (၈)မျိုးတို့ကား ယင်းမဟာကုသိုလ်ကံ၏ အကျိုးဝိပါက်စိတ်တို့တည်း။ ယင်းစိတ် (၈)မျိုးတို့တွင် တစ်မျိုးမျိုးသောစိတ်သည် တိဟိတ်ပုထုဇန် (ဒွိဟိတ်ပုထုဇန်) ဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်တစ်ဦး၏ သန္တာန်၌ ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စ တို့ကို ရွက်ဆောင်ပေး၏၊ ပဝတ္တိအခါဝယ် ကာမဣဋ္ဌာရုံအမျိုးမျိုးနှင့် တွေ့ကြုံခိုက်ဝယ် ယင်းစိတ် (၈)မျိုးလုံးသည် ကာမဇောတို့၏ နောင်၌ ဇောယူသည့် အာရုံကိုပင် ဆက်လက် အာရုံယူတတ်သော တဒါရုံကိစ္စကို ရွက်ဆောင်လျက် ကာမသတ္တဝါတို့ သန္တာန်၌ ထိုက်သလို ဖြစ်ပေါ်လာနိုင်၏၊ ကာမဣဋ္ဌာရုံဟူသည် အလိုရှိအပ် ကောင်းမြတ်သော ကာမစိတ်စေတသိက်နှင့် ရုပ် (၂၈)ပါးတို့ပင်တည်း။

မဟာကြိယာစိတ် (၈) မျိုး

၁။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက စိတ်တစ်ခု။ ပ။
၈။ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက စိတ်တစ်ခု။

ဤ မဟာကြိယာစိတ်သည်လည်း မဟာကုသိုလ်စိတ်ကဲ့သို့ (၈)မျိုးပင် ရှိသည်။ ရဟန္တာအရှင်မြတ်ကြီးတို့၏ ဒါန သီလ သမထ ဝိပဿနာဘာဝနာစိတ်တို့ပင်တည်း။ (ဥပစာရသမာဓိတိုင်အောင်သော သမထကို ဆိုလိုသည်။) ရဟန္တာအရှင်မြတ်ကြီးတို့၏ ဒါန သီလ သမထ ဝိပဿနာ စသော မွန်မြတ်သော ကျင့်ဝတ်ပဋိပတ်တို့သည် မည်သည့် အကျိုး တစ်စုံတစ်ရာကိုမျှ ဖြစ်စေနိုင်သည့်စွမ်းအား မရှိခြင်းကြောင့် ယင်းကျင့်ဝတ်ပဋိပတ်တို့ကို ဖြည့်ကျင့်နေသော စိတ်တို့သည် ပြုလုပ်ကာမတ္တ ကိရိယာ (= ကြိယာ) ဟူသော အမည်ကို ရရှိကြသည်။

ဤသို့လျှင် မဟာကုသိုလ်စိတ် (၈)မျိုး, မဟာဝိပါက်စိတ် (၈)မျိုး, မဟာကြိယာစိတ် (၈)မျိုး အားလုံးပေါင်းသော် ဤ (၂၄)မျိုးသော စိတ်တို့သည် များသောအားဖြင့် ကာမဘုံ၌ ကျင်လည်တတ် ဖြစ်တတ်သော ကာမဘုံ၌ အဖြစ် များသော တင့်တယ်ကောင်းမြတ်သော သောဘဏစိတ်တို့တည်း။

၁။ အကုသိုလ်စိတ် – ၁၂ - မျိုး
၂။ အဟိတ်စိတ် – ၁၈ - မျိုး
၃။ ကာမသောဘဏစိတ် – ၂၄ - မျိုး
ပေါင်းသော် – ၅၄ - မျိုး

ဤ (၅၄)မျိုးသော စိတ်တို့သည် ကာမ (၁၁)ဘုံ၌ အဖြစ်များသောကြောင့် ကာမစိတ်တို့ မည်၏၊ ကာမနာမ်တရား ဟူသည် ယင်းကာမစိတ် (၅၄)မျိုးနှင့် ယှဉ်ဖက်စေတသိက် (၅၂)မျိုးကို ဆိုလိုသည်။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် တိဟိတ်ပုထုဇန် ဖြစ်ပါက ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်နိုင်ခွင့်ရှိသော ကာမစိတ် = ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ကာမစိတ်တို့မှာ ..

၁။ အကုသိုလ်စိတ် – ၁၂ - မျိုး
၂။ ဟသိတုပ္ပါဒ် ကြဉ်သော အဟိတ်စိတ် – ၁၇ - မျိုး
၃။ မဟာကုသိုလ်စိတ် –၈ - မျိုး
၄။ မဟာဝိပါက်စိတ် –၈ - မျိုး
ပေါင်းသော် – ၄၅ - မျိုးတည်း။

ရူပါဝစရစိတ် (၁၅) မျိုး

ကုသိုလ်စိတ် (၅) မျိုး

၁။ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါငါးပါးနှင့် အတူတကွဖြစ်သော ပထမစျာန် ကုသိုလ်စိတ်၊
၂။ ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါလေးပါးနှင့် အတူတကွဖြစ်သော ဒုတိယစျာန် ကုသိုလ်စိတ်၊
၃။ ပီတိ သုခ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါသုံးပါးနှင့် အတူတကွဖြစ်သော တတိယစျာန် ကုသိုလ်စိတ်၊
၄။ သုခ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ နှစ်ပါးနှင့် အတူတကွဖြစ်သော စတုတ္ထစျာန် ကုသိုလ်စိတ်၊
၅။ ဥပေက္ခာ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါနှစ်ပါးနှင့် အတူတကွဖြစ်သော ပဉ္စမစျာန် ကုသိုလ်စိတ်၊

ဤသို့လျှင် ရူပါဝစရကုသိုလ်စိတ်မှာ (၅)မျိုး ရှိ၏၊ ပဉ္စကနည်းတည်း။ အလားတူပင် ယင်းရူပါဝစရကုသိုလ်၏ အကျိုးဖြစ်သော ရူပါဝစရဝိပါက်စိတ်မှာလည်း (၅)မျိုးပင်ရှိ၏၊ သို့သော် ယင်း ရူပါဝစရဝိပါက်စိတ်တို့မှာ ဆိုင်ရာ ဆိုင်ရာ ရူပါဝစရဘုံ၌ ဆိုင်ရာဆိုင်ရာ ရူပါဝစရဗြဟ္မာတို့၏ သန္တာန်၌သာလျှင် ပဋိသန္ဓေကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စကို ရွက်ဆောင်လျက် ဖြစ်ပေါ်နိုင်သော စိတ်တို့သာ ဖြစ်ကြသည်။ အလားတူပင် ရဟန္တာအရှင်မြတ်ကြီးတို့သည် ရူပါဝစရစျာန်တို့ကို ရရှိသော စျာနလာဘီပုဂ္ဂိုလ်တို့ ဖြစ်ကုန်မူ ယင်းစျာန်တို့သည် မည်သည့်အကျိုးတစ်စုံတစ်ရာကိုမျှ ဖြစ်စေနိုင်သော စွမ်းအားမရှိခြင်းကြောင့် ကြိယာဟူသော အမည်ကို ရရှိ ကြသည်။ ယင်းရူပါဝစရကြိယာစိတ်မှာလည်း (၅)မျိုးပင်တည်း။ အားလုံးပေါင်းသော် ရူပါဝစရစိတ် (၁၅)မျိုးတည်း။

ယောဂါဝစရပုဂ္ဂိုလ်သည် ရူပါဝစရကုသိုလ်စျာန် တစ်မျိုးမျိုးကို ရရှိပါက ယင်း မိမိရရှိသော စျာန်သည် ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံစာရင်းတွင် ပါဝင်ပေသည်။ အကယ်၍ စတုက္ကနည်းအရ ရူပါဝစရ စျာန်လေးပါး, ပဉ္စကနည်းအရ ရူပါဝစရစျာန်ငါးပါးလုံးကိုပင် ရရှိသူဖြစ်ပါက ယင်းရူပါဝစရစျာန်အားလုံးသည်လည်း ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ စာရင်းတွင် ပါဝင်ပေသည်။

အရူပါဝစရစိတ် (၁၂) မျိုး

ကုသိုလ်စိတ် (၄) မျိုး

၁။ အာကာသာနဉ္စာယတန ကုသိုလ်စိတ် = အဆုံးအပိုင်းအခြား မရှိသော ကောင်းကင်ပညတ်လျှင် တည်ရာအာရုံ ရှိသော ကုသိုလ်စိတ်၊
၂။ ဝိညာဏဉ္စာယတန ကုသိုလ်စိတ် = အာကာသာနဉ္စာယတနဝိညာဏ်လျှင် တည်ရာအာရုံရှိသော ကုသိုလ်စိတ်၊
၃။ အာကိဉ္စညာယတန ကုသိုလ်စိတ် = အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်း နတ္ထိဘောပညတ်လျှင် တည်ရာအာရုံရှိသော ကုသိုလ်စိတ်၊
၄။ နေဝသညာနာသညာယတန ကုသိုလ်စိတ် = သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်သော (= ရုန့်ရင်းကြမ်းတမ်းသော သညာကား မရှိ အလွန့်အလွန် သိမ်မွေ့နူးညံ့သော သညာသာလျှင်ရှိသော) ကုသိုလ်စိတ်၊

ဤသို့လျှင် အရူပါဝစရကုသိုလ်စိတ် (၄)မျိုးရှိသည်။ ယင်းကုသိုလ်တို့၏ အကျိုးဝိပါက်စိတ်တို့လည်း လေးမျိုးပင် ရှိကြ၏၊ ဆိုင်ရာ အရူပဘုံ၌ ဆိုင်ရာ အရူပဗြဟ္မာတို့၏ သန္တာန်၌သာလျှင် ဖြစ်ခွင့်ရှိကြသော ဝိပါက်စိတ်တို့တည်း။ အကယ်၍ ရဟန္တာ အရှင်မြတ်ကြီးတို့သည်လည်း အရူပစျာန်တို့ကိုပါ ရရှိကြပါမူ ယင်းအရူပစျာန်တို့သည် မည်သည့် အကျိုး တစ်စုံတစ်ရာကိုမျှ ဖြစ်စေနိုင်သည့် စွမ်းအား မရှိခြင်းကြောင့် ကိရိယာဟူသော အမည်ကို ရရှိကြပေသည်။ ဤသို့လျှင် အရူပါဝစရ ကုသိုလ်စိတ် (၄)မျိုး, အရူပါဝစရ ဝိပါက်စိတ် (၄)မျိုး, အရူပါဝစရ ကြိယာစိတ် (၄)မျိုး, အားလုံးပေါင်းသော် အရူပါဝစရစိတ် (၁၂)မျိုးတည်း။ ယောဂါဝစရပုဂ္ဂိုလ်သည် အကယ်၍ အရူပစျာန်တို့ကိုပါ ရရှိပါ မူ ယင်းအရူပစျာန် (၄)မျိုးတို့သည်လည်း ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ စိတ်တို့တွင် ပါဝင်နေ မည်သာ ဖြစ်ပေသည်။ ထိုကြောင့် စျာနလာဘီဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အများဆုံးဖြစ်နိုင်သော ဝိပဿနာဉာဏ်၏ အရှုခံအာရုံ စိတ်တို့မှာ အောက်ပါအတိုင်း (၅၄)မျိုးသော စိတ်တို့သာ ဖြစ်ကြသည်။

၁။ ကာမာဝစရစိတ်မှ – ၄၅ - မျိုး
၂။ ရူပါဝစရ ကုသိုလ်စျာန်စိတ် – ၅ - မျိုး (ပဉ္စကနည်း)
၃။ အရူပါဝစရ ကုသိုလ်စျာန်စိတ် –၄ - မျိုး
အားလုံးပေါင်းသော် - စိတ် – ၅၄ - မျိုးတည်း။

ဤ (၅၄)မျိုးသော စိတ်တို့ကား ကာမဘုံသား စျာန်ရပုထုဇန်နှင့် စျာန်ရသေက္ခအရိယာသူတော်ကောင်းတို့၏ ဝိပဿနာဉာဏ်ဖြင့် ရှုပွားရမည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတရားတို့ ဖြစ်ကြသည်။

ကာမ-ရူပ-အရူပ ဘုံသုံးပါးအတွင်း၌ တည်ရှိကြသော ပုထုဇန်, သေက္ခ, အသေက္ခပုဂ္ဂိုလ်အားလုံးတို့အတွက် ခြုံငုံ၍ ဆိုရသော် လောကီစိတ် (၈၁)ပါးတို့သည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတို့ ဖြစ်ကြသည်။ ယင်းလောကီစိတ် (၈၁)မျိုးတို့ကား – ကာမစိတ် (၅၄)မျိုး, ရူပါဝစရစိတ် (၁၅)မျိုးနှင့် အရူပါဝစရစိတ် (၁၂)မျိုး အားလုံးပေါင်းသော် (၈၁)မျိုးတို့ ဖြစ်ကြသည်။

ဤ (၈၁)မျိုးသော စိတ်တို့ကို (၃၁)ဘုံဟူသော လောကီနယ်၌သာ ကျင်လည်တတ် ဖြစ်တတ်သောကြောင့် လောကီစိတ်တို့ဟူ၍ ခေါ်ဆိုသည်။

လောကုတ္တရာစိတ် (၈) မျိုး (အကျဉ်းနည်း)

အရိယမဂ်စိတ် (၄) မျိုး

၁။ သောတာပတ္တိမဂ်စိတ်, ၂။ သကဒါဂါမိမဂ်စိတ်, ၃။ အနာဂါမိမဂ်စိတ်, ၄။ အရဟတ္တမဂ်စိတ်, ဤသို့လျှင် မဂ်စိတ် (၄)မျိုး ရှိ၏၊ ကုသိုလ်စိတ်တို့ပင်တည်း။

အရိယဖိုလ်စိတ် (၄) မျိုး

၁။ သောတာပတ္တိဖိုလ်စိတ်, ၂။ သကဒါဂါမိဖိုလ်စိတ်, ၃။ အနာဂါမိဖိုလ်စိတ်, ၄။ အရဟတ္တဖိုလ်စိတ်, ဤသို့လျှင် ဖိုလ်စိတ် (၄)မျိုးရှိသည်။ ဆိုင်ရာ အရိယမဂ်၏ အကျိုး ဝိပါက်စိတ်တို့ပင်တည်း။

ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏သန္တာန်၌ ဖြစ်နိုင်ခွင့်ရှိသော လောကီ စိတ်စေတသိက် = နာမ်တရားတို့ကို လည်းကောင်း, ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သော ရုပ်တရားတို့ကိုလည်းကောင်း သိမ်းဆည်းပြီးနောက် ယင်းရုပ်နာမ်တို့၏ အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ယင်းရုပ်နာမ်တို့ကို လက္ခဏာရေးသုံးတန်သို့တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုခဲ့သော် ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ယင်းအရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့သည် ဖြစ်ပေါ်လာကြမည် ဖြစ်ပေသည်။

အကယ်၍ ကာမာဝစရနာမ်တရားတို့ကိုလည်းကောင်း သို့မဟုတ် ရုပ်တရားတို့ကိုလည်းကောင်း ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ခဲ့သော် ယင်း အရိယမဂ် အရိယဖိုလ်တရားတို့သည် ပထမဇ္ဈာနိက အရိယမဂ် = ပထမစျာန်နှင့် ယှဉ်သော အရိယမဂ်, ပထမဇ္ဈာနိက အရိယဖိုလ် = ပထမစျာန်နှင့် ယှဉ်သော အရိယဖိုလ်တို့သာ ဖြစ်ကြသည်။[၅၅၂]

ထိုကြောင့် ကာမာဝစရ နာမ်တရားတို့ကိုလည်းကောင်း သို့မဟုတ် ရုပ်တရားတို့ကိုလည်းကောင်း ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ရောက်ခဲ့လျှင် မဂ္ဂင် (၈)ပါး, ဗောဇ္ဈင် (၇)ပါး, စျာန်အင်္ဂါ = စျာနင် (၅)ပါးတို့ပင် ရှိကြ၏၊ သို့သော် ယင်းစျာန်အင်္ဂါတို့ကား လောကီစျာန်အင်္ဂါတို့ မဟုတ်ကြကုန်၊ လောကုတ္တရာစျာန်အင်္ဂါတို့သာ ဖြစ်ကြသည်။ ပထမစျာန်နှင့် ယှဉ်သော လောကုတ္တရာ ပထမဇ္ဈာနိကမဂ် ဟူလိုသည်။[၅၅၃]

အကျယ်နည်းအားဖြင့် လောကုတ္တရာစိတ် (၄၀)

၁။ ပထမစျာန်နာမ်တရားတို့ကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ခဲ့လျှင် ပထမဇ္ဈာနိက အရိယမဂ်, ပထမဇ္ဈာနိက အရိယဖိုလ် ဖြစ်သည်။
၂။ ဒုတိယစျာန်နာမ်တရားတို့ကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ခဲ့လျှင် ဒုတိယဇ္ဈာနိက အရိယမဂ်, ဒုတိယဇ္ဈာနိက အရိယဖိုလ် ဖြစ်သည်။
၃။ တတိယစျာန်နာမ်တရားတို့ကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ခဲ့လျှင် တတိယဇ္ဈာနိက အရိယမဂ်, တတိယဇ္ဈာနိက အရိယဖိုလ် ဖြစ်သည်။
၄။ စတုတ္ထစျာန်နာမ်တရားတို့ကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ခဲ့လျှင် စတုတ္ထဇ္ဈာနိက အရိယမဂ်, စတုတ္ထဇ္ဈာနိက အရိယဖိုလ် ဖြစ်သည်။
၅။ ပဉ္စမစျာန်နာမ်တရားတို့ကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ခဲ့လျှင် ပဉ္စမဇ္ဈာနိက အရိယမဂ်, ပဉ္စမဇ္ဈာနိက အရိယဖိုလ် ဖြစ်သည်။

တစ်ဖန် ကာမာဝစရနာမ်တရား သို့မဟုတ် ရုပ်တရားတို့ကို ဝိပဿနာရှုခိုက် အရိယမဂ်သို့ ဆိုက်ခဲ့လျှင်လည်း ပထမဇ္ဈာနိက အရိယမဂ်, ပထမဇ္ဈာနိက အရိယဖိုလ်ပင် ဖြစ်သည်။ ထိုကြောင့် –

၁။ သောတာပတ္တိ အရိယမဂ် (၅)မျိုး, သောတာပတ္တိ အရိယဖိုလ် (၅)မျိုး,
၂။ သကဒါဂါမိ အရိယမဂ် (၅)မျိုး, သကဒါဂါမိ အရိယဖိုလ် (၅)မျိုး,
၃။ အနာဂါမိ အရိယမဂ် (၅)မျိုး, အနာဂါမိ အရိယဖိုလ် (၅)မျိုး,
၄။ အရဟတ္တ အရိယမဂ် (၅)မျိုး, အရဟတ္တ အရိယဖိုလ် (၅)မျိုး,
အားလုံးပေါင်းသော် အကျယ်အားဖြင့် လောကုတ္တရာစိတ် (၄၀)တည်း။

ထိုကြောင့် အကျဉ်းအားဖြင့် လောကီစိတ် (၈၁), လောကုတ္တရာစိတ် (၈)မျိုး နှစ်ရပ်ပေါင်းသော် စိတ် (၈၉)မျိုး = တစ်ခုယုတ် (၉၀)ဖြစ်သည်။ အကျယ်အားဖြင့်ကား လောကီစိတ် (၈၁), လောကုတ္တရာစိတ် (၄၀) နှစ်ရပ်ပေါင်းသော် စိတ် (၁၂၁)မျိုး ဖြစ်သည်။ (ပဉ္စကနည်းတည်း။)

အပိုင်း (၂) - စေတသိက်ပိုင်းဆိုင်ရာ သိမှတ်စရာ

စိတ်သည် .. အာရုံကို သိတတ်သော, အာရုံကို ရယူတတ်သော သဘောလက္ခဏာအားဖြင့် တစ်မျိုးသာ ဖြစ်သော်လည်း ယင်းစိတ်နှင့် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲဖြစ်ကြသော စေတသိက်တို့၏ ထူးထွေ ကွဲပြားမှုကို အကြောင်းခံ၍ စိတ်လည်း အမျိုးမျိုးပြားရပေသည်။ စိတ်မည်သည် စေတသိက်တို့မပါဘဲ မိမိချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအားကား မရှိပေ။ စေတသိက်တို့သည်လည်း စိတ်မပါဘဲ မိမိတို့ချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအားကား မရှိကြပေ။ စိတ်နှင့် စေတသိက်တို့သည် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ အုပ်စုအလိုက် အတူ ယှဉ်တွဲ၍သာ အမြဲတမ်း ဖြစ်ကြရလေသည်။ ယင်းစိတ္တက္ခဏတစ်ခုတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကုန်သော စိတ် စေတသိက် နာမ်တရားစုတို့ကို ဝိသုဒ္ဓိမဂ္ဂမဟာဋီကာဆရာတော်က မိမိ၏ မဟာဋီကာ[၅၅၄]၌ အရူပကလာပ = နာမ်ကလာပ်ဟု ခေါ်ဝေါ်သုံးစွဲထားပေသည်။

စိတ်နှင့်ယှဉ်သော စေတသိက်တို့၏ လက္ခဏာ (၄) ပါး

၁။ ဧကုပ္ပါဒ = စိတ်နှင့်တူသော ဖြစ်ခြင်း = စိတ်နှင့် အတူဖြစ်ခြင်း၊
၂။ ဧကနိရောဓ = စိတ်နှင့်တူသော ချုပ်ခြင်း = စိတ်နှင့် အတူချုပ်ခြင်း၊
၃။ ဧကာလမ္ဗဏ = စိတ်နှင့်တူသော အာရုံရှိခြင်း = စိတ်နှင့် အာရုံတူခြင်း၊
၄။ ဧကဝတ္ထုက = စိတ်နှင့်တူသော မှီရာဝတ္ထုရှိခြင်း = စိတ်နှင့် မှီရာဝတ္ထုတူခြင်း၊

ဤသို့အားဖြင့် စေတသိက်တို့၌ စေတောယုတ္တလက္ခဏာ (၄)ပါး ရှိကြပေသည်။ မည်သည့်စေတသိက်မဆို စိတ်၌ယှဉ်သောအခါ ကာမဘုံ ရူပဘုံ၌ ဤအင်္ဂါ (၄)ပါးနှင့် ညီညွတ်ရမြဲ ဓမ္မတာဖြစ်သည်။ အရူပဘုံ၌ကား ဧကဝတ္ထုက အင်္ဂါတစ်ပါး ယုတ်လျော့ပေသည်၊ မှီရာဝတ္ထုရုပ် မရှိသောကြောင့် ဖြစ်သည်။ ယင်းစေတသိက်တို့ကား (၅၂)လုံး ရှိပေသည်။

စေတသိက် (၅၂) လုံး

၁။ သဗ္ဗစိတ္တသာဓာရဏစေတသိက် = စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက် (၇)လုံး၊
၂။ ပကိဏ်းစေတသိက် = ပြိုးပြွမ်းယှဉ်သော စေတသိက် (၆)လုံး၊
၃။ အကုသိုလ်စေတသိက် = အကုသိုလ်စိတ်နှင့် ယှဉ်သော စေတသိက် (၁၄)လုံး၊
၄။ သောဘဏစေတသိက် = တင့်တယ်ကောင်းမြတ်သော သောဘဏစိတ်နှင့် ယှဉ်သော စေတသိက် (၂၅)လုံး၊
အားလုံးပေါင်းသော် စေတသိက် (၅၂)လုံး ဖြစ်သည်။

သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇) လုံး

= စိတ်အားလုံးနှင့် ဆက်ဆံသော = စိတ်တိုင်းစိတ်တိုင်း၌ ယှဉ်သော စေတသိက် (၇)လုံး[၅၅၅]
၁။ ဖဿ = အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော (လက္ခဏ)၊
= အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်းသဘော (ရသ)၊
၂။ ဝေဒနာ = အာရုံ၏ အရသာကို ခံစားခြင်းသဘော၊
၃။ သညာ = အာရုံကို မှတ်သားခြင်းသဘော၊
၄။ စေတနာ = အာရုံပေါ်သို့ ယှဉ်ဖက် စိတ်စေတသိက် = သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော် ပေးခြင်း = နှိုးဆော်ပေးခြင်းသဘော၊
၅။ ဧကဂ္ဂတာ = အာရုံ တစ်ခုတည်းပေါ်သို့ စိတ် ကျရောက်နေခြင်းသဘော၊
= တည်ငြိမ်နေခြင်းသဘော၊
= သမ္ပယုတ်တရားတို့ကို ဖရိုဖရဲ မကြဲစေခြင်းသဘော၊
၆။ ဇီဝိတ = ယှဉ်ဖက် စိတ်စေတသိက် = သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ပေးခြင်းသဘော၊
= နာမ်သက်စောင့်ဓာတ်၊
၇။ မနသိကာရ = အာရုံဘက်သို့ စိတ်ကို = သမ္ပယုတ်တရားတို့ကို ဦးလှည့် တွန်းပို့ပေးခြင်းသဘော၊ = အာရုံကို နှလုံးသွင်းခြင်းသဘော၊

ပကိဏ်းစေတသိက် (၆) လုံး = ပြိုးပြွမ်းယှဉ်သော စေတသိက် (၆)လုံး

၁။ ဝိတက် = အာရုံပေါ်သို့ စိတ်ကို = သမ္ပယုတ်တရားတို့ကို ရှေးရှု တင်ပေးခြင်းသဘော၊ = ကြံစည်ခြင်းသဘော၊
၂။ ဝိစာရ = အာရုံကို ထပ်ကာထပ်ကာ သုံးသပ် ဆင်ခြင်ခြင်း = ဆုပ်နယ်ခြင်းသဘော၊
= အာရုံကို ထပ်၍ထပ်၍ ယူခြင်းသဘော၊
၃။ အဓိမောက္ခ = အာရုံကို ဆုံးဖြတ်ချက်ချခြင်းသဘော၊
၄။ ဝီရိယ = ကြိုးစားအားထုတ်ခြင်းသဘော၊[၅၅၆]
= အားတက်သရော ရှိခြင်းသဘော၊
၅။ ပီတိ = အာရုံကို နှစ်သက်ခြင်းသဘော၊
၆။ ဆန္ဒ = အာရုံကို လိုလားတောင့်တခြင်းသဘော၊
= အာရုံကို ပြုလုပ်လိုခြင်းသဘော၊[၅၅၇]

ဤစေတသိက် (၆)လုံးတို့သည် စိတ်အားလုံး၌ မယှဉ်ဘဲ အချို့အချို့သော စိတ်၌သာ ယှဉ်သဖြင့် ဟိုတချို့ သည်တချို့ ရောရောပြွမ်းပြွမ်း ယှဉ်တတ်သော စေတသိက်များဖြစ်ခြင်းကြောင့် ပကိဏ်းစေတသိက်ဟူသော အမည်ကို ရရှိကြပေသည်။

သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇)လုံးနှင့် ပကိဏ်းစေတသိက် (၆)လုံး၊ ဤနှစ်ရပ်ပေါင်း စေတသိက် (၁၃)လုံးတို့ကို အညသမာန်းစေတသိက်ဟု ခေါ်ဆို၏၊ အသောဘဏ-အမည်ရသော အကုသိုလ်စိတ် အဟိတ်စိတ်တို့၌ လည်းကောင်း, သောဘဏ-အမည်ရသော အကျဉ်းအားဖြင့် စိတ် (၅၉) အကျယ်အားဖြင့် (၉၁)ပါးသော စိတ်တို့၌ လည်းကောင်း ထိုက်သလို ယှဉ်တွဲဖြစ်ကြသဖြင့် ယင်းစေတသိက်တို့သည် အကောင်း-အဆိုး နှစ်ဘက်ရ စေတသိက်တို့ ဖြစ်ကြသည်။

ဝိတက်-စေတနာ-မနသိကာရ

ဝိတက်သည် သမ္ပယုတ်တရားတို့ကို အာရုံပေါ်သို့ ရောက်အောင် ရှေးရှုတင်ပေးတတ်၏၊ စေတနာကား ဝိတက်သည် တင်ပေးအပ်သော သမ္ပယုတ်တရားတို့ကို အာရုံ၌ ယှဉ်စပ်ပေး၏၊ မနသိကာရသည်ကား သမ္ပယုတ် တရားတို့ကို အာရုံပေါ်သို့ ဖြောင့်ဖြောင့်မတ်မတ် ရောက်အောင် ပြုလုပ်ပေး၏၊ မောင်းနှင်ပေး၏၊

အကုသိုလ် စေတသိက် (၁၄) လုံး

အကုသလသာဓာရဏ စေတသိက် (၄) လုံး = အကုသိုလ်စိတ်အားလုံးနှင့် ဆက်ဆံသော စေတသိက် 

၁။ မောဟ = အာရုံ၏ သဘောမှန်ကို မသိခြင်းသဘော၊ (သစ္စာလေးပါးကို မသိမှုသဘော)
= အာရုံကို အသိမှားခြင်းသဘော၊ (ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာစသည်ဖြင့် အသိမှားနေမှုသဘော)[၅၅၈]
၂။ အဟိရိက = (က) ဒုစရိုက်တရား, (ခ) လောဘ ဒေါသ မောဟ စသည့် အကုသိုလ်တရားတို့မှ မရှက်ခြင်း သဘော၊
၃။ အနောတ္တပ္ပ = (က) ဒုစရိုက်တရား, (ခ) လောဘ ဒေါသ မောဟ စသည့် အကုသိုလ်တရားတို့မှ မကြောက်ခြင်း သဘော၊
၄။ ဥဒ္ဓစ္စ = အာရုံပေါ်၌ စိတ်မငြိမ်မသက် ပျံ့လွင့်နေခြင်းသဘော၊
ဤ စေတသိက် (၄)မျိုးတို့သည် အကုသိုလ်စိတ်တိုင်း စိတ်တိုင်း၌ အမြဲယှဉ်သောကြောင့် အကုသလသာဓာရဏ စေတသိက်ဟူသော အမည်ကို ရရှိကြသည်။

လောဘအုပ်စု စေတသိက် (၃) လုံး

၅။ လောဘ = အာရုံကို မြတ်မြတ်နိုးနိုး ''ငါ့ဟာ''ဟု စွဲယူခြင်းသဘော၊
= အာရုံကို လိုလားတပ်မက်ခြင်းသဘော၊
= အာရုံ၌ ကပ်ငြိခြင်းသဘော၊
၆။ ဒိဋ္ဌိ = အာရုံကို နိစ္စ သုခ အတ္တ သုဘဟု စွဲလမ်းယုံကြည်ခြင်းသဘော၊
= အာရုံကို နိစ္စ သုခ အတ္တ သုဘဟု အယူမှားခြင်းသဘော = ခံယူချက်မှားခြင်းသဘော၊
၇။ မာန = ''ငါ ငါ''ဟု စိတ်တက်ကြွ မြင့်မောက်ခြင်းသဘော၊
= ထောင်လွှားခြင်းသဘော၊
= အသာယူလိုခြင်းသဘော၊

ထပ်မံရှင်းလင်းချက်

မောဟကိုပင် အဝိဇ္ဇာဟုလည်း ခေါ်ဆို၏၊ (၃၁)ဘုံ အတွင်း၌ တည်ရှိသော သက်ရှိလောက သက်မဲ့လောက = သက်ရှိအရာဝတ္ထု သက်မဲ့အရာဝတ္ထုတို့ကို ပရမတ္ထသစ္စာသို့ ဆိုက်အောင် ဝိပဿနာသမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ခွဲခြားစိတ်ဖြာ၍ ဓာတ်ခွဲကြည့်နိုင်သဖြင့် –

၁။ ရုပ်တရား အစုအပုံမျှသာရှိသည်ဟု
၂။ နာမ်တရား အစုအပုံမျှသာ ရှိသည်ဟု
၃။ ရုပ်+နာမ် အစုအပုံမျှသာ ရှိသည်ဟု = ခန္ဓာငါးပါးအစုအပုံ, အာယတနတစ်ဆယ့်နှစ်ပါးအစုအပုံ, ဓာတ် တစ်ဆယ့်ရှစ်ပါးအစုအပုံမျှသာ ရှိသည်ဟု သိသည် ဖြစ်အံ့၊ ထိုအသိမှာ မှန်၏၊ နာမရူပပရိစ္ဆေဒဉာဏ်တည်း။
၄။ အကြောင်းတရားအစုအပုံ အကျိုးတရားအစုအပုံမျှသာ ရှိသည်ဟု သိအံ့၊ ထိုအသိမှာလည်း မှန်၏၊ ပစ္စယပရိဂ္ဂဟ ဉာဏ်တည်း။

ထို ရုပ်-နာမ်-ကြောင်း-ကျိုး တရားစုတို့ကို သင်္ခါရတရားစုတို့ဟူ၍ ခေါ်ဆို၏၊ ထိုသင်္ခါရတရားတို့ကား ဖြစ်ပြီးလျှင် ပျက်တတ်သည့် အနိစ္စတရားတို့သာ ဖြစ်ကြ၏၊ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက် ခံရသည့် ဒုက္ခတရားတို့သာ ဖြစ်ကြ၏၊ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တမဟုတ်သည့် အနတ္တတရားတို့သာ ဖြစ်ကြ၏၊ ရွံရှာစက်ဆုပ်ဖွယ် အသုဘတရားစုတို့သာ ဖြစ်ကြ၏၊ ထိုကြောင့် ယင်းသင်္ခါရတရားတို့ကို –

၁။ အနိစ္စတရားတို့သာ ဖြစ်ကြသည်ဟု
၂။ ဒုက္ခတရားတို့သာ ဖြစ်ကြသည်ဟု
၃။ အနတ္တတရားတို့သာ ဖြစ်ကြသည်ဟု
၄။ အသုဘတရားတို့သာ ဖြစ်ကြသည်ဟု သိအံ့၊ ထိုအသိမှာလည်း မှန်နေ၏၊ ဝိပဿနာဉာဏ်များပင်တည်း။

ထိုကြောင့် (၃၁)ဘုံ အတွင်း၌ တည်ရှိသော သက်ရှိသက်မဲ့ အရာဝတ္ထုတို့ကို ရုပ်တရားအစုအပုံ, နာမ်တရား အစုအပုံ, ရုပ်+နာမ်အစုအပုံ = ခန္ဓာငါးပါးအစုအပုံ = အာယတနတစ်ဆယ့်နှစ်ပါးအစုအပုံ = ဓာတ်တစ်ဆယ့်ရှစ်ပါး အစုအပုံတို့ဟုလည်းကောင်း, အကြောင်းတရားအစုအပုံ အကျိုးတရားအစုအပုံတို့ဟုလည်းကောင်း, အနိစ္စတရား အစုအပုံ, ဒုက္ခတရားအစုအပုံ, အနတ္တတရားအစုအပုံ, အသုဘတရားအစုအပုံတို့ဟုလည်းကောင်း သိရှိနေပါက ထိုအသိကို အသိမှန် = သမ္မာဒိဋ္ဌိ = ဝိဇ္ဇာဉာဏ်ဟု ဆိုရပေသည်။

ထိုသို့ အမှန်အတိုင်း မသိဘဲ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်ဟုလည်းကောင်း, အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်ဟုလည်းကောင်း, ရွှေ ငွေ သစ်ပင် ရေ မြေ တော တောင် စသည်ဟုလည်းကောင်း, နိစ္စတရားအစုအပုံ သုခတရားအစုအပုံ အတ္တတရားအစုအပုံ သုဘတရားအစုအပုံဟု လည်းကောင်း ယင်း သက်ရှိ သက်မဲ့ ဝတ္ထုတို့ကို ပြောင်းပြန် သိမြင်နေပါက ယင်းအသိကို အသိမှား = အဝိဇ္ဇာ = မောဟဟု ခေါ်ဆိုရပေသည်။[၅၅၉] [၅၆၀]

ဤတွင် အဝိဇ္ဇာ = မောဟနှင့် ဒိဋ္ဌိ = မိစ္ဆာဒိဋ္ဌိတို့၏ သဘောကို ပိုမို၍ သဘောပေါက်စေရန် ဝိပဿနာနယ်၌ အရေးတကြီး သိထားသင့်သော အတ္တစွဲနှစ်မျိုးကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။ 

အတ္တစွဲ (၂) မျိုး

လောကဝေါဟာရ အတ္တစွဲ = လောကသမညာ အတ္တစွဲနှင့် သာသနာပအယူအဆ ရှိကြသည့် မိစ္ဆာဒိဋ္ဌိ အယူဝါဒ ရှိသူတို့ ကြံဆထားအပ်သော အတ္တဒိဋ္ဌိစွဲဟု အကြမ်းစားအားဖြင့် အတ္တစွဲ နှစ်မျိုး ရှိပေသည်။[၅၆၁]

၁။ လောကဝေါဟာရ အတ္တစွဲ = လောကသမညာ အတ္တစွဲ – သက်ရှိ အရာဝတ္ထုတို့ကို ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ ကျွဲ နွား တိရ စ္ဆာန် စသည်ဖြင့် စွဲယူမှု, သက်မဲ့ အရာဝတ္ထုတို့ကိုလည်း ရွှေ ငွေ လယ် ယာ အိုးအိမ် သစ်ပင် ရေမြေ တောတောင် စသည်ဖြင့် စွဲယူမှုတည်း။

ယောဂါဝစရပုဂ္ဂိုလ်သည် ဗဟိဒ္ဓ ရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်သောအခါ ဗဟိဒ္ဓ သက်ရှိလောကသို့ ဝိပဿနာ ဉာဏ်ကို စေလွှတ်ကြည့်ပါ။ ဗဟိဒ္ဓ သက်ရှိသတ္တဝါတို့ ဟူသည်မှာလည်း ရုပ်တရားအစုအပုံ နာမ်တရားအစုအပုံ ရုပ်နာမ်အစုအပုံ အကြောင်းတရားအစုအပုံ အကျိုးတရားအစုအပုံ အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရားအစုအပုံ အသုဘတရားအစုအပုံသာ ဖြစ်သည်ဟု သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်ကာ သိမြင်နိုင်ပေလိမ့်မည်။

တစ်ဖန် ဗဟိဒ္ဓ သက်မဲ့လောကသို့လည်း ဝိပဿနာဉာဏ်ကို စေလွှတ်ကြည့်ပါ။ ယင်းဗဟိဒ္ဓ သက်မဲ့အရာဝတ္ထုတို့၌ (ရွှေ၌ ငွေ၌ ...) တည်ရှိသော ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်သည်။ ယင်းရုပ်ကလာပ်တို့မှာ ရုပ်ကလာပ်တစ်ခု အတွင်း၌ တည်ရှိသော တေဇောဓာတ် = ဥတုကြောင့် ဆင့်ကဲ ဆင့်ကဲ ရှေ့နှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေသော ဥတုဇဩဇဋ္ဌမကရုပ်တို့နှင့် ရံခါ အသံပါသော် ဥတုဇသဒ္ဒနဝကကလာပ်ရုပ်တို့သာတည်း။ ထိုကြောင့် သက်မဲ့အရာဝတ္ထုတို့ကို ဥတုဇဩဇဋ္ဌမကရုပ်တရားအစုအပုံဟု လည်းကောင်း, အသံပါခဲ့သော် ဥတုဇသဒ္ဒနဝကရုပ်တရားအစုအပုံဟုလည်းကောင်း သိမြင်ခဲ့သော် ထိုအသိသည် မှန်နေ၏၊ ရွှေ-ငွေ စသည်ဖြင့် သိခဲ့သော် ထိုအသိကား မှားနေ၏ = အဝိဇ္ဇာတည်း၊ မောဟတည်း။

သက်ရှိသတ္တဝါတို့ကို ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရား အစုအပုံဟု မသိဘဲ အနိစ္စ ဒုက္ခ အနတ္တ အသုဘတရား အစုအပုံဟု မသိဘဲ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်ဖြင့် သိခဲ့သော် ထိုအသိကား မှားနေ၏၊ အဝိဇ္ဇာ = မောဟတည်း။ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်သည် တကယ် ထင်ရှားရှိ၏ဟု စွဲလမ်းယုံကြည်ခဲ့သော် စွဲယူခဲ့သော် ခံယူချက်မှားခဲ့သော် ထို စွဲလမ်းယုံကြည်မှု စွဲယူမှု ခံယူချက် မှားမှုသည်ကား လောကဝေါဟာရ အတ္တစွဲ = လောကသမညာ အတ္တစွဲတည်း = လူတို့ ခေါ်ဝေါ်သုံးစွဲသည့်အတိုင်း တကယ် ထင်ရှားရှိ၏ဟု ခံယူချက်မှားမှုတည်း၊ မိစ္ဆာဒိဋ္ဌိတည်း။

သက်မဲ့အရာဝတ္ထုတို့ကိုလည်း ရုပ်တရားအစုအပုံဟု မသိဘဲ ရွှေ-ငွေ-စိန်-ကျောက် စသည်ဖြင့် သိခဲ့သော် ထိုအသိကား မှားနေ၏၊ အဝိဇ္ဇာပင်တည်း။ ရွှေ-ငွေ-စိန်-ကျောက် စသည်သည် 'တကယ် ထင်ရှားရှိပါ၏၊ တကယ် ဟုတ်ပါ၏'ဟု စွဲလမ်းယုံကြည်ခဲ့သော် စွဲယူခဲ့သော် ခံယူချက် မှားခဲ့သော် ထိုစွဲလမ်းယုံကြည်မှု စွဲယူမှု ခံယူချက် မှားမှုသည်ကား လောကဝေါဟာရ = လောကသမညာ အတ္တစွဲတည်း။ လောကဝေါဟာရအတိုင်း စွဲလမ်းယုံကြည်မှု ခံယူချက်မှားမှုတည်း၊ မိစ္ဆာဒိဋ္ဌိတည်း။

၂။ အတ္တဒိဋ္ဌိစွဲ – ဤ အတ္တဒိဋ္ဌိစွဲ၌ ..
(က) ပရမတ္တ ဒိဋ္ဌိစွဲ = ပရမအတ္တ ဒိဋ္ဌိစွဲ
( ခ ) ဇီဝအတ္တ ဒိဋ္ဌိစွဲဟု အကြမ်းစားအားဖြင့် နှစ်မျိုး ခွဲနိုင်၏၊

(က) ပရမတ္တ = ပရမအတ္တဒိဋ္ဌိစွဲ – လောကကြီးနှင့် တကွ သတ္တဝါ အသီးအသီးကို ဖန်ဆင်းနေသော ဖန်ဆင်းရှင်အတ္တ = ပရမတ္တ = ပရမအတ္တရှိသည်ဟု စွဲယူမှု ခံယူချက်မှားမှုသည် ပရမတ္တဒိဋ္ဌိ = ပရမအတ္တ ဒိဋ္ဌိစွဲတည်း။

( ခ ) ဇီဝအတ္တဒိဋ္ဌိစွဲ ––- သတ္တဝါ အသီးအသီး၏သန္တာန်၌ အဖန်ဆင်းခံရသော ဇီဝကောင် = အသက်ကောင် = လိပ်ပြာကောင် = ဝိညာဏ်ကောင် = အတ္တကောင် ရှိသည်ဟု စွဲယူမှု ယုံကြည်မှု ခံယူချက်မှားမှုသည် ဇီဝအတ္တဒိဋ္ဌိစွဲတည်း။

ပရမတ္တ, ဇီဝအတ္တဟု အသိမှားမှုကား အဝိဇ္ဇာတည်း = မောဟတည်း။ ပရမတ္တ, ဇီဝအတ္တ တကယ်ထင်ရှား ရှိသည်ဟု စွဲလမ်းယုံကြည်မှု စွဲယူမှု ခံယူချက်မှားမှုကား အတ္တဒိဋ္ဌိတည်း၊ မိစ္ဆာဒိဋ္ဌိတည်း။

မောဟနှင့် ဒိဋ္ဌိကို အတိုချုပ် ခွဲခြားမှတ်ရန်

မောဟသည် (၃၁)ဘုံအတွင်း၌ တည်ရှိသော သက်ရှိသက်မဲ့ အရာဝတ္ထုတို့ကို နိစ္စ သုခ အတ္တ သုဘဟု အသိမှား၏၊ ဒိဋ္ဌိသည် (၃၁)ဘုံ အတွင်း၌ တည်ရှိသော သက်ရှိ သက်မဲ့ အရာဝတ္ထုတို့ကို နိစ္စ သုခ အတ္တ သုဘဟု ယုံကြည်ချက် ခံယူချက်မှား၏၊ နိစ္စ သုခ အတ္တ သုဘဟု အသိမှားမှုကား မောဟ၊ နိစ္စ သုခ အတ္တ သုဘဟု အယူမှားမှုကား ဒိဋ္ဌိတည်း။

ဒေါသအုပ်စု စေတသိက် (၄) လုံး

၈။ ဒေါသ = စိတ်ခက်ထန် ကြမ်းတမ်းခြင်းသဘော၊
= ဖျက်ဆီးလိုခြင်းသဘော၊
၉။ ဣဿာ = သူတစ်ပါး၏ စည်းစိမ်ဂုဏ်သိရ် ချမ်းသာကို ငြူစူ စောင်းမြောင်းခြင်းသဘော၊
= ကိုယ့်ထက်သာ မနာလိုခြင်းသဘော၊
၁၀။ မစ္ဆရိယ = မိမိ စည်းစိမ်ကို လျှို့ဝှက်ခြင်းသဘော၊
= မိမိ စည်းစိမ်ကို အထိမခံနိုင်ခြင်းသဘော၊ ဝန်တိုခြင်းသဘော၊
၁၁။ ကုက္ကုစ္စ = (က) ပြုခဲ့ပြီး ကျင့်ခဲ့ပြီးသော မကောင်းမှုအကုသိုလ်နှင့် ဒုစရိုက်တရားတို့ကို ပြုခဲ့မိ ကျင့်ခဲ့မိ၍ နောင်တတစ်ဖန် ပူပန်ခြင်းသဘော၊
( ခ ) မပြုလိုက်မိ မကျင့်လိုက်မိသော ကောင်းမှုကုသိုလ်နှင့် သုစရိုက်တရားတို့ကို မပြုလိုက်ရ မကျင့်လိုက်ရ၍ နောင်တတစ်ဖန် ပူပန်ခြင်းသဘော၊

သသင်္ခါရိကအုပ်စုဝင် စေတသိက် (၂) လုံး

၁၂။ ထိန = စိတ်ထိုင်းမှိုင်းခြင်းသဘော၊
= စိတ်မရွှင်လန်း မထက်သန်ခြင်းသဘော၊
၁၃။ မိဒ္ဓ = ယှဉ်ဖက် စေတသိက်တို့ ထိုင်းမှိုင်းခြင်းသဘော၊
= ယှဉ်ဖက် စေတသိက်တို့ မရွှင်လန်း မထက်သန်ခြင်းသဘော၊

မောဟအုပ်စု စေတသိက် (၁) လုံး

၁၄။ ဝိစိကိစ္ဆာ =
(၁) သမ္မာသမ္ဗုဒ္ဓ ဘုရားစစ် ဘုရားမှန်,
(၂) သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၏ တရားစစ် တရားမှန်,
(၃) သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၏ အရိယသာဝက သံဃာစစ် သံဃာမှန်,
(၄) သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ဟူသော သိက္ခာသုံးပါး,
(၅) သံသရာ၏ ရှေ့အစွန်းဟူသော အတိတ်ဘဝ = အတိတ်ခန္ဓာ,
(၆) သံသရာ၏ နောက်အစွန်းဟူသော အနာဂတ်ဘဝ = အနာဂတ်ခန္ဓာ,
(၇) သံသရာ၏ ရှေ့အစွန်း နောက်အစွန်းဟူသော အတိတ်+အနာဂတ်ဘဝ = အတိတ် အနာဂတ်ခန္ဓာ နှစ်မျိုးလုံး, (၈) ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရား,[၅၆၂]

ဤ (၈)ဌာနတို့၌ ယုံမှားသံသယရှိခြင်းသဘော။[၅၆၃]

သောဘဏစေတသိက် = အကောင်းစေတသိက် (၂၅)

သောဘဏ စေတသိက် (၂၅) လုံးမှာ –

(က) သောဘဏသာဓာရဏစေတသိက် = သောဘဏ အမည်ရသော အကောင်းစိတ်အားလုံးနှင့် ဆက်ဆံသော အမြဲယှဉ်တွဲ၍ဖြစ်သော စေတသိက် (၁၉)လုံး,
( ခ ) ဝိရတိ စေတသိက် (၃)လုံး,
( ဂ ) အပ္ပမညာ စေတသိက် ( ၂ )လုံး,
(ဃ) ပညိန္ဒြေ စေတသိက် (၁)လုံး,
အားလုံးပေါင်းသော် (၂၅)လုံး ဖြစ်သည်။

သောဘဏသာဓာရဏစေတသိက် (၁၉) လုံး

၁။ သဒ္ဓါ = (ဝိစိကိစ္ဆာ၌ ဖော်ပြထားသော ရှစ်ဌာနတို့၌) ယုံမှု + ကြည်မှုသဘော၊
= ယုံကြည်ခြင်းသဘော = သက်ဝင်တည်နေခြင်းသဘော၊[၅၆၄]
၂။ သတိ = (သတိပဋ္ဌာန်လေးပါး စသော) သတိ၏တည်ရာ အာရုံ၌ သမ္ပယုတ်တရားတို့ကို ဗူးတောင်းကဲ့သို့ မပေါ်စေဘဲ ကျောက်ဖျာကဲ့သို့ နစ်မြုပ်စေခြင်းသဘော၊
= အာရုံ၌ စိတ်ခိုင်မြဲခြင်းသဘော၊
= အာရုံကို မမေ့ပျောက်ခြင်းသဘော၊
၃။ ဟိရိ = (က) မကောင်းမှု အကုသိုလ်တရား, (ခ) ဒုစရိုက်တရားမှ ရှက်ခြင်းသဘော၊
၄။ ဩတ္တပ္ပ = (က) မကောင်းမှု အကုသိုလ်တရား, (ခ) ဒုစရိုက်တရားမှ ကြောက်ခြင်းသဘော၊
၅။ အလောဘ = လောကီအာရုံ၌ စိတ်မကပ်ငြိခြင်း မတပ်မက်ခြင်းသဘော၊
= ''ငါ့ဟာ''ဟု မစွဲယူခြင်းသဘော၊
၆။ အဒေါသ = အာရုံပေါ်၌ စိတ်မခက်ထန် မကြမ်းတမ်းခြင်းသဘော၊
= မဖျက်ဆီးလိုခြင်းသဘော၊
၇။ တတြမဇ္ဈတ္တတာ = (စိတ်တက်ကြွ မြင့်မောက်မှု မာန, စိတ်တွန့်ဆုတ်မှု ထိန + မိဒ္ဓ ဤ တရားနှစ်မျိုးဘက်သို့ စိတ်ကို မရောက်စေဘဲ စိတ်+စေတသိက်တို့ကို မိမိတို့ ကိစ္စ၌ အပိုအလွန် မရှိစေရအောင်) အာရုံ၌ စိတ်ကို အလယ်အလတ်ထားခြင်းသဘော၊
= အာရုံကို အညီအမျှ လျစ်လျူရှုခြင်းသဘော၊
၈။ ကာယပဿဒ္ဓိ = စေတသိက်တို့ ငြိမ်းအေးခြင်းသဘော၊
၉။ စိတ္တပဿဒ္ဓိ = စိတ်ငြိမ်းအေးခြင်းသဘော၊
၁၀။ ကာယလဟုတာ = စေတသိက်တို့ လျင်မြန် ပေါ့ပါးခြင်းသဘော၊
၁၁။ စိတ္တလဟုတာ = စိတ်လျင်မြန် ပေါ့ပါးခြင်းသဘော၊
၁၂။ ကာယမုဒုတာ = စေတသိက်တို့ နူးညံ့ပျော့ပျောင်းခြင်းသဘော၊
၁၃။ စိတ္တမုဒုတာ = စိတ်နူးညံ့ပျော့ပျောင်းခြင်းသဘော၊
၁၄။ ကာယကမ္မညတာ = ဒါန သီလ ဘာဝနာ စသည့် ထိုထို ကောင်းမှု၌ စေတသိက်တို့ ခံ့ညားခြင်းသဘော၊
= အချိုးကျ အဆင်ပြေခြင်းသဘော၊
(ဘာဝနာမှုဖြစ်လျှင် ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော။) 
၁၅။ စိတ္တကမ္မညတာ = ဒါန သီလ ဘာဝနာ စသည့် ထိုထို ကောင်းမှု၌ စိတ်ခံ့ညားခြင်းသဘော၊
= အချိုးကျ အဆင်ပြေခြင်းသဘော၊
(ဘာဝနာမှုဖြစ်လျှင် ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော၊) 
၁၆။ ကာယပါဂုညတာ = ဒါန သီလ ဘာဝနာ စသည့် ထိုထိုကောင်းမှု၌ စေတသိက်တို့ ပြွမ်းတီး (= ပွန်းတီး) လေ့လာနိုင်နင်းခြင်းသဘော၊
= ကျွမ်းကျင်လိမ္မာခြင်းသဘော၊
= ကိလေသာ အနာကင်းခြင်းသဘော၊
၁၇။ စိတ္တပါဂုညတာ = ဒါန သီလ ဘာဝနာ စသည့် ထိုထိုကောင်းမှု၌ စိတ် ပြွမ်းတီး (= ပွန်းတီး) လေ့လာ နိုင်နင်းခြင်းသဘော၊
= ကျွမ်းကျင်လိမ္မာခြင်းသဘော၊
= ကိလေသာ အနာကင်းခြင်းသဘော၊
၁၈။ ကာယုဇုကတာ = စေတသိက်တို့ ဖြောင့်မတ်ခြင်းသဘော၊
= မာယာ သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော၊
၁၉။ စိတ္တုဇုကတာ = စိတ်ဖြောင့်မတ်ခြင်းသဘော၊
= မာယာ သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော။

မာယာနှင့် သာဌေယျ

ထင်ရှားရှိသော အပြစ်ကို ဖုံးကွယ်ထားခြင်းသဘောကား မာယာတည်း။
ထင်ရှားမရှိသော ဂုဏ်ကို ထုတ်ဖော် ချီးမွမ်းခြင်း = ထင်ရှားပြခြင်းသဘောကား သာဌေယျတည်း။[၅၆၅]

ဝိရတိ စေတသိက် (၃) လုံး

၁။ သမ္မာဝါစာ = အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက် (၄)ပါးမှ ရှောင်ကြဉ်ခြင်းသဘော၊
= ဝစီဒုစရိုက်ကို မလွန်ကျူးခြင်းသဘော၊
၂။ သမ္မာကမ္မန္တ = အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ကာယဒုစရိုက် (၃)ပါးမှ ရှောင်ကြဉ်ခြင်းသဘော၊
= ကာယဒုစရိုက်ကို မလွန်ကျူးခြင်းသဘော၊
၃။ သမ္မာအာဇီဝ = အသက်မွေးဝမ်းကျောင်းနှင့် စပ်ဆိုင်သော ဝစီဒုစရိုက် (၄)ပါး, ကာယဒုစရိုက် (၃)ပါးမှ ရှောင်ကြဉ်ခြင်းသဘော၊
= အသက်မွေးဝမ်းကျောင်းနှင့် စပ်ဆိုင်သော ကာယဒုစရိုက် ဝစီဒုစရိုက်ကို မလွန်ကျူးခြင်း သဘော။

အပ္ပမညာ စေတသိက် (၂) လုံး

၁။ ကရုဏာ = ဒုက္ခိတ သတ္တဝါကို အာရုံပြု၍ သနား ကြင်နာခြင်းသဘော၊
= ဆင်းရဲဒုက္ခမှ ကယ်တင်လိုခြင်းသဘော၊
၂။ မုဒိတာ = သုခိတ သတ္တဝါကို အာရုံပြု၍ ကြည်သာ ဝမ်းမြောက်ခြင်းသဘော၊
= သူ့စည်းစိမ်ကို မငြူစူခြင်းသဘော၊

ပညိန္ဒြေ စေတသိက် (၁) လုံး

၁။ ပညိန္ဒြေ = ပညာ = ပရမတ္ထဓမ္မတို့၏ သဘောမှန်ကို ထွင်းဖောက် သိမြင်ခြင်းသဘော၊
= သစ္စာ (၄)ပါး အမှန်တရားကို ထွင်းဖောက် သိမြင်ခြင်းသဘော။

ဉာဏ်ဟုလည်းကောင်း, အမောဟဟုလည်းကောင်း, သမ္မာဒိဋ္ဌိဟုလည်းကောင်း, ဓမ္မဝိစယဟုလည်းကောင်း ခေါ်သော ပညာကိုပင် သစ္စာ (၄)ပါးကို သိမှုကိစ္စ၌ အစိုးတရဖြစ်သောကြောင့် ပညိန္ဒြေဟု ခေါ်ဆိုပေသည်။

ဤတွင် အကောင်း သောဘဏစေတသိက် (၂၅)လုံး ပြီး၏၊ ပရမတ္ထဓမ္မများကို ဉာဏ်ဖြင့် ပိုင်းခြားယူရာ သိမ်းဆည်းရာ၌ အားထုတ်စ အာဒိကမ္မိကပုဂ္ဂိုလ်သည် သဘာဝလက္ခဏာကသော်လည်းကောင်း, ရသ = လုပ်ငန်းကိစ္စက သော်လည်းကောင်း စတင်၍ နှလုံးသွင်းနိုင်သဖြင့် အချို့စေတသိက်များ၌ လက္ခဏနှင့် ရသ နှစ်မျိုးလုံးကိုပင် ရေးသား တင်ပြထားပါသည်။

အရေးကြီးလှသော စည်းကမ်းဥပဒေသ တစ်ရပ်

အဋ္ဌသာလိနီအဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတို့[၅၆၆]၌ ဝိပဿနာပိုင်းဆိုင်ရာ အရေးကြီးလှသော စည်းကမ်း ဥပဒေသ တစ်ရပ်ကို ရှင်းလင်းတင်ပြထားတော်မူကြ၏၊ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏၊ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိပြီးသောအခါ ဝိပဿနာသို့ ကူးတက်ရာ၌ အဇ္ဈတ္တခန္ဓာငါးပါးကို သော်လည်း စတင်၍ ဝိပဿနာရှုလိုက ဝိပဿနာ ရှုပွားသုံးသပ်နိုင်၏၊ သက်မဲ့ အနုပါဒိန္နသင်္ခါရတရားများ အဝင်အပါ ဗဟိဒ္ဓခန္ဓာငါးပါးကိုသော်လည်း စတင်၍ ဝိပဿနာ ရှုပွားသုံးသပ်လိုက ဝိပဿနာ ရှုပွားသုံးသပ်နိုင်၏၊ သို့သော် အဇ္ဈတ္တခန္ဓာငါးပါးသက်သက်ကို ဝိပဿနာ ရှုပွားသုံးသပ်ရုံမျှဖြင့်လည်း ဝုဋ္ဌာန အမည်ရသော အရိယမဂ်ဉာဏ်သည် = သင်္ခါရအာရုံမှ ထ၍ နိဗ္ဗာန်သို့ တစ်ဟုန်တည်း ပြေးသွားတတ်သော ဝုဋ္ဌာနဂါမိနိဝိပဿနာသည် မည်သည့်နည်းနှင့်မျှ ဖြစ်ပေါ်မလာနိုင်၊ ဗဟိဒ္ဓခန္ဓာငါးပါးသက်သက်ကို ဝိပဿနာ ရှုပွားသုံးသပ်ရုံမျှဖြင့်လည်း ဝုဋ္ဌာနဂါမိနိဝိပဿနာသည် မည်သည့်နည်းနှင့်မျှ ဖြစ်ပေါ်မလာနိုင်။ ထိုကြောင့် ရံခါ အဇ္ဈတ္တခန္ဓာငါးပါးကို, ရံခါ ဗဟိဒ္ဓခန္ဓာငါးပါးကို လက္ခဏာရေး သုံးတန်သို့ တစ်လှည့်စီ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပေးရ၏၊

အလားတူပင် ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း ဝုဋ္ဌာနဂါမိနိဝိပဿနာသည် မည်သည့်နည်းနှင့်မျှ ဖြစ်ပေါ်မလာနိုင်၊ နာမ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း ဝုဋ္ဌာနဂါမိနိဝိပဿနာသည် မည်သည့်နည်းနှင့်မျှ ဖြစ်ပေါ်မလာနိုင်။ ထိုကြောင့် ရံခါ ဘူတရုပ် ဥပါဒါရုပ်တို့ကို ပရမတ်သို့ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ယင်း ရုပ်တရားတို့ကို လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပေးရ၏၊ ရံခါ ယင်းရုပ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာသော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော နာမ်ခန္ဓာလေးပါးကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ယင်းနာမ်တရားတို့ကို လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပေးရ၏၊ – ဤကား အထက်ပါ အဋ္ဌသာလိနီအဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတို့၏ ဆိုလိုရင်းတည်း။ သံယုတ်ပါဠိတော်[၅၆၇]၌ လာရှိသော အပရိဇာနနသုတ္တန် စသည်တို့နှင့် အညီပင်တည်း။

အနုပဿနာ (၄) ပါး

အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်, နာမ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်ရကား ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်တရား နာမ်တရား နှစ်မျိုးလုံးကိုကား ဝိပဿနာရှုပွားရတော့မည် ဖြစ်၏၊ ယင်းရုပ်တရား နာမ်တရားတို့၌ ရုပ်ကလာပ်ပေါင်း များစွာ နာမ်ကလာပ်ပေါင်းများစွာ ဘဝတစ်လျှောက်၌ ဖြစ်ပျက်နေကြသဖြင့် တစ်မျိုး တစ်မျိုး၌ တည်ရှိသော အရေအတွက်ကိုကား ကုန်စင်အောင် မရှုနိုင်၊ သို့သော် အမျိုးအစားကိုကား ကုန်စင်အောင် ရှုရမည် ဖြစ်သည်။

ဆိုလိုသည်မှာ ဤသို့ ဖြစ်၏၊ ခန္ဓာကိုယ်၌ အချိန်ကာလတစ်ခုအတွင်း၌ သို့မဟုတ် စိတ္တက္ခဏတစ်ခုအတွင်း၌ ပြိုင်တူဖြစ်နေသော ပြိုင်တူချုပ်နေသော သက်တမ်းမကုန်ဆုံးသေးသဖြင့် ပြိုင်တူတည်ရှိနေသော ရုပ်တရားတို့သည် = ရုပ်ကလာပ်တို့သည် အကယ်၍ ဉာဏ်ဖြင့် ခြင်တွယ်ကြည့်၍ ရစကောင်းသဖြင့် ခြင်တွယ်ကြည့်မည်ဆိုပါက[၅၆၈] တစ်စိတ်သားခန့် ရှိနေ၏၊ ပရမာဏုမြူထက် အဆပေါင်းများစွာ သေးငယ်နေသော ယင်းရုပ်ကလာပ်တို့၌ ဓာတ်ကြီးလေးပါးကား ပါဝင်လျက် ရှိ၏၊ ရုပ်ကလာပ်တိုင်း၌ တည်ရှိသော ယင်းဓာတ်ကြီးလေးပါးတိုင်းကိုကား သာဝကတို့သည် ကုန်စင်အောင် မရှုနိုင်။ ဧကဒေသ = အချို့အဝက် = တစ်စိတ်တစ်ဒေသမျှလောက်ကိုသာ ဝိပဿနာ ရှုနိုင်ကြ၏၊ ဥပါဒါရုပ်တို့၌လည်း နည်းတူပင် မှတ်ပါ။

မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဟူသော အလွန် တိုတောင်းသော အချိန်ကာလအတွင်း၌ နာမ်တရားတို့သည် စိတ္တက္ခဏပေါင်း ကုဋေသိန်းနှင့်ချီ၍ ဖြစ်နိုင်ကြ၏၊ ဘဝတစ်လျှောက်၌ကား မရေမတွက်နိုင်အောင် များပြားလှသည်သာ ဖြစ်၏၊ ယင်းနာမ်တရားတို့ကိုကား သာဝကတို့သည် ကုန်စင်အောင် မရှုနိုင်၊ ဧကဒေသ = အချို့အဝက် = တစ်စိတ်တစ်ဒေသမျှကိုသာ ရှုနိုင်ကြ၏၊

သို့သော် အရေအတွက်ကို ကုန်စင်အောင် မရှုနိုင်သော်လည်း ရုပ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ရေးသား တင်ပြထားသည့်အတိုင်း ရုပ်ကလာပ်အမျိုးအစား = ရုပ်အမျိုးအစားကိုကား ကုန်စင်အောင် ရှုရမည်သာ ဖြစ်သည်။ တင်ပြထားသည့်အတိုင်း ရုပ်ကလာပ်အမျိုးအစား = ရုပ်အမျိုးအစားကိုကား ကုန်စင်အောင် ရှုရမည်သာ ဖြစ်သည်။ တစ်လျှောက်ဝယ် ရူပါရုံကို မြင်သိတတ်သော စက္ခုဒွါရဝီထိပေါင်းကား များစွာဖြစ်နိုင်၏၊ ကုန်စင်အောင်ကား မရှုနိုင်၊ အချို့အဝက်မျှကိုသာ ရှုနိုင်၏၊ သောတဒွါရဝီထိ စသည်တို့၌လည်း နည်းတူပင် မှတ်ပါ။ ထိုကြောင့် အဋ္ဌကထာကြီးများက

၁။ ကာယာနုပဿနာမုခေန = ကာယာနုပဿနာကို အဦးမူသဖြင့်,
၂။ ဝေဒနာနုပဿနာမုခေန = ဝေဒနာနုပဿနာကို အဦးမူသဖြင့်,
၃။ စိတ္တာနုပဿနာမုခေန = စိတ္တာနုပဿနာကို အဦးမူသဖြင့်,
၄။ ဓမ္မာနုပဿနာမုခေန = ဓမ္မာနုပဿနာကို အဦးမူသဖြင့် –ဤသို့ စသည်ဖြင့် ဖွင့်ဆိုထားတော်မူပေသည်။[၅၆၉] ထိုကြောင့် အောက်ပါအတိုင်း အနုပဿနာ (၄)ပါးကို မှတ်သားပါ။

၁။ ရုပ်တရားကို အဦးမူသဖြင့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ယင်းသင်္ခါရတရား တို့ကို ဝိပဿနာရှုခဲ့သော် ယင်းဝိပဿနာသည် ကာယာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏၊ အထူးသဖြင့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်များသည် ဓာတ်ကြီးလေးပါးကို = ရုပ်တရားကို အဦးမူသဖြင့် သင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာသို့ ကူးကြသဖြင့် ယေဘုယျအားဖြင့် ထိုပုဂ္ဂိုလ်တို့၏ အနုပဿနာသည် ကာယာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏၊

တစ်ဖန် နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း သုံးနည်းတို့တွင် –

၂။ ဝေဒနာကို အဦးမူသဖြင့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ယင်းသင်္ခါရတရားတို့ကို ဝိပဿနာရှုခဲ့သော် ယင်းဝိပဿနာသည် ဝေဒနာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏၊ ၃။ အသိစိတ် = ဝိညာဏ်ကို အဦးမူသဖြင့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ယင်းသင်္ခါရတရားတို့ကို ဝိပဿနာရှုခဲ့သော် ယင်းဝိပဿနာသည် စိတ္တာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏၊

၄။ ဖဿကို အဦးမူသဖြင့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို သိမ်းဆည်းလျက် ယင်းသင်္ခါရတရားတို့ကို ဝိပဿနာရှုခဲ့သော် ယင်းဝိပဿနာသည် ဓမ္မာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏၊ ခန္ဓာငါးပါး ရှုနည်း, အာယတန (၁၂)ပါး ရှုနည်း, ဓာတ် (၁၈)ပါး ရှုနည်း စသည်တို့သည်လည်း ဓမ္မာနုပဿနာသတိပဋ္ဌာန်တို့ပင် ဖြစ်ကြသည်။[၅၇၀]

နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းနည်း (၃)နည်းတို့တွင် ဝေဒနာကစ၍ သင်္ခါရတရားတို့ကို သိမ်းဆည်း ရှုပွားသော နည်းသည် ဝေဒနာနုပဿနာသတိပဋ္ဌာန် ဖြစ်သည်၊ အသိစိတ် = ဝိညာဏ်က စ၍ သင်္ခါရတရားတို့ကို သိမ်းဆည်း ရှုပွားသောနည်းသည် စိတ္တာနုပဿနာသတိပဋ္ဌာန် ဖြစ်သည်၊ ဖဿက စ၍ သင်္ခါရတရားတို့ကို သိမ်းဆည်းရှုပွားသော နည်းသည် ဓမ္မာနုပဿနာသတိပဋ္ဌာန် ဖြစ်သည်။

သမထယာနိကပုဂ္ဂိုလ်သည် ဒိဋ္ဌိဝိသုဒ္ဓိစခန်းသို့ ကူးသောအခါ နာမ်ကမ္မဋ္ဌာန်းက စ၍လည်း အားသစ်လိုက အားသစ်နိုင်၏၊ ရုပ်ကမ္မဋ္ဌာန်းက စ၍လည်း အားသစ်လိုက အားသစ်နိုင်၏၊ အကယ်၍ နာမ်ကမ္မဋ္ဌာန်းက စ၍ အားသစ်ခဲ့သော် စျာန်အင်္ဂါတို့ကိုလည်းကောင်း, စျာနသမ္ပယုတ်တရားတို့ကိုလည်းကောင်း ရှေးဦးစွာ သိမ်းဆည်းရ၏၊ ထိုနောင် မှီရာ ဟဒယဝတ္ထုနှင့် တကွသော ဘူတရုပ် ဥပါဒါရုပ်တို့ကို သိမ်းဆည်းရ၏၊[၅၇၁]

ထို့နောင် ပြိုးပြွမ်းသော (= ပကိဏ္ဏက) သင်္ခါရအမည်ရသည့် သင်္ခါရတရားတို့တွင် အကျုံးဝင်သော ကာမာဝစရ နာမ်တရားတို့ကိုလည်းကောင်း ကြွင်းကျန်သော ရုပ်တရားတို့ကိုလည်းကောင်း ဆက်လက် သိမ်းဆည်းရ၏၊ တစ်ဖန် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်သည်လည်း ရုပ်ကမ္မဋ္ဌာန်းကို အားသစ်ပြီးသောအခါ ကာမာဝစရ နာမ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်းရမည် ဖြစ်သည်။

သမထယာနိကပုဂ္ဂိုလ် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ် နှစ်ဦးလုံးတို့သည်ပင် ကာမာဝစရ နာမ်တရားတို့ကို သိမ်းဆည်းလိုလတ်သော် ..

ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ - ဟူသော မူလပဏ္ဏာသအဋ္ဌကထာ[၅၇၂], ဤကျမ်း[၅၇၃]၌ တင်ပြခဲ့သော ဝိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ[၅၂၄]တို့၏ သတ်မှတ်ချက်နှင့် အညီ ရုပ်ကမ္မဋ္ဌာန်းကို အားသစ်ပြီး သိမ်းဆည်းပြီး ဖြစ်ရပေမည်။ တစ်ဖန်..

မူလပဏ္ဏာသအဋ္ဌကထာ[၅၇၄]နှင့် အဋ္ဌသာလိနီအဋ္ဌကထာ[၅၇၅]တို့က သတ်မှတ်ပေးထားသော စည်းကမ်းဥပဒေသနှင့် အညီ ယင်းရုပ်တရားတို့ကိုပင် အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့က စတင်၍ သိမ်းဆည်းရမည် ဖြစ်ပေသည်။ ထိုသို့ သိမ်းဆည်းရာ၌ အောက်ပါ စည်းကမ်းသတ်မှတ်ချက်များကိုလည်း အထူးလိုက်နာဖို့ လိုအပ်ပေသည်။

ဝေဒနာက စ၍ သိမ်းဆည်းရာ၌ လိုက်နာရမည့် စည်းကမ်း

ဝေဒနာ ထင်ရှားသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း – ''ဝေဒနာတစ်ခုတည်းသာလျှင် ဖြစ်ပေါ်၍နေသည်ကား မဟုတ်၊ ထိုဝေဒနာနှင့် အတူတကွ ထိုအာရုံကိုပင်လျှင် တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်သော ဖဿသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံကို မှတ်သားတတ်သော သညာသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံပေါ်သို့ သမ္ပယုတ် တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ် လှုံ့ဆော်ပေးတတ်သော စေတနာသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံကို ပိုင်းခြားယူတတ် = သိတတ်သော ဝိညာဏ်သည်လည်း ဖြစ်ပေါ်နေ၏''ဟု နှလုံးပိုက်၍ ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမက တရားတို့ကိုပင် သိမ်းဆည်း၏၊[၅၇၆]

ဝိညာဏ်က စ၍ သိမ်းဆည်းရာ၌ လိုက်နာရမည့် စည်းကမ်း

အသိစိတ် ဝိညာဏ် ထင်ရှားသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ''ဝိညာဏ်တစ်ခုတည်းသာ ဖြစ်ပေါ်၍နေသည် ကား မဟုတ်၊ ထိုဝိညာဏ်နှင့် အတူ ထိုအာရုံကိုပင် တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်သော ဖဿသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံ၏ အရသာကို ခံစားတတ်သော ဝေဒနာသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံကို မှတ်သား တတ်သော သညာသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ် လှုံ့ဆော်ပေးတတ်သော စေတနာသည်လည်း ဖြစ်ပေါ်နေ၏''ဟု နှလုံးပိုက်၍ ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုပင် သိမ်းဆည်း၏၊[၅၇၇]

ဖဿက စ၍ သိမ်းဆည်းရာ၌ လိုက်နာရမည့် စည်းကမ်း

ဖဿ ထင်ရှားသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ''ဖဿတစ်ခုတည်းသာ ဖြစ်ပေါ်၍ နေသည်ကား မဟုတ်၊ ထိုဖဿနှင့်အတူ ထိုအာရုံကိုပင်လျှင် = ထိုအာရုံ၏ အရသာကိုပင်လျှင် ခံစားတတ်သော ဝေဒနာသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံကို မှတ်သားတတ်သော သညာသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံပေါ်သို့ သမ္ပယုတ်တရား တို့ကို ရောက်အောင် စေ့ဆော်ပေးတတ် လှုံ့ဆော်ပေးတတ်သော စေတနာသည်လည်း ဖြစ်ပေါ်နေ၏၊ ထိုအာရုံကို ပိုင်းခြားယူတတ် = သိတတ်သော ဝိညာဏ်သည်လည်း ဖြစ်ပေါ်နေ၏''ဟု နှလုံးပိုက်၍ ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုပင် သိမ်းဆည်း၏၊[၅၇၈]

နာမ်တရား အားလုံးကိုပင် သိမ်းဆည်းပါ

ဤသို့လျှင် ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်ကမ္မဋ္ဌာန်းကို စတင်အားသစ်ရာ၌ ဖဿ ထင်ရှားသောပုဂ္ဂိုလ်, ဝေဒနာ ထင်ရှားသောပုဂ္ဂိုလ်, အသိစိတ် = ဝိညာဏ် ထင်ရှားသောပုဂ္ဂိုလ်ဟု ထိုထိုတရား၏ ထင်ရှားမှုရှိသည် မှန်သော်လည်း ဘုရားရှင်ကိုယ်တော်တိုင်က –

သဗ္ဗံ ဘိက္ခဝေ အဘိညေယျံ ....[၅၇၉] သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာနံ ....[၅၈၀] ဤသို့ စသည်ဖြင့် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော သင်္ခါရတရားအားလုံးကို ပရိညာပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြားသိအောင် ကြိုးပမ်းရမည်ဟု ဟောကြားထားတော်မူသောကြောင့် အလုံးစုံသော လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာရှုပွားသုံးသပ်ထိုက်သော တရားမှန်သမျှကို ယောဂါဝစရပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် ပိုင်းခြားယူရမည်သာ ဖြစ်ပေသည်ဟု ညွှန်ကြားပြသတော်မူလိုသည့်အတွက် အထက်ပါ နာမ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပုံ နည်းစနစ်များကို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်းပင်ဖြစ်၏၊

ဤအဋ္ဌကထာအဖွင့်၌ ဖဿပဉ္စမကတရားတို့ကို သိမ်းဆည်းရန် အဋ္ဌကထာက ဖွင့်ဆိုသွားခြင်းမှာ ပဓာန နည်းအားဖြင့် ဖွင့်ဆိုသွားတော်မူခြင်းပင် ဖြစ်၏၊ စိတ္တက္ခဏတစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော နာမ်တရားစုတို့တွင် ဖဿပဉ္စမကတရားတို့၌ ကြွင်းကျန်သော နာမ်တရားတို့သည် အကျုံးဝင်လျက် ရှိကြ၏၊ ယင်းသို့လျှင် နာမ်ခန္ဓာလေးပါး တို့၏ ဖဿပဉ္စမကတရားတို့၌ အကျုံးဝင်လျက် ရှိသောကြောင့် ဖဿပဉ္စမကတရားကို ယူခြင်းဖြင့်ပင် နာမ်ခန္ဓာ လေးပါးတို့ကိုလည်း သိမ်းကျုံးယူရသောကြောင့် ဖဿပဉ္စမကတရားတို့ကိုသာ သိမ်းဆည်းရန် အဋ္ဌကထာက ဖွင့်ဆို သွားတော်မူခြင်း ဖြစ်၏၊ အကြောင်းမှာ ဖဿပဉ္စမကတရားကို ယူ၍ ဖွင့်ဆိုခြင်းမှာ ထိုဖဿပဉ္စမက တရားစု၏ စိတ်အားလုံးနှင့် ဆက်ဆံသော သဗ္ဗစိတ္တုပ္ပါဒသာဓာရဏတရား ဖြစ်သောကြောင့် ဖွင့်ဆိုခြင်း ဖြစ်၏၊ ထိုဖဿပဉ္စမက တရားတို့တွင်လည်း ဖဿ-စေတနာတို့ကား သင်္ခါရက္ခန္ဓာစာရင်းဝင် တရားစုတို့ ဖြစ်ကြ၏၊ သင်္ခါရက္ခန္ဓာတရားစုတို့တွင် လည်း စေတနာကား ပြဓာန်းလျက် ရှိ၏၊ ဖဿ စေတနာတို့ကို သိမ်းဆည်းပါဟု ဆိုသဖြင့် ပဓာနဖြစ်သော ဖဿ စေတနာတို့ကို သိမ်းဆည်းရလျှင် အပ္ပဓာနဖြစ်သော သင်္ခါရက္ခန္ဓာစာရင်းဝင် ကြွင်းကျန်သော ယှဉ်ဖက်သမ္ပယုတ်တရား တို့ကိုလည်း သိမ်းဆည်းရမည်သာ ဖြစ်သည်။ ဖဿ စေတနာတို့ကို ယူသဖြင့် သင်္ခါရက္ခန္ဓာစာရင်းဝင် ပရမတ္ထဓာတ်သား အားလုံးကို သိမ်းကျုံးယူရ၏၊ အကြောင်းမူ ထိုသင်္ခါရက္ခန္ဓာတရားစုတို့တွင် စေတနာပြဓာန်းသောကြောင့် ဖြစ်၏၊ ဘုရားရှင်ကိုယ်တော်တိုင်ကလည်း ဝိဘင်းပါဠိတော်[၅၈၁]ဝယ် သုတ္တန္တဘာဇနီယနည်း၌ သင်္ခါရက္ခန္ဓာကို ဝေဖန် ဟောကြားတော်မူရာဝယ် စေတနာကိုသာ ပဓာနထား၍ ဝေဖန်ဟောကြားထားတော်မူသော ရှေးထုံးဟောင်း ဥပဒေသ တစ်ရပ်လည်း ထင်ရှား တည်ရှိနေပေသည်။ သင်္ခါရက္ခန္ဓာမှ ကြွင်းသော ခန္ဓာတို့၌ကား သရုပ်ထုတ်၍ တိုက်ရိုက် ဟောကြားထားတော်မူပေသည်။[၅၈၂]

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ သတ်မှတ်ပေးထားသော စည်းကမ်းဥပဒေသအရ အထူးသဖြင့် ကာမာဝစရနာမ်တရားတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီးသောအခါ, ဖဿက စ၍ ဖြစ်စေ, ဝေဒနာက စ၍ ဖြစ်စေ, အသိစိတ် = ဝိညာဏ်က စ၍ ဖြစ်စေ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ စိတ္တက္ခဏတစ်ခုတစ်ခုအတွင်း၌ ဖဿ တစ်လုံးတည်း, ဝေဒနာ တစ်လုံးတည်း, အသိစိတ် = ဝိညာဏ် တစ်လုံးတည်းကိုသာ မိနစ်ပေါင်းများစွာ နာရီပေါင်းများစွာ ရက်ပေါင်းများစွာ လပေါင်းများစွာ နှစ်ပေါင်းများစွာ ''ဖားကို မြွေက ခဲ၏သို့'' သဲသဲမဲမဲ ဇွဲနပဲကြီးစွာဖြင့် ဇွတ်အတင်းခဲလျက် ရိုးမြေကျ သိမ်းဆည်းရှုပွားနေရသည်ကား မဟုတ်ပေ။ ယင်း ဖဿ ဝေဒနာ ဝိညာဏ်တို့နှင့် ယှဉ်ဖက်သမ္ပယုတ်တရားအားလုံးကိုလည်း သိမ်းဆည်းရှုပွားရသည်သာဟု ဖြူစင်ဖြောင့်စင်း သော ယောနိသောမနသိကာရတရားကို ရှေးသွားပြုကာ နာယူမှတ်သားလေရာသည် သူတော်ကောင်းအပေါင်းတို့...။

အလွန် ခဲယဉ်းသော လုပ်ငန်းရပ်

စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားကြကုန်သော စိတ်+စေတသိက် = နာမ်တရားတို့ကို နာမ်ဃန ခေါ်သည့် နာမ်တုံးနာမ်ခဲကို ပြိုကွဲသွားအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းရှုပွားရေးမှာ လွယ်ကူသော လုပ်ငန်းကိစ္စရပ်ကား မဟုတ်ပါပေ။ သို့သော် သာဝကတို့သည် သိမ်းဆည်း ရှုပွား၍ကား ရရှိနိုင်ကြသည်သာ ဖြစ်ပေသည်။ မိလိန္ဒပဥှာပါဠိတော်၌ လာရှိသော စကားရပ်ကို အယူအဆ လွဲမှားတော် မူကြသဖြင့် ယင်းနာမ်တရားတို့ကို သာဝကတို့သည် ရှု၍ မရနိုင်ဟု ပြောဆိုကြခြင်း ဖြစ်ပေသည်။ သံသယ ကင်းရှင်း သွားစေရန်အတွက် သံယုတ်အဋ္ဌကထာ[၅၈၃], အဋ္ဌသာလိနီအဋ္ဌကထာ[၅၈၄]တို့၏ ဖွင့်ဆိုချက်နှင့် မိလိန္ဒပဥှာပါဠိတော်[၅၈၅]၏ အဆိုအမိန့်ကို တင်ပြအပ်ပါသည် ..။

ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူရာ သိမ်းဆည်းရာ၌လည်းကောင်း, ဝိပဿနာ ရှုပွားသုံးသပ်ရာ၌လည်းကောင်း ဝီထိမှ အလွတ်ဖြစ်သော ဝီထိမုတ်စိတ်အမည်ရသည့် ပဋိသန္ဓေ-ဘဝင်-စုတိ စိတ္တက္ခဏ တို့၌လည်းကောင်း, စိတ္တနိယာမလမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားကြကုန်သော ဝီထိစိတ်တို့၏ စိတ္တက္ခဏတိုင်း၌ လည်းကောင်း ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကို တစ်နည်းဆိုရသော် ဖဿပဉ္စမကတရား ငါးပါးတို့ ဦးဆောင်သည့် နာမ်တရားစုတို့ကို သိမ်းဆည်း ရှုပွားရမည်ဖြစ်ကြောင်းကို အထက်တွင် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်၏၊

''စိတ္တက္ခဏတစ်ခုတစ်ခုအတွင်း၌ တည်ရှိကြကုန်သော ဤဖဿပဉ္စမကတရားစုတို့ကို အသီးအသီး တစ်လုံးစီ တစ်လုံးစီ ခွဲခြားစိတ်ဖြာခြင်းကို ပြုတော်မူလျက် ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ်စသော အမည်နာမ ပညတ်များကို ထုတ်ဆောင်ပြတော်မူသော ပိုင်းခြားခြင်းကို ပြုတော်မူသော ဘုရားရှင်သည် ခဲယဉ်းစွာ ပြုလုပ်အပ်သော လုပ်ငန်းရပ်ကို ပြုလုပ်တော်မူအပ်ပါပေပြီ။ ဥပမာဆောင်၍ ထင်ရှားအောင် ပြဆိုပေဦးအံ့ ..။

တစ်ခုတည်းသော အိုးခွက်အတွင်း၌ အဆင်း အနံ့ အရသာ အမျိုးမျိုးရှိသော ရေအမျိုးမျိုးတို့ကို ထည့်၍ တစ်နေ့ပတ်လုံး မပျင်းမရိ လုံ့လဝီရိယရှိရှိဖြင့် မွှေနှောက်ထားသည် ဆိုကြပါစို့၊ နှမ်းဆီ မုန်ညင်းဆီ သစ်မည်ဆီ ကြက်ဆူဆီ ဝက်ဆီ ဟူသည့် အရသာအမျိုးမျိုးရှိကြသည့် ဆီငါးမျိုးတို့ကို အိုးစရည်းကြီးတစ်လုံးအတွင်း၌ ထည့်ကာ တစ်နေကုန် တစ်နေခန်း မပင်မပန်း မပျင်းမရိ ဇွဲလုံ့လဝီရိယရှိရှိဖြင့် မွှေနှောက်ထားသည် ဆိုကြပါစို့။ တစ်ခုတည်းသော အိုးခွက်အတွင်း၌ ထည့်ကာ တစ်နေ့တာပတ်လုံး မွှေနှောက်ထားအပ်ပြီးကုန်သော အထူးထူးသော ရေတို့၏သော် လည်းကောင်း, အထူးထူးသော ဆီတို့၏သော်လည်းကောင်း အဆင်း အနံ့ အရသာတို့၏ တစ်ခုနှင့်တစ်ခု မတူ ထူးထွေ ကွဲပြားမှု ရှိကြသည်၏အဖြစ်ကြောင့် မျက်စိဖြင့် ကြည့်၍သော်လည်းကောင်း, နှာခေါင်းဖြင့် နမ်း၍သော်လည်းကောင်း, လျှာဖြင့် လျက်၍သော်လည်းကောင်း တစ်ခုနှင့်တစ်ခု မတူကွဲပြားမှုကို ပြုလုပ်ကြောင်းဖြစ်သည့် ထူးခြားချက်ကို သိခြင်းငှာ တတ်ကောင်းသည် ဖြစ်တန်ရာသေး၏၊[၅၈၆]

ဤသို့ သိခြင်းငှာ တတ်ကောင်းပါသော်လည်း ထိုသိခြင်းကို ဒုက္ကရ = ခဲယဉ်းစွာ ပြုအပ်၏ဟူ၍ = ပြုနိုင်ခဲ၏ဟူ၍ မိလိန္ဒပဥှာ၌ အရှင်နာဂသေန မထေရ်မြတ်က မိန့်ဆိုတော်မူခဲ့လေသည်။ ဘုန်းတော်ခြောက်ပါးသခင် သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည်ကား သဗ္ဗညုတဉာဏ်တော်မြတ်ကို ထိုးထွင်း သိမြင်တော်မူပြီးသည်၏အဖြစ်ကြောင့် တရားတော်ကို အစိုးရတော်မူသည့် တရားမင်းကြီးစင်စစ် ဖြစ်တော်မူ၏၊ ထိုကြောင့် ဘုရားရှင်သည် တစ်ခုတည်းသော အာရုံ၌ အာရုံပြုလျက် ဖြစ်ပေါ်၍ နေကြကုန်သော ဤစိတ်စေတသိက် နာမ်တရားစုတို့၏ အသီးအသီး တစ်လုံးစီတစ်လုံးစီကို ဉာဏ်တော်မြတ်ဖြင့် ခွဲခြားစိတ်ဖြာခြင်းကို ပြု၍ –– ''ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ်'' .. ဤသို့ စသည်ဖြင့် အမည်နာမပညတ်ကို ထုတ်ဆောင်ပြတော်မူလျက် တရားတော်ကို ဟောကြားတော်မူ၏၊ ထိုသို့ အမည်နာမပညတ်ကို ထုတ်ဆောင်ပြတော်မူလျက် တရားတော်ကို ဟောကြားတော်မူသော ဘုရားရှင်သည် အလွန် ခဲယဉ်းစွာ ပြုအပ်သော အမှုကို ပြုတော်မူအပ်ပါပေပြီ။''[၅၈၇]

''ဒါယကာတော် မိလိန္ဒ မဟာရာဇာ ... မြတ်စွာဘုရားသည် အလွန်ခဲယဉ်းစွာ ပြုအပ်သော အမှုကို ပြုတော် မူအပ်ပါပေပြီ။

အရှင်ဘုရား နာဂသေန ... မြတ်စွာဘုရားသည် အဘယ်ကဲ့သို့သော အလွန်ခဲယဉ်းစွာ ပြုအပ်သော အမှုကို ပြုတော်မူအပ်ပါသနည်း?

ဒါယကာတော် မိလိန္ဒ မဟာရာဇာ... မြတ်စွာဘုရားသည် တစ်ခုတည်းသော အာရုံ၌ အာရုံပြုလျက် ပြိုင်တူ ဖြစ်ပေါ်၍ နေကြသော နာမ်တရားဖြစ်ကုန်သော ဤစိတ်+စေတသိက်တရားတို့ကို –

၁။ ဤ အာရုံကို တွေ့ထိခြင်း သဘောတရားသည် ဖဿတည်း။
၂။ ဤ အာရုံ၏ အရသာကို ခံစားခြင်း သဘောတရားသည် ဝေဒနာတည်း။
၃။ ဤ အာရုံကို မှတ်သားခြင်း သဘောတရားသည် သညာတည်း။
၄။ ဤ အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ခြင်း သဘောတရားသည် စေတနာတည်း။
၅။ ဤ အာရုံကို ရယူတတ် = သိတတ်သော သဘောတရားသည် စိတ်တည်း။

ဤသို့ အမည်နာမပညတ်ကို ထုတ်ဆောင်လျက် အကြင်ပရမတ္ထဓာတ်သား နာမ်တရား တစ်လုံးစီတစ်လုံးစီကို အသီးအသီး ပိုင်းခြားခြင်းကို ပြုလျက် ဟောကြားထားတော်မူအပ်၏၊ ထိုသို့ ပိုင်းခြားလျက် ဟောကြားတော်မူခြင်း ဟူသော အလွန်ခဲယဉ်းစွာ ပြုအပ်သော အမှုကို ပြုတော်မူအပ်ပါပေပြီ။

အရှင်ဘုရား ... ဥပမာကို ပြုတော်မူပါဦးလော့။

ဒါယကာတော် မိလိန္ဒ မဟာရာဇာ ... တစ်စုံတစ်ယောက်သော ယောက်ျားသည် လှေသင်္ဘောဖြင့် သမုဒ္ဒရာတွင်းသို့ ချင်းနင်းသက်ဝင်၍ လက်ခုပ်ဖြင့် ရေကို ခပ်ယူ၍ လျှာဖြင့် လျက်ကြည့်ခဲ့သော် .. 

၁။ ဤရေသည် ဂင်္ဂါမြစ်ရေတည်း။
၂။ ဤရေသည် ယမုနာမြစ်ရေတည်း။
၃။ ဤရေသည် အစိရဝတီမြစ်ရေတည်း။
၄။ ဤရေသည် သရဘူမြစ်ရေတည်း။
၅။ ဤရေသည် မဟီမြစ်ရေတည်း။

ဤသို့လျှင် ထိုယောက်ျားသည် သိနိုင်ရာပါသလော?

အရှင်ဘုရား နာဂသေန ... သိဖို့ရန် ခဲယဉ်းစွာ ပြုအပ်ပါပေ၏၊

ဒါယကာတော် မိလိန္ဒ မဟာရာဇာ ... တစ်ခုတည်းသော အာရုံ၌ ပြိုင်တူဖြစ်ပေါ်၍ နေကြကုန်သော နာမ်တရားဖြစ်ကြကုန်သော ဤစိတ်+စေတသိက်တို့ကို –

၁။ ဤ အာရုံကို တွေ့ထိခြင်း သဘောတရားသည် ဖဿတည်း။ ပ။
၅။ ဤ အာရုံကို ရယူတတ် = သိတတ်သော သဘောတရားသည် စိတ်တည်း။

ဤသို့လျှင် အမည်နာမပညတ်ကို ထုတ်ဆောင်လျက် အကြင်ပရမတ္ထဓာတ်သား နာမ်တရား တစ်လုံးစီတစ်လုံးစီကို အသီးအသီး ပိုင်းခြားခြင်းကို ပြုလျက် ဟောကြားတော်မူအပ်၏၊ ထိုသို့ ပိုင်းခြားလျက် ဟောကြားတော်မူခြင်းဟူသော အလွန်ခဲယဉ်းစွာ ပြုအပ်သော အမှုကို ဘုရားရှင်သည် ပြုတော်မူအပ်ပါပေပြီ။''

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာတို့၏ အဆိုအမိန့်ကား –– တစ်ခုတည်းသော အာရုံကို အာရုံပြု၍ ပြိုင်တူ ဖြစ်ပေါ်သွားကြကုန်သော စိတ္တက္ခဏတစ်ခုတစ်ခု၏အတွင်း၌ တည်ရှိကြကုန်သော ပရမတ္ထဓာတ်သား စိတ်+စေတသိက် = နာမ်တရားစုတို့ကို –– ''ဤကား ဖဿ, ဤကား ဝေဒနာ'' .. စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာလျက် အမည် နာမပညတ်ကို ထုတ်ဆောင်လျက် ပညတ်တင်ကာ ဘုရားရှင်၏ ဟောကြားထားတော် မူချက်မှာ အလွန် ခဲယဉ်းသော လုပ်ငန်းရပ် ဖြစ်ကြောင်းကိုသာ မိန့်ဆိုခြင်း ဖွင့်ဆိုခြင်း ဖြစ်ပေသည်။ သာဝကတို့သည် စိတ္တက္ခဏ တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိကြကုန်သော နာမ်တရားတို့ကို ရှု၍ မရနိုင် - ဟု ဟောကြားထားတော် မူသည်ကား မဟုတ်ပေ။ ဤအချက်ကို အလေးအနက် သဘောပေါက်နိုင်ရမည် ဖြစ်သည်။ အယူအဆ လွဲမှားသွားပါက ကျင့်စဉ်လည်း လွဲမှားသွားနိုင်ပေသည်။ သို့အတွက် လုပ်ငန်းခွင်နှင့် ပတ်သက်လာလျှင် အယူအဆ မလွဲမှားမိရန် အထူးသတိပြုရမည် ဖြစ်ပေသည်။

အထက်တွင် တင်ပြထားသော အဋ္ဌသာလိနီအဋ္ဌကထာ[၅၈၈] စကားရပ်ကို ပြန်လည်ကာ သတိပြုကြည့်ပါ။

''သမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် အာရုံတစ်ခုတည်း၌ အာရုံပြုလျက် ဖြစ်ပေါ်နေကြကုန်သော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ တည်ရှိနေကြကုန်သော စိတ်+စေတသိက် = နာမ်တရားစုတို့၏ အသီးအသီး တစ်လုံးစီ တစ်လုံးစီကို သဗ္ဗညုတဉာဏ်တော်မြတ်ဖြင့် ခွဲခြားစိတ်ဖြာခြင်းကို ပြု၍ –– ''ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ်'' .. ဤသို့ စသည်ဖြင့် ယင်းနာမ်တရားစုတို့၏ အမည်နာမ ပညတ်ကို ထုတ်ဆောင်လျက် ပညတ်တင်ကာ ဘုရားရှင်၏ ဟောကြားထားတော်မူချက်မှာ အလွန် ခဲယဉ်းသော လုပ်ငန်းရပ်ကို ပြုတော်မူအပ်သည်မည်ကြောင်း'' ဖွင့်ဆိုချက်မှာ အထူး အလေးဂရုပြု၍ မှတ်သားထားရမည့် အချက်ပင် ဖြစ်ပေသည်။

ဝတ္ထုနှင့် အာရုံကို ပူးတွဲ သိမ်းဆည်းပါ

နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်လျက် လိုက်နာပြုကျင့်ရမည့် ရှေးထုံးဟောင်း ဥပဒေသတစ်ရပ်ကား – ဝတ္ထုနှင့် အာရုံကို ပူးတွဲသိမ်းဆည်းလျက် နာမ်တရားတို့ကို သိမ်းဆည်းခြင်းပင် ဖြစ်သည်။ ယင်းစည်းကမ်းဥပဒေသကား အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ရိုရိုသေသေ လိုက်နာပြုကျင့်သွားတော်မူသော ရှေးထုံးဟောင်း ဥပဒေသတစ်ရပ် ဖြစ်၏၊ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ဝိပဿနာ ရှုကွက်တို့တွင် တစ်ခုသော ပထမစျာန်နာမ်တရား ရှုကွက်ကို ပုံစံအဖြစ် ထုတ်ပြအပ်ပါသည်။ ဘုရားရှင်သည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ပထမစျာန်နာမ်တရား ရှုကွက်ကို ဤသို့ ဟောကြားထားတော်မူ၏၊

''ထိုသာရိပုတ္တရာသည် ထို ပထမစျာန်နာမ်တရားတို့ကို အစဉ်အတိုင်း တစ်လုံးစီ တစ်လုံးစီ ပိုင်းခြား၍ သိ၏၊ ထိုစျာန်နာမ်တရားတို့သည် ထိုသာရိပုတ္တရာ၏ အသိဉာဏ်၌ ထင်ထင်ရှားရှား သိအပ်သည် ဖြစ်၍ ဖြစ်နေကုန်၏၊ ထင်ထင်ရှားရှား သိအပ်သည်ဖြစ်၍ တည်နေကုန်၏၊ ထင်ထင်ရှားရှား သိအပ်သည်ဖြစ်၍ ချုပ်နေကုန်၏ = ထိုသာရိပုတ္တရာသည် ထိုစျာန်နာမ်တရားတို့၏ ဖြစ်မှု ဥပါဒ်ကို ထင်ထင်ရှားရှား သိ၏၊ တည်မှု ဌီကို ထင်ထင်ရှားရှား သိ၏၊ ပျက်မှု ဘင်ကို ထင်ထင်ရှားရှား သိ၏၊ ''ဤစျာန်နာမ်တရားတို့သည် ရှေးက ထင်ရှားမရှိဘဲ ယခုမှ ရုတ်ခြည်း အသစ် ဖြစ်ပေါ်လာကုန်၏၊ ဖြစ်ပြီးလျှင် ခဏတိုင်း ရုတ်ခြည်း ချုပ်ပျက်ကုန်၏''ဟု ထိုသာရိပုတ္တရာသည် ဤသို့ သိ၏၊''[၅၈၉]

အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် ပထမစျာန်မှသည် အာကိဉ္စညာယတနစျာန်သို့တိုင်အောင် ယင်း စျာန်နာမ်တရား အသီးအသီးကို အနုပဒဓမ္မ ဝိပဿနာနည်းအားဖြင့် အစဉ်အတိုင်း တစ်လုံးစီ တစ်လုံးစီ ဝိပဿနာ ရှုပွားသုံးသပ်တော်မူ၏၊ နေဝသညာနာသညာယတနစျာန်အတွင်း၌ တည်ရှိကုန်သော စျာန်နာမ်တရားတို့ကိုကား ကလာပသမ္မသနနည်းအားဖြင့် ပေါင်းစုခြုံငုံ၍ ဝိပဿနာ ရှုပွားသုံးသပ်တော်မူ၏၊[၅၉၀] ထိုသို့ ရှုပွားသုံးသပ်တော်မူရာ၌ ထိုစျာန်နာမ်တရား တစ်လုံးစီ တစ်လုံးစီ၏ ဖြစ်မှု တည်မှု ပျက်မှုကို ထင်ထင်ရှားရှား သိတော်မူ၏၊ ထိုသို့ သိတော် မူနိုင်ခြင်း၏ အကြောင်းရင်းကို ဥပရိပဏ္ဏာသ အဋ္ဌကထာ ဋီကာတို့[၅၉၁]က အောက်ပါအတိုင်း ရှင်းလင်းတင်ပြထားတော် မူကြ၏ ..။

''အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏ ထိုကဲ့သို့ ဝိပဿနာရှုပွားသုံးသပ်တော်မူနိုင်ခြင်း၏ အကြောင်းရင်းမှာ ဝတ္ထုနှင့် အာရုံကို ပူးတွဲ သိမ်းဆည်းထားနိုင်သောကြောင့် ဖြစ်၏၊[၅၉၂] မှန်ပေသည် – အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ် ကြီးသည် စျာန်စိတ္တုပ္ပါဒ်တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော စျာန်နာမ်တရား တစ်လုံးစီ တစ်လုံးစီကို မသိမ်းဆည်းမီ ရှေ့အဖို့က ကြိုတင်၍ ယင်းစျာန်နာမ်တရားတို့၏ မှီရာဝတ္ထုကိုလည်းကောင်း (= စွဲမှီ၍ ဖြစ်ရာ ဘဝင်မနောဒွါရကို လည်းကောင်း) ယင်းစျာန်နာမ်တရားတို့၏ အာနာပါနပဋိဘာဂနိမိတ် သို့မဟုတ် ကသိုဏ်းပဋိဘာဂနိမိတ် စသော ဆိုင်ရာ သမထနိမိတ်အာရုံကိုလည်းကောင်း ပူးတွဲ၍ သိမ်းဆည်းထားတော်မူ၏၊ ယင်းသို့ ပူးတွဲ သိမ်းဆည်းထားနိုင် သောကြောင့် ထိုစျာန်စိတ္တုပ္ပါဒ်၏ အတွင်း၌ တည်ရှိသော ထိုစျာန်နာမ်တရားတို့၏ ဖြစ်မှု ဥပါဒ်ကို ဆင်ခြင်လိုက်သော အခါ ယင်းဖြစ်မှု ဥပါဒ်သည် အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏ အသိဉာဏ်၌ ထင်ရှားနေ၏၊ တည်မှု ဌီကို ဆင်ခြင်လိုက်သောအခါ ယင်းတည်မှု ဌီသည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ အသိဉာဏ်၌ ထင်ရှားနေ၏၊ ပျက်ခြင်း ဘင်ကို ဆင်ခြင်လိုက်သောအခါ ယင်းပျက်ခြင်း ဘင်သည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ အသိဉာဏ်၌ ထင်ရှားနေ၏၊ ထိုကြောင့် ''ထိုစျာန်နာမ်တရားတို့သည် ထိုသာရိပုတ္တရာ၏ အသိဉာဏ်၌ ထင်ထင်ရှားရှား သိအပ်သည်ဖြစ်၍ ဖြစ်နေကုန်၏၊ ထင်ထင်ရှားရှား သိအပ်သည်ဖြစ်၍ တည်နေကုန်၏၊ ထင်ထင်ရှားရှား သိအပ်သည် ဖြစ်၍ ချုပ်နေကုန်၏''ဟု ဘုရားရှင်က ဟောကြားထားတော်မူခြင်း ဖြစ်ပေသည်။''

ဤဥပဒေသကား နာမ်ကမ္မဋ္ဌာန်းကို အားသစ်လိုသော ယောဂါဝစရပုဂ္ဂိုလ်အတွက် ''မဏိဇောတ ပြည်တန်မြ'' ကဲ့သို့ တန်ဖိုးမဖြတ်နိုင်သော စည်းမျဉ်း ဥပဒေသတစ်ရပ်ပင် ဖြစ်သည်။ နာမ်ကမ္မဋ္ဌာန်းကိုကား အားထုတ်ပါ၏၊ သို့သော် ဝတ္ထုနှင့် အာရုံကိုကား ပူးတွဲသိမ်းဆည်းမှု မရှိ။ ထိုကဲ့သို့သော ယောဂါဝစရပုဂ္ဂိုလ်မျိုးသည်ကား ဘုရားဟော ဒေသနာတော်ကို ကျောခိုင်းလျက် ထိုင်နေသူသာ ဖြစ်ပေသည်။ ဘုရားရှင်၏ နာမ်ကမ္မဋ္ဌာန်းရှုကွက်ကို ကုဋေတစ်သိန်းနှင့် ကိုင်ပေါက်နေသူသာ များသောအားဖြင့် ဖြစ်တတ်ပေသည်။

ရုပ်တရားကို တစ်ဖန် ပြန်၍ သိမ်းဆည်းပါ

အထက်တွင် ရေးသား တင်ပြထားသည့်အတိုင်း ဖဿပဉ္စမကတရား ဦးဆောင်နေသည့် နာမ်တရားတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းထားပြီး ဖြစ်ရပေမည်။ အထူးသဖြင့် မှီရာ ဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကို သိမ်းဆည်းထားပြီး ဖြစ်ရပေမည်။ တစ်ဖန် ဖဿပဉ္စမကတရား ဦးဆောင်သည့် နာမ်တရား တို့ကို သိမ်းဆည်းပြီးသောအခါ၌လည်း ရုပ်တရားတို့ကို တစ်ဖန်ပြန်၍ ထပ်မံသိမ်းဆည်းရန် အဋ္ဌကထာများ[၅၉၃]က ဤသို့ ညွှန်ကြားထားကြပြန်၏၊

''ဖဿပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားတို့ကို သိမ်းဆည်းပြီးသော ထိုယောဂါဝစရပုဂ္ဂိုလ်သည် .. ''ဤဖဿပဉ္စမကတရား ဦးဆောင်သည့် နာမ်တရားတို့သည် အဘယ်ကို မှီ၍ ဖြစ်ကုန်သနည်း''ဟု ဉာဏ်ဖြင့် စူးစမ်း ဆင်ခြင်လတ်သော် ဝတ္ထုရုပ်ကို မှီ၍ ဖြစ်ကုန်၏ဟု ကွဲကွဲပြားပြား သိ၏၊ ဝတ္ထုမည်သည်ကား ကရဇကာယတည်း။ ယင်းကရဇကာယကိုပင် ရည်ရွယ်တော်မူ၍ .. 'ငါ၏ ဤဝိညာဏ်သည် ဤကရဇကာယ၌ မှီဖြစ်၏၊ ဤကရဇကာယ၌ ဆက်စပ်ဖြစ်၏'[၅၉၄]ဟု ဘုရားရှင်သည် ဟောကြားထားတော်မူ၏၊ ထိုကရဇကာယဟူသည် တရားကိုယ်အားဖြင့် ဘူတရုပ် ဥပါဒါရုပ်ပင်တည်း။''

မူလဋီကာ[၅၉၅]ကလည်း ထပ်ဆင့်ကာ ဤသို့ ရှင်းလင်းတင်ပြထား၏ ..။

'' 'ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တ လူ နတ် ဗြဟ္မာ မရှိ၊ ရုပ်နာမ်မျှသာ ရှိ၏'ဟု – ဤသို့ ပိုင်းခြား မှတ်သားတတ်သော နာမရူပဝဝတ္ထာနဉာဏ်ကို အလိုရှိအပ်သော အရာဌာန ဖြစ်ခြင်းကြောင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ရုပ်တရားကို သိမ်းဆည်းခြင်းကို ညွှန်ပြတော်မူခြင်းငှာ – 'ဝတ္ထုမည်သည် ကရဇကာယတည်း'ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆို သွားတော်မူခြင်း ဖြစ်၏၊ ယင်းစကားရပ်ဖြင့် – စက္ခုဝတ္ထု သောတဝတ္ထု ဃာနဝတ္ထု ဇိဝှါဝတ္ထု ကာယဝတ္ထု ဟဒယဝတ္ထု ဟူသော ဝတ္ထုရုပ်သက်သက်မျှကိုသာ ဤ၌ ဝတ္ထုအရ တရားကိုယ်ကောက်ယူရသည် မဟုတ်။ ယင်းဝတ္ထုရုပ်တို့နှင့် ဌာနတစ်ခုအတွင်း၌ = ဒွါရတစ်ခုအတွင်း၌ တည်ရှိကြသော (၆၃)မျိုး (၅၃)မျိုးသော ကရဇကာယ အမည်ရသည့် ဘူတရုပ် ဥပါဒါရုပ်အားလုံးတို့ကိုပင် ဝတ္ထုအရ တရားကိုယ် ကောက်ယူရမည်ဟု ဆိုလို၏၊ ကရဇကာယ အမည်ရသည့် ယင်းဘူတရုပ် ဥပါဒါရုပ်အားလုံးကိုပင် ဝတ္ထုအဖြစ် ပြီးစေခြင်းငှာ 'ငါ၏ ဤဝိညာဏ်သည် ဤကရဇကာယ၌ မှီဖြစ်၏၊ ဤကရဇကာယ၌ ဆက်စပ်ဖြစ်၏' - ဟု သာမညဖလသုတ္တန်နှင့် မဟာသကုလုဒါယီသုတ္တန်တို့၏ အဆိုအမိန့်ကို ထုတ်ဆောင်၍ ညွှန်ပြတော်မူသည်။''

ဤတိုင်အောင် တင်ပြခဲ့သော စည်းမျဉ်း ဥပဒေသတို့ကား နာမ်တရားကို သိမ်းဆည်းလိုသော ယောဂါဝစရ ပုဂ္ဂိုလ်တို့ လိုက်နာသင့်သော စည်းကမ်း ဥပဒေသအချို့တို့ ဖြစ်ကြသည်။ ကြွင်းကျန်သော စည်းကမ်းဥပဒေသ အချို့ကိုလည်း အလျဉ်းသင့်ရာ၌ ထပ်မံ၍ ရေးသားတင်ပြပါဦးမည်။ တစ်ဖန် နာမ်တရားတို့ကို သိမ်းဆည်းရာ၌ စက္ခုဒွါရဝီထိ စသည်ဖြင့် ဝီထိ (၆)မျိုးရှိရာ မနောဒွါရဝီထိမှာ ဝီထိစိတ်အရေအတွက် ပို၍ နည်းပါးသဖြင့် ယင်းမနောဒွါရ ဝီထိကစ၍ နာမ်တရားတို့ကို သိမ်းဆည်းပုံကို ဆက်လက်တင်ပြအပ်ပါသည်။ ယင်းမနောဒွါရဝီထိတို့တွင်လည်း သမထယာနိကပုဂ္ဂိုလ်သည် အပ္ပနာဇော မနောဒွါရဝီထိက စ၍ သိမ်းဆည်းရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၅၉၆]တွင် ညွှန်ကြား ထားသဖြင့် စျာနသမာပတ္တိဝီထိများ၏ အတွင်း၌ တည်ရှိသော စျာနဓမ္မ အမည်ရသော စျာန်နာမ်တရားတို့က စ၍ သိမ်းဆည်းပုံကို ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။[၅၉၇]

(ဤနေရာတွင် အလျဉ်းသင့်သဖြင့် ပရမတ်တရား ဇယားများကိုလည်း ဖော်ပြထားပါသည်။ အလိုရှိသလို ကြည့်ရှု အသုံးပြုကြပါကုန် .....။)

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ကသိုဏ်း (၁၀)ပါး သမာပတ် (၈)ပါးတို့ကို ပွားများထားပြီးသူ ဖြစ်ပါက ယင်းနာမ်တရားတို့ကိုလည်း အောက်ပါဇယားအတိုင်း ဆက်လက်၍ သိမ်းဆည်းပါ။

ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ - ဓမ္မာရုံလိုင်း - မနောဒွါရ စျာနသမာပတ္တိဝီထိဇယား

ဝိတက် - ဝိစာရ - ပီတိ

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၅၉၈] သမ္မောဟဝိနောဒနီအဋ္ဌကထာ[၅၉၉] ကြီးတို့၏ ဖွင့်ဆိုထားတော်မူချက်များအရ ပရိကံ ဥပစာရ အနုလုံ ဂေါတြဘုဟူသော ကာမာဝစရ ဥပစာရသမာဓိဇောတို့၌ ဝိတက် ဝိစာရ ပီတိတို့ကား ယှဉ်လျက်ပင် ရှိပေသည်။ ဒုတိယစျာန် စသည့် အပ္ပနာစျာန်သမာဓိတို့၏ အခိုက်၌သာလျှင် ဝိတက် ဝိစာရတို့ မယှဉ်ကြခြင်း ဖြစ်သည်။ (စတုက္ကနည်းကို ရည်ညွှန်းထားပါသည်။) သို့သော် စတုတ္ထစျာန်၏ ကာမာဝစရ ဥပစာရသမာဓိဇောတို့၏ အခိုက်၌လည်း ပီတိ မယှဉ်နိုင်ကြောင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၆၀၀]နှင့် မဟာဋီကာ[၆၀၁] တို့တွင် ဤသို့ ဖွင့်ဆိုထားကြ၏၊

''ဤဆိုလတ္တံ့သည်ကား ထူးခြားချက်တည်း။ သုခဝေဒနာသည် အဒုက္ခမသုခ အမည်ရသော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သည့် အလယ်အလတ်ခံစားမှု ဥပေက္ခာဝေဒနာအား အာသေဝနပစ္စယသတ္တိဖြင့် ကျေးဇူးမပြုနိုင် ဖြစ်ခဲ့၏၊ စတုတ္ထစျာန်၌လည်း အဒုက္ခမသုခ အမည်ရသော ဥပေက္ခာဝေဒနာသာ ဖြစ်သင့်၏၊ ထိုကြောင့် စတုတ္ထစျာနဝီထိ၏ အတွင်း၌ တည်ရှိကြကုန်သော လေးကြိမ် သို့မဟုတ် ငါးကြိမ်ကုန်သော ကာမာဝစရ ဥပစာရသမာဓိဇော အပ္ပနာ စျာန်ဇောတို့သည်လည်း ဥပေက္ခာဝေဒနာနှင့်သာ ယှဉ်ကြရကုန်၏၊ ဤစတုတ္ထစျာနဝီထိ၌ ဇောစိတ်တို့သည် ဥပေက္ခာဝေဒနာနှင့် ယှဉ်နေသည့်အတွက်ကြောင့်ပင်လျှင် ပီတိသည်လည်း ယုတ်လျော့သွားရပေသည်။''

ဗြဟ္မစိုရ်တရား လေးပါး - စျာနသမာပတ္တိဝီထိ ဇယား

မေတ္တာ - ဗြဟ္မစိုရ်

မုဒိတာ - ဗြဟ္မစိုရ်

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် အရိုးစုကမ္မဋ္ဌာန်း အသုဘကမ္မဋ္ဌာန်းတို့ကိုလည်း အပ္ပနာစျာန်သမာဓိ ဆိုက်အောင် ရှုထားပြီးသူ ရှုထားနိုင်သူ ဖြစ်ပါက ရွံရှာစက်ဆုပ်ဖွယ် ပဋိကူလအနေဖြင့် နှလုံးသွင်းအပ်သော အရိုးစုကမ္မဋ္ဌာန်း၌ ပထမစျာန်, အသုဘကမ္မဋ္ဌာန်း၌လည်း ပထမစျာန်နာမ်တရားတို့ကို အာနာပါနပဋိဘာဂနိမိတ် ကသိုဏ်းပဋိဘာဂနိမိတ်တို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော စျာနသမာပတ္တိဝီထိဇယားများတွင် ပါဝင်သည့် ပထမစျာန်ဇယားအတိုင်း သိမ်းဆည်းပါ။ သို့အတွက် စျာနဓမ္မ အမည်ရကြသည့် စျာန်နာမ်တရားတို့ကို သိမ်းဆည်းရာ၌ အထက်ပါဇယားများဖြင့်ပင် လုံလောက်နေပြီ ဖြစ်သည်။

စျာန်ရသူတို့ အတွက်သာ

စျာန်ရသူတို့၏ အသိဉာဏ်၌သာလျှင် မဟဂ္ဂုတ်စိတ်အမည်ရကုန်သော စျာန်နာမ်တရားတို့သည် ကောင်းစွာ ထင်ရှားကုန်၏[၆၀၂]ဟု ဖွင့်ဆိုထားသောကြောင့် စျာန်ရသော စျာနလာဘီပုဂ္ဂိုလ်တို့သည်သာလျှင် စျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရမည် ဖြစ်ပေသည်။ စျာန်မရသော သုက္ခဝိပဿက (= စျာန်စေးခန်းခြောက်သော ဝိပဿနာရှိသော) ပုဂ္ဂိုလ်တို့သည်ကား စျာန်နာမ်တရားတို့ကို သိမ်းဆည်းမှုကို ချန်လှပ်ထားရမည် ဖြစ်သည်။

စျာန်နာမ်တရားတို့ကို သိမ်းဆည်းပြီးသော စျာနလာဘီ ယောဂါဝစရပုဂ္ဂိုလ်သည်လည်းကောင်း, စျာန်မရသော သုက္ခဝိပဿကပုဂ္ဂိုလ်သည်လည်းကောင်း ကာမာဝစရနာမ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်းရမည် ဖြစ်သည်။ ဧဝံ ဆသု ဒွါရေသု အရူပဿ နိဗ္ဗတ္တိ ပဿိတဗ္ဗာ .. ဟူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၆၀၃]၏ ညွှန်ကြားထားတော်မူချက် အတိုင်းပင် ဒွါရ (၆)ပါးတို့၌ နာမ်တရား၏ ဖြစ်မှုကို ဉာဏ်ဖြင့် မြင်အောင် သိမ်းဆည်းရှုပွားရမည်သာ ဖြစ်သည်။

ဝီထိစိတ်တို့၏ အမည်များ

အထက်ပါ ဇယားများတွင် ပါဝင်သော ဝီထိစိတ်တို့၏ အမည်များမှာ ဤသို့ ဖြစ်၏၊
= မနောဒွါရာဝဇ္ဇန်း = (အာနာပါနပဋိဘာဂနိမိတ် စသည့် စျာန်၏) အာရုံကို ဆင်ခြင် (ဆုံးဖြတ်သော) စိတ်။
= ပရိကံ = (ဝင်လေ-ထွက်လေ စသည်ဖြင့်) စျာန်ဇောများ ဖြစ်ပေါ်လာအောင် ပရိကံပြုနေသော ကာမာဝစရ မဟာကုသိုလ်ဇောစိတ်။
= ဥပစာ = စျာန်ဇော၏ ဥပစာရ (= အနီးအပါး) နယ်မြေ၌ ဖြစ်သော မဟာကုသိုလ်ဇောစိတ်။
နု = အနုလုံ = စျာန်ဇောများ ဖြစ်ပေါ်လာအောင် လျော်စွာပြုပြင်ပေးသော မဟာကုသိုလ်ဇောစိတ်။
ဂေါ = ဂေါတြဘု = ကာမအနွယ်ကို ဖြတ်တောက်လိုက်သော မဟာကုသိုလ်ဇောစိတ်။
= စျာန်ဇော = ရူပါဝစရ ကုသိုလ်ဇောစိတ်, သို့မဟုတ် အရူပါဝစရ ကုသိုလ်ဇောစိတ်များ။

စျာန်နာမ်တရားတို့ကို သိမ်းဆည်းပုံစနစ်

ဤ အထက်ပါဇယားတွင် ရေးသားတင်ပြထားသော ပထမစျာနသမာပတ္တိဝီထိစသော ဝီထိစိတ်များ၏ အတွင်း၌ တည်ရှိသော စျာန်နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘုဟူသော အမည်နာမ ပညတ်များကိုကား ယောဂါဝစရပုဂ္ဂိုလ်သည် သိရှိနိုင်မည် မဟုတ်ပါ။ ပရိကံ, ဥပစာ စသော ထိုကဲ့သို့သော အခြင်းအရာ အားဖြင့် ဖြစ်ပေါ်သွားကြသော ဇောစိတ်များအနေဖြင့်သာ သိရှိနိုင်မည် ဖြစ်သည်။ ယင်း ပရိကံ ဥပစာ အနုလုံ ဂေါတြဘုဇောများမှာ ပုထုဇန်နှင့် သေက္ခပုဂ္ဂိုလ်တို့အဖို့ မဟာကုသိုလ်ဇောများသာ ဖြစ်ကြ၏၊ ရဟန္တာ အရှင်မြတ်ကြီးများ အဖို့ကား မဟာကြိယာဇောများသာ ဖြစ်ကြ၏၊ ဉာဏ်ထက်မြက်သူ၌ ဥပစာ အနုလုံ ဂေါတြဘုဟု ဥပစာရစျာန်ဇော သုံးကြိမ်သာ ကျသည်။

နာမ်ကမ္မဋ္ဌာန်းကို အားသစ်စ အာဒိကမ္မိက ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းစျာန်နာမ်တရားတို့ကို သိမ်းဆည်း လိုလတ်သော် မိမိ သိမ်းဆည်းလိုသော စျာန်ကို ဝင်စားပါ။ ထိုနောင် စျာန်မှထ၍ ဘဝင်မနောအကြည်ဓာတ်နှင့် အာနာပါနပဋိဘာဂနိမိတ်ကဲ့သို့သော စျာန်၏ အာရုံကို ပူးတွဲသိမ်းဆည်းပါ။ ထိုနောင် စျာန်အင်္ဂါတို့ကို စတင်၍ သိမ်းဆည်းပါ။ အကြိမ်များစွာ ထပ်ကာထပ်ကာ လေ့ကျင့်ဖို့ကား လိုအပ်မည်သာ ဖြစ်သည်။ အာနာပါနပဋိဘာဂနိမိတ် ကဲ့သို့သော စျာန်၏အာရုံ သမထနိမိတ်က ယင်းဘဝင်မနောအကြည်ဓာတ်၌ ထင်လာသောအခါ ရှေးရှူကျရောက် လာသောအခါ ယင်းစျာန်အင်္ဂါတို့၏ အကြိမ်များစွာ ဆက်တိုက် စိတ္တက္ခဏတိုင်း၌ ပြိုင်တူဖြစ်နေသည်ကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ၊ သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုသဖြင့် အောင်မြင်မှုကို ရရှိသောအခါ ..

၁။ အသိစိတ် = ဝိညာဏ်က စ၍ ဖြစ်စေ,
၂။ ဝေဒနာက စ၍ ဖြစ်စေ,
၃။ ဖဿက စ၍ ဖြစ်စေ –

နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်း ရှုပွားနည်း သုံးနည်းတို့တွင် တစ်နည်းနည်းဖြင့် နာမ်တရားတို့ကို တစ်စတစ်စ တိုး၍တိုး၍ (တစ်လုံးစီ တစ်လုံးစီ တိုး၍တိုး၍) စျာန်အင်္ဂါနှင့် စျာနသမ္ပယုတ်တရားများကို ဉာဏ်မှီသမျှ စိတ္တက္ခဏတိုင်း၌ ကုန်စင်အောင် သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ ရှေးဦးစွာ စျာန်ကို ဝင်စားပြီးနောက် စျာန်မှ ထလျှင်ထချင်း စျာန်နာမ်တရားတစ်လုံးကို အကြိမ်များစွာ ဖြစ်နေမှုကို မြင်အောင် ရှုပါ။ တစ်ဖန် စျာန်ပြန်ဝင်စားပါ၊ စျာန်မှ ထလျှင် ထချင်း စျာန်နာမ်တရား နှစ်လုံးကို အကြိမ်များစွာ ဖြစ်နေမှုကို မြင်အောင် ရှုပါ။ ဤနည်းဖြင့် စျာန်ဝင်စားလိုက် စျာန်မှ ထကာ စျာန်နာမ်တရားတို့ကို သိမ်းဆည်းလိုက်ဖြင့် စျာန်နာမ်တရားတို့ကို တစ်လုံးစီ တစ်လုံးစီ တိုး၍ သိမ်းဆည်းပါ။ အဘိဓမ္မာအခြေခံပညာ အားကောင်းသူများ ဉာဏ်ထက်မြက်သူများကား ဤမျှဆိုလျှင် သိမ်းဆည်း တတ်မည် ဖြစ်၏၊ သို့သော် အဘိဓမ္မာအခြေခံပညာ အားနည်းသူ ဉာဏ်နုံ့သူ သူတော်ကောင်းတို့သည်ကား ရံခါ သဘောပေါက်ရန် အလွန် ခဲယဉ်းလှသည်ကို တွေ့ရ၏၊ ထိုကြောင့် ဉာဏ်နုံ့သူ သူတော်ကောင်းများအတွက် အာနာပါနပဋိဘာဂနိမိတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော ပထမစျာန်နာမ်တရား (၃၄)လုံးတို့ကို ထပ်မံ၍ ရေးသား တင်ပြအပ်ပါသည်။

ဝိတက်စသော စျာန်အင်္ဂါတို့၏ အပေါင်းအစုကို စျာန်ဟု ခေါ်ဆို၍ ယင်းစျာန်နှင့် ယှဉ်သော စိတ်စေတသိက် တရားစုကို စျာနသမ္ပယုတ္တဓမ္မဟု ခေါ်ဆိုပေသည်။ ယင်းစျာန်နှင့် စျာနသမ္ပယုတ္တဓမ္မတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းရမည်ဟု ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၆၀၄]၌ ညွှန်ကြားထားပေသည်။

အာနာပါနပဋိဘာဂနိမိတ်ကို အာရုံပြုသော ပထမစျာန်နာမ်တရား (၃၄)

၁။ အသိစိတ် = အာနာပါနပဋိဘာဂနိမိတ် အာရုံကို ရယူခြင်းသဘော၊
[ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ – ဟူသော မူလဋီကာ[၆၀၅]နှင့် အညီတည်း။]
၂။ ဖဿ = အာနာပါနပဋိဘာဂနိမိတ် အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော (လက္ခဏ)၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်းသဘော (ရသ)၊
၃။ ဝေဒနာ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၏ အရသာကို ချမ်းချမ်းသာသာ (= ဝမ်းမြောက်ဝမ်းသာ) ခံစားခြင်းသဘော၊ (ပထမစျာန်၌ သောမနဿဝေဒနာတည်း။)
၄။ သညာ = အာနာပါနပဋိဘာဂနိမိတ် အာရုံကို မှတ်သားခြင်းသဘော၊
၅။ စေတနာ = အာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးခြင်း နှိုးဆော်ပေးခြင်းသဘော၊
၆။ ဧကဂ္ဂတာ = အာနာပါနပဋိဘာဂနိမိတ် အာရုံတစ်ခုတည်းပေါ်သို့ စိတ်ကျရောက်နေခြင်းသဘော၊ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်တည်ငြိမ်နေခြင်းသဘော၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ သမ္ပယုတ်တရားတို့ကို ဖရိုဖရဲ မကျဲစေခြင်းသဘော၊
၇။ ဇီဝိတ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ပေးခြင်းသဘော၊
၈။ မနသိကာရ = အာနာပါနပဋိဘာဂနိမိတ် အာရုံဘက်သို့ စိတ်ကို (= သမ္ပယုတ်တရားတို့ကို) ဦးလှည့် တွန်းပို့ပေးခြင်းသဘော၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံကို နှလုံးသွင်းခြင်းသဘော၊
၉။ ဝိတက် = အာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ စိတ်ကို (= သမ္ပယုတ်တရားတို့ကို) ရှေးရှု တင်ပေးခြင်း သဘော၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံကို ကြံစည်ခြင်းသဘော၊
၁၀။ ဝိစာရ = အာနာပါနပဋိဘာဂနိမိတ် အာရုံကို ထပ်ကာထပ်ကာ သုံးသပ် ဆင်ခြင်ခြင်း (= ဆုပ်နယ်ခြင်း) သဘော၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံကို ထပ်၍ ထပ်၍ ယူခြင်းသဘော၊
၁၁။ အဓိမောက္ခ = အာနာပါနပဋိဘာဂနိမိတ် အာရုံကို ဆုံးဖြတ်ချက်ချခြင်းသဘော၊
၁၂။ ဝီရိယ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ သမ္ပယုတ်တရားတို့ ဖြစ်အောင် ကြိုးစားအားထုတ်ခြင်း သဘော၊
= သမ္ပယုတ်တရားတို့ကို အာနာပါနပဋိဘာဂနိမိတ် အာရုံပေါ်သို့ ရောက်အောင် ချီးပင့်ပေးခြင်း သဘော၊[၆၀၆]
၁၃။ ပီတိ = အာနာပါနပဋိဘာဂနိမိတ် အာရုံကို နှစ်သက်ခြင်းသဘော၊
၁၄။ ဆန္ဒ = အာနာပါနပဋိဘာဂနိမိတ် အာရုံကို သိလိုခြင်း (= သမ္ပယုတ်တရားတို့ ဖြစ်လိုခြင်း) သဘော၊
၁၅။ သဒ္ဓါ = အာနာပါနစျာန်သမာဓိသိက္ခာ = အာနာပါနစျာန်သမာဓိကျင့်စဉ်ကို ယုံကြည်မှုသဘော၊
၁၆။ သတိ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ သမ္ပယုတ်တရားတို့ကို ဗူးတောင်းကဲ့သို့ မပေါ်စေဘဲ ကျောက်ဖျာကဲ့သို့ နစ်မြုပ်စေခြင်းသဘော၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံကို မမေ့ပျောက်ခြင်းသဘော၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်ခိုင်မြဲခြင်းသဘော၊
၁၇။ ဟိရိ = မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားမှ ရှက်ခြင်းသဘော၊
၁၈။ ဩတ္တပ္ပ = မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားမှ ကြောက်ခြင်းသဘော၊
၁၉။ အလောဘ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်မကပ်ငြိခြင်း, မတပ်မက်ခြင်းသဘော၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံကို ငါ့ဟာဟု မစွဲယူခြင်းသဘော၊
၂၀။ အဒေါသ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်မခက်ထန် မကြမ်းတမ်းခြင်းသဘော၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံကို မဖျက်ဆီးလိုခြင်းသဘော၊
ဝီရိယသို့ တိုင်အောင်သော စိတ်+စေတသိက် (၁၂)လုံး ဖြစ်သည်။
၂၁။ တတြမဇ္ဈတ္တတာ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်ကို အလယ်အလတ်ထားခြင်းသဘော၊ (စိတ်ဓာတ် တက်ကြွမြင့်မောက်မှု = မာန, စိတ်ဓာတ်ကျဆင်းမှု = ထိန+မိဒ္ဓတို့ဘက်သို့ ဘာဝနာစိတ်ကို မရောက်အောင် ဘာဝနာအာရုံ၌ စိတ်ကို အလယ်အလတ်ထားခြင်းသဘော။)
= အာနာပါနပဋိဘာဂနိမိတ် အာရုံကို လျစ်လျူရှုခြင်းသဘော၊
၂၂။ ကာယပဿဒ္ဓိ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စေတသိက်တို့ ငြိမ်းအေးခြင်းသဘော၊
၂၃။ စိတ္တပဿဒ္ဓိ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်ငြိမ်းအေးခြင်းသဘော၊
၂၄။ ကာယလဟုတာ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စေတသိက်တို့ လျင်မြန် ပေါ့ပါးခြင်းသဘော၊
၂၅။ စိတ္တလဟုတာ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်လျင်မြန် ပေါ့ပါးခြင်းသဘော၊
၂၆။ ကာယမုဒုတာ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စေတသိက်တို့ နူးညံ့ပျော့ပျောင်းခြင်းသဘော၊
၂၇။ စိတ္တမုဒုတာ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်နူးညံ့ပျော့ပျောင်းခြင်းသဘော၊
၂၈။ ကာယကမ္မညတာ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စေတသိက်တို့ ခံ့ညားခြင်းသဘော၊
၂၉။ စိတ္တကမ္မညတာ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်ခံ့ညားခြင်းသဘော၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံကို ရှုလို့ အချိုးကျ အဆင်ပြေခြင်းသဘော၊
၃၀။ ကာယပါဂုညတာ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စေတသိက်တို့၏ ပြွမ်းတီး လေ့လာနိုင်နင်းခြင်း သဘော၊
အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စေတသိက်တို့၏ ကျွမ်းကျင်လိမ္မာခြင်းသဘော၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စေတသိက်တို့၏ ကိလေသာ အနာကင်းခြင်းသဘော၊
၃၁။ စိတ္တပါဂုညတာ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်၏ ပြွမ်းတီး လေ့လာနိုင်နင်းခြင်းသဘော၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်၏ ကျွမ်းကျင်လိမ္မာခြင်းသဘော၊
=  အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်၏ ကိလေသာ အနာကင်းခြင်းသဘော၊
၃၂။ ကာယုဇုကတာ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စေတသိက်တို့၏ ဖြောင့်မတ်ခြင်းသဘော၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စေတသိက်တို့၏ မာယာ-သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော၊
၃၃။ စိတ္တုဇုကတာ = အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်၏ ဖြောင့်မတ်ခြင်းသဘော၊
= အာနာပါနပဋိဘာဂနိမိတ် အာရုံ၌ စိတ်၏ မာယာ-သာဌေယျ အကွေ့အကောက် ကင်းခြင်းသဘော၊
၃၄။ ပညာ = အာနာပါနပဋိဘာဂနိမိတ် အာရုံကို ထွင်းဖောက် သိမြင်ခြင်းသဘော၊

နာမပရိဂ္ဂဟဉာဏ်

စျာန်နာမ်တရားတို့သည် ယေဘုယျ = များသောအားဖြင့် ပဋိဘာဂနိမိတ်ကိုသာ အာရုံပြုရိုး ဓမ္မတာ ရှိကြ၏၊ အာနာပါနကမ္မဋ္ဌာန်း၌ စျာန်နှင့် စျာနသမ္ပယုတ် နာမ်တရားတို့သည် အာနာပါနပဋိဘာဂနိမိတ်အာရုံကို အာရုံပြုကြ၏၊ အရိုးစုပဋိကူလမနသိကာရကမ္မဋ္ဌာန်း၌ စျာန်နှင့် စျာနသမ္ပယုတ်တရားတို့သည် အရိုးစု ပဋိဘာဂနိမိတ်အာရုံကို အာရုံပြုကြ၏၊ ဩဒါတ = အဖြူကသိုဏ်း၌ စျာန်နှင့် စျာနသမ္ပယုတ်နာမ်တရားတို့သည် အဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်အာရုံကို အာရုံပြုကြ၏၊ မေတ္တာကမ္မဋ္ဌာန်း၌ သတ္တဝါ ပညတ်အာရုံ, အသုဘကမ္မဋ္ဌာန်း၌ အသုဘအလောင်းကောင်၏ ပဋိဘာဂနိမိတ်အာရုံကို အာရုံပြုကြ၏၊ ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် အာနာပါန ကမ္မဋ္ဌာန်း, အရိုးစုပဋိကူလမနသိကာရကမ္မဋ္ဌာန်း, အဖြူကသိုဏ်း, စတုရာရက္ခကမ္မဋ္ဌာန်းတို့ကိုသာ စျာန်ပိုင်းတွင် ရှုထားသူ ဖြစ်ပါက သိမ်းဆည်းရှုပွားရမည့် စျာန်နာမ်တရားများမှာ အောက်ပါအတိုင်း ဖြစ်၏၊ –

၁။ အာနာပါနကမ္မဋ္ဌာန်း၌ - ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်၊
၂။ အရိုးစုပဋိကူလမနသိကာရ၌ - ပထမစျာန်၊
၃။ အဖြူကသိုဏ်း၌ - ပထမစျာန် ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန်၊
၄။ မေတ္တာကမ္မဋ္ဌာန်း၌ - ပထမစျာန် ဒုတိယစျာန် တတိယစျာန်၊
၅။ အသုဘကမ္မဋ္ဌာန်း၌ - ပထမစျာန်၊

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ကသိုဏ်း (၁၀)ပါးလုံးကိုလည်းကောင်း, ကသိုဏ်း တစ်ပါး တစ်ပါး၌ သမာပတ် (၈)ပါးစီကိုလည်းကောင်း ပွားများထားပြီးသူဖြစ်ပါက ယင်းသမာပတ် (၈)ပါးလုံးတို့မှာ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ စာရင်းတွင် ပါဝင်နေပေသည်။ အရူပစျာန်တို့၌ နာမ်တရား အရေအတွက်မှာ (၃၁)လုံးပင် ဖြစ်၏၊ စတုတ္ထစျာန်နှင့် အရေအတွက်ချင်းကား တူညီသည်၊ စတုတ္ထစျာန်ဇယားအတိုင်း သိမ်းဆည်းရှုပွားပါ။ ကြွင်းကျန်သော ကမ္မဋ္ဌာန်းတို့တွင် ကရုဏာကမ္မဋ္ဌာန်း မုဒိတာကမ္မဋ္ဌာန်း နှစ်မျိုးကလွဲလျှင် ကျန်ကမ္မဋ္ဌာန်းတို့၌ နည်းတူ သဘောပေါက်ပါ။ ကရုဏာကမ္မဋ္ဌာန်း မုဒိတာကမ္မဋ္ဌာန်းတို့ကား တတိယစျာန်အထိ ပေါက်နိုင်၏၊ ထိုကြောင့် ကရုဏာကမ္မဋ္ဌာန်း၌ ယခင် အာနာပါနစျာန် နာမ်တရားတို့တွင် ကရုဏာတစ်လုံးတိုး၍, မုဒိတာကမ္မဋ္ဌာန်း၌ မုဒိတာတစ်လုံးတိုး၍ (၃၅-၃၃- ၃၂)လုံးသော နာမ်တရားတို့ ဖြစ်ကြသည်။

ယင်း စျာန်နာမ်တရားတို့ကို ဇယားတွင် ဖော်ပြထားသည့်အတိုင်း သိမ်းဆည်းရှုပွားရမည်ဖြစ်သည်။ ဒုတိယစျာန် စသည့် အထက်ပိုင်းစျာန်တို့၏ ပရိကံ ဥပစာ အနုလုံ ဂေါတြဘုဟူသော ဥပစာရဇောများအခိုက်၌ ဝိတက်-ဝိစာရ များသည် ယှဉ်လျက် ရှိကြောင်းကို သမ္မောဟဝိနောဒနီအဋ္ဌကထာ[၅၉၉]၌ ဖွင့်ဆိုထား၏၊ စတုတ္ထစျာန်၏ ဥပစာရအခိုက်၌လည်း ပီတိမယှဉ်ပေ။[၆၀၀]

အာနာပါန ပထမစျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုပါက ရှေးဦးစွာ ယင်းအာနာပါနပထမစျာန်ကို ဝင်စားပါ။ ထိုပထမစျာန်မှ ထ၍ ယင်းပထမစျာန်၏ စျာန်အင်္ဂါငါးပါးတို့ကို စတင်သိမ်းဆည်းပါ။ စျာန်အင်္ဂါငါးပါးတို့၏ အကြိမ်များစွာ အဆက်မပြတ် ဆက်တိုက် ဖြစ်နေမှုကို မြင်အောင် သိမ်းဆည်းရှုပွားပါ။ အားမရ ဖြစ်နေပါက တစ်ဖန် အာနာပါနပဋိဘာဂနိမိတ်ကိုပင် အာရုံယူ၍ အာနာပါနပထမစျာန်ကို တစ်ဖန်ပြန်၍ ဝင်စားပါ။ ထိုစျာန်မှ ထလျက်..

၁။ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရ ရှိရာ နှလုံးအိမ်အတွင်းသို့ အာရုံယူလိုက်သောအခါ ..
၂။ အာနာပါနပဋိဘာဂနိမိတ်အာရုံကို တွေ့ရှိနေမည် ဖြစ်သည်။
၃။ ထိုအခါတွင် စျာန်အင်္ဂါတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ၊ ရှုကြည့်ပါ။

ထိုအချိန်တွင် စျာန်မှ ထစဖြစ်၍ ယင်းအာနာပါနပဋိဘာဂနိမိတ်အာရုံမှာ လွယ်လွယ်နှင့် ပျောက်မသွားဘဲ ဘဝင်မနောအကြည်ဓာတ်ကို လှမ်းအာရုံ ယူလိုက်သောအခါ ယင်းဘဝင်မနောအကြည်ဓာတ်တွင် ယင်းအာနာပါန ပဋိဘာဂနိမိတ်ကို တွေ့မြင်နေဦးမည်သာ ဖြစ်သည်။ ဤစနစ်အတိုင်း ထပ်ကာထပ်ကာ လေ့ကျင့်သော် ဝတ္ထုနှင့် အာရုံကို ပူးတွဲသိမ်းဆည်းလျက် စျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားနေခြင်း ဖြစ်သဖြင့် စျာန်အင်္ဂါများ၏ အကြိမ် များစွာ ဖြစ်နေမှုကို သိမ်းဆည်းရှုပွား၍ ရရှိလာမည် ဖြစ်ပေသည်။ တရားစစ်မှူး အဦးအခိုင် ဖြစ်တော်မူပေသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ရိုသေလေးမြတ်စွာ လိုက်နာကျင့်သုံးသွားသော ရှေးထုံးဟောင်း ဥပဒေသကြီး တစ်ခုပင် ဖြစ်ပေသည်။ ရှေးဦးစွာ အာနာပါနပဋိဘာဂနိမိတ်ကိုပင် အာရုံယူ၍ အာနာပါနပထမစျာန်ကို ပြန်ဝင်စားပါ။ ထို့နောင် အသိစိတ် = ဝိညာဏ်က စ၍ ဖြစ်စေ, ဝေဒနာက စ၍ ဖြစ်စေ, ဖဿက စ၍ ဖြစ်စေ စျာန်နာမ်တရားတို့ကို စတင် သိမ်းဆည်းရမည် ဖြစ်သည်။ ရှေ့ဦးစွာ အသိစိတ် = ဝိညာဏ်က စ၍ သိမ်းဆည်းပါက အသိစိတ် တစ်လုံးတည်း အကြိမ်များစွာ ဆက်တိုက်ဖြစ်နေမှုကို မြင်အောင်လေ့ကျင့်ပါ။ (ဝေဒနာ သို့မဟုတ် ဖဿက စ၍ သိမ်းဆည်းရာ၌လည်း နည်းတူ မှတ်ပါ၊၊) အောင်မြင်မှုကို ရရှိခဲ့သော် တစ်ဖန် စျာန်ကို ပြန်ဝင်စားပါ။ စျာန်မှ ထကာ ထလျှင်ထချင်း အသိစိတ် ဖဿ နှစ်လုံး နှစ်လုံး အကြိမ်များစွာ ဖြစ်နေမှုကို ဉာဏ်ဖြင့် မြင်အောင် လေ့ကျင့်ပါ။ အောင်မြင်မှုကို ရရှိခဲ့သော် တစ်ဖန် စျာန်ကို ပြန်ဝင်စားပါ။ စျာန်မှ ထကာ ထလျှင်ထချင်း အသိစိတ် ဖဿ ဝေဒနာ သုံးလုံး သုံးလုံး, အသိစိတ် ဖဿ ဝေဒနာ သညာ လေးလုံး လေးလုံး, အသိစိတ် ဖဿ ဝေဒနာ သညာ စေတနာ ငါးလုံး ငါးလုံး ဤသို့ စသည်ဖြင့် တစ်စတစ်စ တိုး၍တိုး၍ သိမ်းဆည်းပါ။ နောက်ဆုံး မနောဒွါရာဝဇ္ဇန်း၌ (၁၂ )လုံး, ဇောအသီးအသီး၌ (၃၄)လုံးစီ အကြိမ်များစွာ ဆက်တိုက်ဖြစ်မှုကို ဉာဏ်ဖြင့်မြင်အောင် လေ့ကျင့်ပါ။ စျာန်ကို အကြိမ်ကြိမ် ဝင်စား၍ စျာန်မှ ထတိုင်းထတိုင်း နာမ်တရား တစ်လုံးစီတစ်လုံးစီ တိုးကာ သိမ်းဆည်းပါ။[၆၀၇] အောင်မြင်မှုကို ရရှိခဲ့သော် –

မနောဒွါရာဝဇ္ဇန်း၌ စိတ်စေတသိက် (၁၂ )လုံး, ပရိကံ ဥပစာ အနုလုံ ဂေါတြဘုဟူသော ဥပစာရဇောနှင့်တကွ စျာန်ဇောများ၌ စိတ္တက္ခဏတိုင်းဝယ် (၃၄)လုံးသော နာမ်တရားတို့၏ ပြိုင်တူယှဉ်တွဲ၍ (၃၄)လုံးပေါင်း အကြိမ်များစွာ ဆက်တိုက်ဖြစ်မှုကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင် သိမ်းဆည်းနိုင်သောအခါ – ဤ နာမ်တရားအားလုံးသည် အာနာပါန ပဋိဘာဂနိမိတ်တည်းဟူသော အာရုံဘက်သို့ ရှေးရှူ ညွတ်ကိုင်းရှိုင်းနေသောကြောင့် အာရုံသို့ ညွတ်ကိုင်းရှိုင်းတတ်သော အနက်သဘောအားဖြင့် နာမ် – ဟူ၍ = နာမ်တရား နာမ်တရား – ဟူ၍ ပိုင်းခြားမှတ်သားပါ၊ သိမ်းဆည်းပါ။[၆၀၈]

သတိပြုရန် ဝါဒကွဲများ

အနုပဒသုတ္တန်တွင် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးသည် ပထမစျာန်နာမ်တရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုရာ၌ ပါဠိတော်ဝယ် ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဖဿ ဝေဒနာ သညာ စေတနာ စိတ္တ ဆန္ဒ အဓိမောက္ခ ဝီရိယ သတိ ဥပေက္ခာ (= တတြမဇ္ဈတ္တတာ ) မနသိကာရဟု နာမ်တရား (၁၆)လုံးတို့ကိုသာ သရုပ်ထုတ်၍ တိုက်ရိုက်ဟောကြားထားတော်မူ၏၊ အဋ္ဌကထာ[၆၀၉]၌လည်း – သောဠသ ဓမ္မာ - ဟုပင် သာမညအားဖြင့် နာမ်တရား (၁၆)မျိုးကို သိမ်းဆည်းရှုပွားကြောင်းကို ဖွင့်ဆိုထားတော်မူ၏၊ သို့သော် အာစရိယဓမ္မပါလ အမည်ရတော်မူသော ဆရာတော် အရှင်ဓမ္မပါလမထေရ်မြတ်[၆၁၀]က ဝဒန္တိဝါဒ, အပရေဝါဒ နှစ်မျိုး ခွဲ၍ အောက်ပါအတိုင်း ဖွင့်ဆိုသွားတော် မူ၏၊

ဝဒန္တိဝါဒ – ဤအရာ၌ (၁၆)မျိုးသော စျာနဓမ္မတို့ကိုသာလျှင် တိုက်ရိုက်ယူ၍ ဟောကြားတော်မူခြင်း ဖွင့်ဆိုတော်မူခြင်းမှာ ထို (၁၆)မျိုးသော တရားတို့ကိုသာလျှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ပိုင်းခြား မှတ်သားအပ်သည်၏ အဖြစ်ကြောင့်တည်း။ ထိုအခါဝယ် ထို အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ အသိဉာဏ်၌ ထို (၁၆)မျိုးသော တရားတို့သည်သာလျှင် ထင်ရှား တည်ရှိနေကုန်၏၊ အခြားသော စျာနဓမ္မတရားတို့သည် ထင်ရှား မတည်ရှိကြကုန်ဟု ဆရာမြတ်ကြီးတို့က မိန့်ဆိုတော်မူကြကုန်၏၊

အပရေဝါဒ – ဤပထမစျာန်နာမ်တရားတို့၌ ဝီရိယနှင့် သတိကား ဝီရိယိန္ဒြေ သတိန္ဒြေ အမည်ရှိသည့် ဣန္ဒြေထိုက်သော တရားတို့ ဖြစ်ကြ၏၊ ဣန္ဒြေထိုက်သော ဝီရိယနှင့် သတိကို တိုက်ရိုက် သရုပ်ထုတ်ဆောင်၍ ယူဆောင် လျက် ဟောကြားတော်မူခြင်းဖြင့် ဣန္ဒြေဖြစ်ပုံခြင်း တူညီမှုရှိသောကြောင့် သဒ္ဓါနှင့် ပညာတို့ကိုလည်း ယူပြီးသာလျှင် ဖြစ်၏၊ ဟောပြီးသာလျှင် ဖြစ်၏၊ (လက္ခဏာဟာရနေတ္တိနည်းတည်း)။ သတိသည် သောဘဏစိတ်တို့၌သာ အမြဲယှဉ် သဖြင့် ဧကန် အပြစ်ကင်းစင်သော တရားဓမ္မတစ်ခု ဖြစ်၏၊ အပြစ်ကင်းသော သတိကို တိုက်ရိုက် သရုပ်ထုတ်ဆောင်၍ ယူဆောင်လျက် ဟောကြားတော်မူခြင်းဖြင့်ပင်လျှင် ဧကန် အပြစ်ကင်းစင်သည့် သဘောအားဖြင့် တူညီသောကြောင့် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ ကာယလဟုတာ စိတ္တလဟုတာ ကာယမုဒုတာ စိတ္တမုဒုတာ ကာယကမ္မညတာ စိတ္တကမ္မညတာ ကာယပါဂုညတာ စိတ္တပါဂုညတာ ကာယုဇုကတာ စိတ္တုဇုကတာ ဟူသော အစုံအစုံအားဖြင့် ဟောကြားထားအပ်ကုန်သော ယုဂဠစေတသိက် (၆)စုံတို့ကိုလည်းကောင်း, အလောဘ အဒေါသတို့ကိုလည်းကောင်း ယူပြီးသာလျှင် ဖြစ်၏၊ ဟောပြီးသာလျှင်ဖြစ်၏၊ ထိုတရားတို့၏လည်း စျာန်စိတ္တုပ္ပါဒ်၌ အကျုံးဝင်သော တရားတို့ ဖြစ်ခြင်းကြောင့်တည်း။ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည်လည်း စျာနဓမ္မတို့ကို သာမညအားဖြင့် တစ်လုံးစီ တစ်လုံးစီ ပိုင်းခြား မှတ်သားလျက် ဝိပဿနာကို အားထုတ်တော်မူသည်သာ ဖြစ်၏၊ ထိုကြောင့် ထို (၁၆)မျိုးသော တရားတို့မှ ကြွင်းကျန် ကုန်သော စျာနဓမ္မတရားတို့သည်လည်း အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီး၏ အသိဉာဏ်၌ မထင်လာကြပါကုန်ဟု ပြောဆိုခြင်းငှာ မတတ်ကောင်းသည်သာတည်းဟု အပရေဆရာမြတ်တို့က မိန့်ဆိုတော်မူကြသည်။

''အကြင် အကြင် အဋ္ဌကထာဝါဒကိုလည်းကောင်း, ထေရဝါဒကိုလည်းကောင်း နောက်ဆုံးထား၍ ဖွင့်ဆိုထား၏၊ ထိုနောက်ဆုံးထား၍ ဖွင့်ဆိုထားသော ဝါဒကိုသာလျှင် အနှစ်သာရအားဖြင့် ပမာဏအားဖြင့် မှတ်သားပါ''[၆၁၁] ဟူသော စာပေယူဆပုံ စည်းကမ်းသတ်မှတ်ချက်အရ ဋီကာဆရာတော်သည် အပရေဝါဒကို နောက်ထား၍ ဖွင့်ဆိုထားသဖြင့် ထိုအပရေဝါဒကိုသာလျှင် အနှစ်သာရအားဖြင့် မှတ်သားရမည် ဖြစ်သည်။ အပရိဇာနနသုတ္တန်များနှင့် အညီပင်တည်း။

ဤသို့လျှင် စျာနသမာပတ္တိဝီထိ အတွင်း၌ တည်ရှိကုန်သော နာမ်တရားတို့ကို သိမ်းဆည်းပြီးနောက် ဆက်လက် ပြုကျင့်ရမည့် လုပ်ငန်းခွင်ကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၆၁၂]၌ အောက်ပါအတိုင်း ဆက်လက် ညွှန်ကြားထားပြန်၏၊

နာမ်နှင့် ရုပ်ကို ပိုင်းခြားယူပါ

''စျာန်နာမ်တရားတို့ကို သိမ်းဆည်းပြီးသောအခါ လောကဥပမာအားဖြင့် ယောက်ျားတစ်ဦးသည် အိမ်အတွင်း၌ မြွေကို တွေ့မြင်ခဲ့သော် ထိုမြွေ၏ နောက်သို့ အစဉ်လိုက်လျက် ကြည့်သည်ရှိသော် ထိုမြွေ၏ ကိန်းဝပ်တည်နေရာ နေရာကို တွေ့မြင်ရသကဲ့သို့ ဤဥပမာအတူပင်လျှင် ဤယောဂါဝစရပုဂ္ဂိုလ်သည်လည်း ထိုနာမ်တရားကို –– 'ဤ နာမ်တရားသည် အဘယ်ကို မှီ၍ ဖြစ်နေသနည်း'ဟု ဉာဏ်ပညာဖြင့် စူးစမ်းဆင်ခြင်လတ်သော် ရှာဖွေကြည့်လတ်သော် ထိုနာမ်တရား၏ မှီရာ ဟဒယဝတ္ထုရုပ်ကို တွေ့မြင်လေ၏၊ ထို့နောင် ယင်းဟဒယဝတ္ထုရုပ်၏ မှီရာ ဘူတရုပ် ဓာတ်ကြီး လေးပါးတို့ကိုလည်းကောင်း, ယင်းဘူတရုပ် ဓာတ်ကြီးလေးပါးတို့ကို မှီ၍ ဖြစ်ပေါ်နေကြကုန်သော ဟဒယဝတ္ထုရုပ်မှ ကြွင်းကျန်သော ဥပါဒါရုပ်တို့ကိုလည်းကောင်း ဤရုပ်တရားအားလုံးကို ဉာဏ်ဖြင့် ပိုင်းခြားယူ၏ သိမ်းဆည်း၏ = ဉာဏ်ဖြင့် ပိုင်းခြားယူပါ သိမ်းဆည်းပါ။ ထို ယောဂါဝစရပုဂ္ဂိုလ်သည် ဤအလုံးစုံသော ရုပ်တရားကို ဖောက်ပြန် တတ်သော အနက်သဘောအားဖြင့် ရုပ်ဟု ပိုင်းခြားမှတ်သား၏၊ ထိုနောင် ..

၁။ အာရုံသို့ ညွတ်တတ်သော သဘောလက္ခဏာရှိသော တရားကား နာမ်,
၂။
ဖောက်ပြန်တတ်သော သဘောလက္ခဏာရှိသော တရားကား ရုပ် –– ဟု
အကျဉ်းအားဖြင့် နာမ်ရုပ်ကို ပိုင်းခြားမှတ်သား၏၊''

ဤအထက်ပါ အဋ္ဌကထာ၏ သတ်မှတ်ချက်အရ စျာန်နာမ်တရားတို့ကို သိမ်းဆည်းပြီးသော ယောဂါဝစရ ပုဂ္ဂိုလ်သည် စျာန်နာမ်တရားတို့၏ မှီရာ ဟဒယ၌ တည်ရှိသော (၆၃)မျိုးသော ဘူတရုပ် ဥပါဒါရုပ်တို့ကိုပါ ဆက်လက် သိမ်းဆည်း၍ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားရမည် ဖြစ်သည်။ စက္ခုဒွါရဝီထိ စသည့် ပဉ္စဒွါရဝီထိ မနောဒွါရဝီထိများ၏ အတွင်း၌တည်ရှိသော ကာမာဝစရ နာမ်တရားတို့ကို သိမ်းဆည်းပြီးရာအခါ၌လည်း ယင်းနာမ်တရားတို့၏ မှီရာ ဆိုင်ရာ ဆိုင်ရာ ဒွါရ၌ တည်ရှိသော ရုပ်တရားတို့ကိုလည်း သိမ်းဆည်း၍ နာမ်နှင့် ရုပ်ကို ပိုင်းခြားမှတ်သားရမည်သာဟု မှတ်ပါ။ (ဒွါရ ၆-ပါး၌ တည်ရှိသော ဘူတရုပ် ဥပါဒါရုပ်များကို ရုပ်ကမ္မဋ္ဌာန်းပိုင်းဇယားများ[၆၁၃]တွင် ကြည့်ပါ။)

ဓမ္မာရုံလိုင်းတွင် အကျုံးဝင်သည့် စျာန်နာမ်တရားတို့ကို သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်တရား တို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို ဆက်လက် သိမ်းဆည်းရမည် ဖြစ်သည်။ ရုပ်တရားတို့ကို အာရုံအလိုက် ခွဲတမ်းချလိုက်ပါက ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဓမ္မာရုံဟု အာရုံ (၆)မျိုး ပြားပေသည်။ ထိုအာရုံ (၆)ပါးတို့တွင် ဓမ္မာရုံ အမည်ရသည့် ပသာဒရုပ် (၅)ပါး, သုခုမရုပ် (၁၆)ပါးတို့ကို အာရုံယူ၍ ဖြစ်ပေါ် လာကြသော မနောဒွါရိကဇောဝီထိစိတ်အစဉ်က စ၍ သိမ်းဆည်းလျှင် ပို၍ လွယ်ကူပေသည်။ ဝီထိစိတ်အမျိုးအစား အရေအတွက် နည်းပါးသောကြောင့် ဖြစ်၏၊ ယင်းဓမ္မာရုံ အမည်ရသည့် ရုပ်တရားတို့တွင် ရုပ်အစစ် (၁၁)လုံး, ရုပ်အတု (၁၀)လုံး ရှိ၏၊ သို့သော် အမျိုးသားယောဂီသည် အဇ္ဈတ္တ၌ ဣတ္ထိဘာဝရုပ်ကို, အမျိုးသမီးယောဂီသည် ပုရိသဘာဝရုပ်ကို ရှု၍ မရနိုင်သဖြင့် အဇ္ဈတ္တ၌ ရုပ်အစစ် (၁၀)လုံးကိုသာ အာရုံယူ၍ ဖြစ်ပေါ်လာကြသော နာမ်တရား တို့ကို သိမ်းဆည်းရှုပွားရန် ဖြစ်သည်။ ဗဟိဒ္ဓ၌ကား ဗဟိဒ္ဓချင်း တူညီ၍ သာမန်ပေါင်းစုခြုံငုံကာ ရုပ်တရားအားလုံးကို ရှုရမည် ဖြစ်ပေသည်။ (ဥပရိပဏ္ဏာသဋီကာ[၆၁၄]အဖွင့်နှင့် အညီတည်း။)

ထိုသို့ရှုရာ၌ ရုပ်တစ်လုံးစီ တစ်လုံးစီကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရမည် ဖြစ်သည်။ ယင်းမနောဒွါရဝီထိများတွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်း၏ ဆုံးဖြတ်ချက်က ယောနိသောမနသိကာရ ဖြစ်လျှင် (= အာရုံကို နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်လျှင်) ကုသိုလ်ဇောများပါဝင်သည့် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များ ဖြစ်ပေါ်လာကြမည် ဖြစ်၍ အယောနိသောမနသိကာရဖြစ်က (= အာရုံကို နည်းမှားလမ်းမှား နှလုံး သွင်းနေပါက) အကုသိုလ်ဇောများပါဝင်သည့် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များ ဖြစ်ပေါ်လာကြမည် ဖြစ်သည်။ ဤတွင် ယောနိသောမနသိကာရ အယောနိသောမနသိကာရအကြောင်းကို အကျဉ်းချုပ်၍ ရှင်းလင်းတင်ပြပေအံ့..။

ယောနိသော မနသိကာရ - အယောနိသော မနသိကာရ

ယောနိသောမနသိကာရ ဟူသည် ..
၁။ ''ဤကား ဒုက္ခအရိယသစ္စာတရားတည်း''ဟု နည်းမှန်လမ်းမှန် နှလုံးသွင်း၏၊
၂။ ''ဤကား ဒုက္ခသမုဒယအရိယသစ္စာတရားတည်း''ဟု နည်းမှန်လမ်းမှန် နှလုံးသွင်း၏၊
၃။ ''ဤကား ဒုက္ခနိရောဓအရိယသစ္စာတရားတည်း''ဟု နည်းမှန်လမ်းမှန် နှလုံးသွင်း၏၊
၄။ ''ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းကျင့်စဉ် = မဂ္ဂအရိယသစ္စာတရားတည်း''ဟု နည်းမှန်လမ်းမှန် နှလုံးသွင်း၏၊ –
ဤကဲ့သို့သော နှလုံးသွင်းမှုမျိုးကို ယောနိသောမနသိကာရ = နည်းမှန်လမ်းမှန် နှလုံးသွင်းမှုဟု ခေါ်ဆို၏၊[၆၁၅]

ထိုတွင် ယောနိသောမနသိကာရ မည်သည်ကား မဂ် ဖိုလ် နိဗ္ဗာန်စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်း ဟုတ်သောအားဖြင့် အာရုံကို စိတ်၌ထားခြင်း, အာရုံကို နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်းတည်း။

၁။ အနိစ္စဖြစ်သော ခန္ဓာငါးပါး၌ အနိစ္စဟုလည်းကောင်း,
၂။ ဒုက္ခဖြစ်သော ခန္ဓာငါးပါး၌ ဒုက္ခဟုလည်းကောင်း,
၃။ အနတ္တဖြစ်သော ခန္ဓာငါးပါး၌ အနတ္တဟုလည်းကောင်း,
၄။ အသုဘဖြစ်သော ခန္ဓာငါးပါး၌ အသုဘဟုလည်းကောင်း –

ဤသို့စသော နည်းဖြင့်လည်းကောင်း, သစ္စာလေးပါးနှင့် လျော်သောအားဖြင့်လည်းကောင်း ဘဝင်စိတ်ကို အကြင် ပြန်လည်စေတတ်သော အာဝဇ္ဇန်းသည်, အကြင် အဖန်ဖန် ပြန်လည်စေတတ်သော အာဝဇ္ဇန်းသည်, အကြင် နှလုံး သွင်းတတ်သော အာဝဇ္ဇန်းသည်, အကြင် ဘဝင်၏အာရုံမှ တစ်ပါးသော အာရုံကို ကောင်းစွာ ဆောင်တတ်သော အာဝဇ္ဇန်းသည်, အကြင် ဘဝင်၏အာရုံမှ တစ်ပါးသော အာရုံကို စိတ်၌ ထားတတ်သော အာဝဇ္ဇန်းသည် ရှိ၏၊

ဤကဲ့သို့ နှလုံးသွင်းတတ်သော အာဝဇ္ဇန်းသည် ယောနိသော မနသိကာရ မည်၏၊[၆၁၆]

ထိုတွင် အယောနိသော မနသိကာရ ဟူသည် အဘယ်နည်း?
၁။ အနိစ္စဖြစ်သော ခန္ဓာငါးပါး၌ နိစ္စဟုလည်းကောင်း,
၂။ ဒုက္ခဖြစ်သော ခန္ဓာငါးပါး၌ သုခဟုလည်းကောင်း,
၃။ အနတ္တဖြစ်သော ခန္ဓာငါးပါး၌ အတ္တဟုလည်းကောင်း,
၄။ အသုဘဖြစ်သော ခန္ဓာငါးပါး၌ သုဘဟုလည်းကောင်း –

ဤသို့လျှင် မဂ် ဖိုလ် နိဗ္ဗာန် စသော စီးပွားချမ်းသာကို ရခြင်း၏အကြောင်း မဟုတ်သောအားဖြင့် စိတ်၌ထားခြင်း နည်းမှားလမ်းမှား နှလုံးသွင်းခြင်းတည်း။ တစ်ဖန် သစ္စာလေးပါးကို ထိုးထွင်းသိမြင်ဖို့ရန် မလျော်သောအားဖြင့် ဘဝင် စိတ်ကို အကြင် ပြန်လည်စေတတ်သော အာဝဇ္ဇန်းသည်, အကြင် အဖန်ဖန် ပြန်လည်စေတတ်သော အာဝဇ္ဇန်းသည်, အကြင် အာရုံကို နှလုံးသွင်းတတ်သော အာဝဇ္ဇန်းသည်, အကြင် ဘဝင်၏အာရုံမှ တစ်ပါးသော အာရုံကို ကောင်းစွာ ဆောင်ထားတတ်သော အာဝဇ္ဇန်းသည်, အကြင် ဘဝင်၏အာရုံမှ တစ်ပါးသော အာရုံကို စိတ်၌ ထားတတ်သော အာဝဇ္ဇန်းသည် ရှိ၏၊ ဤကဲ့သို့ နည်းမှားလမ်းမှား နှလုံးသွင်းတတ်သော အာဝဇ္ဇန်းကို အယောနိသော မနသိကာရ ဟူ၍ ဆိုအပ်၏၊[၆၁၇]

ဤ အထက်ပါ ရှင်းလင်းချက်များနှင့် အညီ – ရုပ်တရားဟုလည်းကောင်း, နာမ်တရားဟုလည်းကောင်း, အကြောင်းတရားဟုလည်းကောင်း, အကျိုးတရားဟုလည်းကောင်း, အနိစ္စတရားဟုလည်းကောင်း, ဒုက္ခတရားဟု လည်းကောင်း, အနတ္တတရားဟုလည်းကောင်း, အသုဘတရားဟုလည်းကောင်း ရုပ်နာမ် ပရမတ်အာရုံကို နှလုံး သွင်းခြင်းသည် ယောနိသောမနသိကာရပင်တည်း။ ရူပါရုံကို ရူပါရုံဟုလည်းကောင်း, ရုပ်တရားဟုလည်းကောင်း, အနိစ္စတရားဟုလည်းကောင်း, ဒုက္ခတရားဟုလည်းကောင်း, အနတ္တတရားဟုလည်းကောင်း, အသုဘတရားဟု လည်းကောင်း နှလုံးသွင်းမှုများသည်လည်း ယောနိသောမနသိကာရပင်တည်း။ ရုပ်နာမ် အားလုံးတို့၌ နည်းတူ သဘောပေါက်ပါ။

စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော မဟာကုသိုလ်ဇော နာမ်တရား (၃၄)

၁။ အသိစိတ် = စက္ခုအကြည်ဓာတ် အာရုံကို ရယူခြင်းသဘော၊
၂။ ဖဿ = စက္ခုအကြည်ဓာတ် အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော၊
= စက္ခုအကြည်ဓာတ် အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်းသဘော၊
၃။ ဝေဒနာ = စက္ခုအကြည်ဓာတ် အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော၊ (သောမနဿ)
၄။ သညာ = စက္ခုအကြည်ဓာတ် အာရုံကို မှတ်သားခြင်းသဘော၊
၅။ စေတနာ = စက္ခုအကြည်ဓာတ် အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးခြင်း နှိုးဆော်ပေးခြင်းသဘော၊
၆။ ဧကဂ္ဂတာ = စက္ခုအကြည်ဓာတ် အာရုံ တစ်ခုတည်းပေါ်သို့ စိတ် ကျရောက်နေခြင်းသဘော၊
= တည်ငြိမ်နေခြင်းသဘော၊
= သမ္ပယုတ်တရားတို့ကို ဖရိုဖရဲ မကျဲစေခြင်းသဘော၊
၇။ ဇီဝိတ = သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ပေးခြင်းသဘော၊
၈။ မနသိကာရ = စက္ခုအကြည်ဓာတ် အာရုံဘက်သို့ စိတ်ကို = သမ္ပယုတ်တရားတို့ကို ဦးလှည့်တွန်းပို့ပေးခြင်း သဘော၊
= စက္ခုအကြည်ဓာတ် အာရုံကို နှလုံးသွင်းခြင်းသဘော။ပ။[၆၁၈]
၁၅။ သဒ္ဓါ = စက္ခုအကြည်ဓာတ် အာရုံကို ထိုးထွင်းသိသည့် ပညာသိက္ခာ = ပညာကျင့်စဉ်၌ ယုံကြည်ခြင်း သဘော၊
၃၄။ ပညာ = စက္ခုအကြည်ဓာတ် အာရုံကို ထွင်းဖောက် သိမြင်ခြင်းသဘော၊

ဤမျှဆိုလျှင် စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သဘောပေါက်လောက် ပေပြီ။ စေတသိက် (၅၂)လုံးကို သဘောအဓိပ္ပါယ်နှင့် တကွ ကျေကျေပွန်ပွန် အလွတ်ရအောင် ကျက်ထားပြီးသူ သူတော်ကောင်းအတွက်ကား အလွန်ကြီး မခက်ခဲတော့ပြီ။ နားအကြည်ဓာတ်စသည့် ရုပ်အစစ် ရုပ်အတုတို့၌လည်း နည်းမှီ၍ သိပါလေ။ ဤ၌ စက္ခုအကြည်ဓာတ်ကို စံထား၍ ဓမ္မာရုံလိုင်း သုဒ္ဓမနောဒွါရဝီထိ အကောင်းအုပ်စု ဇယား တစ်ခုကို ရေးသားတင်ပြထားပါသည်။ အကောင်းအုပ်စုဟူသည် ကုသိုလ်ဇောများ စောသော ဝီထိကို ဆိုလိုပေသည်။

ဤ၌ ..

၁။ စက္ခုအကြည်ဓာတ်ဟု သိသော စိတ်စေတသိက်,
၂။ ရုပ်တရားဟု သိသော စိတ်စေတသိက်,
၃။ အနိစ္စဟု သိသော စိတ်စေတသိက်,
၄။ ဒုက္ခဟု သိသော စိတ်စေတသိက်,
၅။ အနတ္တဟု သိသော စိတ်စေတသိက်,
၆။ အသုဘဟု သိသော စိတ်စေတသိက် –
ဤ စိတ်+စေတသိက် = နာမ်တရားတို့ကိုသာ သိမ်းဆည်းရှုပွားနေခြင်း ဖြစ်သည်ကို သဘောပေါက်ပါလေ။

ဤ အထက်ပါဇယား၌ စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို (၂၄)မျိုးသော အခြင်းအရာအားဖြင့် သိမ်းဆည်းပုံကို တင်ပြထား၏၊ ယောနိသောမနသိကာရဖြစ်အောင် နှလုံးသွင်းတတ်ပါက ကုသိုလ်ဇောများ စောပုံကို သဘောပေါက်ရန်အတွက် ရည်ရွယ်၍ ရေးသားတင်ပြထားပါသည်။ ထိုသို့ သိမ်းဆည်း ရှုပွားရာ၌ ရှေးဦးစွာ ရုပ်ကလာပ်များကို ဓာတ်ခွဲလျက် စက္ခုအကြည်ဓာတ်ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်း ရှုပွားရန် မမေ့ပါနှင့်။ ရုပ်အစစ် ရုပ်အတု အားလုံး၌ နည်းတူပင် သဘောပေါက်ပါ။ ဤ၌ စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ကုသိုလ်ဇောများ ပါဝင်သည့် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များကို ရှုပုံစနစ် တစ်ခုကို ပုံစံအဖြစ် ရေးသားတင်ပြအပ်ပါသည်။

မနောဒွါရိက ကုသိုလ်ဇောဝီထိ စိတ်အစဉ်ကို သိမ်းဆည်းရှုပွားပုံ

၁။ မိမိရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိ တစ်ခုခုကို သို့မဟုတ် မိမိနှစ်ခြိုက်ရာ အမြင့်ဆုံး သမာဓိကို ပြန်လည် ထူထောင်ပါ။ ယင်းစျာန်မှ ထလျှင်ထချင်း ..
၂။ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းပါ။
၃။ (ပရမတ်) စက္ခုအကြည်ဓာတ်ကို လှမ်းအာရုံယူပါ။

ထိုစက္ခုအကြည်ဓာတ်အာရုံသည် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရ၌ ထင်လာသောအခါ ရှေးရှုကျရောက် လာသောအခါ မနောဒွါရိက ဇောဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာမည် ဖြစ်သည်။ ထို ဝီထိစိတ်အစဉ်တွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက –

၁။ စက္ခုအကြည်ဓာတ်ဟု ဆုံးဖြတ်သောအခါ,
၂။ စက္ခုအကြည်ဓာတ်ကို ရုပ်တရားဟု ဆုံးဖြတ်သောအခါ,
၃။ ထိုစက္ခုအကြည်ဓာတ်၏ ဖြစ်ခြင်း-ပျက်ခြင်းသဘောကို (အပျက်သဘောကို) အာရုံယူ၍ အနိစ္စဟု ဆုံးဖြတ်သော အခါ = ရှုသောအခါ,
၄။ ထိုစက္ခုအကြည်ဓာတ်၏ ဖြစ်ခြင်း-ပျက်ခြင်း ဒဏ်ချက်ဖြင့် (အပျက် ဒဏ်ချက်ဖြင့်) အညှဉ်းပန်း အနှိပ်စက် ခံရသည့် သဘောကို အာရုံယူ၍ ဒုက္ခဟု ဆုံးဖြတ်သောအခါ = ရှုသောအခါ,
၅။ ထိုစက္ခုအကြည်ဓာတ်၏ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တ မဟုတ်သည့် သဘောကို အာရုံယူ၍ အနတ္တဟု ဆုံးဖြတ်သောအခါ = ရှုသောအခါ,
၆။ ထိုစက္ခုအကြည်ဓာတ်၏ မကောင်းသော အဆင်း အနံ့ စသည်တို့နှင့် ရောနှောနေသည့် ရွံရှာစက်ဆုပ်ဖွယ် သဘောကို အာရုံယူ၍ အသုဘဟု ဆုံးဖြတ်သောအခါ = ရှုသောအခါ,

ယောနိသောမနသိကာရ ဖြစ်၍ နှလုံးသွင်းမှန်၍ ကုသိုလ်ဇောများ စောမည် ဖြစ်ပါသည်။ ထို (၆)မျိုးသော ယောနိသောမနသိကာရတို့တွင် ယောဂါဝစရပုဂ္ဂိုလ်သည် နံပါတ်တစ် ဖြစ်သည့် စက္ခုအကြည်ဓာတ်ဟု သိနေသော မနောဒွါရိကဇောဝီထိစိတ်အစဉ်များကို ရှေးဦးစွာ စတင်၍ သိမ်းဆည်းကြည့်ပါ။ အသိစိတ် ဝိညာဏ်က စ၍ ဖြစ်စေ, ဖဿက စ၍ ဖြစ်စေ, ဝေဒနာက စ၍ ဖြစ်စေ သိမ်းဆည်းနိုင်ပါသည်။

အကယ်၍ အသိစိတ် = ဝိညာဏ်က စ၍ သိမ်းဆည်းခဲ့သော် ယင်းအသိစိတ်တို့မှာ မနောဒွါရာဝဇ္ဇန်း (၁)ကြိမ်၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ် အနေဖြင့် ဖြစ်ပေါ်နေပုံကို ကြိမ်ဖန်များစွာ ဉာဏ်ဖြင့် မြင်အောင် လေ့ကျင့်ပါ။ ဘဝင်မနောအကြည်ဓာတ်ဟူသော မနောဒွါရ၌ စက္ခုအကြည်ဓာတ်အာရုံသည် ရှေးရှု ကျရောက်နေသောအခါ = ထင်နေသောအခါ ယင်းမနောဒွါရကို အစွဲပြု၍ ဟဒယဝတ္ထုရုပ်ကို မှီ၍ ယင်းမနောဒွါရိကဇောဝီထိစိတ်အစဉ်များသည် တစ်ဝီထိနှင့် တစ်ဝီထိအကြားတွင် ဘဝင်များ ခြားလျက် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဖြစ်နေပုံကို ဉာဏ်ဖြင့် မြင်အောင် ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ အောင်မြင်မှုကို ရရှိခဲ့သော် စေတသိက်များကို တစ်လုံးစီ တစ်လုံးစီ တစ်စတစ်စ တိုး၍ တိုး၍ – [အသိစိတ်-ဖဿ (၂)လုံး (၂)လုံး, အသိစိတ်-ဖဿ-ဝေဒနာ (၃)လုံး (၃)လုံး, အသိစိတ်-ဖဿဝေဒနာ-သညာ (၄)လုံး (၄)လုံး – ဤသို့ စသည်ဖြင့် တစ်စတစ်စ တိုး၍ တိုး၍] မနောဒွါရာဝဇ္ဇန်း၌ (၁၂)လုံး, ဇော အသီးအသီး၌ (၃၄)လုံးစီ, တဒါရုံ အသီးအသီး၌ (၃၄)လုံးစီ ပြည့်သည်တိုင်အောင် စိတ္တက္ခဏတိုင်း၌ ပြိုင်တူဖြစ်မှုကို မြင်အောင် လေ့ကျင့်ပါ။ ထိုသို့ လေ့ကျင့်ရာ၌ နာမ်တရားများမှာ မထင်မရှား ဖြစ်လာပါက စတုတ္ထစျာန်သမာဓိတစ်ခုခုကို ပြန်လည် ထူထောင်ပါ။ ဉာဏ်လင်းရောင်ခြည်များ အားကောင်းလာသောအခါ မိမိ ရှုပွားနေသည့် စက္ခုအကြည်ဓာတ် ကဲ့သို့သော အာရုံနှင့် ဘဝင်မနောအကြည်ဓာတ်ကို ပူးတွဲ သိမ်းဆည်းကာ နာမ်တရားတို့ကို တစ်လုံးစီ တစ်လုံးစီ တိုး၍ တိုး၍ သိမ်းဆည်းပါ။ ဘဝင်မနောအကြည် = မနောဒွါရနှင့် အာရုံကို ပူးတွဲကာ သိမ်းဆည်းလျက် ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ နာမ်တရားများ မထင်ရှားတိုင်း ဤစနစ်ကို အသုံးပြုပါ။ ဉာဏ်ဖြင့် မြင်အောင် ရှုနိုင်သောအခါ ယင်း နာမ်တရားတို့၏ စက္ခုအကြည်ဓာတ်အာရုံဘက်သို့ ညွတ်ကိုင်းရှိုင်းနေသော သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ''နာမ်တရား နာမ်တရား''ဟု သိမ်းဆည်းပါ။ ကြွင်းကျန်သော ယောနိသောမနသိကာရ အသီးအသီး၌လည်း နည်းတူ ရှုပါ။ ထိုသို့ ရှုရာ၌ ဇောနှင့် တဒါရုံတို့တွင် –

၁။ ရံခါ ဉာဏ်+ပီတိ နှစ်မျိုးလုံး ယှဉ်၏၊ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မဟာကုသိုလ်စိတ်တည်း။
၂။ ရံခါ ဉာဏ်သာ ယှဉ်၍ ပီတိ မယှဉ်သည်လည်း ရှိ၏၊ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် မဟာကုသိုလ်စိတ် တည်း။
၃။ ရံခါ ဉာဏ်မယှဉ် ပီတိယှဉ်သည်လည်း ရှိ၏၊ သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် မဟာကုသိုလ်စိတ်တည်း။
၄။ ရံခါ ဉာဏ်မယှဉ် ပီတိမယှဉ်သည်လည်း ရှိ၏၊ ဥပေက္ခာသဟဂုတ် ဉာဏဝိပ္ပယုတ် မဟာကုသိုလ်စိတ်တည်း။ အားလုံးပေါင်းသော် (၄)ချက် ဖြစ်သည်။

စက္ခုအကြည်ဓာတ်ကို စက္ခုအကြည်ဓာတ်ဟု ရှုရာ၌ ဉာဏ်-ပီတိ ယှဉ်- မယှဉ်သို့ လိုက်၍ (၄)ချက် လှည့်ရှုရမည် ဖြစ်သည်။ အလားတူပင် စက္ခုအကြည်ဓာတ်ကို ရုပ်တရားဟု ရှုရာ, အနိစ္စဟု ရှုရာ, ဒုက္ခဟု ရှုရာ, အနတ္တဟု ရှုရာ, အသုဘဟု ရှုရာတို့၌လည်း (၄)ချက်စီပင် ရှုပါ။ အားလုံးပေါင်းသော် (၂၄)ကြိမ် ဖြစ်သည်။

ဤ မဟာကုသိုလ်စိတ်၌ သသင်္ခါရိက (၄)မျိုး , အသင်္ခါရိက (၄)မျိုး - နှစ်ရပ်ပေါင်းသော် မဟာကုသိုလ်စိတ် (၈)မျိုးရှိ၏၊ သသင်္ခါရိက = တိုက်တွန်းမှုရှိသော စိတ်, အသင်္ခါရိက = တိုက်တွန်းမှု မရှိသောစိတ်တို့၌ သသင်္ခါရိက အသင်္ခါရိကကို အကြောင်းပြု၍ စိတ်+စေတသိက် အရေအတွက် မကွဲပြားသဖြင့် ဤစာမူ၌ အထက်ပါအတိုင်း (၄)ချက်သာ ရှုကွက်ကို ဖော်ပြထားပေသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ရှုနေရင်းပင် တဖြည်းဖြည်း အသင်္ခါရိက သသင်္ခါရိက သဘောတရားများကို သဘောပေါက်လာလိမ့်မည်ဟု မျှော်လင့်ထားပါသည်။ သသင်္ခါရိက၌ ရှုကွက် (၄)ချက်, အသင်္ခါရိက၌ ရှုကွက် (၄)ချက် - နှစ်ရပ်ပေါင်းသော် မဟာကုသိုလ်စိတ် (၈)မျိုး ရှုကွက် ဖြစ်သည်။ ရဟန္တာအရှင်မြတ်ကြီးတို့၏ သန္တာန်၌သာဖြစ်ကြသော မဟာကြိယာစိတ်တို့၌လည်း နည်းတူပင်တည်း။

တဒါရုံအကြောင်း သိကောင်းစရာ

ယေဘုယျအားဖြင့် ကာမဇော, ကာမသတ္တဝါ, ပဉ္စဒွါရ၌ အတိမဟန္တာရုံ မနောဒွါရ၌ ဝိဘူတာရုံ ဟူသော ကာမအာရုံဖြစ်ပါမှသာလျှင် တဒါရုံကျခွင့်ရှိ၏ တဒါရုံကျနိုင်၏၊ ကာမအာရုံဟူသည် ကာမတရားအမည်ရသော ကာမ စိတ်စေတသိက်နှင့် ရုပ် (၂၈)ပါးတို့ဖြစ်ကြသည်။ ကာမာဝစရသတ္တဝါတို့၏ သန္တာန်ဝယ် ကာမာဝစရ စိတ်စေတသိက် ဟူသော ကာမတရားကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကာမာဝစရ မနောဒွါရိကဇောဝီထိတို့ဝယ် ကာမဇောများ၏ နောင်၌ တဒါရုံကျနိုင်၏၊ ရုပ် (၂၈)ပါးသည်လည်း ကာမတရားအမည်ရသဖြင့် ရုပ် (၂၈)ပါးကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝီထိစိတ်အစဉ်များဝယ် ကာမဇောများ၏ နောင်၌လည်း တဒါရုံကျနိုင်၏၊ သို့သော် စက္ခုဒွါရဝီထိစသော ပဉ္စဒွါရဝီထိများ၌ အာရုံသည် အတိမဟန္တာရုံ ဖြစ်ပါမှ မနောဒွါရဝီထိများ၌ ဝိဘူတာရုံ ဖြစ်ပါမှသာလျှင် တဒါရုံ ကျနိုင်၏၊ ထိုကြောင့် ယေဘုယျဟု ဆိုခြင်း ဖြစ်သည်။ ဤသတ်မှတ်ချက်အရ ပညတ်များကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝီထိစိတ်အစဉ်များ၌ ဇောနောင်၌ တဒါရုံ မကျနိုင်ဟု မှတ်ပါ။

တစ်ဖန် ဝိဘင်းပါဠိတော်၏ အဖွင့်ဖြစ်သော သမ္မောဟဝိနောဒနီအဋ္ဌကထာကြီး[၆၁၉]၌ ဤသို့ ဖွင့်ဆိုထား၏..။

''လက္ခဏာရေးသုံးတန်လျှင် အာရုံရှိသော တိလက္ခဏာရမ္မဏိက ဝိပဿနာဇောများ၏ နောင်၌ တဒါရုံကို မရအပ် မရနိုင်။''

ဝိပဿနာဇောများ၏ နောင်၌ တဒါရုံမကျနိုင်ဟူသော ဤအဆိုအမိန့်မှာ အားကောင်းနေသော ဗလဝ ဝိပဿနာဇောများ၏ နောင်၌သာ တဒါရုံ မကျနိုင်ဟု ဆိုလိုကြောင်းကို ဆရာမြတ်တို့က မိန့်ဆိုတော်မူကြ၏၊ အောက်ပါ ပဋ္ဌာန်းပါဠိတော်[၆၂၀] ပဋ္ဌာနအဋ္ဌကထာ[၆၂၁] ကျမ်းဂန် အဆိုအမိန့်များကို ကိုးကားတော်မူကြ၏၊

''သေက္ခ အရိယာ သူတော်ကောင်းတို့သည်လည်းကောင်း, ပုထုဇန် သူတော်ကောင်းတို့သည်လည်းကောင်း ကုသိုလ်တရားကို = ကုသိုလ်နာမ်တရားစုကို အနိစ္စဟုလည်းကောင်း ဒုက္ခဟုလည်းကောင်း အနတ္တဟုလည်းကောင်း လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာရှုပွားသုံးသပ်တော်မူကြ၏၊ ယင်းဝိပဿနာကုသိုလ်ဇော၏ နောင်၌ ယင်း ဝိပဿနာကုသိုလ်ဇော၏ အရှုခံ အာရုံဖြစ်သော ကုသိုလ်တရားကိုပင် (= ဇောယူထားသည့် အာရုံကိုပင်) အာရုံပြု၍ ကာမာဝစရ ဝိပါက်နာမ်တရားသည် ဝိပဿနာဇောက ယူထားသည့် ဝိပဿနာဉာဏ်၏ အရှုခံ ကုသိုလ်အာရုံကိုပင် အာရုံပြုခြင်းတည်းဟူသော တဒါရုံကိစ္စကို ရွက်ဆောင်လျက် ဖြစ်ပေါ်လာ၏၊''

''ဤ၌ ဝိပဿနာဉာဏ်၏ အရှုခံအာရုံမှာ ကုသိုလ်တရားဖြစ်၏၊ ရှုတတ်သော ဝိပဿနာဇောစိတ်အစဉ်မှာလည်း ကုသိုလ်တရားပင် ဖြစ်၏၊ အရှုခံအာရုံမှာလည်း ကာမာဝစရကုသိုလ်တရားဖြစ်၍ ရှုတတ်သော ဝိပဿနာဇောမှာလည်း ကာမာဝစရ မဟာကုသိုလ်ဇောပင် ဖြစ်၏၊ ကာမဇော, ကာမသတ္တဝါ, ကာမအာရုံဟူသော အင်္ဂါသုံးရပ် ညီနေ၏၊ ယင်းဝိပဿနာဇော၏ နောင်၌ တဒါရုံကျနိုင်ကြောင်း ဒေသနာတော်လည်း ထင်ရှားရှိနေ၏၊ ယင်းဒေသနာတော်မှာ နုနယ်နေသေးသော တရုဏ ဝိပဿနာဇောကို ရည်ညွှန်းထားသည်ဟု ဆရာမြတ်တို့က မိန့်ဆိုတော်မူကြ၏၊''[၆၂၂]

ယခု ဤအပိုင်းကား ကာမတရား အမည်ရသည့် ရုပ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်းနေသည့် နာမရူပပရိစ္ဆေဒဉာဏ်ပိုင်းမျှသာ ရှိနေသေး၏၊ တကယ့်ဝိပဿနာပိုင်းသို့ပင် မရောက်ရှိသေးပေ။ ဤရုပ်တရားတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်းနေသည့် ဤအပိုင်းဝယ် ရူပပရိဂ္ဂဟ ဉာဏ်ဟူသော ယင်းမဟာကုသိုလ်ဇောနာမ်တရားများ၏ နောင်၌လည်း တဒါရုံများသည် ယင်းရုပ်တရားအာရုံက ထင်ရှားသည့် ဝိဘူတာရုံ ဖြစ်ပါက ကျနိုင်သည်ဟုပင် မှတ်ပါ။

တစ်ဖန် မဟာကုသိုလ်ဇောများ၏ နောင်၌ မဟာဝိပါက်တဒါရုံများသည်လည်း သောမနဿနှင့် ဥပေက္ခာ ထိုက်သလို ကျနိုင်၏၊ အလားတူပင် အဟိတ် သန္တီရဏတဒါရုံများလည်း ထိုက်သလို ကျနိုင်၏၊ အကုသိုလ်ဇောများ၏ နောင်၌လည်း မဟာဝိပါက်တဒါရုံများနှင့် အဟိတ် သန္တီရဏတဒါရုံများသည် ထိုက်သလိုကျနိုင်၏၊ ဤစာမူ အထက်ပါ ဇယားတွင်ကား မဟာဝိပါက်တဒါရုံတို့ကိုသာ ယေဘုယျစည်းကမ်းသို့ လိုက်၍ တင်ပြထားပါသည်။ ပုံစံတစ်ခုကို ထုတ်ပြခြင်းမျှသာ ဖြစ်သည်။ ကျန်သည့်အပိုင်းများကို ယောဂါဝစရပုဂ္ဂိုလ်သည် ရှုရင်းဖြင့် တဖြည်းဖြည်း သဘောပေါက် လာလိမ့်မည်ဟု မျှော်လင့်ထားပါသည်။ ယေဘုယျစည်းကမ်းသို့ လိုက်၍ သောမနဿဇောနောင်၌ သောမနဿတဒါရုံ ကိုလည်းကောင်း, ဥပေက္ခာဇောနောင်နှင့် ဒေါမနဿဇောနောင်၌ ဥပေက္ခာတဒါရုံကိုလည်းကောင်း ချပြထားပါသည်။

မဟာဝိပါက်စိတ် (၈)မျိုးနှင့် သန္တီရဏစိတ် (၃)မျိုး = ပေါင်း (၁၁)မျိုးသော စိတ်တို့သည် ဇောယူသည့်အာရုံကို ဆက်လက်ခံယူခြင်းဟူသော တဒါရုံကိစ္စကို ရွက်ဆောင်နိုင်ကြသည့်အတွက် တဒါရုံဟူသော အမည်ကို ရရှိကြသည်။ ဤတွင် တိဟိတ် ပုထုဇန်ပုဂ္ဂိုလ် ဖြစ်ကြသည့် ယောဂါဝစရပုဂ္ဂိုလ်များအတွက် အထူး ရည်ရွယ်၍ ဇောနောင်၌ ကျနိုင်သည့် တဒါရုံဇယား တစ်ခုကို ဖော်ပြအပ်ပါသည်။ သောတာပန် သကဒါဂါမ် အနာဂါမ် သူတော်ကောင်းတို့သည်လည်း မိမိတို့ ပယ်ပြီး ကိလေသာများကို နုတ်ပယ်၍ နည်းတူပင် မှတ်ယူနိုင်ပါသည်။

တိဟိတ် ပုထုဇန်များအတွက် တဒါရုံဇယား

ဝိပါက်အမှန် ဇောအပြန်

၁။ သဘာဝဣဋ္ဌာရုံ သဘာဝအတိဣဋ္ဌာရုံများကို ရှေးကုသိုလ်ကံကြောင့်သာ တွေ့ရသောကြောင့် ဣဋ္ဌမဇ္ဈတ္တ ခေါ်သော အလယ်အလတ်ဖြစ်သော သဘာဝဣဋ္ဌာရုံနှင့် တွေ့ကြုံသောအခါ အာဝဇ္ဇန်းနှင့် ဇောမှ တစ်ပါးသော ဝီထိစိတ်များသည် မဟာဝိပါက်စိတ်နှင့် အဟိတ် ကုသလဝိပါက်စိတ်တို့သာ ဖြစ်ကြရသည်။ (ပဉ္စဒွါရ၌ – ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ, မနောဒွါရ၌ တဒါရုံတို့ကို ရည်ညွှန်းထားသည်။) ဇောမှာ ယောနိသောမနသိကာရ ဖြစ်လျှင် ကုသိုလ်ဇော စော၍ အယောနိသောမနသိကာရ ဖြစ်လျှင် အကုသိုလ်ဇော စောနိုင်သည်။

၂။ ဘုရား အစရှိသော သဘာဝအတိဣဋ္ဌာရုံ = သဘာဝအတိုင်း အလွန် အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော အာရုံနှင့် တွေ့ကြုံသောအခါ ကုသလဝိပါက် သောမနဿတဒါရုံ (၅)မျိုးသာ ကျနိုင်သည်။ ဇောမှာ ယောနိသော မနသိကာရ ဖြစ်လျှင် ကုသိုလ်ဇော စောနိုင်၍ အယောနိသောမနသိကာရ ဖြစ်လျှင် အကုသိုလ်ဇော စောနိုင်သည်။

၃။ သဘာဝအနိဋ္ဌာရုံများကို ရှေးအကုသိုလ်ကံကြောင့်သာ တွေ့ကြုံရသည် ဖြစ်၍ ထိုအနိဋ္ဌာရုံနှင့် တွေ့ကြုံသော အခါ ဇောမှာ ယောနိသောမနသိကာရ ဖြစ်လျှင် ကုသိုလ်ဇော, အယောနိသောမနသိကာရ ဖြစ်လျှင် အကုသိုလ်ဇော စော၍ ပဉ္စဒွါရဝီထိ၌ စက္ခုဝိညာဏ်စသည့် ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံ, မနောဒွါရဝီထိ၌ တဒါရုံ များသည် အဟိတ် အကုသလဝိပါက်စိတ်ချည်း ဖြစ်ရမည်။ ဤသတ်မှတ်ချက်အရ အနိဋ္ဌာရုံ၌ အကုသလဝိပါက် ဥပေက္ခာသန္တီရဏတဒါရုံ တစ်မျိုးသာ ကျသည်ဟု မှတ်ပါ။

အာဂန္တုကဘဝင် အကြောင်း

ဇယားဟူသည် ယေဘုယျ စည်းကမ်းသို့ လိုက်၍ ခြုံငုံ၍သာ ရေးသားတင်ပြထားခြင်း ဖြစ်၏၊ ထိုကြောင့် သောမနဿဇောနောင်၌ သောမနဿတဒါရုံ, ဥပေက္ခာဇောနောင်၌ ဥပေက္ခာတဒါရုံ, ဒေါမနဿဇောနောင်၌ ဥပေက္ခာတဒါရုံဟူသည်မှာလည်း ယေဘုယျပင် ဖြစ်သည်။ သောမနဿဝေဒနာနှင့် ယှဉ်၍ ပဋိသန္ဓေတည်နေခဲ့သော သတ္တဝါတစ်ဦး၏ ဘဝင်မှာလည်း ယင်းပဋိသန္ဓေနှင့် မျိုးတူ သောမနဿဘဝင်သာ ဖြစ်၏၊ ထိုသောမနဿပဋိသန္ဓေ တည်နေခဲ့ရသော သတ္တဝါတစ်ဦး၏ သန္တာန်ဝယ် ပဝတ္တိအခါဝယ် ဒေါသဇော စောလေရာ ယင်းဒေါသဇော၏နောင်၌ တစ်စုံတစ်ခုသော အကြောင်းကြောင့် အကယ်၍ တဒါရုံကျခွင့်ကို မရခဲ့သော် ထုံးစံအတိုင်းဆိုလျှင် ဒေါသဇော၏နောင်၌ ဘဝင်ကျရတော့မည်။ ဘဝင်ကျပြန်လျှင်လည်း တစ်ဘဝ၌ ပဋိသန္ဓေ ဘဝင် စုတိတို့သည် တစ်ထပ်တည်း တူကြရလေသောကြောင့် သောမနဿဝေဒနာနှင့် ယှဉ်၍ ပဋိသန္ဓေတည်နေခဲ့သူဖြစ်၍ သောမနဿဘဝင် ကျရပေလိမ့်မည်။ ထိုသောမနဿဘဝင်ကား ဒေါသဇောနှင့် မလိုက်လျောနိုင်ချေ။ ဤကဲ့သို့ အခက်အခဲ တွေ့ကြုံနေသည့်အခါ ဒေါသဇောနှင့် သောမနဿဘဝင်တို့၏ အကြားဝယ် ဆက်သွယ်ပေးဖို့ရန် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်နှစ်မျိုးတို့တွင် အနိဋ္ဌာရုံဖြစ်က အကုသလဝိပါက်, ဣဋ္ဌာရုံ အတိဣဋ္ဌာရုံဖြစ်က ကုသလဝိပါက် ဥပေက္ခာသန္တီရဏ တစ်မျိုးမျိုးသည် အာဂန္တုကဘဝင်ကိစ္စကို တပ်လျက် ဖြစ်ပေါ်လာ၏၊

ပဋိသန္ဓေစိတ်၏ နောက်မှ စ၍ ဖြစ်ခဲ့ကြသော ဘဝင်တို့သည် ပဋိသန္ဓေစိတ်နှင့် တစ်ထပ်တည်း တူညီကြ၏၊ ထိုကြောင့် ယင်းဘဝင်တို့မှာ ခန္ဓာအိမ်ပေါ်စကပင် ခန္ဓာအိမ်၌ တည်ရှိသော ဘဝင်များတည်း။ ထိုကြောင့် ထိုဘဝင်များကို အာဝါသိကဘဝင် = အိမ်ရှင်ဘဝင်ဟု ခေါ်ဆိုသည်။ ဤဥပေက္ခာသန္တီရဏကိုကား ယခုကဲ့သို့ အခက်အခဲ ကြုံတွေ့ရာ တစ်ရံတစ်ခါမှ ဖြစ်ပေါ်လာသောကြောင့် အာဂန္တုကဘဝင် = ဧည့်သည်ဘဝင်ဟု ခေါ်ဆိုသည်။ ယင်းအာဂန္တုက ဘဝင်သည် ဇောယူသည့် အာရုံကို မယူသည့်အတွက် တဒါရုံဟူသော အမည်ကို မရ။ မူလ အာဝါသိကဘဝင်က ယူထားသော အာရုံကိုလည်း မယူနိုင်သဖြင့် ရှေးက လေ့ကျက်ခဲ့ဖူးသော ကာမအာရုံ တစ်ခုခုကိုသာလျှင် အာရုံ ပြုပေသည်။ ထိုအလေ့အကျက်များသော = များစွာ စိတ်ဝင်စားထားသော အာရုံသည် ဣဋ္ဌာရုံဖြစ်အံ့၊ ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် ဖြစ်၏၊ အနိဋ္ဌာရုံ ဖြစ်အံ့၊ အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် ဖြစ်၏၊

၁။ သောမနဿပဋိသန္ဓေ တည်နေခဲ့၍ မိစ္ဆာအယူရှိသူသည် ဘုရား အစရှိသော အတိဣဋ္ဌ ဖြစ်သော အတိမဟန္တာရုံ သို့မဟုတ် ဝိဘူတာရုံကို အာရုံပြုလျက် ဒေါသဇော စောခဲ့သော်လည်းကောင်း, သို့မဟုတ် သောမနဿပဋိသန္ဓေ တည်နေသူ၏ အတိဣဋ္ဌ ဖြစ်သော နတ်သမီးစသော အတိမဟန္တာရုံ ဝိဘူတာရုံများကို အာရုံပြုလျက် ကြောက်ရွံ့ ထိတ်လန့်သောအားဖြင့် ဒေါသဇော စောခဲ့သော်လည်းကောင်း ယင်း ဒေါသဇော၏ နောင်၌ တဒါရုံကျခွင့် မရ။ တဒါရုံကျလျှင်လည်း အတိဣဋ္ဌာရုံ၌ သောမနဿတဒါရုံသာ ကျရိုး ဓမ္မတာ ရှိ၏၊ ထိုသောမနဿတဒါရုံသည် ဒေါသဇောနောင်၌ မဖြစ်ထိုက်။[၆၂၃]

၂။ သောမနဿပဋိသန္ဓေ တည်နေသူ၏ သန္တာန်၌ မဟန္တာရုံ အဝိဘူတာရုံ ဖြစ်သည့် ကာမအာရုံကို အာရုံပြု၍ ဒေါသဇော စောလျှင် ထိုဒေါသဇော နောင်၌ တဒါရုံ မကျထိုက်။ ပဉ္စဒွါရ၌ အတိမဟန္တာရုံ, မနောဒွါရ၌ ဝိဘူတာရုံ ဖြစ်ပါမှ တဒါရုံကျခွင့် ရှိ၏၊

၃။ သောမနဿပဋိသန္ဓေ နေခဲ့သော ယောဂါဝစရပုဂ္ဂိုလ်သည် စျာန်ကို ရရှိပြီးမှ ယင်းစျာန်က လျှောကျသဖြင့် ထိုလျှောကျလေပြီးသော မဟဂ္ဂုတ်စျာန်ကို အာရုံပြုလျက် ''ငါ၏ မွန်မြတ်သော တရားသည် ပျက်ပြားခဲ့ချေပေါ့'' ဟု ဒေါသဇောဖြစ်သည့်အခါ မဟဂ္ဂုတ်အာရုံ ဖြစ်၍ တဒါရုံ မကျထိုက်။

၄။ သောမနဿပဋိသန္ဓေ နေခဲ့သော ပုဂ္ဂိုလ်သည် ပညတ်အာရုံတစ်ခုခုကို အာရုံပြုလျက် ဒေါသဇော စောပြန်လျှင် ထိုပညတ်ကို အာရုံပြု၍ တဒါရုံ မကျထိုက်၊ ကာမအာရုံ မဟုတ်သောကြောင့်တည်း။

ဤသို့ တဒါရုံ ကျခွင့်မရသော ဇောဝါရတို့၌ ဒေါသဇောနောင်ဖြစ်၍ ပဋိသန္ဓေနှင့် အလားတူသော သောမနဿ မူလဘဝင်လည်း မကျနိုင် ဖြစ်နေ၏၊ ထိုသို့ တဒါရုံလည်းမကျ ဘဝင်လည်း မကျနိုင်သဖြင့် အခက်အခဲ ကြုံသည့်အခါ ဒေါသဇောနှင့် သောမနဿမူလဘဝင်တို့၏ အကြားဝယ် ဆက်သွယ်ပေးဖို့ရာ အာဂန္တုကဘဝင်ကိစ္စ တပ်လျက် ဥပေက္ခာသဟဂုတ် သန္တီီရဏစိတ်သည် ဖြစ်ရလေသည်။

ဤအထက်ပါ အရပ်ရပ်သော အဆိုအမိန့်တို့နှင့် အညီ တဒါရုံတစ်ခုကို သဘောပေါက်စေရန် ဓမ္မာရုံလိုင်း သုဒ္ဓမနောဒွါရဝီထိ အကောင်းအုပ်စု ဇယား တစ်ခုကို ထပ်မံ၍ ရေးသားတင်ပြအပ်ပါသည်။ ဤဇယားကို နည်းမှီ၍ ကြွင်းကျန်သော ဇယားတို့၌လည်း နည်းတူ သဘောပေါက်ပါ။ သောမနဿဇောနောင်၌ သောမနဿတဒါရုံ, ဥပေက္ခာ ဇောနောင်၌ ဥပေက္ခာတဒါရုံများကို အလိုရှိအပ်သည့် ယေဘုယျစည်းကမ်းကိုလည်း မမေ့ပါနှင့်။ သို့သော် အာရုံသည် အနိဋ္ဌာရုံဖြစ်က ပဉ္စဝိညာဏ် သမ္ပဋိ စ္ဆိုင်း သန္တီရဏ တဒါရုံဟူသော ဝိပါက်စိတ်တို့သည် အကုသလဝိပါက်စိတ်ချည်း ဖြစ်ရမည်ဟူသော စည်းကမ်းအရမူ အနိဋ္ဌာရုံ၌ သောမနဿဇော စောစေကာမူ တဒါရုံ၌ အကုသလဝိပါက် ဥပေက္ခာ သန္တီရဏ တစ်မျိုးသာ ကျနိုင်သဖြင့် နာမ်တရား (၁၁)ဟု ဖော်ပြထားပါသည်။ သို့သော် ကုသလဝိပါက် ဥပေက္ခာ သန္တီရဏ၌လည်း နာမ်တရား (၁၁)လုံးပင် ရှိပေသည်။ (ရူပါရုံလိုင်းဇယားတွင် ကြည့်ပါ။) ထိုကြောင့် ဇယား၌ (၁၁)ဟု တွေ့လျှင် အနိဋ္ဌာရုံ၌ အကုသလဝိပါက် ဥပေက္ခာသန္တီရဏ, ဣဋ္ဌာရုံ၌ ကုသလဝိပါက် ဥပေက္ခာသန္တီရဏဟု မှတ်ပါ။

ဤ အထက်ပါဇယား၌ သောမနဿဇောနောင်၌ သောမနဿတဒါရုံ, ဥပေက္ခာဇောနောင်၌ ဥပေက္ခာတဒါရုံကို ချပြထားပါသည်။ ယောနိသောမနသိကာရ ရှိနေသူအဖို့ အနိဋ္ဌာရုံနှင့် တွေ့ကြုံရစေကာမူ ယောနိသောမနသိကာရ ဖြစ်နေသဖြင့် ဇော၌ သောမနဿ ဥပေက္ခာ ထိုက်သလို ဖြစ်နိုင်၏၊ သို့သော် တဒါရုံ၌ကား အာရုံက အနိဋ္ဌာရုံ ဖြစ်နေသဖြင့် အဟိတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏတဒါရုံသာ ကျခွင့် ရှိတော့၏၊

အကယ်၍ အာရုံသည် ဣဋ္ဌမဇ္ဈတ္တဟူသော ဣဋ္ဌာရုံ ဖြစ်နေပါက ယောနိသောမနသိကာရ ရှိနေသဖြင့် ဇောမှာ သောမနဿ ဥပေက္ခာ ထိုက်သလို ဖြစ်နိုင်၏၊ သဟိတ် မဟာဝိပါက်တဒါရုံ အဟိတ် ကုသလဝိပါက်တဒါရုံ ထိုက်သလို ကျနိုင်၏၊ သဟိတ် အဟိတ် တဒါရုံနှစ်မျိုးလုံး ဝီထိစဉ်တစ်ခုအတွင်း၌ ကျနိုင်သည်ဟုကား အယူအဆ မမှားစေလိုပါ။ ဝီထိစဉ်တစ်ခု၏ အတွင်း၌ သဟိတ် မဟာဝိပါက်တဒါရုံသော်လည်းကောင်း, အဟိတ် ကုသလဝိပါက်တဒါရုံသော်လည်းကောင်း တစ်မျိုးမျိုးသာ ကျနိုင်သည်ဟု မှတ်ပါ။ အကယ်၍ ဇောသည် မဟာကုသိုလ်ဉာဏသမ္ပယုတ် သောမနဿဇော ဖြစ်အံ့၊ တဒါရုံသည်လည်း မဟာဝိပါက် ဉာဏသမ္ပယုတ် သောမနဿတဒါရုံသော်လည်းကောင်း, အဟိတ် ကုသလဝိပါက် သောမနဿသန္တီရဏတဒါရုံသော်လည်းကောင်း တစ်ခုခု ကျနိုင်၏၊ အကယ်၍ ဇောသည် မဟာကုသိုလ် ဉာဏသမ္ပယုတ် ဥပေက္ခာဇော ဖြစ်အံ့၊ တဒါရုံသည်လည်း မဟာဝိပါက် ဉာဏသမ္ပယုတ် ဥပေက္ခာတဒါရုံသော်လည်းကောင်း, အဟိတ် ကုသလဝိပါက် ဥပေက္ခာသန္တီရဏတဒါရုံသော်လည်းကောင်း တစ်မျိုးမျိုးသည် ဖြစ်နိုင်၏၊ ဉာဏဝိပ္ပယုတ် သောမနဿ, ဉာဏဝိပ္ပယုတ် ဥပေက္ခာတို့၌လည်း နည်းမှီး၍ သဘောပေါက်ပါ။ ဉာဏ်မပါသည်သာ ထူး၏၊

အကယ်၍ အာရုံသည် အလွန်အလိုရှိအပ်သော အတိဣဋ္ဌာရုံ ဖြစ်ခဲ့လျှင် ယောနိသောမနသိကာရ ဖြစ်နေသဖြင့် ဇော၌ သောမနဿ ဥပေက္ခာ ထိုက်သလို ဖြစ်နိုင်၏၊ သို့သော် သောမနဿ အဖြစ်များတတ်ပေသည်။ တဒါရုံ၌ကား မဟာဝိပါက် သောမနဿတဒါရုံ (၄)မျိုးနှင့် အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏ တဒါရုံ (၁)မျိုး – ပေါင်း (၅)မျိုးသော တဒါရုံတို့တွင် တစ်မျိုးမျိုးသည် ထိုက်သလို ကျနိုင်၏၊

ဤရှင်းလင်းချက်များနှင့် အညီ ဇယားတွင် အဟိတ်တဒါရုံ၌ – ၁၂/၁၁ - ဟုလည်းကောင်း, ၁၁/၁၁ - ဟု လည်းကောင်း ဖော်ပြထား၏၊ ရှေ့ဂဏန်း (၁၂)မှာ အဟိတ် ကုသလဝိပါက် သောမနဿတဒါရုံ နာမ်တရားစုကို ဆိုလို၏၊ တစ်ဖန် ရှေ့ဂဏန်း (၁၁)မှာ အဟိတ် ကုသလဝိပါက် ဥပေက္ခာသန္တီရဏတဒါရုံ နာမ်တရားစုကို ဆိုလို၏၊ နောက်ဂဏန်း (၁၁)မှာ အနိဋ္ဌာရုံနှင့် တွေ့ကြုံခိုက် ဖြစ်ပေါ်လာသော အဟိတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ နာမ်တရားစုကို ဆိုလို၏၊

ပုံစံတူ ရှုရန် ရုပ်အစစ်များ

၁။ သောတအကြည်
၂။ ဃာနအကြည်
၃။ ဇိဝှါအကြည်
၄။ ကာယအကြည်
၅။ အာပေါဓာတ်
၆။ ဣတ္ထိဘာဝရုပ်
၇။ ပုရိသဘာဝရုပ်
၈။ ဟဒယဝတ္ထုရုပ်
၉။ ဇီဝိတရုပ်
၁၀။ ဩဇာရုပ်

ဓမ္မာရုံလိုင်း စာရင်းဝင် ရုပ်အစစ်များမှာ စက္ခုအကြည်ဓာတ်နှင့် တကွ အားလုံး (၁၁)မျိုး ရှိ၏၊ မိမိ ရှုလိုသည့် အာရုံပြုလိုသည့် ရုပ်တရား ပါဝင်နေသည့် ဆိုင်ရာ ဆိုင်ရာ ရုပ်ကလာပ်တစ်ခုခုကို ဓာတ်ခွဲ၍ မိမိ အာရုံပြုလိုသော ရုပ်အစစ်ကို ရွေးထုတ်၍ အာရုံယူကာ ယင်းရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားရမည် ဖြစ်သည်။ ထိုတွင် အဇ္ဈတ္တ၌ အမျိုးသားယောဂီသည် ပုရိသဘာဝရုပ် = ပုမ္ဘာဝရုပ်ကို, အမျိုးသမီးယောဂီသည် ဣတ္ထိဘာဝရုပ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားကိုသာ သိမ်းဆည်းရှုပွားရန် ဖြစ်သည်။ ဗဟိဒ္ဓ၌ကား ဗဟိဒ္ဓချင်း တူညီ၍ သာမန်ပေါင်းစုခြုံငုံ၍ကား ဘာဝရုပ် (၂)မျိုးလုံးကိုပင် အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်းရှုပွားနိုင်ပေသည်။

တစ်ဖန် ဓမ္မာရုံလိုင်းစာရင်းဝင် အနိပ္ဖန္နရုပ် = ရုပ်အတု (၁၀)မျိုးတို့ကား လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာရှုကောင်းသော ရုပ်တရားများ မဟုတ်ကြပေ။ သို့အတွက် ရုပ်အတုတစ်မျိုးကို ဖြစ်စေ, အားလုံးကိုဖြစ်စေ အနိစ္စဟု ရှုသော်လည်း အနိစ္စဟု သိသော ဝိပဿနာဇောဝီထိစိတ်အစဉ်များသည် မဖြစ်နိုင်ပေ။ ဒုက္ခ အနတ္တတို့၌လည်း နည်းတူ မှတ်ပါ။ ထိုကြောင့် ရုပ်အတု တစ်မျိုး တစ်မျိုး၌ နှစ်ကြိမ်သာ ရှုပါ။ ပုံစံအားဖြင့် –

၁။ အာကာသဓာတ်ဟု ရှုပါ။ အာကာသဓာတ်ဟု ရှုနေသော စိတ်စေတသိက်တို့ကို ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက် ရှုပါ။
၂။ ယင်းအာကာသဓာတ်ကို ရုပ်တရားဟု ရှုပါ။ ရုပ်တရားဟု ရှုနေသော စိတ်စေတသိက်တို့ကို ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက်ပင် ရှုပါ။

ဤ၌လည်း ရှေ့ဦးစွာ ရုပ်ကလာပ်တို့၏ အကြားအပေါက် အာကာသဓာတ်ကို မြင်အောင် ရှုပါ။ ထိုနောင်မှ ယင်းအာကာသဓာတ်ကို အာရုံယူနေသော နာမ်တရားတို့ကို ဆက်လက် သိမ်းဆည်းပါ။ အောက်ပါ ရုပ်အတု အားလုံးတို့၌ ပုံစံတူပင် မှတ်သားပါ။

ဓမ္မာရုံလိုင်း - မနောဒွါရဝီထိ အကောင်းအုပ်စုဇယား ရုပ်အတုကို အာရုံယူ၍ ရှုပုံ

ပုံစံတူရှုရန် ရုပ်အတု (၉) မျိုး 

၁။ ကာယဝိညတ် 
၂။ ဝစီဝိညတ် 
၃။ ရူပဿ လဟုတာ 
၄။ ရူပဿ မုဒုတာ 
၅။ ရူပဿ ကမ္မညတာ 
၆။ ဥပစယ  [၆၂၄]
၇။ သန္တတိ 
၈။ ဇရတာ 
၉။ အနိစ္စတာ

ဤအထက်ပါ ရုပ်အတုများကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားရာ၌လည်း မိမိရှုပွားလိုသည့် ရုပ်တရားနှင့် ရုပ်ကလာပ်တစ်ခုအတွင်း၌ အတူဖြစ်သော စိတ္တဇရုပ် သို့မဟုတ် ဥတုဇရုပ် သို့မဟုတ် အာဟာရဇရုပ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ယင်းရုပ်ကလာပ်ကို ဓာတ်ခွဲလျက် မိမိရှုလိုသည့် ရုပ်ကို ရွေးထုတ်၍ ရှုရန် ဖြစ်သည်။ အကြောင်းမူ ရုပ်တရားတို့မည်သည် ရုပ်ကလာပ်အလိုက်သာ အုပ်စုအလိုက်သာ ဖြစ်ရိုး ဓမ္မတာ ရှိသောကြောင့် ဖြစ်၏၊

သို့အတွက် ရှေးဦးစွာ ရုပ်ကလာပ်ကိုမြင်အောင် ပထမရှုပါ။ ထိုနောင် ယင်း ရုပ်ကလာပ်ကို ရုပ်အမျိုးအစား (၈)မျိုးရှိက (၈)မျိုး, (၉)မျိုးရှိက (၉)မျိုး, (၁၀)မျိုးရှိက (၁၀)မျိုး – ဤသို့ စသည့် ရုပ်ပရမတ်တရားတို့ကို မြင်အောင် ဓာတ်ခွဲလျက် ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာလျက် ပရမတ် ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ထိုနောင် မိမိ အာရုံယူကာ သိမ်းဆည်းရှုပွားလိုသည့် စက္ခုအကြည်ဓာတ်စသော ရုပ်အစစ်, ကာယဝိညတ်စသော ရုပ်အတု တစ်ခုခုကို ရွေးထုတ်၍ ထိုရုပ်တရားက ဘဝင်မနောအကြည်ဓာတ် = မနောဒွါရ၌ ထင်လာသောအခါ ရှေးရှုကျရောက်လာသောအခါ ထိုရုပ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပါ။

ဤတွင် ဓမ္မာရုံလိုင်းစာရင်းဝင် ရုပ်အစစ် ရုပ်အတုတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာသော ကုသိုလ်ဇော စောသည့် မနောဒွါရိကဇောဝီထိစိတ်အစဉ် နာမ်တရားစုတို့ကို သိမ်းဆည်းရှုပွားပုံကို ရေးသားတင်ပြပြီးလေပြီ။ ယင်းဇော နာမ်တရား, တဒါရုံ မဟာဝိပါက် နာမ်တရားတို့ကို ခေါ်ဝေါ်လွယ်ကူစေရန် သဒ္ဓါ-ပညာအုပ်စု နာမ်တရားဟု ခေါ်ဝေါ်သုံးစွဲထားပါသည်။ ယခု တစ်ဖန် ကုသိုလ်ဇောစောသည့် မနောဒွါရိကဇောဝီထိတို့တွင် အကျုံးဝင်သော ဝိရတိစေတသိက် အပ္ပမညာစေတသိက်တို့နှင့် ယှဉ်သော နာမ်တရားစုတို့ကို သိမ်းဆည်းပုံကို ဆက်လက်တင်ပြပေအံ့..။

သမ္မာဝါစာ - ဝိရတိ

ဝိရတိစေတသိက် (၃)လုံးတို့တွင် သမ္မာဝါစာဟူသည် အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက် (၄)ပါးမှ ရှောင်ကြဉ်မှုသဘော ဖြစ်သည်။ ဝစီဒုစရိုက်မှာ (၄)မျိုး ရှိသဖြင့် ရှုကွက်ကိုလည်း (၄)မျိုးပင် ခွဲရှုပါ။

၁။ မုသာဝါဒ = မုသားစကား ပြောကြားခြင်းမှ ရှောင်ကြဉ်သည့်သဘောကို အာရုံယူ၍ တစ်ကြိမ်,
၂။ ကုန်းစကား ပြောကြားခြင်းမှ ရှောင်ကြဉ်သည့်သဘောကို အာရုံယူ၍ တစ်ကြိမ်,
၃။ ကြမ်းတမ်းသည့်စကား ပြောကြားခြင်းမှ ရှောင်ကြဉ်သည့်သဘောကို အာရုံယူ၍ တစ်ကြိမ်,
၄။ ပြိန်ဖျင်းသောစကား ပြောကြားခြင်းမှ ရှောင်ကြဉ်သည့်သဘောကို အာရုံယူ၍ တစ်ကြိမ်၊

ဤသို့ (၄)ကြိမ် ခွဲရှုပါ။ အာရုံမတူသောကြောင့် (၄)ကြိမ် ခွဲရှုခြင်း ဖြစ်သည်။ တစ်ကြိမ် တစ်ကြိမ်၌လည်း ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက်စီ ရှုပါ။ သိမ်းဆည်းရှုပွားပုံမှာ ဤသို့တည်း ..။

၁။ ဘဝင်မနောအကြည်ဓာတ် (= မုသားစကားမှ ရှောင်ကြဉ်ခဲ့စဉ်က ဘဝင်မနောအကြည်ဓာတ်) = မနောဒွါရကို သိမ်းဆည်းပါ။
၂။ မုသားစကားမှ ရှောင်ကြဉ်ဖူးသည့်အာရုံကို လှမ်းအာရုံယူပါ။
၃။ ယင်းမနောဒွါရ၌ ထိုအာရုံသည် ထင်ရှားလာသောအခါ ထိုရှောင်ကြဉ်သည့်အချိန်က ဖြစ်ပေါ်သွားသော မနောဒွါရိကဇောဝီထိ နာမ်တရားတို့ကို သိမ်းဆည်းပါ။

ဇောအသီးအသီး၌ သဒ္ဓါ-ပညာအုပ်စု နာမ်တရား (၃၄)နှင့် သမ္မာဝါစာ ပေါင်းသော် နာမ်တရား (၃၅) ဖြစ်၏၊ ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက်ပင် ရှုပါ။ ဝိဘူတာရုံဖြစ်က တဒါရုံကျနိုင်၏၊ သဟိတ် မဟာဝိပါက်တဒါရုံ အဟိတ်တဒါရုံ ထိုက်သလို ကျနိုင်၏၊ မဟာဝိပါက်တဒါရုံဖြစ်မူ သမ္မာဝါစာ မယှဉ်နိုင်။ သဒ္ဓါ-ပညာအုပ်စု နာမ်တရား (၃၄)ပင် ထိုက်သလို ဖြစ်သည်၊ ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက်ပင် ရှုပါ။ ပိသုဏဝါစာ ဖရုသဝါစာ သမ္ဖပ္ပလာပဝါစာတို့မှ ရှောင်ကြဉ်ရာ၌လည်း နည်းတူပင် ရှုပါ။

သမ္မာကမ္မန္တ - ဝိရတိ

သမ္မာကမ္မန္တဝိရတိဟူသည် အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ကာယဒုစရိုက် (၃)ပါးမှ ရှောင်ကြဉ်မှု သဘော ဖြစ်သည်။ ကာယဒုစရိုက်မှာ (၃)မျိုး ရှိသဖြင့် ရှုကွက်ကိုလည်း (၃)မျိုးပင် ခွဲရှုပါ။

၁။ ပါဏာတိပါတမှ ရှောင်ကြဉ်မှုသဘောကို အာရုံယူ၍ တစ်ကြိမ်,
၂။ အဒိန္နာဒါနမှ ရှောင်ကြဉ်မှုသဘောကို အာရုံယူ၍ တစ်ကြိမ်,
၃။ ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ်မှုသဘောကို အာရုံယူ၍ တစ်ကြိမ်၊

ဤသို့ သုံးကြိမ် ခွဲရှုပါ။ အာရုံမတူသောကြောင့် (၃)ကြိမ် ခွဲရှုခြင်းပင် ဖြစ်သည်။ တစ်ကြိမ် တစ်ကြိမ်၌လည်း ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက်စီပင် ရှုပါ။ သိမ်းဆည်းရှုပွားပုံမှာ ဤသို့ ဖြစ်၏ ..။

၁။ ဘဝင်မနောအကြည်ဓာတ် (= ပါဏာတိပါတမှ ရှောင်ကြဉ်ခဲ့စဉ်က ဘဝင်မနောအကြည်ဓာတ်) = မနောဒွါရကို သိမ်းဆည်းပါ။
၂။ ပါဏာတိပါတမှ ရှောင်ကြဉ်ဖူးသည့် အာရုံကို လှမ်းအာရုံယူပါ။
ဥပမာ – ခြင်ကို မသတ်ဘဲ ရှောင်ကြဉ်ဖူးသည့် အာရုံကို လှမ်းအာရုံ ယူပါ။
၃။ ယင်းမနောဒွါရ၌ ထိုအာရုံသည် ထင်ရှားလာသောအခါ ထိုရှောင်ကြဉ်သည့်အချိန်က ဖြစ်ပေါ်သွားသော မဟာကုသိုလ် မနောဒွါရိကဇောဝီထိ နာမ်တရားတို့ကို သိမ်းဆည်းပါ။

ဇောအသီးအသီး၌ သဒ္ဓါ-ပညာအုပ်စု နာမ်တရား (၃၄)နှင့် သမ္မာကမ္မန္တကို ပေါင်းသော် နာမ်တရား (၃၅) ဖြစ်၏၊ ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက်ပင် ရှုပါ။ ဝိဘူတာရုံဖြစ်က တဒါရုံကျနိုင်၏၊ သဟိတ် မဟာဝိပါက်တဒါရုံ အဟိတ်တဒါရုံ ထိုက်သလို ကျနိုင်၏၊ မဟာဝိပါက်တဒါရုံ ဖြစ်မူ သမ္မာကမ္မန္တ မယှဉ်နိုင်။ ယင်းမဟာဝိပါက်တဒါရုံ၌ သဒ္ဓါ-ပညာအုပ်စု နာမ်တရား (၃၄) ထိုက်သလို ယှဉ်၏၊ ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက်ပင် ရှုပါ။ အဒိန္နာဒါနဝိရတိ ကာမေသုမိစ္ဆာစာရဝိရတိတို့၌လည်း နည်းတူပင် ရှုပါ။

သမ္မာအာဇီဝ - ဝိရတိ

သမ္မာအာဇီဝဝိရတိဟူသည် အသက်မွေးဝမ်းကျောင်းနှင့် သက်ဆိုင်သော ကာယဒုစရိုက် ဝစီဒုစရိုက်မှ ရှောင်ကြဉ်မှုသဘော ဖြစ်သည်။ ကာယဒုစရိုက် (၃)မျိုး, ဝစီဒုစရိုက် (၄)မျိုး ရှိနေသဖြင့် ရှုကွက်မှာလည်း အမျိုးမျိုးပင် ရှိနိုင်သည်။ မိမိ၌ ဖြစ်နေကျ ရှောင်ကြဉ်နေကျအာရုံ သို့မဟုတ် ရှောင်ကြဉ်ဖူးသည့်အာရုံ တစ်ခုခုကို အာရုံယူ၍ ရှုနိုင်သည်။ ဥပမာ – မိမိအတွက် ရည်ညွှန်း၍ သတ်ဖြတ်စီမံထားသည်ဟု သိရသော အာဟာရတစ်ခုခုကို မသုံးစွဲဘဲ ရှောင်ကြဉ်မှုမျိုး ဖြစ်သည်။ သိမ်းဆည်းရှုပွားပုံမှာ ဤသို့တည်း။

၁။ ဘဝင်မနောအကြည်ဓာတ် (= မိစ္ဆာဇီဝမှ ရှောင်ကြဉ်ခဲ့စဉ်က ဘဝင်မနောအကြည်ဓာတ်) = မနောဒွါရကို သိမ်းဆည်းပါ။
၂။ မိစ္ဆာဇီဝမှ ရှောင်ကြဉ်ဖူးသည့် အာရုံတစ်ခုကို လှမ်း၍ အာရုံယူပါ။ ဥပမာ – မအပ်သော သားငါးကို မသုံးစွဲဘဲ ရှောင်ကြဉ်ဖူးသည် ဖြစ်အံ့၊ ယင်းရှောင်ကြဉ်ဖူးသည့် အာရုံကို လှမ်းအာရုံယူပါ။
၃။ ယင်းမနောဒွါရ၌ ထိုအာရုံသည် ထင်ရှားလာသောအခါ ထိုရှောင်ကြဉ်သည့်အချိန်က ဖြစ်ပေါ်သွားသော မဟာကုသိုလ် မနောဒွါရိကဇောဝီထိ နာမ်တရားတို့ကို သိမ်းဆည်းပါ။ တဒါရုံကျခွင့် ရှိ၏၊

သမ္မာဝါစာ –– သမ္မာဝါစာသည် ကထာသမ္မာဝါစာ, စေတနာသမ္မာဝါစာ, ဝိရတိသမ္မာဝါစာဟု သုံးမျိုး ရှိ၏၊ ထိုတွင် အကြောင်း အကျိုးနှင့် စပ်ယှဉ်၍ အပြစ်ကင်းလတ် ကောင်းမြတ်သော စကားသံသည် ကထာသမ္မာဝါစာ မည်၏၊ ထိုအပြစ်ကင်းလတ် ကောင်းမြတ်သော စကားကို ပြောဆိုကြောင်း ဖြစ်သော ဝုဋ္ဌော အဘိညာဏ်ဇော မဟာကုသိုလ်ဇော မဟာကြိယာဇောနှင့် ယှဉ်သော စေတနာသည် စေတနာသမ္မာဝါစာ မည်၏၊ တစ်စုံတစ်ခုအမှု အတွက် မုသားပြောဖို့အချက်, ကုန်းစကားပြောဖို့အချက်, ကြမ်းတမ်းသောစကား ပြောဖို့အချက်, ပြိန်ဖျင်းသောစကား ပြောဖို့အချက် တစ်ချက်ချက် ပေါ်ပေါက်နေရာ၌ ထိုဝစီဒုစရိုက်မှ ရှောင်ကြဉ်၍ မှန်ကန်သောစကား, မကွဲပြားစေသော စကား, သိမ်မွေ့သောစကား, အကျိုးရှိသောစကား တစ်ခုခုကို ပြောဆိုလိုက်လျှင် ထိုပြောဆိုကြောင်း စိတ္တုပ္ပါဒ်၌ လည်းကောင်း, သို့မဟုတ် ဆိတ်ဆိတ်နေခဲ့လျှင် ထိုဆိတ်ဆိတ်နေကြောင်း စိတ္တုပ္ပါဒ်၌လည်းကောင်း ယင်းဝစီဒုစရိုက်မှ ရှောင်ကြဉ်မှု ဝိရတိသဘော ပါဝင်၏၊ ထိုရှောင်ကြဉ်မှုသဘောကိုသာ ဝိရတိသမ္မာဝါစာဟု ဆိုရလေသည်။ ဤသမ္မာဝါစာ ဝိရတိဖြင့် ရှောင်ကြဉ်ထိုက်သော ဒုစရိုက်အားလုံးသည် အသက်မွေးဝမ်းကျောင်းနှင့် ဆက်သွယ်မှု မရှိပေ။

သမ္မာကမ္မန္တ – သမ္မာကမ္မန္တသည်လည်း ကိရိယာသမ္မာကမ္မန္တ, စေတနာသမ္မာကမ္မန္တ, ဝိရတိသမ္မာကမ္မန္တဟု သုံးမျိုးပင် ရှိ၏၊ ထိုတွင် အပြစ်မရှိသော လုပ်ငန်းကိစ္စရပ် တစ်ခုခုကို = ဒါန သီလ ဘာဝနာ စသည့် လုပ်ငန်းကိစ္စရပ် တစ်ခုခုကို ပြုလုပ်နေသူ၏ ကိုယ်အမူအရာသည် ကိရိယာသမ္မာကမ္မန္တ မည်၏၊ ထိုအပြစ်မရှိသော ကိစ္စလုပ်ငန်းကို ပြုလုပ်ကြောင်း စေတနာသည် စေတနာသမ္မာကမ္မန္တ မည်၏၊ တစ်စုံတစ်ခုသော ကာယဒုစရိုက်မှုကို ပြုလုပ်ဖို့ရန်အချက် ပေါ်ပေါက်လာသည့်အခါ မပြုလုပ်ဘဲ ရှောင်ကြဉ်လိုက်လျှင် အခြားသော တစ်စုံတစ်ခု ကိုယ်အမှုကို ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ ဝိရတိသမ္မာကမ္မန္တ ဖြစ်၏၊ ဤသမ္မာကမ္မန္တဝိရတိဖြင့် ရှောင်ကြဉ်ထိုက်သော ဒုစရိုက်အားလုံးသည် အသက်မွေးဝမ်းကျောင်းနှင့် ဆက်သွယ်မှု မရှိပေ။

သမ္မာအာဇီဝ – ဝီရိယသမ္မာအာဇီဝ, ဝိရတိသမ္မာအာဇီဝဟု သမ္မာအာဇီဝသည်လည်း နှစ်မျိုး ရှိ၏၊ မိရိုးဖလာ အတိုင်း လယ်ထွန်မှု ကုန်သွယ်မှု စသည်ကို ပြု၍လည်းကောင်း, ရဟန်းသံဃာဖြစ်လျှင် ကုလဒူသန အနေသန မိစ္ဆာဇီဝတို့နှင့် မရောယှက်ဘဲ တရားသဖြင့်သာ ပစ္စည်းလေးပါးကို ရှာဖွေ၍လည်းကောင်း အသက်မွေးသူတို့၏ လယ်ထွန်ခိုက် ကုန်သွယ်ခိုက် ဆွမ်းခံခိုက် စသည့်အခိုက်အတန့်တို့၌ ဖြစ်သော သမ္မာဝါယာမသည် ဝီရိယသမ္မာအာဇီဝ မည်၏၊ အသက်မွေးဝမ်းကျောင်းနှင့် ဆက်သွယ်နေသော ဝစီဒုစရိုက် ကာယဒုစရိုက်တို့မှ ရှောင်ကြဉ်မှုသဘော, ကုလဒူသန အနေသန မိစ္ဆာဇီဝမှုတို့ဖြင့် ရရှိသော ပစ္စည်းလေးပါးကို မသုံးစွဲဘဲ ရှောင်ကြဉ်မှုသဘောသည် ဝိရတိ သမ္မာအာဇီဝ မည်၏၊

သမ္ပတ္တဝိရတိ - သမာဒါနဝိရတိ - သမုစ္ဆေဒဝိရတိ

သမ္ပတ္တဝိရတိ – သမ္ပတ္တဝိရတိ သမာဒါနဝိရတိ သမုစ္ဆေဒဝိရတိဟု ဝိရတိသုံးမျိုး ပြားပြန်၏၊ သိက္ခာပုဒ်ကို ဆောက်တည် မထားကုန်သော သူတို့၏ မိမိ၏ အမျိုးဇာတ် အရွယ် ဗဟုသုတ မင်္ဂလာ စသည်တို့ကို ဆင်ခြင်၍ ''ငါတို့အား ဤသို့သဘောရှိသော မကောင်းမှုကို ပြုလုပ်ဖို့ရန် မသင့်တော်ပါတကား''ဟု ဆိုက်ရောက်လာသော လွန်ကျူးဖွယ်ဝတ္ထုကို မလွန်ကျူးဘဲ ရှောင်ကြဉ်ကုန်သော သူတို့၏ သန္တာန်၌ ဖြစ်ပေါ်လာသော ဝိရတိကို သမ္ပတ္တဝိရတိ ဟူ၍ သိရှိပါလေ။[၆၂၅]

သမာဒါနဝိရတိ – သိက္ခာပုဒ်ကို ဆောက်တည်ထားကြကုန်သော သူတို့၏ သိက္ခာပုဒ်ကို ဆောက်တည်ခိုက်မှာ ဖြစ်စေ, ဆောက်တည်ပြီး နောက်ပိုင်းကာလမှာ ဖြစ်စေ သိက္ခာပုဒ် ဆောက်တည်ထားသည့်အတွက် မိမိ၏ အသက်ကိုပင် သော်လည်း စွန့်လွှတ်၍ လွန်ကျူးဖွယ်ဝတ္ထုကို မလွန်ကျူးကြကုန်သော သူတို့၏ သန္တာန်၌ ဖြစ်ပေါ်လာသော ဝိရတိကို သမာဒါနဝိရတိဟု သိရှိပါလေ။[၆၂၆]

သမုစ္ဆေဒဝိရတိ – ဒုစရိုက် ဒုရာဇီဝ ဟူသမျှကို လွန်ကျူးကြောင်းဖြစ်သော အကုသိုလ်တရားစု၏ အနုသယ ဓာတ်ကို အကြွင်းမဲ့ ဖြတ်သောအားဖြင့် ဖြစ်ပေါ်လာသော အရိယမဂ်နှင့်ယှဉ်သော ဝိရတိကို သမုစ္ဆေဒဝိရတိဟူ၍ သိရှိပါလေ။ ယင်းသမုစ္ဆေဒဝိရတိ ဖြစ်သည့်အချိန်မှ စ၍ အရိယာသူတော်ကောင်းတို့၏ သန္တာန်၌ ''သတ္တဝါကို သတ်အံ့'' ဟူသော စိတ်မျှသော်လည်း မဖြစ်တော့ပေ။[၆၂၇]

ဤသမုစ္ဆေဒဝိရတိကား အရိယမဂ်နှင့် ယှဉ်သောကြောင့် နိဗ္ဗာန်ကို အာရုံပြုသည်မှာ ထင်ရှားပေပြီ။ သို့သော် သမ္ပတ္တဝိရတိ သမာဒါနဝိရတိတို့၏ အာရုံနှင့် ပတ်သက်၍ အနည်းငယ် ဆန်းစစ်ရန် ရှိနေပေသည်။

သမ္ပတ္တဝိရတိ - သမာဒါနဝိရတိတို့၏ အာရုံ

ဝိဘင်းပါဠိတော်[၆၂၈] သမ္မောဟဝိနောဒနီအဋ္ဌကထာ[၆၂၉] မူလဋီကာ[၆၃၀]တို့၌ကား ဤသို့ လာရှိ၏၊ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏ ..။ ဤ သမ္ပတ္တဝိရတိ သမာဒါနဝိရတိတို့သည် ဝီတိက္ကမိတဗ္ဗဝတ္ထု (= လွန်ကျူးထိုက်သော ဝတ္ထု) = ဝိရမိတဗ္ဗဝတ္ထု (= ရှောင်ကြဉ်ထိုက်သော ဝတ္ထု)ဟု ခေါ်ဆိုအပ်သော ပရိတ္တတရား = ကာမတရားကိုသာလျှင် အာရုံပြု၏၊ ကာမရုပ်နာမ် သင်္ခါရကိုသာ အာရုံပြု၏၊ ယင်းကာမရုပ်နာမ်အာရုံသည် ပစ္စုပ္ပန်အာရုံသာ ဖြစ်၏ (အတိတ် အနာဂတ် မဟုတ်)၊ ဗဟိဒ္ဓ ကာမရုပ်နာမ်အာရုံသာ ဖြစ်၏ (အဇ္ဈတ္တ ကာမရုပ်နာမ် မဟုတ်)။

ယင်းကာမရုပ်နာမ်အာရုံကား လွန်ကျူးထိုက်သော ဝီတိက္ကမိတဗ္ဗဝတ္ထုတည်း။ ယင်းဝီတိက္ကမိတဗ္ဗဝတ္ထုကို လွန်ကျူး ကြောင်းဖြစ်သော အကုသိုလ်စေတနာကား ဝေရစေတနာတည်း၊ တကယ့်ရန်သူအစစ်တည်း။ ယင်းဝီတိက္ကမိတဗ္ဗဝတ္ထု အမည်ရသော လွန်ကျူးဖွယ် ကာမရုပ်နာမ်အာရုံကို အာရုံပြု၍ မိမိ၏ သန္တာန်၌ ဖြစ်ပေါ်လာသော လွန်ကျူးကြောင်း အကုသိုလ်စေတနာ = ဝေရစေတနာမှ ရှောင်ကြဉ်မှုသဘောသည်ကား ဝိရတိတည်း။

ပါဏာတိပါတမှ ရှောင်ကြဉ်ကြောင်းဖြစ်သော ဝိရတိသည် သူတစ်ပါး၏ ဇီဝိတိန္ဒြေကို အာရုံပြု၍ မိမိ၏ သန္တာန်၌ ဖြစ်ပေါ်သွားသော လွန်ကျူးကြောင်း အကုသိုလ်စေတနာ ဝေရစေတနာမှ ရှောင်ကြဉ်၏၊ အဒိန္နာဒါနမှ ရှောင်ကြဉ် ကြောင်းဖြစ်သော ဝိရတိသည် ဝီတိက္ကမိတဗ္ဗဝတ္ထုဟု ဆိုအပ်သော လွန်ကျူးအပ်သော သတ္တဝါကို အာရုံပြု၍သော် လည်းကောင်း, ရွှေ ငွေ အဝတ် သင်္ကန်း စသည့် သက်မဲ့ပစ္စည်းဝတ္ထုဟူသော သင်္ခါရကို အာရုံပြု၍သော်လည်းကောင်း မိမိ၏ သန္တာန်၌ ဖြစ်ပေါ်သွားသော လွန်ကျူးကြောင်း ဝေရစေတနာမှ ရှောင်ကြဉ်၏၊ ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ် ကြောင်းဖြစ်သော ဝိရတိသည် ဝီတိက္ကမိတဗ္ဗဝတ္ထုဟု ဆိုအပ်သော လွန်ကျူးအပ်သော အမျိုးသမီးအာရုံကိုသော် လည်းကောင်း, အမျိုးသားအာရုံကိုသော်လည်းကောင်း အာရုံပြု၍ မိမိ၏ သန္တာန်၌ ဖြစ်ပေါ်သွားသော ကာမေသုမိစ္ဆာစာရကို လွန်ကျူးကြောင်း ဝေရစေတနာမှ ရှောင်ကြဉ်၏၊ မုသာဝါဒမှ ရှောင်ကြဉ်ကြောင်းဖြစ်သော ဝိရတိသည် ဝီတိက္ကမိတဗ္ဗဝတ္ထုဟု ဆိုအပ်သော လွန်ကျူးအပ်သော သတ္တဝါအာရုံကိုသော်လည်းကောင်း, ရွှေ ငွေ အဝတ် သင်္ကန်း စသည့် သက်မဲ့ပစ္စည်းဝတ္ထုဟူသော သင်္ခါရအာရုံကိုသော်လည်းကောင်း အာရုံပြု၍ မိမိ၏သန္တာန်၌ ဖြစ်ပေါ်သွားသော မုသာဝါဒကို လွန်ကျူးကြောင်း ဝေရစေတနာမှ ရှောင်ကြဉ်၏၊ သုရာပါနမှ ရှောင်ကြဉ်ကြောင်းဖြစ်သော ဝိရတိသည် ဝီတိက္ကမိတဗ္ဗဝတ္ထုဟု ခေါ်ဆိုအပ်သော လွန်ကျူးအပ်သော သုရာဟူသော သင်္ခါရအာရုံကို အာရုံပြု၍ မိမိ၏သန္တာန်၌ ဖြစ်ပေါ်သွားသော သုရာပါနကို လွန်ကျူးကြောင်းဖြစ်သော အကုသိုလ်စေတနာ = ဝေရစေတနာမှ ရှောင်ကြဉ်၏၊

ဤ၌ ဝိရတိတို့၏ သတ္တဝါ အမျိုးသမီး အမျိုးသားလျှင် အာရုံရှိကြောင်း ဖွင့်ဆိုချက်မှာ သတ္တဝါဟု အမျိုးသမီးဟု အမျိုးသားဟု စွဲယူအပ်သော အခြင်းအရာအားဖြင့် ဖြစ်သော သင်္ခါရတရား = ကာမရုပ်နာမ်တို့ကိုသာ အာရုံ ပြုကုန်သည်၏ အဖြစ်ကို မှတ်သားပါလေ။

လွန်ကျူးထိုက်သော ဝီတိက္ကမိတဗ္ဗဝတ္ထုဟူသော ပစ္စုပ္ပန်အာရုံနှင့် တွေ့ကြုံပါမှ ယင်းလွန်ကျူးဖွယ်အာရုံကို အာရုံပြု၍ မိမိ၏ သန္တာန်၌ ဖြစ်ပေါ်လာသော အကုသိုလ်စေတနာ ဝေရစေတနာမှ ဝိရတိသည် ရှောင်ကြဉ်နိုင်၏၊ ထိုကြောင့် သမ္ပတ္တဝိရတိ သမာဒါနဝိရတိတို့သည် ပစ္စုပ္ပန် လွန်ကျူးထိုက်သော ကာမရုပ်နာမ်ကို အာရုံပြုကြသည်။ သို့သော် ယင်းကာမရုပ်နာမ်တို့မှာ ဗဟိဒ္ဓသာ ဖြစ်သည်။

သို့သော် ဤအရာ၌ ဝိရတိတို့သည် သတ္တဝါ အမျိုးသမီး အမျိုးသား ဟူသော အာရုံကို အာရုံပြု-မပြုကား ဆန်းစစ်သင့်ပေသည်။ အကယ်၍ အာရုံပြုခဲ့သော် တဒါရုံမှာ ကျခွင့်မရှိပေ။

အပ္ပမညာ စေတသိက် (၂) လုံး

ကရုဏာ – ကရုဏာဟူသည် ဒုက္ခိတသတ္တဝါ တစ်ဦးကို ကယ်တင်လိုသည့်သဘော ဖြစ်သည်။
၁။ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းပါ။
၂။ မိမိကယ်တင်လိုသည့် ဒုက္ခိတသတ္တဝါ တစ်ဦးကို လှမ်းအာရုံယူပါ။
၃။ မနောဒွါရ၌ ထိုဒုက္ခိတသတ္တဝါပညတ်အာရုံ ထင်လာသောအခါ ဖြစ်ပေါ်သွားသော ကရုဏာပြဓာန်းသော မနောဒွါရိက ဇောဝီထိစိတ်အစဉ်ကို သိမ်းဆည်းပါ။

ဇောနာမ်တရားတို့မှာ သဒ္ဓါ-ပညာအုပ်စု နာမ်တရား (၃၄)လုံးနှင့် ကရုဏာစေတသိက် (၁)လုံး – ပေါင်း (၃၅)လုံးသော နာမ်တရားတို့ ထိုက်သလို ဖြစ်ကြသည်။ ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက် ရှုပါ။ 

မုဒိတာ – မုဒိတာဟူသည် သုခိတသတ္တဝါ တစ်ဦးအပေါ်၌ ကြည်သာ ဝမ်းမြောက်မှုသဘော ဖြစ်သည်။
၁။ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းပါ။
၂။ သုခိတသတ္တဝါ တစ်ဦးကို လှမ်း၍အာရုံယူပါ။
၃။ မနောဒွါရ၌ ထိုသုခိတသတ္တဝါပညတ်အာရုံက ထင်လာသောအခါ ဖြစ်ပေါ်သွားသော မုဒိတာပြဓာန်းသော မနောဒွါရိကဇောဝီထိ စိတ်အစဉ်ကို သိမ်းဆည်းပါ။

ဤ၌လည်း မုဒိတာစျာန်ကို ရသည့်တိုင်အောင် ပွားများထားသည့် ဘာဝနာမြောက် မုဒိတာ မဟုတ်သေးက ဇော၌ သောမနဿဝေဒနာသာ ဖြစ်သင့်ရကား ဉာဏ်ပါ, မပါ = ဉာဏသမ္ပယုတ် ဉာဏဝိပ္ပယုတ် (၂ )ချက်သာ ရှုပါ။ (၃၄ + မုဒိတာ = ၃၅။ ဉာဏ်မပါသော် – ၃၃ + မုဒိတာ = ၃၄) ဖြစ်သည်။ မုဒိတာစျာန်ကို ရသည်တိုင်အောင် မုဒိတာဘာဝနာကို ပွားများထားပြီးသူအဖို့ ဘာဝနာအရှိန်ကြောင့် ဥပစာရသမာဓိဇောတွင် ဥပေက္ခာဝေဒနာနှင့်လည်း ယှဉ်နိုင်၏ဟု အရှင်အနုရုဒ္ဓါမထေရ်မြတ်က အယူရှိတော်မူ၏၊ သို့အတွက် မုဒိတာဘာဝနာကို စျာန်ကို ရသည့်တိုင်အောင် ဘာဝနာမြောက် ပွားပြီးသူသည် ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက် ရှုနိုင်သည်။ ဤ ကရုဏာ မုဒိတာတို့သည် သတ္တဝါ ပညတ်ကို အာရုံပြုကြသဖြင့် ယင်းဇောတို့၏ နောင်၌ တဒါရုံ ကျခွင့်မရှိ။ (ကရုဏာစျာန်နာမ်တရား မုဒိတာစျာန် နာမ်တရားတို့ကို သိမ်းဆည်းပုံကို ဗြဟ္မဝိဟာရစျာန်ပိုင်းဇယားများတွင် ကြည့်ပါ။)

သဒ္ဓါ-ပညာ – ဝိရတိ အပ္ပမညာ စေတသိက်တို့ ပါဝင်သည့် ဇောနာမ်တရားစုတို့တွင် တည်ရှိသော သဒ္ဓါမှာ ကံ-ကံ၏အကျိုးကို ယုံကြည်မှု ဖြစ်၏၊ ပညာမှာ ကံ-ကံ၏အကျိုးကို တတ်သိနားလည်မှု ကမ္မဿကတာ သမ္မာဒိဋ္ဌိ ဖြစ်သည်။ တစ်နည်း ဝိရတိစေတသိက်တို့၌ သဒ္ဓါမှာ သီလသိက္ခာ = သီလကျင့်စဉ်၌ ယုံကြည်မှုပင် ဖြစ်သည်။ ဤ၌ ကရုဏာစျာန် မုဒိတာစျာန်တို့၏ ရှေး၌ရှိသော ပရိကမ္မ ဥပစာရ အမည်ရသော ကာမာဝစရဇောတို့ကိုသာ အထူး ရည်ညွှန်းထားသည်ဟု မှတ်ပါ။

ဓမ္မာရုံလိုင်း - အပ္ပမညာစေတသိက်ဇယား - ကာမဇော မနောဒွါရဝီထိ

ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် စတုရာရက္ခဟူသော အစောင့် (၄)ပါး ကမ္မဋ္ဌာန်းများကို ပွားများထားပြီးသူ ဖြစ်ပါက ဘုရားရှင်၏ ဂုဏ်တော်လျှင် အာရုံရှိသည့် မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များကိုလည်း သိမ်းဆည်းရမည် ဖြစ်သည်။ ဇောနာမ်တရားတို့မှာ သဒ္ဓါ-ပညာအုပ်စု နာမ်တရားတို့ပင် ဖြစ်ကြသည်။ ဤ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းသည် ဥပစာရသမာဓိကိုသာ ရွက်ဆောင်ပေးတတ်သည့် ဥပစာရကမ္မဋ္ဌာန်းသာ ဖြစ်သည့်အတွက် ဇော (၇)ကြိမ်သာ ကျသည်။ ဇော၏နောင်၌ တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏၊ ဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော်တို့ကား လောကီ လောကုတ္တရာ ရောနှောလျက် ရှိကြ၏၊ ပုံစံအားဖြင့်ဆိုရသော် ဘုရားရှင်၏ ဒါနဂုဏ်ကျေးဇူးတော်, သီလဂုဏ်ကျေးဇူးတော်, ဥပစာရသမာဓိသို့ တိုင်အောင်သော သမာဓိဂုဏ်ကျေးဇူးတော်, ဝိပဿနာဉာဏ်တည်းဟူသော ပညာဂုဏ်ကျေးဇူးတော်, ဒေသနာဉာဏ်တော် သဗ္ဗညုတဉာဏ်တော် စသည်တို့ကား တရားကိုယ်အားဖြင့် မဟာကြိယာ ဉာဏသမ္ပယုတ် အသင်္ခါရိကဇော စိတ်အစဉ်တို့ ဖြစ်ကြ၏၊ ကာမာဝစရတရားတည်း။ ယင်းဂုဏ်တော်တို့ကို အာရုံယူ၍ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့သော် အာရုံမှာ ကာမအာရုံ ဖြစ်ခြင်းကြောင့် စီးဖြန်းနေသော ယောဂါဝစရပုဂ္ဂိုလ်၏ မဟာကုသိုလ်ဇောနောင်၌ တဒါရုံ ကျနိုင်ခွင့်ရှိ၏၊ ယင်းအာရုံမှာ ဝိဘူတာရုံ ဖြစ်က တဒါရုံ ကျနိုင်၏၊ အဝိဘူတာရုံဖြစ်က တဒါရုံ မကျနိုင်။ သို့သော် .. ဘုရားရှင်၏ ဂုဏ်တော်ကို ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ထိုးဖောက်နိုင်ဖို့ကား ခဲယဉ်းလှပေ၏၊

တစ်ဖန် ဘုရားရှင်၏ အပ္ပနာစျာန် သမာဓိဂုဏ်ကျေးဇူးတော်, အဘိညာဏ်ဂုဏ်ကျေးဇူးတော်တို့ကား မဟဂ္ဂုတ် ကြိယာတရားတို့တည်း။ ဘုရားရှင်၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ကား လောကုတ္တရာ ပညာဂုဏ်ကျေးဇူးတော်တို့တည်း။ ယင်း မဟဂ္ဂုတ် လောကုတ္တရာတည်းဟူသော သမာဓိဂုဏ်ကျေးဇူးတော် ပညာဂုဏ်ကျေးဇူးတော်တို့ကို အာရုံယူ၍ ဗုဒ္ဓါနုဿတိ ဂုဏ်တော်ကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့သော် စီးဖြန်းနေသော ယောဂါဝစရပုဂ္ဂိုလ်၏ မဟာကုသိုလ်ဇောနောင်၌ အာရုံမှာ ကာမအာရုံ မဟုတ်ခြင်းကြောင့် တဒါရုံ ကျခွင့်မရှိပေ။ တဒါရုံ ကျခဲ့သော် သဟိတ်တဒါရုံ အဟိတ်တဒါရုံ ထိုက်သလို ကျနိုင်၏၊ သို့သော် - အတိဣဋ္ဌေ ပန သောမနဿသဟဂတာနေဝ သန္တီရဏတဒါရမ္မဏာနိ - - ဟူသည်နှင့် အညီ ဘုရားရှင်ဂုဏ်တော်များမှာ အတိဣဋ္ဌာရုံ ဖြစ်၍ သောမနဿတဒါရုံ (၅)မျိုးသာ ထိုက်သလို ကျနိုင်သည်။[၆၃၁]

မရဏာနုဿတိကမ္မဋ္ဌာန်း

မရဏာနုဿတိ ကမ္မဋ္ဌာန်းမှာလည်း ဥပစာရသမာဓိကိုသာ ရွက်ဆောင်ပေးနိုင်သည့် ဥပစာရကမ္မဋ္ဌာန်း ဖြစ်သဖြင့် မရဏာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းနေသော ဘာဝနာဇောမှာ ကာမာဝစရ ဥပစာရ သမာဓိဇောသာ ဖြစ်သဖြင့် (၇)ကြိမ်သာ စောနိုင်၏၊ ဇောနောင်၌ တဒါရုံကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏၊ မိမိ၏ ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုသဘောကို အာရုံယူနိုင်ပါက ယင်းဇီဝိတိန္ဒြေမှာ ရုပ်ဇီဝိတနှင့် စုတိနှင့်ယှဉ်တွဲနေသော နာမ်ဇီဝိတ ဖြစ်သဖြင့် ကာမအာရုံဖြစ်ရကား ယင်းအာရုံမှာ ဝိဘူတာရုံဖြစ်ပါက တဒါရုံ ကျခွင့်ရှိ၏၊ အဝိဘူတာရုံဖြစ်က တဒါရုံ မကျနိုင်။ တစ်ဖန် ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကို အာရုံမယူနိုင်ဘဲ မိမိ၏ သေနေသည့်ပုံဟူသော ပညတ်အာရုံပေါ်မှာသာ သောင်တင်နေပါက ယင်းမရဏာနုဿတိဇော၏ နောင်၌ တဒါရုံ မကျနိုင်။ သို့သော် ရုပ်နာမ်ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းထားနိုင်သော သူတော်ကောင်းတို့သည်သာလျှင် ရုပ်ဇီဝိတ နာမ်ဇီဝိတ၏ ပြတ်စဲမှုကို ပရမတ်သို့ ဆိုက်အောင် အာရုံယူနိုင်ဖွယ် ရှိ၏၊ ပရမတ်သို့ ဆိုက်အောင် နာမရူပပရိစ္ဆေဒဉာဏ်ကို မရရှိသေးသော သူတော်ကောင်းတို့၏ မရဏာနုဿတိကမ္မဋ္ဌာန်းမှာ မိမိ၏ သေနေသည့်ပုံဟူသော ပညတ်အာရုံပေါ်၌သာ ဘာဝနာစိတ် အရောက်များဖွယ်ရာ ရှိပေသည်။

ဓမ္မာရုံလိုင်း - ဗုဒ္ဓါနုဿတိ မရဏာနုဿတိ ဇယား

ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို ပွားများပြီးသူသည် ဘုရားဂုဏ်လျှင် အာရုံရှိသော နာမ်တရားတို့ကို သိမ်းဆည်း လိုပါက ..

၁။ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းပါ။
၂။ မိမိ နှစ်ခြိုက်ရာ ဘုရားရှင်၏ဂုဏ်တော် တစ်ခုခုကို လှမ်းအာရုံယူပါ။
၃။ မနောဒွါရ၌ ထိုဂုဏ်တော်အာရုံ ထင်လာသောအခါ ဖြစ်ပေါ်လာသော မနောဒွါရိကဇောဝီထိ စိတ်အစဉ် နာမ်တရားတို့ကို သိမ်းဆည်းပါ။

မရဏာနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းပြီးသူ ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏ ဇီဝိတိန္ဒြေ၏ ပြတ်စဲခြင်းလျှင် အာရုံရှိသော နာမ်တရားတို့ကို သိမ်းဆည်းလိုလတ်သော် ..

၁။ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းပါ။
၂။ မိမိ၏ ဇီဝိတိန္ဒြေ၏ ပြတ်စဲမှုကို လှမ်းအာရုံယူပါ။
၃။ မနောဒွါရ၌ ထိုအာရုံ ထင်လာသောအခါ ဖြစ်ပေါ်လာသော မနောဒွါရိကဇောဝီထိ စိတ်အစဉ် နာမ်တရားတို့ကို သိမ်းဆည်းပါ။

ဤ ဘုရားဂုဏ်လျှင် အာရုံရှိသော နာမ်တရားတို့ကို သိမ်းဆည်းရာ၌လည်းကောင်း, သေခြင်း မရဏလျှင် အာရုံရှိသော နာမ်တရားတို့ကို သိမ်းဆည်းရာ၌လည်းကောင်း ဉာဏ်ရှိသလို ချဲ့ထွင်၍ သိမ်းဆည်းရှုပွားနိုင်ပေသည်။

ဤတွင် ဓမ္မာရုံလိုင်းတွင် အကျုံးဝင်သော မဟာကုသိုလ်ဇောစောသည့် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များကို သိမ်းဆည်းပုံစနစ်ကို ရေးသားတင်ပြပြီးလေပြီ။ ယခုတစ်ဖန် မဟာကုသိုလ်ဇော စောသည့် ပဉ္စဒွါရဝီထိများ၌ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံကို ဆက်လက်၍ တင်ပြပေအံ့ ..။

ကြိုတင် သိထားသင့်သော အချက်များ

ဤအရာဝယ် -

၁။ ရူပါရုံသည် စက္ခုဒွါရ မနောဒွါရ၌,
၂။ သဒ္ဒါရုံသည် သောတဒွါရ မနောဒွါရ၌,
၃။ ဂန္ဓာရုံသည် ဃာနဒွါရ မနောဒွါရ၌,
၄။ ရသာရုံသည် ဇိဝှါဒွါရ မနောဒွါရ၌,
၅။ ဖောဋ္ဌဗ္ဗာရုံသည် ကာယဒွါရ မနောဒွါရ၌ -

ဤသို့လျှင် တစ်မျိုး တစ်မျိုးသော အာရုံသည် ဒွါရနှစ်ခု နှစ်ခု၌ ပြိုင်တူ ထင်၏၊ အာရုံထင်လာသောအခါ စက္ခုဝိညာဏ် စသော ပဉ္စဝိညာဏ်သည်လည်းကောင်း, ပဉ္စဒွါရာဝဇ္ဇန်း စသော မနောဝိညာဏ်သည်လည်းကောင်း ဝီထိအစဉ်ဟူသော စိတ္တနိယာမ လမ်းကြောင်းအတိုင်း ဖြစ်ရ၏၊ ထိုကြောင့် စက္ခုဝိညာဏ်စသော ပဉ္စဝိညာဏ်က ရူပါရုံစသည့် ဆိုင်ရာဆိုင်ရာ ထိုအာရုံကို ယူနိုင်လောက်အောင် စက္ခုစသော ပဉ္စဒွါရတွင် တစ်ပါးပါး၌လည်းကောင်း, မနောဝိညာဏ်က ထိုအာရုံကို ယူနိုင်လောက်အောင် ဘဝင်ဟူသော မနောဒွါရ၌လည်းကောင်း ဤသို့ ဒွါရ နှစ်ခုနှစ်ခု၌ ထင်ရသည်။

ရူပါရုံသည် စက္ခုပသာဒကို ထိခိုက်၍ (= ထိခိုက်သကဲ့သို့ ဖြစ်၍) ထိုခဏမှာပင်လျှင် ဘဝင်ဟူသော မနောဒွါရ၌လည်း ထင်လာ၏၊ ဘဝင်လှုပ်ခြင်း၏ အကြောင်း ဖြစ်သည်ဟု ဆိုလို၏၊ (မနောဒွါရတည်းဟူသော ဘဝင်၌လည်း ရူပါရုံထင်လာသောကြောင့် ဘဝင်လှုပ်ရသည် ဟူလို။) သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့၌လည်း ဤနည်းပင်တည်း။[၆၃၂]

ဤ၌ အဋ္ဌသာလိနီအဋ္ဌကထာ[၆၃၂]က –– “ဃဋ္ဋေတွာ = ထိခိုက်၍ = ထိခတ်၍''ဟူသော စကားလုံးကို အသုံးပြုထား၏၊ ထိုကြောင့် ''ဃဋ္ဋေတွာ'' အရ ''ရူပါရုံသည် စက္ခုဒွါရ မနောဒွါရဝယ် တကယ်ပင် ထိမိ ခတ်မိ၏''ဟု ထင်စရာ ရှိ၏၊ အမှန်ကား အရာဝတ္ထုချင်း ထိခတ်မိခြင်းမျိုးကား မဟုတ်ပေ။ ထိခတ်မိသကဲ့သို့ ဖြစ်လောက်အောင် အာရုံနှင့် ဒွါရတို့ ရှေးရှုဓာတ်ခိုက်မိကြခြင်းသာ = ရှေးရှုမျက်နှာချင်းဆိုင်မိကြခြင်းမျှသာ ဖြစ်သည်ဟု မှတ်ပါ။[၆၃၃]

ဥပမာဆောင်၍ ထင်ရှားအောင် ပြဆိုပေဦးအံ့ –– ငှက်တစ်ကောင်သည် ကောင်းကင်ခရီးဖြင့် ပျံသန်းလာ၍ သစ်ပင်ဖျား၌ = သစ်ခက်ဖျား၌ နားလျှင် နားချင်းပင် သစ်ခက်ကိုလည်း ထိခိုက်မိ၏၊ ထိုငှက်၏ အရိပ်သည်လည်း မြေပြင်ပေါ်၌ ထိခိုက်မိ၏၊ ငှက်၏ သစ်ခက်ကို ထိခိုက်ခြင်း, ငှက်အရိပ်၏ မြေ၌ ပျံ့နှံ့ခြင်းတို့သည် မရှေးမနှောင်း ရှေးလည်းမကျ နောက်လည်းမကျ တစ်ပြိုင်နက်သော ခဏ၌ပင် ဖြစ်ကုန်သကဲ့သို့ ––- ဤ ဥပမာအတူပင် ပစ္စုပ္ပန် ရူပါရုံ စသည်တို့၏ စက္ခုပသာဒ အစရှိသည်တို့ကို ထိခိုက်ခြင်းသည်လည်းကောင်း ဘဝင်ကို လှုပ်စေခြင်း၌ စွမ်းနိုင်သည်၏ အဖြစ်ဖြင့် မနောဒွါရ၌ ရှေးရှု ကျခြင်းသို့ ရောက်ခြင်း ထင်ခြင်းသည်လည်းကောင်း မရှေးမနှောင်း ရှေးလည်းမကျ နောက်လည်းမကျ တစ်ပြိုင်နက်သော ခဏ၌ပင် ဖြစ်၏၊ ထိုဘဝင်လှုပ်ရာအခါမှ နောက်၌ ဘဝင် အယဉ်ကို ဖြတ်၍ စက္ခုဒွါရစသည်တို့၌ ဖြစ်ကုန်သော အာဝဇ္ဇန်းအစ ဝုဋ္ဌောအဆုံး ရှိကုန်သော ဝီထိစိတ်တို့၏ အခြားမဲ့၌ ရူပါရုံအစရှိသော အာရုံတို့တွင် အမှတ်မထား တစ်ပါးပါးသော အာရုံ၌ ဤ ပထမ မဟာကုသိုလ်စိတ်သည် ဇောကိစ္စကို ရွက်ဆောင်လျက် ဖြစ်ပေါ်လာပေသည်။[၆၃၂]

စက္ခုဒွါရဝီထိ၌ အသုံးပြုထားသော သင်္ကေတများ

တီ = အတီတဘဝင် = လွန်သွားသောဘဝင်၊
= ဘဝင်္ဂစလန = မနောဒွါရ၌ အာရုံထင်လာ၍ လှုပ်သောဘဝင်၊
= ဘဝင်္ဂုပစ္ဆေဒ = မနောဒွါရ၌ အာရုံထင်လာ၍ ရပ်သွားသောဘဝင်၊
= ပဉ္စဒွါရာဝဇ္ဇန်း = အာဝဇ္ဇန်း = ဆိုင်ရာဒွါရနှစ်မျိုး၌ ထင်လာသော အာရုံကို ဆင်ခြင်သောစိတ်၊ (ဆင်ခြင်) 
= စက္ခုဝိညာဏ် = စက္ခုဝတ္ထုကို မှီဖြစ်၍ ရူပါရုံကို သိသောစိတ်၊ (မြင်သိ)
သံ = သမ္ပဋိ စ္ဆိုင်း = (စက္ခုဝိညာဏ်၏) အာရုံကို လက်ခံသောစိတ်၊ (လက်ခံ)
= သန္တီရဏ = (စက္ခုဝိညာဏ်၏) အာရုံကို စူးစမ်းသောစိတ်၊ (စုံစမ်း)
ဝု = ဝုဋ္ဌော = ယင်းအာရုံကို ဆုံးဖြတ်ချက်ချသောစိတ်၊ (ဆုံးဖြတ်)
= ဇော = ယင်းအာရုံ၏ အရသာကို အဟုန်ပြင်းစွာ ဆက်တိုက် ခံစားသောစိတ်၊ (ဇော)
= တဒါရုံ = ဇောယူသည့် အာရုံကိုပင် ဆက်လက်အာရုံယူသောစိတ်၊ (တဒါရုံ)

အတီတဘဝင် - –– ရူပါရုံသည် ဥပါဒ်လျှင် ဥပါဒ်ချင်း စက္ခုဒွါရ မနောဒွါရ၌ မထင်နိုင်၊ စိတ္တက္ခဏ တစ်ချက် သော်လည်းကောင်း, များစွာသော်လည်းကောင်း လွန်ပြီးမှ ထင်လာနိုင်၏၊ ရူပါရုံ ဥပါဒ်ပြီးနောက် ဒွါရ နှစ်ခု၌ မထင်နိုင်သေးဘဲ လွန်သွားသော ဘဝင်စိတ္တက္ခဏများကို အတီတဘဝင်ဟု နာမည်တပ်ထားသည်။ ရူပါရုံ မဥပါဒ်မီ ဖြစ်နေသော ဘဝင်များကို (ဘ)ဟု နာမည်တပ်ထားသည်။ သို့သော် ရူပါရုံ မဖြစ်သော စိတ္တက္ခဏဟူသည် မရှိစကောင်းပေ။ ယေဘုယျအားဖြင့် စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း, ဌီကာလတိုင်း, ဘင်ကာလတိုင်း၌ ရူပါရုံအဝင်အပါဖြစ်သည့် ကမ္မဇ, ဥတုဇ, အာဟာရဇရုပ်တို့ ဖြစ်နေကြသောကြောင့်, စိတ္တဇရုပ်တို့ကလည်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း၌ ဖြစ်နေကြသောကြောင့် ဖြစ်၏၊ ဤ၌ စက္ခုဒွါရ မနောဒွါရ၌ ထင်နိုင်သော ရူပါရုံကိုသာ ဆိုလိုသည်ဟု မှတ်ပါ။

အတိမဟန္တာရုံ စက္ခုဒွါရဝီထိ - တဒါရမ္မဏဝါရ

ကံ-ကမ္မနိမိတ်-ဂတိနိမိတ် တစ်မျိုးမျိုးကို အာရုံပြု၏၊

စက္ခုဒွါရဝီထိ – ပစ္စုပ္ပန်ရူပါရုံကို အာရုံပြု၏၊

မန္ဒာယုက စက္ခုပသာဒ (၃၇)

အမန္ဒာယုက (၁၁)

မဇ္ဈိမာယုက (၁)

ပထမ မဟန္တာရုံ စက္ခုဒွါရဝီထိ - ဇဝနဝါရ

ကံ-ကမ္မနိမိတ်-ဂတိနိမိတ် တစ်မျိုးမျိုးကို အာရုံပြု၏၊

စက္ခုဒွါရဝီထိ – ပစ္စုပ္ပန်ရူပါရုံကို အာရုံပြု၏၊

မန္ဒာယုက စက္ခုပသာဒ (၃၄)

အမန္ဒာယုက (၁၄)

မဇ္ဈိမာယုက (၁)

ဒုတိယ မဟန္တာရုံ စက္ခုဒွါရဝီထိ - ဇဝနဝါရ

ကံ-ကမ္မနိမိတ်-ဂတိနိမိတ် တစ်မျိုးမျိုးကို အာရုံပြု၏၊

စက္ခုဒွါရဝီထိ – ပစ္စုပ္ပန်ရူပါရုံကို အာရုံပြု၏၊

မန္ဒာယုက စက္ခုပသာဒ (၃၁)

အမန္ဒာယုက (၁၇)

မဇ္ဈိမာယုက (၁)

ပထမ ပရိတ္တာရုံ စက္ခုဒွါရဝီထိ - ဝေါဋ္ဌဗ္ဗနဝါရ

ကံ-ကမ္မနိမိတ်-ဂတိနိမိတ် တစ်မျိုးမျိုးကို အာရုံပြု၏၊

စက္ခုဒွါရဝီထိ – ပစ္စုပ္ပန်ရူပါရုံကို အာရုံပြု၏၊

မန္ဒာယုက စက္ခုပသာဒ (၂၈)

အမန္ဒာယုက (၂၀)

မဇ္ဈိမာယုက (၁)

မဇ္ဈိမာယုက - –– အတိမဟန္တာရုံဝီထိ၌ အတီတဘဝင် (၁)ချက်လွန်၏၊ ယင်းအတီတဘဝင်နှင့် ဥပါဒ်ချင်း ပြိုင်၍ဖြစ်သော စက္ခုပသာဒသည် မဇ္ဈိမာယုက စက္ခုပသာဒ မည်၏၊ ပထမ မဟန္တာရုံဝီထိ၌ အတီတဘဝင် (၂)ချက် လွန်၏၊ ပထမရှေးဦး အတီတဘဝင်နှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော စက္ခုပသာဒသည် မဇ္ဈိမာယုက စက္ခုပသာဒ မည်၏၊ ဒုတိယ မဟန္တာရုံဝီထိ၌ အတီတဘဝင် (၃)ချက်လွန်၏၊ ပထမပရိတ္တာရုံဝီထိ၌ (၄)ချက်, ဒုတိယပရိတ္တာရုံဝီထိ၌ (၅)ချက်, တတိယပရိတ္တာရုံဝီထိ၌ (၆)ချက်, စတုတ္ထပရိတ္တာရုံဝီထိ၌ (၇)ချက်, ပဉ္စမပရိတ္တာရုံဝီထိ၌ (၈)ချက်, ဆဋ္ဌပရိတ္တာရုံဝီထိ၌ (၉)ချက် လွန်၏၊ ဘဝင်မှ စ၍ ရေတွက်သော် ပထမဦးဆုံး = ရှေးဦး အတီတဘဝင်နှင့် ဥပါဒ်ချင်း ပြိုင်၍ ဖြစ်သော စက္ခုပသာဒသည် မဇ္ဈိမာယုက စက္ခုပသာဒ မည်၏၊

စက္ခုပသာဒ အဝင်အပါဖြစ်သော ကမ္မဇရုပ်တို့သည် ပဋိသန္ဓေမှ စ၍ စုတိစိတ်မှ ပြန်၍ ရေတွက်သော် (၁၇)ချက်မြောက်သော စိတ်သို့တိုင်အောင် ဘဝတစ်လျှောက်ဝယ် ဖြစ်ပေါ်နေသော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်တိုင်း ဌီတိုင်း ဘင်တိုင်း၌ အမြဲမပြတ် ဖြစ်ပေါ်နေကြ၏၊ ကံ၏အရှိန်အဝါအပေါ် မူတည်၍ ယင်းခဏငယ်တိုင်း၌ တစ်မျိုး တစ်မျိုးလျှင် ရုပ်ကလာပ်ပေါင်းများစွာ ဖြစ်နိုင်၏၊ စက္ခုဒသကကလာပ်ပေါင်းလည်း ခဏငယ်တိုင်း၌ များစွာ ဖြစ်နေကြ၏၊ စက္ခုဝိညာဏ်၏ ဥပါဒ်-ဌီ-ဘင်အားဖြင့် ဖြစ်ပေါ်လာသော အချိန်၌ စက္ခုဒသကကလာပ်ပေါင်းများစွာ စက္ခုပသာဒပေါင်းများစွာ ဥပါဒ်ဆဲလည်း ရှိ၏၊ ဌီသို့ ရောက်ဆဲလည်း ရှိ၏၊ ဘင်သို့ ရောက်ဆဲလည်း ရှိ၏၊ ယင်းစက္ခုပသာဒပေါင်းများစွာတို့တွင် အားအကောင်းဆုံးသော မဇ္ဈိမာယုက စက္ခုပသာဒကို မှီ၍ စက္ခုဝိညာဏ်နာမ်တရားစုသည် ဖြစ်ပေါ်လာ၏၊

မန္ဒာယုက, အမန္ဒာယုက, မဇ္ဈိမာယုက ပသာဒတို့သည် စိတ္တက္ခဏ (၁၇)ချက် သက်တမ်း ရှည်သော သတ္တရသာယုကချည်း ဖြစ်၍ အသက် ရှည်, တို, အပို, အယုတ် မရှိသော်လည်း ပဉ္စဒွါရဝီထိ၏အာရုံဖြစ်သော ပဉ္စာရုံနှင့် ပြိုင်၍ ချုပ်သည်၊ ရှေးဦး ချုပ်သည်၊ နောက်မှ ချုပ်သည်ကို စွဲ၍ စက္ခုဒွါရ အတိမဟန္တာရုံဝီထိ၌ အတီတဘဝင်၏ ဥပါဒ်ကစ၍ ဖြစ်သော စက္ခုပသာဒသည် မိမိနှင့် ထိခိုက်သော ရူပါရုံနှင့် ပြိုင်၍ချုပ်ခြင်းကြောင့် မရှည်မတို အလယ် အလတ် အသက်ရှိ၏ဟု ဆိုအပ်ရကား မဇ္ဈိမာယုက မည်၏၊ ယင်းအတီတဘဝင်မှ ရှေးစိတ္တက္ခဏတို့၌ ဥပါဒ်သော (၃၇)မျိုးသော စက္ခုပသာဒတို့သည် ထိခိုက်သော ရူပါရုံ မချုပ်မီ ချုပ်ခြင်းကြောင့် ထိုရူပါရုံအောက် နည်းသော တိုသော အသက်ရှိ၏ဟု ဆိုအပ်ရကား မန္ဒာယုက မည်၏၊ ယင်းအတီတဘဝင်၏ ဌီ-ဘင်မှ စ၍ နောက်စိတ္တက္ခဏတို့၌ ဖြစ်သော (၁၁)မျိုးသော စက္ခုပသာဒသည် ထိခိုက်သောရူပါရုံ ချုပ်သည်တိုင်အောင် မချုပ်သေးသောကြောင့် ထိုရူပါရုံထက် ရှည်သော အသက်ရှိ၏ဟုဆိုအပ်ရကား အမန္ဒာယုက မည်၏၊ ကြွင်းသော စက္ခုဒွါရဝီထိတို့၌လည်းကောင်း, သောတဒွါရဝီထိ စသည်တို့၌လည်းကောင်း ဤနည်းကို မှီ၍ သိအပ်၏၊ ပဉ္စဝိညာဏ်ဖြစ်သည်မှ ရှေ့၌ ဖြစ်ခဲ့၍ ပဉ္စဝိညာဏ်ဖြစ်သည်တိုင်အောင် မချုပ်မပျက် အသက်ရှည်သေးခြင်းကြောင့် နိဿယ ပုရေဇာတ ပြု၍ ပဉ္စဝိညာဏ် မှီခြင်းငှာ ထိုက်သော ထိုမန္ဒာယုက အမန္ဒာယုက မဇ္ဈိမာယုက ပဉ္စပသာဒတို့တွင် မဇ္ဈိမာယုက ပဉ္စပသာဒကိုသာ ပဉ္စဝိညာဏ် မှီသည်ဟု အဘိဓမ္မာဝတာရဋီကာ ဆုံးဖြတ်၏၊ ပဉ္စဒွါရာဝဇ္ဇန်းနှင့်သော်လည်းကောင်း, ဘဝင်္ဂုပစ္ဆေဒနှင့် သော်လည်းကောင်း ဥပါဒ်ပြိုင်သော ပဉ္စပသာဒကို ပဉ္စဝိညာဏ် မှီသည်ဟူသော ဝါဒကိုကား ပယ်၏၊[၆၃၄] 

ပဉ္စဝေါကာရဘုံ၌ ဖြစ်သော မနောဝိညာဏ်စိတ်တို့တွင် ပဋိသန္ဓေစိတ်သည် မိမိနှင့်အတူ ဥပါဒ်သော ဟဒယ ဝတ္ထုကို မှီ၍ ဖြစ်၏၊ ဘဝင်စသော မနောဝိညာဏ်စိတ်အားလုံးတို့သည်ကား (= ပဉ္စဒွါရာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော၊ တဒါရုံ၊ မနောဒွါရာဝဇ္ဇန်း၊ ဇော၊ တဒါရုံဟူသော မနောဝိညာဏ်စိတ်အားလုံးတို့သည်ကား) မိမိ၏ ရှေးအနန္တရစိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို မှီ၍ ဖြစ်ကုန်၏၊ နိရောဓသမာပတ်မှ ထသောအခါ အနာဂါမိဖိုလ် အရဟတ္တဖိုလ်စိတ်တို့သည် ရှေးစိတ္တက္ခဏ တစ်ချက်ခန့် ကာလ၌ ဥပါဒ်သော ဟဒယဝတ္ထုကိုမှီ၍ ဖြစ်ကုန်၏၊ မရဏာသန္နအခါ ဘဝင် အာဝဇ္ဇန်းစသော မနောဝိညာဏ်စိတ်တို့သည် စုတိစိတ်မှ ပြန်၍ရေတွက်သည်ရှိသော် (၁၇)ချက်မြောက်သော စိတ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို မှီ၍ ဖြစ်ကုန်၏၊[၆၃၅] ထိုကြောင့် ဤသို့ မှတ်သားထားပါ။

၁။ ပဋိသန္ဓေစိတ်သည် မိမိနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို မှီ၍ ဖြစ်၏၊
၂။ ပဋိသန္ဓေနောင် ပထမဘဝင်သည် ပဋိသန္ဓေနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို မှီ၍ ဖြစ်၏၊
၃။ ဒုတိယဘဝင်သည် ပထမဘဝင်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို။ ပ။
၄။ ပဉ္စဒွါရာဝဇ္ဇန်းသည် ဘဝင်္ဂုပစ္ဆေဒနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊
၅။ သမ္ပဋိ စ္ဆိုင်းသည် ပဉ္စဝိညာဏ်နှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊
၆။ သန္တီရဏသည် သမ္ပဋိ စ္ဆိုင်းနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊
၇။ ဝုဋ္ဌောသည် သန္တီရဏနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊
၈။ ပထမဇောသည် ဝုဋ္ဌောနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို။ ပ။
၉။ သတ္တမဇောသည် ဆဋ္ဌဇောနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊
၁၀။ ပထမတဒါရုံသည် သတ္တမဇောနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊
၁၁။ ဒုတိယတဒါရုံသည် ပထမတဒါရုံနှင့်အတူ ဥပါဒ်သော ဟဒယဝတ္ထုကို၊

ဤသို့ အသီးအသီး မှီဖြစ်သည်ဟု မှတ်ပါ။ ဤသို့စသည်ဖြင့် မနောဒွါရဝီထိတို့၌လည်း သဘောပေါက်သင့်ပေပြီ။

ပဉ္စဒွါရဝီထိနှင့် မနောဒွါရဝီထိတို့၏ စွမ်းအင်

ယေဘုယျအားဖြင့် ဤပဉ္စဒွါရဝီထိနှင့် ကာမဇော မနောဒွါရဝီထိတို့တွင် ဇောသည် (၇)ကြိမ် စောတတ်၍ တဒါရုံမှာ (၂)ကြိမ် ကျတတ်၏၊ ကျန်ဝီထိစိတ်တို့ကား တစ်ကြိမ်စီသာ ဖြစ်တတ်၏၊ စက္ခုဒွါရဝီထိစသော ပဉ္စဒွါရဝီထိ များ၏ နောင်၌ ဘဝင်များခြားလျက် မနောဒွါရဝီထိများသည် ဝီထိပေါင်းများစွာ ဖြစ်တတ်၏၊ ထိုတွင် ရှေးဦးစွာသော မနောဒွါရဝီထိကို တဒနုဝတ္တက မနောဒွါရဝီထိ = နောက်လိုက် မနောဒွါရဝီထိဟု ခေါ်ဆို၍ ဒုတိယ မနောဒွါရဝီထိမှ စ၍ နောက်ပိုင်း ဆက်လက်ဖြစ်ပေါ်ကြကုန်သော မနောဒွါရဝီထိများကို သုဒ္ဓမနောဒွါရဝီထိဟု ခေါ်ဝေါ်သုံးစွဲကြပေသည်။ အချို့ဆရာမြတ်တို့ကား အားလုံးကိုပင် တဒနုဝတ္တကမနောဒွါရဝီထိဟုပင် ခေါ်ဝေါ်သုံးစွဲလိုကြ၏၊ ဤစာမူ၌ကား မနောဒွါရဝီထိဟုသာ ဇယားများတွင် ဖော်ပြထားပါသည်။

၁။ စက္ခုဒွါရ မနောဒွါရ၌ ရူပါရုံ ရှေးရှုကျရောက်လာသောအခါ ထင်လာသောအခါ ''ငါသည် ကုသိုလ်ကိုသာ ဖြစ်စေရမည်၊ သို့မဟုတ် ငါသည် အကုသိုလ်ကိုသာ ဖြစ်စေရမည်'' – ဤသို့ စသော သတ်မှတ်ချက်များ[၆၃၆]နှင့် အညီ ကုသိုလ်ဇော စောသည့် စက္ခုဒွါရဝီထိ သို့မဟုတ် အကုသိုလ်ဇော စောသည့် စက္ခုဒွါရဝီထိများ ဖြစ်ပေါ်လာကြ၏၊ ယင်းစက္ခုဒွါရဝီထိ နာမ်တရားစုတို့ကား ရူပါရုံအရောင်မျှကိုသာ သိ၏၊ ယောက်ျား မိန်းမ အိုး ပုဆိုး စသည်ဖြင့် ထိုရူပါရုံကို မသိပေ။ အဘိနိပါတမတ္တ = အာရုံနှင့် ဒွါရ ရှေးရှူ ရင်ဆိုင်မိရုံသာ ဖြစ်သည်။ ယောနိသောမနသိကာရဖြစ်က ကုသိုလ်ဇော အယောနိသောမနသိကာရဖြစ်က အကုသိုလ်ဇောများကား စောနိုင်၏၊ သို့သော် ထိုရူပါရုံကို ယောက်ျား မိန်းမ အိုး ပုဆိုး စသည်ဖြင့် သိ၍ စောသည်ကား မဟုတ်ပေ။ ရူပါရုံ အရောင်မျှကိုသာ အာရုံပြု၍ (ရှေးယခင်က ကြိုတင်သတ်မှတ်ထားခြင်း စသော အကြောင်းတို့အပေါ် အခြေစိုက်၍) ကုသိုလ်ဇော သို့မဟုတ် အကုသိုလ်ဇော စောခြင်း ဖြစ်၏၊

၂။ ယင်းစက္ခုဒွါရဝီထိနောင်၌ မနောဒွါရဝီထိ တစ်ဝီထိကျ၏၊ တဒနုဝတ္တကမနောဒွါရဝီထိဟု ခေါ်ဆိုအသုံးပြု ထား၏၊ ယင်းမနောဒွါရဝီထိကား စက္ခုဒွါရဝီထိက အာရုံပြုခဲ့သော အတိတ်ရူပါရုံမျှကိုသာ အာရုံပြုနိုင်၏ သိနိုင်၏၊ စက္ခုဒွါရဝီထိနှင့် အလားတူပင် ကုသိုလ်ဇော အကုသိုလ်ဇော ထိုက်သလို စောနိုင်၏၊ ဤဝီထိကို စက္ခုဒွါရဝီထိမှ ထောက်လျှင် ဒုတိယ (တဒနုဝတ္တက) မနောဒွါရဝီထိဟု ခေါ်ဆို၏၊ တဒါရုံ ကျသည်လည်း ရှိ၏၊ မကျသည်လည်း ရှိ၏၊

၃။ ယင်း ဒုတိယမနောဒွါရဝီထိ၏ နောင်၌ တတိယမနောဒွါရ တစ်ဝီထိ ကျပြန်၏၊ တတိယ သုဒ္ဓမနောဒွါရဝီထိဟု ခေါ်ဆို၏၊ ယင်းမနောဒွါရဝီထိကား ယင်းအတိတ်ရူပါရုံကိုပင် ညို၏ ဝါ၏ ပြာ၏ စသည်ဖြင့် သိ၏၊ ရှေး နှစ်ဝီထိတို့ကား အရောင်မျှကိုသာ သိ၏၊ ဤတတိယမနောဒွါရဝီထိသို့ ရောက်မှသာလျှင် ယင်းရူပါရုံ၏ အညို အဝါ အပြာ စသည့် ကွဲပြားသည့်အရောင်ကို သိ၏၊ ရှေးနှစ်ဝီထိတို့ဖြင့် မြင်အပ်ပြီးသော အတိတ်ရူပါရုံကိုပင် ညို၏ ဝါ၏ ပြာ၏ စသည်ဖြင့် ပိုင်းခြားနိုင်သော ဝီထိ ဖြစ်သည်။ တဒါရုံ ကျသည်လည်း ရှိ၏၊ မကျသည်လည်း ရှိ၏၊ ယောနိသောမနသိကာရ အယောနိသောမနသိကာရ အားလျော်စွာ ကုသိုလ်ဇော အကုသိုလ်ဇော ထိုက်သလို စောနိုင်၏၊

၄။ စတုတ္ထ သုဒ္ဓမနောဒွါရဝီထိ –– ယခင် သုံးဝီထိတို့ဖြင့် မြင်အပ် သိအပ် ပိုင်းခြားအပ်ပြီးသော ရူပါရုံကို စွဲ၍ ယောက်ျား မိန်းမ အိုး ပုဆိုး သင်္ကန်း ရွှေ ငွေ စသည်တည်းဟု သင်္ကေတ ရှိဖူးသည်နှင့် လျော်စွာ အတ္ထပညတ်ကို သိသော သုဒ္ဓမနောဒွါရဝီထိတည်း။ ဤအဆင့်၌ ပညတ်ကို အာရုံပြုနေပါက တဒါရုံကျခွင့် မရှိ။ အကယ်၍ ပရမတ်ကိုသာ အာရုံယူနိုင်ပါမူကား ရူပါရုံ အရောင်မျှကိုသာ ဆက်လက် အာရုံယူနိုင်ပါမူကား တဒါရုံ ကျနိုင်ခွင့် ရှိ၏၊ ဤဝီထိ၌လည်း ယောနိသောမနသိကာရ အယောနိသောမနသိကာရ အားလျော်စွာ ကုသိုလ်ဇော အကုသိုလ်ဇော ထိုက်သလို စောနိုင်၏၊

၅။ ပဉ္စမ သုဒ္ဓမနောဒွါရဝီထိ –– ဤပဉ္စမဝီထိသို့ ရောက်ပါမှ ယောက်ျားပဲ မိန်းမပဲ အိုးပဲ ပုဆိုးပဲ ရွှေပဲ ငွေပဲ စသည်ဖြင့် အတ္ထပညတ် တစ်ခုခုကို ကွဲကွဲပြားပြား သိ၏၊ ဤပဉ္စမဝီထိသို့ ရောက်ရှိပါမှ ယောနိသောမနသိကာရ ရှိပါက ကြည်ညိုခြင်း, အယောနိသောမနသိကာရ ဖြစ်ပါက တပ်မက်ခြင်း ချစ်ခင်ခြင်း စသည် ဖြစ်၏၊ ဤဝီထိ၌လည်း ပရမတ် အရောင်သက်သက်ကို စွမ်းနိုင်သော ဝိပဿနာကမ္မိကပုဂ္ဂိုလ်တို့သည် အာရုံပြုနိုင်ကြ၏၊ တဒါရုံ ကျခွင့်ရှိ၏၊ ပညတ်ကိုသာ အာရုံပြုနေပါက တဒါရုံကျခွင့် မရှိ။[၆၃၇]

ဤအကြောင်းတရားတို့ကြောင့် ကုသိုလ်ဇော စောရခြင်း ဖြစ်ပေသည်။[၆၃၈]

ကုသိုလ်ဇော စောရခြင်း

၁။ နိယမိတ - –– ''ငါသည် ကုသိုလ်ကိုသာ ပြုထိုက်၏''ဟု ကုသိုလ်ကို ပြုလုပ်ခြင်း၌ စိတ်ကို အမြဲသတ်မှတ်ထား၏၊ ဒါန သီလ ဘာဝနာ စသော ကောင်းမှုကုသိုလ်ကို ပြုခြင်း၌ အမြဲသတ်မှတ်ထားအပ်သော စိတ်၏ စွမ်းအင် ကြောင့်လည်းကောင်း,

၂။ ပရိဏာမိတ - –– အကုသိုလ်ဖြစ်ခြင်းမှ စိတ်ကို ဆုတ်နစ်စေ၍ ကောင်းမှုကုသိုလ် ပြုခြင်း၌သာလျှင် စိတ်ဓာတ်ကို ညွတ်ကိုင်းရှိုင်းထား၏၊ ယင်းသို့ ကောင်းမှုကုသိုလ်ကိုပြုခြင်း၌ ညွတ်စေအပ်သော ညွတ်ကိုင်းရှိုင်းထားသော စိတ်၏ စွမ်းအင်ကြောင့်လည်းကောင်း,

၃။ သမုဒါစာရ - – ဒါန သီလ သမထ ဝိပဿနာ အစရှိသော ကုသိုလ်တရားတို့ကို အမြဲမပြတ် လိုက်နာပြုကျင့်လျက် စိတ်ဓာတ်ကို ကုသိုလ်တရားတို့၌သာ အဆက်မပြတ် ဆက်တိုက်ဖြစ်နေအောင် လေ့ကျင့်ထား၏၊ ကုသိုလ်တရားတို့၌ အလေ့အကျက်များနေသော စိတ်၏ စွမ်းအင်ကြောင့်လည်းကောင်း,

၄။ အာဘုဇိတ - – ပတိရူပဒေသဝါသ = ရတနာသုံးပါး ထွန်းကားရာ သူတော်သူမြတ်တို့ရှိရာ သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အရပ်ဒေသ၌ နေထိုင်ခြင်း, သပ္ပုရိသူပနိဿယ = ဘုရားအစရှိသော သူတော်သူမြတ်တို့ကို မှီဝဲ ဆည်းကပ်ခြင်း, သဒ္ဓမ္မဿဝန = သစ္စာလေးပါးနှင့် စပ်သော သူတော်ကောင်းတရားကို နာကြားခြင်း, ပုဗ္ဗေ ကတပုညတာ = ရှေးကပြုခဲ့ဖူးသော ကောင်းမှုကုသိုလ်ထူးရှိခြင်း –– ဤသို့စသော အကြောင်းတရားတို့ကြောင့် အာရုံကို နည်းမှန် လမ်းမှန် နှလုံးသွင်းခြင်း နှလုံးသွင်းတတ်ခြင်း ယောနိသောမနသိကာရ၏ စွမ်းအင်ကြောင့်လည်းကောင်း ––

''ငါ့မှာ မည်သည့် အာရုံနှင့်ပင်တွေ့တွေ့ ကုသိုလ်စိတ်သာ ဖြစ်စေရမည်''ဟု အမြဲသတ်မှတ် ဆုံးဖြတ်ထားသူ၌ ကုသိုလ်စိတ်သာ ဖြစ်၏၊ အကုသိုလ် မဖြစ်အောင် စိတ်ကိုစောင့်စည်း၍ ကုသိုလ်ဖြစ်ဖို့ရန် စိတ်ညွတ်ထားသူ၌ ကုသိုလ်စိတ်သာ ဖြစ်၏၊ ရှေးရှေးကပင် ကုသိုလ်စိတ်၌ အလေ့အကျက်ရနေသူမှာလည်း ကုသိုလ်စိတ်သာ ဖြစ်တတ်၏၊ ဘယ်လုပ်ငန်းကိစ္စ၌မဆို သင့်တော်အောင် နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်မှု အာဘုဇိတ = ယောနိသောမနသိကာရ ရှိသူမှာလည်း ကုသိုလ်စိတ်သာ ဖြစ်တတ်၏၊ ဤအကြောင်း (၄)ပါးကြောင့် သုဘနိမိတ် ဣဋ္ဌာရုံနှင့် တွေ့ကြုံရသော်လည်း လောဘစိတ် မဖြစ်ဘဲ ကုသိုလ်စိတ်သာ ဖြစ်ရပေသည် ဟူလို။

ရူပါရုံလိုင်း ရှုပုံစနစ် (အကောင်းအုပ်စု)

ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော နာမ်တရားစုတို့မှာ စက္ခုဒွါရဝီထိနာမ်တရားနှင့် မနောဒွါရဝီထိ နာမ်တရားစုတို့ ဖြစ်ကြ၏၊ စက္ခုဒွါရဝီထိ တစ်ဝီထိဖြစ်ပါက ဝီထိတစ်ခုနှင့် တစ်ခု အကြားတွင် ဘဝင်များစွာ ခြားလျက် မနောဒွါရဝီထိပေါင်းများစွာ ဖြစ်နိုင်၏၊ စိတ်တို့မည်သည် မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက်ဟု ခေါ်ဆိုအပ်သော အလွန် တိုတောင်းသော အချိန်ကာလအတွင်း၌ ကုဋေတစ်သိန်းမက ဖြစ်ပြီး ပျက်သွားနိုင်ကြောင်းကို ဖေဏပိဏ္ဍူပမသုတ္တန်အဋ္ဌကထာ[၆၃၉] .. စသည်တို့၌ ဖွင့်ဆိုထားသဖြင့် ထိုမျှ တိုတောင်းသော ကာလအတွင်း၌ စက္ခုဒွါရဝီထိပေါင်း မနောဒွါရဝီထိပေါင်းလည်း များစွာ ဖြစ်နိုင်သည်သာ ဖြစ်ပေသည်။ ယင်းဝီထိတို့တွင် ရှုလိုက်နိုင်သော ဝီ ထိလည်း အချို့အဝက်ရှိ၍ မရှုလိုက်နိုင်သော ဝီထိလည်း အချို့အဝက်ရှိမည်သာ ဖြစ်ပေသည်။ သို့သော် မိမိ ရှုလိုက်နိုင်သောဝီထိ ရှုလိုက်မိသောဝီထိတို့၌ကား နာမ်တုံး နာမ်ခဲများကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ဃနပြိုအောင် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွားရမည်သာ ဖြစ်ပေသည်။ (နာမ်ဃနလေးပါး အကြောင်းကို ဤကျမ်းစာ[၆၄၀]၌ ရေးသားတင်ပြထားပါသည်။)

မိမိ ရှုပွားသိမ်းဆည်းလိုက်နိုင်သော ရှုပွားသိမ်းဆည်းမိသော အာရုံ၏ ရှုပွားသိမ်းဆည်းလိုက်မိသော အချိန်မှ စ၍ ရနိုင်သော သက်တမ်းသို့ လိုက်၍ ..

၁။ ဘဝင်လှုပ်ရုံသာ လှုပ်သော ဝါရလည်း ရှိ၏၊ (မောဃဝါရ)
၂။ ဝုဋ္ဌောတိုင်ရုံသာ ဖြစ်သော ဝါရလည်း ရှိ၏၊ (ဝေါဋ္ဌဗ္ဗနဝါရ)
၃။ ဇောတိုင်အောင် ဖြစ်သော ဝါရလည်း ရှိ၏၊ (ဇဝနဝါရ)
၄။ တဒါရုံတိုင်အောင် ဖြစ်သော ဝါရလည်း ရှိ၏၊ (တဒါရမ္မဏဝါရ)

ဤဝါရလေးမျိုးတို့တွင် ဤစာမူဇယားများ၌ တဒါရမ္မဏဝါရကိုသာ ပဓာနထား၍ ရေးသားတင်ပြထားပါသည်။ ကျန်ဝါရများကို ယောဂါဝစရပုဂ္ဂိုလ်သည် ရှုရင်း သဘောပေါက်နိုင်လိမ့်မည်ဟု မျှော်လင့်ထားပါသည်။ အဋ္ဌသာလိနီ အဋ္ဌကထာ[၆၄၁]၌ကား အမှတ် (၁) မောဃဝါရကို ပထမမောဃဝါရ, အမှတ် (၂) ဝေါဋ္ဌဗ္ဗနဝါရကို ဒုတိယမောဃဝါရ, အမှတ် (၃) ဇဝနဝါရကို တတိယမောဃဝါရဟု အသီးအသီး ခေါ်ဝေါ်သုံးစွဲထားပေသည်။ ယင်း ပထမမောဃဝါရကား ဝီထိစိတ်မှ အချည်းနှီးဖြစ်သောကြောင့်, ဒုတိယမောဃဝါရကား ဇောမှ အချည်းနှီးဖြစ်သောကြောင့်, တတိယ မောဃဝါရကား တဒါရုံမှ အချည်းနှီးဖြစ်သောကြောင့် မောဃဝါရဟူသော အမည်အသီးအသီးကို ရရှိခြင်း ဖြစ်ပေသည်။

ယောဂါဝစရပုဂ္ဂိုလ်သည် ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့ကို သိမ်းဆည်းလိုပါက အောက်ပါအတိုင်း သိမ်းဆည်းပါ။

၁။ မိမိရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိ တစ်ခုခုကို အဆင့်ဆင့် ပြန်လည်ထူထောင်ပါ။
၂။ စက္ခုအကြည်ဓာတ် = စက္ခုဒွါရနှင့် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရဟူသော ဒွါရနှစ်ခုကို အသိဉာဏ်၌ ပြိုင်တူ ထင်အောင် ပူးတွဲ သိမ်းဆည်းပါ။
၃။ ရုပ်ကလာပ်အများစု၏ သို့မဟုတ် ရုပ်ကလာပ်တစ်ခု၏ ရူပါရုံ အရောင်ကို လှမ်းအာရုံယူပါ။
၄။ ထို ရူပါရုံ အရောင်သည် စက္ခုဒွါရ မနောဒွါရဟူသော ဒွါရနှစ်ခု၌ ပြိုင်တူ ရှေးရှု ရိုက်ခတ်သောအခါ = ပြိုင်တူ ထင်လာသောအခါ စက္ခုဒွါရဝီထိစိတ်အစဉ်နှင့် ရူပါရုံကိုပင် ဆက်လက် အာရုံယူသည့် မနောဒွါရဝီထိ စိတ်အစဉ်များသည် ဖြစ်ပေါ်လာကြမည် ဖြစ်ပေသည်။
၅။ ထိုဝီထိစိတ်အစဉ်တို့တွင် စက္ခုဒွါရဝီထိ၌ ပါဝင်သော အာဝဇ္ဇန်းနှင့် ဝုဋ္ဌော, မနောဒွါရဝီထိ၌ ပါဝင်သော မနောဒွါရာဝဇ္ဇန်းတို့က ယင်းရူပါရုံအရောင်ကို ရူပါရုံဟုသာ = အရောင်ဟုသာ ဆင်ခြင် ဆုံးဖြတ်ပါ။ ယောနိသော မနသိကာရ ဖြစ်သဖြင့် ကုသိုလ်ဇောများ စောကြမည်ဖြစ်သည်။ ယင်း ကုသိုလ်ဇောနာမ်တရား တဒါရုံနာမ်တရား (၃၄) စသည်တို့မှာ သဒ္ဓါ-ပညာအုပ်စု နာမ်တရားများပင် ဖြစ်ကြသည်။

စက္ခုဒွါရဝီထိနာမ်တရားစုသည် ရုပ်ကလာပ်အများစု၏ ရူပါရုံ အရောင်ကိုသာ အာရုံယူနိုင်၏ သိနိုင်၏ဟူသော အယူဝါဒလည်း ရှိနေ၏၊[၆၄၂] မနောဒွါရဝီထိကား ရုပ်ကလာပ်တစ်ခု၏ ရူပါရုံအရောင်ကိုပင် ဖြစ်စေ, ရုပ်ကလာပ် အများစု၏ ရူပါရုံအရောင်ကိုပင်ဖြစ်စေ သိရှိနိုင်သောသဘော ရှိ၏၊ ထိုကြောင့် ရုပ်ကလာပ်အများစု၏ ရူပါရုံ သို့မဟုတ် ရုပ်ကလာပ်တစ်ခု၏ ရူပါရုံဟု နှစ်မျိုးခွဲလျက် ရေးသားထားပေသည်။

အဘိဓမ္မာ ဝိဘင်းပါဠိတော်[၆၄၃]နှင့် ယင်းပါဠိတော်၏ အဖွင့်ဖြစ်သော ဉာဏဝိဘင်း အဋ္ဌကထာ ဋီကာတို့နှင့် အညီ ပဉ္စဒွါရိကဇောဝီထိစိတ်အစဉ်တို့ကား ဒွါရနှင့် အာရုံ ရှေးရှုဆုံစည်းမှုသဘောမျှလောက်သာ = ဆိုင်ရာ ဆိုင်ရာ ဒွါရ၌ ရှေးရှုကျရောက်လာသော အာရုံကို သိကာမတ္တသဘောမျှသာ ရှိ ကြ၏၊ ယင်းအာရုံကို အရောင်မျှ အသံမျှ အနံ့မျှ အရသာမျှ အတွေ့အထိမျှသာ သိနိုင်၏၊ အဖြူ အနီ အဝါ အပြာ စသည်ဖြင့် ခွဲခြားစိတ်ဖြာ၍ သိနိုင်သည့် စွမ်းအားကား မရှိပေ။ ထိုကြောင့် ယင်းပဉ္စဒွါရဝီထိတို့၌ တည်ရှိသော အာဝဇ္ဇန်းနှင့် ဝုဋ္ဌော, ရှေးဦးစွာသော ပထမ တဒနုဝတ္တက မနောဒွါရဝီထိ၌ တည်ရှိသော မနောဒွါရာဝဇ္ဇန်းတို့၏ ဆင်ခြင်ဆုံးဖြတ်ချက်မှာ တကယ်တမ်း ပိုင်ပိုင်နိုင်နိုင် အာရုံကို ဆုံးဖြတ်နိုင်သည်ကား မဟုတ်ပေ။ အဖြူ အနီ အဝါ အပြာ စသည်ဖြင့် ခွဲခြားစိတ်ဖြာ၍ သိနိုင်သော အဆင့်သို့ပင် မရောက်ရှိသေးပေ။ ပဉ္စမမြောက် မနောဒွါရဝီထိသို့ ရောက်ရှိပါမှ အထိုက်အလျောက် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချနိုင်သည့်သဘော ရှိပေသည်။ ထိုကြောင့် ပဉ္စဒွါရဝီထိ, ပထမ တဒနုဝတ္တက မနောဒွါရဝီထိတို့၌ တည်ရှိသော အာဝဇ္ဇန်း ဝုဋ္ဌောတို့သည် အာရုံကို ဣဋ္ဌ အနိဋ္ဌ စသည်ဖြင့် တကယ်တမ်း ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချနိုင်သည့် တရားတို့ မဟုတ်ဘဲ ဆုံးဖြတ်ချက်ချသကဲ့သို့သာဖြစ်သော တရားတို့ဟု မှတ်သားပါ။[၆၄၄]

ယောဂါဝစရပုဂ္ဂိုလ်သည် –– ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ် = ဆင်ခြင်၊ မြင်သိ၊ လက်ခံ၊ စုံစမ်း၊ ဆုံးဖြတ်၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ် –– ထိုနောင် ဘဝင် အကြိမ်များစွာ ခြားလျက် –– မနောဒွါရာဝဇ္ဇန်း၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ် = ဆင်ခြင်ဆုံးဖြတ်၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ် – ဤသို့ စသည်ဖြင့် ဖြစ်ပေါ်နေသော ဝီထိစိတ်အစဉ်အတွင်း၌ တည်ရှိသော အသိစိတ် = ဝိညာဏ်တိုင်းကို သိအောင် မြင်အောင် စက္ခုအကြည် ဘဝင်မနောအကြည်ဟူသော ဒွါရနှစ်ခုနှင့် ရူပါရုံဟူသော အာရုံကို ပူးတွဲသိမ်းဆည်းလျက် ကြိမ်ဖန်များစွာ လေ့ကျင့်ပါ။ ထိုတွင် စက္ခုဒွါရဝီထိ တစ်ကြိမ်ဖြစ်က ရူပါရုံကို ဆက်လက်အာရုံယူသည့် မနောဒွါရဝီထိများသည် ဝီထိတစ်ခုနှင့် တစ်ခု၏ အကြားဝယ် ဘဝင်အကြိမ်များစွာ ခြားလျက် မနောဒွါရဝီထိပေါင်းများစွာ ဖြစ်မှုကို သဘောပေါက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သည့်တိုင်အောင် လေ့ကျင့်ပါ။ ဝီထိစိတ်တိုင်း စိတ်တိုင်းကို အောင်မြင်စွာ သိမ်းဆည်းရှုပွားနိုင်ပါက ဖဿ ဝေဒနာ စသော စေတသိက်တို့ကို တဖြည်းဖြည်း တစ်လုံးစီ တစ်လုံးစီ တိုး၍တိုး၍ –– (၂)လုံး, (၃)လုံး, (၄)လုံး, (၅)လုံး, (၆)လုံး, (၇)လုံး, (၈)လုံး, -ဤသို့ စသည်ဖြင့် ဝီထိစိတ္တက္ခဏတိုင်း၌ ပြိုင်တူဖြစ်မှုကို ရှင်းရှင်းလင်းလင်း မြင်အောင် ရှု၍ ရသောအခါ ဇယားတွင် ဖော်ပြထားသည့်အတိုင်း စိတ်စေတသိက်များကို ရှုကြည့်ပါ။ တဖြည်းဖြည်း အောင်မြင်မှုကို ရရှိလာမည် ဖြစ်ပေသည်။ ဖဿက စ၍ဖြစ်စေ, ဝေဒနာက စ၍ဖြစ်စေ နာမ်တရားတို့ကို သိမ်းဆည်းရာ၌လည်း နည်းတူ မှတ်ပါ။ အကယ်၍ အောင်မြင်မှုကို မရရှိခဲ့သော် ရုပ်တရားကိုပင် ထပ်ကာထပ်ကာ သိမ်းဆည်းပါ။ ရုပ်တရား၌ သိမ်းဆည်းနေသော ဉာဏ်သည် အရှုပ်အထွေးမရှိ သန့်ရှင်း စင်ကြယ်လာသောအခါ နာမ်တရားများသည် အလိုလိုပင် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားလာမည် ဖြစ်ကြောင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၆၄၅]၌ ညွှန်ကြားထားပေသည်။

ရုပ်အစစ် ရုပ်အတု - – ထိုဝီထိစိတ်တို့တွင် စက္ခုဝိညာဏ်သည် မဇ္ဈိမာယုကဖြစ်သော စက္ခုအကြည်ဓာတ်ဟူသော စက္ခုဝတ္ထုရုပ်ကိုသာ မှီဖြစ်၍ စက္ခုဒွါရဝီထိနှင့် မနောဒွါရဝီထိအတွင်း၌ တည်ရှိသော ကျန်စိတ္တက္ခဏတိုင်းဟူသော နာမ်တရားတို့သည် မိမိ မိမိ၏ ရှေးရှေးစိတ္တက္ခဏဟူသော အနန္တရစိတ်နှင့် အတူ ဥပါဒ်သော = ပြိုင်တူဖြစ်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်ကြရ၏၊ သို့ဖြစ်၍ မှီရာဝတ္ထုရုပ်များကိုပါ ဇယားတွင် ဖော်ပြထားပါသည်။ သုတ္တန်နည်းအရ ဃနပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲ၍ ပရမတ်ရုပ်တရားတို့ကို သိမ်းဆည်း ရှုပွားရမည် ဖြစ်သဖြင့် ဝတ္ထုအရ စက္ခုဝတ္ထုစသော ဝတ္ထုရုပ်မျှကိုသာ မကောက်ယူဘဲ မသိမ်းဆည်း မရှုပွားဘဲ ဝတ္ထုရုပ်အဝင်အပါ ရနိုင်သမျှသော ဘူတရုပ် ဥပါဒါရုပ်တို့ကိုပါ သိမ်းကျုံး၍ ဖော်ပြထားပါသည်။ ထိုသို့ သိမ်းဆည်းရှုပွားရန်ကိုလည်း မူလဏ္ဏာသအဋ္ဌကထာ[၆၄၆]စသည်တို့၌ ညွှန်ကြား ထားပေသည်။

သို့သော် ဇယားများ၌ ရုပ်အစစ်များကိုသာ ပဓာနထား၍ ဖော်ပြထားပါသည်။ ရုပ်နာမ်ကို သိမ်းဆည်းသည့် နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌ကား ရနိုင်သမျှ ရုပ်အတုများကိုလည်း ရောနှော၍ သိမ်းဆည်းပါ။ ဝိပဿနာပိုင်း၌သာ ရုပ်အတုများကို ချန်လှပ်ထား၍ ရုပ်အစစ်များကိုသာ ဝိပဿနာရှုရန် ဖြစ်သည်။

တစ်ဖန် ဘဝင်တွင် သောမနဿဝေဒနာဖြင့် ပဋိသန္ဓေ တည်နေခဲ့သော တိဟိတ်ပုဂ္ဂိုလ်အတွက် ရည်ရွယ်၍ နာမ်တရား (၃၄)ဟု ဖော်ပြထားပါသည်။ ဥပေက္ခာဝေဒနာဖြင့် ပဋိသန္ဓေတည်နေခဲ့သော တိဟိတ်ပုဂ္ဂိုလ်ဖြစ်မူ ယင်းဘဝင်နာမ်တရားစုမှာ (၃၃) ဖြစ်သည်။ ဘဝင်စိတ်သည် အတိတ်ဘဝ သေခါနီး မရဏာသန္နအခါက ထင်ခဲ့သော မရဏာသန္နဇော၏ အာရုံဖြစ်သည့် ကံ-ကမ္မနိမိတ်-ဂတိနိမိတ် ဟူသော အာရုံ (၃)မျိုးတို့တွင် တစ်မျိုးမျိုးကိုသာ အာရုံပြု၏၊ ယင်းဘဝင်စိတ်၏ အတိတ်အာရုံကို ပုံစံမှန် ရှုနိုင်သောအခါမှ ဝီထိစိတ်အစဉ်တို့၏ အကြားအကြား၌ တည်ရှိသော ဘဝင်စိတ်တို့ကိုပါ ရောနှော၍ သိမ်းဆည်း ရှုပွားရန် ဖြစ်သည်။ ယခု နာမ်တရားတို့ကို သိမ်းဆည်းစ အခါတွင်ကား ယင်းဘဝင်စိတ်၏ အာရုံမှန်ကို မရှုတတ်သေး မရှုနိုင်သေးလျှင် ဘဝင်နာမ်တရားတို့ကို မရှုသေးဘဲ ခေတ္တ ချန်လှပ်ထားနိုင်သည်။

ယောနိသောမနသိကာရ

၁။ ရူပါရုံ = အရောင်ကို ရူပါရုံ = အရောင်ဟု ရှုခဲ့သော် ရူပါရုံ = အရောင်ဟုသိသော စက္ခုဒွါရဝီထိနှင့် နောက်လိုက် မနောဒွါရဝီထိ သုဒ္ဓမနောဒွါရဝီထိဟူသော မနောဒွါရဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာမည် ဖြစ်၏၊ (သိမ်းဆည်း ရှုပွားပုံကို ဖော်ပြခဲ့ပြီးပြီ။) တစ်ဖန် .. (မနောဒွါရဝီထိ၌ တည်ရှိသော မနောဒွါရာဝဇ္ဇန်းက) ––

၂။ ထိုရူပါရုံကို ရုပ်တရားဟု ရှုခဲ့သော် ရုပ်တရားဟု သိနေသော မနောဒွါရဝီထိစိတ်များကိုလည်းကောင်း,

၃။ ထိုရူပါရုံ၏ ဖြစ်ခြင်း-ပျက်ခြင်းသဘောကို အာရုံပြု၍ = ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု ရှုခဲ့သော် အနိစ္စဟု သိနေသော မနောဒွါရဝီထိစိတ်များကိုလည်းကောင်း,

၄။ ထိုရူပါရုံ၏ ဖြစ်ခြင်း ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရသည့်သဘောကို အာရုံယူ၍ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ယင်းရူပါရုံကို ဒုက္ခဟု ရှုခဲ့သော် ဒုက္ခဟု သိနေသော မနောဒွါရဝီထိစိတ်များကို လည်းကောင်း,

၅။ ထိုရူပါရုံ၏ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရ အားဖြင့် အမြဲတည်နေသည့် အတ္တ မဟုတ်သည့် သဘောကို အာရုံယူ၍ = ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ယင်းရူပါရုံကို အနတ္တဟု ရှုခဲ့သော် အနတ္တဟု သိနေသော မနောဒွါရဝီထိစိတ်အစဉ်များကိုလည်းကောင်း,

၆။ ထိုရူပါရုံ၏ မကောင်းသော အဆင်း အနံ့ စသည်တို့ဖြင့် ရောပြွမ်းနေသည့်အတွက် ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကို အာရုံယူ၍ = ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အသုဘဟု ရှုခဲ့သော် အသုဘဟု သိနေသော မနောဒွါရဝီထိစိတ်များကိုလည်းကောင်း,

ဤနာမ်တရားတို့ကိုလည်း ဆက်လက် သိမ်းဆည်းပါ။

စက္ခုဒွါရဝီထိစိတ်များဖြင့် ရူပါရုံ = အရောင်ကို ရူပါရုံ = အရောင်ဟုသာ သိနိုင်၏၊ ယင်းရူပါရုံ = အရောင်ကို ရုပ်တရားဟု, အနိစ္စတရားဟု, ဒုက္ခတရားဟု, အနတ္တတရားဟု, အသုဘတရားဟု မသိနိုင်။ မနောဒွါရဝီထိစိတ်များဖြင့်ကား ယင်းရူပါရုံ = အရောင်ကို ရူပါရုံ = အရောင်ဟုလည်းကောင်း, ရုပ်တရားဟုလည်းကောင်း, အနိစ္စတရားဟု လည်းကောင်း, ဒုက္ခတရားဟုလည်းကောင်း, အနတ္တတရားဟုလည်းကောင်း, အသုဘတရားဟုလည်းကောင်း သိနိုင်၏၊

ထိုသို့ ရူပါရုံကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို (၆)ကြိမ်မျှ ရှုခိုင်းခြင်းမှာ ယောနိသောမနသိကာရ ဖြစ်က = နှလုံးသွင်းမှန်ပါက ကုသိုလ်ဇောများ စောပုံကို သဘောပေါက်စေလိုသည်လည်း အကြောင်းတစ်ရပ်, နောက်ပိုင်း ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ အရူပသတ္တကသမ္မသနပိုင်း[၆၄၇]နှင့် ဘင်္ဂဉာဏ်ပိုင်း[၆၄၈]တို့တွင် -

ဉာတ-အမည်ရသည့် ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိရမည့် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို လည်းကောင်း, ဉာဏ-အမည်ရသည့် ရှုနေသော ဝိပဿနာဉာဏ်ပါသည့် မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ်စေတသိက်များကိုလည်းကောင်း –– ဤဉာတ-ဉာဏ နှစ်မျိုးလုံးကိုပင် ဝိပဿနာရှုပါဟူသော ရှေးရှေးအဋ္ဌကထာ ဆရာတော်တို့၏ သတ်မှတ်ချက်အရ ဉာဏ-အမည်ရသည့် ဝိပဿနာဉာဏ်ပါဝင်သည့် မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ်စေတသိက်တို့ကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုရမည် ဖြစ်သဖြင့် ရှုနေသည့် ဝိပဿနာဉာဏ်ကို = ဝိပဿနာ ဉာဏ်နှင့် တကွသော နာမ်တရားစုကို ဝိပဿနာရှုတတ်ရန် ကြိုတင်ပြင်ဆင်သည်လည်း အကြောင်းတစ်ရပ် – ဤ အကြောင်း နှစ်ရပ်ကြောင့် ထိုသို့ (၆)ကြိမ်မျှ သိမ်းဆည်းခြင်း ဖြစ်သည်ဟု မှတ်ပါ။

ထိုသို့ (၆)ကြိမ်မျှ ခွဲ၍ ရှုရာ၌ တစ်ကြိမ် တစ်ကြိမ်တွင် ဇောအသီးအသီး၌ ..
၁။ ဉာဏ်လည်းယှဉ် ပီတိလည်းယှဉ်သော် စိတ်-စေတသိက် (၃၄)၊
၂။ ဉာဏ်ယှဉ် ပီတိမယှဉ်သော် စိတ်-စေတသိက် (၃၃)၊
၃။ ဉာဏ်မယှဉ် ပီတိယှဉ်သော် စိတ်-စေတသိက် (၃၃)၊
၄။ ဉာဏ်လည်းမယှဉ် ပီတိလည်းမယှဉ်သော် စိတ်-စေတသိက် (၃၂) ––
အသီးအသီး ဖြစ်ကြသည်။ သို့အတွက် တစ်ကြိမ် တစ်ကြိမ်၌ (၄)ချက်စီ ရှုရသဖြင့် အားလုံးပေါင်းသော် (၂၄)ကြိမ်တည်း။

သဒ္ဒါရုံလိုင်းစသည်တို့၌လည်း ထိုသို့ တစ်ကြိမ် တစ်ကြိမ်၌ (၄)ချက်စီ ခွဲ၍ ရှုရာ၌ နည်းတူသဘောပေါက်ပါ။

ဤ၌လည်း .. သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အခြင်းအရာ လက္ခဏာကို အာရုံယူနေသော လက္ခဏာရမ္မဏိက ဝိပဿနာဇောများ၏ နောင်၌ တဒါရုံမကျနိုင်ဟူသော သမ္မောဟဝိနောဒနီအဋ္ဌကထာ၏ အဆိုအရ အချို့ကျမ်းများ၌ အနိစ္စ ဒုက္ခ အနတ္တဟု သိနေသော ဝိပဿနာဇောများ၏ နောင်၌ တဒါရုံကို ချမထားခြင်း ဖြစ်သည်။ သို့သော် နုနယ်နေသေးသော တရုဏဝိပဿနာဇောများ၏ နောင်၌ တဒါရုံကျနိုင်သည်ဟူသော ပဋ္ဌာန်း ပါဠိတော် အဋ္ဌကထာ အဆိုအမိန့်များအရမူ တဒါရုံကျခွင့်လည်း ရှိနေပေသည်။ သို့ဖြစ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာ ဇောများ၏ နောင်၌ တဒါရုံကျလျှင်လည်း ကျသည့်အလျောက် တဒါရုံမကျလျှင်လည်း မကျသည့်အလျောက် ယင်းနာမ်တရားတို့ကို သိမ်းဆည်းပါ။

စိတ်စေတသိက် အရေအတွက် ဇယား

ထပ်မံ ရှင်းလင်းချက်များ

ပဉ္စဒွါရာဝဇ္ဇန်း –– ပဉ္စဒွါရာဝဇ္ဇန်း = ဆင်ခြင်၌ စိတ်စေတသိက် (၁၁)လုံး ပုံသေ ဖြစ်၏၊ ဥပေက္ခာဝေဒနာနှင့် အမြဲယှဉ်၏၊
စက္ခုဝိညာဏ် – စက္ခုဝိညာဏ် = မြင်သိ၌ စိတ်စေတသိက် (၈)လုံး ပုံသေ ဖြစ်၏၊ ဥပေက္ခာဝေဒနာနှင့် အမြဲယှဉ်၏၊
သမ္ပဋိ စ္ဆိုင်း –– သမ္ပဋိစ္ဆိုင်း = လက်ခံ၌ စိတ်စေတသိက် (၁၁)လုံး ပုံသေ ဖြစ်၏၊ ဥပေက္ခာဝေဒနာနှင့် အမြဲ ယှဉ်၏၊
သန္တီရဏ –– သန္တီရဏ = စုံစမ်း၌ သောမနဿဝေဒနာနှင့် ယှဉ်သော် ပီတိပါ၍ စိတ်စေတသိက် (၁၂)လုံးဖြစ်၏၊
ဒုတိယတန်း၌ ဥပေက္ခာဝေဒနာနှင့် ယှဉ်သဖြင့် ပီတိ မပါရကား စိတ်စေတသိက် (၁၁)လုံး ဖြစ်၏၊
ဝုဋ္ဌော –– ဝုဋ္ဌော = ဆုံးဖြတ်၌ စိတ်စေတသိက် (၁၂)လုံး ပုံ သေ ဖြစ်၏၊ ဥပေက္ခာဝေဒနာနှင့် အမြဲယှဉ်၏၊
ဇော –– ဇော၌ (၃၄)ဟူသည် သဒ္ဓါ-ပညာအုပ်စု (၃၄)ပင် ဖြစ်၏၊
၁။ ဉာဏ်ယှဉ် ပီတိယှဉ်သော် (၃၄)ဖြစ်၏၊ သောမနဿဝေဒနာနှင့် ယှဉ်၏၊
၂။ ဉာဏ်ယှဉ် ပီတိမယှဉ်သော် (၃၃)ဖြစ်၏၊ ဥပေက္ခာဝေဒနာနှင့် ယှဉ်၏၊
၃။ ဉာဏ်မယှဉ် ပီတိယှဉ်သော် (၃၃)ဖြစ်၏၊ သောမနဿဝေဒနာနှင့်ယှဉ်၏၊
၄။ ဉာဏ်မယှဉ် ပီတိမယှဉ်သော် (၃၂)ဖြစ်၏၊ ဥပေက္ခာဝေဒနာနှင့် ယှဉ်၏၊
တဒါရုံ –– တဒါရုံ၌ ဇောနည်းတူ (၄)ချက်ပင် မှတ်ပါ။ သို့သော် ရံခါ အဟိတ် သောမနဿသန္တီရဏ တဒါရုံ ဖြစ်သော် စိတ်စေတသိက် (၁၂), ရံခါ ဥပေက္ခာသန္တီရဏ တဒါရုံဖြစ်သော် စိတ်စေတသိက် (၁၁) ဖြစ်သည်။ အနိဋ္ဌာရုံ၌ အကုသလဝိပါက်, ဣဋ္ဌာရုံ၌ ကုသလဝိပါက် ထိုက်သလို ဖြစ်၏၊ မဟာဝိပါက် တဒါရုံကျသော် ဇောနည်းတူ (၄)ချက်ပင် ရှုပါ။[၆၄၉]
မနောဒွါရာဝဇ္ဇန်း – မနောဒွါရာဝဇ္ဇန်းကား ဝုဋ္ဌောနှင့် တူ၏၊ ဥပေက္ခာဝေဒနာ မြဲ၏၊

ယခုတစ်ဖန် ဆက်လက်၍ သဒ္ဒါရုံလိုင်း = အသံလိုင်း စသည်တို့ကို သိမ်းဆည်းရှုပွားပုံ အကျဉ်းချုပ်ကို ဆက်လက် တင်ပြအပ်ပါသည်။

သဒ္ဒါရုံလိုင်း (အကောင်းအုပ်စု) နာမ်တရားတို့ကို သိမ်းဆည်းပုံ

ယောဂီသူတော်ကောင်းသည် သဒ္ဒါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ကုသိုလ်ဇောများ ပါဝင်သည့် အကောင်းအုပ်စု နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုသော် ..

၁။ လိုအပ်ပါက ရရှိပြီး သမာဓိကို အဆင့်ဆင့် ပြန်လည်ထူထောင်ပါ။
၂။ သောတအကြည်ဓာတ် = သောတဒွါရနှင့် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရဟူသော ဒွါရနှစ်ခုကို ပူးတွဲသိမ်းဆည်းပါ။
၃။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ခြိုက်ရာ အသံ သဒ္ဒါရုံ တစ်ခုကို လှမ်းအာရုံယူပါ။
၄။ ထိုအသံ = သဒ္ဒါရုံက သောတဒွါရ မနောဒွါရဟူသော ဒွါရနှစ်ခု၌ ပြိုင်တူ ရိုက်ခတ်သောအခါ = ယင်း ဒွါရနှစ်ခုသို့ ရှေးရှုကျရောက်လာသောအခါ ပဉ္စဒွါရာဝဇ္ဇန်း၊ သောတဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ် –– ဟူသော သောတဒွါရဝီထိ, မနောဒွါရာဝဇ္ဇန်း၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ် ဟူသော မနောဒွါရဝီထိ –– ဤသို့ စသော ဝီထိတို့သည် ဖြစ်ပေါ်လာကြပေမည်။

ယင်းသောတဒွါရဝီထိတွင် ပါဝင်သော ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌော၊ ပထမ တဒနုဝတ္တက မနောဒွါရဝီထိတွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက ယင်းသဒ္ဒါရုံကို ––

၁။ သဒ္ဒါရုံဟု = အသံဟု ဆုံးဖြတ်ကြည့်ပါ။

ယင်းဆုံးဖြတ်ချက်မှာ ယောနိသောမနသိကာရဖြစ်၍ ယင်းသို့ ရှုနေသော သောတဒွါရဝီထိ မနောဒွါရဝီထိတို့၌ ကုသိုလ်ဇော စောမည် ဖြစ်ပေသည်။

တစ်ဖန် သုဒ္ဓမနောဒွါရဝီထိတို့၌ ပါဝင်တည်ရှိသော မနောဒွါရာဝဇ္ဇန်းက ယင်းသဒ္ဒါရုံကို ––
၂။ ရုပ်တရားဟုလည်းကောင်း
၃။ အနိစ္စဟုလည်းကောင်း
၄။ ဒုက္ခဟုလည်းကောင်း
၅။ အနတ္တဟုလည်းကောင်း
၆။ အသုဘဟုလည်းကောင်း ––

ဤသို့ အသီးအသီး ရှုကြည့်ပါ။ ယင်းဆုံးဖြတ်ချက်မှာလည်း ယောနိသောမနသိကာရဖြစ်၍ ယင်းသို့ ရှုနေသော သိနေသော မနောဒွါရဝီထိတို့၌ ကုသိုလ်ဇော စောမည် ဖြစ်ပေသည်။ ယင်းသို့ ရှုရာဝယ် ယင်းသဒ္ဒါရုံကို အနိစ္စဟု ရှုရာ၌ ဉာဏ်-ပီတိ ယှဉ် မယှဉ်သို့ လိုက်၍ (၄)ကြိမ် (၄)ခါပင် ရှုပါ။ ဒုက္ခဟု ရှုရာစသည်တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။ အားလုံးပေါင်း (၂၄)ကြိမ်တည်း။

သတိပြုပါ။ ။ လိုအပ်ပါမှ သမာဓိကို ထူထောင်ရန် တင်ပြထား၏၊ ထိုင်တိုင်းထိုင်တိုင်း သမာဓိကို စတင် ထူထောင်ရမည်။ စတုတ္ထစျာန်သို့ပေါက်အောင် သမာဓိကို တစ်ကြိမ် ထူထောင်လိုက်ရုံမျှဖြင့် တစ်ထိုင်လုံး ရုပ်နာမ်တို့ကို အဆက်မပြတ် သိမ်းဆည်းနိုင်နေပါက ထပ်မံ၍ သမာဓိကို ထူထောင်ဖို့ မလိုပါ။ ရုပ်နာမ်ကို သိမ်းဆည်းရာ၌ အခက်အခဲ ရှိနေလျှင်သာ သမာဓိကို တစ်ဖန် ပြန်၍ ထူထောင်ဖို့ လိုပါသည်။ တစ်ထိုင်အတွင်းမှာပင် ရူပါရုံလိုင်း စသည့် (၆)လိုင်းလုံးအတွင်း၌ တည်ရှိသော နာမ်တရားတို့ကို အဆက်မပြတ် သိမ်းဆည်းနိုင်ပါက ဆက်လက်၍သာ သိမ်းဆည်းပါ။ စပ်ကြားကာလတွင် ထပ်မံ၍ သမာဓိကို ထူထောင်ဖို့ မလိုပါ။ အားထုတ်စ အာဒိကမ္မိကပုဂ္ဂိုလ်အဖို့ကား ထိုင်စတွင် တစ်ကြိမ် သမာဓိကို ထူထောင်ရုံဖြင့် လုံလောက်လျှင် ထပ်မံ၍ ထူထောင်ဖို့မလိုပါ၊ လိုအပ်သောအခါမှသာ သမာဓိကို ထူထောင်ပါ။ ဂန္ဓာရုံလိုင်း နာမ်တရား စသည်တို့ကို သိမ်းဆည်းရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။

ဂန္ဓာရုံလိုင်း (အကောင်းအုပ်စု) နာမ်တရားတို့ကို သိမ်းဆည်းပုံ

ယောဂီသူတော်ကောင်းသည် အနံ့ = ဂန္ဓာရုံလိုင်း အကောင်းအုပ်စု နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုသော် ၁။ လိုအပ်ပါက သမာဓိကို အဆင့်ဆင့် ပြန်လည်ထူထောင်ပါ။
၂။ ဃာနအကြည်ဓာတ် = ဃာနဒွါရနှင့် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရဟူသော ဒွါရနှစ်ခုကို ပူးတွဲ သိမ်းဆည်းပါ။
၃။ ရုပ်ကလာပ်အများစု၏ သို့မဟုတ် ရုပ်ကလာပ်တစ်ခု၏ အနံ့ = ဂန္ဓာရုံကို လှမ်းအာရုံယူပါ။
၄။ ထိုဂန္ဓာရုံက ဃာနဒွါရ မနောဒွါရ ဟူသော ဒွါရနှစ်ခု၌ ပြိုင်တူ ရိုက်ခတ်သောအခါ = ယင်းဒွါရနှစ်ခုသို့ ရှေးရှုကျရောက်လာသောအခါ = ယင်းဒွါရနှစ်ခု၌ ပြိုင်တူ ထင်လာသောအခါ ပဉ္စဒွါရာဝဇ္ဇန်း၊ ဃာနဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ်၊ (ဘဝင်အကြိမ်များစွာ)၊ မနောဒွါရာဝဇ္ဇန်း၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ်၊ (ဘဝင်အကြိမ်များစွာ) ဟူသော ဃာနဒွါရဝီထိ မနောဒွါရဝီထိတို့သည် ဝီထိတစ်ခုနှင့် တစ်ခု အကြားဝယ် ဘဝင်များစွာ ခြားလျက် ဖြစ်ပေါ်လာကြပေမည်။

ယင်းဃာနဒွါရဝီထိတွင် ပါဝင်သော ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌော၊ ပထမ တဒနုဝတ္တက မနောဒွါရဝီထိတွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက ယင်းဂန္ဓာရုံကို ––

၁။ ဂန္ဓာရုံဟု = အနံ့ဟု ဆုံးဖြတ်ကြည့်ပါ။

ယင်းဆုံးဖြတ်ချက်မှာ ယောနိသောမနသိကာရဖြစ်၍ ယင်းသို့ ရှုနေသော ဃာနဒွါရဝီထိ မနောဒွါရဝီထိတို့၌ ကုသိုလ်ဇော စောမည် ဖြစ်ပေသည်။

တစ်ဖန် သုဒ္ဓမနောဒွါရဝီထိတို့၌ ပါဝင်တည်ရှိသော မနောဒွါရာဝဇ္ဇန်းက ယင်းဂန္ဓာရုံကို ––
၂။ ရုပ်တရားဟုလည်းကောင်း
၃။ အနိစ္စဟုလည်းကောင်း
၄။ ဒုက္ခဟုလည်းကောင်း
၅။ အနတ္တဟုလည်းကောင်း
၆။ အသုဘဟုလည်းကောင်း ––

ဤသို့ အသီးအသီး ရှုကြည့်ပါ။ ယင်းဆုံးဖြတ်ချက်မှာလည်း ယောနိသောမနသိကာရဖြစ်၍ ယင်းသို့ ရှုနေသော သိနေသော မနောဒွါရဝီထိတို့၌ ကုသိုလ်ဇော စောမည် ဖြစ်ပေသည်။ ယင်းသို့ ရှုရာဝယ် ယင်းဂန္ဓာရုံကို အနိစ္စဟု ရှုရာ၌ ဉာဏ်-ပီတိ ယှဉ် မယှဉ်သို့ လိုက်၍ (၄)ကြိမ် (၄)ခါပင် ရှုပါ။ ဒုက္ခဟု ရှုရာစသည်တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။ အားလုံးပေါင်း (၂၄)ကြိမ်တည်း။

ရသာရုံလိုင်း (အကောင်းအုပ်စု) နာမ်တရားတို့ကို သိမ်းဆည်းပုံ

ရသာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ကုသိုလ်ဇော စောသည့် ဇိဝှါဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုသော် ..

၁။ လိုအပ်ပါက ရရှိပြီး သမာဓိကို အဆင့်ဆင့် ပြန်လည်ထူထောင်ပါ။
၂။ ဇိဝှါအကြည်ဓာတ် = ဇိဝှါဒွါရနှင့် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရဟူသော ဒွါရနှစ်ခုကို ပူးတွဲ သိမ်းဆည်းပါ။
၃။ ရုပ်ကလာပ်အများစု၏ သို့မဟုတ် ရုပ်ကလာပ်တစ်ခု၏ ရသာရုံကို လှမ်းအာရုံယူပါ။
၄။ ထိုရသာရုံက ဇိဝှါဒွါရ မနောဒွါရဟူသော ဒွါရနှစ်ခု၌ ပြိုင်တူ ရိုက်ခတ်သောအခါ = ယင်းဒွါရနှစ်ခုသို့ ရှေးရှု ကျရောက်လာသောအခါ = ယင်းဒွါရနှစ်ခု၌ ပြိုင်တူ ထင်လာသောအခါ ထိုရသာရုံကို အာရုံပြု၍ ပဉ္စဒွါရာဝဇ္ဇန်း၊ ဇိဝှါဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ် - ဟူသော ဇိဝှါဒွါရဝီထိ, မနောဒွါရာဝဇ္ဇန်း၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ် –– ဟူသော မနောဒွါရဝီထိတို့သည် ဝီထိတစ်ခုနှင့် တစ်ခု အကြားတွင် ဘဝင်များ ခြားလျက် ဇိဝှါဒွါရဝီထိ တစ်ကြိမ်ဖြစ်က မနောဒွါရဝီထိပေါင်းများစွာ ဖြစ်ပေါ်လာကြပေမည်။

ယင်းဇိဝှါဒွါရဝီထိတွင် ပါဝင်သော ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌော၊ ပထမ တဒနုဝတ္တက မနောဒွါရဝီထိတွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက ယင်းရသာရုံကို ––

၁။ ရသာရုံဟု = အရသာဟု ဆုံးဖြတ်ကြည့်ပါ။

ယင်းဆုံးဖြတ်ချက်မှာ ယောနိသောမနသိကာရဖြစ်၍ ယင်းသို့ ရှုနေသော ဇိဝှါဒွါရဝီထိ မနောဒွါရဝီထိတို့၌ ကုသိုလ်ဇော စောမည် ဖြစ်ပေသည်။

တစ်ဖန် သုဒ္ဓမနောဒွါရဝီထိတို့၌ ပါဝင်တည်ရှိသော မနောဒွါရာဝဇ္ဇန်းက ယင်းရသာရုံကို ––
၂။ ရုပ်တရားဟုလည်းကောင်း
၃။ အနိစ္စဟုလည်းကောင်း
၄။ ဒုက္ခဟုလည်းကောင်း
၅။ အနတ္တဟုလည်းကောင်း
၆။ အသုဘဟုလည်းကောင်း ––

ဤသို့ အသီးအသီး ရှုကြည့်ပါ။ ယင်းဆုံးဖြတ်ချက်မှာလည်း ယောနိသောမနသိကာရဖြစ်၍ ယင်းသို့ ရှုနေသော သိနေသော မနောဒွါရဝီထိတို့၌ ကုသိုလ်ဇော စောမည် ဖြစ်ပေသည်။ ယင်းသို့ ရှုရာဝယ် ယင်းရသာရုံကို အနိစ္စဟု ရှုရာ၌ ဉာဏ်-ပီတိ ယှဉ် မယှဉ်သို့ လိုက်၍ (၄)ကြိမ် (၄)ခါပင် ရှုပါ။ ဒုက္ခဟု ရှုရာစသည်တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။ အားလုံးပေါင်းသော် (၂၄)ကြိမ်ပင်တည်း။

ဖောဋ္ဌဗ္ဗာရုံလိုင်း (အကောင်းအုပ်စု) နာမ်တရားတို့ကို သိမ်းဆည်းပုံ

ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ကုသိုလ်ဇော စောသည့် ကာယဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုသော် ..

၁။ လိုအပ်ပါက ရရှိပြီး သမာဓိကို အဆင့်ဆင့် ပြန်လည်ထူထောင်ပါ။
၂။ ကာယအကြည်ဓာတ် = ကာယဒွါရနှင့် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရဟူသော ဒွါရနှစ်ခုကို ပြိုင်တူ ဉာဏ်၌ ထင်အောင် ပူးတွဲသိမ်းဆည်းပါ။
၃။ ရုပ်ကလာပ်အများစု၏ သို့မဟုတ် ရုပ်ကလာပ်တစ်ခု၏ ဖောဋ္ဌဗ္ဗဓာတ်ကို လှမ်းအာရုံယူပါ။ ယင်းဖောဋ္ဌဗ္ဗဓာတ်သည် မိမိသိမ်းဆည်းထားသော ကာယအကြည်ဓာတ် = ကာယဒွါရနှင့် အနီးကပ်ဆုံး ပွတ်ချုပ်ထိခိုက်လျက် တည်နေသော ရုပ်ကလာပ်တို့၏ ဖောဋ္ဌဗ္ဗဓာတ် ဖြစ်ပါစေ၊ ယင်းဖောဋ္ဌဗ္ဗဓာတ်မှာလည်း (၃)မျိုး ရှိသဖြင့် ပထဝီဓာတ်ကိုဖြစ်စေ, တေဇောဓာတ်ကိုဖြစ်စေ, ဝါယောဓာတ်ကိုဖြစ်စေ တစ်ခုခုကို အာရုံ ယူ၍ ရှုပါ။
၄။ ယင်းဖောဋ္ဌဗ္ဗဓာတ်က ကာယဒွါရ မနောဒွါရဟူသော ဒွါရနှစ်ခု၌ ပြိုင်တူရိုက်ခတ်သောအခါ = ယင်းဖောဋ္ဌဗ္ဗာရုံသည် ယင်းဒွါရနှစ်ခုသို့ ရှေးရှုကျရောက်လာသောအခါ = ယင်းဒွါရနှစ်ခု၌ ပြိုင်တူထင်လာသောအခါ –ထိုဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ပဉ္စဒွါရာဝဇ္ဇန်း၊ ကာယဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ်၊ (ဘဝင်)၊ မနောဒွါရာဝဇ္ဇန်း၊ ဇော (၇)ကြိမ်၊ တဒါရုံ(၂)ကြိမ် –– ဟူသော ကာယဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့သည် ဝီထိတစ်ခုနှင့် တစ်ခု အကြားတွင် ဘဝင်များ ခြားလျက် ကာယဒွါရဝီထိ တစ်ကြိမ်ဖြစ်က မနောဒွါရဝီထိပေါင်းများစွာ ဖြစ်ပေါ်လာကြပေမည်။

ယင်းကာယဒွါရဝီထိတွင် ပါဝင်သော ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌော၊ ပထမ တဒနုဝတ္တက မနောဒွါရဝီထိတွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက ယင်းဖောဋ္ဌဗ္ဗာရုံကို ––

၁။ ဖောဋ္ဌဗ္ဗာရုံဟု = ပထဝီဓာတ်ဟု (တေဇောဓာတ်ဟု, ဝါယောဓာတ်ဟု) ဆုံးဖြတ်ကြည့်ပါ။ ယင်းဆုံးဖြတ်ချက်မှာ ယောနိသောမနသိကာရဖြစ်၍ ယင်းသို့ ရှုနေသော ကာယဒွါရဝီထိ မနောဒွါရဝီထိတို့၌ ကုသိုလ်ဇော စောမည် ဖြစ်ပေသည်။

တစ်ဖန် သုဒ္ဓမနောဒွါရဝီထိတို့၌ ပါဝင်တည်ရှိသော မနောဒွါရာဝဇ္ဇန်းက ယင်းဖောဋ္ဌဗ္ဗာရုံကို ––
၂။ ရုပ်တရားဟုလည်းကောင်း
၃။ အနိစ္စဟုလည်းကောင်း
၄။ ဒုက္ခဟုလည်းကောင်း
၅။ အနတ္တဟုလည်းကောင်း
၆။ အသုဘဟုလည်းကောင်း ––

ဤသို့ အသီးအသီး ရှုကြည့်ပါ။ ယင်းဆုံးဖြတ်ချက်မှာလည်း ယောနိသောမနသိကာရဖြစ်၍ ယင်းသို့ ရှုနေသော သိနေသော မနောဒွါရဝီထိတို့၌ ကုသိုလ်ဇော စောမည် ဖြစ်ပေသည်။ ယင်းသို့ ရှုရာဝယ် ယင်းဖောဋ္ဌဗ္ဗာရုံကို အနိစ္စဟု ရှုရာ၌ ဉာဏ်-ပီတိ ယှဉ် မယှဉ်သို့ လိုက်၍ (၄)ကြိမ် (၄)ခါပင် ရှုပါ။ ဒုက္ခဟု ရှုရာစသည်တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။

သို့သော် ဤဖောဋ္ဌဗ္ဗာရုံ၌ ပထဝီဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု ဖောဋ္ဌဗ္ဗဓာတ် သုံးမျိုး ရှိသည်ဟု ဆိုသော်လည်း တကယ်လက်တွေ့ရှုရာ၌ကား ပထဝီဓာတ်၌ –– မာ-ကျန်း-လေး-ပျော့-ချော-ပေါ့-ဟု သဘောတရား (၆)မျိုး ရှိနေသဖြင့် မာမှုသဘောကို အာရုံယူ၍ (၆)ကြိမ်, ကျန်းမှုသဘောကို အာရုံယူ၍ (၆)ကြိမ်, လေးမှုသဘောကို အာရုံယူ၍ (၆)ကြိမ်, ပျော့မှုသဘောကို အာရုံယူ၍ (၆)ကြိမ်, ချောမှုသဘောကို အာရုံယူ၍ (၆)ကြိမ်, ပေါ့မှုသဘောကို အာရုံယူ၍ (၆)ကြိမ် ဤသို့လျှင် ပထဝီဓာတ် တစ်ခုတည်း၌ပင်လျှင် (၆ ဍ္ဍ ၆ = ၃၆)ကြိမ် ခွဲရှုပါက ပို၍ အသိဉာဏ် သန့်ရှင်းပါသည်။

အလားတူပင် တေဇောဓာတ်၌ ပူမှုသဘော အေးမှုသဘောဟု သဘောတရား (၂)မျိုး ရှိနေသဖြင့် ပူမှုသဘောကို အာရုံယူ၍ (၆)ကြိမ်, အေးမှုသဘောကို အာရုံယူ၍ (၆)ကြိမ် ဤသို့လျှင် တေဇောဓာတ်၌ (၆ ဍ္ဍ ၂ = ၁၂)ကြိမ် ခွဲရှုပါက ပို၍ အသိဉာဏ် သန့်ရှင်းပါသည်။

အလားတူပင် ဝါယောဓာတ်၌ ထောက်ကန်မှုသဘော တွန်းကန်မှုသဘောဟု သဘောတရား (၂)မျိုး ရှိနေသဖြင့် ထောက်ကန်မှုသဘောကို အာရုံယူ၍ (၆)ကြိမ်, တွန်းကန်မှုသဘောကို အာရုံယူ၍ (၆)ကြိမ် ဤသို့လျှင် ဝါယောဓာတ်၌ (၆ ဍ္ဍ ၂ = ၁၂)ကြိမ် ခွဲရှုပါက ပို၍ အသိဉာဏ် သန့်ရှင်းပါသည်။

ဤသို့ အသီးအသီး (၆)ကြိမ်စီ ခွဲရှုပါက ပထဝီဓာတ်၌ (၃၆)ကြိမ်၊ တေဇောဓာတ်၌ (၁၂)ကြိမ်၊ ဝါယောဓာတ်၌ (၁၂)ကြိမ် ဖြစ်သဖြင့် အားလုံးပေါင်းသော် အကြိမ်ပေါင်း (၆၀) ဖြစ်သည်။ တစ်ဖန် တစ်ကြိမ် တစ်ကြိမ်၌ ဉာဏ် ပီတိ ယှဉ်-မယှဉ်သို့ လိုက်၍ (၄)ချက်စီ ခွဲရှုပါက (၆၀ ဍ္ဍ ၄ = ၂၄၀)ကြိမ် ဖြစ်သည်။

ဦးနှောက်နှင့် အသိဉာဏ်

ဦးနှောက်၌ ပညိန္ဒြေအမည်ရသော ဉာဏ်သည် ရှိ-မရှိ ဖြစ်-မဖြစ်ကို ဤအပိုင်းတွင် ယောဂါဝစရပုဂ္ဂိုလ်သည် လက်တွေ့စမ်းသပ် ရှုကြည့်နိုင်ပါသည်။ ဗုဒ္ဓ၏အဘိဓမ္မာနည်းအရ ဦးနှောက်ဟူသည် ရုပ်ကလာပ်တို့၏ အပေါင်းအစု မျှသာ ဖြစ်သည်။ ဤအပိုင်းတွင် ယောဂါဝစရပုဂ္ဂိုလ်သည် ဦးနှောက်၌တည်ရှိသော ဓာတ်ကြီးလေးပါးကို စိုက်ရှုလိုက်ပါက မကြာမီ အချိန်ကာလအတွင်းမှာပင် ရုပ်ကလာပ်အမှုန်များကို လွယ်ကူစွာ တွေ့ရှိမည် ဖြစ်သည်။ အကြောင်းမူ -ရုပ်ကမ္မဋ္ဌာန်းပိုင်းကတည်းက ဦးနှောက်၌ တည်ရှိသော ရုပ်ကလာပ်အမျိုးအစား (၆)မျိုး, ရုပ်အမျိုးအစား (၅၃)မျိုးတို့ကို ကျေပွန်စွာ သိမ်းဆည်းထားပြီး ဖြစ်သောကြောင့်တည်း။ သို့အတွက် ယောဂါဝစရပုဂ္ဂိုလ်သည် ဦးနှောက်၌ တည်ရှိသော ထိုရုပ် (၅၃)မျိုးတို့ကို တစ်ဖန် ပြန်၍ သိမ်းဆည်းပါ။ ထို (၅၃)မျိုးထဲမှ ကာယအကြည်ဓာတ်ကို ရွေးထုတ်၍ ထပ်မံ သိမ်းဆည်းပါ။ ထိုနောင် ––

၁။ ယင်းကာယအကြည်ဓာတ် = ကာယဒွါရနှင့် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကိုလည်းကောင်း,
၂။ ယင်းကာယအကြည်ဓာတ်နှင့် အနီးကပ်ဆုံးဖြစ်သည့် ရုပ်ကလာပ်အများစု၌ သို့မဟုတ် ရုပ်ကလာပ်တစ်ခု၌ တည်ရှိသော ပထဝီဓာတ်, သို့မဟုတ် တေဇောဓာတ်, သို့မဟုတ် ဝါယောဓာတ်ဟူသော ဓာတ်တစ်ခုခုကို လည်းကောင်း ပူးတွဲသိမ်းဆည်းပါ။

ထိုဖောဋ္ဌဗ္ဗဓာတ်တစ်ခုခုက ဦးနှောက်၌ တည်ရှိသော ယင်းကာယအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ် ဟူသော ဒွါရနှစ်ခုကို ပြိုင်တူ ရှေးရှု ရိုက်ခတ်သောအခါ သို့မဟုတ် ယင်းဒွါရနှစ်ခု၌ ထင်လာသောအခါ ယင်း ဖောဋ္ဌဗ္ဗဓာတ်တစ်ခုခုကို အာရုံယူ၍ ကာယဒွါရိကဝီထိစိတ်နှင့် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များသည် ဝီထိတစ်ခုနှင့် တစ်ခုအကြားတွင် ဘဝင်များစွာ ခြားလျက် ဖြစ်ပေါ်လာကြမည် ဖြစ်သည်။ ယင်းဝီထိစိတ်တို့တွင် ပါဝင်သော ဝုဋ္ဌောနှင့် မနောဒွါရာဝဇ္ဇန်းတို့က ယောနိသောမနသိကာရ ဖြစ်သော် (= ပထဝီဟု, တေဇောဟု, ဝါယောဟု, ရုပ်တရားဟု, အနိစ္စဟု – စသည်ဖြင့် ဆုံးဖြတ်ခဲ့သော်) မဟာကုသိုလ်ဇောဝီထိ စိတ်အစဉ်များသည် ဖြစ်ပေါ်လာကြမည် ဖြစ်ပေသည်။ ဇောစိတ္တက္ခဏတိုင်း၌ ဉာဏ်-ပီတိ နှစ်မျိုးလုံး ယှဉ်သော် (၃၄), ဉာဏ်သာယှဉ်၍ ပီတိမယှဉ်သော် (၃၃)မျိုးသော နာမ်တရားတို့ ပါဝင်ကြ၏၊ ယင်း (၃၄) သို့မဟုတ် (၃၃)မျိုးသော နာမ်တရားတို့ကား ဘဝင်မနောအကြည်ဓာတ်ကို အစွဲပြု၍ ဟဒယဝတ္ထုရုပ်ကိုသာ မှီတွယ် ၍ ဖြစ်ကြ၏၊ ယင်း နာမ်တရားစုတို့တွင် ပညိန္ဒြေအမည်ရသော ဉာဏ်သည် ပါဝင်လျက်ရှိ၏၊ ဦးနှောက်၌ တည်ရှိသော ကာယအကြည်ဓာတ်ကို မှီ၍ ကာယဝိညာဏ်စိတ်နှင့် တကွ သဗ္ဗစိတ္တသာဓာရဏ စေတသိက် (၇)လုံး = နှစ်ရပ်ပေါင်းသော် နာမ်တရား (၈)လုံးတို့သာ ဖြစ်နိုင်စွမ်း ရှိကြ၏၊ ယင်းနာမ်တရား (၈)လုံးတို့တွင်ကား ဉာဏ်မပါပေ။ ဤအဆိုကို မှန်-မမှန် သိရှိရအောင် ယောဂီသူတော်ကောင်းကိုယ်တိုင် ကြိမ်ဖန်များစွာ စမ်းသပ် သိမ်းဆည်း ရှုပွားကြည့်ပါ။[၆၅၀]

ဤတွင် – ရူပါရုံလိုင်း သဒ္ဒါရုံလိုင်း ဂန္ဓာရုံလိုင်း ရသာရုံလိုင်း ဖောဋ္ဌဗ္ဗာရုံလိုင်း ဓမ္မာရုံလိုင်း –– ဟူသော (၆)လိုင်းလုံး အတွင်း၌ တည်ရှိသော ကုသိုလ်ဇော စောသည့် အကောင်းအုပ်စု နာမ်တရားတို့ကို သိမ်းဆည်းပုံကို ရေးသားတင်ပြပြီးလေပြီ။ ယောဂီသူတော်ကောင်းသည် (၆)လိုင်းလုံးအတွင်း၌ တည်ရှိသော ကုသိုလ်ဇောနှင့် တကွသော ယင်းနာမ်တရားတို့ကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် သိမ်းဆည်းနိုင်သောအခါ ရူပါရုံလိုင်းမှ စ၍ ဓမ္မာရုံလိုင်းသို့ တိုင်အောင် အစဉ်အတိုင်း သိမ်းဆည်းရှုပွားပါ။ ဓမ္မာရုံလိုင်း၌ ကုသိုလ်ဇော စောသည့် အကောင်းအုပ်စုများကို (၄)စု ခွဲခြားထားပါသည်။ ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် မှတ်သား၍ လွယ်ကူစေရန် ဖြစ်သည်။ ယင်း (၄)အုပ်စုတို့မှာ ဤသို့ ဖြစ်၏၊ ––

(က) ရုပ်အစစ် (၁၀/၁၁)ကို အာရုံယူ၍ ရှုရသော နာမ်တရားအုပ်စု၊
( ခ ) ရုပ်အတု (၁၀)မျိုးကို အာရုံယူ၍ ရှုရသော နာမ်တရားအုပ်စု၊
( ဂ ) ဝိရတိ အပ္ပမညာ ဗုဒ္ဓါနုဿတိ မရဏာနုဿတိ နာမ်တရားအုပ်စု၊
(ဃ) စျာန်နာမ်တရားအုပ်စု ––

ဤသို့ (၄)အုပ်စု ခွဲခြားထားပေသည်။ ဤမျှဖြင့် ကုသိုလ်ဇောများ စောကြသည့် အကောင်းအုပ်စု နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းရှုပွားပုံကို အဆုံးသတ်လိုက်ပါသည်။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ကသိုဏ်း (၁၀)ပါး သမာပတ် (၈)ပါး .. စသည့် ထိုထိုကမ္မဋ္ဌာန်းတို့ကို ရှုထားပြီးသူ ဖြစ်ပါက .. ထိုစျာန်သမာပတ်အတွင်း၌ တည်ရှိသော နာမ်တရားတို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းရှုပွားပါ။ အထက် အရူပစျာန်တို့ကား ဥပေက္ခာ ဧကဂ္ဂတာ ဟူသော စျာန်အင်္ဂါ နှစ်ပါးစီချည်းသာရှိသော စျာန်များ ဖြစ်ကြ၏၊ ယင်းစျာန်နာမ်တရားတို့မှာလည်း ဝိတက် ဝိစာရ ပီတိတို့ မယှဉ်ကြသဖြင့် (၃၁)လုံးစီသာ အသီးအသီး ရှိကြပေသည်။

၁။ အာကာသာနဉ္စာယတန စျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုသော် ရှေးဦးစွာ ပထဝီကသိုဏ်းစသည့် ကသိုဏ်းတစ်ခုခုကို ခွာ၍ ရအပ်သော အနန္တအာကာသပညတ်ကို အာရုံယူ၍ အာကာသာနဉ္စာယတနစျာန်ကို ပြန်ဝင်စားပါ။ ယင်းစျာန်မှ ထသောအခါ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကိုလည်းကောင်း အနန္တ အာကာသပညတ်အာရုံကိုလည်းကောင်း ပူးတွဲသိမ်းဆည်း၍ ယင်း စျာန်နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားပါ။

၂။ ဝိညာဏဉ္စာယတန စျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုသော် ရှေးဦးစွာ အာကာသာနဉ္စာယတနဝိညာဏ်ကို အာရုံယူ၍ ဝိညာဏဉ္စာယတနစျာန်ကို ပြန်ဝင်စားပါ။ ယင်းစျာန်မှ ထသောအခါ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကိုလည်းကောင်း, အာကာသာနဉ္စာယတနဝိညာဏ်အာရုံကိုလည်းကောင်း ပူးတွဲသိမ်းဆည်း၍ ယင်းစျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပါ။

၃။ အာကိဉ္စညာယတန စျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုသော် ရှေးဦးစွာ အာကာသာနဉ္စာယတန ဝိညာဏ်၏ မရှိခြင်းသဘောတည်းဟူသော နတ္ထိဘောပညတ်ကို အာရုံယူ၍ အာကိဉ္စညာယတနစျာန်ကို ပြန်ဝင်စားပါ။ ယင်းစျာန်မှ ထသောအခါ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကိုလည်းကောင်း, အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းသဘောတည်းဟူသော နတ္ထိဘောပညတ် အာရုံကိုလည်းကောင်း ပူးတွဲသိမ်းဆည်း၍ ယင်းစျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပါ။

၄။ နေဝသညာနာသညာယတန စျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုသော် ရှေးဦးစွာ အာကိဉ္စညာယတန ဝိညာဏ်အာရုံကို အာရုံယူ၍ နေဝသညာနာသညာယတနစျာန်ကို ပြန်ဝင်စားပါ။ ယင်းစျာန်မှ ထသောအခါ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကိုလည်းကောင်း, အာကိဉ္စညာယတနဝိညာဏ်အာရုံကိုလည်းကောင်း ပူးတွဲသိမ်းဆည်း၍ ယင်းစျာန်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပါ။

ယခုတစ်ဖန် အကုသိုလ်ဇောများ စောကြသည့် မကောင်းအုပ်စု နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံကို ဆက်လက်၍ ရေးသားတင်ပြပေအံ့ ..။

အပိုင်း (၄) - သိမ်းဆည်းရှုပွားပုံအပိုင်း (မကောင်းအုပ်စု)

အကုသိုလ်တရားတွေကို ရှုနေလျှင် အကုသိုလ် ထပ်မဖြစ်ဘူးလား?

