၁
ဝိသုဒ္ဓိမဂ်-မြန်မာပြန်
ဒုတိယတွဲ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ကိလေသာမှ ဝေးကွာစင်ကြယ်၍ မှန်စွာ ကိုယ်တိုင် သိတော်မူသော ထိုမြတ်စွာဘုရားအား ရှိခိုးပါ၏။
**********
၆။ အသုဘကမ္မဋ္ဌာနနိဒ္ဒေသ-အသုဘကမ္မဋ္ဌာန်းကို အကျယ်ပြချက်
ဥဒ္ဓုမာတကစသော ပုဒ်တို့၏အနက်ကို ဖွင့်ပြချက်
[၁၇၃]† ၁၀၂။† ကသိုဏ်းတို့၏ အခြားမဲ့၌ အကျဉ်းချုပ်ခေါင်းစဉ်အနေဖြင့် ပြအပ်ခဲ့ပြီးဖြစ်ကုန်သော၁ ဥဒ္ဓုမာတကအသုဘ၊ ဝိနီလကအသုဘ၊ ဝိပုဗ္ဗကအသုဘ၊ ဝိစ္ဆိဒ္ဒကအသုဘ၊ ဝိက္ခာယိတကအသုဘ၊ ဝိက္ခိတ္တကအသုဘ၊ ဟတဝိက္ခိတ္တကအသုဘ၊ လောဟိတကအသုဘ
†ဤသို့သော ထောင့်ကွင်းအတွင်းရှိ ဂဏန်းမှာ ဝိသုဒ္ဓိမဂ်ပါဠိစာအုပ်မှ စာမျက်နှာနံပါတ် ဖြစ်သည်။ ကွင်းမပါသော ပုဒ်မကြီးနှင့်ဂဏန်းမှာမူ ၎င်းစာအုပ်မှ စာပိုဒ်နံပါတ် ဖြစ်သည်။
၁- ဖြစ်ကုန်သော.. ဝိညာဉ်မဲ့ အသုဘတို့၌-ဟု စပ်ပါ။
၂
ပုဠဝကအသုဘ၊ အဋ္ဌိကအသုဘ-ဟူသော ဆယ်ပါးသော ဝိညာဉ်မဲ့(သက်မဲ့)၁ အသုဘတို့၌ (အကျယ်ကား)-
(၁) လေဖြင့်(မှုတ်အပ်သော) သားရေအိတ်ကဲ့သို့၂ သေသည်မှအထက်(ဖြစ်သော နောက်ကာလ)၌ အစဉ်အတိုင်း တက်ကြွသော ဖောင်းပွဖူးရောင်ခြင်းဖြင့် အထက်သို့ မှုတ်အပ်- ဖူးဖူးရောင်စေအပ်သည်၏ အဖြစ်ကြောင့် ဥဒ္ဓုမာတ မည်၏၃၊ ဥဒ္ဓုမာတသည်ပင်လျှင် ဥဒ္ဓုမာတကမည်၏၄။ တနည်းကား စက်ဆုပ်ဖွယ်ကောင်းသည်၏ အဖြစ်ကြောင့် စက်ဆုပ်ဖွယ်ကောင်းသော ဥဒ္ဓုမာတ သူသေကောင်သည် ဥဒ္ဓုမာတကမည်၏၅။ (ဥဒ္ဓုမာတကဟူသော) ဤအမည်သည် ထိုသို့ (ဖူးဖူးရောင်ခြင်း)သဘောရှိသော သူသေကောင်၏ အမည်ပေတည်း။
၁- (သက်မဲ့) ဤသို့စသည်ဖြင့် လက်သည်းကွင်းအတွင်း၌ ပြထားသော မြန်မာပုဒ်များ စာပိုဒ်များမှာ အနက်အဓိပ္ပါယ် ထင်ရှားစေရန် သရုပ်ဖော်ပြချက်၊ သို့မဟုတ် ဖြည့်စွက်၍ ဖွင့်ပြချက်များ ဖြစ်သည်။ ၎င်းတို့ကို ခုန်ကျော်၍လည်း ဖတ်သွားနိုင်သည်။
၂- သားရေအိတ်ကဲ့သို့.. အထက်သို့ မှုတ်အပ်- ဖူးဖူးရောင်စေအပ်သည်၏ အဖြစ်ကြောင့်-ဟု စပ်ပါ။
၃- ဥ-အထက်သို့ + ဓုမာတ-မှုတ်အပ်သည်- ဖူးဖူးရောင်စေအပ်သည် = ဥဒ္ဓုမာတ- ဖူးဖူးရောင်စေအပ်သော၊ ဝါ-ဖူးဖူးရောင်သော သူသေကောင်။ ဥ+ဓ္မာ- ဝါ-ဓမာဓာတ် + တ-ပစ္စည်းတို့ဖြင့် ဥဒ္ဓုမာတ-ဟု ပြီးသည်။
၄- ဤအဖွင့်ဖြင့် ဥဒ္ဓုမာတက-ပုဒ်၌ က-ပစ္စည်းမှာ အနက်ထူးမရှိကြောင်း ပြသည်။
၅- ဤတနည်းအဖွင့်၌ “စက်ဆုပ်ဖွယ်ကောင်းသည်၏ အဖြစ်ကြောင့်ဟူသော စကားဖြင့် ထိုသူသေကောင်ကို “စက်ဆုပ်ဖွယ်ကောင်းသည်”ဟု
၃
(၂) အဖြူအနီရောလျက် (ဝါ- ပကတိအဆင်းပျက်လျက်) ညိုမည်းသည့်အဆင်းရှိသော သူသေကောင်ကို ဝိနီလ၁ဟု ခေါ်ဆိုအပ်၏၊ ဝိနီလသည်ပင်လျှင် ဝိနီလကမည်၏။ တနည်းကား စက်ဆုပ်ဖွယ်ကောင်းသည်၏ အဖြစ်ကြောင့် စက်ဆုပ်ဖွယ်ကောင်းသော ဝိနီလသူသေကောင်သည် ဝိနီလကမည်၏။ (ဝိနီလကဟူသော) ဤအမည်သည် အသားများရာအရပ်တို့၌ နီသောအဆင်းရှိလျက် ပြည်စုဝေးရာအရပ်တို့၌ ဖြူသောအဆင်းရှိသော အများအားဖြင့်မူ ညိုရာအရပ်၌ ညိုမည်းသောအဝတ်ဖြင့် လွှမ်းခြုံရစ်ပတ်ထားဘိသကဲ့သို့ ညိုမည်းသည့်အဆင်းရှိသော သူသေကောင်၏ အမည်ပေတည်း။
ဆိုထိုက်ကြောင်း ပြသည်။ “စက်ဆုပ်ဖွယ်ကောင်းသော”ဟူသော စကားဖြင့် ဥဒ္ဓုမာတကပုဒ်၌ က-ပစ္စည်း၏အနက်ကို ပြသည်။ ထို့ကြောင့် ဤတနည်းအဖွင့်ဖြင့် ဥဒ္ဓုမာတကပုဒ်ကို “စက်ဆုပ်ဖွယ်ကောင်းသော ဖူးဖူးရောင်နေသော သူသေကောင်”ဟူ၍သော်၎င်း၊ “ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်”ဟူ၍သော်၎င်း အနက်ပြန်ရန် ပြသည်။ ယင်းဝါကျကို ပါဠိမူရင်းအတိုင်း အတိအကျပြန်လျှင် “စက်ဆုပ်ဖွယ်ကောင်းသည်၏ အဖြစ်ကြောင့် စက်ဆုပ်ဖွယ်ကောင်းသော ဥဒ္ဓုမာတ သူသေကောင်ပေတည်း၊ ထို့ကြောင့် ဥဒ္ဓုမာတက မည်၏”ဟူ၍ ဖြစ်၏၊ မြန်မာဝါကျ မချောမော၊ ထို့ကြောင့် မြန်မာဝါကျ ချောမောစေရန် အထက်ပါအတိုင်း ပြန်ထားသည်။ ဝိနီလကစသော ပုဒ်တို့၏ တနည်းအဖွင့်တို့၌လည်း နည်းတူပင် သိပါ။
၁- ဝိ-ဝိမိဿိတ- အဖြူအနီရောလျက်၊ ဝါ-ဝိပရိဘိန္န- ပကတိအဆင်းပျက်လျက် + နီလ- ညိုမည်းသည့်အဆင်းရှိသည် = ဝိနီလ- အဖြူအနီရောလျက်
၄
(၃) စုတ်ပြတ်ပေါက်ပဲ့ကာ ပျက်စီးရာအရပ်တို့၌ ပြည်တစိုစို ယိုထွက်နေသော သူသေကောင်သည် ဝိပုဗ္ဗမည်၏၁၊ ဝိပုဗ္ဗသည်ပင်လျှင် ဝိပုဗ္ဗကမည်၏။ တနည်းကား စက်ဆုပ်ဖွယ်ကောင်းသည်၏ အဖြစ်ကြောင့် စက်ဆုပ်ဖွယ်ကောင်းသော ဝိပုဗ္ဗ သူသေကောင်သည် ဝိပုဗ္ဗကမည်၏။ (ဝိပုဗ္ဗကဟူသော) ဤအမည်သည် ထိုသို့ (ပြည်တစိုစို ယိုထွက်ခြင်း) သဘောရှိသော သူသေကောင်၏ အမည်ပေတည်း။
(၄) (ဓားဖြင့်) ၂-ပိုင်းဖြတ်ထားသော သူသေကောင်ကို ဝိစ္ဆိဒ္ဒ၂ဟု ခေါ်ဆိုအပ်၏၊ ဝိစ္ဆိဒ္ဒသည်ပင်လျှင် ဝိစ္ဆိဒ္ဒကမည်၏။ တနည်းကား စက်ဆုပ်ဖွယ်ကောင်းသည်၏ အဖြစ်ကြောင့် စက်ဆုပ်ဖွယ်ကောင်းသော ဝိစ္ဆိဒ္ဒ သူသေကောင်သည် ဝိစ္ဆိဒ္ဒကမည်၏။ (ဝိစ္ဆိဒ္ဒကဟူသော) ဤအမည်သည် အလယ်၌ဖြတ်ထားသော သူသေကောင်၏ အမည်ပေတည်း။
(၅) ထိုမှဤမှ အမျိုးမျိုးသော အခြင်းအရာဖြင့် ခွေး-မြေခွေး စသည်တို့ ခဲစားအပ်သော သူသေကောင်သည် ဝိက္ခာယိတမည်၏၃၊
ဝါ- ပကတိအဆင်းပျက်လျက် ညိုမည်းသည့်အဆင်းရှိသော သူသေကောင်။
၁-ဝိ-ဝိဿန္ဒမာန- ယိုထွက်နေသော + ပုဗ္ဗ-ပြည်ရှိသည် = ဝိပုဗ္ဗ- ပြည်တစိုစို ယိုထွက်နေသော သူသေကောင်။
၂-ဝိ-ဒွိဓာ-နှစ်ပိုင်း + ဆိဒ္ဒ- ဖြတ်အပ်သည် = ဝိစ္ဆိဒ္ဒ- နှစ်ပိုင်း ဖြတ်ထားသော သူသေကောင်- နှစ်ပိုင်းပြတ်နေသော သူသေကောင်။
၃-ဝိ-ဝိဝိဓာ- အမျိုးမျိုးသော အခြင်းအရာဖြင့် + ခါယိတ- ခဲစားအပ်သည် = ဝိက္ခာယိတ- ထိုမှဤမှ အမျိုးမျိုးသော အခြင်းအရာဖြင့် ခွေး မြေခွေး စသည်တို့ ခဲစားထားသော သူသေကောင်။
၅
ဝိက္ခာယိတသည်ပင်လျှင် ဝိက္ခာယိတကမည်၏။ တနည်းကား စက်ဆုပ်ဖွယ်ကောင်းသည်၏ အဖြစ်ကြောင့် စက်ဆုပ်ဖွယ်ကောင်းသော ဝိက္ခာယိတ သူသေကောင်သည် ဝိက္ခာယိတကမည်၏။ (ဝိက္ခာယိတကဟူသော) ဤအမည်သည် ထိုသို့ (အမျိုးမျိုးသော အခြင်းအရာဖြင့် ခဲစားထားခြင်း)သဘောရှိသော သူသေကောင်၏ အမည်ပေတည်း။
(၆) အထွေထွေသောအရပ်သို့ စွန့်ပစ်ထားအပ်သော သူသေကောင်သည် ဝိက္ခိတ္တမည်၏၁၊ ဝိက္ခိတ္တသည်ပင်လျှင် ဝိက္ခိတ္တကမည်၏။ တနည်းကား စက်ဆုပ်ဖွယ်ကောင်းသည်၏ အဖြစ်ကြောင့် စက်ဆုပ်ဖွယ်ကောင်းသော ဝိက္ခိတ္တသူသေကောင်သည် ဝိက္ခိတ္တကမည်၏။ (ဝိက္ခိတ္တကဟူသော) ဤအမည်သည် “တခြားအရပ်၌ လက်ကို, တခြားအရပ်၌ ခြေကို, တခြားအရပ်၌ ခေါင်းကို (စွန့်ပစ်ထားသည်)”ဟူသော ဤပုံဤနည်းဖြင့် (ခွေး, မြေခွေး စသည်တို့သည် အသီးအခြားပြုကာ ခဲစားခြင်းဖြင့် အပေါင်းကိုယ်ကောင်မှနှုတ်၍) ထိုထိုအရပ်၌ စွန့်ပစ်ထားသော သူသေကောင်၏ အမည်ပေတည်း။
(၇) သတ်ထားအပ်သည့်ပြင် ရှေးပုဒ်အဖွင့်၌ ဆိုခဲ့သော နည်းဖြင့်၂ (ဝိက္ခိတ္တက) အထွေထွေသောအရပ်သို့ စွန့်ပစ်ထားသော
၁-ဝိ-ဝိဝိဓံ- အထွေထွေသော အရပ်သို့ + ခိတ္တ- စွန့်ပစ်ထားအပ်သည်- ဝိက္ခိတ္တ- ထိုထိုအရပ်အထွေထွေ၌ စွန့်ပစ်ထားအပ်သော သူသေကောင်။
၂-ဝိက္ခိတ္တပုဒ်၏အဖွင့်၌ “အထွေထွေသောအရပ်သို့ စွန့်ပစ်ထားအပ်သည်”ဟု ဖွင့်ပြခဲ့သော နည်းဖြင့်-ဟု ဆိုလို၏။
၆
စက်ဆုပ်ဖွယ် သူသေကောင်လည်း ဖြစ်သောကြောင့် ဟတဝိက္ခိတ္တကမည်၏၁။ (ဟတဝိက္ခိတ္တကဟူသော) ဤအမည်သည် ကျီးခြေရာသဏ္ဌာန် အခြင်းအရာအားဖြင့် (လက်ခြေစသော) အင်္ဂါကြီးငယ်တို့၌ ဓား(စသော) လက်နက်ဖြင့် ခုတ်သတ်ပြီးလျှင် ဆိုခဲ့သောနည်းဖြင့်၂ ထိုထိုအရပ်၌ စွန့်ပစ်ထားသော သူသေကောင်၏ အမည်ပေတည်း။
[၁၇၄] (၈) သွေးကို ပြန့်ကြဲစေလျက် ထိုမှဤမှ ယိုထွက်စေသော သူသေကောင်သည် လောဟိတကမည်၏၃။ (လောဟိတကဟူသော) ဤအမည်သည် ယိုထွက်သော သွေးတို့ဖြင့် လူးလဲနေသော သူသေကောင်၏ အမည်ပေတည်း။
(၉) ပိုးလောက်တို့ကို ပုဠဝဟု၄ ခေါ်ဆိုအပ်ကုန်၏။ ပိုးလောက်တို့ကို ပြန့်ကြဲစေသော သူသေကောင်သည် ပုဠဝကမည်၏၅။
၁-ဟတ-သတ်အပ်သည်- ဝိက္ခိတ္တ-ထိုထိုအရပ် အထွေထွေ၌ စွန့်ပစ်ထားအပ်သည် + က-စက်ဆုပ်ဖွယ်= ဟတဝိက္ခိတ္တက- သတ်၍ ထိုထိုအရပ်အထွေထွေ၌ စွန့်ပစ်ထားအပ်သော စက်ဆုပ်ဖွယ် သူသေကောင်။
၂-နှာ-၅ မှတ်ချက်၂-အညွှန်းကြည့်။
၃-လောဟိတ- သွေးကို + က (ကိရတိ ဝိက္ခိပတိ)- ပြန့်ကြဲစေလျက်- (ပဂ္ဃရတိ) ယိုထွက်စေသည်= လောဟိတက- သွေးကို ပြန့်ကြဲယိုထွက်စေသော၊ ဝါ-သွေးယိုထွက်နေသော သူသေကောင်။
၄-ရှေးဟောင်း မြန်မာစာမူတို့၌ ပုဠုဝ-ဟု ရှိ၏၊ ဆဋ္ဌသံဂါယနာမူ၌ နိုင်ငံခြားစာပေ သက္ကတစာပေတို့နှင့် တိုက်ဆိုင်လျက် ပုဠဝ-ဟု ပြင်ထားသည်။
၅-ပုဠဝ-ပိုးလောက်တို့ကို + က(ကိရတိ)- ပြန့်ကြဲစေသည်- ပုဠဝက= ပိုးလောက်တို့ကို ပြန့်ကြဲစေသော၊ ဝါ- အနှံ့အပြား ပိုးလောက်တို့ ပြည့်နှက်နေသော သူသေကောင်။
၇
(ပုဠဝကဟူသော) ဤအမည်သည် ပိုးလောက်တို့ဖြင့် ပြည့်နှက်နေသော သူသေကောင်၏ အမည်ပေတည်း။
(၁ဝ) အဋ္ဌိ-အရိုးသည်ပင်လျှင် အဋ္ဌိကမည်၏။ တနည်းကား စက်ဆုပ်ဖွယ်ကောင်းသည်၏ အဖြစ်ကြောင့် စက်ဆုပ်ဖွယ်ကောင်းသော အရိုးသည် အဋ္ဌိကမည်၏။ (အဋ္ဌိကဟူသော) ဤအမည်သည် အရိုးစုကောင်၏၎င်း၊ တခုသော အရိုး၏၎င်း အမည်ပေတည်း။
အမည်ရပုံကို ဆက်၍ပြဦးအံ့၊ ဥဒ္ဓုမာတက အစရှိသော ဤသူသေကောင်တို့ကို မှီ၍ ဖြစ်ပေါ်လာသော ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်တို့သည်လည်း ဥဒ္ဓုမာတကစသည် မည်ကုန်၏၊ ထိုနိမိတ်တို့၌ ရအပ်သော (ဖြစ်ပေါ်လာသော) ဈာန်တို့သည်လည်း ဥဒ္ဓုမာတကစသည် မည်ကုန်၏၁။
ဥဒ္ဓုမာတက ကမ္မဋ္ဌာန်းရှုပုံ
၁၀၃။ ထို(ဆယ်ပါးသော အသုဘတို့)တွင် ဥဒ္ဓုမာတကသူသေကောင်၌ ဥဒ္ဓုမာတကနိမိတ်ကို ဖြစ်စေ၍ ဥဒ္ဓုမာတက ခေါ်ဆိုအပ်သော ဈာန်ကို ဖြစ်ပွါးစေခြင်းငှါ အလိုရှိသော ယောဂီသည် ပထဝီကသိုဏ်း၌ ဆိုခဲ့သော နည်းဖြင့်ပင်လျှင်၂ ပြခဲ့သော အရည်အချင်းတို့နှင့် ပြည့်စုံသော ဆရာကို ချဉ်းကပ်၍ ကမ္မဋ္ဌာန်းကို သင်ယူအပ်၏။
၁-ပါဠိရှိရင်းအတိုင်း အတိအကျပြန်လျှင် “နိမိတ်တို့၏၎င်း၊ ဈာန်တို့၏၎င်း ထိုဥဒ္ဓုမာတကစသော အမည်တို့ပင်”ဟူ၍ ဖြစ်၏။ သုတနည်းသူတို့ နားလည်မည် မဟုတ်ပေ။ ထို့ကြောင့် ဝိဘတ်အနေအထား ပြောင်းလဲ၍ ပေါ်လွင်အောင် ပြန်ထားသည်။
၂-ပဌမတွဲ စာမျက်နှာ ၃ဝ၅-စသည်၌ ဆိုခဲ့သော စကားရပ်တို့ကို ရည်ညွှန်းသည်။
၈
(သင်ယူသော) ဤယောဂီအား ကမ္မဋ္ဌာန်းကို ဟောပြသော ထိုဆရာသည် “(၁) အသုဘနိမိတ်ကို ယူရန်အတွက် သွားပုံအစီအရင် (၂) ပတ်ဝန်းကျင်၌(ရှိသော) နိမိတ်ကို မှတ်သားခြင်း၊ (၃) တဆဲ့တပါးသော အခြင်းအရာအားဖြင့် အသုဘနိမိတ်ကို ယူခြင်း၊ (၄) အသွားအပြန်လမ်းကို ဆင်ခြင်မှတ်သားခြင်း”ဟူသော ဤသို့သော အပြားအားဖြင့် အပ္ပနာအစီအရင်အဆုံးရှိသော အလုံးစုံကို ပြောကြားအပ်၏။ ထိုတပည့် ယောဂီသည်လည်း (ဆရာပြောသမျှ) အလုံးစုံကို ကောင်းစွာ မှတ်ယူပြီးလျှင် ရှေး(ပဌမတွဲ နှာ-၃၇၂)၌ ပြခဲ့သော ဂုဏ်အင်္ဂါတို့နှင့် ပြည့်စုံသောကျောင်းသို့ ကပ်ရောက်၍ ဖူးဖူးရောင်နေသော သူသေကောင် အသုဘနိမိတ်ကို စုံစမ်းရှာမှီးလျက် နေအပ်ပေ၏။
၁၀၄။ ဤသို့ ရှာမှီးနေသော ယောဂီသည်လည်း၁ “ဤမည်သော ရွာတံခါး၌ ဤမည်သော တောအုပ်အဝ၌ ဤမည်သောလမ်း၌ ဤမည်သော တောင်ခြေ၌ ဤမည်သော သစ်ပင်ရင်း၌ ဤမည်သော သုသာန်၌ ဥဒ္ဓုမာတကသူသေကောင်ကို ပစ်ချထားသည်”ဟု ပြောဆိုကြသောသူတို့၏ စကားကို ကြားရပြီးသော်လည်း၁ ဆိပ်ကမ်းမဟုတ်ရာ၌ (အဆောတလျင်) သက်ဆင်းသကဲ့သို့ ထိုကြားပြီးသော ခဏ၌ပင် (အဆောတလျင်) မသွားအပ်သေး- မသွားသင့်သေးပေ။ အဘယ့်ကြောင့်?ဆိုသော် ဤသူသေကောင်မည်သည်မှာ (ကျားစသော) သားရဲတို့ သိမ်းပိုက် စောင့်ရှောက်နေသည်လည်း ရှိတတ်၏၊ ဘီလူးတို့ သိမ်းပိုက် စောင့်ရှောက်နေသည်လည်း ရှိတတ်၏၊
၁- ယောဂီသည်လည်း.. ကြားရပြီးသော်လည်း.. (အဆောတလျင်) မသွားအပ်သေး-ဟု စပ်ပါ။
၉
ထိုသို့ သိမ်းပိုက်စောင့်ရှောက်နေရာ၌ (သွားလျှင်) ဤယောဂီအား အသက်၏ အန္တရာယ်လည်း ဖြစ်နိုင်၏။ ထို့ပြင် ထိုအသုဘကောင်ရှိရာအရပ်သို့ သွားသောလမ်းသည် ရွာတံခါးဖြင့်သော်၎င်း၊ ရေချိုးဆိပ်ဖြင့်သော်၎င်း၊ လယ်ကန်သင်းရိုးဖြင့်သော်၎င်း ဖြစ်တတ်၏၊ ထိုသို့ဖြစ်ရာ၌ (သွားလျှင်) ဝိသဘာဂ (အသွင်သဏ္ဌာန်ကွဲ)ပုဂ္ဂိုလ်၏ အဆင်းရူပါရုံကို တွေ့မြင်ရတတ်၏၁၊ သို့မဟုတ် ထိုအသုဘကိုယ်ကောင်သည်ပင်လျှင် ဝိသဘာဂ (အသွင်သဏ္ဌာန်ကွဲ) သူသေကောင်ဖြစ်တတ်၏။ ဝိသဘာဂဟူသည်မှာ ယောကျ်ားအား မိန်းမ၏ကိုယ်ကောင်သည်၎င်း၊ မိန်းမအား ယောက်ျား၏ကိုယ်ကောင်သည်၎င်း အသွင်သဏ္ဌာန်ချင်းမတူသော ဝိသဘာဂ ဖြစ်ပေသည်။ ထိုဝိသဘာဂသူသေကောင်သည် သေပြီးခါစ လောလောလတ်လတ်ဖြစ်ပါမူ တင့်တယ်သည့်အနေအားဖြင့်လည်း ထင်ရတတ်၏၊ ထိုသို့ထင်ခြင်းကြောင့် ဤယောဂီအား ဗြဟ္မစရိယခေါ်သော ရဟန်းသီလ အကျင့်မြတ်၏ အန္တရာယ်သော်လည်း ဖြစ်နိုင်၏။ သို့သော်လည်း “ဤဝိသာဂရူပါရုံသည် ငါသို့သောပုဂ္ဂိုလ်အား (သုဘသညာမဖြစ်အောင် နှလုံးသွင်းရန်) ဝန်မလေး”ဟု မိမိကိုယ်ကို အားကိုးစိတ်ချပါမူ၂ (ထိုရွာတံခါးလမ်း စသည်ဖြင့်လည်း) သွားနိုင်ပါသေး၏။
၁- ဝိသဘာဂရူပံ အာပါထမာဂစ္ဆတိ-ဟူသော ပါဌ်ကို ဝိသဘာဂပုဂ္ဂိုလ်၏ အဆင်းရူပါရုံသည် ထင်ခြင်းသို့ ရောက်တတ်၏-ဟု အတိအကျပြန်လျှင် သုတနည်းသူတို့က နားမလည်နိုင်ရာသောကြောင့် ပေါ်လွင်အောင် စကားပရိယာယ် လဲလှယ်၍ ပြန်ထားသည်။
၂-သစေ တက္ကယတိ၊ ဧဝံ-ပုဒ်တို့၏ ဆိုလိုရင်း အနက်ဖြစ်သည်။ အတိအကျပြန်လျှင် “အကယ်၍ ကြံစည်ငြားအံ့၊ ဤသို့ ကြံစည်သည်ရှိသော်-ဟူ၍ ဖြစ်၏။
၁၀
[၁၇၅] ၁၀၅။ (အသုဘကောင်ရှိရာ သုသာန်သို့)သွားသော ယောဂီသည်လည်း သံဃထေရ်အားဖြစ်စေ၊ ထင်ရှားသော အခြားရဟန်းအားဖြစ်စေ ပန်ကြား၍ သွားအပ်၏။ အဘယ့်ကြောင့်?ဆိုသော် ဤယောဂီအား သုသာန်၌ ဘီလူး ခြင်္သေ့ ကျား စသည်တို့၏ အဆင်း အသံ အစရှိသော အနိဋ္ဌာရုံတို့က နှိပ်စက်(အပ်)သောကြောင့် အင်္ဂါကြီးငယ်တို့သည်လည်း တုန်လှုပ်ကုန်ငြားအံ့၊ စားထားသော အစာသည်မူလည်း အစာအိမ်၌ ကောင်းစွာမတည်ပဲ အန်ထွက်ငြားအံ့၊ အခြားတပါးသော အနာရောဂါသည်မူလည်း ဖြစ်ပေါ်ငြားအံ့၊ ထိုသို့ဖြစ်လျှင် ကျောင်း၌(ရှိသော) ဤယောဂီရဟန်း၏ သပိတ်သင်္ကန်းကို ထိုသံဃထေရ်စသည်က ကောင်းစွာ စောင့်ရှောက်ပေလိမ့်မည်၊ ရဟန်းငယ်များ သာမဏေများကို စေလွှတ်၍မူလည်း ထိုယောဂီရဟန်းကို စောင့်ရှောက်ပေလိမ့်မည်။ တနည်းသော်ကား သုသာန်မည်သည်မှာ “(ဖမ်းဆီးမည့်သူတို့မှ) ရွံရှားဖွယ်- စိုးရိမ်ဖွယ်ကင်းသော အရပ်ဖြစ်သည်”ဟု မှတ်ယူကုန်လျက်၁ ခိုးမှုပြုပြီးသော ခိုးသူတို့သည်၎င်း၊ ခိုးမှုပြုရန် အကြံပြုနေသော ခိုးသူတို့သည်၎င်း၂ သက်ရောက် ခိုအောင်းတတ်ကြကုန်၏။
၁- မှတ်ယူကုန်လျက်.. သက်ရောက် ခိုအောင်းတတ်ကြကုန်၏ဟု စပ်ပါ။
၂-အကတကမ္မာ-ဟူသော ပုဒ်၏ ဆိုလိုရင်း အနက်ဖြစ်သည်။ ထိုသူခိုးတို့သည် မခိုးရသေးရုံမျှ မဟုတ်ကြပေ၊ ခိုးရန်အတွက် သုသာန်၌ စည်းဝေးတိုင်ပင်ခြင်း ဗလိနတ်စာကျွေးခြင်း ပူဇော်ခြင်းများကို ပြုလုပ်နေသူတို့ ဖြစ်ကြသည်။
၁၁
ထိုခိုးသူတို့သည် ရဲနှင့် ဥစ္စာရှင်လူတို့က လိုက်လာကြလျှင်၁ ခိုးယူခဲ့သောဥစ္စာကို (သုသာန်၌နေသော) ရဟန်း၏အနီး၌ ပစ်ချခဲ့၍မူလည်း ထွက်ပြေးတတ်ကြကုန်၏၊ (ထိုသို့ ထွက်ပြေးကြလျှင်) ရဲနှင့် ဥစ္စာရှင်လူတို့က “ခိုးထုပ်ခိုးထယ်နှင့်တကွ ခိုးသူကို တွေ့ကြသည်”ဟု နှလုံးသွင်းကုန်၍ (ထို)ရဟန်းကို ဖမ်းယူကာ နှိပါစက်တတ်ကြကုန်၏၊ ထိုသို့သောအခါ၌ (ပန်ကြားအပ်ခဲ့သော) ထိုသံဃထေရ်စသည်က “ဤရဟန်းကို မနှိပ်စက်ကြပါလင့်၊ ဤရဟန်းသည် ငါ့အားပန်ကြား၍ (အသုဘရှုခြင်းဟူသော) ဤမည်သောကိစ္စဖြင့် (သုသာန်သို့) သွားခဲ့ပါသည်”ဟု ပြောကြားကာ ထိုလူတို့ကို သိနားလည်မှုရစေ၍ ထို(ပန်ကြားသွားသော) ရဟန်းအား လွတ်မြောက်ချမ်းသာခြင်းကို ပြုပေလိမ့်မည်၊ ဤသည်ကား ပန်ကြား၍သွားခြင်း၌ အကျိုးအာနိသင်ပေတည်း။ သို့ဖြစ်၍ ပြဆိုအပ်ခဲ့သော သံဃထေရ်နှင့် ထင်ရှားသောရဟန်းအား ပန်ကြား၍၂ အသုဘနိမိတ်ကို ရှုခြင်း၌ ထက်သန်သော လိုလားခြင်းရှိသည်ဖြစ်၍၂ ဥပမာအားဖြင့် အဘိသိက်ခံမည့်မင်းသည် အဘိသိက်သွန်းရာ (မင်္ဂလာခန်းမ)ဌာနသို့, ယဇ်ပူဇော်သော ယဇ်အရှင်သည် ယဇ်ပူဇော်ရာရုံသို့, ဥစ္စာမဲ့သော သူဆင်းရဲသည် ရွှေငွေရတနာ မြှုပ်နှံထားရာဌာနသို့ ဝမ်းမြောက်ဝမ်းသာ လွန်စွာဖြစ်လျက် သွားဘိသကဲ့သို့ ထို့အတူပင် (ဤအကျင့်ဖြင့် အိုခြင်း သေခြင်းမှ ဧကန်မချွတ်
၁- အနုဗဒ္ဓါ- အစဉ်လိုက်အပ်ကုန်လတ်သော်-ဟူသော အနက်၏ ပေါ်လွင်သော စကားလှယ် ဖြစ်သည်။
၂- ပန်ကြား၍.. လိုလားခြင်းရှိသည်ဖြစ်၍.. ၀မ်းမြောက်ဝမ်းသာခြင်းကို ဖြစ်စေလျက်.. သွားအပ်ပေသည်-ဟု စပ်ပါ။
၁၂
လွတ်ရပေလိမ့်မည်ဟု နှလုံးသွင်းကာ) ဝမ်းမြောက်ဝမ်းသာခြင်းကို ဖြစ်စေလျက်၁ အဋ္ဌကထာတို့၌ ပြဆိုထားသည့် အစီအရင်ဖြင့် သွားအပ်ပေသည်။ မှန်ပေ၏။ အောက်ပါစကားကို (အဋ္ဌကထာတို့၌) မိန့်ဆိုထားပေ၏။
“ဥဒ္ဓုမာတက အသုဘနိမိတ်ကို ယူလိုသော ယောဂီသည် တပါးတည်း အဖော်မပါပဲ သွား၏၊ မမေ့မလျော့ ထင်သောသတိရှိလျက် အတွင်း၌တည်ကြသော မျက်စိစသော ဣန္ဒြေများရှိလျက်၂ အပြင်သို့မသွားသော စိတ်ရှိသည်ဖြစ်၍ အသွားအပြန်လမ်းကို ဆင်ခြင်မှတ်သားလျက် (သွား၏)။ ဥဒ္ဓုမာတက သူသေကောင်နိမိတ်ကို ပစ်ချထားရာအရပ် (အနီးအပါး)၌(ရှိသော) ကျောက်ကို၎င်း၊ တောင်ပို့ကို၎င်း၊ သစ်ပင်ကို၎င်း၊ ချုံကို၎င်း၊ နွယ်ကို၎င်း အသုဘကောင် နိမိတ်နှင့်တကွ (ယှဉ်တွဲလျက် ပိုင်းခြားမှတ်သားခြင်းကို) ပြု၏၊ အသုဘအာရုံနှင့်တကွ (မှတ်သားခြင်းကို) ပြု၏။ အသုဘနိမိတ်နှင့်တကွ အသုဘအာရုံနှင့်တကွ (မှတ်သားခြင်းကို) ပြုပြီးလျှင် ဥဒ္ဓုမာတကအသုဘနိမိတ်ကို မိမိ၏ သဘောရင်းဖြစ်သော လက္ခဏာအားဖြင့် မှတ်သား၏။ အဆင်းအားဖြင့်လည်း (မှတ်သား၏), လိင်အသွင်အားဖြင့်လည်း ပုံသဏ္ဌာန်အားဖြင့်လည်း
၁- ပန်ကြား၍.. လိုလားခြင်းရှိသည်ဖြစ်၍.. ဝမ်းမြောက်ဝမ်းသာခြင်းကို ဖြစ်စေလျက်.. သွားအပ်ပေသည်-ဟု စပ်ပါ။
၂- အပြင်ပ အာရုံများကို အလေးမပြုပဲ ကြည့်ရှုခြင်း နားထောင်ခြင်း စသည်ကို မပြုဘဲ သွားရမည်ဟု ဆိုလို၏။
၁၃
အရပ်အားဖြင့်လည်း တည်ရာအားဖြင့်လည်း အပိုင်းအခြားအားဖြင့်လည်း (မှတ်သား၏)၊ အစပ်အားဖြင့် အကြားအရပ်အားဖြင့် အနိမ့်အချိုင့်အားဖြင့် အမြင့်အမောက်အားဖြင့် ပတ်ဝန်းကျင်အားဖြင့် (မှတ်သား၏)၁။ ထိုယောဂီသည် ထိုဥဒ္ဓုမာတက သူသေကောင်နိမိတ်ကို ကောင်းစွာ ယူအပ်သည်ကို ပြု၏၂၊ ကောင်းစွာ မှတ်မိအောင် မှတ်၏၃၊ ကောင်းစွာ ပိုင်းခြားနိုင်အောင် ပိုင်းခြား၏၄၊ ထိုယောဂီသည်
၁- “အဆင်း အစရှိသောအားဖြင့် မှတ်သားခြင်းသည် အသုဘအားလုံးတို့နှင့် ဆိုင်သောကြောင့် ၎င်းကို တပေါင်းတည်းပင် ဧကန်အလိုရှိအပ်သကဲ့သို့ ထို့အတူပင် အစပ် အစရှိသောအားဖြင့် မှတ်သားခြင်းကို တပေါင်းတည်း ဧကန်ယူရန် မလိုအပ်ပေ”ဟူသော အနက်ကို ပြခြင်းငှါ “ဝဏ္ဏတောပိ- အဆင်းအားဖြင့်လည်း” အစရှိသည်ဖြင့် ၆-ပါးသောဌာနတို့၌ ပေါင်းခြင်းအနက်ရှိသော ပိ-သဒ္ဒါ=လည်း-သဒ္ဒါနှင့်တကွ ဆိုထားပေသည်။ (ဋီကာ) မြန်မာစကား ချောစေရန် အနည်းငယ်ပြင်၍ ပြန်ထားသည်။ ဆိုလိုသည်မှာ အဆင်းစသည်ဖြင့် မှတ်ယူရန်မှာ အသုဘအားလုံးနှင့် ဆိုင်၏။ ထို့ကြောင့် အဆင်းအားဖြင့်လည်း (မှတ်သား၏) စသည်ဖြင့် ပေါင်းစည်းလျက် ဆိုထားသည်။ အစပ်အားဖြင့် ။ပ။ ပတ်ဝန်းကျင်အားဖြင့် မှတ်ယူရန်မှာ အသုဘအားလုံးနှင့် မဆိုင်သောကြောင့် ပေါင်းခြင်းအနက်ရှိသော (ပိ=လည်း-ဟူသော) သဒ္ဒါမပါဘဲ ဆိုထားသည်ဟု ဆိုလို၏။
၂- သုဂ္ဂဟိတံ ကရောတိ-ဟူသော ပါဌ်၏ အတိအကျပြန်ဆိုချက် ဖြစ်သည်။ ကောင်းစွာမှတ်ယူ၏-ဟူ၍ပင် ဆိုလို၏။
၃- သုပဓာရိတံ ဥပဓာရေတိ-ဟူသော ပါဌ်၏ ဆိုလိုရင်းအနက် ဖြစ်သည်။
၄- သုဝဝတ္ထိတံ ဝဝတ္ထပေတိ-ဟူသော ပါဌ်၏ ဆိုလိုရင်းအနက် ဖြစ်သည်။
၁၄
ထိုနိမိတ်ကို ကောင်းစွာယူအပ်သည်ကို ပြုပြီးလျှင် ကောင်းစွာမှတ်မိအောင် မှတ်ပြီးလျှင် ကောင်းစွာပိုင်းခြားနိုင်အောင် ပိုင်းခြားပြီးလျှင် တပါးတည်း အဖော်မပါပဲ (သုသာန်မှ ကျောင်းသို့) သွား၏၊ (ဝါ-ပြန်လာ၏) [၁၇၆] မမေ့မလျော့ ထင်သော သတိရှိလျက် အတွင်း၌တည်ကြသော (မျက်စိစသော) ဣန္ဒြေများရှိလျက် အပြင်သို့မသွားသော စိတ်ရှိသည်ဖြစ်၍ အသွားအပြန်လမ်းကို ဆင်ခြင်မှတ်သားလျက် (သွား၏။ ဝါ-ပြန်လာ၏)။ ထိုသို့ပြန်လာပြီးသော ယောဂီသည် စင်္ကြံသွားလျှင်လည်း ထို(အသုဘနိမိတ်ဆီသို့ ရှေးရှုဖြစ်သော) အဖို့ရှိသည်သာလျှင်ဖြစ်သော စင်္ကြံသွားခြင်းကို ဆောက်တည်၏ (ပြု၏)၊ ထိုင်နေလျှင်လည်း ထို(အသုဘနိမိတ်ဆီသို့ ရှေးရှုဖြစ်သော) အဖို့ရှိသည်သာလျှင်ဖြစ်သော နေရာကိုခင်းလျက် (ထိုင်)နေ၏။
အသုဘကောင်၏ ပတ်ဝန်းကျင်၌ (ကျောက်စသော) နိမိတ်ကို မှတ်သားခြင်းသည် အဘယ်အကျိုးအာနိသင် ရှိသနည်း? မတွေဝေခြင်းဟူသော အကျိုးအာနိသင်ရှိပေ၏၁။ တဆဲ့တပါးသော အခြင်းအရာအားဖြင့် အသုဘနိမိတ်ကို မှတ်ခြင်းသည် အဘယ်အကျိုးအာနိသင်ရှိသနည်း? (အသုဘအာရုံ၌ စိတ်ကို) ဆောင်ကပ်၍ ဖွဲ့ချည်ခြင်းဟူသော
၁- မူရင်းပါဌ်၌ အမေးဝါကျမှာကဲ့သို့ပင် အဖြေဝါကျမှာလည်း ကတ္တားပုဒ်များ ထပ်၍ ပြဆိုထား၏။ သို့သော် မြန်မာဝါကျ၌ တိုတိုဖြင့် အသိရှင်းစေရန် ထိုကတ္တားပုဒ်များကို မပြတော့ပဲ လိုရင်းအဖြေကိုသာ ပြထားသည်။ နောက်အဖြေ ၂-ရပ်တို့၌လည်း နည်းတူပင်။
၁၅
အကျိုးအာနိသင် ရှိပေ၏။ အသွားအပြန်လမ်းကို ဆင်ခြင်မှတ်သားခြင်းသည် အဘယ်အကျိုးအာနိသင် ရှိသနည်း? (နှလုံးသွင်းမှုကို ကမ္မဋ္ဌာန်းလုပ်ငန်းစဉ်)လမ်းသို့ ကောင်းစွာ တဖန် သွားစေခြင်း- တက်ရောက်စေခြင်းဟူသော အကျိုးအာနိသင်ရှိပေ၏။
ထိုယောဂီသည် “ဤအကျင့်ဖြင့် အိုခြင်း သေခြင်းမှ ဧကန်မချွတ် လွတ်ရပေလိမ့်မည်”ဟု အကျိုးအာနိသင်ကို မြော်မြင်လျက် (အသုဘအာရုံကို) အလွန်ရခဲသော ရတနာမြတ်ဟု အမှတ်ပြုကာ ရိုသေလေးစားခြင်းကို ဖြစ်စေလျက်၁ ကောင်းစွာ မြတ်နိုးသည်ဖြစ်၍ ထို(ဥဒ္ဓုမာတက အသုဘ)အာရုံ၌ စိတ်ကို ဆောင်ကပ်၍ ဖွဲ့ချည်၏၂။ ထို(သို့ စိတ်ကို အသုဘအာရုံ၌ ဆောင်ကပ်၍ ဖွဲ့ချည်လျက် ရှုနေသော)ယောဂီသည် ကာမတို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍(သာလျှင်) ဝိတက်ဝိစာရနှင့် တကွဖြစ်သော ဝိဝေကကြောင့်ဖြစ်သော ပီတိသုခရှိသော ပဌမဈာန်ကို ပြည့်စုံစေလျက် နေ၏။ ထို(သို့နေသော) ယောဂီသည်
၁- စိတ္တီကာရံ ဥပဋ္ဌပေတွာ-ဟူသော ပါဌ်၏ ပြန်ရိုးပြန်စဉ်အနက် ဖြစ်သည်။ ထိုစကားရပ်၌ ရိုသေရမည်ဟူသည်မှာ ရှိခိုးခြင်းစသည်ဖြင့် ရှိသေရမည်ကား မဟုတ်ပေ၊ ပေါ့ပေါ့ဆဆမဟုတ်ပဲ လေးလေးနက်နက် နှလုံးသွင်းရမည်ကိုသာ ဆိုလိုပေသည်။
၂- ဤ၌ “ဆောင်ကပ်၍ ဖွဲ့ချည်”ဟူသည်မှာ စိတ်နှင့်အာရုံ ပူးတွဲလျက် စွဲမြဲနေအောင် နှလုံးသွင်းခြင်းပင် ဖြစ်သည်။
၁၆
ရူပါဝစရပဌမဈာန်ကို၎င်း၊ ဒိဗ္ဗဝိဟာရကို၎င်း၁၊ ဘာဝနာမယ ပုညကိရိယဝတ္ထုကို၎င်း ရအပ်ပြီးဖြစ်ပေတော့သည်”။ ဤကား အဋ္ဌကထာတို့၌ ဆိုထားသော အစီအရင်ပေတည်း။
၁၀၆။ ထို(သို့ အသုဘနိမိတ်ကို ယူခြင်းသည် အရိယမဂ်၏ အနီးကပ်အကြောင်းဖြစ်သော ပဌမဈာန်ကိုရခြင်း၏ အကြောင်းမှန်ဖြစ်ခြင်း၊ “အသုဘနိမိတ်ကို ယူလိုသော ယောဂီသည် တပါးတည်း အဖော်မပါပဲ သွား၏”ဟု အဋ္ဌကထာတို့၌ ဆိုထားခြင်းဟူသော အကြောင်း၂-ပါး)ကြောင့်၂ (အသုဘကောင်တို့ကို ကြည့်ရှု၍ ရုပ်ကိုယ်၏ ဖြစ်ရိုးသဘောမှန်ကို မှတ်သားခြင်းဖြင့်၎င်း၊ ထိတ်လန့်မှုသံဝေဂကို ဖြစ်စေခြင်းဖြင့်၎င်း မိမိ၏)စိတ်ကို သိမှတ်စေခြင်းအကျိုးငှါ သုသာန်ရှုသွားသော ပုဂ္ဂိုလ်သည် ခေါင်းလောင်းထိုးစည်ကို တီးခေါက်လျက် အတူသွားဖော်အပေါင်းကို စည်းဝေးစေ၍သော်လည်း သွားလိုက သွားပါစေ (ဝါ-သွားနိုင်ပေ၏)။
၁- ဒိဗ္ဗ- ဗြဟ္မလောကဟူသော နတ်ပြည်၌ဖြစ်သော အာနုဘော်။ ထိုအာနုဘော်ကို ရစေနိုင်သော ဈာန်ကိုလည်း ဒိဗ္ဗဟူ၍ပင် ခေါ်ရ၏။ ဝိဟာရ- မျှတနေကြောင်းဖြစ်သော ဈာန်။ ဒိဗ္ဗဝိဟာရ- ဗြဟ္မာ့ဘုံဟူသော နတ်ပြည်၌ဖြစ်သော အာနုဘော်ကို ရစေနိုင်သော မျှတနေကြောင်း ဈာန်။ အတိုချုပ်အားဖြင့် ရူပဈာန် အရူပဈာန်တို့ကို ဒိဗ္ဗဝိဟာရခေါ်သည်ဟု မှတ်ရာ၏။
၂- ဋီကာအဖွင့်နှင့်အညီ ဖြည့်စွက်၍ ပြန်ထားသော (တသ္မာ-ပုဒ်၏) အနက်ဖြစ်သည်။
၁၇
ကမ္မဋ္ဌာန်းကို ပဓာနပြုသဖြင့် သွားသောပုဂ္ဂိုလ်သည်ကား တပါးတည်း အဖော်မပါပဲ မူလကမ္မဋ္ဌာန်းကို၁ မစွန့်မူ၍ ထိုမူလကမ္မဋ္ဌာန်းကို နှလုံးသွင်းလျက်သာလျှင် သုသာန်၌ ခွေးအစရှိသော ဘေးရန်ကို ချောက်လှန့်ပယ်ရှားရန်အတွက် တောင်ဝှေးကိုဖြစ်စေ၊ နှင်တံကိုဖြစ်စေ ကိုင်ဆောင်၍၂ ကောင်းစွာထင်ခြင်းကို ပြီးစေသဖြင့် မမေ့သောသတိကို ဖြစ်စေလျက်၂ စိတ်လျှင် ခြောက်ခုမြောက်ရှိကုန်သော ဣန္ဒြေတို့၏၃ အတွင်း၌ တည်သည်၏အဖြစ်ကို ပြီးစေသဖြင့် အပြင်သို့မသွားသော စိတ်ရှိသည်ဖြစ်၍ (သုသာန်သို့) သွားအပ်ပေသည်။
ကျောင်းမှ ထွက်လျှင်ပင် “ဤမည်သောအရပ်၌ ဤမည်သောတံခါးဖြင့် ထွက်သည်”ဟု တံခါးကို မှတ်အပ်၏၊ ထို့နောင် သွားရာလမ်းကို “ဤလမ်းသည် အရှေ့အရပ်ဆီသို့ သွား၏”ဟူ၍သော်၎င်း၊ “အနောက်အရပ်- မြောက်အရပ်- တောင်အရပ်ဆီသို့ သွား၏”ဟူ၍သော်၎င်း “(အရှေ့တောင်စသော) အထောင့်အရပ်ဆီသို့ သွား၏”ဟူ၍သော်၎င်း မှတ်အပ်၏။ ထို့ပြင် “ဤဌာန၌ လက်ဝဲဘက်သို့ သွား၏၊ ဤဌာန၌ လက်ျာဘက်သို့ သွား၏၊ ဤဌာန၌ [၁၇၇] ကျောက်ရှိ၏၊ ဤဌာန၌ တောင်ပို့ရှိ၏၊ ဤဌာန၌ သစ်ပင်ရှိ၏၊ ဤဌာန၌ ချုံရှိ၏၊ ဤဌာန၌ နွယ်ရှိ၏”ဟူ၍လည်း မှတ်အပ်၏။ ဤသို့ အသွားလမ်းကို
၁-မူလကမ္မဋ္ဌာန်းဟူသည်မှာ ပကတိအားဖြင့် မိမိသည် ရံဖန်ရံခါ နှလုံးသွင်းလျက် ဆောင်ထားအပ်သော ဗုဒ္ဓါနုဿတိ အစရှိသော သဗ္ဗတ္ထက ကမ္မဋ္ဌာန်းပင်တည်း။ (ဋီကာ)
၂- နှလုံးသွင်းလျက်သာလျှင်.. ကိုင်ဆောင်၍ သတိကို ဖြစ်စေလျက် စိတ်ရှိသည်ဖြစ်၍ သွားအပ်ပေသည်-ဟု စပ်ပါ။
၃-ဣန္ဒြေတို့၏.. တည်သည်၏အဖြစ်ကို-ဟု စပ်ပါ။
၁၈
ပိုင်းခြားမှတ်သားလျက် အသုဘနိမိတ်ရှိရာ အရပ်သို့ သွားအပ်ပေသည်။ သို့သော် လေဆန်မူကား မသွားအပ်ပေ၊ လေဆန်သွားလျှင် အကောင်ပုပ်နံ့သည် နှာခေါင်းကို တိုက်ခိုက်၍ ဦးနှောက်ကို ချောက်ချား ပျက်ပြားစေရာ၏၊ အစာကိုမူလည်း အန်ထွက်စေရာ၏၊ “ဤလိုအကောင်ပုပ်ရှိရာသို့ လာခဲ့မိလေခြင်း”ဟု နှလုံးမသာခြင်းကိုမူလည်း ဖြစ်စေရာ၏။ ထို့ကြောင့် လေဆန်လမ်းကို ရှောင်လွှဲ၍ လေစုန်လမ်းဖြင့် သွားအပ်၏။ အကယ်၍ (ဖြတ်သန်းသွားရမည့်) လမ်းခုလတ်၌ တောင်, ကမ်းပါးပြတ်, ကျောက်တုံးကြီး, ကျောက်ဆောင်ကြီး, စည်းရိုး, ဆူးများသောဌာန, ရေ, ရွှံ့ညွန်ဗွက် တစုံတခု ခြားလျက်ရှိသောကြောင့် လေစုန်လမ်းဖြင့်သွားရန် မဖြစ်နိုင်ပါမူ သင်္ကန်းစွန်းဖြင့် နှာခေါင်းကိုပိတ်၍ သွားအပ်၏။ ဤသည်ကား ထိုယောဂီ၏ (သုသာန်သို့)သွားရာ၌ ပြုရမည့် ကျင့်ဝတ်ပေတည်း။
၁၀၇။ ဤဆိုခဲ့သည့်အတိုင်း (သုသာန်သို့) သွားရောက်ပြီးသော ယောဂီသည် ရှေးဦးစွာ အသုဘနိမိတ်ကို မကြည့်ရှုသင့်သေး။ ထိုင်သင့်သောအရပ်ကို ပိုင်းခြားရွေးချယ်ရဦးမည်။ ရွေးချယ်ပုံကို ချဲ့ပြရလျှင် တခုသော အရပ်အဖို့၌ တည်သောသူအား အသုဘအာရုံလည်း ထင်ရှားစွာ မပေါ်၊ စိတ်လည်း (အသုဘရှုရန်) မခန့်ကျန်း မသန်စွမ်းပဲ ရှိတတ်၏။ ထို့ကြောင့် ထိုသို့သောအရပ်ကိုပယ်၍ အသုဘအာရုံ ထင်ရှားပေါ်ရာ စိတ်လည်း ခန့်ကျန်းရာအရပ်၌ တည်ရာ၏။ ထို့ပြင် လေကြေ လေညာအရပ်ကိုလည်း ပယ်အပ်၏၊ အပြစ်ကား- လေကြေအရပ်၌တည်လျှင် အပုပ်နံ့က နှိပ်စက်သောကြောင့် စိတ်မတည်ပဲ ပြေးသွားနေတတ်၏၊ လေညာအရပ်၌ တည်နေလျှင်(လည်း) ထိုသူသေကောင်၌ စိုးအုပ်စောင့်ရှောက်နေသော ဘီလူး မြေဘုတ်တို့ ရှိနေပါမူ ၎င်းတို့က (ငါတို့၏ထံသို့ မကောင်းသော လူနံ့ကို လာစေသည်ဟု
၁၉
နှလုံးသွင်းလျက်) စိတ်ဆိုးကြ၍ အကျိုးမဲ့ကို ပြုတတ်ကြကုန်၏။ ထို့ကြောင့် အနည်းငယ်ဖယ်ရှား၍ လေညာတည့်တည့် မကျလွန်းသောအရပ်၌ တည်နေရာ၏။ ဤသို့ တည်နေသောသူသည်လည်း (အသုဘကောင်နှင့်) မဝေးလွန်း မနီးလွန်းသောအရပ် ခြေရင်း ခေါင်းရင်း မဟုတ်သောအရပ်၌ တည်ရာ၏။ အပြစ်ကား- ဝေးလွန်းသောအရပ်၌ တည်လျှင် အာရုံမထင်ရှားပဲ ရှိတတ်၏၊ နီးလွန်းသောအရပ်၌ (တည်နေလျှင်) ကြောက်ခြင်း ဖြစ်ပေါ်တတ်၏၁၊ ခြေရင်း ခေါင်းရင်းအရပ်၌ တည်နေလျှင် အသုဘကောင် တကိုယ်လုံး ညီတူညီမျှ မထင်ပေါ်ပေ။ ထို့ကြောင့် မနီးလွန်း မဝေးလွန်း၍ ကြည့်ရှုရန် ချမ်းသာလွယ်ကူရာဖြစ်သော သူသေကောင်၏ အလယ်ပိုင်းအရပ်၌ တည်နေရာ၏။
၁၀၈။ ဤသို့ တည်နေပြီးလျှင် “(သူသေကောင် ပစ်ချထားရာ) ထိုအရပ်၌ ကျောက်တုံး ကျောက်ခဲကို၎င်း ။ပ။ နွယ်ကို၎င်း အသုဘကောင်နိမိတ်နှင့်တကွ ပြု၏”ဟူ၍ ဆိုအပ်ခဲ့ကုန်သော ပတ်ဝန်းကျင်ရှိ နိမိတ်တို့ကို မှတ်သားအပ်ကုန်၏။ ထိုသို့ မှတ်သားရာ၌ ယခုဆိုမည့်စကားသည် မှတ်သားပုံ အစီအရင်ပေတည်း။ အကယ်၍ ထိုအသုဘကောင်နိမိတ်၏ အနီးအပါး မြင်နိုင်ရာအရပ်၌ ကျောက်ရှိငြားအံ့၊ ထိုကျောက်ကို “မြင့်သည်ဟူ၍၎င်း၊ နိမ့်သည်၂၊ ငယ်သည်၊ ကြီးသည်၊
၁- သူသေကောင်သည် ပုထုဇဉ်ပုဂ္ဂိုလ်အား အများအားဖြင့် ကြောက်ဖွယ်အနေအားဖြင့် ထင်တတ်သောကြောင့် “နီးလွန်းသောအရပ်၌ ကြောက်ခြင်း ဖြစ်ပေါ်တတ်၏”ဟု မိန့်ဆိုပေသည်။ (ဋီကာ)
၂- ဤပုဒ်မှစ၍ “ဟူ၍၎င်း”ကို မြှုပ်ထားသည်၊ ရှေးပုဒ်၌ကဲ့သို့ပင် နိမ့်သည်ဟူ၍၎င်း၊ ငယ်သည်ဟူ၍၎င်း စသည်ဖြင့် သိရန်ဖြစ်သည်။
၂၀
နီသည်၊ ညိုမည်းသည်၊ ဖြူသည်၊ ရှည်သည်၊ ဝန်းဝိုင်းသည်ဟူ၍၎င်း ပိုင်းခြား(ဆုံးဖြတ်)အပ်၏၁။ ထို့နောင် “ဤမည်သောအရပ်၌ တည်နေသော ဤအရာကား ကျောက်, (စင်းစင်းခွေခွေ တည်နေသော) ဤအရာကား အသုဘကောင်နိမိတ်၊ ဤအရာကား အသုဘကောင်နိမိတ်၊ ဤအရာကား ကျောက်”ဟု (အပြန်အလှန်) ကောင်းစွာ မှတ်သားအပ်၏၂။ အကယ်၍ တောင်ပို့ရှိလျှင် ထိုတောင်ပို့ကိုလည်း “မြင့်သည်ဟူ၍၎င်း၊ နိမ့်သည်၊ [၁၇၈] ငယ်သည်၊ ကြီးသည်၊ နီသည်၊ ညိုမည်းသည်၊ ဖြူသည်၊ ရှည်သည်၊ ဝန်းဝိုင်းသည်ဟူ၍၎င်း” ပိုင်းခြားအပ်၏။ ထို့နောင် “ဤမည်သောအရပ်၌ တည်နေသော ဤအရာကား တောင်ပို့၊ ဤအရာကား အသုဘကောင်နိမိတ်”ဟု ကောင်းစွာ မှတ်သားအပ်၏။ အကယ်၍ သစ်ပင်ရှိလျှင် ထိုသစ်ပင်ကိုလည်း “ညောင်ဗုဒ္ဓဟေပင်ဟူ၍၎င်း၊ ပညောင်ပင်၊ ဖအောင်းနက်ပင်၊ ညောင်ချဉ်ပင်ဟူ၍၎င်း၊ မြင့်သည်၊ နိမ့်သည်၊ ငယ်သည်၊ ကြီးသည်၊ နီသည်၊ ညိုမည်းသည်၊ ဖြူသည်ဟူ၍၎င်း” ပိုင်းခြားအပ်၏။ ထို့နောင် “ဤမည်သောအရပ်၌ တည်နေသော ဤအရာကား သစ်ပင်၊ ဤအရာကား အသုဘကောင်နိမိတ်”ဟု ကောင်းစွာ မှတ်သားအပ်၏။ အကယ်၍ ချုံရှိလျှင် ထိုချုံကိုလည်း “သင်ပေါင်းချုံ (ဝါ-စွန်ပလွံချုံ)ဟူ၍၎င်း၊ ခံချုံ၊ ကုလားဇလပ်၊ လိပ်ဆူးရွှေဟူ၍၎င်း၊ မြင့်သည်၊ နိမ့်သည်၊ ငယ်သည်၊
၁- ဝဝတ္ထပေတဗ္ဗော-ပု၏ မြန်မာပြန် ဖြစ်သည်။ နောက်၌လည်း ဤသို့သောအရာ၌ နည်းတူပင် သိပါ။
၂- သလ္လက္ခေတဗ္ဗံ-ပုဒ်၏ မြန်မာပြန် ဖြစ်သည်။ နောက်၌လည်း နည်းတူပင် သိပါ။
၂၁
ကြီးသည်ဟူ၍၎င်း” ပိုင်းခြားအပ်၏။ ထို့နောင် “ဤမည်သောအရပ်၌ တည်နေသော ဤအရာကား ချုံ, ဤအရာကား အသုဘကောင်နိမိတ်”ဟု ကောင်းစွာမှတ်သားအပ်၏။ အကယ်၍ နွယ်ရှိလျှင် ထိုနွယ်ကိုလည်း “ဗူးနွယ်ဟူ၍၎င်း၊ ဖရုံနွယ်၊ ကြံဟင်းညိုနွယ် (ဝါ-နွယ်ရွှေ- ဥပါသကာနွယ်)၊ နွယ်နက်-နွယ်ငန်း၊ ဆင်သမနွယ်ဟူ၍၎င်း” ပိုင်းခြားအပ်၏။ ထို့နောင် “ဤမည်သောအရပ်၌ တည်နေသော ဤအရာကား နွယ်ပင်, ဤအရာကား အသုဘကောင်နိမိတ်၊ ဤအရာကား အသုဘကောင်နိမိတ်၊ ဤအရာကား နွယ်ပင်”ဟု ကောင်းစွာ မှတ်သားအပ်၏။
၁၀၉။ ထိုမှတပါး “အသုဘကောင် နိမိတ်နှင့်တကွ၁ ပြု၏၊ အသုဘအာရုံနှင့်တကွ ပြု၏”ဟု ဆိုခဲ့သော စကားမှာမူ ယခု ပြဆိုခဲ့သော
၁- အသုဘကောင် နိမိတ်နှင့်တကွ-ဟူသော ဤအနက်သည် ရှေး၌ ထုတ်ပြခဲ့သော အဋ္ဌကထာစကားရပ်ဝယ် “တသ္မိံ ပဒေသေ ပါသာဏံ ဝါ ။ပ။ လတံ ဝါ သနိမိတ္တံ ကရောတိ- ထိုသူသေကောင် ပစ်ချထားရာအရပ်၌(ရှိသော) ကျောက်ကို၎င်း ။ပ။ နွယ်ကို၎င်း နိမိတ်နှင့်တကွ ပြု၏ဟူသော ပါဌ်နှင့်အညီပင် ဖြစ်သည်။ ထိုပါဌ်၌ ကျောက် ။ပ။ နွယ်တို့ကို နိမိက်နှင့်တကွဟု ဆိုသောကြောင့် ကျောက်စသည်ကို နိမိတ်ဟု မဆိုနိုင်ပေ၊ အသုဘကောင်ကိုသာ နိမိတ်ဟု ဆိုသင့်ပေသည်။ သို့သော် ဋီကာ၌မူ ဤအရာ၌ “အသုဘကို ကျောက်အစရှိသော နိမိတ်နှင့်တကွ ပြုသည် ပိုင်းခြားမှတ်သားသည်ဟူ၍၎င်း၊ အသုဘနိမိတ်ကို၎င်း၊ ကျောက်စသော နိမိတ်ကို၎င်း အတူတကွ တပေါင်းတည်းပြုလျက် ပိုင်းခြားမှတ်သားသည်ဟူ၍၎င်း ၂-နည်း ဖွင့်ပြထားလေသည်။ ထို၂-နည်းတို့တွင် ပဌမနည်းကို ရှေးအဋ္ဌကထာစကားနှင့် နှီးနှောရန် ခက်၏။
၂၂
ပိုင်းခြားပုံ မှတ်သားပုံ၌ပင် အတွင်းဝင်သွားလေပြီ။ မှန်ပေ၏- အဖန်ဖန် ပိုင်းခြားဆုံးဖြတ်လျှင် အသုဘကောင် နိမိတ်နှင့်တကွ၁ ပြုသည်မည်၏။ “ဤကား ကျောက်, ဤကား အသုဘနိမိတ်၊ ဤကား အသုဘနိမိတ်, ဤကား ကျောက်”ဟု ၂-ခု ၂-ခုတို့ကို ဆက်စပ်၍ ဆက်စပ်၍ ပိုင်းခြားမှတ်သားလျှင်၁ အသုဘအာရုံနှင့်တကွ ပြုသည်မည်၏။
ထိုမှတပါး ဤဆိုခဲ့သည့်အတိုင်း နိမိတ်နှင့်တကွ အာရုံနှင့်တကွ ပြုပြီးလျှင်၂ “(သဘာဝ) မိမိ၏သဘောရင်းဖြစ်သော (ဘာဝ) လက္ခဏာအားဖြင့် မှတ်သား၏”ဟု (အဋ္ဌကထာတို့၌) မိန့်ဆိုထားသောကြောင့် ဤကိုယ်ကောင်၏၃ သူတပါးနှင့် မဆက်ဆံသော၄ (ကိုယ်ကောင်ဟူသော) မိမိ၏သာလျှင် ဥစ္စာဖြစ်သော၄ သေသည်မှ
၁- ဝဝတ္ထပေန္တောပုဒ်၏ အနက်ဖြစ်သည်။ အတိအကျပြန်လျှင် ပိုင်းခြားမှတ်သားသောသူသည်ဟူ၍ ဖြစ်၏။ ယင်း ပုဂ္ဂလဓိဋ္ဌာန်စကားကို ဓမ္မဓိဋ္ဌာန်ပြု၍ ပြန်ဆိုချက် ဖြစ်သည်။
၂- ပြုပြီးလျှင်.. ထိုသဘောလက္ခဏာဖြင့် နှလုံးသွင်းအပ်၏-ဟု စပ်ပါ။
၃- ဤကိုယ်ကောင်၏.. (သဘာဝဘာဝ) မိမိ၏ ပင်ကိုရင်းသဘောလက္ခဏာသည်-ဟု စပ်ပါ။
၄- မဆက်ဆံသော.. ဥစ္စာဖြစ်သော.. ပင်ကိုရင်း သဘောလက္ခဏာသည်-ဟု စပ်ပါ။ ထိုတွင် သူတပါးနှင့် မဆက်ဆံဟူသည်မှာ ဝိနီလကသူသေကောင် စသည်တို့နှင့် မဆိုင်ဟု ဆိုလို၏၊ ထိုအနက်ကိုပင် မိမိ၏သာလျှင် ဥစ္စာဖြစ်သောဟု ထပ်ဆင့်၍ ဖော်ပြသည်။ သ-မိမိ၏ + ဘာ၀-ပင်ကိုရင်း သဘော = သဘာဝ- ဖူးဖူးရောင်ခြင်းဟူသော မိမိ၏ ပင်ကိုရင်းသဘော၊ ထိုသဘောကိုပင် ဘာဝ-ဟု
၂၃
နောက်ကာလ၌ ဖူးဖူးရောင်ခြင်းဟု ဆိုအပ်သော (သဘာဝဘာဝ) မိမိ၏ ပင်ကိုရင်း သဘောလက္ခဏာသည် (ရှိ၏)၊ ထိုသဘောလက္ခဏာဖြင့် နှလုံးသွင်းအပ်၏၊ “ဖူးဖူးရောင်နေသော ဥဒ္ဓုမာတက သူသေကောင်ဟု၁ ဤသို့ မိမိ၏ ဖူးဖူးရောင်ခြင်းဟူသော သဘောအားဖြင့်၎င်း၊ (သူတပါးတို့အား စက်ဆုပ်ခြင်းကို ဖြစ်စေတတ်သော) မိမိ၏ ကိစ္စအားဖြင့်၎င်း၂ (တနည်း) ဖူးဖူးရောင်ခြင်းဟူသော မိမိ၏ သဘောရင်းဖြစ်သော သိသင့်သိထိုက်သော မိမိ၏ ပင်ကိုယ်သဘောအားဖြင့်၃ ပိုင်းခြားမှတ်သားအပ်၏”။ ဤသည်ကား (ထိုသဘော
ထပ်ဆင့်၍ ဆိုပြန်သည်။ ထိုဘာဝ-ပုဒ်ကိုလည်း တိုက်ရိုက်ပြန်လျှင် သဘောဟူ၍ပင် ပြန်ရပေလိမ့်မည်၊ ဤ၌ကား ရှေးပင်ကိုရင်းသဘော-ဟူသော စကားနှင့် မထပ်စေရန် အရတူပရိယာယ်တပါးဖြင့် လက္ခဏာဟု ပြန်ထားသည်၊ မှတ်အပ်သောတရားဟု ဆိုလို၏။ ပေါ်လွင်စေရန် ထပ်ကာ ထပ်ကာ ဖွင့်သောကြောင့် ခပ်ရှုပ်ရှုပ် ဖြစ်သွားလေသည်။ အတိုချုပ်အားဖြင့်မူ ဖူးဖူးရောင်နေသည့် သူ့ပင်ကိုရင်းသဘောဖြင့် နှလုံးသွင်းရမည် ပိုင်းခြားမှတ်သားရမည် ရှုရမည်-ဟူ၍သာ ဆိုလိုပေသည်။
၁- ဝဏိတံ ဥဒ္ဓုမာတကန္တိ-ဟူသော ပါဌ်၏ အနက်များ ဖြစ်သည်။ ထိုအနက်၌ ဖူးဖူးရောင်နေသောဟု ပြန်ဆိုချက်သည် ဝဏိတန္တိ သူနံ-ဟု အဓိပ္ပါယတ္ထဖွင့်ပြသော ဋီကာနှင့်အညီပင် ဖြစ်သည်။
၂- ဋီကာအဖွင့်နှင့်အညီ သဘာဝေန သရသေန-ဟူသော ၂-ပုဒ်ကို အသီးအသီး ခွဲခြား၍ သမုစ္စည်းအနက်နှင့်တကွ ပြန်ဆိုချက် ဖြစ်သည်။ သို့သော် ဤအရာ၌ ကိစ္စရသဖြင့်ရှုရန် လိုမည်မထင်ပေ။
၃- ဤတနည်း အနက်သည်လည်း သဘာဝကိုပင် ရသ-ဟုဆိုကြောင်း တနည်းဖွင့်ပြသော ဋီကာနှင့်အညီပင်တည်း။ ထိုအနက်၌ သရသ-ဟူသော
၂၄
လက္ခဏာဖြင့် နှလုံးသွင်းအပ်၏-ဟူသော စကား၏) ဆိုလိုရင်းအနက်ပေတည်း၁။
၁၁၀။ ဤသို့ ပိုင်းခြားမှတ်သားပြီးလျှင် အဆင်းအားဖြင့်လည်း, လိင်-အသွင်အားဖြင့်လည်း, ပုံသဏ္ဌာန်အားဖြင့်လည်း, အရပ်အားဖြင့်လည်း, တည်ရာအားဖြင့်လည်း, အပိုင်းအခြားအားဖြင့်လည်း
ပုဒ်ကို “သိသင့်သိထိုက်သော မိမိ၏ ပင်ကိုသဘော”ဟု ပြန်ခြင်းမှာ “ရသိတဗ္ဗော ပဋိဝိဇ္စျိတဗ္ဗော သဘာဝေါ ရသော၊ အတ္တနော ရသော သရသော”ဟု ဋီကာ ဒုတိယတွဲ နှာ-၂၅၇-၌ ဖွင့်ပြထားသည်နှင့် အညီပင်။ ဝိသုဒ္ဓိမဂ် ပြည်မူနိဿယ၌ သဘာဝေန သရသေန-ဟူသော ဝိသုဒ္ဓိမဂ်ပါဌ်မှာ စ-သဒ္ဒါ မပါသောကြောင့် “သဘာဝေန၊ မိမိ၏သဘောဟူသော။ သရသေန၊ မိမိ၏ အသီးလက္ခဏာဖြင့်”ဟူသော အနက်ကိုသာလျှင် သင့်ကြောင်း ဆုံးဖြတ်ထားလေ၏။ ထိုအနက်၌ မိမိ၏ အသီးလက္ခဏာဟူသည်မှာ ဥဒ္ဓုမာတက သူသေကောင်၏ ဖူးဖူးရောင်ခြင်းဟူသော သဘာဝလက္ခဏာ ပင်ကိုရင်းသဘောပေတည်း၊ ၎င်းကို ဝိနီလကစသည်တို့နှင့် မသက်ဆိုင်သောကြောင့် အသီးလက္ခဏာဟု ဆိုပေသည်။ ထင်ရှားစေလို၍ အထပ်ထပ်ဖွင့်သောကြောင့် အသိရခက်သွားပေသည်။ ဤဥဒ္ဓုမာတက အသုဘအရာ၌ ခက်ခက်ခဲခဲ စဉ်းစားနေရန် မလိုပါ၊ မျက်စိဖြင့် ထင်ရှားတွေ့မြင်နေရသည့်အတိုင်း ဖူးဖူးရောင်နေသော သူသေကောင်ကို မျက်စိဖြင့် မြင်ရသကဲ့သို့ စိတ်ထဲ၌ ထင်ရှားပေါ်နေအောင် နှလုံးသွင်း ရှုမှတ်ဖို့သာ လိုပါသည်။
၁- “ဖူးဖူးရောင်နေသော.. ပိုင်းခြားမှတ်သားအပ်၏”ဟူသော ဤစကားရပ်သည် “ထိုသဘောလက္ခဏာဖြင့် နှလုံးသွင်းအပ်၏”ဟူသော ရှေ့စကား၏ ဆိုလိုရင်းအနက်ဖြစ်ကြောင်း ပြဆိုပေသည်။ နောက်ထပ် ဖွင့်ပြချက်က မူလ အဖွင့်ခံစကားထက် အသိခက်သကဲ့သို့ ရှိပေသည်။
၂၅
(မှတ်သား၏)ဟု ပြခဲ့သော ၆-ပါး အပြားအားဖြင့် အသုဘနိမိတ်ကို မှတ်ယူအပ်၏။ အဘယ်သို့နည်း?ဟူမူ ထိုယောဂီသည်၁ “ဤသူသေကောင်သည် အသားမည်းနက်သူ၏ ကိုယ်ကောင်ဟူ၍သော်၎င်း၊ အသားဖြူသူ၏ ကိုယ်ကောင်ဟူ၍သော်၎င်း၊ ကြမ်းပိုး(ငါးခူ)အဆင်းရှိသူ၏ ကိုယ်ကောင်ဟူ၍သော်၎င်း” မှတ်သားအပ်၏၊ လိင်-အသွင်အားဖြင့်(ဟူရာ၌) မိန်းမအသွင်, ယောက်ျားအသွင်ဟု မမှတ်သားမူ၍ “ဤကိုယ်ကောင်သည် ပဌမအရွယ်၌တည်သူ၏ ကိုယ်ကောင်ဟူ၍သော်၎င်း၊ အလယ်ပိုင်းအရွယ်၌ တည်သူ၏။ နောက်ဆုံးပိုင်းအရွယ်၌ တည်သူ၏ ကိုယ်ကောင်ဟူ၍သော်၎င်း” မှတ်သားအပ်၏။ ပုံသဏ္ဌာန်အားဖြင့်(ဟူရာ၌) [၁၇၉] ဥဒ္ဓုမာတက သူသေကောင်၏ ပုံသဏ္ဌာန် အစွမ်းအားဖြင့်သာလျှင်၂ “ဤသည်ကား ထိုသူသေကောင်၏ ဦးခေါင်းသဏ္ဌာန်၊ ဤသည်ကား လည်ပင်းသဏ္ဌာန်၊ ဤသည်ကား လက်သဏ္ဌာန်၊ ဤသည်ကား ရင်ဘတ်သဏ္ဌာန်၊
၁- ထိုယောဂီသည်.. မှတ်သားအပ်၏-ဟု စပ်ပါ။ ထိုဝါကျအတွင်း၌ ကြမ်းပိုး(ငါးခူ) အဆင်းရှိသူ၏ဟူသော အနက်မှာ မင်္ဂုရစ္ဆဝိနော-ပုဒ်၏ အနက်ဖြစ်သည်။ ကြမ်းပိုးဟော ပါဠိသည် မြန်မာစာတို့၌ မင်္ဂုလ-ဟု ရှိ၏၊ သီဟိုဠ်မူစာတို၌ မင်္ကုဏ-ဟု ရှိ၏။ မဂ္ဂုရစ္ဆဝိနော-ဟုရှိလျှင် ငါးခူအဆင်းရှိသော-ဟု အနက်ရ၏။ ထို့ကြောင့် ပြန်ရိုးပြန်စဉ် ကြမ်းပိုးအဆင်းနှင့်တကွ ငါးခူအဆင်းပါ နှစ်ခွပြန်ထားသည်။
၂- ဥဒ္ဓုမာတက သူသေကောင်၏ ပုံသဏ္ဌာန် အစွမ်းအားဖြင့်သာလျှင် (မှတ်အပ်၏)၊ မရောင်သေးသော ပကတိသဏ္ဌာန်အစွမ်းအားဖြင့် မမှတ်အပ်ပေ။ ဤစကားဖြင့် “ထိုသူသေကောင်၌ အစိတ်အပိုင်း တစုံတခုသည် မဖောမရောင်ပဲ ရှိနေလျှင် ထိုအစိတ်အပိုင်းကို မမှတ်ယူအပ်”ဟု ပြသည်။ (ဋီကာ)
၂၆
ဤသည်ကား ချက်သဏ္ဌာန်၊ ဤသည်ကား တင်ပါးသဏ္ဌာန်၊ ဤသည်ကား ပေါင်သဏ္ဌာန်၊ ဤသည်ကား ခြေသလုံးသဏ္ဌာန်၊ ဤသည်ကား ခြေသဏ္ဌာန်”ဟု မှတ်အပ်၏၁။ အရပ်အားဖြင့်ဟူရာ၌ ဤကိုယ်ကောင်၌ ချက်မှ အောက်ပိုင်းကို အောက်အရပ်ဟူ၍၎င်း၊ အထက်ပိုင်းကို အထက်အရပ်ဟူ၍၎င်း ၂-ပါးသော အရပ်တို့ကို ပိုင်းခြား မှတ်သားအပ်၏၂။ တနည်းအားဖြင့်မူ “ငါက (အရှေ့ အနောက် စသော အရပ်တို့တွင်) ဤမည်သောအရပ်၌ တည်သည်၊ အသုဘနိမိတ်က ဤမည်သောအရပ်၌ တည်သည်”ဟု မှတ်သားအပ်၏။ တည်ရာအားဖြင့်(ဟူရာ၌)မူကား “လက်များက ဤမည်သောအရပ်၌ တည်သည်၃၊ ခြေများက ဤမည်သောအရပ်၌၊ ဦးခေါင်းက ဤမည်သောအရပ်၌၊ အလယ်ပိုင်းကိုယ်က ဤမည်သော
၁- ဤသဏ္ဌာန်အားဖြင့် ပိုင်းခြားမှတ်သားခြင်းကို ကြမ်းတမ်းကြီးမားသော အစိတ်အပိုင်းတို့၏ အလိုအားဖြင့်သာလျှင် ပြုအပ်၏၊ သိမ်မွေ့သေးငယ်သော အစိတ်အပိုင်းတို့၏ အလိုအားဖြင့် ပြုအပ်သည် မဟုတ်ပေ။ ထို့ကြောင့် ဦးခေါင်းသဏ္ဌာန် အစရှိသော ၉-ပါး အပြားရှိသည်သာလျှင်ဖြစ်သော သဏ္ဌာန်ကို ယူအပ် (ဆိုအပ်)ပေသည်။ (ဋီကာ)
၂- ဤအရာ၌ စကားချောစေရန် အနည်းငယ်ပြင်၍ ပြန်ထားသည်။ လိုရင်းမှာ အထက်ပိုင်းနှင့် အောက်ပိုင်းအားဖြင့် ၂-ပိုင်းခွဲခြား၍ မှတ်ရန်မျှသာ ဖြစ်သည်။
၃-ဤမည်သောအရပ်၌ ဤသူသေကောင်၏ လက်တို့သည် တည်ကုန်၏ဟု ပိုင်းခြား မှတ်သားအပ်၏၊ ဤသို့စသည်ဖြင့် ယှဉ်စပ်ခြင်းကို (ပြုအပ်၏)။ (ဋီကာ)
၂၇
အရပ်၌ တည်သည်”ဟု မှတ်အပ်၏။ တနည်းအားဖြင့် “ငါက ဤသို့သော မြေပြင်အရပ်၌၁ တည်သည်၊ အသုဘနိမိတ်က ဤသို့သော မြေပြင်အရပ်၌ တည်သည်”ဟု မှတ်သားအပ်၏၊ အပိုင်းအခြားအားဖြင့်(ဟူရာ၌) “ဤကိုယ်ကောင်ကို အောက်ဖက်၌ ခြေဖဝါးအပြင်ဖြင့်၊ အထက်ဖက်၌ ဆံပင်တို့၏ အဖျားဖြင့်၊ ပတ်ဝန်းကျင်၌ အရေဖြင့် ပိုင်းခြားထားသည်။ ထိုပိုင်းခြားထားသမျှ အရပ်၌ ၃၂-မျိုးသော အပုပ်တို့ဖြင့် ပြည့်နှက်နေသည်သာ”ဟု မှတ်သားအပ်၏။ တနည်းအားဖြင့်မူ “ဤသည်ကား ဤသူသေကောင်၏ လက်အပိုင်းအခြား၂၊ ဤသည်ကား ခြေအပိုင်းအခြား ဤသည်ကား ခေါင်းအပိုင်းအခြား၊ ဤသည်ကား အလယ်ပိုင်းကိုယ်၏ အပိုင်းအခြား”ဟု မှတ်သားအပ်၏၊ တနည်းသော်ကား (ဉာဏ်ဖြင့်) သိမ်းယူနိုင်သမျှသော အရပ်ကိုသာလျှင်၃ (လက်အစရှိသော) ဤအရာသည် ဤသို့ ဖောရောင်ခြင်း သဘောရှိသည်ဖြစ်၍ ဖူးဖူးရောင်လျက် စက်ဆုပ်ဖွယ် သူသေကောင်ဟု (သဘောမှန်အတိုင်း) ပိုင်းခြား
၁- အနိမ့် အမြင့် စသော မြေအရပ်ကိုပင် ယူဖွယ်ရှိ၏။
၂-လက်အပိုင်းအခြားကို အောက်ဖက်၌ လက်ချောင်းတို့၏ အဆုံးဖြင့် အထက်ဖက်၌ ပခုံးစွန်းအစပ်ဖြင့် ဖီလာပတ်ဝန်းကျင်၌ အရေခွံ၏အဆုံးဖြင့် ယူအပ်၏။ ခြေ အပိုင်းအခြား စသည်တို့လည်း နည်းတူပင်။ (ဋီကာ)
၃- အကယ်၍ အသုဘကောင်တကိုယ်လုံးကို ပိုင်းခြား၍ယူရန် မစွမ်းနိုင်အံ့၊ သို့မဟုတ် ၎င်း၏ တစိတ်တပိုင်းသာလျှင် ဖောရောင်လျက် ရှိငြားအံ့၊ ထိုထိုယောဂီသည် အကြင်မျှသော ကိုယ်တစိတ်တပိုင်းကို ဖူးဖူးရောင်သည်၏ အစွမ်းအားဖြင့် ဉာဏ်ဖြင့် သိမ်းယူနိုင်၏၊ ထိုမျှကိုသာလျှင်(ဟု ဆိုလို၏)။ (ဋီကာ)
၂၈
(မှတ်သား)အပ်၏။ သို့သော်လည်း ယောက်ျားမှာ မိန်းမ၏ ကိုယ်သည်၎င်း၊ မိန်းမမှာ ယောက်ျား၏ ကိုယ်သည်၎င်း (အသုဘရှုရန်) မသင့်ပေ။ (အကြောင်းမူကား) လိင်သဏ္ဌာန်ချင်းမတူသော ကိုယ်ကောင်၌ စက်ဆုပ်ဖွယ် အသုဘအာရုံ မထင်တတ်ပေ၊ တပ်မက်ခြင်းဟူသော တုန်လှုပ်ခြင်း၏ အကြောင်းသာလျှင် ဖြစ်တတ်ပေသည်။ မှန်ပေ၏၊ “ခွါထားသော အသွင်သဏ္ဌာန် ရှိငြားသော်လည်း (ဝါ- ကျိုက်ကျိုက်ဆူလျက် အဆင်းသဏ္ဌာန် ပျက်နေသော်လည်း) မိန်းမ(၏ကိုယ်)သည် ယောက်ျား၏စိတ်ကို အကုန်လုံး ဆွဲငင်ယူခြင်းငှါ တည်သည်”ဟု မဇ္ဈိမအဋ္ဌကထာ၌ မိန့်ဆိုထားပေသည်။ ထို့ကြောင့် (ယောက်ျားအချင်းချင်း မိန်းမအချင်းချင်း) သဘောတူသော သူသေကောင်၌သာလျှင် ယခု ပြဆိုခဲ့သည့်အတိုင်း ၆-ပါး အပြားအားဖြင့် မှတ်ယူအပ်ပေသည်။
၁၁၁။ သို့ရာတွင် အကြင် တစုံတယောက်သော အမျိုးကောင်းသားသည် ရှေးဘုရားရှင်တို့၏အထံ၌ အသုဘကမ္မဋ္ဌာန်းကို မှီဝဲဘူးသည်၁ (သုသာန်ဓုတင်အစရှိသော) ဓုတင်ကို ဆောင်ဘူးသည်၊ မဟာဘုတ်ရုပ်တို့ကို(ရှုလျက်) ချေမှုန်းဘူးသည်၊ ရုပ်နာမ်သင်္ခါရတို့ကို သိမ်းဆည်းရှုမှတ်ဘူးသည်၊ နာမ်ရုပ်ကို(ရှုလျက်) ပိုင်းခြားဘူးသည်၊ (ထိုသို့ရှုသဖြင့်) သတ္တဝါဟု စွဲမှတ်မှုကို ပယ်ခွါဘူးသည်၊ (ဝိပဿနာရှုခြင်းဖြင့် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိသို့ ရောက်စေသဖြင့်၂) သမဏဓမ္မခေါ် ရဟန်းတရားကို ပြုကျင့်ဘူးသည်၊
၁-မှီဝဲဘူးသည်.. (ဖြစ်၍)ဟု စပ်ပါ။ နောက်၌လည်း ဘူးသည်-ဟူသော ဝိကတိကတ္တားပုဒ်များကို နည်းတူပင် စပ်ပါ။
၂- (...)- ဤလက်သည်းကွင်းအတွင်းရှိ စကားမှာ ဋီကာမှ ဖြည့်စွက်ချက် ဖြစ်သည်။
၂၉
ကုသိုလ်ဝါသနာကို ထုံစေခဲ့ဘူးသည်၊ ကုသိုလ်ဘာဝနာကို ပွါးစေခဲ့ဘူးသည်(ဖြစ်၍) ပါရမီမျိုးစေ့ရှိ၏၊ ဉာဏ်ရင့်ကျက်သဖြင့် လွန်ကဲသော ဉာဏ်ရှိ၏၊ (ဖော်ပြခဲ့သော အကျင့်ဖြင့် ကိလေသာတို့ကို ခေါင်းပါးစေသောကြောင့်) ကိလေသာနည်းပါး၏၊ ထိုသို့သော အမျိုးကောင်းသားမှာမူ (အသုဘကောင်ကို) ကြည့်ရှုမိရာ ကြည့်ရှုမိရာ အရပ်၌ပင်လျှင် ပဋိဘာဂနိမိတ် ထင်ပေါ်လာပေ၏။ အကယ်၍ ထိုအမျိုးကောင်းသားထူးကဲ့သို့ နိမိတ်မထင်ပါမူ ယခုပြခဲ့သည့် အတိုင်း ၆-ပါး အပြားအားဖြင့်ယူလျှင် နိမိတ်ထင်တတ်၏။ ထိုသို့ ၆-ပါးအပြားအားဖြင့် ယူပါသော်လည်း အကယ်၍ မထင်သေးငြားအံ့၊ ထိုသို့ နိမိတ်မထင်သေးသော ပုဂ္ဂိုလ်သည် “အစပ်အားဖြင့်, အကြားအရပ်အားဖြင့်, အနိမ့် အချိုင့်အားဖြင့်, အမြင့်အမောက်အားဖြင့်, ပတ်ဝန်းကျင်အားဖြင့် (မှတ်သား၏)”ဟု ပြဆိုခဲ့သော ငါးပါးအပြားအားဖြင့်လည်း တဖန် နိမိတ်ကိုယူအပ်၏။
၁၁၂။ ထိုတွင် အစပ်အားဖြင့်-ဟူသည်မှာ တရာ့ရှစ်ဆယ်သော (အရိုး)အဆက်အစပ်အားဖြင့်(ဟု ဆိုလို၏)။ သို့သော် ဖူးဖူးရောင်နေသော သူသေကောင်၌ တရာ့ရှစ်ဆယ်သော အဆက်အစပ်တို့ကို အဘယ်သို့ ပိုင်းခြား မှတ်သားနိုင်ပေလိမ့်မည်နည်း။ ထို့ကြောင့် ဤယောဂီသည် လက်ျာလက်အစပ် ၃-ခု၊ လက်ဝဲလက်အစပ် ၃-ခု၊ လက်ျာခြေအစပ် ၃-ခု၊ လက်ဝဲခြေအစပ် ၃-ခု၊ [၁၈၀] လည်ကုပ်အစပ် ၁-ခု၊ ခါး-တင်ပါးအစပ် ၁-ခု၁ဟူသော ဤသို့သော
၁- တင်ပါးနှင့်တကွ ကျောက်ဆူးရိုး၏ အစပ်ကိုရည်၍ ခါး-တင်ပါးအစပ် ၁-ခုဟု မိန့်ဆိုသည်။ (ဋီကာ)
၃၀
အစပ်ကြီး ၁၄-ခုအရ အဆက်အစပ်အားဖြင့် ပိုင်းခြား မှတ်သားအပ်ပေသည်။ အကြားအရပ်အားဖြင့်-ဟူရာ၌ အကြားမည်သည်မှာ နံပါးနှင့် လက်တို့၏အကြား၊ ခြေနှစ်ချောင်းတို့၏ အကြား၊ ချက်နှင့် ဝမ်းခေါင်းဟူသော ဝမ်းဗိုက်၏အကြား၊ နားပေါက်အကြား၊ ဤသို့ စသည်ပင်တည်း၊ ဤသို့သော အကြားအရပ်အားဖြင့် ပိုင်းခြား မှတ်သားအပ်၏။ မျက်စိလည်း မှိတ်နေခြင်း ပွင့်နေခြင်းကို၎င်း၊ ခံတွင်း၏လည်း ပိတ်နေခြင်း ပွင့်နေခြင်းကို၎င်း ပိုင်းခြား မှတ်သားအပ်သေး၏။ အနိမ့်အချိုင့်အားဖြင့်-ဟူရာ၌ သူသေကောင်မှာ မျက်တွင်း, ပါးစပ်တွင်း, လည်မျိုဟူသော ချိုင့်ရာအရပ်ကို ပိုင်းခြား မှတ်သားအပ်၏။ တနည်းအားဖြင့် “ငါက အနိမ့်၌ တည်သည်။ သူသေကောင်က အမြင့်၌ တည်သည်”ဟု ပိုင်းခြား မှတ်သားအပ်၏။ အမြင့်အမောက်အားဖြင့်-ဟူရာ၌ သူသေကောင်၏ ဒူးဆစ်, ရင်ဘတ်, နဖူးဟူသော မြင့်မောက်ရာအရပ်ကို ပိုင်းခြား မှတ်သားအပ်၏။ တနည်းအားဖြင့် “ငါက အမြင့်၌ တည်သည်၊ သူသေကောင်က အနိမ့်၌ တည်သည်”ဟု ပိုင်းခြားမှတ်သားအပ်၏။ ပတ်ဝန်းကျင်အားဖြင့်-ဟူရာ၌ သူသေကောင် တကိုယ်လုံးကို ပတ်ဝန်းကျင်အားဖြင့် ပိုင်းခြား မှတ်သားအပ်၏။ တကိုယ်လုံး၌ ဘာဝနာဉာဏ်ကို သွားစေ၍ အထင်အရှား ထင်ပေါ်သော အရပ်၌ “ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်, ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်”ဟု စိတ်ကို ထားအပ်၏။ အကယ်၍ ဤသို့ထားသော်လည်း နိမိတ်မထင်ငြားအံ့၊ သို့ဖြစ်လျှင် ဝမ်းဗိုက်အဆုံးရှိသော အထက်ပိုင်းကိုယ်သည် အလွန်အကဲ ဖူးဖူးရောင်လျက် ရှိတတ်၏၊ ထိုအလွန်အကဲ ဖူးဖူးရောင်နေသော အထက်ပိုင်းကိုယ်၌ “ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်, ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်”ဟု စိတ်ကို ထားအပ်၏။
၃၁
၁၁၃။ ယခု ဆိုမည့်စကားသည်၁ “ထိုယောဂီသည် ထိုဥဒ္ဓုမာတက သူသေကောင်နိမိတ်ကို ကောင်းစွာယူအပ်သည်ကို ပြု၏” ဤသို့ အစရှိသော စကားရပ်တို့၌ အဆုံးအဖြတ် စကားပေတည်း။
ထိုယောဂီသည် ထိုသူသေကောင်၌ ဆိုခဲ့တိုင်းသော နိမိတ်ကိုယူခြင်း၏ အစွမ်းအားဖြင့် နိမိတ်ကို ကောင်းစွာယူအပ်၏။ အမှတ်ရမှု-သတိကို ကောင်းစွာ ထင်အောင်ပြု၍ ဆင်ခြင်အပ်၏၊ ဤသို့ အဖန်ဖန်ပြုလျက် ကောင်းစွာ မှတ်လည်း မှတ်အပ်၏၊ ပိုင်းခြားလည်း ပိုင်းခြားအပ်၏၂၊ သူသေကောင်မှ မဝေးလွန်း မနီးလွန်းသောအရပ်၌
၁- ဣဒါနိနှင့် အယံ-ပုဒ်ကို မြန်မာစကား ချောစေရန် တပေါင်းတည်းပြန်ထားသော အနက်ဖြစ်သည်။ ၎င်းကို အဆုံးအဖြတ် စကားပေတည်းနှင့် စပ်ပါ။
၂-သာဓုကံ ဥပဓာရေတဗ္ဗဉ္စေဝ ဝဝတ္ထပေတဗ္ဗဉ္စ-ဟူသည်ကား ရိုသေစွာ ကောင်းစွာ သတိဖြင့် မှတ်လည်း မှတ်အပ်၏၊ ပညာဖြင့် ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ မှန်ပေ၏၊ သတိကို ဓာရဏာ (ဓာရဏတာ) ဆောင်ခြင်းဟူ၍ (ဓမ္မသင်္ဂဏီပါဠိ နှာ-၁၉-၌) ဖွင့်ပြထားပေသည်၊ ဓာရဏ- ဆောင်ခြင်းဟူသည်မှာလည်း ဤအရာ၌ သလ္လက္ခဏ- ကောင်းစွာ မှတ်ခြင်းပင်တည်း။ ပညာကို ပဝိစယ- အပြားအားဖြင့် စိစစ်ခြင်း-ဟူ၍ (ထိုပါဠိ၌ပင်) ဖွင့်ပြအပ်ပေသည်။ ပဝိစယ-အားဖြင့် စိစစ်ခြင်း ဟူသည်မှာလည်း ဤအရာ၌ ဆုံးဖြတ်ခြင်းပေတည်း။ တနည်းကား ဥပဓာရေတဗ္ဗ-ဟူသည်မှာ သတိရှေ့သွားရှိသော ပညာဖြင့် မှတ်အပ်၏(ဟု ဆိုလို၏)။ မှန်ပေ၏၊ သတိကင်းသော ပညာမည်သည် တရံတခါမျှ မရှိပေ။ ဝဝတ္ထပေတဗ္ဗ-ဟူသည်ကား ပညာရှေ့သွားရှိသော သတိဖြင့် ဆုံးဖြတ်အပ်၏(ဟု ဆိုလို၏)။ မှန်၏၊ ပညာနှင့် တကွသာလျှင်ဖြစ်သော သတိကို ဤအရာ၌ အလိုရှိအပ်၏၊ ထိုပညာမှကင်းသော သတိကို အလိုမရှိအပ်ပေ။ (ဋီကာ)
၃၂
ရပ်လျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ မျက်စိကိုဖွင့်လျက် ကြည့်၍၁ နိမိတ်ကို မှတ်ယူအပ်၏။ “ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်, ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်”ဟု (နှလုံးသွင်းလျက်) အကြိမ်တရာ အကြိမ်တထောင် (မျက်စိ)ဖွင့်လျက် ကြည့်ရှုအပ်၏၊ (မျက်စိ)မှိတ်လျက် ဆင်ခြင်အပ်၏။ ဤသို့ အဖန်ဖန်ပြုသော ယောဂီအား ဥဂ္ဂဟနိမိတ်ကို ကောင်းစွာယူအပ်ပြီး ဖြစ်လေတော့၏။ အဘယ်အခါ၌ ကောင်းစွာယူအပ်ပြီး ဖြစ်သနည်း?ဟူမူ မျက်စိဖွင့်လျက် ကြည့်စဉ်၌၎င်း၊ မျက်စိမှိတ်လျက် ဆင်ခြင်စဉ်၌၎င်း တထပ်တည်းတူစွာ (ထိုအာရုံ)ထင်သောအခါ၌ ကောင်းစွာယူအပ်ပြီးဖြစ်သည် မည်ပေ၏။
ထိုယောဂီသည် ထိုဥဒ္ဓုမာတကနိမိတ်ကို ယခု ပြဆိုခဲ့သည့်အတိုင်း ကောင်းစွာ ယူအပ်ပြီးဖြစ်အောင် ပြုပြီးလျှင် ကောင်းစွာမှတ်မိအောင် မှတ်ပြီးလျှင် ကောင်းစွာ ပိုင်းခြားနိုင်အောင် ပိုင်းခြားပြီးလျှင် အကယ်၍ ထိုနေရာ၌ပင် ဘာဝနာ၏အဆုံးဖြစ်သော ဈာန်သို့ရောက်ရန် မစွမ်းနိုင်ငြားအံ့၊ သို့ဖြစ်လျှင် (သုသာန်သို့)လာစဉ်က ဆိုခဲ့သော နည်းဖြင့်ပင် တပါးတည်း အဖော်မပါပဲ ထိုကမ္မဋ္ဌာန်းကိုသာလျှင် နှလုံးသွင်းလျက် ကောင်းစွာထင်သော အမှတ်ရမှု-သတိကို ဖြစ်စေ၍ [၁၈၁] အတွင်း၌တည်ကြသော ဣန္ဒြေများရှိလျက် အပြင်သို့မသွားသော စိတ်ရှိသည်ဖြစ်၍ မိမိ၏ ကျောင်းသို့သာလျှင် ပြန်လာအပ်၏။
၁-မျက်စိထက်ဝက်ဖြင့် မှေး၍ ကြည့်ခြင်း, မျက်စောင်းထိုးကြည့်ခြင်း စသည်တို့၏ အစွမ်းအားဖြင့်လည်း ကြည့်ခြင်းရှိသောကြောင့် ဖွင့်လျက်ကြည့်၍ဟု ဆိုပေသည်။
၃၃
သုသာန်မှ ထွက်လျှင်ပင် ပြန်လာခဲ့ရာလမ်းကို ပိုင်းခြားမှတ်သားအပ်၏၊ သုသာန်မှ ထွက်ခဲ့ရာလမ်းကို “ငါထွက်လာခဲ့ရာ ဤလမ်းသည် အရှေ့အရပ်သို့ သွား၏” ဟူ၍သော်၎င်း “အနောက်အရပ်- မြောက်အရပ်- တောင်အရပ်သို့ သွား၏”ဟူ၍သော်၎င်း (မှတ်အပ်၏)။ ထို့ပြင် “ဤဌာန၌ လက်ဝဲဘက်သို့သွား၏၊ ဤဌာန၌ လက်ျာဘက်သို့ သွား၏၊ ဤဌာန၌ ကျောက်ရှိ၏၊ ဤဌာန၌ တောင်ပို့ရှိ၏၊ ဤဌာန၌ သစ်ပင်ရှိ၏၊ ဤဌာန၌ ချုံရှိ၏၊ ဤဌာန၌ နွယ်ရှိ၏”ဟူ၍လည်း (မှတ်အပ်၏)။ ဤသို့ အပြန်လမ်းကို ပိုင်းခြားမှတ်သားလျက် ပြန်လာခဲ့ပြီးသော ယောဂီသည် စင်္ကြံသွားလျှင်လည်း ထိုအဖို့ရှိသည်သာလျှင်ဖြစ်သော စင်္ကြံသွားခြင်းကို ဆောက်တည်အပ်- ပြုအပ်၏၊ “အသုဘနိမိတ်ရှိရာ အရပ်ဆီသို့ ရှေးရှုဖြစ်သော မြေအရပ်၌ စင်္ကြံသွားအပ်၏”ဟူသော အနက်ကို ဆိုလို၏။ ထိုင်နေလျှင်လည်း ထို(အသုဘနိမိတ်ဆီသို့ ရှေးရှုဖြစ်သော) အဖို့ရှိသည်သာလျှင်ဖြစ်သော နေရာကို ခင်း(၍ ထိုင်နေ)အပ်၏။ အကယ်၍ (အသုဘနိမိတ်ဆီသို့ ရှေးရှုဖြစ်သော) ထိုအရပ်မျက်နှာ၌ ထုံးအိုင်ဖြစ်စေ၊ ကမ်းပါးပြတ်ဖြစ်စေ၊ သစ်ပင်ဖြစ်စေ၊ စည်းရိုးဖြစ်စေ၊ ရွှံ့ညွန်ဖြစ်စေ ရှိသောကြောင့် ထို(အသုဘနိမိတ်ရှိရာ) အရပ်မျက်နှာဆီသို့ ရှေးရှုဖြစ်သော မြေအရပ်၌ စင်္ကြံသွားရန် ထိုင်နေရန် အခွင့်မသာ၍ မစွမ်းနိုင်ငြားအံ့၊ သို့ဖြစ်လျှင် ထိုအသုဘနိမိတ်ရှိရာ အရပ်မျက်နှာကို မငဲ့တော့ပဲလည်း အခွင့်အားလျော်သော အရပ်၌ စင်္ကြံကိုလည်း သွားအပ်၏၊ ထိုင်လည်း ထိုင်နေအပ်၏။ သို့သော် စိတ်ကိုမူ ထိုအသုဘနိမိတ်ရှိရာ အရပ်မျက်နှာဆီသို့သာလျှင် ရှေးရှုပြုအပ်၏၁။
၁-တံဒိသာဘိမုခံယေဝ ကာတဗ္ဗံ-ဟူသော ပါဌ်ကို မြန်မာချောအောင် ပြန်ထားသည်။
၃၄