''အကုသိုလ်တရားတွေကို ရှုနေလျှင် အကုသိုလ်တွေ ထပ်မဖြစ်ဘူးလား?'' ဟူသော ဤမေးခွန်းကို ယောဂါဝစရ ပုဂ္ဂိုလ် တော်တော်ခပ်များများက မကြာခဏ မေးမြန်းတတ်ကြ၏၊ ထိုမေးခွန်းရှင်အား – သရာဂံ ဝါ စိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိ၊ ဝီတရာဂံ ဝါ စိတ္တံ ဝီတရာဂစိတ္တန္တိ ပဇာနာတိ = ရာဂနှင့်ယှဉ်တွဲနေသော စိတ်ကိုလည်း ရာဂနှင့်ယှဉ်တွဲနေသော စိတ်ဟု ကွဲကွဲပြားပြားသိ၏၊ ရာဂကင်းသောစိတ်ကိုလည်း ရာဂကင်းသော စိတ်ဟု ကွဲကွဲပြားပြား သိ၏၊[၆၅၁] –– ဤသို့ စသည်ဖြင့် ရာဂနှင့် အတူတကွဖြစ်သောစိတ်, ရာဂကင်းသောစိတ် –– စသည်တို့ကို ရှုပွားသုံးသပ်ရန် ဘုရားရှင် ကိုယ်တော်တိုင်က မဟာသတိပဋ္ဌာနသုတ္တန်တွင် ဟောကြားထားတော်မူပါကြောင်းကို ရှင်းလင်းတင်ပြသောအခါ .. ''ဒီညွှန်ကြားချက်က သူဟာသူ အလိုလို ရာဂ ဒေါသ မောဟ စသည်တို့ ဖြစ်ပေါ်လာတဲ့အခါ ရှုရန်သာ ညွှန်ကြားထားတာပါ'' –– ဟု ဆင်ခြေပေးတတ်ကြ၏၊ သင်္ခတနယ်၌ အလိုအလျောက် ဖြစ်သော တရားဟူသည် မရှိ စကောင်းပေ။ ဆိုင်ရာဆိုင်ရာ အကြောင်းတရားတို့က ပေါင်းစု၍ ပြုပြင်ပေးပါမှ အနိုင်နိုင် ဖြစ်ပေါ်လာကြရသော သင်္ခတတရားတို့ ချည်းသာ ဖြစ်ကြ၏၊ ထိုသင်္ခတတရားတို့၏ အကြောင်းတရားတို့တွင် ဤအကုသိုလ်ဇော စောရာ၌ အယောနိသော မနသိကာရကား အနီးကပ်ဆုံး အကြောင်းတရားပင် ဖြစ်ပေသည်။ အာရုံတစ်ခုနှင့် တွေ့ကြုံရာဝယ် ယင်းအာရုံကို နည်းမှန်လမ်းမှန် နှလုံးမသွင်းတတ်ပါက နည်းမှားလမ်းမှား နှလုံးသွင်းနေပါက = အယောနိသောမနသိကာရ ဖြစ်နေပါက အကုသိုလ်ဇောများသည် ထိုက်သလို စောနေကြမည်သာ ဖြစ်ပေသည်။ သတ္တဝါတို့ကား အကုသိုလ်တရားများကိုလည်း မက်မောနေတတ်ကြပြန်၏၊ သားကို ချစ်မြတ်နိုးနေရသည်ကို ဂုဏ်ယူတတ်ကြ၏၊ သမီးကို ချစ်မြတ်နိုးရသည်ကို နှစ်သက်ကျေနပ်နေတတ်ကြ၏၊ မြေးကို ချစ်မြတ်နိုးရမှ အမောပြေတတ်ကြ၏၊ ''ငါ့လောဘက သူများလောဘနှင့် တူတာမဟုတ်ဘူး၊ ငါ့ဒေါသက သူများဒေါသနှင့် တူတာ မဟုတ်ဘူး''စသည်ဖြင့် မိမိ၏ အကုသိုလ်တရားများကို ပြန်လည်၍ မက်မောနေတတ်ကြ၏၊ ရှေးရှေး ရာဂကို အကြောင်းပြု၍ နောက်နောက် ရာဂများ ထပ်တလဲလဲ ဖြစ်နေတတ်ကြ၏၊ ရှေးရှေး ဒေါသကို အကြောင်းပြု၍ နောက်နောက် ဒေါသများ ထပ်တလဲလဲ ဖြစ်နေတတ်ကြ၏၊ ထိုကြောင့် ယင်း ရာဂ ဒေါသ စသည့် အကုသိုလ်တရားတို့ကိုလည်း ဝိပဿနာ ရှုပွားသုံးသပ်ဖို့ရန် လိုအပ်သည်သာ ဖြစ်ပေသည်။ ယောဂီသူတော်ကောင်းသည် ဤမျှဖြင့် ဘဝင်မကျသေးလျှင် အောက်ပါ သမ္မောဟဝိနောဒနီ အဋ္ဌကထာ[၆၅၂]အဖွင့်ကို ဖတ်ရှုကြည့်ပါ။

''ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသာဝိတက်ဟု အကုသလဝိတက် သုံးမျိုး ရှိ၏၊ ထိုအကုသလဝိတက် သုံးမျိုးတို့တွင် ယောဂါဝစရပုဂ္ဂိုလ်သည် ကာမဂုဏ်နှင့် ပတ်သက်သော ကြံစည်စိတ်ကူးမှု ကာမဝိတက်၏ ဖြစ်ခြင်း၏ အကြောင်းတရားကို ပယ်သတ်ရန်အလို့ငှာ ယင်းကာမဝိတက်ကိုသော်လည်းကောင်း, ကာမဝိတက်မှ အခြားတစ်ပါးသော တစ်စုံတစ်ခုသော သင်္ခါရတရားကိုသော်လည်းကောင်း အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၏၊ ထိုသို့ သုံးသပ်နေသောအခါ ထိုယောဂါဝစရပုဂ္ဂိုလ်၏သန္တာန်ဝယ် ဝိပဿနာဉာဏ် ဖြစ်ပေါ်နေဆဲခဏ၌ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သမ္မာသင်္ကပ္ပအမည်ရသော ဝိတက်သည် ထိုထိုအကုသိုလ်အစိတ်အပိုင်းကို ပယ်တတ်သော ထိုထိုကုသိုလ်အစိတ်အပိုင်း၏ အစွမ်းဖြင့် = တဒင်္ဂ၏အစွမ်းဖြင့် ကာမဝိတက်၏ ဖြစ်ခြင်း၏ အကြောင်းတရားကို ပယ်သတ်ခြင်းကို ဖြတ်တောက်ခြင်းကိုပြုလျက် ဖြစ်ပေါ်လာ၏၊ ဝိပဿနာကို ဉာဏ်စဉ်အတိုင်း လုံ့လကြိုးကုတ် အားထုတ်၍ အရိယမဂ်သို့ ဆိုက်ရောက်စေ၏၊ ထိုသို့ အရိယမဂ်သို့ ဆိုက်ရောက်သွားသောအခါ ထိုယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်ခဏ၌ အရိယမဂ်နှင့် ယှဉ်သော သမ္မာသင်္ကပ္ပမဂ္ဂင်သည် အကြွင်းမဲ့ ပယ်သတ်ခြင်း = သမုစ္ဆေဒပဟာန်၏ အစွမ်းဖြင့် ကာမဝိတက်၏ ဖြစ်ခြင်း၏ အကြောင်းတရားကို ပယ်သတ်ခြင်းကို ဖြတ်တောက်ခြင်းကို ပြုလျက် ဖြစ်ပေါ်လာ၏၊ သတ္တဝါသင်္ခါရတို့ကို ဖျက်ဆီးလိုသော ကြံစည်စိတ်ကူးမှု = ဗျာပါဒဝိတက်၏လည်း ဖြစ်ခြင်း၏ အကြောင်းတရားကို ပယ်သတ်ခြင်းငှာ ဗျာပါဒဝိတက်ကိုသော်လည်းကောင်း, ဗျာပါဒဝိတက်မှ အခြားတစ်ပါးသော သင်္ခါရတရားကိုသော်လည်းကောင်း လက္ခဏာရေးသုံးတန်သို့တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၏၊ သတ္တဝါတို့ကို ညှဉ်းပန်းနှိပ်စက်လိုသော ကြံစည် စိတ်ကူးမှု = ဝိဟိံသာဝိတက်၏လည်း ဖြစ်ခြင်း၏ အကြောင်းတရားကို ပယ်သတ်ခြင်းငှာ ဝိဟိံသာဝိတက်ကိုသော်လည်းကောင်း ဝိဟိံသာဝိတက်မှ အခြားတစ်ပါးသော သင်္ခါရတရားကိုသော်လည်းကောင်း, လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်၏၊ ထိုသို့ သုံးသပ်နေသောအခါ ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဝိပဿနာဉာဏ် ဖြစ်ပေါ်နေဆဲခဏ၌ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သမ္မာသင်္ကပ္ပအမည်ရသော ဝိတက်သည် တဒင်္ဂ၏အစွမ်းဖြင့် ဗျာပါဒဝိတက် ဝိဟိံသာဝိတက်၏ ဖြစ်ခြင်း၏ အကြောင်းတရားကို ပယ်သတ်ခြင်းကို ဖြတ်တောက်ခြင်းကို ပြုလျက် ဖြစ်ပေါ်လာ၏၊ ဝိပဿနာကို ဉာဏ်စဉ်အတိုင်း လုံ့လကြိုးကုတ်အားထုတ်၍ အရိယမဂ်သို့ ဆိုက်ရောက်စေ၏၊ ထိုသို့ အရိယမဂ်သို့ ဆိုက်ရောက်သွားသောအခါ ထိုယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်ခဏ၌ အရိယမဂ်နှင့် ယှဉ်သော သမ္မာသင်္ကပ္ပမဂ္ဂင်သည် အကြွင်းမဲ့ပယ်သတ်ခြင်း = သမုစ္ဆေဒပဟာန်၏ အစွမ်းဖြင့် ဗျာပါဒဝိတက် ဝိဟိံသာဝိတက်၏ ဖြစ်ခြင်း၏ အကြောင်းတရားကို ပယ်သတ်ခြင်းကို ဖြတ်တောက်ခြင်းကို ပြုလျက် ဖြစ်ပေါ်လာ၏၊''

ကာမဝိတက်ဟူသည် လောဘမူစိတ်နှင့် သို့မဟုတ် လောဘမူစိတ်စေတသိက်တရားစုနှင့် ယှဉ်တွဲနေသော ဝိတက်တည်း။ ဗျာပါဒဝိတက် ဝိဟိံသာဝိတက်ဟူသည် ဒေါသမူစိတ်နှင့် သို့မဟုတ် ဒေါသမူစိတ်စေတသိက်တရားစုနှင့် ယှဉ်တွဲနေသော ဝိတက်တည်း။ ယောဂါဝစရပုဂ္ဂိုလ်သည် ကာမဝိတက်နှင့် တကွသော လောဘမူစိတ်စေတသိက် နာမ်တရားစု, ဗျာပါဒဝိတက် ဝိဟိံသာဝိတက်နှင့် တကွသော ဒေါသမူစိတ်စေတသိက် နာမ်တရားစုတို့ကို လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာရှုပွားသုံးသပ်၏၊ ကြွင်းသော သင်္ခါရတရားတို့ကိုလည်း ဝိပဿနာ ရှုပွားသုံးသပ်၏၊ ဝိပဿနာအခိုက်၌ ယင်းဝိပဿနာဉာဏ်က တစ်နည်း ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲနေသော သမ္မာသင်္ကပ္ပမဂ္ဂင်က ယင်းအကုသလဝိတက်တို့ကို တဒင်္ဂအားဖြင့် ပယ်သတ်၏၊ ရင့်ကျက်လာသော ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာသော အရိယမဂ်တရားက အကြွင်းမဲ့ (= သမုစ္ဆေဒအားဖြင့်) ပယ်သတ်၏၊ ဤကား အထက်ပါ အဋ္ဌကထာ၏ ဆိုလိုရင်းတည်း။

ထိုကြောင့် အကုသိုလ်တရားတို့ကို ဝိပဿနာရှုခြင်းသည် ယင်း အကုသိုလ်တရားတို့ကို တဒင်္ဂ သမုစ္ဆေဒအားဖြင့် ပယ်သတ်ရန် အလို့ငှာသာ ဝိပဿနာရှုခြင်း ဖြစ်သည်၊ အကုသိုလ်တရားများ တိုးပွားအောင် ကြိုးစားနေခြင်း မဟုတ်ဟု သဘောပေါက်ပါ။ ဤတွင် အုပ်စုအလိုက် ဖြစ်ပေါ်တတ်ကြသော အကုသိုလ် နာမ်တရားအုပ်စုတို့ကို ရှေ့ဦးစွာ တင်ပြအပ်ပါသည်။

လောဘ-ဒိဋ္ဌိအုပ်စု နာမ်တရား (၄) ချက်

အသိစိတ်                                             
အညသမာန်း = နှစ်ဘက်ရစေတသိက်     ၁၃
အကုသလသာဓာရဏစေတသိက်           
လောဘ ဒိဋ္ဌိ                                         
အားလုံးပေါင်းသော်                             ၂ဝ

၁။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကဖြစ်လျှင် - ၂၀
၂။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကဖြစ်လျှင် ပီတိမပါ - ၁၉
၃။ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိကဖြစ်လျှင် - ၂၀ + ထိန + မိဒ္ဓ = ၂၂
၄။ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် သသင်္ခါရိကဖြစ်လျှင် - ၁၉ + ထိန + မိဒ္ဓ = ၂၁
အားလုံးပေါင်းသော် လောဘ-ဒိဋ္ဌိအုပ်စု ၄ - ချက်

ဤအုပ်စုများ၌ သောမနဿဝေဒနာဖြစ်လျှင် ပီတိယှဉ်၍ ဥပေက္ခာဝေဒနာဖြစ်လျှင် ပီတိ မယှဉ်ပေ။ ဤ၌ ဝီရိယမှာ အထူးသဖြင့် လောဘ-ဒိဋ္ဌိ ဖြစ်အောင် ကြိုးစားမှု ဖြစ်သည်။ ဆန္ဒမှာ လောဘ-ဒိဋ္ဌိဖြစ်လိုသည့်သဘော ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရမူ ဝီရိယမှာ ရာဂဖြစ်အောင်ကြိုးစားမှု, ဆန္ဒမှာ ရာဂဖြစ်လိုသည့်သဘော ဖြစ်သည်။ ကျန်စေတသိက်တို့၏ သဘောသွားမှာ နားလည်လောက်ပေပြီ။

လောဘ-မာနအုပ်စု နာမ်တရား (၄) ချက်

လောဘ-ဒိဋ္ဌိ အုပ်စုတွင် ဒိဋ္ဌိအရာဝယ် မာန ပြောင်းထည့်ရုံသာ ဖြစ်သည်။ (၂၀-၁၉-၂၂-၂၁) လုံးသော နာမ်တရားများပင်တည်း။ သို့သော် - မာနသည် ကဒါစိစေတသိက် ဖြစ်သဖြင့် ရံခါ မာနမပါသည်လည်း ရှိတတ်၏၊ မာန မယှဉ်သော် (ဒိဋ္ဌိလည်း မယှဉ်သော်) (၁၉-၁၈-၂၁-၂၀) သော နာမ်တရားများတည်း။ (၄)ချက်ပင် ရှုပါ။ ဒိဋ္ဌိဂတသမ္ပယုတ် (၄)ချက်, ဒိဋ္ဌိဂတဝိပ္ပယုတ် (၄)ချက် = ပေါင်းသော် လောဘမူစိတ် (၈)ပါးတည်း။

ဒေါသအုပ်စု နာမ်တရား (၂) ချက်

၁။ အသိစိတ် ၁
ပီတိမပါ အညသမာန်း = နှစ်ဘက်ရ စေတသိက် ၁ ၂
အကုသလသာဓာရဏ စေတသိက် ၄
ဒေါသ စေတသိက် ၁
အားလုံးပေါင်းသော် - (အသင်္ခါရိကအုပ်စု) ၁ ၈

၂။ သသင်္ခါရိကဖြစ်သော် –– ထိန-မိဒ္ဓ ထည့်ပါက ၁၈ + ထိန + မိဒ္ဓ = ၂ ဝ

ဒေါသ-ဣဿာအုပ်စု နာမ်တရား (၂) ချက် 

၁။ အထက်ပါ ဒေါသအုပ်စု စိတ်စေတသိက် ၁၈
ဣဿာ စေတသိက် ၁
အားလုံးပေါင်းသော် - (အသင်္ခါရိကအုပ်စု) ၁၉

၂။ သသင်္ခါရိကဖြစ်သော် –– ၁၉ + ထိန + မိဒ္ဓ = ၂၁

ဒေါသ-မစ္ဆရိယအုပ်စု နာမ်တရား (၂) ချက်

၁။ အထက်ပါ ဒေါသအုပ်စု စိတ်စေတသိက် ၁၈
မစ္ဆရိယ စေတသိက် ၁
အားလုံးပေါင်းသော် - (အသင်္ခါရိကအုပ်စု) ၁၉

၂။ သသင်္ခါရိကဖြစ်သော် –– ၁၉ + ထိန + မိဒ္ဓ = ၂ ၁

ဒေါသ-ကုက္ကုစ္စအုပ်စု နာမ်တရား (၄) ချက်

၁။ အထက်ပါ ဒေါသအုပ်စု စိတ်စေတသိက် ၁၈
ကုက္ကုစ္စ စေတသိက် ၁
အားလုံးပေါင်းသော် - (အသင်္ခါရိကအုပ်စု) ၁၉

၂။ သသင်္ခါရိကဖြစ်သော် –– ၁၉ + ထိန + မိဒ္ဓ = ၂၁

ပြုပြီး ဒုစရိုက်တစ်ခုခုကို အာရုံယူ၍ အသင်္ခါရိက သသင်္ခါရိက နှစ်ချက် ရှုပါ။ မပြုလိုက်မိ မကျင့်လိုက်မိသော သုစရိုက်ကို အာရုံယူ၍ အသင်္ခါရိက သသင်္ခါရိက နှစ်ချက် ရှုပါ။ ဤတွင် ဒေါသမူစိတ် (၂)မျိုး ရှုကွက်ပြီး၏၊ မောဟမူစိတ် (၂)မျိုး ရှုကွက်မှာ အောက်ပါအတိုင်း ဖြစ်၏၊

မောဟ-ဥဒ္ဓစ္စအုပ်စု နာမ်တရား (၁) ချက်

၁။ အသိစိတ် ၁
သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇
ဝိတက် ဝိစာရ အဓိမောက္ခ ဝီရိယ (ပီတိ-ဆန္ဒ မပါ၊) ၄
အကုသလသာဓာရဏ စေတသိက် ၄
အားလုံးပေါင်းသော် ၁ ၆

မောဟ-ဝိစိကိစ္ဆာအုပ်စု နာမ်တရား (၁) ချက်

၁။ အသိစိတ် ၁
သဗ္ဗစိတ္တသာဓာရဏ စေတသိက် ၇
ဝိတက် ဝိစာရ ဝီရိယ (အဓိမောက္ခ-ပီတိ-ဆန္ဒ မပါ၊) ၃
အကုသလသာဓာရဏ စေတသိက် ၄
ဝိစိကိစ္ဆာ ၁
အားလုံးပေါင်းသော် ၁၆

ဤတွင် မောဟမူစိတ် (၂)မျိုး ရှုကွက်ပြီး၏၊ လောဘမူစိတ် (၈)မျိုး, ဒေါသမူစိတ် (၂)မျိုး, မောဟမူစိတ် (၂)မျိုး - အားလုံးပေါင်းသော် အကုသိုလ်စိတ် (၁၂)မျိုး ရှုကွက်ဖြစ်သည်။

အဘိဓမ္မတ္ထသင်္ဂဟကျမ်း၊ ဒွါရသင်္ဂဟဝယ် .. ဓမ္မသင်္ဂဏီပါဠိတော် စသော အဘိဓမ္မာဒေသနာတော်များ၌ လာရှိသည့်အတိုင်း စက္ခုဒွါရဝီထိ စသော ပဉ္စဒွါရဝီထိများ၌လည်းကောင်း, မနောဒွါရဝီထိများ၌လည်းကောင်း, ကာမဇော (၂၉)မျိုးလုံး စောနိုင်ကြောင်း အဆိုအမိန့်များ ရှိနေ၏၊ ထိုဇော (၂၉)မျိုးတို့တွင် အကုသိုလ်ဇော (၁၂)မျိုးတို့လည်း ပါဝင်လျက် ရှိကြ၏၊ ဘုရားရှင်ကိုယ်တော်တိုင်ကလည်း ရာဂနှင့်တကွ ဖြစ်သော သရာဂစိတ်, ဒေါသနှင့်တကွ ဖြစ်သော သဒေါသစိတ်, မောဟနှင့်တကွ ဖြစ်သော သမောဟစိတ်များကိုလည်း ဝိပဿနာ ရှုပွားသုံးသပ်ရန် မဟာသတိပဋ္ဌာနသုတ္တန် စိတ္တာနုပဿနာပိုင်းတွင် ဟောကြားထားတော်မူခဲ့၏၊

သို့အတွက် နာမ်ကမ္မဋ္ဌာန်းကို အားသစ်စဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်သည် - တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ သညံ သင်္ခါရေ ဝိညာဏဉ္စ ''ဣဒံ အရူပ''န္တိ ပရိ စ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ ဟူသော အဋ္ဌသာလိနီအဋ္ဌကထာ[၆၅၃]၏ ညွှန်ကြားချက်နှင့်အညီ ရှေ့ဦးစွာ ရုပ် (၂၈)ပါးတို့တွင် ရုပ်တစ်မျိုး တစ်မျိုးကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို စတင်၍ သိမ်းဆည်းရမည် ဖြစ်သည်။ ရုပ် (၂၈)ပါးလုံးကို ကုန်စင်အောင် သိမ်းဆည်းရှုပွားရမည် ဖြစ်သည်။ ရုပ် (၂၈)ပါးကို အာရုံအလိုက် ခွဲတမ်းချလိုက်သော် အာရုံ (၆)ပါးပင် ဖြစ်သည်။ ဤတွင် ဓမ္မာရုံအမည်ရသော ဓမ္မာရုံစာရင်းဝင် ရုပ်အစစ် (၁၀/၁၁)လုံး ရုပ်အတု (၁၀)လုံး ဟူသော ရုပ်တစ်လုံးစီ တစ်လုံးစီကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်းပုံကို ရှေးဦးစွာ ဖော်ပြမည် ဖြစ်ပေသည်။

သို့သော် ရုပ်ပရမတ်တရား တစ်ခုတစ်ခုကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော အကုသိုလ်တရားတို့ကို အုပ်စု အလိုက် ရှုရာ၌ အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့အဖို့ အချို့သော အကုသိုလ်အုပ်စုများမှာ အရှုရခက်နေတတ်ပါသည်။ ထိုသို့ဖြစ်ပါက ရွှေ ငွေ အဝတ် သင်္ကန်းစသော ပညတ် အတုံးအခဲများကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော အကုသိုလ်တရားစုတို့က စ၍ သိမ်းဆည်းရှုပွားပါကလည်း အလွန်ကြီး မခက်ခဲတော့ဘဲ လွယ်ကူမှုရှိသည်ကို တွေ့ရပေသည်။ အကြောင်းမူ ပရမတ်ဉာဏ်ပညာမျက်စိ မရှိကြသော သတ္တဝါတို့၏ စိတ်ဓာတ်သည် ပညတ်နယ်မှာသာ ကျက်စားမှုများသောကြောင့် ဖြစ်၏၊ ထိုကြောင့် သရက်ပင်ကို ရေလောင်းပေးခြင်း ကိစ္စလည်း ပြီးစေ၊ ဆရာ ရေချိုးခြင်း ကိစ္စလည်း ပြီးစေဟူသော အမ္ဗသေစနဂရုသိနှာနနည်းအားဖြင့် ပညတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရား တို့ကိုလည်း ရှုတတ်စေ၊ အကုသိုလ်တရားတို့ကိုလည်း သဘောပေါက်မြန်စေဟူသော ဦးတည်ချက် နှစ်မျိုးဖြင့် အခက်အခဲ ရှိနေသူ ယောဂါဝစရပုဂ္ဂိုလ်တို့သည် ပညတ်ကို အာရုံယူ၍ ဖြစ်ပေါ်ကြလာသော နာမ်တရားတို့ကို စတင်၍ သိမ်းဆည်းလိုက သိမ်းဆည်းနိုင်ပေသည်။ ပရမတ္ထရုပ်တရားတို့ကို တိုက်ရိုက်အာရုံယူ၍ ရှုလိုကလည်း ရှုနိုင်ပေသည်။ ပရမတ္ထရုပ်တရားတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော အကုသိုလ်နာမ်တရားစုတို့ကို သိမ်းဆည်းနိုင်သောအခါ၌ကား ပညတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော အကုသိုလ်နာမ်တရားစုတို့ကို ထပ်မံ၍ သိမ်းဆည်းရှုပွားရန် မလိုအပ်ဟု မှတ်သားပါလေ။ ဉာဏ်နုသူတို့အတွက် ပညတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော မနောဒွါရိက အကုသိုလ်ဇောဝီထိ နာမ်တရားစုတို့ကို သိမ်းဆည်းပုံ အမြွက်မျှကို တင်ပြပေအံ့ ..။

ပညတ်ကို အာရုံယူ၍ အကုသိုလ်နာမ်တရားစုတို့ကို သိမ်းဆည်းပုံ အမြွက်

လောဘ-ဒိဋ္ဌိအုပ်စု

၁။ လိုအပ်ပါက သမာဓိကို တစ်ဖန်ပြန်၍ ထူထောင်ပါ။
၂။ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းပါ။
၃။ ရွှေ အာရုံကို လှမ်းအာရုံယူပါ။ (မိမိနှစ်သက်နေသော မိမိပိုင်ရွှေ ဖြစ်ပါစေ။)
၄။ ထိုရွှေ အာရုံက မနောဒွါရ၌ ထင်လာသောအခါ ရွှေဟူသော ပညတ် အတုံးအခဲကို အာရုံယူ၍ မနောဒွါရိက ဇောဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာကြမည် ဖြစ်သည်။ ထိုဝီထိစိတ်အစဉ်များတွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက ရွှေဟု ဆင်ခြင်ဆုံးဖြတ်ကြည့်ပါ။ နှလုံးသွင်းပါ။ အယောနိသောမနသိကာရ ဖြစ်သဖြင့် လောဘ-ဒိဋ္ဌိ အကုသိုလ်ဇောအုပ်စု နာမ်တရားများ ဖြစ်ပေါ်လာကြပေလိမ့်မည်။

ဤဝီထိ၌ ပညတ်ကို အာရုံပြုလျှင် တဒါရုံကျခွင့်မရှိ။ သို့သော် ရွှေဟူသော ပညတ်အတုံးအခဲကို အာရုံမယူဘဲ ရွှေအတုံးအခဲ၌ တည်ရှိသော ရုပ်ကလာပ်အများစု၏ ရူပါရုံ အရောင်အဆင်းကို အာရုံယူနိုင်လျှင်ကား တဒါရုံ ကျခွင့်ရှိသည်။

ထိုလောဘဒိဋ္ဌိ အကုသိုလ်ဇောအုပ်စုတို့တွင် ရွှေဟု အသိမှားမှုကား မောဟ, ရွှေဟု ယုံကြည်ချက်မှားမှု ခံယူချက် မှားမှုကား ဒိဋ္ဌိတည်း၊ လောကသမညာအတ္တစွဲ = လောကဝေါဟာရအတ္တစွဲ တစ်မျိုးတည်း။ ကျန်စေတသိက်တို့ကား သဘောပေါက်လောက်ပေပြီ။ အလားတူပင် ရွှေအတုံးအခဲကို နိစ္စဟု ဆုံးဖြတ်ကြည့်ပါ = နှလုံးသွင်းကြည့်ပါ။ သုခဟု ဆုံးဖြတ်ကြည့်ပါ = နှလုံးသွင်းကြည့်ပါ။ အတ္တဟု ဆုံးဖြတ်ကြည့်ပါ = နှလုံးသွင်းကြည့်ပါ။ သုဘဟု = တင့်တယ်သည်ဟု ဆုံးဖြတ်ကြည့်ပါ = နှလုံးသွင်းကြည့်ပါ။ အလားတူပင် လောဘ-ဒိဋ္ဌိအုပ်စု အကုသိုလ်ဇောဝီထိ စိတ်အစဉ်များ ဖြစ်ပေါ်လာကြပေလိမ့်မည်။ ထိုနာမ်တရားစုတို့တွင် နိစ္စ သုခ အတ္တ သုဘဟု အသိမှားမှုကား မောဟတည်း။ နိစ္စ သုခ အတ္တ သုဘဟု ယုံကြည်ချက်မှားမှု = ခံယူချက်မှားမှုကား ဒိဋ္ဌိတည်း။

အလားတူပင် ရဟန်းတော်များအတွက် မိမိပိုင်ဆိုင်သည့် နှစ်သက်မြတ်နိုးဖွယ်ရာ အဝတ် သင်္ကန်း စသည်တို့ကို အာရုံယူကာ လောဘ-ဒိဋ္ဌိဖြစ်အောင် နှလုံးသွင်း ရှုပွားရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။ သင်္ကန်းအဟောင်း အသစ် စသည့် အာရုံအမျိုးမျိုး ပြောင်းကာ နည်းတူပင် ရှုပါ။ အဝတ် သင်္ကန်း အသစ်၌ ပီတိဖြစ်တတ်၍ အဝတ် သင်္ကန်း အဟောင်း၌ ပီတိ မဖြစ်ပုံများကို သဘောပေါက်အောင် ရှုပါ။ လူယောဂီပုဂ္ဂိုလ်များသည်လည်း မိမိ၏ အဝတ် အဝတ်ပုဆိုး အဟောင်း အသစ် စသည်တို့ကို အာရုံယူကာ နည်းတူပင် ရှုနိုင်ပါသည်။

ဤ၌ နိစ္စဟု အသိမှားမှု ခံယူချက်မှားမှု ဟူသည်မှာ ''ယမန်နေ့ကလည်း ငါ့ရွှေပဲ ယနေ့လည်း ငါ့ရွှေပဲ၊ ယမန်နေ့ကလည်း ငါ့အဝတ်ပဲ ငါ့သင်္ကန်းပဲ၊ ယနေ့လည်း ငါ့အဝတ်ပဲ ငါ့သင်္ကန်းပဲ၊ ယမန်နေ့ကလည်း ငါ့သားပဲ ယနေ့လည်း ငါ့သားပဲ'' ဤသို့ စသည်ဖြင့် အသိမှားမှု ခံယူချက်မှားမှုတည်း။ ''ဒါ နင့်ရွှေ မဟုတ်၊ နင့်အဝတ် မဟုတ်၊ နင့်သင်္ကန်း မဟုတ်၊ နင့်သား မဟုတ်'' ဤသို့ စသည်ဖြင့် တစ်စုံတစ်ယောက်က လာရောက်ပြောဆိုလာပါလျှင် ပရမတ်ဉာဏ်ပညာ မရှိသူ အစွဲမပြုတ်သူတို့ကား လက်ခံနိုင်ကြဖွယ်ရာ မရှိပေ။ ဤသဘောတရားတို့ကား အသိမှားမှု ခံယူချက်မှားမှုတို့ အပေါ်၌ အခြေစိုက်လျက် ရှိကြ၏၊

လောဘ-မာနအုပ်စု –– လောဘ-မာနအုပ်စု၌ မာနမှာ အသာယူလိုသည့်သဘော အပေါ်စီးက နေလိုသည့် သဘော ဖြစ်သည်။ မိမိပိုင် သက်ရှိ သက်မဲ့ ကာမဝတ္ထုအစုစုက သူတစ်ပါးပိုင် သက်ရှိ သက်မဲ့ ကာမဝတ္ထုအစုစုထက် သာလွန်၍ အဆင့်မြင့်သည်ဟု မိမိကိုယ်ကို မိမိ အထင်ကြီးမှု စိတ်ကြီးဝင်မှု ဘဝင်မြင့်မှု တစ်မျိုး ဖြစ်သည်။ အဝတ်ချင်းပြိုင်မှု စိန်နားကပ်ချင်းပြိုင်မှု ကားချင်းပြိုင်မှု သားချင်းပြိုင်မှု မယားချင်းပြိုင်မှု စသည့် ပြိုင်ဆိုင်ဖူးသည့် အသာယူဖူးသည့် သို့မဟုတ် ပြိုင်ဆိုင်နေကျ အသာယူနေကျ အာရုံတစ်ခုခုကို အာရုံယူ၍ မနောဒွါရကိုပါ ပူးတွဲ သိမ်းဆည်းလျက် ရှုကြည့်ပါ။ ပညတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော လောဘ-ဒိဋ္ဌိ လောဘ-မာနအုပ်စု နာမ်တရားတို့ကို သဘောပေါက်ပါက ရုပ်ပရမတ်တရားတို့ကို အာရုံယူ၍ ရှုရန် ဖြစ်သည်။

ဒေါသမူ ဒွေ

၁။ ဒေါသအုပ်စု၌ ဒေါသဖြစ်နေကျ မုန်းသူတစ်ဦးကိုလည်းကောင်း, ပစ္စည်းတစ်ခုကိုလည်းကောင်း,
၂။ ဒေါသ-ဣဿာအုပ်စု၌ မိမိပစ္စည်းထက် သာလွန်သည့် သူတစ်ပါးပစ္စည်းကိုလည်းကောင်း,
၃။ ဒေါသ-မစ္ဆရိယအုပ်စု၌ အထိမခံနိုင်သည့် မိမိ၏ သက်ရှိ သက်မဲ့ ကာမဝတ္ထုတစ်ခုခုကိုလည်းကောင်း, (ပစ္စည်းတစ်ခုခုကိုလည်းကောင်း)
၄။ ဒေါသ-ကုက္ကုစ္စအုပ်စု၌ –

(က) ပြုပြီး ဒုစရိုက်တစ်ခုခုကိုလည်းကောင်း = ဥပမာ - လွန်ကျူးဖူးသည့် ပါဏာတိပါတလုပ်ငန်း တစ်ခုခုကို လည်းကောင်း၊
( ခ ) မပြုမိသည့် သုစရိုက်တစ်ခုခုကိုလည်းကောင်း, ဥပမာ - ဒါနတစ်ခုခုကို ပြုဖို့ရန် ရည်ရွယ်ထားသော်လည်း အောင်မြင်မှု မရရှိသဖြင့် စိတ်မချမ်းသာမှု = နောင်တတစ်ဖန် ပူပန်မှု, ဥပုသ်သီလကျင့်သုံးရန် ရည်ရွယ်ထားသော်လည်း မကျင့်သုံးနိုင်သဖြင့် စိတ်မချမ်းသာမှု = နောင်တတစ်ဖန် ပူပန်မှု စသည့် အာရုံတစ်ခုခုကိုလည်းကောင်း –– အာရုံယူ၍ ရှုပါ။

ကုက္ကုစ္စမှာ ဒုစရိုက်တစ်ခုခုကို ပြုလိုက်မိ၍ နောင်တတစ်ဖန် ပူပန်မှုသဘော ဖြစ်ရကား ပြုဖူးသည့် ဒုစရိုက် တစ်ခုခုကို အာရုံယူ၍လည်း ရှုနိုင်သည်။ သုစရိုက်တစ်ခုခုကိုလည်း မပြုလိုက်မိ မကျင့်လိုက်မိသဖြင့် နောင်တတစ်ဖန် ပူပန်သည့်သဘော ဖြစ်ရကား မပြုလိုက်မိ မကျင့်လိုက်မိသည့် သုစရိုက်တစ်ခုခုကိုလည်း အာရုံယူ၍ ရှုနိုင်သည်။ ဉာဏ်ရှိသလို ချဲ့ထွင်ရှုနိုင်သည်။ ရုပ်ပရမတ်အစစ်ကို အာရုံယူ၍ ရှုရာ၌ ယောဂီအများစုဝယ် ဤအုပ်စုမှာ ခက်ခဲသည်ကို တွေ့ရ၏၊

မောဟမူ ဒွေ

မောဟ-ဥဒ္ဓစ္စအုပ်စု၌ လောဘ ဒေါသ မပါဘဲ ရိုးရိုး စိတ်ပျံ့လွင့်နေကျ ပညတ်အာရုံကို အာရုံယူ၍ ဦးစွာ ရှုကြည့်ပါ။ မောဟ-ဝိစိကိစ္ဆာအုပ်စု၌ ''အတိတ်ဘဝ ရှိ၏ဟူသည်မှာ ဟုတ်မှဟုတ်ပါလေစ'' ဤသို့ စသည့် သံသယ ဖြစ်လောက်သည့် အာရုံတစ်ခုခုကို အာရုံယူ၍ ရှုကြည့်ပါ။

ဤသို့ ပညတ်ကို အာရုံယူ၍ ရှုရာ၌ ယင်းမနောဒွါရိကအကုသိုလ်ဇောများ၏နောင်၌ တဒါရုံမကျနိုင်။ သို့သော် ပရမတ်အတုံးအခဲတို့၏ အဆင်း အသံ အနံ့ စသည်ကို အာရုံယူနိုင်ပါက တဒါရုံကျခွင့်ရှိပေသည်။ ပညတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော အကုသိုလ်နာမ်တရားတို့ကို ရှုတတ်ပါက ရုပ်ပရမတ် တစ်လုံးစီ တစ်လုံးစီကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော အကုသိုလ် နာမ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်းရှုပွားပါလေ။ ကုသိုလ်ဇော စောသည့် ဇောဝီထိစိတ်အစဉ်တို့ကို ရှုရာ၌ ဓမ္မာရုံလိုင်း နာမ်တရားတို့က စ၍ သိမ်းဆည်းရှုပွားသကဲ့သို့ အကုသိုလ်နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရာ၌လည်း ဓမ္မာရုံလိုင်းကပင် စတင်၍ သိမ်းဆည်းရှုပွားပုံကို ဆက်လက်၍ ရေးသားတင်ပြပေအံ့..။

ဤတွင် ဉာဏ်နုသူများအတွက် စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော လောဘ-ဒိဋ္ဌိအုပ်စု နာမ်တရား အလုံး (၂၀)ကို ထပ်မံ၍ ရေးသားတင်ပြအပ်ပါသည်။ ကျန်နေသော အကုသိုလ်နာမ်တရားအုပ်စုတို့၌လည်း နည်းမှီး၍ သဘောပေါက်ပါလေ။

လောဘ-ဒိဋ္ဌိအုပ်စု နာမ်တရား အလုံး (၂၀)

၁။ အသိစိတ် = စက္ခုအကြည်ဓာတ်အာရုံကို ရယူခြင်းသဘော။
၂။ ဖဿ = စက္ခုအကြည်ဓာတ်အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော။
= စက္ခုအကြည်ဓာတ်အာရုံနှင့် အသိစိတ်ကို ဆက်စပ်ပေးခြင်းသဘော။
၃။ ဝေဒနာ = စက္ခုအကြည်ဓာတ်အာရုံ၏ အရသာကို ခံစားခြင်းသဘော။ (သောမနဿဝေဒနာ)
၄။ သညာ = စက္ခုအကြည်ဓာတ်အာရုံကို (သုဘဟု) မှတ်သားခြင်းသဘော၊
[နိစ္စဟု သုခဟု အတ္တဟု မှတ်သားရာ၌လည်း နည်းတူပင်တည်း။]
၅။ စေတနာ = စက္ခုအကြည်ဓာတ်အာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးခြင်း နှိုးဆော်ပေးခြင်းသဘော။
၆။ ဧကဂ္ဂတာ = စက္ခုအကြည်ဓာတ်အာရုံတစ်ခုတည်းပေါ်သို့ စိတ်ကျရောက်နေခြင်းသဘော။
= စက္ခုအကြည်ဓာတ်အာရုံ၌ စိတ်စေတသိက် (= သမ္ပယုတ်တရား)တို့ကို ဖရိုဖရဲ မကျဲစေခြင်း သဘော။
၇။ ဇီဝိတ = စက္ခုအကြည်ဓာတ်အာရုံ၌ စိတ်စေတသိက် (= သမ္ပယုတ်တရား)တို့ကို စောင့်ရှောက်ပေးခြင်း သဘော။
၈။ မနသိကာရ = စက္ခုအကြည်ဓာတ်အာရုံဘက်သို့ စိတ်ကို = သမ္ပယုတ်တရားတို့ကို ဦးလှည့် တွန်းပို့ပေးခြင်း သဘော။
= စက္ခုအကြည်ဓာတ်အာရုံကို နှလုံးသွင်းခြင်းသဘော။
၉။ ဝိတက် = စက္ခုအကြည်ဓာတ်အာရုံပေါ်သို့ စိတ်ကို = သမ္ပယုတ်တရားတို့ကို ရှေးရှူတင်ပေးခြင်းသဘော၊
= စက္ခုအကြည်ဓာတ်အာရုံကို ကြံစည်ခြင်းသဘော။
၁၀။ ဝိစာရ = စက္ခုအကြည်ဓာတ်အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်းသဘော။
= စက္ခုအကြည်ဓာတ်အာရုံကို ဆုပ်နယ်ခြင်းသဘော။
= စက္ခုအကြည်ဓာတ်အာရုံကို အာရုံ ထပ်၍ ထပ်၍ ယူခြင်းသဘော။
၁၁။ အဓိမောက္ခ = စက္ခုအကြည်ဓာတ်အာရုံကို (သုဘဟု) ဆုံးဖြတ်ချက်ချခြင်းသဘော။
[နိစ္စဟု သုခဟု အတ္တဟု ဆုံးဖြတ်ရာ၌လည်း နည်းတူ မှတ်ပါ။]
၁၂။ ဝီရိယ = စက္ခုအကြည်ဓာတ်အာရုံပေါ်၌ လောဘ ဒိဋ္ဌိ စသော အကုသိုလ်တရားများ ဖြစ်အောင် (ရာဂဖြစ်အောင်) ကြိုးစားအားထုတ်ခြင်းသဘော။
၁၃။ ပီတိ = စက္ခုအကြည်ဓာတ်အာရုံကို နှစ်သက်ခြင်းသဘော။
၁၄။ ဆန္ဒ = စက္ခုအကြည်ဓာတ်အာရုံကို လိုလားတောင့်တခြင်းသဘော (= ရာဂဖြစ်လိုသည့်သဘော။)
၁၅။ မောဟ = စက္ခုအကြည်ဓာတ်အာရုံ၏ (အသုဘ) သဘောမှန်ကို မသိခြင်းသဘော။ [အနိစ္စသဘောမှန် ဒုက္ခသဘောမှန် အနတ္တသဘောမှန်ကို မသိမှုသဘော] 
= စက္ခုအကြည်ဓာတ်အာရုံကို (သုဘဟု) အသိမှားခြင်းသဘော။
[နိစ္စဟု သုခဟု အတ္တဟု အသိမှားခြင်းသဘော ပုံစံတူ မှတ်ပါ။]
၁၆။ အဟိရိက = စက္ခုအကြည်ဓာတ်အာရုံပေါ်၌ လောဘ-ဒိဋ္ဌိ စသော အကုသိုလ် ဖြစ်မှုကို မရှက်ခြင်းသဘော။
၁၇။ အနောတ္တပ္ပ = စက္ခုအကြည်ဓာတ်အာရုံပေါ်၌ လောဘ-ဒိဋ္ဌိ စသော အကုသိုလ် ဖြစ်မှုကို မကြောက်ခြင်း သဘော။
၁၈။ ဥဒ္ဓစ္စ = စက္ခုအကြည်ဓာတ်အာရုံပေါ်၌ စိတ်မငြိမ်မသက် ပျံ့လွင့်နေခြင်းသဘော။
၁၉။ လောဘ = စက္ခုအကြည်ဓာတ်အာရုံကို ''ငါ့ဟာ''ဟု စွဲယူခြင်းသဘော။
= စက္ခုအကြည်ဓာတ်အာရုံကို လိုလားတပ်မက်ခြင်းသဘော။
= စက္ခုအကြည်ဓာတ်အာရုံ၌ ကပ်ငြိနေခြင်းသဘော။
၂၀။ ဒိဋ္ဌိ = စက္ခုအကြည်ဓာတ်အာရုံကို သုဘဟု စွဲလမ်းယုံကြည်ခြင်းသဘော။
= စက္ခုအကြည်ဓာတ်အာရုံကို သုဘဟု အယူမှားခြင်း = ခံယူချက်မှားခြင်းသဘော။
(နိစ္စ သုခ အတ္တဟု စွဲယူရာ၌လည်း နည်းတူ သဘောပေါက်ပါလေ။)

ဝေဒနာနှင့် ပီတိ, ထိနနှင့် မိဒ္ဓ –– လောဘမူ သောမနဿသဟဂုတ် စိတ်များ၌ သောမနဿဝေဒနာ ယှဉ်၏၊ ပီတိလည်းယှဉ်၏၊ လောဘမူ ဥပေက္ခာသဟဂုတ် စိတ်များ၌ ဥပေက္ခာဝေဒနာ ယှဉ်၏၊ ပီတိ မယှဉ်။ အသင်္ခါရိက စိတ်များ၌ ထိန-မိဒ္ဓ မယှဉ်၊ သသင်္ခါရိကစိတ်များ၌ ထိန-မိဒ္ဓ ယှဉ်၏၊ ပီတိ ယှဉ်မယှဉ်, ထိန-မိဒ္ဓ ယှဉ်မယှဉ်သို့ လိုက်၍ (၄)ချက်စီပင် ရှုပါ။

ဝီရိယနှင့် ဆန္ဒ – ဒေါသအုပ်စု၌ ဝီရိယမှာ အထူးသဖြင့် ဒေါသဖြစ်အောင် ကြိုးစားမှု, ဆန္ဒမှာ ဒေါသ ဖြစ်လိုမှုသဘော ဖြစ်သည်။ ဒေါသ-ဣဿာ အုပ်စု၌ ဝီရိယမှာ ဒေါသ-ဣဿာဖြစ်အောင် ကြိုးစားမှု, ဆန္ဒမှာ ဒေါသဣဿာ ဖြစ်လိုမှုသဘော ဖြစ်သည်။ ဒေါသ-မစ္ဆရိယအုပ်စု၌ ဝီရိယမှာ ဒေါသ-မစ္ဆရိယဖြစ်အောင် ကြိုးစားမှု, ဆန္ဒမှာ ဒေါသ-မစ္ဆရိယ ဖြစ်လိုမှုသဘော ဖြစ်သည်။ ဒေါသ-ကုက္ကုစ္စအုပ်စု၌ ဝီရိယမှာ ဒေါသ-ကုက္ကုစ္စဖြစ်အောင် ကြိုးစားမှု, ဆန္ဒမှာ ဒေါသ-ကုက္ကုစ္စ ဖြစ်လိုမှုသဘော ဖြစ်သည်။

မောဟ –– မောဟမှာ စက္ခုအကြည်ဓာတ် စသည့် အာရုံကို နိစ္စ-သုခ-အတ္တ-သုဘ စသည်ဖြင့် အသိမှားမှု၊ သူတစ်ပါး၏ စက္ခုအကြည်ဓာတ်, မိမိ၏ စက္ခုအကြည်ဓာတ် စသည်ဖြင့် အသိမှားမှုတည်း။

အဟိရိက အနောတ္တပ္ပ –– လောဘ-ဒိဋ္ဌိ၊ လောဘ-မာန၊ ဒေါသ၊ ဒေါသ-ဣဿာ၊ ဒေါသ-မစ္ဆရိယ၊ ဒေါသကုက္ကုစ္စ၊ မောဟ-ဥဒ္ဓစ္စ၊ မောဟ-ဝိစိကိစ္ဆာ စသည့် အကုသိုလ်တရားတို့ ဖြစ်မှုကို မရှက်မှုသဘော မကြောက်မှု သဘောတည်း။ ဒုစရိုက်လွန်ကျူးဆဲအချိန်က တည်ရှိသော နာမ်တရားတို့ကို အာရုံယူ၍ သိမ်းဆည်းရာ၌ကား ယင်း လွန်ကျူးဆဲခဏ၌ ဖြစ်ပေါ်သွားကြသော အဟိရိက အနောတ္တပ္ပတို့သည် လွန်ကျူးဆဲဒုစရိုက်မှ မရှက်မှုသဘော မကြောက်မှု သဘောတည်း။

ကြွင်းကျန်သည့် ဓမ္မာရုံလိုင်း စာရင်းဝင် ရုပ်အစစ် (၉)လုံး သို့မဟုတ် (၁၀)လုံး, ရုပ်အတု (၁၀)လုံးတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာသော အကုသိုလ်အုပ်စု နာမ်တရားတို့ကိုလည်း စက္ခုအကြည်ဓာတ်၌ ရှုပုံနည်းစနစ်ကိုပင် နည်းမှီး၍ ရှုပါလေ။ ရှေးဦးစွာ အကုသိုလ်ဇော စောသည့် မနောဒွါရဝီထိဇယားကို တင်ပြအပ်ပါသည်။

စက္ခုအကြည်ဓာတ်အာရုံ - လောဘ-ဒိဋ္ဌိအုပ်စု ရှုပုံစနစ်

၁။ လိုအပ်ပါက သမာဓိကို အဆင့်ဆင့် ပြန်လည်ထူထောင်ပါ။
၂။ ဘဝင်မနောအကြည်ဓာတ်ကို = မနောဒွါရကို သိမ်းဆည်းပါ။
၃။ စက္ခုဒသကကလာပ်ကို ဓာတ်ခွဲလျက် စက္ခုအကြည်ဓာတ်ကို လှမ်း အာရုံယူပါ။
၄။ ထိုစက္ခုအကြည်ဓာတ်အာရုံသည် မနောဒွါရ၌ ရှေးရှုထင်လာသောအခါ ယင်းစက္ခုအကြည်ဓာတ်ကို အာရုံ ယူလျက် မနောဒွါရိကဇောဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာကြမည် ဖြစ်သည်။ ထိုဝီထိစိတ်အစဉ်တွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက ထိုစက္ခုအကြည်ဓာတ်ကို သုဘဟု ဆင်ခြင်ဆုံးဖြတ်ပါ။ ထိုစက္ခုအကြည်ဓာတ်မှာ အလို ရှိအပ်သော ဣဋ္ဌာရုံလည်းဖြစ်မူ အယောနိသောမနသိကာရ ဖြစ်သဖြင့် ဇော၌ သုဘဟု သာယာတပ်မက်သော လောဘ-ဒိဋ္ဌိအုပ်စု နာမ်တရားများ ဖြစ်ပေါ်လာကြပေလိမ့်မည်။ နှလုံးသွင်းမှားမှု = သုဘဟုနှလုံးသွင်းမှု = အယောနိသောမနသိကာရမှာ ယင်းလောဘဇော စောရန်အတွက် အနီးကပ်ဆုံးသော အကြောင်းတစ်ရပ် ဖြစ်၏၊

ထိုစက္ခုအကြည်ဓာတ်ကို နိစ္စဟုလည်းကောင်း, သုခဟုလည်းကောင်း, အတ္တဟုလည်းကောင်း ဆင်ခြင်ဆုံးဖြတ် နှလုံးသွင်းရာ၌လည်း နည်းတူပင် မှတ်ပါ။ လောဘမူစိတ် (၈)မျိုးတွင် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် (၄)မျိုးတည်း။ သောမနဿ ဝေဒနာနှင့် ယှဉ်လျှင် ပီတိပါ၏၊ ဥပေက္ခာဝေဒနာနှင့် ယှဉ်လျှင် ပီတိမပါ။ သသင်္ခါရိက = တိုက်တွန်းမှုရှိလျှင် ထိနမိဒ္ဓ ပါဝင်၏၊ အသင်္ခါရိက = တိုက်တွန်းမှု မရှိလျှင် ထိနမိဒ္ဓမပါ။ တိုက်တွန်းမှုဟူသည် လောဘ, (ဒေါသ) စသည့် အကုသိုလ်တရားများ ဖြစ်ပေါ်လာအောင် မိမိကိုယ်ကိုမိမိ တိုက်တွန်းရမှု, သို့မဟုတ် သူတစ်ပါးတို့က တိုက်တွန်းရမှုကို ဆိုလိုပေသည်။ ဝီထိစိတ်အစဉ်အတွင်း၌ တည်ရှိသော စိတ္တက္ခဏတိုင်း၏ စိတ်စေတသိက် အရေအတွက်ကို ဇယားဖြင့် ရေးသားတင်ပြထားပါသည်။

မာန –– လောဘ-မာနအုပ်စုတွင် မာနမှာ ရံခါသာ ယှဉ်တတ်သော ကဒါစိစေတသိက် ဖြစ်သဖြင့် မာနလည်း မယှဉ် (ဒိဋ္ဌိလည်း မယှဉ်)သော် ဇောအသီးအသီး၌ စိတ်စေတသိက်အရေအတွက်မှာ (၁၉-၁၈-၂၁-၂၀) အသီးအသီး ဖြစ်သည်ဟု မှတ်ပါ။ သောမနဿ, ဥပေက္ခာ, သသင်္ခါရိက, အသင်္ခါရိကသို့လိုက်၍ (၄)ထွေ ကွဲပြားသွားသည်။

စက္ခုအကြည်ဓာတ်အာရုံ - လောဘ-မာနအုပ်စု စသည်ကို ရှုပုံစနစ်

မနောဒွါရကို သိမ်းဆည်းလျက် စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ''ဤစက္ခုအကြည်ဓာတ်ကို ငါမို့ ရှုရတာ''ဟု နှလုံးသွင်းကြည့်ပါ။ လောဘ-မာန ဦးဆောင်သည့် အကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များ ဖြစ်ပေါ်လာကြပေမည်။ နာမ်တုံးနာမ်ခဲ နာမ်ဃနကို ဖြိုခွဲလျက် ပရမတ်နာမ်တရားတို့ကို သိမ်းဆည်းပါ။

ဒေါသအုပ်စု –– မကျေမနပ်ဖြစ်ဖူးသော အနိဋ္ဌ ဖြစ်သော စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ မနောဒွါရကိုပါ ပူးတွဲသိမ်းဆည်းလျက် ဤဒေါသအုပ်စု နာမ်တရားတို့ကို သိမ်းဆည်းပါ။

ဒေါသ-ဣဿာ –– မိမိစက္ခုအကြည်ဓာတ်ထက် သာလွန်တင့်တယ်သော သူတစ်ပါး၏ စက္ခုအကြည်ဓာတ်ကို (= မိမိမျက်လုံးထက် ပို၍လှသော သူတစ်ပါး၏ မျက်လုံးကို) အာရုံယူ၍ ''ဒီစက္ခုအကြည်ဓာတ်မျိုး ဒင်းမရလျှင် ကောင်းမှာပဲ''ဟု နှလုံးသွင်းကြည့်ပါ။ (= ''ဒီမျက်လုံးမျိုး ဒင်းမရလျှင် ကောင်းမှာပဲ''ဟု နှလုံးသွင်းကြည့်ပါ။) ဒေါသဣဿာ ဦးဆောင်သည့် နာမ်တရားအုပ်စုတို့ ဖြစ်ပေါ်လာပေမည်။ ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းပါ။

ဒေါသ-မစ္ဆရိယ –– အထိမခံနိုင်သော မိမိ၏ စက္ခုအကြည်ဓာတ်ကို အာရုံယူ၍ ရှုပါ။ ''နင့်မျက်စိက ဘာပဲ ညာပဲ'' စသည်ဖြင့် တစ်ဘက်သူက ပြောဆိုလာလျှင် မခံချင်သည့် သဘောကိုလည်း အာရုံယူ၍ ရှုနိုင်ပါသည်။

ဒေါသ-ကုက္ကုစ္စ –– စက္ခုအကြည်နှင့် ပတ်သက်၍ ပြောမှားဆိုမှား ပြုမှားမိသည့် မကောင်းမှုတစ်ခုကို အာရုံ ယူ၍လည်း ရှုနိုင်သည်။ စက္ခုအကြည်နှင့် ပတ်သက်၍ ပြုသင့်ပြုထိုက်သည်ကို မပြုလိုက်ရ၍ နောင်တတစ်ဖန် ပူပန်မှု ဖြစ်ဖူးလျှင် ထိုအာရုံကို အာရုံယူ၍လည်း ရှုနိုင်သည်။

မောဟ-ဥဒ္ဓစ္စ – စက္ခုအကြည်ဓာတ်နှင့် ပတ်သက်၍ စိတ်မငြိမ်မသက် ဖြစ်ဖူးလျှင် ယင်းအာရုံကိုပင် အာရုံယူ၍ ရှုပါ။ (လောဘ ဒေါသ မပါစေရ။)

မောဟ-ဝိစိကိစ္ဆာ – ''ဤ စက္ခုအကြည်ဓာတ်သည် အတ္တ၏အကြည်ဓာတ်လေလော''ဟု အာရုံယူ၍ ရှုကြည့်ပါ။ အဋ္ဌကထာများ[၆၅၄]၌ ဖော်ပြထားသော ရူပါရုံကို အာရုံပြု၍ သံယောဇဉ် (၁၀)ပါးဖြစ်ပုံကို နည်းမှီး၍ ရှုခြင်း ဖြစ်သည်။ (နောက်တွင် ထင်ရှားလတ္တံ့။)

တဒါရုံ –– ဇယားများတွင် အဟိတ်တဒါရုံ သဟိတ်တဒါရုံ နှစ်မျိုးလုံးကို ချပြထားပါသည်။ ဝီထိစဉ် တစ်ခု၏ အတွင်း၌ သဟိတ်တဒါရုံ အဟိတ်တဒါရုံ နှစ်မျိုးလုံး ဖြစ်နိုင်သည်ဟုကား အယူအဆ မမှားစေလိုပါ။ အဟိတ်တဒါရုံ တစ်မျိုးမျိုးသော်လည်းကောင်း သဟိတ်တဒါရုံ တစ်မျိုးမျိုးသော်လည်းကောင်း ကျနိုင်သည်ဟုသာ ဆိုလိုရင်းဖြစ်သည်။ ယင်းတဒါရုံ (၁၁)မျိုးတို့တွင် တစ်မျိုးသာ ဝီထိတစ်ခုအတွင်း၌ ကျနိုင်၏၊ ထိုသို့တဒါရုံကျရာ၌ ယေဘုယျအားဖြင့် ဇောနှင့် တဒါရုံတို့သည် ဝေဒနာချင်း တူတတ်၏၊ ဇောက သောမနဿဝေဒနာဖြစ်လျှင် တဒါရုံလည်း သောမနဿ ဝေဒနာပင် ဖြစ်၏၊ ဇော၌ ပီတိယှဉ်လျှင် တဒါရုံ၌လည်း ပီတိယှဉ်၏၊ ဇောက ဥပေက္ခာဝေဒနာဖြစ်လျှင် တဒါရုံလည်း ဥပေက္ခာဝေဒနာပင် ဖြစ်၏၊ ဇော၌ ပီတိမယှဉ်လျှင် တဒါရုံ၌လည်း ပီတိမယှဉ်ပေ။ သို့သော် တဒါရုံမှာ ယေဘုယျ အားဖြင့် ဇောနှင့် ဝေဒနာချင်း တူညီသော်လည်း ဇော၌ ဒေါမနဿဝေဒနာဖြစ်လျှင် တဒါရုံ၌လည်း ဒေါမနဿဝေဒနာ မဖြစ်နိုင်သဖြင့် ဥပေက္ခာဝေဒနာသာ ဖြစ်သည်ဟု မှတ်ပါ။ ဒေါသဇောနောင်၌ ဥပေက္ခာတဒါရုံသာ ကျခွင့်ရှိသည်ဟူလို။ အထက်တဒါရုံဇယားတွင် ဖော်ပြထားခဲ့သည့်အတိုင်း အကုသိုလ်ဇောများ၏ နောင်၌ မဟာဝိပါက် တဒါရုံများသည်လည်း ထိုက်သလို ကျနိုင်၏၊ ဘုရား အစရှိသော အလွန်နှစ်သက်မြတ်နိုးအပ်သည့် အတိဣဋ္ဌာရုံတို့၌ နှလုံးသွင်းမှားမှု အယောနိသောမနသိကာရကြောင့် အကုသိုလ်ဇော စောရာ၌ ယင်းအကုသိုလ်ဇောများ၏နောင်၌ မဟာဝိပါက် တဒါရုံများသည်လည်း ထိုက်သလို ကျနိုင်သည်သာ ဖြစ်သည်။ ထိုကြောင့် ဤစာမူဇယားတွင် အဟိတ်တဒါရုံ သဟိတ်တဒါရုံ နှစ်မျိုးလုံးကိုပင် ချပြထားပါသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ရှုနေရင်းဖြင့် သဘောပေါက်နိုင်လိမ့်မည်ဟု ဤကျမ်းက မျှော်လင့်ထားပါသည်။

ကြွင်းကျန်သည့် ဓမ္မာရုံလိုင်းစာရင်းဝင် ရုပ်အစစ် ရုပ်အတုတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာသော အကုသိုလ်အုပ်စု နာမ်တရားတို့ကိုလည်း စက္ခုအကြည်ဓာတ်၌ ရှုပုံနည်းစနစ်ကို နည်းမှီး၍ ရှုပါလေ။

ကောင်းသော စနစ်တစ်ခုကို အကြံပြုပါရစေ

ယောဂီအများစုကို သုတေသနပြုကြည့်ရာ၌ အကုသိုလ်ဇောစောသည့် ဝီထိများကိုသာ တစ်ထိုင်လုံး တစ်ဖက်သတ် သိမ်းဆည်းရှုပွားနေပါက တစ်စတစ်စ စိတ်ဓာတ်များလည်း မကြည်မလင် ဖြစ်လာတတ်ကြကြောင်းကိုလည်း တွေ့ရှိရ၏၊ ဉာဏ်အရောင်အလင်းများသည်လည်း တဖြည်းဖြည်း မှေးမှိန်လာကြောင်းနှင့် မှေးမှိန်သွားကြောင်းကိုလည်း တွေ့ရှိရ၏၊ ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် ကုသိုလ်ဇော စောသည့် ဝီထိများကိုလည်း သိမ်းဆည်းရှုပွားတတ်ပြီး ဖြစ်သဖြင့် ကုသိုလ်ဇော စောသည့် ဝီထိနှင့် အကုသိုလ်ဇော စောသည့် ဝီထိများကို တစ်လှည့်စီ သိမ်းဆည်းရှုပွားပါက ပို၍ ကောင်းပေသည်။ ဥပမာ –– စက္ခုအကြည်ဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကုသိုလ်ဇော စောသည့် မနောဒွါရဝီထိကို သိမ်းဆည်းပြီးသောအခါ ယင်းစက္ခုအကြည်ဓာတ်ကိုပင် (ဧကတ္တနည်းအရ ဆိုခြင်းတည်း)[၆၅၅] အာရုံပြု၍ ဖြစ်ပေါ်လာသော အကုသိုလ်ဇော စောသည့် မနောဒွါရဝီထိ နာမ်တရားစုတို့ကို ဆက်လက်သိမ်းဆည်းပါ။ ဤသို့လျှင် ရုပ်တစ်လုံး တစ်လုံးကို အာရုံ ပြု၍ ဖြစ်ပေါ်လာကြသော ကုသိုလ်ဇောစောသည့် အကောင်းအုပ်စုဝီထိ အကုသိုလ်ဇော စောသည့် မကောင်းအုပ်စုဝီထိတို့ကို တစ်လှည့်စီ သိမ်းဆည်းရှုပွားပါက စိတ်ညစ်နွမ်းမှုလည်း မဖြစ်ဘဲ အရောင်အလင်းလည်း မှေးမှိန်မသွားဘဲ ရှိတတ်ကြ၏၊

ယခုတစ်ဖန် ရူပါရုံစသည့် ပဉ္စာရုံတို့ကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော အကုသိုလ်ဇော စောသည့် ပဉ္စဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံကို ဆက်လက်၍ တင်ပြအပ်ပါသည်။ ထိုသို့ သိမ်းဆည်းရှုပွားရာ၌ အဋ္ဌကထာကြီးများတွင် ဖွင့်ဆိုထားသော သံယောဇဉ် (၁၀)ပါး ဖြစ်ပုံကို ကြိုတင်၍ သိထားသင့်ပေသည်။

သံယောဇဉ် (၁၀) ပါး ဖြစ်ပုံ

ရုပ် (၂၈)ပါးတို့တွင် ရူပါရုံကို အာရုံပြု၍ သံယောဇဉ် (၁၀)ပါး ဖြစ်ပေါ်ပုံကို မဟာဝဂ္ဂအဋ္ဌကထာနှင့် မူလပဏ္ဏာသအဋ္ဌကထာတို့[၆၅၆]၌ မဟာသတိပဋ္ဌာနသုတ္တန် အာယတနပဗ္ဗပိုင်းအဖွင့်တွင် ဖွင့်ဆိုထားပေသည်။ ရူပါရုံကို အာရုံပြု၍ သံယောဇဉ် (၁၀)ပါး ဖြစ်ပုံကို သဘောပေါက်ပါက ကျန်ရုပ်တရား (၂၇)ပါးတို့ကို အာရုံပြု၍ သံယောဇဉ် (၁၀)ပါး ဖြစ်ပေါ်ပုံကိုလည်း နည်းမှီး၍ သိနိုင်ပေသည် = သိမ်းဆည်းရှုပွားနိုင်ပေသည်။ အဋ္ဌကထာ[၆၅၆] ဋီကာ[၆၅၇]များ ကလည်း အဘိဓမ္မာနည်းအရ သံယောဇဉ် (၁၀)ပါး ဖြစ်ပုံကို ဖွင့်ဆိုထားတော်မူကြ၏၊ ဤ၌ လောဘမူစိတ် ဒေါသမူစိတ် မောဟမူစိတ်တို့၏ ရှုကွက် မှတ်သားလွယ်ကူစေရန် ရေးသားတင်ပြအပ်ပါသည်။

၁။ ကာမရာဂသံယောဇဉ် –– စက္ခုဒွါရ မနောဒွါရ၌ ရှေးရှု ထင်လာသော အလိုရှိအပ် နှစ်သက်မြတ်နိုးအပ်သော ဣဋ္ဌဖြစ်သော ရူပါရုံကို ကာမဿာဒ = ကာမတဏှာ၏ အစွမ်းဖြင့် သုဘဟုရှု၍ လွန်စွာ သာယာတပ်မက်သော ပုဂ္ဂိုလ်၏ သန္တာန်၌ ကာမရာဂသံယောဇဉ် ဖြစ်၏၊ ကာမရာဂသံယောဇဉ်ဟူသည် သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့ အပေါ်၌ လွန်စွာ သာယာတပ်မက်တတ်သော လောဘမူစိတ် (၈)ခု၌ ယှဉ်သော တဏှာလောဘတည်း။ ဒိဋ္ဌိဂတသမ္ပယုတ် ဒိဋ္ဌိဂတဝိပ္ပယုတ် နှစ်မျိုးလုံး၌ ယှဉ်၏၊

၂။ ဘဝရာဂသံယောဇဉ် – ''အာရုံငါးပါး ကာမဂုဏ်တရားတို့ ကုံလုံပြည့်စုံသည့် သမ္ပတ္တိဘဝ၌ ဤကဲ့သို့သော ရူပါရုံမျိုးသည် ရလွယ်သော သဘော ရှိပေစွတကား''ဟု ပြည့်စုံသည့် သမ္ပတ္တိဘဝကို လိုလားတောင့်တသူ၏ သန္တာန်၌ ဘဝရာဂသံယောဇဉ်သည် ဖြစ်၏၊ တရားကိုယ်မှာ သမ္ပတ္တိဘဝကို တွယ်တာတပ်မက်သော လောဘပင်တည်း။ [သုတ္တန်နည်း၌ ဤဘဝရာဂသံယောဇဉ်အရာ၌ ရူပရာဂသံယောဇဉ် အရူပရာဂသံယောဇဉ်ဟု လာရှိ၏၊ ရူပစျာန်နှင့် ထိုစျာန်၏ အကျိုးဝိပါက်၌ သာယာ တပ်မက်သော တဏှာ = လောဘသည် ရူပရာဂသံယောဇဉ် မည်၏၊ အရူပစျာန်နှင့် ထိုအရူပစျာန်၏ အကျိုးဝိပါက်၌ သာယာတပ်မက်သော တဏှာ = လောဘသည် အရူပရာဂသံယောဇဉ် မည်၏၊ ဤဘဝရာဂသံယောဇဉ်ပိုင်း၌ကား ရူပါရုံစသည့် အာရုံ (၆)မျိုးလုံးတို့နှင့် ပြည့်စုံသည့်ဘဝကို တောင့်တမှုကို အဋ္ဌကထာ များက ပုံစံထုတ်ပြထား၏၊ သို့ဖြစ်၍ ဘဝရာဂသံယောဇဉ်နှင့် ရူပရာဂသံယောဇဉ် အရူပရာဂသံယောဇဉ်တို့မှာ အဓိပ္ပါယ် အကျဉ်းအကျယ် ကွာဟချက် ရှိနိုင်ပေသည်။] ထိုကြောင့် ဘဝရာဂသံယောဇဉ်ဟူသည် လောဘမူစိတ် (၈)မျိုးလုံး၌ပင် ထိုက်သလို ယှဉ်သော လောဘတည်းဟုသာ မှတ်သားပါလေ။

၃။ ဒိဋ္ဌိသံယောဇဉ် –ထို ရူပါရုံကိုပင် ..
(က) နိစ္စဟု = မြဲ၏ဟု, ဓုဝဟု = ခိုင်ခံ့၏ဟု
( ခ ) သုခဟု = ချမ်းသာ၏ဟု
( ဂ ) အတ္တဟု = အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်ဟု

စွဲယူခဲ့သော် ဒိဋ္ဌိသံယောဇဉ်ဖြစ်၏၊ ဤ၌ နိစ္စဟု သုခဟု အတ္တဟု အသိမှားမှုကား မောဟတည်း။ နိစ္စဟု သုခဟု အတ္တဟု ခံယူချက် မှားမှု = ယုံကြည်ချက်မှားမှုကား ဒိဋ္ဌိတည်း။ ဇောအသီးအသီး၌ လောဘဒိဋ္ဌိအုပ်စု နာမ်တရား (၂၀-၁၉-၂၂-၂၁)တို့ပင်တည်း၊ ဒိဋ္ဌိဂတသမ္ပယုတ် လောဘတည်း။

၄။ သီလဗ္ဗတပရာမာသသံယောဇဉ် –– နွားအကျင့် ခွေးအကျင့် စသော မှားယွင်းသော ကျင့်စဉ် ဟူသော သီလဗ္ဗတအကျင့်ကို ကျင့်ပါက နောင်အနာဂတ်၌လည်း ဤ ရူပါရုံမျိုးကို ရနိုင်၏ဟု နှလုံးပိုက်၍ သီလဗ္ဗတအကျင့်ကို ဆောက်တည်သော = ဆောက်တည်ကျင့်သော သူ၏ သန္တာန်၌ သီလဗ္ဗတပရာမာသ သံယောဇဉ် ဖြစ်၏၊ ဤသံယောဇဉ် မှာလည်း လောဘ-ဒိဋ္ဌိအုပ်စု နာမ်တရား (၂၀-၁၉-၂၂-၂၁) တို့ပင်တည်း၊ ဒိဋ္ဌိဂတသမ္ပယုတ် လောဘပင်တည်း။ ယခုကဲ့သို့ ရတနာသုံးတန် ကံ-ကံ၏အကျိုးတရားအပေါ်၌ ယုံကြည်သက်ဝင်သော သဒ္ဓါတရားနှင့် ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ် ပြဓာန်းလျက်ရှိသော စိတ်ဖြင့် နာမရူပပရိစ္ဆေဒဉာဏ်သို့ တိုင်အောင် အားသစ်လျက်ရှိသော ဗုဒ္ဓ၏တပည့် သာဝကတစ်ဦး၏ သန္တာန်၌ ဤသီလဗ္ဗတပရာမာသသံယောဇဉ်မှာ အလွန်ဖြစ်ခဲဖွယ်ရာ ရှိပေသည်။ ဤသံယောဇဉ်ကို ဖြစ်နိုင်ခွင့်ရှိသော သတ္တဝါတို့ကို ရည်ညွှန်း၍သာ ဖော်ပြထားသည်ဟု သဘောပေါက်ပါလေ။

၅။ မာနသံယောဇဉ် –– ''ငါမှတစ်ပါး အခြားသူတစ်ဦးသည် ဤရုပ်ကလာပ်တို့၏ ရူပါရုံအရောင်ကို အသိဉာဏ်၌ ထင်ရှားလာအောင် ရှုနိုင်စွမ်းရှိသောသူမည်သည် မရှိ ဖြစ်ခဲ့၏၊ ဤ ရုပ်ကလာပ်တို့၏ ရူပါရုံအရောင်ကို ငါမို့ ရှုရတာ'' ဟု မိမိကိုယ်ကို မိမိ အထင်ကြီးလျှင် မာနသံယောဇဉ်ဖြစ်၏၊ လောဘ-မာနအုပ်စု အကုသိုလ်ဇောများတည်း၊ ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်တည်း။ ဇောအသီးအသီး၌ (၂၀-၁၉-၂၂-၂၁)လုံးသော လောဘ-မာနအုပ်စု နာမ်တရားများတည်း။

၆။ ပဋိဃသံယောဇဉ် – အလိုမရှိအပ် မနှစ်သက်အပ်သော အနိဋ္ဌဖြစ်သော ရူပါရုံကို တွေ့ကြုံရာ၌ မနှစ်သက်သော် ဒေါသထွက်သော် ပဋိဃသံယောဇဉ်ဖြစ်၏၊ ဒေါသအုပ်စု နာမ်တရားများတည်း။ အလိုမရှိအပ်သော အနိဋ္ဌဖြစ်သော ရူပါရုံကို အာရုံယူ၍ ရှုပါ။ ဇောအသီးအသီး၌ (၁၈-၂၀)လုံးသော ဒေါသအုပ်စု နာမ်တရားများတည်း။

၇။ ဣဿာသံယောဇဉ် –– ''ဤရူပါရုံမျိုးကို ငါမှတစ်ပါးသော သူတို့ မရကုန်မူကား ကောင်းလေစွ''ဟု ငြူစူသော ပုဂ္ဂိုလ်၏သန္တာန်၌ ဣဿာသံယောဇဉ် ဖြစ်၏၊ ဒေါသ-ဣဿာအုပ်စု နာမ်တရားများ ဖြစ်၏၊ ဇောအသီးအသီး၌ (၁၉-၂၁)လုံးသော ဒေါသ-ဣဿာအုပ်စု နာမ်တရားများတည်း။ ဣဿာဖြစ်နေကျ သူတစ်ပါး၏ ရူပါရုံကို အာရုံယူ၍ ရှုပါ။ ဥပမာ –– အဆင့်မြင့်နေသော အရောင်ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပနေသော သူတစ်ပါး၏ စိန်နားကပ်အရောင်ကို အာရုံယူ၍ ရှုပါ။ အဆင်းအရောင် လှပတင့်တယ်နေသော သူတစ်ပါး၏ အဝတ် သင်္ကန်း စသည်တို့ကိုလည်း အာရုံယူကာ ရှုနိုင်ပါသည်။

၈။ မစ္ဆရိယသံယောဇဉ် – မိမိ ရရှိထားသော ရူပါရုံကို သူတစ်ပါးတို့နှင့် မဆက်ဆံဖြစ်အောင် ပြုလုပ်ခြင်းဖြင့် အခြားသူအတွက် ဝန်တိုသောပုဂ္ဂိုလ်၏ သန္တာန်၌ မစ္ဆရိယသံယောဇဉ်ဖြစ်၏၊ ဒေါသ-မစ္ဆရိယအုပ်စု နာမ်တရားများ ဖြစ်၏၊ ဇောအသီးအသီး၌ (၁၉-၂၁)လုံးသော ဒေါသမစ္ဆရိယအုပ်စု နာမ်တရားများတည်း။ အထိမခံနိုင်ဖြစ်နေကျ မိမိပိုင် သက်ရှိ သက်မဲ့ ကာမဝတ္ထု၏ အရောင်ကို အာရုံယူ၍ ရှုပါ။ ဥပမာ –– စင်ကြယ်သန့်ရှင်းနေသော မိမိ၏ အဝတ်ကို အခြားသူတစ်ဦးက မင်ဖြင့် လာရောက်တို့လိုက်သောအခါ နှမြော၍ကား မဟုတ်၊ ယခုကဲ့သို့ လာရောက် စော်ကားမှုမျိုးကို မခံချင်သည့်သဘောတည်း။ ဖြစ်ဖူးသည့်အာရုံ ဖြစ်နေကျအာရုံကို အာရုံယူ၍ ရှုပါ။

* ကုက္ကုစ္စ – သံယောဇဉ် (၁၀)ပါးတွင် ဤကုက္ကုစ္စကား မပါဝင်ပေ။
(က) ပြုလိုက်မိ ကျင့်လိုက်မိသော ဒုစရိုက်,
( ခ ) မပြုလိုက်မိ မကျင့်လိုက်မိသော သုစရိုက် –
ဤသို့ နှစ်မျိုးခွဲ၍ ရှုပါ။

(က) ရူပါရုံကို အာရုံပြု၍ = ရူပါရုံနှင့် ပတ်သက်၍ ပြုလိုက်မိ ကျင့်လိုက်မိသော ဒုစရိုက်ကို အာရုံပြု၍ နောင်တတစ်ဖန် ပူပန်သော် ကုက္ကုစ္စဖြစ်၏၊ ဒေါသ-ကုက္ကုစ္စ နာမ်တရားစုတည်း။ ဖြစ်ဖူးသည့် အာရုံကို ယူ၍ရှုပါ။ ဥပမာ- သူတစ်ပါး၏ အကျႋအရောင် ပျက်အောင် မင်ဖြင့် တို့မိ၍ နောင်တတစ်ဖန် ပူပန်ဖူးသည် ဖြစ်အံ့ = စိတ်မကောင်း ဖြစ်ဖူးအံ့၊ ထိုအာရုံကိုပင် အာရုံယူ၍ ရှုပါ။

( ခ ) မပြုလိုက်မိ မကျင့်လိုက်မိသော သုစရိုက်တစ်ခုခုကို အာရုံ ယူ၍ နောင်တတစ်ဖန် ပူပန်သော် ကုက္ကုစ္စဖြစ်၏၊ ဒေါသ-ကုက္ကုစ္စအုပ်စု နာမ်တရားများ ဖြစ်ပေါ်လာကြ၏ ဟူလို။ ဇောအသီးအသီး၌ (၁၉-၂၁)လုံးသော ဒေါသကုက္ကုစ္စအုပ်စု နာမ်တရားများတည်း။ ပန်းအရောင်လှနေတုန်း ဘုရားလှူရန် ရည်စူးထားရာ မအောင်မြင်သဖြင့် စိတ်မကောင်းဖြစ်ဖူးသော် ထိုအာရုံမျိုးကို အာရုံယူ၍ ရှုပါ။ ဤဒေါသ-ကုက္ကုစ္စအုပ်စုမှာ ပရမတ်ကို အာရုံယူ၍ ရှုရာ၌ အချို့ယောဂီများ၌ အခက်အခဲ ရှိတတ်ပေသည်။ ထိုအခါ ပညတ်ကို အာရုံယူ၍ ယင်းဒေါသ-ကုက္ကုစ္စ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပြီးမှ ပရမတ်ကို အာရုံယူ၍ ယင်းနာမ်တရားတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းရှုပွားပါ။

* ဥဒ္ဓစ္စ – ဤဥဒ္ဓစ္စသံယောဇဉ်မှာ အဘိဓမ္မာနည်း သံယောဇဉ် (၁၀)ပါး၌ မပါဝင်ပေ။ သုတ္တန်နည်း သံယောဇဉ် (၁၀)ပါး၌သာ ပါဝင်ပေသည်။ ရူပါရုံကို အာရုံပြု၍ စိတ်ပျံ့လွင့်သော် ဥဒ္ဓစ္စဖြစ်၏၊ မောဟ-ဥဒ္ဓစ္စအုပ်စု နာမ်တရားများ ဖြစ်ပေါ်လာကြ၏၊ ဇောအသီးအသီး၌ (၁၆)လုံးသော နာမ်တရားများတည်း။ လောဘ ဒေါသကား မဖြစ်၊ သို့သော် စိတ် မငြိမ်မသက် ဖြစ်ဖူးသည့် ရူပါရုံ အရောင်ကို အာရုံယူ၍ ရှုကြည့်ပါ။

၉။ ဝိစိကိစ္ဆာသံယောဇဉ် – ''ဤရူပါရုံသည် သတ္တလေလော, အတ္တလေလော, သတ္တ၏ဥစ္စာလော, အတ္တ၏ဥစ္စာလော = အတ္တ၏ အရောင်လေလော''ဟု ယုံမှားသော ပုဂ္ဂိုလ်၏သန္တာန်၌ ဝိစိကိစ္ဆာသံယောဇဉ်ဖြစ်၏ = ဝိစိကိစ္ဆာအုပ်စု နာမ်တရားများဖြစ်၏၊ ဇောအသီးအသီး၌ (၁၆)လုံးသော နာမ်တရားများတည်း။ ရူပါရုံကို အတ္တ၏ အရောင်လေလောဟု အာရုံယူ၍ ရှုကြည့်ပါ။

၁၀။ အဝိဇ္ဇာသံယောဇဉ် – အထက်ပါ သံယောဇဉ်အမျိုးမျိုးတို့ ဖြစ်တိုင်း ဖြစ်တိုင်း အဝိဇ္ဇာသံယောဇဉ်ကား = အသိမှားမှု သဘောကား ယှဉ်တွဲပါဝင်လျက် ရှိပေသည်။[၆၅၆]

ဤအထက်ပါ သံယောဇဉ်တို့ကား သံယောဇဉ်တစ်ခုချင်း သီးသန့်ဖြစ်ကြသည်ကား မဟုတ်၊ ယှဉ်ဖက် စိတ်စေတသိက် သမ္ပယုတ်တရားတို့နှင့်အတူ ယှဉ်တွဲ၍သာ အုပ်စုအလိုက် ဖြစ်ကြရပေသည်။ ယင်း နာမ်တရားအုပ်စုတို့သည်လည်း ဝီထိခေါ်သည့် စိတ္တနိယာမ လမ်းကြောင်းအတိုင်းသာ ဖြစ်ကြရသည်။ သို့ဖြစ်ရကား ယောဂါဝစရ ပုဂ္ဂိုလ်သည် ယင်းနာမ်တရားတို့ကို သိမ်းဆည်းရာ၌ နာမ်တုံးနာမ်ခဲဟူသော နာမ်ဃနများကို ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွားပါ။

သတိပြုရန်

ဤအထက်ပါ ရူပါရုံကို အာရုံ ပြု၍ သံယောဇဉ် (၁၀)ပါးဖြစ်ပုံကို ဖွင့်ဆိုရာ၌ အဋ္ဌကထာများ[၆၅၈]က – စက္ခုဒွါရေ စက္ခုဒွါရ၌လည်း ဖြစ်နိုင်ကြောင်းကို ဖွင့်ဆိုထားတော်မူကြ၏၊ ထိုတွင် ယင်းရူပါရုံကို နိစ္စ သုခ အတ္တ သုဘဟု နှလုံးသွင်းနိုင်မှုတို့မှာ စက္ခုဒွါရဝီထိနောင်၌ မနောဒွါရဝီထိပေါင်းများစွာ ဖြစ်ပြီးနောက် ယင်းမနောဒွါရဝီထိတို့က နိစ္စ သုခ အတ္တ သုဘဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပြီးမှ နောက်ထပ် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဖြစ်ပေါ်လာသော စက္ခုဒွါရဝီထိအချို့တို့၌သာ နိစ္စ သုခ အတ္တ သုဘဟူသော အခြင်းအရာအားဖြင့် အာရုံပြုမှု အထိုက်အလျောက် ရှိကောင်းရှိနိုင်ပေသည်။ သို့သော် နိစ္စဟု သုခဟု အတ္တဟု သုဘဟု ပိုင်ပိုင်နိုင်နိုင်သိ၍ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ချ၍ သိနိုင်သည်ကား မဟုတ်ပေ။ ထိုသို့သော အခြင်းအရာအားဖြင့် သာမန်သိရုံသဘောမျှလောက်သာ ရှိကောင်း ရှိနိုင်ပေသည်။ အောက်ပါ သံယုတ်အဋ္ဌကထာ[၆၅၉]နှင့် သံယုတ်ဋီကာ[၆၆၀]တို့ကို ရှုကြည့်ပါ။

''စက္ခုဝိညာဏ်သည် တစ်နည်း စက္ခုဝိညာဏ်နှင့် တကွသော စက္ခုဒွါရဝီထိနာမ်တရားစုသည် အညို အရွှေ စသည် ပြားသော အရောင်မျှကိုသာ သိ၏၊ ယင်းအရောင်ကို အညို အရွှေပဲ စသည်ဖြင့်ကား မသိပေ။ ရူပါရုံကို အာရုံယူနိုင်သော်လည်း 'ဤကား အညို, ဤကား အရွှေ' ဤသို့ စသည်ဖြင့်ကား အာရုံမယူနိုင်။ အဘယ်မှာလျှင် နိစ္စ အနိစ္စ စသော သဘောမှန်ကို အာရုံယူခြင်းငှာ စွမ်းနိုင်ပါအံ့နည်း။''

သို့သော် .. ဒိဋ္ဌိစေတသိက်သည် စက္ခုဒွါရဝီထိဇောတို့၌လည်း ဖြစ်နိုင်သည့် သဘောကား ရှိနေ၏၊ အကုသိုလ်ဇောအားလုံးသည် စက္ခုဒွါရဝီထိ၌ ဖြစ်နိုင်ခွင့် ရှိနေ၏၊ ထိုကြောင့် မနောဒွါရဝီထိတို့၌ အကျုံးဝင်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ်က စွဲယူထားသော ဒိဋ္ဌိအယူစွဲကို = အာရုံကို နိစ္စ သုခ အတ္တ သုဘဟု စွဲယူထားသော အယူစွဲကို စက္ခုဒွါရဝီထိ၌ အကျုံးဝင်သော ဒိဋ္ဌိဂတသမ္ပယုတ်စိတ်ကလည်း ဆက်ခံသကဲ့သို့ဖြစ်သော အခြင်းအရာကား ရှိကောင်း ရှိနိုင်ပေသည်။ ယောဂါဝစရပုဂ္ဂိုလ်ကိုယ်တိုင် လက်တွေ့စမ်းသပ်၍ ရှုကြည့်ပါ။ သို့သော် ရုပ်ကမ္မဋ္ဌာန်းကို ကျေပွန်စွာ လေ့လာပြီးမှ နာမ်ကမ္မဋ္ဌာန်းသို့ ကူးလာသော ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအဖို့ .. ယင်းရုပ်တရားကို နိစ္စ သုခ အတ္တဟု စွဲယူရန်မှာလည်း အခက်အခဲ ရှိကောင်း ရှိနိုင်ပါသည်။ သုဘဟု စွဲယူမှုမှာသာ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ ပရမတ် ဉာဏ်ပညာ မျက်စိ မရှိသူတို့၌ကား နိစ္စ သုခ အတ္တ သုဘဟူသော အစွဲများသည် ရာနှုန်းပြည့် ရှိနေမည်သာ ဖြစ်ပေသည်။

ရူပါရုံလိုင်း အကုသိုလ်ဇော စောသည့် မကောင်းအုပ်စုကို ရှုပုံစနစ်

အထက်တွင် ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော အကုသိုလ်ဇောများ ပါဝင်သည့် မကောင်းအုပ်စု စက္ခုဒွါရ ဝီထိ စိတ်စေတသိက်တို့၌ အကျုံးဝင်သော သံယောဇဉ် (၁၀)ပါး ဖြစ်ပုံကို ရေးသားတင်ပြခဲ့ပြီး ဖြစ်၏၊ ယင်းသံယောဇဉ် (၁၀)ပါး ဖြစ်ပုံမှာ ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသည့် အကုသိုလ်ဇော စောသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံ စနစ်ပင် ဖြစ်သည်။ အလားတူပင် ကျန်ရုပ် (၂၇)ပါးကိုလည်း နည်းမှီး၍ ရှုရမည် ဖြစ်ပေသည်။ ဤတွင် ထိုစနစ်ကို နည်းမှီး၍ ရူပါရုံလိုင်း မကောင်းအုပ်စု နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံစနစ်ကို လောဘ-ဒိဋ္ဌိအုပ်စု နာမ်တရားတို့ကို စံထား၍ ရေးသားတင်ပြအပ်ပါသည်။

၁။ လိုအပ်ပါက သမာဓိကို အဆင့်ဆင့် ပြန်လည်ထူထောင်ပါ။
၂။ စက္ခုအကြည်ဓာတ် = စက္ခုဒွါရနှင့် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရဟူသော ဒွါရနှစ်ခုကို ပြိုင်တူ ဉာဏ်၌ ထင်နေအောင် ပူးတွဲသိမ်းဆည်းပါ။
၃။ စက္ခုအကြည်ဓာတ်နှင့် ခပ်လှမ်းလှမ်းတွင် တည်ရှိနေသော ရုပ်ကလာပ်အများစု၏ ရူပါရုံအရောင်ကို လှမ်း အာရုံယူပါ။
၄။ ထိုရူပါရုံ = အရောင်က ဒွါရနှစ်ခုကို ပြိုင်တူ ရှေးရှုရိုက်ခတ်သောအခါ ဒွါရနှစ်ခု၌ ပြိုင်တူ ထင်လာသောအခါ ယင်းရူပါရုံကို အာရုံပြု၍ စက္ခုဒွါရဝီထိ မနောဒွါရဝီထိများ ဖြစ်ပေါ်လာကြပေမည်။ ထိုဝီထိစိတ်တို့တွင် ပါဝင်သော ပဉ္စဒွါရာဝဇ္ဇန်း ဝုဋ္ဌောနှင့် မနောဒွါရာဝဇ္ဇန်းတို့က ထိုရူပါရုံအရောင်ကို –
(က) နိစ္စ = မြဲ၏ဟုလည်းကောင်း,
( ခ ) သုခ = ချမ်းသာ၏ဟုလည်းကောင်း,
( ဂ ) အတ္တဟုလည်းကောင်း = အတ္တကောင်ဟုလည်းကောင်း,
(ဃ) သုဘ = လှသည် တင့်တယ်သည်ဟုလည်းကောင်း –

ဤသို့ အသီးအသီး ဆင်ခြင် ဆုံးဖြတ်ကြည့်ပါ။ အယောနိသောမနသိကာရဖြစ်၍ လောဘ-ဒိဋ္ဌိ ဦးဆောင်သည့် အကုသိုလ်ဇောများ ပါဝင်သည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိစိတ်အစဉ်များ ဖြစ်ပေါ်လာကြပေမည်။ သို့သော် အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌောကား အာရုံကို နိစ္စ သုခ အတ္တ သုဘဟု ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချနိုင်သည်ကား မဟုတ်။ မနောဒွါရဝီထိတွင် ပါဝင်သော အကြိမ်များစွာ ထပ်ကာထပ်ကာ ဖြစ်နေသော မနောဒွါရာဝဇ္ဇန်းကသာလျှင် တစ်နည်း မနောဒွါရာဝဇ္ဇန်းနှင့် ယှဉ်သော အဓိမောက္ခ စေတသိက်ကသာလျှင် အာရုံကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက် ချနိုင်၍ ယင်းသို့ ဆုံးဖြတ်ချက်ချနိုင်သော မနောဒွါရဝီထိ၌ အကျုံးဝင်သော လောဘဒိဋ္ဌိတို့ကသာလျှင် အာရုံကို နိစ္စ သုခ အတ္တ သုဘဟု စွဲစွဲမြဲမြဲ ဆုပ်ကိုင်တတ်ပေသည်။ ထိုကြောင့် ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌောသည် အာရုံကို နိစ္စ သုခ အတ္တ သုဘ စသည်ဖြင့် ဆုံးဖြတ်ချက် ချသကဲ့သို့သော အခြင်းအရာအားဖြင့် ဖြစ်သည် ဟုသာ မှတ်သားပါလေ။ သို့သော် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်နေသော သူတော်ကောင်းတစ်ဦးအဖို့ ယင်းရူပါရုံကို နိစ္စ သုခ အတ္တဟု ရှုရန်မှာ ခက်ခဲဖွယ်ရာ ရှိပေသည်။ သုဘဟူသော အခြင်းအရာအားဖြင့် စွဲယူ၍ လွန်စွာ သာယာ တပ်မက်သော ကာမရာဂသံယောဇဉ်ကား ဖြစ်နိုင်ဖွယ်ရာ ရှိပေသည်။ နိစ္စ သုခ အတ္တ သုဘဟု စွဲယူရာ၌ကား လောဘမူစိတ် (၈)မျိုးတွင် ဒိဋ္ဌိဂတသမ္ပယုတ်စိတ် (၄)မျိုးတည်း။ သုဘဟူသော အခြင်းအရာအားဖြင့် သာယာတပ်မက်၍ ကာမရာဂသံယောဇဉ် ဖြစ်ရာ၌ကား လောဘမူစိတ် (၈)မျိုးလုံးပင် ထိုက်သလို ဖြစ်နိုင်၏၊ အလားတူပင် ထိုကဲ့သို့သော ရူပါရုံမျိုးနှင့် ပြည့်စုံသည့် ဘဝသမ္ပတ္တိတစ်ခုခုကို တွယ်တာတပ်မက်ရာ၌လည်း လောဘမူ စိတ် (၈)မျိုးလုံး ထိုက်သလို ဖြစ်နိုင်၏၊ ဉာဏ်ရှိသလို ချဲ့ထွင်ရှုပါလေ။ သောမနဿဝေဒနာဖြစ်လျှင် ပီတိယှဉ်၏၊ ဥပေက္ခာဝေဒနာဖြစ်လျှင် ပီတိ မယှဉ်။ သသင်္ခါရိက = တိုက်တွန်းမှုရှိလျှင် ထိန+မိဒ္ဓ ယှဉ်၏၊ အသင်္ခါရိက = တိုက်တွန်းမှု မရှိလျှင် ထိန+မိဒ္ဓ မယှဉ်။

ဝီထိစိတ်အစဉ်အတွင်း၌ တည်ရှိသော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ စိတ်+စေတသိက် အရေအတွက်ကို ဇယားဖြင့် ဖော်ပြထားပါသည်။ ဇောတွင် သောမနဿဝေဒနာဖြစ်၍ ပီတိယှဉ်လျှင် သန္တီရဏနှင့် တဒါရုံတို့၌လည်း သောမနဿဝေဒနာပင် ဖြစ်သည်၊ ပီတိလည်း ယှဉ်သည်။ ဇောတွင် ဥပေက္ခာဝေဒနာဖြစ်၍ ပီတိ မယှဉ်လျှင် သန္တီရဏနှင့် တဒါရုံတို့၌လည်း ဥပေက္ခာဝေဒနာပင် ဖြစ်သည်၊ ပီတိလည်း မယှဉ်ပေ။ သို့သော် သန္တီရဏနှင့် တဒါရုံတို့မှာ ယေဘုယျအားဖြင့် ဇောနှင့် ဝေဒနာချင်း တူညီသော်လည်း ဇောသည် ဒေါမနဿဝေဒနာနှင့် ယှဉ်လျှင် သန္တီရဏနှင့် တဒါရုံတို့၌ ဒေါမနဿဝေဒနာနှင့် မယှဉ်နိုင်သဖြင့် ယင်းသန္တီရဏနှင့် တဒါရုံတို့၌ ဥပေက္ခာဝေဒနာသာ ယှဉ်သည်။ ဥပေက္ခာသန္တီရဏ, ဥပေက္ခာတဒါရုံသာကျသည်။

အာရုံသည် .. အတိဣဋ္ဌာရုံ ဖြစ်က သောမနဿတဒါရုံ (၅)မျိုးသာ ကျနိုင်၏၊ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မဟာဝိပါက်တဒါရုံ (နာမ်တရား = ၃၄), သောမနဿသဟဂုတ် ဉာဏဝိပ္ပယုတ် မဟာဝိပါက်တဒါရုံ (နာမ်တရား = ၃၃), အဟိတ်ကုသလဝိပါက် သောမနဿသန္တီရဏ တဒါရုံ (နာမ်တရား = ၁၂) ကျနိုင်၏၊

ဣဋ္ဌာရုံ၌ကား မဟာဝိပါက်တဒါရုံ (၈)မျိုး (နာမ်တရား = ၃၄/၃၃/၃၃/၃၂) အဟိတ် ကုသလဝိပါက် တဒါရုံ (၂)မျိုး (နာမ်တရား = ၁၂/၁၁) ကျနိုင်၏၊

အနိဋ္ဌာရုံ၌ကား အကုသလဝိပါက် တဒါရုံ တစ်မျိုးသာ ကျ၏၊ (နာမ်တရား = ၁၁) တည်း။ ထိုကြောင့် ဇယားများတွင် စုပေါင်း၍ ပြထားပါသည်။ (နာမ်တရား = ၁၁)မှာ ကုသလဝိပါက် အကုသလဝိပါက် နှစ်မျိုး ထိုက်သလို ဖြစ်နိုင်သည်။ (နာမ်တရား = ၁၁)တစ်ခုမှာ အဟိတ် ကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ, (နာမ်တရား = ၁၁)တစ်ခုမှာ အဟိတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ ဖြစ်သည်။ ဣဋ္ဌာရုံ၌ ကုသလဝိပါက်, အနိဋ္ဌာရုံ၌ အကုသလဝိပါက် ထိုက်သလို ကျသည်။ သို့သော် ဝီထိစဉ်တစ်ခုအတွင်း၌ကား တဒါရုံတစ်မျိုးသာ ကျနိုင်သည်။ ကျသည့်တဒါရုံကိုသာ သိမ်းဆည်းပါ။[၆၆၁]

ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌောတို့တွင် တည်ရှိသော နာမ်တရားတို့၏ အရေအတွက်မှာ အကောင်းအုပ်စု နာမ်တရားအရေအတွက်နှင့် ပုံစံတူပင်ဖြစ်သည်။ ဇော၌ တည်ရှိသော နာမ်တရား အရေအတွက်သာလျှင် အကောင်းအုပ်စုနှင့် မကောင်းအုပ်စုတို့ မတူညီကြပေ။

ကြွင်းကျန်နေသော လောဘ-မာန, ဒေါသ စသော အကုသိုလ်အုပ်စု နာမ်တရားများကို သံယောဇဉ် (၁၀)ပါး ဖြစ်ပုံအပိုင်းကို ကြည့်၍ လောဘ-ဒိဋ္ဌိ၌ ရှုသည့်ပုံစံကို နည်းမှီး၍ ရှုပါလေ။

သဒ္ဒါရုံလိုင်း-ဂန္ဓာရုံလိုင်း-ရသာရုံလိုင်း-ဖောဋ္ဌဗ္ဗာရုံလိုင်း

ရူပါရုံလိုင်း –– ၌ စက္ခုအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို ပူးတွဲသိမ်းဆည်းလျက် ဣဋ္ဌ-အနိဋ္ဌ စသည်ပြားသော ရုပ်ကလာပ်တို့၏ အရောင် = ရူပါရုံကို အာရုံယူ၍ ကုသိုလ်ဇောစောသည့် အကောင်းအုပ်စု နာမ်တရား, အကုသိုလ်ဇောစောသည့် မကောင်းအုပ်စု နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားသည့် နည်းစနစ်ကို နည်းမှီး၍ –

သဒ္ဒါရုံလိုင်း –– ၌ သောတအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို ပူးတွဲသိမ်းဆည်းလျက် ဣဋ္ဌအနိဋ္ဌ စသည်ပြားသော အသံ = သဒ္ဒါရုံကို အာရုံယူ၍ ရှုလျှင် ယောနိသောမနသိကာရ အယောနိသောမနသိကာရ အားလျော်စွာ ကုသိုလ်ဇောအုပ်စုများ ပါဝင်သည့် သောတဒွါရဝီထိ မနောဒွါရဝီထိနှင့် အကုသိုလ်ဇောအုပ်စုများ ပါဝင်သည့် သောတဒွါရဝီထိ မနောဒွါရ ဝီထိများ ဖြစ်ပေါ်လာကြမည် ဖြစ်ပေသည်။ အလားတူပင် –

ဂန္ဓာရုံလိုင်း –– ၌ ဃာနအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို ပူးတွဲသိမ်းဆည်းလျက် ဣဋ္ဌ-အနိဋ္ဌ စသည်ပြားသော ရုပ်ကလာပ်တို့၏ အနံ့ = ဂန္ဓာရုံကို အာရုံယူ၍ ရှုပါ။

ရသာရုံလိုင်း –– ၌ ဇိဝှါအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို ပူးတွဲသိမ်းဆည်းလျက် ဣဋ္ဌ-အနိဋ္ဌ စသည်ပြားသော ရုပ်ကလာပ်တို့၏ အရသာ = ရသာရုံကို အာရုံယူ၍ ရှုပါ။

ဖောဋ္ဌဗ္ဗာရုံလိုင်း –– ၌ ကာယအကြည်ဓာတ်နှင့် ဘဝင်မနောအကြည်ဓာတ်ကို ပူးတွဲသိမ်းဆည်းလျက် ဣဋ္ဌအနိဋ္ဌ စသည်ပြားသော ရုပ်ကလာပ်တို့၏ အတွေ့အထိ = ဖောဋ္ဌဗ္ဗာရုံကို အာရုံယူ၍ ရှုပါ။ ထိုသို့ ရှုရာ၌ ဖောဋ္ဌဗ္ဗာရုံ အမည်ရသော ရုပ်တရားတို့မှာ ပထဝီဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု သုံးမျိုး ရှိနေသဖြင့် ပထဝီဓာတ်ကို အာရုံယူ၍ အကောင်းအုပ်စု+မကောင်းအုပ်စု, တေဇောဓာတ်ကို အာရုံယူ၍ အကောင်းအုပ်စု+မကောင်းအုပ်စု, ဝါယောဓာတ်ကို အာရုံယူ၍ အကောင်းအုပ်စု+မကောင်းအုပ်စုများကို ကုန်စင်အောင် အသီးအသီး သိမ်းဆည်းရှုပွားပါ။ ဖောဋ္ဌဗ္ဗာရုံ၌ (၃)မျိုးခွဲ၍ (၃)ခါရှုရန် ဖြစ်သည်။ တစ်နည်းဆိုရသော် အထက်[၆၆၂]၌ တင်ပြခဲ့သည့်အတိုင်း (၁၀)မျိုး ခွဲ၍ (၁၀)ခါရှုရန် ဖြစ်ပါသည်။

ဓမ္မာရုံလိုင်းဝင် ရုပ်တရားတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံကို အထက်၌ တင်ပြခဲ့ပြီးလေပြီ။ ယောဂါဝစရပုဂ္ဂိုလ်သည် (၆)လိုင်းလုံး အတွင်း၌ တည်ရှိသော ကုသိုလ်ဇော စောသည့် နာမ်တရားအုပ်စု, အကုသိုလ်ဇော စောသည့် နာမ်တရားအုပ်စုတို့ကို သိမ်းဆည်းနိုင်သောအခါ ရူပါရုံလိုင်း သဒ္ဒါရုံလိုင်း ဂန္ဓာရုံလိုင်း ရသာရုံလိုင်း ဖောဋ္ဌဗ္ဗာရုံလိုင်း ဓမ္မာရုံလိုင်း ဟူသော လိုင်းအစဉ်အတိုင်းသာ သိမ်းဆည်း ရှုပွားပါ။ သို့မှသာလျှင် မည်သည့်လိုင်း နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပြီးပြီ, မည်သည့်လိုင်း နာမ်တရားတို့ကို မသိမ်းဆည်း မရှုပွားရသေးဟု လွယ်လွယ်ကူကူ ခွဲခြားတတ်မည် ဖြစ်ပေသည်။

ဤတိုင်အောင် ရေးသားတင်ပြခဲ့သော နာမ်ကမ္မဋ္ဌာန်း သိမ်းဆည်းရှုပွားနည်းကား စျာန်နာမ်တရားတို့နှင့် တကွ ရုပ်တရားတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပုံ အကျဉ်းနည်းတည်း။

နာမ်ကမ္မဋ္ဌာန်း အကျယ် သိမ်းဆည်းနည်း

နာမ်ကမ္မဋ္ဌာန်း အကျယ် သိမ်းဆည်းရှုပွားနည်းကား (၆)ဒွါရ, (၄၂) ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်ဓာတ် တစ်လုံးစီ တစ်လုံးစီကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရမည်။ ဥပမာ - စက္ခုဒွါရ၌ ရုပ် (၆၃)မျိုးရှိရာ ရုပ်တစ်လုံးစီ တစ်လုံးစီကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို စတင် သိမ်းဆည်းရမည် ဖြစ်သည်။ အမြွက်မျှကို ဆိုရသော် စက္ခုဒွါရဝယ် စက္ခုဒသကကလာပ်၌ ရုပ် (၁၀)မျိုးရှိရာ ..

၁။ ပထဝီဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော ဖောဋ္ဌဗ္ဗာရုံလိုင်း နာမ်တရား,
၂။ အာပေါဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော မနောဒွါရဝီထိ ဓမ္မာရုံလိုင်း နာမ်တရား,
၃။ တေဇောဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော ဖောဋ္ဌဗ္ဗာရုံလိုင်း နာမ်တရား,
၄။ ဝါယောဓာတ်ကို အာရုံယူ၍ ဖြစ်ပေါ်လာ ဖောဋ္ဌဗ္ဗာရုံလိုင်း နာမ်တရား,
၅။ ဝဏ္ဏ = ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော ရူပါရုံလိုင်း နာမ်တရား,
၆။ ဂန္ဓ = အနံ့ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဂန္ဓာရုံလိုင်း နာမ်တရား,
၇။ ရသ = အရသာကို အာရုံပြု၍ ဖြစ်ပေါ်လာသော ရသာရုံလိုင်း နာမ်တရား,
၈။ ဩဇာ = အဆီအစေး ဩဇာကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဓမ္မာရုံလိုင်း နာမ်တရား,
၉။ ဇီဝိတ = ရုပ်သက်စောင့်ဓာတ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဓမ္မာရုံလိုင်း နာမ်တရား,
၁၀။ စက္ခုပသာဒကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဓမ္မာရုံလိုင်း နာမ်တရား –

ဤသို့လျှင် နာမ်တရားတို့ကို အသီးအသီး သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ ရုပ်တစ်လုံးစီ တစ်လုံးစီကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကုသိုလ်ဇောဝီထိ, အကုသိုလ်ဇောဝီထိများကို ကုန်စင်အောင် သိမ်းဆည်းပါ။

အကောင်းအုပ်စု+မကောင်းအုပ်စု နှစ်မျိုးလုံးကို သိမ်းဆည်းရမည် ဟူလို။ စက္ခုဒွါရ၌ ရှိသော စက္ခုဒသကကလာပ် အတွင်းဝယ် (၁၀)မျိုးသော ရုပ်တို့တွင် ရုပ်တစ်လုံးစီ တစ်လုံးစီကို အာရုံပြု၍ ဖြစ်ပေါ်လာသော အကောင်းအုပ်စု မကောင်းအုပ်စု နာမ်တရားတို့ကို သိမ်းဆည်းပြီးနောက် စက္ခုဒွါရ၌ပင် ကာယဒသကကလာပ်၌ တည်ရှိသော (၁၀)မျိုးသော ရုပ်တရား, ဘာဝဒသကကလာပ်၌ တည်ရှိသော (၁၀)မျိုးသော ရုပ်တရား, ဇီဝိတနဝကကလာပ်၌ တည်ရှိသော (၉)မျိုးသော ရုပ်တရား, စိတ္တဇဩဇဋ္ဌမကကလာပ်၌ တည်ရှိသော (၈)မျိုးသော ရုပ်တရား, ဥတုဇဩဇဋ္ဌမကကလာပ်၌ တည်ရှိသော (၈)မျိုးသော ရုပ်တရား, အာဟာရဇဩဇဋ္ဌမကကလာပ်၌ တည်ရှိသော (၈)မျိုးသော ရုပ်တရား –– ဤရုပ်တရားတို့တွင်လည်း ရုပ်တစ်လုံးစီ တစ်လုံးစီကို အာရုံပြု၍ ဖြစ်ပေါ်လာသော အကောင်းအုပ်စု+ မကောင်းအုပ်စု နာမ်တရားတို့ကို ဆက်လက် သိမ်းဆည်းပါ။ စက္ခုဒွါရ၌ (၆၃)ကြိမ်တိုင်တိုင် သိမ်းဆည်းရှုပွားရမည် ဖြစ်သည်။ သောတဒွါရ၌လည်း (၆၃)ကြိမ်, ဃာနဒွါရ၌လည်း (၆၃)ကြိမ်, ဇိဝှါဒွါရ၌လည်း (၆၃)ကြိမ်, ကာယဒွါရ၌ (၅၃)ကြိမ်, မနောဒွါရ = နှလုံး၌ (၆၃)ကြိမ် – ဤသို့ အသီးအသီး ဆက်လက် သိမ်းဆည်းပါ။ (၄၂)ကောဋ္ဌာသတို့၌လည်း အလားတူပင် ရုပ်ဓာတ် တစ်လုံးစီ တစ်လုံးစီကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို ဆက်လက် သိမ်းဆည်းပါ။ ဤအကျယ်သိမ်းဆည်းနည်းကား ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၆၆၃]၌ အရိပ်အမြွက်မျှ လာရှိ၏၊ ဤနာမ်ကမ္မဋ္ဌာန်း အကျယ် သိမ်းဆည်းနည်းကိုကား လိုအပ်ပါမှသာလျှင် ကျင့်သုံးပါ။ အကျဉ်းသိမ်းဆည်းနည်းဖြင့် အောင်မြင်မှုကို မရရှိပါမှသာလျှင် ဤ အကျယ် သိမ်းဆည်းနည်းကို ကျင့်သုံးရန် ဖြစ်ပေသည်။

(၆) လိုင်း ဇယား အချုပ်

ဤတွင် နာမ်ကမ္မဋ္ဌာန်းပိုင်း (၆)လိုင်း အကျဉ်းချုပ် ဇယားကို ထပ်မံ၍ ဖော်ပြအပ်ပါသည်။ ဓမ္မာရုံလိုင်းဟူသည် ဓမ္မာရုံ အမည်ရသော ရုပ်တရားတို့နှင့် အခြား ပညတ် ပရမတ်တရားတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော မနောဒွါရ ဝီထိနာမ်တရားတို့ကို သိမ်းဆည်းသည့်အပိုင်း ဖြစ်သည်။ ထိုဓမ္မာရုံလိုင်းကို (က-ခ-ဂ-ဃ) ဟု (၄)အုပ်စု ခွဲ၍ တင်ပြထားပါသည်။ (၆)လိုင်းလုံး၌ ကျွမ်းကျင်လာသောအခါ အောက်ပါဇယားတွင် ဖော်ပြထားသော အစီအစဉ် အတိုင်း နာမ်တရားတို့ကို သိမ်းဆည်းပါ။

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် အရူပစျာန်တို့ကိုပါ ရရှိထားပြီးသူ ဖြစ်ပါက ယင်းစျာန်နာမ်တရား အသီးအသီးကို သိမ်းဆည်းလိုခဲ့သော် ယင်းစျာန်အသီးအသီးကို တစ်ဖန် ပြန်၍ ဝင်စားပါ။ ယင်းစျာန်အသီးအသီးမှ ထသောအခါ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရနှင့် ဆိုင်ရာ ယင်းအရူပစျာန်၏ အာရုံကို ပူးတွဲ သိမ်းဆည်းလျက် ယင်းစျာန်နာမ်တရားတို့ကို သိမ်းဆည်းပါ။

၁။ အာကာသာနဉ္စာယတနစျာန်၏ အာရုံမှာ ကသိုဏ်းကို ခွာ၍ ရရှိလာသည့် အဆုံးအပိုင်းအခြား မရှိသော ကောင်းကင်ပညတ်အာရုံ ဖြစ်သည်။
၂။ ဝိညာဏဉ္စာယတနစျာန်၏ အာရုံမှာ အာကာသာနဉ္စာယတနဝိညာဏ် ဖြစ်သည်။
၃။ အာကိဉ္စညာယတနစျာန်၏ အာရုံမှာ အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းဟူသော နတ္ထိဘောပညတ်အာရုံ ဖြစ်သည်။
၄။ နေဝသညာနာသညာယတနစျာန်၏ အာရုံမှာ အာကိဉ္စညာယတနဝိညာဏ် ဖြစ်သည်။ 

စျာန်အသီးအသီးကို ဝင်စားပြီးနောက် ယင်းစျာန်မှ ထကာ ဘဝင်မနောဒွါရနှင့် ယင်း ဆိုင်ရာအာရုံကို ပူးတွဲ သိမ်းဆည်းလျက် ဆိုင်ရာ စျာန်နာမ်တရားတို့ကို သိမ်းဆည်းပါ။ ရှုကွက်ဇယားမှာ စတုတ္ထစျာန်ရှုကွက်ဇယားနှင့် တူ၏၊

၁။ မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၂)လုံး
၂။ ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘုဇောတို့၌ နာမ်တရား - (၃၃)လုံးစီ
၃။ အပ္ပနာစျာန်ဇော အသီးအသီး၌ နာမ်တရား (၃၁)လုံးစီ အသီးအသီး ဖြစ်ကြသည်။

နာမ်တရား နာမ်တရားဟု သိမ်းဆည်းပါ

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၆၆၄]၏ သတ်မှတ်ညွှန်ကြားချက်နှင့် အညီ နာမ်တရားတို့ကိုလည်း ပေါင်းစု ခြုံငုံ၍ သိမ်းဆည်း ရမည် ဖြစ်သည်။ အထက်တွင် ဇယားများဖြင့် ဖော်ပြထားသည့်အတိုင်း အာယတနဒွါရအလိုက် နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ရှေ့ဦးစွာ အသိစိတ် ဖဿ ဝေဒနာ သညာ စေတနာ ဤသို့ စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီ တဖြည်းဖြည်း တိုး၍ တိုး၍ သိမ်းဆည်းရ၏၊ ယင်းနာမ်တရားတို့ကို ဝီထိစိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ဇယားများတွင် ဖော်ပြထားသည့်အတိုင်း ကုန်စင်အောင် သိမ်းဆည်းနိုင်သောအခါ သိမ်းဆည်းနေသော ဉာဏ်၌ ပြိုင်တူလိုလို ထင်လာသောအခါ ယင်းနာမ်တရားတို့၏ ရူပါရုံစသည့် မိမိရှုပွားသည့် ထိုထိုအာရုံသို့ ညွတ်ကိုင်းရှိုင်းနေသည့် သဘောကို အာရုံယူ၍ ..

၁။ '' ဤကား နာမ်တရား''ဟုလည်းကောင်း,
၂။ '' နာမ်တရား နာမ်တရား''ဟုလည်းကောင်း ––

တစ်ပေါင်းတစ်စုတည်း ပြု၍ သိမ်းဆည်းပါ ရှုပါ။ ဇယားများတွင် ဖော်ပြထားသည့် ဝီထိစိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ တည်ရှိသော နာမ်တရားအားလုံးကို စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ပြိုင်တူ ဖြစ်နေမှုကို မမြင်သေးလျှင် ထိုသို့ မရှုပါနှင့်ဦး။ ဉာဏ်ဖြင့် မြင်သောအခါမှ ထိုနာမ်တရားအားလုံးကို ပေါင်းစုခြုံငုံ၍ ထိုသို့ ရှုရန် ဖြစ်သည်။

ရုပ်နာမ်ကို ပူးတွဲ သိမ်းဆည်းပါ = ရူပါရူပပရိ ဂ္ဂဟလုပ်ငန်း

အဋ္ဌသာလိနီအဋ္ဌကထာ[၆၆၅] မူလဋီကာ[၆၆၆] အနုဋီကာ[၆၆၇]တို့၏ ညွှန်ကြားချက်နှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်နာမ်ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းကို ပြုလုပ်ရဦးမည်သာ ဖြစ်သည်။ သို့သော် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် ရုပ်နာမ်သိမ်းဆည်းပုံအပိုင်းကို လက္ခဏာဒိစတုက္ကပိုင်း ဟူသော အမည်ဖြင့် သီးသန့်ဖော်ပြမည် ဖြစ်ပေသည်။ ယခု ဤအပိုင်းတွင်ကား ရုပ်နာမ် ပရမတ်တို့၏ သဘာဝလက္ခဏာကိုပင် ဦးစားပေး၍ သိမ်းဆည်းထားနှင့်ပါဦး။ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ အာယတနဒွါရ အလိုက် သိမ်းဆည်းထားသဖြင့် ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းရာ = ရုပ်နာမ်ခွဲရာ၌လည်း အာယတနဒွါရအလိုက် သိမ်းဆည်းခြင်းက ပို၍ ဆီလျော်ပေသည်။ ထိုသို့ သိမ်းဆည်းရာ၌ ဇယားများတွင် မှီရာဝတ္ထုရုပ်များကို ဖော်ပြထားသည့် အတိုင်း ရုပ်အစစ်တို့ကို ပဓာနထား၍ ရုပ်အတုတို့ကိုပါ ရောနှောသိမ်းဆည်းလျက် ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းပါ။ ဇယားများ၌ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော ဝိပဿနာရှုကောင်းသော ရုပ်အစစ်တို့ကိုသာ ပဓာနထား၍ ဖော်ပြထားပါသည်။ ပုံစံထုတ်၍ ဆိုရသော် စက္ခုဒွါရဝီထိဝယ် –

၁။ ပဉ္စဒွါရာဝဇ္ဇန်း၌ – ဟဒယ၌ရှိသော မှီရာဝတ္ထုရုပ် (၆၃)မျိုးနှင့် ရူပါရုံက ရုပ်တရား, စိတ်စေတသိက် (၁၁)လုံးက နာမ်တရား –
၂။ စက္ခုဝိညာဏ်၌ – စက္ခု၌ရှိသော မှီရာဝတ္ထုရုပ် (၆၃)မျိုးနှင့် ရူပါရုံက ရုပ်တရား, စိတ်စေတသိက် (၈)လုံးက နာမ်တရား –

ဤသို့ စသည်ဖြင့် ဝီထိစိတ္တက္ခဏတိုင်း၌ ကုန်စင်အောင် သိမ်းဆည်းပါ။ (၆)လိုင်းလုံး၌ နည်းတူပင် ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းပါ။ အတန်းတိုင်း၌ သိမ်းဆည်းပါ။ (ဇယားတွင် ကြည့်ပါ။)

နာမရူပဝဝတ္ထာန = နာမ်ရုပ်ကို ပိုင်းခြားမှတ်သားခြင်း

ယောဂါဝစရပုဂ္ဂိုလ်သည် (၆)လိုင်းလုံး၌ ဝီထိစိတ္တက္ခဏတိုင်းဝယ် ရုပ်နာမ်ကို ပူးတွဲ သိမ်းဆည်းနိုင်သောအခါ အဋ္ဌသာလိနီအဋ္ဌကထာ[၆၆၈] ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၆၆၉]မူလဋီကာ[၆၇၀]တို့၏ ညွှန်ကြားချက်နှင့် အညီ ယင်းရုပ်နာမ်တို့ကိုပင် အာရုံယူ၍ ယင်းရုပ်နာမ်တို့၌ ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တ လူ နတ် ဗြဟ္မာမှ ဆိတ်သုဉ်းမှု ရုပ်နာမ်အစုအပုံမျှသာ ရှိမှုကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ –

''ပုဂ္ဂိုလ် သတ္တဝါ ဇီဝ အတ္တ လူ နတ် ဗြဟ္မာ မရှိ၊ ရုပ်နာမ်မျှသာ ရှိ၏၊''
ဤသို့ ရုပ်နာမ်ကို ပိုင်းခြား မှတ်သားပါ။

အပိုင်း (၅) - နာမ်ဃနပိုင်း

နာမ်ဃန (၄) ပါး အကြောင်း

ဃနဟူသည် အတုံးအခဲကို ဆိုလိုသည်။ ရုပ်တုံးရုပ်ခဲကို ရုပ်ဃန, နာမ်တုံးနာမ်ခဲကို နာမ်ဃနဟု ခေါ်ဆို၏၊ ရုပ်ဃနသုံးမျိုး ရှိကြောင်းကို ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းပြခဲ့ပြီး ဖြစ်၏၊ ဤတွင် နာမ်ဃန (၄)ပါး အကြောင်းကို တင်ပြအပ်ပါသည်။

နာမ်တရားတို့၌ (၁) သန္တတိဃန (၂) သမူဟဃန (၃) ကိစ္စဃန (၄) အာရမ္မဏဃနဟု ဃန (၄)မျိုးရှိ၏၊[၆၇၁]

 ၁။ သန္တတိဃန = နာမ်အစဉ်အတန်း အတုံးအခဲ

စက္ခုဒွါရဝီထိ အစဉ်တစ်ခုကို ပုံစံထုတ်၍ ရှင်းပြလျှင် ကျန်ဝီထိတို့၌လည်း သဘောပေါက်နိုင်ပြီ ဖြစ်ရကား စက္ခုဒွါရဝီထိတစ်ခုကို ပုံစံထုတ်၍ ရှင်းပြပေအံ့ ..။

နာမ်တရားတို့၌ ဝီထိစိတ် ဝီထိမုတ်စိတ်ဟု နှစ်မျိုး ရှိ၏၊ ယင်းနှစ်မျိုးလုံးသော နာမ်တရားတို့သည် နာမ်ကလာပ် ခေါ်သည့် အုပ်စုအလိုက်သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏၊ ဝီထိစိတ်တို့သည်လည်း ဝီထိခေါ်သည့် စိတ္တနိယာမလမ်းကြောင်း = နိယာမ (= မြဲသော ဖြစ်ရိုးဖြစ်စဉ်) ဓမ္မတာလမ်းကြောင်းအတိုင်းသာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏၊

ထိုသို့ဖြစ်ရာ၌ စက္ခုဒွါရ မနောဒွါရဟူသော ဒွါရနှစ်ခု၌ အတိမဟန္တာရုံဟူသော အမည်ကို ရထိုက်သော ရူပါရုံ သည် ရှေးရှူရိုက်ခတ်လာသည် ဖြစ်အံ့၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ် ဟူသော စက္ခုဒွါရဝီထိ နာမ်တရားစုတို့သည် အစီအစဉ်တကျ အဆက်မပြတ် ဖြစ်ပေါ်လာကြ၏၊ စိတ္တနိယာမတည်း။[၆၇၂]

ထိုသို့ ဖြစ်ပေါ်လာရာဝယ် ––- ယင်း ဝီထိစိတ္တက္ခဏတို့၌ ဤကား ပဉ္စဒွါရာဝဇ္ဇန်း၊ ဤကား စက္ခုဝိညာဏ်၊ ဤကား သမ္ပဋိ စ္ဆိုင်း၊ ဤကား သန္တီရဏ၊ ဤကား ဝုဋ္ဌော၊ ဤကား ပထမဇော၊ ဤကား ဒုတိယဇော၊ ဤကား တတိယဇော၊ ဤကား စတုတ္ထဇော၊ ဤကား ပဉ္စမဇော၊ ဤကား ဆဋ္ဌဇော၊ ဤကား သတ္တမဇော၊ ဤကား ပထမတဒါရုံ၊ ဤကား ဒုတိယတဒါရုံဟု တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မသိလျှင် တစ်ခုတည်းအဖြစ် စွဲယူမိလျှင် သန္တတိဃန = နာမ်အစဉ်အတန်း အတုံးအခဲ ဖုံးနေ၏၊ ဤကား ပဉ္စဒွါရာဝဇ္ဇန်း၊ ဤကား စက္ခုဝိညာဏ်။ ပ။ ဤကား ဒုတိယတဒါရုံ ဤသို့ စသည်ဖြင့် ထိုထိုဝီထိအတွင်း၌ တည်ရှိသော စိတ္တက္ခဏတိုင်းကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်လျှင် သိမြင်လျှင် သန္တတိဃန = နာမ်အစဉ်အတန်း အတုံးအခဲ ပြိုသွား၏၊ ဝီထိမုတ်စိတ်တို့၌လည်း ဤကား ပဋိသန္ဓေ၊ ဤကား ပထမဘဝင်၊ ဤကား ဒုတိယဘဝင် – ဤသို့ စသည်ဖြင့် ဝီထိ၏ ပြင်ဘက်၌ ရှိသော စိတ္တက္ခဏတို့၌ စိတ္တက္ခဏတစ်လုံးစီ တစ်လုံးစီကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်လျှင် သိမြင်လျှင် သန္တတိဃန = နာမ်အစဉ်အတန်း အတုံးအခဲ ပြိုသွား၏၊ ထိုသို့ သန္တတိဃန ပြိုအောင် ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားရမည် ဖြစ်သည်။

၂။ သမူဟဃန = နာမ်အပေါင်းအစု အတုံးအခဲ

စိတ္တနိယာမ လမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားကြသော နာမ်တရားတို့သည် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ နာမ်ကလာပ်ဟူသော အုပ်စုအလိုက်သာ ဖြစ်ရိုးဓမ္မတာ ရှိ ကြ၏၊ တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအားကား မရှိပေ။ ယင်းစိတ္တက္ခဏတစ်ခု၏ အတွင်း၌ တည်ရှိသော နာမ်တရားတို့၏ အုပ်စုကို သမ္ပယုတ်တရားဟုလည်းကောင်း နာမ်ကလာပ်ဟုလည်းကောင်း ခေါ်ဆို၏၊ စိတ်စေတသိက်ဟူသော နာမ်တရားတို့သည် စိတ္တက္ခဏတစ်ခု၌ အနည်းဆုံး (၈)မျိုးသော နာမ်တရားတို့ ပေါင်းစုမှ ဖြစ်နိုင်၏၊ ပုံစံဆိုရသော် စက္ခုဝိညာဏ်နှင့် သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇)လုံး, ပေါင်း (၈)လုံးတည်း။ ဤ (၈)လုံးအောက် သာလွန်ယုတ်လျော့သော နာမ်တရားအုပ်စုကား မရှိနိုင်တော့ပြီ။ ယင်းစိတ္တက္ခဏတစ်ခု တစ်ခုအတွင်း၌ တည်ရှိသော နာမ်တရားတို့ကို ''ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ်'' ဤသို့ စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီ ခွဲခြား စိတ်ဖြာ၍ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် မသိခဲ့သော် တစ်ခုတည်းအဖြစ် စွဲယူခဲ့သော် သမူဟဃန = နာမ်အပေါင်းအစု အတုံးအခဲ ဖုံးနေသည် မည်၏၊ စိတ္တက္ခဏတစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော နာမ်တရားတို့ကို ''ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ်'' –– ဤသို့ စသည်ဖြင့် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိခဲ့သော် မြင်ခဲ့သော် ရှုနိုင်ခဲ့သော် သမူဟဃန = နာမ်အပေါင်းအစု အတုံးအခဲ ပြိုသည် မည်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့လျှင် သမူဟဃနဟူသော နာမ်အပေါင်းအစု အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားရမည် ဖြစ်ပေသည်။

၃။ ကိစ္စဃန = နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ

ယောဂါဝစရပုဂ္ဂိုလ်သည် သန္တတိဃန သမူဟဃန ပြိုရုံမျှဖြင့် မပြီးသေး၊ ကိစ္စဃနပြိုအောင်လည်း ဆက်လက်၍ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရမည် ဖြစ်ပေသည်။ ကိစ္စဃနဟူသည် စိတ္တက္ခဏ တစ်ခုတစ်ခု၏ အတွင်း၌ အုပ်စုအလိုက် အတူယှဉ်တွဲ၍ ဖြစ်ပေါ်သွားကြသော နာမ်တရားတို့တွင် ––

၁။ ဖဿသည် အာရုံနှင့် အသိစိတ်ကို ပွတ်ချုပ်ထိခိုက်ခြင်း ဆက်စပ်ပေးခြင်း လုပ်ငန်းကိစ္စ ရှိ၏၊ (သင်္ဃဋ္ဋနရသော)
၂။ (သုခ) ဝေဒနာသည် သမ္ပယုတ်တရားတို့ကို လွန်စွာ တိုးပွားစေခြင်း ကိစ္စ ရှိ၏၊ (သမ္ပယုတ္တာနံ ဥပဗြူဟနရသံ)
၃။ သညာသည် အာရုံကို နောက်ထပ်တစ်ဖန် သိအောင် အမှတ်အသားကို ပြုခြင်းကိစ္စ ရှိ၏၊ (ပစ္စာဘိညာဏရသာ)
၄။ စေတနာသည် ကုသိုလ်ရေးလုပ်ငန်းကိစ္စ အကုသိုလ်ရေးလုပ်ငန်းကိစ္စ ပြီးမြောက်ရေးအတွက် ကြောင့်ကြဗျာပါရ ပြုခြင်းကိစ္စ ရှိ၏၊ (အာယူဟနရသာ။)
၅။ ဝိညာဏ်သည် အာရုံကိုရယူမှု = အာရုံကိုသိမှု၌ ပြဓာန်းသော ပဓာန ရှေ့သွားခေါင်းဆောင်ဖြစ်ခြင်း ကိစ္စ ရှိ၏၊ (ပုဗ္ဗင်္ဂမရသံ။)

ဤသို့ စသည်ဖြင့် စိတ္တက္ခဏတစ်ခု တစ်ခုအတွင်း၌ တည်ရှိကြသော နာမ်တရားတိုင်း၌ ကိုယ်ပိုင်လုပ်ငန်းကိစ္စ အသီးအသီး ရှိကြ၏၊ ထိုလုပ်ငန်းကိစ္စများကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် တစ်ခုစီ တစ်ခုစီ ခွဲခြားစိတ်ဖြာ၍ မမြင်ဘဲ ကိစ္စတစ်ခုတည်းအဖြစ် စွဲယူခဲ့သော် ကိစ္စဃန = နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ မပြိုပေ။ ကိစ္စတစ်ခုတည်းအဖြစ် မမြင်ဘဲ ''ဤကား ဖဿ၏ လုပ်ငန်းကိစ္စ, ဤကား ဝေဒနာ၏ လုပ်ငန်းကိစ္စ, ဤကား သညာ၏ လုပ်ငန်းကိစ္စ, ဤကား စေတနာ၏ လုပ်ငန်းကိစ္စ, ဤကား ဝိညာဏ်၏ လုပ်ငန်းကိစ္စ'' ဤသို့ စသည်ဖြင့် စိတ္တက္ခဏတစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိသော နာမ်တရားတိုင်း နာမ်တရားတိုင်း၏ လုပ်ငန်းကိစ္စရပ် အသီးအသီးကို ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ မြင်ခဲ့သော် ကိစ္စဃနဟူသော နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ ပြိုသွားပြီ ဖြစ်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရာ၌ ထိုကဲ့သို့ ကိစ္စဃန = နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ ပြိုအောင်လည်း သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ခွဲခြားစိတ်ဖြာ၍ သိမ်းဆည်းရှုပွားရမည်သာ ဖြစ်ပေသည်။

ဤစက္ခုဒွါရဝီထိအတွင်း၌ တည်ရှိသော နာမ်တရားတို့ကား ရူပါရုံကိုသာ အာရုံပြုကြ၏၊ ရူပါရုံကို အာရုံပြု၍သာ ဖြစ်ပေါ်လာနိုင်သော နာမ်တရားစုတို့သာ ဖြစ်ကြ၏၊ ထိုကြောင့် ယင်းစက္ခုဒွါရဝီထိ နာမ်တရားစုတို့မှာ အာရုံ ယူတတ်သော သာရမ္မဏတရားတို့သာ ဧကန်ဖြစ်ကြ၏၊ ထိုသာရမ္မဏဓမ္မဖြစ်ကြသည့် စက္ခုဒွါရဝီထိနာမ်တရားတို့၌ သန္တတိဃန, သမူဟဃန, ကိစ္စဃနဟု ဃနသုံးပါး ရှိကြောင်းကို ရှင်းပြပြီး ဖြစ်၏၊

နောက်ထပ် နာမ်ပိုင်းတွင် အာရမ္မဏဃနဟု ဃနတစ်မျိုး ရှိနေပြန်၏၊ ယင်းအာရမ္မဏဃနနှင့် ပတ်သက်၍ ဤကျမ်း၏ ရှင်းလင်းချက်မှာ အောက်ပါအတိုင်း ဖြစ်၏၊

၄။ အာရမ္မဏဃန = အာရုံယူတတ်သည့် နာမ်တရား အတုံးအခဲ

ဝိပဿနာနယ်၌ အရှုခံနာမ်တရားနှင့် ရှုတတ်သည့် ဝိပဿနာဉာဏ် ဦးဆောင်သည့် နာမ်တရားဟု နှစ်မျိုးရှိ၏၊ ဝိပဿနာအရာဝယ် အထူးသဖြင့် ရှုတတ်သည့် ဝိပဿနာဉာဏ် ဦးဆောင်သည့် နာမ်တရားတို့မှာ အာရုံယူတတ်သည့် သာရမ္မဏတရားများပင် ဖြစ်ကြ၏၊ အရှုခံ နာမ်တရားဘက်၌လည်း သန္တတိဃန, သမူဟဃန, ကိစ္စဃန ဟူသော ဃနသုံးမျိုးလုံး ပြိုရမည် ဖြစ်၏၊ ရှုတတ်သည့်ဉာဏ် ဦးဆောင်ပြဓာန်းသည့် ဝိပဿနာနာမ်တရားဘက်၌လည်း သန္တတိဃန, သမူဟဃန, ကိစ္စဃနဟူသော ဃနသုံးမျိုးလုံး ပြိုရမည် ဖြစ်၏၊ အကြောင်းမူ အရူပသတ္တကရှုနည်းများ၌ လည်းကောင်း[၆၇၃], ဘင်္ဂဉာဏ် စသည့် အထက်ဝိပဿနာပိုင်း[၆၇၄]တို့၌လည်းကောင်း -

၁။ ဉာတ - –– အမည်ရသည့် ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိရမည့် ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကို လည်းကောင်း, အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသည့် သမုဒယသစ္စာတရားတို့ကိုလည်းကောင်း,

၂။ ဉာဏ - –– အမည်ရသည့် ရှုနေသည့် ဝိပဿနာဉာဏ် ဦးဆောင်သည့် နာမ်တရားစုတို့ကိုလည်းကောင်း ––ဤဉာတ-ဉာဏ နှစ်မျိုးလုံးကိုပင် လက္ခဏာရေးသုံးတန်သို့ တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော်မူသောကြောင့် ဖြစ်၏၊ ယင်းဉာဏ အမည်ရသော ရှုတတ်သော ဝိပဿနာဉာဏ် ဦးဆောင်သည့် နာမ်တရားတို့မှာ ပုထုဇန်နှင့် သေက္ခပုဂ္ဂိုလ်များအဖို့ မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များပင် ဖြစ်ကြ၏၊ မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၂)လုံး၊ ဇော (၇)ကြိမ်ဝယ် တစ်ကြိမ် တစ်ကြိမ်၌ နာမ်တရား (၃၄-၃၃-၃၃-၃၂) ထိုက်သလို အသီးအသီး ရှိမည် ဖြစ်၏၊ နုနယ်သော တရုဏဝိပဿနာပိုင်းတွင် တဒါရုံကျခွင့်ရှိ၍ ဘင်္ဂဉာဏ်စသည့် အားကောင်းသည့် ဗလဝဝိပဿနာပိုင်းတွင် တဒါရုံကျခွင့် မရှိပေ။ ဤ၌ ရံခါ ဉာဏဝိပ္ပယုတ် ဝိပဿနာဇောများလည်း ရှိတတ်၍ (၃၃)ဟု ဖော်ပြထား၏၊ ရံခါ ပီတိ မပါသည်လည်း ရှိတတ်၍ (၃၃-၃၂)ဟု ဖော်ပြထား၏၊

ယင်း ရှုတတ်သည့် ဝိပဿနာဉာဏ် ဦးဆောင်သည့် မနောဒွါရိကဇောဝီထိစိတ်အစဉ် နာမ်တရားဘက်၌လည်း

၁။ ဤကား မနောဒွါရာဝဇ္ဇန်း၊ ဤကား ပထမဇော၊ ဤကား ဒုတိယဇော စသည်ဖြင့် နာမ်သန္တတိအစဉ်အတန်းကို ခွဲခြားစိတ်ဖြာ၍ သိသော် သန္တတိဃန ပြိုသည် မည်၏၊

၂။ ယင်းနာမ်သန္တတိအစဉ်အတွင်း၌ တည်ရှိသော စိတ္တက္ခဏတိုင်း၌ ပါဝင်သော နာမ်တရားတို့ကို ဤကား ဖဿ၊ ဤကား ဝေဒနာ၊ ဤကား သညာ၊ ဤကား စေတနာ၊ ဤကား ဝိညာဏ် စသည်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဉာဏ်ဖြင့် မြင်ခဲ့သော် သမူဟဃန ပြိုသည် မည်၏၊

၃။ ယင်းစိတ္တက္ခဏတိုင်း၌ တည်ရှိသော နာမ်တရားအသီးအသီးတို့၏ ကိစ္စအထူးကို ခွဲခြားစိတ်ဖြာ၍ ဉာဏ်ဖြင့် မြင်ခဲ့သော် ကိစ္စဃန ပြိုပြီ ဖြစ်၏၊

ဤသို့လျှင် အရှုခံ နာမ်တရားဘက်၌လည်း ဃနသုံးပါး, ရှုတတ်သည့် ဉာဏ်ဘက်၌လည်း ဃနသုံးပါး အသီးအသီး ရှိ၏၊ အရှုခံ နာမ်တရားဘက်၌ ဃနသုံးပါးကို သန္တတိဃန သမူဟဃန ကိစ္စဃနဟု အသီးအသီး ခေါ်ဆို၍ ရှုတတ်သည့် ဉာဏ်ဘက်၌ တည်ရှိသော ဃနသုံးပါးကို အာရမ္မဏဃနဟု အမည်တစ်မျိုးတည်းဖြင့် ခေါ်ဆိုသည်ဟု မှတ်ပါ။

အာရုံကို ယူမှု၌ ကွဲပြားမှုရှိပါလျက် တစ်ခုတည်းအဖြစ် စွဲယူခဲ့သော် အာရမ္မဏဃန ဖုံးနေသည် မည်၏၊ အာရုံယူတတ်သော တရားတို့၏ အာရုံကိုယူရာ၌ ဤကား မနောဒွါရာဝဇ္ဇန်း၊ ဤကား ပထမဇော။ပ။ ဤကား သတ္တမဇော –– ဤသို့ စသည်ဖြင့်လည်းကောင်း, ဤကား ဖဿ ဤကား ဝေဒနာ ဤကား သညာ ဤကား စေတနာ ဤကား ဝိညာဏ် စသည်ဖြင့်လည်းကောင်း, ဤကား ဖဿ၏ လုပ်ငန်းကိစ္စ, ဤကား ဝေဒနာ၏ လုပ်ငန်းကိစ္စ, ဤကား သညာ၏ လုပ်ငန်းကိစ္စ, ဤကား စေတနာ၏ လုပ်ငန်းကိစ္စ, ဤကား ဝိညာဏ်၏ လုပ်ငန်းကိစ္စ စသည်ဖြင့် လည်းကောင်း ဤသို့ ခွဲခြားစိတ်ဖြာ၍ သိခဲ့သော် ကွဲပြားမှုရှိသည်ကို သိခဲ့သော် အာရမ္မဏဃနအတုံးအခဲ ပြိုပြီဖြစ်၏၊

ယောဂါဝစရပုဂ္ဂိုလ်သည် ဤရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတည်းဟူသော ရုပ်ဃန နာမ်ဃနတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်ပါမှ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှ ဝိပဿနာ ရှုပွားသုံးသပ်နိုင်ပါမှ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်မည်၊ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပါမှ အနတ္တသို့ ဉာဏ်အမြင် ဆိုက်မည်။ အနတ္တသို့ ဉာဏ်အမြင် ဆိုက်ပါမှလည်း မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်မည် ဖြစ်ပေသည်။ ထိုကြောင့် အဋ္ဌကထာကြီးများ[၆၇၅]က အောက်ပါအတိုင်း ဖွင့်ဆိုထားတော်မူကြခြင်း ဖြစ်၏၊

''အသီးအသီးသော ရုပ်ဓာတ် နာမ်ဓာတ်တို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတည်းဟူသော ရုပ်ဃန နာမ်ဃနကို တစ်ခုစီ တစ်ခုစီ တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးခြင်းကို ပြုလုပ်နိုင်ခဲ့သည်ရှိသော် အနတ္တလက္ခဏာ = အနတ္တရောင်ခြည်တော် နေဝန်းသည် ဟုတ်မှန်တိုင်းသော မိမိ၏ သဘောလက္ခဏာအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားစွာ တည်ရှိလာပေ၏၊''

ဉာတ ဉာဏ အမည်ရသည့် သင်္ခါရတရားတို့ကို လက္ခဏာရေး သုံးတန်သို့ တင်၍ ရှုပွားသုံးသပ်နိုင်ပါမှ အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ် သုံးပါးလုံး ရင့်ကျက်ပါမှ အရိယမဂ်သို့ ဆိုက်ရောက်နိုင်မည် ဖြစ်ကြောင်းကိုလည်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၆၇၆]တွင် ဖွင့်ဆိုလျက် ရှိပေသည်။ ဃနပြိုပါမှ အနတ္တသို့ ဉာဏ်အမြင် ဆိုက်ရောက်နိုင်မည် ဖြစ်သဖြင့် ယောဂါဝစရပုဂ္ဂိုလ်သည် ဃနပြိုရေးအတွက် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် ထပ်မံ၍ သိမ်းဆည်းရဦးမည်ဟု မှတ်သားထားပါလေ။ (လက္ခဏာဒိစတုက္ကပိုင်း[၆၇၇]တွင် ရှုပုံ ထင်ရှားလတ္တံ့။)

ဤသို့လျှင် ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်တရားကို သိမ်းဆည်းခြင်း, နာမ်တရားကို သိမ်းဆည်းခြင်း, ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းခြင်း, နာမ်ရုပ်ကို ပိုင်းခြားမှတ်သားခြင်း ဟူသည့် လုပ်ငန်းခွင်ကြီး (၄)ဆင့်ကို ပိုင်ပိုင်နိုင်နိုင် သိမ်းဆည်း ရှုပွားနိုင်သောအခါ ထိုထို ဣရိယာပထအခိုက် သမ္ပဇညအခိုက်တို့၌လည်း –

၁။ ရူပ ပရိဂ္ဂဟ = ရုပ်တရားကို သိမ်းဆည်းခြင်း,
၂။ အရူပ ပရိဂ္ဂဟ = နာမ်တရားကို သိမ်းဆည်းခြင်း,
၃။ ရူပါရူပ ပရိဂ္ဂဟ = ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းခြင်း,
၄။ နာမရူပ ဝဝတ္ထာန = နာမ်ရုပ်ကို ပိုင်းခြားမှတ်သားခြင်း –

ဤ လုပ်ငန်းခွင်ကြီး (၄)ရပ်ကို ဆက်လက်၍ ပြုကျင့်ပါ။ ထိုသို့ သိမ်းဆည်း ရှုပွားနိုင်သောအခါ လိုက်နာ ပြုကျင့်နိုင်သောအခါ ရှေ့သို့တစ်ဆင့် တက်၍ လိုက်နာပြုကျင့်ရမည့် လုပ်ငန်းစဉ်ကို ဘုရားရှင်ကိုယ်တော်တိုင်ပင်လျှင် မဟာသတိပဋ္ဌာနသုတ္တန်၌ ဤသို့ မိန့်ကြားထားတော်မူ၏ ..။

ဝိပဿနာပိုင်း - ပထမအဆင့်

ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်ပါဠိတော်များ[၆၇၈]၌ ဝိပဿနာပိုင်း ပထမအဆင့်အနေဖြင့် ကာယ ဝေဒနာ စိတ္တ ဓမ္မ ဟူသော ခန္ဓာငါးပါး (= ရုပ်တရား နာမ်တရား) တို့ကို ..

၁။ အဇ္ဈတ္တ၌လည်းကောင်း,
၂။ ဗဟိဒ္ဓ၌လည်းကောင်း,
၃။ အဇ္ဈတ္တ ဗဟိဒ္ဓ၌လည်းကောင်း –

ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ သိမ်းဆည်းရှုပွားရန် ဘုရားရှင်သည် ညွှန်ကြားထားတော်မူပေသည်။ တစ်ဖန် အဋ္ဌကထာတို့[၆၇၉]ကလည်း ''မြဲရာ၌ သံပတ်, တင်းရာ၌ သပ်ပင်း'' ဟူ၏သို့ ဘုရားဟော ဒေသနာတော်ကြီးများကို ခိုင်ခံ့သည်ထက် ပို၍ ခိုင်ခံ့အောင် ဤသို့ ညွှန်ကြားထားတော်မူပြန်၏၊

''အဇ္ဈတ္တခန္ဓာငါးပါး သက်သက်ကို ဝိပဿနာရှုနေရုံ သက်သက်မျှဖြင့်ကား ဝုဋ္ဌာနဂါမိနိ အမည်ရသော ဝိပဿနာဉာဏ်[၆၈၀] အရိယမဂ်ဉာဏ်၏ ထမြောက် ဖြစ်ပေါ်ခြင်းသည် မဖြစ်နိုင်။ ထိုကြောင့် ဗဟိဒ္ဓကိုလည်း ဝိပဿနာ ရှုရမည်သာ ဖြစ်ပေသည်။ ထိုကြောင့် သူတစ်ပါးဟု ခေါ်ဆိုအပ်သော ဗဟိဒ္ဓ သက်ရှိသတ္တဝါတို့၏ ခန္ဓာငါးပါးတို့ကို လည်းကောင်း, သက်မဲ့ အနုပါဒိဏ္ဏသင်္ခါရတရားတို့ကိုလည်းကောင်း အနိစ္စဟုလည်းကောင်း, ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း ရှုပါ။''

တစ်ဖန် အနုပဒသုတ္တန်ဋီကာ[၆၈၁]၏ သတ်မှတ် ညွှန်ကြားတော်မူချက်နှင့် အညီ ''သာဝကပါရမီဉာဏ် အရာဝယ် ဗဟိဒ္ဓကို ရှုရာ၌ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ ဦးဖြူ ဦးနီ စသည်ဖြင့် ခွဲခြားဝေဖန်မှုကို မပြုဘဲ ဗဟိဒ္ဓချင်း တူညီ၍ သာမန်ပေါင်းစုခြုံငုံ၍သာ သက်ရှိခန္ဓာငါးပါးတို့ကိုလည်းကောင်း, အနုပါဒိဏ္ဏသင်္ခါရ အမည်ရသည့် သက်မဲ့ ဥတုဇရုပ်တို့ကိုလည်းကောင်း ဝိပဿနာရှုပွားသုံးသပ်ရ၏၊ တစ်ယောက်ချင်း ခွဲ၍ ရှုဖို့ မလို'' ဟု သိရှိပါလေ။

ဗဟိဒ္ဓ၌ ရှုပုံစနစ် အမြွက်

ယောဂီသူတော်ကောင်းသည် အဇ္ဈတ္တ၌ ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွားပြီးသောအခါ ဗဟိဒ္ဓ၌လည်း ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို စတင်၍ သိမ်းဆည်းရှုပွားနိုင်ပေပြီ။ အဇ္ဈတ္တ၌ ခန္ဓာငါးပါးကို ရှုပြီးမှ ဗဟိဒ္ဓခန္ဓာငါးပါးကို ရှုရမည်ဟု ဤသို့ကား အယူအဆ မမှားစေလိုပါ။ ဤစာမူ၌ အဇ္ဈတ္တဝယ် ခန္ဓာငါးပါးကို သိမ်းဆည်း ရှုပွားပုံကို ဖော်ပြပြီးမှ ဗဟိဒ္ဓ၌ ခန္ဓာငါးပါးကို သိမ်းဆည်းပုံကို ဖော်ပြ နေသောကြောင့်သာ ဤသို့ ပြောဆိုခြင်း ဖြစ်သည်။

ခန္ဓာငါးပါးကို သိမ်းဆည်းရာ၌ အဇ္ဈတ္တက စ၍ သိမ်းဆည်းသော ယောဂါဝစရပုဂ္ဂိုလ်လည်း ရှိ၏၊ ဗဟိဒ္ဓက စ၍ သိမ်းဆည်းသော ယောဂါဝစရပုဂ္ဂိုလ်လည်း ရှိ၏၊ အဇ္ဈတ္တက စ၍ ခန္ဓာငါးပါးကို သိမ်းဆည်းသော ယောဂါဝစရ ပုဂ္ဂိုလ်သည်လည်း အဇ္ဈတ္တခန္ဓာငါးပါးသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့် အရိယမဂ်သို့ မဆိုက်ရောက်နိုင်သောကြောင့် ဗဟိဒ္ဓခန္ဓာငါးပါးနှင့် အနုပါဒိဏ္ဏသင်္ခါရတရားတို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းရှုပွားရမည်သာ ဖြစ်သည်။ အလားတူပင် ဗဟိဒ္ဓက စ၍ ခန္ဓာငါးပါးတို့ကို (ခန္ဓာငါးပါးနှင့် အနုပါဒိဏ္ဏသင်္ခါရတရားတို့ကို) စတင်၍ သိမ်းဆည်းသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ဗဟိဒ္ဓခန္ဓာငါးပါးသက်သက်ကို ဝိပဿနာရှုနေရုံမျှဖြင့် အရိယမဂ်သို့ မဆိုက်ရောက်နိုင်ခြင်းကြောင့် အဇ္ဈတ္တခန္ဓာငါးပါးကိုလည်း ဆက်လက်၍ သိမ်းဆည်း ရှုပွားရမည်သာ ဖြစ်ပေသည်။[၆၈၂]

၁။ လိုအပ်ပါက ရှေးဦးစွာ သမာဓိကို ပြန်လည်၍ ထူထောင်ပါ။
၂။ လင်းရောင်ခြည်စွမ်းအင် အားကောင်းလာသောအခါ အဇ္ဈတ္တ၌ ရုပ်တရားတို့ကို တစ်ဖန် ပြန်၍ သိမ်းဆည်းပါ။
၃။ ထိုနောင် ယင်းလင်းရောင်ခြည်၏ အကူအညီဖြင့် ဝတ်ထားသော အဝတ်သင်္ကန်း၌ တည်ရှိသော ဓာတ်ကြီး လေးပါးကို သိမ်းဆည်းရှုပွားပါ။

ဤ အချိန်အခါမျိုး၌ အဝတ်သင်္ကန်း၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးကို ဉာဏ်ဖြင့်မြင်အောင် ရှုနိုင်လျှင်ပင် လွယ်လွယ်ကူကူနှင့် ရုပ်ကလာပ်အမှုန်များကို တွေ့ရှိမည် ဖြစ်သည်။ အကယ်၍ အောင်မြင်မှု မရရှိပါက အဇ္ဈတ္တ၌ ရုပ်တရားတို့ကို တစ်ဖန် ပြန်သိမ်းဆည်း၍ အဝတ်သင်္ကန်း၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးကို ပြန်လည်သိမ်းဆည်းပါ။ ဓာတ်ကြီးလေးပါးကို သိမ်းဆည်းနိုင်၍ ဓာတ်အစုအပုံ အတုံးအခဲကို တွေ့ရှိသောအခါ အာကာသဓာတ်ကို မြင်အောင် လင်းရောင်ခြည် အကူအညီဖြင့် စိုက်ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များကို လွယ်လွယ်ကူကူပင် တွေ့ရှိမည် ဖြစ်သည်။ အဝတ်သင်္ကန်းကို မမြင်တော့ဘဲ ရုပ်ကလာပ်တို့၏ အပေါင်းအစု အနေဖြင့်သာ တွေ့ရှိနေပေလိမ့်မည်။ ယင်း ရုပ်ကလာပ်တို့ကို ဓာတ်ခွဲပါ။ ယင်းရုပ်ကလာပ်တို့မှာ ရုပ်ကလာပ်တစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိသော ဥတုခေါ်သည့် တေဇောဓာတ်ကြောင့် ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် အထပ်ထပ်ဖြစ်နေသည့် ဥတုဇဩဇဋ္ဌမက ရုပ်တရားတို့ သာတည်း။ ဤနည်းဖြင့် သက်မဲ့လောက တစ်ခုလုံးသို့ ဉာဏ်ကို တဖြည်းဖြည်း ဖြန့်ကြက်၍ သစ်ပင် ရေ မြေ တော တောင် ရွှေ ငွေ စိန် ကျောက် စသည့် သက်မဲ့လောက၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စိုက်၍ ရှုပါ။ ရုပ်ကလာပ်အမှုန်များကိုသာ တွေ့မြင်သောအခါ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ယင်းရုပ်ကလာပ်တို့ကို ဓာတ်ခွဲလျက် ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းပါ။ ယင်းသက်မဲ့လောက၌ တည်ရှိသော ရုပ်တရားတို့မှာ ဥတုဇသုဒ္ဓဋ္ဌကကလာပ်နှင့် အသံပါသော် ဥတုဇ-သဒ္ဒနဝကကလာပ် (၂)မျိုးတို့သာတည်း။

တစ်ဖန် ယောဂီသူတော်ကောင်းသည် အဇ္ဈတ္တ၌ ရှုသည့် ပုံစံအတိုင်းပင် ဗဟိဒ္ဓ သက်ရှိလောကဝယ် (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ်နှင့် ရုပ်အတုများကို ဆက်လက်၍ သိမ်းဆည်းရှုပွားပါ။ ထိုသို့ရှုရာ၌ ရှေ့ဦးစွာ အနီး၌ တည်ရှိသော သက်ရှိလောကက စ၍ သိမ်းဆည်း ရှုပွားပါ။ ဥပမာ – အဇ္ဈတ္တ မျက်စိ၌ (၆၃)မျိုးသော ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ဗဟိဒ္ဓ အနီးဝန်းကျင်၌ တည်ရှိသော သက်ရှိလောက၏ (ယောက်ျား မိန်းမ ဦးဖြူ ဦးနီ စသည်ဖြင့် မခွဲခြားဘဲ သာမန် ပေါင်းစုခြုံငုံ၍) မျက်စိဝယ် တည်ရှိသော (၆၃)မျိုးသော ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ထိုနောင် ဘာဝနာစွမ်းအင် ကြီးမားအောင် အရှိန်အဝါ အားကောင်းအောင် အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓ တစ်လှည့် သိမ်းဆည်းရှုပွားပါ။ ကြွင်းကျန်သော (၅)ဒွါရနှင့် (၄၂)ကောဋ္ဌာသတို့၌ ပုံစံတူပင် သိမ်းဆည်း ရှုပွားပါ။ ထိုနောင် (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ် ရုပ်အတုအားလုံးကို ခြုံငုံ၍ 'ရုပ်တရား ရုပ်တရား'ဟု အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓတစ်လှည့် သိမ်းဆည်းရှုပွားပါ။ ထိုနောင် တစ်စ တစ်စ တိုးချဲ့၍ ပုံစံတူပင် ရှုပါ။ (၃၁)ဘုံကို ခြုံငုံ၍ စွမ်းနိုင်ပါက အနန္တစကြဝဠာသို့တိုင်အောင် ဖြန့်ကြက်၍ သိမ်းဆည်း ရှုပွားပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ သိမ်းဆည်း ရှုပွားပါမှ ဘာဝနာစွမ်းအား ကြီးမားနိုင်သည်ကို သတိပြုပါ။

ထိုနောင် နာမ်တရားများကိုလည်း အဇ္ဈတ္တ၌ သိမ်းဆည်း ရှုပွားသည့် ပုံစံနည်းစနစ်အတိုင်း (၆)လိုင်းလုံး ကုန်စင်အောင် သိမ်းဆည်းရှုပွားပါ။ ပုံစံဆိုရသော် အဇ္ဈတ္တဝယ် ရူပါရုံလိုင်း နာမ်တရားတို့ကို သိမ်းဆည်းရာ၌ .. စက္ခုဒွါရနှင့် မနောဒွါရကို ပူးတွဲသိမ်းဆည်းလျက် ရုပ်ကလာပ်အများစု၏ သို့မဟုတ် ရုပ်ကလာပ်တစ်ခု၏ ရူပါရုံ အရောင်ကို အာရုံယူ၍ ယောနိသောမနသိကာရ အယောနိသောမနသိကာရ အားလျော်စွာ ဖြစ်ပေါ်လာကြသော ကုသိုလ်ဇော စောသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ အကောင်းအုပ်စု နာမ်တရား, အကုသိုလ်ဇော စောသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ မကောင်းအုပ်စု နာမ်တရားတို့ကို သိမ်းဆည်းရှုပွားသည့် နည်းစနစ်အတိုင်း ..

ဗဟိဒ္ဓ၌လည်း –– မည်သည့်ပုဂ္ဂိုလ်သတ္တဝါ၏ စက္ခုအကြည် ဘဝင်မနောအကြည် ရူပါရုံ ဤသို့ စသည်ဖြင့် ခွဲခြမ်းဝေဖန်မှု မပြုဘဲ ဗဟိဒ္ဓချင်း တူညီ၍ သာမန်ပေါင်းစု ခြုံငုံလျက် –

၁။ စက္ခုအကြည်ဓာတ် = စက္ခုဒွါရနှင့် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို ပြိုင်တူထင်အောင် သိမ်းဆည်းလျက်
၂။ ရုပ်ကလာပ်အများစု၏ သို့မဟုတ် ရုပ်ကလာပ်တစ်ခု၏ ရူပါရုံအရောင်ကို အာရုံယူ၍ ..

ယောနိသောမနသိကာရ အယောနိသောမနသိကာရ အားလျော်စွာ ဖြစ်ပေါ်သွားကြသော အကောင်းအုပ်စု မကောင်းအုပ်စု စက္ခုဒွါရဝီထိ-မနောဒွါရဝီထိ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပါ။ သဒ္ဒါရုံလိုင်း စသည်တို့၌လည်း နည်းတူ မှတ်ပါ။ ဤနာမ်တရားတို့ကို သိမ်းဆည်းသည့် အပိုင်း၌လည်း အနီးမှသည် အဝေးသို့ (၃၁)ဘုံကို ခြုံငုံ၍ စွမ်းနိုင်ပါက အနန္တစကြဝဠာသို့ တိုင်အောင် ဉာဏ်ကို ဖြန့်ကြက်၍ သိမ်းဆည်းနိုင်သည့်တိုင်အောင် တစ်စတစ်စ တိုးချဲ့၍ တိုးချဲ့၍ သိမ်းဆည်း ရှုပွားပါ။ ဤနာမ်ပိုင်း၌လည်း အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ အပြန်ပြန် အလှန်လှန် သိမ်းဆည်းရှုပွားပါမှ ဘာဝနာစွမ်းအင် အရှိန်အဝါသည် အားကောင်းလာမည် ဖြစ်ပေသည်။

ထိုသို့ ဗဟိဒ္ဓ၌ တည်ရှိသော ရုပ်နာမ်တို့ကို သိမ်းဆည်း ရှုပွားရာ၌ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ ဦးဖြူ ဦးနီ စသည်ဖြင့် သန္တာန် ခွဲခြား ဝေဖန်မှု မပြုဘဲ ဗဟိဒ္ဓချင်း တူညီသောအားဖြင့်သာ သာမန်ပေါင်းစုခြုံငုံ၍ ရှုရ၏၊ ဗဟိဒ္ဓ၌ (၃၂)ကောဋ္ဌာသတို့ကို ရှုသည့်အပိုင်း၌ သတ္တဝါ တစ်ဦး၏ သန္တာန်၌ တည်ရှိသော (၃၂)ကောဋ္ဌာသတို့ကို ရှု၍ ရနိုင်သဖြင့် ဗဟိဒ္ဓ ရုပ်တရားတို့ကို သိမ်းဆည်းရှုပွားရာ၌ သတ္တဝါတစ်ဦးချင်း၏ သန္တာန်ဝယ် (၃၂)ကောဋ္ဌာသ၌ တည်ရှိသော ရုပ်တရားအဝင်အပါ ရုပ်အားလုံးကို ခြုံ၍ရှုသော် ရှု၍ ရရှိနိုင်သေး၏၊ နာမ်တရားပိုင်း၌ကား ဝိပဿနာ အရာဝယ် တစ်ဦး၏ စိတ်ကို တစ်ဦးက ဝိပဿနာဉာဏ်ဖြင့် မသိနိုင်။ တစ်ဦး၏ စိတ်ကို တစ်ဦးက အတိအကျ သိရှိနိုင်မှုမှာ သူတစ်ပါး၏ စိတ်ကို သိသော ပရစိတ္တဝိဇာနနအဘိညာဏ်၏ အရာသာဖြစ်သည်၊ ဝိပဿနာဉာဏ်၏ အရာကား မဟုတ်ပေ။ ဝိပဿနာအရာ၌ကား ပုဂ္ဂိုလ်သတ္တဝါ မခွဲဝေဘဲ ခြုံငုံ၍သာ ရှုရသည်။ ဤကား သာဝကတို့၏ သမ္မသနစာရခေတ် = လက္ခဏာရေးသုံးတန် တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ထိုက်သော ဝိပဿနာဉာဏ်၏ ကျက်စားရာ နယ်မြေ ဖြစ်သည်။

ယောဂီသူတော်ကောင်းသည် အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ရုပ်နာမ်ကို သိမ်းဆည်းခြင်း လုပ်ငန်းရပ်ကြီး အောင်မြင်ပါက အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ..

၁။ ရုပ်သက်သက်ကို သိမ်းဆည်းခြင်း (၆-ဒွါရ ၄၂-ကောဋ္ဌာသ)၊
၂။ နာမ်သက်သက်ကို သိမ်းဆည်းခြင်း (၆-လိုင်းလုံး)၊
၃။ ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းခြင်း = ရုပ်နာမ် ခွဲခြင်း (၆-လိုင်းလုံး)၊
၄။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားခြင်း (၆-လိုင်းလုံး) –
ဤလုပ်ငန်းခွင်ကြီး (၄)ရပ်ကို အဆင့်ဆင့် ပြုကျင့်ပါ။

ဝိပဿနာပိုင်း - ဒုတိယအဆင့်

အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် နှစ်မျိုးလုံးတို့၌ ရုပ်တရားကို သိမ်းဆည်းခြင်း, နာမ်တရားကို သိမ်းဆည်းခြင်း, ရုပ်နာမ်ကို သိမ်းဆည်းခြင်း, ရုပ်နာမ်ကို ပိုင်းခြား မှတ်သားခြင်းဟူသော ဤလုပ်ငန်းခွင်ကြီး (၄)ရပ်ကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ပြုကျင့်ပြီးသောအခါ ရှေ့သို့ တစ်ဆင့်တက်၍ လိုက်နာ ပြုကျင့်ရမည့် ကျင့်စဉ်ကို အောက်ပါအတိုင်း ဘုရားရှင်က ညွှန်ကြားထားတော်မူပြန်၏ ..။

သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊
ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊
သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။
[၆၈၃]
(ဝေဒနာ-စိတ္တ-ဓမ္မတို့၌လည်း ပုံစံတူပင် ဟောကြားထားတော်မူပေသည်။)

ဤအပိုင်းတွင် ဘုရားရှင်သည် ..
၁။ ပစ္စယတော ဥဒယဗ္ဗယဒဿန၊
၂။ ခဏတော ဥဒယဗ္ဗယဒဿန –

ဤ ဒဿန နှစ်မျိုးသို့ ဆိုက်သည်တိုင်အောင် ဝိပဿနာရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော်မူသည်။ ၁။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ အစရှိသော အကြောင်း သမုဒယသစ္စာတရားများ ထင်ရှား ဖြစ်ခြင်းကြောင့် အကျိုးခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ ထင်ရှားဖြစ်ပုံကိုလည်းကောင်း (= ပစ္စယတော ဥဒယဒဿနတည်း)၊

၂။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ – အစရှိသော အကြောင်း သမုဒယသစ္စာတရားတို့၏ အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် (= အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်း သွားခြင်းကြောင့်) ခန္ဓာငါးပါး အကျိုး ဝိပါကဝဋ် ဒုက္ခသစ္စာတရားတို့၏ ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်တွင် နောင်တစ်ဖန် မဖြစ်သောအားဖြင့် ချုပ်ငြိမ်းပုံ (= အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းပုံ) ကိုလည်းကောင်း (= ပစ္စယတော ဝယဒဿနတည်း)၊

၃။ အကြောင်း-အကျိုး နှစ်ရပ်လုံးတို့၏ ဖြစ်မှု ဥပါဒ်ကိုလည်းကောင်း (= ခဏတော ဥဒယဒဿနတည်း)၊ ၄။ အကြောင်း-အကျိုး နှစ်ရပ်လုံးတို့၏ ခဏမစဲ တသဲသဲ ပျက်မှု ဘင်ကိုလည်းကောင်း (= ခဏတော ဝယဒဿန တည်း) –

ဤ (၄)မျိုးသော အခြင်းအရာတို့ကို ဉာဏ်ဖြင့် မြင်အောင် သိမ်းဆည်းလျက် ယင်း ကြောင်း-ကျိုး = သင်္ခါရ တရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရန် ဘုရားရှင်သည် ညွှန်ကြားထားတော် မူပေသည်။ ဤအပိုင်းတွင် ..

၁။ ပစ္စယပရိဂ္ဂဟဉာဏ်
၂။ သမ္မသနဉာဏ်
၃။ ဥဒယဗ္ဗယဉာဏ် -

ဤဉာဏ် (၃)မျိုးတို့ကို တစ်ပေါင်းတစ်စုတည်းပြု၍ ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ တစ်ဖန် ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း၌လည်း ပစ္စယပရိဂ္ဂဟ, အဒ္ဓါနပရိဂ္ဂဟဟု ပရိဂ္ဂဟနှစ်မျိုး ပါဝင်လျက်ရှိ၏၊

ပစ္စယပရိ ဂ္ဂဟ - – ဆိုင်ရာ ဆိုင်ရာ အတိတ်က ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်း သမုဒယသစ္စာတရားတို့ကြောင့် ဤပစ္စုပ္ပန်တွင် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဟူသော အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ ထင်ရှားဖြစ်ပုံကို ပဓာနထား၍ သိမ်းဆည်းသည့် အပိုင်းသည် ပစ္စယပရိဂ္ဂဟပိုင်းတည်း။

အဒ္ဓါနပရိဂ္ဂဟ - – အတိတ် အနာဂတ် အဆက်ဆက်၌လည်း ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားနှင့် ဆိုင်ရာ ဆိုင်ရာ အကျိုးတရားတို့ကို သိမ်းဆည်းသည့်အပိုင်းသည်ကား အဒ္ဓါနပရိဂ္ဂဟပိုင်းတည်း။ ယင်းပရိဂ္ဂဟ နှစ်မျိုးလုံးကိုပင် တစ်ပေါင်းတည်း ပြု၍ ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းဟူ၍လည်းကောင်း, ကင်္ခါဝိတရဏဝိသုဒ္ဓိပိုင်းဟူ၍လည်းကောင်း ခေါ်ဆိုပေသည်။ ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိအောင် အားထုတ်ပုံ စနစ်များကို ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းရှုကွက်ဖြင့် လည်းကောင်း, ပဋိစ္စသမုပ္ပါဒ် ပထမနည်းရှုကွက်ဖြင့်လည်းကောင်း ဆက်လက်၍ ရေးသားတင်ပြမည် ဖြစ်ပါသည်။

သတိပဋ္ဌာန်လေးပါးကို ပွားများနေသည်မည်ပုံ

''ရုပ်တရားသက်သက်ကို လက္ခဏာယာဉ် သုံးချက်သို့ တင်၍ ဝိပဿနာရှုရုံသက်သက်မျှဖြင့်ကား အရိယမဂ်ဉာဏ်သို့ မဆိုက်ရောက်နိုင် = ဝုဋ္ဌာနဂါမိနိဝိပဿနာ မဖြစ်နိုင်။ နာမ်တရားကိုလည်း လက္ခဏာယာဉ် သုံးချက်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရမည်သာ ဖြစ်ပေသည်။''

ဤအထက်ပါ အဋ္ဌသာလိနီအဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာတို့[၆၈၄]၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏၊ ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ရုပ်နာမ်တို့ကို စတင်၍ နှလုံးသွင်းရာ သိမ်းဆည်းရာ၌ –

၁။ ရုပ်တရားက စ၍ နှလုံးသွင်း သိမ်းဆည်းလည်း ရနိုင်၏၊
၂။ နာမ်တရားက စ၍ နှလုံးသွင်း သိမ်းဆည်းလည်း ရနိုင်၏၊

ထိုတွင် .. ရုပ်တရားက စ၍ နှလုံးသွင်းမှု သိမ်းဆည်းမှုမှာ သမထယာနိကပုဂ္ဂိုလ် ဝိပဿနာယာနိကပုဂ္ဂိုလ် နှစ်မျိုးလုံးတို့အတွက် ဖြစ်နိုင်၏၊[၆၈၅]

နာမ်တရားက စ၍ နှလုံးသွင်းမှုနှင့် ပတ်သက်၍ မဇ္ဈိမနိကာယ်ဋီကာ[၆၈၆]က ဤသို့ ဖွင့်ဆိုထား၏ ..။

''ရုပ်တရားကို အဦးမူ၍ ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သော ရုပ်နာမ်တို့ကို နှလုံးသွင်းခြင်း သိမ်းဆည်းခြင်း သည် ယေဘုယျအားဖြင့် သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်အား အလိုရှိအပ်၏၊ ဤသဘောတရားကို ရည်ရွယ်တော်မူ၍ နာမ်ကမ္မဋ္ဌာန်းကို အားသစ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းပြီး ဖြစ်ရမည်ဟု အဋ္ဌကထာက ဖွင့်ဆိုတော်မူခြင်း ဖြစ်၏၊ သို့သော် နာမ်တရားကို အဦးမူသဖြင့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကုန်သော ရုပ်တရား နာမ်တရားတို့ကို နှလုံးသွင်းခြင်းသည်ကား ယေဘုယျအားဖြင့် သမထယာနိကပုဂ္ဂိုလ်အားသာလျှင် အလိုရှိအပ်ပေ၏၊ ထိုသမထယာနိကပုဂ္ဂိုလ်သည်လည်း ရှေ့ဦးစွာ စျာန်အင်္ဂါတို့ကို သိမ်းဆည်းပြီး၍ ထိုမှနောက်၌ ကြွင်းကျန်ကုန်သော စျာနသမ္ပယုတ်တရားတို့နှင့် တကွ ပကိဏ္ဏကသင်္ခါရ အမည်ရသော ရုပ်နာမ်တို့ကို ဆက်လက်၍ သိမ်းဆည်းရှုပွားရ၏၊''

ဤသတ်မှတ်ချက်အရ နာမ်တရားက စ၍ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသည့် ရုပ်နာမ်တို့ကို နှလုံး သွင်းခြင်း သိမ်းဆည်းခြင်းသည် ယေဘုယျအားဖြင့် သမထယာနိကပုဂ္ဂိုလ်အတွက်သာ ဖြစ်ပေသည်။[၆၈၇]

ထိုသို့ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသည့် ရုပ်နာမ်တို့ကို သိမ်းဆည်းရာ၌ ရုပ်တရားက စ၍ သိမ်းဆည်းလျှင်လည်း ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့် အရိယမဂ်သို့ မဆိုက်ရောက်နိုင်ခြင်းကြောင့် ရုပ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားကိုလည်း ဆက်လက်၍ သိမ်းဆည်းရမည် ဝိပဿနာရှုရမည်သာ ဖြစ်သည်။ တစ်ဖန် နာမ်တရားက စ၍ ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသည့် သင်္ခါရတရားတို့ကို သိမ်းဆည်း ရာ၌လည်း နာမ်တရားသက်သက်ကို ဝိပဿနာ ရှုနေရုံမျှဖြင့်လည်း အရိယမဂ်ဉာဏ်သို့ မဆိုက်ရောက်နိုင်ခြင်းကြောင့် ရုပ်တရားကိုလည်း ဆက်လက်၍ သိမ်းဆည်းရမည် ဝိပဿနာရှုရမည်သာ ဖြစ်ပေသည်။

ဤ ကျမ်းစာ[၆၈၈]တွင် – ''အလုံးစုံသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ပရိညာပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား မသိက သံသရာဝဋ်ဆင်းရဲဒုက္ခ မကုန်ဆုံးနိုင် = သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးရာဖြစ်သည့် နိဗ္ဗာန်သို့ မရောက်ရှိနိုင်''ဟု အပရိဇာနနသုတ္တန်တွင် ဘုရားရှင်၏ ဟောကြားတော်မူချက်ကို ဖော်ပြခဲ့ပြီး ဖြစ်၏၊

ဘုရားရှင်ကလည်း အလုံးစုံသော ခန္ဓာငါးပါး ရုပ်နာမ်တရားကို ပရိညာပညာ သုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား မသိက ဒုက္ခမကုန်နိုင်ဟု ဟောတော်မူ၏၊ အဋ္ဌကထာများ[၆၈၉]ကလည်း ––- ''ရုပ်သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့် အရိယမဂ်သို့ မဆိုက်ရောက်နိုင်၊ နာမ်သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်ရောက်နိုင်၊ ရုပ်တရားကို ရှုရာ၌ ဘူတရုပ် ဥပါဒါရုပ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ဝိပဿနာရှုပါ၊ နာမ်တရားကို ရှုရာ၌ ရုပ်တရားကို အာရုံယူ၍ ဖြစ်ပေါ်လာသော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် ဟူသော နာမ်ခန္ဓာလေးပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ဝိပဿနာရှုပါ'' - ဟု ဖွင့်ဆိုထား၏၊ ထိုဘုရားဟောနှင့် အဋ္ဌကထာတို့ကား ဂင်္ဂါရေနှင့် ယမုနာရေ ရောသကဲ့သို့ တစ်သားတည်း ညီညွတ်လျက်ပင် ရှိပေသည်။ ထိုကြောင့် အဋ္ဌကထာကြီးများက သတိပဋ္ဌာန်ကို အောက်ပါအတိုင်း အနက်အဓိပ္ပါယ် ဖွင့်ဆိုထားတော်မူကြသည်။

ဘုရားရှင်သည် ကာယာနုပဿနာသတိပဋ္ဌာန်ဒေသနာတော်ကို သမထနှင့် ဝိပဿနာနှစ်မျိုးကို ပေါင်းစပ်လျက် သမထ ဝိပဿနာ၏ အစွမ်းဖြင့် ဟောကြားထားတော်မူ၏၊ ဝေဒနာနုပဿနာ စိတ္တာနုပဿနာ ဓမ္မာနုပဿနာ သတိပဋ္ဌာန် ဒေသနာတော်တို့ကို သမထနှင့် မရောယှက်ဘဲ ဝိပဿနာသက်သက်၏ အစွမ်းဖြင့် ဟောကြားထားတော် မူ၏၊ ဤသို့လျှင် ဤလေးပါးကုန်သော သတိပဋ္ဌာန်တို့ကို အရိယမဂ်၏ ရှေးအဖို့၌ အမျိုးမျိုးသော စိတ်တို့၌ ရအပ်ကုန်၏၊ မှန်ပေသည် –

၁။ ကာယကို သိမ်းဆည်းတတ်သော စိတ်ကား တစ်မျိုး တခြား တစ်ပါးသာတည်း။
၂။ ဝေဒနာကို သိမ်းဆည်းတတ်သော စိတ်ကား တစ်မျိုး တခြား တစ်ပါးသာတည်း။
၃။ စိတ်ကို သိမ်းဆည်းတတ်သော စိတ်ကား တစ်မျိုး တခြား တစ်ပါးသာတည်း။
၄။ ဓမ္မသဘောတရားတို့ကို သိမ်းဆည်းတတ်သော စိတ်ကား တစ်မျိုး တခြား တစ်ပါးသာတည်း။

သို့သော် ဤ သတိပဋ္ဌာန်တရားလေးပါးတို့ကို လောကုတ္တရာ အရိယမဂ်ခဏ၌ တစ်ခုတည်းသော စိတ်၌သာလျှင် ရအပ်ကုန်၏၊ မှန်ပေသည် –

၁။ ရှေးဦးအစ၌ ကာယကို သိမ်းဆည်း၍ = ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ဝိပဿနာသို့ ကူးတက်လာသော ယောဂါဝစရ ပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိသည် ကာယာနုပဿနာ မည်၏၊ ထိုသတိနှင့် ပြည့်စုံသော ယောဂါဝစရ ပုဂ္ဂိုလ်သည် ကာယာနုပဿီ မည်၏၊ ဝိပဿနာကို လုံ့လကြိုးကုတ် အားထုတ်၍ အရိယမဂ်သို့ ဆိုက်ရောက်လာသော ယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်ခဏ၌ အရိယမဂ်နှင့် ယှဉ်သော သတိသည် ကာယာနုပဿနာ မည်၏၊ ထိုသတိနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ကာယာနုပဿီ မည်၏၊[၆၉၀]

၂။ ရှေးဦးအားထုတ်စ၌ ဝေဒနာကို သိမ်းဆည်း၍ = ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ဝိပဿနာသို့ ကူးတက်လာသော ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိသည် ဝေဒနာနုပဿနာ မည်၏၊ ထိုသတိနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝေဒနာနုပဿီ မည်၏၊ ဝိပဿနာကို လုံ့လကြိုးကုတ် အားထုတ်၍ အရိယမဂ်သို့ ဆိုက်ရောက် လာသော ယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်ခဏ၌ အရိယမဂ်နှင့် ယှဉ်သော သတိသည် ဝေဒနာနုပဿနာ မည်၏၊ ထိုသတိနှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် ဝေဒနာနုပဿီ မည်၏၊

၃။ ရှေးဦးအားထုတ်စ၌ စိတ်ကို သိမ်းဆည်း၍ = ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ဝိပဿနာသို့ ကူးတက်လာသော ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိသည် စိတ္တာနုပဿနာ မည်၏၊ ထိုသတိနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် စိတ္တာနုပဿီ မည်၏၊ ဝိပဿနာကို လုံ့လကြိုးကုတ် အားထုတ်၍ အရိယမဂ်သို့ ဆိုက်ရောက် လာသော ယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်ခဏ၌ အရိယမဂ်နှင့် ယှဉ်သော သတိသည် စိတ္တာနုပဿနာ မည်၏၊ ထိုသတိနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် စိတ္တာနုပဿီ မည်၏၊

၄။ ရှေးဦးအားထုတ်စ၌ ဓမ္မသဘောတရားတို့ကို သိမ်းဆည်း၍ = ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ဝိပဿနာသို့ ကူးတက်လာ သော ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်နှင့် ယှဉ်သော သတိသည် ဓမ္မာနုပဿနာ မည်၏၊ ထိုသတိနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် ဓမ္မာနုပဿီ မည်၏၊ ဝိပဿနာကို လုံ့လကြိုးကုတ် အားထုတ်၍ အရိယမဂ်သို့ ဆိုက်ရောက် လာသော ယောဂါဝစရပုဂ္ဂိုလ်၏ အရိယမဂ်ခဏ၌ အရိယမဂ်နှင့် ယှဉ်သော သတိသည် ဓမ္မာနုပဿနာ မည်၏၊ ထိုသတိနှင့် ပြည့်စုံသော ယောဂါဝစရပုဂ္ဂိုလ်သည် ဓမ္မာနုပဿီ မည်၏၊

ဤသို့လျှင် ရှေးဦးစွာ အရိယမဂ်သို့လာရာ ဝိပဿနာလမ်းကြောင်း၏ အစွမ်းဖြင့် အထူးပြု၍ သတိပဋ္ဌာနဒေသနာသည် ကာယာနုပဿီပုဂ္ဂိုလ် ဝေဒနာနုပဿီပုဂ္ဂိုလ် စိတ္တာနုပဿီပုဂ္ဂိုလ် ဓမ္မာနုပဿီပုဂ္ဂိုလ်ဟု ပုဂ္ဂိုလ်၌ တည်နေပေသည်၊ ပုဂ္ဂလာဓိဋ္ဌာနနည်းတည်း။ ဓမ္မာဓိဋ္ဌာနနည်းအားဖြင့်ကား အောက်ပါအတိုင်း မှတ်သားပါလေ။

၁။ ကာယ၌ သုဘ = တင့်တယ်၏ဟု ဖောက်ဖောက်ပြန်ပြန် စွဲယူမှုဖြစ်ခြင်းကို ပယ်တတ်သော ကာယကို သိမ်းဆည်းတတ် ပိုင်းခြားယူတတ်သော သတိသည် အရိယမဂ်ကြောင့် ပြီးစီးပြည့်စုံရ၏၊ ထိုကြောင့် ထိုသတိသည် ကာယာနုပဿနာ မည်၏၊

၂။ ဝေဒနာ၌ သုခဟူ၍ ဖောက်ဖောက်ပြန်ပြန် စွဲယူမှုဖြစ်ခြင်းကို ပယ်တတ်သော ဝေဒနာကို သိမ်းဆည်းတတ် ပိုင်းခြားယူတတ်သော သတိသည် အရိယမဂ်ကြောင့် ပြီးစီးပြည့်စုံရ၏၊ ထိုကြောင့် ထိုသတိသည် ဝေဒနာနုပဿနာ မည်၏၊

၃။ စိတ်၌ နိစ္စဟူ၍ ဖောက်ဖောက်ပြန်ပြန် စွဲယူမှု ဖြစ်ခြင်းကို ပယ်တတ်သော စိတ်ကို သိမ်းဆည်းတတ် ပိုင်းခြား ယူတတ်သော သတိသည် အရိယမဂ်ကြောင့် ပြီးစီးပြည့်စုံရ၏၊ ထိုကြောင့် ထိုသတိသည် စိတ္တာနုပဿနာ မည်၏၊

၄။ ဓမ္မသဘောတရားတို့၌ အတ္တဟု ဖောက်ဖောက်ပြန်ပြန် စွဲယူမှုဖြစ်ခြင်းကို ပယ်တတ်သော ဓမ္မသဘောတရားတို့ကို သိမ်းဆည်းတတ် ပိုင်းခြားယူတတ်သော သတိသည် အရိယမဂ်ကြောင့် ပြီးစီးပြည့်စုံရ၏၊ ထိုကြောင့် ထိုသတိသည် ဓမ္မာနုပဿနာ မည်၏၊

ဤသို့လျှင် တစ်ခုတည်းသာလျှင်ဖြစ်သော အရိယမဂ်နှင့် ယှဉ်သော သတိသည် သုဘ, သုခ, နိစ္စ, အတ္တဟု စွဲယူတတ်သော ဝိပလ္လာသတရားတို့ကို ပယ်ခြင်းတည်းဟူသော လေးမျိုးသော ကိစ္စကို ပြီးစေတတ်သည်၏ အဖြစ်ကြောင့် ကာယာနုပဿနာသတိပဋ္ဌာန် ဝေဒနာနုပဿနာသတိပဋ္ဌာန် စိတ္တာနုပဿနာသတိပဋ္ဌာန် ဓမ္မာနုပဿနာသတိပဋ္ဌာန် ဟူသော အမည်လေးမျိုးတို့ကို ရရှိပေ၏၊ ထိုကြောင့် ''ထိုသတိကို လောကုတ္တရာ အရိယမဂ်ခဏ၌ တစ်ခုတည်းသော စိတ်၌သာလျှင် ရအပ်ကုန်၏''ဟု ဖွင့်ဆိုခြင်း ဖြစ်သည်။[၆၉၁]

အလုံးစုံသော ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတို့ကို ပရိညာ ပညာသုံးမျိုးဖြင့် ပိုင်းပိုင်းခြားခြား မသိပါက အရိယမဂ်သို့ မဆိုက်နိုင် = သံသရာဝဋ်ဆင်းရဲဒုက္ခ မကုန်နိုင်ဟူသော ဒေသနာတော်များနှင့်လည်းကောင်း, အဇ္ဈတ္တခန္ဓာငါးပါး သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်၊ ဗဟိဒ္ဓခန္ဓာငါးပါး သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်၊ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်၊ နာမ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်ဟူသော အဋ္ဌကထာ အဖွင့်များနှင့်လည်းကောင်း ညှိနှိုင်း၍ သတိပဋ္ဌာန်လေးပါးကို အောက်ပါအတိုင်း မှတ်သားပါ။

၁။ ရုပ်တရားကို အဦးမူ၍ ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးလျှင် အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်း တရားနှင့် တကွသော ထိုရုပ်နာမ်တို့ကို လက္ခဏာယာဉ် သုံးချက်သို့ တင်၍ ဝိပဿနာရှုခဲ့သော် ကာယာနုပဿနာ သတိပဋ္ဌာန်ကို ပွားများအားထုတ်နေသည် မည်ပေသည်။

၂။ တစ်ဖန် အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း နာမ်တရားတို့ကို သိမ်းဆည်းပုံ နည်းသုံးနည်းတို့တွင် ဝေဒနာကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းပြီးလျှင် အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ထိုရုပ်နာမ်တို့ကို လက္ခဏာယာဉ် သုံးချက်သို့ တင်၍ ဝိပဿနာရှုခဲ့သော် ဝေဒနာနုပဿနာ သတိပဋ္ဌာန်ကို ပွားများ အားထုတ်နေသည် မည်ပေသည်။

၃။ အသိစိတ် ဝိညာဏ်ကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းပြီးလျှင် အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ထိုရုပ်နာမ်တို့ကို လက္ခဏာယာဉ် သုံးချက်သို့ တင်၍ ဝိပဿနာ ရှုခဲ့သော် စိတ္တာနုပဿနာ သတိပဋ္ဌာန်ကို ပွားများအားထုတ်နေသည် မည်ပေသည်။

၄။ ဖဿကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းပြီးလျှင် အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ထိုရုပ်နာမ်တို့ကို လက္ခဏာယာဉ် သုံးချက်သို့တင်၍ ဝိပဿနာ ရှုခဲ့သော် ဓမ္မာနုပဿနာ သတိပဋ္ဌာန်ကို ပွားများအားထုတ်နေသည် မည်ပေသည်။ နီဝရဏငါးပါးတို့ကို အဦးမူ၍, ဗောဇ္ဈင်ခုနစ်ပါးတို့ကို အဦးမူ၍ ရုပ်နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို ဝိပဿနာ ရှုလျှင်သော်လည်းကောင်း, ခန္ဓာငါးပါးနည်း, အာယတန တစ်ဆယ့်နှစ်ပါးနည်း, သစ္စာနည်း စသည်တို့ဖြင့် ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို ဝိပဿနာရှုလျှင် သော်လည်းကောင်း ဓမ္မာနုပဿနာသတိပဋ္ဌာန်ကိုပင် ပွားများနေသည် မည်ပေသည်။

ဝေဒနာ, အသိစိတ်, ဖဿ သုံးမျိုးတို့တွင် တစ်မျိုးမျိုး ဦးဆောင်သည့် နာမ်တရားတို့ကို သိမ်းဆည်းလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် -
၁။ ယင်းနာမ်တရားတို့၏ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တရားတို့ကို ပူးတွဲ သိမ်းဆည်းထားပြီး ဖြစ်ရမည် ဖြစ်ကြောင်းကို လည်းကောင်း,
၂။ ယင်းနာမ်တရားတို့ကို သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းနာမ်တရားတို့၏ မှီရာ ဝတ္ထုရုပ်တို့ကို တစ်ဖန် ပြန်သိမ်းဆည်း၍ ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းရမည် ဖြစ်ကြောင်းကိုလည်းကောင်း – အထက်တွင် အကြိမ်ကြိမ် ရှင်းပြပြီး ဖြစ်ပေသည်။ သို့ဖြစ်ရကား ..

၁။ သတိပဋ္ဌာန်တစ်ပါးကို ပွားများအားထုတ်ပါက သတိပဋ္ဌာန်လေးပါးလုံးကိုပင် အားထုတ်သည် မည်ပေသည် ဟူသော အချက်တစ်ရပ်,
၂။ ခန္ဓာငါးပါးကို ပရိညာပညာသုံးမျိုးတို့ဖြင့် ထိုးထွင်းသိမြင်အောင် ရှုပွားနေခြင်းသည် သတိပဋ္ဌာန်တရားကို ပွားများအားထုတ်သည်ပင် မည်ပေသည် ဟူသော အချက်တစ်ရပ်,
၃။ ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် မသိမ်းဆည်း မရှုပွားနိုင်လျှင် အကြောင်းတရားနှင့် တကွသော ယင်းပရမတ်ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ မရှုနိုင်လျှင် သတိပဋ္ဌာန်လေးပါးကို ပွားများအားထုတ်နေသည် မမည်ဟူသော အချက်တစ်ရပ် –

ဤအချက် သုံးရပ်တို့ကိုကား .. ဘုရားရှင်၏ တရားစစ် တရားမှန်ကို လိုလားတောင့်တလျက် ရှိသော နိဗ္ဗာန်တရားတော်မြတ်ကြီးကို မျှော်လင့်တောင့်တလျက်ရှိသော ယောဂီသူတော်ကောင်းသည် ရိုသေလေးမြတ်စွာ ဦးထိပ်ရွက် ပန်ဆင်လျက် မှတ်သားနာယူလေရာသည်။

ဤတွင် အလျဉ်းသင့်၍ နားမရှုပ်ထွေးရန် ရည်ရွယ်၍ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ကျင့်စဉ် အကြောင်းကို အကျဉ်းချုပ်၍ ရေးသားတင်ပြအပ်ပါသည်။

ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ကျင့်စဉ်

ဘုရားရှင်သည် ဤ 'ဒိဋ္ဌေ ဒိဋ္ဌမတ္တံ' ကျင့်စဉ်ကို မာလုကျပုတ္တသုတ္တန်[၆၉၂], ဗာဟိယသုတ္တန်[၆၉၃]တို့၌ ဟောကြား ထားတော်မူခဲ့၏၊ ယင်းကျင့်စဉ်၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏ ..။

၁။ ရူပါရုံသည် မြင်အပ်သောကြောင့် ဒိဋ္ဌ မည်၏၊
၂။ စက္ခုဝိညာဏ်နှင့် တကွ ထိုစက္ခုဒွါရိကဝီထိအတွင်း၌ တည်ရှိသော ဝိညာဏ်ဟူသမျှ (ထိုရူပါရုံကို ဆက်လက် အာရုံယူသည့် မနောဒွါရိကဝိညာဏ်ဟူသမျှ)သည် ရူပါရုံကို မြင်တတ်သော အနက်သဘောကြောင့် ဒိဋ္ဌ မည်၏၊ ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ..

၁။ မြင်အပ်သော ရူပါရုံ, မြင်တတ်သော စက္ခုဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားစု, (ဒိဋ္ဌ)
၂။ ကြားအပ်သော သဒ္ဒါရုံ, ကြားတတ်သော သောတဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားစု, (သုတ)
၃။ တွေ့အပ်သော ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, တွေ့တတ်သော ဃာနဒွါရဝီထိ မနောဒွါရဝီထိ, ဇိဝှါဒွါရဝီထိ မနောဒွါရဝီထိ, ကာယဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားစု, (မုတ)
၄။ သိအပ်သော ဓမ္မာရုံ, သိတတ်သော မနောဒွါရဝီထိ နာမ်တရားစု, (ဝိညာတ) –

ဤ ရုပ်+နာမ်တရားတို့ကို ရှေ့ဦးစွာ သိမ်းဆည်းပါ။ သိမ်းဆည်းပြီးနောက် ယင်း ဒိဋ္ဌ သုတ မုတ ဝိညာတ တရားတို့ကို ဖြစ်စေတတ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ယင်း ဒိဋ္ဌ သုတ မုတ ဝိညာတ တရားတို့ကို လက္ခဏာရေး သုံးတန်သို့ တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုပါ။ ဤသို့ ကျင့်သုံးနိုင်ခဲ့သော် ယောဂီသူတော်ကောင်း၏ သန္တာန်၌ ဒိဋ္ဌ သုတ မုတ ဝိညာတ တရားတို့ကို အကြောင်းပြု၍ ရာဂ ဒေါသ မောဟတို့ ဖြစ်ခွင့် မရှိနိုင်တော့ပေ။ ဒိဋ္ဌ သုတ မုတ ဝိညာတ တရားတို့ကို အကြောင်းပြု၍ မဟာကုသိုလ် မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ်အစဉ်တို့သာ အဆက်မပြတ် ဖြစ်ပေါ်နေပေလိမ့်မည်။ ထိုဝိပဿနာဉာဏ်များသည် အရိယမဂ်သို့တိုင်အောင် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သော် ယောဂီ သူတော်ကောင်းသည် ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ကျင့်စဉ်ကို ပြည့်ပြည့်စုံစုံ ကျင့်သုံးပြီးပင် ဖြစ်ပေသည်။[၆၉၄]

သို့သော် အချို့အချို့သော ဆရာမြတ်တို့ကား ''မြင်လျှင် မြင်သည့် နေရာမှာသာ စိတ်ကို ထားပါ၊ နောက်ထပ် ဒီအာရုံပေါ်မှာ စိတ်တွေ မဖြစ်ပါစေနဲ့''ဟု ဆိုဆုံးမကြ၏၊ ဤအချက်နှင့် ပတ်သက်၍ အနည်းငယ် ရှင်းလင်းတင်ပြ လိုပေသည်။

''ဧကန်အားဖြင့် စက္ခုဝိညာဏ်စိတ်သည်သာလျှင် ရူပါရုံကို မြင်ခြင်း ဒဿနကိစ္စကို ပြီးစီးစေနိုင်၏''။[၆၉၅] ''မြင်လျှင် မြင်သည့်နေရာမှာသာ စိတ်ကို ထားပါ၊ နောက်ထပ် ဒီအာရုံပေါ်မှာ စိတ်တွေ ထပ်မဖြစ်စေရ''ဟု ဆိုသဖြင့် ထိုစကားကို အဓိပ္ပါယ်ပြန်လိုက်လျှင် ယင်းရူပါရုံပေါ်၌ စက္ခုဝိညာဏ်သာ ဖြစ်ပါစေ၊ ကျန်ဝီထိစိတ်များ မဖြစ်ပါစေနဲ့ဟု ဆိုရာရောက်၏၊ သာဝကတစ်ဦးသည် ထိုကဲ့သို့ ဖြစ်အောင် ကျင့်နိုင်ပါသလားဟု မေးရန် ရှိ၏၊ အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏ ..။

''ကိရိယာမနောဓာတ် အမည်ရသော ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် အကယ်၍ ဘဝင်ကို လည်စေနိုင်သည် ရပ်တန့်စေနိုင်သည် ဖြစ်အံ့၊ ယင်းသို့ ဘဝင်ကို လည်စေနိုင် ရပ်တန့်စေနိုင်ခဲ့သော် ဝုဋ္ဌောသို့ မရောက်မူ၍သာလျှင် စပ်ကြားကာလ၌ စက္ခုဝိညာဏ်၌သော်လည်းကောင်း သမ္ပဋိစ္ဆိုင်း၌သော်လည်းကောင်း သန္တီရဏ၌သော်လည်းကောင်း ရပ်တန့်၍ ဘဝင် ပြန်ကျလတ္တံ့ဟူသော ဤအကြောင်းအရာ ဌာနသည် မရှိသည်သာတည်း။ အာရုံကို ဆုံးဖြတ်ခြင်း ဝေါဋ္ဌဗ္ဗနကိစ္စ၏ အစွမ်းဖြင့် တစ်ကြိမ်နှစ်ကြိမ်သော ဝုဋ္ဌောစိတ်တို့သည် ဖြစ်ကြကုန်၏၊''

ဤ၌ အဋ္ဌသာလိနီအဋ္ဌကထာ[၆၉၆]က ပရိတ္တာရုံဝီထိကို စံထား၍ ရေးသားတင်ပြထားပေသည်။ ထိုကြောင့်..

စက္ခုဒွါရ မနောဒွါရဟူသော ဒွါရနှစ်ခုတို့၌ ရူပါရုံသည် ရှေးရှူရိုက်ခတ်လာသည် ရှေးရှူထင်လာသည် ဖြစ်အံ့ -ယင်းရူပါရုံသည် ပရိတ္တာရုံဖြစ်အံ့ ဝုဋ္ဌောသို့ မရောက်ဘဲ, မဟန္တာရုံဖြစ်အံ့ ဇောသို့မရောက်ဘဲ, အတိမဟန္တာရုံဖြစ်အံ့ တဒါရုံသို့ မရောက်ဘဲ စပ်ကြားကာလ၌ ဝီထိစိတ်တို့၏ ရပ်တန့်သွားခြင်းမည်သည် တစ်နည်းဆိုရသော် ဘဝင်သို့ တစ်ဖန်ပြန်သက်ရောက်သွားခြင်းမည်သည် မဖြစ်စကောင်းသည်သာဖြစ်၏၊ သုတ မုတ အာရုံတို့၌လည်း နည်းတူမှတ်ပါ။ မနောဒွါရ၌ ထင်လာသော အာရုံသည် အဝိဘူတာရုံဖြစ်အံ့ ဇောသို့ မရောက်ဘဲ, ဝိဘူတာရုံဖြစ်အံ့ တဒါရုံသို့ မရောက်ဘဲ စပ်ကြားကာလ၌ ဝီထိစိတ်တို့၏ ရပ်တန့်သွားခြင်းမည်သည် တစ်နည်းဆိုရသော် ဘဝင်သို့ တစ်ဖန် ပြန်သက်ရောက် သွားခြင်းမည်သည် မရှိစကောင်းသည်သာ ဖြစ်၏၊

ဆိုင်ရာ ဒွါရ နှစ်ခုနှစ်ခု၌ ထင်လာသော အာရုံသည် –
၁။ ပရိတ္တာရုံ ဖြစ်အံ့ ဝုဋ္ဌောတိုင်အောင်,
၂။ မဟန္တာရုံ ဖြစ်အံ့ ဇောတိုင်အောင်,
၃။ အတိမဟန္တာရုံ ဖြစ်အံ့ တဒါရုံတိုင်အောင်၊

မနောဒွါရ၌ ထင်လာသော အာရုံသည် -
၁။ ဝိဘူတာရုံ ဖြစ်အံ့ တဒါရုံတိုင်အောင်,
၂။ အဝိဘူတာရုံ ဖြစ်အံ့ ဇောသို့တိုင်အောင်
ဖြစ်ပြီးမှသာလျှင် ဘဝင်သို့ သက်နိုင်၏၊ ထိုကြောင့် ..

၁။ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ = မြင်လျှင် မြင်ကာမတ္တဖြစ်အောင် ကျင့်ပါ၊
၂။ သုတေ သုတမတ္တံ ဘဝိဿတိ = ကြားလျှင် ကြားကာမတ္တဖြစ်အောင် ကျင့်ပါ၊
၃။ မုတေ မုတမတ္တံ ဘဝိဿတိ = ထိလျှင် ထိကာမတ္တဖြစ်အောင် ကျင့်ပါ၊
၄။ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတိ = သိလျှင် သိကာမတ္တဖြစ်အောင် ကျင့်ပါ၊

ဟူသည် –– မြင်လျှင် မြင်ကာမတ္တ၌သာ စိတ်ထားရမည်၊ ကြားလျှင် ကြားကာမတ္တ၌သာ စိတ်ထားရမည်၊ ထိလျှင် ထိကာမတ္တ၌သာ စိတ်ထားရမည်၊ သိလျှင် သိကာမတ္တ၌သာ စိတ်ထားရမည် = စက္ခုဝိညာဏ်မျှသာ ဖြစ်စေရမည်၊ သောတဝိညာဏ်မျှသာ ဖြစ်စေရမည်၊ ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်မျှသာ ဖြစ်စေရမည်၊ ရှေးသို့ ဆက်လက်၍ ဝီထိစိတ်များ မဖြစ်အောင် ကျင့်ရမည်ဟု ဆိုလိုသည်ကား မဟုတ်၊ အဟုတ်မှာမူ -

၁။ မြင်အပ်သောတရား မြင်တတ်သောတရား,
၂။ ကြားအပ်သောတရား ကြားတတ်သောတရား,
၃။ ထိအပ်သောတရား ထိတတ်သောတရား,
၄။ သိအပ်သောတရား သိတတ်သောတရား,

ဤတရားတို့ကို သိမ်းဆည်းပြီးလျှင် ဉာဏ်ဖြင့် ပိုင်းခြားယူပြီးလျှင် ယင်းတို့၏ အကြောင်းတရားတို့ကို ရှာဖွေလျက် အကြောင်းတရားနှင့် တကွသော ယင်း ဒိဋ္ဌ, သုတ, မုတ, ဝိညာတတရားတို့ကို လက္ခဏာယာဉ် သုံးချက်သို့ တင်၍ တွင်တွင်ကြီး ဝိပဿနာရှုပါဟုသာ ဆိုလိုရင်း ဖြစ်သည်ဟု မှတ်သားလေရာသည်။ ဒိဋ္ဌ သုတ မုတ ဝိညာတ တရားတို့၌ ရာဂ ဒေါသ မောဟတို့ မဖြစ်အောင် ကျင့်သည့် ကျင့်ထုံးဥပဒေသကြီး တစ်ခုပင် ဖြစ်သည်။

ဘုရားရှင်၏ သာသနာတော်မြတ်ကြီးနှင့် အလွဲကြီး မလွဲရအောင် .., အရှင်ဗာဟိယဒါရုစိရိယမထေရ်မြတ် အရှင်မာလုကျပုတ္တမထေရ်မြတ် အစရှိသော ရဟန္တာအရှင်မြတ်ကြီးတို့ ခိုလှုံစံဝင်တော်မူရာဖြစ်သော အရဟတ္တဖိုလ် နိဗ္ဗာန်ကို မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင်လျှင် ကိုယ်တိုင်မျက်မှောက်ပြု၍ နေနိုင်အောင် .. ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေသောဝ် .....။

ပဋိစ္စသမုပ္ပါဒ်ပိုင်း (က) 

(ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း)

သေသူနှင့် ရှင်သူ

* သည်းချာသားလှ၊ သဘောကျလော့ – ဗာလအမှု၊ ဒုစရိတ၊ ဒုကမ္မဖြင့်၊ ပါပမလျော်၊ မသူတော်ကား၊ နေသော် နေမှား၊ သွားသော် သွားဆိုး၊ မကောင်းကျိုးတိ၊ ကြိုးသို့လည်းငြိ၊ ဘေးသာ ထိရှင့် – ပြုမိသမျှ၊ အပြစ်ရခဲ့ ....။

(မဃဒေဝ၊ စာပိုဒ်၊၂၈၁။)

* တန်ခိုး ပေါ်ထင်၊ ကုသိုလ်ရှင်မှ၊ လူတွင် မညှိုး၊ စည်းစိမ် ဖြိုး၏၊ ကျင့်ရိုးအရှိ၊ လမ်းမှန်သိလော့၊ လောကိချမ်းသာ၊ နောင်ဖို့ ရှာသည့်၊ ပညာရှိပေါင်း၊ သူမြတ်ကောင်းတို့၊ နှစ်ထောင်းဝမ်းသာ၊ ပြုအပ်စွာရှင့်၊ လူ့ရွာ နောက်နောင်၊ ကြံတိုင်း အောင်လိမ့်၊ သားမောင် သက်နှင်း၊ ကျင့်မပျင်းနှင့်၊ ကြောင်းရင်းကြမ္မာ၊ ကံမပါလျှင်၊ ကြံရာမပြီး၊ အချည်းနှီးဖြင့်၊ ပျက်စီးတတ်စွာ၊ မချွတ်ရာတည့်၊ ကလျာဏာ-ကလျာဏ၊ ကျင့်ကမ္မဖြင့်၊ ပုည, ပါပ၊ ကိစ္စအမှု၊ ခွဲဝေရှုသော်၊ အကုသိုလ်, ကုသိုလ်၊ နှစ်ခုကိုလည်း၊ မပြုလိုခဲ၊ ပြုလိုရဲ၏၊ ကံမွဲမပြောင်၊ ကံမဆောင်လျှင်၊ ဂုဏ်ရောင် မလှ၊ မထွန်းပဘူး၊ ဒုက္ခလူ့ဘောင်၊ ဆင်းရဲခေါင်လိမ့်၊ ကျင့်ဆောင် မယုတ်၊ စောင့် ကိုယ်,နှုတ်နှင့်၊ ဥပုသ်ဗြဟ္မ၊ စရိယလည်း၊ ကာလအစဉ်၊ အမြဲယှဉ်လော့၊ ဖဲကြဉ်စေတနာ၊ တစ်ညစာဖြင့်၊ အင်္ဂါမပျက်၊ နေ့တစ်ဝက်မျှ၊ ကျိုးစက်လွန်အောင်၊ မင်းဖြစ်ဆောင်၏၊ (မဃဒေဝ၊ စာပိုဒ်၊၂၈၉။)

* ဆယ်ပါးပညတ်၊ ကုသိုလ်ရပ်ကို၊ ပြုအပ်ပြီးသည်၊ လူတမည်ကား၊ လူ့ပြည်, နတ်ပွဲ၊ ရမခဲတည်း၊ ယူစွဲမုချ၊ ယွင်းမခွဘူး။ – ဒါန သီလ၊ ကုသလ၌၊ လုံ့လ လွှတ်လျော့၊ လေးဖင့်ပေါ့၍၊ မေ့လျော့သောသူ၊ သူသေ ဟူ၏၊ – အလှူသီတင်း၊ မကင်းဘာဝနာ၊ မချာရက်နေ့၊ မမေ့လျော့တတ်၊ ထိုသူမြတ်တို့၊ လူ, နတ် ခန္ဓာ၊ ပြောင်းလဲကာလျှင်၊ ချမ်းသာသုခ၊ မပျက်ကြကြောင့်၊ ဘဝသဘော၊ ရွေ့လျောခြင်းဟူ၊ စုတိမူလည်း၊ သေသူ မမည်၊ ဟူတုံသည်တည်း။ (မဃဒေဝ၊ စာပိုဒ်၊၂၉၁။)

* ဝိပလ္လာသ၊ ဖောက်ပြန်ကလည်း၊ မောဟ လွှမ်းပြီး၊ အယူသီး၍၊ စပါးကြီးချက်ငြိ၊ ဟူတုံဘိသို့၊ အဝီစိသွား၊ အကျင့်မှားကို၊ မြစ်တားမရ၊ ဆုံးမ မနာ၊ ရှိတတ်စွာခဲ့၊ ပညာ အားနည်း၊ သဒ္ဓါ သည်းက၊ အရည်း မည်ကာ၊ ယူမိစ္ဆာ၌၊ သဒ္ဓါ လေးမြတ်၊ ဆည်းကပ်တတ်၏၊ ပရမတ်အရာ၊ မလိမ္မာဘဲ၊ သဒ္ဓါ နုန့်နဲ၊ ပညာကဲလည်း၊ အလွဲ ပြေးဝင်၊ အမြင် ယွင်းခွ၊ တိမ်းပါးကြလျက်၊ မီးပြသမား၊ တွင်းကျွံမှားသို့၊ ဆယ်ပါးကောင်းမှု၊ လှူဝတ္ထုကို၊ စွန့်ပြု မလွှတ်၊ စိတ္တုပ္ပါဒ်မျှ၊ ဒါနအလှူ၊ မြောက်သောဟူ၍၊ အယူဖောက်လွဲ၊ မိစ္ဆာစွဲ၏၊ လိပ်ခဲပမာ၊ မြဲမြံစွာလျက်၊ သတ္တဝါတစ်ယောက်၊ ယူမှားမှောက်ကို၊ သိန်းလောက်ဘုရား၊ လှန်သောအားဖြင့်၊ ဟောကြား ချေချွတ်၊ ဖြေမလွတ်ဘူး၊ အကျွတ်မရ၊ နိယတဖြင့်၊ ဝါဒအလို၊ မြေကြီးမျိုလည်း၊ ယူကို စွန့်ဘဲ၊ အကျင့် လွဲ၍၊ ငရဲ ခံလိမ့်မည်သောကြောင့် ........။ (မဃဒေဝ၊ စာပိုဒ်၊၃၁၉။)

ပဋိစ္စသမုပ္ပါဒ်ပိုင်း (က) 

အပိုင်း (၁)

မဟာနိဒါနသုတ္တန်မှ ဗျာဒိတ်တော် အသံ

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကုရုတိုင်း ကမ္မာသဓမ္မ အမည်ရသော နိဂုံးရွာကြီးကို ဆွမ်းခံရွာအဖြစ် အမှီပြု၍ နိဂုံးရွာကြီး၏ အနီးတွင် တည်ရှိသော တောအုပ်ကြီးအတွင်း၌ သီတင်းသုံးစံနေတော်မူ၏၊ မဟာနိဒါနသုတ္တန်ကို ဟောကြားတော်မူမည့် ထိုနေ့တွင် အရှင်အာနန္ဒာ ကိုယ်တော်မြတ်သည် နေ့သန့်စင်တော်မူရာ အရပ်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလျက် သောတာပတ္တိဖလသမာပတ်ကို ဝင်စားတော်မူ၏၊ ထိုအခါဝယ် ပိုင်းခြားထားသော အချိန်ကာလ စေ့သဖြင့် သောတာပတ္တိဖလသမာပတ်မှ ထတော်မူသောအခါ ပစ္စယာကာရ အမည်ရသော ပဋိစ္စသမုပ္ပါဒ်တရားတော်၌ ဉာဏ်ကို စေလွှတ်တော်မူ၏၊ ထိုအရှင်အာနန္ဒာ ကိုယ်တော်မြတ်သည် ..

၁။ အဝိဇ္ဇာမှသည် ဇရာ-မရဏသို့ (အနုလောမ ပဋိစ္စသမုပ္ပါဒ်နည်း)
၂။ ဇရာ-မရဏမှသည် အဝိဇ္ဇာသို့ (ပဋိလောမ ပဋိစ္စသမုပ္ပါဒ်နည်း)
၃။ အစွန်းနှစ်ဖက်မှသည် အလယ်သို့ (အနုလောမ ပဋိလောမ ပဋိစ္စသမုပ္ပါဒ်နည်း)
၄။ အလယ်မှသည် အစွန်းနှစ်ဖက်သို့ (အနုလောမ ပဋိလောမ ပဋိစ္စသမုပ္ပါဒ်နည်း) –

ရောက်စေလျက် သုံးကြိမ်တိုင်တိုင် ပဋိစ္စသမုပ္ပါဒ် အင်္ဂါ (၁၂)ရပ်ကို လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်တော်မူ၏၊ ထိုသို့ ဝိပဿနာရှုပွားသုံးသပ်တော်မူသော အရှင်အာနန္ဒာကိုယ်တော်မြတ်၏ ဉာဏ်၌ ပစ္စယာကာရအမည်ရသော ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားသည် ပေါ်လွင်ထင်ရှား သကဲ့သို့ ထင်လာတော်မူ၏၊ ဤအခြင်းအရာကို အကြောင်းအတ္ထုပ္ပတ်ပြု၍ မြတ်စွာဘုရားကို တင်ပြလျှောက်ထားခဲ့သော် တရားကောင်းတစ်ပုဒ်ကို နာကြားခွင့် ရရှိလိမ့်မည်ဟူသော မျှော်မှန်းချက်ဖြင့် ညနေချမ်းအခါ ဘုရားရှင်ထံတော်သို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားရှင်အား ဤစကားကို လျှောက်ထား၏၊

''ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူပါပေသော မြတ်စွာဘုရား...အံ့ဩဖွယ် ရှိပါပေစွ ..၊ မြတ်စွာဘုရား ...မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ ..၊ မြတ်စွာဘုရား ...ဤပဋိစ္စသမုပ္ပါဒ်တရားတော်သည် အလွန်နက်လည်း နက်နဲပါ၏၊ အလွန်နက်နဲသော အသွင်လည်း ရှိပါ၏၊ သို့ဖြစ်ပါလျက် တပည့်တော်၏ ဉာဏ်ထဲ၌ တိမ်တိမ်ကလေး ကဲ့သို့ပင် ထင်နေပါသည် မြတ်စွာဘုရား''ဟု လျှောက်ထား၏၊

ထိုအခါ ဘုရားရှင်သည် အရှင်အာနန္ဒာကိုယ်တော်မြတ်အား မဟာနိဒါနသုတ္တန်ဒေသနာတော်ကို ဟောကြားပြသ ပေးတော်မူ၏၊ ထိုသုတ္တန်မှ ကောက်နုတ်ဖော်ပြလိုသော အချက်မှာ အောက်ပါအတိုင်း ဖြစ်၏ ..။

''အာနန္ဒာ ... ဤသို့ မဆိုလင့်၊ အာနန္ဒာ ... ဤသို့ မဆိုလင့်။ ဤ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် တရားတော်သည် နက်လည်း နက်နဲ၏၊ နက်နဲသည့်အတွက်ကြောင့် နက်နဲသော အသွင်လည်း ရှိ၏၊ အာနန္ဒာ... ထိုကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်တရားတော်ကို –

၁။ ဉာတပရိညာ (နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်),
၂။ တီရဏပရိညာ (သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ်),
၃။ ပဟာနပရိညာ (ဘင်္ဂဉာဏ်မှစ၍ အထက်ပိုင်း ဝိပဿနာဉာဏ်များ) –

ဟူသော ပရိညာဉာဏ်ပညာ သုံးမျိုးတို့ဖြင့် လျော်စွာ ထိုးထွင်း မသိခြင်းကြောင့်, မဂ်ဆိုက် ဖိုလ်ဆိုက် ထွင်းဖောက် မသိခြင်းကြောင့် ဤသတ္တဝါအပေါင်းသည် ဤသို့ကလောက် ရှည်လျားလှစွာသော သံသရာခရီးထဲ၌ (ကြွက်များ ကိုက်ဖြတ်ထားသဖြင့် ရှုပ်ထွေးပွေလိမ်နေသည့်) ချည်ခင်ထွေးကဲ့သို့ဖြစ်ကာ, စာပေါင်းသောင်းငှက်မ၏ အသိုက်သဖွယ် ဖြစ်ကာ, (ခြေသုတ်ကြိုးဝန်း ပြုလုပ်ထားသည့် ပြတ်တောက်နေသဖြင့် အရင်းအဖျား ရှာမရအောင် ရှုပ်ထွေး ပွေလိမ်နေသည့်) ဖြူဆံမြက် ပြိတ်မြက်ကဲ့သို့ဖြစ်ကာ မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာဖြစ်သော, အလိုအာသာဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာဖြစ်သော အပါယ်ဒုဂ္ဂတိသံသရာကိုလည်းကောင်း, အပါယ်မှကြွင်းသော သုဂတိသံသရာကိုလည်းကောင်း မကျော်လွှား မလွန်မြောက်နိုင်ဘဲ ရှိချေ၏၊''[၆၉၇]

ဤအထက်ပါ ဒေသနာတော်ကိုပင် ကိုးကား၍ အဋ္ဌကထာကြီးများ[၆၉၈]ကလည်း အောက်ပါအတိုင်း ဆုံးဖြတ်ချက် ချထားတော်မူကြပြန်၏ ..။

ဉာဏာသိနာ သမာဓိပဝရသိလာယံ သုနိသိတေန -
ဘဝစက္ကမပဒါလေတွာ၊ အသနိဝိစက္ကမိဝ နိစ္စနိမ္မထနံ။
သံသာရဘယမတီတော၊ န ကောစိ သုပိနန္တရေပျတ္ထိ။

''သမာဓိတည်းဟူသော မြတ်သော ကျောက်ဖျာထက်၌ မြမြထက်အောင် ကောင်းစွာ သွေး၍ ထားအပ်သော ဉာဏ်တည်းဟူသော သန်လျက်ဖြင့် မိုးကြိုးစက်ဝန်းကဲ့သို့ သတ္တဝါတို့ကို အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်တတ်သော ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်ကို မဖောက်ခွဲနိုင်ဘဲ သံသရာဝဋ်ဆင်းရဲဘေးဆိုးကြီးကို ကျော်လွှားလွန်မြောက်သွားနိုင်သော တစ်စုံတစ်ယောက်သော သူ မည်သည် အိပ်မက်၏ အတွင်း၌သော်မျှလည်း မရှိခဲ့စဖူးပေ။''

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာတို့နှင့် အညီ တရားစစ် တရားမှန်ကို လိုလားတောင့်တလျက်ရှိသော နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကြီးကို အရယူလိုသည့် အာသာဆန္ဒ ပြင်းပြလျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်သည် ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို အနုဗောဓဉာဏ် အမည်ရသော ဉာတပရိညာ၊ ပဋိဝေဓဉာဏ် အမည်ရသော တီရဏပရိညာ ပဟာနပရိညာ၊ ဤပရိညာဉာဏ်ပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိအောင် ကြိုးပမ်းရတော့မည်သာ ဖြစ်၏၊ အနုဗောဓဉာဏ်ဖြင့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ မသိခြင်းကြောင့် ပဋိဝေဓဉာဏ်ဖြင့် မဂ်ဆိုက်ဖိုလ်ဆိုက်သည့်တိုင်အောင် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိခြင်းကြောင့် သံသရာမှ မကျော်လွှား မလွန်မြောက်နိုင်ဟု ဘုရားရှင်ကိုယ်တော်တိုင်က ဟောကြားထားတော်မူခြင်းကြောင့် သံသရာမှ လွတ်မြောက်ရေးအတွက် အနုဗောဓသိ ပဋိဝေဓသိတို့ဖြင့် အသိကြီး သိအောင် ကြိုးပမ်းရတော့မည်သာ ဖြစ်၏၊ အနုမာန မှန်းဆ၍သာ သိအောင် ကြိုးစားအားထုတ်ရမည်လည်း မဟုတ်၊ ဆရာအပြောနှင့်သာ ပါးစပ်ဟကာ လွမ်းနေရမည့် လုပ်ငန်းခွင်လည်း မဟုတ်ဟု သဘောပေါက်ပါလေ။

သောတာပန်ဟူသည်

နက်ယောင်နှင့် နက်, ခက်ယောင်နှင့် ခက်လျက်ရှိသော ဤပဋိစ္စသမုပ္ပါဒ် ကြောင်း-ကျိုး-ဆက်နွယ်မှုသဘော တရားသည် အဘယ်အကြောင်းကြောင့် အရှင်အာနန္ဒာ ကိုယ်တော်မြတ်၏ အသိဉာဏ်၌ ''တိမ်သကဲ့သို့ လွယ်သကဲ့သို့'' ပေါ်လွင်ထင်ရှား၍ နေရပါသနည်းဟု မေးရန်ရှိ၏၊ အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏ ..။

နက်ယောင်နှင့် နက်, ခက်ယောင်နှင့် ခက်လျက်ရှိသော ဤကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားသည် အရှင်အာနန္ဒာ ကိုယ်တော်မြတ်၏ အသိဉာဏ်၌ လေးမျိုးသော အကြောင်းတရားတို့ကြောင့် ပေါ်လွင်ထင်ရှားသကဲ့သို့ ဖြစ်၍ တည်ရှိနေပေသည်။ အဘယ်အကြောင်းတရား လေးမျိုးတို့နည်းဟူမူ –

၁။ ပုဗ္ဗူပနိဿယသမ္ပတ္တိ = ရှေးရှေးဘဝက ဖြည့်ကျင့်ဆည်းပူးအပ်ခဲ့သော ပါရမီတရားအပေါင်းနှင့် ပြည့်စုံခြင်း,
၂။ တိတ္ထဝါသ = သာသနာတော်၏ ဆိပ်ကမ်းကောင်းကြီးများကို အမြဲမပြတ် မှီဝဲဆည်းကပ်ခြင်း,
၃။ သောတာပန္နတာ = သောတာပန်ဖြစ်တော်မူခြင်း,
၄။ ဗဟုဿုတဘာဝ = ဗဟုဿုတများပြားတော်မူခြင်း –

ဤအကြောင်းတရား (၄)မျိုးတို့ကြောင့် နက်ယောင်နှင့် နက်, ခက်ယောင်နှင့် ခက်လျက်ရှိသော ဤကြောင်းကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားသည် အရှင်အာနန္ဒာ ကိုယ်တော်မြတ်၏ အသိဉာဏ်၌ ပေါ်လွင် ထင်ရှားသကဲ့သို့ တည်ရှိနေပေသည်။[၆၉၉]

ပြည့်စုံတော်မူ၏၊ အရှင်အာနန္ဒာ ကိုယ်တော်မြတ်သည် ဘုရားရှင်ထံသို့ ဖြစ်စေ, အရှင်သာရိပုတ္တရာ အရှင်မဟာ မောဂ္ဂလ္လာန် အရှင်မဟာကောဋ္ဌိက အရှင်ပုဏ္ဏ အစရှိသော အဂ္ဂသာဝက မဟာသာဝကကြီးများထံသို့ ဖြစ်စေ ဤဆရာမြတ်ကြီးတို့၏ အထံ၌ ..

(က) ဥဂ္ဂဟဏ = ပါဠိတော်ကို သင်ယူခြင်း,
( ခ ) သဝန = ပါဠိတော်၏အနက် (= အတ္ထကထာ = အဋ္ဌကထာ)ကို ကြားနာခြင်း,
( ဂ ) ပရိပုစ္ဆန = အထုံးအဖွဲ့သဖွယ် ခက်ခဲသောအရာဌာနတို့၌ အနက်အဓိပ္ပါယ် အတ္ထကထာ (= အဋ္ဌကထာ)ကို ထပ်မံမေးမြန်းခြင်း,
(ဃ) ဓာရဏ = ပါဠိတော်ကိုလည်းကောင်း, ပါဠိတော်၏အနက် အဋ္ဌကထာကိုလည်းကောင်း စိတ်၌ ထားခြင်း = နှုတ်ငုံဆောင်ထားခြင်း –

ဤသို့လျှင် ပဋိစ္စသမုပ္ပါဒ်ပိုင်းဆိုင်ရာ ဤပါဠိတော် အဋ္ဌကထာတို့ကို စနစ်တကျ သင်ယူထားတော်မူပေသည်။ နှုတ်တက်ရအောင် ဆောင်ထားတော်မူသည်။

၁။ ပုဗ္ဗူပနိဿယသမ္ပတ္တိ = အရှင်အာနန္ဒာကိုယ်တော်မြတ်သည်ကား ပဒုမုတ္တရဘုရားရှင်၏ သာသနာတော်တွင်းမှ စတင်၍ ကမ္ဘာတစ်သိန်းနှင့် ချီလျက် ဧတဒဂ်ငါးတန် ဘွဲ့ထူးခံနိုင်ရန်အတွက် ပါရမီအလီလီတို့ကို ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့၏၊ ထို့ကြောင့် အရှင်အာနန္ဒာ ကိုယ်တော်မြတ်၏ သန္တာန်၌ ဧတဒဂ်ငါးတန် ဘွဲ့ထူးခံနိုင်သည့် မဟာသာဝကဗောဓိဉာဏ်အတွက် ရည်ရွယ်တောင့်တ၍ ရှေးရှေးဘဝပေါင်းများစွာက ဖြည့်ကျင့်ဆည်းပူးအပ်ခဲ့သော ပါရမီတရားအပေါင်းသည်လည်း ပြည့်ဝစုံညီလျက် ရှိနေ၏၊ အထူးသဖြင့် အရှင်အာနန္ဒာ ကိုယ်တော်မြတ်သည် သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်တော်မူသည်နှင့် တစ်ပြိုင်နက်တည်း ပဋိသမ္ဘိဒါဉာဏ်တော်မြတ် (၄)ပါးတို့ကိုပါ ပူးတွဲရရှိတော်မူသည့် သူတော်ကောင်းတစ်ဦး ဖြစ်၏၊ ပဋိသမ္ဘိဒါဉာဏ်တော်မြတ် (၄)ပါးတို့ကို ရရှိတော်မူကြသည့် အရိယာသူတော်ကောင်းတို့သည် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်အတွင်း၌ ဖြည့်ကျင့်ရမည့် အင်္ဂါရပ်များကို လက္ခဏာဒိစတုက္ကပိုင်း[၇၀၀]တွင် ဖော်ပြထား၏၊ ယင်းအင်္ဂါရပ်တို့တွင် ဤ၌ ပြောဆိုလိုသော အချက်မှာ ပုဗ္ဗယောဂအင်္ဂါရပ်ပင် ဖြစ်သည်။ ပုဗ္ဗယောဂဟူသည် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်အတွင်း၌ အတိတ် အနာဂတ် ပစ္စုပ္ပန်စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဒုက္ခသစ္စာ အမည်ရသည့် ဥပါဒါနက္ခန္ဓာ ငါးပါး (= ရုပ်တရား-နာမ်တရား)တို့ကိုလည်းကောင်း, သမုဒယသစ္စာ အမည်ရသည့် ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကိုလည်းကောင်း လက္ခဏာရေးသုံးတန်သို့ တင်ကာ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းထားပြီးခြင်းကို ဆိုလိုပေသည်။ ထို့ကြောင့် အရှင်အာနန္ဒာကိုယ်တော်မြတ်သည် ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့နှင့် ပတ်သက်၍ အတွေ့အကြုံ များစွာ ရှိထားပြီးသည့် ရှေးကောင်းမှုကုသိုလ် ဥပနိဿယနှင့် ပြည့်စုံထားပြီးသည့် သူတော်ကောင်းတစ်ဦး ဖြစ်ပေသည်။ ဤသည်မှာလည်း အကြောင်းတစ်ရပ်ဖြစ်၏၊

၂။ တိတ္ထဝါသ = နိဗ္ဗာန်သို့သွားရာ ဆိပ်ကမ်းကောင်းကြီးများကို တိတ္ထ-ဟု ဆို၏၊ သာသနာတော်တွင် နိဗ္ဗာန်သို့ သွားရာလမ်းကို စနစ်တကျ ညွှန်ကြားပြသပေးတော်မူတတ်သော သမ္မာသမ္ဗုဒ္ဓဘုရားရှင်နှင့် အဂ္ဂသာဝက မဟာသာဝက ကြီးတို့သည်လည်း နိဗ္ဗာန်ဟူသည့် ထိုမှာဘက်ကမ်းသို့ ကူးသွားဖို့ရန် ဆိပ်ကမ်းကြီးများနှင့် တူသောကြောင့် တိတ္ထဟူသော အမည်ထူးကို ရရှိတော်မူကြ၏၊ ယင်းတိတ္ထ အမည်ရရှိတော်မူကြသော ဆရာသမားတို့ထံသို့ ချဉ်းကပ် မှီခိုလျက် နေထိုင်ခြင်းကို တိတ္ထဝါသဟု ဆို၏၊ အရှင်အာနန္ဒာ ကိုယ်တော်မြတ်ကား ယင်းတိတ္ထဝါသဟူသော ဂုဏ်ထူးနှင့်လည်း

ထေရဂါထာပါဠိတော်[၇၀၁]၌ လာရှိသည့်အတိုင်း .. အရှင်အာနန္ဒာ ကိုယ်တော်မြတ်သည် ဘုရားရှင်၏ ထံတော် မှောက်မှ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းနှစ်ထောင်ကို သင်ယူတော်မူခဲ့၏၊ ဓမ္မက္ခန္ဓာပေါင်း နှစ်ထောင်ကို အရှင်သာရိပုတ္တရာ အစရှိသော မထေရ်ကြီး ရဟန်းတော်တို့ထံမှ သင်ယူတော်မူခဲ့၏၊ ဥပမာ - ဘုရားရှင်သည် အဘိဓမ္မာဒေသနာတော်ကို တာဝတိံသာနတ်ပြည်၌ အကျယ်အားဖြင့် ဟောကြားတော်မူခဲ့၏၊ တစ်ဖန် ယင်းဒေသနာတော်ကို အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးအား အကျဉ်းအားဖြင့် ထပ်မံ ဟောကြားတော်မူပြန်၏၊ တစ်ဖန် အရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးက ကဿပဘုရားရှင်၏ လက်ထက်တော်က လင်းနို့သား ငါးရာ ဖြစ်ခဲ့ဖူးကြသည့် မိမိ၏ တပည့် ရဟန်းတော် ငါးရာတို့အား ယင်းအဘိဓမ္မာဒေသနာတော်ကို မကျဉ်းမကျယ်အားဖြင့် ထပ်မံ၍ သင်ကြားပို့ချပေးတော်မူခဲ့၏၊ ယခု သင်္ဂါယနာမူများမှာ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏ မကျဉ်း မကျယ် ဟောကြားထားတော်မူသည့် ဒေသနာတော်များပင် ဖြစ်ကြပေသည်။ ယင်းအဘိဓမ္မာဒေသနာတော်ကိုလည်း အရှင်အာနန္ဒာ ကိုယ်တော်မြတ်ကြီးက သင်ယူထားပြီးပင် ဖြစ်သည့်အတွက် ပထမသင်္ဂါယနာတင်ပွဲတွင် သုတ္တန်နှင့် အဘိဓမ္မာဒေသနာတော်ကို အရှင်အာနန္ဒာ ကိုယ်တော်မြတ်က ဦးဆောင်တော်မူနိုင်ခဲ့ခြင်း ဖြစ်ပေသည်။ တစ်ဖန် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးသည်လည်း သမထဝိပဿနာပိုင်းဆိုင်ရာ ကျင့်စဉ်အရပ်ရပ်တို့ကို နည်းမျိုးစုံစွာ ချဲ့ထွင်ကာ ဟောကြားထားတော်မူသည့် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး၏ ဒေသနာတော်တစ်ခုပင် ဖြစ်၏၊ အလားတူပင် မဟာဟတ္ထိပဒေါပမသုတ္တန်[၇၀၂] အစရှိသော သုတ္တန်အချို့ကိုလည်း အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည် ဟောကြားထားတော်မူခဲ့၏၊ ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်နှင့် တကွ ယင်းသုတ္တန်တို့ကိုလည်း အရှင်အာနန္ဒာ ကိုယ်တော်မြတ်သည် သင်ယူထားတော်မူပြီး ဖြစ်သည့် အတွက် ပထမသင်္ဂါယနာတင်ပွဲတွင် သုတ္တန်ဒေသနာတော်ကို သင်္ဂါယနာတင်ရာ၌ ဦးဆောင်တော်မူနိုင်ခဲ့ခြင်း ဖြစ်ပေသည်။ တစ်ဖန် မဟာဝေဒလ္လသုတ္တန်[၇၀၃]မှာလည်း ပဋိသမ္ဘိဒါဉာဏ် (၄)ပါးတို့ကို ရရှိတော်မူကြသည့် အရိယာ သူတော်ကောင်းတို့တွင် ဧတဒဂ်ဘွဲ့ထူးကို ဆင်မြန်းထားတော်မူသည့် အရှင်မဟာကောဋ္ဌိက မထေရ်မြတ်ကြီးနှင့် ပညာအရာတွင် ဧတဒဂ်ဘွဲ့ထူးကို ခံယူတော်မူထားသည့် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးတို့၏ ခေါင်းချင်း ရိုက်ကာ ဆွေးနွေးထားတော်မူသည့် သုတ္တန်ဒေသနာတော်တစ်ခုပင် ဖြစ်ပေသည်။ တစ်ဖန် ရထဝိနီတသုတ္တန်[၇၀၄]မှာလည်း အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး၏ အမေးကို ဖြေကြားထားတော်မူသည့် ဓမ္မကထိကအကျော်အမော် မန္တာဏီ ပုဏ္ဏေးမ၏သား အရှင်ပုဏ္ဏမထေရ်မြတ်၏ အဖြေဒေသနာတော်များပင် ဖြစ်ပေသည်။ တစ်ဖန် အရှင်အာနန္ဒာ ကိုယ်တော်မြတ်သည် ပထမဝါတွင် ဘုရားရှင်၏ထံတော်မှ ကမ္မဋ္ဌာန်းတရားကို သင်ယူတော်မူပြီးနောက် သမထ ဝိပဿနာ ဘာဝနာများကို အပြင်းအထန် ကြိုးစားအားထုတ်တော်မူလေရာ တစ်နေ့တွင် မန္တာဏီပုဏ္ဏေးမ၏သား ဖြစ်တော်မူသော အရှင်ပုဏ္ဏမထေရ်ထံမှ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်တွင် လာရှိသည့် အာနန္ဒသုတ္တန် တရားဒေသနာတော်[၇၀၅]ကို နာကြားခွင့် ရရှိသည့်အတွက် သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်တော်မူခဲ့၏၊ ယင်းအရပ်ရပ်သော သုတ္တန်တို့ကိုလည်း အရှင်အာနန္ဒာ ကိုယ်တော်မြတ်သည် သင်ယူထားတော်မူပြီး ဖြစ်သည့်အတွက် ပထမသင်္ဂါယနာတင်ပွဲတွင် သုတ္တန်ဒေသနာတော်ကို သင်္ဂါယနာတင်ရာ၌ ဦးဆောင်တော်မူနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

စတုရာသီတိ သဟဿာနိ၊ ယေ မေ ဓမ္မာ ပဝတ္တိနော။ (ထေရဂါထာ၊၃၄၇၊ ဂါထာနံပါတ်၊၁၀၂၇။)

ယခုကဲ့သို့ တိတ္ထဝါသ အမည်ရတော်မူကြသည့် နိဗ္ဗာန်သို့သွားရာ သာသနာဆိပ်ကမ်းကောင်းကြီးများကို မှီဝဲ ဆည်းကပ်နေထိုင်ခြင်းဟူသော ဤအကြောင်းကြောင့်လည်း အရှင်အာနန္ဒာ ကိုယ်တော်မြတ်ကြီး၏ အသိဉာဏ်၌ နက်ယောင်နှင့် နက်သော, ခက်ယောင်နှင့် ခက်သော ဤပဋိစ္စသမုပ္ပါဒ်သဘောတရားသည် ပေါ်လွင်ထင်ရှားသကဲ့သို့ တိမ်သကဲ့သို့ တည်ရှိနေပေသည်။[၇၀၆]

၃။ သောတာပန္နတာ = သောတာပန်ဖြစ်တော်မူခြင်း၊
သောတာပန်သာ မှန်ပါစေ၊ သောတာပန်ပုဂ္ဂိုလ်တို့၏ သန္တာန်၌လည်း ပစ္စယာကာရ အမည်ရသော ကြောင်းကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားမည်သည် ပေါ်လွင်ထင်ရှားသည်ဖြစ်၍သာလျှင် တည်နေပေ၏၊ အကြောင်းမူ ထိုသမုဒယသစ္စာ အမည်ရသော ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရား၌ မသိအောင် ဖုံးလွှမ်းထားတတ်သည့် မောဟတရားကို သောတာပတ္တိမဂ်ဉာဏ်က အပြီးတိုင် ဖျက်ဆီး ပယ်သတ်ထားပြီး ဖြစ်ရကား ''သမုဒယဓမ္မ မှန်သမျှသည် (= အကြောင်း သမုဒယသစ္စာတရားကြောင့် ထင်ရှားဖြစ်ပေါ်လာကြရသည့် အကျိုး ဒုက္ခသစ္စာဓမ္မ မှန်သမျှသည်) ချုပ်ပျက်နေသည့် နိရောဓဓမ္မသာတည်း''ဟု ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်သည်၏ အစွမ်းဖြင့် အသိဉာဏ်၌ ထင်ရှားနေသောကြောင့်တည်း။ အရှင်အာနန္ဒာ ကိုယ်တော်မြတ်သည်လည်း သောတာပန်ဖြစ်တော်မူ၏၊[၇၀၇] ထို့ကြောင့် အရှင်အာနန္ဒာ ကိုယ်တော်မြတ်၏ အသိဉာဏ်၌ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတည်းဟူသော သမုဒယသစ္စာတရားတို့သည် ပေါ်လွင်ထင်ရှား၍ နေပေသည်။

ယောဂါဝစရပုဂ္ဂိုလ်သည် မိမိကိုယ်ကို မိမိ သောတာပန်ဟု ယူဆလျှင် ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်လျက် သိ-မသိကို မိမိကိုယ်ကို မိမိ မေးကြည့်ပါ။ ထိုသို့ မေးကြည့်ရာ၌ ..

အတိတ်က ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံဟူသော အကြောင်းတရား ငါးပါး သမုဒယသစ္စာတရားကြောင့် ဝိညာဏ်-နာမ်ရုပ်-သဠာယတန-ဖဿ-ဝေဒနာဟူသော ပစ္စုပ္ပန်အကျိုးတရား ငါးပါး ဒုက္ခသစ္စာတရားထင်ရှားဖြစ်ပုံကိုလည်းကောင်း, ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော အဝိဇ္ဇာ-တဏှာ-ဥပါဒါန်သင်္ခါရ-ကံဟူသော အကြောင်းတရားငါးပါး သမုဒယသစ္စာတရားကြောင့် နောင်အနာဂတ်တွင် ဝိညာဏ်-နာမ်ရုပ်သဠာယတန-ဖဿ-ဝေဒနာဟူသော အကျိုးတရားငါးပါး ဒုက္ခသစ္စာတရား ထင်ရှားဖြစ်ပုံကိုလည်းကောင်း –

သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိပါ၊ ဆရာ့အပြောနှင့်သာ လွမ်းနေရသည့် အဆင့်တွင်သာ ရှိပါသေးသည်ဟု အဖြေထွက်ခဲ့လျှင် ဗေဒင်မေးစရာ မလိုပါ၊ မိမိကိုယ်ကို မိမိ ဘုရားရှင် ဆိုလိုသော သောတာပန်အစစ်ကား မဟုတ်သေးဟုသာ ဆုံးဖြတ်ပါ။ အကြောင်းမူ - ဘုရားရှင်၏ တပည့်သား သာဝကအစစ် ဖြစ်တော်မူကြကုန်သော အရိယာသူတော်ကောင်းတို့သည် ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တော်မူပြီး ဖြစ်သောကြောင့်တည်း။

၄။ ဗဟုဿုတဘာဝ = ဗဟုဿုတများပြားတော်မူခြင်း၊
လေးတောင်ခန့်ရှိသော တိုက်ခန်း၏အတွင်း၌ ဆီမီးကို ညှိထွန်းလိုက်သည်ရှိသော် ယင်းတိုက်ခန်း၏အတွင်း၌ တည်ရှိသော ခုတင်ညောင်စောင်း, ကုလားထိုင်အင်းပျဉ်ကို ထင်ထင်ရှားရှား တွေ့မြင်ရသကဲ့သို့ – ဤဥပမာအတူပင် ဗဟုဿုတရှိသော ပုဂ္ဂိုလ်တို့၏ အသိဉာဏ်၌ အကြောင်းတရားနှင့် တကွသော နာမ်ရုပ်ကို ပိုင်းပိုင်းခြားခြားသိမှုသည် = နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်သည် ထင်ရှားနေသည်သာဖြစ်၏၊ ဤအရှင်အာနန္ဒာ ကိုယ်တော်မြတ်သည်လည်း ဗဟုဿုတရှိ ကြကုန်သော ရဟန်းတော်အပေါင်းတို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ်ဘွဲ့ရပုဂ္ဂိုလ် ဖြစ်တော်မူ၏၊ ယင်းဗာဟုဿစ္စမင်္ဂလာ၏ စွမ်းအားရှိန်စော် အာနုဘော်ကြောင့်လည်း အရှင်အာနန္ဒာကိုယ်တော်မြတ်၏ အသိဉာဏ်၌ နက်ယောင်နှင့် နက်, ခက်ယောင်နှင့် ခက်သော ပစ္စယာကာရအမည်ရသော ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားသည်လည်း ပေါ်လွင်ထင်ရှားသကဲ့သို့ တိမ်သကဲ့သို့ တည်ရှိနေပေသည်။[၇၀၈]

ဗဟုဿုတဟူသည်

ရဟန်းတို့ ...အကြားအမြင် သုတဥစ္စာဟူသည် အဘယ်နည်း?

ရဟန်းတို့ ...ဤသာသနာတော်၌ အရိယာတပည့်သည် တစ်နည်း - အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည် အကြား+အမြင် = ဗဟုဿုတကို ဆောင်ထား၏၊ အကြား+အမြင် = ဗဟုဿုတကို ဆည်းပူး၏၊ (သီလကျင့်စဉ်ဟူသော) အစ၏ကောင်းခြင်း, (သမာဓိကျင့်စဉ်ဟူသော) အလယ်၏ကောင်းခြင်း, (ပညာကျင့်စဉ် ဟူသော) အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်လည်းပြည့်စုံ သဒ္ဒါနှင့်လည်းပြည့်စုံသော အပိုအလိုမရှိ ထက်ဝန်းကျင် ပြည့်စုံသော ထက်ဝန်းကျင်စင်ကြယ်သော သီလ-သမာဓိ-ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဟူသော သာသနဗြဟ္မစရိယ, အရိယမဂ်တည်းဟူသော မဂ္ဂဗြဟ္မစရိယ ဤနှစ်မျိုးသော ဗြဟ္မစရိယဟူသော မြတ်သော အကျင့်ကို ဖော်ပြတတ်သော တရားဒေသနာတော်တို့ကို များစွာ ကြားနာဖူး၏၊ အာဂုံဆောင်ထား၏၊ နှုတ်ဖြင့် လေ့ကျက်ထား၏၊ စိတ်ဖြင့် အဖန်ဖန် အထပ်ထပ် ရှုပွားထား၏၊ ပရမတ္ထ တရားကိုယ် အနက်သဘောအားဖြင့်လည်းကောင်း, အကြောင်းတရားအားဖြင့် လည်းကောင်း သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ထား၏၊ ရဟန်းတို့ ...ဤသည်ကို အကြားအမြင် သုတဥစ္စာဟူ၍ ဆိုအပ်၏၊[၇၀၉]

ဤဒေသနာတော်များနှင့်အညီ အကြား+အမြင် = ဗဟုဿုတရှိသော = အာဂမသုတဟူသော သင်သိ = အကြား, အဓိဂမသုတဟူသော ကျင့်သိ = အမြင်ရှိသော သူတော်ကောင်းသည်လည်း နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိထားပြီးသာဖြစ်သည်။ ဗဟုဿုတရှိသူကား ဒုက္ခသစ္စာ အမည်ရသည့် ဥပါဒါနက္ခန္ဓာငါးပါး ရုပ်တရားနာမ်တရားတို့ကိုလည်း ပရမတ်သို့ဆိုက်အောင် ပရမတ္ထ တရားကိုယ် အနက်သဘောအားဖြင့် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ထားပြီး ဖြစ်၏၊ သမုဒယသစ္စာ အမည်ရသည့် အကြောင်း တရားတို့ကိုလည်း သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ထားပြီး ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဤကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားသည် ပေါ်လွင်ထင်ရှားစွာ တည်ရှိ နေပေသည်။

ထို့ကြောင့် သောတာပန်အစရှိသော အရိယာသူတော်ကောင်းဖြစ်ရေးအတွက်လည်းကောင်း၊ သံသရာဝဋ်ဆင်းရဲ ဒုက္ခမှ ကျော်လွှားလွန်မြောက်နိုင်ရေးအတွက်လည်းကောင်း ယောဂါဝစရပုဂ္ဂိုလ်သည် ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးပမ်းရတော့မည်ဖြစ်၏၊ ပရိညာပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိအောင် ကြိုးပမ်းရတော့မည် ဖြစ်၏၊ ပရိညာတို့သည်ကား လောကီပရိညာ လောကုတ္တရာပရိညာဟု နှစ်မျိုး ပြား၏၊ တစ်ဖန် လောကီပရိညာ သုံးမျိုး လောကုတ္တရာပရိညာ သုံးမျိုးဟု သုံးမျိုးစီ ရှိပြန်၏၊

လောကီပရိညာ သုံးပါး

၁။ ဉာတပရိညာ – အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာမရဏစသော ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ဉာဏ်ဖြင့် ကြိတ်ခြေနိုင် သိမ်းဆည်းရှုပွားနိုင်လျှင် ထိုဉာဏ်မှာ နာမရူပပရိစ္ဆေဒဉာဏ်ပင်တည်း။

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ၊ ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပုံ စသည့် ကြောင်းကျိုး-ဆက်နွယ်မှု သဘောကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်လျှင် ထိုအသိဉာဏ်မှာ ပစ္စယပရိဂ္ဂဟဉာဏ် ပင်တည်း။ ယင်းနာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်မျိုးတို့သည်ကား ဉာတပရိညာ မည်၏၊ ဝိပဿနာ ဉာဏ်၏ အရှုခံအာရုံ ဖြစ်ကြသော သိသင့်သိထိုက်ကုန်သော သင်္ခါရတရားတို့ကို ပိုင်းပိုင်းခြားခြား ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း ထိုးထွင်းသိမြင်တတ်သော ဉာဏ်များ ဖြစ်ကြသောကြောင့် ယင်းဉာဏ်နှစ်ပါးတို့သည် ဉာတပရိညာ ဟူသော အမည်ကို ရရှိကြပေသည်။

၂။ တီရဏပရိညာ – အဝိဇ္ဇာ, သင်္ခါရ အစရှိသော ပဋိစ္စသမုပ္ပါဒ် အင်္ဂါ (၁၂)ရပ်တို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့ကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟုလည်းကောင်း, ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း စူးစမ်းဆင်ခြင် ဆုံးဖြတ်ချက်ချနိုင်သော သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယဉာဏ် နှစ်ပါးသည် တီရဏပရိညာ မည်၏၊ ယင်းဥဒယဗ္ဗယဉာဏ်ပိုင်းတွင် ––

၁။ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတည်းဟူသော အကြောင်း သမုဒယသစ္စာတရားများ၏ ထင်ရှားဖြစ်ခြင်း ကြောင့် ဝိညာဏ်-နာမ်ရုပ်-သဠာယတန-ဖဿ-ဝေဒနာတည်းဟူသော အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ ထင်ရှားဖြစ်ပုံကို ထိုးထွင်းသိမြင်တတ်သော ပစ္စယတော ဥဒယဒဿနဉာဏ်၊

၂။ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံတည်းဟူသော အကြောင်း သမုဒယသစ္စာတရားများ၏ (အနာဂတ်တွင် ရရှိလတ္တ့ဖြစ်သော အရဟတ္တမဂ်၏ စွမ်းအားကြောင့်) အကြွင်းအကျန် မရှိ ကုန်စင်အောင် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းကြောင့် ဝိညာဏ်-နာမ်ရုပ်-သဠာယတန-ဖဿ-ဝေဒနာတည်းဟူသော အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ ပရိနိဗ္ဗာနစုတိကို နောက်ဆုံးထားကာ အကြွင်းအကျန် မရှိ ကုန်စင်အောင် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းပုံကို ထိုးထွင်းသိမြင်တတ်သော ပစ္စယတော ဝယဒဿနဉာဏ်၊

၃။ ယင်းအကြောင်းတရား အကျိုးတရား နှစ်မျိုးလုံးတို့၏ ခဏပစ္စုပ္ပန်သဘောအားဖြင့် ဖြစ်မှုကို ထိုးထွင်းသိမြင် တတ်သော ခဏတော ဥဒယဒဿနဉာဏ်၊

၄။ ယင်းအကြောင်းတရား အကျိုးတရား နှစ်မျိုးလုံးတို့၏ ခဏပစ္စုပ္ပန်သဘောအားဖြင့် ပျက်မှု = ချုပ်မှုကို ထိုးထွင်း သိမြင်တတ်သော ခဏတော ဝယဒဿနဉာဏ် ––

ဤ (၄)မျိုးလုံးသော ဉာဏ်တို့သည် ပါဝင်တည်ရှိကြပေသည်။

ထို့ပြင် ယင်းသမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ် နှစ်မျိုးတို့သည် ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့ကိုလည်း စူးစမ်းဆင်ခြင် ဆုံးဖြတ်လျက် ပိုင်းပိုင်းခြားခြား ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း သိတတ်သော ဉာဏ်ပညာများပင် ဖြစ်ကြသည်။

၃။ ပဟာနပရိညာ – ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အပျက်သက်သက်ကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ကြိတ်ခြေနေသော ဘင်္ဂဉာဏ်မှစ၍ အထက်ပိုင်း ဝိပဿနာဉာဏ်တို့ သည်ကား ပယ်သင့်ပယ်ထိုက်သော ကိလေသာတို့ကို တဒင်္ဂအားဖြင့် ပယ်စွန့်လျက် သိသင့်သိထိုက်သော ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့ကို ပိုင်းပိုင်းခြားခြား ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း သိမြင်တတ်သော ဉာဏ်များ ဖြစ်ကြသောကြောင့် ပဟာနပရိညာဟူသော အမည်ကို ရရှိကြပေသည်။ ယင်းအထက်ပိုင်း ဝိပဿနာဉာဏ်တို့သည် ပယ်သင့်ပယ်ထိုက်သော ကိလေသာတို့ကို တဒင်္ဂအားဖြင့် ပယ်စွန့်ခြင်းတည်း ဟူသော အကြောင်းပရိယာယ်တစ်မျိုးအားဖြင့်သာ ပဟာနပရိညာဟူသော အမည်ကို ရရှိခြင်း ဖြစ်ပေသည်၊ မုချအားဖြင့် ရရှိသော အမည်ကား မဟုတ်ပေ။

ဤကား လောကီပရိညာ သုံးပါးတည်း။

လောကုတ္တရာ ပရိညာ သုံးပါး

၁။ ဤလောကီပရိညာပညာဟူသော ဝိပဿနာဉာဏ်တို့၏ အဆုံး၌ နိဗ္ဗာန်ကို အာရုံယူ၍ အရိယမဂ်တရားသည် ထင်ရှားဖြစ်ပေါ်လာသော် ယင်းအရိယမဂ်တရားသည် ပယ်သင့်ပယ်ထိုက်ကုန်သော ဆိုင်ရာဆိုင်ရာ ကိလေသာတို့ကို သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ ပယ်သတ်လျက် သိသင့်သိထိုက်သော အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော် မြတ်ကို ပိုင်းပိုင်းခြားခြား ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း ထွင်းဖောက်သိမြင်၏၊ သို့အတွက် အရိယမဂ်တရားသည် မုချအားဖြင့် ပဟာနပရိညာ ဟူသောအမည်ကို ရရှိပေသည်။

၂။ အရိယမဂ်တရားသည် အာရုံမျက်မှောက် တိုက်ရိုက်ထွင်းဖောက် သိမြင်ခြင်းဟူသော အာရမ္မဏပဋိဝေဓသဘော အားဖြင့် အသင်္ခတဓာတ် အငြိမ်းဓာတ်နိဗ္ဗာန်တရားတော်မြတ်ကြီးကို မျက်မှောက်ပြုလျက် သိ၏၊ ထိုသို့ သိရာ၌ ယင်းအရိယမဂ်တရားက သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟတရားကိုလည်း အကြွင်းမဲ့ ပယ်သတ် လိုက်၏၊ ထိုသို့ သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟတရားကို အကြွင်းမဲ့ ပယ်သတ်လိုက်သည့်အတွက် သစ္စာလေးပါးလုံးကို သိခြင်းကိစ္စလည်း တစ်ပါတည်း ပြီးစီးသွား၏၊ ယင်းသို့ ကိစ္စသိဒ္ဓိအားဖြင့် အရိယသစ္စာကို သိမှုကို အသမ္မောဟပဋိဝေဓဟု ခေါ်ဆိုပေသည်။ ထိုတွင် အရိယမဂ်တရားသည် အာရမ္မဏပဋိဝေဓသဘော (အသမ္မောဟ ပဋိဝေဓသဘော)အားဖြင့် နိရောဓသစ္စာကို သိ၏၊ ဒုက္ခသစ္စာ သမုဒယသစ္စာ မဂ္ဂသစ္စာတို့ကို အသမ္မောဟပဋိဝေဓ သဘောအားဖြင့် သိ၏၊ ထို့ကြောင့် အရိယမဂ်တရားသည် ဒုက္ခသစ္စာ အမည်ရသည့် ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့နှင့် သမုဒယသစ္စာ အမည်ရသည့် ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အချင်းချင်း ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောတရား တို့ကို သိခြင်းကိစ္စ ပြီးစီးသွားသည့် ဤအကြောင်းပရိယာယ်အားဖြင့် ဉာတပရိညာ ဟူသော အမည်ကိုလည်း ရရှိပေသည်။

၃။ တစ်ဖန် အရိယမဂ်တရားသည် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို မသိအောင် ဖုံးလွှမ်းထားသည့် မောဟတရားကိုလည်း အကြွင်းမဲ့ ပယ်သတ်လိုက်၏၊ ထို့ကြောင့် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ တစ်နည်း ပဋိစ္စသမုပ္ပါဒ်တရား တို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့ကို စူးစမ်းဆင်ခြင် ဆုံးဖြတ်ခြင်း လုပ်ငန်းကိစ္စလည်း ပြီးစီးပြီး ဖြစ်သွား၏၊ ထို့ကြောင့် အရိယမဂ်တရားသည် ဤအကြောင်းပရိယာယ်အားဖြင့် တီရဏပရိညာဟူသော အမည်ကိုလည်း ရရှိပေသည်။

ဤကား လောကုတ္တရာ ပရိညာ သုံးပါးတည်း။

ဤသို့ လောကီပရိညာ လောကုတ္တရာပရိညာတို့ဖြင့် ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရား တို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိရှိပါမှသာလျှင် အနုဗောဓသိ ပဋိဝေဓသိဟု ခေါ်ဆိုနိုင်ပေသည်။ ထိုသို့ အနုဗောဓသိ ပဋိဝေဓသိတို့ဖြင့် ယင်းကြောင်း-ကျိုးဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို အသိကြီး သိရှိပါမှသာလျှင် သံသရာဝဋ်ဆင်းရဲဒုက္ခကြီးမှ လှလှကြီး ဝဝကြီး ကျော်လွှားလွန်မြောက်နိုင်မည် ဖြစ်ပေသည်။ ဤကား အထက်ပါ မဟာနိဒါနသုတ္တန်ကောက်နုတ်ချက်၏ ဆိုလိုရင်း အဓိပ္ပါယ်တည်း။

အနုဗောဓသိ - ပဋိဝေဓသိ

အထက်တွင် ရှင်းလင်းတင်ပြထားသော လောကီပရိညာ သုံးပါး, လောကုတ္တရာပရိညာ သုံးပါးတို့ကို ပြန်လည်၍ အာရုံယူထားပါ။ ယင်းရှင်းလင်းချက်တို့မှာ သုတ်မဟာဝါအဋ္ဌကထာ[၇၁၀]နှင့် သုတ်မဟာဝါဋီကာ[၇၁၁]တို့က ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို လောကီပရိညာ သုံးပါး, လောကုတ္တရာပရိညာ သုံးပါးတို့ဖြင့် ပိုင်းပိုင်းခြားခြား ထိုးထိုးထွင်းထွင်း ရှင်းရှင်းလင်းလင်း မသိမမြင်က အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့ကို မရရှိနိုင်ကြောင်းကို ရှင်းလင်းဖွင့်ဆိုထားသော စကားရပ်တို့ပင် ဖြစ်ကြသည်။ 

နာမရူပပရိစ္ဆေဒဉာဏ်ဖြင့် ပိုင်းခြားသိရမည့် ရုပ်တရား နာမ်တရား၊ ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် ပိုင်းခြားသိရမည့် အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်ပုံ သဘောတရား - ဤသဘောတရား နှစ်မျိုးတို့ကား အနု အနု ဗုဇ္ဈနေန (= ဗုဇ္ဈနဋ္ဌေန) အနုဗောဓော - ဟူသော သုတ်မဟာဝါဋီကာ၏ ရှင်းလင်းဖွင့်ဆိုသည့်အတိုင်း တစ်ကြိမ်တစ်ခါ သိရုံမျှဖြင့် လိုရင်းကိစ္စ မပြီးနိုင်ဘဲ ကြိမ်ဖန်များစွာ ထပ်ခါထပ်ခါ သိပါမှ လိုရင်းကိစ္စ ပြီးစီးနိုင်သော ကြောင့် ယင်းနာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးကို အနုဗောဓဉာဏ်ဟု ခေါ်ဆို၏၊ ယင်းအနုဗောဓ ဉာဏ်ဖြင့် သိမှုကို အနုဗောဓသိဟု ဆိုခြင်း ဖြစ်သည်။ ဉာတပရိညာသိတည်း။

တစ်ဖန် တီရဏပရိညာ ပဟာနပရိညာ ပညာတို့ဖြင့် သိမှုကို ပဋိဝေဓသိဟု ခေါ်ဆိုပေသည်။ ဝိပဿနာဉာဏ် တို့ကား နိစ္စသညာစသည့် ကိလေသာတို့ကို တဒင်္ဂအားဖြင့်သာ ပယ်စွန့်နိုင်၍ အပြီးတိုင် အမြစ်ပြတ် သမုစ္ဆေဒအားဖြင့် မပယ်စွန့်နိုင်သောကြောင့် ဤသို့ တဒင်္ဂပယ်စွန့်နိုင်ခြင်းတည်းဟူသော အကြောင်းပရိယာယ်အားဖြင့်သာလျှင် ပဟာန ပရိညာဟူသော အမည်ကို ရရှိကြသည်။ အလားတူပင် အရိယမဂ်တရားသည်လည်း အသမ္မောဟပဋိဝေဓသဘော အားဖြင့်သာလျှင် ယင်းရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရား (= ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား) တို့ကို လည်းကောင်း, ယင်းသင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကိုလည်းကောင်း ထိုးထွင်း သိသောကြောင့် ဤသို့ အသမ္မောဟပဋိဝေဓသဘောအားဖြင့် ထိုးထွင်းသိမြင်ခြင်းဟူသော အကြောင်းပရိယာယ်အားဖြင့် သာလျှင် ဉာတပရိညာ တီရဏပရိညာဟူသော အမည်ကို ရရှိပေသည်။ မုချအားဖြင့်ကား အရိယမဂ်တရားသည် သာလျှင် ကိလေသာတို့ကို အကြွင်းမဲ့ အမြစ်ပြတ် သမုစ္ဆေဒအားဖြင့် ပယ်စွန့်နိုင်သောကြောင့် ပဟာနပရိညာဟူသော အမည်ကို ရရှိပေသည်။ ထို့ကြောင့် ဒုက္ခသစ္စာ အမည်ရသည့် ရုပ်တရား နာမ်တရား၊ သမုဒယသစ္စာ အမည်ရသည့် ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို တီရဏပရိညာ ပဟာနပရိညာ ပညာတို့ဖြင့် မဂ်ဆိုက် ဖိုလ်ဆိုက်သည့်တိုင်အောင် ကမ်းကုန်အောင် ထွင်းဖောက်သိမြင်မှုကို ပဋိဝေဓသိဟု ခေါ်ဆိုပေသည်။

အတိတ်-အနာဂတ်-ပစ္စုပ္ပန် ကာလသုံးပါး အတွင်း၌ တည်ရှိကြသော အဝိဇ္ဇာ သင်္ခါရ စသော ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ကို ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲဟူသော ရုပ်ဃန နာမ်ဃနတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဆိုက်အောင် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ခြင်းသည်လည်းကောင်း, ယင်း အဝိဇ္ဇာစသော အကြောင်းတရားတို့၏ သင်္ခါရစသော အကျိုးတရားတို့နှင့် ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောတရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ခြင်းသည်လည်းကောင်း ရှိ၏၊ ဤအသိဉာဏ် နှစ်မျိုးသည်ကား အနုဗောဓသိတည်း။ ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တ အခြင်းအရာတို့ကို မဂ်ဆိုက် ဖိုလ်ဆိုက်သည့်တိုင်အောင် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ခြင်းကား ပဋိဝေဓသိတည်း။ ယင်းအနုဗောဓသိ ပဋိဝေဓသိဟူသော အသိ နှစ်မျိုးဖြင့် ပဋိစ္စသမုပ္ပါဒ် သဘောတရားတို့ကို ဟုတ်တိုင်းမှန်စွာ ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ပါက ယောဂါဝစရပုဂ္ဂိုလ်သည် မည်သည့်နည်းနှင့်မျှ သံသရာခရီးခဲမှ ကျော်လွှားလွန်မြောက်နိုင်မည် မဟုတ်ပေ၊ သိပါမှသာလျှင် သံသရာခရီးခဲမှ ကျော်လွှားလွန်မြောက်နိုင်မည် ဖြစ်ပေသည်။ ထို့ကြောင့် သံသရာဝဋ်ဆင်းရဲဒုက္ခကြီးမှ လှလှကြီး ဝဝကြီး ကျော်လွှား လွန်မြောက်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို အနုဗောဓသိ ပဋိဝေဓသိတို့ဖြင့် သိအောင် ကြိုးစားအားထုတ်လေရာသည်။ ယင်းသို့ ကြိုးစားအားထုတ်ရာ၌ ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းဟု အမည် တပ်ထားသော အားထုတ်စဉ် လုပ်ငန်းခွင်က စ၍ ရေးသားတင်ပြပေအံ့ ..။

ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း၌ အချုပ်မှတ်သားရန်

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်[၇၁၂]၌ ညွှန်ကြားထားတော်မူသည့်အတိုင်း ဤပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းကို စတင် အားသစ် လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးကမ္မဘဝကို ပြုစုပျိုးထောင်ခဲ့စဉ် အတိတ်ဘဝက ဖြစ်ခဲ့သော အဝိဇ္ဇာ-တဏှာဥပါဒါန်တို့ ခြံရံထားသည့် သင်္ခါရ-ကံကြောင့် လက်ရှိပစ္စုပ္ပန်ဘဝ ပဋိသန္ဓေ ခန္ဓာငါးပါးစသော ဝိပါက်ခန္ဓာတို့၏ ဖြစ်ပေါ်လာပုံကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် စတင်ကာ အားသစ်ရတော့မည် ဖြစ်၏၊ ထိုသို့ အားသစ်ရာ၌ အဝိဇ္ဇာ-တဏှာ-ဥပါဒါန် စသည်တို့၏ အဓိပ္ပါယ်ကို ရှေးသဘောတရားရေးရာ အပိုင်း[၇၁၃]တွင် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ပေသည်။ ဤတွင် သင်္ခါရနှင့် ကမ္မဘဝ (= ကံ) ကို ခွဲခြားသတ်မှတ်ပုံကို ဒါနကုသိုလ်ကံတစ်ခုကို စံထား၍ ရှင်းလင်းတင်ပြအပ်ပါသည်။

သင်္ခါရနှင့် ကမ္မဘဝ = ကံ

ဤပဋိစ္စသမုပ္ပါဒ်ပိုင်း ပဉ္စမနည်းတွင် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းသည့် အပိုင်း၌ကား အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံ၍ ပြုစုပျိုးထောင်ထားသော သင်္ခါရ၏ စွမ်းအင်ကမ္မသတ္တိတည်းဟူသော နာနာက္ခဏိက ကမ္မသတ္တိကြောင့် ဝိပါက်နာမ်တရားနှင့် ကမ္မဇရုပ်တရားတို့ ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရ၏၊ သို့သော် ဝိပဿနာရှုရာ၌ကား ယင်းကမ္မသတ္တိကို လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာ မရှုကောင်းသဖြင့် ဝိပဿနာ ရှု၍ရကောင်းသော သင်္ခါရနှင့် ကမ္မဘဝ (= ကံ) – အထူးကိုလည်း မှတ်သားထားသင့်၏၊

၁။ အာယူဟနာ သင်္ခါရာ ––- တို့ဟူသည် ထိုကံကို ပြုစုပျိုးထောင်စဉ် ကံအထမမြောက်မီ ဖြစ်ပေါ်သွားကြကုန်သော ပုရိမစေတနာ = ပုဗ္ဗစေတနာ = ရှေ့အဖို့၌ ဖြစ်ကုန်သော စေတနာတို့တည်း။ ဥပမာ ––- အလှူဒါနကို ပေးလှူအံ့ဟု စိတ်ကို ဖြစ်စေ၍ တစ်လပတ်လုံးသော်လည်းကောင်း, တစ်နှစ်ပတ်လုံးသော်လည်းကောင်း ဒါန၏ အဆောက်အဦ ဖြစ်ကုန်သော လှူဖွယ်ဝတ္ထု စသည်တို့ကို ပြုစီမံနေသောပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပေါ်သွားကြကုန်သော ပုရိမ-စေတနာ = ပုဗ္ဗ-စေတနာတို့တည်း။ ပေးလှူနေဆဲအခါတွင် အလှူခံပုဂ္ဂိုလ်တို့၏ လက်၌ မြတ်သော လှူဖွယ်ဝတ္ထုကို တည်စေသော ပတိဋ္ဌာပက-စေတနာကို ကမ္မဘဝဟူ၍ ခေါ်ဆို၏၊

၂။ တစ်နည်း ထိုထိုကောင်းမှု သို့မဟုတ် မကောင်းမှုကို ပြုစုပျိုးထောင်ရာ၌ ကုသိုလ်ဇောဝီထိ သို့မဟုတ် အကုသိုလ်ဇောဝီထိတို့ကား များစွာ စောလျက် ရှိကြ၏၊ ဇောဝီထိတိုင်း၌ အာဝဇ္ဇန်း တစ်မျိုးစီ ပါဝင်လျက် ရှိ၏၊ အာဝဇ္ဇန်း တစ်မျိုးစီ ပါဝင်သော ယင်းဇောဝီထိတို့၌ ဇော (၇)ကြိမ်တို့အနက် ရှေ့ဇော (၆)ကြိမ်နှင့် ယှဉ်သော စေတနာသည် သင်္ခါရ မည်၏၊ သတ္တမဇောနှင့် ယှဉ်သော စေတနာသည် ကမ္မဘဝ မည်၏၊

၃။ တစ်နည်း – ထိုဇောအသီးအသီးဟူသော ဇောစိတ္တက္ခဏတိုင်း ဇောစိတ္တက္ခဏတိုင်း၌ ယှဉ်လျက်ရှိသော ကုသိုလ်စေတနာ သို့မဟုတ် အကုသိုလ်စေတနာနှင့် ယှဉ်သော စိတ်စေတသိက် သမ္ပယုတ်တရားဟူသမျှသည် သင်္ခါရ မည်၏၊ ကုသိုလ်စေတနာ သို့မဟုတ် အကုသိုလ်စေတနာ မှန်သမျှသည် ကမ္မဘဝ မည်၏၊[၇၁၄]

ဤခွဲထားသတ်မှတ်ချက်များအတိုင်း – အဝိဇ္ဇာ တဏှာ ဥပါဒါန် ဦးဆောင်သည့် မနောဒွါရဝီထိနာမ်တရားစု, သင်္ခါရ-ကံဟူသော မနောဒွါရဝီထိနာမ်တရားစုတို့ကို ဝီထိစိတ္တက္ခဏတိုင်း၌ ပရမတ္ထဓာတ်သားများကို ကုန်စင်အောင် ဝိပဿနာရှုနိုင်ပါက သင်္ခါရနှင့် ကမ္မဘဝ နှစ်မျိုးလုံးကိုပင် ဝိပဿနာရှုပြီး ဖြစ်ပေသည်။ ထိုကြောင့် ဤခွဲထား သတ်မှတ်ချက်များအတိုင်း သင်္ခါရနှင့် ကမ္မဘဝ = ကံတို့ကို လက္ခဏာယာဉ်တင်၍ ဝိပဿနာရှုပါ။ နာနာက္ခဏိက ကမ္မသတ္တိဟူသော ကမ္မပစ္စည်းပိုင်း၌ လာရှိသော ကံ၏စွမ်းအင်သတ္တိကိုကား ဝိပဿနာ မရှုကောင်းဟု မှတ်ပါ။ ယင်းကမ္မသတ္တိ၏ မြစ်ဖျားခံရာ အထက်ပါ သင်္ခါရနှင့် ကမ္မဘဝကိုသာ ဝိပဿနာရှုကောင်းသည်ဟု မှတ်သားပါလေ။

ကမ္မပစ္စည်း၏ စွမ်းအင်

ယောဂါဝစရပုဂ္ဂိုလ်သည် ပစ္စုပ္ပန် ဝိပါက်ခန္ဓာတို့၏ အကြောင်းတရား ငါးပါးတို့တွင် ကံကို ပဓာနထား၍ စဉ်းစားကြည့်ပါ။ ယင်းကံကို အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့က ခြံရံထားအပ်သည်ကိုလည်း သတိပြုပါ။ ဘုရားရှင်သည် ကမ္မပစ္စည်းပိုင်း[၇၁၅]၌ ကံနှင့်ပတ်သက်၍ ဤသို့ ဟောကြားထားတော်မူ၏ ..။

''ကုသိုလ်ကံ အကုသိုလ်ကံသည် အကျိုးဝိပါက်ခန္ဓာတို့အားလည်းကောင်း, ကံကို ပြုအပ်ပြီးသည်၏ အဖြစ်ကြောင့် ဖြစ်ပေါ်လာကြကုန်သော ကမ္မဇရုပ်တို့အားလည်းကောင်း ကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊''[၇၁၅]

ကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ဟူသည် ဤသို့တည်း ..။ ''တစ်ကမ္ဘာမက များပြားလှစွာကုန်သော ကမ္ဘာကုဋေတို့၏သော်လည်း အထက်၌ ပြုစုပျိုးထောင်ခဲ့သော ကံသည် မိမိ၏ အကျိုးကို ဖြစ်စေခြင်းငှာ စွမ်းနိုင်သော နာနာက္ခဏိကကမ္မပစ္စယသတ္တိဖြင့် ကျေးဇူးပြုတတ်၏ဟု ဆိုလို၏၊ (နာနာက္ခဏိကကမ္မ - ဟူသည် အကြောင်းကံနှင့် အကျိုးဝိပါက်တို့၏ ဖြစ်သည့် ခဏချင်း မတူကွဲပြားမှု ရှိသည့် အကြောင်းပစ္စည်းတရားဟု ဆိုလိုသည်။) အကျယ်မှာ ဤသို့ဖြစ်၏၊ ကုသိုလ်ကံ အကုသိုလ်ကံသည် မိမိ၏ ဖြစ်ဆဲခဏ၌ အကျိုးကို မပေးနိုင် = မဖြစ်စေနိုင်။ ကုသိုလ်ကံ အကုသိုလ်ကံသည် မိမိ၏ ဖြစ်ဆဲခဏ၌ပင် အကယ်၍ အကျိုးကို ပေးနိုင်သည် ဖြစ်ငြားအံ့ = အကျိုးကို ဖြစ်စေနိုင်သည် ဖြစ်ငြားအံ့၊ ဤသို့ အကျိုးကို ပေးနိုင်ခဲ့သော် ဖြစ်စေနိုင်ခဲ့သော် လူသားတစ်ဦးသည် နတ်ပြည်သို့ ကပ်ရောက်ကြောင်း ဖြစ်သော အကြင်ကုသိုလ်ကံကို ပြုစုပျိုးထောင်၏၊ ထိုကံကို ပြုစုပျိုးထောင်ဆဲခဏ၌ပင် နတ်သားဖြစ်လေရာ၏၊ (သို့သော် ဖြစ်ကား မဖြစ်ခဲ့ပေ။) အလျော်အားဖြင့် ဆိုရမူ အကြင်ခဏ၌ ထိုကံကို ပြုစုပျိုးထောင်၏၊ ထိုကံကို ပြုစုပျိုးထောင်ရာ ခဏမှ အခြားတစ်ပါးသော ခဏ၌ ယင်းကံသည် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမရှိပါသော်လည်း ပြုအပ်သော ကံနှင့် မဖက် သက်သက် ကံကို ပြုအပ်ပြီးသည်၏ အဖြစ်ကြောင့်သာလျှင် ယင်းကံသည် ဒိဋ္ဌဓမ္မဝေဒနီယကံ ဖြစ်လျှင် မျက်မှောက်ထင်ထင် ရှုမြင်အပ်သော ပစ္စုပ္ပန်ဘဝ၌သော်လည်းကောင်း၊ ဥပပဇ္ဇဝေဒနီယကံ ဖြစ်လျှင် ကပ်၍ဖြစ်ရာ ဒုတိယဘဝ၌သော်လည်းကောင်း၊ အပရာပရိယဝေဒနီယကံ ဖြစ်လျှင် တတိယဘဝမှစ၍ အဆက်ဆက် ရောက်ထိုက် သော ဘဝ၌သော်လည်းကောင်း (ကုသိုလ်ကံဖြစ်မူ .. ၁-လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်ကဲ့သို့သော ကောင်းသော ဂတိနှင့် ပြည့်စုံခြင်း = ဂတိသမ္ပတ္တိ၊ ၂-အင်္ဂါခြေလက် မချို့တဲ့ခြင်း, တင့်တယ်သော ရုပ်အဆင်းနှင့် ပြည့်စုံခြင်း = ဥပဓိသမ္ပတ္တိ၊ ၃-ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူရာ, စကြဝတေးမင်းတို့ ပေါ်ထွန်းရာ, မင်းကောင်းမင်းမြတ်တို့ စိုးမိုးအုပ်ချုပ်ရာ ခေတ်ကောင်း အခါကောင်းနှင့် ပြည့်စုံခြင်း = ကာလသမ္ပတ္တိ၊ ၄-ကုသိုလ်တရားတို့ကိုသာ လုံ့လကြိုးကုတ် အားထုတ်ခြင်း = ပယောဂသမ္ပတ္တိ၊ အကုသိုလ်ကံဖြစ်မူ ..၁-အပါယ်လေးဘုံတည်းဟူသော ပျက်စီးရာ ဂတိတစ်ခုခုသို့ ရောက်ရှိနေခြင်း = ဂတိဝိပတ္တိ၊ ၂-ခြေလက်အင်္ဂါ ချို့တဲ့ခြင်း = ဥပဓိဝိပတ္တိ၊ ၃-မသူတော်တို့ ထွန်းကားရာ မသူတော်တို့ စိုးမိုးအုပ်ချုပ်ရာ ပျက်စီးသော ကာလဆိုးနှင့် ကြုံကြိုက်ခြင်း = ကာလဝိပတ္တိ၊ ၄-အကုသိုလ် ဒုစရိုက်တို့ကို လုံ့လကြိုးကုတ် အားထုတ်ခြင်းဟူသော လုံ့လပယောဂ၏ ပျက်စီးခြင်း = ပယောဂဝိပတ္တိဟူသော) ကြွင်းသော အကြောင်းတို့နှင့် ပေါင်းဆုံခြင်းသည် ထင်ရှားရှိလတ်သော် အကျိုးတရားကို ဖြစ်စေနိုင်၏၊

ရှေးရှေးသင်ယူအပ်သော အတတ်သင်ယူမှုသည် နောက်နောက် အတတ်သင်ယူမှုအား အခြေခံအဖြစ်ဖြင့် ကျေးဇူးပြုရာ၌ ကာလအချိန် မတူဘဲ ကာလတစ်ပါးသို့ ရောက်ရှိပါမှ ကျေးဇူးပြုသကဲ့သို့ (= လေ့ကျက်ပါများက ကျွမ်းကျင်လာသကဲ့သို့) ကံဟူသော စေတနာသည်လည်း ကံကို ပြုစုပျိုးထောင်စဉ်ခဏ၌ ကျေးဇူးမပြု အကျိုးကို မဖြစ်စေနိုင်၊ နောက်နောက် ခဏရောက်မှ ကျေးဇူးပြု၏၊ အကျိုးကို ဖြစ်စေ၏၊ ထို့ကြောင့် နာနာက္ခဏိက-ကမ္မ = အကျိုးပေးရာခဏမှ အသီးအသီး ဖြစ်သော မတူထူးခြား ကွဲပြားသော ခဏ၌ ဖြစ်ခဲ့သော စေတနာဟု ဆိုရ၏၊''[၇၁၆]

လွန်ခဲ့သော အတိတ်ဘဝကသော်လည်းကောင်း, ကမ္ဘာကုဋေပေါင်း များစွာကသော်လည်းကောင်း ပြုစုပျိုးထောင် ခဲ့သော, ယခုအကျိုးပေးဆဲခဏတွင် ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားမရှိတော့သော သက်သက် ပြုစုပျိုးထောင် ခဲ့ပြီးမျှသာ ဖြစ်သော ယင်းစေတနာ၏ အကျိုးကို ဖြစ်စေနိုင်သော စွမ်းအင်သတ္တိကို ကမ္မသတ္တိဟု ခေါ်ဆို၏၊ ယင်းကမ္မသတ္တိ = ကံကိုပင် ပဓာနထား၍ ယောဂါဝစရပုဂ္ဂိုလ်သည် ဤအရာ၌ ဝေဖန် ဆန်းစစ်ပါ။ ပစ္စုပ္ပန်ကံကပင် ကံကို ထူထောင်ဆဲခဏ၌ ချက်ချင်း အကျိုးပေးနိုင်သည် ဖြစ်အံ့၊ အထက်တွင် အဋ္ဌကထာက ဖွင့်ဆိုထားသည့်အတိုင်း လူသားတစ်ဦးသည် နတ်သားဖြစ်ထိုက်သော ကုသိုလ်ကံကို ထူထောင်လျှင် ကံကို ထူထောင်ဆဲခဏမှာပင် နတ်သား ဖြစ်လေရာ၏၊ သို့သော် ဖြစ်ကား မဖြစ်ခဲ့ပေ။ အလားတူပင် လူသားတစ်ဦးသည် အိုမင်းမစွမ်း အရွယ်သို့ (သို့မဟုတ်) ကြီးရင့်သော အရွယ်သို့ ရောက်ရှိသောအခါ (၁၆)နှစ်သားနှင့် (၁၆)နှစ်သမီး ဖြစ်ထိုက်သော ကံကို ထူထောင်လိုက်လျှင် ချက်ချင်း (၁၆)နှစ်အရွယ် ဖြစ်လေရာ၏၊ သို့သော် ဖြစ်ကား မဖြစ်ပေ။ အကယ်၍ ဖြစ်ခဲ့လျှင် လောက၌ လူအို လူနာ လူသေဟူသည် မရှိနိုင်တော့ပြီ။ အဘယ်ကြောင့်နည်း၊ ကောင်းမှုကုသိုလ်ပြု၍ မအိုရအောင် မနာရအောင် မသေရအောင် ဆုတောင်းပန်ထွာကြတော့မည်သာ ဖြစ်၏၊ အကျည်းတန် အရုပ်ဆိုးသူလည်း လောက၌ ရှိနိုင်တော့မည် မဟုတ်ပေ။ ကောင်းမှုကုသိုလ်ပြုကာ ပဘာဝတီ ဥမ္မာဒန္တီတို့ကဲ့သို့ အလှတွင် အယဉ်ဆင့်သူတွေ ဖြစ်အောင် ဆုတောင်း ပန်ထွာကြတော့မည်သာ ဖြစ်၏၊ မျက်မှောက်ဘဝ၌ အကျိုးပေးနိုင်သော စွမ်းအားရှိသော ဒိဋ္ဌဓမ္မဝေဒနီယကံသည်ပင် ကံကိုထူထောင်စဉ် ခဏနှင့် အကျိုးပေးရာ ခဏတို့သည် အချိန်အနည်းငယ်သော်လည်း ကွာဟချက် ရှိနေပေသေးသည်။ အခြားသော ကံတို့၌ကား ဆိုဖွယ်ရာပင် မရှိဖြစ်တော့၏၊

ထို့ကြောင့် အတိတ်အကြောင်းတရား ငါးပါးတို့တွင် ကံကို ပဓာနထား၍ ယောဂါဝစရပုဂ္ဂိုလ်သည် စဉ်းစား တတ်ပါက အတိတ်က ပြုစုပျိုးထောင်ခဲ့သော သမုဒယသစ္စာကြောင့်သာ ဤဘဝတွင် ဒုက္ခသစ္စာတရားများ ထင်ရှားစွာ ဖြစ်ပွားလာရသည်ကို သဘောကျ လက်ခံနိုင်ဖွယ်ရာ ရှိပေလိမ့်မည်။ အကယ်၍ အတိတ်က ဖြည့်ကျင့်ဆည်းပူးခဲ့သော ပြုစုပျိုးထောင်ခဲ့သော သမုဒယသစ္စာ အမည်ရသည့် ကံကြောင့် ဤပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေ ခန္ဓာငါးပါး အစရှိသော ဒုက္ခသစ္စာတရား ထင်ရှားဖြစ်မှုကို ယောဂါဝစရပုဂ္ဂိုလ်သည် လက်မခံနိုင်သည် ဖြစ်ငြားအံ့၊ သမ္မာသမ္ဗောဓိ အလောင်းလျာ ကြီးများအဖို့ သမ္မာသမ္ဗောဓိ ဉာဏ်တော်မြတ်ကြီးကို ရရှိရန်အတွက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ကာလပတ်လုံး သော်လည်းကောင်း၊ ပစ္စေကဗောဓိ အလောင်းလျာကြီးများအဖို့ ပစ္စေကဗောဓိ ဉာဏ်တော်မြတ်ကြီးကို ရရှိရန်အတွက် နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ကာလပတ်လုံးသော်လည်းကောင်း၊ အဂ္ဂသာဝကဗောဓိ အလောင်းလျာကြီးများအဖို့ အဂ္ဂသာဝကဗောဓိ ဉာဏ်တော်မြတ်ကြီးကို ရရှိရန်အတွက် တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ကာလပတ်လုံးသော်လည်း ကောင်း၊ မဟာသာဝကဗောဓိအလောင်းလျာကြီးများအဖို့ မဟာသာဝကဗောဓိဉာဏ်တော်မြတ်ကြီးကို ရရှိရန်အတွက် ကမ္ဘာတစ်သိန်းတို့ကာလပတ်လုံးသော်လည်းကောင်း ပါရမီအလီလီတော်တို့ကို ဖြည့်ကျင့်ဆည်းပူးဖွယ် လို-မလိုကိုပါ ထပ်မံ၍ စဉ်းစားရတော့မည် ဖြစ်ပေသည်။ အကြောင်းမူ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော သမုဒယသစ္စာကြောင့် ဤဘဝတွင် ဝိပါကဝဋ် ဒုက္ခသစ္စာတရားများ ထင်ရှားဖြစ်ပုံကို လက်မခံနိုင်သောကြောင့်ပင် ဖြစ်ပေသည်။

အနုမာနနှင့် ပစ္စက္ခ

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် 'အတိတ်ကား ချုပ်ပျက်ခဲ့ပြီး ဖြစ်၍ မရှိတော့ပြီ ဖြစ်၏၊ အနာဂတ်လည်း မရောက်ရှိလာသေးသဖြင့် မဖြစ်ပေါ်လာသေး။' ထို့ကြောင့် ယောဂါဝစရပုဂ္ဂိုလ်တို့သည် အတိတ်နှင့် အနာဂတ်ကို မှန်းဆ၍ = အနုမာနအားဖြင့်သာ ရှုနိုင်သည် ရှုလို့ရနိုင်သည်ဟု လက်ခံငြားအံ့၊ –

အလားတူပင် အတိတ်အကြောင်းတရား ငါးပါးကြောင့် ပစ္စုပ္ပန်အကျိုးတရား ငါးပါး ဖြစ်ပုံကိုလည်းကောင်း၊ ပစ္စုပ္ပန်အကြောင်းတရား ငါးပါးကြောင့် အနာဂတ်အကျိုးတရား ငါးပါး ဖြစ်ပုံကိုလည်းကောင်း ယောဂါဝစရပုဂ္ဂိုလ်သည် မှန်းဆ၍ = အနုမာနအားဖြင့်သာ ရှုနိုင်သည် ရှုလို့ရနိုင်သည်ဟု လက်ခံငြားအံ့၊ –

ထိုသို့ လက်ခံခဲ့သော် အရိယာသူတော်ကောင်းတို့သည် အထူးသဖြင့် အရှင်အာနန္ဒာမထေရ်မြတ် အဝင်အပါ ဖြစ်တော်မူသော အရိယာသူတော်ကောင်းကြီးတို့သည် ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို လည်းကောင်း သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကိုလည်းကောင်း မှန်းဆ၍ = အနုမာနအားဖြင့်သာ သိနိုင်သည်ဟု အဓိပ္ပါယ်ထွက်လျက်ပင် ရှိနေ၏၊ စကားကျလျက် ရှိနေ၏၊ သို့သော် ဘုရားဟော ဒေသနာတော်များနှင့် အဋ္ဌကထာ များ၌ကား ဤသို့ လာရှိ၏ ..။

''ရဟန်းတို့ ...ဤသာသနာတော်၌ ယောဂါဝစရရဟန်းတော်သည် 'ဤကား ဒုက္ခအရိယသစ္စာတရားတည်း'ဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏၊ 'ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယအရိယသစ္စာတရားတည်း'ဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏၊ 'ဤကား ဒုက္ခချုပ်ရာ နိရောဓအရိယသစ္စာတရားတည်း'ဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏၊ 'ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ် = မဂ္ဂအရိယသစ္စာတရားတည်း'ဟု မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ကွဲကွဲပြားပြား သိ၏၊''[၇၁၇]

ဤသို့စသော ဒေသနာတော်တို့၌ အရိယာသူတော်ကောင်းတို့သည် အရိယသစ္စာ လေးပါးတို့ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိ၏ဟုသာ လာရှိ၏၊ အနုမာနအားဖြင့် မှန်းဆ၍သာ သိသည်ဟု မလာရှိပေ။ တစ်ဖန် မဟာဂေါပါလကသုတ္တန်အဋ္ဌကထာကလည်း ဤသို့ ဖွင့်ဆိုထားတော်မူပြန်၏ ..။

''ယောဂါဝစရပုဂ္ဂိုလ်သည် 'ဤကား လောကီ မဂ္ဂအရိယသစ္စာတရားတည်း၊ ဤကား လောကုတ္တရာ မဂ္ဂအရိယ သစ္စာတရားတည်း'ဟု ဖြူစင်မြင့်မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ္ဂအရိယသစ္စာတရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကွဲကွဲပြားပြား မသိ။ ယင်းသို့ မသိသော် လောကီ မဂ္ဂအရိယသစ္စာတရား၌ ဝိပဿနာနှလုံးသွင်း၍ တစ်နည်း - လောကီ မဂ္ဂအရိယသစ္စာတရားကို ပွားများ၍ လောကုတ္တရာ မဂ္ဂအရိယသစ္စာ တရားကို ဖြစ်စေအံ့သောငှာ မစွမ်းနိုင်။''[၇၁၈]

ယောဂါဝစရပုဂ္ဂိုလ်သည် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကိုလည်းကောင်း, သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာမျက်စိဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပါမှ ထိုဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်း ပွားများ အားထုတ်ခြင်းဟူသော မဂ္ဂသစ္စာကို ပွားများအားထုတ်နိုင်မည် ဖြစ်သည်။ လောကီ မဂ္ဂသစ္စာကို ပွားများပါမှ လောကုတ္တရာ မဂ္ဂသစ္စာနှင့် လောကုတ္တရာ နိရောဓသစ္စာသို့ ဆိုက်ရောက်နိုင်မည် ဖြစ်သည်။ ထိုသို့ ဆိုက်ရောက်နိုင်ရေးအတွက် ယောဂါဝစရပုဂ္ဂိုလ်သည် ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားဟူသော လောကီသစ္စာတရား နှစ်ပါး၌သာ ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းပွားများရမည် ဖြစ်၏၊ လောကီသစ္စာတရား နှစ်ပါးကို တွင်တွင်ကြီး ဝိပဿနာရှုပွားသုံးသပ်နိုင်ပါမှ လောကုတ္တရာသစ္စာတရား နှစ်ပါးတို့ ထင်ရှား ဖြစ်ပေါ်လာနိုင်ကြမည် ဖြစ်ပေသည်။

ထိုသို့ သစ္စာလေးပါးကို သိအောင် ကြိုးပမ်းအားထုတ်ရာ၌ ယောဂါဝစရပုဂ္ဂိုလ်သည် ရှေ့ဦးစွာ ဒုက္ခသစ္စာ တရားကိုလည်းကောင်း, သမုဒယသစ္စာတရားကိုလည်းကောင်း, သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကိုလည်းကောင်း ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကိုလည်းကောင်း သိအောင် ကြိုးပမ်းရတော့မည် ဖြစ်သည်။ သို့မှသာလျှင် လောကုတ္တရာ နိရောဓသစ္စာတရား မဂ္ဂသစ္စာတရားတို့သည် ရင့်ကျက်သော ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာနိုင်မည် ဖြစ်ပေသည်။ ထို့ကြောင့် သစ္စာလေးပါးကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရေးအတွက် ယောဂါဝစရပုဂ္ဂိုလ်သည် ကြောင်း-ကျိုး ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ပရိညာပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား သိအောင် မလွှဲမရှောင်သာ ကြိုးပမ်းရတော့မည်သာဟု မှတ်သားပါလေ။

ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိရေး ပြည့်စုံစေရေး

တစ်ဖန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကလည်း ဤသို့ ဖွင့်ဆိုထားတော်မူပြန်၏ ..။

''ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို ပွားများအားထုတ်နေသော ဝိပဿကပုဂ္ဂိုလ်သည် ကံတို့၏ အားရှိသည်၏ အဖြစ် အားမရှိသည်၏အဖြစ်ဟု ဆိုအပ်သော ထူးထွေကွဲပြား ခြားနားမှုကိုလည်းကောင်း၊ အကျိုးဝိပါက်တို့၏ ယုတ်ညံ့သည်၏အဖြစ် မွန်မြတ်သည်၏အဖြစ် စသော ထူးထွေကွဲပြား ခြားနားမှုကိုလည်းကောင်း တစ်စိတ်တစ်ဒေသ အားဖြင့် သိရှိရမည်။''[၇၁၉]

မဟာဋီကာဆရာတော်ကလည်း ထပ်မံကာ ဤသို့ ရှင်းပြထားတော်မူပြန်၏ ..။

''ကံ-ကံ၏အကျိုးတရားကို အကြွင်းအကျန်မရှိ ကုန်စင်အောင် သိဖို့ရန်ကား သာဝကတို့၏အရာ မဟုတ်သောကြောင့် = သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့၏အရာသာ ဖြစ်သောကြောင့် မစွမ်းနိုင်ပေ။ သို့သော် အချင်းခပ်သိမ်း = လုံးလုံး ကံ-ကံ၏အကျိုးတရားကို မသိခဲ့သည်ရှိသော် ပစ္စယပရိဂ္ဂဟဉာဏ်သည် မပြီးစီး မပြည့်စုံနိုင်။''[၇၁၉]

ကံ-ကံ၏အကျိုးတရားကို လုံးလုံးမသိက ပစ္စယပရိဂ္ဂဟဉာဏ်ကို မရရှိနိုင်သဖြင့် ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိရေးအတွက်လည်း ကံ-ကံ၏အကျိုးတရားကို တစ်စိတ်တစ်ဒေသအားဖြင့် သိအောင် ယောဂါဝစရပုဂ္ဂိုလ်သည် ကြိုးစားအားထုတ်ရမည်သာလျှင် ဖြစ်ပေသည်။ ဤ၌ ပစ္စယပရိဂ္ဂဟဉာဏ်ဟူသည်မှာလည်း သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို သိသော ဉာဏ်ပင်တည်း။

ဘုရားရှင်၌ ဝိပါက်တော် (၁၂)ပါး ရှိကြောင်းကို ယောဂါဝစရပုဂ္ဂိုလ်သည်လည်း သိရှိပြီး ဖြစ်ကောင်း ဖြစ်ပေ လိမ့်မည်။ ထိုတွင် ဝိပါက်တော်တစ်ခုတစ်ခု၌ အကျိုးပေးနေသော ဆိုင်ရာ ဆိုင်ရာ ကံမှာ တစ်ခုစီ တစ်ခုစီ သီးသန့် ရှိပေသည်။ ဦးခေါင်းတော်ခဲရသည်မှာ ကံတစ်ခုကြောင့်၊ ခါးတော်နာရသည်မှာ ကံတစ်ခုကြောင့်၊ ဝမ်းတော် လားရသည်မှာ ကံတစ်ခုကြောင့် – ဤသို့ စသည်ဖြင့် အကြောင်းကံနှင့် အကျိုးဝိပါက်တော်တို့မှာ သီးသန့်စီ ရှိနေကြ၏၊ အလားတူပင် လူသားတစ်ဦးအဖို့ ဘဝတစ်လျှောက်၌ ကောင်းကျိုး ဆိုးကျိုးဟူသော ဣဋ္ဌာရုံ အနိဋ္ဌာရုံ အမျိုးမျိုးနှင့် တွေ့ကြုံရသည်မှာ ဓမ္မတာတစ်ခုပင် ဖြစ်၏၊ ဣဋ္ဌာရုံနှင့် တွေ့ကြုံရသည်ကား ကုသိုလ်ကံကြောင့် ဖြစ်၏၊ အနိဋ္ဌာရုံနှင့် တွေ့ကြုံရသည်ကား အကုသိုလ်ကံကြောင့် ဖြစ်၏၊ ဣဋ္ဌာရုံအမျိုးမျိုးနှင့် တွေ့ကြုံရာ၌ ယင်းဣဋ္ဌအကျိုးဝိပါက်အမျိုးမျိုးကို ဖြစ်စေတတ်သော ဆိုင်ရာကုသိုလ်ကံအမျိုးမျိုး ရှိနိုင်သလို အနိဋ္ဌာရုံအမျိုးမျိုးနှင့် တွေ့ကြုံရာ၌လည်း ယင်းအနိဋ္ဌ အကျိုးဝိပါက်အမျိုးမျိုးကို ဖြစ်စေတတ်သော ဆိုင်ရာအကုသိုလ်ကံအမျိုးမျိုးလည်း ရှိနိုင်သည်သာ ဖြစ်ပေသည်။ ထိုကံကံ၏အကျိုးတရား အမျိုးမျိုးတို့ကို သာဝကတို့သည် ကုန်စင်အောင် မသိရှိနိုင်ပေ။ အချို့အဝက် တစ်စိတ်တစ်ဒေသ လောက်ကိုသာ သိရှိနိုင်ပေသည်။

အဘိညာဏ်နှင့် ဝိပဿနာ

ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်ဖြင့် အတိတ်ကို ရှု၍ရသည်ဟူသော အဆိုသည်လည်း ကျမ်းဂန်များ၌ လာရှိ၏၊ ဒိဗ္ဗစက္ခုအဘိညာဏ်၏ အစိတ်အပိုင်း တစ်ခုဖြစ်သော အနာဂတံသဉာဏ်ဖြင့်လည်း အနာဂတ်ကို ရှုရသည်ဟူသော အဆိုလည်း ကျမ်းဂန်များ၌ လာရှိ၏၊ ဤအဆိုများနှင့် ပတ်သက်၍ အလွယ်တကူ လက်ခံနိုင်သော်လည်း ဝိပဿနာ ဉာဏ်ဖြင့်လည်း အတိတ် အနာဂတ် ခန္ဓာတို့ကို ရှု၍ရနိုင်သည်ဟူသော အဆိုအမိန့်နှင့် ပတ်သက်၍ကား လက်မခံလိုကြပေ။ ဝိပဿနာဉာဏ်ဖြင့်လည်း အတိတ်အနာဂတ် ဥပါဒါနက္ခန္ဓာတို့ကို ရှု၍ရနိုင်သည်ဟူသော အဆိုအမိန့်နှင့် ပတ်သက်သော ဘုရားဟော ပါဠိတော်မှာ အောက်ပါအတိုင်း ဖြစ်၏ ..။

''ရဟန်းတို့ ...အချို့သော သမဏတို့သည်လည်းကောင်း၊ အချို့သော ဗြာဟ္မဏတို့သည်လည်းကောင်း တစ်ပါးမက များပြားလှစွာသော ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကြကုန်သည် ရှိသော် ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်၏၊ ထိုအလုံးစုံကုန်သော ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်သော သမဏ ဗြာဟ္မဏတို့သည် ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကိုသော်လည်းကောင်း, ထိုဥပါဒါနက္ခန္ဓာ ငါးပါးတို့တွင် တစ်ပါးပါးကိုသော်လည်းကောင်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်၏၊''[၇၂၀]

တစ်ဖန် အဋ္ဌကထာကလည်း ဤသို့ ဖွင့်ဆိုထားတော်မူပြန်၏ ..။

''ဤပါဠိတော်ဝယ် ပုဗ္ဗေနိဝါသဟူသော ဤစကားရပ်ကို ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်၏ အစွမ်းဖြင့် ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ခြင်းကို ရည်ရွယ်တော်မူ၍ ဘုရားရှင်သည် ဟောကြားထားတော်မူသည်ကား မဟုတ်။ အဟုတ်သော်ကား ဝိပဿနာဉာဏ်၏ အစွမ်းဖြင့် အတိတ်၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့ကြကုန်သော သမဏဗြာဟ္မဏတို့ကို ရည်ရွယ်တော်မူ၍ ဤ ပုဗ္ဗေနိဝါသံဟူသော စကားတော်ကို ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ပေသည်။ ထို့ကြောင့်ပင်လျှင် ..

သဗ္ဗေ တေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ ဧတေသံ ဝါ အညတရံ ....

= ထိုအားလုံးသော သမဏဗြာဟ္မဏတို့သည် ဥပါဒါနက္ခန္ဓာငါးပါးတို့ကိုမူလည်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်၏၊ ထိုဥပါဒါနက္ခန္ဓာငါးပါးတို့တွင် တစ်ပါးပါးကိုသော်မူလည်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြကုန်၏ ....

ဤသို့ ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ အကြောင်းကား ဤသို့ ဖြစ်၏၊ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ်၏ အစွမ်းဖြင့် ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့သော သမဏ ဗြာဟ္မဏအား –

၁။ လောကုတ္တရာတရားများပါဝင်သည့် ခန္ဓာငါးပါးတို့သည်လည်းကောင်း,
၂။ လောကုတ္တရာတရားများ မပါဝင်သည့် ဥပါဒါနက္ခန္ဓာငါးပါးတို့သည်လည်းကောင်း,
၃။ ခန္ဓာနှင့်ဆက်စပ်နေသည့် အမျိုးအနွယ် ရုပ်အဆင်း အစာအာဟာရ သုခ ဒုက္ခစသည်တို့သည်လည်းကောင်း,
၄။ အမည်နာမ ပညတ် အမျိုးမျိုးသည်လည်းကောင်း ––

ဤ (၄)မျိုးသော အခြင်းအရာသည် ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်၏ အာရုံဖြစ်သည်သာတည်း။ ယခုမူ ဘုရားရှင်ကား ဤ (၄)မျိုးသော အခြင်းအရာကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြောင်းကို ဟောတော် မမူဘဲ ရှေး၌နေခဲ့ဖူးသော ဥပါဒါနက္ခန္ဓာငါးပါးကိုသော်လည်းကောင်း, တစ်ပါးပါးကိုသော်လည်းကောင်း ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ကြောင်းကိုသာ ဟောတော်မူသဖြင့် ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်ဖြင့် ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အစဉ်လျှောက်၍ အောက်မေ့မှုကို ရည်ရွယ်တော်မမူဘဲ ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို ဝိပဿနာဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့မှုကိုသာ ရည်ရွယ်တော်မူကြောင်းကို သိရှိနိုင်ပေသည်။ ထိုသို့ ဝိပဿနာဉာဏ်ဖြင့် ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အစဉ်လျှောက်၍ အောက်မေ့ရာ၌ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါကို အစဉ်လျှောက်၍ အောက်မေ့သည်ကား မဟုတ်။ အတိတ်၌ ချုပ်ခဲ့လေပြီးသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုသာ ဝိပဿနာဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်သည် ဟူလိုသည်။''[၇၂၁]

ဤကား ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်နှင့် ဝိပဿနာဉာဏ်တို့၏ စွမ်းအင်ကွဲပြားပုံနှင့် ဝိပဿနာဉာဏ်ဖြင့် လည်း အတိတ်အနာဂတ်ကို ရှုနိုင်ပုံ ရှုရပုံ ရှု၍လည်း ရရှိနိုင်ပုံ ကျမ်းဂန် အထောက်အထားများတည်း။ ဘုရားရှင်၏ မုခပါဌ်တော်မှ တိုက်ရိုက်ထွက်ပေါ်လာသော ဗျာဒိတ်တော်အသံ တစ်မျိုးတည်း။

ဤအရာဝယ် ယောဂါဝစရပုဂ္ဂိုလ်သည် စျာန်အစေး ခန်းခြောက်တော်မူသည့် သုက္ခဝိပဿက (= သုဒ္ဓဝိပဿနာယာနိက) ရဟန္တာအရှင်မြတ်ကြီးတို့သည်လည်း အရိယသစ္စာ လေးရပ် တရားမြတ်ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သွားတော်မူကြသည်ဟူသော ဤအချက်ကိုပါ ထည့်သွင်း စဉ်းစားသင့်လှ ပေသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ဘုရားရှင်၏ တရားစစ် တရားမှန်တည်းဟူသော အဆုံးအမ သာသနာတော်ကြီးနှင့် မလွဲချော်မိအောင် ကြိုးပမ်းပါလေလော့ ...။

. . . . .
လူသားတို့၏ ပဋိသန္ဓေ ကလလရေကြည်အခိုက် . .
ဟဒယဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၃)မျိုး၊ ရုပ်အမျိုးအစားကား (၃၀) ရှိပေသည်။

တစ်ဖန် - နာမ်ပိုင်းတွင် သောမနဿဝေဒနာဖြင့် ပဋိသန္ဓေတည်နေခဲ့သူ တိဟိတ်ပုဂ္ဂိုလ် ဖြစ်အံ့ . .၊
သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မဟာဝိပါက် နာမ်တရားစု (၃၄)လုံး ဖြစ်သည်။ ယင်းရုပ်နာမ်တို့ကို ဉာဏ်အမြင် သန့်ရှင်းအောင် သိမ်းဆည်းပါ။

ပရမတ်သို့ ဆိုက်အောင် ဉာဏ်အမြင် သန့်သန့်ရှင်းရှင်းဖြင့် သိမ်းဆည်းနိုင်သောအခါ . .
ဤသို့ စူးစမ်းဆင်ခြင်ပါ = ဉာဏ်ဖြင့် ပိုင်းခြားယူပါ . .။

''ဤရုပ်နာမ်သည်ကား . .
တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်း = ဇနကအကြောင်း ထင်ရှားမရှိဘဲ,
အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်း = ဥပတ္ထမ္ဘကအကြောင်း မရှိဘဲ . .
ဖြစ်ပေါ်၍နေသည်ကား မဟုတ်၊
တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား ထင်ရှားရှိသည်ဖြစ်၍သာလျှင်,
အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရား ထင်ရှားရှိသည်ဖြစ်၍သာလျှင် . .
ဖြစ်ပေါ်လာရ၏၊
ထို တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရားကား အဘယ်ပါနည်း၊
အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရားကား အဘယ်ပါနည်း''ဟု . .
အတိတ်ဘက်သို့ ဉာဏ်ကို စေလွှတ်၍ စူးစမ်းဆင်ခြင်လတ်သော် . . .

လွန်ခဲ့သော အတိတ်ဘဝ မရဏာသန္နအခါ၌ ဖြစ်ပေါ်နေသော ရုပ်နာမ်တို့ကိုလည်းကောင်း,
ယင်းမရဏာသန္နဇော၏ အာရုံကိုလည်းကောင်း . . စတင်၍ တွေ့ရှိတတ်ပါသည်။

အကယ်၍ မရဏာသန္နအခါ ရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်လျှင်ကား . .
ယင်းမရဏာသန္နဇောဟူသော နာမ်တရားစု၏ အာရုံဖြစ်သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော နိမိတ်သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော နိမိတ်ကို တွေ့ရှိဖို့ရန် အလွန်သေချာသွားပြီ ဖြစ်၏၊ မခဲယဉ်းလှတော့ပေ။

ထိုမရဏာသန္နဇော၏ နိမိတ်ကား . .
အကျိုးပေးမည့် ကံ၏ စွမ်းအင်သတ္တိကြောင့် ထင်လာရသော နိမိတ်ပင် ဖြစ်သည်။

သို့အတွက် ထိုနိမိတ်ကို ရှာဖွေတွေ့ရှိလျှင် . .
ယခုလက်ရှိဘဝ၏ ပဋိသန္ဓေခန္ဓာငါးပါး အစရှိသော အချို့အချို့သော ဝိပါက်ခန္ဓာတို့၏ အကြောင်းရင်းဖြစ်သော သင်္ခါရနှင့် ကံကို တွေ့ရှိဖို့ရန် သေချာသွားပြီ ဖြစ်၏၊

တစ်ဖန် အတိတ် ရုပ်နာမ်တို့ကို ဆက်လက် သိမ်းဆည်းလိုက်သောအခါ . .
အကယ်၍ သင်္ခါရနှင့် ကံကို တွေ့ရှိခဲ့သော်
ထိုသင်္ခါရနှင့် ကံကို ခြံရံထားသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကို ဆက်လက်၍ ရှာဖွေကြည့်ပါ . . . .

(စာမျက်နှာ၊၄၉၉ . .)

အပိုင်း (၂) 

အကြောင်းတရားကို ရှာဖွေပုံ စနစ်တစ်ခု

''အကြောင်းတရားတို့၌ အကျိုးတရားတို့ကို ဖြစ်ပေါ်စေနိုင်သော စွမ်းအင်များ ရှိကြ၏၊ ယင်းစွမ်းအင်များ ထင်ရှားရှိနေခြင်းကြောင့် အကြောင်းတရားတို့သည် အကျိုးတရားတို့ကို ဆောင်ထားနိုင်ကြ၏ဟု ဆိုရ၏၊ ထို့ကြောင့် အကျိုးတရားတို့သည် အကြောင်းတရားတို့ကြောင့်သာ တည်လည်း တည်နေကြရ, ဖြစ်လည်း ဖြစ်နေကြရသောကြောင့် ယင်းအကြောင်းတရားတို့သည် အကျိုးတရားတို့၏ တည်ရာ ဓမ္မဋ္ဌိတိ မည်၏၊ ယင်းအကျိုးတရားတို့၏ တည်ရာ အကြောင်းတရားတို့ကို ထိုးထွင်းသိတတ်သော ဉာဏ်သည် ဓမ္မဋ္ဌိတိဉာဏ် မည်၏၊''[၇၂၂]

''ဤအရာ၌ နာမ်ရုပ်ကို ပိုင်းခြားမှတ်သားတတ်သော နာမရူပဝဝတ္ထာနဉာဏ်ဟု မဟောဘဲ အဘယ်ကြောင့် ဓမ္မဋ္ဌိတိဉာဏ်ဟု ဟောတော်မူအပ်ပါသနည်းဟူမူ အဖြေမှာ ဤသို့ ဖြစ်၏ ..။

အကြောင်းတရားတို့ကို သိမ်းဆည်းခြင်းဖြင့်ပင်လျှင် အကျိုးတရားကို သိမ်းဆည်းခြင်း၏ ပြီးစီးသွားသောကြောင့် ဖြစ်၏၊ မှန်ပေသည် - အကျိုးတရားကို မသိမ်းဆည်းရသေးသည်ရှိသော် အကြောင်းတရားကို သိမ်းဆည်းခြင်းလုပ်ငန်းရပ်ကို ပြုလုပ်ဖို့ရန် မစွမ်းနိုင်ပေ။ (အကြောင်းတရား၌ အကျိုးတရားကို ဖြစ်စေနိုင်သော စွမ်းအင်ရှိသည် မှန်သော်လည်း ယင်းအကြောင်းတရားကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှ သိမ်းဆည်းနိုင်ပါမှ သာလျှင် ယင်းအကြောင်းတရား၌ အကျိုးတရားကို ဖြစ်စေနိုင်သော စွမ်းအင်ရှိသည်ဟု သိရှိနိုင်ပေသည်ဟူလို။)

ထို့ကြောင့် ဓမ္မဋ္ဌိတိဉာဏ်ကို တိုက်ရိုက်ယူငင်ထုတ်ဆောင်၍ ဟောတော်မူခြင်းဖြင့်ပင်လျှင် ထိုဓမ္မဋ္ဌိတိဉာဏ်၏ စွဲမှီရာ အကြောင်းရင်းဖြစ်သော ဓမ္မဋ္ဌိတိဉာဏ်၏ ရှေးက ပြီးစီးထားပြီးဖြစ်သော နာမရူပဝဝတ္ထာနဉာဏ်ကို ဟောပြီးသာလျှင် ဖြစ်သည်ဟု သိရှိပါလေ။''[၇၂၃]

ဤအဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့်အညီ ပစ္စယပရိဂ္ဂဟ = အကြောင်းတရားတို့ကို သိမ်းဆည်းလိုသော ဉာဏ်ဖြင့် ပိုင်းခြားယူလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ပစ္စယသမုပ္ပန္နဟု ခေါ်ဆိုအပ်သော အကျိုး ရုပ်တရား-နာမ်တရားတို့ကို သိမ်းဆည်းခြင်း ဉာဏ်ဖြင့်ပိုင်းခြားယူခြင်း နာမ်ရုပ်ကို ပိုင်းခြားမှတ်သားခြင်း ဟူသော နာမရူပဝဝတ္ထာနဉာဏ်ကို ရရှိအောင် ရှေးဦးစွာ ကြိုးစားအားထုတ်ရမည် ဖြစ်သည်။ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏၊ အတိတ်အကြောင်းတရားတို့ကို သိမ်းဆည်းလို ဉာဏ်ဖြင့် ပိုင်းခြားယူလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အတိတ်အကြောင်းတရားကြောင့် ထင်ရှား ဖြစ်ပေါ်နေသည့် ပစ္စယုပ္ပန္နဓမ္မ အမည်ရသည့် ပစ္စုပ္ပန်ရုပ်တရားနာမ်တရားတို့ကိုလည်းကောင်း, ထိုအကြောင်းတရား တို့၏ စွဲမှီရာ (ဆိုင်ရာဆိုင်ရာ ရှေးရှေးအတိတ်အကြောင်းတရားကြောင့် ထင်ရှားဖြစ်ပေါ်နေသည့်) ပစ္စယုပ္ပန္နဓမ္မ အမည်ရသည့် အတိတ်ရုပ်တရားနာမ်တရားတို့ကိုလည်းကောင်း သိမ်းဆည်းထားပြီး ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီး ဖြစ်ရမည်။ တစ်ဖန် ပစ္စုပ္ပန်အကြောင်းတရား ငါးပါးကြောင့် အနာဂတ်အကျိုးတရား ငါးပါးဟူသော ပစ္စယုပ္ပန္နဓမ္မ အမည်ရသည့် ရုပ်တရားနာမ်တရားတို့ ဖြစ်ပုံကို သိမ်းဆည်းလိုသော ဉာဏ်ဖြင့် ပိုင်းခြားယူလိုသော ယောဂါဝစရပုဂ္ဂိုလ် သူမြတ်သည် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော ပစ္စုပ္ပန်အကြောင်းတရားတို့၏ စွဲမှီ၍ဖြစ်ရာ ပစ္စယုပ္ပန္နဓမ္မ အမည်ရသည့် ပစ္စုပ္ပန် ရုပ်တရားနာမ်တရားတို့ကိုလည်းကောင်း, ထိုပစ္စုပ္ပန်အကြောင်းတရားများကြောင့် ထင်ရှား ဖြစ်ပေါ်လာမည့် အနာဂတ်အကျိုးတရား ငါးပါးဟူသော ပစ္စယုပ္ပန္နဓမ္မ အမည်ရသည့် ရုပ်တရားနာမ်တရားတို့ကို လည်းကောင်း သိမ်းဆည်းထားပြီး ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီး ဖြစ်ရမည်။ ပစ္စုပ္ပန်အကျိုးတရား ငါးပါးဟူသည် ပစ္စုပ္ပန်ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်းတစ်ခု ဖြစ်သကဲ့သို့, ပစ္စုပ္ပန်အကြောင်းတရားငါးပါးဟူသည် ပစ္စုပ္ပန်ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သကဲ့သို့, အလားတူပင် အတိတ်အကြောင်းတရားငါးပါးဟူသည် အတိတ်ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်၏၊ အနာဂတ်အကျိုးတရားငါးပါးဟူသည်လည်း အနာဂတ် ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်၏၊ ထို့ကြောင့် အတိတ်ခန္ဓာငါးပါး, ပစ္စုပ္ပန်ခန္ဓာငါးပါး, အနာဂတ်ခန္ဓာငါးပါးတို့ကို ပရမတ်သို့ဆိုက်အောင် နေရာတကျ သိမ်းဆည်းတတ်ပါက ယင်းတို့၏ အစိတ်အပိုင်းဖြစ်သော အတိတ်အကြောင်းတရားငါးပါး, ပစ္စုပ္ပန် အကျိုးတရားငါးပါး, ပစ္စုပ္ပန်အကြောင်းတရားငါးပါး, အနာဂတ်အကျိုးတရားငါးပါးတို့ကိုလည်း အလွယ်တကူ သိမ်းဆည်း နိုင်မည် ဖြစ်သည်။ တစ်နည်းဆိုရသော် အတိတ်အကြောင်းတရားငါးပါးကြောင့် ပစ္စုပ္ပန်အကျိုးတရားငါးပါး ထင်ရှား ဖြစ်ပုံ, ပစ္စုပ္ပန်အကြောင်းတရားငါးပါးကြောင့် အနာဂတ်အကျိုးတရားငါးပါး ထင်ရှားဖြစ်ပုံကိုလည်း အလွယ်တကူ သိမ်းဆည်းနိုင်မည်, ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်မည် ဖြစ်ပေသည်။ အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်၌လည်း နည်းတူ သဘောပေါက်ပါ။ သို့ဖြစ်ရကား ယောဂါဝစရပုဂ္ဂိုလ်သည် အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ပုံကို မသိမ်းဆည်းမီ ရှေ့အဖို့၌ အတိတ်ခန္ဓာငါးပါး, ပစ္စုပ္ပန်ခန္ဓာငါးပါး, အနာဂတ်ခန္ဓာငါးပါးတို့ကို ကြိုတင်၍ သိမ်းဆည်းထားပြီး ဖြစ်ရမည်ဟူသော ဤစနစ်ဟောင်းကို ရှေ့ဦးစွာ မှတ်သားထားလေရာသည်။ အကြောင်းမူ ပဋိစ္စသမုပ္ပါဒ်သဘောတရား ဟူသည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါးအတွင်း၌ တည်ရှိကြသော ပရမတ္ထဓာတ်သား ရုပ်တရား နာမ်တရားတို့၏ အချင်းချင်း အကြောင်းနှင့် အကျိုး ဆက်စပ်လျက် အထပ်ထပ်ဖြစ်မှု ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောတရားမျှသာ ဖြစ်သောကြောင့်တည်း။

ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ဟောကြားတော်မူပုံ ဒေသနာနည်း (၄) နည်း

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၇၂၄]နှင့် သမ္မောဟဝိနောဒနီအဋ္ဌကထာ ပဋိစ္စသမုပ္ပါဒ်ဝိဘင်းအဖွင့်[၇၂၅]တို့၌ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို ဟောကြားတော်မူရာ၌ ဟောကြားတော်မူပုံ ဒေသနာနည်း (၄)နည်းရှိကြောင်း ဝလ္လိဟာရကနယ = နွယ်ခွေယောက်ျား၏ နွယ်ခွေပုံ နည်းလမ်းဥပမာဖြင့် ရှင်းလင်း ဖွင့်ဆိုထားတော်မူကြ၏၊

၁။ အဝိဇ္ဇာကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏၊ ဤသို့ စသည်ဖြင့် ဇာတိကြောင့် ဇရာမရဏဖြစ်ပုံသို့ တိုင်အောင်လည်း ဟောကြားထားတော်မူ၏၊ အစမှ စ၍ အဆုံးသို့ တိုင်အောင် ဟောကြားထားတော်မူအပ်သော အနုလောမ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်း ဖြစ်၏၊

၂။ အလယ် ဝေဒနာမှ စ၍ ဘဝကြောင့် ဇာတိဖြစ်ပုံသို့ တိုင်အောင် အကြောင်းနှင့် အကျိုးတို့၏ ကြောင်း-ကျိုး ဆက်နွယ်မှု သဘောတရားကိုလည်း ဟောကြားထားတော်မူ၏၊ အလယ်မှ အဆုံးတိုင်အောင် ဟောကြား ထားတော်မူအပ်သော အနုလောမ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်း တစ်နည်းပင် ဖြစ်၏၊

၃။ ဇရာမရဏသည် ဇာတိအကြောင်းခံကြောင့် ဖြစ်ပုံမှစ၍ သင်္ခါရသည် အဝိဇ္ဇာအကြောင်းခံကြောင့် ဖြစ်ပုံသို့ တိုင်အောင် ပြောင်းပြန်လှန်၍လည်း ဟောကြားထားတော်မူ၏၊ အဆုံးမှ အစအရင်းသို့ တိုင်အောင် ဟောကြားထားတော်မူအပ်သော ပဋိလောမ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်း ဖြစ်၏၊

၄။ အာဟာရလေးပါးသည် တဏှာကြောင့်ဖြစ်ပုံ၊ တဏှာသည် ဝေဒနာကြောင့်ဖြစ်ပုံ ဤသို့စသည်ဖြင့် သင်္ခါရသည် [၇၂၄]

အဝိဇ္ဇာကြောင့် ဖြစ်ပုံသို့ တိုင်အောင်လည်း ဟောကြားထားတော်မူ၏၊ အလယ်မှ စ၍ အစအရင်းသို့ တိုင်အောင် ဟောကြားထားတော်မူအပ်သော ပဋိလောမ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်း တစ်နည်းပင် ဖြစ်၏၊ 

ဤကား ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နည်း (၄)နည်းတည်း။ တစ်ဖန် .. ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကြီး၌လည်း နည်းတစ်နည်း လာရှိပြန်၏၊

၅။ အတိတ်အကြောင်းတရားငါးပါးကြောင့် ပစ္စုပ္ပန်အကျိုးတရားငါးပါး ထင်ရှားဖြစ်ပုံ, ပစ္စုပ္ပန်အကြောင်းတရား ငါးပါးကြောင့် အနာဂတ်အကျိုးတရားငါးပါး ထင်ရှားဖြစ်ပုံဟူသော ပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ရှုကွက် တစ်မျိုးလည်း လာရှိ၏၊

ဤပဋိသမ္ဘိဒါမဂ်ပါဠိတော်၌ လာရှိသော အကြောင်းတရားတစ်စု အကျိုးတရားတစ်စု ထား၍ သိမ်းဆည်းသော ဤနည်းကို ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းဟု ဤကျမ်းတွင် အမည်တပ်ထားပါသည်။ ဤပဉ္စမနည်းကား အဘိဓမ္မာ အခြေခံ ဉာဏ်ပညာ အားနည်းသူ အချို့အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့အား သင်ပြရသည်မှာ လွယ်ကူသယောင် ရှိပေသည်။

ဤပဋိစ္စသမုပ္ပါဒ် ဒေသနာနည်း (၅)နည်းတို့တွင် ယောဂါဝစရပုဂ္ဂိုလ်သည် မိမိကြိုက်နှစ်သက်ရာ ဒေသနာ နည်းဖြင့် အကြောင်းတရားများကို သို့မဟုတ် အကြောင်းတရား အကျိုးတရားများကို ရှာဖွေနိုင်ပါသည်။ ထိုငါးနည်းတို့တွင် ဤစာမူ၌ ပဉ္စမနည်းနှင့် ပထမနည်းတို့ကို ပဓာနထား၍ အကြောင်း-အကျိုး စပ်ပုံ သိမ်းဆည်းပုံကို ဖော်ပြထားပါသည်။ အကြောင်းတရားများကို စတင်၍ ရှာဖွေသည့်အပိုင်း၌ အလယ်မှ အစသို့သွားသော နည်းစနစ်ကို အသုံးပြုထားပါသည်။

ထိုသို့ အလယ်မှ အရင်းဘက်သို့ လိုက်၍ အကြောင်းတရားများကို ရှာဖွေရာတွင် အထက်တွင် ရှင်းပြခဲ့သည့် ပဋိသမ္ဘိဒါမဂ္ဂအဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့် အညီ ပစ္စုပ္ပန်ခန္ဓာငါးပါးမှသည် အတိတ်ခန္ဓာငါးပါးသို့တိုင်အောင် ခန္ဓာငါးပါး အဆက်ဆက်ကို ရှေ့ဦးစွာ သိမ်းဆည်းထားတတ်လျှင်ကား ပို၍ လွယ်ကူသည်ကို ယောဂီအများစု၌ တွေ့ရှိရပေသည်။ ထို့ကြောင့် ပစ္စုပ္ပန်ခန္ဓာငါးပါးမှသည် အတိတ်ခန္ဓာငါးပါးသို့တိုင်အောင် ခန္ဓာငါးပါး = ရုပ်နာမ်နှစ်ပါးတို့ကို သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ပုဗ္ဗေနိဝါသာနုဿတိပိုင်း၌ လာရှိသော အတိတ်ခန္ဓာအဆက်ဆက်ကို သိမ်းဆည်းပုံ နည်းစနစ်ကို အမှီပြု၍ ရေးသားတင်ပြထားပါသည်။ ထိုသို့ ပစ္စုပ္ပန်ခန္ဓာငါးပါးမှသည် အတိတ်ခန္ဓာငါးပါးသို့ တိုင်အောင် ခန္ဓာငါးပါးအဆက်ဆက်ကို သိမ်းဆည်းနိုင်သောအခါ အတိတ်ခန္ဓာငါးပါးကို စွဲမှီ၍ ဖြစ်ပေါ်လာသော အတိတ်အကြောင်းတရားငါးပါးကြောင့် ပစ္စုပ္ပန် ခန္ဓာငါးပါး = အကျိုးဝိပါက်တရား ထင်ရှားဖြစ်ပုံကို ထပ်ဆင့်၍ ဉာဏ်ဖြင့် မြင်အောင် ကြည့်ကာ သိမ်းဆည်းရမည် ဖြစ်သည်။ ဤပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းကို အောင်မြင်စွာ သိမ်းဆည်း ရှုပွားတတ်ပါက အကြောင်း-အကျိုး စပ်တတ်ပါက ကြွင်းကျန်သော ပဋိစ္စသမုပ္ပါဒ် ပထမနည်း စသည်တို့သည်လည်း ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ နားရှင်းပြီး လွယ်ကူပြီးသာ ဖြစ်နေပေလိမ့်မည်။

ကြိုတင်သတိပြုရန် အချက်တစ်ရပ်

၁။ ဧကတော ဟိ ကာရဏတော န ဣဓ ကိဉ္စိ ဧကံ ဖလမတ္ထိ။
၂။ န အနေကံ။
၃။ နာပိ အနေကေဟိ ကာရဏေဟိ ဧကံ။
၄။ အနေကေဟိ ပန ကာရဏေဟိ အနေကမေဝ ဟောတိ။[၇၂၆]

''၁။ ဤလောက၌ တစ်ခုတည်းသော အကြောင်းတရားကြောင့် ဖြစ်ပေါ်လာသော တစ်စုံတစ်ခုသော တစ်ခုတည်းသော အကျိုးတရားသည် မရှိပေ။

၂။ တစ်ခုတည်းသော အကြောင်းတရားကြောင့် ဖြစ်ပေါ်လာသော တစ်ပါးမက များပြားသော အကျိုးတရားသည်လည်း မရှိပေ။

၃။ များစွာကုန်သော အကြောင်းတရားတို့ကြောင့်လည်း ဖြစ်ပေါ်လာသော တစ်ခုတည်းသော အကျိုးတရားသည် မရှိသည်သာတည်း။

၄။ အလျော်အားဖြင့်ဆိုရမူ – များစွာကုန်သော အကြောင်းတရားတို့ကြောင့် ဖြစ်ပေါ်လာသော များစွာသော အကျိုးတရားသည်သာလျှင် ရှိပေသည်။

ဘုရားရှင်သည် ..
၁။ အချို့သော အရာ၌ ပဓာန = ပြဓာန်းသောကြောင့်,
၂။ အချို့သော အရာ၌ ပါကဋ = ထင်ရှားသည်၏ အဖြစ်ကြောင့်,
၃။ အချို့သော အရာ၌ အသာဓာရဏ = မဆက်ဆံသည်၏ အဖြစ်ကြောင့် –

ဒေသနာတော်၏ တင့်တယ်စမ္ပယ်ကြောင်းဖြစ်သော သဗ္ဗညုတဉာဏ်တော်အားလည်းကောင်း, ဆုံးမထိုက်သူ ကျွတ်ထိုက်သသူ လူနတ်ဗြဟ္မာ ဝေနေယျကြာ သတ္တဝါတို့အားလည်းကောင်း လျော်သောအားဖြင့် တစ်ခုတည်းသာလျှင် ဖြစ်သော အကြောင်းတရားကိုသော်လည်းကောင်း အကျိုးတရားကိုသော်လည်းကောင်း ထင်ရှားပြတော်မူ၏၊''[၇၂၆] ဤအထက်ပါ အဋ္ဌကထာတို့၏အဖွင့်နှင့် အညီ ပဓာန ပါကဋ အသာဓာရဏဟူသော အကြောင်း သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အကြောင်းတရားကြောင့် ဒေသနာတော်ကို တင့်တယ်စမ္ပယ်အောင် တန်ဆာဆင်တတ်သော သဗ္ဗညုတ ဉာဏ်တော်အားလည်းကောင်း, ဝေနေယျတို့၏ အလိုအကြိုက် စရိုက်ဝါသနာအားလည်းကောင်း လျော်ညီအောင် အဝိဇ္ဇာကဲ့သို့သော အကြောင်းတစ်ခု ဝေဒနာကဲ့သို့သော အကျိုးတစ်ခုကိုသာ ထုတ်ဆောင်၍ ဟောကြားထားတော်မူသော်လည်း တစ်ခုတည်းသော အကြောင်းတရားကြောင့် တစ်ခုတည်းသော အကျိုးတရား၏ ဖြစ်ခြင်း, တစ်ခုတည်းသော အကြောင်း တရားကြောင့် များစွာသော အကျိုးတရား၏ ဖြစ်ခြင်း, များစွာသော အကြောင်းတရားကြောင့် တစ်ခုတည်းသော အကျိုးတရား၏ ဖြစ်ခြင်းသည် မရှိနိုင်သောကြောင့် အကြောင်းတရား များစွာကြောင့်သာလျှင် အကျိုးတရားများစွာ၏ ဖြစ်ခြင်းသည်သာလျှင် ထင်ရှားရှိသောကြောင့် အဝိဇ္ဇာတစ်ခုတည်းကသာလျှင် သင်္ခါရကို ဖြစ်စေသည်ဟုလည်း မယူဆပါနှင့်။ သဠာယတနကြောင့် ဖဿတစ်ခုတည်း ဖြစ်သည်ဟုလည်း မယူဆပါနှင့်။ ဖဿတစ်ခုတည်းကြောင့် ဝေဒနာတစ်ခုတည်းသာ ဖြစ်သည်ဟုလည်း မယူဆပါနှင့်။ အကြောင်းတရား များစွာကြောင့်သာ အကျိုးတရားများစွာ ဖြစ်သည်ဟု သဘောပေါက်ပါ။ ယင်းသို့ဖြစ်လျှင် အဝိဇ္ဇာတစ်ခုတည်း, ဖဿတစ်ခုတည်း, ဝေဒနာတစ်ခုတည်း သိမ်းဆည်းရုံမျှဖြင့် မလုံလောက်ဟု သဘောပေါက်ပါ။ ယင်း အဝိဇ္ဇာ ဖဿ ဝေဒနာတို့နှင့် ယှဉ်ဖက်သမ္ပယုတ်တရား စသည်တို့ကိုပါ ရောနှော သိမ်းဆည်းရမည်ဟု မှတ်သားထားပါ။ အရာရာ၌ နည်းတူ သဘောပေါက်ပါ။

အတိတ်သို့ ဉာဏ်ကို စေလွှတ်ကြည့်ပါ

ရှေ့ဦးစွာ သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုး၌ တည်ရှိသော ရုပ်နာမ်တို့ကို အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ကြိမ်ဖန်များစွာ သိမ်းဆည်းပါ။ အထူးသဖြင့် နံပါတ် (၆)လိုင်းဟု အမည်တပ်ထားသော ဓမ္မာရုံလိုင်း၌ အကောင်းအုပ်စုများကို ဦးစားပေး၍ ရုပ်နာမ်ကို သိမ်းဆည်းပါ။ ထိုသို့ အကောင်းအုပ်စုများကိုသာ အချိန်များစွာ အကြိမ်များစွာ ဦးစားပေး၍ သိမ်းဆည်းနေသော် ယောဂါဝစရပုဂ္ဂိုလ် အများစု၌ ဉာဏ်လင်းရောင်ခြည် စွမ်းအင်များသည် ပို၍ပို၍ အားကောင်းလာတတ်ပါသည်။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးတို့၌ ထိုကဲ့သို့ ကြိမ်ဖန်များစွာ ရုပ်နာမ်ကို သိမ်းဆည်းနေရခြင်းမှာ ဘုရားရှင်ကိုယ်တော်တိုင်က အကြောင်းတရားတို့ကို မရှာဖွေမီ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးတို့၌ ရုပ်နာမ်တို့ကို သိမ်းဆည်းရန် မဟာသတိပဋ္ဌာနသုတ္တန်၌ ညွှန်ကြားထားတော်မူသောကြောင့် ဖြစ်၏၊ အထူးသဖြင့် ဗဟိဒ္ဓ ရုပ်နာမ်ကို မသိမ်းဆည်းနိုင်သေးသော ယောဂါဝစရပုဂ္ဂိုလ်သည် အတိတ်ရုပ်နာမ်ကိုလည်း သိမ်းဆည်းနိုင်ဖို့ရန် အလွန်ခဲယဉ်းလှပေသည်။ အကြောင်းမူ အတိတ်ရုပ်နာမ်ကို ရှုခြင်းသည် ဗဟိဒ္ဓရုပ်နာမ်ကို ရှုခြင်းနှင့် သဘောသွားချင်း တူနေသောကြောင့် ဖြစ်၏၊

အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်နာမ်တို့ကို သိမ်းဆည်းလိုက်သဖြင့် မိမိ၏ အသိဉာဏ်၌ မျက်စိအကြည် နားအကြည် နှာခေါင်းအကြည် လျှာအကြည် ကိုယ်အကြည် ဘဝင်မနောအကြည်ဟူသော အကြည်ဓာတ် (၆)ပါးလုံးကို ပို၍ပို၍ ထင်ထင်ရှားရှား မြင်လာသောအခါ အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်နာမ်ကို သိမ်းဆည်းနေသော ဉာဏ်ကြောင့် အရောင်အလင်း များသည်လည်း ပို၍ပို၍ အားကောင်းလာသောအခါ ဤရုပ်တရားနာမ်တရားများသည် မည်သည့်အကြောင်းတရား များကြောင့် ဖြစ်နေရပါသနည်းဟု အကြောင်းတရားတို့ကို သိလိုသော စိတ်ဓာတ်ဖြင့် အတိတ်ဘက်သို့ အာရုံစိုက်၍ စိတ်ကို စေလွှတ်ကြည့်ပါ = ဉာဏ်ကို စေလွှတ်ကြည့်ပါ။ ယင်းဉာဏ်ကြောင့် ဖြစ်ပေါ်နေသော အလင်းရောင်များသည် မိမိ၏ ဝန်းကျင်ပတ်ချာ အရပ်ဆယ်မျက်နှာ၌ လင်းနေသည်မှန်သော်လည်း မိမိအာရုံ စိုက်ရှုနေသည့်ဘက်၌ ပို၍ပို၍ စူးစူးရှရှ တောက်ပနေသည်ကို ယောဂီအများစုသည် သတိပြုမိတတ်၏၊ ထိုဉာဏ်အရောင်အလင်းဖြင့် အတိတ် အကြောင်းတရားတို့ကို ထိုးစိုက်၍ ရှာဖွေကြည့်ပါ။ အတိတ်က ပြုစုပျိုးထောင်ခဲ့ဖူးသော ယခုလက်ရှိ ပစ္စုပ္ပန်ဝိပါက် ရုပ်နာမ်၏ အကြောင်းရင်းဖြစ်သော ကောင်းမှုကုသိုလ် သင်္ခါရ-ကံ တစ်ခုခုသည် ပေါ်လာတတ်ပါသည်။ ဤစနစ်မှာ အဋ္ဌကထာကြီးများ[၇၂၇]၌ ဖော်ပြထားသော နည်းစနစ်ပင် ဖြစ်သည်။

အကယ်၍ ဤနည်းစနစ်ဖြင့် အတိတ်အကြောင်းတရားတို့ကို ရှာဖွေ၍ ကြည့်သော်လည်း အောင်မြင်မှုကို မရရှိခဲ့သော် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်ပိုင်း၌ လာရှိသော နည်းစနစ်ကို မှီး၍ အနီးကပ်ဆုံး ဣရိယာပုထ်၌ ဖြစ်ခဲ့သော ရုပ်နာမ်ကစ၍ အတိတ်ဘက်သို့ တစ်စ တစ်စ တိုး၍ ရုပ်နာမ်ကို သိမ်းဆည်းကြည့်ပါ။ ဤနည်းစနစ်မှာ ယောဂီအများစု၌ အောင်မြင်မှုရရှိသော နည်းစနစ်ပင် ဖြစ်သည်။

အကယ်၍ ဤနည်းစနစ်ဖြင့်လည်း မအောင်မြင် ဖြစ်နေခဲ့သော် အတိတ်အကြောင်းတရားတို့ကို ရှာဖွေ၍ မတွေ့ဖြစ်နေသော် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်၌ အလယ်ဖြစ်သော ကမ္မဝဋ်အမည်ရသည့် အာဟာရလေးပါးမှ စ၍ အဝိဇ္ဇာသို့ တိုင်အောင် ကြောင်း-ကျိုး-ဆက်၍ သိမ်းဆည်းသော နည်းစနစ်ကို အသုံးပြုကြည့်ပါ။ သို့သော် ဤ နည်းစနစ်ဖြင့် အကြောင်းတရားတို့ကို ရှာဖွေသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်၌ သင်သိအနေဖြင့် ကျွမ်းကျင်လိမ္မာသူသာ ဖြစ်သင့်ပေသည်။

ဤ၌ကား ပုဗ္ဗေနိဝါသာနုဿတိအဘိညာဏ်ပိုင်း၌ လာရှိသော နည်းစနစ်ကို မှီး၍ အနီးကပ်ဆုံး ဣရိယာပုထ်၌ ဖြစ်ခဲ့သော ရုပ်နာမ်ကစ၍ အတိတ်ရုပ်နာမ်တို့ကို သိမ်းဆည်းပုံနှင့် အကြောင်းတရား အကျိုးတရားတို့၏ ကြောင်းကျိုး ဆက်နွယ်မှုသဘောကို ရှုပွားပုံ သိမ်းဆည်းပုံများကို ဆက်လက်၍ ရေးသားတင်ပြပေအံ့ ..။

ယောဂါဝစရပုဂ္ဂိုလ်သည် တရားမထိုင်မီ ထိုင်မည့်ဆဲဆဲ၌ ဘုရား၌ ဆီမီးဖြစ်စေ ရေဖြစ်စေ ပန်းဖြစ်စေ လှူဒါန်း၍ နိဗ္ဗာန်ကို ဆုတောင်းပါ။ ထို့နောက် နိဗ္ဗာန်ကိုမရမီ စပ်ကြား၌ သံသရာဝယ် ကျင်လည်ရသော် ရဟန်းဘဝကို ဖြစ်စေ သို့မဟုတ် အမျိုးသမီးဘဝကို ဖြစ်စေ ယောဂါဝစရပုဂ္ဂိုလ် နှစ်ခြိုက်သည့် ဘဝတစ်ခုကို ဆုတောင်းကြည့်ပါ။ ဝဋ္ဋနိဿိတ ကုသိုလ်ကံသည်သာလျှင် သမုဒယသစ္စာ ထိုက်သောကြောင့် ယင်းသမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကို ယောဂါဝစရပုဂ္ဂိုလ်သည် လွယ်လွယ်ကူကူ ရှု၍ ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဝဋ္ဋနိဿိတကုသိုလ်တစ်ခုကို ထူထောင်ခိုင်းခြင်း ဖြစ်သည်။ ထိုကုသိုလ်ကို ထူထောင်စဉ် ဆုတောင်းနေစဉ် ဖြစ်ပေါ်သွားသည့် စိတ်အစဉ်များကိုလည်း သတိပြု၍ မှတ်သားထားပါ။

ထိုနောင် တရားထိုင်သည့်နေရာတွင် သမာဓိကို အဆင့်ဆင့် ထူထောင်၍ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ ရုပ်နာမ်ကို သိမ်းဆည်းပါ။ အထူးသဖြင့် ဓမ္မာရုံလိုင်း ကုသိုလ်ဇောဝီထိ စိတ်အစဉ်တို့ကို ဦးစားပေး၍ သိမ်းဆည်းပါ။ ထိုတွင်လည်း ယောဂါဝစရပုဂ္ဂိုလ်သည် သမထယာနိကပုဂ္ဂိုလ် ဖြစ်ပါမူ ဤနေရာတွင် စျာန်နာမ်တရားတို့ကို ဦးစားပေး၍ သိမ်းဆည်းပါ။ ဉာဏ်အလင်းရောင်များ အလွန်အားကောင်းလာသောအခါ တရားမထိုင်မီ အနီးကပ်ဆုံး ဣရိယာပုထ်၌ ဖြစ်ခဲ့သော ယခင် ဘုရား၌ ပန်း-ဆီမီး-ရေချမ်း လှူဒါန်း၍ ရဟန်းဘဝကို သို့မဟုတ် အမျိုးသမီးဘဝကို ဆုတောင်း နေသည့် စိတ်အစဉ်, နိဗ္ဗာန်ကို ဆုတောင်းနေသည့် စိတ်အစဉ်, လှူဒါန်းနေသည့် စိတ်အစဉ် အစရှိသော နာမ်တရားတို့ကို သိမ်းဆည်းကြည့်ပါ။

ထိုနာမ်တရားတို့ကို သိမ်းဆည်းလိုလတ်သော် ယင်းနာမ်တရားတို့၏ မှီရာ ဟဒယ၌ တည်ရှိသော ဟဒယဝတ္ထုနှင့် တကွ (၆၃)မျိုးသော ရုပ်တရားများကို ရှေးဦးစွာ သိမ်းဆည်းပါ။ ယင်းရုပ်တရားတို့ကို သိမ်းဆည်းရာ၌လည်း ယင်းဆုတောင်းစဉ် ကောင်းမှုကုသိုလ်ပြုစဉ် ခန္ဓာအိမ်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စတင် သိမ်းဆည်းပါ။ အထူးသဖြင့် ထိုစဉ်က နှလုံးအိမ်၌ တည်ရှိခဲ့သော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့သောအခါ ဟဒယဝတ္ထုနှင့်တကွ (၆၃)မျိုးသော ရုပ်တရားများကို သိမ်းဆည်းပါ။ တစ်ဖန် ထိုဟဒယဝတ္ထု၌ မှီတွယ်၍ ဖြစ်ပေါ်နေသော အိမ်ရှင်ဘဝင်စိတ်ကို = ဘဝင်မနောအကြည်ဓာတ်ကို ဆက်လက် သိမ်းဆည်းပါ။ ထိုဘဝင် မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းပြီးသောအခါ ထိုဘဝင်မနောအကြည်ဓာတ်ကို ရှေ့တိုးနောက်ဆုတ် ပြုလုပ်၍ ဘဝင်မနောအကြည်ဓာတ်တို့၏ အကြားအကြား၌ ဖြစ်ပေါ်သွားသော ဝီထိစိတ်အစဉ်ဟု ခေါ်ဆို အပ်သော နာမ်တရားတို့ကို ဆက်လက်သိမ်းဆည်းပါ။ ထိုနာမ်တရားတို့ကို သိမ်းဆည်း၍ ရသောအခါ ယခင် မိမိ တရားမထိုင်မီက တကယ် ဆုတောင်းခဲ့သော စိတ်အစဉ်များနှင့် တူမတူကို သတိပြု၍ အကြိမ်ကြိမ် ဆန်းစစ်ကြည့်ပါ။ တူညီသည်ကို တွေ့ရှိပါက အနီးကပ်ဆုံး ဣရိယာပုထ်၌ တည်ရှိခဲ့သော အတိတ်ရုပ်နာမ်ကို သိမ်းဆည်းရနိုင်ပြီ ဖြစ်ပေသည်။

သမထယာနိကပုဂ္ဂိုလ် ဖြစ်ပါမူ

ယောဂါဝစရပုဂ္ဂိုလ်သည် သမထယာနိကပုဂ္ဂိုလ်ဖြစ်၍ ဗြဟ္မာ့ချမ်းသာ ဗြဟ္မာဘဝကို လိုလားတောင့်တခဲ့ပါမူ မိမိနှစ်ခြိုက်ရာ ဗြဟ္မာဘဝကို ပို့ဆောင်ပေးမည့် စျာန်ကိုကား ပရိတ္တစျာန် သို့မဟုတ် မဇ္ဈိမစျာန် သို့မဟုတ် ပဏီတစျာန် ဖြစ်အောင်[၇၂၈]မိမိ၏ အလိုဆန္ဒနှင့် လျော်ညီစွာ ပွားများအားထုတ်ထားရမည် ဖြစ်သည်။ ထိုစျာန်သည်လည်း အကယ်၍ စတုတ္ထစျာန်ဖြစ်မူ ထိုစတုတ္ထစျာန်ကို တစ်ဖန်ပြန်၍ ဝင်စားပါ။ ထိုစျာန်ကို မဝင်စားမီ သို့မဟုတ် ဝင်စားပြီးရာအခါတို့၌ ဗြဟ္မာဘဝကိုလည်း ဆုတောင်းကြည့်ပါ၊ သို့မဟုတ် စိတ်ညွတ်ကိုင်းရှိုင်းကြည့်ပါ။ ဆုတောင်းခြင်း စိတ်ညွတ်ကိုင်းရှိုင်းခြင်း တို့ကား အဝိဇ္ဇာ တဏှာ ဥပါဒါန် ဦးဆောင်သည့် ကိလေသဝဋ်ကို ပြုစုပျိုးထောင်နေခြင်း ဖြစ်၏၊ စျာန်ကို ကြိမ်ဖန်များစွာ ဝင်စားခြင်းကား သင်္ခါရနှင့် ကံဟူသော ကမ္မဝဋ်တရားတို့ကို ပြုစုပျိုးထောင်နေခြင်း ဖြစ်၏၊

တစ်ဖန် ယောဂါဝစရပုဂ္ဂိုလ်သည် ယင်း ကိလေသဝဋ်နာမ်တရားစု ကမ္မဝဋ်နာမ်တရားစုတို့ကိုလည်းကောင်း, ယင်းနာမ်တရားစုတို့၏ မှီရာ ဝတ္ထုရုပ်တို့ကိုလည်းကောင်း တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။ ထိုရုပ်နာမ်တို့ကို သိမ်းဆည်း၍ ရရှိပါက အနီးကပ်ဆုံး အတိတ်ရုပ်နာမ်ကို သိမ်းဆည်းမှုသည် အောင်မြင်သွားပြီ ဖြစ်ပေသည်။ ထိုသို့ အတိတ်ရုပ်နာမ်ကို သိမ်းဆည်းရာ၌ ရုပ်ပိုင်းတွင် ဟဒယဝတ္ထုရုပ်ကိုလည်းကောင်း, နာမ်ပိုင်းတွင် ဘဝင်မနောအကြည်ဓာတ်ကိုလည်းကောင်း ရှေ့ဦးစွာ ဦးစားပေး၍ သိမ်းဆည်းရန် မမေ့ပါနှင့်။

ကိလေသဝဋ် နှင့် ကမ္မဝဋ်

အထက်ပါ သံသရာဝဋ်ကို လည်ပတ်စေတတ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကို ထပ်မံ၍ အနည်းငယ် ရှင်းလင်းတင်ပြအပ်ပါသည်။ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကား ကိလေသဝဋ်တရားစုတို့တည်း။ သင်္ခါရ ကံတို့ကား ကမ္မဝဋ်တရားစုတို့တည်း။ အဝိဇ္ဇာသည်လည်း တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအားမရှိ။ တဏှာသည်လည်း တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအားမရှိ။ ဥပါဒါန်သည်လည်း တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအားမရှိ။ အုပ်စုအလိုက်သာ ဖြစ်ရိုး ဓမ္မတာ ရှိ၏၊ ဤအထက်ပါ ဆုတောင်းနေသည့် အရာဌာနမျိုး၌ မြဲမြံခိုင်ခံ့သည်၏ အဖြစ်သို့ ရောက်ရှိနေသော တဏှာကိုပင် ဥပါဒါန်ဟု ဆိုသည်။

အဝိဇ္ဇာသမုဒယာ အာသဝသမုဒယော[၇၂၉]
အာသဝသမုဒယာ အဝိဇ္ဇာသမုဒယော[၇၃၀]....

ဤသို့ စသော ဒေသနာတော်များနှင့် အညီ အဝိဇ္ဇာအကြောင်းခံကြောင့် အာသဝေါတရားတို့ ထင်ရှား ဖြစ်ပေါ်လာရသကဲ့သို့ အာသဝေါတရားတို့ကြောင့်လည်း အဝိဇ္ဇာသည် ထင်ရှားဖြစ်ပေါ်လာရပေသည်။ အဝိဇ္ဇာနှင့် အာသဝေါတရားတို့သည် အပြန် အလှန် ကျေးဇူးပြုပေးနေသော တရားတို့ ဖြစ်ကြ၏၊ အာသဝေါတရားတို့တွင် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့လည်း ပါဝင်ကြ၏၊ ထို့ကြောင့် ကိလေသဝဋ်သုံးပါးတို့တွင် အဝိဇ္ဇာနှင့် တဏှာ ဥပါဒါန်တို့သည် စိတ္တက္ခဏတစ်ခု၏ အတွင်း၌လည်း အတူယှဉ်တွဲ၍ ဖြစ်နိုင်ကြ၏၊ စိတ္တက္ခဏချင်း ကွာခြားလျက်လည်း ဖြစ်နိုင်ကြ၏၊ ဤပဋိစ္စသမုပ္ပါဒ်ပိုင်း၌ ယေဘုယျအားဖြင့် လောဘ-ဒိဋ္ဌိအုပ်စုအနေဖြင့် အဖြစ်များကြ၏၊ ရံခါ လောဘ-မာနအုပ်စု အနေဖြင့်လည်း ဖြစ်နိုင်ပေသည်။ သသင်္ခါရိက အသင်္ခါရိက ထိုက်သလို ဖြစ်နိုင်ပေသည်။ ဤ၌ သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက လောဘမူစိတ်ကို စံထား၍ (၂၀)ဟု ဖော်ပြထားပါသည်။ အလားတူပင် သင်္ခါရ-ကံ ဟူသော ကမ္မဝဋ်တရားတို့သည်လည်း အုပ်စုအလိုက်သာ ဖြစ်တတ်ပေသည်။ တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအားကား မရှိပေ။ ဤ၌ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မဟာကုသိုလ် အသင်္ခါရိကစိတ်ကို စံထား၍ (၃၄)ဟု ဖော်ပြထားပါသည်။ သို့သော် ယင်းကိလေသဝဋ် ကမ္မဝဋ်တို့သည် သတ္တဝါတစ်ဦးနှင့် တစ်ဦး မတူညီဘဲ ထိုက်သလို ကွဲပြားမှု ရှိနိုင်သည်ကိုကား သဘောပေါက်ပါလေ။

ကိလေသဝဋ် (၃) ပါး

ဘုရားရှင်အား ပန်း ဆီမီး ရေချမ်း လှူဒါန်း၍ ရဟန်းဘဝကို ဆုတောင်းပန်ထွာရာ၌ ကိလေသဝဋ် သုံးပါးမှာ ဤသို့ ဖြစ်၏ ..။

၁။ အဝိဇ္ဇာ (= ၂၀) = ရဟန်းဟု အသိမှားခြင်းသဘော၊
၂။ တဏှာ (= ၂၀) = ရဟန်းဘဝကို တွယ်တာတပ်မက်ခြင်းသဘော၊
၃။ ဥပါဒါန် (= ၂၀) = ရဟန်းဘဝသို့ စိတ်ကပ်ရောက်စွဲနေခြင်းသဘော။

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် အမျိုးသမီးယောဂီဖြစ်၍ အမျိုးသမီးဘဝကိုပင် ဆုတောင်းပန်ထွာသည် ဖြစ်အံ့၊ ကိလေသဝဋ် (၃)ပါးမှာ ဤသို့ ဖြစ်၏၊

၁။ အဝိဇ္ဇာ (= ၂၀) = အမျိုးသမီးဟု အသိမှားခြင်းသဘော၊
၂။ တဏှာ (= ၂၀) = အမျိုးသမီးဘဝကို တွယ်တာတပ်မက်ခြင်းသဘော၊
၃။ ဥပါဒါန် (= ၂၀) = အမျိုးသမီးဘဝသို့ စိတ်ကပ်ရောက်စွဲနေခြင်းသဘော။

ဤ၌ (၂၀)ဟူသည် ဇော အသီးအသီး၌ တည်ရှိသော လောဘ-ဒိဋ္ဌိ အုပ်စု အလုံး (၂၀)ကို ရည်ညွှန်းထားပါသည်။ (၁၉-၂၂-၂၁) လုံးသော နာမ်တရားစုတို့သည်လည်း ထိုက်သလို ဖြစ်နိုင်ပါသည်။ မိမိ၌ ဖြစ်ခဲ့သည့်အတိုင်း ဖြစ်နေဆဲ အတိုင်း ဖြစ်လတ္တံ့အတိုင်း သေသေချာချာ ဆန်းစစ်၍ ရှုရန် ဖြစ်သည်။

ကမ္မဝဋ် (၂) ပါး

၄။ သင်္ခါရ (= ၃၄) ဘုရား၌ ပန်း ဆီမီး ရေချမ်း လှူဒါန်းသည့် ကုသိုလ်စေတနာအုပ်စု (= သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ်)၊
၅။ ကံ = ယင်းသင်္ခါရ (= ၃၄) ၏ ကမ္မသတ္တိ။

ကိလေသဝဋ် အမည်ရသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကား ယေဘုယျအားဖြင့် မနောဒွါရာဝဇ္ဇန်း၊ ဇော (၇)ကြိမ် အနေဖြင့် အဖြစ်များ၏၊ မိမိဆုတောင်းပန်ထွာထားသည့် ရဟန်းဘဝ သို့မဟုတ် အမျိုးသမီးဘဝတို့၌ တည်နေသော ရူပါရုံစသည့် ကာမအာရုံကို = ကာမရုပ်နာမ်ကို အာရုံပြုနိုင်မူ တဒါရုံလည်း ကျခွင့်ရှိ၏၊ ဇော အသီးအသီး၌ လောဘ-ဒိဋ္ဌိအုပ်စု အလုံး (၂၀)ကို စံထား၍ ဖော်ပြထားသည်။

တစ်ဖန် သင်္ခါရနှင့် ကံဟူသော ကမ္မဝဋ်တရားတို့သည်လည်း မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်ပင် ဖြစ်၏၊ ဇောအသီးအသီး၌ ဉာဏ်-ပီတိ နှစ်မျိုးလုံး ယှဉ်ခဲ့သော် (၃၄)လုံးစီ ရှိ၏၊ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက မဟာကုသိုလ် ဇောစိတ်ကို စံထား၍ ဖော်ပြထားပါသည်။ ဤတွင်လည်း ကံကို ထူထောင်စဉ်က မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်၌ ဖြစ်ခဲ့သည့်အတိုင်း သိမ်းဆည်းရန် ဖြစ်သည်။ ယင်းကုသိုလ်ဇောများမှာ သောမနဿ ဥပေက္ခာ ဉာဏသမ္ပယုတ် ဉာဏဝိပ္ပယုတ် သသင်္ခါရိက အသင်္ခါရိက ထိုက်သလို ဖြစ်နိုင်ပေသည်။

ယင်းကုသိုလ်ဇောစေတနာ = သင်္ခါရအုပ်စုတရားတို့ကား အနိစ္စတရားများသာ ဖြစ်ခြင်းကြောင့် ဥပါဒ်-ဌီဘင် = ဖြစ်-တည်-ပျက် သက်တမ်းစေ့သော် ချုပ်ပျက်သွားကြသည်သာ ဖြစ်၏၊ သို့သော် နောင်တစ်ချိန် အနာဂတ်ဘဝ တစ်ခုခု၌ မိမိရည်သန်တောင့်တထားသည့် ရဟန်းဘဝ သို့မဟုတ် အမျိုးသမီးဘဝကို ဖြစ်စေနိုင်သည့် စွမ်းအင် ကမ္မသတ္တိကို ရုပ်နာမ်အစဉ်တွင် မြှုပ်နှံပြီးမှသာလျှင် ချုပ်ပျက်၍ သွားပေသည်။ ဝိပါက်နာမ်တရား ကြိယာနာမ်တရားများ ကဲ့သို့ စွမ်းအင်သတ္တိ တစ်စုံတစ်ရာ မထားခဲ့ဘဲ ချုပ်ပျက်သွားသည်ကား မဟုတ်ပေ။ ထိုစွမ်းအင်ကမ္မသတ္တိကိုပင် ကံဟု ခေါ်ဆိုပေသည်။ နာနာက္ခဏိကကမ္မသတ္တိပေတည်း။ ယခုတစ်ဖန် ဗြဟ္မာဘဝကို ဆုတောင်းသည့် ဒုတိယ ဆုတောင်းပိုင်းကို ဆက်လက်တင်ပြအပ်ပါသည်။

ဒုတိယဆုတောင်းခန်း (ဗြဟ္မာဘဝ)

၁။ အဝိဇ္ဇာ (= ၂၀) = ဗြဟ္မာဟု အသိမှားခြင်းသဘော။
၂။ တဏှာ (= ၂၀) = ယင်းဗြဟ္မာဘဝကို တွယ်တာတပ်မက်ခြင်းသဘော။
၃။ ဥပါဒါန် (= ၂၀) = ယင်းဗြဟ္မာဘဝသို့ စိတ်ကပ်ရောက် စွဲနေခြင်းသဘော။
၄။ သင်္ခါရ (= ၃၁) = ဗြဟ္မာဘဝကို ရည်သန်တောင့်တ၍ ပြုစုပျိုးထောင်ထားသော စတုတ္ထစျာန်ကုသိုလ်စေတနာ အုပ်စု။
၅။ ကံ = ယင်းသင်္ခါရ (= ၃၁)၏ ကမ္မသတ္တိ။

ဤ၌ အဝိဇ္ဇာ တဏှာ ဥပါဒါန်ဟူသော ကိလေသဝဋ်၌ လောဘ-ဒိဋ္ဌိအုပ်စု အလုံး (၂၀) ဖြစ်သည်၊ လောဘမူ မနောဒွါရိကဇောဝီထိ စိတ်အစဉ်ပင်တည်း။ သင်္ခါရ၌ စတုတ္ထစျာန် နာမ်တရား (၃၁) ဖြစ်သည်၊ စတုတ္ထစျာနိက စျာနဝီထိစိတ်အစဉ်ပင်တည်း။

ယောဂါဝစရပုဂ္ဂိုလ်သည် ဤ ကိလေသဝဋ် ကမ္မဝဋ်ဟူသော အနီးကပ်ဆုံး ဣရိယာပုထ်၌ ဖြစ်ခဲ့သည့် နာမ်တရားတို့ကို နာမ်တုံးနာမ်ခဲဟူသော နာမ်ဃနကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် နာမ်ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် သိမ်းဆည်းရှုပွားနိုင်လျှင်ကား အနီးကပ်ဆုံးဖြစ်သည့် အတိတ် ရုပ်နာမ်ကို သိမ်းဆည်းခြင်းလုပ်ငန်းမှာ အောင်မြင်မှုကို ရရှိသွားပြီ ဖြစ်၏၊

ရုပ်ပုံပေါ်လာခဲ့သော် ပြုကျင့်ရမည့် လုပ်ငန်းခွင်

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရုပ်နာမ်တို့ကို သိမ်းဆည်းနေရာ ယင်းရုပ်နာမ်တို့ကို သိမ်းဆည်းနေသော နာမရူပပရိစ္ဆေဒဉာဏ်ကြောင့် အရောင်အလင်းများသည်လည်း အားကောင်း မောင်းသန်စွာ ဖြစ်ပေါ်လာခဲ့ပါမူ ယင်းအရောင်အလင်း၏ အကူအညီဖြင့် အနီးကပ်ဆုံးသော ဣရိယာပုထ်၌ဖြစ်ခဲ့သော ရုပ်နာမ်တို့ကို လှမ်း၍ သိမ်းဆည်းလိုက်သောအခါ ယခင် တရားမထိုင်မီ ဆုတောင်းနေသည့် ပုံသည် ပေါ်လာသည်ဖြစ်အံ့၊ ထိုပုံကို အလင်းရောင်အောက်တွင် တွေ့မြင်နေသည်ဖြစ်အံ့၊ ထိုပုံ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စတင်သိမ်းဆည်းပါ၊ ဉာဏ်ဖြင့် မြင်အောင် စိုက်ရှုပါ။ ဗဟိဒ္ဓ၌ ရုပ်တရားတို့ကို ရှုသည့်ပုံစံအတိုင်းသာ ယင်းပုံကိုလည်း ဗဟိဒ္ဓကဲ့သို့ပင် သဘောထား၍ ဓာတ်ကြီးလေးပါးကို စိုက်ရှုပါ။ ဗဟိဒ္ဓရုပ်တရားတို့ကို ပရမတ်သို့ဆိုက်အောင် သိမ်းဆည်းထားပြီးသော ယောဂါဝစရပုဂ္ဂိုလ်အဖို့ အခက်အခဲကား များစွာ မရှိနိုင်တော့ပြီ။ မကြာမီ အချိန်ကာလအတွင်းမှာပင် ရုပ်ကလာပ်အမှုန် များကို တွေ့ရှိနိုင်ပေသည်။ ထိုရုပ်ကလာပ်တို့ကို ပရမတ်သို့ ဆိုက်အောင် ဓာတ်ခွဲလျက် (၆)ဒွါရနှင့် (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်ပရမတ်တရားတို့ကို ဆက်လက်၍ သိမ်းဆည်းပါ။ အထူးသဖြင့် နှလုံးအိမ်၌ တည်ရှိသော (၆၃)မျိုးသော ရုပ်တရားတို့ကို ဦးစားပေး၍ သိမ်းဆည်းပါ။ ထိုတွင်လည်း ဟဒယဝတ္ထုရုပ်ကို အထူးဦးစားပေး၍ သိမ်းဆည်းပါ။ တစ်ဖန် ထိုဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေသော အိမ်ရှင် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို ဆက်လက် သိမ်းဆည်းပါ။ ထိုနောင် ယင်းဘဝင်မနောအကြည်ဓာတ်တို့၏ အကြားအကြား၌ ထိုဟဒယဝတ္ထုရုပ်ကို မှီတွယ်၍ ဖြစ်ပေါ်သွားကြကုန်သော နာမ်တရားအစဉ်တို့ကို ဆက်လက် သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်း၍ ရရှိသော နာမ်တရား အစဉ်သည် ယခင် တကယ် ဆုတောင်းနေခိုက်၌ ဖြစ်ပေါ်ခဲ့သော နာမ်တရားအစဉ် ဟုတ်-မဟုတ်ကို = တစ်ထပ်တည်း တူညီမှု ရှိ-မရှိကို ပြန်လည်၍ ဆန်းစစ်ကြည့်ပါ။ အကယ်၍ တစ်ထပ်တည်း တူညီနေပါက အနီးကပ်ဆုံးဖြစ်သည့် အတိတ်ရုပ်နာမ်ကို သိမ်းဆည်းမှုသည် အောင်မြင်ပြီ ဖြစ်သည်။

ထိုသို့ အောင်မြင်မှုကို ရရှိပါက တဖြည်းဖြည်း အတိတ်ဘက်သို့ ဉာဏ်ကို စေလွှတ်၍ ယမန်နေ့က ရုပ်နာမ်, တစ်နေ့က ရုပ်နာမ်, လွန်ခဲ့သောလက ရုပ်နာမ်, လွန်ခဲ့သောနှစ်က ရုပ်နာမ် - ဤသို့ စသည်ဖြင့် အတိတ်ရုပ်နာမ် များကို တစ်စတစ်စ တိုး၍ တိုး၍ ခပ်စိပ်စိပ် သိမ်းဆည်းသွားပါ။ ထိုသို့ သိမ်းဆည်းရှုပွားရာ၌ ကြိုးကြား ကြိုးကြား ကုသိုလ်ပြုနေသည့် ရုပ်ပုံများ၊ အကုသိုလ်ပြုနေသည့် ရုပ်ပုံများ၊ ကျေနပ်မှုရရှိနေသော ရုပ်ပုံများ၊ မကျေမနပ်ဖြစ်နေသော ရုပ်ပုံများ၊ ဝမ်းသာနေသော ရုပ်ပုံများ၊ ဝမ်းနည်းနေသော ရုပ်ပုံများ ဤသို့ စသည့် ရုပ်ပုံများ ပေါ်လာခဲ့သော် အထက်ပါအတိုင်း ယင်းရုပ်ပုံ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကစ၍ ရုပ်နာမ်တို့ကို ဆက်လက် သိမ်းဆည်းပါ။ အမိဝမ်းတွင်း ကလလရေကြည်အခိုက်သို့ တိုင်အောင် တည်ရှိနေခဲ့သော ရုပ်နာမ်တို့ကို ဆက်လက်၍ တဖြည်းဖြည်း သိမ်းဆည်းပါ။ ခပ်စိပ်စိပ် သိမ်းဆည်းနိုင်ပါက ပို၍ ကောင်းပေသည်။ ထိုသို့ သိမ်းဆည်းရာ၌ မိမိ၏ ရုပ်အသွင်များသည် တဖြည်းဖြည်း ငယ်ငယ်သွားသည်ကို ယောဂီအများစုသည် တွေ့ရှိနေတတ်ပေသည်။ သို့သော် ဤအရာ၌ ပုံသဏ္ဌာန်မှာ လိုရင်း မဟုတ်ပါ၊ ရုပ်နာမ်သည်သာ လိုရင်းဖြစ်ပေသည်။ ပုံသဏ္ဌာန်များကို မတွေ့တော့ဘဲ ပရမတ္ထရုပ်နာမ်သက်သက် ကိုသာ ကလလရေကြည်သို့တိုင်အောင် တွေ့ရှိနေပါက ပို၍ ပို၍ ကောင်းသထက် ကောင်းသည်သာ ဖြစ်ပေသည်။

အတိတ် မရဏာသန္နဘက်သို့

လူသားတို့၏ ပဋိသန္ဓေ ကလလရေကြည်အခိုက်၌ ဟဒယဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသက ကလာပ်ဟု ရုပ်ကလာပ်အမျိုးအစား (၃)မျိုး၊ ရုပ်အမျိုးအစားကား (၃၀) ရှိပေသည်။[၇၃၁] တစ်ဖန် - နာမ်ပိုင်းတွင် သောမနဿဝေဒနာဖြင့် ပဋိသန္ဓေတည်နေခဲ့သူ တိဟိတ်ပုဂ္ဂိုလ် ဖြစ်အံ့၊ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မဟာဝိပါက် နာမ်တရားစု (၃၄)လုံး ဖြစ်သည်။ ယင်းရုပ်နာမ်တို့ကို ဉာဏ်အမြင် သန့်ရှင်းအောင် သိမ်းဆည်းပါ။ ပရမတ်သို့ ဆိုက်အောင် ဉာဏ်အမြင် သန့်သန့်ရှင်းရှင်းဖြင့် သိမ်းဆည်းနိုင်သောအခါ ဤသို့ စူးစမ်းဆင်ခြင်ပါ = ဉာဏ်ဖြင့် ပိုင်းခြားယူပါ။

ထို ယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့ ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်၏၊ ဉာဏ်ဖြင့် ပိုင်းခြားယူ၏ - ''ဤရုပ်နာမ်သည်ကား တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်း = ဇနကအကြောင်း ထင်ရှားမရှိဘဲ, အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်း = ဥပတ္ထမ္ဘကအကြောင်း မရှိဘဲ ဖြစ်ပေါ်၍နေသည်ကား မဟုတ်၊ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား = ဇနကအကြောင်းတရား ထင်ရှားရှိသည်ဖြစ်၍သာလျှင်, အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရား = ဥပတ္ထမ္ဘကအကြောင်းတရား ထင်ရှားရှိသည်ဖြစ်၍သာလျှင် ဖြစ်ပေါ်လာရ၏၊ ထို တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား = ဇနကအကြောင်းတရားကား အဘယ်ပါနည်း၊ အားပေးထောက်ပံ့ တတ်သော ပစ္စယအကြောင်းတရား = ဥပတ္ထမ္ဘကအကြောင်းတရားကား အဘယ်ပါနည်း''[၇၃၂]ဟု အတိတ်ဘက်သို့ ဉာဏ်ကို စေလွှတ်၍ စူးစမ်းဆင်ခြင်လတ်သော် လွန်ခဲ့သော အတိတ်ဘဝ သေခါနီးကာလ = မရဏာသန္နအခါ၌ ဖြစ်ပေါ်နေသော ရုပ်နာမ်တို့ကိုလည်းကောင်း, ယင်းမရဏာသန္နဇော၏ အာရုံဖြစ်သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ် ဟူသော နိမိတ်သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံကိုလည်းကောင်း စတင်၍ တွေ့ရှိတတ်ပါသည်။

အကယ်၍ မရဏာသန္နအခါ ရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်လျှင်ကား ယင်းမရဏာသန္နဇော ဟူသော နာမ်တရားစု၏ အာရုံဖြစ်သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော နိမိတ်သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော နိမိတ်ကို တွေ့ရှိဖို့ရန် အလွန်သေချာသွားပြီ ဖြစ်၏၊ မခဲယဉ်းလှတော့ပေ။ ထိုမရဏာသန္နဇော၏ နိမိတ်ကား အကျိုးပေးမည့် ကံ၏ စွမ်းအင်သတ္တိကြောင့် ထင်လာရသော နိမိတ်ပင် ဖြစ်သည်။ သို့အတွက် ထိုနိမိတ်ကို ရှာဖွေတွေ့ရှိလျှင် ယခုလက်ရှိဘဝ၏ ပဋိသန္ဓေခန္ဓာငါးပါး အစရှိသော အချို့အချို့သော ဝိပါက်ခန္ဓာတို့၏ အကြောင်းရင်းဖြစ်သော သင်္ခါရနှင့် ကံကို တွေ့ရှိဖို့ရန် သေချာသွားပြီ ဖြစ်၏၊ တစ်ဖန် အတိတ် ရုပ်နာမ်တို့ကို ဆက်လက် သိမ်းဆည်းလိုက်သော အခါ အကယ်၍ သင်္ခါရနှင့် ကံကို တွေ့ရှိခဲ့သော် ထိုသင်္ခါရနှင့် ကံကို ခြံရံထားသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကို ဆက်လက်၍ ရှာဖွေကြည့်ပါ။

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် အတိတ်အကြောင်းတရားတို့ကို ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်လတ်သော် သေခါနီး မရဏာသန္နရုပ်နာမ်ကို မတွေ့ဘဲ သေနေသည့်ပုံသဏ္ဌာန်ကို တွေ့မြင်သော် ထိုသေနေသည့် အလောင်းကောင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို စတင်သိမ်းဆည်းပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့ရှိသောအခါ ယင်းရုပ်ကလာပ်တို့ကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဥတုဇဩဇဋ္ဌမက ပရမတ်ရုပ်တရားတို့ကို ဆက်လက်သိမ်းဆည်းပါ။

သေနေသည့် အလောင်းကောင်၌ ဥတုဇဩဇဋ္ဌမကရုပ်တို့ ရှိကြသည်ဟူသော ဤအဆိုမှာ ယေဘုယျဟု မှတ်သားပါ။ အကြောင်းမူ ထိုအချိန်အခါဝယ် ထိုအလောင်းကောင်၌ မှီတင်းနေထိုင်ကြသော အချို့အချို့သော အသက်ရှင်ဆဲ ပိုးလောက်များ၏ ရုပ်ကလာပ်အမှုန်များကိုပါ ယောဂါဝစရပုဂ္ဂိုလ်က တစ်ခါတစ်ရံ ရောနှော၍ တွေ့မြင် နေတတ်သောကြောင့် ဖြစ်၏၊ ဤအကြောင်းကြောင့်ပင် အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် ထိုအလောင်းကောင်၌ ကြည်သည့်ရုပ်ကလာပ် မကြည်သည့်ရုပ်ကလာပ်တို့ကို ရောနှော၍ တွေ့မြင်နေကြခြင်း ဖြစ်၏၊ ယင်းပိုးလောက်တို့၌ အနည်းဆုံး ပမာဏအားဖြင့် ကာယဒသကကလာပ်ဟူသော ကြည်သည့်ရုပ်ကလာပ်များ ရှိနေကြ၏၊ သေနေသည့် အလောင်းကောင်သက်သက်၌ကား မကြည်သည့် ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်တို့သာ တည်ရှိကြသည်။

ယောဂါဝစရပုဂ္ဂိုလ်သည် ထိုအလောင်းကောင်၌ တည်ရှိကြသော ရုပ်တရားတို့ကို သိမ်းဆည်းပြီးသောအခါ အတိတ်ဘက်သို့ အာရုံစိုက်လျက် မသေမီ သေခါနီးဆဲဆဲ ရုပ်နာမ်တို့ကို တစ်စတစ်စ တိုး၍ တိုး၍ သိမ်းဆည်းကြည့်ပါ။ သေခါနီးရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်ပါက ယင်းသေခါနီးမရဏာသန္နအခါ၌ ထင်နေသော မရဏာသန္နဇော၏ အာရုံကို လှမ်း၍ သိမ်းဆည်းပါ။ အကယ်၍ မအောင်မြင်ဖြစ်နေပါက သေခါနီး ဟဒယဝတ္ထုကို ရရှိအောင် သိမ်းဆည်းပါ။ ထိုနောင် ထိုဟဒယဝတ္ထုရုပ်ကို မှီတွယ်၍ စွဲမှီ၍ဖြစ်နေသော အိမ်ရှင် ဘဝင်မနောအကြည်ဓာတ်ကို ဆက်လက် သိမ်းဆည်းပါ။ ထိုဘဝင်မနောအကြည်ဓာတ်ကို သိမ်းဆည်းနိုင်ပါက မသေမီ ရှေ့ပိုင်း သေခါနီးဆဲဆဲ ဤအချိန်အတွင်း၌ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ အဆက်မပြတ် ဖြစ်လေ့ရှိသော ဘဝင်မနောအကြည်ဓာတ်တို့ကို ဆက်လက် သိမ်းဆည်းပါ။ မသေမီ ရှေ့ပိုင်းသို့လည်းကောင်း သေခါနီးဆဲဆဲ နောက်ပိုင်းသို့လည်းကောင်း ရှေ့တိုးကြည့်လိုက် နောက်ဆုတ်ကြည့်လိုက်ဖြင့် ယင်းဘဝင်မနောအကြည်ဓာတ်တို့ကို သိမ်းဆည်းနိုင်ပါက ယင်းဘဝင်မနောအကြည်ဓာတ် = မနောဒွါရ၌ ထင်နေသော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော နိမိတ်သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော မရဏာသန္နဇော၏ အာရုံနိမိတ်ကို ရှာဖွေတွေ့ရှိနိုင်မည် သိမ်းဆည်းနိုင်မည် ဖြစ်ပေသည်။ ယောဂီတော်တော်ခပ်များများကို သုတေသန ပြုကြည့်ရာတွင် ကံအာရုံနှင့် ကမ္မနိမိတ်အာရုံ ထင်သူ အရေအတွက် များ၏၊ ဂတိနိမိတ်ထင်သူ အရေအတွက် အလွန်နည်းပါးသည်ကို တွေ့ရ၏၊

ထိုမရဏာသန္န သေခါနီးကာလ၌ ထင်လာသော နိမိတ်သည် – အဘိနဝကရဏဝသေန - ဟူသော အဘိဓမ္မတ္ထသင်္ဂဟ[၇၃၃]၌ ဖွင့်ဆိုထားသည်နှင့် အညီ ကောင်းမှုကုသိုလ်တစ်ခုကို အသစ်တစ်ဖန် ပြုနေသည်၏ အစွမ်းဖြင့် ဖြစ်ပေါ်နေသော ကံအာရုံနိမိတ် ဖြစ်အံ့၊ ထိုကောင်းမှုကုသိုလ် ပြုနေသော အချိန်အခါက ဖြစ်ပေါ်ခဲ့သော ရုပ်နာမ်ကို တစ်ဖန် ပြန်၍ သိမ်းဆည်းရမည် ဖြစ်သည်။

ကံအာရုံကို ရှာဖွေပုံ

တကယ်တမ်း ထိုကောင်းမှုကုသိုလ်ကို ပြုစုပျိုးထောင်ခဲ့သော အချိန်အခါကား မသေမီ အချိန်ကာလတစ်ခုခုပင် ဖြစ်၏၊ ထိုအချိန်အခါသို့တိုင်အောင် ရုပ်နာမ်တို့ကို ဆက်လက်သိမ်းဆည်းရမည် ဖြစ်၏၊ ထိုကံမှာ သေခါနီးကာလတွင် ကပ်ပြီးပြုသော ကံလည်း ဖြစ်နိုင်၏၊ မသေမီ ခပ်စောစောပိုင်းက ပြုစုပျိုးထောင်ခဲ့သော ကံလည်း ဖြစ်နိုင်၏၊ ထိုကောင်းမှုကုသိုလ်ကို ပြုစုပျိုးထောင်နေသော ပုံတွင် တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို စတင် သိမ်းဆည်းပါ။ ရုပ်ကလာပ်များကို တွေ့မြင်သော် ရုပ်ပရမတ်သို့ ဆိုက်အောင် ရုပ်ကလာပ်တို့ကို ဓာတ်ခွဲလျက် ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းပါ။ အထူးသဖြင့် ကောင်းမှုကုသိုလ်ပြုခဲ့စဉ်က ဖြစ်ခဲ့သော ဟဒယဝတ္ထုနှင့် တကွသော နှလုံးအိမ်အတွင်း၌ တည်ရှိသော ရုပ် (၆၃)မျိုးတို့ကို ဦးစားပေး၍ သိမ်းဆည်းပါ။ ထို့နောင် ဟဒယဝတ္ထုရုပ်ကို သိမ်းဆည်းပါ။ တစ်ဖန် ထိုဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်နေသော အိမ်ရှင် ဘဝင်မနောအကြည်ဓာတ်ကို ဆက်လက်သိမ်းဆည်းပါ။ ထို့နောင် ယင်းဘဝင်မနောအကြည်ဓာတ်တို့၏ အကြားအကြား၌ ဖြစ်ပေါ်သွားကြသော ကောင်းမှုကုသိုလ် ပြုစဉ် ဖြစ်နေကြသည့် နာမ်တရားစုတို့ကို ဆက်လက်သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ ယင်းကောင်းမှုကုသိုလ်ကို မပြုမီ ပြုဆဲ ပြုပြီး အချိန်ကာလတို့၌ ဖြစ်ပေါ်သွားကြသော နာမ်တရားတို့ကို စေ့စေ့ငုငု ကြည့်ရှုလျက် မည်ကဲ့သို့သော ကောင်းမှုကုသိုလ်ကို ပြုနေသည်၊ မည်ကဲ့သို့သော မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များ ဖြစ်ပေါ်နေကြသည်ကို သေချာစွာ ဉာဏ်ဖြင့် မြင်အောင် စိုက်ရှုပါ။ ကြိမ်ဖန်များစွာ ခေါက်တုံ့ခေါက်ပြန် ရှုခဲ့သော် မည်ကဲ့သို့သော ရည်ရွယ်ချက် ဦးတည်ချက်ဖြင့် ကောင်းမှုကုသိုလ်ကို ပြုစုပျိုးထောင်နေသည်ဟူသော အဝိဇ္ဇာ တဏှာ ဥပါဒါန် အုပ်စုကိုလည်းကောင်း, မည်ကဲ့သို့သော ကုသိုလ်ဇောဝီထိ စိတ်အစဉ်ဟူသည့် သင်္ခါရ-ကံများဖြစ်ပေါ်နေသည်ကိုလည်းကောင်း ရှာဖွေတွေ့ရှိမည် ဖြစ်ပေသည်။ တစ်နည်းဆိုရသော် - အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံထားအပ်သော ကုသိုလ်သင်္ခါရ-ကံဟူသော ကိလေသဝဋ် ကမ္မဝဋ်တို့ကို ရှာဖွေတွေ့ရှိမည် ဖြစ်ပေသည်။ (လူ့ဘဝ လူ့ခန္ဓာကို ဖြစ်စေသော သင်္ခါရ-ကံတို့မှာ ကုသိုလ်သင်္ခါရ-ကံတို့သာ ဖြစ်ကြသဖြင့် ကုသိုလ်သင်္ခါရ-ကံတို့ကိုသာ ယခုကဲ့သို့ ကွက်၍ပြောဆိုနေခြင်းဖြစ်သည်ကိုကား သတိပြုပါလေ။)

သုမနာမင်းသမီး၏ ရှေးဆုတောင်း

ဤအရာ၌ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကို ပိုမို၍ နက်ရှိုင်းစွာ သဘောပေါက်နိုင်ရန်အတွက် ကောသလမင်းကြီး၏ သမီးတော် နာမည်ကျော် သုမနာမင်းသမီး၏ ရှေးဆုတောင်းခန်း တစ်ခုကို ဖော်ပြအပ်ပါသည်။ ဝိပဿီဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်တော်မူရာအခါ၌ ဝိပဿီဘုရားရှင် အမှူးရှိသော သံဃာတော်အား သုမန အမည်ရသော မြတ်လေးပန်းနှင့် ရေမပါသည့် နို့ဃနာဆွမ်းကို လှူဒါန်းပြီးသောအခါ ထိုအမျိုးကောင်းသမီး၏ ဆုတောင်းကား အောက်ပါအတိုင်း ဖြစ်၏၊

''ဘုရားတပည့်တော်မအား ဘဝကြီးငယ်အသွယ်သွယ်၌ ဖြစ်ရခြင်းသည် ထင်ရှားရှိခဲ့ပါမူ ကြောင့်ကြောင့် ကြကြ တောင့်တောင့်တတဖြင့် အသက်မွေးရခြင်းမည်သည် မဖြစ်ပါစေသတည်း။ ဖြစ်လေရာ ဖြစ်လေရာ ဘဝတိုင်း၌ ဤမြတ်လေးပန်းကဲ့သို့ လူများအပေါင်း၏ ချစ်ခင်မြတ်နိုးအပ်သူ (အမျိုးသမီးသာ) ဖြစ်ရပါလို၏၊ အမည်နာမအားဖြင့်လည်း သုမနာ အမည်ရှိသည်သာ ဖြစ်ရပါလို၏၊''[၇၃၄]

ဤအထက်ပါ ကောင်းမှုနှင့် ဆုတောင်းခန်းတို့ကို ကြည့်ပါက .. ကိလေသဝဋ်နှင့် ကမ္မဝဋ်တို့ စုံစုံညီညီ ပါဝင်နေသည်ကို တွေ့ရှိနိုင်မည် ဖြစ်၏၊

၁။ အဝိဇ္ဇာ = မကြောင့်မကြ မတောင့်မတရဘဲ အသက်မွေးရသည့် လူများအပေါင်း၏ ချစ်ခင်မြတ်နိုးအပ်သည့် သုမနာ အမည်ရှိသော အမျိုးသမီးဟု အသိမှားခြင်းသဘော၊
၂။ တဏှာ = ယင်းအမျိုးသမီးဘဝကို တွယ်တာတပ်မက်ခြင်းသဘော၊
၃။ ဥပါဒါန် = ယင်းအမျိုးသမီးဘဝသို့ စိတ်ကပ်ရောက်စွဲနေခြင်းသဘော၊
၄။ သင်္ခါရ = ဝိပဿီဘုရားအမှူးရှိသော သံဃာတော်တို့အား မြတ်လေးပန်းနှင့် နို့ဃနာဆွမ်း လှူဒါန်းသည့် ကုသိုလ်စေတနာအုပ်စု၊
၅။ ကံ = ယင်းကုသိုလ်စေတနာအုပ်စု၏ ကမ္မသတ္တိ။

ဤအကြောင်းတရားငါးပါးတို့ကား ကောသလမင်းကြီး၏ သမီးတော် သုမနာမင်းသမီး၏ ပဋိသန္ဓေခန္ဓာငါးပါး အစရှိသော အချို့သော ဝိပါက်ခန္ဓာတို့၏ အကြောင်းတရားတို့ပင် ဖြစ်ကြသည်။

အနောဇာဒေဝီ၏ ဆုတောင်းခန်း

မဟာကပ္ပိနမထေရ်အလောင်းနှင့် အနောဇာထေရီအလောင်းလျာတို့ ဦးဆောင်သည့် ယက္ကန်းသည်မိသားစု တစ်ထောင်တို့သည် ကဿပဘုရားရှင်၏ လက်ထက်တော်က ကြီးကျယ် ခမ်းနားလှသော ကျောင်းတော်ကြီး ဆောက်လုပ်ပြီးနောက် ဘုရားအမှူးရှိသော သံဃာတော်အား လှူဒါန်းပူဇော်ကြ၏၊ ထိုပူဇော်ပွဲတွင် အနောဇာဒေဝီ = အနောဇာထေရီအလောင်း အမျိုးကောင်းသမီးသည် အနောဇာပန်းများ ထည့်ထားသော လင်ပန်းပေါ်၌ အနောဇာပန်းအဆင်းရှိသော အဖိုးတစ်ထောင် ထိုက်တန်သည့် သင်္ကန်းတစ်စုံကို တင်လျက် ကဿပဘုရားရှင်၏ ခြေတော်ရင်း၌ ချထား၍ လှူဒါန်းပူဇော်ရာတွင် ထိုအမျိုးသမီး၏ ဆုတောင်းခန်းမှာ အောက်ပါအတိုင်း ဖြစ်၏ ..။

''အရှင်ဘုရား ...ဖြစ်လေရာ ဖြစ်လေရာ ဘဝတိုင်း၌ တပည့်တော်မ၏ ခန္ဓာကိုယ်သည် အနောဇာပန်း အဆင်းနှင့် တူသည်သာလျှင် ဖြစ်ပါစေသတည်း။ တပည့်တော်မ၏ အမည်သည်လည်း အနောဇာ အမည်ရှိသည် သာလျှင် ဖြစ်ပါစေသတည်း။''[၇၃၅]

၁။ အဝိဇ္ဇာ = အနောဇာပန်းအဆင်းနှင့် တူသည့် အနောဇာ အမည်ရှိသည့် အမျိုးသမီးဟု အသိမှားခြင်းသဘော၊
၂။ တဏှာ = ယင်းအမျိုးသမီးဘဝကို တွယ်တာမက်မောခြင်းသဘော၊
၃။ ဥပါဒါန် = ယင်းအမျိုးသမီးဘဝသို့ စိတ်ကပ်စွဲနေခြင်းသဘော၊
၄။ သင်္ခါရ = ကျောင်း-ပန်း-သင်္ကန်းတို့ကို လှူဒါန်းပူဇော်သည့် ကုသိုလ်စေတနာအုပ်စု၊
၅။ ကံ = ယင်းသင်္ခါရ ကုသိုလ်စေတနာအုပ်စု၏ ကမ္မသတ္တိ ––

ဤကောင်းမှုကြောင့် အနောဇာဒေဝီ = အနောဇာထေရီ အမည်ရှိသည့် အနောဇာပန်း = လိပ်ဆူးရွှေပန်းအဆင်းနှင့် တူသူ အမျိုးကောင်းသမီးတစ်ဦး လာဖြစ်ရ၏၊ အထက်ပါ အကြောင်းတရားငါးပါးတို့ကား အနောဇာဒေဝီ = အနောဇာထေရီ အမျိုးကောင်းသမီး၏ ပဋိသန္ဓေခန္ဓာငါးပါး အစရှိသော အချို့သော ဝိပါကဝဋ်တရားတို့၏ အကြောင်းတရားတို့ပင် ဖြစ်ကြသည်။ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြယ်လှယ်သည့်အတိုင်း ပုံသွင်းပေးလိုက်သည့်အတိုင်း သင်္ခါရ ကံတို့က ထိုက်သင့်ရာ အကျိုးတရားများကို ဖြစ်စေပုံ သာဓကများတည်း။ ကဿပဘုရားရှင်၏ လက်ထက်တော်၌ ရေးဆွဲလိုက်ခဲ့သော ပန်းချီကားတစ်ချပ်ပင် ဖြစ်သည်။

မယ်မင်းကြီးမ သုဘဒ္ဒါ

တစ်ချိန် .. ဘုရားရှင်သည် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတိုက်တော်၌ ဓမ္မာသနပလ္လင်ထက်ဝယ် တရားတော်ကို ဟောကြားတော်မူစဉ် ဘိက္ခုနီမကလေးတစ်ဦးသည် အတိုင်းအတာပမာဏ မရှိသော ပါရမီကောင်းမှု ကုသိုလ်တို့၏ စွမ်းအားရှိန်စော် အာနုဘော်ကြောင့် ထင်ရှားဖြစ်ပေါ်လာသော, အသာဆုံး အမြတ်ဆုံးသော ရူပကာယတော်နှင့် ပြည့်စုံတော်မူသော, ကိုယ်တော်အား (၁၀)ပါး ဉာဏ်တော်အား (၁၀)ပါးနှင့် ပြည့်စုံတော်မူသော ဘုရားရှင်၏ ခန္ဓာကိုယ်အတ္တဘောကို ကြည့်၍ သံသရာတစ်ခွင်ဝယ် ကျင်လည်ခဲ့ရစဉ်က ဤယောက်ျားမြတ်၏ ခြေရင်း အလုပ်အကျွေးများ ဖြစ်ခဲ့ဖူးလေသလားဟု စဉ်းစားမိ၏၊ ထိုအချိန်အခါတွင် ထိုဘိက္ခုနီမကလေး၏ သန္တာန်၌ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်းကို ပြန်ပြောင်း၍ အမှတ်ရနိုင်သော ဇာတိဿရဉာဏ်သည် ထင်ရှား ဖြစ်ပေါ်ခဲ့၏၊ ထိုဇာတိဿရဉာဏ်ဖြင့် အတိတ်ဘဝများကို တစ်ဘဝပြီး တစ်ဘဝ လှမ်းမျှော်ကြည့်လိုက်ရာ တစ်ခုသော ဘဝတွင် ဘုရားအလောင်းတော်၏ ခြေရင်းအလုပ်အကျွေး ဖြစ်ခဲ့ဖူးသည်ကို တွေ့ရှိရသဖြင့် ဝမ်းမြောက်ကြည်နူး သွားခဲ့၏၊ ထိုဘဝကား ဆဒ္ဒန်ဆင်မင်း၏ စူဠသုဘဒ္ဒါမိဖုရားဘဝပင် ဖြစ်ခဲ့ပေသည်။ သို့သော် ''အိမ်ရှင်အမျိုးသမီးတို့ မည်သည် အိမ်ရှင်ယောက်ျားတို့၏ အကျိုးစီးပွားကို လိုလားတောင့်တသူကား အလွန့်အလွန် နည်းပါးလှ၏၊ အိမ်ရှင် ယောက်ျားတို့၏ အကျိုးစီးပွားမဲ့ကိုသာ လိုလားတောင့်တသူက ပို၍ပို၍ များပြားလှ၏၊ ငါသည် အိမ်ရှင်ယောက်ျား၏ အကျိုးစီးပွားကို လိုလားတောင့်တသူ ဖြစ်ခဲ့လေသလော သို့မဟုတ် အကျိုးစီးပွားမဲ့ကို လိုလားတောင့်တသူ ဖြစ်ခဲ့လေ သလော''ဟု ထပ်မံကာ စဉ်းစားခဲ့လေ၏၊[၇၃၆]

ထိုသို့ ဆက်လက်ကာ စဉ်းစားလိုက်သောအခါ ..

ဆဒ္ဒန်ဆင်မင်း၏ စူဠသုဘဒ္ဒါမိဖုရား ဖြစ်စဉ်က ကြေကွဲဖွယ်ရာ ဇာတ်လမ်းကို ပြန်ပြောင်း၍ အမှတ်ရသဖြင့် ငိုပွဲကြီး ဆင်ခဲ့ရလေသည်။ ယင်းငိုပွဲကို အကြောင်းပြုကာ ဘုရားရှင်ကလည်း တရားနာပရိသတ်တို့အား ဆဒ္ဒန်ဆင်မင်း ဇာတ်တော်ကို ဟောကြားပြသပေးတော်မူလေသည်။ ဆဒ္ဒန်ဆင်မင်း၌ စူဠသုဘဒ္ဒါ မဟာသုဘဒ္ဒါဟု မိဖုရား နှစ်ဦး ရှိခဲ့၏၊ ဘိက္ခုနီမကလေးကား ထိုစဉ်က စူဠသုဘဒ္ဒါပင်တည်း။

တစ်နေ့တွင် ဆဒ္ဒန်ဆင်မင်း ဦးဆောင်သည့် ဆင်အပေါင်းတို့သည် အင်ကြင်းပန်းများ ပွင့်လန်းသည့်အခါဝယ် အင်ကြင်းတော၏ အတွင်း၌ တောကစားကြ၏၊ စူဠသုဘဒ္ဒါကား လေအထက်က တည်နေ၏၊ မဟာသုဘဒ္ဒါကား လေအောက်က တည်နေ၏၊ ဆဒ္ဒန်ဆင်မင်း၏ လေညာနှင့် လေအောက် တစ်ဘက်တစ်ချက် တည်နေကြ၍ တောကစားကြ၏၊ ဆဒ္ဒန်ဆင်မင်းက ပင်လုံးကျွတ်ပွင့်နေသော အင်ကြင်းပင်ကြီးများကို တစ်ပင်ပြီးတစ်ပင် ဦးကင်းဖြင့် ပွတ်တိုက်ကာ ကစားလိုက်၏၊ ထိုအခါ လေအထက်၌ တည်နေသော စူဠသုဘဒ္ဒါ၏ ကိုယ်ပေါ်သို့ သစ်ကိုင်းခြောက် သစ်ရွက်ခြောက် ပိုးကောင် (ခါချဉ်) စသည်တို့သည် ပြုတ်ကျခဲ့ကုန်၏၊ လေအောက်၌ တည်နေသော မဟာသုဘဒ္ဒါ၏ ကိုယ်ပေါ်သို့ကား အင်ကြင်းပန်းဝတ်မှုန်နှင့် ပွင့်ချပ် ပွင့်လွှာတို့ ပြုတ်ကျခဲ့ကြကုန်၏၊ ထိုအခါ ထိုအပြုအမူကို မနှစ်ခြိုက်သော စူဠသုဘဒ္ဒါသည် –– ''ဤဆင်မင်းသည် သူချစ်မြတ်နိုးအပ်သည့် မယားဖြစ်သူ မဟာသုဘဒ္ဒါ၏ ကိုယ်ပေါ်သို့ ပန်းဝတ်မှုန် ပွင့်ချပ်လွှာတို့ကို ကျစေ၏၊ ငါ၏ ကိုယ်ပေါ်၌ကား သစ်ကိုင်းခြောက်တို့နှင့် ရောနေသည့် သစ်ရွက်ဟောင်းတို့နှင့် ပိုးကောင် (ခါချဉ်)တို့ကို ကျစေဘိ၏၊ ရှိစေ၊ ပြုသင့်တာကို သိစေရမယ်''ဟု ဘုရားလောင်း၏ အပေါ်၌ ရန်ငြိုးဖွဲ့ခဲ့လေ၏၊[၇၃၇]

တစ်ဖန် တစ်နေ့တွင် ဆဒ္ဒန်အိုင်အတွင်း၌ ဆင်အပေါင်းတို့ ရေကစားကြ၏၊ ဆင်တစ်ကောင်က သတ္တုဒ္ဒယ အမည်ရှိသော ပဒုမ္မာကြာပန်းကြီး တစ်ပွင့်ကို ရရှိ၍ ဆဒ္ဒန်ဆင်မင်းအား ဆက်သလာ၏၊ ဆဒ္ဒန်ဆင်မင်းက ထိုပဒုမ္မာကြာပွင့်ကြီးကို နှာမောင်းဖြင့် ယူဆောင်ကာ ဝတ်မှုန်များကို မဟာသုဘဒ္ဒါ၏ ကိုယ်ပေါ်သို့ ဖြန့်ကြဲလျက် ထိုကြာပန်းကြီးကို မဟာသုဘဒ္ဒါအားပင် ကမ်းလှမ်းပေးလိုက်၏၊ ဤအပြုအမူကိုလည်း စူဠသုဘဒ္ဒါက မကျေနပ်ပေ။ ဤအချက် နှစ်ရပ်ကို အခြေခံကာ ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းအပေါ်၌ မယ်မင်းကြီးမ စူဠသုဘဒ္ဒါက ရန်ငြိုးဖွဲ့ခဲ့၏၊

ထိုအချိန်အခါတွင် ဆဒ္ဒန်ဆင်မင်း အမှူးရှိသော ဆင်ပေါင်း (၈၀၀၀)ကျော်တို့ကား ပဒုမဝတီမိဖုရား၏ သားတော်များ ဖြစ်ကြကုန်သော ပစ္စေကဗုဒ္ဓါဘုရားရှင် အဆူ (၅၀၀)တို့အား ချိုမြိန် ကောင်းမြတ်သော သစ်သီးဆွမ်းတို့ဖြင့် လည်းကောင်း, ကြာစွယ်ကြာရင်းတို့ဖြင့်လည်းကောင်း, ချိုမြိန်ကောင်းမြတ်သော ရေကန်ရေတို့ဖြင့်လည်းကောင်း ပြုစုလုပ်ကျွေးခွင့် လှူဒါန်းခွင့်ကို ရရှိနေကြ၏၊ ကြုံခဲလှသော အခွင့်ထူးကြီးတစ်ရပ်ပင် ဖြစ်ခဲ့၏၊ တစ်နေ့တွင် ဆင်အပေါင်းတို့သည် ပစ္စေကဗုဒ္ဓဘုရားရှင်တို့အား သစ်သီးဆွမ်းများကို လှူဒါန်းကြ၏၊ ထိုအလှူပွဲတွင် စူဠသုဘဒ္ဒါလည်း ပါဝင်ခဲ့၏၊

တစ်ဖန် ဆဒ္ဒန်ဆင်မင်း အမှူးရှိသော ဆင်အပေါင်းတို့ကား ဖြူစင်သော ကိုယ်ကျင့်သီလနှင့်လည်း ပြည့်စုံ ကြပြန်၏၊ ထို့ကြောင့် ယင်းတို့၏ ဒါနမှာ ဒက္ခိဏာဝိဘင်္ဂသုတ္တန်[၇၃၈]၌ လာရှိသည့် အောက်ပါအင်္ဂါ (၅)ချက်နှင့် ပြည့်စုံနေသည့် အလှူဒါနမျိုးလည်း ဖြစ်ခဲ့ပြန်၏၊ ယင်းအင်္ဂါ (၅)ရပ်တို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏ ..။

၁။ အလှူပေးသော ပုဂ္ဂိုလ်သည် သီလရှိသူဖြစ်ခြင်း,
၂။ တရားသော နည်းလမ်းဖြင့် ရှာဖွေရရှိသော လှူဖွယ်ဝတ္ထု ဖြစ်ခြင်း,
၃။ ပေးလှူနေစဉ် ကြည်လင်သော စိတ်ထားရှိခြင်း,
၄။ ပြန့်ပြောကြီးကျယ် မြင့်မြတ်သော ကံ-ကံ၏အကျိုးကို ယုံကြည်သော သဒ္ဓါတရား ထင်ရှားရှိခြင်း,
၅။ အလှူခံပုဂ္ဂိုလ် ဖြစ်တော်မူကြသည့် ပစ္စေကဗုဒ္ဓါဘုရားရှင်တို့ကလည်း အထွတ်အထိပ်သို့ ရောက်ရှိနေသည့် အဖြူစင်ဆုံးသော သီလရှိသူများ ဖြစ်နေကြခြင်း - ဟူသော ဤအင်္ဂါငါးရပ်နှင့် ပြည့်စုံနေ၏၊

ဤကဲ့သို့သော ဒါနကုသိုလ်ကံမျိုးကား ဝိပုလဖလ = ပြန့်ပြောကြီးကျယ် မြင့်မြတ်သော အဆင့်အတန်း မြင့်မားသော အကျိုးအမျိုးမျိုးကို ဖြစ်စေနိုင်သော စွမ်းအားရှိသော ဒါနမျိုးတည်း။ ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ[၇၃၉]ဟူသော ဒေသနာတော်များနှင့် အညီ သီလစင်ကြယ်နေသည့်အတွက်ကြောင့် စိတ်၏ တောင့်တချက်ဟူသမျှ ပြီးပြည့်စုံနိုင်သော ဒါနမျိုးလည်း ဖြစ်ခဲ့၏၊

မယ်မင်းကြီးမ စူဠသုဘဒ္ဒါကလည်း ဤအခွင့်အကောင်းကြီးကို နားလည်ထားသူ ဖြစ်ခဲ့၏၊ ထို့ကြောင့် မိမိ ရှာဖွေရရှိလာသော သစ်သီးကြီးငယ်များကို ပစ္စေကဗုဒ္ဓါဘုရားရှင်တို့အား ပေးလှူ၍ အောက်ပါအတိုင်း ဆုတောင်း ပန်ထွာခဲ့လေသည်။

အရှင်မြတ်တို့ဘုရား ...
၁။ တပည့်တော်မသည် ဤဆင်ဘဝမှ စုတေခဲ့သော် မဒ္ဒရာဇ်မင်းမျိုး၌ ဖြစ်ရပါလို၏၊
၂။ ထိုမင်းမျိုး၌ သုဘဒ္ဒါ အမည်ရှိသော မင်းသမီး ဖြစ်ရပါလို၏၊
၃။ အရွယ်ရောက်လတ်သော် ဗာရာဏသီဘုရင်မင်းကြီး၏ အဂ္ဂမဟေသီ မိဖုရားအဖြစ်သို့ ရောက်ရှိရပါလို၏၊
၄။ ထိုဗာရာဏသီဘုရင်မင်း၏ ချစ်မြတ်နိုးအပ်သည့် မိဖုရား ဖြစ်ရပါလို၏၊
၅။ ထိုဗာရာဏသီဘုရင်ကို မိမိ၏ အလိုအကြိုက်သို့ လိုက်ပါနိုင်အောင် ဆွဲဆောင်နိုင်စွမ်းရှိသူ ဖြစ်ရပါလို၏၊
၆။ ထိုဗာရာဏသီဘုရင်အား ပြောကြား၍ မုဆိုးတစ်ယောက်ကို စေခိုင်းကာ ဤဆဒ္ဒန်ဆင်မင်းကို ဆိပ်လူးမြားဖြင့် ပစ်ခွင်းစေ၍ အသက်ကုန်အောင် သတ်နိုင်ရပါလို၏၊
၇။ ဆဒ္ဒန်ဆင်မင်း၏ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးစမ္ပယ်လျက်ရှိသော ဆင်စွယ်အစုံတို့ကို ဆောင်ယူ စေခြင်းငှာ စွမ်းနိုင်သူ ဖြစ်ရပါလို၏၊[၇၄၀]
ဤသည်တို့ကား မယ်မင်းကြီးမ စူဠသုဘဒ္ဒါ၏ ဆုတောင်းခန်းများပင် ဖြစ်ကြ၏၊

၁။ အဝိဇ္ဇာ = အထက်ပါ စွမ်းအားအမျိုးမျိုးနှင့် ပြည့်စုံသော သုဘဒ္ဒါ အမည်ရှိသော မဒ္ဒရာဇ်မင်းသမီး = ဗာရာဏသီဘုရင်၏ မိဖုရားကြီးဟု အသိမှားခြင်းသဘော၊
၂။ တဏှာ = ယင်းအမျိုးသမီးဘဝကို တွယ်တာတပ်မက်ခြင်းသဘော၊
၃။ ဥပါဒါန် = ယင်းအမျိုးသမီးဘဝသို့ စိတ်ကပ်ရောက်စွဲနေခြင်းသဘော၊
၄။ သင်္ခါရ = ပစ္စေကဗုဒ္ဓါဘုရားရှင်တို့အား သစ်သီးဆွမ်း လှူဒါန်းခြင်းဟူသော ကုသိုလ်သင်္ခါရအုပ်စု၊
၅။ ကံ = ယင်း ကုသိုလ်သင်္ခါရအုပ်စု၏ ကမ္မသတ္တိ ––

စူဠသုဘဒ္ဒါ အဝင်အပါ ဆဒ္ဒန်ဆင်မင်း ဦးဆောင်သည့် ဆင်အပေါင်းတို့ကား သီလစင်ကြယ်ကြ၏၊ သီလတည်း ဟူသော မြေပေါ်၌ ရပ်တည်၍ သီလရှိတော်မူကြသည့် အရှင်ပစ္စေကဗုဒ္ဓါ အရှင်ကောင်း အရှင်မြတ်တို့အား တရားသော နည်းလမ်းဖြင့် ရှာဖွေရရှိကြသော သစ်သီးဆွမ်းတို့ကို ကြည်လင်သောစိတ်ထား ကံ-ကံ၏အကျိုးတရားကို ယုံကြည်သည့် သဒ္ဓါတရား အပြည့်အဝဖြင့် လှူဒါန်းခွင့် ရရှိခဲ့ကြ၏၊ ကောင်းမှုတည်းဟူသော မျိုးစေ့၏ ကြဲချစိုက်ပျိုးရာ လယ်ယာ မြေကောင်းသဖွယ် ဖြစ်တော်မူကြသည့် ပစ္စေကဗုဒ္ဓါ အရှင်ကောင်း အရှင်မြတ်တို့၌ ကောင်းမှုတည်းဟူသော မျိုးစေ့ကို ကြဲချစိုက်ပျိုးခွင့်ကို ရရှိသွားခဲ့ကြ၏၊ သို့အတွက် စူဠသုဘဒ္ဒါ၏ တောင့်တသည့် ဆုအားလုံးသည် တစ်နေ့တွင် ပြည့်ဝစုံညီသွားမည့် ကံမျိုး ဖြစ်၏၊ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်းတရားငါးပါးတို့ စုံညီနေသည့် ကံမျိုးလည်း ဖြစ်၏၊ ယင်းကဲ့သို့သော အကြောင်းတရားငါးပါး စုံစုံညီညီဖြင့် ပြုစုပျိုးထောင်လိုက်သော ကံသည်ကား အရိယမဂ်တည်းဟူသော မွေးညှပ်နှင့် ကင်း၍ ပြန်လည်ဖျက်သိမ်း နှုတ်ပယ်ခြင်းငှာ မရနိုင်သော ကံမျိုးပင်တည်း။

မယ်မင်းကြီးမ ဆုတောင်းပန်ထွာထားသည့်အတိုင်း ဆင်ဘဝမှ ရွေ့လျားသောအခါ သုဘဒ္ဒါ အမည်ရှိသော မဒ္ဒရာဇ်မင်းသမီး ဖြစ်လာရ၏၊ အချိန်တန် အရွယ်ရောက်သောအခါ ဗာရာဏသီဘုရင်မင်းကြီး၏ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးဘဝသို့လည်း ရောက်ရှိခဲ့၏၊ ဗာရာဏသီမင်းကို မိမိ၏အလိုအကြိုက်သို့ လိုက်ပါစေနိုင်သူလည်း ဖြစ်ခဲ့ရ၏၊ မောင်းမပေါင်း တစ်သောင်းခြောက်ထောင်တို့၏ အထွတ်အထိပ်ဘဝသို့ ရောက်ရှိခဲ့၏၊ မိဖုရားခေါင်ဘဝသို့ ရောက်ရှိနေပြီဖြစ်သဖြင့်လည်း တောထဲမှာ ရှိနေသည့် တိရ စ္ဆာန်တစ်ကောင်မျှသာ ဖြစ်သော ဆဒ္ဒန်ဆင်မင်းအပေါ်၌ ထားရှိခဲ့သည့် ရန်ငြိုးကို ပယ်ဖျောက်ပစ်လိုက်ဖို့ရန် သင့်လှပေသည်။ သို့သော် မပယ်ဖျောက်နိုင်သေး ဖြစ်နေပြန်၏၊ အကြောင်းမှာ ဤသို့ ဖြစ်၏ ..။

စူဠသုဘဒ္ဒါဘဝက ပစ္စေကဗုဒ္ဓါဘုရားရှင်တို့အား သစ်သီးဆွမ်း လှူဒါန်းပူဇော်သည့် ကောင်းမှုကုသိုလ်ကံတစ်ခုကို ပြုစုပျိုးထောင်ခဲ့စဉ်က ဆဒ္ဒန်ဆင်မင်းအပေါ်၌ ထားရှိခဲ့သည့် အဒေါသ = မေတ္တာတရားက အားပျော့နေ၏၊ ဆဒ္ဒန်ဆင်မင်းကို ဖျက်ဆီးလိုသည့် ဒေါသတရားက အားကောင်းနေ၏၊ အားပျော့နေသော အဒေါသ = မေတ္တာတရားက အားကောင်းမောင်းသန်နေသည့် ဒေါသတရားကို အနိုင်ယူဖို့ရန် မစွမ်းနိုင် ဖြစ်နေ၏၊[၇၄၁]

သို့အတွက် အတိတ်က ထူထောင်ထားခဲ့သော ဆဒ္ဒန်ဆင်မင်းကို ဖျက်ဆီးလိုသည့် ဒေါသခြံရံထားသည့် ကံက လှုံ့ဆော်ပေးနေသဖြင့် ဆဒ္ဒန်ဆင်မင်းကို မသတ်ဘဲ မနေနိုင်ဖြစ်နေ၏၊ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့၏ စွမ်းအင်က သင်္ခါရ-ကံကို ခြယ်လှယ်ပေးနေခြင်း ဖြစ်၏၊ လှုံ့ဆော်ပေးနေခြင်းဖြစ်၏၊ မသတ်ရ မနေနိုင် ဖြစ်နေ၏၊ သို့အတွက် ဗာရာဏသီဘုရင်၏ အမိန့်တော်ဖြင့် တိုင်းပြည်ရှိ မုဆိုးတို့ကို ဆင့်ခေါ်ခိုင်းလိုက်၏၊ ဘုရားအလောင်းတော်၏ ပါရမီ ဖြည့်ဖက် မိတ်ဟောင်းကြီးတစ်ဦးဖြစ်သည့် အရှင်ဒေဝဒတ်အလောင်း သောနုတ္တိုရ်မုဆိုးက ရှေ့တန်းက ပါဝင်လာခဲ့၏၊ နောက်ဆုံးတွင် သောနုတ္တိုရ်မုဆိုးကို စေခိုင်းစေ၍ ဆဒ္ဒန်ဆင်မင်းကို ဆိပ်လူးမြားဖြင့် ပစ်ခွင်းသတ်စေကာ ဆဒ္ဒန် ဆင်မင်း၏ အစွယ်တို့ကို အရယူခဲ့စေလေသည်။ သို့သော် ကြေကွဲဖွယ်ရာ မြင်ကွင်းမှာ ဤသို့ ဖြစ်၏၊

သောနုတ္တိုရ်မုဆိုးက ဆဒ္ဒန်ဆင်မင်းကို ဆိပ်လူးမြားဖြင့် ပစ်သတ်ကာ ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့် ဆန်းကြယ်လျက်ရှိသော ဆဒ္ဒန်ဆင်မင်း၏ စွယ်တော်အစုံတို့ကို ယူဆောင်လျက် ဆက်သလာသောအခါ မယ်မင်းကြီးမ သုဘဒ္ဒါက ယင်းစွယ်တော်အစုံတို့ကို ပေါင်ပေါ်၌ တင်လျက် ဘဝဟောင်းက ချစ်ခင်မြတ်နိုးခဲ့သော အိမ်ရှင်ယောက်ျား ဟောင်း ဆဒ္ဒန်ဆင်မင်း၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးစံပါယ်လျက်ရှိသည့် စွယ်တော်အစုံတို့ကို ကြည့်ကာ ''ဤကဲ့သို့သော တင့်တယ်ခြင်း အထွတ်အထိပ်သို့ ရောက်ရှိနေသော ဆင်မင်းကို ဆိပ်လူးမြားဖြင့် ပစ်ခွင်း၍ အသက် ကုန်ခြင်းသို့ ရောက်စေလျက် ဤဆင်စွယ်တို့ကို ဖြတ်တောက်ကာ သောနုတ္တိုရ်မုဆိုးက ယူဆောင်လာခဲ့ပေပကော''ဟု ဘုရားအလောင်းတော်၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို အစဉ်လျှောက်၍ ဆင်ခြင်အောက်မေ့စဉ် မယ်မင်းကြီးမ၏ သန္တာန်၌ စိုးရိမ်ပူဆွေးမှု သောကတရားသည် ထင်ရှားဖြစ်ပေါ်လာခဲ့၏၊ သည်းခံခြင်းငှာ မစွမ်းနိုင် ဖြစ်ခဲ့၏၊ ထိုအခါ ထိုနေရာ၌ပင်လျှင် ထိုမယ်မင်းကြီးမ၏ နှလုံးသည် ကွဲရှာလေပြီ။ ထိုသုဘဒ္ဒါသည် ထိုနေ့မှာပင် သေပွဲဝင်ခဲ့ရလေ သည်။[၇၄၂]

သုဘဒ္ဒါမိဖုရားဘဝ၌ တစ်ကြိမ် ငိုပွဲဆင်ခဲ့ရ၏၊ သေပွဲလည်း ဝင်ခဲ့ရ၏၊ ယခုတစ်ဖန် ဘိက္ခုနီမဘဝ၌လည်း ဒုတိယအကြိမ် ငိုပွဲဆင်ရပြန်လေပြီ။ ထို့ကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် ကံကို ထူထောင်ရာ၌ သတိကြီးစွာပင် ထူထောင်သင့်လှပေသည်။ ဤမျှဆိုလျှင် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့၏အကြောင်းကို အတော်အသင့် သဘောပေါက်လောက်ပေပြီ။

သတိပြုသင့်လှ၏ –– ဤ စူဠသုဘဒ္ဒါ၏ ဇာတ်ကြောင်းကို ပြန်ပြောင်း၍ ကြည့်ပါက –– ဒေါသတကြီးဖြင့် မကျေနပ်မှုတွေ တစ်ပုံကြီး ခြံရံ၍ ကံများကို အရမ်း မထူထောင်သင့်ကြောင်းကို သဘောပေါက်သင့်လှ၏၊ ကံတစ်ခုကို ထူထောင်ပြီး၍ ကံအရာ မြောက်သွားသောအခါ၌ကား ပြန်လည်နုတ်သိမ်းရန် အလွန်ခက်ခဲသွားပြီ ဖြစ်၏၊ ဥပပဇ္ဇဝေဒနီယကံ, အပရာပရိယဝေဒနီယကံများ ဖြစ်ခဲ့လျှင် အရိယမဂ်တည်းဟူသောမွေးညှပ်နှင့် ကင်း၍ အထူးသဖြင့် အရဟတ္တမဂ်တည်းဟူသော မွေးညှပ်နှင့်ကင်း၍ ပယ်နုတ်ခြင်းငှာကား မတတ်ကောင်းလေရာသည်။ လူသားတစ်ဦးလည်း ဖြစ်လာရ၍ မိဖုရားကြီးဘဝကိုလည်း ရရှိလာသော သုဘဒ္ဒါအဖို့ ဆဒ္ဒန်ဆင်မင်းကဲ့သို့သော တောထဲ၌သာ ပျော်မွေ့ နေသော ဆင်တစ်ကောင်ကို မသတ်ဘဲ နေမည်ဆိုပါက ဘဝခြားနေသည့်အတွက် နေသင့်လှပေ၏၊ သို့သော် ဆဒ္ဒန်ဆင်မင်းကို သတ်လိုသော စိတ်ဓာတ်များ ခြံရံလျက် ကံကို ထူထောင်မိသည့်အတွက် ထိုကံက အကျိုးပေးနေသော ဘဝတွင် မသတ်ဘဲ မနေနိုင် ဖြစ်နေ၏၊ နုတ်ပယ်ဖို့ရန် အလွန်ခက်ခဲသွားပြီ ဖြစ်ပေသည်။ အကယ်၍ ယောဂီပုဂ္ဂိုလ် တစ်ဦးသည်လည်း ကံတစ်ခုကို အမှားမှား အယွင်းယွင်း ထူထောင်ခဲ့မိလျှင်ကား စူဠသုဘဒ္ဒါကဲ့သို့ပင် ငိုပွဲကြီး ဆင်ရတတ်၏၊ သေပွဲကြီးလည်း ဝင်ရတတ်ပေ၏၊ သတိရှိစေ။

ယောဂီတစ်ဦး၏ ပုံစံတစ်ခု

ပိုမို၍ သဘောပေါက်စေရန် ယောဂီတစ်ဦး၏ ပုံစံကို ထပ်မံ၍ ထုတ်ပြအပ်ပါသည်။ ထိုယောဂီကား အတိတ်ဘဝ သေခါနီး မရဏာသန္နအခါကို စိုက်၍ ရှုလိုက်သောအခါ ရုပ်နာမ်တို့ကို သိမ်းဆည်းလိုက်သောအခါ အတိတ်ဘဝ သေခါနီး ဘဝင်မနောအကြည်ဓာတ်တွင် သံဃာတော်တစ်ပါးအား သင်္ဘောသီးဆွမ်း လှူဒါန်းနေသည့် ကံအာရုံနိမိတ် ထင်နေသည်ကို တွေ့ရ၏၊ တစ်ဖန် သင်္ဘောသီးဆွမ်း လောင်းလှူနေသော ခန္ဓာအစဉ်၌ တည်ရှိသော ဓာတ်ကြီးလေးပါးမှ စ၍ ရုပ်နာမ်တို့ကို ဆက်လက်သိမ်းဆည်းလိုက်သောအခါ ခေတ်ပညာ မတတ်သည့် ဆင်းရဲနွမ်းပါးလှသည့် ကျေးလက် တောသူဘဝကို နာကြည်းလျက် ခေတ်ပညာတတ် မြို့ကြီးသူဖြစ်ရန် ဆုတောင်းနေသည့် စိတ်အစဉ်များကိုလည်းကောင်း, သင်္ဘောသီးဆွမ်း လှူဒါန်းနေသည့် ကုသိုလ်စေတနာအုပ်စု စိတ်အစဉ်တို့ကိုလည်းကောင်း တွေ့ရှိပြန်၏၊ ထိုတွင်..