၁၁၄။ ယခု ပြဆိုမည့်စကားသည်၁ “ပတ်ဝန်းကျင်၌ နိမိတ်ကို မှတ်ထားခြင်းသည် အဘယ်အကျိုး အာနိသင်ရှိသနည်း” ဤသို့အစရှိသော မေးခွန်းတို့၏ “မတွေဝေခြင်းဟူသော အကျိုးအာနိသင် ရှိပေ၏” ဤသို့ အစရှိသော အဖြေတို့၌ ဆိုလိုသော အဓိပ္ပါယ်ပေတည်း။ တစုံတယောက်သော ယောဂီမှာ အခါမဲ့ ညဉ့်အချိန်၌၂ ဥဒ္ဓုမာတက နိမိတ်ရှိရာအရပ်သို့ သွား၍ ပတ်ဝန်းကျင်၌ ကျောက်စသော နိမိတ်တို့ကို မှတ်သားပြီးလျှင် အသုဘနိမိတ်ကို ယူခြင်းအကျိုးငှါ မျက်စိကိုဖွင့်၍ ကြည့်ရှုနေစဉ်ပင်လျှင် ထိုသူသေကောင်သည် ထ၍ ရပ်တည်နေသကဲ့သို့၎င်း၊ လွှမ်းမိုးလာသကဲ့သို့၎င်း၊ နောက်မှ လိုက်လာသကဲ့သို့၎င်း ဖြစ်လျက် ထင်ပေါ်လာတတ်၏ (ထင်ရတတ်၏)၊ (ထိုသို့ထင်လျှင်) ထိုယောဂီသည် အရုပ်ဆိုးသော ထိုကြောက်ဖွယ်အာရုံကို မြင်၍ စိတ်ပျံ့လွင့်လျက် အရူးကဲ့သို့ ဖြစ်သွားတတ်၏၊ ကြောက်ခြင်း, မေး ပါး စသည် တောင့်လျက် ကိုယ်ခက်တရော်ရှိခြင်း, ကြက်သီးမွေးညှင်းထခြင်းသို့ ရောက်တတ်၏။ မှန်ပေ၏။ ပါဠိတော်၌ ဝေဘန်ဟောကြားထားသော ၃၈-ပါးသော ကမ္မဋ္ဌာန်းအာရုံတို့တွင်၃ ဤဥဒ္ဓုမာတက သူသေကောင်အာရုံကဲ့သို့
၁-ဣဒါနိနှင့် အယံ-ပုဒ်တို့ကို တပေါင်းတည်း ပြန်ထားသော အနက်ပင်ဖြစ်သည်။ ၎င်းကို ဆိုလိုသော အဓိပ္ပါယ်ပေတည်းနှင့် စပ်ပါ။
၂- အဝေလာ- အခါမဲ့ဟူသည်မှာ ညဉ့်ဦးမှောင်ရီချိန်မှစ၍ တညဉ့်လုံးပင်ဖြစ်သည်။ ထို့ကြောင့် “ဆည်းဆာ(ဈာ)အချိန် အစရှိသော မသင့်လျော်သောအချိန်၌-ဟု ဋီကာ၌ ဖွင့်ပြပေသည်။
၃- ဤ၌ ကမ္မဋ္ဌာန်းအာရုံ ၃၈-ပါးဟူသည်မှာ ပါဠိတော်တို့၌ တိုက်ရိုက်ဟောမထားသော အာလောကနှင့် အာကာသကသိုဏ်းကို ကမ္မဋ္ဌာန်း၄၀-ထဲမှ နှုတ်ပယ်၍ ကျန်သော ကမ္မဋ္ဌာန်းများပင်ဖြစ်သည်။ သာဓကနှင့်တကွ
၃၅
ကြောက်ဖွယ်ကောင်းသော အခြားအာရုံမည်သည် မရှိပေ၊ ထို့ပြင် အလွန်ကြောက်ဖွယ်ကောင်းသောကြောင့် ဤဥဒ္ဓုမာတက ကမ္မဋ္ဌာန်း၌ ဈာန်မှ လျောကျသောသူမည်သည် ဖြစ်တတ်သေး၏၊ ထို့ကြောင့် ထိုယောဂီသည် (ကြောက်လန့်ခြင်းကို ငြိမ်းစေကာ မတုန်မလှုပ်) ကောင်းစွာတည်တံ့စေ၍ အမှတ်ရမှုသတိကို ကောင်းစွာ ထင်အောင်ပြုလျက် (ဤသို့ ဆင်ခြင်ကာ အားပေးအပ်၏)။ သူသေကောင်က ထ၍လိုက်သည်မည်သည် မရှိချေ။ အကယ်၍ “ထိုသူသေကောင်၏အနီး၌ တည်သော ထိုကျောက်သည်၎င်း ထိုနွယ်သည်၎င်း (ငါ့ထံသို့) လာငြားအံ့၊ သူသေကောင်သည်လည်း လာရာ၏။ စင်စစ်မှာမူ ထိုကျောက်သည်၎င်း ထိုနွယ်သည်၎င်း မလာတတ်သကဲ့သို့ ထို့အတူပင် သူသေကောင်သည်လည်း မလာတတ်ပေ။ (ထလာသကဲ့သို့ စသည်ဖြင့် ထင်ရသော) ဤအာရုံသည်ကား သင်ယောဂီအား ဘာဝနာပရိကံသညာကြောင့်ဖြစ်သော၁ သညာသာလျှင် ဖြစ်ကြောင်းရှိသော ထင်ပေါ်လာသည့် အခြင်းအရာ နိမိတ်ပေတည်း။ [၁၈၂] ယနေ့ သင့်အား ကမ္မဋ္ဌာန်းအာရုံ ထင်ပေပြီ၊ မကြောက်ပါလင့် ရဟန်း”ဟု ဆင်ခြင်ကာ အားပေး၍ (နိမိတ်ထင်ခြင်းကြောင့်ဖြစ်သော) ထိတ်လန့်ကြောက်ရွံခြင်းကို ပျောက်ငြိမ်းစေလျက် (ယခု သင့်မှာ ပင်ပန်းခြင်း၏အကျိုး ပေါ်လာပေပြီ-ဟု) ရွှင်လန်းဝမ်းမြောက်ခြင်းကို ဖြစ်စေပြီးလျှင် ထိုဥဂ္ဂဟနိမိတ်၌ ဘာဝနာစိတ်ကို အဖန်ဖန် ဖြစ်စေအပ်၏။ ဤသို့ဖြစ်စေလျှင် တရားထူးကို
အပြည့်အစုံသိလိုလျှင် ဝိသုဒ္ဓိမဂ်မြန်မာပြန် ပဌမတွဲ (ပဌမနှိပ်) နှာ-၅၄၀၊ မှတ်ချက်၂-၌ ကြည့်ပါ။ (စာအမှတ် ၉၉-နှင့်ဆိုင်၏)
၁- ဖြစ်သော.. အခြင်းအရာနိမိတ်ပေတည်း-ဟု စပ်ပါ။
၃၆
ရ၏။ ဤသို့ တရားထူး ရသည်တိုင်အောင် ဖြစ်ပုံကိုရည်၍ “ပတ်ဝန်းကျင်၌ နိမိတ်ကို မှတ်သားခြင်းသည် မတွေဝေခြင်းဟူသော အကျိုးအာနိသင်ရှိပေ၏”ဟူသော ထိုစကားကို (အဋ္ဌကထာတို့၌) မိန့်ဆိုထားပေသည်။
ထိုမှတပါး ၁၁-ပါး အပြားဖြင့် အသုဘနိမိတ် မှတ်ယူခြင်းကို ပြီးစေသော ယောဂီသည် (ဘာဝနာစိတ်ဟူသော) ကမ္မဋ္ဌာန်းကို (ထင်သော အသုဘနိမိတ်၌) ဆောင်ကပ်၍ ဖွဲ့ချည်၏၊ (တနည်း) (ထင်သော အသုဘနိမိတ်ဟူသော) ကမ္မဋ္ဌာန်းအာရုံကို (ဘာဝနာစိတ်၌) ဆောင်ကပ်၍ ဖွဲ့ချည်၏၁၊ ဆောင်ကပ်၍ ဖွဲ့ချည်ပုံကား
၁- ကမ္မဋ္ဌာနံ ဥပနိဗန္ဓတိ-ဟူသည်ကား ဘာဝနာ(စိတ်)ကို ဆိုခဲ့တိုင်းသော အသုဘနိမိတ်၌ ဆောင်ကပ်လျက် ဖွဲ့ချည်၏။ မှန်ပေ၏၊ အားထုတ်ခြင်းအမှုသည် ယောဂီမှာ သုခအထူးတို့၏ အကြောင်းဖြစ်သောကြောင့် ကမ္မဋ္ဌာန-ဟူ၍ ဆိုလိုပေသည်။ (ကမ္မ-အားထုတ်မှုဟူသော + ဌာန-ယောဂီမှာရမည့် ချမ်းသာအထူးတို့၏ အကြောင်း= ကမ္မဋ္ဌာန-ချမ်းသာအထူးတို့၏ အကြောင်းဖြစ်သော ဘာဝနာအားထုတ်မှု။ ဤအလိုအားဖြင့် ဘာဝနာ(စိတ်)ဟူသော ကမ္မဋ္ဌာန်းကို ဝါ-ကမ္မဋ္ဌာန်းမည်သော ဘာဝနာစိတ်ကို အသုဘနိမိတ်၌ ဆောင်ကပ်၍ ဖွဲ့ချည်သည်ဟု ဆိုလို၏။) တနည်းကား အားထုတ်မှု၏ ဖြစ်ရာဌာန ဖြစ်သောကြောင့် ထင်မြဲတိုင်းသော အသုဘနိမိတ်သည် ကမ္မဋ္ဌာန်းမည်၏။ (ကမ္မ- ဘာဝနာအားထုတ်မှု၏ + ဌာန- ဖြစ်ရာဌာနအာရုံ = ကမ္မဋ္ဌာန- ဘာဝနာအားထုတ်မှု၏ ဖြစ်ရာဌာန အသုဘနိမိတ်အာရုံ။) ထိုကမ္မဋ္ဌာနမည်သော အသုဘနိမိတ်ကို ဘာဝနာစိတ်၌ ဆောင်ကပ်၍ ဖွဲ့ချည်၏။ (ဋီကာ) ဤ၌ ဆောင်ကပ်၍ ဖွဲ့ချည်ဟူသည်မှာ ဘာဝနာစိတ်နှင့် အာရုံ ပူးကပ်လျက် မြဲမြံစွာ ရှုခြင်းကိုပင် ဆိုလိုသည်။
၃၇
ထိုယောဂီအား မျက်စိတို့ကိုဖွင့်၍ ကြည့်ရှုခြင်းကြောင့် ဥဂ္ဂဟနိမိတ် ဖြစ်ပေါ်၏၊ ထိုဥဂ္ဂဟနိမိတ်၌ ဘာဝနာစိတ်ကို ဖြစ်စေသောသူအား (ဝါ-ဖြစ်စေလျှင်) ပဋိဘာဂနိမိတ် ဖြစ်ပေါ်၏။ ထိုပဋိဘာဂနိမိတ်၌ ဘာဝနာစိတ်ကို ဖြစ်စေသောသူသည် (ဝါ-ဖြစ်စေလျှင် ထိုယောဂီသည်) အပ္ပနာဈာန်သို့ ရောက်၏။ အပ္ပနာ၌တည်၍ ဝိပဿနာကို ပွါးစေသောသူသည် (ဝါ-ပွါးစေလျှင်) အရဟတ္တဖိုလ်ကို မျက်မှောက်ပြု၏။ ထို့ကြောင့် “၁၁-ပါး အပြားဖြင့် နိမိတ်ကို မှတ်ယူခြင်းသည် ဆောင်ကပ်၍ ဖွဲ့ချည်ခြင်းဟူသော အကျိုးအာနိသင် ရှိပေ၏”ဟု မိန့်ဆိုထားပေသည်။
၁၁၅။ ထိုမှတပါး “အသွား အပြန်လမ်းကို ဆင်ခြင် မှတ်သားခြင်းသည် လမ်းသို့ တဖန်သွားစေခြင်း တက်ရောက်စေခြင်းဟူသော အကျိုးရှိပေ၏”ဟူသော ဤစကားရပ်၌ (ကျောင်းမှ သုသာန်သို့)သွားသော လမ်းကို၎င်း (သုသာန်မှ ကျောင်းသို့) ပြန်လာသော လမ်းကို၎င်း ဆင်ခြင်မှတ်သားခြင်းသည် ကမ္မဋ္ဌာန်းလုပ်ငန်းစဉ်ဟူသော လမ်းသို့ (နှလုံးသွင်းမှုကို) ကောင်းစွာ တဖန် သွားစေခြင်း တက်ရောက်စေခြင်းဟူသော အကျိုးရှိ၏ဟူသော အနက်ကို (ဆိုလို၏)။ ချဲ့၍ပြရလျှင် ကမ္မဋ္ဌာန်းအာရုံကို မှတ်ယူခဲ့၍ ပြန်လာသော ဤရဟန်းကို လမ်းခုလတ်၌ အချို့သော လူတို့က “ယနေ့ ဘယ်နှစ်ရက်မြောက်ပါနည်း အရှင်ဘုရား”ဟု ရက်ကိုမူလည်း အကယ်၍ မေးကုန်ငြားအံ့၊ ပြဿနာကိုမူလည်း မေးကုန်ငြားအံ့၊ ပဋိသန္ထာရ (နှုတ်ဆက်စကား)ကိုမူလည်း၁ ပြောဆိုကုန်ငြားအံ့။ ငါသည် ကမ္မဋ္ဌာန်းအလုပ်
၁- ပဋိသန္ထာရ-ဟူသည်မှာ သဒ္ဒါနက်အားဖြင့် ဖုံးလွှမ်း ပိတ်ဆို့မှုပင် ဖြစ်သည်။ ၎င်းသည် အာမိသပဋိသန္ထာရ- ပစ္စည်းဖြင့် ဖုံးလွှမ်း
၃၈
အားထုတ်နေသောသူ ဖြစ်သည်ဟု နှလုံးသွင်း၍ ဆိတ်ဆိတ်နေလျက် သွားရန် မသင့်ပေ၊ ရက်ကို ပြောအပ်၏၊ ပြဿနာကို ဖြေအပ်၏၊ မသိလျှင် မသိဟု ပြောအပ်၏၊ တရားနှင့်လျော်သော ပဋိသန္ထာရ (နှုတ်ဆက်စကား)ကို ပြောအပ်၏။ ဤသို့ ပြောရသောကြောင့် ထိုရဟန်းအား မှတ်ယူလာခဲ့သော နုသော ဥဂ္ဂဟနိမိတ်သည် ပျောက်ပျက်သွားတတ်၏၊ ထိုနိမိတ် ပျောက်ပျက်တတ်ငြားသော်လည်း ရက်ကိုမေးလျှင် ပြောအပ်သည်သာ၊ ပြဿနာကို မသိလျှင် မသိဟု ပြောအပ်၏၊ သိလျှင် တစိတ်တပိုင်းအားဖြင့် ပြောခြင်းငှါလည်း သင့်၏၊ ပဋိသန္ထာရ (နှုတ်ဆက်စကား)ကိုလည်း ပြုအပ်-ပြောအပ်၏။ ဧည့်သည်ရဟန်းကိုမြင်လျှင် အာဂန္တုကအား ပြုသင့်သော ကျင့်ဝတ်ပဋိသန္ထာရကို ပြုအပ်သည်သာ။ ထိုမှတပါးသော စေတီယင်ပြင်ကျင့်ဝတ် ဗောဓိယင်ပြင်ကျင့်ဝတ် ဥပုသ်အိမ်ကျင့်ဝတ် ဆွမ်းစားကျောင်းကျင့်ဝတ်
ပိတ်ဆို့ခြင်း၊ ဓမ္မပဋိသန္ထာရ- တရားဖြင့် ဖုံးလွှမ်းပိတ်ဆို့ခြင်း ဟူ၍ ၂-မျိုးရှိ၏။ ထိုတွင် ပစ္စည်းလိုသောသူအား ပေးသင့်သောပစ္စည်းကို မပေးလျှင် ခင်မင်ရင်းနှီးမှု ပျက်ခြင်း, ရန်ငြိုးဖွဲ့ခြင်းဟူသော အပေါက်အကြား ဖြစ်တတ်၏၊ ထိုသို့သော အပေါက်အကြား မဖြစ်စေရန် ပေးသင့်သောပစ္စည်းကို ထိုရလိုသူအား စောစောကပင် ကြိုတင်၍ ပေးကမ်းခြင်းဖြင့် ဖုံးလွှမ်းပိတ်ဆို့ရ၏။ ထိုသို့ ပိတ်ဆို့ခြင်းကို အာမိသပဋိသန္ထာရဟု ခေါ်သည်။ ထို့အတူပင် တရားစကား ဟောပြောချီးမြှောက်ခြင်းဖြင့် ပိတ်ဆို့ခြင်းကို ဓမ္မပဋိသန္ထာရ-ဟု ခေါ်သည်။ ဤအရာ၌ ပဋိသန္ထာရစကားဟူသည်မှာ ထိုဓမ္မပဋိသန္ထာရ၌ အတွင်းဝင်သော အပြန်အလှန် နှုတ်ဆက်ပြောဆိုခြင်းမျှသာ ဖြစ်သင့်သည်။ ထို့ကြောင့် နှုတ်ဆက်စကားဟု ပြန်ထားခြင်းဖြစ်သည်။
၃၉
ချွေးစရုံးအိမ်ကျင့်ဝတ် ဆရားအားကျင့်ဝတ် ဥပဇ္ဈာယ်အားကျင့်ဝတ် အာဂန္တု၏ကျင့်ဝတ် ခရီးသွားဆဲ ဂမိက၏ကျင့်ဝတ် အစရှိသော ခန္ဓကဝတ် အလုံးစုံတို့ကိုလည်း ဖြည့်ကျင့်အပ်(ကုန်)သည်သာ။ ထိုကျင့်ဝတ်တို့ကို ဖြည့်ကျင့်ရသောကြောင့်လည်း ထိုရဟန်းအား ထိုနုသော ဥဂ္ဂဟနိမိတ်သည် ပျောက်ပျက်သွားငြားအံ့၊ တဖန်သွား၍ နိမိတ်ကို ယူအံ့ဟု သွားလိုငြားသော်လည်း ဘီလူးတို့သည်သော်၎င်း ကျားစသော သားရဲတို့သည်သော်၎င်း (ထိုအသုဘကို) သိမ်းပိုက် စောင့်ရှောက်နေသောကြောင့် သုသာန်သို့လည်း သွားရန် မဖြစ်နိုင်ငြားအံ့၊ အသုဘကောင် နိမိတ်သည်မူလည်း (ပြောင်းလဲ ဖောက်ပြန်သောအားဖြင့်) ကွယ်ပျောက်သွားငြားအံ့။ မှန်ပေ၏၊ ဖူးဖူးရောင်နေသော သူသေကောင်သည် တရက် နှစ်ရက်သာတည်၍ ဝိနီလက- ညိုမည်းသော သူသေကောင် စသည်၏အဖြစ်သို့ ရောက်သွားတတ်၏၊ အလုံးစုံသော ကမ္မဋ္ဌာန်းအာရုံတို့တွင် ဤဥဒ္ဓုမာတက သူသေကောင်နှင့်တူသော ရခဲသော ကမ္မဋ္ဌာန်းအာရုံမည်သည် မရှိပေ။ ထို့ကြောင့် ယခုပြဆိုခဲ့သည့်အတိုင်း ဥဂ္ဂဟနိမိတ် ပျောက်ကွယ်သွားလျှင် ထိုရဟန်းသည် ညဉ့်သန့်စင်ရာ အရပ်၌သော်၎င်း နေ့သန့်စင်ရာ အရပ်၌သော်၎င်း ထိုင်နေပြီးလျှင် ငါသည် ဤမည်သောတံခါးဖြင့် ကျောင်းမှထွက်ခဲ့၍ ဤမည်သော အရပ်မျက်နှာဆီသို့ ရှေးရှုသော လမ်းကို သွားလျက် [၁၈၃] ဤမည်သောအရပ်၌ လက်ဝဲဘက်ကို သွားခဲ့သည်၊ ဤမည်သောအရပ်၌ လက်ျာဘက်ကို သွားခဲ့သည်၊ ထိုလမ်း၏ ဤမည်သောအရပ်၌ ကျောက်ရှိသည်၊ ဤမည်သောအရပ်၌ တောင်ပို့ သစ်ပင် ချုံ နွယ်တို့တွင် တခုခုရှိသည်။ (ထို)ငါသည် ထိုလမ်းဖြင့် သွားပြီးလျှင်
၄၀
ဤမည်သောအရပ်၌ အသုဘကောင်ကို တွေ့မြင်ခဲ့၏၊ ထိုအရပ်၌ (ငါသည်) ဤမည်သော အရပ်မျက်နှာဆီသို့ ရှေးရှုတည်လျက် ပတ်ဝန်းကျင်၌ ကျောက်စသော နိမိတ်တို့ကို ဤသို့ ဤသို့လည်း မှတ်၍ အသုဘနိမိတ်ကို ဤသို့သော အခြင်းအရာဖြင့် မှတ်ယူခဲ့၏။ မှတ်ယူခဲ့ပြီးလျှင် ဤမည်သော အရပ်မျက်နှာ၌ သုသာန်မှထွက်ခဲ့၍ ဤသို့သောလမ်းဖြင့် ဤသို့သော ဤသို့သော အမှုကိုလည်း ပြုလျက် လာခဲ့ပြီးလျှင် ဤနေရာ၌ ထိုင်နေသည်-ဟု ဤသို့ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေရာဌာနတိုင်အောင် အသွားအပြန်လမ်းကို ဆင်ခြင်အပ်၏။ ဤသို့ဆင်ခြင်လျှင် ထိုယောဂီအား ပျောက်ကွယ်သွားသော ထိုဥဂ္ဂဟနိမိတ်သည် ထင်ရှားပေါ်လာတတ်၏၊ ရှေ့၌ ချထားလာဘိသကဲ့သို့ ထင်ပေါ်တတ်၏၊ ကမ္မဋ္ဌာန်းကို နှလုံးသွင်းမှုသည် (နိမိတ်မကွယ်ပျောက်မီ) ရှေးက ဖြစ်ခဲ့ဘူးသော အခြင်းအရာအားဖြင့်သာလျှင် ဘာဝနာလမ်းစဉ်သို့ တက်ရောက်၏။ ထို့ကြောင့် “အသွားအပြန်လမ်းကို ဆင်ခြင်မှတ်သားခြင်းသည် (ကမ္မဋ္ဌာန်းလုပ်ငန်းစဉ်)လမ်းသို့ ကောင်းစွာ တဖန် သွားစေခြင်း တက်ရောက်စေခြင်းဟူသော အကျိုးအာနိသင် ရှိပေ၏”ဟူ၍ မိန့်ဆိုခဲ့ပေသည်။
၁၁၆။ ယခုအခါ “အကျိုးအာနိသင်ကို မြော်မြင်လျက် ရတနာမြတ်ဟု အမှတ်ပြုကာ ရိုသေလေးစားခြင်းကို ဖြစ်စေလျက် ကောင်းစွာ မြတ်နိုးသည်ဖြစ်၍ ထို(ဥဒ္ဓုမာတက အသုဘ)အာရုံ၌ စိတ်ကို ဆောင်ကပ်၍ ဖွဲ့ချည်၏”ဟူသော ဤစကားရပ်၌ ဖူးဖူးရောင်နေသော သူသေကောင်ဟူသော စက်ဆုပ်ဖွယ်အာရုံ၌ ဘာဝနာစိတ်ကို (အဖန်ဖန်)ဖြစ်စေ၍ ဈာန်ကို ဖြစ်ပေါ်စေပြီးလျှင် ဈာန်ကို
၄၁
အခြေခံပြု၍ ဝိပဿနာကိုပွါးစေလျက်၁ (ဝါ-ပွါးစေလိုသောသူသည်၂) ဤအကျင့်ဖြင့် အိုခြင်း သေခြင်းမှ ဧကန်မချွတ် လွတ်ရပေလိမ့်မည်-ဟု ဤသို့ အကျိုးအာနိသင်ကို မြော်မြင်သည် ဖြစ်ရာ၏။
ဥပမာပြရလျှင် မရှိဆင်းရဲသော ယောက်ျားသည် အဖိုးများစွာတန်သော ပတ္တမြားရတနာကိုရလျှင် ငါသည် ရခဲသော ရတနာမြတ်ကို ရပေပြီတကားဟု ထိုပတ္တမြား၌ ရတနာမြတ်ဟု အမှတ်ပြုကာ လေးစားခြင်းကို ဖြစ်စေ၍ အားကြီးသော ခင်မင်မြတ်နိုးခြင်းဖြင့် ကောင်းစွာ မြတ်နိုးသည်ဖြစ်၍ ထို(ပတ္တမြားရတနာ)ကို စောင့်ရှောက်ရာသကဲ့သို့ ဤအတူပင်လျှင် “သူဆင်းရဲ၏ အဖိုးများစွာတန်သည့် ပတ္တမြားရတနာနှင့်တူသော ရခဲသော ဤဥဒ္ဓုမာတက ကမ္မဋ္ဌာန်းအာရုံကို ငါရပေသည်၊ မှန်ပေ၏၊ ဓာတ်လေးပါးကမ္မဋ္ဌာန်း ယူသောသူသည် မိမိ၏ မဟာဘုတ်လေးပါးတို့ကို (ဘယ်အခါမဆို) သိမ်းဆည်းနိုင်၏၊ အာနာပါနကမ္မဋ္ဌာန်း ယူသောသူသည် မိမိ၏နှာခေါင်း၌ လေကို (ဘယ်အခါမဆို) သိမ်းဆည်းရှုမှတ်နိုင်၏၊ ကသိုဏ်းကမ္မဋ္ဌာန်း ယူသောသူသည် ကသိုဏ်းဝန်းပုံပြုလုပ်၍ အလိုရှိတိုင်း (ရှုမှုဘာဝနာကို) ပွါးစေနိုင်၏၊ ဤမှ တပါးကုန်သော
၁-ဝဍ္ဎေန္တော-ဟု ရှိသောပါဌ်အရ ပြန်သော အနက်ဖြစ်သည်၊ ဝိပဿနာကိုပွါးစေလျက်.. လွတ်မြောက်ရပေလိမ့်မည်-ဟု စပ်ပါ။ မိမိကိုယ်တိုင် ဝိပဿနာရှုလျက် လွတ်မြောက်ရပေလိမ့်မည်ဟု အကျိုးကို ဆင်ခြင်ပုံဖြစ်သည်။ အာနိသံသဒဿာဝီ-ပုဒ်၏ အဖွင့်ဖြစ်သောကြောင့် ဤပါဌ်နှင့် ဤအနက်က သာ၍ သင့်မြတ်ပေသည်။
၂- ဝဍ္ဎေန္တေန-ဟု ရှိသောပါဌ်အရ ပြန်သောအနက် ဖြစ်သည်။ ပွါးစေလိုသော သူသည်.. မြော်မြင်သည် ဖြစ်ရာ၏-ဟု စပ်ပါ။ မကောင်းလှ။
၄၂
(အနုဿတိ ဗြဟ္မဝိဟာရ အစရှိကုန်သော) ကမ္မဋ္ဌာန်းတို့သည်(လည်း) ဤအတူပင် ရလွယ်ကုန်၏၊ (တနည်း) ဤဥဒ္ဓုမာတကမှ တပါးကုန်သော ကမ္မဋ္ဌာန်းတို့သည် ဤဆိုခဲ့သည့်အတိုင်းပင် ရလွယ်ကုန်၏၁။ “ဤဥဒ္ဓုမာတက သူသေကောင်သည်ကား တရက်နှစ်ရက်လောက်သာ တည်၏၊ ထိုမှ နောက်ရက်များ၌ ညိုမည်းသော ဝိနီလက သူသေကောင် စသည်အဖြစ်သို့ ရောက်သွားတတ်သောကြောင့် ဤထက်ပိုလွန်၍ ရခဲသောကမ္မဋ္ဌာန်း မရှိပေ”ဟု နှလုံးသွင်းလျက် ထို(ဥဒ္ဓုမာတကအာရုံ)၌ ရတနာမြတ်ဟု အမှတ်ပြုကာ ရိုသေလေးစားခြင်းကို ဖြစ်စေလျက် ကောင်းစွာမြတ်နိုးသည်ဖြစ်၍ ထိုဥဒ္ဓုမာတကနိမိတ်ကို စောင့်ရှောက်အပ်၏၊ ညဉ့်နေရာ၌၎င်း နေ့နေရာ၌၎င်း “ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်, ဖူးဖူးရောင်နေသော စက်ဆုပ်ဖွယ် သူသေကောင်”ဟု ထိုဥဒ္ဓုမာတကနိမိတ်၌ အဖန်ဖန် စိတ်ကို ဆောင်ကပ်၍ ဖွဲ့ချည်အပ်၏၊ ထိုနိမိတ်ကို အဖန်ဖန် ဆင်ခြင်အပ်၏၊ နှလုံးသွင်းအပ်၏၊ (သမ္မာသင်္ကပ္ပဟူသော) ကြံစည်မှုဖြင့် ထုနှက်သလို နှလုံးသွင်းခြင်း, အထူးကြံစည်မှုဖြင့် လှည့်ပတ်၍ ထုနှက်သလို အဖန်ဖန် နှလုံးသွင်းခြင်းကို ပြုအပ်၏၂။
၁၁၇။ ဤဆိုခဲ့သည့်အတိုင်း အဖန်ဖန် နှလုံးသွင်းခြင်းကိုပြုသော ထိုယောဂီအား ပဋိဘာဂနိမိတ် ဖြစ်ပေါ်၏။ (ဥဂ္ဂဟနိမိတ်
၁- ဤ၌ အနက်၂-ခုတို့တွင် ပဌမအနက်သည် ဋီကာနှင့်အညီ ဖြစ်သည်။ (တနည်း)ပြသော ဒုတိယအနက်သည် ပြည်မူနိဿယ၌ ပြထားသောအနက် ဖြစ်သည်။ ၎င်းက သာ၍ သင့်ဟန်ရှိ၏။
၂- ဤ၌ အနက်အဓိပ္ပါယ်ကို ဝိသုဒ္ဓိမဂ်-မြန်မာပြန် ပဌမတွဲ (ပ-နှိပ်) နှာ-၃၈၁- အောက်ခြေမှတ်ချက်ကို ကြည့်ပါ။ (စာပိုဒ်အမှတ် ၅၇-နှင့် ဆိုင်၏)
၄၃
ဖြစ်သည် ပဋိဘာဂနိမိတ် ဖြစ်သည်ဟု ဆိုသော) ထိုစကားရပ်၌ ယခုဆိုမည့်စကားသည် နိမိတ်၂-ခုကို ခွဲခြားကြောင်း စကားပေတည်း။ ဥဂ္ဂဟနိမိတ်သည် ဖောက်ပြန်သော အဆင်းရှိသည် အရုပ်ဆိုးသည် ကြောက်ဖွယ် ပုံပန်းရှိသည်ဖြစ်၍ [၁၈၄] ထင်ပေါ်၏။ ပဋိဘာဂနိမိတ်သည်ကား အလိုရှိတိုင်း စားပြီးလျှင် လျောင်းနေသော ဆူဖြိုးသည့် ကိုယ်အင်္ဂါကြီးငယ်ရှိသော ယောက်ျားကဲ့သို့ ထင်ပေါ်၏၊ ထိုယောဂီမှာ ပဋိဘာဂနိမိတ်ကို ရသည်နှင့် တပြိုင်နက်ပင်လျှင် အပြင်ပ၌ ကာမအာရုံတို့ကို နှလုံးမသွင်းခြင်းကြောင့်၁ ဝေးကွာသည့်အလိုအားဖြင့်၂ ကာမစ္ဆန္ဒကင်းပျောက်၏၂။ သွေးကိုပယ်ခြင်း သွေးကင်းခြင်းကြောင့် ပြည်လည်း ကင်းသကဲ့သို့ ထိုယောဂီမှာ နှစ်သက်ချစ်ခင်တတ်သော ကာမစ္ဆန္ဒကိုပယ်ခြင်း ကာမစ္ဆန္ဒ၏ ကင်းခြင်းကြောင့်ပင်လျှင် ဗျာပါဒ-ဒေါသလည်း ကင်း၏၃။ ထို့အတူ ပြင်းစွာအားထုတ်သော ဝီရိယရှိခြင်းကြောင့် ထိုင်းမှိုင်းပျင်းရိမှု ထိနမိဒ္ဓကင်း၏။
၁- နှလုံးမသွင်းခြင်းကြောင့်.. ကင်းပျောက်၏-ဟု စပ်ပါ။
၂- ကာမစ္ဆန္ဒ ကင်းပျောက်၏-ဟု ဆိုသည်မှာ လုံးဝ အမြစ်ပြတ် ကင်းသွားသည်ကား မဟုတ်၊ ဝိက္ခမ္ဘနပဟာန်အလိုအားဖြင့် ဝေးကွာခြင်းမျှသာ ဖြစ်သည်။ ထို့ကြောင့် “ဝေးကွာသည့် အလိုအားဖြင့်”ဟု ဝိသေသန မ-ထားပေသည်။
၃- နှစ်သက် ချစ်ခင်တတ်သော ကာမစ္ဆန္ဒလျှင် အကြောင်းရှိသော အာဃာတ-ဒေါသသည် (သူ၏)အကြောင်းရင်းဖြစ်သော ကာမစ္ဆန္ဒကို ပယ်ခွါလိုက်လျှင် ပယ်ခွါပြီး ဖြစ်လေတော့၏။ ထို့ကြောင့် “နှစ်သက်ချစ်ခင်တတ်သော ကာမစ္ဆန္ဒ၏ ကင်းခြင်းကြောင့်ပင်လျှင် ဗျာပါဒ-ဒေါသလည်း ကင်း၏”ဟု အဋ္ဌကထာ၌ ဆိုပေသည်။ (ဋီကာ)
၄၄
နှလုံးသာရွှင်ခြင်းကို ပြုတတ်သော ငြိမ်းအေးချမ်းမြေ့သော (သီလ ပီတိ ပဿဒ္ဓိ သုခ အစရှိသော) တရားတို့ကို မပြတ်ယှဉ်စေသည်၏ အစွမ်းအားဖြင့် ပျံ့လွင့်မှု-ဥဒ္ဓစ္စ, နောင်တပူပန်မှု-ကုက္ကုစ္စ ကင်း၏၊ ရပြီးသော ဥပစာရသမာဓိ တရားထူး၏ မျက်မှောက်ဖြစ်ခြင်းကြောင့် ပဋိပတ်ကိုဟောသော ဆရာဘုရား၌၎င်း၊ အကျင့်ပဋိပတ်၌၎င်း၊ ပဋိပတ်၏ အကျိုး၌၎င်း ယုံမှားမှု-ဝိစိကိစ္ဆာ ကင်း၏။ ဤသို့လျှင် ငါးပါးသော နီဝရဏတို့သည် ပယ်အပ်ပြီး ဖြစ်ကုန်၏ (ဝါ-ကင်းပျောက်ကုန်၏)။ ထို့ပြင် ထိုပဋိဘာဂနိမိတ်၌ပင်လျှင် စိတ်ကို ရှေးရှုတင်ပေးခြင်း လက္ခဏာရှိသော ကြံစည်မှု-ဝိတက်လည်း (ထင်ရှားဖြစ်ပေါ်၏)။ ပဋိဘာဂနိမိတ်ကို အဖန်ဖန် သုံးသပ်ခြင်းကိစ္စပြီးစေသော ဆင်ခြင်မှု-ဝိစာရလည်း (ထင်ရှားဖြစ်ပေါ်၏)၊ ရပြီး သမာဓိတရားထူးကို ရခြင်း သိခြင်းကြောင့် နှစ်သိမ့်အားရမှု-ပီတိလည်း (ထင်ရှားဖြစ်ပေါ်၏)၊ ပီတိနှင့်ယှဉ်သည့် စိတ်ရှိသောသူအား ငြိမ်းအေးမှုပဿဒ္ဓိ ဖြစ်ရိုးရှိသောကြောင့်၁ ပဿဒ္ဓိဖြစ်ပြီးလျှင်၂ ထိုပဿဒ္ဓိလျှင် အကြောင်းရှိသော စိတ်ချမ်းသာမှု-သုခလည်း (ထင်ရှားဖြစ်ပေါ်၏)၊ ချမ်းသာနှင့် ပြည့်စုံသောသူအား စိတ်၏တည်ကြည်မှု-သမာဓိ ဖြစ်ရိုးရှိသောကြောင့်၁
၁- ဖြစ်ရိုးရှိသောကြောင့်-ဟူသော အနက်သည် သမ္ဘဝတော- ဖြစ်သင့်သောကြောင့်-ဟူသော ပုဒ်အနက်၏ ပေါ်လွင်သော စကားလှယ်ဖြစ်သည်။
၂- ပဿဒ္ဓိလည်း (ထင်ရှားဖြစ်ပေါ်၏)ဟု အတိအကျပြန်လျှင် သုတနည်းသူတို့က ၎င်းကိုလည်း ဈာန်အင်္ဂါတပါးဟု ထင်မှားဖွယ်ရှိသောကြောင့် အထက်ပါအတိုင်း အပ္ပဓာနပြု၍ ပြန်ထားသည်။
၄၅
သုခလျှင် အကြောင်းရှိသော အာရုံတခုတည်း ရှိသည်၏အဖြစ်-ဧကဂ္ဂတာလည်း (ထင်ရှားဖြစ်ပေါ်၏)၊ ဤသို့အားဖြင့် ငါးပါးသော ဈာန်အင်္ဂါတို့သည် ထင်ရှားဖြစ်ပေါ်ကုန်၏။ ဤဆိုခဲ့သည့်အတိုင်း ထိုယောဂီမှာ ပဌမဈာန်၏ ပုံတူဖြစ်သော ဥပစာရဈာန်သည်လည်း ထိုပဋိဘာဂနိမိတ်ထင်သော ခဏ၌ပင်လျှင် ဖြစ်ပေါ်၏။ ဤမှနောက်၌ ပဌမဈာန်သို့ ရောက်ပုံနှင့် ဝသီဘော်သို့ ရောက်ပုံတိုင်အောင် အလုံးစုံသော အစီအရင်ကို ပထဝီကသိုဏ်း၌ ဆိုခဲ့သော နည်းဖြင့်ပင်လျှင် သိအပ်ပေသည်။
(ဥဒ္ဓုမာတကကမ္မဋ္ဌာန်းရှုပုံ ပြီး၏။)
၄၆
ဝိနီလကစသော ကမ္မဋ္ဌာန်းရှုပုံ
၁၁၈။ ထိုမှတပါး ဤမှနောက်ဖြစ်ကုန်သော ဝိနီလကအစရှိသော ကမ္မဋ္ဌာန်းတို့၌လည်း “ဥဒ္ဓုမာတက အသုဘနိမိတ်ကို ယူလိုသော ယောဂီသည် တပါးတည်း အဖော်မပါပဲ သွား၏၊ မမေ့မလျော့ ထင်သောသတိရှိလျက်” ဤသို့ အစရှိသောနည်းဖြင့် သွားခြင်းကိုအစပြု၍ (ဥဒ္ဓုမာတက ကမ္မဋ္ဌာန်းရှုပုံအရာ၌) ဆိုခဲ့သော နိမိတ်ယူခြင်း၏ လက္ခဏာအလုံးစုံကို “ဝိနီလကအသုဘနိမိတ်ကို ယူလိုသော ယောဂီသည်, ဝိပုဗ္ဗကအသုဘနိမိတ်ကို ယူလိုသော ယောဂီသည်” ဤသို့ စသည်ဖြင့် ထိုထိုအသုဘ၏ အစွမ်းအားဖြင့် ထိုထိုဝိနီလကစသော ကမ္မဋ္ဌာန်း၌ ဥဒ္ဓုမာတကဟူသောပုဒ်ကို ပြောင်းလဲ၍ ဆိုခဲ့သောနည်းဖြင့်ပင်လျှင် အဆုံးအဖြတ်နှင့်တကွ အဓိပ္ပါယ်ကို သိအပ်၏။
ယခုဆိုမည့် စကားမှာမူ အထူးပေတည်း။ ဝိနီလကကမ္မဋ္ဌာန်း၌ “ပကတိအဆင်းပျက်လျက် ညိုမည်းသော စက်ဆုပ်ဖွယ် သူသေကောင်, ပကတိအဆင်းပျက်လျက် ညိုမည်းသော စက်ဆုပ်ဖွယ် သူသေကောင်”ဟု နှလုံးသွင်းခြင်းကို ဖြစ်စေအပ်၏။ “ထို့ပြင် ဤဝိနီလကကမ္မဋ္ဌာန်း၌ ဥဂ္ဂဟနိမိတ်သည် ပြောက်ကျား ကြောင်ကျား အဆင်းရှိသည်ဖြစ်၍ ထင်၏။ ပဋိဘာဂနိမိတ်သည်ကား (နီ ဖြူ ညို အဆင်းတို့တွင်) များသောအဆင်း၏ အစွမ်းအားဖြင့် ထင်၏။
ဝိပုဗ္ဗကကမ္မဋ္ဌာန်း၌ “ပြည်တစိုစို ယိုထွက်နေသော စက်ဆုပ်ဖွယ် သူသေကောင်, ပြည်တစိုစို ယိုထွက်နေသော စက်ဆုပ်ဖွယ် သူသေကောင်”ဟု နှလုံးသွင်းခြင်းကို ဖြစ်စေအပ်၏။ ထို့ပြင် ဤဝိပုဗ္ဗကကမ္မဋ္ဌာန်း၌ ဥဂ္ဂဟနိမိတ်သည် တသွင်သွင် ပြည်ယိုနေသကဲ့သို့ ထင်၏။ ပဋိဘာဂနိမိတ်သည် မလှုပ်မယှက် ငြိမ်သက်သည်ဖြစ်၍ ထင်၏။
၄၇
နှစ်ပိုင်းပြတ်နေသော သူသေကောင်ကို၁ စစ်မြေပြင်၌သော်၎င်း၊ ခိုးသူဒမြတို့ သောင်းကျန်းထကြွနေရာ တော[၁၈၅]အုပ်၌သော်၎င်း၊ မင်းတို့က ခိုးသူတို့ကို သတ်ဖြတ်စေရာ သုသာန်၌သော်၎င်း၊ ထို့ပြင် တောအရပ်ဝယ် ခြင်္သေ့, ကျားတို့က လူကို ကိုက်ဖြတ်ထားရာအရပ်၌သော်၎င်း ရနိုင်ပေ၏။ ထို့ကြောင့် ထိုသို့ ရနိုင်ရာဌာနသို့ သွားပြီးလျှင် (သူသေကောင်၏ အပိုင်းများသည်) အထူးထူးသောနေရာ၌ ကျရောက်နေစေကာမူ တကြိမ်တည်း ဆင်ခြင်ခြင်းဖြင့် အကယ်၍ (တပေါင်းတည်း) ထင်ပေါ်ငြားအံ့၊ ဤသို့ ထင်ပေါ်ပါမူ ကောင်းလှပေ၏။ အကယ်၍ မထင်ပေါ်ပါမူ (တနေရာတည်း၌ စုပေါင်းအပ်၏၊ သို့သော်)၂ မိမိ၏လက်ဖြင့် မသုံးသပ် မကိုင်တွယ်အပ်ပေ၊ သုံးသပ်ကိုင်တွယ်လျှင် (သူသေကောင်နှင့်) အကျွမ်းဝင်ခြင်းသို့ ရောက်၏၃။ ထို့ကြောင့် အာရာမ်စောင့် ဒကာကိုဖြစ်စေ၊ ရဟန်းလောက်ရှိသည့် သာမဏေကြီးကိုဖြစ်စေ၊ အခြား တစုံတယောက်ကိုဖြစ်စေ တနေရာတည်း၌ စုပေါင်းစေအပ်၏။ (ခိုင်းစရာ အာရာမ်စောင့် စသည်ကို) မရပါမူ (ကိုယ်တိုင်ပင်) တောင်ဝှေးဖြင့်သော်၎င်း၊ ဒုတ်ဖြင့်သော်၎င်း လက်တသစ်ခြားဖြစ်အောင် ကပ်စေအပ်၏။ ဤသို့ ကပ်စေပြီးလျှင် “နှစ်ပိုင်းပြတ်နေသော စက်ဆုပ်ဖွယ် သူသေကောင်, နှစ်ပိုင်းပြတ်နေသော
၁- သူသေကောင်ကို.. ရနိုင်ပေ၏-ဟု စပ်ပါ။
၂- လက်သည်းကွင်းအတွင်းရှိ စကားရပ်သည် ရှေ့နောက်ဝါကျနှစ်ရပ် ဆက်စပ်မိစေရန် ဖြည့်စွက်ပြထားသော စကားဖြစ်သည်။
၃- အကျွမ်းဝင်ခြင်းသို့ ရောက်၏-ဟူသည်မှာ သူသေကောင်ဖုတ်သော သုဘရာဇာကဲ့သို့ပင် မစက်ဆုပ်အပ်သည်၏အဖြစ်သို့ (ဝါ-စက်ဆုပ်ဖွယ် မဟုတ်သည်၏အဖြစ်သို့) ရောက်ရာ၏(ဟု ဆိုလို၏)။ (ဋီကာ)
၄၈
စက်ဆုပ်ဖွယ် သူသေကောင်”ဟု နှလုံးသွင်းခြင်းကို ဖြစ်စေအပ်၏။ ထိုဝိစ္ဆိဒ္ဒကကမ္မဋ္ဌာန်း၌ ဥဂ္ဂဟနိမိတ်သည် အလယ်၌ ပြတ်နေသကဲ့သို့ ထင်၏။ ပဋိဘာဂနိမိတ်သည်ကား (အပြတ်မရှိပဲ) အလုံးစုံပြည့်လျက် (တဆက်တည်းဖြစ်လျက်) ထင်၏။
ဝိက္ခာယိတကကမ္မဋ္ဌာန်း၌ “(ခွေး မြေခွေး စသည်တို့က) အမျိုးမျိုးသော အခြင်းအရာဖြင့် ခဲစားထားသော စက်ဆုပ်ဖွယ် သူသေကောင်, အမျိုးမျိုးသော အခြင်းအရာဖြင့် ခဲစားထားသော စက်ဆုပ်ဖွယ် သူသေကောင်”ဟု နှလုံးသွင်းခြင်းကို ဖြစ်စေအပ်၏။ ထို့ပြင် ဤဝိက္ခာယိတကကမ္မဋ္ဌာန်း၌ ဥဂ္ဂဟမိတ်သည် ထိုထိုအရပ်၌ ခဲစားထားသည်နှင့် တူစွာသာလျှင် ထင်၏။ ပဋိဘာဂနိမိတ်သည် (ခဲစားရာမရှိပဲ) အလုံးစုံ ပြည့်လျက်သာလျှင် ထင်၏။
အထွေထွေသော အရပ်သို့ စွန့်ပစ်ထားအပ်သော သူသေကောင်ကိုလည်း ဝိစ္ဆိဒ္ဒကကမ္မဋ္ဌာန်း၌ ဆိုခဲ့သောနည်းဖြင့်ပင်လျှင် လက်တသစ်ခြား လက်တသစ်ခြား ပြုစေ၍သော်၎င်း၊ ကိုယ်တိုင်ပြု၍သော်၎င်း “(ခွေး မြေခွေး စသည်တို့က ခဲစား၍) ထိုထိုအရပ်၌ စွန့်ပစ်ထားသော စက်ဆုပ်ဖွယ် သူသေကောင်, ထိုထိုအရပ်၌ စွန့်ပစ်ထားသော စက်ဆုပ်ဖွယ် သူသေကောင်”ဟု နှလုံးသွင်းခြင်းကို ဖြစ်စေအပ်၏။ ဤဝိက္ခိတ္တကကမ္မဋ္ဌာန်း၌ ဥဂ္ဂဟနိမိတ်သည် ထင်ရှားသော အကြားရှိလျက် ထင်၏။ ပဋိဘာဂနိမိတ်သည်ကား အလုံးစုံ ပြည့်လျက်သာလျှင် ထင်၏။
သတ်ပြီးလျှင် ထိုထိုအရပ်၌ ပစ်ချထားအပ်သော သူသေကောင်ကိုလည်း ဝိစ္ဆိဒ္ဒကကမ္မဋ္ဌာန်း၌ ပြဆိုအပ်ပြီးခဲ့သော အပြားရှိကုန်သော အရပ်တို့၌သာလျှင် ရနိုင်၏။ ထို့ကြောင့် ထိုရနိုင်ရာအရပ်သို့ သွားပြီးလျှင် ဆိုခဲ့ပြီးသော နည်းဖြင့်ပင်လျှင် လက်တသစ် လက်တသစ်
၄၉
ခြားသည်ကို ပြုစေ၍သော်၎င်း၊ ကိုယ်တိုင်ပြု၍သော်၎င်း “သတ်ပြီး ထိုထိုအရပ်၌ ပစ်ချထားအပ်သော စက်ဆုပ်ဖွယ် သူသေကောင်, သတ်ပြီး ထိုထိုအရပ်၌ ပစ်ချထားအပ်သော စက်ဆုပ်ဖွယ် သူသေကောင်”ဟု နှလုံးသွင်းခြင်းကို ဖြစ်စေအပ်၏။ ထို့ပြင် ဤဟတဝိက္ခိတ္တကကမ္မဋ္ဌာန်း၌ ဥဂ္ဂဟနိမိတ်သည် ထင်ရှားသော ခုတ်ထစ်ရာ အမာဝရှိသကဲ့သို့ ဖြစ်၏။ ပဋိဘာဂနိမိတ်သည် အလုံးစုံ ပြည့်လျက်သာလျှင် ထင်၏။
သွေးယိုနေသော သူသေကောင်ကို စစ်မြေပြင် စသည်တို့၌ လက်နက်ဒဏ်ရာကို ရသောသူတို့၏ အဖြတ်ခံရသော လက်ခြေစသည်တို့၌သော်၎င်း၊ ပေါက်ပြဲသော ထွတ်အိုင်းနာ အဖုအလုံးအနာ စသည်တို့၏သော်၎င်း၊ ဒဏ်ရာအဝ အမာအဝမှ သွေးယိုနေသော ကာလ၌ ရနိုင်၏။ ထို့ကြောင့် ထိုသို့သော သူသေကောင်ကို ကြည့်ရှု၍ “သွေးယိုထွက်နေသော သူသေကောင်, သွေးယိုထွက်နေသော သူသေကောင်”ဟု နှလုံးသွင်းခြင်းကို ဖြစ်စေအပ်၏။ ဤလောဟိတကကမ္မဋ္ဌာန်း၌ ဥဂ္ဂဟနိမိတ်သည် လေတိုက်ခတ်အပ်သော တမ်းခွန်နီကဲ့သို့ လှုပ်သော အခြင်းအရာရှိလျက် ထင်၏။ ပဋိဘာဂနိမိတ်သည်ကား မလှုပ်မယှက် ငြိမ်သက်လျက် ထင်၏။
ပုဠဝကအသုဘသည် (သေပြီးနောက်) နှစ်ရက် သုံးရက် လွန်သောအခါ ကိုးခုသော အမာဝတို့မှ ပိုးလောက်အစု ယိုထွက်သောကာလ၌ ဖြစ်၏။ တနည်းသော်ကား ထိုပုဠဝကအသုဘသည် ခွေး မြေခွေး လူ နွား ကျွဲ ဆင် မြင်း စပါးကြီးမြွေ စသည်တို့၏ ကိုယ်ပမာဏ ရှိသည်သာလျှင်ဖြစ်၍ သလေးထမင်းအစုကဲ့သို့ [၁၈၆]တည်၏။ ထို(ခွေးကောင်ပုပ်စသည်တို့)တွင် တစုံတခုသော အကောင်ပုပ်၌ “ပိုးလောက်ပြည့်နေသော စက်ဆုပ်ဖွယ် သူသေကောင်, ပိုးလောက်ပြည့်နေသော
၅၀
စက်ဆုပ်ဖွယ် သူသေကောင်”ဟု နှလုံးသွင်းခြင်းကို ဖြစ်စေအပ်၏။ တစုံတခုသော သူသေကောင်၌ ရှုကောင်းသည် မှန်ပေ၏။ စူဠပိဏ္ဍပါတိကတိဿမထေရ်အား ကာဠဒီဃဆည်ကန်အတွင်းမှာ ဆင်သေကောင်ပုပ်၌ နိမိတ်ထင်ဘူးလေပြီ။ ဤပုဠဝကကမ္မဋ္ဌာန်း၌ ဥဂ္ဂဟနိမိတ်သည်ကား လှုပ်ရှားနေသကဲ့သို့ ထင်၏။ ပဋိဘာဂနိမိတ်သည် သလေးထမင်းအစုကဲ့သို့ မလှုပ်မယှက် ငြိမ်သက်လျက် ထင်၏။
အဋ္ဌိကအသုဘကို၁ “သုသာန်၌ စွန့်ပစ်ထားအပ်သော အသားအသွေးရှိလျက် အကြောတို့ဖြင့် ဖွဲ့စပ်ထားအပ်သော အရိုးဆက်-အရိုးစု သူသေကောင်ကို တွေ့မြင်ရာသကဲ့သို့” အစရှိသော နည်းဖြင့် အမျိုးမျိုးသော အပြားအားဖြင့် ဟောတော်မူ(အပ်)ပေသည်။ ထိုအဋ္ဌိကအသုဘ၌၂ အရိုးစု သူသေကောင် ပစ်ချထားရာအရပ်သို့ ရှေး၌ ပြဆိုခဲ့သော နည်းဖြင့်ပင်လျှင် သွား၍၂ ပတ်ဝန်းကျင်၌ ကျောက်စသည်တို့၏ အစွမ်းအားဖြင့် နိမိတ်နှင့်တကွ အာရုံနှင့်တကွ ပြုပြီးလျှင်၂ “ဤကိုယ်ကောင်သည် စက်ဆုပ်ဖွယ် အရိုးစုပေတည်း”ဟု မိမိ၏ သဘောရင်းဖြစ်သော လက္ခဏာအားဖြင့် မှတ်သားပြီးလျှင်၂ အဆင်းစသည်တို့၏ အစွမ်းအားဖြင့် တဆယ့်တပါးသော အခြင်းအရာတို့ဖြင့် နိမိတ်ကို မှတ်ယူအပ်၏။
၁၁၉။ ထူးသည်ကို ပြဆိုဦးအံ့၊ ထိုအရိုးစုကို အဆင်းအားဖြင့် ဖြူသည်ဟု ရှုသောသူအား (အသုဘသဘောအားဖြင့်) မထင်၊ ဩဒါတကသိုဏ်းနှင့် ရောယှက်၏။ ထို့ကြောင့် အရိုးစု စက်ဆုပ်ဖွယ်
၁- အဋ္ဌိကအသုဘကို.. ဟောတော်မူ(အပ်)ပေသည်-ဟု စပ်ပါ။
၂- အဋ္ဌိကအသုဘ၌.. သွား၍.. ပြုပြီးလျှင်.. မှတ်သားပြီးလျှင်.. မှတ်ယူအပ်၏-ဟု စပ်ပါ။
၅၁
သူသေကောင်ဟု စက်ဆုပ်ဖွယ်၏ အစွမ်းအားဖြင့်သာလျှင် ကြည့်ရှုအပ်၏။ လိင်-အသွင်ဟူသည်မှာ ဤအရာ၌ လက် စသည်တို့၏ အမည်ပေတည်း။ ထို့ကြောင့် လက် ခြေ ခေါင်း ရင် လက်ရုံး တင်ပါး ပေါင် ခြေသလုံးတို့အလို လိင်-အသွင်အားဖြင့် ပိုင်းခြားမှတ်သားအပ်၏။ ထို့ပြင် အရှည် အတို အလုံး လေးမြှောင့် အငယ် အကြီးတို့အလို ပုံသဏ္ဌာန်အားဖြင့် ပိုင်းခြားမှတ်သားအပ်၏။ အရပ်နှင့် တည်ရာတို့သည် ဆိုခဲ့ပြီးသော နည်းအတိုင်းပင်။ ထိုထိုအရိုး၏ အစွန် အဆုံး အလိုအားဖြင့် အပိုင်းအခြားအရ မှတ်သားပြီးလျှင် ထိုအရိုးတို့တွင် ထင်ရှားပေါ်သော အရိုးကို (နိမိတ်အဖြစ်ဖြင့်)ယူ၍ အပ္ပနာသို့ ရောက်စေအပ်၏။ ထို့ပြင် ထိုထိုအရိုး၏ ချိုင့်ရာ မောက်ရာဌာနတို့၏ အစွမ်းအားဖြင့် အနိမ့် အချိုင့်အားဖြင့်၎င်း၊ အမြင့် အမောက်အားဖြင့်၎င်း ပိုင်းခြားမှတ်သားအပ်၏။ တည်ရာအရပ်၏ အစွမ်းအားဖြင့်လည်း “ငါက အနိမ့်၌ တည်သည်၊ အရိုးက အမြင့်၌ တည်သည်၊ ငါက အမြင့်၌ တည်သည်၊ အရိုးက အနိမ့်၌ တည်သည်”ဟု ဤသို့လည်း ပိုင်းခြားမှတ်သားအပ်၏။ ထိုမှတပါး (နှစ်ခု) နှစ်ခုသော အရိုးတို့၏ ဆက်စပ်ရာ ဆက်စပ်ရာ ဌာနတို့အလို အဆက်အစပ်အားဖြင့် ပိုင်းခြားမှတ်သားအပ်၏။ အရိုးတို့၏သာလျှင် အကြား၏ အစွမ်းအားဖြင့် အကြားအရပ်အားဖြင့် ပိုင်းခြားမှတ်သားအပ်၏။ ထိုမှတပါး အရိုးအားလုံး၌ပင်လျှင် ဉာဏ်ကို သွားစေ-ကျက်စားစေ၍ (ဝါ-စေလွှတ်၍) ဤဌာန၌ ဤအရိုး (တည်နေသည်)ဟု ပတ်ဝန်းကျင်အားဖြင့် ပိုင်းခြားမှတ်သားအိပ်၏။ ဤသို့ ပိုင်းခြားမှတ်သားသော်လည်း နိမိတ်မထင်သေးလျှင် နဖူးရိုး၌ စိတ်ကို ကောင်းစွာ ထားအပ်၏။
၅၂
၁၂၀။ ဤအဋ္ဌိကအသုဘ၌ကဲ့သို့ပင် ဤမှ ရှေးဖြစ်သော ပုဠဝကအသုဘ စသည်တို့၌လည်း ယှဉ်သင့် ယှဉ်ထိုက်သည်၏ အစွမ်းအားဖြင့် ဤတဆယ့်တပါး အပြားအားဖြင့် နိမိတ်ယူပုံကို မှတ်အပ်၏။ ဆက်ဦးအံ့၊ ဤအဋ္ဌိကကမ္မဋ္ဌာန်းသည် တကိုယ်လုံးသော အရိုးစု၌လည်း ပြည့်စုံနိုင်ပေ၏၊ အရိုးတချောင်းတည်း၌လည်း ပြည့်စုံနိုင်ပေ၏။ ထို့ကြောင့် ထိုအရိုးစုနှင့် အရိုးတချောင်းတို့တွင် တခုခုသော အဋ္ဌိကအသုဘ၌ တဆယ့်တပါး အပြားအားဖြင့် နိမိတ်ကို မှတ်ယူပြီးလျှင် “စက်ဆုပ်ဖွယ်အရိုးစု (စက်ဆုပ်ဖွယ်အရိုး) [၁၈၇] စက်ဆုပ်ဖွယ်အရိုးစု (စက်ဆုပ်ဖွယ်အရိုး)”ဟု နှလုံးသွင်းခြင်းကို ဖြစ်စေအပ်၏။ ဤအဋ္ဌိကကမ္မဋ္ဌာန်း၌ ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်သည် တထပ်တည်း တူသည်သာဟူ၍ (ရှေးအဋ္ဌကထာ၌)ဆို၏၊ ထိုစကားသည် အရိုးတချောင်းတည်း၌ သင့်လျော်၏၊ အရိုးစု၌မူကား ဥဂ္ဂဟနိမိတ်၌ ထင်ပေါ်သော အကြားရှိခြင်း၊ ပဋိဘာဂနိမိတ်၌ အလုံးစုံပြည့်နေခြင်းသည် သင့်လျော်၏။ သည်မျှသာမကသေး အရိုးတချောင်းတည်း၌သော်လည်း ဥဂ္ဂဟနိမိတ်သည် အရုပ်ဆိုး၍ ကြောက်ဖွယ်ကောင်းသည် ဖြစ်ရာ၏၊ ပဋိဘာဂနိမိတ်သည် ဥပစာရသမာဓိကို ဆောင်ပေးတတ်- ဖြစ်စေတတ်သောကြောင့် ပီတိသောမနဿ- ဝမ်းမြောက်ရွှင်လန်းခြင်းကို ဖြစ်စေတတ်သည် ဖြစ်ရာ၏။
မှန်ပေ၏၊ ဤအရာဝယ် အဋ္ဌကထာတို့၌ ဆိုထားသော စကားသည် တံခါးဖွင့်လျက်သာလျှင် ဆိုထားသော စကား ဖြစ်ပေသည်၁။ တံခါးဖွင့်လျက် ဆိုပုံမှာ- “လေးပါးသော ဗြဟ္မဝိဟာရတို့၌၎င်း၊
၁- ဒွါနံ ဒတွာဝ- တံခါးကိုပေးလျက် တံခါးဖွင့်လျက်သာလျှင်-ဟူရာ၌ “စက်ဆုပ်ဖွယ်၏ အဖြစ်ကိုသာ မြင်လျှင် နိမိတ်မည်ပေသည်”ဟု
၅၃
ဆယ်ပါးသော အသုဘတို့၌၎င်း ပဋိဘာဂနိမိတ် မရှိ၊ မှန်၏၊ ဗြဟ္မဝိဟာရတို့၌ သီမာသမ္ဘေဒခေါ် နယ်ပယ်အပိုင်းအခြား ပျက်ခြင်းသည်ပင်လျှင် နိမိတ်ပေတည်း၊ ဆယ်ပါးသော အသုဘတို့၌လည်း (တင့်တယ်သည်၊ မတင့်တယ်-ဟု) နှစ်သွယ်နှစ်ခွကြံဆခြင်း မရှိအောင်ပြု၍၁ စက်ဆုပ်ဖွယ်၏အဖြစ်ကိုသာ မြင်လျှင် နိမိတ်မည်ပေသည်”ဟု ဆိုပြီးလျှင် (ဤမျှတွင်သာ မရပ်တည်မူ၍) အခြားမဲ့၌ပင်လျှင် “ဤအသုဘကမ္မဋ္ဌာန်း၌ နိမိတ်သည် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်(ဟူ၍) ၂-ပါးအပြားရှိ၏။ ဥဂ္ဂဟနိမိတ်သည် ဖောက်ပြန်သော အဆင်းရှိသည် အရုပ်ဆိုးသည် ကြောက်ဖွယ်ကောင်းသည်ဖြစ်၍ ထင်၏” ဤသို့အစရှိသော
ဤမျှ၌သာလျှင် မရပ်တန့်မူ၍ အခြားမဲ့၌ပင်လျှင် “ဤအသုဘကမ္မဋ္ဌာန်း၌ နိမိတ်သည် (ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ်ဟူ၍) နှစ်ပါးအပြားရှိ၏” ဤသို့စသည်ဖြင့် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်တို့ကို ခွဲခြား၍ဆိုခြင်းဖြင့် ဆိုခဲ့တိုင်းသော နိမိတ်ကို ခွဲခြားခြင်း၏ တံခါးကို ပေးလျက်- ဖွင့်လျက်သာလျှင် ဆိုထားပေသည်။ (ဋီကာ)
၁- ဝိ-ဒွိဓာ- နှစ်ပါးပြားအားဖြင့် + ကပ္ပ- ကြံဆခြင်း = ဝိကပ္ပ- အရှင်ရုပ်ကိုယ်က တင့်တယ်သည်, အသေရုပ်ကိုယ်က မတင့်တယ်-ဟု နှစ်သွယ်နှစ်ခွ ကြံဆခြင်း။ ထိုသို့ နှစ်သွယ်နှစ်ခွ ကြံဆခြင်းမရှိပဲ အရှင်ရော အသေရော ရုပ်ကိုယ်ဟူသမျှ မတင့်တယ်သည်ချည်း-ဟု နှလုံးသွင်းခြင်းကို နိဗ္ဗိကပ္ပံ ကတွာ- နှစ်သွယ်နှစ်ခွ ကြံဆခြင်းမရှိအောင်ပြု၍-ဟု ဆိုပေသည်။ ဋီကာ၌ကား- တင့်တယ်သည်ဟု ဝိကပ္ပ-ကြံခြင်းဖြင့် နိဗ္ဗိကပ္ပံ-ကြံခြင်းမရှိသည်ကို၊ မတင့်တယ်ဟူ၍သာ ကြံခြင်းကိုပြု၍ဟူသော အနက်ကို ဆိုလို၏-ဟု ဖွင့်ပြထားသည်။ ထိုအလိုအားဖြင့် နိဗ္ဗိကပ္ပံ ကတွာ- တင့်တယ်သည်ဟု ကြံခြင်းမရှိအောင်ပြု၍-ဟု ပြန်ရာ၏။ ဝိကပ္ပ-ပုဒ်၌ ဝိကို အနက်မရှိဟူ၍လည်း ယူရာ၏။
၅၄
စကားကို ထိုအဋ္ဌကထာတို့၌ တဖန် ဆိုထားပေသည်၁။ ထို့ကြောင့် (ထိုစကားသည် အရိုးတချောင်းတည်း၌ သင့်လျော်၏၊ အရိုးစု၌ကား ဥဂ္ဂဟနိမိတ်၌ ထင်ပေါ်သော အကြားရှိခြင်း စသည်ဖြင့်) စိစစ်ဆင်ခြင်၍ ငါတို့ဆိုခဲ့သော စကားသည်သာလျှင် (အဋ္ဌိကကမ္မဋ္ဌာန်း နိမိတ်ထင်ပုံကို ပြဆိုသော) ဤအရာ၌ သင့်မြတ်ပေသည်။ တနည်းအားဖြင့် သာဓကပြရလျှင် (စေတိယတောင်မှ အနုရာဓမြို့သို့ ဆွမ်းခံရန် ကြွသော) မဟာတိဿမထေရ်အား၂ (ရယ်သောမိန်းမ၏) သွားရိုးမျှကို ကြည့်ရှုမိခြင်း မြင်ခြင်းကြောင့် မိန်းမတကိုယ်လုံး၏၂ အရိုးစုအဖြစ်ဖြင့် ထင်ခြင်းစသည်တို့သည် ဤအဋ္ဌိကကမ္မဋ္ဌာန်း၌ (ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်တို့၏ အထူးကို ထင်ရှားပြသော၃) ပုံစံသာဓကများပေတည်း။ ဤတွင် စကားတရပ် ပြီး၏။
တရာဆယ်လီ (တထောင်သော) ဉာဏ်မျက်စိ အမြင်ရှိသော သိကြားမင်းက ချီးမွမ်းအပ်သည့် ကျော်စောသံ ရှိတော်မူသော၄ ကိုယ်တော်အား ဆယ်ပါး ဉာဏ်တော်အား ဆယ်ပါးနှင့်
၁- ဥဂ္ဂဟနိမိတ်သည် ဖောက်ပြန်သော အဆင်းရှိသည်- အစရှိသော စကားဖြင့် “ပဋိဘာဂနိမိတ်သည် ဖောက်ပြန်သော အဆင်းမရှိ” စသည်ဖြင့် ခွဲခြားရန် တံခါးဖွင့်ပေးခြင်း ဖြစ်ပေသည်။
၂- မဟာတိဿမထေရ်အား.. မိန်းမတကိုယ်လုံး၏.. ထင်ခြင်း-ဟု စပ်ပါ။
၃- ဤစကားဖြင့် သွားရိုးမျှထင်ခြင်းသည် ဥဂ္ဂဟနိမိတ်၊ တကိုယ်လုံး အရိုးစုအဖြစ်ဖြင့် ထင်ခြင်းသည် ပဋိဘာဂနိမိတ်-ဟု ခွဲခြားသိစေ၏။
၄- ဥရုဝေလကဿပ အမှူးရှိသော ရသေ့ဟောင်း ရဟန္တာတထောင်နှင့်တကွ ရာဇဂြိုဟ်မြို့သို့ ဆွမ်းဘုဉ်းပေးရန် မြတ်စွာဘုရား ကြွတော်မူသောအခါ သိကြားမင်းက လုလင်ပျိုအသွင်ဖြင့် မြတ်စွာဘုရားကို
၅၅
ပြည့်စုံတော်မူသော၁ (ဝါသနာနှင့်တကွ ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေး စင်ကြယ်သည်ဖြစ်၍) သန့်ရှင်း စင်ကြယ် တင့်တယ်သောဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် တခု တခုသော ပဌမဈာန်၏ အကြောင်းဖြစ်ကုန်သော၂ (ဆယ်ပါးသော) အကြင်အသုဘတို့ကို ဤဆိုခဲ့သည့်အတိုင်း ဟောတော်မူခဲ့လေပြီ။ ထို(ဆယ်ပါးသော အသုဘ)တို့ကို၎င်း၊ ယင်းတို့ကို ပွါးစေပုံ ဤ(ဆိုခဲ့သော) နည်းကို၎င်း၊ ဤပြဆိုခဲ့သည့်အတိုင်း သိပြီးလျှင် ၎င်းတို့၌ပင် ပြိုးပြွမ်းပြဆိုချက်ဖြစ်သော ဤစကားကိုလည်း နောက်ထပ် သိသင့်သေးသည်။
ချီးကျူးလျက် ရှေ့မှ နိဗ္ဗာန်ဆော်အဖြစ်ဖြင့် ပင့်ဆောင်သွားလေသည်။ ထိုစဉ်အခါက ချီးကျူးခြင်းကို ရည်၍ အထက်ပါဂုဏ်ပုဒ်ကို မိန့်ဆိုတော်မူပေသည်။ ထိုဂုဏ်ပုဒ်ထဲ၌ တရာဆယ်လီ-ဟူသော စကား၌ ဆယ်လီဟူသော သင်္ချာဖြင့် အသုဘဆယ်ပါးကို ဟောတော်မူသည်နှင့် လျော်ညီစွာ ချီးကျူးခြင်းဖြစ်ပေသည်။ ထိုချီးကျူးသော စကားထဲ၌ ဓီရော သဗ္ဗဓိ ဒန္တော- မြတ်စွာဘုရားတည်းဟူသော အကြင်ပညာရှိသည် အရာခပ်သိမ်း၌ ယဉ်ကျေးတော်မူပေ၏- စသည်ဖြင့် ချီးကျူးပုံကို ဋီကာ၌ အမြွက်မျှ ဖွင့်ပြထားသည်။ အပြည့်အစုံသိလိုလျှင် ဝိနည်းမဟာဝါ နှာ ၄၈-စသည်၌ ကြည့်ပါ။ ယင်းဝိသေသနပုဒ်ကို မြတ်စွာဘုရားသည်-ဟူသော ဝိသေသျပုဒ်နှင့် စပ်ပါ။
၁- ပြည့်စုံတော်မူသော.. မြတ်စွာဘုရားသည်-ဟု စပ်ပါ။
၂-ဤဝိသေသနဖြင့် ပဌမဈာန်တပါးပါးကိုသာ ရစေနိုင်ကြောင်း ပြသည်။
၅၆
ပြိုးပြွမ်းပြဆိုချက်
၁၂၁။ ဤဆိုခဲ့သော အသုဘဆယ်ပါးတို့တွင် အမှတ်မရှိ တပါးပါးသော အသုဘ၌ ဈာန်ကိုရပြီးသော ပုဂ္ဂိုလ်သည် တပ်မက်မှု-ရာဂကို (ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်ဖြစ်သော အသုဘဘာဝနာဖြင့်) ကောင်းစွာ ခွါပြီးဖြစ်သောကြောင့် ရာဂကင်းသော ရဟန္တာကဲ့သို့ပင် လျှပ်ပေါ်မက်မောသော အမူအရာကင်းလျက် ရှိပေ၏။ ထိုသို့ အသုဘတိုင်း၌ ရသောဈာန်ဖြင့် လျှပ်ပေါ်မက်မောသော အမူအရာကင်းပုံချင်း တူငြားသော်လည်း ဆယ်ပါးသော အသုဘအပြားကို ခွဲခြား၍ ဟောထားသည်မှာ ကိုယ်ကောင်၏ သူ့သဘောသို့ ရောက်ခြင်း၏ အစွမ်းအားဖြင့်၎င်း ရာဂထူပြောသော ပုဂ္ဂိုလ်အပြား၏ အစွမ်းအားဖြင့်၎င်း (ဟောထားခြင်းဖြစ်သည်)ဟု သိအပ်၏။ ချဲ့၍ပြရလျှင် သူသေကောင်၏ကိုယ်သည် စက်ဆုပ်ဖွယ်အဖြစ်သို့ ရောက်လတ်သော် ဥဒ္ဓုမာတက၏ (ဖူးဖူးရောင်ခြင်းဟူသော) သဘောသို့ ရောက်သည်မူလည်း ဖြစ်ရာ၏၊ ဝိနီလက စသည်တို့တွင် (ပကတိ အဆင်းပျက်လျက် ညိုမည်းနေခြင်းစသော) တပါးပါးသော သဘောသို့ ရောက်သည်မူလည်း (ဖြစ်ရာ၏)၊ ဤပုံဤနည်းဖြင့် ရသင့်ရထိုက်သမျှ (ဖြစ်သင့်ဖြစ်ထိုက်သမျှ)သော လူသေကောင်၏ကိုယ်၌ “(ဥဒ္ဓုမာတကပဋိက္ကူလံ)- ဖူးဖူးရောင်လျက် စက်ဆုပ်ဖွယ် သူသေကောင်၊ ဝိနီလကပဋိက္ကူလံ- ပကတိ အဆင်းပျက်လျက် ညိုမည်းနေသော စက်ဆုပ်ဖွယ် သူသေကောင်”ဟူ၍ ဤသို့(စသည်ဖြင့်) နိမိတ်ကို ယူအပ်သည်သာ၊ ထို့ကြောင့် ကိုယ်ကောင်၏ (ဖူးဖူးရောင်ခြင်း အစရှိသော) သူ့သီးသန့်သဘောသို့ ရောက်ခြင်း၏ အစွမ်းအားဖြင့်
၅၇
ဆယ်ပါးခွဲခြားလျက်၁ အသုဘအပြားကို ဟောတော်မူသည်ဟု သိအပ်ပေသည်။
[၁၈၈] ထိုမှတပါး ဤအသုဘဆယ်ပါးတို့တွင် ဖူးဖူးရောင်သော သူသေကောင်သည် ကိုယ်သဏ္ဌာန်၏ ဖောက်ပြန်ပျက်စီးခြင်းကို ပြခြင်းကြောင့် ရုပ်ပုံသဏ္ဌာန်၌ တပ်မက်မှု-ရာဂ အားကြီးသောသူအား အထူးအားဖြင့် သင့်လျော်ပေ၏။ ပကတိ အဆင်းပျက်လျက် ညိုမည်းသော အဆင်းရှိသည့် သူသေကောင်သည် (လှပတင့်တယ်သော) အရေအဆင်း အသွေးအရောင်၏ ဖောက်ပြန်ပျက်စီးခြင်းကို ပြခြင်းကြောင့် ကိုယ်အဆင်း၌ တပ်မက်မှု-ရာဂ အားကြီးသောသူအား (အထူးအားဖြင့်) သင့်လျော်ပေ၏။ ပြည်တစိုစို ယိုထွက်နေသော သူသေကောင်သည် အမာသဖွယ် ကိုယ်နှင့်စပ်ဆိုင်သော အနံ့ဆိုးရှိခြင်းကို ပြခြင်းကြောင့် ပန်းနံ့သာစသည်၏ အစွမ်းအားဖြင့် ကိုယ်၌ဖြစ်ပေါ်စေအပ်သော အနံ့၌ တပ်မက်မှု-ရာဂ အားကြီးသောသူအား (အထူးအားဖြင့်) သင့်လျော်ပေ၏။ ခါးလယ်၌ ပြတ်နေသော (ဝိစ္ဆိဒ္ဒက) သူသေကောင်သည် အတွင်း၌ အခေါင်းရှိသည်၏အဖြစ်ကို ပြခြင်းကြောင့် ကိုယ်မှာ တလုံးတခဲတည်းအဖြစ်၌ တပ်မက်မှု-ရာဂ အားကြီးသောသူအား (အထူးအားဖြင့်) သင့်လျော်ပေ၏။ အမျိုးမျိုးသော အခြင်းအရာဖြင့် ခဲစားထားသော သူသေကောင်သည် ပြည့်စုံပြည့်ဝသော အသားစု အသားစိုင်၏ ပျက်စီးခြင်းကို ပြခြင်းကြောင့် သားမြတ်စသော ကိုယ်အစိတ်အပိုင်းတို့၌ (စုံ့စုံ့မို့မို့ နှစ်လိုစလိ
၁- ဒသဓာ- ဆယ်ပါးအပြားအားဖြင့်-ဟု အတိအကျပြန်လျှင် အစွမ်းအားဖြင့်ဟူသော ရှေ့ပုဒ်နှင့် ထပ်နေသကဲ့သို့ ဖြစ်မည်ကြောင့် မြန်မာစကားချောစေရန် အထက်ပါအတိုင်း ပြန်ထားသည်။
၅၈
အိအိစက်စက် ချောညက်သည်ဟု အမှတ်ပြုသည့်) အသားစု အသားစိုင်၌ တပ်မက်မှု-ရာဂ အားကြီးသောသူအား (အထူးအားဖြင့်) သင့်လျော်ပေ၏။ ထိုထို အရပ်အထွေထွေ၌ စွန့်ပစ်ထားအပ်သော (ဝိက္ခိတ္တက) သူသေကောင်သည် လက်ခြေစသော အင်္ဂါကြီးငယ်တို့၏ ဖရိုဖရဲ ပြန့်ကြဲနေခြင်းကို ပြခြင်းကြောင့် အင်္ဂါကြီးငယ်တို့၏ တင့်တယ်စံပယ်ခြင်း၌ တပ်မက်မှု-ရာဂ အားကြီးသောသူအား (အထူးအားဖြင့်) သင့်လျော်ပေ၏။ သတ်၍ ထိုထိုအရပ်၌ စွန့်ပစ်ထားအပ်သော (ဟတဝိက္ခိတ္တက) သူသေကောင်သည် တစပ်တည်း တပေါင်းတည်း ဖြစ်နေသောကိုယ်၏ ကွဲပြားပျက်စီးသော အခြင်းအရာကို ပြခြင်းကြောင့် ကိုယ်၏ တစပ်တည်း တပေါင်းတည်း ပြည့်စုံခြင်း၌ တပ်မက်မှု-ရာဂ အားကြီးသောသူအား (အထူးအားဖြင့်) သင့်လျော်ပေ၏။ သွေးယိုထွက်နေသော (လောဟိတက) သူသေကောင်သည် သွေးလူးပေလျက် စက်ဆုပ်ဖွယ်အဖြစ်ကို ပြခြင်းကြောင့် အဆင်တန်ဆာကြောင့်ဖြစ်သော တင့်တယ်ခြင်း၌ တပ်မက်မှု-ရာဂ အားကြီးသောသူအား (အထူးအားဖြင့်) သင့်လျော်ပေ၏။ ပိုးလောက်ပြည့်နေသော သူသေကောင်သည် ကိုယ်၏ များစွာသောပိုးမျိုးတို့နှင့် သက်ဆိုင်ခြင်းကို ပြခြင်းကြောင့် ကိုယ်၌ ငါ့ဥစ္စာ (ငါတဦးတည်းပိုင်)အဖြစ်ဖြင့် တပ်မက်မှုရာဂ အားကြီးသော သူအား (အထူးအားဖြင့်) သင့်လျော်ပေ၏။ အရိုးစု အသုဘကောင်သည် ကိုယ်ကောင်အရိုးတို့၏ စက်ဆုပ်ဖွယ်အဖြစ်ကို ပြခြင်းကြောင့် သွား၏ပြည့်စုံခြင်း (သွားကောင်းခြင်း)၌ တပ်မက်မှု-ရာဂ အားကြီးသောသူအား (အထူးအားဖြင့်) သင့်လျော်ပေ၏။ ဤသို့ ရာဂထူပြောသော ပုဂ္ဂိုလ်အပြား၏ အစွမ်းအားဖြင့်လည်း ဆယ်ပါးခွဲခြားလျက် အသုဘအပြားကို ဟောတော်မူသည်ဟု သိအပ်ပေသည်။
၅၉
အသုဘတို့၌ ပဌမဈာန်မျှကိုသာ ရနိုင်ခြင်း၏ အကြောင်းကား၁ ထက်ဝန်းကျင်၌ မရပ်တန့်သော ရေရှိသည့်ပြင် အစီးသန်သော ရေယဉ်လည်းရှိသော မြစ်၌ လှေသည် ထိုးဝါး၏ အားစွမ်းဖြင့်သာလျှင် ရပ်တည်နိုင်၏၊ ထိုးဝါးနှင့်ကင်း၍ ရပ်တည်စေခြင်းငှါ မစွမ်းနိုင်သကဲ့သို့ ထို့အတူပင်လျှင် အသုဘအာရုံ၏ အားနည်းခြင်းကြောင့်၂ စိတ်သည် ကြံစည်မှုဝိတက်၏ အားစွမ်းဖြင့်သာလျှင် တခုတည်းသော အာရုံရှိလျက် တည်တံ့နိုင်၏၊ ဝိတက်နှင့်ကင်း၍ တည်တံ့စေခြင်းငှါ မစွမ်းနိုင်ပေ။ ထို့ကြောင့် ဆယ်ပါးလုံးသော ဤအသုဘကမ္မဋ္ဌာန်း၌ (ဝိတက်ရှိသော) ပဌမဈာန်သည်သာလျှင် ဖြစ်၏၊ (ဝိတက်ကင်းသော) ဒုတိယဈာန် စသည်တို့(ကား) မဖြစ်ကုန်။
အသုဘအာရုံ၌ ပီတိသောမနဿဖြစ်ခြင်း၏ အကြောင်းကား၃ စက်ဆုပ်ဖွယ် ကောင်းငြားသော်လည်း ဤအသုဘအာရုံ၌၄ “ဤအကျင့်ဖြင့် အိုခြင်း သေခြင်းမှ ဧကန်မချွတ် လွတ်ရပေတော့မည်”ဟု ဤသို့ အကျိုးအာနိသင်ကို မြော်မြင်လေ့ရှိခြင်းကြောင့်၎င်း၊ နီဝရဏဟူသော
၁- ပန-၏ အနက်ဖြစ်သည်၊ ဆိုမည့်စကား၏ အနက်အဓိပ္ပါယ် ထင်ရှားစေရန် ဖော်၍ ပြန်ထားသည်။
၂- အသုဘအာရုံ၏ အားနည်းခြင်းကြောင့်-ဟူရာ၌ စက်ဆုပ်ဖွယ်ကောင်းခြင်းကြောင့် မိမိ၌ စိတ်ကို တည်တံ့စေခြင်း- ထားခြင်းငှါ မစွမ်းနိုင်သည်၏ အဖြစ်သည် အသုဘအာရုံ၏ အားနည်းခြင်းပေတည်း။ (ဋီကာ)
၃- စ-၏ အနက်ဖြစ်သည်၊ ဆိုမည့်စကား၏ အနက်အဓိပ္ပါယ် ထင်ရှားစေရန် ဖော်၍ ပြန်ချက်ပင် ဖြစ်သည်။
၄-ဤအသုဘအာရုံ၌.. ပီတိသောမနဿ ဖြစ်ပေါ်ပေ၏-ဟု စပ်ပါ။
၆၀
အပူကို ပယ်ခြင်းကြောင့်၎င်း ဝမ်းမြောက်ရွှင်လန်းခြင်း ပီတိသောမနဿ ဖြစ်ပေါ်ပေ၏။ (ဥပမာ) ပန်းမှိုက်သွန်ခေါ် ဘင်ကျုံးသမားအား “ယခုပင် အခကြေးငွေများစွာကို ရပေလိမ့်မည်”ဟု အကျိုးအာနိသင်ကို မြော်မြင်သောကြောင့် မစင်ပုံ၌ (ပီတိသောမနဿ ဖြစ်သ)ကဲ့သို့၎င်း၊ အနာကြောင့် ဆင်းရဲဒုက္ခများစွာရောက်နေသော ရောဂါသည်အား (ဆေးကြောင့်) ပျို့အန်ခြင်း ဝမ်းသက်ခြင်း ဖြစ်ရာ၌ (ပီတိသောမနဿ ဖြစ်သ)ကဲ့သို့၎င်း ပေတည်း၁။
၁၂၂။ ချုံး၍ပြရလျှင်၂ ဤအသုဘကမ္မဋ္ဌာန်းသည် ဆယ်ပါးအပြားရှိသော်လည်း လက္ခာအားဖြင့် တပါးတည်းသာဖြစ်ပေသည်။ မှန်ပေ၏၊ ဆယ်ပါးအပြား ရှိသည်လည်းဖြစ်သော ဤအသုဘ၏ မှတ်ကြောင်းလက္ခဏာသည် မစင်မကြယ် အနံ့ဆိုးလျက် စက်ဆုပ်ရွံရှာဖွယ် ကောင်းသည်၏ အဖြစ်သာလျှင် (ဖြစ်ပေသည်)။ ထိုဆိုခဲ့သော ဤအသုဘသည်၃ (စက်ဆုပ်ရွံရှာဖွယ် ကောင်းသည်၏ အဖြစ်ဟူသော) ဤလက္ခဏာဖြင့် သက်သက် သူသေကောင်၏ ကိုယ်၌သာလျှင် (ထင်သည်)မဟုတ်သေး၃၊ စင်စစ်မှာမူ
၁- ပန်းမှိုက်သွန်ဥပမာကို အကျိုးအာနိသင် မြော်မြင်ခြင်းကြောင့် ပီတိသောမနဿဖြစ်ပုံနှင့် စပ်ယူရန်၎င်း၊ ရောဂါသည်ဥပမာကို နီဝရဏကင်းခြင်းကြောင့် ပီတိသောမနဿဖြစ်ပုံနှင့် စပ်ယူရန်၎င်း ဋီကာ၌ ပြဆိုထားသည်။
၂- စ-၏ အနက်ပင် ဖြစ်သည်။
၃- ဤအသုဘသည်.. သူသေကောင်၏ ကိုယ်၌သာလျှင် မဟုတ်သေး၊ အသက်ရှင်ဆဲ လူ၏ကိုယ်၌လည်း ထင်ပေသေး၏ဟု စပ်ပါ။
၆၁
စေတိယတောင်၌နေသော မဟာတိဿမထေရ်အား (သက်ရှိမိန်းမ၏) သွားရိုးကိုမြင်လျှင် (အသုဘနိမိတ် ထင်သ)ကဲ့သို့၎င်း၊ ဆင်၏ ကျောက်ကုန်းထက်၌တည်သော မင်းကို ကြည့်ရှုစဉ် သံဃရက္ခိတမထေရ်၏ အလုပ်အကျွေး သာမဏေအား (အသုဘနိမိတ် ထင်သ)ကဲ့သို့၎င်း၊ [၁၈၉] အသက်ရှင်ဆဲ လူ၏ကိုယ်၌လည်း (အသုဘနိမိတ်) ထင်သေး၏၊ မှန်၏၊ သေသူ၏ ကိုယ်ကဲ့သို့ပင် ရှင်ဆဲ(လူ၏ ကိုယ်)သည်လည်း စက်ဆုပ်ရွံရှာဖွယ် မတင့်တယ်သော အသုဘသာ ဖြစ်ပေသည်။ သို့သော်လည်း ရှင်ဆဲဖြစ်သော ဤကိုယ်၌ ဧည့်သည်ဖြစ်သော (ရေချိုးသုတ်သင် နံ့သာတင်၍) တန်ဆာဆင်ခြင်းဖြင့် ဖုံးကွယ်ထားသောကြောင့်၁ စက်ဆုပ်ရွံဖွယ် မတင့်တယ်ဟု မှတ်စရာ အသုဘလက္ခဏာသည် (လူအများစုအား) မထင်ပေါ်ပဲ ရှိပေသည်။ ပကတိ ပင်ကိုအားဖြင့်မူကား ဤကိုယ်မည်သည်မှာ သုံးရာကျော်သော အရိုးတို့ဖြင့်၂ စိုက်ထောင်ထား(အပ်)ပေသည်၊ တရာ့ရှစ်ဆယ်သော အဆက်အစပ်တို့ဖြင့် ဆက်စပ်ထား(အပ်)ပေသည်၊ ကိုးရာသော အကြောတို့ဖြင့် ဖွဲ့ချည်ထား(အပ်)ပေသည်၊ ကိုးရာသော သားတစ်တို့ဖြင့် လိမ်းကျံ မွမ်းမံထား(အပ်)ပေသည်၊ စိုသော အရေထူဖြင့် မြှေးယှက်ထား(အပ်)ပေသည်၊ အရေပါးဖြင့် ဖုံးအုပ်ထားအပ်ပေသည်၊ (မွေးညှင်းပေါက် အခိုးအငွေ့ပေါက်ဟူသော) အသေးအမွှား အပေါက်များ အနှံ့အပြားရှိ၏၊ အဆီထည့်ထားသော
၁- ဖုံးကွယ်ထားသောကြောင့်.. မထင်ပေါ်ပဲ ရှိပေသည်-ဟု စပ်ပါ။
၂- သွားရိုးတို့နှင့်တကွ သုံးရာကျော်ဟု ဆိုသည်။ သွားရိုးများမပါလျှင် သုံးရာမျှသာ ရှိသည်၊ ကာယဂတာသတိအဖွင့်၌ ပြဆိုလတ္တံ့။ (ဋီကာ)
၆၂
မြေအိုးမြေခွက်ကဲ့သို့ အထက်အောက် ဆူပွက် ယိုထွက်လျက် ရှိ၏၊ ပိုးအပေါင်းတို့၏ မှီဝဲရာ နေရာဖြစ်၏၊ အနာရောဂါတို့၏ စွဲကပ်ရာလည်း ဖြစ်၏။ ဆင်းရဲတရားတို့၏ ဖြစ်ပွါးရာလည်း ဖြစ်၏၊ အနှံ့အပြား ပေါက်ကွဲသော အိုင်းအမာအိုကြီးကဲ့သို့ ကိုးခုသော အမာဝတို့မှ အမြဲမပြတ် ယိုထွက်လျက်ရှိ၏။ (ယိုထွက်ပုံမှာ) ယင်းကိုယ်၏ နှစ်ခုသော မျက်စိပေါက်တို့မှ မျက်ရည် မျက်ချေး ယိုထွက်၏၊ (နှစ်ခုသော) နားပေါက်တို့မှ နဖာချေး ယိုထွက်၏၊ (နှစ်ခုသော) နှာခေါင်းပေါက်တို့မှ နှာရည် နှပ်ချေး ယိုထွက်၏၊ ခံတွင်းမှ အစာသစ် သည်းခြေ သလိပ် သွေးတို့ အန်ထွက်ကြ၏၊ အောက်ဒွါရတို့မှ ကျင်ကြီး ကျင်ငယ်တို့ (ယိုထွက်ကြ၏)၊ ကိုးသောင်းကိုးထောင်သော မွေးညှင်းတွင်းတို့မှ စက်ဆုပ်ဖွယ် ချွေးစေး ချွေးရည် ယိုထွက်၏၊ ယင်မမဲရိုင်းစသော အကောင်တို့သည် (ယင်းကိုယ်ကို) ဝန်းရံလျက် နားကုန် တည်ကုန်၏။ ယင်းကိုယ်ကို သွားတိုက်ခြင်း, မျက်နှာသစ်ခြင်း, ဦးခေါင်းကို ဆီလိမ်းခြင်း, ရေချိုးခြင်း, ခါးဝတ်ကိုယ်ရုံ ဝတ်ရုံခြင်း စသည်တို့ဖြင့် မသုတ်သင် မပြုပြင်ပဲ မိမွေးတိုင်းသာဖြစ်လျက် ကြမ်းတမ်းသော ဆံပင်များ ဖရိုဖရဲကြဲလျက် တရွာမှ တရွာသို့ လှည့်လည်သွားလာနေလျှင် ပြည့်ရှင်မင်းသည်၎င်း၊ ပန်းမှိုက်သွန် ဒွန်းစဏ္ဍား စသည်တို့ထဲက တယောက်ယောက်သည်၎င်း စက်ဆုပ်ဖွယ် ကိုယ်ရှိပုံချင်း တူညီနေသောကြောင့် ထူးခြားခြင်း မရှိတော့ပေ။ ဤသို့ မစင်မကြယ် ရွံဘွယ်ညှီသိုး အနံ့ဆိုးရှိလျက် စက်ဆုပ်ဖွယ် ကောင်းကြသည်ချည်းသာ ဖြစ်သောကြောင့် ပြည့်ရှင်မင်း၏ ကိုယ်၌သော်၎င်း ဒွန်းစဏ္ဍား၏ ကိုယ်၌သော်၎င်း (အယုတ်အမြတ် အကောင်းအဆိုးအားဖြင့်) ထူးခြားခြင်းမည်သည် မရှိတော့ပေရာ။ ဤသို့ ထူးခြားခြင်း မရှိရာသော်လည်း သွားတိုက်ခြင်း မျက်နှာသစ်ခြင်း စသည်တို့ဖြင့် ဤကိုယ်၌ သွားချေးစသည်တို့ကို သုတ်သင်၍
၆၃
အမျိုးမျိုးသော အဝတ်အထည်တို့ဖြင့်၁ ဖုံးထားသင့်သော ရှက်ဖွယ်ကိုယ်အင်္ဂါကို ဖုံးလွှမ်း၍ အသွေးအရောင် အမျိုးမျိုးရှိသော အမွှေးအကြိုင် နံ့သာဖြင့် လိမ်းကျံ၍ ပန်းအဆင်တန်ဆာတို့ဖြင့် ဆင်မြန်းလျက် “ငါ, ငါ့ဟာ”ဟု မှတ်ယူအပ်သော အခြေအနေသို့ရောက်အောင် ပြုလုပ်နေကြပေသည်၊ ထိုသို့ပြုကြသဖြင့် ဧည့်သည်အာဂန္တုဖြစ်သော ဤအဆင်တန်ဆာက ဖုံးကွယ်ထားသောကြောင့် ဤကိုယ်၏ ဟုတ်တိုင်းမှန်သည့် သူ့ပင်ကိုသဘောဖြစ်သော၂ ထိုအသုဘလက္ခဏာကို မမှတ်နိုင်- မသိနိုင်ကြသောကြောင့် ယောက်ျားတို့သည် မိန်းမတို့၌၎င်း၊ မိန်းမတို့သည်လည်း ယောက်ျားတို့၌၎င်း မွေ့လျော်နှစ်သက် တပ်မက်နေကြပေသည်။ အစစ်အမှန် ပရမတ်သဘောအားဖြင့်မူကား ဤကိုယ်ထဲ၌ တပ်မက်နှစ်သက်ရန် သင့်လျော်သော အရာမည်သည် အဏုမြူမျှသော်လည်း မရှိချေ။ ထိုသို့ မရှိသောကြောင့်ပင်လျှင် ဆံပင် အမွေး လက်သည်း ခြေသည်း သွား တံတွေး နှပ် ကျင်ကြီး ကျင်ငယ် စသည်တို့တွင် တခုသော အဖို့အစုသော်လည်း
၁- အဝတ်အထည်တို့ဖြင့် ဖုံးလွှမ်း၍-ဟု စပ်ပါ။
၂- ယာထာဝသရသံ-ဟူသည်ကား ယထာဘူတံ- ဟုတ်တိုင်းမှန်သော၊ သဘာဝံ- မိမိ၏သဘော သူ့ပင်ကိုသဘောဖြစ်သော(ဟု ဆိုလို၏)။ ယာထာဝတော- ဟုတ်တိုင်းမှန်သောအားဖြင့်၊ ရသီယတိ ဉာယတီတိ- သိအပ်သောကြောင့်၊ ရသော- ရသမည်၏၊ သဘာဝေါ- သဘောတရားပင်တည်း။ (ဋီကာ) ဤဋီကာနှင့်အညီ သရသံ-ပုဒ်ကို သူ့ပင်ကိုသဘော-ဟု ပြန်ထားသည်။ သဘာဝလက္ခဏာပင်တည်း။
၆၄
ကိုယ်မှ အပြင်ပသို့ ကျသွားလျှင် လူသတ္တဝါတို့သည်၁ လက်ဖြင့်ထိရန်သော်လည်း အလိုမရှိကြတော့ပေ၊ အနှိပ်စက်ခံရသလိုပင် မုန်းတီးကြ၏၂၊ ရွံရှာကြ၏၊ စက်ဆုပ်ကြ၏။ သို့သော်လည်း ဤကိုယ်ထဲ၌ ကျန်ရှိနေသမျှ အဖို့အစုကိုမူ၃ ထို(အပြင်သို့ ကျသွားသော အဖို့အစု)ကဲ့သို့ပင် စက်ဆုပ်ဖွယ် ဖြစ်ငြားသော်လည်း အဝိဇ္ဇာမှောင်က မြှေးယှက် ဖုံးကွယ်ထားသောကြောင့် မိမိကိုယ်၌ ချစ်ခင်သောရာဂဖြင့် တပ်မက်ကြလျက်၃ “လိုချင်စရာကောင်းပေသည်။ နှစ်သက်စရာပဲ၊ မြဲသည်၊ ချမ်းသာသည်၊ အတ္တပဲ”ဟု မှတ်ယူကြ၏။ ထိုသတ္တဝါတို့သည် ဤသို့ မှတ်ယူကြသောကြောင့်၄ တောထဲ၌ ပေါက်ပင်ကို၅ တွေ့မြင်၍ ပေါက်ပင်မှ (ကြွေကျသောပန်းကို ပန်းဟု သိသော်လည်း) မကြွေကျသေးသော အပင်ထက်ရှိ ပန်းကို
၁- ဝိသုဒ္ဓိမဂ်၌ သတ္တာ- သတ္တဝါတို့သည်-ဟု သာမညဆိုထားသော်လည်း လူတို့ကို ရည်ရွယ်သောကြောင့် လူသတ္တဝါတို့သည်ဟု ဤ၌ ပြန်ထားသည်။
၂- အဋ္ဋီယန္တိ-၏ သိလွယ်သော အနက်ဖြစ်သည်၊ သဒ္ဒါနက်အားဖြင့်မူ အနှိပ်စက်ခံရသကဲ့သို့ ဖြစ်ကုန်၏-ဟူ၍ ပြန်ရာ၏။
၃- အဖို့အစုကိုမူ.. တပ်မက်ကြလျက်.. မှတ်ယူကြ၏-ဟု စပ်ပါ။
၄- ဤသို့ မှတ်ယူကြသောကြောင့်.. တူညီခြင်းသို့ ရောက်ကြရလေသည်-ဟု စပ်ပါ။
၅- ဋီကာ၌ တောင်ကသစ်-ဟု ဖွင့်ပြီးလျှင် ပေါက်ပင်-ဟူသော အနက်ကို ကေစိဝါဒအဖြစ်ဖြင့် ပြဆိုထား၏။ သို့သော်လည်း ပေါက်ပင် ခွေးစောင့်ဟူသော ပြောရိုးဆိုစဉ် ထင်ရှားနေသည့်အတိုင်း ဤ၌ ပြန်ထားသည်။
၆၅
“အပင်ထက်ရှိ ဤအရာသည် သားတစ်ပင်”ဟု (ထင်မှတ်ကာ စောင့်မြော်လျက်) ပင်ပန်းရသော မြေခွေးအိုနှင့် တူညီခြင်းသို့ ရောက်ကြရလေသည်။
ထို့ကြောင့်-
[၁၉၀] မြေခွေးသည် တောထဲ၌ ပန်းပွင့်နေသော ပေါက်ပင်ကို တွေ့မြင်၍ “ငါသည် အသားပင်ကို ရပေပြီ”ဟု အဆောတလျင် ပြေးသွားပြီးလျှင် ကျလာတိုင်း ကျလာတိုင်းသော ပန်းကို အလွန်မက်မောလျက် (ဝါ-အလောတကြီး) ကိုက်ခဲ၍ “ဤအရာကား အသားမဟုတ်၊ သစ်ပင်ထက်၌ရှိသော ထိုအရာကား အသားပင်တည်း”ဟု မှတ်ယူသကဲ့သို့-
ပညာရှိသည် “ကိုယ်မှကျသော ဆံပင်စသော အဖို့အစုကိုသာလျှင် အသုဘ”ဟု ထိုမြေခွေးကဲ့သို့ မမှတ်ယူမူ၍ ကိုယ်၌တည်ရှိနေသော ယင်းအဖို့အစုကိုလည်း (ကိုယ်မှကျသော) ထိုအဖို့အစုကဲ့သို့ပင် အသုဘဟု မှတ်ယူရာ၏။
ထိုသို့ ယူသင့်ခြင်း၏ အကြောင်းကား (စက်ဆုပ်ဖွယ်တို့ဖြင့် ပြည့်နေသော) ဤကိုယ်ကို တင့်တယ်သည်ဟု စွဲယူကြ၍ ထိုကိုယ်၌ မက်မောတွေဝေကြသော သူမိုက်တို့သည် (ကိုယ်ကျိုးအတွက်) မကောင်းမှုတို့ကို ပြုကြသောကြောင့် အပါယ်ဆင်းရဲ အစရှိသော ဒုက္ခမှ မလွတ်မြောက်ပဲ ရှိကြလေသည်။
ထို့ကြောင့် ပညာရှိသည် အသက်ရှင်ဆဲမူလည်းဖြစ်သော သေပြီးမူလည်းဖြစ်သော ကိုယ်ကောင်ပုပ်၏၁ တင့်တယ်သည်၏ အဖြစ်သည် ကြဉ်အပ်သော
၁- ကိုယ်ကောင်ပုပ်၏.. စက်ဆုပ်ဖွယ်သဘောကို ရှုရာ၏-ဟု စပ်ပါ။
၆၆
(ဝါ- တင့်တယ်ခြင်း ကင်းသော) စက်ဆုပ်ဖွယ်သဘောကို ရှုရာ၏။
မှန်ပေ၏၊ အောက်ပါ ဂါထာသုံးပုဒ်စကားကို (ရှေးဆရာတို့) မိန့်ထားပေသည်-
“(သုံးဆဲ့နှစ်ပါးသော အဖို့အစုအပေါင်းဖြစ်သော) ကိုယ်သည် နံစော်ညှီဟောင်း မကောင်းသော အနံ့ရှိ၏၊ (အဖန်ဖန် ဆေးကြော သုတ်သင်သော်လည်း) မစင်ကြယ်၊ ခွေးကောင်ပုပ် မြွေကောင်ပုပ်နှင့် တူ၏၊ ကျင်ကြီးတွင်းနှင့်(လည်း) တူ၏။ (ဤသို့ စသည်ဖြင့်) ပညာမျက်စိ ဖြစ်ပြီးသော ပုဂ္ဂိုလ်တို့က ကဲ့ရဲ့ရှုတ်ချ(အပ်)၏။ ပညာမျက်စိ မဖြစ်သေးသော ဗာလပုဂ္ဂိုလ်တို့က(မူ) (ယင်း)ကိုယ်ကို (မွှေးကြိုင်သည် စသည်ဖြင့် ထင်မှတ်၍) အလွန်ပင် နှစ်သက်မြတ်နိုး(အပ်)ပေ၏။
အသက်ရှင်ဆဲ ကိုယ်၏လည်း စက်ဆုပ်ဖွယ်သဘောကို ရှုအပ်သည်မှန်၏၊ အောက်ပါ ဂါထာသုံးပုဒ်ကို+ (ရှေးဆရာတို့) မိန့်ဆိုထားပေသည်-
ဒုဂ္ဂန္ဓော အသုစိ ကာယော၊ ကုဏပေါ ဥက္ကရူပမော။