၁။ အဝိဇ္ဇာ (= ၂၀) = ခေတ်ပညာတတ် မြို့ကြီးသူဟု အသိမှားနေခြင်းသဘော၊
၂။ တဏှာ (= ၂၀) = ယင်းအမျိုးသမီးဘဝကို တွယ်တာတပ်မက်ခြင်းသဘော၊
၃။ ဥပါဒါန် (= ၂၀) = ယင်းအမျိုးသမီးဘဝသို့ စိတ်ကပ်ရောက်စွဲနေခြင်းသဘော၊
၄။ သင်္ခါရ (= ၃၄) = သံဃာတော်အား သင်္ဘောသီးဆွမ်း လောင်းလှူသည့် ကုသိုလ်စေတနာအုပ်စု၊
၅။ ကံ = ယင်းသင်္ခါရ (= ၃၄) ၏ ကမ္မသတ္တိ။

ဤ၌ (၂၀)ဟူသည်မှာ ကိလေသဝဋ် မနောဒွါရိကဇောဝီထိအတွင်းဝယ် ဇောအသီးအသီး၌ တည်ရှိသော လောဘ-ဒိဋ္ဌိအုပ်စု နာမ်တရား (၂၀) ဖြစ်သည်။ (၃၄)မှာ သင်္ဘောသီးဆွမ်း လှူဒါန်းနေသည့် မနောဒွါရိက ကုသိုလ်ဇောဝီထိအတွင်းဝယ် ဇောအသီးအသီး၌ တည်ရှိသော စိတ်စေတသိက်နာမ်တရားစု = သဒ္ဓါ-ပညာအုပ်စု နာမ်တရားများပင် ဖြစ်ကြသည်။

ဤဘဝတွင် ဤယောဂီမှာ ခေတ်ပညာတတ် မြို့ကြီးသူ တစ်ဦးပင် ဖြစ်လာပေသည်။ ယင်းသင်္ဘောသီးဆွမ်း လှူဒါန်းခဲ့သည့် ကုသိုလ်ကံ၏ စွမ်းအင်သတ္တိက ယခုဘဝဝယ် ထိုယောဂီ၏ ပဋိသန္ဓေ ဝိပါက်ခန္ဓာငါးပါး အစရှိသော ဝိပါက်ခန္ဓာအချို့ကို အကျိုးပေးနေသည်ကို ထိုယောဂီကိုယ်တိုင် ကြောင်း-ကျိုး ဆက်စပ်၍ ရှုသောအခါ သမ္မာဒိဋ္ဌိ ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေပေသည်။ ဤကဲ့သို့ အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကို ထိုးထွင်းသိမြင်နေသော ဉာဏ်ကား ပစ္စယပရိဂ္ဂဟဉာဏ် = အကြောင်းတရားတို့ကို သိမ်းဆည်းတတ်သော ဉာဏ်ပင်တည်း။ ပို၍ သဘောပေါက်ရန် နားရှင်းရန် အောက်ပါ ပုံစံတစ်ခုကိုလည်း ကြည့်ပါဦး။

အခြားပုံစံတစ်ခု

ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးသည် အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နဇော၏ အာရုံကို စူးစမ်းရှာဖွေ ကြည့်လိုက်သောအခါ မရဏာသန္နဇော၏ အခိုက်နှင့် မရဏာသန္နဇောမတိုင်မီ အခိုက်အတန့်တို့ကို ရှေ့တိုး နောက်ဆုတ် ပြု၍ အကြိမ်ကြိမ် စူးစမ်းရှာဖွေလိုက်သောအခါ မရဏာသန္နဇော မတိုင်မီ ပတ်ဝန်းကျင်တွင် ကံလေးမျိုး အလုအယက် ထင်နေ၏၊

၁။ စာချပေးသည့် ကံတစ်ခု,
၂။ တရားပြပေးသည့် ကံတစ်ခု,
၃။ တရားနှလုံးသွင်းနေသည့် ကံတစ်ခု,
၄။ တရားဟောသည့် ကံတစ်ခု ––

ဤကံ လေးမျိုးတို့ကား အလုအယက် ဖြစ်နေကြ၏၊ ထိုကံတို့တွင် မည်သည့်ကံက ပဋိသန္ဓေခန္ဓာငါးပါး အစရှိသည့် ပစ္စုပ္ပန်ဝိပါကဝဋ်တရားအချို့တို့ကို ဖြစ်စေပါသနည်းဟု အကြိမ်ကြိမ် ဆန်းစစ်ကြည့်လိုက်သောအခါ တရားနှလုံး သွင်းနေသည့် ကံက အကျိုးပေးနေသည်ကို တွေ့ရ၏၊ မရဏာသန္နဇော၏ အာရုံမှာ ယင်းတရားနှလုံးသွင်းနေသည့် ကံအာရုံပင် ဖြစ်သည်။ တစ်ဖန် မည်သည့်တရားများကို နှလုံးသွင်းနေပါသနည်းဟု ထပ်မံ၍ ဆန်းစစ်လိုက်သောအခါ ရုပ်နာမ်ပရမတ်တရားတို့ကို လက္ခဏာရေး သုံးတန်သို့ တင်ကာ ရှုပွားသုံးသပ်နေသော ဝိပဿနာကံ ဖြစ်နေ၏၊ ယင်းဝိပဿနာကံနှင့် ပစ္စုပ္ပန် ပဋိသန္ဓေခန္ဓာငါးပါးတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကိုလည်း အောင်မြင်စွာ ရှု၍ သိမ်းဆည်း၍ ရနေ၏၊ ဤတွင် ဝိပဿနာကံက အဘယ်အကြောင်းကြောင့် ပဋိသန္ဓေကျိုးကို ဖြစ်စေရပါသနည်းဟု ထပ်မံ၍ ဆန်းစစ်ကြည့်သောအခါ ဝိပဿနာကမ္မဋ္ဌာန်းကို မစီးဖြန်းမီနှင့် ဝိပဿနာကမ္မဋ္ဌာန်းကို ပွားများပြီးတိုင်း သူ၏ ဆုတောင်းခန်းမှာ ဤသို့ ဖြစ်၏ ..။

၁။ လူဖြစ်ပါရစေ,
၂။ ရဟန်းဖြစ်ပါရစေ,
၃။ သာသနာပြုနိုင်ပါရစေ ––
ဤသုံးမျိုးကား ထိုယောဂီပုဂ္ဂိုလ်၏ တရားထိုင်တိုင်း တောင်းနေကျ ဆုဖြစ်၏၊

၁။ အဝိဇ္ဇာ (= ၂၀) = လူဟု ရဟန်းဟု သာသနာပြုနိုင်သူဟု အသိမှားမှု သဘော၊
၂။ တဏှာ (= ၂၀) = ယင်းဘဝကို တွယ်တာတပ်မက်မှုသဘော၊
၃။ ဥပါဒါန် (= ၂၀) = ယင်းဘဝကို စိတ်ကပ်ရောက်စွဲနေခြင်းသဘော၊
၄။ သင်္ခါရ (= ၃၄) = ဝိပဿနာ ကုသိုလ်သင်္ခါရအုပ်စု၊
၅။ ကံ = ယင်း သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိ ––

အကြောင်းတရားငါးပါးကား စုံညီသွား၏၊ ဤ၌ ဝိပဿနာကံများက ယခုကဲ့သို့ ပဋိသန္ဓေကျိုးစသည့် အကျိုးကို ပေးနိုင်ပါသလားဟု မေးရန်ရှိ၏၊ အဖြေမှာ – အကျိုးကို ပေးနိုင်သော ဟူ၏၊

''ရဟန်းတို့ ...သံသရာဝဋ်ကို လည်ပတ်စေတတ်သော ကုသိုလ်စေတနာ အကုသိုလ်စေတနာကိုလည်း စေ့ဆော်ကြိုးကုတ်အားထုတ်မှု မရှိသည်ဖြစ်အံ့၊ လူဖြစ်ရလို၏ နတ်ဖြစ်ရလို၏ စသည်ဖြင့် တဏှာ-ဒိဋ္ဌိတို့ဖြင့် ယှဉ်တွဲလျက်ရှိသော ကြံစည်စိတ်ကူးမှုကိုလည်း မပြုလုပ်သည် ဖြစ်ငြားအံ့၊ ထိုသို့ပင် ဖြစ်သော်လည်း အနုသယဓာတ်သည် အရိယမဂ်တရားဖြင့် မပယ်ရှားရသေးသည့်အတွက် ထင်ရှားရှိနေသေးသည် ဖြစ်ငြားအံ့၊ ဤအနုသယဓာတ် ထင်ရှား ရှိနေသေးခြင်းသည်ပင်လျှင် နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးနိုင်သော စွမ်းအားရှိသော ကမ္မဝိညာဏ်၏ တည်တံ့ခြင်းငှာ အကြောင်းတရားပင် ဖြစ်ပေသည်။''[၇၄၃]

အနုသယဓာတ်သည် အရိယမဂ်တရားဖြင့် မပယ်ရှားရသေးသည့်အတွက် ထင်ရှားရှိနေသေးသည်ရှိသော် နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေအကျိုးကို ပေးနိုင်သော စွမ်းအားရှိသော ကမ္မဝိညာဏ်၏ ဖြစ်ပေါ်ခြင်းငှာ မတားမြစ်နိုင်သည့်အတွက်ကြောင့် ဤအနုသယဓာတ်၏ ထင်ရှားရှိနေခြင်းသည်ပင် ကမ္မဝိညာဏ် တည်ရှိဖို့ရန် အကြောင်းတရား ဖြစ်ရပေသည်။

ဘုရားရှင်သည် စေတနာသုတ္တန်၌ –
၁။ တဏှာ-ဒိဋ္ဌိတို့နှင့် ယှဉ်တွဲနေသော သို့မဟုတ် ခြံရံနေသော ဝဋ္ဋနိဿိတ ကုသိုလ် အကုသိုလ်,
၂။ တဏှာ-ဒိဋ္ဌိတို့နှင့် ယှဉ်တွဲမှု မရှိသော ခြံရံမှု မရှိသော ဝိဝဋ္ဋနိဿိတ ဖြစ်သော ကုသိုလ် အကုသိုလ် သို့မဟုတ် တေဘူမကစေတနာ,
၃။ အနုသယဓာတ်ကို ပယ်နှုတ်ပြီးသော ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌ ဖြစ်သော ကြိယာစိတ်များ (= ဒါန သီလ သမထ ဝိပဿနာ စသော စိတ်များ) –

ဤသို့ သုံးမျိုးခွဲ၍ ဟောကြားထားတော်မူသည်။ အမှတ် (၂) ဖြစ်သော ဒုတိယနည်း၌ (အထက်တွင် ဘာသာ ပြန်ဆိုထားသည့်နည်း၌) ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာ၏ ရှေ့အဖို့၌ ဘဝကိုဖြစ်စေနိုင်သော စွမ်းအားရှိသော ကုသိုလ် အကုသိုလ်ကို အားထုတ်ခြင်းသည်လည်းကောင်း၊ 'ယောက်ျားဖြစ်ရပါလို၏, မိန်းမဖြစ်ရပါလို၏, လူဖြစ်ရပါလို၏, နတ်ဖြစ်ရပါလို၏' - ဤသို့ စသည်ဖြင့် တဏှာ-ဒိဋ္ဌိတို့ဖြင့် ကြံစည်စိတ်ကူးမှုသည်လည်းကောင်း ကင်းနေ၏၊ ဘဝတို့၌ အပြစ်အာဒီနဝကို ရှုမြင်လေ့ရှိ၏၊ ထိုကဲ့သို့သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ အနုသယဓာတ် ထင်ရှားရှိနေခြင်း တည်းဟူသော အကြောင်းကြောင့် ဝိပဿနာဉာဏ်နှင့် ယှဉ်သော ဝိပဿနာစေတနာသည်လည်း ပဋိသန္ဓေကို ဖြစ်စေနိုင်သော စွမ်းအားရှိ၏၊ ဤသို့သော အနက်အဓိပ္ပါယ်ကို ထင်ရှားပြတော်မူခြင်းငှာ ဤဒုတိယနည်းကို ဟောကြားတော်မူခြင်း ဖြစ်၏၊ ဝိပဿနာကံသည် သံသရာဝဋ်ကို လည်ပတ်စေတတ်သော ကံတို့ကို ကုန်စေတတ်သော ကမ္မက္ခယကံမျိုး ဖြစ်၏၊ ဝိပဿနာဉာဏ်များ အဆက်မပြတ် ဖြစ်ပေါ်နေချိန်ဝယ် သံသရာဝဋ်ကို လည်ပတ်စေတတ်သော ကုသိုလ် အကုသိုလ်၏ဖြစ်ခွင့် မရှိငြားသော်လည်း ထိုဝိပဿနာဉာဏ် ဖြစ်ခိုက်၌ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ရုပ်နာမ် သန္တာန်အစဉ်တွင် ထင်ရှားရှိနေသော တေဘူမကဝိပါက်တရား ကာမာဝစရကြိယာတရား ရုပ်တရားတို့၌ အရိယမဂ် တရားဖြင့် မပယ်ရှားရသေးသည့်အတွက် ကိန်းဝပ်တည်နေသော အနုသယ ကိလေသာ၏ ထင်ရှားရှိနေခြင်းတည်း ဟူသော အကြောင်းကြောင့် နောင်တစ်ဖန် ဘဝသစ်၌ ပဋိသန္ဓေကို ဖြစ်စေနိုင်သော စွမ်းအားရှိသော ကမ္မဝိညာဏ်၏ တည်ရှိလာသည်၏ အဖြစ်သည် ထင်ရှားရှိနေ၏၊ ဤသို့သော အဓိပ္ပါယ်ကို ထင်ရှားပြခြင်းငှာ ဤဒုတိယနည်းကို ဘုရားရှင်သည် ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပေသည်။[၇၄၄]

ဤအထက်တွင် ပုံစံထုတ်ပြထားသော ယောဂါဝစရပုဂ္ဂိုလ်မှာ များသောအားဖြင့် ဝိပဿနာ၏ ရှေ့အဖို့ နောက်အဖို့တို့၌ အနုသယဓာတ်သာမက တဏှာ-ဒိဋ္ဌိပါ ခြံရံထားသည်ကို တွေ့ရ၏၊ အနုသယဓာတ် မကင်းသော သူတော်ကောင်းတို့၏ ဝိပဿနာကံသည် ပဋိသန္ဓေကျိုးကို ဖြစ်စေနိုင်သေးလျှင် အနုသယဓာတ်လည်း မကင်းသေးသော တဏှာ-ဒိဋ္ဌိတို့လည်း ခြံရံလျက်ရှိသော ဝိပဿနာကံသည် သာ၍ပင် ပဋိသန္ဓေကျိုးကို ဖြစ်စေနိုင်သည်သာဖြစ်သည်၊[၇၄၅] အင်္ဂုတ္တိုရ် စတုက္ကနိပါတ်[၇၄၆]တို့၌ လာရှိသော သောတာနုဂတသုတ္တန်နှင့်လည်း အညီပင်တည်း။ ထိုယောဂီနှင့် ဆက်စပ်၍ မှတ်သားစရာ အချက်တစ်ရပ်ကား အတိတ်ဘဝဝယ် ဝိပဿနာဉာဏ်များ ဖြစ်ခဲ့သော်လည်း ပဋိစ္စသမုပ္ပါဒ်ကို လုံးဝ မရှုခဲ့သဖြင့် ယင်းအတိတ်ဘဝ၌ ဖြစ်ခဲ့သော ဝိပဿနာဉာဏ်တို့က ယင်းအတိတ်ဘဝ၌ပင် အရိယမဂ်တရား ထင်ရှား ဖြစ်ပေါ်လာသည့်တိုင်အောင် အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုမပေးနိုင်ခြင်းဟူသော အချက်ပင် ဖြစ်သည်။ မြင်းမြီးဆွဲ မောင်ဆန်ဟု အသိများသော အရှင်ဆန္နမထေရ်ကဲ့သို့ပင်တည်း။[၇၄၇]

ကိလေသဝဋ်နှင့် ကမ္မဝဋ်

ကိလေသဝဋ်နှင့် ကမ္မဝဋ်အကြောင်းကို ထပ်မံ၍ အနည်းငယ် ရှင်းလင်းတင်ပြလိုပေသည်။ ကိလေသဝဋ် ကမ္မဝဋ် အမည်ရသော စိတ်စေတသိက်တို့သည် ယင်းတို့ချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအားကား မရှိကြပေ။ ယှဉ်ဖက် သမ္ပယုတ်တရားတို့နှင့် အတူယှဉ်တွဲ၍ ဖြစ်နိုင်ကြပေသည်။ ယင်းသို့ သမ္ပယုတ်တရားတို့နှင့် အတူယှဉ်တွဲ၍ ဖြစ်ကြရာ၌လည်း ဝီထိဟု ခေါ်ဆိုသည့် စိတ္တနိယာမ လမ်းကြောင်းအတိုင်းသာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏၊ ယင်းဓမ္မတာ လမ်းကြောင်းမှ တိမ်းစောင်း၍ ကပြောင်းကပြန် ဇောက်ထိုးမိုးမျှော် ဖြစ်ချင်သလို ဖြစ်ရိုး ဓမ္မတာ မရှိကြချေ။ တစ်ဖန် ပဋိသန္ဓေကျိုးကို ဖြစ်စေနိုင်သော စွမ်းအားရှိသော ကိလေသဝဋ် ကမ္မဝဋ်တို့မှာ မနောဒွါရိကဇောတို့သာ ဖြစ်ကြသည်။ ပဉ္စဒွါရိကဇောတို့ကား ပဝတ္တိကျိုးမျှလောက်ကိုသာ ဖြစ်စေနိုင်ကြ၏၊ ပဋိသန္ဓေကျိုးကို မဖြစ်စေနိုင်ကြကုန်။ မနောဒွါရိက ဇောတို့ကား ပဋိသန္ဓေကျိုး ပဝတ္တိကျိုး နှစ်မျိုးလုံးကို ဖြစ်စေနိုင်သည့်စွမ်းအား ရှိကြ၏၊ ဤတွင် အသိဉာဏ် သန့်ရှင်းရန် အတွက် ထပ်မံ၍ ပုံစံတစ်ခုဖြင့် ရှင်းလင်းတင်ပြအပ်ပါသည်။

ထိုသို့ အတိတ်ဘဝ သေခါနီး မရဏာသန္နဇော၏ အာရုံကို လှမ်း၍ .. အာရုံယူ ရှာဖွေကြည့်သောအခါ စေတီတော်အား ဆွမ်းလှူခဲ့သည့် ကံအာရုံသည် အကယ်၍ ပေါ်လာသည် ဆိုကြပါစို့။ ထိုဆွမ်းလှူနေသည့် ကုသိုလ်ဇော ဝီထိ စိတ်အစဉ်တို့ကို ဆက်လက် သိမ်းဆည်းပါ။ ယင်းကုသိုလ်ကို ခြံရံထားသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန် ဦးဆောင်သည့် မနောဒွါရိကဇောဝီထိ စိတ်အစဉ်တို့ကိုလည်း ဆက်လက် သိမ်းဆည်းပါ။ အကယ်၍ အောင်မြင်မှု မရခဲ့သော် လည်းကောင်း, ဆွမ်းလှူနေသည့်ပုံကိုသာ တွေ့မြင်နေသော်လည်းကောင်း .. ထိုအခါ၌ ယင်းဆွမ်းလှူနေသည့် ပုံ၌ တည်ရှိနေသော ဓာတ်ကြီးလေးပါးကို စတင် သိမ်းဆည်းပါ။ ထိုနောင် ဆွမ်းလှူစဉ်၌ ဖြစ်ခဲ့သော ရုပ်တရား နာမ်တရား တို့ကို ဆက်လက် သိမ်းဆည်းပါ။ အထူးသဖြင့် ဟဒယဝတ္ထုနှင့် ဘဝင်မနောအကြည်ဓာတ် မနောဒွါရကို ဦးစားပေး၍ သိမ်းဆည်းပါ။ ယင်းဘဝင်မနောအကြည်ဓာတ်တို့တွင်လည်း အထူးသဖြင့် စေတီတော်အား ဆွမ်းမလှူမီ ဆွမ်းလှူနေဆဲ အချိန်တို့၌ တည်ရှိသော ဘဝင်မနောအကြည်ဓာတ် မနောဒွါရတို့ကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ သိမ်းဆည်းပါ။ ထိုနောင် ယင်းဘဝင်မနောအကြည်ဓာတ် မနောဒွါရတို့၏ အကြားအကြား၌ ဖြစ်ပေါ်သွားကြသော ဆွမ်းလှူဒါန်း နေသည့် မနောဒွါရိကဇောဝီထိစိတ်အစဉ် ဆုတောင်းနေသည့် မနောဒွါရိကဇောဝီထိစိတ်အစဉ်တို့ကို ဆက်လက် သိမ်းဆည်းပါ။ ယင်းစိတ်အစဉ်တို့တွင် အဝိဇ္ဇာ တဏှာ ဥပါဒါန်ဟူသော ကိလေသဝဋ်နှင့် သင်္ခါရ-ကံဟူသော ကမ္မဝဋ်တို့ကို တွေ့အောင် ရှာဖွေရမည် ဖြစ်သည်။

အသိဉာဏ်သန့်ရှင်းအောင် ပုံစံတစ်ခုကို ထုတ်ဆောင်ပြပေအံ့။ – ''နိဗ္ဗာန်ကို ရနိုင်သည့် ရဟန်းတော်တစ်ပါး ဖြစ်ပါစေ'' သို့မဟုတ် ''နိဗ္ဗာန်ကို ရနိုင်သည့် အမျိုးသမီးတစ်ဦး ဖြစ်ပါစေ''ဟု ဆုတောင်းခဲ့သည် ဆိုကြပါစို့ ..။

 ကိလေသဝဋ် (၃) ပါး

၁။ နိဗ္ဗာန်ကို ရနိုင်သည့် ရဟန်းတော် သို့မဟုတ် နိဗ္ဗာန်ကို ရနိုင်သည့် အမျိုးသမီးဟု အသိမှားမှုသဘောကား အဝိဇ္ဇာတည်း။
၂။ နိဗ္ဗာန်ကို ရနိုင်သည့် ရဟန်းတော်ဘဝ သို့မဟုတ် နိဗ္ဗာန်ကို ရနိုင်သည့် အမျိုးသမီးဘဝကို တွယ်တာတပ်မက်မှု သဘောကား တဏှာတည်း။
၃။ နိဗ္ဗာန်ကို ရနိုင်သည့် ရဟန်းတော်ဘဝ သို့မဟုတ် နိဗ္ဗာန်ကို ရနိုင်သည့် အမျိုးသမီးဘဝကို စိတ်ကပ်ရောက် စွဲနေမှုသဘောကား ဥပါဒါန်တည်း။

ဤအဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကား ကိလေသဝဋ်တည်း။ ယင်းကိလေသဝဋ် အမည်ရသော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကား ယင်းတို့ချည်းသက်သက် ဖြစ်နိုင်သည့် စွမ်းရည်သတ္တိ မရှိကြပေ။ ဖဿ, ဝေဒနာ, သညာ, စေတနာ, ဝိညာဏ်စသော ယှဉ်ဖက် စိတ်စေတသိက်တရားတို့နှင့် ဇောစိတ္တက္ခဏတိုင်း၌ အတူယှဉ်တွဲ၍သာ ဖြစ်နိုင်ကြ၏၊ ယေဘုယျအားဖြင့် လောဘ-ဒိဋ္ဌိအုပ်စု အလုံး (၂၀) ဖြစ်တတ်သည်၊ ပီတိ မပါသော် ရံခါ (၁၉) ဖြစ်တတ်သည်။ သသင်္ခါရိက အသင်္ခါရိက ထိုက်သလို ဖြစ်နိုင်၏၊ သောမနဿ ဥပေက္ခာ ထိုက်သလို ဖြစ်နိုင်၏၊ ရံခါ လောဘ-မာန အုပ်စုလည်း ဖြစ်နိုင်၏၊ ရံခါ ဒိဋ္ဌိ-မာန နှစ်မျိုးလုံးမပါသည့် လောဘမူအုပ်စုလည်း ဖြစ်နိုင်၏၊ ဝီထိစိတ်အစဉ်အားဖြင့်မူ ယေဘုယျအားဖြင့် မနောဒွါရာဝဇ္ဇန်း (၁)ကြိမ်၊ ဇော (၇)ကြိမ် ဖြစ်တတ်၏၊ တဒါရုံသည် ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏၊ မိမိဆုတောင်းနေသည့် ရဟန်းဘဝ၌ တည်ရှိသော ရုပ်နာမ် သို့မဟုတ် မိမိဆုတောင်းနေသည့် အမျိုးသမီးဘဝ၌ တည်ရှိသော ရုပ်နာမ်တို့ကို တွယ်တာမှုဖြစ်မူ တဒါရုံကျခွင့် ရှိ၏၊ ကျနိုင်၏၊

၁။ မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား –၁၂
၂။ ဇောအသီးအသီး၌ နာမ်တရား (လောဘ-ဒိဋ္ဌိဖြစ်သော်) –၂၀ - စီ
၃။ တဒါရုံကျခဲ့သော် တဒါရုံ၌ နာမ်တရား ထိုက်သလို – ၃၄/၃၃/၃၃/၃၂/၁၂/၁၁ - စီ ဤသို့ အသီးအသီး ဖြစ်နိုင်၏၊

ယင်းနာမ်တရားစုတို့တွင် ပါဝင်သော –
၁။ ဝေဒနာကား ဝေဒနာက္ခန္ဓာ = ဝေဒနာတရားအစု,
၂။ သညာကား သညာက္ခန္ဓာ = သညာတရားအစု,
၃။ ကျန်စေတသိက်တို့ကား သင်္ခါရက္ခန္ဓာ = သင်္ခါရတရားအစု,
၄။ အသိစိတ်ဝိညာဏ်ကား ဝိညာဏက္ခန္ဓာ = သိမှုဝိညာဏ်တရားအစု –

အသီးအသီး ဖြစ်၏၊ သို့အတွက် ယင်းနာမ်တရားတို့ကား နာမ်ခန္ဓာ လေးပါးတို့တည်း။ ယင်းနာမ်တရားတို့၏ မှီရာ ဟဒယဝတ္ထုရုပ်နှင့် တကွ ဟဒယ၌ရှိသော (၆၃)မျိုးသော ရုပ်တရားတို့ကား ရူပက္ခန္ဓာတည်း။ (ရုပ်အတုများလည်း ထိုက်သလို ပါဝင်နိုင်သည်။) အားလုံးပေါင်းသော် – ရူပက္ခန္ဓာ တစ်ပါး + နာမ်ခန္ဓာ လေးပါး = ခန္ဓာ ငါးပါးတည်း။

၁။ မနောဒွါရာဝဇ္ဇန်း၌ ခန္ဓာငါးပါး,
၂။ ဇော အသီးအသီး၌ ခန္ဓာငါးပါးစီ,
၃။ တဒါရုံ အသီးအသီး၌ ခန္ဓာငါးပါးစီ –

ဤသို့ အသီးအသီး ဖြစ်၏၊ တဒါရုံ၌ မဟာဝိပါက်တဒါရုံနှင့် အဟိတ် ကုသလဝိပါက်တဒါရုံ, အဟိတ် အကုသလဝိပါက်တဒါရုံတို့တွင် တဒါရုံ တစ်မျိုးမျိုးသည် ထိုက်သလို ကျနိုင်၏၊ ထို့ကြောင့် ၃၄/၃၃/၃၃ /၃၂/၁၂/၁၁ ဟု အသီးအသီး ဖော်ပြထားသည်။ ယောဂါဝစရပုဂ္ဂိုလ်ကိုယ်တိုင် ဆန်းစစ်ကြည့်ပါ။

ယောဂါဝစရပုဂ္ဂိုလ်သည် အတိတ်အကြောင်းတရားများတွင် ပါဝင်သည့် အတိတ်က ပြုစုပျိုးထောင်ခဲ့သည့် သင်္ခါရ ကံတို့ကို ခြံရံထားသည့် ကိလေသဝဋ်ဖြစ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကို သိမ်းဆည်းရာ၌ ဃနဟူသော ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်သည့်တိုင်အောင် ဤခန္ဓာငါးပါးတို့ကို ပုံစံမှန် သိမ်းဆည်းတတ်ဖို့ လိုပေသည်။ ဉာဏ်စဉ်နည်းအရ နာမရူပပရိစ္ဆေဒဉာဏ် = နာမရူပဝဝတ္ထာနဉာဏ်ပင် ဖြစ်သည်။

ကမ္မဝဋ် (၂) ပါး

စေတီတော်မြတ်အား (ဘုရားရှင်အား) ဆွမ်းလှူခဲ့ရာ၌ –
၁။ အလှူခံ ဘုရားရှင်အား အာရုံပြု၍လည်း ကုသိုလ်ဇောဝီထိများ ဖြစ်နိုင်၏၊
၂။ လှူဖွယ်ဝတ္ထု = ဆွမ်းကို အာရုံပြု၍လည်း ကုသိုလ်ဇောဝီထိများ ဖြစ်နိုင်၏၊
၃။ လှူနေသည့် ရှေးရှေး ကုသိုလ်စေတနာများကို အာရုံပြု၍လည်း နောက်နောက်သော ကုသိုလ်စေတနာ = ကုသိုလ်ဇောဝီထိများ ဖြစ်နိုင်၏၊

ဆွမ်းလှူနေစဉ် မည်သို့သော ကုသိုလ်ဇောဝီထိ စိတ်အစဉ်များ ဖြစ်ပေါ်နေသည်ကို သေချာစွာ စိုက်ရှုပါ။ အကယ်၍ ထိုကုသိုလ်ဇောများသည် သောမနဿဝေဒနာနှင့် အတူတကွဖြစ်၍ ဉာဏ်နှင့်ယှဉ်သည့် ဉာဏသမ္ပယုတ်ဇော ဖြစ်အံ့၊ စိတ်+စေတသိက် = နာမ်တရားစုမှာ (၃၄) အသီးအသီး ဖြစ်သည်၊ သဒ္ဓါ-ပညာအုပ်စုပင်တည်း။ ဝီထိစိတ် အစဉ်အားဖြင့် မနောဒွါရာဝဇ္ဇန်း (၁)ကြိမ်၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ် အသီးအသီး ဖြစ်သည်။ တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏၊

၁။ မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား –၁၂
၂။ ဇော အသီးအသီး၌ နာမ်တရား –၃၄ - စီ၊
၃။ တဒါရုံ အသီးအသီး၌ နာမ်တရား – ၃၄/၃၃/၃၃/၃၂/၁၂/၁၁/၁၁ - စီ၊

ယင်းနာမ်တရားစုတို့ကား နာမ်ခန္ဓာ (၄)ပါးတို့ အသီးအသီး ဖြစ်ကြ၏၊ ယင်းနာမ်တရားတို့၏မှီရာ ဟဒယ၌ တည်ရှိသော ရုပ်တရားတို့ကား ရူပက္ခန္ဓာတည်း။ သို့အတွက် –

၁။ မနောဒွါရာဝဇ္ဇန်း၌ ခန္ဓာငါးပါး,
၂။ ဇော အသီးအသီး၌ ခန္ဓာငါးပါးစီ,
၃။ တဒါရုံ အသီးအသီး၌ ခန္ဓာငါးပါးစီ –

ဤသို့ အသီးအသီး ဖြစ်ကြသည်။ ယင်းခန္ဓာငါးပါးတို့ကို ရှုနေသော သိနေသော သိမ်းဆည်းနေသော ပိုင်းခြား ယူနေသော ဉာဏ်မှာ ဉာဏ်စဉ်နည်းအရ နာမရူပပရိစ္ဆေဒဉာဏ် = နာမရူပဝဝတ္ထာနဉာဏ်ပင် ဖြစ်သည်။ သို့သော် ဤကိလေသဝဋ် ခန္ဓာငါးပါးနှင့် ကမ္မဝဋ် ခန္ဓာငါးပါးတို့ကား ယခုလက်ရှိဘဝ (ရဟန်းဘဝ သို့မဟုတ် အမျိုးသမီးဘဝ)၏ ပဋိသန္ဓေ ဘဝင် စုတိ အစရှိသော အချို့အချို့သော ဝိပါက်ခန္ဓာငါးပါးတို့၏ အကြောင်း ခန္ဓာငါးပါးတို့သာ ဖြစ်ကြသည်။ ဤအထက်ပါ ခန္ဓာငါးပါးတို့တွင် ကုသိုလ်ဇောအသီးအသီး၌ ရှိသော နာမ်တရား (၃၄)တို့ကား မိမိတို့ မျှော်လင့်တောင့်တထားသည့် ရဟန်းဘဝ သို့မဟုတ် အမျိုးသမီးဘဝဟူသော ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေးတတ်သော တရားများဖြစ်ရကား သင်္ခါရဟူသော အမည်ကို ရရှိကြပေသည်၊ ဘဝတစ်ခု ဖြစ်ပေါ်လာအောင် အားထုတ်ကြောင်းတရားတို့ ဖြစ်ကြသည်။

ယင်းသင်္ခါရတရားတို့ကား အနိစ္စတရားတို့သာ ဖြစ်ကြသဖြင့် ဖြစ်ပြီးက ပျက်သွားကြ၏၊ သို့သော် ဝိပါက် ကိရိယာ အဗျာကတခန္ဓာတို့ကဲ့သို့ ရုပ်နာမ်သန္တာန်အစဉ်၌ တစ်စုံတစ်ခုသော စွမ်းအင်သတ္တိကို ချန်မထားဘဲ ချုပ်ပျောက် သွားကြသည်ကား မဟုတ်။ နောင်တစ်ချိန်ဝယ် မိမိတို့ မျှော်လင့်တောင့်တနေသည့် နိဗ္ဗာန်ကို ရရှိနိုင်သည့် ရဟန်းဘဝ သို့မဟုတ် အမျိုးသမီးဘဝဟူသော ခန္ဓာငါးပါးကို ဖြစ်စေနိုင်သည့် စွမ်းအင်ကမ္မသတ္တိကို ရုပ်နာမ်သန္တာန်အစဉ်၌ မြှုပ်နှံပြီးမှသာလျှင် ချုပ်ပျောက်သွားကြ၏၊ ယင်းကမ္မသတ္တိကား ကံပင်တည်း။

ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း

ယောဂါဝစရပုဂ္ဂိုလ်သည် ထိုသို့ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ ဟူသော အကြောင်းတရားတို့ကို ရှာဖွေ၍ တွေ့ရှိပါက ယင်းကမ္မသတ္တိဟူသော ကံနှင့် မိမိ၏ပဋိသန္ဓေ ကလလရေကြည် တည်စခိုက်၌ ရှိသော ကမ္မဇရုပ်အမျိုးအစား (၃၀)နှင့် တိုက်ဆိုင်ကြည့်ပါ။ ယင်းကံကြောင့် ပဋိသန္ဓေကမ္မဇရုပ်တို့ ဖြစ်-မဖြစ်ကို ကြိမ်ဖန်များစွာ ဆန်းစစ်ကြည့်ပါ။ ကံနှင့် ကမ္မဇရုပ်တို့၏ တစ်ခုနှင့်တစ်ခု ကြောင်း-ကျိုး-ဆက်နွယ်မှုသဘော အနေအားဖြင့် ဆက်စပ်မှု ရှိ-မရှိကို သဘောပေါက်အောင် ကြည့်ပါ။ စိတ်နှင့် စိတ္တဇရုပ်တို့သည် တစ်ခုနှင့်တစ်ခု ကြောင်း-ကျိုး-ဆက်နွယ်မှု ရှိသကဲ့သို့ ကံနှင့် ကမ္မဇရုပ်တို့သည်လည်း တစ်ခုနှင့်တစ်ခု ကြောင်း-ကျိုး-ဆက်နွယ်မှု ရှိမရှိကို သေချာစွာ စိုက်ရှုပါ။

အကယ်၍ ကြောင်း-ကျိုး-ဆက်နွယ်မှု ရှိနေပါက ထိုကံကြောင့် ကမ္မဇရုပ်တို့သည် တဖွားဖွားဖြစ်နေသည်ကို ယောဂါဝစရပုဂ္ဂိုလ်သည် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေမည် တွေ့မြင်နေမည် ဖြစ်ပေသည်။ စိတ်ကြောင့် စိတ္တဇရုပ်များ တဖွားဖွား ဖြစ်နေသည်ကို တွေ့မြင်နေရသကဲ့သို့ ကံကြောင့် ကမ္မဇရုပ်များလည်း တဖွားဖွား ဖြစ်နေသည်ကို တွေ့မြင်နေမည် ဖြစ်ပေသည်။

အကယ်၍ မိမိရှာဖွေတွေ့ရှိထားသော ကံနှင့် ပဋိသန္ဓေကမ္မဇရုပ် အစရှိသော ကမ္မဇရုပ်တို့သည် ကြောင်းကျိုး-ဆက်နွယ်မှု မရှိက = ထိုကံကြောင့် ကမ္မဇရုပ်တို့ ဖြစ်နေသည်ကို ဉာဏ်ဖြင့် မတွေ့မမြင်ပါက နောက်ထပ် အကျိုးပေးနေသည့် ကံသစ်တစ်ခုကို ထပ်မံ၍ ရှာဖွေရမည် ဖြစ်သည်။ သေခါနီး မရဏာသန္နအခါ၌ ဖြစ်ခဲ့သော ဘဝင်မနောအကြည်၌ ထင်နေသော အာရုံများကိုပင် ရှေ့ဘက်သို့ တိုးကြည့်လိုက် နောက်ဘက် = မရဏာသန္နဘက်သို့ ဆုတ်ကြည့်လိုက် - ဤသို့ စသည်ဖြင့် အကြိမ်ကြိမ် ပြုလုပ်၍ ရှာဖွေကြည့်ပါ။ အကျိုးပေးနေသော ကံတစ်ခုကို တွေ့ရှိမည်သာ ဖြစ်ပါသည်။

အချို့သော ယောဂါဝစရပုဂ္ဂိုလ်များ၌ သေခါနီး ဘဝင်မနောအကြည်ဓာတ်ဝယ် ကံနှစ်မျိုး သုံးမျိုး စသည်ဖြင့် မရှေးမနှောင်း ထင်နေတတ်၏၊ အကျိုးပေးမည့် ကံများမှာ အလုအယက် ဖြစ်နေတတ်၏၊ နွားပေါင်းများစွာကို စုပြုံ၍ လှောင်ထားသော နွားခြံတစ်ခုကို နံနက်မိုးသောက်ထအခါ ဖွင့်ထုတ်လိုက်ပါက နွားခြံဝ၌ အစုလိုက် အပြုံလိုက် နွားတွေ တိုးဝှေ့နေကြသကဲ့သို့ ကံများမှာ သေခါနီးကာလတွင် အချို့သော ပုဂ္ဂိုလ်တို့၌ အလုအယက် ဖြစ်နေတတ်ကြ၏၊ နွားခြံဝအနီး၌ တည်ရှိသော အားကောင်းမောင်းသန်သည့် နွားက အခြားနွားများကို တိုးဝှေ့၍ ရှေ့ဦးစွာ နွားခြံမှ ထွက်လာသကဲ့သို့ သေခါနီးကာလ၌ အစုလိုက် အပြုံလိုက် ထင်နေသော ထိုကံများစွာတို့တွင် အားအကောင်းဆုံးသော ကံက နောက်ဆုံး အကျိုးပေးခွင့် သာသွားသဖြင့် ရှေးဦးစွာ အကျိုးပေးတတ်ပေသည်။ ထိုအကျိုးပေးတော့မည့်ကံကြောင့် ဖြစ်ပေါ်လာရသည့် = ထင်လာရသည့် ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသည့် အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံသည် နောက်ဆုံး မရဏာသန္နဇော၏ အာရုံပင် ဖြစ်သည်။ ထိုသို့ ကံများစွာ သေခါနီးကာလဝယ် ထင်လာရာ၌ မရဏာသန္နဇော၏ အာရုံကို မိအောင် ရှာဖွေ၍ ရှေးနည်းတူ ထိုကံကို ပြုစုပျိုးထောင်စဉ်အချိန်ကာလက ဖြစ်ခဲ့ကြသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကို ရှာဖွေရမည် ဖြစ်သည်။

ထိုသို့ မရဏာသန္နအခါဝယ် ကံများစွာတို့ အလုအယက် မရှေးမနှောင်း ထင်လာရာ၌ ထိုကံတို့တွင် ကံတစ်မျိုးမှာ အကျိုးကို တိုက်ရိုက် ဖြစ်စေတတ်သော ဇနကကံဖြစ်လျှင် ကျန်ကံတို့မှာ ထိုဇနကကံကို အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကကံများ ဖြစ်တတ်ပေသည်။ အတိတ်ဘဝ သေခါနီးကာလဝယ် ဘဝင်မနောအကြည်၌ ထင်နေသော အာရုံကို လှမ်း၍ ရှုရာ၌ မရဏာသန္နဇော၏ အာရုံကို ကျော်၍ မရဏာသန္နဇောမတိုင်မီ ခပ်လှမ်းလှမ်း သို့မဟုတ် မလှမ်းမကမ်း၌ တည်ရှိသော ဘဝင်မနောအကြည်၌ ထင်နေသော အာရုံများကို ရှေ့ဦးစွာ ကျော်၍ စိုက်မိသည်လည်း ရှုမိတတ် သည်လည်း ရှိတတ်၏၊ ထိုသို့ ကျော်၍ ရှုမိလျှင် ဥပတ္ထမ္ဘက = အားပေးထောက်ပံ့တတ်သည့် ကံကို အလျင်သွား၍ တွေ့နေတတ်ပေသည်။ ထိုကံသည် ဥပတ္ထမ္ဘကကံ မှန်လျှင်လည်း ထိုကံနှင့် ပဋိသန္ဓေကမ္မဇရုပ်တို့သည် ကြောင်း-ကျိုး ဆက်နွယ်မှု ရှိ-မရှိကို အကြိမ်ကြိမ် ဆန်းစစ်ကြည့်ပါက ဆက်စပ်မှု မရှိသည်ကို, ထိုကံကြောင့် ကမ္မဇရုပ် မဖြစ်သည်ကို တွေ့ရှိနိုင်ပေသည်။ အကယ်၍ ပဋိသန္ဓေကမ္မဇရုပ် အစရှိသော ကမ္မဇရုပ်တို့ကို တိုက်ရိုက်ဖြစ်စေတတ်သော ဇနကကံကို ရှေ့ဦးစွာ တွေ့ရှိပါက ထိုကံနှင့် ကမ္မဇရုပ်တို့သည် ကြောင်း-ကျိုး-ဆက်နွယ်မှု ရှိ-မရှိကို = ထိုကံကြောင့် ကမ္မဇရုပ်တို့ ဖြစ်-မဖြစ်ကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပါက ကြောင်း-ကျိုး-ဆက်နွယ်မှု ရှိသည်ကို တွေ့ရှိမည် ဖြစ်ပေသည်။

သို့အတွက် ယောဂါဝစရပုဂ္ဂိုလ်တစ်ဦး အနေဖြင့် အတိတ်ကံကို ရှာဖွေရာ၌ အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကကံကို အလျင်တွေ့သည်လည်း ရှိတတ်၏၊ ဇနကကံကို အလျင်တွေ့သည်လည်း ရှိတတ်၏၊ ကျော်၍ ကြည့်မိသောကြောင့် ဖြစ်၏၊ သို့အတွက် အကြိမ်ကြိမ် ဆန်းစစ်၍ တိုက်ဆိုင်၍ ကြောင်း-ကျိုး-ဆက်နွယ်မှု ရှိ-မရှိကို တိတိကျကျ သိအောင် ရှုနေရခြင်း ဖြစ်သည်။ သေချာပုံ ပေါ်ပါက အတိတ်ဘဝ၏ စုတိနှင့် အနီးကပ်ဆုံး နောက်ဆုံး ဖြစ်သွားသော မရဏာသန္နဇော၏ အာရုံကို မိအောင် စိုက်ရှုပါ။ ထိုအာရုံနိမိတ်မှာ အကျိုးပေးတော့မည့်ကံ၏ စွမ်းအင် သတ္တိကြောင့် ထင်လာရသော အာရုံ ဖြစ်သဖြင့် ထိုကံကို ရှာဖွေရာ၌ တိတိကျကျ သိရှိအောင် စူးစမ်း၍ တိုက်ဆိုင်၍ ရနိုင်သော (၁) ကံ သို့မဟုတ်, (၂) ကမ္မနိမိတ် သို့မဟုတ်, (၃) ဂတိနိမိတ် ဖြစ်သည်။

နိမိတ် အပြောင်းအလဲ

မရဏာသန္နဇောသို့ မရောက်မီ သေခါနီးပတ်ဝန်းကျင်၌ ထင်လာသော ကံတို့ကား သို့မဟုတ် ကံ-ကမ္မနိမိတ်ဂတိနိမိတ်တို့ကား ရံခါ ယောနိသောမနသိကာရ အယောနိသောမနသိကာရ စသည့် အကြောင်းအားလျော်စွာ ပြောင်းလဲတတ်သည်လည်း ရှိ၏၊ သောဏတောင်ခြေ အစေလတောကျောင်း၌ သီတင်းသုံးတော်မူသော အရှင်သောဏ ရဟန္တာမထေရ်မြတ်ကြီး၏ ဖခင်ဖြစ်သော ဦးပဉ္စင်းကြီး၏ သန္တာန်၌ ရှေ့ဦးစွာ ငရဲနိမိတ် ထင်ပြီးမှ သားဖြစ်သူ အရှင်သောဏ မထေရ်မြတ်ကြီး၏ စီစဉ်ပေးချက်အရ စေတီတော်အား ပန်းလှူသည့် အာရုံနိမိတ်ကို ပြောင်း၍ အာရုံယူနိုင်သဖြင့် နတ်ပြည်နိမိတ် နတ်ဘုံဗိမာန်နိမိတ် နတ်သမီးနိမိတ် ထင်လာသကဲ့သို့ မှတ်ပါ။[၇၄၈] ဤဦးပဉ္စင်းကြီး၏ ထုံးကို ကြည့်ပါက မရဏာသန္န သေခါနီးဝန်းကျင်၌ ဖြစ်ပေါ်လာသော နိမိတ်များမှာ နှလုံးသွင်းမှားမှု = အယောနိသော မနသိကာရ, နှလုံးသွင်းမှန်မှု = ယောနိသောမနသိကာရအပေါ်၌ မူတည်၍လည်း အပြောင်းအလဲ ရှိနိုင်သည်ကို သတိပြုလေရာသည်။

ဤကဲ့သို့သော နိမိတ်အပြောင်းအလဲများကြောင့်လည်း အတိတ်အကြောင်းတရားတို့ကို စူးစမ်းရှာဖွေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ အကျိုးကို တိုက်ရိုက်ဖြစ်စေတတ်သော ဇနကကံ အလျင်မထင်လာဘဲ ရံခါ အားပေး ထောက်ပံ့တတ်သော ဥပတ္ထမ္ဘကကံက အလျင်ထင်လာသည်လည်း ရှိတတ်၏၊ ရံခါ အတိတ်ကို လှမ်း၍ အကြောင်း တရားတို့ကို စူးစမ်းရှာဖွေရာ၌ မရဏာသန္နဇော၏ အာရုံကို ကျော်လွန်၍ မရဏာသန္နဇော မစောမီ အချိန်ကာလများက ထိုအတိတ် နာမ်သန္တတိအစဉ်၏ အာရုံများကို ကျော်၍ ရှုမိသည်လည်း ရှိတတ်၏၊ ထိုကဲ့သို့သော အခါမျိုး၌လည်း ဥပတ္ထမ္ဘကကံကို အလျင်တွေ့၍ နောက်မှ ပြန်လည်ဆန်းစစ်ကြည့်လိုက်သောအခါ ဇနကကံကို တွေ့တတ်ပေသည်။ တစ်ဖန် မရဏာသန္နဇော မစောမီကာလ၌ သေခါနီးဝန်းကျင်ဝယ် အာရုံများမှာ အမျိုးမျိုး ဖြစ်ချင်လည်း ဖြစ်နိုင်၏၊ မရဏာသန္နဇော၏ အာရုံသည်ပင် မရဏာသန္နဇောမတိုင်မီ အချိန် ခပ်စောစောကပင် ကြိုတင်၍ ထင်နေသည်လည်း ရှိတတ်၏၊ ဓမ္မိကဥပါသကာကြီး ကွယ်လွန်ခါနီးတွင် နတ်ပြည်ခြောက်ထပ်မှ နတ်ရထားခြောက်စင်းတို့ ထင်လာသည့် နိမိတ်မျိုးပင်တည်း။ ထိုရထားခြောက်စင်းတို့တွင် ဓမ္မိကဥပါသကာကြီးက တုသိတာနတ်ပြည်ကို ရွေးချယ်လိုက်သောအခါ တုသိတာနတ်ရထား တစ်စင်းသာ နောက်ဆုံး မရဏာသန္နအခါ၌ ထင်နေပေတော့သည်။[၇၄၉]

အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပုံ

ထိုကဲ့သို့ မရဏာသန္နအခါ ထင်လာသော နိမိတ်ကို အခြေခံ၍ အတိတ်အကြောင်းတရားတို့ကို စူးစမ်းရှာဖွေရာ လှမ်း၍ရှုရာအခါ၌ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း မရဏာသန္နဇောအခိုက်၌ စေတီတော်အား ဆွမ်းလှူနေသည့် အာရုံနိမိတ်သည် ထင်နေသည် ဆိုကြပါစို့။ ထိုအာရုံနိမိတ်သည်ကား ကံအာရုံနိမိတ်ပင်တည်း။ ယင်းကံကို ပြုစု ပျိုးထောင်ခဲ့စဉ်က ထိုသို့ ဆွမ်းလှူနေသည့်သူ၏ သန္တာန်ဝယ် တည်ရှိသော ရုပ်နာမ်သန္တာန်အစဉ်၌ အထက်တွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကို ရှာဖွေ၍ ထိုကမ္မသတ္တိနှင့် ကလလရေကြည် အခိုက် ရုပ်အမျိုးအစား (၃၀)နှင့် ကြောင်း-ကျိုး-ဆက်နွယ်မှု = ကြောင်း-ကျိုး-ဆက်စပ်မှု ရှိ-မရှိကို စူးစမ်းရှာဖွေကြည့်ပါ။ အကြောင်း ကြည့်လိုက် အကျိုး ကြည့်လိုက် ဤသို့ ပြုလုပ်ခြင်းဖြင့် အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်းကျိုး-ဆက်နွယ်မှုသဘောကို ကြိမ်ဖန်များစွာ တိုက်ဆိုင်ကြည့်ပါ။ စိတ်နှင့် စိတ္တဇရုပ်တို့သည် တစ်ခုနှင့် တစ်ခု ကြောင်းကျိုး-ဆက်နွယ်မှု ရှိသကဲ့သို့ အလားတူပင် ကံဟူသော အကြောင်းတရားနှင့် ကမ္မဇရုပ်ဟူသော အကျိုးတရားကို နှစ်ခုယှဉ်ကြည့်လိုက်သောအခါ တစ်ခုနှင့်တစ်ခု ကြောင်းကျိုးဆက်သဘောအားဖြင့် ဆက်စပ်မှု ရှိနေသည်ကို တွေ့မြင်နေပါက ထိုအခါတွင် အောက်ပါအတိုင်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။

အဝိဇ္ဇာ (= ၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ကမ္မဇရုပ်-ရူပက္ခန္ဓာ ဖြစ်၏၊
အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ကမ္မဇရုပ်-ရူပက္ခန္ဓာက အကျိုးတရား။

ဤသို့ စသည်ဖြင့် အကြောင်းတရားနှင့် အကျိုးတရားကို ဆက်စပ်၍ အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အထက်ပါအတိုင်း အကြောင်းတရား အကျိုးတရား တို့ကို သိမ်းဆည်းပါ = ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ ထိုသို့ သိမ်းဆည်းမှု ရှုမှုကို ပစ္စယပရိဂ္ဂဟဉာဏ် = အကြောင်းတရားတို့ကို သိမ်းဆည်းတတ်သော ဉာဏ်ဟု ခေါ်ဆိုပေသည်။

ကြိုတင်မှတ်သားရန် လိုရင်းအချက်

ရူပက္ခန္ဓာ

ဝိပါကဝဋ်တွင် အကျုံးဝင်သော ဝိပါက်ခန္ဓာငါးပါးတို့၏ အတိတ်အကြောင်းတရားများမှာ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ ဖြစ်ကြသည်။ ထိုတွင် ရူပက္ခန္ဓာ၌ ကမ္မဇရုပ်တို့၏ အတိတ်အကြောင်းတရားတို့မှာ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ပင် ဖြစ်ကြသည်။ ပစ္စုပ္ပန်အကြောင်းတရားပိုင်းတွင် စိတ္တဇရုပ်တို့၏ အကြောင်းတရားမှာ ဟဒယဝတ္ထုရုပ်ကို မှီ၍ဖြစ်သော စိတ်ဖြစ်သည်။ ဥတုဇရုပ်တို့၏ အကြောင်းတရားမှာ ရုပ်ကလာပ်တိုင်းလိုလို၌ တည်ရှိသော[၇၅၀] ရုပ်၏ ဌီကာလသို့ ရောက်ရှိနေသော တေဇောဓာတ် = ဥတုဖြစ်သည်။ အာဟာရဇရုပ်၏ အကြောင်း တရားမှာ ကမ္မဇဝမ်းမီး၏ အားပေးထောက်ပံ့မှုကို ရရှိနေသော ကမ္မဇရုပ်ကလာပ်တို့၌ တည်ရှိနေသော ကမ္မဇဩဇာ, စိတ္တဇရုပ်ကလာပ်တို့၌ တည်ရှိနေသော စိတ္တဇဩဇာ, ဥတုဇရုပ်ကလာပ်တို့၌ တည်ရှိနေသော ဥတုဇဩဇာ, အာဟာရဇ ရုပ်ကလာပ်တို့၌ တည်ရှိနေသော အာဟာရဇဩဇာဟူသော အာဟာရပင်ဖြစ်သည်။[၇၅၁]

နာမ်ခန္ဓာ (၄) ပါး

ပဋိသန္ဓေ ဘဝင် စုတိဟူသော ဝီထိမှအလွတ်ဖြစ်သော ဝီထိမုတ်စိတ် အမည်ရသည့် ဝိပါက်နာမ်ခန္ဓာ (၄)ပါး, စက္ခုဝိညာဏ်စသော ပဉ္စဝိညာဏ်, သမ္ပဋိ စ္ဆိုင်း, သန္တီရဏ, တဒါရုံဟူသော ထိုဝီထိစိတ်အစဉ်အတွင်း၌ ပါဝင် တည်ရှိသော ဝိပါက်နာမ်ခန္ဓာ (၄)ပါး - ဤ ဝီထိမုတ်စိတ်-ဝီထိစိတ်ဟူသော နှစ်မျိုးသော ဝိပါက်နာမ်တရားတို့၏ အတိတ်အကြောင်းတရားတို့မှာ – အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ပင် ဖြစ်ကြသည်။ ယင်းနာမ်တရားတို့၏ ပစ္စုပ္ပန်အကြောင်းတရားများမှာ – ဝတ္ထု အာရုံ ဖဿစသော အကြောင်းတရားတို့ပင် ဖြစ်ကြသည်။

၁။ ဝတ္ထု = မှီရာဝတ္ထုရုပ် – မှီရာဝတ္ထုရုပ် မရှိက (ပဉ္စဝေါကာရဘုံဝယ်) ယင်းနာမ်တရားတို့သည် ဖြစ်နိုင်သည့် စွမ်းအား မရှိကြကုန်။

၂။ အာရုံ – ဆိုင်ရာအာရုံတစ်ခုခုက ဆိုင်ရာ ဒွါရတို့၌ ထင်လာပါမှ ရှေးရှုကျရောက်လာပါမှ ယင်းနာမ်တရားတို့သည် ဖြစ်နိုင်ကြသည်။ သိစရာ အာရုံရှိပါမှ သိမှုသဘော ဖြစ်နိုင်သည်။ ဤသို့ စသည်ဖြင့် သဘောပေါက်ပါ။

၃။ ဖဿ = ဖဿစသော ယှဉ်ဖက် သမ္ပယုတ်တရားတို့သည် တစ်နည်း နာမ်ခန္ဓာ (၄)ပါးတို့သည် အချင်းချင်းအား သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးပါမှ ယင်းနာမ်တရား တို့သည် ဖြစ်နိုင်ကြသည်။ ခန္ဓာတစ်ပါး ဖြစ်ရေးအတွက် ကျန်နာမ်ခန္ဓာ သုံးပါးတို့က ကျေးဇူးပြုပေးရသည်။ ထိုခန္ဓာတို့တွင် အာရုံကို ရယူရာ၌ ဖဿမှာ ပြဓာန်းသော ပဓာနအကြောင်းတရားတစ်ခု ဖြစ်ပေသည်။

သတိပြုရန် – ပဉ္စဝိညာဏ်, သမ္ပဋိ စ္ဆိုင်း, သန္တီရဏ, တဒါရုံဟူသော ပဝတ္တိဝိပါက်ဝိညာဏ်တို့မှာ ပဋိသန္ဓေ ဘဝင် စုတိဟူသော ဝီထိမုတ်စိတ်တို့ကို တိုက်ရိုက်ဖြစ်စေတတ်သော ဇနကကံကြောင့်ပင် ဖြစ်ပေါ်ကြရသည်လည်း ရှိနိုင်၏၊ ပဝတ္တိအကျိုးဝိပါက်ကို ဖြစ်ပေါ်စေတတ်သော အခြားသော အသစ်အသစ်သော ဇနကကံကြောင့် ဖြစ်သည် လည်း ရှိနိုင်၏၊ ထိုကံမှာ ကုသိုလ်ကံလည်း ဖြစ်နိုင်၏၊ အကုသိုလ်ကံလည်း ဖြစ်နိုင်၏၊ ကုသိုလ်ကံကြောင့် ကုသလဝိပါက် ပဉ္စဝိညာဏ်, သမ္ပဋိ စ္ဆိုင်း, သန္တီရဏ, တဒါရုံတို့ ဖြစ်ကြ၏၊ အကုသိုလ်ကံကြောင့် အကုသလဝိပါက် ပဉ္စဝိညာဏ်, သမ္ပဋိ စ္ဆိုင်း, သန္တီရဏ, တဒါရုံတို့ ဖြစ်ကြ၏၊ ဣဋ္ဌာရုံနှင့် တွေ့ကြုံရာ၌ ကုသလဝိပါက်များ ဖြစ်ကြ၍ အနိဋ္ဌာရုံနှင့် တွေ့ကြုံရာ၌ အကုသလဝိပါက်များ ဖြစ်ကြသည်။ သာဝကတို့သည် ကံ-ကံ၏အကျိုးတရားကို ကုန်စင်အောင် မသိနိုင်သော်လည်း အချို့အဝက်ကိုကား သိရှိရမည် ဖြစ်သည်။ အတိတ်ခန္ဓာငါးပါးတို့ကို သိမ်းဆည်းရာ၌လည်းကောင်း အတိတ်အကြောင်းတရားတို့ကို ရှာဖွေရာ၌လည်းကောင်း သတိပြု၍ ယင်းအကြောင်းတရားတို့ကို စူးစမ်းရှာဖွေကြည့်ပါ။

တစ်ဖန် .. ပဉ္စဒွါရဝီထိတို့၌ တည်ရှိသော ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌော, မနောဒွါရဝီထိတို့၌ တည်ရှိသော မနောဒွါရာဝဇ္ဇန်း - ဤသုံးမျိုးကုန်သော စိတ်တို့ကား ကိရိယာစိတ်တို့တည်း။ ထင်လာသော အာရုံကို ဆင်ခြင်ရုံမျှ ဆုံးဖြတ်ရုံမျှ ဆင်ခြင်ဆုံးဖြတ်ရုံမျှသာ ဖြစ်ကြသည်။ ဒွါရနှင့် အာရုံ တိုက်ဆိုင်လာသောအခါ ဖြစ်ပေါ်လာကြသော ကိရိယာစိတ်တို့သာ ဖြစ်ခြင်းကြောင့် အတိတ်အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာကြရသော နာမ်တရားတို့ မဟုတ်ကြပေ။ ဝတ္ထု အာရုံ ဖဿ စသော ပစ္စုပ္ပန်အကြောင်းတရားတို့ကြောင့်သာ ဖြစ်ပေါ်ကြရသော နာမ်တရားစုတို့ ဖြစ်ကြသည်။ ထို့ကြောင့် ယင်းနာမ်တရားတို့၌ အတိတ်အကြောင်းတရားများ မရှိကြပေ။ ဝတ္ထု အာရုံ ဖဿ စသော ပစ္စုပ္ပန်အကြောင်းတရားတို့သာ ရှိကြသည်။

အလားတူပင် .. ကုသိုလ်ဇောတို့သည်လည်း ဝတ္ထု အာရုံ ဖဿ ယောနိသောမနသိကာရ .. စသော အကြောင်းတရားတို့ကြောင့်သာ ဖြစ်ပေါ်လာကြ၏၊ အကုသိုလ်ဇောတို့သည်လည်း ဝတ္ထု အာရုံ ဖဿ အယောနိသော မနသိကာရ .. စသော အကြောင်းတရားတို့ကြောင့်သာ ဖြစ်ပေါ်လာကြရ၏၊ ယင်းနာမ်တရားစုတို့သည် အတိတ်အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာကြရသော နာမ်တရားစုတို့ မဟုတ်ကြပေ။ သို့ဖြစ်ရကား ကုသိုလ်ဇော အကုသိုလ်ဇော နာမ်တရားစုတို့၌လည်း အတိတ်အကြောင်းတရား မရှိ၊ ပစ္စုပ္ပန်အကြောင်းတရားသာ ရှိသည်ဟု မှတ်ပါ။

နည်းလေးထွေ - ၁။ ဧကတ္တနည်း

ယောဂါဝစရပုဂ္ဂိုလ်သည် ပဋိစ္စသမုပ္ပါဒ် ရှုကွက်နှင့် ဆက်စပ်နေသော အလွန်အရေးကြီးလှသော ဧကတ္တနည်း နာနတ္တနည်း အဗျာပါရနည်း ဧဝံဓမ္မတာနည်းဟူသော နည်းလေးပါးကို ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် သဘောတရားကို သိမ်းဆည်းရှုပွားသည့်အခါ၌ သဘောပေါက်အောင် သိမ်းဆည်းရှုပွားရမည် ဖြစ်သည်။ ထိုတွင် ဧကတ္တနည်းဟူသည်မှာ ဤသို့ ဖြစ်၏ ..။

၁။ အတိတ်အကြောင်းတရားများကို ထူထောင်ခဲ့သည့် အတိတ်ရုပ်နာမ်၊
၂။ ပစ္စုပ္ပန် ပဋိသန္ဓေမှစ၍ ယခုလက်ရှိ အကြောင်းတရားတို့ကို သိမ်းဆည်းခိုက် သို့မဟုတ် ဝိပဿနာပိုင်းသို့ ရောက်ပြီးလျှင်လည်း ဝိပဿနာရှုခိုက် အခြေအနေအထိ အချိန်အခါအထိ ဖြစ်ပေါ်နေသော ရုပ်နာမ်၊
၃။ အရဟတ္တဖိုလ်သို့ ဆိုက်အောင် အားမထုတ်နိုင်သေးသဖြင့် နောင်အနာဂတ်သည် ထင်ရှားရှိနေသေးခဲ့သော် ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သိမ်းဆည်းရှုပွားနေသည့် ယခုအချိန်မှ စ၍ နောင်အနာဂတ်ဆုံးသည့်တိုင်အောင် ဖြစ်ပေါ်လာမည့် အနာဂတ်ရုပ်နာမ်၊

တစ်နည်းဆိုရသော် အတိတ်ဘဝ ပစ္စုပ္ပန်ဘဝ အနာဂတ်ဘဝဟူသော ဘဝသုံးမျိုးအတွင်း၌ တည်ရှိနေခဲ့သော တည်ရှိနေဆဲဖြစ်သော တည်ရှိလတ္တံ့ဖြစ်သော အတိတ်ရုပ်နာမ်, ပစ္စုပ္ပန်ရုပ်နာမ်, အနာဂတ်ရုပ်နာမ် –ဤအတိတ် ပစ္စုပ္ပန် အနာဂတ်ဟူသော ကာလသုံးပါးအတွင်း၌ တည်ရှိပြီး တည်ရှိဆဲ တည်ရှိလတ္တံ့ဖြစ်သော ရုပ်နာမ်များကို ရုပ်နာမ်သန္တတိအစဉ်အတန်းအားဖြင့် အစဉ်အတန်းတစ်ခုတည်းအဖြစ် ဉာဏ်ဖြင့် မြင်ရမည် ဖြစ်သည်။ ထိုရုပ်နာမ်အစဉ်အတန်းဟူသည်မှာလည်း နိစ္စအစဉ်အတန်း မဟုတ်၊ အနိစ္စအစဉ်အတန်းသာ ဖြစ်သည်၊ ဖြစ်-ပျက် အစဉ်အတန်းသာ ဖြစ်သည်။

ဤထက် အနည်းငယ်ရှင်းအောင် ထပ်၍ဆိုရသော် အတိတ်ဘဝတွင် ဤယခု လူ့ဘဝသို့ ရောက်ကြောင်း ဖြစ်သည့် ကောင်းမှုကုသိုလ်ကို ပြုစုပျိုးထောင်ခဲ့စဉ်က ဘဝင်မနောအကြည်နှင့် ယခုဘဝလက်ရှိ ဘဝင်မနောအကြည် တို့ကို စိုက်ကြည့်လိုက်လျှင် ရှုကြည့်လိုက်လျှင် အပ်ချည်ကြိုး တစ်ချောင်းကို သွယ်တန်းထားဘိသည့်အလား သန္တတိ အစဉ်အတန်းအားဖြင့် တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း လာနေသည်ကို တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း ဖြစ်-ပျက်အစဉ်အတန်း တစ်ခုတည်း ဖြစ်နေသည်ကို သဘောပေါက်အောင် ဉာဏ်ဖြင့် မြင်အောင်ရှုပါ။ ဘဝင်ဟူသည် ဘဝတစ်လျှောက်၌ အများဆုံးဖြစ်တတ်သော စိတ်ဖြစ်သဖြင့် ဘဝင်ကို ပဓာနထား၍ နားလည် လွယ်အောင် ပြောနေခြင်းဖြစ်သည်။ သဘာဝေါဝါယံ စိတ္တဿ ပဏ္ဍရတာ[၇၅၂]ဟူသော မူလဋီကာအဖွင့်နှင့် အညီ (အကုသိုလ်စေတသိက်များသည် ညစ်နွမ်းသော်လည်း) စိတ်အားလုံးကား ဖြူစင်လျက် ကြည်လျက် ရှိ၏၊ ထို့ကြောင့် ဘဝင်၏ ကြည်လင်မှု ဘဝင်၏ အကြားအကြား၌ ဖြစ်လေ့ရှိသော ဝီထိစိတ်တို့၏ ကြည်လင်မှုဟူသော စိတ်အားလုံး၏ ကြည်လင်မှုကား သဘာဝပဏ္ဍရ ဖြစ်သည်။ ယောဂီသူတော်ကောင်းသည် ယင်းသို့ ကြည်လင်နေသော နာမ်သန္တတိ အစဉ်အတန်းကို တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း တစ်ခုတည်း ဖြစ်နေသည်ကို ဉာဏ်ဖြင့် မြင်အောင်ရှုပါ။ ထိုနည်းတူပင် တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း တစ်ခုတည်း ဖြစ်ပေါ်နေသော ရုပ်သန္တတိ အစဉ်အတန်း ကိုလည်း ဉာဏ်ဖြင့် မြင်အောင် ဆက်ရှုပါ။

အတိတ်၏ အရှိန်အဝါဟပ်မှု

အတိတ်ဘဝက ကောင်းမှုကုသိုလ်ပြုနေသော ရုပ်နာမ်သန္တာန်အစဉ်၌ အကျုံးဝင်သော ဘဝင်မနောအကြည်သည် သို့မဟုတ် နာမ်သန္တတိအစဉ်သည် မိမိ၏ ဘဝင်မနောအကြည် သို့မဟုတ် နာမ်သန္တတိအစဉ် ဟုတ်သည် မဟုတ်သည်ကို သေချာစွာ ရှုကြည့်ပါ။ အကယ်၍ မိမိ၏ ဘဝင်မနောအကြည် မှန်ပါလျှင် သို့မဟုတ် နာမ်သန္တတိအစဉ် မှန်ပါလျှင် မိမိ၏ ဘဝင်မနောအကြည် ဖြစ်ကြောင်းကိုလည်းကောင်း, မိမိ၏ နာမ်သန္တတိအစဉ် ဖြစ်ကြောင်းကိုလည်းကောင်း လွယ်လွယ်ကူကူပင် သဘောပေါက်နိုင်မည်ဖြစ်သည်၊ အလားတူပင် မိမိ၏ ရုပ်သန္တတိအစဉ်ဖြစ်ကြောင်းကိုလည်းကောင်း လွယ်လွယ်ကူကူပင် သဘောပေါက်နိုင်မည် ဖြစ်ပေသည်။ အကြောင်းမူ နာမ်သန္တတိအစဉ်အတန်း ရုပ်သန္တတိအစဉ် အတန်းမှာ တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း တစ်တန်းတည်း တစ်ခုတည်း ဖြစ်နေသောကြောင့်တည်း။

ဤသို့ အတိတ်ရုပ်နာမ်သန္တာန်အစဉ်ကို ယခုကဲ့သို့ လှမ်း၍ရှုနေသောအခါ အချို့အချို့သော ယောဂါဝစရ ပုဂ္ဂိုလ်များကား ''အတိတ်ဘဝက စိတ်နေစိတ်ထားများသည် ယခုပစ္စုပ္ပန် စိတ်နေစိတ်ထားများနှင့် များစွာတူညီကြ၏'' ဟု ဝန်ခံကြ၏၊ ဝါသနာဓာတ်ငွေ့များ ကပ်ပါနေခြင်း အရှိန်ဟပ်နေခြင်းပင် ဖြစ်သည်။ သမထဘာဝနာ ဝိပဿနာ ဘာဝနာတို့ကို ပွားများအားထုတ်နေခြင်းသည်ကား မကောင်းသော ဓာတ်ငွေ့များ၏ နေရာ၌ ကောင်းသော ဓာတ်ငွေ့များကို နေရာယူစေခြင်း အစားထိုးပေးနေခြင်း, ကောင်းသော ဓာတ်ငွေ့များကို အဆက်မပြတ် ဆက်တိုက် ဖြစ်အောင် ကြိုးစားခြင်းပင် ဖြစ်သည်။ မကောင်းသော ဓာတ်ငွေ့များကို အမြစ်ပြတ် ချေဖျက်နိုင်သောအခါ ကောင်းသော ဓာတ်ငွေ့ချည်း ရာနှုန်းပြည့် ကြွင်းကျန်နေသောအခါ မိမိ၏ ဘာဝနာလုပ်ငန်းရပ်သည်လည်း အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်ပေသည်။

ခက်ယောင်နှင့်လည်း ခက်ပြန်၏၊ နက်ယောင်နှင့်လည်း နက်ပြန်၏၊

ထိုသို့ အတိတ်မှသည် ပစ္စုပ္ပန်သို့တိုင်အောင် ရုပ်နာမ်တို့ကို သိမ်းဆည်းရာ၌လည်းကောင်း အတိတ်အကြောင်း တရားတို့ကို သိမ်းဆည်းရာ၌လည်းကောင်း ပစ္စုပ္ပန်ဘဝ၏ ပဋိသန္ဓေသို့တိုင်အောင် ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးသော အခါ အတိတ်ဘက်သို့ ဉာဏ်ကို စေလွှတ်၍ အကြောင်းတရားတို့ကို ရှာဖွေလိုက်သောအခါ မည်သည့်ရုပ်နာမ်ကိုမျှ မမြင်ဘဲ လင်းထိန်နေသည့် အလင်းရောင်အတုံးအခဲ ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့်ကြီးကိုသာ တွေ့မြင်နေတတ်၏၊ ထိုအခါတွင် ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် ဗဟုဿုတ မရှိထားပါလျှင် ရှေ့သို့ဆက်၍ မလုပ်တတ် မကိုင်တတ် ရှိနေတတ်၏၊ ထိုကဲ့သို့သော ယောဂါဝစရပုဂ္ဂိုလ်တို့သည်ကား များသောအားဖြင့် နတ်ပြည် သို့မဟုတ် ဗြဟ္မာ့ပြည်မှ ဆင်းသက်လာသူတို့ ဖြစ်တတ်ကြ၏၊ ဟုတ်-မဟုတ်ကို ဆန်းစစ်ကြည့်ဖို့ရန် အထူးလိုအပ်လာပေပြီ။ ထိုကဲ့သို့သော အခက်အခဲနှင့် ကြုံတွေ့နေရသော ယောဂါဝစရပုဂ္ဂိုလ်တို့သည် များသောအားဖြင့် အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ ရုပ်နာမ်ကို သိမ်းဆည်းစဉ်ဝယ် အထူးသဖြင့် နတ်တို့၏ သန္တာန်၌ တည်ရှိသော ရုပ်နာမ်၊ ဗြဟ္မာတို့၏ သန္တာန်၌ တည်ရှိသော ရုပ်နာမ်တို့ကို သီးသန့် အလေးပေးကာ မသိမ်းဆည်းမိဘဲ သာမန်ခြုံငုံ၍သာ သိမ်းဆည်းမိသောကြောင့် ယခုကဲ့သို့ ကြီးမားကျယ်ပြန့်သော အလင်းရောင်အစုအပုံကြီးနှင့် ရင်ဆိုင်တွေ့နေရသောအခါ ယင်းအလင်းရောင် အစုအပုံကြီး၌ တည်ရှိသော ရုပ်နာမ်တို့ကို မသိမ်းဆည်းတတ်ခြင်း ဖြစ်၏၊ ဘုန်းကံကြီးမားလျှင် ကြီးမားသလို နတ်တို့၏ ကိုယ်ရောင်ကိုယ်ဝါကား ထွန်းလင်းတောက်ပလျက် ရှိ၏၊ ဗြဟ္မာတို့၏ ကိုယ်ရောင်ကိုယ်ဝါကား နတ်တို့၏ ကိုယ်ရောင် ကိုယ်ဝါထက်ပင် သာလွန်၍ ထွန်းလင်းတောက်ပလေသည်။ နတ်တို့၏ ခန္ဓာကိုယ်သည်လည်း ကြီးမား၏၊ ဗြဟ္မာတို့၏ ခန္ဓာကိုယ်ကား သာလွန်၍ပင် ကြီးမားပေသည်။ နတ်တို့၏ ရုပ်တရားတို့ကား အလွန့်အလွန် သိမ်မွေ့၏၊ ဗြဟ္မာတို့၏ ရုပ်တရားတို့ကား နတ်တို့၏ ရုပ်တရားထက်ပင် သာလွန်၍ သိမ်မွေ့လှပေသည်။ ဗဟိဒ္ဓရုပ်နာမ်ကို သိမ်းဆည်းစဉ်က နတ် ဗြဟ္မာတို့၏ ရုပ်နာမ်ကို စူးစူးစိုက်စိုက် မသိမ်းဆည်းခဲ့မိသူ သာမန်ခြုံငုံ၍သာ သိမ်းဆည်းခဲ့မိသူတို့သည် ဤကဲ့သို့ အလွန်သိမ်မွေ့သော ရုပ်တရားတို့ကို သိမ်းဆည်းခြင်းငှာ မစွမ်းနိုင် ရှိတတ်၏၊

ထိုကဲ့သို့သော အခက်အခဲနှင့် ကြုံတွေ့လာပါက အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်နာမ်တို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။ အထူးသဖြင့် နတ်တို့၏ ရုပ်တရားတို့ကို ဦးစားပေး၍ သိမ်းဆည်းပါ။ အောင်မြင်မှုရရှိပါက နတ်ပြည် နတ်လောကဘက်သို့ ဉာဏ်ကို စေလွှတ်၍ အဆင့်ဆင့်သော နတ်တို့၏ သန္တာန်၌ ရှိသော သိမ်မွေ့သော ရုပ်တရားတို့ကို ဆက်လက် သိမ်းဆည်းပါ။ အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓ တစ်လှည့် သိမ်းဆည်းပါ။ ထိုနောင် ဗြဟ္မာတို့၏ သန္တာန်၌ ရှိသော ရုပ်တရားတို့ကို ခြုံငုံ၍ ဆက်လက်သိမ်းဆည်းပါ။ ဗြဟ္မာတို့၏ ရုပ်တရားတို့ကား အလွန့်အလွန် သိမ်မွေ့သောသဘော ရှိ၏၊ ထိုကြောင့် သမာဓိကို အကြိမ်ကြိမ် ပြန်လည်ထူထောင်၍ အကြိမ်ကြိမ် ထပ်ကာထပ်ကာ သိမ်းဆည်းကြည့်ပါ။ အောင်မြင်မှုကို ရရှိနိုင်ပေလိမ့်မည်။ ထိုကဲ့သို့ အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်တရားတို့ကို ဗြဟ္မာ့ပြည်သို့တိုင်အောင် အကြိမ်ကြိမ် သိမ်းဆည်းနိုင်သော အခါ အထူးသဖြင့် ဗြဟ္မာတို့၌ ဃာနဒသကကလာပ် ဇိဝှါဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ် ရုပ်တရားတို့ မရှိမှုကို သဘောပေါက်အောင် ဆက်လက် သိမ်းဆည်းပါ။ အောင်မြင်မှုကို ရရှိပါက နာမ်တရားတို့ကို ဆက်လက် သိမ်းဆည်းပါ။

နတ်တို့၏ သန္တာန်၌ကား လူသားတို့၏ သန္တာန်၌ကဲ့သို့ပင် ကမ္မဇကလာပ် စိတ္တဇကလာပ် အာဟာရဇကလာပ်တို့ အစုံအလင် ရှိတတ်၏၊ ဗြဟ္မာတို့၏ သန္တာန်၌ကား အားလုံးသော ရုပ်ကလာပ်တို့ အစုံအလင် မတည်ရှိနိုင်ကြပေ။ ဤသည်မှာ နတ်နှင့် ဗြဟ္မာတို့၏ ရုပ်ကလာပ်၌ ထူးခြားမှုပင် ဖြစ်သည်။ ဗဟိဒ္ဓ နတ်ဗြဟ္မာတို့၏ ရုပ်နာမ်တို့ကို ခြုံငုံ၍ သိမ်းဆည်းနိုင်သောအခါ ယခင် အတိတ်အကြောင်းတရားတို့ကို ရှာဖွေစဉ်က တွေ့ရှိခဲ့သော အလွန် ကြီးမား ကျယ်ပြန့်သော အလင်းရောင် အစိုင်အခဲကြီး၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စတင်၍ သိမ်းဆည်းကြည့်ပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့မြင်သောအခါ ယင်းရုပ်ကလာပ်တို့ကို ပရမတ်သို့ ဆိုက်သည်တိုင်အောင် ဓာတ်ခွဲပါ။ ထိုသို့ ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းရာ၌ ယင်းအတုံးအခဲကြီးမှာ နတ်သားဘဝ ဖြစ်ပါက အထက်တွင် ရှင်းပြခဲ့သည့် အတိုင်း ရုပ်ကလာပ်အစုံအလင်ကို တွေ့ရှိနိုင်ပေသည်။ အကယ်၍ ယင်းအတုံးအခဲကြီးသည် ဗြဟ္မာဘဝ ဖြစ်ပါက ကမ္မဇရုပ်တို့တွင် အထက်တွင် တင်ပြထားသည့်အတိုင်း အချို့သော ကမ္မဇရုပ်တို့ကို ရှာဖွေတွေ့ရှိမည်ကား မဟုတ်ပေ။ ရုပ်တရားတို့ကို သိမ်းဆည်းနိုင်သောအခါ ဟဒယဝတ္ထုရုပ်ကိုလည်းကောင်း၊ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို လည်းကောင်း၊ ယင်းမနောဒွါရကို အစွဲပြု၍ ယင်းဟဒယဝတ္ထုရုပ်ကို မှီတွယ်ဖြစ်ပေါ်သွားကြကုန်သော နာမ်တရားတို့ကို လည်းကောင်း ဆက်လက် သိမ်းဆည်းပါ။ တစ်ဖန် ယင်းနာမ်တရားစုတို့တွင် အကျုံးဝင်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် ဦးဆောင်သည့် ကိလေသဝဋ် မနောဒွါရဝီထိနာမ်တရားစုတို့ကိုလည်းကောင်း, သင်္ခါရ ကံဟူသော ကမ္မဝဋ် မနောဒွါရဝီထိ နာမ်တရားစုတို့ကိုလည်းကောင်း ဆက်လက် သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းသောအခါ အတိတ်ရုပ်နာမ်သန္တာန် အစဉ်နှင့် ပစ္စုပ္ပန်ရုပ်နာမ်သန္တာန်အစဉ်တို့၏ တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း တစ်တန်းတည်း တစ်ခုတည်း ဖြစ်နေသည်ကို သိအောင် ဉာဏ်ဖြင့် ပိုင်းခြားယူပါ။ သိမ်းဆည်းပါ။ ယင်းသို့ သိခဲ့သော် ဧကတ္တနည်းကို သိသည် မည်ပေသည်။

သုံးလေးယောက် တွေ့မြင်နေသော်

တစ်ခါတစ်ရံ အချို့အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် အတိတ်အကြောင်းတရားတို့ကို ရှာဖွေရာဝယ် အတိတ်ဘဝ၌ ကောင်းမှုကုသိုလ်ကို ပြုလုပ်နေသည့် အာရုံဝယ် ကောင်းမှုကုသိုလ် ပြုလုပ်နေသူ သုံးလေးယောက်ကို တွေ့မြင်နေတတ်၏၊ ထိုသို့ တွေ့မြင်ခဲ့သော် ပုဂ္ဂိုလ်အသီးအသီး၏ သန္တာန်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို တစ်ယောက်ပြီးတစ်ယောက် စတင်၍ သိမ်းဆည်းရမည်ဖြစ်သည်။ ရှေ့ဦးစွာ ပုဂ္ဂိုလ်တစ်ယောက်၏ သန္တာန်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စတင် သိမ်းဆည်းပါ။ ရုပ်ကလာပ်အမှုန်များကို တွေ့မြင်သောအခါ ပရမတ္ထ ရုပ်တရားတို့ကို ဆက်လက် သိမ်းဆည်းပါ။ ထိုနောင် နာမ်တရားတို့ကို ဆက်လက် သိမ်းဆည်းပါ။ ထိုနောင် နောက်တစ်ယောက်၌ အလားတူပင် ရုပ်နာမ်တို့ကို ဆက်လက် သိမ်းဆည်းပါ။ ထိုနောင် နောက်တစ်ယောက်၌လည်း အလားတူပင် ရုပ်နာမ်တို့ကို ဆက်လက် သိမ်းဆည်းပါ။ ထိုရုပ်နာမ်တို့တွင် မိမိ၏ လက်ရှိ ပစ္စုပ္ပန်ရုပ်နာမ်နှင့် တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း တစ်တန်းတည်း တစ်ခုတည်း တွေ့မြင်နေရသော ရုပ်နာမ်မှာ မိမိ၏ ရုပ်နာမ်သန္တတိအစဉ်ပင် ဖြစ်ပေသည်။

ထိုသို့ သိမ်းဆည်းရာ၌ အကယ်၍ မသဲမကွဲ ဖြစ်နေသော် ထိုပုဂ္ဂိုလ်အသီးအသီး၏ ဘဝင်မနောအကြည်ဓာတ်ကို တစ်ဖန် ဦးစားပေး၍ စိုက်ရှုကြည့်ပါ။ မိမိ၏ ဘဝင်မနောအကြည်ဓာတ် ဟုတ်သည် မဟုတ်သည်ကို ယောဂါဝစရ ပုဂ္ဂိုလ်သည် လွယ်လွယ်ကူကူပင် သဘောပေါက်သည်ကို တွေ့ရတတ်သည်။ အကြောင်းကား - လက်ရှိ မိမိ၏ ဘဝင် မနောအကြည်ဓာတ်နှင့် အတိတ်က ဘဝင်မနောအကြည်ဓာတ်တို့မှာ နာမ်သန္တတိ အစဉ်အတန်းအားဖြင့် တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း တစ်တန်းတည်း တစ်ခုတည်းဖြစ်နေသည်ကို ယောဂါဝစရပုဂ္ဂိုလ်က သမ္မာဒိဋ္ဌိ ဉာဏ်ပညာ မျက်စိဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သောအခါ ထိုအတိတ်က ဘဝင်မနောအကြည်မှာ မိမိ၏ ဘဝင် မနောအကြည်ပင် ဖြစ်ကြောင်းကို လွယ်လွယ်ပင် သိမြင်နိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ အတိတ်က ဘဝင်မနော အကြည်ကို စိုက်ရှုလိုက်သောအခါ ထိုထို မိမိသိမ်းဆည်းရှုပွားနေသော ဘဝင်မနောအကြည် မဟုတ်လျှင်လည်း မိမိ၏ ဘဝင်မနောအကြည် မဟုတ်ဟုပင် ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် လွယ်လွယ်ကူကူပင် သိမြင်နိုင်ပေသည်။ အကြောင်းမူ နာမ်သန္တတိအစဉ်အတန်းချင်း မဆက်စပ်သောကြောင့် ဖြစ်သည်။ အတိတ်က ရုပ်နာမ်သည် မိမိ၏ ရုပ်နာမ်သန္တတိ အစဉ်အတန်း မဟုတ်လျှင် ထိုအတိတ်က သူတစ်ပါး၏ ရုပ်နာမ်သန္တတိအစဉ်နှင့် ယခုလက်ရှိ မိမိ၏ ရုပ်နာမ်သန္တတိ အစဉ်တို့သည် သန္တတိအစဉ်အတန်းအားဖြင့် တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း တစ်တန်းတည်း တစ်ခုတည်း မလာဘဲ သန္တတိအစဉ်အတန်းချင်း ဆက်စပ်မှု မရှိသည်ကို ယောဂါဝစရပုဂ္ဂိုလ်သည် ကိုယ်တိုင်ပင် တွေ့မြင်နိုင်ပေသည်။

အတိတ်က မိမိ၏ ရုပ်နာမ်သန္တတိအစဉ်နှင့် ယခုပစ္စုပ္ပန် မိမိ၏ ရုပ်နာမ်သန္တတိအစဉ်တို့ကား တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း တစ်တန်းတည်း တစ်ခုတည်းအားဖြင့် ရှေ့နှင့်နောက် ဆက်စပ်လျက် အထပ်ထပ်ဖြစ်နေ ပေသည်။ ယင်းသို့ ဖြစ်နေမှုကို ယောဂါဝစရပုဂ္ဂိုလ်က သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပါလျှင်ကား ရုပ်နာမ်သန္တတိအစဉ်အတန်း အနေအားဖြင့် တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း တစ်တန်းတည်း တစ်ခုတည်း အနေအားဖြင့် ရှေ့နှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေမှုကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေသောကြောင့် ဧကတ္တနည်းကို သိသည် မည်ပေသည်။ တစ်ဖန် .. ယခုပစ္စုပ္ပန် ရုပ်နာမ်သန္တတိအစဉ်နှင့် အနာဂတ် ရုပ်နာမ်သန္တတိအစဉ်တို့၏ သန္တတိအစဉ်အတန်းချင်း တစ်စဉ်တည်း တစ်စပ်တည်း တစ်ဆက်တည်း တစ်တန်းတည်း တစ်ခုတည်း အနေအားဖြင့် ရှေ့နှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေမှုကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။

ဥစ္ဆေဒဒိဋ္ဌိ နှင့် သဿတဒိဋ္ဌိ

''မျိုးစေ့မှ အညှောက် အညွန့် ဖြစ်လာ၏၊ ထိုအညှောက် အညွန့်မှ အရွက် ဖြစ်လာ၏၊ ထိုမျိုးစေ့မှပင် ရိုးတံ ပင်လုံး အခက် ရွက်နု ရွက်ကြမ်း စသည်၏အဖြစ်ဖြင့် အဆက်မပြတ် ဖြစ်နေရကား မျိုးစေ့သည် သစ်ပင်အဖြစ်သို့ ရောက်ရှိလာ၏၊ သစ်ပင်အဖြစ်ဖြင့် ဖြစ်ပေါ်လာ၏၊ ထို့ကြောင့် မျိုးစေ့နှင့် သစ်ပင်သည် တစ်စဉ်တစ်တန်းတည်း ဖြစ်ရကား သန္တာန = အစဉ်အတန်းသည် မပြတ်ချေ။ အစဉ်အတန်း မပြတ်လျှင် ''တစ်ခုတည်းပင်ဖြစ်၏''ဟု ယူရသကဲ့သို့ ထို့အတူ ..

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်၏ - ဤသို့ စသည်ဖြင့် ဖြစ်ရာ၌ အကြောင်း အကျိုးအားဖြင့် တစ်စဉ်တည်း တစ်သန္တာန်တည်းဖြစ်၍ အဆက်မပြတ်ရကား ''တစ်ခုတည်းဖြစ်သည်''ဟု သိအပ်သော နည်းသည် ဧကတ္တနည်း မည်၏၊

ဤဧကတ္တနည်းကို ကောင်းမွန်မှန်ကန်စွာ သိမြင်သော ဉာဏ်အမြင်သည် အတိတ်အကြောင်းတရားနှင့် ပစ္စုပ္ပန် အကျိုးတရား, ပစ္စုပ္ပန်အကြောင်းတရားနှင့် အနာဂတ်အကျိုးတရား စသည့် အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်လျက် အထပ်ထပ် ဖြစ်ခြင်းတည်းဟူသော ရုပ်နာမ်သန္တတိအစဉ်အတန်း၏ မပြတ်စဲမှုကို ထိုးထွင်းသိမြင်နေသော အသိဖြစ်ရကား ''ဘဝဟူသည် ပုခက်နှင့် ခေါင်းအကြားမှာပဲ ရှိ၏၊ သေလျှင် ပြတ်၏၊ ခေါင်း ဟိုဘက် ဘာမျှမရှိ''ဟု စွဲယူသော ဥစ္ဆေဒဒိဋ္ဌိ အယူဝါဒဆိုး ချဉ်ဖတ်အိုးကြီးကို ပယ်စွန့်နိုင်ပေသည်။ ထိုသို့ ကြောင်းကျိုး-ဆက်နွယ်မှုသဘောကို မမြင်ဘဲ အမှားမှား အယွင်းယွင်း မြင်ခဲ့သော် သဿတဒိဋ္ဌိလည်း ဖြစ်နိုင်ပြန်၏၊''[၇၅၃]

အကြောင်းတရားနှင့် အကျိုးတရားတို့ကား အကြောင်းပရမတ်တရား အကျိုးပရမတ်တရားဟု ပရမတ္ထဓမ္မ သဘာဝအားဖြင့်ကား ကွဲပြားမှုရှိနေ၏၊ အကြောင်းတရားနှင့် အကျိုးတရားတို့၏ ပရမတ္ထဓမ္မသဘာဝအားဖြင့် ကွဲပြားမှု ရှိ ငြားသော်လည်း အကြောင်းတရား၏ အဖြစ်ဖြင့်လည်းကောင်း, အကျိုးတရား၏ အဖြစ်ဖြင့်လည်းကောင်း ထိုအကြောင်းတရားနှင့် အကျိုးတရားတို့၏ အချင်းချင်း အကြောင်း အကျိုးသဘောအားဖြင့် ဆက်စပ်မှု ရှိသည်၏ အဖြစ်သည်သာလျှင် ဤအရာ၌ သန္တာနာနုပစ္ဆေဒ = သန္တာန်အစဉ်၏ မပြတ်စဲမှုဟု ဆိုသည်။ ယင်းသို့ ရုပ်နာမ်သန္တာန် အစဉ်၏ မပြတ်စဲသောကြောင့်ပင်လျှင် အကြင်ရုပ်နာမ်သန္တာန်အစဉ်၌ ကံကို ဖြစ်စေအပ်၏၊ ထိုရုပ်နာမ်သန္တာန် အစဉ်၌သာလျှင် အကျိုးတရားသည် ဖြစ်ပေါ်လာရကား ပြုအပ်ပြီးသော ကံ၏ ပျက်စီးပျောက်ပျက်သွားခြင်းသည် လည်းကောင်း, မပြုအပ်သေးသော ကံ၏ အကျိုးပေးဖို့ရန် ရှေးရှု ဆိုက်ရောက်လာခြင်းသည်လည်းကောင်း မရှိနိုင်ဟု မှတ်ပါ။

ဤ၌ အမှားမှား အယွင်းယွင်း မြင်မှုဟူသည် ကြောင်း-ကျိုး-ဆက်နွယ်လျက် = ရှေ့နှင့်နောက် ဆက်စပ်လျက် အထပ်ထပ် ဖြစ်နေသော အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကွဲပြားမှုကို မစူးစမ်း မဆင်ခြင်မူ၍ အကြောင်း တရားကိုလည်းကောင်း အကျိုးတရားကိုလည်းကောင်း မကွဲမပြား တစ်သားတည်းပြု၍ အကြောင်းတရားနှင့် အကျိုး တရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်လျက် မပြတ်ဖြစ်နေသော ရုပ်နာမ်သန္တာန်အစဉ်၏ မပြတ်စဲမှုကို တစ်ခုတည်းအဖြစ် မကွဲပြားသည်၏အဖြစ်ဖြင့် စွဲယူခြင်းတည်း။ အကြောင်းရုပ်နာမ် အကျိုးရုပ်နာမ်တို့၏အနိစ္စ ဒုက္ခ အနတ္တအခြင်းအရာကို မမြင်သဖြင့် နိစ္စအနေအားဖြင့်, အတ္တအနေအားဖြင့် – ''တဒေဝ ဝိညာဏံ သန္ဓာဝတိ သံသရတိ = ထိုဝိညာဏ်သည်ပင် ထိုဘဝမှ ဤဘဝ, ဤဘဝမှ ထိုဘဝသို့ ပြေးသွား၏၊ တစ်ခုသော ဘဝ၌လည်း ထပ်ကာထပ်ကာ ကျင်လည်ကျက်စား၏'' ဤသို့စသည်ဖြင့် ရုပ်နာမ်သန္တာန်အစဉ်ကို တစ်ခုတည်းဟု စွဲယူမှုတည်း။ ယင်းသို့ စွဲယူမှုကား သဿတဒိဋ္ဌိပင်ဖြစ်သည်။ ဧကတ္တနည်းကို အမှားမှား အယွင်းယွင်း သိမြင်က သဿတဒိဋ္ဌိကို ဆုပ်ကိုင်မိလျက်သား ရှိတတ်သည် ဟူ၏၊[၇၅၄]

၂။ နာနတ္တနည်း

ဧကတ္တနည်းအရ ကြောင်း-ကျိုး-ဆက်နွယ်လျက် သန္တတိအစဉ်အတန်း တစ်ခုအနေဖြင့် ဖြစ်ပေါ်လာနေသော အဝိဇ္ဇာ သင်္ခါရ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ တဏှာ ဥပါဒါန် ဘဝ ဇာတိ ဇရာမရဏ စသော အကြောင်းတရား အကျိုးတရားတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကို ပိုင်းခြားမှတ်သားခြင်းသည် နာနတ္တနည်း မည်၏၊[၇၅၅] ယင်းနာနတ္တနည်းကို သန္တတိဃန သမူဟဃန ကိစ္စဃန အာရမ္မဏဃနဟူသော ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတို့ကို ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် နေရာတကျ သိမ်းဆည်းရပေမည်။

အတိတ် ပစ္စုပ္ပန် အနာဂတ်ဟူသော ရုပ်နာမ်တို့သည် .. ရုပ်နာမ်သန္တတိအစဉ်အတန်းအားဖြင့် တစ်စဉ် တစ်တန်းတည်း မှန်သော်လည်း ရုပ်ကလာပ်တစ်ခုချင်း မြင်အောင် စိတ္တက္ခဏတစ်ခုချင်း မြင်အောင် သန္တတိဃန ပြိုအောင် သိမ်းဆည်းရ၏၊ တစ်ဖန် ယင်းအဝိဇ္ဇာစသော တရားတို့သည် ရုပ်ကလာပ် နာမ်ကလာပ်ဟူသည့် အုပ်စု အလိုက်သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏၊ ယင်း ရုပ်ကလာပ် နာမ်ကလာပ် တစ်ခု၏ အတွင်း၌ တည်ရှိသော ပရမတ္ထ ဓာတ်သားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ - ဤကား ပထဝီဓာတ်, ဤကား အာပေါဓာတ်, ဤကား တေဇောဓာတ်, ဤကား ဝါယောဓာတ် - ဤသို့ စသည်ဖြင့်လည်းကောင်း, ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ် ဤသို့ စသည်ဖြင့်လည်းကောင်း သမူဟဃန ဟူသည့် ရုပ်အပေါင်းအစု အတုံးအခဲ နာမ်အပေါင်းအစု အတုံးအခဲကို ပြိုအောင် သိမ်းဆည်းရ၏၊ တစ်ဖန် ကိစ္စဃနတည်း ဟူသော ရုပ်လုပ်ငန်းကိစ္စ နာမ်လုပ်ငန်းကိစ္စ ပြိုအောင်လည်း သိမ်းဆည်းရ၏၊ ထို့ကြောင့် ယောဂီသူတော်ကောင်းသည် ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် နေရာတကျ သိမ်းဆည်းတတ်လျှင် ယောဂီသူတော်ကောင်းသည် နာနတ္တနည်းကို သိသည် မည်၏၊

ယင်းနာနတ္တနည်းကို ကောင်းမွန်မှန်ကန်စွာ သိမြင်ခဲ့သော် အသစ်အသစ်သော ပရမတ္ထဓာတ်သားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်လျက် အဆက်မပြတ် အထပ်ထပ် ဖြစ်ပေါ်နေမှုကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်နေခြင်းကြောင့်, အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကွဲပြားသော သဘာဝလက္ခဏာ ရှိမှုကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေခြင်းကြောင့် ''အတ္တသည် သေလျှင် မပြတ် မြဲ၏''ဟု စွဲယူတတ်သော သဿတဒိဋ္ဌိကို ပယ်စွန့်နိုင်၏၊

ယင်းနာနတ္တနည်းကို ကောင်းမွန်မှန်ကန်စွာ မမြင်ခဲ့သော် အမှားမှား အယွင်းယွင်း မြင်လာတတ်၏၊ ရုပ်နာမ် သန္တာန်အစဉ် တစ်ခုအတွင်း၌ ကျရောက်လျက်ရှိသော ရုပ်နာမ်တရားစုကို သန္တာန်ကွဲပြားသကဲ့သို့ အသီးအသီး တခြားစီဟု စွဲယူမိတတ်၏၊ ရုပ်နာမ်ခန္ဓာအစဉ်သည် ဘဝခြားသော်လည်း တစ်စဉ်တစ်တန်းတည်းသာ ဖြစ်၏၊ သုမေဓာ ရှင်ရသေ့ဘဝမှစ၍ ဂေါတမဘုရားရှင်၏ဘဝသို့ တိုင်အောင် ရုပ်နာမ်သန္တာန်အစဉ်မှာ တစ်စဉ်တစ်တန်းတည်းသာ ဖြစ်၏၊ သို့ဖြစ်ပါလျက် ''တစ်သန္တာန်တည်း''ဟု မယူဆနိုင်ဘဲ ယခုဘဝ၌ သေသော သတ္တဝါက တစ်ယောက်, နောက်ဘဝ၌ဖြစ်သော သတ္တဝါက တစ်ယောက်ဟု ကွဲပြားသော သန္တာန်ရှိသကဲ့သို့ ယူဆလာတတ်၏၊ ယင်းသို့ ယူဆခဲ့သော် ''သတ္တဝါသည် သေလျှင် ပြတ်၏''ဟူသော ဥစ္ဆေဒဒိဋ္ဌိကို စွဲမြဲစွာ ယူမိလျက်သား ရှိတတ်၏၊ ''ကောင်းမှု မကောင်းမှုကို ပြုသူက တခြား, ကောင်းကျိုး မကောင်းကျိုးကို ခံစားရသူက တခြား (= ဒီဘဝ ဒီကိုယ်စံ၊ ဟိုဘဝ ဟိုကိုယ် ခံလိမ့်မည်)''ဟု သန္တာန်အစဉ်ကွဲပြားသကဲ့သို့ ယူဆလျှင် ဥစ္ဆေဒဒိဋ္ဌိကို စွဲမြဲစွာ ယူမိလေတော့သည် ဟူလို။[၇၅၆]

၃။ အဗျာပါရနည်း

အကြောင်းတရားများဘက်၌လည်း ''အကျိုးတရားများကို ဖြစ်ပေါ်လာအောင် ပြုလုပ်မည်''ဟူသော ကြောင့်ကြ ဗျာပါရ မရှိ၊ ကင်းနေ၏၊ အကျိုးတရားများဘက်၌လည်း ''အကြောင်းတရားများသည် ထင်ရှား ဖြစ်ခဲ့သော် ငါတို့ အကျိုးတရားများသည်လည်း ထင်ရှားဖြစ်ကြမည်''ဟူသော ကြောင့်ကြဗျာပါရ မရှိ၊ ကင်းနေ၏၊

အဝိဇ္ဇာ၌ – ''ငါသည် သင်္ခါရတရားတို့ကို ဖြစ်စေရမည်''ဟူသော ကြောင့်ကြဗျာပါရ မရှိ၊ ကင်းနေ၏၊ သင်္ခါရတရားတို့တွင်လည်း ''ငါတို့သည် ဝိညာဏ်ကို ဖြစ်စေရမည်''ဟူသော ကြောင့်ကြဗျာပါရမရှိ၊ ကင်းနေ၏၊ ဤသို့ စသည်ဖြင့် အဝိဇ္ဇာ သင်္ခါရစသော တရားတို့၌ ကြောင့်ကြဗျာပါရ မရှိမှု ကြောင့်ကြဗျာပါရ ကင်းမှုသဘောသည်ကား အဗျာပါရနည်း မည်၏၊

ယောဂါဝစရပုဂ္ဂိုလ်သည် ပဋိစ္စသမုပ္ပါဒ်ရှုကွက်ကို ရှုရာ၌ ယင်းအဗျာပါရနည်းကို ကောင်းမွန်မှန်ကန်စွာ သိမြင်အောင် သိမ်းဆည်းရှုပွားရမည် ဖြစ်သည်။ ကောင်းမွန်မှန်ကန်စွာ သိမြင်ခြင်းဟူသည် ''အဝိဇ္ဇာ သင်္ခါရစသော ဤတရားတို့သည် ''နိရီဟာ = အကျိုးတရား ဖြစ်ပေါ်လာအောင် ကြိုးစားအားထုတ်ခြင်း လုံ့လဥဿာဟ မရှိကြ။ နိဇ္ဇီဝါ = ထိုသို့ ကြိုးစားအားထုတ်နိုင်လောက်အောင် အသက်ကောင်လည်း မဟုတ်ကြ။ ဓမ္မမတ္တာ = ဆိုင်ရာ အကျိုး ပစ္စယုပ္ပန်ကို ဖြစ်စေနိုင်သော သဘာဝဓမ္မမျှတို့သာတည်း'' – ဤသို့ သိမြင်သူကို ''သမ္မာ ပဿန္တော = ကောင်းမွန် မှန်ကန်စွာ သိမြင်သူ (= အမြင်မှန်ရှိသူ)''ဟု ဆိုရ၏၊ ဤသို့ သိမြင်ခြင်းကို ကောင်းမွန်မှန်ကန်စွာ သိမြင်ခြင်းဟု ဆိုရ၏၊

ယင်းအဗျာပါရနည်းကို ကောင်းမွန်မှန်ကန်စွာ ယောဂါဝစရပုဂ္ဂိုလ်က ကိုယ်တိုင်မျက်မှောက် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ထွင်းဖောက်သိမြင်ခဲ့သော် ပြုလုပ်နေသော ဖန်ဆင်းနေသော ပရမအတ္တ, အပြုလုပ်ခံရသော အဖန်ဆင်းခံရသော ဇီဝအတ္တရှိ၏ဟု စွဲယူသော အတ္တဒိဋ္ဌိစွဲကို ပယ်စွန့်နိုင်၏၊ အကြောင်းတရားတို့၌ အကျိုးတရားများကို ဖြစ်ပေါ်လာအောင် ပြုလုပ်နေသော ကြောင့်ကြဗျာပါရ ကင်းမှု (= မရှိမှု)ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိမြင်နေသောကြောင့် ဖြစ်၏၊

ယင်း အဗျာပါရနည်းကို ကောင်းမွန်မှန်ကန်စွာ မမြင်ဘဲ အမှားမှား အယွင်းယွင်း မြင်ခဲ့သော် အကြောင်းတရား တို့၌ အကျိုးတရားတို့ကို ဖြစ်ပေါ်လာအောင် ကြောင့်ကြဗျာပါရပြုမှု မရှိသော်လည်း အဝိဇ္ဇာစသော အကြောင်းတရားတို့၌ သင်္ခါရစသော အကျိုးတရားတို့ကို ဖြစ်စေနိုင်သော သဘာဝနိယာမအားဖြင့် ပြီးသော အကြောင်းတရားဖြစ်မှုသဘော တရားသည် ထင်ရှားရှိသည်သာ ဖြစ်၏၊ ယင်းသဘောတရားကို လက်မခံနိုင်သည့်အတွက်ကြောင့် ''ပြုလုပ်သော်လည်း ပြုလုပ်သည် မမည်''ဟူသော အယူမှားမှု အကိရိယဒိဋ္ဌိကို စွဲယူမိတတ်၏၊[၇၅၇]

သဘာဝနိယမ – မြဲသော နိယမသဘော – တွဲဖက် ကလာပ်တူ ရုပ်အပေါင်းဟူသော အဆောက်အဦနှင့် တကွဖြစ်သော တေဇောဟူသော မီးဓာတ်၏ အထက်သို့ မျက်နှာရှိသည်၏ အဖြစ်ဟူသော မီးညွန့်၏ အထက်သို့ တက်ခြင်းသည်လည်းကောင်း, တွဲဖက် ကလာပ်တူ ရုပ်အပေါင်းဟူသော အဆောက်အဦနှင့် အတူတကွဖြစ်သော လေ၏ ဖီလာကန့်လန့်သွားခြင်းသည်လည်းကောင်း – ဤသို့ စသော ဖြစ်ပုံသည် သဘာဝနိယမ = မြဲသော သဘော (= ထုံးစံဓမ္မတာ) ဖြစ်သကဲ့သို့ အလားတူပင် ..

အဝိဇ္ဇာစသော အကြောင်းတရားသည် ထင်ရှားရှိလတ်သော် သင်္ခါရစသော အကျိုးတရားသည် ထင်ရှား ဖြစ်ပေါ်လာ၏၊ အဝိဇ္ဇာစသော အကြောင်းတရားသည် ထင်ရှားမရှိလတ်သော် သင်္ခါရစသော အကျိုးတရားသည်လည်း ထင်ရှားမဖြစ်တော့ပေ။ တစ်နည်းဆိုရသော် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်းတရားသည် ထင်ရှားရှိခဲ့သော် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော အကျိုးတရားသည်လည်း ထင်ရှား ဖြစ်ပေါ်လာ၏၊ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်းတရားသည် ထင်ရှားမရှိလတ်သော် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော အကျိုးတရားသည်လည်း ထင်ရှား မဖြစ်တော့ပေ။ ဤသည်ကိုပင် သဘာဝနိယမသိဒ္ဓ ဟေတုဘာဝ = မြဲသော သဘာဝအားဖြင့် ပြီးစီးနေသော အကြောင်းတရားဖြစ်မှုသဘောဟု ဆိုလိုပေသည်။ ယင်းသို့ အဝိဇ္ဇာ စသော အကြောင်းတရားတို့၌ သင်္ခါရ စသော အကျိုးတရားတို့ကို ဖြစ်စေနိုင်သည့် သဘာဝနိယမ = မြဲသောသဘောအားဖြင့် ပြီးစီးနေသော စွမ်းအင်သတ္တိ ရှိမှုသဘောကို လက်မခံနိုင်ပါက ––

''ကဿစိ ကတ္တုနော အဘာဝါ န ကာစိ ကိရိယာ ဖလပဗန္ဓိနီ = ပြုလုပ်တတ်သော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်၏ (= တစ်စုံတစ်ခုသော တရားဓမ္မ၏) မရှိခြင်းကြောင့် တစ်စုံတစ်ခုသော ကိုယ်နှုတ်စိတ် အမူအရာသည် အကျိုးနှင့် ဆက်စပ်ခြင်း မရှိ (= အကျိုးမပေး)''ဟု အကျိုးနှင့် စပ်သော ကိုယ်နှုတ်စိတ် အမူအရာ မရှိဟူသော ကံကံ၏အကျိုးကို ပစ်ပယ်နေသော အကိရိယဒိဋ္ဌိ တစ်မျိုးသည် ဖြစ်ပေါ်လာတတ်သည်ဟု ဆိုလိုသည်။[၇၅၈]

၄။ ဧဝံဓမ္မတာနည်း

နွားနို့ရည် စသည်တို့မှ နို့ဓမ်းစသည်သာ ဖြစ်ပေါ်လာသကဲ့သို့ အလားတူပင် အဝိဇ္ဇာစသော အကြောင်းတရား တို့ကြောင့် အကျိုးတရားများ ဖြစ်ခဲ့သော် အကြောင်းတရားနှင့် လျော်ညီသော သင်္ခါရစသော အကျိုးတရားများသာ ဖြစ်ပေါ်လာကြ၏၊ အကြောင်းတရားနှင့် မလျော်ညီသော အခြား အကျိုးတစ်စုံတစ်ရာသည် မဖြစ်ပေ။ တစ်နည်း ဆိုရသော် – အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်းတရားတို့ကြောင့် အကျိုးတစ်စုံတစ်ရာ ဖြစ်ခဲ့သော် အကြောင်းတရားနှင့် လျော်ညီသော ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော အကျိုးတရားတို့သာ ဖြစ်ပေါ်လာကြ၏၊ အကြောင်းတရားနှင့် မလျော်ညီသော အခြား မည်သည့်အကျိုး တစ်စုံတစ်ရာမျှ မဖြစ်နိုင်ပေ။ ဤသည်မှာ ဧဝံဓမ္မတာနည်း မည်၏၊ ယင်းဧဝံဓမ္မတာနည်းကို ကောင်းမွန်မှန်ကန်စွာ သိမြင်ခဲ့သော် အကြောင်းတရားနှင့် လျော်ညီသော အကျိုးတရား၏ဖြစ်မှုကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာမျက်စိဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင် ခြင်းကြောင့် အကြောင်းမရှိဟု စွဲယူသော အဟေတုကဒိဋ္ဌိကိုလည်းကောင်း, ကောင်းမှု မကောင်းမှုကို ပြုလုပ်သော်လည်း ပြုလုပ်သည်မမည်ဟု စွဲယူသော အကိရိယဒိဋ္ဌိကိုလည်းကောင်း၊ အကြောင်းကြောင့်ဖြစ်သော အကျိုးကို ပစ်ပယ်နေသော တစ်နည်း – အကြောင်း အကျိုး နှစ်ရပ်လုံးကို ပစ်ပယ်နေသော ဤဒိဋ္ဌိကြီး နှစ်မျိုးလုံးကို ပယ်စွန့်နိုင်၏၊

ယင်းဧဝံဓမ္မတာနည်းကို ကောင်းမွန်မှန်ကန်စွာ မသိမမြင်သော သူကား အမှားမှား အယွင်းအယွင်း မြင်တတ်၏၊ အမှားမှား အယွင်းအယွင်း မြင်ပုံမှာ ဤသို့ ဖြစ်၏၊ အမှတ်မရှိ တစ်စုံတစ်ခုသော အကြောင်းကြောင့် အမှတ်မရှိ တစ်စုံတစ်ခုသော အကျိုးသည် ဖြစ်နိုင်သည်ဟု ဆိုလျှင် သဲမှ ဆီ, ကြံမှ နို့ရည် မဖြစ်နိုင်စရာ မရှိ၊ ဖြစ်နိုင်စရာ ရှိ၏၊ ထို့ကြောင့် မည်သည့်အကြောင်းကြောင့်မျှ မည်သည့်အကျိုးသည် မဖြစ်နိုင်ပါဟု အဟေတုကဒိဋ္ဌိ အယူစွဲကို စွဲစွဲလမ်းလမ်း အရဖမ်းယူလေသည်။

ထိုသို့ အမှားမှား အယွင်းအယွင်း စွဲယူခဲ့သော် သိမြင်ခဲ့သော် အကြောင်းတရားနှင့် လျော်ညီသော အကျိုးတရား၏ ဖြစ်မှုကို မယူမူ၍ တစ်စုံတစ်ခုသော အကြောင်းတရားကြောင့် တစ်စုံတစ်ခုသော အကျိုးတရား၏ ဖြစ်မှုကို မယူနိုင် လက်မခံနိုင်သည့်အတွက်ကြောင့် အဟေတုကဒိဋ္ဌိကိုလည်းကောင်း နိယတဝါဒကိုလည်းကောင်း စွဲယူမိလျက်သား ဖြစ်တတ်၏၊[၇၅၉]

နိယတဝါဒ – နိယတဝါဒဟူသည် သတ္တဝါတို့၏ ကောင်းကျိုး ဆိုးကျိုးများသည် ပုံသေသတ်မှတ်ချက် ရှိသည်ဟု ယူသော ကံ-ကံ၏အကျိုးတရား ထင်ရှားရှိမှုကို ပစ်ပယ်သော ဝါဒတစ်မျိုးဖြစ်သည်။ ''ထိုသို့ အကြောင်း မရှိလျှင် ယခုမျက်မြင်ဖြစ်သော သတ္တဝါ-အရာဝတ္ထုများသည် မည်သည့်အကြောင်းကြောင့် ဖြစ်ပေါ်နေရပါသနည်း''ဟု ထိုအဟေတုက အယူရှိသူကို ပြန်၍ မေးလျှင် – ''နိယတ = မည်သည့်အချိန်အခါ၌ လူ, သို့မဟုတ် နတ်, သို့မဟုတ် တိရ စ္ဆာန်အမျိုးမျိုး ဖြစ်ရမည်''ဟု သတ်မှတ်ပြီး ဖြစ်သည်ဟု ပြောဆို၏၊ ထိုအယူကို နိယတဝါဒဟု ခေါ်ဆို၏၊[၇၆၀] (အကျယ်ကို သာမညဖလသုတ် မက္ခလိဂေါသာလဝါဒ၌ ကြည့်ပါ။)

သို့အတွက် ယောဂီသူတော်ကောင်းသည် ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းသည် မိစ္ဆာဝါဒ မိစ္ဆာဒဿန မိစ္ဆာဒိဋ္ဌိ အမျိုးမျိုးတို့ကို ပယ်သတ်ရေး တိုက်ဖျက်ရေးအတွက် အကောင်းဆုံးသော လက်နက်ကြီးတစ်ခုပင် ဖြစ်သည်ဟု ရိုသေစွာ ဦးထိပ်ရွက် ပန်ဆင်၍ နာယူ မှတ်သားလေရာသည်။

အပိုင်း (၃) - ခန္ဓာငါးပါးနည်းဖြင့် လက်တွေ့သိမ်းဆည်းပုံ အပိုင်း

အထူးသတိပြုရန်

၁။ အတိတ်ဘဝ သေခါနီးကာလ မရဏာသန္နဇော၏ အာရုံ၊
၂။ လက်ရှိ ပစ္စုပ္ပန်ဘဝ ပဋိသန္ဓေ နာမ်တရားစု၏ အာရုံ၊
၃။ လက်ရှိ ပစ္စုပ္ပန်ဘဝ ဘဝင်မနောအကြည်ဓာတ် = ဘဝင်နာမ်တရားစု၏ အာရုံ၊
၄။ လက်ရှိ ပစ္စုပ္ပန်ဘဝ လာလတ္တံ့သော စုတိနာမ်တရားစု၏ အာရုံ –

ဤ (၄)မျိုးတို့၌ အာရုံချင်းတူညီရမည် ဖြစ်သည်။ ဤလေးမျိုးတို့တွင် ယောဂါဝစရပုဂ္ဂိုလ်အဖို့ အနာဂတ်ကို မရှုရသေးသဖြင့် (၁-၂ -၃)တို့ကို အာရုံချင်း တူညီမှု ရှိမရှိကို ယောဂါဝစရပုဂ္ဂိုလ်ကိုယ်တိုင် ဉာဏ်ဖြင့် စူးစိုက်၍ သေချာစွာ တိုက်ဆိုင် ရှုကြည့်ပါ။ တစ်ဖန် ပဋိသန္ဓေ-ဘဝင်-စုတိ ဤသုံးမျိုးတို့သည် စိတ်စေတသိက် အရေအတွက်ချင်း တူညီရမည် ဖြစ်သည်။ သေချာစွာ စူးစိုက်၍ ဆန်းစစ်ကြည့်ပါ၊ အကြိမ်ကြိမ် ရှုကြည့်ပါ။ ဤအချိန်တွင် ယောဂါဝစရပုဂ္ဂိုလ် သည် ဘဝင်မနောအကြည်ဓာတ်ကို ပုံစံမှန် ရှုနိုင်ပြီ ဖြစ်သည်။ အကယ်၍ မရှုနိုင်သေးပါက ပဋိသန္ဓေနာမ်တရားများကို သေချာစွာ ပြန်ရှုပါ။ ထိုနောင် ပဋိသန္ဓေနာမ်တရားစုတို့ ချုပ်ပျက်သွားပြီးနောက် ဝီထိစိတ်မဖြစ်မီအတွင်းဝယ် ဆက်တိုက် ဖြစ်နေသော စိတ်+စေတသိက် = နာမ်တရားစုတို့ကို ဆက်လက် သိမ်းဆည်းပါ။ ဘဝ၌ စိတ်အစဉ် မပြတ်စဲရေးအတွက် ဝီထိစိတ်များ မဖြစ်သည့်အချိန်တွင် ဘဝ၏ အကြောင်းတရားအဖြစ် ဆက်လက် ဖြစ်နေသည့် စိတ်များပင် ဖြစ်သည်၊ ဘဝင်စိတ်များပင်တည်း။ သဘောပေါက်ပါက လက်ရှိ အခြေအနေ၌လည်း ဝီထိစိတ်အစဉ်တို့၏ အကြားအကြား၌ ဖြစ်ပေါ်နေကြသော ဘဝင်နာမ်တရားများကို ဆက်လက် သိမ်းဆည်းကြည့်ပါ။ အောင်မြင်မှုကို ရရှိနိုင်ပေလိမ့်မည်။

ခန္ဓာငါးပါးဖွဲ့စည်းပုံ

ဤပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းအရ ကြောင်း-ကျိုး-ဆက်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရာ၌ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ဖော်ပြထားသည့် (၆)မျိုးသော ဝီထိတို့၏ စိတ္တက္ခဏတိုင်းတွင် ခန္ဓာငါးပါး ဖွဲ့၍ ခန္ဓာငါးပါးနည်းဖြင့် အကြောင်းနှင့် အကျိုးတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရမည် ဖြစ်ပေသည်။ ထိုသို့ သိမ်းဆည်းရာ၌ ဝီထိမုတ်စိတ်နှင့် ဝီထိစိတ်တို့ကို ခွဲခြား သိမ်းဆည်းရမည် ဖြစ်သည်။ ပဋိသန္ဓေ-ဘဝင်-စုတိ စိတ်တို့မှာ ဝီထိစိတ်အစဉ်၏ အပြင်ဘက်၌ တည်ရှိကြသော ဝီထိမုတ်စိတ်တို့ ဖြစ်ကြ၏၊ ယင်း ဝီထိမုတ်စိတ်တို့၌လည်း ခန္ဓာငါးပါးဖွဲ့၍ ခန္ဓာတစ်ပါးတစ်ပါး၌ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်း ရမည် ဖြစ်သည်။[၇၆၁] ဤ၌ ခန္ဓာဟူသည် အစုအပုံကို ဆိုလိုသည်။

၁။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိကဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော, အာသဝေါတရားတို့၏ အာရုံဖြစ်သော, တဏှာ-ဒိဋ္ဌိတို့ဖြင့် ''ငါ-ငါ့ဟာ''ဟု စွဲယူရာဖြစ်သော ရုပ်တရားအစုအပုံသည် ရူပုပါဒါနက္ခန္ဓာ မည်၏၊

၂။ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော အာသဝေါတရားတို့၏ အာရုံဖြစ်သော တဏှာ-ဒိဋ္ဌိတို့ဖြင့် ''ငါ-ငါ့ဟာ''ဟု စွဲယူရာဖြစ်သော ခံစားမှုဝေဒနာတရားအစုအပုံသည် ဝေဒနုပါဒါနက္ခန္ဓာ မည်၏၊

၃။ အတိတ်။ ပ။ သညာတရားအစုအပုံသည် သညုပါဒါနက္ခန္ဓာ မည်၏၊
၄။ အတိတ်။ ပ။ စေတသိက် သင်္ခါရတရားအစုအပုံသည် သင်္ခါရုပါဒါနက္ခန္ဓာ မည်၏၊
၅။ အတိတ်။ ပ။ အသိစိတ် ဝိညာဏ်တရားအစုအပုံသည် ဝိညာဏုပါဒါနက္ခန္ဓာ မည်၏၊[၇၆၂] 

ယင်း (၁၁)မျိုးသော အခြင်းအရာတို့တွင် – အချို့ဝေါဟာရတို့၏ စကားလုံးအဓိပ္ပါယ်မှာ ဤသို့တည်း ..။
၁။ ဩဠာရိက = ရုန့်ရင်းကြမ်းတမ်းသောတရား၊
၂။ သုခုမ = သိမ်မွေ့နူးညံ့သောတရား၊
၃။ ဟီန = ယုတ်ညံ့သောတရား၊
၄။ ပဏီတ = မွန်မြတ်သောတရား၊
၅။ ဒူရ = ဝေးသောတရား၊
၆။ သန္တိက = နီးသောတရား –

ဤသို့လျှင် အဓိပ္ပါယ် ဆိုလိုရင်းကို မှတ်သားပါ။ ဤ (၁၁)မျိုးသော အခြင်းအရာတို့၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော စိတ္တက္ခဏတစ်ခုတစ်ခု၏ အတွင်း၌လည်း မှီရာဝတ္ထုရုပ် အာရုံရုပ်တို့နှင့် ပေါင်းစု၍ ခန္ဓာငါးပါး ရေတွက် နိုင်ပါသည်။

ဤအရာတွင် စက္ခုဝိညာဏ်စိတ္တက္ခဏတစ်ခုအတွင်း၌ ခန္ဓာငါးပါးဖွဲ့ပုံကို အဋ္ဌကထာကြီးများ[၇၆၃]က ဤသို့ ဖွင့်ဆိုထားကြ၏ ..။

''ရူပါရုံကို တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာတွင် ရူပါရုံကို သိမြင်သည့် စက္ခုဝိညာဏ်စိတ္တက္ခဏအခိုက်၌ .. 
၁။ စက္ခုဝတ္ထုရုပ် (= ၆၃)နှင့် ရူပါရုံကား ရူပက္ခန္ဓာတည်း။
၂။ စက္ခုဝိညာဏ်နှင့် ယှဉ်နေသည့် ဝေဒနာကား ဝေဒနာက္ခန္ဓာတည်း။
၃။ သညာကား သညာက္ခန္ဓာတည်း။
၄။ ဖဿ စေတနာ ဧကဂ္ဂတာ ဇီဝိတ မနသိကာရတို့ကား သင်္ခါရက္ခန္ဓာတည်း။
၅။ စက္ခုဝိညာဏ်ကား ဝိညာဏက္ခန္ဓာတည်း။

ဤသို့လျှင် .. ဤခန္ဓာငါးပါးတို့၏ ပေါင်းဆုံခြင်းသည် ထင်ရှားရှိလတ်သော် တည့်တည့်ကြည့်ခြင်း စောင်းငဲ့ ကြည့်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏၊''

ဤသို့ ဖွင့်ဆိုခြင်းသည်ကား အရိပ်ပြလျှင် အကောင်ထင်ရမည့် ဥပလက္ခဏနည်း နိဒဿနနည်းအားဖြင့် ဖွင့်ဆိုထားတော်မူခြင်း ဖြစ်၏၊ စက္ခုဝိညာဏ်စိတ္တက္ခဏအခိုက်၌ ခန္ဓာငါးပါး တည်ရှိသကဲ့သို့ ရူပါရုံကို ဆက်လက် အာရုံယူနေကြသည့် ကြွင်းကျန်သည့် စိတ္တက္ခဏတို့၌လည်း ခန္ဓာငါးပါးစီ တည်ရှိကြသည်သာ ဖြစ်ကြ၏၊ သောတဒွါရဝီထိ စသည်တို့၌လည်း နည်းတူပင် မှတ်ပါ။ သို့အတွက် စိတ္တက္ခဏတစ်ခုတစ်ခု၏ အခိုက်၌ –

၁။ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်သည် ရူပက္ခန္ဓာ မည်၏၊
၂။ ယင်းစိတ္တက္ခဏ၏ အတွင်း၌ ပါဝင်သော ဝေဒနာသည် ဝေဒနာက္ခန္ဓာ မည်၏၊
၃။ သညာသည် သညာက္ခန္ဓာ မည်၏၊
၄။ ဝေဒနာ သညာ ဝိညာဏ်မှ ကြွင်းကျန်သော စေတသိက်အားလုံးသည် သင်္ခါရက္ခန္ဓာမည်၏၊
၅။ အသိစိတ် ဝိညာဏ်သည် ဝိညာဏက္ခန္ဓာမည်၏၊

သင်္ခါရက္ခန္ဓာဝယ် ဝေဒနာ သညာ ဝိညာဏ်မှ ကြွင်းကျန်သော စေတသိက်များမှာ (၅)လုံးမှ စ၍ (၃၂)လုံးအထိ ရှိတတ်၏၊ မည်မျှပင် ရှိပါစေ၊ ကျန်စေတသိက်တရားစုအားလုံးသည် သင်္ခါရက္ခန္ဓာမည်၏ဟု မှတ်ပါ။ ဤအထက်ပါ ခန္ဓာငါးပါး ခွဲတမ်း သတ်မှတ်ချက်ကို သဘောပေါက်ပါက ရှေ့တွင် ဆက်လက်ဖော်ပြမည့် စိတ္တက္ခဏတိုင်း၌ ခန္ဓာငါးပါးဖွဲ့ပုံကိုလည်း သဘောပေါက်သွားမည် ဖြစ်ပါသည်။ တစ်ဖန် ယင်းခန္ဓာငါးပါးတို့တွင်လည်း တစ်ပါးတစ်ပါးစီ၌ ဆိုင်ရာဆိုင်ရာ အကြောင်းတရားများ ကိုယ်စီကိုယ်စီ ရှိကြသဖြင့် ဆိုင်ရာအကြောင်းတရားနှင့် ဆိုင်ရာအကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အကြောင်း-အကျိုး စပ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရမည် ဖြစ်ပေသည်။

ကလလရေကြည်တည်စခိုက် - ပဋိသန္ဓေခန္ဓာငါးပါး

ကလလရေကြည်တည်စ ပဋိသန္ဓေအခိုက်၌ ..
၁။ ဟဒယဒသကကလာပ်၊ ကာယဒသကကလာပ်၊ ဘာဝဒသကကလာပ်ဟူသော ရုပ်ကလာပ်အမျိုးအစား သုံးမျိုး ရုပ်အမျိုးအစား (၃၀)သည် ရူပက္ခန္ဓာ မည်၏၊
၂။ ပဋိသန္ဓေနာမ်တရား (၃၄)မှ ဝေဒနာသည် ဝေဒနာက္ခန္ဓာ မည်၏၊
၃။ ပဋိသန္ဓေနာမ်တရား (၃၄)မှ သညာသည် သညာက္ခန္ဓာ မည်၏၊
၄။ ပဋိသန္ဓေနာမ်တရား (၃၄)မှ စေတနာသည် သင်္ခါရက္ခန္ဓာ မည်၏၊ (ပထမနည်း။)
ပဋိသန္ဓေနာမ်တရား (၃၄)မှ ဝေဒနာ သညာ ဝိညာဏ်မှ ကြွင်းကျန်သော စေတသိက် (၃၁)လုံးသည် သင်္ခါရက္ခန္ဓာ မည်၏၊ (ဒုတိယနည်း၊)
၅။ ပဋိသန္ဓေနာမ်တရား (၃၄)မှ အသိစိတ် = ဝိညာဏ်သည် ဝိညာဏက္ခန္ဓာ မည်၏၊

ဤအထက်ပါ ပဋိသန္ဓေခန္ဓာငါးပါးကား သောမနဿဝေဒနာနှင့် ယှဉ်လျက် ပဋိသန္ဓေတည်နေခဲ့သော တိဟိတ် ပုဂ္ဂိုလ်အတွက်သာ ဖြစ်သည်။ အကယ်၍ ဥပေက္ခာဝေဒနာနှင့် ယှဉ်လျက် ပဋိသန္ဓေတည်နေခဲ့သော တိဟိတ်ပုဂ္ဂိုလ်မျိုး ဖြစ်မူ ပီတိ မပါသဖြင့် နာမ်တရား (၃၃)ဖြစ်သည်။ ဒွိ ဟိတ်ဖြစ်မူကား ဉာဏ်မယှဉ်သဖြင့် နာမ်တရား (၃၃/၃၂) အသီးအသီး ဖြစ်ပေမည်။ ဤ၌ သင်္ခါရက္ခန္ဓာကို နှစ်မျိုးခွဲ၍ ဖော်ပြထားခြင်းမှာ ဘုရားရှင်သည် ခန္ဓဝိဘင်းပါဠိတော်ဝယ် သုတ္တန္တဘာဇနီယနည်းအားဖြင့် သင်္ခါရက္ခန္ဓာကို ဝေဖန်၍ ဟောကြားတော်မူရာ၌ စေတနာကိုသာ ပဓာနထား၍ ဟောကြားထားတော်မူသော ထုံးရှိခဲ့၏၊ ထိုကြောင့် စေတနာကိုပင် သင်္ခါရက္ခန္ဓာဟု ပဓာနနည်းအားဖြင့် ပထမနည်းကို ဖော်ပြထားခြင်း ဖြစ်သည်။ တစ်ဖန် စေတနာကိုသာ သင်္ခါရက္ခန္ဓာဟု ယူခဲ့သော် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ –

ဝေဒနာ သညာ စေတနာမှ ကြွင်းကျန်သော စေတသိက်တို့မှာ ခန္ဓာငါးပါးမှအလွတ် ဖြစ်ကြလေရာ၏၊ တစ်ဖန် ယင်းကြွင်းကျန်သော စေတသိက်တို့၌လည်း ဆိုင်ရာ အကြောင်းတရားများ ထင်ရှား မရှိတော့ပြီလောဟုလည်း မေးရန်ရှိလာပြန်၏၊ အထူးသဖြင့် ဖဿမှာ –

၁။ ဖဿသမုဒယာ ဝေဒနာသမုဒယော။
၂။ ဖဿသမုဒယာ သညာသမုဒယော။
၃။ ဖဿသမုဒယာ သင်္ခါရသမုဒယော။[၇၆၄]

ဤဒေသနာတော်များနှင့်အညီ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာတို့၏ အကြောင်းတရား ဖြစ်နေ၏၊ ယင်းဖဿ၌လည်း အကြောင်းတရား မရှိတော့ပြီလောဟု မေးရန်ရှိလာပြန်၏၊ သို့အတွက် ယင်းဖဿနှင့် တကွသော ကျန်စေတသိက်တို့၌လည်း ဆိုင်ရာဆိုင်ရာ အကြောင်းတရားများသည် ထင်ရှားရှိကြသည်သာဟု သိစေလိုသည်လည်း အကြောင်းတစ်ရပ်, ပရမတ္ထဓာတ်သားများကို မကြွင်းမကျန်စေလိုသည်လည်း အကြောင်းတစ်ရပ် - ဤအကြောင်း နှစ်ရပ်ကြောင့် သင်္ခါရက္ခန္ဓာဖွဲ့ပုံ ဒုတိယနည်းကိုလည်း ထပ်မံ၍ ဖော်ပြခြင်းဖြစ်ပေသည်။ နေရာတိုင်း၌ နည်းတူမှတ်ပါ။

အကြောင်းနှင့် အကျိုးကို ဆက်စပ်လျက် သိမ်းဆည်းနည်း ရှုပွားနည်း

ရှေ့ဦးစွာ ယောဂီသူတော်ကောင်းကိုယ်တိုင် ရှာဖွေတွေ့ရှိထားသော အတိတ်အကြောင်းတရားငါးပါးတို့တွင် အဝိဇ္ဇာ တဏှာ ဥပါဒါန်ဟူသော ကိလေသဝဋ်ကြောင့် သင်္ခါရ ကံဟူသော ကမ္မဝဋ်နှစ်ပါး ဖြစ်ပုံကိုလည်း သဘော ပေါက်အောင် ရှုပါ။ ထိုနောင် သင်္ခါရ ကံဟူသော ကမ္မဝဋ်တွင် ပါဝင်သော ကမ္မသတ္တိကြောင့် ဝိပါကဝဋ်တွင် အကျုံး ဝင်သော ပဋိသန္ဓေ ရူပက္ခန္ဓာ၏ ကြောင်း-ကျိုး-ဆက်နွယ်လျက် ဖြစ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ရှုပါ။ အကြောင်းကံနှင့် အကျိုးပဋိသန္ဓေကမ္မဇရုပ်တို့၏ တစ်နည်းဆိုရသော် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံထားအပ်သော အကြောင်း သင်္ခါရ ကံနှင့် အကျိုး ပဋိသန္ဓေကမ္မဇရုပ်တို့၏ အကြောင်းတရားကို စွဲမှီ၍ အကျိုးတရား၏ ဖြစ်နေပုံ သဘောကို ဉာဏ်ဖြင့် မြင်သောအခါ အောက်ပါအတိုင်း အကြောင်းတရား အကျိုးတရားတို့ကို စတင်၍ သိမ်းဆည်းပါ။

ပဋိသန္ဓေ - ရူပက္ခန္ဓာ (= ကမ္မဇရုပ် = ၃၀)

၁။ အဝိဇ္ဇာ (= ၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ရူပက္ခန္ဓာ ဖြစ်၏၊
အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ရူပက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ရူပက္ခန္ဓာ ဖြစ်၏၊
တဏှာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ရူပက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ရူပက္ခန္ဓာ ဖြစ်၏၊
ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ရူပက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ရူပက္ခန္ဓာ ဖြစ်၏၊
သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေ ရူပက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိ ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ရူပက္ခန္ဓာ ဖြစ်၏၊
ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပဋိသန္ဓေ ရူပက္ခန္ဓာက အကျိုးတရား။ [၇၆၅]
ဤသို့လျှင် အကြောင်းနှင့် အကျိုးကို ဆက်စပ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ၊ ရှုပွားပါ။

အလားတူပင် ဝေဒနာက္ခန္ဓာစသည့် နာမ်ခန္ဓာတို့၌လည်း အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် = ထင်ရှား ရှိခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ပုံကို ရှေ့ဦးစွာ ဉာဏ်ဖြင့် မြင်အောင်ကြည့်ပါ။ သမ္မာဒိဋ္ဌိ ဉာဏ်ပညာမျက်စိဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သောအခါမှ အောက်ပါအတိုင်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။

ပဋိသန္ဓေ - ဝေဒနာက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏၊
အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏၊
တဏှာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏၊
ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏၊
သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိ ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏၊
ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၃၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏၊
ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၃၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ကံ-အာရုံ) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏၊
အာရုံ (= ကံ-အာရုံ)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ (= ၃၄ - ဝေဒနာ = ၃၃) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏၊
ဖဿ (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။

ဤသို့ .. အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ သို့သော် စာနေကျဉ်းစေရန်အတွက် –အဝိဇ္ဇာ (= ၂၀)ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏၊ – ဤသို့ စသော စကားရပ်များကို ချန်လှပ်ထားခဲ့၍ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား ဤသို့ စသည်ဖြင့်သာ ဖော်ပြသွားတော့မည် ဖြစ်သည်။ သို့သော် အကြောင်းတရား အကျိုးတရားတို့ကို လက်တွေ့သိမ်းဆည်းရှုပွားရာ၌ကား အထက်ပါအတိုင်းသာ သိမ်းဆည်း ရှုပွားပါ။ နည်းမှီးနိုင်ရန်အတွက် အထက်ပါ ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ ရှုကွက်ကို အတိုရေးနည်းဖြင့် ထပ်မံ တင်ပြအပ်ပါသည်။

ပဋိသန္ဓေ - ရူပက္ခန္ဓာ (= ကမ္မဇရုပ် = ၃၀)

၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ရူပက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ရူပက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ရူပက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေ ရူပက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပဋိသန္ဓေ ရူပက္ခန္ဓာက အကျိုးတရား။

ပဋိသန္ဓေ - ဝေဒနာက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၃၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံက အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။

ရှင်းလင်းချက်များ

၁။ ဝတ္ထု – နာမ်တရားတို့သည် ခန္ဓာငါးပါးရှိသော ပဉ္စဝေါကာရဘုံ၌ မှီရာဝတ္ထုရုပ် ရှိပါမှသာလျှင် ဖြစ်နိုင်သည့် စွမ်းအားရှိကြ၏၊ မှီရာဝတ္ထုရုပ် မရှိပါက ဖြစ်နိုင်သည့် စွမ်းအားကား မရှိကြပေ။ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ အဝင်အပါ ပဋိသန္ဓေနာမ်တရားစုသည် ပဋိသန္ဓေအခိုက် မိမိနှင့်အတူ ဖြစ်သည့် ဟဒယဝတ္ထုရုပ်ကို မှီ၍သာ ဖြစ်ရ၏၊ မမှီရမူ၍ကား မဖြစ်နိုင်။ တစ်ဖန် ယင်းဟဒယဝတ္ထုရုပ်သည်လည်း မိမိချည်းသက်သက် တစ်ခုချင်း တစ်ခုတည်း မဖြစ်နိုင်၊ ရုပ်ကလာပ် ခေါ်သည့် အုပ်စုအလိုက်သာ ဖြစ်နိုင်၏၊ အထူးသဖြင့် မိမိနှင့် ကလာပ်တစ်ခုအတွင်း၌ အတူဖြစ်သော သဟဇာတ စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးနိုင်သည့် စွမ်းအားရှိသော မိမိနှင့် ကလာပ်တူ ဓာတ်ကြီးလေးပါးကို မှီတွယ်ခွင့် ရရှိပါမှသာလျှင် ဖြစ်နိုင်၏၊ မှီတွယ်ခွင့်ကို မရရှိပါက မဖြစ်နိုင်။ တစ်ဖန် ယင်းဟဒယဒသကကလာပ်သည်လည်း ပဋိသန္ဓေအခိုက်ဝယ် ကာယဒသကကလာပ် ဘာဝဒသကကလာပ်တို့နှင့် အတူတကွသာ ဖြစ်နိုင်ပေသည်။ သို့ဖြစ်ရကား သုတ္တန်နည်းအရ –

''ဝတ္ထုမည်သည်ကား ကရဇကာယတည်း။ပ။ ထိုကရဇကာယဟူသည် ပရမတ္ထတရားကိုယ် အနက်သဘော အားဖြင့် ဘူတရုပ် ဥပါဒါရုပ်တို့တည်း။ ...

ဤသို့ ဖွင့်ဆိုထားတော်မူသော အဋ္ဌကထာ[၅၉၃] ဋီကာ[၅၉၅] အဖွင့်များနှင့် အညီ ဘူတရုပ် ဥပါဒါရုပ်အားလုံးကိုပင် ရုပ်တုံးရုပ်ခဲဟူသော ရုပ်ဃနအတုံးအခဲပြိုရေး ရုပ်ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ရေးအတွက် ဝတ္ထုရုပ်အရ တရားကိုယ် ကောက်ယူရသည်၊ သိမ်းဆည်းရှုပွားရသည်။ သို့အတွက် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ၏ မှီရာဝတ္ထုရုပ်မှာ အဘိဓမ္မာနည်း အရ ဟဒယဝတ္ထုရုပ် တစ်မျိုးကိုသာ ဧကန်မှီ၍ ဖြစ်သောကြောင့် ဟဒယဝတ္ထုရုပ်တစ်မျိုးကိုသာ အရကောက်ယူရသည်။ သုတ္တန်နည်းအရ ဟဒယဝတ္ထုရုပ်နှင့်တကွ ရုပ်အမျိုးအစား (၃၀)လုံးကိုပင် ဝတ္ထုရုပ်အရ တရားကိုယ် ကောက်ယူရသည်။ သုတ္တန်နည်းကား အလုပ်လုပ်သော နည်းဖြစ်၏၊ ဃန ပြိုရေး ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ရေးကို ရှေးရှု၍ ရုပ် (၃၀)လုံးကိုပင် သိမ်းဆည်း ရှုပွားရသည်။ ထိုကြောင့် သုတ္တန်နည်းအရ ဟဒယဝတ္ထုနှင့် တကွ ရုပ်အမျိုးအစား (၃၀) လုံးသည်ပင် ဝတ္ထုရုပ်မည်သည်ဟု မှတ်ပါ။ ယင်းဝတ္ထုရုပ်ကို မှီတွယ်ခွင့် ရရှိပါမှသာလျှင် ပဋိသန္ဓေဝေဒနာက္ခန္ဓာ ဖြစ်နိုင်ပုံကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာမျက်စိဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှု၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ အရာရာတိုင်း၌ နည်းတူပင် မှတ်သားပါ။ ဤရှင်းလင်းချက်နှင့် အညီ – ဤသို့ သိမ်းဆည်းပါ။

ဝတ္ထု = ဟဒယဝတ္ထု (= ၃၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏၊
ဝတ္ထု = ဟဒယဝတ္ထု (= ၃၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၂။ အာရုံ – ပဋိသန္ဓေနာမ်တရားစုတို့၏ အာရုံမှာ အတိတ်ဘဝ မရဏာသန္နဇော၏ အာရုံ ဖြစ်ကြောင်းကို ရှင်းပြခဲ့ပြီး ဖြစ်၏၊ ယင်းအာရုံမှာ ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟု သုံးမျိုးရှိရာ ဤတွင် ကံအာရုံကို စံထား၍ ဖော်ပြ ထားပါသည်။ ကမ္မနိမိတ်အာရုံ ဂတိနိမိတ်အာရုံတို့ တစ်ခုခု ဖြစ်ခဲ့ပါမူ နည်းမှီကာ ရှုပါ။

ဝေဒနာသည် ယင်းအာရုံ၏ အရသာကိုပင် ခံစားသည်။ ခံစားစရာ အာရုံ မရှိပါက ခံစားမှု ဝေဒနာ မဖြစ်နိုင်ပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ သဘောပေါက်အောင် ရှုပါ။ အထက်တွင် ဖော်ပြခဲ့သော ပုံစံ၌ ဘုရားအား ဆွမ်းလှူသည့် အာရုံကို နမူနာအဖြစ်ဖြင့် သဘောပေါက်မြန်နိုင်ရန်အတွက်သာ ဖော်ပြထားခြင်း ဖြစ်သည်။ ယောဂါဝစရပုဂ္ဂိုလ်တို့၏ ကံတရားများမှာ များသောအားဖြင့် တစ်ဦးနှင့် တစ်ဦး တူညီမှု မရှိကြပေ။ အချို့ပုဂ္ဂိုလ်တို့၌ ဒါနကံက အကျိုးပေးနေ၏၊ အချို့ပုဂ္ဂိုလ်တို့၌ သီလကံက အကျိုးပေးနေ၏၊ အချို့ပုဂ္ဂိုလ်တို့၌ ဘာဝနာကံက အကျိုးပေးနေ၏၊ တစ်ဖန် ဒါနကံ၌လည်း ဆွမ်းလှူသည့် ဒါနကံ သင်္ကန်းလှူသည့် ဒါနကံ စသည်ဖြင့် အမျိုးမျိုး ရှိနိုင်၏၊ သီလကံ၌လည်း ငါးပါးသီလကံ၊ ရှစ်ပါးသီလကံ၊ ဆယ်ပါးသီလကံ စသည်ဖြင့် အမျိုးမျိုး ရှိနိုင်ပြန်၏၊ ဘာဝနာကံ၌လည်း ကသိုဏ်းဘာဝနာကံ၊ အသုဘ ဘာဝနာကံ၊ အာနာပါနဘာဝနာကံ၊ မေတ္တာဘာဝနာကံ၊ ဝိပဿနာဘာဝနာကံ စသည်ဖြင့် အမျိုးမျိုး ရှိနိုင်ပြန်၏၊ ထိုသို့ ကံအမျိုးမျိုး ဖြစ်နိုင်ရကား အတိတ်ဘဝ မရဏာသန္နဇော၏ အာရုံ၊ ပစ္စုပ္ပန် ပဋိသန္ဓေ ဘဝင် စုတိတို့၏ အာရုံသည်လည်း အမျိုးမျိုးပင် ဖြစ်နိုင်သည်။ အတိတ်ဘဝ မရဏာသန္နဇော၏ အာရုံ၊ လက်ရှိ ပစ္စုပ္ပန် ပဋိသန္ဓေ၏ အာရုံကို ပုံစံမှန် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် သိမြင်အောင် သိမ်းဆည်းပြီးပါမှ ထိုခံစားစရာ အာရုံရှိပါမှ ပဋိသန္ဓေအခိုက် ခံစားမှု ဝေဒနာ ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို ဤသို့ သိမ်းဆည်းပါ။

အာရုံ (= ကံ-အာရုံ) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏၊
အာရုံ (= ကံ-အာရုံ)က အကြောင်းတရား၊ ပဋိသန္ဓေ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၃။ ဖဿ – ''ဖဿသမုဒယာ ဝေဒနာသမုဒယော = ဖဿဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏'' – ဤသို့ ဟောတော် မူခြင်းမှာ ဖဿကို ဦးတည်၍ ပဓာနနည်းအားဖြင့် ဟောတော်မူခြင်း ဖြစ်သည်ဟု မှတ်ပါ။ ပဋ္ဌာန်းဒေသနာတော် မြတ်၌ကား ဤသို့ လာရှိ၏၊

စတ္တာရော ခန္ဓာ အရူပိနော အညမညံ သဟဇာတပစ္စယေန ပစ္စယော။
စတ္တာရော ခန္ဓာ အရူပိနော အညမညံ နိဿယပစ္စယေန ပစ္စယော။

''နာမ်ခန္ဓာလေးပါးသည် အချင်းချင်း သဟဇာတပစ္စယသတ္တိ နိဿယပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြု၏၊''[၇၆၆] ဤသို့ စသည်ဖြင့် အပြည့်အစုံ ဟောကြားထားတော်မူ၏၊ နာမ်တရားတို့သည် အချင်းချင်း ''ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ'' ဟူ၏သို့ အချင်းချင်း မှီလျက် ကျေးဇူးပြုနေကြသည်သာ ဖြစ်သည်။ သို့သော် အာဟာရတစ်ခုကို စားသုံးသောအခါ များများ ဝါးနိုင်လျှင် ရသဓာတ်ရည် ပို၍ ထွက်လာသဖြင့် ခံစားမှု အရသာ ပိုလာနိုင်သကဲ့သို့ စိတ္တက္ခဏတစ်ခုအတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်ပေါ်နေကြသော နာမ်တရားတို့တွင်လည်းကောင်း, စိတ္တက္ခဏ ခြားနေသည့် နာမ်တရားတို့တွင် လည်းကောင်း ဖဿက အာရုံကို ကြိတ်ခြေပေးပါက ဖဿက အသိစိတ်နှင့် အာရုံကို ဆက်သွယ်ပေးပါက ပွတ်ချုပ် ထိခိုက်ပေးပါက အာရုံ၏ ရသဓာတ်ရည်များကို ဝေဒနာ၏ ခံစားမှုမှာ ပို၍ ပိုင်ပိုင်နိုင်နိုင် ရှိလာ၏၊ သို့အတွက် ဖဿကြောင့် ဝေဒနာဖြစ်သည်ဟု ပဓာနနည်းအားဖြင့် ဟောတော်မူခြင်း ဖြစ်သည်။ သို့သော် ဖဿကား မိမိဖဿ တစ်ခုတည်း ဖြစ်နိုင်သည့် အစွမ်းသတ္တိ မရှိ၊ ကျန်ယှဉ်ဖက် သမ္ပယုတ်တရားတို့က ဝိုင်းဝန်း၍ သဟဇာတ နိဿယစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးပါမှသာလျှင် ကျန်သမ္ပယုတ်တရားတို့နှင့် အတူယှဉ်တွဲ၍သာ ဖြစ်နိုင်သည်။ ထိုကြောင့် ''တစ်နွယ်ငင် တစ်စင်ပါ''ဟူ၏သို့ ဖဿဟု ဆိုလိုက်လျှင် ယှဉ်ဖက် သမ္ပယုတ်တရားတို့လည်း ပါဝင်သည်ဟု မှတ်ပါ။

လိုရင်းမှတ်သားရန် – စိတ္တက္ခဏတစ်ခု၏ အတွင်း၌ တည်ရှိသော ယှဉ်ဖက် သမ္ပယုတ်တရားစုတို့တွင် နာမ်တရား တစ်လုံးသည် အကျိုးတရားဖြစ်ပါက = နာမ်တရားတစ်လုံးကို အကျိုးတရား၏အဖြစ် ယူ၍ ရှုပါက ကြွင်းကျန်သော နာမ်တရားတို့မှာ အကြောင်းတရားတို့ ဖြစ်ကြသည်။ ဤကား လိုရင်းမှတ်သားထားရန်တည်း။ ဤဝေဒနာက္ခန္ဓာကို နည်းမှီ၍ ကျန်နာမ်ခန္ဓာတို့၌လည်း သဘောပေါက်ပါလေ။ နာမ်တရားတို့၏ စိတ္တက္ခဏခြား၍ ကျေးဇူးပြုပုံကား နောက်တွင် ထင်ရှားလတ္တံ့။ ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားတို့၏ အချင်းချင်း တစ်ခုသည် တစ်ခုအား, တစ်နည်း ဖဿစသော နာမ်တရားအများစုက ဝေဒနာအား, တစ်နည်း – သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ သုံးပါးတို့က ဝေဒနာက္ခန္ဓာအား သဟဇာတ အညမည နိဿယစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပုံ, တစ်ခုသည် တစ်ခုကို မှီ၍ဖြစ်ပုံ, တစ်ခုနှင့်တစ်ခု ကြောင်း-ကျိုး-ဆက်နွယ်နေပုံ သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ ရှုပါ။ ဉာဏ်ဖြင့် မြင်သောအခါမှ အကြောင်းတရား အကျိုးတရားတို့ကို ဤသို့ သိမ်းဆည်းပါ။

ဖဿ (= ၃၄ - ဝေဒနာ = ၃၃) ဖြစ်ခြင်းကြောင့် ဝေဒနာက္ခန္ဓာ ဖြစ်၏၊
ဖဿ (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပဋိသန္ဓေ - သညာက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ သညာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ သညာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ သညာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေ သညာက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပဋိသန္ဓေ သညာက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ၃ = ၃၀)က အကြောင်းတရား၊ ပဋိသန္ဓေ သညာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ကံ-အာရုံ) က အကြောင်းတရား၊ ပဋိသန္ဓေ သညာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ (= ၃၄ - သညာ = ၃၃)က အကြောင်းတရား၊ ပဋိသန္ဓေ သညာက္ခန္ဓာက အကျိုးတရား။

ပဋိသန္ဓေ - သင်္ခါရက္ခန္ဓာ - (ပထမနည်း - စေတနာကို ကောက်ယူပါ။)

အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ၃ = ၃၀)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ကံ-အာရုံ)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ (= ၃၄ - စေတနာ = ၃၃)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။

ဤနည်း၌ သင်္ခါရက္ခန္ဓာအရ စေတနာကိုသာ အရကောက်ယူထားသည့် ပဓာနနည်းတည်း။ ပရမတ္ထဓာတ်သား မကြွင်းမကျန်ရအောင် နောက်တစ်နည်း ထပ်မံ ဖော်ပြအပ်ပါသည်။

ပဋိသန္ဓေ - သင်္ခါရက္ခန္ဓာ - (ဒုတိယနည်း - စေတသိက် - ၃၁-ကို ကောက်ယူပါ။)

အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ၃ = ၃၀)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ကံ-အာရုံ)က အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။
၈။ ကျန်နာမ်ခန္ဓာသုံးပါးက အကြောင်းတရား၊ ပဋိသန္ဓေ သင်္ခါရက္ခန္ဓာက အကျိုးတရား။ [၇၆၇]

ပဋိသန္ဓေ - ဝိညာဏက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ပဋိသန္ဓေ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပဋိသန္ဓေ ဝိညာဏက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန်အကြောင်းတရား (၁) ပါး
၆။ နာမ်+ရုပ်က အကြောင်းတရား၊ ပဋိသန္ဓေ ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် = ယှဉ်ဖက် စေတသိက် = ၃၃။
ရုပ် = မှီရာဝတ္ထုရုပ် (= ၃ = ၃၀) + (အာရုံရုပ်တည်း)။[၇၆၈]

တစ်ဖန် ပဋိသန္ဓေနောင် ဘဝင် (၁၅)ကြိမ် သို့မဟုတ် (၁၆)ကြိမ် ဖြစ်၍ ယင်းဘဝင်၏ နောင်၌ မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်၊ ဘဝနိကန္တိက လောဘဇော (= ဘဝသစ်ကို တွယ်တာမက်မောသော လောဘဇော) ခုနစ်ကြိမ်ဟူသော ဝီထိစိတ်အစဉ်များသည် စတင်၍ ဖြစ်ပေါ်လာ၏၊ ထိုတွင် ပထမဘဝင်စသော ဘဝင်စိတ်များအခိုက်၌ စိတ္တဇရုပ်များ ဥတုဇရုပ်များ ဖြစ်လာကြပြီဖြစ်၏၊ ပဋိသန္ဓေ၏ ဌီကာလမှ စ၍ ဥတုဇရုပ်များ စတင်ဖြစ်ကြောင်း အဆိုအမိန့်များလည်း ကျမ်းဂန်များ၌ လာရှိသည်သာ ဖြစ်သည်။ အာဟာရဇရုပ်များကား အမိစားမျိုလိုက်သော အစာအာဟာရများသည် ကိုယ်ဝန်သားငယ်၏ ခန္ဓာအိမ်အတွင်းသို့ ပျံ့နှံ့သည့်အချိန်ကာလကစ၍ ဖြစ်ပေါ်ကြ၏၊ သို့အတွက် ပဋိသန္ဓေနောင် ဘဝင်ခန္ဓာငါးပါးကို အကြောင်း-အကျိုးစပ်၍ ရှုလို သိမ်းဆည်းလိုပါက အောက်တွင် ဆက်လက်ဖော်ပြမည့် ဘဝင်ခန္ဓာ ငါးပါး ရှုကွက်တွင် အာဟာရဇရုပ်ကို ချန်လှပ်၍ ရှုပါ။ ဘဝနိကန္တိက လောဘဇောဝီထိ၌ မနောဒွါရာဝဇ္ဇန်းကို နောက်တွင် တင်ပြမည့် မနောဒွါရဝီထိများ၏ မနောဒွါရာဝဇ္ဇန်းခန္ဓာငါးပါး ရှုကွက်ကိုလည်းကောင်း၊ ဘဝနိကန္တိက လောဘဇော ခန္ဓာငါးပါး ရှုကွက်ကို နောက်တွင် ရေးသားတင်ပြမည့် မနောဒွါရဝီထိ လောဘဇောရှုကွက်ကိုလည်းကောင်း နည်းမှီ၍ ရှုပါလေ။ ယခုအခါ၌ ယောဂီသူတော်ကောင်း၏ သန္တာန်၌ ဖြစ်နေဆဲ ဘဝင်ခန္ဓာငါးပါး ရှုကွက်ကို ရေးသားတင်ပြပေအံ့။

ဘဝင် ခန္ဓာငါးပါး

၁။ လက်ရှိ ပစ္စုပ္ပန်ဘဝင်၏ မှီရာ ဟဒယ၌ တည်ရှိသော ရုပ်ကလာပ် (၇)မျိုး, ရုပ်အမျိုးအစား (၆၃)သည် ရူပက္ခန္ဓာတည်း။ (ဘဝင်၏ အာရုံသည် ရုပ်တရားဖြစ်ပါက ယင်းရုပ်တရားကိုပါ ထပ်ထည့်ပါ။)
၂။ ဘဝင်နာမ်တရား (၃၄)လုံးမှ ဝေဒနာသည် ဝေဒနာက္ခန္ဓာ မည်၏၊
၃။ ဘဝင်နာမ်တရား (၃၄)လုံးမှ သညာသည် သညာက္ခန္ဓာ မည်၏၊
၄။ ဘဝင်နာမ်တရား (၃၄)လုံးမှ စေတနာသည် သင်္ခါရက္ခန္ဓာ မည်၏၊ (ပထမနည်း။)
ဘဝင်နာမ်တရား (၃၄)လုံးမှ ကျန်စေတသိက် (၃၁)သည် သင်္ခါရက္ခန္ဓာ မည်၏၊ (ဒုတိယနည်း။)
၅။ ဘဝင်နာမ်တရား (၃၄)လုံးမှ အသိစိတ် ဝိညာဏ်သည် ဝိညာဏက္ခန္ဓာ မည်၏၊

ဘဝင် - ရူပက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ကမ္မဇရုပ်-ရူပက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ ကမ္မဇရုပ်-ရူပက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ကမ္မဇရုပ်-ရူပက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ကမ္မဇရုပ်-ရူပက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ကမ္မဇရုပ်-ရူပက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ စိတ်က အကြောင်းတရား၊ စိတ္တဇရုပ်-ရူပက္ခန္ဓာက အကျိုးတရား။
၇။ ဥတုက အကြောင်းတရား၊ ဥတုဇရုပ်-ရူပက္ခန္ဓာက အကျိုးတရား။
၈။ အာဟာရက အကြောင်းတရား၊ အာဟာရဇရုပ်-ရူပက္ခန္ဓာက အကျိုးတရား။

ဘဝင် - ဝေဒနာက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု (= ၇ = ၆၃)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ကံ-အာရုံ)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဖဿ
(က) ရှေးရှေး ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) နောက်နောက်သော သဟဇာတ ဘဝင်မနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊
ဘဝင် ဝေဒနာက္ခန္ဓာက အကျိုးတရား။[၇၆၉]

ဘဝင် - သညာက္ခန္ဓာ

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ – ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။
၈။ ဖဿ
(က) ရှေးရှေး ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဘဝင် သညာက္ခန္ဓာက အကျိုးတရား။
( ခ ) နောက်နောက်သော သဟဇာတ ဘဝင်မနောသမ္ဖဿ (= ၃၄ - သညာ = ၃၃)က အကြောင်းတရား၊
ဘဝင် သညာက္ခန္ဓာက အကျိုးတရား။

ဘဝင် - သင်္ခါရက္ခန္ဓာ (စေတနာကို ကောက်ယူပါ - ပ -)

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ – ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။
၈။ ဖဿ
(က) ရှေးရှေး ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဘဝင် သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) နောက်နောက်သော သဟဇာတ ဘဝင်မနောသမ္ဖဿ (= ၃၄ - စေတနာ = ၃၃)က အကြောင်းတရား၊
ဘဝင် သင်္ခါရက္ခန္ဓာက အကျိုးတရား။

ဘဝင် - သင်္ခါရက္ခန္ဓာ (၃၁-ကို ကောက်ယူပါ - ဒု -)

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ – ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။
၈။ ဖဿ
(က) ရှေးရှေး ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဘဝင် သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) ကျန်နာမ်ခန္ဓာသုံးပါးက အကြောင်းတရား၊ ဘဝင် သင်္ခါရက္ခန္ဓာက အကျိုးတရား။

ဘဝင် - ဝိညာဏက္ခန္ဓာ

၁။ ၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရားငါးပါး – ဝေဒနာက္ခန္ဓာနှင့် တူသည်။

ပစ္စုပ္ပန်အကြောင်းတရား (၂) ပါး
၆။ ရှေးရှေး ဘဝင်မနောသမ္ဖဿ (၃၄)က အကြောင်းတရား၊ ဘဝင် ဝိညာဏက္ခန္ဓာက အကျိုးတရား။
၇။ နာမ်+ရုပ်က အကြောင်းတရား၊ ဘဝင် ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် = ယှဉ်ဖက် စေတသိက် = ၃၃ တည်း။
ရုပ် = မှီရာဝတ္ထုရုပ်နှင့် (အာရုံရုပ်တည်း)။

––––––––––-

ရူပါရုံ (= အရောင်) လိုင်း - ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) ခန္ဓာငါးပါး

၁။ ပဉ္စဒွါရာဝဇ္ဇန်း၏ မှီရာ ဟဒယ၌ ရှိသော ရုပ် (၆၃)မျိုးနှင့် ရူပါရုံက ရူပက္ခန္ဓာ။
၂။ ပဉ္စဒွါရာဝဇ္ဇန်း - နာမ်တရား (၁၁)လုံးမှ ဝေဒနာက ဝေဒနာက္ခန္ဓာ။
၃။ ပဉ္စဒွါရာဝဇ္ဇန်း - နာမ်တရား (၁၁)လုံးမှ သညာက သညာက္ခန္ဓာ။
၄။ ပဉ္စဒွါရာဝဇ္ဇန်း - နာမ်တရား (၁၁)လုံးမှ စေတနာက သင်္ခါရက္ခန္ဓာ။ (ပထမနည်း။)
ပဉ္စဒွါရာဝဇ္ဇန်း - နာမ်တရား (၁၁)လုံးမှ ကျန်စေတသိက် (၈)လုံးက သင်္ခါရက္ခန္ဓာ။ (ဒုတိယနည်း။)
၅။ ပဉ္စဒွါရာဝဇ္ဇန်း - နာမ်တရား (၁၁)လုံးမှ အသိစိတ် ဝိညာဏ်က ဝိညာဏက္ခန္ဓာ။

ပဉ္စဒွါရာဝဇ္ဇန်း ( = ဆင်ခြင်) - ရူပက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ကမ္မဇရုပ် (၃၉) ရူပက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ ကမ္မဇရုပ် (၃၉) ရူပက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ကမ္မဇရုပ် (၃၉) ရူပက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ကမ္မဇရုပ် (၃၉) ရူပက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ကမ္မဇရုပ် (၃၉) ရူပက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ စိတ်က အကြောင်းတရား၊ စိတ္တဇရုပ် ရူပက္ခန္ဓာက အကျိုးတရား။
၇။ ဥတုက အကြောင်းတရား၊ ဥတုဇရုပ် ရူပက္ခန္ဓာက အကျိုးတရား။
၈။ အာဟာရက အကြောင်းတရား၊ အာဟာရဇရုပ် ရူပက္ခန္ဓာက အကျိုးတရား။

ပဉ္စဒွါရာဝဇ္ဇန်း ( = ဆင်ခြင်) - ဝေဒနာက္ခန္ဓာ

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထု (= ၇ = ၆၃)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ
(က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) - သညာက္ခန္ဓာ

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထု (= ၇ = ၆၃)က အကြောင်းတရား။ ပဉ္စဒွါရာဝဇ္ဇန်း သညာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သညာက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ -
(က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သညာက္ခန္ဓာက အကျိုးတရား။
( ခ ) ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (= ၁၁ - သညာ = ၁၀)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သညာက္ခန္ဓာက အကျိုးတရား။

ပဉ္စဒွါရာဝဇ္ဇန်း ( = ဆင်ခြင်) - သင်္ခါရက္ခန္ဓာ (စေတနာ - ပ -)

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထု (= ၇ = ၆၃)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ
(က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (= ၁၁ - စေတနာ = ၁၀)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သင်္ခါရက္ခန္ဓာက အကျိုးတရား။

ပဉ္စဒွါရာဝဇ္ဇန်း ( = ဆင်ခြင်) - သင်္ခါရက္ခန္ဓာ (၈-လုံး - ဒု)

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထု (= ၇ = ၆၃)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
၃။ ဖဿ
(က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) ကျန်နာမ်ခန္ဓာသုံးပါးက အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း သင်္ခါရက္ခန္ဓာက အကျိုးတရား။

ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) - ဝိညာဏက္ခန္ဓာ

ပစ္စုပ္ပန်အကြောင်းတရား (၂) ပါး
၁။ ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
၂။ နာမ်ရုပ်က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် = ယှဉ်ဖက် စေတသိက် = ၁၀။
ရုပ် = ဟဒယဝတ္ထု (= ၇ = ၆၃)နှင့် ရူပါရုံ။

––––––––––-

ရူပါရုံ (= အရောင်) လိုင်း - စက္ခုဝိညာဏ် (= မြင်သိ) ခန္ဓာငါးပါး

၁။ စက္ခုဝတ္ထု (= ၇ = ၆၃-မျိုးသော မှီရာရုပ်တရား)နှင့် ရူပါရုံက ရူပက္ခန္ဓာ။
၂။ စက္ခုဝိညာဏ် - နာမ်တရား (၈)လုံးမှ ဝေဒနာက ဝေဒနာက္ခန္ဓာ။
၃။ စက္ခုဝိညာဏ် - နာမ်တရား (၈)လုံးမှ သညာက သညာက္ခန္ဓာ။
၄။ စက္ခုဝိညာဏ် - နာမ်တရား (၈)လုံးမှ စေတနာက သင်္ခါရက္ခန္ဓာ။ (ပ)
စက္ခုဝိညာဏ် - နာမ်တရား (၈)လုံးမှ ကျန်စေတသိက် (၅)လုံးက သင်္ခါရက္ခန္ဓာ။ (ဒု)
၅။ စက္ခုဝိညာဏ် - နာမ်တရား (၈)လုံးမှ အသိစိတ် ဝိညာဏ်က ဝိညာဏက္ခန္ဓာ။

စက္ခုဝိညာဏ် (= မြင်သိ) - ရူပက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ကမ္မဇရုပ် (၃၉) ရူပက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ ကမ္မဇရုပ် (၃၉) ရူပက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ကမ္မဇရုပ် (၃၉) ရူပက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ကမ္မဇရုပ် (၃၉) ရူပက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ကမ္မဇရုပ် (၃၉) ရူပက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ စိတ်က အကြောင်းတရား၊ စိတ္တဇရုပ် ရူပက္ခန္ဓာက အကျိုးတရား။
၇။ ဥတုက အကြောင်းတရား၊ ဥတုဇရုပ် ရူပက္ခန္ဓာက အကျိုးတရား။
၈။ အာဟာရက အကြောင်းတရား၊ အာဟာရဇရုပ် ရူပက္ခန္ဓာက အကျိုးတရား။

စက္ခုဝိညာဏ် (= မြင်သိ) - ဝေဒနာက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန်အကြောင်းတရား (၅) ပါး
၆။ ဝတ္ထု = စက္ခုဝတ္ထု (= ၇ = ၆၃)က အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ စက္ခုသမ္ဖဿ (= ၈ - ဝေဒနာ = ၇)က အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၉။ အာလောက (= အရောင်အလင်း)က အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၁၀။ မနသိကာရ (= ဆင်ခြင် = ၁၁)က အကြောင်းတရား၊ မြင်သိ ဝေဒနာက္ခန္ဓာက အကျိုးတရား။

မနသိကာရ – မနသိကာရဟူသည်မှာ ဤ၌ အာရုံ (= ရူပါရုံ)ကို နှလုံးသွင်းမှု = ဆင်ခြင်မှု = ပဉ္စဒွါရာဝဇ္ဇန်း တည်း။ ယင်းကို ဝီထိပဋိပါဒကမနသိကာရဟု အဋ္ဌကထာဆရာမြတ်တို့က ခေါ်ဝေါ်သုံးစွဲတော်မူကြသည်။[၇၇၀] ဝီထိစိတ်တို့ ဖြစ်ပေါ်လာအောင် အာရုံကို နှလုံးသွင်းတတ် ရယူတတ်သော ဝီထိစိတ်တို့၏ အခြေခံ အကြောင်းရင်း တရားစုတည်း။

အာလောက – အာလောက = အရောင်အလင်းဟူသည် (၁) လရောင်, (၂) နေရောင်, (၃) မီးရောင်, (၄) ပညာရောင်ဟူသော အင်္ဂုတ္တိုရ်ပါဠိတော် စတုက္ကနိပါတ် အာဘာသုတ္တန်[၇၇၁]စသည်တို့၌ လာရှိသော အရောင်လေးမျိုး လုံးသည်ပင် ဤ၌ အာလောက မည်ပေသည်။ ယခုကဲ့သို့ မျက်စိကို မှိတ်ကာ ထိုင်လျက် တရားနှလုံးသွင်းခိုက်၌ အထူးသဖြင့် ဉာဏ်အရောင်အလင်းမှာ ပို၍ အရေးကြီးလှ၏၊ ဉာဏ်အရောင်အလင်း မရှိပါက ရုပ်ကလာပ်တို့ကို လည်းကောင်း, ရုပ်ကလာပ်တို့၏ အရောင်အဆင်းကိုလည်းကောင်း, ပရမတ်ရုပ်တရားတို့ကိုလည်းကောင်း, ပရမတ် နာမ်တရားတို့ကိုလည်းကောင်း, အကြောင်းတရား အကျိုးတရားတို့ကိုလည်းကောင်း, အကြောင်းတရားနှင့်တကွသော ယင်းရုပ်နာမ်ဓမ္မသင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့ကိုလည်းကောင်း မသိမြင်နိုင်ပေ။ ဝိပဿနာဉာဏ်ဖြစ်ခိုက် မဟုတ်လျှင် သို့မဟုတ် စွမ်းအင်ပြည့်ဝသော သမထဘာဝနာ ဝိပဿနာ ဘာဝနာကို နှလုံးသွင်းခိုက် မဟုတ်လျှင် ပကတိ မံသမျက်စိဖြင့် ရူပါရုံကို မြင်ခိုက်၌ လရောင် နေရောင် မီးရောင်ဟူသော အရောင်အလင်း သုံးမျိုးတို့တွင် တစ်မျိုးမျိုးသည် စက္ခုဝိညာဏ် နာမ်တရားစု၏ အကြောင်းတရား ဖြစ်ပေသည်။ စက္ခုဝိညာဏ်၏ အကြောင်းတရားများကို အဋ္ဌသာလိနီအဋ္ဌကထာ[၇၇၂]၌ (၄)မျိုး ဖော်ပြထား၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းတရားကို ထည့်သွင်း၍ မဖွင့်ဆိုထားပေ။ သို့သော် – ဖဿသမုဒယာ ဝေဒနာသမုဒယော[၇၇၃] = ဖဿ ဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်၏၊ –– ဤသို့ စသော ဒေသနာတော်များနှင့် အညီ ဤ၌ စက္ခုသမ္ဖဿကိုပါ ထည့်သွင်း၍ ပစ္စုပ္ပန်အကြောင်းတရားများကို (၅)မျိုး ဖော်ပြထားပါသည်။

စက္ခုဝိညာဏ် (= မြင်သိ) - သညာက္ခန္ဓာ

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၉။ ၁၀။ အကြောင်းတရားတို့သည် ဝေဒနာက္ခန္ဓာနှင့် အားလုံး တူညီကြသည်။

၈။ စက္ခုသမ္ဖဿ (= ၈ - သညာ = ၇)က အကြောင်းတရား၊ မြင်သိ သညာက္ခန္ဓာက အကျိုးတရား။

စက္ခုဝိညာဏ် ( = မြင်သိ) - သင်္ခါရက္ခန္ဓာ (စေတနာ - ပ -)

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၉။ ၁၀။ အကြောင်းတရားတို့သည် ဝေဒနာက္ခန္ဓာနှင့် အားလုံး တူညီကြသည်။
၈။ စက္ခုသမ္ဖဿ (= ၈ - စေတနာ = ၇)က အကြောင်းတရား၊ မြင်သိ သင်္ခါရက္ခန္ဓာက အကျိုးတရား။

စက္ခုဝိညာဏ် (= မြင်သိ) - သင်္ခါရက္ခန္ဓာ (၅-လုံးကို ယူပါ။ - ဒု -)

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ ၉။ ၁၀။ အကြောင်းတရားတို့သည် ဝေဒနာက္ခန္ဓာနှင့် အားလုံး တူညီကြသည်။
၈။ ကျန်နာမ်ခန္ဓာ (၃)ပါးက အကြောင်းတရား၊ မြင်သိ သင်္ခါရက္ခန္ဓာက အကျိုးတရား။

စက္ခုဝိညာဏ် (= မြင်သိ) - ဝိညာဏက္ခန္ဓာ

၁။၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရားတို့သည် ဝေဒနာက္ခန္ဓာနှင့် အားလုံး တူညီကြသည်။

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ နာမ်+ရုပ်က အကြောင်းတရား၊ မြင်သိ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၇။ အာလောကက အကြောင်းတရား၊ မြင်သိ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၈။ မနသိကာရ (= ဆင်ခြင် = ၁၁)က အကြောင်းတရား၊ မြင်သိ ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် = ယှဉ်ဖက် စေတသိက် (၇)လုံး။ (ယှဉ်ဖက် စေတသိက် ခုနစ်လုံး၌ ဖဿလည်း ပါဝင်၏၊) 
ရုပ် = မှီရာဝတ္ထုရုပ် (= ၇ = ၆၃) နှင့် ရူပါရုံ။

––––––––––-

ရူပါရုံ (= အရောင်) လိုင်း - သမ္ပဋိ စ္ဆိုင်း (= လက်ခံ) ခန္ဓာငါးပါး

၁။ သမ္ပဋိစ္ဆိုင်း၏ မှီရာ ဟဒယဝတ္ထုနှင့် တကွသော ရုပ် (၇ = ၆၃)မျိုးနှင့် ရူပါရုံက ရူပက္ခန္ဓာ။
၂။ သမ္ပဋိစ္ဆိုင်းနာမ်တရား (၁၁)လုံးမှ ဝေဒနာက ဝေဒနာက္ခန္ဓာ။
၃။ သမ္ပဋိစ္ဆိုင်းနာမ်တရား (၁၁)လုံးမှ သညာက သညာက္ခန္ဓာ။
၄။ သမ္ပဋိစ္ဆိုင်းနာမ်တရား (၁၁)လုံးမှ စေတနာက သင်္ခါရက္ခန္ဓာ။ (ပထမနည်း။)
သမ္ပဋိစ္ဆိုင်းနာမ်တရား (၁၁)လုံးမှ ကျန်စေတသိက် (၈)လုံးက သင်္ခါရက္ခန္ဓာ။ (ဒုတိယနည်း။)
၅။ သမ္ပဋိစ္ဆိုင်းနာမ်တရား (၁၁)လုံးမှ အသိစိတ်ဝိညာဏ်က ဝိညာဏက္ခန္ဓာ။
သမ္ပဋိစ္ဆိုင်း ရူပက္ခန္ဓာကို ပဉ္စဒွါရာဝဇ္ဇန်း - ရူပက္ခန္ဓာနှင့် နည်းတူ ရှုပါ။

သမ္ပဋိ စ္ဆိုင်း ( = လက်ခံ) - ဝေဒနာက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (=၂၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု = ဟဒယဝတ္ထု (= ၇ = ၆၃)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၀) (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

သမ္ပဋိ စ္ဆိုင်း ( = လက်ခံ) - သညာက္ခန္ဓာ

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ – ဝေဒနာက္ခန္ဓာနှင့် နည်းတူရှုပါ။
၈။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သညာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၀) (= ၁၁ - သညာ = ၁၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သညာက္ခန္ဓာက အကျိုးတရား။

သမ္ပဋိ စ္ဆိုင်း (= လက်ခံ) - သင်္ခါရက္ခန္ဓာ (စေတနာ - ပ -)

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ – ဝေဒနာက္ခန္ဓာနှင့် နည်းတူရှုပါ။
၈။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၀) (= ၁၁ - စေတနာ = ၁၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။

သမ္ပဋိ စ္ဆိုင်း ( = လက်ခံ) - သင်္ခါရက္ခန္ဓာ (၈-လုံး - ဒု -)

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ – ဝေဒနာက္ခန္ဓာနှင့် နည်းတူရှုပါ။
၈။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) ကျန်နာမ်ခန္ဓာသုံးပါးက အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။

သမ္ပဋိ စ္ဆိုင်း (= လက်ခံ) - ဝိညာဏက္ခန္ဓာ

၁။၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရားများကို ဝေဒနာက္ခန္ဓာအတိုင်း ရှုပါ။
၆။ စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
၇။ သမ္ပဋိစ္ဆိုင်း နာမ်+ရုပ်က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် = သမ္ပဋိစ္ဆိုင်းစိတ်နှင့် ယှဉ်ဖက် စေတသိက် (၁၀)တည်း။
ရုပ် = ဟဒယဝတ္ထုရုပ်နှင့် တကွသော ရုပ် (၇ = ၆၃)နှင့် ရူပါရုံတည်း။

––––––––––-

ရူပါရုံ (= အရောင်) လိုင်း - သန္တီရဏ (= စုံစမ်း) ခန္ဓာငါးပါး

၁။ သန္တီရဏ၏ မှီရာ ဟဒယဝတ္ထုနှင့် တကွသော ရုပ် (၇ = ၆၃)မျိုးနှင့် ရူပါရုံက ရူပက္ခန္ဓာ။
၂။ သန္တီရဏ နာမ်တရား (၁၂)လုံးမှ ဝေဒနာက ဝေဒနာက္ခန္ဓာ။
၃။ သန္တီရဏ နာမ်တရား (၁၂)လုံးမှ သညာက သညာက္ခန္ဓာ။
၄။ သန္တီရဏ နာမ်တရား (၁၂)လုံးမှ စေတနာက သင်္ခါရက္ခန္ဓာ။ (ပ)
သန္တီရဏ နာမ်တရား (၁၂)လုံးမှ ကျန်စေတသိက် (၉)လုံးက သင်္ခါရက္ခန္ဓာ။ (ဒု)
၅။ သန္တီရဏ နာမ်တရား (၁၂ )လုံးမှ အသိစိတ် ဝိညာဏ်က ဝိညာဏက္ခန္ဓာ။[၇၇၄]

သန္တီရဏ ( = စုံစမ်း) - ဝေဒနာက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု = ဟဒယဝတ္ထု (= ၇ = ၆၃)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) သန္တီရဏမနောသမ္ဖဿ (= ၁၁/၁၀) (= ၁၂ - ဝေဒနာ = ၁၁/ ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

သန္တီရဏ (= စုံစမ်း) - သညာက္ခန္ဓာ

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ – ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။
၈။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ သညာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ သညာက္ခန္ဓာက အကျိုးတရား။
( ဂ ) သန္တီရဏမနောသမ္ဖဿ (= ၁၁/၁၀) (= ၁၂ - သညာ = ၁၁/ ၁၁ - သညာ = ၁၀)က အကြောင်းတရား၊ သန္တီရဏ သညာက္ခန္ဓာက အကျိုးတရား။

သန္တီရဏ ( = စုံစမ်း) - သင်္ခါရက္ခန္ဓာ (စေတနာ - ပ -)

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ – ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။
၈။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ သင်္ခါရက္ခန္ဓာကအကျိုးတရား။
( ဂ ) သန္တီရဏမနောသမ္ဖဿ (= ၁၁/၁၀) (= ၁၂ - စေတနာ = ၁၁/ ၁၁ - စေတနာ = ၁၀)က အကြောင်းတရား၊ သန္တီရဏ သင်္ခါရက္ခန္ဓာက အကျိုးတရား။

သန္တီရဏ (= စုံစမ်း) - သင်္ခါရက္ခန္ဓာ (၉/၈ - ဒု -)

၁။ ၂။ ၃။ ၄။ ၅။ ၆။ ၇။ – ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။
၈။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ဂ ) ကျန်နာမ်ခန္ဓာသုံးပါးက အကြောင်းတရား၊ သန္တီရဏ သင်္ခါရက္ခန္ဓာက အကျိုးတရား။

သန္တီရဏ (= စုံစမ်း) - ဝိညာဏက္ခန္ဓာ

၁။ ၂။ ၃။ ၄။ ၅။ – ဝေဒနာက္ခန္ဓာနှင့် အားလုံးတူသည်။
၆။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ ဝိညာဏက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၇။ သန္တီရဏ နာမ်+ရုပ်က အကြောင်းတရား၊ သန္တီရဏ ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် = ယှဉ်ဖက် စေတသိက် (သောမနဿဖြစ်လျှင် - ၁၁၊ ဥပေက္ခာဖြစ်လျှင် - ၁၀)။
ရုပ် = မှီရာ ဟဒယဝတ္ထုရုပ်နှင့် တကွသော (၇ = ၆၃)မျိုးသောရုပ်နှင့် ရူပါရုံ။

––––––––––-

ရူပါရုံ (အရောင်) လိုင်း - ဝုဋ္ဌော (= ဆုံးဖြတ်) ခန္ဓာငါးပါး

၁။ ဝုဋ္ဌော၏မှီရာ ဟဒယဝတ္ထုရုပ်နှင့် တကွသော (၇ = ၆၃)မျိုးသောရုပ်နှင့် ရူပါရုံက ရူပက္ခန္ဓာ။
၂။ ဝုဋ္ဌောနာမ်တရား (၁၂ )လုံးမှ ဝေဒနာက ဝေဒနာက္ခန္ဓာ။
၃။ ဝုဋ္ဌောနာမ်တရား (၁၂ )လုံးမှ သညာက သညာက္ခန္ဓာ။
၄။ ဝုဋ္ဌောနာမ်တရား (၁၂ )လုံးမှ စေတနာက သင်္ခါရက္ခန္ဓာ။ (ပ)
ဝုဋ္ဌောနာမ်တရား (၁၂ )လုံးမှ ကျန်စေတသိက် (၉)လုံးက သင်္ခါရက္ခန္ဓာ။ (ဒု)
၅။ ဝုဋ္ဌောနာမ်တရား (၁၂ )လုံးမှ အသိစိတ် ဝိညာဏ်က ဝိညာဏက္ခန္ဓာ။[၇၇၅]

ဝုဋ္ဌော (= ဆုံးဖြတ်) - ဝေဒနာက္ခန္ဓာ

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ဝုဋ္ဌော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဝုဋ္ဌော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဝုဋ္ဌော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သန္တီရဏ မနောသမ္ဖဿ (= ၁၂/၁၁)က အကြောင်းတရား၊ ဝုဋ္ဌော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ဝုဋ္ဌော မနောသမ္ဖဿ (= ၁၂ - ဝေဒနာ = ၁၁)က အကြောင်းတရား၊ ဝုဋ္ဌော ဝေဒနာက္ခန္ဓာက အကျိုးတရား။

ဝုဋ္ဌော (= ဆုံးဖြတ်) - သညာက္ခန္ဓာ

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ဝုဋ္ဌော သညာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဝုဋ္ဌော သညာက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဝုဋ္ဌော သညာက္ခန္ဓာက အကျိုးတရား။
( ခ ) သန္တီရဏ မနောသမ္ဖဿ (= ၁၂/၁၁)က အကြောင်းတရား၊ ဝုဋ္ဌော သညာက္ခန္ဓာက အကျိုးတရား။
( ဂ ) ဝုဋ္ဌော မနောသမ္ဖဿ (= ၁၂ - သညာ = ၁၁)က အကြောင်းတရား၊ ဝုဋ္ဌော သညာက္ခန္ဓာက အကျိုးတရား။

ဝုဋ္ဌော (= ဆုံးဖြတ်) - သင်္ခါရက္ခန္ဓာ (စေတနာ - ပ -)

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထု (= ၇ = ၆၃)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) သန္တီရဏ မနောသမ္ဖဿ (= ၁၂/၁၁)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ဂ ) ဝုဋ္ဌော မနောသမ္ဖဿ (= ၁၂ - စေတနာ = ၁၁)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။

ဝုဋ္ဌော (= ဆုံးဖြတ်) - သင်္ခါရက္ခန္ဓာ (၉ - လုံး - ဒု -)

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထု (= ၇ = ၆၃)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) သန္တီရဏ မနောသမ္ဖဿ (= ၁၂/၁၁)က အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ဂ ) ကျန်နာမ်ခန္ဓာသုံးပါးက အကြောင်းတရား၊ ဝုဋ္ဌော သင်္ခါရက္ခန္ဓာက အကျိုးတရား။

ဝုဋ္ဌော (= ဆုံးဖြတ်) - ဝိညာဏက္ခန္ဓာ

ပစ္စုပ္ပန်အကြောင်းတရား (၂) ပါး
၁။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဝုဋ္ဌော ဝိညာဏက္ခန္ဓာက အကျိုးတရား။
( ခ ) သန္တီရဏ မနောသမ္ဖဿ (= ၁၂/၁၁)က အကြောင်းတရား၊ ဝုဋ္ဌော ဝိညာဏက္ခန္ဓာက အကျိုးတရား။
၂။ ဝုဋ္ဌော နာမ်+ရုပ်က အကြောင်းတရား၊ ဝုဋ္ဌော ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် = ဝုဋ္ဌောနှင့် ယှဉ်ဖက် စေတသိက် = ၁၁။
ရုပ် = ဟဒယဝတ္ထုရုပ်နှင့် တကွသော ရုပ် (၇ = ၆၃)မျိုးနှင့် ရူပါရုံ။

––––––––––-

ဇဝနပဋိပါဒက-မနသိကာရ

ဤဝုဋ္ဌော၏ ဆုံးဖြတ်ချက်မှာ အာရုံကို ဣဋ္ဌ-အနိဋ္ဌ စသည်ဖြင့် ဆုံးဖြတ်သော ဆုံးဖြတ်ချက်မျိုးဖြစ်လျှင် နှလုံး သွင်းမှားမှု = အယောနိသောမနသိကာရ ဖြစ်၍ ယင်းဝုဋ္ဌော၏ နောင်၌ အကုသိုလ်ဇောများ ထိုက်သလို စောကြမည် ဖြစ်သည်။ သို့သော် ပဉ္စဒွါရဝီထိများ၌ ပါဝင်သော ဝုဋ္ဌောမှာ အာရုံကို ဣဋ္ဌ-အနိဋ္ဌ-နိစ္စ-သုခ-အတ္တ-သုဘ စသည်ဖြင့် တကယ်တမ်း ဆုံးဖြတ်ချက် ချနိုင်သည်ကား မဟုတ်ပေ။ ရှေးရှေးသော မနောဒွါရဝီထိများက အာရုံကို ဣဋ္ဌ-အနိဋ္ဌနိစ္စ-သုခ-အတ္တ-သုဘစသည်ဖြင့် ကြိမ်ဖန်များစွာ ဆုံးဖြတ်ချက်ချပြီးနောက် ပဉ္စဒွါရဝီထိများ ထပ်မံ ဖြစ်ပေါ်လာကြရာ ဝယ် ရှေးရှေးသော ယင်းမနောဒွါရဝီထိများက အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးလိုက်ကြ သဖြင့် နောက်နောက်သော ယင်းပဉ္စဒွါရဝီထိများတွင် ပါဝင်သော ဝုဋ္ဌောက အာရုံကို ဣဋ္ဌ-အနိဋ္ဌ-နိစ္စ-သုခ-အတ္တသုဘ စသည်ဖြင့် ဆုံးဖြတ်သကဲ့သို့သော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာ၏၊ အယောနိသောမနသိကာရပင်တည်း။ ယင်းအယောနိသောမနသိကာရကို အကြောင်းခံ၍ ယင်းဝုဋ္ဌော၏ နောင်၌ အကုသိုလ်ဇောများ စောကြရလေသည်။ တစ်ဖန် ယင်းဝုဋ္ဌော၏ ဆုံးဖြတ်ချက်မှာ ရူပါရုံအရောင်ကို ရူပါရုံအရောင် စသည်ဖြင့် ဆုံးဖြတ်မှုမျိုးဖြစ်မူ ယောနိသော မနသိကာရဖြစ်၍ ယင်းဝုဋ္ဌော၏ နောင်၌ ကုသိုလ်ဇောများ စောမည်ဖြစ်သည်။ ဤ၌လည်း ဝုဋ္ဌောက ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်နိုင်သည်ကား မဟုတ်၊ ဆုံးဖြတ်သကဲ့သို့သာ ဖြစ်သည်ဟု မှတ်ပါ။ သို့အတွက် ယင်း ဝုဋ္ဌောကိုပင် ဇဝနပဋိပါဒက မနသိကာရ = ဇော၏ အခြေခံ အကြောင်းရင်းဖြစ်သည့် အာရုံကို နှလုံးသွင်းမှုဟု ခေါ်ဆိုပေသည်၊၊[၇၇၆] ဤ၌ ယောနိသော မနသိကာရကို အကြောင်းခံ၍ ဖြစ်ပေါ်လာကြသော ကုသိုလ်ဇောများ၌ အကြောင်းအကျိုးစပ်၍ သိမ်းဆည်းပုံကို ရှေးဦးစွာ ရေးသားတင်ပြပေအံ့ ..။

ရူပါရုံ (= အရောင်) လိုင်း - ကုသိုလ် ပထမဇော ခန္ဓာငါးပါး

၁။ ကုသိုလ်ပထမဇော၏ မှီရာ ဟဒယဝတ္ထုနှင့် တကွသော ရုပ် (၇ = ၆၃) မျိုးနှင့် ရူပါရုံက ရူပက္ခန္ဓာ။
၂။ ပထမဇော နာမ်တရား (၃၄)မှ ဝေဒနာက ဝေဒနာက္ခန္ဓာ။
၃။ ပထမဇော နာမ်တရား (၃၄)မှ သညာက သညာက္ခန္ဓာ။
၄။ ပထမဇော နာမ်တရား (၃၄)မှ စေတနာက သင်္ခါရက္ခန္ဓာ။ (ပ)
ပထမဇော နာမ်တရား (၃၄)မှ ကျန်စေတသိက် (၃၁)လုံးက သင်္ခါရက္ခန္ဓာ။ (ဒု)
၅။ ပထမဇော နာမ်တရား (၃၄)မှ အသိစိတ် = ဝိညာဏ်က ဝိညာဏက္ခန္ဓာ။[၇၇၇]

မဟာကုသိုလ် ပထမဇော - ဝေဒနာက္ခန္ဓာ

ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထု (= ၇ = ၆၃)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂ )က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

မဟာကုသိုလ် ပထမဇော - သညာက္ခန္ဓာ

ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ပထမဇော သညာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမဇော သညာက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမဇော သညာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၄ - သညာ = ၃၃)က အကြောင်းတရား၊ ပထမဇော သညာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂ )က အကြောင်းတရား၊ ပထမဇော သညာက္ခန္ဓာက အကျိုးတရား။

မဟာကုသိုလ် ပထမဇော - သင်္ခါရက္ခန္ဓာ (စေတနာ - ပ -)

ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၄ - စေတနာ = ၃၃)က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂ )က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။

မဟာကုသိုလ် ပထမဇော - သင်္ခါရက္ခန္ဓာ (၃၁-လုံး - ဒု )

ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) ကျန်နာမ်ခန္ဓာ (၃)ပါးက အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂ )က အကြောင်းတရား၊ ပထမဇော သင်္ခါရက္ခန္ဓာက အကျိုးတရား။

မဟာကုသိုလ် ပထမဇော - ဝိညာဏက္ခန္ဓာ

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
၂။ နာမ်-ရုပ်က အကြောင်းတရား၊ ပထမဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
၃။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂)က အကြောင်းတရား၊ ပထမဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် = ယှဉ်ဖက် စေတသိက် = ၃၃။
ရုပ် = မှီရာ ဟဒယဝတ္ထုရုပ်နှင့် တကွသော ရုပ် (၇ = ၆၃)နှင့် ရူပါရုံ။[၇၇၈]

မဟာကုသိုလ် ဒုတိယဇော - ဝေဒနာက္ခန္ဓာ

ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထု (= ၇ = ၆၃)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ဒုတိယဇော မနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂ )က အကြောင်းတရား၊ ဝေဒနာက္ခန္ဓာက အကျိုးတရား။

၁။ တတိယဇော၏ အနန္တရအကြောင်းမှာ ဒုတိယဇော၊
၂။ စတုတ္ထဇော၏ အနန္တရအကြောင်းမှာ တတိယဇော၊
၃။ ပဉ္စမဇော၏ အနန္တရအကြောင်းမှာ စတုတ္ထဇော၊
၄။ ဆဋ္ဌဇော၏ အနန္တရအကြောင်းမှာ ပဉ္စမဇော၊
၅။ သတ္တမဇော၏ အနန္တရအကြောင်းမှာ ဆဋ္ဌဇော၊
၆။ ပထမတဒါရုံ၏ အနန္တရအကြောင်းမှာ သတ္တမဇော၊
၇။ ဒုတိယတဒါရုံ၏ အနန္တရအကြောင်းမှာ ပထမတဒါရုံ –
ဤသို့ စသည်ဖြင့် - အထက်ပါ (၃) (ခ)၌ သဘောပေါက်ပါ။

ရူပါရုံ (= အရောင်) လိုင်း - တဒါရုံ ခန္ဓာငါးပါး

၁။ တဒါရုံ၏ မှီရာ ဟဒယဝတ္ထုရုပ်နှင့် တကွသော ရုပ် (၇ = ၆၃)မျိုးနှင့် ရူပါရုံက ရူပက္ခန္ဓာ။
၂။ မဟာဝိပါက်တဒါရုံနာမ်တရား (၃၄)မှ ဝေဒနာက ဝေဒနာက္ခန္ဓာ။
၃။ မဟာဝိပါက်တဒါရုံနာမ်တရား (၃၄)မှ သညာက သညာက္ခန္ဓာ။
၄။ မဟာဝိပါက်တဒါရုံနာမ်တရား (၃၄)မှ စေတနာက သင်္ခါရက္ခန္ဓာ။ (ပ)
မဟာဝိပါက်တဒါရုံနာမ်တရား (၃၄)မှ ကျန်စေတသိက် (၃၁)က သင်္ခါရက္ခန္ဓာ။ (ဒု)
၅။ မဟာဝိပါက်တဒါရုံနာမ်တရား (၃၄)မှ အသိစိတ် (= ဝိညာဏ်)က ဝိညာဏက္ခန္ဓာ။
တဒါရုံ ရူပက္ခန္ဓာကို ပဉ္စဒွါရာဝဇ္ဇန်း ရူပက္ခန္ဓာနှင့် နည်းတူ ရှုပါ။

မဟာဝိပါက် ပထမတဒါရုံ - ဝေဒနာက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သတ္တမဇော မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ပထမတဒါရုံ မနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ ပထမတဒါရုံ ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပထမတဒါရုံ သညာက္ခန္ဓာ – ၈။ (ဂ) ပထမတဒါရုံ မနောသမ္ဖဿ = ၃၄-သညာ = ၃၃။
ပထမတဒါရုံ သင်္ခါရက္ခန္ဓာ – ၈။ (ဂ) ပထမတဒါရုံ မနောသမ္ဖဿ = ၃၄-စေတနာ = ၃၃ - (ပ)။
ပထမတဒါရုံ သင်္ခါရက္ခန္ဓာ – ၈။ (ဂ) ကျန်နာမ်ခန္ဓာသုံးပါး = (ဝေဒနာ-သညာ-ဝိညာဏ်) - (ဒု)။
ဤမျှသာထူးသည်၊ ဝေဒနာက္ခန္ဓာကို နည်းမှီ၍ ရှုပါ။

မဟာဝိပါက် ပထမတဒါရုံ - ဝိညာဏက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ပထမတဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)ကအကြောင်းတရား၊ ပထမတဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ပထမတဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန်အကြောင်းတရား (၂) ပါး
၆။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမတဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။
( ခ ) သတ္တမဇော မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပထမတဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။
၇။ ပထမတဒါရုံ နာမ်ရုပ်က အကြောင်းတရား၊ ပထမတဒါရုံ ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် = ယှဉ်ဖက် စေတသိက် = ၃၃။
ရုပ် = မှီရာဟဒယဝတ္ထုရုပ်နှင့် တကွသော ရုပ် (၇ = ၆၃)မျိုးနှင့် ရူပါရုံ။

အကယ်၍ မဟာဝိပါက်တဒါရုံသည် ဥပေက္ခာဝေဒနာဖြစ်လျှင် ပီတိ မယှဉ်၊ နာမ်တရား (၃၃)ဖြစ်သည်။ ဉာဏ်မယှဉ်လျှင် ဉာဏ်မပါသဖြင့် နာမ်တရား (၃၃)ဖြစ်သည်။ ဉာဏ်-ပီတိနှစ်မျိုးလုံး မယှဉ်သော် နာမ်တရား (၃၂) ဖြစ်သည်။ သောမနဿ-ဥပေက္ခာ-ဉာဏသမ္ပယုတ်-ဉာဏဝိပ္ပယုတ်သို့ လိုက်၍ နာမ်တရားအရေအတွက် ကွဲပြားခြင်း ဖြစ်သည်။ စေတသိက်အရေအတွက်သို့ လိုက်၍ သင်္ခါရက္ခန္ဓာ ဒုတိယနည်း၌ စေတသိက်အရေအတွက် အတိုးအဆုတ် ရှိသည်။ အကယ်၍ တဒါရုံသည် အဟိတ် ကုသလဝိပါက် သောမနဿသန္တီရဏတဒါရုံ ဖြစ်အံ့၊ နာမ်တရား (၁၂ ) ဖြစ်သည်။ အဟိတ် ကုသလဝိပါက် ဥပေက္ခာသန္တီရဏတဒါရုံ ဖြစ်အံ့၊ နာမ်တရား (၁၁)ဖြစ်သည်။ အဟိတ် အကုသလ ဝိပါက် ဥပေက္ခာသန္တီရဏတဒါရုံ ဖြစ်အံ့၊ နာမ်တရား (၁၁)ပင် ဖြစ်သည်။ အကယ်၍ အဟိတ်တဒါရုံဖြစ်လျှင် သင်္ခါရက္ခန္ဓာ ဒုတိယနည်း၌သာ စေတသိက်အရေအတွက် ကွဲပြားနိုင်သည်။ နည်းမှီး၍ ရှုပါ။ ဒုတိယတဒါရုံ၏ အနန္တရအကြောင်း တရားမှာ ပထမတဒါရုံဖြစ်သဖြင့် - ၈။ (ခ) မနောသမ္ဖဿ၌ နာမ်တရားအရေအတွက်မှာ (၃၄/၃၃/၃၃/၃၂/ ၁၂/၁၁/၁၁) ဤသို့ ထိုက်သလို အပြောင်းအလဲ ရှိနိုင်သည်။ သတိပြု၍ နည်းမှီ၍သာ သိမ်းဆည်းရှုပွားပါလေ။

––––––––––-

ရူပါရုံကို အာရုံယူသည့် မနောဒွါရဝီထိများ

ဤတွင် ကုသိုလ်ဇောများ စောသည့် စက္ခုဒွါရဝီထိအတွင်းဝယ် ဝီထိစိတ္တက္ခဏတိုင်း၌ တည်ရှိသော ခန္ဓာ ငါးပါးတို့ကို အကြောင်း-အကျိုး ဆက်စပ်၍ ရှုနည်း သိမ်းဆည်းနည်းကို အရိပ်အမြွက် ရေးသားတင်ပြပြီးလေပြီ။ ဤနည်းစနစ်ကိုပင် နည်းမှီး၍ ကြွင်းကျန်သော ကုသိုလ်ဇောစောသည့် စက္ခုဒွါရဝီထိ နာမ်တရားစုတို့၌ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရှုပွားနိုင်လောက်ပေပြီ။ တစ်ဖန် စက္ခုဒွါရဝီထိ၏နောင်၌ ဘဝင်များ ခြားလျက် ရူပါရုံကိုပင် ဆက်လက်၍ အာရုံယူသည့် မနောဒွါရဝီထိစိတ်အစဉ်များသည်လည်း ဆက်လက် ဖြစ်ပေါ်လာကြ၏၊ ထိုတွင် ဘဝင်ခန္ဓာ ငါးပါးတို့ကို ရှေ့တွင် ရေးသားတင်ပြခဲ့သော ဘဝင် ခန္ဓာငါးပါးအတိုင်းပင် သိမ်းဆည်း ရှုပွားပါ။ မနောဒွါရာဝဇ္ဇန်းနှင့် ဇောတို့တွင် ဝေဒနာက္ခန္ဓာတစ်ခုစီကို ပုံစံအဖြစ် ဆက်လက်၍ ရေးသားတင်ပြအပ်ပါသည်။ မနောဒွါရာဝဇ္ဇန်း၌ ခန္ဓာငါးပါး ဖွဲ့ပုံသည် ဝုဋ္ဌော၌ ခန္ဓာငါးပါး ဖွဲ့ပုံနှင့် တူပြီ။ ဇော တဒါရုံတို့၌ ခန္ဓာငါးပါး ဖွဲ့ပုံသည်လည်း စက္ခုဒွါရဝီထိ ဇော တဒါရုံတို့၌ ခန္ဓာငါးပါး ဖွဲ့ပုံနှင့် ပုံစံတူလေပြီ။

မနောဒွါရာဝဇ္ဇန်း - ဝေဒနာက္ခန္ဓာ

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) မနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (= ၁၂ - ဝေဒနာ = ၁၁)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

မဟာကုသိုလ် ပထမဇော - ဝေဒနာက္ခန္ဓာ

ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ပထမဇော မနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= မနောဒွါရာဝဇ္ဇန်း = ၁၂)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

မဟာကုသိုလ် ဒုတိယဇော - ဝေဒနာက္ခန္ဓာ 

ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး 
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ပထမဇော မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
(ဃ) ဒုတိယဇော မနောသမ္ဖဿ (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= မနောဒွါရာဝဇ္ဇန်း = ၁၂)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

ကြွင်းကျန်သော ခန္ဓာတို့၌လည်းကောင်း ကြွင်းကျန်သော ဇောနှင့် တဒါရုံတို့၌လည်းကောင်း ဤအထက်တွင် ရေးသားတင်ပြခဲ့သော နည်းစနစ်များကိုပင် နည်းမှီ၍ သိမ်းဆည်း ရှုပွားပါလေ။ သဘောပေါက်သင့်ပေပြီ။

ရှင်းလင်းချက်များ - စက္ခုသမ္ဖဿ + မနောသမ္ဖဿ 

အပရိဇာနနသုတ္တန်[၇၇၉]စသည့် သံယုတ်ပါဠိတော်တစ်လျှောက်၌ ဘုရားရှင်သည် စက္ခုသမ္ဖဿပစ္စယာ ဝေဒနာ (စက္ခုသမ္ဖဿဇာ ဝေဒနာ) စသည့် ဖဿ (၆)မျိုးကြောင့် ဝေဒနာ (၆)မျိုး ဖြစ်ပုံတို့ကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဟောကြားထားတော်မူ၏၊

စက္ခုဝိညာဏ်နှင့် ယှဉ်သော စက္ခုသမ္ဖဿကို အကြောင်းခံ၍ ဖြစ်ပေါ်လာကြကုန်သော ..
၁။ ပဉ္စဒွါရာဝဇ္ဇန်းနှင့် ယှဉ်သော ဝေဒနာ,
၂။ စက္ခုဝိညာဏ်နှင့် ယှဉ်သော ဝေဒနာ,
၃။ သမ္ပဋိ စ္ဆိုင်းနှင့် ယှဉ်သော ဝေဒနာ,
၄။ သန္တီရဏနှင့် ယှဉ်သော ဝေဒနာ,
၅။ ဝုဋ္ဌောနှင့် ယှဉ်သော ဝေဒနာ,
၆။ (က) ကာမာဝစရကုသိုလ်ဇောနှင့် ယှဉ်သော ဝေဒနာ,
( ခ ) အကုသိုလ်ဇောနှင့် ယှဉ်သော ဝေဒနာ,
( ဂ ) ကာမာဝစရကြိယာဇောနှင့် ယှဉ်သော ဝေဒနာ (ရဟန္တာအရှင်မြတ်များအတွက် ဖြစ်သည်),
၇။ တဒါရုံနှင့် ယှဉ်သော ဝေဒနာ –
ဤ ကုသိုလ် အကုသိုလ် အဗျာကတ = ဝိပါက်ကြိယာတို့နှင့် ယှဉ်သော ဝေဒနာဟူသမျှသည် စက္ခုသမ္ဖဿပစ္စယာ ဝေဒနာ (= စက္ခုသမ္ဖဿဇာ ဝေဒနာ) မည်ပေသည်။

တစ်ဖန် ဥပရိပဏ္ဏာသပါဠိတော် စူဠရာဟုလောဝါဒသုတ္တန်[၇၈၀]၌ကား ဘုရားရှင်သည် စက္ခုသမ္ဖဿကြောင့် ဝေဒနာတစ်ခုတည်းသာ ဖြစ်သည်မဟုတ် - ယမိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒနာဂတံ သညာဂတံ သင်္ခါရဂတံ ဝိညာဏဂတံ - ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ် နာမ်ခန္ဓာ (၄)ပါးလုံးပင် ဖြစ်ကြသည်ဟု ဟောကြားထားတော်မူ၏၊ ထိုကြောင့် စက္ခုဝိညာဏ်နှင့် ယှဉ်သော စက္ခုသမ္ဖဿက ဝေဒနာဦးဆောင်နေသည့် စက္ခုဝိညာဏ် သမ္ပဋိ စ္ဆိုင်း သန္တီရဏ ဝုဋ္ဌော ဇော တဒါရုံ နာမ်ခန္ဓာ (၄)ပါး အသီးအသီးအား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးသည်ဟု မှတ်ပါ။ သို့သော် စက္ခုသမ္ဖဿက စက္ခုသမ္ဖဿကြောင့် ဖြစ်ကြသော နာမ်တရားစုတို့အား ကျေးဇူးပြုရာ၌ သမာနဝီထိ = တူညီသောဝီထိ = စက္ခုဒွါရဝီထိအတွင်း၌သာ ကျေးဇူးပြုမှုကို အဋ္ဌကထာက ဖွင့်ဆိုထားသော်လည်း ..

''စက္ခုသမ္ဖဿပစ္စယာ ဝေဒနာက္ခန္ဓော အတ္ထိ အနုပါဒိန္နအနုပါဒါနိယော အသံကိလိဋ္ဌအသံကိလေသိကော အဝိတက္ကအဝိစာရော ...'' –

ဤသို့စသော ပါဠိတော်များကို ကိုးကား၍ နာနာဝီထိ = ဝီထိချင်းမတူ ကွဲပြားသော နာမ်တရားစုတို့အားလည်း

= ရူပါရုံကို ဆက်လက်အာရုံယူသည့် မနောဒွါရဝီထိ နာမ်တရားစုတို့အားလည်း စက္ခုသမ္ဖဿ၏ ကျေးဇူးပြုမှုကို အဋ္ဌကထာက မပယ်မြစ်ကြောင်းကိုလည်းကောင်း, သမာနဝီထိ = တူသောဝီထိ = စက္ခုဒွါရဝီထိအတွင်း၌ တည်ရှိ ကြသော နာမ်တရားစုတို့အား စက္ခုသမ္ဖဿက ကျေးဇူးပြုမှုမှာ ဧကန်ဖြစ်သောကြောင့်လည်းကောင်း စက္ခုသမ္ဖဿက စက္ခုဒွါရဝီထိ နာမ်တရားစုတို့အား ကျေးဇူးပြုပုံကို အဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်သည်ဟုလည်း မူလဋီကာ[၇၈၁]က ရှင်းလင်းတင်ပြထားတော်မူ၏၊ ယောဂီအများစုကို သုတေသနပြုကြည့်ရာ၌ မူလဋီကာဆရာတော်၏ ရှင်းလင်းချက်ကို ထောက်ခံလျက်ပင် ရှိနေပေသည်။

တစ်ဖန် သမ္မောဟဝိနောဒနီအဋ္ဌကထာကြီး[၇၈၂]က –– ဇောတွင် လောကီ ကုသိုလ်ဇော အကုသိုလ်ဇော ကြိယာ ဇောများ အားလုံး ဖြစ်နိုင်ကြောင်းကိုလည်း ဖွင့်ဆိုထားတော်မူ၏၊ တစ်ဖန် စက္ခုဒွါရဝီထိအတွင်းဝယ် တည်ရှိသော ကိရိယမနောဓာတ် အမည်ရသည့် ပဉ္စဒွါရာဝဇ္ဇန်းနှင့် ယှဉ်သော ဝေဒနာကိုလည်း စက္ခုသမ္ဖဿကြောင့် ဖြစ်ကြောင်းကို ဖွင့်ဆိုထားတော်မူ၏၊ အကြောင်းပရိယာယ် တစ်မျိုးဟု မှတ်ပါ။ ပဉ္စဒွါရာဝဇ္ဇန်းနှင့် ယှဉ်သော ဝေဒနာမှာ အလျင်ဖြစ်နှင့်၍ ယင်းဝေဒနာနှင့်တကွသော ပဉ္စဒွါရာဝဇ္ဇန်း နာမ်တရားစု ချုပ်ပျက်ပြီးပါမှ စက္ခုဝိညာဏ်နှင့်ယှဉ်သော စက္ခုသမ္ဖဿ ဖြစ်ခွင့် ရရှိ၏၊ အကျိုးက အလျင်ဖြစ်၍ အကြောင်းက နောက်မှ ဖြစ်ပေါ်လာနေ၏၊ ရှေးဖြစ်သော ပဉ္စဒွါရာဝဇ္ဇန်းနှင့် ယှဉ်သော ဝေဒနာအား နောက်မှ ဖြစ်သော စက္ခုဝိညာဏ်နှင့် ယှဉ်သော စက္ခုသမ္ဖဿက ကျေးဇူးပြုလျက် ရှိ၏၊ ပစ္ဆာဇာတပစ္စည်းမျိုးသို့ သက်ဝင်နေ၏၊ သို့သော် နာမရူပပစ္စယာ သဠာယတနံဟူသော အပိုင်း[၇၈၃]တွင် ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း ပစ္ဆာဇာတပစ္စည်း၌ အကြောင်းပစ္စည်းတရားမှာ နာမ်တရားဖြစ်၍ အကျိုး ပစ္စယုပ္ပန်တရားမှာ ရုပ်တရားဖြစ်၏၊ ဤ၌ကား အကြောင်း-အကျိုး နှစ်ရပ်လုံးတို့မှာ နာမ်တရားတို့ချည်းသာ ဖြစ်ကြ၏၊ ထို့ကြောင့် ပစ္ဆာဇာတပစ္စည်း၌လည်း အကျုံးမဝင်ပေ။

သို့သော် စက္ခုပသာဒ ထင်ရှားရှိ၍ စက္ခုသမ္ဖဿ ဖြစ်ခွင့်ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌သာလျှင် ရူပါရုံကို ဆင်ခြင် တတ်သော ပဉ္စဒွါရာဝဇ္ဇန်းသည် ဖြစ်နိုင်ခွင့်ရှိ၏၊ စက္ခုပသာဒချို့တဲ့၍ စက္ခုသမ္ဖဿဖြစ်ခွင့်မရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ ရူပါရုံကို ဆင်ခြင်တတ်သော ပဉ္စဒွါရာဝဇ္ဇန်းသည်လည်း ဖြစ်ခွင့် မရှိနိုင်တော့ပေ။ စက္ခုပသာဒချို့တဲ့သူ၏ သန္တာန်၌ စက္ခုဒွါရတစ်ဝီထိလုံး ဖြစ်နိုင်ခွင့် မရှိသောကြောင့်တည်း။ ဤသို့သော အကြောင်းပရိယာယ်အားဖြင့် ပဉ္စဒွါရာဝဇ္ဇန်းနှင့် ယှဉ်သော ဝေဒနာသည်လည်း စက္ခုသမ္ဖဿကြောင့် ဖြစ်ရသည်ဟုပင် ဆိုသင့် ဆိုထိုက်လှပေသည်ဟူလို။

ဤရှင်းလင်းချက်များအရ စက္ခုသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာမှာ စက္ခုဒွါရဝီထိ တစ်ဝီထိလုံး၌ တည်ရှိသော ဝေဒနာအားလုံးနှင့် ရူပါရုံကိုပင် ဆက်လက်အာရုံယူသည့် မနောဒွါရဝီထိတို့၌ တည်ရှိသော ဝေဒနာအားလုံးကို ဆိုလိုသည်ဟု မှတ်သားပါ။ ယင်းဝေဒနာအားလုံးမှာ စက္ခုသမ္ဖဿဇာ ဝေဒနာပင်တည်း။ သို့သော် အထက်က ရှင်းပြခဲ့သည့်အတိုင်း ယင်းဝီထိတို့၏ စိတ္တက္ခဏတိုင်း၌ ဝေဒနာနှင့် အတူယှဉ်တွဲဖြစ်ကြသည့် နာမ်ခန္ဓာ (၄)ပါးလုံးကိုပင် ဆိုလိုသည်ဟုလည်း မှတ်ပါ။ သောတသမ္ဖဿ စသည်တို့က သောတဒွါရဝီထိ သဒ္ဒါရုံကို အာရုံယူသည့် မနောဒွါရဝီထိ စသည်တို့အား ကျေးဇူးပြုရာ၌လည်း နည်းတူပင် မှတ်သားပါလေ။

မနောသမ္ဖဿ –– မနောဒွါရဝီထိတို့တွင် မနောဒွါရာဝဇ္ဇန်းနှင့် ကပ်လျက်ရှိသော, မနောဒွါရာဝဇ္ဇန်းအား အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးလျက်ရှိသော ဘဝင်နှင့် ယှဉ်သော ဖဿသည် မနောသမ္ဖဿ မည်၏၊ ယင်း မနောသမ္ဖဿကလည်း မနောဒွါရာဝဇ္ဇန်း၊ ဇော၊ (တဒါရုံ) ဟူသော မနောဒွါရဝီထိနာမ်တရားစုတို့အားလည်း ဖြစ်ပေါ် လာအောင် ကျေးဇူးပြုပေးလျက်ရှိ၏၊ အပ္ပနာဝီထိဖြစ်မူ မနောဒွါရာဝဇ္ဇန်းနှင့် ဥပစာရသမာဓိဇော အပ္ပနာဇောတို့အား ဖြစ်ပေါ်လာအောင် ယင်းမနောသမ္ဖဿက ကျေးဇူးပြုပေးလျက်ပင်ရှိ၏၊ ထိုကြောင့် ရူပါရုံကို ဆက်လက် အာရုံယူသည့် မနောဒွါရဝီထိ နာမ်တရားစုတို့အား စက္ခုသမ္ဖဿကလည်းကောင်း, ဘဝင်မနောသမ္ဖဿကလည်းကောင်း, ယှဉ်ဖက် သမ္ပယုတ် မနောသမ္ဖဿကလည်းကောင်း ကျေးဇူးပြုမှုကို ဖော်ပြထားပါသည်။ ဒုတိယဇော စသည်တို့၌ ပထမဇော စသည့် အနန္တရမနောသမ္ဖဿ အကြောင်းတရားများကိုပါ ထည့်သွင်းဖော်ပြထားပါသည်။

သို့ဖြစ်ရကား ယောဂီသူတော်ကောင်းသည် စက္ခုဒွါရိကနာမ်တရားစုတို့၌ စက္ခုသမ္ဖဿ, အနန္တရမနောသမ္ဖဿ, သဟဇာတ မနောသမ္ဖဿ[၇၈၄]တို့၏ ဆိုင်ရာ နာမ်ခန္ဓာတို့အား ကျေးဇူးပြုပေးမှုကိုလည်းကောင်း, ရူပါရုံကိုပင် ဆက်လက် အာရုံယူသည့် မနောဒွါရိကနာမ်တရားစုတို့၌ စက္ခုသမ္ဖဿ, ဘဝင်မနောသမ္ဖဿ, အနန္တရမနောသမ္ဖဿ, သဟဇာတ မနောသမ္ဖဿတို့၏ ကျေးဇူးပြုပေးမှုကိုလည်းကောင်း အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုးဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ ဤတွင် ရူပါရုံကို အာရုံယူသည့် စက္ခုဒွါရ မနောဒွါရ ကုသိုလ်ဇောဝီထိတို့၌ စိတ္တက္ခဏတိုင်းဝယ် ခန္ဓာငါးပါးနည်းဖြင့် အကြောင်း တရား အကျိုးတရား သိမ်းဆည်းပုံကို ရပ်နား၍ ရူပါရုံကိုပင် အာရုံပြုသည့် စက္ခုဒွါရ မနောဒွါရ အကုသိုလ်ဇောဝီထိ စိတ်အစဉ်တို့၌ စိတ္တက္ခဏတိုင်းဝယ် ခန္ဓာငါးပါးနည်းဖြင့် အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို ဆက်လက်၍ ရေးသားတင်ပြပေအံ့ ..။

ရူပါရုံကို အာရုံယူ၍ ဖြစ်ပေါ်လာကြကုန်သော စက္ခုဒွါရ မနောဒွါရ အကုသိုလ်ဇောဝီထိတို့ဝယ် - ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ တဒါရုံ၊ (ဘဝင်)၊ မနောဒွါရာဝဇ္ဇန်း၊ တဒါရုံတို့ကား ကုသိုလ်ဇော ဝီထိရှုကွက်နှင့် ပုံစံတူသည်။ ဇော၌သာ ကွဲလွဲချက် အနည်းငယ် ရှိသဖြင့် ဤတွင် လောဘ-ဒိဋ္ဌိအုပ်စု အလုံး (၂၀)ကို ပုံစံထုတ်၍ ဖော်ပြအပ်ပါသည်။ အကုသိုလ်ဇော နာမ်တရားစုတို့၌လည်း ကုသိုလ်ဇော နာမ်တရားစုတို့ကဲ့သို့ပင် အတိတ်အကြောင်းတရား မရှိ၊ ပစ္စုပ္ပန်အကြောင်းတရားသာ ရှိပေသည်။

ရူပါရုံ (= အရောင်) လိုင်း - လောဘ - ဒိဋ္ဌိအုပ်စု ဇော - ခန္ဓာငါးပါး

၁။ ဇော၏ မှီရာ ဟဒယဝတ္ထုနှင့် တကွသော ရုပ် (၇ = ၆၃)မျိုးနှင့် ရူပါရုံက ရူပက္ခန္ဓာ။
၂။ လောဘ-ဒိဋ္ဌိအုပ်စု ဇော နာမ်တရား (၂၀)တွင် ဝေဒနာက ဝေဒနာက္ခန္ဓာ။
၃။ လောဘ-ဒိဋ္ဌိအုပ်စု ဇော နာမ်တရား (၂၀)တွင် သညာက သညာက္ခန္ဓာ။
၄။ လောဘ-ဒိဋ္ဌိအုပ်စု ဇော နာမ်တရား (၂၀)တွင် စေတနာက သင်္ခါရက္ခန္ဓာ။ (ပ)
လောဘ-ဒိဋ္ဌိအုပ်စု ဇော နာမ်တရား (၂၀)တွင် ကျန်စေတသိက် (၁၇)က သင်္ခါရက္ခန္ဓာ (ဒု)။
၅။ လောဘ-ဒိဋ္ဌိအုပ်စု ဇော နာမ်တရား (၂၀)တွင် အသိစိတ် ဝိညာဏ်က ဝိညာဏက္ခန္ဓာ။
ဇော ရူပက္ခန္ဓာကို ပဉ္စဒွါရာဝဇ္ဇန်း ရူပက္ခန္ဓာကို နည်းမှီ၍ ရှုပါ။

လောဘ-ဒိဋ္ဌိအုပ်စု ပထမဇော - ဝေဒနာက္ခန္ဓာ (စက္ခုဒွါရဝီထိ)

ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၂၀ - ဝေဒနာ = ၁၉)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ အယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂ )က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

လောဘ-ဒိဋ္ဌိအုပ်စု ပထမဇော - ဝိညာဏက္ခန္ဓာ (စက္ခုဒွါရဝီထိ)

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ပထမဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
၂။ နာမ်+ရုပ်က အကြောင်းတရား၊ ပထမဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
၃။ အယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂)က အကြောင်းတရား၊ ပထမဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် = ယှဉ်ဖက် စေတသိက် = ၁၉။
ရုပ် = ဟဒယဝတ္ထုရုပ်နှင့် တကွသော ရုပ် (၇ = ၆၃)နှင့် ရူပါရုံ။

လောဘ-ဒိဋ္ဌိအုပ်စု ဒုတိယဇော - ဝေဒနာက္ခန္ဓာ (စက္ခုဒွါရဝီထိ)

ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရူပါရုံ)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇောမနောသမ္ဖဿ (= ၂၀)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ဒုတိယဇောမနောသမ္ဖဿ (= ၂၀ - ဝေဒနာ = ၁၉)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ အယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

လောဘ-ဒိဋ္ဌိအုပ်စု ဒုတိယဇော - ဝိညာဏက္ခန္ဓာ (စက္ခုဒွါရဝီထိ)

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ (က) စက္ခုသမ္ဖဿ (= ၈)က အကြောင်းတရား၊ ဒုတိယဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၂၀)က အကြောင်းတရား၊ ဒုတိယဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
၂။ နာမ်+ရုပ်က အကြောင်းတရား၊ ဒုတိယဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
၃။ အယောနိသောမနသိကာရ (= ဝုဋ္ဌော = ၁၂)က အကြောင်းတရား၊ ဒုတိယဇော ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် = ယှဉ်ဖက် စေတသိက် = ၁၉။
ရုပ် = ဟဒယဝတ္ထုရုပ်နှင့် တကွသော ရုပ် (၇ = ၆၃)နှင့် ရူပါရုံ။

သတိပြုရန်အချက်

ဤမျှ နည်းမှီရလျှင် ရူပါရုံလိုင်း၌ စက္ခုဒွါရဝီထိ မနောဒွါရဝီထိဟူသော အကုသိုလ်ဇောဝီထိတို့ဝယ် စိတ္တက္ခဏ တိုင်း၌ ခန္ဓာငါးပါးနည်းဖြင့် အကြောင်း အကျိုး ဆက်စပ်၍ အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို သဘော ပေါက်နိုင်လောက်ပေပြီ။ ရူပါရုံလိုင်း၌ ကုသိုလ်ဇောဝီထိ အကုသိုလ်ဇောဝီထိများကို စိတ္တက္ခဏတိုင်းဝယ် ခန္ဓာ ငါးပါးနည်းဖြင့် အကြောင်း-အကျိုး ဆက်စပ်၍ အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို သဘောပေါက်ခဲ့သော် သဒ္ဒါရုံလိုင်း စသည်သို့ ပြောင်းရှုနိုင်ပြီ။ စိတ္တက္ခဏတိုင်းဝယ် ယှဉ်ဖက်စေတသိက် အနည်းအများသို့ လိုက်၍ စေတသိက် အရေအတွက် အတိုးအဆုတ်များကို သဘောပေါက်လောက်ပြီဟု ယူဆပါသည်။ စိတ္တက္ခဏတစ်ခုအတွင်းဝယ် ယှဉ်ဖက် စေတသိက်အရေအတွက်သို့ လိုက်၍ သင်္ခါရက္ခန္ဓာ၌လည်းကောင်း, သဟဇာတ မနောသမ္ဖဿတွင်လည်းကောင်း အပြောင်းအလဲ ရှိသည်ကိုကား သတိပြုပါလေ။ အကယ်၍ ယောဂီသူတော်ကောင်းသည် အဘိဓမ္မာ အခြေခံပညာ အားနည်းသူ သို့မဟုတ် အဘိဓမ္မာအခြေခံပညာကို မသင်ကြားဖူးသူဖြစ်မူ ဆရာသမား၏ အကူအညီကိုကား လိုအပ် နေမည်သာ ဖြစ်ပေသည်။ သို့အတွက် ဤတွင် ထူးခြားချက် အနည်းငယ်မျှကိုသာ ဖော်ပြအပ်ပါသည်။

အပြောင်းအလဲအချို့

၂။ သဒ္ဒါရုံလိုင်း၌ – အာရုံ-အရ ရူပါရုံနေရာ၌ သဒ္ဒါရုံဟုလည်းကောင်း, စက္ခုသမ္ဖဿနေရာ၌ သောတသမ္ဖဿဟုလည်းကောင်း ပြောင်းလဲသွားသည်။
၃။ ဂန္ဓာရုံလိုင်း၌ – အာရုံ၌ ဂန္ဓာရုံဟုလည်းကောင်း, ဖဿနေရာ၌ ဃာနသမ္ဖဿဟုလည်းကောင်း ပြောင်းလဲသွားသည်။
၄။ ရသာရုံလိုင်း၌ – အာရုံ၌ ရသာရုံဟုလည်းကောင်း, ဖဿနေရာ၌ ဇိဝှါသမ္ဖဿဟုလည်းကောင်း ပြောင်းလဲသွားသည်။
၅။ ဖောဋ္ဌဗ္ဗာရုံလိုင်း၌ – အာရုံ၌ ဖောဋ္ဌဗ္ဗာရုံဟုလည်းကောင်း, ဖဿနေရာ၌ ကာယသမ္ဖဿဟုလည်းကောင်း ပြောင်းလဲသွားသည်။

သဒ္ဒါရုံ (= အသံလိုင်း) - ပဉ္စဒွါရာဝဇ္ဇန်း - ဝေဒနာက္ခန္ဓာ

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= သဒ္ဒါရုံ)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) မနောသမ္ဖဿ (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

ဤမျှဆိုလျှင် ကျန်နာမ်ခန္ဓာတို့၌ သဘောပေါက်လောက်ပေပြီ။ နည်းရရုံလောက် အချို့စိတ္တက္ခဏ၌ ခန္ဓာတစ်ပါး နှစ်ပါး စသည်ကိုသာ ဖော်ပြသွားပါမည်။ ရှုသည့်အခါ၌ကား နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ဖော်ပြထားသည့် စိတ္တက္ခဏတိုင်း၌ ခန္ဓာငါးပါးလုံးကို ပြည့်စုံအောင် သိမ်းဆည်း ရှုပွားပါ။

သဒ္ဒါရုံ (= အသံ) လိုင်း - သောတဝိညာဏ် (= ကြားသိ) - ဝေဒနာက္ခန္ဓာ 

အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန်အကြောင်းတရား (၅) ပါး
၆။ ဝတ္ထု = သောတဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= သဒ္ဒါရုံ)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ သောတသမ္ဖဿ (= ၈ - ဝေဒနာ = ၇)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၉။ အာကာသ (= အကြားအပေါက်)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၁၀။ မနသိကာရ = ပဉ္စဒွါရာဝဇ္ဇန်း (= ၁၁)က အကြောင်းတရား၊ သောတဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

အာကာသ –– သောတပသာဒနှင့် သဒ္ဒါရုံတို့၏ အကြားတွင် အာကာသ = အကြားအပေါက် ရှိရ၏၊ ယင်းအာကာသဓာတ်ကို အမှီ ရရှိပါမှသာလျှင် သောတဝိညာဏ်သည် ဖြစ်ပေါ်လာနိုင်၏၊ ထိုအာကာသဓာတ်နှင့် ကင်း၍ သောတဝိညာဏ်သည် ဖြစ်ပေါ်မလာနိုင်။ မှန်ပေသည် နားပေါက်ကို ပိတ်ထားသူ ပိတ်ထားခံရသူ၏ သန္တာန်၌ သောတဝိညာဏ်သည် ဖြစ်ပေါ်မလာနိုင်။ ထိုကြောင့် အာကာသဓာတ်သည်လည်း သောတဝိညာဏ်နာမ်တရားစု ဖြစ်ပေါ်လာရေးအတွက် အကြောင်းတရားတစ်ခု အပါအဝင် ဖြစ်ရပေသည်။[၇၈၅]

ပစ္စုပ္ပန်အကြောင်းတရား (၂) ပါး

သဒ္ဒါရုံ (= အသံလိုင်း) - သမ္ပဋိ စ္ဆိုင်း (= လက်ခံ) - သင်္ခါရက္ခန္ဓာ (ဒု)

အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= သဒ္ဒါရုံ)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
၈။ (က) သောတသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။
( ခ ) ကျန်နာမ်ခန္ဓာ (၃)ပါးက အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း သင်္ခါရက္ခန္ဓာက အကျိုးတရား။

သဒ္ဒါရုံ ( = အသံလိုင်း) - သမ္ပဋိ စ္ဆိုင်း (= လက်ခံ) - ဝိညာဏက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန်အကြောင်းတရား (၂) ပါး
၆။ သောတသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
၇။ နာမ်+ရုပ်က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း ဝိညာဏက္ခန္ဓာက အကျိုးတရား။
နာမ် = ယှဉ်ဖက် စေတသိက် = ၁၀။
ရုပ် = ဟဒယဝတ္ထုနှင့် တကွသော ရုပ် (၇ = ၆၃)နှင့် သဒ္ဒါရုံ။

သဒ္ဒါရုံ (= အသံလိုင်း) - သန္တီရဏ (= စုံစမ်း) - ဝေဒနာက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု = ဟဒယဝတ္ထု (= ၇ = ၆၃)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= သဒ္ဒါရုံ)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ (က) သောတသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) သန္တီရဏမနောသမ္ဖဿ (= ၁၂ - ဝေဒနာ = ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

သဘောပေါက်နိုင်ရုံ အမြွက်မျှကိုသာ ရေးသားတင်ပြထားပါသည်။ ဤမျှ အမှီရလျှင် သဒ္ဒါရုံလိုင်း၌ သဘော ပေါက်လောက်ပေပြီဟု ယူဆပါသည်။ ယခုတစ်ဖန် ဂန္ဓာရုံလိုင်း - စိတ္တက္ခဏတို့၌ ခန္ဓာငါးပါးနည်းဖြင့် အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို ဆက်လက်၍ အမြွက်မျှ တင်ပြပေအံ့။

––––––––––-

ဂန္ဓာရုံ (= အနံ့) လိုင်း - ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) - ဝေဒနာက္ခန္ဓာ

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ဂန္ဓာရုံ)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပဉ္စဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (= ၁၀) (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

ဂန္ဓာရုံ (= အနံ့) လိုင်း - ဃာနဝိညာဏ် - ဝေဒနာက္ခန္ဓာ

အတိတ်အကြောင်းတရား (၅) ပါး
၁။ အဝိဇ္ဇာ (= ၂၀)က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ တဏှာ (= ၂၀)က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ ဥပါဒါန် (= ၂၀)က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၅။ ကံ = သင်္ခါရ (= ၃၄)၏ ကမ္မသတ္တိက အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပစ္စုပ္ပန်အကြောင်းတရား (၅) ပါး
၆။ ဝတ္ထု = ဃာနဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ဂန္ဓာရုံ)က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဃာနသမ္ဖဿ (= ၈ - ဝေဒနာ = ၇)က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၉။ ဝါယောဓာတ်က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၁၀။ မနသိကာရ (= ဆင်ခြင် = ၁၁)က အကြောင်းတရား၊ ဃာနဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

ဝါယောဓာတ် - ဃာနအကြည်ဓာတ် တည်ရှိရာ နှာခေါင်းဖုအတွင်းသို့ အနံ့ဂန္ဓာရုံကို သယ်ဆောင်တတ်သော လေသည် = ဝါယောဓာတ်သည် ဝင်သွားပါမှသာလျှင် အနံ့ဂန္ဓာရုံကို သိတတ်သော အာရုံယူတတ်သော ဃာနဝိညာဏ်နှင့် တကွသော နာမ်တရားစုသည် ဖြစ်ပေါ်လာနိုင်၏၊ အနံ့ ဂန္ဓာရုံကို သယ်ဆောင်တတ်သော ထိုလေသည် = ဝါယောဓာတ် သည် ထင်ရှားမရှိလတ်သော် ယှဉ်ဖက်သမ္ပယုတ်တရားတို့နှင့် တကွသော ဃာနဝိညာဏ်နာမ်တရားစုသည် မဖြစ်ပေါ်နိုင်။ ထိုကြောင့် ဝါယောဓာတ်သည် အကြောင်းတစ်ခု ဖြစ်ရပေသည်။

ဂန္ဓာရုံ (= အနံ့) လိုင်း - သမ္ပဋိ စ္ဆိုင်း (= လက်ခံ) ဝေဒနာက္ခန္ဓာ

၁။ ၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရား (၅)ပါး ရှုကွက်တူပြီ။

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ဂန္ဓာရုံ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ (က) ဃာနသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်း မနောသမ္ဖဿ (= ၁၀) (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

ဂန္ဓာရုံ (= အနံ့) လိုင်း - သန္တီရဏ (= စုံစမ်း) ဝေဒနာက္ခန္ဓာ

၁။ ၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရား (၅)ပါး ရှုကွက်တူပြီ။

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ဂန္ဓာရုံ)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ (က) ဃာနသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) သန္တီရဏ မနောသမ္ဖဿ (= ၁၁) (= ၁၂ - ဝေဒနာ = ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

အထူးမှာထားချက် – ဃာနဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏစသော စိတ္တက္ခဏတို့ရှိ ဝိညာဏက္ခန္ဓာတို့၏ ပစ္စုပ္ပန်အကြောင်းတရားတို့တွင် နာမ်ရုပ်ဟူသော အကြောင်းတရား၌ နာမ်အရ ထိုထို အသိစိတ် ဝိညာဏက္ခန္ဓာနှင့် စိတ္တက္ခဏတစ်ခုအတွင်း၌ အတူယှဉ်တွဲဖြစ်သည့် ယှဉ်ဖက်သမ္ပယုတ် စေတသိက်တရားစုကို အရကောက်ယူပါ။ ရုပ်အရ မှီရာဝတ္ထုရုပ်နှင့် ဂန္ဓာရုံကို အရကောက်ယူပါ။ ကျန်လိုင်းတို့၌လည်း ဆိုင်ရာ ယှဉ်ဖက် စေတသိက်၊ ဆိုင်ရာ မှီရာဝတ္ထုရုပ်၊ ဆိုင်ရာ အာရုံရုပ်တို့ကို ထိုက်သလို အရကောက်ယူပါ။

––––––––––-

ရသာရုံလိုင်း - ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) - ဝေဒနာက္ခန္ဓာ

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး

၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ရသာရုံ)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) မနောသမ္ဖဿ (= ၁၀) (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

ရသာရုံလိုင်း - ဇိဝှါဝိညာဏ် - ဝေဒနာက္ခန္ဓာ

၁။ ၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရား (၅)ပါး ရှုကွက်တူပြီ။

ပစ္စုပ္ပန်အကြောင်းတရား (၅) ပါး
၆။ ဝတ္ထု = ဇိဝှါဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ဇိဝှါဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရသာရုံ)က အကြောင်းတရား၊ ဇိဝှါဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ဇိဝှါသမ္ဖဿ (= ၈ - ဝေဒနာ = ၇)က အကြောင်းတရား၊ ဇိဝှါဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၉။ အာပေါဓာတ်က အကြောင်းတရား၊ ဇိဝှါဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၁၀။ မနသိကာရ = ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင် = ၁၁)က အကြောင်းတရား၊ ဇိဝှါဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

အာပေါဓာတ် – လျှာကို စွတ်စိုစေတတ်သော အာပေါဓာတ်ရည်ကို ရရှိပါမှသာလျှင် ဇိဝှါဝိညာဏ်နှင့် သမ္ပယုတ် တရားစုသည် ဖြစ်ပေါ်လာနိုင်၏၊ ထိုအာပေါဓာတ်ရည်နှင့် ကင်း၍ကား မဖြစ်ပေါ်လာနိုင်။ ခြောက်သွေ့သော လျှာ ရှိကြကုန်သော သူတို့၏ လျှာပေါ်သို့ ခြောက်သွေ့သော ခဲဖွယ်တို့ကို တင်ထားလိုက်သော်လည်း ဇိဝှါဝိညာဏ်သည် ဖြစ်ပေါ်မလာသည်သာတည်း။[၇၈၅]

ဇိဝှါဝိညာဏ်စသည့် စိတ္တက္ခဏတို့ရှိ ဝိညာဏက္ခန္ဓာတို့၏ ပစ္စုပ္ပန်အကြောင်းတရားတို့တွင် နာမ်တရားအရ ဆိုင်ရာ ယှဉ်ဖက် စေတသိက်တို့ကို ကောက်ယူပါ။ ရုပ်တရားအရ ဆိုင်ရာ မှီရာဝတ္ထုရုပ်နှင့် ရသာရုံကို ကောက်ယူပါ။ 

ရသာရုံလိုင်း - သမ္ပဋိ စ္ဆိုင်း (= လက်ခံ) - ဝေဒနာက္ခန္ဓာ

၁။ ၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရား (၅)ပါး ရှုကွက်တူပြီ။

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရသာရုံ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ (က) ဇိဝှါသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၀) (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

ရသာရုံလိုင်း - သန္တီရဏ (= စုံစမ်း) - ဝေဒနာက္ခန္ဓာ

၁။ ၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရား (၅)ပါး ရှုကွက်တူပြီ။

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ရသာရုံ)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ (က) ဇိဝှါသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိ စ္ဆိုင်းမနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) သန္တီရဏမနောသမ္ဖဿ (= ၁၁) (= ၁၂ - ဝေဒနာ = ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

––––––––––-

ဖောဋ္ဌဗ္ဗာရုံလိုင်း - ပဉ္စဒွါရာဝဇ္ဇန်း - ဝေဒနာက္ခန္ဓာ

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= ဖောဋ္ဌဗ္ဗာရုံ)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင်) မနောသမ္ဖဿ (= ၁၀) (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

ဖောဋ္ဌဗ္ဗာရုံလိုင်း - ကာယဝိညာဏ် - ဝေဒနာက္ခန္ဓာ

၁။ ၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရား (၅)ပါး ရှုကွက်တူပြီ။

ပစ္စုပ္ပန်အကြောင်းတရား (၅) ပါး
၆။ ဝတ္ထု = ကာယဝတ္ထုရုပ် (= ၆ = ၅၃)က အကြောင်းတရား၊ ကာယဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ဖောဋ္ဌဗ္ဗာရုံ)က အကြောင်းတရား၊ ကာယဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ ကာယသမ္ဖဿ (= ၈ - ဝေဒနာ = ၇)က အကြောင်းတရား၊ ကာယဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၉။ ပထဝီဓာတ်က အကြောင်းတရား၊ ကာယဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။
၁၀။ မနသိကာရ = ပဉ္စဒွါရာဝဇ္ဇန်း (= ဆင်ခြင် = ၁၁)က အကြောင်းတရား၊ ကာယဝိညာဏ် ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပထဝီဓာတ် – ဖောဋ္ဌဗ္ဗာရုံသည် ကာယပသာဒ = ကာယအကြည်ဓာတ်ကို ရှေးရှုရိုက်ခတ်သောအခါ ထိခိုက်သော အခါ ကာယပသာဒတွင်သာမက ကာယပသာဒ၏ မှီရာ နိဿယအကြောင်းတရားဖြစ်သည့် ကလာပ်တူ မဟာဘုတ် အထိ ရှေးရှု ရိုက်ခတ်မိ ထိခိုက်မိ၏၊ ထိုမဟာဘုတ်တို့တွင် ပထဝီဓာတ်ကား ကာယပသာဒ၏ ပဓာနအကြောင်းတရား ဖြစ်၏၊ ကာယဝိညာဏ်နာမ်တရားစုသည် ကာယပသာဒ၏ မှီရာအကြောင်းရင်းစစ်ဖြစ်သော ကလာပ်တူပထဝီဓာတ်ကို မှီတွယ်ခွင့် ရရှိပါမှသာလျှင် ဖြစ်ပေါ်လာနိုင်၏၊ ထိုပထဝီဓာတ်နှင့် ကင်း၍ကား ဖြစ်ပေါ်မလာနိုင်။ မှန်ပေသည် ကာယဒွါရ၌ ဖောဋ္ဌဗ္ဗာရုံ အမည်ရသော ဗဟိဒ္ဓ မဟာဘုတ်အာရုံသည် (= ဗဟိဒ္ဓ ပထဝီ-တေဇော-ဝါယောသည်) အဇ္ဈတ္တိက ကာယပသာဒကို ရှေးရှုရိုက်ခတ်ပြီး ထိခိုက်ပြီး၍ ကာယပသာဒ၏ မှီရာအကြောင်းရင်း ဖြစ်ကုန်သော ကလာပ်တူ မဟာဘုတ်တို့၌လည်း ထိခိုက်မိလေသည်။ ထိုကြောင့် ယင်းပထဝီဓာတ်သည် ကာယဝိညာဏ်နာမ်တရားစု ဖြစ်ပေါ်လာဖို့ရန် အကြောင်းရင်းတစ်ခု ဖြစ်ရပေသည်။[၇၈၅]

ကာယဝိညာဏ်-ဝိညာဏက္ခန္ဓာ၏ ပစ္စုပ္ပန်အကြောင်းတရားတို့တွင် နာမ်-ရုပ်ဟူသော အကြောင်းတရား၌ နာမ်အရ ကာယဝိညာဏ်၏ ယှဉ်ဖက် စေတသိက် (၇)လုံးကို ကောက်ယူပါ။ ရုပ်တရားအရ ကာယဝတ္ထုရုပ်နှင့် တကွသော (၅၃)မျိုးသော ရုပ်တရားနှင့် ဖောဋ္ဌဗ္ဗာရုံ အမည်ရသည့် ပထဝီ တေဇော ဝါယောဟူသော အာရုံရုပ်တို့ကို ကောက်ယူပါ။ တစ်နည်း - ယင်းအာရုံရုပ်သုံးမျိုးတို့နှင့် တကွ ကလာပ်တူရုပ်တို့ကို ကောက်ယူပါ။

ဖောဋ္ဌဗ္ဗာရုံလိုင်း - သမ္ပဋိ စ္ဆိုင်း (= လက်ခံ) - ဝေဒနာက္ခန္ဓာ

၁။ ၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရား (၅)ပါး ရှုကွက်တူပြီ။

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ဖောဋ္ဌဗ္ဗာရုံ)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ (က) ကာယသမ္ဖဿ (= ၈)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၀) (= ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ သမ္ပဋိစ္ဆိုင်း ဝေဒနာက္ခန္ဓာက အကျိုးတရား။

ဖောဋ္ဌဗ္ဗာရုံလိုင်း - သန္တီရဏ (= စုံစမ်း) - ဝေဒနာက္ခန္ဓာ

၁။ ၂။ ၃။ ၄။ ၅။ အတိတ်အကြောင်းတရား (၅)ပါး ရှုကွက်တူပြီ။

ပစ္စုပ္ပန်အကြောင်းတရား (၃) ပါး
၆။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၇။ အာရုံ (= ဖောဋ္ဌဗ္ဗာရုံ)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
၈။ (က) ကာယသမ္ဖဿ (= ၈)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) သမ္ပဋိစ္ဆိုင်းမနောသမ္ဖဿ (= ၁၁)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) သန္တီရဏ မနောသမ္ဖဿ (= ၁၁/၁၀) (= ၁၂ - ဝေဒနာ = ၁၁/ ၁၁ - ဝေဒနာ = ၁၀)က အကြောင်းတရား၊ သန္တီရဏ ဝေဒနာက္ခန္ဓာက အကျိုးတရား။

––––––––––-

ဓမ္မာရုံလိုင်း - ကုသိုလ်ဇောဝီထိ (စက္ခုအကြည်ဓာတ် အာရုံ)

ပထမဇော - ဝေဒနာက္ခန္ဓာ (မနောဒွါရဝီထိ)

ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= စက္ခုအကြည်ဓာတ်အာရုံ)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၃) (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= မနောဒွါရာဝဇ္ဇန်း = ၁၂ )က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

ဒုတိယဇော - ဝေဒနာက္ခန္ဓာ

ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= စက္ခုအကြည်ဓာတ်အာရုံ)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ဂ ) ဒုတိယဇော မနောသမ္ဖဿ (= ၃၃) (= ၃၄ - ဝေဒနာ = ၃၃)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= မနောဒွါရာဝဇ္ဇန်း = ၁၂)က အကြောင်းတရား၊ ဒုတိယဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

––––––––––-

ဓမ္မာရုံလိုင်း - ပထမစျာနသမာပတ္တိဝီထိ (အာနာပါနပဋိဘာဂနိမိတ်အာရုံ)

ပထမဇော - ဝေဒနာက္ခန္ဓာ

ပစ္စုပ္ပန်အကြောင်းတရား (၄) ပါး
၁။ ဝတ္ထု = ဟဒယဝတ္ထုရုပ် (= ၇ = ၆၃)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၂။ အာရုံ (= အာနာပါနပဋိဘာဂနိမိတ်အာရုံ)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၃။ (က) ဘဝင်မနောသမ္ဖဿ (= ၃၄)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
( ခ ) ပထမဇော မနောသမ္ဖဿ (= ၃၃)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။
၄။ ယောနိသောမနသိကာရ (= မနောဒွါရာဝဇ္ဇန်း = ၁၂)က အကြောင်းတရား၊ ပထမဇော ဝေဒနာက္ခန္ဓာက အကျိုးတရား။

ပထမဇော နာမ်တရား (၃၄)မှ ဝေဒနာကို နုတ်သော် ပထမဇော မနောသမ္ဖဿ (၃၃) ဖြစ်သည်။ ဒုတိယဇော စသည်၌ ပထမဇော စသော ရှေးရှေးသော နာမ်တရားဟူသော အနန္တရအကြောင်းတစ်ခု ပိုသည်သာ ထူးသည်။

ဤစျာနသမာပတ္တိဝီထိဇော ဝိညာဏက္ခန္ဓာ၏ နာမ်-ရုပ်အကြောင်းတရား၌ ရုပ်တရားအရ မှီရာဝတ္ထုရုပ်ဟူသော ဟဒယဝတ္ထုနှင့် တကွသော (၆၃)မျိုးသော ရုပ်ကိုသာ အရကောက်ယူပါ။ အာနာပါနပဋိဘာဂနိမိတ်ဟူသော အာရုံမှာကား ပညတ်အာရုံ ဖြစ်နေသည်။ အရိုးစုပဋိဘာဂနိမိတ် သို့မဟုတ် အဖြူရောင် ဩဒါတကသိုဏ်းပဋိဘာဂနိမိတ် စသည့် သမထနိမိတ်တစ်ခုခုကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော စျာန်နာမ်တရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရာ၌ အာရုံဟူသော အကြောင်းတရား၌ မိမိရှုပွားနေသည့် စျာန်နာမ်တရားစု၏ အာရုံဖြစ်သည့် သမထပဋိဘာဂနိမိတ်အာရုံကို ပြောင်းလဲထည့်ပါ။ ဥပမာ ''အဖြူရောင် ဩဒါတကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ'' – ဤသို့ စသည်ဖြင့် ပြောင်းလဲထည့်ပါ။ ပထမစျာန်၌ နာမ်တရား (၃၄), ဒုတိယစျာန်၌ (၃၂), တတိယစျာန်၌ (၃၁), စတုတ္ထစျာန်၌ (၃၁), အရူပစျာန် (၄)ပါးလုံး၌လည်း (၃၁)စီပင် အသီးအသီး ဖြစ်သဖြင့် ဇောမနောသမ္ဖဿအရာတွင် စေတသိက်အရေအတွက်ကို ထိုက်သလို လျှော့ပါ။ အပ္ပနာစျာန် ဇောများ၏ နောင်၌ တဒါရုံ မကျပေ။

ဓမ္မာရုံလိုင်း ရုပ်တရားအာရုံ

ဓမ္မာရုံလိုင်းတွင် အကျုံးဝင်သော ပသာဒရုပ် = အကြည်ရုပ် (၅)ပါး၊ သုခုမရုပ် = သိမ်မွေ့သောရုပ် (၁၆)ပါး ဟူသော ရုပ်တရားတို့တွင် ရုပ်တရားတစ်ခုခုကို အာရုံယူ၍ ရှုခဲ့သော် ယောနိသောမနသိကာရဖြစ်က ကုသိုလ်ဇောများ၊ အယောနိသောမနသိကာရဖြစ်က အကုသိုလ်ဇောများ ထိုက်သလို စောကြမည် ဖြစ်ပေသည်။ ရုပ်တရားဟု အနိစ္စဟု ဒုက္ခဟု အနတ္တဟု အသုဘဟု နှလုံးသွင်းပါက ယောနိသောမနသိကာရ ဖြစ်၏၊ စက္ခုအကြည်ဓာတ်စသည်ဖြင့် နှလုံး သွင်းပါကလည်း ယောနိသောမနသိကာရပင် ဖြစ်သည်။ အယောနိသောမနသိကာရ ဖြစ်ပုံကို နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ကြည့်ပါ၊ သံယောဇဉ် (၁၀)ပါး ဖြစ်ပုံအပိုင်းတွင် ရေးသားတင်ပြပြီးခဲ့လေပြီ။ ကျန်အကြောင်းတရားများကား တူပြီ ဖြစ်သည်။ အကုသိုလ်ဇောဝီထိများ၌လည်း အကြောင်း-အကျိုးစပ်ပုံကို သဘောပေါက်လောက်ပေပြီ။ တဒါရုံ ကျခဲ့သော် ရှေးတွင် ဖော်ပြခဲ့သော တဒါရုံ ရှုကွက်ကို နည်းမှီ၍ သိမ်းဆည်းရှုပွားပါ။

တစ်စိတ် - တစ်ဒေသ

ရူပါရုံလိုင်း သဒ္ဒါရုံလိုင်း ဂန္ဓာရုံလိုင်း ရသာရုံလိုင်း ဖောဋ္ဌဗ္ဗာရုံလိုင်း ဓမ္မာရုံလိုင်းဟူသော (၆)လိုင်းလုံး၌ ကုသိုလ်ဇောဝီထိ အကုသိုလ်ဇောဝီထိတို့ဝယ် နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ဖော်ပြထားသည့် စိတ္တက္ခဏတိုင်း၌ ခန္ဓာငါးပါးဖွဲ့၍ ခန္ဓာငါးပါးနည်းဖြင့် အကြောင်း-အကျိုးစပ်၍ အကြောင်းတရား အကျိုးတရားတို့ကို ကုန်စင်အောင် သိမ်းဆည်းရှုပွားပါ။ ထိုသို့ သိမ်းဆည်းရှုပွားရာ၌ –

ဝိပဿကေန ပန ကမ္မန္တရဉ္စ ဝိပါကန္တရဉ္စ ဧကဒေသတော ဇာနိတဗ္ဗံ ....

ဤသို့ ဖွင့်ဆိုထားတော်မူသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၇၈၆]နှင့် အညီ ယောဂီသူတော်ကောင်းသည် ကံ-ကံ၏ အကျိုးတရားကို တစ်စိတ်တစ်ဒေသအားဖြင့် သိရှိအောင် ဆက်လက်၍ သိမ်းဆည်းရဦးမည် ဖြစ်ပေသည်။ စက္ခုဒွါရဝီထိ စသော ဝီထိ (၆)မျိုးတို့၏ အတွင်း၌ တည်ရှိ ကြသော ပဉ္စဝိညာဏ်, သမ္ပဋိ စ္ဆိုင်း, သန္တီရဏ, တဒါရုံဟူသော ပဝတ္တိ ဝိပါက်ဝိညာဏ်တိုင်းသည်ကား ပဋိသန္ဓေ, ဘဝင်, စုတိဟူသော ဝိပါက်ဝိညာဏ်တို့ကို ဖြစ်စေတတ်သော ကံကြောင့်ချည်း သက်သက် ဖြစ်ကြသည်ကား မဟုတ်။ အချို့သော ပဝတ္တိဝိပါက်ဝိညာဏ်တို့ကား ပဋိသန္ဓေ-ဘဝင်-စုတိ ဝိပါက် တရားတို့ကို ဖြစ်စေတတ်သော ကံကြောင့်ပင် ဖြစ်ကြသည်လည်း ရှိ၏၊ အချို့သော ပဝတ္တိဝိပါက်ဝိညာဏ်တို့ကား ယင်းကံကြောင့်ပင် မဖြစ်သည်လည်း ရှိကြ၏၊ ဘုရားရှင်၏ ဝိပါက်တော် (၁၂)ပါးကို ကြည့်ပါ။ ဝိပါက်တော် တစ်မျိုးစီ တစ်မျိုးစီ၌ သီးသန့် ကံတစ်မျိုးစီ တစ်မျိုးစီ ရှိနေသည်ကို သတိပြုပါ။ ထို့ကြောင့် ယောဂီသူတော်ကောင်းသည် အတိတ်ခန္ဓာငါးပါးတို့ကို တစ်ဖန် ပိုက်စိပ်တိုက်၍ သိမ်းဆည်းပါ။ ယင်းသို့ သိမ်းဆည်းရာ၌ အချို့အချို့သော ကုသိုလ်ကံ အကုသိုလ်ကံတို့ကို သိမ်းဆည်းမိပါက ယင်းကံတို့ကြောင့် ဤပစ္စုပ္ပန်ဘဝ ယခုကဲ့သို့သော ပဝတ္တိအခါမျိုး၌ မည်သို့သော ကောင်းကျိုး-ဆိုးပြစ်များကို ရရှိနေသည်ကိုပါ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်း-အကျိုး စပ်၍ သိမ်းဆည်းပါ။

ဗဟိဒ္ဓနှင့် အတိတ်အဆက်ဆက် - အနာဂတ်အဆက်ဆက်သို့

အတိတ်အကြောင်းတရား ငါးပါးနှင့် ပစ္စုပ္ပန်အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောတရားတို့ကို အထက်ပါအတိုင်း (၆) လိုင်းလုံး ကုန်စင်အောင် အကြောင်း-အကျိုး ဆက်စပ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရှုပွားပြီးသော် ဗဟိဒ္ဓ၌လည်း ထိုနည်းကို မှီ၍ နည်းတူပင် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်း ရှုပွားပါ။ သို့သော် ဗဟိဒ္ဓ၌ကား ဗဟိဒ္ဓချင်း တူညီ၍ သာမန်အားဖြင့် ပေါင်းစုခြုံငုံ၍သာ သိမ်းဆည်းရ၏၊

အောင်မြင်မှုကို ရရှိခဲ့သော် ဒုတိယအတိတ်အကြောင်းတရားနှင့် ပထမအတိတ်အကျိုးတရား၊ တတိယအတိတ် အကြောင်းတရားနှင့် ဒုတိယအတိတ်အကျိုးတရား စသည်ဖြင့် အတိတ်အဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍လည်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ အချို့သော အတိတ်ဘဝတို့၌ ပရမတ် ရုပ်နာမ်တို့ကို မသိမ်းဆည်းခဲ့ဖူးလျှင် ထိုပရမတ်ရုပ်တရားတို့ကို အာရုံယူ၍ ဖြစ်ပေါ်လာကြသော နာမ်တရားတို့ကို သိမ်းဆည်းမှုကိုလည်းကောင်း, ယင်းနာမ်တရားတို့နှင့် ဆက်စပ်သည့်အကြောင်းတရားတို့ကိုလည်းကောင်း သိမ်းဆည်းရန် မလိုပါ။ အလားတူပင် စျာန်မရခဲ့ဖူးသော အတိတ်ဘဝ၌လည်း စျာန်နာမ်တရားတို့ကိုလည်းကောင်း, စျာန်နာမ်တရား တို့နှင့် ဆက်စပ်သည့် အကြောင်းတရားတို့ကိုလည်းကောင်း သိမ်းဆည်းရန် မလိုပါ။

အလားတူပင် ပစ္စုပ္ပန်အကြောင်းတရားနှင့် အနာဂတ်အကျိုးတရားတို့ကိုလည်း အကြောင်း-အကျိုး ဆက်စပ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ အနာဂတ်ဆုံးသည့်တိုင်အောင် အနာဂတ်အဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍ ရနိုင်သမျှ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ အတိတ် ပစ္စုပ္ပန် အနာဂတ် ကာလသုံးပါးလုံး၌ပင် အဇ္ဈတ္တ၌ အကြောင်း-အကျိုး သိမ်းဆည်းသည့် ပုံစံအတိုင်း ဗဟိဒ္ဓ၌လည်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။

စရဏမျိုးစေ့ကောင်းနှင့် ဝိဇ္ဇာမျိုးစေ့ကောင်း

ထိုသို့ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရှုပွားရာ၌ အတိတ်ဘဝထိုထိုက နိဗ္ဗာန်ကို ရည်ရွယ် တောင့်တ၍ ပြုစုပျိုးထောင်ခဲ့သော ဖြည့်ကျင့်ဆည်းပူးခဲ့သော ..

၁။ ဒါန သီလ သမထ ကျင့်စဉ်ဟူသော စရဏမျိုးစေ့,
၂။ (က) ဓာတ်ကြီးလေးပါးကို သိမ်းဆည်းခဲ့ဖူးခြင်း,
( ခ ) ရုပ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းခဲ့ဖူးခြင်း,
( ဂ ) နာမ်တရားတို့ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းခဲ့ဖူးခြင်း,
(ဃ) ရုပ်-နာမ်ကို ပရမတ်သို့ ဆိုက်အောင် သိမ်းဆည်းခဲ့ဖူးခြင်း,
( င ) အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခဲ့ဖူးခြင်း,
( စ ) ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ် ခဲ့ဖူးခြင်းတည်းဟူသော အချို့အချို့သော ဝိဇ္ဇာမျိုးစေ့ (အချို့အချို့သော စရဏမျိုးစေ့) –

ဤ စရဏမျိုးစေ့ ဝိဇ္ဇာမျိုးစေ့များကို ဉာဏ်ဖြင့် မြင်အောင် အလေးဂရုပြု၍ သိမ်းဆည်းရှုပွားပါ။ ယင်း စရဏမျိုးစေ့ ဝိဇ္ဇာမျိုးစေ့တို့က အားပေးထောက်ပံ့တတ်သည့် ဥပတ္ထမ္ဘကသတ္တိ, တိုက်ရိုက်ဖြစ်စေတတ်သည့် ဇနက သတ္တိတို့ဖြင့် အဆက်ဆက် ကျေးဇူးပြုနေပုံကိုလည်း ဉာဏ်ဖြင့်မြင်အောင် ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရှုပွားပါ။

ဘဝင်၏ အနန္တရ အကြောင်းတရား

ဘဝတစ်ခုဝယ် စိတ်အစဉ် စိတ်အယဉ် မပြတ်စဲရေးအတွက် ဘဝ၏ အကြောင်းတရားအဖြစ်ဖြင့် ရပ်တည်ကာ ဖြစ်ပေါ်နေသော စိတ်သည် ဘဝင် မည်ပေသည်။ ထိုဘဝင်သည် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ - ဝတ္ထု အာရုံ ဖဿ စသော ဆိုင်ရာ အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာကြောင်းကို ရှေးတွင် ရှင်းပြခဲ့ပြီး ဖြစ်သည်။ ဘဝင်သည် ဘဝတစ်လျှောက်၌ အများဆုံး ဖြစ်လေ့ရှိသော စိတ်တစ်မျိုး ဖြစ်သဖြင့် ထိုဘဝင်၌ အနန္တရ အကြောင်းတရားများလည်း များစွာ ရှိနေမည်သာ ဖြစ်သည်။ လိုရင်းမှတ်သားရန်မှာ မိမိ ရှုပွားသော ဘဝင်စိတ်နှင့် အနီးကပ်ဆုံး စိတ္တက္ခဏသည် တစ်နည်း - အခြားမရှိ ကပ်လျက်ဖြစ်သွားသော ရှေ့စိတ္တက္ခဏသည် ထိုဘဝင်၏ အနန္တရအကြောင်းတရားပင် ဖြစ်သည်။ သို့အတွက် ..

၁။ ပဋိသန္ဓေသည် ပထမဘဝင်အားလည်းကောင်း,
၂။ ပထမဘဝင်သည် ဒုတိယဘဝင်အားလည်းကောင်း,
၃။ ရှေးရှေးဘဝင်သည် နောက်နောက်ဘဝင်အားလည်းကောင်း,
၄။ ဝုဋ္ဌောနောင် ဘဝင်ကျသည် ဖြစ်အံ့၊ ဝုဋ္ဌောသည် ထိုဘဝင်အားလည်းကောင်း,
၅။ ဇောနောင် ဘဝင်ကျသည် ဖြစ်အံ့၊ အဆုံးဇောသည် ထိုဘဝင်အားလည်းကောင်း,
၆။ တဒါရုံနောင် ဘဝင်ကျသည်ဖြစ်အံ့၊ ဒုတိယတဒါရုံသည် ထိုဘဝင်အားလည်းကောင်း –အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေသည်သာ ဖြစ်ပေသည်။ ဘဝင်နောင် ဘဝင် ထပ်၍ ဖြစ်ရာ၌ ရှေးရှေးဘဝင်က နောက်နောက်ဘဝင်အား အနန္တရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးနေသည်သာ ဖြစ်ပေသည်။

ဉာတပရိညာစခန်းသို့ ဆိုက်ပြီ

အာယတနဒွါရအလိုက် ခန္ဓာငါးပါး ရုပ်တရား နာမ်တရားတို့ကို (၆)လိုင်းလုံး ကုန်စင်အောင် သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ''ဤနာမ်ရုပ်သည်ကား တိုက်ရိုက်ဖြစ်စေတတ်သော ဟေတုအကြောင်းတရား = ဇနက အကြောင်းတရား ထင်ရှားမရှိဘဲ, အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအကြောင်းတရား = ပစ္စယအကြောင်းတရား ထင်ရှားမရှိဘဲ ဖြစ်ပေါ်နေသည်ကား မဟုတ်။ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား = ဇနက အကြောင်းတရား ထင်ရှားရှိသည်ဖြစ်၍သာလျှင်, အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအကြောင်းတရား = ပစ္စယ အကြောင်းတရား ထင်ရှားရှိသည်ဖြစ်၍သာလျှင် ဖြစ်ပေါ်နေ၏၊ ထိုနာမ်-ရုပ်၏ ဟေတုအကြောင်းတရားကား အဘယ်နည်း၊ ပစ္စယအကြောင်းတရားကား အဘယ်ပါနည်းဟု ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်လတ်သော် – ''အဝိဇ္ဇာဟူသော အကြောင်းတရားကြောင့်လည်းကောင်း, တဏှာဟူသော အကြောင်းတရားကြောင့်လည်းကောင်း, ကံဟူသော အကြောင်းတရားကြောင့်လည်းကောင်း, အာဟာရဟူသော အကြောင်းတရားကြောင့်လည်းကောင်း ဖြစ်ပေါ်လာ၏''ဟု ထိုနာမ်-ရုပ်၏ အကြောင်းတရားကို ပိုင်းခြားမှတ်သား၍ – (အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ကမ္မဇရုပ်-ရူပက္ခန္ဓာ ဖြစ်၏၊ အဝိဇ္ဇာက အကြောင်းတရား ပဋိသန္ဓေ ကမ္မဇရုပ်-ရူပက္ခန္ဓာက အကျိုးတရား – ဤသို့ စသည်ဖြင့် ပိုင်းခြား မှတ်သား၍) –

၁။ အတိတ်၌လည်း အကြောင်းတရားတို့နှင့် အကျိုးတရားတို့သာ ရှိကြကုန်၏၊
၂။ အနာဂတ်၌လည်း အကြောင်းတရားတို့နှင့် အကျိုးတရားတို့သာ ရှိကြကုန်၏၊
၃။ ပစ္စုပ္ပန်၌လည်း အကြောင်းတရားတို့နှင့် အကျိုးတရားတို့သာ ရှိကြကုန်၏၊

ထိုအကြောင်းတရား အကျိုးတရားထက် ပိုလွန်၍ ပြုလုပ်တတ် = ဖန်ဆင်းတတ်သော ပုဂ္ဂိုလ် သတ္တဝါသည် လည်းကောင်း, အပြုလုပ်ခံရ အဖန်ဆင်းခံရသော ပုဂ္ဂိုလ် သတ္တဝါသည်လည်းကောင်း, ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်သည်လည်းကောင်း မရှိ။ ရုပ်တရား+နာမ်တရား+အကြောင်းတရား+အကျိုးတရားတည်းဟူသော သင်္ခါရတရားအစုအပုံသက်သက်မျှသာလျှင် ရှိ၏ – ဟု သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သော် ထိုသမ္မာဒိဋ္ဌိ ဉာဏ်ပညာသည် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ သို့လော သို့လော တွေးတောယုံမှားခြင်း ဝိစိကိစ္ဆာတရားကို ပယ်ဖျောက်နိုင်ပေ၏၊ ပယ်ရှားနိုင်ပေ၏၊ ဤဉာဏ်သည်ကား ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သည့် ..

၁။ ရုပ်တရား,
၂။ နာမ်တရား,
၃။ အကြောင်းတရား,
၄။ အကျိုးတရား ––

ဤသင်္ခါရတရားတို့ကို ကောင်းစွာ ပိုင်းပိုင်းခြားခြား သိတတ်သော ဉာတပရိညာ မည်ပေသည်။[၇၈၇]

သို့သော် ဤမျှဖြင့်ကား မပြီးဆုံးသေးပါ။ ယင်း ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို လက္ခဏ-ရသပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် တစ်ဖန် ထပ်မံ၍ ကြိတ်ခြေရဦးမည်သာ ဖြစ်ပေသည်။ ထိုသို့ ကြိတ်ခြေပြီးနောက် ဆက်လက်ပြုကျင့်ရမည့် လုပ်ငန်းခွင်မှာ ဤသို့ ဖြစ်၏၊

သာသနာတော်မှ မခွဲနိုင်အောင် အမြစ်တွယ်လေပြီ

ဤဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတို့ကို ကောင်းစွာ ပိုင်းခြားမှတ်သားပြီး၍ တည်နေသော ယောဂါဝစရရဟန်းတော်သည် ယင်းသင်္ခါရတရားတို့ကို ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် သိမ်းဆည်းမိသောအခါ ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား (ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘော တရား) စသည်တို့အပေါ်၌ ယုံမှားခြင်း ကင်္ခါတရားကို ကျော်လွှားလွန်မြောက်၍ သန့်ရှင်းသော ဉာဏ်အမြင်ရှိခြင်း တည်းဟူသော ကင်္ခါဝိတရဏဝိသုဒ္ဓိစခန်းသို့ ဆိုက်ရောက်သည်ဖြစ်၍ ဗုဒ္ဓမြတ်စွာသာသနာတော်မှ မခွာနိုင်အောင် သာသနာတော်ဝယ် အမြစ်တွယ်ပြီး ဖြစ်တော့သည်။ သာသနာတော်၌ ထောက်ရာတည်ရာကို ရရှိသည် မည်၏၊ မြဲသော သုဂတိလျှင် လဲလျောင်းရာရှိသော စူဠသောတာပန် မည်၏၊ အရဟတ္တဖိုလ်ကို ရယူနိုင်လောက်သော သဘောရှိသော ––

၁။ ဥတုသပ္ပါယ = လျောက်ပတ်သော ဥတုကိုလည်းကောင်း,
၂။ ပုဂ္ဂလသပ္ပါယ = လျောက်ပတ်သော ကလျာဏမိတ္တပုဂ္ဂိုလ် မိတ်ကောင်းဆွေကောင်း ဆရာကောင်းသမားကောင်း ကိုလည်းကောင်း,
၃။ ဘောဇနသပ္ပါယ = လျောက်ပတ်သော ဘောဇဉ်ကိုလည်းကောင်း,
၄။ ဓမ္မဿဝနသပ္ပါယ = လျောက်ပတ်သော တရားတော်ကို နာရခြင်းကိုလည်းကောင်း –ဤသပ္ပါယလေးပါးကို ရရှိလတ်သော် .. တစ်နေရာတည်း၌ တစ်ထိုင်တည်းအတွင်းဝယ် ယင်းသင်္ခါရတရားတို့ကို လက္ခဏာရေး သုံးတန်သို့ တင်၍ ဝိပဿနာဉာဏ်စဉ်အားဖြင့် အစဉ်အတိုင်း ဝိပဿနာ ရှုပွားသုံးသပ်လတ်သော် အရဟတ္တဖိုလ်ကို ရယူနိုင်ပေသည်။[၇၈၈]

ဣရိယာပထ - သမ္ပဇညရှုကွက်

ယောဂီသူတော်ကောင်းသည် သမထကမ္မဋ္ဌာန်းပိုင်း, ရုပ်ကမ္မဋ္ဌာန်းပိုင်း, နာမ်ကမ္မဋ္ဌာန်းပိုင်းတို့ကို အစဉ်အတိုင်း ကျင့်လာပြီးမှ ပဋိစ္စသမုပ္ပါဒ်ပိုင်းသို့ ကူးတက်လာသဖြင့် ထိုထို ဣရိယာပထပိုင်းဆိုင်ရာ ရှုကွက်, သမ္ပဇဉ်ပိုင်းဆိုင်ရာ ရှုကွက်တို့၌လည်း ခန္ဓာငါးပါး = ရုပ်-နာမ်နှစ်ပါးတို့ကို သိမ်းဆည်းတတ်ပြီးပင် ဖြစ်ပေသည်။ ဤသို့ ခန္ဓာငါးပါး = ရုပ်-နာမ်နှစ်ပါးတို့ကို သိမ်းဆည်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်တို့အဖို့ ရှေ့သို့ ဆက်၍ ကျင့်ရမည့် ကျင့်စဉ်ကို ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူ၏ ..။

၁။ သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မံ ဝိဟရတိ။

၂။ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မံ ဝိဟရတိ။

၃။ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။[၇၈၉]

ဤဒေသနာတော်များနှင့် အညီ .. ယောဂီသူတော်ကောင်းသည် သွား-ရပ်-ထိုင်-လျောင်း စသည့် ထိုထို ဣရိယာပထအခိုက် သမ္ပဇဉ်အခိုက်တို့၌လည်း ယင်းခန္ဓာငါးပါး = ရုပ်နာမ်တရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို စွမ်းအားရှိသမျှ သိမ်းဆည်းပါလေ။

''လူတွင် လူမြတ်၊ နတ်ထက်နတ် ဖြစ်အောင်

ကျင့်ကြံ ကြိုးကုတ် ပွားများ အားထုတ်နိုင်ပါစေသောဝ် ...။''

ပဋိစ္စသမုပ္ပါဒ်ပိုင်း (ခ) (ပဋိစ္စသမုပ္ပါဒ် ပထမနည်း . .)

ပဒုမ္မာကြာပန်းနှင့် တူသူ

ယထာ သင်္ကာရဌာနသ္မိံ၊ ဥဇ္ဈိတသ္မိံ မဟာပထေ။

ပဒုမံ တတ္ထ ဇာယေထ၊ သုစိဂန္ဓံ မနောရမံ။

ဧဝံ သင်္ကာရဘူတေသု၊ အန္ဓဘူတေ ပုထုဇ္ဇနေ။ အတိရောစတိ ပညာယ၊ သမ္မာသမ္ဗုဒ္ဓသာဝကော။

လမ်းမကြီးဝယ် ..

စွန့်ပစ်ထားသော အမှိုက်ပုံအတွင်း၌ ...

မွှေးကြိုင်လှိုင်ထုံ၍ နှစ်သက်ဖွယ်ရှိသော ပဒုမ္မာကြာပန်းသည် ပေါက်ရောက်နေသကဲ့သို့ ....

ကိလေသာ အမှိုက်သရိုက်တို့ဖြင့် ထူပြောလျက်ရှိခြင်းကြောင့် အမှိုက်ပုံသဖွယ်ဖြစ်သော သတ္တဝါတို့အလယ်၌ တည်နေသည့် သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်၏ တပည့်သာဝကသည် ..

ပရမတ်အရာကို သိမြင်တတ်သည့် ဉာဏ်ပညာမျက်စိ မရှိခြင်းကြောင့် အကာဏ်းသဖွယ်ဖြစ်၍ နေကြသည့် ပုထုဇန်တို့ကို ..

ပရမတ်ကို ထွင်းဖောက်သိမြင်တတ်သည့် ဉာဏ်ပညာဖြင့် သာလွန်၍ တင့်တယ်ပေ၏ ....။

(ဓမ္မပဒ၊ ဂါထာ၊၅၈-၅၉။)

အပိုင်း (၁) ပဋိစ္စသမုပ္ပါဒ်ဝိဘင်းပါဠိတော် - သုတ္တန္တဘာဇနီယနည်း

အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊

သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

၁။ တတ္ထ ကတမာ အဝိဇ္ဇာ၊ ဒုက္ခေ အညာဏံ ဒုက္ခသမုဒယေ အညာဏံ ဒုက္ခနိရောဓေ အညာဏံ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ အညာဏံ၊ အယံ ဝုစ္စတိ အဝိဇ္ဇာ။

၂။ တတ္ထ ကတမေ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ ပုညာဘိသင်္ခါရော အပုညာဘိသင်္ခါရော အာနေဉ္ဇာဘိသင်္ခါရော ကာယသင်္ခါရော ဝစီသင်္ခါရော စိတ္တသင်္ခါရော။

၂-၁။ တတ္ထ ကတမော ပုညာဘိသင်္ခါရော၊ ကုသလာ စေတနာ ကာမာဝစရာ ရူပါဝစရာ ဒါနမယာ သီလမယာ ဘာဝနာမယာ၊ အယံ ဝုစ္စတိ ပုညာဘိသင်္ခါရော။

၂-၂။ တတ္ထ ကတမော အပုညာဘိသင်္ခါရော၊ အကုသလာ စေတနာ ကာမာဝစရာ၊ အယံ ဝုစ္စတိ အပုညာဘိသင်္ခါရော။

၂-၃။ တတ္ထ ကတမော အာနေဉ္ဇာဘိသင်္ခါရော၊ ကုသလာ စေတနာ အရူပါဝစရာ၊ အယံ ဝုစ္စတိ အာနေဉ္ဇာဘိသင်္ခါရော။

၂-၄။ တတ္ထ ကတမော ကာယသင်္ခါရော၊ ကာယသေဉ္စတနာ ကာယသင်္ခါရော၊ ဝစီသေဉ္စတနာ ဝစီသင်္ခါရော၊ မနောသေဉ္စတနာ စိတ္တသင်္ခါရော၊ ဣမေ ဝုစ္စန္တိ အဝိဇ္ဇာပစ္စယာ သင်္ခါရာ။

၃။ တတ္ထ ကတမံ သင်္ခါရပစ္စယာ ဝိညာဏံ၊ စက္ခုဝိညာဏံ သောတဝိညာဏံ ဃာနဝိညာဏံ ဇိဝှါဝိညာဏံ ကာယဝိညာဏံ မနောဝိညာဏံ၊ ဣဒံ ဝုစ္စတိ သင်္ခါရပစ္စယာ ဝိညာဏံ။

၄။ တတ္ထ ကတမံ ဝိညာဏပစ္စယာ နာမရူပံ၊ အတ္ထိ နာမံ၊ အတ္ထိ ရူပံ။

၄-၁။ တတ္ထ ကတမံ နာမံ၊ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော၊ ဣဒံ ဝုစ္စတိ နာမံ၊

၄-၂။ တတ္ထ ကတမံ ရူပံ၊ စတ္တာရော မဟာဘူတာ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ၊ ဣဒံ ဝုစ္စတိ ရူပံ၊ ဣတိ ဣဒဉ္စ နာမံ ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ ဝိညာဏပစ္စယာ နာမရူပံ။

၅။ တတ္ထ ကတမံ နာမရူပပစ္စယာ သဠာယတနံ၊ စက္ခာယတနံ သောတာယတနံ ဃာနာယတနံ ဇိဝှါယတနံ ကာယာယတနံ မနာယတနံ၊ ဣဒံ ဝုစ္စတိ နာမရူပပစ္စယာ သဠာယတနံ။

၆။ တတ္ထ ကတမော သဠာယတနပစ္စယာ ဖေဿာ၊ စက္ခုသမ္ဖေဿာ သောတသမ္ဖေဿာ ဃာနသမ္ဖေဿာ ဇိဝှါသမ္ဖေဿာ ကာယသမ္ဖေဿာ မနောသမ္ဖေဿာ၊ အယံ ဝုစ္စတိ သဠာယတနပစ္စယာ ဖေဿာ။

၇။ တတ္ထ ကတမာ ဖဿပစ္စယာ ဝေဒနာ၊ စက္ခုသမ္ဖဿဇာ ဝေဒနာ သောတသမ္ဖဿဇာ ဝေဒနာ ဃာနသမ္ဖဿဇာ ဝေဒနာ ဇိဝှါသမ္ဖဿဇာ ဝေဒနာ ကာယသမ္ဖဿဇာ ဝေဒနာ မနောသမ္ဖဿဇာ ဝေဒနာ၊ အယံ ဝုစ္စတိ ဖဿပစ္စယာ ဝေဒနာ။

၈။ တတ္ထ ကတမာ ဝေဒနာပစ္စယာ တဏှာ၊ ရူပတဏှာ သဒ္ဒတဏှာ ဂန္ဓတဏှာ ရသတဏှာ ဖောဋ္ဌဗ္ဗတဏှာ ဓမ္မတဏှာ၊ အယံ ဝုစ္စတိ ဝေဒနာပစ္စယာ တဏှာ။

၉။ တတ္ထ ကတမံ တဏှာပစ္စယာ ဥပါဒါနံ၊ ကာမုပါဒါနံ ဒိဋ္ဌုပါဒါနံ သီလဗ္ဗတုပါဒါနံ အတ္တဝါဒုပါဒါနံ၊ ဣဒံ ဝုစ္စတိ တဏှာပစ္စယာ ဥပါဒါနံ။

၁၀။ တတ္ထ ကတမော ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝေါ ဒုဝိဓေန အတ္ထိ ကမ္မဘဝေါ၊ အတ္ထိ ဥပပတ္တိဘဝေါ။ ၁၀-၁။ တတ္ထ ကတမော ကမ္မဘဝေါ၊ ပုညာဘိသင်္ခါရော အပုညာဘိသင်္ခါရော အာနေဉ္ဇာဘိသင်္ခါရော၊ အယံ ဝုစ္စတိ ကမ္မဘဝေါ။ သဗ္ဗမ္ပိ ဘဝဂါမိကမ္မံ ကမ္မဘဝေါ။

၁၀-၂။ တတ္ထ ကတမော ဥပပတ္တိဘဝေါ၊ ကာမဘဝေါ ရူပဘဝေါ အရူပဘဝေါ သညာဘဝေါ အသညာဘဝေါ နေဝသညာနာသညာဘဝေါ ဧကဝေါကာရဘဝေါ စတုဝေါကာရဘဝေါ ပဉ္စဝေါကာရဘဝေါ၊ အယံ ဝုစ္စတိ ဥပပတ္တိဘဝေါ။ အယံ ဝုစ္စတိ ဥပါဒါနပစ္စယာ ဘဝေါ။

၁၁။ တတ္ထ ကတမာ ဘဝပစ္စယာ ဇာတိ၊ ယာ တေသံ တေသံ သတ္တာနံ တမှိ တမှိ သတ္တနိကာယေ ဇာတိ သဉ္ဇာတိ ဩက္ကန္တိ အဘိနိဗ္ဗတ္တိ ခန္ဓာနံ ပါတုဘာဝေါ အာယတနာနံ ပဋိလာဘော၊ အယံ ဝုစ္စတိ ဘဝပစ္စယာ ဇာတိ။ ၁၂။ တတ္ထ ကတမံ ဇာတိပစ္စယာ ဇရာမရဏံ၊ အတ္ထိ ဇရာ၊ အတ္ထိ မရဏံ။

၁၂-၁။ တတ္ထ ကတမာ ဇရာ၊ ယာ တေသံ တေသံ သတ္တာနံ တမှိ တမှိ သတ္တနိကာယေ ဇရာ ဇီရဏတာ ခဏ္ဍိစ္စံ ပါလိစ္စံ ဝလိတ္တစတာ အာယုနော သံဟာနိ ဣန္ဒြိယာနံ ပရိပါကော၊ အယံ ဝုစ္စတိ ဇရာ။

၁၂-၂။ တတ္ထ ကတမံ မရဏံ၊ ယာ တေသံ တေသံ သတ္တာနံ တမှာ တမှာ သတ္တနိကာယာ စုတိ စဝနတာ ဘေဒေါ အန္တရဓာနံ မစ္စု မရဏံ ကာလကိရိယာ ခန္ဓာနံ ဘေဒေါ ကဠေဝရဿ နိက္ခေပေါ ဇီဝိတိန္ဒြိယဿုပစ္ဆေဒေါ၊ ဣဒံ ဝုစ္စတိ မရဏံ။ ဣတိ အယဉ္စ ဇရာ ဣဒဉ္စ မရဏံ၊ ဣဒံ ဝုစ္စတိ ဇာတိပစ္စယာ ဇရာမရဏံ။

၁၂-၃။ တတ္ထ ကတမော သောကော၊ ဉာတိဗျသနေန ဝါ ဖုဋ္ဌဿ ဘောဂဗျသနေန ဝါ ဖုဋ္ဌဿ ရောဂဗျသနေန ဝါ ဖုဋ္ဌဿ သီလဗျသနေန ဝါ ဖုဋ္ဌဿ ဒိဋ္ဌိဗျသနေန ဝါ ဖုဋ္ဌဿ အညတရညတရေန ဗျသနေန သမန္နာဂတဿ အညတရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ သောကော သောစနာ သောစိတတ္တံ အန္တောသောကော အန္တောပရိသောကော စေတသော ပရိဇ္ဈာယနာ ဒေါမနဿံ သောကသလ္လံ၊ အယံ ဝုစ္စတိ သောကော။

၁၂-၄။ တတ္ထ ကတမော ပရိဒေဝေါ၊ ဉာတိဗျသနေန ဝါ ဖုဋ္ဌဿ။ပ။ အညတရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ အာဒေဝေါ ပရိဒေဝေါ အာဒေဝနာ ပရိဒေဝနာ အာဒေဝိတတ္တံ ပရိဒေဝိတတ္တံ ဝါစာ ပလာပေါ ဝိပ္ပလာပေါ လာလပ္ပေါ လာလပ္ပနာ လာလပ္ပိတတ္တံ၊ အယံ ဝုစ္စတိ ပရိဒေဝေါ။

၁၂-၅။ တတ္ထ ကတမံ ဒုက္ခံ၊ ယံ ကာယိကံ အသာတံ ကာယိကံ ဒုက္ခံ ကာယသမ္ဖဿဇံ အသာတံ ဒုက္ခံ ဝေဒယိတံ ကာယသမ္ဖဿဇာ အသာတာ ဒုက္ခာ ဝေဒနာ၊ ဣဒံ ဝုစ္စတိ ဒုက္ခံ။

၁၂-၆။ တတ္ထ ကတမံ ဒေါမနဿံ၊ ယံ စေတသိကံ အသာတံ စေတသိကံ ဒုက္ခံ စေတောသမ္ဖဿဇံ အသာတံ ဒုက္ခံ ဝေဒယိတံ စေတောသမ္ဖဿဇာ အသာတာ ဒုက္ခာ ဝေဒနာ၊ ဣဒံ ဝုစ္စတိ ဒေါမနဿံ။

၁၂-၇။ တတ္ထ ကတမော ဥပါယာသော၊ ဉာတိဗျသနေန ဝါ ဖုဋ္ဌဿ။ပ။ အညတရညတရေန ဗျသနေန သမန္နာဂတဿ အညတရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ အာယာသော ဥပါယာသော အာယာသိတတ္တံ ဥပါယာသိတတ္တံ၊ အယံ ဝုစ္စတိ ဥပါယာသော။

ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတီတိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သင်္ဂတိ ဟောတိ၊ သမာဂမော ဟောတိ၊ သမောဓာနံ ဟောတိ၊ ပါတုဘာဝေါ ဟောတိ၊ တေန ဝုစ္စတိ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတီတိ။

သုတ္တန္တဘာဇနီယံ နိဋ္ဌိတံ။

ပဋိစ္စသမုပ္ပါဒ်ဝိဘင်းပါဠိတော် - သုတ္တန္တဘာဇနီယနည်း - ကျက်မှတ်ရန် ပါဠိတော်၏ အနက်

၁။ အဝိဇ္ဇာပစ္စယာ = သစ္စာလေးပါး၌ မသိမှု အသိမှားမှု အဝိဇ္ဇာအကြောင်းတရား ထင်ရှားရှိနေခြင်းကြောင့်။ သင်္ခါရာ = ပစ္စုပ္ပန်မှု သံသရာမှုတို့ကို ပြုစုပျိုးထောင်ခြင်း = သင်္ခါရတို့သည်။ သမ္ဘဝန္တိ = ထင်ရှားဖြစ်ပွားလာကြကုန်၏၊

၂။ သင်္ခါရပစ္စယာ = ယင်း ပစ္စုပ္ပန်မှု သံသရာမှုတို့ကို ပြုစုပျိုးထောင်ခြင်း = သင်္ခါရအကြောင်းတရား ထင်ရှား ရှိနေခြင်းကြောင့်။ ဝိညာဏံ = ကမ္မဝိညာဏ်သည်၊ တစ်နည်း - ဝိပါက်ဝိညာဏ်သည်။ သမ္ဘဝတိ = ထင်ရှား ဖြစ်ပွားလာ၏၊

၃။ (က) ဝိညာဏပစ္စယာ = ယင်း ကမ္မဝိညာဏ် အကြောင်းတရား ထင်ရှားရှိနေခြင်းကြောင့်။ နာမရူပံ = ဝိပါက် နာမ်တရား ကမ္မဇရုပ်တရားသည်။ သမ္ဘဝတိ = ထင်ရှား ဖြစ်ပွားလာ၏၊

( ခ ) တစ်နည်း ––ဝိညာဏပစ္စယာ = ယင်းဝိပါက်ဝိညာဏ် အကြောင်းတရား ထင်ရှားရှိနေခြင်းကြောင့်။ နာမရူပံ = ဝိပါက် စေတသိက်နာမ်, ဝိပါက် စိတ္တဇရုပ်သည်။ သမ္ဘဝတိ = ထင်ရှား ဖြစ်ပွားလာ၏၊

၄။ နာမရူပပစ္စယာ = ယင်း နာမ်ရုပ် အကြောင်းတရား ထင်ရှားရှိနေခြင်းကြောင့်။ သဠာယတနံ = အတွင်းအာယတန (၆)ပါးသည်။ သမ္ဘဝတိ = ထင်ရှား ဖြစ်ပွားလာ၏၊

၅။ သဠာယတနပစ္စယာ = ယင်း အတွင်းအာယတန (၆)ပါး အကြောင်းတရား ထင်ရှားရှိနေခြင်းကြောင့်။ ဖေဿာ = ဖဿ (၆)ပါးသည်။ သမ္ဘဝတိ = ထင်ရှား ဖြစ်ပွားလာ၏၊

၆။ ဖဿပစ္စယာ = ယင်း ဖဿ (၆)ပါး အကြောင်းတရား ထင်ရှားရှိနေခြင်းကြောင့်။ ဝေဒနာ = ဝေဒနာ (၆)ပါး သည်။ သမ္ဘဝတိ = ထင်ရှား ဖြစ်ပွားလာ၏၊

၇။ ဝေဒနာပစ္စယာ = ယင်း ဝေဒနာ (၆)ပါး အကြောင်းတရား ထင်ရှားရှိနေခြင်းကြောင့်။ တဏှာ = တဏှာ (၆)ပါးသည်။ သမ္ဘဝတိ = ထင်ရှား ဖြစ်ပွားလာ၏၊

၈။ တဏှာပစ္စယာ = ယင်း တဏှာ (၆)ပါး အကြောင်းတရား ထင်ရှားရှိနေခြင်းကြောင့်။ ဥပါဒါနံ = စွဲလမ်းမှု ဥပါဒါန် (၄)မျိုးသည်။ သမ္ဘဝတိ = ထင်ရှား ဖြစ်ပွားလာ၏၊

၉။ ဥပါဒါနပစ္စယာ = ယင်း စွဲလမ်းမှု ဥပါဒါန် (၄)ပါး အကြောင်းတရား ထင်ရှားရှိနေခြင်းကြောင့်။ ဘဝေါ = ကမ္မဘဝ ဥပပတ္တိဘဝသည်။ သမ္ဘဝတိ = ထင်ရှား ဖြစ်ပွားလာ၏၊

၁၀။ ဘဝပစ္စယာ = ယင်း ကမ္မဘဝ အကြောင်းတရား ထင်ရှားရှိနေခြင်းကြောင့်။ ဇာတိ = ပဋိသန္ဓေ တည်နေရခြင်း ဇာတိတရားသည်။ သမ္ဘဝတိ = ထင်ရှား ဖြစ်ပွားလာ၏၊

၁၁။ ဇာတိပစ္စယာ = ယင်း ပဋိသန္ဓေတည်နေရခြင်း ဇာတိအကြောင်းတရား ထင်ရှားရှိနေခြင်းကြောင့်။
၁၂။ ဇရာမရဏံ = အိုခြင်း (ဇရာ), သေခြင်း (မရဏ)သည်လည်းကောင်း။ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ = စိုးရိမ်ရခြင်း (သောက), ငိုကြွေးမြည်တမ်းရခြင်း (ပရိဒေဝ), ကိုယ်ဆင်းရဲရခြင်း (ဒုက္ခ), စိတ်ဆင်းရဲ ရခြင်း (ဒေါမနဿ), ပြင်းစွာပူပန်ရခြင်း (ဥပါယာသ) တရားတို့သည်လည်းကောင်း။ သမ္ဘဝန္တိ = ထင်ရှား ဖြစ်ပွားလာကြကုန်၏၊

ဧဝံ = ဤသို့လျှင်။ ကေဝလဿ = ချမ်းသာမဖက် သက်သက်သော။ ဧတဿ ဒုက္ခက္ခန္ဓဿ = ဤ ဒုက္ခတုံး ဒုက္ခအစုအပုံ၏၊ သမုဒယော = ဖြစ်ကြောင်းသည်။ တစ်နည်း – သမုဒယော = ဖြစ်ခြင်းသည်။ ဟောတိ = ဖြစ်ပေါ်၍လာပေ၏၊

၁။ တတ္ထ = ထို 'အဝိဇ္ဇာပစ္စယာ သင်္ခါရာ' စသော ပါဠိတော်၌။ အဝိဇ္ဇာ = အဝိဇ္ဇာဟူသည်။ ကတမာ = အဘယ်နည်း။
၁။ ဒုက္ခေ = ဒုက္ခသစ္စာတရား၌။ အညာဏံ = မသိခြင်းလည်းကောင်း။

၂။ ဒုက္ခသမုဒယေ = ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာတရား၌။ အညာဏံ = မသိခြင်းလည်းကောင်း။

၃။ ဒုက္ခနိရောဓေ = ဒုက္ခ၏ချုပ်ရာ နိရောဓသစ္စာတရား၌။ အညာဏံ = မသိခြင်းလည်းကောင်း။

၄။ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ = ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ဖြူစင်မြင့်မြတ်သော ကျင့်စဉ်ဟူသော မဂ္ဂသစ္စာတရား၌။ အညာဏံ = မသိခြင်းလည်းကောင်း။

အယံ = ဤမသိမှုကို။ အဝိဇ္ဇာ = အဝိဇ္ဇာဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊

၂။ တတ္ထ = ထိုပါဠိတော်၌။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ = အဝိဇ္ဇာဟူသော အကြောင်းကြောင့် ဖြစ်ကုန်သော သင်္ခါရတို့သည်။ ကတမေ = အဘယ်သည်တို့နည်းဟူမူကား –

၁။ ပုညာဘိသင်္ခါရော = ပုညာဘိသင်္ခါရလည်းကောင်း။

၂။ အပုညာဘိသင်္ခါရော = အပုညာဘိသင်္ခါရလည်းကောင်း။

၃။ အာနေဉ္ဇာဘိသင်္ခါရော = အာနေဉ္ဇာဘိသင်္ခါရလည်းကောင်း။

၄။ ကာယသင်္ခါရော = ကာယသင်္ခါရလည်းကောင်း။

၅။ ဝစီသင်္ခါရော = ဝစီသင်္ခါရလည်းကောင်း။

၆။ စိတ္တသင်္ခါရော = စိတ္တသင်္ခါရလည်းကောင်းတည်း။

၂-၁။ တတ္ထ = ထိုသင်္ခါရတို့တွင်။ ပုညာဘိသင်္ခါရော = ပုညာဘိသင်္ခါရဟူသည်။ ကတမော = အဘယ်နည်း။ ဒါနမယာ = ဒါနဖြင့်ပြီးသော။ သီလမယာ = သီလဖြင့်ပြီးသော။ ဘာဝနာမယာ = (ပရိကမ္မဘာဝနာ, ဥပစာရဘာဝနာ, ဝိပဿနာဘာဝနာဟူသော) ဘာဝနာဖြင့်ပြီးသော။ ကာမာဝစရာ = ကာမာဝစရဘုံ၌ အကျုံးဝင်သော။ ယာ ကုသလာ စေတနာ = အကြင် မဟာကုသိုလ်စေတနာသည်လည်းကောင်း။ (ဤ၌ ဝိပဿနာကံ အားလုံးကို မဆိုလိုပါ။ ဘဝကိုဖြစ်စေနိုင်သော ဝိပဿနာဘာဝနာကိုသာ ဆိုလိုသည်။) ဘာဝနာမယာ = သမထဘာဝနာဖြင့် ပြီးသော၊ တစ်နည်း - အပ္ပနာဘာဝနာဖြင့်ပြီးသော။ ရူပါဝစရာ = ရူပါဝစရဘုံ၌ အကျုံးဝင်သော။ ယာ ကုသလာ စေတနာ = အကြင် ရူပါဝစရကုသိုလ်စေတနာသည်လည်းကောင်း။ အတ္ထိ = ရှိ၏၊ အယံ = ဤ ကာမာဝစရ ကုသိုလ်စေတနာ ရူပါဝစရကုသိုလ်စေတနာကို။ ပုညာဘိသင်္ခါရော = ပုညာဘိသင်္ခါရဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊ [မဟာကုသိုလ် (၈)ပါး, ရူပါဝစရကုသိုလ် (၅)ပါး။ ပေါင်း (၁၃)ပါးတည်း။]

၂-၂။ တတ္ထ = ထိုသင်္ခါရတို့တွင်။ အပုညာဘိသင်္ခါရော = အပုညာဘိသင်္ခါရဟူသည်။ ကတမော = အဘယ်နည်း။ ကာမာဝစရာ = ကာမာဝစရဘုံ၌ အကျုံးဝင်သော။ ယာ အကုသလာ စေတနာ = အကြင် အကုသိုလ်စေတနာသည်။ အတ္ထိ = ရှိ၏၊ အယံ = ဤ အကုသိုလ်စေတနာကို။ အပုညာဘိသင်္ခါရော = အပုညာဘိသင်္ခါရဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊

၂-၃။ တတ္ထ = ထိုသင်္ခါရတို့တွင်။ အာနေဉ္ဇာဘိသင်္ခါရော = အာနေဉ္ဇာဘိသင်္ခါရဟူသည်။ ကတမော = အဘယ်နည်း။ အရူပါဝစရာ = အရူပါဝစရဘုံ၌ အကျုံးဝင်သော။ ယာ ကုသလာ စေတနာ = အကြင် အရူပါဝစရကုသိုလ် စေတနာ သည်။ အတ္ထိ = ရှိ၏၊ အယံ = ဤ အရူပါဝစရကုသိုလ်စေတနာကို။ အာနေဉ္ဇာဘိသင်္ခါရော = အာနေဉ္ဇာဘိသင်္ခါရ ဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊

၂-၄။ တတ္ထ = ထိုသင်္ခါရတို့တွင်။ ကာယသင်္ခါရော = ကာယသင်္ခါရဟူသည်။ ကတမော = အဘယ်နည်း။ ကာယသေဉ္စတနာ = ကာယဒွါရ၌ ဖြစ်သော (၈)ပါးသော ကာမကုသိုလ်စေတနာ, (၁၂)ပါးသော အကုသိုလ်စေတနာသည်။ ကာယသင်္ခါရော = ကာယသင်္ခါရ မည်၏၊ (၈+၁၂ =၂၀)။

ဝစီသေဉ္စတနာ = ဝစီဒွါရ၌ ဖြစ်သော (၈)ပါးသော ကာမကုသိုလ်စေတနာ, (၁၂)ပါးသော အကုသိုလ်စေတနာသည်။ ဝစီသင်္ခါရော = ဝစီသင်္ခါရ မည်၏၊ (၂၀)။

မနောသေဉ္စတနာ = ဝိညတ်ရုပ် နှစ်မျိုးကို မဖြစ်စေမူ၍ (= ကာယဝိညတ်ရုပ် ဝစီဝိညတ်ရုပ် နှစ်မျိုးကို မဖြစ်စေမူ၍) အလုံးစုံလည်းဖြစ်သော [(၁၂)ပါးသော အကုသိုလ်စေတနာ, (၈)ပါးသော ကာမကုသိုလ်စေတနာ, (၅)ပါးသော ရူပကုသိုလ်စေတနာ, (၄)ပါးသော အရူပကုသိုလ်စေတနာ ဟူသော] တစ်ခုယုတ် (၃၀)သော စေတနာသည်။ စိတ္တသင်္ခါရော = စိတ္တသင်္ခါရ မည်၏၊ (၂၉)။

ဣမေ = ဤသင်္ခါရတို့ကို။ အဝိဇ္ဇာပစ္စယာ သင်္ခါရာ = အဝိဇ္ဇာဟူသော အကြောင်းကြောင့်ဖြစ်သော သင်္ခါရတို့ဟူ၍။ ဝုစ္စန္တိ = ဆိုအပ်ကုန်၏၊

၃။ တတ္ထ = ထိုပါဠိတော်၌။ သင်္ခါရပစ္စယာ ဝိညာဏံ = သင်္ခါရဟူသော အကြောင်းကြောင့်ဖြစ်သော ဝိညာဏ်ဟူသည်။ ကတမံ = အဘယ်နည်း။

၁။ စက္ခုဝိညာဏံ = စက္ခုဝိညာဏ်လည်းကောင်း။
၂။ သောတဝိညာဏံ = သောတဝိညာဏ်လည်းကောင်း။
၃။ ဃာနဝိညာဏံ = ဃာနဝိညာဏ်လည်းကောင်း။
၄။ ဇိဝှါဝိညာဏံ = ဇိဝှါဝိညာဏ်လည်းကောင်း။
၅။ ကာယဝိညာဏံ = ကာယဝိညာဏ်လည်းကောင်း။
၆။ မနောဝိညာဏံ = မနောဝိညာဏ်လည်းကောင်း။

ဣဒံ = ဤ ဝိညာဏ် (၆)မျိုးကို။ သင်္ခါရပစ္စယာ ဝိညာဏံ = သင်္ခါရဟူသော အကြောင်းကြောင့် ဖြစ်သော ဝိညာဏ်ဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊

၄။ တတ္ထ = ထိုပါဠိတော်၌။ ဝိညာဏပစ္စယာ နာမရူပံ = ဝိညာဏ်ဟူသော အကြောင်းကြောင့် ဖြစ်သော နာမ်ရုပ် ဟူသည်။ ကတမံ = အဘယ်နည်း။

၁။ နာမံ = နာမ်သည်။ အတ္ထိ = ရှိ၏၊
၂။ ရူပံ = ရုပ်သည်။ အတ္ထိ = ရှိ၏၊

၄-၁။ တတ္ထ = ထိုနာမ်ရုပ်တို့တွင်။ နာမံ = နာမ်သည်။ ကတမံ = အဘယ်နည်း။
၁။ ဝေဒနာက္ခန္ဓော = ဝေဒနာက္ခန္ဓာလည်းကောင်း။
၂။ သညာက္ခန္ဓော = သညာက္ခန္ဓာလည်းကောင်း။
၃။ သင်္ခါရက္ခန္ဓော = သင်္ခါရက္ခန္ဓာလည်းကောင်း။
ဣဒံ = ဤ ခန္ဓာသုံးပါးကို။ နာမံ = နာမ်ဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊

၄-၂။ တတ္ထ = ထိုနာမ်ရုပ်တို့တွင်။ ရူပံ = ရုပ်သည်။ ကတမံ = အဘယ်နည်း။
၁။ စတ္တာရော မဟာဘူတာ = လေးပါးကုန်သော မဟာဘုတ်တို့လည်းကောင်း။
၂။ စတုန္နံ မဟာဘူတာနံ = မဟာဘုတ်လေးပါးတို့ကို။ ဥပါဒါယရူပဉ္စ = စွဲ၍ဖြစ်သော (၂၄)မျိုးသော ဥပါဒါရုပ်လည်းကောင်းတည်း။

ဣဒံ = ဤ ဘူတရုပ် ဥပါဒါရုပ်ကို။ ရူပံ = ရုပ်ဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊ ဣတိ = ဤသို့လျှင်။ ဣဒဉ္စ နာမံ = ဤနာမ်ကိုလည်းကောင်း။ ဣဒဉ္စ ရူပံ = ဤရုပ်ကိုလည်းကောင်း။ ဣဒံ = ဤနာမ်ရုပ်ကို။ [တစ်နည်း - ဣဒဉ္စ နာမံ = ဤနာမ်သည်လည်းကောင်း။ ဣဒဉ္စ ရူပံ = ဤရုပ်သည်လည်းကောင်း။ အတ္ထိ = ရှိ၏၊ ဣဒံ = ဤနာမ်ရုပ်ကို။] ဝိညာဏပစ္စယာ နာမရူပံ = ဝိညာဏ်ဟူသော အကြောင်းကြောင့် ဖြစ်သော နာမ်ရုပ်ဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊

၅။ တတ္ထ = ထိုပါဠိတော်၌။ နာမရူပပစ္စယာ သဠာယတနံ = နာမ်ရုပ်ဟူသော အကြောင်းကြောင့် ဖြစ်သော သဠာယတနဟူသည်။ ကတမံ = အဘယ်နည်း။

၁။ စက္ခာယတနံ = စက္ခာယတနလည်းကောင်း။
၂။ သောတာယတနံ = သောတာယတနလည်းကောင်း။
၃။ ဃာနာယတနံ = ဃာနာယတနလည်းကောင်း။
၄။ ဇိဝှါယတနံ = ဇိဝှါယတနလည်းကောင်း။
၅။ ကာယာယတနံ = ကာယာယတနလည်းကောင်း။
၆။ မနာယတနံ = မနာယတနလည်းကောင်း။
ဣဒံ = ဤ အာယတန (၆)ပါးကို။ နာမရူပပစ္စယာ သဠာယတနံ = နာမ်ရုပ်ဟူသော အကြောင်းကြောင့် ဖြစ်သော သဠာယတနဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊

၆။ တတ္ထ = ထိုပါဠိတော်၌။ သဠာယတနပစ္စယာ ဖေဿာ = သဠာယတနဟူသော အကြောင်းကြောင့် ဖြစ်သော ဖဿဟူသည်။ ကတမော = အဘယ်နည်း။

၁။ စက္ခုသမ္ဖေဿာ = စက္ခုသမ္ဖဿလည်းကောင်း။
၂။ သောတသမ္ဖေဿာ = သောတသမ္ဖဿလည်းကောင်း။
၃။ ဃာနသမ္ဖေဿာ = ဃာနသမ္ဖဿလည်းကောင်း။
၄။ ဇိဝှါသမ္ဖေဿာ = ဇိဝှါသမ္ဖဿလည်းကောင်း။
၅။ ကာယသမ္ဖေဿာ = ကာယသမ္ဖဿလည်းကောင်း။
၆။ မနောသမ္ဖေဿာ = မနောသမ္ဖဿလည်းကောင်း။
အယံ = ဤ ဖဿ (၆)ပါးကို။ သဠာယတနပစ္စယာ ဖေဿာ = သဠာယတနဟူသော အကြောင်းကြောင့် ဖြစ်သော ဖဿဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊

၇။ တတ္ထ = ထိုပါဠိတော်၌။ ဖဿပစ္စယာ ဝေဒနာ = ဖဿဟူသော အကြောင်းကြောင့်ဖြစ်သော ဝေဒနာဟူသည်။ ကတမာ = အဘယ်နည်း။

၁။ စက္ခုသမ္ဖဿဇာ ဝေဒနာ = စက္ခုသမ္ဖဿကြောင့် ဖြစ်သော ဝေဒနာလည်းကောင်း။
၂။ သောတသမ္ဖဿဇာ ဝေဒနာ = သောတသမ္ဖဿကြောင့် ဖြစ်သော ဝေဒနာလည်းကောင်း။
၃။ ဃာနသမ္ဖဿဇာ ဝေဒနာ = ဃာနသမ္ဖဿကြောင့် ဖြစ်သော ဝေဒနာလည်းကောင်း။
၄။ ဇိဝှါသမ္ဖဿဇာ ဝေဒနာ = ဇိဝှါသမ္ဖဿကြောင့် ဖြစ်သော ဝေဒနာလည်းကောင်း။
၅။ ကာယသမ္ဖဿဇာ ဝေဒနာ = ကာယသမ္ဖဿကြောင့် ဖြစ်သော ဝေဒနာလည်းကောင်း။
၆။ မနောသမ္ဖဿဇာ ဝေဒနာ = မနောသမ္ဖဿကြောင့် ဖြစ်သော ဝေဒနာလည်းကောင်း။
အယံ = ဤ ဝေဒနာ (၆)ပါးကို။ ဖဿပစ္စယာ ဝေဒနာ = ဖဿဟူသော အကြောင်းကြောင့်ဖြစ်သော ဝေဒနာ ဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊

၈။ တတ္ထ = ထိုပါဠိတော်၌။ ဝေဒနာပစ္စယာ တဏှာ = ဝေဒနာဟူသော အကြောင်းကြောင့်ဖြစ်သော တဏှာ ဟူသည်။ ကတမာ = အဘယ်နည်း။

၁။ ရူပတဏှာ = ရူပါရုံ၌ တွယ်တာတပ်မက်သော ရူပတဏှာလည်းကောင်း။
၂။ သဒ္ဒတဏှာ = သဒ္ဒါရုံ၌ တွယ်တာတပ်မက်သော သဒ္ဒတဏှာလည်းကောင်း။
၃။ ဂန္ဓတဏှာ = ဂန္ဓာရုံ၌ တွယ်တာတပ်မက်သော ဂန္ဓတဏှာလည်းကောင်း။
၄။ ရသတဏှာ = ရသာရုံ၌ တွယ်တာတပ်မက်သော ရသတဏှာလည်းကောင်း။
၅။ ဖောဋ္ဌဗ္ဗတဏှာ = ဖောဋ္ဌဗ္ဗာရုံ၌ တွယ်တာတပ်မက်သော ဖောဋ္ဌဗ္ဗတဏှာလည်းကောင်း။
၆။ ဓမ္မတဏှာ = ဓမ္မာရုံ၌ တွယ်တာတပ်မက်သော ဓမ္မတဏှာလည်းကောင်း။
အယံ = ဤ တဏှာ (၆) ပါးကို။ ဝေဒနာပစ္စယာ တဏှာ = ဝေဒနာဟူသော အကြောင်းကြောင့် ဖြစ်သော တဏှာဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊

၉။ တတ္ထ = ထိုပါဠိတော်၌။ တဏှာပစ္စယာ ဥပါဒါနံ = တဏှာဟူသော အကြောင်းကြောင့် ဖြစ်သော ဥပါဒါန်ဟူသည်။ ကတမံ = အဘယ်နည်း။

၁။ ကာမုပါဒါနံ = ကာမဂုဏ်၌ စွဲလမ်းသော ကာမုပါဒါန်လည်းကောင်း။
၂။ ဒိဋ္ဌုပါဒါနံ = မှားယွင်းသော မိစ္ဆာဒိဋ္ဌိ အယူဝါဒ၌ စွဲလမ်းသော ဒိဋ္ဌုပါဒါန်လည်းကောင်း။
၃။ သီလဗ္ဗတုပါဒါနံ = နွားအကျင့် ခွေးအကျင့်စသော မှားယွင်းသော ကျင့်စဉ်၌ စွဲလမ်းသော သီလဗ္ဗတုပါဒါန် လည်းကောင်း။
၄။ အတ္တဝါဒုပါဒါနံ = အတ္တဝါဒ၌ စွဲလမ်းသော အတ္တဝါဒုပါဒါန်လည်းကောင်း။
ဣဒံ = ဤ ဥပါဒါန် လေးမျိုးကို။ တဏှာပစ္စယာ ဥပါဒါနံ = တဏှာဟူသော အကြောင်းကြောင့် ဖြစ်သော ဥပါဒါန်ဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊

၁၀။ တတ္ထ = ထို ပါဠိတော်၌။ ဥပါဒါနပစ္စယာ ဘဝေါ = ဥပါဒါန်ဟူသော အကြောင်းကြောင့် ဖြစ်သော ဘဝဟူသည်။ ကတမော = အဘယ်နည်း။ ဘဝေါ = ဘဝသည်။ ဒုဝိဓေန = နှစ်မျိုးအပြားအားဖြင့်။ အတ္ထိ = ရှိ၏၊ 

၁။ ကမ္မဘဝေါ = ကမ္မဘဝသည် (= ဖြစ်ကြောင်းဘဝသည်)။ အတ္ထိ = ရှိ၏၊
၂။ ဥပပတ္တိဘဝေါ = ဥပပတ္တိဘဝသည် (= ဖြစ်ခြင်းဘဝသည်)။ အတ္ထိ = ရှိ၏၊

၁၀-၁။ တတ္ထ = ထို နှစ်မျိုးတို့တွင်။ ကမ္မဘဝေါ = ဖြစ်ကြောင်း ကမ္မဘဝသည်။ ကတမော = အဘယ်နည်း။
၁။ ပုညာဘိသင်္ခါရော = ပုညာဘိသင်္ခါရလည်းကောင်း။
၂။ အပုညာဘိသင်္ခါရော = အပုညာဘိသင်္ခါရလည်းကောင်း
၃။ အာနေဉ္ဇာဘိသင်္ခါရော = အာနေဉ္ဇာဘိသင်္ခါရလည်းကောင်း။

အယံ = ဤ သင်္ခါရသုံးမျိုးကို။ ကမ္မဘဝေါ = ကမ္မဘဝဟူ၍ (= ဖြစ်ကြောင်းဘဝဟူ၍)။ ဝုစ္စတိ = ဆိုအပ်၏၊ သဗ္ဗမ္ပိ = အလုံးစုံလည်းဖြစ်သော။ ဘဝဂါမိကမ္မံ = ဘဝသို့ လားစေတတ် ရောက်စေတတ်သော ကံဟူသမျှသည်။ ကမ္မဘဝေါ = ကမ္မဘဝ မည်၏ (= ဖြစ်ကြောင်းဘဝ မည်၏)။

၁၀-၂။ တတ္ထ = ထို ဘဝ နှစ်မျိုးတို့တွင်။ ဥပပတ္တိဘဝေါ = ဥပပတ္တိဘဝသည် (= ဖြစ်ခြင်းဘဝသည်)။ ကတမော = အဘယ်နည်း။

၁။ ကာမဘဝေါ = ကာမ (၁၁)ဘုံဟူသော ကာမဘဝလည်းကောင်း။
၂။ ရူပဘဝေါ = ရူပ (၁၆)ဘုံဟူသော ရူပဘဝလည်းကောင်း။
၃။ အရူပဘဝေါ = အရူပ (၄)ဘုံဟူသော အရူပဘဝလည်းကောင်း။
၄။ သညာဘဝေါ = သညာဘဝလည်းကောင်း။ [ကာမ (၁၁) ဘုံ, အသညသတ်မှ တစ်ပါးသော ရူပ (၁၅) ဘုံ, နေဝသညာနာသညာယတနဘုံမှ တစ်ပါးသော အရူပ (၃) ဘုံ –– ပေါင်း (၂၉)ဘုံတည်း။ သညာရှိသော ဘဝ ဟူလိုသည်။]
၅။ အသညာဘဝေါ = သညာမရှိသော အသညာဘဝ (= အသညသတ်ဘဝ)လည်းကောင်း။
၆။ နေဝသညာနာသညာဘဝေါ = ရုန့်ရင်းကြမ်းတမ်းသော သညာကား မရှိ၊ သိမ်မွေ့နူးညံ့သော သညာသာ ရှိသောကြောင့် သညာရှိသည်လည်း မဟုတ်, သညာမရှိသည်လည်း မဟုတ်သော နေဝသညာနာသညာဘဝ လည်းကောင်း။
၇။ ဧကဝေါကာရဘဝေါ = ရူပက္ခန္ဓာတစ်ပါးသာ ရှိသော ဧကဝေါကာရဘဝလည်းကောင်း (အသညသတ်ဘုံ)။
၈။ စတုဝေါကာရဘဝေါ = နာမ်ခန္ဓာလေးပါးသာ ရှိသော စတုဝေါကာရဘဝလည်းကောင်း (အရူပ ၄-ဘုံ)။
၉။ ပဉ္စဝေါကာရဘဝေါ = ခန္ဓာငါးပါးရှိသော ပဉ္စဝေါကာရဘဝလည်းကောင်း။ [ကာမ (၁၁)ဘုံ, အသညသတ်မှတစ်ပါး ရူပ (၁၅)ဘုံ, ပေါင်း (၂၆)ဘုံ။]

အယံ = ဤ (၉)မျိုးသော ဘဝကို။ ဥပပတ္တိဘဝေါ = ဥပပတ္တိဘဝဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊ အယံ = ဤ ကမ္မဘဝ, ဥပပတ္တိဘဝကို။ ဥပါဒါနပစ္စယာ ဘဝေါ = ဥပါဒါန်ဟူသောအကြောင်းကြောင့် ဖြစ်သော ဘဝဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊

၁၁။ တတ္ထ = ထိုပါဠိတော်၌။ ဘဝပစ္စယာ ဇာတိ = (ကမ္မဘဝ) ဟူသော အကြောင်းကြောင့် ဖြစ်သော ဇာတိဟူသည်။ ကတမာ = အဘယ်နည်း။

တေသံ တေသံ သတ္တာနံ = ထိုထိုသို့သော သတ္တဝါတို့၏၊ တမှိ တမှိ သတ္တနိကာယေ = ထိုထိုသို့သော သတ္တဝါ အပေါင်း၌။ ယာ ဇာတိ = အကြင် ဖြစ်ခြင်းသည်။ ယာ သဉ္ဇာတိ = အကြင် ကောင်းသောဖြစ်ခြင်းသည်။ ယာ ဩက္ကန္တိ = အကြင် အမိဝမ်းတိုက်သို့ သက်ဝင်ခြင်းသည်။ ယာ အဘိနိဗ္ဗတ္တိ = အကြင် သတ္တဝါဟူသော အသစ်ဖြစ်ခြင်းသည်။ ယော ခန္ဓာနံ ပါတုဘာဝေါ = အကြင် ခန္ဓာတို့၏ ထင်ရှားစွာ ဖြစ်ခြင်းသည်။ ယော အာယတနာနံ ပဋိလာဘော = အကြင် အာယတနတို့ကို ရခြင်းသည်။ အတ္ထိ = ရှိ၏၊ အယံ = ဤသည်ကို။ ဘဝပစ္စယာ ဇာတိ = ဘဝဟူသော အကြောင်းကြောင့် ဖြစ်သော ဇာတိဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊

၁၂။ တတ္ထ = ထိုပါဠိတော်၌။ ဇာတိပစ္စယာ ဇရာမရဏံ = ဇာတိဟူသော အကြောင်းကြောင့် ဖြစ်သော ဇရာမရဏ ဟူသည်။ ကတမံ = အဘယ်နည်း။ ဇရာ = အိုခြင်း ဇရာတရားသည်။ အတ္ထိ = ရှိ၏၊ မရဏံ = သေခြင်းမရဏတရားသည်။ အတ္ထိ = ရှိ၏၊

၁၂-၁။ တတ္ထ = ထို ဇရာမရဏ နှစ်မျိုးတို့တွင်။ ဇရာ = အိုခြင်း ဇရာဟူသည်။ ကတမာ = အဘယ်နည်း။

တေသံ တေသံ သတ္တာနံ = ထိုထိုသို့သော သတ္တဝါတို့၏၊ တမှိ တမှိ သတ္တနိကာယေ = ထိုထိုသို့သော သတ္တဝါအပေါင်း၌။ ယာ ဇရာ = အကြင် အိုခြင်းသည်လည်းကောင်း။ ယာ ဇီရဏတာ = အကြင် ဆွေးမြည့်သော အဖြစ်သည်လည်းကောင်း။

ယံ ခဏ္ဍိစ္စံ = အကြင် သွားကျိုးသော အဖြစ်သည်လည်းကောင်း။ ယံ ပါလိစ္စံ = အကြင် ဆံဖြူသော အဖြစ်သည်လည်းကောင်း။ ယာ ဝလိတ္တစတာ = အကြင် အရေတွန့်သော အဖြစ်သည်လည်းကောင်း။ အာယုနော = အသက်၏၊ ယာ သံဟာနိ = အကြင် ဆုတ်ယုတ်ခြင်းသည်လည်းကောင်း။ ဣန္ဒြိယာနံ = ဣန္ဒြေတို့၏၊ ယော ပရိပါကော = အကြင် ရင့်ကျက်ခြင်းသည်လည်းကောင်း။ အတ္ထိ = ရှိ၏၊ အယံ = ဤ သဘောတရားကို။ ဇရာ = ဇရာဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊

၁၂-၂။ တတ္ထ = ထို ဇရာမရဏတို့တွင်။ မရဏံ = မရဏဟူသည်။ ကတမံ = အဘယ်နည်း။

တေသံ တေသံ သတ္တာနံ = ထိုထို သတ္တဝါတို့၏၊ တမှာ တမှာ သတ္တနိကာယာ = ထိုထိုသော သတ္တဝါတို့၏ အပေါင်းမှ။ ယာ စုတိ = အကြင် စုတေခြင်းသည် (အကြင် ရွေ့လျောခြင်းသည်)။ ယာ စဝနတာ = အကြင် စုတေသော အဖြစ်သည်။ ယော ဘေဒေါ = အကြင် ပျက်စီးခြင်းသည်။ ယံ အန္တရဓာနံ = အကြင် ကွယ်လွန်ခြင်းသည်။ ယာ မစ္စု = အကြင် သေခြင်းသည်။ ယံ မရဏံ = အကြင် သေခြင်းသည်။ ယာ ကာလကိရိယာ = အကြင် သေခြင်းကို ပြုခြင်းသည်။ ယော ခန္ဓာနံ ဘေဒေါ = အကြင် ခန္ဓာတို့၏ ပျက်စီးခြင်းသည်။ ယော ကဠေဝရဿ နိက္ခေပေါ = အကြင် ကိုယ်ကောင်ကို ပစ်ချခြင်းသည်။ ယော ဇီဝိတိန္ဒြိယဿုပစ္ဆေဒေါ = အကြင် ဇီဝိတိန္ဒြေ၏ ပြတ်စဲခြင်းသည်။ အတ္ထိ = ရှိ၏၊ ဣဒံ = ဤသဘောတရားကို။ မရဏံ = မရဏဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊

အယဉ္စ ဇရာ = ဤ ဇရာသည်လည်း။ အတ္ထိ = ရှိ၏၊ ဣဒဉ္စ မရဏံ = ဤ မရဏသည်လည်း။ အတ္ထိ = ရှိ၏၊ ဣဒံ = ဤ ဇရာမရဏ သဘောတရား နှစ်မျိုးကို။ ဇာတိပစ္စယာ ဇရာမရဏံ = ဇာတိကြောင့် ဖြစ်သော ဇရာမရဏ ဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊

၁၂-၃။ တတ္ထ = ထိုပါဠိတော်၌။ သောကော = စိုးရိမ်ခြင်း သောကဟူသည်။ ကတမော = အဘယ်နည်း။

ဉာတိ ဗျသနေန ဝါ = ဆွေမျိုးတို့၏ ပျက်စီးခြင်းဖြင့်မူလည်း။ ဖုဋ္ဌဿ = တွေ့ကြုံသောသူအားလည်းကောင်း။ ဘောဂဗျသနေန ဝါ = စည်းစိမ်ဥစ္စာတို့၏ ပျက်စီးခြင်းဖြင့်မူလည်း။ ဖုဋ္ဌဿ = တွေ့ကြုံသောသူအားလည်းကောင်း။ ရောဂဗျသနေန ဝါ = အနာရောဂါဟူသော ပျက်စီးခြင်းဖြင့်မူလည်း။ ဖုဋ္ဌဿ = တွေ့ကြုံသောသူအားလည်းကောင်း။ သီလဗျသနေန ဝါ = သီလပျက်စီးခြင်းဖြင့်မူလည်း။ ဖုဋ္ဌဿ = တွေ့ကြုံသောသူအားလည်းကောင်း။ ဒိဋ္ဌိဗျသနေန ဝါ = အယူဝါဒပျက်စီးခြင်းဖြင့်မူလည်း။ ဖုဋ္ဌဿ = တွေ့ကြုံသောသူအားလည်းကောင်း။ အညတရညတရေန = အမှတ်မထား တစ်ပါးပါးသော။ ဗျသနေန = ပျက်စီးခြင်း ဗျသနတရားနှင့်။ သမန္နာဂတဿ = ပြည့်စုံသောသူအား။ အညတရညတရေန = အမှတ်မထား တစ်ပါးပါးသော။ ဒုက္ခဓမ္မေန = ဒုက္ခတရားဖြင့်။ ဖုဋ္ဌဿ = တွေ့ကြုံသော သူအား။ ယော သောကော = အကြင် စိုးရိမ်ခြင်းသည်။ ယာ သောစနာ = အကြင် စိုးရိမ်သော အခြင်းအရာသည်။ ယံ သောစိတတ္တံ = အကြင် စိုးရိမ်သော အဖြစ်သည်။ ယော အန္တောသောကော = အကြင် အတွင်း၌ စိုးရိမ်ခြင်းသည်။ ယော အန္တောပရိသောကော = အကြင် အတွင်း၌ ထက်ဝန်းကျင် စိုးရိမ်ခြင်းသည်။ ယာ စေတသော ပရိဇ္ဈာယနာ = အကြင် စိတ်၏ ထက်ဝန်းကျင် ပူလောင်သော အခြင်းအရာသည်။ ယံ ဒေါမနဿံ = အကြင် စိတ်နှလုံး မသာယာခြင်း သည်။ ယံ သောကသလ္လံ = အကြင် စူးဝင်နေသော သောကတည်းဟူသော ငြောင့်တံသင်းသည်။ အတ္ထိ = ရှိ၏၊ အယံ = ဤသဘောတရားကို။ သောကော = သောကဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊

၁၂-၄။ တတ္ထ = ထိုပါဠိတော်၌။ ပရိဒေဝေါ = ပရိဒေဝဟူသည်။ ကတမော = အဘယ်နည်း။

ဉာတိ ဗျသနေန ဝါ = ဆွေမျိုးတို့၏ ပျက်စီးခြင်းဖြင့်မူလည်း။ ဖုဋ္ဌဿ = တွေ့ကြုံသောသူအားလည်းကောင်း။ ပ။ အညတရညတရေန = အမှတ်မထား တစ်ပါးပါးသော။ ဒုက္ခဓမ္မေန = ဒုက္ခတရားဖြင့်။ ဖုဋ္ဌဿ = တွေ့ကြုံသော သူအား။ ယော အာဒေဝေါ = အကြင် ငိုကြွေးခြင်းသည်။ ယော ပရိဒေဝေါ = အကြင် အဖန်တလဲလဲ ငိုကြွေးခြင်းသည်။ ယာ အာဒေဝနာ = အကြင် ငိုကြွေးသော အခြင်းအရာသည်။ ယာ ပရိဒေဝနာ = အကြင် အဖန်တလဲလဲ ငိုကြွေးသော အခြင်းအရာသည်။ ယံ အာဒေဝိတတ္တံ = အကြင် ငိုကြွေးသည်၏ အဖြစ်သည်။ ယံ ပရိဒေဝိတတ္တံ = အကြင် အဖန်တလဲလဲ ငိုကြွေးသည်၏ အဖြစ်သည်။ ယာ ဝါစာ = အကြင် (ငါ၏သား ငါ၏သမီး စသည်ဖြင့်) ပြောဆို ငိုကြွေးခြင်းသည်။ ယော ပလာပေါ = အကြင် အဖန်တလဲလဲ ပြောဆိုငိုကြွေးခြင်းသည်။ ယော ဝိပ္ပလာပေါ = အကြင် အထူးထူးအပြားပြား အဖန်တလဲလဲ ပြောဆိုငိုကြွေးခြင်းသည်။ ယော လာလပ္ပေါ = အကြင် အဖန်တလဲလဲ ပြောဆိုငိုကြွေးခြင်းသည်။ ယာ လာလပ္ပနာ = အကြင် အဖန်တလဲလဲ ပြောဆိုငိုကြွေးသော အခြင်းအရာသည်။ ယံ လာလပ္ပိတတ္တံ = အကြင် အဖန်တလဲလဲ ပြောဆိုငိုကြွေးသည်၏ အဖြစ်သည်။ အတ္ထိ = ရှိ၏၊ အယံ = ဤသဘောတရားကို။ ပရိဒေဝေါ = ပရိဒေဝဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊

၁၂-၅။ တတ္ထ = ထိုပါဠိတော်၌။ ဒုက္ခံ = ဒုက္ခဟူသည်။ ကတမံ = အဘယ်နည်း။

ကာယိကံ = ကိုယ်၌ဖြစ်သော။ အသာတံ = သာယာဖွယ်မှကင်းသော။ ယံ ကာယိကံ ဒုက္ခံ = အကြင် ကာယိကဒုက္ခသည်။ ကာယသမ္ဖဿဇံ = ကာယသမ္ဖဿကြောင့် ဖြစ်သော။ အသာတံ = သာယာဖွယ်မှကင်းသော။ ယံ ဒုက္ခံ ဝေဒယိတံ = အကြင် ဒုက္ခဖြစ်သော ခံစားအပ်သည်၏အဖြစ်သည်။ ကာယသမ္ဖဿဇာ = ကာယသမ္ဖဿကြောင့် ဖြစ်သော။ အသာတာ = သာယာဖွယ်မှ ကင်းသော။ ယာ ဒုက္ခာ ဝေဒနာ = အကြင် ဒုက္ခဝေဒနာသည်။ အတ္ထိ =ရှိ၏၊ ဣဒံ = ဤကာယိကဒုက္ခဝေဒနာကို။ ဒုက္ခံ = ဒုက္ခဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊

၁၂-၆။ တတ္ထ = ထိုပါဠိတော်၌။ ဒေါမနဿံ = ဒေါမနဿဟူသည်။ ကတမံ = အဘယ်နည်း။ စေတသိကံ = စိတ်၌ဖြစ်သော။ အသာတံ = သာယာဖွယ်မှ ကင်းသော။ ယံ စေတသိကံ ဒုက္ခံ = အကြင် စေတသိကဒုက္ခသည်။ စေတောသမ္ဖဿဇံ = စေတောသမ္ဖဿ (= မနောသမ္ဖဿ)ကြောင့် ဖြစ်သော။ အသာတံ = သာယာဖွယ်မှ ကင်းသော။ ယံ ဒုက္ခံ ဝေဒယိတံ = အကြင် ဒုက္ခဖြစ်သော ခံစားအပ်သည်၏ အဖြစ်သည်။ စေတောသမ္ဖဿဇာ = စေတောသမ္ဖဿ (= မနောသမ္ဖဿ) ကြောင့် ဖြစ်သော။ အသာတာ = သာယာဖွယ်မှ ကင်းသော။ ယာ ဒုက္ခာ ဝေဒနာ = အကြင်ဒုက္ခဝေဒနာသည်။ အတ္ထိ = ရှိ၏၊ ဣဒံ = ဤစေတသိကဒုက္ခဝေဒနာ (= ဒေါမနဿဝေဒနာ)ကို။ ဒေါမနဿံ = ဒေါမနဿဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊

၁၂-၇။ တတ္ထ = ထိုပါဠိတော်၌။ ဥပါယာသော = ပြင်းစွာပူပန်ရခြင်း ဥပါယာသဟူသည်။ ကတမော = အဘယ်နည်း။

ဉာတိဗျသနေန ဝါ = ဆွေမျိုးတို့၏ ပျက်စီးခြင်းဖြင့်မူလည်း။ ဖုဋ္ဌဿ = တွေ့ကြုံသောသူအားလည်းကောင်း။ ပ။ အညတရညတရေန = အမှတ်မထား တစ်ပါးပါးသော။ ဒုက္ခဓမ္မေန = ဒုက္ခဓမ္မဖြင့်။ ဖုဋ္ဌဿ = တွေ့ကြုံသောသူအား။ ယော အာယာသော = အကြင် စိတ်၏ပင်ပန်းခြင်းသည်။ ယော ဥပါယာသော = အကြင် ကြီးစွာသော စိတ်၏ ပင်ပန်းခြင်းသည်။ ယံ အာယာသိတတ္တံ = အကြင် စိတ်၏ ပင်ပန်းသောအဖြစ်သည်။ ယံ ဥပါယာသိတတ္တံ = အကြင် ကြီးစွာသော စိတ်၏ ပင်ပန်းသည်၏ အဖြစ်သည်။ အတ္ထိ = ရှိ၏၊ အယံ = ဤ သဘောတရားကို။ ဥပါယာသော = ဥပါယာသဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊

ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ (ဧဝံ = ဤသို့လျှင်။ ကေဝလဿ = သုခမဖက် သက်သက်သော။ ဧတဿ ဒုက္ခက္ခန္ဓဿ = ဤ ဒုက္ခတုံး ဒုက္ခအစုအပုံ၏၊ သမုဒယော = ဖြစ်ခြင်းသည်။ ဟောတိ = ဖြစ်၏၊) ဣတိ ပဒဿ = ဤပုဒ်၏၊ အတ္ထော = ဆိုလိုရင်း အနက်သဘောကို။ ဧဝံ = ဤသို့။ ဝေဒိတဗ္ဗော = သိအပ်၏၊

ဧဝံ = ဤသို့လျှင်။ ကေဝလဿ = သုခမဖက်သက်သက်သော။ ဧတဿ ဒုက္ခက္ခန္ဓဿ = ဤ ဒုက္ခတုံး ဒုက္ခအစု အပုံ၏၊ သင်္ဂတိ = ပေါင်းဆုံခြင်းသည်။ ဟောတိ = ဖြစ်၏၊ သမာဂမော = အညီအညွတ် ဆိုက်ရောက်လာခြင်းသည်။ ဟောတိ = ဖြစ်၏၊ သမောဓာနံ = ပေါင်းဆုံမိခြင်းသည်။ ဟောတိ = ဖြစ်၏၊ ပါတုဘာဝေါ = ထင်ရှားဖြစ်ခြင်းသည်။ ဟောတိ = ဖြစ်၏၊ တေန = ထိုကြောင့်။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတီတိ = 'ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ'ဟူ၍။ ဝုစ္စတိ = ဆိုအပ်၏၊

သုတ္တန္တဘာဇနီယံ = သုတ္တန္တဘာဇနီယနည်းသည်။ နိဋ္ဌိတံ = ပြီးဆုံးတော်မူပြီ။[၇၉၀]

ဤကား .. ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကျင့်စဉ်ကို စနစ်တကျ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လိုသော, အနုဗောဓသိ ပဋိဝေဓသိ = အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့ဖြင့်[၇၉၁] အသိကြီး သိလိုသော ယောဂီသူတော်ကောင်းသည် အားမထုတ်မီ ရှေ့ဦးစွာ ကြိုတင်၍ ကျက်ထားသင့်သော ပဋိစ္စသမုပ္ပါဒ် ဝိဘင်းပါဠိတော်ကြီးနှင့် ယင်းပါဠိတော်၏ မြန်မာပြန်အနက်ပင် ဖြစ်ပါသည်။ ဤပါဠိတော်ကြီးကို အနက်နှင့်တကွ အလွတ်ရထားပြီးသော ယောဂီသူတော်ကောင်းသည် ပဋိစ္စသမုပ္ပါဒ် ပထမနည်းရှုကွက်ကို လက်တွေ့ လေ့ကျင့်ကြည့်ပါ။

ပဋိစ္စသမုပ္ပါဒ်တရားတော်ဟူသည်

ဤပဋိစ္စသမုပ္ပါဒ်တရားတော်ကို မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက တည်ထောင်ဖန်ဆင်းထားသည်လည်း မဟုတ်။ ဘုရားပွင့်တော်မူသည်ဖြစ်စေ, ပွင့်တော်မမူသည်ဖြစ်စေ, ဤပဋိစ္စသမုပ္ပါဒ်တရားသဘောသည် ထင်ရှား ရှိနေသည်သာ ဖြစ်သည်။[၇၉၂] သို့သော် ဘုရားရှင်တို့ ပွင့်ထွန်း ပေါ်ပေါက်တော်မူသောအခါမှသာလျှင် ထိုဘုရားရှင်တို့၏ ထုတ်ဖော်ဟောကြားမှုကြောင့် ဤတရားတော်ကို သတ္တဝါတို့သည် သိရှိခွင့်ကို ရရှိကြသည်။ အကယ်၍ လောက၌ ဘုရားပွင့်တော်မမူသော်လည်းကောင်း, ဘုရားပွင့်တော်မူသော်လည်း ပဋိစ္စသမုပ္ပါဒ်တရားတော်ကို မနာယူရသော် လည်းကောင်း, တရားတော်ကို နာယူခွင့် ရရှိသော်လည်း သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိစသည့် မိစ္ဆာဒိဋ္ဌိဝါဒဆိုးကြီးများကို စွဲလမ်းဆုပ်ကိုင်ထားသော်လည်းကောင်း ဤပဋိစ္စသမုပ္ပါဒ်တရားသဘောကို သိရှိ နားလည်နိုင်ကြမည် မဟုတ်ပေ။

ဤပဋိစ္စသမုပ္ပါဒ်တရားတော်သည်ကား နက်ယောင်နှင့်လည်း နက်၏၊ ခက်ယောင်နှင့်လည်း ခက်၏၊ ဤတရားတော်ကို ''လွယ်သည် တိမ်သည်''ဟု ပြောဆိုလျှောက်ထားလာသော အရှင်အာနန္ဒာကိုယ်တော်မြတ်အား ''မာ ဟေဝံ အာနန္ဒ အဝစ = ချစ်သား အာနန္ဒ ...ဒီလို မပြောနဲ့''ဟု တားမြစ်တော်မူခဲ့ဖူးလေသည်။ မည်မျှပင် အသိခက်၍ နက်နဲငြားသော်လည်း ဤပဋိစ္စသမုပ္ပါဒ်တရားတော်ကို အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့ဖြင့် ပိုင်းခြား၍ မသိဘဲ သံသရာဝဋ်ဆင်းရဲမှ ကျော်လွှား လွန်မြောက်နိုင်မည်မဟုတ်ချေ။[၇၉၃]

ဤပဋိစ္စသမုပ္ပါဒ်တရားသဘောကို မသိဘဲ သမဏ ဗြာဟ္မဏဟု အခေါ်မခံထိုက်ချေ။[၇၉၄] ပွင့်တော်မူပြီး ပွင့်တော်မူဆဲ ပွင့်တော်မူလတ္တံ့သော ဘုရားရှင်တို့သည် ဤပဋိစ္စသမုပ္ပါဒ်တရားတော်ကို ပိုင်းခြား၍ သိတော်မူခြင်းကြောင့် ဘုရားအဖြစ်သို့ ရောက်တော်မူပြီး ရောက်တော်မူဆဲ ရောက်တော်မူလတ္တံ့ ဖြစ်ကြသည်။[၇၉၅]

သတ္တဝါအပေါင်းသည် ဤပဋိစ္စသမုပ္ပါဒ်တရားတော်ကို ပိုင်းခြား၍ မသိသေးသမျှကာလပတ်လုံး သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိတည်းဟူသော ချောက်ကြီး တစ်ခုခုအတွင်းသို့ ကျရောက်ကာ ဆင်းရဲဒုက္ခအပေါင်းကို ခံစားနေကြရဦးမည်သာ ဖြစ်၏၊ ထိုကြောင့် သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်လိုသူတို့သည် ဤပဋိစ္စသမုပ္ပါဒ်တရားတော်ကို ထိုးထွင်း၍ သိနိုင်ရန် ကြိုးပမ်းကြရမည် ဖြစ်ကြောင်းကို နိဒါနသံယုတ်၌ အကြိမ်များစွာ ဘုရားရှင်သည် ဟောကြားတော်မူခဲ့ပေသည်။

မဇ္ဈိမပဋိပဒါလမ်းခရီး

ပဋိစ္စသမုပ္ပါဒ်သည် ..

၁။ ဇရာမရဏာဒီနံ ဓမ္မာနံ ပစ္စယလက္ခဏော ပဋိစ္စသမုပ္ပါဒေါ = ဇရာ မရဏ အစရှိကုန်သော ပစ္စယုပ္ပန်တရား တို့အား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုတတ်သည်၏ အဖြစ်ဟူသော မှတ်ကြောင်းသဘောလက္ခဏာ ရှိ၏၊ 

၂။ ဒုက္ခာနုဗန္ဓနရသော = အကြောင်းနှင့် အကျိုး ဆက်စပ်လျက် မပြတ်မစဲဖြစ်ခြင်းဟူသော ပဝတ္တိဒုက္ခသို့ အစဉ် လိုက်စေခြင်း ကိစ္စရသ ရှိ၏၊

၃။ ကုမ္မဂ္ဂပစ္စုပဋ္ဌာနော = စက်ဆုပ်အပ်သော သံသရာခရီး၏ အဖြစ်ဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်အား ရှေးရှူ ထင်တတ်၏၊ တစ်နည်း ––- နိဗ္ဗာန်သို့ သွားရာ မဇ္ဈိမပဋိပဒါလမ်းခရီး၏ အလွဲခရီးဖြစ်၍ ခရီးလွဲ ခရီးကောက်၏ အဖြစ်ဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်အား ရှေးရှူထင်တတ်၏၊[၇၉၆]

ယောဂါဝစရပုဂ္ဂိုလ်သည် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်ဟူသော ဉာဏ်နှစ်ပါးတို့ကို ရရှိသောအခါ ထိုထို အဝိဇ္ဇာစသော အကြောင်းတရားတို့၏ ညီညွတ်မှုကို အစွဲပြု၍ ထိုထိုသင်္ခါရစသော အကျိုးတရားတို့၏ အကြောင်းနှင့် အကျိုး ဆက်နွယ်လျက် မပြတ်မစဲ ဖြစ်နေမှုကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်လာ၏၊ ယင်းသို့ သိမြင်သောအခါ ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်သည် သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိဟု ခေါ်ဆိုအပ်သော အစွန်းနှစ်ဘက်သို့ မကပ်ရောက်တော့ဘဲ မိမိ မိမိတို့၏ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရား အပေါင်းတို့ကြောင့် ယင်းအကြောင်းတရားတို့နှင့် လျော်ညီသော အကျိုးတရားတို့၏ ဖြစ်ခြင်းကို ဖော်ပြနေသော ဘုရားရှင် ညွှန်ကြားထားတော်မူသည့် မဇ္ဈိမပဋိပဒါလမ်းပေါ်သို့ ရောက်ရှိသွားပေ၏၊[၇၉၇]

အလားတူပင် ဝိညာဏ် နာမ်ရုပ်စသည်တို့၌လည်း အကြောင်းတရားဖြစ်မှု အကျိုးတရား ဖြစ်မှုကို သဘောပေါက်ပါလေ။

နိဗ္ဗာန်သို့ သွားရာ မဇ္ဈိမပဋိပဒါလမ်းဟူသည်ကား
၁။ အဝိဇ္ဇာစသော အကြောင်းတရားတို့ကိုလည်းကောင်း,
၂။ သင်္ခါရစသော အကျိုးတရားတို့ကိုလည်းကောင်း,
၃။ အဝိဇ္ဇာစသော အကြောင်းတရားနှင့် သင်္ခါရစသော အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောတရားကိုလည်းကောင်း –

သိရှိလာသောအခါ ယင်းအကြောင်းတရားအပေါင်း အကျိုးတရားအပေါင်းတို့ကို လက္ခဏာယာဉ် သုံးချက်သို့ တင်၍ တွင်တွင်ကြီး ဝိပဿနာရှုရသော လမ်းတည်း။

ယင်းသို့ ဝိပဿနာ မရှုခဲ့သော် မရှုနိုင်ခဲ့သော် ယင်းအကြောင်းတရားနှင့် အကျိုးတရားတို့သည် မပြတ် ဆက်စပ်လျက် အထပ်ထပ် ဖြစ်မြဲ ဖြစ်နေမည်သာ ဖြစ်ကြ၏၊ ယင်းသို့ ဖြစ်နေမှုကို ပဝတ္တိဒုက္ခဟု ခေါ်ဆိုပေသည်။ ယင်းပဝတ္တိဒုက္ခ အမည်ရသော အကြောင်းတရား အကျိုးတရားတို့၏ မပြတ် ဖြစ်နေမှုသည် သို့မဟုတ် မပြတ်ဖြစ်အောင် ကြိုးစားအားထုတ်မှုသည် ကုမ္မဂ္ဂအမည်ရသော နိဗ္ဗာန်သို့သွားရာ မဇ္ဈိမပဋိပဒါလမ်းမှ တိမ်းစောင်း လွဲချော်နေသော, မဇ္ဈိမပဋိပဒါလမ်းနှင့် ထိပ်တိုက် ဆန့်ကျင်ဘက်ဖြစ်သော ခရီးကောက် ခရီးလွဲပင်တည်း။ သံသရာ၏ အစီးအပွား အပါယ်၏ အစီးအပွားသာတည်း။

အကယ်၍ ယောဂီသူတော်ကောင်းသည် အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည်တိုင်အောင် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၏ အတွင်း၌ အဝိဇ္ဇာ သင်္ခါရစသော အကြောင်းတရားအဆက်ဆက် အကျိုးတရား အဆက်ဆက်တို့ကို လက္ခဏာရေး သုံးတန်တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုနိုင်ပါမူကား ယင်းအကြောင်းတရား အကျိုးတရားတို့အပေါ်၌ ''ငါ့ဟာ, ငါ, ငါ၏အတ္တ''ဟု အစွဲကြီး စွဲနေသည့် တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲတို့သည် ပြိုကွဲ ပျက်စီးသွားကြမည် ဖြစ်၏၊ ထိုကြောင့် ဤကဲ့သို့ ဝိပဿနာရှုနေခြင်းသည် မဇ္ဈိမပဋိပဒါလမ်းပေါ်သို့ ဣန္ဒြေရရ ဂုဏ်သိက္ခာရှိရှိဖြင့် တည်ငြိမ်စွာ လျှောက်သွားနေခြင်းပင် ဖြစ်ပေသည်။ ထိုကဲ့သို့ မဇ္ဈိမပဋိပဒါလမ်းပေါ်သို့ ကောင်းကောင်းကြီး တွင်တွင်ကြီး မနေမနား လျှောက်သွားနိုင်ပါမူကား ယောဂီသူတော်ကောင်း လိုလားတောင့်တ နေသော နိဗ္ဗာန်သို့ကား ဣန္ဒြေရင့်ကျက်စုံညီသော တစ်နေ့တွင် ဆိုက်ရောက်ရမည်သာ ဧကန် ဖြစ်ပေသတည်း။

ပဋိစ္စသမုပ္ပါဒ်ဟူသည်

အဝိဇ္ဇာစသော အကြောင်းတရားတို့ကို ပဋိစ္စသမုပ္ပါဒ်ဟူ၍ သိရှိပါကုန်။ ထိုအဝိဇ္ဇာစသော အကြောင်းတရားတို့ ကြောင့် ဖြစ်ပေါ်လာကြကုန်သော သင်္ခါရစသော အကျိုးတရားတို့ကို ပဋိစ္စသမုပ္ပန္နတရားတို့ဟူ၍ သိရှိကြပါကုန်။[၇၉၈]

အဝိဇ္ဇာပစ္စယာ သင်္ခါရာ - ၌ အဝိဇ္ဇာ-ကား အကြောင်းပစ္စည်းတရားတည်း၊ သင်္ခါရ-ကား အကျိုးပစ္စယုပ္ပန်တရား တည်း။ အကြောင်းတရားကို ပစ္စည်းတရားဟူ၍လည်းကောင်း, အကျိုးတရားကို ပစ္စယုပ္ပန်တရားဟူ၍လည်းကောင်း အသီးအသီး ခေါ်ဆို၏၊ တစ်ဖန် သင်္ခါရပစ္စယာ ဝိညာဏံ - ၌ သင်္ခါရ-ကား အကြောင်းပစ္စည်းတရားတည်း၊ ဝိညာဏံကား အကျိုးပစ္စယုပ္ပန်တရားတည်း။ ဤသို့စသည်ဖြင့် အကြောင်းပစ္စည်းတရား အကျိုးပစ္စယုပ္ပန်တရားတို့ကို ဇာတိ ဇရာမရဏသို့ တိုင်အောင် သဘောပေါက်ပါလေ။

အဝိဇ္ဇာနှင့် သင်္ခါရတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘော၌ သင်္ခါရသည် အကျိုးတရား ဖြစ်၏၊ တစ်ဖန် သင်္ခါရနှင့် ဝိညာဏ်တို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောတရား၌ သင်္ခါရသည် အကြောင်းတရား ဖြစ်ပြန်၏၊

ထိုတွင် အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏ စသည်ဖြင့် ဟောကြားတော်မူရာဝယ် ပြဓာန်းသော အကြောင်းတရားနှင့် ပြဓာန်းသော အကျိုးတရားတို့ကိုသာ ပဓာနနည်းအားဖြင့် ထုတ်ဖော် ဟောကြားတော်မူခြင်း ဖြစ်၏၊ အဝိဇ္ဇာသည်လည်း မိမိချည်း တစ်ခုတည်းသက်သက် ဖြစ်နိုင်သည့် စွမ်းအား မရှိ။ သင်္ခါရစေတနာသည်လည်း မိမိချည်း တစ်ခုတည်း သက်သက် ဖြစ်နိုင်သည့် စွမ်းအား မရှိ။ အဝိဇ္ဇာတစ်ခုတည်းသက်သက်ကြောင့် သင်္ခါရစေတနာတစ်ခုတည်းသက်သက် ဖြစ်နိုင်သည့်စွမ်းအားလည်း မရှိ၊ ဖြစ်ရိုးဓမ္မတာလည်း မရှိ။ ဤလောက၌ –

၁။ အကြောင်းတရားတစ်ခုတည်းကြောင့် အကျိုးတရားတစ်ခုတည်း၏ ဖြစ်ခြင်းသည်လည်း မရှိ။
၂။ အကြောင်းတရားတစ်ခုတည်းကြောင့် အကျိုးတရားများစွာ၏ ဖြစ်ခြင်းသည်လည်း မရှိ။
၃။ အကြောင်းတရားများစွာကြောင့် အကျိုးတရားတစ်ခုတည်း၏ ဖြစ်ခြင်းသည်လည်း မရှိ။
၄။ များစွာသော အကြောင်းတရားတို့ကြောင့်သာလျှင် များစွာသော အကျိုးတရားတို့၏ ဖြစ်ခြင်းသည်သာလျှင် ရှိ၏၊[၇၉၉]

အကြောင်းတရားများစွာတို့၏ အပေါင်းအစုကို ပစ္စယဓမ္မသမူဟ-ဟု ခေါ်ဆို၏၊ အကျိုးတရားများစွာတို့၏ အပေါင်းအစုကို ပစ္စယုပ္ပန္နဓမ္မသမူဟ-ဟု ခေါ်ဆို၏၊ ပစ္စယဓမ္မသမူဟဟူသော အကြောင်းတရားများစွာတို့၏ အပေါင်း အစုကြောင့် ဖြစ်ပေါ်လာကြရသော ပစ္စယုပ္ပန္နဓမ္မသမူဟတည်းဟူသော အကျိုးတရားများစွာတို့၏ အပေါင်းအစုကိုလည်း ပဋိစ္စသမုပ္ပါဒ်ဟူ၍ပင် ခေါ်ဆိုပေသည်။ မှန်ပေသည် –

၁။ ဥတု = ပူမှု အေးမှု ဟူသော ရာသီဥတု၊
၂။ ပထဝီ = မြေကြီး = စိုက်ခင်း၊
၃။ ဗီဇ = မျိုးစေ့၊
၄။ သလိလ = ရေ၊

ဤသို့စသည့် များစွာကုန်သော အကြောင်းတရားတို့ကြောင့်သာလျှင် အဆင်း အနံ့ အရသာ အစရှိသော များစွာကုန်သော ဩဇဋ္ဌမကရုပ်ကလာပ်တို့၏ အပေါင်းအစုဖြစ်သော အညွန့်ဟု ခေါ်ဆိုအပ်သော အကျိုးတရား၏ ဖြစ်ပေါ်လာရသည်ကို တွေ့မြင်အပ်ပေသည်။ ထိုသို့ပင် များစွာကုန်သော အကြောင်းတရားတို့ကြောင့် များစွာ ဖြစ်ပေါ် လာသော အကျိုးတရား အစုအပုံကို တွေ့မြင်အပ်ပါသော်လည်း –– အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ = အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်၏ - ဤသို့စသည်ဖြင့် တစ်ခုတစ်ခုသော အကြောင်းတရား, တစ်ခုတစ်ခုသော အကျိုးတရားကို ထင်ရှားပြတော်မူလျက် တရားဒေသနာတော်ကို ဟောကြားတော်မူခြင်းကို ဘုရားရှင်သည် ပြုတော်မူအပ်ခဲ့လေပြီ။ ထိုသို့ ဟောပြတော်မူရာ၌ အကျိုးပယောဇဉ်ကား ရှိသည်သာ ဖြစ်ပေသည်။

ဘုရားရှင်သည် သာဝကတို့အား တရားဒေသနာတော်ကို ဟောကြားပြသဆိုဆုံးမတော်မူရာဝယ် ..
၁။ အချို့သော ပါဠိရပ်၌ ပဓာနအကြောင်းတရား ဖြစ်သောကြောင့်,
၂။ အချို့သော ပါဠိရပ်၌ ထင်ရှားသော အကြောင်းတရား ဖြစ်သောကြောင့်,
၃။ အချို့သော ပါဠိရပ်၌ မဆက်ဆံသော အကြောင်းတရား ဖြစ်သောကြောင့် –

ဒေသနာတော်၏ တင့်တယ်စမ္ပယ်ကြောင်း ဖြစ်သော သဗ္ဗညုတဉာဏ်တော်မြတ်အားလည်းကောင်း, ကျွတ်ထိုက် သသူ ဆုံးမထိုက်သူ နတ်လူဗြဟ္မာ ဝေနေယျကြာ သတ္တဝါတို့၏ အလိုအကြိုက် စရိုက်ဝါသနာ အဇ္ဈာသယဓာတ်ခံအား လည်းကောင်း လျော်သောအားဖြင့် တစ်ခုတည်းသာလျှင် ဖြစ်သော အကြောင်းတရားကိုသော်လည်းကောင်း,

တစ်ခုတည်းသာလျှင် ဖြစ်သော အကျိုးတရားကိုသော်လည်းကောင်း ထင်ရှားပြသတော်မူလျက် ဟောကြားတော် မူပေသည်။[၈၀၀]

ဤသုံးမျိုးသော အကြောင်းတရားကြောင့် တစ်ခုတည်းသော အကြောင်းတရား, တစ်ခုတည်းသော အကျိုးတရား ကို ထင်ရှားပြတော်မူလျက် ဤပဋိစ္စသမုပ္ပါဒ်တရားဒေသနာတော်ကို ဟောကြားပြသထားတော်မူခြင်းကြောင့် ဤပဋိစ္စသမုပ္ပါဒ်ပါဠိတော်မြတ်ကြီး၌ – အဝိဇ္ဇာမှ အခြားတစ်ပါးကုန်သော, စေတနာဟူသော သင်္ခါရတရားကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေးတတ်ကုန်သော ဝတ္ထု, အာရုံ, သဟဇာတဓမ္မ (= တကွဖြစ်ဖက် တရား) – အစ ရှိကုန်သော စေတနာဟူသော သင်္ခါရ၏ အကြောင်းတရားတို့သည် ထင်ရှားရှိပါကုန်သော်လည်း ......

အဿာဒါနုပဿိနော တဏှာ ပဝဍ္ဎတိ[၈၀၁] = ရဟန်းတို့ ... သံယောဇဉ်ဖြစ်ထိုက်ကုန်သော အာရုံဓမ္မတို့၌ သာယာဖွယ်ဟု အဖန်ဖန် ရှုလေ့ရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌ တဏှာတရားသည် တိုးပွားလာ၏ –– ဤသို့လည်းကောင်း, အဝိဇ္ဇာသမုဒယာ အာသဝသမုဒယော[၈၀၂] = အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် အာသဝေါတရား ဖြစ်၏ –– ဤသို့လည်းကောင်း ဟောကြားပြသထားတော်မူခြင်းကြောင့် အဝိဇ္ဇာမှ အခြားတစ်ပါးလည်း ဖြစ်ကုန်သော သင်္ခါရ၏ အကြောင်းတရား ဖြစ်ကုန်သော တဏှာစသော တရားတို့သည် ရှိကြကုန်သည်သာ ဖြစ်၏၊ ယင်းတဏှာစသော တရားတို့သည်လည်း သင်္ခါရ၏ အကြောင်းတရားတို့ပင်တည်း။ သို့သော် ယင်းအကြောင်းတရားတို့တွင် အဝိဇ္ဇာကား ပဓာန = ပြဓာန်းသော အကြောင်းတရားတည်း။ ယင်းသို့ ပဓာနအကြောင်းတရား ဖြစ်သောကြောင့်လည်းကောင်း,

အဝိဒွါ ဘိက္ခဝေ အဝိဇ္ဇာဂတော ပုညာဘိသင်္ခါရမ္ပိ အဘိသင်္ခါရောတိ = ရဟန်းတို့ ... ပရမတ္ထဓမ္မသဘာဝ အမှန်ကို မသိသဖြင့် ပညာမရှိသော အဝိဇ္ဇာနှင့် ပြည့်စုံသောသူသည် ပုညာဘိသင်္ခါရကိုလည်း ပြုလုပ်၏ ––ဤသို့စသည်ဖြင့် ဟောကြားထားတော်မူခြင်းကြောင့် အဝိဇ္ဇာသည် သင်္ခါရ၏ ထင်ရှားသော အကြောင်းတရားလည်း ဖြစ်၏၊ ဤသို့လျှင် အဝိဇ္ဇာသည် သင်္ခါရ၏ ထင်ရှားသော အကြောင်းတရားဖြစ်သောကြောင့်လည်းကောင်း,

(၁) မှီ၍ ဖြစ်ရာ ဝတ္ထုရုပ်, (၂) စွဲမှီစရာ = သိစရာ အာရုံ, (၃) အတူယှဉ်ဖက် ဖဿ စသော စိတ်စေတသိက် တရားစုဟူသော သဟဇာတဓမ္မစသော အကြောင်းတရားတို့ကား (ပဉ္စဝေါကာရဘုံဝယ်) နာမ်တရားအားလုံးတို့နှင့် ဆက်ဆံသော အကြောင်းတရားတို့ ဖြစ်ကြ၏၊ အဝိဇ္ဇာသည်ကား သင်္ခါရတရားတို့၏ မဆက်ဆံသော = အသာဓာရဏ အကြောင်းတရား ဖြစ်၏၊ ယင်းသို့လျှင် အဝိဇ္ဇာသည် သင်္ခါရတို့၏ မဆက်ဆံသော (= အသာဓာရဏ) အကြောင်းတရား ဖြစ်သောကြောင့်လည်းကောင်း –

ဤအကြောင်းသုံးမျိုးကြောင့် အဝိဇ္ဇာကို သင်္ခါရတို့၏ အကြောင်းတရား အဖြစ်ဖြင့် ဘုရားရှင်သည် ဟောကြား ပြသတော်မူအပ်ပေပြီဟု သိရှိပါလေ။

ဤတစ်ခုတစ်ခုသော အကြောင်းတရား, တစ်ခုတစ်ခုသော အကျိုးတရားကို ဟောကြားပြသတော်မူခြင်း၌ ဖြေရှင်းကြောင်းဖြစ်သော စကားအစဉ်ဖြင့်ပင် သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ခြင်း စသည်တို့၌ တစ်ခုတစ်ခုသော အကြောင်းတရား, တစ်ခုတစ်ခုသော အကျိုးတရားကို ဟောကြားပြသတော်မူခြင်း၌လည်း အကျိုးပယောဇဉ်ရှိမှုကို သိရှိပါလေ။[၈၀၃]

ဤအထက်ပါ အဋ္ဌကထာတို့၏ ဖွင့်ဆိုရှင်းလင်းချက်များကား ပရမတ္ထဓမ္မသဘာဝတို့၏ စွမ်းအားများကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် တကယ်တမ်း ဝိပဿနာ ရှုပွားသုံးသပ်နေသော ယောဂါဝစရပုဂ္ဂိုလ်မွန်တို့အတွက် အထူးဂရုပြု၍ ရိုသေစွာ နာယူမှတ်သားရမည့် သဘာဝဓမ္မမှတ်တမ်းကြီးများပင် ဖြစ်ကြသည်။

ပစ္စယဓမ္မသမူဟ အမည်ရသော များစွာသော အကြောင်းတရားတို့၏ အပေါင်းအစုကြောင့်သာလျှင် ပစ္စယုပ္ပန္န ဓမ္မသမူဟခေါ်သော များစွာသော အကျိုးတရားအပေါင်းအစု၏ ဖြစ်ပေါ်လာရာဝယ် အကြောင်းတရားတို့၏ အပေါင်း အစုကိုလည်း ပဋိစ္စသမုပ္ပါဒ်ဟု ခေါ်ဆိုကြောင်းကို အထက်တွင် ရှင်းပြခဲ့ပြီးလေပြီ။ တစ်ဖန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၈၀၄]၌ လည်း အကြောင်းတရားတို့၏ အပေါင်းအစုကြောင့် ဖြစ်ပေါ်လာရသော ပစ္စယုပ္ပန္နဓမ္မသမူဟ အမည်ရသော အကျိုးတရားအပေါင်းအစုကိုလည်း ပဋိစ္စသမုပ္ပါဒ်ဟု ခေါ်ဆိုကြောင်းကိုလည်း ရှင်းလင်းတင်ပြထား၏၊ ဤရှင်းလင်းချက် များကို ဆက်လက်၍ တင်ပြအပ်ပါသည်။

ပစ္စယုပ္ပန္နဓမ္မသမူဟဟူသော အကျိုးတရားအပေါင်းအစုတို့၏ ပဋိစ္စသမုပ္ပါဒ်ဟူသော အမည်ကို ရရှိခြင်း၌ ပဋိစ္စသမုပ္ပါဒ်ဟူသော စကားလုံးကို နှစ်မျိုးနှစ်စားအားဖြင့် ပညာရှိတို့သည် အလိုရှိ ကြကုန်၏၊ အဓိပ္ပါယ် နှစ်မျိုးအားဖြင့် ဖွင့်ဆိုကြကုန်၏၊

ပဋိစ္စသမုပ္ပါဒ်စကားလုံး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် အကြောင်းတရားအပေါင်းအစုတို့၏ စွမ်းအားကြောင့် ဖြစ်ပေါ်၍လာရသော အကျိုးတရားအပေါင်းအစုတည်းဟူသော ပဋိစ္စသမုပ္ပါဒ်သဘောတရားကို မိမိ၏ ဉာဏဂတိဖြင့် ရှေးရှုကပ်၍ သိအောင် ဉာဏ်ဖြင့် ထိုးထွင်းသိအောင် ကြိုးစားအားထုတ်၏၊ သိလည်းသိ၏၊ ဉာဏဂတိဖြင့် ရှေးရှုကပ်၍ သိအပ် ထိုးထွင်း သိအပ်သော ထိုပဋိစ္စသမုပ္ပါဒ်သဘောတရားသည် လောကုတ္တရာအကျိုးစီးပွားအလို့ငှာ လောကုတ္တရာချမ်းသာအလို့ငှာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရရှိခြင်းငှာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှာ ဖြစ်၏၊ ထိုကြောင့် ထိုပဋိစ္စသမုပ္ပါဒ်ဟု ခေါ်ဆို အပ်သော အကျိုး ပစ္စယုပ္ပန်တရားအပေါင်းကို ပညာရှိသူတော်ကောင်းတို့သည် ယုံကြည်ခြင်းငှာ ထိုက်ကုန်သောကြောင့် ဉာဏ်ဖြင့် ရှေးရှုသိခြင်းငှာ ထိုက်ကုန်သောကြောင့် ယင်းအကျိုးပစ္စယုပ္ပန်တရားအပေါင်းသည် ပဋိစ္စ မည်၏၊

တစ်ဖန် ပစ္စယုပ္ပန္နဓမ္မသမူဟ = အကျိုးတရားအပေါင်းဟူသော ပဋိစ္စသမုပ္ပါဒ်သဘောတရားသည် ဖြစ်ပေါ် လာသည်ရှိသော် တစ်ခုချင်း တစ်ခုချင်း တစ်လုံးချင်း တစ်လုံးချင်းသော တရား၏ တစ်ရံတစ်ဆစ်မျှသော်လည်း ဖြစ်ခြင်း၏ မရှိသောကြောင့် အုပ်စုအလိုက် အပေါင်းအစုအလိုက် အတူတကွသာ ဖြစ်၏၊ ထိုကြောင့် ထိုပစ္စယုပ္ပန္နဓမ္မ သမူဟ = အကျိုးတရားအပေါင်းသည် သမုပ္ပါဒလည်း မည်၏၊[၈၀၅]

တစ်ဖန် ယင်းပစ္စယုပ္ပန္နဓမ္မသမူဟဟူသော အကျိုးတရားအပေါင်းအစုသည် ဖြစ်ပေါ်လာသည်ရှိသော် အကြောင်း ကင်းသောအားဖြင့်လည်းကောင်း, ဖန်ဆင်းရှင်စသော မညီညွတ်သော အကြောင်းကြောင့်လည်းကောင်း မဖြစ်ခြင်း ကြောင့် သင့်သောအကြောင်းအားဖြင့်သာလျှင် မှန်ကန်သောအကြောင်းအားဖြင့်သာလျှင် ဖြစ်ပေါ်လာ၏၊[၈၀၆]တစ်ခုချင်း တစ်ခုချင်း တစ်လုံးချင်း တစ်လုံးချင်းအားဖြင့်လည်း မဖြစ်၊ အကြောင်းမရှိသောအားဖြင့် အကြောင်းကင်းသော အားဖြင့်လည်း မဖြစ်။ ထိုကြောင့် - သဟ သမ္မာ စ ဥပ္ပဇ္ဇတီတိ သမုပ္ပါဒေါ ဟူသည်နှင့်အညီ သမုပ္ပါဒ မည်၏၊ ဤသို့လျှင် ––

ပဋိစ္စော စ သော သမုပ္ပါဒေါ စာတိ ပဋိစ္စသမုပ္ပါဒေါ ဟူသော အဋ္ဌကထာ[၈၀၇]အဖွင့်နှင့်အညီ ဉာဏ်ဖြင့် ရှေးရှုမိမိ ကပ်၍ သိအပ်သော တရားအပေါင်းလည်း ဟုတ်၏၊ ထိုဉာဏ်ဖြင့် ရှေးရှုမိမိ ကပ်၍ သိအပ်သော တရားအပေါင်းဟူသည် အတူတကွဖြစ်သော တရားအပေါင်းလည်း ဟုတ်၏၊ သင့်သောအကြောင်းအားဖြင့် ဖြစ်သော တရားအပေါင်းလည်း ဟုတ်၏၊ ထိုကြောင့် ပဋိစ္စသမုပ္ပါဒ် မည်၏၊ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် မဟာဋီကာတို့က နောက်တစ်နည်း ထပ်မံ ဖွင့်ဆိုထားတော်မူကြပြန်၏၊ ယင်းအဖွင့်မှာ ဤသို့ ဖြစ်၏ ..။

အကြင် ပစ္စယုပ္ပန္နဓမ္မသမူဟဟူသော အကျိုးတရားအပေါင်းအစုသည် တပေါင်းတည်း အတူတစ်ကွသာလျှင် ဖြစ်၏၊ ရုပ်ဓာတ်ဘက်၌လည်း ရုပ်ကလာပ်တစ်ခုတစ်ခုတွင် အနည်းဆုံးပမာဏအားဖြင့် ပထဝီ အာပေါ တေဇော ဝါယော ဝဏ္ဏ ဂန္ဓ ရသ ဩဇာဟု ရုပ်ပရမတ်သဘောတရား (၈)မျိုး ပေါင်းစပ်မိမှသာလျှင် တပေါင်းတည်း အတူတကွ ဖြစ်နိုင်၏၊ နာမ်ဓာတ်ဘက်၌လည်း အနည်းဆုံးပမာဏအားဖြင့် ဖဿ ဝေဒနာ သညာ စေတနာ ဧကဂ္ဂတာ ဇီဝိတ မနသိကာရ ဝိညာဏ်ဟု နာမ်ပရမတ် သဘောတရား (၈)မျိုး ပေါင်းစပ်မိမှသာလျှင် တစ်ပေါင်းတည်း အတူတကွ ဖြစ်နိုင်၏၊ ဤသို့လျှင် ပစ္စယုပ္ပန္နဓမ္မသမူဟဟူသော အကျိုးတရား အပေါင်းအစုသည် တစ်ပေါင်းတည်း အတူတကွ ဖြစ်သောကြောင့် သမုပ္ပါဒ = သမုပ္ပါဒ် မည်၏၊ ထိုသို့ တစ်ပေါင်းတည်း အတူတကွ ဖြစ်ပါသော်လည်း အကြောင်း တရားတို့၏ ညီညွတ်ခြင်းကို အစွဲပြု၍ စွဲမှီ၍သာလျှင် အကြောင်းတရားတို့ကို မစွန့်မဖယ်မူ၍သာလျှင် ဖြစ်ပေါ်လာရ၏၊ ဤသို့လည်း ထိုပစ္စယုပ္ပန္နဓမ္မသမူဟဟူသော အကျိုးတရားအပေါင်းအစုသည် အကြောင်းတရားတို့၏ ညီညွတ်ခြင်းကို အစွဲပြု၍ ဖြစ်ပေါ်တတ်သောကြောင့် ပဋိစ္စလည်း မည်၏၊ တပေါင်းတည်း အတူတကွ ဖြစ်တတ်သောကြောင့် သမုပ္ပါဒလည်း မည်၏၊ ထိုနှစ်ပါးသော သတ္တိကြောင့် ပဋိစ္စသမုပ္ပါဒ မည်၏၊[၈၀၈]

တစ်ဖန် ထိုပဋိစ္စသမုပ္ပါဒ်ဟု ခေါ်ဆိုအပ်သော ပစ္စယုပ္ပန္နဓမ္မသမူဟ = (သင်္ခါရစသော) အကျိုးတရားအပေါင်းအစု ၏ ဤပစ္စယဓမ္မသမူဟ = ဟေတုသမူဟဟူသော အဝိဇ္ဇာစသော အကြောင်းတရားအပေါင်းအစုသည် ပစ္စယ = ပစ္စည်း မည်၏၊ အကြောင်း မည်၏၊ ထိုကြောင့် (သင်္ခါရစသော) ပစ္စယုပ္ပန္နဓမ္မသမူဟ = အကျိုးတရားအပေါင်းအစုသည် ထိုအဝိဇ္ဇာစသော အကြောင်းတရားရှိသော တပ္ပစ္စယဓမ္မ မည်၏၊ ဤသို့ ပဋိစ္စသမုပ္ပါဒဟု ခေါ်ဆိုအပ်သော ပစ္စယုပ္ပန္န ဓမ္မသမူဟ = အကျိုးတရားအပေါင်းအစု၏ အကြောင်းတရား ဖြစ်သောကြောင့် ဟေတုသမူဟ = ပစ္စယဓမ္မသမူဟဟု ခေါ်ဆိုအပ်သော အဝိဇ္ဇာစသော အကြောင်းတရားအပေါင်းအစုကိုလည်း ပဋိစ္စသမုပ္ပါဒ် ဟူ၍ပင် ခေါ်ဆိုအပ်ပေသည်။

လောက၌ သလိပ်ထူပြောခြင်း၏ အကြောင်းဖြစ်သော တင်လဲခဲကို သလိပ်ခဲဟူ၍ ခေါ်ဆိုသကဲ့သို့လည်းကောင်း, သာသနာတော်၌ ချမ်းသာသုခ၏ အကြောင်းဖြစ်သော ဘုရားရှင်တို့၏ ပွင့်တော်မူခြင်းကို –– သုခေါ ဗုဒ္ဓါနံ ဥပ္ပါဒေါ ဘုရားရှင်တို့၏ ပွင့်တော်မူခြင်းသည် ချမ်းသာ၏ဟူ၍ ခေါ်ဆိုသကဲ့သို့လည်းကောင်း အလားတူပင် ဤအဝိဇ္ဇာစသော အကြောင်းတရားအပေါင်းအစုကိုလည်း = ဟေတုသမူဟ = ပစ္စယဓမ္မသမူဟကိုလည်း ပဋိစ္စသမုပ္ပါဒ်ဟူ၍သာလျှင် ဖလူပစာရအားဖြင့် ဟောကြားတော်မူအပ်၏ဟု သိရှိပါလေ။[၈၀၉]

ဤနည်း၌ - ပစ္စယုပ္ပန္နဓမ္မသမူဟ ဟူသော အကျိုးတရားအပေါင်းအစု၏ ပဋိစ္စသမုပ္ပါဒ်ဟူသော အမည်ကို ပစ္စယဓမ္မသမူဟ = ဟေတုသမူဟဟူသော အကြောင်းတရားအပေါင်းအစု၌ တင်စား၍ အကြောင်းတရားအပေါင်းအစုကိုလည်း ပဋိစ္စသမုပ္ပါဒ်ဟူ၍ ဟောကြားတော်မူအပ်ပေသည်။ အကျိုးတရားတို့မည်သည် အကြောင်းတရားနှင့် မကင်းစကောင်းသောကြောင့် အကြောင်းတရား ထင်ရှားရှိပါမှသာလျှင် အကျိုးတရားများ ဖြစ်နိုင်ခွင့်ရှိသောကြောင့် မကင်းစကောင်းသော အဝိနာဘာဝနည်းအားဖြင့် အကြောင်းတရားစုကိုလည်း ပဋိစ္စသမုပ္ပါဒ်တရားဟုပင် ဟောကြားတော်မူလိုသည် ဟူလိုသည်။

နောက်နည်းတစ်မျိုး ရှင်းလင်းချက်

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၈၁၀]၌ ဒုတိယတစ်နည်း ထပ်မံ ဖွင့်ဆိုထားတော်မူ၏၊ ဤနည်း၌ ပစ္စယဓမ္မသမူဟ = ဟေတုသမူဟဟူသော အကြောင်းတရားအပေါင်းအစုကို ပဋိစ္စသမုပ္ပါဒ်ဟူ၍ ဖွင့်ဆိုထားအပ်ပေသည်။

ဤနည်း၌ ပဋိစ္စ-ပုဒ်ဝယ် ပဋိ+ဣစ္စ – ဟု ပုဒ်ခွဲပါ။ ပဋိ-သဒ္ဒါသည် အဘိမုခတ္ထ = ရှေးရှုမျက်နှာမူခြင်းအနက် ရှိ၏၊ ဣစ္စ-သဒ္ဒါသည် ဂမ္မတ္ထ = ရောက်ခြင်းအနက် ရှိ၏၊ အဘယ်တရားသည် ရှေးရှုမျက်နှာမူလျက် အဘယ်တရား ဘက်သို့ သွားရောက်ပါသနည်းဟူမူ –– ဟေတုသမူဟ = ပစ္စယဓမ္မသမူဟ ဟူသော အကြောင်းတရား အပေါင်းအစု တည်းဟု ဖြေဆိုလေရာ၏၊

ဟေတုသမူဟော နာမ ပစ္စယသာမဂ္ဂိ[၈၁၁] = အကြောင်းတရားအပေါင်းအစုဟူသည် အကြောင်းတရားတို့၏ ညီညွတ်မှုပင်တည်း။ တစ်နည်းဆိုသော် အညီအညွတ် ပေါင်းစုဖြစ်ပေါ်လာသော အကြောင်းတရားအပေါင်းအစုသည် ဟေတုသမူဟ မည်၏၊ ထိုအညီအညွတ် ဖြစ်ပေါ်လာသော အကြောင်းတရားအပေါင်း၌ အကြောင်းတရားတစ်ခုသည် အကြောင်းတရားတစ်ခုဘက်သို့ ရှေးရှု မျက်နှာမူလျက် အကြောင်းတရားအချင်းချင်းသည်ပင်လျှင် အကြောင်းတရား အချင်းချင်းဘက်သို့ သွား၏၊ ရောက်၏၊ ထိုကြောင့် ဤဟေတုသမူဟ = အကြောင်းတရားအပေါင်းအစုကို ပဋိစ္စဟူ၍ ဟောတော်မူအပ်၏၊ ထိုပဋိစ္စ အမည်ရသော အညီအညွတ် ဖြစ်နေသော အကြောင်းတရား အပေါင်းအစုသည် အသီးအသီး တစ်လုံးစီ တစ်လုံးစီ ခွဲခြား၍ မဖြစ်ဘဲ တကွဲတပြားစီ မဖြစ်ဘဲ အတူတကွသာလျှင်, တပေါင်းတစည်းတည်း တလုံးတခဲတည်းသာလျှင် အုပ်စုအလိုက် ပြိုင်တူ ဖြစ်တတ်ကုန်သော အကျိုးပစ္စယုပ္ပန္နဓမ္မသမူဟတို့ကို ဖြစ်စေတတ် သောကြောင့် ထိုအကြောင်းတရားအပေါင်းကို သမုပ္ပါဒဟူ၍လည်း ခေါ်ဆိုအပ်၏၊[၈၁၂]

ထိုနှစ်မျိုးစုံသော သတ္တိကြောင့် ––- အသီးအသီး ခွဲခြား၍ မဖြစ်ဘဲ အတူတကွ တပေါင်းတစည်းတည်း တလုံးတခဲတည်းသာ အုပ်စုအလိုက် ပြိုင်တူဖြစ်တတ်ကုန်သော အကျိုးပစ္စယုပ္ပန္နဓမ္မသမူဟတို့ကို ဖြစ်စေတတ်သော, အချင်းချင်း ရှေးရှု မျက်နှာမူလျက် အချင်းချင်းဘက်သို့ သွားနေကြသော အညီအညွတ် ဖြစ်နေသော ဟေတုသမူဟ = အကြောင်းတရားအပေါင်းအစုသည် ပဋိစ္စသမုပ္ပါဒ် မည်ပေသည်။[၈၁၃]

ထပ်မံရှင်းလင်းချက်

ပါဠိတော်၌ –– အဝိဇ္ဇာပစ္စယာ သင်္ခါရာ ––- ဤသို့စသည်ဖြင့် သင်္ခါရစသည့် အကျိုးတရားတို့၏ ထင်ရှား ဖြစ်ပေါ်လာခြင်းငှာ အဝိဇ္ဇာစသော တစ်ခုတစ်ခုသော အကြောင်းတရားကို ခေါင်းတပ်သဖြင့် ဦးတည်လျက် ညွှန်ပြထား တော်မူအပ်သည်ကား မှန်၏၊ ထိုသို့ပင် ဟောကြားပြသထားတော်မူအပ်ပါသော်လည်း အဝိဇ္ဇာတစ်ခုတည်းကသာလျှင် သင်္ခါရ၏ အကြောင်းတရားဖြစ်သည်ကား မဟုတ်ပေ။ အမှန်စင်စစ်အားဖြင့်သော်ကား ..

၁။ သင်္ခါရ = စေတနာနှင့် စိတ္တက္ခဏတစ်ခုအတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြကုန်သော ဖဿ ဝေဒနာ သညာ ဝိညာဏ်စသော သဟဇာတဓမ္မတို့သည်လည်းကောင်း,
၂။ ယင်းသင်္ခါရနှင့်တကွသော သဟဇာတဓမ္မတို့၏ မှီ၍ ဖြစ်ရာ ဟဒယဝတ္ထုနှင့်တကွသော ဘူတရုပ် ဥပါဒါရုပ် တို့သည်လည်းကောင်း,
၃။ ယင်းသင်္ခါရနှင့်တကွသော သဟဇာတဓမ္မတို့၏ စွဲမှီစရာ အာရုံအကြောင်းတရားစသည်တို့သည်လည်းကောင်း,
၄။ ယောနိသောမနသိကာရ သို့မဟုတ် အယောနိသောမနသိကာရ အကြောင်းတရားတို့သည်လည်းကောင်း,
၅။ အဝိဇ္ဇာ၏ အပေါင်းပါ တဏှာ ဥပါဒါန်စသော အကြောင်းတရားတို့သည်လည်းကောင်း ––

ဤအရပ်ရပ်သော အကြောင်းတရားတို့သည် ထိုက်သည့်အားလျော်စွာ အဝိဇ္ဇာက သင်္ခါရကို ဖြစ်စေရာ၌ အဝိဇ္ဇာနှင့် အတူတကွ သင်္ခါရတည်းဟူသော အကျိုးတရား ဖြစ်ပေါ်လာအောင် ပြုလုပ်လေ့ရှိသော = သဟကာရီကာရဏ အကြောင်းတရားတို့ ဖြစ်ကြကုန်သည်သာတည်း။ သင်္ခါရစသည့် အကြောင်းတရားတို့က ဝိညာဏ်စသည့် အကျိုးတရားတို့အား ဖြစ်ပေါ်စေရာ၌လည်း နည်းတူပင်တည်း။[၈၁၄]

အဝိဇ္ဇာစသော အကြောင်းတရားတို့က သင်္ခါရစသော အကျိုးတရားတို့ကို ဖြစ်စေရာ၌ ထိုထို အကျိုးတရား အားလုံးတို့သည် ထိုထို ဆိုင်ရာအကြောင်းတို့တွင် အကျုံးဝင်ကြကုန်သော အကြောင်းတရားအားလုံးတို့နှင့် ဆက်ဆံသည် သာလျှင် ဖြစ်ကြ၏၊ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောတရားအရ အချင်းချင်း ဆက်စပ်မှု ရှိနေသည်သာ ဖြစ်ကြ၏၊ ယင်းအကျိုးတရားတို့သည် ထိုအကြောင်းတရားအပေါင်းတို့တွင် အချို့အချို့သော အကြောင်းတရားတို့နှင့်သာ ဆက်ဆံ၍ ဆက်စပ်မှုရှိ၍ အချို့အချို့သော အကြောင်းတရားတို့နှင့် မဆက်ဆံ မဆက်စပ်ဟူသော သဘောတရားမျိုးကား လုံးဝ မရှိပေ။ ထိုကြောင့် ထိုအဝိဇ္ဇာစသည့် တစ်ခုတစ်ခုသော တရားကို ဦးတည်လျက် ဘုရားရှင်က ညွှန်ပြထားတော် မူအပ်သော ထိုအကြောင်းတရားအပေါင်းအစုသည် ယင်းအကြောင်းတရားတို့တွင် အကျုံးဝင်ကြကုန်သော အကြောင်း တရားအားလုံးတို့နှင့် ဆက်ဆံသော, ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောအရ ဆက်စပ်မှုရှိသော အကျိုးတရားကို ပြီးစေတတ် ဖြစ်စေတတ်သော သဘာဝသတ္တိစွမ်းအားလည်း ရှိ၏၊

တစ်ဖန် ထိုအကြောင်းတရားအပေါင်းအစု၌ – ''ဤအကျိုးတရားသည် အချို့အချို့သော အကြောင်းတရား တို့အား မဆက်ဆံသည် ဖြစ်အံ့ = ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောတရားအရ ဤအကျိုးတရားသည် အချို့အချို့သော အကြောင်းတရားတို့နှင့် ဆက်စပ်မှုမရှိသည် ဖြစ်အံ့ = ဤအကျိုးတရားကို အချို့အချို့သော အကြောင်းတရားတို့ကသာ ဖြစ်စေသည် ဖြစ်ငြားအံ့ ––- ယင်းသို့ ဖြစ်ခဲ့သော် ခပ်သိမ်းကုန်သော အကြောင်းတရားတို့၏ အချင်းချင်း ငဲ့ကွက်ခြင်း သဘောတရားသည်လည်း မရှိလေရာ၊ ယင်းသို့ အကြောင်းတရား အချင်းချင်း ငဲ့ကွက်ခြင်းသဘောတရား မရှိသော ကြောင့် အချင်းချင်း အကြောင်းတရားတစ်ခုသည် အကြောင်းတရားတစ်ခုဘက်သို့ မျက်နှာမူလျက် ရှေးရှုရောက်ခြင်း သွားခြင်းဟူသော ပဋိစ္စတ္ထ = ပဋိစ္စအနက်သဘောတရားသည်လည်း မရှိလေရာ မပြည့်စုံလေရာ။'' –– ယခု ဘုရားရှင်က အဝိဇ္ဇာစသော တစ်ခုတစ်ခုသော တရားကို ဦးတည်လျက် ဟောကြားထားတော်မူအပ်သော အကြောင်းတရား အပေါင်းအစု အားလုံးသည် သင်္ခါရစသော တစ်ခုတစ်ခုသော တရားကို ဦးတည်လျက် ဟောကြားထားတော်မူအပ်သော ဆိုင်ရာ ဆိုင်ရာ အကျိုးတရားအားလုံးနှင့် ဆက်ဆံမှု = ကြောင်း-ကျိုး-ဆက်နွယ်မှု ရှိသဖြင့် ပဋိစ္စအနက်သဘော တရားလည်း ချို့တဲ့ခြင်း ယုတ်လျော့ခြင်း မရှိပေ။ ဤသို့လျှင် သင်္ခါရစသော အကျိုးတရားတို့၏ ထင်ရှားဖြစ်ပေါ်လာ ခြင်းငှာ အဝိဇ္ဇာစသော တစ်ခုတစ်ခုသော အကြောင်းတရားကို ဦးတည်လျက် ညွှန်ပြတော်မူအပ်သော ထိုအကြောင်း တရားအပေါင်းအစုကို မိမိတို့နှင့် ဆက်ဆံသော အကျိုးတရားကို ပြီးစေတတ်သည်၏ အဖြစ်ဖြင့်လည်းကောင်း, မချို့တဲ့ မယုတ်လျော့သည်၏ အဖြစ်ဖြင့်လည်းကောင်း ပစ္စယသာမဂ္ဂီ အမည်ရကုန်သော အညီအညွတ် ပေါင်းစုဖြစ်ပေါ်လာ ကြကုန်သော အကြောင်းတရားတို့၏ အင်္ဂါအစိတ်အပိုင်း ဖြစ်ကြကုန်သော ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ် စသော တရားတို့တွင် အချင်းချင်းသည် တစ်ဦးသည် တစ်ဦးဘက်သို့ မျက်နှာမူလျက် ရှေးရှုရောက်အပ် သွားအပ် သောကြောင့် ပဋိစ္စဟူ၍ ဆိုအပ်၏၊ ယင်းပဋိစ္စအမည်ရသော ဟေတုသမူဟ = အကြောင်းတရားအပေါင်းအစုသည် ပစ္စယုပ္ပန္နဓမ္မသမူဟအမည်ရသော အကျိုးတရားအပေါင်းအစုကို ဖြစ်စေတတ်၏၊ ယင်းအကျိုးတရားတို့ကား အတူတကွ တပေါင်းတစည်းတည်း ပြိုင်တူဖြစ်ကြသော တရားတို့သာတည်း။ ယင်းအကျိုးတရားတို့၏ အတူတကွ တပေါင်းတစည်း တည်း ပြိုင်တူဖြစ်ခြင်း မည်သည် အသီးအသီး တစ်လုံးစီ တစ်လုံးစီ မဖြစ်ခြင်းပင်တည်း။ အကျိုးတရားတို့သည်ကား အကြောင်းတရားတို့ကဲ့သို့ အချင်းချင်း တစ်ခုသည် တစ်ခုကို ငဲ့ကွက်ခြင်း ငဲ့ညှာခြင်း မရှိကြကုန်။ ထိုကြောင့် ယင်းအကျိုး တရားတို့သည် အညမညအဝိနိဗ္ဘောဂဝုတ္တိဓမ္မ = အချင်းချင်း အသီးအသီး တကွဲတပြားစီ မဖြစ်ကြကုန်သောတရားတို့ မည်ကုန်၏၊ ဤသို့လျှင် ပဋိစ္စအမည်ရသော ဟေတုသမူဟ = အကြောင်းတရားအပေါင်းအစုသည် အချင်းချင်း အသီးအသီး တကွဲတပြားစီ မဖြစ်ကြကုန်သော ပစ္စယုပ္ပန္နဓမ္မသမူဟဟူသော အကျိုးတရားအပေါင်းအစုတို့ကို ဖြစ်စေတတ်သောကြောင့် သမုပ္ပါဒဟူ၍လည်း ဆိုအပ်၏၊ ပဋိစ္စလည်းမည်၍ သမုပ္ပါဒ်လည်းမည်သော ဤနှစ်မျိုးသော သတ္တိကြောင့် အဝိဇ္ဇာစသော ဟေတုသမူဟ = အကြောင်းတရား အပေါင်းအစုသည် ပဋိစ္စသမုပ္ပါဒ် မည်၏၊ (အဝိနိဗ္ဘောဂဝုတ္တိဓမ္မ၌ ရုပ်တရားတို့ကိုပါ ပေါင်းယူပါ။) [၈၁၅]

ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၈၁၆]က တတိယတစ်နည်း ထပ်မံ၍ ဖွင့်ဆိုထားတော်မူပြန်သည် ..။

''အဝိဇ္ဇာ အစရှိသော တစ်ခုတစ်ခုသော အကြောင်းတရားကို ဦးတည်လျက် ညွှန်ကြားပြသထားတော် မူအပ်ကုန်သော အကြောင်းတရားအပေါင်းအစုတို့တွင် အကြင်အဝိဇ္ဇာစသော အကြောင်းတရားအပေါင်းအစုတို့သည် သင်္ခါရစသော အကျိုးတရားအပေါင်းအစုကို ဖြစ်စေတတ်ကြကုန်၏၊ ယင်းသို့ ဖြစ်စေကြရာ၌ ထိုအဝိဇ္ဇာစသော အကြောင်းတရားအပေါင်းအစုတို့သည် အချင်းချင်း တစ်ပါးသည် တစ်ပါးကို မစွဲ မမှီမူ၍လည်း သင်္ခါရစသော အကျိုးတရားအပေါင်းအစုကို ဖြစ်ပေါ်စေခြင်းငှာလည်း မစွမ်းနိုင်ကြကုန်။ အဝိဇ္ဇာနှင့် အတူဖြစ်ဖက်ဖြစ်ကုန်သော (က) မှီရာဝတ္ထုရုပ်, (ခ) အာရုံ, (ဂ) ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ် စသော သဟဇာတဓမ္မ, (ဃ) အယောနိသောမနသိကာရ ––- ဤသို့စသော အကြောင်းတရားတို့တွင် တစ်ခုတစ်ခုသော အကြောင်းတရားသည် ချို့တဲ့ခဲ့သော် မဖြစ်ဘဲရှိခဲ့သော် သင်္ခါရစသော အကျိုးတရားအပေါင်းအစုကို ဖြစ်ပေါ်စေခြင်းငှာလည်း မစွမ်းနိုင်ကြကုန်။ အကြောင်းတရားအချင်းချင်း စွဲမှီရမှသာလျှင်, အကြောင်းတရားများလည်း မချို့တဲ့မှသာလျှင် သင်္ခါရစသော အကျိုးတရားအပေါင်းအစုကို ဖြစ်ပေါ်စေခြင်းငှာ စွမ်းနိုင်ကြကုန်၏၊ ထိုကြောင့် အဝိဇ္ဇာစသော အကြောင်းတရား အပေါင်းအစုသည် ––

၁။ အချင်းချင်း စွဲမှီ၍သာလျှင်,
၂။ အညီအညွတ် အယုတ်အလျော့မရှိဘဲ,
၃။ အတူတကွ တစ်ပြိုင်နက်တည်းသာလျှင် –

သင်္ခါရစသော အကျိုးတရားအပေါင်းအစုတို့ကို ဖြစ်စေတတ်၏၊ ထိုသို့ ဖြစ်စေရာ၌ အကျိုးတရားအပေါင်းအစု၏ တစ်စိတ်တစ်ဒေသ တချို့တစ်ဝက်မျှကိုသာ ဖြစ်စေသည်လည်း မဟုတ်၊ ရှေ့နောက်၏ အဖြစ်ဖြင့် အစဉ်အတိုင်း တစ်လုံးပြီးမှ တစ်လုံး ဖြစ်စေသည်လည်း မဟုတ်။ ထိုကြောင့် ပရမတ္ထသို့ အစဉ်လိုက်သော ဝေါဟာရ၌ လိမ္မာကျွမ်းကျင် တော်မူသော မုနိတကာတို့၏ထွတ်ထား သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်သည် ဤအရာ၌ ယင်းကြောင်း-ကျိုး-ဆက်နွယ်မှု သဘောတရားကို ပဋိစ္စသမုပ္ပါဒ် ဟူသာလျှင် ဟောကြားတော်မူအပ်ပေသည်။''

''ဤအထက်ပါ စကားရပ်အားလုံးသည် အကြောင်းတရား အကျိုးတရားတည်းဟူသော ပရမတ္ထဓာတ်သား ရုပ်တရား နာမ်တရားတို့၏ ရုပ်ကလာပ် နာမ်ကလာပ်အလိုက် အုပ်စုအလိုက် အပေါင်းအစုအလိုက် ဖြစ်ခြင်းကို ရည်ရွယ်၍ ဖွင့်ဆိုထားတော်မူခြင်းဖြစ်၏၊''[၈၁၇]

ရုပ်ကလာပ် နာမ်ကလာပ်

ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ[၈၁၇]၏ သုံးနှုန်းထားသော ဝေါဟာရသို့ အစဉ်လိုက်၍ ဤကျမ်း၌လည်း ..

၁။ ပရမာဏုမြူခန့် သေးငယ်သော, တစ်နည်းဆိုရသော် ပရမာဏုမြူအောက် အဆပေါင်းများစွာ သေးငယ်သော ရုပ်အမှုန်တစ်ခု၏အတွင်း၌ ပါဝင်တည်ရှိကြသော ရုပ်သဘောတရား (၈)မျိုး, (၉)မျိုး, (၁၀)မျိုး စသော ရုပ်ပရမတ်တရားတို့၏ အပေါင်းအစုကို ရုပ်ကလာပ်ဟုလည်းကောင်း,

၂။ စိတ္တက္ခဏတစ်ခုတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြသည့် စိတ်စေတသိက်နာမ်တရားစုတို့၏ အပေါင်းအစုကို နမ်ကလာပ်ဟုလည်းကောင်း –

ခေါ်ဝေါ်သုံးစွဲထားပေသည်။ ဤအထက်ပါ တတိယမြောက် ဖွင့်ဆိုထားသောနည်း၌ ပဋိစ္စသမုပ္ပါဒပုဒ်ကို..

အညမညံ ပဋိစ္စ သမံ သဟ စ ပစ္စယုပ္ပန္နဓမ္မေ ဥပ္ပါဒေတီတိ ပဋိစ္စသမုပ္ပါဒေါ .... ဤသို့ ဝိဂြိုဟ်ပြုပါ။ အဓိပ္ပါယ်မှာ –– ''အကြောင်းတရားအပေါင်းအစုသည် အချင်းချင်း စွဲမှီ၍ အညီအညွတ် အတူတကွ အကျိုးတရားအပေါင်းတို့ကို တစ်ပြိုင်နက်တည်း ဖြစ်စေတတ်သောကြောင့် ပဋိစ္စသမုပ္ပါဒ် မည်ပေသည်''

ဟူလိုသည်။ ဤနည်း၌ အကြောင်းတရားအပေါင်းအစုသည်သာလျှင် မုချအားဖြင့် ပဋိစ္စသမုပ္ပါဒ်ဟူသော အမည်ကို ရရှိ၍ အကျိုးပစ္စယုပ္ပန္နဓမ္မသမူဟတို့ကား မကင်းစကောင်းသော အဝိနာဘာဝနည်းအားဖြင့် ပဋိစ္စသမုပ္ပါဒ်ဟူသော အမည်ကို ရရှိကြပေသည်။ အကျိုးကို ဖြစ်စေတတ်သောကြောင့်သာ အကြောင်းဟု ခေါ်ဆိုရသဖြင့် အကြောင်း မှန်သမျှသည် အကျိုးနှင့် မကင်းနိုင်ပေ။ အလားတူပင် အကျိုးမှန်သမျှလည်း အကြောင်းနှင့် မကင်းနိုင်ပေ။ ယင်းသို့ မကင်းနိုင်မှုကိုပင် အဝိနာဘာဝဟု ခေါ်ဆို၏၊ ယင်းသို့ မကင်းနိုင်သည့် သဘောတရားမျိုးကို ပညာရှိသူတော်ကောင်း တို့သည် သိသင့်သိထိုက်သောကြောင့် –– နယ = နည်း ––- ဟုခေါ်ဆို၏၊ ထို အဝိနာဘာဝနှင့် နယကို ပေါင်းစပ်၍ အဝိနာဘာဝနယ = အဝိနာဘာဝနည်း ဟု ခေါ်ဆိုသည်။

ပဋိစ္စသမုပ္ပါဒ-ပုဒ်ဝယ် သမုပ္ပါဒ-၌ သံ + ဥပ္ပါဒ-ဟု ပုဒ်ဖြတ်ပါ။ သံ-သဒ္ဒါသည် သမံ-အနက်, သဟ-အနက် (၂)ချက် အဓိပ္ပါယ်ထွက်၏၊

၁။ သမံ –– သမံ၏ အဓိပ္ပါယ်ကား – အဝိဇ္ဇာစသော အကြောင်းတရားအပေါင်းက သင်္ခါရကို ဖြစ်စေရာ၌ သင်္ခါရ = စေတနာ တစ်ခုတည်းကိုသာ ဖြစ်စေသည်မဟုတ်၊ သင်္ခါရ = စေတနာနှင့် အတူတကွဖြစ်လေ့ရှိသော ဖဿ ဝေဒနာ သညာ ဝိညာဏ် စသော စိတ်စေတသိက်များကိုလည်း အညီအမျှ အယုတ်အလျော့ မရှိရအောင် ဖြစ်စေသည် ဟူလိုသည်။

၂။ သဟ –– သဟ၏ အဓိပ္ပါယ်ကား – ထိုကဲ့သို့ သင်္ခါရစေတနာနှင့် တွဲဖက် ယှဉ်ဖက်ဖြစ်သော စိတ်စေတသိက်တို့ကို ဖြစ်စေရာ၌ တစ်ဖို့စီ တစ်ဖို့စီ တစ်လုံးချင်း တစ်လုံးချင်း တစ်ခုပြီးမှတစ်ခု ဖြစ်စေသည်ကား မဟုတ်။ တလုံးတစည်း တစ်ပြိုင်နက်တည်း အတူတကွ ဖြစ်စေသည် ဟူလိုသည်။

သို့သော် အဝိဇ္ဇာကြောင့် ဖြစ်ပေါ်လာကြရသော ထိုသင်္ခါရတရားစုတို့တွင် သင်္ခါရဟူသော စေတနာသည် အပြဓာန်းဆုံး ဖြစ်၏၊ ထိုကြောင့် ပဓာနနည်းအားဖြင့် သင်္ခါရစေတနာကို ခေါင်းတပ်၍ –– အဝိဇ္ဇာပစ္စယာ သင်္ခါရာဟု ဟောကြားတော်မူလေသည်။

''အဝိဇ္ဇာသည် သင်္ခါရကို ဖြစ်စေ၏'' ဟူရာ၌ အဝိဇ္ဇာတစ်မျိုးတည်းက သင်္ခါရကို ဖြစ်စေနိုင်သည် မဟုတ်၊ အဝိဇ္ဇာနှင့် အတူတကွ သင်္ခါရကို ဖြစ်ပေါ်လာအောင် ပြုလုပ်လေ့ရှိသော အကူအညီ အကြောင်းတရားများလည်း ရှိကြရသေး၏၊ သင်္ခါရ ဖြစ်ပေါ်လာဖို့ရန် –

၁။ သင်္ခါရ၏ မှီရာ ဟဒယဝတ္ထုရုပ်က ရှေးက ကြိုတင်ဖြစ်၍ မှီရာအဖြစ် ကျေးဇူးပြုပေးရ၏၊ ဝတ္ထုပုရေဇာတ နိဿယပစ္စယသတ္တိတည်း။
၂။ သင်္ခါရ၏ စွဲမှီရာ အာရုံအကြောင်းတရားကလည်း အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးရ၏၊
၃။ ဖဿ ဝေဒနာ သညာ ဝိညာဏ်စသော, သင်္ခါရနှင့် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲဖြစ်ကြသော စိတ်စေတသိက်တရားစုတို့ကလည်း သဟဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးရ၏၊
၄။ အကုသိုလ်သင်္ခါရ ဖြစ်ပေါ်ရေးအတွက် အာရုံကို နိစ္စ သုခ အတ္တ သုဘ - စသည်ဖြင့် အလွဲလွဲ အချော်ချော် နှလုံးသွင်းတတ်သော အယောနိသောမနသိကာရကလည်းကောင်း, ကုသိုလ်သင်္ခါရ ဖြစ်ပေါ်ရေးအတွက် အာရုံကို အနိစ္စ ဒုက္ခ အနတ္တ အသုဘ စသည်ဖြင့် နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်သော ယောနိသောမနသိကာရက လည်းကောင်း အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးရ၏၊
၅။ အဝိဇ္ဇာနှင့် အပေါင်းပါ တဏှာ ဥပါဒါန်တို့ကလည်း အလားတူပင် အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးရ၏၊

ဤ ဝတ္ထု, အာရုံ, သဟဇာတဓမ္မ, အယောနိသောမနသိကာရ သို့မဟုတ် ယောနိသောမနသိကာရ, တဏှာ ဥပါဒါန်စသော အကြောင်းတရားတို့သည် အဝိဇ္ဇာနှင့် အတူတကွ သင်္ခါရကို ဖြစ်ပေါ်လာအောင် ပြုလုပ်လေ့ရှိသော အဝိဇ္ဇာ၏ အကူအညီ အကြောင်းတရားများတည်း။ ထိုအကြောင်းတရားအားလုံးတို့၏ ပေါင်းဆုံညီညွတ်မှုကို စွဲမှီရမှသာလျှင် အဝိဇ္ဇာက သင်္ခါရကို ဖြစ်စေနိုင်လေသည်။ တစ်ခုတစ်ခုသော အကြောင်းတရားသည် ချို့တဲ့ခဲ့သော် အဝိဇ္ဇာသည် သင်္ခါရကို ဖြစ်ပေါ်စေခြင်းငှာ မစွမ်းနိုင်ပေ။ အကြောင်းတရား အချင်းချင်း စွဲမှီရမှသာလျှင် အကြောင်း တရားများလည်း မချို့တဲ့ပါမှသာလျှင် သင်္ခါရ စသော အကျိုးတရားအပေါင်းအစုကို ဖြစ်ပေါ်စေခြင်းငှာ စွမ်းနိုင် လေသည်။

တစ်ဖန် သင်္ခါရစေတနာသည်လည်း နာမ်ပရမတ်တရားတို့၏ ဓမ္မတာအတိုင်း စေတနာတစ်ခုတည်း ဖြစ်နိုင်သည့် စွမ်းအား မရှိ၊ ဖဿ ဝေဒနာ သညာ ဝိညာဏ် စသော အတူယှဉ်တွဲဖြစ်ဖက် စိတ်စေတသိက်တရားတို့နှင့်သာလျှင် အတူဖြစ်နိုင်သည့် စွမ်းအား ရှိ၏၊ ကုသိုလ်သင်္ခါရအုပ်စု အကုသိုလ် သင်္ခါရအုပ်စုဟူသော အုပ်စုအလိုက်သာ ဖြစ်နိုင်သည့် စွမ်းအား ရှိ၏၊

ထိုကြောင့် အဝိဇ္ဇာ စသော အကြောင်းတရားအပေါင်းအစုသည် အချင်းချင်း စွဲမှီ၍သာလျှင် အညီအညွတ် အယုတ်အလျော့ မရှိဘဲ အတူတကွ တစ်ပြိုင်နက်တည်းသာလျှင် သင်္ခါရစသော အကျိုးတရားအပေါင်းအစုကို ဖြစ်စေရာ၌ အကျိုးတရားအပေါင်းအစု၏ တစ်စိတ်တစ်ဒေသ တချို့တစ်ဝက်မျှကိုသာ ဖြစ်စေသည်လည်း မဟုတ်၊ ရှေ့နောက်အဖြစ်ဖြင့် တန်းစီလျက် အစဉ်အတိုင်း တစ်လုံးပြီးမှ တစ်လုံး ဖြစ်စေသည်လည်း မဟုတ်၊ ဤ အဝိဇ္ဇာစသော အကြောင်းတရားအပေါင်းအစုသည် သင်္ခါရစသော အကျိုးတရားအပေါင်းအစုကို အပြည့်အစုံ အညီအမျှ အယုတ် အလျော့ မရှိရအောင် တလုံးတစည်းတည်း တစ်ပြိုင်နက်တည်း အတူတကွ ဖြစ်စေသည်။

ဤဖော်ပြပါ ပဋိစ္စ၏သတ္တိ, သမုပ္ပါဒ်၏သတ္တိ နှစ်မျိုးကြောင့် အချင်းချင်း စွဲမှီ၍ အကျိုးပစ္စယုပ္ပန်တရားအပေါင်းကို အညီအညွတ် ပြည့်ပြည့်စုံစုံ အတူတကွ တလုံးတစည်းတည်း တစ်ပြိုင်နက်တည်း ဖြစ်စေတတ်သော အကြောင်းတရား အပေါင်းသည် မုချအားဖြင့် ပဋိစ္စသမုပ္ပါဒ် မည်ပေသည်။ အကျိုးတရားအပေါင်းသည်ကား မကင်းစကောင်းသော အဝိနာဘာဝနည်းအားဖြင့် ပဋိစ္စသမုပ္ပါဒ် မည်ပေသည်။ အကြောင်းတရားတို့၏ ပဋိစ္စသမုပ္ပါဒ်ဟူသော အမည်ကို အကျိုးတရားတို့အပေါ်၌ တင်စား၍ အကျိုးတရားတို့ကိုလည်း ပဋိစ္စသမုပ္ပါဒ်ဟု ကာရဏူပစာရအားဖြင့် ခေါ်ဝေါ်သည် ဟူလိုသည်။ ဤကား .. ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ ဖော်ပြထားသော ပဋိစ္စသမုပ္ပါဒ်စကားလုံး၏ တတိယအဖွင့် အဓိပ္ပါယ်တည်း။[၈၁၈]

သဘောကျလက်ခံနိုင်ရန်

ပဋိစ္စသမုပ္ပါဒ် စကားတစ်လုံး၏ အဓိပ္ပါယ်ကို ဤမျှ ကျယ်ဝန်းစွာ ရှင်းပြနေရခြင်းမှာ ဤကျမ်းတွင် ဆက်လက် ဖော်ပြမည့် ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်ရှုကွက်ကို လက်ခံနိုင်ရေးအတွက်ပင် ဖြစ်သည်။ အဘယ်ကြောင့် အဝိဇ္ဇာတစ်လုံးတည်းကိုသာ မရှုဘဲ ယှဉ်ဖက် စိတ်+စေတသိက်တို့ကိုပါ လိုက်ရှုနေပါသနည်း? အဘယ်ကြောင့် သင်္ခါရ (= စေတနာ) တစ်ခုတည်း သက်သက်ကိုသာ မရှုဘဲ ယှဉ်ဖက် စိတ်+စေတသိက်တို့ကိုပါ လိုက်ရှုနေရပါသနည်း? ဤသို့ စသော ရန်ထောင်နေမှုများကို ကြိုတင်၍ ကာကွယ်နေခြင်းပင် ဖြစ်သည်။ အယူအဆ လွဲချော်သွားပါက လုပ်ငန်းခွင်လည်း လွဲချော်သွားနိုင်ပေသည်။ သတိရှိစေ။

အကျိုးဂုဏ်အင် အာနိသင်

ဤသို့ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို ဟောကြားတော်မူသော သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည် ––

၁။ ပဋိစ္စဟူသော ရှေးပုဒ်ဖြင့် သဿတဝါဒ စသည်တို့၏ မရှိခြင်း မဖြစ်ခြင်းကို ထင်ရှားပြတော်မူ၏၊ 
၂။ နောက်ဖြစ်သော သမုပ္ပါဒပုဒ်ဖြင့် ဥစ္ဆေဒဝါဒ စသည်ကို ဖျက်ဆီး ပယ်ဖျောက်ခြင်းကို ထင်ရှား ပြတော်မူ၏၊ 
၃။ ပဋိစ္စသမုပ္ပါဒ်ဟူသော ပုဒ်နှစ်ခုအပေါင်းဖြင့် သဿတဝါဒ, ဥစ္ဆေဒဝါဒဟူသော အယုတ်တရားနှစ်ပါး အစွန်း နှစ်ဘက်မှ လွတ်ကင်းသော အလယ်အလတ်ကျင့်စဉ် = မဇ္ဈိမပဋိပတ် အမည်ရသော မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို ထင်ရှားပြတော်မူ၏၊

၁။ ပဋိစ္စပုဒ်

ပဋိစ္စသမုပ္ပါဒေါဝယ် ပဋိစ္စပုဒ်, သမုပ္ပါဒပုဒ်ဟု ပုဒ်နှစ်ပုဒ် ရှိ၏၊ အကြောင်းတရားတို့၏ ညီညွတ်သည်၏အဖြစ်ကို ပဋိစ္စပုဒ်က ဖော်ပြလျက် ရှိ၏၊

ဤပဋိစ္စသမုပ္ပါဒ်သဘောတရားဝယ် ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်ဟု ဝဋ်သုံးပါး ရှိ၏၊ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကား ကိလေသဝဋ်တည်း။ သင်္ခါရနှင့် ကမ္မဘဝ (= ကံ)တို့ကား ကမ္မဝဋ်တည်း။ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတို့ကား ဝိပါကဝဋ်တည်း။

ကိလေသဝဋ်ကို အစွဲပြု၍ ကမ္မဝဋ်သည် ဖြစ်ပေါ်လာရ၏၊ ကမ္မဝဋ်ကို အစွဲပြု၍ အကျိုးဝိပါကဝဋ်သည် ဖြစ်ပေါ်လာရ၏၊ တစ်ဖန် ယင်းဝိပါကဝဋ် အမည်ရသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို အချိန်မီ ဝိပဿနာ မရှုပွား မသုံးသပ်နိုင်ပါက ယင်းဝိပါကဝဋ်ကို အစွဲပြု၍ ကိလေသဝဋ် အမည်ရသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့သည် ထပ်ဖြစ်ပြန်ကုန်၏၊ တစ်ဖန် ယင်းကိလေသဝဋ်ကို အစွဲပြု၍ ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရတို့ကို ပြုစုပျိုးထောင်သဖြင့် ကမ္မဝဋ် အမည်ရသည့် သင်္ခါရ ကံတို့သည် ထပ်ဖြစ်ကြပြန်ကုန်၏၊

ယင်းကမ္မဝဋ်ကြောင့် အနာဂတ်ဘဝစသည်၌ ဝိပါကဝဋ်အမည်ရသည့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ထပ်ဖြစ်ကြပြန်ကုန်၏၊ ယင်းအနာဂတ်ခန္ဓာငါးပါးတို့ကို (ဥပပတ္တိဘဝ) ဇာတိ ဇရာ မရဏဟူသော အမည်ဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ ဤနည်းဖြင့် ဝဋ်သုံးပါးသည် လည်ပတ်နေသော ရထားဘီးကဲ့သို့ အဆက်မပြတ် ဖြစ်နေပေသည်။

အကြောင်းတရားတို့၏ ညီညွတ်သည်၏ အဖြစ်ကို = အကြောင်းတရားတို့၏ အညီအညွတ် ဖြစ်နေမှုကို ဖော်ပြ တတ်သော ပဋိစ္စဟူသော ရှေးပုဒ်ဖြင့် သွားနေသော ရထားဘီးကဲ့သို့ အဆက်မပြတ် လည်ပတ်လျက် ဖြစ်ပေါ်နေကြ ကုန်သော ကိလေသဝဋ်, ကမ္မဝဋ်, ဝိပါကဝဋ်တရားတို့၏ အကြောင်းတရားတို့၏ ညီညွတ်သည်၏ အဖြစ်၌ ဆက်စပ်သော ဖြစ်ခြင်း ရှိသည်၏ အဖြစ်ကြောင့် ––

၁။ သဿတဝါဒ, ၂။ အဟေတုဝါဒ, ၃။ ဝိသမဟေတုဝါဒ, ၄။ ဝသဝတ္တိဝါဒ ..

ဤသို့စသည့် ဝါဒအမျိုးမျိုးတို့၏ မရှိမှုကို ဖော်ပြအပ်ပေသည်။ မှန်ပေသည် ––- သ ဿတဝါဒစသော ထိုထို အကြောင်းမှန်ကို ပယ်လှန်နေသော ဝါဒအမျိုးမျိုးတို့အဖို့ ပစ္စယသာမဂ္ဂိ အမည်ရသော အကြောင်းတရားအပေါင်းတို့၏ ညီညွတ်မှုဖြင့် အဘယ်အကျိုးရှိနိုင်တော့အံ့နည်း၊ မည်သို့ အဓိပ္ပါယ် ရှိနိုင်တော့အံ့နည်း။ အကြောင်းတရားတို့၏ ညီညွတ်မှုကြောင့် အကျိုးတရားတို့၏ အညီအညွတ် တပေါင်းတည်းဖြစ်မှုသည် အကြောင်းမှန်ကို ပယ်လှန်နေသော ယင်းဝါဒအမျိုးမျိုးတို့အဖို့ အဓိပ္ပါယ် ကင်းမဲ့နေမည်သာ ဖြစ်ပေသည်။[၈၁၉]

သဿတဝါဒ –– သဿတော အတ္တာ စ လောကော စ = အတ္တသည်လည်းကောင်း, လောကသည်လည်းကောင်း မြဲ၏ ––- ဤသို့စသည်ဖြင့် ပြောဆိုလေ့ ယူဆလေ့ ယုံကြည်လေ့ရှိသော ဝါဒသည် သဿတဝါဒ မည်၏၊ အတ္တသည် အကျိတ်အခဲ အမြဲတည်၏၊ အတ္တသည် တစ်ဘဝပြီး တစ်ဘဝ ပြောင်းရွှေ့နေ၏၊ ခန္ဓာအိမ်အသစ်လဲသော်လည်း အတ္တကား တစ်ဘဝပြီး တစ်ဘဝ မသေမပျောက်ဘဲ ခန္ဓာအိမ် အသစ်အသစ်၌ အမြဲ လိုက်ပါ တည်နေ၏၊ –– ဤသို့စသည်ဖြင့် စွဲယူသော ဝါဒတည်း။[၈၂၀]

အဟေတုဝါဒ –– နတ္ထိ ဟေတု နတ္ထိ ပစ္စယော သတ္တာနံ သံကိလေသာယ၊ အဟေတူ အပစ္စယာ သတ္တာ သံကိလိဿန္တိ။ နတ္ထိ ဟေတု နတ္ထိ ပစ္စယော သတ္တာနံ ဝိသုဒ္ဓိယာ၊ အဟေတူ အပစ္စယာ သတ္တာ ဝိသုဇ္ဈန္တိ[၈၂၁] = သတ္တဝါတို့ ညစ်နွမ်းဖို့ရန် သတ္တဝါတို့ ဖြူစင်ဖို့ရန် တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော ဟေတုအကြောင်းတရား = ဇနက အကြောင်းတရားသည် မရှိ၊ အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရား = ဥပတ္ထမ္ဘက အကြောင်းတရားသည် မရှိ။ အကြောင်းမရှိဘဲသာလျှင် သတ္တဝါတို့သည် ညစ်နွမ်းကြရ၏၊ စင်ကြယ်ကြရ၏ ––- ဤ သို့ စသည်ဖြင့် အကြောင်း တရားကို တိုက်ရိုက်ပယ်သော, အကြောင်းမရှိဟု ပြောဆိုလေ့ ယူဆလေ့ ယုံကြည်လေ့ရှိသော ဝါဒသည် အဟေတုဝါဒ မည်၏၊ အကြောင်းတရားကို တိုက်ရိုက်ပယ်လိုက်သဖြင့် သွယ်ဝိုက်သော နည်းအားဖြင့် အကြောင်းတရားကြောင့် ဖြစ်သော အကျိုးတရားကိုလည်း ပယ်ရာရောက်၏၊ အကြောင်းတရားတို့၌ အကျိုးတရားကို ဖြစ်စေနိုင်သည့် စွမ်းအား ရှိမှုကို လက်မခံသည့် ကံ-ကံ၏အကျိုးတရားကို ပစ်ပယ်သော ဝါဒတစ်မျိုးတည်း။

ဝိသမဟေတုဝါဒ ––- ပကတိ, အဏု, ကာလ စသည်တို့၏ အစွမ်းဖြင့် လောကသည် ဖြစ်ပေါ်လာ၏၊ –– ဤသို့ ပြောဆိုလေ့, ယူဆလေ့, ယုံကြည်လေ့ရှိသော ဝါဒသည် ဝိသမဟေတုဝါဒ မည်၏၊[၈၂၂]

ဝသဝတ္တိဝါဒ ––- ဣဿရဝါဒ, ပုရိသဝါဒ, ပဇာပတိဝါဒတို့သည် ဝသဝတ္တိဝါဒ မည်၏၊ ပုရိသဝါဒနှင့် ပဇာပတိ ဝါဒတို့သည် ဣဿရဝါဒနှင့် ထပ်တူပင် ဖြစ်သည်၊ အမည်မျှသာ ထူးသည်။[၈၂၃] လောကကြီးနှင့်တကွ သတ္တဝါတို့ကို ဖန်ဆင်းပေးသော ဖန်ဆင်းရှင် အစိုးရသူ = ဣဿရသည် ရှိ၏၊ ယင်းဖန်ဆင်းရှင် = ဣဿရ၏ အလိုဆန္ဒအတိုင်း လောကကြီးနှင့်တကွ သတ္တဝါတို့သည် ဖြစ်ပေါ်နေကြကုန်၏ဟု ပြောဆိုလေ့ ယူဆလေ့ ယုံကြည်လေ့ ရှိသော ဝါဒသည် ဝသဝတ္တိဝါဒ မည်၏၊ အဖန်ဆင်းခံရသော အတ္တကို ဇီဝအတ္တဟုလည်းကောင်း, ဖန်ဆင်းရှင် = ဣဿရကို ပရမအတ္တ ဟုလည်းကောင်း အသီးအသီး ခေါ်ဆိုပေသည်။ ကံ-ကံ၏အကျိုးတရား ထင်ရှားရှိမှုကို လက်မခံဘဲ ပယ်လှန်နေသော ဝါဒတစ်မျိုးပင် ဖြစ်သည်။[၈၂၄]

ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကြိုးစားအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်သည် အကြင်အခါ၌ အကြောင်းတရားတို့၏ ညီညွတ်မှုကို အစွဲပြု၍ တစ်နည်းဆိုရသော် အညီအညွတ် အချင်းချင်း စွဲမှီ၍ ဖြစ်ပေါ်လာကြကုန်သော အကြောင်း တရားအပေါင်းအစုတို့၏ ထင်ရှား ဖြစ်မှုကို အစွဲပြု၍ အကျိုးတရားအပေါင်းအစုတို့၏ အပြည့်အစုံ အတူတကွ တလုံးတစည်း ပြိုင်တူဖြစ်မှုကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်၏၊ ထိုအခါဝယ် အညီအညွတ် အချင်းချင်း စွဲမှီ၍ ဖြစ်ပေါ်လာကြကုန်သော အကြောင်းတရားအပေါင်းအစုတို့၏ ထင်ရှားဖြစ်ပေါ်မှုကို အစွဲပြု၍ သာလျှင် အကျိုးတရားအပေါင်းအစုတို့၏ အပြည့်အစုံ အတူတကွ တလုံးတစည်းတည်း တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာကြကုန်၏ဟု သိမြင်လိုက်သဖြင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် သဿတဝါဒ အဟေတုဝါဒ ဝိသမဟေတုဝါဒ ဝသဝတ္တိဝါဒ ဤသို့စသည့် အကြောင်းစစ် အကြောင်းမှန်၏ ထင်ရှားရှိမှုကို လက်မခံသော မှားယွင်း ဖောက်ပြန် မမှန်ကန်သော အယူအဆအမျိုးမျိုးတို့သည် လွင့်စင်ပျောက်ပျယ်၍ သွားလေသည်။ အကျိုးတရား အပေါင်းအစုသည် အကြောင်းတရားအပေါင်းအစုတို့၏ အညီအညွတ်ဖြစ်မှုကို စွဲမှီ၍သာလျှင် ဖြစ်ပေါ်လာရသည်ဟု သိရှိလာသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်က ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် အကြောင်းမှန်ကို ပယ်လှန်သည့် မှားယွင်းသည့် ဝါဒအရပ်ရပ်၏ မရှိမှုကို ဖော်ပြပြီး ဖြစ်တော့သည် ဟူလိုသည်။ ပဋိစ္စဓာတ်သဘောကို ဉာဏ်ဖြင့် ထွင်းဖောက်သိမြင်သော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် အကြောင်းမှန်ကို ပယ်လှန်သော ဝါဒအမျိုးမျိုး တို့၏ ထင်ရှားမရှိမှုသည် ဖြစ်ပေါ်ခဲ့သော် ထိုပဋိစ္စဓာတ်သဘောကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ထိုယောဂါဝစရပုဂ္ဂိုလ်တို့ကို ကျင့်စဉ်နှင့်တကွ ညွှန်ကြားပြသနေသော ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်၌လည်း အကြောင်းမှန်ကို ပယ်လှန်သော ဝါဒအမျိုးမျိုးတို့၏ မရှိမှုမှာ ဆိုဖွယ်ရာပင် မရှိနိုင်တော့ပြီ ဖြစ်ပေသည်။

အကျိုးတရား မရှိဟု ဆိုသဖြင့် အကျိုးကို ဖြစ်စေတတ်သော အကြောင်းတရားသည်လည်း မရှိဟုပင် ဆိုရာရောက်၏၊

၂။ သမုပ္ပါဒပုဒ်

သင်္ခါရစသော အကျိုးပစ္စယုပ္ပန်တရားတို့၏ အညီအညွတ် တပေါင်းတစည်းတည်း အတူတကွ တစ်ပြိုင်နက်တည်း ဖြစ်ခြင်းကို ဖော်ပြတတ်သော သမုပ္ပါဒပုဒ်ဖြင့် အကြောင်းတရားတို့၏ ညီညွတ်မှု အညီအညွတ် ဖြစ်နေမှု = ပစ္စယသာမဂ္ဂိသည် ရှိလတ်သော် သင်္ခါရစသော အကျိုးပစ္စယုပ္ပန်တရားတို့၏ ထင်ရှားဖြစ်ပေါ်လာခြင်းကြောင့် ..

၁။ ဥစ္ဆေဒဝါဒ, ၂။ နတ္ထိကဝါဒ, ၃။ အကိရိယဝါဒ ––

ဤဝါဒတို့ကို ပယ်ဖျောက်အပ်ကုန်၏၊ ထိုကြောင့် သမုပ္ပါဒဟူသော နောက်ပုဒ်ဖြင့် ဥစ္ဆေဒဝါဒစသည့် ဝါဒအသီးအသီးကို ပယ်သတ်ခြင်းကို ထင်ရှားပြအပ်ပေသည်။ မှန်ပေသည် –– ရှေးရှေး၌ အကြောင်းတရား၏ စွမ်းအားကြောင့် သင်္ခါရစသော အကျိုးတရားအပေါင်းအစုတို့သည် အဖန်ဖန် အထပ်ထပ် ဖြစ်ကုန်သည်ရှိသော် ဥစ္ဆေဒဝါဒ နတ္ထိကဝါဒ အကိရိယဝါဒတို့သည် အဘယ်မှာလျှင် ဖြစ်နိုင်ကုန်လတ္တံ့နည်း။ ထိုကြောင့် သမုပ္ပါဒဟူသော နောက်ပုဒ်ဖြင့် ယင်းဝါဒအသီးအသီး၏ မရှိမှုကို ထင်ရှားဖော်ပြအပ်ပေသည်။[၈၂၅]

ဥစ္ဆေဒဝါဒ – အတ္တသည် သတ္တဝါသည် သေလျှင် ပြတ်၏၊ ''ဘဝဟူသည် ပုခက်နှင့် ခေါင်းအကြားမှာသာ ရှိ၏၊ ခေါင်းဟိုဘက် ဘာမျှမရှိ''ဟု ပြောဆိုလေ့ စွဲယူလေ့ ယုံကြည်လေ့ရှိသော ဝါဒသည် ဥစ္ဆေဒဝါဒ မည်၏၊ မျက်မှောက်ခေတ် လက်ဝဲသမားတို့၏ ဝါဒမျိုး, သိပ္ပံပညာကိုသာ အလေးဂရုပြုသူ အချို့သော ရုပ်ဝါဒီတို့၏ ဝါဒမျိုးပင် ဖြစ်သည်။

နတ္ထိကဝါဒ – နတ္ထိ ဒိန္နံ, နတ္ထိ ယိဋ္ဌံ, နတ္ထိ ဟုတံ, နတ္ထိ သုကတဒုက္ကတာနံ ကမ္မာနံ ဖလံ ဝိပါကော ...ဒါန၏ အကျိုးတရားမည်သည် မရှိ၊ သုစရိုက်တရား ဒုစရိုက်တရားတို့၏ အကျိုးတရားမည်သည် မရှိ၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးတရားမည်သည် မရှိ - ဤသို့စသည်ဖြင့် အကျိုးတရား ရှိမှုကို တိုက်ရိုက်ပစ်ပယ်သော ဝါဒသည် နတ္ထိကဝါဒ မည်၏၊ အကျိုးတရားကို တိုက်ရိုက်ပယ်လိုက်သဖြင့် အကျိုးတရားကို ဖြစ်စေတတ်သည့် စွမ်းအားရှိသည့် အကြောင်း တရားကိုလည်း ပယ်ပြီးပင် ဖြစ်တော့သည်။ ထိုကြောင့် ဤနတ္ထိကဝါဒသည်လည်း ကံ-ကံ၏အကျိုးတရားကို လက်မခံဘဲ ပယ်လှန်သည့် ဝါဒတစ်မျိုးပင် ဖြစ်သည်။

အကိရိယဝါဒ –– ကရောတော ကာရယတော ဆိန္ဒတော ဆေဒါပယတော။ ပ။ န ကရီယတိ ပါပံ –ကိုယ်တိုင်ပြုသူသည်လည်းကောင်း, သူတစ်ပါးကို အပြုခိုင်းသူသည်လည်းကောင်း, ကိုယ်တိုင်ဖြတ်သူသည်လည်းကောင်း, သူတစ်ပါးကို အဖြတ်ခိုင်းသူသည်လည်းကောင်း မကောင်းမှုကို ပြုအပ်သည် မမည် ပြုရာမရောက် ဤသို့ စသည်ဖြင့် ''ကောင်းမှု မကောင်းမှုကို ပြုအပ်သော်လည်း ပြုအပ်သည် မမည်၊ ပြုရာမရောက်၊ ကောင်းမှုကံလည်း မဖြစ်၊ မကောင်းမှုကံလည်း မဖြစ်''- ဟု အကြောင်းကံကို တားမြစ်သော အယူဝါဒသည် အကိရိယဝါဒ မည်၏၊

အကြောင်းကံကို ပယ်သဖြင့် အကျိုးဝိပါက်ကိုလည်း ပယ်ပြီးသာ ဖြစ်၏၊ အကျိုးဝိပါက်ကို ပယ်သဖြင့် အကြောင်းကံကိုလည်း ပယ်ပြီးသာ ဖြစ်တော့၏၊ ထိုကြောင့် ဤအလုံးစုံသော အဟေတုကဝါဒ အကိရိယဝါဒ နတ္ထိကဝါဒတို့သည် အနက်သဘောအားဖြင့် ကံ-ကံ၏အကျိုး နှစ်မျိုးလုံးကို ပယ်သော ဝါဒတို့သာ ဖြစ်ကြသည်။[၈၂၆] အကြောင်းကံကို မရှိဟု ဆိုသဖြင့် ထိုအကြောင်းနှင့် ဆက်သွယ်၍ ဖြစ်ရသော အကျိုးတရားသည်လည်း မရှိဟုပင် ဆိုရာရောက်၏၊

ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် အဝိဇ္ဇာစသော အကြောင်းတရားတို့၏ ညီညွတ်မှု = အညီအညွတ် ထင်ရှား ဖြစ်နေမှုကို အစွဲပြု၍ သင်္ခါရစသော အကျိုးတရားတို့၏ အညီအညွတ် ထင်ရှားဖြစ်ပေါ်မှုကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ငြားအံ့ – တစ်နည်းဆိုရသော် ..