နိန္ဒိတော စက္ခုဘူတေဟိ၊ ကာယော ဗာလာဘိနန္ဒိတော။
ကာယော၊ (သုံးဆဲ့နှစ်ပါးသော အဖို့အစုအပေါင်းဖြစ်သော) ကိုယ်သည်။ ဒုဂ္ဂန္ဓော၊ နံစော်ညှီဟောင်း မကောင်းသော အနံ့ရှိ၏။
+- သိနားလည်ရန် မခဲယဉ်းသောကြောင့်၎င်း၊ ကျက်မှတ်၍ ဆင်ခြင်ပြောဟောရန် အလိုရှိသူတို့အတွက် အကျိုးများစေလိုသောကြောင့်၎င်း ဂါထာသုံးပုဒ်ပါဠိကို ထုတ်ပြ၍ နိဿယနည်းဖြင့် ပြန်ထားသည်။
၆၇
အသုစိ၊ (အဖန်ဖန် ဆေးကြောသုတ်သင် ပြုပြင်သော်လည်း) မစင်ကြယ်ချေ။ ကုဏပေါ၊ ခွေးကောင်ပုပ် မြွေကောင်ပုပ်နှင့် တူ၏။ ဥက္ကရူပမော၊ ကျင်ကြီးတွင်းနှင့်လည်း တူ၏၊ (ဣတိ၊ ဤသို့စသည်ဖြင့်။) စက္ခုဘူတေဟိ၊ ပညာမျက်စိ ဖြစ်ပြီးသော ပုဂ္ဂိုလ်တို့က။ နိန္ဒိတော၊ ကဲ့ရဲ့ရှုတ်ချအပ်သော။ ကာယော၊ ကိုယ်ကို။ ဗာလာဘိနန္ဒိတော၊ ပညာမျက်စိကင်းသော ဗာလပုဂ္ဂိုလ်တို့က (မွှေးကြိုင်သည် စသည်ဖြင့် မှတ်ထင်၍) အလွန်ပင် နှစ်သက်မြတ်နိုးအပ်ပေသည်။
အလ္လစမ္မပဋိစ္ဆန္နော၊ နဝဒွါရော မဟာဝဏော။
သမန္တတော ပဂ္ဃရတိ၊ အသုစိ ပူတိဂန္ဓိယော။
(သော၊ ပညာမဲ့သူ လူအပေါင်းတို့က အလွန်နှစ်သက် မြတ်နိုးသော ထိုကိုယ်သည်။) အလ္လစမ္မပဋိစ္ဆန္နော၊ စိုသောအရေဖြင့် ဖုံးလွှမ်းလျက်ရှိ၏။ နဝဒွါရော၊ ထင်ရှားသော အပေါက်ကြီးကိုးခု ရှိ၏။ မဟာဝဏော၊ အပေါက်အပေါက်ရှိသည့် အိုင်းအမာကြီးနှင့် တူ၏။ အသုစိ ပူတိဂန္ဓိယော၊ မစင်မကြယ် ရွံဖွယ်ပုပ်လှောင်း မကောင်းသော အနံ့ရှိသည့် ကျင်ကြီး ကျင်ငယ် စသည်တို့ကို။ သမန္တတော၊ ထက်ဝန်းကျင်မှ။ ပဂ္ဃရတိ၊ တဖျင်ဖျင် ယိုထုတ်လျက် ရှိချေ၏။
သစေ ဣမဿ ကာယဿ၊ အန္တော ဗာဟိရကော သိယာ။
ဒဏ္ဍံ နူန ဂဟေတွာန၊ ကာကေ သောဏေ နိဝါရယေ။
ဣမဿ ကာယဿ၊ ဤကိုယ်၏။ အန္တော၊ အတွင်းသားသည်။ ဗာဟိရကော၊ အပြင်ပသည်။ သစေ သိယာ၊ အကယ်၍ ဖြစ်ငြားအံ့။ ဒဏ္ဍံ ဂဟေတွာန၊ ဒုတ်ကိုကိုင်၍။ ကာကေ၊ ကျီးတို့ကို။ သောဏေ၊ ခွေးတို့ကို။ နိဝါရယေ၊ ချောက်လှန့်မောင်းနှင်ကာ တားမြစ်ရလေရာ၏။
၆၈
ထို့ကြောင့် ဈာန်မဂ်ဖိုလ် တရားထူးကို ရထိုက်သည့် သဘောရှိသော (ဝါ-ပညာရှိသဘောရှိသော) ရဟန်းသည် ရှင်ဆဲကိုယ်ဖြစ်စေ, သေပြီးကိုယ်ဖြစ်စေ အကြင်အကြင်ကိုယ်၌ အသုဘအခြင်းအရာသည် ထင်၏၊ ထိုထိုကိုယ်၌ပင်လျှင် အသုဘနိမိတ်ကို ယူ၍ (ပဋိဘာဂနိမိတ်ကို ဖြစ်စေကာ ဥပစာရဈာန်၌တည်လျက် ထိုဘာဝနာကို တိုးတက်စေ၍) အသုဘကမ္မဋ္ဌာန်းကို အပ္ပနာဈာန်သို့ ရောက်စေအပ်ပေသည်။ ဤတွင် တရပ်ပြီး၏။
ဤသည်ကား သူတော်ကောင်းအပေါင်းတို့၏ နှစ်သိမ့် ဝမ်းမြောက်ခြင်းငှါ စီရင်အပ်သော ဝိသုဒ္ဓိမဂ်ကျမ်းဝယ် သမာဓိဘာဝနာအရာ၌ အသုဘကမ္မဋ္ဌာန်းကို အကျယ်ပြချက် (အသုဘကမ္မဋ္ဌာနနိဒ္ဒေသ)မည်သော ခြောက်ခုမြောက်ဖြစ်သော အပိုင်းအခဏ်းပေတည်း။
အသုဘကမ္မဋ္ဌာန်းကို အကျယ်ပြချက် ပြီး၏။
၆၉
၇-ဆအနုဿတိနိဒ္ဒေသ- အနုဿတိ ၆-ပါးကို အကျယ်ပြချက်
အနုဿတိဆယ်ပါး၏ ပုဒ်အနက်ကို ဖွင့်ပြချက်
[၁၉၁] ၁၂၃။ အသုဘကမ္မဋ္ဌာန်း၏ အခြားမဲ့၌ အကျဉ်းပြခဲ့ပြီးသော အနုဿတိဆယ်ပါးတို့တွင်၁ (ဝါ-အနုဿတိဆယ်ပါးတို့၌ အဆုံးအဖြတ်ကား–) အဖန်တလဲလဲ ဖြစ်ခြင်းကြောင့်၂ အောက်မေ့မှု အမှတ်ရမှု သတိသည်ပင်လျှင် အနုဿတိမည်၏၃။ တနည်းကား ဖြစ်စေသင့်သော အရာ၌သာလျှင် ဖြစ်ခြင်းကြောင့်၄ ယုံကြည်၍ရဟန်းပြုသည့် သဒ္ဓါပဗ္ဗဇိတဖြစ်သော အမျိုးကောင်းသားအားလျော်သော အောက်မေ့မှု အမှတ်ရမှု သတိသည် အနုဿတိမည်၏။
(၁) ဗုဒ္ဓ-မြတ်စွာဘုရားကို အာရုံပြု၍၆ဖြစ်သော အနုဿတိ-(အဖန်တလဲလဲ အောက်မေ့မှု)သည် ဗုဒ္ဓါနုဿတိမည်၏၊
၁- ဆယ်ပါးတို့တွင်.. ဗုဒ္ဓါနုဿတိမည်၏-စသည်ဖြင့် စပ်ပါ။
၂- အနုဿတိ-ပုဒ်၌ အနု-၏ အနက်ကို ပြသည်၊ အဖန်တလဲလဲဟု အနက်ပြန်စေလို၏။
၃- အနု-အဖန်တလဲလဲ + သတိ- အောက်မေ့မှု = အနုဿတိ- အဖန်တလဲလဲ အောက်မေ့မှု။
၄- အနု-၏ အနက်တပါးကိုပြသည်၊ လျော်သော-ဟု ပြန်စေလို၏။
၅- အနု-လျော်သော + သတိ-အောက်မေ့မှု = အနုဿတိ-လျော်သော အောက်မေ့မှု။ ဤ၌ လျော်ဟူသည်မှာ အောက်မေ့သင့်သော အာရုံအားလည်း လျော်သည်၊ သဒ္ဓါပဗ္ဗဇိတအားလည်း လျော်သည်ဟု အနက်၂-ပါးလုံးပင် ယူရာ၏။
၆- အကြင်ဂုဏ်တို့ကို အစွဲပြု၍ မြတ်စွာဘုရား၌ ဗုဒ္ဓ-ဘုရား-ဟူသော အမည်ပညတ်သည် ဖြစ်၏။ ထိုဘုရားဂုဏ်တို့ကို တပေါင်းတည်းယူ၍
၇၀
ဤ(ဗုဒ္ဓါနုဿတိဟူသော) အမည်သည် ဗုဒ္ဓ-မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို အာရုံပြုသော အောက်မေ့မှု, အမှတ်ရမှု သတိ၏ အမည်ပေတည်း။
(၂) တရားတော်ကို အာရုံပြု၍ဖြစ်သော အနုဿတိသည် ဓမ္မာနုဿတိမည်၏၊ ဤအမည်သည် သွာက္ခာတတာ (ကောင်းစွာ ဟောအပ်သည်၏အဖြစ်) အစရှိကုန်သော တရား၏ ဂုဏ်တော်တို့ကို အာရုံပြုသော သတိ၏ အမည်ပေတည်း။
(၃) သံဃာတော်ကို အာရုံပြု၍ဖြစ်သော အနုဿတိသည် သံဃာနုဿတိ မည်၏၊ ဤအမည်သည် သုပ္ပဋိပန္နတာ (ကောင်းစွာ ကျင့်သည်၏အဖြစ်) အစရှိကုန်သော သံဃာ၏ဂုဏ်တော်တို့ကို အာရုံပြုသော သတိ၏ အမည်ပေတည်း။
(၄) (မိမိ၏)သီလကို အာရုံပြု၍ဖြစ်သော အနုဿတိသည် သီလာနုဿတိမည်၏၊ ဤအမည်သည် မကျိုးသည်၏အဖြစ် (ဝါ-မကျိုးခြင်း) အစရှိကုန်သော သီလ၏ဂုဏ်တို့ကို အာရုံပြုသော သတိ၏ အမည်ပေတည်း။
(၅) (မိမိ၏) စွန့်ကြဲ ပေးလှူခြင်းကို အာရုံပြု၍ဖြစ်သော အနုဿတိသည် စာဂါနုဿတိမည်၏၊ ဤအမည်သည် လွတ်လွတ်
ဗုဒ္ဓံ-မြတ်စွာဘုရားကို-ဟု ဆိုသည်။ ထို့ကြောင့် “ဤအမည်သည် ဗုဒ္ဓ-မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို အာရုံပြုသော သတိ၏ အမည်ပေတည်း”ဟု မိန့်ဆိုလေသည်။ (ဋီကာ) ဤသို့ ဋီကာ၌ ပြဆိုသောကြောင့် ဗုဒ္ဓ-မြတ်စွာဘုရားကို အာရုံပြု၍-ဟု ဆိုသော်လည်း မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို အာရုံပြု၍ဟူသော အနက်အဓိပ္ပါယ်ကို ယူရာ၏။ တရားတော်ကို အာရုံပြု၍ စသည်တို့၌လည်း နည်းတူပင် ယူရာ၏။
၇၁
စွန့်ကြဲပေးလှူခြင်း အစရှိကုန်သော စွန့်ကြဲပေးလှူခြင်း၏ ဂုဏ်တို့ကို အာရုံပြုသော သတိ၏ အမည်ပေတည်း။
(၆) နတ်တို့ကို (သက်သေအဖြစ်ဖြင့်) အာရုံပြု၍ဖြစ်သော အနုဿတိသည် ဒေဝတာနုဿတိမည်၏၊ ဤအမည်သည် နတ်တို့ကို သက်သေအရာ၌ထား၍ မိမိ၏ သဒ္ဓါအစရှိသော ဂုဏ်တို့ကို အာရုံပြုသော သတိ၏ အမည်ပေတည်း။
(၇) (မိမိ၏)သေခြင်းကို အာရုံပြု၍ဖြစ်သော အနုဿတိသည် မရဏာနုဿတိမည်၏၁၊ ဤအမည်သည် အသက်ခေါ်သော ဇီဝိတိန္ဒြေ၏ ပြတ်စဲခြင်းကို အာရုံပြုသော သတိ၏ အမည်ပေတည်း။
(၈) ဆံပင်စသည် အစိတ်အပိုင်း (၃၂)ပါး အပြားရှိသော ရုပ်ကိုယ်ကို အာရုံပြု၍ဖြစ်သော သတိသည်၊ တနည်းကား ရုပ်ကိုယ်၌ဖြစ်သော သတိသည် ကာယဂတာသတိမည်၏၂၊ (သဒ္ဒါနည်းအရအားဖြင့်) ကာယဂတသတိ-ဟု ဆိုသင့်သော်လည်း (ဂတာ-၌ အာ-ကို) အ-ရဿမပြုပဲ ကာယဂတာသတိ၃-ဟု ဟောထားပေသည်။
၁- သီဟိုဠ်မူ၌ ဤအရာတွင် အနု-မပါပဲ “ဥပ္ပန္နာ သတိ မရဏဿတိ- ဖြစ်သောသတိသည် မရဏဿတိမည်၏”ဟု ရှိ၏၊ အင်္ဂုတ္တရပါဠိ ဒု-၂၆၈-နှင့် ညီပေ၏။
၂- ရှိရင်းအတိုင်း အတိအကျပြန်လျှင် ပါဠိမတတ်သူတို့မှာ အသိခက်၍ ရှည်လျားမည်ကြောင့် အနည်းငယ် ပြောင်းလဲ၍ ပြန်ထားသည်။
၃- ကာယဂတာ-ပုဒ်နှင့် သတိ-ပုဒ်ကို ကမ္မဓာရယသမာသ် တွဲစပ်သောအခါ ဂတာ-၌ အာ-ကို ရဿပြုသင့်၏၊ သို့သော် ထိုသို့ ရဿမပြုပဲ ကာယဂတာသတိ-ဟူ၍ပင် ဟောထားသည်ဟု သိစေသည်။
၇၂
ဤအမည်သည် ဆံပင်အစရှိသော ကိုယ်၏အစိတ် (ကောဋ္ဌာသ)နိမိတ်ကို အာရုံပြုသော၁ သတိ၏ အမည်ပေတည်း။
(၉) ဝင်လေ ထွက်လေတို့ကို အာရုံပြု၍ဖြစ်သော သတိသည် အာနာပါနဿတိမည်၏၂။ ဤအမည်သည် ဝင်လေထွက်လေနိမိတ်ကို အာရုံပြုသော သတိ၏ အမည်ပေတည်း။
(၁၀) ငြိမ်းခြင်းကို (ဝါ-သင်္ခါရအားလုံးငြိမ်းရာ နိဗ္ဗာန်ကို) အာရုံပြု၍ဖြစ်သော အနုဿတိသည် ဥပသမာနုဿတိမည်၏၃။ ဤအမည်သည် ဆင်းရဲအားလုံး၏ငြိမ်းရာ နိဗ္ဗာန်(၏ ဂုဏ်တို့)ကို အာရုံပြုသော သတိ၏ အမည်ပေတည်း။
၁- ကောဋ္ဌာသနိမိတ်ကို အာရုံပြုသော-ဟူသည်ကား ဆံပင် အစရှိသော ကောဋ္ဌာသတို့၌ စက်ဆုပ်ဖွယ်နိမိတ်ကို အာရုံပြုသော(ဟု ဆိုလို၏)။ ဤမှ ရှေး၌ဖြစ်ကုန်သော ခုနစ်ပါးသော အနုဿတိတို့၌ နိမိတ်ဖြစ်ခြင်း-ထင်ခြင်း မရှိပေ။ ဤကာယဂတာသတိ၌ ရှိပေသည်ဟု ပြခြင်းငှါ (ဤ၌) နိမိတ်ကို ယူခြင်း-ဆိုခြင်း ဖြစ်ပေသည်။ (ဋီကာ)
၂- အာန- ဝင်လေ + အပါန- ထွက်လေ + သတိ- အမှတ်ရမှု = အာနာပါနဿတိ- ဝင်လေထွက်လေကို အမှတ်ရမှု သတိ။
၃- ဥပသမံ-ဟူသည်မှာ သင်္ခါရအားလုံး ငြိမ်းရာတည်း၊ နိဗ္ဗာန်ဟု ဆိုလို၏။ (ဋီကာ) ဥပသမ- သင်္ခါရအားလုံး ငြိမ်းရာနိဗ္ဗာန်ကို + အနုဿတိ- အဖန်တလဲလဲ အောက်မေ့ခြင်း = ဥပသမာနုဿတိ- နိဗ္ဗာန်ကို အဖန်တလဲလဲ အောက်မေ့ခြင်း- ဝါ-နိဗ္ဗာန်၏ သင်္ခါရဆင်းရဲငြိမ်းခြင်း ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
၇၃
၁-ဗုဒ္ဓါနုဿတိပွါးပုံ ပြဆိုချက်
၁၂၄။ ဤဆယ်ပါးသော အနုဿတိတို့တွင် ရှေးဦးစွာ (ပြထားသော) ဗုဒ္ဓါနုဿတိကို ပွါးစေခြင်းငှါ အလိုရှိသော ဉာဏ်ဖြင့်သက်ဝင်၍ ယုံကြည်သည့် အဝေစ္စပ္ပသာဒနှင့် ပြည့်စုံသော၁ ယောဂီသည် (အင်္ဂါငါးပါးနှင့် ပြည့်စုံသည့်) သင့်လျော်သောကျောင်း၌ ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက်၂ အပြင်ပအာရုံများမှ ဖဲခွါကာ (ကမ္မဋ္ဌာန်း၌) ကောင်းစွာ ကပ်ငြိသည်ဖြစ်၍-
“ဣတိပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏသမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော [၁၉၂] ပုရိသဒမ္မသာရထိ သတ္ထာ ဒေဝမနုဿာနံ ဗုဒ္ဓေါ ဘဂဝါ”ဟူ၍-
ဤပါဠိ၌လာသော နည်းဖြင့် ဘုန်းတော်ကြီးသော ဗုဒ္ဓ-မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို အဖန်တလဲလဲ အောက်မေ့အပ်ကုန်၏။
၁- ဉာဏ်ဖြင့် သက်ဝင်၍ ဘုရား၏ဂုဏ်တို့ကို အမှန်အတိုင်းသိပြီး၍ ဖြစ်ပေါ်သော ကြည်လင်ခြင်း- ယုံကြည်ခြင်းသည် အဝေစ္စပ္ပသာဒမည်၏၊ အရိယမဂ်ဖြင့်လာသော ယုံကြည်ခြင်းပေတည်း။ တနည်းကား ထိုအရိယမဂ်သဒ္ဓါနှင့်တူသော သဒ္ဓါသည်လည်း အဝေစ္စပ္ပသာဒမည်၏၊ ယင်းသဒ္ဓါသည် မိစ္ဆာအယူဟူသော လေတို့ကြောင့် လှုပ်ရှားခြင်းမရှိ၊ ယင်းကို ထိုလေတို့က မလှုပ်ရှားစေနိုင်၊ ထိုအဝေစ္စပ္ပသာဒနှင့် ပြည့်စုံသော(သူဟု ဆိုလို၏)။ ထိုသို့သော ပုဂ္ဂိုလ်အား ဗုဒ္ဓါနုဿတိဘာဝနာသည် ပြီးစီး ပြည့်စုံတတ်ပေ၏။ ထိုမှတပါးသော ပုဂ္ဂိုလ်အား မပြီးစီး မပြည့်စုံတတ်ပေ။ (ဋီကာ)
၂- ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက်-ဟူသော ထိုစကားဖြင့် အဖော်ဆိတ်ခြင်း-ဟူသော ကာယဝိဝေကကို ပြ၏။ (ဋီကာ)
၇၄
(အဖန်တလဲလဲ အောက်မေ့အပ်ကုန်၏-ဟူသော) ထိုစကားရပ်၌ ယခုပြဆိုမည့်စကားသည် အဖန်တလဲလဲ အောက်မေ့ဆင်ခြင်ပုံ နည်းပေတည်း-
“(အမျှ သုံးဆယ်သော ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးလျှင် ကိလေသာအားလုံးကို ပယ်ဖျက်လျက် အမြတ်ဆုံးဖြစ်သော မှန်စွာ ကိုယ်တိုင်သိသည့် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်တော်မူသဖြင့် တလောကလုံး၌ ဘဂဝါ- ဘုန်းတော်ကြီးသော ဘုရားဟု ထင်ရှားကျော်စောတော်မူသော) ထိုမြတ်စွာဘုရားသည် ဤသို့သော အကြောင်းကြောင့်လည်း အရဟံမည်တော်မူပါပေသည်၊ ဤသို့သော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓမည်တော်မူပါပေသည် ။ပ။ ဤသို့သော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူပါပေသည်”ဟု (ယောဂီသည်) အဖန်တလဲလဲ အောက်မေ့ဆင်ခြင်၏ (ဝါ-အဖန်တလဲလဲ အောက်မေ့ဆင်ခြင်အပ်၏)၁။
၁- ဤ၌ ပဌမအနက်သည် အနုဿရတိ-ဟူသော ရှိရင်းပုဒ်၏ အတိအကျ ပြန်ချက်ဖြစ်သည်။ လက်သည်းကွင်းအတွင်းရှိ ဒုတိယအနက်သည်ကား ရှေးစာပိုဒ်၏ အဆုံး၌ရှိသော အနုဿရိတဗ္ဗာ- အဖန်တလဲလဲ အောက်မေ့အပ်ကုန်၏ဟူသော စကားနှင့် အလျော်ဖြစ်သည်။ ဤမှ နောက်၌ ဣတိပိ-ပုဒ်၏ အနက်ကို “ဣမိနာ စ ဣမိနာ စ ကာရဏေနာတိ ဝုတ္တံ ဟောတိ- ဤသို့သော အကြောင်းကြောင့်လည်း ဤသို့သော အကြောင်းကြောင့်လည်း-ဟု ဆိုလိုသည်”ဟူ၍ ဖွင့်ပြထားချက် ရှိသေး၏။ ထိုအနက်မှာ “ဤသို့သော အကြောင်းကြောင့်လည်း အရဟံမည်တော်မူပါပေသည်”စသည်ဖြင့် ဖော်၍ ပြန်ခဲ့ပြီး ဖြစ်သောကြောင့်၎င်း၊ မြန်မာပြန်၌ ထိုအနက်အဖွင့်ကို ပြဆိုခြင်းဖြင့် အကျိုးမများသောကြောင့်၎င်း ယင်းအနက်အဖွင့်ကို ခြွင်းချန်ထားသည်။
၇၅
အရဟံဂုဏ်တော်အဖွင့်
၁၂၅။ ထိုဂုဏ်ပုဒ်တို့၌ အနက်ကား- ဝေးကွာသောကြောင့်၎င်း၊ ရန်သူတို့ကို သတ်ပြီးဖြစ်သောကြောင့်၎င်း၊ ထောက်အကန့်တို့ကို ဖျက်ဆီးပြီးဖြစ်သောကြောင့်၎င်း၊ ပစ္စည်း စသည်တို့ကို (ခံယူရန်) ထိုက်တန်သောကြောင့်၎င်း၊ မကောင်းမှုကို ပြုခြင်း၌ (ဝါ-ပြုရန်) ဆိတ်ကွယ်ရာ မရှိခြင်းကြောင့်၎င်း ဤအကြောင်းတို့ကြောင့် ဘုန်းတော်ကြီးသော ထိုမြတ်စွာဘုရားသည် အရဟံ မည်တော်မူပါပေသည်ဟု အောက်မေ့ဆင်ခြင်၏ (ဝါ-အောက်မေ့ဆင်ခြင်အပ်၏)။ ချဲ့၍ပြရလျှင်-
ထိုမြတ်စွာဘုရားသည် (အရိယ)မဂ်ဖြင့် ကိလေသာတို့ကို ဝါသနာနှင့်တကွ ပယ်ဖျက်တော်မူပြီး ဖြစ်သောကြောင့် အလုံးစုံသော ကိလေသာတို့မှ (အာရကာ) ဝေးကွာတော်မူပေ၏၊ ကိလေသာတို့မှ အလွန့်အလွန် ဝေးကွာရာ၌ တည်တော်မူပေ၏၊ ဤသို့ (ကိလေသာတို့မှ) ဝေးကွာတော်မူသောကြောင့် အရဟံ၁ မည်တော်မူပါပေ၏။
၁- အာရကာ- ဝေးကွာသည်-ဟူသော ပုဒ်မှ အရဟံ-ဟု ပြောင်းလဲလာသည်ဟူ၍ ဆိုလို၏။ ထို့ကြောင့် ဤအဖွင့်အရအားဖြင့် အရဟံ ဝါသနာနှင့်တကွ တထောင့်ငါးရာ ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေး စင်ကြယ်တော်မူပေသော မြတ်စွာဘုရားဟု အဖန်တလဲလဲ အောက်မေ့ဆင်ခြင်အပ်၏။ (တထောင့်ငါးရာ ကိလေသာ တွက်ပုံကို ပဋိစ္စသမုပ္ပါဒ်တရားတော် ဒုတိယတွဲ နှာ-၃၄၈-မှာ ကြည့်ပါ)။ သာဝက ရဟန္တာအရှင်မြတ်များလည်း ကိလေသာအားလုံးမှ ကင်းကြသည်ချည်းပင်၊ သို့သော် ကိလေသာရှိစဉ်က အလေ့အလာ ဝါသနာသည်ကား မကင်းပဲလည်း ရှိတတ်၏။ ထို့ကြောင့် အရှင်ပိလိန္ဒဝစ္ဆမထေရ်မှာ ဗြာဟ္မဏမျိုး ဖြစ်ခဲ့စဉ်က အလေ့အလာ အလိုအားဖြင့်
၇၆
အကြင်ပုဂ္ဂိုလ်မြတ်မှာ အကြင်ကိလေသာ အညစ်အကြေးနှင့်တကွ မဖြစ်၁ (ဝါ-မလူးလည်း မကပ်ငြိ)၊ ထိုပုဂ္ဂိုလ်မြတ်သည် ထိုကိလေသာ အညစ်အကြေးမှ ဝေးသည်မည်၏။ (ငါတို့၏) ကိုးကွယ်ရာ မြတ်စွာဘုရားသည်လည်း ကိလေသာ အညစ်အကြေးဟူသော အပြစ်ဒေါသတို့နှင့်တကွ မဖြစ်ပဲ ဝေးကွာတော်မူပေ၏၊ ထို့ကြောင့် အရဟံ မည်တော်မူပေသည်ဟု သိအပ်ပေ၏။ (၁)
၁၂၆။ ထို့ပြင် ဤမြတ်စွာဘုရားသည် ထိုကိလေသာဟူသော ရန်သူတို့ကို အရိယမဂ်ဟူသော ဓားလက်နက်ဖြင့် သတ်တော်မူ(အပ်ကုန်)လေပြီ၊ ဤသို့ ကိလေသာရန်သူတို့ကို သတ်တော်မူပြီး ဖြစ်သောကြောင့်လည်း အရဟံ၂ မည်တော်မူပါပေ၏။
သူတပါးကို ဝသလ-သူယုတ်ဟု ရှုတ်ချလျက် ရုန့်ရင်းစွာ ပြောဆိုလေ့ ဝါသနာမကင်းပဲ ရှိလေသည်။ မြတ်စွာဘုရားမှာမူကား ထိုဝါသနာပါ ကင်းတော်မူပေ၏၊ ဤအရာ၌ အပေါင်းလိုက်မဟုတ်ပဲ လောဘကင်းတော်မူသော မြတ်စွာဘုရား၊ ဒေါသကင်းတော်မူသော မြတ်စွာဘုရား စသည်ဖြင့် အစိတ်အစိတ်အားဖြင့်လည်း အောက်မေ့ဆင်ခြင်နိုင်သေး၏။
၁- ဤဝါကျ၌ အတိအကျပြန်လျှင် အကြင်ပုဂ္ဂိုလ်မြတ်၏ အကြင်ကိလေသာ အညစ်အကြေးနှင့်တကွ မဖြစ်ခြင်းသည် ဖြစ်၏ဟု ပြန်ရပေလိမ့်မည်။ ထိုသို့ပြန်လျှင် မြန်မာစကားမချော၊ ထို့ကြောင့် အထက်ပါအတိုင်း အနည်းငယ်ပြင်၍ ပြန်ထားသည်။
၂- အရိ-မှ အရ-ရန်သူတို့ကို + ဟတ-မှ ဟံ-သတ်ပြီးသောဘုရား = အရဟံ- ကိလေသာ ရန်သူတို့ကို ပယ်သတ်တော်မူသော မြတ်စွာဘုရား။
၇၇
(ငါတို့၏) ကိုးကွယ်ရာ မြတ်စွာဘုရားသည် ရာဂစသည်ဟု ဆိုအပ်ကုန်သော ရန်သူအားလုံးတို့ကို(လည်း)၁ အရိယမဂ် ပညာတည်းဟူသော ဓားလက်နက်ဖြင့် သတ်တော်မူ(အပ်ကုန်)လေပြီ၊ ထိုသို့ ကိလေသာရန်သူတို့ကို သတ်တော်မူပြီး ဖြစ်သောကြောင့်လည်း အရဟံ မည်တော်မူပေသည်ဟု သိအပ်ပေ၏။ (၂)
၁၂၇။ ထို့ပြင် အကြင် သံသရာစက်ဘီးသည်၂ အဝိဇ္ဇာနှင့် တဏှာဖြင့်ပြီးသော ပုံတောင်းရှိသည်(ဖြစ်၍)၂ ပုညာဘိသင်္ခါရ
ဤ၌လည်း လောဘကို ပယ်သတ်တော်မူပြီးသော မြတ်စွာဘုရား။ ဒေါသကို ပယ်သတ်တော်မူပြီးသော မြတ်စွာဘုရား စသည်ဖြင့်လည်း အောက်မေ့ ဆင်ခြင်နိုင်သေး၏။
၁- သဗ္ဗေပိ အားလုံးတို့ကိုလည်း-ဟူသော ပုဒ်၌ “ပိ=လည်း”ဟူသော စကားဖြင့် ကိလေသာ ရန်သူအားလုံး အပေါင်းကိုသာ မဟုတ်၊ ကိလေသာရန်သူ အစိတ်အစိတ်ကိုလည်း သတ်တော်မူပြီး ဖြစ်သည်-ဟု ပေါင်းစည်း၍ ပြ၏။ သို့သော် မြန်မာစကားအရာ၌ ထိုသို့ ပေါင်းဆည်း၍ ပြောဆိုလေ့မရှိပေ၊ ထို့ကြောင့် ပေါင်းစည်းခြင်းအနက်ရှိသော ထိုပိ-သဒ္ဒါ၏အနက် (လည်း)ဟူသော စကားကို လက်သည်းကွင်းဖြင့် ပြထားသည်။
၂- အကြင် သံသရာစက်ဘီးသည်.. ပုံတောင်းရှိသည်(ဖြစ်၍).. ကောင်းစွာ တပ်ဆင်ထားအပ်သည်(ဖြစ်၍).. မပြတ်လည်လျက် ရှိ၏-ဟု စပ်ပါ။ ဆိုလိုသည်မှာ ထိုသံသရာဟူသော စက်ဘီးသည် ထိုသို့သော ပုံတောင်း ထောက် အကန့်များနှင့် အကွပ်ရှိသည့်ပြင် ထိုသို့သော ဝင်ရိုလည်း တပ်ဆင်ထားသောကြောင့် မပြတ်လည်နေသည်ဟု ဆိုလိုပေ၏။
၇၈
အပုညာဘိသင်္ခါရ အာနေဉ္ဇာဘိသင်္ခါရဟူသော ထောက်အကန့် ရှိသည်(ဖြစ်၍) ဇရာမရဏဟူသော အကွပ်ရှိသည်(ဖြစ်၍) အာသဝ၏ ဖြစ်ခြင်းဖြင့် (ဝါ-အကြောင်းအာသဝဖြင့်) ပြီးသော ဝင်ရိုးဖြင့် ထိုးလျှိုကာ (ကာမ ရူပ အရူပဘဝဟူသော) ဘဝသုံးပါး ယာဉ်ရထား၌ ကောင်းစွာ တပ်ဆင်ထားအပ်သည်(ဖြစ်၍)၁ အစမရှိသော ကာလပတ်လုံး မပြတ်လည်လျက် ရှိ၏၊ ထိုသံသရာစက်ဘီး၏ ထောက် အကန့် အားလုံးတို့ကို၂ ဤမြတ်စွာဘုရားသည် ဗောဓိမဏ္ဍိုင်၌ ဝီရိယတည်းဟူသော ခြေတို့ဖြင့် သီလတည်းဟူသော မြေပြင်၌ (ပြည့်စုံစေသောအားဖြင့်) ရပ်တည်တော်မူပြီးလျှင် ကံကို ကုန်စေတတ်သော မဂ်ဉာဏ်တည်းဟူသော ပုဆိန်ကို သဒ္ဓါတည်းဟူသောလက်ဖြင့် စွဲကိုင်လျက် ခုတ်ဖြတ် ဖျက်ဆီးတော်မူ(အပ်ကုန်)လေပြီ။ ဤသို့ သံသရာစက်ဘီး၏ ထောက်အကန့်တို့ကို ခုတ်ဖြတ် ဖျက်ဆီးတော်မူပြီး ဖြစ်သောကြောင့်လည်း အရဟံ၃ မည်တော်မူပါပေ၏။
၁- အကြင် သံသရာစက်ဘီးသည်.. ပုံတောင်းရှိသည်(ဖြစ်၍) ကောင်းစွာ တပ်ဆင်ထားအပ်သည်(ဖြစ်၍).. မပြတ်လည်လျက် ရှိ၏ဟု စပ်ပါ။ ဆိုလိုသည်မှာ ထိုသံသရာဟူသော စက်ဘီးသည် ထိုသို့သော ပုံတောင်း ထောက်အကန့်များနှင့် အကွပ်ရှိသည့်ပြင် ထိုသို့သော ဝင်ရိုးလည်း တပ်ဆင်ထားသောကြောင့် မပြတ်လည်နေသည်ဟု ဆိုလိုပေ၏။
၂- ထောက်အကန့် အားလုံးတို့ကို.. ခုတ်ဖြတ် ဖျက်ဆီးတော်မူ(အပ်ကုန်)လေပြီဟု စပ်ပါ။
၃- အရ- ထောက်အကန့်တို့ကို + ဟတ-ဟံ- ခုတ်ဖြတ် ဖျက်ဆီးပြီးသောဘုရား = အရ-ဟံ သံသရာဟူသော စက်ဘီး၏ သင်္ခါရသုံးပါးတည်းဟူသော ထောက်အကန့်တို့ကို ဖျက်ဆီးတော်မူပြီးသော မြတ်စွာဘုရား။
၇၉
၁၂၈။ ထောက်အကန့် ဖျက်ဆီးပုံ တနည်းသော်ကား- အဆင့်ဆင့် ရှေ့သို့လိုက်၍ ဆင်ခြင်လျှင် မသိအပ်- မသိနိုင်ကောင်းသည့် အစရှိသောကြောင့် (ဝါ-အစကို မသိနိုင်ကောင်းသောကြောင့်) အနမတဂ္ဂမည်သော၁ သံသရာဝဋ် အဝန်းအဝိုင်းကို သံသရာစက်ဘီးဟု ခေါ်သည်။
ဆိုလိုသည်မှာ ကုသိုလ်ကံ အကုသိုလ်ကံဟူသော သင်္ခါရထောက်အကန့်တို့ကို ဖျက်ဆီးလိုက်သဖြင့် ဘဝသစ် ရုပ်နာမ် လုံးဝမဖြစ်လာတော့ပဲ ပြတ်စဲသွားသောကြောင့် ရုပ်နာမ်ခန္ဓာတို့၏ ဖြစ်စဉ်ဟူသော သံသရာစက်ဘီးကြီး မလည်နိုင်တော့ပေ။ ထိုသို့ မလည်နိုင်အောင် ထောက်အကန့်တို့ကို ဖျက်ဆီးတော်မူပြီးသော မြတ်စွာဘုရားဟု ဆိုလိုပေ၏။
၁-အနု-အဆင့်ဆင့်လိုက်၍ + အမတဂ္ဂ-မသိအပ်- မသိနိုင်ကောင်းသော အစရှိသည် = အနမတဂ္ဂ-အဆင့်ဆင့် ရှေ့သို့လိုက်၍ ဆင်ခြင်လျှင် မသိအပ်- မသိနိုင်ကောင်းသော အစရှိသည့် သံသရာ။ ဆိုလိုသည်မှာ ယခုဘဝ၌ ဝိညာဏ် နာမ်ရုပ်စသော အကျိုးတရားများ ရှိနေခြင်းကြောင့် ထိုအကျိုးတရားတို့၏ အကြောင်းဖြစ်သော အဝိဇ္ဇာ တဏှာ စသည်တို့သည် ရှေးဘဝက ရှိခဲ့သည်ဟု သိရ၏။ ထိုရှေးဘဝ၌လည်း အဝိဇ္ဇာ တဏှာ စသော အကြောင်းတို့သည် ဝိညာဏ်စသော အကျိုးတရားများကိုပင် မှီ၍ ဖြစ်ခဲ့ကြသည်။ သို့ဖြစ်၍ ထိုအကျိုးတရားတို့၏ အကြောင်းတရားတို့သည်လည်း ထို့ထက် ရှေးကျသော ဘဝ၌ ဖြစ်ခဲ့သည်။ ထိုအကြောင်းတို့၏ မှီရာ အကျိုးတရားများလည်း ထိုဘဝ၌ ရှိခဲ့သောကြောင့် ထိုအကျိုးတို့၏ အကြောင်းသည်လည်း ထို့ထက် ရှေးကျသော ဘဝ၌ ရှိခဲ့သည်။ ဤသို့ စသည်ဖြင့် ရှေးသို့ အဆင့်ဆင့်လိုက်၍ ဆင်ခြင်ကြည့်လျှင် သံသရာ၏အစကို မတွေ့နိုင် မသိနိုင်သည်သာတည်း။ သို့ဖြစ်၍ ရုပ်နာမ်ခန္ဓာတို့၏ ဖြစ်စဉ်ဟူသော သံသရာမှာ မသိအပ် မသိနိုင်ကောင်းသော အစရှိသည်- အစမရှိ-ဟူ၍ပင် ဆိုလိုပေ၏။
၈၀
အဝိဇ္ဇာသည် မူလရင်းဖြစ်သောကြောင့် ထိုသံသရာစက်ဘီး၏ ပုံတောင်းမည်၏၊ ဇရာမရဏသည် အဆုံးဖြစ်သောကြောင့် အကွပ်(တကူ)မည်၏၊ (၎င်းတို့မှ) ကြွင်းကုန်သော (သင်္ခါရ-မှ ဇာတိ-ကျအောင်) ဆယ်ပါးသော တရားတို့သည် အဝိဇ္ဇာလျှင် အကြောင်းရင်းမူလ ရှိသောကြောင့်၎င်း ဇရာမရဏလျှင် အဆုံးရှိသောကြောင့်၎င်း ထောက်အကန့်တို့ မည်ကုန်၏။ (အဝိဇ္ဇာသည် ပုံတောင်းမည်၏- အစရှိသော) ထိုစကားရပ်၌ (ချဲ့၍ပြရလျှင်) ဒုက္ခ သမုဒယ နိရောဓ မဂ္ဂတို့၌ မသိခြင်းသည် (ဝါ-မှားယွင်းစွာသိသော မောဟသည်) အဝိဇ္ဇာပေတည်း။ (မူလအကြောင်းရင်းဖြစ်ပုံကို ဆက်၍ပြအံ့) ကာမဘဝ၌ (မသိမှု-သိမှားမှု) အဝိဇ္ဇာသည် ကာမဘဝ၌ သင်္ခါရတို့အား ကျေးဇူးပြု၏၁၊ ရူပဘဝ၌ အဝိဇ္ဇာသည် ရူပဘဝ၌ သင်္ခါရတို့အား ကျေးဇူးပြု၏။ အရူပဘဝ၌ [၁၉၃] အဝိဇ္ဇာသည် အရူပဘဝ၌ သင်္ခါရတို့အား ကျေးဇူးပြု၏။ ကာမဘဝ၌ သင်္ခါရတို့သည် ကာမဘဝ၌ ပဋိသန္ဓေဝိညာဏ်အား ကျေးဇူးပြုကုန်၏၊ ဤမှတပါးသော ရူပဘဝ အရူပဘဝတို့၌ ဤနည်းတူပင်။ ကာမဘဝ၌ ပဋိသန္ဓေဝိညာဏ်သည် ကာမဘဝ၌ နာမ်ရုပ်အား ကျေးဇူးပြု၏။ ရူပဘဝ၌ ထို့အတူပင်။ အရူပဘဝ၌ နာမ်အားသာလျှင် ကျေးဇူးပြု၏။ ကာမဘဝ၌ နာမ်ရုပ်သည် ကာမဘဝ၌ ၆-ပါးသော အာယတနအား ကျေးဇူးပြု၏၊
၁- ဤအရာ၌ ကျေးဇူးပြု-ဟူသည်မှာ သက်ဆိုင်ရာ အကျိုးတရား ဖြစ်ပေါ်ရန်အတွက် တနည်းနည်းဖြင့် အထောက်အကူ ဖြစ်ခြင်းကိုပင် ဆိုသည်။ ထိုသို့ အထောက်အကူ ဖြစ်ပုံမှာလည်း ဟေတုပစ္စယသတ္တိ အာရမ္မဏပစ္စယသတ္တိ စသည်ဖြင့် ၂၄-မျိုးရှိသည်။ အတိအကျသိလိုလျှင် မြန်မာပြန် စဘုတ္ထတွဲ နှာ-၅၄-စသည် ၈၈-စသည်တို့၌ ကြည့်ပါ။
၈၁
ရူပဘဝ၌ နာမ်ရုပ်သည် ရူပဘဝ၌ ၃-ပါးသော အာယတနတို့အား၁ ကျေးဇူးပြု၏၊ အရူပဘဝ၌ နာမ်သည် အရူပဘဝ၌ တပါးသော မနာယတနအား ကျေးဇူးပြု၏။ ကာမဘဝ၌ ၆-ပါးသော အာယတနသည် ကာမဘဝ၌ ၆-ပါးအပြားရှိသော ဖဿအား ကျေးဇူးပြု၏။ ရူပဘဝ၌ ၃-ပါးသော အာယတနတို့သည် ရူပဘဝ၌ ၃-ပါးသော ဖဿတို့အား၂ ကျေးဇူးပြုကုန်၏၊ အရူပဘဝ၌ တပါးသော အာယတနသည် အရူပဘဝ၌ တပါးသော မနောသမ္ဖဿအား ကျေးဇူးပြု၏။ ကာမဘဝ၌ ၆-ပါးသော ဖဿတို့သည် ကာမဘဝ၌ ၆-ပါးသော ဝေဒနာတို့အား ကျေးဇူးပြုကုန်၏။ ရူပဘဝ၌ ၃-ပါးသော ဖဿတို့သည် ထိုရူပဘဝ၌ပင်လျှင် ၃-ပါးကုန်သော (ဝေဒနာတို့အား ကျေးဇူးပြုကုန်၏)။ အရူပဘဝ၌ ၁-ပါးသော (မနောသမ္ဖဿသည်) ထိုအရူပဘဝ၌ပင်လျှင် တပါးသော ဝေဒနာအား ကျေးဇူးပြု၏။ ကာမဘဝ၌ ၆-ပါးသော ဝေဒနာတို့သည် ကာမဘဝ၌ ၆-ပါးသော တဏှာအပေါင်းတို့အား၃ ကျေးဇူးပြုကုန်၏၊ ရူပဘဝ၌ ၃-ပါးသော ဝေဒနာတို့သည် ထိုရူပဘဝ၌ပင်လျှင် ၃-ပါးသော တဏှာအပေါင်းတို့အား
၁- ၃-ပါးသော အာယတန-ဟူသည်မှာ စက္ခု သောတ မနာယတနတို့ပင် ဖြစ်သည်။
၂- ၃-ပါးသော ဖဿ-ဟူသည်မှာ စက္ခု သောတ မနောသမ္ဖဿတို့ပင် ဖြစ်သည်။
၃- တဏှာကာယ-ဟူသော ပုဒ်အရ တဏှာအပေါင်းဟု ပြန်ထားခြင်းဖြစ်သည်။ အဆင်းအမျိုးမျိုး၌ ဆာလောင်တပ်မက်သော တဏှာအပေါင်းကို ရူပတဏှာကာယ- ရူပတဏှာအပေါင်းဟု ခေါ်သည်။ သဒ္ဒတဏှာအပေါင်း စသည်တို့ကိုလည်း နည်းတူပင် သိအပ်၏။
၈၂
ကျေးဇူးပြုကုန်၏။ အရူပဘဝ၌ တပါးသော ဝေဒနာသည် အရူပဘဝ၌ တပါးသော တဏှာအပေါင်းအား ကျေးဇူးပြု၏။ ထိုထိုဘဝ၌ ထိုထိုတဏှာသည် ထိုထိုဥပါဒါန်အား ကျေးဇူးပြု၏၊ ဥပါဒါန်စသည်တို့သည် ဘဝစသည်တို့အား ကျေးဇူးပြုကုန်၏။ အဘယ်သို့နည်း?ဟူမူ-
ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ကာမဂုဏ်တို့ကို သုံးဆောင်မည်ဟု ကြံ၍ ကာမုပါဒါန်ဟူသော အကြောင်းကြောင့် ကိုယ်ဖြင့် ဒုစ္စရိုက်ကို ပြုကျင့်၏၊ နှုတ်ဖြင့် ဒုစ္စရိုက်ကို ပြုကျင့်၏၊ စိတ်ဖြင့် ဒုစ္စရိုက်ကို ပြုကျင့်၏၊ ဒုစ္စရိုက်၏ ပြည့်ခြင်းကြောင့် အပါယ်ဘုံ၌ ဖြစ်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအပါယ်ဘုံ၌ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော (ဒုစ္စရိုက်အကုသိုလ်)ကံသည် ကမ္မဘ၀မည်၏၊ ကံကြောင့်ဖြစ်ကုန်သော ခန္ဓာတို့သည် ဥပပတ္တိဘဝမည်၏၊ (ယင်း)ခန္ဓာတို့၏ ဖြစ်ခြင်းသည် ဇာတိမည်၏၊ ရင့်ခြင်းသည် ဇရာမည်၏၊ ပျက်ခြင်းသည် မရဏမည်၏။
အခြားတပါးသော ပုဂ္ဂိုလ်သည် နတ်ပြည်စည်းစိမ်ကို ခံစားမည်ဟု ကြံ၍ ထို့အတူပင် (ကာမုပါဒါန်ဟူသော အကြောင်းကြောင့် ကိုယ် နှုတ် စိတ်ဖြင့်) သုစရိုက် (အကျင့်ကောင်း)ကို ပြုကျင့်၏၊ သုစရိုက်၏ ပြည့်ခြင်းကြောင့် နတ်ပြည်၌ ဖြစ်၏။ ထိုပုဂ္ဂိုလ်၏ ထိုနတ်ပြည်၌ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော (သုစရိုက်ကုသိုလ်)ကံသည် ကမ္မဘ၀မည်၏- ဤသို့ စသည်ဖြင့် ဆိုခဲ့ပြီးသော ထိုနည်းကိုပင် (ဝါ-ထိုနည်းအတိုင်းပင်) (သိအပ်၏)။
၈၃
အခြားတပါးသော ပုဂ္ဂိုလ်သည်ကား ဗြဟ္မာ့ပြည်စည်းစိမ်ကို ခံစားမည်ဟု ကြံ၍ ကာမုပါဒါန်ဟူသော အကြောင်းကြောင့်ပင်လျှင်၁ မေတ္တာကို ပွါးစေ၏၊ ကရုဏာကို ပွါးစေ၏၊ မုဒိတာကို ပွါးစေ၏။ ဥပေက္ခာကို ပွါးစေ၏၊ ဘာဝနာ၏ ပြည့်ခြင်းကြောင့် (ထိုပုဂ္ဂိုလ်သည်) ဗြဟ္မာ့ပြည်၌ ဖြစ်၏။ ထိုပုဂ္ဂိုလ်၏ ထိုဗြဟ္မာ့ပြည်၌ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော (ဘာဝနာ)ကံသည် ကမ္မဘဝမည်၏- ဤသို့ စသည်ဖြင့် ဆိုခဲ့ပြီးသော ထိုနည်းကိုပင် (သိအပ်၏)။
[၁၉၄] အခြားတပါးသော ပုဂ္ဂိုလ်သည် အရူပဘဝ (အရူပဘုံ)၌ စည်းစိမ်ကို ခံစားမည်ဟု ကြံ၍ ထို့အတူပင် (ကာမုပါဒါန်ဟူသော အကြောင်းကြောင့်ပင်) အာကာသာနဉ္စာယတန အစရှိသော အရူပသမာပတ်တို့ကို ဖြစ်စေ-ပွါးစေ၏။ ဘာဝနာ၏ ပြည့်ခြင်းကြောင့် (ထိုပုဂ္ဂိုလ်သည်) ထိုထိုအရူပဘုံ၌ ဖြစ်၏။ ထိုပုဂ္ဂိုလ်၏ ထိုအရူပဘုံ၌ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော (ဘာဝနာ)ကံသည် ကမ္မဘဝမည်၏၊ ကံကြောင့်ဖြစ်ကုန်သော ခန္ဓာတို့သည် ဥပပတ္တိဘဝမည်၏။ (ထို)ခန္ဓာတို့၏ ဖြစ်ခြင်းသည် ဇာတိမည်၏၊ ရင့်ခြင်းသည် ဇရာမည်၏၊ ပျက်ခြင်းသည် မရဏမည်၏။ ဤသည်ကား ကာမုပါဒါန် အရင်းခံသော ယှဉ်ပြခြင်းပေတည်း။ ကြွင်းသော ဥပါဒါန်သုံးပါး အရင်းခံသော ယှဉ်ခြင်းတို့၌လည်း ဤနည်း(အတူ)ပင်တည်း။