၁။ အတိတ်က ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်းတရားတို့ကြောင့် ဤပစ္စုပ္ပန်ဘဝတွင် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော အကျိုးတရားတို့၏ ထင်ရှား ဖြစ်မှုကိုလည်းကောင်း,

၂။ ဤပစ္စုပ္ပန်ဘဝတွင် ပြုစုပျိုးထောင်လိုက်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်းတရား တို့ကြောင့် နောင်အနာဂတ်တွင် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဟူသော အကျိုးတရားတို့၏ ထင်ရှားဖြစ်မှုကိုလည်းကောင်း,

၃။ အလားတူပင် ဆိုင်ရာဆိုင်ရာ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော အကြောင်းတရားငါးပါးကြောင့် ဆိုင်ရာဆိုင်ရာ အတိတ်ဘဝ၌ အကျိုးတရားငါးပါးတို့၏ ထင်ရှားဖြစ်မှုကိုလည်းကောင်း,

၄။ အကယ်၍ ထိုယောဂါဝစရပုဂ္ဂိုလ်သူမြတ်အဖို့ အနာဂတ်ဘဝများသည် ထင်ရှားရှိနေသေးလျှင် ဆိုင်ရာ အနာဂတ်၏ သို့မဟုတ် ပစ္စုပ္ပန်၏ သို့မဟုတ် အတိတ်၏ အကြောင်းတရားငါးပါးကြောင့် ဆိုင်ရာ အနာဂတ် အကျိုးတရားငါးပါးတို့၏ ထင်ရှားဖြစ်မှုကိုလည်းကောင်း ––

ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အံ့ – ထိုအခါ ရှေးရှေးသော အကြောင်းတရားတို့ကို စွဲမှီသည်၏ အစွမ်းဖြင့် နောက်နောက်သော အကျိုးတရားစုတို့၏ အကြောင်းနှင့် အကျိုး ဆက်စပ်လျက် အဖန်ဖန် အထပ်ထပ် ဖြစ်ပေါ်မှုကို ပစ္စယပရိဂ္ဂဟဉာဏ်စသော ဝိပဿနာဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင် နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဥစ္ဆေဒဝါဒ, နတ္ထိကဝါဒ, အကိရိယဝါဒဟူသော မိစ္ဆာဒိဋ္ဌိဝါဒ ဘေးဆိုးကြီး တို့သည် အဘယ်မှာလျှင် ဖြစ်နိုင်တော့အံ့နည်း။ ဖြစ်ခွင့် မရှိနိုင်တော့သည်သာ ဖြစ်ပေသည်။ အလားတူပင် ယင်း ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မြတ်၌လည်း ယင်း မိစ္ဆာဒိဋ္ဌိ ဘေးဆိုးကြီးတို့သည် ကပ်ခိုခွင့် မရနိုင်တော့သည်သာ ဖြစ်ပေသည်။

၃။ ပဋိစ္စ + သမုပ္ပါဒပုဒ်

ပဋိစ္စပုဒ်နှင့် သမုပ္ပါဒပုဒ် နှစ်ပုဒ်ပေါင်းစပ်ထားသော ပဋိစ္စသမုပ္ပါဒ ဟူသော တစ်ပုဒ်လုံးဖြင့် ထိုထိုအဝိဇ္ဇာစသော အကြောင်းတရားတို့၏ ညီညွတ်သည်၏ အဖြစ်၌ အဝိဇ္ဇာစသော အကြောင်းတရားနှင့် သင်္ခါရစသော အကျိုးတရားစု တို့၏ အကြောင်းနှင့် အကျိုး ဆက်နွယ်လျက် အဆက်မပြတ် အထပ်ထပ် ဖြစ်နေခြင်းဟု ဆိုအပ်သော ကြောင်း-ကျိုး သန္တတိအစဉ်ကို မပြတ်မူ၍ မပြတ်စေမူ၍ ထိုထိုပစ္စယုပ္ပန်တရားတို့၏ ဖြစ်ခြင်းကြောင့် ––

၁။ မဇ္ဈိမပဋိပဒါ အမည်ရသော မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကိုလည်းကောင်း,
၂။ ''ထိုသူသည်ပင် ပြု၏၊ ထိုသူသည်ပင် ခံစား၏၊ အခြားတစ်ယောက်သောသူသည် ပြု၏၊ အခြားတစ်ယောက်သော သူသည် ခံစား၏''ဟူသော ဝါဒဆိုးကြီးကို ပယ်ခြင်းကိုလည်းကောင်း,
၃။ ရုပ်+နာမ်ပရမတ်တို့ကိုလည်းကောင်း, ရုပ်+နာမ်ပရမတ်တို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကိုလည်းကောင်း မသိမမြင်သည့် ဇနပုဒ်နေသူ လူသာမန်တို့ ခေါ်ဝေါ်သုံးစွဲအပ်သော ယောက်ျား မိန်းမစသော ဝေါဟာရပညတ်၌ ယောက်ျား မိန်းမစသည်လည်း တကယ် ထင်ရှားရှိ၏ စသည်ဖြင့် တဏှာ ဒိဋ္ဌိတို့ဖြင့် မှားမှားယွင်းယွင်း နှလုံးမသွင်းခြင်းကိုလည်းကောင်း,
၄။ လူတို့ ခေါ်ဝေါ်သုံးစွဲနေသည့် လောကသမ္မုတိသစ္စာကို မကျော်လွန်ခြင်းကိုလည်းကောင်း –– ဤကဲ့သို့သော နိဗ္ဗာန်သို့ သွားကြောင်းဖြစ်သော ဉာယအမည်ရသော အရိယမဂ်ခရီးကို ဖော်ပြအပ်ပေသည်၊၊[၈၂၇]

ထပ်မံရှင်းလင်းချက်

၁။ မဇ္ဈိမပဋိပဒါ – ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးကို ရရှိအောင် ဦးစွာ ကြိုးစားအားထုတ်လေရာ စွမ်းနိုင်သမျှ အတိတ်အဆက်ဆက်မှသည် ပစ္စုပ္ပန်, ပစ္စုပ္ပန်မှသည် အနာဂတ်အဆက်ဆက်သို့တိုင်အောင် အတိတ် ပစ္စုပ္ပန် အနာဂတ် တစ်လျှောက်လုံး၌ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားစုတို့၏ ရှေ့နှင့်နောက် ဆက်စပ်လျက် အထပ်ထပ် မပြတ်ဖြစ်နေမှု ပဋိစ္စသမုပ္ပါဒ်သဘောတရားကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ခဲ့သော် ထိုအသိဉာဏ်ကား သမ္မာဒိဋ္ဌိတည်း။

ရုပ်-နာမ်နှစ်ပါး = ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ထိုးထွင်းသိသော ဉာဏ်သည် သမ္မာဒိဋ္ဌိတည်း။ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ[၈၂၈]ဟူသော ဒေသနာတော်များနှင့် အညီ ဥပါဒါနက္ခန္ဓာငါးပါးတို့ကား ဒုက္ခသစ္စာတရားစုတို့တည်း။ ယင်းဒုက္ခသစ္စာတရားစုကို ထိုးထွင်းသိသော ဉာဏ်သည် ဒုက္ခေ ဉာဏံ[၈၂၉]ဟူသော ဒေသနာတော်များနှင့်အညီ ဒုက္ခသစ္စာကို သိသောဉာဏ် = သမ္မာဒိဋ္ဌိပင်တည်း။ အင်္ဂုတ္တိုရ် တိကနိပါတ် တိတ္ထာယတနသုတ္တန်[၈၃၀]၌ ဘုရားရှင်သည် ဟောကြားထားတော်မူသည့်အတိုင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားကို ထိုးထွင်းသိသော ဉာဏ်သည် –– ဒုက္ခသမုဒယေ ဉာဏံ[၈၂၉]ဟူသော ဒေသနာတော်နှင့် အညီ သမုဒယသစ္စာကို သိသော သမ္မာဒိဋ္ဌိတည်း။ (၁)

ယင်း ဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့ကို သင်္ခါရတရားတို့ဟူ၍ ခေါ်ဆို၏၊ ယင်း ဒုက္ခသစ္စာ သမုဒယသစ္စာဟူသော သင်္ခါရတရားတို့ကို ထိုးထွင်းသိသော သမ္မာဒိဋ္ဌိဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ဒုက္ခသစ္စာ သမုဒယ သစ္စာအမည်ရသည့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရအာရုံပေါ်သို့ စိတ်ကို ရှေးရှူတင်ပေးခြင်းသဘောကား သမ္မာသင်္ကပ္ပတည်း။ (၂)

ယင်းသမ္မာဒိဋ္ဌိဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ရုပ်နာမ်တို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောတရားတို့ကို သိအောင် ကြိုးစားအားထုတ်ခြင်း သဘောကား သမ္မာဝါယာမတည်း။ (၃)

ယင်းရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို အဖန်ဖန် အထပ်ထပ် သိမ်းဆည်းတတ်သော ရှုပွားသုံးသပ် တတ်သော, ယင်းသင်္ခါရအာရုံ၌ စိတ်ခိုင်မြဲနေသော, ဘူးတောင်းကဲ့သို့ မပေါ်ဘဲ ကျောက်ဖျာကဲ့သို့ နစ်မြုပ်နေခြင်း သဘောကား သမ္မာသတိတည်း။ (၄)

ယင်းသမ္မာဒိဋ္ဌိဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရအာရုံပေါ်၌ စိတ်တည်ငြိမ်နေမှု သဘောကား သမ္မာသမာဓိတည်း။ (ဝိပဿနာသမာဓိတည်း။) အကယ်၍ ယောဂီသူတော်ကောင်းသည် သမထယာနိကပုဂ္ဂိုလ်ဖြစ်၍ စျာန်သမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာသို့ ကူးခဲ့ပါမူ ထိုပါဒကစျာန်သမာဓိသည် လည်း မဟာသတိပဋ္ဌာနသုတ္တန်[၈၃၁]၌ ဘုရားရှင် ဟောကြားထားတော်မူသည်နှင့်အညီ သမ္မာသမာဓိပင်တည်း။ (၅)

ယောဂီသူတော်ကောင်းကိုယ်တိုင် ဘာဝနာကို မပွားများမီက စ၍ ကြိုတင် စောင့်ထိန်းထားအပ်ပြီးသော စောင့်ထိန်းနေဆဲလည်းဖြစ်သော သီလတို့ကား သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝတို့တည်း။ (၆၊၇၊၈။)

လောကီအခိုက်၌ ဤသီလမဂ္ဂင်သုံးပါးတို့သည် အထက်တွင် ရှင်းပြထားသည့်အတိုင်း ရုပ်-နာမ်-ကြောင်းကျိုး = သင်္ခါရတရားတို့ကို အာရုံပြုနေကြသော – သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိတို့နှင့် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ၍ကား မဖြစ်ကြပေ၊ အာရုံကွဲပြားသောကြောင့်ပင် ဖြစ်သည်။

အားလုံးပေါင်းသော် မဂ္ဂင် (၈)ပါး ဖြစ်သည်။ နိဗ္ဗာန်သို့ သွားကြောင်းဖြစ်သော ဉာယအမည်ရသော အရိယမဂ်သို့ ဆိုက်ရောက်ဖို့ရန် မဂ္ဂင်လမ်းပင်တည်း။ သို့အတွက် ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့၏ အချင်းချင်း ကြောင်း-ကျိုး ဆက်နွယ်လျက် ဖြစ်ပေါ်နေခြင်း ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာမျက်စိဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက်သိမြင်ခြင်းသည် နိဗ္ဗာန်သို့သွားကြောင်း ဖြစ်သော ဉာယအမည်ရသော အရိယမဂ်လမ်းမကြီး ပေါ်သို့ ဣန္ဒြေရရ ဂုဏ်သိက္ခာရှိရှိဖြင့် လျှောက်သွားနေခြင်းပင် ဖြစ်၏၊ အရိယမဂ်လမ်းခရီးကို ထင်ရှားပြနေခြင်းလည်း ဖြစ်၏၊ မဇ္ဈိမပဋိပဒါလမ်းကို ထင်ရှားပြနေခြင်းလည်း ဖြစ်၏၊ အကြောင်းမူ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိဟု ခေါ်ဆိုအပ်သော အစွန်းနှစ်ဘက်သို့ မကပ်ရောက်မူ၍ မိမိဆိုင်ရာ အကြောင်းတရားအပေါင်းတို့ကြောင့် ယင်း အကြောင်းတရားတို့နှင့် လျော်ညီသော အကျိုးတရားတို့၏ ဖြစ်ခြင်းကို ဤ ပဋိစ္စသမုပ္ပါဒ်အရာ၌ မဇ္ဈိမပဋိပဒါ = အလယ်အလတ် ကျင့်စဉ်ဟု အလိုရှိအပ်သောကြောင့် ဖြစ်သည်။[၈၃၂]

၂။ ပြုလုပ်သူနှင့် ခံစားသူ – ကမ္မဝဋ်နှင့် ဝိပါကဝဋ်တို့တွင် ကမ္မဝဋ်ကား ကုသိုလ်တရား, သို့မဟုတ် အကုသိုလ် တရား ဖြစ်၏၊ ဝိပါကဝဋ်ကား အကျိုးဝိပါက် ရုပ်တရား နာမ်တရားစု ဖြစ်၏၊ ထိုကြောင့် ကုသိုလ် အကုသိုလ် ဟူသော ကမ္မဝဋ်နှင့် ဝိပါကဝဋ်တို့သည် ကွဲပြားသော သဘာဝလက္ခဏာလည်း ရှိ ကြ၏၊ (လက္ခဏာဒိစတုက္ကပိုင်းတွင် ကြည့်ပါ။) ကမ္မဝဋ်က အကြောင်းတရား, ဝိပါကဝဋ်က အကျိုးတရားဖြစ်၍လည်း ကွဲပြားသော သဘာဝ ရှိနေ၏၊

တစ်ဖန် ကမ္မဝဋ်နှင့် ဝိပါကဝဋ်တို့သည် ဖြစ်သည့်အချိန်အခါအားဖြင့်လည်း ကွဲပြားသော အချိန်ကာလ ရှိကြ၏၊ ယောဂီသူတော်ကောင်း၏ ဝီထိမုတ်စိတ် အမည်ရသော ပဋိသန္ဓေ, ဘဝင်, စုတိ နာမ်တရားစုတို့သည်လည်းကောင်း, ဝီထိစိတ်အမည်ရသော ပဉ္စဝိညာဏ်, သမ္ပဋိ စ္ဆိုင်း, သန္တီရဏ, တဒါရုံဝိပါက် နာမ်တရားစုတို့သည်လည်းကောင်း, ပဋိသန္ဓေမှစ၍ ဘဝတစ်လျှောက်တွင် ဖြစ်ပေါ်နေကြသော ကမ္မဇရုပ်တို့သည်လည်းကောင်း ဝိပါကဝဋ်ချည်းသာတည်း။ ယင်းဝိပါကဝဋ်ကို ဖြစ်စေသော အကြောင်းရင်းကံမှာ ယေဘုယျအားဖြင့် အတိတ်ဘဝတစ်ခုက ပြုစုပျိုးထောင်ခဲ့သော ကံသာ ဖြစ်၏၊ ဤ၌ ယေဘုယျဟုဆိုခြင်းမှာ ဒိဋ္ဌဓမ္မဝေဒနီယ အမည်ရသော လက်ငင်းဘဝ၌ အကျိုးပေးတတ်သော ကံများလည်း ရှိနေသောကြောင့် ဖြစ်၏၊ ယင်းဒိဋ္ဌဓမ္မဝေဒနီယကံတို့မှာလည်း လက်ရှိဘဝ ပဋိသန္ဓေ၏ အကြောင်းရင်း ကံတို့ကား မဟုတ်ကြပေ။ လက်ရှိဘဝ၌ အခါအားလျော်စွာ ပဝတ္တိအကျိုးကိုသာ ပေးတတ်သော ကံတို့သာ ဖြစ်ကြ၏၊

လက်ရှိဘဝ ပဋိသန္ဓေ နာမ်ရုပ်စသော ဝိပါကဝဋ်ကို ဖြစ်စေတတ်သော အတိတ်က ပြုစုပျိုးထောင်ခဲ့သော ကံဟူသည်မှာလည်း လွန်ခဲ့သော ပထမ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော ကံလည်း ဖြစ်နိုင်၏၊ ဒုတိယအတိတ် စသော အတိတ်ဘဝထိုထိုက ပြုစုပျိုးထောင်ခဲ့သော ကံလည်း ဖြစ်နိုင်၏၊ ကမ္ဘာကုဋေပေါင်းများစွာက ပြုစုပျိုးထောင် ခဲ့သော ကံလည်း ဖြစ်နိုင်၏၊[၈၃၃] ဤဘဝပဋိသန္ဓေမတိုင်မီ အတိတ်ဘဝတစ်ခုခုက ပြုစုပျိုးထောင်ခဲ့သော ကံသည် အခွင့်ရလျှင် ဤဘဝ၌ ပဋိသန္ဓေစသည့် အကျိုးဝိပါကဝဋ်တရားများကို ဖြစ်စေနိုင်သည်သာ ဖြစ်၏၊ သို့အတွက် ကမ္မဝဋ်အမည်ရသည့် အကြောင်းကံနှင့် ဝိပါကဝဋ်အမည်ရသည့် အကျိုးရုပ်နာမ်တို့သည် ဖြစ်ရာ အချိန်ကာလအားဖြင့်လည်း မတူညီကြပေ၊ အချိန်ကာလ ကွဲပြားကြ၏၊ အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။ တစ်ဖန် ဒိဋ္ဌဓမ္မဝေဒနီယကံ = မျက်မှောက်ဘဝ၌ အကျိုးပေးသောကံပင် ဖြစ်စေဦးတော့၊ ယင်းအကြောင်းကံနှင့် ယင်းကံကြောင့် ဖြစ်ပေါ်လာကြရသည့် အကျိုးဝိပါက်တရားတို့သည် ဖြစ်ရာအချိန်ကာလအားဖြင့် အနည်းဆုံး စိတ္တက္ခဏပေါင်း များစွာကား ကွာခြားလျက်ပင် ရှိကြပေသည်။

ကမ္မဝဋ်နှင့် ဝိပါကဝဋ်တို့၏ ယင်းသို့လျှင် ကွဲပြားသော သဘာဝရှိခြင်း ကွဲပြားသော ဖြစ်ရာ အချိန်ကာလ ရှိခြင်းကြောင့် –''သော ကရောတိ၊ သော ပဋိသံဝေဒေတိ = ထိုသူသည်ပင် ပြုလုပ်၏၊ ထိုသူသည်ပင် ခံစား၏''–ဤသို့ ပြောဆိုလေ့ ယူဆလေ့ ယုံကြည်လေ့ရှိသော ဝါဒကို ကမ္မဝဋ်နှင့် ဝိပါကဝဋ်တို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားကို သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်လျက် ပုံစံမှန် သိမြင်နေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သမ္မာဒိဋ္ဌိဦးဆောင်သည့် လောကီမဂ္ဂင်တရားတို့က တဒင်္ဂအားဖြင့် ပယ်သတ်နိုင်ပေသည်။

ယင်းသမ္မာဒိဋ္ဌိဉာဏ်ကို ရရှိနေသော ထိုယောဂါဝစရပုဂ္ဂိုလ်သည် အကြောင်းတရားဖြစ်သည့် ကမ္မဝဋ်ဘက်၌ လည်း အကြောင်းရုပ်နာမ်သင်္ခါရတရားအစုအပုံသာ ရှိသည်ဟု သိနေ၏၊ ယင်းအကြောင်းရုပ်နာမ်အစုအပုံသည်လည်း ဖြစ်ပြီးလျှင် ပျက်နေသည့် အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရားအစုအပုံမျှသာ ဖြစ်သည်ဟုလည်း သိနေ၏၊ အကျိုးတရားဖြစ်သည့် ဝိပါကဝဋ်ဘက်၌လည်း အကျိုးရုပ်နာမ်သင်္ခါရတရားအစုအပုံသာ ရှိသည်ဟု သိနေ၏၊ ယင်းအကျိုးဝိပါကဝဋ် ရုပ်နာမ်အစုအပုံသည်လည်း ဖြစ်ပြီးလျှင် ပျက်နေသည့် အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရားအစုအပုံမျှသာ ဖြစ်သည်ဟုလည်း သိနေ၏၊ ယင်းသို့ သိနေသော သမ္မာဒိဋ္ဌိ ဉာဏ်အမြင်နှင့် ပြည့်စုံနေသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းအကြောင်းတရားအစုအပုံ အကျိုးတရားအစုအပုံဟု ခေါ်ဆိုအပ်သော သင်္ခါရတရားအစုအပုံ၌ ဉာဏ်ပညာမျက်စိဖြင့် ရှာဖွေကြည့်လိုက်သောအခါ ပြုလုပ်သူ ခံစားသူ ပုဂ္ဂိုလ် သတ္တဝါ အတ္တကိုကား ရှာမတွေ့တော့ဘဲ အကြောင်းသင်္ခါရတရားအစုအပုံ အကျိုးသင်္ခါရတရားအစုအပုံတို့သည်သာလျှင် အကြောင်းနှင့် အကျိုး ဆက်နွယ်လျက် အနိစ္စအနေအထား ဒုက္ခအနေအထား အနတ္တအနေအထားအားဖြင့် အဆက်မပြတ် အထပ်ထပ် ဖြစ်နေကြသည်ဟု ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်ချက် ချနိုင်ခြင်းသို့ ရောက်ရှိသွားသည်။ ယင်းသို့ ဆုံးဖြတ်ချက်ချနိုင်သည့် သမ္မာဒိဋ္ဌိဉာဏ်အမြင်နှင့် ပြည့်စုံနေသူ၏ သန္တာန်ဝယ် ''ထိုသူသည်ပင် ပြုလုပ်၏၊ ထိုသူသည်ပင် ခံစား၏'' ဟူသော သဿတဝါဒမျိုးသည် အဘယ်မှာလျှင် ထောက်ရာတည်ရာကို ရရှိနိုင်တော့အံ့နည်း။

ကုသိုလ်ခန္ဓာ အကုသိုလ်ခန္ဓာဟူသော အကြောင်းရုပ်နာမ်အစုအပုံတို့၏ ဖြစ်ခြင်းကို ကာရက = ပြုလုပ်သူဟု ခေါ်ဆို၍ ဝိပါက်ခန္ဓာတည်းဟူသော အကျိုးရုပ်နာမ်အစုအပုံတို့၏ ဖြစ်ခြင်းကို ဝေဒက = ခံစားသူဟု သမုတိ သစ္စာနယ်သုံး ဝေါဟာရဖြင့် ခေါ်ဝေါ်နေခြင်းမျှသာ ဖြစ်သည်ဟု အမှန်သဘောကို ထိုယောဂါဝစရပုဂ္ဂိုလ်သည် သိလျက်သာ ရှိနေပေသည်။[၈၃၄]

တစ်ဖန် အကြင် ရုပ်-နာမ်-ကြောင်း-ကျိုး-သန္တာန်အစဉ်၌ ယင်းကမ္မဝဋ်အမည်ရသော ထိုသင်္ခါရကံသည် ထင်ရှား ဖြစ်ပေါ်လာ၏၊ ထိုရုပ်-နာမ်-ကြောင်း-ကျိုး-သန္တာန်အစဉ်၌ပင်လျှင် ယင်းကမ္မဝဋ် သင်္ခါရကံ၏ အကျိုးဝိပါကဝဋ် တရား၏ ထင်ရှားဖြစ်ပေါ်လာခြင်းကို ယောဂါဝစရပုဂ္ဂိုလ်က ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေခြင်းကြောင့် ယင်းသို့ သိမြင်နေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ သမ္မာဒိဋ္ဌိဉာဏ်သည် ''အညော ကရောတိ၊ အညော ပဋိသံဝေဒေတိ = အခြားတစ်ယောက်သည် ပြုလုပ်၏၊ အခြားတစ်ယောက်သည် ခံစား၏'' – ''ပြုလုပ်သူကား တစ်ယောက်၊ ခံစားသူကား တစ်ယောက်၊ ဒီဘဝ ဒီကိုယ်စံ၊ ဟိုဘဝ ဟိုကိုယ်ခံလိမ့်မည်''ဟု ပြောဆိုလေ့ ယုံကြည်လေ့ ယူဆလေ့ရှိသော မိစ္ဆာအယူဝါဒဆိုး ချဉ်ဖတ်အိုးကြီးကို ပယ်နိုင်၏၊

ခန္ဓာနဉ္စ ပဋိပါဋိ၊ ဓာတုအာယတနာန စ။
အဗ္ဘောစ္ဆိန္နံ ဝတ္တမာနာ၊ သံသာရောတိ ပဝုစ္စတိ။

''ခန္ဓာ အာယတန ဓာတ်ဟူသော ရုပ်တရား နာမ်တရားတို့၏ အကြောင်း အကျိုး ဆက်နွယ်လျက် အဆက်မပြတ် အထပ်ထပ် ဖြစ်ပေါ်နေရာ ရုပ်နာမ်သန္တာန်အစဉ်ကို သံသရာဟု ခေါ်ဆိုသည် ဖြစ်ရာ''[၈၃၅] ယောဂါဝစရပုဂ္ဂိုလ်သည် ကမ္မဝဋ်ထင်ရှားဖြစ်ခဲ့ရာ ရုပ်-နာမ်-ကြောင်း-ကျိုး-သန္တာန်အစဉ်၌ပင်လျှင် ယင်းကမ္မဝဋ် အမည်ရသော ကံ၏ အကျိုး ဖြစ်သော ဝိပါကဝဋ် အမည်ရသော ရုပ်နာမ်အစုအပုံ၏ ဖြစ်မှုကို ပစ္စက္ခဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်နေ၏၊ ထိုသို့ သိမြင်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သမ္မာဒိဋ္ဌိဉာဏ်သည် ပြုသူတစ်ယောက် ခံစားသူတစ်ယောက် ဟူသော ဝါဒဆိုးကြီးကို ပယ်စွန့်နိုင်၏ဟု ဆိုလိုသည်။

''မှန်ပေသည် – ပြုပြီးသော ကံ၏ ပျက်စီးသွားခြင်းသည်လည်းကောင်း, မပြုအပ်သေးသောကံ၏ (အကျိုး ဝိပါကဝဋ်ကို ဖြစ်ပေါ်လာစေဖို့ရန်) အသစ် ရှေးရှူဆိုက်ရောက်လာခြင်းသည်လည်းကောင်း မရှိနိုင်ပေ။''[၈၃၆]

ယောဂီသူတော်ကောင်းသည် အတိတ်ဘဝက သာသနာပြုနိုင်သည့် ရဟန်းဘဝကို ဆုတောင်းပန်ထွာလျက် ကုသိုလ်သင်္ခါရကံကို ပြုစုပျိုးထောင်ခဲ့သည် ဖြစ်အံ့၊ ယခုဘဝ၌လည်း သာသနာပြုနိုင်သည့် ရဟန်းဘဝဟူသော ဝိပါက် ခန္ဓာငါးပါးကို ထိုအတိတ်ဘဝကပင် ပြုစုပျိုးထောင်ခဲ့သော ကုသိုလ်သင်္ခါရကံကြောင့်ပင် ရရှိနေသည်ဖြစ်အံ့ ....

၁။ အတိတ်ဘဝက သာသနာပြုနိုင်သည့် ရဟန်းဘဝကို ဆုတောင်းပန်ထွာလျက် ကုသိုလ်သင်္ခါရကံကို ပြုစု ပျိုးထောင်ခဲ့သော ရုပ်နာမ်သန္တာန်အစဉ်နှင့်,

၂။ ယခုဘဝတွင် ရရှိနေသော သာသနာပြုနိုင်သည့် ရဟန်းဘဝတည်းဟူသော ဝိပါကဝဋ် ရုပ်နာမ်သန္တာန်အစဉ် တို့သည် ––

အကြောင်းနှင့် အကျိုးအဖြစ် ဆက်သွယ်လျက် အထပ်ထပ် ဖြစ်ပေါ်နေသော ရုပ်နာမ်သန္တတိအစဉ်သဘော အားဖြင့် တစ်ခုတည်းသာ ဖြစ်၏၊ သို့သော် ယင်းရုပ်နာမ်သန္တတိအစဉ်သည်ကား နိစ္စ သုခ အတ္တ အနေအထားအားဖြင့် ဖြစ်ပေါ်နေသည့် သန္တတိအစဉ်ကား မဟုတ်၊ အနိစ္စ ဒုက္ခ အနတ္တ အနေအထားအားဖြင့်သာ ဖြစ်ပေါ်နေသည့် သန္တတိ အစဉ်သာ ဖြစ်ပေသည်။ ကမ္မဝဋ်ကို ထူထောင်ခဲ့စဉ်က ရုပ်နာမ်တို့သည် ဖြစ်ပြီးလျှင် ပျက်ခဲ့ပြီးကြသည်ကား မှန်၏၊ ဖြစ်ပြီးလျှင် ပျက်ခဲ့ပြီးကြသည့်အတွက် ယင်းကမ္မဝဋ်ကို ထူထောင်ခဲ့စဉ်က ရုပ်နာမ်တို့ကား တစ်မျိုးတခြားသာ ဖြစ်သည်လည်း မှန်၏၊ ယင်းကမ္မဝဋ်ကြောင့် ယခုဘဝတွင် ရရှိလာသော ဝိပါကဝဋ်အမည်ရသည့် ရုပ်နာမ်တို့သည်လည်း အသစ်အသစ် ဆင့်ကာဆင့်ကာ ဖြစ်ပေါ်လာကြသည့် ရုပ်နာမ်တို့သာ ဖြစ်ကြသည်လည်း မှန်၏၊ သို့သော် ရှေးအတိတ် ဘဝက ကမ္မဝဋ်ကို ထူထောင်ခဲ့စဉ်က ရုပ်နာမ်နှင့် ယခုဘဝတွင် ရရှိလာသော ဝိပါကဝဋ် အမည်ရသည့် ရုပ်နာမ်တို့သည် ရှေးနှင့် နောက် = အကြောင်းနှင့် အကျိုးအဖြစ် ဆက်သွယ်လျက် အဆက်မပြတ် ဖြစ်ပေါ်နေသော ရုပ်နာမ်သန္တတိ အစဉ်အတန်းအားဖြင့်ကား တစ်ခုတည်းသာ ဖြစ်ပေသည်။ ယင်းကဲ့သို့သော သဘောတရားကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေသော သမ္မာဒိဋ္ဌိဉာဏ်သည် –– ''ပြုသူကား တစ်ယောက်၊ ခံစားသူကား တစ်ယောက်''ဟူသော ဝါဒဆိုးကြီးကို ပယ်ချိုး နှိမ်နင်းနိုင်ပေသည်။

၃။ ဇနပဒနိရုတ္တိ –– လောက၌ ရုပ်နာမ်ပရမတ်သို့ ဉာဏ်အမြင် မဆိုက်ကြသေးသော, ရုပ်နာမ်တို့၏ ကြောင်းကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားကိုလည်း မသိမမြင်ကြသေးသော ပရမတ်ဉာဏ်ပညာ မျက်စိ ကာဏ်းနေသော လူသားအပေါင်းတို့သည် အချင်းချင်း တစ်ဦးကို တစ်ဦးက ယောက်ျား မိန်းမ စသည်ဖြင့် ခေါ်ဝေါ် သုံးစွဲကြ၏၊ ယင်းသို့ ခေါ်ဝေါ်သုံးစွဲမှုကို ဇနပဒနိရုတ္တိဟု ခေါ်ဆိုပေသည်။ အပရိညာတဝတ္ထုက = ပရမတ်သို့ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြား၍ မသိအပ်သေးသော ရုပ်ဝတ္ထု နာမ်ဝတ္ထုရှိသော ပုဂ္ဂိုလ်တို့အား တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲတို့ဖြင့် ''ငါ့ဟာ, ငါ, ငါ၏အတ္တ'' –– ဟု ' ' ငါ , သူ တ စ် ပါး , ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ''ဟု မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းသဘောသည် ထင်ရှားရှိနေသည်သာ ဖြစ်၏၊

ရုပ်တရားနာမ်တရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်လျက်ရှိသော စင်ကြယ်သန့်ရှင်းသော သမ္မာဒိဋ္ဌိ အသိဉာဏ်ရှိသော ပညာရှိ သူတော်ကောင်းအဖို့မူကား ..

''ထိုထိုသော အခြင်းအရာအားဖြင့် အချင်းချင်း စွဲမှီ၍ ဖြစ်ပေါ်နေကြကုန်သော ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို အစွဲပြု၍ ––- ငါ, သူတစ်ပါး, ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ – စသည်ဖြင့် ခေါ်ဝေါ်ပညတ်ခြင်းမျှသာ ဖြစ်၏၊ ပရမတ္ထသဘောအားဖြင့်ကား ငါ, သူတစ်ပါး, ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ စသည်ကား ထင်ရှားမရှိ''ဟု ––

ဤသို့သော မှန်ကန်သော သမ္မာဒိဋ္ဌိ အသိဉာဏ် ရှိနေသည် ဖြစ်ရကား တဏှာ မာန ဒိဋ္ဌိတို့ဖြင့် ''ငါ့ဟာ, ငါ, ငါ၏အတ္တ'' –– ''ငါ, သူတစ်ပါး, ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ'' .. စသည်ဖြင့် မှားမှားယွင်းယွင်း စွဲမြဲစွာ နှလုံးသွင်းမှုကား ထိုသူတော်ကောင်း၏ သန္တာန်၌ မရှိပေ။

ယင်းသို့ မှားမှားယွင်းယွင်း စွဲမြဲစွာ နှလုံးသွင်းမှု မရှိသော်လည်း ပရမတ်ဉာဏ်အမြင် မရှိသူ လူသားတို့ ခေါ်ဝေါ် သုံးစွဲသည့် ဝေါဟာရပညတ်သို့ အစဉ်လိုက်၍ ––- ''ငါ, သူတစ်ပါး, ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ'' .. စသည်ဖြင့်သာ ခေါ်ဝေါ်သုံးစွဲလေသည်။ မိမိတို့သန္တာန်ဝယ် ပရမတ်ဉာဏ်အမြင် ရှိသည့်အတိုင်း ––

'' ပဉ္စက္ခန္ဓေ အာနေတု = ခန္ဓာငါးပါးတို့ကို ခေါ်ဆောင်ခဲ့ကြကုန်လော၊
နာမရူပံ အာဂစ္ဆတု = နာမ်ရုပ်သည် လာစေသတည်း။''

ဤသို့စသည်ဖြင့် မခေါ်ဝေါ် မသုံးစွဲပေ။ ယောက်ျား မိန်းမ စသည်ဖြင့်သာ ခေါ်ဝေါ်သုံးစွဲပေသည်။ ယင်းသို့လျှင် ''ခန္ဓာငါးပါးတို့ကို ခေါ်ဆောင်ခဲ့ကြကုန်လော၊ နာမ်ရုပ်သည် လာရောက်စေသတည်း'' ––- ဤ သို့ စသည့် မိမိတို့ သန္တာန်ဝယ် ပရမတ်ဉာဏ်အမြင် ရှိသည့်အတိုင်း မခေါ်ဝေါ် မသုံးစွဲဘဲ, ပရမတ်ဉာဏ်အမြင် မရှိသူ လူသားတို့ ခေါ်ဝေါ်သုံးစွဲသည့် ဝေါဟာရပညတ်သို့ အစဉ်လိုက်၍ –– ''ငါ, သူတစ်ပါး, ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ, လူ, နတ်, ဗြဟ္မာ'' –– စ သ ည်ဖြင့်သာ ခေါ်ဝေါ်သုံးစွဲသော်လည်း ပရမတ်ဉာဏ်အမြင်မရှိသူ လူသားတို့ကဲ့သို့ တဏှာ မာန ဒိဋ္ဌိတို့ဖြင့် ယောက်ျား မိန်းမ စသည်သည် တကယ်ထင်ရှားရှိ၏ဟု မှားမှားယွင်းယွင်း နှလုံးသွင်းမှုကား မရှိပေ။ ယင်းသို့ နှလုံးမသွင်းခြင်းကို ဇနပဒနိရုတ္တိ၌ မှားမှားယွင်းယွင်း နှလုံးမသွင်းခြင်းဟု ခေါ်ဆိုပေသည်။ ရုပ်တရား နာမ်တရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရား၌ သမ္မာဒိဋ္ဌိ ဉာဏ်အမြင်ရှိသူ ပညာရှိ သူတော်ကောင်းတို့ကိုယ်တိုင် ရရှိအပ်သော အကျိုးကျေးဇူးတစ်ရပ်ပင် ဖြစ်ပေသည်။[၈၃၇]

၄။ သမညာယ အနတိဓာဝနံ – ယင်းသို့ ဇနပဒနိရုတ္တိ၌ မှားမှားယွင်းယွင်း နှလုံးသွင်းခြင်း မရှိသော်လည်း လူသားတို့ ခေါ်ဝေါ်သုံးစွဲနေသည့် လောကသုံး အမည်ပညတ်ကိုလည်း ကျော်လွန်၍ မပြေးသွားပေ။

''သတ္တဝါ''ဟု လောကလူအများက ခေါ်ဝေါ်သုံးစွဲရာ၌ ––- ''ဤအရာ၌ သတ္တဝါဟူသည် အဘယ်သူနည်း၊ ရုပ်တရားလော, သို့မဟုတ် ဝေဒနာစသည်တို့လော'' ––- ဟု ပရမတ်ဉာဏ်မျက်စိအမြင်ဖြင့် ခွဲခြားဝေဖန်ခြင်းကို မပြုမူ၍ ''ယောက်ျား, မိန်းမ, ပုဂ္ဂိုလ်, သတ္တဝါ''– စသည့် လောကသုံး အမည်နာမပညတ်၏ အစွမ်းဖြင့်သာလျှင် ပရမတ် ဉာဏ်အမြင် မရှိသူ လူသားတို့ ခေါ်ဝေါ်သုံးစွဲသကဲ့သို့ပင်လျှင် လောကလူအများက လက်ခံထားသော အနက်ဒြပ်ကို လောကလူများစု ခေါ်ဝေါ်သုံးစွဲသည့်အတိုင်း (ကျောင်းအမကြီး ဝိသာခါ, ကျောင်းဒါယကာကြီး အနာထပိဏ် စသည်ဖြင့်) လောကသုံး အမည်နာမပညတ်ကို မကျော်လွန်သည်ဖြစ်၍ ခေါ်ဝေါ်သုံးစွဲပေသည်။[၈၃၈]

ပရမတ်ဉာဏ်မျက်စိ မရှိသူ လူများစုက ခန္ဓာငါးပါးကို ယောက်ျားဟု ခေါ်ဝေါ်သုံးစွဲလျှင် ပဋိစ္စသမုပ္ပါဒ် သဘောတရား၌ သမ္မာဒိဋ္ဌိ ဉာဏ်အမြင်ရှိသူ ပညာရှိသူတော်ကောင်းတို့ကလည်း ယောက်ျားဟုပင် ခေါ်ဝေါ်သုံးစွဲကြ ပေသည်။ လောကလူအများစုက ခန္ဓာငါးပါးကို မိန်းမဟု ခေါ်ဝေါ်သုံးစွဲလျှင် ပဋိစ္စသမုပ္ပါဒ်သဘောတရား၌ သမ္မာဒိဋ္ဌိ ဉာဏ်အမြင်ရှိသူ ပညာရှိ သူတော်ကောင်းတို့ကလည်း မိန်းမဟုပင် ခေါ်ဝေါ်သုံးစွဲကြပေသည်။ ဤသို့ စသည်ဖြင့် သဘောပေါက်ပါလေ။ ဤသို့ ခေါ်ဝေါ်သုံးစွဲခြင်းသည် လောကသမ္မုတိသစ္စာ = လောကသမ္မုတိပညတ်ကို မကျော်လွန် မပြေးသွားခြင်းပင် ဖြစ်သည်။

ဤသည်ကား .. ရုပ်တရား နာမ်တရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သော ယောဂါဝစရပုဂ္ဂိုလ်သည် ––

၁။ မဇ္ဈိမပဋိပဒါလမ်းပေါ်သို့ ရောက်ရှိနေခြင်း,
၂။ ထိုသူသည်ပင် ပြု၏၊ ထိုသူသည်ပင် ခံစား၏၊ ပြုသူ တခြား, ခံစားသူ တခြားဟူသော ဝါဒဆိုးကို ပယ်နိုင်ခြင်း,
၃။ ဇနပဒနိရုတ္တိဟူသော လောကသုံး ဝေါဟာရကို မှားမှားယွင်းယွင်း နှလုံးမသွင်းခြင်း,
၄။ လောကသမ္မုတိသစ္စာကို မကျော်လွန်ခြင်း ––
ဤအကျိုးတရား (၄)မျိုးကို ရရှိနိုင်ပုံတည်း။[၈၃၉]

အပိုင်း (၂) ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂) ရပ်

ပဋိစ္စသမုပ္ပါဒ် ပထမနည်းဟု အမည်တပ်ထားသော အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မြတ်၌ ကြိုတင် သိထားသင့်သော အကြောင်းအရာ အချို့မှာ – အင်္ဂါ (၁၂)ရပ်, အဓွန့်ကာလ (၃)ပါး, အစပ် (၃)ပါး, အလွှာ (၄)ပါး, ခြင်းရာ (၂၀)တို့ ဖြစ်ကြ၏၊ အင်္ဂါ (၁၂)ရပ်မှာ ဤသို့ဖြစ်၏ –

(၁) အဝိဇ္ဇာ
( ၂ ) သင်္ခါရ
( ၃ ) ဝိညာဏ်
( ၄ ) နာမ်ရုပ်
(၅) သဠာယတန
( ၆ ) ဖဿ
( ၇ ) ဝေဒနာ
( ၈ ) တဏှာ
(၉) ဥပါဒါန်
(၁၀) ဘဝ
(၁၁) ဇာတိ
(၁၂) ဇရာမရဏ ဟု - အင်္ဂါ (၁၂)ရပ် ရှိပေသည်။[၈၄၀]

ကြိုတင် သိမှတ်ထားရန် ရှုကွက်

ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း ––အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရာ ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း၌ကား 

အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏၊
အဝိဇ္ဇာက အကြောင်းတရား၊ သင်္ခါရက အကျိုးတရား။
ဤသို့စသည်ဖြင့် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရ၏၊

သမ္မသနဉာဏ်ပိုင်း ဥဒယဗ္ဗယဉာဏ်အနုပိုင်း – ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ် (၁၂)ပါးတို့ကို လက္ခဏာယာဉ်သုံးချက်သို့ တင်၍ ယင်းအင်္ဂါရပ်တို့၏ ဖြစ်ပျက်ကို အာရုံယူကာ ရှုရသည့် သမ္မသနဉာဏ်ပိုင်း ဥဒယဗ္ဗယဉာဏ်အနုပိုင်းတို့၌ကား 

အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏၊
အဝိဇ္ဇာ - (ဖြစ်ပျက်) အနိစ္စ (ဒုက္ခ - အနတ္တ)။ သင်္ခါရ - (ဖြစ်ပျက်) အနိစ္စ (ဒုက္ခ - အနတ္တ)။
ဤသို့စသည်ဖြင့် ရှုရ၏၊

ဥဒယဗ္ဗယဉာဏ်အရင့်ပိုင်း ––- ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုသည့် ဥဒယဗ္ဗယဉာဏ်အရင့်ပိုင်း အကျယ်ရှုပွားနည်း၌ကား –

၁။ ပစ္စယတော ဥဒယဒဿန = အကြောင်းတရား ဖြစ်ခြင်းကြောင့် အကျိုးတရား ဖြစ်ပုံကို ရှုသည့်အပိုင်း၌ –အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏၊ သင်္ခါရဖြစ်ခြင်းကြောင့် ဝိညာဏ် ဖြစ်၏ ––- ဤသို့စသည်ဖြင့် ရှုရ၏၊ ဤရှုကွက်မှာ အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ရှုကွက်လည်း ဖြစ်၏၊ မဟာသတိပဋ္ဌာနသုတ္တန်ဒေသနာတော်၌ လာရှိသည့် သမုဒယဓမ္မာနုပဿီ ရှုကွက်လည်း ဖြစ်ပေသည်။

၂။ ပစ္စယတော ဝယဒဿန = အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုးတရား ချုပ်ပုံကို ရှုသည့်အပိုင်း၌ –အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရ ချုပ်၏၊ သင်္ခါရချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်၏ –– ဤသို့စသည်ဖြင့် ရှုရ၏၊ ဤရှုကွက်မှာ ပဋိလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ရှုကွက်လည်း ဖြစ်၏၊ မဟာသတိပဋ္ဌာနသုတ္တန်ဒေသနာတော်၌ လာရှိသည့် ဝယဓမ္မာနုပဿီ ရှုကွက်လည်း ဖြစ်ပေသည်။

၃။ ခဏတော ဥဒယဒဿန – ခဏအားဖြင့် ဖြစ်မှုကို ရှုသည့်အပိုင်း၌ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ ဖြစ်မှု သက်သက်ကိုသာ အာရုံယူ၍ ရှုရ၏၊ အဝိဇ္ဇာ၏ ဖြစ်ခြင်းသဘော, သင်္ခါရ၏ ဖြစ်ခြင်းသဘော ––- ဤ သို့ စသည်ဖြင့် ဖြစ်ခြင်းသက်သက်ကိုသာ အာရုံယူ၍ ရှုရ၏၊

၄။ ခဏတော ဝယဒဿန – ခဏအားဖြင့် အပျက်ကို ရှုသည့်အပိုင်း၌ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အပျက် သက်သက်ကိုသာ အာရုံယူ၍ အဝိဇ္ဇာ၏ ပျက်ခြင်းသဘော = ချုပ်ခြင်းသဘော၊ သင်္ခါရ၏ ပျက်ခြင်းသဘော = ချုပ်ခြင်းသဘော – ဤသို့စသည်ဖြင့် ရှုရ၏၊

၅။ ပစ္စယတော ဥဒယဗ္ဗယဒဿန + ခဏတော ဥဒယဗ္ဗယဒဿနပိုင်း၌ကား ––- အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏၊ အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရ ချုပ်၏၊ အဝိဇ္ဇာ – ဖြစ်ပျက် – အနိစ္စ၊ သင်္ခါရ – ဖြစ်ပျက် – အနိစ္စ ဤသို့စသည်ဖြင့် ရှုရ၏၊ ဤရှုကွက်ကား အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နှင့် ပဋိလောမပဋိစ္စသမုပ္ပါဒ် ဒေသနာတော်တို့ကို ပေါင်းစပ်ကာ တစ်ဆက်တည်း ရှုသည့် ရှုကွက် ဖြစ်၏၊ ယင်းရှုကွက်မှာ မဟာသတိပဋ္ဌာန သုတ္တန်ဒေသနာတော်၌ လာရှိသည့် သမုဒယဝယဓမ္မာနုပဿီ ရှုကွက် ညွှန်ကြားချက်အတိုင်း လိုက်နာ ပြုကျင့်သော ရှုကွက်ပင် ဖြစ်ပေသည်။

ဘင်္ဂဉာဏ်ပိုင်း –– ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အပျက်သက်သက်ကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာရေးသုံးတန်ကို တင်လျက် ရှုသည့် ဘင်္ဂဉာဏ်စသော အထက်ပိုင်း ဝိပဿနာဉာဏ်ခန်းတို့၌ကား ဥပါဒိန္နကပဝတ္တဟု ခေါ်ဆိုသော အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်မှုကို နှလုံးမသွင်းတော့ဘဲ အဝိဇ္ဇာ - (ပျက် - ပျက်) အနိစ္စ (ဒုက္ခ - အနတ္တ)။ သင်္ခါရ - (ပျက် - ပျက်) အနိစ္စ (ဒုက္ခ - အနတ္တ)။ ဤသို့စသည်ဖြင့် ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အပျက်သက်သက်ကို အာရုံယူ၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်၍ ရှုရ၏၊

တစ်ဖန် ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အပျက်သက်သက်ကို အာရုံယူ၍ လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီ တင်ကာ ဝိပဿနာရှုလာရာ ယင်းအင်္ဂါရပ်တို့၏ အပျက်သဘောတရားကို လျင်လျင်မြန်မြန် ဉာဏ်ဖြင့် တွေ့မြင်လာသော အခါ, ယင်းအင်္ဂါရပ်တို့၏ အပျက်သဘောတရားသည် ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ လျင်လျင်မြန်မြန် ထင်လာသော အ ခါ ––

အဝိဇ္ဇာ (ပျက် - ပျက်) အနိစ္စ (ဒုက္ခ - အနတ္တ)။ ရှုသည့်ဉာဏ် (ပျက် - ပျက်) အနိစ္စ (ဒုက္ခ - အနတ္တ)။ သင်္ခါရ (ပျက် - ပျက်) အနိစ္စ (ဒုက္ခ - အနတ္တ)။ ရှုသည့်ဉာဏ် (ပျက် - ပျက်) အနိစ္စ (ဒုက္ခ - အနတ္တ)။

ဤသို့ စသည်ဖြင့် ရှုရ၏၊ ထိုသို့ ရှုရာ၌ အဝိဇ္ဇာ သင်္ခါရစသည့် ထိုထို အကြောင်းတရား အကျိုးတရားတို့၌ ဖြစ်ခဲ့သည့် ဝီထိစိတ်အစဉ်အတိုင်း, ဖြစ်နေဆဲ ဝီထိစိတ်အစဉ်အတိုင်း, ဖြစ်လတ္တံ့ ဝီထိစိတ်အစဉ်အတိုင်း သမ္ပယုတ်တရား တို့နှင့် အတူတကွသော ထိုထို အကြောင်းတရား အကျိုးတရားတို့ကိုလည်းကောင်း, ရှုသည့်ဉာဏ်ကိုလည်းကောင်း တစ်နည်းဆိုရသော် ရှုနေသည့် ဝိပဿနာဉာဏ် ပြဓာန်းလျက် ရှိသော ဝိပဿနာဝီထိစိတ်အစဉ်ကိုလည်းကောင်း ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ရုပ်ဃန နာမ်ဃနဟူသော ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲကို အသီးအသီး ပြိုကွဲအောင် ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ရှုရမည် ဖြစ်သည်။

ကိုယ်စီကိုယ်စီ

သတ္တဝါအသီးအသီး၌ မိမိတို့ ဆိုင်ရာ အဝိဇ္ဇာအသီးအသီး သင်္ခါရအသီးအသီးစသည် ကိုယ်စီကိုယ်စီ ရှိ၏၊ တစ်ဦးနှင့်တစ်ဦး အဝိဇ္ဇာချင်းလည်း မတူညီကြပေ၊ သင်္ခါရချင်းလည်း မတူညီကြပေ။ တစ်ဦးကား အမျိုးသားဖြစ်လိုသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံလျက် သင်္ခါရ ကံကို ပြုစုပျိုးထောင်ခဲ့၏၊ တစ်ဦးကား အမျိုးသမီးဖြစ်လိုသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံလျက် သင်္ခါရ ကံကို ပြုစုပျိုးထောင်ခဲ့၏၊ ထိုကြောင့် အဝိဇ္ဇာချင်းလည်း မတူညီပေ။ တစ်ဦး၌ ဒါနကံက အကျိုးပေးနေတတ်၏၊ တစ်ဦး၌ သီလကံက အကျိုးပေးနေတတ်၏၊ တစ်ဦး၌ ဘာဝနာကံက အကျိုး ပေးနေတတ်၏၊ တစ်ဖန် ဒါနကံ၌လည်း တစ်ဦး၌ ဆွမ်းလှူသည့်ကံက အကျိုးပေးနေတတ်၏၊ တစ်ဦး၌ ပန်းလှူသည့် ကံက အကျိုးပေးနေတတ်၏၊ ထိုကြောင့် တစ်ဦးနှင့် တစ်ဦး အဝိဇ္ဇာချင်းလည်း မတူညီပေ၊ သင်္ခါရချင်းလည်း မတူညီပေ။ အဝိဇ္ဇာကိုယ်စီ သင်္ခါရကိုယ်စီ ပါလျက်ရှိ၏၊ မိမိတို့၏ ရုပ်နာမ်သန္တာန်အစဉ်တွင်ပင် တစ်ဘဝနှင့် တစ်ဘဝ အဝိဇ္ဇာချင်း သင်္ခါရချင်းကား များသောအားဖြင့် မတူညီတတ်ပေ။ ကွဲပြားမှုကား ရှိတန်သလောက် ရှိနေသည်သာ ဖြစ်သည်။

ထိုကြောင့် မိမိတို့၏ ရုပ်နာမ်သန္တာန်အစဉ်၌ ဖြစ်ပေါ်ခဲ့သည့် ဖြစ်နေဆဲဖြစ်သည့် ဖြစ်လတ္တံ့ဖြစ်သည့် အဝိဇ္ဇာ သင်္ခါရ စသည်တို့ကိုသာ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ရှုရမည် ဖြစ်သည်။ ဤစာမူတွင်ကား အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏ – ဤသို့စသည်ဖြင့်သာ ဖော်ပြထားပါသည်။ ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း၌ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကို ရှာဖွေပုံကို ပြည့်ပြည့်စုံစုံ တင်ပြခဲ့ပြီးဖြစ်၍ ဤ၌ ရှာဖွေပုံစနစ်ကို ထပ်မံ၍ မဖော်ပြတော့ဘဲ ရှုကွက်မျှကိုသာ ဖော်ပြထားပါသည်။ ထိုဖော်ပြချက်ကို အခြေတည်၍ ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း ဥဒယဗ္ဗယဉာဏ်ပိုင်း စသည်တို့၌ အထက်တွင် မှာကြားထားသည့်အတိုင်း ရှုပါလေ။

အဝိဇ္ဇာပစ္စယာ သင်္ခါရာ = အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏၊

အတိတ်ဘဝတွင် ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ (တဏှာ ဥပါဒါန်) ဟူသော ကိလေသဝဋ်ကြောင့် ယင်း အတိတ်ဘဝတွင်ပင် ပြုစုပျိုးထောင်ခဲ့သော သင်္ခါရ (ကံ)ဟူသော ကမ္မဝဋ် ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ 

အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏၊
အဝိဇ္ဇာက အကြောင်းတရား၊ သင်္ခါရက အကျိုးတရား။

ဤသို့စသည်ဖြင့် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရမည် ဖြစ်သည်။ ထိုတွင် အဝိဇ္ဇာနှင့် သင်္ခါရတို့သည် အတိတ်တွင် အောက်ပါ ဝီထိစဉ်အတိုင်း ယေဘုယျအားဖြင့် ဖြစ်ခဲ့ကြ၏၊

အဝိဇ္ဇာနှင့် သင်္ခါရတို့၏ မနောဒွါရဝီထိ

အဝိဇ္ဇာသည် ယေဘုယျအားဖြင့် လောဘ-ဒိဋ္ဌိအုပ်စု အလုံး (၂၀) အနေဖြင့် ဖြစ်တတ်ပါသည်။ ရံခါ ပီတိမယှဉ်ဘဲ ဥပေက္ခာဝေဒနာနှင့် အတူတွဲ၍ (၁၉)လုံးလည်း ဖြစ်တတ်၏၊ ရံခါ ထိနမိဒ္ဓနှင့် အတူတကွ (၂၂) သို့မဟုတ် (၂၁)လည်း ဖြစ်တတ်၏၊ လောဘမူ ဒိဋ္ဌိဂတသမ္ပယုတ်စိတ် (၄)မျိုးတည်း။ ရံခါ လောဘ-မာနအုပ်စုလည်း ဖြစ်တတ်၏၊ ဒိဋ္ဌိဂတ ဝိပ္ပယုတ်စိတ် (၄)မျိုးတည်း။ တဒါရုံကျသည်လည်း ရှိရာ၏၊ မကျသည်လည်း ရှိရာ၏၊ တဒါရုံ ကျခဲ့သော် ဇောတွင် ပီတိယှဉ်က တဒါရုံတွင်လည်း ပီတိယှဉ်တတ်၏၊ ဇောတွင် ပီတိမယှဉ်သော် တဒါရုံတွင်လည်း ပီတိမယှဉ် ရှိတတ်၏၊ သဟိတ်တဒါရုံ အဟိတ်တဒါရုံ ထိုက်သလို ကျနိုင်သည်။ သင်္ခါရ၌လည်း နည်းတူ မှတ်ပါ။ လူသားတို့၏ သင်္ခါရကိုသာ ပုံစံထား၍ အထူးသဖြင့် ဖော်ပြထားပါသည်။ ထိုသင်္ခါရတို့တွင် ဉာဏ်နှင့် ပီတိတို့မှာ ထိုက်သလို ယှဉ်နိုင်ကြသည်။ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ဇောစိတ္တက္ခဏ အသီးအသီး၌ ဖော်ပြခဲ့သည့်အတိုင်း (၃၄/၃၃/၃၃/၃၂) ထိုက်သလို ဖြစ်နိုင်သည်။ တဒါရုံကျသည်လည်း ရှိရာ၏၊ မကျသည်လည်း ရှိရာ၏၊ ဝိပဿနာ ရှုရာ၌ကား အကြောင်း အကျိုး နှစ်ဘက်လုံး၌ ယင်းဖော်ပြပါ ဝီထိစဉ်အလိုက် ဖြစ်ပျက်ကို မြင်အောင် ကြည့်၍ လက္ခဏာယာဉ်တင်လျက် ဝိပဿနာ ရှုပါ။ ဃနအသီးအသီး ပြိုပါစေ၊ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်နေပါစေ။ ပဉ္စဒွါရဝီထိများမှာ ပဋိသန္ဓေကျိုးကို မပေးနိုင်ကြသောကြောင့် (ပဝတ္တိကျိုးမျှလောက်ကိုသာ ပေးတတ်သောကြောင့်) ဤ၌ မနောဒွါရဝီထိ တစ်မျိုးကိုသာ တင်ပြထားပါသည်။

သင်္ခါရပစ္စယာ ဝိညာဏံ = သင်္ခါရဖြစ်ခြင်းကြောင့် ဝိပါက်ဝိညာဏ် ဖြစ်၏၊[၈၄၁]

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ရာ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ရာတို့၌ အဝိဇ္ဇာနှင့် သင်္ခါရတို့၏ သဘာဝသတ္တိ စွမ်းအင်များ ထင်ရှားတည်ရှိနေမှု = အတ္ထိသဘောကို ဆိုလိုသည်။ အဝိဇ္ဇာနှင့် သင်္ခါရတို့မှာ ယေဘုယျအားဖြင့် စိတ္တက္ခဏပေါင်းများစွာ ဝီထိစဉ်ပေါင်းများစွာ ကွာဝေးလျက် ခြားလျက် ရှိ ကြ၏၊ ရံခါ အဝိဇ္ဇာနှင့် အကုသိုလ်သင်္ခါရတို့မှာ စိတ္တက္ခဏတစ်ခုအတွင်း ဝီထိစိတ်အစဉ်တစ်ခုအတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်ကြသည်လည်း ရှိကြ၏၊[၈၄၂]

သို့သော် လက်ရှိလူသားတို့၏ ပဋိသန္ဓေဝိပါက်ဝိညာဏ်စသော ကုသလဝိပါက်ဝိညာဏ်များကို ဖြစ်စေနိုင်သော စွမ်းအင်သတ္တိရှိသော ကုသိုလ်သင်္ခါရနှင့်ကား ဝီထိပေါင်းများစွာသော်လည်း ဝေးကွာလျက် ရှိနိုင်ပေသည်။ အလားတူပင် သင်္ခါရကြောင့် ဝိပါက်ဝိညာဏ်များ ဖြစ်ပွားလာရာ၌လည်း သင်္ခါရနှင့် ဝိပါက်ဝိညာဏ်တို့မှာ ဘဝခြားလျက်ပင် ရှိနေ ကြ၏၊ သို့အတွက် အကျိုးတရားများ ဥပါဒ်-ဌီ-ဘင်အနေအားဖြင့် ထင်ရှားဖြစ်ပွားလာချိန်တွင် အကြောင်းတရားများမှာ ဥပါဒ်-ဌီ-ဘင်အနေအားဖြင့် ထင်ရှားမရှိကြတော့သော အချိန်ဖြစ်၏၊ ထိုကြောင့် အဝိဇ္ဇာ သင်္ခါရတို့က မိမိတို့ ဥပါဒ်ဌီ-ဘင် အနေအားဖြင့် ထင်ရှားမရှိ ကြတော့သော အချိန်အခါကျမှ အကျိုးတရားများကို ဖြစ်စေနိုင်ကြသဖြင့် အဝိဇ္ဇာ သင်္ခါရတို့ ဖြစ်ခြင်းကြောင့် ဆိုင်ရာ အကျိုးတရားတို့ ဖြစ်ကြ၏ဟူရာဝယ် အဝိဇ္ဇာ သင်္ခါရတို့၏ ဆိုင်ရာ အကျိုးတရားများကို ဖြစ်စေနိုင်သော သဘာဝသတ္တိစွမ်းအင်များ ထင်ရှားရှိနေမှု = အတ္ထိဘာဝသဘောကိုသာ ဆိုလိုပေသည်။

ယင်းသဘာဝသတ္တိစွမ်းအင်မှာ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံထားသည့် ကုသိုလ်သင်္ခါရတရားစုတို့၏ ကမ္မသတ္တိစွမ်းအင်ပင် ဖြစ်သည်။ (လူသားများအတွက်သာ ကွက်၍ ဆိုခြင်း ဖြစ်သည်။) ယင်းသဘာဝသတ္တိစွမ်းအင် ဟူသည်မှာ ကံကို ပြုစုပျိုးထောင်ပြီးခြင်းသည်သာလျှင် လိုရင်း ဖြစ်သည်။ သင်္ခါရတရားတို့သည် (= ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရတရားတို့သည်) ပြုစုပျိုးထောင်အပ်ပြီးသည်၏အတွက်ကြောင့်သာလျှင် မိမိ၏အကျိုးတရား၏ အကြောင်းတရားတို့ ဖြစ်နိုင်ကြ၏၊ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား ရှိခြင်း မရှိခြင်းမှာ လိုရင်းမဟုတ်ပေ။[၈၄၃]

ဝိညာဏ် – ယင်းပစ္စုပ္ပန်မှု သံသရာမှုတို့ကို ပြုစုပျိုးထောင်ခြင်းဟူသော သင်္ခါရတရား ထင်ရှားရှိနေခြင်းကြောင့် စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ် မနောဝိညာဏ်ဟူသော ဝိပါက်ဝိညာဏ် (၆)မျိုးတို့သည် ထင်ရှား ဖြစ်ပွားလာကြကုန်၏၊

ဝိပါက်ဝိညာဏ် = ဝိပါက်မနောဝိညာဏ် ––- ဝိပါက်ဝိညာဏ်အရ ပဉ္စဝိညာဏ်နှင့် ဝိပါက်မနောဝိညာဏ် နှစ်မျိုးလုံးကိုပင် ကောက်ယူထားပေသည်။ ဝိပါက်မနောဝိညာဏ်တွင် ပဋိသန္ဓေဝိညာဏ် ဘဝင်ဝိညာဏ် စုတိဝိညာဏ် ဟူသော ဝီထိမှ အလွတ်ဖြစ်သော ဝီထိမုတ်စိတ်တို့လည်း ပါဝင်ကြ၏၊ သမ္ပဋိ စ္ဆိုင်း သန္တီရဏ တဒါရုံဝိပါက်ဝိညာဏ် ဟူသော ဝီထိစိတ်တို့လည်း ပါဝင်ကြ၏၊ ပဉ္စဝိညာဏ်နှင့် သမ္ပဋိ စ္ဆိုင်း သန္တီရဏ အဟိတ်တဒါရုံတို့မှာ ကုသလဝိပါက် အကုသလဝိပါက် နှစ်မျိုးစီ ရှိကြ၏၊ မဟာဝိပါက်တဒါရုံကား ကုသလဝိပါက်သာ ဖြစ်သည်။ ယင်းကုသလဝိပါက် အကုသလဝိပါက် ဖြစ်ကြသော ပဉ္စဝိညာဏ် သမ္ပဋိ စ္ဆိုင်း သန္တီရဏ တဒါရုံတို့မှာ စိတ္တနိယာမသဘောတရားအတိုင်း ဝီထိခေါ်သည့် စိတ်အစဉ်အတိုင်းသာ ဖြစ်ရိုးဓမ္မတာ ရှိကြသဖြင့် ယင်းတို့ဖြစ်သည့် ဝီထိစိတ်အစဉ်အတိုင်းသာ ကြောင်းကျိုး-ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်း အကျိုး သိမ်းဆည်းရ၏၊ ဝိပဿနာရှုရ၏၊ ယင်းသို့ ဝီထိအစဉ်အတိုင်း ရှုခဲ့သော် ပဉ္စဒွါရာဝဇ္ဇန်း ဝုဋ္ဌော မနောဒွါရာဝဇ္ဇန်းဟူသော ကြိယာစိတ်များနှင့် ဇောဟူသော ကုသိုလ်စိတ် အကုသိုလ်စိတ်များသည်လည်း ယင်းဝိပါက်ဝိညာဏ်များနှင့် ဝီထိစိတ်အစဉ်တစ်ခုအတွင်း၌ ကျရောက် ဖြစ်ပွားနေကြမည်သာ ဖြစ်သည်။ သို့အတွက် ယင်းကုသိုလ် အကုသိုလ် ကြိယာစိတ်တို့ကိုပါ ရောနှော၍ ဝိပဿနာ ရှုသော်လည်း ဝီထိစိတ်အစဉ်အတွင်း ကျရောက် ဖြစ်ပွားနေကြသော ပရမတ္ထဓာတ်သားများကို မကြွင်းမကျန်စေလိုသော ရည်ရွယ်ချက်ဖြင့် ရှုသည်ဖြစ်ပါက အပြစ်မဖြစ်ပါ။ သင်္ခါရနှင့် ကြောင်း-ကျိုး-ဆက်နွယ်နေသည့် ဝိညာဏ်များကို သိမ်းဆည်းရာ၌ကား ဖော်ပြပါ ဝိပါက်ဝိညာဏ်များကိုသာ သင်္ခါရနှင့် ကြောင်း-ကျိုး-ဆက်နွယ်မှုကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ သိမ်းဆည်းပါ။ ရှေး နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ဖော်ပြခဲ့သည့်အတိုင်း ရူပါရုံလိုင်းမှ ဓမ္မာရုံလိုင်းအထိ (၆)လိုင်းလုံးအတွင်း၌ တည်ရှိ ကြသော ဝိပါက်ဝိညာဏ်တို့နှင့် သင်္ခါရ၏ ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို ကုန်စင်အောင် သိမ်းဆည်းပါ။ သို့သော် – ယင်းပဉ္စဝိညာဏ် သမ္ပဋိ စ္ဆိုင်း သန္တီရဏ တဒါရုံ ဟူသော ဝိပါက်ဝိညာဏ်တို့မှာ ပဋိသန္ဓေဝိညာဏ်ကို ဖြစ်စေတတ်သော ကံကြောင့် ဖြစ်ကြသည်လည်း ရှိရာ၏၊ မဖြစ်ကြသည်လည်း ရှိရာ၏၊ သတိပြု၍ သိမ်းဆည်းလေ။ တစ်လိုင်းတစ်လိုင်း၌ ကုသိုလ်ဇော ဝီထိ အကုသိုလ်ဇောဝီထိတို့၏ အတွင်း၌ တည်ရှိကြသော ဝိပါက်ဝိညာဏ်များကို ကုန်စင်အောင် သိမ်းဆည်းပါ။ ဤတွင် အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံ အရိပ်အမြွက်မျှကို ပုံစံအနည်းငယ် ထုတ်၍ ရေးသား တင်ပြအပ်ပါသည်။

ဘုရားရှင်သည် ပဋိစ္စသမုပ္ပါဒ်ဒေသနာကို ဟောကြားတော်မူရာဝယ် သုတ္တန္တဘာဇနီယနည်း အဘိဓမ္မဘာဇနီယနည်းဟု နှစ်မျိုးခွဲကာ ဟောကြားထားတော်မူခဲ့၏၊ သုတ္တန္တဘာဇနီယနည်း၌ကား အဝိဇ္ဇာနှင့် သင်္ခါရတို့မှာ စိတ္တက္ခဏပေါင်းများစွာ ဝီထိစဉ်ပေါင်းများစွာ ကွာဝေးလျက် ခြားလျက် ရှိ ကြ၏၊ အဘိဓမ္မဘာဇနီယနည်း၌ကား အဝိဇ္ဇာနှင့် အကုသိုလ်သင်္ခါရတို့မှာ စိတ္တက္ခဏတစ်ခုအတွင်း ဝီထိစိတ်အစဉ်တစ်ခုအတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်ကြသည်လည်း ရှိကြ၏၊

ရှုကွက်ပုံစံများ - ဝီထိမုတ်စိတ်

၁။ သင်္ခါရ (= ၃၄) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ် ဖြစ်၏၊
သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေဝိညာဏ်က အကျိုးတရား။
၂။ သင်္ခါရ (= ၃၄) ဖြစ်ခြင်းကြောင့် ဘဝင်ဝိညာဏ် ဖြစ်၏၊
သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ဘဝင်ဝိညာဏ်က အကျိုးတရား။
၃။ သင်္ခါရ (= ၃၄) ဖြစ်ခြင်းကြောင့် စုတိဝိညာဏ် ဖြစ်၏၊
သင်္ခါရ (= ၃၄)က အကြောင်းတရား၊ စုတိဝိညာဏ်က အကျိုးတရား။

စက္ခုဒွါရဝီထိ ဝိပါက်ဝိညာဏ်များ

၁။ သင်္ခါရ (= ၃၄) ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် ဖြစ်၏၊
သင်္ခါရ (= ၃၄)က အကြောင်းတရား၊ စက္ခုဝိညာဏ်က အကျိုးတရား။
၂။ သင်္ခါရ (= ၃၄) ဖြစ်ခြင်းကြောင့် သမ္ပဋိ စ္ဆိုင်းဝိညာဏ် ဖြစ်၏၊
သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်းဝိညာဏ်က အကျိုးတရား။
၃။ သင်္ခါရ (= ၃၄) ဖြစ်ခြင်းကြောင့် သန္တီရဏဝိညာဏ် ဖြစ်၏၊
သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သန္တီရဏဝိညာဏ်က အကျိုးတရား။
၄။ သင်္ခါရ (= ၃၄) ဖြစ်ခြင်းကြောင့် တဒါရုံဝိညာဏ် ဖြစ်၏၊
သင်္ခါရ (= ၃၄)က အကြောင်းတရား၊ တဒါရုံဝိညာဏ်က အကျိုးတရား။[၈၄၄]

ဝိညာဏပစ္စယာ နာမရူပံ = ဝိညာဏ်ဖြစ်ခြင်းကြောင့် နာမ်ရုပ် ဖြစ်၏၊

ဤ၌ နာမ်ရုပ်၏ အကြောင်းရင်းဖြစ်သော ဝိညာဏ်သည် –
(၁) ဝိပါကဝိညာဏ်, (၂) အဝိပါကဝိညာဏ် - ဟု နှစ်မျိုး ရှိ၏၊[၈၄၅]

ထိုတွင် - ပဋိသန္ဓေ ဘဝင် စုတိ ပဉ္စဝိညာဏ် သမ္ပဋိ စ္ဆိုင်း သန္တီရဏ တဒါရုံဝိညာဏ်တို့ကား ဝိပါကဝိညာဏ်တို့တည်း။ ကုသိုလ်ဝိညာဏ်, အကုသိုလ်ဝိညာဏ်, ကြိယာဝိညာဏ်တို့ကား အဝိပါကဝိညာဏ်တို့တည်း။ ကုသိုလ်ဝိညာဏ်, အကုသိုလ်ဝိညာဏ်တို့ကို ဘဝသစ်ကို အထူးထူး အထွေထွေ ပြုစီမံတတ်သောကြောင့် အဘိသင်္ခါရဝိညာဏ်ဟု ခေါ်ဆို၏၊ ကမ္မဝိညာဏ်ဟုလည်း ခေါ်ဆို၏၊[၈၄၆]

တစ်နည်း ––- ယင်း ဝိပါကဝိညာဏ် အဝိပါကဝိညာဏ်တို့ကို ကမ္မဝိညာဏ်, သဟဇာတဝိညာဏ်, ပစ္ဆာဇာတဝိညာဏ်ဟုလည်း ခေါ်ဆို၏၊[၈၄၇]

အတိတ်ဘဝသံသရာက ပြုစုပျိုးထောင်ခဲ့သော ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အာနေဉ္ဇာဘိသင်္ခါရ အမည် ရသော ကုသိုလ်ဝိညာဏ် အကုသိုလ်ဝိညာဏ်တို့သည် ကမ္မဝိညာဏ် မည်၏၊ ပဋိသန္ဓေမှစ၍ ဘဝတစ်လျှောက်တွင် ဖြစ်ပေါ်နေသော, စေတသိက်နာမ်နှင့် စိတ္တဇရုပ်ကို ဖြစ်စေနိုင်သော, အကျိုးနာမ်ရုပ်နှင့် အတူ ဥပါဒ်သော = ပြိုင်တူ ဖြစ်သော ကုသိုလ်ဝိညာဏ်, အကုသိုလ်ဝိညာဏ်, ဝိပါက်ဝိညာဏ်, ကြိယာဝိညာဏ်တို့သည် အကြောင်းတရားနှင့် အကျိုးတရားတို့ နှစ်မျိုးလုံး ပြိုင်တူ ဖြစ်သောကြောင့် သဟဇာတဝိညာဏ် မည်၏၊ ထိုတွင် ဒွေပဉ္စဝိညာဏ်တို့ကား စေတသိက်နာမ်ကိုသာ ဖြစ်စေနိုင်၍ စိတ္တဇရုပ်ကို မဖြစ်စေနိုင်သော သဟဇာတဝိညာဏ် များတည်း။ ရှေးရှေးသော စိတ်နှင့် အတူဥပါဒ်သော = ပြိုင်တူဖြစ်သော ရုပ်တရားတို့ကို သက်တမ်း ကုန်ဆုံးသည့်တိုင်အောင် အရှည်ခိုင်ခံ့ တည်တံ့အောင် အားပေးထောက်ပံ့တတ်သော = ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုတတ်သော (ကုသိုလ်, အကုသိုလ်, ဝိပါက်, ကြိယာ) စိတ်ဝိညာဏ် ဟူသမျှသည် ပစ္ဆာဇာတဝိညာဏ် မည်၏၊ ကမ္မဝိညာဏ်နှင့် ပစ္ဆာဇာတဝိညာဏ်ကို အကြောင်းနှင့် အကျိုးတို့ ပြိုင်တူ မဖြစ်ကြသောကြောင့် အသဟဇာတဝိညာဏ်ဟုလည်း ခေါ်ဆို၏၊ ထိုတွင် ကမ္မဝိညာဏ် ရှုကွက်ကား သင်္ခါရနှင့် ကွင်းဆက်ဖြစ်နေသဖြင့် ယင်းကမ္မဝိညာဏ် ရှုကွက်ကို ရှေ့ဦးစွာ တင်ပြအပ်ပါသည်။

ကမ္မဝိညာဏ် = အဘိသင်္ခါရဝိညာဏ် –– အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော သင်္ခါရကံတို့နှင့် ယှဉ်တွဲနေသော (ကုသိုလ်-အကုသိုလ်) ဝိညာဏ်သည် ကမ္မဝိညာဏ် မည်၏၊ အထူးသဖြင့် အထက်တွင် ဖော်ပြထားသော –သင်္ခါရပစ္စယာ ဝိညာဏံ – ၌ ပါဝင်သော အကြောင်းသင်္ခါရတရားစု (၃၄)တို့၌ အကျုံးဝင်သော အသိစိတ် ဝိညာဏ်သည်လည်း ကမ္မဝိညာဏ် = အဘိသင်္ခါရဝိညာဏ်ပင် မည်ပေသည်။ ဤအပိုင်း၌ ယင်းကမ္မဝိညာဏ် = အဘိသင်္ခါရဝိညာဏ်ကို အထူးဦးစားပေး၍ ရှုရန် ဖြစ်သည်။

အနာဂတ်ဘဝတစ်ခုခုအတွက် ရည်ရွယ်၍ ပြုစုပျိုးထောင်နေသော ပစ္စုပ္ပန် သင်္ခါရကံတို့နှင့် စိတ္တက္ခဏတစ်ခု အတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်နေသော (ကုသိုလ်-အကုသိုလ်) ဝိညာဏ်သည်လည်း ကမ္မဝိညာဏ် = အဘိသင်္ခါရဝိညာဏ်ပင်ဖြစ်သည်။

အတိတ်ကမ္မဝိညာဏ်ကြောင့် ပစ္စုပ္ပန်တွင် ပဋိသန္ဓေနာမ်+ရုပ်စသော ဝိပါက်နာမ်ရုပ် = ဝိပါက် စိတ်+စေတသိက်+ ကမ္မဇရုပ်များ ဖြစ်ပုံကိုလည်းကောင်း, ပစ္စုပ္ပန်ကမ္မဝိညာဏ်ကြောင့် နောင်အနာဂတ်တွင် ဥပပတ္တိဘဝ အမည်ရသော = ဇာတိအမည်ရသော ပဋိသန္ဓေနာမ်ရုပ်စသော ဝိပါက်နာမ်ရုပ် = ဝိပါက် စိတ်+စေတသိက်+ကမ္မဇရုပ်များ ဖြစ်ပုံကို လည်းကောင်း ပစ္စက္ခဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းအကျိုး သိမ်းဆည်းနိုင်သည်၊ ဝိပဿနာ ရှုနိုင်သည်။ သို့သော်လည်း ဤအပိုင်းကား အတိတ်ကမ္မဝိညာဏ်ကြောင့် ပစ္စုပ္ပန်ဝိပါက်နာမ်ရုပ်များ ဖြစ်ပုံကို ပစ္စက္ခဉာဏ်ဖြင့် မြင်အောင် ရှုရမည့်အပိုင်း ဖြစ်ပေသည်။

နာမ် - ရုပ် – အထက်ပါအတိုင်း အကြောင်းတရားဘက်၌ ကမ္မဝိညာဏ်ကိုသာ ဝိညာဏ်အရ ကောက်ယူခဲ့သော် အကျိုးနာမ်ရုပ်ဘက်တွင် နာမ်တရားအရ စေတသိက်နာမ်တရားစုကိုသာမက ဆိုင်ရာ ဝိပါက်ဝိညာဏ်ကိုပါ ထည့်သွင်း၍ ကောက်ယူပါ။ အကြောင်းဝိညာဏ်အရ အတိတ် ကမ္မဝိညာဏ်ကိုသာ ကောက်ယူထားသောကြောင့်လည်းကောင်း, ယင်းဝိပါက်ဝိညာဏ်မှာလည်း ယင်းအတိတ်ကမ္မဝိညာဏ်ကြောင့်ပင် ထင်ရှားဖြစ်ပေါ်လာရသောကြောင့်လည်းကောင်း ဖြစ်သည်။ တစ်ဖန် ရုပ်တရားအရတွင်မူ ကမ္မဇရုပ်ကိုသာ တိုက်ရိုက်ကောက်ယူရ၏၊ သို့သော် မကင်းစကောင်းသော အဝိနာဘာဝနည်းအရ ကမ္မဇရုပ်ကို ရှုပါက ရောနှော၍ မြင်နိုင်သော ကျန် စိတ္တဇ, ဥတုဇ, အာဟာရဇရုပ်များကိုပါ ရောနှော၍ ဝိပဿနာရှုပါက အပြစ် မဖြစ်ပါ။ အကြောင်းအကျိုး သိမ်းဆည်းရာ၌သာ ကမ္မဇရုပ်နှင့် အကြောင်း အကျိုးစပ်၍ သိမ်းဆည်းပါ။ ဤရှင်းလင်းချက်များအရ ရှုကွက်မှာ ဤသို့ ဖြစ်၏၊ ––

ရှုကွက်ပုံစံအချို့

၁။ အတိတ်ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ နာမ်ရုပ် ဖြစ်၏၊
အတိတ်ကမ္မဝိညာဏ်က အကြောင်းတရား၊ ပဋိသန္ဓေ နာမ်ရုပ်က အကျိုးတရား။
၂။ အတိတ်ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် ဘဝင် နာမ်ရုပ် ဖြစ်၏၊
အတိတ်ကမ္မဝိညာဏ်က အကြောင်းတရား၊ ဘဝင် နာမ်ရုပ်က အကျိုးတရား။
၃။ အတိတ်ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် စုတိ နာမ်ရုပ် ဖြစ်၏၊
အတိတ်ကမ္မဝိညာဏ်က အကြောင်းတရား၊ စုတိ နာမ်ရုပ်က အကျိုးတရား။

စက္ခုဒွါရဝီထိ - ဝိပါက်နာမ်ရုပ်

၁။ အတိတ်ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် နာမ်ရုပ် ဖြစ်၏၊
အတိတ်ကမ္မဝိညာဏ်က အကြောင်းတရား၊ စက္ခုဝိညာဏ် နာမ်ရုပ်က အကျိုးတရား။
၂။ အတိတ်ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် သမ္ပဋိ စ္ဆိုင်း နာမ်ရုပ် ဖြစ်၏၊
အတိတ်ကမ္မဝိညာဏ်က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း နာမ်ရုပ်က အကျိုးတရား။
၃။ အတိတ်ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် သန္တီရဏ နာမ်ရုပ် ဖြစ်၏၊
အတိတ်ကမ္မဝိညာဏ်က အကြောင်းတရား၊ သန္တီရဏ နာမ်ရုပ်က အကျိုးတရား။
၄။ အတိတ်ကမ္မဝိညာဏ် ဖြစ်ခြင်းကြောင့် တဒါရုံ နာမ်ရုပ် ဖြစ်၏၊
အတိတ်ကမ္မဝိညာဏ်က အကြောင်းတရား၊ တဒါရုံ နာမ်ရုပ်က အကျိုးတရား။ [၈၄၈] [၈၄၉]

သဟဇာတဝိညာဏ်ကြောင့် သဟဇာတနာမ်ရုပ်ဖြစ်ပုံ

၁။ ပဋိသန္ဓေဝိညာဏ် ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ နာမ်ရုပ် ဖြစ်၏၊
ပဋိသန္ဓေဝိညာဏ်က အကြောင်းတရား၊ ပဋိသန္ဓေ နာမ်ရုပ်က အကျိုးတရား။
နာမ် = ပဋိသန္ဓေဝိညာဏ်နှင့် ယှဉ်ဖက် စေတသိက် (၃၃)။
ရုပ် = ကမ္မဇရုပ် (၃၀)။
၂။ ဘဝင်ဝိညာဏ် ဖြစ်ခြင်းကြောင့် ဘဝင် နာမ်ရုပ် ဖြစ်၏၊
ဘဝင်ဝိညာဏ်က အကြောင်းတရား၊ ဘဝင် နာမ်ရုပ်က အကျိုးတရား။ [၈၅၀]
၃။ စုတိဝိညာဏ် ဖြစ်ခြင်းကြောင့် စုတိ နာမ်(+ရုပ်) ဖြစ်၏၊
စုတိဝိညာဏ်က အကြောင်းတရား စုတိ နာမ်(+ရုပ်)က အကျိုးတရား။
* ပဉ္စဒွါရာဝဇ္ဇန်းဝိညာဏ် ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်း နာမ်+ရုပ် ဖြစ်၏၊
ပဉ္စဒွါရာဝဇ္ဇန်းဝိညာဏ်က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း နာမ်+ရုပ်က အကျိုးတရား။
၄။ စက္ခုဝိညာဏ် ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် နာမ် ဖြစ်၏၊
စက္ခုဝိညာဏ်က အကြောင်းတရား၊ စက္ခုဝိညာဏ် နာမ်က အကျိုးတရား။
နာမ် = ယှဉ်ဖက်စေတသိက် (၇)လုံးတည်း။
တစ်နည်း –
စက္ခုဝိညာဏ် ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် နာမ်+ရုပ် ဖြစ်၏၊
စက္ခုဝိညာဏ်က အကြောင်းတရား၊ စက္ခုဝိညာဏ် နာမ်+ရုပ်က အကျိုးတရား။ [၈၅၁]
၅။ သမ္ပဋိ စ္ဆိုင်းဝိညာဏ် ဖြစ်ခြင်းကြောင့် သမ္ပဋိ စ္ဆိုင်း နာမ်+ရုပ် ဖြစ်၏၊
သမ္ပဋိ စ္ဆိုင်းဝိညာဏ်က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း နာမ်+ရုပ်က အကျိုးတရား။ [၈၅၂]
၆။ သန္တီရဏဝိညာဏ် ဖြစ်ခြင်းကြောင့် သန္တီရဏ နာမ်+ရုပ် ဖြစ်၏၊
သန္တီရဏဝိညာဏ်က အကြောင်းတရား၊ သန္တီရဏ နာမ်+ရုပ်က အကျိုးတရား။
* ဝုဋ္ဌောဝိညာဏ် ဖြစ်ခြင်းကြောင့် ဝုဋ္ဌော နာမ်+ရုပ် ဖြစ်၏၊
ဝုဋ္ဌောဝိညာဏ်က အကြောင်းတရား၊ ဝုဋ္ဌော နာမ်+ရုပ်က အကျိုးတရား။
* ပထမဇောဝိညာဏ် ဖြစ်ခြင်းကြောင့် ပထမဇော နာမ်+ရုပ် ဖြစ်၏၊
ပထမဇောဝိညာဏ်က အကြောင်းတရား၊ ပထမဇော နာမ်+ရုပ်က အကျိုးတရား။
ပ။
သတ္တမဇောဝိညာဏ် ဖြစ်ခြင်းကြောင့် သတ္တမဇော နာမ်+ရုပ် ဖြစ်၏၊
သတ္တမဇောဝိညာဏ်က အကြောင်းတရား၊ သတ္တမဇော နာမ်+ရုပ်က အကျိုးတရား။
၇။ ပထမတဒါရုံဝိညာဏ် ဖြစ်ခြင်းကြောင့် ပထမတဒါရုံ နာမ်+ရုပ် ဖြစ်၏၊
ပထမတဒါရုံဝိညာဏ်က အကြောင်းတရား၊ ပထမတဒါရုံ နာမ်+ရုပ်က အကျိုးတရား။
ဒုတိယဒါရုံဝိညာဏ် ဖြစ်ခြင်းကြောင့် ဒုတိယတဒါရုံ နာမ်+ရုပ် ဖြစ်၏၊
ဒုတိယတဒါရုံဝိညာဏ်က အကြောင်းတရား၊ ဒုတိယတဒါရုံ နာမ်+ရုပ်က အကျိုးတရား။
* မနောဒွါရာဝဇ္ဇန်းဝိညာဏ် ဖြစ်ခြင်းကြောင့် မနောဒွါရာဝဇ္ဇန်း နာမ်+ရုပ် ဖြစ်၏၊
မနောဒွါရာဝဇ္ဇန်းဝိညာဏ်က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း နာမ်+ရုပ်က အကျိုးတရား။

ဇော, တဒါရုံတို့၌လည်း နည်းတူသဘောပေါက်ပါ။ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ရေးသားတင်ပြထားသည့် စိတ္တက္ခဏတိုင်း၌ ကုန်စင်အောင် သိမ်းဆည်း ရှုပွားပါ။ ဤရှုကွက်များနှင့် ပတ်သက်၍ ထောက်ထားရန် ကျမ်းဂန် အဆိုအမိန့်များမှာ သမ္မောဟဝိနောဒနီအဋ္ဌကထာ မူလဋီကာနှင့် အနုဋီကာ[၈၅၃]တို့ ဖြစ်ကြ၏၊

နာမရူပပစ္စယာ သဠာယတနံ = နာမ်ရုပ်ဖြစ်ခြင်းကြောင့် သဠာယတန ဖြစ်၏၊

ဤအပိုင်းတွင် –
(က) နာမ် ဖြစ်ခြင်းကြောင့် မနာယတန ဖြစ်ပုံ,
( ခ ) နာမ် ဖြစ်ခြင်းကြောင့် ရုပ်အာယတန ဖြစ်ပုံ,
( ဂ ) ရုပ် ဖြစ်ခြင်းကြောင့် ရုပ်အာယတန ဖြစ်ပုံ,
(ဃ) ရုပ် ဖြစ်ခြင်းကြောင့် မနာယတန ဖြစ်ပုံ,
( င ) နာမ်+ရုပ် ဖြစ်ခြင်းကြောင့် မနာယတန ဖြစ်ပုံ - ဟု ဤသို့လျှင် အပိုင်း (၅)ပိုင်း ပါဝင်လျက် ရှိပေသည်။

(က) နာမ်က မနာယတနအား ကျေးဇူးပြုပုံ = နာမ်ဖြစ်ခြင်းကြောင့် မနာယတန ဖြစ်ပုံ

ဤ ၌ ––- နာမ် - အရ ဆိုင်ရာ မနာယတနနှင့်ယှဉ်ဖက် စေတသိက်နာမ်ကိုသာ ထိုက်သလို ကောက်ယူပါ။စေတသိက်နာမ်က မိမိတို့နှင့် ယှဉ်ဖက် စိတ် = မနာယတနအား ကျေးဇူးပြုပုံအပိုင်း ဖြစ်သည်။

၁။ ပဋိသန္ဓေနာမ်တရား (= ၃၃) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ မနာယတန ဖြစ်၏၊
ပဋိသန္ဓေနာမ်တရား (= ၃၃)က အကြောင်းတရား၊ ပဋိသန္ဓေ မနာယတနက အကျိုးတရား။
၂။ ဘဝင်နာမ်တရား (= ၃၃) ဖြစ်ခြင်းကြောင့် ဘဝင် မနာယတန ဖြစ်၏၊
ဘဝင်နာမ်တရား (= ၃၃)က အကြောင်းတရား၊ ဘဝင် မနာယတနက အကျိုးတရား။
၃။ စုတိနာမ်တရား (= ၃၃) ဖြစ်ခြင်းကြောင့် စုတိ မနာယတန ဖြစ်၏၊
စုတိနာမ်တရား (= ၃၃)က အကြောင်းတရား၊ စုတိ မနာယတနက အကျိုးတရား။ [၈၅၄]
* ပဉ္စဒွါရာဝဇ္ဇန်းနာမ်တရား (= ၁၀) ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်း မနာယတန ဖြစ်၏၊
ပဉ္စဒွါရာဝဇ္ဇန်းနာမ်တရား (= ၁၀)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း မနာယတနက အကျိုးတရား။
၄။ စက္ခုဝိညာဏ်နာမ်တရား (= ၇) ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် မနာယတန ဖြစ်၏၊
စက္ခုဝိညာဏ်နာမ်တရား (= ၇)က အကြောင်းတရား၊ စက္ခုဝိညာဏ် မနာယတနက အကျိုးတရား။
၅။ သမ္ပဋိ စ္ဆိုင်းနာမ်တရား (= ၁၀) ဖြစ်ခြင်းကြောင့် သမ္ပဋိ စ္ဆိုင်း မနာယတန ဖြစ်၏၊
သမ္ပဋိ စ္ဆိုင်းနာမ်တရား (= ၁၀)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း မနာယတနက အကျိုးတရား။
၆။ သန္တီရဏနာမ်တရား (= ၁၁) ဖြစ်ခြင်းကြောင့် သန္တီရဏ မနာယတန ဖြစ်၏၊
သန္တီရဏနာမ်တရား (= ၁၁)က အကြောင်းတရား၊ သန္တီရဏ မနာယတနက အကျိုးတရား။
* ဝုဋ္ဌောနာမ်တရား (= ၁၁) ဖြစ်ခြင်းကြောင့် ဝုဋ္ဌော မနာယတန ဖြစ်၏၊
ဝုဋ္ဌောနာမ်တရား (= ၁၁)က အကြောင်းတရား၊ ဝုဋ္ဌော မနာယတနက အကျိုးတရား။
* ဇောနာမ်တရား (= ) ဖြစ်ခြင်းကြောင့် ဇော မနာယတန ဖြစ်၏၊
ဇောနာမ်တရား (= )က အကြောင်းတရား၊ ဇော မနာယတနက အကျိုးတရား။
၇။ တဒါရုံနာမ်တရား (= ) ဖြစ်ခြင်းကြောင့် တဒါရုံ မနာယတန ဖြစ်၏၊
တဒါရုံနာမ်တရား (= )က အကြောင်းတရား၊ တဒါရုံ မနာယတနက အကျိုးတရား။
* မနောဒွါရာဝဇ္ဇန်းနာမ်တရား (= ၁၁) ဖြစ်ခြင်းကြောင့် မနောဒွါရာဝဇ္ဇန်း မနာယတန ဖြစ်၏၊
မနောဒွါရာဝဇ္ဇန်းနာမ်တရား (= ၁၁)က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း မနာယတနက အကျိုးတရား၊၊ [၈၅၅]

(ခ) နာမ်ဖြစ်ခြင်းကြောင့် ရုပ်အာယတန ဖြစ်ပုံ

''နောက်နောက်၌ ဖြစ်ကုန်သော အရူပဝိပါက် (၄)ခုမှ တစ်ပါးကုန်သော စိတ် (၈၅), စေတသိက် (၅၂)ဟူသော စိတ်စေတသိက်နာမ်တရားစုတို့သည် မိမိ၏ ရှေ့စိတ္တက္ခဏ၌ဖြစ်သော ဤစတုသမုဋ္ဌာနိက ရူပကာယအား ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊'' ....

ဤအထက်ပါ ပဋ္ဌာန်းဒေသနာတော်[၈၅၆]နှင့် အညီ စိတ်စေတသိက် = နာမ်တရားစုက ရုပ်အာယတနအား ကျေးဇူးပြုရာ၌ အကျိုးရုပ်တရားက အလျင်ဖြစ်၍ အကြောင်းနာမ်တရားက နောက်မှ ဖြစ်၏ဟု သိရှိပါလေ။ အကျိုး ရုပ်တရားကား (ယေဘုယျအားဖြင့် ပဋိသန္ဓေအခါမှ လွဲလျှင်) ရှေ့စိတ္တက္ခဏနှင့် အတူ ဥပါဒ်၏၊ အကြောင်း နာမ်တရားစုကား နောက်စိတ္တက္ခဏနာမ်တရားစုတည်း။ ထိုကြောင့် အကျဉ်းချုပ် ဆိုလိုရင်းကို ရှေ့ဦးစွာ အောက်ပါ အတိုင်း မှတ်သားထားပါ။ –

၁။ ပဋိသန္ဓေနာမက္ခန္ဓာနှင့် အတူဥပါဒ်၍ ရုပ်၏ ဌီကာလသို့ ရောက်ရှိလာသော ကမ္မဇရုပ်ဟု ဆိုအပ်သော ဧကဇကာယအား, တစ်နည်း - ကမ္မဇရုပ် ဥတုဇရုပ်ဟု ဆိုအပ်သော ဒွိဇကာယအား ပထမဘဝင်နာမက္ခန္ဓာ ပစ္စည်းတရားက ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊

၂။ ပထမဘဝင်အစရှိသော ရှေးရှေးသော ဘဝင်နာမက္ခန္ဓာနှင့် အတူ ဥပါဒ်၍ ရုပ်၏ဌီကာလသို့ ရောက်ရှိလာသော ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်ဟု ဆိုအပ်သော တိဇကာယအား ဒုတိယဘဝင် အစရှိသော နောက်နောက်သော ဘဝင်နာမက္ခန္ဓာ ပစ္စည်းတရားက ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊

၃။ အာဟာရဇရုပ် ဥပါဒ်သောအခါ ရှေးဖြစ်သော စိတ်နှင့် အတူဥပါဒ်၍ ရုပ်၏ဌီကာလသို့ ရောက်ရှိလာသော ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်ဟု ဆိုအပ်သော စတုဇကာယအား နောက်ဖြစ်သော စိတ်စေတသိက်နာမက္ခန္ဓာ ပစ္စည်းတရားက ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊

၄။ ကာမာဝစရသတ္တဝါ၏ သန္တာန်ဝယ် ပဋိသန္ဓေနောင် (၁၅)ခုမြောက် ဘဝင်စိတ်နှင့် အတူဥပါဒ်၍ ရုပ်၏ ဌီကာလသို့ ရောက်ရှိလာသော ကမ္မဇရုပ် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်ဟူသော စတုဇကာယအား နောက်ဖြစ်သော အာဝဇ္ဇန်းနာမက္ခန္ဓာ ပစ္စည်းတရားက ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊[၈၅၇]

၅။ ပဉ္စဒွါရဝီထိများဝယ် ပဉ္စဒွါရာဝဇ္ဇန်းနှင့် အတူဥပါဒ်၍ ရုပ်၏ဌီကာလသို့ ရောက်ရှိလာသော (တိဇကာယ) စတုဇကာယအား နောက်ဖြစ်သော ပဉ္စဝိညာဏ်နာမက္ခန္ဓာ ပစ္စည်းတရားက ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊

၆။ ပဉ္စဝိညာဏ်နှင့် အတူဥပါဒ်၍ ရုပ်၏ဌီကာလသို့ ရောက်ရှိလာသော (ရူပါဝစရဘုံ၌ ကမ္မဇရုပ် ဥတုဇရုပ်ဟူသော ဒွိဇကာယအား), ကာမာဝစရဘုံ၌ ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်ဟူသော တိဇကာယအား နောက်ဖြစ်သော သမ္ပဋိ စ္ဆိုင်းနာမက္ခန္ဓာ ပစ္စည်းတရားက ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊

၇။ သမ္ပဋိ စ္ဆိုင်းနာမက္ခန္ဓာနှင့်အတူ ဥပါဒ်၍ ရုပ်၏ဌီကာလသို့ ရောက်ရှိလာသော (ရူပါဝစရဘုံ၌ ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်ဟူသော တိဇကာယအား), ကာမာဝစရဘုံ၌ ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်ဟူသော စတုဇကာယအား နောက်ဖြစ်သော သန္တီရဏနာမက္ခန္ဓာ ပစ္စည်းတရားက ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူး ပြု၏၊ [ဤနည်းကို နည်းမှီ၍ ရှေးရှေးစိတ်နှင့် အတူဥပါဒ်သော စတုဇရုပ်အား နောက်နောက်သော စိတ်စေတသိက် = နာမက္ခန္ဓာတရားစုက ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံကို သဘောပေါက်ပါ။“]

ဥပတ္ထမ္ဘကသဘော

လင်းတငယ်ကလေးတို့၌ – ''အမိလင်းတကြီး အစာရှာ ထွက်ခွာသွားသောအခါ အမိပြန်လာလျှင် အစာ စားရလိမ့်မည်''ဟု မျှော်လင့်သော အာသာတဏှာဆန္ဒ ဖြစ်၏၊ ထို အာသာတဏှာဆန္ဒနှင့် ယှဉ်ဖက် စေတနာသည် မနောသေဉ္စတနာဟာရပင်တည်း။ ထိုမနောသေဉ္စတနာဟာရသည် လင်းတကလေးတို့၏ ကိုယ်၌ ပစ္စုပ္ပန်အခိုက်ဝယ် ထင်ရှားရှိ၏၊ ထိုထင်ရှားရှိသော အာဟာရာသာစေတနာက မိမိမဖြစ်မီ ဖြစ်နှင့်၍ ရုပ်၏ ဌီအခိုက် ဌီကာလသို့ ရောက်ရှိနေကြသော စတုသမုဋ္ဌာနိကရုပ်အစဉ်အား ဤပစ္ဆာဇာတပစ္စယသတ္တိဖြင့်ပင် ကျေးဇူးပြုလျက်ရှိသောကြောင့် လင်းတကလေးတို့၏ ကိုယ်ခန္ဓာသည် မပျက်မစီးဘဲ တည်ရှိနိုင်ကြသကဲ့သို့ –

ဤဥပမာအတူပင် ကာမာဝစရသတ္တဝါ ရူပါဝစရသတ္တဝါတို့၏ သန္တာန်ဝယ် ပစ္စည်းဖြစ်ထိုက်သော = အကြောင်း တရားဖြစ်ထိုက်သော စိတ္တက္ခဏနာမ်တရားစုမှ ပြန်၍ ထောက်ရှုကြည့်လိုက်သော် ရှေးရှေးသော စိတ္တက္ခဏနှင့် အတူဥပါဒ်သော ရုပ်၏ဌီကာလသို့ ဆိုက်ရောက်လာသော စတုသမုဋ္ဌာနိက ရူပကာယ, တိသမုဋ္ဌာနိက ရူပကာယအား ပစ္စည်းဖြစ်ထိုက်သော = အကြောင်းတရားဖြစ်ထိုက်သော နောက်နောက်သော စိတ္တက္ခဏနာမ်တရားစုက ထိုရုပ်တရား၏ ဘင်ကာလသို့တိုင်အောင် အရှည်ခိုင်ခံ့ တည်တံ့ရေးအတွက် အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကသတ္တိဖြင့် ကျေးဇူးပြုပေး၏၊ ယင်း ဥပတ္ထမ္ဘကသတ္တိဖြင့် ကျေးဇူးပြုပေးတတ်သော နာမ်တရားစုသည် ပစ္ဆာဇာတပစ္စည်းတရား မည်၏၊[၈၅၈]ဤ ပစ္ဆာဇာတပိုင်း၌ အကြောင်းတရားမှာ နောက်နောက်သော နာမ်တရားဖြစ်၍ အကျိုးတရားမှာ ရှေးရှေးသော စိတ္တက္ခဏနှင့် အတူဥပါဒ်သော ရုပ်တရား ဖြစ်သည်။ အကြောင်းနှင့် အကျိုး နှစ်မျိုးတို့အနက် အကြောင်းတရားက နောက်မှဖြစ်၍ အကျိုးတရားက အလျင်ဖြစ်နှင့်သော ပစ္စည်း ဖြစ်ပေသည်။

မှတ်ချက် –– ပဋိသန္ဓေနောင် (၁၅)ခုမြောက် ဘဝင်စိတ္တက္ခဏ၌ အာဟာရဇရုပ် ဖြစ်-မဖြစ်ကိုကား ဆန်းစစ်သင့်ပေသည်။

နာမ်ဖြစ်ခြင်းကြောင့် ရုပ်အာယတန ဖြစ်ပုံကို ပြဆိုရာဖြစ်သော ဤအပိုင်း၌ .. အကြောင်းတရားအရ နောက်နောက်သော စိတ္တက္ခဏဟူသော ဆိုင်ရာဆိုင်ရာ စိတ်နှင့်စေတသိက် နှစ်မျိုးလုံးကိုပင် ကောက်ယူပါ။ အကျိုးတရားဘက်တွင် တည်ရှိသော ရုပ်အာယတနအရ အကျိုးဖြစ်ထိုက်သော, ရှေးစိတ္တက္ခဏနှင့် အတူ ဥပါဒ်သော, အကြောင်းဖြစ်ထိုက်သော နောက်စိတ္တက္ခဏဖြစ်ချိန်ဝယ် ဌီကာလသို့ ဆိုက်ရောက်၍လာသော စက္ခာယတန သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာယတနတို့ကို ကောက်ယူပါ။ ယင်းရုပ်အာယတန (၅)မျိုးလုံးသည် စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ကံအရှိန် မကုန်သေးသမျှ ဖြစ်နိုင်သော စွမ်းအားကား ရှိသည်သာ ဖြစ်၏၊ ရှေးစိတ္တက္ခဏ၏ ဥပါဒ်ကာလ, ဌီကာလ, ဘင်ကာလတို့၌ ဖြစ်ကြသော ယင်းရုပ်အာယတနတို့သည် နောက်စိတ္တက္ခဏသို့ ရောက်ရှိလာသောအခါ ဌီကာလသို့ ဆိုက်ရောက်နေကြပြီး ဖြစ်ကြ၏၊ ယင်းရုပ်အာယတနတို့ကို နောက်စိတ္တက္ခဏ နာမ်တရားစုက ဘင်မတိုင်မီ တည်အောင် ထောက်ပံ့ထားကြ၏၊

သို့သော် အသိဉာဏ် မရှုပ်ထွေးစေရန် ခွဲရှုလိုကလည်း ရှုပါ။ သို့မဟုတ် ပေါင်းရှုလိုကလည်း ရှုပါ။ ဤတွင် ခွဲရှုပုံ စနစ်တစ်ခုကို ရေးသားတင်ပြအပ်ပါသည်။

၁။ ဘဝင်္ဂစလနနာမ်တရား ဖြစ်ခြင်းကြောင့် စက္ခာယတန ဖြစ်၏၊
ဘဝင်္ဂစလနနာမ်တရားက အကြောင်းတရား၊ စက္ခာယတနက အကျိုးတရား။
(အတီတဘဝင်နှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော စက္ခာယတနတည်း။)

၂။ ဘဝင်္ဂုပစ္ဆေဒနာမ်တရား ဖြစ်ခြင်းကြောင့် စက္ခာယတန ဖြစ်၏၊
ဘဝင်္ဂုပစ္ဆေဒနာမ်တရားက အကြောင်းတရား၊ စက္ခာယတနက အကျိုးတရား။
(ဘဝင်္ဂစလနနှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော စက္ခာယတနတည်း။)

၃။ ပဉ္စဒွါရာဝဇ္ဇန်းနာမ်တရား ဖြစ်ခြင်းကြောင့် စက္ခာယတန ဖြစ်၏၊
ပဉ္စဒွါရာဝဇ္ဇန်းနာမ်တရားက အကြောင်းတရား၊ စက္ခာယတနက အကျိုးတရား။
(ဘဝင်္ဂုပစ္ဆေဒနှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော စက္ခာယတနတည်း။)

၄။ စက္ခုဝိညာဏ်နာမ်တရား ဖြစ်ခြင်းကြောင့် စက္ခာယတန ဖြစ်၏၊
စက္ခုဝိညာဏ်နာမ်တရားက အကြောင်းတရား၊ စက္ခာယတနက အကျိုးတရား။
(ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော စက္ခာယတနတည်း။ သောတဝိညာဏ်နာမ်တရား စသည် တို့၌လည်း နည်းတူ ရှုပါ။)

၅။ သမ္ပဋိ စ္ဆိုင်းနာမ်တရား ဖြစ်ခြင်းကြောင့် စက္ခာယတန ဖြစ်၏၊
သမ္ပဋိ စ္ဆိုင်းနာမ်တရားက အကြောင်းတရား၊ စက္ခာယတနက အကျိုးတရား။
(စက္ခုဝိညာဏ် သို့မဟုတ် ပဉ္စဝိညာဏ်နှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော စက္ခာယတနတည်း။)

၆။ သန္တီရဏနာမ်တရား ဖြစ်ခြင်းကြောင့် စက္ခာယတန ဖြစ်၏၊
သန္တီရဏနာမ်တရားက အကြောင်းတရား၊ စက္ခာယတနက အကျိုးတရား။
(သမ္ပဋိ စ္ဆိုင်းနှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော စက္ခာယတနတည်း။)

၇။ ဝုဋ္ဌောနာမ်တရား ဖြစ်ခြင်းကြောင့် စက္ခာယတန ဖြစ်၏၊
ဝုဋ္ဌောနာမ်တရားက အကြောင်းတရား၊ စက္ခာယတနက အကျိုးတရား။
(သန္တီရဏနှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော စက္ခာယတနတည်း။)

၈။ ပထမဇောနာမ်တရား ဖြစ်ခြင်းကြောင့် စက္ခာယတန ဖြစ်၏၊
ပထမဇောနာမ်တရားက အကြောင်းတရား၊ စက္ခာယတနက အကျိုးတရား။
(ဝုဋ္ဌောနှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော စက္ခာယတနတည်း။)

၉။ ဒုတိယဇောနာမ်တရား ဖြစ်ခြင်းကြောင့် စက္ခာယတန ဖြစ်၏၊
ဒုတိယဇောနာမ်တရားက အကြောင်းတရား၊ စက္ခာယတနက အကျိုးတရား။
(ပထမဇောနှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော စက္ခာယတနတည်း။)

ဤသို့စသည်ဖြင့် ရှေးရှေးစိတ်နှင့် အတူဥပါဒ်သော စက္ခာယတနအား နောက်နောက်သော စိတ်စေတသိက် နာမ်တရားစုက ကျေးဇူးပြုပုံကို သဘောပေါက်ပါလေ။ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများအတိုင်း စက္ခုဒွါရဝီထိ စသော ဝီထိ (၆)မျိုးလုံး၌ စိတ္တက္ခဏတိုင်းဝယ် နည်းမှီ၍ ရှုပါ။ သောတာယတန စသည်တို့ကိုလည်း နည်းတူပင် ရှုပါ။ အကယ်၍ ခြုံရှုလိုခဲ့သော် စက္ခာယတနစသော ရုပ်အာယတန (၅)ပါးလုံးကိုလည်း အောက်ပါအတိုင်း ခြုံငုံ၍ ရှုပါ။

တစ်နည်း ခြုံငုံ၍ ရှုပုံ

၁။ ဘဝင်္ဂစလနနာမ်တရား ဖြစ်ခြင်းကြောင့် ရုပ်အာယတန (၅)ပါး ဖြစ်၏၊
ဘဝင်္ဂစလနနာမ်တရားက အကြောင်းတရား၊ ရုပ်အာယတန (၅)ပါးက အကျိုးတရား။
(အတီတဘဝင်နှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော စက္ခာယတန သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာယတနတည်း။)

၂။ ဘဝင်္ဂုပစ္ဆေဒနာမ်တရား ဖြစ်ခြင်းကြောင့် ရုပ်အာယတန (၅)ပါး ဖြစ်၏၊
ဘဝင်္ဂုပစ္ဆေဒနာမ်တရားက အကြောင်းတရား၊ ရုပ်အာယတန (၅)ပါးက အကျိုးတရား။
(ဘဝင်္ဂစလနနှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော ရုပ်အာယတန (၅)ပါးတည်း။)

၃။ ပဉ္စဒွါရာဝဇ္ဇန်းနာမ်တရား ဖြစ်ခြင်းကြောင့် ရုပ်အာယတန (၅)ပါး ဖြစ်၏၊
ပဉ္စဒွါရာဝဇ္ဇန်းနာမ်တရားက အကြောင်းတရား၊ ရုပ်အာယတန (၅)ပါးက အကျိုးတရား။
(ဘဝင်္ဂုပစ္ဆေဒနှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော ရုပ်အာယတန (၅)ပါးတည်း။)

၄။ စက္ခုဝိညာဏ်နာမ်တရား ဖြစ်ခြင်းကြောင့် ရုပ်အာယတန (၅)ပါး ဖြစ်၏၊
စက္ခုဝိညာဏ်နာမ်တရားက အကြောင်းတရား၊ ရုပ်အာယတန (၅)ပါးက အကျိုးတရား။
(ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော ရုပ်အာယတန (၅)ပါးတည်း။)

ဤသို့စသည်ဖြင့် ရှေးရှေးစိတ္တက္ခဏနှင့် အတူဥပါဒ်သော ရုပ်အာယတန (၅)ပါးအား နောက်နောက်သော စိတ်စေတသိက် = နာမ်တရားစုက ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံကို သဘောပေါက်ပါ။ ဒွါရ (၆)ပါးလုံးဝယ် စိတ္တက္ခဏတိုင်း၌ ကုန်စင်အောင် ရှုပါ။

(ဂ) ရုပ်ဖြစ်ခြင်းကြောင့် ရုပ်အာယတန ဖြစ်ပုံ

နာမရူပပစ္စယာတွင် ပါဝင်သော ရုပ်တရားက သဠာယတနတွင် ပါဝင်သော ရုပ်အာယတနအား ကျေးဇူးပြုပုံ ဖြစ်သည်။

၁။ စက္ခုဒသကကလာပ် အတွင်း၌ တည်ရှိသော –
(က) ကလာပ်တူမဟာဘုတ် (၄)ပါး ဖြစ်ခြင်းကြောင့် ကလာပ်တူ စက္ခာယတန ဖြစ်၏၊ 
ကလာပ်တူမဟာဘုတ် (၄)ပါးက အကြောင်းတရား၊ ကလာပ်တူ စက္ခာယတနက အကျိုးတရား။
( ခ ) ကလာပ်တူဇီဝိတ ဖြစ်ခြင်းကြောင့် ကလာပ်တူ စက္ခာယတန ဖြစ်၏၊
ကလာပ်တူဇီဝိတက အကြောင်းတရား၊ ကလာပ်တူ စက္ခာယတနက အကျိုးတရား။
( ဂ ) ကလာပ်တူဩဇာဖြစ်ခြင်းကြောင့် ကလာပ်တူ စက္ခာယတန ဖြစ်၏၊
ကလာပ်တူဩဇာက အကြောင်းတရား၊ ကလာပ်တူ စက္ခာယတနက အကျိုးတရား။

အလားတူပင် သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာယတနတို့အား ဆိုင်ရာဆိုင်ရာ (က) ကလာပ်တူမဟာဘုတ်, (ခ) ကလာပ်တူဇီဝိတ, (ဂ) ကလာပ်တူဩဇာတို့က ထိုက်သလို အသီးအသီး ကျေးဇူးပြုပုံကိုလည်း ဆက်လက်၍ သိမ်းဆည်းရှုပွားပါ။ ကလာပ်တူ ရုပ်အာယတနအား ကလာပ်တူ မဟာဘုတ်က အားပေးထောက်ပံ့ တတ်သော ဥပတ္ထမ္ဘကသတ္တိဖြင့် ကျေးဇူးပြု၏၊ ကလာပ်တူဇီဝိတက စောင့်ရှောက်တတ်သော အနုပါလကသတ္တိဖြင့် ကျေးဇူးပြု၏၊ ကလာပ်တူဩဇာက အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကသတ္တိဖြင့် ကျေးဇူးပြု၏၊ ကလာပ်တူဩဇာက ကလာပ်တူ ရုပ်အာယတနအား ကျေးဇူးပြုရာ၌ ကမ္မဇဝမ်းမီးနှင့် အာဟာရဇဩဇာ၏ အထောက်အပံ့ကို ရရှိပါမှ သာလျှင် ကျေးဇူးပြုနိုင်ပုံကို သဘောပေါက်ပါလေ။

ရှေးရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း ပကတိ အလုတ်အလွေးပြု၍ စားမျိုလိုက်သော ကဗဠီကာရအာဟာရ အမည်ရသော ဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာသည် ကမ္မဇဝမ်းမီး၏ အထောက် အပံ့ကို ရရှိသောအခါ ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ထပ်မံ၍ ဖြစ်စေပြန်၏၊ ယင်းရုပ်တရားတို့ကို ဩဇာကြောင့် ဖြစ်သောကြောင့် အာဟာရဇရုပ်များဟု ခေါ်ဆို၏၊ ယင်းအာဟာရဇရုပ်တို့တွင် ပါဝင်သော အာဟာရဇ ဩဇာက ကမ္မဇဝမ်းမီး၏ အကူအညီဖြင့် ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, ကလာပ်ပြား အာဟာရဇဩဇာတို့ကို ထပ်ဆင့် ထောက်ပံ့လိုက်သောအခါ ယင်းအသီးအသီးသော ကမ္မဇဩဇာ, စိတ္တဇဩဇာ, ဥတုဇဩဇာ, ကလာပ်ပြား အာဟာရဇဩဇာ အသီးအသီးက ရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေပြန်၏၊ ယင်းသို့ ဖြစ်စေခြင်းဖြင့် စက္ခာယတန စသော ရုပ်အာယတနတို့သည် ခိုင်ခံ့လာကြ၏၊ အထောက်အပံ့ခံရသော ဩဇာတို့တွင် စက္ခုဒသကကလာပ်စသော ကမ္မဇကလာပ်တို့၌ တည်ရှိ ကြသော ကမ္မဇဩဇာတို့လည်း ပါဝင်လျက်ပင် ရှိကြပေသည်။ ယင်းသဘောတရားတို့ကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အထက်ပါ ရှုကွက်တို့ကို ရှုပါ။ သောတာယတန။ ပ။ ကာယာယတနတို့၌လည်း နည်းတူ ရှုပါ။

(ဃ) ရုပ်ဖြစ်ခြင်းကြောင့် မနာယတန ဖြစ်ပုံ

လူ့ဘုံအဝင်အပါဖြစ်သော ခန္ဓာငါးပါးရှိသော ပဉ္စဝေါကာရဘုံ၌ မှီရာဝတ္ထုရုပ်ရှိပါမှ ဆိုင်ရာနာမ်တရားစုတို့သည် ဖြစ်နိုင်ကြ၏၊ မှီရာဝတ္ထုရုပ် မရှိပါက မဖြစ်နိုင်ကြပေ။ ယင်းသဘောတရားကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အထက်ပါ ရှုကွက်ကို ရှုရမည် ဖြစ်ပေသည်။ တစ်ဖန် မနာယတန အမည်ရသော အသိစိတ် = ဝိညာဏ်ဖြစ်ရာဝယ် မကင်း စကောင်းသော ယှဉ်ဖက် စေတသိက်တို့လည်း ပါဝင်လျက် ရှိနေကြ၏၊ ယင်းစေတသိက်တို့သည်လည်း မနာယတနနှင့် အတူ ဆိုင်ရာ မှီရာဝတ္ထုရုပ်ကို မှီတွယ်၍သာ ဖြစ်နိုင်ခွင့် ရှိကြ၏၊ သို့အတွက် မနာယတနကို ဦးတည်၍ ယှဉ်ဖက် စေတသိက်တို့ကိုပါ ရောနှော၍ ရှုပါကလည်း အပြစ်မဖြစ်ပါ။ ထိုတွင် ပဉ္စဝိညာဏ်တို့မှာ မိမိတို့ ဆိုင်ရာ စက္ခုဝတ္ထုစသော ဝတ္ထုရုပ်အသီးအသီးကိုသာ မှီ၍ ဖြစ်ကြသော မနာယတနတို့ ဖြစ်ကြ၏၊ အတီတဘဝင်နှင့် ဥပါဒ်ချင်း ပြိုင်၍ဖြစ်သော မဇ္ဈိမာယုက-စက္ခုဝတ္ထု စသော ဝတ္ထုရုပ်အသီးအသီးကိုသာ မှီတွယ်၍ ဖြစ်ကြသော မနာယတနတို့ ဖြစ်ကြ၏၊ ပဋိသန္ဓေစိတ် = မနာယတနမှာ မိမိနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်၏၊ စုတိစိတ် မနာယတနမှာ မိမိမှ ပြန်၍ ရေတွက်သော် (၁၇)ချက်မြောက်သော စိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်၏၊ ယေဘုယျအားဖြင့် နောက်နောက်သော ဘဝင်စိတ်သည် ရှေးရှေးသောစိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်၏၊ အလားတူပင် ပဉ္စဝိညာဏ်မှတစ်ပါးသော မနောဓာတ် မနောဝိညာဏဓာတ် အမည်ရသော မနာယတနတို့သည် မိမိတို့၏ ရှေးစိတ္တက္ခဏနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်ကို မှီ၍ ဖြစ်ကြ၏၊ သို့သော် ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ မကင်းစကောင်းသော အဝိနာဘာဝနည်းအရ စက္ခုဝတ္ထု ဟဒယဝတ္ထုစသော မှီရာဝတ္ထုရုပ်တို့နှင့် အတူဥပါဒ်သော စတုဇရုပ်တို့ကိုပါ (= ၆၃ - ၅၃ - စသော ရုပ်တို့ကိုပါ) ရောနှော၍ ဝိပဿနာ ရှုပါကလည်း အပြစ် မဖြစ်ပါ။

ရှုကွက်ပုံစံအချို့

၁။ ပဋိသန္ဓေ၏မှီရာ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ မနာယတန ဖြစ်၏၊
ပဋိသန္ဓေ၏မှီရာ ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ ပဋိသန္ဓေ မနာယတနက အကျိုးတရား။
၂။ ဘဝင်၏မှီရာ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် ဘဝင် မနာယတန ဖြစ်၏၊
ဘဝင်၏မှီရာ ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ ဘဝင် မနာယတနက အကျိုးတရား။
(မိမိရှုသော ဘဝင်၏ ရှေးစိတ္တက္ခဏနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုတည်း။)
၃။ စုတိ၏မှီရာ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် စုတိ မနာယတန ဖြစ်၏၊
စုတိ၏မှီရာ ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ စုတိ မနာယတနက အကျိုးတရား။
(စုတိမှပြန်၍ ရေတွက်သော် ၁၇-ချက်မြောက်သော စိတ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထုတည်း။)
၄။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်း မနာယတန ဖြစ်၏၊
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း မနာယတနက အကျိုးတရား။
(ဘဝင်္ဂုပစ္ဆေဒနှင့် ဥပါဒ်ချင်းပြိုင်၍ဖြစ်သော ဟဒယဝတ္ထုရုပ်တည်း။)
၅။ စက္ခုဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် မနာယတန ဖြစ်၏၊
စက္ခုဝတ္ထုရုပ်က အကြောင်းတရား၊ စက္ခုဝိညာဏ် မနာယတနက အကျိုးတရား။
(အတီတဘဝင်နှင့် ဥပါဒ်ချင်းပြိုင်၍ ဖြစ်သော မဇ္ဈိမာယုက စက္ခုဝတ္ထုရုပ်တည်း။)
၆။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် သမ္ပဋိ စ္ဆိုင်း မနာယတန ဖြစ်၏၊
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း မနာယတနက အကျိုးတရား။
(စက္ခုဝိညာဏ် သို့မဟုတ် ပဉ္စဝိညာဏ်နှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်တည်း။)
၇။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် သန္တီရဏ မနာယတန ဖြစ်၏၊
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ သန္တီရဏ မနာယတနက အကျိုးတရား။
(သမ္ပဋိ စ္ဆိုင်းနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်တည်း။)
၈။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် ဝုဋ္ဌော မနာယတန ဖြစ်၏၊
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ ဝုဋ္ဌော မနာယတနက အကျိုးတရား။
(သန္တီရဏနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်တည်း။)
၉။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် ပထမဇော မနာယတန ဖြစ်၏၊
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ ပထမဇော မနာယတနက အကျိုးတရား။
(ဝုဋ္ဌောနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်တည်း။)
၁၀။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် ဒုတိယဇော မနာယတန ဖြစ်၏၊
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ ဒုတိယဇော မနာယတနက အကျိုးတရား။
(ပထမဇောနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်တည်း။)။ ပ။
၁၁။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် ပထမတဒါရုံ မနာယတန ဖြစ်၏၊
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ ပထမတဒါရုံ မနာယတနက အကျိုးတရား။
(သတ္တမဇောနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်တည်း။ ယေဘုယျဟု မှတ်ပါ။)
၁၂။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် ဒုတိယတဒါရုံ မနာယတန ဖြစ်၏၊
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ ဒုတိယတဒါရုံ မနာယတနက အကျိုးတရား။
(ပထမတဒါရုံနှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်တည်း။)
၁၃။ ဟဒယဝတ္ထုရုပ် ဖြစ်ခြင်းကြောင့် မနောဒွါရာဝဇ္ဇန်း မနာယတန ဖြစ်၏၊
ဟဒယဝတ္ထုရုပ်က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း မနာယတနက အကျိုးတရား။
(မိမိ၏ရှေး၌ တည်ရှိသော ဘဝင် (= ဘဝင်္ဂုပစ္ဆေဒ)နှင့် အတူဥပါဒ်သော ဟဒယဝတ္ထုရုပ်တည်း။)

ဤမျှဆိုလျှင် နည်းမှီနိုင်လောက်ပေပြီ။ နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ရေးသားတင်ပြထားသည့်အတိုင်း ဝီထိစိတ္တက္ခဏတိုင်း၌ ရှုပါ။ ဒွါရ (၆)ပါးလုံး၌ ရှုပါ။ ဒွါရတစ်မျိုးတစ်မျိုး၌လည်း ကုသိုလ်ဇောဝီထိ အကုသိုလ်ဇော ဝီထိများကို ကုန်စင်အောင် ရှုပါ။

(င) နာမ်ရုပ်ဖြစ်ခြင်းကြောင့် မနာယတန ဖြစ်ပုံ

ဤ၌ နာမ်အရ ဆိုင်ရာစိတ်နှင့် ယှဉ်ဖက်စေတသိက်ကိုသာ အရကောက်ယူပါ။ ရုပ်အရ အထက်တွင် ရှင်းလင်း တင်ပြထားသည့်အတိုင်း ဆိုင်ရာဆိုင်ရာ စိတ္တက္ခဏအတွင်း၌ တည်ရှိသော နာမ်တရားစု၏ ဆိုင်ရာဆိုင်ရာ မှီရာမှီရာ ဝတ္ထုရုပ်ကို ပဓာနထား၍ ထိုမှီရာဝတ္ထုရုပ်နှင့်တကွ မကင်းစကောင်းသော (၆၃ - ၅၃ -) စသော ရုပ်တရားများကို အရကောက်ယူပါ။ ယင်းနာမ်ရုပ်က ဆိုင်ရာဆိုင်ရာ အသိစိတ် မနာယတနအား ကျေးဇူးပြုပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အောက်ပါရှုကွက်ကို ရှုပါ။ အကြောင်းနာမ် = စေတသိက်တရားနှင့် အကျိုးမနာယတနတို့မှာ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲဖြစ်ကြသည့် သမ္ပယုတ်တရားစုတို့သာ ဖြစ်ကြသည်။ မှီရာဝတ္ထုရုပ်ကား ယေဘုယျအားဖြင့် အထက်တွင် ရှင်းပြထားသည့်အတိုင်း အကျိုးမနာယတန မဖြစ်မီ ကြိုတင်ဖြစ်နှင့်သော ပုရေဇာတတရား ဖြစ်သည်၊ ပဋိသန္ဓေအခါ၌ကား သဟဇာတတရား ဖြစ်သည်။

ရှုကွက်ပုံစံအချို့

၁။ ပဋိသန္ဓေနာမ်ရုပ် ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ မနာယတန ဖြစ်၏၊
ပဋိသန္ဓေနာမ်ရုပ်က အကြောင်းတရား၊ ပဋိသန္ဓေ မနာယတနက အကျိုးတရား။
၂။ ဘဝင်နာမ်ရုပ် ဖြစ်ခြင်းကြောင့် ဘဝင် မနာယတန ဖြစ်၏၊
ဘဝင်နာမ်ရုပ်က အကြောင်းတရား၊ ဘဝင် မနာယတနက အကျိုးတရား။
(စုတိကို ပုံစံတူ ရှုပါ။)
၃။ ပဉ္စဒွါရာဝဇ္ဇန်းနာမ်ရုပ် ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်း မနာယတန ဖြစ်၏၊
ပဉ္စဒွါရာဝဇ္ဇန်းနာမ်ရုပ်က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်း မနာယတနက အကျိုးတရား။
၄။ စက္ခုဝိညာဏ်နာမ်ရုပ် ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် မနာယတန ဖြစ်၏၊
စက္ခုဝိညာဏ်နာမ်ရုပ်က အကြောင်းတရား၊ စက္ခုဝိညာဏ် မနာယတနက အကျိုးတရား။
၅။ သမ္ပဋိ စ္ဆိုင်းနာမ်ရုပ် ဖြစ်ခြင်းကြောင့် သမ္ပဋိ စ္ဆိုင်း မနာယတန ဖြစ်၏၊
သမ္ပဋိ စ္ဆိုင်းနာမ်ရုပ်က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်း မနာယတနက အကျိုးတရား။
၆။ သန္တီရဏနာမ်ရုပ် ဖြစ်ခြင်းကြောင့် သန္တီရဏ မနာယတန ဖြစ်၏၊
သန္တီရဏနာမ်ရုပ်က အကြောင်းတရား၊ သန္တီရဏ မနာယတနက အကျိုးတရား။
၇။ ဝုဋ္ဌောနာမ်ရုပ် ဖြစ်ခြင်းကြောင့် ဝုဋ္ဌော မနာယတန ဖြစ်၏၊
ဝုဋ္ဌောနာမ်ရုပ်က အကြောင်းတရား၊ ဝုဋ္ဌော မနာယတနက အကျိုးတရား။
၈။ ပထမဇောနာမ်ရုပ် ဖြစ်ခြင်းကြောင့် ပထမဇော မနာယတန ဖြစ်၏၊
ပထမဇောနာမ်ရုပ်က အကြောင်းတရား၊ ပထမဇော မနာယတနက အကျိုးတရား။
(ဒုတိယဇောစသည် နည်းမှီ၍ ရှုပါ။)
၉။ ပထမတဒါရုံနာမ်ရုပ် ဖြစ်ခြင်းကြောင့် ပထမတဒါရုံ မနာယတန ဖြစ်၏၊
ပထမတဒါရုံနာမ်ရုပ်က အကြောင်းတရား၊ ပထမတဒါရုံ မနာယတနက အကျိုးတရား။
(ဒုတိယတဒါရုံကို နည်းမှီ၍ ရှုပါ။)
၁၀။ မနောဒွါရာဝဇ္ဇန်းနာမ်ရုပ် ဖြစ်ခြင်းကြောင့် မနောဒွါရာဝဇ္ဇန်း မနာယတနဖြစ်၏၊
မနောဒွါရာဝဇ္ဇန်းနာမ်ရုပ်က အကြောင်းတရား၊ မနောဒွါရာဝဇ္ဇန်း မနာယတနက အကျိုးတရား။

နည်းမှီ၍ ရှုရန် ရှုကွက်များ

[ရူပါရုံကို အာရုံပြုသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိတို့၌ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများအတိုင်း စိတ္တက္ခဏ တိုင်းဝယ် ရှုပါ။ သဒ္ဒါရုံကို အာရုံယူသည့် သောတဒွါရဝီထိစသည်တို့၌လည်း ပုံစံတူပင် ရှုပါ။ ဝီထိ (၆)မျိုးလုံး၌ ကုသိုလ်ဇောဝီထိ အကုသိုလ်ဇောဝီထိများကို ကုန်စင်အောင် ရှုပါ။ ပဉ္စဒွါရာဝဇ္ဇန်း၊ ဝုဋ္ဌော၊ ဇော၊ မနောဒွါရာဝဇ္ဇန်းတို့ကို ပရမတ္ထဓာတ်သားများကို မကြွင်းမကျန်စေလို၍ ရောနှောကာ ရှုခြင်း ဖြစ်သည်။“

သဠာယတနပစ္စယာ ဖေဿာ = သဠာယတနဖြစ်ခြင်းကြောင့် ဖဿ ဖြစ်၏၊

ဖဿ –– စက္ခုသမ္ဖဿ, သောတသမ္ဖဿ, ဃာနသမ္ဖဿ, ဇိဝှါသမ္ဖဿ, ကာယသမ္ဖဿ, မနောသမ္ဖဿဟု အကျဉ်းအားဖြင့် ဖဿ (၆)မျိုး ရှိ၏၊ ထိုတွင် ပဋိသန္ဓေˆဘဝင်-စုတိတို့နှင့် ယှဉ်သော ဖဿ, ပဉ္စဒွါရာဝဇ္ဇန်း, သမ္ပဋိ စ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, ဇော, တဒါရုံ, မနောဒွါရာဝဇ္ဇန်းတို့နှင့် ယှဉ်သော ဖဿ –– ဤဖဿအားလုံးသည် မနောသမ္ဖဿ မည်၏၊

သမ္မောဟဝိနောဒနီအဋ္ဌကထာနှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာကြီးများ[၈၅၉]နှင့် အညီ ဤပဋိစ္စသမုပ္ပါဒ် သုတ္တန္တဘာဇနီယ ဒေသနာတော်ကား အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံ၍ ပြုစုပျိုးထောင်ထားသော ကံကြောင့် အကျိုးဝိပါကဝဋ် ဖြစ်ပုံကို ထင်ရှားဖော်ပြသော ဥပါဒိဏ္ဏကပဝတ္တိကထာ ဒေသနာတော် ဖြစ်၏၊ ထိုကြောင့် မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်၌ အကျုံးဝင်သော အကြောင်းတရားနှင့် အကျိုးတရားကိုသာ ဆရာမြတ်တို့က ထင်ရှားပြတော်မူကြသည်။

မဟာဝိဟာရဝါသီ ဆရာမြတ်ကြီးတို့ကား ပဋိစ္စသမုပ္ပါဒကထာဝယ် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတို့၌ အကြောင်းအကျိုး နှစ်ရပ်လုံးဝယ် မိမိသန္တာန်၌ အကျုံးဝင်သော အကြောင်းအကျိုးကို ထင်ရှားပြတော်မူရာ၌ ဝိပါကဝဋ်တရားကိုသာလျှင် အလိုရှိတော်မူကြ၏၊[၈၆၀]

အဘိဓမ္မာဝိဘင်းပါဠိတော်[၈၆၁]၌ –– ဆဋ္ဌာယတနပစ္စယာ ဖေဿာ = ခြောက်ခုမြောက် အာယတန = မနာယတနဖြစ်ခြင်းကြောင့် မနောသမ္ဖဿ ဖြစ်၏ဟု ဟောကြားထားတော်မူ၏၊ ထိုပါဠိတော်ကား အရူပဘုံ၌ မနာယတနကြောင့် ဖဿ ဖြစ်ပုံ = မနောသမ္ဖဿ ဖြစ်ပုံကို ရည်ရွယ်၍ ဟောကြားထားတော်မူခြင်း ဖြစ်၏၊ ထိုကြောင့် ပဉ္စဝေါကာရဘုံ၌ သဠာယတန, အရူပဘုံ၌ ဆဋ္ဌာယတနဟု မှတ်သားပါ။

သဠာယတန ––- စက္ခာယတန, သောတာယတန, ဃာနာယတန, ဇိဝှါယတန, ကာယာယတန, မနာယတန ဟူသော အတွင်းအာယတန = အဇ္ဈတ္တိကာယတန (၆)ပါး, ရူပါယတန, သဒ္ဒါယတန, ဂန္ဓာယတန, ရသာယတန, ဖောဋ္ဌဗ္ဗာယတန, ဓမ္မာယတနဟု အပြင်အာယတန = ဗာဟိရာယတန (၆)ပါး - နှစ်ရပ်ပေါင်း အာယတန (၁၂)ပါး လုံးကိုပင် ဤအရာ၌ သဠာယတနအရ ကောက်ယူပါ။ ဤအတွင်းအာယတန အပြင်အာယတနတို့ကား စိတ် စေတသိက်တို့ကို ကျယ်ပြန့်အောင် ချဲ့ထွင်တတ်သော ကိရိယာ တန်ဆာပလာများ ဖြစ်ကြသည်။ စက္ခာယတနဟူသော စက္ခုအကြည်ဓာတ်နှင့် ရူပါယတနဟူသော ရူပါရုံတို့ တွေ့ဆုံကြုံကြိုက်ရာဝယ် ယင်းရူပါရုံသည် ဣဋ္ဌာရုံဖြစ်က ပြုံး၍ ပုံကြီးချဲ့တတ်၏၊ ယင်းရူပါရုံသည် အနိဋ္ဌာရုံ ဖြစ်က မဲ့၍ ပုံကြီးချဲ့တတ်၏၊ ထိုကြောင့် ယင်းစက္ခာယတန ရူပါယတန တို့သည် ရူပါရုံကို အာရုံယူကြသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိတည်းဟူသော စိတ် စေတသိက်တို့ကို ကျယ်ပြန့်အောင် ချဲ့ထွင်ပေးတတ်သော ပုံကြီးချဲ့ကြိယာ တန်ဆာပလာတို့ ဖြစ်ကြသည်။ ဤသို့စသည်ဖြင့် သဘောပေါက်ပါ။

ယင်းအာယတန (၁၂)ပါးတို့တွင် ဓမ္မာယတန၌ ––- (က) စေတသိက် (၅၂)ပါး, (ခ) သုခုမရုပ် (၁၆)ပါးတို့ ပါဝင်လျက် ရှိကြ၏၊ ထို့ကြောင့် ဆိုင်ရာစိတ်နှင့် ယှဉ်ဖက်စေတသိက်ဟူသမျှသည် ဓမ္မာယတန မည်၏၊ သုခုမရုပ်တို့တွင် ဟဒယဝတ္ထုရုပ်လည်း ပါဝင်နေသဖြင့် ယင်းဟဒယဝတ္ထုရုပ်သည်လည်း ဓမ္မာယတနပင် မည်ပေသည်။ ဆိုင်ရာ စိတ်နှင့် ယှဉ်ဖက်စေတသိက်များကို အထူးသဖြင့် ဆိုင်ရာ ဖဿနှင့် ယှဉ်ဖက်စေတသိက်များကို သမ္ပယုတ်ဓမ္မာယတနဟု ခေါ်ဝေါ်သုံးစွဲထားပါသည်။ အသိစိတ် = ဝိညာဏ်ဟူသမျှကား မနာယတနဟူသော အမည်ကို ရရှိပေသည်။

ရှုကွက်ပုံစံအချို့

ပဋိသန္ဓေမနောသမ္ဖဿ == ပဋိသန္ဓေစိတ်နှင့် ယှဉ်သော ဖဿ

၁။ ဟဒယဝတ္ထု = ဓမ္မာယတန ဖြစ်ခြင်းကြောင့် ပဋိသန္ဓေမနောသမ္ဖဿ ဖြစ်၏၊
ဟဒယဝတ္ထုဓမ္မာယတနက အကြောင်းတရား၊ ပဋိသန္ဓေမနောသမ္ဖဿက အကျိုးတရား။
၂။ (ကံ-ကမ္မနိမိတ်-ဂတိနိမိတ် သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော) ဗာဟိရာယတန ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ မနောသမ္ဖဿ ဖြစ်၏၊
ဗာဟိရာယတနက အကြောင်းတရား၊ ပဋိသန္ဓေမနောသမ္ဖဿက အကျိုးတရား။
၃။ ပဋိသန္ဓေဝိညာဏ် = မနာယတန ဖြစ်ခြင်းကြောင့် ပဋိသန္ဓေမနောသမ္ဖဿ ဖြစ်၏၊
ပဋိသန္ဓေဝိညာဏ် = မနာယတနက အကြောင်းတရား၊ ပဋိသန္ဓေမနောသမ္ဖဿက အကျိုးတရား။
၄။ သမ္ပယုတ်ဓမ္မာယတန (= ၃၂) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေမနောသမ္ဖဿ ဖြစ်၏၊
သမ္ပယုတ်ဓမ္မာယတန (= ၃၂)က အကြောင်းတရား၊ ပဋိသန္ဓေမနောသမ္ဖဿက အကျိုးတရား။

ပဋိသန္ဓေမနောသမ္ဖဿမှာလည်း နာမ်တရားပင် ဖြစ်၏၊ နာမ်တရားတို့၏ ဓမ္မတာအတိုင်း မှီရာဝတ္ထုရုပ် ရှိပါမှသာ (ပဉ္စဝေါကာရဘုံ၌) ဖြစ်နိုင်၏၊ တစ်ဖန် ဖဿသည် အာရုံကို တွေ့ထိတတ်သော သဘောဖြစ်ရာ တွေ့ထိစရာ အာရုံရှိပါမှ တွေ့ထိမှု ဖဿလည်း ဖြစ်နိုင်၏၊ တွေ့ထိစရာ အာရုံ မရှိပါက တွေ့ထိမှု ဖဿလည်း မဖြစ်နိုင်။ ယင်း ပဋိသန္ဓေ နာမ်တရားစု၏ အာရုံမှာ ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံ သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံဖြစ်ရာ ယင်းအာရုံမှာ အာရုံ (၆)ပါး ထိုက်သလို ဖြစ်နိုင်၏၊ အကယ်၍ ကံအာရုံဖြစ်လျှင် ယင်းကံအာရုံမှာ လူသားများအတွက် ကုသိုလ်စေတနာပင် ဖြစ်၍ ယင်းကုသိုလ်စေတနာမှာ ဓမ္မာယတနပင် ဖြစ်၏၊ ယင်းဓမ္မာယတနကို ကွက်၍ ရှုလိုပါက အမှတ် (၂) အာရုံတွင် အောက်ပါအတိုင်း ပြောင်းရှုပါ ..။

၂။ ကံ-အာရုံ = ဓမ္မာယတန ဖြစ်ခြင်းကြောင့် ပဋိသန္ဓေမနောသမ္ဖဿ ဖြစ်၏၊
ကံ-အာရုံ = ဓမ္မာယတနက အကြောင်းတရား၊ ပဋိသန္ဓေမနောသမ္ဖဿက အကျိုးတရား။

သမ္ပယုတ်ဓမ္မာယတန – ပဋိသန္ဓေဝိညာဏ်နှင့် ယှဉ်ဖက်စေတသိက်များမှာ သောမနဿတိဟိတ်ပဋိသန္ဓေ ဖြစ်လျှင် (၃၃) ရှိကြ၏၊ ယင်းတို့တွင် ဖဿလည်း ပါဝင်၏၊ ပဋိသန္ဓေမနောသမ္ဖဿတည်း။ ပဋိသန္ဓေဝိညာဏ်စိတ်မှာ မနာယတနတည်း။ တစ်ဖန် စေတသိက် (၃၃)တွင် အကျိုးဖဿကို နှုတ်ပါက စေတသိက် (၃၂)တို့ ဖြစ်ကြ၏၊ ယင်းစေတသိက်တို့ကား ဓမ္မာယတနတရားစုတို့တည်း၊ သမ္ပယုတ်ဓမ္မာယတနတည်း။ အရာရာတိုင်းတွင် နည်းတူ မှတ်ပါ။ ဘဝင်မနောသမ္ဖဿ, စုတိမနောသမ္ဖဿတို့ကိုလည်း ပဋိသန္ဓေမနောသမ္ဖဿကို နည်းမှီ၍ ရှုပါလေ။

ပဉ္စဒွါရာဝဇ္ဇန်းမနောသမ္ဖဿ (ရူပါရုံလိုင်း)

၁။ ဟဒယဝတ္ထု = ဓမ္မာယတန ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်းမနောသမ္ဖဿ ဖြစ်၏၊
ဟဒယဝတ္ထုဓမ္မာယတနက အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်းမနောသမ္ဖဿက အကျိုးတရား။
၂။ ရူပါယတန = ရူပါရုံ ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်းမနောသမ္ဖဿ ဖြစ်၏၊
ရူပါယတန = ရူပါရုံက အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်းမနောသမ္ဖဿက အကျိုးတရား။
၃။ ပဉ္စဒွါရာဝဇ္ဇန်းမနာယတန ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်းမနောသမ္ဖဿ ဖြစ်၏၊
ပဉ္စဒွါရာဝဇ္ဇန်းမနာယတနက အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်းမနောသမ္ဖဿက အကျိုးတရား။
၄။ သမ္ပယုတ်ဓမ္မာယတန (= ၉) ဖြစ်ခြင်းကြောင့် ပဉ္စဒွါရာဝဇ္ဇန်းမနောသမ္ဖဿ ဖြစ်၏၊
သမ္ပယုတ်ဓမ္မာယတန (= ၉)က အကြောင်းတရား၊ ပဉ္စဒွါရာဝဇ္ဇန်းမနောသမ္ဖဿက အကျိုးတရား။ [၈၆၂]

ပဉ္စဒွါရာဝဇ္ဇန်းမနောသမ္ဖဿ (ရူပါရုံလိုင်း)

၁။ ဟဒယဝတ္ထု = ဓမ္မာယတန ...
၂။ ရူပါယတန (= ရူပါရုံ) ...
၃။ ပဉ္စဒွါရာဝဇ္ဇန်းမနာယတန ...
၄။ သမ္ပယုတ်ဓမ္မာယတန (= ၉) ...

စက္ခုသမ္ဖဿ = စက္ခုဝိညာဏ်နှင့် ယှဉ်သော ဖဿ

၁။ စက္ခာယတန (= စက္ခုဝတ္ထု ) ...
၂။ ရူပါယတန (= ရူပါရုံ) ...
၃။ စက္ခုဝိညာဏ်မနာယတန ...
၄။ သမ္ပယုတ်ဓမ္မာယတန (= ၆) ...

သမ္ပဋိ စ္ဆိုင်းမနောသမ္ဖဿ (ရူပါရုံလိုင်း)

၁။ ဟဒယဝတ္ထု = ဓမ္မာယတန ...
၂။ ရူပါယတန ...
၃။ သမ္ပဋိ စ္ဆိုင်းမနာယတန ...
၄။ သမ္ပယုတ်ဓမ္မာယတန (= ၉) ...

သန္တီရဏမနောသမ္ဖဿ (ရူပါရုံလိုင်း)

၁။ ဟဒယဝတ္ထု = ဓမ္မာယတန ...
၂။ ရူပါယတန ...
၃။ သန္တီရဏမနာယတန ...
၄။ သမ္ပယုတ်ဓမ္မာယတန (= ၉/၁၀) ...

ဝုဋ္ဌောမနောသမ္ဖဿ (ရူပါရုံလိုင်း)

၁။ ဟဒယဝတ္ထု = ဓမ္မာယတန ...
၂။ ရူပါယတန ...
၃။ ဝုဋ္ဌောမနာယတန ...
၄။ သမ္ပယုတ်ဓမ္မာယတန (= ၁၀) ...

ပထမဇောမနောသမ္ဖဿ (ရူပါရုံလိုင်း)

၁။ ဟဒယဝတ္ထု = ဓမ္မာယတန ...
၂။ ရူပါယတန ...
၃။ ပထမဇောမနာယတန ...
၄။ သမ္ပယုတ်ဓမ္မာယတန (= ၃၂) ...[၈၆၃]

ပထမတဒါရုံ မနောသမ္ဖဿ (ရူပါရုံလိုင်း)

၁။ ဟဒယဝတ္ထု = ဓမ္မာယတန ...
၂။ ရူပါယတန ...
၃။ တဒါရုံမနာယတန ...
၄။ သမ္ပယုတ်ဓမ္မာယတန (= ၃၂) ...[၈၆၄]

မနောဒွါရာဝဇ္ဇန်း မနောသမ္ဖဿ (ရူပါရုံလိုင်း)

၁။ ဟဒယဝတ္ထု = ဓမ္မာယတန ...
၂။ ရူပါယတန ...
၃။ မနောဒွါရာဝဇ္ဇန်းမနာယတန ...
၄။ သမ္ပယုတ်ဓမ္မာယတန (= ၁၀) ...[၈၆၅]

ဖဿပစ္စယာ ဝေဒနာ = ဖဿဖြစ်ခြင်းကြောင့် ဝေဒနာ ဖြစ်၏၊

၁။ စက္ခုသမ္ဖဿဇာ ဝေဒနာ = စက္ခုသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာ၊
၂။ သောတသမ္ဖဿဇာ ဝေဒနာ = သောတသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာ၊
၃။ ဃာနသမ္ဖဿဇာ ဝေဒနာ = ဃာနသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာ၊
၄။ ဇိဝှါသမ္ဖဿဇာ ဝေဒနာ = ဇိဝှါသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာ၊
၅။ ကာယသမ္ဖဿဇာ ဝေဒနာ = ကာယသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာ၊
၆။ မနောသမ္ဖဿဇာ ဝေဒနာ = မနောသမ္ဖဿကြောင့်ဖြစ်သော ဝေဒနာ၊

ဤသို့လျှင် ဖဿ (၆)မျိုးကြောင့် ဝေဒနာ (၆)မျိုး ဖြစ်၏၊[၈၆၆]

ဤအရာဝယ် ယောဂီသူတော်ကောင်းသည် စက္ခုသမ္ဖဿဇာ ဝေဒနာ, စက္ခုသမ္ဖဿပစ္စယာ ဝေဒနာ စသည်တို့ကို သိထားသင့်ပေသည်။ ရှေ့ပိုင်း[၈၆၇]တွင် ပြန်ကြည့်ပါ။

ယောဂီသူတော်ကောင်းသည် စက္ခုသမ္ဖဿကြောင့် စက္ခုသမ္ဖဿဇာ ဝေဒနာ အသီးအသီး ဖြစ်ပုံကို (နာမ်ကမ္မဋ္ဌာန်းပိုင်းဇယား၌ ရေးသားတင်ပြထားသည့်အတိုင်း) ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ တစ်တန်းတစ်တန်းလျှင် တစ်ချက်စီ တစ်ချက်စီ အောက်ပါအတိုင်း ရှုပါ။ သောတသမ္ဖဿကြောင့် သောတသမ္ဖဿဇာ ဝေဒနာစသည်တို့ ဖြစ်ရာ၌လည်း နည်းတူပင် ရှုပါ။ ––

၁။ စက္ခုသမ္ဖဿ ဖြစ်ခြင်းကြောင့် စက္ခုသမ္ဖဿဇာ ဝေဒနာ ဖြစ်၏၊
စက္ခုသမ္ဖဿက အကြောင်းတရား၊ စက္ခုသမ္ဖဿဇာ ဝေဒနာက အကျိုးတရား။
၂။ သောတသမ္ဖဿ ဖြစ်ခြင်းကြောင့် သောတသမ္ဖဿဇာ ဝေဒနာ ဖြစ်၏၊
သောတသမ္ဖဿက အကြောင်းတရား၊ သောတသမ္ဖဿဇာ ဝေဒနာက အကျိုးတရား။
၃။ ဃာနသမ္ဖဿ ဖြစ်ခြင်းကြောင့် ဃာနသမ္ဖဿဇာ ဝေဒနာ ဖြစ်၏၊
ဃာနသမ္ဖဿက အကြောင်းတရား၊ ဃာနသမ္ဖဿဇာ ဝေဒနာက အကျိုးတရား။
၄။ ဇိဝှါသမ္ဖဿ ဖြစ်ခြင်းကြောင့် ဇိဝှါသမ္ဖဿဇာ ဝေဒနာ ဖြစ်၏၊
ဇိဝှါသမ္ဖဿက အကြောင်းတရား၊ ဇိဝှါသမ္ဖဿဇာ ဝေဒနာက အကျိုးတရား။
၅။ ကာယသမ္ဖဿ ဖြစ်ခြင်းကြောင့် ကာယသမ္ဖဿဇာ ဝေဒနာ ဖြစ်၏၊
ကာယသမ္ဖဿက အကြောင်းတရား၊ ကာယသမ္ဖဿဇာ ဝေဒနာက အကျိုးတရား။
၆။ မနောသမ္ဖဿ ဖြစ်ခြင်းကြောင့် မနောသမ္ဖဿဇာ ဝေဒနာ ဖြစ်၏၊
မနောသမ္ဖဿက အကြောင်းတရား၊ မနောသမ္ဖဿဇာ ဝေဒနာက အကျိုးတရား။

ဝေဒနာပစ္စယာ တဏှာ = ဝေဒနာ ဖြစ်ခြင်းကြောင့် တဏှာ ဖြစ်၏၊

တဏှာ (၆) မျိုး – ဝေဒနာ (၆)မျိုးကြောင့် ဖြစ်သော တဏှာမှာ ရူပတဏှာ သဒ္ဒတဏှာ ဂန္ဓတဏှာ ရသတဏှာ ဖောဋ္ဌဗ္ဗတဏှာ ဓမ္မတဏှာဟု (၆)မျိုး ပြား၏၊[၈၆၈]

ထိုတဏှာတို့တွင် တစ်မျိုးတစ်မျိုးသော တဏှာသည် ဖြစ်ပုံအခြင်းအရာအားဖြင့် ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာဟု သုံးမျိုးစီ ပြား၏၊ မှန်ပေသည် –– ရူပတဏှာသည်ပင်လျှင် အကြင်အခါ၌ စက္ခုဒွါရဝယ် ထင်ခြင်းသို့ ရောက်ရှိလာသော ရူပါရုံကို ကာမဿာဒ = ဝတ္ထုကာမကို လွန်စွာ သာယာခြင်း၏ အစွမ်းဖြင့် လွန်စွာ သာယာလျက် ဖြစ်ပေါ်လာ၏၊ ထိုအခါ၌ ကာမတဏှာ မည်၏၊

အကြင်အခါ၌ကား ထိုရူပါရုံသည်ပင်လျှင် မြဲ၏ အခါခပ်သိမ်း ထင်ရှား ရှိ၏ဟု ဤသို့ ဖြစ်ပေါ်လာသော သဿတဒိဋ္ဌိနှင့် အတူတကွ ဖြစ်ပေါ်လာ၏၊ ထိုအခါ၌ ဘဝတဏှာ မည်၏၊ မှန်ပေသည် သဿတဒိဋ္ဌိနှင့် အတူတကွ ဖြစ်သော ရာဂကို ဘဝတဏှာဟူ၍ ဆိုအပ်၏၊

တစ်ဖန် အကြင်အခါ၌ ထိုရူပါရုံသည်ပင်လျှင် သေလျှင်ပြတ်၏ ပျက်စီး၏ဟု ဤသို့ဖြစ်ပေါ်လာသော ဥစ္ဆေဒဒိဋ္ဌိနှင့် အတူတကွ ဖြစ်၏၊ ထိုအခါ၌ ယင်း ရူပတဏှာသည် ဝိဘဝတဏှာ မည်၏၊ မှန်ပေသည် ဥစ္ဆေဒဒိဋ္ဌိနှင့် အတူတကွ ဖြစ်သော ရာဂကို ဝိဘဝတဏှာဟူ၍ ဆိုအပ်၏၊ သဒ္ဒတဏှာ စသည်တို့၌လည်း ဤနည်းအတိုင်း မှတ်ပါ၊၊[၈၆၉]

ဘဝတဏှာ –– ရူပါရုံကိုဖြစ်စေ, သဒ္ဒါရုံစသော အာရုံကိုဖြစ်စေ အတ္တဟု စွဲယူ၍ ထိုအတ္တသည် - ''မြဲ၏''ဟု ယူတတ်သော ဒိဋ္ဌိကို = သဿတဒိဋ္ဌိကို ဘဝဟု ခေါ်၏၊ ထိုဘဝနှင့် အတူတကွဖြစ်သော တဏှာသည် ဘဝတဏှာ မည်၏၊[၈၇၀]

ဝိဘဝတဏှာ ––- အာရုံ (၆)ပါး တစ်ပါးပါးကို အတ္တဟု စွဲယူ၍ ထိုအတ္တသည် အမြဲမဖြစ်, သေလျှင် ပြတ်၏ဟု ယူတတ်သော ဒိဋ္ဌိကို = ဥစ္ဆေဒဒိဋ္ဌိကို ဝိဘဝဟု ခေါ်၏၊ ထိုဝိဘဝနှင့် အတူတကွဖြစ်သော တဏှာသည် ဝိဘဝတဏှာ မည်၏၊[၈၇၁]

ကံ၏ အကျိုးတရားကို အလွန် လိုလားတောင့်တသော ပတ္ထနာ၏ အစွမ်းဖြင့် သတ္တဝါတို့သည် ကံတို့ကိုလည်း ပြုစုပျိုးထောင်ကြ၏၊ ထို့ကြောင့် စက္ခုဒွါရဝီထိစသော ထိုထိုဝီထိများ၏ အတွင်း၌ တည်ရှိကြသော ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံတို့နှင့် ယှဉ်သော ဝိပါက်ဝေဒနာတို့ကသာ လောဘမူစိတ္တုပ္ပါဒ်များတွင် ပါဝင်သော တဏှာ = လောဘအား အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ထူးထူးကဲကဲ ကျေးဇူးပြု၍ အာဝဇ္ဇန်း ဝုဋ္ဌော ဇော ဝေဒနာတို့က သာမညအားဖြင့်သာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏ဟု မူလဋီကာ[၈၇၂]နှင့် အနုဋီကာ[၈၇၃]တို့က ဖွင့်ဆိုထားကြ၏၊

ထိုသို့ ဖွင့်ဆိုထားသဖြင့် အကြောင်းဝေဒနာနှင့် အကျိုးတဏှာတို့မှာ ဝီထိစိတ်အစဉ်တစ်ခုအတွင်း၌လည်း ဖြစ်နိုင်၍ ဝီထိစိတ်အစဉ် ခြားလျက်လည်း ဖြစ်နိုင်၏ဟု မှတ်ပါ။ သို့အတွက် အကြောင်းတရားဘက်တွင် တည်ရှိသော စက္ခုသမ္ဖဿဇာ ဝေဒနာအရ စက္ခုဒွါရဝီထိအတွင်း၌ စိတ္တက္ခဏအသီးအသီးနှင့် ယှဉ်သော ဝေဒနာနှင့် ရူပါရုံကိုပင် ဆက်လက်အာရုံယူသည့် မနောဒွါရဝီထိများအတွင်း၌ တည်ရှိသော စိတ္တက္ခဏအသီးအသီးနှင့် ယှဉ်သော ဝေဒနာများ ကိုပင် ရူပါရုံကို တပ်မက်တွယ်တာသည့် ရူပတဏှာ၏ အကြောင်းတရားအဖြစ် ထိုက်သလို အရကောက်ယူပါ။ သဒ္ဒတဏှာစသည်၏ အကြောင်းရင်းဖြစ်သော သောတသမ္ဖဿဇာ ဝေဒနာ စသည်တို့၌လည်း နည်းတူ သဘောပေါက်ပါ။

အကြောင်းတရားဘက်၌ ဝိပါက်ဝေဒနာကိုသာ ပဓာန ကောက်ယူရသဖြင့် အကြောင်းဝေဒနာနှင့် အကျိုး တဏှာတို့မှာ များသောအားဖြင့် စိတ္တက္ခဏတစ်ခု၏ အတွင်း၌ မဖြစ်ဘဲ စိတ္တက္ခဏတစ်ခုသော်လည်းကောင်း, များစွာသော်လည်းကောင်း, ဝီထိပေါင်းများစွာသော်လည်းကောင်း ဝေးကွာမှု ကွာခြားမှု ရှိကောင်းရှိနိုင်မည်ကို သတိပြုပါ။

အနာဂတ်ဝဋ္ဋကထာ

ဤအပိုင်းကား ဝဋ္ဋကထာ = သံသရာဝဋ်လည်ပတ်ပုံကို ပြဆိုရာအပိုင်း ဖြစ်သဖြင့် ယောဂီသူတော်ကောင်း၏ သန္တာန်ဝယ် အနာဂတ်ဘဝ တစ်ခုခုအတွက် ရည်ရွယ်၍ ပြုစုပျိုးထောင်နေသော စီမံကိန်းများနှင့်သာ သက်ဆိုင်သော အပိုင်းဖြစ်သည်။ သို့အတွက် အနာဂတ်ဘဝသစ် တစ်ခုခုအတွက် ရည်ရော်မျှော်မှန်း၍ ဖြစ်ပေါ်ခံစားနေရသော ဝေဒနာကြောင့် အနာဂတ်ဘဝသစ်ခန္ဓာ ဘဝသစ်အာရုံကို တွယ်တာတပ်မက်သည့် တဏှာဖြစ်ပုံကိုသာ ပဓာနထား၍ ရှုပါ။ ဤတဏှာနှင့်တကွ နောက်တွင် ဆက်လက် ဖော်ပြမည့် ဥပါဒါန် ကမ္မဘဝတို့မှာ နိဗ္ဗာန်မရမီ စပ်ကြားကာလ၌ ရရှိနိုင်မည့် အနာဂတ်ဘဝ တစ်ခုခုကို ရည်မျှော်၍ ပြုစုပျိုးထောင်နေသော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော ပစ္စုပ္ပန်အကြောင်းတရားပိုင်းသာ ဖြစ်ကြသည်။ သို့အတွက် ယောဂီသူတော်ကောင်းသည် မိမိ၏ အနာဂတ်ဘဝအတွက် ပြုစုပျိုးထောင်နေသော (အဝိဇ္ဇာ) တဏှာ ဥပါဒါန် (သင်္ခါရ) ကံတို့ကိုသာ ပဓာနထား၍ ရှုပါ။

ရှုကွက်ပုံစံအချို့

၁။ စက္ခုသမ္ဖဿဇာ ဝေဒနာ ဖြစ်ခြင်းကြောင့် ရူပတဏှာ ဖြစ်၏၊
စက္ခုသမ္ဖဿဇာ ဝေဒနာက အကြောင်းတရား၊ ရူပတဏှာက အကျိုးတရား။
၂။ သောတသမ္ဖဿဇာ ဝေဒနာ ဖြစ်ခြင်းကြောင့် သဒ္ဒတဏှာ ဖြစ်၏၊
သောတသမ္ဖဿဇာ ဝေဒနာက အကြောင်းတရား၊ သဒ္ဒတဏှာက အကျိုးတရား။
၃။ ဃာနသမ္ဖဿဇာ ဝေဒနာ ဖြစ်ခြင်းကြောင့် ဂန္ဓတဏှာ ဖြစ်၏၊
ဃာနသမ္ဖဿဇာ ဝေဒနာက အကြောင်းတရား၊ ဂန္ဓတဏှာက အကျိုးတရား။
၄။ ဇိဝှါသမ္ဖဿဇာ ဝေဒနာ ဖြစ်ခြင်းကြောင့် ရသတဏှာ ဖြစ်၏၊
ဇိဝှါသမ္ဖဿဇာ ဝေဒနာက အကြောင်းတရား၊ ရသတဏှာက အကျိုးတရား။
၅။ ကာယသမ္ဖဿဇာ ဝေဒနာ ဖြစ်ခြင်းကြောင့် ဖောဋ္ဌဗ္ဗတဏှာ ဖြစ်၏၊
ကာယသမ္ဖဿဇာ ဝေဒနာက အကြောင်းတရား၊ ဖောဋ္ဌဗ္ဗတဏှာက အကျိုးတရား။
၆။ မနောသမ္ဖဿဇာ ဝေဒနာ ဖြစ်ခြင်းကြောင့် ဓမ္မတဏှာ ဖြစ်၏၊
မနောသမ္ဖဿဇာ ဝေဒနာက အကြောင်းတရား၊ ဓမ္မတဏှာက အကျိုးတရား။

ဓမ္မတဏှာ – ဓမ္မတဏှာဟူသည် အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ - ဟူသော အာရုံ (၅)ပါးမှ ကြွင်းသော စိတ်စေတသိက် ရုပ်တရားတို့နှင့် ပညတ်အာရုံ အမျိုးမျိုးအပေါ်တွင် တွယ်တာတပ်မက်သည့် တဏှာတည်း။ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ရေးသားတင်ပြထားသည့် ဇယားအတန်းများဝယ် တစ်တန်းတစ်တန်း၌ အနည်းဆုံး တစ်ချက်စီ ရှုပါ။ ဒွါရ (၆)ပါးလုံး၌ ထိုက်သလို ရှုပါ။

ရဟန္တာ အရှင်မြတ်တို့၏ သန္တာန်၌ကား

ဝေဒနာပစ္စယာ စာပိ၊ ယသ္မာ နာနုသယံ ဝိနာ။
ဟောတိ တသ္မာ န သာ ဟောတိ၊ ဗြာဟ္မဏဿ ဝုသီမတော။
[၈၇၄]

= ဆက်၍ ဆိုဦးအံ့ ..။ ယသ္မာ = အကြင်အကြောင်းကြောင့်။ ဝေဒနာပစ္စယာ = ဝေဒနာဟူသော အကြောင်းတရား ထင်ရှားရှိသည်။ သမာနာပိ = ဖြစ်ပါသော်လည်း။ အနုသယံ = အရိယမဂ်တရားဖြင့် မပယ်ရှား ရသေးသည့်အတွက် အငုပ်ဓာတ်အနေ ကိန်းဝပ်တည်နေသည့် အနုသယဝေဒနာကို။ ဝိနာ = ကြဉ်ဖယ်ထား၍။ တဏှာ = ထိုထိုဘဝ ထိုထိုအာရုံကို တွယ်တာ တပ်မက်တတ်သည့် တဏှာတရားသည်။ န ဟောတိ = ပရိယုဋ္ဌာန အနေအားဖြင့် စိတ်အစဉ်ဝယ် ထင်ရှား ဖြစ်ပေါ်မလာနိုင်။ တသ္မာ = ထိုကြောင့်။ ဝုသီမတော = ကျင့်သုံးအပ်ပြီးသော မဂ္ဂဗြဟ္မစရိယ တည်းဟူသော မွန်မြတ်သော အကျင့်ရှိသော။ ဗြာဟ္မဏဿ = မကောင်းမှု အကုသိုလ် များထိုထိုကို မျှောအပ်ပြီးသော ရဟန္တာအရှင်မြတ်၏ သန္တာန်၌။ သာ = ထိုတဏှာသည်။ န ဟောတိ = ဥပါဒ် ဌီ ဘင်အနေ ထင်ရှား မဖြစ်နိုင်တော့ပေ။

''ဝေဒနာဟူသော အကြောင်းရှိတိုင်း တဏှာဖြစ်တမ်း''ဟု ဆိုလျှင် ''ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌လည်း ဝေဒနာကြောင့် တဏှာဖြစ်သည်''ဟု မှတ်ရတော့မည်လောဟု စောဒနာဖွယ်ရှိသောကြောင့် –– ဝေဒနာပစ္စယာ စာပိ-စသော အထက်ပါ ဂါထာကို အဋ္ဌကထာများက မိန့်ဆိုတော်မူကြခြင်း ဖြစ်၏၊ –– ဝေဒနာကြောင့် တဏှာဖြစ်ရာ၌ ခန္ဓာအစဉ်ဝယ် အနုသယဓာတ်အဖြစ်ဖြင့် ကိန်းဝပ်တည်နေသော တဏှာရှိသူ၏ သန္တာန်၌သာ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှားစွာ ဖြစ်ပေါ်လာခြင်း ပရိယုဋ္ဌာနတဏှာ ဖြစ်နိုင်၏၊ နဂိုမူလက အနုသယတဏှာကုန်ပြီးသော အရိယမဂ္ဂဘာဝနာတည်းဟူသော အလွန် မွန်မြတ်သော ကျင့်စဉ်ကို ကျင့်သုံးပြီးသော ရဟန္တာအရှင်မြတ်တို့၏ ရုပ်နာမ်သန္တာန်အစဉ်၌ကား ဝေဒနာကြောင့် တဏှာ မဖြစ်နိုင်ပါ ဟူလို။

တဏှာပစ္စယာ ဥပါဒါနံ = တဏှာဖြစ်ခြင်းကြောင့် ဥပါဒါန် ဖြစ်၏၊

ဥပါဒါန် ––- ကာမုပါဒါန်, ဒိဋ္ဌုပါဒါန်, သီလဗ္ဗတုပါဒါန်, အတ္တဝါဒုပါဒါန်ဟု ဥပါဒါန် (၄)မျိုး ရှိ၏၊

၁။ ကာမုပါဒါန် – အာရုံငါးပါး ကာမဂုဏ်တရားတည်းဟူသော ကာမဝတ္ထု၌ တွယ်တာတပ်မက်တတ်သော တဏှာ သည် ကာမတဏှာ မည်၏၊ ရှေးရှေးသော ကာမတဏှာက အားကြီးသောမှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးသဖြင့် မြဲမြံ ခိုင်ခံ့သည်၏ အဖြစ်သို့ ရောက်ရှိလာသော နောက်နောက်သော ကာမတဏှာသည် ကာမုပါဒါန် မည်၏၊[၈၇၅]

၂။ ဒိဋ္ဌုပါဒါန် ––- သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်တို့မှ တစ်ပါးသော နတ္ထိကဒိဋ္ဌိ, အဟေတုကဒိဋ္ဌိ, အကိရိယဒိဋ္ဌိ စသော ကံ-ကံ၏အကျိုးတရား မရှိဟု အမှားမှား အယွင်းယွင်း စွဲယူတတ်သော မိစ္ဆာဒိဋ္ဌိ အယူဝါဒမှန်သမျှ၌ ပြင်းပြင်းထန်ထန် စွဲလမ်းသော စွဲမြဲစွာယူသော နောက်နောက်သော ဒိဋ္ဌိသည် ဒိဋ္ဌုပါဒါန် မည်၏၊

၃။ သီလဗ္ဗတုပါဒါန် – နွားအကျင့် နွားအလေ့ ခွေးအကျင့် ခွေးအလေ့ စသည်ကို ပြုကျင့်ခြင်းဖြင့် ကိလေသာတို့မှ စင်ကြယ်နိုင်၏, သံသရာဝဋ်ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်၏ဟု မှားသောအားဖြင့် သုံးသပ်တတ်သော စွဲမြဲစွာ ယူတတ်သော မိစ္ဆာဒိဋ္ဌိသည် သီလဗ္ဗတုပါဒါန် မည်၏၊

၄။ အတ္တဝါဒုပါဒါန် –– အတ္တသည် ရှိ၏ (= အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင်သည် ရှိ၏) - ဤသို့စသည်ဖြင့် အတ္တကို ပြောဆိုကြောင်း မိစ္ဆာအယူဝါဒ၌ စွဲမြဲစွာ ယူတတ်သော အယူသည် = ဒိဋ္ဌိသည် အတ္တဝါဒုပါဒါန် မည်၏၊ တရားကိုယ်မှာ မိစ္ဆာဒိဋ္ဌိ စေတသိက်ပင် ဖြစ်သည်။ ဖန်ဆင်းရှင် = ပရမတ္တ = ပရမအတ္တ ရှိ၏၊ အဖန်ဆင်းခံရသော ဇီဝအတ္တ ရှိ၏ဟု စွဲယူသော အယူဝါဒများတည်း။ ခန္ဓာ (၅)ပါးတို့တွင် တစ်ပါးပါးကိုသော်လည်းကောင်း, ငါးပါးလုံးကိုသော်လည်းကောင်း အတ္တဟု စွဲယူတတ်ကြသည်။ သက္ကာယဒိဋ္ဌိ ဟုလည်း ခေါ်၏၊ အတ္တဒိဋ္ဌိဟုလည်း ခေါ်၏၊

ယောဂီသူတော်ကောင်းသည် ဤအပိုင်း၌ အထူးသဖြင့် အနာဂတ်ဘဝအတွက် ရည်ရွယ်၍ ပြုစုပျိုးထောင် နေသော ကိလေသဝဋ်တို့တွင် အကျုံးဝင်သော တဏှာကြောင့် ဥပါဒါန် ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ရှုရမည် ဖြစ်သည်။ အကယ်၍ ယောဂီသူတော်ကောင်းသည် ဓမ္မကထိကနတ်သားဘဝကို ရလိုကြောင်း ရည်ရွယ်၍ ကိလေသဝဋ် ကမ္မဝဋ်တို့ကို ပြုစုပျိုးထောင်နေသည် ဖြစ်အံ့၊ ထိုဓမ္မကထိကနတ်သားဘဝ၌ ရရှိမည့် သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုကို တွယ်တာတပ်မက်မှု ကာမတဏှာ အရင်းခံလျက် ကာမုပါဒါန် ဖြစ်ပုံကို = ဓမ္မကထိကနတ်သား ဘဝကို တွယ်တာတပ်မက်မှု ကာမတဏှာကို အရင်းခံလျက် ဓမ္မကထိကနတ်သားဘဝကို စွဲလမ်းနေမှု ကာမုပါဒါန် ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အောက်ပါရှုကွက်ကို ရှုရန် ဖြစ်သည်။

၁။ ကာမတဏှာ ဖြစ်ခြင်းကြောင့် ကာမုပါဒါန် ဖြစ်၏၊
ကာမတဏှာက အကြောင်းတရား၊ ကာမုပါဒါန်က အကျိုးတရား။

တစ်နည်း –– ဓမ္မကထိကနတ်သား ထင်ရှား ဧကန် အမှန်ရှိ၏ဟု စွဲယူမှုကား သက္ကာယဒိဋ္ဌိ တစ်မျိုးပင် ဖြစ်သည်။ အချို့အရာ၌ လောကသမညာ အတ္တစွဲ = လောကဝေါဟာရ အသုံးအနှုန်းအတိုင်း ခေါ်ဝေါ်သုံးစွဲနေသော အတ္တစွဲဟုလည်း ခေါ်၏၊ သက္ကာယဒိဋ္ဌိ တစ်မျိုးပင်တည်း။ ယင်းသက္ကာယဒိဋ္ဌိ၌ အခြေစိုက်လျက် ယင်းဓမ္မကထိက နတ်သားဘဝကို တွယ်တာတပ်မက်သော ဓမ္မကထိကနတ်သားဟု စွဲယူသော သက္ကာယဒိဋ္ဌိ = အတ္တဒိဋ္ဌိနှင့် ယှဉ်သော ဘဝတဏှာဖြစ်လျှင် ယင်းဘဝတဏှာကြောင့် အတ္တဝါဒုပါဒါန် ဖြစ်ပုံကို သို့မဟုတ် ဒိဋ္ဌုပါဒါန်ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အောက်ပါအတိုင်း ရှုပါ။

၂။ ဘဝတဏှာ ဖြစ်ခြင်းကြောင့် အတ္တဝါဒုပါဒါန် ဖြစ်၏၊
သို့မဟုတ် –– ဘဝတဏှာ ဖြစ်ခြင်းကြောင့် ဒိဋ္ဌုပါဒါန် ဖြစ်၏၊
ဘဝတဏှာက အကြောင်းတရား၊ ဒိဋ္ဌုပါဒါန်က အကျိုးတရား။
ဘဝတဏှာက အကြောင်းတရား၊ အတ္တဝါဒုပါဒါန်က အကျိုးတရား။

ခွဲ၍ရှုပုံ တစ်မျိုး - ရှုကွက်ပုံစံ

(က) ဓမ္မကထိကနတ်သားဘဝ၌ ရရှိမည့် ရူပါရုံကိုပင် လွန်စွာ သာယာလျက် ဖြစ်ပေါ်လာသော ရူပတဏှာသည် ကာမတဏှာ မည်၏၊
( ခ ) ထိုရူပါရုံကိုပင် ''မြဲ၏၊ အခါခပ်သိမ်း ထင်ရှား တည်ရှိ၏''ဟု ဖြစ်ပေါ်လာသော သဿတဒိဋ္ဌိနှင့် အတူတကွ ဖြစ်သော ရူပတဏှာသည် ဘဝတဏှာ မည်၏၊
( ဂ ) ထိုရူပါရုံကိုပင် ''သေလျှင် ပြတ်၏၊ ပျက်စီး၏''ဟု ဖြစ်ပေါ်လာသော ဥစ္ဆေဒဒိဋ္ဌိနှင့် အတူတကွ ဖြစ်သော ရူပတဏှာသည် ဝိဘဝတဏှာ မည်၏၊

ဤသို့လျှင် ရူပတဏှာသည် ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ ဟု သုံးမျိုးပြား၏၊ သဒ္ဒတဏှာ။ ပ။ ဓမ္မတဏှာ အသီးအသီးသည်လည်း အလားတူပင် သုံးမျိုးစီ ပြား၏၊

၁။ ရူပ - (ကာမ)တဏှာ ဖြစ်ခြင်းကြောင့် ကာမုပါဒါန် ဖြစ်၏၊
ရူပ - (ကာမ)တဏှာက အကြောင်းတရား၊ ကာမုပါဒါန်က အကျိုးတရား။
၂။ ရူပ - (ဘဝ)တဏှာ ဖြစ်ခြင်းကြောင့် ဒိဋ္ဌုပါဒါန် ဖြစ်၏၊ (သဿတဒိဋ္ဌိ)
ရူပ - (ဘဝ)တဏှာက အကြောင်းတရား၊ ဒိဋ္ဌုပါဒါန်က အကျိုးတရား။
၃။ ရူပ - (ဝိဘဝ)တဏှာ ဖြစ်ခြင်းကြောင့် ဒိဋ္ဌုပါဒါန် ဖြစ်၏၊ (ဥစ္ဆေဒဒိဋ္ဌိ)
ရူပ - (ဝိဘဝ)တဏှာက အကြောင်းတရား၊ ဒိဋ္ဌုပါဒါန်က အကျိုးတရား။

တစ်နည်း – တစ်နည်းအားဖြင့်ကား သဿတဝါဒနှင့် တွဲနေသော ဘဝတဏှာ, ဥစ္ဆေဒဝါဒနှင့် တွဲနေသော ဝိဘဝတဏှာတို့မှာ အတ္တဝါဒအပေါ် အခြေတည်၍ = ထိုရူပါရုံစသည်ကိုပင် အတ္တဟု စွဲယူ၍ ဖြစ်ပေါ်လာသော တဏှာများပင် ဖြစ်ကြသဖြင့် အောက်ပါအတိုင်းလည်း ရှုနိုင်သည်။

၁။ ရူပ - (ဘဝ)တဏှာ ဖြစ်ခြင်းကြောင့် အတ္တဝါဒုပါဒါန် ဖြစ်၏၊
ရူပ - (ဘဝ)တဏှာက အကြောင်းတရား၊ အတ္တဝါဒုပါဒါန်က အကျိုးတရား။
၂။ ရူပ - (ဝိဘဝ)တဏှာ ဖြစ်ခြင်းကြောင့် အတ္တဝါဒုပါဒါန် ဖြစ်၏၊
ရူပ - (ဝိဘဝ)တဏှာက အကြောင်းတရား၊ အတ္တဝါဒုပါဒါန်က အကျိုးတရား။

သဒ္ဒတဏှာ ဂန္ဓတဏှာ ရသတဏှာ ဖောဋ္ဌဗ္ဗတဏှာ ဓမ္မတဏှာတို့၌လည်း နည်းမှီ၍ ရှုပါ။ အကယ်၍ ယောဂီသူတော်ကောင်းသည် အနာဂတ်ဝယ် သာသနာပြုနိုင်သည့် ရဟန်းဘဝကို လိုလားတောင့်တ၍ ပါရမီမျိုးစေ့ကို ထူထောင်နေခဲ့လျှင်လည်း ဤဖော်ပြပါ ဓမ္မကထိကနတ်သား ပုံစံကို နည်းမှီ၍ ရှုပါလေ။ သီလဗ္ဗတုပါဒါန်ကား ဗုဒ္ဓသာဝက တပည့်သူတော်စင်တို့၏ သန္တာန်၌ အလွန် ဖြစ်ခဲဖွယ်ရာ ရှိပေသည်။

တဏှာနှင့် ဥပါဒါန်တို့၏ ဝီထိပုံစံ

ရံခါ ပီတိမပါသော ဇောများ တဒါရုံများလည်း ဖြစ်နိုင်သည်။ အနာဂတ်ဘဝအတွက် ပြုစုပျိုးထောင်နေသော ကိလေသဝဋ်အုပ်စုတွင် သေချာစွာ စိုက်ရှုပါ။

သတိပြုရန်

ဤဘဝဝယ် နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်သို့တိုင်အောင် အသိဉာဏ်ပေါက်ရောက်လျက်ရှိသော ယောဂီသူတော်ကောင်း၏ သန္တာန်၌ ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်တို့ကား အလွန် ဖြစ်ခဲဖွယ်ရာသာ ရှိ၏၊ ကာမုပါဒါန်သာ အဖြစ်များဖွယ်ရာ ရှိပေသည်။ ထိုကြောင့် တဏှာကြောင့် ကာမုပါဒါန် ဖြစ်ပုံရှုကွက် တစ်ခုမျှကိုသာ ရှုလျှင်လည်း လုံလောက်ဖွယ်ရာ ရှိပေသည်။

သို့သော် အစမထင် သံသရာတစ်ခွင်၌ သတ္တဝါတစ်ဦး၏ ရုပ်နာမ် သန္တာန်အစဉ်ဝယ် မဖြစ်ခဲ့ဖူးသော ကိလေသာ, မဖြစ်ခဲ့ဖူးသော ဥပါဒါန်ကား မရှိစကောင်းသည်သာ ဖြစ်၏၊ ထိုကြောင့် အတိတ်အကြောင်းတရားကြောင့် အတိတ် အကျိုးတရားဖြစ်ပုံကို သိမ်းဆည်းသည့်အပိုင်းတွင် ထိုထိုဘဝ၌ ဖြစ်ခဲ့သည့်အတိုင်း တဏှာကြောင့် ဒိဋ္ဌိအမျိုးမျိုး ဥပါဒါန်အမျိုးမျိုးဖြစ်ပုံကို ဖြစ်ခဲ့သည့်အတိုင်းသာ သိမ်းဆည်းရှုပွားလေရာသည်။

ဥပါဒါနပစ္စယာ ဘဝေါ = ဥပါဒါန် ဖြစ်ခြင်းကြောင့် ဘဝဖြစ်၏၊

ဘဝ – ဘဝသည် (၁) ကမ္မဘဝ, (၂) ဥပပတ္တိဘဝ-ဟု နှစ်မျိုးရှိ၏၊ ကမ္မဘဝကား ဖြစ်ကြောင်းတရားတည်း။ ဥပပတ္တိဘဝကား ဖြစ်မှု = ခန္ဓာတို့၏ ဖြစ်မှုသဘောတရားတည်း။

ဤပစ္စုပ္ပန်တွင် အနာဂတ်ဘဝအတွက် ရည်ရွယ်၍ ပြုစုပျိုးထောင်နေသော ကုသိုလ်ကံ အကုသိုလ်ကံသည် ကမ္မဘဝ မည်၏၊ ဖြစ်ကြောင်း ဘဝတည်း၊ ဖြစ်ကြောင်းတရားတည်း။ ထို ကုသိုလ်ကံ အကုသိုလ်ကံကြောင့် ဖြစ်ပေါ် လာမည့် ဝိပါက်နာမက္ခန္ဓာ လေးပါးနှင့် ကမ္မဇရုပ်များသည် ဥပပတ္တိဘဝ မည်၏၊ ဖြစ်မှုဘဝတည်း၊ ဖြစ်မှုသဘော တရားတည်း။

အနာဂတ်၌ ဖြစ်မည့် ဝိပါက်နာမက္ခန္ဓာနှင့် ကမ္မဇရုပ်များတည်းဟူသော ဥပပတ္တိဘဝ ရရှိရေးအတွက် ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်နေသော ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အာနေဉ္ဇာဘိသင်္ခါရဟူသော သင်္ခါရ = ကံတို့မှာ ကမ္မဘဝ မည်ပေသည်။ ယင်းကမ္မဘဝ ဥပပတ္တိဘဝတို့၏ (အဝိဇ္ဇာ တဏှာ) ဥပါဒါန်ကို အခြေခံ၍ အကြောင်း ခံ၍ ဖြစ်ပေါ်လာပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ရှုရမည် ဖြစ်သည်။ ကမ္မဘဝအရ မိမိ၏ အနာဂတ်အတွက် ပြုစုပျိုးထောင်နေသော ကုသိုလ်စေတနာဦးဆောင်သည့် ကုသိုလ်နာမ်တရားစုကို ပဓာနထား၍ ရှုပါ။ ဖြစ်ဖူးသည့် အကုသိုလ်စေတနာအုပ်စုနှင့်လည်း တိုက်ဆိုင်၍ ရှုကြည့်နိုင်ပါသည်။ ဒုစရိုက်အပေါ် တွယ်တာမှု တဏှာကို အကြောင်းခံ၍ ဒုစရိုက်အပေါ် စွဲလမ်းမှု ဥပါဒါန် ဖြစ်ပုံ, ယင်းဥပါဒါန်ကို အကြောင်းခံ၍ ဒုစရိုက်ကံများကို လွန်ကျူးမိပုံ = အကုသိုလ်သင်္ခါရ ဖြစ်ပုံ, ယင်းအကုသိုလ်ကံ (ကမ္မဘဝ)ကြောင့် နောင်အနာဂတ်တွင် အပါယ်၌ ဥပပတ္တိဘဝဟူသော ခန္ဓာငါးပါးဖြစ်ပုံကိုလည်း ရှုနိုင်ပါသည်။ သို့သော် သမ္မောဟဝိနောဒနီအဋ္ဌကထာ[၈၇၆]နှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၈၇၇]တို့၏ အဆိုအမိန့်များအရ အလွန်ဖြစ်ခဲဖွယ်ရာ ရှိပေသည်။

သတိပြုရန် အချက်တစ်ရပ်

''ဤ ပစ္စယပရိဂ္ဂဟဉာဏ်သို့ တိုင်အောင် အသိဉာဏ်ပေါက်ရောက်လျက်ရှိသော ရုပ်တရား နာမ်တရား အကြောင်း တရား အကျိုးတရားတို့ကို ကောင်းစွာ ပိုင်းခြားမှတ်သားလျက် တည်နေသော ယောဂါဝစရရဟန်းတော်ကား ကိုယ်တော်အား (၁၀)ပါး, ဉာဏ်တော်အား (၁၀)ပါးနှင့် ပြည့်စုံတော်မူသော ဘုရားရှင်၏ သာသနာတော်၌ မခွဲနိုင်အောင် အမြစ်တွယ်သွားပြီး ဖြစ်၏၊ ထောက်ရာတည်ရာ သက်သာရာကို ရရှိသွားသည် မည်၏၊ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် သိမ်းဆည်းမိသောအခါ ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်၍ ဗုဒ္ဓမြတ်စွာ သာသနာတော်မှ မခွာနိုင်အောင် သာသနာတော်ဝယ် အမြစ်တွယ်ပြီးဖြစ်တော့သည် ဟူလို။ ယင်းသို့ ထောက်ရာ တည်ရာကို ရရှိသဖြင့် သုဂတိဘဝတည်းဟူသော မြဲသော လားရာဂတိရှိသော စူဠသောတာပန် မည်ပေသည်။ စူဠသောတာပန်အဆင့်သို့ ဆိုက်ရောက်သွားပေပြီ'' ဟူလို။

ဤအထက်ပါ အဋ္ဌကထာကြီးများ၏ ဖွင့်ဆိုချက်နှင့်အညီ ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိသဖြင့် စူဠသောတာပန် အဆင့်သို့တိုင်အောင် ပေါက်ရောက်ပြီးသော သူတော်ကောင်းသည် အနာဂတ်ဝဋ္ဋကထာပိုင်းတွင် အပါယ်သံသရာသို့ တစ်ဖန် ပြန်လည် ဆိုက်ရောက်ရေးမှာ အလှမ်းဝေးလျက် ရှိပေသည်။ သို့အတွက် ဖြစ်ခွင့်ရှိသော ကုသိုလ်သင်္ခါရနှင့်သာ အကြောင်း အကျိုး စပ်လျက် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။

အလားတူပင် ဤအဆင့်အထိ ရှုထားပြီးသော ယောဂီသူတော်ကောင်း တစ်ဦးအဖို့ ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်တို့ကား အလွန် ဖြစ်ခဲဖွယ်ရာ ရှိပေသည်၊ ကာမုပါဒါန်ပင် အဖြစ်များဖွယ်ရာ ရှိပေသည်။ အနာဂတ် ရဟန်းဘဝ အနာဂတ်ဓမ္မကထိကနတ်သားဘဝစသည့် အနာဂတ်ဘဝ၌ရှိသော ခန္ဓာငါးပါးကို တွယ်တာမှု အနာဂတ် အာရုံ (၆)ပါးတို့ကို တွယ်တာမှုတို့ကား ကာမုပါဒါန်ပင် ဖြစ်သည်။ ယင်းကာမုပါဒါန်ကြောင့် ကမ္မဘဝ ဥပပတ္တိဘဝ ဖြစ်ပုံကိုသာ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ရှုပါ။

လိုရင်းမှတ်သားရန် ရှုကွက်

အနာဂတ်ဘဝတစ်ခုခုအတွက် ရည်ရွယ်၍ ပြုစုပျိုးထောင်နေသော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကို ရှုရမည့်အပိုင်း ဖြစ်သဖြင့် အနာဂတ်ဘဝသစ်အတွက် ယောဂီသူတော်ကောင်းကိုယ်တိုင် စွဲစွဲလမ်းလမ်း ပြုစုပျိုးထောင် နေသည့် (အဝိဇ္ဇာ) တဏှာ ဥပါဒါန် (သင်္ခါရ ) ကံ - တစ်မျိုးမျိုးကိုသာ အာရုံယူ၍ ရှုပါကလည်း လုံလောက်သည်သာ ဖြစ်ပေသည်။ အနာဂတ်ဘဝသစ်အတွက် ရည်ရွယ်၍ ပြုစုပျိုးထောင်နေသော ကံပေါင်းများစွာတို့မှ အမှတ်တရ ကျေကျေနပ်နပ် ပြုစုပျိုးထောင်ထားသော ကံတစ်ခုခုကို ဆိုလိုပေသည်။ ထိုကြောင့် ––

၁။ အနာဂတ် ရဟန်းဘဝ သို့မဟုတ် ဓမ္မကထိကနတ်သားဘဝဟု အသိမှားမှု သဘောကား အဝိဇ္ဇာ၊
၂။ ယင်းဘဝကို တွယ်တာတပ်မက်မှု သဘောကား တဏှာ၊
၃။ ယင်းတဏှာကြောင့် ယင်းဘဝကို စိတ်ကပ်ရောက်စွဲနေမှု သဘောကား ဥပါဒါန် = ကာမုပါဒါန်၊
၄။ ယင်းကာမုပါဒါန်ကို အကြောင်းခံ၍ ပြုစုပျိုးထောင်နေသော ဒါနမှု သို့မဟုတ် သီလမှု သို့မဟုတ် ဘာဝနာမှုတို့ကား သင်္ခါရနှင့်
၅။ ကံ = ကမ္မဘဝတို့ ဖြစ်ကြ၏၊ (ကမ္မသတ္တိကို ရည်သည်။)

ယင်းကမ္မဘဝကြောင့် ရရှိမည့် ရဟန်းဘဝ ဓမ္မကထိကနတ်သားဘဝ ခန္ဓာငါးပါးတို့ကား ဥပပတ္တိဘဝတည်း၊ အနာဂတ်ဇာတိတည်း။

အကယ်၍ ယောဂီသူတော်ကောင်းသည် သမထယာနိကပုဂ္ဂိုလ်ဖြစ်၍ စျာန်ရသူတော်ကောင်းဖြစ်လျှင် မိမိ ရရှိထားသော စျာန်တို့တွင် မိမိ ကျေနပ်နှစ်သက်သော စျာန်ကို ပရိတ္တစျာန်ဖြစ်အောင် သို့မဟုတ် မဇ္ဈိမစျာန်ဖြစ်အောင် သို့မဟုတ် ပဏီတစျာန်ဖြစ်အောင် ပွားများ၍ ထိုစျာန်နှင့် လျော်ညီသော ရသင့်ရထိုက် ရောက်သင့်ရောက်ထိုက်သော ဗြဟ္မာဘဝ ဗြဟ္မာခန္ဓာကို ဆုတောင်းလျက် သို့မဟုတ် စိတ်ညွတ်ကိုင်းလျက် ယင်း အဝိဇ္ဇာ တဏှာ ဥပါဒါန် (စျာန်) သင်္ခါရ ကံတို့ကြောင့် ရရှိမည့် ဗြဟ္မာဘဝ ဗြဟ္မာခန္ဓာကို နည်းတူ ရှုကြည့်ပါ။ ယောဂီသူတော်ကောင်းအဖို့ အနာဂတ် သံသရာခရီးသည် ထင်ရှားရှိနေသေးလျှင် ဗြဟ္မာဘဝ ဗြဟ္မာခန္ဓာဟူသော ဥပပတ္တိဘဝကို တွေ့ရှိမည် ဖြစ်သည်။

ယောဂီပုဂ္ဂိုလ်များ၌ တစ်ဦးနှင့် တဦး အဝိဇ္ဇာချင်း တဏှာချင်း ဥပါဒါန်ချင်း သင်္ခါရ-ကံချင်း မတူညီကြပေ။ အထက်ပါ ရဟန်းဘဝ ဓမ္မကထိကနတ်သားဘဝ ပုံစံတို့ကို နည်းမှီ၍ မိမိ ဆုတောင်းထားသည့် စိတ်ညွတ်ကိုင်းရှိုင်းထားသည့် ရည်မှန်းထားသည့် ပုံစံအတိုင်းသာ ရှုရန် ဖြစ်သည်။

ရှုကွက်ပုံစံအချို့

၁။ ကာမုပါဒါန် ဖြစ်ခြင်းကြောင့် ကမ္မဘဝ ဖြစ်၏၊ ကာမုပါဒါန်က အကြောင်းတရား၊ ကမ္မဘဝက အကျိုးတရား။
၂။ ကမ္မဘဝ ဖြစ်ခြင်းကြောင့် ဥပပတ္တိဘဝ ဖြစ်၏၊ ကမ္မဘဝက အကြောင်းတရား၊ ဥပပတ္တိဘဝက အကျိုးတရား။

ဥပါဒါန်နှင့် ကမ္မဘဝတို့၏ မနောဒွါရိက ဇောဝီထိစိတ်အစဉ်

အထက်ပါဇယားတွင် ကမ္မဘဝအရ ကုသိုလ်ကမ္မဘဝကိုသာ ပုံစံအဖြစ် ထုတ်ပြထားပါသည်။ သို့သော် ကာလ သုံးပါးလုံး၌ မိမိတို့၏ ရုပ်နာမ်သန္တာန်အစဉ်တွင် ဖြစ်ခဲ့သည့်အတိုင်း ဖြစ်ဆဲဖြစ်သည့်အတိုင်း ဖြစ်လတ္တံ့ဖြစ်သည့် အတိုင်းသာ ကုသိုလ်ကမ္မဘဝ သို့မဟုတ် အကုသိုလ်ကမ္မဘဝတို့ကို ထိုက်သလို ရှုပါ။ အကယ်၍ စျာန်ကမ္မဘဝဖြစ်လျှင်

၁။ ပထမစျာန် ကမ္မဘဝ = ၃၄
၂။ ဒုတိယစျာန် ကမ္မဘဝ = ၃၂
၃။ တတိယစျာန် ကမ္မဘဝ = ၃၁
၄။ စတုတ္ထစျာန် ကမ္မဘဝ = ၃၁
၅။ အရူပစျာန် ကမ္မဘဝ = ၃၁ - ဤသို့စသည်ဖြင့် သဘောပေါက်ပါလေ။ (စတုက္ကနည်းတည်း။)

ဘဝပစ္စယာ ဇာတိ = (ကမ္မ) ဘဝ ဖြစ်ခြင်းကြောင့် ဇာတိ ဖြစ်၏၊

ဘဝပစ္စယာ ဇာတိ - ဟူသော ဤအရာ၌ ဘဝအရ ဇာတိကို ဖြစ်စေနိုင်သည့် စွမ်းအားရှိသော ကမ္မဘဝကို သာလျှင် အလိုရှိအပ်၏၊ မှန်ပေသည် - ထိုကမ္မဘဝသည်သာလျှင် ဇာတိ၏ အကြောင်းရင်းစစ် ဖြစ်၏၊ ဥပပတ္တိဘဝ သည်ကား ဇာတိ၏ အကြောင်းရင်းစစ် မဟုတ်ပေ။[၈၇၈]

ဥပပတ္တိဘဝ၏ ဖြစ်ခြင်းသည်ပင် ဇာတိဖြစ်ရကား - ''ဥပပတ္တိဘဝသည် ဇာတိ၏ အကြောင်းရင်းစစ် မဟုတ်ပေ'' ဟု အဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်သည်။[၈၇၉

ထိုကြောင့် ဇာတိအရ ဥပပတ္တိဘဝအမည်ရသော အနာဂတ်ခန္ဓာငါးပါးတို့၏ ရှေ့ဦးအစဖြစ်ခြင်းသဘောကို ကောက်ယူပါ။ ရှေ့ဦးအစဖြစ်သော ပဋိသန္ဓေခန္ဓာငါးပါးကို ကောက်ယူပါဟု ဆိုလို၏၊

အကယ်၍ ယောဂီသူတော်ကောင်းသည် ဩဒါတကသိုဏ်း စတုတ္ထစျာန်ကမ္မဘဝကြောင့် အနာဂတ် ဗြဟ္မာဘဝ ဇာတိကို ရရှိကြောင်းကို ဉာဏ်ဖြင့် တွေ့မြင်သည် ဖြစ်အံ့၊ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနိုင်သည် ဖြစ်အံ့၊ ထိုဗြဟ္မာဘဝ ဇာတိ ခန္ဓာငါးပါး၌ .. ဃာနပသာဒ ဇိဝှါပသာဒ ကာယပသာဒဟူသော ပသာဒရုပ် အကြည်ဓာတ်များနှင့် ဘာဝရုပ်တို့ မပါဝင်ကြသဖြင့် ဃာနဒသကကလာပ် ဇိဝှါဒသကကလာပ် ကာယဒသကကလာပ် ဘာဝဒသကကလာပ်တို့ မရှိမှုကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ သိမ်းဆည်းရှုပွားပါ။ သတိပြု၍ ရှုကြည့်ပါလေ။

ရှုကွက်ပုံစံ - အနည်းငယ်

၁။ ကမ္မဘဝ ဖြစ်ခြင်းကြောင့် ဇာတိ ဖြစ်၏၊ ကမ္မဘဝက အကြောင်းတရား၊ ဇာတိက အကျိုးတရား။

မေးမြန်းဖွယ်ရာအချက်

အမေး –– ကမ္မဘဝသည် ဇာတိ၏ အကြောင်းတရားဖြစ်ပုံကို အဘယ်သို့လျှင် သိရှိနိုင်ပါသနည်းဟူငြားအံ့၊

အဖြေ –– အဇ္ဈတ္တ သန္တာန်မှ ပြင်ပ၌ ဖြစ်ကုန်သော အကြောင်းတရားတို့၏ တူကုန်သည်၏အဖြစ်သည် ထင်ရှား ရှိပါသော်လည်း သတ္တဝါတို့၏ ယုတ်ညံ့သည်၏အဖြစ် မြင့်မြတ်သည်၏အဖြစ် ရုပ်အဆင်းလှသည်၏အဖြစ် ရုပ်အဆင်း မလှသည်၏အဖြစ် အစရှိသော မတူထူးခြား ကွဲပြားမှုကို မြင်တွေ့ရခြင်းကြောင့် ကမ္မဘဝသည် ဇာတိ၏ အကြောင်း ဖြစ်ကြောင်းကို သိရှိနိုင်ပေသည်။ ဖြစ်စေတတ်သောအဖ ဖြစ်စေတတ်သောအမိတို့၏ သုက်သွေး, အစာအာဟာရ အစရှိကုန်သော အဇ္ဈတ္တသန္တာန်မှ ပြင်ပ၌ ဖြစ်ကုန်သော အကြောင်းတရားတို့၏ တူမျှကုန်သည်၏ အဖြစ်သည် ထင်ရှားရှိပါသော်လည်း အမြွှာပူးသတ္တဝါတို့ အချင်းချင်းသော်မှလည်း ယုတ်ညံ့သည်၏အဖြစ် မွန်မြတ်သည်၏အဖြစ် အဆင်းလှသည်၏အဖြစ် အဆင်းမလှသည်၏အဖြစ် အစရှိသော ထူးထွေကွဲပြားမှုကို တွေ့ရှိရ၏၊

ထိုကဲ့သို့ မတူထူးခြား ကွဲပြားမှုကား အကြောင်းမရှိဘဲ ဖြစ်ပေါ်လာသည်ကား မဟုတ်ပေ။ အဘယ်ကြောင့်နည်း ဟူမူ –– အခါခပ်သိမ်းလည်းကောင်း အလုံးစုံသော သတ္တဝါတို့၏ သန္တာန်၌လည်းကောင်း မရှိ ခြင်းကြောင့် ဖြစ်၏၊ ကမ္မဘဝမှ အခြားတစ်ပါးသော အကြောင်းတရားလည်း မရှိနိုင်။ အကြောင်းမူ –– ထိုကမ္မဘဝကြောင့် ဖြစ်ရသော သတ္တဝါတို့၏ အဇ္ဈတ္တသန္တာန်၌ ကမ္မဘဝမှ အခြားတစ်ပါးသော အကြောင်းတရား၏ မရှိခြင်းကြောင့်တည်း။ ထိုကြောင့် ထို အယုတ် အမြတ်, လှ မလှ စသော ထူးထွေကွဲပြားမှုသည် ကမ္မဘဝဟူသော အကြောင်း ရှိသည်သာ ဖြစ်၏၊ မှန်ပေသည် ––- ကံသည် သတ္တဝါတို့၏ အယုတ် အမြတ်, လှ မလှ စသည်တို့၏ ထူးသော အကြောင်းတရားတည်း။ ထိုကြောင့် ဘုရားရှင်သည် စူဠကမ္မဝိဘင်္ဂသုတ္တန်[၈၈၀]၌ ဤသို့ ဟောကြားထားတော်မူ၏ ..။

''ကမ္မံ သတ္တေ ဝိဘဇတိ ယဒိဒံ ဟီနပဏီတတာယ ...

= ကံတရားသည် သတ္တဝါတို့ကို ယုတ်ညံ့သူဖြစ်အောင် မြင့်မြတ်သူဖြစ်အောင် ခွဲခြားဝေဖန်၏ ...။'' ထိုကြောင့် ကမ္မဘဝသည် ဇာတိ၏ အကြောင်းတရားဖြစ်ကြောင်းကို သိရှိနိုင်ပါ၏ ဟူပေ။ [၈၈၁]

ဇာတိပစ္စယာ ဇရာမရဏံ = ဇာတိဖြစ်ခြင်းကြောင့် ဇရာမရဏ ဖြစ်၏၊

ရှုကွက်ပုံစံ

၁။ ဇာတိ ဖြစ်ခြင်းကြောင့် ဇရာမရဏ ဖြစ်၏၊ ဇာတိက အကြောင်းတရား၊ ဇရာမရဏက အကျိုးတရား။

ဤရှုကွက်ကို သမုတိသစ္စာနယ်မှလည်းကောင်း, ပရမတ္ထသစ္စာနယ်မှလည်းကောင်း နှစ်မျိုးခွဲ၍ ရှုနိုင်သည်။ သမုတိသစ္စာနယ်မှ ရှုလိုသော် –– တစ်ဘဝ တစ်ခါ ပဋိသန္ဓေတည်နေရမှု ဇာတိကြောင့် အိုမှု = ဇရာ, သေမှု = မရဏတို့ ဖြစ်ပုံကို (= နောင်အနာဂတ် ဇာတိ-ဇရာ-မရဏတို့ကို) ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ရှုနိုင်သည်။

ပရမတ္ထသစ္စာနယ်မှ ရှုလိုသော် ––- (အနာဂတ်) ဘဝတစ်လျှောက် အတွင်း၌ ဖြစ်ပေါ်နေသော ..

၁။ ရုပ်တရား,
၂။ (က) အာယတနဒွါရအလိုက် ဖြစ်ပေါ်နေသော နာမ်တရား,
( ခ ) ဝီထိမုတ်ဖြစ်သော ပဋိသန္ဓေ ဘဝင် စုတိနာမ်တရား,

ယင်း ရုပ်တရား နာမ်တရားတို့၏ ––
(၁) ဖြစ်မှု ဥပါဒ်ကား ဇာတိတည်း။ (၂) တည်မှု ဌီကား ဇရာတည်း။ (၃) ပျက်မှု ဘင်ကား မရဏတည်း။ (အနာဂတ်) ဘဝတစ်လျှောက်အတွင်း ဖြစ်ပေါ်နေကြသော ယင်းရုပ်နာမ်တို့၏ ဖြစ်-တည်-ပျက်ကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ––

၁။ ဇာတိ ဖြစ်ခြင်းကြောင့် ဇရာမရဏ ဖြစ်၏၊ ဇာတိက အကြောင်းတရား၊ ဇရာမရဏက အကျိုးတရား။
ဤသို့လည်း ရှုနိုင်ပါသည်။ ဤတွင်လည်း ဝိပါကဝဋ်တရားများမှာ ပဓာန ဖြစ်သည်။

သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿ-ဥပါယာသ

ဇာတိရှိသူ၏ သန္တာန်၌သာ ဉာတိဗျသန = ဆွေမျိုးတို့၏ ပျက်စီးခြင်းစသော ပျက်စီးခြင်း တစ်ခုခုနှင့် တွေ့ကြုံ သောအခါ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့ ဖြစ်ပေါ်လာတတ်ကြ၏၊ သို့သော် ဇာတိရှိသူတိုင်း၏ သန္တာန်၌ ဧကန်ဖြစ်တတ်သော တရားများကား မဟုတ်ကြပေ။ ကိလေသာတို့ကို ပယ်ပြီးသော အရိယာအရှင်မြတ်တို့၏ သန္တာန်၌ ဇာတိပင် ရှိငြားသော်လည်း သောကစသည်တို့ မဖြစ်နိုင်ကြပေ (ကာယိကဒုက္ခသာ ထိုက်သလို ဖြစ်ခွင့်ရှိ၏)။ သို့အတွက် ယင်းသောကစသည်တို့ကို ဇာတိ၏ မုချမဟုတ်သော အကျိုးဆက် အာနိသင်များဟု ခေါ်သည်။ အနာဂတ် တွင် ယင်းသောကစသည်တို့ ဖြစ်ခွင့်ရှိသူတို့ သန္တာန်၌ ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ရှုရန် ဖြစ်သည်။

ရှုကွက်ပုံစံ-အနည်းငယ်

၁။ ဇာတိ ဖြစ်ခြင်းကြောင့် သောက ဖြစ်၏၊ ဇာတိက အကြောင်းတရား၊ သောကက အကျိုးတရား။ ပ။
၂။ ဇာတိ ဖြစ်ခြင်းကြောင့် ဥပါယာသ ဖြစ်၏၊ ဇာတိက အကြောင်းတရား၊ ဥပါယာသက အကျိုးတရား။
(ပရိဒေဝ, ဒုက္ခ, ဒေါမနဿ - ရှုကွက်တို့ကို သဘောပေါက်လောက်ပေပြီ၊ နည်းမှီ၍ ရှုပါ။)

သောက-ပရိဒေဝ-ဒေါမနဿ-ဥပါယာသ ဝီထိစဉ်

ဒုက္ခ – ဒုက္ခ၏ တရားကိုယ်မှာ အဟိတ်ကုသလဝိပါက် ဒုက္ခသဟဂုတ် ကာယဝိညာဏ်နှင့်ယှဉ်သော ဒုက္ခဝေဒနာ ဖြစ်ရကား ဝီထိစဉ်မှာ ကာယဒွါရိက ဇောဝီထိအစဉ် ဖြစ်သည်။ ယောနိသောမနသိကာရ အယောနိသော မနသိကာရအားလျော်စွာ ကုသိုလ်ဇော အကုသိုလ်ဇော ထိုက်သလို စောနိုင်သည်။

သောက-ပရိဒေဝ-ဒေါမနဿ-ဥပါယာသတို့မှာ ဒေါသဇောအုပ်စုများ ဖြစ်ကြသည်။ ဤ၌ မနောဒွါရဝီထိ တစ်မျိုးကိုသာ ပုံစံထုတ်ပြထားပါသည်။ ပဉ္စဒွါရဝီထိများလည်း ထိုက်သလို ဖြစ်နိုင်သည်၊ သို့သော် ပြင်းထန်သော သောကစသည်ကား မနောဒွါရ၌သာ ဖြစ်သည်။ တဒါရုံမှာ ကျသည်လည်း ရှိရာ၏၊ မကျသည်လည်း ရှိရာ၏၊ ဒေါသဇောနောင်၌ တဒါရုံကျခဲ့သော် ဥပေက္ခာတဒါရုံသာ ကျနိုင်သည်။ သို့မဟုတ် အာဂန္တုကဘဝင်သော်လည်း ကျနိုင်သည်။

ပစ္စုပ္ပန်ဘဝကို ဗဟိုထား၍ သံသရာစက်ရဟတ် လည်ပတ်ပုံကို ဖော်ပြသော ဇယားအမှတ် (၁)

ပထမ အတိတ်ဘဝကို ဗဟိုထား၍ သံသရာစက်ရဟတ် လည်ပတ်ပုံကို ဖော်ပြသော ဇယားအမှတ် (၂)

အတိတ် သံသရာအဆက်ဆက်ကို နည်းတူ သဘောပေါက်ပါ။ ဘဝသုံးခုကို ကွင်းဆက်၍ ရှုပါ။

ပထမ အနာဂတ်ဘဝကို ဗဟိုထား၍ အနာဂတ်ဘဝ အဆက်ဆက်၌ သံသရာစက်ရဟတ် လည်ပတ်ပုံကို ဖော်ပြသော ဇယားအမှတ် (၃)

အနာဂတ် သံသရာအဆက်ဆက်ကို နည်းတူ သဘောပေါက်ပါ။ အနာဂတ်ဆုံးသည်တိုင်အောင် ဘဝသုံးခုကို ကွင်းဆက်၍ ရှုပါ။

ဤတိုင်အောင် ရေးသားတင်ပြအပ်သော ပဋိစ္စသမုပ္ပါဒ်ပထမနည်း ရှုကွက်ကား ပစ္စုပ္ပန်ဘဝကို ဗဟိုထား၍ ရေးသားတင်ပြအပ်သော ပဋိစ္စသမုပ္ပါဒ် ပထမနည်း ရှုကွက် ဖြစ်သည်။ ဤနည်းကို နည်းမှီ၍ အတိတ်ဘဝတစ်ခုကို ဗဟိုထား၍ အတိတ်အဆက်ဆက်သို့လည်းကောင်း, အနာဂတ်ဘဝတစ်ခုကို ဗဟိုထား၍ အနာဂတ်အဆက်ဆက်သို့ လည်းကောင်း ဘဝသုံးခု သုံးခုကို ကွင်းဆက်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရှုပွားနိုင်ပါသည်။

ဤတွင် အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်းဟု ခေါ်ဆိုအပ်သော ပဋိစ္စသမုပ္ပါဒ် ပထမနည်း ပြီး၏၊

ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်း (၄) နည်း

နွယ်ခွေကြကုန်သော ယောက်ျားလေးဦးတို့၏ နွယ်ကို ဆွဲယူခြင်းကဲ့သို့ အလားတူပင် ဘုရားရှင်သည် ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို ––

၁။ အစမှ အဆုံးသို့တိုင်အောင်လည်းကောင်း,
၂။ အလယ်မှ အဆုံးသို့တိုင်အောင်လည်းကောင်း,
၃။ အဆုံးမှ အစသို့တိုင်အောင်လည်းကောင်း,
၄။ အလယ်မှ အစသို့တိုင်အောင်လည်းကောင်း - ဤသို့လျှင် (၄)မျိုးသော အပြားအားဖြင့် ဟောကြားထားတော်မူ၏၊

၁။ အစမှ အဆုံးသို့ = အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် (၁) 

တောအတွင်း၌ နွယ်ကို ခွေယူကြကုန်သော ယောက်ျားလေးဦးတို့တွင် တစ်ယောက်သော ယောက်ျားကား နွယ်အရင်းပိုင်းကိုသာ ရှေ့ဦးစွာ တွေ့မြင်၏၊ ထိုယောက်ျားသည် ထိုနွယ်ကို အရင်း၌ ဖြတ်၍ နွယ်အားလုံးကို အဖျား (= အဆုံး)သို့တိုင်အောင် ဆွဲငင်ယူဆောင်၍ နွယ်ဖြင့် ပြုလုပ်ရမည့် ချည်တုပ်ရမည့် ပြုဖွယ်လုပ်ငန်းကိစ္စ၌ ဆောင်ယူ အသုံးပြုသကဲ့သို့ အလားတူပင် ဘုရားရှင်သည် ..

''ရဟန်းတို့ ... ဤသို့လျှင် အဝိဇ္ဇာဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏၊ ပ။ ဇာတိဖြစ်ခြင်းကြောင့် ဇရာမရဏ ဖြစ်၏၊''[၈၈၂]––

ဤသို့လျှင် .. အစဖြစ်သော အဝိဇ္ဇာမှ အဆုံးဖြစ်သော ဇရာမရဏသို့ တိုင်အောင်လည်း ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို ဟောကြားတော်မူ၏၊[၈၈၃]

၂။ အလယ်မှ အဆုံးသို့ = အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် (၂)

တစ်ဖန် ထိုယောက်ျားလေးဦးတို့တွင် တစ်ယောက်သော ယောက်ျားသည် နွယ်၏ အလယ်ပိုင်းကို ရှေ့ဦးစွာ တွေ့မြင်၏၊ ထိုယောက်ျားသည် နွယ်၏ အလယ်ပိုင်း၌ ဖြတ်တောက်၍ နွယ်၏ အထက်ပိုင်းအဖို့ဟူသော အဖျားပိုင်းကို သာလျှင် ဆွဲငင်ယူဆောင်၍ နွယ်ဖြင့် ပြုလုပ်ရမည့် ချည်တုပ်ရမည့် ပြုဖွယ်လုပ်ငန်းကိစ္စ၌ ဆောင်ယူ အသုံးပြုသကဲ့သို့ အလားတူပင် ဘုရားရှင်သည် ..

''ထို ဝေဒနာကို အလွန်နှစ်သက်သော, ကောင်းပေစွ ကောင်းပေစွဟု လွန်စွာပြောဆိုသော မျိုမတတ်စွဲလမ်း၍ တည်နေသော ထိုပုဂ္ဂိုလ်၏ သန္တာန်၌ နှစ်သက်မှု နန္ဒီတရားသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ဝေဒနာတို့၌ ယင်းနှစ်သက် ခြင်း နန္ဒီကား ဥပါဒါန်တည်း။ ထိုယောက်ျား၏ သန္တာန်၌ ဥပါဒါန် ဖြစ်ခြင်းကြောင့် ဘဝသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ဘဝဖြစ်ခြင်းကြောင့် ဇာတိသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ဇာတိဖြစ်ခြင်းကြောင့် ဇရာမရဏသည် ထင်ရှားဖြစ်ပေါ် လာ၏၊''[၈၈၄]––

ဤသို့လျှင် အလယ်ဖြစ်သော ဝေဒနာမှ စ၍ အဆုံးဖြစ်သော ဇရာမရဏသို့ တိုင်အောင်လည်း ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို ဟောကြားတော်မူ၏၊[၈၈၅]

၃။ အဆုံးမှ အစသို့ = ပဋိလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်း (၁)

တစ်ဖန် ထိုယောက်ျားလေးဦးတို့တွင် တစ်ယောက်သော ယောက်ျားသည် နွယ်၏အဖျားပိုင်းကို ရှေ့ဦးစွာ တွေ့မြင်၏၊ ထိုယောက်ျားသည် နွယ်ဖျား၌ ဆွဲကိုင်ယူငင်၍ နွယ်ဖျားကို အစဉ်အလျှောက်သဖြင့် နွယ်ဖျားမှ နွယ်ရင်းသို့ တိုင်အောင် နွယ်အားလုံးကို ယူဆောင်၍ နွယ်ဖြင့် ပြုလုပ်ရမည့် ချည်တုပ်ရမည့် ပြုဖွယ်လုပ်ငန်းကိစ္စ၌ ဆောင်ယူ အသုံးပြုသကဲ့သို့ အလားတူပင် ဘုရားရှင်သည် ..

''ဇာတိအကြောင်းခံကြောင့် ဇရာမရဏ ဖြစ်၏ဟူသော ဤစကားကို ငါဘုရားသည် ဟောကြားတော်မူအပ်ပြီ။ ရဟန်းတို့ ... ဇာတိအကြောင်းခံကြောင့် ဇရာမရဏသည် ဖြစ်သလော သို့မဟုတ် မဖြစ်သလော။ အဘယ်သို့လျှင် ဤအရာ၌ သင်တို့၏ အယူအဆသည် ဖြစ်သနည်း၊ ဤသို့ မေးတော်မူ၏ ..။

မြတ်စွာဘုရား ... ဇာတိအကြောင်းခံကြောင့် ဇရာမရဏသည် ဖြစ်ပါ၏၊ ဤအတိုင်းသာ ဤအရာ၌ ဇာတိအကြောင်းခံကြောင့် ဇရာမရဏ ဖြစ်၏ဟူ၍ တပည့်တော်တို့၏ အယူအဆသည် ဖြစ်ပါ၏ဟု လျှောက်ထားကြကုန်၏၊

ဘဝအကြောင်းခံကြောင့် ဇာတိ ဖြစ်၏၊ ပ။ အဝိဇ္ဇာအကြောင်းခံကြောင့် သင်္ခါရတို့ ဖြစ်ကြကုန်၏ဟူ၍ ဤစကားကို ငါဘုရားသည် ဟောကြားတော်မူအပ်ပြီ။ ရဟန်းတို့ ... အဝိဇ္ဇာအကြောင်းခံကြောင့် သင်္ခါရတို့သည် ဖြစ်ကုန်သလော သို့မဟုတ် မဖြစ်ကုန်သလော။ အဘယ်သို့လျှင် ဤအရာ၌ သင်တို့၏ အယူအဆသည် ဖြစ်သနည်း၊ ဤသို့လျှင် မေးတော်မူ၏၊

မြတ်စွာဘုရား ...အဝိဇ္ဇာအကြောင်းခံကြောင့် သင်္ခါရတို့သည် ဖြစ်ကုန်၏၊ ဤအတိုင်းသာ ဤအရာ၌ အဝိဇ္ဇာအကြောင်းခံကြောင့် သင်္ခါရတို့သည် ဖြစ်ကုန်၏ဟူ၍ တပည့်တော်တို့၏ အယူအဆသည် ဖြစ်ပါ၏ ––- ဟု လျှောက်ထားကြကုန်၏၊''[၈၈၆]––

ဤသို့လျှင် အဆုံးဖြစ်သော ဇရာမရဏမှ စ၍ အစဖြစ်သော အဝိဇ္ဇာသို့တိုင်အောင်လည်း ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို ဟောကြားတော်မူ၏၊[၈၈၇]

တဏှာသည်။ ပ။ ဝေဒနာသည်။ ဖဿသည်။ သဠာယတနသည်။ နာမ်ရုပ်သည်။ ဝိညာဏ်သည်။ ပ။ သင်္ခါရတို့သည် အဘယ်တရားလျှင် အကြောင်းရင်း နိဒါန်း ရှိကုန်သနည်း၊ (ဂတိ-ဥပဓိ-ကာလ-ပယောဂဟူသော)

၄။ အလယ်မှ အစသို့ = ပဋိလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် (၂)

တစ်ဖန် ထိုနွယ်ခွေယောက်ျား လေးဦးတို့တွင် တစ်ယောက်သော ယောက်ျားသည် နွယ်၏ အလယ်ပိုင်းကို သာလျှင် ရှေ့ဦးစွာ တွေ့မြင်၏၊ ထိုယောက်ျားသည် နွယ်၏အလယ်ပိုင်း၌ ဖြတ်တောက်၍ အောက်ပိုင်းအဖို့သို့ သက်ဆင်းလျက် နွယ်၏ အရင်းပိုင်းသို့တိုင်အောင် ဆွဲငင်ယူဆောင်၍ နွယ်ဖြင့် ပြုလုပ်ရမည့် ချည်တုပ်ရမည့် ပြုဖွယ် လုပ်ငန်းကိစ္စ၌ ဆောင်ယူ အသုံးပြုသကဲ့သို့ အလားတူပင် ဘုရားရှင်သည် ..

''ရဟန်းတို့ ... ဤအာဟာရလေးပါးတို့သည် အဘယ်တရားလျှင် အကြောင်းရင်း နိဒါန်း ရှိကုန်သနည်း၊ (ဂတိ-ဥပဓိ-ကာလ-ပယောဂဟူသော) ကြွင်းသော အကြောင်းနှင့် ပေါင်းမိလတ်သော် အဘယ်တရားလျှင် ဖြစ်ကြောင်း သမုဒယ ရှိကုန်သနည်း၊ အဘယ်တရားလျှင် ဖြစ်ကြောင်း ဇာစ်မြစ် = ဖြစ်ကြောင်း ဇာတိ ရှိကုန်သနည်း၊ အဘယ် တရားလျှင် အကြောင်းရင်း အမွန်အစ ပဘဝ ရှိကုန်သနည်း။

ဤအာဟာရလေးပါးတို့သည် တဏှာလျှင် အကြောင်းရင်း နိဒါန်း ရှိကုန်၏၊ (ဂတိ-ဥပဓိ-ကာလ-ပယောဂ ဟူသော) ကြွင်းသော အကြောင်းနှင့် ပေါင်းမိလတ်သော် တဏှာလျှင် ဖြစ်ကြောင်း သမုဒယ ရှိကုန်၏၊ တဏှာလျှင် ဖြစ်ကြောင်း ဇာစ်မြစ် = ဖြစ်ကြောင်း ဇာတိ ရှိကုန်၏၊ တဏှာလျှင် အကြောင်းရင်း အမွန်အစ ပဘဝ ရှိကုန်၏၊

ကြွင်းသော အကြောင်းနှင့် ပေါင်းမိလတ်သော် အဘယ်တရားလျှင် ဖြစ်ကြောင်း သမုဒယ ရှိကုန်သနည်း၊ အဘယ် တရားလျှင် ဖြစ်ကြောင်း ဇာစ်မြစ် = ဖြစ်ကြောင်း ဇာတိ ရှိကုန်သနည်း၊ အဘယ်တရားလျှင် အကြောင်းရင်း အမွန်အစ ပဘဝ ရှိကုန်သနည်း။

သင်္ခါရတို့သည် အဝိဇ္ဇာလျှင် အကြောင်းရင်း နိဒါန်း ရှိကုန်၏၊ (ဂတိ-ဥပဓိ-ကာလ-ပယောဂဟူသော) ကြွင်းသော အကြောင်းနှင့် ပေါင်းမိလတ်သော် အဝိဇ္ဇာလျှင် ဖြစ်ကြောင်း သမုဒယ ရှိကုန်၏၊ အဝိဇ္ဇာလျှင် ဖြစ်ကြောင်း ဇာစ်မြစ် = ဖြစ်ကြောင်း ဇာတိ ရှိကုန်၏၊ အဝိဇ္ဇာလျှင် အကြောင်းရင်း အမွန်အစ ပဘဝ ရှိကုန်၏၊'' [၈၈၈]––

ဤသို့လျှင် အလယ်ဖြစ်သော အာဟာရလေးပါးမှ သို့မဟုတ် ကမ္မဘဝမှ သို့မဟုတ် တဏှာမှ အစဖြစ်သော အဝိဇ္ဇာသို့တိုင်အောင် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို ဟောကြားတော်မူ၏၊[၈၈၉]

ဤအထက်ဖော်ပြပါ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်း (၄)နည်းတို့တွင် အမှတ် (၁)ဖြစ်သော အစ အဝိဇ္ဇာမှသည် အဆုံး ဇရာမရဏသို့တိုင်အောင် ဟောကြားထားတော်မူအပ်သော အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ပထမနည်း ကို ဤကျမ်းစာတွင် ရေးသားတင်ပြ၍ ပြီးလေပြီ။ ယခုအခါတွင် အလယ်မှ အဆုံးသို့တိုင်အောင် ဟောကြားထားတော် မူအပ်သော အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ဒုတိယနည်းကို ဆက်လက်၍ ရေးသားတင်ပြပေအံ့ ..။

၂။ အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ဒုတိယနည်း (၂)

မဟာတဏှာသင်္ခယသုတ္တန်[၈၉၀]တွင် ဘုရားရှင်သည် ဤသို့ ဟောကြားထားတော်မူခဲ့၏ ..။ ''ရဟန်းတို့ ...ထိုသူငယ်သည် ကြီးထွားခြင်း ဣန္ဒြေတို့၏ ရင့်ကျက်ခြင်းကို အစွဲပြု၍ နှစ်လိုဖွယ်ဖြစ်သော နှစ်သက်ဖွယ်ဖြစ်သော မြတ်နိုးဖွယ် ဖြစ်သော ချစ်အပ်သော သဘောရှိသော ကာမရာဂနှင့် စပ်သွယ်သော တပ်မက်ဖွယ် ဖြစ်သော စက္ခုဝိညာဏ်ဖြင့် သိရသော အဆင်း, သောတဝိညာဏ်ဖြင့် သိရသော အသံ, ဃာနဝိညာဏ်ဖြင့် သိရသော အနံ့, ဇိဝှါဝိညာဏ်ဖြင့် သိရသော အရသာ, နှစ်လိုဖွယ်ဖြစ်သော နှစ်သက်ဖွယ်ဖြစ်သော မြတ်နိုးဖွယ်ဖြစ်သော ချစ်အပ်သော သဘောရှိသော ကာမရာဂနှင့် စပ်သွယ်သော တပ်မက်ဖွယ်ဖြစ်သော ကာယဝိညာဏ်ဖြင့် သိရသော အတွေ့အထိ - ဤကာမဂုဏ် ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံသည်ဖြစ်၍ ပျော်ပါးလျက်နေ၏၊

ထိုသူငယ်သည် မျက်စိဖြင့် အဆင်းရူပါရုံကို မြင်၍ ချစ်နှစ်သက်ဖွယ်သဘောရှိသော အဆင်းရူပါရုံ၌ တပ်စွန်း၏၊ မချစ်မနှစ်သက်ဖွယ်သဘောရှိသော အဆင်းရူပါရုံ၌ ဒေါသစိတ် ဖြစ်၏၊ ကာယဂတာသတိ မထင်ဘဲ သေးသိမ်သောစိတ် ရှိလျက်လည်း နေ၏၊ ယုတ်ညံ့သော အကုသိုလ်တရားများ၏ အကြွင်းမဲ့ ချုပ်ငြိမ်းရာဖြစ်သော, ယုတ်ညံ့သော အကုသိုလ် တရားများမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကိုလည်း အမှန်အတိုင်း ခွဲခြား၍ မသိ။ ထိုသူသည် ဤသို့လျှင် ရာဂဖြင့် လိုက်လျောခြင်း ဒေါသဖြင့် ဆန့်ကျင်ခြင်းသို့ ရောက်လျက် ချမ်းသာကို ဖြစ်စေ ဆင်းရဲကိုဖြစ်စေ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သည်ကိုဖြစ်စေ တစ်စုံတစ်ခုသော ဝေဒနာကို ခံစား၏၊ ထိုသူသည် ထိုခံစားမှု ဝေဒနာကို နှစ်သက်၏၊ ကောင်းလေစွ ကောင်းလေစွဟု အားရပါးရ ပြောဆို၏၊ မျိုမတတ် သက်ဝင်စွဲလမ်း၍ တည်နေ၏၊ ထိုခံစားမှု ဝေဒနာကို နှစ်သက်ခြင်း အားရပါးရ ပြောဆိုခြင်း မျိုမတတ် သက်ဝင် စွဲလမ်း၍ တည်နေခြင်းကြောင့် ထိုသူ၏ သန္တာန်၌ နှစ်သက်ခြင်း နန္ဒီရာဂတရားသည် ထင်ရှား ဖြစ်ပေါ်လာ၏၊ ခံစားမှုဝေဒနာတို့၌ နှစ်သက်ခြင်း နန္ဒီရာဂသည် စွဲလမ်းမှု ဥပါဒါန်တည်း။ ထိုသူ၏ သန္တာန်၌ ဥပါဒါန်ကြောင့် ဘဝ, ဘဝကြောင့် ဇာတိ, ဇာတိကြောင့် ဇရာမရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတရားတို့သည် ထင်ရှားဖြစ်ပွားလာကြကုန်၏၊ ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဤဒုက္ခတုံး ဒုက္ခအစုအပုံ၏ ဖြစ်ပွား ခြင်းသည် ထင်ရှား ဖြစ်ပေါ်လာ၏၊'' (သောတဒွါရစသည်တို့၌လည်း နည်းတူပင်တည်း။)

ဤအထက်ပါ ဒေသနာတော်နှင့်အညီ ..
(၁) သဠာယတနမှစ၍ ဖြစ်စေ, (၂) ဝေဒနာမှစ၍ ဖြစ်စေ ––

ဤပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ရှုကွက်ကို ရှုနိုင်ပါသည်။ အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ပထမနည်းသဠာယတန-ရှုကွက်မှ ဇရာမရဏ-ရှုကွက်သို့တိုင်အောင်သော ရှုကွက်နှင့် တူညီပြီ။

၁။ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ (အဝိဇ္ဇာ)၊ တဏှာ၊ ဥပါဒါန်၊ ဘဝ = (ကမ္မဘဝ-သင်္ခါရ)တို့ကား ပစ္စုပ္ပန်။
၂။ ဇာတိ၊ ဇရာမရဏတို့ကား ပထမအနာဂတ်။

တစ်ဖန် အနာဂတ်သံသရာခရီး ထင်ရှား ရှိနေသေးလျှင် ––
၁။ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ (အဝိဇ္ဇာ)၊ တဏှာ၊ ဥပါဒါန်၊ ဘဝ = (ကမ္မဘဝ-သင်္ခါရ)တို့ကား ပထမအနာဂတ်။
၂။ ဇာတိ၊ ဇရာမရဏတို့ကား ဒုတိယအနာဂတ်။
ဤသို့စသည်ဖြင့် သံသရာခရီး ဆုံးသည်တိုင်အောင် အနာဂတ် အဆက်ဆက်ကိုလည်း သဘောပေါက်ပါ။

တစ်ဖန် အတိတ်သံသရာခရီးဘက်သို့ ရွှေ့ပြောင်း၍ ရှုနိုင်ပါသည်။

၁။ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ (အဝိဇ္ဇာ)၊ တဏှာ၊ ဥပါဒါန်၊ ဘဝ = (ကမ္မဘဝ-သင်္ခါရ)တို့ကား ပထမအတိတ်။
၂။ ဇာတိ၊ ဇရာမရဏတို့ကား ပစ္စုပ္ပန်။

၁။ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ (အဝိဇ္ဇာ)၊ တဏှာ၊ ဥပါဒါန်၊ ဘဝ = (ကမ္မဘဝ-သင်္ခါရ)တို့ကား ဒုတိယအတိတ်။
၂။ ဇာတိ၊ ဇရာမရဏတို့ကား ပထမအတိတ်။

၁။ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ (အဝိဇ္ဇာ)၊ တဏှာ၊ ဥပါဒါန်၊ ဘဝ = (ကမ္မဘဝ-သင်္ခါရ)တို့ကား တတိယအတိတ်။
၂။ ဇာတိ၊ ဇရာမရဏတို့ကား ဒုတိယအတိတ်။

ဤသို့စသည်ဖြင့် အတိတ်သံသရာ အဆက်ဆက်သို့လည်းကောင်း ဉာဏ်ကို ရှေးရှု ဆောင်ယူ၍လည်း ရှုပါလေ။ ဘဝနှစ်ခုနှစ်ခုကို ကွင်းဆက်၍ ရှုခြင်း ဖြစ်သည်။ ထိုသို့ သိမ်းဆည်း ရှုပွားနိုင်ခဲ့သော် = အတိတ်သံသရာ အဆက်ဆက် မှသည် အနာဂတ်ဆုံးသည်တိုင်အောင် သိမ်းဆည်း ရှုပွားနိုင်ခဲ့သော် ပဋိစ္စသမုပ္ပါဒ်ပထမနည်းနှင့် တူညီမှုရှိသည်ကို သဘောပေါက်နိုင်ပေ၏၊ အကြောင်းမူ –– ဇာတိဟူသည် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတို့ပင် ဖြစ်သောကြောင့်လည်းကောင်း, တဏှာ ဥပါဒါန်တို့၌ အဝိဇ္ဇာပါဝင်လျက်ရှိသောကြောင့်လည်းကောင်း, ကမ္မဘဝ၌ သင်္ခါရ ပါဝင်လျက်ရှိသောကြောင့်လည်းကောင်း တစ်နည်းဆိုသော် ––- တဏှာ ဥပါဒါန် ဘဝဟူသည် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ပင် ဖြစ်သောကြောင့်လည်းကောင်း ဖြစ်ပေသည်။

ထိုကြောင့် အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ပထမနည်း၌လည်းကောင်း, ပဋိစ္စသမုပ္ပါဒ်ပိုင်း (က)တွင် တင်ပြခဲ့သော ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း ရှုကွက်၌လည်းကောင်း ကျွမ်းကျင်ပြီးသော သူတော်ကောင်းတစ်ဦးအဖို့ ဤ အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ဒုတိယနည်း ရှုကွက်မှာ လွယ်ကူလျက်ပင် ရှိနေပေမည်။

၃။ အဆုံးမှ အစသို့ = ပဋိလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် (၁)

ဤပဋိလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်းကား အဆုံးဖြစ်သော ဇရာမရဏမှသည် အစဖြစ်သော အဝိဇ္ဇာသို့တိုင်အောင် ပြောင်းပြန်လှန်၍ ဟောကြားတော်မူအပ်သော ဒေသနာတော် ဖြစ်၏၊ ယင်းပဋိလောမအစဉ်မှာ

(၁) ဇရာမရဏ, (၂) ဇာတိ - ဤတရားနှစ်ပါးကား အနာဂတ်အဓွန့်ကာလတရားစုတည်း။ (၃) ဘဝ, (၄) ဥပါဒါန်, (၅) တဏှာ, (၆) ဝေဒနာ, (၇) ဖဿ, (၈) သဠာယတန, (၉) နာမရူပ, (၁၀) ဝိညာဏ် - ဤတရားစုတို့ကား ပစ္စုပ္ပန်အဓွန့်ကာလတရားစုတို့တည်း။

(၁၁) သင်္ခါရ, (၁၂) အဝိဇ္ဇာ - ဤတရားစုတို့ကား အတိတ်အဓွန့်ကာလတရားစုတို့တည်း။

တစ်ဖန် အနာဂတ်ဘက်သို့ ဆက်၍ ရှုလိုသော် အောက်ပါအတိုင်းလည်း ရှုနိုင်၏၊

ဇရာမရဏ-ဇာတိတို့ကား ဒုတိယအနာဂတ်အဓွန့်ကာလတရားစုတို့တည်း။

ဘဝ-ဥပါဒါန်-တဏှာ-ဝေဒနာ-ဖဿ-သဠာယတန-နာမရူပ-ဝိညာဏ် ဤတရားစုတို့ကား ပထမအနာဂတ် အဓွန့်ကာလတရားစုတို့တည်း။

သင်္ခါရ-အဝိဇ္ဇာတို့ကား ပစ္စုပ္ပန်အဓွန့်ကာလတရားစုတို့တည်း။

ဤသို့လည်း အနာဂတ်ဆုံးသည်တိုင်အောင် အကြောင်းအကျိုးစပ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ တစ်ဖန် အတိတ် သံသရာခရီးဘက်သို့လည်း ဉာဏ်ကို စေလွှတ်၍ ရှုနိုင်ပြန်သည် –– ဇရာမရဏ-ဇာတိတို့ကား ပစ္စုပ္ပန်အဓွန့်ကာလတရားစုတည်း။

ဘဝ-ဥပါဒါန်-တဏှာ-ဝေဒနာ-ဖဿ-သဠာယတန-နာမရူပ-ဝိညာဏ် ဤတရားစုတို့ကား ပထမအတိတ် အဓွန့်ကာလတရားစုတို့တည်း။

သင်္ခါရ-အဝိဇ္ဇာတို့ကား ဒုတိယအတိတ်အဓွန့်ကာလတရားစုတို့တည်း။

ဤသို့လည်း အတိတ်သံသရာအဆက်ဆက်သို့ ဉာဏ်ကို စေလွှတ်၍ စွမ်းအားရှိသမျှ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းနိုင်ပေသည်။ ဘဝသုံးခုသုံးခုတို့ကို အကြောင်းအကျိုး စပ်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခြင်းပင်တည်း။ ဤရှုကွက်မှာလည်း အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ပထမနည်း၌ ကျွမ်းကျင်သူအဖို့ မခက်ခဲတော့ပြီ။ ပြောင်းပြန်လှန်၍ သိမ်းဆည်းခြင်းသာ ဖြစ်သည်။

ရှုကွက်ပုံစံအချို့

ယောဂီသူတော်ကောင်းသည် ဇရာမရဏသည် ဇာတိကြောင့် ဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ––ဤသို့ အကြောင်းတရား အကျိုးတရားကို သိမ်းဆည်းပါ။

ဇာတိဖြစ်ခြင်းကြောင့် ဇရာမရဏ ဖြစ်၏၊ ဇာတိက အကြောင်းတရား၊ ဇရာမရဏက အကျိုးတရား။

တစ်ဖန် ကမ္မဘဝဖြစ်ခြင်းကြောင့် ဇာတိဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍လည်း ဤသို့ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။

ကမ္မဘဝဖြစ်ခြင်းကြောင့် ဇာတိ ဖြစ်၏၊ ကမ္မဘဝက အကြောင်းတရား၊ ဇာတိက အကျိုးတရား။

ဤသို့စသည်ဖြင့် ပြောင်းပြန်လှန်၍ အရင်းဖြစ်သော အဝိဇ္ဇာသို့တိုင်အောင် သိမ်းဆည်းရှုပွားပါ။

၄။ အလယ်မှ အစသို့ = ပဋိလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ဒုတိယနည်း (၂)

အာဟာရ (၄) ပါး

ဤရှုကွက်၌ အဋ္ဌကထာများက နိဒါနဝဂ္ဂသံယုတ်ပါဠိတော်၌ လာရှိသော အာဟာရသုတ္တန်ကို ကောက်နုတ်၍ ရှင်းပြထားတော်မူကြ၏၊ ထိုသုတ္တန်၌ ဘုရားရှင်သည် အာဟာရ (၄)ပါးမှ စတင်၍ အလယ်မှသည် အစအရင်း အဝိဇ္ဇာသို့တိုင်အောင် ပြောင်းပြန်အားဖြင့် ပဋိလောမပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို ဟောကြားထားတော်မူ၏၊ သို့အတွက် အာဟာရ (၄)ပါးကို ရှေ့ဦးစွာ ရှင်းလင်းတင်ပြအပ်ပါသည်။

၁။ ကဗဠီကာရအာဟာရ = ကြမ်းတမ်းသည်လည်းဖြစ်စေ နူးညံ့သည်လည်းဖြစ်စေ အလုတ်အလွေးပြု၍ မမျိုအပ် သော်လည်း မျိုအပ်သကဲ့သို့သော အာဟာရ၊
၂။ ဖဿာဟာရ = အာရုံကို တွေ့ထိမှု အာဟာရ၊
၃။ မနောသေဉ္စတနာဟာရ = စိတ်ကို လှုံ့ဆော်မှု အာဟာရ၊
၄။ ဝိညာဏာဟာရ = အထူးသိမှု အာဟာရ ––- ဤသို့လျှင် အာဟာရ (၄)မျိုး ရှိ၏၊

ဝိပါကဝဋ် ဖြစ်ကြကုန်သော ပဋိသန္ဓေအခါ ပဝတ္တိအခါ ဖြစ်ကြကုန်သော ––
၁။ ဖဿာဟာရ = ဝိပါက်ဝိညာဏ်နှင့်ယှဉ်သော ဖဿ၊
၂။ မနောသေဉ္စတနာဟာရ = ဝိပါက်ဝိညာဏ်နှင့်ယှဉ်သော စေတနာ၊
၃။ ဝိညာဏာဟာရ = ဝိပါက်ဝိညာဏ်၊
၄။ ကဗဠီကာရာဟာရ = ကမ္မသမုဋ္ဌာန်ရုပ်ကလာပ်တို့တွင် ပါဝင်သော ကမ္မဇဩဇာ၊

ဤအာဟာရလေးမျိုးတို့ကို ရည်ရွယ်တော်မူ၍ – စတ္တာရော အာဟာရာ တဏှာနိဒါနာ = လေးမျိုးကုန်သော ဤအာဟာရတို့သည် တဏှာဟူသော အကြောင်းရင်း နိဒါန်း ရှိကြကုန်၏ –– ဤသို့ စသော ဒေသနာတော်ကို ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ပေသည်။ ထိုသို့ပင် ဝိပါကဝဋ် ဖြစ်ကုန်သော အာဟာရလေးပါးတို့ကို ရည်ရွယ်တော်မူ၍ တိုက်ရိုက် သိစေအပ်သော အနက်သဘောရှိသော နီတတ္ထနည်းအားဖြင့် ဟောကြားတော်မူအပ်ပါ သော်လည်း ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်တို့၏ အဆက်မပြတ် လည်ပတ်၍နေသော သံသရာဝဋ်ဒုက္ခ၏ အဆက် မပြတ်ဖြစ်ရေး စည်ပင်ရေးအတွက် အားပေးထောက်ပံ့တတ်ကုန်သော ဥပနိဿယသတ္တိဖြင့် ကျေးဇူးပြုတတ်ကုန်သော အခြားအခြားကုန်သော အကမ္မဇအာဟာရတို့သည်လည်း ထိုတဏှာဟူသော အစအမွန်သည် ထင်ရှား မရှိလတ်သော် ထင်ရှား မရှိနိုင်ကုန် မဖြစ်နိုင်ကုန်သောကြောင့် တဏှာလျှင် အကြောင်းရင်း နိဒါန်း ရှိကုန်၏ဟူ၍ ဆိုခြင်းငှာ သင့်မြတ်ကုန်သည်ဟု မှတ်ပါ။[၈၉၁]

အကမ္မဇ အာဟာရ = အနုပါဒိဏ္ဏကအာဟာရ

သံယုတ်အဋ္ဌကထာ[၈၉၂] သံယုတ်ဋီကာ[၈၉၃]တို့၏ ဖွင့်ဆိုချက်နှင့်အညီ ဝိပါကဝဋ်တွင် အကျုံးဝင်သော အထက်တွင် ဖော်ပြထားသော အာဟာရ (၄)မျိုးကား ဥပါဒိဏ္ဏကအာဟာရ (၄)မျိုးတည်း။ အနုပါဒိဏ္ဏကအာဟာရ သို့မဟုတ် အကမ္မဇအာဟာရ (၄)မျိုးကား ဤသို့တည်း။ –

၁။ ကုသိုလ်စိတ် အကုသိုလ်စိတ် ကြိယာစိတ်တို့နှင့်ယှဉ်သော ဖဿဟူသော ဖဿာဟာရ၊
၂။ ကုသိုလ်စေတနာ အကုသိုလ်စေတနာ ကြိယာစေတနာဟူသော မနောသေဉ္စတနာဟာရ၊
၃။ ကုသိုလ်ဝိညာဏ် အကုသိုလ်ဝိညာဏ် ကြိယာဝိညာဏ်ဟူသော ဝိညာဏာဟာရ၊
၄။ စိတ္တဇဩဇာ, ဥတုဇဩဇာ, အာဟာရဇဩဇာဟူသော ကဗဠီကာရအာဟာရ ––

ဤအာဟာရလေးမျိုးတို့သည် အကမ္မဇအာဟာရ = အနုပါဒိဏ္ဏကအာဟာရ (၄)မျိုးတို့တည်း။ သံသရာဝဋ်ဆင်းရဲ ဒုက္ခကို အားပေးထောက်ပံ့တတ်ကုန်သော အာဟာရတို့ပင်တည်း။ ယင်းအာဟာရတို့သည်လည်း တဏှာဟူသော အစအမွန်သည် ထင်ရှားမရှိလတ်သော် ထင်ရှားမရှိနိုင် မဖြစ်နိုင်ကုန်သောကြောင့် ဆောင်၍ သိစေအပ်သော နေယျတ္ထ အနက်သဘောအားဖြင့် တဏှာလျှင် အကြောင်းရင်း နိဒါန်း ရှိကုန်၏ဟု ဆိုခြင်းငှာ သင့်မြတ်ကုန်သည်သာ ဟူလိုသည်။

ကဗဠီကာရ အာဟာရ

အထက်တွင် တင်ပြထားသော အနုပါဒိဏ္ဏကဩဇာတွင် အာဟာရဇဩဇာလည်း ပါဝင်လျက် ရှိ၏၊ ယင်း အာဟာရဇဩဇာ၌ –

၁။ ကမ္မဇဩဇာကြောင့်ဖြစ်သော အာဟာရဇဩဇာ,
၂။ စိတ္တဇဩဇာကြောင့်ဖြစ်သော အာဟာရဇဩဇာ,
၃။ ဥတုဇဩဇာကြောင့်ဖြစ်သော အာဟာရဇဩဇာ,
၄။ အာဟာရဇဩဇာကြောင့်ဖြစ်သော အာဟာရဇဩဇာ –
ဤအာဟာရဇဩဇာ (၄)မျိုးလုံး ပါဝင်သည်ဟု မှတ်ပါ။ ကဗဠီကာရအာဟာရအကြောင်းကို ရှေ့ပိုင်း[၈၉၄]တွင် ပြန်ကြည်ပါ။

အာဟာရ (၄) ပါးတို့၏ စွမ်းအင်

၁။ ကဗဠီကာရာဟာရသည် ဩဇဋ္ဌမကရုပ်တို့ကို ဆောင်တတ်၏ = ဖြစ်စေ၏၊
၂။ ဖဿာဟာရသည် ဝေဒနာသုံးမျိုးတို့ကို ဆောင်တတ်၏ = ဖြစ်စေ၏၊
၃။ မနောသေဉ္စတနာဟာရသည် ဘဝသုံးပါးတို့ကို ဆောင်တတ်၏ = ဖြစ်စေ၏၊
၄။ ဝိညာဏာဟာရသည် ပဋိသန္ဓေနာမ်ရုပ်ကို ဆောင်တတ်၏ = ဖြစ်စေ၏၊

၁။ ကဗဠီကာရာဟာရသည် အထက်တွင် ရှင်းပြထားသည့်အတိုင်း ဩဇာလျှင် (၈)ခုမြောက်ရှိသော ဩဇဋ္ဌမက ရုပ်တို့ကို ဖြစ်စေခြင်းဖြင့် ဩဇဋ္ဌမကရုပ်တရားတို့ကို ဆောင်ထားတတ်၏၊

၂။ ဖဿာဟာရ – သုခဝေဒနာ ဖြစ်နိုင်လောက်သည့် စွမ်းအားရှိသော ဖဿသည် ထင်ရှား ဖြစ်ပေါ်လာသော် သာလျှင် ဖဿာဟာရက သုခဝေဒနာကို ဆောင်ထားတတ်၏၊ ဒုက္ခဝေဒနာ ဖြစ်နိုင်လောက်သည့် စွမ်းအားရှိသော ဖဿသည် ထင်ရှား ဖြစ်ပေါ်လာသော်သာလျှင် ဖဿာဟာရက ဒုက္ခဝေဒနာကို ဆောင်ထားတတ်၏၊ ဥပေက္ခာဝေဒနာ ဖြစ်နိုင်လောက်သည့် စွမ်းအားရှိသော ဖဿသည် ထင်ရှား ဖြစ်ပေါ်လာသော်သာလျှင် ဖဿာဟာရက ဥပေက္ခာဝေဒနာကို ဆောင်ထားတတ်၏၊ ဖြစ်စေ၏ ဟူလို။[၈၉၅]

၃။ မနောသေဉ္စတနာဟာရ – ကာမဘဝသို့ ကပ်ရောက်စေတတ်သော ကံသည် ကာမဘဝကို ဆောင်ထားတတ်၏ = ဖြစ်စေ၏၊ ရူပဘဝ အရူပဘဝတို့သို့ ကပ်ရောက်စေတတ်ကုန်သော ကံတို့သည် ကံနှင့်လျော်ညီရာ ထိုထိုဘဝကို ဆောင်ထားတတ်ကြကုန်၏ = ဖြစ်စေကုန်၏၊ ဤသို့လျှင် မနောသေဉ္စတနာဟာရသည် ဘဝသုံးပါးတို့ကို ဆောင်ထား တတ်၏ = ဖြစ်စေ၏၊[၈၉၅]

၄။ ဝိညာဏာဟာရ – ဝိညာဏာဟာရသည်ကား ပဋိသန္ဓေခဏ၌ မိမိနှင့် ယှဉ်ဖက် သမ္ပယုတ်နာမ်ခန္ဓာတို့ကို လည်းကောင်း, ကမ္မဇရုပ်တို့ကိုလည်းကောင်း သဟဇာတစသော ပစ္စယသတ္တိတို့ဖြင့် ဆောင်ထားတတ်၏ = ဖြစ်စေ တတ်၏၊[၈၉၅]

မနောသေဉ္စတနာဟာရက ဘဝသုံးပါးတို့ကို ဆောင်ထားတတ်၏ = ဖြစ်စေ၏ဟူသော ဤစကားရပ်ကို သံသရာဝဋ်ကို လည်ပတ်စေတတ်သည့် စွမ်းအားရှိသော အာသဝေါတရားတို့၏ အာရုံဖြစ်သော ကုသိုလ်စေတနာ အကုသိုလ်စေတနာကိုသာလျှင် ရည်ရွယ်၍ ဖွင့်ဆိုထားသည်ဟု မှတ်ပါ။ သံသရာဝဋ်ကို လည်ပတ်စေရာ၌ ထူးကဲသော အကြောင်းတရား ဖြစ်ခြင်းကြောင့်သာလျှင် ထိုသို့ ဖွင့်ဆိုခြင်း ဖြစ်သည်။ အထူးမမ သာမညအားဖြင့် ဆိုရမူ လောကီ (ကုသိုလ် အကုသိုလ် အဗျာကတ) စေတနာဟူသမျှသည် မိမိနှင့် သမ္ပယုတ်ဖြစ်သော နာမ်တရားစုတို့အားလည်းကောင်း စိတ္တဇရုပ်တို့အားလည်းကောင်း ဖြစ်စေတတ်သော အကြောင်းတရား ဖြစ်သည်သာဟု သိရှိပါလေ။

ဝိညာဏံ ပဋိသန္ဓိနာမရူပံ အာဟရတိ = ဝိညာဏ်သည် ပဋိသန္ဓေနာမ်ရုပ်ကို ဆောင်ထားတတ်၏ = ဖြစ်စေ၏ ဟူရာ၌ ပဋိသန္ဓေဝိညာဏ်ကိုသာလျှင် ဟောကြားထားတော်မူ၏၊ အထူးမမသာမညအားဖြင့် ဆိုရမူ ဝိညာဏ်သည် မိမိနှင့် ယှဉ်ဖက် ထိုထိုသမ္ပယုတ်တရားတို့အားလည်းကောင်း, ထိုထိုစိတ္တဇရုပ်တို့အားလည်းကောင်း ဆောင်ထားတတ် သောကြောင့် အာဟာရမည်၏ဟူ၍ သိရှိပါလေ။[၈၉၆]

၁။ ဤအာဟာရလေးမျိုးတို့တွင် ကဗဠီကာရအာဟာရသည် (= စတုသမုဋ္ဌာနိကဩဇာသည်) အထက်တွင် ရှင်းပြ ခဲ့သည့်အတိုင်း ဩဇာလျှင် ရှစ်ခုမြောက်ရှိသော ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေခြင်းဖြင့်သာလျှင် စတုသမုဋ္ဌာနိကရုပ်အား အားပေးထောက်ပံ့လျက် အာဟာရကိစ္စကို ပြီးစေ၏ = ဆောင်ထားခြင်းကိစ္စကို ပြီးစေ၏၊

၂။ ဖဿာဟာရသည် အာရုံကို တွေ့ထိခြင်းကိစ္စကို ပြုလုပ်လျက်သာလျှင် အာရုံကို တွေ့ထိမှုကို ပြုလုပ်ရမှသာလျှင် အာဟာရကိစ္စကို = ဝေဒနာကို ဆောင်ထားခြင်းကိစ္စကို ပြီးစေ၏၊ ဝေဒနာကို ဖြစ်စေနိုင်၏၊

၃။ မနောသေဉ္စတနာဟာရသည် စိတ်ကို လှုံ့ဆော်လျက်သာလျှင် အကြောင်းတရားနှင့် အကျိုးတရားကို ဖြစ်ပေါ်နိုင်လောက်အောင် ဆက်စပ်မှုရှိအောင် အားထုတ်နိုင်ပါမှသာလျှင် အာဟာရကိစ္စကို ဘဝသုံးပါးကို ဆောင်ထားနိုင်၏ = ဖြစ်စေနိုင်၏၊

၄။ ဝိညာဏ်သည် = ပဋိသန္ဓေဝိညာဏ်သည် ခန္ဓာတို့၏ ထင်ရှားဖြစ်ခြင်း ဥပပတ္တိကို ကြံဆသည်၏အစွမ်းဖြင့် အာရုံကို ပိုင်းပိုင်းခြားခြား သိမှသာလျှင် သမ္ပယုတ်တရားနှင့် ကမ္မဇရုပ် သို့မဟုတ် စိတ္တဇရုပ်တို့ကို ဖြစ်စေခြင်း အာဟာရကိစ္စကို ပြီးစီးစေနိုင်၏၊[၈၉၇]

၁။ ကဗဠီကာရာဟာရသည် ဩဇဋ္ဌမကရုပ်ကို ဖြစ်စေခြင်းဖြင့် စတုသမုဋ္ဌာနိကရုပ်အား အားပေးထောက်ပံ့လျက် သာလျှင် ရူပကာယကို ရုပ်သန္တတိ အစဉ်မပျက်အောင် တည်အောင်ထားခြင်းဖြင့် သတ္တဝါတို့၏ တည်တံ့ခြင်း၏ အကြောင်းတရားဖြစ်၏၊ မှန်ပေသည် – ဤရူပကာယသည် ကံသည် ဖြစ်စေအပ်သည် မှန်သော်လည်း ကဗဠီကာရာဟာရက ခိုင်ခံ့အောင် ထောက်ပံ့ထားခဲ့သော် (၁၀)နှစ်တို့ပတ်လုံးသော်လည်းကောင်း, အနှစ် (၁၀၀) ပတ်လုံးသော်လည်းကောင်း သက်တမ်းကုန်ဆုံးသည်တိုင်အောင် တည်နိုင်၏၊ အဘယ်ကဲ့သို့နည်းဟူမူ ––- ကလေးသူငယ်သည် အမိက ဖြစ်စေအပ်သည် မှန်သော်လည်း နို့ထိန်းက နို့ရည်စသည်တို့ကို တိုက်ကျွေးလျက် မွေးမြူပေးမှသာလျှင် ရှည်မြင့်စွာ တည်နိုင်၏၊ ကျားခေါ်သော သစ်သားချောင်းဖြင့် ထောက်ကန်ထားသော အိမ်သည် မလဲမပြိုသကဲ့သို့ အာဟာရ၌ ရပ်တည်လျက်ရှိသော ဤရူပကာယကြီးသည် အာဟာရကို အစွဲပြု၍ မလဲမပြို ရပ်တည်နိုင်၏၊

ဤသို့လျှင် ကဗဠီကာရာဟာရက စတုသမုဋ္ဌာနိကရုပ်အား အားပေးထောက်ပံ့လျက် အာဟာရကိစ္စကို ပြီးစီး စေသော်လည်း အာဟာရသမုဋ္ဌာန်ရုပ်, ဥပါဒိဏ္ဏကရုပ် (= ကမ္မဇရုပ်) ဟူသော နှစ်မျိုးသော ရုပ်သန္တတိအစဉ်တို့၏ အကြောင်းတရား ဖြစ်၏၊ ကမ္မဇရုပ်တို့အား စောင့်ရှောက်တတ်သော အနုပါလကသတ္တိဖြင့် ကျေးဇူးပြု၏၊ အာဟာရ သမုဋ္ဌာန်ရုပ် = အာဟာရဇရုပ်တို့အား တိုက်ရိုက်ဖြစ်စေတတ်သော ဇနကသတ္တိဖြင့် ကျေးဇူးပြု၏၊

၂။ ဖဿာဟာရသည် သုခဝေဒနာစသည့် ဝေဒနာ၏ တည်ရာဝတ္ထုဖြစ်သော အာရုံကို တွေ့ထိလျက်သာလျှင် သုခဝေဒနာစသော ဝေဒနာကို ဖြစ်စေခြင်းဖြင့် သတ္တဝါတို့၏ တည်တံ့ခြင်း၏ အကြောင်းတရား ဖြစ်၏၊ ၃။ မနောသေဉ္စတနာဟာရသည် ကုသိုလ်ကံ အကုသိုလ်ကံ၏ အစွမ်းဖြင့် ကံကို အားထုတ်လျက်သာလျှင် ဘဝ၏ အခြေခံအကြောင်းရင်းမူလကို ဖြစ်စေခြင်းကြောင့် သတ္တဝါတို့၏ တည်တံ့ခြင်း၏ အကြောင်းတရား ဖြစ်၏၊ ၄။ ဝိညာဏာဟာရသည် အာရုံကို ပိုင်းပိုင်းခြားခြား သိလျက် နာမ်ရုပ်ကို ဖြစ်စေခြင်းဖြင့် သတ္တဝါတို့၏ တည်တံ့ ခြင်း၏ အကြောင်းတရား ဖြစ်၏၊[၈၉၈]

အထက်တွင် သံယုတ်အဋ္ဌကထာက ကဗဠီကာရာဟာရက ကမ္မဇရုပ် = ဥပါဒိဏ္ဏရုပ်တို့အား အနုပါလကသတ္တိဖြင့်

အာဟာရသမုဋ္ဌာန်ရုပ်တို့အား ဇနကသတ္တိဖြင့် ကျေးဇူးပြုကြောင်းကို ဖွင့်ဆိုထား၏၊ ဥပါဒိဏ္ဏရုပ် = ကမ္မဇရုပ် သန္တတိအစဉ်အား ထောက်ပံ့ခြင်းဖြင့်ပင်လျှင် ဥတုဇရုပ် စိတ္တဇရုပ် သန္တတိအစဉ်အားဖြင့် ထောက်ပံ့ခြင်းကိစ္စသည် ပြီးစီးပြီးသာ ဖြစ်၏၊ ထိုကြောင့် - ဥပါဒိဏ္ဏရုပ် = ကမ္မဇရုပ်နှင့် အာဟာရဇရုပ်ဟူသော ရုပ်သန္တတိအစဉ် နှစ်မျိုးတို့အား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုပုံကို ဖွင့်ဆိုခြင်း ဖြစ်၏၊ အားပေးထောက်ပံ့ခြင်း ဥပတ္ထမ္ဘနသဘောကိုသာလျှင် ရည်ရွယ်၍ အနုပါလကသတ္တိဖြင့် ကျေးဇူးပြုကြောင်းကို အဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်၏၊ ရူပကာယ တစ်ခုလုံး၏ တည်တံ့ခြင်း၏ အကြောင်းတရား ဖြစ်မှုသည်ပင် မျှစေခြင်း စောင့်ရှောက်ခြင်း အနုပါလနာ မည်ပေသည်။[၈၉၉]

ရှုကွက်ရှုရန် လိုရင်းအချက်

၁။ ဝိပါကဝဋ်ဖြစ်သော အာဟာရ (၄)ပါး,
၂။ ကမ္မဝဋ်ဖြစ်သော အာဟာရ (၄)ပါး - ဟု အာဟာရအရ ကောက်ယူပုံ နှစ်နည်း ရှိ၏၊

အာဟာရအရ ဝိပါကဝဋ်ဖြစ်သော အာဟာရ (၄)ပါးကို ကောက်ယူပုံကို အာဟာရသုတ္တန်အဋ္ဌကထာ[၉၀၀]၌ ဖွင့်ဆိုလျက် ရှိ၏၊ အာဟာရ-အရ ကမ္မဝဋ်ဖြစ်သော အာဟာရ (၄)ပါးကို ကောက်ယူပုံကိုလည်း ကျမ်းဂန်[၉၀၁]တို့၌ ဖွင့်ဆိုလျက် ရှိ၏၊ ယောဂီသူတော်ကောင်းသည် ဝိပါကဝဋ်တွင် အကျုံးဝင်သော အာဟာရ (၄)ပါးမှ စတင်၍ ရှုလိုသည် ဖြစ်အံ့၊ အောက်ပါအတိုင်း ပဋိသန္ဓေအခိုက် ဝိပါကဝဋ်တရား (၄)ပါးမှ စတင်၍ ရှုကြည့်ပါ။ ဘဝတစ်လျှောက် ဖြစ်ပေါ်နေသော ဝိပါကဝဋ်တရားမှလည်း စတင်၍ ပုံစံတူ ရှုနိုင်ပေသည်။

ဝိပါကဝဋ် အာဟာရ (၄) ပါးမှ စတင်၍ ရှုပုံ

ယောဂီသူတော်ကောင်းသည် တိဟိတ်သောမနဿပဋိသန္ဓေတည်နေခဲ့သူ ဖြစ်အံ့၊ ယောဂီသူတော်ကောင်း၏ ပဋိသန္ဓေအခိုက်၌ နာမ်တရား (၃၄)လုံးနှင့် ကမ္မဇရုပ် (၃၀) ရှိမည် ဖြစ်၏၊ ယင်းပဋိသန္ဓေအခိုက် အာဟာရ (၄)ပါးတို့မှာ ဤသို့ ဖြစ်၏ ..။

၁။ ကဗဠီကာရာဟာရ = ကမ္မဇရုပ် (၃၀)တို့၌ ပါဝင်သော ကမ္မဇဩဇာ၊
၂။ ဖဿာဟာရ = ပဋိသန္ဓေဝိညာဏ်နှင့် ယှဉ်သော ဖဿ၊
၃။ မနောသေဉ္စတနာဟာရ = ပဋိသန္ဓေဝိညာဏ်နှင့် ယှဉ်သော စေတနာ၊
၄။ ဝိညာဏာဟာရ = ပဋိသန္ဓေဝိညာဏ်။

ဤအာဟာရ (၄)ပါးကို စတင် သိမ်းဆည်း၍ ရှုပါ။ ယင်းသို့ ရှုခဲ့သော် ဤရှုကွက်မှာ ကာလအားဖြင့် ခွဲဝေခဲ့သော် ဤသို့ဖြစ်၏၊

၁။ အာဟာရ (၄)ပါး (= ဝိပါကဝဋ်အာဟာရလေးပါး)ကား ပစ္စုပ္ပန် ဥပပတ္တိဘဝ = ဇာတိတည်း။
၂။ ဘဝ (= ကမ္မဘဝ)၊ ဥပါဒါန်၊ တဏှာ၊ ဝေဒနာ၊ ဖဿ၊ သဠာယတန၊ နာမ်ရုပ်၊ ဝိညာဏ်တို့ကား ပထမအတိတ်၊
၃။ သင်္ခါရ၊ အဝိဇ္ဇာတို့ကား ဒုတိယအတိတ် –

ဤသို့လျှင် အတိတ်အဆက်အဆက်သို့လည်းကောင်း၊ အနာဂတ်အဆက်ဆက်သို့လည်းကောင်း ဘဝသုံးခု သုံးခုကို အကြောင်းအကျိုးစပ်လျက် သိမ်းဆည်း ရှုပွားပါ။ ကျန်ဝိပါကဝဋ်အာဟာရ (၄)ပါးတို့မှ စတင်၍လည်း ပုံစံတူပင် ရှုနိုင်ပေသည်။

ကမ္မဝဋ် အာဟာရ (၄) ပါးမှ စတင်၍ ရှုပုံ

ယောဂီသူတော်ကောင်းသည် အကယ်၍ ကမ္မဝဋ်၌ အကျုံးဝင်သော အာဟာရ (၄)ပါးမှ စတင်၍ သိမ်းဆည်း ရှုပွားလိုသည် ဖြစ်အံ့၊ ယောဂီသူတော်ကောင်းကိုယ်တိုင် အနာဂတ်သံသရာခရီးအတွက် ပြုစုပျိုးထောင်နေသော ကမ္မဝဋ်တရားများက စတင်၍ ရှုပါ။ အကယ်၍ ယောဂီသူတော်ကောင်းသည် နောင်အနာဂတ်ကာလ၌ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်သည့် ရဟန်းတော်တစ်ပါးဖြစ်ရန်ဟူသော ဦးတည်ချက်ဖြင့် ကုသိုလ်ကံများစွာကို ပြုစုပျိုးထောင် နေသည် ဖြစ်အံ့၊ ထိုကုသိုလ်ကံများစွာထဲက အမှတ်တရ ကုသိုလ်ကံတစ်ခုကို ရွေးချယ်ပါ။ ထိုကံကို ထူထောင်စဉ်၌ ဖြစ်ပေါ်သွားကြကုန်သော အာဟာရ (၄)ပါးတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏၊ ––

၁။ ကံကို ထူထောင်စဉ် နှလုံးအိမ်အတွင်း၌ တည်ရှိကြသော (၆၃)မျိုးကုန်သော စတုသမုဋ္ဌာနိကရုပ်တို့တွင် ပါဝင် တည်ရှိသော စတုသမုဋ္ဌာနိကဩဇာ အသီးအသီးကား, တစ်နည်း - ခန္ဓာကိုယ်၌ တည်ရှိသော စတုသမုဋ္ဌာနိက ဩဇာ အသီးအသီးကား ကဗဠီကာရာဟာရတည်း။
၂။ ထိုကုသိုလ်နာမ်တရားစုတို့တွင် ဖဿကား ဖဿာဟာရတည်း။
၃။ စေတနာကား မနောသေဉ္စတနာဟာရတည်း။
၄။ အသိစိတ် = ကုသိုလ်ဝိညာဏ်ကား ဝိညာဏာဟာရတည်း။ (= ကမ္မဝိညာဏ်တည်း။)

ဤအာဟာရ (၄)ပါးတို့ကို စတင် သိမ်းဆည်းပါ။ ဖဿ စေတနာ ဝိညာဏ်တို့ကား ကမ္မဝဋ်တွင် အကျုံးဝင်သော ကမ္မဘဝအမည်ရသော ကုသိုလ်သင်္ခါရတရားစုတို့သာ ဖြစ်ကြသည်။

၁။ ကမ္မဘဝ = အာဟာရ (၄)ပါး၊ ဥပါဒါန်၊ တဏှာ၊ (အဝိဇ္ဇာ)၊ ဝေဒနာ၊ ဖဿ၊ သဠာယတန၊ နာမ်ရုပ်၊ ဝိညာဏ် (= ဝိပါက်ဝိညာဏ်)တို့ကား ပစ္စုပ္ပန်တရားစုတို့တည်း။
၂။ သင်္ခါရ၊ အဝိဇ္ဇာတို့ကား ပထမအတိတ်တရားစုတို့တည်း။
ဤနည်းကို ဆောင်၍ အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်၌ သဘောပေါက်ပါလေ။

တစ်နည်းဖွင့်ဆိုပုံ

ယခုလက်ရှိဘဝ၌ ပြုစုပျိုးထောင်လိုက်သော တဏှာသည် (= အဝိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ ခြံရံထားအပ်သော ကံသည်) ဖြစ်စေထိုက်ကုန်သော အနာဂတ်ဘဝ၏ ပဋိသန္ဓေအခိုက်၌ ဖြစ်ကြကုန်သော အာဟာရလေးမျိုးတို့ကို အာဟာရသုတ္တန်ပါဠိတော်၌ လာရှိသော 'စတ္တာရော အာဟာရာ'-အရ ကောက်ယူပါ။ အကယ်၍ ယင်းအနာဂတ် ပဋိသန္ဓေသည် တိဟိတ်သောမနဿပဋိသန္ဓေ ဖြစ်အံ့၊ ပဋိသန္ဓေနာမ်တရား (၃၄)လုံး ရှိမည် ဖြစ်သည်။ ယောဂီ သူတော်ကောင်း မျှော်လင့်တောင့်တထားသည့် အရဟတ္တဖိုလ် ရနိုင်သည့် အနာဂတ်ရဟန်းဘဝပဋိသန္ဓေကိုပင် အာရုံ ယူထားပါ။ ယင်းအနာဂတ်ပဋိသန္ဓေကား ဥပပတ္တိဘဝ = ဇာတိပင်တည်း။ ယင်းအနာဂတ်ပဋိသန္ဓေတရားစုတို့တွင်..

၁။ ကမ္မဇရုပ်တို့တွင် ပါဝင်သော ကမ္မဇဩဇာကား ကဗဠီကာရာဟာရတည်း။
၂။ ပဋိသန္ဓေဝိညာဏ်နှင့်ယှဉ်သော ဖဿကား ဖဿာဟာရတည်း။
၃။ ပဋိသန္ဓေဝိညာဏ်နှင့်ယှဉ်သော စေတနာကား မနောသေဉ္စတနာဟာရတည်း။
၄။ ပဋိသန္ဓေဝိညာဏ်ကား ဝိညာဏာဟာရတည်း။

၁။ ဤအာဟာရလေးပါးတို့ကား အနာဂတ်အဓွန့်ကာလတရားစုတို့တည်း။
၂။ ယင်းအနာဂတ်အာဟာရလေးပါးတို့၏ အကြောင်းရင်းခံဖြစ်သော တဏှာစသော တရားတို့ကား (= ကမ္မဘဝ၊ ဥပါဒါန်၊ တဏှာ၊ ဝေဒနာ၊ ဖဿ၊ သဠာယတန၊ နာမ်ရုပ်၊ ဝိညာဏ်တို့ကား) ပစ္စုပ္ပန်အဓွန့်ကာလတရားစုတို့တည်း။
၃။ သင်္ခါရနှင့် အဝိဇ္ဇာတို့ကား အတိတ်အဓွန့်ကာလတရားစုတို့တည်း။[၉၀၂]

ဤယူဆနည်း၌ အနာဂတ်အဓွန့်ကာလတရား, ပစ္စုပ္ပန်အဓွန့်ကာလတရား, အတိတ်အဓွန့်ကာလတရားဟူသော အဓွန့်ကာလတရား (၃)မျိုးလုံး ပါဝင်ပေသည်။ ရှုကွက်မှာ ယင်းအနာဂတ်ပဋိသန္ဓေဟူသော အာဟာရ (၄)ပါးက စ၍ အတိတ်အဓွန့်ကာလတရားဖြစ်သော အဝိဇ္ဇာသို့တိုင်အောင် ပြောင်းပြန်လှန်၍ အကျိုးနှင့်အကြောင်း ဆက်နွယ်မှု သဘောတရားကို တစ်စတစ်စ သိမ်းဆည်းရမည် ဖြစ်သည်။

လေးနည်းခွဲ၍ ဟောကြားတော်မူရခြင်း၏ အကြောင်းရင်း

အမေး – ဘုရားရှင်သည် အဘယ်အကြောင်းကြောင့် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို လေးမျိုးအပြားအားဖြင့် ခွဲခြား၍ ဟောကြားတော်မူအပ်ပါသနည်း? –

အဖြေ

၁။ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မြတ်၏ ထက်ဝန်းကျင် ကောင်းမြတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, 
၂။ ဘုရားရှင်ကိုယ်တော်တိုင်ကလည်း ဒေသနာတော်ကို တင့်တယ်စေတတ်, တန်ဆာဆင်တတ်သော, ဒေသနာတော် ၏ တင့်တယ်စမ္ပယ်ကြောင်းဖြစ်သော သဗ္ဗညုတဉာဏ်တော် ဒေသနာဉာဏ်တော်ထူးသို့ ရောက်ရှိတော်မူသည်၏ အဖြစ်ကြောင့်လည်းကောင်း –
ဤအကြောင်းနှစ်ရပ်ကြောင့် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို ဤသို့လျှင် လေးမျိုးအပြားအားဖြင့် ခွဲခြား၍ ဟောကြားတော်မူခြင်း ဖြစ်ပေသည်။[၉၀၃]

ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်သည် ထက်ဝန်းကျင် ကောင်းမြတ်သည်သာ ဖြစ်၏၊ ထိုလေးမျိုးသော ဒေသနာတော် တို့တွင် တစ်မျိုးမျိုးသော ထိုထို ဒေသနာတော်နည်းအားဖြင့် ထိုထိုဒေသနာနည်းအတိုင်း ကြားနာရ၍ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့သော် ယင်းသို့ အားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်သည် သိသင့်သိထိုက်သော ဉာယအမည်ရသော အရိယမဂ်တရားကို ထိုးထွင်း၍ သိခြင်းငှာ, တစ်နည်းဆိုရသော် - သိသင့်သိထိုက်သော ပဋိစ္စသမုပ္ပါဒ်သဘောတရားကို ထိုးထွင်း၍ သိခြင်းငှာ ဖြစ်နိုင်သည်သာလျှင်တည်း။

တစ်ဖန် ဘုရားရှင်သည် လေးပါးကုန်သော ရဲရင့်ကြောင်း ဝေသာရဇ္ဇဉာဏ်တော်, လေးပါးကုန်သော ပဋိသမ္ဘိဒါ

ဉာဏ်တော်တို့နှင့် ယှဉ်တော်မူခြင်းကြောင့်လည်းကောင်း,

၁။ ဓမ္မဂမ္ဘီရ = ပါဠိဓမ္မတရား၏ နက်နဲခြင်း၊
၂။ အတ္ထဂမ္ဘီရ = ယင်းပါဠိဓမ္မ၏ အနက်အဓိပ္ပါယ်၏ နက်နဲခြင်း၊
၃။ ဒေသနာဂမ္ဘီရ = ဝေါဟာရအမျိုးမျိုး နည်းအမျိုးမျိုးဖြင့် တန်ဆာဆင်၍ ဟောကြားထားပုံ ဒေသနာတော်၏ နက်နဲခြင်း၊
၄။ ပဋိဝေဓဂမ္ဘီရ = နက်နဲသော ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် တရားတော်ကို ထိုးထွင်း၍ သိမြင်တော်မူသော ဉာဏ်တော်မြတ်၏ နက်နဲခြင်း –

ဤလေးပါးအပြားရှိသော နက်နဲသည်၏အဖြစ်သို့ ရောက်တော်မူခြင်း = လေးပါးအပြားရှိသော နက်နဲခြင်း ဂမ္ဘီရတို့၌ ထောက်ရာတည်ရာကို ရရှိသဖြင့် မြဲစွာတည်ခြင်းကြောင့်လည်းကောင်း .. ဒေသနာတော်၏ တင့်တယ် စမ္ပယ်ကြောင်း သဗ္ဗညုတဉာဏ်တော်သို့ ရောက်ရှိတော်မူလေသည်။ ထိုဘုရားရှင်သည် ဒေသနာတော်၏ တင့်တယ် စမ္ပယ်ကြောင်း သဗ္ဗညုတဉာဏ်တော်သို့ ရောက်တော်မူသည်၏အဖြစ်ကြောင့် အမျိုးမျိုးသော နည်းတို့ဖြင့်သာ တရားတော်ကို ဟောကြားတော်မူပေသည်။[၉၀၄]

၁။ အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ပထမနည်း (၁)

အထူးအားဖြင့် ထိုမြတ်စွာဘုရားသည် ထိုပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို အဝိဇ္ဇာမှစ၍ ဇရာမရဏသို့တိုင်အောင် အနုလောမနည်းအားဖြင့် ဖြစ်စေတော်မူအပ် ဟောကြားတော်မူအပ်၏၊ ထိုပဋိစ္စသမုပ္ပါဒ် အနုလောမဒေသနာတော်ကို အဝိဇ္ဇာစသော အကြောင်းတရားတို့၏ သင်္ခါရစသော အကျိုးတရားတို့နှင့် အကြောင်းအကျိုး ဆက်နွယ်လျက် အဆက်မပြတ် အထပ်ထပ်ဖြစ်ခြင်း = သံသာရပဝတ္တိ၏ ခွဲခြားဝေဖန်၍ သိသင့်သိထိုက်သော အကြောင်းထူး၌ ပြင်းစွာ တွေဝေနေကြကုန်သော ဆုံးမထိုက်သော ဝေနေယျသတ္တဝါအပေါင်းကို ကောင်းစွာ အဖန်ဖန် ရှုမြင်တော်မူသည်ဖြစ်၍..

(က) အကြင်အကြင် မိမိ မိမိတို့၏ ကိုယ်ပိုင်ဥစ္စာဖြစ်ကုန်သော အဝိဇ္ဇာ အစရှိကုန်သော သင့်လျော်သော အကြောင်း တရားတို့ကြောင့် သင်္ခါရ စသော အကျိုးတရားတို့၏ ဖြစ်ခြင်းဟူသော သံသာရဝဋ်ဒုက္ခဖြစ်ပုံ ပဝတ္တိကို ထင်ရှား ပြတော်မူခြင်းအကျိုးငှာလည်းကောင်း,

( ခ ) ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်ဟူသော ဝဋ်သုံးပါး၏ ဖြစ်ပုံအစဉ်ကို ပြတော်မူခြင်းအကျိုးငှာလည်းကောင်း, ဖြစ်စေတော်မူအပ် ဟောကြားတော်မူအပ်၏ဟု သိရှိပါလေ။[၉၀၅]

၁။ အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ဒုတိယနည်း (၂)

အလယ်ဖြစ်သော ဝေဒနာကြောင့် တဏှာဖြစ်ပုံမှ စ၍ အဆုံးဖြစ်သော ဇရာမရဏသို့တိုင်အောင် အကြင် အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော်သည် ဖြစ်ပေါ်လာ၏၊ ထိုဒေသနာတော်ကို ပစ္စုပ္ပန်ဖြစ်သော အဓွန့်ကာလ၌ ပါဝင်သော ––- ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာတရားတို့၏ အကြောင်းရင်းဖြစ်ကုန်သော ––အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကမ္မဘဝတရားတို့၏ ဖြစ်သည်မှစ၍ အနာဂတ်အဓွန့်ကာလ၌ အကျုံးဝင်ကုန်သော တရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်လျက် မသိကုန် မမြင်ကုန်သော သာဝကတို့အား ပစ္စုပ္ပန်ဘဝ၌ အကျုံးဝင်နေသည့်အတွက်ကြောင့် ပစ္စက္ခဖြစ်ကုန်သော ထင်ရှားစွာသော ပစ္စုပ္ပန်အကြောင်းတရားတို့ကို ထင်ရှားပြတော်မူလျက် ပစ္စုပ္ပန်အကြောင်းတရားတို့၏ အနာဂတ်အကျိုးတရားတို့နှင့် အကြောင်းနှင့်အကျိုး ဆက်နွယ်လျက် အဆက်ဆက်ဖြစ်မှု အနာဂတ်အဓွန့်ကို ပြက်ပြက်ပြင်ပြင် ထင်ထင်ရှားရှား ညွှန်ပြတော်မူခြင်းအကျိုးငှာ ဟောကြားတော်မူအပ်ပေသည်။[၉၀၆]

၃။ ပဋိလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ပထမနည်း (၁)

အဆုံးဖြစ်သော ဇရာမရဏမှစ၍ အရင်းအစဖြစ်သော အဝိဇ္ဇာသို့ တိုင်အောင် ပြောင်းပြန်လှန်၍ ဟောကြား တော်မူအပ်သော ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်သည် ပဋိလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် မည်၏၊

''ဤသတ္တဝါအပေါင်းသည် ဆင်းရဲငြိုငြင်ပင်ပန်းခြင်းသို့ ရောက်ရှာရလေစွတကား၊ ဖြစ်လည်း ဖြစ်ရ၏ (= ပဋိသန္ဓေလည်း နေရ၏)။ အိုလည်း အိုရ၏၊ သေလည်း သေရ၏ အဖန်တလဲလဲလည်း စုတေရ၏၊ အဖန်တလဲလဲ လည်း ဖြစ်ရ၏'' ––

ဤသို့စသောနည်းဖြင့် ဆင်းရဲငြိုငြင်ပင်ပန်းခြင်းသို့ ရောက်၍နေသော သတ္တဝါအပေါင်းကို မဟာကရုဏာတော် သမာပတ်ကို ဝင်စားတော်မူပြီးလျှင် အဖန်ဖန် ကြည့်ရှုတော်မူလတ်သော် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်ကို သိတော်မူ ရတော်မူသည်မှ ရှေ့အဖို့ဖြစ်သော ဘုရားမဖြစ်မီ အလောင်းတော်ဘဝက ဖြစ်ခဲ့သော ပဋိဝေဓဝိပဿနာ ဉာဏ်တော်ကို အစဉ်လျှောက်သဖြင့် ဇရာမရဏအစရှိသော ထိုထိုဝဋ်ဒုက္ခ၏ ကိုယ်တော်တိုင် သိတော်မူအပ်သော ဇာတိစသော အကြောင်းတရားကို ကောင်းစွာ ပြတော်မူခြင်း အကျိုးငှာ ထိုပဋိလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် မြတ်ကို ဖြစ်စေအပ်၏ ဟောကြားတော်မူအပ်၏ဟု သိရှိပါလေ။[၉၀၇]

မဟာဝဇိရဝိပဿနာဉာဏ်တော် – ဘုရားအလောင်းတော်သည် ဘုရားဖြစ်ရန် ရည်သန်တောင့်တတော်မူလျက် ဘုရားဖြစ်တော်မူမည့် ကဆုန်လပြည့်နေ့ဝယ် အင်ကြင်းတောတွင် နေ့သန့်စင်တော်မူရာအခါ၌လည်းကောင်း, ကဆုန်လပြည့်နေ့ညဉ့်၏ နောက်ဆုံးပစ္ဆိမ မိုးသောက်ယာမ်၌လည်းကောင်း စကြဝဠာကုဋေတစ်သိန်းအတွင်းဝယ် စကြဝဠာတစ်ခုတစ်ခု၌ သတ္တဝါ အသီးအသီး၏ သန္တာန်၌ တည်ရှိသော အဝိဇ္ဇာ အသီးအသီးကို ဉာဏ်တော်ဖြင့် တစ်စုတည်း ဆွဲစု၍ တစ်ပုံ ပုံပြီးလျှင် လက္ခဏာယာဉ် သုံးချက်သို့ တစ်လှည့်စီတင်၍ (= အနိစ္စတစ်လှည့် ဒုက္ခတစ်လှည့် အနတ္တတစ်လှည့် – ဤသို့ တစ်လှည့်စီတင်၍) ဝိပဿနာဉာဏ်ဖြင့် ကြိတ်ခြေတော်မူ၏၊ အလားတူပင် သင်္ခါရ အသီးအသီးကို တစ်ပုံ, ဝိညာဏ်အသီးအသီးကို တစ်ပုံ ––- ဤသို့စသည်ဖြင့် ပဋိစ္စသမုပ္ပါဒ် အင်္ဂါ (၁၂)ရပ်ကို (၁၂)ပုံ ပုံ၍ ဝိပဿနာဉာဏ်ဖြင့် ကြိတ်ချေတော်မူ၏၊ မဟာဝဇိရဝိပဿနာဉာဏ်တော်မြတ်တည်း။ ယင်းမဟာဝဇိရဝိပဿနာ ဉာဏ်တော်မြတ်ဖြင့် ထိုးထွင်းသိမြင်တော်မူခဲ့သော ဇရာမရဏအစရှိသော ထိုထိုဝဋ်ဒုက္ခ၏ ဇာတိစသော အကြောင်း တရားကို ကောင်းစွာ ပြတော်မူခြင်းအကျိုးငှာ ပဋိလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မြတ်ကို ဟောကြားတော်မူအပ် သည်ဟု ဆိုလိုပေသည်။[၉၀၈]

၄။ ပဋိလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ဒုတိယနည်း (၂)

အလယ်ဖြစ်သော အာဟာရလေးပါးမှ, တစ်နည်း - တဏှာမှ အစပြု၍ အစဖြစ်သော အဝိဇ္ဇာသို့တိုင်အောင် ဖြစ်ပေါ်လာသော = ဟောကြားတော်မူအပ်သော ပဋိလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ဒုတိယနည်းဖြစ်သည့် အာဟာရသုတ္တန်ဒေသနာတော်ကို အာဟာရလေးမျိုးတို့၏ အကြောင်းရင်း = နိဒါန်းကို အသီးအသီး ပိုင်းခြား၍ ကျွတ်ထိုက်သသူသာဝကတို့၏ အသိဉာဏ်၌ တည်စေခြင်း တည်အောင်ထားတော်မူခြင်းကို အစဉ်လိုက်သဖြင့် အတိတ်ဖြစ်သော အဓွန့်ကာလသို့တိုင်အောင် = အတိတ်အဓွန့်ကာလက ဖြစ်ခဲ့သော အဝိဇ္ဇာ သင်္ခါရသို့တိုင်အောင် အာဟာရသုတ္တန်ဒေသနာတော်ကို ရှေးရှုဆောင်ယူတော်မူပြီးလျှင် တစ်ဖန် အတိတ်အဓွန့်ကာလတရားဖြစ်သော အဝိဇ္ဇာမှစ၍ အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုအစဉ်ကို ကောင်းစွာ ပြတော်မူခြင်း အကျိုးငှာ ဖြစ်စေအပ် ဟောကြားတော်မူအပ်လေသည်။[၉၀၉]

တိုက်တွန်းချက် ဥယျောဇဉ်

သံသရာစက်ရဟတ် လည်ပတ်ပုံကို ဖော်ပြသော ဤကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်ဟူသော ဘဝစက် သည်ကား အလွန်နက်နဲသည်၏ အဖြစ်ကြောင့် ထောက်ရာတည်ရာ မရှိ၊ အထူးထူးသော နည်းတို့ဖြင့် တောချုံကဲ့သို့ ထူထပ်သည်၏ အဖြစ်ကြောင့် လွန်မြောက်နိုင်ခဲ၏ (သိနိုင်ခဲ၏)။

မိုးကြိုးစက်ဝန်းကဲ့သို့ အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်တတ် လုံးထွေးမွှေနှောက်တတ်သော ဤလည်ပတ်နေသော ပဋိစ္စသမုပ္ပါဒ် သံသာရဘဝစက်ကို သမာဓိတည်းဟူသော မြတ်သော ဓားသွေးကျောက်၌ ကောင်းစွာ မြမြထက်အောင် သွေးအပ်ပြီးသော ဉာဏ်တည်းဟူသော သန်လျက်ဖြင့် မဖောက်ခွဲနိုင်ဘဲ (= အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိဘဲ) သံသရာဝဋ်ဒုက္ခဘေးဆိုးကြီးကို ကျော်လွှားလွန်မြောက်သွားနိုင်သော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် အိပ်မက်၏ အတွင်း၌သော်မှလည်း မရှိခဲ့စဖူးချေ။

မှန်ပေသည် – ဘုရားရှင်သည် ဤစကားကို ဟောကြားတော်မူ၏ ..။

''အာနန္ဒာ ...ထိုကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ..
၁။ ဉာတပရိညာ (နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်),
၂။ တီရဏပရိညာ (သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ်),
၃။ ပဟာနပရိညာ (ဘင်္ဂဉာဏ်မှစ၍ အထက်ပိုင်း ဝိပဿနာဉာဏ်များ) –

ဟူသော ပရိညာဉာဏ်ပညာ သုံးမျိုးတို့ဖြင့် လျော်စွာ ထိုးထွင်း မသိခြင်းကြောင့် မဂ်ဆိုက် ဖိုလ်ဆိုက် ထွင်းဖောက် မသိခြင်းကြောင့် ဤသတ္တဝါအပေါင်းသည် ဤသို့ကလောက် ရှည်လျားလှစွာသော သံသရာခရီးထဲ၌ (ကြွက်များ ကိုက်ဖြတ်ထားသဖြင့် ရှုပ်ထွေးပွေလိမ်နေသည့်) ချည်ခင်ထွေးကဲ့သို့ဖြစ်ကာ စာပေါင်းသောင်းငှက်မ၏ အသိုက်သဖွယ် ဖြစ်ကာ (ခြေသုတ်ကြိုးဝန်း ပြုလုပ်ထားသည့် ပြတ်တောက်နေသဖြင့် အရင်းအဖျား ရှာမရအောင် ရှုပ်ထွေးပွေလိမ် နေသည့်) ဖြူဆံမြက် ပြိတ်မြက်ကဲ့သို့ဖြစ်ကာ မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာဖြစ်သော, အလိုအာသာ ဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ဖြစ်သော အပါယ်ဒုဂ္ဂတိ သံသရာကိုလည်းကောင်း, အပါယ်မှ ကြွင်းသော သုဂတိသံသရာကိုလည်းကောင်း မကျော်လွှား မလွန်မြောက်နိုင်ဘဲ ရှိချေ၏၊၊''[၉၁၀]

ဤသို့လျှင် ဤတရားစကားတော်ကို ဘုရားရှင်သည် ဟောကြားထားတော်မူ၏၊ ထိုကြောင့် မိမိ၏လည်းကောင်း သူတစ်ပါးတို့၏လည်းကောင်း အကျိုးစီးပွားအလို့ငှာ ချမ်းသာအလို့ငှာ ကျင့်သော ပညာရှိသည် ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့ဖြင့် သိအောင် လုံ့လပြုခြင်းမှ ကြွင်းသော အခြားသော ကိစ္စအဝဝတို့ကို ပယ်စွန့်ထားလိုက်၍ –

ဤဘုရားရှင်၏ သာသနာတော်၌ ပညာရှိသူတော်ကောင်းသည် အကြောင်းတရားတို့၏ အကျိုးတရားတို့ကို ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပုံ အခြင်းအရာဟူသော သတ္တိအပြားရှိသော နက်နဲလှစွာသော ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရား၌ အကြင်သို့သော အခြင်းအရာအားဖြင့် အားထုတ်လတ်သော် ဉာဏ်ဖြင့် ထောက်ရာ တည်ရာကို ရနိုင်လေရာ၏၊ ဤသို့ ဉာဏ်ဖြင့် ထောက်ရာ တည်ရာကို ရနိုင်လောက်သော အခြင်းအရာအားဖြင့် အခါခပ်သိမ်း သတိနှင့် ပြည့်စုံသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ အဖန်ဖန် ကြိုးကုတ် အားထုတ်ရာ သတည်း.........။[၉၁၁]

ပြည်ဆရာတော်ဘုရားကြီး၏ အာသီသကထာ

ယောဇနာနှင့်၊ ဋီကာ အနု၊ မဓု ဂဏ္ဍိ၊ ကျမ်းပေါင်း ညှိ၍၊ အတိဂမ္ဘီရ၊ ဒုဒ္ဒသဟု၊ ပဋိစ္စသမုပ္ပါဒ်၊ စက်ရဟတ်ကို၊ ဆုံးဖြတ်ဖွတ်နှည်၊ ဉာဏ်ပွတ်ကျည်ဖြင့်၊ လည်တပတ်ပတ်၊ နယ်ချေပွတ်လျက်၊ မွတ်မွတ်ညက်ညက်၊ လွန်ခဲခက်သည်၊ နက်ဓိပ္ပါယ်ယော်၊ ပေါပေါပေါ်အောင်၊ ထုတ်ဖော်ဆုံးဖြတ်၊ မြိန်မွန်မြတ်သား၊ ထောပတ်ဆီဥ၊ ရမှတ်ပြုမှ၊ လဒ္ဓုပဒေသာ၊ သကာချိုမြက်၊ အဖျော်ဖက်၍၊ နံ့သက်မွှေးမွှေး၊

ချိုဆိမ့်လေးသား၊ တည်ကျွေးစားငှာ၊ ဤသည့်စာကို၊ သုဓာမြိုက်တူ၊ စားသောသူကား၊ အယူမသာ၊ ကင်္ခါဝိမတိ၊ စေးညှိထဲနာ၊ ကင်းစင်ကွာ၍၊ နာမရူပတ်၊ ပရမတ်ကို၊ ဆတ်ဆတ်ဆိုနိုင်၊ ဉာဏ်ခန်းပိုင်သည်၊ ဦးကိုင် ပွဲမ၊

ခုံတည်ပလျက်၊ ထွေငေါ်နက်သား၊ သွက်သွက် မြန်သန်၊ ချက်တိုင်းမှန်၍၊ ကျမ်းဂန်စက်ကျ၊ သိုက်မှန်ရသို့၊

ပါမောက္ခကြီး၊ အံ့ဝှဲချီးလျက်၊ ဝေးနီးလူဗိုလ်၊ အများခိုသည်။။

ပုဂ္ဂိုလ်မြောက်ပါစေသတည်း .......။

(ပြည်-ဝိသုဒ္ဓိမဂ်နိဿယ၊၄၊၂၆၇။)

လက္ခဏာဒိစတုက္ကပိုင်း

မြင့်မြတ်သော အသက်ရှင်ခြင်း

ယော စ ဝဿသတံ ဇီဝေ၊ ဒုဿီလော အသမာဟိတော၊
ဧကာဟံ ဇီဝိတံ သေယျော၊ သီလဝန္တဿ စျာယိနော။

အကြင်သူသည် ..
ကိုယ်ကျင့်သီလ မရှိဘဲ,
ဥပစာရ အပ္ပနာ နှစ်ဖြာသော စိတ်တည်ကြည်မှု သမာဓိ မရှိဘဲ ..
နှစ်ပေါင်းတစ်ရာ ကာလကြာအောင် အသက်ရှင်လေရာ၏၊
ထိုပုဂ္ဂိုလ်၏ ..
နှစ်ပေါင်းတစ်ရာ ကာလကြာအောင် အသက်ရှင်ရခြင်းထက် ....
ကသိုဏ်းပညတ်စသော အာရုံကို ကပ်၍ ရှုတတ်သောကြောင့်
အာရမ္မဏူပနိဇ္ဈာနစျာန် အမည်ရသော သမထစျာန်,
သင်္ခါရတရားတို့၏ အနိစ္စစသော လက္ခဏာကို ကပ်၍ ရှုတတ်သောကြောင့် လက္ခဏူပနိဇ္ဈာနစျာန် အမည်ရသော ဝိပဿနာစျာန်တို့ကို ဝင်စားလေ့ရှိသော ..
သီလရှိသော သူတော်ကောင်း၏ ..
တစ်နေ့တစ်ရက် တစ်နံနက်မျှ အသက်ရှင်ရခြင်းသည် သာလွန်၍ မြင့်မြတ်လှပေ၏၊
(ဓမ္မပဒ၊ ဂါထာ၊၁၁၀။)

ယော စ ဝဿသတံ ဇီဝေ၊ ဒုပ္ပညော အသမာဟိတော၊
ဧကာဟံ ဇီဝိတံ သေယျော၊ ပညဝန္တဿ စျာယိနော။

အကြင်သူသည် ..
သမထ ဝိပဿနာ နှစ်ဖြာသော ပညာ မရှိဘဲ,
ဥပစာရ အပ္ပနာ နှစ်ဖြာသော စိတ်တည်ကြည်မှု သမာဓိ မရှိဘဲ ..
နှစ်ပေါင်းတစ်ရာ ကာလကြာအောင် အသက်ရှင်လေရာ၏၊
ထိုပုဂ္ဂိုလ်၏ ..
နှစ်ပေါင်းတစ်ရာ ကာလကြာအောင် အသက်ရှင်ရခြင်းထက် ....
ကသိုဏ်းပညတ်စသော အာရုံကို ကပ်၍ ရှုတတ်သောကြောင့်
အာရမ္မဏူပနိဇ္ဈာနစျာန် အမည်ရသော သမထစျာန်,
သင်္ခါရတရားတို့၏ အနိစ္စစသော လက္ခဏာကို ကပ်၍ ရှုတတ်သောကြောင့် လက္ခဏူပနိဇ္ဈာနစျာန် အမည်ရသော ဝိပဿနာစျာန်တို့ကို ဝင်စားလေ့ရှိသော ..
သမထ ဝိပဿနာ နှစ်ဖြာသော ပညာရှိသော သူတော်ကောင်း၏ ..
တစ်နေ့တစ်ရက် တစ်နံနက်မျှ အသက်ရှင်ရခြင်းသည် သာလွန်၍ မြင့်မြတ်လှပေ၏၊
(ဓမ္မပဒ၊ ဂါထာ၊၁၁၁။)

လက္ခဏ - ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန်တို့ကို ရှုသင့်ပုံ

ဓမ္မာနုပဿနာသတိပဋ္ဌာန်ကျင့်စဉ် ကောက်နုတ်ချက်

''ရဟန်းတို့ ...ဤသာသနာတော်၌ ယောဂါဝစရရဟန်းတော်သည် ..
၁။ (က) ဤကား ရုပ်တရားတည်း၊
( ခ ) ဤကား ရုပ်တရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊
( ဂ ) ဤကား ရုပ်တရား၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။

၂။ (က) ဤကား ဝေဒနာတရားတည်း၊
( ခ ) ဤကား ဝေဒနာတရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊ ( ဂ ) ဤကား ဝေဒနာတရား၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။

၃။ (က) ဤကား သညာတရားတည်း၊
( ခ ) ဤကား သညာတရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊
( ဂ ) ဤကား သညာတရား၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။

၄။ (က) ဤကား (စေတသိက်) သင်္ခါရတရားတို့တည်း၊
( ခ ) ဤကား သင်္ခါရတရားတို့၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊
( ဂ ) ဤကား သင်္ခါရတရားတို့၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။

၅။ (က) ဤကား (အသိစိတ်) ဝိညာဏ်တရားတည်း၊
( ခ ) ဤကား ဝိညာဏ်တရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောတည်း၊
( ဂ ) ဤကား ဝိညာဏ်တရား၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောတည်း။[၉၁၂] ဤသို့လျှင် ဥပါဒါနက္ခန္ဓာ (၅)ပါးတည်းဟူသော ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊[၉၁၃]

ဤအထက်ပါ မဟာသတိပဋ္ဌာနသုတ္တန် ဓမ္မာနုပဿနာ ခန္ဓပဗ္ဗ သတိပဋ္ဌာန်ကျင့်စဉ် ဒေသနာတော်၌ –

၁။ ဣတိ ရူပံ = ဤကား ရုပ်တရားတည်း။
၂။ ဣတိ ဝေဒနာ = ဤကား ဝေဒနာတရားတည်း။
၃။ ဣတိ သညာ = ဤကား သညာတရားတည်း။
၄။ ဣတိ သင်္ခါရာ = ဤကား သင်္ခါရတရားတို့တည်း။
၅။ ဣတိ ဝိညာဏံ = ဤကား ဝိညာဏ်တရားတည်း။ –

ဤသို့လျှင် ဥပါဒါနက္ခန္ဓာ (၅)ပါးတည်းဟူသော ဓမ္မသဘောတရားတို့၌ ဓမ္မသဘောတရားဟု အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ်၍နေရန် ယောဂါဝစရ ရဟန်းတော်အား ဘုရားရှင်သည် ညွှန်ကြားထားတော်မူ၏၊ ယင်း ညွှန်ကြားတော်မူချက်၏ ဆိုလိုရင်းအနက်သဘောတရားကို အဋ္ဌကထာ[၉၁၄] ဋီကာ[၉၁၅]တို့က အောက်ပါအတိုင်း ဖွင့်ဆို ထားတော်မူကြ၏ ..။

အမေး –– ဘုရားရှင်သည် – ဤကား ရုပ်တရားတည်း၊ ဤကား ဝေဒနာတရားတည်း၊ ဤကား သညာ တရားတည်း၊ ဤကား သင်္ခါရတရားတို့တည်း၊ ဤကား ဝိညာဏ်တရားတည်းဟု ဤဥပါဒါနက္ခန္ဓာ (၅)ပါးတို့၌ အဖန်ဖန် အထပ်ထပ် ရှုပွားသုံးသပ်၍ နေထိုင်ရန် ယောဂါဝစရရဟန်းတော်အား ညွှန်ကြားထားတော်မူ၏၊ ဤသို့ ညွှန်ကြားတော် မူရာဝယ် ယောဂါဝစရရဟန်းတော်သည် ယင်းဥပါဒါနက္ခန္ဓာ (၅)ပါးတို့ကို မည်သို့မည်ပုံ သိရမည်နည်း၊ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ရှုရမည်နည်းဟု မေးရန်ရှိ၏၊

အဖြေ – အဖြေမှာ ဤသို့ ဖြစ်၏၊

၁။ ဤကား ရုပ်တရားတည်း၊ ရုပ်တရားကား ဤမျှသာတည်း၊ ဤထက် အပိုအလွန်မရှိဟု သီတ-ဥဏှ (= အအေးအပူ) စသော အကြောင်းတရားတို့ကြောင့် ရှေးရှေး ဖြစ်ပေါ်သွားသော ရုပ် သန္တတိ (= ဖြစ်စဉ်) နှင့် မတူသော နောက်နောက်သော ရုပ်သန္တတိ = ဖြစ်စဉ်၏ ဖြစ်ပုံအခြင်းအရာ ပုံစံအမျိုးမျိုး ပြောင်းလဲ၍ ဖြစ်မှုဟူသော ရုပ္ပနသဘာဝ = ဖောက်ပြန်ခြင်းသဘောကိုလည်းကောင်း, ဘူတရုပ် ဥပါဒါရုပ်တည်းဟူသော ထူးထွေကွဲပြားသော (၂၈)မျိုးသော ရုပ်ကိုလည်းကောင်း အစပြု၍ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းကို ဟောတော်မူလိုရင်းဖြစ်သည်၊ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်ပဒဋ္ဌာန်အားဖြင့် ရုပ်အားလုံးကို ကုန်စင်အောင် သိရမည်၊ သိအောင် ရှုရမည်ဟု ဆိုလိုသည်။

ဤကား ဝေဒနာတရားတည်း ......စသည်တို့၌လည်း –
၂။ ဤကား ဝေဒနာတရားတည်း၊ ဝေဒနာတရားကား ဤမျှသာတည်း၊ ဤထက်အပိုအလွန် ဝေဒနာမည်သည် မရှိ။
၃။ ဤကား သညာတရားတည်း။ ပ။
၄။ ဤသည်တို့ကား သင်္ခါရတရားတို့တည်း။ ပ။
၅။ ဤကား ဝိညာဏ်တရားတည်း၊ ဝိညာဏ်တရားသည် ဤမျှသာတည်း၊ ဤထက် အပိုအလွန် ဝိညာဏ်တရား မည်သည် မရှိဟု –

၂။ ဝေဒနာက္ခန္ဓာ၏ အာရုံ၏ အရသာကို ခံစားမှုသဘော,
၃။ သညာက္ခန္ဓာ၏ အာရုံကို အမှတ်ပြု၍ သိမှုသဘော,
၄။ သင်္ခါရက္ခန္ဓာ၏ မိမိအကြောင်းတရားတို့သည် အညီအညွတ် ပြီးစေအပ်သော အကျိုးတရားကို ဖြစ်ပေါ်လာအောင် ပြုပြင်တတ် ပြီးစေတတ်သောသဘော,
၅။ ဝိညာဏက္ခန္ဓာ၏ အာရုံကို ပိုင်းခြားယူတတ်မှု သိမှုသဘောကိုလည်းကောင်း,

၂။ ဝေဒနာက္ခန္ဓာ၏ သုခဝေဒနာ စသည်ဖြင့် ကွဲပြားမှု,
၃။ သညာက္ခန္ဓာ၏ ရူပသညာ စသည်ဖြင့် ကွဲပြားမှု,
၄။ သင်္ခါရက္ခန္ဓာ၏ ဖဿ စေတနာ စသည်ဖြင့် ကွဲပြားမှု,
၅။ ဝိညာဏက္ခန္ဓာ၏ စက္ခုဝိညာဏ် စသည်ဖြင့် ကွဲပြားမှုကိုလည်းကောင်း –

ဤသဘောတရားများကို အစပြု၍ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် အကြွင်းအကျန်မရှိ ကုန်စင်အောင် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းကို ဟောတော် မူလိုရင်း ဖြစ်သည်။ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တရားအားလုံးကို အကြွင်းအကျန်မရှိ ကုန်စင်အောင် သိရမည် သိအောင်ရှုရမည်ဟု ဆိုလိုသည်။[၉၁၄]

အထက်ပါ အဋ္ဌကထာများ၌ – အနဝသေသရူပပရိ ဂ္ဂဟော ဝုတ္တော။ ပ။ အနဝသေသဝေဒနာသညာသင်္ခါရဝိညာဏပရိ ဂ္ဂဟော ဝုတ္တော ဟူသော ညွှန်ကြားချက်များကို သတိပြုပါ။ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် ဟူသော ဥပါဒါနက္ခန္ဓာ (၅)ပါးတို့ကို အကြွင်းအကျန်မရှိ ကုန်စင်အောင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းရန် ဖွင့်ဆိုထားတော်မူကြ၏၊

၁။ ရုပ်တရား တစ်လုံးလောက်ကိုသာ, သို့မဟုတ်
၂။ နာမ်တရား တစ်လုံးလောက်ကိုသာ, သို့မဟုတ်
၃။ ရုပ်တရားဘက်ကလည်း တစ်လုံးလောက်, နာမ်တရားဘက်ကလည်း တစ်လုံးလောက်ကိုသာ –

လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းရမည်ဟူ၍ကား မညွှန်ကြားကြပေ။ ရုပ်-ဝေဒနာ-သညာသင်္ခါရ-ဝိညာဏ်တို့ကို အနဝသေသ = အကြွင်းအကျန်မရှိ ကုန်စင်အောင် သိမ်းဆည်းရမည် ဉာဏ်ဖြင့် ပိုင်းခြားယူရမည် ဟူ၍သာ ညွှန်ကြားထားတော်မူကြ၏၊ ထိုကြောင့် ရုပ်ဓာတ်တစ်လုံးလောက်ကို ရှုလျှင်, သို့မဟုတ် နာမ်ဓာတ် တစ်လုံး လောက်ကို ရှုလျှင်, သို့မဟုတ် ရုပ်ဓာတ်ဘက်ကလည်း တစ်လုံးလောက်, နာမ်ဓာတ်ဘက်ကလည်း တစ်လုံးလောက်ကို ရှုလျှင် ကိစ္စပြီးနိုင်သည် နိဗ္ဗာန်သို့ ရောက်ရှိနိုင်သည်ဟူသော အဆိုအမိန့်များမှာ ဘုရားဟောဒေသနာမျဉ်းကြောင်းမှ တိမ်းစောင်းချွတ်ချော်နေသော အယူအဆတို့သာ ဖြစ်ကြသည်ဟု မှတ်သားနာယူလေရာသည်။

အထက်ပါ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ညွှန်ကြားတော်မူချက်နှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ၁။ ဘူတရုပ် ဥပါဒါရုပ်ဟူသော ရုပ် (၂၈)ပါးကိုလည်းကောင်း, ပထဝီ-အာပေါ-တေဇော-ဝါယော စသော ရုပ်တရား တစ်လုံးစီ တစ်လုံးစီ၏ ဆိုင်ရာ ဆိုင်ရာ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း, ၂။ သုခဝေဒနာ, ဒုက္ခဝေဒနာ, သောမနဿဝေဒနာ, ဒေါမနဿဝေဒနာ, ဥပေက္ခာဝေဒနာကိုလည်းကောင်း, ယင်းဝေဒနာ အသီးအသီး၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း,

၃။ ရူပသညာ, သဒ္ဒသညာ, ဂန္ဓသညာ, ရသသညာ, ဖောဋ္ဌဗ္ဗသညာ, ဓမ္ဓသညာဟူသော သညာအပြားကို လည်းကောင်း, ယင်းသညာ အသီးအသီး၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း,

၄။ ဖဿ-စေတနာ-ဧကဂ္ဂတာ-ဇီဝိတ-မနသိကာရ စသော သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်သော စေတသိက် အလုံး (၅၀)ကိုလည်းကောင်း, ယင်းစေတသိက် အသီးအသီး၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း,

၅။ စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်, မနောဝိညာဏ်ဟူသော ဝိညာဏ်အပြားကိုလည်းကောင်း, ယင်းအသီးအသီးသော ဝိညာဏ်၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကိုလည်းကောင်း သိအောင် ရှုရမည်။

ဘုရားရှင်၏ တရားစစ် တရားမှန်ကို လိုလားတောင့်တလျက်ရှိသော ယောဂီသူတော်ကောင်းသည် ဤပါဠိတော် အဋ္ဌကထာ ဋီကာတို့၏ ဟောကြားမြွက်ဖော် မိန့်မှာတော်မူချက်ကိုကား ဦးထိပ်ထက်၌ သံမှိုနှက်သကဲ့သို့ စွဲမြဲစွာ မှတ်သားနာယူထားလေရာသည်။

ဥ ဂ္ဃဋိတညူ - ဝိပဉ္စိတညူ

သစ္စာ (၄)ပါးနှင့်စပ်သော တရားစကားတော်ကို အကျဉ်းချုပ် နာကြားခွင့် ရရှိရုံမျှဖြင့် သစ္စာ (၄)ပါးကို လျင်မြန်စွာ ထိုးထွင်းသိမြင်သော ပုဂ္ဂိုလ်တို့ကို ဥဂ္ဃဋိတညူပုဂ္ဂိုလ်တို့ဟူ၍ ခေါ်ဆို၏၊ သစ္စာ (၄)ပါးနှင့် စပ်သော တရားအကျယ်ကို နာကြားခွင့် ရရှိရုံမျှဖြင့် သစ္စာ (၄)ပါးကို လျင်မြန်စွာ ထိုးထွင်း သိမြင်သော ပုဂ္ဂိုလ်တို့ကို ဝိပဉ္စိတညူ ပုဂ္ဂိုလ်တို့ဟူ၍ ခေါ်ဆို၏၊

တရားနာယူရုံမျှဖြင့် ကျွတ်တမ်းဝင်သွားတော်မူကြကုန်သော ထိုကဲ့သို့သော သူတော်ကောင်းကြီးများကို ကြည့်၍ ထိုပုဂ္ဂိုလ်မြတ်ကြီးတို့သည် အဘယ်မှာလျှင် ရုပ်တရား နာမ်တရားတို့ကို အသေးစိတ် ရှုပွားသုံးသပ်ဖို့ရန် အချိန် ရရှိနိုင်ပါအံ့နည်း။ အဘယ်မှာလျှင် ရုပ်တရားတိုင်း နာမ်တရားတိုင်းကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် တစ်လုံးစီ တစ်လုံးစီ သိမ်းဆည်း ရှုပွားဖို့ရန် အချိန်ရရှိနိုင်ပါအံ့နည်းဟု မေးခွန်းထုတ်တတ်ကြပြန်၏၊ ဆင်ခြင်ပေးကြ ပြန်၏၊ ဤအချက်နှင့် ပတ်သက်၍ သံသယမကင်း ရှိနေသေးကြသည့် သူတော်ကောင်းတို့အား အနည်းငယ် ရှင်းလင်း တင်ပြပါရစေ ...။

တရားနာယူရုံမျှဖြင့် ကျွတ်တမ်းဝင်သွားတော်မူကြကုန်သော အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန် အရှင်ဗာဟိယဒါရုစိရိယ အစရှိကုန်သော ထိုသူတော်ကောင်းကြီးတို့သည်ကား ယေဘုယျအားဖြင့် ပဋိသမ္ဘိဒါဉာဏ်တော် မြတ်သို့ ဆိုက်ရောက်တော်မူကြသည့် သူတော်စင်ကြီးတို့သာ ဖြစ်တော်မူကြ၏၊

ပဋိသမ္ဘိဒါဉာဏ်တော်မြတ် (၄) ပါး - သစ္စဝါရဒေသနာတော်

ဝိဘင်းပါဠိတော် သစ္စဝါရဒေသနာတော်[၉၁၆]၌ ဘုရားရှင်က ပဋိသမ္ဘိဒါဉာဏ်တော်များကို အောက်ပါအတိုင်း ဟောကြားထားတော်မူပေသည် ..။

၁။ အတ္ထပဋိသမ္ဘိဒါဉာဏ် – ဒုက္ခသစ္စာ၌ သိသောဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ် မည်၏ = အကြောင်း၏ အကျိုး၌ သိသောဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ် မည်၏၊

၂။ ဓမ္မပဋိသမ္ဘိဒါဉာဏ် – ဒုက္ခသစ္စာ၏အကြောင်း သမုဒယသစ္စာ၌ သိသောဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ် မည်၏ = အကြောင်းတရား၌ သိသောဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ် မည်၏၊

၁။ အတ္ထပဋိသမ္ဘိဒါဉာဏ် – ဒုက္ခချုပ်ရာ နိရောဓသစ္စာ၌ သိသောဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ် မည်၏၊

၂။ ဓမ္မပဋိသမ္ဘိဒါဉာဏ် – ဒုက္ခချုပ်ရာ နိရောဓ (= နိဗ္ဗာန်)သို့ ရောက်ကြောင်းကျင့်စဉ် (= မဂ္ဂသစ္စာ)၌ သိသော ဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ် မည်၏၊

၃။ နိရုတ္တိပဋိသမ္ဘိဒါဉာဏ် – ထို ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော အတ္ထ ဓမ္မ သဘာဝတရားတို့၌ အခေါ် အဝေါ် အသုံးအနှုန်းကို ကျွမ်းကျင်လိမ္မာသော ဉာဏ်သည် အထူးသဖြင့် မာဂဓဘာသာစကား၌ ကျွမ်းကျင် လိမ္မာသော ဉာဏ်သည် နိရုတ္တိပဋိသမ္ဘိဒါဉာဏ် မည်၏၊

၄။ ပဋိ ဘာနပဋိသမ္ဘိဒါဉာဏ် –– အတ္ထပဋိသမ္ဘိဒါဉာဏ်, ဓမ္မပဋိသမ္ဘိဒါဉာဏ်, နိရုတ္တိပဋိသမ္ဘိဒါဉာဏ်တို့ကို တစ်ဖန် ပြန်၍ သိသောဉာဏ်သည် ပဋိဘာနပဋိသမ္ဘိဒါဉာဏ် မည်၏၊

ပဋိသမ္ဘိဒါဉာဏ်ကို ရရှိရန် အကြောင်းအင်္ဂါ (၅) ရပ်

သာဝကတို့၏ ပဋိသမ္ဘိဒါဉာဏ်တို့သည် (၅)မျိုးကုန်သော အကြောင်းတရားတို့ကြောင့် စင်ကြယ်သန့်ရှင်းကုန်၏၊

၁။ အဓိဂမ – အဓိဂမဟူသည် သေက္ခဘုံဟုခေါ်ဆိုအပ်သော သောတာပတ္တိဖိုလ် သကဒါဂါမိဖိုလ် အနာဂါမိဖိုလ် ဟူသော တစ်ခုခုသော အရိယဖိုလ်သို့, အသေက္ခဘုံဟု ခေါ်ဆိုအပ်သော အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူခြင်း တည်း။ ဤအင်္ဂါရပ်ကား ဤဘုရားရှင်၏ သာသနာတော်တွင်း၌ ရရှိရမည့် အင်္ဂါရပ် ဖြစ်ပေသည်။

၂။ ပရိယတ္တိ – ဘုရားရှင်၏ ပိဋကတ်သုံးပုံတည်းဟူသော ဘုရားစကားတော်ကို သင်ယူခြင်း ရွတ်ဖတ်သရဇ္ဈာယ်ခြင်း သည် ပရိယတ္တိ မည်၏၊ ဤအင်္ဂါရပ်ကား ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ ပြည့်စုံအောင် ကြိုးပမ်းထားပြီး ဖြစ်ရမည့် အင်္ဂါရပ် ဖြစ်သည်။

၃။ သဝန – အရိုအသေပြု၍ အလေးအမြတ်ပြု၍ အလွန်လိုလားတောင့်တသော ကုသိုလ်သမ္မာဆန္ဒဓာတ်ဖြင့် သဒ္ဓမ္မ အမည်ရသည့် သူတော်ကောင်းတရားကို နာကြားခြင်းသည် သဝန မည်၏၊ အထူးသဖြင့် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌လည်း ဤအင်္ဂါရပ်နှင့် ပြည့်စုံအောင် ကြိုးပမ်းထားပြီး ဖြစ်ရမည်။

၄။ ပရိပုစ္ဆာ – ခန္ဓာ-အာယတန-ဓာတ်-သစ္စာ-ပဋိစ္စသမုပ္ပါဒ်စသော နက်နဲသော တရားတော်တို့နှင့် စပ်ယှဉ်သော ပါဠိတော် အဋ္ဌကထာစသည့် စကားအစဉ်တို့၌ ပဒတ္ထ - ပုဒ်အနက်သဘောအားဖြင့် အသိခက်ခဲသောပုဒ်၊ အဓိပ္ပါယတ္ထဆိုလိုရင်း အနက်သဘောအားဖြင့် အသိခက်ခဲသောပုဒ်တို့ကို အကျယ်ဆုံးဖြတ်ကြောင်း စကားတော်ကို သင်ယူခြင်းသည် ပရိပုစ္ဆာ မည်၏၊ တစ်နည်း - အဋ္ဌကထာကို သင်ယူခြင်းသည် ပရိပုစ္ဆာ မည်၏၊ ပဋိသမ္ဘိဒါဉာဏ်သို့ ဆိုက်ရောက်တော် မူလိုသော သူတော်ကောင်းသည် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌လည်း အထူးသဖြင့် ဤအင်္ဂါရပ်နှင့်လည်း ပြည့်စုံအောင် ကြိုးပမ်းထားပြီး ဖြစ်ရမည်။

၅။ ပုဗ္ဗယောဂ – ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ ဆွမ်းခံသွားရာ၌ ကမ္မဋ္ဌာန်းကို ဆောင်ခြင်း ဆွမ်းခံရွာမှ ကျောင်းသို့ ပြန်ကြွလာရာ၌ ကမ္မဋ္ဌာန်းကို ဆောင်ခြင်းတည်းဟူသော အသွားအပြန် ကမ္မဋ္ဌာန်းကို ဆောင်ခြင်း ဂတပစ္စာဂတိကကျင့်ဝတ်ကို ဖြည့်ကျင့်လျက် သမထ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းတို့ကို စီးဖြန်းပွားများ အားထုတ်တော် မူလေရာ အနုလောမဉာဏ် ဂေါတြဘုဉာဏ်တို့၏ အနီးအပါး၌ဖြစ်သော သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင် ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို အပတ်တကုတ် အားထုတ်ဖူးခြင်းသည် ပုဗ္ဗယောဂ မည်၏၊ ပဋိသမ္ဘိဒါဉာဏ်သို့ ဆိုက်ရောက်တော် မူလိုသော သူတော်ကောင်းသည် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌လည်း အထူးသဖြင့် ဤအင်္ဂါရပ်နှင့်လည်း ပြည့်စုံအောင် ကြိုးပမ်းထားပြီး ဖြစ်ရမည်။

ဤ (၅)မျိုးသော အကြောင်းတရားတို့ကြောင့် သာဝကတို့၏ ပဋိသမ္ဘိဒါဉာဏ်တို့သည် စင်ကြယ်သန့်ရှင်းကုန်၏၊ ထိုတွင် –

၁။ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့သည်လည်းကောင်း,
၂။ ပစ္စေကဗုဒ္ဓ ဘုရားရှင်တို့သည်လည်းကောင်း –

၁။ ပုဗ္ဗယောဂဟူသော ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်တွင်း၌ သင်္ခါရုပေက္ခာဉာဏ်တို့တိုင်အောင် ဝိပဿနာ ဘာဝနာကို ပွားများအားထုတ်ခဲ့ဖူးခြင်းကြောင့်လည်းကောင်း,

၂။ အဓိဂမဟူသော အရဟတ္တမဂ်ဉာဏ် အရဟတ္တဖိုလ်ဉာဏ်ကို ရရှိတော်မူခြင်းကြောင့်လည်းကောင်း –

ဤအကြောင်းတရား နှစ်မျိုးကို အမှီပြု၍ ပဋိသမ္ဘိဒါဉာဏ်တို့သို့ ရောက်ရှိတော်မူကြကုန်၏၊ သာဝကတို့သည် ကား အထက်တွင် ဖော်ပြထားသော ထိုအကြောင်းတရား (၅)ပါးလုံးတို့ကိုပင် အမှီပြု၍ ပဋိသမ္ဘိဒါဉာဏ်တို့သို့ ရောက်ရှိသွားကြကုန်၏၊[၉၁၇]

သေက္ခဘုံ - အသေက္ခဘုံ

ဤပဋိသမ္ဘိဒါ လေးပါးတို့သည်ကား သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော အောက်မဂ် အောက်ဖိုလ်တို့ဖြင့် ထုံမွမ်း ထားအပ်သော စိတ်အစဉ်ဟူသော သေက္ခဘုံ၌လည်းကောင်း, အသေက္ခပုဂ္ဂိုလ်တို့၏ = ရဟန္တာပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော အရဟတ္တမဂ် အရဟတ္တဖိုလ်တို့ဖြင့် ထုံမွမ်းထားအပ်သော စိတ်အစဉ်ဟူသော အသေက္ခဘုံ၌လည်းကောင်း ဤနှစ်မျိုး သော ဘုံဌာနတို့၌ ထိုထိုအထူးအပြားကို အဟုတ်အမှန် သိခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်သို့ ရောက်ရှိကြကုန်၏၊

ထိုနှစ်ပါးသော အရာဌာနတို့တွင် အဂ္ဂသာဝကတို့၏လည်းကောင်း, မဟာသာဝကတို့၏လည်းကောင်း ပဋိသမ္ဘိဒါဉာဏ်တို့သည် အသေက္ခဘုံ၌ ထိုထို အထူးအပြားကို အဟုတ်အမှန် သိခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်သို့ ရောက်ရှိကြကုန်၏ = ရဟန္တာအဖြစ်သို့ ဆိုက်ရောက်တော်မူသည်နှင့် တစ်ပြိုင်နက် ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့ကိုလည်း ရရှိတော်မူကြ၏၊

အရှင်အာနန္ဒာမထေရ်မြတ်, စိတ္တသူကြွယ်, ဓမ္မိကဥပါသကာ, ဥပါလိသူကြွယ်, ခုဇ္ဇုတ္တရာဥပါသိကာမ အစရှိသော ပုဂ္ဂိုလ်တို့၏ ပဋိသမ္ဘိဒါဉာဏ်တို့သည်ကား သေက္ခဘုံ၌ ထိုထိုပဋိသမ္ဘိဒါဉာဏ်ဖြင့် ထိုးထွင်းသိရမည့် ထိုထိုအထူးအပြားကို အဟုတ်အမှန် သိခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်သို့ ရောက်ရှိကြကုန်၏၊[၉၁၈]

အရှင်အာနန္ဒာမထေရ်မြတ်သည် သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ကို ရရှိတော်မူသောအခါ ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့ကိုပါ ရရှိတော်မူ၏၊ စိတ္တသူကြွယ်နှင့် ဓမ္မိကဥပါသကာကြီးတို့သည် အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိ ကြသောအခါ ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့ကိုပါ ရရှိသွားကြ၏၊ ဥပါလိသူကြွယ်နှင့် ခုဇ္ဇုတ္တရာ ဥပါသိကာမတို့သည်လည်း သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရှိကြသောအခါ ပဋိသမ္ဘိဒါဉာဏ်တို့ကိုပါ ရရှိသွားကြ၏ ဟူလို။

ပုဗ္ဗယောဂ အရေးကြီးပါသည်

ဤအကြောင်းတရား (၅)မျိုးတို့တွင် –– (၁) ပရိယတ္တိ, (၂) သဝန, (၃) ပရိပုစ္ဆာ - ဤ (၃)မျိုးကုန်သော အကြောင်းတရားတို့သည်ကား အရိယမဂ်တရားတို့ဖြင့် သိအပ် ရအပ်ပြီးကုန်သော ပဋိသမ္ဘိဒါဉာဏ်တို့၏ ထူးထွေ ကွဲပြားခြင်းသို့ ရောက်ခြင်း၏သာလျှင် အားကြီးသော အကြောင်းတရားတို့ ဖြစ်ကြကုန်၏၊ အဓိဂမ အမည်ရသော အရဟတ္တဖိုလ်လျှင် အဆုံးအပိုင်းအခြား ရှိသော အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်ကို ရရှိခြင်း၏ အားကြီးသော အကြောင်းတရားတို့ မဟုတ်ကြလေကုန်။

ပုဗ္ဗယောဂ –– ပုဗ္ဗယောဂ အမည်ရသော ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင်သော သမထ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်းတို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ဖူးခြင်းတည်း ဟူသော အကြောင်းတရားသည်ကား အဓိဂမ အမည်ရသော အရဟတ္တဖိုလ်လျှင် အဆုံးအပိုင်းအခြား ရှိသော အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်ကို ရရှိခြင်း၏ အားကြီးသော အကြောင်းတရား ဖြစ်ပေသည်။

ယင်းပုဗ္ဗယောဂသည် ပဋိသမ္ဘိဒါဉာဏ်၏ ထူးထွေကွဲပြားခြင်း၏ အကြောင်းတရား ဖြစ်လေသလော မဖြစ်လေ သလောဟု မေးခဲ့သော် အကြောင်းတရား ဖြစ်၏ဟူ၍ပင် ဖြေဆိုလေရာသည်။ (အဓိဂမကား လောကုတ္တရာတရားတည်း။ ပဋိသမ္ဘိဒါဉာဏ်ကား ကာမာဝစရတရားတည်း၊ သေက္ခပဋိသမ္ဘိဒါဉာဏ်ကား မဟာကုသိုလ် ဉာဏသမ္ပယုတ်, အသေက္ခ ပဋိသမ္ဘိဒါဉာဏ်ကား မဟာကြိယာ ဉာဏသမ္ပယုတ် ကာမာဝစရတရားတည်း။ ဤသို့ မှတ်သားပါလေ။)

သို့သော် ယင်းပုဗ္ဗယောဂသည် အဓိဂမ အမည်ရသော အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်၏ အားကြီးသော အကြောင်းတရား ဖြစ်သကဲ့သို့ ပဋိသမ္ဘိဒါဉာဏ်၏ အားကြီးသော အကြောင်းတရားကား မဟုတ်ပေ။ ပရိယတ္တိ သဝန ပရိပုစ္ဆာဟူသော ဤအကြောင်းတရား (၃)မျိုးတို့သည် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ (တစ်နည်း ရှေးဘဝ၌) ရှိမူလည်း ရှိကြပါစေ, မရှိမူလည်း မရှိကြပါစေ, ပုဗ္ဗယောဂကြောင့် ရှေးရှေးဘုရားရှင်တို့၏ သာသနာဝယ် ရှေးရှေးဘဝ၌လည်းကောင်း, ယခုဘဝ၌လည်းကောင်း ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာရှုပွားသုံးသပ်ခြင်း သင်္ခါရသမ္မသနလုပ်ငန်းရပ်နှင့် ကင်း၍ ပဋိသမ္ဘိဒါဉာဏ် ကို ရရှိခြင်းမည်သည် မရှိသည်သာတည်း။ ပုဗ္ဗယောဂ အဓိဂမဟူသော ဤအကြောင်းတရား နှစ်ပါးတို့သည်လည်း အညီအညွတ် တပေါင်းတစည်းတည်း ဖြစ်သော်သာလျှင် ပဋိသမ္ဘိဒါဉာဏ်တို့ကို ထောက်ပံ့၍ သန့်ရှင်းသည်တို့ကို ပြုကြကုန်၏၊[၉၁၉]

''ဘုရားရှင်၏ ပရိယတ်တရားတော်ကို များစွာပင် သင်ယူပြီးသော်လည်း ပုထုဇန်ပုဂ္ဂိုလ်၏ ပဋိသမ္ဘိဒါဉာဏ်သို့ ရောက်ခြင်းမည်သည် မရှိသည်သာလျှင်တည်း။ အရိယသာဝကဟူသမျှသည် ပဋိသမ္ဘိဒါဉာဏ်သို့ မရောက်သော သာဝကမည်သည် မရှိသည်သာတည်း။''[၉၂၀]

အရိယာသူတော်ကောင်းမှန်သမျှတို့သည် သစ္စာလေးပါးတို့ကို ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ် အရိယမဂ္ဂသမ္မာဒိဋ္ဌိဉာဏ် တို့ဖြင့် = အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်တော်မူပြီး ဖြစ်ကြ၏၊ ထိုသို့ မသိမမြင်ကြဘဲ အရိယာသူတော်ကောင်းအဖြစ်သို့ကား မရောက်ရှိနိုင်ကြပေ။[၉၂၁]

ဝိဘင်းပါဠိတော် သစ္စဝါရဒေသနာတော်၌ လာရှိသည့်အတိုင်း ယင်းသစ္စာလေးပါးတို့တွင် အတိတ်-အနာဂတ်ပစ္စုပ္ပန်-အဇ္ဈတ္တ-ဗဟိဒ္ဓ-ဩဠာရိက-သုခုမ-ဟီန-ပဏီတ-ဒူရ-သန္တိကဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ ငါးပါးတို့သည် ဒုက္ခသစ္စာ မည်ကြ၏၊[၉၂၂] ယင်း .. ဒုက္ခသစ္စာ၌ သိသောဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ် မည်၏၊

အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံ၍ ပြုစုပျိုးထောင်အပ်သော သင်္ခါရ ကံတို့သည် သမုဒယသစ္စာ မည်ကုန်၏၊၊[၉၂၃] ယင်းသမုဒယသစ္စာကိုလည်းကောင်း, သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာဖြစ်ပုံကိုလည်းကောင်း သိသောဉာဏ်သည် ဒုက္ခသစ္စာ၏အကြောင်း သမုဒယသစ္စာ၌ သိသောဉာဏ် = ဓမ္မပဋိသမ္ဘိဒါဉာဏ် မည်၏၊

ယင်းဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော ပထဝီ အာပေါ တေဇော ဝါယော ဖဿ ဝေဒနာ သညာ စေတနာ ဝိညာဏ် စသော ပရမတ္ထ ဓာတ်သားတို့၏ အခေါ်အဝေါ် အသုံးအနှုန်းကို ကျွမ်းကျင်လိမ္မာသော ဉာဏ်သည် နိရုတ္တိပဋိသမ္ဘိဒါဉာဏ် မည်၏၊

ယင်း အတ္ထပဋိသမ္ဘိဒါဉာဏ်, ဓမ္မပဋိသမ္ဘိဒါဉာဏ်, နိရုတ္တိပဋိသမ္ဘိဒါဉာဏ်တို့ကို တစ်ဖန်ပြန်၍ သိတတ်သော ရှုတတ်သော ဝိပဿနာဉာဏ်သည် ပဋိဘာနပဋိသမ္ဘိဒါဉာဏ် မည်၏၊[၉၂၄]

ဤရှင်းလင်းချက်များနှင့် အညီ အရိယာသူတော်ကောင်းတို့သည် ပဋိသမ္ဘိဒါဉာဏ်သို့ ထိုက်သည့်အားလျော်စွာ ရောက်ရှိတော်မူကြသည်သာ ဖြစ်ကြ၏၊ အရှင်မဟာကောဋ္ဌိက မထေရ်မြတ်ကြီးတို့ကဲ့သို့ အလွန် အဆင့်မြင့်မားလှသော ပဋိသမ္ဘိဒါဉာဏ်သို့ ရောက်ရှိတော်မူကြသည့် သူတော်ကောင်းတို့သည်လည်း ရှိကြကုန်ရာ၏၊ သာဝကပါရမီဉာဏ်အား လျော်စွာ သစ္စာလေးပါးမျှကိုသာ ထိုးထွင်းသိမြင်ကြသည့် ပဋိသမ္ဘိဒါဉာဏ်သို့ ရောက်ရှိကြကုန်သော အရိယာ သူတော်ကောင်းကြီးတို့သည်လည်း ရှိကြကုန်ရာ၏၊

အရဟတ္တဖိုလ်လျှင် အဆုံးအပိုင်းအခြားရှိသော အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသော အဓိဂမ၏ အားကြီးသော အကြောင်းတရားမှာ ပုဗ္ဗယောဂပင် ဖြစ်သည်။ ပုဗ္ဗယောဂနှင့်ကင်း၍ ပဋိသမ္ဘိဒါဉာဏ်သို့ ရောက်ရှိခြင်းမည်သည် မရှိကောင်းသည်သာလျှင် ဖြစ်၏၊ ပုဗ္ဗယောဂနှင့် အဓိဂမ နှစ်ပါးစုံမှသာလျှင် ပဋိသမ္ဘိဒါဉာဏ်သို့ ဆိုက်ရောက်နိုင်၏၊

အထက်တွင် တင်ပြထားသော အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန် အရှင်ဗာဟိယဒါရုစိရိယ မထေရ် မြတ်ကြီးတို့ကား အရဟတ္တမဂ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူသည်နှင့် တစ်ပြိုင်နက် ပဋိသမ္ဘိဒါဉာဏ်တို့ကိုပါ တစ်ပါတည်း ရရှိတော်မူကြသော သူတော်ကောင်းကြီးများ ဖြစ်တော်မူကြ၏၊ ထိုကဲ့သို့သော အသိထူး ဉာဏ်ထူးကြီးများကို ရရှိတော်မူနိုင်ရန် အဂ္ဂသာဝကကြီး နှစ်ပါးတို့သည် အနောမဒဿီဘုရားရှင်၏ သာသနာတော်မှစ၍ တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ကာလပတ်လုံး, အရှင်ဗာဟိယဒါရုစိရိယကိုယ်တော်မြတ်ကြီးသည် ပဒုမုတ္တရဘုရားရှင်၏ သာသနာ တော်မှ စတင်၍ ကမ္ဘာတစ်သိန်းတို့ကာလပတ်လုံး ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ ပဋိသမ္ဘိဒါဉာဏ်တို့ကို ရရှိခြင်း၏ အကြောင်းတရားတို့ကို ဖြည့်ကျင့်ဆည်းပူးတော်မူခဲ့ကြပြီး ဖြစ်တော်မူကြ၏၊ ထိုအကြောင်းတရား (၅)ပါး တို့တွင် ဤ၌ အထူး အလေးဂရုပြု၍ ပြောဆိုလိုသော အကြောင်းတရားကား ပုဗ္ဗယောဂဟူသော အကြောင်းတရားပင် ဖြစ်၏၊ ထိုအရှင်မြတ်ကြီးတို့သည် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ အနုလောမဉာဏ် ဂေါတြဘုဉာဏ်တို့၏ အနီးအပါး၌ ဖြစ်လေ့ရှိသော သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် သင်္ခါရတရားတို့ကို ဝိပဿနာဉာဏ်ဖြင့် ကြိတ်ခြေတော် မူခဲ့ဖူးကြ၏၊ တစ်နည်းအားဖြင့် ဆိုရသော် –

၁။ ဒုက္ခသစ္စာ အမည်ရသော – အတိတ်-အနာဂတ်-ပစ္စုပ္ပန်-အဇ္ဈတ္တ-ဗဟိဒ္ဓ-ဩဠာရိက-သုခုမ-ဟီန-ပဏီတဒူရ-သန္တိကဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ (၅)ပါးတို့ကို ဉာဏ်ဖြင့် ပိုင်းခြား ယူခဲ့ဖူးကြ၏၊ သိခဲ့ဖူးကြ၏၊ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ယင်းတရားများကို ဉာဏ်ဖြင့် ကြိတ်ခြေခဲ့ဖူး ကြကုန်၏၊ နင်းနယ်ခဲ့ဖူးကြကုန်၏၊

၂။ သမုဒယသစ္စာ အမည်ရသော – ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခဲ့ဖူးကြကုန်၏၊ သိခဲ့ဖူးကြကုန်၏၊ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ယင်းပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို ဉာဏ်ဖြင့် ကြိတ်ခြေခဲ့ဖူးကြကုန်၏၊ နင်းနယ်ခဲ့ဖူးကြကုန်၏၊

၃။ ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော – ယင်းသင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ဉာဏ်ဖြင့် ကြိတ်ခြေခဲ့ဖူးကြကုန်၏၊ နင်းနယ်ခဲ့ဖူးကြကုန်၏၊ ယင်းသင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို ဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ခဲ့ဖူးကြကုန်၏၊ သင်္ခါရ တရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို လျစ်လျူ ရှုနိုင်သော ဥဒါသိန်မူနိုင်သော သင်္ခါရုပေက္ခာဉာဏ်သို့ ဆိုက်အောင် လုံ့လကြိုးကုတ် အားထုတ်ခဲ့ဖူးကြကုန်၏၊

ဤအချက် သုံးရပ်တို့ကား ထိုသူတော်ကောင်းကြီးတို့၏ ပုဗ္ဗယောဂကျင့်စဉ်တည်း။ ထိုကြောင့် ထိုသူတော်ကောင်း ကြီးတို့တွင် အဂ္ဂသာဝကကြီး နှစ်ဦးသားတို့သည် ဤဘဝဝယ် သောတာပန်မဖြစ်မီ အချိန်၌, အရှင်ဗာဟိယဒါရုစိရိယ သည် အရဟတ္တဖိုလ်သို့ မဆိုက်မီအချိန်၌ ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို လက္ခဏရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် မကြိတ်ခြေလိုက်ရသော်လည်း ကြိတ်ခြေဖို့ရန် အချိန်မရလိုက်သော်လည်း ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်တွင်း၌ကား ယင်းသင်္ခါရတရားတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် ဉာဏ်ဖြင့် ကြိတ်ခြေခဲ့ဖူးကြသည်သာ ဖြစ်ကုန်၏၊ နင်းနယ်ခဲ့ဖူးကြသည်သာ ဖြစ်ကုန်၏၊ ထိုကဲ့သို့ ဉာဏ်ဖြင့် ကြိတ်ခြေခဲ့ဖူးခြင်း နင်းနယ်ခဲ့ဖူးခြင်းသည်ပင်လျှင် သစ္စာလေးပါးကို ထွင်းဖောက်သိမြင်ရေး၌ အားကြီးသော မှီရာ ဥပနိဿယ အကြောင်းတရားတစ်ခု ဖြစ်လာရပေသည်။ ဤဘဝတွင် ဖြည့်ကျင့်ဆည်းပူးအပ်သော သင်္ခါရုပေက္ခာ ဉာဏ်သို့ တိုင်အောင်သော အဆင့်ဆင့်သော ဝိပဿနာဉာဏ်တို့က အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့အား အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးသကဲ့သို့ အလားတူပင် ထိုသူတော်ကောင်းကြီးတို့၏ ရှေးရှေးဘုရားရှင် တို့၏ သာသနာတော်တွင်း၌ ဖြည့်ကျင့်ဆည်းပူးတော်မူအပ်ပြီးကုန်သော သင်္ခါရုပေက္ခာဉာဏ်သို့ တိုင်အောင်သော ပုဗ္ဗယောဂကျင့်စဉ် အရပ်ရပ်တို့ကလည်း ထိုသူတော်ကောင်းကြီးတို့၏ ဤဘုရားရှင်သာသနာတော်တွင်း၌ ရရှိသည့် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့အား အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးသည်သာ ဖြစ်ပေသည်။

ထိုကဲ့သို့ ပြည့်စုံလုံလောက်သော ပုဗ္ဗယောဂရှိပြီးသူ သူတော်ကောင်းကြီးများနှင့် အသင်သူတော်ကောင်းသည် ပခုံးချင်းတက်၍ မယှဉ်ပြိုင်သင့်လှပေ။ အကယ်၍ ပခုံးချင်း ယှဉ်ပြိုင်လိုသည်ဖြစ်အံ့၊ ထိုသူတို့သည်ပင် (ဤဘဝဝယ်) လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ရုပ်-နာမ်တို့ကို မသိမ်းဆည်းဘဲ မဂ်ဖိုလ် နိဗ္ဗာန်ကို ရသွားကြ၏၊ ငါသည် လည်းပဲ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်အားဖြင့် ရုပ်-နာမ်တို့ကို မသိမ်းဆည်းလျှင်လည်း မဂ်ဖိုလ် နိဗ္ဗာန်ကို ရနိုင်သည်ဟု အထင်ရောက်ခဲ့သည် ဖြစ်အံ့၊ ထိုသူတော်ကောင်းကြီးတို့ နာကြားသွားကြသော သောတာပန် ဖြစ်ကြသည့် တရားဒေသနာ, ရဟန္တာဖြစ်တော်မူသည့် တရားဒေသနာတော်တို့ကို နာကြားကြည့်ပါ၊ သို့မဟုတ် ဖတ်ရှုကြည့်ပါ။ ထိုသို့ နာကြားကြည့်ရုံမျှဖြင့် ဖတ်ရှုကြည့်ရုံမျှဖြင့် သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်၌ မတည်လျှင်, အရဟတ္တမဂ်ဉာဏ် ဖိုလ်ဉာဏ်၌ မတည်လျှင် ထိုမထေရ်မြတ်ကြီးတို့နှင့် ပခုံးချင်းတက်၍ကား မယှဉ်ပြိုင်သင့်လှပေ။

သိတော်မူ မြင်တော်မူ၍ ဟောကြားထားတော်မူသော ဘုရားရှင်၏ တရားတော်၌လည်းကောင်း, တရားတော်၏ အနက်အဓိပ္ပါယ်ကို သိလွယ်အောင် နည်းမှန်လမ်းမှန် ကျင့်နိုင်အောင် ဖွင့်ဆိုထားတော်မူကြသော အဋ္ဌကထာတို့ အပေါ်၌လည်းကောင်း တရားစစ် တရားမှန်ကို လိုလားတောင့်တလျက်ရှိသော အမျိုးကောင်းသား အမျိုးကောင်းသမီး မှန်သမျှသည် ယုံကြည်ကိုးစားသော စိတ်ထား ဖြူစင်ဖြောင့်စင်းသော မနသိကာရတရား ထင်ရှား ရှိသင့်လှပေသည်။

လက္ခဏ - ရသ - ပစ္စုပဋ္ဌာန် - ပဒဋ္ဌာန် အဓိပ္ပါယ်

၁။ လက္ခဏ – လက္ခဏာသည် သဘာဝလက္ခဏာ သာမညလက္ခဏာဟု လက္ခဏာနှစ်မျိုး ရှိ၏၊[၉၂၅] အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာဟူသော လက္ခဏာသုံးပါးတို့သည် သင်္ခါရတရားအားလုံးတို့နှင့် သက်ဆိုင်သောကြောင့် အများဆိုင် သာမညလက္ခဏာ မည်၏၊ ယင်း အများဆိုင် သာမညလက္ခဏာကား ဝိပဿနာပိုင်းနှင့်သာ သက်ဆိုင်သဖြင့် ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ ယောဂါဝစရပုဂ္ဂိုလ်သည် သမ္မာဒိဋ္ဌိဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ရှုပွားသုံးသပ်ရမည် ဖြစ်၏၊

ရုပ်တရားအားလုံးတို့၏ သီတ-ဥဏှ = အအေး-အပူစသော ဆန့်ကျင်ဘက် အကြောင်းတရားတို့ကြောင့် ရှေးက ဖြစ်သွားသော ရုပ်သန္တတိအစဉ်နှင့် မတူသော နောက်နောက်သော ရုပ်သန္တတိအစဉ်၏ ဖြစ်ခြင်းဟူသော ဖြစ်ပုံအခြင်းအရာ မတူညီဘဲ ပုံစံအမျိုးမျိုး ပြောင်းလဲ၍ဖြစ်ခြင်း = ရုပ္ပနလက္ခဏာသည် ရုပ်တရားအားလုံးတို့နှင့် သက်ဆိုင်သော အများဆိုင် သာမညလက္ခဏာပင် ဖြစ်၏၊[၉၂၆] နာမ်တရားအားလုံးတို့၏လည်း မိမိတို့၏ အာရုံပြုရာ ဆိုင်ရာဆိုင်ရာ အာရုံဘက်သို့ ညွတ်ကိုင်းရှိုင်းခြင်းသဘော = နမနလက္ခဏာသည်လည်း နာမ်တရားအားလုံးတို့နှင့် သက်ဆိုင်သော အများဆိုင် သာမညလက္ခဏာပင် ဖြစ်၏၊ ဤရုပ်တရား နာမ်တရားတို့၏ ရုပ္ပနလက္ခဏာ, နမနလက္ခဏာဟူသော သာမညလက္ခဏာကား ဤနာမရူပပရိစ္ဆေဒဉာဏ်ပိုင်းနှင့် သက်ဆိုင်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် ဤနာမရူပပရိစ္ဆေဒ ဉာဏ်ပိုင်း၌ပင် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုရမည် ဖြစ်၏၊

ထိုထို ရုပ်တရား နာမ်တရားတို့၏ အများနှင့် မဆက်ဆံသော မိမိ၏ ကိုယ်ပိုင်အမှတ်အသား သဘောရင်းကို သဘာဝလက္ခဏာဟု ခေါ်သည်။ ယောဂါဝစရပုဂ္ဂိုလ်သည် ဤနာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌ ယင်းပရမတ္ထဓမ္မ အသီးအသီး၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကိုလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ရှုရမည် ဖြစ်၏၊

၂။ ရသ – ထိုထို ရုပ်တရား နာမ်တရား၏ မိမိ၏အကျိုးကို အစွဲပြု၍ ကျေးဇူးပြုတတ်သည်၏ အဖြစ်ကို ရသဟု ခေါ်ဆိုသည်။[၉၂၇] ယင်းရသသည်လည်း ပရမတ္ထဓာတ်သားတရားတို့၏ ပြုဖွယ်ကိစ္စဟူသော ကိစ္စရသ, အကြောင်းစုံညီ၍ ဖြစ်ပုံဟူသော သမ္ပတ္တိရသ, တစ်နည်း - ထင်ရှားရှိနေသော ဂုဏ်ဟူသော သမ္ပတ္တိရသဟု ရသနှစ်မျိုး ရှိ၏၊[၉၂၅] ထိုတွင် အချို့တရား၌ ကိစ္စရသ ထင်ရှား၍ အချို့တရား၌ သမ္ပတ္တိရသ ထင်ရှားကာ အချို့တရား၌ ကိစ္စရသ သမ္ပတ္တိရသ နှစ်မျိုးလုံး ထင်ရှား၏၊ ထိုရသများသည် ဆိုင်ရာတရား၌ ထင်ရှားလတ္တံ့။

၃။ ပစ္စုပဋ္ဌာန် – ထိုထို ရုပ်တရား နာမ်တရား၏ ပရမတ္ထအားဖြင့် ထင်ရှားရှိသည်၏ အဖြစ်ကြောင့် ဟုတ်တိုင်း မှန်စွာ ဉာဏ်၏ ကျက်စားရာအာရုံ၏ အဖြစ်ကို ပစ္စုပဋ္ဌာန်ဟု ခေါ်ဆိုသည်။[၉၂၈] ထိုပစ္စုပဋ္ဌာန်သည်လည်း ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်, ဖလပစ္စုပဋ္ဌာန်ဟု (၂)မျိုး ရှိ၏၊[၉၂၅] ထိုတွင် ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်ဟူသည် ထိုထို ပရမတ္ထဓာတ်သား တရားတစ်ခုခုကို ရှုဆင်ခြင်သည့်အခါ ဉာဏ်ဖြင့် ယူထိုက်သည်၏ အဖြစ်ကြောင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်ဝယ် ထင်လာမြင်လာသော အခြင်းအရာတည်း။ ဖလပစ္စုပဋ္ဌာန်ဟူသည် မိမိ၏အကြောင်းတရားကို အစွဲပြု၍ ထိုအကြောင်း တရားနှင့် တူသည်၏ အဖြစ်ဖြင့် အကြောင်းတရားသို့ ရှေးရှုတည်နေတတ်သော သဘောတရားတည်း၊ ကိစ္စရသကြောင့် ရထိုက်သော အကျိုးတရားပင်တည်း။[၉၂၉]

၄။ ပဒဋ္ဌာန် – ထိုထိုပရမတ္ထဓာတ်သားကို ဖြစ်ပေါ်စေတတ်သော ဝေးသောအကြောင်းတရား နီးသောအကြောင်း တရားဟူသော အကြောင်းတရားများစွာတို့တွင် အနီးကပ်ဆုံးသော အကြောင်းတရားသည် ပဒဋ္ဌာန် မည်၏၊[၉၂၅] ထိုပဒဋ္ဌာန်ဟူသော စကားဖြင့် ထိုပရမတ်တရား၏ အကြောင်းတရားနှင့် စပ်သော ဖြစ်ခြင်း ရှိသည်၏ အဖြစ်ကို ညွှန်ပြလျက် ရှိ၏၊[၉၃၀]

ကြိုတင်သိမှတ်ရန်

ရုပ်တရား နာမ်တရားတို့ကို ယင်းတို့၏ အမျိုးအစားများကို အကြွင်းအကျန်မရှိ ကုန်စင်အောင် လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်၏ အစွမ်းဖြင့် ဉာဏ်ဖြင့် ပိုင်းခြားယူရမည် သိမ်းဆည်းရမည် ရှုပွားရမည်ဖြစ်ရာ, ရုပ်တရား နာမ်တရားတို့မည်သည်မှာလည်း တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအင်သတ္တိ မရှိဘဲ ရုပ်ကလာပ် နာမ်ကလာပ်ဟူသော အုပ်စုလိုက်သာ ဖြစ်ရိုးဓမ္မတာ ရှိသည့်အလျောက် ရုပ်ကလာပ် နာမ်ကလာပ်များကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်ပါမှ ပရမတ်သို့ဆိုက်အောင် ဓာတ်ခွဲနိုင်ပါမှ ဤ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် ရှုကွက်ကို ပြည့်ပြည့်စုံစုံ ပုံစံမှန် သဘောပေါက်နိုင်မည် ရှုနိုင်မည် ဖြစ်ပေသည်။

ဤ လက္ခဏာဒိစတုက္ကပိုင်းတွင် ပါဠိကို ကျက်လိုသူတို့အတွက် ပါဠိသက်သက်ကိုလည်း ဖော်ပြထား၏၊ ပါဠိကို မကျွမ်းကျင်သူတို့အတွက် မြန်မာပြန်သက်သက်ကိုလည်း အတိုကောက် ကျက်မှတ်လွယ်ကူရန် ရေးသားထား၏၊ ယင်းလက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို အမှတ်စဉ်အားဖြင့် အောက်ပါအတိုင်း မှတ်သားပါ။ –

၁။ လက္ခဏ၊
၂။ ရသ၊
၃။ ပစ္စုပဋ္ဌာန်၊
၄။ ပဒဋ္ဌာန် –

ဤသို့ အစဉ်အတိုင်း အသီးအသီး မှတ်သားပါ။ ဘာသာပြန်ဆိုရာ၌ ပြည်ဆရာတော်ဘုရားကြီး၏ ဝိသုဒ္ဓိမဂ်နိဿယနှင့် ထိုထို ကျမ်းဆရာမြတ်တို့၏ ဘာသာပြန် အမျိုးမျိုးတို့ကို မှီငြမ်းပြု၍ အတိုဆုံး အလွယ်ဆုံး ဖြစ်အောင်, ကျက်မှတ်၍ လွယ်ကူအောင် စီစဉ်ထား၏၊ ပါဠိတစ်ချက် အနက်တစ်ချက် ဘာသာပြန်ဆိုနည်းမှာ ပါဠိကို ကျွမ်းကျင်သူ များအတွက် အလွန်ကောင်းမွန်သော အလွန်တိကျသော ဘာသာပြန်ဆိုနည်း တစ်ခုပင် ဖြစ်သော်လည်း ပါဠိစာပေ၌ မကျွမ်းကျင်သူများအဖို့ကား ကျက်မှတ်ရန် မလွယ်ကူလှသဖြင့် မြန်မာပြန်သက်သက်ကိုသာ ရေးသားတင်ပြထား၏၊

ရုပ် (၂၈) ပါး = ရူပက္ခန္ဓကထာ အခန်း

၁။ ပထဝီဓာတ် 

၁။ ကက္ခဠတ္တလက္ခဏာ ပထဝီဓာတု
၂။ ပတိဋ္ဌာနရသာ၊
၃။ သမ္ပဋိစ္ဆနပစ္စုပဋ္ဌာနာ၊
၄။ အဝသေသဓာတုတ္တယပဒဋ္ဌာနာ။[၉၃၁]

၁။ ပထဝီဓာတ်သည်
၁။ ''ခက်မာခြင်း ( = တောင့်မာခြင်း, ခိုင်မာခြင်း) သဘောလက္ခဏာ'' ရှိ၏၊
၂။ ''မိမိမှကြွင်းသော ကလာပ်တူ ရုပ်တရားတို့၏ တည်ရာဖြစ်ခြင်း (ကိစ္စ) ရသ'' ရှိ၏၊
၃။ ''မိမိမှကြွင်းသော ကလာပ်တူ ရုပ်တရားတို့ကို အောက်က ခံထားတတ်သော သဘောတရား''ဟု ယောဂီ၏ ဉာဏ်တွင် ရှေးရှူထင်ခြင်း ပစ္စုပဋ္ဌာန် ရှိ၏၊
၄။ ''မိမိမှကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါး''လျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏၊[၉၃၂]

၁။ ခက်မာခြင်း ( = တောင့်မာခြင်း, ခိုင်မာခြင်း) သဘော ... လက္ခဏ
၂။ မိမိမှ ကြွင်းသော ကလာပ်တူ ရုပ်တရားတို့၏ တည်ရာဖြစ်ခြင်း ... (ကိစ္စ) ရသ
၃။ မိမိမှ ကြွင်းသော ကလာပ်တူ ရုပ်တရားတို့ကို အောက်က ခံထားတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မိမိမှ ကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါး ... ပဒဋ္ဌာန်

၂။ အာပေါဓာတ်

၁။ အာပေါဓာတု ပဂ္ဃရဏလက္ခဏာ၊
၂။ ဗြူဟနရသာ၊
၃။ သင်္ဂဟပစ္စုပဋ္ဌာနာ၊
၄။ အဝသေသဓာတုတ္တယပဒဋ္ဌာနာ။[၉၃၃]

၁။ ယိုစီးခြင်းသဘော ... လက္ခဏ
၂။ အတူဖြစ်သော ရုပ်တရားတို့ကို တိုးပွားစေခြင်း ... (ကိစ္စ) ရသ
၃။ ကလာပ်တူ ရုပ်တရားတို့ကို ဖွဲ့စည်းခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မိမိမှ ကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါး ... ပဒဋ္ဌာန်

၃။ တေဇောဓာတ် 

၁။ တေဇောဓာတု ဥဏှတ္တလက္ခဏာ၊
၂။ ပရိပါစနရသာ၊
၃။ မဒ္ဒဝါနုပ္ပဒါနပစ္စုပဋ္ဌာနာ၊
၄။ အဝသေသဓာတုတ္တယပဒဋ္ဌာနာ။[၉၃၄]

၁။ ပူမှုသဘော (အေးမှုသဘော) ... လက္ခဏ
၂။ ကလာပ်တူ ရုပ်တရားတို့ကို ရင့်ကျက်စေခြင်း ... (ကိစ္စ) ရသ
၃။ ကလာပ်တူ ရုပ်တရားတို့ကို နူးညံ့အောင် လျော်စွာ ပြုပြင်ပေးတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မိမိမှကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါး ... ပဒဋ္ဌာန်

၄။ ဝါယောဓာတ်

၁။ ဝါယောဓာတု ဝိတ္ထမ္ဘနလက္ခဏာ၊
၂။ သမုဒီရဏရသာ၊
၃။ အဘိနီဟာရပစ္စုပဋ္ဌာနာ၊
၄။ အဝသေသဓာတုတ္တယပဒဋ္ဌာနာ။[၉၃၅]

၁။ ထောက်ကန်မှုသဘော = တောင့်မာစေမှုသဘော ... လက္ခဏ
၂။ တွန်းကန်ခြင်း = ရွေ့ရှားစေခြင်း ... (ကိစ္စ) ရသ
၃။ အတူဖြစ်သော ရုပ်တရားတို့ကို တစ်နေရာမှ တစ်နေရာသို့ ရှေးရှူ သယ်ဆောင်ပေးတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မိမိမှကြွင်းသော ကလာပ်တူ ဓာတ် (၃)ပါး ... ပဒဋ္ဌာန်

၅။ စက္ခုပသာဒ 

၁။ (က) ရူပါဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ၊
( ခ ) ဒဋ္ဌုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏံ ဝါ စက္ခု[၉၃၆]
၂။ ရူပေသု အာဝိဉ္ဆနရသံ၊
၃။ စက္ခုဝိညာဏဿ အာဓာရဘာဝပစ္စုပဋ္ဌာနံ၊
၄။ ဒဋ္ဌုကာမတာနိဒါနကမ္မဇဘူတပဒဋ္ဌာနံ။[၉၃၇]

၁။ (က) ရူပါရုံ၌ (၏) ရှေးရှူထိခိုက်ခြင်းကို ထိုက်သော (= ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော) မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော ... လက္ခဏ
( ခ ) ရူပါရုံကို မြင်တွေ့လိုသော ရူပတဏှာလျှင် အကြောင်းရင်းခံ ရှိသော ကံကြောင့် ဖြစ်သော မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော ... လက္ခဏ
၂။ ရူပါရုံတို့၌ (ရူပါရုံတို့ဘက်သို့) ပုဂ္ဂိုလ်ကိုလည်းကောင်း,
ဝီထိစိတ်အစဉ်ကိုလည်းကောင်း ဆွဲဆောင်သွားခြင်း ... (ကိစ္စ) ရသ
၃။ စက္ခုဝိညာဏ်၏ တည်ရာဖြစ်ခြင်း သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ရူပါရုံကို မြင်တွေ့လိုသော ရူပတဏှာလျှင် အကြောင်းရင်းခံ ရှိသော ကံကြောင့် ဖြစ်သော (စက္ခုပသာဒ၏ မှီရာ) ကလာပ်တူ မဟာဘုတ် ... ပဒဋ္ဌာန်

၆။ သောတပသာဒ

၁။ (က) သဒ္ဒါဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ၊
( ခ ) သောတုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏံ ဝါ သောတံ
၂။ သဒ္ဒေသု အာဝိဉ္ဆနရသံ၊
၃။ သောတဝိညာဏဿ အာဓာရဘာဝပစ္စုပဋ္ဌာနံ၊
၄။ သောတုကာမတာနိဒါနကမ္မဇဘူတပဒဋ္ဌာနံ။[၉၃၈]

၁။ (က) သဒ္ဒါရုံ၌ (၏) ရှေးရှူထိခိုက်ခြင်းကို ထိုက်သော (ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော) မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော ... လက္ခဏ
( ခ ) သဒ္ဒါရုံကို ကြားလိုသော သဒ္ဒတဏှာလျှင် အကြောင်းရင်းခံရှိသော ကံကြောင့် ဖြစ်သော မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော ... လက္ခဏ
၂။ သဒ္ဒါရုံတို့၌ (သဒ္ဒါရုံတို့ဘက်သို့) ဝီထိစိတ်အစဉ်ကို ဆွဲဆောင်သွားခြင်း ... (ကိစ္စ) ရသ
၃။ သောတဝိညာဏ်၏ တည်ရာဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သဒ္ဒါရုံကိုကြားလိုသော သဒ္ဒတဏှာလျှင် အကြောင်းရင်းခံရှိသော ကံကြောင့်ဖြစ်သော (သောတပသာဒ၏မှီရာ) မဟာဘုတ် ... ပဒဋ္ဌာန်

၇။ ဃာနပသာဒ

၁။ (က) ဂန္ဓာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ၊
( ခ ) ဃာယိတုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏံ ဝါ ဃာနံ
၂။ ဂန္ဓေသု အာဝိဉ္ဆနရသံ၊
၃။ ဃာနဝိညာဏဿ အာဓာရဘာဝပစ္စုပဋ္ဌာနံ၊
၄။ ဃာယိတုကာမတာနိဒါနကမ္မဇဘူတပဒဋ္ဌာနံ။[၉၃၉]

၁။ (က) ဂန္ဓာရုံ၌ (၏) ရှေးရှူထိခိုက်ခြင်းကို ထိုက်သော (ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော) မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော ... လက္ခဏ
( ခ ) ဂန္ဓာရုံကို နမ်းရှူလိုသော ဂန္ဓတဏှာလျှင် အကြောင်းရင်းခံရှိသောကံကြောင့် ဖြစ်သော မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော ... လက္ခဏ
၂။ ဂန္ဓာရုံတို့၌ (ဂန္ဓာရုံတို့ဘက်သို့) ဝီထိစိတ်အစဉ်ကို ဆွဲဆောင်သွားခြင်း ... (ကိစ္စ) ရသ
၃။ ဃာနဝိညာဏ်၏ တည်ရာဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဂန္ဓာရုံကို နမ်းရှူလိုသော ဂန္ဓတဏှာလျှင် အကြောင်းရင်းခံရှိသော ကံကြောင့်ဖြစ်သော (ဃာနပသာဒ၏မှီရာ) မဟာဘုတ် ... ပဒဋ္ဌာန်

၈။ ဇိဝှါပသာဒ

၁။ (က) ရသာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏာ၊
( ခ ) သာယိတုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏာ ဝါ ဇိဝှါ
၂။ ရသေသု အာဝိဉ္ဆနရသာ၊
၃။ ဇိဝှါဝိညာဏဿ အာဓာရဘာဝပစ္စုပဋ္ဌာနာ။
၄။ သာယိတုကာမတာနိဒါနကမ္မဇဘူတပဒဋ္ဌာနာ။[၉၄၀]

၁။ (က) ရသာရုံ၌ (၏) ရှေးရှူထိခိုက်ခြင်းကို ထိုက်သော (ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော) မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော ... လက္ခဏ
( ခ ) ရသာရုံကို လျက်လို စားလို သောက်လိုသော ရသတဏှာလျှင် အကြောင်းရင်းခံရှိသောကံကြောင့် ဖြစ်သော မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော ... လက္ခဏ
၂။ ရသာရုံတို့၌ (ရသာရုံတို့ဘက်သို့) ဝီထိစိတ်အစဉ်ကို ဆွဲဆောင်သွားခြင်း ... (ကိစ္စ) ရသ
၃။ ဇိဝှါဝိညာဏ်၏ တည်ရာဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ရသာရုံကို လျက်လို စားလို သောက်လိုသော ရသတဏှာလျှင် အကြောင်းရင်းခံရှိသောကံကြောင့် ဖြစ်သော (ဇိဝှါပသာဒ၏ မှီရာ) မဟာဘုတ် ... ပဒဋ္ဌာန်

၉။ ကာယပသာဒ

၁။ (က) ဖောဋ္ဌဗ္ဗာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏော၊
( ခ ) ဖုသိတုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏော ဝါ ကာယော။
၂။ ဖောဋ္ဌဗ္ဗေသု အာဝိဉ္ဆနရသော၊
၃။ ကာယဝိညာဏဿ အာဓာရဘာဝပစ္စုပဋ္ဌာနော၊
၄။ ဖုသိတုကာမတာနိဒါနကမ္မဇဘူတပဒဋ္ဌာနော။[၉၄၁]

၁။ (က) ဖောဋ္ဌဗ္ဗာရုံ၌ (၏) ရှေးရှူထိခိုက်ခြင်းကို ထိုက်သော (ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော) မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော ... လက္ခဏ
( ခ ) ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိလိုသော ဖောဋ္ဌဗ္ဗတဏှာလျှင် အကြောင်းရင်းခံရှိသောကံကြောင့် ဖြစ်သော မဟာဘုတ်တို့ကို ကြည်လင်စေခြင်းသဘော ... လက္ခဏ
၂။ ဖောဋ္ဌဗ္ဗာရုံတို့၌ (ဖောဋ္ဌဗ္ဗာရုံတို့ဘက်သို့) ဝီထိစိတ်အစဉ်ကို ဆွဲဆောင်သွားခြင်း ... (ကိစ္စ) ရသ
၃။ ကာယဝိညာဏ်၏ တည်ရာဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိလိုသော ဖောဋ္ဌဗ္ဗတဏှာလျှင် အကြောင်းရင်းခံရှိသော ကံကြောင့်ဖြစ်သော (ကာယပသာဒ၏ မှီရာ) မဟာဘုတ် ... ပဒဋ္ဌာန်

၁၀။ ရူပါရုံ

၁။ စက္ခုပဋိဟနနလက္ခဏံ ရူပံ
၂။ စက္ခုဝိညာဏဿ ဝိသယဘာဝရသံ၊
၃။ တေဿဝ ဂေါစရပစ္စုပဋ္ဌာနံ၊
၄။ စတုမဟာဘူတပဒဋ္ဌာနံ။[၉၄၂]

၁။ စက္ခုပသာဒ၌ (ကို) ထိခိုက်ခြင်းသဘော = ရိုက်ခတ်ခြင်းသဘော ... လက္ခဏ
၂။ (က) စက္ခုဝိညာဏ်၏ အာရုံဖြစ်ခြင်း = စက္ခုဝိညာဏ်အား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုခြင်း ... (ကိစ္စ) ရသ
( ခ ) စက္ခုဝိညာဏ်အား ကျေးဇူးပြုတတ်သော အာရမ္မဏပစ္စယသတ္တိနှင့် ပြည့်စုံခြင်း
၃။ စက္ခုဝိညာဏ်၏ကျက်စားရာ အာရုံစားကျက်ဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မိမိ (= ရူပါရုံ)၏ မှီရာ ကလာပ်တူ မဟာဘုတ် (၄)ပါး ... ပဒဋ္ဌာန်

၁၁။ သဒ္ဒါရုံ

၁။ သောတပဋိဟနနလက္ခဏော သဒ္ဒေါ
၂။ သောတဝိညာဏဿ ဝိသယဘာဝရသော၊
၃။ တေဿဝ ဂေါစရပစ္စုပဋ္ဌာနော၊
၄။ စတုမဟာဘူတပဒဋ္ဌာနော။[၉၄၃]

၁။ သောတပသာဒ၌ (ကို) ထိခိုက်ခြင်း (ရိုက်ခတ်ခြင်း) သဘော ... လက္ခဏ
၂။ (က) သောတဝိညာဏ်၏ အာရုံဖြစ်ခြင်း = သောတဝိညာဏ်အား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုခြင်း ... (ကိစ္စ) ရသ
( ခ ) သောတဝိညာဏ်အား ကျေးဇူးပြုတတ်သော အာရမ္မဏပစ္စယသတ္တိနှင့် ပြည့်စုံခြင်း = အာရမ္မဏပစ္စယသတ္တိဟူသောဂုဏ်... (သမ္ပတ္တိ) ရသ
၃။ သောတဝိညာဏ်၏ ကျက်စားရာ အာရုံစားကျက်ဖြစ်ခြင်း သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မိမိ (= သဒ္ဒါရုံ)၏ မှီရာ ကလာပ်တူ မဟာဘုတ် (၄)ပါး ... ပဒဋ္ဌာန်

၁၂။ ဂန္ဓာရုံ

၁။ ဃာနပဋိဟနနလက္ခဏော ဂန္ဓော
၂။ ဃာနဝိညာဏဿ ဝိသယဘာဝရသော၊
၃။ တေဿဝ ဂေါစရပစ္စုပဋ္ဌာနော၊
၄။ စတုမဟာဘူတပဒဋ္ဌာနော။[၉၄၄]

၁။ ဃာနပသာဒ၌ (ကို) ထိခိုက်ခြင်း (ရိုက်ခတ်ခြင်း) သဘော ... လက္ခဏ
၂။ (က) ဃာနဝိညာဏ်၏ အာရုံဖြစ်ခြင်း = ဃာနဝိညာဏ်အား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုခြင်း ... (ကိစ္စ) ရသ
( ခ ) ဃာနဝိညာဏ်အား ကျေးဇူးပြုတတ်သော အာရမ္မဏပစ္စယသတ္တိနှင့် ပြည့်စုံခြင်း = အာရမ္မဏပစ္စယသတ္တိဟူသောဂုဏ်... (သမ္ပတ္တိ) ရသ
၃။ ဃာနဝိညာဏ်၏ ကျက်စားရာ အာရုံစားကျက်ဖြစ်ခြင်း သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မိမိ (= ဂန္ဓာရုံ)၏မှီရာ ကလာပ်တူ မဟာဘုတ် (၄)ပါး ... ပဒဋ္ဌာန်

၁၃။ ရသာရုံ

၁။ ဇိဝှါပဋိဟနနလက္ခဏော ရသော
၂။ ဇိဝှါဝိညာဏဿ ဝိသယဘာဝရသော၊
၃။ တေဿဝ ဂေါစရပစ္စုပဋ္ဌာနော၊
၄။ စတုမဟာဘူတပဒဋ္ဌာနော။[၉၄၅]

၁။ ဇိဝှါပသာဒ၌ (ကို) ထိခိုက်ခြင်း (ရိုက်ခတ်ခြင်း) သဘော ... လက္ခဏ
၂။ (က) ဇိဝှါဝိညာဏ်၏ အာရုံဖြစ်ခြင်း = ဇိဝှါဝိညာဏ်အား အာရမ္မဏပစ္စယသတ္တိဖြင့် ကျေးဇူးပြုခြင်း ... (ကိစ္စ) ရသ
( ခ ) ဇိဝှါဝိညာဏ်အား ကျေးဇူးပြုတတ်သော အာရမ္မဏပစ္စယသတ္တိနှင့် ပြည့်စုံခြင်း (သမ္ပတ္တိ) ရသ၊
၃။ ဇိဝှါဝိညာဏ်၏ ကျက်စားရာ အာရုံစားကျက်ဖြစ်ခြင်း သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မိမိ (= ရသာရုံ)၏ မှီရာ ကလာပ်တူ မဟာဘုတ် (၄)ပါး ... ပဒဋ္ဌာန်

၁၄။ ဣတ္ထိန္ဒြေ = ဣတ္ထိဘာဝရုပ်

၁။ ဣတ္ထိဘာဝလက္ခဏံ ဣတ္ထိန္ဒြိယံ
၂။ ''ဣတ္ထီ''တိ ပကာသနရသံ၊
၃။ ဣတ္ထိလိင်္ဂနိမိတ္တကုတ္တာကပ္ပါနံ ကာရဏဘာဝပစ္စုပဋ္ဌာနံ၊
၄။ စတုမဟာဘူတပဒဋ္ဌာနံ။[၉၄၆]

၁။ ဣတ္ထိ = အမျိုးသ္မီး ဖြစ်ကြောင်းသဘော ... လက္ခဏ
၂။ ဤသူကား အမျိုးသ္မီးဟု ထင်ရှားပြခြင်း ... (ကိစ္စ) ရသ
၃။ (က) ဣတ္ထိလိင်္ဂ = အမျိုးသ္မီး အသွင်သဏ္ဌာန်,
( ခ ) ဣတ္ထိနိမိတ္တ = အမျိုးသ္မီးဟုသိကြောင်း အမှတ်အသား,
( ဂ ) ဣတ္ထိကုတ္တ = အမျိုးသ္မီး အပြုအမူ,
(ဃ) ဣတ္ထိအာကပ္ပ= အမျိုးသ္မီးအသွင်အပြင်တို့၏အကြောင်းဖြစ်ခြင်း သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဣတ္ထိန္ဒြေ၏မှီရာ ကလာပ်တူ ကမ္မဇမဟာဘုတ် ... ပဒဋ္ဌာန်

၁၅။ ပုရိသိန္ဒြေ = ပုရိသဘာဝရုပ်

၁။ ပုရိသဘာဝလက္ခဏံ ပုရိသိန္ဒြိယံ
၂။ ''ပုရိသော''တိ ပကာသနရသံ၊
၃။ ပုရိသလိင်္ဂနိမိတ္တကုတ္တာကပ္ပါနံ ကာရဏဘာဝပစ္စုပဋ္ဌာနံ၊
၄။ စတုမဟာဘူတပဒဋ္ဌာနံ။[၉၄၇]

၁။ အမျိုးသားဖြစ်ကြောင်းသဘော ...
၂။ ဤသူကား အမျိုးသားဟု ထင်ရှားပြခြင်း ...
၃။ (က) ပုရိသလိင်္ဂ = အမျိုးသား အသွင်သဏ္ဌာန်,
( ခ ) ပုရိသနိမိတ္တ = အမျိုးသားဟုသိကြောင်း အမှတ်အသား,
( ဂ ) ပုရိသကုတ္တ = အမျိုးသား အပြုအမူ,
(ဃ) ပုရိသအာကပ္ပ = အမျိုးသား အသွင်အပြင်တို့၏အကြောင်းဖြစ်ခြင်း သဘောတရား ...
၄။ ပုရိသိန္ဒြေ၏မှီရာ ကမ္မဇမဟာဘုတ် ...

၁၆။ ဇီဝိတိန္ဒြေ = ရုပ်ဇီဝိတ

၁။ သဟဇာတရူပါနုပါလနလက္ခဏံ ဇီဝိတိန္ဒြိယံ
၂။ တေသံ ပဝတ္တနရသံ၊
၃။ တေသညေဝ ဌပနပစ္စုပဋ္ဌာနံ၊
၄။ ယာပယိတဗ္ဗဘူတပဒဋ္ဌာနံ။[၉၄၈]

၁။ အတူဖြစ်သော ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့်ရှောက်ခြင်းသဘော ... လက္ခဏ
၂။ ထိုကလာပ်တူ ကမ္မဇရုပ်တို့ကို ဥပါဒ်မှသည် ဘင်သို့တိုင်အောင် ဖြစ်စေခြင်း = မျှစေခြင်း = အသက်ရှည်စေခြင်း ... (ကိစ္စ) ရသ
၃။ ထိုကလာပ်တူ ကမ္မဇရုပ်တို့ကို ဘင်မတိုင်မီ အသက်ရှည်အောင် တည်အောင် ထားတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မိမိသည် ဖြစ်စေအပ် မျှစေအပ် အသက်ရှည်စေအပ်သော ကလာပ်တူ ကမ္မဇမဟာဘုတ် ... ပဒဋ္ဌာန်

၁၇။ ဟဒယဝတ္ထု

၁။ မနောဓာတုမနောဝိညာဏဓာတူနံ နိဿယလက္ခဏံ ဟဒယဝတ္ထု
၂။ တာသညေဝ ဓာတူနံ အာဓာရဏရသံ၊
၃။ ဥဗ္ဗဟနပစ္စုပဋ္ဌာနံ၊
၄။ စတုမဟာဘူတပဒဋ္ဌာနံ။[၉၄၉]

၁။ မနောဓာတ် + မနောဝိညာဏဓာတ်တို့၏ မှီရာဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ထိုဓာတ်နှစ်ပါးတို့၏သာလျှင် တည်ရာဖြစ်ခြင်း ... (ကိစ္စ) ရသ
၃။ ထိုဓာတ်နှစ်ပါးတို့ကို ထမ်းဆောင်ထားတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မိမိ (ဟဒယဝတ္ထု )၏ မှီရာ ကလာပ်တူ ကမ္မဇမဟာဘုတ် ... ပဒဋ္ဌာန်

၁၈။ ကဗဠီကာရ အာဟာရ

၁။ ဩဇာလက္ခဏော ကဗဠီကာရော အာဟာရော
၂။ ရူပါဟရဏရသော၊
၃။ ဥပတ္ထမ္ဘနပစ္စုပဋ္ဌာနော၊
၄။ ကဗဠံ ကတွာ အာဟရိတဗ္ဗဝတ္ထုပဒဋ္ဌာနော။[၉၅၀]

၁။ စားမျိုအပ်သော အစာအာဟာရ၏ အဆီအစေး ဩဇာသဘော ... လက္ခဏ
၂။ အာဟာရဇရုပ်ကို ဆောင်ခြင်း တည်စေခြင်း ... (ကိစ္စ) ရသ
၃။ အာဟာရဇရုပ်ကို ဖြစ်စေခြင်းဖြင့် ရူပကာယကို ထောက်ပံ့ခိုင်ခံ့စေတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ စားမျိုအပ်သော အစာအာဟာရ ... ပဒဋ္ဌာန်

၁၉။ အာကာသဓာတ်

၁။ ရူပပရိစ္ဆေဒလက္ခဏာ အာကာသဓာတု
၂။ ရူပပရိယန္တပ္ပကာသနရသာ၊
၃။ (က) ရူပမရိယာဒပစ္စုပဋ္ဌာနာ၊
( ခ ) အသမ္ဖုဋ္ဌဘာဝဆိဒ္ဒဝိဝရဘာဝပစ္စုပဋ္ဌာနာ ဝါ၊
၄။ ပရိ စ္ဆိန္နရူပပဒဋ္ဌာနာ။[၉၅၁]

၁။ ရုပ်ကလာပ်တို့ကို ပိုင်းခြားတတ်သောသဘော ... လက္ခဏ
၂။ ရုပ်ကလာပ်တို့၏ အဆုံးအပိုင်းအခြားကို ထင်ရှားပြခြင်း ... (ကိစ္စ) ရသ
၃။ (က) ရုပ်ကလာပ်တို့၏ နယ်ခြားဒေသ သဘောတရား ...
( ခ ) မဟာဘုတ်တို့၏ မထိအပ်သည်၏အဖြစ်ဟူသော သဘောတရား
( ဂ ) ရုပ်ကလာပ်တို့၏ အပေါက်အကြား၏အဖြစ်ဟူသော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ အပိုင်းခြားခံရသော ရုပ်ကလာပ်များ ... ပဒဋ္ဌာန်

၂၀။ ကာယဝိညတ်

၁။ အဘိက္ကမာဒိပဝတ္တကစိတ္တသမုဋ္ဌာနဝါယောဓာတုယာ သဟဇရူပကာယ-ထမ္ဘန-သန္ဓာရဏ-စလနဿ ပစ္စယော (ဝါယောဓာတုအဓိကာနံ စိတ္တဇမဟာဘူတာနံ) အာကာရဝိကာရော ကာယဝိညတ္တိ
၂။ အဓိပ္ပါယပကာသနရသာ၊
၃။ ကာယဝိပ္ဖန္ဒနဟေတုဘာဝပစ္စုပဋ္ဌာနာ၊
၄။ စိတ္တသမုဋ္ဌာနဝါယောဓာတုပဒဋ္ဌာနာ။[၉၅၂]

၁။ ရှေ့သို့တက်ခြင်းစသည်ကို ဖြစ်စေတတ်သော စိတ္တဇဝါယောဓာတ်၏ အတူဖြစ်သော ရူပကာယကို ထောက်ပံ့ခိုင်ခံ့စေခြင်း, ကောင်းစွာတည်စေခြင်း, လှုပ်ရှားစေခြင်း၏အကြောင်းဖြစ်သော (ဝါယောဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲကုန်သော စိတ္တဇမဟာဘုတ်တို့၏) အမူအရာ အထူးသဘော ...
၂။ လှုပ်ရှားသောသူ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးအား ထင်ရှားပြခြင်း ...
၃။ ကိုယ်တုန်လှုပ်ခြင်း၏ အကြောင်းဖြစ်ခြင်း သဘောတရား ...
၄။ စိတ်ကြောင့်ဖြစ်သော စိတ္တဇဝါယောဓာတ် ...

၂၁။ ဝစီဝိညတ်

၁။ ဝစီဘေဒပဝတ္တကစိတ္တသမုဋ္ဌာနပထဝီဓာတုယာ ဥပါဒိဏ္ဏဃဋ္ဋနဿ ပစ္စယော (ပထဝီဓာတုအဓိကာနံ စိတ္တဇမဟာဘူတာနံ) အာကာရဝိကာရော ဝစီဝိညတ္တိ
၂။ အဓိပ္ပါယပ္ပကာသနရသာ၊
၃။ ဝစီဃောသဟေတုဘာဝပစ္စုပဋ္ဌာနာ၊
၄။ စိတ္တသမုဋ္ဌာနပထဝီဓာတုပဒဋ္ဌာနာ။[၉၅၃]

၁။ စကားသံအထူးကို ဖြစ်စေတတ်သော, စကားသံဖြစ်ရာဌာန၌ တည်သော ကမ္မဇပထဝီဓာတ်ကို ထိခိုက်ခြင်း၏ အကြောင်းဖြစ်သော ပထဝီဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲကုန်သော စိတ္တဇမဟာဘုတ်တို့၏ ထူးခြားသောအမူအရာသဘော ... လက္ခဏ
၂။ စကားပြောဆိုသူ၏ အတွင်းသဘော အလိုဆန္ဒကို သူတစ်ပါးအား ထင်ရှားပြခြင်း ... (ကိစ္စ) ရသ
၃။ စကားသံဖြစ်ပေါ်ခြင်း၏ အကြောင်းဖြစ်ခြင်း သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ စိတ်ကြောင့်ဖြစ်သော စိတ္တဇပထဝီဓာတ် ... ပဒဋ္ဌာန်

၂၂။ ရူပဿ လဟုတာ

၁။ အဒန္ဓတာလက္ခဏာ ရူပဿ လဟုတာ
၂။ ရူပါနံ ဂရုဘာဝဝိနောဒနရသာ၊
၃။ လဟုပရိဝတ္တိတာ ပစ္စုပဋ္ဌာနာ၊
၄။ လဟုရူပပဒဋ္ဌာနာ။[၉၅၄]

၁။ (က) စိတ်ကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ (= စိတ္တဇရုပ်တို့၏) မလေးမလံ မနှေးကံမှုသဘော = ပေါ့ပါးမှုသဘော ( ခ ) ဥတုကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ (= ဥတုဇရုပ်တို့၏)မလေးမလံ မနှေးကံမှုသဘော = ပေါ့ပါးမှုသဘော ( ဂ ) အာဟာရကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ (= အာဟာရဇရုပ်တို့၏) မလေးမလံ မနှေးကံမှုသဘော= ပေါ့ပါးမှုသဘော ... လက္ခဏ
၂။ ထိုရုပ်တို့၏ လေးလံမှုကို ပယ်ဖျောက်ခြင်း ... (ကိစ္စ) ရသ
၃။ ထိုရုပ်တို့၏ ပေါ့ပေါ့ပါးပါး လျင်လျင်မြန်မြန် ပြောင်းရွှေ့ပြန်လှန်၍ ဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ပေါ့ပါးသော ထိုရုပ်များ ... ပဒဋ္ဌာန်

၂၃။ ရူပဿ မုဒုတာ

၁။ အထဒ္ဓတာလက္ခဏာ ရူပဿ မုဒုတာ
၂။ ရူပါနံ ထဒ္ဓဘာဝဝိနောဒနရသာ၊
၃။ သဗ္ဗကိရိယာသု အဝိရောဓိတာ ပစ္စုပဋ္ဌာနာ၊
၄။ မုဒုရူပပဒဋ္ဌာနာ။[၉၅၅]

၁။ (က) စိတ်ကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ (= စိတ္တဇရုပ်တို့၏)မခက်ထန် မကြမ်းတမ်းမှုသဘော = နူးညံ့မှုသဘော ( ခ ) ဥတုကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ (= ဥတုဇရုပ်တို့၏)မခက်ထန် မကြမ်းတမ်းမှုသဘော = နူးညံ့မှုသဘော ( ဂ ) အာဟာရကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ (= အာဟာရဇရုပ်တို့၏) မခက်ထန် မကြမ်းတမ်းမှုသဘော = နူးညံ့မှုသဘော ... လက္ခဏ
၂။ ထိုရုပ်တို့၏ ခက်ထန်ကြမ်းတမ်းမှုကို ပယ်ဖျောက်ခြင်း ... (ကိစ္စ) ရသ
၃။ အလုံးစုံသော ကိုယ်မှုကိစ္စတို့၌ မဆန့်ကျင်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ နူးညံ့သော ထိုရုပ်များ ... ပဒဋ္ဌာန်

၂၄။ ရူပဿ ကမ္မညတာ

၁။ သရီရကိရိယာနုကူလကမ္မညဘာဝလက္ခဏာ ရူပဿ ကမ္မညတာ
၂။ အကမ္မညတာဝိနောဒနရသာ၊
၃။ အဒုဗ္ဗလဘာဝပစ္စုပဋ္ဌာနာ၊
၄။ ကမ္မညရူပပဒဋ္ဌာနာ။[၉၅၆]

၁။ (က) စိတ်ကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ (= စိတ္တဇရုပ်တို့၏)
( ခ ) ဥတုကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ (= ဥတုဇရုပ်တို့၏)
( ဂ ) အာဟာရကြောင့်ဖြစ်သော ရုပ်အစစ်တို့၏ (= အာဟာရဇရုပ်တို့၏) ကိုယ်မှုကိစ္စတို့အားလျော်စွာ အမှု၌ ခံ့ညားမှု အချိုးကျ အဆင်ပြေမှုသဘော ... လက္ခဏ
၂။ (ဝါယောဓာတ် ပျက်ပြားသဖြင့်) ကိုယ်မှုကိစ္စ၌ မခံ့ညားမှုကို ပယ်ဖျောက်ခြင်း ... (ကိစ္စ) ရသ
၃။ ရုပ်တို့၏ အားမနည်းသည့် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ အမှု၌ ခံ့ညားသော ထိုရုပ်များ ... ပဒဋ္ဌာန်

၂၅။ ရူပဿ ဥပစယ

၁။ အာစယလက္ခဏော ရူပဿ ဥပစယော
၂။ ပုဗ္ဗန္တတော ရူပါနံ ဥမ္မုဇ္ဇာပနရသော၊
၃။ (က) နိယျာတနပစ္စုပဋ္ဌာနော၊
( ခ ) ပရိပုဏ္ဏဘာဝပစ္စုပဋ္ဌာနော ဝါ၊
၄။ ဥပစိတရူပပဒဋ္ဌာနော။[၉၅၇]

၁။ (က) ဘဝတစ်ခု၌ ရုပ်အစစ်တို့၏ ရှေးဦးအစ ဖြစ်ခြင်းသဘော ... လက္ခဏ
( ခ ) ဣန္ဒြေပြည့်စုံသည့်တိုင်အောင် အထက်အထက်၌ တိုးတက်၍ ဖြစ်ခြင်းသဘော ... (ကိစ္စ) ရသ
၂။ ရှေးအဖို့မှ = ရှေးဖြစ်သော အနာဂတ်အဖို့မှ = မဖြစ်မီ ရှေးအစွန်းမှ ရုပ်တရားတို့ကို ပေါ်လှာစေသကဲ့သို့ ဖြစ်ခြင်း ... ပစ္စုပဋ္ဌာန်
၃။ (က) ဤသည်တို့ကား ရုပ်တရားတို့တည်းဟု ထိုရုပ်တရားတို့က ဆောင်နှင်းပြသကဲ့သို့ဖြစ်ခြင်း သဘောတရား = အပ်နှင်းတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
( ခ ) တစ်နည်း - ရုပ်အစစ်တို့၏ ပြည့်ပြည့်စုံစုံဖြစ်ခြင်း သဘောတရား ... ပစ္စုပဋ္ဌာန်၊ 
၄။ ဖြစ်ဆဲရုပ်များ ... ပဒဋ္ဌာန်

၂၆။ ရူပဿ သန္တတိ 

၁။ ပဝတ္တိလက္ခဏာ ရူပဿ သန္တတိ
၂။ အနုပ္ပဗန္ဓနရသာ၊
၃။ အနုပစ္ဆေဒပစ္စုပဋ္ဌာနာ၊
၄။ အနုပ္ပဗန္ဓကရူပပဒဋ္ဌာနာ။[၉၅၈]

၁။ ဣန္ဒြေပြည့်စုံပြီးနောက် ရုပ်အစစ်တို့၏ ရှေ့နောက် အစဉ်မပြတ် ဆက်ကာ ဆက်ကာ ဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ရှေ့နောက် အစဉ်မပြတ် အဆင့်ဆင့် ဖွဲ့စပ်ခြင်း ... (ကိစ္စ) ရသ
၃။ ရှေ့နောက် အစဉ်မပြတ် စေ့စပ်ဖွဲ့ယှက်တတ်သော သဘောတရား
= အဆက်မပြတ် ဖြစ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ရှေ့နောက် အစဉ်မပြတ် ဖွဲ့စပ်အပ်သကဲ့သို့ဖြစ်သော ရုပ်တရား ... ပဒဋ္ဌာန်

၂၇။ ရူပဿ ဇရတာ

၁။ ရူပပရိပါကလက္ခဏာ ရူပဿ ဇရတာ
၂။ ဥပနယနရသာ၊
၃။ သဘာဝါနပဂမေပိ နဝဘာဝါပဂမပစ္စုပဋ္ဌာနာ, ဝီဟိပုရာဏဘာဝေါ ဝိယ၊ 
၄။ ပရိပစ္စမာနရူပပဒဋ္ဌာနာ။[၉၅၉]

၁။ ရုပ်အစစ်တို့၏ ရင့်ကျက်ခြင်း ဟောင်းခြင်းသဘော ... လက္ခဏ
၂။ ပျက်ခြင်း ဘင်သို့ (= မရဏသို့) ကပ်၍ဆောင်ခြင်း ... (ကိစ္စ) ရသ
၃။ ဆိုင်ရာသဘာဝလက္ခဏာ မကင်းသေးသော်လည်း အသစ်၏ အဖြစ်မှ (= အသစ်၏အဖြစ်ဟု ဆိုအပ်သော ဖြစ်ခြင်း အခိုက်အတန့်မှ) ကင်းခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
(ကောက်စပါးတို့၏ ဟောင်းကုန်သည်၏ အဖြစ်ကဲ့သို့ မှတ်ပါ။)
၄။ ရင့်ကျက်ဆဲရုပ်များ ... ပဒဋ္ဌာန်

၂၈။ ရူပဿ အနိစ္စတာ

၁။ ပရိဘေဒလက္ခဏာ ရူပဿ အနိစ္စတာ
၂။ သံသီဒနရသာ၊
၃။ ခယဝယပစ္စုပဋ္ဌာနာ၊
၄။ ပရိဘိဇ္ဇမာနရူပပဒဋ္ဌာနာ။[၉၆၀]

၁။ ရုပ်အစစ်တို့၏ ထက်ဝန်းကျင်အားဖြင့် ပြိုပျက်ခြင်းသဘော ... လက္ခဏ
၂။ (ဌီကာလသို့ရောက်သော ရုပ်ကို ဖျက်ဆီးသည်၏အဖြစ်ဖြင့်) ရုပ်အစစ်တို့ကို နစ်မြုပ်စေခြင်း ... (ကိစ္စ) ရသ
၃။ ရုပ်အစစ်တို့၏ ကုန်ခြင်း ပျက်ခြင်း သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ထက်ဝန်းကျင်အားဖြင့် ပြိုပျက်ဆဲသော ရုပ်များ ... ပဒဋ္ဌာန်

သိမ်းဆည်းရှုပွားပုံနှင့် ပတ်သက်၍ အကြံပေးချက်

ယောဂါဝစရပုဂ္ဂိုလ်သည် ရှေ့ဦးစွာ ဤရုပ် (၂၈)ပါးတို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ကျေပွန်စွာ အလွတ်ရအောင် ကျက်ထားဖို့ လိုပေသည်။ ရုပ်အားလုံး၏ လက္ခဏ-ရသစသည်ကို ကျေကျေပွန်ပွန် အလွတ်ရရှိသော အခါမှ စက္ခုဒွါရ၌ တည်ရှိသော (၆၃)မျိုးသော ရုပ်တရားတို့က စတင်၍ လက္ခဏ-ရသစသည့် ရှုကွက်ကို ရှုကြည့်ပါ။ ဤရှုကွက်မှာ သန္တတိဃန သမူဟဃန ကိစ္စဃနဟူသော ရုပ်အတုံးအခဲများကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်အစစ် ဓာတ်အနှစ်ဖြစ်သော ရုပ်တရားတို့ကို ပိုက်စိပ်တိုက်၍ သိမ်းဆည်းရသော ပရမတ်ကိုသာ မြင်အောင် ကြည့်ရသော လုပ်ငန်းခွင် ဖြစ်၏၊ ထိုကြောင့် စက္ခုဒသကကလာပ်စသော ထိုထိုရုပ်ကလာပ်အလိုက် ယင်းကလာပ်အသီးအသီး၌ တည်ရှိသော ပထဝီ အာပေါ တေဇော ဝါယော စသော ပရမတ္ထဓာတ်သား အသီးအသီးကို တစ်လုံးစီ တစ်လုံးစီ ရှုပါ။

ဥပမာ – စက္ခုဒသကကလာပ်၌ ရုပ်ပရမတ်သဘောတရား (၁၀)မျိုး ရှိရာ ယင်းပရမတ်တရားများမှ ပထဝီကို ရွေးထုတ်၍ ယင်းပထဝီ၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို ရှုပါ။ ထိုနောင် ယင်းစက္ခုဒသကကလာပ်၌ တည်ရှိသော အာပေါဓာတ်၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို ဆက်ရှုပါ။ အလားတူပင် ယင်းစက္ခုဒသက ကလာပ်၌ပင် တည်ရှိသော တေဇောဓာတ်စသည့် ကြွင်းကျန်သော ရုပ်တရားအသီးအသီး၏ အသီးအသီးသော လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို တစ်လုံးစီ တစ်လုံးစီ ပိုက်စိပ်တိုက်၍ သိမ်းဆည်းပါ။ ဤ၌ ယင်းစက္ခုဒသကကလာပ်ဟု ဆိုခြင်းမှာ စက္ခုဒသကကလာပ်ချင်းတူညီ၍ ဧကတ္တနည်းအရ ဆိုခြင်းသာ ဖြစ်သည်။ တစ်ခုတည်းသော စက္ခုဒသက ကလာပ်၌ တည်ရှိသော (၁၀)မျိုးသော ရုပ်တရားတို့ကို ရုပ်တရားတိုင်း၌ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းနိုင်လောက်အောင် ယင်းစက္ခုဒသကကလာပ်က သက်တမ်းရှည်နေသည်ဟုကား မဆိုလိုပါ။ စက္ခုဒသက ကလာပ်ချင်းတူညီ၍ ဧကတ္တနည်းအရသာ ဆိုခြင်းဖြစ်သည်။ အလားတူပင် ပထဝီဓာတ် အာပေါဓာတ် စသည်တို့၌လည်း ဧကတ္တနည်းအရသာ ပထဝီဓာတ်ချင်းတူညီ၍ အာပေါဓာတ်ချင်း တူညီ၍ ဆိုသည်ဟု သဘောပေါက်ပါ။ နာမ်ပိုင်း၌လည်း နည်းတူ သဘောပေါက်ပါ။

စက္ခုဒွါရဝယ် ယင်းစက္ခုဒသကကလာပ်၌ (၁၀)မျိုးသော ရုပ်တရားတို့တွင် တစ်မျိုးတစ်မျိုး၌ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းပြီးသောအခါ စက္ခုဒွါရ၌ပင်တည်ရှိသော ကာယဒသကကလာပ်၌ (၁၀)မျိုးသော ရုပ်တရား, ဘာဝဒသကကလာပ်၌ (၁၀)မျိုးသော ရုပ်တရား, ဇီဝိတနဝကကလာပ်၌ (၉)မျိုးသော ရုပ်တရား, စိတ္တဇအဋ္ဌကလာပ်၌ (၈)မျိုးသော ရုပ်တရား, ဥတုဇအဋ္ဌကလာပ်၌ (၈)မျိုးသော ရုပ်တရား, အာဟာရဇ အဋ္ဌကလာပ်၌ (၈)မျိုးသော ရုပ်တရား - ဤရုပ်တရားအသီးအသီး၌လည်း လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် ရှုကွက်ကို ဆက်လက်၍ သိမ်းဆည်းရှုပွားပါ။

စက္ခုဒွါရ၌ (၆၃)မျိုးသော ရုပ်တရားတို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် အဇ္ဈတ္တဝယ် သိမ်းဆည်းပြီးသောအခါ ဗဟိဒ္ဓ၌လည်း ပုံစံတူပင် ဆက်လက်၍ သိမ်းဆည်းပါ။ ထိုနောင် သောတဒွါရစသည်တို့၌လည်းကောင်း, (၄၂)ကောဋ္ဌာသတို့၌လည်းကောင်း, စိတ္တဇ ဥတုဇ အာဟာရဇရုပ်တို့၌လည်းကောင်း ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြထားသည့်အတိုင်း ရုပ်အစစ် ရုပ်အတုအားလုံးကို ကုန်စင်အောင် သိမ်းဆည်းပါ။

စက္ခုပသာဒ စသော ကမ္မဇရုပ်တို့၏ လက္ခဏ-ရသ စသည့်ရှုကွက်၌ အတိတ်ဘဝထိုထိုဝယ် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံ၍ ပြုစုပျိုးထောင်ခဲ့သော သင်္ခါရ ကံနှင့် ကြောင်းကျိုးစပ်ကာ သိမ်းဆည်းရှုပွားရမည့် ရှုကွက်အချို့တို့လည်း ပါဝင်ကြ၏၊ ယင်းရှုကွက်တို့ကား ပဋိစ္စသမုပ္ပါဒ် = ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောတရားတို့ကို သိမ်းဆည်းထားပြီးသူ ယောဂီသူတော်ကောင်းတို့သာ သိမ်းဆည်းရှုပွား၍ ရနိုင်သော ရှုကွက်တို့ ဖြစ်ကြ၏၊ ဤကဲ့သို့သော ရှုကွက်အချို့ကို ငဲ့ညှာ၍ ဤလက္ခဏာဒိစတုက္ကပိုင်းကို ပဋိစ္စသမုပ္ပါဒ်ပိုင်းပြီးမှ ဤကျမ်း၌ ရေးသားတင်ပြခြင်း ဖြစ်ပေသည်။

သတိပြုရန် အခြားအချက်တစ်ရပ်ကား ဤသို့ဖြစ်၏ – ယင်းစက္ခုဒသကကလာပ်၌ တည်ရှိသော ပထဝီဓာတ်ကို ရှုပြီးသည့်အတွက် စက္ခုဒွါရ၌ပင် တည်ရှိသော ကာယဒသကကလာပ်ဝယ် ပထဝီဓာတ်ကို မရှုဘဲ မနေပါနှင့်။ ရုပ်တုံးရုပ်ခဲ ရုပ်ဃနတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနေသော လုပ်ငန်းခွင်ဖြစ်ရကား ရုပ်ကလာပ်တို့၌ ဃနပြိုအောင်သာ ရှုပါ။ စက္ခုဒွါရ၌ (၆၃), သောတဒွါရ၌ (၆၃) စသည်ဖြင့် ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် တင်ပြထားသည့်အတိုင်း ထိုထိုဒွါရ ထိုထို ကောဋ္ဌာသတို့၌ ရုပ်အမျိုးအစား ကုန်စင်အောင်သာ သိမ်းဆည်းရှုပွားပါ။

ရူပက္ခန္ဓာ ပြီး၏၊

ဝိညာဏက္ခန္ဓကထာ အခန်း

၁။ ဝိညာဏက္ခန္ဓာ

အာရမ္မဏံ စိန္တေတီတိ စိတ္တံ၊ ဝိဇာနာတီတိ အတ္ထော။[၉၆၁]
၁။ ဝိဇာနနလက္ခဏံ စိတ္တံ
၂။ ပုဗ္ဗင်္ဂမရသံ၊
၃။ သန္ဒဟနပစ္စုပဋ္ဌာနံ၊
၄။ နာမရူပပဒဋ္ဌာနံ။[၉၆၂]
နာမပဒဋ္ဌာနံ။ (အရူပဘုံအတွက်)

၁။ အာရုံကို သိခြင်း = အာရုံကို ရယူခြင်းသဘော[၉၆၃] ... လက္ခဏ
၂။ အာရုံကို သိမှု၌ ပဓာန ရှေ့သွားခေါင်းဆောင်ဖြစ်ခြင်း ... (ကိစ္စ) ရသ
၃။ စိတ်အစဉ်အဆက် မပြတ်ရအောင် နောက်နောက်စိတ်ကို ဖွဲ့စပ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ နာမ်-ရုပ် (အရူပဘုံအတွက် - နာမ်) ... ပဒဋ္ဌာန်

၂။ ပဋိသန္ဓေစိတ်

၁။ ကမ္မ-ကမ္မနိမိတ္တ-ဂတိနိမိတ္တာနံ အညတရာရမ္မဏဝိဇာနနလက္ခဏံ ပဋိသန္ဓိစိတ္တံ
၂။ ပဋိသန္ဓာနရသံ၊
၃။ သန္ဒဟနပစ္စုပဋ္ဌာနံ၊
၄။ နာမရူပပဒဋ္ဌာနံ၊

၁။ အတိတ်ဘဝ မရဏာသန္နဇောသည် ယူအပ်ခဲ့သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံ (၃)မျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ
၂။ ဘဝနှစ်ခုကို = ရှေ့ဘဝစိတ်အစဉ်နှင့် နောက်ဘဝစိတ်အစဉ်ကို ဆက်စပ်ပေးခြင်း ... (ကိစ္စ) ရသ
၃။ ဘဝနှစ်ခုကို = ရှေ့ဘဝစိတ်အစဉ်နှင့် နောက်ဘဝစိတ်အစဉ်ကို ဆက်စပ်ပေးတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ယှဉ်ဖက် စေတသိက် နာမ် + မှီရာဝတ္ထုရုပ် ... ပဒဋ္ဌာန်

၃။ ဘဝင်စိတ်

၁။ ကမ္မ-ကမ္မနိမိတ္တ-ဂတိနိမိတ္တာနံ အညတရာရမ္မဏဝိဇာနနလက္ခဏံ ဘဝင်္ဂစိတ္တံ
၂။ ဘဝင်္ဂရသံ၊
၃။ သန္ဒဟနပစ္စုပဋ္ဌာနံ၊
၄။ နာမရူပပဒဋ္ဌာနံ၊

၁။ အတိတ်ဘဝ မရဏာသန္နဇောသည် ယူအပ်ခဲ့သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံ (၃)မျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ
၂။ ရှေ့နောက် စိတ်အစဉ် မပြတ်ရအောင် ဘဝ၏အကြောင်းတရားအဖြစ် တည်နေခြင်း (= ဘဝင်္ဂကိစ္စ) ... (ကိစ္စ) ရသ
၃။ ရှေ့နောက် စိတ်အစဉ်မပြတ်ရအောင် စိတ်အစဉ်ကို ဆက်စပ်ပေးတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ယှဉ်ဖက် စေတသိက် နာမ် + မှီရာဝတ္ထုရုပ် ... ပဒဋ္ဌာန်

၄။ ပဉ္စဒွါရာဝဇ္ဇန်း = ကိရိယာ မနောဓာတ်

၁။ စက္ခုဝိညာဏာဒိပုရေစရရူပါဒိဝိဇာနနလက္ခဏာ မနောဓာတု
၂။ အာဝဇ္ဇနရသာ၊
၃။ ရူပါဒိအဘိမုခဘာဝပစ္စုပဋ္ဌာနာ၊
၄။ ဘဝင်္ဂဝိစ္ဆေဒပဒဋ္ဌာနာ။ (သာ ဥပေက္ခာယုတ္တာဝ ဟောတိ။) [၉၆၄]

၁။ စက္ခုဝိညာဏ် စသည်တို့၏ ရှေ့သွားဖြစ်၍ (ေ့ရှကဖြစ်၍) ရူပါရုံ စသည့် အာရုံတို့ကို သိခြင်းသဘော = ရယူခြင်းသဘော ... လက္ခဏ
၂။ (ရူပါရုံစသည့် ပဉ္စာရုံကို) နှလုံးသွင်းခြင်း = ဆင်ခြင်ခြင်း ... (ကိစ္စ) ရသ
တစ်နည်း – စိတ်အစဉ်ကို ရှေးဖြစ်သော အခြင်းအရာမှ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာအောင် မူလအာရုံဟောင်းကို စွန့်စေခြင်း ... (ကိစ္စ) ရသ
၃။ ရူပါရုံစသည့် အာရုံဘက်သို့ ရှေးရှူ မျက်နှာမူသည့် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဘဝင်စိတ်အစဉ် ပြတ်စဲခြင်း = ဘဝင်စိတ် ချုပ်ပျက်သွားခြင်း ... ပဒဋ္ဌာန်

ဤအထက်ပါ ပဉ္စဒွါရာဝဇ္ဇန်း = ကိရိယာမနောဓာတ်၏ ရှုကွက်မှာ ရူပါရုံ စသည့် ပဉ္စာရုံကို အာရုံပြုသည့် ပဉ္စဒွါရာဝဇ္ဇန်း ငါးမျိုးကို စုပေါင်း၍ ရေးသားထားခြင်း ဖြစ်သည်။ လက်တွေ့ရှုသောအခါ၌ကား ပဉ္စဒွါရာဝဇ္ဇန်းသည် အာရုံငါးမျိုးလုံးကို ပြိုင်တူ မသိနိုင်သဖြင့် အာရုံတစ်မျိုးစီကို သိသော ပဉ္စဒွါရာဝဇ္ဇန်း တစ်မျိုးစီကို ခွဲ၍ ရှုရမည်ဖြစ်သည်။ သို့အတွက် ရူပါရုံကို အာရုံပြုသည့် ပဉ္စဒွါရာဝဇ္ဇန်း = အာဝဇ္ဇန်း၏ရှုကွက်မှာ ဤသို့ ဖြစ်၏၊

အာဝဇ္ဇန်း - ရူပါရုံကို အာရုံပြုသည်။

၁။ စက္ခုဝိညာဏပုရေစရရူပဝိဇာနနလက္ခဏာ မနောဓာတု
၂။ အာဝဇ္ဇနရသာ၊
၃။ ရူပါဘိမုခဘာဝပစ္စုပဋ္ဌာနာ၊
၄။ ဘဝင်္ဂဝိစ္ဆေဒပဒဋ္ဌာနာ။

၁။ စက္ခုဝိညာဏ်၏ ရှေးကဖြစ်၍ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ
၂။ ရူပါရုံကို နှလုံးသွင်း ဆင်ခြင်ခြင်း ... (ကိစ္စ) ရသ
တစ်နည်း – စိတ်အစဉ်ကို ရှေးဖြစ်သော အခြင်းအရာမှ တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာအောင် ဘဝင်အာရုံကို စွန့်စေခြင်း ... (ကိစ္စ) ရသ
၃။ ရူပါရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဘဝင်အယဉ် ပြတ်စဲခြင်း = ဘဝင်္ဂုပစ္ဆေဒ = ရပ်သောဘဝင် ... ပဒဋ္ဌာန်

အာဝဇ္ဇန်း - သဒ္ဒါရုံကို အာရုံပြုသည်။

၁။ သောတဝိညာဏပုရေစရသဒ္ဒဝိဇာနနလက္ခဏာ မနောဓာတု
၂။ အာဝဇ္ဇနရသာ၊
၃။ သဒ္ဒါဘိမုခဘာဝပစ္စုပဋ္ဌာနာ၊
၄။ ဘဝင်္ဂဝိစ္ဆေဒပဒဋ္ဌာနာ။

အာဝဇ္ဇန်း - ဂန္ဓာရုံကို အာရုံပြုသည်။

၁။ ဃာနဝိညာဏပုရေစရဂန္ဓဝိဇာနနလက္ခဏာ မနောဓာတု
၂။ အာဝဇ္ဇနရသာ၊
၃။ ဂန္ဓာဘိမုခဘာဝပစ္စုပဋ္ဌာနာ၊
၄။ ဘဝင်္ဂဝိစ္ဆေဒပဒဋ္ဌာနာ။

အာဝဇ္ဇန်း - ရသာရုံကို အာရုံ ပြုသည်။

၁။ ဇိဝှါဝိညာဏပုရေစရရသဝိဇာနနလက္ခဏာ မနောဓာတု
၂။ အာဝဇ္ဇနရသာ၊
၃။ ရသာဘိမုခဘာဝပစ္စုပဋ္ဌာနာ၊
၄။ ဘဝင်္ဂဝိစ္ဆေဒပဒဋ္ဌာနာ။

အာဝဇ္ဇန်း - ဖောဋ္ဌဗ္ဗာရုံကို အာရုံ ပြုသည်။

၁။ ကာယဝိညာဏပုရေစရဖောဋ္ဌဗ္ဗဝိဇာနနလက္ခဏာ မနောဓာတု၊
၂။ အာဝဇ္ဇနရသာ၊
၃။ ဖောဋ္ဌဗ္ဗာဘိမုခဘာဝပစ္စုပဋ္ဌာနာ၊
၄။ ဘဝင်္ဂဝိစ္ဆေဒပဒဋ္ဌာနာ။[၉၆၅]

၅။ စက္ခုဝိညာဏ်

၁။ စက္ခုသန္နိဿိတရူပဝိဇာနနလက္ခဏံ စက္ခုဝိညာဏံ
၂။ ရူပမတ္တာရမ္မဏရသံ၊
၃။ ရူပါဘိမုခဘာဝပစ္စုပဋ္ဌာနံ၊
၄။ ရူပါရမ္မဏာယ ကိရိယမနောဓာတုယာ အပဂမပဒဋ္ဌာနံ။[၉၆၆]

၁။ စက္ခုဝတ္ထုကို မှီဖြစ်၍ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ
၂။ ရူပါရုံ အရောင်မျှကိုသာ သိခြင်း အာရုံယူခြင်း ... (ကိစ္စ) ရသ
၃။ ရူပါရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ရူပါရုံလျှင် အာရုံရှိသော ကိရိယမနောဓာတ် = အာဝဇ္ဇန်းစိတ် (= ပဉ္စဒွါရာဝဇ္ဇန်းစိတ်) ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း ... ပဒဋ္ဌာန်

၆။ သောတဝိညာဏ်

၁။ သောတသန္နိဿိတသဒ္ဒဝိဇာနနလက္ခဏံ သောတဝိညာဏံ
၂။ သဒ္ဒမတ္တာရမ္မဏရသံ၊
၃။ သဒ္ဒါဘိမုခဘာဝပစ္စုပဋ္ဌာနံ၊
၄။ သဒ္ဒါရမ္မဏာယ ကိရိယမနောဓာတုယာ အပဂမပဒဋ္ဌာနံ။[၉၆၇]

၁။ သောတဝတ္ထုကို မှီဖြစ်၍ သဒ္ဒါရုံကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ
၂။ သဒ္ဒါရုံ အသံမျှကိုသာ သိခြင်း = အာရုံယူခြင်း ... (ကိစ္စ) ရသ
၃။ သဒ္ဒါရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သဒ္ဒါရုံလျှင် အာရုံရှိသော ကိရိယမနောဓာတ် = အာဝဇ္ဇန်းစိတ်၏ (= ပဉ္စဒွါရာဝဇ္ဇန်းစိတ်၏) ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း ... ပဒဋ္ဌာန်

၇။ ဃာနဝိညာဏ်

၁။ ဃာနသန္နိဿိတဂန္ဓဝိဇာနနလက္ခဏံ ဃာနဝိညာဏံ
၂။ ဂန္ဓမတ္တာရမ္မဏရသံ၊
၃။ ဂန္ဓာဘိမုခဘာဝပစ္စုပဋ္ဌာနံ၊
၄။ ဂန္ဓာရမ္မဏာယ ကိရိယမနောဓာတုယာ အပဂမပဒဋ္ဌာနံ။[၉၆၈] 

၁။ ဃာနဝတ္ထုကို မှီဖြစ်၍ ဂန္ဓာရုံကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ
၂။ ဂန္ဓာရုံ = အနံ့မျှကိုသာ သိခြင်း = အာရုံယူခြင်း ... (ကိစ္စ) ရသ
၃။ ဂန္ဓာရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဂန္ဓာရုံလျှင် အာရုံရှိသော ကိရိယမနောဓာတ် = အာဝဇ္ဇန်းစိတ်၏ (= ပဉ္စဒွါရာဝဇ္ဇန်းစိတ်၏) ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း ... ပဒဋ္ဌာန်

၈။ ဇိဝှါဝိညာဏ်

၁။ ဇိဝှါသန္နိဿိတရသဝိဇာနနလက္ခဏံ ဇိဝှါဝိညာဏံ
၂။ ရသမတ္တာရမ္မဏရသံ၊
၃။ ရသာဘိမုခဘာဝပစ္စုပဋ္ဌာနံ၊
၄။ ရသာရမ္မဏာယ ကိရိယမနောဓာတုယာ အပဂမပဒဋ္ဌာနံ။[၉၆၉]

၁။ ဇိဝှါဝတ္ထုကို မှီဖြစ်၍ ရသာရုံကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ
၂။ ရသာရုံ = အရသာမျှကိုသာ သိခြင်း = အာရုံယူခြင်း ... (ကိစ္စ) ရသ
၃။ ရသာရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ရသာရုံလျှင် အာရုံရှိသော ကိရိယမနောဓာတ် = အာဝဇ္ဇန်းစိတ်၏ (= ပဉ္စဒွါရာဝဇ္ဇန်းစိတ်၏) ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း ... ပဒဋ္ဌာန်

၉။ ကာယဝိညာဏ်

၁။ ကာယသန္နိဿိတဖောဋ္ဌဗ္ဗဝိဇာနနလက္ခဏံ ကာယဝိညာဏံ
၂။ ဖောဋ္ဌဗ္ဗမတ္တာရမ္မဏရသံ၊
၃။ ဖောဋ္ဌဗ္ဗာဘိမုခဘာဝပစ္စုပဋ္ဌာနံ၊
၄။ ဖောဋ္ဌဗ္ဗာရမ္မဏာယ ကိရိယမနောဓာတုယာ အပဂမပဒဋ္ဌာနံ။[၉၇၀]

၁။ ကာယဝတ္ထုကို မှီဖြစ်၍ ဖောဋ္ဌဗ္ဗာရုံကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ
၂။ ဖောဋ္ဌဗ္ဗာရုံ = အတွေ့အထိမျှကိုသာ သိခြင်း = အာရုံယူခြင်း ... (ကိစ္စ) ရသ
၃။ ဖောဋ္ဌဗ္ဗာရုံဘက်သို့ ရှေးရှူမျက်နှာမူသည့် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဖောဋ္ဌဗ္ဗာရုံလျှင် အာရုံရှိသော ကိရိယမနောဓာတ် = အာဝဇ္ဇန်းစိတ်၏ (= ပဉ္စဒွါရာဝဇ္ဇန်းစိတ်၏) ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း ... ပဒဋ္ဌာန်

၁၀။ သမ္ပဋိ စ္ဆိုင်း = လက်ခံ (ဝိပါက်မနောဓာတ်)

၁။ စက္ခုဝိညာဏာဒီနံ အနန္တရံ ရူပါဒိဝိဇာနနလက္ခဏာ မနောဓာတု
၂။ ရူပါဒီနံ သမ္ပဋိ စ္ဆနရသာ (= ရူပါဒိသမ္ပဋိ စ္ဆနရသာ)၊
၃။ တထာဘာဝပစ္စုပဋ္ဌာနာ (= ရူပါဒိသမ္ပဋိ စ္ဆနဘာဝပစ္စုပဋ္ဌာနာ)၊
၄။ စက္ခုဝိညာဏာဒိအပဂမပဒဋ္ဌာနာ။[၉၇၁]

၁။ စက္ခုဝိညာဏ် စသည်တို့၏ အခြားမဲ့၌ဖြစ်၍ ရူပါရုံစသည်ကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ
၂။ ရူပါရုံစသည့် အာရုံကို လက်ခံခြင်း ... (ကိစ္စ) ရသ
၃။ ရူပါရုံစသည့်အာရုံကို လက်ခံတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ စက္ခုဝိညာဏ်စသည်တို့၏ ကင်းချုပ်ခြင်း = ချုပ်ပျက်ခြင်း ... ပဒဋ္ဌာန်[၉၇၂]

ရူပါရုံကို လက်ခံသော သမ္ပဋိ စ္ဆိုင်းစိတ် (စက္ခုဒွါရဝီထိ)

၁။ စက္ခုဝိညာဏဿ အနန္တရံ ရူပါရမ္မဏဝိဇာနနလက္ခဏာ မနောဓာတု
၂။ ရူပါရမ္မဏသမ္ပဋိစ္ဆနရသာ၊
၃။ ရူပါရမ္မဏသမ္ပဋိစ္ဆနဘာဝပစ္စုပဋ္ဌာနာ၊
၄။ စက္ခုဝိညာဏာပဂမပဒဋ္ဌာနာ။

၁။ စက္ခုဝိညာဏ်၏ အခြားမဲ့၌ဖြစ်၍ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ
၂။ ရူပါရုံကို လက်ခံခြင်း ... (ကိစ္စ) ရသ
၃။ ရူပါရုံကို လက်ခံတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ စက္ခုဝိညာဏ်၏ ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း ... ပဒဋ္ဌာန်

သဒ္ဒါရုံကို လက်ခံသော သမ္ပဋိ စ္ဆိုင်းစိတ် (သောတဒွါရဝီထိ)

၁။ သောတဝိညာဏဿ အနန္တရံ သဒ္ဒါရမ္မဏဝိဇာနနလက္ခဏာ မနောဓာတု
၂။ သဒ္ဒါရမ္မဏသမ္ပဋိစ္ဆနရသာ၊
၃။ သဒ္ဒါရမ္မဏသမ္ပဋိ စ္ဆနဘာဝပစ္စုပဋ္ဌာနာ၊
၄။ သောတဝိညာဏာပဂမပဒဋ္ဌာနာ။

ဂန္ဓာရုံကို လက်ခံသော သမ္ပဋိ စ္ဆိုင်းစိတ် (ဃာနဒွါရဝီထိ)

၁။ ဃာနဝိညာဏဿ အနန္တရံ ဂန္ဓာရမ္မဏဝိဇာနနလက္ခဏာ မနောဓာတု
၂။ ဂန္ဓာရမ္မဏသမ္ပဋိစ္ဆနရသာ၊
၃။ ဂန္ဓာရမ္မဏသမ္ပဋိစ္ဆနဘာဝပစ္စုပဋ္ဌာနာ၊
၄။ ဃာနဝိညာဏာပဂမပဒဋ္ဌာနာ။

ရသာရုံကို လက်ခံသော သမ္ပဋိ စ္ဆိုင်းစိတ် (ဇိဝှါဒွါရဝီထိ)

၁။ ဇိဝှါဝိညာဏဿ အနန္တရံ ရသာရမ္မဏဝိဇာနနလက္ခဏာ မနောဓာတု
၂။ ရသာရမ္မဏသမ္ပဋိစ္ဆနရသာ၊
၃။ ရသာရမ္မဏသမ္ပဋိစ္ဆနဘာဝပစ္စုပဋ္ဌာနာ၊
၄။ ဇိဝှါဝိညာဏာပဂမပဒဋ္ဌာနာ။

ဖောဋ္ဌဗ္ဗာရုံကို လက်ခံသော သမ္ပဋိ စ္ဆိုင်းစိတ် (ကာယဒွါရဝီထိ)

၁။ ကာယဝိညာဏဿ အနန္တရံ ဖောဋ္ဌဗ္ဗာရမ္မဏဝိဇာနနလက္ခဏာ မနောဓာတု
၂။ ဖောဋ္ဌဗ္ဗာရမ္မဏသမ္ပဋိစ္ဆနရသာ၊
၃။ ဖောဋ္ဌဗ္ဗာရမ္မဏသမ္ပဋိစ္ဆနဘာဝပစ္စုပဋ္ဌာနာ၊
၄။ ကာယဝိညာဏာပဂမပဒဋ္ဌာနာ။[၉၇၃]

၁၁။ သန္တီရဏ (= အဟိတ်ဝိပါက် မနောဝိညာဏဓာတ်)

၁။ အဟေတုကဝိပါကာ သဠာရမ္မဏဝိဇာနနလက္ခဏာ ဒုဝိဓာပိ သန္တီရဏာဒိကိစ္စာ မနောဝိညာဏဓာတု
၂။ သန္တီရဏာဒိရသာ၊
၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊
၄။ ဟဒယဝတ္ထုပဒဋ္ဌာနာ။[၉၇၄]

သောမနဿ ဥပေက္ခာအားဖြင့် နှစ်မျိုးပြားသော သန္တီရဏ စသော လုပ်ငန်းကိစ္စကို ရွက်ဆောင်သော အဟိတ်ဝိပါက် မနောဝိညာဏဓာတ်သည် –
၁။ အာရုံ (၆)ပါးကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ
၂။ အာရုံကို စူးစမ်းခြင်း စသော ... (ကိစ္စ) ရသ
၃။ အာရုံကို စူးစမ်းတတ်သော သဘောတရား စသည် ... ပစ္စုပဋ္ဌာန်
၄။ မှီရာ ဟဒယဝတ္ထုရုပ် ... ပဒဋ္ဌာန်

အဟေတုကဝိပါကာ သန္တီရဏကိစ္စာ မနောဝိညာဏဓာတု
၁။ ရူပါရမ္မဏဝိဇာနနလက္ခဏာ၊
၂။ သန္တီရဏရသာ၊
၃။ သန္တီရဏဘာဝပစ္စုပဋ္ဌာနာ၊
၄။ ဟဒယဝတ္ထုပဒဋ္ဌာနာ။

သန္တီရဏကိစ္စကို ရွက်ဆောင်သော အဟိတ်ဝိပါက် မနောဝိညာဏဓာတ်သည် –
၁။ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ
၂။ ရူပါရုံကို စူးစမ်းဆင်ခြင်ခြင်း ... (ကိစ္စ) ရသ
၃။ ရူပါရုံကို စူးစမ်းဆင်ခြင်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မိမိ၏ မှီ၍ ဖြစ်ရာ ဟဒယဝတ္ထု ... ပဒဋ္ဌာန်[၉၇၅]

အဟေတုကဝိပါကာ သန္တီရဏကိစ္စာ မနောဝိညာဏဓာတု
၁။ သဒ္ဒါရမ္မဏဝိဇာနနလက္ခဏာ၊
၂။ သန္တီရဏရသာ၊
၃။ သန္တီရဏဘာဝပစ္စုပဋ္ဌာနာ၊
၄။ ဟဒယဝတ္ထုပဒဋ္ဌာနာ။

အဟေတုကဝိပါကာ သန္တီရဏကိစ္စာ မနောဝိညာဏဓာတု
၁။ ဂန္ဓာရမ္မဏဝိဇာနနလက္ခဏာ၊
၂။ သန္တီရဏရသာ၊
၃။ သန္တီရဏဘာဝပစ္စုပဋ္ဌာနာ၊
၄။ ဟဒယဝတ္ထုပဒဋ္ဌာနာ။

အဟေတုကဝိပါကာ သန္တီရဏကိစ္စာ မနောဝိညာဏဓာတု
၁။ ရသာရမ္မဏဝိဇာနနလက္ခဏာ၊
၂။ သန္တီရဏရသာ၊
၃။ သန္တီရဏဘာဝပစ္စုပဋ္ဌာနာ၊
၄။ ဟဒယဝတ္ထုပဒဋ္ဌာနာ။

အဟေတုကဝိပါကာ သန္တီရဏကိစ္စာ မနောဝိညာဏဓာတု
၁။ ဖောဋ္ဌဗ္ဗာရမ္မဏဝိဇာနနလက္ခဏာ၊
၂။ သန္တီရဏရသာ၊
၃။ သန္တီရဏဘာဝပစ္စုပဋ္ဌာနာ၊
၄။ ဟဒယဝတ္ထုပဒဋ္ဌာနာ။

၁၂။ ဝုဋ္ဌော (= သာဓာရဏာ ကိရိယာ မနောဝိညာဏဓာတ်)

၁။ (သာဓာရဏာ) ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု သဠာရမ္မဏဝိဇာနနလက္ခဏာ၊
၂။ ကိစ္စဝသေန ပဉ္စဒွါရမနောဒွါရေသု ဝေါဋ္ဌဗ္ဗနာဝဇ္ဇနရသာ၊
၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊
၄။ အဟေတုကဝိပါကမနောဝိညာဏဓာတုဘဝင်္ဂါနံ အညတရာပဂမပဒဋ္ဌာနာ။[၉၇၆]

ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယာမနောဝိညာဏဓာတ်သည် –
၁။ အာရုံ (၆)ပါးကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ
၂။ ပဉ္စဒွါရ၌ အာရုံကို ဆုံးဖြတ်ခြင်း, မနောဒွါရ၌ အာရုံကို ဆင်ခြင်ခြင်း ... (ကိစ္စ) ရသ
၃။ ပဉ္စဒွါရ၌ အာရုံကို ဆုံးဖြတ်တတ်သော သဘောတရား,
မနောဒွါရ၌ အာရုံကို ဆင်ခြင်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ပဉ္စဒွါရ၌ အဟိတ်ဝိပါက် မနောဝိညာဏဓာတ် = သန္တီရဏစိတ်၏ ချုပ်ပျက်ခြင်း,
မနောဒွါရ၌ ဘဝင်၏ ချုပ်ပျက်ခြင်း ... ပဒဋ္ဌာန်[၉၇၇] 

စက္ခုဒွါရဝီထိ - ဝုဋ္ဌော

၁။ ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု ရူပါရမ္မဏဝိဇာနနလက္ခဏာ၊
၂။ ဝေါဋ္ဌဗ္ဗနရသာ၊
၃။ တထာဘာဝပစ္စုပဋ္ဌာနာ (= ဝေါဋ္ဌဗ္ဗနဘာဝပစ္စုပဋ္ဌာနာ)၊
၄။ အဟေတုကဝိပါကမနောဝိညာဏဓာတူနံ အညတရာပဂမပဒဋ္ဌာနာ။

ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယာ မနောဝိညာဏဓာတ် = ဝုဋ္ဌော သည် –
၁။ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ
၂။ ရူပါရုံကို (ဣဋ္ဌ သို့မဟုတ် အနိဋ္ဌ စသည်ဖြင့်) ဆုံးဖြတ်ခြင်း ... (ကိစ္စ) ရသ
၃။ သန္တီရဏ ယူထားသည့် အာရုံကိုပင် (ဣဋ္ဌ သို့မဟုတ် အနိဋ္ဌ စသည်ဖြင့်) ဆုံးဖြတ်သကဲ့သို့ဖြစ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ အဟိတ်ဝိပါက် မနောဝိညာဏဓာတ် = သန္တီရဏစိတ် (၃)မျိုးတို့တွင်
တစ်မျိုးမျိုးသောစိတ်၏ ကင်းချုပ်ခြင်း = ချုပ်ပျက်ခြင်း ... ပဒဋ္ဌာန်

သောတဒွါရဝီထိ - ဝုဋ္ဌော

၁။ ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု သဒ္ဒါရမ္မဏဝိဇာနနလက္ခဏာ၊
၂။ ဝေါဋ္ဌဗ္ဗနရသာ၊
၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊
၄။ အဟေတုကဝိပါကမနောဝိညာဏဓာတူနံ အညတရာပဂမပဒဋ္ဌာနာ။

ဃာနဒွါရဝီထိ - ဝုဋ္ဌော

၁။ ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု ဂန္ဓာရမ္မဏဝိဇာနနလက္ခဏာ၊
၂။ ဝေါဋ္ဌဗ္ဗနရသာ၊
၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊
၄။ အဟေတုကဝိပါကမနောဝိညာဏဓာတူနံ အညတရာပဂမပဒဋ္ဌာနာ။

ဇိဝှါဒွါရဝီထိ - ဝုဋ္ဌော

၁။ ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု ရသာရမ္မဏဝိဇာနနလက္ခဏာ၊
၂။ ဝေါဋ္ဌဗ္ဗနရသာ၊
၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊
၄။ အဟေတုကဝိပါကမနောဝိညာဏဓာတူနံ အညတရာပဂမပဒဋ္ဌာနာ။

ကာယဒွါရဝီထိ - ဝုဋ္ဌော

၁။ ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု ဖောဋ္ဌဗ္ဗာရမ္မဏဝိဇာနနလက္ခဏာ၊
၂။ ဝေါဋ္ဌဗ္ဗနရသာ၊
၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊
၄။ အဟေတုကဝိပါကမနောဝိညာဏဓာတူနံ အညတရာပဂမပဒဋ္ဌာနာ။

မနောဒွါရဝီထိ - မနောဒွါရာဝဇ္ဇန်း

ဤမနောဒွါရာဝဇ္ဇန်း၏ လက္ခဏ-ရသ စသည့်ရှုကွက်ကို မနောဒွါရတွင် တင်ပြပေအံ့။

၁၃။ ဇော - ကုသိုလ်ဇော

၁။ အနဝဇ္ဇသုခဝိပါကလက္ခဏံ ကုသလံ
၂။ အကုသလဝိဒ္ဓံသနရသံ၊
၃။ ဝေါဒါနပစ္စုပဋ္ဌာနံ၊
၄။ ယောနိသောမနသိကာရပဒဋ္ဌာနံ။[၉၇၈]

၁။ အပြစ်မရှိခြင်း ကောင်းသောအကျိုးကို ပေးခြင်းသဘော ... လက္ခဏ
၂။ အကုသိုလ်ကို ဖျက်ဆီးခြင်း ... (ကိစ္စ) ရသ
၃။ ဖြူစင်သော သဘောတရား... (ဥပဋ္ဌာနာကာရ ) ပစ္စုပဋ္ဌာန်
၄။ ယောနိသောမနသိကာရ = အာရုံကို နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်း ... ပဒဋ္ဌာန်

၁။ အဝဇ္ဇပဋိပက္ခတ္တာ ဝါ အနဝဇ္ဇလက္ခဏမေဝ ကုသလံ
၂။ ဝေါဒါနဘာဝရသံ၊
၃။ ဣဋ္ဌဝိပါကပစ္စုပဋ္ဌာနံ၊
၄။ ယောနိသောမနသိကာရပဒဋ္ဌာနံ။[၉၇၉]

တစ်နည်း – အပြစ်နှင့်တကွဖြစ်သော အကုသိုလ်၏ ဆန့်ကျင်ဘက် ဖြစ်သောကြောင့် –
၁။ အပြစ်မရှိခြင်းသာလျှင် ဖြစ်သောသဘော ... လက္ခဏ
၂။ ဖြူစင်ခြင်း... (သမ္ပတ္တိ) ရသ
၃။ ကောင်းမြတ်သော ဣဋ္ဌဝိပါက အကျိုးတရားရှိမှု... (ဖလ) ပစ္စုပဋ္ဌာန်
၄။ ယောနိသောမနသိကာရ = အာရုံကို နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်း ... ပဒဋ္ဌာန်

၁၃။ ဇော - အကုသိုလ်ဇော

၁။ သာဝဇ္ဇဒုက္ခဝိပါကလက္ခဏံ အကုသလံ
၂။ အနတ္ထဇနနရသံ၊
၃။ သံကိလေသပစ္စုပဋ္ဌာနံ၊
၄။ အယောနိသောမနသိကာရပဒဋ္ဌာနံ။[၉၈၀]

၁။ အပြစ်နှင့်တကွဖြစ်ခြင်း မကောင်းသော အကျိုးရှိခြင်းသဘော ... လက္ခဏ
၂။ အကျိုးမဲ့ကို ဖြစ်စေခြင်း = မကောင်းကျိုးကို ဖြစ်စေခြင်း ... (ကိစ္စ) ရသ
၃။ စိတ်အစဉ်ကို ညစ်နွမ်းစေတတ်သော သဘောတရား... (ဥပဋ္ဌာနာကာရ ) ပစ္စုပဋ္ဌာန်
၄။ အယောနိသောမနသိကာရ = အာရုံကို နည်းမှားလမ်းမှား နှလုံးသွင်းခြင်း ... ပဒဋ္ဌာန်

၁။ ဂါရယှဘာဝတော ဝါ သာဝဇ္ဇလက္ခဏံ၊
၂။ သံကိလေသဘာဝရသံ၊
၃။ အနိဋ္ဌဝိပါကပစ္စုပဋ္ဌာနံ၊
၄။ အယောနိသောမနသိကာရပဒဋ္ဌာနံ။[၉၈၁]

တစ်နည်း – အကုသိုလ်တရားတို့သည် စင်စစ် ကဲ့ရဲ့ထိုက်သောကြောင့် –
၁။ အပြစ်နှင့်တကွ ဖြစ်ခြင်းသဘော ... လက္ခဏ
၂။ စိတ်အစဉ် ညစ်နွမ်းသည်၏အဖြစ်နှင့် ပြည့်စုံခြင်း... (သမ္ပတ္တိ) ရသ
၃။ မကောင်းသော အနိဋ္ဌဝိပါက အကျိုးရှိမှု... (ဖလ) ပစ္စုပဋ္ဌာန်
၄။ အယောနိသောမနသိကာရ = အာရုံကို နည်းမှားလမ်းမှား နှလုံးသွင်းခြင်း[၉၈၂] ... ပဒဋ္ဌာန်

၁၄။ တဒါရုံ

၁။ သဠာရမ္မဏဝိဇာနနလက္ခဏံ တဒါရမ္မဏံ
၂။ တဒါရမ္မဏရသံ၊
၃။ တထာဘာဝပစ္စုပဋ္ဌာနံ၊
၄။ ဇဝနာပဂမပဒဋ္ဌာနံ။[၉၈၃]

စက္ခုဒွါရဝီထိတဒါရုံ

၁။ ရူပါရမ္မဏဝိဇာနနလက္ခဏံ တဒါရမ္မဏံ
၂။ တဒါရမ္မဏရသံ၊
၃။ တထာဘာဝပစ္စုပဋ္ဌာနံ (= တဒါရမ္မဏဘာဝပစ္စုပဋ္ဌာနံ)၊
၄။ ဇဝနာပဂမပဒဋ္ဌာနံ။

၁။ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ
၂။ ဇောယူသည့် အာရုံကိုပင် လိုက်၍ အာရုံယူခြင်း ... (ကိစ္စ) ရသ
၃။ ဇောယူသည့် အာရုံကိုပင် လိုက်၍ အာရုံယူတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဇောစိတ်၏ ချုပ်ပျက်သွားခြင်း ... ပဒဋ္ဌာန်

သောတဒွါရဝီထိတဒါရုံ စသည်

၁။ သဒ္ဒါရမ္မဏဝိဇာနနလက္ခဏံ။ ပ။
ဂန္ဓာရမ္မဏဝိဇာနနလက္ခဏံ။ ပ။
ရသာရမ္မဏဝိဇာနနလက္ခဏံ။ ပ။
ဖောဋ္ဌဗ္ဗာရမ္မဏဝိဇာနနလက္ခဏံ။ ပ။
ဓမ္မာရမ္မဏဝိဇာနနလက္ခဏံ တဒါရမ္မဏံ
၂။ တဒါရမ္မဏရသံ၊
၃။ တထာဘာဝပစ္စုပဋ္ဌာနံ (= တဒါရမ္မဏဘာဝပစ္စုပဋ္ဌာနံ)၊
၄။ ဇဝနာပဂမပဒဋ္ဌာနံ။

၁၅။ မနောဒွါရာဝဇ္ဇန်း (မနောဒွါရဝီထိ)

၁။ ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု သဠာရမ္မဏဝိဇာနနလက္ခဏာ၊
၂။ မနောဒွါရေ အာဝဇ္ဇနရသာ၊
၃။ တထာဘာဝပစ္စုပဋ္ဌာနာ (= အာဝဇ္ဇနဘာဝပစ္စုပဋ္ဌာနာ)၊
၄။ ဘဝင်္ဂါပဂမပဒဋ္ဌာနာ။[၉၈၄]

ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယာ မနောဝိညာဏဓာတ် = မနောဒွါရာဝဇ္ဇန်းသည် –
၁။ အာရုံ (၆)ပါးကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ
၂။ မနောဒွါရ၌ ထင်လာသော အာရုံကို ဆင်ခြင်ခြင်း ... (ကိစ္စ) ရသ
၃။ မနောဒွါရ၌ ထင်လာသော အာရုံကို ဆင်ခြင်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဘဝင်အယဉ် ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း ... ပဒဋ္ဌာန်[၉၈၅]

ရူပါရုံကို အာရုံယူသည့် မနောဒွါရာဝဇ္ဇန်း

ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု
၁။ ရူပါရမ္မဏဝိဇာနနလက္ခဏာ၊
၂။ မနောဒွါရေ အာဝဇ္ဇနရသာ၊
၃။ တထာဘာဝပစ္စုပဋ္ဌာနာ (= အာဝဇ္ဇနဘာဝပစ္စုပဋ္ဌာနာ)၊
၄။ ဘဝင်္ဂါပဂမပဒဋ္ဌာနာ။

ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယာ မနောဝိညာဏဓာတ် = မနောဒွါရာဝဇ္ဇန်းသည် –
၁။ ရူပါရုံကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ
၂။ မနောဒွါရ၌ထင်လာသော ရူပါရုံကို ဆင်ခြင်ခြင်း ... (ကိစ္စ) ရသ
၃။ မနောဒွါရ၌ထင်လာသော ရူပါရုံကို ဆင်ခြင်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဘဝင်အယဉ် ကင်းချုပ်ခြင်း = ချုပ်ပျက်သွားခြင်း (= ဘဝင်္ဂုပစ္ဆေဒ) ... ပဒဋ္ဌာန်

သဒ္ဒါရုံစသည်ကို အာရုံယူသည့် မနောဒွါရာဝဇ္ဇန်း

ဥပေက္ခာသဟဂတာဟေတုကကိရိယာ မနောဝိညာဏဓာတု
၁။ သဒ္ဒါရမ္မဏဝိဇာနနလက္ခဏာ။ ပ။
ဂန္ဓာရမ္မဏဝိဇာနနလက္ခဏာ။ ပ။
ရသာရမ္မဏဝိဇာနနလက္ခဏာ။ ပ။
ဖောဋ္ဌဗ္ဗာရမ္မဏဝိဇာနနလက္ခဏာ။ ပ။
ဓမ္မာရမ္မဏဝိဇာနနလက္ခဏာ၊
၂။ မနောဒွါရေ အာဝဇ္ဇနရသာ၊
၃။ တထာဘာဝပစ္စုပဋ္ဌာနာ (= အာဝဇ္ဇနဘာဝပစ္စုပဋ္ဌာနာ)၊
၄။ ဘဝင်္ဂါပဂမပဒဋ္ဌာနာ။[၉၈၆]

၁၆။ ဟသိတုပ္ပါဒ်စိတ်

သောမနဿသဟဂတာဟေတုကကိရိယာ –
၁။ သဠာရမ္မဏဝိဇာနနလက္ခဏာ၊
၂။ ကိစ္စဝသေန အရဟတံ အနုဠာရေသု ဝတ္ထူသု ဟသိတုပ္ပါဒနရသာ၊ 
၃။ တထာဘာဝပစ္စုပဋ္ဌာနာ၊
၄။ ဧကန္တတော ဟဒယဝတ္ထုပဒဋ္ဌာနာ။[၉၈၇]

သောမနဿသဟဂုတ် အဟိတ်ကိရိယာစိတ် = ဟသိတုပ္ပါဒ်စိတ်သည် –
၁။ အာရုံ (၆)ပါးကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ
၂။ ကိစ္စ၏ အစွမ်းဖြင့် ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာလျှင် မမြတ်ထွတ်ကုန်သော အရိုးစုပြိတ္တာအဆင်း စသော အာရုံတို့၌ ပြုံးရွှင်ခြင်းကိုသာလျှင် ဖြစ်စေခြင်း ... (ကိစ္စ) ရသ
၃။ ထိုကဲ့သို့ ပြုံးရွှင်ခြင်းကို ဖြစ်စေတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဧကန်အားဖြင့် မှီရာဖြစ်သော ဟဒယဝတ္ထု ... ပဒဋ္ဌာန်[၉၈၈]

၁၇။ စုတိစိတ်

၁။ ကမ္မ-ကမ္မနိမိတ္တ-ဂတိနိမိတ္တာနံ အညတရာရမ္မဏဝိဇာနနလက္ခဏံ စုတိစိတ္တံ၊
၂။ စဝနရသံ၊
၃။ တထာဘာဝပစ္စုပဋ္ဌာနံ၊
၄။ ဇဝနတဒါရမ္မဏဘဝင်္ဂါနံ အညတရာပဂမပဒဋ္ဌာနံ။

၁။ အတိတ်ဘဝ မရဏာသန္နဇောသည် ယူအပ်ခဲ့သော ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံ (၃)မျိုးတို့တွင် အာရုံ တစ်မျိုးမျိုးကို သိခြင်း = ရယူခြင်းသဘော ... လက္ခဏ

၂။ ဘဝမှ ရွေ့လျောခြင်း ...  (ကိစ္စ) ရသ၊
၃။ ဘဝမှ ရွေ့လျောတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ (က) ဇောနောင် စုတိကျအံ့, ဇော၏ ချုပ်ပျက်ခြင်း
( ခ ) တဒါရုံနောင် စုတိကျအံ့, တဒါရုံ၏ ချုပ်ပျက်ခြင်း
( ဂ ) ဘဝင်နောင် စုတိကျအံ့, ဘဝင်၏ ချုပ်ပျက်ခြင်း ... ပဒဋ္ဌာန်

ဝိညာဏက္ခန္ဓာ ပြီး၏၊

ဝေဒနာက္ခန္ဓကထာ အခန်း

၁။ သုခဝေဒနာ 

၁။ ဣဋ္ဌဖောဋ္ဌဗ္ဗာနုဘဝနလက္ခဏံ သုခံ
၂။ သမ္ပယုတ္တာနံ ဥပဗြူဟနရသံ၊
၃။ ကာယိကအဿာဒပစ္စုပဋ္ဌာနံ၊
၄။ ကာယိန္ဒြိယပဒဋ္ဌာနံ။[၉၈၉]

၁။ ဣဋ္ဌဖောဋ္ဌဗ္ဗာရုံ၏ အရသာကို ခံစားခြင်းသဘော ... လက္ခဏ
၂။ သမ္ပယုတ်တရားတို့ကို လွန်စွာ တိုးပွားစေခြင်း ... (ကိစ္စ) ရသ
၃။ ကိုယ်၌ဖြစ်သော သာယာအပ်သော (= သာယာဖွယ်) သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ကာယိန္ဒြေ = ကိုယ်အကြည်ဓာတ် ... ပဒဋ္ဌာန်

၂။ ဒုက္ခဝေဒနာ 

၁။ အနိဋ္ဌဖောဋ္ဌဗ္ဗာနုဘဝနလက္ခဏံ ဒုက္ခံ
၂။ သမ္ပယုတ္တာနံ မိလာပနရသံ၊
၃။ ကာယိကာဗာဓပစ္စုပဋ္ဌာနံ၊
၄။ ကာယိန္ဒြိယပဒဋ္ဌာနံ။[၉၉၀]

၁။ အနိဋ္ဌဖောဋ္ဌဗ္ဗာရုံ၏ အရသာကို ခံစားခြင်းသဘော ... လက္ခဏ
၂။ သမ္ပယုတ်တရားတို့ကို ညှိုးကြုံစေခြင်း ... (ကိစ္စ) ရသ
၃။ ကိုယ်၌ဖြစ်သော နှိပ်စက်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ကာယိန္ဒြေ = ကိုယ်အကြည်ဓာတ် ... ပဒဋ္ဌာန်

၃။ သောမနဿဝေဒနာ

၁။ ဣဋ္ဌာရမ္မဏာနုဘဝနလက္ခဏံ သောမနဿံ
၂။ ယထာ တထာ ဝါ ဣဋ္ဌာကာရသမ္ဘောဂရသံ၊
၃။ စေတသိကအဿာဒပစ္စုပဋ္ဌာနံ၊
၄။ ပဿဒ္ဓိပဒဋ္ဌာနံ။[၉၉၁]

၁။ သဘာဝ+ပရိကပ္ပ ဖြစ်သော ဣဋ္ဌာရုံ[၉၉၂]ကို ခံစားခြင်းသဘော ... လက္ခဏ
၂။ သဘာဝအားဖြင့်ဖြစ်စေ, ပရိကပ္ပအားဖြင့်ဖြစ်စေ အာရုံကို ဣဋ္ဌအခြင်းအရာအားဖြင့် သုံးဆောင်ခံစားခြင်း ... (ကိစ္စ) ရသ
၃။ စိတ်၌မှီသော သာယာဖွယ် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ပဿဒ္ဓိ = စိတ်+စေတသိက်တို့၏ ငြိမ်းအေးခြင်း ... ပဒဋ္ဌာန်

တစ်နည်း - သောမနဿဝေဒနာကို ဖွင့်ဆိုထားပုံ

၁။ သာတလက္ခဏံ သုခံ (= သောမနဿံ)၊
၂။ သမ္ပယုတ္တာနံ ဥပဗြူဟနရသံ၊
၃။ အနုဂ္ဂဟဏပစ္စုပဋ္ဌာနံ၊
၄။ ပဿဒ္ဓိပဒဋ္ဌာနံ။[၉၉၃]

၁။ မိမိကိန်းဝပ်ရာ သတ္တဝါနှင့် သမ္ပယုတ္တဓမ္မတို့ကို အာရုံ၌ သာယာစေတတ်သော သဘောတရား ... လက္ခဏ
၂။ သမ္ပယုတ်တရားတို့ကို လွန်စွာတိုးပွားစေခြင်း ... (ကိစ္စ) ရသ
၃။ သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ပဿဒ္ဓိ = စိတ် + စေတသိက်တို့၏ ငြိမ်းအေးခြင်း ပဿဒ္ဓိ ... ပဒဋ္ဌာန်[၉၉၄]

၄။ ဒေါမနဿဝေဒနာ 

၁။ အနိဋ္ဌာရမ္မဏာနုဘဝနလက္ခဏံ ဒေါမနဿံ
၂။ ယထာ တထာ ဝါ အနိဋ္ဌာကာရသမ္ဘောဂရသံ၊
၃။ စေတသိကာဗာဓပစ္စုပဋ္ဌာနံ၊
၄။ ဧကန္တေနေဝ ဟဒယဝတ္ထုပဒဋ္ဌာနံ။[၉၉၅]

၁။ သဘာဝ+ပရိကပ္ပ ဖြစ်သော အနိဋ္ဌာရုံ[၉၉၆]ကို ခံစားခြင်းသဘော ... လက္ခဏ
၂။ သဘာဝအားဖြင့်ဖြစ်စေ, ပရိကပ္ပအားဖြင့်ဖြစ်စေ အာရုံကို
အနိဋ္ဌအခြင်းအရာအားဖြင့် သုံးဆောင်ခံစားခြင်း ... (ကိစ္စ) ရသ
၃။ စိတ်၌မှီသော အနာ = စိတ်၌မှီသော နှိပ်စက်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဧကန်အားဖြင့်သာလျှင် ဟဒယဝတ္ထု ... ပဒဋ္ဌာန်

၅။ ဥပေက္ခာဝေဒနာ 

၁။ မဇ္ဈတ္တဝေဒယိတလက္ခဏာ ဥပေက္ခာ
၂။ သမ္ပယုတ္တာနံ နာတိဥပဗြူဟနမိလာပနရသာ၊
၃။ သန္တဘာဝပစ္စုပဋ္ဌာနာ၊
၄။ နိပ္ပီတိကစိတ္တပဒဋ္ဌာနာ။[၉၉၇]

၁။ သဘာဝ+ပရိကပ္ပ ဖြစ်သော အလယ်အလတ် မဇ္ဈတ္တာရုံကို အလယ်အလတ် လျစ်လျူခံစားခြင်းသဘော ... လက္ခဏ
၂။ သမ္ပယုတ်တရားတို့ကို မတိုးပွားစေလွန်း မညှိုးကြုံစေလွန်းခြင်း ... (ကိစ္စ) ရသ
၃။ ငြိမ်သက်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ပီတိကင်းသောစိတ် = ပီတိမယှဉ်သောစိတ် ... ပဒဋ္ဌာန်

စျာနုပေက္ခာ = တတိယစျာန်နှင့် ယှဉ်သော တတြမဇ္ဈတ္တတာ

၁။ မဇ္ဈတ္တလက္ခဏာ စျာနုပေက္ခာ
၂။ အနာဘောဂရသာ၊
၃။ အဗျာပါရပစ္စုပဋ္ဌာနာ၊
၄။ ပီတိဝိရာဂပဒဋ္ဌာနာ။[၉၉၈]

၁။ အလယ်အလတ်၌ တည်မှုသဘော ... လက္ခဏ
၂။ မွန်မြတ်သော ပဏီတသုခ၌သော်မှ နှလုံးမသွင်းခြင်း ... (ကိစ္စ) ရသ
၃။ မွန်မြတ်သော ပဏီတသုခ၌ ကြောင့်ကြမစိုက်တတ်သော သဘောတရား... (ဥပဋ္ဌာနာကာရ ) ပစ္စုပဋ္ဌာန်၊ တစ်နည်း – သမ္ပယုတ်တရားတို့ကို မွန်မြတ်သော ပဏီတသုခ၌ ကြောင့်ကြမစိုက်စေခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏... (ဖလ) ပစ္စုပဋ္ဌာန်
၄။ ပီတိ၌ စက်ဆုပ်ခြင်း (= ပီတိကို လွန်မြောက်ခြင်း) ... ပဒဋ္ဌာန်

အဒုက္ခမသုခါ = ဥပေက္ခာဝေဒနာ = စတုတ္ထဇ္ဈာနုပေက္ခာ

၁။ ဣဋ္ဌာနိဋ္ဌဝိပရီတာနုဘဝနလက္ခဏာ ဥပေက္ခာ
၂။ မဇ္ဈတ္တရသာ၊
၃။ အဝိဘူတပစ္စုပဋ္ဌာနာ၊
၄။ သုခနိရောဓပဒဋ္ဌာနာ။[၉၉၉]

၁။ ဣဋ္ဌာရုံ အနိဋ္ဌာရုံ၏ ပြောင်းပြန်ဖြစ်သော ဣဋ္ဌမဇ္ဈတ္တာရုံကို ခံစားခြင်းသဘော (= ဣဋ္ဌမဇ္ဈတ္တာရုံ၏ အရသာကို ခံစားခြင်းသဘော) ... လက္ခဏ
၂။ အလယ်အလတ် မဇ္ဈတ္တသဘော၌ တည်ခြင်း = လျစ်လျူ ရှုခြင်း ...
၃။ မထင်ရှားသော ခံစားမှု သဘောတရား ...
၄။ သုခချုပ်ခြင်း (= သုခချုပ်ရာ စတုတ္ထစျာန်၏ ဥပစာရ ) ...
ဝေဒနာက္ခန္ဓာ ပြီး၏၊

သညာက္ခန္ဓကထာ အခန်း

သညာစေတသိက်

၁။ သဉ္ဇာနနလက္ခဏာ သညာ၊
၂။ (က) ပစ္စာဘိညာဏရသာ၊
( ခ ) ပုနသဉ္ဇာနနပစ္စယနိမိတ္တကရဏရသာ, ဒါရုအာဒီသု တစ္ဆကာဒယော ဝိယ၊
၃။ (က) ယထာဂဟိတနိမိတ္တဝသေန အဘိနိဝေသကရဏပစ္စုပဋ္ဌာနာ, ဟတ္ထိဒဿကအန္ဓာ ဝိယ၊
( ခ ) အာရမ္မဏေ အနောဂါဠှဝုတ္တိတာယ အစိရဋ္ဌာနပစ္စုပဋ္ဌာနာ ဝါ, ဝိဇ္ဇု ဝိယ၊
၄။ ယထာဥပဋ္ဌိတဝိသယပဒဋ္ဌာနာ, တိဏပုရိသကေသု မိဂပေါတကာနံ ''ပုရိသာ''တိ ဥပ္ပန္နသညာ ဝိယ။[၁၀၀၀]

၁။ သဉ္ဇာနနလက္ခဏာ သညာ၊
၂။ တဒေဝေတန္တိ ပုနသဉ္ဇာနနပစ္စယနိမိတ္တကရဏရသာ, ဒါရုအာဒီသု တစ္ဆကာဒယော ဝိယ၊
၃။ ယထာဂဟိတနိမိတ္တဝသေန အဘိနိဝေသကရဏပစ္စုပဋ္ဌာနာ, ဟတ္ထိဒဿကအန္ဓာ ဝိယ၊
၄။ ယထာဥပဋ္ဌိတဝိသယပဒဋ္ဌာနာ, တိဏပုရိသကေသု မိဂပေါတကာနံ ပုရိသာတိ ဥပ္ပန္နသညာ ဝိယ။[၁၀၀၁]

၁။ အညို အရွှေ စသည်ပြားသော အာရုံကို အမှတ်ပြု၍ သိခြင်း = မှတ်သိ သိခြင်းသဘော ... လက္ခဏ
၂။ (က) ရှေးအမှတ်ဖြင့် နောက်ထပ်သိခြင်း ... (ကိစ္စ) ရသ
( ခ ) ''ထိုဟာ ဒါပဲ''ဟု နောက်ထပ်တစ်ဖန် မှတ်သိ သိခြင်း၏
အကြောင်းဖြစ်သော အမှတ်အသားကို သိခြင်း ... (ကိစ္စ) ရသ
(သစ်သားစသည်တို့၌ လက်သမား စသူတို့၏ မှတ်သားပုံကဲ့သို့တည်း။)
၃။ (က) စိတ်က စွဲယူထားသည့် အမှတ်နိမိတ် (= အမှတ်အသား)အတိုင်း အာရုံကို နှလုံးသွင်းခြင်းကို ပြုတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
(ဆင်စမ်းသော သူကာဏ်းတို့ကဲ့သို့ မှတ်ပါ။)
( ခ ) အာရုံ၌ သက်ဝင်သောဖြစ်ခြင်း မရှိသည်၏အဖြစ်ကြောင့် = အာရုံကို နက်နက်နဲနဲ မယူတတ်သည်၏အဖြစ်ကြောင့် ကြာမြင့်စွာ တည်တံ့ခြင်း မရှိသောသဘောတရား ... ပစ္စုပဋ္ဌာန်
(လျှပ်စစ် လျှပ်နွယ် လျှပ်စီးကဲ့သို့ မှတ်ပါ။)
၄။ ထင်လာတိုင်းသော အာရုံ ... ပဒဋ္ဌာန်
( မြက်ဖြင့် ပြုလုပ်ထားသော ယောက်ျားရုပ်တို့၌ သားသမင်တို့၏ ယောက်ျားတို့ဟု ဖြစ်သော အမှတ်သညာကဲ့သို့တည်း။)

သညာက္ခန္ဓာ ပြီး၏၊

သင်္ခါရက္ခန္ဓကထာ အခန်း

ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ အမည်ရသော ဝေဒနာ သညာတို့နှင့် တကွ အားလုံး စေတသိက် (၅၂)လုံး ရှိ၏၊

ယင်းစေတသိက် (၅၂)မျိုးတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏၊ –
၁။ အကောင်း အဆိုး နှစ်ဘက်ရ အညသမာန်းစေတသိက် ၁၃-မျိုး
၂။ ယုတ်ညံ့သော အကုသိုလ်စေတသိက် ၁၄-မျိုး
၃။ တင့်တယ်ကောင်းမြတ်သော သောဘဏစေတသိက် ၂၅-မျိုး
အားလုံးပေါင်းသော် ၅၂-မျိုး

ဤ (၅၂)မျိုးသော စေတသိက်တို့တွင် ဝေဒနာ သညာ စေတသိက် (၂)မျိုးတို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်ပဒဋ္ဌာန်တို့ကို ရေးသားတင်ပြပြီးလေပြီ။ ယခုအခါ၌ သင်္ခါရက္ခန္ဓာ စာရင်းဝင် စေတသိက် (၅၀)တို့၏ လက္ခဏ-ရသပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ရှုကွက်တို့ကို ဆက်လက်၍ ရေးသားတင်ပြပေအံ့။

သဗ္ဗစိတ္တသာဓာရဏ စေတသိက်

၁။ ဖဿ

ဖုသတီတိ ဖဿော
၁။ သွာယံ ဖုသနလက္ခဏော၊
၂။ သင်္ဃဋ္ဋနရသော၊
၃။ သန္နိပါတပစ္စုပဋ္ဌာနော၊ ဝေဒနာပစ္စုပဋ္ဌာနော ဝါ၊
၄။ အာပါထဂတဝိသယပဒဋ္ဌာနော (အာပါတဂတဝိသယပဒဋ္ဌာနော)။[၁၀၀၂]

၁။ အာရုံကို တွေ့ထိခြင်းသဘော ... လက္ခဏ
၂။ အာရုံ-ဝိညာဏ်ကို ပွတ်ချုပ်ထိခိုက်ခြင်း ... (ကိစ္စ) ရသ
တစ်နည်း – အာရုံနှင့် ဝိညာဏ်ကို ဆက်စပ်ပေးခြင်း ... (ကိစ္စ) ရသ
တစ်နည်း – ဝတ္ထု အာရုံတို့၏ ပေါင်းဆုံထိခိုက်ခြင်းနှင့် ပြည့်စုံခြင်း... (သမ္ပတ္တိ) ရသ
၃။ (က) ဝတ္ထု+အာရုံ+ဝိညာဏ် (၃)ပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား ...
( ခ ) တစ်နည်း – ဝေဒနာဟူသော အကျိုးတရားကို ဖြစ်ပေါ် စေတတ်သော သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်
၄။ ထင်ခြင်းသို့ (ရှေးရှူကျခြင်းသို့) ရောက်ရှိလာသော အာရုံ ... ပဒဋ္ဌာန်

၂။ စေတနာ

စေတယတီတိ စေတနာ၊ သဒ္ဓိံ အတ္တနာ သမ္ပယုတ္တဓမ္မေ အာရမ္မဏေ အဘိသန္ဒဟတီတိ အတ္ထော။
၁။ သာ စေတယိတလက္ခဏာ၊ စေတနာဘာဝလက္ခဏာတိ အတ္ထော။
၂။ အာယူဟနရသာ၊
၃။ သံဝိဒဟနပစ္စုပဋ္ဌာနာ သကိစ္စပရကိစ္စသာဓိကာ ဇေဋ္ဌသိဿမဟာဝဍ္ဎကီအာဒယော ဝိယ။
အစ္စာယိကကမ္မာနုဿရဏာဒီသု စ ပနာယံ သမ္ပယုတ္တာနံ ဥဿဟနဘာဝေန ပဝတ္တမာနာ ပါကဋာ ဟောတိ၊၊[၁၀၀၃]

စေ့ဆော်တတ်သော သဘောတရားသည် စေတနာ မည်၏၊ မိမိနှင့် အတူတကွ ယှဉ်ဖက် သမ္ပယုတ်တရားတို့ကို အာရုံ၌ အဆက်မပြတ်အောင် ဖွဲ့စပ်တတ်၏၊ အဆက်မပြတ်အောင် ဖြစ်စေတတ်၏ဟု ဆိုလိုသည်။

၁။ မိမိနှင့်အတူ သမ္ပယုတ်တရားတို့ကို အာရုံ၌ စေ့အောင် စပ်အောင် အာရုံပေါ်သို့ ရောက်အောင် စေ့ဆော်ခြင်းသဘော ... လက္ခဏ
၂။ (သမ္ပယုတ်တရားတို့ကို မိမိတို့၏ကိစ္စ၌ ဖရိုဖရဲကြဲ၍ မနေအောင်) ပေါင်းစုရုံးစည်းခြင်း = ကြောင့်ကြဗျာပါရ ပြုခြင်း ... (ကိစ္စ) ရသ
၃။ စီမံတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
(မိမိကိစ္စ သူတစ်ပါးကိစ္စကို ပြီးစီးစေတတ်ကုန်သော တပည့်ကြီး လက်သမားကြီး စသောသူတို့ကဲ့သို့ မှတ်ပါ၊၊)
၄။ (က) ဝတ္ထု, (ခ) အာရုံ, (ဂ) ဖဿ-မနသိကာရ ဦးဆောင်သည့်
ယှဉ်ဖက်သမ္ပယုတ်တရားတို့တွင် တစ်မျိုးမျိုးသောတရား ... ပဒဋ္ဌာန်

၃။ ဧကဂ္ဂတာ = သမာဓိ

အာရမ္မဏေ စိတ္တံ သမံ အာဓိယတိ၊ သမ္မာ ဝါ အာဓိယတိ၊ သမာဓာနမတ္တမေဝ ဝါ ဧတံ စိတ္တဿာတိ သမာဓိ
၁။ (က) ပါမောက္ခလက္ခဏော သမာဓိ
( ခ ) အဝိသာရလက္ခဏော၊
( ဂ ) အဝိက္ခေပလက္ခဏော ဝါ၊
၂။ သဟဇာတာနံ သမ္ပိဏ္ဍနရသော နှာနိယစုဏ္ဏာနံ ဥဒကံ ဝိယ၊
၃။ (က) ဥပသမပစ္စုပဋ္ဌာနော၊
( ခ ) ဉာဏပစ္စုပဋ္ဌာနော ဝါ။
''သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတီ''တိ ဟိ ဝုတ္တံ။
၄။ ဝိသေသတော သုခပဒဋ္ဌာနော။
နိဝါတေ ဒီပစ္စီနံ ဌိတိ ဝိယ စေတသော ဌိတီတိ ဒဋ္ဌဗ္ဗော။[၁၀၀၄]

အာရုံ၌ စိတ်ကို အညီအညွတ်ထားတတ်သော သဘောတရားသည် သမာဓိ မည်၏၊ တစ်နည်း – အာရုံ၌ စိတ်ကို ကောင်းစွာထားတတ်သော သဘောတရားသည် သမာဓိ မည်၏၊ တစ်နည်း – အာရုံ၌ စိတ်ကို ကောင်းစွာ အညီအညွတ်ထားခြင်းမျှသည် သမာဓိ မည်၏၊

၁။ (က) အကြီးအမှူး၏အဖြစ်ဟူသော သဘော = အကြီးအမှူး ဖြစ်ခြင်းသဘော
= အာရုံ၌ သမ္ပယုတ်တရားတို့၏ အကြီးအမှူး ပါမောက္ခဖြစ်ခြင်းသဘော ... လက္ခဏ
( ခ ) မိမိ၏ ပင်ကိုယ်သဘောအတိုင်း အာရုံ၌ မပျံ့လွင့်ခြင်းသဘော
= အာရုံ၌ မရွေ့မလည် တည်ခြင်းသဘော ... လက္ခဏ
( ဂ ) အာရုံ၌ သမ္ပယုတ်တရားတို့၏ မပျံ့လွင့်ကြောင်းသဘော ... လက္ခဏ
၂။ (ရေချိုးကသယ်မှုန့်တို့ကို = ဆပ်ပြာမှုန့်တို့ကို အတုံးအခဲဖြစ်အောင် ပေါင်းစုပေးတတ်သော ရေကဲ့သို့) အတူဖြစ်သော သဟဇာတ်တရားတို့ကို ပေါင်းစုခြင်း ... (ကိစ္စ) ရသ၊ 
၃။ (က) ငြိမ်သက်သော သဘောတရား... (ဥပဋ္ဌာနာကာရ ) ပစ္စုပဋ္ဌာန်
( ခ ) ဉာဏ်တည်းဟူသော အကျိုးတရားကို ဖြစ်စေတတ်သော သဘောတရား = ဉာဏ်ဖြစ်ကြောင်း သဘောတရား... (ဖလ) ပစ္စုပဋ္ဌာန်
(အာရုံ၌ ကောင်းစွာထားအပ်သော စိတ်ရှိသူ = သမာဓိရှိသူသည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏ဟု ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ပြီ။) [၁၀၀၅]
၄။ အထူးအားဖြင့် = များသောအားဖြင့် သုခဝေဒနာ ... ပဒဋ္ဌာန်

၄။ ဇီဝိတ

၁။ အတ္တနာ အဝိနိဘုတ္တာနံ ဓမ္မာနံ အနုပါလနလက္ခဏံ ဇီဝိတိန္ဒြိယံ
၂။ တေသံ ပဝတ္တနရသံ၊
၃။ တေသံယေဝ ဌပနပစ္စုပဋ္ဌာနံ၊
၄။ ယာပယိတဗ္ဗဓမ္မပဒဋ္ဌာနံ။[၁၀၀၆]

၁။ မိမိနှင့် အသီးအခြား မခွဲခြားအပ်ကုန်သော အတူဖြစ်ဖက် = သဟဇာတ်တရားတို့ကို စောင့်ရှောက်ခြင်းသဘော ... လက္ခဏ၊ 
၂။ ထိုအတူဖြစ်သော သဟဇာတ်တရားတို့ကို ဥပါဒ်မှ ဘင်သို့တိုင်အောင် ဖြစ်စေခြင်း = မျှစေခြင်း = အသက်ရှည်စေခြင်း ...
၃။ ထိုအတူဖြစ်သော သဟဇာတ်တရားတို့ကိုပင် ဘင်သို့မတိုင်မီ တည်အောင်ထားတတ်သော သဘောတရား ...
၄။ မိမိသည် ဖြစ်စေအပ် = မျှစေအပ် = အသက်ရှည်စေအပ် = ရောက်စေအပ်သောတရား ...

၁။ သမ္ပယုတ္တဓမ္မာနံ အနုပါလနလက္ခဏံ ဇီဝိတိန္ဒြိယံ
၂။ တေသံ ပဝတ္တနရသံ၊
၃။ တေသံယေဝ ဌပနပစ္စုပဋ္ဌာနံ၊
၄။ ယာပယိတဗ္ဗဓမ္မပဒဋ္ဌာနံ။

၁။ သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ခြင်းသဘော ... လက္ခဏ၊ 
၂။ ထိုသမ္ပယုတ်တရားတို့ကို ဥပါဒ်မှ ဘင်သို့တိုင်အောင် ဖြစ်စေခြင်း = မျှစေခြင်း = အသက်ရှည်စေခြင်း ... (ကိစ္စ) ရသ
၃။ ထိုသမ္ပယုတ်တရားတို့ကိုပင် ဘင်မတိုင်မီ တည်အောင် ထားတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မိမိသည် ဖြစ်စေအပ် = မျှစေအပ် = အသက်ရှည်စေအပ် = ရောက်စေအပ်သော သမ္ပယုတ်တရား ... ပဒဋ္ဌာန်

၅။ မနသိကာရ

တတ္ထ အာရမ္မဏပဋိပါဒကော မနသ္မိံ ကာရောတိ မနသိကာရော။
၁။ သော သာရဏလက္ခဏော၊
၂။ သမ္ပယုတ္တာနံ အာရမ္မဏေ သမ္ပယောဇနရသော (သံယောဇနရသော)၊
၃။ အာရမ္မဏာဘိမုခဘာဝပစ္စုပဋ္ဌာနော။
၄။ အာရမ္မဏပဒဋ္ဌာနော။
သင်္ခါရက္ခန္ဓပရိယာပန္နော၊ အာရမ္မဏပဋိပါဒကတ္တေန သမ္ပယုတ္တာနံ သာရထိ ဝိယ ဒဋ္ဌဗ္ဗော။[၁၀၀၈]

အာရုံကို စီရင်တတ် ထင်စေတတ် ထိရောက်စေတတ်သော အာရမ္မဏ ပဋိပါဒကမနသိကာရသည် စိတ်၌ အာရုံကို ပြုတတ် ပြုပေးတတ်သောကြောင့် (= စိတ်၌ အာရုံကို ထင်လာအောင် ပြုပေးတတ်သောကြောင့်) မနသိကာရ မည်၏၊ ထိုမနသိကာရစေတသိက်၏ လက္ခဏ စသည်မှာ ဤသို့တည်း။

၁။ သမ္ပယုတ်တရားတို့ကို အာရုံသို့ ရှေးရှူမောင်းနှင်သကဲ့သို့ ပြေးစေသကဲ့သို့ ဖြစ်ခြင်းသဘော = သမ္ပယုတ်တရားတို့ကို အာရုံသို့ ဖြောင့်ဖြောင့်မတ်မတ် သွားစေခြင်း မောင်းနှင်ပေးခြင်းသဘော ... လက္ခဏ
၂။ သမ္ပယုတ်တရားတို့ကို အာရုံနှင့် ယှဉ်စပ်စေခြင်း ... (ကိစ္စ) ရသ
၃။ အာရုံဘက်သို့ ရှေးရှူ မျက်နှာမူတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ အာရုံ ... ပဒဋ္ဌာန်

ဤ မနသိကာရစေတသိက်သည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်၏၊ အာရုံကို စီရင်တတ် ထင်စေတတ် အာရုံသို့ ထိရောက်စေတတ်သည်၏ အဖြစ်ကြောင့် အာဇာနည်မြင်းတို့ကို မောင်းနှင်တတ်သော ရထားထိန်းကဲ့သို့ သမ္ပယုတ် တရားတို့ကို အာရုံသို့ ရှေးရှူနှင်တတ် ပြေးစေတတ်သော တရားဟူ၍ (= အာရုံဘက်သို့ စိတ်ကို = သမ္ပယုတ်တရားတို့ကို ဦးလှည့်တွန်းပို့ပေးတတ်သောတရားဟူ၍) မှတ်ပါ။

မနသိကာရ (၃) မျိုး

၁။ အာရုံကို စီရင်တတ် ထင်စေတတ် ဖြစ်ပေါ်လာစေတတ်သော အာရမ္မဏပဋိပါဒကမနသိကာရ,
၂။ ဝီထိစိတ်ကို စီရင်တတ် ထင်စေတတ် ဖြစ်ပေါ်လာစေတတ်သော ဝီထိပဋိပါဒကမနသိကာရ,
၃။ ဇောစိတ်ကို စီရင်တတ် ထင်စေတတ် ဖြစ်ပေါ်လာစေတတ်သော ဇဝနပဋိပါဒကမနသိကာရ

ဤသို့လျှင် မနသိကာရ သုံးမျိုး ရှိ၏၊ ထိုတွင် –

၁။ အာရမ္မဏပဋိပါဒကမနသိကာရကား မနသိကာရ စေတသိက်တည်း၊ သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်၏၊
၂။ ဝီထိပဋိပါဒကမနသိကာရကား ပဉ္စဒွါရာဝဇ္ဇန်းစိတ်တည်း။ ယင်းပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် မိမိ၏ နောက်၌ စက္ခုဝိညာဏ် သမ္ပဋိ စ္ဆိုင်း သန္တီရဏ စသော ဝီထိစိတ်အစဉ်ကို ဆက်လက်ဖြစ်ပေါ်စေတတ်၏၊ ဝိညာဏက္ခန္ဓာ၌ အကျုံးဝင်၏၊
၃။ ဇဝနပဋိပါဒကမနသိကာရကား မနောဒွါရာဝဇ္ဇန်းတည်း။ ယင်းမနောဒွါရာဝဇ္ဇန်းသည် မိမိ၏ နောက်၌ ဇောစိတ် အစဉ်ကို ဖြစ်ပေါ်လာစေတတ်၏၊ ဝိညာဏက္ခန္ဓာ၌ပင် အကျုံးဝင်၏၊[၁၀၀၉]

ထိုတွင် ဝီထိပဋိပါဒကမနသိကာရ, ဇဝနပဋိပါဒကမနသိကာရ ဟူသော ဤ မနသိကာရ နှစ်မျိုးကိုပင် ယောနိသောမနသိကာရ, အယောနိသောမနသိကာရဟု ကျမ်းဂန်များ၌ အသုံးများ၏၊ မုချအားဖြင့် ဇောနာမ်တရားစု တို့သည်သာလျှင် ယောနိသောမနသိကာရ, အယောနိသောမနသိကာရ ဟူသော အမည်ကို ရရှိကြ၏၊ အာဝဇ္ဇန်းတို့မှာ ဇောအလားရှိသောကြောင့်သာလျှင် ယောနိသောမနသိကာရ, အယောနိသောမနသိကာရဟူသော အမည်ကို ရရှိကြ ပေသည်။ ယင်းအာဝဇ္ဇန်းနှစ်မျိုးတို့၏ မနသိကာရအမည် ရရှိပုံနှင့် ပတ်သက်၍ အဋ္ဌကထာများ[၁၀၁၀]က ဤသို့ ဖွင့်ဆိုထား၏ ..။

''ရှေးဘဝင်စိတ်အစဉ်မှ မတူသော ဝီထိစိတ် ဇောစိတ်အစဉ်ကို ပြုတတ်သောကြောင့် မနသိကာရမည်သည် ဟူလို။''

တဂ္ဂတိကနည်း

အာဝဇ္ဇန်းသည် ယောနိသောမနသိကာရ တိုက်ရိုက်အမည်ရနေသည့် မဟာကုသိုလ် မဟာကြိယာ ဉာဏသမ္ပယုတ်ဇောစိတ္တုပ္ပါဒ်ယူသည့် အာရုံကိုပင် ယင်းဇောက နှလုံးသွင်းသည့်အတိုင်း နှလုံးသွင်းတတ်သောသဘော ရှိသောကြောင့် ဇောအလား ရှိရကား ယောနိသောမနသိကာရပင် အမည်ရရှိပေသည်။ ဇောက အနိစ္စဖြစ်သော ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား၌ အနိစ္စဟု နှလုံးသွင်းလျှင် အာဝဇ္ဇန်းကလည်း ဇောအလားတူပင် အနိစ္စဟု နှလုံးသွင်းပေသည်။ ဤသို့ စသည်ဖြင့် သဘောပေါက်ပါလေ။ တဂ္ဂတိကနည်းတည်း။[၁၀၁၁]

ဤ အထက်ပါ လက္ခဏ-ရသ စသည်တို့ကား ယင်းမနသိကာရ နှစ်မျိုး၏ လက္ခဏ-ရသ စသည်တို့ကား မဟုတ်ကုန်။ အာရမ္မဏပဋိပါဒကမနသိကာရ အမည်ရသော မနသိကာရစေတသိက်၏ လက္ခဏ-ရသ စသည်တို့သာ ဖြစ်ကြ၏၊

ပြည်ဆရာတော်ဘုရားကြီး၏ မှတ်ချက်

မနသိကာရစေတသိက်ဖြင့် နှလုံးသွင်းပါမှ အာရုံ ထင်မြင်သည်၊ ပဉ္စဒွါရာဝဇ္ဇန်းဖြင့် ရှေ့စိတ်က နောက်စိတ် အထူးကို ပြုမှ (= ပဉ္စဒွါရာဝဇ္ဇန်းက ရှေးဘဝင်စိတ်မှ ထူးသော ဝီထိစိတ်အစဉ်ကို ပြုလုပ်ပေးပါမှ) ပဉ္စဒွါရဝီထိ ဖြစ်သည်။ ထိုအတူ မနောဒွါရာဝဇ္ဇန်းဖြင့် ရှေးစိတ်က နောက်စိတ်အထူးကို ပြုမှ (= မနောဒွါရာဝဇ္ဇန်းက ရှေးဘဝင် စိတ်အစဉ်မှ ထူးသော ဇောစိတ် အစဉ်ကို ပြုလုပ်ပေးပါမှ) မနောဒွါရဝီထိဇော ဖြစ်သည် ဟူလိုသည်။ ဝိတက်သည် သမ္ပယုတ်တရားတို့ကို အာရုံ၌ တင်တတ်သည်။ စေတနာသည် စေ့ဆော်တတ်သည်။ မနသိကာရသည် အာရုံကို ဆောင်တတ်သည်။ ယင်းသို့ ဖြစ်သော် ဤတရားသုံးပါးသည် မထူးပြားသကဲ့သို့ ရှိ၏၊ အဘယ်သို့ ထူးပြားသနည်း ဟူမူကား –

ဝိတက်သည် သမ္ပယုတ်တရားတို့ကို အာရုံ၌ တင်ဘိသကဲ့သို့ ဖြစ်တတ်၏၊ စေတနာသည် အာရုံ၌ ဝိတက် တင်အပ်သော တရားတို့ကို မိမိနှင့်တကွ ယှဉ်စေတတ်၏၊ စစ်မြေပြင်၌ ဗိုလ်ပါကို ယှဉ်စေတတ်သော ဗိုလ်မှူးကဲ့သို့ တည်း။ မနသိကာရသည် ဝိတက်တင်အပ်သော အာရုံ၌ သမ္ပယုတ်တရားတို့ကို ရှေးရှူ ယှဉ်စေတတ်၏၊ အာဇာနည် မြင်းတို့ကို ရထား၌ ယှဉ်စေတတ်သော ရထားထိန်းကဲ့သို့တည်း။ ဤသို့ ဝိတက်, စေတနာ, မနသိကာရ တရား သုံးပါး ထူးပြားသည်။[၁၀၁၂]

ပကိဏ်း စေတသိက် (၆) လုံး

၁။ ဝိတက္က = ဝိတက်

ဝိတက္ကေတီတိ ဝိတက္ကော၊ ဝိတက္ကနံ ဝါ ဝိတက္ကော၊ ဦဟနန္တိ ဝုတ္တံ ဟောတိ။
၁။ သွာယံ အာရမ္မဏေ စိတ္တဿ အဘိနိရောပနလက္ခဏော၊
၂။ အာဟနနပရိယာဟနနရသော၊
၃။ အာရမ္မဏေ စိတ္တဿ အာနယနပစ္စုပဋ္ဌာနော၊
၄။ အာရမ္မဏပဒဋ္ဌာနော။[၁၀၁၃]

အာရုံကို ကြံတတ်သော သဘော, ကြံခြင်းသဘောသည် ဝိတက်မည်၏၊ စိတ်ကို အာရုံသို့ ရောက်၍ ရောက်၍ သွားအောင် တင်ပေးမှုကိုပင် ''ကြံခြင်း''ဟု ပြောဆိုကြသည်။ ထိုဝိတက်၏ လက္ခဏ စသည်ကား ဤသို့တည်း။ 

၁။ အာရုံ၌ စိတ်ကို ရှေးရှူတင်ပေးခြင်းသဘော ... လက္ခဏ၊ 
၂။ အာရုံကို ရှေးဦးအစစွာ တီးခေါက်ခြင်း, ထက်ဝန်းကျင် တီးခေါက်ခြင်း, ရှေးရှူတီးခေါက်ခြင်း, လှည့်ပတ်၍ တီးခေါက်ခြင်း၊ တစ်နည်း – = အာရုံကို ထပ်တလဲလဲ တီးခေါက်ခြင်း = ရှုခြင်း ... (ကိစ္စ) ရသ
၃။ အာရုံပေါ်သို့ ရောက်အောင် စိတ်ကို ရှေးရှူ ဆွဲဆောင်သွားတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ အာရုံ (တစ်နည်း – ဝတ္ထု + အာရုံ + ဖဿ ...) ... ပဒဋ္ဌာန်

၂။ ဝိစာရ

အာရမ္မဏေ တေန စိတ္တံ ဝိစရတီတိ ဝိစာရော၊ ဝိစရဏံ ဝါ ဝိစာရော၊ အနုသဉ္စရဏန္တိ ဝုတ္တံ ဟောတိ။
သွာယံ..
၁။ အာရမ္မဏာနုမဇ္ဇနလက္ခဏော၊
၂။ တတ္ထ သဟဇာတာနုယောဇနရသော၊
၃။ စိတ္တဿ အနုပ္ပဗန္ဓနပစ္စုပဋ္ဌာနော (အနုပ္ပဗန္ဓပစ္စုပဋ္ဌာနော)၊
၄။ အာရမ္မဏပဒဋ္ဌာနော။[၁၀၁၄]

စိတ်သည် ထိုသဘောတရားကြောင့် အာရုံ၌ လှည့်လည် ကျက်စားတတ်၏၊ ထိုကြောင့် အာရုံ၌ စိတ်၏ လှည့်လည် ဖြစ်ကြောင်း သဘောတရားသည် = အာရုံ၌ စိတ်ကို လှည့်လည်စေတတ်သော သဘောတရားသည် ဝိစာရ မည်၏၊ အာရုံ၌ အဖန်ဖန် ကောင်းစွာ လှည့်လည်ခြင်းဟု ဆိုလို၏၊

၁။ အာရုံကို အဖန်ဖန် ဆုပ်နယ်ခြင်း = သုံးသပ်ဆင်ခြင်ခြင်း = ပွတ်တိုက်ခြင်းသဘော ... လက္ခဏ
၂။ ထိုအာရုံ၌ အတူဖြစ်သော သဟဇာတ်တရားတို့ကို အဖန်ဖန် အထပ်ထပ် ယှဉ်ကပ်စေခြင်း ... (ကိစ္စ) ရသ
၃။ ယူအပ်ပြီးသော အာရုံ၌ စိတ်ကို အစဉ်မပြတ်အောင် ဖွဲ့စပ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ အာရုံ (တစ်နည်း – ဝတ္ထု + အာရုံ + ဖဿ ...) ... ပဒဋ္ဌာန်

၃။ အဓိမောက္ခ

အဓိမုစ္စနံ အဓိမောက္ခော။ သော –
၁။ သန္နိဋ္ဌာနလက္ခဏော၊
၂။ အသံသပ္ပနရသော၊
၃။ နိစ္ဆယပစ္စုပဋ္ဌာနော၊
၄။ သန္နိဋ္ဌေယျဓမ္မပဒဋ္ဌာနော (= သန္နိဋ္ဌာတဗ္ဗဓမ္မပဒဋ္ဌာနော)။
အာရမ္မဏေ နိစ္စလဘာဝေန ဣန္ဒခီလော ဝိယ ဒဋ္ဌဗ္ဗော။[၁၀၁၅]

အာရုံ၌ သက်ဝင်ခြင်း အာရုံကို ဆုံးဖြတ်ခြင်းသဘောသည် အဓိမောက္ခတည်း၊ ထိုအဓိမောက္ခ၏ လက္ခဏာ စသည်တို့မှာ ဤသို့တည်း ..။

၁။ အာရုံကို သန္နိဋ္ဌာန်ကျ ဆုံးဖြတ်ချက်ချခြင်းသဘော ... လက္ခဏ
၂။ ထိုဤ ရွေ့ရှား အာရုံကို မဆုံးဖြတ်နိုင်သော ဝိစိကိစ္ဆာတရား၏ ဆန့်ကျင်ဘက် ဖြစ်ခြင်း ... (ကိစ္စ) ရသ
၃။ အာရုံကို ဆုံးဖြတ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်၊ 
၄။ ဆုံးဖြတ်အပ်သော အာရုံဓမ္မ ... ပဒဋ္ဌာန်

၄။ ဝီရိယ

၁။ ဥဿဟနလက္ခဏံ (ဥဿာဟလက္ခဏံ) ဝီရိယံ
၂။ သဟဇာတာနံ ဥပတ္ထမ္ဘနရသံ၊
၃။ အသံသီဒနဘာဝပစ္စုပဋ္ဌာနံ၊
၄။ (က) ''သံဝိဂ္ဂေါ ယောနိသော ပဒဟတီ''တိ ဝစနတော သံဝေဂပဒဋ္ဌာနံ၊
( ခ ) ဝီရိယာရမ္ဘဝတ္ထုပဒဋ္ဌာနံ ဝါ။
သမ္မာ အာရဒ္ဓံ သဗ္ဗသမ္ပတ္တီနံ မူလံ ဟောတီတိ ဒဋ္ဌဗ္ဗံ။[၁၀၁၆]

၁။ ထိုထိုကိစ္စကို ကောင်းစွာ ကြိုးစားအားထုတ်ခြင်းသဘော = လွန်စွာ လုံ့လပြုခြင်းသဘော ... လက္ခဏ
တစ်နည်း - ရသည့်ဆင်းရဲ အံကြိတ်ခဲ၍ အမြဲသည်းခံခြင်းသဘော ... လက္ခဏ
၂။ သဟဇာတ်တရားတို့ကို အားပေးထောက်ပံ့ ခိုင်ခံ့စေခြင်းသဘော ... (ကိစ္စ) ရသ
၃။ မဆုတ်နစ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်၊    
၄။ (က) ''သံဝေဂဉာဏ်ရှိသူသည် နည်းမှန်လမ်းမှန် ကြိုးစားအားထုတ်၏'' [၁၀၁၇] –– ဤသို့
ဘုရားရှင် ဟောတော်မူခြင်းကြောင့် သံဝေဂဉာဏ် ... ပဒဋ္ဌာန်၊
( ခ ) တစ်နည်း - ဝီရိယာရမ္ဘဝတ္ထု ... ပဒဋ္ဌာန်

သံဝေဂပဒဋ္ဌာနံ - သံဝေဂဉာဏ်

၁။ ဇာတိဘေး = ပဋိသန္ဓေ တည်နေရမှု ဘေးဆိုးကြီး၊
၂။ ဇရာဘေး = အိုရမှု ဘေးဆိုးကြီး၊
၃။ ဗျာဓိဘေး = နာရမှု ဘေးဆိုးကြီး၊
၄။ မရဏဘေး = သေကျေ ပျက်စီးရမှု ဘေးဆိုးကြီး၊
၅။ အပါယ် သံသရာဝဋ်ဆင်းရဲဒုက္ခ ဘေးဆိုးကြီး၊
၆။ အတိတ် သံသရာဝဋ်ဆင်းရဲလျှင် အကြောင်းရင်းရှိသော ဒုက္ခ၊
၇။ အနာဂတ် သံသရာဝဋ်ဆင်းရဲလျှင် အကြောင်းရင်းရှိသော ဒုက္ခ၊
၈။ အာဟာရ-ပရိယေသန-ဒုက္ခ = ပစ္စုပ္ပန်၌ အစာအာဟာရ (စည်းစိမ်ဥစ္စာ) ရှာမှီးရခြင်း ဒုက္ခ –

ထို (၈)ဌာနတို့ကို အာရုံပြု၍ စဉ်းစားဆင်ခြင်သောအခါ ထိတ်လန့် ကြောက်ရွံ့ကြောင်းဖြစ်သော ဩတ္တပ္ပနှင့်တကွ = ဩတ္တပ္ပနှင့် ယှဉ်လျက် ဉာဏ်သည် ဖြစ်ပေါ်လာရ၏၊ သဟောတ္တပ္ပဉာဏ်ဟု ခေါ်ဆို၏၊ ယင်း သဟောတ္တပ္ပဉာဏ်ကိုပင် ''သံဝေဂ''ဟု ခေါ်ဆို၏၊ ထိုသံဝေဂဉာဏ်ရှိသူသည် ဒါနမှု သီလမှု ဘာဝနာမှုစသည့် ကုသိုလ်ကောင်းမှုများ၌ ထက်ထက် သန်သန် အားတက်သရော ရှိတတ်ရကား ထိုသံဝေဂဉာဏ်သည် ဝီရိယဖြစ်ဖို့ရန် အနီးစပ်ဆုံး အကြောင်းတရား ဖြစ်ရလေသည်။

ဝီရိယာရမ္ဘဝတ္ထုပဒဋ္ဌာနံ ဝါ

(၁) ခရီးသွားခါနီးနေခြင်း,
(၂) ခရီးသွားပြီးစဖြစ်ခြင်း,
(၃) တစ်စုံတစ်ခုအမှုကိစ္စကို ပြုခါနီးနေခြင်း
(၄) ပြုပြီးစဖြစ်ခြင်း,
(၅) မကျန်းမမာစပြုနေခြင်း,
(၆) ကျန်းမာပြီးစဖြစ်ခြင်း,
(၇) ဆွမ်းလုံလောက်စွာ မရခြင်း,
(၈) အလွန်ပေါများစွာရခြင်း,

ဝီရိယဖြစ်ခြင်းအားလျော်သော ယောနိသောမနသိကာရ-ပစ္စဝေက္ခဏဉာဏ် = နည်းမှန်လမ်းမှန် နှလုံးသွင်း တတ်သော ဆင်ခြင်ဉာဏ်နှင့် အတူတကွဖြစ်သော ဤ (၈)ပါးတို့သည် ဝီရိယဖြစ်ကြောင်း ဝီရိယာရမ္ဘဝတ္ထုတို့ မည်၏၊ တစ်နည်း ထို (၈)ပါးလျှင် အကြောင်းရင်းခံ ရှိကုန်သော ယောနိသောမနသိကာရ-ပစ္စဝေက္ခဏဉာဏ် = နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်သော ဆင်ခြင်ဉာဏ်တို့သည် = ဆင်ခြင်ဉာဏ် ပြဓာန်းသော စိတ်စေတသိက်တို့သည် ဝီရိယာရမ္ဘဝတ္ထုတို့ မည်၏၊ သို့သော် အယောနိသောမနသိကာရ ရှိသူအဖို့ ဤ (၈)ပါးတို့သည်ကား အပျင်းကြောထူဖို့ရန် အကြောင်း တရားတို့ ဖြစ်ကြပြန်သည်။[၁၀၁၈]

၅။ ပီတိ

ပီဏယတီတိ ပီတိ၊ သာ –
၁။ သမ္ပိယာယနလက္ခဏာ၊
၂။ ကာယစိတ္တပီဏနရသာ၊ ဖရဏရသာ ဝါ၊
၃။ ဩဒဂျပစ္စုပဋ္ဌာနာ၊
၄။ အာရမ္မဏပဒဋ္ဌာနာ။[၁၀၁၉]

ကိုယ်စိတ်တို့ကို နှစ်သက်ပြည့်ဖြိုး တိုးပွားစေတတ်သော သဘောတရားသည် ပီတိမည်၏၊ ထိုပီတိသည် –
၁။ အာရုံကို နှစ်သက်ခြင်း (ချစ်မြတ်နိုးခြင်း) သဘော ... လက္ခဏ
၂။ (က) ကိုယ်စိတ်နှစ်ပါးကို နှစ်သက်ပြည့်ဖြိုး ပွားတိုးစေခြင်း ... (ကိစ္စ) ရသ
( ခ ) တစ်နည်း - မွန်မြတ်သော စိတ္တဇရုပ်တို့ဖြင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့စေခြင်း ... (ကိစ္စ) ရသ
၃။ ကိုယ်စိတ်တို့ကို ရွှင်လန်းတက်ကြွစေတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ အာရုံ (တစ်နည်း – ဝတ္ထု + အာရုံ + ဖဿ...) ... ပဒဋ္ဌာန်

၆။ ဆန္ဒ

ဆန္ဒောတိ ကတ္တုကာမတာယေတံ အဓိဝစနံ၊ တသ္မာ သော –၁။ ကတ္တုကာမတာလက္ခဏော ဆန္ဒော၊ (ကတ္တုကမျတာလက္ခဏော ဆန္ဒော။)
၂။ အာရမ္မဏပရိယေသနရသော၊
၃။ အာရမ္မဏေန အတ္ထိကတာပစ္စုပဋ္ဌာနော၊
၄။ တဒေဝဿ ပဒဋ္ဌာနံ။[၁၀၂၀]

ဤ ဆန္ဒဟူသည် အာရုံကို ပြုခြင်းငှာ = ပြုလုပ်ခြင်းငှာ အလိုရှိသူ၏ အဖြစ်၏ အမည်တည်း။ အာရုံတစ်ခုခုကို ပြုလိုခြင်း ရယူလိုခြင်းသဘောသည် ဆန္ဒတည်း။ ထိုကြောင့် ထိုဆန္ဒသည် –
၁။ အာရုံကို ပြုလုပ်ခြင်းငှာ အလိုရှိသူ၏အဖြစ်ဟူသော သဘော
= အာရုံကို ပြုလုပ်လိုခြင်းသဘော (လိုလားတောင့်တခြင်းသဘော) ... လက္ခဏ
၂။ အာရုံကို ရှာမှီးခြင်း ... (ကိစ္စ) ရသ
၃။ အာရုံကို အလိုရှိသော သဘောတရား = အာရုံကို လိုလားတောင့်တမှုသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ထိုအလိုရှိအပ်သော အာရုံ ... ပဒဋ္ဌာန်

အကုသိုလ်စေတသိက် (၁၄) လုံး

၁။ မောဟ

၁။ မောဟော စိတ္တဿ အန္ဓဘာဝလက္ခဏော၊ အညာဏလက္ခဏော ဝါ၊
၂။ အသမ္ပဋိဝေဓရသော၊ အာရမ္မဏသဘာဝစ္ဆာဒနရသော ဝါ၊
၃။ အသမ္မာပဋိပတ္တိပစ္စုပဋ္ဌာနော၊ အန္ဓကာရပစ္စုပဋ္ဌာနော ဝါ၊
၄။ အယောနိသောမနသိကာရပဒဋ္ဌာနော။
သဗ္ဗာကုသလာနံ မူလန္တိ ဒဋ္ဌဗ္ဗော။[၁၀၂၁]

၁။ (က) စိတ်၏ ပရမတ္ထဓမ္မ သဘာဝမှန်ကို ဟုတ်တိုင်းမှန်စွာ မသိမမြင်နိုင်ခြင်းဟူသော ပညာမျက်စိ ကာဏ်းသည်၏အဖြစ်ဟူသော သဘော၊[၁၀၂၂]
တစ်နည်း - ပညာမျက်စိ ကာဏ်းသော စိတ် ဖြစ်ကြောင်းသဘော ... လက္ခဏ
( ခ ) တစ်နည်း - ဉာဏ်၏ ဆန့်ကျင်ဘက် ဖြစ်ခြင်းသဘော = ပရမတ္ထဓမ္မ သဘာဝမှန်ကို အမှန်အတိုင်း မထွင်းဖောက် မသိမမြင်ခြင်းသဘော ... လက္ခဏ
၂။ (က) ပရမတ္ထဓမ္မ သဘာဝမှန်ကို = အာရုံ၏ သဘောမှန်ကို ကောင်းစွာ ထွင်းဖောက်၍ သိခြင်းငှာ မစွမ်းနိုင်သည်၏ အဖြစ်နှင့် ပြည့်စုံခြင်း... (သမ္ပတ္တိ) ရသ
( ခ ) တစ်နည်း - ပရမတ္ထဓမ္မအာရုံ၏ သဘောမှန်ကို ဖုံးလွှမ်းခြင်း ... (ကိစ္စ) ရသ
၃။ (က) မသင့်မလျော် မတော်မမှန်သော ပဋိပတ်ကျင့်စဉ်ကို ဖြစ်စေတတ်သော သဘောတရား၊
တစ်နည်း - ကောင်းမွန် မှန်ကန်စွာ မကျင့်ခြင်းတည်းဟူသော အကျိုးကို ဖြစ်စေတတ်သော သဘောတရား... (ဖလ) ပစ္စုပဋ္ဌာန်
တစ်နည်း - သမ္မာပဋိပတ်ကျင့်စဉ်၏ ဆန့်ကျင်ဘက်သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်
( ခ ) တစ်နည်း - ပညာမျက်စိကာဏ်းအောင် ပြုတတ်သော သဘောတရား... (ဥပဋ္ဌာနာကာရ ) ပစ္စုပဋ္ဌာန်
၄။ အယောနိသောမနသိကာရ = အာရုံကို (= ပရမတ္ထအာရုံကို) နိစ္စ-သုခ-အတ္တ-သုဘ စသည်ဖြင့် နှလုံးသွင်းမှားမှု ... ပဒဋ္ဌာန်

ပရမတ္ထဓမ္မသဘာဝကို ဟုတ်တိုင်းမှန်စွာ ပရမတ်သို့ ဆိုက်အောင် သိခြင်းသဘောကား ပညာတည်း။ ထိုပညာ မျက်စိ မရှိသော ပညာမျက်စိ ကာဏ်းနေသော စိတ်ဓာတ် ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းမှာ မောဟတည်း။

၁။ ပရမတ္ထဓမ္မသဘာဝအာရုံ၌ သမ္ပယုတ်တရားတို့ကို တွေဝေစေတတ်သော သမ္ပယုတ်တရားတို့၏ တွေဝေကြောင်း ဖြစ်သော သဘောတရားသည်,
၂။ တစ်နည်း – ပရမတ္ထဓမ္မအာရုံ၌ မိမိကိုယ်တိုင်လည်း တွေဝေတတ်သော သဘောတရားသည်,
၃။ တစ်နည်း – ပရမတ္ထဓမ္မအာရုံ၌ တွေဝေခြင်းမျှဖြစ်သော သဘောတရားသည် မောဟ မည်၏၊

ဤ၌ တွေဝေခြင်းဟူသည် အာရုံ၏ သဘောမှန်ကို = ပရမတ္ထဓမ္မအာရုံ၏ ပရမတ္ထဓမ္မသဘာဝမှန်ကို မသိခြင်း ပင်တည်း၊ အရိယသစ္စာ လေးရပ် တရားမြတ်တို့ကို မသိခြင်းကိုပင် ဆိုလိုပေသည်။ တစ်နည်း – ဉာဏ်သည် ပရမတ္ထဓမ္မ သဘာဝမှန်ကို သိသော်လည်း မောဟကား ထိုအမှန်ကို မသိဘဲ ထိုပရမတ္ထသဘာဝမှန်များကို ပြောင်းပြန်လှန်၍ နိစ္စ သုခ အတ္တ သုဘ စသည်ဖြင့် အသိမှားလေသည်။ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင် စသည်ဖြင့် အသိမှားလေသည်။ ထိုကြောင့် ဉာဏ်၏ ဆန့်ကျင်ဘက် ဖြစ်ခြင်း သဘောတရားသည် မောဟ၏ သဘာဝလက္ခဏာပင် ဖြစ်သည်။

၂။ အဟိရိက

၁။ ကာယဒုစ္စရိတာဒီဟိ အဇိဂုစ္ဆနလက္ခဏံ အဟိရိကံ၊ အလဇ္ဇာလက္ခဏံ ဝါ၊
၂။ အလဇ္ဇနာကာရေန ပါပါနံ ကရဏရသံ၊
၃။ အလဇ္ဇနာကာရေန ပါပတော အသင်္ကောစနပစ္စုပဋ္ဌာနံ၊
၄။ အတ္တနိ အဂါရဝပဒဋ္ဌာနံ။[၁၀၂၃]

၁။ မကောင်းမှု အကုသိုလ်တရား+ဒုစရိုက်တရားတို့ကို မစက်ဆုပ်ခြင်းသဘော ... လက္ခဏ
တစ်နည်း – မကောင်းမှု အကုသိုလ်တရား+ဒုစရိုက်တရားတို့မှ မရှက်ခြင်းသဘော ... လက္ခဏ
၂။ မရှက်သော အခြင်းအရာအားဖြင့် မကောင်းမှုတို့ကို ပြုခြင်း ... (ကိစ္စ) ရသ
၃။ မရှက်သော အခြင်းအရာအားဖြင့် မကောင်းမှုမှ မတွန့်ဆုတ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မိမိကိုယ်ကို မရိုသေ မလေးစားခြင်း ... ပဒဋ္ဌာန်

၁။ မရှက်တတ်သော ပုဂ္ဂိုလ်သည် အဟိရိက၊
၂။ မရှက်တတ်သော စိတ်သည် အဟိရိက၊
၃။ အဟိရိကစေတသိက်နှင့် ယှဉ်တွဲဖြစ်သော သမ္ပယုတ်တရားစုသည် အဟိရိကတည်း။[၁၀၂၄]

၁။ မရှက်တတ်သော ပုဂ္ဂိုလ်ဖြစ်ရန် အကြောင်းဖြစ်သော သဘော,
၂။ မရှက်တတ်သော စိတ်ဖြစ်ရန် အကြောင်းဖြစ်သော သဘော,
၃။ မရှက်တတ်သော သမ္ပယုတ်တရားစု ဖြစ်ရန် အကြောင်းဖြစ်သော သဘော –
ဤသဘောတရားသည် အဟိရိကစေတသိက်တည်း။[၁၀၂၅]

၃။ အနောတ္တပ္ပ

၁။ ကာယဒုစ္စရိတာဒီဟိ အသာရဇ္ဇလက္ခဏံ အနောတ္တပ္ပံ။ အနုတ္တာသလက္ခဏံ ဝါ၊
၂။ အနုတ္တာသာကာရေန ပါပါနံ ကရဏရသံ၊
၃။ အနုတ္တာသာကာရေန ပါပတော အသင်္ကောစနပစ္စုပဋ္ဌာနံ၊
၄။ ပရေသု အဂါရဝပဒဋ္ဌာနံ။[၁၀၂၆]

၁။ မကောင်းမှု အကုသိုလ်တရား+ဒုစရိုက်တရားတို့ကို မကြောက်ရွံ့ခြင်းသဘော ... လက္ခဏ
တစ်နည်း – မကောင်းမှု အကုသိုလ်တရား+ဒုစရိုက်တရားတို့ကို မထိတ်လန့်ခြင်းသဘော ... လက္ခဏ
၂။ မထိတ်လန့်သော အခြင်းအရာအားဖြင့် မကောင်းမှုတို့ကို ပြုခြင်း ... (ကိစ္စ) ရသ
၃။ မထိတ်လန့်တတ်သော အခြင်းအရာအားဖြင့် မကောင်းမှုမှ
မတွန့်ဆုတ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သူတစ်ပါးတို့၌ (= တို့ကို) မရိုသေ မလေးစားခြင်း ... ပဒဋ္ဌာန်
မကောင်းမှု အကုသိုလ်တရား + မကောင်းမှု ဒုစရိုက်တရားတို့မှ မထိတ်လန့်တတ်သော သဘောတရားသည် အနောတ္တပ္ပစေတသိက်တည်း။[၁၀၂၇]

၁။ ရွာဝက်သည် မစင်ကို မရွံသကဲ့သို့ အဟိရိက = အရှက် မရှိသူသည် မကောင်းမှုကို မရွံ။
၂။ ပိုးပရန်ကောင်သည် မီးလျှံကို မကြောက်သကဲ့သို့ ဩတ္တပ္ပ မရှိသူသည်လည်း မကောင်းမှုမှ မကြောက်ရွံ့။[၁၀၂၈]

၄။ ဥဒ္ဓစ္စ

ဥဒ္ဓတဿ ဘာဝေါ (ဥဒ္ဓတဘာဝေါ) ဥဒ္ဓစ္စံ၊ တံ –
၁။ စေတသော အဝူပသမလက္ခဏံ ဝါတာဘိဃာတစလဇလံ ဝိယ၊
၂။ အနဝဋ္ဌာနရသံ ဝါတာဘိဃာတစလဓဇပဋာကာ ဝိယ၊
၃။ ဘန္တတ္တပစ္စုပဋ္ဌာနံ ပါသာဏာဘိဃာတသမုဒ္ဓတဘသ္မံ ဝိယ၊
၄။ စေတသော အဝူပသမေ အယောနိသောမနသိကာရပဒဋ္ဌာနံ။
စိတ္တဝိက္ခေပေါတိ ဒဋ္ဌဗ္ဗံ။[၁၀၂၉]

အထက်အထက်၌ တုန်လှုပ်တတ်သော စိတ်၏ = ပျံ့လွင့်သော စိတ်၏ = တက်ကြွတုန်လှုပ်သော စိတ်၏ ဖြစ်ကြောင်းဖြစ်ရာ သဘောသည် ဥဒ္ဓစ္စ မည်၏၊ တစ်နည်း - အထက်အထက်၌ တုန်လှုပ်တတ်သော သမ္ပယုတ်တရား အပေါင်း၏ = ပျံ့လွင့်သော သမ္ပယုတ်တရားအပေါင်း၏ = တက်ကြွတုန်လှုပ်သော သမ္ပယုတ်တရားအပေါင်း၏ ဖြစ်ကြောင်းဖြစ်ရာ သဘောသည် ဥဒ္ဓစ္စ မည်၏၊ ဥဒ္ဓစ္စနှင့် ယှဉ်ဖက် စိတ်စေတသိက်တရားစုတို့သည် ဥဒ္ဓစ္စကြောင့် အာရုံ၌ မငြိမ်မသက် ပျံ့လွင့်နေရ၏၊ ယင်း စိတ်စေတသိက်တို့၏ အာရုံ၌ ပျံ့လွင့်ကြောင်း သဘောတရားသည် ဥဒ္ဓစ္စမည်၏ ဟူလိုသည်။[၁၀၃၀]

၁။ လေတိုက်ခတ်မှုကြောင့် လှုပ်ရှားသော ရေကဲ့သို့ စိတ် မငြိမ်သက်ခြင်းသဘောတရား ... လက္ခဏ
၂။ လေတိုက်ခတ်မှုကြောင့် လှုပ်ရှားသော တံခွန်အလံကဲ့သို့ စိတ်ငြိမ်ဝပ်စွာ မတည်တံ့ခြင်း ... (ကိစ္စ) ရသ
၃။ ပြာပုံပေါ်သို့ ကျောက်ခဲကို ပစ်ချလိုက်သဖြင့် အထက်သို့ လွင့်တက်သော ပြာကဲ့သို့ စိတ် မရပ်မတည် ချာချာလည် တုန်လှုပ်တတ်သည့်သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ စိတ်မငြိမ်သက်ရာ အာရုံတို့၌ အယောနိသောမနသိကာရဖြစ်ခြင်း, တစ်နည်း –
စိတ်မငြိမ်သက်ခြင်းဟူသော အကျိုးကြောင့် အယောနိသောမနသိကာရ ဖြစ်ခြင်း ... ပဒဋ္ဌာန်

မငြိမ်သက်မှု = အဝူပသမ ဟူသည်လည်း စိတ်၏ သို့မဟုတ် သမ္ပယုတ်တရားစုတို့၏ အာရုံတစ်ခုတည်းပေါ်၌ စုဝေးတည်နေခြင်း၏ ထင်ရှားမရှိသည်၏ အဖြစ်ကို ကြည်ကြည်လင်လင် မရှိသည်၏ အဖြစ်ကို ဆိုလိုပေသည်။ လေအဟုန် တိုက်ခတ်မှုကြောင့် ရေအယဉ်၏ မငြိမ်သက်ခြင်းကဲ့သို့ အာရုံကို ငြိမ်သက်စွာ မယူနိုင်ခြင်းသည် ဥဒ္ဓစ္စ၏ သဘောလက္ခဏာတည်း။[၁၀၃၁]

၅။ လောဘ

လုဗ္ဘ န္တိ တေန သယံ ဝါ လုဗ္ဘတိ၊ လုဗ္ဘနမတ္တမေဝ ဝါ တန္တိ လောဘော
၁။ လောဘော အာရမ္မဏဂ္ဂဟဏလက္ခဏော မက္ကဋာလေပေါ ဝိယ၊
၂။ အဘိသင်္ဂရသော တတ္တကပါလေ ခိတ္တမံသပေသိ ဝိယ၊
၃။ အပရိစ္စာဂပစ္စုပဋ္ဌာနော တေလဉ္ဇနရာဂေါ ဝိယ၊
၄။ သံယောဇနိယဓမ္မေသု အဿာဒဒဿနပဒဋ္ဌာနော။
သော တဏှာနဒီဘာဝေန ဝဍ္ဎမာနော သီဃသောတာ နဒီ ဝိယ မဟာသမုဒ္ဒံ အပါယမေဝ ဂဟေတွာ ဂစ္ဆတီတိ ဒဋ္ဌဗ္ဗော။[၁၀၃၂]

သမ္ပယုတ်တရားတို့၏ အာရုံကို လိုလားတပ်မက်တတ်ခြင်း၏ အကြောင်းဖြစ်သော သဘောတရားသည် လောဘ မည်၏၊ တစ်နည်း – မိမိကိုယ်တိုင် အာရုံကို လိုလားတပ်မက်တတ်သော သဘောတရားသည် လောဘ မည်၏၊ တစ်နည်း – အာရုံကို လိုလားတပ်မက်ခြင်းမျှသာဖြစ်သော သဘောတရားသည် လောဘ မည်၏၊

၁။ မျောက်နှဲစေးကဲ့သို့ အာရုံကို ငါ့ဟာဟူ၍ စွဲယူခြင်းသဘော ... လက္ခဏ
၂။ လောလောပူသော အိုးကင်း၌ ပစ်ချအပ်သော အသားတစ်ကဲ့သို့ အာရုံ၌ အလွန်ငြိကပ်ခြင်း ... (ကိစ္စ) ရသ
၃။ အဝတ်၌ စွန်းထင်းနေသော ဆီမင်၏ တပ်စွဲခြင်းကဲ့သို့ အာရုံကို မစွန့်လွှတ်နိုင်ခြင်း သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သံယောဇဉ်ဖြစ်ရာ အာရုံတရားတို့၌ သာယာဖွယ် သုဘဟု ရှုမြင်တတ်သော ဒိဋ္ဌိ ... ပဒဋ္ဌာန်

အာရမ္မဏဂ္ဂဟဏ – လောဘက အာရုံကို ယူခြင်းဟူရာ၌ အာရုံကို ယူကာမျှမတ္တ (= အာရုံပြုကာမျှမတ္တ)ကား မဟုတ်၊ လောဘ အကြီးအငယ်အလိုက် ထိုက်သည့်အားလျော်စွာ အာရုံကို - ''ဤကား ငါ့ဟာ''ဟု တဏှာဘိနိဝေသ = တဏှာဖြင့် မြဲမြံစွာ နှလုံးသွင်းခြင်း၏အစွမ်းဖြင့် မြဲမြံစွာ နှလုံးသွင်း၍ အာရုံကို မစွန့်လွှတ်နိုင်ခြင်းသဘော, တမ်းတမ်းစွဲ ငမ်းငမ်းတက် တပ်မက်ခင်မင် လိုချင်သော စွဲယူမှုမျိုးတည်း။[၁၀၃၃] ထိုကြောင့် လောဘ၏ အာရုံယူပုံကို မျောက်နှဲစေးက မျောက်ကို ဖမ်းယူထားပုံဖြင့် ဥပမာပြကြသည်။

၆။ ဒိဋ္ဌိ = မိစ္ဆာဒိဋ္ဌိ

မိစ္ဆာဒိဋ္ဌီတိ အယာထာဝဒိဋ္ဌိ၊ ဝိရဇ္ဈိတွာ ဂဟဏတော ဝါ ဝိတထာ ဒိဋ္ဌိ မိစ္ဆာဒိဋ္ဌိ၊ အနတ္ထာဝဟတ္တာ ပဏ္ဍိတေဟိ ဇိဂုစ္ဆိတာ ဒိဋ္ဌီတိပိ မိစ္ဆာဒိဋ္ဌိ။ မိစ္ဆာသင်္ကပ္ပါဒီသုပိ ဧသေဝ နယော။ အပိစ မိစ္ဆာ ပဿန္တိ တာယ, သယံ ဝါ မိစ္ဆာ ပဿတိ, မိစ္ဆာဒဿနမတ္တမေဝ ဝါ ဧသာတိ မိစ္ဆာဒိဋ္ဌိ။

၁။ အယောနိသော အဘိနိဝေသလက္ခဏာ မိစ္ဆာဒိဋ္ဌိ၊
၂။ ပရာမာသရသာ၊
၃။ မိစ္ဆာဘိနိဝေသပစ္စုပဋ္ဌာနာ၊
၄။ အရိယာနံ အဒဿနကာမတာဒိပဒဋ္ဌာနာ။
ပရမံ ဝဇ္ဇ န္တိ ဒဋ္ဌဗ္ဗာ။[၁၀၃၄]

၁။ မိစ္ဆာဒိဋ္ဌိ ဟူသည်ကား မဟုတ်မမှန်သောအားဖြင့် သိမြင်တတ်သော အယူတည်း။ (ဤနည်း၌ မိစ္ဆာ-သဒ္ဒါသည် အယာထာဝ အနက်ဟောတည်း။)

၂။ တစ်နည်း – ချွတ်ယွင်း၍ လွဲချော်၍ စွဲယူခြင်းကြောင့် ချွတ်ယွင်းဖောက်ပြန် မမှန်သောအယူသည် မိစ္ဆာဒိဋ္ဌိ တည်း။ (ဤနည်း၌ မိစ္ဆာ-သဒ္ဒါသည် ဝိတထ အနက်ဟောတည်း။)

၃။ တစ်နည်း – အကျိုးစီးပွားမဲ့ကို ရွက်ဆောင်တတ်သည့်အတွက် ပညာရှိတို့သည် စက်ဆုပ်အပ်သော အယူဝါဒ ဖြစ်ခြင်းကြောင့် မိစ္ဆာဒိဋ္ဌိ မည်၏၊ (ဤနည်း၌ မိစ္ဆာ-သဒ္ဒါသည် ဇိဂုစ္ဆန အနက်ဟောတည်း။)

၄။ တစ်နည်း – သမ္ပယုတ်တရားတို့၏ ပရမတ္ထဓမ္မသဘာဝအာရုံကို မှားမှားယွင်းယွင်း သိမြင်ခြင်း၏ အကြောင်းရင်း ဖြစ်သော သဘောတရားသည် မိစ္ဆာဒိဋ္ဌိ မည်၏၊ တစ်နည်း – မိမိ မိစ္ဆာဒိဋ္ဌိကိုယ်တိုင်က ပရမတ္ထဓမ္မ သဘာဝ အာရုံကို မှားမှားယွင်းယွင်း မြင်တတ်သော သဘောတရား ဖြစ်ခြင်းကြောင့် မိစ္ဆာဒိဋ္ဌိ မည်၏၊ တစ်နည်း –ပရမတ္ထဓမ္မသဘာဝ အာရုံကို မှားမှားယွင်းယွင်း မြင်ခြင်းမျှ သဘောတရားသည် မိစ္ဆာဒိဋ္ဌိ မည်၏၊

ပရမတ္ထဓမ္မသဘာဝအာရုံကို မှားမှားယွင်းယွင်း မြင်မှုဟူသည် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော ရုပ်နာမ် ပရမတ္ထဓမ္မ သင်္ခါရတရားတို့အပေါ်၌ အမြင်မှားမှုတည်း။ ရုပ်နာမ်ပရမတ္ထဓမ္မသင်္ခါရတရားတို့ကား အနိစ္စ ဒုက္ခ အနတ္တ အသုဘတရားတို့သာ စင်စစ် ဖြစ်ကြကုန်၏၊ မိစ္ဆာဒိဋ္ဌိကား ထိုရုပ်နာမ်သင်္ခါရပရမတ္ထဓမ္မတို့ကို နိစ္စ သုခ အတ္တ သုဘဟု မှားမှားယွင်းယွင်း မြင်မှုတည်း။[၁၀၃၅]

၁။ ပရမတ္ထဓမ္မအာရုံကို နိစ္စ သုခ အတ္တ သုဘဟု မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းသဘော ... လက္ခဏ
၂။ ပရမတ္ထဓမ္မအာရုံကို နိစ္စ သုခ အတ္တ သုဘဟု မှားသောအားဖြင့် သုံးသပ်ခြင်း ... (ကိစ္စ) ရသ
၃။ ပရမတ္ထဓမ္မအာရုံကို နိစ္စ သုခ အတ္တ သုဘဟု မှားသောအားဖြင့် လွန်လွန်ကဲကဲ စွဲမြဲစွာ နှလုံးသွင်းတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ကို ဖူးမြင်ခြင်းငှာ အလိုမရှိသူဖြစ်ခြင်း ... ပဒဋ္ဌာန်

၇။ မာန

မညတီတိ မာနော။
၁။ မာနော ဥန္နတိလက္ခဏော၊
၂။ သမ္ပဂ္ဂဟရသော၊
၃။ ကေတုကမျတာပစ္စုပဋ္ဌာနော၊
၄။ ဒိဋ္ဌိဝိပ္ပယုတ္တလောဘပဒဋ္ဌာနော။
ဥမ္မာဒေါ ဝိယ ဒဋ္ဌဗ္ဗော။[၁၀၃၆]

ငါတကားဟု ထောင်လွှားပြုလျက် မှတ်ထင်တတ်သော သဘောတရားသည် မာန မည်၏၊
၁။ ထောင်လွှား တက်ကြွခြင်းသဘော, စိတ်ဓာတ် တက်ကြွမြင့်မောက်ခြင်းသဘော ... လက္ခဏ
၂။ သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်း = မြှောက်ပေးခြင်း ... (ကိစ္စ) ရသ
၃။ တုရင်မှန်ကင်းကဲ့သို့ ပြုလိုသည့်သဘောတရား
= အရာရာတွင် အသာယူလိုသည့် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဒိဋ္ဌိနှင့် မယှဉ်သော လောဘ ... ပဒဋ္ဌာန်

၈။ ဒေါသ

ဒုဿန္တိ တေန, သယံ ဝါ ဒုဿတိ, ဒုဿနမတ္တမေဝ ဝါ တန္တိ ဒေါသော
၁။ ဒေါသော စဏ္ဍိက္ကလက္ခဏော ပဟဋာသီဝိသော ဝိယ၊
၂။ (က) ဝိသပ္ပနရသော ဝိသနိပါတော ဝိယ၊
( ခ ) အတ္တနော နိဿယဒဟနရသော ဝါ ဒါဝဂ္ဂိ ဝိယ၊
၃။ ဒုဿနပစ္စုပဋ္ဌာနော (= ဒူသနပစ္စုပဋ္ဌာနော) လဒ္ဓေါကာသော ဝိယ သပတ္တော၊
၄။ အာဃာတဝတ္ထုပဒဋ္ဌာနော၊
ဝိသသံသဋ္ဌပူတိမုတ္တံ ဝိယ ဒဋ္ဌဗ္ဗော။[၁၀၃၇]

၁။ ဒေါသ – သမ္ပယုတ်တရားတို့၏ ပျက်စီးကြောင်းဖြစ်သော သဘောတရားသည် ဒေါသ မည်၏၊ တစ်နည်း သမ္ပယုတ်တရားတို့ကို ဖျက်ဆီးကြောင်းဖြစ်သော သဘောတရားသည် ဒေါသ မည်၏၊ ကိုယ်စိတ်နှစ်ပါးကို သို့မဟုတ် မိမိ သူတစ်ပါး နှစ်ဦးသားကို သမ္ပယုတ်တရားတို့ကလည်း ဖျက်ဆီး၏၊ ဒေါသကလည်း ဖျက်ဆီး၏၊ သမ္ပယုတ်တရား တို့၏ ပျက်စီးခြင်းမှာ ဒေါသကြောင့် ပျက်စီးရသဖြင့် ဒေါသသည် သမ္ပယုတ်တရားတို့၏ ပျက်စီးကြောင်းသဘော တရားလည်း ဖြစ်၏၊ သမ္ပယုတ်တရားတို့ကို ပျက်စီးအောင် ဖျက်ဆီးခြင်းမှာလည်း ဒေါသကြောင့်သာ ဖျက်ဆီးသဖြင့် ဒေါသသည် သမ္ပယုတ်တရားတို့ကို ဖျက်ဆီးကြောင်းသဘောတရားလည်း ဖြစ်ပေသည်။

၂။ တစ်နည်း – မိမိဒေါသကိုယ်တိုင်ကလည်း ပျက်စီးတတ်သောသဘောတရား ဖြစ်သောကြောင့် ဒေါသ မည်၏၊ တစ်နည်း – မိမိဒေါသကိုယ်တိုင်ကလည်း ကိုယ်စိတ်နှစ်ပါးကို သို့မဟုတ် မိမိ သူတစ်ပါး နှစ်ဦးသားကို ဖျက်ဆီးတတ်သော သဘော ဖြစ်သောကြောင့်လည်း ဒေါသ မည်၏၊

၃။ တစ်နည်း – ကိုယ်စိတ်နှစ်ပါးတို့၏ ပျက်စီးခြင်းသဘောမျှသည် သို့မဟုတ် မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ ပျက်စီးခြင်းသဘောမျှသည် ဒေါသ မည်၏၊

ထိုဒေါသ၏ လက္ခဏ ရသ စသည်မှာ အောက်ပါအတိုင်း ဖြစ်၏၊

၁။ (က) စိတ် (= ကိုယ်+စိတ်) ရုန့်ရင်း ခက်ထန်ကြမ်းတမ်းခြင်းသဘော ... လက္ခဏ
( ခ ) ခက်ထန်ကြမ်းတမ်းသော ကိုယ် စိတ် ဖြစ်ကြောင်းသဘော ... လက္ခဏ
(တုတ် လှံကန်ဖြင့် အပုတ်ခတ်ခံရသော မြွေဟောက်ကဲ့သို့ မှတ်ပါ၊၊)
၂။ (က) မြွေဆိပ်တက်သကဲ့သို့ မိမိကိုယ်ကို ဖောက်ပြန် တုန်လှုပ်စေခြင်း ... (ကိစ္စ) ရသ
တစ်နည်း - မြွေဆိပ်တက်သကဲ့သို့ ကိုယ်၏ ဖောက်ပြန်တုန်လှုပ်ခြင်း... (သမ္ပတ္တိ) ရသ
( ခ ) တောမီးကဲ့သို့ မိမိ (= ဒေါသ)၏ မှီရာ ဟဒယဝတ္ထုကို (ဝါ) ကိုယ်စိတ်ကို ပြင်းစွာ လောင်ကျွမ်းခြင်း ... (ကိစ္စ) ရသ
၃။ ကိုယ်စိတ်နှစ်ပါးကို, တစ်နည်း မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးစီးပွားကို ဖျက်ဆီးတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
(အခွင့်အလမ်း သာနေသော ရန်သူကဲ့သို့ မှတ်ပါ။)
၄။ ရန်ငြိုးဖွဲ့ကြောင်း အာဃာတဝတ္ထု (၉)ပါး, သို့မဟုတ် (၁၀)ပါး ... ပဒဋ္ဌာန်
ဒေါသကို အဆိပ်နှင့် ရောနှောနေသော ကျင်ငယ်ပုပ်ကဲ့သို့ မှတ်ပါ။

အာဃာတဝတ္ထု (၉) ပါး, (၁၀) ပါး

၁။ မိမိ၏ အကျိုးစီးပွားမဲ့ကို ရှေးက ပြုခဲ့ပြီဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊
၂။ မိမိ၏ အကျိုးစီးပွားမဲ့ကို ယခု ပြုနေ၏ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊
၃။ မိမိ၏ အကျိုးစီးပွားမဲ့ကို နောင်ပြုလိမ့်မည်ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊
၄။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားမဲ့ကို ရှေးက ပြုခဲ့ပြီဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊
၅။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားမဲ့ကို ယခု ပြုနေ၏ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊
၆။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားမဲ့ကို နောင်ပြုလိမ့်မည်ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊
၇။ မိမိမုန်းသူ၏ အကျိုးစီးပွားကို ရှေးက ပြုခဲ့ပြီဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊
၈။ မိမိမုန်းသူ၏ အကျိုးစီးပွားကို ယခု ပြုနေပြီဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊
၉။ မိမိမုန်းသူ၏ အကျိုးစီးပွားကို နောင်ပြုလိမ့်မည်ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊
၁၀။ အဋ္ဌာနကောပ = အရာမဟုတ်သည်၌ အမျက်ထွက်၏၊
ဤ (၁၀)ပါးသည် ရန်ငြိုးဖွဲ့ကြောင်း အာဃာတဝတ္ထု (၁၀)ပါး ဖြစ်သည်။[၁၀၃၈]

အဋ္ဌာနကောပ – အဋ္ဌာန၌ ဌာန-သဒ္ဒါသည် ကာရဏ-အနက်ဟောတည်း၊ စိတ်ဆိုးခြင်း၏အကြောင်း မဟုတ်ရာ၌ အရာဌာန မဟုတ်ရာ၌ စိတ်ဆိုးခြင်းကို အဋ္ဌာနေ ကောပေါ အဋ္ဌာနကောပေါ – အရ အဋ္ဌာနကောပဟု ခေါ်သည်။ အဋ္ဌာနကောပ = အရာဌာနမဟုတ်သည်၌ = အကြောင်းမဟုတ်သည်၌ အမျက်ထွက်ခြင်း၏ အကြောင်းကို အဋ္ဌသာလိနီအဋ္ဌကထာ[၁၀၃၉]၌ အောက်ပါအတိုင်း ဖွင့်ဆိုထား၏ ..။

ဒေါသစရိုက် ထူပြောသော အချို့သောပုဂ္ဂိုလ်သည် ..
၁။ မိုးရွာလွန်း၏ဟု အမျက်ထွက်၏၊
၂။ မိုးမရွာဟု အမျက်ထွက်၏၊
၃။ နေပူလွန်း၏ဟု အမျက်ထွက်၏၊
၄။ နေမပူဟု အမျက်ထွက်၏၊
၅။ လေတိုက်ပြန်လည်း အမျက်ထွက်၏၊
၆။ လေမတိုက်ပြန်လည်း အမျက်ထွက်၏၊
၇။ တံမြက်လှည်းခြင်းငှာ မစွမ်းနိုင်၍ ဗောဓိရွက်တို့အား အမျက်ထွက်၏၊
၈။ လေတိုက်လွန်း၍ သင်္ကန်းရုံထားခြင်းငှာ မစွမ်းနိုင်၍ လေအား အမျက်ထွက်၏၊
၉။ ခလုတ် တိုက်မိ၍ ချော်လဲသော် သစ်ငုတ်အား အမျက်ထွက်၏၊

ဤသို့သော အရာဌာန မဟုတ်သည်၌ အမျက်ထွက်ခြင်းမျိုးကို ရည်ရွယ်၍ ''အဋ္ဌာနကောပ = အရာဌာန မဟုတ်သည်၌ = အကြောင်းမဟုတ်သည်၌ အမျက်ထွက်ခြင်း ရန်ငြိုးဖွဲ့ခြင်းသည် ဖြစ်ပေါ်လာ၏''ဟု ဘုရားရှင်သည် ဟောကြားတော်မူခြင်း ဖြစ်သည်။

တစ်ဖန် မူလဋီကာ[၁၀၄၀]၌ အဋ္ဌာနကောပ (၉)မျိုးကို ဆက်လက် ဖော်ပြထားပြန်၏၊ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏၊

၁။ ငါ၏ အကျိုးစီးပွားကို ရှေးက မပြုကျင့်ခဲ့ဟု အမျက်ထွက်၏၊
၂။ ငါ၏ အကျိုးစီးပွားကို ယခုလည်း မပြုကျင့်ဟု အမျက်ထွက်၏၊
၃။ ငါ၏ အကျိုးစီးပွားကို နောင်လည်း ပြုကျင့်လိမ့်မည် မဟုတ်ဟု အမျက်ထွက်၏၊
၄။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားကို ရှေးက မပြုကျင့်ခဲ့ဟု အမျက်ထွက်၏၊
၅။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားကို ယခုလည်း မပြုကျင့်ဟု အမျက်ထွက်၏၊
၆။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားကို နောင်လည်း ပြုကျင့်လိမ့်မည် မဟုတ်ဟု အမျက်ထွက်၏၊
၇။ မိမိမုန်းသူ၏ အကျိုးစီးပွားမဲ့ကို ရှေးက မပြုကျင့်ခဲ့ဟု အမျက်ထွက်၏၊
၈။ မိမိမုန်းသူ၏ အကျိုးစီးပွားမဲ့ကို ယခုလည်း မပြုကျင့်ဟု အမျက်ထွက်၏၊
၉။ မိမိမုန်းသူ၏ အကျိုးစီးပွားမဲ့ကို နောင်လည်း ပြုကျင့်လိမ့်မည် မဟုတ်ဟု အမျက်ထွက်၏၊

ဤသို့ ဖြစ်ပေါ်လာသော အမျက်ဒေါသသည်လည်း အရာဝတ္ထု မဟုတ်သည်၌ ဖြစ်ပေါ်လာသောကြောင့် အဋ္ဌာနကောပသာ ဖြစ်သင့်ပေသည်။

ဤ မူလဋီကာဆရာတော်၏ ဖွင့်ဆိုချက်မှာ သုတ္တနိပါတအဋ္ဌကထာ ဥရဂသုတ်[၁၀၄၁]၌ လာရှိသော ဖွင့်ဆိုချက်နှင့် တူညီလျက်ပင် ရှိ၏၊ ယင်းဥရဂသုတ်အဋ္ဌကထာ၌ အာဃာတဝတ္ထု (၁၉)ပါး လာရှိပေသည်။ ယင်းတို့မှာ –

၁။ ပထမ ရေတွက်ပြထားသော အာဃာတဝတ္ထု (၉)ပါး,
၂။ နောက်ထပ် မူလဋီကာက ရေတွက်ပြထားသော အာဃာတဝတ္ထု (၉)ပါး,
၃။ အဋ္ဌာနကောပ (၁)ပါး –
အားလုံးပေါင်းသော် (၁၉)ပါးတည်း။

သင်္ဂိတိသုတ်[၁၀၄၂], အာဃာတဝတ္ထုသုတ်[၁၀၄၃]တို့၌ ပထမဦးစွာ ဖော်ပြထားသော မူရင်း အာဃာတဝတ္ထု (၉)ပါး လာရှိပေသည်။ ဤအာဃာတဝတ္ထုအားလုံးသည်ပင် ဒေါသဖြစ်ဖို့ရန် အနီးစပ်ဆုံးအကြောင်းတရားများပင် ဖြစ်ကြ ပေသည်။

၉။ ဣဿာ

ဣဿတီတိ ဣဿာ၊ ဣဿာယနာ ဣဿာ
၁။ ဣဿာ ပရသမ္ပတ္တီနံ ဥသူယနလက္ခဏာ၊
၂။ တတ္ထေဝ အနဘိရတိရသာ၊
၃။ တတော ဝိမုခဘာဝပစ္စုပဋ္ဌာနာ၊
၄။ ပရသမ္ပတ္တိပဒဋ္ဌာနာ။
သံယောဇနန္တိ ဒဋ္ဌဗ္ဗာ။[၁၀၄၄]

ငြူစူတတ်သော သဘောတရားသည် ဣဿာ မည်၏၊ ငြူစူခြင်းကို ပြုခြင်းသည် ဣဿာ မည်၏၊

၁။ သူတစ်ပါးတို့၏ စည်းစိမ်တို့ကို ငြူစူခြင်းသဘော = သည်းမခံနိုင်ခြင်းသဘော ... လက္ခဏ
၂။ ထိုသူတစ်ပါးတို့၏ စည်းစိမ်တို့၌ပင်လျှင် မမွေ့လျော်နိုင်ခြင်း = မွေ့လျော်ခြင်း၏ ဆန့်ကျင်ဘက်ဖြစ်ခြင်း ... (ကိစ္စ) ရသ
၃။ ထိုသူတစ်ပါးတို့၏ စည်းစိမ်မှ မရှုစိမ့်နိုင်ဘဲ မျက်နှာလွှဲတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သူတစ်ပါးတို့၏ စည်းစိမ် ... ပဒဋ္ဌာန်

သူတစ်ပါးတို့၏ စည်းစိမ်တို့ကို ငြူစူခြင်းဟူသည် ထိုသူတစ်ပါးတို့၏ စည်းစိမ်ဂုဏ်သိရ်တို့ကို မြင်ရ ကြားရ၍ သည်းမခံနိုင်ခြင်းသဘောတည်း၊ ကိုယ့်ထက်သာ မနာလိုမှုသဘောတည်း။[၁၀၄၅]

၁၀။ မစ္ဆရိယ

မစ္ဆရဘာဝေါ မစ္ဆရိယံ
၁။ မစ္ဆရိယံ လဒ္ဓါနံ ဝါ လဘိတဗ္ဗာနံ ဝါ အတ္တနော သမ္ပတ္တီနံ နိဂူဟနလက္ခဏံ၊
၂။ တာသံယေဝ ပရေဟိ သာဓာရဏဘာဝအက္ခမနရသံ၊
၃။ သင်္ကောစနပစ္စုပဋ္ဌာနံ၊ ကဋုကဉ္စုကတာပစ္စုပဋ္ဌာနံ ဝါ၊
၄။ အတ္တသမ္ပတ္တိပဒဋ္ဌာနံ။
စေတသော ဝိရူပဘာဝေါတိ ဒဋ္ဌဗ္ဗံ။[၁၀၄၆]

ဝန်တိုတတ်သူ၏ ဖြစ်ကြောင်းဖြစ်ရာ သဘောတရားသည် မစ္ဆရိယ မည်၏၊
၁။ ရပြီး ရဆဲ ရလတ္တံ့ ဖြစ်ကုန်သော မိမိ၏ စည်းစိမ်တို့ကို လျှို့ဝှက်ခြင်းသဘော ... လက္ခဏ
၂။ ထိုစည်းစိမ်တို့ကိုပင် သူတစ်ပါးတို့နှင့် ဆက်ဆံမှုကို သည်းမခံနိုင်ခြင်း = သည်းခံခြင်း၏ ဆန့်ကျင်ဘက်ဖြစ်ခြင်း ... (ကိစ္စ) ရသ
၃။ (မိမိစည်းစိမ်တို့ကို သူတစ်ပါးတို့နှင့် ဆက်ဆံခြင်းကို မနှစ်သက်သောအခြင်းအရာအားဖြင့်) (က) တွန့်တိုခြင်းသဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်
( ခ ) ခါးစပ်သော ခံပြင်းသော သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်
( ဂ ) တစ်နည်း - မသာယာ မနှစ်သက်သော အခြင်းအရာ, ဆင်းရဲသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏ ... (ဖလ) ပစ္စုပဋ္ဌာန်
၄။ မိမိ၏ စည်းစိမ်ဥစ္စာ ... ပဒဋ္ဌာန်

၁၁။ ကုက္ကုစ္စ

ကုစ္ဆိတံ ကတံ ကုကတံ၊ တဿ ဘာဝေါ ကုက္ကုစ္စံ
၁။ ကုက္ကုစ္စံ ပစ္ဆာနုတာပလက္ခဏံ၊
၂။ ကတာကတာနုသောစနရသံ၊
၃။ ဝိပ္ပဋိသာရပစ္စုပဋ္ဌာနံ၊
၄။ ကတာကတပဒဋ္ဌာနံ။
ဒါသဗျံ ဝိယ ဒဋ္ဌဗ္ဗံ။[၁၀၄၇]

ရွံရှာစက်ဆုပ်အပ်သော ပြုပြီးဒုစရိုက် မပြုလိုက်မိသော သုစရိုက်သည် ကုကတ မည်၏၊ ထိုကုကတ မည်သော ရွံရှာစက်ဆုပ်အပ်သော ပြုပြီးဒုစရိုက် မပြုလိုက်မိသော သုစရိုက်အမှုကို အာရုံပြု၍ ဖြစ်ပေါ်လာသော နှလုံးမသာယာ သော စိတ္တုပ္ပါဒ်၏ ဖြစ်ကြောင်းဖြစ်ရာသဘောသည် ကုက္ကုစ္စ မည်၏၊ တစ်နည်း - စက်ဆုပ်အပ်စွာ ပြုအပ်သောစိတ်သည် ကုကတ မည်၏၊ ထိုစက်ဆုပ်အပ်စွာ ပြုအပ်သောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာသဘောသည် ကုက္ကုစ္စ မည်၏၊

၁။ ပြုပြီး ဒုစရိုက် မပြုလိုက်မိသည့် သုစရိုက်တို့ကို အာရုံပြုကာ နောင်တတစ်ဖန် ပူပန်ခြင်းသဘော ... လက္ခဏ၊ 
၂။ ပြုအပ်ပြီးသော ဒုစရိုက် မပြုလိုက်မိသော သုစရိုက်သို့ အဖန်တလဲလဲ လျှောက်၍ ဝမ်းနည်းခြင်း စိုးရိမ်ခြင်း ... (ကိစ္စ) ရသ
၃။ စိတ်နှလုံးပူပန်လျက် အဖန်ဖန် အောက်မေ့ခြင်းကို ဖြစ်စေတတ်၏... (ဖလ) ပစ္စုပဋ္ဌာန်
တစ်နည်း - စိတ်နှလုံး မသာမယာခြင်းရှိသော သဘောတရား... (ဥပဋ္ဌာနာကာရ ) ပစ္စုပဋ္ဌာန်
၄။ (က) ပြုပြီး ဒုစရိုက် (ခ) မပြုလိုက်မိသော သုစရိုက်၊ တစ်နည်း –
(က) ပြုပြီး အကုသိုလ် (ခ) မပြုလိုက်မိသော ကုသိုလ် ... ပဒဋ္ဌာန်

၁၂။ ထိန

၁။ ထိနံ အနုဿာဟလက္ခဏံ၊
၂။ ဝီရိယဝိနောဒနရသံ၊
၃။ သံသီဒနပစ္စုပဋ္ဌာနံ၊
၄။ အရတိဝိဇမ္ဘိကာဒီသု (အရတိတန္ဒိဝိဇမ္ဘိတာဒီသု) အယောနိသောမနသိကာရပဒဋ္ဌာနံ။[၁၀၄၈]

၁။ အားမထုတ်ခြင်းသဘော = အားတက်သရော မရှိခြင်းသဘော ... လက္ခဏ
၂။ ဝီရိယကို ဖျက်ဆီးခြင်း = ဝီရိယကို ပယ်ရှားခြင်း ... (ကိစ္စ) ရသ
၃။ ထိုထိုကိစ္စ၌ ဆုတ်နစ်တတ်သော သဘောတရား
တစ်နည်း – သမ္ပယုတ်တရားတို့၏ ဆုတ်နစ်ကြောင်း သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်
တစ်နည်း – သမ္ပယုတ်တရားတို့၏ ဆုတ်နစ်ခြင်းကို ဖြစ်စေတတ်၏... (ဖလ) ပစ္စုပဋ္ဌာန်
၄။ ဆိတ်ငြိမ်သော တောကျောင်း တောင်ကျောင်းတို့၌လည်းကောင်း, လွန်ကဲမြင့်မြတ်သော သမထ ဝိပဿနာကုသိုလ် တို့၌လည်းကောင်း မမွေ့လျော်ခြင်း ပျင်းရိခြင်း ကိုယ်တဆန့်ကျင်ကျင် ရှိခြင်းစသည်တို့ကြောင့် အယောနိသော မနသိကာရ ဖြစ်ခြင်း, ပျင်းရိဖွယ် အာရုံတို့၌ အယောနိသောမနသိကာရ ဖြစ်ခြင်း[၁၀၅၀] ... ပဒဋ္ဌာန်

၁၃။ မိဒ္ဓ

၁။ မိဒ္ဓံ အကမ္မညတာလက္ခဏံ၊
၂။ ဩနဟနရသံ။
၃။ (က) လီနတာပစ္စုပဋ္ဌာနံ၊ (ခ) ပစလာယိကာနိဒ္ဒါပစ္စုပဋ္ဌာနံ ဝါ၊
၄။ အရတိတန္ဒိဝိဇမ္ဘိတာဒီသု အယောနိသောမနသိကာရပဒဋ္ဌာနံ။[၁၀၄၉]

၁။ ထိုထိုအမှု၌ စေတသိက်တို့၏ မခံ့ညားသည်၏ အဖြစ်ဟူသော သဘော ... လက္ခဏ
၂။ ဝိညာဏ် ဒွါရတို့ကို ပိတ်ထား+ဖွဲ့ထားခြင်း၊
တစ်နည်း – သမ္ပယုတ်တရားတို့ကို လေးတွဲ့တွဲ့ဖြစ်အောင် ဖွဲ့ထားခြင်း ... (ကိစ္စ) ရသ
၃။ (က) အာရုံကို ယူခြင်း၌ တွန့်ဆုတ်တတ်သော သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်
( ခ ) တစ်နည်း - မျက်တောင်တစ်လှုပ်လှုပ် ရှိအောင် အိပ်ချင်ငိုက်မျဉ်းခြင်း အကျိုးကို ဖြစ်စေတတ်၏... (ဖလ) ပစ္စုပဋ္ဌာန်
၄။ တောကျောင်း တောင်ကျောင်း သမထ ဝိပဿနာ ကုသိုလ်တရားတို့၌ မမွေ့လျော်နိုင်ခြင်း ပျင်းရိခြင်း ကိုယ်လက်တဆန့်ကျင်ကျင်ရှိခြင်း စသည်တို့ကြောင့် အယောနိသောမနသိကာရ ဖြစ်ခြင်း[၁၀၅၀] ... ပဒဋ္ဌာန်

၁၄။ ဝိစိကိစ္ဆာ

ဝိဂတာ စိကိစ္ဆာတိ ဝိစိကိစ္ဆာ။ သဘာဝံ ဝါ ဝိစိနန္တော ဧတာယ ကိစ္ဆတိ ကိလမတီတိ ဝိစိကိစ္ဆာ။
၁။ ဝိစိကိစ္ဆာ သံသယလက္ခဏာ၊
၂။ ကမ္ပနရသာ၊
၃။ (က) အနိစ္ဆယပစ္စုပဋ္ဌာနာ၊ (ခ) အနေကံသဂါဟပစ္စုပဋ္ဌာနာ ဝါ၊
၄။ အယောနိသောမနသိကာရပဒဋ္ဌာနာ။ (ဝိစိကိစ္ဆာယံ အယောနိသောမနသိကာရပဒဋ္ဌာနာ။)
ပဋိပတ္တိအန္တရာယကရာတိ ဒဋ္ဌဗ္ဗာ။[၁၀၅၁]

သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားစစ် ဘုရားမှန် စသော ဝိစိကိစ္ဆာဖြစ်ရာ (၈)ဌာနတို့၌ ဟုတ်လေသလော မဟုတ်လေ သလော စသည်ဖြင့် ယုံမှားမှု ဖြစ်နေလျှင် ဉာဏ်ပညာတည်းဟူသော ဆေးဖြင့် ကုစားခြင်းမှ ကင်းသောကြောင့်, ဉာဏ်ပညာတည်းဟူသော ဆေးဖြင့် ကုသဖို့ရန် အလွန်ခဲယဉ်းသောကြောင့် ဝိစိကိစ္ဆာ မည်၏၊ (ကုသ၍ လုံးလုံး မရနိုင်သည်ကား မဟုတ်၊ ဉာဏ်တည်းဟူသော ဆေးဖြင့် ကုသဖို့ရန် ခဲယဉ်းသောကြောင့်သာ ဤသို့ ဆိုသည်၊၊)

တစ်နည်း – ဘုရားစစ် ဘုရားမှန်စသော သဘောမှန်, ပရမတ္ထဓမ္မသဘာဝတို့၏ အနိစ္စစသော သဘောမှန်ကို စူးစမ်းရှာဖွေလတ်သော် စူးစမ်းရှာဖွေသူ၏ စိတ်ဓာတ် ပင်ပန်းကြောင်းသဘောတရား ဖြစ်ခြင်းကြောင့်လည်း ဝိစိကိစ္ဆာ မည်၏၊

၁။ (၈-ဌာနတို့၌) ယုံမှားခြင်းသဘော ... လက္ခဏ
၂။ (၈-ဌာနတို့တွင်) အထူးထူးသောအာရုံ၌ စိတ်၏ တုန်လှုပ်ခြင်း ... (ကိစ္စ) ရသ
၃။ (က) (၈-ဌာန) အာရုံကို မဆုံးဖြတ်နိုင်ခြင်းဟူသော နှစ်လုံးနှစ်ခွကို ဖြစ်စေတတ်၏... (ဖလ) ပစ္စုပဋ္ဌာန်
( ခ ) (၈-ဌာန) အာရုံ၌ အမျိုးမျိုးအဖုံဖုံ ယူတတ်သော အခြင်းအရာအားဖြင့် ဖြစ်သော သဘောတရား... (ဥပဋ္ဌာနာကာရ ) ပစ္စုပဋ္ဌာန်
၄။ ဝိစိကိစ္ဆာဖြစ်ရာ (၈-ဌာန) အာရုံတို့၌ အယောနိသောမနသိကာရ ဖြစ်ခြင်း ... ပဒဋ္ဌာန်
ဝိစိကိစ္ဆာကို ပဋိပတ်ကျင့်စဉ်၏ အန္တရာယ်ကို ပြုတတ်သောတရားဟု မှတ်ပါ။

သံသယလက္ခဏာဟူသည်

၁။ တရားအလုံးစုံကို အကုန်အစင် သိမြင်တော်မူသော သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ဆိုတာ ဟုတ်မှဟုတ်ပါ့မလား၊

၂။ မဂ္ဂင် (၈)ပါးတည်းဟူသော ထိုတရားအတိုင်းကျင့်လျှင် နတ်ရွာ နိဗ္ဗာန် ရနိုင်သည်ဆိုတာ ဟုတ်မှဟုတ်ပါ့မလား၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ဆိုတာ တကယ်ထင်ရှား ရှိမှရှိပါရဲ့လား၊ ပရိယတ်တရားတော်တွေကော တကယ်မှ မှန်ကန်ပါ့မလား၊ အဘိဓမ္မာဒေသနာတော်ဟာ ဘုရားဟော ဟုတ်မှဟုတ်ပါ့မလား၊

၃။ မဂ္ဂင် (၈)ပါးတည်းဟူသော သံသရာမှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်းကို တကယ်ကျင့်၍ သံသရာမှ ထွက်မြောက်ကြောင်းတရားကို တကယ်သိသည့် အရိယာသံဃာစစ် သံဃာမှန်ဟူသည် တကယ်ထင်ရှား ရှိမှရှိပါ့မလား၊

၄။ သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့၏ အကျိုးတရားသည် တကယ်ထင်ရှား ရှိမှရှိပါ့မလား။ ယင်းသိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ကျင့်ခြင်းကြောင့် မဂ် ဖိုလ် နိဗ္ဗာန်ကို ရရှိနိုင်သည်ဆိုသည်မှာ ဟုတ်မှ ဟုတ်ပါ့မလား၊

၅။ သံသရာ၏ ရှေ့အစွန်းဟု ခေါ်ဆိုအပ်သော အတိတ်ဘဝ အတိတ်ခန္ဓာဟူသည် တကယ်ထင်ရှား ရှိမှရှိပါရဲ့လား၊ ယခုမှ ဖန်ဆင်းရှင် တစ်ဦးဦးက ဖန်ဆင်းလိုက်၍ စတင်ဖြစ်လာရသလား၊

၆။ သံသရာ၏ နောက်အစွန်းဟု ခေါ်ဆိုအပ်သော အနာဂတ်ခန္ဓာငါးပါး ဟူသည် တကယ်ထင်ရှား ရှိမှရှိနိုင်ပါ့မလား၊ နိဗ္ဗာန်ကို မရရှိသေးလျှင် နောက်၌ ရောက်ရှိဖို့ရာ ဘဝရှိသေးတယ်ဆိုတာ ဟုတ်မှဟုတ်ပါ့မလား၊ ယခုဘဝတွင်ပင် သေလျှင် ပြတ်သွားလေမလား၊

၇။ သံသရာ၏ ရှေ့အစွန်းဟု ခေါ်ဆိုအပ်သော အတိတ်ဘဝ အတိတ်အဖို့ ခန္ဓာငါးပါး, သံသရာ၏ နောက်အစွန်းဟု ခေါ်ဆိုအပ်သော အနာဂတ်ဘဝ အနာဂတ်အဖို့ ခန္ဓာငါးပါး နှစ်မျိုးလုံးသည်လည်း တကယ်ထင်ရှား ရှိမှရှိပါ့မလား၊

၈။ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်၏ - ဤသို့ စသည်ဖြင့် လာရှိသော, ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်တို့၏ လည်ပတ်ပုံအစဉ်ကို ဖော်ပြသော ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရား ဟူသည် တကယ် မှန်မှမှန်ပါ့မလား။ ပြုသမျှ ကောင်းမှု မကောင်းမှုသည် ကုသိုလ်ကံ အကုသိုလ်ကံ အဖြစ်ဖြင့် ခန္ဓာအစဉ်၌ စွမ်းအင်သတ္တိ ကျန်ရစ်သည်ဆိုတာ ဟုတ်မှဟုတ်နိုင်ပါ့မလား၊ ထိုကံ၏ အကျိုးများကို ရလိမ့်မည်ဆိုတာ ဟုတ်မှဟုတ်နိုင်ပါ့မလား။

အဘိဓမ္မာနည်းအရ ဤ (၈)ဌာနတို့၌ ဤသို့ ဖြစ်လေသလော, ဤသို့ မဖြစ်လေသလော, ဟုတ်လေသလော, မဟုတ်လေသလော – ဤသို့ စသည်ဖြင့် ထက်ဝန်းကျင် ရွေ့လျားသည်၏ အစွမ်းဖြင့် ဝေ့လည်လည် ဖြစ်တတ်သော သဘောတရားကို သံသယ = ယုံမှားမှုဟု ခေါ်သည်။

ဤရုပ်တရားသည် (ဤနာမ်တရားသည်) နိစ္စလေလော အနိစ္စလေလော ဤသို့စသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းကြောင့် နိစ္စ၏ အဖြစ်ဟူသော တစ်ခုတည်းသော အခြင်းအရာ, အနိစ္စ၏အဖြစ်ဟူသော တစ်ခုတည်းသော အခြင်းအရာ – ဤသို့စသော တစ်ခုတည်းသော အခြင်းအရာ၌ ကောင်းစွာ တည်ခြင်းငှာ မစွမ်းနိုင်သည့်အတွက် ထက်ဝန်းကျင်၌ ဝေ့လည်လည်ဖြစ်တတ်သောကြောင့်လည်း သံသယ မည်၏၊[၁၀၅၂] ဝိစိကိစ္ဆာကား ယင်းကဲ့သို့ ယုံမှား သံသယဖြစ်ခြင်း သဘောလက္ခဏာ ရှိပေသည်။

ဉာဏ်ဖြင့် ဆင်ခြင်ပါ

''ရဟန်းတို့ ... ထိုသို့ ပုထုဇန် သတ္တဝါမှန်သမျှတို့သည် ဒိဋ္ဌိတည်းဟူသော တောက်ကို လည်ပင်း၌ ဆွဲကာ ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော သက္ကာယချည်တိုင်၌ တဏှာတည်းဟူသော ကြိုးဖြင့် ချည်နှောင်ထားအပ်သည် ဖြစ်သောကြောင့် – ဤသာသနာတော်မြတ်အတွင်း၌ သင်ချစ်သားတို့သည် သင်ချစ်သမီးတို့သည် –– ''ဤ ငါတို့၏ စိတ်သည် နေ့ညဉ့် သံသရာ ရှည်မြင့်စွာသော အချိန်ကာလတို့ပတ်လုံး ရာဂကြောင့် ဒေါသကြောင့် မောဟကြောင့် ညစ်နွမ်းနေရပေ၏'' – ဟူ၍ မိမိတို့၏ စိတ်ကို အမြဲမပြတ် မကြာခဏ ဉာဏ်ဖြင့် ဆင်ခြင်ပေးပါ။ ရဟန်းတို့ ... စိတ်ဓာတ် ညစ်နွမ်းခြင်းကြောင့် သတ္တဝါတို့သည် ညစ်နွမ်းကြရကုန်၏ (ပင်ပန်းကြရကုန်၏ ဆင်းရဲကြရကုန်၏)။ စိတ်ဓာတ် ဖြူစင်သန့်ရှင်းခြင်းကြောင့် သတ္တဝါတို့သည် စင်ကြယ်ကြရကုန်၏၊''[၁၀၅၃]



သောဘဏစေတသိက် အပိုင်း

၁။ သဒ္ဓါ

၁။ (က) သဒ္ဒဟနလက္ခဏာ သဒ္ဓါ၊ (ခ) ဩကပ္ပနလက္ခဏာ ဝါ၊
၂။ (က) ပသာဒနရသာ ဥဒကပ္ပသာဒကမဏိ ဝိယ၊ (ခ) ပက္ခန္ဒနရသာ ဝါ ဩဃုတ္တရဏော ဝိယ၊
၃။ (က) အကာလုဿိယပစ္စုပဋ္ဌာနာ၊ (ခ) အဓိမုတ္တိပစ္စုပဋ္ဌာနာ ဝါ၊
၄။ (က) သဒ္ဓေယျဝတ္ထုပဒဋ္ဌာနာ၊ (ခ) သဒ္ဓမ္မဿဝနာဒိသောတာပတ္တိယင်္ဂပဒဋ္ဌာနာ ဝါ။
ဟတ္ထဝိတ္တဗီဇာနိ ဝိယ ဒဋ္ဌဗ္ဗာ။[၁၀၅၄]

၁။ (က) ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုကို ယုံကြည်ခြင်းသဘော ... လက္ခဏ
( ခ ) တစ်နည်း - ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုတို့၌ အစဉ်အတိုင်း သက်ဝင်၍ ဤဝတ္ထုသည် ဤသို့သဘောရှိ၏ဟု ဆုံးဖြတ်ခြင်းသဘော = သက်ဝင်ယုံကြည်ခြင်းသဘော ... လက္ခဏ
၂။ (က) ရေနောက် မြူနည်ကို ကြည်စေတတ်သော စက္ကဝတ်မင်းဖျား၏ ပတ္တမြားရတနာကဲ့သို့ ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု၌ သမ္ပယုတ်တရားတို့ကို ကြည်လင်စေခြင်း ... (ကိစ္စ) ရသ
( ခ ) မိကျောင်း မကန်း စသည်ပြွမ်းသော ရေအယဉ်ကို မကြောက်မရွံ့ နောက်မတွန့်ဘဲ ကူးခပ်ဝံ့သော ယောက်ျားကဲ့သို့ ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုတို့၌ မိမိလည်း ပြေးဝင်ခြင်း သက်ဝင်ခြင်း,
မိမိသဒ္ဓါတရားနှင့် စိတ္တက္ခဏတစ်ခုအတွင်းဝယ် အတူယှဉ်တွဲ ဖြစ်ကြသည့် သဟဇာတ်တရားတို့ကိုလည်း သဒ္ဓေယျဝတ္ထုသို့ မနစ်မဆုတ် စုပ်စုပ်သက်ဝင်စေခြင်း ... (ကိစ္စ) ရသ
၃။ (က) သဒ္ဓေယျဝတ္ထု၌ သမ္ပယုတ်တရားတို့၏ မနောက်ကျုသည်၏
အဖြစ်ဟူသော သဘောတရား... (ဥပဋ္ဌာနာကာရ ) ပစ္စုပဋ္ဌာန်
( ခ ) တစ်နည်း– မယုံကြည်ခြင်း အဿဒ္ဓိယ, မှားမှားယွင်းယွင်းနှလုံးသွင်းခြင်း မိစ္ဆာဓိမုတ္တိ၏ ဆန့်ကျင်ဘက် ဖြစ်၍ သဒ္ဓေယျဝတ္ထု၌ တည်လျက် ဆုံးဖြတ်တတ်သော သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်
တစ်နည်း - သဒ္ဓေယျဝတ္ထုတို့၌ ဆုံးဖြတ်ခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏... (ဖလ) ပစ္စုပဋ္ဌာန်
၄။ (က) ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု ... ပဒဋ္ဌာန်၊
( ခ ) တစ်နည်း - သဒ္ဓမ္မဿဝန = သူတော်ကောင်းတရား နာကြားခြင်း စသော သောတာပတ္တိမဂ်၏အကြောင်းအင်္ဂါရပ်များ ... ပဒဋ္ဌာန်
ရတနာသုံးတန် ကံ-ကံ၏အကျိုးတရားစသည့် ဝိစိကိစ္ဆာ၏ ဆန့်ကျင်ဘက် (၈)ဌာနတို့ကား သဒ္ဓေယျဝတ္ထု ပင်တည်း။

သောတာပတ္တိမဂ်၏ အကြောင်းအင်္ဂါရပ် (၄) မျိုး

၁။ သပ္ပုရိသသံသေဝန = သစ္စာလေးပါးတရားတော်ကို မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်ကို မြင်သိသည့်တိုင်အောင် ဟောကြားပြသ ဆိုဆုံးမပေးနိုင်သော သူတော်သူမြတ်တို့ကို မှီဝဲဆည်းကပ်ခြင်း,
၂။ သဒ္ဓမ္မဿဝန = သစ္စာလေးပါးနှင့် စပ်သော သူတော်ကောင်းတရားကို နာကြားခြင်း = ကြားနာခြင်း,
၃။ ယောနိသောမနသိကာရ = ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို ရုပ်တရား နာမ်တရားဟု, အကြောင်းတရား အကျိုးတရားဟု, အနိစ္စတရား ဒုက္ခတရား အနတ္တတရား အသုဘတရားဟု နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်း,
၄။ ဓမ္မာနုဓမ္မပဋိပတ္တိ = လောကုတ္တရာတရား (၉)ပါးအားလျော်သော သရဏဂုံ သီလမှ စ၍ အနုလောမဉာဏ်သို့ တိုင်အောင်သော အရိယမဂ်၏ရှေ့အဖို့၌ ဖြည့်ကျင့်ဆည်းပူးအပ်သော သီလ သမာဓိ ပညာကျင့်စဉ်တို့ကို ကျင့်ခြင်း ဤ (၄)ပါးတို့ကား သောတာပတ္တိမဂ်၏ အကြောင်းအင်္ဂါရပ် (၄)မျိုးတို့တည်း။

ကုသိုလ်တရားတို့ကို = ကုသိုလ်တရားတည်းဟူသော ရတနာတို့ကို ကောက်ယူရာ၌ သဒ္ဓါတရားသည် လက်နှင့် တူ၏၊ လောကီ လောကုတ္တရာ စည်းစိမ်သမ္ပတ္တိအားလုံးကို ပြီးစီးပြည့်စုံစေရာ၌ သဒ္ဓါတရားသည် မိမိ လက်ဝယ်ရှိသော ဥစ္စာနှစ်နှင့် တူ၏၊ မဂ်သီး ဖိုလ်သီး နိဗ္ဗာန်သီးတည်းဟူသော မသေရာ အမြိုက်သီးတို့ကို သီးပွင့်စေရာ၌ သဒ္ဓါသည် မျိုးစေ့နှင့် တူ၏၊[၁၀၅၅]

၂။ သတိ

၁။ (က) အပိလာပနလက္ခဏာ သတိ၊ (ခ) ဥပဂ္ဂဏှနလက္ခဏာ စ၊
၂။ အသမ္မောသနရသာ (အသမ္မောသရသာ)၊
၃။ (က) အာရက္ခပစ္စုပဋ္ဌာနာ၊ (ခ) ဝိသယာဘိမုခီဘာဝပစ္စုပဋ္ဌာနာ ဝါ၊ (ဝိသယာဘိမုခဘာဝပစ္စုပဋ္ဌာနာ ဝါ၊)
၄။ (က) ထိရသညာပဒဋ္ဌာနာ၊ (ခ) ကာယာဒိသတိပဋ္ဌာနပဒဋ္ဌာနာ ဝါ။
အာရမ္မဏေ ဒဠှံ ပတိဋ္ဌိတတ္တာ ပန ဧသိကာ ဝိယ, စက္ခုဒွါရာဒိရက္ခဏတော ဒေါဝါရိကော ဝိယ စ ဒဋ္ဌဗ္ဗာ။[၁၀၅၆]

၁။ (က) သတိပဋ္ဌာန် စသော အာရုံ၌ = သတိ၏တည်ရာ ကာယ ဝေဒနာ စိတ္တ ဓမ္မစသော အာရုံ၌ သမ္ပယုတ်တရားတို့ကို ဘူးတောင်းကဲ့သို့ မပေါ်စေဘဲ ကျောက်ဖျာကဲ့သို့ မလှုပ်မရှား မြဲစွာ အောက်မေ့စေခြင်းသဘော ... လက္ခဏ
တစ်နည်း – မိမိ သတိကိုယ်တိုင်က သတိ၏တည်ရာ ရုပ်နာမ်စသောအာရုံ၌ ဘူးတောင်းကဲ့သို့ မပေါ်လွင်ဘဲ ကျောက်ဖျာကဲ့သို့ မလှုပ်မရှား မြဲစွာ အောက်မေ့ခြင်းသဘော ... လက္ခဏ
တစ်နည်း – သတိ၏တည်ရာ အရှုခံအာရုံဖြစ်သော ရုပ်နာမ်စသောအာရုံတို့ကို ဘူးတောင်းကဲ့သို့ မပေါ်စေခြင်း ခိုင်မြဲစေခြင်းသဘော ... လက္ခဏ
တစ်နည်း – သတိပဋ္ဌာန် စသော ကုသိုလ်တရားကို အမှတ်ရစေခြင်း အောက်မေ့စေခြင်းသဘော ... လက္ခဏ
( ခ ) တစ်နည်း - အကျိုးရှိသော ကောင်းသော အကျင့်တို့ကို သိမ်းပိုက်ခြင်းသဘော ... လက္ခဏ
 ၂။ အာရုံကို ပျောက်ပျက်စေတတ်သော မေ့လျော့ခြင်း ပမာဒကို ဖျက်ဆီးခြင်း = အာရုံကို မပျောက်ပျက်စေခြင်း ... (ကိစ္စ) ရသ
၃။ (က) စိတ်ကို စောင့်ရှောက်တတ်သော သဘောတရား၊
တစ်နည်း - အရှုခံအာရုံကို စောင့်ရှောက်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
( ခ ) တစ်နည်း - အာရုံဘက်သို့ စိတ်၏ ရှေးရှူ မျက်နှာမူကြောင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ (က) မြဲမြံသော အမှတ်သညာ ... ပဒဋ္ဌာန်
( ခ ) တစ်နည်း ကာယ အစရှိသော သတိပဋ္ဌာန် သို့မဟုတ် ကာယအစရှိသည်ကို အာရုံပြု၍ဖြစ်သော သတိပဋ္ဌာန် ...

သတိ နှင့် မနသိကာရ

သတိနှင့် မနသိကာရ နှစ်မျိုးလုံးသည် ဝိသယာဘိမုခဘာဝပစ္စုပဋ္ဌာန = အာရုံဘက်သို့ ရှေးရှူ မျက်နှာမူခြင်း သဘောတရားဟူသော ပစ္စုပဋ္ဌာန် ရှိကြသည်ချည်း ဖြစ်ကြ၏၊ အထူးမှာ ဤသို့တည်း – ယှဉ်ဖက် သမ္ပယုတ်တရားတို့ကို အာရုံသို့ ရှေးရှူ ပြေးသွားစေဘိသကဲ့သို့ဖြစ်သောကြောင့် မနသိကာရကို သာရဏလက္ခဏ = အာရုံဘက်သို့ သမ္ပယုတ် တရားတို့ကို မောင်းနှင်ခြင်း သဘောလက္ခဏာ ရှိ၏ဟု ဆို၏၊ သတိကား အာရုံကို မပျောက်ပျက်စေခြင်း = မေ့လျော့ ခြင်းကို ဖျက်ဆီးခြင်း၏ အစွမ်းဖြင့် အာရုံဘက်သို့ ရှေးရှူမျက်နှာမူတတ်သော သဘောတရားအဖြစ်ဖြင့် ယောဂီတို့၏ ဉာဏ်တွင် ရှေးရှူထင်လာ၏၊ မနသိကာရကား သမ္ပယုတ်တရားတို့ကို အာရုံနှင့် ယှဉ်စပ်ပေးခြင်း၏ အစွမ်းဖြင့် အာရုံဘက်သို့ ရှေးရှူမျက်နှာမူတတ်သော သဘောတရားအဖြစ်ဖြင့် ယောဂီတို့၏ ဉာဏ်တွင် ရှေးရှူထင်လာ၏၊ ဤသို့ ထူးသည်ဟု မှတ်ပါ။[၁၀၅၇]

၃။ ဟိရီ 

၁။ ပါပတော ဇိဂုစ္ဆနလက္ခဏာ ဟိရီ
၂။ လဇ္ဇာကာရေန ပါပါနံ အကရဏရသာ၊
၃။ လဇ္ဇာကာရေန ပါပတော သင်္ကောစနပစ္စုပဋ္ဌာနာ၊
၄။ အတ္တဂါရဝပဒဋ္ဌာနာ။[၁၀၅၈]

၁။ မကောင်းမှုမှ စက်ဆုပ်ခြင်းသဘော ... လက္ခဏ
၂။ ရှက်သော အခြင်းအရာအားဖြင့် မကောင်းမှုတို့ကို မပြုခြင်း ... (ကိစ္စ) ရသ
၃။ ရှက်သော အခြင်းအရာအားဖြင့် မကောင်းမှုမှ တွန့်ဆုတ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မိမိကိုယ်ကို ရိုသေလေးစားခြင်း ရှိမှုသဘော ... ပဒဋ္ဌာန်

၄။ ဩတ္တပ္ပ

၁။ ဥတ္တာသနလက္ခဏံ ဩတ္တပ္ပံ၊
၂။ ဥတ္တာသာကာရေန ပါပါနံ အကရဏရသံ၊
၃။ ဥတ္တာသာကာရေန ပါပတော သင်္ကောစနပစ္စုပဋ္ဌာနံ၊
၄။ ပရဂါရဝပဒဋ္ဌာနံ။[၁၀၅၉]

၁။ မကောင်းမှုမှ ထိတ်လန့်ခြင်းသဘော ... လက္ခဏ
၂။ ထိတ်လန့်သော အခြင်းအရာအားဖြင့် မကောင်းမှုတို့ကို မပြုခြင်း ... (ကိစ္စ) ရသ
၃။ ထိတ်လန့်သော အခြင်းအရာအားဖြင့် မကောင်းမှုမှ တွန့်ဆုတ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သူတစ်ပါးကို ရိုသေလေးစားခြင်း ရှိမှုသဘော ... ပဒဋ္ဌာန်

ကာယဒုစရိုက်စသည်တို့ကြောင့် ရှက်တတ်သောသဘော, ကာယဒုစရိုက်စသည်တို့မှ ရှက်တတ်သောသဘော, ကာယဒုစရိုက်စသည်တို့ကို ရှက်တတ်သောသဘောတရားသည် ဟိရီ မည်၏၊ ဟိရီဟူသည် ရှက်ခြင်း၏အမည် ဖြစ်သည်။ ကာယဒုစရိုက်စသည်တို့ကြောင့် ရရှိမည့် ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော ဆင်းရဲဒုက္ခကို ကြောက်လန့်တတ်သောသဘော, ကာယဒုစရိုက်စသည်တို့မှ ကြောက်လန့်တတ်သော သဘော, ကာယဒုစရိုက် စသည်တို့ကို ကြောက်လန့်သောသဘော တရားသည် ဩတ္တပ္ပ မည်၏၊ ဤဩတ္တပ္ပဟူသည် ထိတ်လန့်ခြင်း = ဥဗ္ဗေဂ၏အမည် ဖြစ်သည်။

မိမိကိုယ်ကို အလေးဂရုပြု၍ ရှက်သဖြင့် အမျိုးကောင်းသား တစ်ဦးသည် သို့မဟုတ် အမျိုးကောင်းသမီး တစ်ဦးသည် မကောင်းမှုကို ပယ်စွန့်၏၊ သို့အတွက် ဟိရီသည် အမျိုးကောင်းသမီး ချွေးမနှင့် တူ၏၊ သူတစ်ပါးကို အလေးဂရုပြု၍ ထိတ်လန့်သဖြင့် အမျိုးကောင်းသား တစ်ဦးသည် သို့မဟုတ် အမျိုးကောင်းသမီး တစ်ဦးသည် မကောင်းမှုကို ပယ်စွန့်၏၊ ထိုကြောင့် ဩတ္တပ္ပသည် ပြည့်တန်ဆာမနှင့် တူ၏၊[၁၀၆၀]

အမျိုးကောင်းသမီး ဖြစ်သော ချွေးမသည် မိမိ၏ မြင့်မြတ်သော မျိုးရိုးဇာတိ ရှိပုံကို ဆင်ခြင်၍ မိမိကိုယ်ကိုမိမိ ရိုသေလေးစားသောအားဖြင့် မိမိအိမ်ရှင်မှ တစ်ပါးသောယောကျ်ားနှင့် ဖောက်ပြားရမည့်အရေးမှ စက်ဆုပ်ရွံရှာ၏၊ ထိုဟိရီရှိသူသည်လည်း မိမိ၏ မြင့်မြတ်သော ဇာတ်အမျိုးအနွယ်, ကြီးရင့်လာသောအရွယ်, ရဲစွမ်းသတ္တိ, အကြားအမြင် ဗဟုသုတရှိမှုဂုဏ်ကို ဆင်ခြင်၍ – ''ငါကဲ့သို့သောသူသည် ဤကဲ့သို့သော ဒုစရိုက်မှုမျိုးကို မပြုထိုက်၊ ဤဒုစရိုက်မှုမျိုး မည်သည်ကား အမျိုးဇာတ်ယုတ်ညံ့သူ, အသက်အရွယ်ငယ်သူ, ရဲစွမ်းသတ္တိမရှိသူ, ဗဟုသုတနည်းပါးသူ, ပညာမဲ့ လူမိုက် ငတုံးတို့၏ လုပ်ရပ်မျိုးသာ ဖြစ်သည်'' – ဟု မိမိကိုယ်ကို အလေးဂရုပြုလျက် ဒုစရိုက်မှ စက်ဆုပ်ရွံရှာ ရှောင်ခွာလေ၏၊

ပြည့်တန်ဆာမသည် ကိုယ်ဝန်တည်လာလျှင် ယောကျ်ားတို့က စက်ဆုပ်တတ်ရကား ယောကျ်ားတို့ကို လေးစား သောအားဖြင့် ကိုယ်ဝန်တည်မည့်ဘေးမှ ကြောက်ရွံ့တတ်၏၊ ထို့အတူ ဩတ္တပ္ပရှိသူသည်လည်း – ''သူတော်ကောင်း... သင်သည် အကယ်၍ မကောင်းမှုကို ပြုအံ့၊ ဤသို့ ပြုခဲ့သော် ရဟန်းယောကျ်ားပရိသတ် ရဟန်းမိန်းမပရိသတ် လူဒါယကာ ပရိသတ် လူဒါယိကာမပရိသတ်ဟူသော ပရိသတ် (၄)ပါးတို့ အလယ်ဝယ် အကဲ့ရဲ့ခံရပေလတ္တံ့၊ မြို့ကြီးသားသည် မစင်ကို စက်ဆုပ်သကဲ့သို့ ထို့အတူ ပညာရှိသူတော်ကောင်းတို့သည် မကောင်းမှုပြုသော သင့်ကို ကဲ့ရဲ့စက်ဆုပ်ကုန်လတ္တံ့၊ အိုသူတော်ကောင်း ...သီလကို ချစ်မြတ်နိုးတော်မူကြသည့် ပညာရှိသူတော်ကောင်းတို့က သင့်ကို ရှောင်ကြဉ်အပ်သော် ဝိုင်းပယ်လိုက်သော် သင်သည် အသို့ပြုလတ္တံ့နည်း'' – ဤသို့ ဆင်ခြင်လျက် သူတစ်ပါးတို့ကို ရိုသေလေးစားခြင်းဟူသော ဗဟိဒ္ဓလျှင် ဖြစ်ကြောင်းရှိသော ထိတ်လန့်မှုကြောင့် မကောင်းမှုကို မပြုပေ။

၅။ အလောဘ

၁။ (က) အလောဘော အာရမ္မဏေ စိတ္တဿ အဂေဓလက္ခဏော၊
( ခ ) အလဂ္ဂဘာဝလက္ခဏော ဝါ ကမလဒလေ ဇလဗိန္ဒု ဝိယ၊
၂။ အပရိဂ္ဂဟရသော (အပရိဂ္ဂဟဏရသော) မုတ္တဘိက္ခု ဝိယ၊
၃။ အနလ္လီနဘာဝပစ္စုပဋ္ဌာနော အသုစိမှိ ပတိတပုရိသော ဝိယ။[၁၀၆၁]

၁။ (က) အာရုံ၌ စိတ်၏ မတပ်မက်ခြင်း မမက်မောခြင်းသဘော ... လက္ခဏ
( ခ ) တစ်နည်း - ကြာဖက်အပြင်၌ ရေပေါက်သည် မငြိကပ်သကဲ့သို့ ထို့အတူ အာရုံ၌ စိတ်၏ မငြိကပ်သည်၏ အဖြစ်ဟူသောသဘော ... လက္ခဏ
၂။ ကိလေသာတို့မှ လွတ်မြောက်ပြီးသော ရဟန္တာပုဂ္ဂိုလ်သည် မည်သည့် ဝတ္ထုကိုမျှ ငါ့ဟာဟု မသိမ်းပိုက်သကဲ့သို့ ထို့အတူ အာရုံကို ငါ့ဟာ ငါ့ဥစ္စာဟု စွဲလမ်းခြင်း၏ အစွမ်းဖြင့် မသိမ်းပိုက်ခြင်း ... (ကိစ္စ) ရသ
၃။ မစင်တွင်း၌ ကျရောက်နေသော ယောကျ်ားကဲ့သို့ အာရုံ၌ မငြိကပ်လိုသော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ အာရုံ (တစ်နည်း – ဝတ္ထု+အာရုံ+ဖဿစသည့် သမ္ပယုတ်တရားများ)
တစ်နည်း– ယောနိသောမနသိကာရ ... ပဒဋ္ဌာန်

၁။ ယှဉ်ဖက်သမ္ပယုတ်တရားတို့၏ အာရုံ၌ မတပ်မက်တတ်ကြောင်းဖြစ်သော သဘောတရားသည် အလောဘ မည်၏၊
၂။ မိမိ အလောဘကိုယ်တိုင်ကလည်း အာရုံကို မတပ်မက်သော သဘောတရား ဖြစ်သောကြောင့် အလောဘ မည်၏၊
၃။ အာရုံကို မတပ်မက်ခြင်းမျှသာဖြစ်သော သဘောတရားသည် အလောဘ မည်၏၊[၁၀၆၂]

၆။ အဒေါသ

၁။ (က) အဒေါသော အစဏ္ဍိက္ကလက္ခဏော၊ (ခ) အဝိရောဓလက္ခဏော ဝါ အနုကူလမိတ္တော ဝိယ။
၂။ (က) အာဃာတဝိနယရသော၊ (ခ) ပရိဠာဟဝိနယရသော ဝါ စန္ဒနံ ဝိယ၊
၃။ သောမ္မဘာဝပစ္စုပဋ္ဌာနော ပုဏ္ဏစန္ဒော ဝိယ။[၁၀၆၃]

၁။ (က) စိတ်မခက်ထန် မကြမ်းတမ်းသည်၏ အဖြစ်ဟူသောသဘော၊ တစ်နည်း
စိတ်ခက်ထန် ကြမ်းတမ်းသည်၏ အဖြစ်ဟူသော ကောပ၏ ဆန့်ကျင်ဘက်သဘော ... လက္ခဏ
( ခ ) တစ်နည်း - အရာရာ၌ လိုက်လျောတတ်သော မိတ်ဆွေကောင်းကဲ့သို့
မဆန့်ကျင်ခြင်းသဘော ... လက္ခဏ
၂။ (က) ရန်ငြိုးဖွဲ့မှု ဒေါသစုကို ပယ်ဖျောက်ခြင်း ... (ကိစ္စ) ရသ
( ခ ) တစ်နည်း - စန္ဒကူးကဲ့သို့ ဒေါသအပူကို ပယ်ဖျောက်ခြင်း ... (ကိစ္စ) ရသ
၃။ စန်းလအသွင် ကြည်လင်အေးမြသောသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ အာရုံ (တစ်နည်း - ဝတ္ထု+အာရုံ+ဖဿစသည့် သမ္ပယုတ်တရားများ)
တစ်နည်း - ယောနိသောမနသိကာရ ... ပဒဋ္ဌာန်

၇။ တတြမဇ္ဈတ္တတာ

၁။ တတြမဇ္ဈတ္တတာ စိတ္တစေတသိကာနံ သမဝါဟိတလက္ခဏာ၊
၂။ (က) ဦနာဓိကတာနိဝါရဏရသာ၊ (ခ) ပက္ခပါတုပစ္ဆေဒနရသာ ဝါ၊
၃။ မဇ္ဈတ္တဘာဝပစ္စုပဋ္ဌာနာ၊
စိတ္တစေတသိကာနံ အဇ္ဈုပေက္ခနဝသေန သမပ္ပဝတ္တာနံ အာဇာနေယျာနံ အဇ္ဈုပေက္ခနသာရထိ ဝိယ ဒဋ္ဌဗ္ဗာ။[၁၀၆၄]

၁။ ယှဉ်ဖက် စိတ်+စေတသိက် = သမ္ပယုတ်တရားတို့ကို မိမိ မိမိ၏ ကိစ္စ၌ အညီအမျှ ထမ်းဆောင်စေခြင်း ဖြစ်စေခြင်းသဘော ... လက္ခဏ
၂။ (က) သမ္ပယုတ်တရားတို့၏ မိမိ မိမိ၏ ကိစ္စတို့၌ ယုတ်လျော့သည်၏အဖြစ် ပိုလွန်သည်၏အဖြစ်ကို တားမြစ်ခြင်း ... (ကိစ္စ) ရသ
( ခ ) တစ်နည်း - ယုတ်လျော့သည့်ဘက် ပိုလွန်သည့်ဘက်၌ ကျရောက်ခြင်းကို = ဘက်လိုက်ခြင်းကို ဖြတ်တောက်ခြင်း ... (ကိစ္စ) ရသ
တစ်နည်း - ထိနမိဒ္ဓလွန်ကဲသော တွန့်ဆုတ်သောစိတ်ဓာတ် မာနဦးဆောင်သော မော်ကြွားသောစိတ်ဓာတ်ဟူသော အယုတ်အလွန် နှစ်ပါးကို တားမြစ်ခြင်း ... (ကိစ္စ) ရသ
၃။ အလယ်အကြား၌တည်သော သဘောရှိသူ၏ အဖြစ်ဟူ၍
တစ်နည်း – အလယ်အလတ် လျစ်လျူ ရှုတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သမ္ပယုတ်တရားများ (တစ်နည်း - ဝတ္ထု+အာရုံ+ဖဿ စသည့် သမ္ပယုတ်တရားများ) တစ်နည်း - ယောနိသောမနသိကာရ ... ပဒဋ္ဌာန်

၈ - ၉။ ကာယပဿဒ္ဓိ - စိတ္တပဿဒ္ဓိ 

၁။ ကာယစိတ္တဒရထဝူပသမလက္ခဏာ ကာယစိတ္တပဿဒ္ဓိယော၊
၂။ ကာယစိတ္တဒရထနိမ္မဒ္ဒနရသာ (ကာယစိတ္တဒရထနိမဒ္ဒနရသာ၊)
၃။ ကာယစိတ္တာနံ အပရိပ္ဖန္ဒနသီတိဘာဝပစ္စုပဋ္ဌာနာ (အပရိပ္ဖန္ဒသီတိဘာဝ ပစ္စုပဋ္ဌာနာ၊)
၄။ ကာယစိတ္တပဒဋ္ဌာနာ။
ကာယစိတ္တာနံ အဝူပသမကရဥဒ္ဓစ္စာဒိကိလေသပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။[၁၀၆၅]

၁။ စေတသိက်ပူ စိတ်ပူတို့ကို ငြိမ်းအေးစေခြင်းသဘော ... လက္ခဏ
တစ်နည်း – စေတသိက်ပူ စိတ်ပူတို့၏ ငြိမ်းအေးခြင်းသဘော ... လက္ခဏ
၂။ စေတသိက်ပူ စိတ်ပူတို့ကို နှိမ်နင်း ဖျက်ဆီးခြင်း ... (ကိစ္စ) ရသ
၃။ စေတသိက်+စိတ်တို့၏ ငြိမ်သက် အေးမြသော သဘောတရား ... ပစ္စုပဋ္ဌာန်
တစ်နည်း – စေတသိက် စိတ်တို့၏ မတုန်လှုပ်ကုန်သည်၏အဖြစ် ငြိမ်းအေးကုန်သည်၏အဖြစ်ဟူသော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ စေတသိက်+စိတ် ... ပဒဋ္ဌာန်

စေတသိက်+စိတ်တို့၏ မငြိမ်သက်မှုကို ပြုတတ်ကုန်သော ဥဒ္ဓစ္စစသော ကိလေသာတို့၏ = ကိလေသာအပူမီးတို့၏ ဆန့်ကျင်ဘက်ဖြစ်မှုသဘောတရားဟု မှတ်ပါ။ ကာယပဿဒ္ဓိ၌ ကာယအရ မိမိကာယပဿဒ္ဓိနှင့် စိတ္တက္ခဏတစ်ခု အတွင်းဝယ် အတူယှဉ်တွဲ ဖြစ်ကြသည့် ဝေဒနာ သညာ သင်္ခါရ ဟူသော စေတသိက် နာမ်ခန္ဓာသုံးပါးကို အရ ကောက်ယူပါ။ စိတ္တပဿဒ္ဓိ၌ စိတ်အရ ယင်း စိတ္တပဿဒ္ဓိနှင့် အတူယှဉ်တွဲနေသည့် ဝိညာဏက္ခန္ဓာကို အရကောက်ယူပါ။

၁၀ - ၁၁။ ကာယလဟုတာ - စိတ္တလဟုတာ

၁။ ကာယစိတ္တလဟုတာ ကာယစိတ္တဂရုဘာဝဝူပသမလက္ခဏာ၊
၂။ ကာယစိတ္တဂရုဘာဝနိမ္မဒ္ဒနရသာ၊
၃။ ကာယစိတ္တာနံ အဒန္ဓတာပစ္စုပဋ္ဌာနာ၊
၄။ ကာယစိတ္တပဒဋ္ဌာနာ။
ကာယစိတ္တာနံ ဂရုဘာဝကရထိနမိဒ္ဓါဒိကိလေသပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။[၁၀၆၆]

၁။ စေတသိက်+စိတ်တို့၏ လေးလံမှုကို ငြိမ်းအေးစေခြင်းသဘော ... လက္ခဏ
တစ်နည်း – စေတသိက်+စိတ်တို့၏ လေးလံမှုတို့၏ ငြိမ်းအေးခြင်းသဘော ... လက္ခဏ
၂။ စေတသိက်+စိတ်တို့၏ လေးလံမှုကို နှိမ်နင်း ဖျက်ဆီးခြင်း ... (ကိစ္စ) ရသ
၃။ စေတသိက်+စိတ်တို့၏ မလေးမလံ မနှေးကန်သည့် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ စေတသိက်+စိတ် ... ပဒဋ္ဌာန်
စေတသိက်+စိတ်တို့၏ လေးလံကုန်သည်၏အဖြစ်ကို ပြုတတ်ကုန်သော ထိနမိဒ္ဓပြဓာန်းသော ကိလေသာတို့၏ ဆန့်ကျင်ဘက် ဖြစ်ကုန်၏ဟု မှတ်ပါ။

အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါးအတွင်း၌ တည်ရှိကြကုန်သော အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိကြကုန်သော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို သိမ်းဆည်းရာ၌လည်းကောင်း, ယင်းခန္ဓာငါးပါး၏ အကြောင်း တရားတို့ကို သိမ်းဆည်းရာ၌လည်းကောင်း, အကြောင်းတရားနှင့် တကွသော ယင်းခန္ဓာငါးပါး = သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန် တင်ကာ ဝိပဿနာရှုရာ၌လည်းကောင်း လျင်လျင်မြန်မြန် ပြောင်းရွှေ့ပြန်လှန်၍ သိမ်းဆည်း နိုင်ခြင်း ဝိပဿနာရှုနိုင်ခြင်းသည် ယင်းလဟုတာစေတသိက်တို့၏ စွမ်းအားပင် ဖြစ်ပေသည်။

၁၂ - ၁၃။ ကာယမုဒုတာ - စိတ္တမုဒုတာ

၁။ ကာယစိတ္တမုဒုတာ ကာယစိတ္တထဒ္ဓဘာဝဝူပသမလက္ခဏာ (ကာယစိတ္တတ္ထမ္ဘဝူပသမလက္ခဏာ)၊
၂။ ကာယစိတ္တထဒ္ဓဘာဝနိမ္မဒ္ဒနရသာ၊
၃။ အပ္ပဋိဃာတပစ္စုပဋ္ဌာနာ၊
၄။ ကာယစိတ္တပဒဋ္ဌာနာ။
ကာယစိတ္တာနံ ထဒ္ဓဘာဝကရဒိဋ္ဌိမာနာဒိကိလေသပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။[၁၀၆၇]

၁။ စေတသိက်+စိတ်တို့၏ ခက်ထန်ခိုင်မာမှုကို ငြိမ်းအေးစေခြင်းသဘော ... လက္ခဏ
တစ်နည်း – စေတသိက်+စိတ်တို့၏ ခက်ထန်ခိုင်မာမှု၏ ငြိမ်းအေးခြင်းသဘော ... လက္ခဏ
၂။ စေတသိက်+စိတ်တို့၏ ခက်ထန်ခိုင်မာမှုကို နှိမ်နင်းဖျက်ဆီးခြင်း ... (ကိစ္စ) ရသ
၃။ တစ်စုံတစ်ခုသော အာရုံအပေါ်၌ စေတသိက်+စိတ်တို့၏ မထိခိုက်သောသဘောတရား, တစ်နည်း – မထိပါးတတ်သော သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်
တစ်နည်း - သမ္ပယုတ်တရားတို့၏ တစ်စုံတစ်ခုသော အာရုံ၌ မထိခိုက်ခြင်းဟူသော
အကျိုးကို ရှေးရှူ ဖြစ်စေတတ်၏... (ဖလ) ပစ္စုပဋ္ဌာန်
၄။ စေတသိက်+စိတ် ... ပဒဋ္ဌာန်

စေတသိက်+စိတ်တို့၏ ခက်ထန်ခိုင်မာသည်၏အဖြစ်ကို ပြုတတ်ကုန်သော ဒိဋ္ဌိ မာန ပြဓာန်းသော ကိလေသာ တို့၏ ဆန့်ကျင်ဘက်ဖြစ်သော သဘောတရားများဟု မှတ်ပါ။

အကြင်တရားတို့သည် ဒါန သီလ သမထ ဝိပဿနာ စသည့် ကုသိုလ်ရေးဆိုင်ရာ လုပ်ငန်းရပ်တို့၌ မောဟနှင့် ယှဉ်သော အကုသိုလ်တရားတို့ကဲ့သို့ လေးလံမှု မရှိဘဲ စေတသိက်+စိတ်တို့၏ မပျက်စီးသော မချို့တဲ့သော ပေါ့ပါးမှု = လဟုတာ ရှိကုန်၏၊ လဟုတာနှင့် ပြည့်စုံကုန်၏၊ ထိုတရားတို့၏လည်း ကောင်းမှုကုသိုလ်ကို ပြုလုပ်ခြင်း၌ မထိပါး မချုပ်ချယ်ခြင်းသည် မုဒုတာတည်း။ မထိပါး မချုပ်ချယ်ခြင်းကြောင့် မုဒုတာစသော ရုပ်တို့နှင့် တူကုန်ရကား နာမ်တရား တို့၏လည်း နူးညံ့မှုသဘော ပျော့ပြောင်းမှုသဘော စသည်တို့ကို ဘုရားရှင်သည် ဟောကြားတော်မူပေသည်။[၁၀၆၈]

၁၄ - ၁၅။ ကာယကမ္မညတာ - စိတ္တကမ္မညတာ

၁။ ကာယစိတ္တကမ္မညတာ ကာယစိတ္တအကမ္မညဘာဝဝူပသမလက္ခဏာ၊
၂။ ကာယစိတ္တာနံ အကမ္မညဘာဝနိမ္မဒ္ဒနရသာ၊
၃။ ကာယစိတ္တာနံ အာရမ္မဏကရဏသမ္ပတ္တိပစ္စုပဋ္ဌာနာ၊
၄။ ကာယစိတ္တပဒဋ္ဌာနာ။
ကာယစိတ္တာနံ အကမ္မညဘာဝကရာဝသေသနီဝရဏပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။ တာ ပသာဒနီယဝတ္ထူသု ပသာဒါဝဟာ၊ ဟိတကိရိယာသု ဝိနိယောဂက္ခမဘာဝါဝဟာ သုဝဏ္ဏဝိသုဒ္ဓိ ဝိယာတိ ဒဋ္ဌဗ္ဗာ။[၁၀၆၉]

၁။ စေတသိက်+စိတ်တို့၏ ကောင်းသောအမှု၌ မခံ့ညားမှုကို ငြိမ်းအေးစေခြင်းသဘော ... လက္ခဏ
တစ်နည်း - စေတသိက်+စိတ်တို့၏ ကောင်းသောအမှု၌ မခံ့ညားမှု၏ ငြိမ်းအေးခြင်းသဘော ... လက္ခဏ
၂။ စေတသိက်+စိတ်တို့၏ ကောင်းသောအမှု၌ မခံ့ညားမှုကို နှိမ်နင်းဖျက်ဆီးခြင်း ... (ကိစ္စ) ရသ
(ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်။
၃။ စေတသိက်+စိတ်တို့၏ အာရုံပြုခြင်း၏ပြည့်စုံကြောင်းသဘောတရား ... တစ်နည်း - စေတသိက်+စိတ်တို့၏ ပြည့်ပြည့်စုံစုံ အာရုံကို ယူနိုင်ခြင်းဟူသော အကျိုးကို ရှေးရှူ ဖြစ်စေတတ်ကုန်၏... (ဖလ) ပစ္စုပဋ္ဌာန်
၄။ စေတသိက်+စိတ် ... ပဒဋ္ဌာန်။

စေတသိက်+စိတ်တို့၏ ဒါန သီလ သမထ ဝိပဿနာဘာဝနာ စသော ပုညကိရိယ = ကောင်းမှုလုပ်ငန်း၌ မခံ့ညားကုန်သည်၏အဖြစ်ကို ပြုတတ်ကုန်သော ဥဒ္ဓစ္စ ကုက္ကုစ္စ စသော ကိလေသာတို့မှ ကြွင်းကုန်သော ကာမစ္ဆန္ဒ စသော ကိလေသာတို့နှင့်လည်းကောင်း, ထိုကိလေသာတို့နှင့် တူသော တည်ရာ မှီရာရှိကြကုန်သော ကိလေသာနီဝရဏ တို့၏လည်းကောင်း ဆန့်ကျင်ဘက် ဖြစ်ကုန်၏ဟု မှတ်ပါ။ ထိုကမ္မညတာစေတသိက်တို့သည် ရတနာသုံးပါး စသည့် ကြည်ညိုဖွယ်ဝတ္ထုတို့၌ ကြည်ညိုခြင်းကို ရွက်ဆောင်တတ် ရွက်ဆောင်ပေးတတ်ကုန်၏၊ အလွန် သန့်ရှင်းစင်ကြယ်သော လှော်သစ်စဦးသစ်စ လှော်ပြီးဦးပြီးသော ရွှေသည် ပုတီး နားတောင်း စသော တန်ဆာပြုလုပ်မှုတို့၌ သုံးစွဲခြင်းငှာ သင့်လျော်လျောက်ပတ် ကောင်းမြတ် ခံ့ညားသကဲ့သို့ အလားတူပင် ထိုကမ္မညတာစေတသိက်တို့သည် လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာစီးပွားကို ဧကန်ပေးတတ်သော ဒါန သီလ သမထ ဝိပဿနာဘာဝနာ စသည့် အကျိုးစီးပွား ရှိသည့် လုပ်ငန်းရပ်တို့၌ ယှဉ်စပ် သုံးစွဲမှု၌ ခံ့ညားသည်၏အဖြစ်ကို ရွက်ဆောင်တတ်ကုန်၏၊ ရွက်ဆောင်ပေးတတ်ကုန်၏၊

၁၆ - ၁၇။ ကာယပါဂုညတာ - စိတ္တပါဂုညတာ

၁။ ကာယစိတ္တပါဂုညတာ ကာယစိတ္တာနံ အဂေလညဘာဝလက္ခဏာ၊
၂။ ကာယစိတ္တဂေလညနိမ္မဒ္ဒနရသာ၊
၃။ နိရာဒီနဝပစ္စုပဋ္ဌာနာ၊
၄။ ကာယစိတ္တပဒဋ္ဌာနာ။
ကာယစိတ္တဂေလညကရအဿဒ္ဓိယာဒိကိလေသပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။[၁၀၇၀]

၁။ စေတသိက် စိတ်တို့၏ မနာဖျားခြင်းသဘော = မနာကျင်ခြင်းသဘော ... လက္ခဏ
၂။ စေတသိက် စိတ်တို့၏ နာဖျားခြင်း = နာကျင်ခြင်းကို နှိမ်နင်းဖျက်ဆီးခြင်း ... (ကိစ္စ) ရသ
၃။ စေတသိက် စိတ်တို့၏ အပြစ်အနာကင်းသော = အပြစ်အနာမရှိသော သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်
တစ်နည်း - စေတသိက် စိတ်တို့၏ အပြစ်အနာကင်းသည်၏အဖြစ်
= အပြစ်မရှိသည်၏အဖြစ်ဟူသော အကျိုးကို ရှေးရှူ ဖြစ်စေတတ်၏... (ဖလ) ပစ္စုပဋ္ဌာန်
၄။ စေတသိက် + စိတ် ... ပဒဋ္ဌာန်

စေတသိက်+စိတ်တို့၏ နာဖျားခြင်း မကျန်းမာခြင်း နာကျင်ခြင်းကို ပြုတတ်ကုန်သော ရတနာသုံးတန် ကံကံ၏အကျိုးတရား စသည်တို့အပေါ်၌ မယုံကြည်နိုင်ကုန်သော = အဿဒ္ဓိယ ပြဓာန်းသော ကိလေသာတို့၏ ဆန့်ကျင်ဘက်သဘောတရားများ ဖြစ်ကြကုန်၏ဟု မှတ်ပါ။

ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည်တို့အပေါ်၌ မယုံကြည်နိုင်မှုကို အဿဒ္ဓိယတရားဟု ခေါ်၏၊ ယင်း အဿဒ္ဓိယတရားကို အခြေတည်၍ ဖြစ်ပေါ်လာကြကုန်သော အကုသိုလ်တရားစုတို့ကား စေတသိက်+စိတ်တို့၏ အနာအဆာများ ဖြစ်ကြ၏၊ ယင်းအကုသိုလ် အနာအဆာတရားတို့ စွဲကပ်နေသောစိတ်ကို နာဖျားနေသောစိတ် နာကျင် နေသောစိတ် မကျန်းမာနေသောစိတ်ဟု ခေါ်ဆိုရ၏၊ ကိလေသာအနာရောဂါပိုးများ အထိုးအဆွ ခံနေရသောကြောင့် ဖြစ်၏၊ ယင်းကိလေသာအနာရောဂါပိုးများ အထိုးအဆွ ခံနေရသော စိတ်ဓာတ်သည် ဒါန သီလ သမထ ဝိပဿနာ ဘာဝနာစသည့် ပုညကိရိယာ = ကောင်းမှုလုပ်ငန်းရပ်တို့၌ ယုံကြည်မှု မရှိသဖြင့် စိတ်ဝင်စားမှုလည်း မရှိပေ။ ယင်းကောင်းမှုကုသိုလ်တို့ကိုလည်း မပြုပေ။ ယင်းသို့ ပြုလေ့မရှိသဖြင့်လည်း ယင်းအဿဒ္ဓိယရှိနေသူ၏ စေတသိက် စိတ်တို့သည် ယင်း ဒါန သီလ သမထ ဝိပဿနာဘာဝနာ စသည့် ကောင်းမှုကုသိုလ်အာရုံတို့အပေါ်၌ အဝါးဝစွာ ပွန်းတီးခြင်း လေ့လာနိုင်နင်းခြင်း ကျွမ်းကျင်ခြင်း မညောင်နာခြင်း စသော သဘောတရားများလည်း မဖြစ်နိုင်၊ ပါဂုညတာစေတသိက်တို့ မဖြစ်နိုင်။ ဤ ပါဂုညတာစေတသိက်တို့ကား ယင်းအဿဒ္ဓိယပြဓာန်းသော အကုသိုလ် တရားစုနှင့် ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်ကြ၏၊ ယင်း အဿဒ္ဓိယ ပြဓာန်းသော အကုသိုလ်တရားစုတို့ကို နှိမ်နင်းဖျက်ဆီး နိုင်ကြပေသည်။

၁၈ - ၁၉။ ကာယုဇုကတာ - စိတ္တုဇုကတာ

၁။ ကာယစိတ္တုဇုကတာ ကာယစိတ္တအဇ္ဇဝလက္ခဏာ၊
၂။ ကာယစိတ္တကုဋိလဘာဝနိမ္မဒ္ဒနရသာ၊
၃။ အဇိမှတာပစ္စုပဋ္ဌာနာ၊
၄။ ကာယစိတ္တပဒဋ္ဌာနာ။
ကာယစိတ္တာနံ ကုဋိလဘာဝကရမာယာသာဌေယျာဒိကိလေသပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။[၁၀၇၁]

၁။ စေတသိက်+စိတ်တို့၏ ဖြောင့်မတ်ခြင်းသဘော ... လက္ခဏ
၂။ စေတသိက်+စိတ်တို့၏ ကောက်ကျစ်မှုတို့ကို နှိမ်နင်း ဖျက်ဆီးခြင်း ... (ကိစ္စ) ရသ
၃။ စေတသိက်+စိတ်တို့၏ မကောက်ကျစ်သည့်သဘောတရား... (ဥပဋ္ဌာနာကာရ ) ပစ္စုပဋ္ဌာန်
တစ်နည်း – စေတသိက်+စိတ်တို့၏ (သမ္ပယုတ်တရားတို့၏) အချင်းခပ်သိမ်း မကောက်ကျစ်သည်၏ အဖြစ်ဟူသော အကျိုးကို ရှေးရှူ ဖြစ်စေတတ်ကုန်၏... (ဖလ) ပစ္စုပဋ္ဌာန်
၄။ စေတသိက်+စိတ် ... ပဒဋ္ဌာန်။  

စေတသိက်+စိတ်တို့၏ ကောက်ကျစ်ကုန်သည်၏ အဖြစ်ကို ပြုတတ်ကုန်သော မာယာ သာဌေယျ ပြဓာန်းသော ကိလေသာတို့၏ ဆန့်ကျင်ဘက် ဖြစ်ကုန်သော သဘောတရားတို့ဟူ၍ မှတ်ပါ။

''မာယာသည် မိမိပြုပြီးသော မိမိ၌ ထင်ရှားရှိသောအပြစ်ကို ဖုံးလွှမ်းခြင်း သဘောလက္ခဏာ ရှိ၏၊ သာဌေယျသည် မိမိ၌ ထင်ရှားမရှိသော ဂုဏ်ကျေးဇူးကို ထုတ်ဖော်ချီးမွမ်းခြင်း သဘောလက္ခဏာ ရှိ၏'' - ဟု အဋ္ဌကထာ၌ ဆိုအပ်ကုန်သော မိမိ၌ ထင်ရှားရှိသော အပြစ်ကို ဖုံးလွှမ်းကွယ်ကာ၍ အပြစ်မရှိလေဟန်ဖြင့် လိမ်လည်လှည့်ပတ်ခြင်း, မိမိမှာ မရှိသော ဂုဏ်ကို ရှိလေယောင် ဟိတ်ဟန်ဆောင်လျက် စဉ်းလဲကောက်ကျစ်ခြင်းဟူသော အခြင်းအရာအားဖြင့် ဖြစ်ကုန်သော အကုသိုလ်ခန္ဓာတို့သည်လည်းကောင်း, ထို မာယာ သာဌေယျ၌ တည်၍ ထပ်ဆင့် ဖြစ်ပွားလာကြကုန်သော ကိလေသာတရားစုတို့သည်လည်းကောင်း မာယာ သာဌေယျ စသည် မည်ကုန်၏၊[၁၀၇၂]

တရားကိုယ်အားဖြင့် ရံခါ လောဘ ပြဓာန်းသော, ရံခါ မာန ပြဓာန်းသော အကုသိုလ်ခန္ဓာများသာ အဖြစ် များဖွယ်ရာ ရှိသည်။

စိတ္တပဿဒ္ဓိဖြင့် စိတ်၏ ငြိမ်းအေးမှု, စိတ္တလဟုတာဖြင့် စိတ်၏ ပေါ့ပါးမှု, စိတ္တမုဒုတာဖြင့် စိတ်၏ နူးညံ့မှု, စိတ္တကမ္မညတာဖြင့် စိတ်၏ ကောင်းသောအမှု၌ ခံ့ညားမှု, စိတ္တပါဂုညတာဖြင့် စိတ်၏ ကောင်းသောအမှု၌ ပွန်းတီးမှု လေ့လာနိုင်နင်းမှု ကျွမ်းကျင်မှု, စိတ္တုဇုကတာဖြင့် စိတ်၏ ဖြောင့်မတ်မှုသာ အသီးအသီး ဖြစ်နိုင်၏၊ ကာယပဿဒ္ဓိ စသည်တို့ဖြင့်ကား ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာဟူသော နာမကာယသည်လည်းကောင်း, ရူပကာယသည် လည်းကောင်း ငြိမ်းအေးမှု, ပေါ့ပါးမှု, နူးညံ့မှု, ကောင်းသောအမှု၌ ခံ့ညားမှု, ကောင်းသောအမှု၌ လေ့လာပွန်းတီးမှု ကျွမ်းကျင်မှု, ဖြောင့်မတ်မှုများ ဖြစ်ကြ၏၊ ထိုကြောင့် ကာယပဿဒ္ဓိ စသည်တို့၌သာလျှင် ဘုရားမြတ်စွာသည် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ စသည်ဖြင့် နှစ်မျိုးစီ ခွဲ၍ ဟောကြားတော်မူသည်။ သမာဓိ စသော အလုံးစုံသော တရားတို့၌ နှစ်မျိုးစီ ခွဲ၍ မဟောအပ်ပေ။[၁၀၇၃]

ယင်းကာယပဿဒ္ဓိစသော ယုဂဠစေတသိက်တို့နှင့် ယှဉ်တွဲလျက်ရှိသော မွန်မြတ်သော ပဏီတစိတ်တို့ကြောင့် ဖြစ်ကုန်သော မွန်မြတ်သော ပဏီတစိတ္တဇရုပ်တို့၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားမှုကို အထူးရည်ညွှန်းထားပေသည်။

၂၀ - ၂၁ - ၂၂။ ဝိရတိစေတသိက် သုံးပါး

၁။ တိဿောပိ ဝိရတိယော ကာယဒုစ္စရိတာဒိဝတ္ထူနံ အဝီတိက္ကမလက္ခဏာ၊ အမဒ္ဒနလက္ခဏာတိ ဝုတ္တံ ဟောတိ။
၂။ ကာယဒုစ္စရိတာဒိဝတ္ထုတော သင်္ကောစနရသာ၊
၃။ အကိရိယပစ္စုပဋ္ဌာနာ၊
၄။ သဒ္ဓါဟိရောတ္တပ္ပအပ္ပိစ္ဆတာဒိဂုဏပဒဋ္ဌာနာ။[၁၀၇၄]
ပါပကိရိယတော စိတ္တဿ ဝိမုခီဘာဝဘူတာတိ (ဝိမုခဘာဝဘူတာတိ) ဒဋ္ဌဗ္ဗာ။[၁၀၇၅]

၂၀။ သမ္မာဝါစာ

၁။ သမ္မာဝါစာ ဝစီဒုစ္စရိတဝတ္ထူနံ အဝီတိက္ကမလက္ခဏာ၊
၂။ ဝစီဒုစ္စရိတဝတ္ထုတော သင်္ကောစနရသာ၊
၃။ အကိရိယပစ္စုပဋ္ဌာနာ၊
၄။ သဒ္ဓါဟိရောတ္တပ္ပအပ္ပိစ္ဆတာဒိဂုဏပဒဋ္ဌာနာ။

၁။ ဝစီဒုစရိုက်၏ တည်ရာဝတ္ထုတို့ကို မလွန်ကျူးခြင်းသဘော (မကျော်နင်းခြင်းသဘောဟူလိုသည်) ... လက္ခဏ
၂။ ဝစီဒုစရိုက်၏ တည်ရာဝတ္ထုမှ တွန့်ဆုတ်ခြင်း ... (ကိစ္စ) ရသ
၃။ ဝစီဒုစရိုက်ကို မပြုမကျင့်သော သဘောတရား =
(ဝစီဒုစရိုက်ကို မပြုမကျင့် ရှောင်ကြဉ်သော သဘောတရား) ... ပစ္စုပဋ္ဌာန်
၄။ သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, အလိုနည်းခြင်း = အပ္ပိစ္ဆတာ စသော ဂုဏ် ... ပဒဋ္ဌာန်[၁၀၇၆] 

၁။ သမ္မာဝါစာ မုသာဝါဒဿ အဝီတိက္ကမလက္ခဏာ၊
၂။ မုသာဝါဒါ သင်္ကောစနရသာ၊
၃။ အကိရိယပစ္စုပဋ္ဌာနာ၊
၄။ သဒ္ဓါဟိရောတ္တပ္ပအပ္ပိစ္ဆတာဒိဂုဏပဒဋ္ဌာနာ။

၁။ မုသားစကား ပြောဆိုခြင်းကို မလွန်ကျူးခြင်း ... လက္ခဏ
၂။ မုသားစကား ပြောဆိုခြင်းမှ တွန့်ဆုတ်ခြင်း ... (ကိစ္စ) ရသ
၃။ မုသားစကား ပြောဆိုခြင်းကို မပြုကျင့်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သဒ္ဓါ ဟိရီ ဩတ္တပ္ပ အလိုနည်းခြင်း = အပ္ပိစ္ဆတာစသော ဂုဏ် ... ပဒဋ္ဌာန်[၁၀၇၇] 

၂၁။ သမ္မာကမ္မန္တ

၁။ သမ္မာကမ္မန္တော ကာယဒုစ္စရိတဝတ္ထူနံ အဝီတိက္ကမလက္ခဏော၊
၂။ ကာယဒုစ္စရိတဝတ္ထုတော သင်္ကောစနရသော၊
၃။ အကိရိယပစ္စုပဋ္ဌာနော၊
၄။ သဒ္ဓါဟိရောတ္တပ္ပအပ္ပိစ္ဆတာဒိဂုဏပဒဋ္ဌာနော။

၁။ ကာယဒုစရိုက်၏ တည်ရာဝတ္ထုတို့ကို မလွန်ကျူးခြင်းသဘော ... လက္ခဏ
၂။ ကာယဒုစရိုက်မှ တွန့်ဆုတ်ခြင်း ... (ကိစ္စ) ရသ
၃။ ကာယဒုစရိုက်ကို မပြုကျင့်သောသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သဒ္ဓါ ဟိရီ ဩတ္တပ္ပ အလိုနည်းခြင်း = အပ္ပိစ္ဆတာ စသောဂုဏ် ... ပဒဋ္ဌာန်

ပါဏာတိပါတ ကာယဒုစရိုက်မှ ရှောင်ကြဉ် မှု ပုံစံ

၁။ သမ္မာကမ္မန္တော ပါဏာတိပါတဿ အဝီတိက္ကမလက္ခဏော၊
၂။ ပါဏာတိပါတာ သင်္ကောစနရသော၊
၃။ အကိရိယပစ္စုပဋ္ဌာနော၊
၄။ သဒ္ဓါဟိရောတ္တပ္ပအပ္ပိစ္ဆတာဒိဂုဏပဒဋ္ဌာနော။

၁။ ပါဏာတိပါတကို မလွန်ကျူးခြင်းသဘော ... လက္ခဏ
၂။ ပါဏာတိပါတမှ တွန့်ဆုတ်ခြင်း ... (ကိစ္စ) ရသ
၃။ ပါဏာတိပါတကို မပြုကျင့်သောသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သဒ္ဓါ ဟိရီ ဩတ္တပ္ပ အလိုနည်းခြင်း = အပ္ပိစ္ဆတာ စသော ဂုဏ် ... ပဒဋ္ဌာန်

၂၂။ သမ္မာအာဇီဝ

၁။ သမ္မာအာဇီဝေါ မိစ္ဆာဇီဝဿ အဝီတိက္ကမလက္ခဏော၊
၂။ မိစ္ဆာဇီဝတော သင်္ကောစနရသော၊
၃။ အကိရိယပစ္စုပဋ္ဌာနော၊
၄။ သဒ္ဓါဟိရောတ္တပ္ပအပ္ပိစ္ဆတာဒိဂုဏပဒဋ္ဌာနော။

၁။ မိစ္ဆာဇီဝကို မလွန်ကျူးခြင်းသဘော ... လက္ခဏ
၂။ မိစ္ဆာဇီဝမှ တွန့်ဆုတ်ခြင်း ... (ကိစ္စ) ရသ
၃။ မိစ္ဆာဇီဝကို မပြုကျင့်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သဒ္ဓါ ဟိရီ ဩတ္တပ္ပ အလိုနည်းခြင်း = အပ္ပိစ္ဆတာ စသော ဂုဏ် ... ပဒဋ္ဌာန်

၁။ ဥဒ္ဒိဿကတဿ မံသဿ ပရိဘုဉ္ဇနဿ အဝီတိက္ကမလက္ခဏော သမ္မာအာဇီဝေါ
၂။ ဥဒ္ဒိဿကတဿ မံသဿ ပရိဘုဉ္ဇနတော သင်္ကောစနရသော၊
၃။ အကိရိယပစ္စုပဋ္ဌာနော၊
၄။ သဒ္ဓါဟိရောတ္တပ္ပအပ္ပိစ္ဆတာဒိဂုဏပဒဋ္ဌာနော။

၁။ ရည်ညွှန်းသားကို သုံးဆောင်ခြင်းကို မလွန်ကျူးခြင်းသဘော ... လက္ခဏ
၂။ ရည်ညွှန်းသားကို သုံးဆောင်ခြင်းမှ တွန့်ဆုတ်ခြင်း ... (ကိစ္စ) ရသ
၃။ ရည်ညွှန်းသားကို သုံးစွဲခြင်းကို မပြုကျင့်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သဒ္ဓါ ဟိရီ ဩတ္တပ္ပ အလိုနည်းခြင်း = အပ္ပိစ္ဆတာ စသောဂုဏ် ... ပဒဋ္ဌာန်

ဤဝိရတိသုံးပါးတို့ကို မကောင်းမှုကိုပြုခြင်းမှ စိတ်၏ မျက်နှာလွှဲတတ်သည်၏ အဖြစ်ဖြင့် ဖြစ်တတ်ကုန်သော သဘောတရားတို့ဟူ၍ မှတ်ပါ။[၁၀၈၀]

ဗြဟ္မဝိဟာရ စေတသိက်များ

မေတ္တာ (= အဒေါသ)၊ ၂၃။ ကရုဏာ၊ ၂၄။ မုဒိတာဥပေက္ခာဗြဟ္မဝိဟာရ (= တတြမဇ္ဈတ္တတာ)ဟူသော ဗြဟ္မဝိဟာရစေတသိက်များ၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကို ဤကျမ်းစာ ရှေ့ပိုင်း[၁၀၈၁]တွင် ကြည့်ပါ။

၂၅။ အမောဟ = ပညိန္ဒြေ = ပညာ 

၁။ (က) အမောဟော ယထာသဘာဝပဋိဝေဓလက္ခဏော၊
( ခ ) အက္ခလိတပဋိဝေဓလက္ခဏော ဝါ ကုသလိဿာသခိတ္တဥသုပဋိဝေဓော ဝိယ၊
၂။ ဝိသယောဘာသနရသော ပဒီပေါ ဝိယ၊
၃။ အသမ္မောဟပစ္စုပဋ္ဌာနော အရညဂတသုဒေသကော ဝိယ။[၁၀၈၂]

၁။ (က) ပရမတ္ထဓမ္မတို့၏ ဟုတ်မှန်တိုင်းသော သဘာဝလက္ခဏာ, သာမညလက္ခဏာကို ထိုးထွင်းသိခြင်းသဘော ... လက္ခဏ
( ခ ) တစ်နည်း - ကျွမ်းကျင်သော လေးသမားသည် ပစ်လွှတ်အပ်သော မြား၏ စူးဝင်ခြင်းကဲ့သို့ ပရမတ္ထဓမ္မအာရုံကို မချွတ်ချော်မူ၍ ထွင်းဖောက်သိမြင်ခြင်းသဘော ... လက္ခဏ
၂။ ဆီမီးကဲ့သို့ အာရုံကို ထွန်းပြခြင်း လင်းစေခြင်း ... (ကိစ္စ) ရသ
(= အာရုံကို ဖုံးလွှမ်းတတ်သော မောဟအမိုက်တိုက်ကို ပယ်ဖျောက်ခြင်း ဟူလိုသည်။)
၃။ တစ်စုံတစ်ခုသော အာရုံ၌လည်း မတွေဝေသော အခြင်းအရာ အားဖြင့် ဖြစ်ခြင်းသဘောတရား... (ဥပဋ္ဌာနာကာရ ) ပစ္စုပဋ္ဌာန်
တစ်နည်း – အာရုံ၌ တွေဝေခြင်း သမ္မောဟ၏ ဆန့်ကျင်ဘက်၏ အဖြစ်ကြောင့် တွေဝေခြင်း ကင်းသည်၏ အဖြစ်တည်းဟူသော အကျိုးကို ဖြစ်စေတတ်၏... (ဖလ) ပစ္စုပဋ္ဌာန်
တောလမ်းခရီး၌ ကျွမ်းကျင်သော လမ်းပြကဲ့သို့ မှတ်ပါ။

၁။ ဓမ္မသဘာဝပဋိဝေဓလက္ခဏာ ပညာ
၂။ ဓမ္မာနံ သဘာဝပဋိ စ္ဆာဒကမောဟန္ဓကာရဝိဒ္ဓံသနရသာ၊
၃။ အသမ္မောဟပစ္စုပဋ္ဌာနာ၊
၄။ ''သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတီ''တိ ဝစနတော ပန သမာဓိ တဿာ ပဒဋ္ဌာနံ။[၁၀၈၃]

၁။ ပရမတ္ထဓမ္မတို့၏ သဘာဝလက္ခဏာ, သာမညလက္ခဏာဟူသော သဘောမှန်ကို
ထိုးထွင်းသိခြင်းသဘော ... လက္ခဏ
၂။ ပရမတ္ထဓမ္မတို့၏ သဘာဝလက္ခဏာ, သာမညလက္ခဏာကို ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီးခြင်း ... (ကိစ္စ) ရသ
၃။ ပရမတ္ထဓမ္မသဘာဝတို့၌ မတွေဝေသော အခြင်းအရာအားဖြင့် ဖြစ်သော သဘောတရား... (ဥပဋ္ဌာနာကာရ ) ပစ္စုပဋ္ဌာန်
၄။ ''တည်ကြည်သော သမာဓိရှိသောသူသည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိမြင်၏''ဟု ဘုရားရှင်သည် ဟောကြားထားတော်မူသောကြောင့် သမာဓိသည် ထိုပညာ၏ ... ပဒဋ္ဌာန်
(ဤပဒဋ္ဌာန်ကား ဝိပဿနာဉာဏ်အတွက် အထူးရည်ညွှန်းထားသည်ဟု မှတ်ပါ။) [၁၀၈၄]

အသမ္မောဟပစ္စုပဋ္ဌာန်

သင်္ခါရတရားတို့ကို သိမ်းဆည်းနေသော ဝိပဿနာရှုပွားသုံးသပ်နေသော ဉာဏ်မှ ထွက်ပေါ်လာသော = ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ပညာအရောင်အလင်းသည် ဖြစ်ပေါ်လာခဲ့သည်ရှိသော် နှလုံးအိမ်၌ ရှိသော အမိုက်မှောင်ကို လွင့်စေလျက် ပယ်ဖျောက်လျက်သာ ဖြစ်ပေါ်လာတတ်၏၊ ထိုကြောင့်ပင်လျှင် ပရမတ္ထဓမ္မသဘာဝတို့၏ သဘာဝလက္ခဏာ သာမညလက္ခဏာ အာရုံတို့၌ မတွေဝေသော အခြင်းအရာအားဖြင့် ဖြစ်သော သဘောတရားဟု ယင်းပညာကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ ဉာဏ်တွင် ရှေးရှူ ထင်လာ ပေသည်၊ ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်တည်း။ တစ်နည်း – ပရမတ္ထဓမ္မတို့၏ သဘာဝလက္ခဏာ သာမညလက္ခဏာတို့ကို ထွင်းဖောက်သိမြင်နေသော အကြောင်းဖြစ်သော ဉာဏ်ပညာသည် မတွေဝေစေခြင်းတည်းဟူသော အကျိုးတရားကို ရှေးရှူ ဖြစ်စေတတ်၏၊ ဖလပစ္စုပဋ္ဌာန်တည်း။[၁၀၈၅]

ဤမဟာဋီကာဆရာတော်၏ စကားရပ်များမှာ ပရမတ္ထဓမ္မတို့၏ သဘာဝလက္ခဏာ သာမညလက္ခဏာတို့ကို ရှုနေသော ဉာဏ်၌ အရောင်အလင်းရှိကြောင်း အထောက်အထား တစ်ရပ်ပင် ဖြစ်သည်။ တစ်နည်းဆိုရသော် .. ယင်းဉာဏ်ကြောင့် အရောင်အလင်းများ ထွက်ပေါ်လာနိုင်ကြောင်း အထောက်အထား တစ်ရပ်ပင် ဖြစ်သည်။ အဋ္ဌသာလိနီအဋ္ဌကထာ[၁၀၈၆]တွင် ပညာ၏ လက္ခဏ ရသ စသည်တို့ကို အောက်ပါအတိုင်းလည်း ဖွင့်ဆိုထားတော်မူ၏၊

၁။ (က) ယထာသဘာဝပဋိဝေဓလက္ခဏာ ပညာ
( ခ ) အက္ခလိတပဋိဝေဓလက္ခဏာ ဝါ ကုသလိဿာသခိတ္တဥသုပဋိဝေဓော ဝိယ၊
၂။ ဝိသယောဘာသရသာ ပဒီပေါ ဝိယ၊
၃။ အသမ္မောဟပစ္စုပဋ္ဌာနာ အရညဂတသုဒေသကော ဝိယ။

၁။ (က) ပရမတ္ထဓမ္မတို့၏ ဟုတ်မှန်တိုင်းသော သဘာဝလက္ခဏာ
သာမညလက္ခဏာကို ထိုးထွင်းသိခြင်းသဘော ... လက္ခဏ၊ ( ခ ) တစ်နည်း - ကျွမ်းကျင်သော လေးသမားသည် ပစ်လွှတ်အပ်သောမြား၏ ထိုးထွင်းခြင်း = ထွင်းဖောက်ခြင်းကဲ့သို့ ပရမတ္ထဓမ္မအာရုံကို မချွတ်မယွင်း ထိုးထွင်း၍သိခြင်းသဘော ... လက္ခဏ
၂။ ဆီမီးကဲ့သို့ ပရမတ္ထဓမ္မအာရုံ၏ သဘောမှန်ကို ထွန်းပြခြင်း = လင်းစေခြင်း ... (ကိစ္စ) ရသ
၃။ တောလမ်းခရီး၌ ကျွမ်းကျင်သောလမ်းပြကဲ့သို့ တွေဝေခြင်း သမ္မောဟ၏ ဆန့်ကျင်ဘက်သဘောတရား ... ပစ္စုပဋ္ဌာန်။

ဤကား ဒုက္ခသစ္စာ စသည်ဖြင့် အရိယသစ္စာ (၄)ပါးတို့ကို ကွဲကွဲပြားပြား သိတတ်သောကြောင့် ပညာ မည်၏၊ စတုသစ္စသမ္မာဒိဋ္ဌိတည်း။ ရှေးမဟာအဋ္ဌကထာ၌ကား – ''အနိစ္စ ဒုက္ခ အနတ္တ''ဟု ကွဲကွဲပြားပြား သိစေတတ်သောကြောင့် ပညာမည်၏ - ဟု ဖွင့်ဆိုထားပေသည်။ ထိုပညာသည်ပင် သစ္စာလေးချက် သဘောနက်ကို ဖုံးလွှမ်းကာကွယ်တတ်သော သိခွင့်မပေးတတ်သော အဝိဇ္ဇာကို လွှမ်းမိုးဖိစီးနိုင်သည့်အတွက် အကြီးအကဲ၏အဖြစ်ဟူသော အနက်သဘောကြောင့် ဣန္ဒြေလည်း မည်၏၊ တစ်နည်း - သစ္စာလေးချက် သဘောနက်ကို ပြက်ပြက်ထင်ထင် သိမြင်သည့် ဒဿနလက္ခဏာ အရာ၌ သမ္ပယုတ်တရားတို့ကို မိမိအစိုးရသူ၏ အဖြစ်ကို ပြုစေတတ်သောကြောင့် ဣန္ဒြေ မည်၏၊ ထိုကြောင့် ပညာ သည်ပင် ဣန္ဒြေမည်ရကား ပညိန္ဒြေ ဟူလိုသည်။[၁၀၈၇]

ဩဘာသနလက္ခဏာ – နံရံလေးဘက် ကာရံထားသော အိမ်တွင်း၌ ညဉ့်အခါ ဆီမီးကို ညှိထွန်းအပ်သည်ရှိသော် ပကတိမျက်စိကို ကာဏ်းအောင် ပြုလုပ်တတ်သော အမိုက်မှောင်သည် ချုပ်ပျောက်ရသကဲ့သို့ ဤဥပမာအတူပင်လျှင် ပညာသည် ပရမတ္ထဓမ္မအာရုံကို တစ်နည်း အရိယသစ္စာလေးပါးတည်းဟူသော အာရုံကို ထင်ထင်ရှားရှား ကွဲကွဲပြားပြား ဂဃနဏ သိအောင် ထွန်းလင်းပြခြင်း ဩဘာသနလက္ခဏာ ရှိပေသည်။

ပညာအရောင်အလင်းနှင့်တူသော အရောင်အလင်းမည်သည် မရှိပေ။ မှန်ပေသည် - ဝိပဿနာဉာဏ်ပညာ ရှိသော ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံနေသော ပုဂ္ဂိုလ်သည် တစ်ခုတည်းသော ထက်ဝယ်ဖွဲ့ခွေခြင်းဖြင့် ထိုင်နေလတ် သော် (= တစ်ကြိမ်လောက်ထိုင်၍ ဝိပဿနာတရားကို ရှုပွားနှလုံးသွင်းခဲ့သော်) တစ်သောင်းသော လောကဓာတ်သည် တစ်ခုတည်းသော အရောင်အလင်း ရှိနိုင်၏ = လောကဓာတ်တိုက်ပေါင်း တစ်သောင်းလုံးဝယ် အရောင်အလင်းသည် တစ်ဆက်တည်း လင်းနေနိုင်ပေသည်။ (ဥပက္ကိလေသ အရောင်အလင်းမျိုးကို = ဥဒယဗ္ဗယဉာဏ်ကြောင့် ဖြစ်ပေါ် လာသော အရောင်အလင်းမျိုးကို အထူးရည်ညွှန်း၍ ဆိုသည် မှတ်ပါ။) [၁၀၈၈]

ထိုကြောင့် အရှင်နာဂသေန မထေရ်သည် ဤသို့ မိန့်ဆိုတော်မူ၏ ..။

''ဒါယကာတော် မဟာရာဇ ...ယောကျ်ားတစ်ဦးသည် အမိုက်မှောင်အတိ ဖြစ်နေသော အိမ်ထဲ၌ ဆီမီးကို သွင်းယူသွားလေရာ၏၊ သွင်းယူအပ်ပြီးသော ဆီမီးသည် အမိုက်မှောင်ကို ဖျက်ဆီးသကဲ့သို့, အရောင်အလင်းကို ဖြစ်စေသကဲ့သို့, အလင်းရောင်ကို ထင်ရှားပြသကဲ့သို့, ရူပါရုံအမျိုးမျိုးတို့ကို ထင်ရှားအောင် ပြုသကဲ့သို့ – ဒါယကာတော် မဟာရာဇ ...ဤဥပမာအတူပင်လျှင် ပညာသည် ဖြစ်ပေါ်လာလတ်သော် ..

၁။ အဝိဇ္ဇာတည်းဟူသော အမိုက်မှောင်ကို ဖျက်ဆီးပစ်၏၊
၂။ ဝိဇ္ဇာတည်းဟူသော အရောင်ကို ဖြစ်စေ၏၊
၃။ ဉာဏ်တည်းဟူသော အလင်းရောင်ကို ထင်ရှားပြ၏၊
၄။ အရိယသစ္စာတို့ကို ထင်ရှားအောင် ပြုလုပ်၏၊

ဒါယကာတော် မဟာရာဇ ...ဤသို့လျှင် ပညာသည် ပရမတ္ထဓမ္မအာရုံကို = အရိယသစ္စာလေးပါးတည်း ဟူသော အာရုံကို ထင်ထင်ရှားရှား ကွဲကွဲပြားပြား ဂဃနဏ သိအောင် ထွန်းလင်းပြခြင်း ဩဘာသနလက္ခဏာ ရှိပေသည်။[၁၀၈၉]

နာမ်တရားများကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းရှုပွားပုံစနစ်

ယောဂီသူတော်ကောင်းသည် နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများကို ပြန်လည်၍ အာရုံယူထားပါ။ အာနာပါနစျာန် နာမ်တရားတို့က စတင်၍ သိမ်းဆည်းလိုသည်ဖြစ်အံ့။ အာနာပါနပထမစျာန်၌ နာမ်တရား (၃၄)လုံးရှိရာ ရှေးဦးစွာ ယင်းနာမ်တရား (၃၄)လုံးတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် အသီးအသီးကို ကျေပွန်အောင် နှုတ်တိုက်ရအောင် ကျက်ထားပါ။ ကျေကျေညက်ညက် ပိုင်ပိုင်နိုင်နိုင် အလွတ်ရရှိသောအခါ အာနာပါနပထမစျာန်ကို ပြန်၍ ဝင်စားပါ။ ယင်းပထမစျာနသမာပတ္တိဝီထိ နာမ်တရားစုတို့ကို (သဘာဝလက္ခဏာကို ဦးစားပေး၍) တစ်ဖန် သိမ်းဆည်းပါ။ ပထမစျာနသမာပတ္တိဝီထိဇယားတွင် ဖော်ပြထားသည့်အတိုင်း –

၁။ မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၂)လုံး,
၂။ ဇောအသီးအသီး၌ နာမ်တရား (၃၄)လုံးစီ –

ဤသို့ အသီးအသီးရှိရာ မနောဒွါရာဝဇ္ဇန်းစိတ္တက္ခဏတွင် အသိစိတ်ကို = မနောဒွါရာဝဇ္ဇန်းစိတ်ကို စတင်၍ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်အားဖြင့် သိမ်းဆည်းရှုပွားပါ။ ထိုနောင် ဖဿ၏ လက္ခဏ ရသ စသည်ကို ရှုပါ။ ထိုနောင် ဝေဒနာ = ဥပေက္ခာဝေဒနာ၏ လက္ခဏ ရသ စသည်ကို ရှုပါ။ ဤသို့ စသည်ဖြင့် မနောဒွါရာဝဇ္ဇန်းစိတ္တက္ခဏ အတွင်း၌ တည်ရှိကြသော အသိစိတ်, ဖဿ, ဝေဒနာ (ဥပေက္ခာ), သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတ, မနသိကာရ, ဝိတက်, ဝိစာရ, အဓိမောက္ခ, ဝီရိယဟူသော (၁၂)လုံးသော ပရမတ်တရားတို့၏ လက္ခဏ ရသ စသည်တို့ကို အသီးအသီး တစ်လုံးစီ တစ်လုံးစီ ခွဲ၍ (၁၂)လုံးပြည့်အောင် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ စျာန်ကို အကြိမ်ကြိမ်ဝင်စားဖို့ကား လိုအပ်ပါသည်။ စျာန်မှ ထကာထကာ ယင်းပရမတ်တရား တို့၏ လက္ခဏ ရသ စသည်တို့ကို သိမ်းဆည်းရမည် ဖြစ်ပေသည်။

ထိုနောင် ပရိကံ ဥပစာ အနုလုံ ဂေါတြဘု အမည်ရသော ဥပစာရ သမာဓိဇော အသီးအသီး၌လည်းကောင်း, ပထမစျာန်ဇောစိတ္တက္ခဏတစ်ခုခု၌လည်းကောင်း နာမ်တရား (၃၄)လုံးစီ အသီးအသီးရှိရာ ယင်း (၃၄)လုံးသော နာမ်တရားတိုင်း၌ တစ်လုံးစီ တစ်လုံးစီ ခွဲခြား၍ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းပါ။ အသိစိတ်မှ စ၍ ပညာ = ပညိန္ဒြေသို့တိုင်အောင် နာမ်တရားတိုင်း နာမ်တရားတိုင်း၌ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းပါ။ ပထမစျာနသမာပတ္တိဝီထိ အတွင်း၌ရှိသော နာမ်တရားများကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် ကျေနပ်အောင် သိမ်းဆည်းပြီးသောအခါ ဒုတိယစျာနသမာပတ္တိဝီထိအတွင်း၌ တည်ရှိ သော နာမ်တရားတို့ကိုလည်း နည်းတူပင် ဆက်လက်၍ သိမ်းဆည်းပါ။ တတိယစျာနသမာပတ္တိ စတုတ္ထစျာနသမာပတ္တိ ဝီထိတို့အတွင်း၌ တည်ရှိကြသော နာမ်တရားတို့၌လည်း နည်းတူပင် ဆက်လက်၍ သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ စျာန်ကို အကြိမ်ကြိမ်ဝင်စားဖို့ကား လိုအပ်သည်ကို သတိပြုပါ။

ကသိုဏ်း (၁၀)ပါး, ဗြဟ္မစိုရ်တရားလေးပါး, အသုဘစျာန် စသည့် စျာန်နာမ်တရားတို့၌လည်းကောင်း, အကယ်၍ ယောဂီသူတော်ကောင်းသည် သမာပတ် (၈)ပါးလုံးကို ဤအပိုင်း၌ လေ့ကျင့်ထားပြီးသူဖြစ်ပါက နေဝသညာနာသညာယတနစျာန်မှလွဲ၍ ကြွင်းကျန်သော စျာန်နာမ်တရားတို့၌လည်းကောင်း အလားတူပင် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းပါ။ သာဝကတို့သည် နေဝသညာနာသညာယတနစျာနသမာပတ်တရားတို့ကို အနုပဒဓမ္မဝိပဿနာနည်းအားဖြင့် တစ်လုံးစီ တစ်လုံးစီ ဝိပဿနာ မရှုနိုင်ဘဲ ကလာပသမ္မသနနည်းအားဖြင့်သာ ပေါင်းစုခြုံငုံ၍ ဝိပဿနာရှုနိုင်ရကား ယင်းနေဝသညာနာသညာယတနသမာပတ်အတွင်း၌ တည်ရှိသော နာမ်တရား တို့ကိုလည်း လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် တစ်လုံးစီ တစ်လုံးစီ မသိမ်းဆည်းနိုင်ဟု မှတ်ပါ။

ဤနည်းကိုမှီ၍ရုပ်(၂၈)ပါးကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော –
၁။ ရူပါရုံလိုင်း – စက္ခုဒွါရဝီထိ - မနောဒွါရဝီထိ
၂။ သဒ္ဒါရုံလိုင်း – သောတဒွါရဝီထိ - မနောဒွါရဝီထိ
၃။ ဂန္ဓာရုံလိုင်း – ဃာနဒွါရဝီထိ - မနောဒွါရဝီထိ
၄။ ရသာရုံလိုင်း – ဇိဝှါဒွါရဝီထိ – မနောဒွါရဝီထိ –
၅။ ဖောဋ္ဌဗ္ဗာရုံလိုင်း – ကာယဒွါရဝီထိ - မနောဒွါရဝီထိ
၆။ ဓမ္မာရုံလိုင်း - မနောဒွါရဝီထိ

ဤဝီထိအသီးအသီးတို့၏ အတွင်း၌ တည်ရှိကြသော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြထားသည့်အတိုင်း အသိစိတ်, ဖဿ, ဝေဒနာ စသော ပရမတ္ထဓာတ်သားတိုင်းကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းပါ။ ဝီထိတစ်မျိုးတစ်မျိုး၌ ကုသိုလ်ဇောဝီထိ အကုသိုလ်ဇောဝီထိတို့ကို ကုန်စင်အောင် သိမ်းဆည်းပါ။ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် စိတ္တက္ခဏတိုင်း၌ စိတ်စေတသိက် အရေအတွက်များကို ဖော်ပြထား၏၊ စိတ္တက္ခဏတိုင်း၌ နာမ်တရားတိုင်းကို သိမ်းဆည်းရှုပွားပါ။

ထိုသို့ သိမ်းဆည်းရာ၌ ဝီထိစဉ်တစ်ခုအတွင်းဝယ် စိတ္တက္ခဏတစ်ခုတွင် ဖဿ၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို သိမ်းဆည်းပြီးဖြစ်၍ အခြား စိတ္တက္ခဏတစ်ခုတွင် တည်ရှိသော ဖဿကိုလည်း မသိမ်းဆည်းဘဲ မထားပါနှင့်။ ဝီထိစိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ဃနအသီးအသီးကို = နာမ်တုံး နာမ်ခဲကို ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးနေသော လုပ်ငန်းရပ်ဖြစ်၍ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ဖော်ပြထားသည့် ဝီထိစိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ တည်ရှိသော နာမ်တရားတိုင်း နာမ်တရားတိုင်းကိုပင် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် ကုန်စင်အောင် သိမ်းဆည်းရှုပွားပါ။ ရံခါ ဝီထိစိတ်တို့၏ အကြားအကြား၌ တည်ရှိသော ဘဝင်နာမ်တရားတို့၌လည်း နည်းတူ သိမ်းဆည်းပါ။ ပဋိသန္ဓေနာမ်တရား စုတိနာမ်တရားတို့ကိုလည်း ပုံစံတူပင် ဆက်လက် သိမ်းဆည်းပါ။

ဧကတ္တနည်းကို သဘောပေါက်ဖို့ လိုအပ်ပါသည်

ထိုသို့ သိမ်းဆည်းရာ၌ .. စိတ္တက္ခဏတစ်ခု၏ အတွင်း၌ တည်ရှိကြသော နာမ်တရားတို့သည် အလွန် လျင်လျင်မြန်မြန် ဖြစ်ပျက်နေရကား မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း၌ ကုဋေတစ်သိန်းခန့် ဖြစ်ပြီး ပျက်နိုင်ရကား ထိုသို့ သိမ်းဆည်းဖို့ရန် = ဝီထိစိတ္တက္ခဏတိုင်း၏ နာမ်တရားတိုင်းကို အထူးသဖြင့် အချို့သော ဇောနာမ်တရားတို့၌ (၃၄)လုံးအထိရှိရာ ယင်းနာမ်တရားတိုင်းကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် နည်းအားဖြင့် သိမ်းဆည်းဖို့ရန် အချိန်ရနိုင်ပါ့မလားဟု မေးမြန်းလိုကြ၏၊ ဤအရာ၌ ဧကတ္တနည်းကို သဘောပေါက်ဖို့ လိုအပ်ပေသည်။ ဥပမာ ပထမဇောနာမ်တရား (၃၄)လုံး ဆိုကြစို့၊ နောက်ထပ် အလားတူ ပထမဇောနာမ်တရားမျိုးကို ဆိုလိုသည်ဟု မှတ်ပါ။ ပထမဇောနာမ်တရားချင်း တူညီ၍ ဆိုခြင်းသာ ဖြစ်သည်ဟု မှတ်ပါ။ စက္ခုဝိညာဏ်စိတ္တက္ခဏ နာမ်တရားစုတို့ကို ရှုရာ၌ အလားတူ စက္ခုဝိညာဏ်နာမ်တရား အသီးအသီးကိုပင် ဆိုလိုသည်ဟု သဘောပေါက်ပါ။ စိတ္တက္ခဏတစ်ခုသည် ထိုမျှလောက် သိမ်းဆည်းနိုင်အောင် အချိန်ကြာကြာ တည်နေသည်ဟူ၍ကား မဆိုလိုပါ။

ဗဟိဒ္ဓ – အဇ္ဈတ္တ၌ ရုပ်နာမ်တို့ကို လက္ခဏ ရသ စသည်အားဖြင့် သိမ်းဆည်းသည့်အတိုင်း ဗဟိဒ္ဓ၌လည်း နည်းတူပင် ဆက်လက် သိမ်းဆည်းပါ။ အနီးမှ အဝေးသို့ တစ်စတစ်စ ချဲ့၍ သိမ်းဆည်းတတ်ဖို့ လိုသည်။

စိတ္တက္ခဏတိုင်း – စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ရှုရမည်ဟု ဆိုသဖြင့် အယူအဆ မမှားစေလိုပါ။ စိတ္တက္ခဏတိုင်းဟူသည် နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် တင်ပြထားသည့် စိတ္တက္ခဏတိုင်းကိုသာ ဆိုလိုပါသည်။ စိတ္တက္ခဏအမျိုးအစားကိုသာ ဆိုလိုသည်။ ဘဝတစ်လျှောက် ဖြစ်ဖြစ်သမျှ စိတ်အားလုံးကို မဆိုလိုပါ။ ဥပမာ စက္ခုဒွါရဝီထိ တစ်ဝီထိ၏ စိတ္တက္ခဏတိုင်း၌ တည်ရှိကြသော နာမ်တရား အသီးအသီးကို ဆိုလို၏၊ ဘဝတစ်လျှောက် ဖြစ်ပေါ် သွားကြသော စက္ခုဒွါရဝီထိတိုင်း ဝီထိတိုင်း၏ စိတ္တက္ခဏတိုင်းဝယ် တည်ရှိကြသော နာမ်တရားတိုင်းကို ကုန်စင်အောင် ရှုရမည်ဟုကား မဆိုလိုပါ။ ဘဝတစ်လျှောက် ဖြစ်ပေါ်သွားကြသော စက္ခုဒွါရဝီထိပေါင်းကား မရေမတွက်နိုင်အောင် များပြားလှသည်သာ ဖြစ်၏၊ အလားတူပင် သောတဒွါရဝီထိစသည်တို့၌လည်း သဘောပေါက်ပါ။

သင်္ခါရက္ခန္ဓာ ပြီး၏၊

ပဋိစ္စသမုပ္ပါဒ်အခန်း

အထက်ပါအတိုင်း ဒွါရ (၆)ပါးနှင့် (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားအသီးအသီးကိုလည်းကောင်း, အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော စက္ခုဒွါရဝီထိစသော ဝီထိ (၆)မျိုးတို့၌ တည်ရှိသော နာမ်တရား အသီးအသီးကိုလည်းကောင်း လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းပြီးသောအခါ တစ်ဖန် ရုပ်ပရမတ် နာမ်ပရမတ်တို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာကို ဦးစားပေး၍ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ –

၁။ ရုပ်တရားကို သိမ်းဆည်းခြင်း,
၂။ နာမ်တရားကို သိမ်းဆည်းခြင်း,
၃။ ရုပ်-နာမ် ခွဲခြင်း,
၄။ ရုပ်-နာမ်ကို ပိုင်းခြားမှတ်သားခြင်း –

ဤ (၄)မျိုးသော လုပ်ငန်းရပ်တို့ကို ရှေ့နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ထပ်မံ၍ ပြုလုပ်ပါ။

ထိုနောင် –

၁။ ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းဖြင့် အကြောင်းတရား အကျိုးတရားတို့ကို ထပ်မံ၍ သိမ်းဆည်းပါ။
၂။ ပဋိစ္စသမုပ္ပါဒ် ပထမနည်းဖြင့်လည်း အကြောင်းတရား အကျိုးတရားတို့ကို တစ်ဖန်ပြန်၍ သိမ်းဆည်းပါ။
ထိုနောင် အောက်ပါအတိုင်း ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို သိမ်းဆည်းပါ။

၁။ အဝိဇ္ဇာ

၁။ အညာဏလက္ခဏာ အဝိဇ္ဇာ
၂။ သမ္မောဟနရသာ၊
၃။ ဆာဒနပစ္စုပဋ္ဌာနာ၊
၄။ အာသဝပဒဋ္ဌာနာ။[၁၀၉၀]

၁။ ပရမတ္ထဓမ္မသဘာဝမှန်ကို မသိခြင်းသဘော ... လက္ခဏ၊ တစ်နည်း - ပရမတ္ထဓမ္မသဘာဝမှန်ကို သိတတ်သောဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ယှဉ်ဖက်သမ္ပယုတ်တရားတို့ကိုလည်းကောင်း, ထိုအဝိဇ္ဇာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကိုလည်းကောင်း ပြင်းစွာ တွေဝေစေခြင်း ... (ကိစ္စ) ရသ
၃။ ပရမတ္ထဓမ္မအာရုံ၏ သဘောမှန်ကို ဖုံးလွှမ်းတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ အာသဝေါတရား (၄)ပါး ... ပဒဋ္ဌာန်

၂။ သင်္ခါရ

၁။ အဘိသင်္ခရဏလက္ခဏာ သင်္ခါရာ၊
၂။ အာယူဟနရသာ၊
၃။ စေတနာပစ္စုပဋ္ဌာနာ၊
၄။ အဝိဇ္ဇာပဒဋ္ဌာနာ။[၁၀၉၁]

၁။ (ကံဖြစ်အောင်ပြုလုပ်ခြင်း) ပြုပြင်ခြင်း ပြုစီမံခြင်းသဘော ... လက္ခဏ
၂။ ပဋိသန္ဓေကို ဖြစ်စေခြင်းငှာ အားထုတ်ခြင်း ကြောင့်ကြဗျာပါရပြုခြင်း ... (ကိစ္စ) ရသ
တစ်နည်း– ဝိညာဏ် နာမ်ရုပ်ဟူသော အကျိုးတရားကို ပေါင်းစုရုံးစည်းခြင်း ... (ကိစ္စ) ရသ
တစ်နည်း– အပေါင်းအစု ဖြစ်သော ဝိညာဏ် နာမ်ရုပ် အကျိုးတရားကို ဖြစ်စေခြင်း ... (ကိစ္စ) ရသ
၃။ စေတနာ ပဓာနဟု ယောဂီဉာဏ်တွင် ရှေးရှူ ထင်ခြင်း သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ အဝိဇ္ဇာ ... ပဒဋ္ဌာန်

သင်္ခါရတို့သည် ပဋိသန္ဓေကို ဖြစ်စေခြင်းငှာ အားထုတ်တတ်ကုန်၏၊ ကြောင့်ကြဗျာပါရကို ပြုကုန်၏ = ကြောင့်ကြ စိုက်ကုန်၏၊ ထိုကြောင့် အာယူဟနရသဟု ဆိုသည်။[၁၀၉၂] အကြင်သဘောတရားကြောင့် ကုသိုလ် အကုသိုလ် တရားတို့ကို အကျိုးပေးခြင်းသဘောရှိသော ဝိပါကဓမ္မတို့ဟူ၍ ဆိုအပ်ကုန်၏၊ ထိုသဘောတရားသည် အာယူဟန မည်၏၊ ထိုအာယူဟနဟူသည် အဘယ်နည်း – အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ မပယ်သတ်အပ်သေးသော မဖြတ်အပ်သေးသော တဏှာ-အဝိဇ္ဇာ-မာန ထင်ရှားနေသေးသော ရုပ်နာမ်သန္တာန်အစဉ်ဝယ် ပဋိသန္ဓေကို ဖြစ်စေခြင်းအကျိုးငှာ ကုသိုလ် အကုသိုလ်တရားတို့၏ ကြောင့်ကြဗျာပါရနှင့်တကွ ဖြစ်ကုန်သည်၏ အဖြစ်တည်း။ အရဟတ္တမဂ်ဖြင့် မပယ်သတ် အပ်သေးသော အဝိဇ္ဇာ တဏှာ မာန ထင်ရှားရှိနေသေးသော ရုပ်နာမ်သန္တာန်အစဉ်ဝယ် ကုသိုလ် အကုသိုလ်တရားတို့၏ အကျိုးကိုဖြစ်စေနိုင်သော သဘာဝစွမ်းအင် ထင်ရှားရှိနေမှုကိုပင် သင်္ခါရတို့၌ ကြောင့်ကြဗျာပါရနှင့် တကွ ဖြစ်သည်ဟု ဆိုသည်။ ယင်းသဘောတရားကိုပင် သင်္ခါရ၏ ရသ = ကိစ္စရသဟု ဆိုသည်။ တစ်နည်း 'သင်္ခါရပစ္စယာ ဝိညာဏံ'အရ ဝိညာဏ်ကိုလည်းကောင်း, 'ဝိညာဏပစ္စယာ နာမရူပံ'အရ နာမ်ရုပ်ကိုလည်းကောင်း - ဤ ဝိညာဏ် နာမ်ရုပ်ဟူသော အကျိုးတရားစုကို အုပ်စုအလိုက် အပေါင်းအစုအလိုက် ဖြစ်အောင်ပြုလုပ်ခြင်း ဖြစ်စေခြင်းသည်ပင် သင်္ခါရ၏ လုပ်ငန်း ကိစ္စတည်း။[၁၀၉၃]

၃။ ဝိညာဏ်

၁။ ဝိဇာနနလက္ခဏံ ဝိညာဏံ
၂။ ပုဗ္ဗင်္ဂမရသံ၊
၃။ ပဋိသန္ဓိပစ္စုပဋ္ဌာနံ၊
၄။ သင်္ခါရပဒဋ္ဌာနံ၊ ဝတ္ထာရမ္မဏပဒဋ္ဌာနံ ဝါ။[၁၀၉၄]

၁။ အာရုံကို သိခြင်း = အာရုံကို ရယူခြင်းသဘော ... လက္ခဏ
၂။ နာမ်ရုပ်တို့၏ ပဓာန ရှေ့သွားခေါင်းဆောင် ဖြစ်ခြင်း ... (ကိစ္စ) ရသ
၃။ ရှေးဘဝနှင့်တကွ ဆက်စပ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သင်္ခါရ, တစ်နည်း မှီရာဝတ္ထုရုပ်နှင့် ထင်လာသောအာရုံ ... ပဒဋ္ဌာန်

၄။ (နာမ်-ရုပ်မှ) နာမ် = စေတသိက်

၁။ နမနလက္ခဏံ နာမံ၊
၂။ သမ္ပယောဂရသံ၊
၃။ အဝိနိဗ္ဘောဂပစ္စုပဋ္ဌာနံ၊
၄။ ဝိညာဏပဒဋ္ဌာနံ။[၁၀၉၅]

၁။ အာရုံသို့ ညွတ်ခြင်းသဘော ... လက္ခဏ
၂။ ဝိညာဏ်နှင့် အတူတကွလည်းကောင်း, အချင်းချင်းလည်းကောင်း ယှဉ်စပ်ခြင်း ... (ကိစ္စ) ရသ
၃။ အသီးအသီး ခွဲခြား၍ မရသော = ခွဲခြား၍ မဖြစ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဝိညာဏ် ... ပဒဋ္ဌာန်

(နာမ်-ရုပ်မှ) ရုပ်

၁။ ရုပ္ပနလက္ခဏံ ရူပံ
၂။ ဝိကိရဏရသံ၊
၃။ အဗျာကတပစ္စုပဋ္ဌာနံ၊
၄။ ဝိညာဏပဒဋ္ဌာနံ။[၁၀၉၆]

၁။ ဖောက်ပြန်ခြင်းသဘော ... လက္ခဏ
၂။ (သမ္ပယောဂလက္ခဏာ မရှိသောကြောင့်) ရုပ်အချင်းချင်းမတွဲ ဖရိုဖရဲ ကျဲခြင်း ... (ကိစ္စ) ရသ
၃။ ကုသိုလ် အကုသိုလ် မဟုတ်သော အဗျာကတသဘောတရား ... ပစ္စုပဋ္ဌာန်
တစ်နည်း - အာရုံကို မယူတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဝိညာဏ် ... ပဒဋ္ဌာန်

၅။ သဠာယတန

၁။ အာယတနလက္ခဏံ သဠာယတနံ
၂။ ဒဿနာဒိရသံ၊
၃။ ဝတ္ထု ဒွါရဘာဝပစ္စုပဋ္ဌာနံ၊
၄။ နာမရူပပဒဋ္ဌာနံ။[၁၀၉၇]

၁။ ထိခိုက်ခြင်း = အားထုတ်ခြင်းသဘော ... လက္ခဏ
တစ်နည်း – အာယမည်သော စိတ်စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော ... လက္ခဏ
၂။ မြင်ခြင်း (ကြားခြင်း, နံခြင်း, လျက်ခြင်း, တွေ့ထိခြင်း, သိခြင်း) ... (ကိစ္စ) ရသ
၃။ ထိုက်သည့်အားလျော်စွာ ပဉ္စဝိညာဏဓာတ် မနောဓာတ် မနောဝိညာဏဓာတ်တို့၏ မှီရာဝတ္ထုအဖြစ်, ဝင်ထွက်ရာ ဒွါရအဖြစ် ဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ နာမ် + ရုပ် ... ပဒဋ္ဌာန်
ဤတွင် အာယတန (၆)ပါးလုံးကို ပေါင်းစု၍ ရေးသားထားသဖြင့် ခွဲ၍ ရှုခဲ့သော် အောက်ပါအတိုင်း ရှုပါ။

စက္ခာယတန

၁။ အာယတနလက္ခဏံ စက္ခာယတနံ
၂။ ဒဿနရသံ၊
၃။ ဝတ္ထုဒွါရဘာဝပစ္စုပဋ္ဌာနံ၊
၄။ နာမရူပပဒဋ္ဌာနံ။

၁။ ရူပါရုံ၏ ရှေးရှူ ထိခိုက်ခြင်းငှာ ထိုက်သောသဘော ... လက္ခဏ၊ 
တစ်နည်း - အာယမည်သော စက္ခု ဒွါရဝီထိ မနောဒွါရဝီထိ စိတ်စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော ... လက္ခဏ
၂။ ရူပါရုံကို မြင်ခြင်း = ရူပါရုံကို ရယူခြင်း (အာရုံယူ၍ရခြင်း ဟူလို)[၁၀၉၈] ... (ကိစ္စ) ရသ၊ 
၃။ စက္ခုဝိညာဏ်၏ မှီရာဝတ္ထု, စက္ခုဒွါရဝီထိ နာမ်တရားစု၏ ဝင်ထွက်ရာ ဖြစ်ကြောင်း ဒွါရဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ နာမ် + ရုပ် ... ပဒဋ္ဌာန်

သောတာယတန

၁။ အာယတနလက္ခဏံ သောတာယတနံ
၂။ သဝနရသံ၊
၃။ ဝတ္ထုဒွါရဘာဝပစ္စုပဋ္ဌာနံ၊
၄။ နာမရူပပဒဋ္ဌာနံ။

၁။ သဒ္ဒါရုံ၏ ရှေးရှူ ထိခိုက်ခြင်းငှာ ထိုက်သောသဘော ... လက္ခဏ
တစ်နည်း – အာယမည်သော သောတဒွါရဝီထိ မနောဒွါရဝီထိ စိတ်စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော ... လက္ခဏ
၂။ သဒ္ဒါရုံကို ကြားခြင်း = သဒ္ဒါရုံကို ရယူခြင်း ... (ကိစ္စ) ရသ
၃။ သောတဝိညာဏ်၏ မှီရာဝတ္ထု, သောတဒွါရဝီထိနာမ်တရားစု၏ ဝင်ထွက်ရာဖြစ်ကြောင်း ဒွါရဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ နာမ် + ရုပ် ... ပဒဋ္ဌာန်

ဃာနာယတန

၁။ အာယတနလက္ခဏံ ဃနာယတနံ
၂။ ဃာယနရသံ၊
၃။ ဝတ္ထုဒွါရဘာဝပစ္စုပဋ္ဌာနံ၊
၄။ နာမရူပပဒဋ္ဌာနံ။

၁။ ဂန္ဓာရုံ၏ ရှေးရှူ ထိခိုက်ခြင်းငှာ ထိုက်သောသဘော ... လက္ခဏ
တစ်နည်း – အာယမည်သော ဃာနဒွါရဝီထိ မနောဒွါရဝီထိ စိတ်စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော ... လက္ခဏ
၂။ ဂန္ဓာရုံကို နံခြင်း = ဂန္ဓာရုံကို ရယူခြင်း ... (ကိစ္စ) ရသ
၃။ ဃာနဝိညာဏ်၏ မှီရာဝတ္ထု, ဃာနဒွါရဝီထိနာမ်တရားစု၏ ဝင်ထွက်ရာဖြစ်ကြောင်း ဒွါရဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ နာမ် + ရုပ် ... ပဒဋ္ဌာန်

ဇိဝှါယတန

၁။ အာယတနလက္ခဏံ ဇိဝှါယတနံ
၂။ သာယနရသံ၊
၃။ ဝတ္ထုဒွါရဘာဝပစ္စုပဋ္ဌာနံ၊
၄။ နာမရူပပဒဋ္ဌာနံ။

၁။ ရသာရုံ၏ ရှေးရှူ ထိခိုက်ခြင်းငှာ ထိုက်သောသဘော ... လက္ခဏ
တစ်နည်း – အာယမည်သော ဇိဝှါဒွါရဝီထိ မနောဒွါရဝီထိ စိတ်စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော ... လက္ခဏ
၂။ ရသာရုံကို လျက်သိခြင်း = ရသာရုံကို ရယူခြင်း ... (ကိစ္စ) ရသ
၃။ ဇိဝှါဝိညာဏ်၏ မှီရာဝတ္ထု, ဇိဝှါဒွါရဝီထိနာမ်တရားစု၏ ဝင်ထွက်ရာဖြစ်ကြောင်း ဒွါရဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ နာမ် + ရုပ် ... ပဒဋ္ဌာန်

ကာယာယတန

၁။ အာယတနလက္ခဏံ ကာယာယတနံ
၂။ ဖုသနရသံ၊
၃။ ဝတ္ထုဒွါရဘာဝပစ္စုပဋ္ဌာနံ၊
၄။ နာမရူပပဒဋ္ဌာနံ။

၁။ ဖောဋ္ဌဗ္ဗာရုံ၏ ရှေးရှူထိခိုက်ခြင်းငှာထိုက်သောသဘော ... လက္ခဏ
တစ်နည်း – အာယမည်သော ကာယဒွါရဝီထိ မနောဒွါရဝီထိ စိတ်စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော ... လက္ခဏ
၂။ ဖောဋ္ဌဗ္ဗာရုံကို ထိသိခြင်း = ဖောဋ္ဌဗ္ဗာရုံကို ရယူခြင်း ... (ကိစ္စ) ရသ
၃။ ကာယဝိညာဏ်၏ မှီရာဝတ္ထု, ကာယဒွါရဝီထိနာမ်တရားစု၏ ဝင်ထွက်ရာ ဖြစ်ကြောင်း ဒွါရဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ နာမ် + ရုပ် ... ပဒဋ္ဌာန်

မနာယတန

၁။ အာယတနလက္ခဏံ မနာယတနံ၊
၂။ ဝိဇာနနရသံ (ပုဗ္ဗင်္ဂမရသံ)၊
၃။ ဒွါရဘာဝပစ္စုပဋ္ဌာနံ၊
၄။ နာမရူပပဒဋ္ဌာနံ။

၁။ ဓမ္မာရုံ၏ ရှေးရှူ ထင်ခြင်းငှာ ထိုက်သောသဘော ... လက္ခဏ၊ တစ်နည်း - အာယမည်သော မနောဒွါရဝီထိ စိတ်စေတသိက်တို့ကို ချဲ့ထွင်ခြင်းသဘော ... လက္ခဏ
၂။ ဓမ္မာရုံကို သိခြင်း = ဓမ္မာရုံကို ရယူခြင်း ... (ကိစ္စ) ရသ
တစ်နည်း - အာရုံကို သိမှု၌ ပဓာနေ့ရှသွားခေါင်းဆောင်ဖြစ်ခြင်း ... (ကိစ္စ) ရသ
၃။ မနောဝိညာဏ် နာမ်တရားစု၏ = မနောဒွါရဝီထိနာမ်တရားစု၏ ဝင်ထွက်ရာဖြစ်ကြောင်း ဒွါရဖြစ်ခြင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ နာမ် + ရုပ် ... ပဒဋ္ဌာန်

ကာရဏူပစာရစကား

စက္ခာယတန စသည့် ရုပ်အာယတနတို့ကား ရူပါရုံ စသည့် မိမိတို့ ဆိုင်ရာအာရုံကို အာရုံမယူနိုင်ပေ မသိနိုင်ပေ။ ရုပ်တရားတို့သည် အာရုံကို မယူတတ်သော အနာရမ္မဏတရားတို့ ဖြစ်ကြ၏၊ သို့သော် ဤ၌ စက္ခာယတန စသည့် ရုပ်အာယတနတို့သည် ဒဿနကိစ္စ = မြင်ခြင်းကိစ္စ စသည်ကို ရွက်ဆောင်ကြောင်း ဖွင့်ဆိုထား၏၊ ထိုစကားရပ်တို့မှာ ကာရဏူပစာရ စကားရပ်တို့သာ ဖြစ်ကြ၏၊[၁၀၉၉] စက္ခာယတန စသည်သည် စက္ခုဝိညာဏ် စသည်တို့၏ အကြောင်းတရား ဖြစ်ခြင်းသည်ပင် ဒဿနကိစ္စ စသည်မည်၏၊ စက္ခာယတန = စက္ခုဝတ္ထု = စက္ခုဒွါရသည် ရူပါရုံကို မြင်တတ်သော စက္ခုဝိညာဏ်နှင့်တကွသော နာမ်တရားစုတို့၏ မှီရာအကြောင်းတရားမျှသာ ဖြစ်၏၊ ဝတ္ထုပုရေဇာတနိဿယပစ္စယ အကြောင်းတရားတည်း။ အကျိုးဖြစ်သော စက္ခုဝိညာဏ်၏ ရူပါရုံကို မြင်ခြင်း ဒဿနကိစ္စကို အကြောင်းဖြစ်သော စက္ခာယတန၌ တင်စား၍ အကြောင်းဖြစ်သော စက္ခာယတန၌ ဒဿနကိစ္စ ရှိသကဲ့သို့ တင်စား၍ ဆိုသော ကာရဏူပစာရ စကားတည်း။ သောတာယတန စသည်တို့၌လည်း နည်းတူမှတ်ပါ။

ဆိုင်ရာ ဆိုင်ရာ အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာကြသော စိတ် စေတသိက်တရားတို့ကို အာယဟု ခေါ်ဆို၏၊ ထိုအာယမည်သော စိတ် စေတသိက်တရားတို့ကို ကျယ်ပြန့်အောင် ချဲ့ထွင်တတ်သော တရားများကို အာယတနဟု ဆိုသည်။ သို့သော် မဓု၌ကား – အာယာနံ သုခဒုက္ခာနံ, သံသာရဒုက္ခာနံ ဝါ – ဟု ဖွင့်ဆိုထား၏၊ ယင်း မဓု အလိုအားဖြင့် သုခ ဒုက္ခတို့ကို သို့မဟုတ် သံသာရဒုက္ခတို့ကို အာယဟု ဆိုလို၏၊ ထို သုခ ဒုက္ခ သို့မဟုတ် သံသာရဒုက္ခ တို့ကို ကျယ်ပြန့်အောင် ချဲ့ထွင်တတ်သောတရားတို့သည် အာယတန မည်၏ဟု မှတ်ပါ။

စက္ခုဒွါရ စသော ထိုထိုဒွါရ၌ ဖြစ်သော စိတ်စေတသိက် = ဓမ္မတို့၏ ဖြစ်ခြင်းကိုပင်လျှင် အာယတနဟူ၍ လည်းကောင်း, ဃဋနဟူ၍လည်းကောင်း ဤ၌ ဆိုလို၏ဟု မှတ်ပါ။[၁၁၀၀]

၆။ ဖဿ

၁။ ဖုသနလက္ခဏော ဖေဿာ၊
၂။ သင်္ဃဋ္ဋနရသော၊
၃။ သင်္ဂတိပစ္စုပဋ္ဌာနော၊
၄။ သဠာယတနပဒဋ္ဌာနော။[၁၁၀၁]

၁။ အာရုံကို တွေ့ထိခြင်းသဘော ... လက္ခဏ
= အာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော ... လက္ခဏ
၂။ အာရုံကို ပွတ်ချုပ်ထိပါးခြင်း = အာရုံ၌ ထိခတ်ခြင်း ... (ကိစ္စ) ရသ
၃။ ဝတ္ထု+အာရုံ+ဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သဠာယတန ... ပဒဋ္ဌာန်

ဤအထက်ပါ လက္ခဏ ရသ စသည့် ရှုကွက်မှာ စက္ခုသမ္ဖဿ စသော ဖဿ (၆)မျိုးလုံးအတွက် ခြုံငုံ၍ ဖွင့်ဆိုထားသော အဖွင့်သာ ဖြစ်ပါသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် လက်တွေ့ရှုသောအခါ၌ကား စက္ခုသမ္ဖဿ စသော ဖဿများကို တစ်မျိုးစီသာ ခွဲ၍ ရှုရမည် ဖြစ်ပါသည်။ စိတ္တက္ခဏတစ်ခု၏ အတွင်း၌ ဖဿ (၆)မျိုးလုံးသည် ပြိုင်တူ မဖြစ်နိုင်သောကြောင့်ပင် ဖြစ်ပေသည်၊ ထိုကြောင့် ခွဲရှုပုံကို ဆက်လက်၍ တင်ပြအပ်ပါသည်။

စက္ခုသမ္ဖဿ

၁။ ဖုသနလက္ခဏော စက္ခုသမ္ဖေဿာ
၂။ သင်္ဃဋ္ဋနရသော၊
၃။ သင်္ဂတိပစ္စုပဋ္ဌာနော၊
၄။ စက္ခာယတနပဒဋ္ဌာနော။

၁။ ရူပါရုံကို တွေ့ထိခြင်းသဘော = ရူပါရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ရူပါရုံကို ပွတ်ချုပ်ထိပါးခြင်း = ရူပါရုံ၌ ထိခတ်ခြင်း ... (ကိစ္စ) ရသ
၃။ စက္ခုဝတ္ထု+ရူပါရုံ+စက္ခုဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ စက္ခာယတန ... ပဒဋ္ဌာန်။ 

သောတသမ္ဖဿ

၁။ ဖုသနလက္ခဏော သောတသမ္ဖေဿာ
၂။ သင်္ဃဋ္ဋနရသော၊
၃။ သင်္ဂတိပစ္စုပဋ္ဌာနော၊
၄။ သောတာယတနပဒဋ္ဌာနော။

၁။ သဒ္ဒါရုံကို တွေ့ထိခြင်းသဘော = သဒ္ဒါရုံကို တွေ့ထိသောအခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော ... လက္ခဏ
၂။ သဒ္ဒါရုံကို ပွတ်ချုပ်ထိပါးခြင်း = သဒ္ဒါရုံ၌ ထိခတ်ခြင်း ... (ကိစ္စ) ရသ
၃။ သောတဝတ္ထု+သဒ္ဒါရုံ+သောတဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သောတာယတန ... ပဒဋ္ဌာန်

ဃာနသမ္ဖဿ

၁။ ဖုသနလက္ခဏော ဃာနသမ္ဖေဿာ
၂။ သင်္ဃဋ္ဋနရသော၊
၃။ သင်္ဂတိပစ္စုပဋ္ဌာနော၊
၄။ ဃာနာယတနပဒဋ္ဌာနော။

၁။ ဂန္ဓာရုံကို တွေ့ထိခြင်းသဘော = ဂန္ဓာရုံကို တွေ့ထိသောအခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ဂန္ဓာရုံကို ပွတ်ချုပ်ထိပါးခြင်း = ဂန္ဓာရုံ၌ ထိခတ်ခြင်း ... (ကိစ္စ) ရသ
၃။ ဃာနဝတ္ထု+ဂန္ဓာရုံ+ဃာနဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဃာနာယတန ... ပဒဋ္ဌာန်

ဇိဝှါသမ္ဖဿ

၁။ ဖုသနလက္ခဏော ဇိဝှါသမ္ပေဿာ
၂။ သင်္ဃဋ္ဋနရသော၊
၃။ သင်္ဂတိပစ္စုပဋ္ဌာနော၊
၄။ ဇိဝှါယတနပဒဋ္ဌာနော။

၁။ ရသာရုံကို တွေ့ထိခြင်းသဘော = ရသာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ရသာရုံကို ပွတ်ချုပ်ထိပါးခြင်း = ရသာရုံ၌ ထိခတ်ခြင်း ... (ကိစ္စ) ရသ
၃။ ဇိဝှါဝတ္ထု+ရသာရုံ+ဇိဝှါဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဇိဝှါယတန ... ပဒဋ္ဌာန်

ကာယသမ္ဖဿ

၁။ ဖုသနလက္ခဏော ကာယသမ္ဖေဿာ
၂။ သင်္ဃဋ္ဋနရသော၊
၃။ သင်္ဂတိပစ္စုပဋ္ဌာနော၊
၄။ ကာယာယတနပဒဋ္ဌာနော။

၁။ ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိခြင်းသဘော = ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ဖောဋ္ဌဗ္ဗာရုံကို ပွတ်ချုပ်ထိပါးခြင်း = ဖောဋ္ဌဗ္ဗာရုံ၌ ထိခတ်ခြင်း ... (ကိစ္စ) ရသ
၃။ ကာယဝတ္ထု+ဖောဋ္ဌဗ္ဗာရုံ+ကာယဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ကာယာယတန ... ပဒဋ္ဌာန်

မနောသမ္ဖဿ

၁။ ဖုသနလက္ခဏော မနောသမ္ဖေဿာ
၂။ သင်္ဃဋ္ဋနရသော၊
၃။ သင်္ဂတိပစ္စုပဋ္ဌာနော၊
၄။ မနာယတနပဒဋ္ဌာနော။

၁။ ဓမ္မာရုံကို တွေ့ထိခြင်းသဘော = ဓမ္မာရုံကို တွေ့ထိသောအခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ဓမ္မာရုံကို ပွတ်ချုပ်ထိပါးခြင်း = ဓမ္မာရုံ၌ ထိခတ်ခြင်း ... (ကိစ္စ) ရသ
၃။ မနောဒွါရ+ဓမ္မာရုံ+မနောဝိညာဏ် သုံးပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မနာယတန ... ပဒဋ္ဌာန်

မနောသမ္ဖဿ – မနောသမ္ဖဿကား အလွန် အရာကျယ်၏၊ ပဉ္စဝိညာဏ်နှင့်ယှဉ်သော စက္ခုသမ္ဖဿ စသော ဖဿငါးမျိုးက လွဲလျှင် ကြွင်းကျန်သော ဝီထိစိတ် ဝီထိမုတ်စိတ် အားလုံးနှင့် ယှဉ်သော ဖဿ ဟူသမျှသည် မနောသမ္ဖဿချည်းသာတည်း။ အာရုံ (၆)ပါးလုံးကိုပင် ထိုက်သည့်အားလျော်စွာ အာရုံပြုပေသည်။ အထက်တွင် ဓမ္မာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာသော မနောသမ္ဖဿကိုသာ ပုံစံထုတ်၍ ရေးသားထားပါသည်။ သုတ္တန်နည်းအရ မနောသမ္ဖသောတိ ဘဝင်္ဂသဟဇာတော သမ္ဖေဿာ - ဟူသော သံယုတ်အဋ္ဌကထာ ပဟာနသုတ္တန်အဖွင့်[၁၁၀၂] နှင့်အညီ ဘဝင်စိတ်နှင့် ယှဉ်သော ဖဿမှာ မနောသမ္ဖဿ မည်ပေသည်။ အာဝဇ္ဇနံ ဘဝင်္ဂတော အမောစေတွာ မနောတိ သဟာဝဇ္ဇနေန ဘဝင်္ဂံ ဒဋ္ဌဗ္ဗံ။[၁၁၀၃] ဟူသော အဖွင့်နှင့်အညီ ဘဝင်စိတ်နှင့် ယှဉ်သော ဖဿ, မနောဒွါရာဝဇ္ဇန်းနှင့် ယှဉ်သော ဖဿ - ဤဖဿနှစ်မျိုးလုံးသည်လည်း မနောသမ္ဖဿ မည်ပေသည်။

သို့အတွက် ပဋိသန္ဓိမနောသမ္ဖဿ, ဘဝင်္ဂမနောသမ္ဖဿတို့ကို ဤ၌ ဦးစားပေး၍ ရှုပါ။ ကြွင်းမနောသမ္ဖဿ တို့၌လည်း ရှုနိုင်လျှင်လည်း ကောင်းသည်သာ ဖြစ်သည်။ သို့သော် သုတ္တန္တဘာဇနီယ-နည်းအရ ဤမနောသမ္ဖဿမှာ ဝိပါကဝဋ်တွင် အကျုံးဝင်သော ဖဿသာ ဖြစ်သဖြင့် ဝိပါက်မနောသမ္ဖဿကိုသာ ဦးစားပေး၍ ရှုပါ။ မနာယတနအရ သမ္ပယုတ် မနာယတနကိုသာ ဦးစားပေး၍ ရှုပါ။

၇။ ဝေဒနာ 

၁။ အနုဘဝနလက္ခဏာ ဝေဒနာ၊
၂။ ဝိသယရသသမ္ဘောဂရသာ၊
၃။ သုခဒုက္ခပစ္စုပဋ္ဌာနာ၊
၄။ ဖဿပဒဋ္ဌာနာ။[၁၁၀၄]

၁။ အာရုံ၏ အရသာကို ခံစားခြင်းသဘော ... လက္ခဏ
၂။ အာရုံ၏ အရသာကို သုံးဆောင်ခြင်း ... (ကိစ္စ) ရသ
၃။ သုခသဘောတရား, ဒုက္ခသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဖဿ ... ပဒဋ္ဌာန်

အဟိတ်အကုသလဝိပါက် ဥပေက္ခာဝေဒနာကား အနိဋ္ဌသဘာဝ ဖြစ်သောကြောင့် ဒုက္ခဝေဒနာဖြင့်, ကုသလဝိပါက် ဥပေက္ခာဝေဒနာကား ဣဋ္ဌသဘာဝ ဖြစ်သောကြောင့် သုခဝေဒနာဖြင့် ပေါင်းရုံးရေတွက်ထားသည်။ ထိုကြောင့် သုခဝေဒနာ ဒုက္ခဝေဒနာ နှစ်မျိုးကိုသာ ဖော်ပြထားသည်။[၁၁၀၅] အကယ်၍ ဝေဒနာကို (၆)မျိုး ခွဲ၍ ရှုလိုပါက အောက်ပါ အတိုင်း ရှုပါ။

စက္ခုသမ္ဖဿဇာ ဝေဒနာ

၁။ ရူပါရမ္မဏာနုဘဝနလက္ခဏာ စက္ခုသမ္ဖဿဇာ ဝေဒနာ[၁၁၀၆]
၂။ ဝိသယရသသမ္ဘောဂရသာ၊
၃။ သုခဒုက္ခပစ္စုပဋ္ဌာနာ၊
၄။ စက္ခုသမ္ဖဿပဒဋ္ဌာနာ။

၁။ ရူပါရုံကို = ရူပါရုံ၏ အရသာကို ခံစားခြင်းသဘော ... လက္ခဏ
၂။ ရူပါရုံ၏ အရသာကို သုံးဆောင်ခြင်း ... (ကိစ္စ) ရသ
၃။ သုခသဘောတရား (ကုသလဝိပါက် စက္ခုဝိညာဏ်နှင့် ယှဉ်သောဝေဒနာ)
ဒုက္ခသဘောတရား (အကုသလဝိပါက် စက္ခုဝိညာဏ်နှင့် ယှဉ်သော ဝေဒနာ) ... ပစ္စုပဋ္ဌာန်
၄။ စက္ခုသမ္ဖဿ ... ပဒဋ္ဌာန်

သောတသမ္ဖဿဇာ ဝေဒနာ

၁။ သဒ္ဒါရမ္မဏာနုဘဝနလက္ခဏာ သောတသမ္ဖဿဇာ ဝေဒနာ
၂။ ဝိသယရသသမ္ဘောဂရသာ၊
၃။ သုခဒုက္ခပစ္စုပဋ္ဌာနာ၊
၄။ သောတသမ္ဖဿပဒဋ္ဌာနာ။

၁။ သဒ္ဒါရုံကို = သဒ္ဒါရုံ၏ အရသာကို ခံစားခြင်းသဘော ... လက္ခဏ
၂။ သဒ္ဒါရုံ၏ အရသာကို သုံးဆောင်ခြင်း ... (ကိစ္စ) ရသ
၃။ သုခသဘောတရား (ကုသလဝိပါက် သောတဝိညာဏ်နှင့် ယှဉ်သော ဝေဒနာ)၊
ဒုက္ခသဘောတရား (အကုသလဝိပါက် သောတဝိညာဏ်နှင့် ယှဉ်သော ဝေဒနာ) ... ပစ္စုပဋ္ဌာန်
၄။ သောတသမ္ဖဿ ... ပဒဋ္ဌာန်

ဃာနသမ္ဖဿဇာ ဝေဒနာ

၁။ ဂန္ဓာရမ္မဏာနုဘဝနလက္ခဏာ ဃာနသမ္ဖဿဇာ ဝေဒနာ
၂။ ဝိသယရသသမ္ဘောဂရသာ၊
၃။ သုခဒုက္ခပစ္စုပဋ္ဌာနာ၊
၄။ ဃာနသမ္ဖဿပဒဋ္ဌာနာ။

၁။ ဂန္ဓာရုံကို = ဂန္ဓာရုံ၏ အရသာကို ခံစားခြင်းသဘော ... လက္ခဏ
၂။ ဂန္ဓာရုံ၏ အရသာကို သုံးဆောင်ခြင်း ... (ကိစ္စ) ရသ
၃။ သုခသဘောတရား (ကုသလဝိပါက် ဃာနဝိညာဏ်နှင့် ယှဉ်သော ဝေဒနာ)
ဒုက္ခသဘောတရား (အကုသလဝိပါက် ဃာနဝိညာဏ်နှင့် ယှဉ်သော ဝေဒနာ) ... ပစ္စုပဋ္ဌာန်
၄။ ဃာနသမ္ဖဿ ... ပဒဋ္ဌာန်

ဇိဝှါသမ္ဖဿဇာ ဝေဒနာ

၁။ ရသာရမ္မဏာနုဘဝနလက္ခဏာ ဇိဝှါသမ္ဖဿဇာ ဝေဒနာ
၂။ ဝိသယရသသမ္ဘောဂရသာ၊
၃။ သုခဒုက္ခပစ္စုပဋ္ဌာနာ၊
၄။ ဇိဝှါသမ္ဖဿပဒဋ္ဌာနာ။

၁။ ရသာရုံကို = ရသာရုံ၏ အရသာကို ခံစားခြင်းသဘော ... လက္ခဏ
၂။ ရသာရုံ၏ အရသာကို သုံးဆောင်ခြင်း ... (ကိစ္စ) ရသ
၃။ သုခသဘောတရား (ကုသလဝိပါက် ဇိဝှါဝိညာဏ်နှင့် ယှဉ်သော ဝေဒနာ)၊
ဒုက္ခသဘောတရား (အကုသလဝိပါက် ဇိဝှါဝိညာဏ်နှင့် ယှဉ်သော ဝေဒနာ)... ပစ္စုပဋ္ဌာန်
၄။ ဇိဝှါသမ္ဖဿ ... ပဒဋ္ဌာန်

ကာယသမ္ဖဿဇာ ဝေဒနာ

၁။ ဖောဋ္ဌဗ္ဗာရမ္မဏာနုဘဝနလက္ခဏာ ကာယသမ္ဖဿဇာ ဝေဒနာ၊
၂။ ဝိသယရသသမ္ဘောဂရသာ၊
၃။ သုခဒုက္ခပစ္စုပဋ္ဌာနာ၊
၄။ ကာယသမ္ဖဿပဒဋ္ဌာနာ။

၁။ ဖောဋ္ဌဗ္ဗာရုံကို = ဖောဋ္ဌဗ္ဗာရုံ၏ အရသာကို ခံစားခြင်းသဘော ... လက္ခဏ
၂။ ဖောဋ္ဌဗ္ဗာရုံ၏ အရသာကို သုံးဆောင်ခြင်း ... (ကိစ္စ) ရသ
၃။ သုခသဘောတရား (ကုသလဝိပါက် ကာယဝိညာဏ်နှင့် ယှဉ်သော ဝေဒနာ)
ဒုက္ခသဘောတရား (အကုသလဝိပါက်ကာယဝိညာဏ်နှင့် ယှဉ်သောဝေဒနာ) ... ပစ္စုပဋ္ဌာန်
၄။ ကာယသမ္ဖဿ ... ပဒဋ္ဌာန်

မနောသမ္ဖဿဇာ ဝေဒနာ

၁။ ဓမ္မာရမ္မဏာနုဘဝနလက္ခဏာ မနောသမ္ဖဿဇာ ဝေဒနာ၊
၂။ ဝိသယရသသမ္ဘောဂရသာ၊
၃။ သုခဒုက္ခပစ္စုပဋ္ဌာနာ၊
၄။ မနောသမ္ဖဿပဒဋ္ဌာနာ။

၁။ ဓမ္မာရုံကို = ဓမ္မာရုံ၏ အရသာကို ခံစားခြင်းသဘော ... လက္ခဏ
၂။ ဓမ္မာရုံ၏ အရသာကို သုံးဆောင်ခြင်း ... (ကိစ္စ) ရသ
၃။ သုခသဘောတရား (ကုသလဝိပါက် မနောဝိညာဏ်နှင့်ယှဉ်သော ဝေဒနာ)
ဒုက္ခသဘောတရား (အကုသလဝိပါက် မနောဝိညာဏ်နှင့်ယှဉ်သော ဝေဒနာ) ... ပစ္စုပဋ္ဌာန်
၄။ မနောသမ္ဖဿ ... ပဒဋ္ဌာန်

၈။ တဏှာ

၁။ ဟေတုလက္ခဏာ တဏှာ၊
၂။ အဘိနန္ဒနရသာ၊
၃။ အတိတ္တိဘာဝပစ္စုပဋ္ဌာနာ၊
၄။ ဝေဒနာပဒဋ္ဌာနာ။[၁၁၀၈]

၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ထိုထိုအာရုံ ထိုထိုဘုံဘဝတို့၌ အလွန်နှစ်သက်ခြင်း ... (ကိစ္စ) ရသ
၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ထိုထိုအာရုံ ထိုထိုဘုံဘဝတို့၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဝေဒနာ ... ပဒဋ္ဌာန်

တဏှာသည် ဒုက္ခသစ္စာ အမည်ရသော ဥပါဒါနက္ခန္ဓာငါးပါး၏ အကြောင်းရင်း သမုဒယသစ္စာတရား ဖြစ်၏၊ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာတရား ဖြစ်ခြင်းကြောင့် တဏှာကို ဟေတုလက္ခဏာ = ဒုက္ခ၏ ဖြစ်ကြောင်းသဘော လက္ခဏာ ရှိ၏ဟု ဆိုသည်။ ယင်းတဏှာကို – တတြ တတြာဘိနန္ဒိနီ = ထိုထိုအာရုံ ထိုထိုဘုံဘဝတို့၌ အလွန် နှစ်သက်တတ်သော သဘောတရားဟု ဓမ္မစကြာဒေသနာတော် စသည်တို့၌ ဘုရားရှင်သည် ဟောကြားထားတော် မူခြင်းကြောင့် တဏှာသည် ထိုထိုအာရုံ ထိုထိုဘုံဘဝတို့၌ အလွန်နှစ်သက်ခြင်း ကိစ္စရသ ရှိပေသည်။ စိတ်၏ လည်းကောင်း, တစ်နည်း ပုဂ္ဂိုလ်၏လည်းကောင်း ရူပါရုံ အစရှိသော အာရုံတို့၌ မတင်းတိမ်နိုင် မရောင့်ရဲနိုင်သည်၏ အဖြစ်ဖြင့် ဖြစ်တတ်၍ ယင်းတဏှာကို ဝိပဿနာဉာဏ်ဖြင့် ယူအပ်ရကား - အတိတ္တိဘာဝပစ္စုပဋ္ဌာနာ = စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ထိုထိုအာရုံ ထိုထိုဘုံဘဝတို့၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရားအဖြစ်ဖြင့် ယောဂီတို့၏ ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။[၁၁၀၉]

ထိုတဏှာမှာလည်း ရူပတဏှာ စသည်ဖြင့် (၆)မျိုးပြားသဖြင့် အောက်ပါအတိုင်း (၆)မျိုးပင် ခွဲ၍ ရှုလိုပါကလည်း ခွဲရှုပါ။

ရူပတဏှာ

၁။ ဟေတုလက္ခဏာ ရူပတဏှာ
၂။ အဘိနန္ဒနရသာ၊
၃။ အတိတ္တိဘာဝပစ္စုပဋ္ဌာနာ၊
၄။ စက္ခုသမ္ဖဿဇာ ဝေဒနာ = စက္ခသမ္ဖဿပစ္စယာ ဝေဒနာ ပဒဋ္ဌာနာ။

၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ရူပါရုံ၌ အလွန်နှစ်သက်ခြင်း ... (ကိစ္စ) ရသ
၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ရူပါရုံ၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ စက္ခုသမ္ဖဿဇာ ဝေဒနာ = စက္ခုသမ္ဖဿပစ္စယာ ဝေဒနာ ... ပဒဋ္ဌာန်

သဒ္ဒတဏှာ

၁။ ဟေတုလက္ခဏာ သဒ္ဒတဏှာ
၂။ အဘိနန္ဒနရသာ၊
၃။ အတိတ္တိဘာဝပစ္စုပဋ္ဌာနာ၊
၄။ သောတသမ္ဖဿဇာ ဝေဒနာ = သောတသမ္ဖဿပစ္စယာ ဝေဒနာ ပဒဋ္ဌာနာ။

၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော ... လက္ခဏ
၂။ သဒ္ဒါရုံ၌ အလွန်နှစ်သက်ခြင်း ... (ကိစ္စ) ရသ
၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ သဒ္ဒါရုံ၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သောတသမ္ဖဿဇာ ဝေဒနာ = သောတသမ္ဖဿပစ္စယာ ဝေဒနာ ... ပဒဋ္ဌာန်

ဂန္ဓတဏှာ

၁။ ဟေတုလက္ခဏာ ဂန္ဓတဏှာ
၂။ အဘိနန္ဒနရသာ၊
၃။ အတိတ္တိဘာဝပစ္စုပဋ္ဌာနာ၊
၄။ ဃာနသမ္ဖဿဇာ ဝေဒနာ = ဃာနသမ္ဖဿပစ္စယာ ဝေဒနာ ပဒဋ္ဌာနာ။

၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ဂန္ဓာရုံ၌ အလွန်နှစ်သက်ခြင်း ... (ကိစ္စ) ရသ
၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ဂန္ဓာရုံ၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဃာနသမ္ဖဿဇာ ဝေဒနာ = ဃာနသမ္ဖဿပစ္စယာ ဝေဒနာ ... ပဒဋ္ဌာန်

ရသတဏှာ

၁။ ဟေတုလက္ခဏာ ရသတဏှာ
၂။ အဘိနန္ဒနရသာ၊
၃။ အတိတ္တိဘာဝပစ္စုပဋ္ဌာနာ၊
၄။ ဇိဝှါသမ္ဖဿဇာ ဝေဒနာ = ဇိဝှါသမ္ဖဿပစ္စယာ ဝေဒနာ ပဒဋ္ဌာနာ။

၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ရသာရုံ၌ အလွန်နှစ်သက်ခြင်း ... (ကိစ္စ) ရသ
၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ရသာရုံ၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဇိဝှါသမ္ဖဿဇာ ဝေဒနာ = ဇိဝှါသမ္ဖဿပစ္စယာ ဝေဒနာ ... ပဒဋ္ဌာန်

ဖောဋ္ဌဗ္ဗတဏှာ

၁။ ဟေတုလက္ခဏာ ဖောဋ္ဌဗ္ဗတဏှာ
၂။ အဘိနန္ဒနရသာ၊
၃။ အတိတ္တိဘာဝပစ္စုပဋ္ဌာနာ၊
၄။ ကာယသမ္ဖဿဇာ ဝေဒနာ = ကာယသမ္ဖဿပစ္စယာ ဝေဒနာ ပဒဋ္ဌာနာ။

၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ဖောဋ္ဌဗ္ဗာရုံ၌ အလွန်နှစ်သက်ခြင်း ... (ကိစ္စ) ရသ
၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ဖောဋ္ဌဗ္ဗာရုံ၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ကာယသမ္ဖဿဇာ ဝေဒနာ = ကာယသမ္ဖဿပစ္စယာ ဝေဒနာ ... ပဒဋ္ဌာန်

ဓမ္မတဏှာ

၁။ ဟေတုလက္ခဏာ ဓမ္မတဏှာ
၂။ အဘိနန္ဒနရသာ၊
၃။ အတိတ္တိဘာဝပစ္စုပဋ္ဌာနာ၊
၄။ မနောသမ္ဖဿဇာ ဝေဒနာ = မနောသမ္ဖဿပစ္စယာ ဝေဒနာ ပဒဋ္ဌာနာ။

၁။ ဒုက္ခ၏ အကြောင်းဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ဓမ္မာရုံ၌ အလွန် နှစ်သက်ခြင်း ... (ကိစ္စ) ရသ
၃။ စိတ်၏ (ဝါ) ပုဂ္ဂိုလ်၏ ဓမ္မာရုံ၌ မတင်းတိမ် မရောင့်ရဲနိုင်သည့် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မနောသမ္ဖဿဇာ ဝေဒနာ = မနောသမ္ဖဿပစ္စယာ ဝေဒနာ... ပဒဋ္ဌာန်

၉။ ဥပါဒါန = ဥပါဒါန်

၁။ ဂဟဏလက္ခဏံ ဥပါဒါနံ၊
၂။ အမုဉ္စနရသံ၊
၃။ တဏှာဒဠှတ္တဒိဋ္ဌိပစ္စုပဋ္ဌာနံ၊
၄။ တဏှာပဒဋ္ဌာနံ။[၁၁၁၁]

၁။ အာရုံကို ပြင်းစွာ စွဲလမ်းခြင်း = စွဲမြဲစွာ ယူခြင်းသဘော ... လက္ခဏ
၂။ (တဏှာ ဒိဋ္ဌိတို့ဖြင့် အာရုံကို မှားမှားယွင်းယွင်း နှလုံးသွင်းခြင်း၏ အစွမ်းဖြင့်) အာရုံကို မလွှတ်ခြင်း ... (ကိစ္စ) ရသ
၃။ (က) တဏှာ၏ ခိုင်မြဲမှု သဘောတရား (ကာမုပါဒါန်အတွက်)
( ခ ) ဒိဋ္ဌိ = အယူမှားမှု သဘောတရား (ကျန်ဥပါဒါန် သုံးပါးအတွက်) ... ပစ္စုပဋ္ဌာန်
၄။ တဏှာ ... ပဒဋ္ဌာန်

ဥပါဒါန် လေးမျိုး

၁။ ကာမုပါဒါန် – အာရုံငါးပါး ကာမဂုဏ်တရားတို့၌ ထိုထိုဘုံဘဝ၌ ပြင်းစွာစွဲလမ်းခြင်း စွဲမြဲစွာယူခြင်းသဘောတရား၊
၂။ ဒိဋ္ဌုပါဒါန် – အတ္တဝါဒုပါဒါန် သီလဗ္ဗတုပါဒါန် နှစ်မျိုးမှလွဲ၍ ကြွင်းကျန်သော မှားယွင်းသော မိစ္ဆာဒိဋ္ဌိ အယူဝါဒ အမျိုးမျိုး၌ ပြင်းစွာ စွဲလမ်းခြင်း စွဲမြဲစွာယူခြင်းသဘောတရား၊
၃။ သီလဗ္ဗတုပါဒါန် – နွားအကျင့် ခွေးအကျင့် စသည့် မှားယွင်းသည့် ဝတအကျင့်ဖြင့် ကိလေသာတို့မှ စင်ကြယ်နိုင်၏ သံသရာမှ လွတ်မြောက်နိုင်၏ဟု ပြင်းစွာစွဲလမ်းခြင်း စွဲမြဲစွာယူခြင်းသဘောတရား၊
၄။ အတ္တဝါဒုပါဒါန် – (က) ဖန်ဆင်းရှင်ပရမအတ္တ၊ ( ခ ) အဖန်ဆင်းခံရသော ဇီဝအတ္တရှိ၏ စသည်ဖြင့် အတ္တဝါဒကို လက်ခံသော အတ္တဝါဒကို ပြင်းစွာစွဲလမ်းခြင်း စွဲမြဲစွာယူခြင်းသဘောတရား ––

ဤသို့အားဖြင့် ဥပါဒါန် (၄)မျိုး ရှိပေသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်၌ ဖြစ်ပေါ် ခဲ့ဖူးသော, ဖြစ်ပေါ်ဆဲဖြစ်သော, ဖြစ်ပေါ်လတ္တံ့ဖြစ်သော ဥပါဒါန်ကို ရွေးချယ်၍ ရှုရန် ဖြစ်သည်။ အတိတ်အကြောင်း တရား (၅)ပါးတို့တွင် ပါဝင်သော ဥပါဒါန်သည် ဥပါဒါန် (၄)မျိုးတို့တွင် မည်သို့သော ဥပါဒါန် ဖြစ်ခဲ့သည်ကို ရွေးချယ် စိစစ်၍ ရှုပါ။ တစ်ဖန် ပစ္စုပ္ပန်အကြောင်းတရား (၅)ပါးတို့တွင် အထူးသဖြင့် ကောင်းမှုကုသိုလ် တစ်ခုခုကို ပြု၍ အနာဂတ်ဘဝအတွက် ဆုတောင်းပန်ထွာစဉ် မည်သည့် ဥပါဒါန်တရားတို့သည် ဖြစ်ပေါ်ခဲ့သည် ဖြစ်ပေါ်နေသည်ကို စိစစ်စူးစမ်း၍ ရှုပါ။ အကယ်၍ ယောဂီသူတော်ကောင်းအတွက် ဒုတိယအနာဂတ်ဘဝ စသည့် အနာဂတ်ဘဝများသည် ထင်ရှားရှိနေကြသေးလျှင်လည်း ပထမအနာဂတ် စသည်၌ ဖြစ်ပေါ်လတ္တံ့သော ဥပါဒါန်ကိုလည်း အလားတူပင် စိစစ်စူးစမ်းရှာဖွေ၍ ရှုပါ။

ယောဂါဝစရပုဂ္ဂိုလ်သည် ကာမုပါဒါန်ကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းရှုပွားသောအခါ ယင်းကာမုပါဒါန်ကို ခိုင်မြဲသော တဏှာအဖြစ်ဖြင့် ဉာဏ်တွင် ရှေးရှူ ထင်လာပေသည်။ ကြွင်းကျန်သော ဥပါဒါန်သုံးပါးကို သို့မဟုတ် ယင်းဥပါဒါန်သုံးမျိုးတို့တွင် တစ်မျိုးမျိုးကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းရှုပွားလိုက်သောအခါ ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်တွင် မှားယွင်းသော မိစ္ဆာဒိဋ္ဌိအဖြစ်ဖြင့် ရှေးရှူထင်လာပေသည်။[၁၁၁၂]

၁၀။ ဘဝ 

၁။ ကမ္မကမ္မဖလလက္ခဏော ဘဝေါ၊
၂။ ဘာဝနဘဝနရသော၊
၃။ ကုသလာကုသလာဗျာကတပစ္စုပဋ္ဌာနော၊
၄။ ဥပါဒါနပဒဋ္ဌာနော။[၁၁၁၃] [၁၁၁၄]

(က) ကမ္မဘဝ

၁။ ကမ္မလက္ခဏော ကမ္မဘဝေါ၊
၂။ ဘာဝနရသော၊
၃။ ကုသလာကုသလပစ္စုပဋ္ဌာနော၊
၄။ ဥပါဒါနပဒဋ္ဌာနော။

၁။ ကံဟူသောသဘော = ကံဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ဥပပတ္တိဘဝကို ဖြစ်စေခြင်း ... (ကိစ္စ) ရသ
၃။ ကုသိုလ် + အကုသိုလ် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဥပါဒါန် ... ပဒဋ္ဌာန်

(ခ) ဥပပတ္တိဘဝ

၁။ ကမ္မဖလလက္ခဏော ဥပပတ္တိဘဝေါ၊
၂။ ဘဝနရသော၊
၃။ အဗျာကတပစ္စုပဋ္ဌာနော၊
၄။ ဥပါဒါနပဒဋ္ဌာနော။[၁၁၁၅]

၁။ ကမ္မဖလ = ကံ၏ အကျိုးဟူသောသဘော = ကံ၏ အကျိုးဖြစ်ခြင်းသဘော ... လက္ခဏ
၂။ ကံကြောင့်ဖြစ်ခြင်း ... (ကိစ္စ) ရသ
၃။ ကုသိုလ် အကုသိုလ် မဟုတ်သော ဝိပါက်အဗျာကတသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဥပါဒါန် ... ပဒဋ္ဌာန်

ရှုကွက်ကို သတိပြုရန်

သံသရာခရီးကား ရှည်လျားလှ၏၊ ရံခါ ကုသိုလ်ကံက အကျိုးပေး၍ သုဂတိဘဝ၌ စံရသော်လည်း ရံခါ အကုသိုလ် ကံက အကျိုးပေး၍ ဒုဂ္ဂတိဘဝ၌ ခံခဲ့ရသည်လည်း များစွာပင် ရှိပေသည်။ ကုသိုလ်ကမ္မဘဝကြောင့် ကုသလဝိပါက် ဥပပတ္တိဘဝ, အကုသိုလ်ကမ္မဘဝကြောင့် အကုသလဝိပါက် ဥပပတ္တိဘဝများသည် ထိုက်သလို ဖြစ်ခဲ့ကြ၏၊ သံသရာခရီး မဆုံးသေးက အနာဂတ်၌လည်း နည်းတူပင်တည်း။ ယောဂီသူတော်ကောင်းသည် မိမိ၏ သံသရာခရီးစဉ်၌ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့အတိုင်းသာ ရှုပါ။

၁၁။ ဇာတိ

၁။ တတ္ထ တတ္ထ ဘဝေ ပဌမာဘိနိဗ္ဗတ္တိလက္ခဏာ ဇာတိ၊
၂။ နိယျာတနရသာ၊
၃။ အတီတဘဝတော ဣဓ ဥမ္မုဇ္ဇနပစ္စုပဋ္ဌာနာ၊ ဖလဝသေန ဒုက္ခဝိစိတ္တတာပစ္စုပဋ္ဌာနာ ဝါ။ 
၄။ (ကမ္မဘဝပဒဋ္ဌာနာ။) [၁၁၁၆]

၁။ ထိုထိုဘဝ၌ တစ်ခုသောဘဝဖြင့် ပိုင်းခြားအပ်သော ခန္ဓာအစဉ်၏ လက်မွန်အစ အသစ်ဖြစ်ခြင်း = ရှေ့ဦးစွာ ထင်ရှားဖြစ်ခြင်းသဘော ... လက္ခဏ
၂။ (ထိုတစ်ခုသော ဘဝဖြင့် ပိုင်းခြားအပ်သော ခန္ဓာအစဉ်ကို ဝဋ်သားသတ္တဝါအား ရော့ ယူလောဟု) ဆောင်နှင်းပေးအပ်သကဲ့သို့ ဖြစ်ခြင်း ... (ကိစ္စ) ရသ
၃။ အခြားမဲ့ အတိတ်ဘဝမှ ဤပစ္စုပ္ပန်ဘဝ၌ ခန္ဓာအစဉ်ကို ထင်ရှားဖော်တတ်သော = ပေါ်လာစေတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
တစ်နည်း – ဒုက္ခအစု၏ ဆန်းကြယ်သည်၏အဖြစ်ဟူသော အကျိုးကို ဖြစ်စေတတ်၏... (ဖလ) ပစ္စုပဋ္ဌာန်
၄။ ကမ္မဘဝ ... ပဒဋ္ဌာန်

တစ်ခုသော ဘဝဖြင့် ပိုင်းခြားအပ်သော တစ်ခုသောဘဝ၌ အကျုံးဝင်သော ခန္ဓာအစဉ်၏ ရှေးဦးအစဖြစ်ခြင်း ဖြစ်၍ဖြစ်ကုန်သော ခန္ဓာတို့သည်ကား ပဋိသန္ဓေခန္ဓာတို့ပင်တည်း။ ထိုကြောင့် ဇာတိကို ပဌမာဘိနိဗ္ဗတ္တိလက္ခဏာ = လက်မွန်အစ အသစ်ဖြစ်ခြင်း = ရှေ့ဦးစွာ ထင်ရှားဖြစ်ခြင်း သဘောလက္ခဏာရှိ၏ဟု အဋ္ဌကထာဆရာတော်က ဖွင့်ဆိုသွားတော်မူခြင်း ဖြစ်သည်။[၁၁၁၇]

၁၂။ (က) ဇရာ 

၁။ ခန္ဓပရိပါကလက္ခဏာ ဇရာ
၂။ မရဏူပနယနရသာ၊
၃။ ယောဗ္ဗန္နဝိနာသပစ္စုပဋ္ဌာနာ၊
၄။ (ဇာတိပဒဋ္ဌာနာ။)[၁၁၁၈]

၁။ တစ်ခုသောဘဝ၌ အကျုံးဝင်သော ခန္ဓာတို့၏ ရင့်ရော်ဟောင်းမြင်းသည်၏ အဖြစ်ဟူသော ရင့်ကျက်ခြင်းသဘော ... လက္ခဏ
၂။ သေခြင်း = ပျက်ခြင်းမရဏသို့ ကပ်၍ဆောင်ခြင်း ... (ကိစ္စ) ရသ
၃။ အရွယ်ကောင်းသည်၏ အဖြစ်ကို ဖျက်ဆီးတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
= ကောင်းသောအရွယ်၏ ပျက်စီးကြောင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ (ဇာတိ) ... ပဒဋ္ဌာန်

၁၂။ (ခ) မရဏ

၁။ စုတိလက္ခဏံ မရဏံ
၂။ ဝိယောဂရသံ၊
၃။ ဝိပ္ပဝါသပစ္စုပဋ္ဌာနံ။
၄။ (ဇာတိပဒဋ္ဌာနံ။)[၁၁၁၉]

၁။ တစ်ခုသောဘဝဖြင့် ပိုင်းခြားအပ်သော ခန္ဓာအစဉ်၏ ရွေ့လျောခြင်းသဘော = ပစ္စုပ္ပန်ဘဝမှ ရွေ့လျောခြင်းသဘော ... လက္ခဏ
၂။ (က) ပြည့်စုံသော ဘဝခန္ဓာတို့နှင့် ကင်းခြင်း = ကင်းစေခြင်း ... (ကိစ္စ) ရသ
( ခ ) တစ်နည်း – ဘဝခန္ဓာတို့နှင့် ကွေကွင်းရခြင်းနှင့် ပြည့်စုံခြင်း... (သမ္ပတ္တိ) ရသ
၃။ ပစ္စုပ္ပန်ဘဝမှ = ရောက်ဆဲဂတိမှ ကွေကွင်းရခြင်း သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ (ဇာတိ) ... ပဒဋ္ဌာန်[၁၁၂၀]

သောက

၁။ အန္တော နိဇ္ဈာနလက္ခဏော သောကော
၂။ စေတသော ပရိနိဇ္ဈာယနရသော၊
၃။ အနုသောစနပစ္စုပဋ္ဌာနော။[၁၁၂၁]

၁။ အတွင်း၌ လောင်မြိုက်ခြင်းသဘော၊ တစ်နည်း – စိတ်၏ ပူပန်ခြင်းသဘော ... လက္ခဏ
၂။ စိတ်ကို ထက်ဝန်းကျင် လောင်မြိုက်ခြင်း ... (ကိစ္စ) ရသ
၃။ ဉာတိဗျသန စသည်တို့အားလျော်စွာ, ထိုဂုဏ် အပြစ်တို့အားလျော်စွာ အဖန်ဖန် စိုးရိမ်ခြင်း ဝမ်းနည်းခြင်း သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ (တွေ့ထိအပ်သော ဉာတိဗျသနစသော တစ်မျိုးမျိုးသော အနိဋ္ဌာရုံ) ... ပဒဋ္ဌာန်[၁၁၂၂]

ပရိဒေဝ

၁။ လာလပ္ပနလက္ခဏော ပရိဒေဝေါ
၂။ ဂုဏဒေါသပရိကိတ္တနရသော၊
၃။ သမ္ဘမပစ္စုပဋ္ဌာနော။[၁၁၂၃]

၁။ အဖန်ဖန် ငိုကြွေးမြည်တမ်းခြင်း = ပြောဆိုခြင်းသဘော ... လက္ခဏ
၂။ ဂုဏ် အပြစ်တို့ကို ထုတ်ဖော်ပြောဆိုခြင်း ... (ကိစ္စ) ရသ
၃။ ပရိဒေဝကိန်းဝပ်ရာ သတ္တဝါ၏ သို့မဟုတ် စိတ်၏ မရပ်မတည် ချာချာလည်ကြောင်း သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်
တစ်နည်း – စိတ်ဝေနောက် မူးလည်ခြင်း အကျိုးကို ဖြစ်စေတတ်၏... (ဖလ) ပစ္စုပဋ္ဌာန်
၄။ (တွေ့ထိအပ်သော ဉာတိဗျသနစသော တစ်မျိုးမျိုးသော အနိဋ္ဌာရုံ) ... ပဒဋ္ဌာန်

ဒုက္ခ (= ကာယိကဒုက္ခ) 

ဒုက္ခံ နာမ ကာယိကံ ဒုက္ခံ
၁။ တံ ကာယပီဠနလက္ခဏံ၊
၂။ ဒုပ္ပညာနံ ဒေါမနဿကရဏရသံ၊
၃။ ကာယိကာဗာဓပစ္စုပဋ္ဌာနံ။[၁၁၂၄]

ကိုယ်၌ဖြစ်သော ဒုက္ခသဟဂုတ် ကာယဝိညာဏ်နှင့် ယှဉ်သော ဝေဒနာသည် ဒုက္ခ မည်၏၊ (ယင်းဒုက္ခဝေဒနာကို ရွေးထုတ်၍ ရှုပါ။)

၁။ ကိုယ်ကို နှိပ်စက်ခြင်းသဘော ... လက္ခဏ
၂။ ပညာမဲ့တို့၏ စိတ်နှလုံး မသာယာခြင်းကို ပြုခြင်း ... (ကိစ္စ) ရသ
၃။ ကိုယ်၌ မှီသော နာကျင်မှုသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ (ယင်းဒုက္ခကို ဖြစ်စေတတ်သော အနိဋ္ဌာရုံ) ... ပဒဋ္ဌာန်

ဒေါမနဿ (= စေတသိကဒုက္ခ) 

ဒေါမနဿံ နာမ မာနသံ ဒုက္ခံ။
၁။ တံ စိတ္တပီဠနလက္ခဏံ၊
၂။ မနောဝိဃာတရသံ၊
၃။ မာနသဗျာဓိပစ္စုပဋ္ဌာနံ။[၁၁၂၅]

တရားကိုယ်မှာ ဒေါမနဿဝေဒနာပင် ဖြစ်သည်၊ စိတ်ဆင်းရဲခြင်းတည်း။
၁။ စိတ်ကို နှိပ်စက်ခြင်းသဘော ... လက္ခဏ
၂။ ဗျာပါဒ = ဒေါသနှင့် ယှဉ်သည်၏ အစွမ်းဖြင့် စိတ်ကို ညှဉ်းဆဲခြင်း ... (ကိစ္စ) ရသ
၃။ စိတ်နှလုံး၌ မှီသော အနာရောဂါ ... ပစ္စုပဋ္ဌာန်
၄။ (ယင်းဒေါမနဿကို ဖြစ်စေသော အနိဋ္ဌာရုံ) ... ပဒဋ္ဌာန်

ဤဒေါမနဿဝေဒနာသည် ဒုက္ခဒုက္ခဖြစ်သောကြောင့်လည်းကောင်း, ကာယိကဒုက္ခကို ဆောင်တတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း ဒုက္ခ မည်၏၊ မှန်ပေသည် – စိတ်ဆင်းရဲခြင်းနှင့် ပြည့်စုံသော သတ္တဝါတို့သည် ဆံပင်ကို ကြဲဖြန့်၍ ငိုမြည်တမ်းကြကုန်၏၊ ရင်ဘတ်တို့ကို ထုရိုက် ကြိတ်နှိပ်ကြကုန်၏၊ ရှေးရှူ လူးလည်းကုန်၏၊ ကိုယ်ကို လူးလှိမ့်ကုန်၏၊ ဇောက်ထိုး မိုးမြော် လဲကုန်၏ = ကျွမ်းထိုးချ ကျကုန်၏၊ မိမိကိုယ်ကို ဓားလက်နက်ဖြင့် ထိုးခုတ် သတ်သေကြကုန်၏၊ အဆိပ်ကို စားကြကုန်၏၊ ကြိုးဆွဲချ သေကြကုန်၏၊ မီးပုံတွင်းသို့ ခုန်ဆင်းကြကုန်၏၊ ဤသို့စသော အထူးထူး အပြားပြားရှိသော ထိုဆင်းရဲကို ခံစားရကုန်၏၊[၁၁၂၆]

ဥပါယာသ

ဥပါယာသော နာမ ဉာတိဗျသနာဒီဟိ ဖုဋ္ဌဿ အဓိမတ္တစေတောဒုက္ခပ္ပဘာဝိတော ဒေါသောယေဝ၊ သင်္ခါရက္ခန္ဓပရိယာပန္နော ဧကော ဓမ္မောတိ ဧကေ။
၁။ စိတ္တပရိဒဟနလက္ခဏော ဥပါယာသော၊[၁၁၂၇]
ဗျာသတ္တိလက္ခဏော၊[၁၁၂၈]
၂။ နိတ္ထုနနရသော၊
၃။ ဝိသာဒပစ္စုပဋ္ဌာနော။[၁၁၂၉]

ဉာတိဗျသန စသည်တို့သည် တွေ့ထိအပ်သော သတ္တဝါ၏ လွန်ကဲသော စိတ်ဆင်းရဲခြင်းသည် ဖြစ်စေအပ်သော ဒေါသသည်ပင်လျှင် ဥပါယာသ မည်၏၊ (ဒေါမနဿဝေဒနာ မဟုတ် ဟူလိုသည်။) သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်သော အကုသိုလ်စေတသိက် (၁၄)လုံးမှ တစ်မျိုးသော တစ်ခုသော စေတသိက်ဟု ဧကေဆရာတို့က ဆိုကြ၏၊

၁။ စိတ်ကို ထက်ဝန်းကျင်မှ လောင်ခြင်းသဘော ... လက္ခဏ
တစ်နည်း – ဉာတိဗျသန စသည်တို့၌ ဖောက်ဖောက်ပြန်ပြန် ငြိကပ်ခြင်းသဘော[၁၁၃၀] ... လက္ခဏ
၂။ ညည်းတွားခြင်းကို ပြုခြင်း ... (ကိစ္စ) ရသ
တစ်နည်း – ညည်းတွားခြင်းလျှင် ပြည့်စုံခြင်း... (သမ္ပတ္တိ) ရသ
၃။ ဉာတိဗျသန စသော အာရုံ၌ ကိုယ်စိတ်တို့ကို နစ်မြုပ်စေတတ်သော သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်
တစ်နည်း – ဉာတိဗျသန စသော အာရုံ၌ ကိုယ်စိတ်၏ နစ်မြုပ်ခြင်းကို ဖြစ်စေတတ်၏... (ဖလ) ပစ္စုပဋ္ဌာန်
၄။ (တွေ့ထိအပ်သော ဉာတိဗျသနစသော တစ်မျိုးမျိုးသော အနိဋ္ဌာရုံ) ... ပဒဋ္ဌာန်

သောက-ပရိဒေဝ-ဒုက္ခ-ဒေါမနဿ-ဥပါယာသ

ရာဂ ဒေါသ မောဟ မကင်းသေးသော သတ္တဝါတစ်ဦး၏ ဘဝဝယ် ယေဘုယျအားဖြင့် ဤ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့ကား အထွတ်တပ်လျက်ပင် ရှိနေတတ်ပေ၏၊ အထက်တွင် ရေးသားတင်ပြခဲ့သည့် အတိုင်း ဉာတိဗျသန = ဆွေမျိုးတို့၏ ပျက်စီးခြင်း စသော ဗျသနတရားတစ်ခုခုနှင့် ကြုံတွေ့ရသော သတ္တဝါတစ်ဦး၏ သန္တာန်၌ ဖြစ်ပေါ်လာသော စိုးရိမ်မှု ဝမ်းနည်းကြေကွဲမှုသည်သာ သောက ဖြစ်၏၊

ဒေါမနဿတစ်မျိုး – သောကဟု အထင်မှားနေသော ဒေါမနဿတစ်မျိုးလည်း ရှိသေး၏၊ ချစ်ခင်သူများ ဖျားနာမည်ကို စိုးရိမ်ခြင်း, ကလေးသူငယ် လူမမယ်အတွက် အရာရာမှာ စိုးရိမ်ခြင်း, ချစ်ခင်သူများ အရပ်တစ်ပါးသို့ သွားသောအခါ ပြန်ချိန်တန်လျက် မပြန်လာသဖြင့် စိုးရိမ်ခြင်း - ဤသို့ စသည်ဖြင့် စိုးရိမ်ကြောင့်ကြမှုများရုံတွင်သာမက ''ငါမရှိလျှင် သင်းတို့တော့ ခက်ရစ်တော့မှာပဲ''ဟု နောက်ဆက်တွဲ စိုးရိမ်မှုတို့မှာ သောက မဟုတ်၊ ရိုးရိုး ဒေါမနဿ သာတည်း။

ရာထူး ဂုဏ်သိရ် စည်းစိမ် ဆွေမျိုး စသည်တို့တွင် တစ်ခုခု ပျက်စီးသည့်အခါ လွန်စွာ ဝမ်းနည်းကြ၏၊ အားငယ်ကြ၏၊ ကြေကွဲကြ၏၊ ဤဝမ်းနည်းအားငယ်မှု ကြေကွဲမှုကား သောက အမည်ရသည့် ဒေါမနဿသာတည်း။ ထိုဝမ်းနည်းအားငယ်မှု ကြေကွဲမှုကို မျိုသိပ်၍ မထားနိုင်သည့်အခါ ပရိဒေဝဟု ခေါ်ဆိုသော ငိုကြွေးသံ တစ်မျိုးသည် ပေါ်လာတတ်ပေသည်။ ပရိဒေဝမီးဟု ခေါ်ဆိုရာ၌ ငိုသံကို အစွဲပြု၍ ခေါ်ခြင်းမဟုတ်၊ ထိုငိုသံ ဖြစ်လောက်အောင် ဝမ်းတွင်း၌ အပြင်းအထန် ပူပန်တောက်လောင်နေသော ဒေါသ ဒေါမနဿတို့ကို အစွဲပြု၍ ခေါ်ဆိုရခြင်း ဖြစ်သည်။ ယင်းသောက ပရိဒေဝ တရားတို့ကား တရားသောနည်းလမ်းဖြင့် သို့မဟုတ် တရားဓမ္မဖြင့် မဖြေသိမ့်နိုင်ပါက အသက် ကိုပင် ကုန်ဆုံးစေသည်အထိ ဒုက္ခမီး တောက်လောင်တတ်ပေသည်။

သောကပရိဒေဝါနံ သမတိက္ကမာယ ဟူသော မဟာသတိပဋ္ဌာနသုတ္တန်ဒေသနာတော်[၂]နှင့် အညီ သောက ပရိဒေဝတို့ကို လွန်မြောက်ကြောင်း အကောင်းဆုံးသောကျင့်စဉ် အပြစ်အကင်းဆုံးသောကျင့်စဉ် အမွန်မြတ်ဆုံးသော ကျင့်စဉ်ကား သတိပဋ္ဌာန်ဒေသနာတော်၌ လာရှိသော ကျင့်စဉ်များပင် ဖြစ်ကြပေသည်။ ထိုကျင့်စဉ်တို့တွင် ဤ .. ပစ္စယပရိဂ္ဂဟဉာဏ် အမည်ရသော ပဋိစ္စသမုပ္ပါဒ်ရှုကွက်သည်လည်း ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လျက်ပင် ရှိပေသည်။

ဤပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်နည်းအားဖြင့် သိမ်းဆည်းရာ ဉာဏ်ဖြင့် ပိုင်းခြားယူရာ၌ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးလုံး အတွင်း၌ သိမ်းဆည်းရှုပွားဖို့ကား လိုအပ်ပေသည်။ ထိုသို့ ရှုနိုင်ရေးအတွက် ယောဂီသူတော်ကောင်းသည် ရုပ်သက်သက်ကို သိမ်းဆည်းခြင်း, နာမ်သက်သက်ကို သိမ်းဆည်းခြင်း, ရုပ်နာမ်ကို သိမ်းဆည်းခြင်း, ရုပ်နာမ်ကို ပိုင်းခြား မှတ်သားခြင်း ဟူသော နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း လုပ်ငန်းခွင်များကို ပြုလုပ်ပြီးသောအခါ ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း ရှုကွက်ကို ပြန်လည်၍ သိမ်းဆည်း ရှုပွားပါ။ ထိုနောင် ပဋိစ္စသမုပ္ပါဒ် ပထမနည်း ရှုကွက်ကို ပြန်လည်၍ သိမ်းဆည်း ရှုပွားပါ။ ထိုနောင် အောက်ပါအတိုင်း ပြုကျင့်ပါ။

လက္ခဏ-ရသ စသည်ကို ရှုပုံ

ပထမအတိတ်တွင် ဖြစ်ခဲ့သော အဝိဇ္ဇာကြောင့် ယင်းပထမအတိတ်တွင်ပင်ဖြစ်ခဲ့သော သင်္ခါရဖြစ်ပုံဟူသော အဝိဇ္ဇာနှင့် သင်္ခါရတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောတရားကို ဉာဏ်ဖြင့် မြင်အောင် သိမ်းဆည်းပါ ပိုင်းခြားယူပါ။ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ သိမြင်သောအခါ အဝိဇ္ဇာ၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို သိမ်းဆည်း ရှုပွားပါ။

တစ်ဖန် ယင်းအတိတ်ဘဝက ထူထောင်ခဲ့သော သင်္ခါရကြောင့် ပစ္စုပ္ပန် ပဋိသန္ဓေဝိညာဏ် ဖြစ်ပုံကို = သင်္ခါရနှင့် ပဋိသန္ဓေဝိညာဏ်တို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောတရားကို ဉာဏ်ဖြင့် သိမြင်သောအခါ သင်္ခါရ၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို ဆက်လက်ရှုပါ။ ဤနည်းကို နည်းမှီ၍ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသသို့ တိုင်အောင် အကြောင်းနှင့် အကျိုးတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို ဆက်လက်ရှုပါ။

၁။ အဝိဇ္ဇာ၊ သင်္ခါရတို့ကား (ပထမ)အတိတ်အဓွန့်ကာလ တရားစုတည်း။
၂။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ (= ကမ္မဘဝ)တို့ကား ပစ္စုပ္ပန်အဓွန့်ကာလ တရားစုတို့တည်း။
၃။ ဇာတိ (= ဥပပတ္တိဘဝ)၊ ဇရာ မရဏ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသတို့ကား (ပထမ)အနာဂတ် အဓွန့်ကာလ တရားစုတို့တည်း။

ဤနည်းကို နည်းမှီ၍ –
၁။ အဝိဇ္ဇာ၊ သင်္ခါရတို့ကား (ဒုတိယ)အတိတ်အဓွန့်ကာလတရားစုတို့တည်း။
၂။ ဝိညာဏ်၊ နာမ်ရုပ်။ ပ။ ဘဝ (= ကမ္မဘဝ)တို့ကား (ပထမ)အတိတ်အဓွန့်ကာလ တရားစုတို့တည်း။
၃။ ဇာတိ (= ဥပပတ္တိဘဝ)။ ပ။ ဥပါယာသတို့ကား ပစ္စုပ္ပန်အဓွန့်ကာလ တရားစုတို့တည်း။

ဤနည်းကို နည်းမှီ၍ အတိတ်အဆက်ဆက်သို့လည်းကောင်း,
၁။ အဝိဇ္ဇာ၊ သင်္ခါရတို့ကား ပစ္စုပ္ပန်အဓွန့်ကာလ တရားစုတို့တည်း။
၂။ ဝိညာဏ်။ ပ။ ဘဝ (= ကမ္မဘဝ)တို့ကား (ပထမ)အနာဂတ်အဓွန့်ကာလ တရားစုတို့တည်း။
၃။ ဇာတိ (= ဥပပတ္တိဘဝ)။ ပ။ ဥပါယာသတို့ကား (ဒုတိယ)အနာဂတ်အဓွန့်ကာလ တရားစုတို့တည်း။

ဤနည်းကို နည်းမှီ၍ အနာဂတ်အဆက်ဆက်ဝယ် အရဟတ္တဖိုလ် ဆိုက်ရောက်သဖြင့် သံသရာခရီး ဆုံးသည့် တိုင်အောင်လည်းကောင်း သဘောပေါက်ပါ။

အတိတ်ဘက်သို့လည်း ဉာဏ်ကိုစေလွှတ်၍ များစွာ ရှုနိုင်သည်။ အနာဂတ်သို့လည်း ဉာဏ်ကိုစေလွှတ်၍ များစွာ ရှုနိုင်သည်။ သံသရာခရီး ဆုံးသည်တိုင်အောင် ရှုနိုင်ပေသည်။ ထိုသို့ရှုရာ၌ ထိုထိုဘဝ၌ ဖြစ်ခဲ့သည့်အတိုင်း ဖြစ်ဆဲအတိုင်း ဖြစ်လတ္တံ့အတိုင်းသာ သိမ်းဆည်းရှုပွားပါ။

ရည်ရွယ်ချက်

ထိုသို့ သိမ်းဆည်းရှုပွားရခြင်း၏ ရည်ရွယ်ချက်မှာ .. အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ သုံးပါးလုံး၌ အကြောင်းတရားအစုအပုံနှင့် အကျိုးတရားအစုအပုံသာ ရှိသည်၊ ပြုလုပ်တတ်သူ ဖန်ဆင်းတတ်သူ အပြုလုပ်ခံရသူ အဖန်ဆင်းခံရသူ လူ နတ် ဗြဟ္မာ ပုဂ္ဂိုလ် သတ္တဝါ တစ်စုံတစ်ရာမည်သည် မရှိဟု အသိဉာဏ် သန့်ရှင်းရန်လည်း အကြောင်းတစ်ရပ် –

အကြောင်း အကျိုး နှစ်ရပ်လုံးတို့ အပေါ်၌ လက္ခဏာယာဉ် သုံးချက် တင်၍ တွင်တွင်ကြီး ဝိပဿနာရှုခဲ့သော် အကြောင်း အကျိုး နှစ်ရပ်လုံးတို့ အပေါ်၌ စွဲနေသော တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲ စသော ကိလေသာအစွဲများသည် တဒင်္ဂအားဖြင့် ချုပ်ငြိမ်းသွားကြမည် ဖြစ်၏၊ ယင်း ဝိပဿနာဉာဏ်တို့က အဆင့်ဆင့် အားကြီးသောမှီရာ ဥပနိဿယ သတ္တိဖြင့် ကျေးဇူးပြုပေးခဲ့သော် ဝိပဿနာဉာဏ်တို့၏ အဆုံး၌ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့သည် ဖြစ်ပေါ် လာကြမည်ဖြစ်ပေသည်။ ယင်းမဂ်ဉာဏ်တို့က ကိလေသာတို့ကို သမုစ္ဆေဒအားဖြင့် အဆင့်ဆင့် အကြွင်းမဲ့ ပယ်ကြမည် ဖြစ်၏၊ မဂ်ဉာဏ်အဆင့်ဆင့်တို့က ဆိုင်ရာဆိုင်ရာ ကိလေသာတို့ကို သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ ပယ်သတ်ခဲ့သော် အကြောင်းတရားများ = ကံ-ကိလေသာများ ကုန်ဆုံးသွားကြမည်ဖြစ်၏၊ အကြောင်းတရားများ ကုန်ဆုံးသွားခဲ့သော် အကျိုး သံသရာဝဋ်ဒုက္ခလည်း ကုန်ဆုံးသွားမည် ဖြစ်ပေသည်။ ဤသို့လျှင် အကြောင်း အကျိုး နှစ်ရပ်လုံးတို့အပေါ်၌ စွဲနေသော ကိလေသာတို့ကို တဒင်္ဂ သမုစ္ဆေဒအားဖြင့် ပယ်သတ်နိုင်ရန်လည်း အကြောင်းတစ်ရပ် –

ဤအကြောင်းနှစ်ရပ်ကြောင့် ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို ကုန်စင်အောင် စွမ်းနိုင်သမျှ ယခုကဲ့သို့ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် နည်းအားဖြင့် ကာလသုံးပါး သန္တာန်နှစ်ပါးအတွင်း၌ သိမ်းဆည်းရှုပွားရခြင်းပင် ဖြစ်ပေသည်။

ကြိုတင်ပြင်ဆင်ပါ

ထိုသို့ ကံ-ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်နိုင်ရေးအတွက်, သောက ပရိဒေဝတို့ကို ကျော်လွှား လွန်မြောက်နိုင်ရေးအတွက်, အရိယမဂ်ဉာဏ်ကို ရရှိရေးအတွက်, နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေးအတွက် ယောဂီ သူတော်ကောင်းသည် ဝိပဿနာသို့ တက်လှမ်းရတော့မည်ဖြစ်၏၊ ဝိပဿနာသို့ တက်လှမ်းနိုင်ရေးအတွက် အောက်ပါ အချက်များကို ကြိုတင်ပြင်ဆင်ပါ။

အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးလုံး၌ –
၁။ ရုပ်သက်သက်ကို သိမ်းဆည်းခြင်း (ရူပပရိဂ္ဂဟ)
၂။ နာမ်သက်သက်ကို သိမ်းဆည်းခြင်း (အရူပပရိဂ္ဂဟ)
၃။ ရုပ်နာမ်ကို သိမ်းဆည်းခြင်း (ရူပါရူပပရိဂ္ဂဟ)
၄။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားခြင်း (နာမရူပဝဝတ္ထာန)
၅။ ပစ္စုပ္ပန်ခန္ဓာငါးပါး၏ အကြောင်းတရားတို့ကို သိမ်းဆည်းခြင်း (ပစ္စယပရိဂ္ဂဟ)
၆။ အတိတ် အနာဂတ် ခန္ဓာတို့၏အကြောင်းတရားတို့ကို သိမ်းဆည်းခြင်း (အဒ္ဓါနပရိဂ္ဂဟ) ––

ဤလုပ်ငန်းရပ်တို့ကို တစ်ဖန် ပြန်၍ပြုလုပ်ပါ။ ဝိပဿနာအတွက် ကြိုတင်ပြင်ဆင်ခြင်းပင် ဖြစ်သည်။ တစ်ဖန်..

ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ ''နေတံမမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ''တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ ....

ဤသို့ စသည့် အနတ္တလက္ခဏသုတ္တန်[၅၈] စသော ထိုထို ဒေသနာတော်တို့နှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သည် အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိက - ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေကြသည့် ဥပါဒါနက္ခန္ဓာငါးပါး = ဒုက္ခသစ္စာတရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု လက္ခဏာရေးသုံးတန်တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရမည်ဖြစ်သည့်အတွက် မိမိရှုနိုင်သမျှ အတိတ်အဆက်ဆက် မှသည် ပစ္စုပ္ပန်, ပစ္စုပ္ပန်မှသည် အနာဂတ်ဆုံးသည်အထိ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံးတို့၌ –

၁။ ရုပ်သက်သက်ကို သိမ်းဆည်းခြင်း (အတိတ်မှ အနာဂတ်အထိ)
၂။ နာမ်သက်သက်ကို သိမ်းဆည်းခြင်း ။
၃။ ရုပ်နာမ်ကို သိမ်းဆည်းခြင်း ။
၄။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားခြင်း ။
၅။ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခြင်း။

ဤလုပ်ငန်းခွင်ကြီး (၅)ရပ်ကို တစ်ဖန်ပြုလုပ်ပါ။ ထိုသို့ သိမ်းဆည်းရာ၌ ခပ်စိပ်စိပ် ရုပ်နာမ်တို့ကို သိမ်းဆည်းပါ။ အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည်အထိ တိုးလျှိုပေါက် သိမ်းဆည်းပါ။ တစ်ဖန် ယင်းရုပ်နာမ်တို့ကို (၅)ပုံ ပုံ၍ ခန္ဓာငါးပါးနည်းဖြင့်လည်း အတိတ်မှသည် အနာဂတ်ဆုံးသည်အထိ တိုးလျှိုပေါက် သိမ်းဆည်းပါ။ ထိုသို့ သိမ်းဆည်းရာ၌ ဝီထိ တစ်ခုနှင့် တစ်ခု၏ အကြားတွင် တည်ရှိသော ဘဝင်နာမ်တရားစုတို့ကိုလည်း ရောနှောလျက် သိမ်းဆည်းပါ။ နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ဖြစ်ခဲ့သည့်အတိုင်း ဖြစ်ဆဲအတိုင်း ဖြစ်လတ္တံ့အတိုင်းသာ ခပ်စိပ်စိပ် သိမ်းဆည်းပါ။ ထိုနောင် အတိတ်မှသည် အနာဂတ်ဆုံးသည်အထိ အကြောင်းတရား အကျိုးတရားတို့ကိုလည်း သိမ်းဆည်းပါ။

အနုဗောဓဉာဏ်

ဤနာမရူပပရိစ္ဆေဒဉာဏ်နှင့် ထိုနာမ်ရုပ်၏ အကြောင်းတရားကို သိမ်းဆည်းတတ်သော ပစ္စယပရိဂ္ဂဟဉာဏ် သည်ကား ရှေးဦးအစ စလျှင်စချင်း ပထမအကြိမ် တစ်ကြိမ်တစ်ခါ နှလုံးသွင်းရုံမျှဖြင့် လိုရင်းကိစ္စကား မပြီး၊ အကယ်စင်စစ်မှာမူ ထိုဉာဏ်နှစ်ပါး၌ (= ထိုရုပ်နာမ်ကို သိမ်းဆည်းရာ + ထိုရုပ်နာမ်၏ အကြောင်းတရားကို သိမ်းဆည်းရာ၌) တပြောင်းပြန်ပြန် အဖန်ဖန် အထပ်ထပ် ဉာဏ်၏ဖြစ်ခြင်းဟု ခေါ်ဆိုအပ်သော အဖန်ဖန် အထပ်ထပ် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ထိုးထွင်းသိခြင်းဖြင့်သာလျှင် လိုရင်းကိစ္စ ပြီးစီးနိုင်ပေသည်။[၁၁၃၁]

ထိုကြောင့် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် - နှစ်ပါးကို အနုဗောဓဉာဏ်ဟူ၍ ခေါ်ဆိုပေသည်။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ သိမ်းဆည်းနိုင်သဖြင့် ကာလသုံးပါး, သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားတို့ကို နေရာတကျ သိမ်းဆည်းနိုင်ပါက ဝိပဿနာသို့ ကူးရန် အသင့် ဖြစ်ပေပြီ။

ဝိပဿနာကမ္မဋ္ဌာန်းပိုင်း

မွန်မြတ်သော အသက်ရှင်ခြင်း

ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ၊
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။

အကြင်သူသည် ..
ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ဖြစ်ခြင်းပျက်ခြင်း = ဥဒယဗ္ဗယကို ဝိပဿနာဉာဏ်ပညာဖြင့် မသိမမြင်ဘဲ, နှစ်ပေါင်းတစ်ရာ ကာလကြာအောင် အသက်ရှင်လေရာ၏၊
ထိုပုဂ္ဂိုလ်၏ ..နှစ်ပေါင်းတစ်ရာ ကာလကြာအောင် အသက်ရှင်ရခြင်းထက် ...
ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ဖြစ်ခြင်းပျက်ခြင်း = ဥဒယဗ္ဗယကို ဝိပဿနာဉာဏ်ပညာဖြင့် အကယ်တိတိ သိမြင်သော ပုဂ္ဂိုလ်၏ ..
တစ်နေ့တစ်ရက် တစ်နံနက်မျှ အသက်ရှင်ရခြင်းသည် သာလွန်၍ မွန်မြတ်လှပေ၏၊
(ဓမ္မပဒ၊ ဂါထာ၊၁၁၃။)

ယော စ ဝဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ၊
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ။

အကြင်သူသည် ..
မသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကို မသိမမြင်ဘဲ,
နှစ်ပေါင်းတစ်ရာ ကာလကြာအောင် အသက်ရှင်လေရာ၏၊
ထိုပုဂ္ဂိုလ်၏ ..နှစ်ပေါင်းတစ်ရာ ကာလကြာအောင် အသက်ရှင်ရခြင်းထက် ... မသေရာ အမြိုက်နိဗ္ဗာန်တရားတော်မြတ်ကို အကယ်တိတိ သိမြင်သော ပုဂ္ဂိုလ်၏ .. တစ်နေ့တစ်ရက် တစ်နံနက်မျှ အသက်ရှင်ရခြင်းသည် သာလွန်၍ မွန်မြတ်လှပေ၏၊
(ဓမ္မပဒ၊ ဂါထာ၊၁၁၄။)

ယော စ ဝဿသတံ ဇီဝေ၊ အပဿံ ဓမ္မမုတ္တမံ၊
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဓမ္မမုတ္တမံ။

အကြင်သူသည် ..
မွန်မြတ်သော လောကုတ္တရာတရားကို မသိမမြင်ဘဲ,
နှစ်ပေါင်းတစ်ရာ ကာလကြာအောင် အသက်ရှင်လေရာ၏၊
ထိုပုဂ္ဂိုလ်၏ ..နှစ်ပေါင်းတစ်ရာ ကာလကြာအောင် အသက်ရှင်ရခြင်းထက် ...
မွန်မြတ်သော လောကုတ္တရာတရားကို အကယ်တိတိ သိမြင်သော ပုဂ္ဂိုလ်၏ .. တစ်နေ့တစ်ရက် တစ်နံနက်မျှ အသက်ရှင်ရခြင်းသည် သာလွန်၍ မွန်မြတ်လှပေ၏၊
(ဓမ္မပဒ၊ ဂါထာ၊၁၁၅။)

မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိနိဒ္ဒေသ - သမ္မသနဉာဏ်ခန်း

ဤ ဝိပဿနာ၏ ညစ်ညူးကြောင်း ဥပက္ကိလေသမှ လွတ်မြောက်သွားသော ဝိပဿနာလမ်းရိုးလမ်းဟောင်း အတိုင်း လမ်းမှန်သွားနေသော ဝိပဿနာပညာသည် အရိယမဂ်၏ ရှေးအဖို့၌ဖြစ်သော လမ်းမှန်လမ်းရိုး ပုဗ္ဗဘာဂမဂ် တည်း။ ဤဩဘာသစသော (၁၀)မျိုးသော ဝိပဿနာ၏ ညစ်ညူးကြောင်း ဥပက္ကိလေသသည် အရိယမဂ်၏ ရှေးအဖို့၌ ဖြစ်သော ဝိပဿနာလမ်းမှန်လမ်းရိုး ပုဗ္ဗဘာဂမဂ် မဟုတ်။ ဤသို့လျှင် အရိယမဂ်၏ ရှေးအဖို့၌ ဖြစ်သော ဝိပဿနာ လမ်းမှန်လမ်းရိုးဖြစ်သည့် ပုဗ္ဗဘာဂမဂ်ကိုလည်းကောင်း၊ ဝိပဿနာလမ်းမှန်လမ်းရိုး မဟုတ်သည့် မဂ်ကိုလည်းကောင်း မဖောက်မပြန် ဟုတ်မှန်သည့်အတိုင်း နားလည်ပိုင်းခြား ကောင်းစွာမှတ်သား၍ တည်သော ဉာဏ်သည် ''မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ = ဤကား..လမ်းမှန်, ဤကား..လမ်းမှားဟု သိမြင်သည်ဖြစ်၍ ဝိပဿနာအညစ်အကြေးမှ စင်ကြယ်သော ဉာဏ်'' မည်၏၊[၁၁၃၂]

ကလာပသမ္မသန - နယဝိပဿနာ

ထို မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိဉာဏ်အမြင်ကို ပြီးစီးပြည့်စုံစေလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ကလာပသမ္မသန ဟု ခေါ်ဆိုအပ်သော နယဝိပဿနာက စ၍ အားသစ်ပါ။[၁၁၃၃]

ကလာပသမ္မသန – အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ စသည့် ရုပ်တရား နာမ်တရားတို့ကို အုပ်စုအလိုက် ပေါင်းစုခြုံငုံ၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်သော နည်းသည် ကလာပသမ္မသန မည်၏၊ ဤကလာပသမ္မသနဟူသော အမည်သည် ဇမ္ဗုူဒိပ်ကျွန်း၌ သီတင်းသုံးတော်မူကြကုန်သော မထေရ်မြတ်ကြီးတို့၏ အခေါ်အဝေါ် အသုံးအနှုန်း ဖြစ်၏၊

နယဝိပဿနာ – ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ စသည်ဖြင့် အနတ္တလက္ခဏသုတ္တန် စသော ထိုထို တေပရိဝဋ္ဋဓမ္မဒေသနာတော်တို့၌ ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားပြသ ဆိုဆုံးမထားတော်မူသည့်အတိုင်း –အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက (= အကြမ်း), သုခုမ (= အနု), ဟီန (= အယုတ်), ပဏီတ (= အမြတ်), ဒူရ (= အဝေး), သန္တိက (= အနီး) ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာ အမည်ရသော –

၁။ ရုပ်တရား အစုအပုံ = ရူပက္ခန္ဓာ၊
၂။ ဝေဒနာတရား အစုအပုံ = ဝေဒနာက္ခန္ဓာ၊
၃။ သညာတရား အစုအပုံ = သညာက္ခန္ဓာ၊
၄။ သင်္ခါရတရား အစုအပုံ = သင်္ခါရက္ခန္ဓာ၊
၅။ ဝိညာဏ်တရား အစုအပုံ = ဝိညာဏက္ခန္ဓာ –

၁။ ဤတရားအစုအပုံတို့ကို အစုအပုံအလိုက် (၅)ပုံ ပုံ၍ လက္ခဏာရေး သုံးတန် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း (= ခန္ဓာ - ၅-ပါးနည်း)၊
၂။ (၁၂)ပုံ ပုံ၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း (= အာယတန - ၁၂ -ပါးနည်း)၊
၃။ (၁၈)ပုံ ပုံ၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း (= ဓာတ် - ၁၈-ပါးနည်း) –

ဤသို့ စသော ဝိပဿနာရှုနည်းများသည် နယဝိပဿနာ မည်၏၊ ဤနယဝိပဿနာဟူသော အမည်သည် သီဟိုဠ်ကျွန်း၌ သီတင်းသုံးတော်မူကြကုန်သော မထေရ်မြတ်ကြီးတို့၏ အခေါ်အဝေါ်အသုံးအနှုန်း ဖြစ်၏၊[၁၁၃၄]

ဝိပဿနာဉာဏ်၏ အရှုခံအာရုံ

၁။ ဒွါရ-အာရုံတို့နှင့် အတူတကွ ထိုထို ဒွါရ၌ ဖြစ်ကုန်သော စက္ခုဒွါရိကဓမ္မ သောတဒွါရိကဓမ္မ ဃာနဒွါရိကဓမ္မ ဇိဝှါဒွါရိကဓမ္မ ကာယဒွါရိကဓမ္မ မနောဒွါရိကဓမ္မ ဟူသော ဓမ္မ (၆)မျိုး၊
၂။ ရူပက္ခန္ဓာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာ ဟူသော ခန္ဓာ (၅)ပါး၊
၃။ စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရ မနောဒွါရ ဟူသော ဒွါရ (၆)ပါး၊
၄။ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဓမ္မာရုံ ဟူသော အာရုံ (၆)ပါး၊
၅။ စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ် မနောဝိညာဏ် ဟူသော ဝိညာဏ် (၆)ပါး၊
၆။ စက္ခုသမ္ဖဿ သောတသမ္ဖ္ပဿ ဃာနသမ္ဖဿ ဇိဝှါသမ္ဖဿ ကာယသမ္ဖဿ မနောသမ္ဖဿ ဟူသော ဖဿ (၆)ပါး၊
၇။ စက္ခုသမ္ဖဿဇာဝေဒနာ သောတသမ္ဖဿဇာဝေဒနာ ဃာနသမ္ဖဿဇာဝေဒနာ ဇိဝှါသမ္ဖဿဇာဝေဒနာ ကာယသမ္ဖဿဇာဝေဒနာ မနောသမ္ဖဿဇာဝေဒနာ ဟူသော ဝေဒနာ (၆)ပါး၊
၈။ ရူပသညာ သဒ္ဒသညာ ဂန္ဓသညာ ရသသညာ ဖောဋ္ဌဗ္ဗသညာ ဓမ္မသညာ ဟူသော သညာ (၆)ပါး၊
၉။ ရူပသေဉ္စတနာ သဒ္ဒသေဉ္စတနာ ဂန္ဓသေဉ္စတနာ ရသသေဉ္စတနာ ဖောဋ္ဌဗ္ဗသေဉ္စတနာ ဓမ္မသေဉ္စတနာ ဟူသော စေတနာ (၆)ပါး၊
၁၀။ ရူပတဏှာ သဒ္ဒတဏှာ ဂန္ဓတဏှာ ရသတဏှာ ဖောဋ္ဌဗ္ဗတဏှာ ဓမ္မတဏှာ ဟူသော တဏှာ (၆)ပါး၊
၁၁။ ရူပဝိတက္က သဒ္ဒဝိတက္က ဂန္ဓဝိတက္က ရသဝိတက္က ဖောဋ္ဌဗ္ဗဝိတက္က ဓမ္မဝိတက္က ဟူသော ဝိတက် (၆)ပါး၊
၁၂။ ရူပဝိစာရ သဒ္ဒဝိစာရ ဂန္ဓဝိစာရ ရသဝိစာရ ဖောဋ္ဌဗ္ဗဝိစာရ ဓမ္မဝိစာရ ဟူသော ဝိစာရ (၆)ပါး၊
၁၃။ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် အာကာသဓာတ် ဝိညာဏဓာတ် ဟူသော ဓာတ် (၆)ပါး၊
၁၄။ ကသိုဏ်း (၁၀)ပါး၊
၁၅။ (၃၂) ကောဋ္ဌာသ၊
၁၆။ အာယတန (၁၂)ပါး၊ ၁၇။ ဓာတ် (၁၈)ပါး၊
၁၈။ ဣန္ဒြေ (၂၂)ပါး၊
၁၉။ ကာမဓာတ် ရူပဓာတ် အရူပဓာတ် ဟူသော ဓာတ် (၃)ပါး၊
၂၀။ ကာမဘဝ ရူပဘဝ အရူပဘဝ၊ သညီဘဝ အသညီဘဝ နေဝသညီနာသညီဘဝ၊ ဧကဝေါကာရဘဝ (= အသညသတ်) စတုဝေါကာရဘဝ (= အရူပလေးဘုံ) ပဉ္စဝေါကာရဘဝ (= ကာမ - ၁၁ဘုံ, ရူပ - ၁၅ဘုံ) ဟူသော ဘဝကြီး (၉)ဘဝ၊
၂၁။ ရူပစျာန် (၄) ပါး၊
၂၂။ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဟူသော အပ္ပမညာတရား (၄)ပါး၊
၂၃။ အရူပစျာန်သမာပတ် (၄)ပါး၊
၂၄။ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ (၁၂)ရပ် –
ဤတရားအစုအပုံတို့ ဖြစ်ကြသည်ဟု မှတ်ပါ။[၁၁၃၅]

သုံးမျိုးကုန်သော သတ္တဝါတို့ကို ချီးမြှောက်တော်မူရန်

ချေချွတ်တော်မူရမည့် ကျွတ်ထိုက်သသူ ဝေနေယျကြာ သတ္တဝါတို့သည်ကား သုံးမျိုးသုံးစား ရှိကြ၏၊ ထိုသတ္တဝါ သုံးမျိုး သုံးစားလုံးကို ချီးမြှောက်တော်မူရန်အလို့ငှာ ဘုရားရှင်သည် ခန္ဓာငါးပါးနည်း စသည့် အမျိုးမျိုးသောနည်းတို့ဖြင့် ဝိပဿနာရှုကွက်ကို ညွှန်ကြားပြသပေးတော်မူရလေသည်။

ခန္ဓာငါးပါးနည်းဖြင့် ဝိပဿနာဘာဝနာကို နှလုံးသွင်းရှုပွားပါကလည်း အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်သည် သာ ဖြစ်၏၊ အာယတန (၁၂)ပါးနည်းဖြင့် ဝိပဿနာဘာဝနာကို နှလုံးသွင်းရှုပွားပါကလည်း အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်သည်သာဖြစ်၏၊ ဓာတ် (၁၈)ပါးနည်းဖြင့် ဝိပဿနာဘာဝနာကို နှလုံးသွင်းရှုပွားပါကလည်း အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်သည်သာ ဖြစ်၏၊ ဤသို့ စသည်ဖြင့် တစ်မျိုးမျိုးသော နည်းလမ်းဖြင့် ဝိပဿနာ ကမ္မဋ္ဌာန်းကို ပွားများအားထုတ်ပါကလည်း အရဟတ္တဖိုလ်ဟူသော လိုအပ်သော အကျိုးတရား၏ ပြီးစီးပြည့်စုံခြင်းသည် ဖြစ်နိုင်ပါလျက် အဘယ်ကြောင့် နည်းလမ်းတစ်မျိုးကိုသာ မဟောဘဲ နည်းလမ်းအမျိုးမျိုးကို ဟောကြားတော်မူရပါသနည်း ဟူမူ အဖြေမှာ သုံးမျိုးပြားသော သတ္တဝါတို့ကို ချီးမြှောက်တော်မူရန်အလို့ငှာ ဟောကြားတော်မူရသည် ဟူပေ။

၁။ ရူပသမ္မူဠှာ = ရုပ်တရား၌ တွေဝေသော သတ္တဝါ,
၂။ အရူပသမ္မူဠှာ = နာမ်တရား၌ တွေဝေသော သတ္တဝါ,
၃။ ဥဘယသမ္မူဠှာ = ရုပ်+နာမ် နှစ်မျိုးလုံး၌ တွေဝေသော သတ္တဝါ,

၁။ တိက္ခိန္ဒြိယာ = ဣန္ဒြေထက်မြက်သော သတ္တဝါ,
၂။ မဇ္ဈိမိန္ဒြိယာ = ဣန္ဒြေ မနုံ့မထက် အလယ်အလတ်ရှိသော သတ္တဝါ,
၃။ မုဒိန္ဒြိယာ = ဣန္ဒြေနုံ့သော သတ္တဝါ,

၁။ သံခိတ္တရုစီ = အကျဉ်းနည်းကို နှစ်ခြိုက်သော သတ္တဝါ,
၂။ မဇ္ဈိမရုစီ = မကျဉ်းမကျယ် အလယ်အလတ်နည်းလမ်းကို နှစ်ခြိုက်သော သတ္တဝါ,
၃။ ဝိတ္ထာရရုစီ = အကျယ်နည်းလမ်းကို နှစ်ခြိုက်သော သတ္တဝါ,

ဤသို့လျှင် ကျွတ်ထိုက်သသူ ဝေနေယျကြာသတ္တဝါတို့၌ သုံးမျိုး သုံးစား ရှိနေပေ၏၊ ထိုသုံးမျိုး သုံးစားသော သတ္တဝါတို့ကို ချီးမြှောက်တော်မူရန် အလို့ငှာ ဘုရားရှင်သည် ထိုကဲ့သို့ တရားတော်ကို နည်းမျိုးစုံဖြင့် တန်ဆာဆင်၍ ဟောကြားတော်မူရပေသည်။

၁။ (က) နာမ်တရား၌ တွေဝေသော အရူပသမ္မူဠှာပုဂ္ဂိုလ်,
( ခ ) ဣန္ဒြေထက်မြက်သော တိက္ခိန္ဒြိယပုဂ္ဂိုလ်,
( ဂ ) အကျဉ်းနည်းကို နှစ်ခြိုက်သော သံခိတ္တရုစီပုဂ္ဂိုလ် –

ဤပုဂ္ဂိုလ်မျိုးတို့ကို ချီးမြှောက်တော်မူခြင်းငှာ – အနတ္တလက္ခဏသုတ္တန်ကဲ့သို့သော ဒေသနာတော်များဖြင့် ခန္ဓာ (၅)ပါးနည်းဖြင့် ဝိပဿနာရှုကွက်ကို သင်ပြပေးတော်မူလေသည်။

၂။ (က) ရုပ်တရား၌ တွေဝေသော ရူပသမ္မူဠှာပုဂ္ဂိုလ်,
( ခ ) ဣန္ဒြေ အလယ်အလတ်ရှိသော မဇ္ဈိမိန္ဒြိယပုဂ္ဂိုလ်,
( ဂ ) မကျဉ်းမကျယ် အလယ်အလတ်ကျင့်စဉ်ကို နှစ်ခြိုက်သော မဇ္ဈိမရုစီပုဂ္ဂိုလ် –

ဤပုဂ္ဂိုလ်မျိုးတို့ကို ချီးမြှောက်တော်မူရန်အလို့ငှာ အာယတန (၁၂)ပါး[၁၁၃၆]နည်းဖြင့် ဝိပဿနာရှုကွက်ကို ဟောကြားပြသ ဆိုဆုံးမပေးတော်မူလေသည်။

၃။ (က) ရုပ်+နာမ် နှစ်မျိုးလုံး၌ တွေဝေသော ဥဘယသမ္မူဠှာပုဂ္ဂိုလ်,
( ခ ) ဣန္ဒြေနုံ့သော မုဒိန္ဒြိယာပုဂ္ဂိုလ်,
( ဂ ) အကျယ်နည်းလမ်းကို နှစ်ခြိုက်သော ဝိတ္ထာရရုစီပုဂ္ဂိုလ် –

ဤပုဂ္ဂိုလ်မျိုးတို့ကို ချီးမြှောက်တော်မူရန်အလို့ငှာ ဓာတ် (၁၈)ပါး[၁၁၃၇]နည်းဖြင့် ဝိပဿနာရှုကွက်ကို ညွှန်ကြား ပြသပေးတော်မူလေသည်။

အနတ္တလက္ခဏာကို ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ သိမ်းဆည်းနိုင်ရန်အလို့ငှာ ဣန္ဒြိယဒေသနာတော် နည်းဖြင့် ဝိပဿနာရှုကွက်ကို ဟောကြားပြသပေးတော်မူလေသည်။

၁။ ပဝတ္တိ = ဘုံသုံးပါး၌ ထင်ရှားဖြစ်နေသည့် ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရား,
၂။ ပဝတ္တိဟေတု = ယင်းဒုက္ခသစ္စာတရားတို့ကို ဖြစ်ပေါ်စေတတ်သည့် အကြောင်းသမုဒယသစ္စာတရား,
၃။ နိဝတ္တိ = ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ ချုပ်ငြိမ်းရာ နိရောဓသစ္စာတရား,
၄။ နိဝတ္တိဟေတု = ယင်းဒုက္ခသစ္စာတရား သမုဒယသစ္စာတရားတို့၏ ချုပ်ငြိမ်းကြောင်း ကျင့်စဉ် မဂ္ဂသစ္စာတရား

ဤလေးချက်ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပါမှသာလျှင် ယင်းအထက်ပါ ဝိပဿနာရှုကွက်အမျိုးမျိုးသည် မဂ်ဖိုလ် နိဗ္ဗာန်ဟူသော အကျိုးစီးပွားအမျိုးမျိုးကို ရွက်ဆောင်နိုင်ပေသည်။ ယင်း လေးချက်ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိပါက မဂ်ဖိုလ် နိဗ္ဗာန်ဟူသော အကျိုးကို မရွက်ဆောင်နိုင်ဟု သိရှိစေရန် ရည်ရွယ်တောင့်တတော်မူ၍ သစ္စာဒေသနာတော်နည်း ပဋိစ္စသမုပ္ပါဒ်ဒေသနာတော် နည်းနှင့် ဆက်စပ်သော ဝိပဿနာရှုကွက်တို့ကိုလည်း ဟောကြားပြသ ဆိုဆုံးမပေးတော်မူလေသည်။[၁၁၃၈] ၅။ တစ်ဖန် ယင်းရုပ်နာမ်တို့ကိုပင် (၂၂)ပုံ ပုံ၍ ဣန္ဒြိယဒေသနာတော်နည်းဖြင့် လောကီဣန္ဒြေတို့ကို ဝိပဿနာ ရှုပွားသုံးသပ်လျှင်လည်း မဂ်ဖိုလ် နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်သည်သာ ဖြစ်၏၊

သတိပြုရန်

စိတ် စေတသိက် ရုပ် နိဗ္ဗာန်ဟု ပရမတ်တရား (၄)မျိုး ရှိ၏၊ ထိုတွင် စိတ်-စေတသိက်-ရုပ် ပရမတ်တို့ကား အနိစ္စပရမတ် ဒုက္ခပရမတ် အနတ္တပရမတ်တရားတို့ ဖြစ်ကြ၏၊ နိဗ္ဗာန်တရားတော်မြတ်ကား နိစ္စပရမတ် သုခပရမတ် အနတ္တပရမတ်တရား ဖြစ်၏၊

ယင်း နိစ္စပရမတ် သုခပရမတ် အနတ္တပရမတ် အစစ် အဖြစ်ကြီးဖြစ်တော်မူသော စတုတ္ထပရမတ်ဖြစ်သည့် နိဗ္ဗာန်တရားတော်မြတ်ကြီးကို လိုလားတောင့်တလျက်ရှိသော သူတော်ကောင်းသည် ပထမပရမတ် ဒုတိယပရမတ် တတိယပရမတ်ဖြစ်သည့် စိတ်+စေတသိက်+ရုပ်တရားတို့ကို အကြောင်းတရားနှင့်တကွ သိမ်းဆည်းလျက် လက္ခဏာရေး သုံးတန်တင်ကာ တွင်တွင်ကြီး ဝိပဿနာရှုရမည် ဖြစ်ပေသည်။

ထိုသို့ ရှုရာဝယ် ..

၁။ စိတ်နှင့် စေတသိက်ကို နာမ်တရားအဖြစ် (၁)ပုံ ပုံ၍, ရုပ်တရားကို (၁)ပုံ ပုံ၍ - ဤသို့လျှင် ရုပ် (၁)ပုံ နာမ် (၁)ပုံဟူသော ရုပ်-နာမ် (၂)ပါးနည်းဖြင့် ဝိပဿနာရှုပွားသုံးသပ်လျှင်လည်း မဂ်ဖိုလ် နိဗ္ဗာန်ကို ဆိုက်ရောက် နိုင်သည်သာ ဖြစ်၏၊

၂။ ရုပ်တရားကို (၁)ပုံ, နာမ်တရားကို ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏ်ဟု (၄)ပုံ ပုံ၍ ခန္ဓာ (၅)ပါးနည်းဖြင့် ဝိပဿနာရှုပွားသုံးသပ်လျှင်လည်း မဂ်ဖိုလ်နိဗ္ဗာန်ကို ဆိုက်ရောက်နိုင်သည်သာ ဖြစ်၏၊ ၃။ တစ်ဖန် ယင်းရုပ်နာမ်တို့ကိုပင် (၁၂)ပုံ ပုံ၍ အာယတန (၁၂)ပါးနည်းဖြင့် ဝိပဿနာရှုပွားသုံးသပ်လျှင်လည်း မဂ်ဖိုလ် နိဗ္ဗာန်ကို ဆိုက်ရောက်နိုင်သည်သာ ဖြစ်၏၊

၄။ တစ်ဖန် ယင်းရုပ်နာမ်တို့ကို (၁၈)ပုံ ပုံ၍ ဓာတ် (၁၈)ပါးနည်းဖြင့် ဝိပဿနာရှုပွားသုံးသပ်လျှင်လည်း မဂ်ဖိုလ် နိဗ္ဗာန်ကို ဆိုက်ရောက်နိုင်သည်သာ ဖြစ်၏၊

၆။ တစ်ဖန် ယင်းရုပ်နာမ်တို့ကို အင်္ဂါရပ် (၁၂)ရပ်ဖြင့် ခွဲတမ်းချ၍ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်နည်းဖြင့် ဝိပဿနာ ရှုပွားသုံးသပ်လျှင်လည်း မဂ်ဖိုလ် နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်သည်သာ ဖြစ်၏၊

၇။ တစ်ဖန် သစ္စာဒေသနာတော်နည်းအရ ဒုက္ခသစ္စာ (၁)ပုံ သမုဒယသစ္စာ (၁)ပုံ၊ ဤသို့ (၂)ပုံ ပုံ၍ ဝိပဿနာ ရှုပွားသုံးသပ်လျှင်လည်း မဂ်ဖိုလ် နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်သည်သာ ဖြစ်၏၊

ဤသို့ စသည်ဖြင့် နိဗ္ဗာန်သို့ရောက်ရန် ဝိပဿနာဉာဏ်၏ အရှုခံအာရုံအဖြစ် ရှုပွားသုံးသပ်ရသော ရုပ်-နာမ် (၂)ပါး, ခန္ဓာ (၅)ပါး, အာယတန (၁၂)ပါး, ဓာတ် (၁၈)ပါး, ဣန္ဒြေ (၂၂)ပါး, ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂)ရပ်, ဒုက္ခသစ္စာ သမုဒယသစ္စာတရားတို့ဟူသည်မှာ – စိတ်+စေတသိက်+ရုပ်တရားတို့သာ ဖြစ်ကြသည်။ ရှုပွားပုံ နည်းစနစ် ကွာခြားသော်လည်း ဝိပဿနာဉာဏ်၏ အရှုခံအာရုံဖြစ်သည့် အခြေခံ ပရမတ္ထဓာတ်သားချင်းကား တူညီလျက်ပင် ရှိပေသည်။

ထိုကြောင့် ဝိပဿနာကို စတင်အားသစ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်၏ အရှုခံအာရုံ ဖြစ်သော ..

၁။ ရုပ်နာမ်တို့ကို သိမ်းဆည်းပြီးဖြစ်ခြင်း,
၂။ အကြောင်းတရားတို့ကို သိမ်းဆည်းပြီးဖြစ်ခြင်း - ဟူသော ––

နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်ပါးတို့ကို ရရှိထားပြီး ဖြစ်ရပေမည်။ ထိုသို့ သိမ်းဆည်း ထားပြီးသော ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့တွင် မည်သည့်တရားက စတင်၍ ဝိပဿနာ ရှုပွားသုံးသပ် ရမည်နည်းဟု မေးရန်ရှိ၏၊ အဖြေမှာ အောက်ပါအတိုင်းဖြစ်၏ ..။

ထင်ရှားရာ လွယ်ကူရာက စပါ

''လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာရှုပွားသုံးသပ်ထိုက်ကုန်သော လောကီ ရုပ်တရား နာမ်တရားတို့တွင် အကြင် ရုပ်တရား နာမ်တရားတို့သည် အကြင် ယောဂီပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားကုန်၏၊ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ မပင်မပန်း သိမ်းဆည်း၍ ရနိုင်ကုန်၏၊ ထိုရုပ်တရား နာမ်တရားတို့၌ ထိုယောဂီပုဂ္ဂိုလ်သည် လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာတရား ရှုပွားသုံးသပ်ခြင်း သမ္မသနအမှုကို ကြိုးစားအားထုတ်ပါ။''[၁၁၃၉]

(က) ''ထင်ရှားရာ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ မပင်မပန်း သိမ်းဆည်း၍ ရနိုင်သည့် ထိုရုပ်တရား နာမ်တရား တို့၌ ထိုယောဂါဝစရပုဂ္ဂိုလ်သည် လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း သမ္မသနအမှုကို ကြိုးစားအားထုတ်ပါဟူသော ဤစကားကို ထင်ရှားရာကို = ထင်ရှားသည့် ရုပ်တရား နာမ်တရားကို ဝိပဿနာ နှလုံးသွင်းခြင်းသည် ဖြစ်နိုင်၏ဟု နှလုံးပိုက်၍ အဋ္ဌကထာဆရာတော်က မိန့်ဆိုတော်မူခြင်း ဖြစ်သည်။

( ခ ) သို့သော်လည်း နောက်ပိုင်းကာလ၌ကား အသိဉာဏ်၌ မထင်လာ မမြင်လာသေးသော ရုပ်တရား နာမ်တရား တို့ကိုလည်း အကြောင်း ဥပါယ်တံမျဉ်ဖြင့် အသိဉာဏ်၌ ထင်လာ မြင်လာစေ၍ = ထင်လာ မြင်လာအောင် ပြုလုပ်၍ အကြွင်းအကျန်မရှိ ကုန်စင်အောင်သာလျှင် (ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရား တို့ကို) လက္ခဏာယာဉ် သုံးချက် တင်၍ ဝိပဿနာရှုပွားသုံးသပ်ပါ။''[၁၁၄၀]

ဤအထက်ပါ စကားရပ်များကို အဋ္ဌကထာဆရာတော်က –
၁။ ရူပပရိဂ္ဂဟ = ရုပ်တရားကို သိမ်းဆည်းခြင်း,
၂။ အရူပပရိဂ္ဂဟ = နာမ်တရားကို သိမ်းဆည်းခြင်း,
၃။ ရူပါရူပပရိဂ္ဂဟ = ရုပ်နာမ်ကို သိမ်းဆည်းခြင်း,
၄။ ပစ္စယပရိဂ္ဂဟ = ပစ္စုပ္ပန် ရုပ်နာမ်၏ အကြောင်းတရားတို့ကို သိမ်းဆည်းခြင်း,
၅။ အဒ္ဓါနပရိဂ္ဂဟ = အတိတ် အနာဂတ် ရုပ်နာမ်၏ အကြောင်းတရားတို့ကို သိမ်းဆည်းခြင်း ဟူသော –ဤပရိဂ္ဂဟ (၅)မျိုးတို့ကို ကမ်းတစ်ဖက်သို့ ရောက်အောင် ပေါက်မြောက်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်တို့အတွက် သာ ပြောဆိုနေသောစကား ဖြစ်သည်ကိုကား သတိပြုသင့်လှပေသည်။

၁။ ရုပ်တရားကိုလည်း ပရမတ်သို့ဆိုက်အောင် မသိ၊
၂။ နာမ်တရားကိုလည်း ပရမတ်သို့ဆိုက်အောင် မသိ၊
၃။ ရုပ်နာမ်ကိုလည်း ပရမတ်သို့ဆိုက်အောင် မသိ၊
၄။ ပစ္စုပ္ပန် ရုပ်နာမ်၏ အကြောင်းတရားကိုလည်း မသိ၊
၅။ အတိတ် အနာဂတ် ရုပ်နာမ်၏ အကြောင်းတရားကိုလည်း မသိ –

ဤကဲ့သို့သော မသိမှုတွေကို တစ်ပုံကြီး ထမ်းလျက် ကမ္မဋ္ဌာန်းကျောင်းအတွင်းသို့ ရောက်သစ်စဖြစ်သော ဝင်ရောက်တရားထိုင်နေသော ယောဂါဝစရပုဂ္ဂိုလ်အတွက် ထင်ရှားရာ လွယ်ကူရာကိုသာ ပညတ်နှင့် ပရမတ် ခွဲခြား မသိဘဲ ရှုချင်သလိုရှုရန် ညွှန်ကြားနေသော စကားရပ်များ မဟုတ်ကြသည်ကိုကား သတိပြုသင့်လှပေသည်။

သို့သော် ယင်းအထက်ပါ အဋ္ဌကထာဆရာတော်၏ စကားရပ်နှင့် ဋီကာဆရာတော်၏ (က) စကားရပ်တို့ကိုသာ ကြည့်၍ ဝိပဿနာဆိုတာ ထင်ရှားရာကိုသာ ရှုရသည်ဟု ညွှန်ကြားတော်မူကြပြန်သည်။ ဋီကာဆရာတော်၏ (ခ) စကားရပ်ကို ထည့်သွင်း၍ မစဉ်းစားတော့ပေ။ သို့သော် မဟာဋီကာဆရာတော်ကိုယ်တိုင်က မဟာဋီကာ[၁၁၄၁]တွင် သံယုတ်ပါဠိတော် သဠာယတနဝဂ္ဂသံယုတ်၌ လာရှိသော အပရိဇာနနသုတ္တန်[၁၁၄၂]ကို ကိုးကား၍ အလုံးစုံသော ရုပ်တရား နာမ်တရားတို့ကို ပရိညာပညာ သုံးမျိုးတို့ဖြင့် ကွဲကွဲပြားပြားသိအောင် ရှုပွားသင့်ကြောင်း, အကြွင်းအကျန်မရှိ ကုန်စင်အောင် ဝိပဿနာရှုရမည်ဖြစ်ကြောင်းကို ဆုံးဖြတ်ထားပြီးပင် ဖြစ်ပေသည်။

လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ

အနတ္တလက္ခဏသုတ္တန် စသော ထိုထို တေပရိဝဋ္ဋဓမ္မဒေသနာတော်များနှင့် အဋ္ဌကထာ[၁၁၄၃] ဋီကာ[၁၁၄၄]တို့၏ ညွှန်ကြားချက်အရ - အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓဖြစ်သည့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရား အားလုံးကို ဝိပဿနာရှုရမည်ဖြစ်ရာ မည်သို့သော နည်းစနစ်ဖြင့် မည်သို့သော စည်းကမ်းသတ်မှတ်ချက်ဖြင့် ဝိပဿနာ ရှုရမည်နည်းဟု မေးဖွယ်ရာ ရှိ၏၊ အဋ္ဌသာလိနီအဋ္ဌကထာ[၁၁၄၅]တွင်လည်းကောင်း, ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၁၁၄၆]တွင် လည်းကောင်း ဝုဋ္ဌာနဂါမိနိဝိပဿနာ အမျိုးမျိုးကို ရေတွက်ပြသည့်အပိုင်းတွင် ဝိပဿနာရှုရာ၌ လိုက်နာရမည့် စည်းကမ်းများကို ဖွင့်ဆိုထားတော်မူကြ၏၊ ဤတွင် အဋ္ဌသာလိနီအဋ္ဌကထာ၏ ဖွင့်ဆိုချက်ကို ဆက်လက်၍ တင်ပြ အပ်ပါသည်။

လောကုတ္တရအရိယမဂ်သည် ..

၁။ အဇ္ဈတ္တကို (= အဇ္ဈတ္တသင်္ခါရတရားကို) စတင်၍ ဝိပဿနာ နှလုံးသွင်းပြီးလျှင်[၁၁၄၇] အဇ္ဈတ္တမှ (= အဇ္ဈတ္တသင်္ခါရ တရားမှ) ထမြောက်သွားသည်လည်း ရှိ၏ = ထမြောက်ကာ အရိယမဂ်သို့ ပြေးသွားသည်လည်း ရှိ၏၊
၂။ အဇ္ဈတ္တကို စတင်၍ ဝိပဿနာ နှလုံးသွင်းပြီးလျှင် ဗဟိဒ္ဓမှ (= ဗဟိဒ္ဓသင်္ခါရတရားမှ) ထမြောက်သွားသည်လည်း ရှိ၏၊
၃။ ဗဟိဒ္ဓကို စတင်၍ ဝိပဿနာ နှလုံးသွင်းပြီးလျင် ဗဟိဒ္ဓမှ ထမြောက်သွားသည်လည်း ရှိ၏၊
၄။ ဗဟိဒ္ဓကို စတင်၍ ဝိပဿနာ နှလုံးသွင်းပြီးလျင် အဇ္ဈတ္တမှ ထမြောက်သွားသည်လည်း ရှိ၏၊
၅။ ရုပ်တရား၌ စတင်၍ ဝိပဿနာ နှလုံးသွင်းပြီးလျှင် ရုပ်တရားမှ ထမြောက်သွားသည်လည်း ရှိ၏၊
၆။ ရုပ်တရား၌ စတင်၍ ဝိပဿနာ နှလုံးသွင်းပြီးလျှင် နာမ်တရားမှ ထမြောက်သွားသည်လည်း ရှိ၏၊
၇။ နာမ်တရား၌ စတင်၍ ဝိပဿနာ နှလုံးသွင်းပြီးလျှင် နာမ်တရားမှ ထမြောက်သွားသည်လည်း ရှိ၏၊
၈။ နာမ်တရား၌ စတင်၍ ဝိပဿနာ နှလုံးသွင်းပြီးလျှင် ရုပ်တရားမှ ထမြောက်သွားသည်လည်း ရှိ၏၊
၉။ တစ်ပြိုင်နက်တည်းပင်လျှင် ခန္ဓာငါးပါးတို့မှ ထမြောက်သွားသည်လည်း ရှိ၏၊

၁။ ဤသာသနာတော်၌ အချို့သော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးအစ အားထုတ်ခါစ၌ပင်လျှင် အဇ္ဈတ္တ ခန္ဓာငါးပါးတို့၌ စတင်၍ နှလုံးသွင်း ရှုပွား၏၊ နှလုံးသွင်းရှုပွားပြီး၍ ထိုအဇ္ဈတ္တ ခန္ဓာငါးပါးတို့ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပွားသုံးသပ်၏၊ သို့သော် အဇ္ဈတ္တ ခန္ဓာငါးပါး သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်ကား ဝုဋ္ဌာနဂါမိနိဝိပဿနာ = သင်္ခါရအာရုံမှ ထ၍ နိဗ္ဗာန်ဘက်သို့ တစ်ဟုန်တည်း ထမြောက် ပြေးသွားသော မဂ္ဂဝီထိစိတ်အစဉ်နှင့် တကွသော ဝုဋ္ဌာနဂါမိနိဝိပဿနာသည် ဖြစ်ပေါ်မလာနိုင်သောကြောင့် ဗဟိဒ္ဓ ခန္ဓာငါးပါးတို့ကိုလည်း ဝိပဿနာရှုရမည်သာ ဖြစ်သည်။ ထိုကြောင့် သူတစ်ပါး၏ ခန္ဓာငါးပါးတို့ကိုလည်းကောင်း, သက်မဲ့ အနုပါဒိန္န သင်္ခါရတရားတို့ကိုလည်းကောင်း အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ရှု၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ရံခါ အဇ္ဈတ္တခန္ဓာငါးပါးကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာ ရှုပွားသုံးသပ်၏၊ ရံခါ ဗဟိဒ္ဓခန္ဓာငါးပါးကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာ ရှုပွားသုံးသပ်၏၊ ထိုသို့ ရှုပွားသုံးသပ်နေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်သည် အဇ္ဈတ္တ ခန္ဓာငါးပါးကို ဝိပဿနာ ရှုပွားသုံးသပ်ခိုက်၌ အရိယမဂ်ဉာဏ်နှင့် အတူတကွ ဆက်စပ်မိ၏၊ (ဝိပဿနာဉာဏ်၏ အဆုံး၌ အရိယမဂ်ဉာဏ် ပေါ်လာ၏ ဟူလို။) ဤသို့လျှင် အဇ္ဈတ္တသင်္ခါရကို စတင် နှလုံးသွင်းပြီးလျှင် အဇ္ဈတ္တသင်္ခါရမှ ထမြောက်သွားသည် မည်ပေသည်။ (ဝုဋ္ဌာနဂါမိနိဝိပဿနာ ဖြစ်သည် ဟူလို၊၊)[၁၁၄၈]

၂။ နောက်တစ်မျိုးကား – အဇ္ဈတ္တခန္ဓာငါးပါးမှ စတင်ကာ ဝိပဿနာဘာဝနာကို အားသစ်လာသော ထိုယောဂါဝစရ ပုဂ္ဂိုလ်သည် အဇ္ဈတ္တကို တစ်လှည့်, ဗဟိဒ္ဓကို တစ်လှည့် ဝိပဿနာ ရှုပွားသုံးသပ်နေရာ အကယ်၍ ဗဟိဒ္ဓကို ဝိပဿနာ ရှုပွားသုံးသပ်ခိုက်၌ ဝိပဿနာဉာဏ်သည် အရိယမဂ်ဉာဏ်နှင့် အတူတကွ ဆက်စပ်မိသည် ဖြစ်ငြားအံ့၊ ဤသို့ ဆက်စပ် မိသော် အဇ္ဈတ္တသင်္ခါရကို စတင် နှလုံးသွင်းပြီးလျှင် ဗဟိဒ္ဓသင်္ခါရမှ ထမြောက်သွားသည် မည်၏၊

၃-၄။ ဗဟိဒ္ဓ ခန္ဓာငါးပါးကို စတင်နှလုံးသွင်း၍ ဗဟိဒ္ဓသင်္ခါရမှလည်းကောင်း, အဇ္ဈတ္တသင်္ခါရမှလည်းကောင်း ထမြောက် သွားရာ၌လည်း ဤနည်းပင်တည်း။

၅။ (အဇ္ဈတ္တ၌လည်း ရုပ်နှင့် နာမ် နှစ်မျိုး, ဗဟိဒ္ဓ၌လည်း ရုပ်နှင့် နာမ် နှစ်မျိုး - ဤသို့ နှစ်မျိုးစီ ရှိနေသဖြင့်) အခြားတစ်ယောက်သော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးအစ အားထုတ်ခါစ၌ပင်လျှင် (ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးတို့တွင်) ရုပ်တရား၌ စတင် နှလုံးသွင်း၏၊ (ရုပ်တရားက စတင်၍ သိမ်းဆည်းသည် ဟူလို။) နှလုံးသွင်းပြီး၍ ဘူတရုပ် (= ဓာတ်ကြီးလေးပါး)ကိုလည်းကောင်း, (၂၄)မျိုးသော ဥပါဒါရုပ်ကိုလည်းကောင်း ဉာဏ်ဖြင့် ကွဲကွဲပြားပြား သိအောင် ပိုင်းခြားယူ၍ (လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ) ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ရှု၏၊ သို့သော် ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်ကား ဝုဋ္ဌာနဂါမိနိဝိပဿနာသည် မဖြစ်နိုင်သောကြောင့် နာမ်တရားကိုလည်း (လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍) ဝိပဿနာ ရှုပွားသုံးသပ်ရမည်သာ ဖြစ်ပေသည်။ ထိုကြောင့် ထိုရုပ်တရား ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝေဒနာကိုလည်းကောင်း, သညာကိုလည်းကောင်း, စေတသိက်သင်္ခါရတရားစုကိုလည်းကောင်း, ဝိညာဏ်ကိုလည်းကောင်း – ''ဤကား နာမ်တရား''ဟု ဉာဏ်ဖြင့် ကွဲကွဲပြားပြား သိအောင် ပိုင်းခြားယူလျက် အနိစ္စ ဒုက္ခ အနတ္တဟု လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်ကာ ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ရှု၏၊

ထိုယောဂါဝစရပုဂ္ဂိုလ်သည် ရံခါ ရုပ်တရားကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာ ရှုပွားသုံးသပ်၏၊ ရံခါ နာမ်တရားကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပွားသုံးသပ်၏၊ ဤသို့ ရှုပွားသုံးသပ်နေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်သည် ရုပ်တရားကို ရှုပွားသုံးသပ်စဉ် အရိယမဂ်ဉာဏ်နှင့် အတူတကွ ဆက်စပ် မိ၏၊ ဤသို့ ဆက်စပ်မိသော် ရုပ်တရား၌ စတင် နှလုံးသွင်းရှုပွား၍ ရုပ်တရားမှ ထမြောက်သွားသည် မည်၏၊

၆။ အကယ်၍ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်သည် နာမ်တရားကို ရှုပွားသုံးသပ်ခိုက်ဝယ် အရိယမဂ် ဉာဏ်နှင့် အတူတကွ ဆက်စပ်မိငြားအံ့၊ ဤသို့ ဆက်စပ်မိသော် ရုပ်တရား၌ စတင် နှလုံးသွင်း၍ နာမ်တရားမှ ထမြောက်သွားသည် မည်၏၊

၇-၈။ နာမ်တရား၌ စတင်နှလုံးသွင်း၍ နာမ်တရားမှလည်းကောင်း, ရုပ်တရားမှလည်းကောင်း ထမြောက်သွားရာ၌ လည်း နည်းတူပင် မှတ်ပါ။

၉။ ''ယံကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မံ = ဖြစ်သည့်တရားမှန်က အားလုံးပျက်၏'' – ဟု ဤသို့ နှလုံးသွင်း၍ ဝုဋ္ဌာနဂါမိနိဝိပဿနာ ဖြစ်ရာကာလ၌ကား တစ်ပြိုင်နက်တည်းအားဖြင့် ခန္ဓာငါးပါးတို့မှ ထမြောက်သွား၏ဟု သိရှိ ပါလေ။ ဤဝိပဿနာကား ထက်မြက်သော ဝိပဿနာ, ကြီးမားသော ဉာဏ်ပညာရှိသော တိက္ခဝိပဿက မဟာပည ရဟန်းတော်၏ ဝိပဿနာတည်း။[၁၁၄၅]

ဤအထက်ပါ အဋ္ဌသာလိနီအဋ္ဌကထာ၏ ဆုံးဖြတ်ချက်နှင့် ပုံစံတူ အဓိပ္ပါယ်တူ ဆုံးဖြတ်ချက်တစ်ခု = ဖြတ်ထုံး တစ်ခုကား ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၁၁၄၉]၌လည်းကောင်း, နိဒါနဝဂ္ဂသံယုတ်အဋ္ဌကထာ ကဠာရသုတ္တန်အဖွင့်[၁၁၅၀]၌ လည်းကောင်း လာရှိပေသည်။ စကားလုံး အနည်းငယ်ကွဲသော်လည်း အဓိပ္ပါယ်မှာ လုံးဝ တူညီလျက် ရှိပေသည်။ ဤမျှ တိတိကျကျ ဆုံးဖြတ်ချက် ရေးသားနေသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာဆရာတော်သည် အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း သမ္မသနဉာဏ်ခန်း၌ ဝိပဿနာဟူသည် (ပညတ်နှင့် ပရမတ် ခွဲခြား မသိဘဲ) ထင်ရှားရာကိုသာ ရှုရသည် ဟူသော အဓိပ္ပါယ်မျိုးဖြင့် ..

''လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ထိုက်ကုန်သော လောကီ ရုပ်တရား နာမ်တရားတို့တွင် အကြင် ရုပ်တရား နာမ်တရားတို့သည် အကြင် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားကုန်၏၊ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ မပင်မပန်း သိမ်းဆည်း၍ ရနိုင်ကုန်၏၊ ထို ရုပ်တရား နာမ်တရားတို့၌ ထိုယောဂါဝစရပုဂ္ဂိုလ်သည် လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း သမ္မသနအမှုကို ကြိုးစားအားထုတ်ပါ။''[၁၁၃၉] –ဟု - ရေးသားထားတော်မူသည်ကား မဟုတ်။ ဤစကားရပ်များကို မည်ကဲ့သို့သော အဓိပ္ပါယ်ဖြင့် ရေးသားတင်ပြထားသည်ကို ယောဂီသူတော်ကောင်းကိုယ်တိုင်ပင် ဝေဖန်နှိုင်းချိန် စဉ်းစားလေရာသည်။ အမှန်မှာ – အဋ္ဌကထာ ဆရာတော်သည် ပရိဂ္ဂဟငါးမျိုး တစ်ဖက်ကမ်းခပ်အောင် ပေါက်မြောက်ပြီးသော ဝိပဿနာစခန်း သမ္မသနဉာဏ်ခန်းသို့ ကူးလာစပုဂ္ဂိုလ်အတွက် ဝိပဿနာအားထုတ်စ၌ လွယ်လွယ်ကူကူ သိမ်းဆည်း၍ ရနိုင်ရာ ရုပ်တရား နာမ်တရားက စ၍ ဝိပဿနာ ရှုရန်သာ ပြောကြားခြင်းဖြစ်သည်။ မဟာဋီကာဆရာတော် ရှင်းပြတော်မူသည့်အတိုင်း လွယ်ကူရာ ရုပ်တရား နာမ်တရားတို့ကို သမ္မသနလုပ်ငန်းရပ်ဖြင့် ဝိပဿနာရှုပြီးသောအခါ၌လည်း အသိဉာဏ်၌ လွယ်လွယ်ကူကူ မထင်လာ မမြင်လာသော ရုပ်နာမ်တို့ကိုလည်း အသိဉာဏ်၌ ထင်လာ မြင်လာအောင် အကြောင်းဥပါယ်တံမျဉ်ဖြင့် ပြုလုပ်၍ လက္ခဏာယာဉ် တင်လျက် ဝိပဿနာ ရှုပွားသုံးသပ်ရမည်သာ ဖြစ်ပေသည်။ အကြောင်းမူ ..

၁။ ရုပ်တရား သက်သက်ကို (= ဘူတရုပ် ဥပါဒါရုပ်ကို) ဝိပဿနာ ရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်။
၂။ နာမ်တရား သက်သက်ကို (= နာမ်ခန္ဓာလေးပါးကို) ဝိပဿနာ ရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်။
၃။ အဇ္ဈတ္တခန္ဓာငါးပါး သက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်။
၄။ ဗဟိဒ္ဓခန္ဓာငါးပါး သက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင် –

ဤအကြောင်းတရားများကြောင့်ပင် ဖြစ်ပေသည်။ ထို့ကြောင့် .. အဋ္ဌကထာဆရာတော်ကိုယ်တိုင်က သမ္မသနဉာဏ်ဖြင့် ဝိပဿနာ ရှုပွားသုံးသပ်ရမည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတရားတို့ကို – ဤကျမ်းစာ[၁၁၅၁]၌ တင်ပြထားသည့်အတိုင်း (၂၄)မျိုးကုန်သော အုပ်စုတရားတို့ကို ထုတ်ဆောင်ကာ ရှင်းပြထားတော်မူပေသည်။ ထိုမျှ များပြားလှသော တရားတို့တွင် မည်သည့်တရားက စ၍ ဝိပဿနာအလုပ်စခန်းကို စတင် အားသစ်ရမည်နည်းဟု မေးမြန်းစရာရှိရာ ရှုပွားသိမ်းဆည်းလို့ လွယ်ကူရာတရားက စတင်ကာ ဝိပဿနာရှုပွားရန် ညွှန်ကြားတော်မူခြင်းသာ ဖြစ်ပေသည်။ သို့သော် မဟာဋီကာဆရာတော် ရှင်းပြတော်မူသည့်အတိုင်း နောက်ပိုင်းကာလ၌ကား ကြွင်းကျန်သော ပရမတ်တရား အားလုံးတို့ကိုလည်း ဆက်လက်ကာ ကုန်စင်အောင် ဝိပဿနာ ရှုပွားရမည်သာ ဖြစ်ပေသည်ဟု မှတ်ပါ။

လိုရင်းမှတ်သားထားရန်

ဝိပဿနာရှုရာ၌ ..
၁။ ရံခါ အဇ္ဈတ္တ (= အဇ္ဈတ္တခန္ဓာငါးပါး),
၂။ ရံခါ ဗဟိဒ္ဓ (= သက်ရှိ ဗဟိဒ္ဓခန္ဓာငါးပါး + သက်မဲ့ အနုပါဒိန္နရုပ်တရား), ထိုတွင်လည်း .. ၃။ ရံခါ ရုပ်တရား (= ဘူတရုပ် + ဥပါဒါရုပ်),
၄။ ရံခါ နာမ်တရား (= နာမ်ခန္ဓာလေးပါး) တို့ကို –
၅။ ရံခါ အနိစ္စလက္ခဏာ,
၆။ ရံခါ ဒုက္ခလက္ခဏာ,
၇။ ရံခါ အနတ္တလက္ခဏာ – တို့ကို တစ်လှည့်စီ တင်၍ ဝိပဿနာရှုရမည် ဖြစ်သည်။ ပညတ်နှင့် ပရမတ် ခွဲခြား မသိဘဲ ရှုချင်ရာကို ရှုချင်တိုင်း ရှုရသော နည်းစနစ် မဟုတ်ဟု မှတ်သားထားပါ။ ပညတ်ကိုကား ဝိပဿနာ မရှုကောင်း၊ ပရမတ်ကိုသာလျှင် ဝိပဿနာရှုကောင်းသည် ဟူပေ။

လက္ခဏာရေးသုံးတန်

၁။ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ရှေးဦးစွာ ဝိပဿနာကို စတင်ပွားများအားထုတ်ရာ၌ သင်္ခါရတရားတို့ကို (ဖြစ်ပြီး ပျက်သွားသော သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍) အနိစ္စဟု ရှုပွားသုံးသပ်၏၊ သို့သော် အနိစ္စဟု ရှုပွားသုံးသပ်ရုံ သက်သက်မျှဖြင့်ကား ဝုဋ္ဌာနဂါမိနိဝိပဿနာသည် မဖြစ်နိုင်။ (ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရမှုသဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍) ဒုက္ခဟုလည်းကောင်း, (မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် ခိုင်မာသည့် အနှစ်သာရအတ္တ မရှိမှုသဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍) အနတ္တဟုလည်းကောင်း ရှုပွားသုံးသပ်ရမည်သာ ဖြစ်ပေသည်။ ထိုကြောင့် ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း ရှုပွားသုံးသပ်၏၊ ဤသို့ ရှုပွားသုံးသပ်နေသော ကျင့်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ သင်္ခါရတရားတို့ကို အနိစ္စဟု ရှုပွားသုံးသပ်ခိုက်၌ ဝုဋ္ဌာနဂါမိနိဝိပဿနာသည် ဖြစ်ပေါ်လာငြားအံ့၊ ဤပုဂ္ဂိုလ်သည် အနိစ္စဟု စတင်နှလုံးသွင်း၍ အနိစ္စအားဖြင့် သင်္ခါရတို့မှ ထမြောက်သွားသည်[၁၁၅၂] မည်ပေသည်။

၂-၃။ အကယ်၍ ထိုပုဂ္ဂိုလ်၏ သန္တာန်၌ ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း ရှုပွားသုံးသပ်ရာအခါ၌ ဝုဋ္ဌာနဂါမိနိဝိပဿနာသည် ဖြစ်ပေါ်လာငြားအံ့၊ ဤပုဂ္ဂိုလ်သည် အနိစ္စဟု စတင် နှလုံးသွင်း၍ ဒုက္ခအားဖြင့် လည်းကောင်း, အနတ္တအားဖြင့်လည်းကောင်း သင်္ခါရတရားတို့မှ ထမြောက်သွားသည် မည်ပေသည်။

သင်္ခါရတရားတို့ကို ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း စတင်နှလုံးသွင်း၍ ကြွင်းသော သင်္ခါရတရား တို့မှ ထမြောက်သွားခြင်းတို့၌လည်း နည်းတူမှတ်ပါ။[၁၁၅၃]

ဤအထက်ပါ အဋ္ဌကထာ၏ ဆုံးဖြတ်ချက်အရ ယောဂါဝစရပုဂ္ဂိုလ်သည် သင်္ခါရတရားတို့ကို ..
၁။ ရံခါ အနိစ္စဟု
၂။ ရံခါ ဒုက္ခဟု
၃။ ရံခါ အနတ္တဟု – တစ်လှည့်စီတင်၍ ဝိပဿနာရှုပွားသုံးသပ်ရမည်ဟု မှတ်ပါ။

အနတ္တရောင်ခြည်တော်

အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာတို့ကား လောက၌ ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူကြသည်ပင် ဖြစ်စေ, ဘုရားရှင်တို့ မပွင့်ထွန်း မပေါ်ပေါက်ကြသည်ပင် ဖြစ်စေ ထင်ရှားကြကုန်၏၊ အနတ္တလက္ခဏာကား ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူကြခြင်းနှင့် ကင်း၍ လောက၌ မထင်ရှားနိုင်။ ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူရာ အချိန်အခါကာလ၌သာလျှင် ယင်းအနတ္တလက္ခဏာသည် ထင်ရှားပေသည်။ တန်ခိုးအာနုဘော် ကြီးမားကြကုန်သော ရသေ့ပရိဗိုဇ်ဖြစ်ကြကုန်သော အလောင်းတော် သရဘင်္ဂဆရာရသေ့ အစရှိကုန်သော ပညာရှိသူတော်ကောင်းတို့သည် သော်မှလည်း သင်္ခါရတရားတို့ကို အနိစ္စဟု ဒုက္ခဟု ပညတ်တင်၍ ဟောပြခြင်းငှာ စွမ်းနိုင်ကြ၏၊ အနတ္တဟူ၍ကား ပညတ်တင်ကာ ဟောကြားပြသခြင်းငှာ မစွမ်းနိုင်ကြလေကုန်။ အကယ်၍ ထိုသူတော်ကောင်း ပညာရှိကြီးတို့သည် မိမိတို့ထံမှောက်သို့ ဆိုက်ရောက်လာသော ပရိသတ်အား သင်္ခါရတရားတို့ကို အနတ္တဟူ၍ ပညတ်တင်ကာ ဟောကြား ပြသခြင်းငှာ စွမ်းနိုင်ကြကုန်ငြားအံ့၊ မိမိတို့ထံမှောက်သို့ ဆိုက်ရောက်လာသော ပရိသတ်၏ အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်တန်လေရာ၏၊ မှန်ပေသည် အနတ္တလက္ခဏာကို ပညတ်တင်၍ ဟောကြားတော် မူခြင်းသည်ကား အခြားပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်၏ အရာဌာန မဟုတ်၊ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ အရာဌာနသာလျှင် ဖြစ်ပေသည်။ ဤသို့လျှင် ဤအနတ္တလက္ခဏာကား မထင်ရှားသော လက္ခဏာ ဖြစ်ပေသည်။ ထိုကြောင့် ဘုရားရှင်သည် အနတ္တလက္ခဏာကို ဟောကြားပြသတော်မူသည် ရှိသော် ..

၁။ အနိစ္စလက္ခဏာဖြင့်သော်လည်းကောင်း,
၂။ ဒုက္ခလက္ခဏာဖြင့်သော်လည်းကောင်း,
၃။ အနိစ္စ-ဒုက္ခ လက္ခဏာနှစ်မျိုးတို့ဖြင့်သော်လည်းကောင်း – ပူးတွဲ၍ ဟောကြားပြသတော်မူလေသည်။[၁၁၅၄] ''အသီးအသီးသော ရုပ်ဓာတ်နာမ်ဓာတ်တို့ကို ပရမတ်သို့ ဆိုက်အောင် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ = ရုပ်ဃန နာမ်ဃနတို့ကို ဖြို ခွဲဖျက်ဆီးနိုင်ခဲ့သော် အနတ္တလက္ခဏာ = အနတ္တရောင်ခြည်တော်နေဝန်းသည် ဟုတ်မှန်တိုင်းသော မိမိ၏ သဘောလက္ခဏာအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားစွာ တည်ရှိလာပေသည်။''[၁၁၅၅]

ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ရုပ်ဃန နာမ်ဃန အတုံးအခဲများကို အထူးသဖြင့် ရုပ်ကလာပ် နာမ်ကလာပ်များကို ဉာဏ်ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ပရမတ္ထဓာတ်သား တစ်လုံးစီ တစ်လုံးစီကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းနိုင်ပါမှ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှ ရှုနိုင်ပါမှ မြင်နိုင်ပါမှ ရုပ်ဃန နာမ်ဃန = ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲများ ပြိုကြမည် ဖြစ်သည်။ ဃနပြိုပါမှ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်မည်။ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ပါမှ အနတ္တရောင်ခြည်တော်နေဝန်းသည် တင့်တယ်စွာ ထွန်းလင်းထွက်ပေါ်လာမည် ဖြစ်ပေသည်။ အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာဟူသော လက္ခဏာရေးသုံးတန်လုံးကို အသိဉာဏ်၌ ထင်ရှားအောင် ဝိပဿနာဉာဏ်ဖြင့် ရှုနိုင်ပါမှ မြင်နိုင်ပါမှ အရိယမဂ်သို့ ဆိုက်ရောက်နိုင်မည်ဖြစ်ပေသည်။ သို့အတွက် ..

၁။ ရုပ်ကလာပ် နာမ်ကလာပ်များကို မြင်အောင်ရှုဖို့ မလို၊
၂။ ရုပ်ကလာပ် နာမ်ကလာပ်များကို သာဝကများသည် ရှုမရနိုင်၊
၃။ ရုပ်ကလာပ် နာမ်ကလာပ်များကို သာဝကများသည် ဓာတ်မခွဲနိုင်၊
၄။ ဘုရားဟောသည့် ရုပ်ပရမတ် နာမ်ပရမတ်တို့ကို သာဝကများသည် ရှုမရနိုင်၊
၅။ ဘုရားဟောသည့် ရုပ်တရား နာမ်တရားများကို သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့သာ သိနိုင်ကြသည်၊ ဘုရားရှင် တို့၏ အရာသာ ဖြစ်သည်။
၆။ ယင်းရုပ်နာမ်များကို ရဟန္တာပုဂ္ဂိုလ်တို့သာ သိနိုင်ကြသည် –

ဤသို့ စသော အဆိုအမိန့်များ အယူအဆများမှာ ဒေသနာမျဉ်းကြောင်းမှ တိမ်းစောင်းချွတ်ချော်နေသော စကားတို့သာ ဖြစ်ကြသည်, ကျမ်းဂန်အထောက်အထား ကင်းမဲ့နေသော စကားတို့သာ ဖြစ်ကြသည်ဟု မှတ်သားပါ။ ရုပ်ကလာပ် နာမ်ကလာပ်များကို ဓာတ်ခွဲနိုင်ပါမှသာလျှင် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်မည်။ နိဗ္ဗာန်ဟူသည် ပရမတ္ထ သစ္စာနယ်မှ သွားနိုင်ပါမှသာလျှင် ရောက်နိုင် ရနိုင်သည့် တရားတော်ဖြစ်သည်။ ပညတ်နယ်မှ သွား၍ ရောက်နိုင် ရနိုင်သော တရားမျိုး မဟုတ်သည်ကို သတိပြုပါလေ။

ကလာပသမ္မသနနှင့် အနုပဒဓမ္မဝိပဿနာ

ဝိပဿနာသည် ကလာပသမ္မသနဟု ခေါ်ဆိုသော နယဝိပဿနာနှင့် အနုပဒဓမ္မဝိပဿနာဟု နှစ်မျိုး ရှိ၏၊ သင်္ခါရတရားတို့ကို ရုပ်နာမ်နှစ်ပါးနည်း၊ ခန္ဓာငါးပါးနည်း၊ အာယတန တစ်ဆယ့်နှစ်ပါးနည်း၊ ဓာတ် တစ်ဆယ့်ရှစ်ပါးနည်း၊ ပဋိစ္စသမုပ္ပါဒ်နည်း စသည်တို့ဖြင့် (၂)ပုံ၊ (၅)ပုံ၊ (၁၂)ပုံ၊ (၁၈)ပုံ၊ (၁၂)ပုံ စသည် ပုံ၍ ရုပ်တရား နာမ်တရားတို့ကို ခြုံငုံ၍ ရှုသော အစုလိုက် အပြုံလိုက် အုပ်စုအလိုက် အာရုံယူ၍ ရှုသောနည်းသည် ကလာပသမ္မသနဟု ခေါ်ဆိုသော နယဝိပဿနာရှုနည်း မည်၏၊ [ဤနည်း၌ (၆)ဒွါရ (၄၂) ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို ခြုံငုံ၍ အာရုံယူကာ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာရှုရ၏၊ အလားတူပင် အတိတ် ပစ္စုပ္ပန် အနာဂတ် အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်တရားတို့ကိုလည်း ခြုံငုံ၍ တဖြည်းဖြည်း လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုရ၏၊ နာမ်တရားတို့တွင်လည်း စိတ္တက္ခဏတစ်ခုအတွင်း၌ တည်ရှိသော နာမ်တရားတို့ကို ခြုံငုံ၍လည်းကောင်း၊ ဝေဒနာတစ်ပုံ, သညာတစ်ပုံ, သင်္ခါရတစ်ပုံ, ဝိညာဏ်တစ်ပုံ ဤသို့ စသည် ပုံ၍လည်းကောင်း ဝိပဿနာရှုရ၏၊ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ စသည်တို့၌လည်း နည်းတူပင်တည်း။]

ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ပထဝီ အာပေါ တေဇော ဝါယော စသော ရုပ်တရားများကို တစ်လုံးစီ တစ်လုံးစီ ခွဲ၍ ဝိပဿနာရှုသောနည်း, စျာနသမာပတ္တိဝီထိ တစ်ခုအတွင်း၌ တည်ရှိသော စျာန်စိတ္တက္ခဏ ကဲ့သို့သော စိတ္တက္ခဏ တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဖဿ ဝေဒနာ သညာ စေတနာ စသော စိတ်+စေတသိက် တရားစုတို့ကိုလည်း တစ်လုံးစီ တစ်လုံးစီ အာရုံယူ၍ ဝိပဿနာရှုသောနည်းကား အနုပဒဓမ္မဝိပဿနာနည်း မည်၏၊၊[၁၁၅၆]

ယင်း ဝိပဿနာရှုနည်း နှစ်နည်းတို့တွင် .. ဝိပဿနာတရားကို အားသစ်စ ယောဂါဝစရပုဂ္ဂိုလ်သည် ကလာပသမ္မသနဟု ခေါ်ဆိုအပ်သော နယဝိပဿနာနည်းက စ၍ အားထုတ်ရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၁၁၅၇]တွင် ညွှန်ကြားထားပေသည်။

ပဋိ စ္စသမုပ္ပါဒ် အင်္ဂါရပ်

ဝိပဿနာဉာဏ်၏ အရှုခံအာရုံစာရင်းတွင် ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့လည်း ပါဝင်ကြောင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၁၁၅၈]တွင် ဒွါဒသ ပဋိစ္စသမုပ္ပါဒင်္ဂါနိ – စသည်ဖြင့် ဖွင့်ဆိုထားတော်မူ၏၊

မူလပဏ္ဏာသအဋ္ဌကထာ[၁၁၅၉]ကလည်း အကြောင်းတရားနှင့် တကွသော နာမ်ရုပ်ကို လက္ခဏာယာဉ်တင်၍ ဝိပဿနာဉာဏ်စဉ်အတိုင်း ဝိပဿနာရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော်မူ၏၊

ဤညွှန်ကြားချက်များနှင့် အညီ ပဋိ စ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အချင်းချင်း ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောတရား ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ..

၁။ ရံခါ အကြောင်းတရား
၂။ ရံခါ အကျိုးတရားတို့၏ –

ရံခါ အနိစ္စသဘောကို, ရံခါ ဒုက္ခသဘောကို, ရံခါ အနတ္တသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု လည်းကောင်း, ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း တစ်လှည့်စီ ရှုရမည် ဖြစ်ပေသည်။

ဤအထက်ပါ ညွှန်ကြားချက် အရပ်ရပ်တို့ကို ခြုံလိုက်သော် ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာရှုရာ၌ ..

၁။ ရံခါ အဇ္ဈတ္တ (= ခန္ဓာငါးပါး)ကို,
၂။ ရံခါ ဗဟိဒ္ဓ (= ခန္ဓာငါးပါး)ကို, ထိုတွင်လည်း ..
၃။ ရံခါ ရုပ်တရားကို,
၄။ ရံခါ နာမ်တရားကို,
၅။ ရံခါ အကြောင်းတရားကို,
၆။ ရံခါ အကျိုးတရားကို –
၇။ ရံခါ အနိစ္စဟု
၈။ ရံခါ ဒုက္ခဟု
၉။ ရံခါ အနတ္တဟု
၁၀။ ရံခါ အသုဘဟု – လက္ခဏာယာဉ် တစ်လှည့်စီတင်၍ ဝိပဿနာရှုရမည် ဖြစ်သည်။ တစ်ဖန် ..

မေဃိယသုတ္တန်[၁၁၆၀]၌ ရာဂကို ပယ်ရှားရန်အတွက် အသုဘဘာဝနာကို ပွားများအားထုတ်ရန်ကိုလည်းကောင်း၊ အလားတူပင် ဝိဇယသုတ္တန်[၁၁၆၁]၌လည်း ရာဂကို အကြွင်းမဲ့ ဖြတ်တောက်ရန်အတွက် အသုဘဘာဝနာကို ပွားများ အားထုတ်ရန်ကိုလည်းကောင်း ဘုရားရှင်သည် ညွှန်ကြားထားတော်မူပေသည်။ ယင်းအသုဘဘာဝနာကား လက္ခဏာရေး သုံးတန်တွင် ဒုက္ခာနုပဿနာ၏ အခြံအရံတည်း။ ဤကား ပစ္စုပ္ပန် ခန္ဓာငါးပါး၌ ရှုရမည့် ဝိပဿနာရှုကွက်တည်း။

တစ်ဖန် အနတ္တလက္ခဏသုတ္တန်[၅၈]စသော ထိုထို တေပရိဝဋ္ဋဓမ္မဒေသနာတော်တို့၌ –– 'ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ' – စသည်ဖြင့် အတိတ်ခန္ဓာငါးပါး အနာဂတ်ခန္ဓာငါးပါးတို့ကိုလည်း ဝိပဿနာရှုရန် ဘုရားရှင်သည် ညွှန်ကြားထားတော်မူ၏၊ ဤညွှန်ကြားချက်များနှင့် အညီ အတိတ်ခန္ဓာ အနာဂတ်ခန္ဓာတို့၌လည်း ပစ္စုပ္ပန်ခန္ဓာတို့၌ ဝိပဿနာရှုသည့် နည်းစနစ်အတိုင်းပင် ဝိပဿနာရှုရမည်ဟုလည်း မှတ်သားပါ။ ထိုကြောင့် အားလုံး ပေါင်းသော် ..