၁- “ဘုံသုံးပါး၌ အတွင်းဝင်သော တရားအားလုံးတို့သည်လည်း အလိုရှိအပ်သော အနက်သဘောကြောင့် ကာမမည်ကုန်၏”ဟု ဟောတော်မူသောကြောင့် ရူပဘဝ၌ တပ်မက်သော ဘဝရာဂသည်လည်း ကာမုပါဒါန် မည်သည်သာဟု နှလုံးသွင်း၍ “ကာမုပါဒါန်ဟူသော အကြောင်းကြောင့်ပင်လျှင် မေတ္တာကို ပွါးစေ၏”ဟု မိန့်ဆိုပေသည်။ (ဋီကာ)
၈၄
ဤဆိုခဲ့သည့်အတိုင်း ဤအဝိဇ္ဇာသည် အကြောင်းတည်း၊ သင်္ခါရတို့သည် အကြောင်းကြောင့်ဖြစ်သော အကျိုးတည်း။ ဤ(အဝိဇ္ဇာနှင့် သင်္ခါရ) ၂-ပါးလုံးတို့သည်လည်း အကြောင်းကြောင့်ဖြစ်သော အကျိုးတို့တည်း၁ဟူ၍ အကြောင်းကို သိမ်းဆည်းရာ၌ (ဝါ-သိမ်းဆည်းသော) ပညာသည် တရားတို့၏ တည်ကြောင်းကိုသိသော (ဓမ္မဋ္ဌိတိ)ဉာဏ် မည်၏။ အတိတ်အဓွန့်ခေါ် ရှေးဘဝကာလ၌လည်း.. အနာဂတ်အဓွန့်ခေါ် နောက်ဘဝ ကာလ၌လည်း အဝိဇ္ဇာသည် အကြောင်းတည်း၊ သင်္ခါရတို့သည် အကြောင်းကြောင့်ဖြစ်သော အကျိုးတို့တည်း၊ ဤ၂-ပါးလုံးတို့သည်လည်း အကြောင်းကြောင့်ဖြစ်သော အကျိုးတို့တည်း-ဟူ၍ အကြောင်းကို သိမ်းဆည်းရာ၌ ပညာသည် ဓမ္မဋ္ဌိတိဉာဏ်မည်၏၊ ဤသို့ အစရှိသော ဤနည်းဖြင့်ပင် (သင်္ခါရတို့က အကြောင်း၊ ဝိညာဏ်က အကျိုး စသည်ဖြင့်) အလုံးစုံသော ပုဒ်တို့ကို ချဲ့၍ သိအပ်ကုန်၏။
ထိုသံသရာစက်ဘီး၌ အဝိဇ္ဇာနှင့် သင်္ခါရတို့က အလွှာတခု၊ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတို့က အလွှာတခု၊ တဏှာ ဥပါဒါန် ဘဝတို့က အလွှာတခု၊ ဇာတိနှင့် ဇရာမရဏက အလွှာတခုပေတည်း။ ဆက်ဦးအံ့၊ ဤအလွှာလေးခုတို့တွင် ရှေးဖြစ်သော အစအလွှာသည် အတိတ်အဓွန့်ကာလ ဖြစ်သည်။ အလယ်၂-လွှာတို့သည် ပစ္စုပ္ပန် အဓွန့်ကာလ ဖြစ်သည်၊ ဇာတိ ဇရာမရဏ(ဟူသော အဆုံးအလွှာ)သည် အနာဂတ် အဓွန့်ကာလ ဖြစ်သည်။
၁- အဝိဇ္ဇာသည်လည်း အာသဝသမုဒယကြောင့် ဖြစ်ရကား ထို၂-ပါးလုံးကိုပင် အကြောင်းကြောင့်ဖြစ်သော အကျိုးဟု ဆိုပေသည်။
၈၅
ဆက်၍ ရှင်းပြဦးအံ့၊ ဤအလွှာလေးခုတို့၌ အဝိဇ္ဇာနှင့် သင်္ခါရတို့ကို (အတိတ်အကြောင်းလွှာ၌) ယူခြင်းဖြင့် (တွဲဘက်များဖြစ်၍ မကင်းနိုင်သော) တဏှာ ဥပါဒါန် ဘဝတို့ကို(လည်း) ယူအပ်ပြီးသာလျှင် ဖြစ်ကုန်၏၊ သို့ဖြစ်၍ ဤငါးပါးသော တရားတို့သည် အတိတ်ကာလ- အတိတ်ဘဝ၌ (ပြီးခဲ့သော) ကမ္မဝဋ်မည်၏။ ဝိညာဏ်အစရှိသော ငါးပါးသော တရားတို့သည် ယခုဘဝ ပစ္စုပ္ပန်ကာလ၌(ဖြစ်နေသော) ဝိပါကဝဋ် မည်၏။ တဏှာ ဥပါဒါန် ဘဝတို့ကို (ပစ္စုပ္ပန် အကြောင်းအလွှာ၌) ယူခြင်းဖြင့် (တွဲဘက်များဖြစ်၍ မကင်းနိုင်သော) အဝိဇ္ဇာနှင့် သင်္ခါရတို့ကို(လည်း) ယူအပ်ပြီးသာလျှင် ဖြစ်ကုန်၏၊ သို့ဖြစ်၍ ဤငါးပါးသော တရားတို့သည် ယခုဘဝ ပစ္စုပ္ပန်ကာလ၌(ဖြစ်သော) ကမ္မဝဋ် မည်၏။ ဇာတိနှင့် ဇရာမရဏတို့ကို ညွှန်ပြခြင်းဖြင့် (ယင်းဇာတိနှင့် ဇရာမရဏတို့၏ တည်ရာဖြစ်ကုန်သော) ဝိညာဏ်စသည်တို့ကို ဖော်ပြခြင်းကိစ္စ ပြီးသောကြောင့်၁ (ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဟူသော) ဤငါးပါးသော တရားတို့သည် နောင်ကာလ နောင်ဘဝ၌ (ဖြစ်ပေါ်မည့်) ဝိပါကဝဋ် မည်၏။ (သို့ဖြစ်၍) ယင်းအလွှာလေးခုတို့သည် အခြင်းအရာအားဖြင့်၂ ၂၀-အပြားရှိကုန်၏။
၁-နိဒ္ဒိဋ္ဌတ္တာ-ပုဒ်ကို “ထုတ်ပြအပ်ပြီးကုန်သည်၏ အဖြစ်ကြောင့်”ဟု အတိအကျပြန်လျှင် သုတနည်းသူတို့ နားလည်ကြမည် မဟုတ်ပေ။ ထို့ကြောင့် အထက်ပါအတိုင်း သိလွယ်သော ပရိယာယ်တပါးဖြင့် ပြောင်းလဲ၍ ပြန်ထားသည်။
၂-ပြန်ရိုးပြန်စဉ်အတိုင်း အာကာရ-ကို အခြင်းအရာ-ဟု ပြန်ထားသည်။ အာကိရီယန္တိ ပကာသီယန္တိ-ဟု ဖွင့်ပြသော ဋီကာဝစနတ္ထအရအားဖြင့် ဖြည့်စွက်ပြအပ်သော တရားများ-ဟု ဆိုသင့်၏။
၈၆
ထို့ပြင် ဤသံသရာစက်ဘီး၌ သင်္ခါရနှင့် ဝိညာဏ်တို့၏ အကြား၌ အစပ်တခု၊ ဝေဒနာနှင့် တဏှာတို့၏ အကြား၌ အစပ်တခု၊ ဘဝနှင့် ဇာတိတို့၏ အကြား၌ အစပ်တခု ဖြစ်သည်။
ဤဆိုခဲ့သည့်အတိုင်း အလွှာလေးခုနှင့် အဓွန့်သုံးပါးရှိသော၁ အခြင်းအရာ၂၀-နှင့် အစပ်သုံးခုရှိသော၁ သံသရာစက်ဘီးဟုခေါ်သော ဤပဋိစ္စသမုပ္ပါဒ်ကို မြတ်စွာဘုရားသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် သိတော်မူ၏ မြင်တော်မူ၏ ထင်ရှားသိတော်မူ၏ ထိုးထွင်း၍ သိမြင်တော်မူ၏။ ထိုသိခြင်းသည် သိတတ်သည်ဟူသော အနက်သဘောကြောင့်၂ ဉာဏ်မည်၏၊ အပြားအားဖြင့် (ထိုးထွင်း၍ သိတတ်သည်ဟူသော အနက်သဘောကြောင့် ပညာမည်၏။ ထိုကြောင့် “အကြောင်းကို သိမ်းဆည်းရာ၌ ပညာသည် ဓမ္မဋ္ဌိတိဉာဏ် မည်၏”ဟူ၍ ဆိုအပ်ပေသည်။
၁- ရှိသော-ဟူသော ဝိသေသနပုဒ် ၄-ခုဖြစ်လျက် စကားမမျောစေရန် ၂-ပုဒ် ၂-ပုဒ် ပေါင်း၍ ပြန်ထားသည်။
၂- ဇာနနဋ္ဌေန-ပုဒ်၏ မြန်မာပြန်ဖြစ်သည်။ ဤ၌ ပ-သဒ္ဒါနှင့်တကွ ပဇာနန-အပြားအားဖြင့် သိတတ်သည်ဟု မဆိုသော်လည်း ရည်ရွယ်ချက်အားလျော်စွာ ပညာနှင့် အရတူသော ဉာဏ-ဉာဏ်သိကိုပင် ပြဆိုခြင်းဖြစ်သည်။ ထို့ကြောင့် ပ-သဒ္ဒါ မပါပဲ ဇာနာတိ-သိ၏၊ ဇာနန-သိခြင်းဟု ဆိုလျှင် ပညာသိမဟုတ်ဟု တထစ်ချ မဆိုအပ် မယူအပ်ပေ။ ဤအရာ၌ “သဗ္ဗံ-အလုံးစုံကို၊ ဇာနာတီတိ- သိတတ်သောကြောင့်၊ သဗ္ဗညု-သဗ္ဗညု ဘုရားမည်၏”ဟူသော ပုဒ်အနက်နှင့် သဗ္ဗညုတညာဏ- အလုံးစုံကိုသိသောဉာဏ်ဟူသော ပုဒ်အနက် စသည်တို့ကိုလည်း သတိပြုသင့်၏။
၈၇
ဤဓမ္မဋ္ဌိတိဉာဏ်ဖြင့် မြတ်စွာဘုရားသည် ထိုအဝိဇ္ဇာ အစရှိသော တရားတို့ကို ဟုတ်တိုင်းမှန်စွာ သိတော်မူပြီးလျှင် ထိုအဝိဇ္ဇာ အစရှိသော တရားတို့၌ ငြီးငွေ့တော်မူသည်ဖြစ်၍ တပ်မက်ကင်းကာ လွတ်မြောက်တော်မူလျက် ဆိုခဲ့ပြီးသော အပြားရှိသော ဤသံသရာစက်ဘီး၏ (သင်္ခါရအစရှိသော) ထောက် အကန့်တို့ကို (ဉာဏ်သန်လျက်ဖြင့်) ခုတ်တော်မူပြီ ဖြတ်တော်မူပြီ ဖျက်ဆီးတော်မူပြီ၊ ဤဆိုခဲ့ပြီးသည့်အတိုင်းလည်း ထောက် အကန့်တို့ကို ခုတ်ဖြတ်ဖျက်ဆီးတော်မူပြီး ဖြစ်သောကြောင့် အရဟံ၁ မည်တော်မူပါပေ၏။
သတ္တဝါအပေါင်းဟူသော လောက၏ ကိုးကွယ်ရာအစစ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် သံသရာစက်ဘီး၏ ထောက် အကန့်တို့ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် ခုတ်ဖြတ် ဖျက်ဆီးတော်မူ(အပ်ကုန်)လေပြီ၊ ထို့ကြောင့် ဤငါတို့မြတ်စွာဘုရားကို အရဟံ-ဟု ခေါ်ဆိုအပ်ပေသည်။ (၃)
၁- အရ-ထောက် အကန့်တို့ကို + ဟတ-မှ ဟံ-ဖျက်ဆီးတော်မူပြီးသော ဘုရား = အရ-ဟံ- သံသရာဟူသော စက်ဘီး၏ ထောက် အကန့်တို့ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် ခုတ်ဖြတ် ဖျက်ဆီးတော်မူပြီးသော မြတ်စွာဘုရား။
၈၈
အမှတ်(၁) ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းပုံ


ဤအမှတ် ၁-ပုံသည် အထက်ပါ ဝိသုဒ္ဓိမဂ် ၁၂၈-စာပိုဒ်နှင့်အညီ ရေးဆွဲထားသောပုံ ဖြစ်သည်။ ယင်းစက်ဝိုင်းပုံ၌ အဝိဇ္ဇာကြောင့်ဖြစ်သော ပုညာဘိသင်္ခါရကို ကာမ,ရူပအားဖြင့် ၂-မျိုးခွဲပြထားသည်။ ထိုတွင် ကာမပုညာဘိသင်္ခါရမှ (၁) အပါယ် ဇရာ မရဏ (၂) လူ-နတ် ဇရာ မရဏ (၃) ရူပ ဇရာ မရဏ (၄) အရူပ ဇရာ မရဏ-ဟူသော အကွပ်၄-မျိုးသို့ ရောက်နိုင်သောကြောင့် ယင်းကို ၄-ကန့်
၈၉
ပြထားသည်။ ထိုနည်းဖြင့်ပင် ရူပပုညာဘိသင်္ခါရကို ၃-ကန့်၊ အပုညာဘိသင်္ခါရကို ၂-ကန့်၊ အာနေဉ္ဇာဘိသင်္ခါရကို ၂-ကန့် ခွဲ၍ ပြထားသည်။
အနု အနု အမတဂ္ဂံ-ဟူသော ဋီကာအဖွင့်နှင့်အညီ အနမတဂ္ဂ- အစမထင်ပုံမှာ-
(၁) အပင်တွေ့သိ၊ မျိုးစေ့ရှိ၊ ကြံသိနိုင်ပေသည်။
(၂) မျိုးစေ့ရှိက၊ သူ့ပင်မ၊ ရှိရပြန်ချေသည်။
(၃) ဤနည်းအရ၊ ရှာကြံက၊ အစ မထင်ပြီ။
(၄) နည်းတူရှာက၊ သံသာရ၊ အစ မထင်ပြီ။
(၅) ယခုဘဝ၊ ကျိုးဖြစ်ရ၊ ရှေးက ကြောင်းရှိသည်။
(၆) ထိုကြောင်းမှီရာ၊ ကျိုးငါးဖြာ၊ ထိုခါ ရှိခဲ့သည်။
(၇) ထိုကျိုးဖြစ်ဖွယ်၊ ကြောင်းငါးသွယ်၊ ရှေးဝယ် ရှိခဲ့သည်။
(၈) ဤနည်းအရ၊ ရှာကြံက၊ အစ မထင်ပြီ။
၉၀
အမှတ်(၂) ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းပုံ


ဤအမှတ်၂-ပုံသည် ဝိသုဒ္ဓိမဂ်-မြန်မာပြန် စတုတ္ထတွဲ နှာ ၁၉၁၊ စာပိုဒ်နံပါတ် ၆၅၂-စသည်နှင့် တိုက်ဆိုင်ကြည့်ရန် ဖြစ်သည်။ အသေးစိတ် ခွဲခြမ်းသိရန်မှာ-
မူလနှစ်ဖြာ၊ ဒွေးသစ္စာမှ၊ အလွှာလေးထပ်၊ ဝဋ်သုံးရပ်နှင့်၊ အစပ်သုံးဖြာ၊ အင်္ဂါဆဲ့နှစ်ဝ၊ ကာလသုံးသွယ်၊ နှစ်ဆယ်ခြင်းရာ၊ ဤရှစ်ဖြာဝယ်၊ အင်္ဂါငါးတန်၊ ပစ္စုပ္ပန်တရား၊
၉၁
အကျိုးများကို၊ ထင်ရှားမိမိ၊ ရှုသိသူမှာ၊ ဝေဒနာကြောင့်၊ တဏှာဝဋ်မြစ်၊ မဖြစ်လှာပဲ၊ စက်ပြတ်စဲသည်- ဆင်းရဲ ချုပ်ငြိမ်းလေသတည်း။
အထက်ပါ အကျဉ်းချုပ်လင်္ကာ၌ အင်္ဂါငါးတန် ပစ္စုပ္ပန်တရား အကျိုးများကို ထင်ရှားမိမိ ရှုသိသူမှာ-ဟူရာဝယ် ဆိုလိုသည်မှာ- ယခု မြင်တိုင်း ကြားတိုင်း နံတိုင်း စားသိတိုင်း ထိသိတိုင်း ကြံသိတိုင်း ဖြစ်ပေါ်နေသော မြင်သိဝိညာဏ် အစရှိသော ဝိညာဏ်နှင့်တကွ နာမ်ရုပ် အာယတန ဖဿ ဝေဒနာဟူသော ပစ္စုပ္ပန် အကျိုးငါးပါးတို့ကို ဖြစ်တိုင်းဖြစ်တိုင်း သဘာဝ လက္ခဏာ အဖြစ် အပျက် အနိစ္စ ဒုက္ခ အနတ္တလက္ခဏာတို့ဖြင့် ထင်ထင်ရှားရှား ထိထိမိမိ သိနေသောသူမှာ-ဟု ဆိုလို၏။
ဝေဒနာကြောင့် တဏှာဝဋ်မြစ် မဖြစ်လှာပဲ စသည်၌ ဆိုလိုသည်မှာ- ထိုသို့ ထိထိမိမိ ရှုသိနေသောသူမှာ ရှုသိတိုင်း ရှုသိတိုင်း အနိစ္စအခြင်းအရာ စသည်ဖြင့် မှန်စွာသိရသော ရုပ်နာမ်အာရုံ၌ အာရမ္မဏာနုသယခေါ် ဖြစ်ထိုက်သော တဏှာသည် တဒင်္ဂအားဖြင့် ချုပ်ငြိမ်း၏၊ ထို့ကြောင့် ထိုတဏှာမှ ဆက်၍ဖြစ်မည့် ဥပါဒါန် ဘဝ ဇာတိ ဇရာ မရဏတို့သည်လည်း ချုပ်ငြိမ်းကြလေသည်။ ဤသို့ ဝိပဿနာဖြင့် ချုပ်ငြိမ်းပြီးနောက် အရိယမဂ်ခဏ၌ သန္တာနာနုသယ တဏှာသည်လည်း သမုစ္ဆေဒအားဖြင့် ချုပ်ငြိမ်း၍ ဥပါဒါန်စသည်တို့သည်လည်း အပြီးတိုင် ချုပ်ငြိမ်းသွားကြလေသည်ဟု ဆိုလို၏။ ဤသို့ ချုပ်ငြိမ်းပုံကိုပင် ရည်၍ နိဒါနဝဂ္ဂသံယုတ် သမ္မသသုတ် (နှာ-၃၃၃)၌-
ယံ လောကေ ပိယရူပံ သာတရူပံ၊ တံ အနိစ္စတော ပဿန္တိ၊ ဒုက္ခတော အနတ္တတော ပဿန္တိ၊ တေ တဏှံ ပဇဟန္တိ
၉၂
[၁၉၅] ၁၂၉။ ထို့ပြင် အမြတ်ဆုံး အလှူခံပုဂ္ဂိုလ်မြတ် ဖြစ်တော်မူသောကြောင့် (ဤမြတ်စွာဘုရားသည်) သင်္ကန်းအစရှိသော ပစ္စည်းတို့ကို၎င်း ပူဇော်ခြင်းအထူးကို၎င်း ထိုက်တန်တော်မူပေ၏၊ ထိုသို့ ထိုက်တန်သောကြောင့်ပင်လျှင် မြတ်စွာဘုရား ပွင့်ထွန်းတော်မူသောအခါ အခြွေအရံများလျက် တန်ခိုးကြီးမားသော နတ်လူဟူသမျှတို့သည် ဘုရားမှတပါးသော အရာဌာန ပုဂ္ဂိုလ်တို့၌ ပူဇော်ခြင်းကို မပြုကြပဲ ရှိပေကုန်၏။ ထိုစကား မှန်ကန်ကြောင်း ပြရလျှင်- သဟမ္ပတိဗြဟ္မာကြီးသည် မြင်းမိုရ်တောင်မျှ ပမာဏရှိသော ရတနာပန်းကုံးကြီးဖြင့် မြတ်စွာဘုရားကို ပူဇော်ခဲ့လေပြီ၊ အခြားတပါးကုန်သော သိကြားမင်းစသော နတ်တို့သည်၎င်း၊ ဗိမ္ဗိသာရမင်း ကောသလမင်း အစရှိကုန်သော လူတို့သည်၎င်း အစွမ်းအားရှိသလောက် ပူဇော်ခဲ့ကြလေပြီ။ ထို့ပြင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသော
ဥပဓိံ ပဇဟန္တိ ဒုက္ခံ ပဇဟန္တိ = ချစ်ဖွယ် သာယာဖွယ်သဘောဟု ဆိုအပ်သော မြင်မှု ကြားမှု စသည်ကို အနိစ္စ ဒုက္ခ အနတ္တဟု ရှုသိသော သူတို့သည် တဏှာကို ပယ်စွန့်ကုန်၏၊ ဥပဓိမည်သော ခန္ဓာကို ပယ်စွန့်ကုန်၏၊ ဆင်းရဲကို ပယ်စွန့်ကုန်၏- စသည်ဖြင့် ဟောတော်မူလေသည်။
ထိုနိဒါနဝဂ္ဂသံယုတ် (နှာ-၃ဝဝ) ဒုက္ခသုတ် စသည်တို့၌လည်း-
တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓာ ဥပါဒါနနိရောဓော = (ဝေဒနာကြောင့် ဖြစ်ထိုက်သော) ထိုတဏှာ၏ပင်လျှင် အကြွင်းမဲ့ ပျက်ပြယ်ခြင်း ချုပ်ခြင်းကြောင့် ဥပါဒါန်၏ ချုပ်ခြင်း ဖြစ်မြောက်ပြီးစီးသည်- စသည်ဖြင့် ဟောတော်မူလေသည်။
၉၃
မြတ်စွာဘုရားကိုလည်း ရည်စူး၍ ၉၆-ကုဋေသော ဥစ္စာကို စွန့်လှူပြီးလျှင် အသောကမင်းမြတ်သည် ဇမ္ဗူဒိပ်တကျွန်းလုံး၌ ရှစ်သောင်းလေးထောင်သော ကျောင်းတို့ကို တည်ဆောက်စေခဲ့လေပြီ။ (သာမန်နတ်လူတို့က ပြုအပ်ကုန်သော) အခြားပူဇော်အထူးတို့ကို (ထိုက်တန်သည်၏အဖြစ်၌) အဘယ်မှာ ဆိုဖွယ်ရှိတော့အံ့နည်း၊ ဤဆိုခဲ့သည့်အတိုင်း ပစ္စည်းစသည်တို့ကို ထိုက်တန်တော်မူသောကြောင့်လည်း အရဟံ၁ မည်တော်မူပါပေ၏။
သတ္တဝါအပေါင်းဟူသော လောက၏ ကိုးကွယ်ရာ ဖြစ်တော်မူသော ဤမြတ်စွာဘုရားသည် လေးပါးသော ပစ္စည်းတို့နှင့်တကွ ပူဇော်အထူးကို (ခံယူရန်) ထိုက်တန်တော်မူပါပေ၏၊ ထို့ကြောင့် လောက၌ ထိုက်တန်သည်ဟူသော အနက်နှင့်လျော်သော အရဟံဟူသော ဤအမည်တော်ကို ငါးမာရ်အောင်မြင် ဘုရားရှင်သည် ထိုက်တန်တော်မူလှပါပေ၏ (ဝါ-ထိုက်တန်သည့်အတိုင်းပင် ရတော်မူပါပေ၏)။ (၄)
၁၃၁။ ထို့ပြင် လောက၌ ပညာရှိမဟုတ်ပါပဲ မိမိကိုယ်ကို ပညာရှိဟု ထင်မှတ်ကြကုန်သော သူမိုက်တို့သည်၂ (သူတပါး
၁- အရဟ-ဓာတ် + အန္တ-ပစ္စည်းတို့ဖြင့် အရဟန္တ-အရဟံ-ဟု ပြီးသည်။ ထိုက်တန်တော်မူသည်-ဟု သဒ္ဒါနက်ရသည်။ ထို့ကြောင့် အရဟံ-လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်ပေသော မြတ်စွာဘုရား-ဟု အဖန်တလဲလဲ အောက်မေ့ဆင်ခြင်အပ်၏။
၂- သူမိုက်တို့သည်ဟု ဆိုလျှင်ပင် အမှတ်မရှိ အလုံးစုံသော သူမိုက်တို့သည်ဟူသော အနက်ကိုရလျက် ရှိပေ၏၊ ထို့ကြောင့် စကားကြောမရှည်စေရန်, သိလွယ်စေရန် ယေကေစိ-ပုဒ်၏အနက်ကို ချန်ထားသည်။
၉၄
မြင်ကြားတွေ့သိသွားလျှင်) အကျော်အစောမဲ့မည်- ဂုဏ်ပျက်မည် စိုးသောကြောင့် ဆိတ်ကွယ်ရာ၌ မကောင်းမှုကို ပြုလုပ်ကြကုန်သကဲ့သို့ ဤငါတို့မြတ်စွာဘုရားသည် (မကောင်းမှုပြုခြင်း၏ အကြောင်းဖြစ်သော ကိလေသာတို့ကို ဗောဓိမဏ္ဍိုင်၌ပင် ကောင်းစွာ ပယ်အပ်ခဲ့ပြီး ဖြစ်သောကြောင့်) ထိုသူမိုက်တို့ကဲ့သို့ တရံတခါမျှ ပြုတော်မမူ၊ ဤသို့ မကောင်းမှုကို ပြုခြင်း၌ (ဝါ-ပြုရန်) ဆိတ်ကွယ်ရာ မရှိခြင်းကြောင့်လည်း အရဟံ၁ မည်တော်မူပါပေ၏။
(မျက်မှောက် မျက်ကွယ် အချင်းခပ်သိမ်း စင်ကြယ်ခြင်းကြောင့်) တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား မကောင်းမှုတို့၌ (ပြုလုပ်နိုင်ဖွယ်) ဆိတ်ကွယ်ရာမည်သည် မရှိပေ၊ ဆိတ်ကွယ်ရာ မရှိခြင်းဟူသော ထိုအကြောင်းကြောင့် ဤငါတို့မြတ်စွာဘုရားသည် အရဟံဟူ၍ ကျော်စောတော်မူပါပေ၏။ (၅)
ဤဆိုခဲ့သည့်အတိုင်း ခပ်သိမ်းသော အပြားအားဖြင့်လည်း-
(၁) ကိလေသာတို့မှ ဝေးကွာတော်မူသောကြောင့်၎င်း၊ (၂) ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူပြီး ဖြစ်သောကြောင့်၎င်း၊ (၃) သံသရာစက်ဘီး၏
၁- အ-မရှိ + ရဟ-ဆိတ်ကွယ်ရာ = အ-ရဟံ- ဆိတ်ကွယ်ရာ မရှိတော်မူသော မြတ်စွာဘုရား။ မျက်မှောက် မျက်ကွယ် အချင်းခပ်သိမ်း စင်ကြယ်တော်မူသောကြောင့် ဆိတ်ကွယ်ရာ၌ မကောင်းမှုကိုပြုခြင်း မရှိတော်မူသော မြတ်စွာဘုရား-ဟု ဆိုလို၏။
၉၅
ထောက် အကန့်တို့ကို ဖျက်ဆီးတော်မူပြီး ဖြစ်သောကြောင့်၎င်း၁၊ (၄) ပစ္စည်းစသည်တို့ကို ထိုက်တန်တော်မူသောကြောင့်၎င်း၂၊ (၅) ဆိတ်ကွယ်ရာ၌ မကောင်းမှုတို့ကို မပြုခြင်း မကောင်းမှုကိုပြုရန် ဆိတ်ကွယ်ရာ မရှိခြင်းကြောင့်၎င်း၃ (တလောကလုံး၏ ကိုးကွယ်ရာအစစ် ဖြစ်တော်မူသော) ထိုမြတ်စွာဘုရားကို အရဟံဟူ၍ ခေါ်ဆိုအပ်ပါပေသည်။
(အရဟံဂုဏ်တော်အဖွင့် ပြီး၏။)
********************(၂) သမ္မာသမ္ဗုဒ္ဓဂုဏ်တော်အဖွင့်
၁၃၁။ ထိုမှတပါး အလုံးစုံသော တရားတို့ကို မှန်စွာလည်း သိတော်မူ ကိုယ်တိုင်လည်း၄ သိတော်မူသောကြောင့် သမ္မာသမ္ဗုဒ္ဓ
၁-၂-၃- ဤအကြေင်း ၃-ချက်ဆိုင်ရာပါဠိ၌ ဂါထာဖြစ်သောကြောင့် ဆန်းဂိုဏ်းကိုငဲ့၍ သင့်လျော်စွာ ပြဆိုထားသည်။ ထိုပါဠိအရ တိတိကျကျပြန်လျှင် ရှေ့အကြောင်း၂-ချက်နှင့် အသွားမညီပဲ တမျိုးဖြစ်သွားမည်၊ ထို့ကြောင့် မြန်မာပြန်၌ မြန်မာစကား ချောမောပြေပြစ်ခြင်းကို အလေးပြု၍ လိုရင်းအဓိပ္ပါယ်ကိုသာ ယူလျက် ချောမောအောင် ပြန်ထားသည်။
၄- သာမဉ္စ-ကိုယ်တိုင်လည်း ဟူရာ၌ စ-သဒ္ဒါသည် သမ္မာ-မှန်စွာလည်း သိသည်-ဟု ပေါင်းစည်းခြင်းအနက် ရှိသည်။ ထို့ကြောင့် အထက်ပါအတိုင်း ပြန်ထားခြင်းဖြစ်သည်။ ဋီကာ၌ သာမန္တိ သယမေဝ- ကိုယ်တိုင်သာလျှင်-ဟု ဖွင့်ပြထားခြင်းသည် သာမံ-ကိုယ်တိုင်ဟု ဆိုလျှင်ပင် သူတပါးထံမှ နည်းမခံပဲ ကိုယ်တိုင်သာလျှင်-ဟူသော ကန့်သတ်ခြင်းအနက်ကို ရနိုင်သောကြောင့်၎င်း၊ ထိုကန့်သတ်ခြင်းအနက်ဖြင့် သူတပါးထံမှ နည်းမခံဘူး-ဟူသော အနက်ကို ဖော်ပြရန်
၉၆
မည်တော်မူပေ၏။ ချဲ့၍ပြရလျှင်- ဤမြတ်စွာဘုရားသည် အလုံးစုံသော တရားတို့ကို မှန်စွာလည်း (သိတော်မူပေ၏) ကိုယ်တိုင်လည်း သိတော်မူပေ၏၊ ထူးသောဉာဏ်ဖြင့် သိထိုက်သော သစ္စာလေးပါးဟူသော (အဘိညေယျ)တရားတို့ကို အဘိညေယျ(အဖြစ်)အားဖြင့် သိတော်မူလေပြီ၁၊ ပိုင်းခြား၍ သိထိုက်သော ဒုက္ခသစ္စာဟူသော (ပရိညေယျ)တရားတို့ကို ပရိညေယျအဖြစ်အားဖြင့် သိတော်မူလေပြီ၊ ပယ်ထိုက်သော သမုဒယသစ္စာဟူသော (ပဟာတဗ္ဗ)တရားတို့ကို ပဟာတဗ္ဗအဖြစ်အားဖြင့် သိတော်မူလေပြီ၊ မျက်မှောက်ပြုထိုက်သော နိရောဓသစ္စာဟူသော (သစ္ဆိကာတဗ္ဗ)တရားတို့ကို၂ သစ္ဆိကာတဗ္ဗအဖြစ်အားဖြင့် သိတော်မူလေပြီ၊ ပွါးစေထိုက်သော မဂ္ဂသစ္စာဟူသော (ဘာဝေတဗ္ဗ)တရားတို့ကို ဘာဝေတဗ္ဗအဖြစ်အားဖြင့် သိတော်မူလေပြီ။ ထို့ကြောင့်ပင်လျှင် (မြတ်စွာဘုရားသည်) အောက်ပါဂါထာကို မိန့်ဆိုတော်မူခဲ့ပေသည်။
လိုလည်း လိုသောကြောင့်၎င်း ဧ၀-ဖြင့် ဖြည့်စွက်၍ ဖွင့်ပြထားခြင်း ဖြစ်ပေသည်၊ စ-သဒ္ဒါ၏ အနက်ကို ဖွင့်ပြသည်ဟူ၍ကား မထင်မှားသင့်။ ထို့ကြောင့်ပင် သံဝဏ္ဏေတဗ္ဗကို ပြရာ၌ သာမဉ္စာတိ-ဟု မပြပဲ သာမန္တိ-ဟူ၍သာလျှင် စ-သဒ္ဒါမပါပဲ ပြထားပေသည်။
၁- အဘိညေယျအားဖြင့် သိတော်မူလေပြီ- ဟူသည်ကား အဘိညေယျအဖြစ်အားဖြင့် သိတော်မူလေပြီ၊ ရှေးအဖို့၌ ဝိပဿနာပညာဖြင့်, ရဆဲခဏ၌ မဂ်ပညာဖြင့်, နောက်အဖို့၌ သဗ္ဗညုတဉာဏ် စသည်ဖြင့် သိတော်မူလေပြီ၊ ဤကား ဆိုလိုသော အနက်ပေတည်း၊ ဤမှ နောက်အပိုဒ်တို့၌လည်း ဤနည်းပင်တည်း။ (ဋီကာ)
၂- နိဗ္ဗာန်ကိုရည်၍ “မျက်မှောက်ပြုထိုက်သော (သစ္ဆိကာတဗ္ဗ)တရားတို့ကို”ဟု မိန့်ဆိုတော်မူ၏၊ ဗဟုဝုစ်ဖြင့် ညွှန်ပြခြင်းသည်ကား
၉၇
“သေလပုဏ္ဏား၊ ငါသည် ထူးသောဉာဏ်ဖြင့် သိထိုက်သည်ကို ထူးသောဉာဏ်ဖြင့် သိခဲ့ပြီ၊ ပွါးစေထိုက်သည်ကိုလည်း ပွါးစေခဲ့ပြီ၊ ပယ်ထိုက်သည်ကိုလည်း ပယ်ခဲ့ပြီ၊ ထို့ကြောင့် (ငါသည်) ဗုဒ္ဓ-သိသူ-ဘုရားစင်စစ် ဖြစ်ပေသည်။”
[၁၉၆] ၁၃၂။ တနည်းသော်ကား- စက္ခုပသာဒခေါ် မျက်စိသည် ဒုက္ခသစ္စာတည်း၊ ထိုမျက်စိကို အကြောင်းရင်းအဖြစ်ဖြင့် ဖြစ်စေတတ်သော ရှေးဘဝက တဏှာသည်၁ သမုဒယသစ္စာတည်း၊
သဥပါဒိသေသနိဗ္ဗာန် အစရှိသော ပရိယာယ်အားဖြင့် ပြီးသော အကွဲအပြားကိုယူ၍ ပြထားခြင်းပေတည်း။ တနည်းအားဖြင့် ရှင်းပြရလျှင် ဤစကားသည် သစ္စာလေးပါးတရားတို့ကို အကျဉ်းပြသော စကားပေတည်း၊ အကျဉ်းပြခြင်း ဟူသည်မှာလည်း မဆုံးဖြတ်ရသေးသော အနက်၏ အပိုင်းအခြားရှိသော (ဝါ-ယင်း၏ အနက်အပိုင်းအခြားကို မဆုံးဖြတ်ရသေးသော) တရား၏ အစွမ်းအားဖြင့် ပြအပ်ပေသည်။ မှန်ပေ၏- အကျဉ်းပြစကားဖြင့် အကျဉ်းပြအပ်ကုန်သော တရားတို့၏ ရှိသည်၏အဖြစ်မျှကို ဆိုအပ်ပေသည်၊ အပိုင်းအခြားကို ဆိုအပ်သည်ကား မဟုတ်ပေ။ သို့ဖြစ်သောကြောင့် အပိုင်းအခြားမရှိသော ဗဟုဝုစ်ဖြင့် ဆိုအပ်ပေသည်၊ “အကြောင်းမဲ့တရားတို့၊ အသင်္ခတတရားတို့”ဟု ဟောသော အဘိဓမ္မာ မာတိကာ ပါဠိကဲ့သို့ပင်တည်း။ (ဋီကာ)
၁-ယခုဘဝ၌ စက္ခုပသာဒရုပ်သည် ရှေးဘဝကကံကြောင့်ဖြစ်သည်၊ ထိုကံသည်လည်း ထိုကံကိုပြုစဉ်က ရှိခဲ့သော တဏှာကြောင့် ယခုဘဝ ရုပ်နာမ်အကျိုးတရားတို့ကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် ထိုရှေးဘဝက ရှိခဲ့သော တဏှာသည် ယခုဘဝ၌ ဖြစ်ပေါ်လာသော အကျိုးရုပ်နာမ်တို့၏၎င်း၊ ထိုအကျိုးရုပ်နာမ်တို့ကို မှီ၍ဖြစ်သော
၉၈
(ထို)သစ္စာ၂-ပါးတို့၏ မဖြစ်ခြင်း (မဖြစ်ရာ)သည် နိရောဓသစ္စာတည်း၊ နိရောဓ (ချုပ်ခြင်း)ကို အပြားအားဖြင့်သိသော (မဂ္ဂင်ရှစ်ပါး)အကျင့်သည် မဂ္ဂသစ္စာတည်း-ဟု ဤသို့ စက္ခုစသော တပုဒ် တပုဒ်ကို ထုတ်သောအားဖြင့်လည်း အလုံးစုံသော တရားတို့ကို မှန်စွာလည်း (သိတော်မူပေ၏)၊ ကိုယ်တိုင်လည်း သိတော်မူပေ၏၊ နား နှာ လျှာ ကိုယ် စိတ်တို့၌ ဤဆိုခဲ့သော နည်း(အတူ)ပင်တည်း။ ဤနည်းဖြင့်ပင်လျှင် ရူပါယတန အစရှိသော ၆-ပါးသော အာယတနတို့ကို၎င်း၁၊ စက္ခုဝိညာဏ် အစရှိသော ၆-ပါးသော ဝိညာဏ်အပေါင်းတို့ကို၎င်း၊ စက္ခုသမ္ဖဿ အစရှိသော ၆-ပါးသော ဖဿတို့ကို၎င်း၊ စက္ခုသမ္ဖဿကြောင့်ဖြစ်သည့် ဝေဒနာအစရှိသော ၆-ပါးသော ဝေဒနာတို့ကို၎င်း၊ ရူပသညာ အစရှိသော ၆-ပါးသော သညာတို့ကို၎င်း၊ ရူပသဉ္စေတနာ အစရှိသော ၆-ပါးသော စေတနာတို့ကို၎င်း၊ ရူပတဏှာ အစရှိသော ၆-ပါးသော တဏှာတို့ကို၎င်း၊ ရူပဝိတက် အစရှိသော ၆-ပါးသော ဝိတက်တို့ကို၎င်း၊ ရူပဝိစာရ အစရှိသော ၆-ပါးသော ဝိစာရတို့ကို၎င်း၊ ရူပက္ခန္ဓာ အစရှိသော ငါးပါးသော ခန္ဓာတို့ကို၎င်း၊ ၁၀-ပါးသော ကသိုဏ်း(ဈာန်)တို့ကို၎င်း၊ ၁၀-ပါးသော အနုဿတိတို့ကို၎င်း၊ ဥဒ္ဓုမာတကသညာ စသည်တို့၏ အစွမ်းအားဖြင့် ၁၀-ပါးသော သညာတို့ကို၎င်း၂၊ ဆံပင် အစရှိသော
အခြားရုပ်နမ်တို့၏၎င်း မူလရင်းအကြောင်း ဖြစ်ပေသည်။ ထို့ကြောင့် ထိုရှေးဘဝက တဏှာကို “အကြောင်းရင်းအဖြစ်ဖြင့် ဖြစ်စေတတ်သော”ဟု ဆိုထားပေသည်။
၁- တို့ကို၎င်း..ဟူသော ကံပုဒ်တို့ကို ယှဉ်စေအပ်ကုန်၏-ပုဒ်နှင့် စပ်ပါ။
၂- ဥဒ္ဓုမာတကစသော အသုဘကမ္မဋ္ဌာန်း ၁၀-ပါးပင် ဖြစ်သည်။
၉၉
၃၂-ပါးသော ကောဋ္ဌာသတို့ကို၎င်း၁၊ ၁၂-ပါးသော အာယတနတို့ကို၎င်း၊ ၁၈-ပါးသော ဓာတ်တို့ကို၎င်း၊ ကာမဘဝ အစရှိသော ၉-ပါးသော ဘဝတို့ကို၎င်း၂၊ ပဌမဈာန် အစရှိသော ၄-ပါးသော ဈာန်တို့ကို၎င်း၊ မေတ္တာဘာဝနာ အစရှိသော ၄-ပါးသော အပ္ပမညာတို့ကို၎င်း၊ ၄-ပါးသော အရူပသမာပတ်တို့ကို၎င်း၊ အဆုံးမှ ပြန်လာသော (ပဋိလုံ)အားဖြင့် ဇရာ မရဏ အစရှိသော ပဋိစ္စသမုပ္ပါဒ် အင်္ဂါတို့ကို၎င်း၊ အစမှ အစဉ်အတိုင်းသွားသော (အနုလုံ)အားဖြင့် အဝိဇ္ဇာ အစရှိသော ပဋိစ္စသမုပ္ပါဒ် အင်္ဂါတို့ကို၎င်း ယှဉ်စေအပ်ကုန်၏။
(ယှဉ်စေအပ်ကုန်၏-ဟူသော) ထိုစကားရပ်၌ ယခု ပြဆိုမည့်စကားသည် (နောက်ဆုံး)တပုဒ်ကို ယှဉ်စေပုံပေတည်း။ ဇရာမရဏသည် ဒုက္ခသစ္စာတည်း၊ ဇာတိသည် သမုဒယသစ္စာတည်း၊ (ထို)၂-ပါးလုံးတို့၏ ထွက်သွားခြင်း, ကုန်ခြင်း (ထွက်သွားရာ, ကုန်ရာ)သည် နိရောဓသစ္စာတည်း၊ နိရောဓကို အပြားအားဖြင့်သိသော (မဂ္ဂင်ရှစ်ပါး)အကျင့်သည် မဂ္ဂသစ္စာတည်း-ဟု ဤသို့ တပုဒ် တပုဒ်ကို ထုတ်သောအားဖြင့် အလုံးစုံသော တရားတို့ကို မှန်စွာလည်း (သိတော်မူပေ၏) ကိုယ်တိုင်လည်း သိတော်မူပေ၏၊
၁- ၃၂-ပါးသော ကောဋ္ဌာသတို့ကို၎င်း၊ ထိုကောဋ္ဌာသကို အာရုံပြု၍ဖြစ်သော ဈာန်တို့ကို၎င်း ယူရန် ဋီကာ၌ ဖွင့်ပြ၏။
၂- ဘဝ ၉-ပါး-ဟူသည်မှာ ကာမဘဝ ရူပဘဝ အရူပဘဝ သညီဘဝ အသညီဘ၀ နေဝသညီနာသညီဘ၀ ဧကဝေါကာရဘဝ စတုဝေါကာရဘဝ ပဉ္စဝေါကာရဘဝတို့ ဖြစ်သည်။
၁၀၀
(သိသင့်သည့် တရားအား)လျော်စွာ သိတော်မူပေ၏၊ ထိုးထွင်း၍ သိတော်မူပေ၏။ ထို့ကြောင့် “အလုံးစုံသော တရားတို့ကို မှန်စွာလည်းသိ, ကိုယ်တိုင်လည်း သိတော်မူပြီး ဖြစ်သောကြောင့် သမ္မာသမ္ဗုဒ္ဓ မည်တော်မူပေ၏”ဟု (ငါ)ဆိုခဲ့ပေသည်။
(သမ္မာသမ္ဗုဒ္ဓဂုဏ်တော်အဖွင့် ပြီး၏။)
**********
(၃) ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်အဖွင့်
၁၃၃။ ထိုမှတပါး ဝိဇ္ဇာမည်သော ဉာဏ်ထူးတို့နှင့်၎င်း စရဏမည်သော အခြေခံအကျင့်နှင့်၎င်း ပြည့်စုံတော်မူသောကြောင့် ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူပေ၏။ ထိုဝိဇ္ဇာနှင့် စရဏတို့တွင် ဝိဇ္ဇာဟူသည်မှာ ဉာဏ်ထူးသုံးပါးတို့သည်လည်း ဝိဇ္ဇာမည်၏၊ ဉာဏ်ထူးရှစ်ပါးတို့သည်လည်း ဝိဇ္ဇာမည်၏။ (ထိုတွင်) သုံးပါးသော ဝိဇ္ဇာဉာဏ်ထူးတို့ကို ဘယဘေရဝသုတ်၌ ဟောထားသော နည်းဖြင့်ပင်လျှင် သိအပ်ကုန်၏၁။ ရှစ်ပါးသော ဝိဇ္ဇာဉာဏ်ထူးတို့ကို အမ္ဗဋ္ဌသုတ်၌ (ဟောထားသောနည်းဖြင့် သိအပ်ကုန်၏)။ ထိုအမ္ဗဋ္ဌသုတ်၌ ဝိပဿနာဉာဏ် မနောမယိဒ္ဓိဉာဏ်တို့နှင့်တကွ အဘိညာဉ် ၆-ပါးတို့ကို
၁- ရှေးဘဝဟောင်းများကို ပြန်လည်အောက်မေ့နိုင် သိနိုင်သော ပုဗ္ဗေနိဝါသဉာဏ်(၁)၊ အဆင်းရူပါရုံဟူသမျှကို မြင်နိုင်သည့်ပြင် သတ္တဝါတို့သေပြီးလျှင် ကံအားလျော်စွာ ဘဝသစ်တို့၌ ဖြစ်ပုံများကိုပါ မြင်သိနိုင်သော ဒိဗ္ဗစက္ခုဉာဏ် (၂)၊ အာသဝေါ ကိလေသာတို့ကို ကုန်စေနိုင်သော အရဟတ္တမဂ်ဉာဏ်ဟူသော အာသဝက္ခယဉာဏ် (၃)၊ ဤဉာဏ်ထူးသုံးပါးကို ဝိဇ္ဇာဉာဏ်သုံးပါးဟု ခေါ်သည်။ အတိုချုပ်အားဖြင့် ပု-ဒိ-အာ-ဟု ခေါ်သည်။
၁၀၁
သိမ်းယူ၍ ရှစ်ပါးသော ဝိဉာဏ်ထူးတို့ကို ဟောထားပေသည်၁။ စရဏဟူသည်မှာ(၁)ပါဘိမောက် သီလ၊ (၂) မျက်စိစသော ဣန္ဒြေတို့၌ လုံခြုံစေအပ်သော တံခါးရှိခြင်း၊ (၃) စားသုံးဖွယ်ဘောဇဉ်၌ အတိုင်းအရှည်ကို သိခြင်း၊ (၄) ဘာဝနာအလုပ်ဖြင့် နိုးကြားခြင်းကို မပြတ်အားထုတ်ခြင်း၊ (၅-၁၁) သဒ္ဓါ ဟိရီ ဩတ္တပ္ပ ဗာဟုသစ္စ ဝီရိယ သတိ ပညာ-ဟူသော သူတော်ကောင်းတရား (၇)ပါး၊ (၁၂-၁၅) ရူပါဝစရဈာန် ၄-ပါးဟူသော ဤ၁၅-ပါးသော တရားတို့ကို (အခြေခံအကျင့်- စရဏတရားဟူ၍) သိအပ်ကုန်၏။ မှန်ပေ၏၊ မြတ်စွာဘုရား၏ တပည့်တော် (အရိယသာဝက)သည် ဤတဆဲ့ငါးပါးသော သူတော်ကောင်းတရားတို့ဖြင့် သေခြင်းကင်းသော အမြိုက်နိဗ္ဗာန်အရပ်သို့ သွားရောက်ရ၏၊ ဤသို့ နိဗ္ဗာန်သို့ သွားရောက်ကြောင်း ဖြစ်သောကြောင့် ဤတဆဲ့ငါးပါးသော တရားတို့ကိုပင်လျှင် စရဏဟူ၍ ဆိုအပ်ကုန်၏။ ဤစကားနှင့်အညီ ဟောထားသော သုတ်ဒေသနာကား-
“မဟာနာမ်မင်း၊ ဤသာသနာတော်၌ ဘုရားတပည့်တော် (အရိယသာဝက)သည် သီလနှင့်ပြည့်စုံပေ၏” ဤသို့အစရှိသော အလုံးစုံကို
၁- (၁) ဝိပဿနာဉာဏ်၊ (၂) မိမိကိုယ်နှင့် တထပ်တည်း ပုံတူဖြစ်အောင် ဖန်ဆင်းနိုင်သော မနောမယိဒ္ဓိဉာဏ် (၃) အထွေထွေ အမျိုးမျိုး တန်ခိုးဖန်ဆင်းနိုင်သော ဣဒ္ဓိဝိဓဉာဏ်၊ (၄) အသံဟူသမျှကို ကြားနိုင်သော ဒိဗ္ဗသောတဉာဏ်၊ (၅) သူတပါးတို့၏ စိတ်အကြံကို သိနိုင်သော စေတောပရိယဉာဏ်၊ (၆) ပုဗ္ဗေနိဝါသဉာဏ်၊ (၇) ဒိဗ္ဗစက္ခုဉာဏ်၊ (၈) အာသဝက္ခယဉာဏ် ဤဉာဏထူးရှစ်ပါးကို ဝိဇ္ဇာဉာဏ်ရှစ်ပါးဟု ခေါ်သည်။ အတိုချုပ်အားဖြင့် ဝိ-မ-ဣ-ဒိ-စေ-ပု-ဒိ-အာ ဝိဇ္ဇာရှစ်ပါးဟု မှတ်ရာ၏။
၁၀၂
မဇ္ဈိမပဏ္ဏာသ သေခသုတ်၌ ဟောထားသော နည်းဖြင့်ပင်လျှင် သိအပ်ပေသည်။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤသုံးပါး ရှစ်ပါးသော ဝိဇ္ဇာဉာဏ်ထူးတို့နှင့်လည်း ပြည့်စုံတော်မူပေ၏။ ဤတဆဲ့ငါးပါးသော အခြေခံအကျင့် စရဏနှင့်လည်း ပြည့်စုံတော်မူပေ၏၊ ထို့ကြောင့် ဝိဇ္ဇာစရဏသမ္ပန္နဟု ဆိုအပ်ပါပေသည်။ ဤတွင် စကားတရပ်ပြီး၏။