၁၁။ ရံခါ အတိတ် ခန္ဓာငါးပါး
၁၂။ ရံခါ အနာဂတ် ခန္ဓာငါးပါး – ဤတရားတို့ကိုလည်း ဝိပဿနာရှုရမည်ဟု မှတ်သားပါ။

ဤသည်တို့ကား ဝိပဿနာအလုပ်စခန်းနှင့် ဆက်စပ်၍ ယောဂါဝစရပုဂ္ဂိုလ်တို့ အရေးတကြီး ကြိုတင် သိထားသင့်သော အချက်အလက် အကြောင်းအရာများပင် ဖြစ်ကြသည်။ တစ်ဖန် ယင်းရုပ်တရား နာမ်တရားတို့ကို (၅)ပုံ ပုံ၍ ခန္ဓာငါးပါးနည်း, (၁၂)ပုံ ပုံ၍ အာယတန (၁၂)ပါးနည်း, (၁၈)ပုံ ပုံ၍ ဓာတ် (၁၈)ပါးနည်း, အင်္ဂါ (၁၂)ရပ် ပုံ၍ ပဋိစ္စသမုပ္ပါဒ်နည်း – ဤသို့ စသည့် နည်းအရပ်ရပ်တို့ဖြင့်လည်း ဝိပဿနာရှုနိုင်သည်သာ ဖြစ်သည်။ ဤကျမ်း၌ကား ရုပ်နာမ်နှစ်ပါးနည်းဖြင့် ရုပ်တစ်စု နာမ်တစ်စု စုထား၍ ဝိပဿနာရှုသောနည်းကိုလည်းကောင်း, ခန္ဓာငါးပါးနည်း ဝိပဿနာရှုကွက်ကိုလည်းကောင်း ပဓာနထား၍ ရေးသားတင်ပြထားပါသည်။

အရေးကြီးသော သော့ချက်တစ်ခု

ဘုရားရှင်သည် .. ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ခဇ္ဇနီယသုတ္တန်[၁၁၆၂]တွင် အတိတ် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ဝိပဿနာဉာဏ်ဖြင့်လည်း ရှုပွားသုံးသပ်နိုင်ကြောင်းကို ဟောကြားထားတော်မူခဲ့၏၊

အတိတ်ခန္ဓာငါးပါးတို့ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ခြင်းသည် သိမ်းဆည်းနိုင်ခြင်းသည် အတိတ် အကြောင်းတရားတို့ကို သိမ်းဆည်းရာ၌ အထူးအရေးပါသော လုပ်ငန်းခွင် တစ်ခု ဖြစ်၏၊ အတိတ်ခန္ဓာငါးပါးတို့ကို မသိမ်းဆည်းတတ်သေးပါက အတိတ်ခန္ဓာငါးပါးတွင် အကျုံးဝင်သော အတိတ်ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်း တစ်ခု ဖြစ်သော အတိတ်အကြောင်းတရားတို့ကို မည်သည့်နည်းနှင့်မျှ သိမ်းဆည်း၍ မရနိုင်။ အလားတူပင် ဆိုင်ရာဆိုင်ရာ အတိတ်အကြောင်းတရားများကြောင့် ဆိုင်ရာဆိုင်ရာ အတိတ်အကျိုးတရားများ ဖြစ်ကြပုံကိုလည်းကောင်း ဆိုင်ရာ ဆိုင်ရာ အတိတ်အကြောင်းတရားများကြောင့် ပစ္စုပ္ပန်အကျိုးတရားများ ဖြစ်ကြပုံကိုလည်းကောင်း မည်သည့်နည်းနှင့်မျှ သိမ်းဆည်း၍ ရရှိနိုင်မည်လည်း မဟုတ်ပေ။ အလားတူပင် အနာဂတ်ခန္ဓာငါးပါးတို့ကို မသိမ်းဆည်းနိုင်ပါကလည်း ပစ္စုပ္ပန်အကြောင်းတရားများကြောင့် (သို့မဟုတ် ဆိုင်ရာ အတိတ်အကြောင်းတရားများကြောင့်) အနာဂတ်အကျိုးတရားများ ဖြစ်ကြပုံကိုလည်းကောင်း, ဆိုင်ရာ အနာဂတ်အကြောင်းတရားများကြောင့် ဆိုင်ရာဆိုင်ရာ အနာဂတ်အကျိုးတရားများ ဖြစ်ကြပုံကိုလည်းကောင်း မည်သည့်နည်းနှင့်မျှ သိမ်းဆည်း၍ ရရှိနိုင်မည်လည်း မဟုတ်ပေ။ အနာဂတ်အကျိုးတရား အနာဂတ်အကြောင်းတရားဟူသည်မှာလည်း အနာဂတ်ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သောကြောင့် တည်း။

အတိတ် အကြောင်းတရား အကျိုးတရား, အနာဂတ် အကြောင်းတရား အကျိုးတရားတို့ကို ရှာဖွေရာ၌ အရေးကြီးသော သော့ချက်တစ်ခုကား အတိတ်ဘဝဝယ် သေခါနီး မရဏာသန္နအခါ ထင်လာသော ကံ-ကမ္မနိမိတ်ဂတိနိမိတ်ဟူသော နိမိတ်သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော နိမိတ်ကို သိမ်းဆည်းနိုင်ခြင်းပင်တည်း။ ထိုနိမိတ်သည် အကျိုးပေးတော့မည့် ကံ၏ အစွမ်းသတ္တိကြောင့် ထင်လာမြင်လာရသည်ဖြစ်ရာ အကျိုးပေးတော့မည့်ကံကို သို့မဟုတ် အကျိုးပေးခဲ့သည့်ကံကို သို့မဟုတ် အကျိုးပေးဆဲ ကံကို ရှာဖွေရာ၌ အရေးကြီးလှသော ဗဟိုသော့ချက်ပင် ဖြစ်သည်။ ယင်းနိမိတ်ကား ဆိုင်ရာဆိုင်ရာ ထိုထိုဘဝ သေခါနီး မရဏာသန္နအခါတွင် ဒွါရ (၆)ပါးဝယ် ထိုက်သလို ထင်လာသော နိမိတ်တည်း၊ အထူးသဖြင့် သေခါနီးကာလ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရဝယ် ထင်လာသော နိမိတ်တည်း။ ယင်းဒွါရ (၆)ပါးကို အထူးသဖြင့် မနောဒွါရကို သိမ်းဆည်းနိုင်ပါမှ ယင်းထိုက်သည့်ဒွါရတို့၌ ထင်လာသော အာရုံနိမိတ်ကို တစ်ဆင့်တက်၍ သိမ်းဆည်းနိုင်မည်ဖြစ်သည်။ ယင်းနိမိတ်ကို သိမ်းဆည်းနိုင်ပါမှ အကျိုးပေးသည့် ကံကိုလည်းကောင်း, ထိုကံကို ခြံရံထားသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကိုလည်းကောင်း သိမ်းဆည်း၍ ရရှိနိုင်မည် ဖြစ်ပေသည်။

အထူးသဖြင့် အတိတ်ဘဝဝယ် သေခါနီး မရဏာသန္နအခါ၌ တည်ရှိခဲ့သော ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကိုလည်းကောင်း, မသေမီ ရှေ့ပိုင်းကာလဝယ် ဤပစ္စုပ္ပန်လူ့ဘဝသို့ ရောက်ကြောင်းဖြစ်သည့် ကုသိုလ်သင်္ခါရ ကံတို့ကို ပြုစုပျိုးထောင်ခဲ့စဉ်က တည်ရှိခဲ့သော ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကိုလည်းကောင်း သိမ်းဆည်း နိုင်ပါမှ ယင်းဘဝင်မနောအကြည်ဓာတ် = မနောဒွါရတို့၏ အကြားအကြား၌ ဖြစ်ပေါ်သွားကြသော ဝီထိစိတ်အစဉ်တို့ကို သိမ်းဆည်း၍ ရရှိနိုင်မည် ဖြစ်သည်။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်းတရားတို့ကား ယင်း ဝီထိစိတ်အစဉ်တို့တွင် အကျုံးဝင်ကြသော တရားဓမ္မတို့သာ ဖြစ်ကြ၏၊ ယင်းဝီထိစိတ်တို့၏ အစိတ်အပိုင်းတို့သာ ဖြစ်ကြ၏၊

အတိတ်အကြောင်းတရားများကို ရှာဖွေရာ၌ အတိတ် မရဏာသန္နဇော၏ အာရုံကို သိမ်းဆည်းတတ်ဖို့ကား အလွန် အရေးကြီးလှ၏၊ ယင်း မရဏာသန္နဇော၏ အာရုံကို သိမ်းဆည်းနိုင်ရေးမှာလည်း ယင်းအတိတ်ဘဝ မရဏာသန္န အခါ၌ တည်ရှိသော ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းနိုင်ဖို့ရန် အလွန်အရေးကြီးလှ၏၊ ယင်း ကံ-ကမ္မနိမိတ်-ဂတိနိမိတ် ဟူသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံမှာ ယင်းအတိတ်ဘဝ မရဏာသန္နအခါ၌ တည်ရှိသော ဘဝင်မနောအကြည်ဓာတ် = မနောဒွါရ၌ ထင်နေသောကြောင့် ဖြစ်၏၊ တစ်ဖန် - ယင်းအာရုံကို သိမ်းဆည်းနိုင်သောအခါ ယင်းအတိတ်ဘဝဝယ် မရဏာသန္နအခါ၌ တည်ရှိခဲ့သော ဘဝင်မနောအကြည်ဓာတ် = မနောဒွါရဝယ် ထင်လာအောင် ပြုလုပ်ပေးသည့် အကြောင်းရင်း သင်္ခါရ ကံကို တစ်ဆင့်တက်ကာ ရှာဖွေရမည်ဖြစ်သည်။ ထိုသို့ ရှာဖွေရာ၌ ယင်းအတိတ်ဘဝဝယ် တည်ရှိသော ဘဝင်မနောအကြည်ဓာတ် = မနောဒွါရမှ စ၍ ယင်းသင်္ခါရ ကံကို တကယ်တမ်း ပြုစုပျိုးထောင်ခဲ့သည့် အချိန်ကာလသို့ တိုင်အောင် အတိတ်ဘဝဝယ် တည်ရှိခဲ့သော ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကိုလည်း သိမ်းဆည်းနိုင်ဖို့ လိုအပ်ပါသည်။ ယင်းသို့ သိမ်းဆည်းနိုင်ပါမှသာလျှင် –

၁။ ယင်းအတိတ်ဘဝဝယ် မရဏာသန္နအခါ၌ တည်ရှိခဲ့သော ဘဝင်မနောအကြည်ဓာတ် = မနောဒွါရတွင် ထင်လာသော မရဏာသန္နဇော၏ အာရုံကိုလည်းကောင်း,
၂။ ယင်းအဆက်ဆက်သော ဘဝင်မနောအကြည်ဓာတ် = မနောဒွါရတို့၏ အကြားအကြား၌ ဖြစ်ပေါ်သွားကြသော မရဏာသန္နဇောဝီထိအဝင်အပါ ဝီထိစိတ်အစဉ်တို့ကိုလည်းကောင်း,
၃။ ယင်းအာရုံကို ထင်လာစေသော အကြောင်းရင်းကံကိုလည်းကောင်း,
၄။ ယင်းကံကို ဖြစ်စေသော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကိုလည်းကောင်း ––
သိမ်းဆည်း၍ ရရှိနိုင်မည် ဖြစ်ပေသည်။

ယင်းသို့ သိမ်းဆည်းနိုင်ရေးအတွက် ယင်းအတိတ်ဘဝဝယ် တည်ရှိခဲ့သည့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ရှေးဦးစွာ သိမ်းဆည်းရှုပွားထားပြီးဖြစ်ဖို့ လိုအပ်ပေသည်။ အလားတူပင် အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအတွက် အနာဂတ်ဘဝသည် ထင်ရှားရှိနေသေးလျှင် ဤပစ္စုပ္ပန်ဘဝ သေခါနီးကာလ မရဏာသန္နအခါ၌ ထင်လာသော မရဏာသန္နဇော၏ အာရုံကို သိမ်းဆည်းနိုင်ရမည် ဖြစ်ပေသည်။ ထိုသို့ သိမ်းဆည်းနိုင်ရေးအတွက် မရဏာသန္နအခါ ဖြစ်ပေါ်နေသော ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို ရှေးဦးစွာ သိမ်းဆည်းတတ်ရမည် ဖြစ်ပေသည်။ ထိုသို့ သိမ်းဆည်းနိုင်ပါမှ ယင်းမနောဒွါရ၌ ထင်လာသော မရဏာသန္နဇော၏ အာရုံကိုလည်းကောင်း, ယင်းအာရုံကို ထင်လာ စေသော အကျိုးပေးတော့မည့် ကံကိုလည်းကောင်း, ယင်းကံ၏ အကြောင်းအထောက်အပံ့ဖြစ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကိုလည်းကောင်း သိမ်းဆည်း၍ ရရှိနိုင်မည် ဖြစ်ပေသည်။

အလားတူပင် အနာဂတ်သံသရာခရီး ရှိနေသေးသော ယောဂါဝစရပုဂ္ဂိုလ်အဖို့ အနာဂတ်အဆက်ဆက်၌ ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ရှာဖွေရာ၌လည်း ယင်းအနာဂတ်စုတိ၏ အနီး၌ တည်ရှိသော မနောဒွါရ၌ ထင်လာသော မရဏာသန္နဇော၏ အာရုံကိုပင် သိမ်းဆည်းနိုင်ရမည် ဖြစ်သည်။ ထိုနိမိတ်သည်လည်း နောက်ထပ် အနာဂတ်ဘဝသစ်တစ်ခုကို ဖြစ်စေမည့်ကံကြောင့်ပင် ထင်လာသော နိမိတ်ဖြစ်ရကား ယင်းနိမိတ်ကို ထင်လာစေသော ကံမှာ နောက်ထပ် ဒုတိယအနာဂတ် စသည့် အနာဂတ်ခန္ဓာအတွက် အကြောင်းရင်း တစ်ရပ်ပင် ဖြစ်သည်။ ထိုနိမိတ်တို့သည် အပရာပရိယ အမည်ရသော အတိတ်ကံကြောင့်လည်း ထင်လာနိုင်၏၊ ယခုပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော ကံကြောင့်လည်း ထင်နိုင်၏၊ ယင်းအနာဂတ်စုတိ မတိုင်မီအတွင်း ပြုစုပျိုးထောင်သော ကံတို့တွင် အကျုံးဝင်သော အကျိုးပေးတော့မည့် အနာဂတ်ကံကြောင့်လည်း ထင်နိုင်၏၊ ထိုနိမိတ်ကို အခြေခံ၍ ထိုကံကို ရှာဖွေပါက လွယ်လင့်တကူ တွေ့ရှိမည် ဖြစ်သည်။ ထိုကံကို အားပေးထောက်ပံ့လျက်ရှိသော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကိုလည်း တွေ့ရှိနိုင်မည် ဖြစ်သည်။ ထိုသို့ သိမ်းဆည်းနိုင်ရေးအတွက် မရဏာသန္နအခါ ဒွါရ (၆)ပါးတို့ကို အထူးသဖြင့် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းနိုင်ဖို့ အထူးလိုအပ်ပေသည်။ ယင်းသို့ သိမ်းဆည်း နိုင်ရေးအတွက်လည်း ယခုလက်ရှိ ဝိပဿနာရှုနေဆဲ အချိန်အခါ၌ တည်ရှိသော ပစ္စုပ္ပန် ခန္ဓာငါးပါး = ရုပ်နာမ်တရား တို့မှ စ၍ သေသည့်တိုင်အောင်သော = စုတိသို့တိုင်အောင်သော ပစ္စုပ္ပန်ဘဝ၏ အနာဂတ် ခန္ဓာငါးပါး = ရုပ်နာမ်တရား တို့ကိုလည်းကောင်း, ပရိနိဗ္ဗာနစုတိသို့တိုင်အောင်သော အဆက်ဆက်သော အနာဂတ် ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို လည်းကောင်း သိမ်းဆည်းထားပြီးဖြစ်ဖို့ လိုအပ်ပေသည်။

ထိုကြောင့် အတိတ် အနာဂတ် ခန္ဓာတို့ကို သိမ်းဆည်းနိုင်ခြင်းသည် အတိတ် အနာဂတ် ခန္ဓာတို့ကို ဝိပဿနာ ရှုနိုင်ရေးအတွက်သာ အရေးတကြီး လိုအပ်သည် မဟုတ်၊ ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သိမ်းဆည်းနိုင်ရေး ပဋိ စ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို ဝိပဿနာရှုနိုင်ရေးအတွက်လည်း အရေးတကြီး အထူးလိုအပ်ချက်တစ်ခုပင် ဖြစ်ပေသည်။

သိမ်းဆည်း၍ လွယ်ကူရာက စ၍ ဝိပဿနာရှုပါ

ဝိပဿနာ စ၍ ရှုရာ၌ သိမ်းဆည်း၍ လွယ်ကူရာ အသိဉာဏ်၌ ထင်လွယ်မြင်လွယ်ရာ ရုပ်တရား နာမ်တရားက စ၍ ဝိပဿနာရှုနိုင်သည် ဟူသော စည်းကမ်းသတ်မှတ်ချက်အရ ဤကျမ်း၌ ယခုလက်ရှိ ပစ္စုပ္ပန်ရုပ်နာမ်က စ၍ ဝိပဿနာရှုပုံကို ရှေးဦးစွာ ရေးသားတင်ပြပေအံ့ ..။

ယောဂီသူတော်ကောင်းသည် ရှေးဦးစွာ မိမိရရှိထားပြီးသည့် သမာဓိကို အမြင့်ဆုံးအဆင့်သို့ တိုင်အောင် အဆင့်ဆင့် ထူထောင်ပါ။ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် သမာဓိကို ထူထောင်နိုင်ပါက ယင်းစတုတ္ထစျာန် သမာဓိကို တစ်ဖန်ပြန်လည်၍ တရားထိုင်တိုင်း ထိုင်တိုင်း ထူထောင်ပါ။ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ဖြစ်၍ ဓာတ်ကမ္မဋ္ဌာန်းကိုသာ အားထုတ်ထားပါလျှင်လည်း ဓာတ်ကြီးလေးပါးကို အာရုံယူ၍ လင်းရောင်ခြည် စွမ်းအင်များ အားကောင်းလာသည့်တိုင်အောင် သမာဓိကို ထူထောင်ပါ။

ရုပ်ကမ္မဋ္ဌာန်းက စ၍ ဤကျမ်းတွင် ရေးသားတင်ပြထားသဖြင့် ရုပ်တရားကပင် စတင်၍ ဝိပဿနာသို့ ကူးပါက ပို၍ လွယ်ကူဖွယ်ရာ ရှိသဖြင့် ရုပ်တရားက စ၍ ဝိပဿနာရှုပါ။

ရှေးဦးစွာ ဒွါရ (၆)ပါး, (၄၂) ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ်တို့ကို ..
(က) ဒွါရတစ်ခုစီ၌ တည်ရှိသော (၆၃/၅၃)မျိုးသော ရုပ်တရားတို့ကို ခြုံငုံ၍လည်းကောင်း၊
( ခ ) ကောဋ္ဌာသတစ်ခုစီ၌ တည်ရှိသော (၅၃)မျိုးသော ရုပ်တရား စသည့် ရုပ်တရားတို့ကို ခြုံငုံ၍လည်းကောင်း,
( ဂ ) (၆)ဒွါရ, (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားအားလုံးတို့ကို ခြုံငုံ၍လည်းကောင်း –

၁။ ယင်းရုပ်တရားတို့၏ ဖြစ်ပြီးလျှင် ပျက်သွားသည့် သဘောကို အာရုံယူ၍ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု ကြိမ်ဖန်များစွာ ရှုပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ ထိုသို့ ရှုရာ၌ ဗဟိဒ္ဓဝယ် အနီးမှသည် အဝေးသို့တိုင်အောင် အနန္တစကြဝဠာသို့ တိုင်အောင် တစ်စတစ်စ တိုးချဲ့၍ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။

၂။ ထိုရုပ်တရားတို့၏ ဖြစ်ခြင်း-ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရသည့် သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ဒုက္ခဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ အနီးမှသည် အဝေးသို့တိုင်အောင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ အနန္တစကြဝဠာသို့တိုင်အောင် ဉာဏ်ကို ဖြန့်ကြက်၍ရှုပါ။

၃။ ထိုရုပ်တရားတို့၏ မပျက်စီးဘဲ အကျိတ်အခဲအခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တဟူသည့် အနှစ်သာရ မရှိမှုသဘောကို အာရုံယူ၍ ဉာဏ်ဖြင့်မြင်အောင်ကြည့်၍ အနတ္တဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ရှုပါ။ အနီးမှသည် အဝေး အနန္တစကြဝဠာသို့တိုင်အောင် တဖြည်းဖြည်း တစ်စတစ်စ တိုးချဲ့၍ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ။[၁၁၆၃]

ဤကဲ့သို့ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးတို့၌ လက္ခဏာယာဉ်သုံးချက် တင်၍ အပြန်ပြန် အလှန်လှန် တွင်တွင်ကြီး ဝိပဿနာရှုရာ၌ ဖြစ်မှု-ပျက်မှုသဘောကို အလွန် လျင်လျင်မြန်မြန် ထင်ထင်ရှားရှား မြင်အောင်ရှုပါ။ အနိစ္စဟု ရှုမှု, ဒုက္ခဟု ရှုမှု, အနတ္တဟု ရှုမှုကိုကား ခပ်ဖြည်းဖြည်းပင် ရှုပါ။ ဖြစ်မှု-ပျက်မှုကို မြန်နိုင်သမျှ မြန်အောင် ဉာဏ်ဖြင့် မြင်အောင်ရှုပါ၊ လက္ခဏာယာဉ်တင်မှုကိုကား ခပ်ဖြည်းဖြည်းသာ တင်ပါ။

ရုပ်ကလာပ်အမှုန်များ ဖြစ်ပျက်နေသည်ကို အာရုံယူ၍ ကြည့်၍ လက္ခဏာယာဉ် မတင်ပါနှင့်၊ ရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ရုပ်ပရမတ်သဘောတရားသက်သက်တို့သာ ဖြစ်-ပျက်နေသည်ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ။ မြင်သောအခါမှ လက္ခဏာယာဉ်တင်၍ ဝိပဿနာရှုပါ။

ရုပ်ချုပ်-နာမ်ချုပ် ဝါဒ

ရုပ်ကလာပ်များမှာ သမူဟပညတ် စသည့် ပညတ် မကွာသေးသည့် အသေးဆုံး အတုံးအခဲ အဖွဲ့အစည်း ပညတ်များသာ ဖြစ်ကြ၏၊ ပညတ်ဟူသည် တကယ်ထင်ရှား မရှိရကား ကြာကြာ အကြည့်မခံပေ။ ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးသည် တရားဘာဝနာတစ်ခုခုကို ပွားများအားထုတ်လိုက်သည့်အခါ ပါရမီအားလျော်စွာ ရုပ်ကလာပ်များကို တွေ့ရှိတတ်၏၊ ထိုအခါ ရုပ်ကလာပ်တစ်ခုတစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိကြသော – ပထဝီ-အာပေါ-တေဇောဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာ-စသော ပရမတ်သဘောတရားများကို မသိမ်းဆည်းနိုင်ဘဲ, မသိမ်းဆည်းနိုင်သည့် အတွက် ပရမတ်သို့ ဉာဏ်အမြင် မဆိုက်ဘဲ ယင်းရုပ်ကလာပ်တို့၏ ဖြစ်မှု-ပျက်မှုကို ကြည့်၍ လက္ခဏာယာဉ်တင်ကာ အနိစ္စဟု သို့မဟုတ် ဒုက္ခဟု သို့မဟုတ် အနတ္တဟု ရှုနေပါက ပညတ်တို့မည်သည် ဉာဏ်ဖြင့် ကြိတ်ခြေလိုက်ပါက ကြာကြာ အကြိတ်အခြေ မခံနိုင်သဖြင့် = ကြာကြာအကြည့်မခံနိုင်သဖြင့် မကြာမီ အချိန်ကာလအတွင်းမှာပင် ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကလာပ်များကို မတွေ့မြင်တော့ဘဲ ရှိနေတတ်သည်။ ထိုသို့ ရုပ်ကလာပ်များကို မတွေ့မြင်သော အခါ, ဘာဝနာသမာဓိအရှိန်အဝါကလည်း အလွန်ကြီး မလျော့သွားသေးသဖြင့် အဖြူတုံး အဖြူ ပြင်ကိုသော်လည်းကောင်း, အကြည်တုံး အကြည်ပြင်ကိုသော်လည်းကောင်း အတုံးလိုက် အခဲလိုက် အပြင်လိုက်ကြီး မြင်နေတတ်သည်။ ထိုအကြည်ပြင်ကား ဓာတ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း ရုပ်တုံးရုပ်ခဲ ရုပ်ဃန မပြိုကွဲသေးသည့် ပသာဒရုပ်တို့၏ အတုံးအခဲပင်တည်း။ တစ်ဖန် သမာဓိက ထပ်မံကာ အနည်းငယ် လျှောကျသွားသောအခါ အကြည် ပြင်ကို မတွေ့တော့ဘဲ အဖြူပြင်ကို သွားတွေ့တတ်၏၊ သမာဓိလျှောကျသွားသောအခါ တွေ့မြင်ရသည့် အကြည်တုံး အကြည်ပြင်မှ ပြောင်းလဲလာသော အဖြူပြင်ပင် ဖြစ်သည်။ ထိုအကြည်ပြင် သို့မဟုတ် အဖြူ ပြင်၌ စိတ်ကို ငြိမ်ဝပ်စွာ ကပ်တည်နေအောင် စိုက်ရှုနေလိုက်ပါကလည်း စိတ်သည် ယင်းအာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေတတ်ပေသည်။ ယင်းကဲ့သို့သော အခြေအနေကို အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့က ရုပ်ချုပ်သည် – ဟု အဆိုရှိကြပြန်၏၊ တစ်ဖန် ယင်းအာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော စိတ်ကို အနည်းငယ် လျှော့ချလိုက်ပါကလည်း ဘဝင်သို့ သက်သွားတတ် ပြန်သည်။ ထိုသို့ ဘဝင်ကျနေမှုကိုပင် (ပစ္စုပ္ပန်ရှုပွားနေသည့် အာရုံကို မသိသည့်အတွက်ကြောင့် ဘာမျှ မသိတော့ဟု အယူရှိကာ) နာမ်ချုပ်သည် - ဟု အဆိုရှိကြပြန်သည်။ ယင်းကဲ့သို့သော သဘောတရားကိုပင် ဉာဏ်ဖြင့် တွေ့မြင်သည်ဟု အယူရှိတတ်ကြ၏၊ သတိရှိစေ။

အထက်တွင် ရေးသားတင်ပြခဲ့သည့် ..
၁။ အဇ္ဈတ္တခန္ဓာငါးပါးသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်,
၂။ ဗဟိဒ္ဓခန္ဓာငါးပါးသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်, ထိုတွင်လည်း ..
၃။ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်,
၄။ နာမ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့် – အရိယမဂ်သို့ မဆိုက်နိုင်ဟူသော ..အဆိုအမိန့်များကို လည်းကောင်း,[၁၁၄၅]
၅။ ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားများကို ပရိညာပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား မသိက သံသရာမှ မလွတ်မြောက်နိုင် = အရိယမဂ်သို့ မဆိုက်နိုင်ဟူသော အဆိုအမိန့်များကိုလည်းကောင်း,[၆၉၇]
၆။ အလုံးစုံသော ဥပါဒါနက္ခန္ဓာငါးပါး = ရုပ်တရား နာမ်တရားတို့ကို ပရိညာပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား မသိက သံသရာဝဋ်ဆင်းရဲဒုက္ခမှ မလွတ်မြောက်နိုင်ဟူသော အဆိုအမိန့်များကိုလည်းကောင်း[၆၁]
ဤအရပ်ရပ်သော ပါဠိတော် အဋ္ဌကထာ ဋီကာ အဆိုအမိန့်များကို အထူးသတိပြုပါလေ။

တစ်ဖန် ထိုအကြည်ပြင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုလည်းကောင်း, အာကာသဓာတ်ကိုလည်းကောင်း ပြန်၍ သိမ်းဆည်းနိုင်ပါက ရုပ်ကလာပ်အမှုန်များကို မကြာမီ ပြန်လည်တွေ့ရှိနိုင်သည်သာ ဖြစ်သည်ဟူသော အချက်ကိုလည်း သတိပြုပါလေ။[၁၁၆၄]

နာမ်တရားများကို ဝိပဿနာရှုပုံ

ရုပ်တရားများကို ဝိပဿနာရှုပြီး၍ ကျေနပ်မှု အသင့်အတင့် ရရှိပါက နာမ်တရားများကို ပြောင်း၍ တစ်ဖန် ဝိပဿနာရှုပါ။ ရုပ်တရားများကို သွက်သွက်လက်လက် ပြောင်းရွှေ့ပြန်လှန်၍ ဝိပဿနာရှုနိုင်ပါမှ နာမ်တရားကို ပြောင်း၍ ဝိပဿနာရှုလျှင် ပို၍ကောင်းပေသည်။

နာမ်တရားများကို သိမ်းဆည်းခဲ့စဉ်က အာယတနဒွါရအလိုက် နာမ်တရားများကို သိမ်းဆည်းခဲ့သဖြင့် ဝိပဿနာ ရှုရာ၌လည်း နာမ်တရားတို့ကို အာယတနဒွါရအလိုက်ပင် စတင်၍ ရှုပါ။ ယင်းအာယတနဒွါရအလိုက် သိမ်းဆည်းပုံ နည်းစနစ်ကို ဖော်ပြထားသည့် နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများကို ပြန်ကြည့်ပါ။ ယင်းဇယားများအတွင်း၌ တည်ရှိ ကြကုန်သော ယှဉ်ဖက်သမ္ပယုတ်တရားတို့နှင့် အတူတကွသော ဝီထိစိတ္တက္ခဏတို့၏လည်းကောင်း, ဝီထိတစ်ခုနှင့် တစ်ခု အကြားအကြား၌ တည်ရှိကြကုန်သော ဘဝင်စိတ္တက္ခဏတို့၏လည်းကောင်း စိတ္တက္ခဏ တစ်ခုပြီးတစ်ခု ခဏတိုင်း ခဏတိုင်း၌ ဖြစ်ပြီးလျှင် ပျက်နေမှုသဘောကို အာရုံယူ၍ အနိစ္စ အနိစ္စဟု ရှုပါ။ ထိုသို့ ရှုရာ၌ စက္ခုဒွါရဝီထိ တစ်ခု ဖြစ်ပြီးပါက ဘဝင်များခြားကာ ရူပါရုံကိုပင် ဆက်လက် အာရုံယူနေကြသည့် မနောဒွါရဝီထိများသည် ဝီထိတစ်ခုတစ်ခု အကြားတွင် ဘဝင်များခြားလျက် ဝီထိပေါင်းများစွာ အကြိမ်ပေါင်းများစွာ ဆက်ကာ ဆက်ကာ ဖြစ်နေသည်တို့ကိုလည်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ကြည့်ကာ ယင်းနာမ်တရားစုတို့၏ ဖြစ်ပြီး ပျက်နေသည့်သဘောကို အာရုံယူကာ အနိစ္စ အနိစ္စဟု ရှုပါ။ စက္ခုဒွါရဝီထိစသော ထိုထိုဝီထိစိတ်တို့၌ ကုသိုလ်ဇောဝီထိ အကုသိုလ်ဇောဝီထိ အသီးသီးကို ကုန်စင်အောင် ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံးတို့၌ ရှုပါ။ ရှေးဦးစွာ အနီးမှ စတင်၍ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ကြိမ်ဖန်များစွာ ရှုပါ။ အရှိန်ရလာသောအခါ တစ်စတစ်စ တိုးချဲ့၍ (၃၁)ဘုံကို ခြုံငုံ၍လည်းကောင်း အနန္တစကြဝဠာသို့တိုင်အောင် ခြုံငုံ၍လည်းကောင်း အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ရှုပါ။

အနိစ္စလက္ခဏာ၌ အားရကျေနပ်မှုကို ရရှိသောအခါ – ယင်းနာမ်တရားတို့၏ ဖြစ်ခြင်း-ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရသော သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဒုက္ခ ဒုက္ခဟု အလားတူပင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ တစ်ဖန် ယင်း ဒုက္ခလက္ခဏာ၌ အားရကျေနပ်မှု အတော်အသင့် ရရှိသောအခါ နာမ်တရားတို့၌ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် ခိုင်မာသည့် အနှစ်သာရ အတ္တ မရှိမှုသဘောကို အာရုံယူ၍ အနတ္တ အနတ္တဟု ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ ရူပါရုံလိုင်း စသည့် (၆)လိုင်းလုံးဝယ် – ကုသိုလ်ဇော စောသည့် အကောင်းအုပ်စု, အကုသိုလ်ဇော စောသည့် မကောင်းအုပ်စုတို့ကို ကုန်စင်အောင် ရှုပါ။ နာမ်တရားတို့ကို ယင်းသို့ ရှုရာ၌ ..

၁။ ရူပါရုံကို အာရုံယူသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ,
၂။ သဒ္ဒါရုံကို အာရုံယူသည့် သောတဒွါရဝီထိ မနောဒွါရဝီထိ,
၃။ ဂန္ဓာရုံကို အာရုံယူသည့် ဃာနဒွါရဝီထိ မနောဒွါရဝီထိ,
၄။ ရသာရုံကို အာရုံယူသည့် ဇိဝှါဒွါရဝီထိ မနောဒွါရဝီထိ,
၅။ ဖောဋ္ဌဗ္ဗာရုံကို အာရုံယူသည့် ကာယဒွါရဝီထိ မနောဒွါရဝီထိ,
၆။ ဓမ္မာရုံကို အာရုံယူသည့် မနောဒွါရဝီထိ –

ဤ ဝီထိများကို (နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် တင်ပြထားသည့်အတိုင်း) အစဉ်အတိုင်း ကုန်စင်အောင်ရှုပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ ထိုသို့ ရှုရာ၌ ပဉ္စဒွါရဝီထိ အသီးအသီး၏ နောင်ဝယ် ဘဝင်များခြားကာ ယင်းပဉ္စဒွါရဝီထိ အသီးအသီး၏ ဆိုင်ရာဆိုင်ရာ အာရုံကိုပင် အာရုံယူကာ မနောဒွါရဝီထိများ အကြိမ်များစွာ ဝီထိ တစ်ခုနှင့် တစ်ခုအကြားတွင် ဘဝင်များ ခြားလျက် အဆက်မပြတ် ထပ်ကာထပ်ကာ ဆက်တိုက်ဖြစ်နေသည်တို့ကိုလည်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ကြည့်ကာ လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီ တင်ကာ ဆက်လက်ပြီး ဝိပဿနာရှုပါ။

သမထယာနိကပုဂ္ဂိုလ်ဖြစ်မူ

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် သမထယာနိကပုဂ္ဂိုလ်ဖြစ်မူ မိမိ ရရှိထားသည့် စျာနသမာပတ္တိဝီထိ၏ အတွင်း၌ တည်ရှိကြသော နာမ်တရားတို့က စတင်၍ ဝိပဿနာရှုသော် ပို၍ ကောင်းပေသည်။ ဥပမာ – ပထမစျာန်ကို ဝင်စားပါ။ ယင်းပထမစျာန်မှ ထ၍ ပထမစျာနသမာပတ္တိဝီထိ အတွင်း၌ တည်ရှိ ကြသော နာမ်တရားတို့ကို စတင်၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ။ ယင်းစျာန်ကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဝင်စား၍ စျာန်မှ ထတိုင်း ထတိုင်း ယင်းစျာနသမာပတ္တိဝီထိအတွင်း၌ တည်ရှိကြသော စျာန်နာမ်တရား အဝင်အပါ နာမ်တရား အားလုံးတို့ကို လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီတင်ကာ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုဖို့ကား လိုအပ်ပေသည်။

ဒုတိယစျာနသမာပတ္တိဝီထိ စသည့် ထိုထိုဝီထိတို့၏ အတွင်း၌ တည်ရှိကြသော နာမ်တရားတို့၌လည်း နည်းတူပင် ဝိပဿနာရှုပါ။ မိမိရရှိထားသော စျာနသမာပတ္တိဝီထိအတွင်း၌ တည်ရှိကြသော နာမ်တရားများကို ကုန်စင်အောင် ဝိပဿနာရှုပါ။ ထိုကဲ့သို့ စျာန်နာမ်တရားတို့ကို ဝိပဿနာရှုရာ၌ ယင်းစျာနသမာပတ္တိဝီထိ တစ်ခုတစ်ခု၏ အတွင်းဝယ် စျာန်ဇောများမှာ အကြိမ်ပေါင်း သိန်း-သန်း-ကုဋေမက အဆက်မပြတ် အထပ်ထပ် ဖြစ်နေမှု ပျက်နေမှုတို့ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ကာ လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီ တင်လျက် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ အားရကျေနပ်မှု ရရှိသောအခါ ရူပါရုံကို အာရုံပြုသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ စသည့် (၆)လိုင်းလုံးအတွင်း၌ တည်ရှိကြသော နာမ်တရားတို့ကိုလည်း လိုင်းအစဉ်အတိုင်း လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်၍ ဝိပဿနာရှုပါ။

ကြိုက်နှစ်သက်ရာ လက္ခဏာကို ဦးစားပေး ရှုပါ။

ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန် အကွက်စေ့အောင် အရှိန်အားကောင်း အောင်ကား ဝိပဿနာ ရှုပွားသုံးသပ်ရမည်သာ ဖြစ်သည်။ ထိုသို့ ရှုပွားသုံးသပ်ရာ၌ အနုပဿနာဉာဏ် တစ်ပါးကို ကျန်အနုပဿနာဉာဏ် နှစ်ပါးတို့က အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှသာလျှင် ထိုအနုပဿနာဉာဏ်သည် ထက်မြက်လာ၏ ရဲရင့်လာ၏ သန့်ရှင်းလာ၏၊ ထို ထက်မြက် စူးရှ ရဲရင့် သန့်ရှင်းလာသော အနုပဿနာဉာဏ်ကသာလျှင် ကိလေသာကို ဖြိုခွဲနိုင်ပေသည်။

အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် နှစ်ပါးတို့က အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိ ထူးကြီးကို ဆက်ခံလာရသော အနတ္တာနုပဿနာဉာဏ်သည် ထက်မြက်စူးရှလာ၏ ရဲရင့်လာ၏ သန့်ရှင်းလာ၏၊ ထိုကြောင့် သင်္ခါရတရားတို့ကို အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ်တို့ဖြင့် ကြိမ်ဖန်များစွာ ကြိတ်ခြေပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းသင်္ခါရတရားကို အနတ္တာနုပဿနာဉာဏ်ဖြင့် ထပ်မံ၍ ကြိမ်ဖန်များစွာ ကြိတ်ခြေပေးပါ၊ အနတ္တာနုပဿနာကို ဦးစားပေး၍ ရှုပါ။ ထိုအခါ အနတ္တာနုပဿနာဉာဏ်သည် ရင့်ကျက်လာတတ်၏ ထက်မြက်စူးရှလာတတ်၏ ရဲရင့်လာတတ်၏ သန့်ရှင်းလာတတ်၏၊ ယင်းသို့ ရင့်ကျက်လာသော ထက်မြက်စူးရှလာသော ရဲရင့်လာသော သန့်ရှင်းလာသော အနတ္တာနုပဿနာဉာဏ်က ယင်းသင်္ခါရတရားတို့အပေါ်၌ အစွဲကြီး စွဲနေသော ဒိဋ္ဌိစွဲကို ပယ်ခွာနိုင်မည် ဖြစ်ပေသည်။ ခပ်သိမ်းကုန်သော မိစ္ဆာဒိဋ္ဌိမှန်သမျှတို့သည် အတ္တဒိဋ္ဌိ၌ အခြေစိုက်လျက် ရှိကြ၏၊ အတ္တဒိဋ္ဌိလျှင် အခြေခံအကြောင်းရင်း ရှိကြကုန်၏၊ အနတ္တာနုပဿနာဉာဏ်သည်လည်း အတ္တဒိဋ္ဌိနှင့် ဖြောင့်ဖြောင့်ဆန့်ကျင်ဘက် ဖြစ်၏၊ ထိုကြောင့် အနတ္တာနုပဿနာက ဒိဋ္ဌိစွဲကို ပယ်ခွာနိုင်ခြင်းဖြစ်သည်။

တစ်ဖန် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ် နှစ်ပါးတို့က အားကြီးသော မှီရာ ဥပနိဿယပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပေးမှုအရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံလာရသော အနိစ္စာနုပဿနာဉာဏ်သည် ထက်မြက်စူးရှ လာ၏ ရဲရင့်လာ၏ သန့်ရှင်းလာ၏၊ ထိုကြောင့် သင်္ခါရတရားတို့ကို ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ်တို့ဖြင့် ကြိမ်ဖန်များစွာ ကြိတ်ခြေပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းသင်္ခါရတရားတို့ကို အနိစ္စာနုပဿနာဉာဏ်ဖြင့် ထပ်မံ၍ ကြိမ်ဖန်များစွာ ကြိတ်ခြေပေးပါ၊ အနိစ္စာနုပဿနာကို ဦးစားပေး၍ ရှုပါ။ ထိုအခါ အနိစ္စာနုပဿနာဉာဏ်သည် ရင့်ကျက်လာတတ်၏ ထက်မြက်စူးရှလာတတ်၏ ရဲရင့်လာတတ်၏ သန့်ရှင်းလာတတ်၏၊ ယင်းသို့ ရင့်ကျက်လာသော ထက်မြက်စူးရှလာသော ရဲရင့်လာသော သန့်ရှင်းလာသော အနိစ္စာနုပဿနာဉာဏ်က ယင်းသင်္ခါရတရားတို့အပေါ်၌ အစွဲကြီး စွဲနေသော ''ငါ ငါ''ဟု ထောင်လွှားတက်ကြွတတ်သည့် မာနစွဲကို ပယ်ခွာနိုင်မည် ဖြစ်ပေသည်။ သင်္ခါရတရားတို့ အပေါ်၌ နိစ္စဟု စွဲယူမှု = နိစ္စဂါဟသည် ထင်ရှားရှိခဲ့သော် ''ဣဒံ နိစ္စံ၊ ဣဒံ ဓုဝံ = ဤကား မြဲသည့် နိစ္စ၊ ဤကား ခိုင်ခံ့သည့် ဓုဝ'' – ဤသို့ စသည်ဖြင့် ဗကဗြဟ္မာကဲ့သို့ မာနဖြင့် ထောင်လွှားခြင်းသည် ဖြစ်နိုင်ပေသည်။ သင်္ခါရတရား တို့၏ ဖြစ်ပြီး ပျက်နေသည့် သဘာဝကို အနိစ္စာနုပဿနာဉာဏ်က ရှင်းရှင်းလင်းလင်း တွေ့မြင်သိရှိနေသည့်အခါ မပျက်စီးဘဲ အမြဲတည်နေသည့် ''ငါ''ကို ရှာဖွေမတွေ့ရှိတော့သဖြင့် ''ငါ''ကို ရှာလို့မရနိုင်ရကား ယင်းအနိစ္စာနုပဿနာ ဉာဏ်က ''ငါ''ဟု ထောင်လွှားတတ်သည့် မာနစွဲကို ပယ်ခွာနိုင်ခြင်း ဖြစ်ပေသည်။

တစ်ဖန် အနိစ္စာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ် နှစ်ပါးတို့က အားကြီးသော မှီရာ ဥပနိဿယပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံလာရသော ဒုက္ခာနုပဿနာဉာဏ်သည် ထက်မြက်စူးရှ လာ၏ ရဲရင့်လာ၏ သန့်ရှင်းလာ၏၊ ထိုကြောင့် သင်္ခါရတရားတို့ကို အနိစ္စာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ် တို့ဖြင့် ကြိမ်ဖန်များစွာ ကြိတ်ခြေပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းသင်္ခါရတရားတို့ကို ဒုက္ခာနုပဿနာဉာဏ်ဖြင့် ထပ်မံ၍ ကြိမ်ဖန်များစွာ ကြိတ်ခြေပေးပါ၊ ဒုက္ခာနုပဿနာကို ဦးစားပေး၍ ရှုပါ၊ အကြင်အခါ၌ ယင်းဒုက္ခာနုပဿနာ ဉာဏ်သည် ရင့်ကျက်လာ၏ ထက်မြက်စူးရှလာ၏ ရဲရင့်လာ၏ သန့်ရှင်းလာ၏၊ ထိုအခါ၌ ယင်းသို့ ရင့်ကျက်လာသော ထက်မြက်စူးရှလာသော ရဲရင့်လာသော သန့်ရှင်းလာသော ဒုက္ခာနုပဿနာဉာဏ်က ယင်းသင်္ခါရတရားတို့အပေါ်၌ ''ငါ့ဟာ ငါ့ဟာ''ဟု အစွဲကြီးစွဲနေသော တဏှာစွဲကို = တဏှာနိကန္တိကို ကုန်ခန်းစေနိုင်၏၊[၁၁၆၅] သင်္ခါရတရားတို့အပေါ်၌ သုခသညာ = ချမ်းသာ၏ဟူသော အမှတ်သညာသည် ထင်ရှားရှိသော်သာလျှင် ယင်းသင်္ခါရတရားတို့ကို ''ငါ့ဟာ ငါ့ဟာ''ဟု စွဲယူတတ်သော တဏှာဂါဟ = တဏှာစွဲသည် ထင်ရှားဖြစ်ပေါ်လာနိုင်၏၊ ဒုက္ခာနုပဿနာဉာဏ်သည်လည်း ယင်းတဏှာစွဲ နိကန္တိ၏ ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်၏၊ ထိုကြောင့် ဒုက္ခာနုပဿနာဉာဏ်က တဏှာစွဲကို ကုန်ခန်း စေနိုင်ခြင်း ဖြစ်သည်။[၁၁၆၆]

ထိုကြောင့် လက္ခဏာရေးသုံးတန်ကို အကွက်စေ့အောင် ရှုပွားပြီးသောအခါ .. မိမိနှစ်ခြိုက်ရာ လက္ခဏာ တစ်ပါးပါးကို ဦးစားပေး၍ အချိန် ခပ်ကြာကြာ ရှုပေးပါ။ ယင်းအနုပဿနာဉာဏ်မှာ အရှိန်အဝါ အားမကောင်းပါက

ကျန်လက္ခဏာ နှစ်ပါးတို့ကိုလည်း တစ်ဖန် ထပ်မံ၍ ရှုပေးပါ။ သို့သော် .. ဝိပဿနာဉာဏ်က ကိလေသာကို ပယ်ခွာနိုင်ခြင်းမှာ တဒင်္ဂအားဖြင့်သာ ပယ်ခွာနိုင်ခြင်းဖြစ်၏၊ အရိယမဂ်ဉာဏ်ကသာလျှင် သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ ပယ်သတ်နိုင်မည်ဖြစ်သည်။ သို့သော် လောကီမဂ္ဂအရိယသစ္စာကို ပွားများပါမှ လောကုတ္တရာအရိယမဂ္ဂသစ္စာသည် ထင်ရှားဖြစ်ပေါ်လာနိုင်သည် ဖြစ်ရကား အရိယမဂ်သို့ ဆိုက်ရောက်ရေးအတွက် လောကီမဂ္ဂအရိယသစ္စာဖြစ်သည့် ဝိပဿနာဉာဏ်များကို ရင့်ကျက်အောင် ကြိုးပမ်းရမည် ဖြစ်ပေသည်။

အဒ္ဓါပစ္စုပ္ပန်

ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင် ဘဝတစ်လျှောက်အတွင်း၌ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ ဖြစ်ကြကုန်သော ရုပ်တရား နာမ်တရားတို့တွင် ..

၁။ ရုပ်သက်သက်ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍,
၂။ နာမ်သက်သက်ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ –

ခပ်စိပ်စိပ် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဝိပဿနာ ရှုပေးပါ။ အခေါက်ပေါင်းများစွာ အနုပဿနာတိုင်း၌ ရှုဖို့ လိုအပ်ပေသည်။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် အနိစ္စတစ်လှည့် ဒုက္ခတစ်လှည့် အနတ္တတစ်လှည့် ကြိမ်ဖန် များစွာ ထပ်ကာထပ်ကာ ရှုပါ။

ခန္ဓာငါးပါးနည်း

ယောဂီသူတော်ကောင်းသည် နာမ်တရားများကို သိမ်းဆည်းခဲ့စဉ်က အာယတနဒွါရအလိုက် သိမ်းဆည်း ခဲ့သည်ကို ပြန်လည်၍ အာရုံယူထားပါ။ အထူးသဖြင့် နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများကို ပြန်လည်၍ အာရုံယူထားပါ။ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မဟာကုသိုလ်ဇော စောသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိကို ရှေးဦးစွာ ပြန်လည်၍ အာရုံယူပါ။ ယင်းဝီထိတို့၏ စိတ္တက္ခဏအသီးအသီး၌ တည်ရှိကြသော ..

၁။ မှီရာဝတ္ထုရုပ် (၆၃)နှင့် ရူပါရုံက ရူပက္ခန္ဓာ,
၂။ ဝေဒနာ အသီးအသီးက ဝေဒနာက္ခန္ဓာ,
၃။ သညာ အသီးအသီးက သညာက္ခန္ဓာ,
၄။ ကြွင်းကျန်သော စေတသိက်သင်္ခါရတရားစု အသီးအသီးက သင်္ခါရက္ခန္ဓာ,
၅။ အသိစိတ် ဝိညာဏ် အသီးအသီးက ဝိညာဏက္ခန္ဓာ –
ဤသို့လျှင် စိတ္တက္ခဏအသီးအသီး၌ ခန္ဓာငါးပါးစီ အသီးအသီး ရှိကြပေသည်။

စိတ္တက္ခဏတိုင်း၌ ရုပ်တရားကို (၁)ပုံ ပုံကာ ရူပက္ခန္ဓာဟုလည်းကောင်း, နာမ်တရားတို့ကို (၄)ပုံ ပုံကာ ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ သင်္ခါရက္ခန္ဓာ ဝိညာဏက္ခန္ဓာဟုလည်းကောင်း ဤသို့လျှင် စိတ္တက္ခဏတိုင်း၌ တည်ရှိကြသော ရုပ်တရား နာမ်တရားတို့ကို (၅)ပုံ ပုံကာ ဝိပဿနာရှုသော နည်းစနစ် ဖြစ်သည်။

၁။ ရူပါရုံကိုပင် အာရုံယူသည့် စက္ခုဒွါရဝီထိ+မနောဒွါရဝီထိတို့ကို ရှုသကဲ့သို့ ကြွင်းကျန်သော ..
၂။ သဒ္ဒါရုံကို အာရုံယူသည့် သောတဒွါရဝီထိ+မနောဒွါရဝီထိ,
၃။ ဂန္ဓာရုံကို အာရုံယူသည့် ဃာနဒွါရဝီထိ+မနောဒွါရဝီထိ,
၄။ ရသာရုံကို အာရုံယူသည့် ဇိဝှါဒွါရဝီထိ+မနောဒွါရဝီထိ,
၅။ ဖောဋ္ဌဗ္ဗာရုံကို အာရုံယူသည့် ကာယဒွါရဝီထိ+မနောဒွါရဝီထိ,
၆။ ဓမ္မာရုံကို အာရုံယူသည့် မနောဒွါရဝီထိ –

ဤဝီထိအသီးအသီး၌လည်း အလားတူပင် ခန္ဓာငါးပါးနည်းဖြင့် ဝိပဿနာ ရှုပါ။ ထိုသို့ ရှုရာ၌ ကောင်းသောစနစ် တစ်ခုမှာ နာမ်ကမ္မဋ္ဌာန်းဇယားများတွင် တင်ပြထားသည့် အတန်းတိုင်း အတန်းတိုင်း၌ – ပဉ္စဒွါရာဝဇ္ဇန်းမှသည် မနောဒွါရဝီထိ တဒါရုံသို့တိုင်အောင် ဝီထိစိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်းဝယ် ..

၁။ ရုပ်သက်သက်ကို တိုးလျှိုပေါက် = တန်းလုံးပေါက် (မှီရာဝတ္ထုရုပ် + အာရုံရုပ်),
၂။ ဝေဒနာသက်သက်ကို တိုးလျှိုပေါက် = တန်းလုံးပေါက်,
၃။ သညာသက်သက်ကို တိုးလျှိုပေါက် = တန်းလုံးပေါက်,
၄။ စေတသိက် သင်္ခါရသက်သက်ကို တိုးလျှိုပေါက် = တန်းလုံးပေါက်,
၅။ အသိစိတ် ဝိညာဏ်သက်သက်ကို တိုးလျှိုပေါက် = တန်းလုံးပေါက် ––

လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပါ။ ထိုသို့ ရှုရာ၌ ဝီထိတစ်ခုနှင့် တစ်ခု၏ အကြား၌ တည်ရှိကြသော ဘဝင်စိတ္တက္ခဏတို့၌လည်း ခန္ဓာငါးပါးနည်းဖြင့်ပင် ရောနှော၍ ဝိပဿနာ ရှုပါ။ ဓမ္မာရုံကို အာရုံ ယူကြသည့် မနောဒွါရဝီထိတို့၌လည်း ပုံစံတူပင် ဝိပဿနာ ရှုပါ။

အဇ္ဈတ္တ၌ ခန္ဓာငါးပါးနည်းဖြင့် ဝိပဿနာရှု၍ ကျေနပ်မှု အသင့်အတင့် ရရှိသောအခါ ဗဟိဒ္ဓ၌လည်း ပုံစံတူပင် ဝိပဿနာ ရှုပါ။ အနီးမှသည် အဝေးသို့တိုင်အောင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ။ (၃၁)ဘုံအတွင်း၌ တည်ရှိကြသော ရုပ်တရား နာမ်တရားတို့ကိုလည်းကောင်း တစ်ဖန် ယင်းရုပ်နာမ်တို့ကို (၅)ပုံ ပုံထားသည့် ခန္ဓာငါးပါးတို့ကိုလည်းကောင်း အာရုံယူကာ ဆက်လက်ကာ ဝိပဿနာရှုပါ။ စွမ်းနိုင်ပါက အနန္တစကြဝဠာသို့ တိုင်အောင် ဉာဏ်ကို ဖြန့်ကြက်၍ အလားတူပင် ရုပ်နာမ်နှစ်ပါးနည်း ခန္ဓာငါးပါးနည်းတို့ဖြင့် ဆက်လက်ကာ ဝိပဿနာ ရှုပါ။

ရုပ်နာမ်နှစ်ပါးနည်းဖြင့်လည်းကောင်း, ခန္ဓာငါးပါးနည်းဖြင့်လည်းကောင်း ဝိပဿနာရှုရာ၌ ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ကြိုးစား၍ ဝိပဿနာရှုပါ။ ခဏပစ္စုပ္ပန်သို့တိုင်အောင် ဉာဏ်အမြင် သန့်ရှင်းစွာဖြင့် ဆိုက်ရောက်နိုင်ရေးအတွက် ဝီထိစိတ်အစဉ်တို့၏ အကြားအကြား၌ တည်ရှိကြသော ဘဝင်နာမ်တရားများကိုပါ ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ရောနှော၍ ရှုပါ။

ပစ္စုပ္ပန်ဝယ် ခန္ဓာငါးပါးနည်းဖြင့် ဝိပဿနာရှု၍ ကျေနပ်မှု အတော်အသင့် ရရှိသောအခါ ပဋိသန္ဓေမှသည် စုတိသို့ တိုင်အောင်သော အဒ္ဓါပစ္စုပ္ပန် အမည်ရသော ခန္ဓာငါးပါးတို့ကိုလည်း ဆက်လက်၍ ဝိပဿနာ ရှုပါ။ ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင် တိုးလျှိုပေါက် ..

၁။ ရုပ်သက်သက်ကိုလည်းကောင်း,
၂။ ဝေဒနာသက်သက်ကိုလည်းကောင်း,
၃။ သညာသက်သက်ကိုလည်းကောင်း,
၄။ စေတသိက် သင်္ခါရတရားသက်သက်ကိုလည်းကောင်း,
၅။ အသိစိတ် ဝိညာဏ်သက်သက်ကိုလည်းကောင်း –

ဝီထိစိတ် ဝီထိမုတ်စိတ် နှစ်မျိုးလုံး၌ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာ ရှုပါ။ အနိစ္စ အခေါက်ပေါင်းများစွာ, ဒုက္ခ အခေါက်ပေါင်းများစွာ, အနတ္တ အခေါက်ပေါင်းများစွာ ရှုဖို့ကား လိုအပ်လျက်ပင် ရှိပေသည်။ ထိုသို့ ရှုရာ၌ ခန္ဓာတစ်ပါး တစ်ပါးကို ပဋိသန္ဓေမှသည် စုတိသို့ တိုင်အောင် တိုးလျှိုပေါက် ရှုပါ။ ဥပမာ ရူပက္ခန္ဓာကို ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင် ခပ်စိပ်စိပ် တိုးလျှိုပေါက် ဝိပဿနာရှုပြီးပါမှ ဝေဒနာက္ခန္ဓာသို့ ပြောင်း၍ အလားတူ ရှုပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် အပြန်ပြန် အလှန်လှန် ရှုပါလေ။ သညာ, သင်္ခါရ, ဝိညာဏ်ဟူသည့် နာမ်ခန္ဓာတို့ကိုလည်း နည်းတူပင် ရှုပါ။

ရုပ်နှင့်နာမ် တွဲ၍လည်း ရှုပါ

ရုပ်နာမ်နှစ်ပါးနည်းဖြင့်လည်းကောင်း, ခန္ဓာငါးပါးနည်းဖြင့်လည်းကောင်း ဝိပဿနာရှု၍ အားရကျေနပ်မှု အတော်အသင့်ရရှိသောအခါ ရုပ်နှင့် နာမ်ကို တွဲ၍ ရှုလိုက ရှုနိုင်ပါသည်။ ရှေးဦးစွာ အဇ္ဈတ္တ ဗဟိဒ္ဓနှစ်မျိုးလုံး၌ ရုပ်သက်သက် နာမ်သက်သက်ကို သွက်အောင် ပြန်၍ ဝိပဿနာ ရှုပါ။ သွက်သွက်လက်လက် အပြန်ပြန် အလှန်လှန် ရှုနိုင်သောအခါ ရှေးဦးစွာ အာယတနဒွါရအလိုက်ပင် .. နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် တင်ပြထားသည့် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ...

၁။ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်,
၂။ စိတ္တက္ခဏတိုင်း၏ စိတ်စေတသိက် နာမ်တရားစု –

ဤ ရုပ်-နာမ်တို့၏ အစုံလိုက် အစုံလိုက် ပြိုပြို ပျက်ပျက်နေသည့် သဘောကို အာရုံယူ၍ သို့မဟုတ် ဖြစ်မှု ပျက်မှုကိုပင် အာရုံယူ၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပါ။

ပဉ္စဒွါရာဝဇ္ဇန်း = ဆင်ခြင်စိတ္တက္ခဏ၌ - မှီရာဝတ္ထုရုပ် (၆၃)မျိုးနှင့် ရူပါရုံလည်း ဖြစ်-ပျက်, နာမ်တရား (၁၁)လုံးလည်း ဖြစ်-ပျက် - ဤသို့ စသည့် သဘောများကို စိတ္တက္ခဏတိုင်း၌ အစုံလိုက် အစုံလိုက် ရုပ်နှင့် နာမ်တို့၏ ဖြစ်မှု ပျက်မှုကို မြင်အောင်ကြည့်၍ အနိစ္စတစ်လှည့် ဒုက္ခတစ်လှည့် အနတ္တတစ်လှည့် တစ်လှည့်စီ လှည့်၍ ရှုပါ။ အာယတနဒွါရအလိုက် ရှုပါ။ ဒွါရ (၆)ပါးလုံး၌ ရှုပါ။ ကုသိုလ်ဇောဝီထိ အကုသိုလ်ဇောဝီထိများကို (နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများအတိုင်း) ကုန်စင်အောင် ရှုပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် အပြန်ပြန် အလှန်လှန် ရှုပါ။ ဤနည်းဖြင့်

၁။ ရုပ်သက်သက်ကို,
၂။ နာမ်သက်သက်ကို,
၃။ ရုပ်နာမ်ကို - တွဲ၍ –

အဇ္ဈတ္တ ဗဟိဒ္ဓတို့၌ လက္ခဏာယာဉ်တင်ကာ အပြန်ပြန် အလှန်လှန် ရှုပြီးသောအခါ ပဋိသန္ဓေမှသည် စုတိသို့ တိုင်အောင်လည်း အလားတူပင် (၁) ရုပ်သက်သက်ကို (၂) နာမ်သက်သက်ကို (၃) ရုပ်နှင့် နာမ်ကို တွဲ၍လည်း ဆက်လက်၍ ဝိပဿနာရှုပါ။ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့အတိုင်း ခြုံငုံ၍သာ ရှုပါ။ အလားတူပင် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင် ခန္ဓာငါးပါးနည်းဖြင့်လည်း ဝိပဿနာ ဆက်ရှုပါ။

အတိတ်-ပစ္စုပ္ပန်-အနာဂတ်

အဒ္ဓါပစ္စုပ္ပန် အမည်ရသော ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်သော ရုပ်တရား နာမ်တရားတို့ကို ရုပ်နာမ် နှစ်ပါးနည်းဖြင့်လည်းကောင်း, ခန္ဓာငါးပါးနည်းဖြင့်လည်းကောင်း ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဝိပဿနာ ရှုပွား သုံးသပ်ပြီးသောအခါ ကျေနပ်မှု အထိုက်လျောက် ရရှိပါက အတိတ် ပစ္စုပ္ပန် အနာဂတ် ရုပ်နာမ်တို့ကိုပါ တစ်ဆင့်တက်၍ ဝိပဿနာရှုပါ။

''ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရကြသည့် အကြောင်းတရားနှင့် တကွသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို သင်္ခါရတရားတို့ဟူ၍ ခေါ်ဆို၏၊ ယင်းသင်္ခါရတရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု – ဤသို့ စသည့် အထူးထူး အပြားပြားကုန်သော အခြင်းအရာတို့ဖြင့် ရှုတတ်သောကြောင့် ဝိပဿနာ မည်၏၊''[၅၂]...

ဤသို့စသော အဋ္ဌကထာကြီးတို့၌ လာရှိသည့်အတိုင်း ပရမတ်သင်္ခါရတရားတို့ကို လက္ခဏာယာဉ်တင်ကာ ရှုပွားသုံးသပ်သည့် အပိုင်းကိုသာ ဝိပဿနာဟု ခေါ်ဆိုသည်။ ရုပ်နာမ်ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးသော ယောဂါဝစရပုဂ္ဂိုလ်၏ ပညတ်နှင့် ပရမတ် ခွဲခြားမသိဘဲ ပညတ်အတုံးအခဲ အစုအပုံကို ရှုမှတ်ခြင်းကိုကား ဝိပဿနာဟု မခေါ်ဆိုနိုင်သေးသည်ကို သတိပြုလေရာသည်။

အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် အတိတ်ဘဝပေါင်းများစွာ၌ တည်ရှိကြသော ခန္ဓာငါးပါး ရုပ်နာမ်တရား တို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်နိုင်ကြ၏၊ သို့သော် အချို့သော ယောဂါဝစရ ပုဂ္ဂိုလ်တို့သည်ကား အတိတ်ဘဝ အနည်းငယ်၌ တည်ရှိကြသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်နိုင်ကြ၏၊ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် အတိတ်ဘဝ (၅)ဘဝတို့၌ တည်ရှိကြကုန်သော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့မျှလောက်ကိုသာ ဝိပဿနာ ရှုပွားသုံးသပ်နိုင်ခဲ့သည် ဖြစ်ငြားအံ့၊ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ..

၁။ ပဉ္စမမြောက်အတိတ်၏ ပဋိသန္ဓေမှ စ၍ ထိုအတိတ်၏ စုတိသို့တိုင်အောင်,
၂။ စတုတ္ထမြောက်အတိတ်၏ ပဋိသန္ဓေမှ စ၍ ထိုအတိတ်၏ စုတိသို့တိုင်အောင်,
၃။ တတိယမြောက်အတိတ်၏ ပဋိသန္ဓေမှ စ၍ ထိုအတိတ်၏ စုတိသို့တိုင်အောင်,
၄။ ဒုတိယမြောက်အတိတ်၏ ပဋိသန္ဓေမှ စ၍ ထိုအတိတ်၏ စုတိသို့တိုင်အောင်,
၅။ ပထမအတိတ်၏ ပဋိသန္ဓေမှ စ၍ ထိုအတိတ်၏ စုတိသို့တိုင်အောင်,
၆။ ပစ္စုပ္ပန်ဘဝ၏ ပဋိသန္ဓေမှ စ၍ ပစ္စုပ္ပန်ဘဝ၏ စုတိသို့တိုင်အောင်,

အကယ်၍ ထိုယောဂီပုဂ္ဂိုလ်အတွက် အနာဂတ်ဘဝများသည် ထင်ရှားရှိနေကြပါသေးလျှင် ..
၇။ ပထမအနာဂတ်ဘဝ၏ ပဋိသန္ဓေမှ စ၍ ယင်းပထမအနာဂတ်ဘဝ၏ စုတိသို့တိုင်အောင်,
၈။ ဒုတိယအနာဂတ်ဘဝ၏ ပဋိသန္ဓေမှ စ၍ ယင်းဒုတိယအနာဂတ်ဘဝ၏ စုတိသို့တိုင်အောင် –ဤနည်းဖြင့် အရဟတ္တဖိုလ်သို့[၁၁၆၇] ဆိုက်ရောက်သည့် တိုင်အောင်သော အနာဂတ်ဘဝ၏ ပဋိသန္ဓေမှ စ၍ စုတိသို့ တိုင်အောင် ထိုထိုဘဝတို့၏ အတွင်း၌ တည်ရှိကြကုန်သော ..

၁။ ရုပ်သက်သက်ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍,
၂။ နာမ်သက်သက်ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍,
၃။ ရုပ်နှင့် နာမ်ကို ပူးတွဲ၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ –
ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ အပြန်ပြန် အလှန်လှန် ဝိပဿနာ ရှုပါ။

ရံခါ အဇ္ဈတ္တ, ရံခါ ဗဟိဒ္ဓ, ရံခါ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ဝိပဿနာ ရှုပါ။ အလားတူပင် ယင်း ထိုထိုဘဝတို့၏ ပဋိသန္ဓေမှ စ၍ စုတိသို့တိုင်အောင် တည်ရှိကြကုန်သော ရုပ်တရား နာမ်တရားတို့ကို (၅)ပုံ ပုံကာ ခန္ဓာငါးပါး နည်းဖြင့်လည်း ဝိပဿနာ ရှုနိုင်ပါသည်။ အကယ်၍ ထိုယောဂီပုဂ္ဂိုလ်သည် ပဉ္စမမြောက်အတိတ်ဘဝအထိသာ ရုပ်တရား နာမ်တရားတို့ကိုလည်းကောင်း အကြောင်းတရား အကျိုးတရားတို့ကိုလည်းကောင်း ရှုထားပြီးသည် ဖြစ်အံ့၊ ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီးသည် သိမ်းဆည်းထားပြီးသည် ဖြစ်အံ့၊ တစ်ဖန် ဒုတိယမြောက်အနာဂတ်ဘဝသို့ ရောက်ရှိပါမှသာလျှင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်မည်လည်း ဖြစ်အံ့၊ ယင်းသို့ ဖြစ်ခဲ့သော် ပဉ္စမမြောက်အတိတ်ဘဝ၏ ပဋိသန္ဓေမှ စ၍ ဒုတိယမြောက်အနာဂတ်ဘဝ၏ စုတိသို့တိုင်အောင်သော အချိန်ကာလအတွင်း၌ တည်ရှိကြကုန်သော ရုပ်တရား နာမ်တရားတို့ကို ခန္ဓာငါးပါးနည်းဖြင့် (၅)ပုံ ပုံကာ ..

၁။ ရုပ်သက်သက်ကိုလည်းကောင်း (ပဉ္စမအတိတ်မှသည် အနာဂတ်ဆုံးသည်အထိ)
၂။ ဝေဒနာသက်သက်ကိုလည်းကောင်း ( ။ )
၃။ သညာသက်သက်ကိုလည်းကောင်း (။ )
၄။ စေတသိက် သင်္ခါရသက်သက်ကိုလည်းကောင်း (။ )
၅။ အသိစိတ် ဝိညာဏ်သက်သက်ကိုလည်းကောင်း (။ )[၁၁၆၈]

ရံခါ အနိစ္စဟု, ရံခါ ဒုက္ခဟု, ရံခါ အနတ္တဟု အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ အပြန်ပြန် အလှန်လှန် ရှုပါ။ ထိုသို့ ရှုရာ၌ –

၁။ ဩဠာရိက = ရုန့်ရင်းကြမ်းတမ်းသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုပင် ဖြစ်စေ
၂။ သုခုမ = သိမ်မွေ့နူးညံ့သော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုပင် ဖြစ်စေ,
၃။ ဟီန = ယုတ်ညံ့သော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုပင် ဖြစ်စေ,
၄။ ပဏီတ = မွန်မြတ်သော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုပင် ဖြစ်စေ,

ဤဘဝတွင်ပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ပါမူကား အနာဂတ်ဘဝများ မရှိနိုင်ကြတော့ပေ။ အလားတူပင် ပထမအနာဂတ် ဘဝတွင်ပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြမည့် ယောဂီသူတော်ကောင်းများလည်း ရှိကြ၏၊ ထိုယောဂီပုဂ္ဂိုလ်တို့သည်ကား ပရိနိဗ္ဗာနစုတိသို့ တိုင်အောင်သော ပထမအနာဂတ်ဘဝ ခန္ဓာငါးပါးတို့ကိုသာ ဝိပဿနာရှုရန် ဖြစ်သည်၊ ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကိုလည်း ရှုရန် ဖြစ်သည်။

၅။ ဒူရ = ဝေးသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုပင် ဖြစ်စေ,

၆။ သန္တိက = နီးသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုပင် ဖြစ်စေ –

မည်သည့် ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုမဆို အားလုံးကိုပင် ဝိပဿနာ ရှုပါ။ ထိုသို့ ရှုနိုင်ပါက အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော ခန္ဓာငါးပါးကို ဝိပဿနာ ရှုတတ်ပြီ ဖြစ်ပေသည်။ ထိုအခါ အောက်ပါ အနတ္တလက္ခဏသုတ္တန်[၅၈] ရှုကွက်ကိုလည်း ရှုတတ်ပြီ ဖြစ်ပေသည်။

အနတ္တလက္ခဏသုတ္တန်ရှုကွက်

''ရဟန်းတို့ ...ခန္ဓာငါးပါးတို့သည် ထိုကဲ့သို့ အနိစ္စ ဒုက္ခ အနတ္တသာ ဖြစ်နေခြင်းကြောင့် ဤသာသနာတော်မြတ် အတွင်း၌ သင်ချစ်သားတို့သည် .. 

၁။ အတိတ် ရုပ်တရားအားလုံးကိုလည်းကောင်း,
၂။ အနာဂတ် ရုပ်တရားအားလုံးကိုလည်းကောင်း,
၃။ ပစ္စုပ္ပန် ရုပ်တရားအားလုံးကိုလည်းကောင်း,
၄။ အဇ္ဈတ္တ ရုပ်တရားအားလုံးကိုလည်းကောင်း,
၅။ ဗဟိဒ္ဓ ရုပ်တရားအားလုံးကိုလည်းကောင်း,
၆။ ဩဠာရိက = ရုန့်ရင်းကြမ်းတမ်းသော ရုပ်တရားအားလုံးကိုလည်းကောင်း,
၇။ သုခုမ = သိမ်မွေ့နူးညံ့သော ရုပ်တရားအားလုံးကိုလည်းကောင်း,
၈။ ဟီန = ယုတ်ညံ့သော ရုပ်တရားအားလုံးကိုလည်းကောင်း,
၉။ ပဏီတ = မွန်မြတ်သော ရုပ်တရားအားလုံးကိုလည်းကောင်း,
၁၀။ ဒူရ = ဝေးသော ရုပ်တရားအားလုံးကိုလည်းကောင်း,
၁၁။ သန္တိက = နီးသော ရုပ်တရားအားလုံးကိုလည်းကောင်း,
–ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ်တရားအားလုံးကို ..

(က) နေတံ မမ = ဤရုပ်တရားသည် ငါ၏ရုပ်တရား မဟုတ်ဟု (= ဒုက္ခဟု),
( ခ ) နေသောဟမသ္မိ = ဤရုပ်တရားသည် ငါ မဟုတ်ဟု (= အနိစ္စဟု),
( ဂ ) န မေသော အတ္တာ = ဤရုပ်တရားသည် ငါ၏အတ္တ မဟုတ်ဟု (= အနတ္တဟု)[၅၉]

ဤသို့လျှင် ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ်တရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဖြင့် ရှုပါ။''

တစ်နည်းတစ်ဖုံအားဖြင့် ဘာသာပြန်ဆိုခဲ့သော် ဤသို့ ဖြစ်၏ ..။

ရဟန်းတို့ ...ခန္ဓာငါးပါးတို့သည် ထိုကဲ့သို့ အနိစ္စ ဒုက္ခ အနတ္တသာ ဖြစ်နေခြင်းကြောင့် ဤသာသနာတော်မြတ် အတွင်း၌ သင်ချစ်သားတို့သည် .. 

၁။ အတိတ် ရုပ်တရားကိုပင်ဖြစ်စေ,
၂။ အနာဂတ် ရုပ်တရားကိုပင်ဖြစ်စေ,
၃။ ပစ္စုပ္ပန် ရုပ်တရားကိုပင်ဖြစ်စေ,
၄။ အဇ္ဈတ္တ ရုပ်တရားကိုပင်ဖြစ်စေ,
၅။ ဗဟိဒ္ဓ ရုပ်တရားကိုပင်ဖြစ်စေ,
၆။ ဩဠာရိက = ရုန့်ရင်းကြမ်းတမ်းသော ရုပ်တရားကိုပင်ဖြစ်စေ, ၇။ သုခုမ = သိမ်မွေ့နူးညံ့သော ရုပ်တရားကိုပင်ဖြစ်စေ,
၈။ ဟီန = ယုတ်ညံ့သော ရုပ်တရားကိုပင်ဖြစ်စေ,
၉။ ပဏီတ = မွန်မြတ်သော ရုပ်တရားကိုပင်ဖြစ်စေ,
၁၀။ ဒူရ = ဝေးသော ရုပ်တရားကိုပင်ဖြစ်စေ,
၁၁။ သန္တိက = နီးသော ရုပ်တရားကိုပင်ဖြစ်စေ,
ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ်တရား အားလုံးကို ..

(က) နေတံ မမ = ဤရုပ်တရားသည် ငါ၏ရုပ်တရား မဟုတ်ဟု (= ဒုက္ခဟု),
( ခ ) နေသောဟမသ္မိ = ဤရုပ်တရားသည် ငါမဟုတ်ဟု (= အနိစ္စဟု),
( ဂ ) န မေသော အတ္တာ = ဤရုပ်တရားသည် ငါ၏အတ္တ မဟုတ်ဟု (= အနတ္တဟု)[၅၉]

ဤသို့လျှင် ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ်တရားကို မဖောက်မပြန် ဟုတ်တိုင်း မှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြို ခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဖြင့် ရှုပါ။[၅၈]

ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် ဟူသော နာမ်ခန္ဓာ (၄)ပါးတို့၌လည်း ပုံစံတူပင် ရှုပါ။ ဘာသာပြန် အဓိပ္ပါယ်ကိုလည်း ပုံစံတူပင် မှတ်ပါ။

ဩဠာရိက-သုခုမ, ဟီန-ပဏီတ, ဒူရ-သန္တိက

ထိုသို့ ရှုရာ၌ ဩဠာရိက-သုခုမ စသည့် ရုပ်နာမ်တို့ကို ခွဲရှုလိုက ရှုနိုင်ပါသည်။

၁။ ပသာဒရုပ် = အကြည်ရုပ် (၅)ပါးနှင့် ဂေါစရရုပ် = အာရုံရုပ် (၇)ပါး၊ ပေါင်း (၁၂)ပါးသော ရုပ်တို့သည် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်လွယ် မြင်လွယ်သောကြောင့် ရုန့်ရင်းကြမ်းတမ်းသည့် ဩဠာရိက ရုပ်တို့ မည်ကြသည်။
၂။ ကျန်ရုပ် (၁၆)မျိုးတို့ကား ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ မထင်လွယ် မမြင်လွယ်၍ နူးညံ့ သိမ်မွေ့ရကား သုခုမရုပ်ဟူသော အမည်ကို ရရှိကြသည်။[၁၁၆၉]
၃။ နာမ်တရားတို့တွင် အကုသိုလ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ကား ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်လွယ် မြင်လွယ်သောကြောင့် ရုန့်ရင်းကြမ်းတမ်းရကား ဩဠာရိကဟူသော အမည်ကို ရရှိကြသည်။
၄။ ကုသိုလ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်၊ ပဉ္စဒွါရာဝဇ္ဇန်း, ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, တဒါရုံ, မနောဒွါရာဝဇ္ဇန်း, တဒါရုံ, ပဋိသန္ဓေ, ဘဝင်, စုတိ, ကြိယာဇော - စသည့် ဝိပါက်+ကြိယာ (= အဗျာကတ) ဖြစ်သော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ကား ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ မထင်လွယ် မမြင်လွယ်သောကြောင့် သိမ်မွေ့နူးညံ့ရကား သုခုမဟူသော အမည်ကို ရရှိကြသည်။[၁၁၇၀]
၅။ အကုသိုလ်၏ အကျိုးဖြစ်သော ရုပ်တရားတို့ကား ဟီန၊
၆။ ကုသိုလ်၏ အကျိုးဖြစ်သော ရုပ်တရားတို့ကား ပဏီတ။
၇။ ဩဠာရိက နာမ်တရားတို့ကား ဟီန၊
၈။ သုခုမ နာမ်တရားတို့ကား ပဏီတ။
၉။ သုခုမ ရုပ်တရားတို့ကား ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ မထင်လွယ်မမြင်လွယ်ရကား အသိဉာဏ်နှင့် ဝေးသောကြောင့် ဒူရ၊
၁၀။ ဩဠာရိက ရုပ်တရားတို့ကား ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်လွယ် မြင်လွယ်သောကြောင့် အသိဉာဏ်နှင့် နီးရကား သန္တိက။
၁၁။ အကုသိုလ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့သည် အဗျာကတဟု ခေါ်ဆိုသော ဝိပါက်+ကြိယာ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့မှ ဝေးသောကြောင့်, ကုသိုလ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့မှလည်း ဝေးသောကြောင့် ဒူရ။ အလားတူပင် ကုသိုလ်+အဗျာကတ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့သည်လည်း အကုသိုလ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့မှ ဝေးသောကြောင့် ဒူရ။
၁၂။ အကုသိုလ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့သည် အကုသိုလ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့နှင့် နီးသောကြောင့် သန္တိက။ ကုသိုလ်+အဗျာကတ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့သည်လည်း ကုသိုလ်+အဗျာကတ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့နှင့် နီးသောကြောင့် သန္တိက –
ဤသို့ အမည်အသီးသီးကို ရရှိကြသည်။[၁၁၇၁]

အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိကြသော ..

၁။ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်တရားတို့ကိုလည်းကောင်း,
၂။ ကုသိုလ်ဇောဝီထိ အကုသိုလ်ဇောဝီထိ နာမ်တရားစုတို့နှင့် တကွ ပဋိသန္ဓေ ဘဝင် စုတိဟူသော ဝီထိမုတ် နာမ်တရားစုတို့ကိုလည်းကောင်း –

ရုပ်နာမ်နှစ်ပါးနည်းဖြင့် နှစ်ပုံ ပုံ၍ဖြစ်စေ, ခန္ဓာငါးပါးနည်းဖြင့် ငါးပုံ ပုံ၍ဖြစ်စေ အတိတ်မှသည် ပစ္စုပ္ပန်, ပစ္စုပ္ပန်မှသည် အနာဂတ်ဆုံးသည်အထိ ပိုက်စိပ်တိုက်၍ ဝိပဿနာရှုနိုင်ပါက ထိုရုပ်နာမ်တို့တွင် ဩဠာရိက-သုခုမဟီန-ပဏီတ-ဒူရ-သန္တိက-ရုပ်နာမ်တို့လည်း ပါဝင်လျက်ပင် ရှိကြပေသည်။ ကြွင်းကျန်မှုမရှိပေ။ ထိုကြောင့် အထက်တွင် ရေးသားတင်ပြထားသည့်အတိုင်း ..

၁။ ရုပ်သက်သက်ကိုလည်းကောင်း,
၂။ နာမ်သက်သက်ကိုလည်းကောင်း,
၃။ ရုပ်နှင့် နာမ် တွဲ၍လည်းကောင်း –

ဤ ရုပ်နာမ်နှစ်ပါးနည်းဖြင့်လည်း ဝိပဿနာရှုနိုင်ပေသည်။ ပဉ္စဂ္ဂဒါယကဗြာဟ္မဏ ဇနီးမောင်နှံတို့သည် သင်္ခါရတရားတို့ကို ရုပ်နှင့် နာမ် နှစ်စုနှစ်ပုံ ပုံ၍ ရုပ်နာမ်နှစ်ပါးနည်းဖြင့် ဝိပဿနာရှုပွားသုံးသပ်ကြသဖြင့် အနာဂါမိ မဂ်ဖိုလ်၌ တည်သွားကြသော ထုံးလည်း ရှိပေသည်။[၁၁၇၂]

တစ်ဖန် ယင်းရုပ်နာမ်တို့ကို ခန္ဓာငါးပါးနည်းဖြင့် ငါးပုံ ပုံ၍ ဝိပဿနာ ရှုပါကလည်း အနတ္တလက္ခဏသုတ္တန်[၅၈]တွင် လာရှိသည့် ပဉ္စဝဂ္ဂီ အမည်တော်ရှိကြသော မထေရ်မြတ်ကြီးတို့ကဲ့သို့ – အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်ပေသည်။

အကယ်၍ စွမ်းနိုင်ပါမူ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ရုပ်တရား နာမ်တရားတို့ကို အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌လည်းကောင်း, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးလုံး၌လည်းကောင်း သီးသန့် ခွဲ၍ ဝိပဿနာရှုပါကလည်း ပို၍ ပို၍ ကောင်းသည်သာ ဖြစ်ပေသည်။

အသုဘဘာဝနာ

ဂိရိမာနန္ဒသုတ္တန်[၄၀၅]၌ အသုဘသညာကို ပွားများအားထုတ်ရန် ဘုရားရှင်သည် ညွှန်ကြားထားတော်မူ၏၊ သဝိညာဏကအသုဘ = ရှင်အသုဘဘာဝနာတည်း။ မေဃိယသုတ္တန်[၄၀၄]၌ – အသုဘာ ဘာဝေတဗ္ဗာ ရာဂဿ ပဟာနာယ = ရာဂကို ပယ်ရှားနိုင်ရန်အတွက် အသုဘဘာဝနာကို ပွားများအားထုတ်ပါဟုလည်း ဘုရားရှင်သည် ညွှန်ကြားထားတော်မူ၏၊ ဝိဇယသုတ္တန်[၃၀၁]၌လည်း သဝိညာဏကအသုဘ = ရှင်အသုဘ, အဝိညာဏကအသုဘ = သေအသုဘဘာဝနာတို့ကို ပွားများရန် ဘုရားရှင်သည် ညွှန်ကြားထားတော်မူ၏၊ ယင်းအသုဘဘာဝနာကား ဒုက္ခာနုပဿနာ၏ အခြံအရံပင်တည်း။

သဝိညာဏကအသုဘ = ရှင်အသုဘ

သက်ရှိသတ္တဝါတို့၏ သန္တာန်၌ တည်ရှိကြသော (၃၂)ကောဋ္ဌာသတို့၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကို အာရုံယူ၍ နှလုံးသွင်း၍ အသုဘဘာဝနာကို ပွားရာ၌ ပဋိကူလမနသိကာရလမ်းမှ စျာန်ရအောင် ရှုနည်းနှင့် အာဒီနဝါနုပဿနာဟု ခေါ်ဆိုသော ခန္ဓာအိမ်၏ အသုဘအပြစ်ကို မြင်အောင် ရှုနည်းဟု နှစ်နည်း ရှိ၏၊ အဇ္ဈတ္တသန္တာန်၌ တည်ရှိသော (၃၂)ကောဋ္ဌာသတို့တွင် ကောဋ္ဌာသအားလုံးကို ခြုံ၍ ဖြစ်စေ, ကောဋ္ဌာသအချို့ကို ခြုံ၍ ဖြစ်စေ, ကောဋ္ဌာသတစ်ခုစီကို အာရုံယူ၍ ဖြစ်စေ ပဋိကူလသဘော = ရွံရှာစက်ဆုပ်ဖွယ်သဘောကို နှလုံးသွင်းပါက ပထမစျာန်သမာဓိသို့ ဆိုက်နိုင်၏၊ အလားတူပင် ဗဟိဒ္ဓကောဋ္ဌာသတို့၌ နှလုံးသွင်းပါက ဥပစာရသမာဓိသို့ ဆိုက်နိုင်၏၊

ရှေ့ပိုင်း[၁၁၇၃]တွင် ရှင်းပြခဲ့ပြီးလေပြီ။ ဤအပိုင်း၌ကား ယင်း (၃၂)ကောဋ္ဌာသတို့၌ အာဒီနဝါနုပဿနာသဘောအားဖြင့် ရှုပုံကိုသာ တင်ပြပေအံ့ ..။

(၃၂)ကောဋ္ဌာသတို့၏ ရွံရှာစက်ဆုပ်ဖွယ်သဘောကို အာရုံယူ၍ '' '''အသုဘ အသုဘ'ဟု ရှုပါ။ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောကို ဉာဏ်ဖြင့် ထင်ထင်ရှားရှား တွေ့မြင်နေပါစေ။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ အပြန်ပြန် အလှန်လှန် ရှုပါ။ စွမ်းနိုင်သမျှ တစ်စတစ်စ တိုးချဲ့၍ ရှုပါ။

ဤအချိန်တွင် ရုပ်ပရမတ် နာမ်ပရမတ် နယ်မြေ၌ ကျက်စားမှု အရှိန်အဝါအားကောင်းနေသော ဘာဝနာဉာဏ် သည် ယခုကဲ့သို့ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးတို့၌ (၃၂)ကောဋ္ဌာသတို့၏ ရွံရှာ စက်ဆုပ်ဖွယ်ရာ အသုဘသဘောကို အပြန်ပြန် အလှန်လှန် ရှုနေရာ၌ မကြာမီ (၃၂)ကောဋ္ဌာသတို့ ကွယ်ပျောက်၍ ရုပ်ကလာပ်အမှုန်များကိုသာ တွေ့မြင် နေတတ်သည်လည်း ရှိ၏၊ ပရမတ္ထသစ္စာနယ်၌ ကျက်စားမှုများနေသော ဉာဏ်၏ စွမ်းအားကြောင့်ပင်တည်း။ အကယ်၍ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ (၃၂)ကောဋ္ဌာသတို့၏ အသုဘသဘောကို အပြန်ပြန် အလှန်လှန် ရှုရာ၌ လွယ်လွယ် ကူကူဖြင့် ရုပ်ကလာပ်အမှုန်များကို မတွေ့မြင်ပါကလည်း ထိုထိုကောဋ္ဌာသများကို တစ်ခုစီဖြစ်စေ ခြုံ၍ဖြစ်စေ ယင်းကောဋ္ဌာသတို့၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုလိုက်ပါက ကျင့်သားရနေသော ဘာဝနာဉာဏ် စွမ်းအားဖြင့် ရုပ်ကလာပ်အမှုန်များကို လွယ်လွယ်ကူကူပင် တွေ့ရှိမည် ဖြစ်ပေသည်။ ရုပ်ကလာပ်များကို တွေ့မြင်သော အခါ ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ထိုထိုရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ထိုရုပ်ပရမတ်တရားများကို တစ်ဖန် ဆက်လက်၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်ကာ ဝိပဿနာ ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ရှုပါ။ ထိုသို့ ရှုရာ၌ - အသုဘဘာဝနာလုပ်ငန်းခွင်၌ ကျေနပ်မှု အထိုက်လျောက် ရရှိသောအခါမှ ထိုထို ကောဋ္ဌာသ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းခြင်း, ထိုထို ရုပ်ကလာပ်တို့၌ တည်ရှိကြသော ပရမတ်ရုပ်တရားတို့ကို ဝိပဿနာရှုခြင်းတို့ကို ပြုလုပ်ပါ။

ပိုးလောက်တို့ဖြင့် ပြည့်နေသော ခန္ဓာအိမ်

တစ်ဖန် ရှင်အသုဘ = သဝိညာဏကအသုဘ ရှုကွက်တစ်မျိုးသည် ဖေဏပိဏ္ဍူပမသုတ္တန်နှင့် ယင်းအဋ္ဌကထာ တို့၌ လာရှိ၏၊ ဤခန္ဓာအိမ်ကြီးသည်ကား ပိုးလောက်အမျိုးမျိုးတို့ဖြင့် ပြည့်နှက်နေသော ခန္ဓာအိမ်ကြီး ဖြစ်၏၊ ဤခန္ဓာအိမ်ကြီးသည် ပိုးလောက်အမျိုးမျိုးတို့၏ အိမ်ထောင်ရာ သားမွေးရာ အိမ်လည်း ဟုတ်၏၊ ကျင်ကြီးစွန့်ရာ အိမ်လည်း ဟုတ်၏၊ ကျင်ငယ်စွန့်ရာ အိမ်လည်း ဟုတ်၏၊ ဖျားနာဆောင်လည်း ဟုတ်၏၊ ယင်းပိုးလောက်တို့၏ သုသာန် သချုႌင်းလည်း ဟုတ်၏၊ ယင်းကဲ့သို့ မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော အရာဝတ္ထုတို့ဖြင့် ပြည့်နှက်နေသော ဤခန္ဓာအိမ်၏ ရွံရှာစက်ဆုပ်ဖွယ်သဘောကို အာရုံယူ၍ အသုဘ အသုဘဟု ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ အပြန်ပြန် အလှန်လှန် ရှုပါ။[၁၁၇၄]

ထိုသို့ ရှုဖန်များလာသောအခါ ပရမတ္ထသစ္စာနယ်၌ ကျက်စားမှုများနေသော ဉာဏ်၏ စွမ်းအင်ကြောင့် ရုပ်ကလာပ်များကို မကြာမီ အချိန်ကာလအတွင်းမှာပင် တွေ့မြင်တတ်ပေသည်။ ထိုအခါ ယင်းရုပ်ကလာပ်များ၌ တည်ရှိသော ပရမတ်ရုပ်တရားတို့ကို သိမ်းဆည်း၍ ယင်းရုပ်ပရမတ်တရားတို့ကို လက္ခဏာယာဉ်တင်ကာ တစ်ဖန်ပြန်၍ ဝိပဿနာ ရှုပါ။ အကယ်၍ ရုပ်ကလာပ်များကို လွယ်လွယ်နှင့် မတွေ့မြင်ပါက, ယင်းအသုဘဘာဝနာကိုလည်း ကျေနပ်မှု အထိုက်အလျောက် ရရှိပါက ယင်းပိုးလောက်တို့ကိုလည်းကောင်း သို့မဟုတ် ပိုးလောက်တို့ဖြင့် ပြည့်နှက်နေသော ခန္ဓာအိမ်ကြီးကိုလည်းကောင်း အာရုံယူ၍ ယင်းပိုးလောက်တို့၌ သို့မဟုတ် ပိုးလောက်တို့နှင့် ပြည့်နေသော ယင်းခန္ဓာ အိမ်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စတင်၍ သိမ်းဆည်းလိုက်ပါက ပရမတ္ထသစ္စာနယ်၌ ကျင့်သားရနေသော ဉာဏ်၏ စွမ်းအင်ကြောင့် မကြာမီ ရုပ်ကလာပ်များကို တွေ့ရှိနိုင်ပေသည်။ ယင်းရုပ်ကလာပ်တို့၌ တည်ရှိသော ပရမတ်ရုပ်တရားတို့ကို သိမ်းဆည်း၍ တစ်ဖန် ဝိပဿနာ ထပ်ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ရှုပါ။

ရုပ်ပရမတ်တို့၏ အသုဘသဘော

ရုပ်ပရမတ်တရားတို့၌လည်း ..
၁။ ဒုဂ္ဂန္ဓ = မကောင်းသော အနံ့ ရှိခြင်း,
၂။ အသုစိ = မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ် ရှိခြင်း,
၃။ ဗျာဓိ = ဖျားနာခြင်းသဘော ရှိခြင်း,
၄။ ဇရာ = အိုမှု ရှိခြင်း = ရင့်ကျက်မှုဌီကာလ ရှိခြင်း,
၅။ မရဏ = သေကျေပျက်စီးမှု ရှိခြင်း = ပျက်မှုဘင်ကာလ ရှိခြင်း[၁၁၇၅]

ဟူသော အသုဘသဘောတရားများသည် ထင်ရှားရှိနေကြသည်သာ ဖြစ်၏၊ ယင်းအသုဘသဘောကိုလည်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အသုဘ အသုဘဟု ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ရှုပါ။

ဤသို့လျှင် သဝိညာဏကအသုဘ = ရှင်အသုဘ၌ ..
၁။ (၃၂)ကောဋ္ဌာသတို့၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘော,
၂။ ပိုးလောက်တို့ဖြင့် ပြည့်နှက်နေသော ခန္ဓာအိမ်၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘော,
၃။ ရုပ်ပရမတ်တရားတို့၏ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘော – ဟု
အသုဘသဘောတရား သုံးမျိုးခွဲ၍ ရှုပါ။

အဝိညာဏကအသုဘ = သေအသုဘ

''ရဟန်းတို့ ... တစ်ဖန် ထို့ပြင်လည်း ယောဂါဝစရ ရဟန်းသည် သေပြီး၍ တစ်ရက်ရှိသော သူသေကောင်, သေပြီး၍ နှစ်ရက်ရှိသော သူသေကောင်, သေပြီး၍ သုံးရက်ရှိသော သူသေကောင်, ဖူးဖူးရောင်ကြွ ပုပ်ပွနေသော သူသေကောင်, ရုပ်အဆင်းပျက်လျက် ညိုမည်းနေသော သူသေကောင်, ပြည်ကဲ့သို့ စက်ဆုပ်ဖွယ် အပုပ်ရည် ယိုစီးသော သုသာန်သင်းချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို မြင်လေရာ၏၊ မြင်လေရာသကဲ့သို့ ထိုယောဂါဝစရရဟန်းသည် 'ဤငါ၏ ရူပကာယသည်လည်း ဤသို့သောသဘော ရှိ၏၊ ဤသို့သောသဘော ဖြစ်လိမ့်မည်သာတည်း၊ ဤသို့သော သဘောကို မလွန်ဆန်နိုင်' ..ဟု ဤမိမိ၏ ရူပကာယကိုပင် ဉာဏ်ဖြင့် ရှေးရှုကပ်ဆောင်၍ ရှု၏၊''[၁၁၇၆]

ဒီဃဘာဏက = ဒီဃနိကာယ်ကို ဆောင်တော်မူသော မဟာသီဝ ရဟန္တာမထေရ်မြတ်ကြီးကား - ''နဝသိဝထိက = သုသာန်သင်းချိုင်းနှင့် ဆက်စပ်၍ ဟောကြားတော်မူအပ်သော အသုဘဘာဝနာ (၉)မျိုးတို့ကို အာဒီနဝါနုပဿနာ၏ အစွမ်းဖြင့် ဘုရားရှင်သည် ဟောကြားထားတော်မူ၏''ဟု ဆို၏၊[၁၁၇၇]

ဤအထက်ပါ ပါဠိတော် အဋ္ဌကထာတို့နှင့် အညီ အဝိညာဏက အသုဘဘာဝနာကို ရှုပွားလိုသော ယောဂါဝစရ ပုဂ္ဂိုလ်သည် သေအသုဘ အလောင်းကောင်တစ်ခုကို ရွေးချယ်၍ ရှုရမည် ဖြစ်သည်။ သမထပိုင်းဝယ် ပထမစျာန် သမာဓိသို့ဆိုက်အောင် အသုဘဘာဝနာကို ပွားရာ၌ အမျိုးသား ယောဂါဝစရပုဂ္ဂိုလ်သည် အမျိုးသားအလောင်းကောင် ကို, အမျိုးသမီး ယောဂါဝစရပုဂ္ဂိုလ်သည် အမျိုးသမီးအလောင်းကောင်ကို ရှုရ၏၊ အာဒီနဝါနုပဿနာအနေဖြင့် ရှုရသော ဤဝိပဿနာပိုင်း၌ကား အမျိုးသားအလောင်းကောင် အမျိုးသမီးအလောင်းကောင်ဟု ရွေးချယ်စိစစ်ရန် မလိုပေ၊ လိင်တူမှု မတူမှုမှာ လိုရင်းမဟုတ်။ သမထပိုင်း၌ကား ဗဟိဒ္ဓအလောင်းကိုသာ ပထမစျာန်သို့ ဆိုက်သည် တိုင်အောင် စူးစူးစိုက်စိုက် ရှုရသဖြင့် ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်သွားသောအခါ ရာဂဝင်လာ နှောင့်ယှက်တတ် သဖြင့် လိင်တူ အလောင်းကောင်ကိုသာ ရှုပွားရခြင်း ဖြစ်၏၊ အာဒီနဝါနုပဿနာ = မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ ခန္ဓာအိမ်၏ အပြစ်ကို မြင်အောင်ရှုရသော ဤ ဝိပဿနာပိုင်း၌ကား အဇ္ဈတ္တ ဗဟိဒ္ဓ အပြန်ပြန် အလှန်လှန် ရှုရသဖြင့် အာဒီနဝါနုပဿနာ = အပြစ်ကို မြင်အောင် ရှုသောနည်း ဖြစ်ရကား လိင်တူ လိင်မတူ ရွေးချယ်မှု မပြုတော့ဘဲ မိမိ နိမိတ်ယူ၍ ရလွယ်ရာ အသုဘအလောင်းကောင်တစ်ခုကို အာရုံယူ၍ ရှုနိုင်သည်။ သိရိမာ၏ အလောင်းကောင်ကို စံထား၍ ရဟန်းယောက်ျား ပရိသတ်, ရဟန်းမိန်းမ ပရိသတ်, လူယောက်ျား ပရိသတ်, လူမိန်းမ ပရိသတ်တည်းဟူသော ပရိသတ်လေးပါးတို့ကို အသုဘဘာဝနာရှုရန် ညွန်ကြားထားတော်မူသော ထုံးတစ်ရပ်သည် ဝိဇယသုတ္တန်[၃၀၁]၌ လာရှိ ပေသည်။ သမထပိုင်း၌ ဗဟိဒ္ဓအလောင်းကောင်သက်သက်ကိုသာ = အထူးသဖြင့် အလောင်းကောင်တစ်ခုတည်းကိုသာ စျာန်ဆိုက်သည်တိုင်အောင် စူးစူးစိုက်စိုက် ရှုရ၏၊ ဝိပဿနာပိုင်း၌ကား အပြစ်အာဒီနဝကို မြင်အောင် အဇ္ဈတ္တ ဗဟိဒ္ဓ အပြန်ပြန် အလှန်လှန် ရှုရ၏၊ ဤကား – သမထပိုင်းနှင့် ဝိပဿနာပိုင်း အသုဘဘာဝနာတို့၏ ထူးခြားမှုတည်း။

ရှုပုံနည်းစနစ်

အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိကြသော ရုပ်တရား နာမ်တရား = ခန္ဓာငါးပါးတို့ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုနိုင်သော ဤအချိန်တွင် ဝိပဿနာ ရှုပွားနေသော ယောဂီသူတော်ကောင်း၏ ဝိပဿနာဉာဏ်ကြောင့် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော ဉာဏ်အရောင်အလင်းများသည် ထွက်ပေါ်နေမည်သာ ဖြစ်ပေသည်။ သို့မဟုတ် တရားထိုင်လျှင် ထိုင်ချင်း မိမိ ရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိကို တစ်ဖန် ပြန်လည်၍ ထူထောင်လိုက်ပါကလည်း ထိုစတုတ္ထစျာန်သမာဓိနှင့် ယှဉ်သော ဉာဏ်ကြောင့် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပသော အရောင်အလင်း များသည် ထွက်ပေါ်နေမည်သာ ဖြစ်သည်။ အကြောင်းမူ သမာဓိကို အဆင့်ဆင့် ထူထောင်ပြီးမှ ဝိပဿနာဘာဝနာ ကိုလည်း အဆင့်ဆင့် ကူးပြောင်းလာပြီးမှ အဝိညာဏကအသုဘ = သေအသုဘကို ရှုရန် အခွင့်ဆိုက်လာသောကြောင့် ဖြစ်သည်။ သို့သော် ထိုဉာဏ်အရောင်အလင်းသည် အနည်းငယ်မှိန်၍ အားမရ ဖြစ်နေပါမူ သမာဓိကို အဆင့်ဆင့် ပြန်လည် ထူထောင်ပါ။ ထိုသမာဓိနှင့် ယှဉ်တွဲနေသော ဉာဏ်ကြောင့် အရောင်အလင်းသည် ပြိုးပြိုးပြက်ပြက် တလက်လက် တဖျပ်ဖျပ် တောက်ပလာသောအခါ အဝိညာဏက အသုဘဘာဝနာကို ရှုနိုင်ပြီ ဖြစ်သည်။

သမထဘာဝနာဉာဏ်ကြောင့်ဖြစ်စေ, သို့မဟုတ် ဝိပဿနာဘာဝနာဉာဏ်ကြောင့်ဖြစ်စေ လင်းရောင်ခြည်သည် ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ထိုဉာဏ်အရောင်အလင်းဖြင့် မိမိ အမှတ်တရ ဖြစ်ဖူးသော အမှတ်တရ မြင်ထားဖူးသော အလောင်းကောင်တစ်ခုကို လှမ်း၍ အာရုံယူကြည့်ပါ။ လက်နှိပ်မီးဖြင့် ထိုးစိုက်ကြည့် သကဲ့သို့ ထိုဉာဏ်အရောင်အလင်းဖြင့် ထိုးစိုက်၍ ရှုပါ။ ရွံရှာစက်ဆုပ်ဖွယ် အသုဘသဘောသည် ဉာဏ်၌ ထင်မြင်နေ ပါစေ။ ပုပ်ပွ၍ အပုပ်ရည်ထွက်နေသော အလောင်းကောင်တစ်မျိုးဖြစ်မူ ပို၍ကောင်းသည်သာ ဖြစ်သည်။ ထိုရွံရှာ စက်ဆုပ်ဖွယ် အသုဘသဘောကို နှလုံးသွင်း၍ ယင်းအလောင်းကောင်ကို အသုဘ အသုဘဟု ရှုပါ။ အသုဘ အခြင်းအရာသည် ဉာဏ်၌ ထင်လာသဖြင့် ယင်းအသုဘအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်သွားသော အခါ မိမိကိုယ်ကို တစ်ဖန် ဉာဏ်ဖြင့် ကပ်ဆောင်၍ ရှုကြည့်ပါ။ မိမိခန္ဓာကိုယ်၏လည်း ထိုဗဟိဒ္ဓအလောင်းကောင်ကဲ့သို့ သေနေသည့် ပုပ်ပွ၍ အသုဘဖြစ်နေသည့် အသုဘအခြင်းအရာကို ဉာဏ်ဖြင့်မြင်အောင် စိုက်ရှုပါ။ မိမိအလောင်းကောင်၏ ပုပ်ပွလျက် ရွံရှာစက်ဆုပ်ဖွယ် အခြင်းအရာကို မြင်သောအခါ အသုဘ အသုဘဟု ရှုပါ။

အကယ်၍ မိမိ၏ အသုဘအခြင်းအရာကို ဉာဏ်ဖြင့် ကပ်ဆောင်၍ ရှုသော်လည်း မရဖြစ်နေပါက ဗဟိဒ္ဓ အသုဘကို တစ်ဖန်ပြန်၍ ရှုပါ။ ထိုနောင် အဇ္ဈတ္တသို့ တစ်ဖန်ပြန်ရှုပါ။ ဤသို့ ကြိမ်ဖန်များစွာ လေ့ကျင့်ပါက အဇ္ဈတ္တ အသုဘအခြင်းအရာကိုလည်း တွေ့မြင်လာနိုင်ပေသည်။ အကယ်၍ မတွေ့မမြင် ဖြစ်နေသေးပါက ဤအချိန်မှ စ၍ မိမိ၏ အနာဂတ်ဘက်သို့ ဉာဏ်ကို စေလွှတ်၍ တဖြည်းဖြည်း ရှုကြည့်ပါက မိမိသေနေသော အသုဘသဘောကို လွယ်လွယ်ကူကူပင် တွေ့ရှိမည် ဖြစ်ပေသည်။ ဤ ရှုကွက်မှာ ပစ္စုပ္ပန်အကြောင်းတရားနှင့် အနာဂတ်အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားများကို ရှုထားပြီးသောယောဂီ ရှုနိုင်သောယောဂီအဖို့ လွယ်ကူ နေမည်သာ ဖြစ်ပေသည်။

မိမိ၏ အသုဘသဘောကို ဉာဏ်ဖြင့် = ဉာဏ်အရောင်အလင်းဖြင့် တွေ့မြင်ပါက အဇ္ဈတ္တ မိမိအလောင်းကောင် အာရုံနှင့် ဗဟိဒ္ဓ သက်မဲ့အလောင်းကောင်အာရုံကို တစ်လှည့်စီ လှည့်၍ အသုဘ အသုဘဟု ရှုပါ။ ထိုသို့ရှုရာ၌ မိမိ ရာဂဖြစ်ဖူးသည့်ပုဂ္ဂိုလ် ရာဂ ဖြစ်နေကျပုဂ္ဂိုလ်များကိုလည်း တစ်စတစ်စ တိုးချဲ့၍ အဇ္ဈတ္တ ဗဟိဒ္ဓ အပြန်ပြန် အလှန်လှန် အသုဘ အသုဘဟု ရှုနိုင်ပါသည်။ ရှုပုံနည်းစနစ်မှာ ဤသို့ ဖြစ်၏ ..။

ရှေးဦးစွာ ဗဟိဒ္ဓ သက်မဲ့အလောင်းကောင်၏ အသုဘအခြင်းအရာကို အာရုံယူလျက် အသုဘ အသုဘဟု ရှုပါ။ ထို့နောင် မိမိအဇ္ဈတ္တအလောင်းကောင်၏ အသုဘအခြင်းအရာကို အာရုံယူလျက် အသုဘ အသုဘဟု ရှုပါ။ ဤသို့လျှင် အဇ္ဈတ္တ ဗဟိဒ္ဓ အသုဘအခြင်းအရာကို တစ်လှည့်စီ ကြိမ်ဖန်များစွာ ရှုနိုင်သောအခါ မိမိ ရာဂဖြစ်ဖူးသည့် အသက်ရှင်နေဆဲပုဂ္ဂိုလ် တစ်ဦးကို လိင်တူသည်ဖြစ်စေ လိင်မတူသည်ဖြစ်စေ ခွဲခြားဝေဖန်မှု မပြုဘဲ ယင်းပုဂ္ဂိုလ်၏ ပုပ်ပွကာ သေကျေပျက်စီးနေသည့် အလောင်းကောင်အာရုံကို ဉာဏ်ဖြင့် ကပ်ဆောင်ကြည့်ကာ အသုဘ အသုဘဟု ရှုပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် လှည့်လည်ကာ ရှုပါ။ အောင်မြင်မှုကို မရရှိပါက ဗဟိဒ္ဓ သက်မဲ့အလောင်းကောင်ကို တစ်ဖန် ပြန်လည် အသုဘဟု ရှုပါ။ တစ်ဖန် ယင်းရာဂဖြစ်နေကျ ပုဂ္ဂိုလ်ကို အာရုံယူကာ ယင်းပုဂ္ဂိုလ်၏ သေနေသည့် အလောင်းကောင်ကို ဉာဏ်ဖြင့် ကပ်ဆောင်လျက် အသုဘဟု ထပ်မံ ရှုကြည့်ပါ။ အောင်မြင်မှုကို ရရှိတတ်ပါသည်။ အောင်မြင်မှုကို ရရှိပါက ရာဂဖြစ်နေကျပုဂ္ဂိုလ် ရာဂဖြစ်နေဆဲပုဂ္ဂိုလ်များကို တစ်ယောက်ပြီး တစ်ယောက် ပြောင်းရွှေ့ကာ ဤဖော်ပြထားသည့် နည်းစနစ်ကို အသုံးပြုလျက် အသုဘဘာဝနာကို ဆက်လက် ပွားများကြည့်ပါ၊ အောင်မြင်မှုကို ရရှိတတ်ပါသည်။

ထိုကဲ့သို့ အသုဘ အသုဘဟု အဇ္ဈတ္တ ဗဟိဒ္ဓတို့၌ ရှုဖန်များလာပါက ရှေးရှေး ဝိပဿနာဘာဝနာတို့၏ စွမ်းအားကြောင့်လည်းကောင်း, ပရမတ္ထသစ္စာနယ်၌ ကျက်စားမှု များခဲ့ခြင်းကြောင့်လည်းကောင်း အဇ္ဈတ္တ ဗဟိဒ္ဓ အလောင်းကောင်များ၌ တည်ရှိသော ရုပ်ကလာပ်များကို တွေ့မြင်လာတတ်၏၊ သို့မဟုတ် အသုဘအလောင်းကောင် တို့သည် တဖြည်းဖြည်း ပြိုပြိုကျကာ အရိုးစုအစုအပုံ အရိုးအမှုန့်အစုအပုံအသွင်သို့ ပြောင်းရွှေ့၍ ဉာဏ်၌ ထင်လာ တတ်သည်လည်း ရှိ၏၊ အကယ်၍ ထိုအလောင်းကောင်၏ အနာဂတ်ဘက်သို့ ဉာဏ်ကို တစ်စတစ်စ စေလွှတ် ကြည့်လိုက်ပါက အရိုးစု အရိုးပုံ အရိုးမှုန့်ဖြစ်သည့်အထိသို့လည်း ဉာဏ်အမြင်သည် ဆိုက်ရောက်သွားနိုင်သည်သာ ဖြစ်သည်။ မည်သည့်အဆင့်၌မဆို အသုဘ အသုဘဟု ရှုပါ။ အကယ်၍ ရုပ်ကလာပ်အမှုန်များကို လွယ်လွယ်ကူကူနှင့် တွေ့ရှိပါက ယင်းရုပ်ကလာပ်တို့၌ တည်ရှိသော ပရမတ်ရုပ်တရားတို့ကို အထူးသဖြင့် ဥတုဇ ရုပ်တရားတို့ကို သိမ်းဆည်း၍ ယင်းရုပ်တရားတို့ကို လက္ခဏာယာဉ် တင်၍ ဝိပဿနာ ရှုပါ။

အကယ်၍ ရုပ်ကလာပ်အမှုန်များကို လွယ်လွယ်ကူကူနှင့် မတွေ့မြင်သေးပါက ယင်း အဇ္ဈတ္တ ဗဟိဒ္ဓ အသုဘ အလောင်းကောင်တို့၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စတင် သိမ်းဆည်းလိုက်ပါက ထိုအသုဘအလောင်းကောင် တို့၌ တည်ရှိသော ရုပ်ကလာပ်များကို စတင် တွေ့ရှိမည်သာဖြစ်သည်။ ရုပ်ကလာပ်အမှုန်များကို ဓာတ်ခွဲကြည့်လိုက်ပါက ကလာပ်တစ်ခုတွင် တည်ရှိသော တေဇောဓာတ်ကြောင့် ဆင့်ကဲဖြစ်ပွားလာကြသော ဥတုဇဩဇဋ္ဌမကရုပ်တရားတို့ကို တွေ့ရှိနိုင်ပေသည်။ ယင်းရုပ်တရားတို့ကို သိမ်းဆည်း၍ ဆက်လက်ကာ ဝိပဿနာ ရှုပါ။ အသုဘဘာဝနာမှ ဝိပဿနာသို့ ယခုကဲ့သို့ ပြောင်းရွှေ့ရှုခြင်းမှာ အသုဘဘာဝနာလုပ်ငန်းခွင်၌ အားရကျေနပ်မှု အထိုက်အလျောက် ရရှိသောအခါ၌သာ ပြုလုပ်ပါ။

ထူးခြားချက်တစ်ရပ်

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးက လှမ်း၍အာရုံယူလိုက်သော ထိုအလောင်းကောင်သည် ပိုးလောက်များ ခဲစားနေသည့် အဆင့်၌ တည်ရှိနေသေးသည့် အလောင်းကောင်ဖြစ်နေမူ အချို့အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် ထိုအလောင်းကောင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို ဉာဏ်ဖြင့် လှမ်း၍ သိမ်းဆည်းလိုက်သောအခါ ဥတုဇ ဩဇဋ္ဌမကရုပ်များကိုသာမက အခြားအခြားသော အကြည်ဓာတ် = ပသာဒရုပ် အချို့ပါသည့် ရုပ်ကလာပ်များနှင့် မကြည်သည့် ရုပ်ကလာပ်များကိုလည်း တွေ့တတ်ကြ၏၊ အကြောင်းကား – ယောဂါဝစရပုဂ္ဂိုလ်သည် ထိုအလောင်းကောင်ကို မှီတွယ်နေသော အသက်ရှင်နေဆဲ ပိုးလောက်တို့၏ ရုပ်ကလာပ်များကိုပါ ရောနှောလျက် တွေ့မြင် နေခြင်းကြောင့် ဖြစ်သည်။ အသုဘအလောင်းကောင်၌ ကြည်သည့် ပသာဒရုပ်များနှင့် စတုသမုဋ္ဌာနိကရုပ်တရားတို့ ထင်ရှားရှိနေခြင်းကြောင့်ကား မဟုတ်ပေ။

အဇ္ဈတ္တ ဗဟိဒ္ဓ အလောင်းကောင်တို့၌ ရုပ်ကလာပ်များကို တွေ့မြင်သောအခါ ထိုရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ပရမတ်ရုပ်တရားများကို လက္ခဏာယာဉ်တင်ကာ တွင်တွင်ကြီး ဝိပဿနာ ရှုပါလေ။

ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်များ

ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီးကို ကိုးကား၍ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ သမ္မသနဉာဏ်ပိုင်း[၁၁၃၇] ဝယ် လက္ခဏသမ္မသန ဝိပဿနာဉာဏ်၏ အရှုခံအာရုံစာရင်းတွင် ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကိုပါ ထည့်သွင်းကာ ဖော်ပြထား၏၊ ထိုကြောင့် ယောဂါဝစရပုဂ္ဂိုလ်သည် ပဋိ စ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကိုလည်း ဝိပဿနာ ရှုရမည် ဖြစ်ပေသည်။

ယောဂီသူတော်ကောင်းသည် – '' အဝိဇ္ဇာပစ္စယာ သင်္ခါရာ = အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏''..

ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူသော အနုလောမပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နည်းဖြင့် အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို ပြန်လည်၍ အာရုံယူထားပါ။ ထိုသို့ သိမ်းဆည်းခဲ့သည့်အတိုင်း ယင်းအင်္ဂါရပ်တို့ကို ဤ၌ ဝိပဿနာရှုရမည် ဖြစ်ပေသည်။

ပစ္စုပ္ပန်ဘဝကို ဗဟိုထား၍ ယူခဲ့သော် ..
၁။ အဝိဇ္ဇာ၊ သင်္ခါရတို့ကား - အတိတ်၊
၂။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝတို့ကား - ပစ္စုပ္ပန်၊
၃။ ဇာတိ၊ ဇရာမရဏတို့ကား - ပထမအနာဂတ်။

အကယ်၍ ပထမအတိတ်ဘဝကို ဗဟိုထား၍ ယူခဲ့သော် ..
၁။ အဝိဇ္ဇာ၊ သင်္ခါရတို့ကား - ဒုတိယအတိတ်၊
၂။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝတို့ကား - ပထမအတိတ်၊
၃။ ဇာတိ၊ ဇရာမရဏတို့ကား - ပစ္စုပ္ပန်။

အကယ်၍ ပထမအနာဂတ်ဘဝကို ဗဟိုထား၍ ယူခဲ့သော် ..
၁။ အဝိဇ္ဇာ၊ သင်္ခါရတို့ကား - ပစ္စုပ္ပန်၊
၂။ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝတို့ကား - ပထမအနာဂတ်၊
၃။ ဇာတိ၊ ဇရာမရဏတို့ကား - ဒုတိယအနာဂတ်။

ဤသို့ စသည်ဖြင့် အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်တို့၌ သဘောပေါက်ပါလေ။ ဘဝသုံးခု သုံးခုကို အကြောင်းနှင့် အကျိုး ဆက်စပ်လျက် အထပ်ထပ် ရှုရမည့် ရှုကွက်ဖြစ်သည်။

ရှုကွက်ပုံစံ အချို့

၁။ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏၊
အဝိဇ္ဇာ (ဖြစ်-ပျက်) အနိစ္စ။ သင်္ခါရ (ဖြစ်-ပျက်) အနိစ္စ။

မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်တွင် ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ အဝိဇ္ဇာနှင့် သင်္ခါရတို့ကို ပဋိစ္စသမုပ္ပါဒ်ပထမနည်းတွင် သိမ်းဆည်းခဲ့သည့်အတိုင်း ရှုပါ။ ထိုတွင် အဝိဇ္ဇာမှာလည်း ယေဘုယျအားဖြင့် လောဘ-ဒိဋ္ဌိအုပ်စု မနောဒွါရိက ဇောဝီထိစိတ်အစဉ်သာ ဖြစ်၏၊ သင်္ခါရမှာလည်း ထိုက်သလို ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရ ဖြစ်နိုင်၏၊ မနောဒွါရိက ဇောဝီထိစိတ်အစဉ်ပင်တည်း။ ယောဂီသူတော်ကောင်းအတွက် ဤပစ္စုပ္ပန်ဘဝ ပဋိသန္ဓေခန္ဓာငါးပါး စသည့် အချို့အချို့သော ကုသလဝိပါကဝဋ်တို့၏ အကြောင်းကံကို ကွက်၍ ဆိုရမူ အတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော ယင်းသင်္ခါရမှာ ကုသိုလ်သင်္ခါရသာ ဖြစ်ပေသည်။ သို့သော် အချို့အချို့သော အကုသလဝိပါကဝဋ်တို့၏ အကြောင်း ကံမှာကား အကုသိုလ်သင်္ခါရ ကံသာ ဖြစ်ပေသည်။ ထိုထိုဘဝ၌ ဖြစ်ခဲ့သည့်အတိုင်း ဖြစ်ဆဲ ဖြစ်လတ္တံ့အတိုင်းသာ ရှုပါ။ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာတို့ကိုလည်း နည်းတူပင် ရှုပါ။

၂။ သင်္ခါရ ဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ် ဖြစ်၏၊
သင်္ခါရ (ဖြစ်-ပျက်) အနိစ္စ။ ပဋိသန္ဓေဝိညာဏ် (ဖြစ်-ပျက်) အနိစ္စ။

ဤသို့ စသည်ဖြင့် ဝိပါက်ဝိညာဏ်များကို ကုန်စင်အောင် ဒွါရ (၆)ပါးလုံး၌ = စက္ခုဒွါရဝီထိ စသော ဝီထိ အားလုံးတို့၌လည်းကောင်း, ဘဝင်ဝိညာဏ် စုတိဝိညာဏ်တို့၌လည်းကောင်း ရှုပါလေ။ ကြွင်းသော ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၌လည်း ပဋိ စ္စသမုပ္ပါဒ်ပထမနည်းတွင် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းခဲ့သည့်အတိုင်း ဇာတိ, ဇရာမရဏသို့တိုင်အောင် ရှုပါလေ။ အကြောင်း အကျိုး နှစ်မျိုးလုံးကိုပင် လက္ခဏယာဉ် သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပါလေ။

သုတ္တန်နည်းအရ – ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတို့၌ ဝိပါကဝဋ်တရားတို့ကိုသာလျှင် အလိုရှိအပ်သည် မှန်သော်လည်း[၈၅၀]အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကို ရှုရာ၌သာ ဝိပါကဝဋ်တရားတို့ကို ရှုပါ။ ဝိပဿနာ ရှုရာ၌ကား မကင်းစကောင်းသော 'အဝိနာဘာဝနည်း'အရ ဝီထိစဉ်တစ်ခုအတွင်း၌ ကျရောက်လျက်ရှိသော ပဉ္စဒွါရာဝဇ္ဇန်း၊ ဝုဋ္ဌော၊ ဇော၊ မနောဒွါရာဝဇ္ဇန်း၊ ဇော – တို့ကို ရောနှော၍ ရှုပါကလည်း ပရမတ္ထဓာတ်သားတို့ကို မကြွင်းမကျန်စေလိုသော ရည်ရွယ်ချက်ဖြင့် ရှုပါမူ အပြစ်မဖြစ်နိုင်ပါ။ ရှု၍ ရနိုင်သမျှ အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည်အထိ ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ရှုပါ။ ဗဟိဒ္ဓ၌ သာမန်ခြုံရှုပါ၊ ပုဂ္ဂိုလ် သတ္တဝါ ခွဲခြားဝေဖန်မှု မပြုပါနှင့်။

ဘာဝနာ (၄၀) ခေါ် တော (၄၀) ရှုကွက်

ဤလက္ခဏသမ္မသနဉာဏ်ပိုင်းတွင် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၁၁၇၈]၌ ဘာဝနာ (၄၀) ခေါ် တော (၄၀) ရှုကွက်များကို ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်[၁၁၇၉]ကို ကိုးကား၍ ဖော်ပြထား၏၊ မှတ်သားလွယ်ကူစေရန် ရည်သန်၍ မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီးက မိမိ၏ ပရမတ္ထသရူပဘေဒနီကျမ်းတွင် ဂါထာများ သီကုံး၍ အနိစ္စလက္ခဏာ (၁၀)ချက်, ဒုက္ခလက္ခဏာ (၂၅)ချက်, အနတ္တလက္ခဏာ (၅)ချက်တို့ကို သီးသန့်ခွဲ၍ ရေးသားတင်ပြထား၏၊ ထိုဂါထာများ၌ လာရှိသည့်အတိုင်း လက္ခဏာရေးသုံးပါးကို သုံးစုခွဲ၍ ရေးသားတင်ပြပေအံ့ ..။

အနိစ္စလက္ခဏာ (၁၀) ချက်

ရူပံ အနိစ္စံ ပလောကံ၊ စလံ ပဘင်္ဂု အဒ္ဓုဝံ။
ဝိပရီဏာမာသာရကံ၊ ဝိဘဝံ မစ္စု သင်္ခတံ။

၁။ အနိစ္စတော

[ရုပ်နာမ်တို့၌ ဖြစ်ခြင်းဟူသော ရှေ့အစွန်း, ပျက်ခြင်းဟူသော နောက်အစွန်းဟု အစွန်း နှစ်ခု ရှိ၏၊ ဥပါဒ်စွန်း ဘင်စွန်းဟု ခေါ်သည်။ ရုပ်နာမ်တို့သည် နောက်အစွန်း ဘင်ကို လွန်နိုင်သော သဿတ မဟုတ်ရကား နောက်အစွန်း ဘင်ကို မလွန်နိုင်သောကြောင့်လည်းကောင်း, ဥပါဒ်စွန်းဟူသော-အစ ဘင်စွန်းဟူသော-အဆုံး ရှိသောကြောင့်လည်းကောင်း အနိစ္စတရားတို့ ဖြစ်ကြ၏၊

ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟု ခန္ဓာငါးပါးနည်းဖြင့် ငါးပုံ ပုံ၍ ရှုပါ။ အထက်ပါ အနက်သဘောတရားကို ရုပ်တရား၌ (ဝေဒနာတရား၌, သညာတရား၌, သင်္ခါရတရား၌, ဝိညာဏ်တရား၌) ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အနိစ္စဟု ရှုပါ။

ဤ၌ ဥပါဒ်စွန်းကို မလွန်နိုင်ဟူသည် ရုပ်တရား နာမ်တရားတို့သည် ဖြစ်ခြင်းဥပါဒ်သို့ မရောက်မီကလည်း မရှိကြကုန်သေး၊ ဖြစ်ရန်အသင့် ကြိုတင် စောင့်ဆိုင်းနေမှုသဘောမျိုးလည်း မရှိပေ။ တစ်ဖန် ပျက်ခြင်း ဘင်ကာလ၏ နောက်၌လည်း တစ်နေရာ၌ စွန့်ပစ်ထားကြသည့် အလောင်းကောင်များကဲ့သို့ သွားရောက်စုပုံလျက် ထပ်နေမှု သဘောမျိုးလည်း မရှိပေ။ မဖြစ်ခင်က မရှိခြင်း, ဖြစ်ပြီးနောက် မရှိခြင်းဟူသော ''မရှိခြင်း'' နှစ်ခုတို့၏ အလယ်အကြား၌သာလျှင် ဥပါဒ်-ဌီ-ဘင်အနေအားဖြင့် အခိုက်အတန့်မျှ ပေါ်လာရခြင်း ဖြစ်လာရခြင်းသာ ဖြစ်၏၊ ထိုသို့ ဥပါဒ်စွန်း ဘင်စွန်းကို လွန်၍ တည်နေမှု မရှိသည့်သဘော, ဥပါဒ်စွန်း ဘင်စွန်း ရှိနေခြင်းသဘောကြောင့် ရုပ်နာမ်တို့သည် အနိစ္စဟူသော အမည်ကို ရရှိကြပေသည်။ ထိုကြောင့်]]] ––

အနိစ္စံ = မြဲခြင်းသဘောမရှိ = မမြဲ – ဟု ရှုပါ။[၁၁၈၀]

၂။ ပလောကတော

(ဗျာဓိ ဇရာ မရဏ = နာမှု အိုမှု သေမှုတို့ဖြင့် ပြိုကွဲပေါက်ပြဲ ပျက်စီးတတ်ရကား လွန်စွာပျက်စီးခြင်းသဘော ရှိသောကြောင့်) –– ပလောကံ = ပျက်စီးခြင်းသဘော ရှိ၏ – ဟု ရှုပါ။[၁၁၈၁]

၃။ စလတော

(ချစ်ခြင်း မုန်းခြင်းတရားတို့သည် လာဘ်ရခြင်း လာဘ်မရခြင်း စသော လောကဓံတရားတို့လျှင် အခြေခံ အကြောင်းရင်း ရှိကြကုန်၏၊ ယင်းလောကဓံတို့ကြောင့် ချစ်ခြင်း မုန်းခြင်း စသည့် စိတ်ဓာတ်တုန်လှုပ်ချောက်ချားမှု တို့သည် ဖြစ်ပေါ်လာကြရ၏၊ ဗျာဓိ ဇရာ မရဏ = နာမှု အိုမှု သေမှုတို့ကြောင့်လည်းကောင်း, လာဘ်ရခြင်း လာဘ်မရခြင်း စသော လောကဓံတို့ကြောင့်လည်းကောင်း ရုပ်နာမ်တို့သည် မတည်ကြည် မတံ့စား အပြားအားဖြင့် တုန်လှုပ်တတ်သည်၏ အဖြစ်ကြောင့်) - စလံ = မတည်ကြည် မတံ့စား ရွေ့ရှားတုန်လှုပ်တတ်၏ – ဟု ရှုပါ။[၁၁၈၂]

၄။ ပဘင်္ဂုတော

(မိမိ၏ လုံ့လပယောဂ, သူတစ်ပါး၏ လုံ့လပယောဂဖြင့်လည်းကောင်း, မိမိ ပင်ကိုသဘောအားဖြင့်လည်းကောင်း ဖရိုဖရဲ ပြိုကွဲပျက်စီးခြင်းသို့ ရောက်လေ့ရှိသည်၏ အဖြစ်ကြောင့်) –– ပဘင်္ဂု = ဖရိုဖရဲ ပြိုကွဲပျက်စီးခြင်းသဘော ရှိ၏၊[၁၁၈၃]

၅။ အဒ္ဓုဝတော

(အလွန်နုသော ကာလမှ စ၍ တချွေချွေ ကြွေကျသော သစ်သီးကဲ့သို့ ငယ်ရွယ်နုနယ်သော အရွယ်, ပျော်ရွှင် မြူးတူး ကစားသော အရွယ် စသော အလုံးစုံသော အသက်အရွယ် အခိုက်အတန့် အမျိုးမျိုးတို့၌ ကြွေကျခြင်းသဘော ရှိသည်၏အဖြစ်ကြောင့်လည်းကောင်း, မကြွေကျသော်လည်း ခပ်သိမ်းသော အခြင်းအရာအားဖြင့် အနှစ်မဲ့သည်ဖြစ်၍ မြဲမြံခိုင်ခံ့သော အဖြစ်၏ မရှိသည်၏အဖြစ်ကြောင့်လည်းကောင်း) - အဒ္ဓုဝံ = ခိုင်မာခြင်းသဘော မရှိ။[၁၁၈၄]

၆။ ဝိပရိဏာမဓမ္မတော

(အိုခြင်း ဇရာဖြင့်။ ဝါ။ တည်ခြင်း = ဌီကာလဖြင့်လည်းကောင်း, သေခြင်း မရဏဖြင့်။ ဝါ။ ပျက်ခြင်း = ဘင်ကာလဖြင့်လည်းကောင်း နှစ်မျိုးသော အခြင်းအရာအားဖြင့် ဖောက်ပြန်ခြင်း = ပြောင်းလဲခြင်းသဘော ရှိသည်၏ အဖြစ်ကြောင့်) ဝိပရိဏာမံ = ဖောက်ပြန်ခြင်းသဘော ရှိ၏၊ (ဥပါဒ်သဘောမှ ဌီသဘော ဇရာ, ဘင်သဘော မရဏသို့ ပြောင်းခြင်းသဘောကို ဆိုလို၏၊)[၁၁၈၅]

၇။ အသာရကတော

(အလိုလိုပင် ပျက်စီးတတ်၍ အားနည်းသည်၏အဖြစ်ကြောင့်လည်းကောင်း, အကာကဲ့သို့ ပျက်စီးလွယ်သည်၏ အဖြစ်ကြောင့်လည်းကောင်း) အသာရကံ = ခိုင်မာသည့် အနှစ်သာရ မရှိ။[၁၁၈၆]

၈။ ဝိဘဝတော

(ဖြစ်ပြီးလျှင် ပျက်သွားတတ် ကုန်သွားတတ်ရကား ကြီးပွားခြင်း တိုးပွားခြင်း ပွားစီးခြင်း ကင်းသည်၏ အဖြစ်ကြောင့်လည်းကောင်း, ပျက်စီးဆုံးရှုံးခြင်းသဘောရှိသော ဘဝကင်းပြတ်မှု၌ တွယ်တာမက်မောသည့် ဝိဘဝတဏှာ ဘဝကင်းပြတ်မှု၌ ယုံကြည်နေသည့် ဝိဘဝဒိဋ္ဌိတို့ကို အကြောင်းခံ၍ ဖြစ်ပေါ်လာသည်၏အဖြစ်ကြောင့်လည်းကောင်း, တဏှာ-ဒိဋ္ဌိတည်းဟူသော အကြောင်းရင်း ဖခင်နှင့် တူစွာ) - ဝိဘဝံ = ဆုံးရှုံးခြင်းသဘော ရှိ၏၊[၁၁၈၇]

၉။ မရဏဓမ္မတော = မစ္စု

(သေခြင်း = ပျက်ခြင်း မရဏသဘောရှိသည်၏ အဖြစ်ကြောင့်) - မရဏဓမ္မံ = မစ္စု = သေခြင်းသဘော ရှိ၏ (= ပျက်ခြင်းသဘော ရှိ၏၊)[၁၁၈၈]

၁၀။ သင်္ခတတော

(တိုက်ရိုက်ဖြစ်စေတတ်သော ဟေတုအကြောင်းတရား = ဇနကအကြောင်းတရား, အားပေးထောက်ပံ့တတ် သော ဥပတ္တမ္ဘကအကြောင်းတရား = ပစ္စယအကြောင်းတရားတို့သည် ပေါင်းစု၍ ပြုပြင်အပ်သည်၏ အဖြစ်ကြောင့်) သင်္ခတံ = အကြောင်းတရားတို့သည် အဖန်ဖန် အထပ်ထပ် ပြုပြင်အပ်သောသဘော ရှိ၏၊[၁၁၈၉]

ရုပ်တရားများကို တိုက်ရိုက်ဖြစ်စေတတ်သော အကြောင်းတရားတို့ကား ကံဖြစ်ကြ၏၊ ဇနကအကြောင်းတရား ဟေတုအကြောင်းတရားတည်း။ အဝိဇ္ဇာ တဏှာ ဥပါဒါန်ဟူသော ကိလေသဝဋ်အကြောင်းတရားတို့ကား - ထိုအတိတ် ကံကို အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအကြောင်းတရားတို့တည်း။ သို့သော် ထိုကိလေသဝဋ်တို့သည် ကုသိုလ်ကံအား ဥပနိဿယစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေး၏၊ အကုသိုလ်ကံအားမူ ဥပနိဿယစသော ပစ္စယသတ္တိတို့ဖြင့်လည်းကောင်း, သဟဇာတစသော အကြောင်းတရားတို့ဖြင့်လည်းကောင်း ကျေးဇူးပြုပေး၏၊

တစ်ဖန် စိတ် ဥတု အာဟာရတို့သည်လည်း ရုပ်တရားတို့ကို အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအကြောင်း တရားတို့ပင်တည်း။ သို့သော် စိတ် ဥတု အာဟာရတို့သည် အချို့သော စိတ္တဇ ဥတုဇ အာဟာရဇရုပ်တို့အား တိုက်ရိုက် ဖြစ်စေတတ်၍ အချို့တို့အား အားပေးထောက်ပံ့တတ်သော်လည်း ကမ္မသတ္တိက ကမ္မဇရုပ်အား ဖြစ်စေပုံနှင့် မတူဘဲ ရှိကြ၏၊ သဟဇာတ စသော သတ္တိတို့ဖြင့် စိတ်က စိတ္တဇရုပ်တို့အား ကျေးဇူးပြုပေး၏၊ ဥတုက ဥတုဇရုပ်တို့အား ဥပနိဿယ စသော သတ္တိတို့ဖြင့်, အာဟာရက အာဟာရဇရုပ်တို့အား အာဟာရပစ္စယ စသော သတ္တိတို့ဖြင့် ကျေးဇူးပြု ပေး၏၊ သို့အတွက် ကမ္မသတ္တိ မဟုတ်သဖြင့် ဇနကအကြောင်းဟု မဆိုဘဲ ဥပတ္ထမ္ဘကအကြောင်းဟု ဆိုသည် မှတ်ပါ။

ဝိပါက်နာမ်တရားများ၏ ဟေတုအကြောင်း ဇနကအကြောင်းမှာ ကံဖြစ်၏၊ အဝိဇ္ဇာ တဏှာ ဥပါဒါန် ဟူသော ကိလေသဝဋ်အကြောင်းတရားတို့ကို ရုပ်၌ ဆိုခဲ့သည့်နည်းတူ မှတ်ပါ။ ကုသိုလ် အကုသိုလ် အဗျာကတ နာမ်တရား အားလုံးတို့၏ ပစ္စုပ္ပန်အကြောင်းတရား ဖြစ်ကုန်သော ဝတ္ထု အာရုံ ဖဿ စသော အကြောင်းတရားတို့သည်ကား ဥပတ္ထမ္ဘကအကြောင်းတရားတို့ ဖြစ်ကုန်သည်ဟု မှတ်ပါ။

အထက်ပါ သဘောတရားများကို မိမိရှုပွားမည့် ရုပ်တရား (ဝေဒနာတရား၊ သညာတရား၊ သင်္ခါရတရား၊ ဝိညာဏ်တရား)တို့၌ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟုလည်းကောင်း, ပလောကဟုလည်းကောင်း – ဤသို့ စသည်ဖြင့် ရှုပါ။ ဤတွင် အနိစ္စလက္ခဏာ (၁၀)ချက် ပြီး၏၊

ဒုက္ခလက္ခဏာ (၂၅) ချက်

ဒုက္ခဉ္စ ရောဂါဃံ ဂဏ္ဍံ၊ သလ္လာ ဗာဓံ ဥပဒ္ဒဝံ။
ဘယီတျူပသဂ္ဂါ တာဏံ၊ အလေဏာသရဏံ ဝဓံ။
အဃမူလံ အာဒီနဝံ၊ သာသဝံ မာရအာမိသံ။
ဇာတိဇ္ဇရံ ဗျာဓိသောကံ၊ ပရိဒေဝမုပါယာသံ။
သံကိလေသသဘာဝကံ။

၁။ ဒုက္ခတော

[ရုပ်နာမ်တို့သည် ထိုရုပ်နာမ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ဖြစ်ခြင်း-ဒဏ်ချက်ဖြင့်လည်းကောင်း, ပျက်ခြင်း ဒဏ်ချက်ဖြင့်လည်းကောင်း ခဏတိုင်း ခဏတိုင်း၌ ညှဉ်းပန်းနှိပ်စက်တတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, တစ်နည်း –– မိမိရုပ်နာမ်ကိုယ်တိုင် ထိုဖြစ်ခြင်း-ပျက်ခြင်း ဒဏ်ချက်တို့သည် ညှဉ်းပန်းနှိပ်စက်အပ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း = ရုပ်နာမ်တို့သည် ဖြစ်ခြင်း-ပျက်ခြင်း ဒဏ်ချက်တို့ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက် ခံရကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း –

(က) ဒုက္ခဝေဒနာဟူသော ဒုက္ခဒုက္ခ,
( ခ ) သုခဝေဒနာဟူသော ဝိပရိဏာမဒုက္ခ, (တည်ခိုက် သုခ, ပျက်က ဒုက္ခ ဟူလို)
( ဂ ) ဥပေက္ခာဝေဒနာနှင့် ဝေဒနာမှ ကြွင်းသော ရုပ်နာမ်ဟူသော သင်္ခါရဒုက္ခ –

ဤ ဒုက္ခသုံးပါးအပေါင်း၏, တစ်နည်း သံသရာဝဋ်ဆင်းရဲဒုက္ခ၏ တည်ရာ ဝတ္ထု၏ အဖြစ်ကြောင့်လည်းကောင်း] ဒုက္ခံ = ယုတ်မာညစ်ဆိုး ဆင်းရဲသည့် ဒုက္ခမျိုးသာတည်း။[၁၁၉၀]

သင်္ခါရဒုက္ခ – ဘုံသုံးပါးအတွင်း၌ တည်ရှိကြသော သင်္ခါရတရား မှန်သမျှသည် သင်္ခါရဒုက္ခဟူသော အမည်ကို ရရှိနိုင်သည်ချည်းသာတည်း။ သို့သော် ဒုက္ခဝေဒနာနှင့် သုခဝေဒနာတို့မှာ ဒုက္ခဒုက္ခ ဝိပရိဏာမဒုက္ခ ဟူသော အမည်သီးခြား ရရှိပြီးဖြစ်၍ ဤ၌ ဥပေက္ခာဝေဒနာနှင့် ဝေဒနာမှကြွင်းသော ဘုံသုံးပါးအတွင်း၌ တည်ရှိသော တေဘူမက သင်္ခါရတရားမှန်သမျှကို သင်္ခါရဒုက္ခဟု ဆိုထားသည်။ ယင်းတေဘူမက ရုပ်နာမ်ဓမ္မ သင်္ခါရတရား မှန်သမျှ တို့သည် ယင်းတို့ကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေးရသည့် သင်္ခတဒုက္ခ တင်းလင်းရှိသောကြောင့်လည်းကောင်း, ဖြစ်ခြင်း-ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရသည်၏ အဖြစ်ကြောင့်လည်းကောင်း သင်္ခါရဒုက္ခဟူသော အမည်ကို ရရှိကြသည်။[၁၁၉၁]

၂။ ရောဂတော

(ဆိုင်ရာ အကြောင်းတရားတို့က အနိုင်နိုင် ကျေးဇူးပြုပေးပါမှ အကျိုး ရုပ်နာမ်တို့၏ ရပ်တည်နိုင်ခွင့် ရနိုင် ရှိနိုင်ရကား ထိုက်သည့်အားလျော်စွာ အကြောင်းတရားတို့ဖြင့် မျှစေအပ် တည်စေအပ်သည်၏ အဖြစ်ကြောင့်, တစ်နည်း ထိုက်သင့်သော ဆိုင်ရာအကြောင်းတရားတို့ဖြင့် မျှစေအပ် တည်စေအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, အစဉ်လိုက်သော နာတာရှည် အနာရောဂါတို့၏ အကြောင်းဖြစ်သော ယာပျအနာရောဂါနှင့် တူသည်၏ အဖြစ်ကြောင့် လည်းကောင်း) - ရောဂံ = ကျင်နာညစ်ဆိုး ရောဂါမျိုးသာတည်း။[၁၁၉၂]

[ရုပ်နာမ်တို့သည် ခပ်သိမ်းသော ကာယိကရောဂါ စေတသိကရောဂါ အမျိုးမျိုးတို့၏ တည်ရာဖြစ်သောကြောင့် ယာပျနာ = ယာပျရောဂါနှင့် တူသည် ဟူ၏၊“

၃။ အဃတော

(အကုသိုလ်တရားတို့ကဲ့သို့ ဘုရားအရိယာတို့သည် ကဲ့ရဲ့အပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, သတ္တဝါ အများတို့၏ အကျိုးစီးပွားမဲ့ကို လွန်စွာ ဆောင်တတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, အဃဟု ခေါ်ဆိုအပ်သော အကုသိုလ်ထိုထို၏ တည်ရာဖြစ်သောကြောင့်လည်းကောင်း) - အဃံ = အကျိုးယုတ် အကျိုးမဲ့မျိုးသာတည်း။[၁၁၉၃]

၄။ ဂဏ္ဍတော

(ဒုက္ခဒုက္ခ, ဝိပရိဏာမဒုက္ခ, သင်္ခါရဒုက္ခ ဟူသော သုံးပါးအပြားရှိသော ဒုက္ခတာဟု ဆိုအပ်သော ထိုးကျင့် ကိုက်ခဲခြင်းနှင့် ယှဉ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, ထိုက်သည့်အားလျော်စွာ အာရုံအားဖြင့်လည်းကောင်း အတူယှဉ်တွဲဖြစ်ခြင်းဟူသော သမ္ပယုတ်အားဖြင့်လည်းကောင်း မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ်ရာ ရာဂစသည့် ကိလေသာ အညစ်အကြေးတို့ကို တစီစီ တစစ်စစ် ယိုစီးကျစေတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, ရှေးက မရှိမူ၍ ယခုမှ ရုတ်ခြည်း ဖြစ်ပေါ်လာသော ဥပါဒ်သဘောဖြင့် ဖူးဖူးရောင်တက်ခြင်း, တည်မှု ဌီသဘောဖြင့် ရင့်ကျက် မှည့်ရော်ခြင်း, ပျက်ခြင်း ဘင်သဘောဖြင့် ဖရိုဖရဲ ပေါက်ပြဲကွဲအက် ပျက်စီးခြင်းသဘောရှိသောကြောင့်လည်းကောင်း) ဂဏ္ဍံ = မဖွယ်ရုပ်ဆင်း ထွတ်မြင်း အနာမျိုးသာတည်း။[၁၁၉၄]

ကိလေသာသုစိပဂ္ဃရဏတာယ – ရှေးရှေး ရာဂစသည်ကို အာရုံပြု၍ နောက်နောက် ရာဂစသည် ဖြစ်ခြင်းကို လည်းကောင်း, ရာဂဖြစ်လောက်သည့် ကိလေသာဖြစ်လောက်သည့် အာရုံတစ်ခုခုကို အာရုံပြု၍ ဖြစ်ပေါ်လာသော စိတ်စေတသိက်တို့နှင့် အတူယှဉ်တွဲ၍ ရာဂစသည့် ကိလေသာတို့ ဖြစ်ခြင်းကိုလည်းကောင်း ရည်ညွှန်း၍ ''ထိုက်သည့်အားလျော်စွာ အာရုံအားဖြင့်လည်းကောင်း, အတူယှဉ်တွဲဖြစ်ခြင်းဟူသော သမ္ပယုတ်အားဖြင့်လည်းကောင်း မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ်ရာ ရာဂစသည့် ကိလေသာ အညစ်အကြေးတို့ကို တစီစီ တစစ်စစ် ယိုစီးကျစေတတ်သည်''ဟု ဆိုသည်။ ရုပ်နာမ်တို့မှ ယိုစီးကျလာသော အပုပ်ရည်တို့တည်း။ ပကတိသော ထွတ်မြင်း အိုင်းအမာနာမှ အပုပ်ရည်များ ယိုစီးကျသကဲ့သို့ မှတ်ပါ။

၅။ သလ္လတော

[(က) ဖြစ်ခြင်း-ပျက်ခြင်းတို့ဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ဖြစ်စေတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း,

( ခ ) ဒုက္ခဝေဒနာ စသည်တို့သည် ကိုယ်အတွင်းသို့ ထိုးကျင့်စူးဝင်တတ်သကဲ့သို့ ဤသင်္ခါရတရားသည်လည်း အတ္တဘောတည်းဟူသော ခန္ဓာအိမ်အတွင်း၌ ကျရောက်လာသော် ဖြစ်ခြင်း-ပျက်ခြင်းဖြင့် ထိုးကျင့်စူးဝင်တတ်သောကြောင့်လည်းကောင်း,

( ဂ ) ထို ရုပ်နာမ် သင်္ခါရဒုက္ခဟူသော မြားငြောင့်ကို အရိယမဂ်တည်းဟူသော မွေးညှပ်နှင့် ကင်း၍ နုတ်ပယ်ခြင်းငှာ တတ်နိုင်ခဲသည်၏ အဖြစ်ကြောင့်လည်းကောင်း] –– သလ္လံ = စူးဝင်ညစ်ဆိုး မြားငြောင့်မျိုးသာတည်း။[၁၁၉၅]

၆။ အာဗာဓတော

[(၁) အသည်းအသန် မကျန်းမာသူ လူနာသည် ဣရိယာပုထ်လေးပါးလုံး၌ ကိုယ့်စွမ်းအားဖြင့် မတတ်နိုင်၊ သူတစ်ပါးတို့သည် လုပ်ကျွေးပြုစုခြင်း ထူပေးခြင်း လှည့်ပေးခြင်း စသည်ဖြင့် သူတစ်ပါးတို့နှင့် စပ်သော ကိုယ်၏ဖြစ်ခြင်း ရှိသကဲ့သို့ ခန္ဓာတို့သည်လည်း မိမိ၏ စွမ်းအားဖြင့် မဖြစ်နိုင်ကြဘဲ အကြောင်းတရားတည်းဟူသော သူတစ်ပါးနှင့် ဆက်စပ်ခြင်း ရှိသည်၏အဖြစ်ကို ဖြစ်စေတတ်သောကြောင့်လည်းကောင်း, (၂) အသည်းအသန် လွန်စွာ နှိပ်စက် တတ်သော အနာရောဂါဟူသမျှ၏ အကြောင်းဖြစ်သောကြောင့်လည်းကောင်း] –– အာဗာဓံ = နှိပ်စက်လွှမ်းမိုး အနာမျိုးသာတည်း။[၁၁၉၆]

၇။ ဥပဒ္ဒဝတော

[(၁) ဥထဲကြက်ငယ် ပေါက်ဝယ်ကျေးသို့ တွေးဆ၍သိခြင်းငှာ မတတ်အားသည်သာလျှင် ဖြစ်ကုန်သော ပြန့်ပြော ပေါများကုန်သော မင်းဘေး မင်းဒဏ် အိုဘေး နာဘေး သေဘေး အပါယ်ဘေး စသော အကျိုးမဲ့တို့ကို ရွက်ဆောင် တတ်သောကြောင့်လည်းကောင်း, (၂) အလုံးစုံကပ်၍ နှိပ်စက်တတ်သော ဥပဒ္ဒဝေါ၏ တည်ရာဝတ္ထု ယာခင်း ဖြစ်သည်၏ အဖြစ်ကြောင့်လည်းကောင်း] –– ဥပဒ္ဒဝံ = လွန်စွာကပ်ရပ် နှိပ်စက်တတ်သော ဥပါဒ်မျိုးသာတည်း။[၁၁၉၇]

၈။ ဘယတော

[(၁) ခန္ဓာတို့သည် မျက်မြင်လောက ပစ္စုပ္ပန်ဘဝ၌ ရောက်သောဘေး, တမလွန်လောက၌ ရောက်သောဘေးဟု ဆိုအပ်ကုန်သော အလုံးစုံသောဘေးတို့၏ တည်ရာ ဘေးတွင်းသဖွယ် ဖြစ်သောကြောင့်လည်းကောင်း, (၂) ဒုက္ခခပ်သိမ်း ငြိမ်းအေးချမ်းမြေ့ရာဟု ဆိုအပ်သော လွန်စွာ သက်သာရာ နိဗ္ဗာန်တရားတော်မြတ်၏ ဆန့်ကျင်ဘက် ဖြစ်သောကြောင့် လည်းကောင်း] –– ဘယံ = ချမ်းသာစသည်နှင့် မရော ပြန့်ပြောများပြား ကြီးမားသော ဘေးမျိုးသာတည်း။ ဝါ။ ကြောက်ဖွယ်ညစ်ဆိုး ဘေးရန်မျိုးသာတည်း။[၁၁၉၈]

၉။ ဤတိတော

(ခန္ဓာတို့သည် အထွေထွေ အပြားပြား များစွာသော ပျက်စီးခြင်းကို ဆောင်တတ်သောကြောင့်) –– ဤတိ = ထိတ်လန့်စဖွယ် အန္တရာယ်မျိုးသာတည်း။[၁၁၉၉]

၁၀။ ဥပသဂ္ဂတော

[(၁) ဗဟိဒ္ဓ၌ ဆွေမျိုးပျက်စီးခြင်း စသည်, အဇ္ဈတ္တ၌ အနာရောဂါ စသည် အပြားရှိကုန်သော များစွာသော အကျိုးမဲ့တို့သည် အစဉ်တစိုက်လိုက်၍ ဖွဲ့စပ်အပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, (၂) အာရုံအားဖြင့်လည်းကောင်း သမ္ပယုတ်အားဖြင့်လည်ကောင်း ရာဂ အစရှိသော အပြစ်ဒေါသတို့နှင့် ကပ်ငြိယှက်တွယ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, (၃) ဘီလူး ဥပါ ယုတ်မာသော နတ်ဆိုးတို့သည် ဆောင်အပ် ဖြစ်စေအပ်သော ရောဂါဗျာဓိ အစရှိသော အကျိုးမဲ့ကဲ့သို့ သည်းခံနိုင်ခဲသည်၏ အဖြစ်ကြောင့်လည်းကောင်း] –
ဥပသဂ္ဂံ = တွယ်တာစွဲကပ် နှိပ်စက်တတ်သော ဥပါဒ်မျိုးသာတည်း။[၁၂၀၀]

၁၁။ အတာဏတော

[(၁) ခန္ဓာတို့ကား ဖြစ်ပြီးက ပျက်မြဲဓမ္မတာတည်း၊ ဖြစ်ပြီးက မပျက်အောင် စောင့်ရှောက်ခြင်းငှာ မစွမ်းနိုင်သည်၏ အဖြစ်ကြောင့်လည်းကောင်း, (၂) စောင့်ရှောက်စေလိုသော အာသာဆန္ဒဖြင့် ခန္ဓာတို့ကို ဆည်းကပ်ပါသော်လည်း မရအပ် မရနိုင်သော ဘေးကင်းခြင်း ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း = ဘေးကင်းမှုကို မရအပ်နိုင်သောကြောင့် လည်းကောင်း] –– အတာဏံ = စောင့်ရှောက်မဲ့လျှင်း ဘေး၏ အသင်းသာတည်း။[၁၂၀၁]

၁၂။ အလေဏတော

[(၁) ဆင်းရဲဒုက္ခမှ ကြောက်သည်ဖြစ်၍ ခိုမှီကပ်ရပ်လိုသော အာသာဆန္ဒဖြင့် ခန္ဓာတို့ကို ကပ်ရပ်မှီခိုခြင်းငှာ မထိုက်တန်သည်၏ အဖြစ်ကြောင့်လည်းကောင်း, (၂) ဆင်းရဲဒုက္ခမှ ကြောက်သည်ဖြစ်၍ ခိုမှီကပ်ရပ်လိုသော အာသာဆန္ဒဖြင့် ခန္ဓာကိုယ်ကို (= ခန္ဓာတို့ကို) ကပ်ရပ်မှီခိုကြကုန်သော သူတို့၏လည်း ဆင်းရဲဒုက္ခကို ပျောက်ကွယ် နစ်မြုပ် စေခြင်းဟူသော ပုန်းအောင်းရာကိစ္စကို မပြုတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း] –– အလေဏံ = ကွယ်ရာမဲ့လျှင်း ဘေး၏ အသင်းသာတည်း။[၁၂၀၂]

၁၃။ အသရဏတော

(ဇာတိ-ဇရာ-ဗျာဓိ-မရဏ စသော ဘေးဒုက္ခကို ကြောက်၍ မှီခိုကပ်ရပ်ကုန်သော သူတို့၏ ဇာတိ-ဇရာဗျာဓိ-မရဏ စသော ဘေးဒုက္ခကို ညှဉ်းဆဲဖျောက်ပယ်တတ်သောသဘော၏ မရှိခြင်းကြောင့်) –– အသရဏံ = ကိုးကွယ်ရာမဲ့လျှင်း ဘေး၏ အသင်းသာတည်း။[၁၂၀၃]

၁၄။ ဝဓကတော

(မိတ်ဆွေမျက်နှာကဲ့သို့ ပြုံးချိုသော မျက်နှာရှိသော ရန်သူကဲ့သို့ အကျွမ်းဝင်သောသူကို သတ်တတ်သောကြောင့်) ဝဓံ = ဝဓကံ = သမ္မုတိသစ္စာ လျော်စွာပညတ် ခေါ်ဝေါ်အပ်သည့် လူနတ်ဗြာဟ္မာ သတ္တဝါကို သုံးဖြာခဏ ဘင်သို့ ကျအောင် ကာလမရှည် သန္တာန်စည်၍ နာရီမလပ် အတွင်သတ်သည့် လူသတ်မျိုးရိုးသာတည်း။[၁၂၀၄]

''ဤ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တရားတို့သည် ချမ်းသာသုခ၏ အကြောင်းတည်း၊ ဆင်းရဲဒုက္ခ၏ အကြောင်းမဟုတ်'' - ဤသို့ ဖြစ်စေအပ်သော အကျွမ်းဝင်ခြင်းရှိသော ပုဂ္ဂိုလ်တို့ကို သတ်လေ့ရှိသည်၏ အဖြစ်ကြောင့် ခန္ဓာတို့သည် ဝိဿာသဃာတိ = အကျွမ်းဝင်သူကို သတ်လေ့ရှိသော လူသတ်သမားတို့ ဖြစ်ကြ၏၊ မှန်ပေသည် ခန္ဓာတို့၌ – ဧတံ မမ = ဤကား ငါ၏ ဥစ္စာတည်း – ဤသို့ စွဲယူသည့် စွမ်းအားကြောင့် သတ္တဝါတို့သည် ပျက်စီးခြင်းသို့ ရောက်ရှိကြရကုန်၏၊ ဒုက္ခသစ္စာ အမည်ရသော ခန္ဓာတို့သည် သမုဒယသစ္စာ အမည်ရသော တဏှာလောဘကြောင့် ဖြစ်သောကြောင့် တစ်နည်း ဒုက္ခသစ္စာ အမည်ရသော ခန္ဓာတို့သည် သမုဒယသစ္စာ အမည်ရသော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကြောင့် ဖြစ်သောကြောင့် ဟူလို။ တစ်နည်း –– ထိုအကျွမ်းဝင်သူကို သတ်တတ်သောသဘော ရှိသောကြောင့် ခန္ဓာတို့သည် အကျွမ်းဝင်သူကို သတ်တတ်ကုန်၏၊ ထိုကြောင့် ဝိဿာသဃာတိမည်၏ ဟူလိုသည်၊၊[၁၂၀၅]

၁၅။ အဃမူလတော

(ခန္ဓာရှိခြင်းကြောင့်သာ ခန္ဓာတို့ကို အမှီပြု၍ အစွဲပြု၍ အဝိဇ္ဇာ တဏှာ ဥပါဒါန်ဟူသည့် မကောင်းမှု အကုသိုလ် များထိုထိုတို့ ဖြစ်ပေါ်လာကြရကား ယင်းအဝိဇ္ဇာ တဏှာ ဥပါဒါန်ဟူသည့် မကောင်းမှု အကုသိုလ် များထိုထိုတို့ကို အမှီပြုကာ ထူထောင်ထားသည့် သင်္ခါရ-ကံတို့ကြောင့်လည်း ခန္ဓာတို့သည် တစ်ဖန် ဖြစ်လာကြရကား ယင်းခန္ဓာတို့သည် ကြမ်းကြုတ်ရုန့်ရင်းသော မကောင်းမှု အကုသိုလ် များထိုထိုတို့၏ အကြောင်းရင်း၏အဖြစ်ကြောင့်) - အဃမူလံ = ကျိုးမဲ့ခပင်း ဆင်းရဲခြင်း၏ အရင်းအမြစ်သာတည်း။[၁၂၀၆]

၁၆။ အာဒီနဝတော

[(၁) ခန္ဓာငါးပါးတို့၏ အနိစ္စ စသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသည် ဘဝပဝတ္တိ = ဘဝဖြစ်ခြင်း မည်၏၊ ထိုသို့ အနိစ္စ စသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသည်ပင် ခန္ဓာတို့၏အပြစ် အာဒီနဝလည်း မည်၏၊ ''ရဟန်းတို့... ဥပါဒါနက္ခန္ဓာငါးပါးတို့သည် အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မတို့ ဖြစ်ကြ၏၊ ရဟန်းတို့ ... ယင်း အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မ သဘောတရားသည်ပင် ဥပါဒါနက္ခန္ဓာငါးပါးတို့၌ အပြစ်အာဒီနဝတည်း'' – ဤသို့ ဘုရားရှင်သည် ဟောကြား ထားတော်မူသောကြောင့် ဖြစ်၏၊ ထိုကြောင့် ခန္ဓာငါးပါးတို့၏ အနိစ္စ စသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းဟူသော ဘဝပဝတ္တိဝဋ်ဒုက္ခ၏ အဖြစ်ကြောင့်လည်းကောင်း, (၂) ခန္ဓာငါးပါး ဒုက္ခသစ္စာတရား၏ အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မ ဟူသော အပြစ်ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း] –– အာဒီနဝံ = ဆိုးဝါးညစ်ကျု အပြစ်စုသာတည်း။

[တစ်နည်းသော်ကား – အလွန် အထီးကျန်သည်ဖြစ်၍ ဆင်းရဲရိရှား ပင်ပန်းလှစွာ ဖြစ်တတ်သောကြောင့် အထီးကျန် သူဆင်းရဲသည် အာဒီနဝ မည်ပေသည်။ ခန္ဓာငါးပါးတို့သည်လည်း အာဒီနဝအမည်ရသော ခိုကိုးရာမဲ့ အထီးကျန် သူဆင်းရဲနှင့် တူသောကြောင့်] –– အာဒီနဝံ = ခိုကိုးရာမဲ့ အထီးကျန် သူဆင်းရဲသာတည်း။ (ဥပါဒ်ပြီးနောက် ဘင်ကာလသို့ ရောက်က မပျက်ရန် ခိုကိုးရာမရှိ ဟူလိုသည်။)[၁၂၀၇]

၁၇။ သာသဝတော

(ရုပ်နာမ်တို့၏ အကြောင်းရင်းဖြစ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် ဟူသော ကိလေသဝဋ်တရားတို့ကား အာသဝေါတရားတို့ပင်တည်း။ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့က အာရ မ္မဏပစ္စယသတ္တိ စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးသည့်အတွက် ယင်းအာသဝေါတရားတို့သည် ဖြစ်ပေါ်လာကြရကုန်၏၊ ဤသို့လျှင် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် အာသဝေါတရားတို့၏ အနီးကပ်ဆုံးသော အကြောင်း ပဒဋ္ဌာန် ဖြစ်သောကြောင့်) –– သာသဝံ = အာသဝေါတရား လေးပါးတို့၏ အစီးအပွားသာတည်း။[၁၂၀၈]

၁၈။ မာရာမိသတော

[ဒေဝပုတ္တမာရ် ကိလေသမာရ် ခန္ဓမာရ် မစ္စုမာရ် အဘိသင်္ခါရမာရ်ဟု မာရ်ငါးပါး ရှိ၏၊ ထိုတွင် ကိလေသမာရ်နှင့် မစ္စုမာရ်နှစ်ပါးကို အဋ္ဌကထာက တိုက်ရိုက်ယူ၍ ဖွင့်ဆိုထားတော်မူ၏၊ မဟာဋီကာဆရာတော်က မာရ်ငါးပါးလုံးပင် ထိုက်သလို ရသင့်ကြောင်းကို ရှင်းလင်းဖွင့်ဆိုထား၏၊

ခန္ဓာတို့သည် သေခြင်း မရဏဟူသော မစ္စုမာရ်၏ တည်ရာလည်း ဖြစ်ကြ၏ (ခန္ဓာမရှိက မသေနိုင် ဟူပေ)။ အဝိဇ္ဇာ တဏှာ ဥပါဒါန် ဟူသော ကိလေသာမာရ်စစ်သည်တို့၏ စွဲမှီ၍ ဖြစ်ရာအကြောင်းတရား, ကြီးပွားတိုးတက်ရန် အကြောင်းတရားလည်း ဖြစ်ကြ၏၊ ခန္ဓာတို့သည်ပင် ခန္ဓာတို့၏ အကြောင်းတရား၏အဖြစ်ဖြင့် ခန္ဓာတို့ကို ကြီးပွား တိုးတက်စေတတ်သောကြောင့် ခန္ဓာတို့သည်ပင် ခန္ဓာတို့၏ စားဖတ် ဝါးဖတ် အာမိသလည်းဖြစ်ကုန်၏၊ ထိုကြောင့် ခန္ဓာတို့သည်ပင် ခန္ဓာတို့၏ စွဲမှီ၍ဖြစ်ရာ အကြောင်းတရား ကြီးပွားတိုးတက်ရန် အကြောင်းတရားလည်း ဖြစ်ကြ၏၊ ဘဝသစ်ကို ပြုပြင်စီရင်တတ်ကုန်သော ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရဟူသော အဘိသင်္ခါရမာရ်တို့ကား ထို ခန္ဓာတို့၌ပင် အတွင်းဝင်ကုန်၏၊ အဘိသင်္ခါရတရားတို့ကြောင့် ခန္ဓာတို့ ဖြစ်လာကြရ၏၊ ခန္ဓာတို့ကို အစွဲပြု၍လည်း အဘိသင်္ခါရတရားတို့ ဖြစ်ကြရ၏၊ အဘိသင်္ခါရတရားတို့ဟူသည်မှာလည်း ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရ အမည် ရသည့် နာမ်ခန္ဓာတို့သာတည်း။ ဒေဝပုတ္တမာရ်၏မူကား – ''ဧတံ မမ = မမေတံ = ဤတရားအပေါင်းသည် ငါ၏ဥစ္စာတည်း'' – ဤသို့ မှတ်ထင်သော အဓိမာန၏ အစွမ်းဖြင့် အာမိသ၏အဖြစ်ကို သိရှိပါလေ။ ထိုကြောင့် ခန္ဓမာရ် စသည်တို့၏လည်း ဤခန္ဓာငါးပါးတို့၏ ထိုက်သည့်အားလျော်စွာ အာမိသ၏အဖြစ်ကို ဆိုသင့်ဆိုထိုက်၏၊ ထိုကြောင့် ခန္ဓာငါးပါးတို့သည် – ဒေဝပုတ္တမာရ် ကိလေသမာရ် ခန္ဓမာရ် မစ္စုမာရ် အဘိသင်္ခါရမာရ်တည်းဟူသော မာရ်ငါးပါးတို့၏ စားဖတ် ဝါးဖတ် သုံးသပ်နင်းနယ်ရာ ဖြစ်ခြင်းကြောင့်] – မာရာမိသံ = ကိလေသမာရ် မစ္စုမာရ်တို့၏ ။ ဝါ။ မာရ်ငါးပါးတို့၏ စားဖတ်ဝါးဖတ် သုံးသပ်နင်းနယ်ရာသာတည်း။[၁၂၀၉]

၁၉။ ဇာတိဓမ္မတော, ၂၀။ ဇရာဓမ္မတော, ၂၁။ ဗျာဓိဓမ္မတော

[ဇာတိသဘော = ဥပါဒ်သဘော, ဇရာသဘော = ဌီသဘော, ဗျာဓိသဘော, (မရဏသဘော = ဘင်သဘော)]

ရှိသည်၏ အဖြစ်ကြောင့်] –

၁၉။ ဇာတိ = ဖြစ်ချင်တိုင်း ဖြစ်တတ်သောသဘော ရှိ၏၊
၂၀။ ဇရံ = ဆုတ်ယုတ်လျော့ပါးခြင်းသဘော ရှိ၏၊
၂၁။ ဗျာဓိ = ဖျားနာခြင်းသဘော ရှိ၏၊[၁၂၁၀]
(မရဏဓမ္မတောကား အနိစ္စလက္ခဏာဆယ်ချက်၌ ပါပြီးဖြစ်သည်၊၊)

၂၂။ သောကဓမ္မတော, ၂၃။ ပရိဒေဝဓမ္မတော, ၂၄။ ဥပါယာသဓမ္မတော

(ခန္ဓာတို့သည် သောက-ပရိဒေဝ-ဥပါယာသတို့ ဖြစ်ပေါ်လာရန် အကြောင်းတရားများ ဖြစ်သောကြောင့်)
၂၂။ သောကံ = စိုးရိမ်ပူပန်ခြင်းသဘော ရှိ၏၊
၂၃။ ပရိဒေဝံ = ငိုကြွေးမြည်တမ်းရခြင်းသဘော ရှိ၏၊
၂၄။ ဥပါယာသံ = သက်ကြီးရှိုက်ငင် ပြင်းစွာ ပူပန်ရခြင်းသဘော ရှိ၏၊[၁၂၁၁]

၂၅။ သံကိလေသိကဓမ္မတော

(ခန္ဓာတို့သည် တဏှာသံကိလေသ ဒိဋ္ဌိသံကိလေသ ဒုစ္စရိတသံကိလေသဟူသော သံကိလေသတရားသုံးပါးနှင့် တကွ စိတ်အစဉ်ကို သို့မဟုတ် ကိန်းဝပ်ရာသတ္တဝါကို ညစ်နွမ်းစေတတ်သော ကိလေသတရားဆိုးတို့၏ အာရုံဓမ္မ ဖြစ်သောကြောင့်) - သံကိလေသိကဓမ္မံ = သံကိလေသသဘာဝကံ = တဏှာ ဒိဋ္ဌိ ဒုစ္စရိတတည်းဟူသော ညစ်နွမ်းခြင်း သုံးပါးကို။ ဝါ။ ကိလေသာ ဆယ်ပါးတည်းဟူသော ညစ်နွမ်းခြင်းကို ပွားစီးစေတတ်သောသဘော ရှိ၏၊[၁၂၁၂]

ဤသဘောတရားတို့ကို ကျေပွန်စွာ လေ့လာပါ။ ထိုနောင် ခန္ဓာငါးပါးနည်းဖြင့် ရုပ်နာမ်တို့ကို ငါးပုံ ပုံ၍ တစ်ပါး တစ်ပါး၌ - သက်ဆိုင်ရာ သဘောအဓိပ္ပါယ်ကို မြင်အောင် ကြည့်၍ – ဒုက္ခ ဒုက္ခ, ရောဂ ရောဂ – ဤသို့ စသည်ဖြင့် ရှုပါ။

အနတ္တလက္ခဏာ (၅) ချက်

အနတ္တာ စ ပရံ ရိတ္တံ၊ တုစ္ဆံ သုညန္တိ တာလီသံ။
ဝေဒနာဒယော ခန္ဓာပိ၊ တထေဝ ပဉ္စကာပိဝါ။

၁။ အနတ္တတော

[(၁) ခန္ဓာအိမ်ကို ပိုင်ဆိုင်သော သာမိအတ္တ,
(၂) ခန္ဓာအိမ်အသစ်လဲသော်လည်း ပြောင်းလဲခြင်း မရှိ၊ ဘဝတိုင်း အမြဲ လိုက်ပါ၍ နေထိုင်သော နိဝါသိအတ္တ,
(၃) ပြုလုပ်ဖွယ်ရာ လုပ်ငန်းကိစ္စရပ် ဟူသမျှကို ပြုလုပ်တတ်သော ကာရကအတ္တ,
(၄) အာရုံကို ခံစားတတ်သော ဝေဒကအတ္တ,
(၅) ကိစ္စအဝဝ လုပ်ငန်းရပ် ဟူသမျှကို စီရင်ဆုံးဖြတ်တတ်သော အဓိဋ္ဌာယကအတ္တ –
မိမိ ခန္ဓာငါးပါးကိုယ်တိုင်ကလည်း သာမိ နိဝါသိ ကာရက ဝေဒက အဓိဋ္ဌာယက စသော သဘော မရှိခြင်းကြောင့်] အနတ္တာ = (သာမိ နိဝါသိ ကာရက ဝေဒက အဓိဋ္ဌာယက) အတ္တ မဟုတ်။[၁၂၁၃]

၂။ သုညတော

(ခန္ဓာတိုင်းသည် သာမိအတ္တ နိဝါသိအတ္တ ကာရကအတ္တ ဝေဒကအတ္တ အဓိဋ္ဌာယကအတ္တမှ ဆိတ်သုဉ်း သောကြောင့်) - သုညံ = သာမိ နိဝါသိ ကာရကဝေဒက အဓိဋ္ဌာယက အတ္တမှ ဆိတ်သုဉ်း၏၊[၁၂၁၃] ၃။ ပရတော

ခန္ဓာတို့သည် ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားပိုင်း၌ ရေးသားတင်ပြခဲ့သည့်အတိုင်း အကြောင်းတရားနှင့် လျော်စွာသာလျှင် ဖြစ်ပေါ်နေကြရ၏၊ မိမိကိုယ်ကို မိမိလျှင် ပြဓာန်းခြင်းရှိသော တစ်ဦးသော ယောက်ျားသည် သူတစ်ပါး၏ အလိုသို့ မလိုက်ပါရသကဲ့သို့ အလားတူပင် - မိမိတို့က ဒုက္ခဝေဒနာ စသည်တို့ကို မဖြစ်စေလိုခြင်း, သုခဝေဒနာ စသည်တို့သက်သက်သာ ဖြစ်စေလိုခြင်း, တင့်တင့်တယ်တယ် လှလှပပ ဖြစ်စေလိုခြင်း ဤသို့ စသည်ဖြင့် အာသာဆန္ဒ ရှိပါသော်လည်း မိမိတို့ တောင့်တသည့် အလိုအတိုင်း ခန္ဓာတို့ကား မလိုက်ပါတတ်ကြပေ။ ထိုသို့ အလိုသို့ မလိုက်ပါတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, ''မအိုစေလင့်, မနာစေလင့်, မသေစေလင့်'' ဤသို့ စသည်ဖြင့် စီရင်ခြင်းငှာ မတတ်ကောင်းသည်၏ အဖြစ်ကြောင့်လည်းကောင်း) –
ပရံ = အကျွမ်းဝင်ခြင်း အမြဲကင်းသော သူစိမ်းပြင်ပသာတည်း။[၁၂၁၄]

၄။ ရိတ္တတော

[သာသနာပအယူအဆရှိသူ မိစ္ဆာဒိဋ္ဌိအယူဝါဒရှိသူတို့ကား ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် –– (၁) ဓုဝ = ခိုင်ခံ့ကုန်၏၊ (၂) သုဘ = တင့်တယ်ကုန်၏၊ (၃) သုခ = ချမ်းသာသုခ ဖြစ်ကုန်၏၊ (၄) အတ္တ = အတ္တ ဖြစ်ကုန်၏ဟု ကြံဆထားအပ်ကုန်၏၊ သို့သော် ယင်းခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ထိုမိစ္ဆာဒိဋ္ဌိ အယူဝါဒရှိသူတို့ ကြံဆအပ်သည့် ဓုဝ သုဘ သုခ အတ္တ သဘောတို့မှ အမြဲတမ်း ကင်းဆိတ်ကြကုန်၏၊ ထိုကြောင့်] ရိတ္တံ = ဓုဝ သုဘ သုခ အတ္တ ဟူသော အနှစ်သာရဟူသမျှနှင့် မြူ မျှမယှဉ် အစဉ် ဆိတ်ကင်းသော သဘောတရားသာတည်း။[၁၂၁၅]

၅။ တုစ္ဆတော

(ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ အတွင်း၌ ခိုင်မာသည့် ဓုဝ၊ တင့်တယ်သည့် သုဘ၊ ချမ်းသာသည့် သုခ၊ အနှစ်သာရဟူသည့် အတ္တသဘောတို့ မတည်ရှိကြပေ။ ထိုကြောင့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ဓုဝ သုဘ သုခ အတ္တသဘောတို့မှ ကင်းဆိတ်သောကြောင့် တုစ္ဆ = အချည်းနှီးသော တရားတို့သာတည်း။ တစ်နည်းအားဖြင့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ဓုဝ သုဘ သုခ အတ္တသဘောမှ ဆိတ်သုဉ်းကြသော်လည်း ပရမတ်သဘောအားဖြင့် တကယ် ထင်ရှား မရှိကြကုန်သည်ကား မဟုတ်၊ ရှိကြသည်သာတည်း။ ဥပါဒ်-ဌီ-ဘင်အနေအားဖြင့် ထင်ရှားရှိကြသည်သာတည်း။ ဥပါဒ်-ဌီ-ဘင်အနေအားဖြင့် ဖြစ်ပေါ်လာကြကုန်သော ပရမတ်တို့၏ သက်တမ်းကား အလွန့်အလွန် တိုတောင်းရကား ရုပ်နာမ်ပရမတ်တို့သည် အချိန်အနည်းငယ်ကလေးမျှသာ ဖြစ်ခွင့်ရကြ၏၊ အနည်းငယ်ကလေးမျှသာ ဖြစ်ခွင့် ရသောကြောင့်လည်း တုစ္ဆ = အချည်းနှီးသော တရားတို့သာတည်း။ မှန်ပေသည် –– လောက၌ အနည်းငယ်ကိုလည်း တုစ္ဆဟူ၍ ခေါ်ဝေါ်သုံးစွဲရိုး ရှိပေသည်။ ထိုကြောင့် ခန္ဓာငါးပါးရုပ်နာမ်တရားတို့သည်) –

တုစ္ဆံ = ဓုဝ သုဘ သုခ အတ္တ မမှီး အချည်းနှီးသာတည်း။ ဝါ။ တုစ္ဆံ = သေးငယ်ယုတ်ညံ့ အချည်းနှီးသော တရားသာတည်း။[၁၂၁၆]

အနိစ္စ-ဒုက္ခ-အနတ္တ ဖြစ်ရ ခြင်း၏ အကြောင်းရင်း

''ရဟန်းတို့...ရုပ်တရားသည် အနိစ္စတည်း၊ ရုပ်တရား၏ ဖြစ်ပေါ်လာရန် အကြင်တိုက်ရိုက်ဖြစ်စေတတ်သော ဟေတုအကြောင်းတရား = ဇနကအကြောင်းတရားသည်လည်း ရှိ၏၊ အကြင်အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရား = ဥပတ္ထမ္ဘကအကြောင်းတရားသည်လည်း ရှိ၏၊ ထိုအကြောင်းတရားသည်လည်း အနိစ္စသာတည်း။ ရဟန်းတို့ ... အနိစ္စ အကြောင်းတရားကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ရုပ်တရားသည် အဘယ်မှာလျှင် နိစ္စ ဖြစ်နိုင်လတ္တံ့နည်း။''[၁၂၁၇]...

ဤသို့ စသော သုတ္တန်များ၌ ဘုရားရှင် ဟောကြားထားတော်မူသည်နှင့် အညီ ခန္ဓာငါးပါးတို့ကို ဖြစ်စေတတ်သည့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစသည့် အကြောင်းတရားများကိုယ်တိုင်က အနိစ္စတရား ဒုက္ခတရား အနတ္တတရား များ ဖြစ်ကြသောကြောင့် အကျိုး ရုပ်နာမ်ခန္ဓာငါးပါးတို့သည်လည်း အနိစ္စတရား ဒုက္ခတရား အနတ္တတရားတို့သာ ဖြစ်ကြရပေသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် အကြောင်းတရားများကိုယ်တိုင်က အနိစ္စ ဒုက္ခ အနတ္တ ဖြစ်၍ အကျိုးတရား တို့သည်လည်း အနိစ္စ ဒုက္ခ အနတ္တတို့သာ ဖြစ်ကြရပုံကို ဉာဏ်ဖြင့်မြင်အောင် တစ်ဆင့်တက်၍ ရှုပွားရမည်သာ ဖြစ်ပေသည်။

(၂၀၀) အပြားရှိသော နယဝိပဿနာ

ဤသို့လျှင် - ရူပက္ခန္ဓာ၌ သို့မဟုတ် ခန္ဓာတစ်ပါးတစ်ပါး၌ ..

၁။ အနိစ္စာနုပဿနာ ၁၀ - ချက်
၂။ ဒုက္ခာနုပဿနာ ၂၅ - ချက်
၃။ အနတ္တာနုပဿနာ ၅ - ချက်
အားလုံးပေါင်းသော် ဘာဝနာ ၄၀ - ဖြစ်သည်။

ခန္ဓာတစ်ပါးတစ်ပါး၌ ဘာဝနာ (၄၀)စီ ဖြစ်ရကား ခန္ဓာငါးပါးလုံး၌ နယဝိပဿနာဟု ခေါ်ဆိုအပ်သော သမ္မသနဉာဏ်သည် (၂၀၀)အပြား ရှိပေသည်။

ယောဂီသူတော်ကောင်းသည် စက္ခုဒွါရဝီထိ စသည့် ထိုထို ဝီထိတို့၌ နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ဇယားများဖြင့် ဖော်ပြထားသည့်အတိုင်း အတန်းတိုင်း အတန်းတိုင်း၌ ခန္ဓာငါးပါးစီ တိုးလျှိုပေါက် အနိစ္စသက်သက် ရှေ့ဦးစွာ ရှုကြည့်ပါ၊

ရူပါရုံလိုင်း စသည့် (၆)လိုင်းလုံး၌ ရှုပါ။ အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓ တစ်လှည့် ရှုပါ။ ထိုနောင် တစ်စတစ်စ တိုး၍ တော (၄၀) ခေါ် ဘာဝနာ (၄၀) ပြည့်အောင် ရှုပါ။ အခေါက်ပေါင်း (၄၀) ရှုရမည် ဖြစ်သည်။ ခန္ဓာတစ်ပါးတစ်ပါး၌ အခေါက်ပေါင်း (၄၀) ဖြစ်သဖြင့် ခန္ဓာငါးပါးလုံး၌ အခေါက်ပေါင်း (၂၀၀) ဖြစ်သည်။

အလားတူပင် .. အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည်အထိ ခန္ဓာငါးပါးနည်းဖြင့် တိုးလျှိုပေါက် အနုပဿနာ (၄၀)လုံး အနုပဿနာ တစ်ခုပြီးတစ်ခု ရှုပါ။ အခေါက်ပေါင်း (၄၀ ဍ္ဍ ၅ = ၂၀၀)ပင် ဖြစ်သည်။ သို့သော် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုနိုင်လေ ကောင်းလေပင် ဖြစ်သည်။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ရှုပါ။

အကယ်၍ ယောဂီသူတော်ကောင်းသည် အလိုရှိခဲ့ပါမူ ရုပ်နာမ်နှစ်ပါးနည်းဖြင့်လည်း ယင်း တော (၄၀) ရှုကွက်ကို ရှုနိုင်ပါသည်။ စက္ခုဒွါရဝီထိ စသော ဝီထိ (၆)မျိုးလုံး၌ ရုပ်နာမ်နှစ်ပါးနည်းဖြင့် အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓ တစ်လှည့် ရှုပါ။ ထိုနောင် အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည်အထိ ရုပ်နာမ်နှစ်ပါးနည်းဖြင့်လည်း ရှုနိုင်သည်။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ရှုပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။

ပညာဘာဝနာ ပြည့်စုံနိုင်သည်

ဤသို့လျှင် ယောဂါဝစရပုဂ္ဂိုလ်သည် ခန္ဓာငါးပါးနည်းဖြင့်လည်းကောင်း, စွမ်းနိုင်ပါက အာယတန (၁၂)ပါးနည်း, ဓာတ် (၁၈)ပါးနည်းတို့ဖြင့်လည်းကောင်း, ရုပ်နာမ်နှစ်ပါးနည်းဖြင့်လည်းကောင်း –

၁။ ရံခါ ရုပ်သက်သက်ကိုလည်းကောင်း,
၂။ ရံခါ နာမ်သက်သက်ကိုလည်းကောင်း,
၃။ ရံခါ ရုပ်နှင့်နာမ် အတွဲလိုက် အစုံလိုက်ကိုလည်းကောင်း,

တစ်နည်း –
၁။ ရံခါ ရုပ်သက်သက်ကိုလည်းကောင်း,
၂။ ရံခါ ဝေဒနာသက်သက်ကိုလည်းကောင်း,
၃။ ရံခါ သညာသက်သက်ကိုလည်းကောင်း,
၄။ ရံခါ သင်္ခါရသက်သက်ကိုလည်းကောင်း,
၅။ ရံခါ ဝိညာဏ်သက်သက်ကိုလည်းကောင်း,
၆။ ရံခါ အဇ္ဈတ္တ၌လည်းကောင်း,
၇။ ရံခါ ဗဟိဒ္ဓ၌လည်းကောင်း,
၈။ ရံခါ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ၌လည်းကောင်း,
၉။ ရံခါ အနိစ္စလက္ခဏာယာဉ် တင်၍,
၁၀။ ရံခါ ဒုက္ခလက္ခဏာယာဉ် တင်၍,
၁၁။ ရံခါ အနတ္တလက္ခဏာယာဉ် တင်၍ –

တွင်တွင်ကြီး ဝိပဿနာရှုနိုင်ပါက, ယင်းသို့ ဝိပဿနာရှုပွားသုံးသပ်ခဲ့သော် (သမ္မသနဉာဏ်မှသည် သင်္ခါရုပေက္ခာ ဉာဏ်သို့ တိုင်အောင်) ဝိပဿနာဉာဏ်စဉ် အဆင့်ဆင့်အတိုင်း အစဉ်အတိုင်း ကျင့်ခဲ့သော် ပညာဘာဝနာသည် ပြီးစီးပြည့်စုံနိုင်၏ = အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏၊[၁၂၁၈] မပြည့်စုံခဲ့သော် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုဖို့ကား လိုအပ်နေမည်သာဖြစ်ပေသည်။ အကယ်၍ မပြည့်စုံနိုင်ပြန်ပါမူကား ရူပသတ္တကရှုနည်း အရူပသတ္တကရှုနည်း များသို့လည်း ပြောင်းရှုနိုင်ပေသည်။

ရူပသတ္တက ဝိပဿနာရှုနည်း

အာဒါနနိက္ခေပနတော၊ ဝယောဝုဍ္ဎတ္ထဂါမိတော။
အာဟာရတော စ ဥတုတော၊ ကမ္မတော စာပိ စိတ္တတော။
ဓမ္မတာရူပတော သတ္တ၊ ဝိတ္ထာရေန ဝိပဿတိ။[၁၂၁၉]

၁။ အာဒါနနိက္ခေပရုပ် ရှုနည်း – ပဋိသန္ဓေမှ စ၍ စုတိသို့တိုင်အောင်သော အချိန်ကာလအတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ။

၂။ ဝယောဝုဍ္ဎတ္ထင်္ဂမရုပ် ရှုနည်း = အရွယ်၏အစွမ်းဖြင့် ကြီးပွားလာသော ရုပ်တရား၏ အဆင့်ဆင့် ချုပ်ငြိမ်းမှုကို ရှုခြင်း – ယောဂီသူတော်ကောင်း၏ သက်တမ်းကို ယေဘုယျ သတ်မှတ်ချက်သို့လိုက်၍ အနှစ် (၁၀၀)ဟု သတ်မှတ်ပါ။ အတိုးအဆုတ် အနည်းငယ်ကား ရှိကောင်းသည်သာ ဖြစ်သည်။

၁။ အနှစ် ၁၀၀- ကို (၃၃-၃၄-၃၃)ဟု (၃)ပုံ ပုံ၍လည်းကောင်း, (၃၃-နှစ်စီ)
၂။ ။ (၁၀)ပုံ ။ (၁၀-နှစ်စီ)
၃။ ။ (၂၀)ပုံ ။ (၅-နှစ်စီ)
၄။ ။ (၂၅)ပုံ ။ (၄-နှစ်စီ)
၅။ ။ (၃၃)ပုံ ။ (၃-နှစ်စီ)
၆။ ။ (၅၀)ပုံ ။ (၂-နှစ်စီ)
၇။ ။ (၁၀၀)ပုံ ။ (၁-နှစ်စီ)
၈။ ။ (၃၀၀)ပုံ ။ (၁-ဥတုစီ)
၉။ ။ (၆၀၀)ပုံ ။ (၂-လစီ)
၁၀။ ။ (၂၄၀၀)ပုံ ။ (၁-ပက္ခ = ၁၅-ရက်စီ)

ထိုအပုံ အသီးအသီးအတွင်း၌ ဖြစ်ပေါ်နေသော ရုပ်တရားတို့ကို အသီးအသီး လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ တဖြည်းဖြည်း တစ်ပုံပြီး တစ်ပုံ ဝိပဿနာ ရှုလာပါ။ (၁)ပုံ၌ တည်ရှိသော ရုပ်တရားသည် နောက် (၁)ပုံသို့ ပြောင်းရွှေ့မသွားပုံကိုလည်း သဘောပေါက်အောင် ရှုပါ။ ထိုထိုအခိုက်၌ ပျက်ပျက်သွားပုံကို မြင်အောင် ရှုပါ။ ထိုနောင် တစ်ရက်အတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို –

၁။ နေ့နှင့် ည ခွဲ၍ နေ့တစ်ပုံ ညတစ်ပုံ (၂)ပုံ ပုံ၍လည်းကောင်း,
၂။ နေ့၌ နံနက် နေ့လယ် ညနေဟု (၃)ပုံ ပုံ၍လည်းကောင်း,

ညဉ့်၌ ပုရိမယာမ် မဇ္ဈိမယာမ် ပစ္ဆိမယာမ် (= ညဉ့်ဦးယာမ် သန်းခေါင်ယာမ် မိုးသောက်ယာမ်)ဟု (၃)ပုံ ပုံ၍လည်းကောင်း – [တစ်နေ့၌ (၆)ပုံ ပုံ၍ဟု ဆိုလိုသည်။]

ထိုအချိန်ကာလ အသီးအသီးအတွင်း၌ တည်ရှိသော ရုပ်တရားများကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပါ။ (အနှစ်-၁၀၀-ဖြင့် ပိုင်းခြားသတ်မှတ်ထားအပ်သော အချိန်ကာလအတွင်း၌ နေ့စဉ် နေ့စဉ် ရက်တိုင်း ရက်တိုင်း၌ ၆-ပုံ ပုံ၍ ရှုရန် ဖြစ်သည်။ တစ်ရက်မျှလောက်ကိုသာ ရှုရမည် မဟုတ်သည်ကို သတိပြုပါ) ထိုသို့ ဝိပဿနာ ရှုပြီးပါက ထိုတစ်နေ့တာ၏ အချိန်ပိုင်း (၆)ပိုင်းတို့တွင် တစ်ပိုင်းတစ်ပိုင်း အတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို ..

၁။ ရှေ့သို့တက်ရာ၌ ဖြစ်နေသော ရုပ်တရား,
၂။ နောက်သို့ဆုတ်ရာ၌ ဖြစ်နေသော ရုပ်တရား,
၃။ တည့်တည့်ကြည့်ခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရား,
၄။ စောင်းငဲ့ကြည့်ခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရား –

ဤ ရုပ်တရား အသီးအသီးကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပါ။ (အနှစ်- ၁၀၀ဖြင့် သတ်မှတ်ထားအပ်သော ရက်တိုင်း ရက်တိုင်း၌ ထိုသို့ ရှုရန်ဖြစ်သည်။)

ထိုနောင် တစ်နေ့တာ တစ်နေ့တာအတွင်း ရှေ့သို့တက်ခိုက် နောက်သို့ဆုတ်ခိုက် စသည့် ဣရိယာပထပိုင်းဆိုင်ရာ သမ္ပဇဉ်ပိုင်းဆိုင်ရာ ထိုထိုအခိုက်အတန့်တို့ဝယ် ..

၁။ မြေမှ ခြေကို ကြွချီမြှောက်သောအခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရား,
၂။ ကြွချီပြီး ခြေကို (ရပ်သော ခြေသို့တိုင်အောင်) ရှေ့သို့ဆောင်ယူခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရား, ၃။ ရပ်ထားသော ခြေကို ကျော်လွန်အောင် လှမ်းသောခြေကို ရှေ့သို့ဆောင်ယူခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရား,
တစ်နည်း –– ခလုတ် သစ်ငုတ် စသည်ကို ရှောင်လွှဲခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရား, ၄။ ရပ်ထားသော ခြေ၏ ရှေ့သို့ ကျော်လွန်၍ ယူဆောင်လာသော ခြေကို အောက်သို့ လွှတ်ချသောအခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရား,
၅။ ထိုခြေကို မြေကြီး၌ ချထားခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရား,
၆။ တစ်ဖန် ထိုခြေကို နောက်ထပ် ခြေတစ်လှမ်း လှမ်းရန်အတွက် ခြေမကြွခင် မြေကို ဖိနင်းလိုက်သောအခိုက်၌ ဖြစ်ပေါ်နေသော ရုပ်တရား –

ဤအထက်ပါ (ကြွ-ဆောင်-လွှဲ-လွှတ်-ချ-ဖိ)ဟူသော အခိုက်အတန့် (၆)မျိုးတွင် တစ်မျိုးတစ်မျိုး၌ ဖြစ်ပေါ် နေသော ရုပ်တရားတို့ကို အသီးအသီး ခွဲခြား၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပါ။ ('အရိပ်ပြလျှင် အကောင် ထင်၏'ဟူ၏သို့ တစ်နေ့တာအတွင်း ထိုထိုဣရိယာပထ ထိုထိုသမ္ပဇည အခိုက်အတန့် အတွင်း၌ တည်ရှိသော ရုပ်တရားတို့ကို လက္ခဏာယာဉ် တင်၍ ဝိပဿနာရှုရန် ဥပလက္ခဏနည်း နိဒဿနနည်းအားဖြင့် ညွှန်ကြားနေခြင်းဖြစ်သည်ဟု သဘောပေါက်ပါ။) အနှစ် (၁၀၀)ဖြင့် ပိုင်းခြားသတ်မှတ်ထားအပ်သော အချိန်ကာလ အတွင်းဝယ် နေ့စဉ် နေ့စဉ် ဖြစ်ဖြစ်သမျှ ကိုယ်လှုပ်ရှားမှုမှန်သမျှ၌ ရှုပါ။

၃။ အာဟာရမယရုပ် ရှုနည်း

၁။ အစာအာဟာရ ဆာလောင်သောအခါ၌ ဖြစ်သော (ကံ-စိတ်-ဥတု-အာဟာရ ဟူသော အကြောင်းတရား လေးပါးကြောင့် ဖြစ်သော) စတုသန္တတိရုပ်,
၂။ အစာစားပြီး၍ အစာဝသောအခါ၌ ဖြစ်သော စတုသန္တတိရုပ် –
တစ်နေ့ တစ်နေ့တာအတွင်းဝယ် ထိုအချိန်အခါ နှစ်မျိုး၌ဖြစ်သော စတုသန္တတိရုပ်တရားတို့ကို လက္ခဏာယာဉ် အသီးအသီး တင်၍ ဝိပဿနာ ရှုပါ။

၄။ ဥတုမယရုပ် ရှုနည်း

တစ်နေ့ တစ်နေ့တာအတွင်းဝယ် ..
၁။ ပူသောအခါ၌ ဖြစ်သော စတုသန္တတိရုပ်တရား,
၂။ အေးသောအခါ၌ ဖြစ်သော စတုသန္တတိရုပ်တရား –
ဤရုပ်တရားတို့ကို လက္ခဏာယာဉ် အသီးအသီး တင်၍ ဝိပဿနာ ရှုပါ။

၅။ ကမ္မဇရုပ် ရှုနည်း

တစ်နေ့ တစ်နေ့တာအတွင်းဝယ် ..
၁။ စက္ခုဒွါရ = မျက်စိ၌ ဖြစ်ပေါ်နေသော (၆၃)မျိုးသော ရုပ်တရား,
၂။ သောတဒွါရ = နား၌ ဖြစ်ပေါ်နေသော (၆၃)မျိုးသော ရုပ်တရား,
၃။ ဃာနဒွါရ = နှာ၌ ဖြစ်ပေါ်နေသော (၆၃)မျိုးသော ရုပ်တရား,
၄။ ဇိဝှါဒွါရ = လျှာ၌ ဖြစ်ပေါ်နေသော (၆၃)မျိုးသော ရုပ်တရား,
၅။ ကာယဒွါရ = ကိုယ်၌ ဖြစ်ပေါ်နေသော (၅၃)မျိုးသော ရုပ်တရား,
၆။ မနောဒွါရ = နှလုံး၌ ဖြစ်ပေါ်နေသော (၆၃)မျိုးသော ရုပ်တရား –

ဤရုပ်တရားတို့ကို ထိုရုပ်တရားတို့၏ ဒွါရတစ်ခုမှ ဒွါရတစ်ခုသို့ မပြောင်းရွှေ့ဘဲ ထိုထိုဒွါရ၌ပင် ဖြစ်ပျက်မှု ချုပ်ပျက်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်လျက် လက္ခဏာယာဉ်တင်ကာ ဝိပဿနာ ရှုပါ။ နေ့စဉ် နေ့စဉ် ထိုထိုဒွါရ၌တည်ရှိသော ရုပ်တရားတို့ကို ဝိပဿနာရှုရန် ဖြစ်သည်။

၆။ စိတ္တသမုဋ္ဌာန်ရုပ် ရှုနည်း

တစ်နေ့ တစ်နေ့တာအတွင်းဝယ် ..

၁။ သောမနဿိတ = ဝမ်းမြောက်မှုဖြစ်ခိုက်၌ ဖြစ်ပေါ်နေသော စတုသန္တတိရုပ်တရားများ, ၂။ ဒေါမနဿိတ = စိတ်မချမ်းသာမှု ဝမ်းနည်းမှုဖြစ်ခိုက်၌ ဖြစ်ပေါ်နေသော စတုသန္တတိရုပ်တရားများ –

ထို နေ့စဉ် နေ့စဉ် ဖြစ်ပေါ်နေသော စတုသန္တတိ ရုပ်တရားအားလုံးတို့ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာရှုပါ။

၇။ ဓမ္မတာရုပ် ရှုနည်း 

အနိန္ဒြိယဗဒ္ဓ = ဇီဝိတိန္ဒြေ စသော ကမ္မဇရုပ်ဟူသော ဣန္ဒြေတို့နှင့် ဆက်စပ်မှု မရှိသော –– သံ-ကြေး-သလွဲခဲ-ရွှေ-ငွေ-ပုလဲ-ပတ္တမြား-ကြောင်မျက်ရွဲ-ခရုသင်း-ကျောက်သလင်း-သန္တာ-ဥဿဖရား-ပတ္တမြားပြောက်-သစ်ပင်-ရေမြေ-တော-တောင် စသည့် သက်မဲ့လောက၌ တည်ရှိသော ဥတုဇဩဇဋ္ဌမကရုပ် သဒ္ဒနဝကကလာပ်ရုပ်တရားတို့ကို ရှုရမည် ဖြစ်သည်။ ယောဂီသူတော်ကောင်းသည် ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ဉာဏ်အရောင်အလင်းဖြင့် ယင်း ရွှေ-ငွေ-ပတ္တမြား-သစ်ပင်-ရေ-မြေ-တော-တောင် စသည့် ထိုထို သက်မဲ့အရာဝတ္ထုတို့၌ တည်ရှိသော ဓာတ်ကြီး လေးပါးကို လှမ်း၍ သိမ်းဆည်းပါ။ ရုပ်ကလာပ်အမှုန်များကို ဉာဏ်ဖြင့် တွေ့မြင်သောအခါ ယင်းရုပ်ကလာပ်တို့၌ တည်ရှိသော (၈)မျိုး (၉)မျိုးသော ပရမတ်ရုပ်တရားတို့ကို သိမ်းဆည်းကာ ယင်းပရမတ်ရုပ်တရားတို့ကို လက္ခဏာယာဉ် သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာ ရှုပါ။[၁၂၂၀]

အရူပသတ္တက ရှုနည်း

အရူပသတ္တက၏ အစွမ်းဖြင့် ဝိပဿနာရှုနည်း၌ ..
၁။ ကလာပအားဖြင့် ရှုနည်း,
၂။ ယမကအားဖြင့် ရှုနည်း,
၃။ ခဏိကအားဖြင့် ရှုနည်း,
၄။ ပဋိပါဋိအားဖြင့် ရှုနည်း,
၅။ ဒိဋ္ဌိဥဂ္ဃါဋနအားဖြင့် ရှုနည်း,
၆။ မာနသမုဂ္ဃါဋနအားဖြင့် ရှုနည်း,
၇။ နိကန္တိပရိယာဒါနအားဖြင့် ရှုနည်းဟု – (၇)နည်း လာရှိ၏၊

၁။ ကလာပအားဖြင့် ရှုနည်း = ပေါင်းစုခြုံငုံ၍ ရှုနည်း

အောက် (= ရှေ့ပိုင်း) ရူပသတ္တကရှုနည်းဝယ် (၇)ဌာနတို့၌ တည်ရှိသော ရုပ်တရားကို အနိစ္စဟု (ဒုက္ခဟုအနတ္တဟု) လက္ခဏာယာဉ် တစ်လှည့်စီ တင်၍ ဝိပဿနာရှုနေသောစိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် အနိစ္စဟု (ဒုက္ခဟု-အနတ္တဟု) လက္ခဏာယာဉ် တစ်လှည့်စီ တင်၍ တစ်ဖန်ပြန်၍ ဝိပဿနာ ရှု၏၊ ဤဝိပဿနာရှုပွားနည်းကို ကလာပအားဖြင့် ရှုနည်းဟု ခေါ်ဆို၏၊

အာဒါနနိက္ခေပရုပ်စသော ရူပသတ္တကနည်းဝယ် ဖော်ပြခဲ့သော (၇)ဌာနတို့၌ တည်ရှိသော ရုပ်တရားကို (၇)ဌာန မခွဲခြားတော့ဘဲ တပေါင်း တစည်းတည်းပြု၍ ယင်းပေါင်းစုခြုံငုံထားသော ရုပ်တရားကို အနိစ္စဟု ရှု၏၊ ယင်းအနိစ္စဟု ရှုနေသော ဝိပဿနာစိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် တစ်ဖန်ပြန်၍ အနိစ္စဟု ရှု၏၊။ ယင်းအနိစ္စဟု ရှုနေသော ဝိပဿနာစိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် တစ်ဖန်ပြန်၍ ဒုက္ခဟု ရှု၏၊။ ယင်းအနိစ္စဟု ရှုနေသော ဝိပဿနာစိတ်ကို တစ်ဖန်ပြန်၍ နောက်ဝိပဿနာစိတ်ဖြင့် အနတ္တဟု တစ်ဖန်ပြန်၍ ဝိပဿနာ ရှု၏၊

တစ်ဖန် ယင်း (၇)ဌာနဝယ် တည်ရှိသော ရုပ်တရားတို့ကို ဒုက္ခဟု ဝိပဿနာ ရှု၏၊ ဒုက္ခဟု ရှုနေသော ယင်း ဝိပဿနာစိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် တစ်ဖန်ပြန်၍ အနိစ္စဟု ဝိပဿနာ ရှု၏၊။ ဒုက္ခဟု ဝိပဿနာ ရှု၏ ။။ အနတ္တဟု ဝိပဿနာ ရှု၏၊

တစ်ဖန် ယင်း (၇)ဌာနတို့၌ တည်ရှိသော ရုပ်တရားတို့ကို အနတ္တဟု ဝိပဿနာ ရှု၏၊။ အနတ္တဟု ရှုနေသော ဝိပဿနာစိတ်ကို နောက်ဝိပဿနာစိတ်ဖြင့် တစ်ဖန်ပြန်၍ အနိစ္စဟု ဝိပဿနာရှု၏၊။ ဒုက္ခဟု ဝိပဿနာရှု၏၊။ အနတ္တဟု ဝိပဿနာရှု၏၊ ဤသို့ ရှုနည်းကို ကလာပအားဖြင့် ရှုနည်းဟု ခေါ်ဆိုပေသည်။ (၇)ဌာနရုပ်တရားတို့ကို ပေါင်းစုံခြုံငုံ၍ ဝိပဿနာရှုနည်းတည်း။

ရှေးဝိပဿနာစိတ် နောက်ဝိပဿနာစိတ်

ဝိပဿနာရှုသော စိတ်ဟူသည် (ပုထုဇန်နှင့် သေက္ခများအတွက်) မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များသာ ဖြစ်ကြောင်းကို ဉာဏဝိဘင်းအဋ္ဌကထာ[၁၂၂၁]၌ လာရှိ၏၊ ယင်း ဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဉ်များမှာ အောက်ပါအတိုင်း ဖြစ်ကြ၏ ..။

ဝိပဿနာ မနောဒွါရိကဇောဝီထိ

ယှဉ်ဖက်သမ္ပယုတ်စေတသိက်တို့နှင့် တကွသော ယင်းမနောဒွါရိကဇောဝီထိစိတ်အစဉ် တစ်ခုလုံးကိုပင် –

၁။ အနိစ္စဟု ရှုသောစိတ်, ဒုက္ခဟု ရှုသောစိတ်, အနတ္တဟု ရှုသောစိတ် စသည်ဖြင့်လည်းကောင်း,
၂။ ပထမစိတ် ဒုတိယစိတ် စသည်ဖြင့်လည်းကောင်း,
၃။ ရှေ့စိတ် နောက်စိတ်ဟုလည်းကောင်း –

ဧကတ္တနည်းအားဖြင့် ခေါ်ဝေါ်သုံးစွဲထားသည်ဟု မှတ်သားပါ။ အကြောင်းကား ပထမ ဝိပဿနာမနောဒွါရိက စိတ်အစဉ်၏ အာရုံမှာ (၇) ဌာန၌ တည်ရှိသော ရုပ်တရားအာရုံဖြစ်၏၊ ဒုတိယ ဝိပဿနာမနောဒွါရိကဇောဝီထိ၏ အာရုံမှာ ပထမ ဝိပဿနာမနောဒွါရိကဇောဝီထိစိတ်အစဉ် ဖြစ်၏ = နာမ်တရား ဖြစ်၏၊ တစ်ခုတည်းသော အာဝဇ္ဇန်း ရှိသော ဇောဝီထိစိတ်အစဉ်အတွင်း၌ တည်ရှိသော တစ်ခုသော စိတ်က ရုပ်တရားကို, တစ်ခုသော စိတ်က နာမ်တရားကို အာရုံပြုဖို့ရန် အလွန်ခက်ခဲလှသော အဆင့်ပင် ဖြစ်၏၊ ထိုကြောင့် ရုပ်ကို အာရုံပြုသော ဝီထိက တစ်ဝီထိ, နာမ်ကို အာရုံပြုသော ဝီထိက တစ်ဝီထိဟု မှတ်သားပါ။ ယင်းဝီထိစိတ်အစဉ်တစ်ခုလုံးကိုပင် ဧကတ္တနည်းအားဖြင့် ရှေ့စိတ် နောက်စိတ် စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲထားသည်ဟု မှတ်သားပါလေ။ တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏၊ တဒါရုံကျခဲ့သော် အဟိတ်တဒါရုံ သို့မဟုတ် သဟိတ်တဒါရုံ ထိုက်သလို ကျနိုင်၏၊ အနိဋ္ဌာရုံ ဖြစ်ခဲ့သော် အကုသလဝိပါက်တဒါရုံ, ဣဋ္ဌာရုံ ဖြစ်ခဲ့သော် ကုသလဝိပါက်တဒါရုံ ထိုက်သလို ကျနိုင်၏၊

၂။ ယမက = အစုံအားဖြင့် ရှုနည်း

အာဒါနနိက္ခေပရုပ်ကို အနိစ္စဟု ရှု၍ ထိုရှုသောစိတ်ကို နောက်စိတ်ဖြင့် အနိစ္စဟုလည်းကောင်း, ဒုက္ခဟု လည်းကောင်း, အနတ္တဟုလည်းကောင်း အသီးအသီးရှု၏၊ (ဒုက္ခဟုရှုရာ, အနတ္တဟုရှုရာတို့၌လည်း နည်းတူမှတ်ပါ၊၊)

ဝယောဝုဍ္ဎတ္ထင်္ဂမရုပ်, အာဟာရမယရုပ်, ဥတုမယရုပ်, ကမ္မဇရုပ်, စိတ္တသမုဋ္ဌာန်ရုပ်, ဓမ္မတာရုပ်တို့၌လည်း နည်းတူမှတ်ပါ။ ကလာပရှုနည်း၌ (၇)ဌာန၌ တည်ရှိသော ရုပ်တရားတို့ကို (၁)ဌာနစီ မခွဲဘဲ ခြုံ၍ရှု၏၊ ဤယမက ရှုနည်း၌ကား (၁)ဌာနစီ ခွဲ၍ ရှု၏၊ ဤသို့သာ ထူးသည်။ သို့သော် ဌာန (၁)ခုစီ ခွဲ၍ ရှုသည်ဆိုသော်လည်း ဌာနတစ်ခု တစ်ခု၌ ခပ်စိပ်စိပ် ရှုဖို့ လိုအပ်ပေသည်။ အထူးသဖြင့် ဝယောဝုဍ္ဎတ္ထင်္ဂမရုပ်၌ ရူပသတ္တက၌ ရှုခဲ့သည့်အတိုင်း .. ပထမအရွယ်ရုပ်ကို ရှုလိုက်, ရှုသည့်ဉာဏ် = ရှုသည့်စိတ်ကို (= ရှုနေသည့် ဝိပဿနာဇောဝီထိစိတ်အစဉ် နာမ်တရားစုကို) တစ်ဖန် ရှုလိုက်, ဒုတိယအရွယ်ရုပ်ကို ရှုလိုက်, ရှုသည့်ဉာဏ် = ရှုသည့်စိတ်ကို (= ရှုနေသည့် ဝိပဿနာဇောဝီထိစိတ် အစဉ် နာမ်တရားစုကို) တစ်ဖန် ရှုလိုက် - ဤသို့ စသည်ဖြင့် အရွယ်အဆင့်ဆင့် ပိုင်းခြားထားသည့်အတိုင်း - ရုပ်ကို ရှုလိုက်, ရှုသည့် ဝိပဿနာစိတ်ကို (= ရှုနေသည့် ဝိပဿနာဇောဝီထိစိတ်အစဉ် နာမ်တရားစုကို) ရှုလိုက်ဖြင့် ခပ်စိပ်စိပ် ရှုပေးပါ။ အခြားသော ရုပ်တရားတို့၌လည်း နည်းတူသဘောပေါက်ပါ။

၃။ ခဏိကအားဖြင့် ရှုနည်း

အာဒါနနိက္ခေပရုပ်ကို အနိစ္စဟု ရှု၍ –
၁။ ထိုရှုသော ပထမစိတ်ကို (= ပထမ ဝိပဿနာမနောဒွါရိကဇောဝီထိကို) ဒုတိယစိတ်ဖြင့် (= ဒုတိယ ဝိပဿနာ မနောဒွါရိကဇောဝီထိစိတ်ဖြင့်),
၂။ ဒုတိယစိတ်ကို တတိယစိတ်ဖြင့်,
၃။ တတိယစိတ်ကို စတုတ္ထစိတ်ဖြင့်,
၄။ စတုတ္ထစိတ်ကို ပဉ္စမစိတ်ဖြင့် အနိစ္စဟု ရှု၏၊ (ဒုက္ခဟု ရှု၏၊ အနတ္တဟု ရှု၏ – တစ်လှည့်စီ ရှု၏၊)

အာဒါနနိက္ခေပရုပ်ကို ဒုက္ခဟု ရှုရာ အနတ္တဟု ရှုရာတို့၌လည်း နည်းတူမှတ်ပါ။ အလားတူပင် – ဝယောဝုဍ္ဎတ္ထင်္ဂမ ရုပ်စသော ရုပ်တို့၌လည်း သဘောပေါက်ပါလေ။ ရူပသတ္တကရှုကွက်အတိုင်း ရုပ်ကိုရှု၍ ရှုကွက်တိုင်း၌ ယင်းရုပ်ကို ရှုသော ဝိပဿနာမနောဒွါရိကဇောဝီထိတိုင်းကို (၄)ဆင့် (၄)ဆင့် ရှုရမည် ဖြစ်ပေသည်။ ရှေ့ဝိပဿနာဝီထိစိတ်အစဉ်ကို နောက်ဝိပဿနာဝီထိစိတ်အစဉ်ဖြင့် ရှုခြင်းပင်တည်း။

၄။ ပဋိပါဋိအားဖြင့် ရှုနည်း

အာဒါနနိက္ခေပရုပ်ကို အနိစ္စဟု ရှု၍ –
၁။ ထိုသို့ရှုသော ပထမစိတ်ကို ဒုတိယစိတ်ဖြင့် အနိစ္စဟု ရှု၏၊
၂။ ဒုတိယစိတ်ကို တတိယစိတ်ဖြင့်,
၃။ တတိယစိတ်ကို စတုတ္ထစိတ်ဖြင့်,
၄။ စတုတ္ထစိတ်ကို ပဉ္စမစိတ်ဖြင့်,
၅။ ပဉ္စမစိတ်ကို ဆဋ္ဌစိတ်ဖြင့်,
၆။ ဆဋ္ဌစိတ်ကို သတ္တမစိတ်ဖြင့်,
၇။ သတ္တမစိတ်ကို အဋ္ဌမစိတ်ဖြင့်,
၈။ အဋ္ဌမစိတ်ကို နဝမစိတ်ဖြင့်,
၉။ နဝမစိတ်ကို ဒသမစိတ်ဖြင့်,
၁၀။ ဒသမစိတ်ကို ဧကာဒသမစိတ်ဖြင့် - အနိစ္စဟု အဆင့်ဆင့် ရှုပွား၏၊

[ဒုက္ခဟုလည်း ရှုပွားသုံးသပ်၏၊ အနတ္တဟုလည်း ရှုပွားသုံးသပ်၏၊ အာဒါနနိက္ခေပရုပ်ကိုပင် ဒုက္ခဟု ရှုပွား သုံးသပ်ရာ အနတ္တဟု ရှုပွားသုံးသပ်ရာ၌လည်းကောင်း, ဝယောဝုဍ္ဎတ္ထင်္ဂမရုပ် စသည်ကို အနိစ္စဟု သို့မဟုတ် ဒုက္ခဟု သို့မဟုတ် အနတ္တဟု ရှုပွားသုံးသပ်ရာတို့၌လည်းကောင်း နည်းတူပင် သဘောပေါက်ပါ။]

၅။ ဒိဋ္ဌိဥ ဂ္ဃါဋန = ဒိဋ္ဌိကို ခွာသောအားဖြင့် ရှုနည်း

သင်္ခါရတရားတို့ကို အနတ္တသဘောအားဖြင့် = အနတ္တဟု တွင်တွင်ကြီး ဝိပဿနာရှုသော် ဒိဋ္ဌိကို ခွာသည် မည်၏၊ (အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ်တို့၏ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူး ပြုပေးမှု = အားပေးထောက်ပံ့မှုကို ရရှိသော အနတ္တာနုပဿနာဉာဏ်သည် ဒိဋ္ဌိကို = အတ္တဒိဋ္ဌိကို ပယ်ခွာနိုင်၏၊)

၆။ မာနဥ ဂ္ဃါဋန = မာနကို ခွာသောအားဖြင့် ရှုနည်း

သင်္ခါရတရားတို့ကို အနိစ္စသဘောအားဖြင့် = အနိစ္စဟု တွင်တွင်ကြီး ဝိပဿနာရှုသော် မာနကို ပယ်ခွာသည် မည်၏၊ (ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ်တို့၏ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု = အားပေးထောက်ပံ့မှုကို ရရှိသော အနိစ္စာနုပဿနာဉာဏ်သည် မာနကို ပယ်ခွာနိုင်၏၊)

၇။ နိကန္တိ ပရိယာဒါန = တဏှာနိကန္တိကို ကုန်အောင် မဖြစ်အောင် ရှုနည်း

သင်္ခါရတရားတို့ကို ဒုက္ခသဘောအားဖြင့် = ဒုက္ခဟု တွင်တွင်ကြီး ဝိပဿနာရှုသော် သိမ်မွေ့သော တဏှာ ဟူသော နိကန္တိကို ကုန်စေသည် မည်၏၊ (အနိစ္စာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ်တို့၏ အားပေးထောက်ပံ့မှုကို ရရှိသော အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိထူးကို ဆက်ခံရသော ဒုက္ခာနုပဿနာဉာဏ်သည် တဏှာကို ကုန်စေနိုင်၏၊ ထိုကြောင့် တဏှာသည် မဖြစ်တော့ပေ၊၊)

သတိပြုရန် –– သင်္ခါရတရားတို့ကို အနတ္တသက်သက် ရှုရုံမျှဖြင့် အနတ္တာနုပဿနာဉာဏ်က ဒိဋ္ဌိကို မခွာနိုင်။ ဒုက္ခဟု သက်သက်ရှုရုံမျှဖြင့်လည်း ဒုက္ခာနုပဿနာဉာဏ်က တဏှာကို မကုန်စေနိုင်၊ အနိစ္စဟု သက်သက်ရှုရုံမျှဖြင့် လည်း အနိစ္စာနုပဿနာဉာဏ်က မာနကို မခွာနိုင်။ အနုပဿနာဉာဏ်တစ်ခုကို ကျန်အနုပဿနာဉာဏ် နှစ်ခုတို့က အားပေးထောက်ပံ့မှသာလျှင် ဆိုင်ရာ အနုပဿနာဉာဏ်က ဆိုင်ရာ ကိလေသာကို ခွာနိုင် ပယ်သတ်နိုင်သည်ဟု မှတ်ပါ။[၁၂၂၂]

ဤအထက်ပါ ညွှန်ကြားချက်များနှင့် အညီ ယောဂီသူတော်ကောင်းသည် ကာလသုံးပါး သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော သင်္ခါရတရားတို့ကို ရုပ်နာမ်နှစ်ပါးနည်း ခန္ဓာငါးပါးနည်း ပဋိစ္စသမုပ္ပါဒ်နည်း စသည်တို့ဖြင့် လက္ခဏာရေး သုံးတန် တစ်လှည့်စီတင်၍ တွင်တွင်ကြီး ဝိပဿနာ ရှုပြီးသောအခါ ယင်းသင်္ခါရတရားတို့ကို –

၁။ အနတ္တသက်သက် ဦးစားပေး၍လည်းကောင်း,
၂။ အနိစ္စသက်သက် ဦးစားပေး၍လည်းကောင်း,
၃။ ဒုက္ခသက်သက် ဦးစားပေး၍လည်းကောင်း –

အနည်းဆုံး တစ်ထိုင်စီ တွင်တွင်ကြီး ဝိပဿနာ ရှုပါ။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓ ဟူသော သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိသော သင်္ခါရတရားတို့အပေါ်၌ အနတ္တာနုပဿနာဉာဏ်အမြင် ရင့်သန်လျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ယင်းသင်္ခါရတရားတို့၌ အတ္တဟူသော အမှတ်သညာသည် အတည်မှာလျှင် ထောက်ရာတည်ရာကို ရရှိနိုင်ပါအံ့နည်း။ အလားတူပင် ယင်းသင်္ခါရတရားတို့၌ အနိစ္စာနုပဿနာ ဉာဏ်အမြင် ရင့်သန်လျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ယင်းသင်္ခါရတရားတို့၌ နိစ္စဟူသော အမှတ် သညာသည် အတည်မှာလျှင် ထောက်ရာတည်ရာကို ရရှိနိုင်ပါအံ့နည်း။ အလားတူပင် – ''ငါ - ငါ''ဟု ထောင်လွှား တက်ကြွနေသော မာနစွဲသည်လည်း အတည်မှာလျှင် ထောက်ရာတည်ရာကို ရရှိနိုင်ပါအံ့နည်း။ နိစ္စသညာ ရှိသူ၏ သန္တာန်၌သာလျှင် မာနစွဲသည် ဝင်ရောက်ခွင့် ရှိပေသည်။ အလားတူပင် ယင်းသင်္ခါရတရားတို့အပေါ်၌ ဒုက္ခာနုပဿနာ ဉာဏ်အမြင် ရင့်သန်လျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ယင်းသင်္ခါရတရားတို့၌ သုခဟူသော အမှတ် သညာသည် အတည်မှာလျှင် ထောက်ရာတည်ရာကို ရရှိနိုင်ပါအံ့နည်း။ သင်္ခါရတရားတို့၌ သုခဟူသော အမှတ်သညာ ရှိသူ၏ သန္တာန်၌သာလျှင် ယင်းသင်္ခါရတို့၌ တွယ်တာမက်မောသည့် တဏှာနိကန္တိသည် ထောက်ရာတည်ရာကို ရရှိနိုင်ပေသည်။ ထိုကြောင့် ဒုက္ခာနုပဿနာဉာဏ်အမြင် ရင့်သန်လျက်ရှိသော သူတော်ကောင်း၏ သန္တာန်၌ တဏှာ နိကန္တိသည်လည်း ထောက်ရာ တည်ရာကို မရရှိနိုင်တော့ပေ။

ပဂုဏ ဖြစ်လေပြီ

ဤ ရူပသတ္တကရှုနည်း အရူပသတ္တကရှုနည်းတို့ကို အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် နှစ်မျိုးလုံးတို့၌ အဝါးဝစွာ နိုင်နိုင် နင်းနင်း ရှုပွားနိုင်ခဲ့သော် ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးလုံးကို အဝါးဝစွာ လေ့လာနိုင်နင်းပြီး ဖြစ်ပေသည်၊၊[၁၂၂၃] စွမ်းနိုင်ပါက အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးလုံး၌ ရှုနိုင်ပါက ''တိုင်းထက်အလွန် တံခွန်နှင့်ဘုရား'' ဖြစ်ချေသည်။

သမ္မသနဉာဏ်ခန်း ပြီး၏၊

ဥဒယဗ္ဗယဉာဏ်ခန်း

ရုပ်နာမ်နှစ်ပါးနည်း + ခန္ဓာငါးပါးနည်း

ဥဒယဗ္ဗယဉာဏ်၏ အရှုခံအာရုံတို့ကို ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်[၁၂၂၄]၌လည်းကောင်း, ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၁၂၂၅]၌ လည်းကောင်း ဖော်ပြထားသည်၊ သမ္မသနဉာဏ်ခန်း၌ ဖော်ပြထားသည့် သမ္မသနဉာဏ်၏ အရှုခံအာရုံစာရင်းတို့တွင် ခန္ဓာငါးပါးမှသည် ဘဝသို့တိုင်အောင်သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့အထိ ဖြစ်ကြသည်။ သို့အတွက် ဥဒယဗ္ဗယဉာဏ်၏ အရှုခံအာရုံတို့ကို အကျဉ်းချုပ်လိုက်ပါက ခန္ဓာ အာယတန ဓာတ် သစ္စာ ပဋိ စ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ပင် ဖြစ်ကြသည်။ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၌ အဝိဇ္ဇာမှသည် ဘဝသို့တိုင်အောင်သော အင်္ဂါရပ်တို့သာ ဥဒယဗ္ဗယာနုပဿနာဉာဏ်၏ အရှုခံအာရုံ စာရင်းတွင် ပါဝင်ပေသည်။[၁၂၂၆]

ဥဒယဗ္ဗယဉာဏ်ကို အားသစ်လိုသော ယောဂီသူတော်ကောင်းသည် ရှေးဦးစွာ ပစ္စုပ္ပန်၌ –
၁။ ရုပ်သက်သက်ကိုလည်းကောင်း, (အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ)
၂။ နာမ်သက်သက်ကိုလည်းကောင်း, (အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ)
၃။ ရုပ်နှင့်နာမ်ကို တွဲ၍လည်းကောင်း, (အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ)

ရံခါ အနိစ္စလက္ခဏာယာဉ် တင်၍, ရံခါ ဒုက္ခလက္ခဏာယာဉ် တင်၍, ရံခါ အနတ္တလက္ခဏာယာဉ် တင်၍ တွင်တွင်ကြီး ဝိပဿနာရှုပါ။ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ရေးသားတင်ပြထားသည့်အတိုင်း စက္ခုဒွါရဝီထိ စသော ဝီထိ (၆)မျိုးလုံး၌ အတန်းတိုင်း အတန်းတိုင်းဝယ် ရုပ်သက်သက်ကို ရှုရာ၌လည်းကောင်း, နာမ်သက်သက်ကို ရှုရာ၌ လည်းကောင်း ခဏပစ္စုပ္ပန်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပါ။ အလားတူပင် ယင်းနာမ်ကမ္မဋ္ဌာန်းဇယားများတွင် ဖော်ပြထားသည့် အတန်းတိုင်း အတန်းတိုင်း၌ ခန္ဓာငါးပါးနည်းဖြင့် –

၁။ ရုပ်သက်သက်ကိုလည်းကောင်း,
၂။ ဝေဒနာသက်သက်ကိုလည်းကောင်း,
၃။ သညာသက်သက်ကိုလည်းကောင်း,
၄။ သင်္ခါရသက်သက်ကိုလည်းကောင်း,
၅။ ဝိညာဏ်သက်သက်ကိုလည်းကောင်း –

ရံခါ အနိစ္စလက္ခဏာတင်၍, ရံခါ ဒုက္ခလက္ခဏာတင်၍, ရံခါ အနတ္တလက္ခဏာတင်၍ ခဏပစ္စုပ္ပန်သို့ဆိုက်အောင် တွင်တွင်ကြီး ဝိပဿနာ ရှုပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ။

အလားတူပင် အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ (= ကမ္မဘဝ+ဥပပတ္တိဘဝ) ဟူသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကိုလည်း အကြောင်းအကျိုး မစပ်သေးဘဲ ယင်းအင်္ဂါရပ် တို့၏ ဖြစ်မှုပျက်မှုကိုသာ အာရုံယူ၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာ ရှုပါ။ ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ရှုပါ။

အတိတ်-အနာဂတ်-ပစ္စု ပ္ပန်-အဇ္ဈတ္တဗဟိဒ္ဓ

ပစ္စုပ္ပန်ဝယ် ယင်းသင်္ခါရတရားတို့ကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် တွင်တွင်ကြီး ဝိပဿနာ ရှုနိုင်ခဲ့သော် အသိဉာဏ်လည်း သန့်ရှင်းခဲ့သော် မိမိ ရှုထားသမျှ အတိတ်အဆက်ဆက်မှသည် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မှသည် အနာဂတ် ဆုံးသည်အထိ .....

၁။ ရုပ်သက်သက်ကိုလည်းကောင်း,
၂။ နာမ်သက်သက်ကိုလည်းကောင်း,
၃။ ရုပ်နှင့်နာမ်ကိုတွဲ၍လည်းကောင်း, တစ်ဖန် –
၁။ ရုပ်သက်သက်ကိုလည်းကောင်း,
၂။ ဝေဒနာသက်သက်ကိုလည်းကောင်း,
၃။ သညာသက်သက်ကိုလည်းကောင်း,
၄။ သင်္ခါရသက်သက်ကိုလည်းကောင်း,
၅။ ဝိညာဏ်သက်သက်ကိုလည်းကောင်း ..

ဤသို့လျှင် ရုပ်နာမ်နှစ်ပါးနည်း, ခန္ဓာငါးပါးနည်းတို့ဖြင့် အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် –

၁။ ရံခါ အနိစ္စလက္ခဏာယာဉ် တင်၍,
၂။ ရံခါ ဒုက္ခလက္ခဏာယာဉ် တင်၍,
၃။ ရံခါ အနတ္တလက္ခဏာယာဉ် တင်၍ ..

တွင်တွင်ကြီး ဝိပဿနာ ရှုပါ။ အနိစ္စ အခေါက်ပေါင်းများစွာ, ဒုက္ခ အခေါက်ပေါင်းများစွာ, အနတ္တ အခေါက်ပေါင်း များစွာ ရှုဖို့လိုအပ်ပါသည်။ အခေါက်ပေါင်းများစွာ ရှုပြီးသောအခါ ရှု၍ အကောင်းဆုံးလက္ခဏာတစ်ခုကို ဦးစားပေး၍ အချိန်ခပ်ကြာကြာ ရှုနိုင်သည်။ ကျေနပ်မှုရခဲ့သော် ယင်းသင်္ခါရတရားတို့၏ ဖြစ်မှုပျက်မှုသည် ခဏပစ္စုပ္ပန်သို့ဆိုက်အောင် အလွန့်အလွန် လင်းလင်းထင်ထင် လျင်လျင်မြန်မြန် ဉာဏ်ဝ၌ ထင်လာခဲ့သော် ဥဒယဗ္ဗယဉာဏ်အကျယ်ရှုပွားနည်းသို့ ပြောင်း၍ ရှုနိုင်ပေပြီ။

ဥဒယဗ္ဗယဉာဏ် အကျယ်ရှုပွားနည်း

၁။ သမုဒယဓမ္မာနုပဿီ = ဥဒယဒဿန = အဖြစ်သက်သက်ရှုနည်း

ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန် ကျင့်စဉ်ပိုင်းတွင် ..
၁။ သမုဒယဓမ္မာနုပဿီ,
၂။ ဝယဓမ္မာနုပဿီ,
၃။ သမုဒယဝယဓမ္မာနုပဿီ - ဟု –

သတိပဋ္ဌာန်တိုင်း သတိပဋ္ဌာန်တိုင်း၏ အခန်းတိုင်း အခန်းတိုင်း၌ (၃)မျိုးစီခွဲ၍ ရှုရန် ညွှန်ကြားထားတော်မူခဲ့၏၊ ယင်းညွှန်ကြားတော်မူချက်၏ ဆိုလိုရင်းအချက်ကိုလည်း ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်ကြီး[၁၂၆]၌ – အဝိဇ္ဇာသမုဒယာ ရူပသမုဒယော – စသည်ဖြင့် တရားစစ်မှူး အဦးအခိုင်ဖြစ်တော်မူသော အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ဟောကြားထားတော်မူခဲ့၏၊ ယင်းညွှန်ကြားချက်များနှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ဤဥဒယဗ္ဗယဉာဏ် အကျယ်ရှုပွားနည်းကို ရှုပွားရတော့မည် ဖြစ်၏၊ ဤ၌ ရူပက္ခန္ဓာနှင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ စသည့် နာမ်ခန္ဓာ (၄)ပါးတို့ကို ပုံစံအဖြစ် ရေးသား တင်ပြထားပါသည်။ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရား ပဉ္စမနည်းရှုကွက်ကို ကျေပွန်ပြီးသော ယောဂီသူတော်ကောင်းအဖို့ ကြွင်းကျန်သော စိတ္တက္ခဏ အသီးအသီးအခိုက်၌ (= နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ဖော်ပြထားသော စိတ္တက္ခဏ အသီးအသီးအခိုက်၌) တည်ရှိသော ခန္ဓာငါးပါး တို့ကိုလည်း နည်းမှီ၍ ရှုနိုင်လောက်ပေပြီ။ ပဋိ စ္စသမုပ္ပါဒ် ပဉ္စမနည်း ကြောင်း-ကျိုး-ဆက်နွယ်မှုပုံစံအတိုင်း ဤ၌ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောတရားကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ရှုရန်ဖြစ်ပေသည်။

ရူပက္ခန္ဓာ

၁။ အဝိဇ္ဇာ (၂၀) ဖြစ်ခြင်းကြောင့် ကမ္မဇရုပ် ရူပက္ခန္ဓာ ဖြစ်၏၊
၂။ တဏှာ (၂၀) ဖြစ်ခြင်းကြောင့် ။ ။
၃။ ဥပါဒါန် (၂၀) ဖြစ်ခြင်းကြောင့် ။ ။
၄။ သင်္ခါရ (၃၄) ဖြစ်ခြင်းကြောင့် ။ ။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ) ဖြစ်ခြင်းကြောင့် ကမ္မဇရုပ် ရူပက္ခန္ဓာ ဖြစ်၏၊
* ကမ္မဇရုပ် ရူပက္ခန္ဓာ၏ ဖြစ်ခြင်းသဘော။
၆။ စိတ် ဖြစ်ခြင်းကြောင့် စိတ္တဇရုပ် ရူပက္ခန္ဓာ ဖြစ်၏၊
* စိတ္တဇရုပ် ရူပက္ခန္ဓာ၏ ဖြစ်ခြင်းသဘော။
၇။ ဥတု ဖြစ်ခြင်းကြောင့် ဥတုဇရုပ် ရူပက္ခန္ဓာ ဖြစ်၏၊
* ဥတုဇရုပ် ရူပက္ခန္ဓာ၏ ဖြစ်ခြင်းသဘော။
၈။ အာဟာရ ဖြစ်ခြင်းကြောင့် အာဟာရဇရုပ် ရူပက္ခန္ဓာ ဖြစ်၏၊
* အာဟာရဇရုပ် ရူပက္ခန္ဓာ၏ ဖြစ်ခြင်းသဘော။[၁၂၂၇]

ပဋိသန္ဓေ - ဝေဒနာက္ခန္ဓာ

၁။ အဝိဇ္ဇာ (၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏၊
၂။ တဏှာ (၂၀) ။ ။
၃။ ဥပါဒါန် (၂၀) ။ ။
၄။ သင်္ခါရ (၃၄) ။ ။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ ဖြစ်၏၊
၆။ ဝတ္ထု (= ဟဒယဝတ္ထု ) ။ ။
၇။ အာရုံ (= ပဋိသန္ဓေစိတ်၏ အာရုံ) ။ ။
၈။ ဖဿ (= ၃၄ - ဝေဒနာ = ၃၃) ။ ။
* ပဋိသန္ဓေ ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းသဘော။

ပဋိသန္ဓေ - သညာက္ခန္ဓာ

၁။ အဝိဇ္ဇာ (၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သညာက္ခန္ဓာ ဖြစ်၏၊
၂။ တဏှာ (၂၀)။ ။
၃။ ဥပါဒါန် (၂၀)။ ။
၄။ သင်္ခါရ (၃၄)။ ။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သညာက္ခန္ဓာ ဖြစ်၏၊
၆။ ဝတ္ထု (= ဟဒယဝတ္ထု ) ။ ။
၇။ အာရုံ (= ပဋိသန္ဓေစိတ်၏ အာရုံ) ။ ။
၈။ ဖဿ (= ၃၄ - သညာ = ၃၃) ။ ။
* ပဋိသန္ဓေ သညာက္ခန္ဓာ၏ ဖြစ်ခြင်းသဘော။

ပဋိသန္ဓေ - သင်္ခါရက္ခန္ဓာ (= စေတနာ)

၁။ အဝိဇ္ဇာ (၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ ဖြစ်၏၊
၂။ တဏှာ (၂၀) ။ ။
၃။ ဥပါဒါန် (၂၀) ။ ။
၄။ သင်္ခါရ (၃၄) ။ ။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ ဖြစ်၏၊
၆။ ဝတ္ထု (= ဟဒယဝတ္ထု) ။ ။
၇။ အာရုံ (= ပဋိသန္ဓေစိတ်၏ အာရုံ) ။ ။
၈။ ဖဿ (= ၃၄ - စေတနာ = ၃၃) ။ ။
* ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ၏ ဖြစ်ခြင်းသဘော။

ပဋိသန္ဓေ - သင်္ခါရက္ခန္ဓာ (= ၃၄ - ဝေဒနာ သညာ ဝိညာဏ် = ၃၁)

၁။ အဝိဇ္ဇာ (၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ ဖြစ်၏၊
၂။ တဏှာ (၂၀) ။ ။
၃။ ဥပါဒါန် (၂၀) ။ ။
၄။ သင်္ခါရ (၃၄) ။ ။
၅။ ကံ (= ၃၄-၏ ကမ္မသတ္တိ) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ ဖြစ်၏၊
၆။ ဝတ္ထု (= ဟဒယဝတ္ထု) ။ ။
၇။ အာရုံ (= ပဋိသန္ဓေစိတ်၏အာရုံ)။ ။
၈။ ကျန်နာမ်ခန္ဓာသုံးပါး ။ ။
* ပဋိသန္ဓေ သင်္ခါရက္ခန္ဓာ၏ ဖြစ်ခြင်းသဘော။[၁၂၂၈]

ပဋိသန္ဓေ - ဝိညာဏက္ခန္ဓာ

၁။ အဝိဇ္ဇာ (၂၀) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝိညာဏ် ဖြစ်၏၊
၂။ တဏှာ (၂၀) ။ ။
၃။ ဥပါဒါန် (၂၀) ။ ။
၄။ သင်္ခါရ (၃၄) ။ ။
၅။ ကံ (= ၃၄- ၏ ကမ္မသတ္တိ) ။ ။
၆။ နာမ်ရုပ် ။ ။
* ပဋိသန္ဓေ ဝိညာဏ်၏ ဖြစ်ခြင်းသဘော။
နာမ် = ယှဉ်ဖက် စေတသိက် (= ၃၃)
ရုပ် = ဟဒယဝတ္ထု (= ရုပ်-၃၀) + (အာရုံရုပ်)[၁၂၂၉]

ဘဝင် ခန္ဓာငါးပါး, စုတိ ခန္ဓာငါးပါး, ပဉ္စဒွါရာဝဇ္ဇန်း ခန္ဓာငါးပါး, စက္ခုဝိညာဏ် ခန္ဓာငါးပါး – ဤသို့ စသည်ဖြင့် နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ရေးသားတင်ပြထားသည့် စိတ္တက္ခဏတိုင်း၏ ခန္ဓာငါးပါးတို့ကို နည်းမှီ၍သာ ရှုပါလေ။ ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း၌ အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို ကျွမ်းကျင်ပြီးသော သူတော်ကောင်းများ အတွက် ဤရှုကွက်မှာ များစွာ ခက်ခဲဖွယ်ရာ မရှိပေ။ အထူးသဖြင့် ဤဥဒယဗ္ဗယဉာဏ်အကျယ်ရှုပွားနည်းကို ရှုတတ်ရေး အတွက် ရည်ရွယ်ကာလည်း ပဋိစ္စသမုပ္ပါဒ်ပဉ္စမနည်းရှုကွက်ဖြင့် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရန် ရေးသားတင်ပြခဲ့ခြင်းလည်း ဖြစ်ပေသည်။[၁၂၃၀]

၂။ ဝယဓမ္မာနုပဿီ = ဝယဒဿန = အပျက်သက်သက် ရှုနည်း

အဝိဇ္ဇာစသော အကြောင်းတရားများ ဖြစ်ခြင်းကြောင့် ရုပ်စသော အကျိုးတရားတို့၏ ဖြစ်ပုံကို ဝိပဿနာဉာဏ် ပညာမျက်စိဖြင့် တပ်အပ် ထင်ထင်လင်းလင်း သိမြင်နေသော ယောဂါဝစရပုဂ္ဂိုလ်သည် အဝိဇ္ဇာစသော အကြောင်း တရားတို့၏ အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန်မဖြစ်သော ချုပ်ငြိမ်းခြင်း = အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်း သွားခြင်းကြောင့်, ရုပ်စသော အကျိုးတရားတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ငြိမ်းခြင်း = အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားပုံကိုလည်း နောင်အနာဂတ် အရဟတ္တမဂ်ရမည့် အချိန်အခါနှင့် ပရိနိဗ္ဗာနစုတိ၏ နောက်ပိုင်း အချိန်ကာလတို့ကို လှမ်းမျှော်၍ ဝိပဿနာဉာဏ်ဖြင့် ကြည့်ရှုပါက လွယ်ကူစွာပင် တွေ့ရှိမည်ဖြစ်သည်။ ဤအရာတွင် ယောဂီသူတော်ကောင်းသည် ဥပ္ပါဒနိရောဓနှင့် အနုပ္ပါဒနိရောဓအကြောင်းကိုလည်း သိထားသင့်ပေသည်။

ဥပ္ပါဒနိရောဓ –– အကြောင်းသင်္ခါရတရားတို့သည်လည်းကောင်း, အကျိုးသင်္ခါရတရားတို့သည်လည်းကောင်း ဖြစ်ပြီးလျှင် ပျက်တတ်သော သင်္ခါရတရားတို့သာ ဖြစ်ကြ၏၊ ထိုသင်္ခါရတရားတို့၏ အနိစ္စအနေအထားအားဖြင့် ခဏမစဲ တသဲသဲ ဖြစ်ပြီး ပျက်သွားမှု = ဖြစ်ချုပ်သဘောကို ဥပ္ပါဒနိရောဓဟု ခေါ်ဆိုပေသည်။ အကြောင်းတရားတို့က အဆက်ဆက် ကျေးဇူးပြုပေးနေသမျှ ကာလပတ်လုံး အကျိုးတရားတို့သည် ထိုပုံစံအတိုင်း = ဖြစ် ချုပ် = ဥပ္ပါဒနိရောဓ သဘောအားဖြင့် အဆက်မပြတ် တည်ရှိနေကြမည်သာ ဖြစ်ပေသည်။ (အကြောင်းတရားများသည်လည်း – ယင်းတို့၏ဆိုင်ရာ အကြောင်းတရားများကြောင့် ဖြစ်ပေါ်နေကြရသော အကျိုးသင်္ခတတရားများပင် ဖြစ်ကြသည်ကို သတိပြုပါ) ချုပ် = ပျက်ပြီးနောက် အကြောင်း မကုန်သေးသဖြင့် ထပ်မံ၍ ဖြစ်ရ-ချုပ်ရသည့်သဘောဖြစ်ရကား ဥပ္ပါဒနိရောဓဟု ခေါ်ဆိုခြင်း ဖြစ်သည်၊ ဖြစ်မှုရှိနေသေးသော ချုပ်ခြင်းတည်း၊ ခဏိကနိရောဓဟုလည်း ခေါ်ဝေါ်သုံးစွဲသည်။

အနုပ္ပါဒနိရောဓ –– သောတာပတ္တိမဂ် သကဒါဂါမိမဂ် အနာဂါမိမဂ်တို့သည် ဆိုင်ရာဆိုင်ရာ ကိလေသာတို့ကို အသီးအသီး အကြွင်းမဲ့ပယ်သတ်ကြ၏၊ အဂ္ဂမဂ္ဂ = အမြတ်ဆုံးမဂ် အမည်ရသော အရဟတ္တမဂ်ဉာဏ်သည် အဝိဇ္ဇာ စသော ကြွင်းကျန်သော ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်လိုက်၏၊ ထိုအရဟတ္တမဂ်ဉာဏ်သို့တိုင်အောင်သော အရိယမဂ်ဉာဏ်တို့က မိမိတို့ဆိုင်ရာ ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်လိုက်သော် ထိုကိလေသာတို့သည် နောက်ထပ် တစ်ဖန် ရုပ်နာမ်ခန္ဓာအစဉ်၌ ထပ်မံ၍ ဖြစ်ပေါ်ခွင့် လုံးဝမရှိတော့ပေ။ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် အကြွင်းမဲ့ အမြစ်ပြတ် ချုပ်ငြိမ်းသွားကြ၏၊ ဤကဲ့သို့ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုကို – အနုပ္ပါဒနိရောဓဟု ခေါ်ဆိုပေသည်၊ အကြောင်းအကျိုး နှစ်ရပ်လုံးတို့၏ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းခြင်းကြောင့် အသေသဝိရာဂနိရောဓဟူ၍လည်း ခေါ်ဆိုပေသည်။

အဝိဇ္ဇာ စသော အကြောင်းတရားတို့၏ အနုပ္ပါဒနိရောဓ ဟူသော နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားသောအခါ ပရိနိဗ္ဗာနစုတိ၏ နောင်အနာဂတ်၌ အကြောင်း မကုန်သေးပါက ဆက်လက် ဖြစ်နိုင်ခွင့်ရှိသည့် ရုပ်တရားစသော အကျိုးတရားစုတို့သည်လည်း ဆက်လက်ဖြစ်ပေါ်ခွင့် မရှိတော့ဘဲ နောက်ထပ်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားကြပြန်၏၊ အနုပ္ပါဒနိရောဓဟုပင် ခေါ်ဆိုပေသည်။ အကြောင်းတရားများ ထင်ရှားမရှိက အကျိုးတရားများလည်း ထင်ရှားမရှိနိုင်သောကြောင့် ချုပ်ငြိမ်းသွားကြခြင်း ဖြစ်၏၊ အကြောင်း အကျိုး နှစ်ရပ်လုံးတို့၏ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းခြင်းကြောင့် အသေသဝိရာဂနိရောဓဟုပင် ခေါ်ဆိုပေသည်။[၁၂၃၁]

ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ယင်းအနုပ္ပါဒနိရောဓသဘောကို မိမိရရှိမည့် အရဟတ္တမဂ်သို့တိုင်အောင်သော အနာဂတ်ဘက်သို့လည်းကောင်း, ပရိနိဗ္ဗာနစုတိသို့တိုင်အောင်သော အနာဂတ်ဘက်သို့လည်းကောင်း ဝိပဿနာ ဉာဏ်ကို စေလွှတ်၍ = ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ရှုရမည် ဖြစ်သည်။ အကြောင်းတရားများ၏ အနုပ္ပါဒ နိရောဓသဘောအားဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုးတရားတို့၏လည်း အနုပ္ပါဒနိရောဓသဘောအားဖြင့် ချုပ်ငြိမ်းပုံကို ဝိပဿနာဉာဏ်ပညာမျက်စိဖြင့် အကယ်တိတိ သိမြင်သောအခါမှ အောက်ပါရှုကွက်ကို ဆက်လက်ရှုပါ။

ရူပက္ခန္ဓာ ရှုကွက်ပုံစံ

၁။ အဝိဇ္ဇာ ချုပ်ခြင်းကြောင့် ကမ္မဇရုပ် ရူပက္ခန္ဓာ ချုပ်၏၊
၂။ တဏှာ ချုပ်ခြင်းကြောင့် ။ ။
၃။ ဥပါဒါန် ချုပ်ခြင်းကြောင့် ။ ။
၄။ သင်္ခါရ ချုပ်ခြင်းကြောင့် ။ ။
၅။ ကံ ချုပ်ခြင်းကြောင့် ။ ။
[ဤကား အနုပ္ပါဒနိရောဓတည်း၊ အနာဂတ်ရုပ်များ၏ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုတည်း၊၊] 
* ကမ္မဇရုပ် ရူပက္ခန္ဓာ၏ ချုပ်ခြင်းသဘော = ပျက်ခြင်းသဘော။ (ဥပ္ပါဒနိရောဓတည်း။)
၆။ စိတ် ချုပ်ခြင်းကြောင့် စိတ္တဇရုပ် ရူပက္ခန္ဓာ ချုပ်၏၊ (အနုပ္ပါဒနိရောဓတည်း။)
* စိတ္တဇရုပ် ရူပက္ခန္ဓာ၏ ချုပ်ခြင်းသဘော = ပျက်ခြင်းသဘော။ (ဥပ္ပါဒနိရောဓတည်း။)
၇။ ဥတု ချုပ်ခြင်းကြောင့် ဥတုဇရုပ် ရူပက္ခန္ဓာ ချုပ်၏၊ (အနုပ္ပါဒနိရောဓတည်း။)
* ဥတုဇရုပ် ရူပက္ခန္ဓာ၏ ချုပ်ခြင်းသဘော = ပျက်ခြင်းသဘော။ (ဥပ္ပါဒနိရောဓတည်း။)
၈။ အာဟာရ ချုပ်ခြင်းကြောင့် အာဟာရဇရုပ် ရူပက္ခန္ဓာ ချုပ်၏၊ (အနုပ္ပါဒနိရောဓတည်း။)
* အာဟာရဇရုပ် ရူပက္ခန္ဓာ၏ ချုပ်ခြင်းသဘော = ပျက်ခြင်းသဘော။ (ဥပ္ပါဒနိရောဓတည်း။)

ယောဂါဝစရပုဂ္ဂိုလ်သည် ဤရှုကွက်၌ အနုပ္ပါဒနိရောဓ = နောင်တစ်ဖန် ဖြစ်ခြင်းမရှိသော ချုပ်ခြင်းနှင့် ဥပ္ပါဒနိရောဓ = နောင်တစ်ဖန် ဖြစ်ခြင်းရှိသော ချုပ်ခြင်းဟူသော ချုပ်ခြင်းနှစ်မျိုးကို ကွဲကွဲပြားပြား သိအောင် ရှုရမည်ဖြစ်သည်။ ဥပ္ပါဒနိရောဓကို ဝိပရိဏာမလက္ခဏံ-ဟု ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်[၁၂၃၂]၌ ခေါ်ဝေါ်သုံးစွဲထားပေသည်။ သင်္ခါရတရားတို့၏ ခဏဘင်သဘောအားဖြင့် ပျက်မှုတည်း။ ဤနည်း ရှုကွက်၌လည်း ရူပါရုံလိုင်းစသည့် (၆)လိုင်းလုံး အတွင်း၌ တည်ရှိသော, နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ဖော်ပြထားသော စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ခန္ဓာ ငါးပါးဖွဲ့၍ (ပဋိစ္စသမုပ္ပါဒ်ပဉ္စမနည်း၌ ရေးသားတင်ပြခဲ့သည့်အတိုင်း) ကုသိုလ်ဇောဝီထိ အကုသိုလ်ဇောဝီထိများကို ကုန်စင်အောင် ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ရှုပါ။ ထိုသို့ ရှုရာ၌ နာမ်ခန္ဓာပိုင်းဝယ် နည်းမှီနိုင်ရန်အတွက် စက္ခုဝိညာဏ် ဝေဒနာက္ခန္ဓာ ရှုကွက်တစ်ခုကို တင်ပြအပ်ပါသည်။

စက္ခုဝိညာဏ် - ဝေဒနာက္ခန္ဓာ ရှုကွက်ပုံစံ

၁။ အဝိဇ္ဇာ ချုပ်ခြင်းကြောင့် စက္ခုဝိညာဏ် ဝေဒနာက္ခန္ဓာ ချုပ်၏၊
၂။ တဏှာ ချုပ်ခြင်းကြောင့် ။ ။
၃။ ဥပါဒါန် ချုပ်ခြင်းကြောင့် ။ ။
၄။ သင်္ခါရ ချုပ်ခြင်းကြောင့် ။ ။
၅။ ကံ ချုပ်ခြင်းကြောင့် ။။
၆။ စက္ခုဝတ္ထု ချုပ်ခြင်းကြောင့် ။ ။
၇။ ရူပါရုံ ချုပ်ခြင်းကြောင့် ။ ။
၈။ စက္ခုသမ္ဖဿ (= ၇) ချုပ်ခြင်းကြောင့် စက္ခုဝိညာဏ် ဝေဒနာက္ခန္ဓာ ချုပ်၏၊
၉။ အာလောက = အရောင်အလင်း ချုပ်ခြင်းကြောင့် စက္ခုဝိညာဏ် ဝေဒနာက္ခန္ဓာ ချုပ်၏၊
၁၀။ မနသိကာရ (= ပဉ္စဒွါရာဝဇ္ဇန်း = ၁၁) ချုပ်ခြင်းကြောင့် စက္ခုဝိညာဏ် ဝေဒနာက္ခန္ဓာ ချုပ်၏၊
(အနုပ္ပါဒနိရောဓတည်း။)
* စက္ခုဝိညာဏ် ဝေဒနာက္ခန္ဓာ၏ ချုပ်ခြင်းသဘော = ပျက်ခြင်းသဘော။ (ဥပ္ပါဒနိရောဓတည်း။)

မိမိ စွမ်းနိုင်သမျှ အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည်အထိ ပုံစံတူရှုပါ။

၃။ သမုဒယဝယဓမ္မာနုပဿီ = ဥဒယ-ဝယဒဿန = ဖြစ်ပျက် ရှုနည်း

မဟာသတိပဋ္ဌာနသုတ္တန်ပါဠိတော်[၁၂၃၃] ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်[၁၂၃၄] ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၁၂၃၅]တို့၌ ညွှန်ကြားထား တော်မူသည်နှင့် အညီ ဥဒယဗ္ဗယဉာဏ်အကျယ်ရှုပွားနည်းကို အားသစ်နေဆဲဖြစ်သော ယောဂီသူတော်ကောင်းသည် အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ပုံ, အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရား ချုပ်ငြိမ်းပုံ ကိုလည်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းနှင့် အကျိုး ဆက်စပ်လျက် အထပ်ထပ် ရှုပွားရမည် ဖြစ်ပေသည်။ ထိုသို့ရှုရာ၌ ..

သပ္ပစ္စယနာမရူပဝသေန တိလက္ခဏံ အာရောပေတွာ ဝိပဿနာပဋိပါဋိယာ ''အနိစ္စံ ဒုက္ခံ အနတ္တာ''တိ သမ္မသန္တော ဝိစရတိ။ ..........

ဤသို့ စသော မဟာသတိပဋ္ဌာနသုတ္တန်အဋ္ဌကထာ[၁၂၃၆] စသော အဋ္ဌကထာများ၏ ညွှန်ကြားချက်များနှင့် အညီ အကြောင်းတရား အကျိုးတရား နှစ်ရပ်လုံးကို လက္ခဏာယာဉ် သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုရမည်ဖြစ်ပေသည်။ ထိုကြောင့် ဤတွင် အကြောင်းအကျိုး ဆက်စပ်လျက် အနိစ္စလက္ခဏာယာဉ် တင်၍ ဝိပဿနာ ရှုပုံကို တင်ပြအပ်ပါသည်။ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာ အသီးအသီး တင်၍ ဝိပဿနာ ရှုပုံကိုလည်း နည်းတူ သဘော ပေါက်ပါလေ။

ဥဒယ-ဝယဒဿန - ရူပက္ခန္ဓာ

၁။ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် ကမ္မဇရုပ် ရူပက္ခန္ဓာ ဖြစ်၏၊
အဝိဇ္ဇာ ချုပ်ခြင်းကြောင့် ကမ္မဇရုပ် ရူပက္ခန္ဓာ ချုပ်၏၊
အဝိဇ္ဇာ – (ဖြစ်-ပျက်) အနိစ္စ၊ ကမ္မဇရုပ် ရူပက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၂။ တဏှာ ဖြစ်ခြင်းကြောင့် ကမ္မဇရုပ် ရူပက္ခန္ဓာ ဖြစ်၏၊
တဏှာ ချုပ်ခြင်းကြောင့် ကမ္မဇရုပ် ရူပက္ခန္ဓာ ချုပ်၏၊
တဏှာ – (ဖြစ်-ပျက်) အနိစ္စ၊ ကမ္မဇရုပ် ရူပက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၃။ ဥပါဒါန် ဖြစ်ခြင်းကြောင့် ကမ္မဇရုပ် ရူပက္ခန္ဓာ ဖြစ်၏၊
ဥပါဒါန် ချုပ်ခြင်းကြောင့် ကမ္မဇရုပ် ရူပက္ခန္ဓာ ချုပ်၏၊
ဥပါဒါန် – (ဖြစ်-ပျက်) အနိစ္စ၊ ကမ္မဇရုပ် ရူပက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၄။ သင်္ခါရ ဖြစ်ခြင်းကြောင့် ကမ္မဇရုပ် ရူပက္ခန္ဓာ ဖြစ်၏၊
သင်္ခါရ ချုပ်ခြင်းကြောင့် ကမ္မဇရုပ် ရူပက္ခန္ဓာ ချုပ်၏၊
သင်္ခါရ – (ဖြစ်-ပျက်) အနိစ္စ၊ ကမ္မဇရုပ် ရူပက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၅။ ကံ ဖြစ်ခြင်းကြောင့် ကမ္မဇရုပ် ရူပက္ခန္ဓာ ဖြစ်၏၊
ကံ ချုပ်ခြင်းကြောင့် ကမ္မဇရုပ် ရူပက္ခန္ဓာ ချုပ်၏၊
ကံ (= စေတနာ) – (ဖြစ်-ပျက်) အနိစ္စ၊ ကမ္မဇရုပ် ရူပက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၆။ စိတ် ဖြစ်ခြင်းကြောင့် စိတ္တဇရုပ် ရူပက္ခန္ဓာ ဖြစ်၏၊
စိတ် ချုပ်ခြင်းကြောင့် စိတ္တဇရုပ် ရူပက္ခန္ဓာ ချုပ်၏၊
စိတ် – (ဖြစ်-ပျက်) အနိစ္စ၊ စိတ္တဇရုပ် ရူပက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၇။ ဥတု ဖြစ်ခြင်းကြောင့် ဥတုဇရုပ် ရူပက္ခန္ဓာ ဖြစ်၏၊
ဥတု ချုပ်ခြင်းကြောင့် ဥတုဇရုပ် ရူပက္ခန္ဓာ ချုပ်၏၊
ဥတု – (ဖြစ်-ပျက်) အနိစ္စ၊ ဥတုဇရုပ် ရူပက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၈။ အာဟာရ ဖြစ်ခြင်းကြောင့် အာဟာရဇရုပ် ရူပက္ခန္ဓာ ဖြစ်၏၊
အာဟာရ ချုပ်ခြင်းကြောင့် အာဟာရဇရုပ် ရူပက္ခန္ဓာ ချုပ်၏၊
အာဟာရ – (ဖြစ်-ပျက်) အနိစ္စ၊ အာဟာရဇရုပ် ရူပက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။

စက္ခုဝိညာဏ် - ဝေဒနာက္ခန္ဓာ ရှုကွက်ပုံစံ

၁။ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ဖြစ်၏၊
အဝိဇ္ဇာ ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ချုပ်၏၊
အဝိဇ္ဇာ – (ဖြစ်-ပျက်) အနိစ္စ၊ (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၂။ တဏှာ ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ဖြစ်၏၊
တဏှာ ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ချုပ်၏၊
တဏှာ – (ဖြစ်-ပျက်) အနိစ္စ၊ (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၃။ ဥပါဒါန် ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ဖြစ်၏၊
ဥပါဒါန် ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ချုပ်၏၊
ဥပါဒါန် – (ဖြစ်-ပျက်) အနိစ္စ၊ (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၄။ သင်္ခါရ ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ဖြစ်၏၊
သင်္ခါရ ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ချုပ်၏၊
သင်္ခါရ – (ဖြစ်-ပျက်) အနိစ္စ၊ (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၅။ ကံ ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ဖြစ်၏၊
ကံ ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ချုပ်၏၊
ကံ (စေတနာ/စေတနာနှင့်တကွ ယှဉ်ဖက်နာမ်တရားစု) – (ဖြစ်-ပျက်) အနိစ္စ၊ (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ
– (ဖြစ်-ပျက်) အနိစ္စ။
၆။ စက္ခုဝတ္ထု ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ဖြစ်၏၊
စက္ခုဝတ္ထု ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ချုပ်၏၊
စက္ခုဝတ္ထု – (ဖြစ်-ပျက်) အနိစ္စ၊ (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၇။ ရူပါရုံ ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ဖြစ်၏၊
ရူပါရုံ ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ချုပ်၏၊
ရူပါရုံ – (ဖြစ်-ပျက်) အနိစ္စ၊ (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၈။ စက္ခုသမ္ဖဿ ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ဖြစ်၏၊
စက္ခုသမ္ဖဿ ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ချုပ်၏၊
စက္ခုသမ္ဖဿ – (ဖြစ်-ပျက်) အနိစ္စ၊ (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။
၉။ အာလောက ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ဖြစ်၏၊
အာလောက ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ချုပ်၏၊
အာလောက – (ဖြစ်-ပျက်) အနိစ္စ၊ (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။[၁၂၃၇]
၁၀။ မနသိကာရ (= ပဉ္စဒွါရာဝဇ္ဇန်း = ၁၁) ဖြစ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ဖြစ်၏၊ မနသိကာရ ချုပ်ခြင်းကြောင့် (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ ချုပ်၏၊
မနသိကာရ – (ဖြစ်-ပျက်) အနိစ္စ၊ (စက္ခုဝိညာဏ်) ဝေဒနာက္ခန္ဓာ – (ဖြစ်-ပျက်) အနိစ္စ။

ရှင်းလင်းချက်များ

ပဋိ စ္စသမုပ္ပါဒ်ပဉ္စမနည်း၌ ကျွမ်းကျင်လိမ္မာပြီးသော ကျေပွန်ပြီးသော ယောဂီသူတော်ကောင်းအဖို့ ဤမျှဆိုလျှင် ဤရှုကွက်ကို နည်းမှီးနိုင်လောက်ပေပြီ။ နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများတွင် ဖော်ပြထားသည့် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ခန္ဓာငါးပါးဖွဲ့၍ ဤဥဒယဗ္ဗယအကျယ်ရှုပွားနည်းကို ရှုရမည် ဖြစ်ပေသည်။

ဤရှုကွက်များ၌ ပထမအတိတ်အကြောင်းတရားများနှင့် ပစ္စုပ္ပန်အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍လည်း ရှုနိုင်၏၊ ဒုတိယအတိတ်ကြောင်းတရားများနှင့် ပထမအတိတ် အကျိုးတရား, ပစ္စု ပ္ပန်အကြောင်းတရားများနှင့် အနာဂတ်အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောတရား ကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍လည်း ရှုနိုင်၏၊ ဆိုင်ရာဆိုင်ရာ အကြောင်းတရားများနှင့် ဆိုင်ရာဆိုင်ရာ အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကို ပဋိ စ္စသမုပ္ပါဒ်ပိုင်း ပဉ္စမနည်းတွင် တင်ပြခဲ့သည့်အတိုင်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ မိမိရှုထားပြီးသမျှ အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်တို့၌ ရှုနိုင်သော ရှုကွက်များ ဖြစ်ကြသည်။

ကိလေသဝဋ်ချင်း တူညီသော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကို တစ်စုထား၍လည်းကောင်း, ကမ္မဝဋ်ချင်းတူညီသော သင်္ခါရ ကံတို့ကို တစ်စုထား၍လည်းကောင်း ဤသို့ နှစ်စုခွဲ၍သော်လည်း ရှုလိုက ရှုနိုင်သည်။

ယင်းအကြောင်းတရားတို့မှာ ပထမအတိတ်အကြောင်းတရားများ ဖြစ်လျှင် ပထမအတိတ် ဘဝင်မနောအကြည် = မနောဒွါရကို ရှေ့ဦးစွာ သိမ်းဆည်း၍ ယင်းဘဝင်မနောအကြည်ဓာတ်တို့၏ အကြားအကြား၌ ဖြစ်သွားကြကုန်သော ယင်းအကြောင်းတရားတို့၏ ဖြစ်ပျက်သဘောကို = အနိစ္စသဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ရှုရမည် ဖြစ်သည်။ အတိတ်အဆက်ဆက် အနာဂတ်အဆက်ဆက်တို့၌လည်း နည်းတူသဘောပေါက်ပါ။ ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ဖော်ပြခဲ့သည့် အတိုင်း အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့မှာ –

ဤသို့သော မနောဒွါရဝီထိအနေအထားဖြင့် ယေဘုယျအားဖြင့် ဖြစ်ခဲ့၏၊ ပီတိယှဉ်သည်လည်း ရှိ၏၊ မယှဉ် သည်လည်း ရှိ၏၊ တဒါရုံကျသည်လည်း ရှိ၏၊ မကျသည်လည်း ရှိ၏၊ တဒါရုံကျခဲ့သော် အဟိတ်တဒါရုံလည်း ကျနိုင်၏၊ သဟိတ်တဒါရုံလည်း ကျနိုင်၏၊ ထိုက်သလို ကျနိုင်၏၊ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့မှာ ပုထုဇန်သူတော်ကောင်းများအဖို့ ယေဘုယျအားဖြင့် လောဘ-ဒိဋ္ဌိအုပ်စုဇောများ ဖြစ်ကြ၏၊ ယင်းလောဘ-ဒိဋ္ဌိအုပ်စု နာမ်တရားစုတို့မှာ (၂၀/၁၉/ ၂၂/၂၁) ထိုက်သလို ဖြစ်နိုင်ကြ၏၊ ဤဇယားတွင်ကား ပုံစံတစ်ခုအနေဖြင့် (၂၀)ဟု ဖော်ပြထားပါသည်။ ယင်းဝီထိ အတွင်း၌ တည်ရှိကြသော နာမ်တရားတို့၏ ဖြစ်ပျက် အနိစ္စသဘောကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် = စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဖြစ်ပျက်သဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဉ်သုံးတန် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပါ။ တစ်ဖန် သင်္ခါရ-ကံ အုပ်စုတို့မှာလည်း အောက်ပါ ဝီထိစဉ်အတိုင်း ယေဘုယျအားဖြင့် ဖြစ်ခဲ့ကြ၏ ..။

ဤမနောဒွါရဝီထိ၌ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် မဟာကုသိုလ်ဖြစ်သော် ပီတိလည်း ယှဉ်၏၊ ဉာဏ်လည်း ယှဉ်၏၊ နာမ်တရား (၃၄) ဖြစ်၏၊ ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ်ဖြစ်သော် ပီတိ မယှဉ်ဘဲ ဉာဏ်သာ ယှဉ်၏၊ နာမ်တရား (၃၃) ဖြစ်၏၊ တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏၊ သဟိတ်တဒါရုံ သို့မဟုတ် အဟိတ်တဒါရုံ ထိုက်သလို ကျခွင့်ရှိသည်။ ယင်းသင်္ခါရ-ကံ နာမ်တရားတို့ကိုလည်း ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဖြစ်ပျက်သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ လက္ခဏာယာဉ် သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာရှုပါ။

သင်္ခါရ နှင့် ကမ္မဘဝ

ကမ္မသတ္တိကား လက္ခဏာယာဉ်တင်၍ ဝိပဿနာ မရှုကောင်းသောတရား ဖြစ်၏၊ လက္ခဏာယာဉ်တင်၍ ဝိပဿနာရှုရာ၌ကား ကုသိုလ်သင်္ခါရအုပ်စုကိုပင် ပဓာနထား၍ ရှုရမည်ဖြစ်သည်။ လူသားများအတွက်သာ ပဓာန ထား၍ ပြောဆိုခြင်းဖြစ်သည်။ ထိုကြောင့် ဝိပဿနာ ရှုကောင်းသော သင်္ခါရနှင့် ကမ္မဘဝ အထူးကိုလည်း သိထားသင့်ပေသည်။ ဒါနကုသိုလ်ကို ပုံစံထုတ်၍ တင်ပြပေအံ့ ..။

၁။ မလှူမီ = ကောင်းမှုကုသိုလ်မပြုမီ ရှေးအဖို့၌ဖြစ်သော ပုဗ္ဗစေတနာကား သင်္ခါရ၊ လှူဆဲ = ကောင်းမှုကုသိုလ် ပြုဆဲခဏ၌ ဖြစ်သော မုဉ္စစေတနာကား ကမ္မဘဝ။
၂။ ကံကို အားထုတ်စဉ်က ဖြစ်ခဲ့သော ဇော (၇)ကြိမ်တို့တွင် ပထမဇောမှ ဆဋ္ဌဇောတိုင်အောင်သော ဇောတို့၌ ယှဉ်သော စေတနာကား သင်္ခါရ၊ သတ္တမဇောစေတနာကား ကမ္မဘဝ။
၃။ ကံကို အားထုတ်စဉ်က ဖြစ်ခဲ့သော ဇောစိတ္တက္ခဏတို့တွင် စေတနာကား ကမ္မဘဝ၊ ယှဉ်ဖက် သမ္ပယုတ် တရားစုတို့ကား သင်္ခါရ။[၁၂၃၈]

ဤအထက်ပါ ခွဲထားသတ်မှတ်ချက်များနှင့် အညီ ကံပြုစဉ်က ဖြစ်ခဲ့သော သို့မဟုတ် ဖြစ်လတ္တံ့သော အထက်ပါ မနောဒွါရိက ကုသိုလ်ဇောဝီထိစိတ်အစဉ်တစ်ခုလုံးကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ နာမ်တရားအားလုံးကို ခြုံငုံ၍ ဝိပဿနာရှုနိုင်ပါက သင်္ခါရနှင့် ကမ္မဘဝနှစ်မျိုးလုံးကိုပင် ဝိပဿနာရှုပြီးဖြစ်သည်ကို သဘောကျလေရာသည်။[၁၂၃၉]

အားလုံးကိုပင် ဝိပဿနာရှုပါ

ပဋိသန္ဓေခန္ဓာငါးပါး, ဘဝင်ခန္ဓာငါးပါး, စုတိခန္ဓာငါးပါး, မနောဒွါရာဝဇ္ဇန်းခန္ဓာငါးပါး, စက္ခုဝိညာဏ်ခန္ဓာငါးပါး ဤသို့စသည့် စက္ခုဒွါရဝီထိ စသည့် ထိုထိုဝီထိတို့၏အတွင်း၌ တည်ရှိကြသော နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ဖော်ပြထားသည့် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ခန္ဓာငါးပါးဖွဲ့၍ အထက်ပါအတိုင်း ဝိပဿနာရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ ရှုပါ။ ထိုသို့ရှုရာ၌ –

၁။ အတိတ်နှင့် ပစ္စုပ္ပန်ကို အကြောင်းအကျိုးစပ်၍လည်း ရှုနိုင်၏၊
၂။ အတိတ် အတိတ်ချင်း အကြောင်းအကျိုးစပ်၍လည်း ရှုနိုင်၏၊
၃။ ပစ္စုပ္ပန်နှင့် အနာဂတ်ကို အကြောင်းအကျိုးစပ်၍လည်း ရှုနိုင်၏၊
၄။ အနာဂတ် အနာဂတ် အချင်းချင်း အကြောင်းအကျိုးစပ်၍လည်း ရှုနိုင်၏၊

ပဋိစ္စသမုပ္ပါဒ် - ပထမနည်း

ဘုရားရှင်သည် နိဒါနဝဂ္ဂသံယုတ်ပါဠိတော် နတုမှသုတ္တန်[၁၂၄၀]တွင် ဤသို့ ဟောကြားထားတော်မူခဲ့၏ ..။

''ရဟန်းတို့ ...ဤ ရူပကာယ နာမကာယ = ရုပ်တရားအပေါင်း နာမ်တရားအပေါင်းသည် သင်ချစ်သားတို့၏ ကိုယ်ပိုင်ဥစ္စာ မဟုတ် (= သင်ချစ်သားတို့၏ အတ္တ မဟုတ် = အတ္တပင် မရှိသောကြောင့် ဟူလို)။ သူတစ်ပါး၏ ကိုယ်ပိုင်ဥစ္စာလည်း မဟုတ် (= သူတစ်ပါးတို့၏ အတ္တလည်း မဟုတ်)။ ဤ ရူပကာယ နာမကာယသည်ကား အဟောင်းဖြစ်သော ရှေးကံသည် ဖြစ်စေအပ်သော တရားသာတည်း၊ ကုသိုလ်ကံ အကုသိုလ်ကံသည် ပြုပြင်အပ်၏၊ ကုသိုလ်စေတနာ အကုသိုလ်စေတနာလျှင် အကြောင်းရင်းခံ ရှိ၏၊ ခံစားမှု ဝေဒနာ၏ တည်ရာဝတ္ထု ဖြစ်၏၊

ရဟန်းတို့ ...ထိုအရာ၌ အာဂမသုတ = သင်သိ, အဓိဂမသုတ = ကျင့်သိဟူသော အကြားအမြင် ဗဟုသုတ ရှိသော အရိယသာဝကသည် (ဝါ) အရိယာဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည် ကြောင်း-ကျိုးဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားကိုသာလျှင် ကောင်းမွန်ရိုသေစွာ နှလုံးသွင်းရှုပွား၏ ..။

'ဤအကြောင်းတရားသည် ထင်ရှားရှိလတ်သော် ဤအကျိုးတရားသည် ထင်ရှားဖြစ်ပေါ်လာ၏၊ ဤအကြောင်း တရား၏ ထင်ရှားဖြစ်ပေါ်လာခြင်းကြောင့် ဤအကျိုးတရားသည် ထင်ရှားဖြစ်ပေါ်လာ၏၊။ ဤအကြောင်းတရားသည် ထင်ရှားမရှိလတ်သော် ဤအကျိုးတရားသည် ထင်ရှားမဖြစ်။ ဤအကြောင်းတရား၏ ချုပ်ခြင်းကြောင့် ဤအကျိုးတရား သည် ချုပ်၏၊ ယင်းကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားကား ဤသို့တည်း ..

အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏၊ သင်္ခါရတို့ ဖြစ်ခြင်းကြောင့် (ဝိပါက်)ဝိညာဏ်ဖြစ်၏၊ ပ။

ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဤ ဒုက္ခတုံး ဒုက္ခအစုအပုံသည် ထင်ရှားဖြစ်ပေါ်လာ၏ – ဟု ရှု၏၊

အဝိဇ္ဇာ၏သာလျှင် (အရဟတ္တမဂ်ကြောင့်) အကြွင်းမဲ့ ချုပ်ခြင်းကြောင့် သင်္ခါရတို့သည် ချုပ်ကုန်၏၊ သင်္ခါရတို့၏ ချုပ်ကုန်ခြင်းကြောင့် (ဝိပါက်)ဝိညာဏ်သည် ချုပ်၏၊ ပ။ ဤသို့လျှင် ချမ်းသာမဖက် သက်သက်သော ဒုက္ခတုံး ဒုက္ခအစုအပုံ၏ ချုပ်ငြိမ်းခြင်းသည် ဖြစ်၏' – ဟု ရှု၏'' .....

ဤသို့စသော ဒေသနာတော်များနှင့် အညီ ယောဂါဝစရပုဂ္ဂိုလ်သည် ပဋိစ္စသမုပ္ပါဒ်ပထမနည်းဖြင့်လည်း –သမုဒယသက်သက်ကိုလည်းကောင်း, ဝယသက်သက်ကိုလည်းကောင်း, သမုဒယနှင့် ဝယကိုလည်းကောင်း ရှုနိုင်ပေသည်၊ ရှုသင့်ပေသည်။

သမုဒယဓမ္မာနုပဿီ

၁။ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏၊ (ပစ္စယတော ဥဒယဒဿန)
၂။ သင်္ခါရ ဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ် ဖြစ်၏၊ (။ )
သင်္ခါရ ဖြစ်ခြင်းကြောင့် ဘဝင်ဝိညာဏ် ဖြစ်၏၊ (။ )
သင်္ခါရ ဖြစ်ခြင်းကြောင့် စုတိဝိညာဏ် ဖြစ်၏၊ (။ )
သင်္ခါရ ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် ဖြစ်၏၊ ပ။ ... (။ )

ဤသို့စသည်ဖြင့် ပဋိစ္စသမုပ္ပါဒ် ပထမနည်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အဖြစ်သက်သက်ကိုသာ ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ ရှုပါ။ အတိတ်အဆက်ဆက်မှသည် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မှသည် အနာဂတ်ဆုံးသည်အထိ ဘဝသုံးခု ဘဝသုံးခုတို့ကို ကြောင်းကျိုး-ဆက်စပ်လျက် ရှုပါ။ ပဋိစ္စသမုပ္ပါဒ်ပထမနည်း ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောတရား၌ ကျေပွန်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်အဖို့ မခက်ခဲတော့ပြီ။ ဤ၌ ''ကမ္မဘဝ ဖြစ်ခြင်းကြောင့် ဥပပတ္တိဘဝ ဖြစ်၏''အထိသာ ရှုပါ။

ဝယဓမ္မာနုပဿီ

အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်ပုံ စသည့် ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောတရားကို အနာဂတ်ဆုံးသည် အထိ ဉာဏ်အမြင် သန့်ရှင်းပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏ အရဟတ္တမဂ်ဉာဏ်သို့ ဆိုက်မည့် အချိန်ကာလ ဟူသော အနာဂတ်ဝယ် ယင်းအရဟတ္တမဂ်ကြောင့် ဧကတ္တနည်းအရ အလားတူ အဝိဇ္ဇာ စသော ကိလေသာတရား အပေါင်း၏ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှုကြောင့် သင်္ခါရစသော အကျိုးတရားအပေါင်း၏ နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းမှု အနုပ္ပါဒနိရောဓသဘောကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အောက်ပါ ရှုကွက်ကို ရှုပါ။ ဤ၌လည်း ''ကမ္မဘဝချုပ်ခြင်းကြောင့် ဥပပတ္တိဘဝ ချုပ်၏''အထိသာ ရှုပါ။

၁။ အဝိဇ္ဇာ ချုပ်ခြင်းကြောင့် သင်္ခါရ ချုပ်၏၊ (ပစ္စယတော ဝယဒဿန)
၂။ သင်္ခါရ ချုပ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ် ချုပ်၏၊ (။ )
သင်္ခါရ ချုပ်ခြင်းကြောင့် ဘဝင်ဝိညာဏ် ချုပ်၏၊ (။ )
သင်္ခါရ ချုပ်ခြင်းကြောင့် စုတိဝိညာဏ် ချုပ်၏၊ (။ )
သင်္ခါရ ချုပ်ခြင်းကြောင့် စက္ခုဝိညာဏ် ချုပ်၏၊ ပ။ ... (။ )
ဤသို့ စသည်ဖြင့် အချုပ်သက်သက်ကိုလည်း ရှုပါ။ ကာလသုံးပါး သန္တာန်နှစ်ပါးလုံး၌ ရှုပါ။

သမုဒယဝယဓမ္မာနုပဿီ

အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်ပုံ, အဝိဇ္ဇာ ချုပ်ခြင်းကြောင့် သင်္ခါရ ချုပ်ပုံ စသည့် သဘောတရားတို့ကို = ဖြစ်-ချုပ် နှစ်မျိုးလုံးကို ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အောက်ပါ ရှုကွက်ကို ရှုပါ။

၁။ အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏၊ (ပစ္စယတော ဥဒယဒဿန)
အဝိဇ္ဇာ ချုပ်ခြင်းကြောင့် သင်္ခါရ ချုပ်၏၊ (ပစ္စယတော ဝယဒဿန)
အဝိဇ္ဇာ (ဖြစ်-ပျက်) အနိစ္စ၊ သင်္ခါရ (ဖြစ်-ပျက်) အနိစ္စ။ (ခဏတော ဥဒယဗ္ဗယဒဿန)
၂။ သင်္ခါရ ဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ် ဖြစ်၏၊ (ပစ္စယတော ဥဒယဒဿန)
သင်္ခါရ ချုပ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ် ချုပ်၏၊ (ပစ္စယတော ဝယဒဿန)
သင်္ခါရ (ဖြစ်-ပျက်) အနိစ္စ၊ ပဋိသန္ဓေဝိညာဏ် (ဖြစ်-ပျက်) အနိစ္စ။ (ခဏတော ဥဒယဗ္ဗယဒဿန)
၃။ သင်္ခါရ ဖြစ်ခြင်းကြောင့် ဘဝင်ဝိညာဏ် ဖြစ်၏၊ (ပစ္စယတော ဥဒယဒဿန)
သင်္ခါရ ချုပ်ခြင်းကြောင့် ဘဝင်ဝိညာဏ် ချုပ်၏၊ (ပစ္စယတော ဝယဒဿန)
သင်္ခါရ (ဖြစ်-ပျက်) အနိစ္စ၊ ဘဝင်ဝိညာဏ် (ဖြစ်-ပျက်) အနိစ္စ။ (ခဏတော ဥဒယဗ္ဗယဒဿန)
၄။ သင်္ခါရ ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် ဖြစ်၏၊ (ပစ္စယတော ဥဒယဒဿန)
သင်္ခါရ ချုပ်ခြင်းကြောင့် စက္ခုဝိညာဏ် ချုပ်၏၊ (ပစ္စယတော ဝယဒဿန)
သင်္ခါရ (ဖြစ်-ပျက်) အနိစ္စ၊ စက္ခုဝိညာဏ် (ဖြစ်-ပျက်) အနိစ္စ။ (ခဏတော ဥဒယဗ္ဗယဒဿန)

ဤမျှဆိုလျှင် ပဋိစ္စသမုပ္ပါဒ် ပထမနည်း၌ ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောတရားကို ကျေပွန်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်တို့အဖို့ နည်းမှီး၍ ရှုနိုင်လောက်ပေပြီ။ ကမ္မဘဝ+ဥပပတ္တိဘဝ အမည်ရသော ဘဝသို့တိုင်အောင် ရှုပါ။ ပဋိစ္စသမုပ္ပါဒ်ပိုင်း ပထမနည်းတွင် တင်ပြခဲ့သည့်အတိုင်း (၆)လိုင်းလုံး ရှုသင့်သော နေရာဌာနတို့၌ (၆)လိုင်းလုံး ရှုပါ။ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးလုံး၌ ရှုပါ။ ဘဝသုံးခု သုံးခုတို့ကို ကွင်းဆက်၍ ရှုပါ။ အနည်းဆုံး လက္ခဏာရေးသုံးတန် တစ်ခေါက်စီ မိမိရှုထားပြီးသမျှ အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည်အထိ တိုးလျှိုပေါက် ရှုပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုနိုင်လျှင်ကား ''တိုင်းထက်အလွန် တံခွန်နှင့်ဘုရား'' ဖြစ်ချေသည်။

ရရှိနိုင်သော အကျိုးတရားများ

အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုခြင်းသည်ကား ပစ္စယတော ဥဒယဒဿန မည်၏၊ အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ပုံကို ဉာဏ်ဖြင့်မြင်အောင် ရှုခြင်းသည်ကား ပစ္စယတော ဝယဒဿန မည်၏၊ အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ပုံ, အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ငြိမ်းပုံကို ဉာဏ်ဖြင့် မြင်အောင် ရှုခြင်းသည်ကား ပစ္စယတော ဥဒယဗ္ဗယဒဿန မည်၏၊

ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် အကြောင်းသင်္ခါရတရား အကျိုးသင်္ခါရတရားတို့၏ ထိုထို ဥပါဒ်ခဏ၌ ဖြစ်မှုကို ဉာဏ်ဖြင့် မြင်အောင် ရှုခြင်းသည်ကား ခဏတော ဥဒယဒဿန မည်၏၊ ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် အကြောင်းသင်္ခါရတရား အကျိုးသင်္ခါရတရားတို့၏ ထိုထို ဘင်ခဏ၌ ပျက်မှုကို ဉာဏ်ဖြင့် မြင်အောင် ရှုခြင်းသည်ကား ခဏတော ဝယဒဿန မည်၏၊ ယင်းအကြောင်းသင်္ခါရတရား အကျိုးသင်္ခါရတရားတို့၏ပင် ထိုထို ဥပါဒ်ခဏ ဘင်ခဏ၌ ဖြစ်မှု-ပျက်မှုကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ဉာဏ်ဖြင့်မြင်အောင် ရှုခြင်းသည်ကား ခဏတော ဥဒယဗ္ဗယဒဿန = ခဏအားဖြင့် ဖြစ်ပျက်ရှုနည်း မည်၏၊

ထိုသို့ ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို ပစ္စယတော ဥဒယဗ္ဗယဒဿန, ခဏတော ဥဒယဗ္ဗယဒဿန ဟူသော နှစ်မျိုးနှစ်စားသော ဥဒယဗ္ဗယသဘောအားဖြင့် လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ နှလုံးသွင်းရှုပွား ခဲ့သော် – ''ဤသင်္ခါရတရားတို့ကား ရှေးက မရှိမူ၍ ယခုမှ ရုတ်ခြည်း ဖြစ်ပေါ်လာကြကုန်စွတကား၊ ဖြစ်ပြီးကြ၍လည်း ချုပ်ပျောက်သွားကြပါကုန်စွတကား'' – ဟု ဝိပဿနာဉာဏ်အမြင်သည် အထူးသဖြင့် သန့်ရှင်းစင်ကြယ်လာ၏၊ ထိုသို့ နှစ်မျိုးနှစ်စားအားဖြင့် ဖြစ်-ပျက်ကို ရှုမြင်သော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ –

(၁) သစ္စာလေးပါး, (၂) ပဋိစ္စသမုပ္ပါဒ်သဘောတရား, (၃) နည်းလေးပါး, (၄) လက္ခဏာငါးပါးတို့သည် .. ထင်ရှားလာကုန်၏၊[၁၂၄၁]

သစ္စာလေးပါး ထင်ရှားလာပုံ

၁။ ပစ္စယတော ဥဒယဒဿန = အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ပုံကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် အကျိုး ရုပ်နာမ် သင်္ခါရတရားတို့ကို တိုက်ရိုက်ဖြစ်ပေါ်စေတတ်ကုန်သော ဇနကအကြောင်းတရားတို့ကို ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ သမုဒယသစ္စာသည် ထင်ရှားလာ၏၊

၂။ ခဏတော ဥဒယဒဿန = ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲဖြစ်မှုကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် သင်္ခါရတရားတို့၏ဖြစ်မှု ဇာတိဒုက္ခကို ထိုးထွင်း၍သိမြင်ခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဒုက္ခသစ္စာတရားသည် ထင်ရှားလာ၏၊

၃။ ပစ္စယတော ဝယဒဿန = အကြောင်းတရားချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ငြိမ်းပုံကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် အကြောင်းတရား၏ ထင်ရှားမရှိခြင်း ထင်ရှားမဖြစ်ခြင်းဖြင့် အကြောင်းရှိသော အကျိုးတရား၏ = အကြောင်းတရား ထင်ရှားရှိပါမှ ဖြစ်ပေါ်လာနိုင်သော အကျိုးတရား၏ မဖြစ်ခြင်းသဘောကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ နိရောဓသစ္စာတရားသည် ထင်ရှားလာ၏၊ (အနုပ္ပါဒနိရောဓတည်း။)[၁၂၄၂]

၄။ ခဏတော ဝယဒဿန = ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲပျက်မှုကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် (= သင်္ခါရတရားတို့၏ ခဏဘင်ကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင် နိုင်သဖြင့်) သင်္ခါရတရားတို့၏ သေကျေပျက်စီးရမှု မရဏဒုက္ခကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဒုက္ခသစ္စာတရားသည်ပင်လျှင် ထင်ရှားလာ၏၊ (ခဏိက မရဏဒုက္ခကို ဆိုလိုသည်။)

၅။ ပစ္စယတော ဥဒယဗ္ဗယဒဿန = အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ပုံ, အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ပုံဟူသော အကြောင်းတရားအားဖြင့် ဖြစ်မှု+ချုပ်မှုကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်ခြင်း, - ခဏတော ဥဒယဗ္ဗယဒဿန = ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ဖြစ်မှု+ပျက်မှုသဘောကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်ခြင်း - ဟူသော ဤနှစ်မျိုးသော ဥဒယဗ္ဗယဉာဏ်အမြင်သည် ဝိပဿနာသမ္မာဒိဋ္ဌိတည်း။ တစ်နည်း - သမ္မာဒိဋ္ဌိ ပြဓာန်းသော သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိဟူသော တရားအစုအပုံတည်း။ ယင်းတရားအစုအပုံကား လောကီမဂ္ဂသစ္စာ တည်း။ ယင်းလောကီမဂ္ဂသစ္စာတရားသည် ထိုရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားစုကို မသိအောင် ဖုံးလွှမ်းထား တတ်သော မောဟ အမိုက်တိုက်ကို တဒင်္ဂအားဖြင့် ပယ်သတ်နိုင်၏၊ ထိုသို့ ယင်းလောကီမဂ္ဂသစ္စာတရားအစုတို့က ယင်းမောဟဓာတ်ကို တဒင်္ဂအားဖြင့် ပယ်သတ်နိုင်သောကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ မဂ္ဂသစ္စာတရား သည် ထင်ရှားလာပေသည်။[၁၂၄၃]

တစ်နည်း – ယင်းသမ္မာဒိဋ္ဌိဟု ခေါ်ဆိုအပ်သော လောကီမဂ္ဂသစ္စာသည် လောကုတ္တရာ အရိယမဂ်ဟူသော မဂ္ဂသစ္စာကို ရခြင်းရောက်ခြင်း၏ အကြောင်းဥပါယ်ဖြစ်သော အသမ္မောဟသဘောတရားတည်း။ ယင်းအသမ္မောဟ သဘောတရားသည် – ပကတိ တောက်လောင်နေသော ဆီမီးတိုင်သည် မိမိဆီမီးတိုင်ကို ထင်ရှားပြနေသကဲ့သို့ အလားတူပင် မိမိကိုယ်ကို အသမ္မောဟသမ္မာဒိဋ္ဌိသဘောတရား ဖြစ်ကြောင်းကို ထင်ရှားပြနေရကား (သစ္စာလေးပါးကို သိနေပြီဟု သမ္မာဒိဋ္ဌိက ထင်ရှားပြနေသည် ဟူလို။) မဂ္ဂသစ္စာတရားသည် ထင်ရှားလာပေသည်။ ယင်းသို့ ထင်ရှားမှုမှာ သစ္စာလေးပါးကို မသိအောင် ဖုံးလွှမ်းထားတတ်သည့် မောဟတည်းဟူသော အမိုက်တိုက်ကို ပယ်ဖျောက်နိုင်သောအခါ မှသာ ထင်ရှားလာသည်ဖြစ်ရကား ယင်းသမ္မာဒိဋ္ဌိသည် လောကီမဂ္ဂသစ္စာ[၁၂၄၄]ဟူသော အမည်ကို ရရှိပေသည်။[၁၂၄၅]

လောကီမဂ္ဂသစ္စာ = လောကီမဂ္ဂင် ငါးပါး

၁။ ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော ရုပ်-နာမ်-ကြောင်း-ကျိုး သင်္ခါရတရားတို့ကို ပရမတ်ဆိုက်အောင် ထိုးထွင်းသိသောဉာဏ်, ယင်းသင်္ခါရတရားတို့၏ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တို့ကို ထိုးထွင်းသိသောဉာဏ် ဤဝိပဿနာဉာဏ်တို့သည်ကား လောကီသမ္မာဒိဋ္ဌိမဂ္ဂင်တည်း။

၂။ ယင်းသင်္ခါရတရားအာရုံပေါ်သို့ ဝိပဿနာစိတ်ကို ရှေးရှု တင်ပေးခြင်းသဘော, ယင်းသင်္ခါရတရားတို့၏ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက် အာရုံပေါ်သို့ ဝိပဿနာစိတ်ကို ရှေးရှု တင်ပေးခြင်းသဘော – ဤသဘော တရားတို့ကား လောကီသမ္မာသင်္ကပ္ပမဂ္ဂင်တည်း။

၃။ ယင်းသင်္ခါရတရားတို့ကို ပရမတ်သို့ဆိုက်အောင် ထိုးထွင်းသိအောင် ကြိုးစားအားထုတ်ခြင်းသဘော, ယင်းသင်္ခါရ တရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို ထိုးထွင်းသိအောင် ကြိုးစားအားထုတ်ခြင်းသဘော –ဤသဘောတရားတို့ကား လောကီသမ္မာဝါယာမမဂ္ဂင်တည်း။

၄။ ယင်းသင်္ခါရတရားတို့ကို အမှတ်ရတတ်သောသဘော သိမ်းဆည်းတတ်သောသဘော, ယင်းသင်္ခါရတရားတို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို အမှတ်ရတတ်သောသဘော သိမ်းဆည်းတတ်သောသဘော, ယင်း သင်္ခါရအာရုံနှင့် ယင်းတို့၏ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်အာရုံ၌ နစ်မြုပ်နေခြင်းသဘော – ဤသဘော တရားတို့ကား လောကီသမ္မာသတိမဂ္ဂင်တည်း။ (အာရုံကို မမေ့ပျောက်ခြင်းသဘောတည်း၊၊)

၅။ ယင်းသင်္ခါရတရားအာရုံ၌ ဝိပဿနာစိတ်၏ ကောင်းစွာတည်ကြည်နေခြင်းသဘော, ယင်းသင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ, ဒုက္ခအခြင်းအရာ, အနတ္တအခြင်းအရာ တစ်မျိုးမျိုး၌ ဝိပဿနာစိတ်၏ ကောင်းစွာ တည်ကြည် နေခြင်းသဘော – ဤသဘောတရားတို့ကား သမ္မာသမာဓိမဂ္ဂင်တည်း။ (ဝိပဿနာခဏိကသမာဓိတည်း။) [၁၂၄၆]

လောကီအခိုက်ဝယ် – ဤမဂ္ဂင်ငါးပါးတို့နှင့် သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော သီလမဂ္ဂင် သုံးပါးတို့သည် အာရုံချင်း မတူညီသောကြောင့် စိတ္တက္ခဏတစ်ခု၏အတွင်း၌ ပြိုင်တူ မဖြစ်နိုင်ကြပေ။ အထက်ပါ မဂ္ဂင်ငါးပါးတို့သည်သာလျှင် ဝိပဿနာစိတ္တက္ခဏတစ်ခု၏ အတွင်း၌ ပြိုင်တူ ဖြစ်နိုင်ကြသည်။

ပဋိစ္စသမုပ္ပါဒ်သဘောတရားများ ထင်ရှားလာပုံ

၁။ ပစ္စယတော ဥဒယဒဿန = အကြောင်းတရား ဖြစ်ခြင်းကြောင့် အကျိုးတရား ဖြစ်ပုံကို ရှုမြင်နိုင်သဖြင့် ''ဤအကြောင်းတရားသည် ထင်ရှားရှိလတ်သော် ဤအကျိုးတရားသည် ထင်ရှားဖြစ်ပေါ်လာ၏'' – ဟု ဝိပဿနာ ဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ – အဝိဇ္ဇာ ဖြစ်ခြင်းကြောင့် သင်္ခါရ ဖြစ်၏၊ သင်္ခါရဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်၏.. ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူအပ်သော အနုလောမ ပဋိစ္စသမုပ္ပါဒ်သဘောတရားသည် ထင်ရှားလာပေသည်။

၂။ ပစ္စယတော ဝယဒဿန = အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ငြိမ်းပုံကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် – ''ဤအကြောင်းတရားသည် ချုပ်ငြိမ်းခြင်းကြောင့် ဤအကျိုးတရားသည် ချုပ်ငြိမ်း၏'' – ဟု ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ထို ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ – အဝိဇ္ဇာ ချုပ်ခြင်းကြောင့် သင်္ခါရ ချုပ်၏၊ သင်္ခါရ ချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်၏.. ဤသို့ စသည်ဖြင့် ဟောကြားထားတော်မူအပ်သော ပဋိလောမပဋိစ္စသမုပ္ပါဒ်သဘောတရားသည် ထင်ရှားလာပေသည်။

၃။ ခဏတော ဥဒယဗ္ဗယဒဿန = အကြောင်းသင်္ခါရ+အကျိုးသင်္ခါရ = အကြောင်းရုပ်နာမ်+အကျိုးရုပ်နာမ် = သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ဖြစ်မှုပျက်မှုကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် ယင်းသင်္ခါရတရားတို့၏ ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက် = သင်္ခတလက္ခဏာကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် အကြောင်းတရားတို့ကို စွဲမှီ၍ ဖြစ်ကြသော အကျိုးတရားတို့ဟူသော ပဋိစ္စသမုပ္ပန္နဓမ္မများသည် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားလာကြကုန်၏၊ မှန်ပေသည် – သင်္ခတတရားတို့ကား ဖြစ်ခြင်း ပျက်ခြင်း သဘော ရှိကြကုန်၏၊ ထိုသင်္ခတတရားတို့သည် အကြောင်းတရားတို့ကို အစွဲပြု၍သာ ဖြစ်ပေါ်လာကြရသဖြင့် ပဋိစ္စသမုပ္ပန္နဓမ္မလည်း အမည်ရကြပေသည်။ (အကြောင်းတရားများကိုယ်တိုင်က အနိစ္စ ဒုက္ခ အနတ္တ ဖြစ်ကြသဖြင့် ယင်းအကြောင်းတရားတို့ကို စွဲမှီ၍ ဖြစ်ပေါ်လာကြရကုန်သော အကျိုးပဋိစ္စသမုပ္ပန္နတရားတို့လည်း အနိစ္စ ဒုက္ခ အနတ္တပင် ဖြစ်ကြရပေသည် ဟူလို။) [၁၂၄၇]

နည်းလေးပါး ထင်ရှားလာပုံ

၁။ ပစ္စယတော ဥဒယဒဿန = အကြောင်းတရား ဖြစ်ခြင်းကြောင့် အကျိုးတရား ဖြစ်ပုံကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် အကြောင်းတရားနှင့် အကျိုးတရားတို့၏ အကြောင်းအကျိုး ဆက်စပ်လျက် အထပ်ထပ် ဖြစ်ပေါ် နေသော ရုပ်နာမ်သန္တာန်အစဉ်၏ အဆက်မပြတ် ဖြစ်နေခြင်းကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ''ရုပ်နာမ်သန္တာန် အစဉ်တစ်ခုတည်းအဖြစ် သိမြင်သော = ဧကတ္တနည်းသည်'' ထို ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားလာပေသည်။

ရှေးယခင် အကြောင်းတရားနှင့် အကျိုးတရားတို့ကို ဆက်စပ်လျက် သိမ်းဆည်းစဉ် ပဋိစ္စသမုပ္ပါဒ်ပိုင်း = ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း၌ အတိတ်အကြောင်းတရားများကို ထူထောင်ခဲ့သော ရုပ်နာမ်သန္တာန်အစဉ်နှင့် ပစ္စုပ္ပန် ရုပ်နာမ် သန္တာန်အစဉ်ကို တစ်ဆက်တည်း အဆက်မပြတ် အထပ်ထပ် ဖြစ်ပေါ်လာနေသည်ကို ယောဂါဝစရပုဂ္ဂိုလ်သည် သဘော ပေါက်နေ၏၊ အထူးသဖြင့် - သဘာဝေါဝါယံ စိတ္တဿ ပဏ္ဍရတာဟူသော မူလဋီကာ[၁၂၄၈]နှင့်အညီ စိတ်အားလုံးသည် ဖြူစင်သောသဘောရှိရကား အတိတ်အကြောင်းတရားများကို ထူထောင်ခဲ့စဉ်က မနောအကြည်ဓာတ်နှင့် ပစ္စုပ္ပန် မနောအကြည်ဓာတ်တို့ကို နာမ်သန္တတိအစဉ်အတန်းအားဖြင့် အနိစ္စအနေအထား ဒုက္ခအနေအထား အနတ္တ အနေအထားအားဖြင့် တစ်ဆက်တည်း အစဉ်အတန်းတစ်ခုတည်းအဖြစ် အဆက်မပြတ် အထပ်ထပ် ဖြစ်ပေါ်နေသည်ကို ယောဂါဝစရပုဂ္ဂိုလ်သည် သဘောပေါက်နေ၏၊

တစ်ဖန် ဘဝတစ်လျှောက်တွင် အများဆုံးဖြစ်နေသောစိတ်ကား ဘဝင်စိတ်ပင် ဖြစ်၏၊ ယင်းဘဝင်စိတ်သည် လည်း - ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ[၁၂၄၉] - ဟူသော ဒေသနာတော်များနှင့် အညီ ပြိုးပြိုးပြက်ပြက် တလက်လက် ကြည်လင်တောက်ပလျက်ပင် ရှိ၏၊ ယင်းဘဝင်စိတ်တို့၏ အကြားအကြား၌ ဖြစ်လေ့ရှိသော ဝီထိစိတ်တို့ကလည်း ကြည်လင်၏ = ပဏ္ဍရ = ဖြူစင်၏၊ ဘဝင်စိတ်ကလည်း ကြည်လင်၏၊ ယင်းဘဝင်စိတ်နှင့် ဝီထိစိတ်ဟူသော မနောအကြည် နာမ်သန္တတိအစဉ်အတန်းကို အတိတ်မှသည် ပစ္စုပ္ပန်သို့တိုင်အောင် ပစ္စုပ္ပန်မှသည် ရှု၍ရနိုင်သမျှ အတိတ်သို့တိုင်အောင် ဝိပဿနာဉာဏ်ဖြင့် လှမ်းမျှော်ကြည့်လိုက်ပါက အပ်ချည်ကြိုးတစ်ချောင်းကို သွယ်တန်း ထားဘိသကဲ့သို့ အစဉ်အတန်းတစ်ခုတည်းအဖြစ် အနိစ္စပုံသွင်ဖြင့် အဆက်မပြတ် အထပ်ထပ်ဖြစ်ပေါ်လာနေသည်ကို ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်ဖြင့် တွေ့မြင်နေ၏၊ ထိုအတိတ်မနောအကြည်သည် မိမိ၏ မနောအကြည် ဟုတ်မဟုတ်ကိုလည်းကောင်း, လက်ရှိ မိမိ၏ မနောအကြည်နှင့် တစ်ဆက်တည်း အစဉ်အတန်းတစ်ခုတည်း ဟုတ်မဟုတ် ကိုလည်းကောင်း ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်ဖြင့် သိမြင်နေ၏၊ အနာဂတ်၌လည်း ထိုနည်းလည်းကောင်း မှတ်ပါ။

သို့သော် အနိစ္စအခြင်းအရာကို တွင်တွင်ကြီး နှလုံးမသွင်းရသေးသဖြင့် အချို့အချို့သော စိတ္တက္ခဏ၌ သို့မဟုတ် အနည်းငယ်သော စိတ္တက္ခဏအချို့၌ ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ဖြစ်ပျက်မှုကို သိတန်သလောက် သိသော်လည်း အချို့သော စိတ္တက္ခဏ၌ သို့မဟုတ် စိတ္တက္ခဏအများစု၌ကား ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ဖြစ်ပျက်မှုကို မသိသေးပေ။ ယခု ဤဥဒယဗ္ဗယဉာဏ်ပိုင်း၌ကား မနောအကြည်ဓာတ်၏ တဆက်တည်း ဖြစ်ပေါ်လာနေသည်ကိုလည်း သိ၏၊ ထိုမနောအကြည်ဓာတ်၏ အနိစ္စအနေအထား ဒုက္ခအနေအထား အနတ္တအနေအထားအားဖြင့် ခဏမစဲ တသဲသဲ ဖြစ်ပျက်မှုကိုလည်း ခဏပစ္စုပ္ပန်သို့ဆိုက်အောင် သိနေ၏၊ အကြောင်းနှင့် အကျိုး ဆက်စပ်လျက် အနိစ္စ ဒုက္ခ အနတ္တ အနေအထားအားဖြင့် အဆက်မပြတ် အထပ်ထပ် ဖြစ်ပေါ်နေသည်ဟုလည်း သိရှိနေပေသည်။ ထိုအခါ ယင်းသို့ သိမြင်နေသော ဝိပဿနာဉာဏ်က – ''ပြုလုပ်သူကား တစ်ယောက်, ခံစားသူကား တစ်ယောက်''ဟု မှားမှားယွင်းယွင်း စွဲယူတတ်သော ဥစ္ဆေဒဒိဋ္ဌိကို သာလွန် ကောင်းမွန်စွာ ပယ်စွန့်နိုင်ပေသည်။ ရှေးရှေးသော တရားတို့၏ ချုပ်မှုကို နောက်နောက်သော တရားတို့၏ သို့မဟုတ် အထက်အထက်သော တရားတို့၏ ဖြစ်မှု ဥပ္ပါဒသဘောက အစဉ် ဖွဲ့စပ်လျက်ရှိမှုကို ဝိပဿနာဉာဏ်ဖြင့် မြင်တွေ့နေသောကြောင့် ဖြစ်၏၊[၁၂၅၀]

၂။ ခဏတော ဥဒယဒဿန = ထိုသို့ အကြောင်းအကျိုး ဆက်စပ်လျက် ဖြစ်ပေါ်နေကြသော အကြောင်းရုပ်နာမ် သင်္ခါရ, အကျိုးရုပ်နာမ်သင်္ခါရတို့၏ ခဏမစဲ တသဲသဲဖြစ်နေမှု ဥဒယသဘောကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် အသစ်အသစ်သော ရုပ်နာမ်ပရမတ်တရားတို့၏ ခဏမစဲ တသဲသဲ ဖြစ်ပေါ် နေခြင်းကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ နာနတ္တနည်းသည် ထင်ရှားလာပေသည်။ (ရုပ်နာမ်သန္တတိအစဉ်အားဖြင့် တစ်ဆက်တည်း မှန်သော်လည်း ဖြစ်မှု ပျက်မှု မရှိသော သန္တတိအစဉ်ကား မဟုတ်၊ ဖြစ်-ပျက်သန္တတိအစဉ်သာ ဖြစ်သည်။ ရှေးရှေး ရုပ်နာမ်သန္တတိအစဉ်နှင့် နောက်နောက်သော ရုပ်နာမ်သန္တတိအစဉ်တို့၏လည်းကောင်း, ရှေးရှေး ရုပ်နာမ်နှင့် နောက်နောက် ရုပ်နာမ်တို့၏လည်းကောင်း မတူကွဲပြား အသီးအခြားသာ ဖြစ်သည်ဟု သိနေ၏၊ ခဏပစ္စုပ္ပန်သို့ဆိုက်အောင် အပျက်ကို မြင်နေသဖြင့် ရှေးရှေး ပရမတ္ထ ဓာတ်သားနှင့် နောက်နောက် ပရမတ္ထဓာတ်သားတို့သည် အသီးအသီး အုပ်စုတစ်ခုစီ အုပ်စုတစ်ခုစီသာဟု သိနေ၏၊ ယောဂါဝစရပုဂ္ဂိုလ်၏ဉာဏ်၌ သန္တတိဃန သမူဟဃန ကိစ္စဃနများ ပြိုနေပြီ ဟူလို။) ထိုသို့ သိမြင်သောအခါ၌ –''ထိုသူသည်ပင် ပြုလုပ်၏၊ ထိုသူသည်ပင် ခံစား၏''ဟု မှားမှားယွင်းယွင်း စွဲယူတတ်သော သဿတဒိဋ္ဌိကို သာလွန် ကောင်းမွန်စွာ ပယ်စွန့်နိုင်ပေသည်။[၁၂၅၀]

၃။ ပစ္စယတော ဥဒယဗ္ဗယဒဿန = အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ပုံ, အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုးတရားချုပ်ပုံ သဘောတရားကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် အကြောင်းတရားသည် ထင်ရှားရှိလတ်သော် အကျိုးတရား၏ ထင်ရှားဖြစ်ပေါ်လာခြင်း, အကြောင်းတရားသည် ထင်ရှားမရှိလတ်သော် အကျိုးတရား၏ ထင်ရှား မရှိခြင်းဟူသော သဘောတရား၏ အလိုလိုပြီးစီးရကား ရုပ်နာမ်ပရမတ်တရားတို့၏ တစ်စုံ တစ်ခုသော ပုဂ္ဂိုလ်သတ္တဝါ၏ အလိုဆန္ဒအတိုင်း ဖြစ်မှု မရှိပုံကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ အဗျာပါရနည်းသည် ထင်ရှားလာပေသည်။ [အကြောင်းတရားဘက်၌လည်း အကျိုးတရားတို့ကိုဖြစ်အောင် ပြုလုပ်မည်ဟူသော ဗျာပါရ, အကျိုးတရားဘက်၌လည်း အကြောင်းတို့သည် ဖြစ်ပေါ် လာခဲ့သော် တို့ (= အကျိုးတရားတို့) ဖြစ်ကြမည်ဟူသော ဗျာပါရ မရှိပုံကို သိသည် ဟူလိုသည်။ အဝိဇ္ဇာ၌လည်း သင်္ခါရဖြစ်အောင် ပြုလုပ်မည်ဟူသော ဗျာပါရ မရှိ။ အလားတူပင် သင်္ခါရ၌လည်း ဝိညာဏ်ဖြစ်အောင် ပြုလုပ်မည် ဟူသော ဗျာပါရ မရှိ၊ ဤသို့ စသည်ဖြင့် အကြောင်း-အကျိုး နှစ်ဘက်လုံး၌ ဗျာပါရ မရှိပုံကို သဘောပေါက်ပါ။]

ထိုသို့ သိမြင်ခဲ့သော် – ဖန်ဆင်းရှင် ပရမအတ္တ, အဖန်ဆင်းခံရသော ဇီဝအတ္တ ရှိသည်ဟု မှားမှားယွင်းယွင်း စွဲယူတတ်သော အတ္တဒိဋ္ဌိကို သာလွန် ကောင်းမွန်စွာ ထိုဝိပဿနာဉာဏ်က ပယ်စွန့်နိုင်ပေသည်။ (အကြောင်း အကျိုး နှစ်ရပ်လုံး၌ ဗျာပါရ မရှိ၊ အကြောင်း-အကျိုး နှစ်ရပ်လုံးသည်လည်း အနိစ္စတရားအစုအပုံ ဒုက္ခတရားအစုအပုံ အနတ္တတရားအစုအပုံသာ ဖြစ်သည်ဟု ထိုဝိပဿနာဉာဏ်က ပုံစံမှန် သိမြင်နေသောကြောင့်ဟူလို။)

၄။ ပစ္စယတော ဥဒယဒဿန = အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ပုံသဘောကို ဝိပဿနာ ဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် အကြောင်းတရားနှင့်လျော်သော အကျိုးတရား၏ ဖြစ်ခြင်းကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်သည် အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ပုံကို ဝိပဿနာဉာဏ်ဖြင့် သိမြင်ရာဝယ် အကျိုးတရားတို့သည် ဖြစ်ချင်တိုင်း ဖြစ်ချင်သလို စည်းကမ်းမရှိ ပရမ်းပတာ ဖြစ်နေသည်ကား မဟုတ်။ အကြောင်းတရားနှင့် လျော်ညီစွာသာလျှင် အကျိုးတရားတို့သည် ဖြစ်ကုန်၏၊ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံစသော အကြောင်းတရားကြောင့် အကျိုးတရားများ ဖြစ်ခဲ့ကြသော် – ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာဟူသော အကြောင်းနှင့် လျော်သော အကျိုးတရားတို့သာ ဖြစ်ကုန်၏၊ အကြောင်းနှင့် မလျော်ညီသော အခြားအကျိုးတစ်စုံတစ်ရာသည် မဖြစ်ပေဟု သိမြင်နေ၏၊ ထိုကြောင့် ဧဝံဓမ္မတာနည်းသည် ထင်ရှားလာပေသည်။

ထိုသို့ သိမြင်ခဲ့သော် – ''ပြုသော်လည်း ပြုသည်မမည်'' – ဟု အကြောင်းကံကို တားမြစ်သော အကိရိယဒိဋ္ဌိ အယူမှားကို ယင်းဝိပဿနာဉာဏ်က သာလွန်ကောင်းမွန်စွာ ပယ်စွန့်နိုင်ပေသည်။[၁၂၅၁]

လက္ခဏာငါးပါး ထင်ရှားလာပုံ

၁။ ပစ္စယတော ဥဒယဒဿန = အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ပုံကို .. ဝိပဿနာဉာဏ်ဖြင့် ရှုမြင်နိုင်သဖြင့် အကြောင်းတရားသည် ထင်ရှားရှိလတ်သော် အကျိုးတရား၏ ဖြစ်ခြင်းသည် ထင်ရှားဖြစ်ပေါ်လာ၏ဟု ဤသို့လျှင် အကြောင်းတရားတို့သည် ထင်ရှားရှိသည်၏ အဖြစ်မျှဖြင့်သာ အကျိုးတရားတို့ကို ကျေးဇူးပြုတတ်သည် ဖြစ်ရကား သင်္ခတတရားတို့၏ အားထုတ်ခြင်း ဗျာပါရ မရှိသည်၏ အဖြစ်သည် ထင်ရှား၏၊ တစ်ဖန် အကြောင်းတရားသည် ထင်ရှား မရှိလတ်သော် အကျိုးတရား၏ ထင်ရှား မရှိခြင်းသည်လည်း ဖြစ်ပေါ်လာရကား သင်္ခတအကျိုးတရားတို့၏ အကြောင်းပစ္စည်းတရားနှင့် ဆက်စပ်မှုရှိသည်၏ အဖြစ်သည်လည်း ထင်ရှား၏၊ သင်္ခါရ တရားတို့၏ ထိုကဲ့သို့သော အားထုတ်ခြင်း ဗျာပါရကင်းမှု, အကြောင်းတရားနှင့်သာ ဆက်စပ်၍ ဖြစ်ခြင်းရှိမှုကို ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်နေခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ပရမတ္တ = ပရမအတ္တ = ဖန်ဆင်းရှင်အတ္တနှင့် ဇီဝအတ္တ = အဖန်ဆင်းခံအတ္တ မရှိမှုကို သိမြင်နေရကား အနတ္တလက္ခဏာသည် ထင်ရှားလာပေသည်။ ယင်းအသိဉာဏ်က အတ္တဆိတ်သုဉ်းမှုကို ထင်ရှားပြနေပေသည်။

၂။ ခဏတော ဥဒယဗ္ဗယဒဿန = အကြောင်းသင်္ခါရ အကျိုးသင်္ခါရဟူသော သင်္ခတတရားတို့၏ ခဏမစဲ တသဲသဲ ဖြစ်မှု-ပျက်မှု ဥဒယ-ဝယ သဘောကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်သဖြင့် – မဖြစ်ခင် ရှေးကမရှိ, ယခုမှ ရုတ်ခြည်းဖြစ်၍ မရှိခြင်းသဘာဝသို့ပင် ဆိုက်ရောက်သွားမှုကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့်လည်းကောင်း (= မဖြစ်ခင် ရှေးအဖို့က မရှိခြင်း, ဖြစ်ပြီးနောက် = ပျက်ပြီးနောက် မရှိခြင်းဟူသော မရှိခြင်း နှစ်မျိုးကိုလည်းကောင်း, ယင်းမရှိခြင်းနှစ်မျိုးတို့၏ အလယ်၌သာလျှင် ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားဖြစ်မှုကိုလည်းကောင်း ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့်လည်းကောင်း) တစ်ဖန် – သင်္ခါရတရားတို့သည် ဥပါဒ်-ဌီ-ဘင် = ဖြစ်-တည်-ပျက်ဟူသော ခဏသုံးပါးအပေါင်း၏ ရှေး၌လည်း ထင်ရှားမရှိကုန်၊ နောက်၌လည်း ထင်ရှားမရှိကုန်၊ ဥပါဒ် = ဖြစ်ခြင်းဟူသော အစနှင့်, ဘင် = ပျက်ခြင်းဟူသော အဆုံးသာ ရှိကြကုန်၏၊ ယင်းသို့ သင်္ခတတရားတို့၏ ဖြစ်-ပျက်ဟူသော အစနှင့် အဆုံးရှိမှုကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့်လည်းကောင်း ––- ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ အနိစ္စလက္ခဏာသည် ထင်ရှားလာပေသည်။

၃။ ယင်းသင်္ခါရတရားတို့၌ ဖြစ်ခြင်း-ပျက်ခြင်း ဒဏ်ချက်တို့ဖြင့် အမြဲမပြတ် အဖန်ဖန် အထပ်ထပ် အညှဉ်းပန်း အနှိပ်စက်ခံရမှုသဘောကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်နေခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ (အနိစ္စလက္ခဏာသည်သာမက) ဒုက္ခလက္ခဏာသည်လည်း ထင်ရှားလာပေသည်။

၄။ သင်္ခတတရားတို့၏ ဖြစ်ခြင်း (= ဥပါဒ်)နှင့် ပျက်ခြင်း (= ဘင်)၏ အတွင်း၌သာ တည်နေနိုင်မှု = ဖြစ်ခြင်း ပျက်ခြင်းဖြင့် ပိုင်းခြားထားမှုကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍ သိမြင်ခြင်းကြောင့် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ (အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာသာမက) သင်္ခတတရားတို့၏ ကိုယ်ပိုင်သဘာဝသတ္တိတည်းဟူသော သဘာဝလက္ခဏာသည်လည်း ထင်ရှားလာပေသည်။

၅။ သင်္ခတတရားတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးသည် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှား ခဲ့သော် သင်္ခတလက္ခဏာ၏ အခိုက်အတန့် တာဝကာလိကမျှသာ တည်နေနိုင်မှုသဘော = ဥပါဒ်-ဌီ-ဘင် ဟူသော အလွန်တိုတောင်းသော အချိန်ကာလမျှသာ တည်ရှိနိုင်မှုသဘောသည် ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားလာပေသည်။ ဥဒယ = ဖြစ်ဆဲခဏ၌ ဝယ = ပျက်မှုသဘော၏ မရှိခြင်း, ဝယ = ပျက်ဆဲခဏ၌လည်း ဥဒယ = ဖြစ်မှုသဘော၏ မရှိခြင်းကို ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်း၍သိမြင်နေသောကြောင့် ဖြစ်သည်။

ဤသည်တို့ကား ပစ္စယတော ဥဒယဗ္ဗယဒဿန = အကြောင်းတရားအားဖြင့် ဖြစ်+ချုပ်ကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ခြင်း = အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ပုံ, အကြောင်းတရား ချုပ်ငြိမ်း ခြင်းကြောင့် အကျိုးတရား ချုပ်ငြိမ်းပုံကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ခြင်းနှင့် ခဏတော ဥဒယဗ္ဗယဒဿန = သင်္ခါရ တရားတို့၏ ခဏမစဲ တသဲသဲ ဖြစ်မှု-ပျက်မှုတည်းဟူသော ခဏအားဖြင့် ဖြစ်-ပျက်ကို ရှုမြင်ခြင်းကြောင့် ရရှိအပ်သော အသိထူး ဉာဏ်ထူး အကျိုးထူးများပင် ဖြစ်ကြပေသည်။[၁၂၅၂]

ဥဒယဗ္ဗယ ဝိပဿနာလုပ်ငန်းစဉ်

ဘဝတစ်ခုအတွင်း၌ တည်ရှိသော ပဋိသန္ဓေမှသည် စုတိသို့ တိုင်အောင်သော ရုပ်တရား နာမ်တရားတို့ကို အဒ္ဓါပစ္စုပ္ပန်တရားဟု ခေါ်ဆိုပေသည်။ စက္ခုဒွါရဝီထိ စသော ဝီထိစိတ်အစဉ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော နာမ်တရားတို့ကို သန္တတိပစ္စုပ္ပန်တရားတို့ဟူ၍ ခေါ်ဆိုပေသည်။ ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော တေဇောဓာတ် ဥတုကြောင့်ဖြစ်သော လေး-ငါး-ခြောက်ဆင့် စသည်ဖြင့် အဆင့်ဆင့် ဖြစ်ပွားသော ရုပ်အစဉ်အတန်း တစ်ခုကို တစ်ဥတုကြောင့်ဖြစ်သော ရုပ်အစဉ်အတန်းတစ်ခုဟုလည်းကောင်း, ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဇနက-ဩဇာသည် ကမ္မဇဝမ်းမီးနှင့် ဥပတ္ထမ္ဘက-အာဟာရဇဩဇာ၏ အားပေးထောက်ပံ့မှုကို ရရှိသော အခါ လေး-ငါး-ခြောက်ဆင့် စသော ရုပ်အစဉ်အတန်းတစ်ခုကို ဖြစ်စေသဖြင့် ယင်းရုပ်အစဉ်အတန်းတစ်ခုကို တစ်အာဟာရကြောင့်ဖြစ်သော ရုပ်အစဉ်အတန်းဟုလည်းကောင်း အသီးအသီး ခေါ်ဆိုပေသည်။ ယင်း တစ်ဥတု တစ်အာဟာရအတွင်း၌ တည်ရှိသော စတုသမုဋ္ဌာနိက ရုပ်အစဉ်အတန်းတစ်ခုသည် သန္တတိပစ္စုပ္ပန်တရားတည်း။ ဥပါဒ်-ဌီ-ဘင်ဟူသော ခဏငယ် သုံးပါးနှင့် ပြည့်စုံသော စိတ္တက္ခဏတစ်ခုတစ်ခုအတွင်း၌ တည်ရှိသော နာမ်တရား, ဥပါဒ်-ဌီ-ဘင် ဟူသော ခဏငယ်သုံးပါး အခိုက်အတန့်အတွင်း၌ တည်ရှိသော ရုပ်တရားတို့သည် ခဏပစ္စုပ္ပန် အမည် ရသော ရုပ်တရား နာမ်တရားတို့တည်း။

ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ သန္တတိပစ္စုပ္ပန်၏ အစွမ်းဖြင့် ရုပ်တရား နာမ်တရားတို့ကို ဖြစ်ခြင်းသဘော အားဖြင့်လည်းကောင်း, ပျက်ခြင်းသဘောအားဖြင့်လည်းကောင်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင် နှလုံးသွင်း ရှုပွားရ၏၊ ထိုကဲ့သို့ အစဉ်သဖြင့် နှလုံးသွင်းရှုပွားခဲ့သော် ဝိပဿနာဘာဝနာဉာဏ်၏ အားကောင်းမောင်းသန်ခြင်းသို့ ရောက်ရှိ လာသောအခါ ဝိပဿနာဘာဝနာဉာဏ်၏ ထက်မြက်စူးရှမှု သန့်ရှင်းသထက် သန့်ရှင်းမှုသို့ ရောက်ရှိသွားခြင်းကြောင့် သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲအားဖြင့် ဖြစ်မှု-ပျက်မှု သဘောတရားတို့သည် ခဏပစ္စုပ္ပန်သို့ ဆိုက်သည့် တိုင်အောင် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားလာကြပေကုန်သည်။

မှန်ပေသည် – ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးပထမတွင် အဝိဇ္ဇာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊ အဝိဇ္ဇာ ချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ – ဤသို့ စသည်ဖြင့် ပစ္စယတော ဥဒယဗ္ဗယဒဿန = အကြောင်းတရားအားဖြင့် ဖြစ်မှု ပျက်မှုကို နှလုံးသွင်းရှုပွား၏၊ ထိုသို့ နှလုံးသွင်းလျက် အဝိဇ္ဇာစသော အကြောင်းတရားတို့ကို လွှတ်လိုက်၍ (= အဝိဇ္ဇာ စသော အကြောင်းတရားကြောင့် ရုပ်စသော အကျိုးတရားတို့၏ ဖြစ်မှုကို မြင်အောင် ရှုမှုကို လွှတ်လိုက်၍) ဖြစ်မှု ပျက်မှုသဘော ထင်ရှားရှိကြကုန်သော အကြောင်းခန္ဓာ အကျိုးခန္ဓာတို့ကို ဝိပဿနာဉာဏ်ဖြင့် လှမ်းယူ သိမ်းဆည်းလျက် ထိုခန္ဓာတို့၏ အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ပုံ, အကြောင်းတရား ချုပ်ခြင်းကြောင့် အကျိုးတရား ချုပ်ပုံကို ဝိပဿနာဉာဏ်ဖြင့် ရှုမြင်ခြင်း = ပစ္စယတော ဥဒယဗ္ဗယဒဿနကို အဦးမူသဖြင့် ယင်းခန္ဓာတို့၏ ခဏအားဖြင့် လည်း ဖြစ်မှု-ပျက်မှု = ဥဒယဗ္ဗယသဘောကို နှလုံးသွင်း ရှုပွား၏၊

(အဝိဇ္ဇာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏၊ အဝိဇ္ဇာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏၊ အဝိဇ္ဇာ-ဖြစ်ပျက်-အနိစ္စ၊ ရုပ်-ဖြစ်ပျက်အနိစ္စ ဤသို့ စသည်ဖြင့် နှလုံးသွင်း ရှုပွားမှုကို ဆိုလိုပေသည်။)

ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်သည် ထိုသို့ နှလုံးသွင်းဖန် များလတ်သော် အကြင်အခါ၌ ထက်မြက် စူးရှလာ၏ သန့်ရှင်းလာ၏၊ ထိုအခါ၌ ရုပ်တရားနာမ်တရားတို့သည် ခဏတိုင်း ခဏတိုင်း ဖြစ်ကုန်သည် ပျက်ကုန်သည် ဖြစ်၍ ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားလာကုန်၏၊ ယင်းသို့ ထင်ရှားလာလတ်သော် ဥဒယဗ္ဗယာနုပဿနာ မည်သော နုနယ်သော တရုဏဝိပဿနာဉာဏ်ကို ရရှိပေပြီ။ ယင်းယောဂါဝစရပုဂ္ဂိုလ်ကို အာရဒ္ဓဝိပဿက ပုဂ္ဂိုလ်ဟူ၍ ခေါ်ဆိုပေသည်။[၁၂၅၃]

ဥပက္ကိလေသပိုင်း

တရုဏဝိပဿနာဉာဏ်ကို ရရှိသည်တိုင်အောင် ..
၁။ ပစ္စယတော ဥဒယဗ္ဗယဒဿန = အကြောင်းတရားအားဖြင့် ဖြစ်-ပျက်ရှုနည်း၊
၂။ ခဏတော ဥဒယဗ္ဗယဒဿန = ခဏအားဖြင့် ဖြစ်-ပျက်ရှုနည်း –

ဤ နှစ်မျိုးသော ဝိပဿနာရှုနည်းတို့ဖြင့် တွင်တွင်ကြီး ဝိပဿနာရှုရာအခိုက်၌လည်းကောင်း, ထိုသို့ ရှုပြီးနောက် အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ စသည် ပြားသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို တစ်ဖန်ပြန်၍ ဝိပဿနာ ရှုရာအခါ၌လည်းကောင်း ဝိပဿနာ၏ ညစ်ညူးကြောင်း = ဝိပဿနုပက္ကိလေသတရား (၁၀)မျိုးတို့သည် ဖြစ်ပေါ် လာကြရိုး ဓမ္မတာသာ ဖြစ်ပေသည်။

ဝိပဿနာကို ညစ်ညူးစေတတ်ကုန်သော ဤ ဥပက္ကိလေသတရား (၁၀)ပါးတို့သည် –
၁။ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်ပြီးသော အရိယသာဝက၏သန္တာန်၌လည်းကောင်း, နိဗ္ဗိဒါနုပဿနာစသော အားကောင်းမောင်းသန်သော ဗလဝဝိပဿနာသို့ ဆိုက်ရောက်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ လည်းကောင်း,[၁၂၅၄]
၂။ သီလပျက်စီးခြင်း, သမာဓိပျက်စီးခြင်း, ပညာကျင့်စဉ် လွဲချော်ခြင်းစသော ကျင့်စဉ်ချွတ်ချော်မှုရှိသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း,
၃။ ဝိပဿနာတရားကို ပွားများအားထုတ်ပါသော်လည်း အားထုတ်စဉ် အကြားကာလ၌ ဝိပဿနာလုပ်ငန်းရပ်၌ စိတ်ဓာတ်ကျဆင်း တွန့်ဆုတ်ကာ ဝိပဿနာဘာဝနာလုပ်ငန်းရပ်ကို စွန့်ပယ်ချထားသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း,
၄။ သီလစသည် ပြည့်စုံပါလျက် ပျင်းရိသဖြင့် ဝိပဿနာဘာဝနာကို အားမထုတ်သော ပုဂ္ဂိုလ်၏သန္တာန်၌ လည်းကောင်း –

ဤ လေးမျိုးကုန်သော ပုဂ္ဂိုလ်တို့၏ သန္တာန်၌ မဖြစ်ပေါ်လာကြကုန်ဟု မှတ်သားပါလေ။ တစ်ဖန် – သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်ဟူသော ကျင့်စဉ်လွဲချော်မှုမရှိသော ကျင့်စဉ်မှန် သမ္မာပဋိပန္နကပုဂ္ဂိုလ်ဖြစ်သော, ရှေးလုံ့လ နောက်လုံ့လ စပ်၍ ပညာဘာဝနာကို မပြတ်အားထုတ်သော အာရဒ္ဓဝိပဿက အမည်ရသော အမျိုးကောင်းသား အမျိုးကောင်းသမီး၏သန္တာန်၌ကား မချွတ်ဧကန် ဖြစ်ပေါ်လာကြကုန်သည်သာတည်းဟု မှတ်သားပါလေ။[၁၂၅၅] 

၁။ ဩဘာသ = အရောင်အလင်း

အထက်တွင် တင်ပြခဲ့သည့်အတိုင်း .. ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို နည်းအမျိုးမျိုးဖြင့် လက္ခဏာယာဉ်တင်လျက် တွင်တွင်ကြီး ဝိပဿနာရှုသောအခါ ဝိပဿနာဉာဏ်သည် ထက်မြက်စူးရှလာခဲ့သော် ထိုဉာဏ်နှင့် ယှဉ်သော ဝိပဿနာစိတ်ကြောင့် သို့မဟုတ် ယင်းဝိပဿနာစိတ်+စေတသိက်တို့ကြောင့် စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်များ ဖြစ်ပေါ်လာရာ ယင်း ဩဇဋ္ဌမကရုပ်များတွင် ပါဝင်သော ဝဏ္ဏခေါ် ရူပါရုံသည် အလွန်တောက်ပနေ၏၊ တစ်ဖန် ယင်းစိတ္တဇဩဇဋ္ဌမကရုပ်ကလာပ်တို့တွင် ပါဝင်သော တေဇောဓာတ်ခေါ် ဥတုကြောင့်လည်း ဥတုဇဩဇဋ္ဌမက ရုပ်ကလာပ်အသစ်အသစ်တို့သည် ဆင့်ကာဆင့်ကာ ထပ်မံ ဖြစ်ပေါ်လာကြပြန်ကုန်၏၊ ယင်းဥတုဇဩဇဋ္ဌမကရုပ်များ တွင် ပါဝင်သော ရူပါရုံ ဝဏ္ဏဓာတ် အသီးအသီးသည်လည်း အလွန်တောက်ပလျက်ပင် ရှိ၏၊ ယင်း စိတ္တဇဝဏ္ဏဓာတ် ဥတုဇဝဏ္ဏဓာတ်တို့မှာ ဉာဏ်အာနုဘော်က ကြီးလျှင်ကြီးသလို, ဉာဏ်အာနုဘော်က သေးလျှင်သေးသလို တောက်ပကြ၏၊ စိတ္တဇဝဏ္ဏဓာတ်၏ အရောင်အဆင်းကား အဇ္ဈတ္တ၌သာ ပျံ့နှံ့၍တည်၏၊ ဥတုဇဝဏ္ဏဓာတ်၏ အရောင်အဆင်းကား အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင်အောင် ဉာဏ်အာနုဘော်က ကြီးမားလျှင် ကြီးမားသလောက် ပျံ့နှံ့၍ တည်၏၊ လောကဓာတ် တိုက်တစ်သောင်းတိုင်အောင်သော်လည်း ပျံ့နှံ့တည်နိုင်၏၊

ထိုအရောင်အလင်းကား ထိုယောဂါဝစရပုဂ္ဂိုလ်အားသာလျှင် ထင်ရှား၏၊ ထိုဉာဏ်အရောင်အလင်းသည် ဗဟိဒ္ဓသို့တိုင်အောင် ပျံ့နှံ့ထွက်သွားသောအခါ ထိုအရောင်လင်းနှင့် တွေ့ထိရာ တွေ့ဆုံရာအရပ်၌ တည်ရှိသော ရူပါရုံကိုလည်း = ရူပါရုံအပေါင်းကိုလည်း ယောဂါဝစရပုဂ္ဂိုလ်သည် တွေ့မြင်နိုင်ပေသည်။ ထိုသို့ ဗဟိဒ္ဓလောက၌ တည်ရှိသော ရူပါရုံအမျိုးမျိုးကို တွေ့မြင်ခဲ့သော် – စက္ခုဝိညာဏ်ဖြင့် တွေ့မြင်လေသလော၊ သို့မဟုတ် မနောဝိညာဏ် ဖြင့်ပင် တွေ့မြင်လေသလော – ဟု စူးစမ်းဆင်ခြင်သင့်ကြောင်းကို ဆရာမြတ်တို့က မိန့်ဆိုတော်မူကြပေသည်။ မိမိ မဟာဋီကာဆရာတော်၏ အယူအဆမှာမူ ဒိဗ္ဗစက္ခုအဘိညာဏ်ကို ရရှိတော်မူကြကုန်သော သူတော်ကောင်းတို့သည် အနီးအဝေးရှိ ရူပါရုံအမျိုးမျိုးကို မြင်တွေ့ရာ၌ ဒိဗ္ဗစက္ခုအဘိညာဏ်စိတ်နှင့် ယင်းဒိဗ္ဗစက္ခုအဘိညာဏ်စိတ်နောင် ဆက်လက်ဖြစ်ပေါ်လာသော ပစ္စဝေက္ခဏာဇောဝီထိစိတ်အစဉ်ဟူသော မနောဝိညာဏ်စိတ်ဖြင့်သာလျှင် မြင်တွေ့ ကြကုန်သကဲ့သို့ အလားတူပင် ဤဝိပဿနာအရာ၌လည်း ဝိပဿနာစိတ်ဟူသော မနောဝိညာဏ်စိတ်ဖြင့်သာလျှင် မြင်တွေ့ခြင်းဖြစ်သည်ဟူသော အယူအဆသည်သာလျှင် အသင့်ယုတ္တိရှိသကဲ့သို့ ထင်မြင်မိပေသည်။[၂၆၇]

အထက်ပါ မဟာဋီကာဆရာတော်၏ ရှင်းလင်းချက် မှတ်ချက်များမှာ ဝိပဿနာရှုနေသူ ယောဂီပုဂ္ဂိုလ်တို့အတွက် အလွန်စိတ်ဝင်စားဖွယ်ရာ တင်ပြချက်များပင် ဖြစ်ကြပေသည်။

ဝိပဿနာစိတ်၌ အရောင်အလင်းရှိသည်ဟူသော ဤအဆိုအမိန့်ကို သို့မဟုတ် ဝိပဿနာဉာဏ်ကြောင့် အရောင်အလင်းများ ဖြစ်ပေါ်လာကြသည်ဟူသော ဤအဆိုအမိန့်ကို လက်ခံနိုင်ပါလျှင် အဓိစိတ္တ အမည်ရသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌လည်း ပဘဿရ = ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော အရောင်အလင်းရှိ၏ဟူသော အဓိစိတ္တသုတ္တန် အမည်ရှိသော နိမိတ္တသုတ္တန်[၂၆၅]၌ ဘုရားရှင်၏ ဟောကြားထားတော် မူသော မိန့်ဆိုချက်ကိုလည်း လက်ခံနိုင်ရမည်သာ ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအဓိစိတ္တ အမည်ရသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့သည်လည်း စိတ္တဇဩဇဋ္ဌမကရုပ်ကလာပ်များကို ဖြစ်စေနိုင်ကြသည် သာလျှင် ဖြစ်၏၊ တစ်ခုတစ်ခုသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်သည် ရုပ်ကလာပ်ပေါင်းများစွာကို ဖြစ်စေနိုင်သော စွမ်းအားရှိသည်သာ ဖြစ်၏၊ ယင်းစိတ္တဇဩဇဋ္ဌမကရုပ်ကလာပ်များတွင် ပါဝင်သော တေဇောဓာတ် = ဥတု အသီးအသီးကလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်များကို အဆင့်ဆင့် ဖြစ်စေနိုင်သည်သာ ဖြစ်၏၊ ယင်း စိတ္တဇဩဇဋ္ဌမကရုပ်ကလာပ် ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသီးအသီးတွင်ပါဝင်သော ဝဏ္ဏဓာတ် = ရူပါရုံကလည်း ဉာဏ်အာနုဘော် ကြီးလျှင်ကြီးသလို တောက်ပနိုင်သည်သာ ဖြစ်ပေသည်။ ယင်း အဓိစိတ္တ အမည်ရသော သမထ ဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့နှင့် ယှဉ်တွဲဖြစ်ကြသော သမ္ပယုတ်တရားစုတွင် ဉာဏ်လည်း ပါဝင်လျက် ရှိပေသည်။ သို့အတွက် အဓိစိတ္တ အမည်ရသော သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၌ ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပသော အရောင်အလင်းရှိသည်ဟူသော ဘုရားဟောဒေသနာတော်ကို ယောဂီသူတော်ကောင်း သည် လက်ခံနိုင်ရမည်သာ ဖြစ်သည်။ အကျိုးဖြစ်သော စိတ္တဇရုပ် ဥတုဇရုပ်တို့၏ အရောင်အလင်းဟူသော အမည်ကို အကြောင်းဖြစ်သော ဉာဏ်အပေါ်၌ တင်စား၍ သမထဉာဏ်ရောင် ဝိပဿနာဉာဏ်ရောင်ဟု ခေါ်ဆိုထားသော ကာရဏူပစာရစကား (တစ်နည်း ဖလူပစာရစကား)ဟု မှတ်ပါ။

ထိုသို့ လက်ခံနိုင်ပါလျှင် ဤကျမ်းစာ ရှေ့ပိုင်း သမထကမ္မဋ္ဌာန်းပိုင်း[၁၂၅၆]တွင် တင်ပြခဲ့သည့်အတိုင်း သမာဓိ ထူထောင်စဉ် ဥပစာရသမာဓိ အပ္ပနာသမာဓိတို့နှင့် နီးကပ်နေသော ပရိကမ္မသမာဓိ အခိုက်အတန့်မှ စ၍ ယင်းသမထ ဘာဝနာစိတ်ကြောင့် အရောင်အလင်းများ စတင်ထွက်ပေါ်လာကြောင်းကို ဖွင့်ဆိုသော အင်္ဂုတ္တရဋီကာ ပစလာယမာန သုတ္တန်အဖွင့်[၂၅၄] စကားရပ်ကိုလည်း လက်ခံနိုင်ပြီ ဖြစ်ပေသည်။ (မဟာဋီကာနှင့် အင်္ဂုတ္တရဋီကာတို့မှာ အာစရိယဓမ္မပါလ အမည်ရတော်မူသော ဆရာတော် အရှင်ဓမ္မပါလ တစ်ဦးတည်း၏ လက်ရာများသာ ဖြစ်ကြသည်။)

ထိုသို့ လက်ခံနိုင်ပါလျှင် အရောင်အလင်းသည် ဥဒယဗ္ဗယဉာဏ် တရုဏဝိပဿနာပိုင်းသို့ ရောက်ရှိပါမှသာလျှင် စတင်ထွက်ပေါ်လာသည်ကား မဟုတ်၊ အဓိစိတ္တအမည်ရသော သမထဘာဝနာစိတ် ဝိပဿနာစိတ်တို့ကြောင့်လည်း အရောင်အလင်းများသည် ထွက်ပေါ်လာနိုင်ရကား သမာဓိကို ထူထောင်သည့်အပိုင်း ဥပစာရသမာဓိ အပ္ပနာသမာဓိ တို့နှင့် နီးကပ်နေသော ပရိကမ္မသမာဓိပိုင်းက စ၍ သမာဓိပိုင်း တစ်လျှောက်လုံး၌လည်းကောင်း, ရုပ်နာမ်ကို သိမ်းဆည်းသည်က စ၍ ဝိပဿနာပိုင်း တစ်လျှောက်လုံး၌လည်းကောင်း သမထဉာဏ်ရောင် ဝိပဿနာဉာဏ်ရောင် ဟူသော အရောင်အလင်းသည် ရှိနေသည်သာ ဖြစ်သည်ဟုလည်း လက်ခံနိုင်ပေပြီ။

အဘယ်ကြောင့် ထပ်မံဖွင့်ဆိုနေရပါသနည်း?

အဓိစိတ္တ အမည်ရသော သမထဘာဝနာတစ်လျှောက် ဝိပဿနာဘာဝနာတစ်လျှောက်လုံး၌ အရောင်အလင်းသည် ထင်ရှားရှိခဲ့ပါလျှင် အဘယ်အကြောင်းကြောင့် ဤဥဒယဗ္ဗယဉာဏ်-တရုဏဝိပဿနာပိုင်းသို့ ရောက်ရှိပါမှ ဩဘာသ = ဝိပဿနောဘာသ = ဝိပဿနာဉာဏ်အရောင်အလင်း ထွက်ပေါ်လာကြောင်းကို ထပ်မံဖွင့်ဆိုနေရသနည်း ဟု မေးမြန်းဖွယ် ရှိလာပြန်၏၊ အဖြေမှာ အောက်ပါအတိုင်း ဖြစ်၏၊ –

ထိုဥပက္ကိလေသတရား (၁၀)မျိုးတို့တွင် ဩဘာသ = အရောင်အလင်းဟူသည် .. ဝိပဿနောဘာသ = ဝိပဿနာအလင်းတည်း (= ဝိပဿနာဉာဏ်ကြောင့် ဖြစ်ပေါ်လာသော အရောင်အလင်းတည်း။) ထိုဝိပဿနာဉာဏ် အရောင်အလင်းသည် ဖြစ်ပေါ်လာလတ်သော် ယောဂါဝစရပုဂ္ဂိုလ်သည်- ''ငါ၏ သန္တာန်၌ ဤမှ ရှေး၌ ဤကဲ့သို့သော အရောင်အလင်းမျိုးသည် မဖြစ်ပေါ်ဖူးလေစွတကား၊ မချွတ်ဧကန် ငါသည် အရိယမဂ်သို့ ဆိုက်ပေပြီ, အရိယဖိုလ်သို့ ဆိုက်ပေပြီ'' – ဟု အရိယမဂ်မဟုတ်သော ဩဘာသ = အရောင်အလင်းကိုပင် အရိယမဂ်ဟု, အရိယဖိုလ်မဟုတ်သော ဩဘာသ = အရောင်အလင်းကိုပင် အရိယဖိုလ်ဟု စွဲယူလိုက်၏၊ အရိယမဂ် မဟုတ်သည်ကို အရိယမဂ်ဟု, အရိယဖိုလ် မဟုတ်သည်ကို အရိယဖိုလ်ဟု စွဲယူသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာလမ်းကြောင်းသည် ဝိပဿနာခရီး လမ်းရိုးမှ လွဲချော်ကျသွားသည် မည်၏၊ အဘယ်ကြောင့်နည်းဟူမူ ထိုယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏ မူလကမ္မဋ္ဌာန်း အမည်ရသော ဝိပဿနာဘာဝနာလုပ်ငန်းရပ်ကို စွန့်လွှတ်လိုက်၍ ဩဘာသ = အရောင်အလင်းကိုပင် သာယာလျက် ထိုင်နေသောကြောင့် ဖြစ်သည်။[၁၂၅၇]

ဤအထက်ပါ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ဖွင့်ဆိုရှင်းလင်းချက်နှင့် အညီ ဤဥဒယဗ္ဗယဉာဏ် အမည်ရသော တရုဏဝိပဿနာပိုင်း၌ ဖြစ်ပေါ်လာသော အရောင်အလင်းကား ရှေးရှေး သမထဘာဝနာစိတ် ဝိပဿနာဘာဝနာ စိတ်တို့ကြောင့် ဖြစ်ပေါ်ခဲ့သော အရောင်အလင်းများနှင့် မတူဘဲ တစ်မူထူးခြားလျက် မဖြစ်စဖူး အဦးအသစ် ဖြစ်ပေါ်လာသော အရောင်အလင်း တစ်မျိုးဖြစ်၏၊ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေနိုင်ရုံမျှသော အရပ်ဒေသ, တိုက်ခန်း တစ်နေရာစာလောက် အတိုင်းအတာ ပမာဏရှိသော အရပ်ဒေသမှ အစပြု၍ အကနိဋ္ဌဗြဟ္မာ့ပြည်သို့တိုင်အောင် အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့၏ အရောင်အလင်းသည် ပျံ့နှံ့သွားနိုင်၏၊

ထိုအရောင်အလင်းကိုပင် မဂ်ဟု ဖိုလ်ဟု သို့မဟုတ် မဂ်ဉာဏ်ဖိုလ်ဉာဏ်မှ ထွက်ပေါ်လာသော အရောင်အလင်း ဟု ယူဆလျက် ဝိပဿနာ ရှုပွားမှုကို ရပ်ဆိုင်းပြီးလျှင် ထိုဩဘာသအရောင်အလင်းကို သာယာလျက် နေပါမှသာ ထိုသာယာမှုနိကန္တိသည် ဥပက္ကိလေသ ဖြစ်သည်။ ထိုဩဘာသကို အကြောင်းပြု၍ မာနဖြစ်ပါမှ ဒိဋ္ဌိဖြစ်ပါမှသာ ဥပက္ကိလေသ ဖြစ်သည်။ ထိုကြောင့် ဩဘာသကား ဥပက္ကိလေသ မဟုတ်၊ ဩဘာသကို အာရုံပြု ၍ ဖြစ်ပေါ် လာကြကုန်သော တဏှာ (= နိကန္တိ ) မာန ဒိဋ္ဌိတို့သည်သာလျှင် ဥပက္ကိလေသ ဖြစ်ကုန်သည်။ ဩဘာသကား ယင်းဥပက္ကိလေသတရားတို့၏ တည်ရာဝတ္ထုသာ ဖြစ်သည်။ ယင်းဩဘာသကို ..

''ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ = ဤဩဘာသသည် ငါ့ဟာတည်း၊ ဤဩဘာသသည် ငါတည်း၊ ဤဩဘာသသည် ငါ၏ အတ္တတည်း'' –

ဤသို့ စွဲယူလျှင် တဏှာ မာန ဒိဋ္ဌိဖြစ်သည် မည်ပေသည်။

လမ်းမှန်ပေါ်သို့ ပြန်လျှောက်ပုံ

ဩဘာသ အရောင်အလင်း၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စတင် သိမ်းဆည်းပါ။ ဓာတ်ကြီးလေးပါးတို့၏ အစုအပုံကို ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သောအခါ အာကာသဓာတ်ကိုပါ မြင်အောင် ဆက်ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိရမည် ဖြစ်ပေသည်။ အလွန့်အလွန် သိမ်မွေ့နူးညံ့သော ရုပ်ကလာပ်အမှုန်များသာတည်း။ ယင်းရုပ်ကလာပ်များကို ဃနအသီးသီးပြိုအောင် ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ပရမတ်ရုပ်တရားတို့ကို သိမ်းဆည်းပါ။ အဇ္ဈတ္တ၌ ပျံ့နှံ့လျက်ရှိသော ဩဘာသ အမည်ရှိသည့် ရုပ်ကလာပ်အမှုန်တို့ကား – စိတ္တဇဩဇဋ္ဌမကရုပ် ဥတုဇ ဩဇဋ္ဌမကရုပ်တို့သာတည်း။ အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင်အောင် ပျံ့နှံ့ထွက်သွားသော ရုပ်ကလာပ်တို့ကား ဥတုဇဩဇဋ္ဌမကရုပ်တို့တည်း။ ယင်းစိတ္တဇနှင့် ဥတုဇဩဇဋ္ဌမကရုပ်ပရမတ်တရားတို့ကို သိမ်းဆည်း၍ ဉာဏ်ဖြင့် ပိုင်းခြားယူ၍ ယင်းရုပ်ပရမတ်တရားတို့ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ။ ဝိပဿနာ လမ်းကြောင်းပေါ်သို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သည်။ ထိုနောင် ရှေးယခင် ရှုလက်စဖြစ်သော ရုပ်နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကိုပင် တစ်ဖန် ဆက်လက် ဝိပဿနာရှုမြဲတိုင်း ရှုပါ။

၂။ ဉာဏံ = ဝိပဿနာဉာဏ်

ဥဒယဗ္ဗယဉာဏ်ကို အထွတ်အထိပ်သို့ရောက်အောင် ကြိုးစားအားထုတ်လျက်ရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ သင်္ခါရတရားတို့ကို လက္ခဏာယာဉ်တင်ကာ နှိုင်းချိန်စူးစမ်းလျက်ရှိသော ဝိပဿနာဉာဏ်သည် ပစ်လွှတ်လိုက်သော သိကြားမင်း၏ ဝရဇိန်လက်နက်ကဲ့သို့ အဟုန်မပျက် ထက်မြက်စူးရှ သန့်ရှင်းစင်ကြယ်လျက် ဖြစ်ပေါ်လာ၏၊[၁၂၅၈]

၃။ ပီတိ = ဝိပဿနာပီတိ

ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲဖြစ်ပေါ်လာသော နှစ်သက်ဝမ်းမြောက်မှု ပီတိတည်း။ ထိုပီတိသည် အောက်ပါ အတိုင်း ငါးမျိုးရှိ၏ ..။

၁။ ခုဒ္ဒကာပီတိ = ကြက်သီးမွေးညင်းထစေ ရွှင်ပြစေတတ်သော သေးငယ်သော ပီတိ၊
၂။ ခဏိကာပီတိ = လျှပ်စစ်ပြက်သကဲ့သို့ ခဏခဏ ဖြစ်ပေါ်လာသော ပီတိ၊
၃။ ဩက္ကန္တိကာပီတိ = ဒီလှိုင်းကဲ့သို့ ရင်တွင်း၌ အလိပ်လိုက် အလိပ်လိုက် တက်လာသော ပီတိ၊
၄။ ဥဗ္ဗေဂါပီတိ = ကိုယ်ကို အထက်သို့ မြောက်ကြွစေ ပျံတက်စေသော ပီတိ၊
၅။ ဖရဏာပီတိ = မွန်မြတ်သော ပဏီတ စိတ္တဇရုပ်တို့ကို တစ်ကိုယ်လုံး အနှံ့အပြား ပျံ့နှံ့ပြည့်ဖြိုးစေ စိမ့်ဝင်စေသော ပီတိ။

ဤတရုဏဝိပဿနာပိုင်း၌ ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဤ (၅)မျိုးသော ပီတိတရားတို့သည်လည်း ဖြစ်ပေါ်နေတတ်ကြကုန်၏၊ အထူးသဖြင့် ဖရဏာပီတိသည် လွန်လွန်ကဲကဲ ဖြစ်ပေါ်နေတတ်၏၊[၁၂၅၉]

၄။ ပဿဒ္ဓိ = ဝိပဿနာပဿဒ္ဓိ

ပဿဒ္ဓိဟူသည် ဝိပဿနာစိတ်နှင့် ယှဉ်တွဲဖြစ်ပေါ်နေသော စိတ်+စေတသိက်တို့၏ ငြိမ်းအေးမှု ပဿဒ္ဓိတည်း။ ညဉ့်သန့်ရာနေရာ၌ဖြစ်စေ နေ့သန့်ရာနေရာ၌ဖြစ်စေ ထိုင်၍ ဝိပဿနာတရားကို နှလုံးသွင်းနေသော ထို ယောဂါဝစရ ပုဂ္ဂိုလ်၏ သန္တာန်ဝယ် ထိုအခါ၌ ကိုယ်စိတ်တို့၏ ပူပန်မှုလည်း မဖြစ်၊ လေးလံမှုလည်း မဖြစ်၊ ကြမ်းတမ်း ခက်မာမှုလည်း မဖြစ်၊ ဝိပဿနာဘာဝနာအမှု၌ မခံ့ညားမှုလည်း မဖြစ်၊ စိတ်+စေတသိက်တို့၏ နာကျင်မှုလည်း မဖြစ်၊ ကွေ့ကောက် မှုလည်း မဖြစ်ပေ။ အမှန်ဖြစ်နေသည်ကား – စိတ်+စေသိက်တို့၏ ငြိမ်းအေးမှု, ပေါ့ပါးမှု (= လျင်လျင်မြန်မြန် ပြောင်းရွှေ့ပြန်လှန်၍ ဝိပဿနာရှုနိုင်မှု = ရုပ်တစ်လှည့် နာမ်တစ်လှည့် အကြောင်းတစ်လှည့် အကျိုးတစ်လှည့် အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် အတိတ်တစ်လှည့် အနာဂတ်တစ်လှည့် ပစ္စုပ္ပန်တစ်လှည့် အနိစ္စတစ်လှည့် ဒုက္ခတစ်လှည့် အနတ္တတစ်လှည့် – ဤသို့ စသည်ဖြင့် လျင်လျင်မြန်မြန် ပြောင်းရွှေ့ပြန်လှန်၍ အပြန်ပြန် အလှန်လှန် ဝိပဿနာရှုနိုင်မှု), နူးညံ့မှု, ဘာဝနာမှုတို့၌ ခံ့ညားမှု, ကိလေသာအနာတို့မှ သန့်ရှင်းမှု (ဘာဝနာမှု၌ ကျွမ်းကျင်မှု), ဖြောင့်မတ်မှု သဘောတရားတို့သာ ဖြစ်ပေါ်နေကြပေသည်။ [ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိမှ စ၍ ကာယုဇုကတာ စိတ္တုဇုကတာသို့တိုင်အောင် အစုံအစုံသော ယုဂဠစေတသိက် (၁၂ )လုံးတို့သည် ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက် ထင်ထင်ရှားရှား ဖြစ်နေကြသည်ဟူလို။][၁၂၅၉]

၅။ သုခ = ဝိပဿနာသုခ

ဝိပဿနာဉာဏ်နှင့် ယှဉ်၍ စိတ်ချမ်းသာမှု စေတသိကသုခသည်လည်း ဖြစ်ပေါ်လျက်ရှိ၏၊ ယင်းစေတသိက သုခနှင့် ယှဉ်သော ဝိပဿနာစိတ်ကြောင့် ဖြစ်ကုန်သော အလွန်မွန်မြတ်ကုန်သော စိတ္တဇရုပ်တို့ဖြင့် ယောဂါဝစရ ပုဂ္ဂိုလ်၏ အလုံးစုံသော ရူပကာယသည် တွေ့နှံ့အပ်သည်လည်း ဖြစ်၏၊ ထက်ဝန်းကျင်မှ ပွားစေအပ်သည်လည်း ဖြစ်၏၊ (အလွန် မွန်မြတ်ကုန်သော ပဏီတစိတ္တဇရုပ်တို့သည် တစ်ကိုယ်လုံးဝယ် ပျံ့နှံ့နေကြသည် ဟူလို။) [၁၂၅၉]

၆။ အဓိမောက္ခ = သဒ္ဓါ

ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်ရှိသော ဝိပဿနာစိတ်+စေတသိက်တို့ကို လွန်လွန်ကဲကဲ ကြည်လင်စေတတ်သော အလွန်အားကောင်းသန်မာသော လွတ်လွတ်သက်ဝင် ဆုံးဖြတ်တတ်သော အဓိမောက္ခ အမည်ရသော ဝိပဿနာဘာဝနာလုပ်ငန်းခွင် အပေါ်၌ ယုံကြည်မှု သဒ္ဓါတရားသည်လည်း ဖြစ်ပေါ်နေ၏၊ (အထူးသဖြင့် သီလ သမာဓိ ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်၌ ယုံကြည်မှု သဒ္ဓါတရားတည်း။)

၇။ ပဂ္ဂဟ = ဝီရိယ

ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်သာရှိသော, လျော့ရဲမှု တွန့်ဆုတ်မှု မရှိသော, ရှေးရှေးဖြစ်ပေါ်ပြီးသော ဘာဝနာစွမ်းအားဖြင့်ပြီးသော, အတူယှဉ်ဖက် ဝိပဿနာဘာဝနာစိတ်+စေတသိက် သမ္ပယုတ်တရားတို့ကို ကောင်းစွာ အားပေးထောက်ပံ့တတ် ချီးပင့်တတ်သော, သမ္ပယုတ်တရားတို့ကို ဘာဝနာလုပ်ငန်း ရပ်၌ ပျင်းရိမှု ကောသဇ္ဇဘေးရန်မှ ကာကွယ်ပေးတတ် ချီးပင့်ထုတ်ဆောင်တတ်သော ပဂ္ဂဟ အမည်ရသော ဝီရိယသည်လည်း ဖြစ်ပေါ်နေ၏၊

၈။ ဥပဋ္ဌာန = သတိ

ထိုအချိန်အခါ၌ ထို ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ရှုပွားနေသော ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက်သာလျှင် ဖြစ်သော, သင်္ခါရတရားတို့၏ အနိစ္စသဘောမှန် ဒုက္ခသဘောမှန် အနတ္တသဘောမှန် အသုဘသဘောမှန်ကို ကောင်းစွာ ပိုင်းခြားမှတ်သားခြင်းဖြင့် ဝိပဿနာဉာဏ်၏ အရှုခံ သင်္ခါရအာရုံ၌ စွဲမြဲစွာ ကပ်၍တည်သော, ဆန့်ကျင်ဘက် နီဝရဏအညစ်အကြေး ကင်းစင်နေသဖြင့် ဆန့်ကျင်ဘက် နီဝရဏတရားသည် မလှုပ်ရှားစေနိုင်ရကား သင်္ခါရအာရုံ၌ စွဲမြဲစွာတည်သော, မြဲမြံစွာ မြေ၌ စိုက်ထူထားအပ်သော မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ မတုန်မလှုပ်သော တောင်မင်းနှင့်တူသော သတိသည်လည်း ဖြစ်ပေါ်နေ၏၊

ထိုယောဂါဝစရပုဂ္ဂိုလ်သည် မည်သည့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရအာရုံကိုမဆို ဆင်ခြင်အံ့၊ နှလုံးသို့ ကောင်းစွာ ဆောင်အံ့၊ နှလုံးသွင်းအံ့၊ အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဝိပဿနာရှုပွားသုံးသပ်အံ့။ ထိုထို ရုပ်-နာမ်ကြောင်း-ကျိုး = သင်္ခါရအာရုံသည် ထိုယောဂါဝစရပုဂ္ဂိုလ်၏ သတိအား သက်ဝင်၍ သက်ဝင်၍ ထင်လာသည်သာ ဖြစ်ပေသည်။ (ရှုချင်သည့် သင်္ခါရအာရုံကို ရှုချင်တိုင်း ရှု၍ ရနေသည် ဟူလို။ ဤအဆင့်၌ ယောဂါဝစရပုဂ္ဂိုလ်သည် အနုပဒဓမ္မဝိပဿနာနည်းဖြင့် သင်္ခါရတရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဝိပဿနာရှုလိုက ရှုနိုင်နေပေပြီ။) [၁၂၆၀]

၉။ ဥပေက္ခာ = ဝိပဿနုပေက္ခာ + အာဝဇ္ဇနုပေက္ခာ

ထိုထို ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရအာရုံ၌ ဝိပဿနာဘာဝနာစိတ်ကို အလယ်အလတ် လျစ်လျူရှုမှုသဘော၌ တည်အောင်ထားတတ်သော, ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲလျက် ရှိသော တတြမဇ္ဈတ္တတာ စေတသိက်သည် ဝိပဿနုပေက္ခာ မည်၏၊ ဝိပဿနာဇောစိတ္တုပ္ပါဒ်၏ ရှေးတွင် ကပ်လျက်တည်ရှိသော မနောဒွါရာဝဇ္ဇန်းစိတ် = ဆင်ခြင် ဆုံးဖြတ်စိတ်နှင့် ယှဉ်သော စေတနာ စေတသိက်သည် သင်္ခါရတရားတို့၏ အနိစ္စသဘောမှန် ဒုက္ခသဘောမှန် အနတ္တသဘောမှန် အသုဘသဘောမှန်ကို ဆင်ခြင်ရာ၌ သင်္ခါရအာရုံတို့အပေါ်ဝယ် အညီအမျှ လျစ်လျူရှုသည်၏ အစွမ်းဖြင့် ဖြစ်ခြင်းကြောင့် အာဝဇ္ဇနုပေက္ခာ မည်၏၊

ထိုအချိန်၌ ထိုယောဂါဝစရပုဂ္ဂိုလ်၏သန္တာန်ဝယ် သို့မဟုတ် ဝိပဿနာဉာဏ်ဝယ် သင်္ခါရတရားတို့၏ ဥဒယဗ္ဗယ သဘော = ဖြစ်မှု ပျက်မှုသဘောကား အလွန့်အလွန် ထင်ရှားနေ၏၊ ထိုသို့ ထင်ရှားနေခြင်းကြောင့် သင်္ခါရတရားတို့ကို ဝိပဿနာရှုခြင်း၌ ကြောင့်ကြစိုက်မှု အထူးမရှိတော့ဘဲ အလယ်အလတ်၌ တည်အောင်ထားနိုင်သော = ဥဒါသိန် မူနိုင်သော အဆင့်သို့ ရောက်ရှိနေ၏၊ အညီအမျှ လွယ်လွယ်ကူကူ ရှု၍ ရနေ၏၊ သင်္ခါရတို့၏ ဥဒယဗ္ဗယသဘာဝတို့၏ အလွန်ထင်နေသည်၏ အဖြစ်ကြောင့် ဥဒယဗ္ဗယသဘောကို ရှုခြင်း၌ အလယ်အလတ် လျစ်လျူသဘောဖြစ်သော တတြမဇ္ဈတ္တုပေက္ခာသည် ဤတရုဏဝိပဿနာပိုင်း၌ ဝိပဿနုပေက္ခာ မည်ပေသည်။ သို့သော် ထိုဥဒယဗ္ဗယသဘော တို့ကား သင်္ခါရတို့၏ ဥဒယဗ္ဗယသဘောသာ ဖြစ်ရကား ဥဒယဗ္ဗယသဘော၌ လျစ်လျူ ရှုမှုဟု မဆိုတော့ဘဲ သင်္ခါရတို့၌ လျစ်လျူ ရှုမှုဟု အဋ္ဌကထာများ၌ ခေါ်ဆိုသုံးနှုန်းထားပေသည်ဟု မှတ်ပါ။ ထိုအချိန်အခါဝယ် ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဝိပဿနုပေက္ခာသည်လည်း အားကောင်းလျက်ပင် ရှိ၏၊ အာဝဇ္ဇနုပေက္ခာသည်လည်း အားကောင်းလျက်ပင် ရှိ၏၊ ထိုအချိန်အခါ၌ ထိုယောဂါဝစရပုဂ္ဂိုလ်၏ အာဝဇ္ဇနုပေက္ခာသည်လည်း သိကြားမင်းသည် ပစ်လွှတ်အပ်သော ဝရဇိန်လက်နက်ကဲ့သို့ ရဲရဲရင့်ရင့် ထက်ထက်မြက်မြက်ပင် ဖြစ်ပေါ်နေပေသည်။[၁၂၆၁]

ဤဥပက္ကိလေသတို့တွင် အမှတ် (၂)ဖြစ်သည့် ဉာဏ်မှ စ၍ အမှတ် (၉)ဖြစ်သည့် ဥပေက္ခာသို့တိုင်အောင်သော တရားတို့သည်လည်း ဥပက္ကိလေသတရားများ မဟုတ်ကြပေ။ ဥပက္ကိလေသတရားများ၏ တည်ရာ ဝတ္ထုတို့သာ ဖြစ်ကြသည်။ ဤ – ဉာဏ၊ ပီတိ၊ ပဿဒ္ဓိ၊ သုခ၊ အဓိမောက္ခ၊ ပဂ္ဂဟ၊ ဥပဋ္ဌာန၊ ဥပေက္ခာ – ဟူသော (၈)မျိုးသော တရားတို့သည် ဝိပဿနာရှုနေသော ဝိပဿနာဉာဏ်နှင့် အတူယှဉ်လျက် ဖြစ်ပေါ်နေကြသော စေတသိက်သင်္ခါရတရား တို့သာ ဖြစ်ကြသည်။ ဝိပဿနာဉာဏ်နှင့် စိတ္တက္ခဏတစ်ခုအတွင်းဝယ် အတူယှဉ်လျက် ဖြစ်ကြသော စိတ်စေတသိက် နာမ်တရား (၃၄)လုံးတို့တွင် အားလုံးပါဝင်ကြ၏၊ ပုထုဇန်နှင့် သေက္ခပုဂ္ဂိုလ်များအတွက် ယင်းတရားတို့မှာ ဝိပဿနာကုသိုလ်ဇောစိတ္တုပ္ပါဒ်တို့သာ ဖြစ်ကြရကား ယင်းတို့သည် ဥပက္ကိလေသတရားများ မဟုတ်ကြပေ။ သို့သော် ယင်းတရားတို့ကို အာရုံပြု၍ –

''ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ = ဤတရားသည် ငါ့ဟာတည်း၊ ဤတရားသည် ငါတည်း၊ ဤတရားသည် ငါ၏ အတ္တတည်း''- (ငါ၏ ဉာဏ်တည်း၊ ငါ၏ ပီတိတည်း ...)

ဤသို့ စွဲယူခဲ့သော် တဏှာ မာန ဒိဋ္ဌိတို့သည် ဖြစ်ပေါ်လာ၏၊ ယင်း တဏှာ မာန ဒိဋ္ဌိတို့ကား ဥပက္ကိလေသ တရားတို့သာတည်း။

ယင်း ဉာဏ၊ ပီတိ။ ပ။ ဥပေက္ခာ - တရားအသီးအသီးကို မဂ်ဉာဏ် ဖိုလ်ဉာဏ်ဟု စွဲယူမိပြန်သော် ဝိပဿနာ လမ်းကြောင်းသည် တိမ်းစောင်း လွဲချော်သွားပြန်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ၏ ဝိပဿနာဘာဝနာလုပ်ငန်း ဟူသော မူလကမ္မဋ္ဌာန်းကို စွန့်လွှတ်လျက် မဂ်စစ် ဖိုလ်စစ် မဟုတ်သော ဉာဏ၊ ပီတိ။ ပ။ ဥပေက္ခာ - တို့တွင် တစ်ခုခုသော တရားကို မဂ်ဖိုလ်ဟု သာယာလျက် ထိုင်နေသောကြောင့် ဝိပဿနာလမ်းကြောင်းသည် တိမ်းစောင်း လွဲချော်သွားခြင်းဖြစ်၏၊

ကျော်လွန်အောင်ကျင့်နည်း

ယင်း ဉာဏ၊ ပီတိ။ ပ။ ဥပေက္ခာတရားတို့သည် သင်္ခါရတရားတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာတို့ကို အာရုံယူလျက်ရှိသော ဝိပဿနာဇောတို့နှင့်လည်းကောင်း, အာဝဇ္ဇနုပေက္ခာကဲ့သို့သော အချို့သော တရားတို့သည် ဝိပဿနာဇောစိတ်၏ ရှေးတွင် ကပ်လျက် တည်ရှိသော မနောဒွါရာဝဇ္ဇန်းစိတ်နှင့် လည်းကောင်း အတူယှဉ်တွဲလျက် အောက်ပါ မနောဒွါရိကဇောဝီထိစိတ်အစဉ်အတိုင်း ဖြစ်ပေါ်လျက် ရှိကြ၏၊

တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏၊ ယင်းဝိပဿနာ မနောဒွါရိကဇောဝီထိ စိတ်အစဉ် များကို နာမ်ဃန အသီးအသီး ပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲလျက် စိတ္တက္ခဏတိုင်း၏ ဖြစ်မှု ပျက်မှုသဘောကို ဝိပဿနာ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်ကာ ဝိပဿနာရှုပါ။

၁၀။ နိကန္တိ = ဝိပဿနာနိကန္တိ

နိကန္တိဟူသည် ဝိပဿနာနိကန္တိ = ဝိပဿနာ၌ အလိုရှိသော ငဲ့ကွက်တပ်မက်သော သိမ်မွေ့သော နိကန္တိတည်း။ မှန်ပေသည် – ဤသို့ ဩဘာသအစ ဥပေက္ခာအဆုံးရှိသော တရားတို့ဖြင့် တန်ဆာဆင်ထားအပ်သော, ဝိပဿနာ၌ ငဲ့ကွက်ခြင်းကိုပြုလျက် သိမ်မွေ့သည်လည်းဖြစ်သော, ငြိမ်သက်သော အခြင်းအရာရှိသည်လည်းဖြစ်သော ဝိပဿနာ၌ တပ်မက်မှု = နိကန္တိသည် ထိုယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဖြစ်ပေါ်လာ၏၊ ထိုနိကန္တိ၏ သိမ်မွေ့သည်၏အဖြစ်, ငြိမ်သက်သော အခြင်းအရာရှိသည်၏အဖြစ်သည် ဝိပဿနာဘာဝနာ၏ ထက်မြက်စူးရှလွန်ကဲမှုဖြင့် ဖြစ်ပေါ်လာရကား ထိုနိကန္တိ၏ ကိလေသာဖြစ်မှုကိုပင် သိနိုင်ခဲသောကြောင့် ထိုနိကန္တိကို ကိလေသာဟု ဉာဏ်ဖြင့် သိမ်းဆည်းခြင်းငှာပင် မတတ်ကောင်း ဖြစ်နေတတ်၏၊

ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌လည်း ဤသို့သဘောရှိသော ဝိပဿနာဘာဝနာ၌ မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်မှုမျိုးသည် ငါ၏သန္တာန်ဝယ် ရှေးယခင်က မဖြစ်ခဲ့စဖူးပေ။ မချွတ်ဧကန်အားဖြင့် ငါသည် မဂ်သို့ ဆိုက်လေပြီ ဖိုလ်သို့ ဆိုက်လေပြီဟူသော စိတ်ဓာတ်မျိုးသည် ဖြစ်ပေါ်နေတတ်၏၊ ဝိပဿနာဘာဝနာ၌ နှစ်ခြိုက်မွေ့လျော် အပျော်ကြီးပျော်နေမှုဟု ယောဂါဝစရပုဂ္ဂိုလ်က သဘောပေါက်နေတတ်၏၊ နိကန္တိမှန်း မသိ ဖြစ်နေတတ်၏၊ သို့သော် ထက်မြက်စူးရှသော ဝိပဿနာဉာဏ်ဖြင့် ယင်းနိကန္တိကို သိမ်းဆည်းပါက ရရှိနိုင်သည်သာဖြစ်သည်။

ထိုနိကန္တိမှာ .. လောဘမူ သောမနဿဝေဒနာနှင့် ယှဉ်သော တရား ဖြစ်သဖြင့် .. လောဘ-ဒိဋ္ဌိအုပ်စု လောဘ-မာနအုပ်စု ထိုက်သလို ဖြစ်နိုင်၏၊ မာနသည် ကဒါစိ = ရံခါယှဉ်သည့် စေတသိက်ဖြစ်သဖြင့် မာနမပါဘဲ သော်လည်း ရှိတတ်၏၊ သောမနဿဝေဒနာနှင့် ယှဉ်နေသဖြင့် ပီတိကား ပါဝင်နေမည်သာ ဖြစ်သည်။

တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏၊ ကျခဲ့သော် မဟာဝိပါက် သောမနဿတဒါရုံနှင့် အဟိတ် သောမနဿသန္တီရဏတဒါရုံ ထိုက်သလို ဖြစ်နိုင်၏၊ ယင်းသိမ်မွေ့သော နိကန္တိပါဝင်သော မနောဒွါရိက ဇောဝီထိစိတ်အစဉ်ကို နာမ်ဃနအသီးအသီးပြိုအောင် ဉာဏ်ဖြင့် ဖြို ခွဲ ဖျက်ဆီးပြီးလျှင် နိကန္တိနှင့် တကွသော နာမ်တရားတို့ကို သိမ်းဆည်းလျက် လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ပါ။

ဤနိကန္တိမှာ ဥပက္ကိလေသလည်း ဖြစ်၏၊ ဤနိကန္တိကိုပင် အာရုံပြု ၍ ''ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ = ငါ့ဟာ, ငါ, ငါ၏ အတ္တ''-ဟု စွဲယူပြန်ပါက တဏှာ မာန ဒိဋ္ဌိတည်းဟူသော ဥပက္ကိလေသတရားများလည်း ထပ်ဖြစ်နိုင်သည့်အတွက် ဥပက္ကိလေသ၏တည်ရာ မှီ၍ဖြစ်ရာ ဥပက္ကိလေသဝတ္ထုလည်း ဖြစ်ပြန်၏၊ ထိုကြောင့် နိကန္တိသည် ဥပက္ကိလေသနှင့် ဥပက္ကိလေသဝတ္ထုဟူသော အမည်နှစ်မျိုးကို ရရှိပေသည်။[၁၂၆၂]

ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိပိုင်း = အထက်ပိုင်း ဝိပဿနာဉာဏ်

ဩဘာသမှသည် နိကန္တိသို့တိုင်အောင်သော တရားတို့ကိုလည်းကောင်း, ရူပသတ္တက အရူပသတ္တက ရှုနည်းတို့၌ တင်ပြခဲ့သော ရုပ်တရား နာမ်တရားတို့ကိုလည်းကောင်း, ရှေးပိုင်းတွင် ရေးသားတင်ပြခဲ့သော အာယတနဒွါရအလိုက် သိမ်းဆည်းထားအပ်သော ရုပ်တရား နာမ်တရားတို့ကိုလည်းကောင်း ..

၁။ ရုပ်နာမ်နှစ်ပါးနည်း,
၂။ ခန္ဓာငါးပါးနည်း,
၃။ အာယတန တစ်ဆယ့်နှစ်ပါးနည်း,
၄။ ဓာတ် တစ်ဆယ့်ရှစ်ပါးနည်း ––

ဤသို့စသော နည်းတို့တွင် မိမိနှစ်ခြိုက်ရာနည်းဖြင့် ယင်းပရမတ်တရားတို့၏ ဖြစ်မှုပျက်မှု ဥဒယ-ဝယသဘောကို ခဏပစ္စုပ္ပန်သို့ဆိုက်အောင် ဉာဏ်အမြင် သန့်ရှင်းအောင် သိမ်းဆည်းလျက် လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ တွင်တွင်ကြီး ဝိပဿနာရှုပါ။ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးလုံး၌ ရှုပါ။

ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုဖို့ကား လိုအပ်သည်သာ ဖြစ်သည်။ သင်္ခါရတရားတို့၏ ခဏပစ္စုပ္ပန်၌ ဉာဏ်အမြင် သန့်ရှင်းအောင် ကြိုးစားပါ။ လက္ခဏာရေးသုံးတန်၌လည်း ဉာဏ်အမြင် သန့်ရှင်းသထက် သန့်ရှင်းအောင် ကြိမ်ဖန် များစွာ ထပ်ကာထပ်ကာ ကြိုးစားပါ။

အနုပဿနာ (၄) ပါး = သတိပဋ္ဌာန် (၄) ပါးသို့ သက်ဝင်ပုံ

၁။ ထိုသို့ ဝိပဿနာ ရှုရာ၌ ရုပ်သက်သက်ကို ပဓာနထား၍ ဦးစားပေး၍ ဝိပဿနာရှုပြီးမှ နာမ်ကိုလည်း ဆက်လက်၍ ဝိပဿနာရှုခဲ့သော် ကာယာနုပဿနာသတိပဋ္ဌာန်ကို ပွားနေသည် မည်၏၊

၂။ တစ်ဖန် နာမ်တရားတို့ကို ဝိပဿနာ ရှုရာ၌ ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်း စသည်တို့တွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း ဝေဒနာနုပဿနာစသည့် သတိပဋ္ဌာန်သုံးမျိုးတို့ကို ပွားများအားထုတ်တော့မည့် ယောဂါဝစရပုဂ္ဂိုလ်သည် - သံခိတ္တေန ဝါ ဝိတ္ထာရေန ဝါ ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေ = အကျဉ်းနည်းအားဖြင့်သော်လည်းကောင်း, အကျယ်နည်းအားဖြင့်သော် လည်းကောင်း ရုပ်ကမ္မဋ္ဌာန်းကို သိမ်းဆည်းထားပြီး ဖြစ်ရမည်[၅၇၂] – ဟူသော စည်းကမ်းသတ်မှတ်ချက်နှင့် အညီ ဝေဒနာဦးဆောင်သည့် နာမ်တရားတို့၏ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တို့ကို ပူးတွဲသိမ်းဆည်းရ၏၊ ထိုသို့ သိမ်းဆည်းပြီးပါမှ ဝေဒနာကို ဦးစားပေး သိမ်းဆည်းလျက် နာမ်တရားတို့ကို ဝိပဿနာရှုခဲ့သော် ဝေဒနာနုပဿနာသတိပဋ္ဌာန်ကို ပွားနေသည် မည်၏၊ ရှုကွက်မှာ ..

(က) ဝတ္ထု (ခ) အာရုံ (ဂ) ဝေဒနာ (= ဝေဒနာဦးဆောင်သည့် နာမ်တရားအားလုံး) ဖြစ်သည်။ 
(က) ဝတ္ထု – ဖြစ်ပျက် – အနိစ္စ, (ခ) အာရုံ – ဖြစ်ပျက် – အနိစ္စ, (ဂ) ဝေဒနာ – ဖြစ်ပျက် – အနိစ္စ..

ဤသို့ စသည်ဖြင့် .. အာယတနဒွါရအလိုက် သိမ်းဆည်းထားသော ဝီထိစိတ္တက္ခဏတိုင်း၌လည်းကောင်း, စွမ်းနိုင်သမျှ ဘဝင်စိတ္တက္ခဏတို့၌လည်းကောင်း (၃)ချက်စီရှုရန် ဖြစ်သည်။ ထိုသို့ ရှုရာ၌ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယား များတွင် တင်ပြခဲ့သည့်အတိုင်း အတန်းလုံးပေါက် (= ပဉ္စဒွါရာဝဇ္ဇန်းမှသည် မနောဒွါရဝီထိတဒါရုံသို့တိုင်အောင်) တိုးလျှိုပေါက် –– စိတ္တက္ခဏတိုင်း၏ ..

(က) မှီရာဝတ္ထုရုပ်သက်သက်ကိုလည်းကောင်း,
( ခ ) အာရုံရုပ်သက်သက်ကိုလည်းကောင်း,
( ဂ ) ဝေဒနာ (ဦးဆောင်သည့် နာမ်တရား)သက်သက်ကိုလည်းကောင်း ..

ဖြစ်ပျက်ကို မြင်အောင်ကြည့်၍ အနိစ္စဟု ရှုပါ။ ဒုက္ခ အနတ္တ လက္ခဏာယာဉ်တင်၍လည်း နည်းတူ ရှုပါ။ ကာလသုံးပါး သန္တာန်နှစ်ပါးလုံး၌ ရှုပါ။ ဉာဏ်ရှိသလို ချဲ့ထွင်၍ ရှုလေ။

၃။ တစ်ဖန် နာမ်ကမ္မဋ္ဌာန်းသိမ်းဆည်းနည်း သုံးနည်းတို့တွင် အသိစိတ် ဝိညာဏ်ကို ဦးစားပေးကာ နာမ်တရားတို့ကို သိမ်းဆည်းပြီးလျှင် ဝိပဿနာရှုခဲ့သော် စိတ္တာနုပဿနာသတိပဋ္ဌာန်ကို ပွားနေသည် မည်၏၊ ရှုကွက်မှာ .. (က) ဝတ္ထု (ခ) အာရုံ (ဂ) ဝိညာဏ် – ဖြစ်သည်။

(အသိစိတ် ဝိညာဏ်ဦးဆောင်သည့် နာမ်တရားအားလုံးကို သိမ်းဆည်းလျက် ဝိပဿနာရှုရန် ဖြစ်သည်။)

၄။ တစ်ဖန် နာမ်တရားတို့ကို ဝိပဿနာရှုရာ၌ ဖဿ (စေတနာ)ကို ဦးစားပေးလျက် နာမ်တရားတို့ကို သိမ်းဆည်း ပြီးလျှင် ဝိပဿနာရှုပွားခဲ့သော် ဓမ္မာနုပဿနာသတိပဋ္ဌာန်ကို ပွားများနေသည် မည်၏၊ ရှုကွက်မှာ ..

(က) ဝတ္ထု (ခ) အာရုံ (ဂ) ဖဿ - ဖြစ်သည်။ (ဖဿဦးဆောင်သည့် နာမ်တရားအားလုံး ဖြစ်သည်။) ဤတရားတို့ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ။

တစ်နည်း – ရုပ်တရား နာမ်တရားတို့ကို ရုပ်နာမ်နှစ်ပါးနည်းဖြင့် နှစ်ပုံ ပုံ၍ ဝိပဿနာ ရှုရာဝယ်, ရုပ်တရားကို ဝိပဿနာရှုပြီးနောက် နာမ်တရားကို ဝိပဿနာရှုသောအခါ ဝေဒနာကို အဦးမူ၍ နာမ်တရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုသော် ဝေဒနာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏၊ အသိစိတ် = ဝိညာဏ်ကို အဦးမူ၍ နာမ်တရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုသော် စိတ္တာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏၊ ဖဿကို အဦးမူ၍ နာမ်တရားတို့ကို သိမ်းဆည်းလျက် ဝိပဿနာရှုသော် ဓမ္မာနုပဿနာသတိပဋ္ဌာန်သို့ သက်ဝင်၏၊ တစ်ဖန် ..

၁။ ရုပ်-နာမ်တို့ကို (၅)ပုံ ပုံ၍ ခန္ဓာငါးပါးနည်းဖြင့်,
၂။ ရုပ်-နာမ်တို့ကို (၁၂)ပုံ ပုံ၍ အာယတန (၁၂)ပါးနည်းဖြင့်,
၃။ ရုပ်-နာမ်တို့ကို (၁၈)ပုံ ပုံ၍ ဓာတ် (၁၈)ပါးနည်းဖြင့်,
၄။ ရုပ်-နာမ်တို့ကို အင်္ဂါ (၁၂)ရပ်ပုံ၍ ပဋိစ္စသမုပ္ပါဒ်နည်းဖြင့်,
၅။ နီဝရဏ (၅)ပါးနည်းဖြင့်,
၆။ ဗောဇ္ဈင် (၇)ပါးနည်းဖြင့်,
၇။ ဒုက္ခသစ္စာ သမုဒယသစ္စာဟု (၂)ပုံ ပုံ၍ သစ္စာဒေသနာနည်းဖြင့် ..

ဤသို့စသည့် နည်းတို့ဖြင့် ဝိပဿနာရှုလျှင်လည်း ဓမ္မာနုပဿနာသတိပဋ္ဌာန်ကိုပင် ပွားနေသည် မည်ပေသည်။

ဣရိယာပထနှင့် သမ္ပဇညပိုင်း ရှုကွက်

သွား ရပ် ထိုင် လျောင်း – တည်းဟူသော ဣရိယာပထပိုင်းနှင့် ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း ကွေးခြင်း ဆန့်ခြင်း စသော ထိုထိုသမ္ပဇညအခိုက်တို့၌ ခန္ဓာငါးပါး = ရုပ်တရား နာမ်တရားတို့ကို သိမ်းဆည်းပုံကို ရှေ့သဘောတရားရေးရာအပိုင်း[၁၂၆၃] စသည်တို့တွင် ရေးသားတင်ပြခဲ့ပြီးလေပြီ။ ယင်းခန္ဓာငါးပါး ရုပ်တရား နာမ်တရား တို့ကိုပင် တစ်ဖန်ပြန်၍ သိမ်းဆည်းလျက် ..

၁။ ရုပ်နာမ်နှစ်ပါးနည်းဖြင့် (၂)ပုံ ပုံ၍လည်းကောင်း,
၂။ ခန္ဓာငါးပါးနည်းဖြင့် (၅)ပုံ ပုံ၍လည်းကောင်း,
၃။ အာယတန (၁၂)ပါးနည်းဖြင့် (၁၂)ပုံ ပုံ၍လည်းကောင်း,
၄။ ဓာတ် (၁၈)ပါးနည်းဖြင့် (၁၈)ပုံ ပုံ၍လည်းကောင်း,
၅။ အင်္ဂါ (၁၂)ရပ်ပုံ၍ ပဋိစ္စသမုပ္ပါဒ်နည်းဖြင့်လည်းကောင်း –

ဤသို့ စသော နည်းတို့ဖြင့် ဝိပဿနာ ရှုပါ။ အကယ်၍ ရုပ်နာမ် (၂)ပါးနည်းဖြင့် ဝိပဿနာရှုလိုက ..

၁။ ရုပ်သက်သက်ကိုလည်းကောင်း,
၂။ နာမ်သက်သက်ကိုလည်းကောင်း,
၃။ ရုပ်နှင့် နာမ်ကို ပူးတွဲ၍လည်းကောင်း –

လက္ခဏာယာဉ် သုံးတန် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ။ ကာလသုံးပါး, သန္တာန်နှစ်ပါးလုံး၌ ရှုပါ။ သွားခြင်း စသော ထိုထိုဣရိယာပထအခိုက် ထိုထိုသမ္ပဇညအခိုက်တို့၌ တည်ရှိကြသော ခန္ဓာငါးပါး = ရုပ်တရား နာမ်တရားတို့ကို အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးလုံး၌ ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ယင်းရုပ်နာမ်တို့၏ ဖြစ်ပျက်ကို မြင်ခဲ့သော် လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုနိုင်ခဲ့သော် ပဋိစ္စသမုပ္ပါဒ် ပထမနည်းဖြင့်လည်း ဆက်လက်၍ ဝိပဿနာရှုကြည့်ပါ။

၁။ အဝိဇ္ဇာစသော အကြောင်းတရား ဖြစ်ခြင်းကြောင့် သင်္ခါရစသော အကျိုးတရား ဖြစ်ပုံကိုလည်းကောင်း,
၂။ အဝိဇ္ဇာစသော အကြောင်းတရား ချုပ်ခြင်းကြောင့် သင်္ခါရစသော အကျိုးတရား ချုပ်ပုံကိုလည်းကောင်း,
၃။ အဝိဇ္ဇာစသော အကြောင်းတရား ဖြစ်ခြင်းကြောင့် သင်္ခါရစသော အကျိုးတရားဖြစ်ပုံ, အဝိဇ္ဇာစသော အကြောင်းတရား ချုပ်ခြင်းကြောင့် သင်္ခါရစသော အကျိုးတရား ချုပ်ပုံကိုလည်းကောင်း, ယင်းအကြောင်းတရား အကျိုးတရား နှစ်မျိုးလုံးတို့၏ ဖြစ်ပျက်သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍လည်းကောင်း အသီးအသီး ဝိပဿနာ ရှုပါ။ ကာလသုံးပါး သန္တာန်နှစ်ပါးလုံး၌ ရှုပါ။

ဤသို့ အဝါးဝစွာ ရှုပြီးသောအခါ ရံခါ ယင်းရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့၏ အသုဘသဘောကိုလည်း ရှုပေးပါ။ လက္ခဏာရေးသုံးတန် အကွက်စေ့အောင် ရှုပြီးသောအခါ ကြိုက်ရာ လက္ခဏာတစ်ပါးပါးကို ဦးစားပေး၍ ရှုနိုင်သည်။ ရုပ်နာမ်နှစ်ပါးနည်း ခန္ဓာငါးပါးနည်း – စသည်တို့တွင်လည်း ကြိုက်နှစ်သက်ရာနည်းကို ဦးစားပေး၍ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါလေ။

ဥဒယဗ္ဗယဉာဏ်ခန်း ပြီး၏၊

ဘင်္ဂဉာဏ်ခန်း

ဘင်္ဂဉာဏ်သို့

ဤသို့လျှင် ဣရိယာပုထ်လေးပါးလုံး၌ သင်္ခါရတရားတို့ကို တွင်တွင်ကြီး ဝိပဿနာ ရှုနေသဖြင့် ရှေးရှေး ဘာဝနာဉာဏ်နှင့် နောက်နောက် ဘာဝနာဉာဏ်တို့သည် ဆက်စပ်မိနေကြရကား ဝိပဿနာဉာဏ်သည်လည်း အလွန် အားကောင်းလာ၏ အရှိန်ကောင်းလာ၏ ထက်မြက်လာ၏ စူးရှလာ၏ ရဲရင့်လာ၏ သန့်ရှင်းသထက် သန့်ရှင်းလာ၏၊ ထိုသို့ ဝိပဿနာဉာဏ်သည် ထက်မြက်စူးရှ ရဲရင့်သန့်ရှင်းလာခဲ့သော် ယင်းသင်္ခါရတရားတို့၏ အဖြစ်ကို နှလုံး မသွင်းတော့ဘဲ အပျက်ကိုသာ တစ်ဘက်သတ် နှလုံးသွင်းခဲ့သော် ..

၁။ ဥပ္ပါဒ = သင်္ခါရတို့၏ ဖြစ်မှုအခြင်းအရာ ဥပါဒ်ကိုလည်းကောင်း,
၂။ ဌိတိ = သင်္ခါရတို့၏ တည်မှုအခြင်းအရာ ဌီကိုလည်းကောင်း,
၃။ နိမိတ္တ = ရုပ်ကလာပ်ကဲ့သို့သော သင်္ခါရနိမိတ်ကိုလည်းကောင်း,
၄။ ပဝတ္တ = ဥပါဒိန္နကပဝတ္တ = အကြောင်းတရားဖြစ်ခြင်းကြောင့် အကျိုးတရားဖြစ်ပုံ ဥပါဒိန္နကပဝတ္တကို လည်းကောင်း –

နှလုံးမသွင်းခြင်းကြောင့် ဝိပဿနာဉာဏ်သည် မသက်ရောက်တော့ပေ။ ရှေးရှေးသော ဝိပဿနာဘာဝနာ ဉာဏ်တို့၏ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိထူးကြီးကို ဆက်ခံ လာခဲ့ရသော နောက်နောက်သော ဝိပဿနာဉာဏ်တို့နှင့် ယှဉ်တွဲလျက် ရှိသော သတိသည် သင်္ခါရတရားတို့၏ ကုန်မှု ပျက်မှု ပြိုမှု ချုပ်မှု သဘော၌သာလျှင် ကောင်းစွာတည်နေပေ၏၊[၁၂၆၄] (သတိကို ဦးတည်၍ ဉာဏ်ကို ဖွင့်ဆိုခြင်း ဖြစ်သည်။) ထိုအခါ ..

၁။ အနိစ္စံ ခယဋ္ဌေန = သင်္ခါရတရားတို့၏ ကုန်မှု ပျက်မှု ပြိုမှု ချုပ်မှု သဘောကို အာရုံယူ၍ ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အနိစ္စ အနိစ္စ ဟု ရှုပါ။
၂။ ဒုက္ခံ ဘယဋ္ဌေန = သင်္ခါရတရားတို့၏ ကုန်ကုန် ပျက်ပျက် ပြိုပြို ချုပ်ချုပ် ပျောက်ပျောက်နေသဖြင့် ကြောက်လန့်ဖွယ်ကောင်းသည့် အနက်သဘောကို အာရုံယူ၍ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဒုက္ခ ဒုက္ခဟု ရှုပါ။
၃။ အနတ္တာ အသာရကဋ္ဌေန = သင်္ခါရတရားတို့၌ ခိုင်မာသည့် အနှစ်သာရ အတ္တမရှိမှုသဘောကို အာရုံယူ၍ ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အနတ္တ အနတ္တဟု ရှုပါ။
၄။ ရံခါ အသုဘသဘောကိုလည်း ရှုပါ။

သတိပြုရန်

ထိုသို့ သင်္ခါရတရားတို့၏ အပျက်သက်သက်ကို အာရုံယူ၍ လက္ခဏာယာဉ်တင်၍ ဝိပဿနာရှုရာ၌ သင်္ခါရ တရားတို့၏ ပျက်မှုသဘောကား မြန်ချင်သလောက် မြန်ပါစေ၊ အနိစ္စဟု (သို့မဟုတ် – ဒုက္ခဟု, သို့မဟုတ်-အနတ္တဟု) လက္ခဏာရေးတင်၍ ဝိပဿနာရှုမှုမှာ ခပ်ဖြည်းဖြည်းသာ ရှုပါ။ ဝီထိပေါင်းများစွာ၏ သို့မဟုတ် စိတ္တက္ခဏပေါင်း များစွာ၏ သို့မဟုတ် ခဏပေါင်းများစွာသော ရုပ်တရား၏ ပျက်မှုသဘောကို မြင်ချင် မြင်နေပါစေ၊ မြင်နိုင်သမျှ စိတ္တက္ခဏတိုင်း ရုပ်ခဏတိုင်း၏ ပျက်မှုတိုင်းကို အနိစ္စဟု လက္ခဏာယာဉ်တင်၍ အမှီလိုက်ရှုရန် မဟုတ်ပါ။ စိတ္တက္ခဏပေါင်းများစွာ ရုပ်ခဏပေါင်းများစွာ၏ ပျက်မှုကို အာရုံယူ၍ အနိစ္စ အနိစ္စဟု – ဤသို့ စသည်ဖြင့် ခပ်ဖြည်းဖြည်းသာ လက္ခဏာယာဉ်တင်၍ ရှုပါ။ ဒုက္ခ အနတ္တတို့၌လည်း နည်းတူမှတ်ပါ။ ဆိုလိုသည်မှာ သင်္ခါရတရား တို့၏ အပျက်ကိုကား လျင်လျင်မြန်မြန် မြင်အောင် ရှုပါ၊ လက္ခဏာတင်၍ ရှုခြင်းကိုသာ ခပ်ဖြည်းဖြည်း ခပ်အေးအေး တင်ရှုပါ၊ ကာလသုံးပါး သန္တာန်နှစ်ပါးလုံးတို့၌ ရုပ်နာမ်နှစ်ပါးနည်း ခန္ဓာငါးပါးနည်း စသည်တို့ဖြင့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။

ရုပ်ကလာပ်များ ပျောက်ပြီ

ယောဂါဝစရပုဂ္ဂိုလ်သည် ဒိဋ္ဌိဝိသုဒ္ဓိစခန်း နာမရူပပရိစ္ဆေဒဉာဏ်ပိုင်းမှ စ၍ ရုပ်တရား နာမ်တရားတို့ကို ရုပ်ဃန နာမ်ဃန = ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲများပြိုအောင် ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ဝိပဿနာ ရှုပွားလာရာ ယခုအခါ ဘင်္ဂဉာဏ်ခန်းသို့ ရောက်ရှိ ပြီဖြစ်၏၊ ဘင်္ဂဉာဏ်သို့ မရောက်မီ အခန်းအသီးအသီး၌ကား –

၁။ ဥပ္ပါဒ – အကြောင်း ရုပ်နာမ်သင်္ခါရ, အကျိုး ရုပ်နာမ်သင်္ခါရဟူသော သင်္ခါရတရားတို့၏ ဖြစ်မှု ဥပါဒ်သဘော ကိုလည်း တွေ့မြင်နေရသေး၏၊
၂။ ဌိတိ – ထိုသင်္ခါရတရားတို့၏ အခိုက်အတန့်အားဖြင့် တည်မှု ဌီသဘော = ဇရာသဘောကိုလည်း တွေ့မြင် နေရသေး၏၊
၃။ ပဝတ္တ – ဥပါဒိန္နကပဝတ္တ[၁၂၆၅] ဘဝပဝတ္တိ[၁၂၆၆] ဟူသော အကြောင်းတရားတို့၏ ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရားတို့၏ ထင်ရှားဖြစ်ခြင်းဟူသော ဘဝ၏ ဖြစ်ခြင်းသဘောတရားများကိုလည်း တွေ့မြင်နေရသေး၏၊
၄။ နိမိတ္တ – ရုပ်ဃန နာမ်ဃနဟူသော ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲများကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ရှုပွားနေသော်လည်း ရံခါ မရှုလိုက်မိ မရှုလိုက်နိုင်သော ရုပ်ကလာပ် နာမ်ကလာပ်အချို့လည်း ရှိနေတတ်သေး၏၊ ရုပ်ကလာပ် နာမ်ကလာပ်တို့၏ အလွန့်အလွန် များပြားမှု လျင်လျင်မြန်မြန် ဖြစ်ပေါ်မှုများကြောင့် ဖြစ်၏၊ မရှုလိုက်မိ မရှုလိုက်နိုင်သော ရုပ်ကလာပ် နာမ်ကလာပ်များ၌ သမူဟဃန ကိစ္စဃန စသည့် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲဟူသော အတုံးအခဲဃနများ မပြိုသဖြင့် ရုပ်ကလာပ် နာမ်ကလာပ်အတိုင်း = အသေးဆုံး အတုံးလိုက် အခဲလိုက်အတိုင်း တွေ့နေရတတ်သေး၏၊ နိမိတ္တကို တွေ့ခြင်းတည်း။ သင်္ခါရတို့၏ တည်ရာ အမှတ်နိမိတ်များတည်း၊၊[၁၂၆၇]

သို့သော် ဤဘင်္ဂဉာဏ်ခန်းသို့ ဆိုက်ရောက်လာသောအခါ၌ကား ဝိပဿနာဉာဏ်က အလွန် ထက်မြက် စူးရှ သန့်ရှင်းလာသောကြောင့် သင်္ခါရတရားတို့သည် ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်ဝ၌ အလွန်လျင်လျင်မြန်မြန် ထင်လာ လတ်ကုန်သော် ..

၁။ ဥပ္ပါဒ – သင်္ခါရတရားတို့၏ ဖြစ်မှုဥပါဒ်သဘောကိုလည်း ဉာဏ်ဖြင့် မှီအောင် မလိုက်နိုင် ရှိနေ၏၊
၂။ ဌိတိ – သင်္ခါရတရားတို့၏ တည်မှုဌီသဘော = ဇရာသဘောကိုလည်း ဉာဏ်ဖြင့် မှီအောင် မလိုက်နိုင် ရှိနေ၏၊
၃။ ပဝတ္တ – အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ ထင်ရှားဖြစ်ခြင်းကြောင့် ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာစသော အကျိုးဝိပါက်ခန္ဓာငါးပါးတို့၏ ထင်ရှားဖြစ်ပေါ်လာခြင်း ဟူသော ဘဝပဝတ္တိ = ဘဝ၏ဖြစ်ခြင်းသဘောကိုလည်း ဉာဏ်ဖြင့် မှီအောင် မလိုက်နိုင် ရှိနေ၏၊ အဘယ်ကြောင့်နည်းဟူမူ

န သမ္ပာပုဏာတိ အဂ္ဂဟဏတော[၁၂၆၄] –– ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်က ဖြစ်မှုဥပါဒ်ကို အာရုံ မယူတော့ဘဲ ပျက်မှု ဘင်သက်သက်ကိုသာ အာရုံယူနေသောကြောင့် ယင်းသင်္ခါရတရားတို့၏ အဖြစ်ကို မမြင်တော့ဘဲ အပျက်ကိုသာ မြင်နေရကား အကြောင်းသင်္ခါရတရား အကျိုးသင်္ခါရတရားတို့၏ ဖြစ်မှု ဥပါဒ်သဘော, တည်မှု ဌီသဘောသို့ပင် ဉာဏ်သည် မသက်ဝင်နိုင်တော့ဘဲ ယင်း အကြောင်းအကျိုး သင်္ခါရတရားတို့၏ ခဏမစဲ တသဲသဲ ကုန်ကုန်ပျက်ပျက် ပြိုပြိုပျောက်ပျောက်နေသော ခဏိကနိရောဓခေါ် ချုပ်ပျက်မှုသဘော၌သာ ဉာဏ်သည် သက်ဝင်၍ ကောင်းစွာ တည်နေသောကြောင့် ဖြစ်သည်။ အဖြစ်ကို အာရုံမယူခြင်းကြောင့် အကြောင်းတရားတို့၏ ထင်ရှားဖြစ်ခြင်း အကျိုးတရားတို့၏ ထင်ရှားဖြစ်ခြင်းဟူသော ဥပါဒ်သဘောသို့ပင် ဝိပဿနာဉာဏ်သည် မသက်ဝင်နိုင် ဖြစ်နေသဖြင့် အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ခြင်းဟူသော – ဥပါဒိန္နကပဝတ္တသဘော = ပစ္စယတော ဥဒယဒဿနသဘောသို့လည်း ဝိပဿနာဉာဏ်သည် မသက်ဝင်နိုင်တော့ပေ။

၄။ နိမိတ္တ – တစ်ဖန် ဤဘင်္ဂဉာဏ်ခန်း၌ ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်က အလွန် ထက်မြက်စူးရှ လာသောကြောင့် သမူဟဃန ကိစ္စဃနများ မပြိုသေးသော ရုပ်တုံးရုပ်ခဲများကိုလည်း မတွေ့မြင်ရတော့ပေ။ အကြောင်းမူ သဝိဂ္ဂဟဟူသော အထည်ကိုယ် သဏ္ဌာန်ဒြပ် ရှိသကဲ့သို့သော အသေးဆုံး အတုံးအခဲဖြစ်သည့် ရုပ်ကလာပ်အမှုန်များကို လည်းကောင်း, နာမ်ကလာပ်များကိုလည်းကောင်း သင်္ခါရတရားဟု သိကြောင်း အမှတ်အသားများ ဖြစ်ခြင်းကြောင့် သင်္ခါရနိမိတ်ဟု ခေါ်သည်။ ယင်းသင်္ခါရနိမိတ်များကိုလည်း ဝိပဿနာဉာဏ်က မတွေ့မြင်တော့ပေ။ ဘင်္ဂါနုပဿနာဉာဏ်က ကုန်ကုန်ပျက်ပျက် ပြိုပြိုပျောက်ပျောက် ချုပ်ချုပ်နေသည့် ခဏိကနိရောဓသို့ ဆိုက်ရောက်သော ရုပ်သဘော တရားသက်သက် နာမ်သဘောတရားသက်သက်ကိုသာ တွေ့မြင်နေသောကြောင့် ဖြစ်သည်။ ရုပ်ကလာပ် နာမ်ကလာပ် ဟူသော အတုံးအခဲများကို ဝိပဿနာဉာဏ်ဖြင့် မတွေ့မြင်ရသော်လည်း ရုပ်ပရမတ်သဘောတရား နာမ်ပရမတ်သဘော တရားတို့ကား ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးယခင်ဉာဏ်ခန်းများနှင့် မတူဘဲ ဤဘင်္ဂဉာဏ်ခန်းတွင် သန့်သန့်ရှင်းရှင်းနှင့် အလွန့်အလွန်ပင် ထင်ထင်ရှားရှား တွေ့မြင်နေတတ်ပေသည်။ ပရမတ်နယ်သက်သက်သို့ ခြေစုံပစ်၍ ဝင်ရောက် လာခြင်းပင် ဖြစ်သည်။

ထိုအချိန်တွင် ဤအဆင့်သို့တိုင်အောင် ရောက်ရှိလာသော သင်္ခါရတရားတို့၏ အလွန့်အလွန် လျင်လျင်မြန်မြန် ပြိုပြိုပျက်ပျက်နေမှုသဘောကို တွေ့မြင်နေသော ယောဂီသူတော်ကောင်းသည် ကာလသုံးပါး သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ..

၁။ ရုပ်တရားသက်သက်ကိုလည်းကောင်း,
၂။ နာမ်တရားသက်သက်ကိုလည်းကောင်း,
၃။ ရုပ်နှင့် နာမ် တွဲ၍လည်းကောင်း – လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ တွင်တွင်ကြီး ဝိပဿနာရှုပါ။

အလားတူပင် ခန္ဓာငါးပါးနည်းဖြင့်လည်း အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာ ငါးပါးတို့ကိုလည်း ခန္ဓာတစ်ပါး တစ်ပါးစီ ခွဲ၍ လက္ခဏာရေး သုံးတန် တစ်လှည့်စီတင်ကာ တွင်တွင်ကြီး ဝိပဿနာရှုပါ။[၁၂၆၈]

ဝိပဿနာရှုနေသော ဉာဏ်ကို တစ်ဖန်ပြန်၍ ဝိပဿနာရှုခြင်း = ပဋိဝိပဿနာ

ယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့လျှင် သင်္ခါရတရားတို့၏ အပျက်သက်သက်ကိုသာ ဝိပဿနာဉာဏ်ဖြင့် တွေ့မြင် နေသောအခါ၌ ကာလသုံးပါး, သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရားဟူသော ဝိပဿနာဉာဏ်ဖြင့် ရှုရမည့် သိရမည့် ဉာတအမည်ရသည့် သင်္ခါရတရားတို့ကိုလည်းကောင်း, ယင်းဉာတတရားတို့ကို ဝိပဿနာရှုနေသော ဉာဏအမည်ရသော ဝိပဿနာဉာဏ်ကိုလည်းကောင်း – ဤဉာတ ဉာဏ အမည်ရသော တရား (၂)မျိုးလုံးကိုပင် ဝိပဿနာရှုရမည် ဖြစ်သည်။[၁၂၆၉] ဉာဏအမည်ရသော ဝိပဿနာရှုနေသော ဉာဏ်မှာလည်း ဝိပဿနာဉာဏ် ပြဓာန်းလျက်ရှိသော မနောဒွါရိကဇောဝီထိ စိတ်အစဉ်ပင် ဖြစ်၏၊ တဒါရုံမှာ ကျသော်လည်း ရှိရာ၏၊ မကျသော်လည်း ရှိရာ၏၊ သို့သော် ဤအပိုင်း၌ နိဗ္ဗိဒါဉာဏ်ကဲ့သို့သော အားကောင်းသော ဗလဝဝိပဿနာဉာဏ်နှင့် ကပ်လျက် ရှိခြင်းကြောင့် တဒါရုံမကျသည်က များတတ်ပေသည်။

ယောဂီသူတော်ကောင်းသည် ယင်းမနောဒွါရိကဇောဝီထိစိတ်အစဉ်ဟူသော ရှုနေသော ဝိပဿနာဉာဏ်ကိုလည်း လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာရှုပါ။

ရှုကွက်ပုံစံအချို့

၁။ ရုပ်ရှု-ရုပ်-ပျက်-အနိစ္စ၊ ရှုသည့်ဉာဏ်လည်း-ပျက်-အနိစ္စ၊
၂။ နာမ်ရှု-နာမ်-ပျက်-အနိစ္စ၊ ရှုသည့်ဉာဏ်လည်း-ပျက်-အနိစ္စ၊ (ဒုက္ခ-အနတ္တ – နည်းတူ ရှုပါ။)

ဤသို့ရှုရာ၌ –
၁။ ရံခါ အဇ္ဈတ္တ,
၂။ ရံခါ ဗဟိဒ္ဓ, ထိုတွင်လည်း ..
၃။ ရံခါ ရုပ်တရား,
၄။ ရံခါ နာမ်တရား,
၅။ ရံခါ အကြောင်းတရား
၆။ ရံခါ အကျိုးတရားတို့ကို –

လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာရှုပါ။ အတိတ် အနာဂတ်တို့၌လည်း နည်းတူပင် လှည့်လည်၍ ဝိပဿနာရှုပါ။ အလားတူပင် ခန္ဓာငါးပါးနည်းဖြင့်လည်း ငါးပုံ ပုံ၍ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ဥပါဒါနက္ခန္ဓာတို့ကိုလည်း ဝိပဿနာ ရှုပါ။ ဤအပိုင်းတွင် အနတ္တလက္ခဏသုတ္တန်၌ လာရှိသော ခန္ဓာငါးပါးရှုကွက်မှာ ယောဂီသူတော်ကောင်းတို့အဖို့ အလွန်အဖိုးတန်သော အလွန်လျှင် ဝိပဿနာဉာဏ်ကို ရင့်ကျက် စေသော ရှုကွက်ပင် ဖြစ်သည်။

အကြောင်းတရား အကျိုးတရားတို့ကို ဝိပဿနာရှုရာ၌ အကြောင်းတရား ထင်ရှားဖြစ်ခြင်းကြောင့် အကျိုးတရား ထင်ရှားဖြစ်ပုံဟူသော ဥပါဒိန္နကပဝတ္တသဘောကို ဤဘင်္ဂဉာဏ်ခန်းတွင် နှလုံးမသွင်း၍ မတွေ့မြင်သော်လည်း ယင်းဥပါဒိန္နကပဝတ္တသဘောကို ပစ္စယပရိဂ္ဂဟဉာဏ်ခန်း သမ္မသနဉာဏ်ခန်း ဥဒယဗ္ဗယဉာဏ်ခန်းတို့၌ ပုံစံမှန် ရှုခဲ့ပြီး ဝိပဿနာဉာဏ်ဖြင့် သိမြင်ပြီးဖြစ်ရကား ဤဘင်္ဂဉာဏ်ခန်းတွင်လည်း အဝိဇ္ဇာစသော အကြောင်းတရား သင်္ခါရစသော အကျိုးတရားတို့ကို ဝိပဿနာဉာဏ်ဖြင့် လှမ်း၍ အာရုံယူကြည့်ပါက အလွယ်တကူပင် သိရှိနေမည် မြင်နေမည်သာ ဖြစ်ပေသည်။ ယင်းအကြောင်းတရား အကျိုးတရားတို့၏ ပျက်မှုသဘောကိုလည်း ဝိပဿနာဉာဏ်ဖြင့် တွေ့မြင် နေမည်သာ ဖြစ်ပေသည်။

အပျက်မြင်မှုစွမ်းအင်

ဤဘင်္ဂါနုပဿနာဉာဏ်ကို အားသစ်စဖြစ်သော ဤဘင်္ဂါနုပဿနာဉာဏ်ပိုင်းသို့ ရောက်သစ်စဖြစ်သော ယောဂါဝစရပုဂ္ဂိုလ်သည် ဘင်္ဂါနုပဿနာဉာဏ် မရင့်ကျက်သေးမီ အချိန်ပိုင်း၌ ထိုင်လျှင်ထိုင်ချင်း ချက်ချင်း အမြဲတမ်း သင်္ခါရတို့၏ အပျက်သက်သက်ကိုသာ မြင်နေသည်ကား မဟုတ်ပါ။ ဘင်္ဂဉာဏ်သို့ မဆိုက်မီ ရှုခါစ အစပိုင်းတွင်ကား ဖြစ်မှုပျက်မှု နှစ်မျိုးလုံးကိုပင် အတော်အသင့် တွေ့မြင်နေဦးမည်သာ ဖြစ်သည်။ ဝိပဿနာရှုရင်း ဉာဏ်ထက်မြက်စူးရှ လာသောအခါ သင်္ခါရတို့၏ ဖြစ်မှုကို မမြင်တော့ဘဲ ပျက်မှုသက်သက်ကိုသာ တွေ့မြင်မည် ဖြစ်သည်။ ဘင်္ဂဉာဏ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားရာအခါ၌ကား သင်္ခါရတို့၏ အပျက်သက်သက်ကို အမြဲတမ်း ဉာဏ်ဖြင့် တွေ့မြင်နေမည် ဖြစ်ပေသည်။[၁၂၇၀]

ဘင်္ဂဉာဏ် ရင့်ကျက်ရေးအတွက် ဘင်္ဂဉာဏ်၏ အထွတ်အထိပ်သို့ မရောက်မီ ရှေးပိုင်း၌ကား နည်းအမျိုးမျိုးဖြင့် ဝိပဿနာ ရှုပွားမှုကို အလိုရှိအပ်သည်သာ ဖြစ်ပေသည်။[၁၂၇၁]

နှစ်ခြိုက်ရာကို ဦးစားပေး၍ ရှုနိုင်သည်

ဤဘင်္ဂဉာဏ်ခန်း၌ သင်္ခါရတရားတို့၏ အပျက်ကို ဝိပဿနာရှုရာ၌ ရုပ်တရားကို ဝိပဿနာရှု၍ ပိုကောင်းပါက ရုပ်တရားကို ဦးစားပေး ရှုနိုင်သည်၊ နာမ်တရားကို ဝိပဿနာရှု၍ ပိုကောင်းပါကလည်း နာမ်တရားကို ဦးစားပေး၍ ဝိပဿနာရှုနိုင်သည်။ ဤသည်မှာလည်း ရှုကွက်စုံအောင် ကြိမ်ဖန်များစွာ ဝိပဿနာရှုပြီးသောအခါ၌သာ ရှုရန်ဖြစ်သည်။ တစ်ဖန် နာမ်တရားတို့တွင်လည်း အပျက် သိပ်အားကောင်းလာပါက ရှုကွက်လည်း စုံသွားသောအခါ ကုသိုလ်ဇောဝီထိ အကောင်းအုပ်စု နာမ်တရားတို့ကိုသာ ဦးစားပေး၍ ဝိပဿနာရှုလိုက ရှုနိုင်သည်။ ထိုတွင်လည်း မနောဒွါရိက ကုသိုလ် ဇောဝီထိ နာမ်တရားများကို ဦးစားပေး၍ ရှုပါ။ ထိုတွင်လည်း ယောဂီသူတော်ကောင်းသည် သမထယာနိကပုဂ္ဂိုလ် ဖြစ်ပါက စျာနသမာပတ္တိဝီထိအတွင်း၌ တည်ရှိကြသော စျာန်နာမ်တရားတို့ကို ဦးစားပေး၍ ဝိပဿနာ ရှုပါ။ လက္ခဏာရေးသုံးတန်တွင်လည်း လက္ခဏာရေးသုံးတန်လုံး အကွက်စေ့အောင် ရှုပြီးပါက မိမိ ကြိုက်နှစ်သက်ရာ ပို၍ ရှုကောင်းရာ လက္ခဏာတစ်ပါးကို ဦးစားပေး၍ ရှုနိုင်သည်။ ဝတ္ထု+အာရုံ+ဝေဒနာ, ဝတ္ထု+အာရုံ+ဝိညာဏ်, ဝတ္ထု+အာရုံ+ဖဿ – ဤရှုကွက်များကိုလည်း ရှုသည့် ဉာဏ်၏ ပျက်မှုကိုပါ ရောနှော၍ ဝိပဿနာရှုနိုင်သည်။ ရှုကွက်မှာ ..

၁။ ဝတ္ထု-ရှု-ဝတ္ထု-ပျက်-အနိစ္စ။ ရှုသည့်ဉာဏ်လည်း-ပျက်-အနိစ္စ။
၂။ အာရုံ-ရှု-အာရုံ-ပျက်-အနိစ္စ။ ရှုသည့်ဉာဏ်လည်း-ပျက်-အနိစ္စ။
၃။ ဝေဒနာ-ရှု-ဝေဒနာ-ပျက်-အနိစ္စ။ ရှုသည့်ဉာဏ်လည်း-ပျက်-အနိစ္စ။

ဝတ္ထု+အာရုံ+ဝိညာဏ်, ဝတ္ထု+အာရုံ+ဖဿ - ဤရှုကွက်တို့ကိုလည်း ပုံစံတူပင် ဆက်ရှုပါ။ ဒုက္ခ အနတ္တ လက္ခဏာယာဉ် တင်၍လည်း နည်းတူ ရှုပါ။ ဒွါရ (၆)ပါးလုံး ကုန်အောင်ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးလုံး၌ ရှုပါ။ ကာလသုံးပါးလုံး၌ ရှုပါ။

ဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့ကိုလည်း ထိုထိုဣရိယာပထ ထိုထိုသမ္ပဇညအခိုက်တို့၌ တည်ရှိကြသော သင်္ခါရတရားတို့၏ အပျက်ကို အာရုံယူ၍ ဝိပဿနာ ရှုပါလေ။

ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အပျက်သက်သက်ကိုလည်း အာရုံယူ၍ လက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုပါ။ ထိုသို့ ရှုရာ၌ 'အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ' .. စသည့် ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကို အာရုံ မယူတော့ဘဲ အပျက်သက်သက်ကိုသာ အာရုံယူ၍ ဝိပဿနာ ရှုပါ။ ကာလသုံးပါး သန္တာန် နှစ်ပါးလုံး၌ ရှုပါ။ ရံခါ ရှုသည့်ဉာဏ်ကို တစ်ဖန်ပြန်၍ ဝိပဿနာရှုပါ။ ပဋိဝိပဿနာတည်း။

ဤအပိုင်းမှ စ၍ အရိယမဂ်သို့ ဆိုက်ရောက်သည်တိုင်အောင်သော ဉာဏ်ပိုင်းတို့ကား အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိသော ရုပ်-နာမ်-ကြောင်းကျိုး သင်္ခါရတရားတို့၏ အပျက်သက်သက်ကိုလည်းကောင်း, ရံခါ ရှုနေသော ဝိပဿနာဉာဏ်၏ အပျက်သက်သက်ကို လည်းကောင်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်ကာ တွင်တွင်ကြီးသာ ဝိပဿနာရှုရမည့် ဉာဏ်ပိုင်းတို့သာ ဖြစ်ကြပေသည်။

ဤသို့ ရှုရာ၌ နာမ်တရားများစာရင်းတွင် စျာန်နာမ်တရားတို့လည်း ပါဝင်ကြ၏၊ အထူးသဖြင့် အာနာပါန စျာန်လေးပါးတို့လည်း ပါဝင်ကြ၏၊ ယင်းစျာန်လေးပါးတို့ကို ဘင်္ဂဉာဏ်သို့တိုင်အောင် တွင်တွင်ကြီး ဝိပဿနာ ရှုနိုင်ပါက ဘုရားရှင် ဟောကြားထားတော်မူသည့် အာနာပါနစတုက္ကလေးခုတို့၌ လာရှိသော ရှုကွက်တို့လည်း အကျုံးဝင်သွားပြီ ဖြစ်ပေသည်။[၁၂၇၂]

ဘင်္ဂဉာဏ်ခန်း ပြီး၏၊

ဘယဉာဏ်မှ သင်္ခါရုပေက္ခာဉာဏ်သို့

ထို အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓဖြစ်သည့် ဘုံသုံးပါးအတွင်း၌ တည်ရှိသော အလုံးစုံသော တေဘူမကသင်္ခါရတရားတို့၏ ကုန်ကုန်ပျက်ပျက် ပြိုပြိုပျောက်ပျောက်သွားခြင်းဟု ဆိုအပ်သော ခဏိကနိရောဓလျှင် အာရုံရှိသော ဘင်္ဂါနုပဿနာဉာဏ်ကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ မှီဝဲပွားများလျက်ရှိသော သင်္ခါရတရားတို့၏ အပျက်ကို မရပ်မနား တရစပ် သိမြင်နေသော အထွတ်အထိပ်သို့ ရောက်ရှိလာသော ဘင်္ဂါနုပဿနာဉာဏ်ဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ထိုသင်္ခါရတရားတို့အပေါ်၌လည်းကောင်း, ဘုံသုံးပါးအတွင်းဝယ် ယင်းရုပ်နာမ်ခန္ဓာတို့၏ ဖြစ်မှုအပေါ်၌လည်းကောင်း မပြတ်မစဲ အဖန်တလဲလဲ ပျက်မှုဒဏ်ချက်ဖြင့် အညှဉ်းပန်း အနှိပ်စက်ခံရခြင်း ဒုက္ခသဘော ၏ အလွန်လျှင် ထင်နေသည်၏ အဖြစ်ကြောင့် ငြိမ်သက်သော သုခဟု သမုတ်အပ်ကုန်သော ရူပ အရူပ ဘဝတို့သည် သော်လည်း ကြောက်မက်ဖွယ် ဒုက္ခသဘောအားဖြင့် ထင်လာပေကုန်သည်။ ယင်းဉာဏ်ကား ဘယတုပဋ္ဌာနဉာဏ်တည်း။

တစ်ဖန် ကာမ ရူပ အရူပတည်းဟူသော ဘုံသုံးပါးအတွင်းဝယ် အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး အဇ္ဈတ္တ ဗဟိဒ္ဓတည်းဟူသော သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိကြကုန်သော ဒုက္ခသစ္စာ အမည်ရသည့် ဥပါဒါနက္ခန္ဓာငါးပါး သမုဒယသစ္စာ အမည်ရသည့် အကြောင်းတရားတည်းဟူသော ထိုသင်္ခါရတရားတို့၏ အနိစ္စပြစ်ချက် ဒုက္ခပြစ်ချက် အနတ္တပြစ်ချက် ဖောက်ပြန်ပျက်စီးတတ်သော ဝိပရိဏာမပြစ်ချက် – ဤ ပြစ်ချက်ကြီးတို့ကို တွင်တွင်ကြီးမြင်နေသော ဝိပဿနာဉာဏ်ကား အာဒီနဝါနုပဿနာဉာဏ်တည်း။

ထိုကဲ့သို့သော အပြစ်များကို တွင်တွင်ကြီးမြင်လာလတ်သော် ကာလသုံးပါး ဘုံသုံးပါးအတွင်း၌ တည်ရှိကြသော သင်္ခါရတရား အားလုံးတို့အပေါ်၌ ငြီးငွေ့ ရွံမုန်းသော အခြင်းအရာအားဖြင့် ဖြစ်သော ဝိပဿနာဉာဏ်ကား နိဗ္ဗိဒါနုပဿနာဉာဏ်ပင်တည်း။

ထိုသို့ ငြီးငွေ့ရွံမုန်းနေသော ယောဂါဝစရ အမျိုးကောင်းသား အမျိုးကောင်းသမီး၏ စိတ်အစဉ်သည် ကာလ သုံးပါး ဘုံသုံးပါးအတွင်း၌ တည်ရှိကြသော သင်္ခါရတရားစုတို့တွင် တစ်စုံတစ်ခုသော သင်္ခါရတရား၌သော်မျှလည်း ငြိကပ်မှု မရှိတော့ဘဲ အလုံးစုံသော သင်္ခါရတရားအပေါင်းမှ လွတ်မြောက်လိုလာ၏၊ ထိုသို့ သင်္ခါရတရားအပေါင်းမှ လွတ်မြောက်လိုသော အခြင်းအရာအားဖြင့် ဖြစ်သော ဝိပဿနာဉာဏ်ကား မုဉ္စိတုကမျတာဉာဏ်တည်း။

ထို သင်္ခါရတရားအပေါင်းမှ လွတ်မြောက်လိုသော စိတ်ဖြင့် သင်္ခါရတရားအပေါင်းကို တစ်ဖန်ပြန်၍ ဝိပဿနာ ဉာဏ်ဖြင့် ပိုင်းခြားယူလျက် သိမ်းဆည်းလျက် ယင်းသင်္ခါရတရားတို့၏ အပျက်ကိုပင် အာရုံယူကာ ယင်းသင်္ခါရ တရားတို့ကို အနိစ္စအားဖြင့် ရှု၏၊ ဒုက္ခအားဖြင့် ရှု၏၊ အနတ္တအားဖြင့် ရှု၏၊ အသုဘအားဖြင့် ရှု၏၊ ယင်းသို့ ရှုသော ဝိပဿနာဉာဏ်ကား ပဋိသင်္ခါနုပဿနာဉာဏ်တည်း။ ရှေ့သမ္မသနဉာဏ်ပိုင်းတွင် ရေးသားတင်ပြခဲ့သော ဘာဝနာ (၄၀) ခေါ် တော (၄၀) ရှုကွက်များကိုလည်း ဤအပိုင်းတွင် တစ်ဖန် ပြန်၍ ရှုနိုင်၏၊ (အခြားရှုနည်းများကို ဝိသုဒ္ဓိမဂ်[၁၂၇၃]တွင် ကြည့်ပါ။)

ထိုသို့ ကာလသုံးပါး ဘုံသုံးပါးအတွင်း၌ တည်ရှိကြသော သင်္ခါရတရားတို့ကို ခြုံငုံ၍ ယင်းတို့၏ အပျက်ကိုပင် အာရုံယူကာ – အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရုပ်တစ်လှည့် နာမ်တစ်လှည့် အကြောင်းတစ်လှည့် အကျိုးတစ်လှည့် အနိစ္စတစ်လှည့် ဒုက္ခတစ်လှည့် အနတ္တတစ်လှည့် အသုဘတစ်လှည့် – ဤသို့ လှည့်လည်၍ တွင်တွင်ကြီး ဝိပဿနာ ရှုခဲ့သော် ထိုသင်္ခါရတရားတို့၏ အပျက်ကား အလွန့်အလွန် ထင်ရှားလျက် အလွန့်အလွန် လျင်လျင်မြန်မြန် ဝိပဿနာဉာဏ်၌ ထင်လာတတ်သည်၊ အပျက်သည် သိပ်ကြမ်းလာတတ်၏၊ ထိုပျက်မှုသဘောကိုပင် လက္ခဏာယာဉ် သုံးချက် တစ်လှည့်စီတင်၍ ဆက်လက်ပြီး ဝိပဿနာ ရှုနေပါ။

ထိုသို့ ရှုနိုင်ခဲ့သော် .. တဖြည်းဖြည်း ဝိပဿနာဘာဝနာစိတ်သည် သင်္ခါရတရားတို့အပေါ်၌ ကြောင့်ကြမှု တောင့်တမှု မရှိတော့ဘဲ အညီအမျှ လျစ်လျူထားနိုင်သော အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။ ဝိပဿနာ ဘာဝနာစိတ်သည်လည်း ယင်းသင်္ခါရတရားတို့၏ ပျက်မှုအာရုံပေါ်၌သာ ငြိမ်ဝပ်စွာ ကပ်၍ တည်နေပေလိမ့်မည်။

ထို ဘာဝနာစိတ်သည် ငြိမ်ဝပ်လာသောအခါ အဆင်း အသံ အနံ့ အရသာ အတွေ့အထိဟူသော အာရုံ (၅)ပါးကို သိသော ပဉ္စဒွါရဝီထိစိတ်များသည် မဖြစ်ကြတော့ဘဲ အရှုခံ နာမ်တရားဘက်၌လည်း မနောဒွါရိကဇောဝီထိ စိတ်များ, ရှုတတ်သည့် ဝိပဿနာဉာဏ်ဘက်၌လည်း မနောဒွါရိကဇောဝီထိစိတ်များသာ ဖြစ်နေတတ်ကြသည်။ ထိုအခါတွင် ...

အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရုပ်တစ်လှည့် နာမ်တစ်လှည့် လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာရှုနေရာက ..

အဇ္ဈတ္တသင်္ခါရတရားကို ဝိပဿနာရှုခိုက်ဝယ် အဇ္ဈတ္တသင်္ခါရအာရုံ၌ ဝိပဿနာဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေလျှင် အဇ္ဈတ္တသင်္ခါရတရားကိုသာ ဆက်၍ ဝိပဿနာ ရှုနေပါ။ ဗဟိဒ္ဓသင်္ခါရတရားကို ဝိပဿနာ ရှုခိုက်ဝယ် ဗဟိဒ္ဓသင်္ခါရအာရုံ၌ ဝိပဿနာဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍တည်နေလျှင် ဗဟိဒ္ဓသင်္ခါရတရားကိုသာ ဆက်၍ ဝိပဿနာရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ အပြန်ပြန် အလှန်လှန် ထပ်မံ၍ ပြောင်းရွှေ့နေပါက ဝိပဿနာသမာဓိသည် ပျက်ပြယ်သွားတတ်ပေသည်။

ထိုတွင်လည်း ရုပ်တရားကို ဝိပဿနာရှုခိုက်၌ ယင်းရုပ်သင်္ခါရအာရုံ၌ (= ယင်းရုပ်သင်္ခါရတရား၏ အပျက် အာရုံ၌) ဝိပဿနာဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေလျှင် ယင်းရုပ်တရားကိုပင် ဆက်လက်၍ ဝိပဿနာ ရှုနေပါ။ နာမ်တရားကို ဝိပဿနာရှုခိုက်၌ ယင်းနာမ်သင်္ခါရအာရုံ၌ (= ယင်း နာမ်သင်္ခါရတရား၏ အပျက်အာရုံ၌) ဝိပဿနာ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ တည်နေလျှင် ယင်းနာမ်တရားကိုပင် ဆက်လက်၍ ဝိပဿနာ ရှုနေပါ။ ဤအခါမျိုးတွင် အကယ်၍ ရုပ်တစ်လှည့် နာမ်တစ်လှည့် အပြန်ပြန် အလှန်လှန် ပြောင်းရွှေ့ပြန်လှန်၍ ဝိပဿနာ ရှုနေပါက ဝိပဿနာသမာဓိမှာ ပျက်ပြယ်သွားတတ်ပေသည်။

သတိကြီးစွာဖြင့် လျှောက်သွားရမည့်လမ်း

ဤအပိုင်းကား သဒ္ဓါနှင့် ပညာ, ဝီရိယနှင့် သမာဓိတို့ကို အထူးညီမျှအောင် သတိဖြင့် အထူးကြိုးစားရမည့်အပိုင်း ဖြစ်သည်။ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာဟူသော ဣန္ဒြေငါးပါးတို့ ညီမျှပါမှ အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်သို့ ဆိုက်ရောက်နိုင်မည် ဖြစ်သည်။

နာမ်တရားတို့၏အပျက်ကို အာရုံယူ၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာရှုနေရာ၌ သင်္ခါရတရားတို့၏ အပျက်ကို အညီအမျှ လျစ်လျူ ရှုမှု ဥပေက္ခာသဘောသို့ မဆိုက်ရောက်သေးမီ အချိန်အနည်းငယ် လောက်က စ၍ ရှုကွက်များလည်း စုံလင်လာပြီဖြစ်ရကား ဓမ္မာရုံလိုင်း ကုသိုလ်ဇောဝီထိ နာမ်တရားတို့ကိုသာ ဦးစားပေး၍ ဝိပဿနာရှုနေပါ။ အကယ်၍ ယောဂီသူတော်ကောင်းသည် သမထယာနိကပုဂ္ဂိုလ် ဖြစ်ပါက ဤ အချိန်အခါမျိုးတွင် စျာနသမာပတ္တိဝီထိအတွင်း၌ တည်ရှိသော စျာနဓမ္မ အမည်ရသည့် စျာန်နာမ်တရားတို့ကိုသာ ဦးစားပေး၍ ဝိပဿနာရှုနေပါ။ လက္ခဏာရေးသုံးတန်တွင်လည်း အထူးသဖြင့် အနတ္တလက္ခဏာကို ဦးစားပေး၍ အနတ္တလက္ခဏာယာဉ်တင်ကာ ဝိပဿနာရှုနေပါ။

ထိုသို့ရှုရာ၌ သင်္ခါရတရားတို့၏ အပျက်အာရုံ၌ ဝိပဿနာဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်လာမည် ဖြစ်ပေသည်။ ထိုအချိန်တွင် ယောဂါဝစရပုဂ္ဂိုလ်သည် အပြင်အသံ စသည်ကို ကြားမှု မရှိတော့ပေ။ ထိုသို့ အသံ စသည်ကို မကြားရတော့ဘဲ သင်္ခါရတရားတို့၏ အပျက်အာရုံ၌ ဝိပဿနာဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ တည်လာပါက လှုပ်မရအောင် ငြိမ်လာပါက ဝိပဿနာဘာဝနာစွမ်းအားသည် အထူးအားကောင်းလာပြီ ဖြစ်သည်။

ထိုအခါမျိုး၌ အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ရံခါ အဇ္ဈတ္တ ရံခါ ဗဟိဒ္ဓ ရှုမှုကို ခေတ္တရပ်ဆိုင်း၍ အဇ္ဈတ္တ၌ ဘာဝနာစိတ်သည် ငြိမ်နေလျှင် အဇ္ဈတ္တ၌, ဗဟိဒ္ဓ၌ ဘာဝနာစိတ်သည် ငြိမ်နေလျှင် ဗဟိဒ္ဓ၌, ရုပ်တရား၌ ဘာဝနာစိတ်သည် ငြိမ်နေလျှင် ရုပ်တရား၌, နာမ်တရား၌ ဘာဝနာစိတ်သည် ငြိမ်နေလျှင် နာမ်တရား၌ – မိမိ ကြိုက်နှစ်သက်ရာ လက္ခဏာတစ်ခုကို ဦးစားပေး ရှုနေပါ။

ထိုသို့ရှုရာ၌ အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့ကား ရုပ်နာမ် နှစ်မျိုးလုံးကိုပင် တွဲ၍ ရှုနေရသည်ကို ပို၍ပို၍ နှစ်ခြိုက်ကြ၏၊ အချို့က ရုပ်သက်သက်ကို ရှုရသည်ကို ပို၍ပို၍ နှစ်ခြိုက်ကြ၏၊ အချို့က နာမ်သက်သက်ကို ရှုရသည်ကို ပို၍ပို၍ နှစ်ခြိုက်ကြ၏၊ အချို့က အနိစ္စဟု ရှုရသည်ကို, အချို့က ဒုက္ခဟု ရှုရသည်ကို, အချို့က အနတ္တဟု ရှုရသည်ကို ပို၍ပို၍ နှစ်ခြိုက်ကြ၏၊

မိမိ ဝိပဿနာရှု၍ ပိုကောင်းရာ သင်္ခါရတရားကို, ရှု၍ ပိုကောင်းသည့် လက္ခဏာရေး တစ်ပါးပါးကို တင်၍ ဝိပဿနာ ရှုနိုင်သည်။ ထိုသို့ ရှုရာ၌ အချို့ယောဂီများအဖို့ ရုပ်တရားများ၏ အပျက်ကို လုံးဝမမြင်တော့ဘဲ နာမ် တရားတို့၏ အပျက်သက်သက်ကိုသာ တွေ့မြင်နေရတတ်သည်လည်း ရှိ၏၊ ထိုအခါမျိုးတွင် နာမ်တရားတို့၏ အပျက်ကိုသာ လက္ခဏာယာဉ် တင်၍ ရှုရန် ဖြစ်သည်။ မတွေ့မြင်ရသော ရုပ်တရား၏ အပျက်ကို အထူးရှာဖွေ၍ မရှုပါနှင့်။

ထိုအချိန်အခါ၌ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ဖြစ်မူ ပျက်နေသော နာမ်တရားများမှာလည်း များသောအားဖြင့် ဝိပဿနာရှုနေသော မနောဒွါရိကဇောဝီထိစိတ်အစဉ်နှင့် ဘဝင်များသာ ဖြစ်တတ်ကြ၏၊ ရှေ့စိတ်ကို နောက်စိတ်ဖြင့် = ရှေ့ဝိပဿနာဝီထိကို နောက်ဝိပဿနာဝီထိဖြင့် တစ်ဖန် ပြန်၍သာ ဝိပဿနာရှုနေပါ။ အကယ်၍ သမထယာနိက ပုဂ္ဂိုလ်ဖြစ်မူ ပျက်နေသော နာမ်တရားများမှာ အရှုခံ စျာနသမာပတ္တိဝီထိအတွင်း၌ တည်ရှိသော နာမ်တရားများနှင့် ရှုနေသည့် ဝိပဿနာဇောဝီထိ နာမ်တရားစုတို့သာ ဖြစ်တတ်ကြ၏၊ ထိုအခါမျိုး၌ မိမိ ဦးစားပေးကာ ဝိပဿနာ ရှုနေသော စျာန်နာမ်တရားတို့ကိုလည်းကောင်း, ရှုနေသော ဝိပဿနာဇောဝီထိ နာမ်တရားတို့ကိုလည်းကောင်း လက္ခဏာယာဉ် တင်၍ တွင်တွင်ကြီး ဝိပဿနာ ဆက်ရှုနေပါ။ ဤအခါမျိုးတွင် သမထယာနိကပုဂ္ဂိုလ်သည် မိမိ နှစ်ခြိုက်ရာ စျာန်နာမ်တရားတို့ကို အနတ္တလက္ခဏာကို ဦးစားပေး၍ ဝိပဿနာရှုပါက ပို၍ပို၍ ကောင်းတတ်ပေသည်။

အချို့ယောဂီများကား ရုပ်နာမ်နှစ်မျိုးလုံး၏ အပျက်ကိုပင် မြင်နေရတတ်ပြန်၏၊ ထိုအခါ .. ရုပ်တစ်လှည့် နာမ်တစ်လှည့် ဖြစ်စေ, ရုပ်နာမ်တွဲ၍ဖြစ်စေ အပျက်သဘောကိုသာ အာရုံယူ၍ နှစ်ခြိုက်ရာ လက္ခဏာယာဉ်ကို ဦးစားပေးလျက် ဝိပဿနာ ဆက်ရှုနေပါ။ ရံခါ ရှုသည့် ဉာဏ်ကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုပါ။

ဤသို့ နည်းအမျိုးမျိုးဖြင့် ဝိပဿနာရှုခဲ့သော် ကာမ ရူပ အရူပတည်းဟူသော ဘုံသုံးပါးအတွင်း၌ တည်ရှိသော သင်္ခါရတရားတို့အပေါ်၌ လျစ်လျူ ရှုထားနိုင်မှု ဥပေက္ခာသဘောသည်လည်း ကောင်းစွာ တည်နေမည် ဖြစ်၏၊ သင်္ခါရတရားတို့အပေါ်၌ စက်ဆုပ်မှု ပါဋိကုလျသဘောသည်လည်း ကောင်းစွာ တည်နေမည် ဖြစ်၏၊

သင်္ခါရတို့၏အပြစ်ကို ကောင်းစွာမြင်သဖြင့် သင်္ခါရတို့မှ လွတ်မြောက်လိုသော စိတ်ဓာတ်ဖြင့် သင်္ခါရတို့၏ အပျက်ကို လက္ခဏာယာဉ် အသီးအသီး တင်၍ ဝိပဿနာ ရှုနေသဖြင့် ''ငါ-ငါ့ဟာ''ဟု စွဲယူထိုက်သော တစ်စုံ တစ်ခုသော သင်္ခါရတရားကိုမျှ မမြင်တွေ့ရတော့သဖြင့် ..

၁။ သင်္ခါရတို့ကို ကြောက်ရွံ့ခြင်း ဘယဟူသော အစွန်းတစ်ခု,
၂။ သင်္ခါရတို့ကို နှစ်သက်ခြင်း တောင့်တခြင်း နန္ဒီဟူသော အစွန်းတစ်ခု ––

ဤ အစွန်းနှစ်ခုကိုပယ်၍ အလုံးစုံသော သင်္ခါရတရားတို့အပေါ်၌ ဥဒါသိန်မူနိုင်ခြင်းသဘော အလယ်အလတ် လျစ်လျူထားနိုင်မှုသဘောသည် ဖြစ်ပေါ်နေပေ၏၊[၁၂၇၄]

ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဤဉာဏ်ကား သင်္ခါရုပေက္ခာဉာဏ်တည်း။

သင်္ခါရုပေက္ခာဉာဏ်ခန်း ပြီး၏၊

ဉာဏဒဿနဝိသုဒ္ဓိစခန်းသို့

သင်္ခါရုပေက္ခာဉာဏ်မှ အရိယမဂ်ဉာဏ်သို့

ထိုသင်္ခါရုပေက္ခာဉာဏ်သည် ရင့်ကျက်၍ နိဗ္ဗာန်တရားတော်မြတ်ကြီးကို ငြိမ်သက်သောအားဖြင့် = ရုပ်နာမ်ဓမ္မ သင်္ခါရတို့မှ ကင်းငြိမ်းနေသဖြင့် မဖြစ်မပျက်သည့် ဓာတ်သဘောအားဖြင့် အကယ်၍ သိမြင်ငြားအံ့၊ အလုံးစုံသော သင်္ခါရတို့၏ ဖြစ်ခြင်းသဘောကို စွန့်လွှတ်၍ သင်္ခါရတို့၏ ပျက်မှုကို မမြင်တော့ဘဲ သင်္ခါရတို့ မရှိရာ, သင်္ခါရတို့မှ ငြိမ်းအေးရာ = မဖြစ်မပျက်ရာ အငြိမ်းဓာတ်နိဗ္ဗာန်သို့သာ စိတ်သည် ပြေးဝင်သွား၏၊[၁၂၇၅]

ထိုသင်္ခါရုပေက္ခာဉာဏ်သည် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကြီးကို ငြိမ်သက်အေးမြသော သန္တသဘော = သန္တိသုခသဘောအားဖြင့် အကယ်၍ မမြင်သေးငြားအံ့၊ ထိုသင်္ခါရုပေက္ခာဉာဏ်သည် ရင့်ကျက်ခြင်းသို့ မရောက်ရှိ သေးရကား အဖန်တလဲလဲ သင်္ခါရတရားလျှင် အာရုံရှိသည်ဖြစ်၍သာလျှင် = သင်္ခါရတို့၏ အပျက်ကို အာရုံပြု၍သာလျှင် ဖြစ်ပေါ်နေမည် ဖြစ်သည်။[၁၂၇၆]

ထိုသို့ဖြစ်နေလျှင် သင်္ခါရုပေက္ခာဉာဏ်ကို ရင့်ကျက်လာအောင် ––
၁။ ရံခါ ရုပ်တရား,
၂။ ရံခါ နာမ်တရားတို့ကို
၃။ ရံခါ အဇ္ဈတ္တ၌
၄။ ရံခါ ဗဟိဒ္ဓ၌
၅။ ရံခါ အနိစ္စလက္ခဏာ တင်၍
၆။ ရံခါ ဒုက္ခလက္ခဏာ တင်၍
၇။ ရံခါ အနတ္တလက္ခဏာ တင်၍ တွင်တွင်ကြီး ဝိပဿနာရှုပါ။
၈။ ရံခါ အကြောင်းတရား
၉။ ရံခါ အကျိုးတရားတို့ကိုလည်း အလားတူပင် လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်၍ တွင်တွင်ကြီး ဝိပဿနာ ရှုပါ။။ အတိတ် အနာဂတ်တို့၌လည်း ပုံစံတူပင်ရှုပါ။ ခန္ဓာငါးပါးနည်းဖြင့်လည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုပါ။

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် သမထယာနိကပုဂ္ဂိုလ်ဖြစ်ခဲ့ပါမူ .. မိမိ ကြိုက်နှစ်သက်ရာ စျာနသမာပတ္တိဝီထိ နာမ်တရားတို့ကို ဦးစားပေး၍ လက္ခဏာရေးသုံးတန်တွင်လည်း အနတ္တလက္ခဏာကို ဦးစားပေး၍ တစ်ဖန် ဝိပဿနာပြန်ရှုပါ။ အထူးသဖြင့် စတုတ္ထစျာန်နာမ်တရားတို့ကို အနတ္တလက္ခဏာတင်လျက် ဦးစားပေး၍ ဝိပဿနာ ရှုနေပါ။ ရံခါ ရှုသည့် ဝိပဿနာဉာဏ် = ဝိပဿနာဇောဝီထိ နာမ်တရားတို့ကိုလည်း တစ်ဖန်ပြန်၍ ဝိပဿနာရှုပါ။ သင်္ခါရုပေက္ခာဉာဏ်သည် ရင့်ကျက်လာသောအခါ –

၁။ ပဝတ္တဟူသော သင်္ခါရတို့၏ ပျက်မှုသဘောမှ
၂။ အပဝတ္တဟူသော သင်္ခါရတို့၏ မဖြစ် မပျက်မှုသဘောသို့ ..
ဉာဏ်သည် သက်ဝင်ဆိုက်ရောက်သွားမည် ဖြစ်ပေသတည်း။

အကယ်၍ မဆိုက်ရောက်နိုင်သေးသည်ဖြစ်အံ့၊ အနုပဒဓမ္မဝိပဿနာ ရှုပွားနည်းကို ကြိုးစားအားထုတ်ကြည့်ပါ။ ပုံစံဆိုရသော် ပထမစျာန်ကို ဝင်စားပါ။ ပထမစျာန်မှထ၍ ပထမစျာန်နာမ်တရား (၃၄)လုံးတို့ကို သိမ်းဆည်းပါ။ ထိုတွင် စျာန်နာမ်တရား တစ်လုံးစီ တစ်လုံးစီကို လက္ခဏာယာဉ် တစ်ချက်စီ တင်၍ ဝိပဿနာရှုပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ။ အလားတူပင် မိမိ ရရှိထားသမျှ နေဝသညာနာသညာယတနစျာန်မှ တစ်ပါးကုန်သော စျာန်တို့ကိုလည်း အနုပဒဓမ္မဝိပဿနာနည်းဖြင့် ဝိပဿနာ ရှုပါ။[၁၂၇၇] လက္ခဏာရေးသုံးတန် စုံအောင်ရှုပါ။ ကာမာဝစရ နာမ်တရားတို့ကိုလည်းကောင်း, ရုပ်တရားတို့ကိုလည်းကောင်း အနုပဒဓမ္မဝိပဿနာနည်းဖြင့် ရှုပါ။ ရုပ်တရားတို့ကို အနုပဒဓမ္မဝိပဿနာနည်းဖြင့် ဝိပဿနာရှုရာ၌ စက္ခုဒသကကလာပ် စသော ထိုထိုရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ပထဝီစသော ပရမတ္ထဓာတ်သားတို့ကို တစ်လုံးစီ တစ်လုံးစီ လက္ခဏာယာဉ် တင်၍ ဝိပဿနာ ရှုပါ။ ဒွါရ (၆)ပါးနှင့် (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို တစ်လုံးစီ တစ်လုံးစီ ကုန်စင်အောင် ဝိပဿနာရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ရှုပါ။အလားတူပင် ကာမာဝစရနာမ်တရားတို့ကို အနုပဒဓမ္မဝိပဿနာနည်းဖြင့် ဝိပဿနာ ရှုရာ၌လည်း နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ဖော်ပြထားသည့် စက္ခုဒွါရဝီထိစသည့် ထိုထိုဝီထိတို့၏ စိတ္တက္ခဏတိုင်း၌ တည်ရှိသော နာမ်တရားတို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာကာ လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ ဝိပဿနာရှုပါ။

ဤအနုပဒဓမ္မဝိပဿနာနည်းဖြင့်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်နိုင်သည်သာ ဖြစ်ပေသည်။ အကယ်၍ မဆိုက်ရောက်နိုင်ခဲ့သည် ဖြစ်အံ့၊ ကလာပသမ္မသနဝိပဿနာရှုနည်းဖြင့်လည်း အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း သမ္မသနဉာဏ်မှစ၍ သင်္ခါရုပေက္ခာဉာဏ်သို့တိုင်အောင် တစ်ဖန်ပြန်၍ ဝိပဿနာရှုပါ။ ပါရမီအားလျော်စွာ အောင်မြင်မှုကို ရရှိနိုင်ပေသည်။

သုညကို မြင်အောင်ကြည့်ပါ

သုညတော လောကံ အဝေက္ခဿု၊ မောဃရာဇ သဒါ သတော။
အတ္တာနုဒိဋ္ဌိံ ဦဟစ္စ၊ ဧဝံ မစ္စုတရော သိယာ။
ဧဝံ လောကံ အဝေက္ခန္တံ၊ မစ္စုရာဇာ န ပဿတိ။
[၁၂၇၈]

မောဃရာဇ = ဒါယကာ မောဃရာဇရသေ့ ...။ သဒါ = နေ့ရော ညဉ့်ပါ ဘယ်ခါမပြတ် ခပ်သိမ်းသော အချိန်ကာလ၌။ သတော = သတိပဋ္ဌာန်လေးပါး မပြတ်ပွားလျက် ထင်လင်းသော သတိနှင့် ပြည့်စုံသည်ဖြစ်၍။ အတ္တာနုဒိဋ္ဌိံ = သင်္ခါရတရားတို့အပေါ်၌ အတ္တဟူ၍ အစဉ်ပြေးသွားသော သက္ကာယဒိဋ္ဌိ = အတ္တဒိဋ္ဌိတရားကို။ ဦဟစ္စ = နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ် စသော ဝိပဿနာဉာဏ်တို့ဖြင့် နှုတ်ပစ် ပယ်ခွာ၍။ လောကံ = ရုပ်နာမ်ဓမ္မ သင်္ခါရလောကကို။ သုညတော = နိစ္စ သုခ အတ္တ သုဘ စသော အနှစ်သာရမှ ဆိတ်သုဉ်းသော သုညသဘောအားဖြင့်။ အဝေက္ခဿု = ဝိပဿနာ ဉာဏ်ပညာစက္ခုဖြင့် စေ့စေ့ငုငု ကြည့်ရှု ဆင်ခြင် ရှုပွားသုံးသပ်ပါလေလော။ ဧဝံ = ဤသို့ ရှုပွားသုံးသပ်နိုင်ခဲ့သည်ရှိသော်။ မစ္စုတရော = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းကို ကျော်လွှားလွန်မြောက်နိုင်သည်။ သိယာ = ဖြစ်လေရာ၏၊ ဧဝံ = ဤသို့ သုညသဘောအားဖြင့်။ လောကံ = ရုပ်နာမ်ဓမ္မသင်္ခါရလောကကို။ အဝေက္ခန္တံ = ဝိပဿနာ ဉာဏ်ပညာစက္ခုဖြင့် စေ့စေ့ငုငု ကြည့်ရှုဆင်ခြင် ရှုပွားသုံးသပ်လျက်ရှိသောသူကို။ မစ္စုရာဇာ = (၃၁)နိုင်ငံ ပိုင်စံစိုးနင်း ရှင်သေမင်းသည်။ န ပဿတိ = ဘယ်တော့မှ မမြင်နိုင်ပါပေသတည်း။

သာဝကတို့သည် နေဝသညာနာသညာယတနစျာန်သမာပတ်အတွင်း၌ တည်ရှိကြသော နာမ်တရားတို့ကို အနုပဒဓမ္မ ဝိပဿနာနည်းဖြင့် ဝိပဿနာ မရှုနိုင်ကြကုန်၊ ကလာပသမ္မသနနည်းဖြင့်သာ ဝိပဿနာ ရှုနိုင်ကြကုန်၏၊ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့သည်သာလျှင် ယင်းနေဝသညာနာသညာယတနစျာန်နာမ်တရားတို့၌ အနုပဒဓမ္မဝိပဿနာနည်းဖြင့် ဝိပဿနာ ရှုပွားသုံးသပ်တော်မူနိုင်ကြသည်။ ထိုကြောင့် အနုပဒဓမ္မဝိပဿနာရှုနည်း၌ ယင်းစျာန်ကို ချန်လှပ်ထားခြင်း ဖြစ်ပေသည်။

ရှင်သေမင်း မမြင်နိုင်သူ

အထက်ပါ ဒေသနာတော်နှင့် အညီ ယောဂီသူတော်ကောင်းသည်လည်း သင်္ခါရလောကကို သုညမြင်အောင် ဝိပဿနာဉာဏ်ဖြင့် ရှုမြင်တတ်ပါက ရှင်သေမင်းက မမြင်နိုင်သူတစ်ဦး ဖြစ်နိုင်ပေသည်။ မသေရာ အမြိုက် နိဗ္ဗာန် တရားတော်မြတ်ကြီးကို အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် မျက်မှောက်ပြုနိုင်ပေသည်။

ပဝတ္တမှ အပဝတ္တသို့, အဖြစ်နယ်မှ မဖြစ်နယ်သို့ ကူးပြောင်းသွားနိုင်ပေသည်။ မဖြစ် မပျက်သည့်နယ်၌, တစ်နည်း ဖြစ်ပျက်ကုန်ဆုံးသည့်နယ်၌, တစ်နည်း အပျက်ဆုံးသည့် နယ်မြေ၌ အဓိဋ္ဌာန်ပြုသည့်အတိုင်း အချိန်ကာလပိုင်းခြား၍ နေချင်တိုင်းနေနိုင်အောင် လေ့ကျင့်ပါ။ ဤနေရာတွင် ဉာဏ်စဉ် (၁၆) ပါးကို အကျဉ်းချုပ်ကာ ထပ်မံ တင်ပြအပ်ပါသည်။

ဉာဏ်စဉ် (၁၆) ပါး

၁။ နာမရူပပရိစ္ဆေဒဉာဏ် = နာမ်ရုပ်ကို ပိုင်းပိုင်းခြားခြား သိတတ်သောဉာဏ် (= ဒုက္ခသစ္စာကို သိသောဉာဏ်)၊

၂။ ပစ္စယပရိဂ္ဂဟဉာဏ် = နာမ်ရုပ်၏ အကြောင်းတရားကို ပိုင်းခြားယူတတ်သောဉာဏ် (= သမုဒယသစ္စာကို သိသောဉာဏ်)၊

၃။ သမ္မသနဉာဏ် = ယင်း ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု ရှုပွားသုံးသပ်တတ်သော ဉာဏ်၊

၄။ (က) ဥဒယဗ္ဗယဉာဏ် (အနုပိုင်း) (တရုဏဝိပဿနာပိုင်း) = ယင်းသင်္ခါရတရားတို့၏ ဖြစ်မှု ပျက်မှုကို ခဏပစ္စုပ္ပန်သို့ ဆိုက်အောင် ရှုမြင်လျက် အနိစ္စဟု ဒုက္ခဟု အနတ္တဟု ရှုပွားသုံးသပ်တတ်သောဉာဏ်၊

( ခ ) ဥဒယဗ္ဗယဉာဏ် (အရင့်ပိုင်း) (ဗလဝဝိပဿနာပိုင်း) = ဝိပဿနာညစ်ညူးကြောင်း ဥပက္ကိလေသ အညစ်အကြေးတို့မှ လွတ်မြောက်သွားသော, အကြောင်းတရားနှင့် တကွသော ရုပ်နာမ်ဓမ္မ သင်္ခါရတရား တို့၏ ဖြစ်မှု ပျက်မှုကို ခဏပစ္စုပ္ပန်သို့ ဆိုက်ရောက်အောင် ရှင်းရှင်းလင်းလင်း သိမြင်ကာ လက္ခဏာရေး သုံးတန်သို့ တင်ကာ ရှုပွားသုံးသပ်တတ်သောဉာဏ်၊

၅။ ဘင်္ဂဉာဏ် = (ဉာတ+ဉာဏ အမည်ရသည့်) သင်္ခါရတရားတို့၏ အပျက်သက်သက်ကို အာရုံယူကာ အနိစ္စ ဒုက္ခ အနတ္တဟု ရှုမြင်တတ်သောဉာဏ်၊

၆။ ဘယဉာဏ် = သင်္ခါရတရားတို့၏ ပြိုပြိုပျက်ပျက်နေသဖြင့် ကြောက်လန့်ဖွယ်ကောင်းသည့် သဘောကို အာရုံယူကာ အနိစ္စ ဒုက္ခ အနတ္တဟု ရှုမြင်တတ်သောဉာဏ်၊

၇။ အာဒီနဝဉာဏ် = ပြိုပြိုပျက်ပျက်နေသည့် သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တပြစ်ချက်တို့ကို ရှုမြင်တတ်သော ဉာဏ်၊

၈။ နိဗ္ဗိဒါဉာဏ် = ယင်းသင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ ပြစ်ချက်တို့ကို ရှုမြင်နေရသည့်အတွက် သင်္ခါရ တရားတို့အပေါ်၌ ငြီးငွေ့ ရွံမုန်းသောဉာဏ်၊

၉။ မုစ္စိတုကမျတာဉာဏ် = ယင်းသင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ ပြစ်ချက်တို့ကို ရှုမြင်နေရသည့်အတွက် သင်္ခါရတရားတို့မှ လွတ်မြောက်လိုသောဉာဏ်၊

၁၀။ ပဋိသင်္ခါဉာဏ် = သင်္ခါရတရားတို့မှ လွတ်မြောက်လိုသဖြင့် သင်္ခါရတရားတို့၏ အပျက်ကို အာရုံယူကာ အနိစ္စ ဒုက္ခ အနတ္တဟု တစ်ဖန် ပြန်ရှုသောဉာဏ်၊

၁၁။ သင်္ခါရုပေက္ခာဉာဏ် = သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ ပြစ်ချက်တို့ကို ကွက်ကွက်ကွင်းကွင်း ရှုမြင်နေရ သဖြင့် သင်္ခါရတရားတို့အပေါ်၌ ကြောင့်ကြမှု တောင့်တမှု မရှိတော့ဘဲ အညီအမျှ လျစ်လျူရှုတတ်သောဉာဏ်၊

၁၂။ အနုလောမဉာဏ် = ရှေ့ပိုင်း ဝိပဿနာဉာဏ်များနှင့် နောက်ပိုင်း အရိယမဂ်ဉာဏ်ကို ဆီလျော်အောင် ပြုလုပ် ပေးသောဉာဏ်၊

၁၃။ ဂေါတြဘုဉာဏ် = ပုထုဇန်အနွယ်ကို လွှမ်းမိုးလျက် အရိယအနွယ်သို့ ရောက်အောင် နိဗ္ဗာန်ကို အာရုံယူကာ ဖြစ်ပေါ်လာသောဉာဏ်၊

၁၄။ အရိယမဂ်ဉာဏ် = ပယ်သင့်ပယ်ထိုက်သော ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်လျက် နိဗ္ဗာန်ကို သိသောဉာဏ်၊ ၁၅။ အရိယဖိုလ်ဉာဏ် = အရိယမဂ်ဉာဏ်က ပယ်သတ်ထားပြီးသည့် ကိလေသာတို့ကို ငြိမ်းသထက်ငြိမ်းအောင် ငြှိမ်းလျက် နိဗ္ဗာန်ကို သိမြင်နေသောဉာဏ်၊

၁၆။ ပစ္စဝေက္ခဏဉာဏ် ––

(က) မဂ်ကို ဆင်ခြင်ခြင်း,
( ခ ) ဖိုလ်ကို ဆင်ခြင်ခြင်း,
( ဂ ) နိဗ္ဗာန်ကို ဆင်ခြင်ခြင်း,
(ဃ) ပယ်ပြီးကိလေသာကို ဆင်ခြင်ခြင်း,
( င ) မပယ်ရသေးသော ကိလေသာကို ဆင်ခြင်ခြင်း ––

အားလုံးပေါင်းသော် ဉာဏ်စဉ်တရား (၁၆)ပါး ဖြစ်သည်။

ဤအရာဝယ် ''အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပြီ''ဟု မိမိကိုယ်ကို မိမိ ယူဆသောအခါ ပစ္စဝေက္ခဏာငါးတန်တို့ကိုလည်း ဆရာသမားထံ၌ နည်းခံ၍ လေ့ကျင့်ပါလေ။

ဤမျှဖြင့် မကျေနပ်သေးဘဲ .. မိမိသန္တာန်ဝယ် ကုန်သင့် ကုန်ထိုက်သည့် ကိလေသာများ ကုန် မကုန်ကို နည်းအမျိုးမျိုးဖြင့် ကြိမ်ဖန်များစွာ ရက်ပေါင်းများစွာ လပေါင်းများစွာ နှစ်ပေါင်းများစွာ စောင့်ဆိုင်း၍လည်း ဆန်းစစ်ပါ။ စိတ်ချလက်ချကား မနေသင့်လှသည်သာ ဖြစ်ပေသည်။

သစ္စာလေးပါးကို သိမှု၌ အသိဉာဏ် ခိုင်ခံ့မှု ရှိမရှိကိုလည်း အကြိမ်ကြိမ် အဖန်ဖန် ဆန်းစစ်လေရာသည်။ ပရိယတ် ပဋိပတ် နှစ်ဌာနတို့၌ ကျွမ်းကျင်လိမ္မာတော်မူကြသော ဆရာမြတ်ကြီးတို့နှင့်လည်း အဖန်ဖန် အထပ်ထပ် နှီးနှောတိုင်ပင်လေရာသည်။

လုပ်ငန်းခွင်အပိုင်း ပြီး၏၊

အခန်း (၃) 

တိုက်တွန်းချက် ဥယျောဇဉ်အပိုင်း

ကိုယ်ထကိုယ်နှိုး၊ ကိုယ်အားကြိုးမှ

မလိမ်းစိတ်မြူ၊ သူတော့်မူဖြင့်၊ ခြောက်ဆူ အာရမ္မဏ၊ ငါးကာမတွင်၊ ဟီနတရာ၊ လွန်ယုတ်မာသား၊ ရသာယတန၊ အာဟာရနှိုက်၊ ရာဂတိုးပွား၊ သတ္တိအားကြောင့်၊ ဘုရားပစ္စေကဗုဒ္ဓါ၊ ရဟန္တာတို့၊ ဝိကာလဘောဇန၊ ကြဉ်ကုန်ကြသို့၊ နိစ္စမဘောက်၊ လှံမစောက်ဖြင့်၊ စောင့်ရှောက်ကြည်ဖြူ၊ ဗုဒ္ဓင်္ကူလျှင်၊ အယူမခွ၊ ဤကာယကို၊ မျှတနိုင်ရုံ၊ ရေစာကျုံလည်း၊ မကြုံစိတ်က၊ သဘောချ၏၊

ဂန္ထ ဝိပဿနာ၊ နှစ်ဖြာ ဓုရ၊ မလုံ့လဘဲ၊ ကိစ္စမနည်း၊ အလိုသည်း၍၊ အရည်းမပီ၊ အလဇ္ဇီဖြင့်၊ ဒုဿီ ကျင့်ဆန်း၊ ရှင်ပေါက်ပန်းတို့၊ ရဟန်းတမင့်၊ တဝင့်ဝင့်နှင့်၊ မင်းကျင့်စိုးကျင့်၊ လူကျင်,့ ကျင့်က၊ ပျောက်လွင့် သီတင်း၊ သီလ ကင်း၏၊

ကိုယ်တွင်းယုတ်မာ၊ ပါပိစ္ဆာဖြင့်၊ တဏှာအထည်း၊ လောဘသည်း၍၊ ပစ္စည်းလာဘ်သပ်၊ အပ်, မအပ်က၊ ရသမျှကို၊ ပြိတ္တာ့မျိုးစေ့၊ တပွေ့ပွေ့နှင့်၊ တပ်မြွေ့ခင်မက်၊ တသက်သက်တည့်၊ မသုံးရက်ဟူ၊ မလှူရက်ရေး၊ မပေးရက်အား၊ မစားရက်နိုး၊ တစိုးစိုးဖြင့်၊ သူခိုးကပင်၊ ဥစ္စာရှင်ထက်၊ ခင်မင် နှစ်သက်၊ နှမြောခက်သို့၊ ရမ္မက်ငြိစွန်း၊ ဝတ်သင်္ကန်းနှင့်၊ ရဟန်းဖြစ်လျက်၊ ကျင့်လွဲလက်သော်၊ ကုမ္မဂ္ဂဆိုး၊ လမ်းရိုး မမှန်၊ တိရ စ္ဆာန်သို့၊ နိဗ္ဗာန် မပေါက်၊ အပါယ်ရောက်လျက်၊ လမ်းကောက်တိမ်းပင်း၊ ချွတ်ခဲ့ယွင်း၏၊

ယင်းသို့မဟူ၊ ဗုဒ္ဓင်္ကူကား၊ အယူဖြောင့်စင်း၊ နှလုံးသွင်းကြောင့်၊ အဖျင်းအသွမ်း၊ ဂုဏ်မဲ့နွမ်းအောင်၊ ကိုယ်ဝမ်းမွေးမှု၊ လူ့နှယ်တုလျက်၊ လူပြုလူကျင့်၊ မူမကျင့်ဘူး၊ ရှင်နှင့်မတော်၊ ပစ္စည်းမျှော်၍၊ မလျော် လျောက်ပတ်၊ မြေကြန်တတ်က၊ နက္ခတ်ပညာ၊ စေပါဒူတ၊ အင်္ဂဝိဇ္ဇာ၊ တိရ စ္ဆာဖြင့်၊ ယုတ်မာဝမ်းရေး၊ သက်မွေး ကြငြား၊ လေ့ကျက်မှားသည့်၊ ငုံ့စား မော်စား၊ အမြော်စားနှင့်၊ ထောင့်စားခေါ်ရိုး၊ ရဟန်းဆိုးတို့၊ စားမျိုးလေးဖြာ၊ မိစ္ဆာဇီဝ၊ နေသနလည်း၊ စိတ်မျှတရံ၊ အကြံမဆန်း၊ မှဲ့မစွန်းတည့်၊ တခန်းထိုမှ၊ ပြည်မတန်းဆာ၊ လင်ကွာ မိန်းမ၊ မုဆိုးမနှင့်၊ ဟိုင်းမပျိုကြီး၊ တသီးသွင်ယုတ်၊ ပဏ္ဍုက် ဘိက္ခုနီ၊ တလီ ထိုနောက်၊ သေသောက်အိမ်ခေါ်၊ အပ်မလျော်သား၊ ဆဂေါစရ၊ ခြောက်ဌာနနှိုက်၊ သီလချစ်ခင်၊ သူတော်စင်တို့၊ ကျွမ်းဝင်ဘယ်ခါ၊ မပြုရာတည့်၊ ပြုပါတပြီး၊ ခရီးကုန်းကြောင်း၊ ဖုံထောင်းထောင်းနှိုက်၊ မိကျောင်းကြည်းတင်၊ ဖြစ်တတ်ကျင်၏၊ သို့လျှင် မအပ်၊ ဆွမ်းခြောက်ရပ်လည်း၊ မစပ်မစွန်း၊ မြူမသန်းတည့်။

ရဟန်း ရဟန်း၊ မည်ပြဋ္ဌာန်းလျက်၊ ရဟန်းဟူလစ်၊ ခေါ်ရာဖြစ်ရုံ၊ စနစ်ခေါက်ချိုး၊ သလင်းပိုးလျက်၊ ချုပ်ရိုး ခန်းခန်း၊ ဖန်ရည်စွန်းသား၊ သင်္ကန်းဝါဝါ၊ ဦးပြည်းကာဖြင့်၊ ပညာကင်းပ၊ ဒုစ္စာရနှင့်၊ သီလမဲ့မျိုး၊ အတွင်းဆိုးကား၊ အကျိုးတစိ၊ ဘယ်မှာယှိလိမ့်၊ မော်မိမော်မန်း၊ နေကာဆန်းနှင့်၊ ရဟန်းကျင့်ဝတ်၊ တပါးချွတ်က၊ လူနတ်မကြိုက်၊ ကဲ့ရဲ့ထိုက်၏၊ နောင်နှိုက် ချမ်းသာ၊ နတ်ရွာ မဂ်ဖိုလ်၊ ကိုယ်လျှင်လိုက၊ သူ့ကို မတု၊ ကုသိုလ်မှု၌၊ ကိုယ်ပြုကိုယ်ကြွ၊ ကိုယ်လုံ့လ၍၊ ကိုယ်ထကိုယ်နှိုး၊ ကိုယ်အားကြိုးမှ၊ ကိုယ်ကျိုးကိုသာ၊ ကိုယ်ပြီးရာ၏၊

(မဟာသုတကာရီ မဃဒေဝလင်္ကာသစ်၊ စာပိုဒ်-၄၂၅ ..)

တိုက်တွန်းချက် ဥယျောဇဉ်အပိုင်း

လောက၌ ဘုရားရှင်တို့၏ ပွင့်ထွန်းပေါ်ပေါက်တော်မူလာခြင်း

လောက၌ ဘုရားရှင်တို့၏ ပွင့်ထွန်းပေါ်ပေါက်တော်မူလာခြင်းသည်လည်း အလွန်ရခဲသော အခွင့်အလမ်း တစ်ခု ဖြစ်၏၊ အရိယသစ္စာလေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ရေးအတွက် ဘုရားရှင်တို့ ဟောကြားပြသ ဆိုဆုံးမထားတော်မူအပ်သော တရားတော်၏ ထွန်းလင်းတောက်ပခြင်းသည်လည်း အလွန်ရခဲသော အခွင့်အလမ်း တစ်ခု ဖြစ်၏၊ ယင်းအခွင့်အလမ်း ရခဲပုံသဘောကို ဤ ဒုတိယ ဆိဂ္ဂဠယုဂသုတ္တန်[၁၂၇၉]တွင် ဘုရားရှင်က ဤသို့ ဟောကြားထားတော်မူခဲ့၏ ..။

''ချစ်သား ရဟန်းတို့...ဥပမာသော်ကား ဤမြေကြီးသည် ရေတပြင်တည်း ဖြစ်လေရာ၏၊ ထိုရေအပြင်၌ ယောကျ်ားတစ်ယောက်သည် အပေါက်တစ်ခုသာ ရှိသော ထမ်းပိုးကို ပစ်ချထားလေရာ၏၊ ထိုထမ်းပိုးကို အရှေ့လေသည် အနောက်သို့ တိုက်ခတ်ဆောင်ယူသွားလေရာ၏၊ အနောက်လေသည် အရှေ့သို့ တိုက်ခတ်ဆောင်ယူသွားလေရာ၏၊ မြောက်လေသည် တောင်သို့ တိုက်ခတ်ဆောင်ယူသွားလေရာ၏၊ တောင်လေသည် မြောက်သို့ တိုက်ခတ်ဆောင်ယူ သွားလေရာ၏၊ ထိုရေအပြင်၌ လိပ်ကာဏ်းတစ်ကောင်သည် ရှိလေရာ၏၊ ထိုလိပ်ကာဏ်းသည် အနှစ်တစ်ရာ အနှစ်တစ်ရာ ကုန်လွန်သောအခါ တစ်ကြိမ် တစ်ကြိမ် ရေမျက်နှာပြင်ထက်သို့ ပေါ်တက်လာလေရာ၏၊ ချစ်သား ရဟန်းတို့...ထိုအရာကို အဘယ်သို့ မှတ်ထင်ယူဆကြကုန်သနည်း၊ စင်စစ်အားဖြင့် အနှစ်တစ်ရာ အနှစ်တစ်ရာ ကုန်လွန်သောအခါမှ တစ်ကြိမ် တစ်ကြိမ်သာ ရေမျက်နှာပြင်ထက်သို့ ပေါ်တက်လာသော လိပ်ကာဏ်းသည် ဤအပေါက်တစ်ခုသာရှိသော ထမ်းပိုး၌ လည်ပင်းစွပ်မိနိုင်ရာသလော ..ဟု မေးမြန်းတော်မူ၏၊

မြတ်စွာဘုရား...အနှစ်တစ်ရာ အနှစ်တစ်ရာ ကုန်လွန်သောအခါမှ တစ်ကြိမ် တစ်ကြိမ်သာ ရေမျက်နှာပြင်ထက်သို့ ပေါ်တက်လာသော ထိုလိပ်ကာဏ်းသည် ဤ အပေါက်တစ်ခုသာရှိသော ထမ်းပိုး၌ လည်ပင်းစွပ်နိုင်မှုသည် အကြောင်းညီညွတ်မှ ဖြစ်နိုင်ပါ၏ မြတ်စွာဘုရား ..ဟု ပြန်လည်လျှောက်ထားကြကုန်၏၊

ချစ်သား ရဟန်းတို့... ဤဥပမာအတူပင် လူအဖြစ်ကို ရရှိခြင်းသည်လည်း အကြောင်းညီညွတ်မှသာ ဖြစ်၏၊ ချစ်သား ရဟန်းတို့... အလားတူပင် လောက၌ ပူဇော်အထူးကို ခံယူတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိမြင်တော်မူသော မြတ်စွာဘုရားရှင်၏ ပွင့်ထွန်းပေါ်ပေါက်တော်မူလာခြင်းသည်လည်း အကြောင်း ညီညွတ်မှသာ ဖြစ်၏၊ ချစ်သား ရဟန်းတို့... လောက၌ မြတ်စွာဘုရား ဟောကြားပြသ ဆိုဆုံးမထားတော်မူအပ်သော ဓမ္မဝိနယ သာသနာတော်၏ ထွန်းလင်းတောက်ပခြင်းသည်လည်း အကြောင်းညီညွတ်မှသာ ဖြစ်နိုင်၏၊ ချစ်သား ရဟန်းတို့... ထိုသူသည် ဤ လူ့အဖြစ်ကိုလည်း ရရှိနေ၏၊ လောက၌ ပူဇော်အထူးကို ခံယူတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိမြင်တော်မူသော မြတ်စွာဘုရားသည်လည်း ပွင့်ထွန်းပေါ်ပေါက်တော် မူလာ၏၊ လောက၌ မြတ်စွာဘုရား ဟောကြားပြသ ဆိုဆုံးမထားတော်မူအပ်သော ဓမ္မဝိနယသာသနာတော်သည်လည်း ထွန်းလင်းတောက်ပလျက် ရှိနေ၏၊

ချစ်သား ရဟန်းတို့...ထို့ကြောင့် ဤသာသနာတော်၌ ..
၁။ ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'တည်းဟု သိအောင် ကြိုးစား အားထုတ်ကြပါ။
၂။ ဤကား ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခသမုဒယ အရိယသစ္စာတရား'တည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါ။
၃။ ဤကား ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခနိရောဓ အရိယသစ္စာတရား'တည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါ။
၄။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါ''ဟု မိန့်ကြားတော်မူ၏၊

ဓမ္မအလင်းရောင်

တစ်ဖန် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ရေးအတွက် ညွှန်ကြားပြသတတ်သော ''ဓမ္မအလင်းရောင်''၏ ထွန်းလင်းတောက်ပနေခြင်းသည်လည်း အလွန် ရခဲသော အခွင့်အလမ်းကြီးတစ်ခု ဖြစ်ကြောင်းကို ဒုတိယသူရိယသုတ္တန်[၁၂၈၀]တွင် ဘုရားရှင်က ဤသို့ ဟောကြား ထားတော်မူခဲ့၏ ..။

''ချစ်သား ရဟန်းတို့... လ-နေတို့သည် လောက၌ မဖြစ်ကြသေးသမျှ ကာလပတ်လုံး .. ကြီးစွာသော အလင်းရောင်၏ ထင်ရှားဖြစ်ပေါ်လာခြင်းသည် မဖြစ်သေး၊ ထိုအခါ၌ အမိုက်ထု အမှောင်ထုသည်သာ ထင်ရှားဖြစ်နေ ၏၊ ညဉ့်-နေ့တို့သည်လည်း မထင်ရှားသေးကုန်၊ လ-လခွဲတို့သည်လည်း မထင်ရှားသေးကုန်၊ ဥတု-နှစ်တို့သည်လည်း မထင်ရှားသေးကုန်။ ချစ်သား ရဟန်းတို့... လ-နေတို့သည် လောက၌ ဖြစ်ပေါ်လာကြသောအခါမှ စတင်၍သာ ကြီးစွာသော အလင်းရောင်၏ ထင်ရှားဖြစ်ပေါ်လာခြင်းသည် ဖြစ်၏၊ ထိုအခါမှသာ အမိုက်ထု အမှောင်ထုသည် မဖြစ်တော့ပေ၊ ထိုအခါ၌ ညဉ့်-နေ့တို့သည် ထင်ရှားလာကုန်၏၊ လ-လခွဲတို့သည်လည်း ထင်ရှားလာကုန်၏၊ ဥတုနှစ်တို့သည်လည်း ထင်ရှားလာကုန်၏၊

ချစ်သား ရဟန်းတို့...ဤဥပမာအတူပင် လောက၌ ပူဇော်အထူးကို ခံယူတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိမြင်တော်မူသော မြတ်စွာဘုရားရှင်၏ ပွင့်ထွန်းပေါ်ပေါက်တော် မမူလာသေးသမျှ ကာလပတ်လုံး ကြီးစွာသော ''ဓမ္မအလင်းရောင်''သည် ထင်ရှားဖြစ်ပေါ်မလာသေး၊ ထိုအခါ၌ အမိုက်ထု အမှောင်ထုသာ ဖြစ်ပေါ်နေ၏၊ အရိယာတို့၏ အမှန်တရား အရိယသစ္စာလေးပါးတို့ကို ပြောကြားခြင်း ဟောကြားခြင်း သိစေခြင်း ဖြစ်စေခြင်း ဖွင့်လှစ်ခြင်း ခွဲခြားဝေဖန်ပြခြင်းနှင့် ပေါ်လွင်ထင်ရှားအောင် ပြုလုပ်ပြခြင်းတို့သည် မဖြစ်ကြကုန်သေး။

ချစ်သား ရဟန်းတို့... လောက၌ ပူဇော်အထူးကို ခံယူတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိမြင်တော်မူသော မြတ်စွာဘုရားရှင်၏ ပွင့်ထွန်းပေါ်ပေါက်တော်မူလာသောအခါမှ စ၍သာ ကြီးစွာသော ''ဓမ္မအလင်းရောင်''သည် ထင်ရှားဖြစ်ပေါ်လာ၏၊ ထိုအခါ၌ (အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ဖုံးလွှမ်းထားသည့်) အမိုက်ထု အမှောင်ထုသည် မဖြစ်တော့ပေ၊ ထိုအခါ၌ မြတ်သော အရိယာတို့၏ အမှန်တရား အရိယသစ္စာလေးပါးတို့ကို ပြောကြားခြင်း ဟောကြားခြင်း သိစေခြင်း ဖြစ်စေခြင်း ဖွင့်လှစ်ခြင်း ခွဲခြားဝေဖန်ပြခြင်းနှင့် ပေါ်လွင်ထင်ရှားအောင် ပြုလုပ်ပြခြင်းတို့သည် ဖြစ်ပေါ်လာကုန်၏၊ အဘယ်လေးပါးတို့နည်းဟူမူကား –

၁။ ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'၊
၂။ ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခသမုဒယ အရိယသစ္စာတရား'၊
၃။ ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခနိရောဓ အရိယသစ္စာတရား'၊
၄။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တို့တည်း။

ချစ်သား ရဟန်းတို့...ထို့ကြောင့် ဤသာသနာတော်၌ ..
၁။ ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'တည်းဟု သိအောင် ကြိုးစား အားထုတ်ကြပါ။
၂။ ဤကား ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခသမုဒယ အရိယသစ္စာတရား'တည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါ။
၃။ ဤကား ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခနိရောဓ အရိယသစ္စာတရား'တည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါ။
၄။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါ''ဟု မိန့်ကြားတော်မူ၏၊

သမ္မာဒိဋ္ဌိဉာဏ်အရောင်အလင်း

တစ်ဖန် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်ရေးအတွက် သမ္မာဒိဋ္ဌိမဂ္ဂင် (= သမ္မာဒိဋ္ဌိဉာဏ်အရောင်အလင်း)၏ အရေးကြီးပုံကိုလည်း ဘုရားရှင်က ပဌမသူရိယသုတ္တန်[၁၂၈၁]တွင် ဤသို့ ဟောကြား ထားတော်မူခဲ့၏ ..။

''ချစ်သား ရဟန်းတို့...နေအရုဏ် တက်ခြင်းသည် နေထွက်ပေါ်ခြင်း၏ ရှေ့ပြေး ပုဗ္ဗနိမိတ် ဖြစ်သကဲ့သို့ ချစ်သား ရဟန်းတို့...အလားတူပင် ရဟန်း၏ မှန်ကန်သောအမြင် 'သမ္မာဒိဋ္ဌိ'သည် အရိယာတို့၏ အမှန်တရား အရိယသစ္စာလေးပါးတို့ကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိမြင်ခြင်းငှာ ရှေ့ပြေး ပုဗ္ဗနိမိတ်ပင် ဖြစ်၏၊ ထိုရဟန်းသည် ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'တည်းဟု ဟုတ်တိုင်းမှန်စွာ သိလိမ့်မည်။ ပ။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တည်းဟု ဟုတ်တိုင်းမှန်စွာ သိလိမ့်မည်ဟု မျှော်လင့်အပ်၏၊

ချစ်သား ရဟန်းတို့... ထို့ကြောင့် ဤသာသနာတော်၌ .. ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရားတည်း'ဟု သိအောင် ကြိုးစားအားထုတ်ကြပါ။ပ။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တည်းဟု သိအောင် ကြိုးစား အားထုတ်ကြပါ''ဟု မိန့်ကြားတော်မူ၏၊

ဝါဒအမျိုးမျိုး တင်လာရာ၌ တုန်လှုပ်မှု မရှိသူ

တစ်ဖန် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ထားပြီးသူကို သာသနာပ အယူအဆရှိသည့် အခြားသူတစ်ဦးဦးက သာသနာပ အယူဝါဒတစ်ခုခုကို တင်လာပါက တုန်လှုပ်မှု မရှိပုံကို ဘုရားရှင်က ဝါဒတ္ထိကသုတ္တန်[၁၂၈၂]တွင် ဤသို့ ဟောကြားထားတော်မူခဲ့၏ ..။

''ချစ်သား ရဟန်းတို့... တစ်စုံတစ်ယောက်သော ရဟန်းသည် –– ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'တည်းဟု ဟုတ်တိုင်းမှန်စွာ သိ၏၊ပ။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တည်းဟု

ဟုတ်တိုင်းမှန်စွာ သိ၏၊ အယူဝါဒကို အလိုရှိ၍ အယူဝါဒကို ရှာလေ့ရှိသော သမဏဗြာဟ္မဏသည် 'ထိုရဟန်းအား အယူဝါဒကို တင်အံ့'ဟု အရှေ့အရပ်မှလည်းကောင်း၊ အနောက်အရပ်မှလည်းကောင်း၊ မြောက်အရပ်မှလည်းကောင်း၊ တောင်အရပ်မှလည်းကောင်း လာစေကာမူ အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ် ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေသော ထိုရဟန်းကို အကြောင်းယုတ္တိနှင့် တကွ တုန်လှုပ်စေလတ္တံ့၊ ယိမ်းယိုင်စေလတ္တံ့ဟူသော အကြောင်းအရာသည် မရှိနိုင်။

ချစ်သား ရဟန်းတို့... ဥပမာသော်ကား မြေဝင်ရှစ်တောင် မြေပေါ်ရှစ်တောင် ရှိ၍ တစ်ဆယ့်ခြောက်တောင်ရှိ ကျောက်တိုင်သည် အရှေ့အရပ်မှလည်းကောင်း။ပ။ အနောက်အရပ်မှလည်းကောင်း၊ မြောက်အရပ်မှလည်းကောင်း၊ တောင်အရပ်မှလည်းကောင်း လေပြင်းမုန်တိုင်းတိုက်ခတ်လာစေကာမူ မတုန်မလှုပ် မယိမ်းမယိုင်နိုင်လေရာ။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ချစ်သား ရဟန်းတို့... မြေဝင်နက်၍ ကျောက်တိုင်ကို ကောင်းစွာ စိုက်ထားခြင်းကြောင့်တည်း။

ချစ်သား ရဟန်းတို့...အလားတူပင် အကြင်ရဟန်းသည် – ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'တည်းဟု ဟုတ်တိုင်းမှန်စွာ သိ၏၊ပ။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တည်းဟု ဟုတ်တိုင်းမှန်စွာ သိ၏၊ အယူဝါဒကို အလိုရှိ၍ အယူဝါဒကို ရှာလေ့ရှိသော သမဏဗြာဟ္မဏသည် 'ထိုရဟန်းအား အယူဝါဒကို တင်အံ့'ဟု အရှေ့အရပ်မှလည်းကောင်း၊ အနောက်အရပ်မှလည်းကောင်း၊ မြောက်အရပ်မှလည်းကောင်း၊ တောင်အရပ်မှလည်းကောင်း အကယ်၍ လာလေရာ၏၊ အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်နေသော ထိုရဟန်းကို အကြောင်းယုတ္တိနှင့်တကွ တုန်လှုပ်ယိမ်းယိုင်စေနိုင် လတ္တံ့ဟူသော အကြောင်းအရာသည် မရှိ။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ချစ်သား ရဟန်းတို့... အရိယာတို့၏ အမှန်တရား အရိယသစ္စာလေးပါးတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကောင်းစွာ သိမြင်ထားခြင်းကြောင့် တည်း။ အဘယ်လေးပါးတို့နည်းဟူမူကား –– ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'။ပ။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ) တရား'တို့တည်း။

ချစ်သား ရဟန်းတို့... ထို့ကြောင့် ဤသာသနာတော်၌ .. ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရားတည်း'ဟု သိအောင် ကြိုးစားအားထုတ်ကြပါ။ပ။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တည်းဟု သိအောင် ကြိုးစား အားထုတ်ကြပါ''ဟု မိန့်ကြားတော်မူ၏၊

သူတစ်ပါးတို့၏ မျက်နှာကို မော်ကြည့်နေကြရသူများ

အရိယသစ္စာလေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင် ကြရသေးသူတို့ကား သူတစ်ပါးတို့၏ မျက်နှာကို မော်ကြည့်နေကြရသူများ ဖြစ်ကြ၏၊ သိမြင်ပြီးသူတို့ကား သူတစ်ပါးတို့၏ မျက်နှာကို မော်မကြည့်ကြရသူများ ဖြစ်ကြ၏၊ သူတစ်ပါးတို့၏ မျက်နှာကို မော်ကြည့်နေကြရသူများ မဖြစ်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြဖို့ရန်အတွက် ဘုရားရှင်က ဣန္ဒခီလသုတ္တန်[၁၂၈၃]တွင် ဤသို့လည်း တိုက်တွန်း ထားတော်မူခဲ့၏ ..။

''ချစ်သား ရဟန်းတို့...ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'တည်းဟု ဟုတ်တိုင်းမှန်စွာ မသိကြသူ။ပ။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တည်းဟု ဟုတ်တိုင်းမှန်စွာ မသိကြသူ သမဏဗြာဟ္မဏ ဟူသမျှတို့သည် 'ဤအရှင်သည် သိသင့်သည်ကို သိယောင်တကား၊ မြင်သင့်သည်ကို မြင်ယောင်တကား'ဟု အခြားသော သမဏ ဗြာဟ္မဏ ဟူသမျှတို့၏ မျက်နှာကို မော်ကြည့်ကြရကုန်၏၊

ချစ်သား ရဟန်းတို့... ဥပမာသော်ကား လေဆောင်ယူနိုင်လောက်အောင် ပေါ့ပါး၍ မြေညီရာ၌ ချထားသော လဲစိုင် ဝါဂွမ်းစိုင်ကို အရှေ့အရပ်မှ တိုက်ခတ်လာသော လေသည် အနောက်အရပ်သို့ ဆောင်ယူသွားလေရာ၏၊ အနောက်အရပ်မှ တိုက်ခတ်သော လေသည် အရှေ့အရပ်သို့ ဆောင်ယူသွားလေရာ၏၊ မြောက်အရပ်မှ တိုက်ခတ်သော လေသည် တောင်အရပ်သို့ ဆောင်ယူသွားလေရာ၏၊ တောင်အရပ်မှ တိုက်ခတ်သော လေသည် မြောက်အရပ်သို့ ဆောင်ယူသွားလေရာ၏၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ချစ်သား ရဟန်းတို့...လဲ-ဝါဂွမ်းစိုင်၏ ပေါ့ပါးခြင်းကြောင့်တည်း။

ချစ်သား ရဟန်းတို့... ဤဥပမာအတူပင် ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာ တရား'တည်းဟု ဟုတ်တိုင်းမှန်စွာ မသိကြသူ။ပ။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တည်းဟု ဟုတ်တိုင်းမှန်စွာ မသိကြသူ သမဏ ဗြာဟ္မဏ ဟူသမျှတို့သည် 'ဤအရှင်သည် သိသင့်သည်ကို သိယောင်တကား၊ မြင်သင့်သည်ကို မြင်ယောင်တကား'ဟု အခြားသော သမဏဗြာဟ္မဏ ဟူသမျှတို့၏ မျက်နှာကို မော်ကြည့်ကြရကုန်၏၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်း ကြောင့်နည်း၊ ချစ်သား ရဟန်းတို့... အရိယာတို့၏ အမှန်တရား အရိယသစ္စာလေးပါးတို့ကို မသိမမြင်ခြင်းကြောင့် တည်း။

ချစ်သား ရဟန်းတို့...ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'တည်းဟု ဟုတ်တိုင်းမှန်စွာ သိကြသူ။ပ။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တည်းဟု ဟုတ်တိုင်းမှန်စွာ သိကြသူ သမဏဗြာဟ္မဏ ဟူသမျှတို့သည် 'ဤအရှင်သည် သိသင့်သည်ကို သိယောင်တကား၊ မြင်သင့်သည်ကို မြင်ယောင်တကား'ဟု အခြားသော သမဏ ဗြာဟ္မဏ ဟူသမျှတို့၏ မျက်နှာကို မော်မကြည့်ကြရကုန်။

ချစ်သား ရဟန်းတို့... ဥပမာသော်ကား မြေဝင်နက်၍ ကောင်းစွာ စိုက်ထားသော သံတိုင်သည်လည်းကောင်း, တံခါးတိုင်သည်လည်းကောင်း မတုန်မလှုပ် တည်တံ့၏၊ အရှေ့အရပ်မှ လေပြင်းမုန်တိုင်းတိုက်ခတ်လာစေကာမူ မတုန်မလှုပ် မယိမ်းမယိုင်နိုင်ရာ။ အနောက်အရပ်မှ တိုက်ခတ်လာစေကာမူ။ပ။ မြောက်အရပ်မှ တိုက်ခတ်လာစေကာမူ။ ပ။ တောင်အရပ်မှ လေပြင်းမုန်တိုင်း တိုက်ခတ်လာစေကာမူ မတုန်မလှုပ် မယိမ်းမယိုင်နိုင်ရာ။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ချစ်သား ရဟန်းတို့...မြေဝင်နက်၍ တံခါးတိုင်ကို ကောင်းစွာ စိုက်ထူထားခြင်းကြောင့် ပင်တည်း။

ချစ်သား ရဟန်းတို့...အလားတူပင် ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာ တရား'တည်းဟု ဟုတ်တိုင်းမှန်စွာ သိကြသူ။ပ။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တည်းဟု ဟုတ်တိုင်းမှန်စွာ သိကြသူ သမဏ ဗြာဟ္မဏ ဟူသမျှတို့သည် 'ဤအရှင်သည် သိသင့်သည်ကို သိယောင်တကား၊ မြင်သင့်သည်ကို မြင်ယောင်တကား'ဟု အခြားသော သမဏဗြာဟ္မဏတို့၏ မျက်နှာကို မော်မကြည့်ကြရကုန်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့် နည်း၊ ချစ်သား ရဟန်းတို့... အရိယာတို့၏ အမှန်တရား အရိယသစ္စာလေးပါးတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကောင်းမွန်စွာ သိမြင်ထားခြင်းကြောင့်ပင်တည်း။ အဘယ်လေးပါးတို့နည်းဟူမူကား – ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'။ပ။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တို့တည်း။

ချစ်သား ရဟန်းတို့... ထို့ကြောင့် ဤသာသနာတော်၌ .. ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရားတည်း'ဟု သိအောင် ကြိုးစားအားထုတ်ကြပါ။ပ။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တည်းဟု သိအောင် ကြိုးစား အားထုတ်ကြပါ''ဟု မိန့်ကြားတော်မူ၏၊

ဘုရားရှင်၏ တရားအနှစ်ချုပ်

ပိဋကတ်သုံးပုံ၌ ဘုရားရှင်ဟောကြားပြသ ဆိုဆုံးမထားတော်မူခဲ့သည့် တရားတော်များအားလုံးတို့သည် အရိယ သစ္စာလေးရပ် တရားမြတ်တို့ကို ဦးတိုက်လျက် ရှိကြ၏၊ ကျွတ်ထိုက်သသူ ဝေနေယျကြာ သတ္တဝါတို့၏ အတွင်းသဘော ဓာတ်ခံ အလိုအကြိုက် စရိုက်ဝါသနာသို့ လိုက်၍လည်းကောင်း, ဣန္ဒြေအနုအရင့်ကို လိုက်၍လည်းကောင်း အရိယသစ္စာ လေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရေးအတွက် ဒေသနာ တော်ကို နည်းမျိုးစုံတို့ဖြင့် တန်ဆာဆင်ကာ ဟောကြားပြသ ဆိုဆုံးမထားတော်မူခဲ့၏၊ ယင်းတရားတော်အားလုံးတို့ကို အကျဉ်းချုပ်လိုက်ပါက အရိယသစ္စာလေးရပ် တရားမြတ်တို့သာ ဖြစ်ကြပေသည်။ ဤကဲ့သို့သော သဘောတရားကို သစ္စသံယုတ်ပါဠိတော် သီသပါဝနသုတ္တန်[၁၂၈၄]တွင် ဘုရားရှင်က ဤသို့ ဟောကြားထားတော်မူခဲ့၏ ..။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ယင်းတိုက်တော၌ သီတင်းသုံးစံနေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် အနည်းငယ်သော ယင်းတိုက်ရွက်တို့ကို တစ်ဖက်သော လက်တော်ဖြင့် ကိုင်ယူတော်မူကာ တစ်ဖက် သော လက်ဝါးပြင်တော်ထက်သို့ တင်ထားတော်မူလျက် ရဟန်းတော်တို့ကို ဤသို့ မေးမြန်းတော်မူလိုက်၏ ..။

''ချစ်သား ရဟန်းတို့...ငါဘုရား ယခုမေးတော်မူမည့် ထိုအကြောင်းအရာကို အဘယ်သို့ မှတ်ထင်ယူဆကြကုန်သနည်း၊ ငါဘုရားရှင်၏ လက်ဝါးပြင်တော်ထက်၌ တင်ထားအပ်ကုန်သော အနည်းငယ်သော ယင်းတိုက်ရွက်တို့နှင့် ယင်းတိုက်တော တစ်တောလုံးအတွင်းဝယ် ယင်းတိုက်ပင်တို့၏ အထက်၌ တည်ရှိနေကြကုန်သော ယင်းတိုက်ရွက်တို့သည် အဘယ်ယင်းတိုက်ရွက်တို့က ပို၍ များပြားကြပါသနည်း..''ဟု ရဟန်းတော်တို့ကို မေးမြန်းတော်မူလိုက်၏၊

''မြတ်စွာဘုရား...ဘုရားရှင်၏ တစ်ဖက်သော လက်တော်ဖြင့် ကိုင်ယူတော်မူကာ တစ်ဖက်သော လက်ဝါးပြင် တော်ထက်သို့ တင်ထားတော်မူအပ်ကုန်သော ယင်းတိုက်ရွက်တို့သည်ကား အလွန့်အလွန် နည်းပါးလှပါကုန်၏၊ စင်စစ်သော်ကား ယင်းတိုက်တော တစ်တောလုံးအတွင်းဝယ် ယင်းတိုက်ပင်တို့၏ အထက်၌ တည်ရှိနေကြကုန်သော ယင်းတိုက်ရွက်တို့ကသာ အလွန့်အလွန် များပြားလှကြပါကုန်၏..''ဟု ပြန်လည်လျှောက်ထားတော်မူကြကုန်၏၊

''ချစ်သား ရဟန်းတို့... ဤဥပမာအတူပင် ငါဘုရားရှင်သည် ထူးသော ဉာဏ်တော်မြတ်ဖြင့် ထိုးထွင်းသိမြင်၍ ဟောကြားတော်မမူအပ်သေးသော တရားသည်သာလျှင် များပြားလှ၏၊ အဘယ့်ကြောင့် ထိုတရားကို ငါဘုရားရှင်သည် ဟောကြားတော်မမူအပ်ပါသနည်းဟူမူ –– ချစ်သား ရဟန်းတို့...ထိုတရားသည် (လူ+နတ်+နိဗ္ဗာန် သုံးတန်သော ချမ်းသာသုခတည်းဟူသော) အကျိုးစီးပွားနှင့် မစပ်၊ အရိယမဂ်တည်းဟူသော အကျင့်မြတ်၏ အစ မဟုတ်၊ သံသရာ ဝဋ်ဆင်းရဲဒုက္ခမှ ငြီးငွေ့ရန်, တွယ်တာတပ်မက်မှု ကင်းပြတ်ရုပ်သိမ်း ချုပ်ငြိမ်းရန်, ထူးသော သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် အရိယသစ္စာလေးရပ်တရားမြတ်တို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရန်, တဏှာမှ ထွက်မြောက်ရန် မဖြစ်၊ ထို့ကြောင့် ထိုတရားကို ငါဘုရားရှင်သည် ဟောကြားတော်မမူအပ်ပေ။

ချစ်သား ရဟန်းတို့...အဘယ်တရားမျိုးကို ငါဘုရားရှင်သည် ဟောကြားတော်မူအပ်သနည်းဟူမူ –

၁။ ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'တည်းဟု ငါဘုရားရှင်သည် ဟောကြားတော်မူအပ်၏၊
၂။ ဤကား ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခသမုဒယ အရိယသစ္စာတရား'တည်းဟု ငါဘုရားရှင်သည် ဟောကြားတော်မူအပ်၏၊
၃။ ဤကား ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခနိရောဓ အရိယသစ္စာတရား'တည်းဟု ငါဘုရား ရှင်သည် ဟောကြားတော်မူအပ်၏၊
၄။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တည်းဟု ငါဘုရားရှင်သည် ဟောကြားတော်မူအပ်၏၊

ချစ်သား ရဟန်းတို့...အဘယ့်ကြောင့် ထိုတရားတော်ကို ငါဘုရားရှင်သည် ဟောကြားတော်မူအပ်ပါသနည်း ဟူမူ –– ချ စ် သား ရဟန်းတို့... အရိယသစ္စာလေးရပ်တရားမြတ်တည်းဟူသော ထိုတရားတော်သည် (လူ+နတ်+နိဗ္ဗာန် သုံးတန်သော ချမ်းသာသုခတည်းဟူသော) အကျိုးစီးပွားနှင့် စပ်၏၊ အရိယမဂ်တည်းဟူသော အကျင့်မြတ်၏ အစ ဖြစ်၏၊ ထိုတရားတော်သည် သံသရာဝဋ်ဆင်းရဲဒုက္ခမှ ငြီးငွေ့ရန်, တွယ်တာတပ်မက်မှု ကင်းပြတ်ရုပ်သိမ်း ချုပ်ငြိမ်းရန်, ထူးသော သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ရန်, တဏှာမှ ထွက်မြောက်ရန် ဖြစ်၏၊ ထို့ကြောင့် ထိုတရားတော်ကို ငါဘုရားရှင်သည် ဟောကြားတော်မူအပ်ပါပေ၏၊

ချစ်သား ရဟန်းတို့...ထို့ကြောင့် ဤသာသနာတော်၌ .. ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရားတည်း'ဟု သိအောင် ကြိုးစားအားထုတ်ကြပါ။ပ။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တည်းဟု သိအောင် ကြိုးစား အားထုတ်ကြပါ''ဟု မိန့်ကြားတော်မူ၏၊

ယုတ်ညံ့သူနှင့် မြင့်မြတ်သူ

အရိယသစ္စာလေးရပ် တရားမြတ်တို့ကို .. သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်သူတို့ကား သူတစ်ပါးတို့၏ မျက်နှာကို မော်ကြည့်နေရသူများသာ ဖြစ်ကြသည်မဟုတ်သေး၊ ပညာမျက်စိ ကာဏ်းနေကြသဖြင့် ပြုသင့်သည့်အမှု မပြုသင့်သည့်အမှုကို နားမလည်ကြသည့်အတွက် ဝဋ္ဋနိဿိတ ကောင်းမှု ကုသိုလ်ကံတို့ကိုလည်း ပြုစုပျိုးထောင်တတ်ကြပြန်၏၊ မကောင်းမှု အကုသိုလ်ကံတို့ကိုလည်း မြတ်မြတ်နိုးနိုး သည်ပိုး ရွက်ဆောင်ထားတတ်ကြပြန်ကုန်၏၊ ယင်းမကောင်းမှု အကုသိုလ်ကံတို့က ယုတ်ညံ့သူတစ်ဦး ဖြစ်အောင်, ကောင်းမှု ကုသိုလ်ကံတို့ကလည်း မြင့်မြတ်သူတစ်ဦး ဖြစ်အောင် တည်ထောင် ဖန်ဆင်းတတ်ကြပြန်ကုန်၏၊ ဤကဲ့သို့သော အကြောင်းအရာများကို ဘုရားရှင်သည် စူဠကမ္မဝိဘင်္ဂသုတ္တန်[၁၂၈၅]တွင် ဝေဖန်ဟောကြားထားတော်မူခဲ့ပေသည်။

တုဒိရွာကို အပိုင်စားရသည့် တောဒေယျပုဏ္ဏားကြီးသည်ကား ကောသလမင်းကြီး၏ မင်းဆရာ ပုရောဟိတ် ပုဏ္ဏားကြီး တစ်ဦး ဖြစ်ခဲ့၏၊ တစ်နေ့တွင် ကွယ်လွန်သွားသောအခါ မိမိ၏ စည်းစိမ်ဥစ္စာတို့အပေါ်တွင် တွယ်တာ မက်မောသည့် ဓနလောဘကို အကြောင်းခံကာ မိမိအိမ်တွင်ပင် တစ်ဖန်ပြန်လည်၍ ခွေးဘဝသို့ ရောက်ရှိခဲ့၏၊ သို့သော် မကြာမီ ခွေးဘဝမှ ကွယ်လွန်သွားသောအခါ ငရဲသို့ ရောက်ရှိသွားခဲ့၏၊ ဤကဲ့သို့သော အကြောင်းအရာများကို သားဖြစ်သူ သုဘလုလင်က ဘုရားရှင်၏ထံတော်မှ တစ်ဆင့် သိရှိခွင့် ရရှိခဲ့သည့်အတွက် မေးခွန်း (၁၄)ခုတို့ကို စီစဉ်ပြီးလျှင် ဘုရားရှင်၏ ထံတော်မှောက်သို့ လာရောက်ကာ ထိုမေးခွန်းတို့၏ အဖြေများကို မေးမြန်းလျှောက်ထားခဲ့၏၊ ယင်းအမေး-အဖြေတို့မှာ ယုတ်ညံ့သူတစ်ဦး ဖြစ်အောင်, သို့မဟုတ် မြင့်မြတ်သူတစ်ဦး ဖြစ်အောင် ကံတရားက မည်သို့မည်ပုံ စီမံနေသည်ကို ရှင်းလင်းဖော်ပြထားကြသော တရားတော်များပင် ဖြစ်ကြပေသည်။ ယင်းသုတ္တန်မှာ ဤသို့ ဖြစ်၏ ..။

''တပည့်တော် အာနန္ဒာသည် ဘုရားရှင်၏ ထံတော်မှောက်မှ ဤစူဠကမ္မဝိဘင်္ဂသုတ္တန်တရားဒေသနာတော်ကို ဤသို့ နာခံမှတ်သား ဆောင်ထားလိုက်ရပါသည်ဘုရား ..။ (ဤစကားကား အရှင်အာနန္ဒာမထေရ်မြတ်က ပထမသင်္ဂါယနာ တင်ပွဲတွင် အရှင်မဟာကဿပမထေရ်မြတ်ကြီး၏ မေးခွန်းကို ပြန်လည်ဖြေကြား လျှောက်ထားသောစကား ဖြစ်ပေသည်၊၊)

အခါတစ်ပါး၌ .. မြတ်စွာဘုရားသည် သာဝတ္ထိပြည်မွန် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်းတိုက်တော်၌ သီတင်းသုံးစံနေတော်မူဆဲ ဖြစ်ပေ၏၊ ထိုအခါ တောဒေယျပုဏ္ဏား၏ သားဖြစ်သော သုဘလုလင် သည် မြတ်စွာဘုရားထံတော်မှောက်သို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာအရပ်၌ ထိုင်ကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏ ..။

အရှင်ဂေါတမ...လူဖြစ်ကုန်သော သူတို့မှာ လူအချင်းချင်း ဖြစ်ကြကုန်လျက် (= လူချင်း တူကြပါကုန်လျက်) ယုတ်ခြင်း, မြတ်ခြင်းတို့ကို တွေ့မြင်ကြရပါကုန်၏၊ ထိုသို့ ဖြစ်ရခြင်း၏ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော အကြောင်းတရားကား အဘယ်ပါနည်း၊ အားပေးထောက်ပံ့တတ်သော အကြောင်းတရားကား အဘယ်ပါနည်း။

အရှင်ဂေါတမ ... အသက်တိုသော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၁)
အသက်ရှည်သော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၁)
အနာရောဂါများသော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၂)
အနာရောဂါကင်းသော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၂)
အဆင်းမလှသော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၃)
အဆင်းလှသော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၃)
အခြံအရံမရှိသော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၄)
အခြံအရံများသော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၄)
စည်းစိမ်ဥစ္စာနည်းသော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၅)
စည်းစိမ်ဥစ္စာများသော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၅)
အမျိုးယုတ်သော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၆)
အမျိုးမြတ်သော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၆)
ပညာမဲ့သော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၇)
ပညာရှိသော လူတို့ကိုလည်း တွေ့မြင်ကြရပါကုန်၏၊ (၇)

အရှင်ဂေါတမ... လူဖြစ်ကုန်သော သူတို့မှာ လူအချင်းချင်း ဖြစ်ကြကုန်လျက် (= လူချင်း တူကြပါကုန်လျက်) ယုတ်ခြင်း, မြတ်ခြင်းတို့ကို တွေ့မြင်ကြရပါကုန်၏၊ ထိုသို့ ဖြစ်ရခြင်း၏ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော အကြောင်းတရားကား အဘယ်ပါနည်း၊ အားပေးထောက်ပံ့တတ်သော အကြောင်းတရားကား အဘယ်ပါနည်းဟု လျှောက်ထား၏၊

ဒါယကာ သုဘလုလင်... သတ္တဝါတို့သည် ကံသာလျှင် မိမိကိုယ်ပိုင်ဥစ္စာရှိကြကုန်၏၊ ကံ၏ အမွေခံတို့သာ ဖြစ်ကြကုန်၏၊ ကံသာလျှင် အကြောင်းရင်း ရှိကြကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကြကုန်၏၊ ကံသာလျှင် မှီခို အားထားရာ ရှိကြကုန်၏၊ ကံသည်သာလျှင် သတ္တဝါတို့ကို အယုတ်-အမြတ် ဖြစ်ခြင်းငှာ ခွဲခြမ်းဝေဖန်၏ ..ဟု မိန့်ကြားတော်မူလိုက်၏၊

အရှင်ဂေါတမသည် အကျဉ်းချုပ်အားဖြင့်သာ ဟောကြားထားတော်မူ၍ အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်အပ်သေးသော ဤတရားစကားတော်၏ ဆိုလိုရင်း အနက်သဘောတရားကို အကျယ်အားဖြင့် တပည့်တော် မသိပါ၊ တောင်းပန်ပါ၏၊ အရှင်ဂေါတမသည် အကျဉ်းချုပ်အားဖြင့်သာ ဟောကြားထားတော်မူ၍ အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်အပ်သေးသော ဤတရားတော်၏ ဆိုလိုရင်း အနက်အဓိပ္ပါယ်ကို တပည့်တော် သိနိုင်လောက်အောင် တရားတော်ကို ဟောကြားပေးတော်မူပါဟု လျှောက်ထားတောင်းပန်၏၊

ဒါယကာ သုဘလုလင်... ထိုသို့ဖြစ်ပါမူကား နာကြားလေလော့၊ ကောင်းစွာ နှလုံးသွင်းလေလော့၊ ဟောကြား တော်မူပေအံ့ဟု မိန့်ကြားတော်မူ၏၊

အရှင်ဂေါတမ ...ကောင်းပါပြီဟု တောဒေယျပုဏ္ဏား၏ သားဖြစ်သော သုဘလုလင်သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားလေ၏၊ မြတ်စွာဘုရားသည် ဤဆိုလတ္တံ့သော တရားစကားတော်ကို မိန့်ကြားတော်မူ၏..။

ဒါယကာ သုဘလုလင်... ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ, အချို့သောသူသည် သူ့အသက်ကို သတ်လေ့ရှိ၏၊ ကြမ်းကြုတ်၏၊ သွေးစွန်းသော လက်ရှိ၏၊ သတ်ပုတ်ညှဉ်းဆဲမှု၌ စိတ်ဝင်စား၏၊ အလုံးစုံသော သတ္တဝါတို့၌ သနားကြင်နာခြင်း ကင်းမဲ့၏၊ ထို သူ့အသက်ကိုသတ်လေ့ရှိသူသည် ဤသို့ ပြည့်ပြည့်စုံစုံပြုကျင့်ထားအပ်သော, ဤသို့ မှားယွင်းစွာ ဆောက်တည်ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏၊ အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှု ပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ရောက်ရှိခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ အသက်တိုရ၏၊ ဒါယကာ သုဘလုလင်...ထို သူ့အသက်ကို သတ်ခြင်း, ကြမ်းကြုတ်ခြင်း, သွေးစွန်းသော လက်ရှိခြင်း, သတ်ပုတ်ညှဉ်းဆဲမှု၌ စိတ်ဝင်စားခြင်း, အလုံးစုံသော သတ္တဝါတို့၌ သနားကြင်နာခြင်း ကင်းမဲ့ခြင်းသည် အသက်တိုခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၁)

ဒါယကာ သုဘလုလင်...ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ, အချို့သောသူသည် သူ့အသက် သတ်ခြင်းကို ပယ်၍ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထားပြီးဖြစ်၏၊ လက်နက်ကို ချထားပြီးဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားကြင်နာခြင်း ရှိ၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အကျိုးစီးပွားကို လိုလားတောင့်တလျက် နေထိုင်၏၊ ထို သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည်ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှနောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည်နတ်လောကသို့ ကပ်ရောက်ရ၏၊ အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည်နတ်လောကသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ကပ်ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ အသက်ရှည်ရ၏၊ ဒါယကာ သုဘလုလင်...ထို သူ့အသက်သတ်ခြင်းကို ပယ်၍ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း, တုတ်ကို ချထားပြီး ဖြစ်ခြင်း, လက်နက်ကို ချထားပြီးဖြစ်ခြင်း, အရှက်ရှိခြင်း, သနားကြင်နာမှု ရှိခြင်း, အလုံးစုံသော သတ္တဝါတို့၏ အကျိုးစီးပွားကို လိုလားတောင့်တခြင်းသည် အသက်ရှည်ခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၁)

ဒါယကာ သုဘလုလင်...ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ, အချို့သောသူသည် လက်ဖြင့် လည်းကောင်း, ခဲဖြင့်လည်းကောင်း, တုတ်ဖြင့်လည်းကောင်း, ဓားလက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းပန်း နှိပ်စက်လေ့ရှိ၏၊ ထိုသတ္တဝါတို့ကို ညှဉ်းပန်းနှိပ်စက်လေ့ရှိသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ မှားယွင်းစွာ ဆောက်တည်ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှနောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏၊ အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှနောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှု ပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ရောက်ရှိခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ အနာရောဂါ များပြားရ၏၊ ဒါယကာ သုဘလုလင်... လက်ဖြင့် လည်းကောင်း, ခဲဖြင့်လည်းကောင်း, တုတ်ဖြင့်လည်းကောင်း, ဓားလက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းပန်း နှိပ်စက်လေ့ရှိခြင်းသည် အနာရောဂါများခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၂)

ဒါယကာ သုဘလုလင်...ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ အချို့သောသူသည် လက်ဖြင့် လည်းကောင်း, ခဲဖြင့်လည်းကောင်း, တုတ်ဖြင့်လည်းကောင်း၊ ဓားလက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းပန်း နှိပ်စက်လေ့ မရှိ။ ထိုသတ္တဝါတို့ကို ညှဉ်းပန်းနှိပ်စက်လေ့မရှိသောသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည်ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည်နတ်လောကသို့ ကပ်ရောက်ရ၏၊ အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည်နတ်လောကသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ကပ်ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ အနာရောဂါ ကင်း၏၊ ဒါယကာ သုဘလုလင်...လက်ဖြင့်လည်းကောင်း, ခဲဖြင့်လည်းကောင်း, တုတ်ဖြင့်လည်းကောင်း, ဓားလက်နက်ဖြင့်လည်းကောင်း သတ္တဝါတို့ကို ညှဉ်းပန်းနှိပ်စက်လေ့ မရှိခြင်းသည် အနာရောဂါကင်းခြင်းကို ဖြစ်စေ တတ်သော အကျင့်တည်း။ (၂)

ဒါယကာ သုဘလုလင်...ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ, အချို့သောသူသည် အမျက်ဒေါသ ထွက်တတ်၏၊ ပြင်းစွာ စိတ်ပင်ပန်းခြင်း များ၏၊ အနည်းငယ်မျှပင် မနှစ်သက်ဖွယ်စကားကို ပြောဆိုသည်ရှိသော် လွန်စွာ စွဲမြဲငြိကပ်၏၊ အမျက်ထွက်တတ်၏၊ ဖျက်ဆီးတတ်၏၊ ဆန့်ကျင်ဘက် ပြုလုပ်ကာ ရပ်တည်နေတတ်၏၊ အမျက်ထွက်ခြင်းကိုလည်းကောင်း, ဖျက်ဆီးလိုခြင်းကိုလည်းကောင်း, မကျေနပ် မနှစ်သက်ခြင်းကိုလည်းကောင်း ထင်ရှားစွာ ပြုလုပ်ပြတတ်၏၊ ထိုဒေါသကြီးသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ မှားယွင်းစွာ ဆောက်တည် ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာ ကင်းရာ, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏၊ အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှနောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ရောက်ရှိခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ အကျဉ်းတန် အရုပ်ဆိုး၏၊ ဒါယကာ သုဘလုလင်... အမျက် ဒေါသထွက်ခြင်း၊ ပြင်းစွာစိတ်ပင်ပန်းမှု များခြင်း၊ အနည်းငယ်မျှလည်း မနှစ်သက်ဖွယ်စကားကို ပြောဆိုသည်ရှိသော် လွန်စွာ စွဲမြဲငြိကပ်ခြင်း, အမျက်ထွက်ခြင်း, ဖျက်ဆီးလိုခြင်း, ဆန့်ကျင်ဘက်ပြုလုပ်ကာ ရပ်တည်နေခြင်း, အမျက် ထွက်ခြင်းကိုလည်းကောင်း ဖျက်ဆီးလိုခြင်းကိုလည်းကောင်း မကျေနပ် မနှစ်သက်ခြင်းကိုလည်းကောင်း ထင်ရှားစွာ ပြုလုပ်ပြခြင်းသည် အကျဉ်းတန် အရုပ်ဆိုးခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၃)

ဒါယကာ သုဘလုလင်...ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ, အချို့သောသူသည် အမျက်ဒေါသ ထွက်လေ့ မရှိ၊ ပြင်းစွာ စိတ်ပင်ပန်းခြင်း များလေ့မရှိ၊ များစွာလည်း မနှစ်သက်ဖွယ်စကားကို ပြောဆိုသော်လည်း လွန်စွာ စွဲစွဲမြမြဲ မငြိကပ်၊ အမျက်မထွက်တတ်၊ မဖျက်ဆီးတတ်၊ ဆန့်ကျင်ဘက်ပြုလုပ်ကာ ရပ်တည်မနေတတ်၊ အမျက်ထွက်ခြင်းကိုလည်းကောင်း, ဖျက်ဆီးလိုခြင်းကိုလည်းကောင်း, မကျေနပ် မနှစ်သက်ခြင်းကိုလည်းကောင်း ထင်ရှားစွာ ပြုလုပ်မပြတတ်။ ထိုဒေါသမကြီးသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည် ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှနောက်ကာလ၌ ကောင်းမှု ပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည်နတ်လောကသို့ ကပ်ရောက်ရ၏၊ အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည်နတ်လောကသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ကပ်ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ လှပသော ရုပ်အဆင်းရှိ၏၊ ဒါယကာ သုဘလုလင်...အမျက်ထွက်လေ့မရှိခြင်း၊ ပြင်းစွာစိတ်ပင်ပန်းမှု မများခြင်း၊ မနှစ်သက်ဖွယ်စကားကို များစွာ ပြောဆိုသော်လည်း လွန်စွာစွဲစွဲမြဲမြဲ မငြိကပ်ခြင်း, အမျက်မထွက်ခြင်း, မဖျက်ဆီးလိုခြင်း, ဆန့်ကျင်ဘက် ပြုလုပ်ကာ ရပ်တည်မနေခြင်း, အမျက်ထွက်ခြင်းကိုလည်းကောင်း ဖျက်ဆီးလိုခြင်းကိုလည်းကောင်း မကျေနပ် မနှစ်သက်ခြင်းကို လည်းကောင်း ထင်ရှားစွာ မပြုလုပ်ခြင်းသည် လှပသော ရုပ်အဆင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၃)

ဒါယကာ သုဘလုလင်... ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ, အချို့သောသူသည် ငြူစူခြင်း (= ကိုယ့်ထက်သာ မနာလိုခြင်း) 'ဣဿာ'တရားနှင့် ယှဉ်သော စိတ်ထားရှိ၏၊ သူတစ်ပါးတို့ လာဘ်လာဘရရှိခြင်း အရိုအသေခံရခြင်း အလေးဂရုအပြုခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုးခံရခြင်း အပူဇော်ခံရခြင်းတို့၌ ငြူစူစောင်းမြောင်း သော စိတ်ထား (= ကိုယ့်ထက်သာ မနာလိုသောစိတ်ထား) ရှိ၏၊ ငြူစူခြင်း၏ အစွမ်းဖြင့် ဆဲရေးပြစ်မှားတတ်၏၊ ငြူစူ စောင်းမြောင်းသောစိတ်ထား (= ကိုယ့်ထက်သာ မနာလိုသောစိတ်ထား)ကို ဖွဲ့ချည်ထားတတ်၏၊ ထိုငြူစူမနာလိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ မှားယွင်းစွာ ဆောက်တည်ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏၊ အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှနောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲ ပြိုကွဲ ပျက်စီးလျက် ကျရောက်ရာ ငရဲသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ရောက်ရှိခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ အခြံအရံ နည်းပါး၏၊ ဒါယကာ သုဘလုလင်... ငြူစူခြင်း 'ဣဿာ'တရားနှင့် ယှဉ်သော စိတ်ထား ရှိခြင်း, သူတစ်ပါးတို့ လာဘ်လာဘရရှိခြင်း အရိုအသေခံရခြင်း အလေးဂရုအပြုခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုးခံရခြင်း အပူဇော်ခံရခြင်း တို့၌ ငြူစူစောင်းမြောင်းသောစိတ်ထား ရှိခြင်း, ငြူစူခြင်း၏ အစွမ်းဖြင့် ဆဲရေးပြစ်မှားခြင်း, ငြူစူစောင်းမြောင်းသော စိတ်ထားကို ဖွဲ့ချည်ထားခြင်းသည် အခြံအရံနည်းပါးခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၄)

ဒါယကာ သုဘလုလင်... ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ, အချို့သောသူသည် ငြူစူခြင်း (= ကိုယ့်ထက်သာ မနာလိုခြင်း) 'ဣဿာ'တရားနှင့် ယှဉ်သော စိတ်ထားမရှိ၊ သူတစ်ပါးတို့ လာဘ်လာဘရရှိခြင်း အရိုအသေခံရခြင်း အလေးဂရုအပြုခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုးခံရခြင်း အပူဇော်ခံရခြင်းတို့၌ ငြူစူစောင်းမြောင်း သောစိတ်ထား (= ကိုယ့်ထက်သာ မနာလိုသောစိတ်ထား) မရှိ၊ ငြူစူခြင်း၏ အစွမ်းဖြင့် မဆဲရေး မပြစ်မှားတတ်၊ ငြူစူ စောင်းမြောင်းသော စိတ်ထား (= ကိုယ့်ထက်သာ မနာလိုသောစိတ်ထား)ကို ဖွဲ့ချည်မထားတတ်။ ထိုငြူစူခြင်း မနာလိုခြင်း ကင်းသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည်ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည်နတ်လောကသို့ ကပ်ရောက်ရ၏၊ အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှု ပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည်နတ်လောကသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ကပ်ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ အခြံအရံ များ၏၊ ဒါယကာ သုဘလုလင်... ငြူစူခြင်း 'ဣဿာ'တရားနှင့် ယှဉ်သော စိတ်ထား မရှိခြင်း, သူတစ်ပါးတို့ လာဘ်လာဘရရှိခြင်း အရိုအသေခံရခြင်း အလေးဂရုအပြုခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုးခံရခြင်း အပူဇော်ခံရခြင်းတို့၌ ငြူစူစောင်းမြောင်းသော စိတ်ထားမရှိခြင်း, ငြူစူခြင်း၏ အစွမ်းဖြင့် မဆဲရေး မပြစ်မှားခြင်း, ငြူစူစောင်းမြောင်းသော စိတ်ထားကို ဖွဲ့ချည်မထားတတ်ခြင်းသည် အခြံအရံ များခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၄)

ဒါယကာ သုဘလုလင်...ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ, အချို့သောသူသည် သမဏအား လည်းကောင်း, ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာနေရာ ကျောင်း ဆီမီးကို မပေးလှူ။ ထိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ မှားယွင်းစွာ ဆောက်တည် ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက် ရ၏၊[၁၂၈၆] အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ရောက်ရှိခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ စည်းစိမ်ဥစ္စာ နည်းပါး၏၊ ဒါယကာ သုဘလုလင်... သမဏအား လည်းကောင်း, ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာနေရာ ကျောင်း ဆီမီးကို မပေးလှူခြင်းသည် စည်းစိမ်ဥစ္စာ နည်းပါးခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၅)

ဒါယကာ သုဘလုလင်...ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ, အချို့သောသူသည် သမဏအား လည်းကောင်း, ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာနေရာ ကျောင်း ဆီမီးကို ပေးလှူ၏၊ ထိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည် ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည်နတ်လောကသို့ ကပ်ရောက်ရ၏၊ အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည်နတ်လောကသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ကပ်ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ စည်းစိမ်ဥစ္စာ ပေါများ၏၊ ဒါယကာ သုဘလုလင်...သမဏအားလည်းကောင်း, ဗြာဟ္မဏအားလည်းကောင်း ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာနေရာ ကျောင်း ဆီမီးကို ပေးလှူခြင်းသည် စည်းစိမ်ဥစ္စာ ပေါများခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၅)

ဒါယကာ သုဘလုလင်...ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ, အချို့သောသူသည် စိတ်ဓာတ် ခက်ထန် တင်းမာ၏၊ ထောင်လွှားတက်ကြွ၏၊ ရှိခိုးထိုက်သူကို ရှိမခိုး၊ ခရီးဦး ကြိုဆိုထိုက်သူကို ခရီးဦးမကြိုဆို၊ နေရာပေးထိုက်သူကို နေရာမပေး၊ လမ်းခရီးပေးထိုက်သူကို လမ်းခရီးမပေး၊ အရိုအသေပြုထိုက်သူကို အရိုအသေမပြု၊ အလေးဂရုပြုထိုက်သူကို အလေးဂရုမပြု၊ မြတ်နိုးထိုက်သူကို မမြတ်နိုး၊ ပူဇော်ထိုက်သူကို မပူဇော်။ ထိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ မှားယွင်းစွာ ဆောက်တည် ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီးပြီး၍ သေပြီးသည်မှနောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏၊ အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ

ဤအရာဝယ် မလှူခြင်းကြောင့် ငရဲသို့ ရောက်သည်ကား မဟုတ်၊ မိမိ၏ လှူဖွယ်ဝတ္ထု ဖြစ်ထိုက်သည့် ပစ္စည်းဥစ္စာအပေါ်၌ ဝန်တိုခြင်း မစ္ဆရိယကြောင့်သာ ငရဲသို့ ရောက်ရှိရခြင်း ဖြစ်ပေသည်။

နောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ရောက်ရှိခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ အမျိုးယုတ်၏၊ ဒါယကာ သုဘလုလင်...ထို စိတ်ဓာတ် ခက်ထန်တင်းမာခြင်း, ထောင်လွှားတက်ကြွခြင်း, ရှိခိုးထိုက်သူကို ရှိမခိုးခြင်း, ခရီးဦးကြိုဆိုထိုက်သူကို ခရီးဦးမကြိုဆိုခြင်း, နေရာပေးထိုက်သူကို နေရာမပေးခြင်း, လမ်းခရီးပေးထိုက်သူကို လမ်းခရီး မပေးခြင်း, အရိုအသေပြုထိုက်သူကို အရိုအသေမပြုခြင်း, အလေးဂရုပြုထိုက်သူကို အလေးဂရုမပြုခြင်း, မြတ်နိုးထိုက် သူကို မမြတ်နိုးခြင်း, ပူဇော်ထိုက်သူကို မပူဇော်ခြင်းသည် ယုတ်နိမ့်သောအမျိုး၌ ဖြစ်စေတတ်သော အကျင့်တည်း၊၊(၆)

ဒါယကာ သုဘလုလင်...ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ, အချို့သောသူသည် စိတ်ဓာတ် မခက်ထန် မတင်းမာ၊ မထောင်လွှား မတက်ကြွ၊ ရှိခိုးထိုက်သူကို ရှိခိုး၏၊ ခရီးဦးကြိုဆိုထိုက်သူကို ခရီးဦးကြိုဆို၏၊ နေရာပေးထိုက်သူကို နေရာပေး၏၊ လမ်းခရီးပေးထိုက်သူကို လမ်းခရီးပေး၏၊ အရိုအသေပြုထိုက်သူကို အရိုအသေ ပြု၏၊ အလေးဂရုပြုထိုက်သူကို အလေးဂရုပြု၏၊ မြတ်နိုးထိုက်သူကို မြတ်နိုး၏၊ ပူဇော်ထိုက်သူကို ပူဇော်၏၊ ထိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည်ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှနောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည် နတ်လောကသို့ ကပ်ရောက်ရ၏၊ အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှ နောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည်နတ်လောကသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ကပ်ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ အမျိုးမြတ်၏၊ ဒါယကာ သုဘလုလင်...ထို စိတ်ဓာတ် မခက်ထန် မတင်းမာခြင်း, မထောင်လွှားခြင်း မတက်ကြွခြင်း, ရှိခိုးထိုက်သူကို ရှိခိုးခြင်း, ခရီးဦးကြိုဆိုထိုက်သူကို ခရီးဦးကြိုဆိုခြင်း, နေရာပေးထိုက် သူကို နေရာပေးခြင်း, လမ်းခရီးပေးထိုက်သူကို လမ်းခရီးပေးခြင်း အရိုအသေပြုထိုက်သူကို အရိုအသေပြုခြင်း, အလေးဂရုပြုထိုက်သူကို အလေးဂရုပြုခြင်း, မြတ်နိုးထိုက်သူကို မြတ်နိုးခြင်း, ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မြင့်မြတ်သော အမျိုး၌ ဖြစ်စေတတ်သော အကျင့်တည်း။ (၆)

ဒါယကာ သုဘလုလင်...ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ, အချို့သောသူသည် သမဏကို လည်းကောင်း, ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် 'အရှင်ဘုရား... အဘယ်တရားသည် ကုသိုလ်ပါနည်း၊ အဘယ်တရားသည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရားသည် အပြစ်ကင်းပါ သနည်း၊ အဘယ်တရားသည် မှီဝဲထိုက်ပါသနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်ပါသနည်း၊ အဘယ်သို့ပြုသော် တပည့်တော်မှာ ရှည်စွာသောနေ့ညဉ့်တို့ကာလပတ်လုံး အစီးအပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်ပါသနည်း၊ အဘယ်သို့ ပြုသော် တပည့်တော်မှာ ရှည်စွာသောနေ့ညဉ့်တို့ကာလပတ်လုံး အစီးအပွားများခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ပါသနည်း' ဟု အဖန်ဖန် မေးမြန်းခြင်းကို မပြု။ ထိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ မှားယွင်းစွာ ဆောက်တည် ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှနောက်ကာလ၌ ချမ်းသာ ကင်းရာ, မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲပြိုကွဲ ပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏၊[၁၂၈၇]အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှနောက်ကာလ၌ ချမ်းသာကင်းရာ, မကောင်းမှု ပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာ, ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ငရဲသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ရောက်ရှိခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ ပညာမဲ့၏၊ ဒါယကာ သုဘလုလင်... သမဏကိုလည်းကောင်း, ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် 'အရှင်ဘုရား... အဘယ်တရားသည် ကုသိုလ်ပါနည်း၊ အဘယ်တရားသည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရားသည် အပြစ်ကင်းပါသနည်း၊ အဘယ် တရားသည် မှီဝဲထိုက်ပါသနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်ပါသနည်း၊ အဘယ်သို့ပြုသော် တပည့်တော်မှာ ရှည်စွာသောနေ့ညဉ့်တို့ကာလပတ်လုံး အစီးအပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်ပါသနည်း၊ အဘယ်သို့ပြုသော် တပည့်တော်မှာ ရှည်စွာသောနေ့ညဉ့်တို့ကာလပတ်လုံး အစီးအပွားများခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ပါသနည်း'ဟု အဖန်ဖန် မေးမြန်းခြင်းကို မပြုခြင်းသည် ပညာမဲ့ခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း။ (၇)

ဤအရာဝယ် ယင်းကဲ့သို့ မမေးမြန်းခြင်းကြောင့် ငရဲသို့ ရောက်ရသည်ကား မဟုတ်၊ ထိုကဲ့သို့ မမေးမြန်းသည့်အတွက် ''ဤကား ကုသိုလ်, ဤကား အကုသိုလ်, ဤကား ပြုထိုက်သည့်ကုသိုလ်တရား, ဤကား မပြုထိုက်သည့် အကုသိုလ်တရား''ဟု ကွဲကွဲပြားပြား မသိ၊ ထိုသို့ မသိခြင်းကြောင့် ပြုထိုက်သည့်ကုသိုလ်ကိုလည်း မပြုမိ၊ မပြုထိုက်သည့် အကုသိုလ်ကိုလည်း ပြုလုပ်မိ၏၊ ထို့ကြောင့် ငရဲသို့ ရောက်ရှိရခြင်း ဖြစ်သည်။

ဒါယကာ သုဘလုလင်...ဤလောက၌ မိန်းမဖြစ်စေ, ယောက်ျားဖြစ်စေ, အချို့သောသူသည် သမဏကို လည်းကောင်း, ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် 'အရှင်ဘုရား... အဘယ်တရားသည် ကုသိုလ်ပါနည်း၊ အဘယ်တရားသည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရားသည် အပြစ်ကင်း ပါသနည်း၊ အဘယ်တရားသည် မှီဝဲထိုက်သော တရားပါနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်သော တရားပါနည်း၊ အဘယ်သို့ပြုသော် တပည့်တော်မှာ ရှည်စွာသောနေ့ညဉ့်တို့ကာလပတ်လုံး အစီးအပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်ပါသနည်း၊ အဘယ်သို့ပြုသော် တပည့်တော်မှာ ရှည်စွာသောနေ့ညဉ့်တို့ကာလပတ်လုံး အစီးအပွားများခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ပါသနည်း'ဟု အဖန်ဖန်မေးမြန်းခြင်းကို ပြု၏၊ ထိုသူသည် ဤသို့ ပြည့်ပြည့်စုံစုံ ပြုကျင့်ထားအပ်သော ဤသို့ ကောင်းစွာ ဆောက်တည်ကျင့်သုံးထားအပ်သော ထိုကံကြောင့် ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှနောက် ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည်နတ်လောကသို့ ကပ်ရောက်ရ၏၊[၁၂၈၈] အကယ်၍ ကိုယ်ခန္ဓာပျက်စီးပြီး၍ သေပြီးသည်မှနောက်ကာလ၌ ကောင်းမှုပြုသူ သုစရိုက်သမားတို့၏ လားရောက်ရာ နတ်ပြည် နတ်လောကသို့ မကပ်ရောက်ရဘဲ လူအဖြစ်သို့ ကပ်ရောက်ခဲ့လျှင် ထိုထိုဖြစ်လေရာရာ အမျိုးအနွယ်၌ ပညာကြီး၏၊ ဒါယကာ သုဘလုလင်...သမဏကိုလည်းကောင်း, ဗြာဟ္မဏကိုလည်းကောင်း ချဉ်းကပ်ပြီးလျှင် 'အရှင်ဘုရား... အဘယ်တရားသည် ကုသိုလ်ပါနည်း၊ အဘယ်တရားသည် အကုသိုလ်ပါနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရားသည် အပြစ်မရှိပါသနည်း၊ အဘယ်တရားသည် မှီဝဲထိုက်ပါသနည်း၊ အဘယ်တရားသည် မမှီဝဲထိုက်ပါ သနည်း၊ အဘယ်သို့ပြုသော် တပည့်တော်မှာ ရှည်စွာသောနေ့ညဉ့်တို့ကာလပတ်လုံး အစီးအပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်ပါသနည်း၊ အဘယ်သို့ပြုသော် တပည့်တော်မှာ ရှည်စွာသောနေ့ညဉ့်တို့ကာလပတ်လုံး အစီးအပွားများခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ပါသနည်း'ဟု အဖန်ဖန် မေးမြန်းမှု ပြုခြင်းသည် ပညာကြီးခြင်းကို ဖြစ်စေတတ်သော အကျင့် တည်း။ (၇)

ဒါယကာ သုဘလုလင်...ဤသို့လျှင် –
၁။ အသက်တိုခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အသက်တိုခြင်းသို့ ဆောင်တတ်၏၊
၁။ အသက်ရှည်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အသက်ရှည်ခြင်းသို့ ဆောင်တတ်၏၊
၂။ အနာရောဂါများခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အနာရောဂါများခြင်းသို့ ဆောင်တတ်၏၊
၂။ အနာရောဂါကင်းခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အနာရောဂါကင်းခြင်းသို့ ဆောင်တတ်၏၊
၃။ အဆင်းမလှခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အဆင်းမလှခြင်းသို့ ဆောင်တတ်၏၊
၃။ အဆင်းလှခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အဆင်းလှခြင်းသို့ ဆောင်တတ်၏၊
၄။ အခြံအရံမရှိခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အခြံအရံမရှိခြင်းသို့ ဆောင်တတ်၏၊
၄။ အခြံအရံများခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အခြံအရံများခြင်းသို့ ဆောင်တတ်၏၊
၅။ စည်းစိမ်ဥစ္စာနည်းပါးခြင်းကို ဖြစ်စေတတ်သော အကျင့်သည် စည်းစိမ်ဥစ္စာနည်းပါးခြင်းသို့ ဆောင်တတ်၏၊
၅။ စည်းစိမ်ဥစ္စာများပြားခြင်းကို ဖြစ်စေတတ်သော အကျင့်သည် စည်းစိမ်ဥစ္စာများပြားခြင်းသို့ ဆောင်တတ်၏၊
၆။ အမျိုးယုတ်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အမျိုးယုတ်ခြင်းသို့ ဆောင်တတ်၏၊
၆။ အမျိုးမြင့်မြတ်ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် အမျိုးမြင့်မြတ်ခြင်းသို့ ဆောင်တတ်၏၊
၇။ ပညာမဲ့ခြင်းကို ဖြစ်စေတတ်သော အကျင့်သည် ပညာမဲ့ခြင်းသို့ ဆောင်တတ်၏၊
၇။ ပညာကြီးခြင်းကို ဖြစ်စေတတ်သော အကျင့်သည် ပညာကြီးခြင်းသို့ ဆောင်တတ်၏၊

ဒါယကာ သုဘလုလင်... သတ္တဝါတို့သည် ကံသာလျှင် မိမိကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏၊ ကံ၏ အမွေခံတို့သာ ဖြစ်ကြကုန်၏၊ ကံသာလျှင် အကြောင်းရင်း ရှိကြကုန်၏၊ ကံသာလျှင် အဆွေအမျိုး ရှိကြကုန်၏၊ ကံသာလျှင် မှီခို အားထားရာ ရှိကြကုန်၏၊ ကံသည်သာလျှင် သတ္တဝါတို့ကို အယုတ်-အမြတ် ဖြစ်ခြင်းငှာ ခွဲခြမ်းဝေဖန်၏ - ဟု မိန့်ကြားတော်မူ၏၊

ဤသို့ မိန့်ကြားတော်မူလတ်သော် တောဒေယျပုဏ္ဏား၏သား သုဘလုလင်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏ ..။

အရှင်ဂေါတမ...တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အရှင်ဂေါတမ...တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အရှင်ဂေါတမ... ဥပမာအားဖြင့် မှောက်ထားသည့် အရာဝတ္ထုကို လှန်ပြဘိသကဲ့သို့ လည်းကောင်း, ဖုံးလွှမ်းထားသည့် အရာဝတ္ထုကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း, လမ်းမှားသောသူအား လမ်းမှန်ကို ပြောကြားပြဘိသကဲ့သို့လည်းကောင်း, 'မျက်စိအမြင်ရှိသော သူတို့သည် အဆင်း ရူပါရုံတို့ကို မြင်ကြလိမ့်မည်'ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ကိုင်ဆောင်ပြဘိသကဲ့သို့လည်းကောင်း အရှင်ဂေါတမ...ဤအတူသာလျှင် အရှင်ဂေါတမသည် များစွာသော အကြောင်းပရိယာယ်ဖြင့် တရားတော်ကို ဟောကြားပြသပေးတော်မူပါပေ၏၊ အရှင်ဂေါတမ... ထိုတပည့်တော်သည် အရှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အရှင်ဂေါတမသည် တပည့်တော်ကို ယနေ့မှ အစပြု၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တတ်သော ဥပါသကာ ဒါယကာဟု မှတ်ယူတော်မူပါဘုရား ..ဟု လျှောက်ထားလေ၏''။

မလ္လိကာမိဖုရား၏ ခံဝန်ချက် သုံးမျိုး

အချို့အချို့သော သူတို့ကား ကံများကို ထူထောင်ကြရာ၌ ကံတို့ကို အရောရော အနှောနှော ထူထောင် မိတတ်ကြ၏၊ ယင်းသို့ အရောရော အနှောနှော ထူထောင်မိခြင်းကြောင့် ယင်း အရောရော အနှောနှော ကံတို့က အကျိုးဝိပါက်ကို ဖြစ်စေသော ဘဝဝယ် အကျိုးတရားတို့မှာလည်း အရောရော အနှောနှောပင် ဖြစ်နေတတ်ကြ၏၊ ဤအကြောင်းအရာမျိုးများနှင့် ဆက်စပ်၍ တစ်ချိန်တွင် မလ္လိကာမိဖုရားကြီးက ဘုရားရှင်အား မေးခွန်း လေးရပ်တို့ကို မေးမြန်းလျှောက်ထားခဲ့ဖူး၏၊ ယင်းမေးခွန်းများနှင့် ဘုရားရှင်၏ ဖြေကြားချက်များကို သင်္ဂါယနာမထေရ်မြတ်တို့က မလ္လိကာဒေဝီသုတ္တန်[၁၂၈၉]တွင် ဤသို့ မှတ်တမ်းတင်ထားတော်မူခဲ့ကြ၏ ..။

''အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည်မွန် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်းတိုက်တော်၌ သီတင်းသုံးစံနေတော်မူဆဲ ဖြစ်၏၊ ထိုအခါ မလ္လိကာမိဖုရားကြီးသည် မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ်ပြီး၍ ရှိသေစွာ ရှိခိုးပြီးလျှင် သင့်တင့်လျောက်ပတ်သော တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ဘုရားရှင်အား ဤစကားကို မေးမြန်းလျှောက်ထား၏ ..။

အမေး (၄) ထွေ

အမေး (၁)

မြတ်စွာဘုရား...ဤလောက၌ အချို့သော မာတုဂါမသည် ရုပ်အဆင်းလည်း မလှပ၊ အသွင်အပြင်လည်း မကောင်း၊ ကြည့်ရှုချင်စဖွယ်လည်း မရှိ၊ ဆင်းရဲလည်း ဆင်းရဲ၏၊ ကိုယ်ပိုင်စည်းစိမ်ဥစ္စာနှစ်လည်း မရှိ၊ အသုံးအဆောင် ပရိဘောဂလည်း နည်းပါး၏၊ ဘုန်းတန်ခိုးလည်း နည်းပါး၏၊ ထိုသို့ ဖြစ်ရခြင်း၏ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော အကြောင်းတရားကား အဘယ်ပါနည်း၊ အားပေးထောက်ပံ့တတ်သော အကြောင်းတရားကား အဘယ်ပါနည်း မြတ်စွာဘုရား။

အမေး (၂)

မြတ်စွာဘုရား...ဤလောက၌ အချို့သော မာတုဂါမသည် ရုပ်အဆင်းလည်း မလှပ၊ အသွင်အပြင်လည်း မကောင်း၊ ကြည့်ရှုချင်စဖွယ်လည်း မရှိ၊ သို့သော်လည်း ကြွယ်ဝချမ်းသာ၏၊ များပြားသော စည်းစိမ်ဥစ္စာနှစ်လည်း ရှိ၏၊ များပြားသော အသုံးအဆောင် ပရိဘောဂလည်း ရှိ၏၊ ဘုန်းတန်ခိုးလည်း ကြီးမား၏၊ ထိုသို့ ဖြစ်ရခြင်း၏ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော အကြောင်းတရားကား အဘယ်ပါနည်း၊ အားပေးထောက်ပံ့တတ်သော အကြောင်း တရားကား အဘယ်ပါနည်း မြတ်စွာဘုရား။

အမေး (၃)

မြတ်စွာဘုရား...ဤလောက၌ အချို့သော မာတုဂါမသည် ရုပ်အဆင်းလည်း အလွန် လှပ၏၊ ကြည့်ရှုချင် စဖွယ်လည်း ရှိ၏၊ (ရှုမြင်ရသူ၏ သန္တာန်၌) စိတ်ကြည်လင်စဖွယ်လည်း ဖြစ်၏၊ လွန်မြတ်သော ရုပ်အဆင်း အသွင်အပြင်နှင့်လည်း ပြည့်စုံ၏၊ သို့သော်လည်း ဆင်းရဲနွမ်းပါး၏၊ ကိုယ်ပိုင်စည်းစိမ်ဥစ္စာနှစ်လည်း မရှိ၊ အသုံးအဆောင် ပရိဘောဂလည်း မရှိ၊ ဘုန်းတန်ခိုးလည်း နည်းပါး၏၊ ထိုသို့ ဖြစ်ရခြင်း၏ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော အကြောင်း တရားကား အဘယ်ပါနည်း၊ အားပေးထောက်ပံ့တတ်သော အကြောင်းတရားကား အဘယ်ပါနည်း မြတ်စွာဘုရား။

အမေး (၄)

မြတ်စွာဘုရား...ဤလောက၌ အချို့သော မာတုဂါမသည် ရုပ်အဆင်းလည်း အလွန် လှပ၏၊ ကြည့်ရှုချင် စဖွယ်လည်း ရှိ၏၊ (ရှုမြင်ရသူ၏ သန္တာန်၌) စိတ်ကြည်လင်စဖွယ်လည်း ဖြစ်၏၊ လွန်မြတ်သော ရုပ်အဆင်း အသွင်အပြင်နှင့်လည်း ပြည့်စုံ၏၊ ကြွယ်ဝလည်း ကြွယ်ဝချမ်းသာ၏၊ များပြားသော စည်းစိမ်ဥစ္စာနှစ်လည်း ရှိ၏၊ များပြားသော အသုံးအဆောင် ပရိဘောဂလည်း ရှိ၏၊ ဘုန်းတန်ခိုးလည်း ကြီးမား၏၊ ထိုသို့ ဖြစ်ရခြင်း၏ တိုက်ရိုက် ဖြစ်ပေါ်စေတတ်သော အကြောင်းတရားကား အဘယ်ပါနည်း၊ အားပေးထောက်ပံ့တတ်သော အကြောင်းတရားကား အဘယ်ပါနည်း မြတ်စွာဘုရား။ ––- ဤသို့ လျှောက်ထားလေ၏၊

အဖြေ (၄) ရပ်

အဖြေ (၁)

မလ္လိကာ... ဤလောက၌ အချို့သော မာတုဂါမသည် အမျက်ဒေါသကြီး၏၊ စိတ်ပင်ပန်းခြင်း များ၏၊ အနည်းငယ်မျှကို ပြောဆိုကာမျှဖြစ်လျက်လည်း (ဒေါသဖြင့်) ကပ်ငြိနေတတ်၏၊ အမျက်ထွက်တတ်၏၊ ဒေါသဖြင့် ဖောက်ဖောက်ပြန်ပြန် ပြုလုပ်ပြတတ်၏၊ ရန်ငြိုးထားတတ်၏၊ စိတ်ဆိုးခြင်းကိုလည်းကောင်း, အမျက်ထွက်ခြင်းကို လည်းကောင်း, မနှစ်သက်ခြင်းကိုလည်းကောင်း ထင်ရှားစွာ ပြုလုပ်ပြတတ်၏၊ (က)

ထိုမာတုဂါမသည် သမဏအားဖြစ်စေ ဗြာဟ္မဏအားဖြစ်စေ ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, အဝတ်သင်္ကန်းကိုလည်းကောင်း, ယာဉ်ကိုလည်းကောင်း, ပန်းကိုလည်းကောင်း, နံ့သာကိုလည်းကောင်း, နံ့သာပျောင်းကို လည်းကောင်း, အိပ်ရာနေရာကိုလည်းကောင်း, ကျောင်းအဆောက်အအုံကိုလည်းကောင်း, ဆီမီးကိုလည်းကောင်း မပေးလှူတတ်ပေ၊ (ခ)

ထိုမာတုဂါမသည် ငြူစူခြင်း (= ကိုယ့်ထက်သာ မနာလိုခြင်း) 'ဣဿာ'တရားနှင့် ယှဉ်သော စိတ်ထား ရှိ၏၊ သူတစ်ပါးတို့ လာဘ်လာဘရရှိခြင်း အရိုအသေအပြုခံရခြင်း အလေးဂရုအပြုခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုး ခံရခြင်း အပူဇော်ခံရခြင်းတို့၌ ငြူစူစောင်းမြောင်းသော စိတ်ထား (= ကိုယ့်ထက်သာ မနာလိုသော စိတ်ထား) ရှိ၏၊ ငြူစူခြင်း၏ အစွမ်းဖြင့် ဆဲရေးပြစ်မှားတတ်၏၊ ငြူစူစောင်းမြောင်းသော စိတ်ထား (= ကိုယ့်ထက်သာ မနာလိုသော စိတ်ထား)ကို ဖွဲ့ချည်ထားတတ်၏၊ (ဂ)

ထိုမာတုဂါမသည် ထိုဘဝမှ စုတေ၍ ဤလူ့ဘဝသို့ အကယ်၍ ကပ်ရောက်လာသည်ဖြစ်ငြားအံ့၊ ထိုမာတုဂါမ သည် ဖြစ်လေရာရာ ဘဝ၌ ရုပ်အဆင်းလည်း မလှပ၊ အသွင်အပြင်လည်း မကောင်း၊ ကြည့်ရှုချင်စဖွယ်လည်း မရှိ၊(က)၊ ဆင်းရဲလည်း ဆင်းရဲ၏၊ ကိုယ်ပိုင်စည်းစိမ်ဥစ္စာနှစ်လည်း မရှိ၊ အသုံးအဆောင် ပရိဘောဂလည်း နည်းပါး၏၊(ခ)၊ ဘုန်းတန်ခိုးလည်း နည်းပါး၏၊(ဂ)။

အဖြေ (၂)

မလ္လိကာ... ဤလောက၌ အချို့သော မာတုဂါမသည် အမျက်ဒေါသကြီး၏၊ စိတ်ပင်ပန်းခြင်း များ၏၊ အနည်းငယ်မျှကို ပြောဆိုကာမျှဖြစ်လျက်လည်း (ဒေါသဖြင့်) ကပ်ငြိနေတတ်၏၊ အမျက်ထွက်တတ်၏၊ ဒေါသဖြင့် ဖောက်ဖောက်ပြန်ပြန် ပြုလုပ်ပြတတ်၏၊ ရန်ငြိုးထားတတ်၏၊ စိတ်ဆိုးခြင်းကိုလည်းကောင်း, အမျက်ထွက်ခြင်းကို လည်းကောင်း, မနှစ်သက်ခြင်းကိုလည်းကောင်း ထင်ရှားစွာ ပြုလုပ်ပြတတ်၏၊ (က)

ထိုမာတုဂါမသည် သမဏအားဖြစ်စေ ဗြာဟ္မဏအားဖြစ်စေ ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, အဝတ်သင်္ကန်းကိုလည်းကောင်း, ယာဉ်ကိုလည်းကောင်း, ပန်းကိုလည်းကောင်း, နံ့သာကိုလည်းကောင်း, နံ့သာပျောင်းကို လည်းကောင်း, အိပ်ရာနေရာကိုလည်းကောင်း, ကျောင်းအဆောက်အအုံကိုလည်းကောင်း, ဆီမီးကိုလည်းကောင်း ပေးလှူတတ်၏၊ (ခ)

ထိုမာတုဂါမသည် ငြူစူခြင်း (= ကိုယ့်ထက်သာ မနာလိုခြင်း) 'ဣဿာ'တရားနှင့် မယှဉ်သော စိတ်ထား ရှိ၏၊ သူတစ်ပါးတို့ လာဘ်လာဘရရှိခြင်း အရိုအသေအပြုခံရခြင်း အလေးဂရုအပြုခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုး ခံရခြင်း အပူဇော်ခံရခြင်းတို့၌ ငြူစူစောင်းမြောင်းသော စိတ်ထား (= ကိုယ့်ထက်သာမနာလိုသော စိတ်ထား) မရှိ၊ ငြူစူခြင်း၏ အစွမ်းဖြင့် မဆဲရေး မပြစ်မှားတတ်၊ ငြူစူစောင်းမြောင်းသော စိတ်ထား (= ကိုယ့်ထက်သာ မနာလိုသော စိတ်ထား)ကို ဖွဲ့ချည် မထားတတ်။ (ဂ)

ထိုမာတုဂါမသည် ထိုဘဝမှ စုတေ၍ ဤလူ့ဘဝသို့ အကယ်၍ ရောက်လာသည် ဖြစ်အံ့၊ ထိုမာတုဂါမသည် ဖြစ်လေရာရာဘဝ၌ ရုပ်အဆင်းလည်း မလှပ၊ အသွင်အပြင်လည်း မကောင်း၊ ကြည့်ရှုချင်စဖွယ်လည်း မရှိ၊(က)၊ သို့သော်လည်း ကြွယ်ဝချမ်းသာ၏၊ များပြားသော စည်းစိမ်ဥစ္စာနှစ်လည်း ရှိ၏၊ များပြားသော အသုံးအဆောင် ပရိဘောဂလည်း ရှိ၏၊(ခ)၊ ဘုန်းတန်ခိုးလည်း ကြီးမား၏၊(ဂ)။

အဖြေ (၃)

မလ္လိကာ... ဤလောက၌ အချို့သော မာတုဂါမသည် အမျက်ဒေါသ မကြီး၊ စိတ်ပင်ပန်းခြင်း မများပြား၊ များစွာ ပြောဆိုသော်လည်း ဒေါသဖြင့် မကပ်ငြိတတ်၊ အမျက်မထွက်တတ်၊ ဒေါသဖြင့် ဖောက်ဖောက်ပြန်ပြန် ပြုလုပ် မပြတတ်၊ ရန်ငြိုးမထားတတ်၊ စိတ်ဆိုးခြင်းကိုလည်းကောင်း, အမျက်ထွက်ခြင်းကိုလည်းကောင်း, မနှစ်သက်ခြင်း ကိုလည်းကောင်း ထင်စွာ ပြုလုပ်မပြတတ်၊ (က)

ထိုမာတုဂါမသည် သမဏအားဖြစ်စေ ဗြာဟ္မဏအားဖြစ်စေ ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, အဝတ်သင်္ကန်းကိုလည်းကောင်း, ယာဉ်ကိုလည်းကောင်း, ပန်းကိုလည်းကောင်း, နံ့သာကိုလည်းကောင်း, နံ့သာပျောင်းကို လည်းကောင်း, အိပ်ရာနေရာကိုလည်းကောင်း, ကျောင်းအဆောက်အအုံကိုလည်းကောင်း, ဆီမီးကိုလည်းကောင်း မပေးလှူတတ်၊ (ခ)

ထိုမာတုဂါမသည် ငြူစူခြင်း (= ကိုယ့်ထက်သာ မနာလိုခြင်း) 'ဣဿာ'တရားနှင့် ယှဉ်သော စိတ်ထား ရှိ၏၊ သူတစ်ပါးတို့ လာဘ်လာဘရရှိခြင်း အရိုအသေအပြုခံရခြင်း အလေးဂရုအပြုခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုး ခံရခြင်း အပူဇော်ခံရခြင်းတို့၌ ငြူစူစောင်းမြောင်းသော စိတ်ထား (= ကိုယ့်ထက်သာ မနာလိုသောစိတ်ထား) ရှိ၏၊ ငြူစူခြင်း၏ အစွမ်းဖြင့် ဆဲရေးပြစ်မှားတတ်၏၊ ငြူစူစောင်းမြောင်းသော စိတ်ထား (= ကိုယ့်ထက်သာ မနာလိုသော စိတ်ထား)ကို ဖွဲ့ချည်ထားတတ်၏၊ (ဂ)

ထိုမာတုဂါမသည် ထိုဘဝမှ စုတေ၍ ဤလူ့ဘဝသို့ အကယ်၍ ရောက်လာသည် ဖြစ်အံ့၊ ထိုမာတုဂါမသည် ဖြစ်လေရာရာဘဝ၌ ရုပ်အဆင်းလည်း အလွန်လှပ၏၊ ကြည့်ရှုချင်စဖွယ်လည်း ရှိ၏၊ (ရှုမြင်ရသူ၏ သန္တာန်၌) စိတ်ကြည်လင်စဖွယ်လည်း ဖြစ်၏၊ လွန်မြတ်သော ရုပ်အဆင်းအသွင်အပြင်နှင့်လည်း ပြည့်စုံ၏၊(က)၊ သို့သော်လည်း ဆင်းရဲနွမ်းပါး၏၊ ကိုယ်ပိုင်စည်းစိမ်ဥစ္စာနှစ်လည်း မရှိ၊ အသုံးအဆောင် ပရိဘောဂလည်း မရှိ၊(ခ)၊ ဘုန်းတန်ခိုးလည်း နည်းပါး၏၊(ဂ)။

အဖြေ (၄)

မလ္လိကာ... ဤလောက၌ အချို့သော မာတုဂါမသည် အမျက်ဒေါသ မကြီး၊ စိတ်ပင်ပန်းခြင်း မများပြား၊ များစွာ ပြောဆိုသော်လည်း ဒေါသဖြင့် မကပ်ငြိတတ်၊ အမျက်မထွက်တတ်၊ ဒေါသဖြင့် ဖောက်ဖောက်ပြန်ပြန် ပြုလုပ် မပြတတ်၊ ရန်ငြိုးမထားတတ်၊ စိတ်ဆိုးခြင်းကိုလည်းကောင်း အမျက်ထွက်ခြင်းကိုလည်းကောင်း မနှစ်သက်ခြင်းကို လည်းကောင်း ထင်စွာ ပြုလုပ်မပြတတ်၊ (က)

ထိုမာတုဂါမသည် သမဏအားဖြစ်စေ ဗြာဟ္မဏအားဖြစ်စေ ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, အဝတ်သင်္ကန်းကိုလည်းကောင်း, ယာဉ်ကိုလည်းကောင်း, ပန်းကိုလည်းကောင်း, နံ့သာကိုလည်းကောင်း, နံ့သာပျောင်းကို လည်းကောင်း, အိပ်ရာနေရာကိုလည်းကောင်း, ကျောင်းအဆောက်အအုံကိုလည်းကောင်း, ဆီမီးကိုလည်းကောင်း ပေးလှူတတ်၏၊ (ခ)

ထိုမာတုဂါမသည် ငြူစူခြင်း (= ကိုယ့်ထက်သာ မနာလိုခြင်း) 'ဣဿာ'တရားနှင့် မယှဉ်သော စိတ်ထား ရှိ၏၊ သူတစ်ပါးတို့ လာဘ်လာဘရရှိခြင်း အရိုအသေအပြုခံရခြင်း အလေးဂရုအပြုခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုး ခံရခြင်း အပူဇော်ခံရခြင်းတို့၌ ငြူစူစောင်းမြောင်းသော စိတ်ထား (= ကိုယ့်ထက်သာ မနာလိုသောစိတ်ထား) မရှိ၊ ငြူစူခြင်း၏ အစွမ်းဖြင့် မဆဲရေးမပြစ်မှားတတ်၊ ငြူစူစောင်းမြောင်းသော စိတ်ထား (= ကိုယ့်ထက်သာ မနာလိုသော စိတ်ထား)ကို ဖွဲ့ချည် မထားတတ်။ (ဂ)

ထိုမာတုဂါမသည် ထိုဘဝမှ စုတေ၍ ဤလူ့ဘဝသို့ အကယ်၍ ရောက်လာသည် ဖြစ်အံ့၊ ထိုမာတုဂါမသည် ဖြစ်လေရာရာဘဝ၌ ရုပ်အဆင်းလည်း အလွန်လှပ၏၊ ကြည့်ရှုချင်စဖွယ်လည်း ရှိ၏၊ (ရှုမြင်ရသူ၏ သန္တာန်၌) စိတ်ကြည်လင်စဖွယ်လည်း ဖြစ်၏၊ လွန်မြတ်သော ရုပ်အဆင်းအသွင်အပြင်နှင့်လည်း ပြည့်စုံ၏၊(က)၊ ကြွယ်ဝလည်း ကြွယ်ဝချမ်းသာ၏၊ များပြားသော စည်းစိမ်ဥစ္စာနှစ်လည်း ရှိ၏၊ များပြားသော အသုံးအဆောင် ပရိဘောဂလည်း ရှိ၏၊(ခ)၊ ဘုန်းတန်ခိုးလည်း ကြီးမား၏၊(ဂ)။

မလ္လိကာ... အကြင်အကြောင်းကြောင့် ဤလောက၌ အချို့သော မာတုဂါမသည် ရုပ်အဆင်းလည်း မလှပ၊ အသွင်အပြင်လည်း မကောင်း၊ ကြည့်ရှုချင်စဖွယ်လည်း မရှိ၊(က)၊ ဆင်းရဲလည်း ဆင်းရဲ၏၊ ကိုယ်ပိုင်စည်းစိမ်ဥစ္စာလည်း မရှိ၊ အသုံးအဆောင် ပရိဘောဂလည်း နည်းပါး၏၊(ခ)၊ ဘုန်းတန်ခိုးလည်း နည်းပါး၏၊(ဂ)။ မလ္လိကာ... ဤ ဆိုခဲ့ပြီးသည်ကား ထိုသို့ ဖြစ်ရခြင်း၏ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော အကြောင်းတရား အားပေးထောက်ပံ့တတ်သော အကြောင်းတရားပေတည်း။ (၁)[၁၂၉၀]

မလ္လိကာ... အကြင်အကြောင်းကြောင့် ဤလောက၌ အချို့သော မာတုဂါမသည် ရုပ်အဆင်းလည်း မလှပ၊ အသွင်အပြင်လည်း မကောင်း၊ ကြည့်ရှုချင်စဖွယ်လည်း မရှိ၊(က)၊ သို့သော်လည်း ကြွယ်ဝချမ်းသာ၏၊ များပြားသော စည်းစိမ်ဥစ္စာနှစ်လည်း ရှိ၏၊ များပြားသော အသုံးအဆောင် ပရိဘောဂလည်း ရှိ၏၊(ခ)၊ ဘုန်းတန်ခိုးလည်း ကြီးမား၏၊(ဂ)။ မလ္လိကာ... ဤဆိုခဲ့ပြီးသည်ကား ထိုသို့ ဖြစ်ရခြင်း၏ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော အကြောင်းတရား အားပေး ထောက်ပံ့တတ်သော အကြောင်းတရားပေတည်း။ (၂)[၁၂၉၁]

မလ္လိကာ... အကြင်အကြောင်းကြောင့် ဤလောက၌ အချို့သော မာတုဂါမသည် ရုပ်အဆင်းလည်း အလွန်လှပ၏၊ ကြည့်ရှုချင်စဖွယ်လည်း ရှိ၏၊ (ရှုမြင်ရသူ၏ သန္တာန်၌) စိတ်ကြည်လင်စဖွယ်လည်း ဖြစ်၏၊ လွန်မြတ်သော ရုပ်အဆင်းအသွင်အပြင်နှင့်လည်း ပြည့်စုံ၏၊(က)၊ သို့သော်လည်း ဆင်းရဲနွမ်းပါး၏၊ ကိုယ်ပိုင် စည်းစိမ်ဥစ္စာနှစ်လည်း မရှိ၊ အသုံးအဆောင် ပရိဘောဂလည်း မရှိ၊(ခ)၊ ဘုန်းတန်ခိုးလည်း နည်းပါး၏၊(ဂ)။ မလ္လိကာ...ဤဆိုခဲ့ပြီးသည်ကား ထိုသို့ ဖြစ်ရခြင်း၏ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော အကြောင်းတရား အားပေးထောက်ပံ့တတ်သော အကြောင်းတရား ပေတည်း။ (၃)[၁၂၉၂]

မလ္လိကာ... အကြင်အကြောင်းကြောင့် ဤလောက၌ အချို့သော မာတုဂါမသည် ရုပ်အဆင်းလည်း အလွန်လှပ၏၊ ကြည့်ရှုချင်စဖွယ်လည်း ရှိ၏၊ (ရှုမြင်ရသူ၏ သန္တာန်၌) စိတ်ကြည်လင်စဖွယ်လည်း ဖြစ်၏၊ လွန်မြတ်သော ရုပ်အဆင်းအသွင်အပြင်နှင့်လည်း ပြည့်စုံ၏၊(က)၊ ကြွယ်ဝလည်း ကြွယ်ဝချမ်းသာ၏၊ များပြားသော စည်းစိမ်ဥစ္စာနှစ် လည်း ရှိ၏၊ များပြားသော အသုံးအဆောင် ပရိဘောဂလည်း ရှိ၏၊(ခ)၊ ဘုန်းတန်ခိုးလည်း ကြီးမား၏၊(ဂ)။ မလ္လိကာ... ဤဆိုခဲ့ပြီးသည်ကား ထိုသို့ဖြစ်ရခြင်း၏ တိုက်ရိုက်ဖြစ်ပေါ်စေတတ်သော အကြောင်းတရား အားပေးထောက်ပံ့တတ် သော အကြောင်းတရားပေတည်း (၄)[၁၂၉၃]–– ဟု မိ န့်ကြားတော်မူ၏၊

ဤသို့ ဟောကြားတော်မူလတ်သော် မလ္လိကာမိဖုရားသည် ဘုရားရှင်အား ဤစကားကို လျှောက်ထား၏ ..။

ခံဝန်ချက် သုံးမျိုး

မြတ်စွာဘုရား...တပည့်တော်မသည် လွန်ခဲ့သော အတိတ်ဘဝ၌ အမျက်ဒေါသ ကြီးခဲ့ဖူးလေယောင်တကား၊ စိတ်ပင်ပန်းခြင်း များပြားခဲ့လေယောင်တကား၊ အနည်းငယ် ပြောဆိုခံရကာမျှဖြင့်လည်း (ဒေါသဖြင့်) ငြိကပ်တတ်သော စိတ်ထား ရှိခဲ့လေယောင်တကား၊ အမျက်ထွက်ခဲ့လေယောင်တကား၊ (ဒေါသဖြင့်) ဖောက်ဖောက်ပြန်ပြန် ပြုလုပ်ပြခဲ့ လေယောင်တကား၊ ရန်ငြိုးကို ဖွဲ့ချည်ထားခဲ့လေယောင်တကား၊ စိတ်ဆိုးခြင်းကိုလည်းကောင်း အမျက်ထွက်ခြင်းကို လည်းကောင်း မနှစ်သက်ခြင်းကိုလည်းကောင်း ထင်ရှားစွာ ပြုလုပ်ပြခဲ့ဖူးလေယောင်တကား၊ မြတ်စွာဘုရား... ထိုတပည့်တော်မသည် ယခုဘဝ၌ ရုပ်အဆင်းလည်း မလှပ၊ အသွင်အပြင်လည်း မကောင်း၊ ကြည့်ရှုချင်စဖွယ်လည်း မရှိပါ မြတ်စွာဘုရား ..။ (က)

မြတ်စွာဘုရား...တပည့်တော်မသည် လွန်ခဲ့သော အတိတ်ဘဝ၌ သမဏအားဖြစ်စေ ဗြာဟ္မဏအားဖြစ်စေ ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, အဝတ်သင်္ကန်းကိုလည်းကောင်း, ယာဉ်ကိုလည်းကောင်း, ပန်းကို လည်းကောင်း, နံ့သာကိုလည်းကောင်း, နံ့သာပျောင်းကိုလည်းကောင်း, အိပ်ရာနေရာကိုလည်းကောင်း, ကျောင်း အဆောက်အအုံကိုလည်းကောင်း, ဆီမီးကိုလည်းကောင်း ပေးလှူခဲ့ဖူးလေယောင်တကား၊ မြတ်စွာဘုရား...ထို တပည့်တော်သည် ယခုဘဝ၌ ကြွယ်ဝချမ်းသာပါ၏၊ များပြားသော စည်းစိမ်ဥစ္စာနှစ်လည်း ရှိပါ၏၊ များပြားသော အသုံးအဆောင် ပရိဘောဂလည်း ရှိပါ၏ မြတ်စွာဘုရား ..။ (ခ)

မြတ်စွာဘုရား...တပည့်တော်မသည် လွန်ခဲ့သော အတိတ်ဘဝ၌ ငြူစူခြင်း (= ကိုယ့်ထက်သာ မနာလိုခြင်း) 'ဣဿာ'တရားနှင့် မယှဉ်သော စိတ်ထား ရှိသည် ဖြစ်ခဲ့ဖူးလေယောင်တကား၊ သူတစ်ပါးတို့ လာဘ်လာဘရရှိခြင်း အရိုအသေအပြုခံရခြင်း အလေးဂရုအပြုခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုးခံရခြင်း အပူဇော်ခံရခြင်းတို့၌ မငြူစူ မစောင်းမြောင်းတတ်သည် (= ကိုယ့်ထက်သာ မနာလိုသော စိတ်ထား) မရှိတတ်သည်, ငြူစူခြင်း၏ အစွမ်းဖြင့် မဆဲရေး မပြစ်မှားတတ်သည်, ငြူစူစောင်းမြောင်းသော စိတ်ထား (= ကိုယ့်ထက်သာ မနာလိုသော စိတ်ထား)ကို ဖွဲ့ချည်မထားတတ်သည် ဖြစ်ခဲ့ဖူးလေယောင်တကား၊ မြတ်စွာဘုရား...ထိုတပည့်တော်မသည် ဤဘဝ၌ ဘုန်းတန်ခိုး ကြီးမားပါ၏၊ မြတ်စွာဘုရား...ဤမင်း၏ နန်းတော်၌ အကြင်မင်းသမီးတို့သည်လည်းကောင်း, ပုဏ္ဏားသတို့သမီးတို့ သည်လည်းကောင်း, သူကြွယ်သတို့သမီးတို့သည်လည်းကောင်း ရှိကြပါကုန်၏၊ မြတ်စွာဘုရား... ထိုတပည့်တော်မသည် ထိုသတို့သမီးအပေါင်းတို့ကို အစိုးရခြင်းဖြင့် အကြီးအမှူးအဖြစ်ကို ပြုလုပ်ရပါ၏ မြတ်စွာဘုရား ..။ (ဂ)

အရှင်ဘုရား... ထိုတပည့်တော်မသည် ယနေ့မှ စ၍ ..

၁။ အမျက်ဒေါသ မကြီးတော့ပါအံ့၊ များပြားသော စိတ်ပင်ပန်းခြင်း မရှိတော့ပါအံ့၊ များစွာ အပြောဆိုခံရပါသော် လည်း (ဒေါသဖြင့်) ငြိကပ်တတ်သော စိတ်ထား မရှိတော့ပါအံ့၊ အမျက်မထွက်တော့ပါအံ့၊ (ဒေါသဖြင့်) ဖောက်ဖောက် ပြန်ပြန် ပြုလုပ်မပြတော့ပါအံ့၊ (ဒေါသဖြင့်) ရန်ငြိုးကို ဖွဲ့ချည်မထားတော့ပါအံ့၊ စိတ်ဆိုးခြင်းကိုလည်းကောင်း အမျက်ထွက်ခြင်းကိုလည်းကောင်း မနှစ်သက်ခြင်းကိုလည်းကောင်း ထင်ရှားစွာ ပြုလုပ်မပြတော့ပါအံ့။

၂။ သမဏအားဖြစ်စေ ဗြာဟ္မဏအားဖြစ်စေ ဆွမ်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, အဝတ်သင်္ကန်းကို လည်းကောင်း, ယာဉ်ကိုလည်းကောင်း, ပန်းကိုလည်းကောင်း, နံ့သာကိုလည်းကောင်း, နံ့သာပျောင်းကိုလည်းကောင်း, အိပ်ရာနေရာကိုလည်းကောင်း, ကျောင်းအဆောက်အအုံကိုလည်းကောင်း, ဆီမီးကိုလည်းကောင်း ပေးလှူပါတော့အံ့။

၃။ ငြူစူခြင်း (= ကိုယ့်ထက်သာ မနာလိုခြင်း) 'ဣဿာ'တရားနှင့် ယှဉ်သော စိတ်ထား မဖြစ်တော့ပါအံ့၊ သူတစ်ပါးတို့ လာဘ်လာဘရရှိခြင်း အရိုအသေအပြုခံရခြင်း အလေးဂရုအပြုခံရခြင်း အမြတ်နိုးခံရခြင်း အရှိခိုးခံရခြင်း အပူဇော် ခံရခြင်းတို့၌ ငြူစူစောင်းမြောင်းသော စိတ်ထား (= ကိုယ့်ထက်သာ မနာလိုသော စိတ်ထား) မရှိတော့ပါအံ့၊ ငြူစူခြင်း၏ အစွမ်းဖြင့် မဆဲရေး မပြစ်မှားတော့ပါအံ့၊ ငြူစူစောင်းမြောင်းသော စိတ်ထား (= ကိုယ့်ထက်သာ မနာလိုသော စိတ်ထား) ကို ဖွဲ့ချည်မထားတော့ပါအံ့။

မြတ်စွာဘုရား...တရားတော်သည် အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ပ။ မြတ်စွာဘုရား...မြတ်စွာဘုရားသည် တပည့်တော်မကို ယနေ့မှ စ၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တတ်သော ဥပါသိကာမဟူ၍ မှတ်ယူတော်မူပါ မြတ်စွာဘုရား ..ဟု လျှောက်ထားလေ၏''။။

ကံကို ကုန်စေတတ်သော နည်းလမ်းကောင်းများ

သတ္တဝါတစ်ဦးသည် အတိတ်သံသရာအဆက်ဆက်တွင်လည်းကောင်း, ဤပစ္စုပ္ပန်ဘဝတွင်လည်းကောင်း ကုသိုလ် ကံတို့ကိုလည်း ထူထောင်ခဲ့ဖူးသည်သာ ဖြစ်၏၊ အကုသိုလ်ကံတို့ကိုလည်း များစွာ ထူထောင်ခဲ့ဖူးသည်သာ ဖြစ်၏၊ ထိုကံတို့တွင် ရင့်ကျက်လာသော ကုသိုလ်ကံတို့ကလည်း အလိုရှိအပ် ကောင်းမြတ်သည့် အကျိုးတရားများကို ဖြစ်ထွန်း စေကြသကဲ့သို့ အလားတူပင် အကုသိုလ်ကံတို့ကလည်း အလိုမရှိအပ် မနှစ်သက်အပ်သည့် အကျိုးတရားများကို ဖြစ်ပေါ်စေကြမည်သာ ဖြစ်၏၊ ထိုကဲ့သို့ အကျိုးပေးနေသော ကံတို့မှ လွတ်မြောက်ကြောင်းဖြစ်သည့် ကျင့်စဉ်များကို အောင်အောင်မြင်မြင် ပြည့်ပြည့်စုံစုံ မဖြည့်ကျင့်နိုင်ပါက ယင်းရင့်ကျက်လာသော အကုသိုလ်ကံတို့က ငရဲသို့ရောက်အောင် ပို့ဆောင်ကြမည်သာ ဖြစ်၏၊ သို့သော် ယင်းကံတို့မှ လွတ်မြောက်ကြောင်း ကျင့်စဉ်ကောင်းတို့ကို အောင်အောင်မြင်မြင် ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်နိုင်သူတို့ကား ငရဲအစရှိသည့် အပါယ်လေးဘုံတို့မှလည်းကောင်း သုဂတိသံသရာမှလည်းကောင်း လွတ်မြောက်နိုင်ကြမည်သာ ဖြစ်ပေသည်။ ဤအကြောင်းအရာများကို ဘုရားရှင်က ဤလောဏကပလ္လသုတ္တန်[၁၂၉၄]တွင် ဤသို့ ဟောကြားထားတော်မူခဲ့ပေသည် ..။

''ချစ်သား ရဟန်းတို့...'ဤသတ္တဝါသည် ကံကို ပြုစုပျိုးထောင်ခဲ့သော အခြင်းအရာအားဖြင့် ထိုကံ၏ အကျိုး တရားကို ခံစားရ၏'ဟု တစ်စုံတစ်ယောက်သောသူက ပြောဆိုလာငြားအံ့၊ ချစ်သား ရဟန်းတို့... ဤသို့ ပြောဆိုသည့် အတိုင်း ဖြစ်လတ်သော် မြတ်သောအကျင့်ကို ကျင့်သုံးမှုသည် မဖြစ်နိုင်တော့ချေ၊ ကောင်းမွန်စွာ သံသရာဝဋ်ဆင်းရဲ ဒုက္ခ၏ အဆုံးအပိုင်းအခြားကို ပြုလုပ်ရန် အခွင့်အလမ်း မရှိတော့ချေ။

ချစ်သား ရဟန်းတို့...'ဤသတ္တဝါသည် ခံစားအပ် ခံစားထိုက်သော ကံကို ပြုစုပျိုးထောင်ခဲ့သော အခြင်းအရာ အားဖြင့် ထိုကံ၏ အကျိုးတရားကို ခံစားရ၏'ဟု တစ်စုံတစ်ယောက်က ပြောဆိုလာငြားအံ့၊ ချစ်သား ရဟန်းတို့... ဤသို့ ပြောဆိုသည့်အတိုင်း ဖြစ်လတ်သော် မြတ်သောအကျင့်ကို ကျင့်သုံးမှုသည် ဖြစ်နိုင်၏၊ ကောင်းမွန်စွာ သံသရာ ဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို ပြုလုပ်ရန် အခွင့်အလမ်း ရှိနိုင်၏၊

ချစ်သား ရဟန်းတို့... ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ပြုအပ်ခဲ့ပြီးသော အနည်းငယ်မျှသော မကောင်းမှု အကုသိုလ်ကံသည် ထိုပြုလုပ်သူပုဂ္ဂိုလ်ကို ငရဲသို့ ရောက်အောင် ပို့ဆောင်၏၊ ချစ်သား ရဟန်းတို့... ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ပြုအပ်ခဲ့ပြီးသော ထိုသို့သဘောရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း, လာမည့်အနာဂတ်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း အနည်းငယ်မျှသော အကျိုးတရားသည်လည်း မထင်ရှား၊ များစွာသော အကျိုးတရားသည်ကား အဘယ်မှာလျှင် ထင်ရှားနိုင်ပါအံ့နည်း။

ချစ်သား ရဟန်းတို့... အဘယ်သို့သော သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်ခဲ့ပြီးသော အနည်းငယ်မျှဖြစ်သော မကောင်းမှုအကုသိုလ်ကံသည် ထိုပြုလုပ်သူပုဂ္ဂိုလ်ကို ငရဲသို့ ရောက်အောင် ပို့ဆောင်သနည်း? ချစ်သား ရဟန်းတို့... ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် (ကာယာနုပဿနာသတိပဋ္ဌာန်ကို အရဟတ္တဖိုလ်ပေါက်အားထုတ်ခြင်း) ကာယဘာဝနာကိုလည်း မပွားများ၊ သီလကျင့်စဉ်ကိုလည်း မပွားများ၊ (ဥပစာရသမာဓိ အပ္ပနာစျာန်သမာဓိနှင့် ယှဉ်သော) သမထဘာဝနာစိတ်ကိုလည်း မပွားများ၊ ဝိပဿနာပညာကိုလည်း မပွားများ၊ (သီလ-သမာဓိ-ပညာဂုဏ်အားဖြင့်) ငယ်၏၊ (သီလ-သမာဓိ-ပညာဂုဏ် ငယ်သောအားဖြင့်) ခန္ဓာကိုယ် ငယ်၏၊ မကောင်းမှုအကုသိုလ် အနည်းငယ်ဖြင့် ပင်ပန်းဆင်းရဲစွာ နေထိုင်ရ၏၊ ချစ်သား ရဟန်းတို့... ဤသို့သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်ပြီးသော အနည်းငယ် မျှသော မကောင်းမှု အကုသိုလ်ကံသည် ထိုပြုလုပ်သူပုဂ္ဂိုလ်ကို ငရဲသို့ ရောက်အောင် ပို့ဆောင်၏၊

ချစ်သား ရဟန်းတို့... အဘယ်သို့သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်ပြီးသော ထိုသို့သဘောရှိသည်သာလျှင် ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း, လာမည့်အနာဂတ်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း အနည်းငယ် မျှသော အကျိုးတရားသည်လည်း မထင်ရှား၊ များစွာသော အကျိုးတရားသည်ကား အဘယ်မှာလျှင် ထင်ရှားနိုင်ပါအံ့နည်းဟူသည် အဘယ်နည်း? ချစ်သား ရဟန်းတို့...ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် (ကာယာနုပဿနာ သတိပဋ္ဌာန်ကို အရဟတ္တဖိုလ်ပေါက်အားထုတ်ခြင်း) ကာယဘာဝနာကိုလည်း ပွားများ၏၊ သီလကျင့်စဉ်ကိုလည်း ပွားများ၏၊ (ဥပစာရသမာဓိ အပ္ပနာစျာန်သမာဓိနှင့် ယှဉ်သော) သမထဘာဝနာစိတ်ကိုလည်း ပွားများ၏၊ ဝိပဿနာ ပညာကိုလည်း ပွားများ၏၊ (သီလ-သမာဓိ-ပညာဂုဏ်အားဖြင့်) မငယ်၊ (သီလ-သမာဓိ-ပညာဂုဏ် ကြီးမားသော အားဖြင့်) ခန္ဓာကိုယ်ကြီး၏၊ (နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ရာဂစသည်တို့ မရှိသဖြင့်) အတိုင်းအတာပမာဏ မရှိသော စိတ်ထားဖြင့် နေထိုင်ရ၏၊[၁၂၉၅] ချစ်သား ရဟန်းတို့... ဤသို့သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့သဘော ရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည် လည်းကောင်း, လာမည့်အနာဂတ်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည် လည်းကောင်း အနည်းငယ်မျှသော အကျိုးတရားသည်လည်း မထင်ရှား၊ များစွာသော အကျိုးတရားသည်ကား အဘယ်မှာလျှင် ထင်ရှားနိုင်ပါအံ့နည်း။[၁၂၉၆]

ချစ်သား ရဟန်းတို့... ယောကျ်ားတစ်ယောက်သည် ဆားခွက်ကို ရေနည်းပါးသော ခွက်ထဲ၌ ထည့်ငြားအံ့၊ ချစ်သား ရဟန်းတို့... ထိုအရာကို အဘယ်သို့ မှတ်ထင်ယူဆကြကုန်သနည်း၊ အနည်းငယ်သော ထိုရေသည် ဤမည်သော ဆားခွက်ဖြင့် မသောက်နိုင်သော ဆားငန်ရေ ဖြစ်ရာအံ့လောဟု မေးမြန်းတော်မူ၏၊ မသောက်နိုင်သော ဆားငန်ရေ ဖြစ်ပါသည် မြတ်စွာဘုရား၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ – မြတ်စွာဘုရား... ရေခွက်၌ ရေအနည်းငယ်သာ ရှိသောကြောင့် .. ထိုအနည်းငယ်သော ရေသည် ဤမည်သော ဆားခွက်ဖြင့် မသောက်နိုင်သော ဆားငန်ရေဖြစ်ရာပါ၏ဟု လျှောက်ထားကြကုန်၏၊

ချစ်သား ရဟန်းတို့...ယောကျ်ားတစ်ယောက်သည် ဆားခွက်ကို ဂင်္ဂါမြစ်ထဲ၌ ထည့်ငြားအံ့၊ ချစ်သား ရဟန်းတို့... ထိုအရာကို အဘယ်သို့ မှတ်ထင်ယူဆကြကုန်သနည်း၊ ထိုဂင်္ဂါမြစ်သည် ဤမည်သော ဆားခွက်ဖြင့် မသောက်နိုင်သော ဆားငန်ရေ ဖြစ်ရာအံ့လောဟု မေးမြန်းတော်မူ၏၊ မဖြစ်နိုင်ပါ မြတ်စွာဘုရား၊ ထိုသို့ မဖြစ်နိုင်ခြင်း သည် အဘယ်အကြောင်းကြောင့်နည်းဟူမူ – မြတ်စွာဘုရား...ဂင်္ဂါမြစ်၌ ရေထုများပြားသောကြောင့် ထိုများသော ရေထုသည် ဤမည်သော ဆားခွက်ဖြင့် မသောက်နိုင်သော ဆားငန်ရေ မဖြစ်နိုင်ပါဟု လျှောက်ထားကြကုန်၏၊

ချစ်သား ရဟန်းတို့...ဤဥပမာအတူသာလျှင် ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ပြုလုပ်အပ်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည် ထိုပြုလုပ်သူပုဂ္ဂိုလ်ကို ငရဲသို့ ရောက်အောင် ပို့ဆောင်၏၊ ချစ်သား ရဟန်းတို့...ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ပြုအပ်ပြီးသော ထိုသို့သဘောရှိသည်သာလျှင်ဖြစ်သော မျက်မှောက် ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း, လာမည့်အနာဂတ်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း အနည်းငယ်မျှသော အကျိုးတရား သည်လည်း မထင်ရှား၊ များစွာသော အကျိုးတရားသည်ကား အဘယ်မှာလျှင် ထင်ရှားနိုင်ပါအံ့နည်း။

ချစ်သား ရဟန်းတို့... အဘယ်သို့သော သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်ခဲ့ပြီးသော အနည်းငယ်မျှဖြစ်သော မကောင်းမှုအကုသိုလ်ကံသည် ထိုပြုလုပ်သူပုဂ္ဂိုလ်ကို ငရဲသို့ ရောက်အောင် ပို့ဆောင်သနည်း? ချစ်သား ရဟန်းတို့... ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် (ကာယာနုပဿနာသတိပဋ္ဌာန်ကို အရဟတ္တဖိုလ်ပေါက်အားထုတ်ခြင်း) ကာယဘာဝနာကိုလည်း မပွားများ၊ သီလကျင့်စဉ်ကိုလည်း မပွားများ၊ (ဥပစာရသမာဓိ အပ္ပနာစျာန်သမာဓိနှင့် ယှဉ်သော) သမထဘာဝနာစိတ်ကိုလည်း မပွားများ၊ ဝိပဿနာပညာကိုလည်း မပွားများ၊ (သီလ-သမာဓိ-ပညာဂုဏ်အားဖြင့်) ငယ်၏၊ (သီလ-သမာဓိ-ပညာဂုဏ် ငယ်သောအားဖြင့်) ခန္ဓာကိုယ် ငယ်၏၊ မကောင်းမှုအကုသိုလ် အနည်းငယ်ဖြင့် ပင်ပန်းဆင်းရဲစွာ နေထိုင်ရ၏၊ ချစ်သား ရဟန်းတို့... ဤသို့သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်ပြီးသော အနည်းငယ် မျှသော မကောင်းမှု အကုသိုလ်ကံသည် ထိုပြုလုပ်သူပုဂ္ဂိုလ်ကို ငရဲသို့ ရောက်အောင် ပို့ဆောင်၏၊

ချစ်သား ရဟန်းတို့... အဘယ်သို့သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်ပြီးသော ထိုသို့သဘောရှိသည်သာလျှင် ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း, လာမည့်အနာဂတ်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း အနည်းငယ် မျှသော အကျိုးတရားသည်လည်း မထင်ရှား၊ များစွာသော အကျိုးတရားသည်ကား အဘယ်မှာလျှင် ထင်ရှားနိုင်ပါအံ့နည်းဟူသည် အဘယ်နည်း? ချစ်သား ရဟန်းတို့...ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် (ကာယာနုပဿနာ သတိပဋ္ဌာန်ကို အရဟတ္တဖိုလ်ပေါက်အားထုတ်ခြင်း) ကာယဘာဝနာကိုလည်း ပွားများ၏၊ သီလကျင့်စဉ်ကိုလည်း ပွားများ၏၊ (ဥပစာရသမာဓိ အပ္ပနာစျာန်သမာဓိနှင့် ယှဉ်သော) သမထဘာဝနာစိတ်ကိုလည်း ပွားများ၏၊ ဝိပဿနာ ပညာကိုလည်း ပွားများ၏၊ (သီလ-သမာဓိ-ပညာဂုဏ်အားဖြင့်) မငယ်၊ (သီလ-သမာဓိ-ပညာဂုဏ် ကြီးမားသော အားဖြင့်) ခန္ဓာကိုယ်ကြီး၏၊ (နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ရာဂစသည်တို့ မရှိသဖြင့်) အတိုင်းအတာပမာဏ မရှိသော စိတ်ထားဖြင့် နေထိုင်ရ၏၊ ချစ်သား ရဟန်းတို့... ဤသို့သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့သဘော ရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည် လည်းကောင်း, လာမည့်အနာဂတ်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည် လည်းကောင်း အနည်းငယ်မျှသော အကျိုးတရားသည်လည်း မထင်ရှား၊ များစွာသော အကျိုးတရားသည်ကား အဘယ်မှာလျှင် ထင်ရှားနိုင်ပါအံ့နည်း။ (၁)

ချစ်သား ရဟန်းတို့... ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အသပြာဝက်ဖြင့်လည်း အချုပ်အနှောင်ခံရ၏၊ တစ်သပြာဖြင့်လည်း အချုပ်အနှောင်ခံရ၏၊ အသပြာတစ်ရာဖြင့်လည်း အချုပ်အနှောင်ခံရ၏၊ ချစ်သား ရဟန်းတို့... ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် အသပြာဝက်ဖြင့်လည်း အချုပ်အနှောင် မခံရ၊ တစ်သပြာဖြင့်လည်း အချုပ်အနှောင် မခံရ၊ အသပြာတစ်ရာဖြင့်လည်း အချုပ်အနှောင် မခံရ။

ချစ်သား ရဟန်းတို့...အဘယ်သို့သဘောရှိသောပုဂ္ဂိုလ်သည် အသပြာဝက်ဖြင့်လည်း အချုပ်အနှောင်ခံရသနည်း၊ တစ်သပြာဖြင့်လည်း အချုပ်အနှောင်ခံရသနည်း၊ အသပြာတစ်ရာဖြင့်လည်း အချုပ်အနှောင်ခံရသနည်း? ချစ်သား ရဟန်းတို့... ဤလောက၌ အချို့သောသူသည် ဆင်းရဲ၏၊ ကိုယ်ပိုင်ဥစ္စာ နည်းပါး၏၊ ကိုယ်ပိုင်အသုံးအဆောင် ပရိဘောဂ နည်းပါး၏၊ ချစ်သား ရဟန်းတို့...ဤသို့သဘောရှိသော သူဆင်းရဲသည် အသပြာဝက်ဖြင့်လည်း အချုပ်အနှောင်ခံရ၏၊ တစ်သပြာဖြင့်လည်း အချုပ်အနှောင်ခံရ၏၊ အသပြာတစ်ရာဖြင့်လည်း အချုပ်အနှောင်ခံရ၏၊

ချစ်သား ရဟန်းတို့...အဘယ်သို့သဘောရှိသောပုဂ္ဂိုလ်သည် အသပြာဝက်ဖြင့်လည်း အချုပ်အနှောင် မခံရသနည်း၊ တစ်သပြာဖြင့်လည်း အချုပ်အနှောင် မခံရသနည်း၊ အသပြာတစ်ရာဖြင့်လည်း အချုပ်အနှောင် မခံရသနည်း? ချစ်သား ရဟန်းတို့...ဤလောက၌ အချို့သောသူသည် ကြွယ်ဝချမ်းသာ၏၊ များပြားသော စည်းစိမ်ဥစ္စာရှိ၏၊ များပြားသော အသုံးအဆောင် ပရိဘောဂရှိ၏၊ ချစ်သား ရဟန်းတို့... ဤသို့သဘောရှိသော ကြွယ်ဝချမ်းသာသူသည် အသပြာဝက်ဖြင့်လည်း အချုပ်အနှောင် မခံရ၊ တစ်သပြာဖြင့်လည်း အချုပ်အနှောင် မခံရ၊ အသပြာတစ်ရာဖြင့်လည်း အချုပ်အနှောင် မခံရ။

ချစ်သား ရဟန်းတို့...ဤဥပမာအတူသာလျှင် ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ပြုလုပ်အပ်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည် ထိုပြုလုပ်သူပုဂ္ဂိုလ်ကို ငရဲသို့ ရောက်အောင် ပို့ဆောင်၏၊ ချစ်သား ရဟန်းတို့...ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ပြုအပ်ပြီးသော ထိုသို့သဘောရှိသည်သာလျှင်ဖြစ်သော မျက်မှောက် ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း, လာမည့်အနာဂတ်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း အနည်းငယ်မျှသော အကျိုးတရား သည်လည်း မထင်ရှား၊ များစွာသော အကျိုးတရားသည်ကား အဘယ်မှာလျှင် ထင်ရှားနိုင်ပါအံ့နည်း။

ချစ်သား ရဟန်းတို့... အဘယ်သို့သော သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်ခဲ့ပြီးသော အနည်းငယ်မျှဖြစ်သော မကောင်းမှုအကုသိုလ်ကံသည် ထိုပြုလုပ်သူပုဂ္ဂိုလ်ကို ငရဲသို့ ရောက်အောင် ပို့ဆောင်သနည်း? ချစ်သား ရဟန်းတို့... ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် (ကာယာနုပဿနာသတိပဋ္ဌာန်ကို အရဟတ္တဖိုလ်ပေါက်အားထုတ်ခြင်း) ကာယဘာဝနာကိုလည်း မပွားများ၊ သီလကျင့်စဉ်ကိုလည်း မပွားများ၊ (ဥပစာရသမာဓိ အပ္ပနာစျာန်သမာဓိနှင့် ယှဉ်သော) သမထဘာဝနာစိတ်ကိုလည်း မပွားများ၊ ဝိပဿနာပညာကိုလည်း မပွားများ၊ (သီလ-သမာဓိ-ပညာဂုဏ်အားဖြင့်) ငယ်၏၊ (သီလ-သမာဓိ-ပညာဂုဏ် ငယ်သောအားဖြင့်) ခန္ဓာကိုယ် ငယ်၏၊ မကောင်းမှုအကုသိုလ် အနည်းငယ်ဖြင့် ပင်ပန်းဆင်းရဲစွာ နေထိုင်ရ၏၊ ချစ်သား ရဟန်းတို့... ဤသို့သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်ပြီးသော အနည်းငယ် မျှသော မကောင်းမှု အကုသိုလ်ကံသည် ထိုပြုလုပ်သူပုဂ္ဂိုလ်ကို ငရဲသို့ ရောက်အောင် ပို့ဆောင်၏၊

ချစ်သား ရဟန်းတို့... အဘယ်သို့သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်ပြီးသော ထိုသို့သဘောရှိသည်သာလျှင် ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း, လာမည့်အနာဂတ်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း အနည်းငယ် မျှသော အကျိုးတရားသည်လည်း မထင်ရှား၊ များစွာသော အကျိုးတရားသည်ကား အဘယ်မှာလျှင် ထင်ရှားနိုင်ပါအံ့နည်းဟူသည် အဘယ်နည်း? ချစ်သား ရဟန်းတို့...ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် (ကာယာနုပဿနာ သတိပဋ္ဌာန်ကို အရဟတ္တဖိုလ်ပေါက်အားထုတ်ခြင်း) ကာယဘာဝနာကိုလည်း ပွားများ၏၊ သီလကျင့်စဉ်ကိုလည်း ပွားများ၏၊ (ဥပစာရသမာဓိ အပ္ပနာစျာန်သမာဓိနှင့် ယှဉ်သော) သမထဘာဝနာစိတ်ကိုလည်း ပွားများ၏၊ ဝိပဿနာ ပညာကိုလည်း ပွားများ၏၊ (သီလ-သမာဓိ-ပညာဂုဏ်အားဖြင့်) မငယ်၊ (သီလ-သမာဓိ-ပညာဂုဏ် ကြီးမားသော အားဖြင့်) ခန္ဓာကိုယ်ကြီး၏၊ (နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ရာဂစသည်တို့ မရှိသဖြင့်) အတိုင်းအတာပမာဏ မရှိသော စိတ်ထားဖြင့် နေထိုင်ရ၏၊ ချစ်သား ရဟန်းတို့... ဤသို့သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့သဘော ရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည် လည်းကောင်း, လာမည့်အနာဂတ်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည် လည်းကောင်း အနည်းငယ်မျှသော အကျိုးတရားသည်လည်း မထင်ရှား၊ များစွာသော အကျိုးတရားသည်ကား အဘယ်မှာလျှင် ထင်ရှားနိုင်ပါအံ့နည်း။ (၂)

ချစ်သား ရဟန်းတို့... ဤလောက၌ အချို့သော ဆိတ်ပိုင်ရှင်သည်လည်းကောင်း, ဆိတ်သတ်သမားသည် လည်းကောင်း ဆိတ်ကို ခိုးယူသူအချို့ကို သတ်ရန်သော်လည်းကောင်း, ချုပ်နှောင်ရန်သော်လည်းကောင်း, ဥစ္စာကို ဆုံးရှုံးစေရန်သော်လည်းကောင်း, အကြောင်းအားလျော်စွာ ပြုရန်သော်လည်းကောင်း တတ်စွမ်းနိုင်၏၊ အရှင်မပေးဘဲ ဆိတ်ကို ခိုးယူသော အချို့သူကို သတ်ရန်သော်လည်းကောင်း, ချုပ်နှောင်ရန်သော်လည်းကောင်း, ဥစ္စာကို ဆုံးရှုံးစေရန် သော်လည်းကောင်း, အကြောင်းအားလျော်စွာ ပြုရန်သော်လည်းကောင်း မတတ်စွမ်းနိုင်။

ချစ်သား ရဟန်းတို့... ဆိတ်ပိုင်ရှင်သည်လည်းကောင်း, ဆိတ်သတ်သမားသည်လည်းကောင်း အရှင်မပေးဘဲ ဆိတ်ကို ခိုးယူသော အဘယ်သို့သဘောရှိသောသူကို သတ်ရန်သော်လည်းကောင်း, ချုပ်နှောင်ရန်သော်လည်းကောင်း, ဥစ္စာကို ဆုံးရှုံးစေရန်သော်လည်းကောင်း, အကြောင်းအားလျော်စွာ ပြုရန်သော်လည်းကောင်း တတ်စွမ်းနိုင်သနည်း?

ချစ်သား ရဟန်းတို့... ဤလောက၌ အချို့သောသူသည် ဆင်းရဲ၏၊ ကိုယ်ပိုင်ဥစ္စာ နည်းပါး၏၊ ကိုယ်ပိုင် အသုံးအဆောင် ပရိဘောဂ နည်းပါး၏၊ ချစ်သား ရဟန်းတို့... ဆိတ်ပိုင်ရှင်သည်လည်းကောင်း, ဆိတ်သတ်သမား သည်လည်းကောင်း အရှင်မပေးဘဲ ဆိတ်ကို ခိုးယူသော ဤသို့သဘောရှိသောသူကို သတ်ရန်သော်လည်းကောင်း, ချုပ်နှောင်ရန်သော်လည်းကောင်း, ဥစ္စာကို ဆုံးရှုံးစေရန်သော်လည်းကောင်း, အကြောင်းအားလျော်စွာ ပြုရန်သော် လည်းကောင်း တတ်စွမ်းနိုင်၏၊

ချစ်သား ရဟန်းတို့... ဆိတ်ပိုင်ရှင်သည်လည်းကောင်း, ဆိတ်သတ်သမားသည်လည်းကောင်း အရှင်မပေးဘဲ ဆိတ်ကို ခိုးယူသော အဘယ်သို့သဘောရှိသောသူကို သတ်ရန်သော်လည်းကောင်း, ချုပ်နှောင်ရန်သော်လည်းကောင်း, ဥစ္စာကို ဆုံးရှုံးစေရန်သော်လည်းကောင်း, အကြောင်းအားလျော်စွာ ပြုရန်သော်လည်းကောင်း မတတ်စွမ်းနိုင်သနည်း?

ချစ်သား ရဟန်းတို့... ဤလောက၌ အချို့သောသူသည် ကြွယ်ဝချမ်းသာ၏၊ များပြားသော စည်းစိမ်ဥစ္စာရှိ၏၊ များပြားသော အသုံးအဆောင် ပရိဘောဂရှိ၏၊ မင်းသော်လည်း ဖြစ်၏၊ အမတ်ကြီးသော်လည်း ဖြစ်၏၊ ချစ်သား ရဟန်းတို့... ဆိတ်ပိုင်ရှင်သည်လည်းကောင်း, ဆိတ်သတ်သမားသည်လည်းကောင်း အရှင်မပေးဘဲ ဆိတ်ကို ခိုးယူသော ဤသို့သဘောရှိသောသူကို သတ်ရန်သော်လည်းကောင်း, ချုပ်နှောင်ရန်သော်လည်းကောင်း, ဥစ္စာကို ဆုံးရှုံးစေရန်သော် လည်းကောင်း, အကြောင်းအားလျော်စွာ ပြုရန်သော်လည်းကောင်း မတတ်စွမ်းနိုင်။ စင်စစ်သော်ကား လက်အုပ်ချီလျက် 'အရှင်... ဆိတ်ကို ဖြစ်စေ၊ ဆိတ်၏ တန်ဖိုးကို ဖြစ်စေ အကျွန်ုပ်အား ပေးသနားပါ'ဟု ထိုသူကို တောင်းပန်ရ၏၊

ချစ်သား ရဟန်းတို့...ဤဥပမာအတူသာလျှင် ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ပြုလုပ်အပ်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည် ထိုပြုလုပ်သူပုဂ္ဂိုလ်ကို ငရဲသို့ ရောက်အောင် ပို့ဆောင်၏၊ ချစ်သား ရဟန်းတို့...ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ပြုအပ်ပြီးသော ထိုသို့သဘောရှိသည်သာလျှင်ဖြစ်သော မျက်မှောက် ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း, လာမည့်အနာဂတ်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း အနည်းငယ်မျှသော အကျိုးတရား သည်လည်း မထင်ရှား၊ များစွာသော အကျိုးတရားသည်ကား အဘယ်မှာလျှင် ထင်ရှားနိုင်ပါအံ့နည်း။

ချစ်သား ရဟန်းတို့... အဘယ်သို့သော သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်ခဲ့ပြီးသော အနည်းငယ်မျှဖြစ်သော မကောင်းမှုအကုသိုလ်ကံသည် ထိုပြုလုပ်သူပုဂ္ဂိုလ်ကို ငရဲသို့ ရောက်အောင် ပို့ဆောင်သနည်း? ချစ်သား ရဟန်းတို့... ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် (ကာယာနုပဿနာသတိပဋ္ဌာန်ကို အရဟတ္တဖိုလ်ပေါက်အားထုတ်ခြင်း) ကာယဘာဝနာကိုလည်း မပွားများ၊ သီလကျင့်စဉ်ကိုလည်း မပွားများ၊ (ဥပစာရသမာဓိ အပ္ပနာစျာန်သမာဓိနှင့် ယှဉ်သော) သမထဘာဝနာစိတ်ကိုလည်း မပွားများ၊ ဝိပဿနာပညာကိုလည်း မပွားများ၊ (သီလ-သမာဓိ-ပညာဂုဏ်အားဖြင့်) ငယ်၏၊ (သီလ-သမာဓိ-ပညာဂုဏ် ငယ်သောအားဖြင့်) ခန္ဓာကိုယ် ငယ်၏၊ မကောင်းမှုအကုသိုလ် အနည်းငယ်ဖြင့် ပင်ပန်းဆင်းရဲစွာ နေထိုင်ရ၏၊ ချစ်သား ရဟန်းတို့... ဤသို့သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်ပြီးသော အနည်းငယ် မျှသော မကောင်းမှု အကုသိုလ်ကံသည် ထိုပြုလုပ်သူပုဂ္ဂိုလ်ကို ငရဲသို့ ရောက်အောင် ပို့ဆောင်၏၊

ချစ်သား ရဟန်းတို့... အဘယ်သို့သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်ပြီးသော ထိုသို့သဘောရှိသည်သာလျှင် ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း, လာမည့်အနာဂတ်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည်လည်းကောင်း အနည်းငယ် မျှသော အကျိုးတရားသည်လည်း မထင်ရှား၊ များစွာသော အကျိုးတရားသည်ကား အဘယ်မှာလျှင် ထင်ရှားနိုင်ပါအံ့နည်းဟူသည် အဘယ်နည်း? ချစ်သား ရဟန်းတို့...ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် (ကာယာနုပဿနာ သတိပဋ္ဌာန်ကို အရဟတ္တဖိုလ်ပေါက်အားထုတ်ခြင်း) ကာယဘာဝနာကိုလည်း ပွားများ၏၊ သီလကျင့်စဉ်ကိုလည်း ပွားများ၏၊ (ဥပစာရသမာဓိ အပ္ပနာစျာန်သမာဓိနှင့် ယှဉ်သော) သမထဘာဝနာစိတ်ကိုလည်း ပွားများ၏၊ ဝိပဿနာ ပညာကိုလည်း ပွားများ၏၊ (သီလ-သမာဓိ-ပညာဂုဏ်အားဖြင့်) မငယ်၊ (သီလ-သမာဓိ-ပညာဂုဏ် ကြီးမားသော အားဖြင့်) ခန္ဓာကိုယ်ကြီး၏၊ (နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ရာဂစသည်တို့ မရှိသဖြင့်) အတိုင်းအတာပမာဏ မရှိသော စိတ်ထားဖြင့် နေထိုင်ရ၏၊ ချစ်သား ရဟန်းတို့... ဤသို့သဘောရှိသောပုဂ္ဂိုလ်သည် ပြုအပ်သော ထိုသို့သဘော ရှိသည်သာလျှင်ဖြစ်သော မျက်မှောက်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည် လည်းကောင်း, လာမည့်အနာဂတ်ဘဝ၌ ခံစားထိုက်သော အနည်းငယ်မျှသော မကောင်းမှုအကုသိုလ်ကံသည် လည်းကောင်း အနည်းငယ်မျှသော အကျိုးတရားသည်လည်း မထင်ရှား၊ များစွာသော အကျိုးတရားသည်ကား အဘယ်မှာလျှင် ထင်ရှားနိုင်ပါအံ့နည်း။ (၃)

ချစ်သား ရဟန်းတို့...'ဤသတ္တဝါသည် ကံကို ပြုစုပျိုးထောင်ခဲ့သော အခြင်းအရာအားဖြင့် ထိုကံ၏ အကျိုး တရားကို ခံစားရ၏'ဟု တစ်စုံတစ်ယောက်သောသူက ပြောဆိုလာငြားအံ့၊ ချစ်သား ရဟန်းတို့... ဤသို့ ပြောဆိုသည့် အတိုင်း ဖြစ်လတ်သော် မြတ်သော အကျင့်ကို ကျင့်သုံးမှုသည် မဖြစ်နိုင်တော့ချေ၊ ကောင်းမွန်စွာ သံသရာဝဋ်ဆင်းရဲ ဒုက္ခ၏ အဆုံးအပိုင်းအခြားကို ပြုလုပ်ရန် အခွင့်အလမ်း မရှိတော့ချေ။

ချစ်သား ရဟန်းတို့...'ဤသတ္တဝါသည် ခံစားအပ် ခံစားထိုက်သော ကံကို ပြုစုပျိုးထောင်ခဲ့သော အခြင်းအရာ အားဖြင့် ထိုကံ၏ အကျိုးတရားကို ခံစားရ၏'ဟု တစ်စုံတစ်ယောက်က ပြောဆိုလာငြားအံ့၊ ချစ်သား ရဟန်းတို့... ဤသို့ ပြောဆိုသည့်အတိုင်း ဖြစ်လတ်သော် မြတ်သောအကျင့်ကို ကျင့်သုံးမှုသည် ဖြစ်နိုင်၏၊ ကောင်းမွန်စွာ သံသရာ ဝဋ်ဆင်းရဲဒုက္ခ၏ အဆုံးအပိုင်းအခြားကို ပြုလုပ်ရန် အခွင့်အလမ်း ရှိနိုင်၏''ဟု မိန့်ကြားတော်မူ၏၊

အရိယသစ္စာလေးပါး သိမြင်ရေး အရေးကြီးပုံ

တစ်ဖန် ဘုရားရှင်သည် ကာယဘာဝနာကို မပွားများခြင်း, သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တို့ကို မကျင့်ခြင်းကြောင့် အနည်းငယ်မျှသော အကုသိုလ်ကံတစ်ခုခုက အပါယ်သို့ ပစ်ချလိုက်သည့်အခါ ငရဲဒုက္ခတွင်သာမက တိရ စ္ဆာန်ဘဝ၌ ခံစားခဲ့ရသည့် ခံစားရတော့မည့် ဆင်းရဲဒုက္ခအဝဝတို့ကို ညွှန်ပြတော်မူလျက် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ထိုးထွင်းသိမြင်ရေးအတွက် ကာယဘာဝနာကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရန်၊ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တို့ကို အောင်အောင်မြင်မြင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရန် သတ္တိသတ သုတ္တန်[၁၂၉၇]တွင် ဤသို့ တိုက်တွန်းထားတော်မူခဲ့၏ ..။

''ချစ်သား ရဟန်းတို့... ဥပမာသော်ကား ယောက်ျားတစ်ယောက်သည် အသက် အနှစ်တစ်ရာ ရှိ၏၊ အနှစ်တစ်ရာ အသက်ရှည်၏၊ ထိုသူ့ကို 'အမောင်ယောက်ျား...လာလော့၊ နံနက်အခါ၌ သင့်ကို လှံချက်တစ်ရာဖြင့် ညှဉ်းပန်းကုန်လတ္တံ့၊ မွန်းတည့်အခါ၌ လှံချက်တစ်ရာဖြင့် ညှဉ်းပန်းကုန်လတ္တံ့၊ ညနေချမ်းအခါ၌ လှံချက်တစ်ရာဖြင့် ညှဉ်းပန်းကုန်လတ္တံ့၊ အမောင်ယောက်ျား...နေ့တိုင်းနေ့တိုင်း လှံချက် သုံးရာသုံးရာတို့ဖြင့် ညှဉ်းပန်းခံရသော သင်သည် အသက် အနှစ်တစ်ရာရှိသည် ဖြစ်၍, အနှစ်တစ်ရာ အသက်ရှည်သည် ဖြစ်၍, အနှစ်တစ်ရာ ကုန်လွန်သောအခါ ထိုးထွင်းမသိရသေးသော အရိယာတို့၏ အမှန်တရား အရိယသစ္စာလေးပါးတို့ကို ထိုးထွင်းသိရလိမ့်မည်'ဟု ဤသို့ ပြောဆိုလာငြားအံ့။

ချစ်သား ရဟန်းတို့...မိမိ၏ အကျိုးစီးပွားကို လိုလားတောင့်တလျက်ရှိသော အမျိုးကောင်းသားသည် အညှဉ်းပန်းခံရန် ကပ်ရောက်ထိုက်၏၊ ထိုသို့ ကပ်ရောက်ထိုက်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ချစ်သား ရဟန်းတို့... ဤသံသရာ၏ အစကို မသိနိုင်ရကား လှံအထိုးခံရသည့်ဘဝ, သန်လျက်ဖြင့် အဖြတ်ခံရသည့်ဘဝ, မြားအပစ်ခံရသည့်ဘဝ, ပုဆိန်အပေါက်ခံရသည့်ဘဝတို့၏ ရှေးအစွန်းသံသရာသည် မထင်ရှားနိုင်သောကြောင့်တည်း။

ချစ်သား ရဟန်းတို့...ဤကဲ့သို့ လှံအထိုးခံရ၍ သန်လျက်ဖြင့် အဖြတ်ခံရ၍ မြားအပစ်ခံရ၍ ပုဆိန်အပေါက် ခံရ၍ သစ္စာလေးပါးကို သိမြင်ခဲ့မူ အရိယသစ္စာလေးပါးသိမြင်မှုကို ဆင်းရဲခြင်း နှလုံးမသာယာခြင်းနှင့် တကွ ဖြစ်၏ဟူ၍ ငါဘုရား ဟောကြားတော်မမူပါ၊ ချစ်သား ရဟန်းတို့... စင်စစ်သော်ကား အရိယသစ္စာလေးပါးသိမှုကို ချမ်းသာခြင်း ဝမ်းမြောက်ခြင်းနှင့် တကွသာ ဖြစ်၏ဟု ငါဘုရား ဟောကြားတော်မူပါ၏၊ အဘယ်လေးပါးတို့နည်းဟူမူကား –

ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'။ပ။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တို့တည်း။

ချစ်သား ရဟန်းတို့... ထို့ကြောင့် ဤသာသနာတော်၌ .. ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရားတည်း'ဟု သိအောင် ကြိုးစားအားထုတ်ကြပါ။ပ။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တည်းဟု သိအောင် ကြိုးစား အားထုတ်ကြပါ''ဟု မိန့်ကြားတော်မူ၏၊

အပါယ်မှ လွတ်မြောက်ရန် ခက်ခဲပုံ

အကယ်၍ အရိယသစ္စာလေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ရေးအတွက် မကျင့်နိုင်သဖြင့် မကောင်းမှု အကုသိုလ်ကံတစ်ခုခုက အပါယ်သို့ ပစ်ချလိုက်သောအခါ အပါယ် သံသရာမှ တစ်ဖန်ပြန်လည်ကာ ကျွတ်လွတ်ထွက်မြောက်ဖို့ရန် ခက်ခဲပုံကိုလည်း ''လိပ်ကာဏ်း ထမ်းပိုး'' ဥပမာဖြင့် ပဌမဆိဂ္ဂဠယုဂသုတ္တန်[၁၂၉၈]တွင် ဘုရားရှင်က ဤသို့ ဆိုဆုံးမထားတော်မူခဲ့၏ ..။

''ချစ်သား ရဟန်းတို့... ဥပမာသော်ကား ယောကျ်ားတစ်ယောက်သည် မဟာသမုဒ္ဒရာ၌ အပေါက်တစ်ခုသာ ရှိသော ထမ်းပိုးတစ်ခုကို ပစ်ချထားလေရာ၏၊ ထိုသမုဒ္ဒရာ၌လည်း လိပ်ကာဏ်းတစ်ကောင်သည် ရှိလေရာ၏၊

ထိုလိပ်ကာဏ်းသည် အနှစ်တစ်ရာ အနှစ်တစ်ရာ ကုန်လွန်သောအခါ၌ တစ်ကြိမ် တစ်ကြိမ်သာလျှင် ရေမျက်နှာပြင် ထက်သို့ ပေါ်တက်လာလေရာ၏၊ ချစ်သား ရဟန်းတို့...ထိုအရာကို အဘယ်သို့ မှတ်ထင်ယူဆကြကုန်သနည်း၊ စင်စစ်အားဖြင့် အနှစ်တစ်ရာ အနှစ်တစ်ရာ ကုန်လွန်သောအခါ၌ တစ်ကြိမ်တစ်ကြိမ်သာလျှင် ရေမျက်နှာပြင်ထက်သို့ ပေါ်တက်လာသော လိပ်ကာဏ်းသည် ဤအပေါက်တစ်ခုသာရှိသော ထမ်းပိုး၌ လိပ်၏လည်ပင်းသည် စွပ်မိနိုင်ရာ သလောဟု မေးမြန်းတော်မူ၏၊

မြတ်စွာဘုရား...ရှည်ကြာသောကာလ ကုန်လွန်သည်ရှိသော် တစ်ခါတစ်ရံ စွပ်မိနိုင်ကောင်းတန်ရာပါ၏ဟု ပြန်လည်လျှောက်ထားကြကုန်၏၊

ချစ်သား ရဟန်းတို့...အနှစ်တစ်ရာ အနှစ်တစ်ရာ ကုန်လွန်သောအခါ တစ်ကြိမ်တစ်ကြိမ်သာလျှင် ရေမျက်နှာ ပြင်ထက်သို့ ပေါ်တက်လာသော ထိုလိပ်ကာဏ်းသည် ဤအပေါက်တစ်ခုသာရှိသော ထမ်းပိုး၌ လည်ပင်းစွပ်မိနိုင်ခြင်းက ပို၍ မြန်ရာသေး၏၊ တစ်ကြိမ်မျှ (အပါယ်သို့) ပျက်စီးကျရောက်သွားသော လူမိုက်သည် လူအဖြစ်ကို တစ်ဖန် ပြန်လည်ရရှိရန် မလွယ်ကူတော့ချေဟု ငါဘုရား ဟောကြားတော်မူပါ၏၊

ထိုကဲ့သို့ဖြစ်ရခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ချစ်သား ရဟန်းတို့...ဤအပါယ်ဘုံ၌ တရားနှင့်အညီ ကျင့်ခြင်း, မျှမျှတတ ကျင့်ခြင်း, ကုသိုလ်ကောင်းမှုကို ပြုခြင်းသည် မရှိနိုင်၊ အချင်းချင်းသတ်စားခြင်း အားနည်းသူကို အားကြီးသူက သတ်စားခြင်းသည်သာ ထင်ရှားဖြစ်နေ၏၊ ထိုကဲ့သို့ဖြစ်ရခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ချစ်သား ရဟန်းတို့... အရိယာတို့၏ အမှန်တရား အရိယသစ္စာလေးပါးတို့ကို မသိမမြင်ခြင်းကြောင့်တည်း။ အဘယ်လေးပါးတို့နည်းဟူမူကား –

ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'။ပ။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တို့တည်း။

ချစ်သား ရဟန်းတို့... ထို့ကြောင့် ဤသာသနာတော်၌ .. ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရားတည်း'ဟု သိအောင် ကြိုးစားအားထုတ်ကြပါ။ပ။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တည်းဟု သိအောင် ကြိုးစား အားထုတ်ကြပါ''ဟု မိန့်ကြားတော်မူ၏၊

အရိယသစ္စာလေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် မသိမမြင်သေးသူတို့အဖို့ အပါယ်သို့ ရောက်ရှိ ဖို့ရန် အခွင့်အလမ်းကား ပွင့်လန်းဝေဆာလျက်ပင် ရှိနေပေ၏၊ သံသရာတစ်လျှောက် ဆည်းပူးစုဆောင်းခဲ့သော အကုသိုလ်ကံအမျိုးမျိုးတို့ကလည်း ရင့်ကျက်သည့်အချိန်ကာလသို့ ရောက်ရှိလာသောအခါ အကျိုးပေးရတော့မည့် အခွင့်အလမ်းကို အမြဲတမ်း စောင့်မျှော်လျက် ရှိနေကြ၏၊ အကယ်၍ ယင်းအကုသိုလ်ကံတစ်ခုခုက အကျိုးပေးခွင့်သာ၍ ငရဲသို့ ကျရောက်ခဲ့လျှင် ကြွင်းကျန်နေသေးသည့် အကျိုးမပေးရသေးသော အကုသိုလ်ကံတို့က အကျိုးပေးဖို့ရန် အခွင့်အလမ်း သာလာကြသဖြင့် တစ်ခုပြီးတစ်ခု ဆင့်ကာဆင့်ကာ အကျိုးပေးနေတတ်ကြပြန်၏၊ ကံအရှိန်အဝါ အားပျော့လာသောအခါ ငရဲမှ လွတ်မြောက်လာပြန်လျှင်လည်း ပြိတ္တာဘဝက ဆီးကြိုလျက် ရှိနေပြန်၏၊ တစ်ဖန် ပြိတ္တာဘဝက လွတ်မြောက်လာပြန်လျှင်လည်း တိရ စ္ဆာန်ဘဝက ဆီးကြိုလျက် ရှိနေပြန်၏၊ တိရ စ္ဆာန်ဘဝဟူသည် ဤဆိဂ္ဂဠယုဂသုတ္တန်တွင် ဘုရားရှင် ဟောကြားထားတော်မူသည့်အတိုင်း အားရှိသူက အားနွဲ့သူကို သတ်ဖြတ်ကာ စားသောက်နေသည့် နိုင်ရာစားလောကတစ်ခု ဖြစ်၏၊ ယင်းမကောင်းမှုအကုသိုလ်ဒုစရိုက်တို့ကြောင့် သေသည်၏ အခြားမဲ့၌ ငရဲသို့ တစ်ဖန် ပြန်လည်ရောက်ရှိနိုင်ပြန်၏၊ ဤနည်းအားဖြင့် ငရဲမှ ပြိတ္တာ၊ ပြိတ္တာမှ တိရ စ္ဆာန်၊ တိရ စ္ဆာန်မှ ငရဲ – ဤသို့ စသည်ဖြင့် အဆက်မပြတ် လည်ပတ်နေရကား အပါယ်သို့ တစ်ကြိမ်တစ်ခါ ရောက်ရှိသွားပါက အပါယ်မှ လွတ်မြောက်ဖို့ရန် ခဲယဉ်းသည့်အကြောင်းကို ဘုရားရှင်က ''လိပ်ကာဏ်း ထမ်းပိုး'' ဥပမာဖြင့် ဟောကြားထားတော် မူခြင်း ဖြစ်ပေသည်။

လားရာဂတိ မသေချာသည့် သံသရာခရီးသည်

အရိယသစ္စာလေးရပ် တရားမြတ်တို့ကို သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ် အစရှိသည့် အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်ဟူသည့် သမ္မာဒိဋ္ဌိ ဉာဏ်ပညာတို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ပြီးသူတို့အဖို့ အနာဂတ် သံသရာခရီးသည်ကား ကောင်းရာသုဂတိဟူသည့် သို့မဟုတ် နိဗ္ဗာန်သို့ ဝင်စံရခြင်းဟူသည့် ကျိန်းသေမြဲသော လားရာဂတိ ရှိနေပေ၏၊ သို့သော် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာတို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ကြသေးသည့် ပုထုဇန်ငမိုက်သားတို့အဖို့ကား အနာဂတ်သံသရာခရီး၏ မြဲသော လားရာဂတိ မရှိသေးသည်ကို အောက်ပါ ဒဏ္ဍသုတ္တန်[၁၂၉၉]တွင် ဘုရားရှင်က ဟောကြားထားတော်မူခဲ့၏၊ ကျိန်းသေမြဲသော လားရာ ဂတိရှိသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရေးအတွက် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာတို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရန်ကိုလည်း ဆက်လက်ကာ တိုက်တွန်းထားတော်မူခဲ့ပေသည်။

''ချစ်သား ရဟန်းတို့... ဥပမာသော်ကား ကောင်းကင်ထက်သို့ ပစ်လွှင့်သော တုတ်ချောင်းတစ်ခုသည် တစ်ခါ တစ်ရံလည်း အရင်းဖြင့် မြေပေါ်သို့ ပြန်ကျ၍ တစ်ခါတစ်ရံလည်း အဖျားဖြင့် မြေပေါ်သို့ ပြန်ကျသကဲ့သို့ ချစ်သား ရဟန်းတို့... ဤဥပမာအတူပင် (အရိယသစ္စာလေးပါးတို့ကို မသိမမြင်မှု, ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ စသည်ဖြင့် အသိမှားမှု) အဝိဇ္ဇာဖြင့် ပိတ်ဆို့ခံကြရကုန်သည်ဖြစ်၍, တွယ်တာမှု တဏှာဖြင့် အချည်နှောင် ခံကြရကုန်သည် ဖြစ်၍ (ဤဘဝမှ ထိုဘဝ, ထိုဘဝမှ ဤဘဝသို့ တပြောင်းပြန်ပြန်) ကျင်လည်ကျက်စား ပြေးသွားကြရ ကုန်သော သတ္တဝါတို့သည် တစ်ခါတစ်ရံလည်း ဤလောကမှ တမလွန်လောကသို့ သွားရကုန်၏၊ တစ်ခါတစ်ရံလည်း တမလွန်လောကမှ ဤလောကသို့ လာရကုန်၏၊ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ချစ်သား ရဟန်းတို့... အရိယာတို့၏ အမှန်တရား အရိယသစ္စာလေးပါးတို့ကို မသိမမြင်ကြခြင်းကြောင့်တည်း။ အဘယ်လေးပါး တို့နည်းဟူမူကား –

ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'။ ပ။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တို့တည်း။

ချစ်သား ရဟန်းတို့... ထို့ကြောင့် ဤသာသနာတော်၌ .. ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရားတည်း'ဟု သိအောင် ကြိုးစားအားထုတ်ကြပါ။ပ။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တည်းဟု သိအောင် ကြိုးစား အားထုတ်ကြပါ''ဟု မိန့်ကြားတော်မူ၏၊

ဦးထိပ်ထက်၌ မီးစွဲလောင်ခံနေရသူပမာ

ထိုကဲ့သို့ အရိယသစ္စာလေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ရေးအတွက် ဦးထိပ်ထက်၌ မီးစွဲလောင်ခံနေရသူကို ပမာထားကာ အပြင်းအထန် ကြိုးစားအားထုတ်ရန်ကိုလည်း ဘုရားရှင်က စေလသုတ္တန်[၁၃၀၀]တွင် ဤသို့ တိုက်တွန်းထားတော်မူခဲ့၏ ..။

''ချစ်သား ရဟန်းတို့...အဝတ်ပုဆိုး၌သော်လည်းကောင်း, ဦးခေါင်းထက်၌သော်လည်းကောင်း မီးစွဲလောင်နေ သည်ရှိသော် အဘယ်သို့ ပြုလုပ်ရာသနည်းဟု ဘုရားရှင်က မေးမြန်းတော်မူ၏၊ မြတ်စွာဘုရား...အဝတ်ပုဆိုး၌သော် လည်းကောင်း, ဦးခေါင်းထက်၌သော်လည်းကောင်း မီးစွဲလောင်နေသည်ရှိသော် ထိုအဝတ်ပုဆိုးကိုသော်လည်းကောင်း, ဦးခေါင်းကိုသော်လည်းကောင်း စွဲလောင်နေသည့် မီးကို ငြိမ်းအေးစေခြင်းငှာ လွန်ကဲသော အလို 'ဆန္ဒ', လုံ့လ ကြိုးကုတ်အားထုတ်မှု, အပြင်းအထန် ကြိုးစားအားထုတ်မှု, မဆုတ်မနစ်ကြိုးစားအားထုတ်မှု, အောက်မေ့မှု, ဆင်ခြင်ဉာဏ်ကို ပြုလုပ်ရပါ၏ မြတ်စွာဘုရား ..ဟု လျှောက်ထားကြကုန်၏၊

ချစ်သား ရဟန်းတို့... မီးစွဲလောင်နေသော အဝတ်ပုဆိုးကိုသော်လည်းကောင်း, ဦးခေါင်းကိုသော်လည်းကောင်း လျစ်လျူရှု၍ နှလုံးမသွင်းမူ၍ ထိုးထွင်းမသိရသေးသော အရိယာတို့၏ အမှန်တရား အရိယသစ္စာလေးပါးတို့ကို ဟုတ်တိုင်းမှန်စွာ ထိုးထွင်းသိခြင်း အကျိုးငှာ လွန်ကဲသော အလို 'ဆန္ဒ', လုံ့လကြိုးကုတ်အားထုတ်မှု, အပြင်းအထန် ကြိုးစားအားထုတ်မှု, မဆုတ်မနစ်ကြိုးစားအားထုတ်မှု, အောက်မေ့မှု, ဆင်ခြင်ဉာဏ်ကို ပြုလုပ်ရမည်။ အဘယ်လေးပါး တို့နည်းဟူမူကား –

၁။ ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'၊
၂။ ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခသမုဒယ အရိယသစ္စာတရား'၊
၃။ ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခနိရောဓ အရိယသစ္စာတရား'၊
၄။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တို့တည်း။

ချစ်သား ရဟန်းတို့...ထို့ကြောင့် ဤသာသနာတော်၌ ..
၁။ ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခအရိယသစ္စာတရား'တည်းဟု သိအောင် ကြိုးစား အားထုတ်ကြပါ။
၂။ ဤကား ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခသမုဒယ အရိယသစ္စာတရား'တည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါ။
၃။ ဤကား ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား 'ဒုက္ခနိရောဓ အရိယသစ္စာတရား'တည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါ။
၄။ ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား'တည်းဟု သိအောင် ကြိုးစားအားထုတ်ကြပါ''ဟု မိန့်ကြားတော်မူ၏၊

အလားတူပင် ဖေဏပိဏ္ဍူပမသုတ္တန်[၁၃၀၁]၌လည်း ဤဥပမာကိုပင် စံထားကာ ဤသို့ ဘုရားရှင်က တိုက်တွန်း ထားတော်မူခဲ့လေသည် ..။

''ဇဟေယျ သဗ္ဗသံယောဂံ၊ ကရေယျ သရဏတ္တနော။
စရေယျာဒိတ္တသီသောဝ၊ ပတ္ထယံ အစ္စုတံ ပဒံ။

ပတ္ထယံ အစ္စုတံ ပဒံ = သေခြင်းကင်းရာ အမြိုက်နိဗ္ဗာန်ကို လိုလားတောင့်တလျက်ရှိသော အမျိုးကောင်းသား/ အမျိုးကောင်းသမီးသည် (အကယ်စင်စစ် လိုလားတောင့်တသူမှန်လျှင်) ..

၁။ ဇဟေယျ သဗ္ဗသံယောဂံ = သံယောဇဉ် အနှောင်အဖွဲ့ အားလုံးကို စွန့်လွှတ်လိုက်ပါ၊
၂။ ကရေယျ သရဏတ္တနော = မိမိ၏ ကိုးကွယ်ရာ အားထားရာကို မိမိကိုယ်တိုင်ပင် ပြုလုပ်ပါ၊
၃။ စရေယျာဒိတ္တသီသောဝ = 'ဦးထိပ်ထက်၌ မီးစွဲလောင်နေသူပမာ' .. သမထ ဝိပဿနာ ဘာဝနာတို့ကို အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ပါ။''

ဤတွင် .. အလင်္ကာဂုဏ်မြောက်စွာ အနှစ်သာရ ပြည့်ဝစွာဖြင့် ဖွဲ့ဆိုသီကုံး ရေးသားထားတော်မူသော ကျေးဇူးတော်ရင် လယ်တီဆရာတော်ဘုရားကြီး၏ ဆုံးမလွှာ တစ်ပုဒ်ကို ထည့်သွင်း၍ လက်ဆောင်ပါးလိုက်ပါသည်။

ကိုယ့်တွက်ကိုယ်တာ ကျင့်ကြံပါ

ဆိုပိန့်ဟုတ်ရာ၊ စဉ်းစားပါလော့ ...၊ ခန္ဓာဘာရ၊ ပဉ္စကကား (= ခန္ဓာငါးပါးတည်းဟူသော ဝန်ထုပ် ဝန်ပိုးကြီးကား) ယုယခင်မင်၊ စိန်ရွှေဆင်၍၊ ပြုပြင်ပိုက်ထွေး၊ နင်ကျွေးမွေးလည်း၊ အရေးမရောက်၊ သဲရေမှောက်သို့၊ နင့်နောက်မပါ၊ နင်လိုရာကို၊ ဘယ်ခါမလိုက်၊ နင့်အကြိုက်နှင့်၊ တိုက်ရိုက်ဖီလာ၊ ဆန့်ကျင်ပါခဲ့။

ရုပ်ဝါနုနယ်၊ ရှုစဖွယ်နှင့်၊ တင့်တယ်ရွှန်းစို၊ နင်လှလိုလည်း၊ အအိုစာရင်း၊ သူကသွင်း၏၊ ဘေးကင်းရန်ကွာ၊ လွန်ချမ်းသာ၍၊ မနာရလို၊ တောင်းဆုဆိုလည်း၊ နင့်ကိုမညှာ၊ ဘေးရောဂါနှင့်၊ ခါခါမငဲ့၊ မိတ်ဆွေဖွဲ့၏၊

နင်နဲ့တူညီ၊ ချစ်ကြိုးသီသား၊ ပလီပလာ၊ အပြစ်ကွာသည့်၊ ချစ်စွာမယား၊ သမီးသားနှင့်၊ စီးပွားဥစ္စာ၊ ဉာတကာကို၊ ဘယ်ခါမကွဲ၊ အတူတွဲ၍၊ အမြဲပြုံးချို၊ နေရလိုလည်း၊ နင့်ကိုမထောက်၊ နင့်နောက်မလိုက်၊ အပူတိုက်၍၊ နင်ဟိုက်နင်ခွေ၊ နင့်ကိုသေအောင်၊ ကျားမြွေခံတွင်း၊ အစာသွင်းသို့၊ သေမင်းသူ့လက်၊ ပဏ္ဏာဆက်၏၊

လ-ရက်-နှစ်တွေ၊ အသင်္ချေနှင့်၊ လွန်လေဘဝ၊ အနန္တက၊ ဆုံးစမပိုင်၊ ယခုတိုင်အောင်၊ နိုင်နိုင်နင်းနင်း၊ ဉာဏ်မသွင်း၍၊ သေမင်းသူလျှို၊ ခန္ဓာကိုယ်ကို၊ မငြိုငြင်ရက်၊ စွဲလမ်းချက်ဖြင့်၊ မြိုင်နက်စွန်ဖျား၊ တောသစ်ကျားကို၊ မယ်ဘွားမိခင်၊ နွားငယ်ထင်သို့၊ အမြင်မဖြောင့်၊ ဝိပလ်မှောင့်၍၊ တကြောင့်ကြကြ၊ ပြုခဲ့လှပြီ။

ဘုရားသာသနာ၊ ခုအခါ၌၊ ပညာစက္ခု၊ ဖန်ဖန်ရှုလော့၊ ....

ဥတုဂိမှန်၊ အချိန်တန်သော်၊ သူရကန်ဝှေ့၊ အပူငွေ့ကြောင့်၊ ရေသွေ့ခန်းငြား၊ အိုင်ပက္ကားဝယ်၊ ကျက်စားနေကြ၊ ငါးမစ္ဆတို့၊ ရေကလည်းနဲ (နည်း)၊ သိန်းစွန်ဝဲ၍၊ ပျော်ပွဲမြူမျှ၊ ရှာမရဘဲ၊ သေကြဖို့သာ၊ နီးကပ်လာသို့။ 

သူငါကစ၊ ရှိသမျှလည်း၊ နေ့ညဉ့်မလပ်၊ အစဉ်စပ်လျက်၊ ဥပါဒ်-ဌီ-ဘင်၊ မပြတ်နှင်လျက်၊ ပျော်ရွှင်စရာ၊ မရှိပါဘဲ၊ ဖျားနာကိုက်ခဲ၊ ရောဂါစွဲ၍၊ သေပွဲသေတမ်း၊ သေစခန်းနှင့်၊ သေလမ်းသို့သာ၊ နီးကပ်လာ၏၊

ငါငါတက်ကြွ၊ မာန်မာနနှင့်၊ လောဘဒေါသာ၊ အစဖြာသား၊ ယုတ်မာစွာလှ၊ အဓမ္မကို၊ ဝေးက မလာ၊ ကင်းရှင်း ကွာအောင်၊ ခါခါမပွား၊ အပျင်းများမူ၊ လေးပါးပါယ်ရွာ၊ နင့်အိမ်သာဟု၊ စိတ်မှာစွဲကပ်၊ သတိချပ်လော့။ 

လူ့ရပ်နတ်ရွာ၊ ထက်ဗြဟ္မာနှင့်၊ မဟာသုခ၊ နိဗ္ဗာနသို့၊ ရှစ်ဝမဂ္ဂင်၊ သင်္ဘောယာဉ်ဖြင့်၊ ဆောလျင်ကပ်ခို၊ ရောက်ရလိုမူ၊ ထိုထိုပုည၊ ကုသလကို၊ နေ့ညမစဲ၊ လုံ့လသဲလော့။

ကြုံခဲလှစွာ၊ သာသနာနှင့်၊ နင့်မှာမရွေ့၊ ယခုတွေ့ပြီ၊ မေ့မေ့မူးမူး၊ နင်မရူးနှင့်၊ ဆီဦးထောပတ်၊ ရသဓာတ်ကို၊ အမြတ်တစ်ခု၊ မှတ်မရှုဘဲ၊ ရွာသူ့ဝက်မိုက်၊ မစင်ကြိုက်သို့၊ အမြိုက်တရား၊ နင်ရှောင်ရှား၍၊ ငါးပါးအာရုံ၊ မစင်ပုံကို၊ စုံစုံမက်မက်၊ မနှစ်သက်နှင့်၊ ထက်မြက်အဖျား၊ သင်တုန်းသွားဝယ်၊ ပျားသဖွယ်ဟု၊ ဉာဏ်ကျယ်သလောက်၊ အပြစ် ကောက်၍၊ တောင်ချောက်မြိုင်ကြား၊ သမင်များကို၊ သစ်ကျားပုန်းအောင်း၊ အရချောင်းသို့၊ တောင်ခေါင်းရိပ်မြှောင်၊ သင်္ခမ်းချောင်ဝယ်၊ တိမ်းရှောင်တစ်ကိုယ်၊ တော-တောဆို၍၊[၁၃၀၂] မဂ်ဖိုလ်မနှောင်း၊ အရချောင်းမှ၊ အပေါင်းဒုက္ခ၊ ကင်းလွတ်ရဟု၊ ဗုဒ္ဓရွှေနှုတ်၊ ကြာကမုခ်မှ၊ လှစ်ထုတ်မြွက်ကြား၊ မိန့်တော်ထားသည်၊ နင်ကား နင့်တွက် ကျင့်တော့တည်း။

''သံသရာတစ်ခွင်မှ ကျွတ်လွတ်ထွက်မြောက်လိုကြသည့် ယောဂီသူတော်စင်အားလုံးတို့သည် အပါယ်ဘေးဆိုးကြီးမှ လွတ်မြောက်ရာ, အိုဘေးဆိုးကြီးမှ လွတ်မြောက်ရာ, နာဘေးဆိုးကြီးမှ လွတ်မြောက်ရာ, သေဘေးဆိုးကြီးမှ လွတ်မြောက်ရာ ဧကန်အစစ် အဖြစ်ကြီးဖြစ်ပေသော မဟာအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် တရားတော်မြတ်ကြီးကို ရည်မျှော်လျက် ..

၁။ မဖြစ်ပေါ်ကြသေးကုန်သော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန်,
၂။ ဖြစ်ပေါ်ကြပြီးကုန်သော အကုသိုလ်တရားတို့ကို ပယ်ရှားနိုင်ရန်,
၃။ မဖြစ်ပေါ်ကြသေးကုန်သော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်လာစေရန် (= အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ထိုးထွင်း မသိမမြင်သေးပါက အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ထိုးထွင်းသိမြင်တတ်သည့် ဝိပဿနာသမ္မာဒိဋ္ဌိ အရိယမဂ္ဂသမ္မာဒိဋ္ဌိ ကုသိုလ်တရားတို့ ထင်ရှားဖြစ်ပေါ်လာစေရန်),
၄။ ဖြစ်ပေါ်ကြပြီးကုန်သော ကုသိုလ်တရားတို့ကို တိုင်းထက်အလွန် တိုးပွားရန် (သောတာပတ္တိမဂ်ကုသိုလ်ကဲ့သို့သော အရိယမဂ္ဂသမ္မာဒိဋ္ဌိဖြင့် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ထိုးထွင်းသိမြင်ပြီးပါက ရှေးသို့ အဆင့်ဆင့် တိုးတက်ကာ အရဟတ္တမဂ်ကုသိုလ်တိုင်အောင်သော အရိယမဂ္ဂသမ္မာဒိဋ္ဌိဖြင့် သစ္စာလေးရပ် တရားမြတ်တို့ကို ထိုးထွင်းသိမြင်နိုင်ရန်) –– လွန်ကဲမြင့်မြတ်သော အလိုဆန္ဒဖြင့် ..

၁။ ရှေးဦးအစ လုံ့လကြိုးကုတ်အားထုတ်ခြင်း အာရမ္ဘဝီရိယ,
၂။ ကိလေသာတို့ကို အဆင့်ဆင့် နှိပ်ကွပ်နိုင်ရန် အပြင်းအထန် ကြိုးစားအားထုတ်ခြင်း ပရက္ကမဝီရိယ,
၃။ ကိလေသာတို့မှ လွတ်မြောက်သွားအောင် မဆုတ်မနစ် ကြိုးစားအားထုတ်ခြင်း နိက္ကမဝီရိယ ––

ဟူသည့် ဤဝီရိယတို့ ခြံရံကာ ..

သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အသုဘ အခြင်းအရာကို အဖန်ဖန် အထပ်ထပ် အောက်မေ့မှု သတိ,

သင်္ခါရတရားတို့၏ အနိစ္စ ဒုက္ခ အနတ္တ အသုဘ အခြင်းအရာကို ကောင်းစွာ ကွဲကွဲပြားပြား သိတတ်သော သမ္ပဇဉ်ဉာဏ်တို့နှင့် ပြည့်စုံအောင် ..

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့စွာဖြင့် သမထ ဝိပဿနာ ဘာဝနာတို့ကို အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နိုင်ကြပါစေသောဝ် .................''

ဖားအောက်တောရဆရာတော်

[၁] (အံ၊၁၊၁၈၊၁၉။)

[၂] (ဒီ၊၂၊၂၃၀။ မ၊၁၊၇၀။)

[၃] (ဓမ္မပဒ၊ဂါထာ-၂၆၅။)

[၄] (ဒီ၊၂၊၁၂၅၊ စာပိုဒ်၊၂၁၄။ မဟာပရိနိဗ္ဗာနသုတ္တန်။)

[၅] (ဒီ၊ဋ္ဌ၊၂၊၁၈၁။)

[၆] (ဝိ၊ဋ္ဌ၊၁၊၈၃။ သာရတ္ထ၊ဋီ၊၁၊၂၁၃၊ စာပိုဒ်၊၁၈။ ဒီ၊ဋီ၊၂၊၂၀၈၊၂၅၅။)

[၇] (ဓမ္မပဒ၊[၈] ''ယေ ဟိ ကေစိ ဘိက္ခဝေ သမဏာ ဝါ ဗြာဟ္မဏာ ဝါ 'ဣဒံ ဒုက္ခ'န္တိ ယထာဘူတံ နပ္ပဇာနန္တိ၊ 'အယံ ဒုက္ခသမုဒယော'တိ ယထာဘူတံ နပ္ပဇာနန္တိ၊ 'အယံ ဒုက္ခနိရောဓော'တိ ယထာဘူတံ နပ္ပဇာနန္တိ၊ 'အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ'တိ ယထာဘူတံ နပ္ပဇာနန္တိ၊ န မေ တေ ဘိက္ခဝေ သမဏာ ဝါ ဗြာဟ္မဏာ ဝါ သမဏေသု ဝါ သမဏသမ္မတာ ဗြာဟ္မဏေသု ဝါ ဗြာဟ္မဏသမ္မတာ, န စ ပနေတေ အာယသ္မန္တော သာမညတ္ထံ ဝါ ဗြာဟ္မညတ္ထံ ဝါ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရန္တိ။

[၉] သို့သော် မောရသုတ်၌ကား ဘုရားအလောင်းတော် ဥဒေါင်းမင်းက ပရိနိဗ္ဗာန် စံလွန်တော်မူပြီးကြသည့် သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ကို ရည်ညွှန်းကာ ရှိခိုးနေသည့်အတွက်ကြောင့် ယင်းမောရသုတ်၌ ဗြာဟ္မဏ-အရ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ကို ဆိုလိုကြောင်းကို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုထားတော်မူပေ၏၊ (ဇာတက၊ဋ္ဌ၊၂၊၃၀၊ စာပိုဒ်၊၁၈။)

[၁၀] (သံ၊၁၊၄၂၂-၄၂၃။)

[၁၁] (သံ၊ဋ္ဌ၊၂၊၁၈၆-၁၈၉။)

[၁၂] (စာမျက်နှာ၊၇၉၈။)

[၁၃] (သံ၊၃၊၃၈၃၊ စာပိုဒ်၊၁၁၀၁။)

[၁၄] (စာမျက်နှာ၊၂၄-၂၇-တွင် ကြည့်ပါ။)

[၁၅] မှတ်ချက်---- ဤအရာတွင် အထူးသတိပြုရန် အချက်တစ်ရပ် ရှိနေသေး၏၊ ဘုရားရှင်သည် ဓမ္မစက္ကပ္ပဝတ္တနသုတ္တန်စသည့် ထိုထိုသုတ္တန်တို့၌ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ် 'ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ' အဖြစ် ဟောကြားထားတော်မူခဲ့၏၊ သတိပဋ္ဌာန်လေးပါးကျင့်စဉ်နှင့် မဂ္ဂင် (၈)ပါး ကျင့်စဉ်တို့မှာ မတူကွဲပြားခြားနားသော ကျင့်စဉ်တရားများ ဖြစ်ကြသည်ဟုကား အယူအဆ မမှားစေလိုပါ။ ယင်းကျင့်စဉ်နှစ်မျိုးတို့၏ ဟောကြားထားတော်မူသည့် ဦးတည်ချက် အနက်အဓိပ္ပါယ်မှာ တူညီလျက်ပင် ရှိနေပေသည်။ သတိပဋ္ဌာန်တရား (၄)ပါးတို့ကို ပွားများအားထုတ်နေခြင်းသည် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို ပွားများနေခြင်းပင် ဖြစ်၏၊ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို ပွားများအားထုတ်နေခြင်းသည်လည်း သတိပဋ္ဌာန်တရား (၄)ပါးတို့ကို ပွားများအားထုတ်နေခြင်းပင် ဖြစ်ပေသည်။ စာမျက်နှာ (၁၄၄) တွင် ကြည့်ပါ။

[၁၆] ''ကော နု ခေါ ဘော ဂေါတမ ဟေတု ကော ပစ္စယော ယံ တိဋ္ဌတေဝ နိဗ္ဗာနံ, တိဋ္ဌတိ နိဗ္ဗာနဂါမီ မဂ္ဂေါ, တိဋ္ဌတိ ဘဝံ ဂေါတမော သမောဒပေတာ၊ အထ စ ပန ဘောတော ဂေါတမဿ သာဝကာ ဘောတာ ဂေါတမေန ဧဝံ ဩဝဒီယမာနာ ဧဝံ အနုသာသီယမာနာ အပ္ပေကစ္စေ အစ္စန္တံ နိဋ္ဌံ နိဗ္ဗာနံ အာရာဓေန္တိ, ဧကစ္စေ နာရာဓေန္တီ''တိ။ (ဥပရိပဏ္ဏာသ၊၅၆။)

[၁၇] ''ဧဝမေဝ ခေါ ဗြာဟ္မဏ တိဋ္ဌတေဝ နိဗ္ဗာနံ, တိဋ္ဌတိ နိဗ္ဗာနဂါမီ မဂ္ဂေါ, တိဋ္ဌာမဟံ သမောဒပေတာ၊ အထ စ ပန မမ သာဝကာ မယာ ဧဝံ ဩဝဒီယမာနာ ဧဝံ အနုသာသီယမာနာ အပ္ပေကစ္စေ အစ္စန္တံ နိဋ္ဌံ နိဗ္ဗာနံ အာရာဓေန္တိ, ဧကစ္စေ နာရာဓေန္တိ။ ဧတ္ထ ကျာဟံ ဗြာဟ္မဏ ကရောမိ? မဂ္ဂက္ခာယီဟံ ဗြာဟ္မဏ တထာဂတော''တိ။ (ဥပရိပဏ္ဏာသ၊၅၇။)
''ဧဝမေဝ ခေါ ဗြာဟ္မဏ တိဋ္ဌတေဝ နိဗ္ဗာနံ, တိဋ္ဌတိ နိဗ္ဗာနဂါမီ မဂ္ဂေါ, တိဋ္ဌာမဟံ သမောဒပေတာ၊ အထ စ ပန မမ သာဝကာ မယာ ဧဝံ ဩဝဒီယမာနာ ဧဝံ အနုသာသီယမာနာ အပ္ပေကစ္စေ အစ္စန္တံ နိဋ္ဌံ နိဗ္ဗာနံ အာရာဓေန္တိ, ဧကစ္စေ နာရာဓေန္တိ။ ဧတ္ထ ကျာဟံ ဗြာဟ္မဏ ကရောမိ? မဂ္ဂက္ခာယီဟံ ဗြာဟ္မဏ တထာဂတော။ မဂ္ဂံ ဗုဒ္ဓေါ အာစိက္ခတိ။ အတ္တနာ ပဋိပဇ္ဇမာနာ မုေဉ္ဇယျု''န္တိ။ (မဟာနိဒ္ဒေသ၊၂၅)

[၁၈] (ဓမ္မပဒ၊၅၂၊ ဂါထာ-၂၇၆။)

[၁၉] စျာနန္တိ ဒုဝိဓံ စျာနံ--- အာရမ္မဏူပနိဇ္ဈာနံ လက္ခဏူပနိဇ္ဈာနန္တိ။ တတ္ထ အဋ္ဌ သမာပတ္တိယော ပထဝိကသိဏာဒိအာရမ္မဏံ ဥပနိဇ္ဈာယန္တီတိ ''အာရမ္မဏူပနိဇ္ဈာန''န္တိ သင်္ချံ ဂတာ။ ဝိပဿနာမဂ္ဂဖလာနိ ပန လက္ခဏူပနိဇ္ဈာနံ နာမ။ တတ္ထ ဝိပဿနာ အနိစ္စာဒိလက္ခဏဿ ဥပနိဇ္ဈာနတော လက္ခဏူပနိဇ္ဈာနံ။ ဝိပဿနာယ ကတကိစ္စဿ မဂ္ဂေန ဣဇ္ဈနတော မဂ္ဂေါ လက္ခဏူပနိဇ္ဈာနံ။ ဖလံ ပန နိရောဓသစ္စံ တထလက္ခဏံ ဥပနိဇ္ဈာယတီတိ လက္ခဏူပနိဇ္ဈာနံ နာမ။ (အဘိ၊ဋ္ဌ၊၁၊၂၁၁။)

[၂၀] အနုဗောဓဉာဏ် = နာမရူပပရိစ္ဆေဒဉာဏ်မှ စ၍ ဝိပဿနာဉာဏ်အားလုံးကို ဆိုလိုသည်။

[၂၁] ပဋိဝေဓဉာဏ် = အရိယမဂ်ဉာဏ်ကို ဆိုလိုသည်။ (သံ၊ဋီ၊၂၊၅၄၃။)

[၂၂] ဧကံ သမယံ ဘဂဝါ ဝဇ္ဇီသု ဝိဟရတိ ကောဋိဂါမေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ---- ''စတုန္နံ ဘိက္ခဝေ အရိယသစ္စာနံ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမိဒံ ဒီဃမဒ္ဓါနံ သန္ဓာဝိတံ သံသရိတံ မမဉ္စေဝ တုမှာကဉ္စ။''
''ကတေမေသံ စတုန္နံ? ဒုက္ခဿ ဘိက္ခဝေ အရိယသစ္စဿ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမိဒံ ဒီဃမဒ္ဓါနံ သန္ဓာဝိတံ သံသရိတံ မမဉ္စေဝ တုမှာကဉ္စ။ ဒုက္ခသမုဒယဿ အရိယသစ္စဿ။ပ။ ဒုက္ခနိရောဓဿ အရိယသစ္စဿ။ပ။ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ အရိယသစ္စဿ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမိဒံ ဒီဃမဒ္ဓါနံ သန္ဓာဝိတံ သံသရိတံ မမဉ္စေဝ တုမှာကဉ္စ။ တယိဒံ ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ အနုဗုဒ္ဓံ ပဋိဝိဒ္ဓံ၊ ဒုက္ခသမုဒယံ အရိယသစ္စံ အနုဗုဒ္ဓံ ပဋိဝိဒ္ဓံ၊ ဒုက္ခနိရောဓံ အရိယသစ္စံ အနုဗုဒ္ဓံ ပဋိဝိဒ္ဓံ၊ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ အနုဗုဒ္ဓံ ပဋိဝိဒ္ဓံ။ ဥစ္ဆိန္နာ ဘဝတဏှာ၊ ခီဏာ ဘဝနေတ္တိ၊ဣဒမဝေါစ ဘဂဝါ။ ဣဒံ ဝတွာန သုဂတော အထာပရံ ဧတဒဝေါစ သတ္ထာ –
‘‘စတုန္နံ အရိယသစ္စာနံ, ယထာဘူတံ အဒဿနာ၊
‘‘တာနိ ဧတာနိ ဒိဋ္ဌာနိ, ဘဝနေတ္တိ သမူဟတာ၊
သံသိတံ ဒီဃမဒ္ဓါနံ, တာသု တာသွေဝ ဇာတိသု။
ဥစ္ဆိန္နံ မူလံ ဒုက္ခဿ, နတ္ထိဒါနိ ပုနဗ္ဘဝေါ’’တိ။ (သံ၊၃၊
၃၇၇၊ စာပိုဒ်၊၁၀၉၁။ ပဌမကောဋိဂါမသုတ္တန်။)

[၂၃] ယော ဟိ ဘိက္ခဝေ ဧဝံ ဝဒေယျ---- ' အဟံ ဒုက္ခံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ, ဒုက္ခသမုဒယံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ, ဒုက္ခနိရောဓံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ, ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ သမ္မာ ဒုက္ခဿန္တံ ကရိဿာမီ'တိ- နေတံ ဌာနံ ဝိဇ္ဇတိ။
သေယျထာပိ ဘိက္ခဝေ ယော ဧဝံ ဝဒေယျ---- 'အဟံ ကူဋာဂါရဿ ဟေဋ္ဌိမံ ဃရံ အကရိတွာ ဥပရိမံ ဃရံ အာရောပေဿာမီ'တိ- နေတံ ဌာနံ ဝိဇ္ဇတိ၊ ဧဝမေဝ ခေါ ဘိက္ခဝေ ယော ဧဝံ ဝဒေယျ---- 'အဟံ ဒုက္ခံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ, ဒုက္ခသမုဒယံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ, ဒုက္ခနိရောဓံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ, ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အရိယသစ္စံ ယထာဘူတံ အနဘိသမေစ္စ သမ္မာ ဒုက္ခဿန္တံ ကရိဿာမီ'တိ- နေတံ ဌာနံ ဝိဇ္ဇတိ။
ယော စ ခေါ ဘိက္ခဝေ ဧဝံ ဝဒေယျ-- 'အဟံ ဒုက္ခံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ, ဒုက္ခသမုဒယံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ, ဒုက္ခနိရောဓံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ, ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ သမ္မာ ဒုက္ခဿန္တံ ကရိဿာမီ'တိ ဌာနမေတံ ဝိဇ္ဇတိ။
သေယျထာပိ ဘိက္ခဝေ ယော ဧဝံ ဝဒေယျ---- 'အဟံ ကူဋာဂါရဿ ဟေဋ္ဌိမံ ဃရံ ကရိတွာ ဥပရိမံ ဃရံ အာရောပေဿာမီ'တိ
- ဌာနမေတံ ဝိဇ္ဇတိ၊ ဧဝမေဝ ခေါ ဘိက္ခဝေ ယော ဧဝံ ဝဒေယျ---- 'အဟံ ဒုက္ခံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ, ဒုက္ခသမုဒယံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ, ဒုက္ခနိရောဓံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ, ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ အရိယသစ္စံ ယထာဘူတံ အဘိသမေစ္စ သမ္မာ ဒုက္ခဿန္တံ ကရိဿာမီ'တိ ဌာနမေတံ ဝိဇ္ဇတိ။
တသ္မာတိဟ ဘိက္ခဝေ 'ဣဒံ ဒုက္ခ'န္တိ ယောဂေါ ကရဏီယော၊ 'အယံ ဒုက္ခသမုဒယော'တိ ယောဂေါ ကရဏီယော၊ 'အယံ ဒုက္ခနိရောဓော'တိ ယောဂေါ ကရဏီယော၊ 'အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ'တိ ယောဂေါ ကရဏီယော။ (သံ၊၃၊၃၉၄၊ စာပိုဒ်၊၁၁၁၄။ ကူဋာဂါရသုတ္တန်။)

[၂၄] (သံ၊၃၊၃၆၈-၃၇၁။ ဝိနည်းမဟာဝါ၊၁၄-၁၇။)

[၂၅] စာပိုဒ်အမှတ်စဉ်များ---- ဤ၌ စာပိုဒ်အမှတ်စဉ် ဂဏန်းများကို ဖော်ပြထား၏၊ မြန်မာဘာသာပြန် စာပိုဒ်အမှတ် (၁)သည် ပါဠိစာပိုဒ်အမှတ် (၁)၏ ဘာသာပြန်ဖြစ်သည်။ တစ်ဖန် မြန်မာဘာသာပြန် စာပိုဒ်အမှတ် (၂)သည် ပါဠိစာပိုဒ်အမှတ် (၂)၏ ဘာသာပြန်ဖြစ်သည်၊ ဤသို့စသည်ဖြင့် သဘောပေါက်ပါ။

[၂၆] အညာသိကောဏ္ဍညတ္ထေရော အဋ္ဌာရသဟိ ဗြဟ္မကောဋီဟိ သဒ္ဓိံ သောတာပတ္တိဖလေ ပတိဋ္ဌာတိ။ (သံ၊ဋ္ဌ၊၃၊၃၂၇။)

[၂၇] (သံ၊၂၊၃၉။ ခန္ဓသုတ္တန်။)

[၂၈] (သံ၊၃၊၃၆၉။ မ၊၁၊၈၂။)

[၂၉] (အဘိ၊၂၊၁၁၂-၁၁၈။)

[၃၀] တတ္ထ ယသ္မာ ကုသလာကုသလကမ္မံ အဝိသေသေန သမုဒယသစ္စန္တိ သစ္စဝိဘင်္ဂေ ဝုတ္တံ။ (အဘိ၊ဋ္ဌ၊၂၊၁၈၅။ ဝိသုဒ္ဓိ၊၂၊၂၁၇ စာပိုဒ်-၆၅၅။)

[၃၁] (အံ၊၁၊၁၇၈။)

[၃၂] ပုရိမကမ္မဘဝသ္မိံ မောဟော အဝိဇ္ဇာ၊ အာယူဟနာ သင်္ခါရာ၊ နိကန္တိ တဏှာ၊ ဥပဂမနံ ဥပါဒါနံ၊ စေတနာ ဘဝေါ၊ ဣမေ ပဉ္စ ဓမ္မာ ပုရိမကမ္မဘဝသ္မံ ဣဓ ပဋိသန္ဓိယာ ပစ္စယာ။
ဣဓ ပဋိသန္ဓိ ဝိညာဏံ၊ ဩက္ကန္တိ နာမရူပံ၊ ပသာဒေါ အာယတနံ၊ ဖုဋ္ဌော ဖေဿာ၊ ဝေဒယိတံ ဝေဒနာ၊ ဣမေ ပဉ္စ ဓမ္မာ ဣဓူပပတ္တိဘဝသ္မိံ ပုရေကတဿ ကမ္မဿ ပစ္စယာ။
ဣဓ ပရိပက္ကတ္တာ အာယတနာနံ မောဟော အဝိဇ္ဇာ၊ အာယူဟနာ သင်္ခါရာ၊ နိကန္တိ တဏှာ၊ ဥပဂမနံ ဥပါဒါနံ၊ စေတနာ ဘဝေါ၊ ဣမေ ပဉ္စ ဓမ္မာ ဣဓ ကမ္မဘဝသ္မံ အာယတိံ ပဋိသန္ဓိယာ ပစ္စယာ။
အာယတိံ ပဋိသန္ဓိ ဝိညာဏံ၊ ဩက္ကန္တိ နာမရူပံ၊ ပသာဒေါ အာယတနံ၊ ဖုဋ္ဌော ဖေဿာ၊ ဝေဒယိတံ ဝေဒနာ၊ ဣမေ ပဉ္စ ဓမ္မာ အာယတိံ ဥပပတ္တိဘဝသ္မံ ဣဓ ကတဿ ကမ္မဿ ပစ္စယာ။
ဣတိမေ စတုသင်္ခေပေ တယော အဒ္ဓေ တိသန္ဓိံ ဝီသတိယာ အာကာရေဟိ ပဋိစ္စသမုပ္ပါဒံ ဇာနာတိ ပဿတိ အညာတိ ပဋိဝိဇ္ဈတိ။ (ပဋိသံ၊၅၀-၅၁။)

[၃၃] (အဘိ၊ဋ္ဌ၊၂၊၁၈၂။ ဝိသုဒ္ဓိ၊၂၊၂၁၄။)

[၃၄] ရူပါရူပံ ပဉ္စက္ခန္ဓာ၊ တံ ဟောတိ ဒုက္ခသစ္စံ၊ တံသမုဋ္ဌာပိကာ ပုရိမတဏှာ သမုဒယသစ္စံ။ (အဘိ၊ဋ္ဌ၊၂၊၆၈-၆၉။)

[၃၅] ဧကမန္တံ နိသိန္နော ခေါ သော ဘိက္ခု ဘဂဝန္တံ ဧတဒဝေါစ-- '' 'အဝိဇ္ဇာ အဝိဇ္ဇာ'တိ ဘန္တေ ဝုစ္စတိ။ ကတမာ နု ခေါ ဘန္တေ အဝိဇ္ဇာ, ကိတ္တာဝတာ စ အဝိဇ္ဇာဂတော ဟောတီ''တိ? ''ယံ ခေါ ဘိက္ခု ဒုက္ခေ အညာဏံ၊ ဒုက္ခသမုဒယေ အညာဏံ၊ ဒုက္ခနိရောဓေ အညာဏံ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ အညာဏံ၊ အယံ ဝုစ္စတိ ဘိက္ခု အဝိဇ္ဇာ။ ဧတ္တာဝတာ စ အဝိဇ္ဇာဂတော ဟောတီ''တိ။ (သံ၊၃၊၃၇၆၊ စာပိုဒ်၊၁၀၈၇။ အဝိဇ္ဇာသုတ္တန်။)

[၃၆] ပရမတ္ထတော အဝိဇ္ဇမာနေသု ဣတ္ထိပုရိသာဒီသု ဇဝတိ၊ ဝိဇ္ဇမာနေသုပိ ခန္ဓာဒီသု န ဇဝတီတိ အဝိဇ္ဇာ။ (အဘိ၊ဋ္ဌ၊၂၊၁၂၇။ ဝိသုဒ္ဓိ၊၂၊၁၅၇။)

[၃၇] 'တတ္ထ ကတမံ ကာမုပါဒါနံ? ယော ကာမေသု ကာမစ္ဆန္ဒော ကာမရာဂေါ ကာမနန္ဒီ ကာမတဏှာ ကာမသ္နေဟော ကာမပရိဠာဟော ကာမမုစ္ဆာ ကာမဇ္ဈောသာနံ-- ဣဒံ ဝုစ္စတိ ကာမုပါဒါန'န္တိ အာဂတတ္တာ သင်္ခေပတော တဏှာဒဠှတ္တံ ဝုတ္တံ။ တဏှာဒဠှတ္တံ နာမ ပုရိမတဏှာဥပနိဿယပစ္စယေန ဒဠှသမ္ဘူတာ ဥတ္တရတဏှာ ဧဝ။ ......ယေဘုယျေန စ အာလယရာမတ္တာ ပဇာယ ပါကဋံ ကာမုပါဒါနံ, န ဣတရာနိ။ (အဘိ၊ဋ္ဌ၊၂၊၁၇၂-၁၇၃။ ဝိသုဒ္ဓိ၊၂၊၂၀၄-၂၀၅၊ စာပိုဒ်၊၆၄၅။)

[၃၈] (အဘိ၊၂၊၃၈၉၊ စာပိုဒ်၊၉၃၈။)

[၃၉] တဒဘိနိဗ္ဗတ္တာ ခန္ဓာ ဥပပတ္တိဘဝေါ။ (အဘိ၊ဋ္ဌ၊၂၊၁၇၆။ ဝိသုဒ္ဓိ၊၂၊၂၀၉၊ စာပိုဒ်၊၆၅၀။)

[၄၀] တိသန္ဓိန္တိ တယော သန္ဓယော အဿာတိ တိသန္ဓိ၊ တံ တိသန္ဓိံ။ အတီတဟေတုပစ္စုပ္ပန္နဖလာနမန္တရာ ဧကော ဟေတုဖလသန္ဓိ၊ ပစ္စုပ္ပန္နဖလအနာဂတဟေတူနမန္တရာ ဧကော ဖလဟေတုသန္ဓိ၊ ပစ္စုပ္ပန္နဟေတုအနာဂတဖလာနမန္တရာ ဧကော ဟေတုဖလသန္ဓိ။ (ပဋိသံ၊ဋ္ဌ၊၁၊၂၂၅။)

[၄၁] (အဘိ၊၂၊၁၁၂-၁၁၄-၁၁၅။)

[၄၂] (အံ၊၁၊၁၇၈။)

[၄၃] အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ အနာဂတဘဝဿ ပစ္စယဘူတာယ ဣမသ္မိံ ဘဝေ အဝိဇ္ဇာယ အရဟတ္တမဂ္ဂဉာဏေန နိရောဓေ ကတေ ပစ္စယာဘာဝါ အနာဂတဿ ရူပဿ အနုပ္ပါဒနိရောဓော ဟောတီတိ အတ္ထော။ (ပဋိသံ၊ဋ္ဌ၊၁၊၂၃၆။)
အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ အဂ္ဂမဂ္ဂဉာဏေန အဝိဇ္ဇာယ အနုပ္ပါဒနိရောဓတော အနာဂတဿ ရူပဿ အနုပ္ပါဒနိရောဓော ဟောတိ ပစ္စယာဘာဝေ အဘာဝတော။ (မဟာဋီ၊၂၊၄၂၁။)

[၄၄] (ဝိသုဒ္ဓိ၊၂၊၂၆၇-၂၆၈။ မဟာဋီ၊၂၊၄၂၃-၄၂၄။)

[၄၅] ပရိနိဗ္ဗုတောတိ ဒွေ ပရိနိဗ္ဗာနာနိ ကိလေသပရိနိဗ္ဗာနဉ္စ ယာ သဥပါဒိသေသနိဗ္ဗာနဓာတု၊ ခန္ဓပရိနိဗ္ဗာနဉ္စ ယာ အနုပါဒိသေသနိဗ္ဗာနဓာတု။ (ထေရဂါထာ၊ဋ္ဌ၊၁၊၅၅။)
ဝဋ္ဋဒုက္ခကိလေသဒုက္ခဿာ တိ ဝဋ္ဋဒုက္ခဿ စေဝ ကိလေသဒုက္ခဿ စ။ သဥပါဒိသေသနိဗ္ဗာနဥှိ ကိလေသဒုက္ခဿ အန္တကရဏံ၊ အနုပါဒိသေသနိဗ္ဗာနံ ဝဋ္ဋဒုက္ခဿ။ (မ၊ဋီ၊၂၊၄၃၂။)

[၄၆] တတ္ထ ကိလေသပရိနိဗ္ဗာနံ ဗောဓိပလ္လင်္ကေ အဟောသိ၊ ခန္ဓပရိနိဗ္ဗာနံ ကုသိနာရာယံ။ (ဒီ၊ဋ္ဌ၊၃၊၈၃။ မ၊ဋ္ဌ၊၄၊၈၁။ အံ၊ဋ္ဌ၊၁၊၇၀။ သမ္မောဟဝိနောဒနီ၊၄၁၃၊၊)

[၄၇] ကတမေ ဓမ္မာ အသင်္ခတာ? ယော ဧဝ သော ဓမ္မော အပ္ပစ္စယော၊ သော ဧဝ သော ဓမ္မော အသင်္ခတော။ (အဘိ၊၁၊၂၁၉၊၊)

[၄၈] န တေန နိဗ္ဗာနဓာတုယာ ဦနတ္တံ ဝါ ပူရတ္တံ ဝါတိ အသင်္ချေယျေပိ ကပ္ပေ ဗုဒ္ဓေသု အနုပ္ပန္နေသု ဧကသတ္တောပိ ပရိနိဗ္ဗာတုံ န သက္ကောတိ၊ တဒါပိ ''တုစ္ဆာ နိဗ္ဗာနဓာတူ''တိ န သက္ကာ ဝတ္တုံ။ ဗုဒ္ဓကာလေ စ ပန ဧကေကသ္မိံ သမာဂမေ အသင်္ချေယျာပိ သတ္တာ အမတံ အာရာဓေန္တိ၊ တဒါပိ န သက္ကာ ဝတ္တုံ- ''ပူရာ နိဗ္ဗာနဓာတူ''တိ။ (အံ၊ဋ္ဌ၊၃၊၂၂၁။)

[၄၉] နိဗ္ဗာနံ နိစ္စံ ဓုဝံ သဿတံ အဝိပရိဏာမဓမ္မံ (ကထာဝတ္ထုပါဠိတော်၊၁၀၁။)

[၅၀] (အံ၊၂၊၁၈၃။ ဝဏိဇ္ဇာသုတ္တန်။)

[၅၁] တတ္ထ ပုရိမာနိ ဒွေ သစ္စာနိ ဝဋ္ဋံ၊ ပစ္ဆိမာနိ ဝိဝဋ္ဋံ။ တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)

[၅၂] အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။)

[၅၃] (ဒီ၊ဋ္ဌ၊၂၊၃၃၆၊ မဟာသတိပဋ္ဌာနသုတ်အဖွင့်။ မ၊ဋ္ဌ၊၂၊၁၆၅၊ မဟာဂေါပါလကသုတ်အဖွင့်။)

[၅၄] ဤအရာဝယ် အထူးသတိပြုစေလိုသော အချက်တစ်ရပ်ကား ရှိနေပေသေး၏၊ အချို့အချို့သော ဆရာတို့ကား ''ဘုရားရှင်သည် (တာဝတိံသာ) နတ်ပြည်၌သာ အဘိဓမ္မာတရားတော်ကို ဟောကြားထားတော်မူခဲ့၏၊ လူ့ပြည်မှာ ဟောကြားထားတော်မူသည်ကား မဟုတ်။ သို့အတွက် အဘိဓမ္မာဒေသနာတော်သည် နတ်ဗြဟ္မာတို့နှင့်သာ သက်ဆိုင်၏၊ လူသားတို့နှင့်ကား မသက်ဆိုင်''ဟု အယူ ရှိကြပြန်၏၊ သို့သော် ရှေးစာမျက်နှာ (၂၂)၌ ရှင်းလင်းတင်ပြထားခဲ့သည့်အတိုင်း ဓမ္မစကြာဒေသနာတော်၏ အဆုံး၌ အရှင် အညာသိကောဏ္ဍည မထေရ်မြတ်နှင့် အတူတကွ (၁၈)ကုဋေကုန်သော ဗြဟ္မာတို့သည် အရိယသစ္စာလေးပါးတို့ကို ထိုးထွင်းသိမြင် ကာ သောတာပတ္တိဖိုလ်၌ တည်ကြကုန်၏၊ အရှင်အညာသိကောဏ္ဍည မထေရ်မြတ်သည် အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက (= အကြမ်း), သုခုမ (= အနု), ဟီန (= အယုတ်), ပဏီတ (= အမြတ်), ဒူရ (= အဝေး), သန္တိက (= အနီး)ဟု ခေါ်ဆိုအပ်သည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခအရိယသစ္စာတရားတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် မျက်မှောက်ပြုကာ ထိုးထွင်းသိမြင်တော်မူ၏၊ အလားတူပင် နတ်ဗြဟ္မာတို့သည်လည်း ယင်း (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခအရိယသစ္စာတရားတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် မျက်မှောက်ပြုကာ ထိုးထွင်းသိမြင်ကြပေသည်။ တစ်ဖန် အရှင်ကောဏ္ဍညမထေရ်မြတ်သည် သမုဒယအရိယသစ္စာ အမည်ရသည့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံတို့ကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတည်းဟူသော အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ ထင်ရှားဖြစ်ပေါ်ပုံကိုလည်း သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် မျက်မှောက်ပြုကာ ထိုးထွင်းသိမြင်တော်မူ၏၊ အလားတူပင် နတ်ဗြဟ္မာ တို့သည်လည်း ယင်းသမုဒယအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် မျက်မှောက်ပြုကာ ထိုးထွင်းသိမြင်ကြ၏၊ တစ်ဖန် အရှင်ကောဏ္ဍညမထေရ်မြတ်သည် ယင်း အကြောင်း သမုဒယသစ္စာတရားတို့နှင့် အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ အဆင့်ဆင့်သော ဝိပဿနာဉာဏ်တို့ဖြင့် ဝိပဿနာ ရှုပွားသုံးသပ်တော်မူနိုင်၏၊ အလားတူပင် နတ်ဗြဟ္မာတို့သည်လည်း ယင်း အကြောင်းသမုဒယသစ္စာတရားတို့နှင့် အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကို လက္ခဏာရေး သုံးတန်သို့ တင်ကာ အဆင့်ဆင့်သော ဝိပဿနာဉာဏ်တို့ဖြင့် ဝိပဿနာရှုပွားသုံးသပ်နိုင်ကြ၏၊ တစ်ဖန် အရှင်ကောဏ္ဍည မထေရ်မြတ်သည် (ရရှိတော့မည့် အရဟတ္တမဂ်၏ စွမ်းအားကြောင့်) အကြောင်း သမုဒယသစ္စာတရားများ အကြွင်းအကျန်မရှိ ကုန်စင်အောင် ချုပ်ငြိမ်းခြင်းကြောင့် အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ အကြွင်းအကျန် မရှိ ကုန်စင်အောင် ချုပ်ငြိမ်းမှု = နိရောဓအရိယသစ္စာတရားကိုလည်း သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် မျက်မှောက်ပြုကာ ထိုးထွင်းသိမြင်တော်မူ၏၊ အလားတူပင် နတ်ဗြဟ္မာတို့သည်လည်း ယင်းနိရောဓအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် မျက်မှောက်ပြုကာ ထိုးထွင်းသိမြင် ကြပေသည်။ တစ်ဖန် အရှင်ကောဏ္ဍညမထေရ်မြတ်သည် ရင့်ကျက်လာသည့် ဝိပဿနာဉာဏ်တို့၏ အဆုံး၌ ဖြစ်ပေါ်လာသည့် သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တည်းဟူသော လောကုတ္တရာ နိရောဓအရိယသစ္စာ တရားကို ထိုးထွင်းသိမြင်တော်မူ၏၊ အလားတူပင် နတ်ဗြဟ္မာတို့သည်လည်း ယင်း လောကုတ္တရာ နိရောဓအရိယသစ္စာတရားကို သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် ထိုးထွင်းသိမြင်ကြပေသည်။ တစ်ဖန် အရှင်ကောဏ္ဍညမထေရ်မြတ်သည် ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် လောကီမဂ္ဂင် (၈)ပါး လောကုတ္တရာမဂ္ဂင် (၈)ပါးတို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် မျက်မှောက်ပြုကာ ထိုးထွင်းသိမြင်တော်မူ၏၊ အလားတူပင် နတ်ဗြဟ္မာတို့သည်လည်း ယင်းမဂ္ဂအရိယသစ္စာတရားကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် မျက်မှောက်ပြုကာ ထိုးထွင်းသိမြင်ကြပေသည်။ ထို့ကြောင့် အရှင်ကောဏ္ဍညမထေရ်မြတ် ထိုးထွင်းသိမြင်တော် မူသည့် ရုပ်နာမ်နှင့် နတ်ဗြဟ္မာတို့ ထိုးထွင်းသိမြင်ကြသည့် ရုပ်နာမ်၊ အရှင်ကောဏ္ဍညမထေရ်မြတ် ထိုးထွင်းသိမြင်တော်မူသည့် သစ္စာ (၄)ပါးနှင့် နတ်ဗြဟ္မာတို့ ထိုးထွင်းသိမြင်ကြသည့် သစ္စာ (၄)ပါးတို့မှာ တူညီလျက်ပင် ရှိကြပေသည်၊ ကွဲပြားမှုကား မရှိကြပေ။ အကြောင်းမှာ အရှင်ကောဏ္ဍညမထေရ်မြတ်နှင့် နတ်ဗြဟ္မာတို့ နာယူကြရသော တရားဒေသနာတော်မှာ ''ဓမ္မစကြာတရား ဒေသနာတော်'' တစ်ခုတည်းသာ ဖြစ်သောကြောင့်လည်းကောင်း, ထိုအချိန်အခါတွင် ဘုရားရှင်သည် (တာဝတိံသာ) နတ်ပြည်၌ အဘိဓမ္မာတရားဒေသနာတော်ကို ဟောကြားတော်မမူရသေးသောကြောင့်လည်းကောင်း ဖြစ်ပေသည်။

[၅၅] (ဝိသုဒ္ဓိ၊၂၊၇၂။)

[၅၆] (စာမျက်နှာ၊၆၄၃။)

[၅၇] ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ဂတပစ္စာဂတိကဘာဝေန ယာဝ အနုလောမံ ဂေါတြဘုသမီပံ၊ တာဝ ဝိပဿနာနုယောဂေါ။ (ဝိသုဒ္ဓိ၊၂၊၇၂။) ယာဝ အနုလောမဂေါတြဘုသမီပန္တိ သင်္ခါရုပေက္ခာဉာဏမာဟ။ (မဟာဋီ၊၂၊၈၄၊၊)

[၅၈] (သံ၊၂၊၅၅-၅၆။ ဝိနည်းမဟာဝါ၊၁၈-၂၀။)

[၅၉] နေတံ မမ နေသောဟမသ္မိ န မေသော အတ္တာတိ သမနုပဿာမီတိ အနိစ္စံ ဒုက္ခံ အနတ္တာတိ သမနုပဿာမိ။ (မ၊ဋ္ဌ၊၄၊၂၃၂။ ဆန္နောဝါဒသုတ္တန်အဋ္ဌကထာ။)

[၆၀] သမ္မပ္ပညာယ ပဿတီတိ သဟ ဝိပဿနာယ မဂ္ဂပညာယ သုဋ္ဌု ပဿတိ။ (သံ၊ဋ္ဌ၊၂၊၁၉၇။ အနုသယသုတ္တန်အဋ္ဌကထာ၊၊)
သမ္မ။ပ။ ပဿတီတိ ပုဗ္ဗဘာဂေ ဝိပဿနာဉာဏေန သမ္မသနဝသေန, မဂ္ဂက္ခဏေ အဘိသမယဝသေန သုဋ္ဌု အတ္တပစ္စက္ခေန ဉာဏေန ပဿတိ။ (သံ၊ဋီ၊၂၊၁၈၁။)

[၆၁] (သံ၊၂၊၂၄၉-၂၅၀။ ပဌမအပရိဇာနနသုတ္တန်။)

[၆၂] ဣတိ ဣမသ္မိံ သုတ္တေ တိဿောပိ ပရိညာ ကထိတာ ဟောန္တိ။ ''အဘိဇာန''န္တိ ဟိ ဝစနေန ဉာတပရိညာ ကထိတာ၊ ''ပရိဇာန''န္တိ ဟိ ဝစနေန တီရဏပရိညာ၊ ''ဝိရာဇယံ ပဇဟ''န္တိ ဒွီဟိ ပဟာနပရိညာတိ။ (သံ၊ဋ္ဌ၊၃၊။)

[၆၃] (သံ၊၃၊၃၆၃၊ စာပိုဒ်၊၁၀၇၁။)

[၆၄] သာဝတ္ထိနိဒါနံ။ နာဟံ ဘိက္ခဝေ လောကေန ဝိဝဒါမိ၊ လောကောဝ မယာ ဝိဝဒတိ။ န ဘိက္ခဝေ ဓမ္မဝါဒီ ကေနစိ လောကသ္မိံ ဝိဝဒတိ။ ယံ ဘိက္ခဝေ နတ္ထိသမ္မတံ လောကေ ပဏ္ဍိတာနံ၊ အဟမ္ပိ တံ 'နတ္ထီ'တိ ဝဒါမိ။ ယံ ဘိက္ခဝေ အတ္ထိသမ္မတံ လောကေ ပဏ္ဍိတာနံ၊ အဟမ္ပိ တံ 'အတ္ထီ'တိ ဝဒါမိ။
ကိဉ္စ ဘိက္ခဝေ နတ္ထိသမ္မတံ လောကေ ပဏ္ဍိတာနံ၊ ယမဟံ 'နတ္ထီ'တိ ဝဒါမိ? ရူပံ ဘိက္ခဝေ နိစ္စံ ဓုဝံ သဿတံ အဝိပရိဏာမဓမ္မံ နတ္ထိသမ္မတံ လောကေ ပဏ္ဍိတာနံ၊ အဟမ္ပိ တံ 'နတ္ထီ'တိ ဝဒါမိ။ ဝေဒနာ။ပ။ သညာ။ပ။ သင်္ခါရာ။ပ။ ဝိညာဏံ နိစ္စံ ဓုဝံ သဿတံ အဝိပရိဏာမဓမ္မံ နတ္ထိသမ္မတံ လောကေ ပဏ္ဍိတာနံ၊ အဟမ္ပိ တံ 'နတ္ထီ'တိ ဝဒါမိ။ ဣဒံ ခေါ ဘိက္ခဝေ နတ္ထိသမ္မတံ လောကေ ပဏ္ဍိတာနံ၊ အဟမ္ပိ တံ 'နတ္ထီ'တိ ဝဒါမိ။
ကိဉ္စ ဘိက္ခဝေ အတ္ထိသမ္မတံ လောကေ ပဏ္ဍိတာနံ၊ ယမဟံ 'အတ္ထီ'တိ ဝဒါမိ? ရူပံ ဘိက္ခဝေ အနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ အတ္ထိသမ္မတံ လောကေ ပဏ္ဍိတာနံ၊ အဟမ္ပိ တံ 'အတ္ထီ'တိ ဝဒါမိ။ ဝေဒနာ အနိစ္စာ။ပ။ သညာ။ပ။ သင်္ခါရာ။ပ။ ဝိညာဏံ အနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ အတ္ထိသမ္မတံ လောကေ ပဏ္ဍိတာနံ၊ အဟမ္ပိ တံ 'အတ္ထီ'တိ ဝဒါမိ။ ဣဒံ ခေါ ဘိက္ခဝေ အတ္ထိသမ္မတံ လောကေ ပဏ္ဍိတာနံ၊ အဟမ္ပိ တံ 'အတ္ထီ'တိ ဝဒါမိ။
အတ္ထိ ဘိက္ခဝေ လောကေ လောကဓမ္မော၊ တံ တထာဂတော အဘိသမ္ဗုဇ္ဈတိ အဘိသမေတိ၊ အဘိသမ္ဗုဇ္ဈိတွာ အဘိသမေတွာ တံ အာစိက္ခတိ ဒေသေတိ ပညပေတိ ပဋ္ဌပေတိ ဝိဝရတိ ဝိဘဇတိ ဥတ္တာနီကရောတိ။
ကိဉ္စ ဘိက္ခဝေ လောကေ လောကဓမ္မော၊ တံ တထာဂတော အဘိသမ္ဗုဇ္ဈတိ အဘိသမေတိ၊ အဘိသမ္ဗုဇ္ဈိတွာ အဘိသမေတွာ တံ အာစိက္ခတိ ဒေသေတိ ပညပေတိ ပဋ္ဌပေတိ ဝိဝရတိ ဝိဘဇတိ ဥတ္တာနီကရောတိ? ရူပံ ဘိက္ခဝေ လောကေ လောကဓမ္မော၊ တံ တထာဂတော အဘိသမ္ဗုဇ္ဈတိ အဘိသမေတိ၊ အဘိသမ္ဗုဇ္ဈိတွာ အဘိသမေတွာ အာစိက္ခတိ ဒေသေတိ ပညပေတိ ပဋ္ဌပေတိ ဝိဝရတိ ဝိဘဇတိ ဥတ္တာနီကရောတိ။
ယော ဘိက္ခဝေ တထာဂတေန ဧဝံ အာစိက္ခိယမာနေ ဒေသိယမာနေ ပညပိယမာနေ ပဋ္ဌပိယမာနေ ဝိဝရိယမာနေ ဝိဘဇိယမာနေ ဥတ္တာနီကရိယမာနေ န ဇာနာတိ န ပဿတိ၊ တမဟံ ဘိက္ခဝေ ဗာလံ ပုထုဇ္ဇနံ အန္ဓံ အစက္ခုကံ အဇာနန္တံ အပဿန္တံ ကိန္တိ ကရောမိμ ဝေဒနာ ဘိက္ခဝေ လောကေ လောကဓမ္မော။ပ။ သညာ ဘိက္ခဝေ။ပ။ သင်္ခါရာ ဘိက္ခဝေ။ပ။ ဝိညာဏံ ဘိက္ခဝေ လောကေ လောကဓမ္မော၊ တံ တထာဂတော အဘိသမ္ဗုဇ္ဈတိ အဘိသမေတိ၊ အဘိသမ္ဗုဇ္ဈိတွာ အဘိသမေတွာ အာစိက္ခတိ ဒေသေတိ ပညပေတိ ပဋ္ဌပေတိ ဝိဝရတိ ဝိဘဇတိ ဥတ္တာနီကရောတိ။
ယော ဘိက္ခဝေ တထာဂတေန ဧဝံ အာစိက္ခိယမာနေ ဒေသိယမာနေ ပညပိယမာနေ ပဋ္ဌပိယမာနေ ဝိဝရိယမာနေ ဝိဘဇိယမာနေ ဥတ္တာနီကရိယမာနေ န ဇာနာတိ န ပဿတိ၊ တမဟံ ဘိက္ခဝေ ဗာလံ ပုထုဇ္ဇနံ အန္ဓံ အစက္ခုကံ အဇာနန္တံ အပဿန္တံ ကိန္တိ ကရောမိ!
သေယျထာပိ ဘိက္ခဝေ ဥပ္ပလံ ဝါ ပဒုမံ ဝါ ပုဏ္ဍရီကံ ဝါ ဥဒကေ ဇာတံ ဥဒကေ သံဝဍ္ဎံ ဥဒကာ အစ္စုဂ္ဂမ္မ ဌာတိ အနုပလိတ္တံ ဥဒကေန၊ ဧဝမေဝ ခေါ ဘိက္ခဝေ တထာဂတော လောကေ ဇာတော လောကေ သံဝဍ္ဎော လောကံ အဘိဘုယျ ဝိဟရတိ အနုပလိတ္တော လောကေနာတိ။ (သံ၊၂၊၁၁၃-၁၁၄၊ စာပိုဒ်၊၉၄။ ပုပ္ဖသုတ္တန်။)

[၆၅] သင်ချစ်သားတို့သည် ထိုခန္ဓာငါးပါးကို မသိကြသော်လည်း ..ငါဘုရားရှင်မှာ သင်ချစ်သားတို့နှင့် ငြိကပ်မှု လိမ်းကျံမှု မရှိပါ (= ဝမ်းနည်းမှု ကြေကွဲမှု မရှိပါ)။ ငါဘုရားရှင်၏ နိဗ္ဗာန်သို့ သွားရာ လမ်းကြောင်းဖြစ်သည့် တရားတော်ကို ဟောကြားပြသပေးခြင်း ဆိုသည့် တာဝန်ဝတ္တရားကို ရွက်ဆောင်ပေးခြင်းမျှသာ ဖြစ်ပေသည်ဟု ဆိုလိုပေသည်။

[၆၆] ကမ္မာသဒမ္မ-ကမ္မာသဓမ္မဟု မူနှစ်မျိုးရှိရာကမ္မာသဒမ္မရှိသည့်အလို ခြေကျားကို ဆုံးမရာ (ခြေထောက်၌ ငုပ်စူးမိသဖြင့် ဒဏ်ရာများ ရရှိရာ ယင်းဒဏ်ရာများမှာ ပျောက်ကျားလျက်ရှိသဖြင့် ခြေထောက်ပျောက်ကျားလျက်ရှိသော ပေါရိသာဒကို ဆိုဆုံးမရာနေရာ) ဖြစ်သောကြောင့်ဟု ဆိုလိုသည်၊ကမ္မာသဓမ္မရှိသည့်အလို ကျင့်ဝတ်ကျားကုန်သော သူတို့၏ တည်ရာ ဖြစ်သောကြောင့်ဟု ဆိုလိုသည်။

[၆၇] အောက်မေ့ခြင်း၊

[၆၈] ဥပါဒါနက္ခန္ဓာလောကကို ဆိုသည်၊

[၆၉] လိုချင်တပ်မက်ခြင်း၊

[၇၀] နှလုံးမသာခြင်း၊

[၇၁] ကာယောတိ ဒွေ ကာယာ – နာမကာယော စ ရူပကာယော စ။ (ပဋိသံ၊၁၈၁။ စာပိုဒ်၊၁၇၀။)
(ကာယ = နာမကာယ + ရူပကာယ = နာမ်တရားအပေါင်းအစု + ရုပ်တရားအပေါင်းအစု)

[၇၂] ခံစားခြင်း၊

[၇၃] ချမ်းသာသောခံစားခြင်း၊

[၇၄] ဆင်းရဲသောခံစားခြင်း၊

[၇၅] ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားခြင်း၊

[၇၆] တပ်မက်ခြင်း၊

[၇၇] အမျက်ထွက်ခြင်း၊

[၇၈] တွေဝေခြင်း၊

[၇၉] ရူပ အရူပစိတ်၊

[၈၀] ကာမာဝစရစိတ်၊

[၈၁] ကာမာဝစရစိတ်၊

[၈၂] ရူပ အရူပစိတ်၊

[၈၃] အပ္ပနာသမာဓိ ဥပစာရသမာဓိရှိသော တည်ကြည်သောစိတ်၊

[၈၄] သမာဓိနှစ်ပါးကင်းသော မတည်ကြည်သောစိတ်၊

[၈၅] တဒင်္ဂအားဖြင့်လည်းကောင်း, ဝိက္ခမ္ဘနအားဖြင့်လည်းကောင်း ကိလေသာတို့မှ လွတ်မြောက်သောစိတ်၊

[၈၆] ထိုနှစ်ပါးအားဖြင့် ကိလေသာတို့မှ မလွတ်မြောက်သောစိတ်၊

[၈၇] စျာန်မဂ်ဖိုလ်ကို မရအောင် ပိတ်ပင်ထားတတ်သောတရား၊

[၈၈] ကာမဂုဏ်၌ တပ်မက်လိုလားခြင်း၊

[၈၉] သူတစ်ပါးပျက်စီးစေလိုခြင်းသဘော၊

[၉၀] စိတ်+စေတသိက်တို့၏ လေးလံထိုင်းမှိုင်းခြင်း၊

[၉၁] စိတ်ပျံ့လွင့်ခြင်း၊

[၉၂] နောင်တတစ်ဖန် ပူပန်ခြင်း၊

[၉၃] မဝေခွဲနိုင်ခြင်း = (၈)ဌာနတို့၌ ယုံမှားသံသယရှိခြင်း၊

[၉၄] မှတ်သိခြင်း၊

[၉၅] ပြုပြင်စီရင်မှု အားထုတ်မှု၊

[၉၆] အထူးသိမှု၊

[၉၇] ဖြစ်ရာ တည်ရာ အကြောင်း

[၉၈] သစ္စာတို့ကို သိကြောင်း = ဗောဓိ+အင်္ဂ = ဗောဇ္ဈင်္ဂ = ဗောဓိအမည်ရသည့် သစ္စာလေးပါးတို့ကို ထိုးထွင်းသိမြင်တတ်သည့် အရိယမဂ်ဉာဏ်၏ အကြောင်းအင်္ဂါ အစိတ်အပိုင်းတို့ဟု ဆိုလိုသည်။

[၉၉] မဂ်ဉာဏ်၏ အကြောင်းဖြစ်သော အောက်မေ့ခြင်း၊

[၁၀၀] မဂ်ဉာဏ်၏အကြောင်းဖြစ်သော တရားသဘောကို စူးစမ်း ဆင်ခြင်ခြင်း၊

[၁၀၁] မဂ်ဉာဏ်၏ အကြောင်းဖြစ်သော အားထုတ်ခြင်း၊

[၁၀၂] မဂ်ဉာဏ်၏ အကြောင်းဖြစ်သော နှစ်သိမ့်ခြင်း၊

[၁၀၃] မဂ်ဉာဏ်၏ အကြောင်းဖြစ်သော ကိုယ်စိတ်၏ ငြိမ်းချမ်းခြင်း၊

[၁၀၄] မဂ်ဉာဏ်၏ အကြောင်းဖြစ်သော တည်ကြည်ခြင်း၊

[၁၀၅] မဂ်ဉာဏ်၏ အကြောင်းဖြစ်သော သင်္ခါရအာရုံ/နိဗ္ဗာန်အာရုံကို အညီအမျှရှုခြင်း (တတြမဇ္ဈတ္တတာ စေတသိက်)

[၁၀၆] (ဒီ၊၂၊၂၃၁-၂၅၂။ မ၊၁၊၇၀-၉၁။)

[၁၀၇] (ဒီ၊ဋ္ဌ၊၂၊၃၉၅၊ စာပိုဒ်၊၄၀၄။)

[၁၀၈] (ဝိသုဒ္ဓိ၊၂၊၂၄၇။ မဟာဋီ၊၂၊၃၉၆။)

[၁၀၉] (သုတ္တနိပါတပါဠိ၊၃၀၈။ စာပိုဒ်၊၂၀၅။)

[၁၁၀] သေသာနိ ဥပစာရကမ္မဋ္ဌာနာနိ။ (ဒီ၊ဋ္ဌ၊၂၊၃၉၅၊ စာပိုဒ်၊၄၀၄။ မ၊ဋ္ဌ၊၁၊၃၀၅။)

[၁၁၁] (မ၊ဋ္ဌ၊၁၊၂၈၀။ စာပိုဒ်၊၁၁၃။)

[၁၁၂] (ဝိသုဒ္ဓိ၊၁၊၃၄၇။ စာပိုဒ်၊၃၀၈။)

[၁၁၃] (ဒီ၊ဋ္ဌ၊၂၊၃၁၄၊ စာပိုဒ်၊၃၅၉။ မ၊ဋ္ဌ၊၁၊၂၈၀၊ စာပိုဒ်၊၁၁၃။ အဘိ၊ဋ္ဌ၊၂၊၂၅၂၊ စာပိုဒ်၊၃၆၃။)

[၁၁၄] (ဝိသုဒ္ဓိ၊၁၊၂၈၁၊၃၄၇၊ စာပိုဒ်၊၂၃၅၊၃၀၈။ မဟာဋီ၊၁၊၃၄၂၊ စာပိုဒ်၊၂၃၅။)

[၁၁၅] ယာ ပန တေသံ ဒီဃရဿတာ၊ သာ အဒ္ဓါနဝသေန ဝေဒိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၁၊၂၆၃။)
အဒ္ဓါနဝသေနာတိ ဒီဃကာလဝသေန။ (မဟာဋီ၊၁၊၃၂၀။)

[၁၁၆] ''နဝယိမေ ဘိက္ခဝေ အနုပုဗ္ဗနိရောဓာ။ ကတမေ နဝ--
၁။ ပဌမံ စျာနံ သမာပန္နဿ ကာမသညာ နိရုဒ္ဓါ ဟောတိ၊
၂။ ဒုတိယံ စျာနံ သမာပန္နဿ ဝိတက္ကဝိစာရာ နိရုဒ္ဓါ ဟောန္တိ၊
၃။ တတိယံ စျာနံ သမာပန္နဿ ပီတိ နိရုဒ္ဓါ ဟောတိ၊
၄။ စတုတ္ထံ စျာနံ သမာပန္နဿ အဿာသပဿာသာ နိရုဒ္ဓါ ဟောန္တိ၊
၅။ အာကာသာနဉ္စာယတနံ သမာပန္နဿ ရူပသညာ နိရုဒ္ဓါ ဟောတိ၊
၆။ ဝိညာဏဉ္စာယတနံ သမာပန္နဿ အာကာသာနဉ္စာယတနသညာ နိရုဒ္ဓါ ဟောတိ၊
၇။ အာကိဉ္စညာယတနံ သမာပန္နဿ ဝိညာဏဉ္စာယတနသညာ နိရုဒ္ဓါ ဟောတိ၊
၈။ နေဝသညာနာသညာယတနံ သမာပန္နဿ အာကိဉ္စညာယတနသညာသည် နိရုဒ္ဓါ ဟောတိ၊
၉။ သညာဝေဒယိတနိရောဓံ သမာပန္နဿ သညာ စ ဝေဒနာ စ နိရုဒ္ဓါ ဟောန္တိ။
ဣမေ ခေါ ဘိက္ခဝေ နဝ အနုပုဗ္ဗနိရောဓာ''တိ။ (အံ၊၃၊၂၀၇။ အနုပုဗ္ဗနိရောဓသုတ္တန်။)

[၁၁၇] ကာယောတိ ဒွေ ကာယာ နာမကာယော စ ရူပကာယော စ။ ကတမော နာမကာယော ဝေဒနာ သညာ စေတနာ ဖေဿာ မနသိကာရော။ နာမဉ္စ နာမကာယော စ၊ ယေ စ ဝုစ္စန္တိ စိတ္တသင်္ခါရာ၊ အယံ နာမကာယော။။ ကတမော ရူပကာယော။ စတ္တာရော စ မဟာဘူတာ စတုန္နဉ္စ မဟာဘူတာနံ ဥပါဒါယရူပံ အဿာသော စ ပဿာသော စ နိမိတ္တဉ္စ ဥပနိဗန္ဓနာ ယေ စ ဝုစ္စန္တိ ကာယသင်္ခါရာ၊ အယံ ရူပကာယော။ (ပဋိသံ၊၁၈၁၊ စာပိုဒ်၊၁၇၀။ ပဋိသံ၊ဋ္ဌ၊၂၊၁၁၂။)

[၁၁၈] စိတ္တဇေ အဿာသပဿာသကောဋ္ဌာသေပိ ဩဇဋ္ဌမကဉ္စေဝ သဒ္ဒေါ စာတိ နဝ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

[၁၁၉] သညဇဥှိ ဧတံ သညာနိဒါနံ သညာပဘဝံ။ တသ္မာ သညာနာနတာယ နာနတော ဥပဋ္ဌာတီတိ ဝေဒိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၂၇၇၊ စာပိုဒ်၊၂၃၁။)

[၁၂၀] (ပဋိသံ၊၁၈၃။ စာပိုဒ်၊၁၇၀။)

[၁၂၁] (အံ၊၁၊၄၅၆။ စာပိုဒ်၊၁၄၃။)

[၁၂၂] (မဟာဋီ၊၂၊၄၂၉။ စာပိုဒ်၊၇၃၃။)

[၁၂၃] (အဘိ၊ဋ္ဌ၊၁၊၂၇၀။ ဝိသုဒ္ဓိ၊၂၊၃၀၀။)

[၁၂၄] (သံ၊၂၊၂၄၉။)

[၁၂၅] (ပဋိသံ၊၅၅၊ စာပိုဒ်၊၅၂။ ဝိသုဒ္ဓိ၊၂၊၂၄၁၊ စာပိုဒ်၊၆၉၃။)

[၁၂၆] ရူပက္ခန္ဓဿ ဥဒယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
၁။ အဝိဇ္ဇာသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။
၂။ တဏှာသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။
၃။ ကမ္မသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။
၄။ အာဟာရသမုဒယာ ရူပသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။
၅။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ ရူပက္ခန္ဓဿ ဥဒယံ ပဿတိ။
ရူပက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
ဝယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
၁။ အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။
၂။ တဏှာနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။
၃။ ကမ္မနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။
၄။ အာဟာရနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။
၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ ရူပက္ခန္ဓဿ ဝယံ ပဿတိ။
ရူပက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ဒသ လက္ခဏာနိ ပဿတိ။
ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
၁။ အဝိဇ္ဇာသမုဒယာ ဝေဒနာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿတိ။
၂။ တဏှာသမုဒယာ ဝေဒနာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿတိ။
၃။ ကမ္မသမုဒယာ ဝေဒနာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿတိ။
၄။ ဖဿသမုဒယာ ဝေဒနာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿတိ။
၅။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿတိ။
ဝေဒနာက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
ဝယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
၁။ အဝိဇ္ဇာနိရောဓာ ဝေဒနာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝေဒနာက္ခန္ဓဿ ဝယံ ပဿတိ။
၂။ တဏှာနိရောဓာ ဝေဒနာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝေဒနာက္ခန္ဓဿ ဝယံ ပဿတိ။
၃။ ကမ္မနိရောဓာ ဝေဒနာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝေဒနာက္ခန္ဓဿ ဝယံ ပဿတိ။
၄။ ဖဿနိရောဓာ ဝေဒနာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝေဒနာက္ခန္ဓဿ ဝယံ ပဿတိ။
၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ ဝေဒနာက္ခ္ခ္ခ္ခ္ခန္ဓဿ ဝယံ ပဿတိ။
ဝေဒနာက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ဒသ လက္ခဏာနိ ပဿတိ။
သညာက္ခန္ဓဿ ဥဒယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
၁။ အဝိဇ္ဇာသမုဒယာ သညာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သညာက္ခန္ဓဿ ဥဒယံ ပဿတိ။
၂။ တဏှာသမုဒယာ သညာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သညာက္ခန္ဓဿ ဥဒယံ ပဿတိ။
၃။ ကမ္မသမုဒယာ သညာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သညာက္ခန္ဓဿ ဥဒယံ ပဿတိ။
၄။ ဖဿသမုဒယာ သညာသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သညာက္ခန္ဓဿ ဥဒယံ ပဿတိ။
၅။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ သညာက္ခန္ဓဿ ဥဒယံ ပဿတိ။
သညာက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
ဝယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
၁။ အဝိဇ္ဇာနိရောဓာ သညာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သညာက္ခန္ဓဿ ဝယံ ပဿတိ။
၂။ တဏှာနိရောဓာ သညာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သညာက္ခန္ဓဿ ဝယံ ပဿတိ။
၃။ ကမ္မနိရောဓာ သညာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သညာက္ခန္ဓဿ ဝယံ ပဿတိ။
၄။ ဖဿနိရောဓာ သညာနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သညာက္ခန္ဓဿ ဝယံ ပဿတိ။
၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ သညာက္ခန္ဓဿ ဝယံ ပဿတိ။
သညာက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ဒသ လက္ခဏာနိ ပဿတိ။
သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
၁။ အဝိဇ္ဇာသမုဒယာ သင်္ခါရသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿတိ။
၂။ တဏှာသမုဒယာ သင်္ခါရသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿတိ။
၃။ ကမ္မသမုဒယာ သင်္ခါရသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿတိ။
၄။ ဖဿသမုဒယာ သင်္ခါရသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿတိ။
၅။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿတိ။
သင်္ခါရက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
ဝယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
၁။ အဝိဇ္ဇာနိရောဓာ သင်္ခါရနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သင်္ခါရက္ခန္ဓဿ ဝယံ ပဿတိ။
၂။ တဏှာနိရောဓာ သင်္ခါရနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သင်္ခါရက္ခန္ဓဿ ဝယံ ပဿတိ။
၃။ ကမ္မနိရောဓာ သင်္ခါရနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သင်္ခါရက္ခန္ဓဿ ဝယံ ပဿတိ။
၄။ ဖဿနိရောဓာ သင်္ခါရနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန သင်္ခါရက္ခန္ဓဿ ဝယံ ပဿတိ။
၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ သင်္ခါရက္ခန္ဓဿ ဝယံ ပဿတိ။
သင်္ခါရက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ဒသ လက္ခဏာနိ ပဿတိ။
ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
၁။ အဝိဇ္ဇာသမုဒယာ ဝိညာဏသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿတိ။
၂။ တဏှာသမုဒယာ ဝိညာဏသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿတိ။
၃။ ကမ္မသမုဒယာ ဝိညာဏသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿတိ။
၄။ နာမရူပသမုဒယာ ဝိညာဏသမုဒယောတိ ပစ္စယသမုဒယဋ္ဌေန ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿတိ။
၅။ နိဗ္ဗတ္တိလက္ခဏံ ပဿန္တောပိ ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿတိ။
ဝိညာဏက္ခန္ဓဿ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
ဝယံ ပဿန္တော ကတမာနိ ပဉ္စ လက္ခဏာနိ ပဿတိ?
၁။ အဝိဇ္ဇာနိရောဓာ ဝိညာဏနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝိညာဏက္ခန္ဓဿ ဝယံ ပဿတိ။
၂။ တဏှာနိရောဓာ ဝိညာဏနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝိညာဏက္ခန္ဓဿ ဝယံ ပဿတိ။
၃။ ကမ္မနိရောဓာ ဝိညာဏနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝိညာဏက္ခန္ဓဿ ဝယံ ပဿတိ။
၄။ နာမရူပနိရောဓာ ဝိညာဏနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ဝိညာဏက္ခန္ဓဿ ဝယံ ပဿတိ။
၅။ ဝိပရိဏာမလက္ခဏံ ပဿန္တောပိ ဝိညာဏက္ခန္ဓဿ ဝယံ ပဿတိ။
ဝိညာဏက္ခန္ဓဿ ဝယံ ပဿန္တော ဣမာနိ ပဉ္စ လက္ခဏာနိ ပဿတိ။
ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ဒသ လက္ခဏာနိ ပဿတိ။
ပဉ္စန္နံ ခန္ဓာနံ ဥဒယံ ပဿန္တော ဣမာနိ ပဉ္စဝီသတိ လက္ခဏာနိ ပဿတိ၊
ဝယံ ပဿန္တော ဣမာနိ ပဉ္စဝီသတိ လက္ခဏာနိ ပဿတိ၊
ဥဒယဗ္ဗယံ ပဿန္တော ဣမာနိ ပညာသ လက္ခဏာနိ ပဿတိ။ (ပဋိသံ၊၅၂-၅၅။ စာပိုဒ်၊၅၀။)

[၁၂၇] (ဒီ၊ဋ္ဌ၊၂၊၃၆၆၊ စာပိုဒ်၊၃၈၀။ မ၊ဋ္ဌ၊၁၊၂၈၃၊ စာပိုဒ်၊၁၁၃။)

[၁၂၈] (သုတ္တနိပါတပါဠိ၊၄၄၈၊ စာပိုဒ်၊၁၁၂၅။ ဝိသုဒ္ဓိ၊၂၊၂၉၃၊ စာပိုဒ်၊၇၆၅။)

[၁၂၉] (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀၊ အဘိ၊ဋ္ဌ၊၂၊၂၅၂။ ဝိသုဒ္ဓိ၊၂၊၂၂၇။ မဟာဋီ၊၂၊၃၅၇။ မ၊ဋီ၊၁၊၃၇၀ ...)

[၁၃၀] ကိဉ္စာပိ ဟိ ယံကိဉ္စိ ကမ္မဋ္ဌာနံ သတဿ သမ္ပဇာနေဿဝ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၆။)

[၁၃၁] (မ၊၁၊၇၁၊၇၂။)

[၁၃၂] ''ဂစ္ဆန္တော ဝါ ဂစ္ဆာမီတိ ပဇာနာတိ၊ ဌိတော ဝါ ဌိတောမှီတိ ပဇာနာတိ၊ နိသိန္နော ဝါ နိသိန္နောမှီတိ ပဇာနာတိ၊ သယာနော ဝါ သယာနောမှီတိ ပဇာနာတီ''တိ ဣမသ္မိံ ဟိ ဌာနေ အဒ္ဓါနဣရိယာပထာ ကထိတာ။
''အဘိက္ကန္တေ ပဋိက္ကန္တေ အာလောကိတေ ဝိလောကိတေ သမိဉ္ဇိတေ ပသာရိတေ''တိ ဣမသ္မိံ မဇ္ဈိမာ။ ''ဂတေ ဌိတေ နိသိန္နေ သုတ္တေ ဇာဂရိတေ''တိ ဣဓ ပန ခုဒ္ဒကစုဏ္ဏိကဣရိယာပထာ ကထိတာ။
တသ္မာ ဧတေသုပိ ဝုတ္တနယေနေဝ သမ္ပဇာနကာရိတာ ဝေဒိတဗ္ဗာ။ (မ၊ဋ္ဌ၊၁၊၂၇၃။)

[၁၃၃] (မ၊ဋ္ဌ၊၁၊၂၇၃-၂၇၄။)

[၁၃၄] တတ္ထ ကာမံ သောဏသိင်္ဂါလာဒယောပိ ဂစ္ဆန္တာ ''ဂစ္ဆာမာ''တိ ဇာနန္တိ၊ န ပနေတံ ဧဝရူပံ ဇာနနံ သန္ဓာယ ဝုတ္တံ။ ဧဝရူပဥှိ ဇာနနံ သတ္တူပလဒ္ဓိံ န ပဇဟတိ၊ အတ္တသညံ န ဥဂ္ဃါဋေတိ၊ ကမ္မဋ္ဌာနံ ဝါ သတိပဋ္ဌာနဘာဝနာ ဝါ န ဟောတိ။ ဣမဿ ပန ဘိက္ခုနော ဇာနနံ သတ္တူပလဒ္ဓိံ ပဇဟတိ၊ အတ္တသညံ ဥဂ္ဃါဋေတိ၊ ကမ္မဋ္ဌာနဉ္စေဝ သတိပဋ္ဌာနဘာဝနာ စ ဟောတိ။ ဣဒဥှိ ''ကော ဂစ္ဆတိ၊ ကဿ ဂမနံ၊ ကိံ ကာရဏာ ဂစ္ဆတီ''တိ ဧဝံ သမ္ပဇာနနံ သန္ဓာယ ဝုတ္တံ။ ဌာနာဒီသုပိ ဧသေဝ နယော။ (ဒီ၊ဋ္ဌ၊၂၊၃၅၇။ မ၊ဋ္ဌ၊၁၊၂၅၅-၂၅၆။)

[၁၃၅] တတ္ထ ကော ဂစ္ဆတီတိ န ကောစိ သတ္တော ဝါ ပုဂ္ဂလော ဝါ ဂစ္ဆတိ။ ကဿ ဂမနန္တိ န ကဿစိ သတ္တဿ ဝါ ပုဂ္ဂလဿ ဝါ ဂမနံ။ ကိံ ကာရဏာ ဂစ္ဆတီတိ စိတ္တကိရိယဝါယောဓာတုဝိပ္ဖါရေန ဂစ္ဆတိ။ တသ္မာ ဧသ ဧဝံ ပဇာနာတိ ''ဂစ္ဆာမီ''တိ စိတ္တံ ဥပ္ပဇ္ဇတိ၊ တံ ဝါယံ ဇနေတိ၊ ဝါယော ဝိညတ္တိံ ဇနေတိ၊ စိတ္တကိရိယဝါယောဓာတုဝိပ္ဖါရေန သကလကာယဿ ပုရတော အဘိနီဟာရော ဂမနန္တိ ဝုစ္စတိ။ ဌာနာဒီသုပိ ဧသေဝ နယော။ (ဒီ၊ဋ္ဌ၊၂၊၃၅၇။ မ၊ဋ္ဌ၊၁၊၂၅၆။)
ဝါယံ ဇနေတီတိ ဝါယောဓာတုအဓိကံ ရူပကလာပံ ဇနေတိ၊ အဓိကတာ စေတ္ထ သာမတ္ထိယတော, န ပမာဏတော။ ဂမနစိတ္တသမုဋ္ဌိတံ သဟဇာတရူပကာယဿ ထမ္ဘနသန္ဓာရဏစလနာနံ ပစ္စယဘူတေန အာကာရဝိသေသေန ပဝတ္တမာနံ ဝါယောဓာတုံ သန္ဓာယာဟ ''ဝါယော ဝိညတ္တိံ ဇနေတီ''တိ။ (မ၊ဋီ၊၁၊၃၅၂။)

[၁၃၆] ပုရတော အဘိနီဟာရော ပုရတောဘာဂေန ကာယဿ ပဝတ္တနံ, ယော ''အဘိက္ကမော''တိ ဝုစ္စတိ။ (မ၊ဋီ၊၁၊၃၅၂။)

[၁၃၇] ဟေတူ ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ ဟေတုပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊။)
စိတ္တာဓိပတိ စိတ္တသမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပတိပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊။)

[၁၃၈] (အဘိ၊ဋ္ဌ၊၁၊၃၆၁-၃၆၂။)

[၁၃၉] (မ၊၁၊၇၁။)

[၁၄၀] ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနာတီတိ သဗ္ဗသင်္ဂါဟိကဝစနမေတံ။ ဣဒံ ဝုတ္တံ ဟောတိ---- ယေန ယေန ဝါ အာကာရေန တဿ ကာယော ဌိတော ဟောတိ၊ တေန တေန နံ ပဇာနာတိ။ ဂမနာကာရေန ဌိတံ ဂစ္ဆတီတိ ပဇာနာတိ။ ဌာနနိသဇ္ဇာသယနာကာရေန ဌိတံ သယာနောတိ ပဇာနာတီတိ။ (ဒီ၊ဋ္ဌ၊၂၊၃၅၈။ မ၊ဋ္ဌ၊၁၊၂၅၇။)
သဗ္ဗသင်္ဂါဟိကဝစနန္တိ သဗ္ဗေသံ စတုန္နမ္ပိ ဣရိယာပထာနံ သင်္ဂဏှနဝစနံ၊ ပုဗ္ဗေ ဝိသုံ ဝိသုံ ဣရိယာပထာနံ ဝုတ္တတ္တာ ဣဒံ တေသံ ဧကဇ္ဈံ ဂဟေတွာ ဝစနန္တိ အတ္ထော။ (မ၊ဋီ၊၁၊၃၅၃။)

[၁၄၁] ပုရိမနယော ဝါ ဣရိယာပထပ္ပဓာနော ဝုတ္တောတိ တတ္ထ ကာယော အပ္ပဓာနော အနုနိပ္ဖါဒီတိ ဣဓ ကာယံ ပဓာနံ အပ္ပဓာနဉ္စ ဣရိယာပထံ အနုနိပ္ဖါဒံ ကတွာ ဒေဿတုံ ဒုတိယနယော ဝုတ္တောတိ ဧဝမ္ပေတ္ထ ဒွိန္နံ နယာနံ ဝိသေသော ဝေဒိတဗ္ဗော။ (မ၊ဋီ၊၁၊၃၅၃ )

[၁၄၂] (မ၊ဋ္ဌ၊၁၊၂၅၈။)

[၁၄၃] ပရမတ္ထတော ဟိ ဓာတူနံယေဝ ဂမနံ၊ ဓာတူနံ ဌာနံ၊ ဓာတူနံ နိသဇ္ဇနံ၊ ဓာတူနံ သယနံ။ တသ္မိံ တသ္မိဥှိ ကောဋ္ဌာသေ သဒ္ဓိံ ရူပေန---
အညံ ဥပ္ပဇ္ဇတေ စိတ္တံ၊ အညံ စိတ္တံ နိရုဇ္ဈတိ။
အဝီစိမနုသမ္ဗန္ဓော၊ နဒီသောတောဝ ဝတ္တတီတိ။
ဧဝံ အဘိက္ကမာဒီသု အသမ္မုယှနံ အသမ္မောဟသမ္ပဇညံ နာမာတိ။ (မ၊ဋ္ဌ၊၁၊၂၆၅။ အဘိ၊ဋ္ဌ၊၂၊၃၃၉ )

[၁၄၄] (ဒီ၊ဋ္ဌ၊၂၊၃၁၄၊ စာပိုဒ်၊၃၅၉။ မ၊ဋ္ဌ၊၁၊၂၈၀၊ စာပိုဒ်၊၁၁၃။ အဘိ၊ဋ္ဌ၊၂၊၂၅၂၊ စာပိုဒ်၊၃၆၃။)

[၁၄၅] (ဝိသုဒ္ဓိ၊၂၊၂၂၆၊ စာပိုဒ်၊၆၇၀။)

[၁၄၆] (မ၊၃၊၇၅-၇၉၊ စာပိုဒ်၊၉၃-၉၇။)

[၁၄၇] (မ၊ဋ္ဌ၊၄၊၆၀၊ စာပိုဒ်၊၉၄။)

[၁၄၈] (မ၊ဋီ၊၁၊၃၇၀၊ စာပိုဒ်၊၁၁၃။)

[၁၄၉] (အဘိ၊၂၊၊ စာပိုဒ်၊၂၁။)

[၁၅၀] (မ၊ဋ္ဌ၊၁၊၂၃၅၊ စာပိုဒ်၊၁၀၆။)

[၁၅၁] (စာမျက်နှာ၊၃၆။)

[၁၅၂] (ဝိသုဒ္ဓိ၊၂၊၂၆၂၊ စာပိုဒ်၊၇၁၈-၇၁၉။)

[၁၅၃] (ဣတိဝုတ္တက၊ဋ္ဌ၊၃၃၁။ ဒီ၊ဋီ၊၂၊၂၆၄။)

[၁၅၄] (စာမျက်နှာ၊၄၀၁ .. စသည်။)

[၁၅၅] (စာမျက်နှာ၊၃၉၂။)

[၁၅၆] (စာမျက်နှာ၊၃၉၂။)

[၁၅၇] (မ၊၁၊၇၃၊ စာပိုဒ်၊၁၁၁ စသည်။)

[၁၅၈] (ဒီ၊၂၊၉၂-၉၄၊ စာပိုဒ်၊၁၇၃-၁၇၄ စသည်။)

[၁၅၉] (ဝိသုဒ္ဓိ၊၂၊၂၂၂။)

[၁၆၀] (စာမျက်နှာ၊၅၂။) ၆၃

[၁၆၁] သမထဘာဝနာပိ ယာဝဒေဝ ဝိပဿနတ္ထာ ဣစ္ဆိတာ။ ဝိပဿနာပဓာနာ, ဝိပဿနာဗဟုလာ စ သတိပဋ္ဌာနဒေသနာ.. (ဒီ၊ဋီ၊၂၊၃၁၅၊ စာပိုဒ်၊၃၈၂။ မ၊ဋီ၊၁၊၃၇၃။)

[၁၆၂] (ဒီ၊၁၊၁၆၃၊ စာပိုဒ်၊၄၀၂။ မ၊၁၊၃၇၅၊ စာပိုဒ်၊၄၆၂။)

[၁၆၃] (သံ၊၂၊၃၈၅-၃၈၆၊ စာပိုဒ်၊၂၄၀။)

[၁၆၄] (မ၊၂၊၁၈၊ စာပိုဒ်၊၂၄။ သေခသုတ်)

[၁၆၅] သာမညဖလသုတ္တန်တွင် ဘုရားရှင်သည် ပထမစျာန်သမာဓိပိုင်း စသည်ကို မဟောကြားမီ ဤသတိသမ္ပဇဉ်နှင့် ပြည့်စုံဖို့ရန် ညွှန်ကြားထားတော်မူ၏၊ ထိုညွှန်ကြားချက်မှာ သမထကမ္မဋ္ဌာန်းကို ပွားများနေခိုက် ပထမစျာန်သို့ မဆိုက်ရောက်မီ ဂေါစရ သမ္ပဇဉ်ပိုင်းကို ဖြည့်ကျင့်ခိုက်ဝယ် မိမိရှုပွားနေဆဲ သမထကမ္မဋ္ဌာန်းအာရုံ၌ သတိသမ္ပဇဉ်နှင့် ပြည့်စုံရန် ညွှန်ကြားထားတော်မူခြင်း ဖြစ်၏၊ အကြောင်းမှာ ပထမစျာန်သမာဓိစသည့် ဂေါစရသမ္ပဇဉ်ပိုင်းကား သမာဓိသိက္ခာပိုင်း၌ အကျုံးဝင်၏၊ တစ်ဖန် ရုပ်နာမ် ပရမတ်ကို ထိုးထွင်းသိသည့် အသမ္မောဟသမ္ပဇဉ်ပိုင်းကား ပညာသိက္ခာပိုင်း၌ အကျုံးဝင်၏၊ ဤ၌ကား ဘုရားရှင်သည် သီလသိက္ခာပိုင်း၌သာ ထည့်သွင်းကာ ဟောကြားထားတော်မူခဲ့ပေသည်။

[၁၆၆] (ဒီ၊၁၊၆၇၊ စာပိုဒ်၊၂၁၄-၂၁၆။ သာမညဖလသုတ်)

[၁၆၇] အနုပုဗ္ဗကိရိယာယ တေရသ ဓုတင်္ဂါနိ .. (အံ၊ဋ္ဌ၊၃၊၂၂၀၊ စာပိုဒ်၊၁၉။ ပဟာရာဒသုတ်)

[၁၆၈] ''ဣတိ သီလံ ဣတိ သမာဓိ ဣတိ ပညာ။ သီလပရိဘာဝိတော သမာဓိ မဟပ္ဖလော ဟောတိ မဟာနိသံသော။ သမာဓိပရိဘာဝိတာ ပညာ မဟပ္ဖလာ ဟောတိ မဟာနိသံသာ။ ပညာပရိဘာဝိတံ စိတ္တံ သမ္မဒေဝ အာသဝေဟိ ဝိမုစ္စတိ၊ သေယျထိဒံ
- ကာမာသဝါ၊ ဘဝါသဝါ၊ အဝိဇ္ဇာသဝါ''တိ။ (ဒီ၊၂၊၆၈ ...၊ စာပိုဒ်၊၁၄၂...။ မဟာပရိနိဗ္ဗာနသုတ္တန်။)

[၁၆၉] အာယုသင်္ခါရလွှတ်တော်မူခြင်း---- ဘုရားရှင်သည် နောက်ဆုံး ပစ္ဆိမဝါကို ဝေသာလီပြည်ဝန်းကျင်တွင် တည်ရှိသော ဝေဠုဝရွာငယ်၌ ဝါဆိုဝါကပ်တော်မူ၏၊ ထိုဝါသို့ မကပ်မီ ဝါဆိုလပြည့်နေ့တွင် အလွန်ပြင်းထန်သည့် သေခြင်းလျှင် အဆုံးအပိုင်း အခြား ရှိသည့် ခါးနာသည့် ရောဂါဝေဒနာသည် စွဲကပ်တော်မူလာ၏၊ အတိတ်ဘဝတစ်ခုဝယ် လက်ဝှေ့သမားဖြစ်စဉ် မိမိနှင့် ပြိုင်ဘက် လက်ဝှေ့သမားအား ခါးကို ကိုင်ကာ ရိုက်ချိုးခဲ့ဖူးသော အကုသိုလ်ကံက အကျိုးပေးလာခြင်း ဖြစ်၏၊ ထိုရောဂါဝေဒနာကို တစ်ခဏတာမျှသာ ဝင်စားသည့် ခဏိကအရဟတ္တဖိုလ်သမာပတ်ဖြင့်ကား မပယ်ခွာနိုင်။ ဘုရားရှင်သည် ဘုရားမဖြစ်မီ အလောင်းတော်ဘဝက ဗောဓိပင်ခြေ မြတ်သော ပလ္လင်ဗွေထက်ဝယ် ပုရိမယာမ်၌ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ် ဉာဏ်တော်မြတ် မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုအဘိညာဏ် ဉာဏ်တော်မြတ်တို့ကို ကြိုးပမ်းတော်မူပြီးနောက် မိုးသောက်ယာမ်၌ အာသဝက္ခယဉာဏ်တော်မြတ် ရရှိရန်အလို့ငှာ ရည်သန်တော်မူလျက် ဝိပဿနာဘာဝနာကို နည်းမျိုးစုံဖြင့် ပွားများအားထုတ်တော် မူခဲ့၏၊ ထိုတွင် ရူပသတ္တက ဝိပဿနာရှုနည်း အရူပသတ္တက ဝိပဿနာရှုနည်းတို့လည်း ပါဝင်ကြ၏၊ အလားတူပင် ထိုခါးနာသည့် ရောဂါဝေဒနာကို ပယ်ခွာတော်မူရန်အတွက် အလွန်အရှိန်အဝါအားကောင်းသည့် ဝိပဿနာဉာဏ်များ ရရှိတော်မူရေးအတွက် ရည်ရွယ်တော်မူကာ ရူပသတ္တကဝိပဿနာရှုနည်း အရူပသတ္တကဝိပဿနာရှုနည်းတို့ဖြင့် ဝိပဿနာဘာဝနာကမ္မဋ္ဌာန်းကို အဝါးဝစွာ စီးဖြန်းတော်မူပြီးနောက် အချိန်ကြာမြင့်စွာ အရဟတ္တဖိုလ်ဖလသမာပတ်ကို ဝင်စားတော်မူကာ ယင်းအရဟတ္တဖိုလ်ဖလသမာပတ်မှ အထတွင် အဓိဋ္ဌာန်ပါရမီတော်မြတ်ဖြင့် ယင်းခါးနာသည့် ရောဂါဝေဒနာကို တွန်းလှန်ပယ်ခွာတော်မူလေသည်။ ထိုအရဟတ္တဖိုလ် ဖလသမာပတ်ကိုကား ဘုရားရှင်သည် နေ့စဉ်ပင် ဝင်စားတော်မူရပေသည်။ ယင်းအရဟတ္တဖိုလ်ဖလသမာပတ်ကို ကဆုန်လပြည့် နေ့သို့တိုင်အောင် သက်တော်ကို ထိန်းသိမ်းစောင့်ရှောက်ပြုပြင်ပေးနေသည့် သမာပတ်ဖြစ်ခြင်းကြောင့် အာယုသင်္ခါရဖလသမာပတ် ဟု ခေါ်ဆိုပေသည်၊ ဘုရားရှင်၏ ရုပ်ဇီဝိတ နာမ်ဇီဝိတ သက်တော်အစဉ်ကို အရှည်တည်အောင် ပြုပြင်ပေးနေသည့် သမာပတ် ဖြစ်ခြင်းကြောင့် ဇီဝိတသင်္ခါရဖလသမာပတ်ဟုလည်း ခေါ်ဆိုပေသည်၊ သက်တော်ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် သမာပတ် ဖြစ်ခြင်းကြောင့် အာယုပါလကဖလသမာပတ်ဟုလည်း ခေါ်ဆိုပေသည်။ သို့သော် တပို့တွဲလပြည့်နေ့သို့ ဆိုက်ရောက်တော် မူလာသောအခါ ဝေသာလီပြည် စာပါလစေတီတွင် သတိသမ္ပဇဉ်ဉာဏ်ယှဉ်တော်မူကာ ယင်းအရဟတ္တဖိုလ်ဖလသမာပတ်ကို လာမည့် ကဆုန်လပြည့်နေ့သို့တိုင်အောင်သာလျှင် ဝင်စားတော့မည်ဟု စိတ်တော်ဖြင့် ဆုံးဖြတ်ချက်ချတော်မူလေသည်။ ယင်းသို့ ဆုံးဖြတ်ချက်ချတော်မူခြင်းကိုပင် အာယုသင်္ခါရလွှတ်တော်မူသည်ဟု ခေါ်ဆိုခြင်း ဖြစ်ပေသည်။ (ဒီ၊၂၊၈၄၊၈၉၊ စာပိုဒ်၊၁၆၄၊၁၆၉။ ဒီ၊ဋ္ဌ၊၂၊၁၃၇၊၁၄၇။ ဒီ၊ဋီ၊၂၊၁၅၃။)

[၁၇၀] (ဒီ၊၂၊၁၀၁၊ စာပိုဒ်၊၁၈၅။ မဟာပရိနိဗ္ဗာနသုတ္တန်)

[၁၇၁] အယမ္ပိ ခေါ ဘိက္ခဝေ အာနာပါနဿတိသမာဓိ ဘာဝိတော ဗဟုလီကတော သန္တော စေဝ ပဏီတော စ အသေစနကော စ သုခေါ စ ဝိဟာရော၊ ဥပ္ပန္နုပ္ပန္နေ စ ပါပကေ အကုသလေ ဓမ္မေ ဌာနသော အန္တရဓာပေတိ ဝူပသမေတိ။ (သံ၊၃၊၂၇၉
ဝိ၊၁၊၈၈။)

[၁၇၂] (မ၊၁၊၇၀ ..။)

[၁၇၃] (သံ၊၃၊၂၈၀။ ဝိ၊၁၊၈၈။)

[၁၇၄] ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တေဿဝ ဘာဝနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၁။)

[၁၇၅] (ပဋိသံ၊ဋ္ဌ၊၂၊၇၂။)

[၁၇၆] အထာနေန တံ နိမိတ္တံ နေဝ ဝဏ္ဏတော မနသိကာတဗ္ဗံ၊ န လက္ခဏတော ပစ္စဝေက္ခိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၂၇၈။)

[၁၇၇] အဿာသပဿာသာ စိတ္တသမုဋ္ဌာနာဝ။ (ဝိသုဒ္ဓိ၊၁၊၃၄၆။)
စိတ္တဇေ အဿာသပဿာသကောဋ္ဌာသေပိ ဩဇဋ္ဌမကဉ္စေဝ သဒ္ဒေါ စာတိ နဝ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

[၁၇၈] (ဝိသုဒ္ဓိ၊၁၊၂၇၀။ ..)

[၁၇၉] (ဝိသုဒ္ဓိ၊၁၊၃၄၆၊စာပိုဒ်၊၃၀၈။)

[၁၈၀] (စာမျက်နှာ၊၂၇၉-၃၀၆။)

[၁၈၁] (မ၊၁၊၇၀။)

[၁၈၂] ယာ ပန တေသံ ဒီဃရဿတာ၊ သာ အဒ္ဓါနဝသေန ဝေဒိတဗ္ဗာ။ (ဝိသုဒ္ဓိ၊၁၊၂၆၃။)

[၁၈၃] အဒ္ဓါနဝသေနာတိ ဒီဃကာလဝသေန။ (မဟာဋီ၊၁၊၃၂၀။)

[၁၈၄] (မ၊၁၊၇၀။)

[၁၈၅] (ဝိသုဒ္ဓိ၊၁၊၂၆၆။)

[၁၈၆] (ဝိသုဒ္ဓိ၊၁၊၂၆၆။ မဟာဋီ၊၁၊၃၂၂။)

[၁၈၇] (စာမျက်နှာ၊၁၉၅ ..စသည်)

[၁၈၈] (မ၊၁၊၇၀။)

[၁၈၉] ''ဩဠာရိကောဠာရိကေ ကာယသင်္ခါရေ ပဿမ္ဘေမီ''တိ အာဘောဂ-သမန္နာဟာရ-မနသိကာရ-ပစ္စဝေက္ခဏာ ... (ဝိသုဒ္ဓိ၊၁၊၂၆၇။)

[၁၉၀] နာဟံ ဘိက္ခဝေ မုဋ္ဌဿတိဿ အသမ္ပဇာနဿ အာနာပါနဿတိသမာဓိဘာဝနံ ဝဒါမိ။ (သံ၊၃၊၂၉၄။)

[၁၉၁] (ဝိသုဒ္ဓိ၊၁၊၂၇၆။)

[၁၉၂] (ပဋိသံ၊၁၇၅။)

[၁၉၃] (မဟာဋီ၊၂၊၄၂၉၊ စာပိုဒ်၊၇၃၃။)

[၁၉၄] တေသု ဟိ အာနာပါနနိမိတ္တံ တာဝ ဝဍ္ဎယတော ဝါတရာသိယေဝ ဝဍ္ဎတိ၊ ဩကာသေန စ ပရိစ္ဆိန္နံ၊ ဣတိ သာဒီနဝတ္တာ ဩကာသေန စ ပရိ စ္ဆိန္နတ္တာ န ဝဍ္ဎေတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၁၀၉။)

[၁၉၅] (ဝိသုဒ္ဓိ၊၁၊၂၇၆-၂၇၇။ မဟာဋီ၊၁၊၃၃၅။ စာပိုဒ်၊၂၃၁။)

[၁၉၆] ဧဝံ ဧကမေဝ ကမ္မဋ္ဌာနံ သညာနာနတာယ နာနတော ဥပဋ္ဌာတိ။ သညဇဥှိ ဧတံ သညာနိဒါနံ သညာပဘဝံ။ တသ္မာ သညာနာနတာယ နာနတော ဥပဋ္ဌာတီတိ ဝေဒိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၂၇၇။)
သညာနာနတာယာတိ နိမိတ္တုပဋ္ဌာနတော ပုဗ္ဗေဝ ပဝတ္တသညာနံ နာနာဝိဓဘာဝတော။ (မဟာဋီ၊၁၊၃၃၅။)

[၁၉၇] (ဝိသုဒ္ဓိ၊၂၊-၃၊ စာပိုဒ်၊၃၆၅-၃၆၆။)

[၁၉၈] (ဝိသုဒ္ဓိ၊၂၊၅၈။ မဟာဋီ၊၂၊၆၂။)

[၁၉၉] (ဝိသုဒ္ဓိ၊၁၊၂၇၈၊၊)

[၂၀၀] (ဝိသုဒ္ဓိ၊၁၊၂၇၈၊၊)

[၂၀၁] သတိပြုရန်---- ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ဟူသော နှစ်ဆင့်လုံး၌ နိမိတ်နှစ်မျိုးလုံးတို့သည် ခိုင်ခံ့လာသဖြင့် လေနှင့် နိမိတ်တို့သည် တစ်သားတည်း ဖြစ်လာ၍ ထိုနိမိတ်တို့၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် ကြိုးစားအားထုတ်သည့် အပိုင်းဝယ် .. နိမိတ်ကို ကြည့်လိုက်၊ ဝင်သက်လေ-ထွက်သက်လေကို ကြည့်လိုက်---- ဤသို့ မပြုလုပ်ပါနှင့်။ ဝင်သက်လေထွက်သက်လေကို လုံးဝ မကြည့်တော့ဘဲ အာနာပါနနိမိတ်၌သာ ဘာဝနာစိတ်ကို တစ်ဖက်သတ် စိုက်ရှုနေပါ။ အကယ်၍ နိမိတ်က ပျောက်ပျက်သွားခဲ့သော် ထိုအခါတွင် ဝင်သက်လေ-ထွက်သက်လေကို တစ်ဖန် ပြန်ရှုပါ။ တစ်ဖန် နိမိတ်ပြန်ပေါ်လာ၍ နိမိတ်က ခိုင်ခံ့လာသောအခါ နိမိတ်ကိုသာ တစ်ဖန် ပြန်၍ ရှုနေပါ။ ဤနည်းအတိုင်း လေ့ကျင့်ခဲ့သော် နိမိတ်လည်း ခိုင်လာ၍ တဖြည်းဖြည်း ဥပစာရသမာဓိသို့လည်း ဆိုက်လာမည် ဖြစ်သည်။ လေနှင့် နိမိတ် နှစ်မျိုးလုံးကို ဂရုစိုက်နေပါက ကြည့်နေပါက သမာဓိမှာ မစူးရှဘဲသော်လည်း ရှိတတ်၏၊ လျှော၍သော်လည်း ကျသွားတတ်၏၊ သတိရှိပါစေ၊၊

[၂၀၂] (ဝိသုဒ္ဓိ၊၁၊၂၇၈၊၊)

[၂၀၃] သမာဓိကမ္မိကဿ ဗလဝတီပိ သဒ္ဓါ ဝဋ္ဋတိ။ (ဝိသုဒ္ဓိ၊၁၊၁၂၆။)

[၂၀၄] ပရမတ္ထဓမ္မသဘာဝတို့၏ သဘာဝလက္ခဏာ အသီးအသီးကို ဆင်ခြင်ခြင်း၊ ယင်းတို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကို ဆင်ခြင်ခြင်းကို ဆိုလိုသည်။

[၂၀၅] (ဝိသုဒ္ဓိ၊၁၊၁၂၆။)

[၂၀၆] (ပဋိသံ၊၂၈၃။)

[၂၀၇] (ဝိသုဒ္ဓိ၊၁၊၁၂၅-၁၂၆။ မဟာဋီ၊၁၊၁၅၀-၁၅၄- ကြည့်ပါ။)

[၂၀၈] (ပဋိသံ၊၁၆၉။)

[၂၀၉] နိမိတ္တန္တိ ဥပနိဗန္ဓနနိမိတ္တံ နာသိကဂ္ဂံ မုခနိမိတ္တံ ဝါ။ (ဝိမတိ၊၁၊၂၁၆-၂၁၇။)
ဧတ္ထ စ အညမေဝ အဿာသာရမ္မဏံ စိတ္တံ၊ အညံ ပဿာသာရမ္မဏံ၊ အညံ နိမိတ္တာရမ္မဏံ။ (ဝိသုဒ္ဓိ၊၁၊၂၇၇။)

[၂၁၀] အဿာသပဿာသေ နိဿာယ ဥပ္ပန္နနိမိတ္တမ္ပေတ္ထ အဿာသပဿာသသမညမေဝ ဝုတ္တံ။ (မဟာဋီ၊၁၊၃၁၉။)

[၂၁၁] (ပြည်၊၂၊၂၄၈-၂၄၉- ကြည့်ပါ။)

[၂၁၂] (ပဋိသံ၊၁၆၉။ ဝိသုဒ္ဓိ၊၁၊၂၇၇။)

[၂၁၃] ယဿ ဟိ ဣမေ တယော ဓမ္မာ နတ္ထိ၊ တဿ ကမ္မဋ္ဌာနံ နေဝ အပ္ပနံ န ဥပစာရံ ပါပုဏာတိ။ ယဿ ပန ဣမေ တယော ဓမ္မာ အတ္ထိ၊ တေဿဝ ကမ္မဋ္ဌာနံ ဥပစာရဉ္စ အပ္ပနဉ္စ ပါပုဏာတိ။ (ဝိသုဒ္ဓိ၊၁၊၂၇၇။)

[၂၁၄] ဘဝင်မနောအကြည်ဓာတ် = မနောဒွါရ အကြောင်းကို စာမျက်နှာ (၁၉၃ ..စသည်) တွင် ကြည့်ပါ။

[၂၁၅] (မ၊၃၊၇၅-၇၉၊၊)

[၂၁၆] (မ၊ဋ္ဌ၊၄၊၆၀။)

[၂၁၇] (ဝိသုဒ္ဓိ၊၁၊၁၄၈။ မဟာဋီ၊၁၊၁၇၈။)

[၂၁၈] (အကျယ်ကို ဝိသုဒ္ဓိ၊၁၊၁၄၉-၁၅၀။ မဟာဋီ၊၁၊၁၇၈-၁၈၀- ကြည့်ပါ၊၊)

[၂၁၉] (မ၊၁၊၃၇၅။)

[၂၂၀] (ဝိသုဒ္ဓိ၊၁၊၁၅၀။)

[၂၂၁] (ဝိသုဒ္ဓိ၊၁၊၁၅၀။)

[၂၂၂] (ဒီ၊၁၊၃၄။)

[၂၂၃] (ဝိသုဒ္ဓိ၊၁၊၁၅၃-၁၅၄။)

[၂၂၄] (ဝိသုဒ္ဓိ၊၁၊၁၅၄။)

[၂၂၅] (ဒီ၊၁၊၃၄။)

[၂၂၆] (ဝိသုဒ္ဓိ၊၁၊၁၅၉။)

[၂၂၇] (ဝိသုဒ္ဓိ၊၁၊၁၅၉။)

[၂၂၈] (ဝိသုဒ္ဓိ၊၁၊၁၆၀။ သံ၊၃၊၁၈၈-၁၈၉။)

[၂၂၉] စတုတ္ထဇ္ဈာနေ အတိသုခုမော အပ္ပဝတ္တိမေဝ ပါပုဏာတီတိ။ (ဝိသုဒ္ဓိ၊၁၊၂၆၇။)

[၂၃၀] အတိသုခုမောတိ အညတ္ထ လဗ္ဘမာနော ကာယသင်္ခါရော စတုတ္ထဇ္ဈာနေ အတိက္ကန္တသုခုမော။ သုခုမဘာဝေါပိဿ တတ္ထ နတ္ထိ၊ ကုတော ဩဠာရိကတာ အပ္ပဝတ္တနတော။ တေနာဟ ''အပ္ပဝတ္တိမေဝ ပါပုဏာတီ''တိ။ (မဟာဋီ၊၁၊၃၂၃။)

[၂၃၁] (ဝိသုဒ္ဓိ၊၁၊၂၆၇- ကြည့်ပါ။)

[၂၃၂] စတုတ္ထဇ္ဈာနသမာပန္နာနံ။ (ဝိသုဒ္ဓိ၊၁၊၂၇၅။)

[၂၃၃] (စာမျက်နှာ၊၁၀၉။)၁၁၆

[၂၃၄] (အံ၊၃၊၂၀၇။)

[၂၃၅] (ဝိသုဒ္ဓိ၊၁၊၁၂၃။)

[၂၃၆] ဧဝမေဝ ဥပစာရေ ဥပ္ပန္နေ စိတ္တံ ကာလေန နိမိတ္တမာရမ္မဏံ ကရောတိ၊ ကာလေန ဘဝင်္ဂမောတရတိ။ (ဝိသုဒ္ဓိ၊၁၊၁၂၃၊၊)

[၂၃၇] (မဟာဋီ၊၂၊၂၃၅။)

[၂၃၈] ဘဝတစ်လျှောက် ဖြစ်ပေါ်နေသော စိတ္တက္ခဏတိုင်း၌ တည်ရှိနေသော စိတ်စေတသိက်တို့ကို မဆိုလိုပါ။

[၂၃၉] ပုဗ္ဗေ ခေါ သုသိမ ဓမ္မဋ္ဌိတိဉာဏံ၊ ပစ္ဆာ နိဗ္ဗာနေ ဉာဏံ။ (သံ၊၁၊၃၄၄၊၊)

[၂၄၀] (ဝိသုဒ္ဓိ၊၁၊၁၂၃။)

[၂၄၁] စတုဘူမကစိတ္တဥှိ နော ဝိဇာနနလက္ခဏံ နာမ နတ္ထိ၊ သဗ္ဗံ ဝိဇာနနလက္ခဏမေဝ။ (အဘိ၊ဋ္ဌ၊၁၊၁၅၅။)

[၂၄၂] ကသ္မာ သမာပဇ္ဇန္တီတိ သင်္ခါရာနံ ပဝတ္တိဘေဒေ ဥက္ကဏ္ဌိတွာ ဒိဋ္ဌေဝ ဓမ္မေ အစိတ္တကာ ဟုတွာ ''နိရောဓံ နိဗ္ဗာနံ ပတွာ သုခံ ဝိဟရိဿာမာ''တိ သမာပဇ္ဇန္တိ။ (ဝိသုဒ္ဓိ၊၂၊၃၄၇။)

[၂၄၃] (ဝိသုဒ္ဓိ၊၂၊၃၄၇-ကြည့်ပါ၊၊)

[၂၄၄] (ဝိသုဒ္ဓိ၊၂၊၃၄၉-၃၅၀၊၊)

[၂၄၅] (စာမျက်နှာ၊၉။)၂၃

[၂၄၆] တတ္ထ ပုရိမာနိ ဒွေ သစ္စာနိ ဝဋ္ဋံ၊ ပစ္ဆိမာနိ ဝိဝဋ္ဋံ။ တေသု ဘိက္ခုနော ဝဋ္ဋေ ကမ္မဋ္ဌာနာဘိနိဝေသော ဟောတိ၊ ဝိဝဋ္ဋေ နတ္ထိ အဘိနိဝေသော။ (အဘိ၊ဋ္ဌ၊၂၊၁၀၉။)

[၂၄၇] (သံ၊၂၊၃၉။)

[၂၄၈] (အဘိ၊၂၊။)

[၂၄၉] သတိ---- အ မေး။။ အရိယမဂ်ဉာဏ်၏ ရှေ့သွားဖြစ်သော ဂေါတြဘုဉာဏ်သည် နိဗ္ဗာန်ကို အာရုံပြုသကဲ့သို့ အလားတူပင် ဤဖလသမာပတ်အရာ၌ အရိယဖိုလ်၏ ရှေး၌ရှိသော ဝေါဒါန်ဟု ရအပ်သော အမည်ရှိသော ဂေါတြဘုဉာဏ်သည် အဘယ်ကြောင့် နိဗ္ဗာန်ကို အာရုံမပြုနိုင်ပါသနည်း။
အဖြေ။။ အရိယဖိုလ်တရားတို့ကား သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်းတို့ မဟုတ်ကြပေ။ (အရိယမဂ်၏ အကျိုးရင်းမျှသာ ဖြစ်၏) အရိယမဂ်တရားတို့သည်သာလျှင် သံသရာဝဋ်မှ ထွက်မြောက်ကြောင်း နိယျာနိကတရားကောင်းစင်စစ် ဖြစ်ကြ၏၊ ထိုကြောင့် ဟူပေ။ (မဟာဋီ၊၂၊၅၁၈။)

[၂၅၀] ဖလသမာပတ္တတ္ထိကေန ဟိ အရိယသာဝကေန ရဟောဂတေန ပဋိသလ္လီနေန ဥဒယဗ္ဗယာဒိဝသေန သင်္ခါရာ ဝိပဿိတဗ္ဗာ။ တဿ ပဝတ္တာနုပုဗ္ဗဝိပဿနဿ သင်္ခါရာရမ္မဏဂေါတြဘုဉာဏာနန္တရာ ဖလသမာပတ္တိဝသေန နိရောဓေ စိတ္တံ အပ္ပေတိ။ ဖလသမာပတ္တိနိန္နတာယ စေတ္ထ သေက္ခဿာပိ ဖလမေဝ ဥပ္ပဇ္ဇတိ၊ န မဂ္ဂေါ။ (ဝိသုဒ္ဓိ၊၂၊၃၄၂။)

[၂၅၁] (အံ၊၁၊၄၅၆။)

[၂၅၂] (အံ၊ဋီ၊၃၊၁၇၇-၁၇၈။)

[၂၅၃] နော စေ တေ ဧဝံ ဝိဟရတော တံ မိဒ္ဓံ ပဟီယေထ၊ တတော တွံ မောဂ္ဂလ္လာန အာလောကသညံ မနသိ ကရေယျာသိ၊ ဒိဝါသညံ အဓိဋ္ဌဟေယျာသိ၊ ယထာ ဒိဝါ တထာ ရတ္တိံ ယထာ ရတ္တိံ တထာ ဒိဝါ၊ ဣတိ ဝိဝဋေန စေတသာ အပရိယောနဒ္ဓေန သပ္ပဘာသံ စိတ္တံ ဘာဝေယျာသိ။ ဌာနံ ခေါ ပနေတံ ဝိဇ္ဇတိ၊ ယံ တေ ဧဝံ ဝိဟရတော တံ မိဒ္ဓံ ပဟီယေထ။ (အံ၊၂၊၄၆၃။)
ယထာ ဒိဝါ တထာ ရတ္တိန္တိ ယထာ ဒိဝါ အာလောကသညာ အဓိဋ္ဌိတာ၊ တထာ နံ ရတ္တိမ္ပိ အဓိဋ္ဌဟေယျာသိ။ ယထာ ရတ္တိံ တထာ ဒိဝါတိ ယထာ စ တေ ရတ္တိံ အာလောကသညာ အဓိဋ္ဌိတာ၊ တထာ နံ ဒိဝါပိ အဓိဋ္ဌဟေယျာသိ။ သပ္ပဘာသန္တိ ဒိဗ္ဗစက္ခုဉာဏတ္ထာယ သဟောဘာသံ။ (အံ၊ဋ္ဌ၊၃၊၁၇၄။)

[၂၅၄] သဟောဘာသန္တိ သဉာဏောဘာသံ။ ထိနမိဒ္ဓဝိနောဒနအာလောကောပိ ဝါ ဟောတု ကသိဏာလောကောပိ ဝါ ပရိကမ္မာလောကောပိ ဝါ၊ ဥပက္ကိလေသာလောကော ဝိယ သဗ္ဗောယံ အာလောကော ဉာဏသမုဋ္ဌာနောဝါတိ။ (အံ၊ဋီ၊၃၊၁၇၇-၁၇၈။)

[၂၅၅] (ဝိသုဒ္ဓိ၊၂၊၅၈- ကြည့်ပါ။)

[၂၅၆] (ဝိသုဒ္ဓိ၊၁၊၁၄၀။)

[၂၅၇] ဤအရာ၌ အဘိညာဏ်ဇောဟူသည် ယင်းတေဇောကသိုဏ်း ဩဒါတကသိုဏ်း အာလောကကသိုဏ်းလျှင် အာရုံရှိသော ပထမစျာန် ဒုတိယစျာန် တတိယစျာန်နှင့် စတုတ္ထစျာန်၏ ဥပစာရသမာဓိဇောတို့နောင်တွင် ဆက်လက်ဖြစ်ပေါ်လာသည့်, အလင်းရောင်အောက်တွင် တည်ရှိသော ရူပါရုံအမျိုးမျိုး အရာဝတ္ထုအမျိုးမျိုးကို သိမြင်နေသည့် စတုတ္ထစျာန်ဇောစိတ်ပင် ဖြစ်သည်။ အကယ်၍ ယင်းအာလောကကသိုဏ်းစသည့် ကသိုဏ်းစျာန်ကို စတုတ္ထစျာန်၏ ဥပစာရသမာဓိနယ်မြေအထိ မပွားများဘဲ စတုတ္ထစျာန်သမာဓိဆိုက်သည်အထိ ပွားများထားသည်ဖြစ်ငြားအံ့၊ ယင်းစတုတ္ထစျာန်သမာဓိ၏ နောင်၌ စတုတ္ထစျာန်သမာဓိတည်း ဟူသော အဘိညာဏ်ဇောသည် ထပ်ပြီး မစောနိုင် မဖြစ်ပေါ်နိုင်။ ယင်းစတုတ္ထစျာန်၏ ဥပစာရသမာဓိတည်းဟူသော ပရိကံ၏ နောင်၌သာ စတုတ္ထစျာန်သမာဓိတည်းဟူသော အဘိညာဏ်ဇောသည် စောနိုင်၏ ဖြစ်ပေါ်နိုင်၏ဟု ဆိုလိုပေသည်။

[၂၅၈] (ဝိသုဒ္ဓိ၊၂၊၅၈။ မဟာဋီ၊၂၊၆၂။)

[၂၅၉] ဝဍ္ဎိတဋ္ဌာနဿ အန္တောယေဝ ရူပဂတံ ပဿိတဗ္ဗံ။ ရူပဂတံ ပဿတော ပနဿ ပရိကမ္မဿ ဝါရော အတိက္ကမတိ။ တတော အာလောကော အန္တရဓာယတိ။ တသ္မိံ အန္တရဟိတေ ရူပဂတမ္ပိ န ဒိဿတိ။ (ဝိသုဒ္ဓိ၊၂၊၅၈။)
ပရိကမ္မဿ ဝါရော အတိက္ကမတီတိ ဣဓ ပရိကမ္မံ နာမ ယထာဝုတ္တကသိဏာရမ္မဏံ ဥပစာရဇ္ဈာနံ၊ တံ ရူပဂတံ ပဿတော န ပဝတ္တတိ။ ကသိဏာလောကဝသေန စ ရူပဂတဒဿနံ၊ ကသိဏာလောကော စ ပရိကမ္မဝသေနာတိ တဒုဘယမ္ပိ ပရိကမ္မဿ အပ္ပဝတ္တိယာ န ဟောတိ။ တေနာဟ ''တတော အာလောကော အန္တရဓာယတိ၊ တသ္မိံ အန္တရဟိတေ ရူပဂတမ္ပိ န ဒိဿတီ''တိ။
ရူပဂတံ ပဿတော ပရိကမ္မဿ ဝါရော အတိက္ကမတိ၊ ပရိကမ္မမတိက္ကန္တဿ ကသိဏာရမ္မဏံ ဉာဏံ န ဟောတီတိ ရူပဂတံ န ဒိဿတိ။ (မဟာဋီ၊၂၊၆၂။)

[၂၆၀] အထာနေန ပုနပ္ပုနံ ပါဒကဇ္ဈာနမေဝ ပဝိသိတွာ တတော ဝုဋ္ဌာယ အာလောကော ဖရိတဗ္ဗော။

[၂၆၁] ယတ္တကံ ဌာနံ ပရိစ္ဆိန္ဒိတွာ ကသိဏံ ဝဍ္ဎိတံ၊ ထာမဂတဿ အာလောကဿ တတ္တကံ ဖရိတွာ အဝဋ္ဌာနံ။ (မဟာဋီ၊၂၊၆၂၊၊)

[၂၆၂] ဧဝံ အနုက္ကမေန အာလောကော ထာမဂတော ဟောတီတိ ဧတ္ထ အာလောကော ဟောတူတိ ယတ္တကံ ဌာနံ ပရိစ္ဆိန္ဒတိ၊ တတ္ထ အာလောကော တိဋ္ဌတိယေဝ။ ဒိဝသမ္ပိ နိသီဒိတွာ ပဿတော ရူပဒဿနံ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၅၈။)

[၂၆၃] ဧဝံ အနုက္ကမေနာတိ ပုနပ္ပုနံ ပါဒကဇ္ဈာနံ သမာပဇ္ဇိတွာ တတော တတော ဝုဋ္ဌာယ အဘိဏှံ အာလောကဿ ဖရဏဝသေန အာလောကော ထာမဂတော ဟောတိ စိရဋ္ဌာယီ။ တထာ စ သတိ တတ္ထ သုစိရမ္ပိ ရူပဂတံ ပဿတေဝ။ တေန ဝုတ္တံ ''ဧတ္ထ အာလောကော။ ပ။ ဟောတီ''တိ။ (မဟာဋီ၊၂၊၆၂။)

[၂၆၄] (ဝိသုဒ္ဓိ၊၂၊၃၀၈။)

[၂၆၅] ယတော စ ခေါ ဘိက္ခဝေ အဓိစိတ္တမနုယုတ္တော ဘိက္ခု ကာလေန ကာလံ သမာဓိနိမိတ္တံ မနသိကရောတိ၊ ကာလေန ကာလံ ပဂ္ဂဟနိမိတ္တံ မနသိကရောတိ၊ ကာလေန ကာလံ ဥပေက္ခာနိမိတ္တံ မနသိကရောတိ။ တံ ဟောတိ စိတ္တံ မုဒဉ္စ ကမ္မနိယဉ္စပဘဿရဉ္စ၊ န စ ပဘင်္ဂု။ သမ္မာသမာဓိယတိ အာသဝါနံ ခယာယ။ (အံ၊၁၊၂၅၈။)
အဓိစိတ္တန္တိ သမထဝိပဿနာစိတ္တံ။ (အံ၊ဋ္ဌ၊၂၊၂၂၇။)
ဧကာဒသမေပိ အဓိစိတ္တံ သမထဝိပဿနာစိတ္တမေဝ။ (အံ၊ဋ္ဌ၊၂၊၂၂၈၊၊)
ပဘဿရန္တိ ပဏ္ဍရံ ပရိသုဒ္ဓံ။ (အံ၊ဋ္ဌ၊၁၊၄၅။)
ပရိသုဒ္ဓေတိအာဒီသု ပန ဥပေက္ခာသတိပါရိသုဒ္ဓိဘာဝေန ပရိသုဒ္ဓေ။ ပရိသုဒ္ဓတ္တာယေဝ ပရိယောဒါတေ၊ ပဘဿရေတိ ဝုတ္တံ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊။)
ပဘဿရန္တိ ပရိယောဒါတံ သဘာဝပရိသုဒ္ဓဋ္ဌေန။ (အံ၊ဋီ၊၁၊၉၉။)

[၂၆၆] (ပြည်- ဝိသုဒ္ဓိမဂ်နိဿယ၊၃၊၁၂။)

[၂၆၇] ဝိပဿနောဘာသောတိ ဝိပဿနာစိတ္တသမုဋ္ဌိတံ သသန္တတိပတိတံ ဥတုသမုဋ္ဌာနဉ္စ ဘာသုရံ ရူပံ။ တတ္ထ ဝိပဿနာစိတ္တသမုဋ္ဌိတံ ယောဂိနော သရီရဋ္ဌမေဝ ပဘဿရံ ဟုတွာ တိဋ္ဌတိ၊ ဣတရံ သရီရံ မုဉ္စိတွာ ဉာဏာနုဘာဝါနုရူပံ သမန္တတော ပတ္ထရတိ၊ တံ တေဿဝ ပညာယတိ၊ တေန ဖုဋ္ဌောကာသေ ရူပဂတမ္ပိ ပဿတိ၊ ပဿန္တော စ စက္ခုဝိညာဏေန ပဿတိ၊ ဥဒါဟု မနောဝိညာဏေနာတိ ဝီမံသိတဗ္ဗန္တိ ဝဒန္တိ။ ဒိဗ္ဗစက္ခုလာဘိနော ဝိယ တံ မနောဝိညာဏဝိညေယျမေဝါတိ ဝုတ္တံ (ယုတ္တံ) ဝိယ ဒိဿတီတိ။ (မဟာဋီ၊၂၊၄၂၈-၄၂၉။)

[၂၆၈] မှတ်ချက်---- ပ ဋိသန္ဓေစိတ်က ရုပ်ကို မဖြစ်စေနိုင်ကြောင်း အဆိုအမိန့်မှာလည်း တူညီလျက်ရှိ၏၊ စုတိစိတ်တို့တွင် ရဟန္တာ အရှင်မြတ်တို့၏ စုတိစိတ်တော်မှာ ရုပ်ကို မဖြစ်စေနိုင်ကြောင်း အဆိုအမိန့်မှာလည်း တူညီလျက်ပင်ရှိ၏၊ ကျန်စုတိစိတ်များက စိတ္တဇရုပ်ကို ဖြစ်စေနိုင် မဖြစ်နိုင်ဟူသော အချက်နှင့် ပတ်သက်၍ကား ကျမ်းဂန်များ၌ အချီအချ စကားများလျက် ရှိ၏၊

[၂၆၉] မှတ်ချက်--- သသန္တတိပတိတ ဥတုသမုဋ္ဌာန = မိမိ၏ ရုပ်သန္တတိအစဉ်၌ ကျရောက်လျက်ရှိသော ဥတုသမုဋ္ဌာန်ရုပ်ဟု ဆိုသဖြင့် မိမိ၏ ရုပ်သန္တတိအစဉ်၌ပင် ကျရောက်ဖြစ်ပွားလျက်ရှိသော ကမ္မဇရုပ်ကလာပ်တို့တွင် တည်ရှိသော ကမ္မဇတေဇောဓာတ်, အာဟာရဇရုပ်ကလာပ်တို့တွင် တည်ရှိသော အာဟာရဇတေဇောဓာတ်ဟူသော တေဇောဓာတ် (= ဥတု)တို့ကြောင့်ဖြစ်သော ဥတုဇရုပ်များလည်း ပါဝင်နိုင်သည်ဟုကား မယူဆပါနှင့်၊ (သမထဘာဝနာစိတ်) ဝိပဿနာဘာဝနာစိတ်တို့နှင့် ဆိုင်သော ဥတုသမုဋ္ဌာန်ရုပ်တို့ကိုသာ ပြဆိုရာအပိုင်းဖြစ်သောကြောင့် စိတ္တဇတေဇောဓာတ် ဥတုကြောင့်ဖြစ်သော ဥတုသမုဋ္ဌာန်ရုပ်တို့ကိုသာ ဤ၌ ဆိုလိုရင်း ဖြစ်သည်ဟု မှတ်ပါ။ ယင်းသို့ဖြစ်လျှင် ကမ္မဇရုပ်ကလာပ်တို့၌ ပါဝင်သော ရူပါရုံ, ကမ္မဇတေဇောဓာတ်ကြောင့် ဖြစ်သော ဥတုဇရုပ်တို့တွင်ပါဝင်သော ရူပါရုံတို့သည်လည်း မတောက်ပတော့ပြီလောဟု မေးရန် ရှိလာပြန်၏၊ ဤအပိုင်းကား အတိတ်ကံနှင့်သာ သက်ဆိုင်၏၊ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့နှင့် မသက်ဆိုင်ပေ။ ပဘာဝတီ၏ သန္တာန်၌ အတိတ်ကံ၏ စွမ်းအင်သတ္တိကြောင့် ကိုယ်ရောင်ကိုယ်ဝါများ ထွန်းလင်းတောက်ပ သကဲ့သို့ မှတ်ပါ။ သို့သော် ခန္ဓာအိမ်တစ်ခု အတွင်းဝယ် ဆန်မှုန့်နှင့် နနွင်းမှုန့်ကို သမအောင် ရောနှောထားသကဲ့သို့ ရုပ်ကလာပ်တစ်ခုနှင့် ရုပ်ကလာပ်တစ်ခုတို့ အလွန် ပွတ်ချုပ်ထိခိုက်ကာ ရှေ့နှင့် နောက် ဆက်စပ်လျက် အဆက်မပြတ် အထပ်ထပ် ဖြစ်နေရာဝယ် အိမ်တစ်အိမ်ကို ပြင်းထန်စွာ မီးစွဲလောင်ပါက ပွတ်ချုပ် ထိခိုက်လျက် နီးကပ်စွာ တည်နေသော အခြားတစ်အိမ်သို့လည်း ကူးစက်၍ လောင်တတ်သကဲ့သို့ သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့် ဖြစ်သော စိတ္တဇရုပ်တို့၏ ရူပါရုံ, ထိုမှ ထပ်ဆင့်ဖြစ်ပွားလာသော ဥတုဇရုပ်တို့၏ ရူပါရုံအရောင်တို့က အလွန်တောက်ပလာသော် အခြားသော ကမ္မဇ, စိတ္တဇ, ဥတုဇ, အာဟာရဇ ရုပ်ကလာပ်တို့၏ ရူပါရုံအရောင်တို့မှာလည်း ရောနှော၍ တောက်ပနေသည်သာ ဖြစ်သည်။ ထို့ကြောင့် ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် ခန္ဓာကိုယ်၏ အတွင်းအပြင် ဝန်းကျင်ပတ်ချာ အရပ် (၁၀)မျက်နှာ၌ အရောင်အလင်းများကို တွေ့ရှိနေခြင်း ဖြစ်သည်။ ယင်းလင်းရောင်ခြည်ကို ပရမတ်သို့ ဆိုက်အောင် ဓာတ်မခွဲနိုင်မီ ထိုကဲ့သို့ တွေ့ရှိရခြင်းသာ ဖြစ်၏၊ ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းနိုင်သောအခါ ယင်းလင်းရောင်ခြည်ဟူသည်မှာလည်း သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့ကြောင့်ဖြစ်သော စိတ္တဇဩဇဋ္ဌမက ရုပ်ကလာပ်, ထိုမှ ထပ်ဆင့်ဖြစ်ပွားလာသော ဥတုဇရုပ်ကလာပ်တို့၏ အတွင်း၌ တည်ရှိကြသော ရူပါရုံတို့၏ အပေါင်းအစုသာ ဖြစ်သည်ကို သိမ်းဆည်းနိုင်မည် ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်မည် သဘောကျနိုင်မည် ဖြစ်ပေသည်။ ဤသို့ အခြားသော စတုဇရုပ်တို့၏ ရူပါရုံအရောင်ဟူသည် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ်တို့၏ အကြားအကြား၌ ဖြစ်လေ့ရှိသော ဘဝင်စိတ် စသည့် ထိုထိုစိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်ကလာပ်နှင့် ကမ္မဇရုပ်ကလာပ် အာဟာရဇရုပ်ကလာပ်တို့၌ တည်ရှိသော ရူပါရုံ, ယင်းရုပ်ကလာပ်တို့၌ပင် တည်ရှိသော တေဇောဓာတ် (= ဥတု)ကြောင့် ဖြစ်သော ဥတုဇရုပ်တို့၏ ရူပါရုံ---- ဤစတုဇရုပ်တို့၏ ရူပါရုံအရောင်ကို ဆိုလိုသည်။

[၂၇၀] သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတိ။ (အံ၊၃၊၂၅၉။)

[၂၇၁] ဩဘာသော ဓမ္မောတိ ကာရဏူပစာရေနာဟ။ ဤဒိသံ ဩဘာသံ ဝိဿဇ္ဇေန္တော မမ အရိယမဂ္ဂေါတိ အတ္ထော။ (မဟာဋီ၊၂၊၄၂၇)

[၂၇၂] ကိံ ပန စိတ္တဿ ဝဏ္ဏော နာမ အတ္ထီတိ နတ္ထိ။ နီလာဒီနဥှိ အညတရဝဏ္ဏံ ဝါ ဟောတု အဝဏ္ဏံ ဝါ (သုဝဏ္ဏံ ဝါ) ယံ ကိဉ္စိ ပရိသုဒ္ဓတာယ ''ပဘဿရ''န္တိ ဝုစ္စတိ။ (အံ၊ဋ္ဌ၊၁၊၄၅။)
ပဘဿရတာဒယော နာမ ဝဏ္ဏဓာတုယံ လဗ္ဘနကဝိသေသာတိ အာဟ ''ကိံ ပန စိတ္တဿ ဝဏ္ဏော နာမ အတ္ထီ''တိ။ ဣတရော အရူပတာယ ''နတ္ထီ''တိ ပဋိက္ခိပိတွာ ပရိယာယကထာ အယံ တာဒိသဿ စိတ္တဿ ပရိသုဒ္ဓဘာဝနာဒီပနာယာတိ ဒေဿန္တော ''နီလာဒီန''န္တိအာဒိမာဟ။ တထာ ဟိ ''သော ဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ ပရိယောဒါတေ''တိ ဝုတ္တံ။(အံ၊ဋီ၊၁၊၉၉-၁၀၀။)

[၂၇၃] (ဒီ၊၁၊၇၆-၇၇။ မ၊၁၊၃၁၄-၃၁၅၊၃၄၆-၃၄၇။ ဝိ၊၁၊။)

[၂၇၄] ပဘဿရမိဒံ ဘိက္ခဝေ စိတ္တံ။ (အံ၊၁၊။)

[၂၇၅] ပဘဿရန္တိ ပဏ္ဍရံ ပရိသုဒ္ဓံ။ စိတ္တန္တိ ဘဝင်္ဂစိတ္တံ။ (အံ၊ဋ္ဌ၊၁၊၄၅။)
ပဘဿရန္တိ ပရိယောဒါတံ သဘာဝပရိသုဒ္ဓဋ္ဌေန။ (အံ၊ဋီ၊၁၊၉၉။)

[၂၇၆] (အဘိ၊ဋ္ဌ၊၁၊၁၁၄။)

[၂၇၇] တသ္မိံ ဥပ္ပန္နေ ယောဂါဝစရော ''န ဝတ မေ ဣတော ပုဗ္ဗေ ဧဝရူပေါ ဩဘာသော ဥပ္ပန္နပုဗ္ဗော၊ အဒ္ဓါ မဂ္ဂပ္ပတ္တောသ္မိ ဖလပ္ပတ္တောသ္မီ''တိ အမဂ္ဂမေဝ ''မဂ္ဂေါ''တိ၊ အဖလမေဝ စ ''ဖလ''န္တိ ဂဏှာတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၀။)

[၂၇၈] ယထာ စ ဩဘာသေ၊ ဧဝံ ဧတေသုပိ အညတရသ္မိံ ဥပ္ပန္နေ ယောဂါဝစရော ''န ဝတ မေ ဣတော ပုဗ္ဗေ ဧဝရူပံ ဉာဏံ ဥပ္ပန္နပုဗ္ဗံ၊ ဧဝရူပါ ပီတိ၊ ပဿဒ္ဓိ၊ သုခံ၊ အဓိမောက္ခော၊ ပဂ္ဂဟော၊ ဥပဋ္ဌာနံ၊ ဥပေက္ခာ၊ နိကန္တိ ဥပ္ပန္နပုဗ္ဗာ၊ အဒ္ဓါ မဂ္ဂပ္ပတ္တောသ္မိ ဖလပ္ပတ္တောသ္မီ''တိ အမဂ္ဂမေဝ ''မဂ္ဂေါ''တိ အဖလမေဝ စ ''ဖလ''န္တိ ဂဏှာတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၃။)

[၂၇၉] (ဝိသုဒ္ဓိ၊၁၊၂၇၈-၂၇၉။)

[၂၈၀] (သံ၊၃၊၂၇၉။ ဝိ၊၁၊၈၈။)

[၂၈၁] (ဝိသုဒ္ဓိ၊၁၊၂၇၉။)

[၂၈၂] (ဝိသုဒ္ဓိ၊၁၊၂၈၀။)

[၂၈၃] (ဝိသုဒ္ဓိ၊၁၊၂၈၀။)

[၂၈၄] (ဝိသုဒ္ဓိ၊၁၊၂၈၀။)

[၂၈၅] (ဝိသုဒ္ဓိ၊၁၊၂၈၀။)

[၂၈၆] (သံ၊၃၊၂၇၉။ ဝိ၊၁၊၈၈။)

[၂၈၇] (ဝိသုဒ္ဓိ၊၁၊၂၈၀-၂၈၁။)

[၂၈၈] မှတ်ချက်---- အာနာပါနစတုတ္ထစျာန်သမာပတ်အခိုက်၌ အသက် မရှူပါ။ ထိုသို့ အသက်မရှူပါဘဲလျက် အဘယ်ကြောင့် အာနာပါနစတုတ္ထစျာန်ကို ဝင်စား၍ အာနာပါနပဋိဘာဂနိမိတ်အာရုံ၌ စျာန်စိတ်ကို ကောင်းစွာထားလျက် အသက်ရှူရန် ညွှန်ကြားနေရပါသနည်းဟု မေးရန် ရှိ၏၊ အဖြေမှာ ဤသို့ဖြစ်၏---- အဿာသပဿာသေ နိဿာယ ဥပ္ပန္နနိမိတ္တမ္ပေတ္ထ အဿာသပဿာသသာမညမေဝ ဝုတ္တံ၊ (မဟာဋီ၊၁၊၃၁၉။) ဟူသော ဋီကာအဖွင့်နှင့်အညီ အဿာသ-ပဿာသကို အမှီပြု၍ ဖြစ်ပေါ်လာသော အာနာပါနပဋိဘာဂနိမိတ်သည်လည်း အာနာပါန အမည်ရသည်သာ ဖြစ်သောကြောင့် အာနာပါနပဋိဘာဂ နိမိတ်ကို အာရုံပြုနေခြင်းသည်လည်း အာနာပါနကိုပင် အာရုံပြုနေသည်မည်ရကား အထက်ပါအတိုင်း ဖွင့်ဆိုသွားခြင်းပင် ဖြစ်သည်။

[၂၈၉] တာနိ ဝါ ပန စျာနာနိ သမာပဇ္ဇိတွာ ဝုဋ္ဌာယ စျာနသမ္ပယုတ္တံ စိတ္တံ ခယတော ဝယတော သမ္ပဿတော ဝိပဿနာက္ခဏေ လက္ခဏပဋိဝေဓေန ဥပ္ပဇ္ဇတိ ခဏိကစိတ္တေကဂ္ဂတာ။ ဧဝံ ဥပ္ပန္နာယ ခဏိကစိတ္တေကဂ္ဂတာယ ဝသေနပိ အာရမ္မဏေ စိတ္တံ သမံ အာဒဟန္တော သမံ ဌပေန္တော ''သမာဒဟံ စိတ္တံ အဿသိဿာမိ ပဿသိဿာမီတိ သိက္ခတီ''တိ ဝုစ္စတိ။ (ဝိသုဒ္ဓိ၊၁၊၂၈၁၊၊)
ခဏိကစိတ္တေကဂ္ဂတာတိ ခဏမတ္တဋ္ဌိတိကော သမာဓိ။ သောပိ ဟိ အာရမ္မဏေ နိရန္တရံ ဧကာကာရေန ပဝတ္တမာနော ပဋိပက္ခေန အနဘိဘူတော အပ္ပိတော ဝိယ စိတ္တံ နိစ္စလံ ဌပေတိ။ တေန ဝုတ္တံ ''ဧဝံ ဥပ္ပန္နာယာ''တိအာဒိ။ (မဟာဋီ၊၁၊၃၄၂၊၊)

[၂၉၀] (ဝိသုဒ္ဓိ၊၁၊၂၈၁၊၊)

[၂၉၁] (ဝိသုဒ္ဓိ၊၁၊၂၈၁၊၊)

[၂၉၂] (သံ၊၃၊၂၇၉။ ဝိ၊၁၊၈၈။)

[၂၉၃] ယသ္မာ ပနေတ္ထ ဣဒမေဝ စတုက္ကံ အာဒိကမ္မိကဿ ကမ္မဋ္ဌာနဝသေန ဝုတ္တံ။ ဣတရာနိ ပန တီဏိ စတုက္ကာနိ ဧတ္ထ ပတ္တဇ္ဈာနဿ ဝေဒနာ-စိတ္တ-ဓမ္မာနုပဿနာဝသေန ဝုတ္တာနိ။ (ဝိသုဒ္ဓိ၊၁၊၂၆၉။)

[၂၉၄] (ဝိသုဒ္ဓိ၊၁၊၂၈၁။)

[၂၉၅] အာနာပါနဿတိ ဘိက္ခဝေ ဘာဝိတာ ဗဟုလီကတာ စတ္တာရော သတိပဋ္ဌာနေ ပရိပူရေန္တိ၊ စတ္တာရော သတိပဋ္ဌာနာ ဘာဝိတာ ဗဟုလီကတာ သတ္တ ဗောဇ္ဈင်္ဂေ ပရိပူရေန္တိ၊ သတ္တ ဗောဇ္ဈင်္ဂါ ဘာဝိတာ ဗဟုလီကတာ ဝိဇ္ဇာဝိမုတ္တိံ ပရိပူရေန္တိ။ (မ၊၃၊၁၂၄။)

[၂၉၆] ကောဋ္ဌာသာနံ ပဂုဏကာလတော ပဋ္ဌာယ တီသု မုခေသု ဧကေန မုခေန ဝိမုစ္စိဿတိ၊ ကမ္မဋ္ဌာနံ ဝဏ္ဏတော ဝါ ပဋိကူလတော ဝါ သုညတော ဝါ ဥပဋ္ဌာတိ။ ပ။ အာကင်္ခမာနဿ ဝဏ္ဏတော အာကင်္ခမာနဿ ပဋိကူလတော အာကင်္ခမာနဿ သုညတော ကမ္မဋ္ဌာနံ ဥပဋ္ဌဟိဿတိယေဝ။ (အဘိ၊ဋ္ဌ၊၂၊၂၄၂-၂၄၃။)

[၂၉၇] ဧတ္ထ ပန အတ္တနော ဇီဝမာနကသရီရေ ပဋိကူလန္တိ ပရိကမ္မံ ကရောန္တဿ အပ္ပနာပိ ဥပစာရမ္ပိ ဇာယတိ။ ပရဿ ဇီဝမာနကသရီရေ ပဋိကူလန္တိ မနသိကရောန္တဿ နေဝ အပ္ပနာ ဇာယတိ၊ န ဥပစာရံ။ နနု စ ဒသသု အသုဘေသု ဥဘယမ္ပေတံ ဇာယတီတိ။ အာမ ဇာယတိ။ တာနိ ဟိ အနုပါဒိန္နကပက္ခေ ဌိတာနိ၊ တသ္မာ တတ္ထ အပ္ပနာပိ ဥပစာရမ္ပိ ဇာယတိ။ ဣဒံ ပန ဥပါဒိန္နကပက္ခေ ဌိတံ၊ တေနေဝေတ္ထ ဥဘယမ္ပေတံ န ဇာယတိ။ အသုဘာနုပဿနာသင်္ခါတာ ပန ဝိပဿနာဘာဝနာ ဟောတီတိ ဝေဒိတဗ္ဗာ။ (အဘိ၊ဋ္ဌ၊၂၊၂၄၈။)

[၂၉၈] (ဝိသုဒ္ဓိ၊၁၊၂၀၊ စာပိုဒ်၊၁၅။)

[၂၉၉] (မ၊ဋ္ဌ၊၁၊၂၅၉၊ စာပိုဒ်၊၁၀၉။)

[၃၀၀] (မူလဋီ၊၂၊၁၅၅။)

[၃၀၁] (သုတ္တနိပါတ၊၃၀၇-၃၀၈။)

[၃၀၂] (မူလဋီ၊၂၊၁၅၅-၁၅၆။)

[၃၀၃] (ဝိသုဒ္ဓိ၊၁၊၁၂၃- ကြည့်ပါ။)

[၃၀၄] (ဝိသုဒ္ဓိ၊၁၊၂၅၇-ကြည့်ပါ)

[၃၀၅] တတ္ထ ကေသာဒီနံ ဝဏ္ဏသဏ္ဌာနဒိသောကာသပရိစ္ဆေဒဝသေန ဥပဋ္ဌာနံ ဥဂ္ဂဟနိမိတ္တံ။ သဗ္ဗာကာရတော ပဋိက္ကူလဝသေန ဥပဋ္ဌာနံ ပဋိဘာဂနိမိတ္တံ။ (ဝိသုဒ္ဓိ၊၁၊၂၅၇။)

[၃၀၆] (ဝိသုဒ္ဓိ၊၁၊၂၅၇။ မဟာဋီ၊၁၊၃၁၀။ အဘိ၊ဋ္ဌ၊၂၊၂၃၇။)

[၃၀၇] (ဝိသုဒ္ဓိ၊၁၊၂၅၇။)

[၃၀၈] (ဝိသုဒ္ဓိ၊၁၊၁၈၈။)

[၃၀၉] (အဘိ၊ဋ္ဌ၊၂၊၂၄၅- ကြည့်ပါ။)

[၃၁၀] သစေ ပန ဗဟိဒ္ဓါပိ မနသိကာရံ ဥပသံဟရတိ၊ အထဿ ဧဝံ သဗ္ဗကောဋ္ဌာသေသု ပါကဋီဘူတေသု အာဟိဏ္ဍန္တာ မနုဿတိရစ္ဆာနာဒယော သတ္တာကာရံ ဝိဇဟိတွာ ကောဋ္ဌာသရာသိဝသေနေဝ ဥပဋ္ဌဟန္တိ။ တေဟိ စ အဇ္ဈောဟရိယမာနံ ပါနဘောဇနာဒိ ကောဋ္ဌာသရာသိမှိ ပက္ခိပိယမာနမိဝ ဥပဋ္ဌာတိ။ အထဿ အနုပုဗ္ဗမုဉ္စနာဒိဝသေန ပဋိကူလာ ပဋိကူလာတိ ပုနပ္ပုနံ မနသိကရောတော အနုက္ကမေန အပ္ပနာ ဥပ္ပဇ္ဇတိ။ (အဘိ၊ဋ္ဌ၊၂၊၂၃၆-၂၃၇၊၊)

[၃၁၁] (အဘိ၊ဋ္ဌ၊၂၊၂၃၉။)

[၃၁၂] (အဘိ၊ဋ္ဌ၊၂၊၂၃၉။ ဒီ၊ဋ္ဌ၊၂၊၁၅၁။)

[၃၁၃] အဘိဘာယတနာနီတိ အဘိဘဝနကာရဏာနိ။ ကိံ အဘိဘဝန္တိ? ပစ္စနီကဓမ္မေပိ အာရမ္မဏာနိပိ။ တာနိ ဟိ ပဋိပက္ခဘာဝေန ပစ္စနီကဓမ္မေ အဘိဘဝန္တိ၊ ပုဂ္ဂလဿ ဉာဏုတ္တရိယတာယ အာရမ္မဏာနိ။ (ဒီ၊ဋ္ဌ၊၂၊၁၅၁။ မ၊ဋ္ဌ၊၃၊၁၇၇။ အံ၊ဋ္ဌ၊၃၊၂၄၃။)

[၃၁၄] (ပဋိသံ၊ဋ္ဌ၊၁၊၆၉- ကြည့်ပါ။)

[၃၁၅] (ဒီ၊ဋီ၊၂၊၁၅၉။ မ၊ဋီ၊၃၊၁၂၁။ အံ၊ဋီ၊၃၊၂၄၅။)

[၃၁၆] (ဒီ၊၂၊၉၂-၉၃-၉၄။)

[၃၁၇] (အံ၊၃၊၁၂၅-၁၂၆။)

[၃၁၈] (အဘိ၊၁၊၆၄-၆၅။)

[၃၁၉] (ဒီ၊၂၊၉၂။)

[၃၂၀] (အဘိ၊၁၊၆၄-၆၅။)

[၃၂၁] အဇ္ဈတ္တရူပါနိ အနဘိဘဝနီယတော။ တတ္ထ ဝါ ဣဓ ဝါ ဗဟိဒ္ဓါရူပါနေဝ အဘိဘဝိတဗ္ဗာနိ။ တသ္မာ တာနိ နိယမတော
ဝတ္တဗ္ဗာနီတိ တတြပိ ဣဓပိ ဝုတ္တာနိ။ (အဘိ၊ဋ္ဌ၊၁၊၂၃၄။)
အဇ္ဈတ္တရူပါနံ အနဘိဘဝနီယတာစ ဗဟိဒ္ဓါရူပါနံ ဝိယ အဝိဘူတတ္တာ။ (မူလဋီ၊၁၊၁၀၆။)
အဝိဘူတတ္တာတိ ဣဒံ ဉာဏုတ္တရာနံ သဟ နိမိတ္တုပ္ပါဒနေန အပ္ပနာနိဗ္ဗတ္တနံ အာရမ္မဏဿ အဘိဘဝေါ န သုဋ္ဌု ဝိဘူတဘာဝမန္တရေန သမ္ဘဝတီတိ ကတွာ ဝုတ္တံ။ (အနုဋီ၊၁၊၁၁၄။)

[၃၂၂] (ဒီ၊ဋ္ဌ၊၂၊၁၅၁။)

[၃၂၃] တတ္ထ အဇ္ဈတ္တံ အရူပသညီတိ အလာဘိတာယ ဝါ အနတ္ထိကတာယ ဝါ အဇ္ဈတ္တရူပေ ပရိကမ္မသညာဝိရဟိတော။ (အဘိ၊ဋ္ဌ၊၁၊၂၃၃။)

[၃၂၄] (အံ၊၃၊၁၂၆။ အံ၊ဋ္ဌ၊၃၊၂၄၅။ အံ၊ဋီ၊၃၊၂၄၉။ အဘိ၊ဋ္ဌ၊၁၊၂၃၅-တို့၌ ကြည့်ပါ။)

[၃၂၅] အဇ္ဈတ္တံ ရူပသညီ (အရူပသညီ) ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ ပရိတ္တာနိ (အပ္ပမာဏာနိ) သုဝဏ္ဏဒုဗ္ဗဏ္ဏာနိ။ (ဒီ၊၂၊၉၂။ အံ၊၃၊၁၂၅-၁၂၆။ အဘိ၊၁၊၅၅-၅၆။)

[၃၂၆] (အဘိ၊ဋ္ဌ၊၁၊၂၃၄။)

[၃၂၇] ဧတဒဂ္ဂံ ဘိက္ခဝေ ဣမေသံ အဋ္ဌန္နံ အဘိဘာယတနာနံ၊ ယဒိဒံ အဇ္ဈတ္တံ အရူပသညီ ဧကော ဗဟိဒ္ဓါ ရူပါနိ ပဿတိ ဩဒါတာနိ ဩဒါတဝဏ္ဏာနိ ဩဒါတနိဒဿနာနိ ဩဒါတနိဘာသာနိ၊ တာနိ အဘိဘုယျ ''ဇာနာမိ ပဿာမီ''တိ ဧဝံ သညီ ဟောတိ။ (အံ၊၃၊၃၀၆။ ပဌမကောသလသုတ်။)

[၃၂၈] (ဝိသုဒ္ဓိ၊၁၊၁၂၀၊၊)

[၃၂၉] (ဇာတက ၊ဋ္ဌ၊၄၊၄၈၃။)

[၃၃၀] တတ္ထ ယေန အတီတဘဝေပိ သာသနေ ဝါ ဣသိပဗ္ဗဇ္ဇာယ ဝါ ပဗ္ဗဇိတွာ ပထဝီကသိဏေ စတုက္ကပဉ္စကဇ္ဈာနာနိ နိဗ္ဗတ္တိတပုဗ္ဗာနိ၊
ဧဝရူပဿ ပုညဝတော ဥပနိဿယသမ္ပန္နဿ အကတာယ ပထဝိယာ ကသိတဋ္ဌာနေ ဝါ ခလမဏ္ဍလေ ဝါ နိမိတ္တံ ဥပ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၁၂၀။)

[၃၃၁] အရုဏဝဏ္ဏာယ မတ္တိကာယ ကသိဏံ ကာတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၁၂၀။)

[၃၃၂] န ဝဏ္ဏော ပစ္စဝေက္ခိတဗ္ဗော၊ န လက္ခဏံ မနသိကာတဗ္ဗံ။ အပိ စ ဝဏ္ဏံ အမုဉ္စိတွာ နိဿယသဝဏ္ဏံ ကတွာ ဥဿဒဝသေန ပဏ္ဏတ္တိဓမ္မေ စိတ္တံ ပဋ္ဌပေတွာ မနသိကာတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၁၂၂။)

[၃၃၃] (ဝိသုဒ္ဓိ၊၁၊၁၂၂။)

[၃၃၄] (ဝိသုဒ္ဓိ၊၁၊၁၆၅။)

[၃၃၅] န ဝဏ္ဏော ပစ္စဝေက္ခိတဗ္ဗော၊ န လက္ခဏံ မနသိကာတဗ္ဗံ...။ (ဝိသုဒ္ဓိ၊၁၊၁၆၅။)

[၃၃၆] (ဝိသုဒ္ဓိ၊၁၊၁၆၅-၁၆၆။)

[၃၃၇] (ဝိသုဒ္ဓိ၊၁၊၁၆၆။)

[၃၃၈] ဝဏ္ဏော န ပစ္စဝေက္ခိတဗ္ဗော၊ ဥဏှတ္တဝသေန လက္ခဏံ န မနသိကာတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၁၆၆။)

[၃၃၉] (ဝိသုဒ္ဓိ၊၁၊၁၆၆။)

[၃၄၀] ဝါယောကသိဏံ ဘာဝေတုကာမေနာပိ ဝါယုသ္မိံ နိမိတ္တံ ဂဏှိတဗ္ဗံ။ တဉ္စ ခေါ ဒိဋ္ဌဝသေန ဝါ ဖုဋ္ဌဝသေန ဝါ။ (ဝိသုဒ္ဓိ၊၁၊၁၆၇၊၊)

[၃၄၁] (ဝိသုဒ္ဓိ၊၁၊၁၆၇။)

[၃၄၂] (ဝိသုဒ္ဓိ၊၁၊၁၆၉။)

[၃၄၃] (အံ၊၂၊၄၆၃။)

[၃၄၄] (ဝိသုဒ္ဓိ၊၁၊၁၆၉။)

[၃၄၅] (ဝိသုဒ္ဓိ၊၁၊၁၆၉။)

[၃၄၆] (ဝိသုဒ္ဓိ၊၁၊၃၂၀။)

[၃၄၇] (ရုပ်ကမ္မဋ္ဌာန်းပိုင်း စာမျက်နှာ၊၂၇၃-၂၇၈။)

[၃၄၈] (ဝိသုဒ္ဓိ၊၁၊၃၂၀။)

[၃၄၉] (ဝိသုဒ္ဓိ၊၁၊၃၂၀-၃၂၁။)

[၃၅၀] (ဝိသုဒ္ဓိ၊၁၊၃၂၁။)

[၃၅၁] သဗ္ဗသော ရူပသညာနံ သမတိက္ကမာ ပဋိဃသညာနံ အတ္ထင်္ဂမာ နာနတ္တသညာနံ အမနသိကာရာ 'အနန္တော အာကာသော'တိ အာကာသာနဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ (အဘိ၊၂၊၂၅၄။ ဒီ၊၂၊၆၀။)

[၃၅၂] (ဝိသုဒ္ဓိ၊၁၊၃၂၂။)

[၃၅၃] မှတ်ချက်---- ဤအထက်ပါ ပါဠိတော်ဖြင့် အာကာသာနဉ္စာယတနစျာန်၏ ခပ်သိမ်းကုန်သော (၅၄)မျိုးကုန်သော ကာမာဝစရ စိတ်-စေတသိက်တို့ကို ပယ်ခြင်းကိုလည်းကောင်း, နှလုံးမသွင်းခြင်းကိုလည်းကောင်း ဟောတော်မူအပ်၏ဟု သိရှိပါလေ။ ကသိုဏ်းကို ခွာ၍ ရရှိအပ်သော အာကာသသက်သက်ကိုသာ တစ်ဖက်သတ် နှလုံးသွင်းနေသောကြောင့် ဖြစ်သည်။

[၃၅၄] (ဝိသုဒ္ဓိ၊၁၊၃၂၅။)

[၃၅၅] သဗ္ဗသော အာကာသာနဉ္စာယတနံ သမတိက္ကမ္မ ''အနန္တံ ဝိညာဏ''န္တိ ဝိညာဏဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ (အဘိ၊၂၊၂၅၄။ ဒီ၊၂၊၆၀။)

[၃၅၆] (အဘိ၊၂၊၂၅၄။ ဒီ၊၂၊၆၀။ ဝိသုဒ္ဓိ၊၁၊၃၂၅။)

[၃၅၇] (ဝိသုဒ္ဓိ၊၁၊၃၂၅-၃၂၆။)

[၃၅၈] (မ၊၃၊၇၈၊ စာပိုဒ်၊၉၅ အနုပဒသုတ္တန်-တွင် ကြည့်ပါ၊၊)

[၃၅၉] (ဝိသုဒ္ဓိ၊၁၊၃၂၆-ကြည့်ပါ။)

[၃၆၀] မှတ်ချက်---- အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း စိတ်တို့မည်သည် စိတ္တက္ခဏတစ်ခုအတွင်းဝယ် နှစ်ခုပြိုင်တူ ဖြစ်ရိုးဓမ္မတာ မရှိသောကြောင့် အာကာသာနဉ္စာယတနဝိညာဏ်က ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားဖြစ်နေချိန်ဝယ် ဝိညာဏဉ္စာယတနစျာန် ဝိညာဏ်ကား ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားမဖြစ်သေးပေ။ တစ်ဖန် ဝိညာဏဉ္စာယတနစျာန်ဝိညာဏ်က ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားဖြစ်နေချိန်ဝယ် အာကာသာနဉ္စာယတနစျာန်ဝိညာဏ်ကား ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှား မဖြစ်တော့ပြီ ဖြစ်၏၊ ယင်း ဝိညာဏ်၏ ယင်းကဲ့သို့ ဥပါဒ်-ဌီ-ဘင်အားဖြင့် ထင်ရှားမရှိမှုသဘောကို နတ္ထိဘောပညတ်ဟု ဆိုသည်။ ယင်းနတ္ထိဘောပညတ်ကို နှလုံးသွင်းရမည် ဖြစ်သည်။

[၃၆၁] (ဝိသုဒ္ဓိ၊၁၊၃၂၆-၃၂၇။)

[၃၆၂] (ဝိသုဒ္ဓိ၊၁၊၃၂၇။)

[၃၆၃] (ဝိသုဒ္ဓိ၊၁၊၃၂၇။)

[၃၆၄] (မဟာဋီ၊၁၊၄၀၂။)

[၃၆၅] သဗ္ဗသော ဝိညာဏဉ္စာယတနံ သမတိက္ကမ္မ ''နတ္ထိ ကိဉ္စီ''တိ အာကိဉ္စညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ (အဘိ၊၂၊၂၅၄။ ဒီ၊၂၊၆၀ )

[၃၆၆] (အဘိ၊၂၊၂၅၄။ ဒီ၊၂၊၆၀။ ဝိသုဒ္ဓိ၊၁၊၃၂၇။)

[၃၆၇] (ဝိသုဒ္ဓိ၊၁၊၃၂၈။)

[၃၆၈] (ဝိသုဒ္ဓိ၊၁၊၃၂၈။)

[၃၆၉] (ဝိသုဒ္ဓိ၊၁၊၃၂၈။)

[၃၇၀] (ဝိသုဒ္ဓိ၊၁၊၃၂၈-၃၂၉။)

[၃၇၁] (ဝိသုဒ္ဓိ၊၁၊၃၂၉။)

[၃၇၂] ဧတ္တာဝတာ စေသ ''သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတီ''တိ ဝုစ္စတိ။ (အဘိ၊၂၊၂၅၄။ ဒီ၊၂၊၆၀။ ဝိသုဒ္ဓိ၊၁၊၃၂၉။)

[၃၇၃] (ဝိသုဒ္ဓိ၊၁၊၃၂၉။)

[၃၇၄] သန္တတော မနသိ ကရောတီတိ ''သန္တာ ဝတာယံ သမာပတ္တိ၊ ယတြ ဟိ နာမ နတ္ထိဘာဝမ္ပိ အာရမ္မဏံ ကရိတွာ ဌဿတီ''တိ ဧဝံ သန္တာရမ္မဏတာယ တံ သန္တာတိ မနသိ ကရောတိ။ (ဝိသုဒ္ဓိ၊၁၊၃၂၉။)

[၃၇၅] (ဝိသုဒ္ဓိ၊၁၊၃၃၀။)

[၃၇၆] (ဝိသုဒ္ဓိ၊၁၊၃၃၀။)

[၃၇၇] (ဝိသုဒ္ဓိ၊၁၊၃၃၁။)

[၃၇၈] (ဝိသုဒ္ဓိ၊၁၊၃၃၂-၃၃၃။)

[၃၇၉] (ဝိသုဒ္ဓိ၊၁၊၃၃၄။)

[၃၈၀] (ဝိသုဒ္ဓိ၊၁၊၃၃၄-၃၃၅။)

[၃၈၁] မှတ်ချက်---- အပ္ပိယပုဂ္ဂလ = မချစ်အပ်သောပုဂ္ဂိုလ်ဟူသည်---- မိ မိ ၏ အ ကျိုးစီးပွားကို မပြုလုပ်သောပုဂ္ဂိုလ်, မိမိချစ်သူ၏ အကျိုးစီးပွားကို မပြုလုပ်သောပုဂ္ဂိုလ်, မိမိမချစ်သောသူ၏ အကျိုးစီးပွားကို ပြုလုပ်ပေးသောပုဂ္ဂိုလ်, ''ငါ၏ အကျိုးစီးပွားကို မပြုကျင့်ခဲ့လေပေါ့'' ''ငါ ချစ်မြတ်နိုးသူ၏ အကျိုးစီးပွားကို မပြုကျင့်ခဲ့လေပေါ့'' .. ဤသို့ စသည်ဖြင့် ရန်ငြိုးဖွဲ့ခြင်း အာဃာတဝတ္ထု၏ တည်ရာဖြစ်သောပုဂ္ဂိုလ်- ဤပုဂ္ဂိုလ်မျိုးကို ဆိုလိုသည်။ ဝေရီပုဂ္ဂလ = ရန်သူပုဂ္ဂိုလ်ဟူသည်---- မိမိ၏ အကျိုးစီးပွားမဲ့ကို ပြုလုပ်သောပုဂ္ဂိုလ်, မိမိချစ်မြတ်နိုးသူ၏ အကျိုးစီးပွားမဲ့ကို ပြုလုပ်သောပုဂ္ဂိုလ်- ဤပုဂ္ဂိုလ်မျိုးကို ဆိုလိုသည်။ (မဟာဋီ၊၁၊၃၅၁)

[၃၈၂] (ဝိသုဒ္ဓိ၊၁၊၂၈၇-၂၈၈- ကြည့်ပါ။)

[၃၈၃] (သံ၊၁၊၇၅။ ခု၊၁၊၁၃၃။)

[၃၈၄] ဧဝရူပေ စ ပုဂ္ဂလေ ကာမံ အပ္ပနာ သမ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၂၈၉။)

[၃၈၅] စျာနစိတ္တံ ဥပနေတဗ္ဗံ ဥပ္ပါဒေတဗ္ဗန္တိ အတ္ထော။ (မဟာဋီ၊၁၊၃၅၄။)

[၃၈၆] ဘာဝေန္တေန စ ဧကေကသ္မိံ ကောဋ္ဌာသေ မုဒုံ ကမ္မနိယံ စိတ္တံ ကတွာ တဒနန္တရေ တဒနန္တရေ ဥပသံဟရိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၂၈၉ ) တေန ဝုတ္တံ ''တဒနန္တရေ တဒနန္တရေ ဥပသံဟရိတဗ''န္တိ၊ စျာနစိတ္တံ ဥပ္ပါဒေတဗ္ဗန္တိ အတ္ထော။ (မဟာဋီ၊၁၊၃၅၄။)

[၃၈၇] အထာနေန ပုနပ္ပုနံ မေတ္တာယန္တေန အတ္တနိ ပိယပုဂ္ဂလေ မဇ္ဈတ္တေ ဝေရီပုဂ္ဂလေတိ စတူသု ဇနေသု သမစိတ္တတံ သမ္ပာဒေန္တေန သီမာသမ္ဘေဒေါ ကာတဗ္ဗော။ (ဝိသုဒ္ဓိ၊၁၊၃၀၀။)
သမစိတ္တတန္တိ ဟိတူပသံဟာရေန သမာနစိတ္တတံ။ သီမာသမ္ဘေဒေါ သာ ဧဝ သမစိတ္တတာ။ (မဟာဋီ၊၁၊၃၆၂။)

[၃၈၈] တမ္ပိ အပ္ပနာပ္ပတ္တစိတ္တေဿဝ သမ္ပဇ္ဇတီတိ ဝေဒိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၃၀၂။)

[၃၈၉] သော မေတ္တာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ။ တထာ ဒုတိယံ။ တထာ တတိယံ။ တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ မေတ္တာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဇေန ဖရိတွာ ဝိဟရတိ။ (ဒီ၊၁၊၂၃၄။ တေဝိဇ္ဇသုတ်။)

[၃၉၀] မေတ္တာယ ဘိက္ခဝေ စေတောဝိမုတ္တိယာ အာသေဝိတာယ ဘာဝိတာယ ဗဟုလီကတာယ ယာနီကတာယ ဝတ္ထုကတာယ အနုဋ္ဌိတာယ ပရိစိတာယ သုသမာရဒ္ဓါယ ဧကာဒသာနိသံသာ ပါဋိကင်္ခါ။--
ကတမေ ဧကာဒသ--- သုခံ သုပတိ၊ သုခံ ပဋိဗုဇ္ဈတိ၊ န ပါပကံ သုပိနံ ပဿတိ၊ မနုဿာနံ ပိယော ဟောတိ၊ အမနုဿာနံ ပိယော ဟောတိ၊ ဒေဝတာ ရက္ခန္တိ၊ နာဿ အဂ္ဂိ ဝါ ဝိသံ ဝါ သတ္ထံ ဝါ ကမတိ၊ တုဝဋံ စိတ္တံ သမာဓိယတိ၊ မုခဝဏ္ဏော ဝိပ္ပသီဒတိ၊ အသမ္မူဠှော ကာလံ ကရောတိ၊ ဥတ္တရိ အပ္ပဋိဝိဇ္ဈန္တော ဗြဟ္မလောကူပဂေါ ဟောတိ။ (အံ၊၃၊၅၄၂၊၊)

[၃၉၁] (ပြည်ဆရာတော်ဘုရားကြီး-ဝိသုဒ္ဓိမဂ်နိဿယ၊၂၊၃၃၂။)

[၃၉၂] (ဝိသုဒ္ဓိ၊၁၊၂၈၇-၃၁၉-ကြည့်ပါ။)

[၃၉၃] (အဘိ၊ဋ္ဌ၊၁၊၂၃၇-၂၃၈။ ဝိသုဒ္ဓိ၊၁၊၃၁၁-၃၁၂။)

[၃၉၄] (မဟာဋီ၊၁၊၃၈၀-ကြည့်ပါ။)

[၃၉၅] (အဘိ၊ဋ္ဌ၊၂၊၄၈၉-၄၉၀။ မူလဋီ၊၁၊၁၀၇၊၊ အနုဋီ၊၁၊၁၁၅၊၊)

[၃၉၆] (ဒီ၊၃၊၂၀၅-၂၀၆။ အံ၊၂၊၂၅၇။)

[၃၉၇] (ဝိသုဒ္ဓိ၊၁၊၁၉၅။)

[၃၉၈] (ဝိသုဒ္ဓိ၊၁၊၁၈၀။)

[၃၉၉] ဥဂ္ဂဟနိမိတ္တံ ဝိရူပံ ဝိဘစ္ဆံ ဘေရဝဒဿနံ ဟုတွာ ဥပဋ္ဌာတိ။ ပဋိဘာဂနိမိတ္တံ ပန ယာဝဒတ္ထံ ဘုဉ္ဇိတွာ နိပန္နော ထူလင်္ဂပစ္စင်္ဂပုရိသော ဝိယ။ (ဝိသုဒ္ဓိ၊၁၊၁၈၃-၁၈၄။)

[၄၀၀] (မဟာဋီ၊၁၊၂၁၀။)

[၄၀၁] ပုန စပရံ ဘိက္ခဝေ ဘိက္ခု သေယျထာပိ ပေဿယျ သရီရံ သိဝထိကာယ ဆဍ္ဍိတံ ဧကာဟမတံ ဝါ ဒွီဟမတံ ဝါ တီဟမတံ ဝါ ဥဒ္ဓုမာတကံ ဝိနီလကံ ဝိပုဗ္ဗကဇာတံ။ သော ဣမမေဝ ကာယံ ဥပသံဟရတိ ''အယမ္ပိ ခေါ ကာယော ဧဝံဓမ္မော ဧဝံဘာဝီ ဧဝံအနတီတော''တိ။ (မ၊၁၊၇၃။)

[၄၀၂] တတ္ထ မရဏန္တိ ဧကဘဝပရိယာပန္နဿ ဇီဝိတိန္ဒြိယဿ ဥပစ္ဆေဒေါ။ ပ။ ဣတိ ဇီဝိတိန္ဒြိယုပစ္ဆေဒသင်္ခါတဿ မရဏဿ သရဏံ မရဏဿတိ။ (ဝိသုဒ္ဓိ၊၁၊၂၂၂။)
တသ္မာ တတ္ထ တတ္ထ ဟတမတသတ္တေ ဩလောကေတွာ ဒိဋ္ဌပုဗ္ဗသမ္ပတ္တီနံ သတ္တာနံ မတာနံ မရဏံ အာဝဇ္ဇေတွာ သတိဉ္စ သံဝေဂဉ္စ ဉာဏဉ္စ ယောဇေတွာ ''မရဏံ ဘဝိဿတီ''တိအာဒိနာ နယေန မနသိကာရော ပဝတ္တေတဗ္ဗော။ (ဝိသုဒ္ဓိ၊၁၊၂၂၃။)

[၄၀၃] (ဓမ္မပဒ၊ဋ္ဌ၊၂၊၁၁၁။)

[၄၀၄] (အံ၊၃၊၁၆၉။ ဥဒါန၊၁၂၀။ မေဃိယသုတ္တန်။)

[၄၀၅] (အံ၊၃၊၃၄၃။)

[၄၀၆] မှတ်ချက်---- ပထဝီ, တေဇော, ဝါယော ဤဓာတ်သုံးပါးကိုပင် တွေ့ထိ၍ ရကောင်းသည့်အတွက် ဖောဋ္ဌဗ္ဗဓာတ်ဟု ခေါ်ဆိုသဖြင့် ယင်းဓာတ်သုံးပါးနှင့်တကွ ဂေါစရရုပ် = အာရုံရုပ် (၇)မျိုး ဖြစ်သည်။ ရေတွက်ပြီးသည်ကို ထပ်၍မယူရသော အဂ္ဂဟိတဂ္ဂဟဏ နည်းအရ ဆိုရမူ ရုပ် (၂၈)ပါးကို ရေတွက်ရာ၌ ယင်းဓာတ်သုံးပါးတို့ကို ဓာတ်ကြီးလေးပါး၌ ထည့်သွင်းရေတွက်သော် အာရုံရုပ် (၄)မျိုးတည်း။

[၄၀၇] မှတ်ချက်---- ပဓာနနည်းအားဖြင့် ဆိုခြင်းတည်း။ ကမ္မဇ, စိတ္တဇ, ဥတုဇ, အာဟာရဇ ရုပ်ကလာပ်တိုင်း၌ ဩဇာ ပါဝင်လျက်ပင် ရှိ၏၊ ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာ အာဟာရဇဩဇာဟု အသီးအသီး ခေါ်ဆို၏၊ စားမျိုအပ်သော အစာအာဟာရသည် ခန္ဓာအိမ်အတွင်း၌ မပျံ့နှံ့မီ ဥတုဇရုပ်ကလာပ်တို့၏ အပေါင်းအစုမျှသာတည်း။ ယင်းရုပ်ကလာပ်တို့တွင် ပါဝင်တည်ရှိသော ဩဇာကို ပဓာနနည်း နိဒဿနနည်းအားဖြင့် ကဗဠီကာရအာဟာရဟု ခေါ်ဆိုထားခြင်း ဖြစ်သည်။ အကျယ်ကို အာဟာရဇရုပ် ရှုကွက်တွင် ကြည့်ပါ။

[၄၀၈] ရုပ်ကလာပ်တို့ကို တစ်ခုနှင့်တစ်ခု မရောယှက်ရအောင် ပိုင်းခြားတတ်သော ရုပ်ကလာပ်တို့၏ အကြားအပေါက် အာကာသ ဓာတ်ကို ရုပ်ကလာပ်တို့ကို ပိုင်းခြားကြောင်း ဖြစ်သောကြောင့် ပရိစ္ဆေဒရုပ်ဟု ခေါ်ဆို၏၊ ဤအာကာသဓာတ်သည် ပရမတ်အစစ် မဟုတ်၊ ရုပ်ကလာပ်နှစ်ခု သို့မဟုတ် ရုပ်ကလာပ်အများစု ဖြစ်ပေါ်လာသည့်အခါ အလိုလို ဖြစ်ပေါ်လာသော ပညတ်မျှသာတည်း။

[၄၀၉] မှတ်ချက်---- ရုပ်အစစ်တို့၏ ဖြစ်မှုကိုပင် ဝေနေယျတို့၏ အလိုအဇ္ဈာသယဓာတ်အားလျော်စွာ အချိန်ကာလပိုင်းခြား၍ နှစ်မျိုး ဟောကြားထားတော်မူသည်ဟု မှတ်ပါ။ ဤရုပ်နှစ်မျိုးလုံးတို့သည်ပင် ရုပ်အစစ်တို့၏ ဖြစ်ခြင်း ဥပါဒ်သဘောတရားသာ ဖြစ်ကြသည်။

[၄၁၀] အန္တရပရိစ္ဆေဒေါတိ တံတံကလာပါနံ အသင်္ကရကာရဏတာယ အန္တရဘူတော ပရိစ္ဆေဒေါ။ (မဟာဋီ၊၂၊၃၅၄။)

[၄၁၁] (ဝိသုဒ္ဓိ၊၂၊၂၂၅။)

[၄၁၂] (အံ၊၁၊၁၅၀။)

[၄၁၃] စက္ခုဒွါရသ္မံ ဟိ စက္ခု-ကာယ-ဘာဝဒသကဝသေန တိံသ ကမ္မဇရူပါနိ၊ ဥပတ္ထမ္ဘကာနိ ပန တေသံ ဥတု-စိတ္တာ-ဟာရသမုဋ္ဌာနာနိ စတုဝီသတီတိ စတုပဏ္ဏာသ ဟောန္တိ။ တထာ သောတ-ဃာန-ဇိဝှါဒွါရေသု။ ကာယဒွါရေ ကာယ- ဘာဝဒသကဝသေန စေဝ ဥတုသမုဋ္ဌာနာဒိဝသေန စ စတုစတ္တာလီသ။ မနောဒွါရေ ဟဒယဝတ္ထု-ကာယ-ဘာဝဒသကဝသေန စေဝ ဥတုသမုဋ္ဌာနာဒိဝသေန စ စတုပဏ္ဏာသမေဝ။ (ဝိသုဒ္ဓိ၊၂၊၂၅၉။)
သေသေသု စတုသမုဋ္ဌာနေသု အဋ္ဌသု ဇီဝိတနဝကဉ္စေဝ တီဏိ စ ဩဇဋ္ဌမကာနီတိ တေတ္တိံသ ရူပါနိ ပါကဋာနိ ဟောန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။ စာပိုဒ်၊၆၆၄။)
သေသေသူတိ သန္တပ္ပနာဒိဝသေန စေဝ ဥဒ္ဓင်္ဂမာဒိဝသေန စ ပဝတ္တေသု တေဇောဝါယောကောဋ္ဌာသေသု။ (မဟာဋီ၊၂၊၃၅၂)

[၄၁၄] ဝိသုဒ္ဓိမဂ္ဂေ ပန သေသေသု စတုသမုဋ္ဌာနေသု အဋ္ဌသု ဇီဝိတနဝကဉ္စေဝ တီဏိ ဩဇဋ္ဌမကာနိ စာတိ တေတ္တိံသ တေတ္တိံသ ရူပါနိ ပါကဋာနိ ဟောန္တီတိ ဝုတ္တံ။ တတ္ထ အဋ္ဌသူတိ ပါစကဂ္ဂိအဿာသပဿာသဝဇ္ဇိတေသု တီသု တေဇောကောဋ္ဌာသေသု ပဉ္စသု ဝါယောကောဋ္ဌာသေသူတိ အဋ္ဌသု။ ဣတိ ကာမလောကေပိ သကလသရီရဗျာပီသု တေဇောဝါယောကောဋ္ဌာသေသု လဗ္ဘမာနတ္တာ ဧတံ သကလသရီရေဧဝ ဒဋ္ဌဗ္ဗန္တိ။ (ပရမတ္ထဒီပနီ၊၃၂၁။)