[၁၉၇] ထိုဝိဇ္ဇာစရဏသမ္မန္န-ဂုဏ်ပုဒ်၌ ဝိဇ္ဇာဉာဏ်ထူးတို့နှင့် ပြည့်စုံခြင်းသည် မြတ်စွာဘုရား၏ အလုံးစုံကိုသိသော (သဗ္ဗညုတ)ဉာဏ်တော်ကို ပြည့်စေလျက် တည်၏၊ အခြေခံ အကျင့်စရဏနှင့် ပြည့်စုံခြင်းသည် သနားခြင်းကြီးစွာ မဟာကရုဏာတော် ရှိသည်၏အဖြစ်ကို (ပြည့်စေလျက် တည်၏)။ ထိုမြတ်စွာဘုရားသည် အလုံးစုံကို သိတော်မူသောကြောင့် (ဝါ-သဗ္ဗညုတ ဉာဏ်တော်ဖြင့်) အလုံးစုံသော သတ္တဝါတို့၏ အကျိုးစီးပွါးနှင့် အကျိုးမဲ့ကို သိတော်မူပြီးလျှင် သနားခြင်းကြီးစွာ မဟာကရုဏာတော်ရှင် ဖြစ်တော်မူသောကြောင့် (ဝါ-မဟာကရုဏာတော်ဖြင့်) အကျိုးမဲ့ကို ကြဉ်ရှောင်စေ၍ အကျိုးစီးပွါး၌ ယှဉ်စေတော်မူပေ၏။ ထိုသို့ ယှဉ်စေခြင်းသည် ဝိဇ္ဇာစရဏနှင့် ပြည့်စုံသော သူမြတ်၏ ကျင့်ရိုးကျင့်စဉ်ပင် ဖြစ်ပေသည်၁။ ထိုသို့ အကျိုးစီးပွါး၌ ယှဉ်စေသောကြောင့် ဤမြတ်စွာဘုရား၏ တပည့်သာဝကတို့သည် ကောင်းမြတ်သောအကျင့်
၁- ဤဝါကျသည် ယထာ တံ ဝိဇ္ဇာစရဏသမ္ပန္နော-ဟူသော ပါဌ်ကို သိလွယ်အောင် ပြန်ဆိုချက်ဖြစ်သည်။ အတိအကျ ပြန်လျှင် ဝိဇ္ဇာစရဏနှင့် ပြည့်စုံသော အခြားပုဂ္ဂိုလ်သည် (ယှဉ်စေသ)ကဲ့သို့ပင်တည်း-ဟု ဖြစ်သည်။
၁၀၃
ရှိကြပေကုန်၏၊ ဝိဇ္ဇာစရဏနှင့် မပြည့်စုံသော တိတ္ထိဆရာကြီးတို့၏ အတ္တန္တပအစရှိသော၁ တပည့်သာဝကတို့ကဲ့သို့ မကောင်းသောအကျင့် ရှိကြသည် မဟုတ်ကြပေ။
(ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်အဖွင့် ပြီး၏။)
**********
(၄) သုဂတဂုဏ်တော်အဖွင့်
၁၃၄။ တင့်တယ်သော သွားခြင်း ရှိတော်မူသောကြောင့်၎င်း၊ ကောင်းသောအရပ်သို့ သွားတော်မူသောကြောင့်၎င်း၊ ကောင်းစွာ သွားတော်မူသောကြောင့်၎င်း၊ ကောင်းစွာ မြွက်ဆိုတော်မူတတ်ကြောင့်၎င်း သုဂတ မည်တော်မူပေ၏။
ချဲ့၍ပြအံ့၊ သွားခြင်းကိုလည်း ဂတ-ဟု ဆိုအပ်၏၊ မြတ်စွာဘုရား၏ ထိုသွားခြင်းသည်လည်း ထက်ဝန်းကျင် စင်ကြယ်သန့်ရှင်း အပြစ်ကင်း၍ တင့်တယ်ပေ၏။ ထိုသွားခြင်းသည် အဘယ်နည်း?ဟူမူ-
၁- (၁) မိမိကိုယ်ကို ပူပန် ပင်ပန်းအောင် ကျင့်သောသူသည် အတ္တန္တပပုဂ္ဂိုလ် မည်၏၊ ၎င်းသည် အဝတ်မဝတ်ပဲ ကျင့်ခြင်း၊ တအိမ်တည်းမှရသော ထမင်းကိုသာ စားခြင်း၊ တလုပ်မျှသာ စားခြင်း၊ တရက်ခြား စားခြင်း၊ ခုနစ်ရက်ခြား စားခြင်း၊ သစ်သီး သစ်ရွက်မျှကိုသာ စားခြင်း၊ မထိုင်ပဲ မလျောင်းပဲ ရပ်လျက်သာ နေခြင်း၊ ဆောင့်ကြောင့်ထိုင်လျက်သာ နေခြင်း၊ တနေ့လျှင် ၃-ကြိမ် ရေစိမ်ခြင်း အစရှိသော အကျင့်များဖြင့် သူ့ကိုယ်ကို ပင်ပန်းအောင် ကျင့်သည်။ (၂) သူတပါးကို ပူပန် ပင်ပန်းအောင် ပြုကျင့်သောသူသည် ပရန္တပပုဂ္ဂိုလ်မည်၏။ ၎င်းသည် ဆိတ်, သိုး, ဝက်, ကြက်, ငှက်, နွား, သားကောင်တို့ကို သတ်ခြင်း၊ ငါးတို့ကို သတ်ခြင်း၊ သူတပါးဥစ္စာကို ခိုးခြင်း လုယူခြင်း၊
၁၀၄
(မဂ္ဂင်ရှစ်ဖြာ အရိယမဂ်ပေတည်း။ မှန်ပေ၏၊ ထိုတင့်တယ်သော အရိယမဂ်တည်းဟူသော သွားခြင်းဖြင့် ဘေးမဲ့ရာမှန် နိဗ္ဗာန်အရပ်သို့ (သုဂတိ၌သော်လည်း) မငြိမတွယ်ပဲ ကြွသွားတော်မူပေ၏။ ဤသို့ တင့်တယ်သော ကြွသွားခြင်း ရှိတော်မူသောကြောင့် သုဂတ၁ မည်တော်မူပါပေ၏။ (၁)
ထို့ပြင် ဤမြတ်စွာဘုရားသည် သေခြင်းကင်းရာ အမြိုက်နိဗ္ဗာန်ဟူသော ကောင်းသောအရပ်သို့ ကြွသွားတော်မူပေ၏၊ ဤသို့ ကောင်းသောအရပ်သို့ ကြွသွားတော်မူသောကြောင့် သုဂတ၂ မည်တော်မူပါပေ၏။ (၂)
သူတပါးတို့ကို နှိပ်စက်ခြင်း သတ်ခြင်းတို့ဖြင့် သူတပါးတို့ကို ပူပန် ပင်ပန်းအောင် ပြုကျင့်သည်။ (၃) မိမိကိုယ်ကိုရော သူတပါးတို့ကိုရော ပူပန် ပင်ပန်းအောင် ပြုကျင့်သောသူသည် အတ္တန္တပ-ပရန္တပပုဂ္ဂိုလ် မည်၏။ ၎င်းသည် သူ၏ ဘာသာရေး တရားရေးအရ မိမိကိုယ်တိုင်လည်း အဝတ်အစား အနေအထိုင်ဆင်းရဲအောင် ကျင့်လျက် နွား, ကျွဲ, ဆိတ်, သိုး, မြင်း စသည်တို့ကိုလည်း သတ်၍ ယဇ်ပူဇော်ခြင်းကို ပြုသည်။ မြတ်စွာဘုရား၏ တပည့် သာဝကတို့သည် ထိုအတ္တန္တပစသော ပုဂ္ဂိုလ် ၃-မျိုးကဲ့သို့ ဖောက်ပြန် မှားယွင်းစွာ မကျင့်ကြ-ဟု ဆိုလို၏။
၁- သု-တင့်တယ်သော + ဂတ-သွားခြင်း = သုဂတ- တင့်တယ်သော သွားခြင်းရှိသော ဘုရား၊ မဂ္ဂင်ရှစ်ဖြာ တင့်တယ်သော အမူအရာဖြင့် ကောင်းစွာသွားခြင်း ရှိတော်မူသော မြတ်စွာဘုရား။
၂- သု-ကောင်းသော နိဗ္ဗာန်သို့ + ဂတ-ကြွသွားတော်မူသည် = သုဂတ- ကောင်းသောနိဗ္ဗာန်သို့ ကြွတော်မူသော မြတ်စွာဘုရား။
၁၀၅
ထို့ပြင် ထိုထိုမဂ်ဖြင့် ပယ်အပ်ပြီးသော ကိလေသာများသို့ တဖန် မပြန်တော့ပဲ ကောင်းစွာ သွားတော်မူပေ၏။ မှန်ပေ၏။ “သောတာပတ္တိမဂ်ဖြင့် အကြင်ကိလေသာတို့ကို ပယ်စွန့်အပ်ကုန်ပြီ၊ ထိုပယ်ပြီး ကိလေသာတို့သို့ တဖန်မပြန် တဖန်မလာ တဖန်မရောက်၊ ထို့ကြောင့် သုဂတ မည်၏ ။ပ။ အရဟတ္တမဂ်ဖြင့် အကြင်ကိလေသာတို့ကို ပယ်အပ်ကုန်ပြီ၊ ထိုပယ်ပြီး ကိလေသာတို့သို့ တဖန်မပြန် တဖန်မလာ တဖန်မရောက်၊ ထို့ကြောင့် သုဂတမည်၏”ဟူသော ဤစကားကို (မဟာနိဒ္ဒေသ၌) ဟောထား(အပ်)ပေသည်၁။ တနည်းကား (ဤမြတ်စွာဘုရားသည်) ဒီပင်္ကရာဘုရားရှင်၏ ခြေတော်ရင်းမှစ၍ ဗောဓိမဏ္ဍိုင်တိုင်အောင် အမျှသုံးဆယ်သော ပါရမီတော်တို့ကို ဖြည့်ကျင့်ခြင်းဟူသော ကောင်းမြတ်သော အကျင့်ပဋိပတ်ဖြင့် အလုံးစုံသော လောက၏ စီးပွါးချမ်းသာကိုသာလျှင် ပြုတော်မူသည်ဖြစ်၍၎င်း၊ သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိ ကာမသုခနှင့် အတ္တကိလမထဟူသော ဤအဖို့အစွန်း အယုတ်တရားတို့သို့
၁- ခရီးသွားသောသူသည် လွန်ခဲ့ပြီးအရပ်သို့ ပြန်ပြန်လာနေလျှင် ခရီးမတွင်၊ ကောင်းသောသွားခြင်း မဟုတ်၊ မပြန်လာပဲ ရှေ့သို့သာ တွင်တွင်သွားပါမှ ခရီးတွင်သည်၊ ကောင်းသော သွားခြင်းဟု ဆိုသင့်ပေသည်။ ဤသို့သော ဖြစ်ပုံကိုရည်၍ စွန့်ပယ်ပြီး ကိလေသာများသို့ ပြန်မလာတော့ပဲ သွားခြင်းကို ဤ၌ ကောင်းသောသွားခြင်းဟု ဆိုပေသည်။ ဤတိုင်အောင် အရိယမဂ်ဖြင့် ကောင်းစွာသွားခြင်းကို ပြသည်။ ဤမှနောက်၌ ရှေးအဖို့ အကျင့်ဖြင့် ကောင်းစွာသွားခြင်းကို ပြသည်။
၁၀၆
မကပ်ရောက်သည် ဖြစ်၍၎င်း ကောင်းစွာ သွားတော်မူပေ၏၁၊ ဤသို့ (အရိယမဂ်ဖြင့်၎င်း ရှေးအဖို့ သမ္မာပဋိပတ်ဖြင့်၎င်း) ကောင်းစွာ သွားတော်မူသောကြောင့်လည်း သုဂတ၂ မည်တော်မူပါပေ၏။ (၃)
ထို့ပြင် ဤမြတ်စွာဘုရားသည် ကောင်းစွာ မြွက်ဆိုတော်မူတတ်ပေ၏၊ သင့်လျော်သောအရာ၌ သင့်လျော်သော စကားကိုသာလျှင် မြွက်ဆိုတော်မူတတ်ပေ၏၊ ဤသို့ သင့်လျော်သော စကားကောင်းကိုသာလျှင် ကောင်းစွာ မြွက်ဆိုတော်မူတတ်သောကြောင့်လည်း သုဂတ၃ မည်တော်မူပါပေ၏။ ထိုစကားရပ်၌ ယခုပြမည့်စကားသည် သာဓကသုတ်ပေတည်း။
မြတ်စွာဘုရားသည် အကြင်စကားကို “မဟုတ်မမှန် အကျိုးမရှိ”ဟု သိတော်မူ၏၊ ယင်းစကားကို သူတပါးတို့ကလည်း မနှစ်သက် မမြတ်နိုး၊ ထိုသို့သော စကားကို မြတ်စွာဘုရား မပြောဆိုပေ (၁)၄။
၁- ဤတိုင်အောင် ရှေးအဖို့ သမ္မာပဋိပတ်ဖြင့် ကောင်းစွာ သွားခြင်းကို ပြသည်။
၂- သု-ကောင်းစွာ + ဂတ-သွားသည် = သုဂတ- နောက်သို့မပြန်ပဲ အရိယမဂ်ဖြင့် ကောင်းစွာ ကြွသွားတော်မူသော မြတ်စွာဘုရား၊ ဝါ- ဒီပင်္ကရာဘုရား၏ ခြေတော်ရင်းမှ ဗောဓိမဏ္ဍိုင်ကျအောင် သမ္မာပဋိပတ်ဖြင့် ကောင်းစွာ ကြွသွားတော်မူသော မြတ်စွာဘုရား။
၃- သု-ကောင်းစွာ + ဂဒ-မှ ဂတ-မြွက်ဆိုသည် = သုဂတ- ကောင်းသောစကားကို ကောင်းစွာ မြွက်ဆိုတော်မူတတ်သော မြတ်စွာဘုရား။
၄- စကား ၆-မျိုးတို့တွင် ဤအမှတ်(၁)စကားသည် သီလရှိသူကို ဒုဿီလဟုဆိုသော စကား အမျိုးမြတ်သူကို ဒွန်းစဏ္ဍားဟု ဆိုသော စကားမျိုးပင် ဖြစ်သည်။
၁၀၇
အကြင်စကားကိုလည်း “ဟုတ်၏ မှန်၏ အကျိုးမရှိ”ဟု မြတ်စွာဘုရား သိ၏၊ ယင်းစကားကို သူတပါးတို့ကလည်း မနှစ်သက် မမြတ်နိုး၊ ထိုသို့သော စကားကိုလည်း မြတ်စွာဘုရား မပြောဆိုပေ (၂)၁။ အကြင်စကားကိုမူ “ဟုတ်၏ မှန်၏ အကျိုးရှိ၏”ဟု မြတ်စွာဘုရား သိ၏၊ ယင်းစကားကို သူတပါးတို့ကမူ မနှစ်သက် မမြတ်နိုးပေ။ ထိုသို့သော စကား၌မူ မြတ်စွာဘုရားသည် ထိုစကားကို ပြောဆိုရန် သင့်လျော်သော အခါကာလကို သိပေ၏ (၃)၂။ မြတ်စွာဘုရားသည် အကြင်စကားကို “မဟုတ် မမှန် အကျိုးမရှိ”ဟု သိ၏၊ ယင်းစကားကို သူတပါးတို့ကမူ နှစ်သက်၏ မြတ်နိုး၏၊ ထိုသို့သောစကားကို မြတ်စွာဘုရား မပြောဆိုပေ (၄)၃။ အကြင်စကားကိုလည်း
၁-ဤအမှတ်(၂) စကားသည် ဒုဿီလကို ဒုဿီလဟုဆိုသော စကား၊ ဒွန်းစဏ္ဍားကို ဒွန်းစဏ္ဍားဟုဆိုသော စကား၊ အကန်းကို အကန်းဟု အကျိုးကို အကျိုးဟုဆိုသော စကားမျိုးပင် ဖြစ်သည်။
၂- ဤအမှတ်(၃) စကားသည် အရှင်ဒေဝတ်ကို အာပါယိက- အပါယ်ကျမည့်သူ၊ နေရယိက- ငရဲကျမည့်သူ စသည်ဖြင့် အမှန်ကိုပြ၍ သတိ သံဝေဂရစေမည့် စကားမျိုးပင် ဖြစ်သည်။ ထိုစကားမျိုးသည်ကား ဒေဝဒတ်နှင့် အပေါင်းပါစသည်တို့က မကြိုက်သော်လည်း ကြားနာရသူ အများတို့အား သံဃဘေဒကအကုသိုလ်မှ ကြဉ်ရှေင်ခြင်း စသည်ဖြင့် အကျိုးများစေနိုင်သောကြောင့် ပြောသင့်သောအခါ၌ မြတ်စွာဘုရားက ပြောကြားတော်မူပေ၏။ အပြစ်ရှိသူကို အပြစ်ရှိကြောင်း ဩဝါဒပေးသည့်အနေဖြင့် ပြောဆိုသော စကားသည်လည်း ဤအမှတ်(၃)စကား၌ သက်ဝင်၏။
၃- ဤအမှတ်(၄) စကားသည် ယဇ်ပူဇော်ခြင်းဖြင့် အကုသိုလ်အပြစ် ကင်းသည်၊ နတ်ပြည်သို့ ရောက်စေသည်- စသည်ဖြင့် ပြဆိုသော ဘာသာရေးစကား ဒဏ္ဍာရီဝတ္ထုစကားမျိုးပင် ဖြစ်သည်။
၁၀၈
“ဟုတ်၏ မှန်၏ အကျိုးမရှိ”ဟု မြတ်စွာဘုရား သိ၏၊ ယင်းစကားကို သူတပါးတို့ကမူ နှစ်သက်၏ မြတ်နိုး၏၊ ထိုသို့သော စကားကိုလည်း မြတ်စွာဘုရား မပြောဆိုပေ (၅)၁။ အကြင်စကားကိုမူ “ဟုတ်၏ မှန်၏ အကျိုးရှိ၏”ဟု မြတ်စွာဘုရား သိ၏၊ [၁၉၈] ယင်းစကားကို သူတပါးတို့ကလည်း နှစ်သက်၏ မြတ်နိုး၏၊ ထိုသို့သော စကား၌မူ မြတ်စွာဘုရားသည် ထိုစကားကို ပြောဆိုရန် သင့်လျော်သော အခါကာလကို သိပေ၏ (၆)၂။ (ဤကား သာဓကသုတ်) ဤဆိုခဲ့သည့်အတိုင်း ကောင်းစွာ မြွက်ဆိုတော်မူတတ်သောကြောင့်လည်း သုဂတ မည်တော်မူပါပေ၏ဟု သိအပ်ပေသည်။ (၄)
(သုဂတဂုဏ်တော်ဖွင့် ပြီး၏။)
**********
(၅) လောကဝိဒူဂုဏ်တော်အဖွင့်
၁၃၅။ ထိုမှတပါး ခပ်သိမ်းသော အပြားအားဖြင့်လည်း လောကကို သိတော်မူပြီးဖြစ်သောကြောင့် လောကဝိဒူ၃ မည်တော်မူပါပေ၏။ ချဲ့၍ပြအံ့- လောကဝိဒူမည်သော ထိုမြတ်စွာဘုရားသည်
၁- ဤအမှတ်(၅) စကားသည် အမှုမှန်ဖြင့် ဂုံးတိုက်သောစကား ဟုတ်မှန်သော တိရစ္ဆာနကထာစကား လာဘ်လာဘကိုမြော်၍ ဒကာ,ဒကာမတို့အား မြှောက်ပင့်ပြောသော စကားမျိုးပင် ဖြစ်သည်။
၂- ဤအမှတ်(၆) စကားသည် သင့်လျော်သောအရာဌာန၌ သင့်လျော်သောအခါ ဟောကြားသော ဒါနကထာ သီလကထာစသော စကားမျိုး လောကအကျိုးစီးပွါးနှင့်စပ်သော စကားမျိုးဖြစ်သည်။
၃- လောက-လောကကို + ဝိဒူ-သိတော်မူသည် = လောကဝိဒူ- လောကကို သိတော်မူသော မြတ်စွာဘုရား။
၁၀၉
(ဒုက္ခဟူသော) သဘောရင်းအားဖြင့်၎င်း၊ ဖြစ်ကြောင်း သမုဒယအားဖြင့်၎င်း၊ ချုပ်ခြင်း-ချုပ်ရာ နိရောဓအားဖြင့်၎င်း၊ နိရောဓသို့ ရောက်ကြောင်းအားဖြင့်၎င်း ဤခပ်သိမ်းသော အပြားအားဖြင့် လောကကို သိတော်မူလေပြီ ဖောက်ထွင်း၍ သိမြင်တော်မူလေပြီ။ ဤအဆိုသည် မြတ်စွာဘုရား ဟောထားသော အောက်ပါစကားနှင့် အညီပင် ဖြစ်သည်။
“အချင်းရောဟိတဿနတ်သား အကြင်အရပ်၌ မဖြစ် မအို မသေ မစုတေ ကပ်ရောက်၍မဖြစ်၁၊ လောက၏ အဆုံးဖြစ်သော ထိုမဖြစ် မအို မသေရာအရပ်ကို ခြေလျင်သွားခြင်းဖြင့် သိနိုင်သည် တွေ့မြင်နိုင်သည် ရောက်နိုင်သည်ဟု ငါ မဟောပေ၊ အချင်းရောဟိတဿနတ်သား လောက၏ အဆုံးသို့ မရောက်မူ၍လည်း ဆင်းရဲဒုက္ခ၏ ကုန်ဆုံးခြင်းကို ပြုခြင်းကို ငါ မဟောပေ။ အချင်းရောဟိတဿနတ်သား စင်စစ်မှာမူ ငါသည် အမှတ်သညာလည်းရှိ, အသိ စိတ်လည်းရှိသော တလံမျှလောက်သော ဤကိုယ်၌သာလျှင် လောကကိုလည်း၂ ပညတ်ဟောကြားပေ၏၊ လောက၏ ဖြစ်ကြောင်းကိုလည်း
၁- မစုတေ ကပ်ရောက်၍ မဖြစ်ဟူသော ဤ၂-ပုဒ်ဖြင့် အဆက်ဆက် မသေခြင်း မဖြစ်ခြင်းကို ပြသည်ဟု အဋ္ဌကထာ ဋီကာတို့၌ ဆို၏။ ဥပပါတ်အဖြစ်ဖြင့် မသေခြင်း မဖြစ်ခြင်းကို ပြသည်ဟု ကေစိဆရာတို့က ဆိုသည်ဟု ဋီကာ၌ ပြ၏၊ ထိုကေစိဝါဒ သင့်သကဲ့သို့ ရှိပေ၏။
၂- လောကကို ဟူသည်ကား ဒုက္ခသစ္စာကို.. အကျင့်ကို ဟူသည်ကား မဂ္ဂသစ္စာကို။ ဤစကားဖြင့် “အချင်းရောဟိတဿ ငါသည် ဤသစ္စာလေးပါးတို့ကို မြက် သစ်သား စသည်တို့၌ ပညတ်ဟောကြားသည် မဟုတ်ပေ၊ မဟာဘုတ်လေးပါးကိုမှီသော ဤသတ္တဝါ၏
၁၁၀
ပညတ်ဟောကြားပေ၏၊ လောက၏ ချုပ်ခြင်း- ချုပ်ရာကိုလည်း၁ ပညတ်ဟောကြားပေ၏၊ လောက၏ ချုပ်ခြင်း-ချုပ်ရာသို့ ရောက်ကြောင်း အကျင့်ကိုလည်း ပညတ်ဟောကြားပေ၏။
ခြေလျင်သွားခြင်းဖြင့် လောက၏အဆုံးသို့ တရံတခါမျှ မရောက်နိုင်ချေ၊ လောက၏အဆုံးသို့ မရောက်လျှင်လည်း ဆင်းရဲဒုက္ခမှ လွတ်မြောက်ခြင်းမည်သည် မရှိချေ။
ထို့ကြောင့် စင်စစ် လောကကို သိတော်မူပြီးသော ကောင်းသည့်ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသော မြတ်သည့်အကျင့်ကို ကျင့်သုံးပြီးသော (ဝါ-ကျင့်သုံးပြီးသောကြောင့်) ကိလေသာတို့ကို ငြိမ်းစေပြီးသော (ဝါ-ငြိမ်းစေပြီးသောကြောင့်) (တဖန် ဘဝအသစ် ဖြစ်ဖွယ်မရှိသဖြင့်) လောက၏အဆုံးသို့ ရောက်တော်မူပြီးသော မြတ်စွာဘုရားသည် လောက၏အဆုံးကို သိတော်မူပြီး၍ (ဝါ-သိတော်မူသောကြောင့်) ဤလောကကို၎င်း တပါးသော လောကကို၎င်း မတောင့်တတော့ပေ။ (ဤကား သာဓကသုတ်)
၁၃၆။ တနည်းသော်ကား- လောကတို့သည် သင်္ခါရလောက သတ္တလောက ဩကာသလောကဟူ၍ သုံးပါး အပြားရှိကုန်၏။ ထိုတွင်
ကိုယ်ထဲ၌သာလျှင် ပညတ်ဟောကြားပေသည်”ဟု ပြတော်မူ၏။ (သံ-ဋ္ဌ ပ-၁၀၉၊ အံ-ဋ္ဌ ဒု-၃ဝ၅)
၁- လောကနိရောဓကို ဟူသည်ကား ထိုသင်္ခါရလောက၏ ချုပ်ခြင်းကို၊ တနည်းကား ချုပ်ရာနိဗ္ဗာန်ကိုသာလျှင်ဟု (ဆိုလို၏)၊ (ဋီကာ)
၁၁၁
တပါးသော လောကကား အလုံးစုံသော သတ္တဝါတို့သည်၁ အကြောင်းအာဟာရကြောင့် တည်နေခြင်းပင်တည်း။ ဤသို့ စသည်ဖြင့် လာရာ၌ သင်္ခါရလောကကို၂ သိအပ်၏။ လောကသည် မြဲ၏ဟူ၍၎င်း၊ လောကသည် မမြဲဟူ၍၎င်း လာရာ၌ သတ္တလောကကို သိအပ်၏၃။
အကြင်မျှလောက်သော အရပ်၌ လ,နေတို့သည် လှည့်လည်ကုန်၏၊ အရပ်မျက်နှာတို့ကို တင့်တယ်စေကုန်လျက် ထွန်းပကုန်၏၊ ထိုမျှလောက် ကျယ်ပြန့်သော တထောင် အပြားရှိသော လောကသည်(ရှိ၏)၄၊ ဤတထောင်မျှသော
၁- သတ္တဝါတို့သည်-ဟူသော စကားသည် ပုဂ္ဂိုလ်ကို တည်ရာပြု၍ သတ္တဝါဟုခေါ်သော ရုပ်နာမ်သင်္ခါရတို့ကိုပင် ဆိုလိုသည်။
၂- ဣန္ဒြေတို့နှင့်စပ်သော သက်ရှိခန္ဓာ, ဣန္ဒြေတို့နှင့် မစပ်သော သက်မဲ့ခန္ဓာ ၂-မျိုးလုံးတို့ကို သင်္ခါရလောကဟု ခေါ် သည်။ (ဋီကာ)
၃- မိစ္ဆာအယူရှိသော သူတို့အား သဿတစသည်၏ အစွမ်းအားဖြင့် အတ္တဟူ၍၎င်း, လောကဟူ၍၎င်း ကြံဆခြင်းသည် သတ္တဝါလျှင် တည်ရှိရာရှိ၏၊ သင်္ခါရတရားလျှင် တည်ရာရှိသည် မဟုတ်ပေ။ ထို့ကြောင့် “လောကသည် မြဲ၏ဟူ၍၎င်း ။ပ။ သိအပ်၏”ဟု ဆိုပေသည်။ (ဋီကာ) အသက်ရှင်နေသော အကောင်ဟု စွဲလမ်းအပ်သော သတ္တဝါကိုပင် သတ္တလောကဟု ခေါ်သည်။
၄- လ-နေတို့ ထွန်းလင်းရာအရပ်ကို စကြဝဠာလောကတခု၊ ထိုသို့သော လောကတထောင်ကို ဗြဟ္မာ၏ပိုင်နက် လောကဓာတ်တခုဟု ဆိုလို၏။ ဤ၌ အရောင်အလင်းရှိသော နေသာလျှင် လိုရင်းဖြစ်သည်။ လ-ကိုကား အများ၏ ပြောရိုးဆိုစဉ်အရ ထည့်သွင်း ဟောကြားသည်ဟု ယူရာ၏။
၁၁၂
စကြဝဠာလောက၌ သင် ဗြဟ္မာ၏ (သတ္တဝါတို့၏ အခြေအနေကို သိနိုင်သော) အစွမ်းသည် ဖြစ်လျက် ရှိပေ၏-
ဟူ၍ လာသောအရာ၌ ဩကာသလောကကို သိအပ်၏။ ထိုသုံးပါးသော လောကကိုလည်း မြတ်စွာဘုရားသည် ခပ်သိမ်းသော အပြားအားဖြင့် သိတော်မူလေပြီ။
သိပုံကို ချဲ့၍ပြအံ့- “တပါးသော လောကကား အလုံးစုံသော သတ္တဝါတို့သည် အကြောင်း အာဟာရကြောင့် တည်နေခြင်းပင်တည်း၊ ဝါ-အကြောင်း အာဟာရကြောင့် တည်နေကြသော အလုံးစုံကုန်သော သတ္တဝါခေါ်သည့် သင်္ခါရတရားတို့သည် တပါးသောလောက မည်၏။ နာမ်နှင့်ရုပ်သည် ၂-ပါးသော လောကတို့ပေတည်း။ သုံးပါးသော ဝေဒနာတို့သည် ၃-ပါးသော လောကတို့ပေတည်း။ လေးပါးသော အာဟာရတို့သည် ၄-ပါးသော [၁၉၉] လောကတို့ပေတည်း။ ငါးပါးသော ဥပါဒါနက္ခန္ဓာတို့သည် ၅-ပါးသော လောကတို့ပေတည်း။ ၆-ပါးသော အတွင်းအာယတနတို့သည် ၆-ပါးသော လောကတို့ပေတည်း။ ခုနစ်ပါးသော ဝိညာဏဋ္ဌိတိတို့သည်၁ ခုနစ်ပါးသော လောကတို့ပေတည်း။ ရှစ်ပါးသော လောကဓံတရားတို့သည်
၁- နာနတ္တကာယ နာနတ္တသညီ(၁) နာနတ္တကာယ ဧကတ္တသညီ(၂) ဧကတ္တကာယ နာနတ္တသညီ(၃) ဧကတ္တကာယ ဧကတ္တသညီ(၄) အာကာသာနဉ္စာယတနသညီ(၅) ဝိညာဏဉ္စာယတနသညီ(၆) အာကိဉ္စညာယတနသညီ(၇) ဤ၇-ပါးကို ဝိညာဏဋ္ဌိတိ ၇-ပါးဟု ခေါ်သည်။ ၎င်းတို့၏ အနက်အဓိပ္ပါယ်ကို ဝိသုဒ္ဓိမဂ်မြန်မာပြန် စတုတ္ထတွဲ ပ-အကြိမ်ရိုက် နှာ ၁၄၅-၆ အောက်ခြေမှတ်ချက်တို့၌ ကြည့်ပါ။ စာပိုဒ်အမှတ် ၆၃၇-နှင့် ဆိုင်၏။
၁၁၃
ရှစ်ပါးသော လောကတို့ပေတည်း။ ၉-ပါးသော သတ္တာဝါသတို့သည်၁ ၉-ပါးသော လောကတို့ပေတည်း။ ဆယ်ပါးသော ရုပ်အာယတနတို့သည် ဆယ်ပါးသော လောကတို့ပေတည်း။ ၁၂-ပါးသော အာယတနတို့သည် ၁၂-ပါးသော လောကတို့ပေတည်း။ ၁၈-ပါးသော ဓာတ်တို့သည် ၁၈-ပါးသော လောကတို့ပေတည်း”ဟု (ဆိုအပ်သော) ဤသင်္ခါရလောကကိုလည်း ဤမြတ်စွာဘုရားသည် ခပ်သိမ်းသော အပြားအားဖြင့် သိတော်မူလေပြီ။
ထို့ပြင် ဤမြတ်စွာဘုရားသည် သတ္တဝါအားလုံးတို့၏(လည်း) အာသယကို၂ သိတော်မူ၏၊ အနုသယကို၃ သိတော်မူ၏၊
၁- ဝိညာဏဋ္ဌိတိ (၇)ပါးထဲ၌ အသညသတ္တာဝါသနှင့် နေဝသညာသတ္တာဝါသတို့ကို ထည့်လိုက်လျှင် သတ္တာဝါသ၉-ပါး ဖြစ်သည်။
၂- စိတ်၏ ကိန်းဝပ်ရာကို အာသယဟု ခေါ်သည်၊ သဿတအယူ၌ အလေ့အလာများသောသူသည် ရံခါ ဥစ္ဆေဒအယူ သမ္မာဒိဋ္ဌိအယူတို့ကို လက်ခံသော်လည်း မိမိ၏ သဿတအယူသို့သာလျှင် ပြန်၍ ရောက်နေတတ်၏။ ဥစ္ဆေဒအယူ၌ အလေ့အလာများသော သူသည်လည်း ထို့အတူပင် ဥစ္ဆေဒအယူသို့သာလျှင် ပြန်၍ ရောက်နေတတ်၏။ ထို့ကြောင့် သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိ-ဟူသော ဤ၂-ပါးသည် ဝဋ်ကိုမှီသော ပုထုဇဉ်တို့၏ စိတ်ဓာတ်ကိန်းရာ အာသယဖြစ်သည်။ ဝိပဿနာဉာဏ်နှင့် ယထာဘူတဉာဏ် ခေါ်သော မဂ်ဉာဏ်သည်ကား ဝဋ်ကင်းရာကိုမှီသော ပုဂ္ဂိုလ်မြတ်တို့၏ စိတ်ဓာတ်ကိန်းရာ အာသယပေတည်း။ ဤအာသယ ၄-ပါးကို အာသယဟု ဆိုသည်။
၃- အကြောင်းညီညွတ်သောအခါ ဖြစ်ပေါ်နိုင်သော ကာမရာဂ ပဋိဃ မာန ဒိဋ္ဌိ ဝိစိကိစ္ဆာ ဘဝရာဂ အဝိဇ္ဇာ-ဟူသော ဤကိလေသာ (၇)ပါးကို အနုသယ ခေါ်သည်။
၁၁၄
စရိုက်ကို၁ သိတော်မူ၏၊ အဓိမုတ္တိကို၂ သိတော်မူ၏၊ ပညာမျက်စိ၌ ကိလေသာမြူနည်းသော သတ္တဝါတို့ကို, ပညာမျက်စိ၌ ကိလေသာမြူများသော သတ္တဝါတို့ကို (သိတော်မူ၏)၊ ဣန္ဒြေထက်သော သတ္တဝါတို့ကို, ဣန္ဒြေနုသော သတ္တဝါတို့ကို (သိတော်မူ၏)၊ ကောင်းသော အခြင်းအရာရှိသော သတ္တဝါတို့ကို, မကောင်းသော အခြင်းအရာရှိသော သတ္တဝါတို့ကို (သိတော်မူ၏)၊ သိနားလည်စေရန် လွယ်ကူသော သတ္တဝါတို့ကို, သိနားလည်စေရန် ခဲယဉ်းသော သတ္တဝါတို့ကို (သိတော်မူ၏။) (တရားထူးကိုသိရန်) ဖြစ်ထိုက်သော သတ္တဝါတို့ကို, မဖြစ်ထိုက်သော သတ္တဝါတို့ကို သိတော်မူ၏။ ထိုသို့ သိတော်မူသောကြောင့် ဤမြတ်စွာဘုရားသည် သတ္တဝါအပေါင်းဟူသော သတ္တလောကကိုလည်း ခပ်သိမ်းသော အပြားအားဖြင့် သိတော်မူလေပြီ။
၁၃၇။ သတ္တလောကကို သိတော်မူသကဲ့သို့ပင် (သတ္တဝါတို့၏ တည်နေရာ) ဩကာသလောကကိုလည်း သိတော်မူလေပြီ။ ချဲ့၍ပြရလျှင်- တခုသော စကြဝဠာသည် အလျားအားဖြင့်၎င်း အနံအားဖြင့်၎င်း ယူဇနာပေါင်း တသန်း နှစ်သိန်း သုံးထောင့် လေးရာ့ ငါးဆယ် (၁၂၀၃၄၅၀)ရှိ၏။ ပတ်လည်အားဖြင့်မူကား-
၁- စရိုက်-ဟူသည်မှာ သုစရိုက် ဒုစ္စရိုက်ပင် ဖြစ်သည်။ တနည်းကား ရာဂ ဒေါသ မောဟ သဒ္ဓါ ဗုဒ္ဓိ ဝိတက်ဟူသော စရိုက်၆-ပါးပင် ဖြစ်သည်။ (ဋီကာ)
၂-အဓိမုတ္တိ ဟူသည်မှာ စိတ်နေစိတ်ထား အလိုအာသယပင်ဖြစ်သည်။ တချို့က ယုတ်ညံ့သော စိတ်နေစိတ်ထား ရှိသည်။ ၎င်းကို ဟီနာဓိမုတ္တိပုဂ္ဂိုလ် ခေါ်သည်။ တချို့က မြင့်မြတ်သော စိတ်နေစိတ်ထား ရှိသည်။ ၎င်းကို ပဏီတာဓိမုတ္တိပုဂ္ဂိုလ် ခေါ်သည်။
၁၁၅
(စကြဝဠာတခု၏) အလုံးစုံသော ပတ်လည်အဝန်းသည် (ယူဇနာပေါင်း) သုံးသန်း ခြောက်သိန်း တသောင်း သုံးရာ့ ငါးဆယ် (၃၆၁၀၃၅ဝ)ရှိ၏၁။
ထိုစကြဝဠာ၌-
ဤမဟာပထဝီမြေကြီးကို အထုအားဖြင့် (ယူဇနာ)နှစ်သိန်းလေးသောင်း (၂၄ဝဝဝဝ)ဟူသော ဤမျှ အတိုင်းအရှည်ရှိသည်ဟူ၍ ဆိုအပ်၏၂။
၁- သိပ္ပံဆရာတို့ အဆိုအားဖြင့် ပလူတိုခေါ်သော ဂြိုဟ်သည် နေမှ အဝေးဆုံးဖြစ်သည်၊ ၁-စက္ကန့်လျှင် ၃-မိုင်သွားသည်၊ ၂၄၈-နှစ်မှာ နေကို တပတ် ပတ်မိသည်၊ ၎င်းဂြိုဟ်သည် နေမှ ၃,၆၇၅,ဝ၀ဝ,ဝဝဝမိုင် ဝေးသည်ဟု ဆို၏၊ ထိုအကွာအဝေး၏ ၂-ပြန်ဆိုလျှင်ပင် မိုင်ပေါင်း ၇,၃၅ဝ,ဝဝဝ,ဝဝဝ-ဖြစ်သည်။ ၎င်းမှာ ထိုပလူတိုဂြိုဟ်၏ လမ်းကြောင်းမျှသာ ရှိသေးသည်။ နေစကြဝဠာ၏ အကျယ်အဝန်းကား ထို့ထက်ပင် ကျယ်သည်ဟု ဆိုဖွယ်ရှိသေး၏။ နှီးနှောချင့်ချိန်ကြည့်ရန် ဖော်ပြခြင်း ဖြစ်သည်။
၂- သိပ္ပံဆရာတို့၏ အလိုအားဖြင့် ကမ္ဘာမြေကြီးသည် အပြားမဟုတ်၊ အလုံးဖြစ်သည်။ ၎င်း၏ အချင်းမှာ ၇,၉၁၈-မိုင်မျှသာ ရှိသည်။ လုံးပတ်မှာလည်း ၂၃,၇၅၄-မိုင်မျှသာ ရှိသည်ဟု ဆိုကြသည်။ ယခုခေတ်၌ လေယာဉ်ဖြင့်၎င်း အာကာသယာဉ်ဖြင့်၎င်း ကမ္ဘာမြေကြီးကို အကြိမ်ကြိမ် လှည့်ပတ်နေကြသည့်ပြင် မြေကြီးကို ဓာတ်ပုံများလည်း ရိုက်ပြထားကြောင့် ၎င်းတို့အဆိုကို ငြင်းပယ်ရန် ခဲယဉ်း၏။
၁၁၆
ထိုမဟာပထဝီ မြေကြီး၏ပင်လျှင် အောက်ခံ တည်ရာဖြစ်သော- ရေသည် အထုအားဖြင့် (ယူဇနာ) လေးသိန်း ရှစ်သောင်း (၄၈၀၀၀၀)ဟူသော ဤမျှ အထုရှိသည်ဖြစ်၍ လေထုပေါ်၌တည်လျက် ရှိလေသည်။
ထိုရေထု၏ အောက်ခံ တည်ရာဖြစ်သော- လေသည်လည်း (ယူဇနာ) ကိုးသိန်း ခြောက်သောင်း (၉၆၀၀၀၀)တိုင်အောင် အာကာသ- ဟင်းလင်းပြင်ထဲ၌ သက်ဝင်လျက် ရှိလေ၏။ ဤအတိုင်းအရှည်သည် (လူတို့၏နေရာ) ဩကာသလောက၏ တည်နေပုံတည်း။
ဆက်၍ပြဦးအံ့၊ ဤဆိုခဲ့ပြီးသည့်အတိုင်း ကောင်းစွာ တည်နေသော ဤမြေပြင်လောက၌-
[၂၀၀] မြင့်မိုရ်တောင်မြတ်သည် ယူဇနာ ရှစ်သောင်းလေးထောင် (၈၄၀၀၀) မဟာသမုဒ္ဒရာထဲ၌ နစ်မြုပ်လျက်ရှိ၏၁။ ယူဇနာပေါင်း ထိုမျှလောက် (၈၄၀၀၀)ပင် အထက်ကောင်းကင်သို့ မြင့်တက်လျက် ရှိပေ၏။
ထိုမြင့်မိုရ်တောင်၏ ပမာဏအောက် အစဉ်အတိုင်း ထက်ဝက် ထက်ဝက်သော ပမာဏဖြင့် အောက်၌မြုပ်လျက်
၁- ယခုခေတ်၌ သမုဒ္ဒရာကို တိုင်းထွာသူတို့က အနက်ဆုံးနေရာမှာ ၅-မိုင်ကျော်သာ ရှိသည်ဟု ဆိုကြ၏။ ထို့ကြောင့် ဤ၌ဆိုထားသော ယူဇနာကို အဘယ်သို့သော ယူဇနာနည်းဟု စဉ်းစားဖွယ်ရှိ၏။
၁၁၇
အထက်သို့တက်လျက် ရှိကုန်သော၁ နတ်တို့၏နေရာ ဖြစ်ကုန်သော၁ အမျိုးမျိုးသော ရတနာတို့ဖြင့် ဆန်းကြယ်ကုန်သော၂-
ကြီးကျယ်သော ယုဂန္ဓိုရ်တောင် ဤသဓရတောင် ကရဝိကတောင် သုဒဿနတောင် နေမိန္ဓရတောင် ဝိနတကတောင် အဿကဏ်တောင်- ဟူကုန်သော-
ဤခုနစ်ခုသော တောင်ကြီးတို့သည် မြင့်မိုရ်တောင်၏ ပတ်လည်အရပ်၌ (တည်ရှိကုန်၏)၊ နတ်မင်းကြီးတို့၏ နေရာဖြစ်ကုန်၏၊ နတ်နှင့် ဘီလူးတို့ မှီဝဲနေထိုင်ရာ ဖြစ်ကြပေသည်။
ဟိမဝန္တာတောင်သည် ယူဇနာငါးရာ မြင့်၏၂၊ အလျား အနံအားဖြင့် ယူဇနာသုံးထောင် ကျယ်ပြန့်၏။ ရှစ်သောင်းလေးထောင်သော တောင်ထွတ်တို့ဖြင့် တန်ဆာဆင်ထားသကဲ့သို့ ရှိပေ၏။
နဂ-မသွားတတ်-ဟူသော အမည်ရှိသော၃ ဇမ္ဗုသပြေပင်သည် ပင်စည်၏ လုံးပတ်အားဖြင့် ၁၅-ယူဇနာရှိ၏၊ ပင်စည်နှင့်
၁- ကုန်သော..ဟူသော ဤဝိသေသနပုဒ်များကို တောင်ကြီးတို့သည်ပုဒ်နှင့် စပ်ပါ။
၂-ယခုခေတ်၌ ဟိမဝန္တာတောင်ကို တိုင်းတာသော သူတို့က၎င်း၊ တောင်ထိပ်အရောက် တက်နိုင်သော သူတို့က၎င်း၊ ၅-မိုင်ကျော်မျှသာ မြင့်သည်ဟု ဆိုကြ၏။ ထို့ကြောင့် ဤ၌ ပြထားသော ယူဇနာနှင့် ရှေးကတိုင်းတာပုံကို စဉ်းစားဖွယ် ရှိ၏။
၃- နဂဝှယာ-ပုဒ်၏ အနက်ဖြစ်သည်၊ နဂ-သည် မသွားတတ်သော သစ်ပင်ဟု အနက်ရှိ၏၊ ရုက္ခ-သစ်ပင်-ဟူသည်နှင့် အတူတူပင်၊
၁၁၈
အကိုင်းအခက်တို့၏ အလျားအားဖြင့် ယူဇနာ ငါးဆယ်စီရှိ၏၊ ထက်ဝန်းကျင် ပတ်လည်အားဖြင့် ယူဇနာတရာ ကျယ်ပြန့်၏။ ထိုမျှလောက် (ယူဇနာတရာ)ပင် မြင့်ပေ၏၁၊ ယင်းသပြေပင်၏ အစွမ်းကြောင့် ဇမ္ဗုဒီပ- ဇမ္ဗူဒိပ်ကျွန်းဟု ထင်ရှားပေသည်။
ဆက်၍ဆိုဦးအံ့- ပြဆိုခဲ့သော ဇမ္ဗုသပြေပင်၏ ဤပမာဏသည်ပင်လျှင် အသုရာနတ်တို့၏ စိတြပါဋလိခေါ်သော သခွတ်ပင်၏၎င်း၊ ဂဠုန်တို့၏ လက်ပံပင်၏၎င်း၊ အပရဂေါယာနခေါ် အနောက်ကျွန်း၌ ထိမ်ပင်၏၎င်း၂၊ ဥတ္တရကုရုခေါ် မြောက်ကျွန်း၌ ကပ္ပရုက္ခခေါ် ပဒေသာပင်၏၎င်း၂၊ ပုဗ္ဗဝိဒေဟခေါ် အရှေ့ကျွန်း၌ ကုက္ကိုပင်၏၎င်း၂၊
အဝှယ-အမည်၊ နာမနှင့် အတူတူပင်၊ ပါဠိဂါထာပါဒ၌ အက္ခရာရှစ်လုံးပြည့်အောင် ဆိုထားခြင်းမျှသာ ဖြစ်သည်၊ အနက်အဓိပ္ပါယ်အထူးကား မရှိပေ။
၁- ဤဇမ္ဗုသပြေပင်ကြီးသည် အဘယ်အရပ်၌ တည်ရှိနေသနည်း?ဟူမူ- ဟိမဝန္တပဗ္ဗတေ ဇာတာ ကပ္ပဋ္ဌာယိနီ-ဟူသော အင်္ဂုတ္တရအဋ္ဌကထာ (ပ-နှာ ၃၇၇) အဆိုအရအားဖြင့် ဟိမဝန္တာတောင်ပေါ်၌ တည်ရှိနေသည် တကမ္ဘာပတ်လုံး တည်နေသည်ဟု ဆိုရပေလိမ့်မည်။ ထို့ပြင် သာရတ္ထဒီပနီဋီကာ (ပ-နှာ ၂၅၉)၌မူ “ထိုသပြေပင်ကြီး၏ ဘေးသို့ထွက်သော တခုတခုသော ကိုင်းကြီးများသည် ယူဇနာ ငါးဆယ်စီ ရှိကြသည်ဟူ၍၎င်း၊ ထိုကိုင်းကြီးတို့၌ မဟန္တာ မဟန္တာ နဒိယော သန္ဒန္တိ- ကြီးစွာ ကြီးစွာကုန်သော မြစ်ကြီးများ စီးနေကြသည်”ဟူ၍၎င်း ပြဆိုထားချက် ရှိသေး၏။
၂- ဤထိမ်ပင် ပဒေသာပင် ကုက္ကိုပင်ကြီးများ၏ တည်နေရာကို ဖော်ပြသောကျမ်းစာ မထင်ရှားပေ။
၁၁၉
တာဝတိံသာ နတ်ပြည်တို့၌ ပင်လယ်ကသစ်ပင်၏၎င်း အတိုင်းအရှည် ဖြစ်ပေသည်။ ထို့ကြောင့် ရှေးဆရာတို့က-
“သခွတ်ပင် လက်ပံပင် သပြေပင် နတ်တို့၏ ပင်လယ်ကသစ်ပင် ထိမ်ပင် ပဒေသာပင် (ပမာဏတူညီသော ဤ၆-ပင်သည်) ကုက္ကိုပင်ဖြင့် ခုနစ်ခုမြောက်ဖြစ်သည်”ဟု မိန့်ဆိုကြပေသည်။
စကြဝဠာတောင်သည် မဟာသမုဒ္ဒရာ၌ (ယူဇနာ) ရှစ်သောင်းနှစ်ထောင် သက်ဆင်းနစ်မြုပ်လျက် ရှိ၏၊ ထိုမျှလောက် (ရှစ်သောင်းနှစ်ထောင်)ပင် ရေမျက်နှာပြင်မှ အထက်သို့ မြင့်တက်လျက် ရှိ၏၊ ဤစကြဝဠာတောင်သည် ဆိုခဲ့ပြီးသော အလုံးစုံသော လောကဓာတ်ကို ပတ်ဝန်းကျင်မှ ခြံရံလျက် တည်၏၁။
ထိုလောကဓာတ်၌ လဝန်းသည် ၄၉-ယူဇနာရှိ၏၂၊ နေဝန်းသည် ယူဇနာ ၅၀-ရှိ၏၃၊ တာဝတိံသာနတ်ဘုံသည် ယူဇနာ တသောင်းရှိ၏၊
၁- သိပ္ပံဆရာတို့၏ အဆိုအရ ကမ္ဘာမြေကြီးမှာ အလုံးဖြစ်၍ ဤကဲ့သို့ စကြဝဠာတောင် မရှိ၊ ရှိရန်လည်း လိုမည်မဟုတ်ပေ။