[၄၁၅] (ဝိသုဒ္ဓိ၊၂၊၂၅၁။ စာပိုဒ်၊၇၀၃။)

[၄၁၆] ဧတ္ထ ပန မနောတိ ဘဝင်္ဂစိတ္တံ။ပ။ အာဝဇ္ဇနံ ဘဝင်္ဂတော အမောစေတွာ မနောတိ သဟာဝဇ္ဇနေန ဘဝင်္ဂံ ဒဋ္ဌဗ္ဗံ။ (သံ၊ဋ္ဌ၊၃၊၊၊)

[၄၁၇] မနောဒွါရံ နာမ သာဝဇ္ဇနံ ဘဝင်္ဂံ။ တဿ နိဿယဘာဝတော ဟဒယဝတ္ထုံ သန္ဓာယ နိဿိတဝေါဟာရေန ''မနောဒွါရေ''တိ ဝုတ္တံ။ ယတ္ထ မနောဒွါရုပ္ပတ္တိ။ (မဟာဋီ၊၂၊၄၁၀။)

[၄၁၈] ဒုဝိဓဥှိ ကမ္မဋ္ဌာနံ- ရူပကမ္မဋ္ဌာနံ အရူပကမ္မဋ္ဌာနဉ္စ။ ရူပပရိဂ္ဂဟော အရူပပရိဂ္ဂဟောတိပိ ဧတဒေဝ ဝုစ္စတိ။ တတ္ထ ဘဂဝါ ရူပကမ္မဋ္ဌာနံ ကထေန္တော သင်္ခေပမနသိကာရဝသေန ဝါ ဝိတ္ထာရမနသိကာရဝသေန ဝါ စတုဓာတုဝဝတ္ထာနံ ကထေသိ။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)

[၄၁၉] ပုန စပရံ ဘိက္ခဝေ ဘိက္ခု ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ ''အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူ''တိ။ (မ၊၁၊၇၃။)

[၄၂၀] (ဝိသုဒ္ဓိ၊၁၊၃၄၇။)

[၄၂၁] (အဘိ၊၁၊၁၇၀။)

[၄၂၂] တသ္မာ ဣမံ ကမ္မဋ္ဌာနံ ဘာဝေတုကာမေန တိက္ခပညေန တာဝ ရဟောဂတေန ပဋိသလ္လီနေန သကလမ္ပိ အတ္တနော ရူပကာယံ အာဝဇ္ဇေတွာ ယော ဣမသ္မိံ ကာယေ ထဒ္ဓဘာဝေါ ဝါ ခရဘာဝေါ ဝါ၊ အယံ ပထဝီဓာတု။ ယော အာဗန္ဓနဘာဝေါ ဝါ ဒြဝဘာဝေါ ဝါ၊ အယံ အာပေါဓာတု။ ယော ပရိပါစနဘာဝေါ ဝါ ဥဏှဘာဝေါ ဝါ၊ အယံ တေဇောဓာတု။ ယော ဝိတ္ထမ္ဘနဘာဝေါ ဝါ သမုဒီရဏဘာဝေါ ဝါ၊ အယံ ဝါယောဓာတူတိ ဧဝံ သံခိတ္တေန ဓာတုယော ပရိဂ္ဂဟေတွာ ပုနပ္ပုနံ ပထဝီဓာတု အာပေါဓာတူတိ ဓာတုမတ္တတော နိဿတ္တတော နိဇ္ဇီဝတော အာဝဇ္ဇိတဗ္ဗံ မနသိကာတဗ္ဗံ ပစ္စဝေက္ခိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၃၄၆-၃၄၇။)

[၄၂၃] သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတိ။ (အံ၊၃၊၂၅၉။)

[၄၂၄] တံ တံ အန္တရာနုသာရိနာ ဉာဏဟတ္ထေန ဝိနိဗ္ဘုဇိတွာ ဝိနိဗ္ဘုဇိတွာ ...(ဝိသုဒ္ဓိ၊၁၊၃၄၇။)

[၄၂၅] သကလမ္ပိ အတ္တနော ရူပကာယံ အာဝဇ္ဇေတွာ၊ (ဝိသုဒ္ဓိ၊၁၊၃၄၆။)

[၄၂၆] ရုပ္ပနေဉ္စတ္ထ သီတာဒိဝိရောဓိပစ္စယသန္နိပါတေ ဝိသဒိသုပ္ပတ္တိ။ (မဟာဋီ၊၂၊၈၆။)

[၄၂၇] (မ၊၂၊၈၄။)

[၄၂၈] (ဝိသုဒ္ဓိ၊၁၊၃၄၆။)

[၄၂၉] ကက္ခဠံ မုဒုကံ သဏှံ ဖရုသံ (သုခသမ္ဖဿံ ဒုက္ခသမ္ဖဿံ) ဂရုကံ လဟုကံ။ (အဘိ၊၁၊၁၇၀။)

[၄၃၀] ကက္ခဠန္တိ ထဒ္ဓံ။ မုဒုကန္တိ အထဒ္ဓံ။ သဏှန္တိ မဋ္ဌံ။ ဖရုသန္တိ ခရံ။ သုခသမ္ဖဿန္တိ သုခဝေဒနာပစ္စယံ ဣဋ္ဌဖောဋ္ဌဗ္ဗံ။ ဒုက္ခသမ္ဖဿန္တိ ဒုက္ခဝေဒနာပစ္စယံ အနိဋ္ဌဖောဋ္ဌဗ္ဗံ။ ဂရုကန္တိ ဘာရိယံ။ လဟုကန္တိ အဘာရိယံ၊ သလ္လဟုကန္တိ အတ္ထော။ ဧတ္ထ စ ''ကက္ခဠံ မုဒုကံ သဏှံ ဖရုသံ ဂရုကံ လဟုက''န္တိ ပဒေဟိ ပထဝီဓာတု ဧဝ ဘာဇိတာ။ (အဘိ၊ဋ္ဌ၊၁၊၃၆၈။)

[၄၃၁] (ဝိသုဒ္ဓိ၊၁၊၃၄၇။)

[၄၃၂] (ဝိသုဒ္ဓိ၊၁၊၃၄၇။)

[၄၃၃] (ဝိသုဒ္ဓိ၊၁၊၃၄၆-၃၄၇။)

[၄၃၄] ဧဝံ မနသိ ကရောန္တေန ဟိ အနုပုဗ္ဗတော, နာတိသီဃတော, နာတိသဏိကတော, ဝိက္ခေပပဋိဗာဟနတော, ပဏ္ဏတ္တိသမတိက္ကမနတော, အနုပဋ္ဌာနမုဉ္စနတော, လက္ခဏတော, တယော စ သုတ္တန္တာတိ ဣမေဟိ ဒသဟာကာရေဟိ မနသိကာရကောသလ္လံ အနုဋ္ဌာတဗ္ဗံ။ (မဟာဋီ၊၁၊၄၃၄။)

[၄၃၅] ဗဟိဒ္ဓါ ဝိက္ခေပေ ဟိ သတိ ကမ္မဋ္ဌာနာ ပရိဟာယတိ ပရိဓံသတိ။ (မဟာဋီ၊၁၊၄၃၄။)

[၄၃၆] (ဝိသုဒ္ဓိ၊၂၊၂၂၂။)

[၄၃၇] ဧကပဒိကမဂ္ဂဂါမီ ပုရိသော စေတ္ထ နိဒေဿတဗ္ဗော။ (မဟာဋီ၊၁၊၄၃၄၊၊)

[၄၃၈] သစေ ပန ဗဟိဒ္ဓါပိ မနသိကာရံ ဥပသံဟရတိ၊ အထဿ အာဟိဏ္ဍန္တာ မနုဿတိရ စ္ဆာနာဒယော သတ္တာကာရံ ဝိဇဟိတွာ ဓာတုသမူဟဝသေနေဝ ဥပဋ္ဌဟန္တိ၊ တေဟိ ကရိယမာနာ ကိရိယာ ဓာတုမယေန ယန္တေန ပဝတ္တိယမာနာ ဟုတွာ ဥပဋ္ဌာတိ၊ တေဟိ အဇ္ဈောဟရိယမာနံ ပါနဘောဇနာဒိ ဓာတုသင်္ဃာတေ ပက္ခိပ္ပမာနော ဓာတုသင်္ဃာတော ဝိယ ဥပဋ္ဌာတိ။ (မဟာဋီ၊၁၊၄၃၄-၄၃၅။)

[၄၃၉] (အံ၊၁၊၂၅၈။)

[၄၄၀] (အံ၊၂၊၃၇၉။)

[၄၄၁] (သံ၊၃၊၇၁-၇၃။)

[၄၄၂] မှတ်ချက်---- ဤဓာတ်ကမ္မဋ္ဌာန်းကျင့်စဉ် စည်းကမ်းဥပဒေသ (၁၀)ချက်ကို မဟာဋီ၊၁၊၄၃၄-၄၃၅-မှ ကောက်နုတ်ဖော်ပြ အပ်ပါသည်။ အဘိ၊ဋ္ဌ၊၂၊၂၁၆-၂၁၇- တို့၌လည်း ကြည့်ပါ။

[၄၄၃] ဗလဝပညော မန္ဒသဒ္ဓေါ ကေရာဋိကပက္ခံ ဘဇတိ၊ ဘေသဇ္ဇသမုဋ္ဌိတော ဝိယ ရောဂေါ အတေကိစ္ဆော ဟောတိ။ (ဝိသုဒ္ဓိ၊၁၊၁၂၆၊၊)

[၄၄၄] (ဝိသုဒ္ဓိ၊၁၊၁၂၅-၁၂၆- ကြည့်ပါ။)

[၄၄၅] တေဿဝံ ဝါယမမာနဿ နစိရေနေဝ ဓာတုပ္ပဘေဒါဝဘာသနပညာပရိဂ္ဂဟိတော သဘာဝဓမ္မာရမ္မဏတ္တာ အပ္ပနံ အပ္ပတ္တော ဥပစာရမတ္တော သမာဓိ ဥပ္ပဇ္ဇတိ။ (ဝိသုဒ္ဓိ၊၁၊၃၄၇။)

[၄၄၆] (ဝိသုဒ္ဓိ၊၁၊၃၄၇။ မဟာဋီ၊၁၊၄၃၅-၄၃၆။)

[၄၄၇] စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ။ (ဝိသုဒ္ဓိ၊၂၊၈၁။) ၄၅၀

[၄၄၈] (မ၊၂၊၈၆။)

[၄၄၉] အထ အာကာသဓာတုံ ကသ္မာ ဝိတ္ထာရေသီတိ။ ဥပါဒါရူပဒဿနတ္ထံ။ ဟေဋ္ဌာ ဟိ စတ္တာရိ မဟာဘူတာနေဝ ကထိတာနိ၊ န ဥပါဒါရူပံ။ တသ္မာ ဣမိနာ မုခေန တံ ဒေဿတုံ အာကာသဓာတုံ ဝိတ္ထာရေသိ။ အပိစ အဇ္ဈတ္တိကေန အာကာသေန ပရိ စ္ဆိန္နရူပမ္ပိ ပါကဋံ ဟောတိ။
အာကာသေန ပရိစ္ဆိန္နံ၊ ရူပံ ယာတိ ဝိဘူတတံ။
တေဿဝံ အာဝိဘာဝတ္ထံ၊ တံ ပကာသေသိ နာယကော။ (မ၊ဋ္ဌ၊၃၊၉၇။)
ဟေဋ္ဌာ စတ္တာရိ မဟာဘူတာနေဝ ကထိတာနိ၊ န ဥပါဒါရူပန္တိ တဿ ပနေတ္ထ လက္ခဏာဟာရနယေန အာကာသဒဿနေန ဒဿိတတာ ဝေဒိတဗ္ဗာ။ တေနာဟ '' ဣမိနာ မုခေန တံ ဒေဿတု''န္တိ။ န ကေဝလံ ဥပါဒါရူပဂ္ဂဟဏဒဿနတ္ထမေဝ အာကာသဓာတု ဝိတ္ထာရိတာ၊ အထ ခေါ ပရိဂ္ဂဟသုခတာယပီတိ ဒေဿန္တော ''အပိစာ''တိအာဒိမာဟ။ တတ္ထ ပရိ စ္ဆိန္ဒိတဗ္ဗဿ ရူပဿ နိရဝသေသပရိယာဒါနတ္ထံ ''အဇ္ဈတ္တိကေနာ''တိ ဝိသေသနမာဟ။ အာကာသေနာတိ အာကာသဓာတုယာ ဂဟိတာယ။ ပရိ စ္ဆိန္နရူပန္တိ တာယ ပရိ စ္ဆိန္ဒိတကလာပဂတမ္ပိ ပါကဋံ ဟောတိ၊ ဝိဘူတံ ဟုတွာ ဥပဋ္ဌာတိ။ (မ၊ဋီ၊၂၊၆၃။)

[၄၅၀] စက္ခာဒိပဉ္စဝိဓံ ရူပါဒီနံ ဂဟဏပစ္စယဘာဝေန အာဒါသတလံ ဝိယ ဝိပ္ပသန္နတ္တာ ပသာဒရူပံ။ (ဝိသုဒ္ဓိ၊၂၊၈၁။)

[၄၅၁] (အံ၊၁၊။)

[၄၅၂] (မူလဋီ၊၁၊၁၂၅။)

[၄၅၃] (ဝိသုဒ္ဓိ၊၁၊၃၄၇။ မဟာဋီ၊၁၊၄၃၅-၄၃၆။)

[၄၅၄] ဥပစာရသမာဓီတိ စ ရုဠှီဝသေန ဝေဒိတဗ္ဗံ။ အပ္ပနံ ဟိ ဥပေစ္စ စာရီ သမာဓိ ဥပစာရသမာဓိ၊ အပ္ပနာ စေတ္ထ နတ္ထိ။ တာဒိသဿ ပန သမာဓိဿ သမာနလက္ခဏတာယ ဧဝံ ဝုတ္တံ။ ကသ္မာ ပနေတ္ထ အပ္ပနာ န ဟောတီတိ? တတ္ထ ကာရဏမာဟ ''သဘာဝဓမ္မာရမ္မဏတ္တာ''တိ။ (မဟာဋီ၊၁၊၄၃၅။)

[၄၅၅] (ဝိသုဒ္ဓိ၊၁၊၃၆၁။)

[၄၅၆] တသ္မာ သသန္တာနဂတေ သဗ္ဗဓမ္မေ, ပရသန္တာနဂတေ စ တေသံ သန္တာနဝိဘာဂံ အကတွာ ဗဟိဒ္ဓါဘာဝသာမညတော သမ္မသနံ၊ အယံ သာဝကာနံ သမ္မသနစာရော။ (မ၊ဋီ၊၃၊၂၇၄-၂၇၅။)

[၄၅၇] ဧဝမေဝ ဣမဿာပိ ဘိက္ခုနော ပုဗ္ဗေ ဗာလပုထုဇ္ဇနကာလေ ဂိဟိဘူတဿာပိ ပဗ္ဗဇိတဿာပိ တာဝဒေဝ သတ္တောတိ ဝါ ပုဂ္ဂလောတိ ဝါ သညာ န အန္တရဓာယတိ၊ ယာဝ ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဃနဝိနိဗ္ဘောဂံ ကတွာ ဓာတုသော န ပစ္စဝေက္ခတိ။ ဓာတုသော ပစ္စဝေက္ခတော ပနဿ သတ္တသညာ အန္တရဓာယတိ၊ ဓာတုဝသေနေဝ စိတ္တံ သန္တိဋ္ဌတိ။ တေနာဟ ဘဂဝါ ''ဣမမေဝ ကာယံ ယထာဌိတံ ယထာပဏိဟိတံ ဓာတုသော ပစ္စဝေက္ခတိ 'အတ္ထိ ဣမသ္မိံ ကာယေ ပထဝီဓာတု အာပေါဓာတု တေဇောဓာတု ဝါယောဓာတူ'တိ။ သေယျထာပိ ဘိက္ခဝေ ဒက္ခော ဂေါဃာတကော ဝါ။ ပ။ ဝါယောဓာတူ''တိ။ (မ၊ဋ္ဌ၊၁၊၂၇၆။)
ဃနဝိနိဗ္ဘောဂန္တိ သန္တတိ-သမူဟ-ကိစ္စဃနာနံ ဝိနိဗ္ဘုဇနံ ဝိဝေစနံ။ ဓာတုသော ပစ္စဝေက္ခတောတိ ဃနဝိနိဗ္ဘောဂကရဏေန ဓာတုံ ဓာတုံ ပထဝီအာဒိဓာတုံ ဝိသုံ ဝိသုံ ကတွာ ပစ္စဝေက္ခန္တဿ။ သတ္တသညာတိ အတ္တာနုဒိဋ္ဌိဝသေန ပဝတ္တာ သညာတိ ဝဒန္တိ၊ ဝေါဟာရဝသေန ပဝတ္တသတ္တသညာယပိ တဒါ အန္တရဓာနံ ယုတ္တမေဝ ယာထာဝတော ဃနဝိနိဗ္ဘောဂဿ သမ္ပာဒနတော။ ဧဝံ ဟိ သတိ ယထာဝုတ္တဩပမ္မတ္ထေန ဥပမေယျတ္ထော အညဒတ္ထု သံသန္ဒတိ သမေတိ။ တေနေဝါဟ ''ဓာတုဝသေနေဝ စိတ္တံ သန္တိဋ္ဌတီ''တိ။ (မ၊ဋီ၊၁၊၃၆၅-၃၆၆။)

[၄၅၈] ဃနဝိနိဗ္ဘောဂန္တိ သန္တတိ-သမူဟ-ကိစ္စဃနာနံ ဝိနိဗ္ဘုဇနံ ဝိဝေစနံ။ (မ၊ဋီ၊၁၊၃၆၅-၃၆၆။)

[၄၅၉] သာရမ္မဏာဓမ္မာ၊ အနာရမ္မဏာဓမ္မာ။ (အဘိ၊၁၊။)
ကတမေ ဓမ္မာ သာရမ္မဏာ။ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော။ ဣမေ ဓမ္မာ သာရမ္မဏာ။
ကတမေ ဓမ္မာ အနာရမ္မဏာ။ သဗ္ဗဉ္စ ရူပံ အသင်္ခတာ စ ဓာတု။ ဣမေ ဓမ္မာ အနာရမ္မဏာ။ (အဘိ၊၁၊၂၃၈။)
ကတမေ ဓမ္မာ သာရမ္မဏာ။ စတူသု ဘူမီသု ကုသလံ အကုသလံ စတူသု ဘူမီသု ဝိပါကော တီသု ဘူမီသု ကိရိယာဗျာကတံ။
ဣမေ ဓမ္မာ သာရမ္မဏာ။
ကတမေ ဓမ္မာ အနာရမ္မဏာ။ ရူပဉ္စ နိဗ္ဗာနဉ္စ။ ဣမေ ဓမ္မာ အနာရမ္မဏာ။ (အဘိ၊၁၊၂၈၇။)

[၄၆၀] နတ္ထိ ဧတေသံ အာရမ္မဏန္တိ အနာရမ္မဏာ။ (အဘိ၊ဋ္ဌ၊၁၊၉၆။)

[၄၆၁] သာရမ္မဏဓမ္မာနံ သတိပိ အာရမ္မဏကရဏဘေဒေ ဧကတော ဂယှမာနာ အာရမ္မဏဃနတာ စ။ (မဟာဋီ၊၂၊၄၃၇၊၊)

[၄၆၂] အာရမ္မဏံ ပရိဂ္ဂဟေတွာ ဝိဇာနန္တံ ဥပ္ပဇ္ဇမာနံ ဝိညာဏံ။ (မ၊ဋ္ဌ၊၁၊၂၈၀၊၊)

[၄၆၃] ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ။ (မူလဋီ၊၁၊၈၇၊၊)

[၄၆၄] နာနာဓာတုယော ဝိနိဗ္ဘုဇိတွာ ဃနဝိနိဗ္ဘောဂေ ကတေ အနတ္တလက္ခဏံ ယာထာဝသရသတော ဥပဋ္ဌာတိ။ (အဘိ၊ဋ္ဌ၊၂၊၄၇။)

[၄၆၅] ဣမေ စတ္တာရော မဟာဘူတေ ပရိဂ္ဂဏှန္တဿ ဥပါဒါရူပံ ပါကဋံ ဟောတိ။ မဟာဘူတံ နာမ ဥပါဒါရူပေန ပရိစ္ဆိန္နံ၊ ဥပါဒါရူပံ မဟာဘူတေန။ ယထာ အာတပေါ နာမ ဆာယာယ ပရိစ္ဆိန္နော၊ ဆာယာ အာတပေန။ ဧဝမေဝ မဟာဘူတံ ဥပါဒါရူပေန ပရိစ္ဆိန္နံ၊ ဥပါဒါရူပံ မဟာဘူတေန။ (အဘိ၊ဋ္ဌ၊၂၊၂၄၁။)

[၄၆၆] မဟာဘူတံ ဥပါဒါရူပေန ပရိစ္ဆိန္နံ ''နီလံ ပီတံ သုဂန္ဓံ ဒုဂ္ဂန္ဓ''န္တိအာဒိနာ။ ဥပါဒါရူပံ မဟာဘူတေန တန္နိဿိတဿ တဿ တတော ဗဟိ အဘာဝါ။ ဆာယာတပါနံ အာတပပစ္စယဆာယုပ္ပါဒကဘာဝေါ အညမညပရိစ္ဆေဒကတာ။ (မူလဋီ၊၂၊၁၅၄။)

[၄၆၇] ''နီလံ ပီတ''န္တိအာဒိနာ သင်္ဃာဋေ နီလာဒိဝဝတ္ထာနံ တံနိဿယတ္တာ မဟာဘူတေ ဥပါဒါယာတိ အာဟ ''မဟာဘူတံ။ ပ။ ဒုဂ္ဂန္ဓန္တိအာဒိနာ''တိ။ ဥပါဒါယရူပံ မဟာဘူတေန ပရိစ္ဆိန္နန္တိ ယောဇနာ။ တဿာတိ ဥပါဒါရူပဿ။ တတောတိ မဟာဘူတတော။ ဆာယာယ အာတပပစ္စယဘာဝေါ အာတပေါ ပစ္စယော ဧတိဿာတိ, အာတပဿ ဆာယာယ ဥပ္ပါဒကဘာဝေါ ဆာယာတပါနံ အာတပပစ္စယဆာယုပ္ပါဒကဘာဝေါ။ တေန ဥပ္ပါဒေတဗ္ဗဥပ္ပါဒကဘာဝေါ အညမညပရိစ္ဆေဒကတာတိ ဒေဿတိ။ (အနုဋီ၊၂၊၁၅၆၊၊)

[၄၆၈] သဗ္ဗောပိ ပနေသ ပဘေဒေါ မနောဒွါရိကဇဝနေယေဝ လဗ္ဘတိ။ (အဘိ၊ဋ္ဌ၊၂၊၃၈၈။)

[၄၆၉] ရူပါဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ ... စက္ခု။ (ဝိသုဒ္ဓိ၊၂၊၇၄။)

[၄၇၀] ဖောဋ္ဌဗ္ဗာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏော ....ကာယော။ (ဝိသုဒ္ဓိ၊၂၊၇၄ )

[၄၇၁] ရုပ်ကလာပ်တစ်ခုအတွင်း၌ တည်ရှိသော ရူပါရုံကား စက္ခုဝိညာဏ်၏လည်းကောင်း စက္ခုဒွါရဝီထိနာမ်တရားစု၏လည်းကောင်း အာရုံ မဖြစ်နိုင်၊ ဝိပဿနာမနောဒွါရိကဇောဝီထိနာမ်တရားစု၏သာ အာရုံဖြစ်ပေသည်။ သို့သော် ရုပ်ကလာပ်အများစု၏ ရူပါရုံမှာကား စက္ခုဝိညာဏ်နှင့် တကွသော စက္ခုဒွါရဝီထိနာမ်တရားစု၏လည်းကောင်း ဝိပဿနာမနောဒွါရိကဇောဝီထိ နာမ်တရားစု၏လည်းကောင်း အာရုံဖြစ်နိုင်ပေသည်။ (မူလဋီ၊၂၊၄၈။ အနုဋီ၊၂၊၅၆။)

[၄၇၂] သဒ္ဒါဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ...သောတံ။ (ဝိသုဒ္ဓိ၊၂၊၇၄။)

[၄၇၃] ဂန္ဓာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ ... ဃာနံ။ (ဝိသုဒ္ဓိ၊၂၊၇၄ )

[၄၇၄] ရသာဘိဃာတာရဟဘူတပ္ပသာဒလက္ခဏာ ... ဇိဝှါ။ (ဝိသုဒ္ဓိ၊၂၊၇၄။)

[၄၇၅] မနောဓာတုမနောဝိညာဏဓာတူနံ နိဿယလက္ခဏံ ဟဒယဝတ္ထု။ (ဝိသုဒ္ဓိ၊၂၊၇၇။)

[၄၇၆] (အံ၊၁၊။)

[၄၇၇] (မူလဋီ၊၁၊၁၂၅။)

[၄၇၈] မှတ်ချက်---- ဤ ၌ (၆)ဒွါရ၌ တည်ရှိသော ကမ္မဇရုပ်ကလာပ်တို့ကို ရှုရာ၌ မျက်စိ၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို သိမ်းဆည်းရန်, နား-နှာ-လျှာ-ကိုယ်-နှလုံးတို့၌ တည်ရှိသော ဓာတ်ကြီးလေးပါးတို့ကို သိမ်းဆည်းရန် ရေးသားတင်ပြထား၏၊

[၄၇၉] တတ္ထ ဥတု နာမ စတုသမုဋ္ဌာနာ တေဇောဓာတု၊ ဥဏှဥတု သီတဥတူတိ ဧဝံ ပနေသ ဒုဝိဓော ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၁ )

[၄၈၀] ကမ္မဇတေဇောဓာတု ဌာနပ္ပတ္တာ ဥတုသမုဋ္ဌာနံ ဩဇဋ္ဌမကံ သမုဋ္ဌာပေတိ၊ တတြာပိ ဥတု အညံ ဩဇဋ္ဌမကန္တိ ဧဝံ စတေဿာ
ဝါ ပဉ္စ ဝါ ပဝတ္တိယော ဃဋေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၀။)

[၄၈၁] (ဝိသုဒ္ဓိ၊၂၊၂၅၀။)

[၄၈၂] (ဝိသုဒ္ဓိ၊၂၊၂၅၂၊၊)

[၄၈၃] စတေဿာ ဝါ ပဉ္စ ဝါ ပဝတ္တိယော ဃဋေတီတိ သဒိသသန္တတိဝသေန စတေဿာ ဝါ ပဉ္စ ဝါ ရူပကလာပပ္ပဝတ္တိယော သန္တာနေတိ။ ဗာဟိရပစ္စယဝိသေသေန ပန ဝိသဒိသာ ဗဟူပိ ပဝတ္တိယော ဃဋေတီတိ ဝဒန္တိ။ (မဟာဋီ၊၂၊၄၀၁။)

[၄၈၄] မှတ်ချက်---- ယင်းဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ဩဇာလည်း ပါဝင်လျက် ရှိ၏၊ ယင်းဩဇာကလည်း အာဟာရဇဩဇာနှင့် ကမ္မဇဝမ်းမီး၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ ဩဇာလျှင် ရှစ်ခုမြောက်ရှိသော ဩဇဋ္ဌမကရုပ်များကို ဖြစ်စေနိုင်ပြန်သည်။ ထိုကြောင့် ယေဘုယျအားဖြင့် ရုပ်ကလာပ် တစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော တေဇောဓာတ် ဥတုကလည်း ဩဇဋ္ဌမကရုပ်ကို ဖြစ်စေသည်၊ ဩဇာကလည်း ဩဇဋ္ဌမကရုပ်ကို ဖြစ်စေသည်ဟု အတိုချုပ် မှတ်သားထားပါ။

[၄၈၅] ဧဝံ ဒွေ တိဿော ပဝတ္တိယော ဃဋေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)

[၄၈၆] စိတ္တသမုဋ္ဌာနာနံ ပန ဝသေန ဒွတ္တိပ္ပဝတ္တိဃဋနံ တံပါကတိကစိတ္တဝသေန၊ မဟဂ္ဂတာနုတ္တရစိတ္တဝသေန ပန ဗဟုတရာပိ ပဝတ္တိယော ဣစ္ဆိတဗ္ဗာ။ တံနိဗ္ဗတ္တာနံ စိတ္တဇရူပါနံ ဥဠာရပဏီတဘာဝတော။ (မဟာဋီ၊၂၊၄၀၃၊၊)

[၄၈၇] (မဟာဋီ၊၂၊၄၀၃။ ၄၂၈-၄၂၉-လည်း ကြည့်ပါ။)

[၄၈၈] (မဟာဋီ၊၂၊၄၀၃၊၊)

[၄၈၉] မှတ်ချက်---- ယင်းစိတ္တဇတေဇောဓာတ် = ဥတုကြောင့်ဖြစ်သော ဥတုဇရုပ်ကလာပ်များတွင် ပါဝင်တည်ရှိသော ဩဇာကလည်း ကမ္မဇဝမ်းမီးနှင့် အာဟာရဇဩဇာ၏ အထောက်အပံ့ကို ရရှိပါက အာဟာရဇဩဇဋ္ဌမကရုပ်များကို အဇ္ဈတ္တ၌ ဖြစ်စေနိုင်ပြန်သည်ဟု မှတ်ပါ။

[၄၉၀] အာဟာရပစ္စယဥတုနောပိ ဥတုပစ္စယာဟာရဿ ဝိယ ဒသ ဒွါဒသ ဝါရေ ပဝတ္တိဃဋနာ ဝေဒိတဗ္ဗာ။ ဝုတ္တနယတ္တာ န ဥဒ္ဓတန္တိ ဝဒန္တိ။ (မဟာဋီ၊၂၊၄၀၃။)

[၄၉၁] မှတ်ချက်---- ယင်းဥတုဇဩဇဋ္ဌမကရုပ်တို့တွင် ပါဝင်သော ဩဇာကလည်း ကမ္မဇဝမ်းမီးနှင့် အာဟာရဇဩဇာ၏ အထောက် အပံ့ကို ရရှိပါက အခြားသော အာဟာရဇဩဇဋ္ဌမကရုပ်များကို ရုပ်၏ ဌီကာလသို့ ရောက်ခိုက်၌ အဇ္ဈတ္တသန္တာန်ဝယ် ဖြစ်စေသည်သာဟု မှတ်ပါ။

[၄၉၂] (ပဋ္ဌာန၊၁၊။)

[၄၉၃] တတ္ထ အာဟာရော နာမ ကဗဠီကာရော အာဟာရော။ (ဝိသုဒ္ဓိ၊၂၊၂၅၁။)
ကဗဠီကာရော အာဟာရောတိ စတုသန္တတိသမုဋ္ဌာနေ ရူပေ ဩဇာ အာဟာရော နာမ။ သော ပန ယသ္မာ ကဗဠံ ကရိတွာ အဇ္ဈောဟရိတောဝ အာဟာရကိစ္စံ ကရောတိ၊ န ဗဟိ ဌိတော၊ တသ္မာ အာဟာရောတိ အဝတွာ ''ကဗဠီကာရော အာဟာရော''တိ ဝုတ္တံ။ ကဗဠံ ကရိတွာ အဇ္ဈောဟရိတဗ္ဗဝတ္ထုကတ္တာ ဝါ ကဗဠီကာရောတိ နာမမေတံ တဿ။ (အဘိ၊ဋ္ဌ၊၃၊၃၇၇။)
ကဗဠံ ကရိတွာ အဇ္ဈောဟရိတောဝါတိ အသိတပီတာဒိဝတ္ထူဟိ သဟ အဇ္ဈောဟရိတောဝါတိ ဝုတ္တံ ဟောတိ။ ပါတဗ္ဗသာယိတဗ္ဗာနိပိ ဟိ သဘာဝဝသေန ကဗဠာယေဝ ဟောန္တီတိ။ (မူလဋီ၊၃၊၁၉၀။)
ကေဝလာယ ဩဇာယ အဇ္ဈောဟရဏဿ အဘာဝါ '' အသိတပီတာဒိ ဝတ္ထူဟိ သဟ အဇ္ဈောဟရိတောဝါ''တိ ဝုတ္တံ။ ခါဒနီယဘောဇနီယပ္ပဘေဒေ အသိတေ တာဝ ကဗဠီကာရတာ ဟောတု၊ ပါတဗ္ဗာဒိကေ ပန ကထန္တိ အာဟ ''ပါတဗ္ဗ။ ပ။ ဟောန္တီ''တိ။ ယေဘုယျဝသေန ဝါ ဧဝံ ဝုတ္တန္တိ ဝေဒိတဗ္ဗံ။ (အနုဋီ၊၃၊၂၅၈။)

[၄၉၄] ဥဒရိယံ ကရီသံ ပုဗ္ဗော မုတ္တန္တိ ဣမေသု စတူသု ဥတုသမုဋ္ဌာနေသု ဥတုသမုဋ္ဌာနေဿဝ ဩဇဋ္ဌမကဿ ဝသေန အဋ္ဌ အဋ္ဌ ရူပါနိ ပါကဋာနိ ဟောန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

[၄၉၅] ဥပ္ပတ္တိဝသေန အာဂတာနီတိ ဧတေန ရူပဓမ္မာပိ ယတ္ထ ဥပ္ပဇ္ဇန္တိ၊ တတ္ထေဝ ဘိဇ္ဇန္တိ၊ န ဒေသန္တရံ သင်္ကမန္တီတိ ဒေဿတိ။ (အနုဋီ၊၁၊၁၆၂။)

[၄၉၆] ရူပါရူပါနံ ဥပတ္ထမ္ဘကဋ္ဌေန ဥပကာရကာ စတ္တာရော အာဟာရာ အာဟာရပစ္စယော။ ယထာဟ ''ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယော။ အရူပိနော အာဟာရာ သမ္ပယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော''တိ။ (ပဋ္ဌာန၊၁၊။)
ပဥှာဝါရေ ပန (ပဋ္ဌာန၊၁၊၁၅၆။) ''ပဋိသန္ဓိက္ခဏေ ဝိပါကာဗျာကတာ အာဟာရာ သမ္ပယုတ္တကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ အာဟာရပစ္စယေန ပစ္စယော''တိပိ ဝုတ္တံ။ (ဝိသုဒ္ဓိ၊၂၊၁၇၀။)
သတိပိ ဇနကဘာဝေ ဥပတ္ထမ္ဘကတ္တံ အာဟာရာနံ ပဓာနကိစ္စန္တိ အာဟ ''ရူပါရူပါနံ ဥပတ္ထမ္ဘကတ္တေနာ''တိ။ (မဟာဋီ၊၂၊၂၈၂၊၊) ဩဇာလက္ခဏော ကဗဠီကာရော အာဟာရော။ (ဝိသုဒ္ဓိ၊၂၊၈၀။)
ဩဇာလက္ခဏောတိ ဧတ္ထ အင်္ဂမင်္ဂါနုသာရိနော ရသဿ သာရော ဥပထမ္ဘဗလကရော ဘူတနိဿိတော ဧကော ဝိသေသော ဩဇာ။ ကဗဠံ ကရီယတီတိ ကဗဠီကာရော။ အာဟရီယတီတိ အာဟာရော။ ကဗဠံ ကတွာ အဇ္ဈောဟရီယတီတိ အတ္ထော။ ဣဒံ ပန သဝတ္ထုကံ ဩဇံ ဒေဿတုံ ဝုတ္တံ။ ဗာဟိရံ အာဟာရံ ပစ္စယံ လဘိတွာ ဧဝ အဇ္ဈတ္တိကာဟာရော ရူပံ ဥပ္ပါဒေတိ။ သော ပန ရူပံ အာဟရတီတိ အာဟာရော။ တေနာဟ ''ရူပါဟရဏရသော''တိ။ တတော ဧဝ ဩဇဋ္ဌမကရူပုပ္ပါဒနေန ဣမဿ ကာယဿ ဥပတ္ထမ္ဘနပစ္စုပဋ္ဌာနော။ ဩဇာယ ရူပါဟရဏကိစ္စံ ဗာဟိရာဓီနန္တိ အာဟ ''အာဟရိတဗ္ဗဝတ္ထုပဒဋ္ဌာနော''တိ။ (မဟာဋီ၊၂၊၁၀၄။)
တတ္ထ အာဟာရော နာမ ကဗဠီကာရော အာဟာရော။ အာဟာရသမုဋ္ဌာနံ နာမ ဥပါဒိဏ္ဏံ ကမ္မဇရူပံ ပစ္စယံ လဘိတွာ တတ္ထ ပတိဋ္ဌာယ ဌာနပ္ပတ္တာယ ဩဇာယ သမုဋ္ဌာပိတံ ဩဇဋ္ဌမကံ, အာကာသဓာတု, လဟုတာ, မုဒုတာ, ကမ္မညတာ, ဥပစယော, သန္တတီတိ စုဒ္ဒသဝိဓံ ရူပံ။ အာဟာရပစ္စယံ နာမ ''ကဗဠီကာရော အာဟာရော ဣမဿ ကာယဿ အာဟာရပစ္စယေန ပစ္စယောတိ ဧဝံ ဝုတ္တံ စတုသမုဋ္ဌာနရူပံ။ အာဟာရပစ္စယအာဟာရသမုဋ္ဌာနံ နာမ အာဟာရသမုဋ္ဌာနေသု ရူပေသု ဌာနပ္ပတ္တာ ဩဇာ အညံ ဩဇဋ္ဌမကံ သမုဋ္ဌာပေတိ၊ တတြာပိ ဩဇာ အညန္တိ ဧဝံ ဒသ ဒွါဒသ ဝါရေ ပဝတ္တိံ ဃဋေတိ။ ဧကဒိဝသံ ပရိဘုတ္တာဟာရော သတ္တာဟမ္ပိ ဥပတ္ထမ္ဘေတိ။ ဒိဗ္ဗာ ပန ဩဇာ ဧကမာသံ ဒွေမာသမ္ပိ ဥပတ္ထမ္ဘေတိ။ မာတရော ပရိဘုတ္တာဟာရောပိ ဒါရကဿ သရီရံ ဖရိတွာ ရူပံ သမုဋ္ဌာပေတိ။ သရီရေ မက္ခိတာဟာရောပိ ရူပံ သမုဋ္ဌာပေတိ။ ကမ္မဇာဟာရော ဥပါဒိဏ္ဏကာဟာရော နာမ။ သောပိ ဌာနပ္ပတ္တော ရူပံ သမုဋ္ဌာပေတိ၊ တတြာပိ ဩဇာ အညံ သမုဋ္ဌာပေတီတိ ဧဝံ စတေဿာ ဝါ ပဉ္စဝါ ပဝတ္တိယော ဃဋေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၁၊၊)
''ဥပါဒိန္နံ ကမ္မဇရူပံ ပစ္စယံ လဘိတွာ''တိ ဧတေန ဗဟိဒ္ဓါ အနုပါဒိန္နဩဇာ ရူပါဟရဏကိစ္စံ န ကရောတီတိ ဒေဿတိ။ ပစ္စယလာဘော စဿ ကမ္မဇဘူတသန္နိဿယတာဝသေနာတိ အာဟ ''တတ္ထ ပတိဋ္ဌာယာ''တိ။ ပ။ ဥပါဒိန္နကော အနုပါဒိန္နကောတိ ဒုဝိဓေ အာဟာရေ ပုဗ္ဗေ အနုပါဒိန္နကော အာဟာရပစ္စယအာဟာရော ဒဿိတောတိ ဣတရံ ဒေဿတုံ ''ကမ္မဇာဟာရော''တိအာဒိ ဝုတ္တံ။ (မဟာဋီ၊၂၊၄၀၃။)

[၄၉၇] မှတ်ချက်---- ဤ ၌ ယေဘုယျဟု ဆိုခြင်းမှာ အချို့အချို့သော အစာသစ်ကောဋ္ဌာသတို့သည် ပိုးစာ ကျင်ကြီး ကျင်ငယ် စသည်အဖြစ်သို့ ပြောင်းလဲသွားသောကြောင့် ဆိုခြင်း ဖြစ်သည်။

[၄၉၈] ဗာဟိရံ အာဟာရံ ပစ္စယံ လဘိတွာ ဧဝ အဇ္ဈတ္တိကာဟာရော ရူပံ ဥပ္ပါဒေတိ။ (မဟာဋီ၊၂၊၁၀၄။)

[၄၉၉] မှတ်ချက်---- ထိုသို့ ပျံ့နှံ့သွားရာ၌ အဆင့်တိုင်းတွင် ကလာပ်ပြား အဇ္ဈတ္တိက-အာဟာရ-ဩဇာနှင့် ကမ္မဇဝမ်းမီးတို့က ပြိုင်တူ အားပေးထောက်ပံ့ပါမှသာလျှင် ယင်းအဇ္ဈတ္တိက-အာဟာရ-ဩဇာ အသီးအသီးက ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်များကို (၁၀)ဆင့် (၁၂)ဆင့် တိုင်အောင်ပင် ဖြစ်စေနိုင်သည်ကို သဘောပေါက်အောင် ရှုပါ။ နေရာတိုင်း၌ နည်းတူမှတ်ပါ။

[၅၀၀] (ဝိသုဒ္ဓိ၊၂၊၂၅၁။)

[၅၀၁] မှတ်ချက်---- ကံ၏ အထောက်အပံ့ အားကောင်းမှု မကောင်းမှု, ဗာဟိရ-အာဟာရ (ဩဇာ)၏ မွန်မြတ်မှု မမွန်မြတ်မှု စသည့် အကြောင်းတရားတို့၏ အပေါ်၌ မူတည်၍ အကြိမ် အနည်းအများကား ရှိနိုင်ပေသည်။ တစ်ဖန် ယင်း လေး-ငါးဆင့်သော ရုပ်ကလာပ်တို့တွင် တေဇောဓာတ် ပါဝင်လျက် ရှိ၏၊ ယင်းတေဇောဓာတ် ဥတုကလည်း ရုပ်၏ ဌီကာလသို့ ရောက်ရှိခိုက်ဝယ် ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို အဆင့်ဆင့် ဖြစ်ပေါ်စေနိုင်၏ဟု မှတ်ပါ။

[၅၀၂] (ဝိသုဒ္ဓိ၊၂၊၂၅၁၊၊)

[၅၀၃] (မဟာဋီ၊၂၊၄၀၃။)

[၅၀၄] မှတ်ချက်---- ယ င်း ရု ပ်ကလာပ်တို့တွင် ပါဝင်သော တေဇောဓာတ် = ဥတုကလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေနိုင်ပြန်၏၊ အကယ်၍ ထိုစိတ်သည် သမထဘာဝနာစိတ် ဝိပဿနာဘာဝနာစိတ် မဂ်စိတ် ဖိုလ်စိတ်တို့ကဲ့သို့သော မွန်မြတ်သော ပဏီတစိတ်ဖြစ်ခဲ့မူ ယင်းတေဇောဓာတ် = ဥတုသည် အဇ္ဈတ္တ၌သာမက ဗဟိဒ္ဓသို့တိုင်အောင်ပင် ဥတုဇဩဇဋ္ဌမက ရုပ်များကို ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် အဆင့်ဆင့် ရှည်မြင့်စွာသော ကာလပတ်လုံးလည်း ဖြစ်ပေါ်စေနိုင်ပြန်သည်။ ဉာဏ်အလင်းရောင်ဟူသည်မှာလည်း အဇ္ဈတ္တ၌ ယင်းစိတ္တဇကလာပ် ဥတုဇကလာပ်တို့၏ အတွင်း၌ တည်ရှိသော ဝဏ္ဏဓာတ် = ရူပါရုံ၏ တောက်ပမှုသာ ဖြစ်သည်။ ဗဟိဒ္ဓ၌ကား ယင်း (စိတ္တပစ္စယ) ဥတုဇကလာပ်တို့၏ အတွင်း၌ တည်ရှိသော ဝဏ္ဏဓာတ် = ရူပါရုံ၏ တောက်ပမှုသာ ဖြစ်သည်။

[၅၀၅] ဥတုသမုဋ္ဌာနာ ဌာနပ္ပတ္တာ ဩဇာ အညံ ဩဇဋ္ဌမကံ သမုဋ္ဌာပေတိ၊ တတြာပိ ဩဇာ အညန္တိ ဧဝံ ဒသ ဒွါဒသ ဝါရေ ပဝတ္တိံ ဃဋေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၂။)

[၅၀၆] မှတ်ချက်---- တစ်ဖန် ယင်းအာဟာရဇဩဇဋ္ဌမကရုပ်ကလာပ်တို့တွင် ပါဝင်သော တေဇောဓာတ် = ဥတုကလည်း (၁၀)ဆင့် (၁၂)ဆင့်သို့ တိုင်အောင်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းကို ဆက်စပ်မိစေပြန်၏ဟု မှတ်ပါ။ (မဟာဋီ၊၂၊၄၀၃၊၊)

[၅၀၇] (ဝိသုဒ္ဓိ၊၂၊၂၅၁။)

[၅၀၈] မှတ်ချက်---- တစ်ဖန် ယင်းအာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်တိုင်းတွင် တေဇောဓာတ် = ဥတုလည်း ပါဝင်လျက် ရှိ၏၊ ယင်းတေဇောဓာတ် = ဥတုကလည်း ဥတုဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်ပေါ်စေနိုင်ပြန်၏၊ မြင်အောင် ရှုပါ။

[၅၀၉] ဥတုသမုဋ္ဌာနံ နာမ စတုသမုဋ္ဌာနော ဥတု ဥပါဒိဏ္ဏကံ ပစ္စယံ လဘိတွာ ဌာနပ္ပတ္တော သရီရေ ရူပံ သမုဋ္ဌာပေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၁၊၊)

[၅၁၀] ယဒိပိ ဥတု ဥပါဒိန္နကေန ဝိနာပိ ရူပံ သမုဋ္ဌာပေတိ၊ ဣန္ဒြိယဗဒ္ဓေ ပန တေန ဝိနာ တဿ ရူပုပ္ပါဒနံ နတ္ထီတိ အာဟ ''ဥပါဒိန္နကံ ပစ္စယံ လဘိတွာ''တိ။ တေနာဟ ''စတုသမုဋ္ဌာနော ဥတူ''တိ။ ဥတုသမုဋ္ဌာနောယေဝ ဟိ ဥတု ဥပါဒိန္နကေန ဝိနာ ရူပံ သမုဋ္ဌာပေတိ။ (မဟာဋီ၊၂၊၄၀၄။)

[၅၁၁] (မဟာဋီ၊၂၊၄၀၁- ကြည့်ပါ။)

[၅၁၂] သတိပြုရန်---- ထိုကဲ့သို့ (၂)ဆင့် (၃)ဆင့် (၄)ဆင့် (၅)ဆင့် (၁၀)ဆင့် (၁၂)ဆင့်, အဆင့်များစွာ တိုင်အောင်, အဇ္ဈတ္တတွင်သာမက ဗဟိဒ္ဓသို့တိုင်အောင် ရုပ်ကလာပ်တို့ကို အဆင့်ဆင့် ဖြစ်စေရာ၌ နောက်ဆုံးအဆင့်တွင် တည်ရှိသော ရုပ်ကလာပ်တွင်ပါဝင်သော တေဇောဓာတ်နှင့် ဩဇာတို့သည် အသစ်အသစ်သော ဥတုဇရုပ်ကလာပ်နှင့် အာဟာရဇရုပ်ကလာပ်ကို မဖြစ်စေနိုင်ဟု မှတ်ပါ။

[၅၁၃] မှတ်ချက်---- ဤတေဇောကောဋ္ဌာသ (၄)မျိုးကား ပထဝီကောဋ္ဌာသ, အာပေါကောဋ္ဌာသတို့ကဲ့သို့ ပုံသဏ္ဌာန် ကောဋ္ဌာသ မရှိပေ။ တေဇောဓာတ်လွန်ကဲသော မကြည်သော ရုပ်ကလာပ်အမှုန်များသာ ဖြစ်ကြသည်။ ထိုကြောင့် ရုပ်ကလာပ်အမှုန်များ အတွင်းမှာသာ တေဇောဓာတ် = အပူလွန်ကဲသော ရုပ်ကလာပ်အမှုန်များကို ရှာဖွေ၍ ရှုပါ။ သန္တပ္ပနတေဇောနှင့် ဍာဟတေဇောတို့ကို ရှုရာ၌ အခက်အခဲရှိနေပါက မထင်မရှားဖြစ်နေပါက ဖျားနာနေသည့် အချိန်အခါ ဖျားနာခဲ့ဖူးသည့် အချိန်အခါကို အာရုံယူ၍ လှမ်းရှုကြည့်ပါ။

[၅၁၄] အဿာသပဿာသာ စိတ္တသမုဋ္ဌာနာဝ။ (ဝိသုဒ္ဓိ၊၁၊၃၄၅-၃၄၆။)
စိတ္တဇေ အဿာသပဿာသကောဋ္ဌာသေပိ ဩဇဋ္ဌမကဉ္စေဝ သဒ္ဒေါ စာတိ နဝ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

[၅၁၅] မှတ်ချက်---- ဣ ရိ ယာ ပ ထ ရှု ကွ က် သမ္ပဇညရှုကွက်တို့၌ ဤကာယဝိညတ်ပါဝင်သော ကာယဝိညတ္တိနဝကကလာပ်+ ကာယဝိညတ္တိလဟုတာဒိဒွါဒသကကလာပ်- ဤရုပ်ကလာပ် နှစ်မျိုးတို့ကား ပြဓာန်းလျက် ရှိ၏၊ အရေးပါလှသော ကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိ၏၊ ဤရုပ်တရားတို့ကို မသိမ်းဆည်းတတ်ပါက ဣရိယာပထရှုကွက် သမ္ပဇညရှုကွက်တို့၌ ပရမတ်သို့ ဆိုက်အောင် ရုပ်တရားတို့ကို သိမ်းဆည်းဖို့ရန် ဉာဏ်ဖြင့် ပိုင်းခြားယူဖို့ရန်မှာ မမျှော်မှန်းသင့်သော အရာသာ ဖြစ်ပေသည်။

[၅၁၆] (ဝိသုဒ္ဓိ၊၂၊၂၂၃။)

[၅၁၇] အဿာသပဿာသော ဣတိ ဝါ။ (အဘိ၊၂၊၈၆။)

[၅၁၈] မှတ်ချက်---- ရုပ်အားလုံးသည် ပြိုင်တူ ဖြစ်သည် တည်သည် ပျက်သည်ဟုကား မဆိုလိုပါ။ ဥပါဒ်-ဌီ-ဘင် ဟူသော ခဏတ္တယအတွင်း၌ ပြိုင်တူ ဖြစ်-တည်-ပျက် ရစကောင်းသော ရုပ်တရားတို့ကို ခြုံ၍ ရှုရန်သာ ဆိုလိုရင်း ဖြစ်သည်ဟု မှတ်ပါ။

[၅၁၉] သော သဗ္ဗာနိပိ တာနိ ရုပ္ပနလက္ခဏေန ဧကတော ကတွာ ''ဧတံ ရူပ''န္တိ ပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

[၅၂၀] (မ၊၁၊၂၈၂။)

[၅၂၁] (မ၊ဋ္ဌ၊၂၊၁၆၃-၁၆၄။)

[၅၂၂] ဧကစ္ဆရက္ခဏေ ကောဋိသတသဟဿသင်္ခါ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ။ (သံ၊ဋ္ဌ၊၂၊၂၉၅။)

[၅၂၃] တိဝိဓော ဟိ အရူပကမ္မဋ္ဌာနေ အဘိနိဝေသော ဖဿဝသေန ဝေဒနာဝသေန စိတ္တဝသေနာတိ။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)

[၅၂၄] ယသ္မာ စ ဧဝံ သုဝိသုဒ္ဓရူပပရိဂ္ဂဟေဿဝ တဿ အရူပဓမ္မာ တီဟာကာရေဟိ ပါကဋာ ဟောန္တိ။ တသ္မာ သုဝိသုဒ္ဓရူပပရိဂ္ဂဟေနေဝ အရူပပရိဂ္ဂဟာယ ယောဂေါ ကာတဗ္ဗော၊ န ဣတရေန။ သစေ ဟိ ဧကသ္မိံ ဝါ ရူပဓမ္မေ ဥပဋ္ဌိတေ ဒွီသု ဝါ ရူပံ ပဟာယ အရူပပရိဂ္ဂဟံ အာရဘတိ၊ ကမ္မဋ္ဌာနတော ပရိဟာယတိ၊ ပထဝီကသိဏဘာဝနာယ ဝုတ္တပ္ပကာရာ ပဗ္ဗတေယျာ ဂါဝီ ဝိယ။ သုဝိသုဒ္ဓရူပပရိဂ္ဂဟဿ ပန အရူပပရိဂ္ဂဟာယ ယောဂံ ကရောတော ကမ္မဋ္ဌာနံ ဝုဒ္ဓိံ ဝိရူဠှိံ ဝေပုလ္လံ ပါပုဏာတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၇၊ စာပိုဒ်၊၆၇၁၊၊)

[၅၂၅] ယထာ နာမ ဟေဋ္ဌိမစျာနံ သုဘာဝိတံ ဝသီဘာဝံ ပါပိတမေဝ ဥပရိစျာနဿ ပါဒကံ ပဒဋ္ဌာနံ ဟောတိ၊ န ပဋိလဒ္ဓမတ္တံ၊ ဧဝံ ရူပပရိဂ္ဂဟော သုဝိသုဒ္ဓေါ နိဇ္ဇဋော နိဂ္ဂုမ္ဗော ဧဝ အရူပပရိဂ္ဂဟဿ ပါဒကံ ပဒဋ္ဌာနံ ဟောတိ၊ န အဝိသုဒ္ဓေါ၊ တသ္မာ ရူပါရူပဿ ဧကဒေသေပိ အနုပဋ္ဌိတေ သော အဝိသုဒ္ဓေါ ဧဝ နာမ ဟောတိ၊ ပဂေဝ ဗဟူသု အနုပဋ္ဌိတေသူတိ ဒေဿန္တော အာဟ ''သစေ ဟီ''တိအာဒိ။ (မဟာဋီ၊၂၊၃၅၇။)

[၅၂၆] (အံ၊၃၊၂၁၆။)

[၅၂၇] (ဝိသုဒ္ဓိ၊၂၊၂၂၂၊၊)

[၅၂၈] တေဿဝံ ပရိဂ္ဂဟိတရူပဿ ဒွါရဝသေန အရူပဓမ္မာ ပါကဋာ ဟောန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

[၅၂၉] ကာမံ ဝတ္ထုဝသေနာပိ အရူပဓမ္မာ ပါကဋာ ဟောန္တိ၊ ဒွါရဝသေန ပန ပရိဂ္ဂဟော အနာကုလောတိ ကတွာ ဝုတ္တံ ''ဒွါရဝသေန အရူပဓမ္မာ ပါကဋာ ဟောန္တီ''တိ။ (မဟာဋီ၊၂၊၃၅၂-၃၅၃။)

[၅၃၀] အာယတနဒွါရဝသေနာတိ အာယတနသင်္ခါတဒွါရဝသေန။ ကမ္မဒွါရနိဝတ္တနတ္ထံ အာယတနဂ္ဂဟဏံ။ (မဟာဋီ၊၂၊၄၁၀၊၊)

[၅၃၁] လောကုတ္တရစိတ္တာနိ ပန နေဝ သုဒ္ဓဝိပဿကဿ, န သမထယာနိကဿ ပရိဂ္ဂဟံ ဂစ္ဆန္တိ အနဓိဂတတ္တာ။ (ဝိသုဒ္ဓိ၊၂၊၂၂၃၊၊) ဧကာသီတိ လောကိယစိတ္တာနိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

[၅၃၂] သဗ္ဗသင်္ဂါဟိကဝသေန ''ဧကာသီတိ လောကိယစိတ္တာနီ''တိ ဝုတ္တံ။ လာဘိနော ဧဝ ပန မဟဂ္ဂတစိတ္တာနိ သုပါကဋာနိ ဟောန္တိ။ (မဟာဋီ၊၂၊၃၅၃။)

[၅၃၃] မှတ်ချက်---- အကြည်ရုပ် (၅)ပါးနှင့် အာရုံရုပ် (၇)ပါးဟူသော (၁၂)မျိုးသော ရုပ်တရားအစုသည် ရှုနေသော ယောဂါဝစရ ပုဂ္ဂိုလ်၏ အသိဉာဏ်၌ ရှုသည့်အခါ ထင်လွယ်မြင်လွယ်သောကြောင့် ကြမ်းတမ်းရကား ဩဠာရိကရုပ်ဟူသော အမည်ကို ရရှိပေသည်။ ရုပ် (၂၈)ပါးတွင် ဩဠာရိကရုပ် (၁၂)ပါးမှ ကြွင်းကျန်သော ရုပ် (၁၆)ပါးသည် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ မထင်လွယ်သဖြင့် သိမ်မွေ့ရကား သုခုမရုပ်ဟူသော အမည်ကို ရရှိပေသည်။

[၅၃၄] (မူလဋီ၊၁၊၈၇။)

[၅၃၅] သောမနဿသဟဂုတ် = သောမနဿဝေဒနာနှင့် အတူတကွဖြစ်သော။

[၅၃၆] ဥပေက္ခာသဟဂုတ် = ဥပေက္ခာဝေဒနာနှင့် အတူတကွဖြစ်သော။

[၅၃၇] ဒိဋ္ဌိဂတသမ္ပယုတ် = မှားသော ခံယူချက် မိစ္ဆာဒိဋ္ဌိနှင့် ယှဉ်သော။

[၅၃၈] ဒိဋ္ဌိဂတဝိပ္ပယုတ် = မှားသော ခံယူချက် မိစ္ဆာဒိဋ္ဌိနှင့် မယှဉ်သော။

[၅၃၉] အသင်္ခါရိက = တိုက်တွန်းခြင်း မရှိသော = တိုက်တွန်းခြင်းနှင့် အတူတကွ မဖြစ်သော။

[၅၄၀] သသင်္ခါရိက = တိုက်တွန်းခြင်း ရှိသော = တိုက်တွန်းခြင်းနှင့် အတူတကွ ဖြစ်သော။

[၅၄၁] ဒေါမနဿသဟဂုတ် = စိတ်မချမ်းသာခြင်း ဒေါမနဿဝေဒနာနှင့် အတူတကွ ဖြစ်သော။

[၅၄၂] ပဋိဃသမ္ပယုတ် = စိတ်ဓာတ် ခက်ထန် ကြမ်းတမ်းမှု ဒေါသနှင့် ယှဉ်သော။

[၅၄၃] ဝိစိကိစ္ဆာသမ္ပယုတ် = ယုံမှားခြင်း ဝိစိကိစ္ဆာနှင့် ယှဉ်သော၊

[၅၄၄] ဥဒ္ဓစ္စသမ္ပယုတ် = စိတ်ပျံ့လွင့်ခြင်း ဥဒ္ဓစ္စနှင့် ယှဉ်သော။

[၅၄၅] ဒုက္ခသဟဂုတ် = ကာယိကဒုက္ခဝေဒနာနှင့် အတူတကွဖြစ်သော။

[၅၄၆] သမ္ပဋိစ္ဆိုင်းစိတ် = အာရုံကို လက်ခံသော အခြင်းအရာအားဖြင့် ဖြစ်သောစိတ်။

[၅၄၇] သန္တီရဏစိတ် = အာရုံကို စုံစမ်းသော အခြင်းအရာအားဖြင့် ဖြစ်သောစိတ်။

[၅၄၈] သုခသဟဂုတ် = ကာယိကသုခဝေဒနာနှင့် အတူတကွဖြစ်သော။

[၅၄၉] ပဉ္စဒွါရာဝဇ္ဇန်း = ငါးဒွါရ၌ ထင်လာသော အာရုံကို ဆင်ခြင်သော စိတ်။

[၅၅၀] မနောဒွါရာဝဇ္ဇန်း = မနောဒွါရ၌ ထင်လာသော အာရုံကို ဆင်ခြင်သော စိတ်။

[၅၅၁] ဟသိတုပ္ပါဒ်စိတ် = ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌ ပြုံးရွှင်မှုကို ဖြစ်စေသော စိတ်။

[၅၅၂] (အဘိ၊ဋ္ဌ၊၁၊၂၇၂-၂၇၃။)

[၅၅၃] လောကုတ္တရမဂ္ဂေါ ဟိ အပ္ပနံ အပ္ပတ္တော နာမ နတ္ထိ၊ တသ္မာ ရူပံ သမ္မသိတွာ ဝုဋ္ဌိတဿ အဋ္ဌင်္ဂီကော သောမနဿသဟဂတမဂ္ဂေါ ဟောတိ။ (အဘိ၊ဋ္ဌ၊၁၊၂၇၄။)

[၅၅၄] (မဟာဋီ၊၂၊၂၃၅။)

[၅၅၅] မှတ်ချက်---- စိတ္တက္ခဏတစ်ခု၏ အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြသော စိတ်စေတသိက်တရားစုတို့ကို သမ္ပယုတ်တရားဟု ခေါ်ဆိုသည်။ အထက်ပါ စေတသိက်တို့တွင် ဧကဂ္ဂတာစေတသိက်ကို အချို့အရာ၌ စိတ်တည်ကြည်မှု စွမ်းအင်ကို အမှီပြု၍ သမာဓိန္ဒြေ သမာဓိဗိုလ် သမာဓိသမ္ဗောဇ္ဈင် သမ္မာသမာဓိမဂ္ဂင် ဥပစာရသမာဓိ အပ္ပနာသမာဓိ စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲထားပေသည်။ တစ်ဖန် ဝေဒနာစေတသိက်ကိုလည်း သတိပြုပါ။ ဝေဒနာစေတသိက်သည် စိတ်တိုင်းစိတ်တိုင်း၌ ယှဉ်သော သဗ္ဗစိတ္တသာဓာရဏ စေတသိက်တစ်မျိုး ဖြစ်၏၊ အသိစိတ်ရှိနေသမျှ ကာလပတ်လုံး ဝေဒနာကား အမြဲတမ်း ပါဝင်တည်ရှိနေမည်သာ ဖြစ်၏၊ ထိုဝေဒနာမှာ သုခ ဒုက္ခ သောမနဿ ဒေါမနဿ ဥပေက္ခာဟူသော ဝေဒနာ ငါးမျိုးတို့တွင် တစ်မျိုးမျိုး ဖြစ်နိုင်၏၊ ဝေဒနာမပါသော ဝေဒနာမယှဉ်သော စိတ်ဟူသည် ဗုဒ္ဓအဘိဓမ္မာ၌ မရှိစကောင်းပေ။ ဝေဒနာကား ချုပ်၏၊ အသိစိတ်ကား မချုပ်ဟူသော ဝါဒမှာ ဗုဒ္ဓအဘိဓမ္မာ၏ အယူအဆ မဟုတ်ပေ၊၊

[၅၅၆] အာရုံတစ်ခုပေါ်၌ ယှဉ်ဖက်စိတ်စေတသိက် = သမ္ပယုတ်တရားတို့ ဖြစ်အောင် ကြိုးစားအားထုတ်ခြင်းသဘော ဖြစ်သည်။ မကောင်းဘက်၌လည်း လောဘဖြစ်အောင်, ဒေါသဖြစ်အောင်, မောဟဖြစ်အောင် စသည်ဖြင့် ကြိုးစားမှုမျိုး၊ အကောင်းဘက်၌လည်း အလောဘဖြစ်အောင်, အဒေါသဖြစ်အောင်, အမောဟဖြစ်အောင် စသည်ဖြင့် ကြိုးစားမှုမျိုးတည်း။ သမာဓိပိုင်း၌ သမာဓိဖြစ်အောင် ကြိုးစားမှု, ဝိပဿနာပိုင်း၌ ဓာတ်ကြီးလေးပါးကို သိအောင် ကြိုးစားမှု, ရုပ်တရားကို သိအောင် ကြိုးစားမှု, နာမ်တရားကို သိအောင် ကြိုးစားမှု, အကြောင်းတရားတို့ကို သိအောင် ကြိုးစားမှု, အကြောင်းတရားနှင့် တကွသော ယင်းရုပ်နာမ်တို့၏ အနိစ္စအချက် ဒုက္ခအချက် အနတ္တအချက်တို့ကို သိအောင် ကြိုးစားမှုမျိုးတည်း။

[၅၅၇] အာရုံတစ်ခုပေါ်၌ လောဘဖြစ်လိုသည့်သဘော, ဒေါသဖြစ်လိုသည့်သဘော, မောဟဖြစ်လိုသည့်သဘော, အလောဘ ဖြစ်လိုသည့်သဘော, အဒေါသဖြစ်လိုသည့်သဘော, အမောဟဖြစ်လိုသည့်သဘော, သမာဓိဖြစ်လိုသည့် သဘော, ပညာဖြစ်လိုသည့် သဘော ဤသို့စသည်ဖြင့် အရာဌာနအားလျော်စွာ သဘောပေါက်ပါလေ။ မြင်လိုမှု ကြားလိုမှု နံလိုမှု အရသာသိလိုမှု ထိလိုမှု သိလိုမှု သဘောများကို အာရုံကို ပြုလုပ်လိုသည့်သဘောဟု ဆိုလိုသည်။

[၅၅၈] စာမျက်နှာ၊၂၇-၂၈ ပြန်ကြည့်ပါ။ မောဟကိုပင် အဝိဇ္ဇာဟုလည်း ခေါ်ဆို၏၊

[၅၅၉] ပရမတ္ထတော အဝိဇ္ဇမာနေသု ဣတ္ထိပုရိသာဒီသု ဇဝတိ၊ ဝိဇ္ဇမာနေသုပိ ခန္ဓာဒီသု န ဇဝတီတိ အဝိဇ္ဇာ။ (အဘိ၊ဋ္ဌ၊၂၊၁၂၇။ ဝိသုဒ္ဓိ၊၂၊၁၅၇။)၃၆

[၅၆၀] စာမျက်နှာ၊၂၈-တွင်လည်း ပြန်ကြည့်ပါ။

[၅၆၁] (မ၊ဋီ၊၁၊၃၆၅-၃၆၆။)

[၅၆၂] မှတ်ချက်---- ကံ-ကံ၏အကျိုးတရားအပေါ်၌ သံသယရှိခြင်းများသည်လည်း ဤကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ် သဘောတရား၌ သံသယရှိမှုတွင် အကျုံးဝင်လျက်ရှိပေသည်။

[၅၆၃] (အဘိ၊၁၊၂၀၈။)

[၅၆၄] မှတ်ချက်---- ဤကား ခြုံငုံ၍ ရေးသားထားခြင်း ဖြစ်သည်။ နေရာဌာနသို့ လိုက်၍ ခွဲခြားယူတတ်ဖို့ လိုပေသည်။ ၁။ ဘုရားဂုဏ်ကို အာရုံယူရာ၌ ဘုရားဂုဏ်၌ ယုံကြည်မှု,
၂။ တရားဂုဏ်ကို အာရုံယူရာ၌ တရားဂုဏ်ကို ယုံကြည်မှု,
၃။ သံဃာ့ဂုဏ်ကို အာရုံယူရာ၌ သံဃာ့ဂုဏ်ကို ယုံကြည်မှု,
၄။ သီလပိုင်း၌ သီလသိက္ခာ သီလကျင့်စဉ်ကို ယုံကြည်မှု, သမာဓိပိုင်း၌ စျာန်သမာဓိသိက္ခာ = သမာဓိကျင့်စဉ်ကို ယုံကြည်မှု,
ပညာပိုင်း၌ ရုပ်နာမ်ပရမတ်တို့၏ သဘာဝမှန်ကို ထွင်းဖောက်သိသည့် ပညာသိက္ခာ = ပညာကျင့်စဉ်၌ ယုံကြည်မှု, သစ္စာ လေးပါးကို ထိုးထွင်းသိအောင် ကျင့်ရသည့် ပညာသိက္ခာ = ပညာကျင့်စဉ်၌ ယုံကြည်မှု,
၅။ အတိတ်ကို ရှုရာ၌ အတိတ်ခန္ဓာတို့၌ တကယ်ထင်ရှားရှိသည်ဟု ယုံကြည်မှု,
၆။ အနာဂတ်ကို ရှုရာ၌ အနာဂတ်ခန္ဓာတို့၌ တကယ်ထင်ရှားရှိသည်ဟု ယုံကြည်မှု,
၇။ အတိတ်+အနာဂတ် နှစ်မျိုးလုံးကို ရှုရာ၌ အတိတ်+အနာဂတ် ခန္ဓာ နှစ်မျိုးလုံး၌ တကယ်ထင်ရှားရှိသည်ဟု ယုံကြည်မှု,
၈။ ကြောင်း-ကျိုး-ဆက်နွယ်မှု = ပဋိစ္စသမုပ္ပါဒ်တို့ကို ရှုရာ၌ ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၌ ယုံကြည်မှု၊ ဤသို့ စသည်ဖြင့် အရှုခံအာရုံသို့ လိုက်၍ ယုံကြည်မှုများ ကွဲပြားပုံကို သဘောပေါက်ပါလေ။

[၅၆၅] သန္တဒေါသပဋိစ္ဆာဒနလက္ခဏာ မာယာ။ အသန္တဂုဏသမ္ဘာဝနလက္ခဏံ သာဌေယျံ။ (မဟာဋီ၊၁၊၈၄။)
အသန္တဂုဏပကာသနလက္ခဏံ သာဌေယျံ။ (မဟာဋီ၊၁၊၁၂၈။)

[၅၆၆] ဣဓေကစ္စော အာဒိတောဝ အဇ္ဈတ္တံ ပဉ္စသု ခန္ဓေသု အဘိနိဝိသတိ၊ အဘိနိဝိသိတွာ တေ အနိစ္စာဒိတော ပဿတိ။ ယသ္မာ ပန န သုဒ္ဓအဇ္ဈတ္တဒဿနမတ္တေနေဝ မဂ္ဂဝုဋ္ဌာနံ ဟောတိ၊ ဗဟိဒ္ဓါပိ ဒဋ္ဌဗ္ဗမေဝ။ တသ္မာ ပရဿ ခန္ဓေပိ အနုပါဒိန္နသင်္ခါရေပိ ''အနိစ္စံ ဒုက္ခမနတ္တာ''တိ ပဿတိ။ သော ကာလေန အဇ္ဈတ္တံ သမ္မသတိ၊ ကာလေန ဗဟိဒ္ဓါတိ။ (အဘိ၊ဋ္ဌ၊၁၊၂၇၀။ ဝိသုဒ္ဓိ၊၂၊၃၀၀၊၊)
အပရော အာဒိတောဝ ရူပေ အဘိနိဝိသတိ၊ အဘိနိဝိသိတွာ ဘူတရူပဉ္စ ဥပါဒါရူပဉ္စ ပရိ စ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။ ယသ္မာ ပန န သုဒ္ဓရူပဒဿနမတ္တေနေဝ ဝုဋ္ဌာနံ ဟောတိ၊ အရူပမ္ပိ ဒဋ္ဌဗ္ဗမေဝ။ တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ သညံ သင်္ခါရေ ဝိညာဏဉ္စ ''ဣဒံ အရူပ''န္တိ ပရိ စ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ၊ သော ကာလေန ရူပံ သမ္မသတိ ကာလေန အရူပံ။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။ ဝိသုဒ္ဓိ၊၂၊၃၀၀။)

[၅၆၇] (သံ၊၂၊၂၄၉-၂၅၀။)

[၅၆၈] (တကယ်တော့ ခြင်တွယ်မရနိုင်ပါ၊ အကြောင်းမူ အလွန်လျင်လျင်မြန်မြန် ဖြစ်ပျက်နေသောကြောင့် ဖြစ်သည်။)

[၅၆၉] (မ၊ဋ္ဌ၊၁၊၂၄၅-ကြည့်ပါ၊၊)

[၅၇၀] (အဘိ၊ဋ္ဌ၊၂၊၂၇၃- ကြည့်။)

[၅၇၁] (ဝိသုဒ္ဓိ၊၂၊၂၂၂- ကြည့်ပါ။)

[၅၇၂] (မ၊ဋ္ဌ၊၁၊၂၈၀။)

[၅၇၃] (စာမျက်နှာ၊၃၅၂။)

[၅၇၄] တသ္မိံ အာရမ္မဏေ။ (မ၊ဋ္ဌ၊၁၊၂၈၀။)

[၅၇၅] တသ္မာ တံ ရူပံ အာရမ္မဏံ ကတွာ ဥပ္ပန္နံ ဝေဒနံ သညံ သင်္ခါရေ ဝိညာဏဉ္စ ''ဣဒံ အရူပ''န္တိ ပရိ စ္ဆိန္ဒိတွာ အနိစ္စာဒိတော ပဿတိ။ (အဘိ၊ဋ္ဌ၊၁၊၂၇၁။)

[၅၇၆] ယဿ ဝေဒနာ ပါကဋာ ဟောတိ၊ သော ''န ကေဝလံ ဝေဒနာဝ ဥပ္ပဇ္ဇတိ၊ တာယ သဒ္ဓိံ တဒေဝါရမ္မဏံ ဖုသမာနော ဖေဿာပိ ဥပ္ပဇ္ဇတိ၊ သဉ္ဇာနနမာနာ သညာပိ, စေတယမာနာ စေတနာပိ, ဝိဇာနနမာနံ ဝိညာဏမ္ပိ ဥပ္ပဇ္ဇတီ''တိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)

[၅၇၇] ယဿ ဝိညာဏံ ပါကဋံ ဟောတိ၊ သော ''န ကေဝလံ ဝိညာဏမေဝ ဥပ္ပဇ္ဇတိ၊ တေန သဒ္ဓိံ တဒေဝါရမ္မဏံ ဖုသမာနော ဖေဿာပိ ဥပ္ပဇ္ဇတိ၊ အနုဘဝမာနာ ဝေဒနာပိ, သဉ္ဇာနနမာနာ သညာပိ, စေတယမာနာ စေတနာပိ ဥပ္ပဇ္ဇတီ''တိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀-၂၈၁။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)

[၅၇၈] ယဿ ဖေဿာ ပါကဋော ဟောတိ၊ သော ''န ကေဝလံ ဖေဿာဝ ဥပ္ပဇ္ဇတိ၊ တေန သဒ္ဓိံ တဒေဝါရမ္မဏံ အနုဘဝမာနာ ဝေဒနာပိ ဥပ္ပဇ္ဇတိ၊ သဉ္ဇာနနမာနာ သညာပိ, စေတယမာနာ စေတနာပိ, ဝိဇာနနမာနံ ဝိညာဏမ္ပိ ဥပ္ပဇ္ဇတီ''တိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။ (ဒီ၊ဋ္ဌ၊၂၊၃၁၄။ မ၊ဋ္ဌ၊၁၊၂၈၀။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)

[၅၇၉] (သံ၊၂၊၂၅၈။ ခု၊၉၊၆။)

[၅၈၀] (သံ၊၂၊၂၅၀။)

[၅၈၁] (အဘိ၊၂၊၊ စာပိုဒ်၊၂၁။)

[၅၈၂] ဧဝံ တဿ တေဿဝ ပါကဋဘာဝေပိ ''သဗ္ဗံ ဘိက္ခဝေ အဘိညေယျ''န္တိ, ''သဗ္ဗဉ္စ ခေါ ဘိက္ခဝေ အဘိဇာန''န္တိ စ ဧဝမာဒိဝစနတော သဗ္ဗေ သမ္မသနုပဂါ ဓမ္မာ ပရိဂ္ဂဟေတဗ္ဗာတိ ဒေဿန္တော ''တတ္ထ ယဿာ''တိအာဒိမာဟ။ တတ္ထ ဖဿပဉ္စမကေယေဝါတိ အဝဓာရဏံ တဒန္တောဂဓတ္တာ တဂ္ဂဟဏေနေဝ ဂဟိတတ္တာ စတုန္နံ အရူပက္ခန္ဓာနံ။ ဖဿပဉ္စမကဂ္ဂဟဏံ ဟိ တဿ သဗ္ဗစိတ္တုပ္ပါဒ သာဓာရဏဘာဝတော၊ တတ္ထ စ ဖဿစေတနာဂ္ဂဟဏေန သဗ္ဗသင်္ခါရက္ခန္ဓဓမ္မသင်္ဂဟော စေတနာပဓာနတ္တာ တေသံ။ တထာ ဟိ သုတ္တန္တဘာဇနီယေ သင်္ခါရက္ခန္ဓဝိဘင်္ဂေ ''စက္ခုသမ္ဖဿဇာ စေတနာ''တိအာဒိနာ စေတနာဝ ဝိဘတ္တာ၊ ဣတရေ ပန ခန္ဓာ သရူပေနေဝ ဂဟိတာ။ (မ၊ဋီ၊၁၊၃၇၀၊၊)

[၅၈၃] ယထာ ဟိ တိလတေလံ သာသပတေလံ မဓုကတေလံ ဧရဏ္ဍကတေလံ ဝသာတေလန္တိ ဣမာနိ ပဉ္စ တေလာနိ ဧကစာဋိယံ ပက္ခိပိတွာ ဒိဝသံ ယမကမန္ထေဟိ မန္ထေတွာ တတော ''ဣဒံ တိလတေလံ၊ ဣဒံ သာသပတေလ''န္တိ ဧကေကဿ ပါဋိယေက္ကံ ဥဒ္ဓရဏံ နာမ ဒုက္ကရံ၊ ဣဒံ တတော ဒုက္ကရတရံ။ ဘဂဝါ ပန သဗ္ဗညုတဉာဏဿ သုပ္ပဋိဝိဒ္ဓတ္တာ ဓမ္မိဿရော ဓမ္မရာဇာ ဣမေသံ အရူပီနံ ဓမ္မာနံ ဧကာရမ္မဏေ ဝတ္တမာနာနံ ဝဝတ္ထာနံ အကာသိ။ ပဉ္စန္နံ မဟာနဒီနံ သမုဒ္ဒံ ပဝိဋ္ဌဋ္ဌာနေ ''ဣဒံ ဂင်္ဂါယ ဥဒကံ၊ ဣဒံ ယမုနာယာ''တိ ဧဝံ ပါဋိယေက္ကံ ဥဒကုဒ္ဓရဏေနာပိ အယမတ္ထော ဝေဒိတဗ္ဗော။ (သံ၊ဋ္ဌ၊၂၊၂၇၁၊၊)

[၅၈၄]
[၅၈၅] ဣမေသဉ္စ ပန ဖဿပဉ္စမကာနံ ဓမ္မာနံ ပါဋိယေက္ကံ ပါဋိယေက္ကံ ဝိနိဗ္ဘောဂံ ကတွာ ပညတ္တိံ ဥဒ္ဓရမာနေန ဘဂဝတာ ဒုက္ကရံ ကတံ။ နာနာဥဒကာနဥှိ နာနာတေလာနံ ဝါ ဧကဘာဇနေ ပက္ခိပိတွာ ဒိဝသံ နိမ္မထိတာနံ ဝဏ္ဏ-ဂန္ဓ-ရသာနံ နာနတာယ ဒိသွာ ဝါ ဃာယိတွာ ဝါ သာယိတွာ ဝါ နာနာကရဏံ သက္ကာ ဘဝေယျ ဉာတုံ၊ ဧဝံ သန္တေပိ တံ ဒုက္ကရန္တိ ဝုတ္တံ။ သမ္မာသမ္ဗုဒ္ဓေန ပန ဣမေသံ အရူပီနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဧကာရမ္မဏေ ပဝတ္တမာနာနံ ပါဋိယေက္ကံ ပါဋိယေက္ကံ ဝိနိဗ္ဘောဂံ ကတွာ ပညတ္တိံ ဥဒ္ဓရမာနေန အတိဒုက္ကရံ ကတံ။ တေနာဟ အာယသ္မာ နာဂသေနတ္ထေရော ..
ဒုက္ကရံ မဟာရာဇ ဘဂဝတာ ကတန္တိ။ ကိံ ဘန္တေ နာဂသေန ဘဂဝတာ ဒုက္ကရံ ကတန္တိ?
ဒုက္ကရံ မဟာရာဇ ဘဂဝတာ ကတံ၊ ယံ ဣမေသံ အရူပီနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဧကာရမ္မဏေ ပဝတ္တမာနာနံ ဝဝတ္ထာနံ အက္ခာတံ ''အယံ ဖေဿာ၊ အယံ ဝေဒနာ၊ အယံ သညာ၊ အယံ စေတနာ၊ ဣဒံ စိတ္တ''န္တိ။
ဩပမ္မံ ဘန္တေ ကရောဟီတိ။
ယထာ မဟာရာဇ ကောစိဒေဝ ပုရိသော နာဝါယ သမုဒ္ဒံ အဇ္ဈောဂါဟေတွာ ဟတ္ထပုဋေန ဥဒကံ ဂဟေတွာ ဇိဝှါယ သာယိတွာ ဇာနေယျ နု ခေါ မဟာရာဇ သော ပုရိသော ''ဣဒံ ဂင်္ဂါယ ဥဒကံ၊ ဣဒံ ယမုနာယ ဥဒကံ၊ ဣဒံ အစိရဝတိယာ ဥဒကံ၊ ဣဒံ သရဘုယာ ဥဒကံ၊ ဣဒံ မဟိယာ ဥဒက''န္တိ။
ဒုက္ကရံ ဘန္တေ ဇာနိတုန္တိ။
တတော ဒုက္ကရတရံ ခေါ မဟာရာဇ ဘဂဝတာ ကတံ၊ ယံ ဣမေသံ အရူပီနံ စိတ္တစေတသိကာနံ ဓမ္မာနံ။ ပ။ ဣဒံ စိတ္တ''န္တိ။ (အဘိ၊ဋ္ဌ၊၁၊၁၈၆-၁၈၇။ မိလိန္ဒပဥှာ၊၉၄။)

[၅၈၆] မှတ်ချက်---- ရုပ်တို့၏ဓမ္မတာသည် ရုပ်ကလာပ်ခေါ်သည့် အမှုန်များအနေဖြင့်သာ ဖြစ်ရိုးဓမ္မတာရှိသဖြင့် ရေဟူသည်မှာ, ဆီဟူသည်မှာ အာပေါဓာတ်၏ သဘာဝသတ္တိစွမ်းအင် လွန်ကဲနေသော ရုပ်ကလာပ်တို့၏ အပေါင်းအစုမျှသာ ဖြစ်၏၊ ရုပ်ကလာပ် တစ်ခု၏အတွင်း၌ တည်ရှိကြသော ရုပ်တရားတို့နှင့် အခြားရုပ်ကလာပ်တစ်ခု၏အတွင်း၌ တည်ရှိကြကုန်သော ရုပ်တရားတို့သည် အာကာသဓာတ်က ခြားကွယ်ထားသောကြောင့် ပေါင်းစပ်မှု ယှဉ်တွဲမှု မရှိကြပေ။ သို့အတွက် ပရမတ္ထဉာဏ်ပညာမျက်စိ ရှိသူတို့ အဖို့မှာမူ ရုပ်ကလာပ်တစ်ခုတစ်ခုအတွင်း၌ တည်ရှိကြကုန်သော အဆင်း အနံ့ အရသာတို့ကို ခွဲခြားစိတ်ဖြာ၍ သိနိုင်ကြ၏၊ သိမ်းဆည်းနိုင်ကြ၏၊ ထိုသို့ ဉာဏ်ဖြင့် သိမ်းဆည်းနိုင်သောကြောင့် ပရမတ္ထဉာဏ်ပညာရှိသူတို့အဖို့မှာမူ---- တစ်ခုတည်းသော အိုးခွက်၌ ထည့်၍ တစ်နေ့တာကာလပတ်လုံး မွှေနှောက်ထားအပ်ပြီးကုန်သော အထူးထူးသော ရေတို့၏သော်လည်းကောင်း, အထူးထူးသော ဆီတို့၏သော်လည်းကောင်း အဆင်း-အနံ့-အရသာတို့၏ တစ်ခုနှင့်တစ်ခု မတူဘဲ ထူးထွေကွဲပြားမှု ရှိသည်၏ အဖြစ်ကို ပကတိသော ပသာဒမျက်စိဖြင့် ကြည့်၍, ပသာဒနှာခေါင်းဖြင့် နမ်း၍, ပသာဒလျှာဖြင့် လျက်၍ မသိနိုင်စေကာမူ ပညာမျက်စိ ပညာနှာခေါင်း ပညာလျှာဖြင့်ကား ယင်းရေ-ဆီတို့၌ တည်ရှိကြသော အဆင်း-အနံ့-အရသာတို့၏ တစ်ခုနှင့်တစ်ခု မတူ ကွဲပြားမှုကို ပြုလုပ်ကြောင်းဖြစ်သည့် ထူးခြားချက်ကို သိခြင်းငှာ တတ်ကောင်းသည် ဖြစ်တန်ရာသေး၏ဟု ဆိုလိုရင်း ဖြစ်ပေသည်။

[၅၈၇] ဆိုလိုရင်းသဘော---- ပုံစံတစ်ခုကို ထုတ်၍ဆိုရသော် ယင်းရုပ်တရားတို့ကို သိမ်းဆည်းလျက် ဉာဏ်ဖြင့် ပိုင်းခြားယူလျက်ရှိသော နာမရူပပရိစ္ဆေဒဉာဏ် သို့မဟုတ် ဝိပဿနာဉာဏ်ကဲ့သို့သော မဟာကုသိုလ် မနောဒွါရိကဇောစိတ္တက္ခဏ တစ်ခုတစ်ခုအတွင်း၌ ဉာဏ်-ပီတိ နှစ်မျိုးလုံး ယှဉ်သဖြင့် စိတ်+စေတသိက်ဟူသော နာမ်တရား (၃၄)လုံး ရှိ၏၊ ထိုစိတ်စေတသိက်တို့သည် ဧကုပ္ပါဒ = အတူဖြစ်ခြင်း စသော စေတောယုတ္တလက္ခဏာ လေးပါးနှင့် ညီစွာ အတူဖြစ် အတူချုပ်၍ တူသော မှီရာဝတ္ထုရုပ်လည်း ရှိလျက် (= ဟဒယဝတ္ထုရုပ်တစ်ခုတည်းကိုသာ မှီကြလျက်) မိမိရှုနေသည့် ရုပ်တရားကဲ့သို့သော အာရုံတစ်ခုကိုသာ ဝိုင်းလျက် အာရုံ ပြုကြလေရာ သဗ္ဗညုတဉာဏ်တော်ရှင် သမ္မာသမ္ဗုဒ္ဓဘုရားရှင်သာ မဟုတ်ခဲ့ပါလျှင် ''ဤသဘောကား ဖဿ, ဤသဘောကား ဝေဒနာ'' .. စသည်ဖြင့် သာဝကတို့၏ ဉာဏ်ဝယ် ခွဲခြားစိတ်ဖြာ၍ သိရှိနိုင်ဖို့ရန် ''ဖဿ, ဝေဒနာ''စသော အမည်နာမပညတ်ကို တင်လျက် ဟောကြားပြသတော်မူခြင်းငှာ မည်သည့် တစ်စုံတစ်ခုသော လောကဓာတ်နည်းနှင့်မျှ ရှေးကလည်း မဖြစ်ခဲ့၊ ယခုလည်း မဖြစ်နိုင်၊ နောက်နောင်အခါ ကမ္ဘာအဆက်ဆက်၌လည်း ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ထိုကြောင့် နာမည်ကျော် အရှင်နာဂသေန မထေရ်မြတ်က ဒါယကာ မိလိန္ဒ မဟာရာဇာအား ဤကဲ့သို့သော သဘောအဓိပ္ပါယ်ကို ထင်ရှားလာအောင် သမုဒ္ဒရာအတွင်းဝယ် မြစ်ကြီးငါးသွယ်မှ စီးဝင်လာသော ရေကို ဥပမာပြလျက် အောက်ပါအတိုင်း မိန့်ကြားထားတော်မူပေသည်။

[၅၈၈] သမ္မာသမ္ဗုဒ္ဓေန ပန ဣမေသံ အရူပီနံ စိတ္တစေတသိကာနံ ဓမ္မာနံ ဧကာရမ္မဏေ ပဝတ္တမာနာနံ ပါဋိယေက္ကံ ပါဋိယေက္ကံ ဝိနိဗ္ဘောဂံ ကတွာ ပညတ္တိံ ဥဒ္ဓရမာနေန အတိဒုက္ကရံ ကတံ။ (အဘိ၊ဋ္ဌ၊၁၊၁၈၆။)

[၅၈၉] တျာဿ ဓမ္မာ အနုပဒဝဝတ္ထိတာ ဟောန္တိ၊ တျာဿ ဓမ္မာ ဝိဒိတာ ဥပ္ပဇ္ဇန္တိ၊ ဝိဒိတာ ဥပဋ္ဌဟန္တိ၊ ဝိဒိတာ အဗ္ဘတ္ထံ ဂစ္ဆန္တိ။ သော ဧဝံ ပဇာနာတိ ''ဧဝံ ကိရမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီ''တိ။ (မ၊၃၊၇၅။)

[၅၉၀] (မ၊ဋ္ဌ၊၄၊၆၁။)

[၅၉၁] ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယ။ ထေရေန ဟိ ဝတ္ထု စေဝ အာရမ္မဏဉ္စ ပရိဂ္ဂဟိတံ၊ တေနဿ တေသံ ဓမ္မာနံ ဥပ္ပါဒံ အာဝဇ္ဇန္တဿ ဥပ္ပါဒေါ ပါကဋော ဟောတိ၊ ဌာနံ အာဝဇ္ဇန္တဿ ဌာနံ ပါကဋံ ဟောတိ၊ ဘေဒံ အာဝဇ္ဇန္တဿ ဘေဒေါ ပါကဋော ဟောတိ။ တေန ဝုတ္တံ ''ဝိဒိတာ ဥပ္ပဇ္ဇန္တိ ဝိဒိတာ ဥပဋ္ဌဟန္တိ ဝိဒိတာ အဗ္ဘတ္ထံ ဂစ္ဆန္တီ''တိ။ (မ၊ဋ္ဌ၊၄၊၆၀။)
ဝတ္ထာရမ္မဏာနံ ပရိဂ္ဂဟိတတာယာတိ ယသ္မိံ စ အာရမ္မဏေ ယေ စျာနဓမ္မာ ပဝတ္တန္တိ၊ တေသံ ဝတ္ထာရမ္မဏာနံ ပဂေဝ ဉာဏေန ပရိ စ္ဆိဇ္ဇ ဂဟိတတ္တာ။ ပ။ တေသံ ဓမ္မာနန္တိ စျာနစိတ္တုပ္ပါဒပရိယာပန္နာနံ ဓမ္မာနံ။ (မ၊ဋီ၊၃၊၂၇၈။)

[၅၉၂] ဤအရာ၌ ဝတ္ထုနှင့် အာရုံကို ပူးတွဲ သိမ်းဆည်းရမည်ဟူသော စကားရပ်ဝယ် ဝတ္ထုအရ စက္ခုဒွါရ သောတဒွါရ ဃာနဒွါရ ဇိဝှါဒွါရ ကာယဒွါရ မနောဒွါရ ဟူသော ဒွါရ (၆)ပါးကို ဆိုလိုသည်ဟု မှတ်ပါ။

[၅၉၃] သော ''ဣမေ ဖဿပဉ္စမကာ ကိံ နိဿိတာ''တိ ဥပဓာရေန္တော ''ဝတ္ထုံ နိဿိတာ''တိ ပဇာနာတိ။ ဝတ္ထု နာမ ကရဇကာယော၊ ယံ သန္ဓာယ ဝုတ္တံ ''ဣဒဉ္စ မေ ဝိညာဏံ ဧတ္ထ သိတံ ဧတ္ထ ပဋိဗဒ္ဓ''န္တိ။ သော အတ္ထတော ဘူတာနိစေဝ ဥပါဒါရူပါနိ စ။ (ဒီ၊ဋ္ဌ၊၂၊၃၁၄-၃၁၅။ မ၊ဋ္ဌ၊၁၊၂၈၁။ အဘိ၊ဋ္ဌ၊၂၊၂၅၂-၂၅၃။)

[၅၉၄] (ဒီ၊၁၊၇၂၊ သာမညဖလသုတ္တန်။ မ၊၂၊၂၀၉၊ မဟာသကုလုဒါယီသုတ္တန်။)

[၅၉၅] နာမရူပဝဝတ္ထာနဿ အဓိပ္ပေတတ္တာ နိရဝသေသရူပပရိဂ္ဂဟဿ ဒဿနတ္ထံ ''ဝတ္ထု နာမ ကရဇကာယော''တိ အာဟ န စက္ခာဒီနိ ဆ ဝတ္ထူနီတိ။ ကရဇကာယဿ ပန ဝတ္ထုဘာဝသာဓနတ္ထံ ''ဣဒဉ္စ ပန မေ ဝိညာဏံ ဧတ္ထ သိတံ၊ ဧတ္ထ ပဋိဗဒ္ဓ''န္တိ သုတ္တံ အာဘတံ။ (မူလဋီ၊၂၊၁၅၇။)

[၅၉၆] (ဝိသုဒ္ဓိ၊၂၊၂၂၂။)

[၅၉၇] မှတ်ချက်---- ရူပါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော စက္ခုဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကို ရူပါရုံလိုင်း နာမ်တရားဟု လည်းကောင်း, သဒ္ဒါရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော သောတဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကို သဒ္ဒါရုံလိုင်း နာမ်တရားဟုလည်းကောင်း, ဂန္ဓာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော ဃာနဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကို ဂန္ဓာရုံလိုင်း နာမ်တရားဟုလည်းကောင်း, ရသာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော ဇိဝှါဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကို ရသာရုံလိုင်း နာမ်တရားဟုလည်းကောင်း, ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော ကာယဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကို ဖောဋ္ဌဗ္ဗာရုံလိုင်း နာမ်တရားဟုလည်းကောင်း, ဓမ္မာရုံ အမည်ရသော တရားစုကို သို့မဟုတ် တရားစုတွင် တစ်ခုခုကို အာရုံပြု၍ ဖြစ်ပေါ်လာကြသော မနောဒွါရဝီထိ နာမ်တရားတို့ကို ဓမ္မာရုံလိုင်း နာမ်တရားဟုလည်းကောင်း, ဤသို့ အသီးအသီး ခေါ်ဝေါ် သုံးစွဲထားပါသည်။

[၅၉၈] တတ္ထ ဝိတက္ကဝိစာရာနံ ဝူပသမာတိ ဝိတက္ကဿ စ ဝိစာရဿ စာတိ ဣမေသံ ဒွိန္နံ ဝူပသမာ သမတိက္ကမာ၊ ဒုတိယဇ္ဈာနက္ခဏေ အပါတုဘာဝါတိ ဝုတ္တံ ဟောတိ။ (ဝိသုဒ္ဓိ၊၁၊၁၅၁။)

[၅၉၉] ပုဗ္ဗဘာဂေ ပရိကမ္မဥပစာရစိတ္တာနိ သဝိတက္ကသဝိစာရာနိ သပ္ပီတိကာနိ ... (အဘိ၊ဋ္ဌ၊၂၊၂၃၇။)

[၆၀၀] အယံ ပန ဝိသေသော၊ ယသ္မာ သုခဝေဒနာ အဒုက္ခမသုခါယ ဝေဒနာယ အာသေဝနပစ္စယေန ပစ္စယော န ဟောတိ၊ စတုတ္ထဇ္ဈာနေ စ အဒုက္ခမသုခါယ ဝေဒနာယ ဥပ္ပဇ္ဇိတဗ္ဗံ၊ တသ္မာ တာနိ ဥပေက္ခာဝေဒနာသမ္ပယုတ္တာနိ ဟောန္တိ။ ဥပေက္ခာသမ္ပယုတ္တတ္တာယေဝ စေတ္ထ ပီတိပိ ပရိဟာယတီတိ။ (ဝိသုဒ္ဓိ၊၁၊၁၆၀။)

[၆၀၁] တာနီတိ အပ္ပနာဝီထိယံ ဇဝနာနိ သန္ဓာယာဟ။ (မဟာဋီ၊၁၊၁၈၉။)

[၆၀၂] လာဘိနော ဧဝ ပန မဟဂ္ဂတစိတ္တာနိ သုပါကဋာနိ ဟောန္တိ။ (မဟာဋီ၊၂၊၃၅၃။)

[၆၀၃] (ဝိသုဒ္ဓိ၊၂၊၂၅၃၊၊)

[၆၀၄] (ဝိသုဒ္ဓိ၊၂၊၂၂၂။)

[၆၀၅] (မူလဋီ၊၁၊၈၇။)

[၆၀၆] မှတ်ချက်---- မနောဒွါရာဝဇ္ဇန်း၌ စေတသိက် (၁၂)လုံး ဟူသည်မှာ ဤအထက်ပါ နာမ်တရား (၃၄)မျိုးတို့တွင် အသိစိတ်မှသည်

[၆၀၇] မှတ်ချက်---- ဤ၌ကား စျာန်ကို ဝင်စားလိုက် စျာန်နာမ်တရားတို့ကို သိမ်းဆည်းလိုက်, တစ်ဖန် စျာန်ကို ဝင်စားလိုက် စျာန်နာမ်တရားတို့ကို သိမ်းဆည်းလိုက်- ဤသို့ ကြိမ်ဖန်များစွာ ပြုလုပ်ဖို့ လိုအပ်ပါသည်။ စျာန်မှ ထပြီးစ၌သာလျှင် စျာန်နာမ်တရားတို့မှာ အသိဉာဏ်၌ ထင်ရှားသောကြောင့် ဖြစ်၏၊ မထင်ရှားတိုင်း စျာန်ကို ပြန်ဝင်စားရန် မမေ့ပါနှင့်။

[၆၀၈] ပရိဂ္ဂဟေတွာ သဗ္ဗမ္ပေတံ အာရမ္မဏာဘိမုခံ နမနတော နမနဋ္ဌေန နာမန္တိ ဝဝတ္ထပေတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

[၆၀၉] (မ၊ဋ္ဌ၊၄၊၆၀။)

[၆၁၀] သောဠသန္နံ ဧဝ စေတ္ထ ဓမ္မာနံ ဂဟဏံ တေသံယေဝ ထေရေန ဝဝတ္ထာပိတဘာဝတော၊ တေ ဧဝဿ တဒါ ဥပဋ္ဌဟိံသု, န သောဠသန္နံ ဧဝ စေတ္ထ ဓမ္မာနံ ဂဟဏံ တေသံယေဝ ထေရေန ဝဝတ္ထာပိတဘာဝတော၊ တေ ဧဝဿ တဒါ ဥပဋ္ဌဟိံသု, န ဣတရေတိ ဝဒန္တိ။ ဝီရိယ-သတိဂ္ဂဟဏေန စေတ္ထ ဣန္ဒြိယဘာဝသာမညတော သဒ္ဓါ-ပညာ, သတိဂ္ဂဟဏေနေဝ ဧကန္တာနဝဇ္ဇဘာဝ သာမညတော ပဿဒ္ဓိအာဒယော ဆ ယုဂဠာ, အလောဘာဒေါသာ စ သင်္ဂဟိတာ စျာနစိတ္တုပ္ပါဒပရိယာပန္နတ္တာ တေသံ ဓမ္မာနံ၊ ထေရေန စ ဓမ္မာ ဝဝတ္ထာနသာမညတော အာရဒ္ဓါ၊ (တသ္မာ) တေ န ဥပဋ္ဌဟိံသူတိ န သက္ကာ ဝတ္တုန္တိ အပရေ။ (မ၊ဋီ၊၃၊၂၇၇။)

[၆၁၁] ယော ယော အဋ္ဌကထာဝါဒေါ ဝါ ထေရဝါဒေါ ဝါ ပစ္ဆာ ဝုစ္စတိ၊ သော ပမာဏတော ဒဋ္ဌဗ္ဗော။ (ဝိ၊ဋ္ဌ၊၁၊၂၆၀။)

[၆၁၂] တတော ယထာ နာမ ပုရိသော အန္တောဂေဟေ သပ္ပံ ဒိသွာ တံ အနုဗန္ဓမာနော တဿ အာသယံ ပဿတိ၊ ဧဝမေဝ အယမ္ပိ ယောဂါဝစရော တံ နာမံ ဥပပရိက္ခန္တော ''ဣဒံ နာမံ ကိံ နိဿာယ ပဝတ္တတီ''တိ ပရိယေသမာနော တဿ နိဿယံ ဟဒယရူပံ ပဿတိ။ တတော ဟဒယရူပဿ နိဿယဘူတာနိ, ဘူတနိဿိတာနိ စ သေသုပါဒါယ ရူပါနီတိ ရူပံ ပရိဂ္ဂဏှာတိ။ သော သဗ္ဗမ္ပေတံ ရုပ္ပနတော ရူပန္တိ ဝဝတ္ထပေတိ။ တတော နမနလက္ခဏံ နာမံ၊ ရုပ္ပနလက္ခဏံ ရူပန္တိ သင်္ခေပတော နာမရူပံ ဝဝတ္ထပေတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)

[၆၁၃] စာမျက်နှာ (၂၇၃-၂၇၈။)

[၆၁၄] ပရသန္တာနာဂတေ စ တေသံ သန္တာနဝိဘာဂံ အကတွာ ဗဟိဒ္ဓါဘာဝသာမညတော သမ္မသနံ၊ အယံ သာဝကာနံ သမ္မသနစာရော---- (မ၊ဋီ၊၃၊၂၇၄-၂၇၅။)

[၆၁၅] သော ''ဣဒံ ဒုက္ခ''န္တိ ယောနိသော မနသိ ကရောတိ၊ ''အယံ ဒုက္ခသမုဒယော''တိ ယောနိသော မနသိ ကရောတိ၊ ''အယံ ဒုက္ခနိရောဓော''တိ ယောနိသော မနသိ ကရောတိ၊ ''အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ''တိ ယောနိသော မနသိ ကရောတိ။ (မ၊၁၊၁၁-၁၂။)

[၆၁၆] တတ္ထ ယောနိသော မနသိကာရော နာမ ဥပါယမနသိကာရော ပထမနသိကာရော၊ အနိစ္စာဒီသု အနိစ္စန္တိအာဒိနာ ဧဝ နယေန သစ္စာနုလောမိကေန ဝါ စိတ္တဿ အာဝဋ္ဋနာ အနွာဝဋ္ဋနာ အာဘောဂေါ သမန္နာဟာရော မနသိကာရော၊ အယံ ဝုစ္စတိ ယောနိသော မနသိကာရောတိ။ (မ၊ဋ္ဌ၊၁၊၆၆။)

[၆၁၇] တတ္ထ ကတမော အယောနိသော မနသိကာရော၊ ''အနိစ္စေ နိစ္စ''န္တိ အယောနိသော မနသိကာရော၊ ''ဒုက္ခေ သုခ''န္တိ အယောနိသော မနသိကာရော၊ ''အနတ္တနိ အတ္တာ''တိ အယောနိသော မနသိကာရော၊ ''အသုဘေ သုဘ''န္တိ အယောနိသော မနသိကာရော၊ သစ္စဝိပ္ပဋိကုလေန ဝါ စိတ္တဿ အာဝဋ္ဋနာ အနာဝဋ္ဋနာ အာဘောဂေါ သမန္နာဟာရော မနသိကာရော၊ အယံ ဝုစ္စတိ အယောနိသော မနသိကာရော။ (အဘိ၊၂၊၃၈၇-၃၈၈။)
အယောနိသော မနသိကာရောတိ အနုပါယမနသိကာရော ဥပ္ပထမနသိကာရော၊ အနိစ္စေ နိစ္စန္တိ ဒုက္ခေ သုခန္တိ အနတ္တနိ အတ္တာတိ အသုဘေ သုဘန္တိ အယောနိသော မနသိကာရော ဥပ္ပထမနသိကာရော။ သစ္စပ္ပဋိကုလေန ဝါ စိတ္တဿ အာဝဋ္ဋနာ အနွာဝဋ္ဋနာ အာဘောဂေါ သမန္နာဟာရော မနသိကာရော၊ အယံ ဝုစ္စတိ အယောနိသော မနသိကာရောတိ။ (မ၊ဋ္ဌ၊၁၊၆၆-၆၇။)
စိတ္တဿ အာဝဋ္ဋနာတိအာဒီနိ သဗ္ဗာနိပိ အာဝဇ္ဇနေဿဝ ဝေဝစနာနေဝ။
အာဝဇ္ဇနဥှိ ဘဝင်္ဂစိတ္တံ အာဝဋ္ဋေတီတိ စိတ္တဿ အာဝဋ္ဋနာ။ (အဘိ၊ဋ္ဌ၊၂၊၄၈၂။)

[၆၁၈] ဤမျှဆိုလျှင် သဘောပေါက်လောက်ပြီဟု ယူဆသဖြင့် ထူးရာ စေတသိက်အချို့ကိုသာ ဖော်ပြအပ်ပါသည်။ စျာန်နာမ်တရား (၃၄)လုံးနှင့် အာရုံသာ ကွာဟချက် ရှိသည်၊ အမျိုးအစားချင်းကား တူညီလျက်ပင် ရှိသည်။

[၆၁၉] တိလက္ခဏာရမ္မဏိကဝိပဿနာယ တဒါရမ္မဏံ န လဗ္ဘတိ။ (အဘိ၊ဋ္ဌ၊၂၊၁၄၇။)

[၆၂၀] သေက္ခာ ဝါ ပုထုဇ္ဇနာ ဝါ ကုသလံ အနိစ္စတော ဒုက္ခတော အနတ္တတော ဝိပဿန္တိ၊ ကုသလေ နိရုဒ္ဓေ ဝိပါကော တဒါရမ္မဏတာ ဥပ္ပဇ္ဇတိ။

[၆၂၁] ကုသလေ နိရုဒ္ဓေတိ ဝိပဿနာဇဝနဝီထိယာ ပစ္ဆိန္နာယ။ ဝိပါကောတိ ကာမာဝစရဝိပါကော။ တဒါရမ္မဏတာတိ တဒါရမ္မဏတာယ။ တံ ကုသလဿ ဇဝနဿ အာရမ္မဏဘူတံ ဝိပဿိတကုသလံ အာရမ္မဏံ ကတွာ ဥပ္ပဇ္ဇတီတိ အတ္ထော။ (အဘိ၊ဋ္ဌ၊၃၊၄၃၆၊၊)

[၆၂၂] (မူလဋီ၊၁၊၁၃၁- ကြည့်ပါ။)

[၆၂၃] မှတ်ချက်---- ယခုကဲ့သို့ သောမနဿပဋိသန္ဓေ တည်နေခဲ့သူ၏ သန္တာန်၌ အလိုရှိအပ် ကောင်းမြတ်သည့် ဣဋ္ဌာရုံနှင့် တွေ့ကြုံခိုက်၌သော်လည်းကောင်း, အလွန်အလိုရှိအပ် ကောင်းမြတ်သည့် ဘုရားအစရှိသော အတိဣဋ္ဌာရုံနှင့် တွေ့ကြုံခိုက်၌ သော်လည်းကောင်း, အလိုမရှိအပ်သည့် မနှစ်သက်ဖွယ် အနိဋ္ဌာရုံနှင့် တွေ့ကြုံခိုက်၌သော်လည်းကောင်း နည်းမှန်လမ်းမှန် နှလုံးမသွင်းတတ်မှု အယောနိသောမနသိကာရကို အကြောင်းခံကာ ဒေါသဇော စောခဲ့သော် ယင်းဒေါသဇော၏ နောင်၌ အထက်တွင် ဖော်ပြထားသော ဥပေက္ခာသန္တီရဏ နှစ်မျိုးတို့တွင် တစ်မျိုးမျိုးသည် တဒါရုံနေရာ၌ အာဂန္တုကဘဝင်အဖြစ်ဖြင့် ဝင်ရောက်ကာ ဖြစ်ပေါ်သောအခါ ဇယားများတွင် စုပေါင်းကာ (၁၁/၁၁)ဟု အဟိတ် တဒါရုံအောက်တွင်ပင် ဖော်ပြထားပါသည်။ သို့သော် ယင်းဥပေက္ခာသန္တီရဏစိတ် တစ်မျိုးမျိုးသည် တဒါရုံ မဟုတ်ပါ၊ အာဂန္တုကဘဝင်သာ ဖြစ်သည်ဟု မှတ်သားပါ။ ဇယားနေရာကျဉ်းရန်အတွက် ရောနှောကာ ဖော်ပြခြင်းသာ ဖြစ်ပါသည်။ တစ်ဖန် ယင်း အာဂန္တုကဘဝင်၏ အာရုံမှာလည်း ပစ္စပ္ပုန်အာရုံ (၆)မျိုးတို့တွင် တစ်မျိုးမျိုးကား မဟုတ်ပေ၊ အတိတ်က အလေ့အကျင့် များခဲ့သော အာရုံတစ်မျိုးမျိုးသာ ဖြစ်သည်။ ဇယားဆွဲရာ၌ လွယ်ကူစေရန်အတွက်သာ ယင်းပစ္စပ္ပုန်အာရုံ (၆)မျိုးတို့၏ အောက်၌ ထည့်သွင်းကာ ဖော်ပြထားခြင်းသာ ဖြစ်ပါသည်။ သို့အတွက် သောမနဿပဋိသန္ဓေ တည်နေခဲ့သူ၏ သန္တာန်ဝယ် အတိဣဋ္ဌာရုံကို အာရုံယူကာ အယောနိသော မနသိကာရကို အကြောင်းခံလျက် ဒေါသဇော စောခဲ့သော် ယင်းဒေါသဇော၏ နောင်၌ ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်သည် အာဂန္တုကဘဝင်ကိစ္စတပ်လျက် ဖြစ်ပေါ်လာမှုမျိုးကို အထူးသဖြင့် ရည်ညွှန်းကာ (၁၁/၁၁) နှစ်မျိုးကို ဖော်ပြကာ ဒုတိယ (၁၁)ကို ထည့်သွင်းထားခြင်း ဖြစ်ပါသည်။ ပထမ (၁၁)မှာကား အထက်က ရှင်းပြခဲ့သည့်အတိုင်း ပစ္စပ္ပုန်အာရုံ (၆)မျိုးတို့တွင် တစ်မျိုးမျိုးသော ဣဋ္ဌာရုံ သို့မဟုတ် အတိဣဋ္ဌာရုံ သို့မဟုတ် အနိဋ္ဌာရုံ တစ်မျိုးမျိုးကို အာရုံယူကာ ဓမ္မတာအလျောက် ဖြစ်ပေါ်လာသည့် ကုသလဝိပါက် ဥပေက္ခာသန္တီရဏ သို့မဟုတ် အကုသလဝိပါက် ဥပေက္ခာသန္တီရဏ တဒါရုံ တစ်မျိုးမျိုးကို ရည်ညွှန်းကာ ဖော်ပြထားပါသည်။

[၆၂၄] မှတ်ချက်---- ဥပစယရုပ်ကို အာရုံယူ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို ပဋိသန္ဓေ ကလလရေကြည် တည်စအခိုက်၌ ရှိသော ရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်သောအခါမှ ထပ်မံရှုရန် ဖြစ်သည်။

[၆၂၅] (အဘိ၊ဋ္ဌ၊၁၊၁၄၆။)

[၆၂၆] (အဘိ၊ဋ္ဌ၊၁၊၁၄၆။)

[၆၂၇] (အဘိ၊ဋ္ဌ၊၁၊၁၄၇။)

[၆၂၈] ပဉ္စသိက္ခာပဒါ။ ပ။ ပရိတ္တာရမ္မဏာ။ ပ။ ပစ္စုပ္ပန္နာရမ္မဏာ။ ပ။ ဗဟိဒ္ဓါရမ္မဏာ။ (အဘိ၊၂၊၃၀၅။)

[၆၂၉] အာရမ္မဏတော ပါဏာတိပါတော ဇီဝိတိန္ဒြိယာရမ္မဏော။ အဒိန္နာဒါနံ သတ္တာရမ္မဏံ ဝါ သင်္ခါရာရမ္မဏံ ဝါ။ မိစ္ဆာစာရော ဣတ္ထိပုရိသာရမ္မဏော။ မုသာဝါဒေါ သတ္တာရမ္မဏော ဝါ သင်္ခါရာရမ္မဏော ဝါ။ သုရာပါနံ သင်္ခါရာရမ္မဏံ။ (အဘိ၊ဋ္ဌ၊၂၊၃၆၆ )
အာရမ္မဏတော တိ ပါဏာတိပါတာ ဝေရမဏီ ပရဿ ဇီဝိတိန္ဒြိယံ အာရမ္မဏံ ကတွာ အတ္တနော ဝေရစေတနာယ ဝိရမတိ။ ဣတရာသုပိ ဧသေဝ နယော။ သဗ္ဗာပိ ဟိ ဧတာ ဝီတိက္ကမိတဗ္ဗဝတ္ထုံ အာရမ္မဏံ ကတွာ ဝေရစေတနာဟိယေဝ ဝိရမန္တိ။ (အဘိ၊ဋ္ဌ၊၂၊၃၆၈။)
အာရမ္မဏတ္တိကေသု ပန ယာနိ သိက္ခာပဒါနိ ဧတ္ထ သတ္တာရမ္မဏာနီတိ ဝုတ္တာနိ၊ တာနိ ယသ္မာ သတ္တောတိ သင်္ခံ ဂတေ သင်္ခါရေယေဝ အာရမ္မဏံ ကရောန္တိ၊ ယသ္မာ စ သဗ္ဗာနိပိ ဧတာနိ သမ္ပတ္တဝိရတိဝသေနေဝ နိဒ္ဒိဋ္ဌာနိ၊ တသ္မာ ''ပရိတ္တာရမ္မဏာ''တိ စ ''ပစ္စုပ္ပန္နာရမ္မဏာ''တိ စ ဝုတ္တံ။ ယတော ပန ဝိရမတိ၊ တဿ ဝတ္ထုနော အစ္စန္တဗဟိဒ္ဓတ္တာ သဗ္ဗေသမ္ပိ ဗဟိဒ္ဓါရမ္မဏတာ ဝေဒိတဗ္ဗာတိ။ (အဘိ၊ဋ္ဌ၊၂၊၃၆၉။)

[၆၃၀] သတ္တ-ဣတ္ထိ-ပုရိသာရမ္မဏတာ တထာဂဟိတသင်္ခါရာရမ္မဏတာယ ဒဋ္ဌဗ္ဗာ။ (မူလဋီ၊၂၊၁၈၉။)
သမ္ပတ္တဝိရတိဝသေနာတိ သမ္ပတ္တေ ပစ္စုပ္ပန္နေ အာရမ္မဏေ ယထာဝိရမိတဗ္ဗတော ဝိရတိဝသေနာတိ အတ္ထော။ (မူလဋီ၊၂၊၁၉၀၊၊)

[၆၃၁] မှတ်ချက်---- ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းဝယ် ဥပေက္ခာဇောနောင်၌ သောမနဿတဒါရုံ ကျဖို့ရာမှာ အလွန်ခက်ခဲဖွယ်ရာ ရှိပေသည်။ အတိဣဋ္ဌာရုံ ဖြစ်နေသဖြင့် ဥပေက္ခာဇောနောင်၌ ဥပေက္ခာတဒါရုံလည်း ကျခွင့်မရှိ ဖြစ်သည်။ လက်တွေ့ သေချာအောင် သိမ်းဆည်းရှုပွားပါ။

[၆၃၂] တတ္ထ ဧကေကံ အာရမ္မဏံ ဒွီသု ဒွီသု ဒွါရေသု အာပါထမာဂစ္ဆတိ။ ရူပါရမ္မဏဥှိ စက္ခုပသာဒံ ဃဋ္ဋေတွာ တင်္ခဏညေဝ မနောဒွါရေ အာပါထမာဂစ္ဆတိ၊ ဘဝင်္ဂစလနဿ ပစ္စယော ဟောတီတိ အတ္ထော။ သဒ္ဒ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရမ္မဏေသုပိ ဧသေဝ နယော။ ယထာ ဟိ သကုဏော အာကာသေနာဂန္တွာ ရုက္ခဂ္ဂေ နီလိယမာနောဝ ရုက္ခသာခဉ္စ ဃဋ္ဋေတိ၊ ဆာယာ စဿ ပထဝိယံ ပဋိဟညတိ၊ သာခါဃဋ္ဋန-ဆာယာဖရဏာနိ အပုဗ္ဗံ အစရိမံ ဧကက္ခဏေယေဝ ဘဝန္တိ။ ဧဝံ ပစ္စုပ္ပန္နရူပါဒီနံ စက္ခုပသာဒါဒိဃဋ္ဋနဉ္စ ဘဝင်္ဂစလနသမတ္ထတာယ မနောဒွါရေ အာပါထဂမနဉ္စ အပုဗ္ဗံ အစရိမံ ဧကက္ခဏေယေဝ ဟောတိ။ တတော ဘဝင်္ဂံ ဝိစ္ဆိန္ဒိတွာ စက္ခုဒွါရာဒီသု ဥပ္ပန္နာနံ အာဝဇ္ဇနာဒီနံ ဝေါဋ္ဌဗ္ဗနပရိယောသာနာနံ အနန္တရာ တေသံ အာရမ္မဏာနံ အညတရသ္မိံ ဣဒံ မဟာစိတ္တံ ဥပ္ပဇ္ဇတိ။ (အဘိ၊ဋ္ဌ၊၁၊၁၁၄။)

[၆၃၃] အာပါထမာဂစ္ဆတိ မနသာ ပဉ္စဝိညာဏေဟိ စ ဂဟေတဗ္ဗဘာဝူပဂမနေန။ ဃဋ္ဋေတွာ ပဋိမုခဘာဝါပါထံ ဂန္တွာ။ (မူလဋီ၊၁၊၇၀၊၊)

[၆၃၄] (ဝီထိပုံ-ဘုံစဉ်-ဆန်းပုံ-သိမ်ပုံကျမ်း၊၂-၃။)

[၆၃၅] (ဝိသုဒ္ဓိ၊၂၊၂၄၉။)

[၆၃၆] (စာမျက်နှာ၊၄၂၄- တွင် ဖော်ပြထားပါသည်။)

[၆၃၇] ပဌမဇဝနေပိ။ ပ။ န ဟောတီတိ ဣဒံ ပဉ္စဝိညာဏဝီထိယံ ဣတ္ထိပုရိသောတိ ရဇ္ဇနာဒီနံ အဘာဝံ သန္ဓာယ ဝုတ္တံ။ တတ္ထ ဟိ အာဝဇ္ဇနဝေါဋ္ဌဗ္ဗနာနံ အယောနိသော အာဝဇ္ဇနဝေါဋ္ဌဗ္ဗနဝသေန ဣဋ္ဌေ ဣတ္ထိရူပါဒိမှိ လောဘော, အနိဋ္ဌေ စ ပဋိဃော ဥပ္ပဇ္ဇတိ။ မနောဒွါရေ ပန ဣတ္ထိပုရိသောတိ ရဇ္ဇနာဒိ ဟောတိ။ (မူလဋီ၊၂၊၁၈၁။)
တတ္ထာယံ ပဝတ္တိက္ကမော၊ ပဉ္စဒွါရေ ရူပါဒိအာရမ္မဏေ အာပါထဂတေ နိယမိတာဒိဝသေန ကုသလာကုသလဇဝနေ ဥပ္ပဇ္ဇိတွာ ဘဝင်္င်္ဂံ ဩတိဏ္ဏေ မနောဒွါရိကဇဝနံ တံယေဝါရမ္မဏံ ကတွာ ဘဝင်္ဂံ ဩတရတိ။ ပုန တသ္မိံယေဝ ဒွါရေ ဣတ္ထိပုရိသောတိအာဒိနာ ဝဝတ္ထပေတွာ ဇဝနံ ဥပ္ပဇ္ဇိတွာ ဘဝင်္ဂံ ဩတရတိ။ ပုန ဝါရေ ပသာဒရဇ္ဇနာဒိဝသေန ဇဝနံ ဇဝတိ။ (အနုဋီ၊၁၊၂၀၀။)
သဒ္ဒံ ပထမစိတ္တေန၊ တီတံ ဒုတိယစေတသာ။
နာမံ တတိယစိတ္တေန၊ အတ္ထံ စတုတ္ထစေတသာ။
ပဌမံ သဒ္ဒံ သောတေန၊ တီတံ ဒုတိယစေတသာ။
နာမံ တတိယစိတ္တေန၊ အတ္ထံ စတုတ္ထစေတသာ။ (သီလက္ခန္ဓဝဂ္ဂအဘိနဝဋီကာ၊၂၊၃၉၈။)

[၆၃၈] (အဘိ၊ဋ္ဌ၊၁၊၁၁၇။)

[၆၃၉] (သံ၊ဋ္ဌ၊၂၊၂၉၅။)

[၆၄၀] (စာမျက်နှာ၊၄၅၉-၄၆၂။)

[၆၄၁] (အဘိ၊ဋ္ဌ၊၁၊၃၁၀။)

[၆၄၂] (မဟာဋီ၊၂၊၁၂၄။ အနုဋီ၊၂၊၅၆။)

[၆၄၃] ပဉ္စဟိ ဝိညာဏေဟိ န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတိ အညတြ အဘိနိပါတမတ္တာ၊ ပဉ္စန္နံ ဝိညာဏာနံ သမနန္တရာပိ န ကဉ္စိ ဓမ္မံ ပဋိဝိဇာနာတိ။ (အဘိ၊၂၊၃၂၃။)

[၆၄၄] ဝေါဋ္ဌဗ္ဗနာဝဇ္ဇနရသာတိ ပဉ္စဒွါရေ သန္တီရဏေန ဂဟိတာရမ္မဏံ ဝဝတ္ထပေန္တီ ဝိယ ပဝတ္တနတော ဝေါဋ္ဌဗ္ဗနရသာ၊ မနောဒွါရေ ပန ဝုတ္တနယေန အာဝဇ္ဇနရသာ။ (မဟာဋီ၊၂၊၁၂၉-၁၃၀။)

[၆၄၅] (ဝိသုဒ္ဓိ၊၂၊၂၂၅။)

[၆၄၆] ဝတ္ထု နာမ ကရဇကာယော၊ ယံ သန္ဓာယ ဝုတ္တံ ''ဣဒဉ္စ ပန မေ ဝိညာဏံ ဧတ္ထ သိတံ ဧတ္ထ ပဋိဗဒ္ဓ''န္တိ။ သော အတ္ထတော ဘူတာနိ စေဝ ဥပါဒါရူပါနိ စ။ (ဒီ၊ဋ္ဌ၊၂၊၃၁၄-၃၁၅။ မ၊ဋ္ဌ၊၁၊၂၈၁။ အဘိ၊ဋ္ဌ၊၂၊၂၅၂-၂၅၃။)
နာမရူပဝဝတ္ထာနဿ အဓိပ္ပေတတ္တာ နိရဝသေသရူပပရိဂ္ဂဟဿ ဒဿနတ္ထံ ''ဝတ္ထု နာမ ကရဇကာယော''တိ အာဟ၊ န စက္ခာဒီနိ ဆ ဝတ္ထူနီတိ။ ကရဇကာယဿ ပန ဝတ္ထုဘာဝသာဓနတ္ထံ ''ဣဒဉ္စ ပန မေ ဝိညာဏံ ဧတ္ထ သိတံ၊ ဧတ္ထ ပဋိဗဒ္ဓ''န္တိ သုတ္တံ အာဘတံ။ (မူလဋီ၊၂၊၁၅၇၊ စာပိုဒ်၊၃၆၃။) (စာမျက်နှာ၊၃၈၁-တွင်လည်း ပြန်ကြည့်ပါ။)

[၆၄၇] (ဝိသုဒ္ဓိ၊၂၊၂၆၁-၂၆၄။)

[၆၄၈] ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၈။)

[၆၄၉] မှတ်ချက်---- ယေဘုယျအားဖြင့် သန္တီရဏ-ဇော-တဒါရုံတို့သည် ဝေဒနာချင်း တူညီကြ၏၊ ဇော၌ သောမနဿဝေဒနာဖြစ်လျှင် သန္တီရဏနှင့် တဒါရုံတို့၌လည်း သောမနဿဝေဒနာပင် အဖြစ်များ၏၊ ဇော၌ ဥပေက္ခာဖြစ်က သန္တီရဏနှင့် တဒါရုံ၌လည်း ဥပေက္ခာ အဖြစ်များ၏၊ ဇောသည် မဟာကုသိုလ်ဇောဖြစ်က တဒါရုံသည်လည်း မဟာဝိပါက်တဒါရုံပင် အဖြစ်များပေသည်။ ယေဘုယျစည်းကမ်းသို့ လိုက်၍ ဖော်ပြထားပါသည်။ (အဘိ၊ဋ္ဌ၊၁၊၃၁၀-၃၁၁- ကြည့်ပါ။)

[၆၅၀] မှတ်ချက်---- ဤဖောဋ္ဌဗ္ဗာရုံလိုင်း၌ ဖောဋ္ဌဗ္ဗာရုံသည် ဣဋ္ဌာရုံဖြစ်က ကာယဝိညာဏ်၌ သုခဝေဒနာ ယှဉ်၏၊ အနိဋ္ဌာရုံဖြစ်က ကာယဝိညာဏ်၌ ဒုက္ခဝေဒနာ ယှဉ်၏၊ သဘောပေါက်အောင် သိမ်းဆည်းရှုပွားပါ။ ဤကာယဝိညာဏ်၌သာမက (၆)လိုင်းလုံး အတွင်း၌ တည်ရှိသော ဝီထိစိတ္တက္ခဏတိုင်း၌လည်း သောမနဿ ဥပေက္ခာ စသည့် ဝေဒနာများကို ကွဲကွဲပြားပြား သိအောင် သိမ်းဆည်းရှုပွားပါ။

[၆၅၁] (မ၊၁၊၇၆၊၊)

[၆၅၂] တတ္ထ ယောဂါဝစရော ကာမဝိတက္ကဿ ပဒဃာတနတ္ထံ ကာမဝိတက္ကံ ဝါ သမ္မသတိ အညံ ဝါ ကိဉ္စိ သင်္ခါရံ။ အထဿ ဝိပဿနာက္ခဏေ ဝိပဿနာသမ္ပယုတ္တော သင်္ကပ္ပေါ တဒင်္ဂဝသေန ကာမဝိတက္ကဿ ပဒဃာတံ ပဒစ္ဆေဒံ ကရောန္တော ဥပ္ပဇ္ဇတိ၊ ဝိပဿနံ ဥဿုက္ကာပေတွာ မဂ္ဂံ ပါပေတိ။ အထဿ မဂ္ဂက္ခဏေ မဂ္ဂသမ္ပယုတ္တော သင်္ကပ္ပေါ သမုစ္ဆေဒဝသေန ကာမဝိတက္ကဿ ပဒဃာတံ ပဒစ္ဆေဒံ ကရောန္တော ဥပ္ပဇ္ဇတိ။ ဗျာပါဒဝိတက္ကဿာပိ ပဒဃာတနတ္ထံ ဗျာပါဒဝိတက္ကံ ဝါ အညံ ဝါ သင်္ခါရံ သမ္မသတိ။ ဝိဟိံသာဝိတက္ကဿ ပဒဃာတနတ္ထံ ဝိဟိံသာဝိတက္ကံ ဝါ အညံ ဝါ သင်္ခါရံ သမ္မသတိ။ အထဿ ဝိပဿနာက္ခဏေတိ သဗ္ဗံ ပုရိမနယေနေဝ ယောဇေတဗ္ဗံ။ (အဘိ၊ဋ္ဌ၊၂၊၁၁၀။)

[၆၅၃] (အဘိ၊ဋ္ဌ၊၁၊၂၇၁။)

[၆၅၄] (ဒီ၊ဋ္ဌ၊၂၊၃၇၄။ မ၊ဋ္ဌ၊၁၊၂၉၂။)

[၆၅၅] မှတ်ချက်--- ဧကတ္တနည်း---- စက္ခုအကြည်ဓာတ် တစ်ခုကို အာရုံယူကာ ကုသိုလ်ဇောဝီထိအမျိုးမျိုး အကုသိုလ်ဇောဝီထိအမျိုးမျိုး ဖြစ်ပေါ်လာပုံကို ရှုရာ၌ စက္ခုအကြည်ဓာတ်တစ်ခုတည်းက ထိုကဲ့သို့ ရှုနိုင်လောက်အောင် အဓွန့်ရှည်စွာ သက်တမ်းရှည်စွာ စိတ္တက္ခဏ (၁၇)ချက်ထက် ပိုလွန်ကာ အသက်ရှည်နေသည်ဟုကား အယူအဆ မမှားစေလိုပါ။ ယင်းစက္ခုအကြည်ဓာတ်မှာ စိတ္တက္ခဏ (၁၇)ချက် သက်တမ်းစေ့က ချုပ်ပျက်သွားမည်သာ ဖြစ်၏၊ သို့သော် ယောဂါဝစရပုဂ္ဂိုလ်အနေဖြင့် ယင်းစက္ခုအကြည် ဓာတ်နှင့် အလားတူ ဆက်ကာဆက်ကာ ဖြစ်ပေါ်နေသည့် စက္ခုအကြည်ဓာတ်တစ်ခုတစ်ခုကို အာရုံယူကာ ဆက်လက်ရှုပွားရန်ကိုသာ ဆိုလိုရင်း ဖြစ်သည်။ မူလ အာရုံယူကာ ရှုပွားလိုက်သည့် စက္ခုအကြည်ဓာတ်နှင့် နောက်နောက် ဆက်လက်အာရုံယူကာ ရှုပွားနေသည့် စက္ခုအကြည်ဓာတ် အသီးအသီးမှာ စက္ခုအကြည်ဓာတ်ချင်း တူညီနေသဖြင့် ဧကတ္တနည်းအရ တစ်စုတစ်ပေါင်းတည်း ပြုကာ ယင်းစက္ခုအကြည်ဓာတ်ဟု ဆိုခြင်း ဖြစ်ပေသည်။ ဤသို့ ဆိုခြင်းကိုပင် ဧကတ္တနည်းဟု ခေါ်ဆိုပေသည်။ ကြွင်းကျန်သော ရုပ်တရားတို့ကို အာရုံယူကာ ရှုပွားရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။

[၆၅၆] စက္ခုဒွါရေ တာဝ အာပါထဂတံ ဣဋ္ဌာရမ္မဏံ ကာမဿာဒဝသေန အဿာဒယတော အဘိနန္ဒတော ကာမရာဂသညောဇနံ ဥပ္ပဇ္ဇတိ။ အနိဋ္ဌာရမ္မဏေ ကုဇ္ဈတော ပဋိဃသညောဇနံ ဥပ္ပဇ္ဇတိ။ ''ဌပေတွာ မံ န ကောစိ အညော ဧတံ အာရမ္မဏံ ဝိဘာဝေတုံ သမတ္ထော အတ္ထီ''တိ မညတော မာနသညောဇနံ ဥပ္ပဇ္ဇတိ။ ''ဧတံ ရူပါရမ္မဏံ နိစ္စံ ဓုဝ''န္တိ ဂဏှတော ဒိဋ္ဌိသညောဇနံ ဥပ္ပဇ္ဇတိ။
''ဧတံ ရူပါရမ္မဏံ သတ္တော နု ခေါ, သတ္တဿ နု ခေါ''တိ ဝိစိကိစ္ဆတော ဝိစိကိစ္ဆာသညောဇနံ ဥပ္ပဇ္ဇတိ။ ''သမ္ပတ္တိဘဝေ ဝတ နော ဣဒံ သုလဘံ ဇာတ''န္တိ ဘဝံ ပတ္ထေန္တဿ ဘဝရာဂသညောဇနံ ဥပ္ပဇ္ဇတိ။ ''အာယတိမ္ပိ ဧဝရူပံ သီလဗ္ဗတံ သမာဒိယိတွာ သက္ကာ လဒ္ဓု''န္တိ သီလဗ္ဗတံ သမာဒိယန္တဿ သီလဗ္ဗတပရာမာသသညောဇနံ ဥပ္ပဇ္ဇတိ။ ''အဟော ဝတ ဧတံ ရူပါရမ္မဏံ အညေ န လဘေယျု''န္တိ ဥသူယတော ဣဿာသညောဇနံ ဥပ္ပဇ္ဇတိ။ အတ္တနာ လဒ္ဓံ ရူပါရမ္မဏံ အညဿ မစ္ဆရာယတော မစ္ဆရိယသညောဇနံ ဥပ္ပဇ္ဇတိ။ သဗ္ဗေဟေဝ သဟဇာတအညာဏဝသေန အဝိဇ္ဇာသညောဇနံ ဥပ္ပဇ္ဇတိ။ (ဒီ၊ဋ္ဌ၊၂၊၃၇၄။ မ၊ဋ္ဌ၊၁၊၂၉၂။)

[၆၅၇] နိစ္စံ ဓုဝန္တိ ဧတံ နိဒဿနမတ္တံ။ ''ဥစ္ဆိဇ္ဇိဿတိ ဝိနဿိဿတီတိ ဂဏှတော''တိ ဧဝမာဒီနမ္ပိ သင်္ဂဟော ဣစ္ဆိတဗ္ဗော။ ဘဝံ ပတ္ထေန္တဿာတိ ''ဤဒိသေ သမ္ပတ္တိဘဝေ ယသ္မာ အမှာကံ ဣဒံ ဣဋ္ဌာရမ္မဏံ သုလဘံ ဇာတံ၊ တသ္မာ အာယတိမ္ပိ သမ္ပတ္တိဘဝေါ ဘဝေယျာ''တိ ဘဝံ နိကာမေန္တဿ။ ဧဝရူပံ သက္ကာ လဒ္ဓုန္တိ ယောဇနာ။ (မ၊ဋီ၊၁၊၃၇၉။)

[၆၅၈] (ဒီ၊ဋ္ဌ၊၂၊၃၇၄။ မ၊ဋ္ဌ၊၁၊၂၉၂။)

[၆၅၉] စက္ခုဝိညာဏံ ဟိ ရူပေ ရူပမတ္တမေဝ ပဿတိ၊ န နိစ္စာဒိသဘာဝံ။ (သံ၊ဋ္ဌ၊၃၊၂၈။)

[၆၆၀] ရူပမတ္တမေဝါတိ နီလာဒိဘေဒံ ရူပါယတနမတ္တံ၊ န နီလာဒိ။ ဝိသေသနိဝတ္တနတ္ထော ဟိ အယံ မတ္တ-သဒ္ဒေါ။ ယဒိ ဧဝံ ဧဝ- ကာရော ကိမတ္ထိယော? စက္ခုဝိညာဏံ ဟိ ရူပါယတနေ လဗ္ဘမာနမ္ပိ နီလာဒိဝိသေသံ ''ဣဒံ နီလံ နာမ ဣဒံ ပီတံ နာမာ''တိ န ဂဏှာတိ။ ကုတော နိစ္စာနိစ္စာဒိ သဘာဝတ္ထန္တိ သံဟိတဿပိ နိဝတ္တနတ္ထံ ဧဝကာရဂ္ဂဟဏံ။ တေနာဟ ''န နိစ္စာဒိသဘာဝ'' န္တိ။ (သံ၊ဋီ၊၂၊၃၀၃။)

[၆၆၁] မှတ်ချက်---- တဒါရုံနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှေးစာမျက်နှာ (၄၀၄) တွင် ပြန်ကြည့်ပါ။ အထူးသဖြင့် အာဂန္တုကဘဝင်အကြောင်းကိုလည်း ရှေးစာမျက်နှာ (၄၀၆) တွင် ပြန်ကြည့်ပါ။

[၆၆၂] (စာမျက်နှာ၊၄၃၄။)

[၆၆၃] (ဝိသုဒ္ဓိ၊၂၊၂၂၆။)

[၆၆၄] သော သဗ္ဗေပိ တေ အရူပဓမ္မေ နမနလက္ခဏေန ဧကတော ကတွာ ဧတံ နာမန္တိ ပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၃။)

[၆၆၅] ရူပါရူပံ ပန ပရိဂ္ဂဏှန္တော ... (အဘိ၊ဋ္ဌ၊၁၊၂၆၀။)

[၆၆၆] ရူပါရူပါနံ လက္ခဏာဒီဟိ ပရိစ္ဆိန္ဒိတွာ ဂဟဏံ ရူပါရူပပရိဂ္ဂဟော။ (မူလဋီ၊၁၊၁၁၂။)

[၆၆၇] ပရိ စ္ဆိန္ဒိတွာ ဂဟဏံ ပရိဇာနနံ။ (အနုဋီ၊၁၊၁၁၉။)

[၆၆၈] ယောပိ ရူပါရူပံ ပရိဂ္ဂဟေတွာ နာမရူပံ ဝဝတ္ထပေန္တော ... (အဘိ၊ဋ္ဌ၊၁၊၂၆၀။)

[၆၆၉] တတော နမနလက္ခဏံ နာမံ၊ ရုပ္ပနလက္ခဏံ ရူပန္တိ သင်္ခေပတော နာမရူပံ ဝဝတ္ထပေတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၂။)
ဣတိ ဣဒဉ္စ နာမံ၊ ဣဒဉ္စ ရူပံ၊ ဣဒံ ဝုစ္စတိ နာမရူပန္တိ သင်္ခေပတော နာမရူပံ ဝဝတ္ထပေတိ။ (ဝိသုဒ္ဓိ၊၂၊၂၂၅။)

[၆၇၀] န အညော သတ္တာဒိကောတိ ဝဝတ္ထာပနံ နာမရူပဝဝတ္ထာပနံ။ (မူလဋီ၊၁၊၁၁၂။)

[၆၇၁] သန္တတိဃနာဒီနံ အယံ ဝိသေသော--- ပုရိမပစ္ဆိမာနံ နိရန္တရတာယ ဧကီဘူတာနမိဝ ပဝတ္တိ သန္တတိဃနတာ၊ တထာ ဖဿာဒီနံ ဧကသမူဟဝသေန ဒုဗ္ဗိညေယျကိစ္စဘေဒဝသေန ဧကာရမ္မဏတာဝသေန စ ဧကီဘူတာနမိဝ ပဝတ္တိ သမူဟာဒိဃနတာတိ။ (မူလဋီ၊၁၊၆၀။)
နာနာဓာတုယော ဝိနိဗ္ဘုဇိတွာ ဃနဝိနိဗ္ဘောဂေ ကတေ အနတ္တလက္ခဏံ ယာထာဝသရသတော ဥပဋ္ဌာတိ။ (အဘိ၊ဋ္ဌ၊၂၊၄၇။ ဝိသုဒ္ဓိ၊၂၊၂၇၆။) ၄၆၁
နာနာဓာတုယော တိ နာနာဝိဓာ ပထဝီအာဒိဓာတုယော နာနာဝိဓေ သဘာဝဓမ္မေ။ ဝိနိဗ္ဘုဇိတွာတိ ''အညာ ပထဝီဓာတု၊ အညာ အာပေါဓာတူ''တိအာဒိနာ, ''အညော ဖေဿာ၊ အညာ ဝေဒနာ''တိအာဒိနာ စ ဝိသုံ ဝိသုံ ကတွာ။ ဃနဝိနိဗ္ဘောဂေ ကတေတိ သမူဟဃနေ, ကိစ္စာရမ္မဏဃနေ စ ပဘေဒိတေ။ ယာ ဟေသာ အညမညူပတ္ထဒ္ဓေသု သမုဒိတေသု ရူပါရူပဓမ္မေသု ဧကတ္တာဘိနိဝေသဝသေန အပရိမဒ္ဒိတသင်္ခါရေဟိ ဂယှမာနာ သမူဟဃနတာ, တထာ တေသံ တေသံ ဓမ္မာနံ ကိစ္စဘေဒဿ သတိပိ ပဋိနိယတဘာဝေ ဧကတော ဂယှမာနာ ကိစ္စဃနတာ, တထာ သာရမ္မဏဓမ္မာနံ သတိပိ အာရမ္မဏကရဏဘေဒေ ဧကတော ဂယှမာနာ အာရမ္မဏဃနတာ စ၊ တာ ဓာတူသု ဉာဏေန ဝိနိဗ္ဘုဇိတွာ ဒိဿမာနာ ဟတ္ထေန ပရိမဇ္ဇိယမာနော ဖေဏပိဏ္ဍော ဝိယ ဝိလယံ ဂစ္ဆန္တိ။ ''ယထာပစ္စယံ ပဝတ္တမာနာ သုညာ ဧတေ ဓမ္မာ ဓမ္မမတ္တာ''တိ အနတ္တလက္ခဏံ ပါကဋတရံ ဟောတိ။ တေန ဝုတ္တံ ''နာနာ ဓာတုယော။ပ။ ဥပဋ္ဌာတီ''တိ။ (မဟာဋီ၊၂၊၄၃၇။)

[၆၇၂] (အဘိ၊ဋ္ဌ၊၁၊၃၁၄။)

[၆၇၃] (ဝိသုဒ္ဓိ၊၂၊၂၆၁-၂၆၂။)

[၆၇၄] ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၈။)

[၆၇၅] (အဘိ၊ဋ္ဌ၊၂၊၄၇။ ဝိသုဒ္ဓိ၊၂၊၂၇၆။) ၄၆၁ ၆၇၁

[၆၇၆] (ဝိသုဒ္ဓိ၊၂၊၃၀၁။)

[၆၇၇] (စာမျက်နှာ၊၆၃၉။)

[၆၇၈] (မ၊၁၊၇၃၊၇၅၊၇၆၊၇၇ ...။)

[၆၇၉] (အဘိ၊ဋ္ဌ၊၁၊၂၇၀။ ဝိသုဒ္ဓိ၊၂၊၃၀၀၊၊)၅၆၆

[၆၈၀] ဝုဋ္ဌာနဂါမိနိဝိပဿနာ---- သင်္ခါရအာရုံမှ ထမြောက်၍ သင်္ခါရတရားတို့၏ ချုပ်ငြိမ်းရာ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ဘက်သို့ တစ်ဟုန်ထိုး ထမြောက်ပြေးသွားသော မဂ္ဂဝီထိစိတ်အစဉ်နှင့် ထိုမဂ္ဂဝီထိ၏ ရှေး၌ ကပ်လျက်ရှိသော နှစ်ခု သုံးခုသော မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ်အစဉ်တို့ကို ဝုဋ္ဌာနဂါမိနိဝိပဿနာဟု ခေါ်ဆိုသည်။

[၆၈၁] (မ၊ဋီ၊၃၊၂၇၄-၂၇၅။) ၄၅၆

[၆၈၂] (အဘိ၊ဋ္ဌ၊၁၊၂၇၀-၂၇၁။ ဝိသုဒ္ဓိ၊၂၊၃၀၀- ကြည့်ပါ။) ၅၆၆

[၆၈၃] (မ၊၁၊၇၃ ...)

[၆၈၄] (အဘိ၊ဋ္ဌ၊၁၊၂၇၀-၂၇၁။ ဝိသုဒ္ဓိ၊၂၊၃၀၀။) ၅၆၆

[၆၈၅] (ဝိသုဒ္ဓိ၊၂၊၂၂၂။ မဟာဋီ၊၂၊၃၅၃- ကြည့်ပါ။)

[၆၈၆] ပရိဂ္ဂဟိတေ ရူပကမ္မဋ္ဌာနေတိ ဣဒံ ရူပမုခေန ဝိပဿနာဘိနိဝေသံ သန္ဓာယ ဝုတ္တံ၊ အရူပမုခေန ပန ဝိပဿနာဘိနိဝေသော ယေဘုယျေန သမထယာနိကဿ ဣစ္ဆိတဗ္ဗော၊ သော စ ပဌမံ စျာနင်္ဂါနိ ပရိဂ္ဂဟေတွာ တတော ပရံ သေသဓမ္မေ ပရိဂ္ဂဏှာတိ။ (မ၊ဋီ၊၁၊၃၆၉။)

[၆၈၇] (ဝိသုဒ္ဓိ၊၂၊၂၂၂။ မဟာဋီ၊၂၊၃၅၃-လည်း ကြည့်ပါ။)

[၆၈၈] (စာမျက်နှာ၊၄၉-၅၂။)

[၆၈၉] (အဘိ၊ဋ္ဌ၊၁၊၂၇၀-၂၇၁။ ဝိသုဒ္ဓိ၊၂၊၃၀၀။)

[၆၉၀] (ပဋိသံ၊၁၈၁။ စာပိုဒ်၊၁၇၀။)၇၁

[၆၉၁] ၁။ ဣတိ ဣမေ စတ္တာရော သတိပဋ္ဌာနာ ပုဗ္ဗဘာဂေ နာနာစိတ္တေသု လဗ္ဘန္တိ။ အညေနေဝ ဟိ စိတ္တေန ကာယံ ပရိဂ္ဂဏှာတိ၊ အညေန ဝေဒနံ၊ အညေန စိတ္တံ၊ အညေန ဓမ္မေ ပရိဂ္ဂဏှာတိ။ လောကုတ္တရမဂ္ဂက္ခဏေ ပန ဧကစိတ္တေယေဝ လဗ္ဘန္တိ။ အာဒိတော ဟိ ကာယံ ပရိဂ္ဂဏှိတွာ အာဂတဿ ဝိပဿနာသမ္ပယုတ္တာ သတိ ကာယာနုပဿနာ နာမ၊ တာယ သတိယာ သမန္နာဂတော ပုဂ္ဂလော ကာယာနုပဿီ နာမ။ ဝိပဿနံ ဥဿုက္ကာပေတွာ အရိယမဂ္ဂံ ပတ္တဿ မဂ္ဂက္ခဏေ မဂ္ဂသမ္ပယုတ္တာ သတိ ကာယာနုပဿနာ နာမ၊ တာယ သတိယာ သမန္နာဂတော ပုဂ္ဂလော ကာယာနုပဿီ နာမ။
၂။ ဝေဒနံ ပရိဂ္ဂဏှိတွာ။ပ။ ၃။ စိတ္တံ ပရိဂ္ဂဏှိတွာ။ပ။
၄။ ဓမ္မေ ပရိဂ္ဂဏှိတွာ အာဂတဿ ဝိပဿနာသမ္ပယုတ္တာ သတိ ဓမ္မာနုပဿနာ နာမ၊ တာယ သတိယာ သမန္နာဂတော ပုဂ္ဂလော ဓမ္မာနုပဿီ နာမ။ ဝိပဿနံ ဥဿုက္ကာပေတွာ အရိယမဂ္ဂံ ပတ္တဿ မဂ္ဂက္ခဏေ မဂ္ဂသမ္ပယုတ္တာ သတိ ဓမ္မာနုပဿနာ နာမ၊ တာယ သတိယာ သမန္နာဂတော ပုဂ္ဂလော ဓမ္မာနုပဿီ နာမ။ ဧဝံ တာဝ ဒေသနာ ပုဂ္ဂလေ တိဋ္ဌတိ။
၁။ ကာယေ ပန သုဘန္တိ ဝိပလ္လာသပ္ပဟာနာ ကာယပရိဂ္ဂါဟိကာ သတိ မဂ္ဂေန သမိဇ္ဈတီတိ ကာယာနုပဿနာ နာမ။
၂။ ဝေဒနာယ သုခန္တိ ဝိပလ္လာသပ္ပဟာနာ ဝေဒနာပရိဂ္ဂါဟိကာ သတိ မဂ္ဂေန သမိဇ္ဈတီတိ ဝေဒနာနုပဿနာ နာမ။
၃။ စိတ္တေ နိစ္စန္တိ ဝိပလ္လာသပ္ပဟာနာ စိတ္တပရိဂ္ဂါဟိကာ သတိ မဂ္ဂေန သမိဇ္ဈတီတိ စိတ္တာနုပဿနာ နာမ။
၄။ ဓမ္မေသု အတ္တာတိ ဝိပလ္လာသပ္ပဟာနာ ဓမ္မပရိဂ္ဂါဟိကာ သတိ မဂ္ဂေန သမိဇ္ဈတီတိ ဓမ္မာနုပဿနာ နာမ။
ဣတိ ဧကာဝ မဂ္ဂသမ္ပယုတ္တာ သတိ စတုကိစ္စသာဓနဋ္ဌေန စတ္တာရိ နာမာနိ လဘတိ။ တေန ဝုတ္တံ ''လောကုတ္တရမဂ္ဂက္ခဏေ ပန ဧကစိတ္တေယေဝ လဗ္ဘန္တီ''တိ။ (ပဋိသံ၊ဋ္ဌ၊၁၊၁၆၅-၁၆၆။ အဘိ၊ဋ္ဌ၊၂၊၂၇၃-၂၇၄။)

[၆၉၂] (သံ၊၂၊၂၉၄။)

[၆၉၃] တသ္မာ တိဟ တေ ဗာဟိယ ဧဝံ သိက္ခိတဗ္ဗံ---- ''ဒိဋ္ဌေ ဒိဋ္ဌမတ္တံ ဘဝိဿတိ၊ သုတေ သုတမတ္တံ ဘဝိဿတိ၊ မုတေ မုတမတ္တံ ဘဝိဿတိ၊ ဝိညာတေ ဝိညာတမတ္တံ ဘဝိဿတီ''တိ။ (ဥဒါန၊၈၅။)

[၆၉၄] ဧတ္ထ ဟိ ရူပါယတနံ ပဿိတဗ္ဗဋ္ဌေန ဒိဋ္ဌံ နာမ၊ စက္ခုဝိညာဏံ ပန သဒ္ဓိံ တံဒွါရိကဝိညာဏေဟိ ဒဿနဋ္ဌေန၊ တဒုဘယမ္ပိ ယထာပစ္စယံ ပဝတ္တမာနံ ဓမ္မမတ္တမေဝ၊ န ဧတ္ထ ကောစိ ကတ္တာ ဝါ ကာရေတာ ဝါ၊ ယတော တံ ဟုတွာ အဘာဝဋ္ဌေန အနိစ္စံ, ဥဒယဗ္ဗယပဋိပီဠနဋ္ဌေန ဒုက္ခံ, အဝသဝတ္တနဋ္ဌေန အနတ္တာတိ ကုတော တတ္ထ ပဏ္ဍိတဿ ရဇ္ဇနာဒီနံ ဩကာသောတိ။ အယမေတ္ထ အဓိပ္ပါယော သုတာဒီသုပိ။ (ဥဒါန၊ဋ္ဌ၊၈၂။)

[၆၉၅] ဧကန္တေန ပန စက္ခုဝိညာဏမေဝ ဒဿနကိစ္စံ သာဓေတိ။ (အဘိ၊ဋ္ဌ၊၁၊၃၂၀။)

[၆၉၆] သစေ ပန ဘဝင်္ဂံ အာဝဋ္ဋေတိ၊ ကိရိယာမနောဓာတုယာ ဘဝင်္ဂေ အာဝဋ္ဋိတေ ဝေါဋ္ဌဗ္ဗနံ အပါပေတွာဝ အန္တရာ စက္ခုဝိညာဏေ ဝါ သမ္ပဋိစ္ဆနေ ဝါ သန္တီရဏေ ဝါ ဌတွာ နိဝတ္တိဿတီတိ နေတံ ဌာနံ ဝိဇ္ဇတိ။ ဝေါဋ္ဌဗ္ဗနဝသေန ပန ဌတွာ ဧကံ ဝါ ဒွေ ဝါ စိတ္တာနိ ပဝတ္တန္တိ။ (အဘိ၊ဋ္ဌ၊၁၊၃၀၉-၃၁၀၊၊)

[၆၉၇] မာ ဟေဝံ အာနန္ဒ အဝစ၊ မာ ဟေဝံ အာနန္ဒ အဝစ။ ဂမ္ဘီရော စာယံ အာနန္ဒ ပဋိစ္စသမုပ္ပါဒေါ ဂမ္ဘီရာဝဘာသော စ၊ ဧတဿ အာနန္ဒ ဓမ္မဿ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမယံ ပဇာ တန္တာကုလကဇာတာ ကုလဂဏ္ဌိကဇာတာ မုဉ္စပဗ္ဗဇဘူတာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ သံသာရံ နာတိဝတ္တတိ။ (ဒီ၊၂၊၄၇။)
အနနုဗောဓာတိ ဉာတပရိညာဝသေန အနနုဗုဇ္ဈနာ။ အပ္ပဋိဝေဓာတိ တီရဏပ္ပဟာနပရိညာဝသေန အပ္ပဋိဝိဇ္ဈနာ။ (ဒီ၊ဋ္ဌ၊၂၊၈၅၊၊)

[၆၉၈] (အဘိ၊ဋ္ဌ၊၂၊၁၈၉။ ဝိသုဒ္ဓိ၊၂၊၂၂၁။)

[၆၉၉] ထေရဿ ဟိ စတူဟိ ကာရဏေဟိ ဂမ္ဘီရောပိ ပဋိစ္စသမုပ္ပါဒေါ ဥတ္တာနောတိ ဥပဋ္ဌာတိ။ ကတမေဟိ စတူဟိ၊ ပုဗ္ဗူပနိဿယသမ္ပတ္တိယာ၊ တိတ္ထဝါသေန၊ သောတာပန္နတာယ၊ ဗဟုဿုတဘာဝေနာတိ။ (ဒီ၊ဋ္ဌ၊၂၊၇၈။)

[၇၀၀] (စာမျက်နှာ၊၆၄၃။)

[၇၀၁] ဒွါသီတိ ဗုဒ္ဓတော ဂဏှိံ၊ ဒွေ သဟဿာနိ ဘိက္ခုတော။

[၇၀၂] (မ၊၁၊၂၄၂-၂၄၉၊ စာပိုဒ်၊၃၀၀-၃၀၆။)

[၇၀၃] (မ၊၁၊၃၆၅-၃၇၃၊ စာပိုဒ်၊၄၄၉-၄၅၉။)

[၇၀၄] (မ၊၁၊၁၉၉-၂၀၅၊ စာပိုဒ်၊၂၅၂-၂၆၀။)

[၇၀၅] (သံ၊၂၊၈၆-၈၇၊ စာပိုဒ်၊၈၃။)

[၇၀၆] (ဒီ၊ဋ္ဌ၊၂၊၈၃။)

[၇၀၇] သောတာပန္နာနဉ္စ နာမ ပစ္စယာကာရော ဥတ္တာနကောဝ ဟုတွာ ဥပဋ္ဌာတိ၊ အယဉ္စ အာယသ္မာ သောတာပန္နော။ (ဒီ၊ဋ္ဌ၊၂၊၈၃၊၊) သောတာပန္နာနဉ္စ။ ပ။ ဥပဋ္ဌာတိ တတ္ထ သမ္မောဟဝိဒ္ဓံသနေန၊ ''ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မ''န္တိ အတ္တပစ္စက္ခဝသေန ဥပဋ္ဌာနတော။ (ဒီ၊ဋီ၊၂၊၈၄။)

[၇၀၈] ဗဟုဿုတာနဉ္စ စတုဟတ္ထေ ဩဝရကေ ပဒီပေ ဇလမာနေ မဉ္စပီဌံ ဝိယ နာမရူပပရိစ္ဆေဒေါ ပါကဋော ဟောတိ၊ အယဉ္စ အာယသ္မာ ဗဟုဿုတာနံ အဂ္ဂေါ ဟောတိ၊ ဗာဟုဿစ္စာနုဘာဝေနပိဿ ဂမ္ဘီရောပိ ပစ္စယာကာရော ဥတ္တာနကော ဝိယ ဥပဋ္ဌာသိ။ (ဒီ၊ဋ္ဌ၊၂၊၈၃။)
နာမရူပပရိစ္ဆေဒေါတိ သဟ ပစ္စယေန နာမရူပဿ ပရိ စ္ဆိဇ္ဇ အဝဗောဓော။ (ဒီ၊ဋီ၊၂၊၈၄။)

[၇၀၉] ကတမဉ္စ ဘိက္ခဝေ သုတဓနံ၊ ဣဓ ဘိက္ခဝေ အရိယသာဝကော ဗဟုဿုတော ဟောတိ သုတဓရော သုတသန္နိစယော၊ ယေ တေ ဓမ္မာ အာဒိကလျာဏာ မဇ္ဈေကလျာဏာ ပရိယောသာနကလျာဏာ သာတ္ထံ သဗျဉ္ဇနံ ကေဝလပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ အဘိဝဒန္တိ၊ တထာရူပါဿ ဓမ္မာ ဗဟုဿုတာ ဟောန္တိ ဓာတာ ဝစသာ ပရိစိတာ မနသာနုပေက္ခိတာ ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါ။ ဣဒံ ဝုစ္စတိ ဘိက္ခဝေ သုတဓနံ။ (အံ၊၂၊၃၉၉။)
ဒိဋ္ဌိယာ သုပ္ပဋိဝိဒ္ဓါတိ အတ္ထတော စ ကာရဏတော စ ပညာယ သုဋ္ဌု ပဋိဝိဒ္ဓါ ပစ္စက္ခံ ကတာ။ (အံ၊ဋ္ဌ၊၂၊၃၆၄။)
သုပ္ပဋိဝိဒ္ဓါတိ နိဇ္ဇဋံ နိဂ္ဂုမ္ဗံ ကတွာ သုဋ္ဌု ယာထာဝတော ပဋိဝိဒ္ဓါ။ (အံ၊ဋီ၊၂၊၃၆၂။)

[၇၁၀] အနနုဗောဓာတိ ဉာတပရိညာဝသေန အနနုဗုဇ္ဈနာ။ အပ္ပဋိဝေဓာတိ တီရဏပ္ပဟာနပရိညာဝသေန အပ္ပဋိဝိဇ္ဈနာ။ (ဒီ၊ဋ္ဌ၊၂၊၈၅၊၊)

[၇၁၁] နာမရူပပရိစ္ဆေဒေါ, တဿ စ ပစ္စယပရိဂ္ဂဟော န ပဌမာဘိနိဝေသမတ္တေန ဟောတိ၊ အထ ခေါ တတ္ထ အပရာပရံ ဉာဏုပ္ပတ္တိသညိတေန အနု အနု ဗုဇ္ဈနေန၊ တဒုဘယာဘာဝံ ပန ဒေဿန္တော ''ဉာတပရိညာဝသေန အနနုဗုဇ္ဈနာ''တိ အာဟ။ နိစ္စသညာဒီနံ ပဇဟနဝသေန ဝတ္တမာနာ ဝိပဿနာ ဓမ္မေ စ ပဋိဝိဇ္ဈန္တီ ဧဝ နာမ ဟောတိ ပဋိပက္ခဝိက္ခမ္ဘနေန တိက္ခဝိသဒဘာဝါပတ္တိတော၊ တဒဓိဋ္ဌာနဘူတာ စ တီရဏပရိညာ၊ အရိယမဂ္ဂေါ စ ပရိညာပဟာနာဘိသမယဝသေန ပဝတ္တိယာ တီရဏပဟာနပရိညာသင်္ဂဟော စာတိ တဒုဘယပဋိဝေဓာဘာဝံ ဒေဿန္တော ''တီရဏ။ ပ။ အပ္ပဋိဝိဇ္ဈနာ''တိ အာဟ။ (ဒီ၊ဋီ၊၂၊၈၉-၉၀။)

[၇၁၂] (ပဋိသံ၊၅၀။)

[၇၁၃] (စာမျက်နှာ၊၂၇။)

[၇၁၄] အာယူဟနာ သင်္ခါရာတိ တံ ကမ္မံ ကရောတော ပုရိမစေတနာယော၊ ယထာ 'ဒါနံ ဒဿာမီ'တိ စိတ္တံ ဥပ္ပါဒေတွာ မာသမ္ပိ သံဝစ္ဆရမ္ပိ ဒါနူပကရဏာနိ သဇ္ဇေန္တဿ ဥပ္ပန္နာ ပုရိမစေတနာယော။ ပဋိဂ္ဂါဟကာနံ ပန ဟတ္ထေ ဒက္ခိဏံ ပတိဋ္ဌာပယတော စေတနာ ဘဝေါတိ ဝုစ္စတိ။ ဧကာဝဇ္ဇနေသု ဝါ ဆသု ဇဝနေသု စေတနာ အာယူဟနသင်္ခါရာ နာမ။ သတ္တမာ စေတနာ ဘဝေါ။ ယာ ကာစိ ဝါ ပန စေတနာ ဘဝေါ၊ တံသမ္ပယုတ္တာ အာယူဟနသင်္ခါရာ နာမ။ (အဘိ၊ဋ္ဌ၊၂၊၁၈၂-၁၈၃။)

[၇၁၅] ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာ စ ရူပါနံ ကမ္မပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊။)

[၇၁၆] ကမ္မပစ္စယေနာတိ အနေကာနမ္ပိ ကပ္ပကောဋီနံ မတ္ထကေ အတ္တနော ဖလံ ဥပ္ပါဒေတုံ သမတ္ထေန နာနာက္ခဏိကကမ္မပစ္စယေနာတိ အတ္ထော။ ကုသလာကုသလဥှိ ကမ္မံ အတ္တနော ပဝတ္တိက္ခဏေ ဖလံ န ဒေတိ။ ယဒိ ဒဒေယျ၊ ယံ မနုေဿာ ဒေဝလောကူပဂံ ကုသလံ ကမ္မံ ကရောတိ၊ တဿာနုဘာဝေန တသ္မိံယေဝ ခဏေ ဒေဝေါ ဘဝေယျ။ ယသ္မံ ပန ခဏေ တံ ကတံ၊ တတော အညသ္မိံ ခဏေ အဝိဇ္ဇမာနမ္ပိ ကေဝလံ ကဋတ္တာယေဝ ဒိဋ္ဌေဝ ဓမ္မေ ဥပပဇ္ဇေ ဝါ အပရေ ဝါ ပရိယာယေ အဝသေသပစ္စယသမာယောဂေ သတိ ဖလံ ဥပ္ပါဒေတိ နိရုဒ္ဓါပိ ပုရိမသိပ္ပါဒိကိရိယာ ဝိယ ကာလန္တရေ ပစ္ဆိမသိပ္ပါဒိကိရိယာယ။ တသ္မာ နာနာက္ခဏိကကမ္မပစ္စယောတိ ဝုစ္စတိ။ (အဘိ၊ဋ္ဌ၊၃၊၃၇၄။) ၈၃၃

[၇၁၇] ဣဓ ဘိက္ခဝေ ဘိက္ခု ''ဣဒံ ဒုက္ခ''န္တိ ယထာဘူတံ ပဇာနာတိ၊ ''အယံ ဒုက္ခသမုဒယော''တိ ယထာဘူတံ ပဇာနာတိ၊ ''အယံ ဒုက္ခနိရောဓော''တိ ယထာဘူတံ ပဇာနာတိ၊ ''အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ''တိ ယထာဘူတံ ပဇာနာတိ။ (မ၊၁၊၈၂။)

[၇၁၈] ''အယံ လောကိယော အယံ လောကုတ္တရော''တိ အရိယံ အဋ္ဌင်္ဂီကံ မဂ္ဂံ ယထာဘူတံ န ပဇာနာတိ၊ အဇာနန္တော လောကိယမဂ္ဂေ အဘိနိဝိသိတွာ လောကုတ္တရံ နိဗ္ဗတ္တေတုံ န သက္ကောတိ။ (မ၊ဋ္ဌ၊၂၊၁၆၅။)

[၇၁၉] ဝိပဿကေန ပန ကမ္မန္တရဉ္စ ဝိပါကန္တရဉ္စ ဧကဒေသတော ဇာနိတဗ္ဗံ။ (ဝိသုဒ္ဓိ၊၂၊၂၃၇။)
ဧကဒေသတော ဇာနိတဗ အနဝသေသတော ဇာနိတုံ န သက္ကာ အဝိသယတ္တာ။ သဗ္ဗေန သဗ္ဗံ အဇာနနေ ပစ္စယပရိဂ္ဂဟော န ပရိပူရတိ။ (မဟာဋီ၊၂၊၃၈၀။)

[၇၂၀] ယေ ဟိ ကေစိ ဘိက္ခဝေ သမဏာ ဝါ ဗြာဟ္မဏာ ဝါ အနေကဝိဟိတံ ပုဗ္ဗေနိဝါသံ အနုဿရမာနာ အနုဿရန္တိ၊ သဗ္ဗေ တေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ ဧတေသံ ဝါ အညတရံ။ (သံ၊၂၊၇၁။ ခဇ္ဇနီယသုတ္တန်။)

[၇၂၁] ပုဗ္ဗေနိဝါသန္တိ န ဣဒံ အဘိညာဝသေန အနုဿရဏံ သန္ဓာယ ဝုတ္တံ။ ဝိပဿနာဝသေန ပန ပုဗ္ဗေနိဝါသံ အနုဿရန္တေ သမဏဗြာဟ္မဏေ သန္ဓာယေတံ ဝုတ္တံ။ တေနေဝါဟ ''သဗ္ဗေ တေ ပဉ္စုပါဒါနက္ခန္ဓေ အနုဿရန္တိ ဧတေသံ ဝါ အညတရ''န္တိ။ အဘိညာဝသေန ဟိ သမနုဿရန္တဿ ခန္ဓာပိ ဥပါဒါနက္ခန္ဓာပိ ခန္ဓပဋိဗဒ္ဓါပိ ပဏ္ဏတ္တိပိ အာရမ္မဏံ ဟောတိယေဝ။ ရူပံယေဝ အနုဿရတီတိ ဧဝံ ဟိ အနုဿရန္တော န အညံ ကိဉ္စိ သတ္တံ ဝါ ပုဂ္ဂလံ ဝါ အနုဿရတိ၊ အတီတေ ပန နိရုဒ္ဓံ ရူပက္ခန္ဓမေဝ အနုဿရတိ။ ဝေဒနာဒီသုပိ ဧသေဝ နယော။ (သံ၊ဋ္ဌ၊၂၊၂၆၆။)

[၇၂၂] ပစ္စယပရိဂ္ဂဟေ ပညာ ဓမ္မဋ္ဌိတိဉာဏံ။ (ပဋိသံ၊၁။)

[၇၂၃] ''နာမရူပဝဝတ္ထာနေ ဉာဏ''န္တိ အဝတွာ ဧဝ ကသ္မာ ''ဓမ္မဋ္ဌိတိဉာဏ''န္တိ ဝုတ္တန္တိ စေ? ပစ္စယပရိဂ္ဂဟေနေဝ ပစ္စယသမုပ္ပန္နပရိဂ္ဂဟိတဿ သိဒ္ဓတ္တာ။ ပစ္စယသမုပ္ပန္နေ ဟိ အပရိဂ္ဂဟိတေ ပစ္စယပရိဂ္ဂဟော န သက္ကာ ဟောတိ ကာတုံ။ တသ္မာ ဓမ္မဋ္ဌိတိဉာဏဂဟဏေနေဝ တဿ ဟေတုဘူတံ ပုဗ္ဗေ သိဒ္ဓံ နာမရူပဝဝတ္ထာနဉာဏံ ဝုတ္တမေဝ ဟောတီတိ ဝေဒိတဗ္ဗံ။ (ပဋိသံ၊ဋ္ဌ၊၁၊၁၈၊။)

[၇၂၄] (ဝိသုဒ္ဓိ၊၂၊၁၅၄-၁၅၅။)

[၇၂၅] (အဘိ၊ဋ္ဌ၊၂၊၁၂၄-၁၂၅။)

[၇၂၆] (အဘိ၊ဋ္ဌ၊၂၊၁၄၀။ ဝိသုဒ္ဓိ၊၂၊၁၇၄။)

[၇၂၇] (အဘိ၊ဋ္ဌ၊၂၊၂၄၁။ မ၊ဋ္ဌ၊၁၊၂၈၁၊၊)

[၇၂၈] မှတ်ချက်---- စျာန်ကို ခြံရံထားသည့် ဆန္ဒ ဝီရိယ စိတ် ဝီမံသ (= ပညာ)ဟူသည့် ဣဒ္ဓိပါဒ်လေးပါးတို့ အညံ့စားဖြစ်သော စျာန်သည် ပရိတ္တစျာန်, အလတ်စားဖြစ်သော စျာန်သည် မဇ္ဈိမစျာန်, အမြတ်စားဖြစ်သော စျာန်သည် ပဏီတစျာန် ဖြစ်သည်။ (အဘိဓမ္မတ္ထဝိဘာဝိနီဋီကာ၊၁၈၅၊ ဝီထိမုတ္တပရိစ္ဆေဒဝဏ္ဏနာ- စာပိုဒ်၊၇၅။)

[၇၂၉] (မ၊၁၊၆၈။)

[၇၃၀] (မ၊၁၊၆၇။)

[၇၃၁] ရုပ်ကလာပ်အမျိုးအစားသာ (၃)မျိုး၊ ရုပ်အမျိုးအစားသာ (၃၀) ဖြစ်သည်။ တစ်မျိုးတစ်မျိုး၌ အရေအတွက်ကား များစွာ ရှိကောင်းရှိနိုင်သည်။ အကျိုးပေးနေသော ကံအပေါ်၌ အခြေစိုက်လျက် ရှိ၏၊

[၇၃၂] သော ''ဣဒံ နာမရူပံ န အဟေတု န အပ္ပစ္စယာ နိဗ္ဗတ္တံ၊ သဟေတု သပ္ပစ္စယာ နိဗ္ဗတ္တံ။ ကော ပနဿ ဟေတု၊ ကော ပန ပစ္စယော''တိ ဥပပရိက္ခန္တော ''အဝိဇ္ဇာပစ္စယာ တဏှာပစ္စယာ ကမ္မပစ္စယာ အာဟာရပစ္စယာ စာ''တိ တဿ ပစ္စယံ ဝဝတ္ထပေတွာ ''အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ အနာဂတေပိ ဧတရဟိပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ တတော ဥဒ္ဓံ သတ္တော ဝါ ပုဂ္ဂလော ဝါ နတ္ထိ၊ သုဒ္ဓသင်္ခါရပုေဉ္ဇာ ဧဝါ''တိ တီသု အဒ္ဓါသု ကင်္ခံ ဝိတရတိ။ အယံ ပန ဝိပဿနာသင်္ခါရသလ္လက္ခဏာ ဉာတပရိညာ နာမ။ (အဘိ၊ဋ္ဌ၊၂၊၂၄၁-၂၄၂။)

[၇၃၃] (အဘိဓမ္မတ္ထသင်္ဂဟ၊ ဝီထိမုတ်ပိုင်း၊ စာပိုဒ်၊၉၀။)

[၇၃၄] ဘဝါဘဝါဘိနိဗ္ဗတ္တိယံ မေ သတိ ပရိတဿနဇီဝိတံ နာမ မာ ဟောတု။ အယံ သုမနမာလာ ဝိယ နိဗ္ဗတ္တနိဗ္ဗတ္တဋ္ဌာနေ ပိယာဝ ဟောမိ နာမေန စ သုမနာယေဝ။ (အံ၊ဋ္ဌ၊၃၊၁၃-၁၄။) သုမနာ = မြတ်လေးပန်း = မမြတ်လေး။

[၇၃၅] ဘန္တေ နိဗ္ဗတ္တနိဗ္ဗတ္တဋ္ဌာနေ အနောဇပုပ္ဖဝဏ္ဏံယေဝ မေ သရီရံ ဟောတု၊ အနောဇာ ဧဝ စ မေ နာမံ ဟောတု။ (ဓမ္မပဒ၊ဋ္ဌ၊၁၊၃၅၃၊၊) အနောဇာပန်း = လိပ်ဆူးရွွှေပန်း။

[၇၃၆] (ဇာတက ၊ဋ္ဌ၊၅၊၃၇။)

[၇၃၇] (ဇာတက ၊ဋ္ဌ၊၅၊၃၉-၄၀။)

[၇၃၈] (မ၊၃၊၃၀၀။)

[၇၃၉] (အံ၊၃၊၇၁။)

[၇၄၀] ဘန္တေ ဣတော စဝိတွာ မဒ္ဒရာဇကုလေ နိဗ္ဗတ္တိတွာ သုဘဒ္ဒါ နာမ ရာဇကညာ ဟုတွာ ဝယပ္ပတ္တာ ဗာရာဏသိရညော အဂ္ဂမဟေသိဘာဝံ ပတွာ တဿ ပိယာ မနာပါ တံ အတ္တနော ရုစိံ ကာရေတုံ သမတ္ထာ ဟုတွာ တဿ အာစိက္ခိတွာ ဧကံ လုဒ္ဒကံ ပေသေတွာ ဣမံ ဟတ္ထိံ ဝိသပီတေန သလ္လေန ဝိဇ္ဈာပေတွာ ဇီဝိတက္ခယံ ပါပေတွာ ဆဗ္ဗဏ္ဏရံသိံ ဝိဿဇ္ဇန္တေ ယမကဒန္တေ အာဟရာပေတုံ သမတ္ထာ ဟောမိ။ (ဇာတက ၊ဋ္ဌ၊၅၊၄၀။)

[၇၄၁] (အဘိ၊ဋ္ဌ၊၁၊၃၀၈။)

[၇၄၂] ''ဧဝရူပံ သောဘဂ္ဂပ္ပတ္တံ ဝါရဏံ ဝိသပီတေန သလ္လေန ဇီဝိတက္ခယံ ပါပေတွာ ဣမေ ဒန္တေ ဆိန္ဒိတွာ သောနုတ္တရော အာဂတော''တိ မဟာသတ္တံ အနုဿရန္တီ သောကံ ဥပ္ပါဒေတွာ အဓိဝါသေတုံ နာသက္ခိ။ အထဿာ တတ္ထေဝ ဟဒယံ ဖလိ၊ တံ ဒိဝသမေဝ ကာလမကာသိ။ (ဇာတက ၊ဋ္ဌ၊၅၊၅၆။)

[၇၄၃] နော စေ ဘိက္ခဝေ စေတေတိ၊ နော စေ ပကပ္ပေတိ၊ အထ စေ အနုသေတိ။ အာရမ္မဏမေတံ ဟောတိ ဝိညာဏဿ ဌိတိယာ။ (သံ၊၁၊၂၉၅။ စေတနာသုတ္တန်။)
နော စေ ဘိက္ခဝေ စေတေတီတိ ဣမိနာ တေဘူမကစေတနာယ အပ္ပဝတ္တနက္ခဏော ဝုတ္တော။ နော စေ ပကပ္ပေတီတိ ဣမိနာ တဏှာဒိဋ္ဌိကပ္ပါနံ အပ္ပဝတ္တနက္ခဏော။ အထ စေ အနုသေတီတိ ဣမိနာ တေဘူမကဝိပါကေသု ပရိတ္တကိရိယာသု ရူပေတိ ဧတ္ထ အပ္ပဟီနကောဋိယာ အနုသယော ဂဟိတော။ အာရမ္မဏမေတံ ဟောတီတိ အနုသယေ သတိ ကမ္မဝိညာဏဿ ဥပ္ပတ္တိယာ အဝါရိတတ္တာ ဧတံ အနုသယဇာတံ ပစ္စယောဝ ဟောတိ။ (သံ၊ဋ္ဌ၊၂၊၆၆။)

[၇၄၄] ဧတ္ထ စ ''နော စေ ဘိက္ခဝေ စေတေတိ နော စေ ပကပ္ပေတိ၊ အထ စေ အနုသေတီ''တိ ဧဝံ ဘဂဝတာ ဒုတိယနယေ ပုဗ္ဗဘာဂေ ဘဝနိဗ္ဗတ္တကကုသလာကုသလာယူဟနံ, ပကပ္ပနဉ္စ ဝိနာပိ ဘဝေသု ဒိဋ္ဌာဒီနဝဿ ယောဂိနော အနုသယပစ္စယာ ဝိပဿနာစေတနာပိ ပဋိသန္ဓေဇနကာ ဟောတီတိ ဒဿနတ္ထံ ကုသလာကုသလဿ အပ္ပဝတ္တိ စေပိ တဒါ ဝိဇ္ဇမာနတေဘူမက ဝိပါကာဒိဓမ္မေသု အပ္ပဟီနကောဋိယာ အနုသယိတကိလေသပ္ပစ္စယာ ဘဝဝဇ္ဇဿ ကမ္မဝိညာဏဿ ပတိဋ္ဌိတတာ ဟောတီတိ ဒဿနတ္ထဉ္စ ဝုတ္တော။ (သံ၊ဋီ၊၂၊၈၃။)

[၇၄၅] မှတ်ချက်----သင်္ခါရုပေက္ခာဉာဏ်ကဲ့သို့သော ဝိပဿနာဉာဏ်အပေါ်၌ တွယ်တာတပ်မက်နေသော တဏှာတရား ထင်ရှားရှိခဲ့လျှင် ယင်းကဲ့သို့ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံထားအပ်သော သင်္ခါရုပေက္ခာဉာဏ်သည်ပင် ဘဝသစ်ဟူသော ပဋိသန္ဓေကျိုးကို ပေးနိုင်ကြောင်းကို ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်နှင့် အဋ္ဌကထာတို့တွင်လည်း လာရှိပေသည်။ (ပဋိသံ၊၆၀။ ပဋိသံ၊ဋ္ဌ၊၁၊၂၅၀။)

[၇၄၆] (အံ၊၁၊၅၀၄-၅၀၇။)

[၇၄၇] (သံ၊၂၊၁၀၈- ဆန္နသုတ္တန်ကို ကြည့်ပါ။)

[၇၄၈] (အဘိ၊ဋ္ဌ၊၂၊၄၂၀-၄၂၁- ကြည့်ပါ။)

[၇၄၉] (ဓမ္မပဒ၊ဋ္ဌ၊၁၊၈၃-၈၅။)

[၇၅၀] မှတ်ချက်---- ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းပြခဲ့သည့်အတိုင်း စက္ခုဒသကကလာပ်စသည့် ထိုထို ကမ္မဇကလာပ် စိတ္တဇကလာပ် ဥတုဇကလာပ် အာဟာရဇကလာပ် အတွင်း၌ ပါဝင်တည်ရှိသော တေဇောဓာတ် = ဥတုကြောင့် ရုပ်ကလာပ်များ အဆင့်ဆင့် ဖြစ်ပွားရာ၌ နောက်ဆုံးအဆင့်တွင် တည်ရှိသော ရုပ်ကလာပ်တွင်ပါဝင်သော တေဇောဓာတ် = ဥတုမှာ ဥတုဇရုပ်ကို မဖြစ်စေနိုင်။ သို့အတွက် ''ရုပ်ကလာပ်တိုင်းလိုလို၌ တည်ရှိသော''ဟု သုံးစွဲထားခြင်း ဖြစ်သည်။

[၇၅၁] မှတ်ချက်---- စား မျိုအပ်သော ကဗဠီကာရ-ဥတုဇဩဇာက ကမ္မဇဝမ်းမီး၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ အာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်အသစ်အသစ်ကို ဖြစ်စေပုံကိုလည်းကောင်း, ယင်းအာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်သော အာဟာရဇဩဇာနှင့် ကမ္မဇဝမ်းမီး၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာ ကလာပ်ပြားအာဟာရဇဩဇာတို့က အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အသီးအသီးကို ဖြစ်စေပုံကိုလည်းကောင်း- ဤအလုံးစုံကို ရုပ်ကမ္မဋ္ဌာန်းပိုင်း၌ ပြန်ကြည့်ပါ။ ယင်းအာဟာရဇဩဇဋ္ဌမက ရုပ်ကလာပ်တို့တွင် ပါဝင်သော အာဟာရဇဩဇာ၏ အားပေး ထောက်ပံ့မှုနှင့် ကမ္မဇဝမ်းမီး၏ အားပေးထောက်ပံ့မှုကို ရရှိသောအခါ ကလာပ်ပြားအာဟာရဇဩဇဋ္ဌမကရုပ်များတွင် ပါဝင်သော အာဟာရဇဩဇာကလည်း အာဟာရဇဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို (၁၀)ဆင့် (၁၂)ဆင့်သို့ တိုင်အောင်ပင် ဖြစ်စေပြန်သည်။ သို့ဖြစ်ရကား အာဟာရဇရုပ်၏ အကြောင်းတရားပိုင်းတွင် ကမ္မဇဩဇာ စိတ္တဇဩဇာ ဥတုဇဩဇာတွင်သာမက ကလာပ်ပြား အာဟာရဇဩဇာကိုပါ ထည့်သွင်းဖော်ပြထားပေသည်။

[၇၅၂] (မူလဋီ၊၁၊၁၂၅။)

[၇၅၃] တတ္ထ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏန္တိ ဧဝံ ဗီဇဿ အင်္ကုရာဒိဘာဝေန ရုက္ခဘာဝပ္ပတ္တိ ဝိယ သန္တာနာနုပစ္ဆေဒေါ ဧကတ္တနယော နာမ၊ ယံ သမ္မာ ပဿန္တော ဟေတုဖလသမ္ဗန္ဓေန ပဝတ္တမာနဿ သန္တာနဿ အနုပစ္ဆေဒါဝဗောဓတော ဥစ္ဆေဒဒိဋ္ဌိံ ပဇဟတိ၊ မိစ္ဆာ ပဿန္တော ဟေတုဖလသမ္ဗန္ဓေန ပဝတ္တမာနဿ သန္တာနာနုပစ္ဆေဒဿ ဧကတ္တဂ္ဂဟဏတော သဿတဒိဋ္ဌိံ ဥပါဒိယတိ။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၂၀။)

[၇၅၄] (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၂၀။ မူလဋီ၊၂၊၁၃၁။ မဟာဋီ၊၂၊၃၄၇။)

[၇၅၅] အဝိဇ္ဇာဒီနံ ပန ယထာသကလက္ခဏဝဝတ္ထာနံ နာနတ္တနယော နာမ၊ ယံ သမ္မာ ပဿန္တော နဝနဝါနံ ဥပ္ပါဒဒဿနတော သဿတဒိဋ္ဌိံ ပဇဟတိ၊ မိစ္ဆာ ပဿန္တော ဧကသန္တာနပတိတဿ ဘိန္နသန္တာနေဿဝ နာနတ္တဂ္ဂဟဏတော ဥစ္ဆေဒဒိဋ္ဌိံ ဥပါဒိယတိ။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၂၀။)

[၇၅၆] (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၂၀။ မူလဋီ၊၂၊၁၃၂။ မဟာဋီ၊၂၊၃၄၇၊၃၄၈)

[၇၅၇] အဝိဇ္ဇာယ သင်္ခါရာ မယာ ဥပ္ပါဒေတဗ္ဗာ၊ သင်္ခါရာနံ ဝါ ဝိညာဏံ အမှေဟီတိ ဧဝမာဒိဗျာပါရာဘာဝေါ အဗျာပါရနယော နာမ။ ယံ သမ္မာ ပဿန္တော ကာရကဿ အဘာဝါဝဗောဓတော အတ္တဒိဋ္ဌိံ ပဇဟတိ၊ မိစ္ဆာ ပဿန္တော ယော အသတိပိ ဗျာပါရေ အဝိဇ္ဇာဒီနံ သဘာဝနိယမသိဒ္ဓေါ ဟေတုဘာဝေါ၊ တဿ အဂ္ဂဟဏတော အကိရိယဒိဋ္ဌိံ ဥပါဒိယတိ။ (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၂၀။)

[၇၅၈] (အဘိ၊ဋ္ဌ၊၂၊၁၈၈။ ဝိသုဒ္ဓိ၊၂၊၂၂၀။ မဟာဋီ၊၂၊၃၄၈။)

[၇၅၉] အဝိဇ္ဇာဒီဟိ ပန ကာရဏေဟိ သင်္ခါရာဒီနံယေဝ သမ္ဘဝေါ ခီရာဒီဟိ ဒဓိအာဒီနံ ဝိယ၊ န အညေသန္တိ အယံ ဧဝံဓမ္မတာနယော နာမ။ ယံ သမ္မာ ပဿန္တော ပစ္စယာနုရူပတော ဖလာဝဗောဓာ အဟေတုကဒိဋ္ဌိံ အကိရိယဒိဋ္ဌိဉ္စ ပဇဟတိ။ မိစ္ဆာ ပဿန္တော ပစ္စယာနုရူပံ ဖလပ္ပဝတ္တိံ အဂ္ဂဟေတွာ ယတော ကုတောစိ ယဿ ကဿစိ အသမ္ဘဝဂ္ဂဟဏတော အဟေတုကဒိဋ္ဌိဉ္စေဝ နိယတဝါဒဉ္စ ဥပါဒိယတိ။ (အဘိ၊ဋ္ဌ၊၂၊၁၈၈-၁၈၉။ ဝိသုဒ္ဓိ၊၂၊၂၂၀-၂၂၁။)

[၇၆၀] (အဘိ၊ဋ္ဌ၊၂၊၁၈၈-၁၈၉။ ဝိသုဒ္ဓိ၊၂၊၂၂၀-၂၂၁။ မူလဋီ၊၂၊၁၃၂။ မဟာဋီ၊၂၊၃၄၈။)

[၇၆၁] မှတ်ချက်---- အသက်ရှင်နေဆဲ သတ္တဝါတစ်ဦး၏ သန္တာန်၌ ဘဝတစ်လျှောက်ဝယ် ရူပါရုံကဲ့သို့သော အာရုံတစ်ခုကို သိမြင်နေသည့် စက္ခုဒွါရဝီထိ, မနောဒွါရဝီထိကဲ့သို့သော ဝီထိပေါင်းကား အကြိမ်ပေါင်းများစွာ ဖြစ်နိုင်ကြ၏၊ ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးသည် ဘဝတစ်လျှောက်ဖြစ်ပေါ်နေသည့် ယင်းဝီထိစိတ်အားလုံးတို့ကိုကား ကုန်စင်အောင် ဝိပဿနာ မရှုနိုင်ပေ၊ အချို့အဝက်မျှကိုသာ ရှုနိုင်၏၊ သို့သော် စက္ခုဒွါရဝီထိ, သောတဒွါရဝီထိ စသည့် ဝီထိအမျိုးအစား (၆)မျိုးတို့ကိုကား ကုန်စင်အောင် ရှုရမည်သာ ဖြစ်ပေသည်။ ယင်းဝီထိအမျိုးအစား (၆)မျိုးတို့၏ အတွင်း၌ တည်ရှိသော စိတ္တက္ခဏတိုင်း၌ကား ခန္ဓာငါးပါးစီ ငါးပါးစီ ရှိနေသဖြင့် ယင်းခန္ဓာငါးပါးတို့၌လည်း အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရမည်သာ ဖြစ်ပေသည်။ ယင်းခန္ဓာ ငါးပါးတို့ကို နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ဇယားများဖြင့် ဖော်ပြထားပါသည်။

[၇၆၂] (သံ၊၂၊၃၉၊ ခန္ဓသုတ္တန်။)

[၇၆၃] ဧတ္ထ ဟိ စက္ခု စေဝ ရူပဉ္စ ရူပက္ခန္ဓော၊ ဒဿနံ ဝိညာဏက္ခန္ဓော၊ တံသမ္ပယုတ္တာ ဝေဒနာ ဝေဒနာက္ခန္ဓော၊ သညာ သညာက္ခန္ဓော၊ ဖဿာဒိကာ သင်္ခါရက္ခန္ဓော။ ဧဝမေတေသံ ပဉ္စန္နံ ခန္ဓာနံ သမဝါယေ အာလောကနဝိလောကနံ ပညာယတိ။ (ဒီ၊ဋ္ဌ၊၁၊၁၇၅။ မ၊ဋ္ဌ၊၁၊၂၆၇-၂၆၈။ သံ၊ဋ္ဌ၊၃၊၂၂၇။ အဘိ၊ဋ္ဌ၊၂၊၃၄၂။)

[၇၆၄] (သံ၊၂၊၅၁-၅၂။)

[၇၆၅] မှတ်ချက်---- အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့၌ (၂၀)ဟူသည် ကိလေသဝဋ် မနောဒွါရိကဇောဝီထိအတွင်း လောဘဇောအသီးအသီး၌ တည်ရှိသော လောဘ-ဒိဋ္ဌိအုပ်စု နာမ်တရားများကို ဆိုလိုပေသည်။ သင်္ခါရ-ကံတို့၌ (၃၄)ဟူသည် ကမ္မဝဋ် မနောဒွါရိကဇောဝီထိ အတွင်း မဟာကုသိုလ်ဇောအသီးအသီး၌ တည်ရှိသော သဒ္ဓါ-ပညာအုပ်စု နာမ်တရား (၃၄)ကို ဆိုလိုသည်။ အကယ်၍ ယောဂီ သူတော်ကောင်းသည် ကံကို ပြုစုပျိုးထောင်ခဲ့စဉ်က ဥပေက္ခာဝေဒနာနှင့် ယှဉ်တွဲနေသည့် ကံကို ပြုစုပျိုးထောင်ခဲ့သည် ဖြစ်ငြားအံ့၊ ထိုသင်္ခါရ-ကံတို့၌ ဥပေက္ခာဝေဒနာနှင့် ယှဉ်နေ၍ ပီတိ မပါနိုင်ရကား နာမ်တရား (၃၃) ဖြစ်သည်။ ယခုကဲ့သို့ ရုပ်-နာမ်-ကြောင်းကျိုး တရားတို့ကို သိမ်းဆည်းနိုင်သူ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်သူ ရှုပွားနိုင်သူတို့သည် ယေဘုယျအားဖြင့် တိဟိတ်ပုဂ္ဂိုလ်များသာ ဖြစ်ကြသဖြင့် ဤ၌ တိဟိတ်ပုဂ္ဂိုလ်ကိုသာ စံနမူနာထား၍ ဖော်ပြထားပါသည်။ ဒွိဟိတ်ပုဂ္ဂိုလ်ဖြစ်မူကား ဉာဏ်မယှဉ်သဖြင့် နာမ်တရား (၃၃-၃၂)စသည်ဖြင့် သဘောပေါက်ပါလေ။ စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့သည် ပဋိသန္ဓေ၏ ဥပါဒ်ကာလ = ဖြစ်ဆဲအခိုက်၌ မဖြစ်ကြသေးသဖြင့် ကမ္မဇရုပ်တစ်မျိုးသာ ဥပါဒ်ဆဲ ဖြစ်သဖြင့် ကမ္မဇရုပ်များနှင့်သာ အကြောင်း-အကျိုး ဆက်စပ်၍ အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံကို ရေးသားတင်ပြထားပါသည်။ သို့သော် ပဋိသန္ဓေ၏ ဌီကာလမှစ၍ ယင်းကမ္မဇရုပ်တို့တွင် ပါဝင်သော တေဇောဓာတ် = ဥတု အသီးအသီးသည် ရုပ်၏ ဌီကာလသို့ ရောက်ရှိလာပြီ ဖြစ်၍ ဥတုဇ ဩဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်ပေပြီ။ ပဋိသန္ဓေနောင် ပထမဘဝင်မှ စ၍ စိတ္တဇရုပ်တို့ကား စတင်ဖြစ်ကြပြီ ဖြစ်၏၊ မိခင် စားမျိုလိုက်သော အစာအာဟာရ၏ ကိုယ်ဝန်သားငယ်၏ ခန္ဓာအိမ်အတွင်းသို့ ပျံ့နှံ့သည့် အချိန်ကာလမှ စ၍ အာဟာရဇရုပ်တို့ကား စတင် ဥပါဒ်ကြလေပြီ။ ထိုကြောင့် ထိုထို အခိုက်အတန့်တို့၌လည်း ဉာဏ်ကို စေလွှတ်၍ ရှုလိုက ရှုပါလေ။

[၇၆၆] (ပဋ္ဌာန၊၁၊။)
မှတ်ချက်----အချင်းချင်းဟူသည် နာမ်ခန္ဓာ (၁)ပါးသည် ကျန်နာမ်ခန္ဓာ (၃)ပါးတို့အား၊ နာမ်ခန္ဓာ (၂)ပါးတို့သည် ကျန်နာမ်ခန္ဓာ (၂)ပါးတို့အား၊ နာမ်ခန္ဓာ (၃)ပါးတို့သည် ကျန်နာမ်ခန္ဓာ (၁)ပါးအား ဖြစ်ပေါ်လာအောင် ကျေးဇူးပြု၏၊

[၇၆၇] မှတ်ချက်---- ပဋိသန္ဓေနာမ်တရား (၃၄)တို့တွင် ဝေဒနာ, သညာ, ဝိညာဏ်နုတ်လိုက်သော် ဖဿ စေတနာ ဦးဆောင်သည့် စေတသိက် (၃၁)လုံး ကျန်၏၊ ဤဒုတိယနည်း၌ ယင်း (၃၁)လုံးသော စေတသိက်တို့သည် သင်္ခါရက္ခန္ဓာဟူသော အမည်ကို ရရှိကြ၏၊ အကျိုးတရားဘက်၌ တည်နေကြ၏၊ ယင်း ဖဿ စေတနာ ဦးဆောင်သည့် သင်္ခါရက္ခန္ဓာ၏ ပစ္စုပ္ပန်အကြောင်းတရားကို ရှာဖွေသော်- သေသခန္ဓတ္တယပဒဋ္ဌာနာ (ဝိသုဒ္ဓိ၊၂၊၉၂။)ဟူသော သင်္ခါရက္ခန္ဓာ၏ ပဒဋ္ဌာန်နှင့် အညီ ဝေဒနာ သညာ ဝိညာဏ်ဟူသော ကျန်နာမ်ခန္ဓာသုံးပါးသည် အကြောင်းတရား ဖြစ်သည်။ အနီးစပ်ဆုံး ပဒဋ္ဌာန် အကြောင်းတရားတည်း။ ပဋ္ဌာန်းဒေသနာတော် (ပဋ္ဌာန၊၁၊။)နှင့် အညီပင်တည်း။ ဤဒုတိယနည်းရှုကွက်ကို ရှုခြင်းသည်- ဖဿသည် နာမ်ခန္ဓာတို့၏ အကြောင်းတရားဖြစ်ခဲ့သော် ယင်းဖဿ၌လည်းကောင်း, သင်္ခါရက္ခန္ဓာအမည်ရသော ကျန်စေတသိက်တရားစု၌လည်းကောင်း အကြောင်းတရား မရှိတော့ပြီ လောဟု မေးဖွယ်ရာရှိ၍ အကြောင်းတရား အကျိုးတရားတို့ကို ကုန်စင်အောင် သိမ်းဆည်းလိုသောကြောင့် ဖြစ်သည်။ နောက်၌လည်း သင်္ခါရက္ခန္ဓာကို နှစ်မျိုးခွဲ၍ ရှုကွက်ကို ဖော်ပြရာ၌ နည်းတူ မှတ်ပါ။

[၇၆၈] မှတ်ချက်---- နာမ်ဟူသည် ဝိညာဏက္ခန္ဓာနှင့် စိတ္တက္ခဏတစ်ခုအတွင်း၌ အတူယှဉ်တွဲဖြစ်သည့် စေတသိက်တရားစုတည်း။ ဤပဋိသန္ဓေအခိုက်၌ကား ယင်းပဋိသန္ဓေဝိညာဏ်နှင့် အတူယှဉ်တွဲဖြစ်သည့် စေတသိက် (၃၃)ကို ဆိုလိုသည်။ အကယ်၍ ယောဂီ သူတော်ကောင်းသည် ဥပေက္ခာဝေဒနာနှင့် ယှဉ်လျက် ပဋိသန္ဓေတည်နေခဲ့သူ ဖြစ်ပါမူ ပီတိ မယှဉ်နိုင်သဖြင့် နာမ်တရားအရ စေတသိက် (၃၂)ဖြစ်သည်။ ရုပ်ဟူသည် မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်တည်း။ ဤ၌ကား ပဋိသန္ဓေနာမ်တရားစု၏ အာရုံဖြစ်သည့် ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟူသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံသည် ရူပါရုံဖြစ်မူ ယင်းရူပါရုံသည် အာရုံရုပ်တည်း၊ သဒ္ဒါရုံဖြစ်မူ ယင်းသဒ္ဒါရုံသည် အာရုံရုပ်တည်း၊ ဤသို့စသည်ဖြင့် သိရှိပါလေ။ တစ်ဖန်- နာမရူပသမုဒယာ ဝိညာဏသမုဒယော (သံ၊၂၊၅၃ ) = နာမ်ရုပ်ဖြစ်ခြင်းကြောင့် ဝိညာဏ်ဖြစ်၏ဟူသော ဒေသနာတော်များ ရှိသကဲ့သို့ ဝိညာဏပစ္စယာ နာမရူပံ (အဘိ၊၂၊၁၄၂) = ဝိညာဏ်ဖြစ်ခြင်းကြောင့် နာမ်ရုပ်ဖြစ်၏ဟူသော ဒေသနာတော်များသည်လည်း ရှိသည်သာ ဖြစ်ပေသည်။ ထိုကြောင့် ဝိညာဏ်နှင့် နာမ်ရုပ်တို့သည် အချင်းချင်း အပြန်အလှန် ကျေးဇူးပြုနေကြသော တရားတို့သာ ဖြစ်ကြသည်ဟု မှတ်သားပါလေ။ ဤ၌ကား ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်ရုပ်ကြောင့် ဝိညာဏ် = ဝိညာဏက္ခန္ဓာဖြစ်ပုံ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းရမည် ဖြစ်ပေသည်။ ဤရှင်းလင်းချက်များအရ ဝတ္ထု+အာရုံ+ ဖဿဟူသော အကြောင်းတရားနှင့် နာမ်ရုပ်ဟူသော အကြောင်းတရားတို့မှာ စကားလုံးသာ ကွဲပြားသော်လည်း ပရမတ္ထတရားကိုယ် ဓာတ်သား အနက်သဘောသွားအားဖြင့်မူကား အတူတူပင် ဖြစ်သည်ဟု သဘောပေါက်ပါလေ။ ရှုကွက်မှာ ဤသို့ ဖြစ်၏၊--
နာမ်ရုပ်ဖြစ်ခြင်းကြောင့် ပဋိသန္ဓေ ဝိညာဏက္ခန္ဓာ ဖြစ်၏၊
နာမ်ရုပ်က အကြောင်းတရား၊ ပဋိသန္ဓေ ဝိညာဏက္ခန္ဓာက အကျိုးတရား။

[၇၆၉] မှတ်ချက်---- ရှေးရှေး ဘဝင်မနောသမ္ဖဿ (၃၄)ဟူသည် မိမိ သိမ်းဆည်းရှုပွားနေသော ဘဝင်၏ ရှေး၌ ကပ်လျက်ရှိသော အနန္တရဘဝင်တည်း၊ အနန္တရအကြောင်းတရားတည်း။ နောက်နောက်သော သဟဇာတ ဘဝင်မနောသမ္ဖဿဟူသည် မိမိသိမ်းဆည်း ရှုပွားနေသော ဘဝင်တည်း။ ဝေဒနာက္ခန္ဓာသည် အကျိုးတရားဘက်၌ တည်ရှိလျှင် ယင်းဝေဒနာကို နုတ်လိုက်ပါက (၃၄-ဝေဒနာ = ၃၃) ဖြစ်သည်။ ဘဝင် သညာက္ခန္ဓာ စသည်တို့၌လည်း နည်းတူ မှတ်သားပါလေ။

[၇၇၀] (အဘိ၊ဋ္ဌ၊၁၊၁၇၇။)

[၇၇၁] (အံ၊၁၊၄၅၆၊ စာပိုဒ်၊၁၄၁။)

[၇၇၂] (အဘိ၊ဋ္ဌ၊၁၊၃၂၁။)

[၇၇၃] (သံ၊၂၊၄၉၊၊)

[၇၇၄] မှတ်ချက်---- သ န္တီရဏသည် သောမနဿဝေဒနာနှင့် ယှဉ်သော် နာမ်တရား (၁၂)လုံး ဖြစ်၏၊ ပီတိယှဉ်၏၊ ဥပေက္ခာဝေဒနာနှင့် ယှဉ်သော် နာမ်တရား (၁၁) ဖြစ်၏၊ ပီတိ မယှဉ်။ ဇော၌ ပီတိယှဉ်သော် သန္တီရဏ၌လည်း ပီတိယှဉ်တတ်၏၊ သန္တီရဏ ရူပက္ခန္ဓာကို ပဉ္စဒွါရာဝဇ္ဇန်း ရူပက္ခန္ဓာအတိုင်း ရှုပါ။

[၇၇၅] မှတ်ချက်---- ဝုဋ္ဌော ရူပက္ခန္ဓာကို ပဉ္စဒွါရာဝဇ္ဇန်း ရူပက္ခန္ဓာနှင့် နည်းတူ ရှုပါ။ ဤဝုဋ္ဌော (= ဆုံးဖြတ်)စိတ်သည် ပြုကာမတ္တ = ကိရိယာစိတ်မျှသာဖြစ်၍ အတိတ်အကြောင်းတရားများကြောင့် မဖြစ်ရကား ဝုဋ္ဌောနာမ်ခန္ဓာ (၄)ပါးလုံး၌ အတိတ်အကြောင်းတရား မရှိ၊ ပစ္စုပ္ပန်အကြောင်းတရားများကြောင့်သာ ဖြစ်ရကား ပစ္စုပ္ပန်အကြောင်းတရားသာ ရှိသည်။

[၇၇၆] (အဘိ၊ဋ္ဌ၊၁၊၁၇၇။)

[၇၇၇] မှတ်ချက်--- အထက်ပါ ကုသိုလ်ပထမဇော ရူပက္ခန္ဓာကို ပဉ္စဒွါရာဝဇ္ဇန်း ရူပက္ခန္ဓာအတိုင်း နည်းတူရှုပါ။ ဇောနာမ်တရားတို့သည် အတိတ်အကြောင်းတရားများကြောင့် မဖြစ်မူ၍ ပစ္စုပ္ပန်အကြောင်းတရားများကြောင့်သာ ဖြစ်ကြရကား ဇောနာမ်တရားတို့၌ အတိတ်အကြောင်းတရား မရှိ၊ ပစ္စုပ္ပန်အကြောင်းတရားသာ ရှိသည်။

[၇၇၈] မှတ်ချက်---- အကယ်၍ ဇော၌ ဥပေက္ခာဝေဒနာ ဖြစ်ခဲ့သော် ပီတိ မယှဉ်။ အထက်ပါ (၃၄) စသည်၌ ပီတိတစ်လုံး လျော့မည် ဖြစ်သည်။ ဉာဏ်မယှဉ်သော် ဉာဏ်လျော့မည်။ ဉာဏ်-ပီတိ နှစ်မျိုးလုံး မယှဉ်သော် နှစ်မျိုးလုံး လျော့မည်။ ဝေဒနာ-သညာ-ဝိညာဏ် နုတ်သော် ကျန်စေတသိက်ဟူသမျှသည် နည်းနည်းများများ သင်္ခါရက္ခန္ဓာအမည်ရသည်သာဟု မှတ်ပါ။ တစ်ဖန် ဒုတိယဇော စသည်၌ကား- ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊။)
ဤသို့ စသည်ဖြင့် ဘုရားရှင်သည် ပဋ္ဌာန်းဒေသနာတော်၌ ဟောကြားထားတော်မူခြင်းကြောင့် ရှေးရှေးဇောသည် နောက်နောက် ဇော၏ အနန္တရအကြောင်းတရား ဖြစ်သည်။ အလားတူပင် ပဋ္ဌာန်းဒေသနာတော်၌ ဘုရားရှင်သည် .... ယေသံ ယေသံ ဓမ္မာနံ အနန္တရာ ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ စိတ္တစေတသိကာ ဓမ္မာ၊ တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊။)---
''ရှေးရှေးစိတ်သည် နောက်နောက်စိတ်၏ = ရှေးရှေးနာမ်တရားစုသည် နောက်နောက်နာမ်တရားစု၏ အနန္တရအကြောင်းတရား ဖြစ်ကြောင်း''ကိုလည်း ဟောကြားထားတော်မူ၏၊ ထိုအနန္တရအကြောင်းတရားတစ်ခုကို ထပ်တိုး၍ ဒုတိယဇောစသည်တို့၌ လည်းကောင်း တဒါရုံတို့၌လည်းကောင်း ရှုရမည် ဖြစ်သည်။ ယင်းသို့ဖြစ်သော် ပထမဇော၌ အနန္တရအကြောင်းတရား မရှိတော့ပြီ လောဟု မေးရန်ရှိ၏၊ ရှိသည်သာ ဖြစ်သည်။ ဝုဋ္ဌောကား ပထမဇော၏ အနန္တရအကြောင်းတရား ဖြစ်၏၊ သို့သော် ဤ၌ ယင်းဝုဋ္ဌော ကို ယောနိသောမနသိကာရဟူသော အမည်ဖြင့် ဖော်ပြပြီး ဖြစ်၍ ထပ်မဆိုသည်ဟု မှတ်ပါ။ ဤ၌ မဟာကုသိုလ် ဒုတိယဇော ဝေဒနာက္ခန္ဓာတစ်ခုကို ပုံစံထုတ်၍ ဖော်ပြအပ်ပါသည်။ ကျန်နာမ်ခန္ဓာတို့၌လည်းကောင်း ကျန်ဇော-တဒါရုံတို့၌လည်းကောင်း နည်းမှီ၍ ရှုပါလေ။ ဇောစိတ္တက္ခဏတိုင်း၌လည်းကောင်း တဒါရုံစိတ္တက္ခဏတိုင်း၌လည်းကောင်း ခန္ဓာငါးပါးဖွဲ့၍ ရှုရန် မမေ့ပါနှင့်။

[၇၇၉] ယမ္ပိဒံ စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ။ (သံ၊၂၊၂၄၉၊ စာပိုဒ်၊၂၆။)
စက္ခုသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတန္တိ စက္ခုသမ္ဖဿံ မူလပစ္စယံ ကတွာ ဥပ္ပန္နာ သမ္ပဋိ စ္ဆန-သန္တီရဏ-ဝေါဋ္ဌဗ္ဗန-ဇဝနဝေဒနာ။
စက္ခုဝိညာဏသမ္ပယုတ္တာယ ပန ဝတ္တဗ္ဗမေဝ နတ္ထိ။ သောတဒွါရာဒိဝေဒနာပစ္စယာဒီသုပိ ဧသေဝ နယော။ (သံ၊ဋ္ဌ၊၃၊။)
ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ ဥပ္ပဇ္ဇတိ ဝေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ အဒုက္ခမသုခံ ဝါ။ (သံ၊၂၊၂၄၈။)
မနောသမ္ဖေဿာ တိ ဘဝင်္ဂသဟဇာတော သမ္ဖေဿာ။ ဝေဒယိတန္တိ ဇဝနသဟဇာတာ ဝေဒနာ။ သဟာဝဇ္ဇနေန ဘဝင်္ဂသဟဇာတာပိ ဝဋ္ဋတိယေဝ။ (သံ၊ဋ္ဌ၊၃၊။)
သဟာဝဇ္ဇနဝေဒနာယ ဇဝနဝေဒနာ ''ဝေဒယိတ''န္တိ အဓိပ္ပေတာ။ ဘဝင်္ဂသမ္ပယုတ္တာယ ပန ဝေဒနာယ ဂဟဏေ ဝတ္တဗ္ဗမေဝ နတ္ထိ။ (သံ၊ဋီ၊၂၊၂၈၆။)

[၇၈၀] (မ၊၃၊၃၂၅။)

[၇၈၁] စက္ခုသမ္ဖဿပစ္စယာ ဝေဒနာက္ခန္ဓော အတ္ထိ အနုပါဒိန္နအနုပါဒါနိယော အသံကိလိဋ္ဌအသံကိလေသိကော အဝိတက္ကအဝိစာရော''တိအာဒိနာ နာနာဝီထိဂတာနံ လဗ္ဘမာနတာယ ဝုတ္တတ္တာ ကုသလတ္တိကဿပိ နာနာဝီထိယံ လဗ္ဘမာနတာ ယောဇေတဗ္ဗာ။ အဋ္ဌကထာယံ ပန သမာနဝီထိယံ စက္ခုသမ္ဖဿပစ္စယာဒိကတာ ဧကန္တိကာတိ ကတွာ ဧတ္ထ လဗ္ဘမာနတာ ဒဿိတာ၊ န ပန အသမာနဝီထိယံ လဗ္ဘမာနတာ ပဋိက္ခိတ္တာ။ (မူလဋီ၊၂၊၃၀။)

[၇၈၂] (အဘိ၊ဋ္ဌ၊၂၊၃၆။)

[၇၈၃] (စာမျက်နှာ၊၆၀၀။)

[၇၈၄] မနောဝိညာဏ် အမည်ရသည့် စိတ္တက္ခဏတစ်ခုတစ်ခုအတွင်း၌ ပြိုင်တူ ယှဉ်တွဲဖြစ်သည့် ယှဉ်ဖက် သမ္ပယုတ် မနောသမ္ဖဿကို သဟဇာတ မနောသမ္ဖဿဟု ခေါ်ဆိုသည်။

[၇၈၅] (အဘိ၊ဋ္ဌ၊၂၊၃၂၂။)

[၇၈၆] (ဝိသုဒ္ဓိ၊၂၊၂၃၇။)

[၇၈၇] သော ''ဣဒံ နာမရူပံ န အဟေတု အပ္ပစ္စယာ နိဗ္ဗတ္တံ၊ သဟေတု သပ္ပစ္စယာ နိဗ္ဗတ္တံ၊ ကော ပနဿ ဟေတု၊ ကော ပန ပစ္စယော''တိ ဥပပရိက္ခန္တော ''အဝိဇ္ဇာပစ္စယာ တဏှာပစ္စယာ ကမ္မပစ္စယာ အာဟာရပစ္စယာ စာ''တိ တဿ ပစ္စယံ ဝဝတ္ထပေတွာ ''အတီတေပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ အနာဂတေပိ ဧတရဟိပိ ပစ္စယာ စေဝ ပစ္စယသမုပ္ပန္နဓမ္မာ စ၊ တတော ဥဒ္ဓံ သတ္တော ဝါ ပုဂ္ဂလော ဝါ နတ္ထိ၊ သုဒ္ဓသင်္ခါရပုေဉ္ဇာ ဧဝါ''တိ တီသု အဒ္ဓါသု ကင်္ခံ ဝိတရတိ။ အယံ ပန ဝိပဿနာသင်္ခါရသလ္လက္ခဏာ ဉာတပရိညာ နာမ။ (အဘိ၊ဋ္ဌ၊၂၊၂၄၁-၂၄၂။)

[၇၈၈] ဧဝံ သင်္ခါရေ သလ္လက္ခေတွာ ဌိတဿ ပန ဘိက္ခုနော ဒသဗလဿ သာသနေ မူလံ ဩတိဏ္ဏံ နာမ ဟောတိ၊ ပတိဋ္ဌာ လဒ္ဓါ နာမ၊ စူဠသောတာပန္နော နာမ ဟောတိ နိယတဂတိကော။ တထာရူပံ ပန ဥတုသပ္ပါယံ ပုဂ္ဂလသပ္ပါယံ ဘောဇနသပ္ပါယံ ဓမ္မဿဝနသပ္ပါယံ လဘိတွာ ဧကာသနေ ဧကပလ္လင်္ကဝရဂတော တီဏိ လက္ခဏာနိ အာရောပေတွာ ဝိပဿနာပဋိပါဋိယာ သင်္ခါရေ သမ္မသန္တော အရဟတ္တံ ဂဏှာတိ။ (အဘိ၊ဋ္ဌ၊၂၊၂၄၂။)

[၇၈၉] (မ၊၁၊၇၁-၇၂။)

[၇၉၀] (အဘိ၊၂၊၁၄၂-၁၄၅။)

[၇၉၁] အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့၏ အဓိပ္ပါယ်ကို စာမျက်နှာ (၇)တွင် ကြည့်ပါ။ ၂၀ ၂၁

[၇၉၂] (သံ၊၁၊၂၆၄။ ပစ္စယသုတ္တန်။)

[၇၉၃] (ဒီ၊၂၊၄၇။ သံ၊၁၊၃၁၈။)

[၇၉၄] ဘုရားရှင်၏ အသိအမှတ်ပြုခြင်းကို ခံယူရသော သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာတည်းဟူသော သမဏအစစ် ဗြာဟ္မဏအစစ် မဖြစ်နိုင်ဟု ဆိုလိုသည်။ (သံ၊၁၊၂၇၉။)

[၇၉၅] (သံ၊၁၊၂၄၆-၂၅၂။)

[၇၉၆] (ဝိသုဒ္ဓိ၊၂၊၁၄၉။)

[၇၉၇] တေသံ တေသံ ပစ္စယုပ္ပန္နဓမ္မာနံ သမ္ဘဝတော ဥပ္ပဇ္ဇနတော သဿတုစ္ဆေဒသင်္ခါတံ အန္တဒွယံ အနုပဂ္ဂမ္မ ယထာသကံ ပစ္စယေဟိ အနုရူပဖလုပ္ပတ္တိ ဣဓ မဇ္ဈိမပဋိပဒါတိ အဓိပ္ပေတာ။ (မဟာဋီ၊၂၊၂၃၆။)

[၇၉၈] ပဋိစ္စသမုပ္ပါဒေါတိ ပစ္စယဓမ္မာ ဝေဒိတဗ္ဗာ။ ပဋိစ္စသမုပ္ပန္နာ ဓမ္မာတိ တေဟိ တေဟိ ပစ္စယေဟိ နိဗ္ဗတ္တဓမ္မာ။ (ဝိသုဒ္ဓိ၊၂၊၁၄၈၊၊)
တထာ ပဋိစ္စသမုပ္ပါဒေါ ဣစ္စေဝ ဖလဝေါဟာရေန ဝုတ္တောတိ ဝေဒိတဗ္ဗော။ (ဝိသုဒ္ဓိ၊၂၊၁၅၂။)

[၇၉၉] (အဘိ၊ဋ္ဌ၊၂၊၁၄၀။ ဝိသုဒ္ဓိ၊၂၊၁၇၃-၁၇၄။) ၇၂၆

[၈၀၀] (အဘိ၊ဋ္ဌ၊၂၊၁၄၀။ ဝိသုဒ္ဓိ၊၂၊၁၇၄။)

[၈၀၁] (သံ၊၁၊၃၁၁။)

[၈၀၂] (မ၊၁၊၆၈။)

[၈၀၃] (အဘိ၊ဋ္ဌ၊၂၊၁၄၀။ ဝိသုဒ္ဓိ၊၂၊၁၇၄။)

[၈၀၄] (ဝိသုဒ္ဓိ၊၂၊၁၅၁-၁၅၂။)

[၈၀၅] [သမုပ္ပါဒကို- သံ+ဥပ္ပါဒ-ဟု ပုဒ်ဖြတ်ပါ။ သံ-သဒ္ဒါသည် သဟ = အတူတစ်ကွ တစ်ပေါင်းတစ်စုတည်းဟူသော အနက်ကို ဟော၏၊ ဥပ္ပါဒ- သဒ္ဒါသည် ဖြစ်ခြင်းဟူသော အနက်ကို ဟော၏၊ ထိုကြောင့်- သဟ+ဥပ္ပါဒ = သမုပ္ပါဒ = သဟ ဥပ္ပဇ္ဇတီတိ သမုပ္ပါဒေါ = အတူတစ်ကွ တစ်ပေါင်းတစ်စုတည်း ဖြစ်သောကြောင့် သမုပ္ပါဒ မည်၏-ဟု ဆိုလိုသည်။““]

[၈၀၆] [ဤနည်း၌---- သမ္မာ+ဥပ္ပါဒ = သမုပ္ပါဒ = သမ္မာ ဥပ္ပဇ္ဇတီတိ သမုပ္ပါဒေါ- ဟု ပြုပါ = သင့်သောအကြောင်းအားဖြင့် အတူတကွ တစ်ပေါင်းတစ်စုတည်း ဖြစ်ပေါ်လာသောတရားဟု ဆိုလိုသည်။““]

[၈၀၇] (ဝိသုဒ္ဓိ၊၂၊၁၅၁-၁၅၂။)

[၈၀၈] အပိစ သဟ ဥပ္ပဇ္ဇတီတိ သမုပ္ပါဒေါ၊ ပစ္စယသာမဂ္ဂိံ ပန ပဋိစ္စ အပ္ပစ္စက္ခာယာတိ ဧဝမ္ပိ ပဋိစ္စသမုပ္ပါဒေါ။ (ဝိသုဒ္ဓိ၊၂၊၁၅၂ )
သဟ ဥပ္ပဇ္ဇတီတိ ဧကဇ္ဈံ ဥပ္ပဇ္ဇတိ အန္တမသော အဋ္ဌန္နံ ဓမ္မာနံ ဥပ္ပဇ္ဇနတော။ (မဟာဋီ၊၂၊၂၃၄။)

[၈၀၉] (ဝိသုဒ္ဓိ၊၂၊၁၅၁-၁၅၂။)

[၈၁၀] (ဝိသုဒ္ဓိ၊၂၊၁၅၂။)

[၈၁၁] (မဟာဋီ၊၂၊၂၃၄။)

[၈၁၂] (သမုပ္ပါဒ၌ သံ+ဥပ္ပါဒ- ဟု ပုဒ်ခွဲပါ။ သံ- သဒ္ဒါသည် သဟ = အတူတကွ- အနက်ဟောဟု ဆိုလိုသည်။)

[၈၁၃] (ဤနည်း၌လည်း- ပဋိစ္စော စ သော သမုပ္ပါဒေါ စာတိ ပဋိစ္စသမုပ္ပါဒေါ- ဟုပင် ပြုပါ။)

[၈၁၄] (မဟာဋီ၊၂၊၂၃၄။)

[၈၁၅] (ဝိသုဒ္ဓိ၊၂၊၁၅၂။ မဟာဋီ၊၂၊၂၃၄-၂၃၅။)

[၈၁၆] အဝိဇ္ဇာဒိသီသေန နိဒ္ဒိဋ္ဌပစ္စယေသု ဟိ ယေ ပစ္စယာ ယံ သင်္ခါရာဒိကံ ဓမ္မံ ဥပ္ပါဒေန္တိ၊ န တေ အညမညံ အပဋိစ္စ အညမညဝေကလ္လေ သတိ ဥပ္ပါဒေတုံ သမတ္ထာတိ။ တသ္မာ ပဋိစ္စ သမံ သဟ စ န ဧကေကဒေသံ၊ နာပိ ပုဗ္ဗာပရဘာဝေန အယံ ပစ္စယတာ ဓမ္မေ ဥပ္ပါဒေတီတိ အတ္ထာနုသာရဝေါဟာရကုသလေန မုနိနာ ဧဝမိဓ ဘာသိတာ၊ ပဋိစ္စသမုပ္ပါဒေါတွေဝ ဘာသိတာတိ အတ္ထော။ (ဝိသုဒ္ဓိ၊၂၊၁၅၂။)

[၈၁၇] ပဋိစ္စာတိ နိဿာယ သဟကာရီကာရဏံ လဒ္ဓါ။ သမန္တိ အဝိသမံ အဝေကလ္လေန။ သဟာတိ ဧကဇ္ဈံ။ ဓမ္မေတိ အတ္တနော ပစ္စယုပ္ပန္နဓမ္မေ။ ပ။ ဧကေကဒေသန္တိ ဖလသမုဒါယဿ ဧကဒေသေကဒေသံ၊ ဘာဂသောတိ အတ္ထော။ ပုဗ္ဗာပရဘာဝေနာတိ ပဋိပါဋိယာ။ သဗ္ဗမေတံ ရူပါရူပကလာပုပ္ပါဒနံ သန္ဓာယ ဝုတ္တံ။ (မဟာဋီ၊၂၊၂၃၅။)

[၈၁၈] (ဝိသုဒ္ဓိ၊၂၊၁၅၂။ မဟာဋီ၊၂၊၂၃၄-၂၃၅။) ၈၁၅

[၈၁၉] (ဝိသုဒ္ဓိ၊၂၊၁၅၃။ မဟာဋီ၊၂၊၂၃၅။)

[၈၂၀] (ဒီ၊၁၊၁၂။)

[၈၂၁] (ဒီ၊၁၊၅၀။)

[၈၂၂] (မဟာဋီ၊၂၊၂၃၅။)

[၈၂၃] (အနုဋီ၊၃၊၆၅။)

[၈၂၄] (မဟာဋီ၊၂၊၂၃၅။)

[၈၂၅] (ဝိသုဒ္ဓိ၊၂၊၁၅၃။)

[၈၂၆] တတ္ထ ကမ္မံ ပဋိဗာဟန္တေနာပိ ဝိပါကော ပဋိဗာဟိတော ဟောတိ၊ ဝိပါကံ ပဋိဗာဟန္တေနာပိ ကမ္မံ ပဋိဗာဟိတံ ဟောတိ။ ဣတိ သဗ္ဗေပေတေ အတ္ထတော ဥဘယပ္ပဋိဗာဟကာ အဟေတုကဝါဒါ စေဝ အကိရိယဝါဒါ စ နတ္ထိကဝါဒါ စ ဟောန္တိ။ (ဒီ၊ဋ္ဌ၊၁၊၁၅၀။)

[၈၂၇] (ဝိသုဒ္ဓိ၊၂၊၁၅၃။)

[၈၂၈] (မ၊၁၊၈၂။)

[၈၂၉] (မ၊၁၊၈၈။)

[၈၃၀] (အံ၊၁၊၁၇၈။)

[၈၃၁] (မ၊၁၊၈၉။)

[၈၃၂] (မဟာဋီ၊၂၊၂၃၆။) ၇၉၇

[၈၃၃] (အဘိ၊ဋ္ဌ၊၃၊၃၇၄။) ၇၁၆

[၈၃၄] (မဟာဋီ၊၂၊၂၃၆။)

[၈၃၅] (အဘိ၊ဋ္ဌ၊၂၊၁၄၂။)

[၈၃၆] န ဟိ ကတဿ ဝိနာသော၊ အကတဿ ဝါ အဗ္ဘာဂမော အတ္ထိ။ (မဟာဋီ၊၂၊၂၃၆။)
အကျိုးမပေးရသေးဘဲ ပျက်စီးမသွားနိုင်သည့် ဒိဋ္ဌဓမ္မဝေဒနီယကံနှင့် ဥပပဇ္ဇဝေဒနီယကံကိုလည်းကောင်း, ပရိနိဗ္ဗာန်စံသည့် တိုင်အောင် မပျက်စီးဘဲ အကျိုးပေးနိုင်ခွင့် သဘောရှိသော အပရာပရိယဝေဒနီယကံကိုလည်းကောင်း ရည်ညွှန်းထားသည်ဟု မှတ်ပါ။

[၈၃၇] (မဟာဋီ၊၂၊၂၃၆။ ကြည့်ပါ။)

[၈၃၈] ''သတ္တော''တိ ဟိ ဝုတ္တေ ''ကော ဧတ္ထ သတ္တော၊ ကိံ ရူပံ၊ ဥဒါဟု ဝေဒနာဒယော''တိ ဝိဘာဂံ အကတွာ လောကသမညာဝသေနေဝ လောကိယေဟိ ဝိယ လောကိယော အတ္ထော သမညံ အဝိလင်္ဃန္တေန ဝေါဟရိတဗ္ဗော။ (မဟာဋီ၊၂၊၂၃၆။)

[၈၃၉] (ဝိသုဒ္ဓိ၊၂၊၁၅၃။ မဟာဋီ၊၂၊၂၃၅။ ကြည့်ပါ။)

[၈၄၀] မှတ်ချက်---- အဓွန့်ကာလ (၃)ပါး, အစပ် (၃)ပါး, အလွှာ (၄)ပါး, ခြင်းရာ (၂၀)တို့ကို သဘောတရားရေးရာအပိုင်း၊ စာမျက်နှာ (၂၉-၃၀)တို့၌ ပြန်ကြည့်ပါ။

[၈၄၁] (အဘိ၊၁၊၁၁၆။)

[၈၄၂] တတြ ဟိ နာနာစိတ္တက္ခဏိကော ပစ္စယကာရော ဝိဘတ္တော။ ဣဓ ဧကစိတ္တက္ခဏိကော အာရဒ္ဓေါ။ (အဘိ၊ဋ္ဌ၊၂၊၁၉၁။)

[၈၄၃] ကာမာဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကံ စက္ခုဝိညာဏံ ဥပ္ပန္နံ ဟောတိ။ (အဘိ၊၁၊၁၀၄။)
''ကာမာဝစရကုသိုလ်ကံကို ပြုစုပျိုးထောင်အပ်ပြီးသည့်အတွက်ကြောင့် ဆည်းပူးအပ်ပြီးသည့်အတွက်ကြောင့် ကုသလဝိပါက် စက္ခုဝိညာဏ်သည် ထင်ရှား ဖြစ်ပေါ်လာ၏၊''

[၈၄၄] မှတ်ချက်---- တဒါရုံကို ရှုရာ၌ စက္ခုဒွါရဝီထိ၌ နှစ်ကြိမ်, ရူပါရုံကိုပင် အာရုံယူသည့် မနောဒွါရဝီထိ၌ နှစ်ကြိမ်စီ ရှုပါ။
စက္ခုဒွါရဝီထိ၌ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ရေးသားတင်ပြထားသည့်အတိုင်း အတန်းတိုင်း၌ ဝိပါက်ဝိညာဏ်များကို ကုန်စင်အောင် ရှုပါ။ ကုသိုလ်ဇောဝီထိ အကုသိုလ်ဇောဝီထိများကို ကုန်စင်အောင် ရှုပါ။ သဒ္ဒါရုံလိုင်း၌ သောတဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံဝိပါက်ဝိညာဏ်၊ ဂန္ဓာရုံလိုင်း၌ ဃာနဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံဝိပါက်ဝိညာဏ်၊ ရသာရုံလိုင်း၌ ဇိဝှါဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံဝိပါက်ဝိညာဏ်၊ ဖောဋ္ဌဗ္ဗာရုံလိုင်း၌ ကာယဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံဝိပါက် ဝိညာဏ်၊ ဓမ္မာရုံလိုင်း၌ တဒါရုံဝိပါက်ဝိညာဏ်တို့ကို နည်းမှီ၍ ကုန်စင်အောင် သိမ်းဆည်း ရှုပွားပါ။ ဝိပဿနာပိုင်းသို့ ရောက်ရှိ၍ ဝိပဿနာရှုသောအခါ၌ကား ယင်းဝိပါက်ဝိညာဏ်များပါဝင်သော ဝီထိစိတ်အစဉ်၏ အစတွင် တည်ရှိသော ပဉ္စဒွါရဝီထိ၌ ပဉ္စဒွါရာဝဇ္ဇန်း, မနောဒွါရဝီထိ၌ မနောဒွါရာဝဇ္ဇန်း, အလယ်တွင် တည်ရှိသော ဝုဋ္ဌော, ဇောတို့ကို ပရမတ္ထဓာတ်သားများကို မကြွင်းမကျန်ရအောင် ရောနှောရှုပါက အပြစ်မဖြစ်ပါ။

[၈၄၅] ယဥှိ နာမရူပဿ ဟေတု ဝိညာဏံ၊ တံ ဝိပါကာဝိပါကဘေဒတော ဒွိဓာ မတံ။ (အဘိ၊ဋ္ဌ၊၂၊၁၆၃။ ဝိသုဒ္ဓိ၊၂၊၁၉၄။)

[၈၄၆] (အဘိ၊ဋ္ဌ၊၂၊၁၆၃။ ဝိသုဒ္ဓိ၊၂၊၁၉၅။ မဟာဋီ၊၂၊၃၁၉။)

[၈၄၇] (မူလဋီ၊၂၊၁၁၅။)

[၈၄၈] မှတ်ချက်--- သောတဝိညာဏ်, သမ္ပဋိ စ္ဆိုင်း, သန္တီရဏ, တဒါရုံဝိပါက် နာမ်ရုပ်စသည်တို့ ဖြစ်ပုံကို နည်းမှီ၍ ရှုပါ။ ဝိပဿနာရှုရာ၌ အာဝဇ္ဇန်း၊ ဝုဋ္ဌော၊ ဇော- တို့ကို ရောနှော၍ ရှုသော်လည်း အပြစ်မဖြစ်ပါ။ အကြောင်း အကျိုး သိမ်းဆည်းရာ၌သာလျှင် အတိတ် ကမ္မဝိညာဏ်နှင့် ဝိပါက်နာမ်ရုပ်တို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ သိမ်းဆည်းပါ။ (၆)လိုင်းလုံး ကုန်စင်အောင် ရှုပါ။ တစ်လိုင်းတစ်လိုင်း၌လည်း နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ဖော်ပြထားသည့် အတန်းတိုင်း၌ရှိသော ဝိပါက်နာမ်ရုပ်တို့ကို ကုန်စင်အောင် ရှုပါ။

[၈၄၉] သင်္ခါရနှင့် ကမ္မဘဝ = ကံ ခွဲခြားသတ်မှတ်ချက်ကို ရှေး (စာမျက်နှာ၊၄၇၄)တွင် ပြန်ကြည့်ပါ။ ၇၁၄

[၈၅၀] မှတ်ချက်---- နာမ်တရားအရ ဆိုင်ရာ ဘဝင်ဝိညာဏ်နှင့် စိတ္တက္ခဏတစ်ခု၏အတွင်း၌ အတူယှဉ်ဖက်ဖြစ်သည့် စေတသိက် နာမ်ကိုသာ ကောက်ယူပါ။ ရုပ်တရားအရ ယင်းဘဝင်ဝိညာဏ်ကြောင့်ဖြစ်သော စိတ္တဇရုပ်ကို ပဓာနထား၍ ကောက်ယူပါ၊ ရှုပါ။ သို့သော် ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ၌ကား ယင်းစိတ္တဇရုပ်တို့နှင့် အတူပြိုင်၍ ဖြစ်နေကြသော ဖြစ်ဆဲ တည်ဆဲ ဖြစ်ကြ ကုန်သော ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ကိုလည်း ရောနှော၍ ဝိပဿနာရှုပါက အပြစ်မဖြစ်ပါ။ အကြောင်းအကျိုး သိမ်းဆည်းရာ၌ကား ဆိုင်ရာဝိညာဏ်နှင့် စိတ္တဇရုပ်တို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။ ဝီထိစိတ်များ၌လည်း နည်းတူ မှတ်ပါ။ ဝီထိစိတ်တို့၌ ဝိပါက်ဝိညာဏ်ဟုဆိုလျှင် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံဝိပါက်ဝိညာဏ်တို့ကိုသာ ဆိုလို၏၊ သဟဇာတဝိညာဏ်ဟု ဆိုလျှင် ဝိပါက်ဝိညာဏ်များသာမက ပဉ္စဒွါရာဝဇ္ဇန်း၊ ဝုဋ္ဌော၊ ဇော၊ မနောဒွါရာဝဇ္ဇန်း၊ ဇောဟူသော ကိရိယာဝိညာဏ် ဇောဝိညာဏ်တို့လည်း သဟဇာတ ဝိညာဏ်၌ ပါဝင်ကြသည်ဟု မှတ်ပါ။ ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့တွင်- ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာတို့မှာ သုတ္တန်ဒေသနာတော်နည်းအရ ဝိပါက်တရားတို့သာ ဖြစ်ကြ၏၊ (မဟာဋီ၊၂၊၃၂၃။) သို့သော် ယင်းဝိပါက်တရားတို့တွင် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏတို့သည် ပဉ္စဒွါရာဝဇ္ဇန်းမပါဘဲ, တဒါရုံတို့သည် ဇောမပါဘဲ ဖြစ်နိုင်သည့် စွမ်းအားကား မရှိကြ။ သို့အတွက် ပရမတ္ထဓာတ်သားများကို မကြွင်းမကျန်စေလိုသော ရည်ရွယ်ချက်ဖြင့် ပဉ္စဒွါရာဝဇ္ဇန်း၊ ဝုဋ္ဌော၊ ဇော၊ မနောဒွါရာဝဇ္ဇန်း၊ ဇောတို့ကို ရောနှော၍ အကြောင်း-အကျိုး သိမ်းဆည်းရာ၌လည်း ရောနှော သိမ်းဆည်းပါက အပြစ်မဖြစ်ပါ။ ဝိပါကဝဋ္ဋကထာပိုင်းတွင် မပါဟု သဘောပေါက်နေပါက အပြစ်မဖြစ်နိုင်ပါ။ စုတိစိတ်က စိတ္တဇရုပ်ကို ဖြစ်စေမှု မဖြစ်စေမှုနှင့် ဆက်စပ်၍ကား ကျမ်းဂန်များ၌ အချီအချ စကားများလျက်ပင် ရှိသည်။

[၈၅၁] သောတဝိညာဏ်၊ ဃာနဝိညာဏ်၊ ဇိဝှါဝိညာဏ်၊ ကာယဝိညာဏ်တို့၌လည်း နည်းတူပင် ရှုပါ။ နာမ်မှာ ယှဉ်ဖက်စေတသိက် (၇)လုံးပင် ဖြစ်သည်။ ရုပ်-မှာ စက္ခုဝိညာဏ်စသော ပဉ္စဝိညာဏ်တို့သည် စိတ္တဇရုပ်ကို မဖြစ်စေနိုင်ကြသဖြင့် ယင်းစက္ခုဝိညာဏ် စသည့် ပဉ္စဝိညာဏ်အခိုက်ဝယ် ဖြစ်နေသော ကမ္မဇရုပ်ကို ရုပ်-အရ ကောက်ယူပါ။ ယင်းကမ္မဇရုပ်ကို အာရုံယူ၍ ပဓာနပြု၍ ရှုပါ။ ထိုအချိန်အခါ၌ ဥပါဒ်ဆဲဖြစ်ကြကုန်သော ကမ္မဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ကိုလည်းကောင်း, ရှေးရှေးစိတ်တို့ကြောင့် ဖြစ်ကြကုန်သော ဌီကာလသို့ ရောက်ဆဲ စိတ္တဇရုပ်တို့ကိုလည်းကောင်း ရောနှော၍ ဝိပဿနာရှုပါက အပြစ်မဖြစ်ပါ။ အရာရာတိုင်း၌ နည်းတူ မှတ်ပါ။

[၈၅၂] နာမ်မှာ သမ္ပဋိ စ္ဆိုင်းစိတ်နှင့် ယှဉ်ဖက်စေတသိက် (၁၀)လုံး ဖြစ်၏၊ ရုပ်မှာ သမ္ပဋိ စ္ဆိုင်းစိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ် ဖြစ်၏၊ ထိုသမ္ပဋိ စ္ဆိုင်းစိတ်၏ ခဏတ္တယ = ခဏသုံးပါးအခိုက်၌ ဖြစ်ပေါ်နေကြသော ကမ္မဇ ဥတုဇ အာဟာရဇရုပ်တို့ကိုပါ ဝိပဿနာပိုင်းသို့ ရောက်ရှိသောအခါ ရောနှော၍ ဝိပဿနာရှုလျှင်လည်း အပြစ်မဖြစ်ပါ။ သန္တီရဏစသော နောက်ဝီထိစိတ်တို့၌လည်း နာမ်အရ ယှဉ်ဖက်စေတသိက် နာမ်တရားများကို ထိုက်သလို ကောက်ယူပါ။ ရုပ်အရ ကောက်ယူပုံမှာ နည်းတူပင် မှတ်ပါ။

[၈၅၃] နာမရူပဿ ယံ ဟေတု၊ ဝိညာဏံ တံ ဒွိဓာ မတံ။
ဝိပါကမဝိပါကဉ္စ၊ ယုတ္တမေဝ ယတော ဣဒံ။ (အဘိ၊ဋ္ဌ၊၂၊၁၆၃။)
သဟဇာတဝိညာဏပစ္စယာ နာမရူပံ၊ ကမ္မဝိညာဏပစ္စယာ စ နာမရူပဉ္စ ယထာသမ္ဘဝံ ယောဇေတဗ္ဗံ။ (မူလဋီ၊၂၊၁၁၅ )
ကမ္မဝိညာဏပ္ပစ္စယာ ဝိပါကစိတ္တပ္ပဝတ္တိကာလေ ဝိပါကနာမဿ ကမ္မသမုဋ္ဌာနရူပဿ စ ဝသေန။ သဟဇာတဝိညာဏပစ္စယာ ပန ဣတရစိတ္တပ္ပဝတ္တိကာလေပိ ဝိပါကော ဝိပါကနာမဝသေန, စိတ္တသမုဋ္ဌာနရူပဝသေန စ နာမရူပဿ သမ္ဘဝေါ ဒေဿတဗ္ဗောတိ အာဟ ''သဟဇာတ။ ပ။ ယောဇေတဗ္ဗ''န္တိ။ (အနုဋီ၊၂၊၁၂၈။)

[၈၅၄] ဤ၌ တိဟိတ် သောမနဿ ပဋိသန္ဓေ ဘဝင် စုတိတို့ကို ပုံစံထုတ်၍ ရေးသားတင်ပြထားပါသည်။

[၈၅၅] သန္တီရဏ၊ ဇော၊ တဒါရုံတို့၌ ယှဉ်ဖက် စေတသိက် = နာမ်အရ အရကောက်ယူပုံကို နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ကြည့်၍ ထိုက်သလို အရကောက်ယူပုံကို သဘောပေါက်ပါလေ။ ကုသိုလ်ဇောစောသည့် အကောင်းအုပ်စု, အကုသိုလ်ဇောစောသည့် မကောင်းအုပ်စုတို့ကို ကုန်စင်အောင် သိမ်းဆည်းရှုပွားပါ။ ဒွါရ (၆)ပါးလုံး၌ ရှုပါ။ ထိုသို့ ရှုရာ၌- ပဉ္စဒွါရာဝဇ္ဇန်း, ဝုဋ္ဌော, ဇော, မနောဒွါရာဝဇ္ဇန်းတို့မှာ ဝိပါကဝဋ်တွင် မပါဝင်ကြသဖြင့် ယင်းတို့ကို ချန်လှပ်ထားလိုက ထားနိုင်သည်။ သို့သော် ပရမတ္ထဓာတ်သား တရားလုံးများကို မကြွင်းမကျန်စေလိုသော ရည်ရွယ်ချက်ဖြင့် ရောနှော၍ ရှုပါကလည်း အပြစ်မဖြစ်ပါ။ ဝိပါကဝဋ်တွင် မပါဝင်သည်ကို သဘောပေါက်ပါက အပြစ်မဖြစ်ပါ။ သောတဒွါရဝီထိစသည်တို့ကို နည်းမှီ၍ ရှုပါ။ ယင်းဆိုင်ရာ နာမ်တရား = စေတသိက်တရားတို့က မိမိတို့နှင့် ယှဉ်ဖက် ဆိုင်ရာ အသိစိတ် = မနာယတနအား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးရာ၌ ပဉ္စဝေါကာရဘုံဝယ် ဟဒယဝတ္ထုစသော ဆိုင်ရာဆိုင်ရာ မှီရာဝတ္ထုရုပ်တည်းဟူသော အဖော်ကောင်းကို ရရှိပါမှသာလျှင် ယင်းနာမ်တရားက ယင်းမနာယတနအား ကျေးဇူးပြုနိုင်သည်ကိုလည်း သတိပြုပါ။

[၈၅၆] ပစ္ဆာဇာတာ စိတ္တစေတသိကာ ဓမ္မာ ပုရေဇာတဿ ဣမဿ ကာယဿ ပစ္ဆာဇာတပစ္စယေန ပစ္စယော။ (ပဋ္ဌာန၊၁၊။)

[၈၅၇] ရူပါဝစရသတ္တဝါ၏ သန္တာန်ဖြစ်မူ ကမ္မဇ စိတ္တဇ ဥတုဇရုပ်ဟူသော တိဇကာယအား နောက်ဖြစ်သော အာဝဇ္ဇန်းနာမက္ခန္ဓာက ပစ္ဆာဇာတပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏၊

[၈၅၈] ပုရေဇာတာနံ ရူပဓမ္မာနံ ဥပတ္ထမ္ဘကတ္တေန ဥပကာရကော အရူပဓမ္မော ပစ္ဆာဇာတပစ္စယော ဂိဇ္ဈပေါတကသရီရာနံ အာဟာရာသာစေတနာ ဝိယ။ (ဝိသုဒ္ဓိ၊၂၊၁၆၉။)

[၈၅၉] ''ဥပါဒိဏ္ဏကပဝတ္တိကထာ အယ''န္တိ သကသန္တတိပရိယာပန္နမေဝ ပစ္စယံ ပစ္စယုပ္ပန္နဉ္စ ဒီပေန္တိ။ (အဘိ၊ဋ္ဌ၊၂၊၁၆၈။ ဝိသုဒ္ဓိ၊၂၊၁၉၉၊၊)

[၈၆၀] ယေ တာဝ အာစရိယာ မဟာဝိဟာရဝါသိနောဝ ယထာ ဝိညာဏံ ဧဝံ နာမရူပံ, သဠာယတနံ, ဖဿံ, ဝေဒနဉ္စ ပစ္စယံ ပစ္စယုပ္ပန္နဉ္စ သသန္တတိပရိယာပန္နံ ဒီပေန္တာ ဝိပါကမေဝ ဣစ္ဆန္တိ။ (မဟာဋီ၊၂၊၃၂၃။)

[၈၆၁] (အဘိ၊၂၊၁၄၅-၁၈၇။)

[၈၆၂] မှတ်ချက်---- စာသားကျဉ်းစေရန်အတွက် အထက်ပါ ပဉ္စဒွါရာဝဇ္ဇန်းမနောသမ္ဖဿကို အောက်ပါအတိုင်း တစ်နည်း ထပ်မံ၍ ရေးသားတင်ပြအပ်ပါသည်။ အကျဉ်းပင်ဖြစ်သော်လည်း ရှုကွက်ကို ရှုရာ၌ အထက်ပါအတိုင်း ရှုပွားသိမ်းဆည်းပါ။ စက္ခုသမ္ဖဿ စသည်တို့၌လည်း နည်းတူ မှတ်သားပါ။

[၈၆၃] ဒုတိယဇောစသော ကြွင်းကျန်သော ဇောတို့၌လည်းကောင်း, ကြွင်းကျန်သော ကုသိုလ်ဇောဝီထိတို့၌လည်းကောင်း, အကုသိုလ် ဇောဝီထိတို့၌လည်းကောင်း နည်းမှီ၍ ရှုပွားသိမ်းဆည်းပါ။ ဇော (၇)ကြိမ်လုံး စေ့အောင် သိမ်းဆည်းရှုပွားပါ။

[၈၆၄] ကြွင်းကျန်သော မဟာဝိပါက်တဒါရုံ အဟိတ်ကုသလဝိပါက်တဒါရုံ, အကုသလဝိပါက်တဒါရုံတို့ ကျရာ၌လည်း ထိုက်သလို နည်းမှီ၍ ရှုပါ။ သမ္ပယုတ် ဓမ္မာယတန၌သာ စေတသိက်အရေအတွက် အပြောင်းအလဲ ရှိပေသည်။

[၈၆၅] မှတ်ချက်---- ဤရူပါရုံလိုင်း၌ ရှေးနာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ကုသိုလ်ဇောဝီထိ အကုသိုလ် ဇောဝီထိများကို ကုန်စင်အောင် ရှုပါ။ ထိုသို့ ရှုရာ၌ သန္တီရဏ ဇော တဒါရုံတို့၌ ဇယားများတွင် ရေးသားတင်ပြထားသည့်အတိုင်း စေတသိက်အရေအတွက် အပြောင်းအလဲ ရှိသည်ဖြစ်သဖြင့် သမ္ပယုတ်ဓမ္မာယတနအရ ဖဿမှ ကြွင်းသော စေတသိက်အားလုံးကို ထိုက်သလို ကောက်ယူပါ။ သဒ္ဒါရုံကို အာရုံပြုသည့် သောတဒွါရဝီထိ မနောဒွါရဝီထိ စသည်တို့၌လည်း ရူပါယတနနေရာတွင် သဒ္ဒါယတန = သဒ္ဒါရုံ စသည်တို့သာလျှင် အပြောင်းအလဲရှိသည်။ နည်းမှီ၍ ရှုလေ။ ပဉ္စဒွါရာဝဇ္ဇန်း မနောဒွါရာဝဇ္ဇန်းတည်းဟူသော အာဝဇ္ဇန်းနှင့် ဝုဋ္ဌော ဇောတို့မှာ ဝိပါကဝဋ်တွင် မပါဝင်သော်လည်း ပရမတ္ထဓာတ်သားများကို မကြွင်းမကျန်စေလိုသော ဦးတည်ချက်ဖြင့်သာ ရောနှော၍ ရှုခြင်း ဖြစ်သည်။ ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ (ပဉ္စဒွါရဝီထိအတွင်း၌ တည်ရှိကြသော) တဒါရုံ ဝိပါက်နာမ်ခန္ဓာတို့မှာ ရှေးက ပဉ္စဒွါရာဝဇ္ဇန်း မပါဘဲ ယင်းတို့ချည်းသက်သက် ဖြစ်နိုင်သည့်စွမ်းအား မရှိကြပေ။ မနောဒွါရဝီထိအတွင်း၌ တည်ရှိသော တဒါရုံ ဖြစ်လျှင်လည်း မနောဒွါရာဝဇ္ဇန်း မပါဘဲ ဖြစ်နိုင်သည့် စွမ်းအား မရှိပေ။ တစ်ဖန် တဒါရုံများမှာ ဇော၏နောက်၌သာ ဖြစ်ရိုးဓမ္မတာ ရှိကြသဖြင့် ဇော မပါဘဲ တဒါရုံကျရိုးဓမ္မတာ မရှိပေ။ ဇောမှာလည်း ပဉ္စဒွါရဝီထိ၌ ဝုဋ္ဌော မပါဘဲ, မနောဒွါရဝီထိ၌ မနောဒွါရာဝဇ္ဇန်း မပါဘဲ ဖြစ်ရိုးဓမ္မတာ မရှိပေ။ ထိုကြောင့် ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုင်း သန္တီရဏ တဒါရုံ ဝိပါက်နာမ်တရားတို့ ဖြစ်ပေါ်လာကြပါက အာဝဇ္ဇန်း ဝုဋ္ဌော ဇောတို့မှာ ရောနှောလျက် ပါဝင်ရိုးဓမ္မတာ ဖြစ်ကြ၏၊ ထိုကြောင့် ယင်းဝိပါက်နာမ်တရားတို့ကို ရှုသောအခါ ပရမတ္ထတရားသားများကို မကြွင်းမကျန်စေလိုသော ရည်ရွယ်ချက်ဖြင့် အာဝဇ္ဇန်း ဝုဋ္ဌော ဇောတို့ကိုလည်း ရောနှော၍ ရှုပါက အပြစ်မဖြစ်နိုင်ဟုသာ မှတ်သားပါ။ ဝိပဿနာနယ်၌ ဃနပြိုရေး ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ရေးမှာ အထူး အရေးပါလှပေသည်။

[၈၆၆] တတ္ထ ကတမာ ဖဿပစ္စယာ ဝေဒနာ၊ စက္ခုသမ္ဖဿဇာ ဝေဒနာ သောတသမ္ဖဿဇာ ဝေဒနာ ဃာနသမ္ဖဿဇာ ဝေဒနာ ဇိဝှါသမ္ဖဿဇာ ဝေဒနာ ကာယသမ္ဖဿဇာ ဝေဒနာ မနောသမ္ဖဿဇာ ဝေဒနာ၊ အယံ ဝုစ္စတိ ဖဿပစ္စယာ ဝေဒနာ။ (အဘိ၊၂၊၁၄၃၊၊)

[၈၆၇] စာမျက်နှာ (၅၄၅ .. စသည်) ၇၇၉

[၈၆၈] (အဘိ၊၂၊၁၄၃။)

[၈၆၉] (အဘိ၊ဋ္ဌ၊၂၊၁၇၀-၁၇၁။ ဝိသုဒ္ဓိ၊၂၊၂၀၂။)

[၈၇၀] (ဘဝတီတိ ဘဝေါ။ ဘဝေါတိ ပဝတ္တာ ဒိဋ္ဌိ ဘဝဒိဋ္ဌိ။ ဘဝေန သဟဂတာ တဏှာ ဘဝတဏှာ။)

[၈၇၁] (န ဘဝတီတိ ဝိဘဝေါ၊ ဝိဘဝေါတိ ပဝတ္တာ ဒိဋ္ဌိ ဝိဘဝဒိဋ္ဌိ၊ ဝိဘဝေန သဟဂတာ တဏှာ ဝိဘဝတဏှာ။)

[၈၇၂] ယသ္မာ ဝါတိအာဒိနာ န ကေဝလံ ဝိပါကသုခဝေဒနာ ဧဝ၊ တိဿောပိ ပန ဝေဒနာ ဝိပါကာ ဝိသေသေန တဏှာယ ဥပနိဿယပစ္စယော, အဝိသေသေန ဣတရာ စာတိ ဒေဿတိ။ (မူလဋီ၊၂၊၁၂၀။)

[၈၇၃] ကမ္မဖလာဘိပတ္ထနာဝသေန သတ္တာ ကမ္မာနိပိ အာယူဟန္တီတိ သာတိသယံ တဏှာယ ဝိပါကဝေဒနာ ဥပနိဿယော၊ န တထာ ဣတရာတိ အာဟ ''ဝိပါကာ ဝိသေသေန။ ပ။ အဝိသေသေန ဣတရာ စာ''တိ။ ဣတရာတိ အဝိပါကာတိ အတ္ထော။ (အနုဋီ၊၂၊၁၃၂။)

[၈၇၄] (အဘိ၊ဋ္ဌ၊၂၊၁၇၁။ ဝိသုဒ္ဓိ၊၂၊၂၀၃။)

[၈၇၅] (အဘိ၊ဋ္ဌ၊၂၊၁၇၂-၁၇၃။ ဝိသုဒ္ဓိ၊၂၊၂၀၄-၂၀၅၊ စာပိုဒ်၊၆၄၅) ၃၆

[၈၇၆] (အဘိ၊ဋ္ဌ၊၂၊၂၄၂။) ၇၈၈

[၈၇၇] ဣမိနာ ပန ဉာဏေန သမန္နာဂတော ဝိပဿကော ဗုဒ္ဓသာသနေ လဒ္ဓဿာသော လဒ္ဓပတိဋ္ဌော နိယတဂတိကော စူဠသောတာပန္နော နာမ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၄၀။)

[၈၇၈] ဘဝေါတိ ပနေတ္ထ ကမ္မဘဝေါဝ အဓိပ္ပေတော။ သော ဟိ ဇာတိယာ ပစ္စယော န ဥပပတ္တိဘဝေါ။ (အဘိ၊ဋ္ဌ၊၂၊၁၇၈။ ဝိသုဒ္ဓိ၊၂၊၂၁၀။)

[၈၇၉] ဥပပတ္တိဘဝုပ္ပတ္တိယေဝ ဇာတီတိ အာဟ ''န ဥပပတ္တိဘဝေါ''တိ။ (မဟာဋီ၊၂၊၃၃၄။)

[၈၈၀] (မ၊၃၊၂၄၄။)

[၈၈၁] (အဘိ၊ဋ္ဌ၊၂၊၁၇၈-၁၇၉။ ဝိသုဒ္ဓိ၊၂၊၂၁၀။)

[၈၈၂] ဣတိ ခေါ ဘိက္ခဝေ အဝိဇ္ဇာပစ္စယာ သင်္ခါရာ။ပ။ ဇာတိပစ္စယာ ဇရာမရဏံ။ (မ၊၁၊၃၂၈။)

[၈၈၃] (အဘိ၊ဋ္ဌ၊၂၊၁၂၄။ ဝိသုဒ္ဓိ၊၂၊၁၅၄၊၊)

[၈၈၄] တဿ တံ ဝေဒနံ အဘိနန္ဒတော အဘိဝဒတော အဇ္ဈောသာယ တိဋ္ဌတော ဥပ္ပဇ္ဇတိ နန္ဒီ။ ယာ ဝေဒနာသု နန္ဒီ၊ တဒုပါဒါနံ။ တဿုပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ။ (မ၊၁၊၃၃၃။ သံ၊၂၊၁၃။)

[၈၈၅] (အဘိ၊ဋ္ဌ၊၂၊၁၂၄။ ဝိသုဒ္ဓိ၊၂၊၁၅၄-၁၅၅။)

[၈၈၆] ဇာတိပစ္စယာ ဇရာမရဏန္တိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ ဇာတိပစ္စယာ နု ခေါ ဘိက္ခဝေ ဇရာမရဏံ နော ဝါ၊ ကထံ ဝါ ဧတ္ထ ဟောတီတိ။
ဇာတိပစ္စယာ ဘန္တေ ဇရာမရဏံ၊ ဧဝံ နော ဧတ္ထ ဟောတိ 'ဇာတိပစ္စယာ ဇရာမရဏ'န္တိ။
ဘဝပစ္စယာ ဇာတိ။ ပ။ အဝိဇ္ဇာပစ္စယာ သင်္ခါရာတိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ အဝိဇ္ဇာပစ္စယာ နု ခေါ ဘိက္ခဝေ သင်္ခါရာ နော ဝါ၊ ကထံ ဝါ ဧတ္ထ ဟောတီတိ။
အဝိဇ္ဇာပစ္စယာ ဘန္တေ သင်္ခါရာ၊ ဧဝံ နော ဧတ္ထ ဟောတိ 'အဝိဇ္ဇာပစ္စယာ သင်္ခါရာ'တိ။ (မ၊၁၊၃၂၈။)

[၈၈၇] (အဘိ၊ဋ္ဌ၊၂၊၁၂၄။ ဝိသုဒ္ဓိ၊၂၊၁၅၅။)

[၈၈၈] ဣမေ ခေါ ဘိက္ခဝေ စတ္တာရော အာဟာရာ ကိံနိဒါနာ ကိံသမုဒယာ ကိံဇာတိကာ ကိံပဘဝါ။ ဣမေ စတ္တာရော အာဟာရာ တဏှာနိဒါနာ တဏှာသမုဒယာ တဏှာဇာတိကာ တဏှာပဘဝါ။ တဏှာ စာယံ ဘိက္ခဝေ ကိံ နိဒါနာ။ ဝေဒနာ။ ဖေဿာ။ သဠာယတနံ။ နာမရူပံ။ ဝိညာဏံ။ သင်္ခါရာ ကိံနိဒါနာ။ ပ။ သင်္ခါရာ အဝိဇ္ဇာနိဒါနာ အဝိဇ္ဇာသမုဒယာ အဝိဇ္ဇာဇာတိကာ အဝိဇ္ဇာပဘဝါ။ (သံ၊၁၊၂၅၃။)

[၈၈၉] (အဘိ၊ဋ္ဌ၊၂၊၁၂၄-၁၂၅။ ဝိသုဒ္ဓိ၊၂၊၁၅၄-၁၅၅။)

[၈၉၀] (မ၊၁၊၃၃၃။)

[၈၉၁] ဝိပါကဝဋ္ဋဘူတေ ပဋိသန္ဓိပဝတ္တိဖဿာဒိကေ ကမ္မသမုဋ္ဌာနဉ္စ ဩဇံ သန္ဓာယ ''စတ္တာရော အာဟာရာ တဏှာနိဒါနာ''တိအာဒိ ဝုတ္တံ၊ ဝဋ္ဋူပတ္ထမ္ဘကာ ပန ဣတရေပိ အာဟာရာ တဏှာပဘဝေ တသ္မိံ အဝိဇ္ဇမာနေ န ဝိဇ္ဇန္တီတိ ''တဏှာနိဒါနာ''တိ ဝတ္တုံ ဝဋ္ဋန္တိ။ (မူလဋီ၊၂၊၈၅။ မဟာဋီ၊၂၊၂၄၃။)

[၈၉၂] ဣမေသံ သတ္တာနံ ခါဒန္တာနမ္ပိ အခါဒန္တာနမ္ပိ ဘုဉ္ဇန္တာနမ္ပိ အဘုဉ္ဇန္တာနမ္ပိ ပဋိသန္ဓိစိတ္တေနေဝ သဟဇာတာ ကမ္မဇာ ဩဇာ နာမ အတ္ထိ၊ သာ ယာဝပိ သတ္တမာ ဒိဝသာ ပါလေတိ၊ အယမေဝ ဥပါဒိဏ္ဏကကဗဠီကာရာဟာရောတိ ဝေဒိတဗ္ဗော။ တေဘူမကဝိပါက ဝသေန ပန ဥပါဒိဏ္ဏကဖဿာဒယော ဝေဒိတဗ္ဗာ၊ တေဘူမကကုသလာကုသလကိရိယဝသေန အနုပါဒိဏ္ဏကာ။ လောကုတ္တရာ ပန ရုဠှီဝသေန ကထိတာတိ။ (သံ၊ဋ္ဌ၊၂၊၂၃-၂၄။)

[၈၉၃] ပဋိသန္ဓိစိတ္တေနေဝ သဟဇာတာတိ လက္ခဏဝစနမေတံ၊ သဗ္ဗာယပိ ကမ္မဇရူပပရိယာပန္နာယ ဩဇာယ အတ္ထိဘာဝဿ အဝိစ္ဆေဒပ္ပဝတ္တိသမ္ဘဝဒဿနတ္ထော။ သတ္တမာတိ ဥပ္ပန္နဒိဝသတော ပဋ္ဌာယ ယာဝ သတ္တမဒိဝသာပိ။ ရူပသန္တတိံ ပါလေတိ ပဝေဏိဃဋနဝသေန။ အယမေဝါတိ ကမ္မဇဩဇာ။ ကမ္မဇဩဇံ ပန ပဋိစ္စ ဥပ္ပန္နဩဇာ အကမ္မဇတ္တာ အနုပါဒိဏ္ဏအာဟာရောတွေဝ ဝေဒိတဗ္ဗော။ (သံ၊ဋီ၊၂၊၂၇။)

[၈၉၄] (စာမျက်နှာ၊၃၂၅ .. စသည်။)

[၈၉၅] (သံ၊ဋ္ဌ၊၂၊၂၄။)

[၈၉၆] ဧတ္ထ စ ''မနောသေဉ္စတနာ တယော ဘဝေ အာဟရတီ''တိ သာသဝကုသလာကုသလစေတနာဝ ဝုတ္တာ။ ''ဝိညာဏံ ပဋိသန္ဓိနာမရူပံ အာဟရတီ''တိ ပဋိသန္ဓိဝိညာဏမေဝ ဝုတ္တံ။ အဝိသေသေန ပန တံသမ္ပယုတ္တတံသမုဋ္ဌာနဓမ္မာနံ အာဟရဏတောပေတေ ''အာဟာရာ''တိ ဝေဒိတဗ္ဗာ။ (သံ၊ဋ္ဌ၊၂၊၂၅။)
သာသဝကုသလာကုသလစေတနာဝ ဝုတ္တာ ဝိသေသပစ္စယဘာဝဒဿနံ ဟေတန္တိ၊ တေနာဟ ''အဝိသေသေန ပနာ''တိအာဒိ။ ပဋိသန္ဓိဝိညာဏမေဝ ဝုတ္တန္တိ ဧတ္ထာပိ ဧသေဝ နယော။ ယထာ တဿ တဿ ဖလဿ ဝိသေသတော ပစ္စယတာယ ဧတေသံ အာဟာရတ္ထော၊ ဧဝံ အဝိသေသတောပီတိ ဒေဿတုံ ''အဝိသေသေနာ''တိအာဒိ ဝုတ္တံ။ (သံ၊ဋီ၊၂၊၂၈-၂၉။)

[၈၉၇] (သံ၊ဋ္ဌ၊၂၊၂၅။)

[၈၉၈] (သံ၊ဋ္ဌ၊၂၊၂၅။)

[၈၉၉] ဥပါဒိဏ္ဏရူပသန္တတိယာ ဥပတ္ထမ္ဘနေနေဝ ဥတုစိတ္တဇရူပသန္တတီနမ္ပိ ဥပတ္ထမ္ဘနသိဒ္ဓိ ဟောတီတိ ''ဒွိန္နံ ရူပသန္တတီန''န္တိ ဝုတ္တံ။ ဥပတ္ထမ္ဘနမေဝ သန္ဓာယ ''အနုပါလကော ဟုတွာ''တိ စ ဝုတ္တံ။ ရူပကာယဿ ဌိတိဟေတုတာ ဟိ ယာပနာ အနုပါလနာ။ (သံ၊ဋီ၊၂၊၂၉။)

[၉၀၀] (သံ၊ဋ္ဌ၊၂၊၂၇။)

[၉၀၁] (သံ၊ဋ္ဌ၊၂၊၂၄။ မူလဋီ၊၂၊၈၆။ မဟာဋီ၊၂၊၂၄၅။)

[၉၀၂] အာဟာရာ ဝါ တဏှာယ ပဘာဝေတဗ္ဗာ အနာဂတော အဒ္ဓါ၊ တဏှာဒယော ပစ္စုပ္ပန္နော၊ သင်္ခါရာဝိဇ္ဇာ အတီတောတိ။ (မူလဋီ၊၂၊၈၆။ မဟာဋီ၊၂၊၂၄၄-၂၄၅။)

[၉၀၃] (ဝိသုဒ္ဓိ၊၂၊၁၅၅။ အဘိ၊ဋ္ဌ၊၂၊၁၂၅။)

[၉၀၄] (ဝိသုဒ္ဓိ၊၂၊၁၅၅။ အဘိ၊ဋ္ဌ၊၂၊၁၂၅။)

[၉၀၅] (ဝိသုဒ္ဓိ၊၂၊၁၅၅။ အဘိ၊ဋ္ဌ၊၂၊၁၂၅။)

[၉၀၆] (ဝိသုဒ္ဓိ၊၂၊၁၅၆။ အဘိ၊ဋ္ဌ၊၂၊၁၂၅။)

[၉၀၇] (ဝိသုဒ္ဓိ၊၂၊၁၅၅-၁၅၆။ အဘိ၊ဋ္ဌ၊၂၊၁၂၅။)

[၉၀၈] (မဟာဝဇိရဝိပဿနာဉာဏ်တော်မြတ်အကြောင်းကို---- မ၊ဋီ၊၃၊၂၇၅-၌ ကြည့်ပါ။)

[၉၀၉] (ဝိသုဒ္ဓိ၊၂၊၁၅၆။ အဘိ၊ဋ္ဌ၊၂၊၁၂၅။)

[၉၁၀] (ဒီ၊၂၊၄၇။)

[၉၁၁] (ဝိသုဒ္ဓိ၊၂၊၂၂၁။ အဘိ၊ဋ္ဌ၊၂၊၁၈၉။)

[၉၁၂] ဣဓ ဘိက္ခဝေ ဘိက္ခု ..
၁။ ဣတိ ရူပံ၊ ဣတိ ရူပဿ သမုဒယော၊ ဣတိ ရူပဿ အတ္ထင်္ဂမော။
၂။ ဣတိ ဝေဒနာ၊ ဣတိ ဝေဒနာယ သမုဒယော၊ ဣတိ ဝေဒနာယ အတ္ထင်္ဂမော။
၃။ ဣတိ သညာ၊ ဣတိ သညာယ သမုဒယော၊ ဣတိ သညာယ အတ္ထင်္ဂမော။
၄။ ဣတိ သင်္ခါရာ၊ ဣတိ သင်္ခါရာနံ သမုဒယော၊ ဣတိ သင်္ခါရာနံ အတ္ထင်္ဂမော။
၅။ ဣတိ ဝိညာဏံ၊ ဣတိ ဝိညာဏဿ သမုဒယော၊ ဣတိ ဝိညာဏဿ အတ္ထင်္ဂမော။ (ဒီ၊၂၊၂၃၉။ မ၊၁၊၇၈။)

[၉၁၃] (ဒီ၊၂၊၂၃၉။ မ၊၁၊၇၈။)

[၉၁၄] တတ္ထ ဣတိ ရူပန္တိ ဣဒံ ရူပံ, ဧတ္တကံ ရူပံ, ဣတော ဥဒ္ဓံ ရူပံ နတ္ထီတိ ရုပ္ပနသဘာဝဉ္စေဝ ဘူတုပါဒါယဘေဒဉ္စ အာဒိံ ကတွာ လက္ခဏရသပစ္စုပဋ္ဌာနပဒဋ္ဌာနဝသေန အနဝသေသရူပပရိဂ္ဂဟော ဝုတ္တော။ ပ။
ဣတိ ဝေဒနာတိအာဒီသုပိ အယံ ဝေဒနာ, ဧတ္တကာ ဝေဒနာ, ဣတော ဥဒ္ဓံ ဝေဒနာ နတ္ထိ။ အယံ သညာ။ ဣမေ သင်္ခါရာ။ ဣဒံ ဝိညာဏံ, ဧတ္တကံ ဝိညာဏံ, ဣတော ဥဒ္ဓံ ဝိညာဏံ နတ္ထီတိ ဝေဒယိတ-သဉ္ဇာနန-အဘိသင်္ခရဏ-ဝိဇာနနသဘာဝဉ္စေဝ သုခါဒိ-ရူပသညာဒိ-ဖဿာဒိ-စက္ခုဝိညာဏာဒိ ဘေဒဉ္စ အာဒိံ ကတွာ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန-ပဒဋ္ဌာနဝသေန အနဝသေသဝေဒနာ-သညာ-သင်္ခါရ-ဝိညာဏပရိဂ္ဂဟော ဝုတ္တော။ (ဒီ၊ဋ္ဌ၊၂၊၅၃။ သံ၊ဋ္ဌ၊၂၊၄၄-၄၅။)

[၉၁၅] လက္ခဏ-ရသ-ပစ္စုပဋ္ဌာန-ပဒဋ္ဌာနဝသေနာတိ ကက္ခဠာဒိလက္ခဏဝသေန, သန္ဓာရဏာဒိရသဝသေန, သမ္ပဋိစ္ဆနာဒိပစ္စုပဋ္ဌာနဝသေန, ဘူတတ္တယာဒိပဒဋ္ဌာနဝသေန စ။ (သံ၊ဋီ၊၂၊၅၈။)

[၉၁၆] ဒုက္ခေ ဉာဏံ အတ္ထပဋိသမ္ဘိဒါ၊ ဒုက္ခသမုဒယေ ဉာဏံ ဓမ္မပဋိသမ္ဘိဒါ၊ ဒုက္ခနိရောဓေ ဉာဏံ အတ္ထပဋိသမ္ဘိဒါ၊ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ ဉာဏံ ဓမ္မပဋိသမ္ဘိဒါ၊ တတြ ဓမ္မနိရုတ္တာဘိလာပေ ဉာဏံ နိရုတ္တိပဋိသမ္ဘိဒါ၊ ဉာဏေသု ဉာဏံ ပဋိဘာနပဋိသမ္ဘိဒါ။ (အဘိ၊၂၊၃၀၇-၃၀၈။)

[၉၁၇] (ဝိသုဒ္ဓိ၊၂၊၇၂၊၊)

[၉၁၈] (ဝိသုဒ္ဓိ၊၂၊၇၂၊၊)

[၉၁၉] ဧတေသု ပန ကာရဏေသု ပရိယတ္တိ, သဝနံ, ပရိပုစ္ဆာတိ ဣမာနိ တီဏိ ပဘေဒေဿဝ ဗလဝကာရဏာနိ။ ပုဗ္ဗယောဂေါ အဓိဂမဿ ဗလဝပစ္စယော၊ ပဘေဒဿ ဟောတိ န ဟောတီတိ? ဟောတိ၊ န ပန တထာ။ ပရိယတ္တိသဝနပရိပုစ္ဆာ ဟိ ပုဗ္ဗေ ဟောန္တု ဝါ မာ ဝါ၊ ပုဗ္ဗယောဂေန ပုဗ္ဗေ စေဝ ဧတရဟိ စ သင်္ခါရသမ္မသနံ ဝိနာ ပဋိသမ္ဘိဒါ နာမ နတ္ထိ။ ဣမေ ပန ဒွေပိ ဧကတော ဟုတွာ ပဋိသမ္ဘိဒါ ဥပတ္ထမ္ဘေတွာ ဝိသဒါ ကရောန္တီတိ။ (အဘိ၊ဋ္ဌ၊၂၊၃၇၃။)

[၉၂၀] ဗဟုမ္ပိ ဥဂ္ဂဟေတွာ ပန ပုထုဇ္ဇနဿ ပဋိသမ္ဘိဒါပ္ပတ္တိ နာမ နတ္ထိ၊ အရိယသာဝကော နော ပဋိသမ္ဘိဒါပ္ပတ္တော နာမ နတ္ထိ။ (အဘိ၊ဋ္ဌ၊၂၊၃၇၂၊၊)

[၉၂၁] (သံ၊၃၊၃၆၅။ ခု၊၁၊၂၆၆။)

[၉၂၂] သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။ (သံ၊၃၊၃၆၉။)

[၉၂၃] (အဘိ၊ဋ္ဌ၊၂၊၁၈၅။)

[၉၂၄] (အဘိ၊၂၊၃၀၇-၃၀၈။ ဝိသုဒ္ဓိ၊၂၊၇၀-၇၂၊၊)

[၉၂၅] ၁။ လက္ခဏာဒီသု ဟိ တေသံ တေသံ ဓမ္မာနံ သဘာဝေါ ဝါ သာမညံ ဝါ လက္ခဏံ နာမ၊
၂။ ကိစ္စံ ဝါ သမ္ပတ္တိ ဝါ ရသော နာမ၊
၃။ ဥပဋ္ဌာနာကာရော ဝါ ဖလံ ဝါ ပစ္စုပဋ္ဌာနံ နာမ။
၄။ အာသန္နကာရဏံ ပဒဋ္ဌာနံ နာမ။ (အဘိ၊ဋ္ဌ၊၁၊၁၀၅။)

[၉၂၆] ရုပ္ပနေဉ္စတ္ထ သီတာဒိဝိရောဓိပစ္စယသန္နိပါတေ ဝိသဒိသုပ္ပတ္တိ။ (မဟာဋီ၊၂၊၈၆။)

[၉၂၇] ရသော တေဿဝ အတ္တနော ဖလံ ပတိ ပစ္စယဘာဝေါ။ (ဒီ၊ဋီ၊၂၊၅၃၊၊)

[၉၂၈] ပစ္စုပဋ္ဌာနံ တဿ ပရမတ္ထတော ဝိဇ္ဇမာနတ္တာ ယာထာဝတော ဉာဏဿ ဂေါစရဘာဝေါ။ (ဒီ၊ဋီ၊၂၊၅၃။)

[၉၂၉] ဥပဋ္ဌာနာကာရောတိ ဂဟေတဗ္ဗဘာဝေန ဉာဏဿ ဥပဋ္ဌဟနာကာရော။ ဖလံ ပန အတ္တနော ကာရဏံ ပဋိစ္စ တပ္ပဋိဗိမ္ဗဘာဝေန, ပဋိမုခံ ဝါ ဥပဋ္ဌာတီတိ ပစ္စုပဋ္ဌာနံ။ (မူလဋီ၊၁၊၆၄။)

[၉၃၀] ပဒဋ္ဌာနံ အာသန္နကာရဏံ၊ တေနဿ ပစ္စယာယတ္တဝုတ္တိတာ ဒဿိတာ။ (ဒီ၊ဋီ၊၂၊၅၃။)

[၉၃၁] (အဘိ၊ဋ္ဌ၊၁၊၃၆၈။ ဝိသုဒ္ဓိ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၃။)

[၉၃၂] မှတ်ချက်---- အထက်ပါ ဘာသာပြန်ဆိုချက်မှာ အတိုဆုံး ဘာသာပြန်ဆိုချက် တစ်မျိုးပင် ဖြစ်သည်၊ ထိုဘာသာပြန်ကို နားလည်ရန် ထပ်မံ ရှင်းလင်းချက်များကား လိုအပ်နေမည်သာ ဖြစ်သည်။ သို့သော် စာနေကျဉ်းရန်လည်းကောင်း, နောက်နောက် လက္ခဏ-ရသ စသည်တို့၌ နည်းတူ မှတ်သားနိုင်ရန်လည်းကောင်း ရည်ရွယ်၍ အနည်းငယ် တိုတောင်းသော ဘာသာပြန်ဆိုမှု တစ်ခုကို ထပ်မံတင်ပြအပ်ပါသည်။ အတိုကောက်ပင် ရေးသားထားသော်လည်း အထက်ပါ ဘာသာပြန်အတိုင်း အရကျက်လိုက ကျက်ပါ။ သဘောအဓိပ္ပါယ်ကိုမူကား အထက်ပါ ဘာသာပြန်အတိုင်းသာ မှတ်သားပါ။ ကြွင်းကျန်သော လက္ခဏ-ရသ စသည် တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။

[၉၃၃]

[၉၃၄]

[၉၃၅] (အဘိ၊ဋ္ဌ၊၁၊၃၆၈။ ဝိသုဒ္ဓိ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၃။)

[၉၃၆] မှတ်ချက်---- ဤစက္ခုပသာဒ၌ လက္ခဏ (၂)မျိုးတို့ကို ဖော်ပြထား၏၊ ''ရူပါဘိဃာတာရဟဘူတပ္ပသာဒလက္ခဏံ = ရူပါရုံ၌(၏) ရှေးရှူထိခိုက်ခြင်းကို ထိုက်သော (= ရှေးရှူရိုက်ခတ်ခြင်းငှာ ထိုက်သော) မဟာဘုတ်တို့ကို ကြည်လင်စေခြင်း သဘောလက္ခဏ''ဤလက္ခဏသဘောကိုကား ပဋိစ္စသမုပ္ပါဒ်သဘောတရားကို မရှုရသေးလျှင်လည်း ယောဂါဝစရပုဂ္ဂိုလ်သည် ရှုမည်ဆိုက ဤအဆင့်တွင် ရှုလို့ကား ရနိုင်၏၊ အကြောင်းမူ မိမိရှုလိုသည့် စက္ခုပသာဒနှင့် ကလာပ်တူ စက္ခုဒသကကလာပ်အတွင်းရှိ မဟာဘုတ် ဓာတ်ကြီးလေးပါးတို့၏ ကြည်လင်ခြင်းသဘောမျှသည်သာလျှင် စက္ခုပသာဒ မည်သောကြောင့်တည်း။ သို့သော် ဒုတိယလက္ခဏ ရှုကွက်သည်ကား ပဋိစ္စသမုပ္ပါဒ်သဘောတရားပိုင်းနှင့် ဆက်သွယ်နေ၏၊ ပဋိစ္စသမုပ္ပါဒ်ရှုကွက်ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်ပြီးသူတို့သာ ရှုလို့ရနိုင်သည့် ရှုကွက် ဖြစ်သည်။ ပြန်လည်ကာ ဖတ်ရှုကြည့်ပါ။ ''ဒဋ္ဌုကာမတာနိဒါနကမ္မသမုဋ္ဌာနဘူတပ္ပသာဒလက္ခဏံ ဝါ စက္ခု = ရူပါရုံကို မြင်တွေ့လိုသော ရူပတဏှာလျှင် အကြောင်းရင်းခံရှိသော ကံကြောင့်ဖြစ်သော မဟာဘုတ်တို့ကို ကြည်လင်စေခြင်း သဘောလက္ခဏ''---- ဤ ရှု ကွ က် ၏ အ ဓိ ပ္ပါ ယ် မှာ ဤသို့ ဖြစ်၏၊ အတိတ်ဘဝဝယ် ရူပါရုံကို မြင်တွေ့လိုသည့် ရူပတဏှာလျှင် အကြောင်းရင်းခံရှိသော၊ တစ်နည်း- ရူပါရုံကို မြင်တွေ့လိုသည့် ရူပတဏှာလျှင် (= အဝိဇ္ဇာ တဏှာ ဥပါဒါန်လျှင်) အကြောင်းရင်းခံရှိသော ကံတစ်ခုကို ပြုစုပျိုးထောင်ခဲ့၏၊ တစ်နည်း- သင်္ခါရ+ကံကို ပြုစုပျိုးထောင်ခဲ့၏၊ ယင်း အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကြောင့် ဖြစ်ပေါ်လာရသော စက္ခုပသာဒနှင့် ကလာပ်တူ စက္ခုဒသကကလာပ်အတွင်းရှိ မဟာဘုတ် ဓာတ်ကြီးလေးပါးတို့၏ ကြည်လင်ခြင်းသဘောမျှသည် စက္ခုပသာဒ မည်၏၊ ဤရှုကွက်ကို ရှုနိုင်ဖို့ရန်မှာကား ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားများကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သူတို့၏ အရာဌာနသာ ဖြစ်နေပေသည်။---- ဤကဲ့သို့သော အရာဌာနမျိုးများကို ငဲ့ကွက်ရည်ညွှန်းကာ ပဋိစ္စသမုပ္ပါဒ်ပိုင်း ရှုကွက်ကို ရှုထားပြီးသူတို့အား လက္ခဏာဒိစတုက္ကပိုင်းရှုကွက်ကို ဆက်လက် ရှုပွားရန် ဤကျမ်း၌ တင်ပြထားခြင်း ဖြစ်ပေသည်။ သို့သော် အဋ္ဌကထာကြီးများ၌ ညွှန်ကြားထားသည့်အတိုင်း လက္ခဏာဒိစတုက္ကပိုင်း ရှုကွက်ကို ရှုပြီးပါမှ ပဋိစ္စသမုပ္ပါဒ်ပိုင်းရှုကွက်ကို ဆက်လက် ရှုလိုက ရှုနိုင်ပါသည်။ သို့သော် ပဋိစ္စသမုပ္ပါဒ်ပိုင်းနှင့် ဆက်သွယ်နေသော ရှုကွက်အချို့ကိုကား ပဋိစ္စသမုပ္ပါဒ်ပိုင်းရှုကွက်ကို ရှုပြီးသောအခါ ထပ်မံကာ တစ်ဖန် ရှုရဦးမည်သာဟု မှတ်သားပါလေ။

[၉၃၇] (အဘိ၊ဋ္ဌ၊၁၊၃၄၉။ ဝိသုဒ္ဓိ၊၂၊၇၄။)

[၉၃၈]

[၉၃၉] (အဘိ၊ဋ္ဌ၊၁၊၃၄၉။ ဝိသုဒ္ဓိ၊၂၊၇၄။)

[၉၄၀] (အဘိ၊ဋ္ဌ၊၁၊၃၄၉။ ဝိသုဒ္ဓိ၊၂၊၇၄။)

[၉၄၁] (အဘိ၊ဋ္ဌ၊၁၊၃၅၀။ ဝိသုဒ္ဓိ၊၂၊၇၄။)

[၉၄၂] (အဘိ၊ဋ္ဌ၊၁၊၃၅၅။ ဝိသုဒ္ဓိ၊၂၊၇၆။)

[၉၄၃] (အဘိ၊ဋ္ဌ၊၁၊၃၅၆။ ဝိသုဒ္ဓိ၊၂၊၇၇။)

[၉၄၄] (အဘိ၊ဋ္ဌ၊၁၊၃၅၆။ ဝိသုဒ္ဓိ၊၂၊၇၇။)

[၉၄၅] (အဘိ၊ဋ္ဌ၊၁၊၃၅၇။ ဝိသုဒ္ဓိ၊၂၊၇၇

[၉၄၆] (အဘိ၊ဋ္ဌ၊၁၊၃၅၈။ ဝိသုဒ္ဓိ၊၂၊၇၇။)

[၉၄၇] (အဘိ၊ဋ္ဌ၊၁၊၃၅၈။ ဝိသုဒ္ဓိ၊၂၊၇၇။)

[၉၄၈] (အဘိ၊ဋ္ဌ၊၁၊၃၅၉။ ဝိသုဒ္ဓိ၊၂၊၇၇။)

[၉၄၉] (ဝိသုဒ္ဓိ၊၂၊၇၇။)

[၉၅၀] (အဘိ၊ဋ္ဌ၊၁၊၃၆၈။ ဝိသုဒ္ဓိ၊၂၊၈၀။)

[၉၅၁] (အဘိ၊ဋ္ဌ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၈။)

[၉၅၂] (ဝိသုဒ္ဓိ၊၂၊၇၈။)

[၉၅၃] (ဝိသုဒ္ဓိ၊၂၊၇၈။)

[၉၅၄]

[၉၅၅] (အဘိ၊ဋ္ဌ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၈။)

[၉၅၆] (အဘိ၊ဋ္ဌ၊၁၊၃၆၂။ ဝိသုဒ္ဓိ၊၂၊၇၈-၇၉။)

[၉၅၇] (အဘိ၊ဋ္ဌ၊၁၊၃၆၃-၃၆၄။ ဝိသုဒ္ဓိ၊၂၊၇၉။)

[၉၅၈] (အဘိ၊ဋ္ဌ၊၁၊၃၆၄။ ဝိသုဒ္ဓိ၊၂၊၇၉။)

[၉၅၉]

[၉၆၀] (အဘိ၊ဋ္ဌ၊၁၊၃၆၅။ ဝိသုဒ္ဓိ၊၂၊၈၀။)

[၉၆၁] (အဘိ၊ဋ္ဌ၊၁၊၁၀၆။)

[၉၆၂] (အဘိ၊ဋ္ဌ၊၁၊၁၅၅။)

[၉၆၃] ဝိဇာနနံ အာရမ္မဏဿ ဥပလဒ္ဓိ။ (မူလဋီ၊၁၊၈၇။)

[၉၆၄] (ဝိသုဒ္ဓိ၊၂၊၈၆။)

[၉၆၅] ဖောဋ္ဌဗ္ဗာရုံ အမည်ရသော အာရုံမှာ ပထဝီ တေဇော ဝါယောဟု သုံးမျိုး ရှိသဖြင့် ပထဝီဓာတ်ကို အာရုံယူ၍ တစ်ကြိမ်, တေဇောဓာတ်ကို အာရုံယူ၍ တစ်ကြိမ်, ဝါယောဓာတ်ကို အာရုံယူ၍ တစ်ကြိမ်- ဤသို့ သုံးကြိမ် ခွဲ၍ ရှုပါ။ သို့သော် ယင်းဓာတ် သုံးပါးတို့၌ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့-ပူ-အေး-ထောက်-တွန်းဟူ၍ သဘောတရား (၁၀)မျိုးရှိနေသဖြင့် (၁၀)ကြိမ် ခွဲရှုနိုင်ပါက ပို၍ ကောင်းပါသည်။ မြန်မာပြန် အနက်အဓိပ္ပါယ်ကို စက္ခုဒွါရ၌ ပဉ္စဒွါရာဝဇ္ဇန်းကို နည်းမှီ၍ သိပါလေ။

[၉၆၆] (အဘိ၊ဋ္ဌ၊၁၊၃၀၃။ ဝိသုဒ္ဓိ၊၂၊၈၅။)

[၉၆၇]

[၉၆၈] (အဘိ၊ဋ္ဌ၊၁၊၃၀၃။ ဝိသုဒ္ဓိ၊၂၊၈၅။)

[၉၆၉]

[၉၇၀] (အဘိ၊ဋ္ဌ၊၁၊၃၀၃။ ဝိသုဒ္ဓိ၊၂၊၈၅။)

[၉၇၁] (အဘိ၊ဋ္ဌ၊၁၊၃၀၄။ ဝိသုဒ္ဓိ၊၂၊၈၅။)

[၉၇၂] မှတ်ချက်---- ဤအထက်ပါ လက္ခဏ-ရသ စသည်တို့မှာ အာရုံ (၅)ပါးအတွက် ခြုံ၍ ရေးသားထားချက်ဖြစ်၏၊ ဤသမ္ပဋိစ္ဆိုင်း စိတ်သည် စိတ္တက္ခဏတစ်ခုအတွင်း၌ အာရုံ (၅)မျိုးလုံးကို ပြိုင်တူ မသိပေ။ ထိုကြောင့် လက္ခဏ-ရသ စသည်ကို ရှုပွားလိုသော ယောဂါဝစရပုဂ္ဂိုလ်သည် အာရုံအလိုက် ခွဲ၍ သီးသန့်ရှုပါ။ ရူပါရုံကို လက်ခံသော သမ္ပဋိစ္ဆိုင်းစိတ်, သဒ္ဒါရုံကို လက်ခံသော သမ္ပဋိစ္ဆိုင်းစိတ်- ဤသို့ စသည်ဖြင့် (၅)မျိုး ခွဲရှုပါ။

[၉၇၃] မှတ်ချက်---- ဤ ၌ လ ည်း ပ ထဝီဓာတ်ကို အာရုံယူ၍ တစ်ကြိမ်, တေဇောဓာတ်ကို အာရုံယူ၍ တစ်ကြိမ်, ဝါယောဓာတ်ကို အာရုံယူ၍ တစ်ကြိမ် ဤသို့ သုံးကြိမ် ခွဲရှုပါ။ သို့သော် ယင်းဓာတ်သုံးပါးတို့၌ မာ-ကြမ်း-လေး-ပျော့-ချော-ပေါ့-ပူ-အေး-ထောက်တွန်း ဟူ၍ သဘောတရား (၁၀)မျိုးရှိနေသဖြင့် (၁၀)ကြိမ် ခွဲရှုနိုင်ပါက ပို၍ ကောင်းပါသည်။

[၉၇၄] (အဘိ၊ဋ္ဌ၊၁၊၃၀၅။ ဝိသုဒ္ဓိ၊၂၊၈၅။)

[၉၇၅] မှတ်ချက်---- ဤစိတ်သည် သောမနဿ ဥပေက္ခာအားဖြင့် နှစ်မျိုးပြား၏၊ ဥပေက္ခာကား အဟိတ်ကုသလဝိပါက် အကုသလ ဝိပါက်ဟု နှစ်မျိုးပြား၏၊ အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်သည် ကာမသုဂတိဘုံ၌, အကုသလဝိပါက် ဥပေက္ခာ သန္တီရဏစိတ်သည် အပါယ်ဘုံ၌ ပဋိသန္ဓေကိစ္စ, ဘဝင်ကိစ္စ, စုတိကိစ္စတို့ကိုလည်း ရွက်ဆောင်၏၊ ဤသန္တီရဏစိတ် (၃)မျိုးလုံးသည် သန္တီရဏကိစ္စအပြင် တဒါရုံကိစ္စကိုလည်း ရံခါ ရွက်ဆောင်ပေး၏၊ အာရုံ (၆)ပါးကို ထိုက်သလို အာရုံပြု၏၊ သန္တီရဏကိစ္စကို ရွက်ဆောင်ခိုက်၌ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံဟူသော အာရုံငါးပါးကို, တဒါရုံကိစ္စကို ရွက်ဆောင်ခိုက်၌ အာရုံ (၆)ပါးလုံးကို ထိုက်သလို အာရုံပြု၏၊ လက်တွေ့ရှုရာ၌ကား အာရုံ (၆)ပါးလုံးကို ပြိုင်တူ အာရုံမပြုနိုင်သဖြင့် ခွဲရှုရမည် ဖြစ်သည်။ အလားတူပင် တစ်ခုတည်းသော စိတ်က စိတ္တက္ခဏတစ်ခုအတွင်း၌ သန္တီရဏကိစ္စ တဒါရုံကိစ္စ စသည်ကို မရွက်ဆောင်နိုင်သဖြင့် သန္တီရဏကိစ္စ စသည်ကိုလည်း ခွဲရှုရမည်သာ ဖြစ်ပေသည်။ ထိုကြောင့် သန္တီရဏကိစ္စကို ရွက်ဆောင်ခိုက်၌ အာရုံ (၅)ပါးခွဲ၍ ထပ်မံဖော်ပြအပ်ပါသည်။

[၉၇၆] (ဝိသုဒ္ဓိ၊၂၊၈၇။)

[၉၇၇] မှတ်ချက်---- ဥပေက္ခာသဟဂုတ် အဟိတ်ကိရိယာ မနောဝိညာဏဓာတ်ဟူသော မနောဒွါရာဝဇ္ဇန်းစိတ်သည် ပဉ္စဒွါရ၌ ဝေါဋ္ဌဗ္ဗနကိစ္စ = ဝုဋ္ဌောကိစ္စ, မနောဒွါရ၌ အာဝဇ္ဇန်းကိစ္စကို ရွက်ဆောင်၏၊ ယင်းကိစ္စနှစ်မျိုးကို တစ်ပေါင်းတည်းပြု၍ အဋ္ဌကထာက ဖော်ပြထားပါသည်။ လက်တွေ့ရှုရာ၌ကား ခွဲ၍ ရှုရမည် ဖြစ်သည်။ သို့အတွက် ဤ၌ ဝုဋ္ဌောကိစ္စကိုသာ ထပ်မံ၍ တင်ပြပေအံ့။ ပဉ္စဒွါရ၌လည်း အာရုံ (၅)မျိုး ရှိသဖြင့် အာရုံတစ်မျိုးစီကိုသာ ယင်းစိတ်က အာရုံပြုနိုင်သဖြင့် ရူပါရုံကို အာရုံပြုသည့် ဝုဋ္ဌောကိစ္စကို ထပ်မံ၍ တင်ပြပေအံ့။

[၉၇၈] (အဘိ၊ဋ္ဌ၊၁၊၁၀၅။)

[၉၇၉] (အဘိ၊ဋ္ဌ၊၁၊၁၀၅။)

[၉၈၀] (အနုဋီ၊၁၊၁၂၆။)

[၉၈၁] (အနုဋီ၊၁၊၁၂၆။)

[၉၈၂] မှတ်ချက်---- အာရုံကို နိစ္စ-သုခ-အတ္တ-သုဘ စသည်ဖြင့် ဆုံးဖြတ်ချက် ချခြင်းသည် အယောနိသောမနသိကာရ မည်၏၊ အာရုံကို အနိစ္စ-ဒုက္ခ-အနတ္တ-အသုဘ စသည်ဖြင့် ဆုံးဖြတ်ချက် ချခြင်းသည် ယောနိသောမနသိကာရ မည်၏၊ အယောနိသော မနသိကာရကား အကုသိုလ်တရားတို့၏ အနီးကပ်ဆုံး အကြောင်းပဒဋ္ဌာန် ဖြစ်၏၊ ယောနိသောမနသိကာရကား ကုသိုလ်တရားတို့၏ အနီးကပ်ဆုံး အကြောင်းပဒဋ္ဌာန် ဖြစ်၏၊ တရားကိုယ်မှာ ဤအရာ၌ ပဉ္စဒွါရဝီထိဝယ် ဝုဋ္ဌောနာမ်တရား (၁၂)ကိုလည်းကောင်း, မနောဒွါရဝီထိဝယ် မနောဒွါရာဝဇ္ဇန်း နာမ်တရား (၁၂)ကိုလည်းကောင်း ရည်ညွှန်းထားပေသည်။ သို့သော် အဋ္ဌသာလိနီအဋ္ဌကထာ ၌ကား ဤသို့ လာရှိ၏၊
ဣဒံ ပန ဇဝနံ ကုသလတ္ထာယ ဝါ အကုသလတ္ထာယ ဝါ ကော နိယာမေတီတိ? အာဝဇ္ဇနဉ္စေဝ ဝေါဋ္ဌဗ္ဗနဉ္စ။ အာဝဇ္ဇနေန ဟိ ယောနိသော အာဝဋ္ဋိတေ ဝေါဋ္ဌဗ္ဗနေန ယောနိသော ဝဝတ္ထာပိတေ ဇဝနံ အကုသလံ ဘဝိဿတီတိ အဋ္ဌာနမေတံ။ အာဝဇ္ဇနေန အယောနိသော အာဝဋ္ဋိတေ ဝေါဋ္ဌဗ္ဗနေန အယောနိသော ဝဝတ္ထာပိတေ ဇဝနံ ကုသလံ ဘဝိဿတီတိပိ အဋ္ဌာနမေတံ။ ဥဘယေန ပန ယောနိသော အာဝဋ္ဋိတေ, ဝဝတ္ထာပိတေ စ ဇဝနံ ကုသလံ ဟောတိ၊ အယောနိသော အကုသလန္တိ ဝေဒိတဗ္ဗံ။ (အဘိ၊ဋ္ဌ၊၁၊၃၁၇၊၊)
ယင်းအဋ္ဌကထာ၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏ ..။ ''ဤဇောကို ကုသိုလ်ဖြစ်ရေးအတွက် သို့မဟုတ် အကုသိုလ်ဖြစ်ရေးအတွက် မည်သည့်တရားက သတ်မှတ်ချက်ပေးပါသနည်း? ပဉ္စဒွါရဝီထိများတွင် ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌောတို့က သတ်မှတ်ပေး၏ဟူပေ။ ပဉ္စဒွါရာဝဇ္ဇန်းက နည်းမှန်လမ်းမှန်အားဖြင့် ဘဝင်ကို လည်စေသည်ရှိသော် (= ရပ်တန့်စေသည် ရှိသော်) ဝုဋ္ဌောက အာရုံကို နည်းမှန်လမ်းမှန်အားဖြင့် ဆုံးဖြတ်ချက် ချခဲ့သည်ရှိသော် ဇောသည် အကုသိုလ် ဖြစ်လိမ့်မည်ဟူသော ဤအရာဌာနမျိုးသည် မရှိနိုင်။ ပဉ္စဒွါရာဝဇ္ဇန်းက နည်းမှားလမ်းမှားအားဖြင့် ဘဝင်ကို လည်စေသည်ရှိသော် (= ရပ်တန့်စေသည်ရှိသော်) ဝုဋ္ဌောက အာရုံကို နည်းမှားလမ်းမှားအားဖြင့် ဆုံးဖြတ်ချက် ချခဲ့သည်ရှိသော် ဇောသည် ကုသိုလ် ဖြစ်လိမ့်မည်ဟူသော ဤအရာဌာနမျိုး သည်လည်း မရှိနိုင်။ သို့သော် အာဝဇ္ဇန်းနှင့် ဝုဋ္ဌော နှစ်မျိုးလုံးက နည်းမှန်လမ်းမှန်အားဖြင့် ဘဝင်ကို လည်စေနိုင်ခဲ့သည်ရှိသော် (= ရပ်တန့်စေနိုင်ခဲ့သည်ရှိသော်) အာရုံကို နည်းမှန် လမ်းမှန်အားဖြင့်လည်း ဆုံးဖြတ်ချက် ချနိုင်ခဲ့သည်ရှိသော် ဇောသည် ကုသိုလ်ဇော ဖြစ်၏၊ နည်းမှားလမ်းမှားအားဖြင့် ဘဝင်ကို လည်စေသည်ရှိသော် (= ရပ်တန့်စေသည်ရှိသော်) အာရုံကို နည်းမှားလမ်းမှားအားဖြင့် ဆုံးဖြတ်ချက် ချခဲ့သည်ရှိသော် ဇောသည် အကုသိုလ်ဇော ဖြစ်လိမ့်မည်ဟု သိရှိပါလေ။'' (အဘိ၊ဋ္ဌ၊၁၊၃၁၇။)
ဤအဋ္ဌကထာအဖွင့်အရ ပဉ္စဒွါရဝီထိများဝယ် ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌော နှစ်မျိုးလုံးကိုပင် ယောနိသောမနသိကာရ သို့မဟုတ် အယောနိသောမနသိကာရ ဟု သိရှိပါလေ။
အနိစ္စ ဒုက္ခ အနတ္တ အသုဘ စစ်စစ် ဧကန်မှန်သော သင်္ခါရတရားတို့ကို အနိစ္စ ဒုက္ခ အနတ္တ အသုဘဟုလည်းကောင်း, ရုပ်တရား နာမ်တရားဟုလည်းကောင်း, အကြောင်းတရား အကျိုးတရားဟုလည်းကောင်း နှလုံးသွင်းခြင်းသည် မဂ်ဖိုလ် နိဗ္ဗာန်စသော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းအားဖြင့် အာရုံကို နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်း ယောနိသောမနသိကာရ မည်၏၊ အပြန်အားဖြင့် အယောနိသောမနသိကာရကို သိပါ။

[၉၈၃] မှတ်ချက်---- ဤကား အာရုံ (၆)ပါးကို အာရုံယူသည့် တဒါရုံ (၆)မျိုးလုံးကို စုပေါင်း၍ ရေးသားထားချက်ပင် ဖြစ်သည်။ လက်တွေ့ရှုရာ၌ကား အာရုံတစ်ပါးစီ ခွဲ၍ ရှုရမည်ဖြစ်သဖြင့် လက်တွေ့ရှုတတ်ရန် အာရုံတစ်ပါးစီကို အာရုံပြုသည့် တဒါရုံ (၆)မျိုးကို ထပ်မံ၍ ဖော်ပြပေအံ့။

[၉၈၄] (ဝိသုဒ္ဓိ၊၂၊၈၇။)

[၉၈၅] မှတ်ချက်---- တစ်ခုတည်းသော မနောဒွါရာဝဇ္ဇန်းက အာရုံ (၆)ပါးလုံးကို ပြိုင်တူ အာရုံမယူနိုင်သဖြင့် အာရုံ (၆)မျိုး ခွဲ၍ ရှုရမည်ဖြစ်သည်။ ထိုကြောင့် အာရုံ (၆)မျိုး ခွဲ၍ ထပ်မံ တင်ပြအပ်ပါသည်။

[၉၈၆] မှတ်ချက်---- အနက်အဓိပ္ပါယ် သဘောပေါက်လောက်ပေပြီ၊ နည်းမှီ၍ ရှုပါလေ။

[၉၈၇] (ဝိသုဒ္ဓိ၊၂၊၈၇။)

[၉၈၈] မှတ်ချက်---- ဤဟသိတုပ္ပါဒ်စိတ်ကား ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌သာလျှင် ဖြစ်သော စိတ်အမျိုးအစား ဖြစ်သဖြင့် ရဟန္တာပုဂ္ဂိုလ်တို့သာ ရှုရမည့်စိတ် ဖြစ်ပေသည်။

[၉၈၉] (ဝိသုဒ္ဓိ၊၂၊၉၁။)

[၉၉၀] (ဝိသုဒ္ဓိ၊၂၊၉၁။)

[၉၉၁] (ဝိသုဒ္ဓိ၊၂၊၉၁။)

[၉၉၂] သဘာဝဣဋ္ဌာရုံဟူသည် ပင်ကိုယ်သဘာဝအတိုင်း အလိုရှိအပ်သော ဣဋ္ဌာရုံတည်း။ ပရိကပ္ပဣဋ္ဌာရုံဟူသည် ဣဋ္ဌ ဖြစ်အောင် ကြံဆောင်ပြုပြင်၍ ထားအပ်သော အာရုံတည်း။ ငါးပိသည် ပင်ကိုယ်က အနိဋ္ဌာရုံဖြစ်သော်လည်း ဣဋ္ဌဖြစ်အောင် ပြုပြင်မွမ်းမံ လိုက်သောအခါ ဣဋ္ဌဖြစ်လာ၏သို့ မှတ်ပါ။

[၉၉၃] (အဘိ၊ဋ္ဌ၊၁၊၁၆၀။)

[၉၉၄] မှတ်ချက်---- ဤဒုတိယတစ်နည်းဖွင့်ဆိုချက်ကား အပ္ပနာစျာန်သို့ မဆိုက်သေးသော ခဏိကသမာဓိ, ပရိကမ္မသမာဓိ, ဥပစာရ သမာဓိတို့နှင့် ယှဉ်သော သုခ = သောမနဿဝေဒနာ, အပ္ပနာစျာန်နှင့်ယှဉ်သော သုခ = သောမနဿဝေဒနာ, ဝိပဿနာဉာဏ်နှင့် ယှဉ်သော သုခ = သောမနဿဝေဒနာတို့ကို အထူးရည်ညွှန်းထားပေသည်။ ပထမအဖွင့်ကား သုခ = သောမနဿဝေဒနာအားလုံး အတွက်ပင် ဖွင့်ဆိုထား၏၊ သို့သော် လောဘမူ သောမနဿဝေဒနာဖြစ်မူ ပဿဒ္ဓိမှာ ပဒဋ္ဌာန် မဖြစ်နိုင်သဖြင့် ဝတ္ထု-အာရုံသမ္ပယုတ္တဓမ္မဟူသော အကြောင်းသုံးမျိုးတို့တွင် တစ်မျိုးမျိုးသည်သာလျှင် ပဒဋ္ဌာန်ဖြစ်နိုင်ပေသည်။

[၉၉၅] (အဘိ၊ဋ္ဌ၊၁၊၂၉၈။ ဝိသုဒ္ဓိ၊၂၊၉၁၊၊)

[၉၉၆] မှတ်ချက်---- သဘာဝအားဖြင့် အနိဋ္ဌဖြစ်သောအာရုံကို အနိဋ္ဌအခြင်းအရာအားဖြင့် ခံစားမှုသည်လည်း ဒေါမနဿဝေဒနာပင် ဖြစ်၏၊ တိတ္ထိတို့သည် သဘာဝအတိဣဋ္ဌာရုံဖြစ်သော ဘုရားအစရှိသောအာရုံကို အနိဋ္ဌဟု အယူရှိကြ၏၊ ပရိကပ္ပအနိဋ္ဌာရုံတည်း။ ယင်းတိတ္ထိတို့၏ ကြံစည်စိတ်ကူးမှုကြောင့် ခံယူချက်မှားမှုကြောင့် ယင်းတို့အဖို့ ဣဋ္ဌသည်ပင် အနိဋ္ဌဖြစ်နေ၏၊ ယင်းအနိဋ္ဌာရုံကို ပရိကပ္ပအားဖြင့် အနိဋ္ဌအခြင်းအရာအားဖြင့် သုံးဆောင် ခံစားခြင်းသည်လည်း ဒေါမနဿဝေဒနာပင် ဖြစ်၏၊

[၉၉၇] (ဝိသုဒ္ဓိ၊၂၊၉၁။)

[၉၉၈] (အဘိ၊ဋ္ဌ၊၁၊၂၁၈။)

[၉၉၉] (အဘိ၊ဋ္ဌ၊၁၊၂၂၂။)

[၁၀၀၀] (အဘိ၊ဋ္ဌ၊၁၊၁၅၃-၁၅၄။)

[၁၀၀၁] (ဝိသုဒ္ဓိ၊၂၊၉၂။)

[၁၀၀၂] (အဘိ၊ဋ္ဌ၊၁၊၁၅၁-၁၅၂။ ဝိသုဒ္ဓိ၊၂၊၉၃။)

[၁၀၀၃] (အဘိ၊ဋ္ဌ၊၁၊၁၅၄-၁၅၅။ ဝိသုဒ္ဓိ၊၂၊၉၃။)

[၁၀၀၄] (အဘိ၊ဋ္ဌ၊၁၊၁၆၁-၁၆၂။ ဝိသုဒ္ဓိ၊၂၊၉၄။)

[၁၀၀၅] (သံ၊၂၊၁၂။)

[၁၀၀၆] (အဘိ၊ဋ္ဌ၊၁၊၁၆၇။)

[၁၀၀၇] ရူပါရူပဇီဝိတိန္ဒြိယာနံ သမာနလက္ခဏာဒိံ ဝတ္တုံ 'အတ္တနာ အဝိနိဘုတ္တဓမ္မာန'န္တိ အာဟ။ (မူလဋီ၊၁၊၉၀။)
သမ္ပယုတ္တာနံ-ဟု ဆိုလိုက်လျှင် သမ္ပယုတ္တပစ္စည်းတပ်သော နာမ်တရားနှင့်သာ ဆိုင်၏၊ ဤ၌ကား ရုပ်ဇီဝိတိန္ဒြေ နာမ်ဇီဝိတိန္ဒြေ နှစ်မျိုးတို့၏ သဘာဝလက္ခဏာ စသည်တို့၏ တူညီမှုရှိပုံကို ဖွင့်ဆိုခြင်းငှာ- ''အတ္တနာ အဝိနိဘုတ္တာနံ ဓမ္မာနံ = မိမိနှင့် အသီးအခြား မခွဲခြားအပ်ကုန်သော အတူဖြစ်ဖက် သဟဇာတ်တရားတို့ကို'' စောင့်ရှောက်ခြင်းသဘော လက္ခဏာ ရှိ၏- ဤသို့ စသည်ဖြင့် ဖွင့်ဆိုထားတော်မူ၏၊ ထိုကြောင့် ရုပ်ဇီဝိတိန္ဒြေကို ရုပ်ပိုင်း၌ ဖွင့်ဆိုရေးသားခဲ့ပြီး ဖြစ်သဖြင့် နာမ်ဇီဝိတိန္ဒြေကိုသာ ကွက်၍ ဆိုရသော် လက္ခဏ-ရသစသည်ကို အောက်ပါအတိုင်း မှတ်သားနိုင်ပါသည်။

[၁၀၀၈] (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)

[၁၀၀၉] (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)

[၁၀၁၀] ပုရိမမနတော ဝိသဒိသမနံ ကရောတီတိပိ မနသိကာရော။ (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)

[၁၀၁၁] တတ္ထ ယောနိသောမနသိကာရဗဟုလီကာရောတိ ကုသလာဒီသု တံတံသဘာဝရသလက္ခဏာဒိကဿ ယာထာဝတော အဝဗုဇ္ဈနဝသေန ဥပ္ပန္နော ဉာဏသမ္ပယုတ္တစိတ္တုပ္ပါဒေါ။ သော ဟိ အဝိပရီတမနသိကာရတာယ ''ယောနိသော မနသိကာရော''တိ ဝုတ္တော၊ တဒါဘောဂတာယ အာဝဇ္ဇနာပိ တဂ္ဂတိကာဝ၊ တဿ အဘိဏှပဝတ္တနံ ဗဟုလီကာရော။ (မ၊ဋီ၊၁၊၃၈၁။)

[၁၀၁၂] (ပြည်-ဝိသုဒ္ဓိမဂ်နိဿယ၊၃၊၂၈၅။)

[၁၀၁၃] (အဘိ၊ဋ္ဌ၊၁၊၁၅၇။ ဝိသုဒ္ဓိ၊၁၊၁၃၈။)

[၁၀၁၄] (အဘိ၊ဋ္ဌ၊၁၊၁၅၈။)

[၁၀၁၅] (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)

[၁၀၁၆] (အဘိ၊ဋ္ဌ၊၁၊၁၆၄။ ဝိသုဒ္ဓိ၊၂၊၉၃။)

[၁၀၁၇] (အံ၊၁၊၄၃၀။)

[၁၀၁၈] (အံ၊၃၊၁၄၇-၁၅၀- ကြည့်ပါ။)

[၁၀၁၉] (အဘိ၊ဋ္ဌ၊၁၊၁၅၈။ ဝိသုဒ္ဓိ၊၁၊၁၃၉။)

[၁၀၂၀] (အဘိ၊ဋ္ဌ၊၁၊၁၇၆-၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)

[၁၀၂၁] (အဘိ၊ဋ္ဌ၊၁၊၂၉၁။ ဝိသုဒ္ဓိ၊၂၊၉၈။)

[၁၀၂၂] ဓမ္မသဘာဝဿ ယာထာဝတော အဒဿနံ စိတ္တဿ အန္ဓဘာဝေါ။ (မဟာဋီ၊၂၊၁၄၉။)

[၁၀၂၃] (အဘိ၊ဋ္ဌ၊၁၊၂၉၁။ ဝိသုဒ္ဓိ၊၂၊၉၈။ မဟာဋီ၊၂၊၁၄၉။)

[၁၀၂၄] န ဟိရိယတီတိ အဟိရိကော။ (ဝိသုဒ္ဓိ၊၂၊၉၈။)

[၁၀၂၅] အဟိရိကဿ ဘာဝေါ အဟိရိကံ (အဟိရိက္ကံ)၊ (ဝိသုဒ္ဓိ၊၂၊၉၈။)

[၁၀၂၆] (အဘိ၊ဋ္ဌ၊၁၊၂၉၁။ ဝိသုဒ္ဓိ၊၂၊၉၈။ မဟာဋီ၊၂၊၁၄၉။)

[၁၀၂၇] န ဩတ္တပ္ပံ အနောတ္တပ္ပံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၁။) န ဩတ္တပ္ပတီတိ အနောတ္တပ္ပံ။ (ဝိသုဒ္ဓိ၊၂၊၉၈။)

[၁၀၂၈] (မဟာဋီ၊၂၊၁၄၉။)

[၁၀၂၉] (အဘိ၊ဋ္ဌ၊၁၊၂၉၂။ ဝိသုဒ္ဓိ၊၂၊၉၉။)

[၁၀၃၀] ယဿ ဓမ္မဿ ဝသေန ဥဒ္ဓတံ ဟောတိ စိတ္တံ၊ တံသမ္ပယုတ္တဓမ္မာ ဝါ၊ သော ဓမ္မော ဥဒ္ဓစ္စံ။ (မဟာဋီ၊၂၊၁၅၀။)

[၁၀၃၁] အဝူပသမောတိ အသန္နိသိန္နသဗ္ဘာဝမာဟ။ (မူလဋီ၊၁၊၁၂၀။)
အဝူပသမောတိ အသန္နိသိန္နအပ္ပသန္နဘာဝမာဟ။ (မဟာဋီ၊၂၊၁၅၀။)

[၁၀၃၂] (အဘိ၊ဋ္ဌ၊၁၊၂၉၁။ ဝိသုဒ္ဓိ၊၂၊၉၈။)

[၁၀၃၃] အာရမ္မဏဂ္ဂဟဏံ ''မမ ဣဒ''န္တိ တဏှာဘိနိဝေသဝသေန အဘိနိဝိဿ အာရမ္မဏဿ အဝိဿဇ္ဇနံ၊ န အာရမ္မဏကရဏမတ္တံ။ (မဟာဋီ၊၂၊၁၄၉။)

[၁၀၃၄] (အဘိ၊ဋ္ဌ၊၁၊၂၉၀။ ဝိသုဒ္ဓိ၊၂၊၉၈။)

[၁၀၃၅] မိစ္ဆာတိ ဓမ္မသဘာဝဿ ဝိပရီတံ၊ နိစ္စာဒိတောတိ အတ္ထော။ (မဟာဋီ၊၂၊၁၄၉။)

[၁၀၃၆] (အဘိ၊ဋ္ဌ၊၁၊၂၉၇။ ဝိသုဒ္ဓိ၊၂၊၉၉။)

[၁၀၃၇] (အဘိ၊ဋ္ဌ၊၁၊၂၉၈။ ဝိသုဒ္ဓိ၊၂၊၁၀၀။)

[၁၀၃၈] (အဘိ၊၁၊၂၁၆။ စာပိုဒ်-၁၀၆၆၊၊)

[၁၀၃၉] (အဘိ၊ဋ္ဌ၊၁၊၃၉၉။)

[၁၀၄၀] (မူလဋီ၊၁၊၁၆၈-၁၆၉။)

[၁၀၄၁] (သုတ္တနိပါတအဋ္ဌကထာ၊၁၁။)

[၁၀၄၂] (ဒီ၊၃၊၂၁၈။)

[၁၀၄၃] (အံ၊၃၊၂၀၈။)

[၁၀၄၄] (အဘိ၊ဋ္ဌ၊၁၊၂၉၉။ ဝိသုဒ္ဓိ၊၂၊၁၀၀။)

[၁၀၄၅] ဥသူယနံ အသဟနံ။ (မဟာဋီ၊၂၊၁၅၂။)

[၁၀၄၆] (အဘိ၊ဋ္ဌ၊၁၊၂၉၉။ ဝိသုဒ္ဓိ၊၂၊၁၀၀။)

[၁၀၄၇] (အဘိ၊ဋ္ဌ၊၁၊၂၉၉။ ဝိသုဒ္ဓိ၊၂၊၁၀၀။)

[၁၀၄၈] (အဘိ၊ဋ္ဌ၊၁၊၂၉၇။ ဝိသုဒ္ဓိ၊၂၊၉၉၊၊)

[၁၀၄၉] (အဘိ၊ဋ္ဌ၊၁၊၂၉၇။ ဝိသုဒ္ဓိ၊၂၊၉၉၊၊)

[၁၀၅၀] မှတ်ချက်---- ဆိတ်ငြိမ်ရာ တောကျောင်း တောင်ကျောင်းတို့၌ နေထိုင်သီတင်းသုံးဖို့ရန် အကြောင်းအမျိုးမျိုး ပြကာ စိတ်ဓာတ် တွန့်ဆုတ်နေသည့်သဘော၊ သမထ ဝိပဿနာ လုပ်ငန်းရပ်တို့၌ အကြောင်းအမျိုးမျိုး ပြကာ ဝေ့လည်ကြောင်ပတ်လုပ်ကာ အားထုတ် ဖို့ရန် စိတ်ဓာတ်တွန့်ဆုတ်နေသည့်သဘော၊ ''ဒီကျင့်စဉ်ကတော့ ဘုရားဟော ဟုတ်ပုံတော့ မရပါ'' စသည်ဖြင့် ဝေဖန်ရေးသမား ပြုလုပ်နေသည့်သဘော ဖြစ်သည်။

[၁၀၅၁] (အဘိ၊ဋ္ဌ၊၁၊၃၀၀။ ဝိသုဒ္ဓိ၊၂၊၁၀၁၊၊)

[၁၀၅၂] ''နိစ္စံ နု ခေါ ဣဒံ, အနိစ္စံ နု ခေါ''တိအာဒိပဝတ္တိယာ ဧကသ္မိံ အာကာရေ သဏ္ဌာတုံ အသမတ္ထတာယ သမန္တတော သေတီတိ သံသယော။ (အဘိ၊ဋ္ဌ၊၁၊၃၀၁။)

[၁၀၅၃] တသ္မာ တိဟ ဘိက္ခဝေ အဘိက္ခဏံ သကံ စိတ္တံ ပစ္စဝေက္ခိတဗ္ဗံ ''ဒီဃရတ္တမိဒံ စိတ္တံ သံကိလိဋ္ဌံ ရာဂေန ဒေါသေန မောဟေနာ''တိ။ စိတ္တသံကိလေသာ ဘိက္ခဝေ သတ္တာ သံကိလိဿန္တိ၊ စိတ္တဝေါဒါနာ သတ္တာ ဝိသုဇ္ဈန္တိ။ (သံ၊၂၊၁၂၃။)

[၁၀၅၄] (အဘိ၊ဋ္ဌ၊၁၊၁၆၃။ ဝိသုဒ္ဓိ၊၂၊၉၄။)

[၁၀၅၅] (မူလဋီ၊၁၊၈၉။)

[၁၀၅၆] (အဘိ၊ဋ္ဌ၊၁၊၁၆၅။ ဝိသုဒ္ဓိ၊၂၊၉၄။)

[၁၀၅၇] သမ္ပယုတ္တဓမ္မေ အာရမ္မဏာဘိမုခံ သာရေန္တော ဝိယ ဟောတီတိ မနသိကာရော သာရဏလက္ခဏော ဝုတ္တော။ သတိယာ ဝုတ္တော။ သတိယာ ပစ္စုပဋ္ဌာနတာတိ အယမေတေသံ ဝိသေသော။ (မဟာဋီ၊၂၊၁၄၇။)

[၁၀၅၈] (ဝိသုဒ္ဓိ၊၂၊၉၄။)

[၁၀၅၉] (ဝိသုဒ္ဓိ၊၂၊၉၄။)

[၁၀၆၀] (ဝိသုဒ္ဓိ၊၂၊၉၄။)

[၁၀၆၁] (အဘိ၊ဋ္ဌ၊၁၊၁၇၀-၁၇၁။ ဝိသုဒ္ဓိ၊၂၊၉၄။)

[၁၀၆၂] (အဘိ၊ဋ္ဌ၊၁၊၁၇၀။ ဝိသုဒ္ဓိ၊၂၊၉၄။)

[၁၀၆၃] (အဘိ၊ဋ္ဌ၊၁၊၁၇၁။ ဝိသုဒ္ဓိ၊၂၊၉၅။)

[၁၀၆၄] (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)

[၁၀၆၅] (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။)

[၁၀၆၆] (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။)

[၁၀၆၇] (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။)

[၁၀၆၈] (မူလဋီ၊၁၊၉၇။)

[၁၀၆၉] (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။)

[၁၀၇၀] (အဘိ၊ဋ္ဌ၊၁၊၁၇၅။ ဝိသုဒ္ဓိ၊၂၊၉၆။)

[၁၀၇၁] (အဘိ၊ဋ္ဌ၊၁၊၁၇၅။ ဝိသုဒ္ဓိ၊၂၊၉၆။)

[၁၀၇၂] (အဘိ၊ဋ္ဌ၊၂၊၄၇၅။ မဟာဋီ၊၂၊၁၄၆။)

[၁၀၇၃] ဧတ္ထ စ စိတ္တပဿဒ္ဓိအာဒီဟိ စိတ္တမေဝ ပဿဒ္ဓံ, လဟု, မုဒု, ကမ္မညံ, ပဂုဏံ, ဥဇု စ ဟောတိ။ ကာယပဿဒ္ဓိအာဒီဟိ ပန ရူပကာယောပိ။ တေနေဝေတ္ထ ဘဂဝတာ ဓမ္မာနံ ဒုဝိဓတာ ဝုတ္တာ၊ န သဗ္ဗတ္ထ။ (မဟာဋီ၊၂၊၁၄၆၊၊)

[၁၀၇၄] မှတ်ချက်---- အဋ္ဌကထာများ၌ အထက်ပါအတိုင်း ဝိရတိစေတသိက် သုံးပါးလုံးကို တပေါင်းတစည်းတည်း ပြု၍ လက္ခဏရသ စသည်တို့ကို ဖွင့်ဆိုထားပေသည်၊ ဉာဏ်ရင့်သူတို့ကား သဘောပေါက်၍ ရှုကွက်ကိုလည်း နားလည်နိုင်၍ ရှုတတ်ကြမည် ဖြစ်သည်။ ဉာဏ်နုသူတို့ကား ရှုကွက်ကို သဘောပေါက်ချင်မှ ပေါက်ပေမည်။ သို့အတွက် ယင်း စေတသိက်တို့ကို တစ်လုံးစီခွဲ၍ ထပ်မံ၍ ရေးသားတင်ပြထားပါသည်။ စိတ္တက္ခဏတစ်ချက်အတွင်း၌ တစ်နည်း- ဇောဝီထိစိတ်အစဉ်တစ်ခုအတွင်း၌ ယင်းဝိရတိ စေတသိက်တို့သည် လောကီအခိုက်၌ တစ်လုံးစီသာ ဖြစ်နိုင်၍ ယင်းစေတသိက်တို့ကို သိမ်းဆည်းရှုပွားသောအခါ၌လည်း တစ်လုံးစီသာ ခွဲ၍ ရှုရမည် ဖြစ်သောကြောင့်တည်း။

[၁၀၇၅] (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၇။)

[၁၀၇၆] မှတ်ချက်---- ဝစီဒုစရိုက် လေးမျိုး ရှိနေသဖြင့် တစ်ခုခုကို အာရုံယူ၍ ရှုရန် ဖြစ်သည်။ သို့မဟုတ် ဝစီဒုစရိုက် တစ်ခုစီကို အာရုံယူ၍ ရှုပါ။ မုသားစကားပြောဆိုခြင်း ဝစီဒုစရိုက်မှ ရှောင်ကြဉ်မှုကို ပုံစံထုတ်၍ ထပ်မံ တင်ပြအပ်ပါသည်။

[၁၀၇၇] ပိသုဏဝါစာ = ကုန်းတိုက်စကား, ဖရုသဝါစာ = ကြမ်းတမ်းသောစကား, သမ္ဖပ္ပလာပါ = ပြိန်ဖျင်းသောစကားတို့ကို ပြောကြား ခြင်းမှ ရှောင်ကြဉ်ခြင်းတို့၌လည်း နည်းမှီ၍ ရှုပါ။

[၁၀၇၈] အဒိန္နာဒါန ကာမေသုမိစ္ဆာစာရ ဒုစရိုက်တို့မှ ရှောင်ကြဉ်မှုတို့၌လည်း နည်းမှီ၍ ရှုပါ။

[၁၀၇၉] မှတ်ချက်---- ဤမိစ္ဆာဇီဝပိုင်း၌လည်း ပုံစံအမျိုးမျိုးပင်ရှိ၏၊ ရဟန်းတော်များနှင့်သက်ဆိုင်သော မိစ္ဆာဇီဝ, လူပိုင်းနှင့် သက်ဆိုင် သော မိစ္ဆာဇီဝဟု များစွာရှိ၏၊ မိမိ၏ ရုပ်နာမ်သန္တာန်အစဉ်၌ ဖြစ်ဖူးသော မိစ္ဆာဇီဝတစ်ခုခုကို အာရုံယူ၍သာ ရှုပါ။ ဥပမာ မိမိအတွက် ကြက်ကို သတ်၍ ချက်ကျွေးရာ၌ သိသဖြင့် မစားဘဲ ရှောင်ကြဉ်လိုက်၏၊ ယင်းရှောင်ကြဉ်မှုမျိုးကို အာရုံယူ၍ ရှုပါ။

[၁၀၈၀] (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၇။)

[၁၀၈၁] (စာမျက်နှာ၊၂၅၆-၂၅၉။)

[၁၀၈၂] (ဝိသုဒ္ဓိ၊၂၊၉၅။)

[၁၀၈၃] (ဝိသုဒ္ဓိ၊၂၊၆၈။)

[၁၀၈၄] (မဟာဋီ၊၂၊၇၆။)

[၁၀၈၅] အသမ္မောဟပစ္စုပဋ္ဌာန---- ဥပ္ပဇ္ဇမာနော ဧဝ ဟိ ပညာလောကော ဟဒယန္ဓကာရံ ဝိဓမေန္တော ဧဝံ ဥပ္ပဇ္ဇတိ၊ တတော ဧဝ ဓမ္မသဘာဝေသု အသမ္မုယှနာကာရေန ပစ္စုပတိဋ္ဌတီတိ အသမ္မောဟပစ္စုပဋ္ဌာနာ။ ကာရဏဘူတာ ဝါ သယံ ဖလဘူတံ အသမ္မောဟံ ပစ္စုပဋ္ဌာပေတီတိ ဧဝမ္ပိ အသမ္မောဟပစ္စုပဋ္ဌာနာ။ (မဟာဋီ၊၂၊၇၆။)

[၁၀၈၆] (အဘိ၊ဋ္ဌ၊၁၊၁၆၆။)

[၁၀၈၇] (အဘိ၊ဋ္ဌ၊၁၊၁၆၅။)

[၁၀၈၈] သာ ပနေသာ ဩဘာသနလက္ခဏာ စ ပညာ, ပဇာနနလက္ခဏာ စ။ (အဘိ၊ဋ္ဌ၊၁၊၁၆၅။)
ပညောဘာသသမော ဩဘာသော နာမ နတ္ထိ။ (အဘိ၊ဋ္ဌ၊၁၊၁၆၆။)

[၁၀၈၉] (မိလိန္ဒ၊၃၈။ အဘိ၊ဋ္ဌ၊၁၊၁၆၆။)

[၁၀၉၀] (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)

[၁၀၉၁] (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)

[၁၀၉၂] ပဋိသန္ဓိဇနနတ္ထံ အာယူဟန္တိ ဗျာပါရံ ကရောန္တီတိ အာယူဟနရသာ။ (မူလဋီ၊၂၊၉၀။)

[၁၀၉၃] (မူလဋီ၊၂၊၉၀။ အနုဋီ၊၂၊၉၅။)

[၁၀၉၄] (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉၊၊)

[၁၀၉၅] (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)

[၁၀၉၆] (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)

[၁၀၉၇] (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)

[၁၀၉၈] (မဟာဋီ၊၂၊၂၅၄။)

[၁၀၉၉] ဒဿနဿ ယထာသကံ ဝိသယဂ္ဂဟဏဿ ကရဏတော ဒဿနရသံ။ (မဟာဋီ၊၂၊၂၅၄။)

[၁၁၀၀] အာယတနလက္ခဏန္တိ ဃဋနလက္ခဏံ, အာယာနံ တနနလက္ခဏံ ဝါ။ အာယတနံ ဃဋနန္တိ စ တံတံဒွါရိကဓမ္မပ္ပဝတ္တနမေဝ ဒဋ္ဌဗ္ဗံ။ (အနုဋီ၊၂၊၉၅။ မဟာဋီ၊၂၊၂၅၄။)

[၁၁၀၁] (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)

[၁၁၀၂] (သံ၊ဋ္ဌ၊၃၊။)

[၁၁၀၃] (သံ၊ဋ္ဌ၊၃၊။)

[၁၁၀၄] (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)

[၁၁၀၅] (မူလဋီ၊၂၊၉၁။)

[၁၁၀၆] မှတ်ချက်---- စ က္ခု သ မ္ဖ ဿ ဇာ ဝေဒနာအရ စက္ခုဝိညာဏ်နှင့် ယှဉ်တွဲသော ဝေဒနာသာမက ရူပါရုံကို အာရုံပြုကြသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ စိတ္တက္ခဏတို့၌ယှဉ်သော ကုသလဝိပါက် အကုသလဝိပါက် ဝေဒနာတို့ကို အာရုံယူ၍လည်း ရှုနိုင်ပါသည်။ သောတသမ္ဖဿဇာ ဝေဒနာ စသည်တို့၌လည်း နည်းတူပင်တည်း။

[၁၁၀၇] မှတ်ချက်---- သုတ္တန္တဘာဇနီယနည်းအရ ဝေဒနာ (၆)မျိုးလုံးမှာ ဝိပါက်ဝေဒနာချည်း ဖြစ်ကြသဖြင့် အာရုံ (၆)ပါးကို ထိုက်သည့်အားလျော်စွာ အာရုံပြုကြသည့် ဝိပါက်ဝေဒနာအားလုံးကို ရှုနိုင်ပါက ပို၍ကောင်းပါသည်၊၊

[၁၁၀၈] (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၅၉။)

[၁၁၀၉] (မူလဋီ၊၂၊၉၁။)

[၁၁၁၀] မှတ်ချက်---- အတိတ် အ ကြောင်းတရား (၅)ပါးကြောင့် ပစ္စုပ္ပန်အကျိုးတရား (၅)ပါး ဖြစ်၍, ပစ္စုပ္ပန်အကြောင်းတရား (၅)ပါးကြောင့် အနာဂတ်အကျိုးတရား (၅)ပါး ဖြစ်၏- ဟူသော ဒေသနာတော်များနှင့် အညီ ပစ္စုပ္ပန်တဏှာသည် အနာဂတ်ခန္ဓာကို ဖြစ်စေမည့် အကြောင်းတရားပိုင်းတွင် အကျုံးဝင်၍ ပစ္စုပ္ပန်ခန္ဓာ (၅)ပါးကို ဖြစ်စေသော တဏှာသည် အတိတ်အကြောင်းတရားပိုင်းတွင် အကျုံးဝင်ပေသည်။ ထိုကြောင့် ပစ္စုပ္ပန်တဏှာသည် အနာဂတ်ခန္ဓာကို ဖြစ်စေမည့် ဝဋ္ဋကထာပိုင်းတွင် အကျုံးဝင်သည်ကို လည်းကောင်း, ဆိုင်ရာအတိတ်ဘဝက ပြုစုပျိုးထောင်ခဲ့သော တဏှာသည် ပစ္စုပ္ပန်ခန္ဓာကို ဖြစ်စေသည့် ဝဋ္ဋကထာပိုင်းတွင် အကျုံးဝင်သည်ကိုလည်းကောင်း သတိပြုပါ။ ပစ္စုပ္ပန်တဏှာကို ရှုရာ၌ အနာဂတ်ခန္ဓာကို ဖြစ်စေမည့် အကြောင်းတရားပိုင်းတွင် အကျုံးဝင်နေသည်ကိုကား မမေ့ပါနှင့်။ တဏှာနှင့်တကွသော ဆိုင်ရာအကြောင်းတရားများနှင့် ဆိုင်ရာအကျိုးတရားများကို အကြောင်း အကျိုး စပ်တတ်ဖို့ကား အရေးကြီးလှသော အပိုင်းကဏ္ဍပင် ဖြစ်သည်။

[၁၁၁၁] (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၆၀။)

[၁၁၁၂] (မူလဋီ၊၂၊၉၁။)

[၁၁၁၃] (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၆၀။)

[၁၁၁၄] မှတ်ချက်----အထက်ပါအဋ္ဌကထာများ၌ ဘဝအရ (၁) ကမ္မဘဝ (၂) ဥပပတ္တိဘဝ နှစ်မျိုးလုံးကိုပင် စုပေါင်း၍ တစ်ပေါင်းတည်း ရေးသားတင်ပြထားတော်မူကြ၏၊ ထိုကြောင့် ဉာဏ်နုသူများအတွက် ရှုကွက်ကို သဘောပေါက်နိုင်ရန် ခွဲ၍ ရှုရမည့် ရှုကွက်ကို ထပ်မံ ရေးသားတင်ပြအပ်ပါသည်။

[၁၁၁၅] (အဘိ၊ဋ္ဌ၊၂၊၁၂၉။ ဝိသုဒ္ဓိ၊၂၊၁၆၀။)

[၁၁၁၆] (အဘိ၊ဋ္ဌ၊၂၊၉၀။ ဝိသုဒ္ဓိ၊၂၊၁၃၀။)

[၁၁၁၇] (မူလဋီ၊၂၊၆၁။)

[၁၁၁၈] (အဘိ၊ဋ္ဌ၊၂၊၉၄။ ဝိသုဒ္ဓိ၊၂၊၁၃၂။)

[၁၁၁၉] (အဘိ၊ဋ္ဌ၊၂၊၉၅။ ဝိသုဒ္ဓိ၊၂၊၁၃၃၊၊)

[၁၁၂၀] မှတ်ချက်---- ဤ ဇာတိ-ဇရာ-မရဏတို့ကို သမုတိသစ္စာပိုင်း ပရမတ္ထသစ္စာပိုင်း နှစ်ပိုင်းခွဲ၍ ရှုလိုပါက ရှုနိုင်ပါသည်။ သမုတိသစ္စာအားဖြင့် ဘဝတစ်ခုဝယ် ပဋိသန္ဓေကား ဇာတိ, စုတိကား မရဏ, အိုမင်းသည့်ခန္ဓာတို့ကား ဇရာတို့တည်း။ ပရမတ္ထ သစ္စာအားဖြင့်ကား ထိုထိုရုပ်နာမ်တို့၏ ဥပါဒ်ကား ဇာတိ, ဌီကား ဇရာ, ဘင်ကား မရဏတည်း။

[၁၁၂၁] (အဘိ၊ဋ္ဌ၊၂၊၉၇။ ဝိသုဒ္ဓိ၊၂၊၁၃၄။)

[၁၁၂၂] မှတ်ချက်---- အဋ္ဌကထာများ၌ ဇာတိမှ စ၍ ဥပါယာသတိုင်အောင် ပဒဋ္ဌာန်ကို ဖော်ပြဖွင့်ဆိုချက် မလာရှိပေ။ ဤကျမ်း၌လည်း သောကစသည်ကား ဇာတိ၏ မုချမဟုတ်သော အကျိုးဆက်များ ဖြစ်၍ ဤနေရာမှ စ၍ ပဒဋ္ဌာန်ကို ပါဠိလို မဖော်ပြတော့ဘဲ မြန်မာပြန်၌သာ လက်သည်းကွင်းငယ်ဖြင့် ဖော်ပြထားပါသည်။ သို့သော် ပဒဋ္ဌာန်ကား မရှိသည်မဟုတ် ရှိသည်သာ ဖြစ်သည်။ ပဒဋ္ဌာန်များစွာ ရှိနိုင်၍ ထူးကဲသော အကြောင်းတရားများ မဟုတ်၍ မဖွင့်ဆိုခြင်း ဖြစ်ပေရာသည်။ အညတရညတရေန ဒုက္ခဓမ္မေန ဖုဋ္ဌဿ- စသည်ဖြင့် ပဋိစ္စသမုပ္ပါဒ် ဝိဘင်းပါဠိတော် သုတ္တန္တဘာဇနီယနည်း၌ ဘုရားရှင် ဟောကြားထားတော်မူခြင်းကြောင့် ဉာတိဗျသန = ဆွေမျိုးတို့၏ ပျက်စီးခြင်း စသော အကြောင်းတရား တစ်မျိုးမျိုးသည် ပဒဋ္ဌာန်ပင်တည်းဟု မှတ်ပါ။ ယင်းသဘော တရားတို့ကို တစ်နည်းတစ်ဖုံအားဖြင့် ဆိုရမူ မှီရာဝတ္ထုရုပ် သို့မဟုတ် ဆိုင်ရာဒွါရတို့ကို ဉာတိဗျသနစသော ဆိုင်ရာအနိဋ္ဌာရုံတို့က ရိုက်ခတ်သောအခါ ဖဿစသော သမ္ပယုတ်တရားတို့က ဝိုင်းဝန်း၍ ကျေးဇူးပြုပေးသဖြင့် ဒေါမနဿဝေဒနာဟူသော သောက စသည်တို့သည် ဖြစ်ပေါ်လာကြရ၏၊ သို့အတွက် ဝတ္ထု = ဒွါရ, အနိဋ္ဌာရုံ, ဖဿ စသော သမ္ပယုတ်တရားတို့ကား ပဒဋ္ဌာန်ပင်တည်း။

[၁၁၂၃] (အဘိ၊ဋ္ဌ၊၂၊၉၈။ ဝိသုဒ္ဓိ၊၂၊၁၃၄။)

[၁၁၂၄] (ဝိသုဒ္ဓိ၊၂၊၁၃၄။)

[၁၁၂၅] (ဝိသုဒ္ဓိ၊၂၊၁၃၅။)

[၁၁၂၆] (ဝိသုဒ္ဓိ၊၂၊၁၃၅။)

[၁၁၂၇] (ဝိသုဒ္ဓိ၊၂၊၁၃၅။)

[၁၁၂၈] (အဘိ၊ဋ္ဌ၊၂၊၉၉။)

[၁၁၂၉] (အဘိ၊ဋ္ဌ၊၂၊၉၉။ ဝိသုဒ္ဓိ၊၂၊၁၃၅ )

[၁၁၃၀] မှတ်ချက်---- ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌- စိတ္တပရိဟဒနလက္ခဏော = ဥပါယာသသည် စိတ်ကို ထက်ဝန်းကျင်မှ လောင်ခြင်း သဘောလက္ခဏာ ရှိ၏ဟု လာရှိ၏၊ သမ္မောဟဝိနောဒနီအဋ္ဌကထာ၌ကား- ဗျာသတ္တိလက္ခဏော = ဉာတိဗျသနစသော အာရုံတို့၌ ဖောက်ဖောက်ပြန်ပြန် ငြိကပ်ခြင်းသဘော လက္ခဏာ ရှိ၏ဟု လာရှိ၏၊

[၁၁၃၁] နာမရူပပရိစ္ဆေဒေါ, တဿ စ ပစ္စယပရိဂ္ဂဟော န ပဌမာဘိနိဝေသမတ္တေန ဟောတိ၊ အထ ခေါ တတ္ထ အပရာပရံ ဉာဏုပ္ပတ္တိသညိတေန အနု အနု ဗုဇ္ဈနေန။ (ဒီ၊ဋီ၊၂၊၈၉-၉၀။)

[၁၁၃၂] (ဝိသုဒ္ဓိ၊၂၊၂၄၁။)

[၁၁၃၃] (ဝိသုဒ္ဓိ၊၂၊၂၄၁။)

[၁၁၃၄] (မဟာဋီ၊၂၊၃၈၆။)

[၁၁၃၅] (ဝိသုဒ္ဓိ၊၂၊၂၄၃-၂၄၄။)

[၁၁၃၆] စက္ခာယတန သောတာယတန ဃာနာယတန ဇိဝှါယတန ကာယာယတန မနာယတန ဟူသော အတွင်းအာယတန (၆)ပါး + ရူပါယတန သဒ္ဒါယတန ဂန္ဓာယတန ရသာယတန ဖောဋ္ဌဗ္ဗာယတန ဓမ္မာယတန ဟူသော အပြင်အာယတန (၆)ပါး = အာယတန (၁၂)ပါး၊

[၁၁၃၇] စက္ခုဓာတ် သောတဓာတ် ဃာနဓာတ် ဇိဝှါဓာတ် ကာယဓာတ် မနောဓာတ် + ရူပဓာတ် သဒ္ဒဓာတ် ဂန္ဓဓာတ် ရသဓာတ် ဖောဋ္ဌဗ္ဗဓာတ် ဓမ္မဓာတ် + စက္ခုဝိညာဏဓာတ် သောတဝိညာဏဓာတ် ဃာနဝိညာဏဓာတ် ဇိဝှါဝိညာဏဓာတ် ကာယဝိညာဏဓာတ် မနောဝိညာဏဓာတ် = ဓာတ် (၁၈)ပါး၊

[၁၁၃၈] (မဟာဋီ၊၂၊၈၄-၈၅၊၊)

[၁၁၃၉] ယေပိ စ သမ္မသနုပဂါ၊ တေသု ယေ ယဿ ပါကဋာ ဟောန္တိ သုခေန ပရိဂ္ဂဟံ ဂစ္ဆန္တိ၊ တေသု တေန သမ္မသနံ အာရဘိတဗ။ (ဝိသုဒ္ဓိ၊၂၊၂၄၄။)

[၁၁၄၀] ယေ ရူပါရူပဓမ္မာ။ ယဿာတိ ယောဂိနော။ တေသု တေန သမ္မသနံ အာရဘိတဗ္ဗံ ယထာပါကဋံ ဝိပဿနာဘိနိဝေသောတိ ကတွာ။ ပစ္ဆာ ပန အနုပဋ္ဌဟန္တေပိ ဥပါယေန ဥပဋ္ဌဟာပေတွာ အနဝသေသတောဝ သမ္မသိတဗ္ဗာ။ (မဟာဋီ၊၂၊၃၉၁။)

[၁၁၄၁] (မဟာဋီ၊၂၊၃၅၈။)

[၁၁၄၂] (သံ၊၂၊၂၄၉-၂၅၀။)

[၁၁၄၃] (ဝိသုဒ္ဓိ၊၂၊၂၄၃-၂၄၄။)

[၁၁၄၄] (မဟာဋီ၊၂၊၈၄-၈၅၊၊၃၉၁။)

[၁၁၄၅] (အဘိ၊ဋ္ဌ၊၁၊၂၇၀-၂၇၁။)

[၁၁၄၆] (ဝိသုဒ္ဓိ၊၂၊၃၀၀-၃၀၁။)

[၁၁၄၇] အဘိနိဝေသ = ဝိပဿနာနှလုံးသွင်းခြင်း---- ဟူသည် ဝိပဿနာ၏ ရှေ့အဖို့၌ ပြုသင့်ပြုထိုက်သော ပြုကျင့်အပ်သော နာမ်ရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း နာမရူပပရိစ္ဆေဒဉာဏ်ကို ဆိုလိုသည်ဟု သိရှိပါလေ။ ထိုကြောင့် ရှေးဦးစွာ ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းကို ရူပေ အဘိနိဝေသ = ရုပ်တရား၌ စတင်၍ ဝိပဿနာနှလုံးသွင်းခြင်းဟု သိရှိပါလေ။ ကြွင်းကုန်သော အဘိနိဝေသတို့၌လည်း ဤနည်းပင်တည်း။ (မဟာဋီ၊၂၊၄၇၀။) ဝိပဿနာဉာဏ်၏ အရှုခံ အာရုံ ဖြစ်ကြကုန်သော ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းကိုပင် အဘိနိဝေသဟု ဆိုသည်။

[၁၁၄၈] ဝုဋ္ဌာနဂါမိနိဝိပဿနာ---- ဝိပဿနာစိတ်အစဉ်သည် သင်္ခါရအာရုံမှ ထမြောက်၍ သင်္ခါရလွတ်ရာ နိဗ္ဗာန်သို့ တစ်ဟုန်တည်း ပြေးသွား၏၊ သင်္ခါရအာရုံမှ ထမြောက်၍ သင်္ခါရလွတ်ရာ နိဗ္ဗာန်သို့ တစ်ဟုန်တည်း ပြေးသွားသော အထွတ်အထိပ်သို့ ရောက်နေ သော သိခါပတ္တာဝိပဿနာ အမည်ရသော သင်္ခါရုပေက္ခာဉာဏ် အနုလောမဉာဏ် ဂေါတြဘုဉာဏ်ဟု ခေါ်ဆိုသမုတ်အပ်သော ဉာဏ်သုံးပါးအပေါင်း၏ အမည်ဖြစ်သည်။ (ဝိသုဒ္ဓိ၊၂၊၂၉၉။ မဟာဋီ၊၂၊၄၆၉။)

[၁၁၄၉] (ဝိသုဒ္ဓိ၊၂၊၃၀၀။)

[၁၁၅၀] (သံ၊ဋ္ဌ၊၂၊၅၉။)

[၁၁၅၁] (စာမျက်နှာ၊၇၃၂။)

[၁၁၅၂] သင်္ခါရအာရုံမှ ထမြောက်ကာ နိဗ္ဗာန်အာရုံဘက်သို့ တဟုန်တည်း ပြေးသွားသော ဝုဋ္ဌာနဂါမိနိဝိပဿနာကိုပင် ''သင်္ခါရတရားတို့မှ ထမြောက်သွားသည်''ဟု ဆိုလိုသည်။

[၁၁၅၃] ဧကော အာဒိတောဝ အနိစ္စတော သင်္ခါရေ သမ္မသတိ။ ယသ္မာ ပန န အနိစ္စတော သမ္မသနမတ္တေနေဝ ဝုဋ္ဌာနံ ဟောတိ၊ ဒုက္ခတောပိ အနတ္တတောပိ သမ္မသိတဗ္ဗမေဝ၊ တသ္မာ ဒုက္ခတောပိ အနတ္တတောပိ သမ္မသတိ။ တေဿဝံ ပဋိပန္နဿ အနိစ္စတော သမ္မသနကာလေ ဝုဋ္ဌာနံ ဟောတိ၊ အယံ အနိစ္စတော အဘိနိဝိသိတွာ အနိစ္စတော ဝုဋ္ဌာတိ နာမ။ သစေ ပနဿ ဒုက္ခတော အနတ္တတော သမ္မသနကာလေ ဝုဋ္ဌာနံ ဟောတိ၊ အယံ အနိစ္စတော အဘိနိဝိသိတွာ ဒုက္ခတော အနတ္တတော ဝုဋ္ဌာတိ နာမ။ ဧသ နယော ဒုက္ခတော အနတ္တတော အဘိနိဝိသိတွာ သေသဝုဋ္ဌာနေသုပိ။ (ဝိသုဒ္ဓိ၊၂၊၃၀၁၊၊)

[၁၁၅၄] (အဘိ၊ဋ္ဌ၊၂၊၄၆-၄၇။)

[၁၁၅၅] (အဘိ၊ဋ္ဌ၊၂၊၄၇။) ၄၆၄

[၁၁၅၆] သမူဟဂဟဏဝသေန ပဝတ္တံ ကလာပသမ္မသနံ။ ဖဿာဒိဧကေကဓမ္မဂဟဏဝသေန ပဝတ္တာ အနုပဒဓမ္မဝိပဿနာ။ (မူလဋီ၊၁၊၁၀၉။)

[၁၁၅၇] (ဝိသုဒ္ဓိ၊၂၊၂၄၁။)

[၁၁၅၈] (ဝိသုဒ္ဓိ၊၂၊၂၄၃။)

[၁၁၅၉] သပ္ပစ္စယနာမရူပဝသေန တိလက္ခဏံ အာရောပေတွာ ဝိပဿနာပဋိပါဋိယာ ''အနိစ္စံ ဒုက္ခံ အနတ္တာ''တိ သမ္မသန္တော ဝိစရတိ။ (မ၊ဋ္ဌ၊၁၊၂၈၁။)

[၁၁၆၀] အသုဘာ ဘာဝေတဗ္ဗာ ရာဂဿ ပဟာနာယ။ (ဥဒါနပါဠိ။ ခု၊၁၊၁၂၀။)

[၁၁၆၁] (ခု၊၁၊၃၀၈။)

[၁၁၆၂] (သံ၊၂၊၇၁။)

[၁၁၆၃] မှတ်ချက်---- ရု ပ် အ တု များကား လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာ မရှုကောင်းသော ရုပ်တရားများ ဖြစ်ကြသဖြင့် ယင်းရုပ်အတုများကိုကား ဝိပဿနာမရှုပါနှင့်။

[၁၁၆၄] မှတ်ချက်---- ရုပ်တရားတို့ကို ဝိပဿနာရှုရာ၌ အနုပါဒိဏ္ဏသင်္ခါရဟူသည့် သက်မဲ့ရုပ်တရားတို့ကိုပါ ထည့်သွင်း၍ ဝိပဿနာရှုပါ။

[၁၁၆၅] ဧဝံ သင်္ခါရေ အနတ္တတော ပဿန္တဿ ဒိဋ္ဌိသမုဂ္ဃါဋနံ နာမ ဟောတိ။ အနိစ္စတော ပဿန္တဿ မာနသမုဂ္ဃါဋနံ နာမ ဟောတိ။ ဒုက္ခတော ပဿန္တဿ နိကန္တိပရိယာဒါနံ နာမ ဟောတိ။ ဣတိ အယံ ဝိပဿနာ အတ္တနော အတ္တနော ဌာနေယေဝ တိဋ္ဌတီတိ။ (ဝိသုဒ္ဓိ၊၂၊၂၆၄။)

[၁၁၆၆] (ဝိသုဒ္ဓိ၊၂၊၂၆၄။ မဟာဋီ၊၂၊၄၁၅-၄၁၆။)

[၁၁၆၇] ဤ၌ ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်က (= မဟာကုသိုလ် မနောဒွါရိကဝိပဿနာဇောဝီထိစိတ်အစဉ်က) အရဟတ္တမဂ် အရဟတ္တဖိုလ်ကို အာရုံပြုသည်ဟူ၍ကား အယူအဆ မမှားစေလိုပါ။ ယင်းဝိပဿနာဉာဏ်က အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့၏ အကြွင်းမဲ့ ချုပ်ငြိမ်းခြင်း ခန္ဓာငါးပါးတို့၏ အကြွင်းမဲ့ ချုပ်ငြိမ်းခြင်းကိုသာ သိမြင်သည်ဟု ဆိုလိုရင်း ဖြစ်သည်။ ယင်းကဲ့သို့ ချုပ်ငြိမ်းမှုမှာ အရဟတ္တမဂ်၏ စွမ်းအားကြောင့်သာ ချုပ်ငြိမ်းရသဖြင့် နားလည်သဘောပေါက်စေရန် ရည်သန်လျက် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်မည့် ဘဝ၏ ပရိနိဗ္ဗာနစုတိသို့တိုင်အောင်သော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ဝိပဿနာရှုစေခြင်းဖြစ်သည်ဟု မှတ်ပါ။ သတိပဋ္ဌာန်ဒေသနာတော်တို့၌ ညွှန်ကြားထားတော်မူသည့် ဝယဓမ္မာနုပဿီရှုကွက်ပင် ဖြစ်သည်။ (မဟာဋီ၊၂၊၄၂၁။ ဤကျမ်းစာ၊ စာမျက်နှာ-၁၂၁နှင့် ၇၈၄-ကိုလည်း ကြည့်ပါ။) ၁၂၇ ၁၂၃၁

[၁၁၆၈] မှတ်ချက်---- အနာဂတ်ဘဝ ထင်ရှားရှိနေသူတို့အတွက်သာလျှင် အနာဂတ်ဘဝ ခန္ဓာငါးပါးကို ဝိပဿနာရှုရန် ဖြစ်ပါသည်။ အကယ်၍ ယောဂီပုဂ္ဂိုလ်တစ်ဦးက ဤပစ္စုပ္ပန်ဘဝတွင်ပင် အရဟတ္တဖိုလ်သို့ ကျိန်းသေဧကန် ဆိုက်ရောက်မည့် နောက်ဆုံးဘဝ ရှိသူ = ပစ္ဆိမဘဝိကအစစ်ပုဂ္ဂိုလ်မျိုး ဖြစ်ပါမူကား အနာဂတ်ခန္ဓာငါးပါးတို့ကို ရှာကြံ၍ ရှုနေဖွယ် မလို။ သို့သော် ပစ္ဆိမဘဝိက အတုများလည်း ရှိတတ်ကြ၏၊ ထိုပစ္ဆိမဘဝိကအတုတို့ကား ဤဘဝတွင် အရဟတ္တဖိုလ်သို့ မဆိုက်ရောက်ပါက အနာဂတ်ဘဝ ရှိသူများသာ ဖြစ်ကြ၏၊ (ဓမ္မပဒ၊၈၂-၈၄-တွင် လာရှိသော မဟာဓနသူဌေးသားကဲ့သို့ မှတ်ပါ။)

[၁၁၆၉] မှတ်ချက်---- သုခုမရုပ် (၁၆)မျိုးတို့တွင် အာကာသဓာတ် = ပရိစ္ဆေဒရုပ် (၁)ခု, ဝိကာရရုပ် (၅)ခု, လက္ခဏရုပ် (၄)ခု ဤ (၁၀)မျိုးတို့ကား လက္ခဏရေးသုံးတန်သို့ တင်ကာ ဝိပဿနာ မရှုကောင်းသည့် ရုပ်တရားတို့ ဖြစ်ကြ၏၊ သို့သော် ရုပ်နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူသည့် နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌သာ ရောနှော၍ သိမ်းဆည်းရမည့် ရုပ်တရားတို့ ဖြစ်ကြသည်။ အာပေါဓာတ်, ဣတ္ထိဘာဝရုပ်, ပုရိသဘာဝရုပ်, ဟဒယဝတ္ထု, ဇီဝိတ, ကဗဠီကာရအာဟာရ (= ဩဇာ) ဤ (၆)မျိုးသော သုခုမရုပ်တို့သည်သာ လက္ခဏရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ရှုထိုက်သည့် ရုပ်တရားတို့ ဖြစ်ကြသည်။

[၁၁၇၀] (ကြွင်းကျန်သော ခွဲတမ်းချပုံများကို ဝိသုဒ္ဓိ၊၂၊၁၀၄-၁၀၅- စသည်၌ ကြည့်ပါ၊၊)

[၁၁၇၁] အခြား ခွဲခြားသတ်မှတ်ပုံများကိုလည်း (ဝိသုဒ္ဓိ၊၂၊၁၀၆-၁၀၇။)တို့၌ ကြည့်ပါ။

[၁၁၇၂] (ဓမ္မပဒ၊ဋ္ဌ၊၂၊၃၆၉။)

[၁၁၇၃] (စာမျက်နှာ၊၂၀၄- စသည်)၃၀၀

[၁၁၇၄] (သံ၊ဋ္ဌ၊၂၊၂၉၄။)

[၁၁၇၅] ဒုဂ္ဂန္ဓံ အသုစိံ ဗျာဓိံ၊ ဇရံ မရဏပဉ္စမံ။ (သံ၊ဋ္ဌ၊၂၊၂၉၄။ သံ၊ဋ္ဌ၊၃၊၅၉။)၁၀၆

[၁၁၇၆] (ဒီ၊၂၊၂၃၅။ မဟာသတိပဋ္ဌာနသုတ္တန်၊ ကာယာနုပဿနာ-နဝသိဝထိကပဗ္ဗ။)

[၁၁၇၇] ဒီဃဘာဏကမဟာသီဝတ္ထေရော ပန ''နဝသိဝထိကာ အာဒီနဝါနုပဿနာဝသေန ဝုတ္တာ''တိ အာဟ။ (ဒီ၊ဋ္ဌ၊၂၊၃၉၄။ မ၊ဋ္ဌ၊၁၊၃၀၅ )

[၁၁၇၈] (ဝိသုဒ္ဓိ၊၂၊၂၄၆၊၊)

[၁၁၇၉] (ပဋိသံ၊၄၁၁။)

[၁၁၈၀] အနစ္စန္တိကတာယ၊ အာဒိအန္တဝန္တတာယ စ အနိစ္စတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။) အနစ္စန္တိကတာယာတိ အစ္စန္တိကတာဘာဝတော၊ အသဿတတာယာတိ အတ္ထော။ သဿတဥှိ အစ္စန္တိကံ ပရာယ ကောဋိယာ အဘာဝတော။ (မဟာဋီ၊၂၊၃၉၄။)

[၁၁၈၁] ဗျာဓိဇရာမရဏေဟိ ပလုဇ္ဇနတာယ ပလောကတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

[၁၁၈၂] ဗျာဓိဇရာမရဏေဟိ စေဝ လာဘာလာဘာဒီဟိ စ လောကဓမ္မေဟိ ပစလိတတာယ စလတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။) လောကဓမ္မာ လာဘာဒိဟေတုကာ အနုနယပဋိဃာ၊ တေဟိ, ဗျာဓိအာဒီဟိ စ အနဝဋ္ဌိတတာ ပစလိတတာ။ (မဟာဋီ၊၂၊၃၉၆။)

[၁၁၈၃] ဥပက္ကမေန စေဝ သရသေန စ ပဘင်္ဂုပဂမနသီလတာယ ပဘင်္ဂုတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

[၁၁၈၄] သဗ္ဗာဝတ္ထနိပါတိတာယ, ထိရဘာဝဿ စ အဘာဝတာယ အဒ္ဓုဝတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

[၁၁၈၅] ဇရာယ စေဝ မရဏေန စာတိ ဒွေဓာ ပရိဏာမပကတိတာယ ဝိပရိဏာမဓမ္မတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

[၁၁၈၆] ဒုဗ္ဗလတာယ, ဖေဂ္ဂု ဝိယ သုခဘဉ္ဇနီယတာယ စ အသာရကတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

[၁၁၈၇] ဝိဂတဘဝတာယ, ဝိဘဝသမ္ဘူတတာယ စ ဝိဘဝတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)

[၁၁၈၈] မရဏပကတိတာယ မရဏဓမ္မတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)

[၁၁၈၉] ဟေတုပစ္စယေဟိ အဘိသင်္ခတတာယ သင်္ခတတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈၊၊)

[၁၁၉၀] ဥပ္ပါဒဝယပဋိပီဠနတာယ, ဒုက္ခဝတ္ထုတာယ စ ဒုက္ခတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)
ဥပ္ပါဒဝယပဋိပီဠနတာယာ တိ ဥပ္ပါဒေန, ဝယေန စ ပတိ ပတိ ခဏေ ခဏေ တံသမင်္ဂီနော ဝိဗာဓနသဘာဝတ္တာ၊ တေဟိ ဝါ သယမေဝ ဝိဗာဓေတဗ္ဗတ္တာ။ ဥဒယဗ္ဗယဝန္တော ဟိ ဓမ္မာ အဘိဏှံ တေဟိ ပဋိပီဠိတာ ဧဝ ဟောန္တိ၊ ယာ ပီဠနာ ''သင်္ခါရဒုက္ခတာ''တိ ဝုစ္စတိ။ ဒုက္ခဝတ္ထုတာယာတိ တိဝိဓဿာပိ ဒုက္ခဿ, သံသာရဒုက္ခဿ စ အဓိဋ္ဌာနဘာဝတော။ (မဟာဋီ၊၂၊၃၉၄-၃၉၅။)

[၁၁၉၁] (ဝိသုဒ္ဓိ၊၂၊၁၃၀။ မဟာဋီ၊၂၊၁၉၇။)

[၁၁၉၂] ပစ္စယယာပနီယတာယ, ရောဂမူလတာယ စ ရောဂတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

[၁၁၉၃] ဝိဂရဟဏီယတာယ, အဝဍ္ဎိအာဝဟနတာယ, အဃဝတ္ထုတာယ စ အဃတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

[၁၁၉၄] ဒုက္ခတာသူလယောဂိတာယ, ကိလေသာသုစိပဂ္ဃရဏတာယ, ဥပ္ပါဒဇရာဘင်္ဂေဟိ ဥဒ္ဓုမာတပရိပက္ကပဘိန္နတာယ စ ဂဏ္ဍတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

[၁၁၉၅] ပီဠာဇနကတာယ, အန္တောတုဒနတာယ, ဒုန္နီဟရဏီယတာယ စ သလ္လတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

[၁၁၉၆] အသေရိဘာဝဇနကတာယ, အာဗာဓပဒဋ္ဌာနတာယ စ အာဗာဓတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

[၁၁၉၇] အဝိဒိတာနံယေဝ ဝိပုလာနံ အနတ္ထာနံ အာဝဟနတော, သဗ္ဗုပဒ္ဒဝဝတ္ထုတာယ စ ဥပဒ္ဒဝတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

[၁၁၉၈] သဗ္ဗဘယာနံ အာကရတာယ, ဒုက္ခဝူပသမသင်္ခါတဿ ပရမဿာသဿ ပဋိပက္ခဘူတတာယ စ ဘယတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

[၁၁၉၉] အနေကဗျသနာဝဟနတာယ ဤတိတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

[၁၂၀၀] အနေကေဟိ အနတ္ထေဟိ အနုဗဒ္ဓတာယ, ဒေါသူပသဋ္ဌတာယ, ဥပသဂ္ဂေါ ဝိယ အနဓိဝါသနာရဟတာယ စ ဥပသဂ္ဂတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

[၁၂၀၁] အတာယနတာယ စေဝ, အလဗ္ဘနေယျခေမတာယ စ အတာဏတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

[၁၂၀၂] အလ္လီယိတုံ အနရဟတာယ, အလ္လီနာနမ္ပိ စ လေဏကိစ္စာကာရိတာယ အလေဏတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

[၁၂၀၃] နိဿိတာနံ ဘယသာရကတ္တာဘာဝေန အသရဏတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

[၁၂၀၄] မိတ္တမုခသပတ္တော ဝိယ ဝိဿာသဃာတိတာယ ဝဓကတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)

[၁၂၀၅] (မဟာဋီ၊၂၊၃၉၇။)

[၁၂၀၆] အဃဟေတုတာယ အဃမူလတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။) အဃဿ ပါပဿ ဟေတုတာ အဃဟေတုတာ။ (မဟာဋီ၊၂၊၃၉၇။)

[၁၂၀၇] ပဝတ္တိဒုက္ခတာယ, ဒုက္ခဿ စ အာဒီနဝတာယ အာဒီနဝတော၊ အထ ဝါ အာဒီနံ ဝါတိ ဂစ္ဆတိ ပဝတ္တတီတိ အာဒီနဝေါ၊ ကပဏမနုဿေဿတံ အဓိဝစနံ၊ ခန္ဓာပိ စ ကပဏာယေဝါတိ အာဒီနဝသဒိသတာယ အာဒီနဝတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇ ) ပဝတ္တိဒုက္ခတာယာတိ ဘဝပဝတ္တိဒုက္ခဘာဝတော။ ဘဝပဝတ္တိ စ ပဉ္စန္နံ ခန္ဓာနံ အနိစ္စာဒိအာကာရေန ပဝတ္တနမေဝ၊ သော စ အာဒီနဝေါ။ ယထာဟ ''ယံ ဘိက္ခဝေ ပဉ္စုပါဒါနက္ခန္ဓာ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာ။ အယံ ဘိက္ခဝေ ပဉ္စသု ဥပါဒါနက္ခန္ဓေသု အာဒီနဝေါ''တိ။ တေနာဟ ''ဒုက္ခဿ စ အာဒီနဝတာယာ''တိ။ အာဒီနန္တိ ဘာဝနပုံသကနိဒ္ဒေသော ယထာ ''ဧကမန္တ''န္တိ အတိဝိယ ကပဏန္တိ အတ္ထော။ ဘုသတ္ထော ဟိ အယံ အာ-ကာရော။ (မဟာဋီ၊၂၊၃၉၆။)

[၁၂၀၈] အာသဝပဒဋ္ဌာနတာယ သာသဝတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)
အာသဝါနံ အာရမ္မဏာဒိနာ ပစ္စယဘာဝေါ အာသဝပဒဋ္ဌာနတာ။ (မဟာဋီ၊၂၊၃၉၇။)

[၁၂၀၉] မစ္စုမာရကိလေသမာရာနံ အာမိသဘူတတာယ မာရာမိသတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)
မစ္စုမာရဿ အဓိဋ္ဌာနဘာဝေန, ကိလေသမာရဿ ပစ္စယဘာဝေန သံဝဍ္ဎနတော အာမိသဘူတတာ၊ ခန္ဓာပိ ခန္ဓာနံ အာမိသဘူတာ ပစ္စယဘာဝေန သံဝဍ္ဎနတော၊ တဒန္တောဂဓာ အဘိသင်္ခါရာ။ ဒေဝပုတ္တမာရဿ ပန ''မမေတ''န္တိ အဓိမာနဝသေန အာမိသဘာဝေါတိ ခန္ဓာဒိမာရာနမ္ပိ ဣမေသံ ယထာရဟံ အာမိသဘူတတာ ဝတ္တဗ္ဗာ။ (မဟာဋီ၊၂၊၃၉၇။)

[၁၂၁၀] ဇာတိ-ဇရာ-ဗျာဓိ-မရဏပကတိတာယ ဇာတိ-ဇရာဗျာဓိ-မရဏဓမ္မတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)

[၁၂၁၁] သောက-ပရိဒေဝ-ဥပါယာသဟေတုတာယ သောက-ပရိဒေဝ-ဥပါယာသဓမ္မတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)

[၁၂၁၂] တဏှာဒိဋ္ဌိဒုစ္စရိတသံကိလေသာနံ ဝိသယဓမ္မတာယ သံကိလေသိကဓမ္မတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။) သံကိလေသတ္တယဂ္ဂဟဏေန တဒေကဋ္ဌာနံ ဒသန္နံ ကိလေသဝတ္ထူနမ္ပိ သင်္ဂဟော ဒဋ္ဌဗ္ဗော။ တဒါရမ္မဏာ ဟိ ဓမ္မာ တဒနတိဝတ္တနတော သံကိလေသိကာ ဧဝ။
တထာ ခုဒ္ဒါ, တဏှာ, ဇဋာဒီသု သရီရဿ, သံကိလေသဿ စ သင်္ဂဟော ဒဋ္ဌဗ္ဗော။ (မဟာဋီ၊၂၊၃၉၇၊၊)

[၁၂၁၃] သာမိ-နိဝါသိ-ကာရက-ဝေဒကာဓိဋ္ဌာယကဝိရဟိတတာယ သုညတော။ သယဉ္စ အသာမိကဘာဝါဒိတာယ အနတ္တတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇၊၊)

[၁၂၁၄] အဝသတာယ, အဝိဓေယျတာယ စ ပရတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။) အဝသတာယာတိ အဝသဝတ္တနတော။ ယထာ ပရောသတန္တော ပုရိသော ပရဿ ဝသံ န ဂစ္ဆတိ၊ ဧဝံ သုဘသုခါဒိဘာဝေန ဝသေ ဝတ္တေတုံ အသက္ကုဏေယျတော။ အဝိဓေယျတာယာတိ ''မာ ဇီရထ၊ မာ မီယထာ''တိအာဒိနာ ဝိဓာတုံ အသက္ကုဏေယျတော။ (မဟာဋီ၊၂၊၃၉၅။)

[၁၂၁၅] ယထာပရိကပ္ပိတေဟိ ဓုဝသုဘသုခတ္တဘာဝေဟိ ရိ်တ္တတာယ ရိတ္တတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

[၁၂၁၆] ရိတ္တတာယေဝ တုစ္ဆတော အပ္ပကတ္တာ ဝါ၊ အပ္ပကမ္ပိ ဟိ လောကေ တုစ္ဆန္တိ ဝုစ္စတိ။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)

[၁၂၁၇] ရူပံ ဘ်ိက္ခဝေ အနိစ္စံ၊ ယောပိ ဟေတု ယောပိ ပစ္စယော ရူပဿ ဥပ္ပါဒါယ၊ သောပိ အနိစ္စော၊ အနိစ္စသမ္ဘူတံ ဘိက္ခဝေ ရူပံ၊ ကုတော နိစ္စံ ဘဝိဿတိ။ (သံ၊၂၊၂၀။ သဟေတုအနိစ္စသုတ္တန်။)

[၁၂၁၈] ဧဝံ ကာလေန ရူပံ ကာလေန အရူပံ သမ္မသိတွာပိ တိလက္ခဏံ အာရောပေတွာ အနုက္ကမေန ပဋိပဇ္ဇမာနော ဧကော ပညာဘာဝနံ သမ္ပာဒေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၃။)
အနုက္ကမေနာတိ ဥဒယဗ္ဗယဉာဏာဓိဂမာနုက္ကမေန ပညာဘာဝနံ သမ္ပာဒေတိ အရဟတ္တံ အဓိဂစ္ဆတိ။ (မဟာဋီ၊၂၊၄၀၅။)

[၁၂၁၉] (ဝိသုဒ္ဓိ၊၂၊၂၅၃။)

[၁၂၂၀] မှတ်ချက်---- နံ ပါ တ် (၁)မှ (၆)သို့ တိုင်အောင်သော ရုပ်တရားတို့ကား သက်ရှိလောက ရုပ်တရားများ ဖြစ်ကြ၏၊ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ ရှုပါ။ နံပါတ် (၇)ဖြစ်သည့် ဓမ္မတာရုပ်ကား သက်မဲ့ အနုပါဒိန္န သင်္ခါရတရား ဖြစ်၏၊ ဗဟိဒ္ဓ သက်မဲ့ လောက၌သာ ရှုပါ။

[၁၂၂၁] (အဘိ၊ဋ္ဌ၊၂၊၃၈၈။)

[၁၂၂၂] (ဝိသုဒ္ဓိ၊၂၊၂၆၂-၂၆၃-၂၆၄။ မဟာဋီ၊၂၊၄၁၅-၄၁၆-ကြည့်ပါ။)

[၁၂၂၃] ဧတ္တာဝတာ ပနဿ ရူပကမ္မဋ္ဌာနမ္ပိ အရူပကမ္မဋ္ဌာနမ္ပိ ပဂုဏံ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၆၄။)

[၁၂၂၄] (ပဋိသံ၊၅၂၊ စာပိုဒ်၊၄၉။)

[၁၂၂၅] (ဝိသုဒ္ဓိ၊၂၊၂၆၅၊ စာပိုဒ်၊၇၂၃။)

[၁၂၂၆] ဘဝသည် ကမ္မဘဝ ဥပပတ္တိဘဝဟု နှစ်မျိုးရှိရာ ဥပပတ္တိဘဝမှာ ဇာတိအမည်ရသည့် အနာဂတ်ခန္ဓာငါးပါးပင် ဖြစ်သည်။ ယင်းခန္ဓာငါးပါးတို့၏ ဖြစ်မှုသဘောကား ဇာတိ၊ တည်မှုသဘောကား ဇရာ၊ ပျက်မှုသဘောကား မရဏတည်း။ ယင်းဇာတိကို ဖြစ်ပျက်၊ ယင်းဇရာကို ဖြစ်ပျက်၊ ယင်းမရဏကို ဖြစ်ပျက် ထပ်ရှုလို့ မရနိုင်သဖြင့် ဖြစ်ပျက်ရှုလို့ ရနိုင်သည့် ဥပပတ္တိဘဝအမည်ရသည့် အနာဂတ်ခန္ဓာငါးပါးတိုင်ရုံသာ ဥဒယဗ္ဗယဉာဏ်၏ အရှုခံအာရုံစာရင်းတွင် ဖော်ပြထားခြင်း ဖြစ်ပေသည်။

[၁၂၂၇] မှတ်ချက်---- ပဋိသန္ဓေ၏ ဥပါဒ်ကာလအခိုက်၌ ကမ္မဇရုပ်သာ ဖြစ်သေး၏၊ စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ကား မဖြစ်ကြသေးပေ။ ပဋိသန္ဓေ၏ ဌီကာလမှစ၍ ဥတုဇရုပ်တို့ စတင် ဖြစ်ပွားကြသည်၊ ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်ကာလမှ စ၍ စိတ္တဇရုပ်တို့ စတင် ဖြစ်ကြသည်၊ အာဟာရဇရုပ်တို့ကား မိခင်စားမျိုလိုက်သော အစာအာဟာရသည် ကိုယ်ဝန်သားငယ်၏ ချက်ကြိုးမှတစ်ဆင့် ကိုယ်ဝန်သားငယ်၏ ခန္ဓာအိမ်အတွင်းသို့ ပြန့်နှံ့သွားသော အချိန်အခါမှစ၍ အာဟာရဇရုပ်တို့ စတင် ဖြစ်ပွားကြသည်။ ထိုသို့ ဖြစ်ပွားရာ၌ ..၁။ ကမ္မဇရုပ်တို့ကား ပဋိသန္ဓေစိတ္တက္ခဏမှစ၍ စုတိစိတ်မှ ပြန်၍ ရေတွက်သည်ရှိသော် (၁၇)ချက်မြောက်သော စိတ္တက္ခဏသို့ တိုင်အောင် ဘဝတစ်လျှောက်ဝယ် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ဖြစ်နေ ကြသည်။
၂။ စိတ္တဇရုပ်တို့ကား ပဋိသန္ဓေနောင် ပထမဘဝင်၏ ဥပါဒ်ကာလမှစ၍ ဘဝတစ်လျှောက်ဝယ် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဥပါဒ်ကာလတိုင်း၌ ဖြစ်နေကြသည်၊ ဌီကာလနှင့် ဘင်ကာလတို့တွင်ကား မဖြစ်နိုင်ကြပေ။
၃။ ဥတုဇရုပ်တို့ကား ပဋိသန္ဓေ၏ ဌီကာလမှစ၍ ဘဝတစ်လျှောက်ဝယ် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ဖြစ်နေကြသည်။
၄။ အာဟာရဇရုပ်တို့ကား အထက်တွင်ဖော်ပြထားသည့်အတိုင်း အာဟာရဇရုပ် စတင်ဖြစ်ရာ အချိန်ကာလမှစ၍ ဘဝတစ်လျှောက် ဝယ် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၏ ဥပါဒ်ကာလတိုင်း ဌီကာလတိုင်း ဘင်ကာလတိုင်း၌ ဖြစ်နေကြသည်။ သို့သော် ပဋိသန္ဓေစိတ္တက္ခဏ ဥပါဒ်ကာလအခိုက်ဝယ် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့ကား မဖြစ်ကြသေးပေ။ သို့သော် နောက်နောက်သော စိတ္တက္ခဏတို့၌တည်ရှိသော ရူပက္ခန္ဓာအတွက်သာ ထည့်သွင်း၍ ဖော်ပြခြင်း ဖြစ်သည်ဟု မှတ်ပါ။

[၁၂၂၈] မှတ်ချက်---- ကျန်နာမ်ခန္ဓာသုံးပါးဟူသည် ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ ဝိညာဏက္ခန္ဓာတို့ကို ဆိုလိုပေသည်။ နာမ်တရား (၃၄)လုံးတို့တွင် ယင်းခန္ဓာသုံးပါးမှ ကြွင်းသော (၃၁)လုံးသော စေတသိက်တို့သည် အကျိုးတရားဘက်၌ တည်ရှိနေကြ၏၊ ယင်းတို့တွင် ဖဿလည်း ပါဝင်၏၊ ထိုကြောင့် ကြွင်းသော ဝေဒနာ သညာ ဝိညာဏ် သုံးမျိုးတို့သည်သာ အကြောင်းတရားတို့ ဖြစ်ကြရသည်။ ဘုရားရှင်သည် ပဋ္ဌာန်းဒေသနာတော် (၇၆၇)၌- စိတ္တက္ခဏတစ်ခုတစ်ခု၏အတွင်း၌ အတူယှဉ်တွဲ ဖြစ်ကြသော နာမ်ခန္ဓာလေးပါးတို့သည် အချင်းချင်း ခန္ဓာတစ်ပါးသည် ခန္ဓာတစ်ပါးအား သဟဇာတစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုနေကြောင်းကို ဟောကြားထားတော် မူခဲ့၏၊

[၁၂၂၉] ပဋိသန္ဓေနာမ်ခန္ဓာတို့၏ အာရုံမှာ ကံ-ကမ္မနိမိတ်-ဂတိနိမိတ်ဟု သုံးမျိုးရှိရာ လူသားများအတွက် ကံအာရုံမှာ ကုသိုလ်သင်္ခါရ ကံအာရုံ ဖြစ်၏၊ ကမ္မနိမိတ်အာရုံမှာ အာရုံ (၆)မျိုး ထိုက်သလို ဖြစ်နိုင်၏၊ ဂတိနိမိတ်အာရုံမှာကား လူသားများအတွက် ကမ္ဗလာနီရောင်အဆင်းရှိသော အမိဝမ်းရေလွှာတည်းဟူသော ရူပါရုံအဆင်း ဖြစ်တတ်၏၊ သို့အတွက် ပဋိသန္ဓေ၏ အာရုံဖြစ်သော တရားကို ပုံစံတစ်ခု ထုတ်ပြသည့်အနေဖြင့် အာရုံရုပ်ဟု လက်သည်းကွင်း ( ) အတွင်းတွင် ဖော်ပြထားပါသည်။ သို့သော် ပဋိသန္ဓေ၏ ဖြစ်ပေါ်သည့် အာရုံမှန်ကိုသာ ထည့်သွင်းရှုပါ။

[၁၂၃၀] သတိပြုရန်-- ဤ၌ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့၌ (၂၀)ဟု ဖော်ပြခြင်းမှာ နမူနာပုံစံတစ်ခုကိုသာ ထုတ်၍ ဆိုခြင်းဖြစ်သည်။ သင်္ခါရ (၃၄)ဟု ဖော်ပြခြင်းမှာလည်း အလားတူပင် နမူနာပုံစံတစ်ခုကိုသာ ထုတ်၍ ဆိုခြင်းဖြစ်သည်။ မိမိ၏ ရုပ်နာမ်သန္တာန် အစဉ်ဝယ် ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့အတိုင်းသာ ကိလေသဝဋ်တရားစု ကမ္မဝဋ်တရားစု ဝိပါကဝဋ်တရားစုတို့ကို သိမ်းဆည်းရှုပွားပါ။ စိတ်စေတသိက် အရေအတွက်လည်း အပြောင်းအလဲ ရှိနိုင်၏၊ ကုသိုလ်သင်္ခါရနှင့် အကုသိုလ်သင်္ခါရ အပြောင်းအလဲလည်း ရှိနိုင်၏၊ ဝိပါကဝဋ် အပြောင်းအလဲလည်း ရှိနိုင်၏၊ မိမိစွမ်းနိုင်သမျှ ရှုနိုင်သမျှ အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည်အထိ ရှုပါ။

[၁၂၃၁] အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ ပစ္စယနိရောဓဋ္ဌေန ရူပက္ခန္ဓဿ ဝယံ ပဿတိ။ (ပဋိသံ၊၅၄။) (ပဋိသံ၊ဋ္ဌ၊၁၊၂၃၆။)
အဝိဇ္ဇာနိရောဓာ ရူပနိရောဓောတိ အဂ္ဂမဂ္ဂဉာဏေန အဝိဇ္ဇာယ အနုပ္ပါဒနိရောဓတော အနာဂတဿ ရူပဿ အနုပ္ပါဒနိရောဓော ဟောတိ ပစ္စယာဘာဝေ အဘာဝတော။ (မဟာဋီ၊၂၊၄၂၁။) ၄၃

[၁၂၃၂] (ပဋိသံ၊၅၃။)

[၁၂၃၃] သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊ သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။ (မ၊၁၊၇၁။)

[၁၂၃၄] အဝိဇ္ဇာသမုဒယာ ရူပသမုဒယောတိ။ ပ။ အဝိဇ္ဇာနိရောဓာ ရူပနိရောဓော။ (ပဋိသံ၊၅၃-၅၄။)

[၁၂၃၅] တေသံ ဝသေန ဧဝမ္ပိ ရူပဿ ဥဒယော၊ ဧဝမ္ပိ ရူပဿ ဝယော၊ ဧဝမ္ပိ ရူပံ ဥဒေတိ၊ ဧဝမ္ပိ ရူပံ ဝေတီတိ ပစ္စယတော စေဝ ခဏတော စ ဝိတ္ထာရေန မနသိကာရံ ကရောတိ။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)

[၁၂၃၆] (မ၊ဋ္ဌ၊၁၊၂၈၁၊၊)

[၁၂၃၇] မှတ်ချက်---- အာလောကအရောင်အလင်းအကြောင်း စာမျက်နှာ (၅၃၆)[၇၇၁] တွင် ပြန်ကြည့်ပါ။ သို့သော် ဤ၌ မျက်စိမှိတ်ကာ ဝိပဿနာရှုနေသည့်အပိုင်း ဖြစ်သဖြင့် ယင်းအာလောကမှာ ဉာဏ်အရောင်အလင်းသာ ဖြစ်သည်။ အထက်က အကြိမ်ကြိမ် ရှင်းပြခဲ့သည့်အတိုင်း ယင်းဉာဏ်ရောင်မှာ ရှုနေသည့် ဝိပဿနာစိတ်ကြောင့် ဖြစ်ပေါ်လာသော စိတ္တဇရုပ်ကလာပ်တို့နှင့် ယင်းစိတ္တဇရုပ်ကလာပ်တို့တွင် ပါဝင်သော တေဇောဓာတ် ဥတုကြောင့် ထပ်ဆင့်ဖြစ်ပွားလာကြသော ဥတုဇရုပ်ကလာပ်တို့၏ အတွင်း၌ ပါဝင်တည်ရှိသော ဝဏ္ဏဓာတ် ရူပါရုံတို့၏ အရောင်အလင်းများ ဖြစ်ကြသဖြင့် ယင်းအရောင်အလင်းကို ဝိပဿနာ ရှုလိုသော ပုဂ္ဂိုလ်သည် ယင်းရုပ်ကလာပ်တို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် ဓာတ်ခွဲကာ အရောင်အလင်းနှင့် တကွသော ယင်းရုပ်ပရမတ်တရားတို့ကို လက္ခဏာယာဉ်တင်ကာ ဝိပဿနာ ရှုပါ။

[၁၂၃၈] (ဝိသုဒ္ဓိ၊၂၊၂၁၄-၂၁၅။)

[၁၂၃၉] သင်္ခါရနှင့် ကမ္မဘဝ = ကံ ခွဲခြားသတ်မှတ်ချက်ကို ရှေ့ပိုင်း (စာမျက်နှာ၊၄၈၄)[၇၁၄] တွင်လည်း ပြန်ကြည့်ပါ။

[၁၂၄၀] နာယံ ဘိက္ခဝေ ကာယော တုမှာကံ၊ နပိ အညေသံ၊ ပုရာဏမိဒံ ဘိက္ခဝေ ကမ္မံ အဘိသင်္ခတံ အဘိသေဉ္စတယိတံ ဝေဒနိယံ ဒဋ္ဌဗ္ဗံ။
တတြ ခေါ ဘိက္ခဝေ သုတဝါ အရိယသာဝကော ပဋိစ္စသမုပ္ပါဒညေဝ သာဓုကံ ယောနိသော မနသိ ကရောတိ- ''ဣတိ ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမဿုပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ။ ဣမသ္မိံ အသတိ ဣဒံ န ဟောတိ၊ ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဈတိ။ ယဒိဒံ အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ။ ပ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ အဝိဇ္ဇာယ တွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော၊ သင်္ခါရနိရောဓာ ဝိညာဏနိရောဓော။ ပ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတိ။ (သံ၊၁၊၂၉၄-၂၉၅။ နတုမှသုတ္တန်။)

[၁၂၄၁] တေဿဝံ မနသိကရောတော ''ဣတိ ကိရိမေ ဓမ္မာ အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တီ''တိ ဉာဏံ ဝိသဒတရံ ဟောတိ။ တေဿဝံ ပစ္စယတော စေဝ ခဏတော စ ဒွေဓာ ဥဒယဗ္ဗယံ ပဿတော သစ္စပဋိစ္စသမုပ္ပါဒနယလက္ခဏဘေဒါ ပါကဋာ ဟောန္တိ။ (ဝိသုဒ္ဓိ၊၂၊၂၆၇။)

[၁၂၄၂] မှတ်ချက်---- ဤ နိရောဓသစ္စာတရားသည်ကား ပစ္စယတော ဝယဒဿနဉာဏ်ကဲ့သို့သော ဥဒယဗ္ဗယာနုပဿနာဉာဏ်ဖြင့် ထိုးထွင်းသိမြင်အပ်သော နိရောဓသစ္စာတရား ဖြစ်ပေသည်။ လောကုတ္တရာ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် ထိုးထွင်းသိမြင် အပ်သော လောကုတ္တရာ နိရောဓသစ္စာတရား မဟုတ်သေးဟု မှတ်သားထားပါ။

[၁၂၄၃] ပစ္စယတော ဥဒယဒဿနေန သမုဒယသစ္စံ ပါကဋံ ဟောတိ ဇနကာဝဗောဓတော။ ခဏတော ဥဒယဒဿနေန ဒုက္ခသစ္စံ ပါကဋံ ဟောတိ ဇာတိဒုက္ခာဝဗောဓတော။ ပစ္စယတော ဝယဒဿနေန နိရောဓသစ္စံ ပါကဋံ ဟောတိ ပစ္စယာနုပ္ပါဒေန ပစ္စယဝတံ အနုပ္ပါဒါဝဗောဓတော။ ခဏတော ဝယဒဿနေန ဒုက္ခသစ္စမေဝ ပါကဋံ ဟောတိ မရဏဒုက္ခာဝဗောဓတော။ ယဉ္စဿ ဥဒယဗ္ဗယဒဿနံ၊ မဂ္ဂေါဝါယံ လောကိကောတိ မဂ္ဂသစ္စံ ပါကဋံ ဟောတိ တတြ သမ္မောဟဝိဃာတတော။ (ဝိသုဒ္ဓိ၊၂၊၂၆၇-၂၆၈)

[၁၂၄၄] မှတ်ချက်---- ဤ အရာဝယ် ကြိုတင်ဆောက်တည်ကာ ကျင့်သုံးထားအပ်သော ကျင့်သုံးနေဆဲလည်းဖြစ်သော သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝဟူသော သီလမဂ္ဂင်သုံးပါးနှင့် တကွ ရှုနေသော ဝိပဿနာဇောဝီထိ စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း ၌ ဖြစ်ပေါ်နေကြကုန်သော သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိတည်းဟူသော လောကီမဂ္ဂင်တို့ကို သမ္မာဒိဋ္ဌိကို ဦးတည်ကာ ဖွင့်ဆိုထားသည်ဟု မှတ်ပါ။ လောကီဝိပဿနာဉာဏ်အခိုက် မဂ္ဂင်ရှစ်ပါး ဖြစ်ပေါ်နေပုံကို သဘောတရား ရေးရာအပိုင်း၊ စာမျက်နှာ (၃၇)တွင်လည်း ကြည့်ပါ။

[၁၂၄၅] (ဝိသုဒ္ဓိ၊၂၊၂၆၇-၂၆၈။ မဟာဋီ၊၂၊၄၂၃-၄၂၄။)

[၁၂၄၆] မှတ်ချက်-- ဝိပဿနာခဏိကသမာဓိအကြောင်းကို လုပ်ငန်းခွင်အပိုင်း စာမျက်နှာ (၁၉၈)တွင် ပြန်ကြည့်ပါ၊၂၈၉

[၁၂၄၇] (ဝိသုဒ္ဓိ၊၂၊၂၆၈။ မဟာဋီ၊၂၊၄၂၄၊၊)

[၁၂၄၈] (မူလဋီ၊၁၊၁၂၅။)

[၁၂၄၉] (အံ၊၁၊။)

[၁၂၅၀] (ဝိသုဒ္ဓိ၊၂၊၂၆၈။ မဟာဋီ၊၂၊၄၂၄။)

[၁၂၅၁] (ဝိသုဒ္ဓိ၊၂၊၂၆၈။ မဟာဋီ၊၂၊၄၂၄-၄၂၅။)

[၁၂၅၂] (ဝိသုဒ္ဓိ၊၂၊၂၆၈။ မဟာဋီ၊၂၊၄၂၅။)

[၁၂၅၃] သန္တတိဝသေန ဟိ ရူပါရူပဓမ္မေ ဥဒယတော, ဝယတော စ မနသိ ကရောန္တဿ အနုက္ကမေန ဘာဝနာယ ဗလပ္ပတ္တကာလေ ဉာဏဿ တိက္ခဝိသဒဘာဝပ္ပတ္တိယာ ခဏတော ဥဒယဗ္ဗယာ ဥပဋ္ဌဟန္တီတိ။ အယဥှိ ပဌမံ ပစ္စယတော ဥဒယဗ္ဗယံ မနသိ ကရောန္တော အဝိဇ္ဇာဒိကေ ပစ္စယဓမ္မေ ဝိဿဇ္ဇေတွာ ဥဒယဗ္ဗယဝန္တေ ခန္ဓေ ဂဟေတွာ တေသံ ပစ္စယတော ဥဒယဗ္ဗယဒဿနမုခေန ခဏတောပိ ဥဒယဗ္ဗယံ မနသိ ကရောတိ။
တဿ ယဒါ ဉာဏံ တိက္ခံ ဝိသဒံ ဟုတွာ ပဝတ္တတိ၊ တဒါ ရူပါရူပဓမ္မာ ခဏေ ခဏေ ဥပ္ပဇ္ဇန္တာ, ဘိဇ္ဇန္တာ စ ဟုတွာ ဥပဋ္ဌဟန္တိ။ (မဟာဋီ၊၂၊၄၂၂။)

[၁၂၅၄] (မဟာဋီ၊၂၊၄၂၇။)

[၁၂၅၅] ဝိပဿနုပက္ကိလေသာ ဟိ ပဋိဝေဓပ္ပတ္တဿ အရိယသာဝကဿ စေဝ ဝိပ္ပဋိပန္နကဿ စ နိက္ခိတ္တကမ္မဋ္ဌာနဿ ကုသီတပုဂ္ဂလဿ နုပ္ပဇ္ဇန္တိ။ သမ္မာပဋိပန္နကဿ ပန ယုတ္တပယုတ္တဿ အာရဒ္ဓဝိပဿကဿ ကုလပုတ္တဿ ဥပ္ပဇ္ဇန္တိယေဝ။ (ဝိသုဒ္ဓိ၊၂၊၂၆၉။)
(မဟာဋီ၊၂၊၄၂၇-လည်းကြည့်။)

[၁၂၅၆] (စာမျက်နှာ၊၁၈၄-၁၈၅။)

[၁၂၅၇] တတ္ထ ဩဘာသောတိ ဝိပဿနောဘာသော။ တသ္မိံ ဥပ္ပန္နေ ယောဂါဝစရော- ''န ဝတ မေ ဣတော ပုဗ္ဗေ ဧဝရူပေါ ဩဘာသော ဥပ္ပန္နပုဗ္ဗော၊ အဒ္ဓါ မဂ္ဂပတ္တောသ္မိ ဖလပတ္တောသ္မီ''တိ အမဂ္ဂမေဝ ''မဂ္ဂေါ''တိ, အဖလမေဝ စ ''ဖလ''န္တိ ဂဏှာတိ။ တဿ အမဂ္ဂံ ''မဂ္ဂေါ''တိ အဖလံ ''ဖလ''န္တိ ဂဏှတော ဝိပဿနာဝီထိ ဥက္ကန္တာ နာမ ဟောတိ။ သော အတ္တနော မူလကမ္မဋ္ဌာနံ ဝိဿဇ္ဇေတွာ ဩဘာသမေဝ အဿာဒေန္တော နိသီဒတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၀။)

[၁၂၅၈] (ဝိသုဒ္ဓိ၊၂၊၂၇၁။)

[၁၂၅၉] (ဝိသုဒ္ဓိ၊၂၊၂၇၂။)

[၁၂၆၀] (ဝိသုဒ္ဓိ၊၂၊၂၇၂။)

[၁၂၆၁] (ဝိသုဒ္ဓိ၊၂၊၂၇၃။)

[၁၂၆၂] (ဝိသုဒ္ဓိ၊၂၊၂၆၉-၂၇၄။ မဟာဋီ၊၂၊၄၂၇-၄၃၄- တို့မှ ကောက်နုတ်ဖော်ပြအပ်ပါသည်။)

[၁၂၆၃] (စာမျက်နှာ၊၁၂၄ ..စသည်) ၁၂၉

[၁၂၆၄] ဉာဏေ တိက္ခေ ဝဟန္တေ သင်္ခါရေသု လဟုံ ဥပဋ္ဌဟန္တေသု ဥပ္ပါဒံ ဝါ ဌိတိံ ဝါ ပဝတ္တံ ဝါ နိမိတ္တံ ဝါ န သမ္ပာပုဏာတိ။ ခယဝယဘေဒနိရောဓေယေဝ သတိ သန္တိဋ္ဌတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၇။) န သမ္ပာပုဏာတိ အဂ္ဂဟဏတော။ (မဟာဋီ၊၂၊၄၃၉။)

[၁၂၆၅] (မဟာဋီ၊၂၊၄၃၉။)

[၁၂၆၆] (မဟာဋီ၊၂၊၄၄၇၊၊)

[၁၂၆၇] နိမိတ္တန္တိ သင်္ခါရနိမိတ္တံ၊ ယံ သင်္ခါရာနံ သမူဟာဒိဃနဝသေန, သကိစ္စပရိစ္ဆေဒတာယ စ သဝိဂ္ဂဟာနံ ဝိယ ဥပဋ္ဌာနံ၊ တံ သင်္ခါရနိမိတ္တံ။ (မဟာဋီ၊၂၊၄၃၉။)

[၁၂၆၈] မှတ်ချက်---- သင်္ခါရတရားတို့သည် ဤဘင်္ဂဉာဏ်ခန်းသို့ ရောက်ရှိပါမှ အလွန် လျင်လျင်မြန်မြန် ဖြစ်ပေါ်နေသည်ဟု ဆိုလိုရင်း မဟုတ်သည်ကိုကား သတိပြုပါ။ သင်္ခါရတို့၏ ဓမ္မတာကား မျက်စိတစ်မှိတ် လျှပ်တစ်ပြက် လက်ဖျစ်တစ်တွက် အတွင်းမှာပင် အကြိမ်ပေါင်း ကုဋေပေါင်းများစွာ ဖြစ်နိုင် ပျက်နိုင်သော ဓမ္မတာသဘော ရှိ၏၊ ယင်းသင်္ခါရတရားတို့၏ မူလပုံစံမှန်သဘာဝကို ဝိပဿနာဉာဏ်များ မထက်မြက် မစူးရှခင်က မသိမမြင်ရသေး။ ယခု ဘင်္ဂဉာဏ်ပိုင်းသို့ ရောက်ရှိပါမှ ဝိပဿနာဉာဏ်များသည် ထက်မြက်စူးရှလာသဖြင့် သင်္ခါရတို့၏ အလွန့်အလွန် လျင်လျင်မြန်မြန် ပြိုပြိုပျက်ပျက်နေမှုကို ဝိပဿနာဉာဏ်ဖြင့် သိမြင်ရခြင်း ဖြစ်သည်ဟုသာ ဆိုလိုရင်းဖြစ်သည်။ တစ်ဖန် ယင်းသင်္ခါရတို့၏ ဥပ္ပါဒ-ဌိတိ-ပဝတ္တ-နိမိတ္တတို့ကို ယောဂါဝစရပုဂ္ဂိုလ်က နှလုံး မသွင်းခြင်းကြောင့်သာ ဉာဏ်ဖြင့်လိုက်၍ မမှီနိုင်ခြင်းဖြစ်၏၊ ဤစကားအရ နှလုံးသွင်းပါက မှီနိုင်သေးသည်ဟုလည်း မှတ်သား ပါလေ။ ဘုရားရှင်သော်မှလည်း ဘုရားဖြစ်တော်မူပြီးနောက် 'အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ပုံ, သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ပုံ' စသည့် အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော်တို့ကိုလည်းကောင်း၊ 'အဝိဇ္ဇာချုပ်ခြင်းကြောင့် သင်္ခါရချုပ်ပုံ, သင်္ခါရချုပ်ခြင်းကြောင့် ဝိညာဏ် ချုပ်ပုံ' စသည့် ပဋိလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော်တို့ကိုလည်းကောင်း ရှုပွားသုံးသပ်တော်မူနိုင်ကြောင်းကို ဥဒါန်းပါဠိတော် (ဥဒါန၊၇၇။)၌ သင်္ဂါယနာမထေရ်မြတ်တို့က မှတ်တမ်းတင်ထားတော်မူကြသည်။

[၁၂၆၉] ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၈။)

[၁၂၇၀] (မဟာဋီ၊၂၊၄၄၁။)

[၁၂၇၁] တတော ပန ပုဗ္ဗဘာဂေ အနေကာကာရဝေါကာရာ အနုပဿနာ ဣစ္ဆိတဗ္ဗာဝ။ (မဟာဋီ၊၂၊၄၄၁။)

[၁၂၇၂] မှတ်ချက်---- အာနာပါနစတုက္ကလေးမျိုးတို့ကို စာမျက်နှာ (၁၉၅) စသည်တို့တွင် ပြန်ကြည့်ပါ။

[၁၂၇၃] (ဝိသုဒ္ဓိ၊၂၊၂၈၉ ....)

[၁၂၇၄] ဘယဉ္စ နန္ဒိဉ္စ ဝိပ္ပဟာယ သဗ္ဗသင်္ခါရေသု ဥဒါသိနော ဟောတိ မဇ္ဈတ္တော။ (ဝိသုဒ္ဓိ၊၂၊၂၉၄။)

[၁၂၇၅] (ဝိသုဒ္ဓိ၊၂၊၂၉၄။)

[၁၂၇၆] (ဝိသုဒ္ဓိ၊၂၊၂၉၅။)

[၁၂၇၇] တေ ဓမ္မေ သမနုပဿတီတိ ယသ္မာ နေဝသညာနာသညာယတနေ ဗုဒ္ဓါနံယေဝ အနုပဒဓမ္မဝိပဿနာ ဟောတိ၊ န သာဝကာနံ၊ တသ္မာ ဧတ္ထ ကလာပဝိပဿနံ ဒေဿန္တော ဧဝမာဟ။ (မ၊ဋ္ဌ၊၄၊၆၁၊ စာပိုဒ်၊၉၅။)

[၁၂၇၈] (ခု၊၁၊၄၄၈။)

[၁၂၇၉] (သံ၊၃၊၃၉၈၊ စာပိုဒ်၊၁၁၁၈။)

[၁၂၈၀] (သံ၊၃၊၃၈၇၊ စာပိုဒ်၊၁၁၀၈။)

[၁၂၈၁] (သံ၊၃၊၃၈၆၊ စာပိုဒ်၊၁၁၀၇။)

[၁၂၈၂] (သံ၊၃၊၃၈၉၊ စာပိုဒ်၊၁၁၁၀။)

[၁၂၈၃] (သံ၊၃၊၃၈၇-၃၈၈၊ စာပိုဒ်၊၁၁၀၉။)

[၁၂၈၄] (သံ၊၃၊၃၈၃၊ စာပိုဒ်၊၁၁၀၁။)

[၁၂၈၅] (မ၊၃၊၂၄၃-၂၄၉၊ စာပိုဒ်၊၂၈၉-၂၉၇။)

[၁၂၈၆] န ဒါတာ ဟောတီတိ မစ္ဆရိယဝသေန န ဒါတာ ဟောတိ။ (မ၊ဋ္ဌ၊၄၊၁၈၀။)

[၁၂၈၇] န ပရိပုစ္ဆိတာ ဟောတီတိ ဧတ္ထ ပန အပရိပုစ္ဆနေန နိရယေ န နိဗ္ဗတ္တတိ။ အပရိပုစ္ဆကော ပန ''ဣဒံ ကာတဗ္ဗံ ဣဒံ န ကာတဗ္ဗ''န္တိ န ဇာနာတိ၊ အဇာနန္တော ကာတဗ္ဗံ န ကရောတိ၊ အကာတဗ္ဗံ ကရောတိ။ တေန နိရယေ နိဗ္ဗတ္တတိ၊ ဣတရော သဂ္ဂေ။ (မ၊ဋ္ဌ၊၄၊၁၈၀။)

[၁၂၈၈] မှတ်ချက်---- ဤသူကား သိသည့်အတိုင်း မပြုသင့် မပြုထိုက်သည့် အကုသိုလ်ကို မပြုလုပ်ဘဲ ပြုသင့် ပြုထိုက်သည့် ကုသိုလ်ကိုသာ ပြုလုပ်သူတည်း။ (မ၊ဋ္ဌ၊၄၊၁၈၀။)

[၁၂၈၉] (အံ၊၁၊၅၂၃-၅၂၆၊ စာပိုဒ်၊၁၉၇။)

[၁၂၉၀] ဒေါသ ကြီးခဲ့ခြင်း ဒါနမပြုခဲ့ခြင်း ဣဿာတရား များပြားခဲ့ခြင်း---- ဤအကြောင်းတရား (၃)ပါးတည်း။

[၁၂၉၁] ဒေါသ ကြီးခဲ့ခြင်း ဒါန ပြုခဲ့ခြင်း ဣဿာတရား နည်းပါးခဲ့ခြင်း---- ဤအကြောင်းတရား (၃)ပါးပင်တည်း။

[၁၂၉၂] ဒေါသမကြီးခဲ့ခြင်း ဒါနမပြုခဲ့ခြင်း ဣဿာတရား များပြားခဲ့ခြင်း---- ဤအကြောင်းတရား (၃)ပါးပင်တည်း။

[၁၂၉၃] ဒေါသမကြီးခဲ့ခြင်း ဒါန ပြုခဲ့ခြင်း ဣဿာတရား နည်းပါးခဲ့ခြင်း---- ဤအကြောင်းတရား (၃)ပါးပင်တည်း။

[၁၂၉၄] (အင်္ဂုတ္တိုရ်၊ တိကနိပါတ်၊ အံ၊၁၊၂၅၀-၂၅၄၊ စာပိုဒ်၊၁၀၁။ အံ၊ဋ္ဌ၊၂၊၂၂၅-၂၆။)

[၁၂၉၅] ရာဂ ဒေါသ မောဟတို့၏ များပြားမှု နည်းပါးမှု မရှိမှုကို ကြည့်ကာ ''ဤသူကား သောတာပန်, ဤသူကား သကဒါဂါမ်, ဤသူကား အနာဂါမ်, ဤသူကား ရဟန္တာ''ဟု ဆုံးဖြတ်ရ၏၊ သို့အတွက် ယင်းရာဂ ဒေါသ မောဟတို့သည် ပုဂ္ဂိုလ်တစ်ယောက်ကို နှိုင်းယှဉ်ကြောင်းတရားများ ဖြစ်ကြ၏၊

[၁၂၉၆] အရှင်အင်္ဂုလိမာလ မထေရ်မြတ်ကဲ့သို့သော ရဟန္တာအရှင်မြတ်များကို ရည်ညွှန်းထားပေသည်။

[၁၂၉၇] (သံ၊၃၊၃၈၅-၃၈၆၊ စာပိုဒ်၊၁၁၀၅။)

[၁၂၉၈] (သံ၊၃၊၃၉၇၊ စာပိုဒ်၊၁၁၁၇။)

[၁၂၉၉] (သံ၊၃၊၃၈၄၊ စာပိုဒ်၊၁၁၀၃။)

[၁၃၀၀] (သံ၊၃၊၃၈၅၊ စာပိုဒ်၊၁၁၀၄။)

[၁၃၀၁] (သံ၊၂၊၁၁၇။)

[၁၃၀၂] အနိစ္စတော ပလောကတော စလတော ..စသည့် ဘာဝနာ (၄၀) ခေါ် တော (၄၀) ရှုကွက်ကို ရှုလျက်ဟု ဆိုလိုသည်။ ၁၁၈၀

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