၂- သိပ္ပံဆရာတို့ကမူ လ-၏ အချင်းသည် မိုင်၂၀၀၀-ခန့်၊ လုံးပတ်သည် မိုင် ၆၀၀၀-ခန့် ရှိသည်ဟူ၍၎င်း၊ ဤကမ္ဘာမြေကြီးမှ မိုင်ပေါင်း ၂၄၀,၀၀၀-ခန့် ဝေးသော ကောင်းကင်ပတ်လမ်း၌ ဤကမ္ဘာမြေကြီးကို လှည့်ပတ်နေသည်ဟူ၍၎င်း ဆိုကြ၏။
၃- သိပ္ပံဆရာတို့ကမူ နေသည် အချင်းအားဖြင့် ၈၆၄,၃၉၃မိုင်ခန့် ရှိသည်ဟူ၍၎င်း၊ အလေးချိန်အားဖြင့် ဤကမ္ဘာမြေကြီးမျိုး ၃၂၉,၀၀၀-၏ အလေးချိန်နှင့် ညီမျှသည်ဟူ၍၎င်း၊ ဤကမ္ဘာမြေမှ မိုင်ပေါင်း ၉၂,၈၉၇,၀၀၀-ခန့် ဝေးသည်ဟူ၍၎င်း ဆိုကြ၏။
၁၂၀
ထို့အတူပင် အသုရာနတ်ဘုံသည်၎င်း၊ အဝီစိငရဲကြီးသည်၎င်း၊ ဇမ္ဗူဒိပ်ကျွန်း (အိန္ဒိယ)သည်၎င်း၁ ယူဇနာ တသောင်းစီပင် ရှိ၏။ အပရဂေါယာနကျွန်းသည် ယူဇနာ ခုနစ်ထောင်ရှိ၏။ [၂၀၁) ပုဗ္ဗဝိဒေဟကျွန်းသည် ထို့အတူ ယူဇနာ ခုနစ်ထောင်ရှိ၏။ ဥတ္တရကုရုကျွန်းသည် ယူဇနာ ရှစ်ထောင်ရှိ၏။ ဤကျွန်းကြီး၄-ခုတို့တွင် တခု တခုသော ကျွန်းကြီးသည် ငါးရာ ငါးရာသော ကျွန်းငယ်အခြံအရံ ရှိ၏၂။ ဆိုခဲ့ပြီးသော ထိုအလုံးစုံသည်လည်း တခုသော စကြဝဠာ တခုသော လောကဓာတ် မည်၏။ ထိုသို့သော စကြဝဠာ သုံးခုတို့၏အကြား၌ လောကန္တရိက်ငရဲတို့သည် ရှိကုန်၏၃။
၁- အသောကကျောက်စာတို့၌ ပြည်နီးချင်းနိုင်ငံတို့ကို ဖော်ပြထားသောကြောင့်၎င်း၊ သီရိဓမ္မာသောကမင်းကြီးသည် ဇမ္ဗူဒိပ်တကျွန်းလုံးကို အစိုးရသည်ဟု အဋ္ဌကထာတို့၌ ဆိုသောကြောင့်၎င်း ဒီဃနိကာယ် မဟာဂေါဝိန္ဒသုတ်၌ ဇမ္ဗူဒိပ်ကျွန်းမြေပုံကို မြောက်ဖက်၌ ကျယ်၍ တောင်ဖက်၌ လှည်းဦးသဏ္ဌာန် ရှိသည်ဟု ဆိုသောကြောင့်၎င်း ဇမ္ဗူဒိပ်ကျွန်းဟူသည်မှာ အိန္ဒိယနိုင်ငံပင်ဖြစ်ကြောင်း သိအပ်ပေသည်။
၂- ယခုခေတ်၌ ကျွန်းငယ်တို့သည် ငါးရာစီသာမကပဲ အလွန်များနေသည်ဟု ဆိုကြ၏၊ အင်ဒိုနီးရှား တနိုင်ငံတည်းမှာပင် ကျွန်းပေါင်း သုံးထောင်ကျော်ရှိသည်ဟု ဆို၏။ ထို့ကြောင့် ဤ၌ ဆိုထားသော ကျွန်းငယ်ငါးရာစီမှာ သီဟိုဠ်ကျွန်းကဲ့သို့ လူနေကျွန်းငယ်များကိုသာ ဆိုသည်ဟူ၍၎င်း၊ ကမ္ဘာဦးက တည်ရှိနေပုံကိုသာ ဆိုသည်ဟူ၍၎င်း ယူလျှင် သင့်ရာ၏။
၃- လင်ပန်းကြီးသုံးခုကို စပ်၍ ချထားလျှင် ၎င်းတို့၏ အကြားအရပ်ကဲ့သို့ စကြဝဠာသုံးခုစပ်ရာ အကြားအရပ်တို့၌ လောကန္တရိက်
၁၂၁
ဤဆိုခဲ့သည့်အတိုင်း (တည်နေကုန်သော) အဆုံးအပိုင်းအခြား မရှိကုန်သော အနန္တစကြဝဠာဟု ဆိုအပ်ကုန်သော အနန္တလောကဓာတ်တို့ကို မြတ်စွာဘုရားသည် အဆုံးအပိုင်းအခြားမရှိ သိနိုင်သော ဗုဒ္ဓဉာဏ်တော်ဖြင့် သိတော်မူလေပြီ ဖောက်ထွင်း၍ မြင်တော်မူလေပြီ၊ ဤဆိုခဲ့သည့်အတိုင်း ဩကာသလောကကိုလည်း
ငရဲများ တည်ရှိနေကြသည်၊ ထိုငရဲများ၌ လ-နေတို့၏ အလင်းရောင် မရှိ၊ အမှောင်အတိဖြစ်၏။ ထိုငရဲ၌ ကျရောက်နေသော သတ္တဝါတို့သည် စကြဝဠာနယ်သတ် တောင်ကမ်းပါးရံ၌ လင်းနို့များကဲ့သို့ ရွရွတွားလျက် သွားနေကြ၏၊ တဦးနှင့်တဦး ထိပါး၍ တွေ့ကြသောအခါ အစာဟု ယူဆ၍ ဖမ်းယူသတ်ဖြတ်ကြ၏၊ ထိုသို့ အချင်းချင်း ဖမ်းယူသတ်ဖြတ်ကြသောအခါ တွယ်ကပ်ရာ တောင်ကမ်းပါးရံမှ ပြုတ်ကျကာ ကမ္ဘာမြေ၏ အောက်ခံရေထဲသို့ ကျလေကုန်၏၊ ကျလျှင် အလွန်ခါးစပ်သော ရေထဲ၌ မုန့်ညက်များကဲ့သို့ အရည်ပျော်သွားကြလေ၏၊ ကံမကုန်သေးလျှင် တောင်ကမ်းပါးရံ၌ တဖန် ရောက်နေကြပြန်၏။ အဘယ်သို့သောကံကြောင့် ထိုငရဲ၌ ဖြစ်ရသနည်း?ဟူမူ- အမိအဘ တရားစောင့်သော ရဟန်းသူမြတ်တို့အား ကြမ်းကြုတ်သော ပြစ်မှားမှု နေ့စဉ် ရက်စက်စွာ သတ်ဖြတ်နှိပ်စက်မှု အကုသိုလ်ကံများကြောင့် ထိုငရဲ၌ ဖြစ်ကြရသည် ဟူ၏။ (ဒီဃနိကာယ မဟာဝဂ္ဂအဋ္ဌကထာ နှာ-၂၆) နေစကြဝဠာ သုံးလေးခု၏ အကြားကိုလည်း လောကန္တရိက်ဟု ဆိုနိုင်၏။
ဤအရာ၌ အထူးသတိပြုဖွယ်မှာ- ကမ္ဘာမြေကြီး စသည်နှင့် စကြဝဠာတည်နေပုံ အသေးစိတ်ပြဆိုချက်များကို ပါဠိတော်ကျမ်ဂန်တို့၌ မတွေ့ရပေ။ အိန္ဒိယနိုင်ငံ၌ ရေးသားစီရင်သည်ဟု ယူဆအပ်သော ဝိမုတ္တိမဂ်ကျမ်းတွင်လည်း ဤလောကဝိဒူ ဂုဏ်တော်အဖွင့်၌ ထိုသို့သော ပြဆိုချက် မရှိပေ။
၁၂၂
ဤမြတ်စွာဘုရားသည် ခပ်သိမ်းသော အပြားအားဖြင့် သိတော်မူလေပြီ၁။ ဤသို့ လောကသုံးပါးကို သိပုံအရအားဖြင့်လည်း ခပ်သိမ်းသော အပြားအားဖြင့် လောကကို သိတော်မူပြီးဖြစ်သောကြောင့် လောကဝိဒူ မည်တော်မူပါပေ၏။
(လောကဝိဒူဂုဏ်တော်အဖွင့် ပြီး၏။)
**********
(၆-က) အနုတ္တရဂုဏ်တော်အဖွင့်
၁၃၈။ ထိုမှတပါး မိမိထက် ဂုဏ်တို့ဖြင့် သာလွန်၍ ထူးမြတ်သူ၂ တစုံတယောက်မျှ မရှိသောကြောင့် ဤမြတ်စွာဘုရားထက် လွန်ကဲမြင့်မြဘ်သောသူသည် မရှိပေ၊ ထို့ကြောင့် အနုတ္တရ၃ မည်တော်မူပါပေ၏။ ထိုစကား မှန်ပေ၏- ဤမြတ်စွာဘုရားသည် သီလဂုဏ်ဖြင့်လည်း အလုံးစုံသော (သတ္တဝါအပေါင်းဟူသော) လောကကို
၁- ဤဝါကျသည် နိဂုံးချုပ်စကားဖြစ်သည်။ ထို့ကြောင့် ရှေးဝါကျနှင့် ထပ်တူဖြစ်နေသည်ဟု မထင်မှတ်အပ်ပေ။
၂- သာလွန်၍ ထူးမြတ်သူ မရှိဟူသော စကားရပ်၌ သာလွန်၍-ဟူသော စကားကို ဆိုခြင်းသည် အနုတ္တရ-လွန်ကဲထူးမြတ်သူ မရှိ-ဟူသော ပုဒ်၏ အနက်ဖွင့် ဖြစ်သောကြောင့်ပေတည်း၊ ထူးရုံသာ ထူးမြတ်သောသူရှိသောကြောင့် ဆိုခြင်းကား မဟုတ်ပေ၊ မှန်ပေ၏၊ နတ်များနှင့်တကွသော လောက၌ မြတ်စွာဘုရားနှင့် သဒိသကပ္ပ- တူလုနီးပုဂ္ဂိုလ်သော်လည်း တစုံတယောက်မျှ မရှိချေ။ တူသောသူ အဘယ်မှာရှိအံ့နည်း၊ ထူးမြတ်သူ မရှိသည်၌ ဆိုဖွယ်ပင် မရှိပေ။ (ဋီ)
၃- အန-မရှိ + ဥတ္တရ-လွန်ကဲထူးမြတ်သူ = အနုတ္တရ- လွန်ကဲထူးမြတ်သူ မရှိ၊ အမြတ်ဆုံး ဖြစ်တော်မူပေသော မြတ်စွာဘုရား။
၁၂၃
လွှမ်းမိုး ကျော်လွန်ပေ၏၊ သမာဓိဂုဏ်ဖြင့်လည်း..ပညာဂုဏ်ဖြင့်လည်း.. ဝိမုတ္တိဂုဏ်ဖြင့်လည်း.. ဝိမုတ္တိဉာဏဒဿနဂုဏ်ဖြင့်လည်း လွှမ်းမိုး ကျော်လွန်ပေ၏၊ သီလဂုဏ်ဖြင့်လည်း (တခေတ်တည်း၌) တူသူမရှိပေ၊ တူသူမရှိသော အတိတ် အနာဂတ် ဘုရားတို့နှင့်သာ တူတော်မူပေ၏၊ ပုံတူမရှိပေ တထပ်တည်း တူသူမရှိပေ ပြိုင်ဘက်တူသူမရှိပေ ။ပ။ ဝိမုတ္တိဉာဏဒဿနဂုဏ်ဖြင့်လည်း (တခေတ်တည်း၌) တူသူမရှိပေ.. ပြိုင်ဘက်တူသူ မရှိပေ၊ ဤအဆိုသည် မြတ်စွာဘုရားဟောထားသော အောက်ပါစကားနှင့် အညီပင် ဖြစ်သည်။
“နတ်များနှင့်တကွ မာရ်နတ်နှင့်တကွ ဗြဟ္မာများနှင့် တကွသော လောက၌ ရဟန်းသူမြတ်များနှင့်တကွ လူမင်းဟူသော နတ်များ သာမန် လူအများနှင့် တကွသော သတ္တဝါအပေါင်း၌ မိမိထက်သာလွန်၍ သီလနှင့်ပြည့်စုံသော အခြားသော ရဟန်းကိုသော်၎င်း သူမြတ်ကိုသော်၎င်း မမြင်ပေ” ဤသို့ စသည်ကို ချဲ့၍သိအပ်၏။ ဤအတူပင် အဂ္ဂပသာဒသုတ် စသည်တို့ကိုလည်း (သိအပ်၏)၁။ ငါ့မှာ ဆရာမရှိ-အစရှိသော ဂါထာတို့ကိုလည်း ချဲ့၍ သိအပ်ကုန်၏။
(အနုတ္တရဂုဏ်တော်အဖွင့် ပြီး၏။)
၁- ရဟန်းတို့ အခြေမရှိ သတ္တဝါများ အခြေနှစ်ချောင်းရှိ သတ္တဝါများ အခြေလေးချောင်းရှိ သတ္တဝါများ အခြေများသော သတ္တဝါများ ရုပ်ရှိသတ္တဝါများ ရုပ်မဲ့သတ္တဝါများ သညာရှိသတ္တဝါများ သညာမဲ့ သတ္တဝါများ သညာကြမ်းမရှိမူ၍ သညာနုမကင်းသော သတ္တဝါများတို့သည် အကြင်မျှလောက် ရှိကုန်၏၊ ထိုရှိသမျှ သတ္တဝါတို့ထက် အရဟံ သမ္မာသမ္ဗုဒ္ဓဖြစ်သော မြတ်စွာဘုရားကို အမြတ်ဆုံးဟု ဆိုအပ်ပေ၏။ ရဟန်းတို့ အကြင်သူတို့သည် ဗုဒ္ဓမြတ်စွာဘုရား၌ ကြည်ညိုကုန်၏၊
၁၂၄
(၆-ခ) ပုရိသဒမ္မသာရထိဂုဏ်တော်အဖွင့်
၁၃၉။ ဆုံးမထိုက်သော ယောက်ျား(ပုဂ္ဂိုလ်)တို့ကို သွားစေတတ် မောင်းနှင်တတ်သောကြောင့် ပုရိသဒမ္မသာရထိ၁ မည်တော်မူပေ၏။ (သွားစေတတ်၏-ဟူသော စကားဖြင့်) ယဉ်ကျေးစေတတ်၏ ဆုံးမတတ်၏-ဟု ဆိုလို၏။ ထိုစကားရပ်၌ (ပုရိသဒမ္မ) ဆုံးမထိုက်သော ယောက်ျားတို့ဟူသည်ကား မယဉ်ကျေးကြသည်ဖြစ်၍ ယဉ်ကျေးအောင် ဆုံးမခြင်းငှါ သင့်ကုန်သော တိရစ္ဆာန်ယောက်ျားတို့သည်၎င်း လူယောက်ျားတို့သည်၎င်း နတ်ယောက်ျားတို့သည်၎င်း (ပုရိသဒမ္မ) ဆုံးမထိုက်သောယောက်ျားတို့ မည်ကုန်၏။ ထိုစကား မှန်ပေ၏- မြတ်စွာဘုရားသည် အပလာလနဂါးမင်း, စူဠောဒရ, မဟောဒရ, အဂ္ဂိသိခ, ဓူမသိခ, အရဝါဠနဂါးမင်း၂, ဓနပါလကဟူ၍လည်းခေါ်သော
ထိုသူတို့သည် အမြတ်ဆုံး၌ ကြည်ညိုသည် မည်ကုန်၏၊ အမြတ်ဆုံး၌ ကြည်ညိုသောသူအား အမြတ်ဆုံးအကျိုးသည် ဖြစ်ပွါးလေ၏၊ အမြတ်ဆုံးအကျိုးကို ရလေ၏။ (အဂ္ဂပသာဒသုတ်)
၁- ပုရိသ-ယောက်ျား(ပုဂ္ဂိုလ်) + ဒမ္မ-ဆုံးမထိုက်သည် + သာရထိ-သွားစေတတ်သည်- မောင်းနှင်တတ်သည်- ယဉ်ကျေးစေတတ်သည်- ဆုံးမတတ်သည်= ပုရိသဒမ္မသာရထိ- ဆုံးမထိုက်သော ယောက်ျားတို့ကို သွားစေတတ်- ဆုံးမတတ်သော မြတ်စွာဘုရား။
၂- အပလာလသည် ဟိမဝန္တာ၌နေသော နဂါးမင်းတည်း၊ စူဠောဒရနှင့် မဟောဒရတို့သည် နာဂဒီပကျွန်း၌ နေကြသော နဂါးမင်းတို့တည်း၊ အဂ္ဂိသိခနှင့် ဓူမသိခတို့သည် သီဟိုဠ်ကျွန်း၌နေကြသော နဂါးတို့တည်း။ (ဋီကာ) အရဝါဠနဂါးမင်းကား ကသ္မီရ ဂန္ဓာရ၌နေကြောင်း ဝိနည်းအဋ္ဌကထာ ပ-၄၈-နှာ၌ ပြဆိုထားသည်။
၁၂၅
နာဠာဂိရိဆင် အစရှိကုန်သော တိရစ္ဆာန်ယောက်ျားတို့ကိုလည်း ဆုံးမတော်မူလေပြီ အဆိပ်မရှိအောင် ပြုတော်မူလေပြီ သရဏဂုံနှင့် သီလတို့၌ တည်စေတော်မူလေပြီ။ နိဂဏ္ဌ၏သား သစ္စက, အမ္ဗဋ္ဌလုလင်, ပေါက္ခရသာတိပုဏ္ဏား, သောဏဒန္တပုဏ္ဏား, ကူဋဒန္တပုဏ္ဏား အစရှိကုန်သော လူယောက်ျားတို့ကိုလည်း (ဆုံးမတော်မူလေပြီ)၊ အာဠဝကဘီလူး, သူစိလောမဘီလူး, ခရလောမဘီလူး, သိကြားနတ်မင်း အစရှိကုန်သော နတ်ယောက်ျားတို့ကိုလည်း ယဉ်ကျေးစေတော်မူလေပြီ၊ ဆန်းကြယ်လှကုန်သော ဆုံးမကြောင်းနည်းတို့ဖြင့် ဆုံးမတော်မူလေပြီ၊ မှန်ပေ၏- ဤအရာ၌ “မြင်းဆရာကြီးကေသီ၊ ငါသည် ဆုံးမထိုက်သော ယောက်ျားတို့ကို အနုနည်းဖြင့်လည်း ဆုံးမ၏၊ အကြမ်းနည်းဖြင့်လည်း ဆုံးမ၏၊ အနုအကြမ်း ၂-နည်းလုံးဖြင့်လည်း ဆုံးမ၏” ဤသို့ အစရှိသောသုတ်ကို ချဲ့၍သိအပ်၏၁။
တနည်းသော်ကား မြတ်စွာဘုရားသည် သီလစင်ကြယ်သောသူ စသည်တို့အား ပဌမဈာန်စသည်တို့ကို (ဟောကြားတော်မူလျက်) သောတာပန် စသည်တို့အားလည်း အထက်မဂ်၏အကျင့်ကို ဟောကြားတော်မူလျက် (အတော်အတန်) ယဉ်ကျေးပြီးသော ပုဂ္ဂိုလ်တို့ကိုလည်း (အပြည့်အစုံ ယဉ်ကျေးအောင်) ဆုံးမတော်မူသည်သာတည်း။
(ပုရိသဒမ္မသာရထိ ဂုဏ်တော်အဖွင့် ပြီး၏။)
၁- သုစရိုက်၏ အကျိုးကိုပြ၍ ဆုံးမခြင်းသည် အနုနည်းဖြင့် ဆုံးမခြင်းမည်ကြောင်း၊ ဒုစ္စရိုက်၏ အပြစ်ကိုပြ၍ ဆုံးမခြင်းသည် အကြမ်းနည်းဖြင့် ဆုံးမခြင်းမည်ကြောင်း စသည်ကို ထိုသုတ်၌ ဟောပြထားသည်။
၁၂၆
(၆-ဂ) အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်တော်အဖွင့်
[၂၀၂] တနည်းကား အနုတ္တရော ပုရိသဒမ္မသာရထိ-ဟူသော ဤပုဒ်သည် တခုတည်းသာဖြစ်သော အနက်ပြ ဂုဏ်ပုဒ်ပေတည်း။ မှန်ပေ၏၊ မြတ်စွာဘုရားသည် ဆုံးမထိုက်သော ယောက်ျားတို့ကို တခုတည်းသော ထက်ဝယ်ဖွဲ့ခွေခြင်းဖြင့်သာလျှင် ထိုင်နေကုန်လျက် ငြိတွယ်ဖင့်နွှဲခြင်းမရှိပဲ ရှစ်ပါးသော (သမာပတ်-ဟူသော) အရပ်မျက်နှာများသို့ ပြေးသွားနိုင်အောင် သွားစေတော်မူပေ၏။ ထို့ကြောင့် အနုတ္တရော ပုရိသဒမ္မသာရထိ၁ဟူ၍ ခေါ်ဆိုအပ်ပေသည်။ မှန်ပေ၏- ဤအရာ၌ “ရဟန်းတို့ ဆင်ကို သင်ပြလေ့ကျင့်ပေးသော ဆရာသည် ဆုံးမသင်ပြထိုက်သော ဆင်ကို သွားစေလျှင်-မောင်းနှင်လျှင် (ယင်းဆင်သည်) တခုသော အရပ်မျက်နှာကိုသာလျှင် ပြေး သွား၏” ဤသို့ အစရှိသောသုတ်ကို ချဲ့၍သိအပ်၏၂။
(အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်တော်အဖွင့် ပြီး၏။)
၁- ဆုံးမထိုက်သော ပုဂ္ဂိုလ်တို့အား ညွှန်ကြား သွန်သင် ပဲ့ပြင် ဆုံးမတတ်သော ပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံး အကောင်းဆုံး ဖြစ်တော်မူသော မြတ်စွာဘုရား-ဟု ဆိုလို၏။
၂- မြင်းဆရာက သင်ပြလေ့ကျင့်ပေးထားသော မြင်းသည်လည်း မောင်းနှင်လျှင် တခုသော အရပ်သို့သာလျှင် ပြေးသွားကြောင်းကို ပြပြီးလျှင်, (၁) အတွင်းရုပ်၌ အဆင်းကသိုဏ်း ဈာန် (၂) အပြင်ပ၌ အဆင်းကသိုဏ်းဈာန် (၃) သုဘဈာန် (၄-၇) အရူပဈာန် ၄-ပါးတို့နှင့် (၈) နိရောဓသမာပတ်ဟူသော ရှစ်ပါးသောအရပ်သို့ တထိုင်တည်းဖြင့် ရောက်နိုင်အောင် မြတ်စွာဘုရားက သွန်သင်ညွှန်ပြ ဆုံးမနိုင်သောကြောင့် မြတ်စွာဘုရားသည် အနုတ္တရော ပုရိသဒမ္မသာရထိမည်ကြောင်း ထိုသုတ်၌ ပြဆိုထားသည်။
၁၂၇
(၇) သတ္ထာဒေဝမနုဿာနံဂုဏ်တော်အဖွင့်
၁၄၀။ မျက်မှောက် အကျိုးစီးပွါး တမလွန် အကျိုးစီးပွါး (နိဗ္ဗာန်ဟူသော) မြတ်သော အကျိုးစီးပွါးတို့ဖြင့်၁ ထိုက်သည်အားလျော်စွာ ဆုံးမ သွန်သင်တတ်သောကြောင့် သတ္ထာ (ဆရာ)မည်တော်မူပေ၏၂။ တနည်းသော်ကား လှည်းကုန်သည်အပေါင်း၏ ဦးစီး လှည်းမှူး ခေါင်းဆောင်နှင့် တူတော်မူသောကြောင့် သတ္ထာမည်တော်မူပေ၏၃။ မြတ်စွာဘုရားတည်းဟူသော လှည်းမှူးခေါင်းဆောင်ကို ရ၏။ ဥပမာအားဖြင့် လှည်းမှူးခေါင်းဆောင်သည် လှည်းကုန်သည်တို့ကို ခရီးခဲကို ကူးမြောက်စေ၏၊ ခိုးသူဒမြရှိသော ခရီးခဲကို ကူးမြောက်စေ၏၊ သားရဲရှိသော ခရီးခဲကို ကူးမြောက်စေ၏၊ အစာရခဲသော ခရီးခဲကို ကူးမြောက်စေ၏၊ ရေမရှိသော ခရီးခဲကို
၁- အနုသာသတိ- ဆုံးမညွှန်ကြား၏-ဟူသော ကြိယာပုဒ်သည် ကံ၂-ပုဒ်ရှိသင့်သော ကြိယာဖြစ်သောကြောင့် ညွှန်ကြားအပ်သော အကျိုးစီးပွါးတို့သည်လည်း ကံဖြစ်သင့်ပေ၏။ သို့သော်လည်း ပရမတ္ထေဟိ-ဟု ကရိုဏ်းဝိဘတ်ဖြင့် ဆိုထားသောကြောင့်၎င်း ဋီကာ၌လည်း ဝစနတ္ထဖွင့်ပြပြီးလျှင် တေဟိ-ဟူ၍ ကရိုဏ်းဝိဘတ်ဖြင့်ပင် ပြထားသောကြောင့်၎င်း သဒ္ဒါ-ဟူသည်မှာလည်း ဆိုသောသူ၏ အလိုအားလျော်စွာလည်း ဖြစ်နိုင်သောကြောင့်၎င်း ဤ၌ ပါဠိရှိရင်းအတိုင်း ကရိုဏ်းအနက်သာ ပြန်ထားခြင်းဖြစ်သည်။
၂- ဤအလိုအားဖြင့် သတ္ထာ ဒေဝမနုဿာနံ နတ်လူတို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရား-ဟူသော အနက်ကို သိအပ်၏။
၃- ဤအလိုအားဖြင့် သတ္ထာ ဒေဝမနုဿာနံ နတ်လူတို့၏ လှည်းမှူးခေါင်းဆောင်နှင့်တူစွာ ခရီးညွှန် ဦးစီးခေါင်းဆောင်ကြီး ဖြစ်တော်မူသော မြတ်စွာဘုရားဟူသော အနက်ကို သိအပ်၏။
၁၂၈
ကူးမြောက်စေ၏၊ ကျော်လွန်စေ၏ ကျော်ထွက်စေ၏ လွန်မြောက်စေ၏၊ ဘေးမဲ့အရပ်သို့ ရောက်စေ၏၊ ထို့အတူပင် မြတ်စွာဘုရားတည်းဟူသော လှည်းမှူးခေါင်းဆောင်သည်လည်း သတ္တဝါတို့ကို ခရီးခဲကို ကူးမြောက်စေတော်မူ၏၊ ဘဝအသစ် ဖြစ်ရခြင်းဟူသော ဇာတိခရီးခဲကို ကူးမြောက်စေတော်မူ၏၊ (အိုမင်းရခြင်းဟူသော ဇရာခရီးခဲကို, ဖျားနာရခြင်းဟူသော ဗျာဓိခရီးခဲကို, သေဆုံးရခြင်းဟူသော မရဏခရီးခဲကို ကူးမြောက်စေတော်မူ၏ ကျော်လွန်စေတော်မူ၏။) ဤသို့ အစရှိသော နိဒ္ဒေသနည်းဖြင့်လည်း ဤသတ္ထာဟူသောပုဒ်၌ အနက်ကို သိအပ်၏။ ဒေဝမနုဿာနံ- နတ်လူတို့၏ဟူသည်ကား နတ်တို့၏၎င်း လူတို့၏၎င်း (သတ္တာ-ဆရာပေတည်း)။ ဤနတ်လူတို့၏ ဆရာဟူသော စကားသည် အလွန်အမြတ် သတ္တဝါတို့ကို ပိုင်းခြားခြင်း၏ အစွမ်းအားဖြင့်၎င်း၊ ကျွတ်ထိုက်သော ဘဗ္ဗပုဂ္ဂိုလ်တို့ကို ပိုင်းခြားခြင်း၏ အစွမ်းအားဖြင့်၎င်း ဆိုအပ်သော စကားပေတည်း။ စင်စစ်အားဖြင့်မူကား မြတ်စွာဘုရားသည် အဆုံးအမပေးသောအားဖြင့် တိရစ္ဆာန်တို့၏လည်း ဆရာဖြစ်သည်သာလျှင်တည်း။ မှန်ပေ၏ ထို တိရစ္ဆာန်တို့သည်လည်း မြတ်စွာဘုရား၏ တရားကို ကြားနာခြင်းဖြင့် ဥပနိဿယနှင့် ပြည့်စုံခြင်းသို့ရောက်၍ ထိုဥပနိဿယဖြင့်ပင်လျှင် ဒုတိယဘဝ၌သော်၎င်း၊ တတိယဘဝ၌သော်၎င်း မဂ်ဖိုလ်ကို ရကြလေကုန်၏။ ဤအရာ၌ ဖားနတ်သား စသည်တို့သည် စံပြသာဓကပေတည်း။
ချဲ့၍ပြအံ့- မြတ်စွာဘုရားသည် ဂဂ္ဂရာရေကန်၏ ကမ်းနား၌ စမ္ပာမြို့သူမြို့သားတို့အား တရားဟောနေစဉ် ဖားတကောင်သည် မြတ်စွာဘုရား၏ အသံတော်၌ တရားသံဟူသော နိမိတ်ကိုယူလျက် နာနေ၏၊ နွားကျောင်းသားတယောက်သည် ဝါးရင်းဒုတ်ကိုထောက်၍
၁၂၉
ငေးမော ရပ်တည်လတ်သော် ထိုဖားကို ဦးခေါင်း၌ ဖိထောက်လျက် တည်လေ၏။ ထိုဖားသည် ထိုခဏ၌ပင်လျှင် သေ၍ တာဝတိံသာနတ်ပြည်ဝယ် တဆယ့်နှစ်ယူဇနာရှိသော ရွှေဗိမာန်၌ ဖြစ်လေ၏၊ အိပ်ရာမှ နိုးလာသောသူကဲ့သို့ ထိုဗိမာန်၌ နတ်သ္မီးအပေါင်း ခြံရံလျက်ရှိသော မိမိကိုယ်ကို တွေ့ရသောကြောင့် “အချင်းတို့ ငါသို့သော ဖားသည်သော်လည်း ဤရွှေနတ်ဗိမာန်၌ ဖြစ်ရချေသေး၏၊ အဘယ်သို့သောကံကို ပြုခဲ့လေသနည်း”ဟု ဆင်ခြင်လတ်သော် မြတ်စွာဘုရား၏ တရားသံ၌ နိမိတ်ကိုယူခြင်းမှတပါး အခြား တစုံတခုသော ကောင်းမှုကိုမျှ မတွေ့မမြင်ရပဲရှိလေ၏။ (ထို့ကြောင့်) ထိုဖားနတ်သားသည် ထိုခဏ၌ပင်လျှင် ရွှေဗိမာန်နှင့်တကွ လာလတ်၍ မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်ရှိခိုးလေ၏။ မြတ်စွာဘုရားသည် သိတော်မူလျက်ပင်လျှင်-
“နတ်၏တန်ခိုးဖြင့် အခြံအရံဖြင့် တောက်ပလျက် အလွန် နှစ်သက်ဖွယ် အဆင်းဖြင့် အလုံးစုံသော အရပ်မျက်နှာတို့ကို ထွန်းလင်းစေလျက် ငါ၏ခြေတို့ကို ရှိခိုးသူကား မည်သူနည်း”ဟု မေးတော်မူလေ၏။
[၂ဝ၃] “အကျွန်ုပ်သည် ရှေးဘဝတုန်းက ရေ၌ ရေလျှင်ကျက်စားရာရှိသော ဖားသတ္တဝါဖြစ်ခဲ့ပါသည်၊ အရှင်ဘုရား၏တရားကို နာနေစဉ် နွားကျောင်းသားသည် (ဝါးရင်းဒုတ်ဖြင့် ဖိလျက် ထောက်၍) သေစေခဲ့ပါသည်ဘုရား”ဟု လျှောက်ထားလေ၏။
မြတ်စွာဘုရားသည် ထိုဖားနတ်သားအား တရားကို ဟောတော်မူ၏။ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား တရားထူးသိခြင်း
၁၃၀
ဖြစ်လေ၏။ ဖားနတ်သားသည်လည်း သောတာပတ္တိဖိုလ်၌ တည်ပြီးလျှင် ပြုံးလျက် ဖဲခွါသွားလေသည်။ ဤတွင် တရပ်ပြီး၏။
(သတ္ထာဒေဝမနုဿာနံဂုဏ်တော်အဖွင့် ပြီး၏)။
**********
(၈) ဗုဒ္ဓဂုဏ်တော်အဖွင့်
၁၄၁။ ထိုမှတပါး အမှတ်မရှိ တစုံတခုသော သိအပ် သိထိုက်သော အကြင်(ဉေယျဓံ)တရားသည် ရှိ၏၊ ထိုဉေယျဓံတရား အလုံးစုံကိုပင်လျှင် ဝိမောက္ခန္တိကဉာဏ်တော်များ၏ အစွမ်းဖြင့်၁ သိတော်မူပြီးဖြစ်သောကြောင့် ဗုဒ္ဓမည်တော်မူပါပေ၏၂။ တနည်းကား- လေးပါးသော သစ္စာတို့ကို ကိုယ်တော်တိုင်လည်း သိတော်မူလေပြီ၊
၁- ဝိမောက္ခ-လွတ်မြောက်သော အရဟတ္တမဂ်ဉာဏ်၊ ဝိမောက္ခန္တ- အရဟတ္တမဂ်ဉာဏ်၏ အဆုံး၌ဖြစ်သော အရဟတ္တဖိုလ်ဉာဏ်၊ ဝိမောက္ခန္တိက- ဝိမောက္ခန္တမည်သော အရဟတ္တဖိုလ်သို့ရောက်သည်နှင့် တပြိုင်နက် ပြည့်စုံသွားသော သဗ္ဗညုတဉာဏ် အစရှိသော ဗုဒ္ဓဉာဏ်တော်အလုံးစုံ၊ သဗ္ဗညုတဉာဏ်တော် အစရှိသော ထိုဘုရားဉာဏ်တော်များ၏ အစွမ်းဖြင့် သိသင့် သိထိုက်သော ဉေယျဓံတရား အလုံးစုံကို သိတော်မူသည်ဟု ဆိုလို၏။
၂- သမ္မာသမ္ဗုဒ္ဓ-ပုဒ်ဖြင့် အကျဉ်းအားဖြင့်၎င်း၊ အကျယ်အားဖြင့်၎င်း မြတ်စွာဘုရား၏ သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်း ဘုရားအဖြစ်သို့ ရောက်တော်မူခြင်းကို ပြ၏၊ ဤ ဗုဒ္ဓ-ပုဒ်ဖြင့်မူ ထိုသစ္စာလေးပါးမှ အခြားတပါးသော ဉေယျဓံတရားကိုလည်း သိခြင်းကို ပြ၏။ တနည်းကား သမ္မာသမ္ဗုဒ္ဓ-ပုဒ်ဖြင့် မြတ်စွာဘုရား၏ ပဋိဝေဓဉာဏ်အစွမ်းကို ပြ၏၊ ဗုဒ္ဓ-ပုဒ်ဖြင့် (မြတ်စွာဘုရား၏) ဒေသနာဉာဏ်အစွမ်းကိုလည်း ပြ၏။ (ဋီကာ)
၁၃၁
သတ္တဝါတို့ကိုလည်း သိစေတော်မူလေပြီ၊ ထိုသို့ သိတော်မူခြင်း- သိစေတော်မူခြင်းကြောင့် ဤသို့အစရှိကုန်သော အကြောင်းတို့ဖြင့်လည်း၁ ဗုဒ္ဓမည်တော်မူပါပေ၏။ မှန်ပေ၏၊ ဤဆိုခဲ့သော အနက်ကို သိနားလည်စေရန်အတွက် “သစ္စာတို့ကို သိတော်မူသောကြောင့် ဗုဒ္ဓမည်တော်မူ၏၊ သတ္တဝါအပေါင်းကို သိစေတော်မူသောကြောင့် ဗုဒ္ဓမည်တော်မူ၏” ဤသို့စသည်ဖြင့် ဟောထားသော အလုံးစုံသော နိဒ္ဒေသနည်းကို ဖြစ်စေ၊ ပဋိသမ္ဘိဒါမဂ်နည်းကို ဖြစ်စေ၂ ချဲ့၍ပြအပ်၏၃။
(ဗုဒ္ဓဂုဏ်တော်အဖွင့် ပြီး၏)။
**********
(၉) ဘဂဝါဂုဏ်တော်အဖွင့်
၁၄၂။ ထိုမှတပါး ဘဂဝါ-ဟူသော ဤအမည်သည် ဤမြတ်စွာဘုရား၏ သီလအစရှိသော ဂုဏ်တို့ဖြင့် ထူးတော်မူသောကြာင့်
၁- အလုံးစုံကို သိတော်မူသော (သဗ္ဗညူဖြစ်သော)ကြောင့် ဗုဒ္ဓမည်တော်မူ၏၊ အလုံးစုံကို မြင်တော်မူသော (သဗ္ဗဒဿာဝီ ဖြစ်သော)ကြောင့် ဗုဒ္ဓမည်တော်မူ၏၊ သူတပါးတို့က မသိစေအပ်ပဲ ကိုယ်တော်တိုင်သာလျှင် သိတော်မူသောကြောင့် ဗုဒ္ဓမည်တော်မူ၏ စသည်ဖြင့် နိဒ္ဒေသ၌ ပြထားသော အကြောင်းများကို ဤစကားဖြင့် ရည်ညွှန်းသည်။
၂- နိဒ္ဒေသပါဠိနှင့် ပဋိသမ္ဘိဒါမဂ်ပါဠိသည် (ဤဗုဒ္ဓ-ပုဒ်အဖွင့်၌) ထပ်တူဖြစ်နေသောကြောင့် တခုခုကိုယူရန် အနိယမအနက်ရှိသော ဝါ-သဒ္ဒါ (ဖြစ်စေ-ဟူသော စကား)ဖြင့် ပြထားသည်။ (ဋီကာ)
၃- အထက်ပါ မှတ်ချက်(၁)၌ ပြခဲ့သော အကြောင်း စသည်ပင်။ မဟာနိဒ္ဒေသ ၃၆၃-၌ ရှိ၏။
၄- ဤမြတ်စွာဘုရား၏.. အမည်ပေတည်း-ဟု စပ်ပါ။
၁၃၂
သတ္တဝါအားလုံးတို့ထက် မြတ်တော်မူ၍ အလေးပြုအပ်သော ဆရာမြတ်ကြီး ဖြစ်တော်မူသည့် မြတ်စွာဘုရားအား အလေးပြုသောအားဖြင့် ခေါ်ဆိုအပ်သော အမည်ပေတည်း၁။ ထို့ကြောင့် ရှေးဆရာတို့သည် (အောက်ပါဂါထာကို) မိန့်ဆိုခဲ့လေပြီ-
“ဘဂဝါ-ဟူသော အမည်စကားသည် အထူးသဖြင့် ချီးမွမ်းအပ်သော အမည်ပေတည်း၊ ဘဂဝါ-ဟူသော အမည်စကားသည် မြတ်လှပေ၏၂၊ (အကြင်မြတ်စွာဘုရားသည်) အလေးပြုအပ်သော ဆရာမြတ်ကြီး ဖြစ်ပါပေ၏၊ အလေးပြုအပ်သည်၏ အဖြစ်ဟူသော အလေးပြုထိုက်ကြောင်း သီလစသည်နှင့် ပြည့်စုံတော်မူပေ၏၊ ထိုမြတ်စွာဘုရားကို ဘဂဝါ-ဟူ၍ ခေါ်ဆိုအပ်ပေသည်” (ဤကား ရှေးဆရာတို့၏ ဂါထာတည်း)။
တနည်းကား- အမည်သည် အာဝတ္ထိကအမည်, လိင်္ဂိကအမည်, နေမိတ္တိကအမည်, အဓိစ္စသမုပ္ပန္နအမည်ဟူ၍ လေးပါးအပြားရှိ၏။
၁- အလေးပြုအပ်သော ဆရာကြီးကို ဗြာဟ္မဏတို့က ဂုရု-ဟု ခေါ်သည်။ ဘဂဝါ- ဘဂဝမ်ဟူ၍လည်း ခေါ်သည်၊ နေ-လတို့ကိုလည်း ဘဂဝါ-ဘဂဝမ်ဟု ခေါ်သည်၊ ငှက်များက ဂဠုန်မင်းကို ဘဂဝါ-ဘဂဝမ်ဟု ခေါ်သည့်အနေအားဖြင့်လည်း ပြဆိုသည်။ ထိုနည်းအတူပင် မြတ်စွာဘုရားကို အလေးပြုသောအားဖြင့် ဘဂဝါခေါ်သည်-ဟု ဆိုလိုပေ၏။ ထိုအလိုအားဖြင့် ဘဂဝါ- အလေးပြုအပ်သော အရှင်မြတ်ကြီးဟု ဆိုလိုပေ၏။
၂- ဘဂဝါ-ဟူသော အမည်က အထူးသဖြင့် ချီးမွမ်းအပ် မြင့်မြတ်သောပုဂ္ဂိုလ်ကို ဟောသောကြောင့် ထိုအမည်ကိုလည်း အထူးသဖြင့် ချီးမွမ်းအပ်သည်ဟု ဆိုပေသည်။ မြတ်လှပေ၏-ဟူရာ၌လည်း နည်းတူပင်။
၁၃၃
အဓိစ္စသမုပ္ပန္နအမည် ဟူသည်မှာ လောကီသဒ္ဒါဆရာတို့၏ ဝေါဟာရအားဖြင့် ယဒိစ္ဆကအမည်ပင် ဖြစ်သည်။ ထိုအမည်လေးပါးတို့တွင် (ဝစ္ဆ) နွားငယ်, (ဒမ္မ) ထမ်းပိုးကျင့်လောက်သော နွား, (ဗလိဗဒ္ဓ) ဝန်ရုံးနွားလား- ဤသို့ အစရှိသော အမည်သည် အခိုက်အတန့်ကို စွဲ၍ခေါ်သော (အာဝတ္ထိက) အမည်ပေတည်း၁။ (ဒဏ္ဍီ) ဒုတ်တောင်ဝှေးရှိသူ- ဒုတ်တောင်ဝှေး စွဲကိုင်ထားသူ, (ဆတ္တီ) ထီးရှိသူ ထီးဆောင်းနေသူ, (သိခီ) ဦးစွန်းရှိသူ, (ကရီ) လက်မောင်းရှိသူ နှာခေါင်းရှိသော ဆင် ဤသို့အစရှိသော အမည်သည် အသွင်အပြင်ကို စွဲ၍ခေါ်သော (လိင်္ဂိက) အမည်ပေတည်း၂။ (တေဝိဇ္ဇ) ဝိဇ္ဇာသုံးပါးရှိသူ, (ဆဠဘိည) အဘိညာဉ် ၆-ပါးရှိသူ ဤသို့ အစရှိသော အမည်သည် ဂုဏ်အကြောင်း နိမိတ်ကို စွဲ၍ခေါ်သော (နေမိတ္တိက) အမည်ပေတည်း၃။ သိရိဝဍ္ဎက (ကျက်သရေကို ပွါးစေသူ-ကျွန်),
၁- ဝစ္ဆ ဒမ္မ ဗလိဗဒ္ဓ-ဟူသော အမည်တို့သည် ငယ်စဉ် အခိုက်အတန့်, ထမ်းပိုးကျင့်လောက်စဉ် အခိုက်အတန့်, ဝန်ရုံးနေစဉ် အခိုက်အတန့်တို့ကို စွဲ၍ခေါ်သော အမည်များ ဖြစ်သောကြောင့် ၎င်းတို့ကို အာဝတ္ထိကအမည်ဟု ဆိုသည်။ သူငယ် လူပျို အဖိုးကြီး အစရှိသော အမည်များသည်လည်း အာဝတ္ထိကအမည်များပင်။
၂- ဒဏ္ဍီ အစရှိသော အမည်များသည် ထင်ရှားမြင်ရသော ဒုတ်စသော အသွင်ကိုစွဲ၍ ခေါ်ရသောကြောင့် ၎င်းတို့ကို လိင်္ဂိကအမည်ဟု ဆိုသည်။ ခေါင်းပေါင်းနှင့်လူ စိပ်ပုတီးနှင့် အဖွားကြီး အစရှိသော အမည်များလည်း လိင်္ဂိကအမည်များပင်။
၃- ကျောင်းဆရာ ဆရာဝန် ပညာရှိ စာရေးဆရာ အစရှိသော အမည်များလည်း ဂုဏ်အကြောင်းနိမိတ်ကိုစွဲ၍ ခေါ်ရသောကြောင့် နေမိတ္တိကအမည်များပင် ဖြစ်သည်။
၁၃၄
ဓနဝဍ္ဎက (ဥစ္စာကို ပွါးစေသူ-ကျွန်) ဤသို့ အစရှိသော အမည်သည် သဒ္ဒါနက်ကို မငဲ့မူ၍ ဖြစ်သောကြောင့် အကြောင်းကိုကျော်လွန်၍ ခေါ်သော (အဓိစ္စသမုပ္ပန္န) အမည်ပေတည်း၁။
ဘဂဝါဟူသော ဤအမည်သည်ကား ဂုဏ်အကြောင်းနိမိတ်ကို စွဲ၍ဖြစ်သော နေမိတ္တိကအမည်ပေတည်း၊မယ်တော် မဟာမာယာဒေဝီက ပြုအပ်သည်လည်း မဟုတ်ပေ၊ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက ပြုအပ်သည်လည်း မဟုတ်ပေ၊ ရှစ်သောင်းသော ဆွေတော်မျိုးတော်တို့က ပြုအပ်သည်လည်း မဟုတ်ပေ၊ သိကြား သန္တုဿိတစသော နတ်အထူးတို့က ပြုအပ်သည်လည်း မဟုတ်ပေ။ မှန်ပေ၏- တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တရာမထေရ် ဟောထားသော အောက်ပါစကားလည်း ရှိပေ၏-
“ဘဂဝါဟူသော ဤအမည်သည် မယ်တော်က ပြုအပ်သည်မဟုတ် ။ပ။ ဘဂဝါဟူသော ဤအမည်သည် ဘုန်းတော်ကြီးကုန်သော ဗုဒ္ဓမြတ်စွာဘုရားတို့အား ဝိမောက္ခန္တမည်သော
၁- သိရိဝဍ္ဎက ဓနဝဍ္ဎက ပုဏ္ဏအစရှိသော အမည်များသည် ဟိုရှေးခေတ်က ကျွန်၏အမည်များ ဖြစ်သည်။ ထိုအမည်တို့၏အနက်သည် ကောင်းမြတ်သော်လည်း ထိုကျွန်များသည်ကား ကျက်သရေကို ပွါးစေခြင်းစသော အနက်နှင့်လျော်စွာ မဖြစ်ကြကုန်။ ထိုသို့ အနက်နှင့် မဆီလျော်ပဲ ခေါ်ဝေါ်ရုံမျှသာ ဖြစ်သောကြောင့် အဓိစ္စသမုပ္ပန္နအမည်ဟု ဆိုပေသည်။ အကြောင်းကို မငဲ့ပဲ အကြောင်းမဲ့ ခေါ်ဝေါ်သောအမည်ဟု ဆိုလို၏၊ ယခုကာလ၌ အရပ်ပုသောသူကို မောင်ရှည်ဟုခေါ်သော အမည်ကဲ့သို့ပင်။ ယဒိစ္ဆကအမည် ဟူသည်မှာလည်း အလိုရှိတိုင်း ခေါ်လိုရာ ခေါ်ထားသော အမည်ဟု ဆိုလိုပေ၏။
၁၃၅
အရဟတ္တဖိုလ်ခဏ၌ ရသော အမည်ပေတည်း၊ ဘဂဝါဟူသော ဤအမည်ပညတ်သည် ဘုန်းတော်ကြီးကုန်သော ဗုဒ္ဓ မြတ်စွာဘုရားတို့အား ဗောဓိပင်အောက်၌ သဗ္ဗညုတဉာဏ်ကို ရသည်နှင့်တပြိုင်နက် မျက်မှောက်သိအပ်သော ပညတ်ပည်း”။ ဤကား မဟာနိဒ္ဒေသ စကားတည်း။
၁၄၃။ ဘဂဝါဟူသော ဤအမည်သည် အကြင် ဂုဏ်အကြောင်းနိမိတ်တို့ကို စွဲမှီ၍ ဖြစ်ခဲ့၏။ ထိုဂုဏ်တို့ကို ပြခြင်းငှါ အောက်ပါဂါထာကို မိန့်ဆိုကုန်၏-
[၂ဝ၄] ဘဂီ၁- ဣဿရိယစသော ဘုန်းတော်၆-ပါးနှင့်ပြည့်စုံတော်မူပေ၏။ ထို့ကြောင့် ထိုမြတ်စွာဘုရားကို ဘဂဝါ-ဟု ဆိုအပ်ပေသည်း၊ ဘဇီ၂- ဆိတ်ငြိမ်ရာနှင့် ဈာန်အဘိညာဉ် မဂ်ဖိုလ်တရားထူးများသို့ ကပ်ရောက်တော်မူလေပြီ။
၁- ဘဂ- ဘုန်းတော်၆-ပါး + ဤ-ရှိသည်= ဘဂီ- ဘုန်းတော်၆-ပါးရှိတော်မူသော မြတ်စွာဘုရား။ ဘဂဝန္တု- ဘဂဝါ-ပုဒ်နှင့် အရတူပင်ဖြစ်သည်။ ထိုသို့ ပုဒ်နှင့် ပစ္စည်းအနက် အရတူဖြစ်ကြောင်း သိနိုင်ရန်အတွက် ဘဂီဟူသော ပါဠိရင်းကိုပါ ဤ၌ ဖော်ပြထားသည်။
၂- မှီဝဲခြင်းအနက်ကိုဟောသော ဘဇ-ဓာတ်နောင် တဝန္တု-ပစ္စည်းဖြင့် ဘတ္တဝန္တု- ဘတ္တဝါ-ဟု ပြီးသည်၊ ၎င်းမှ တဖန် တ္တ-ကို ဂ-ပြု၍ ဘဂဝါဟု ပြီးသည်။ ထိုသို့ ရုပ်ပြီးပုံကိုပါ သိနိုင်ရန် ဘဇီ-ဟူသော ပါဠိရင်းကိုပါ ဖော်ပြထားသည်။
၁၃၆
ထို့ကြောင့် ထိုမြတ်စွာဘုရားကို ဘဂဝါ-ဟု ဆိုအပ်ပေသည်။ ဘာဂီ၁-ပစ္စည်းလေးပါးနှင့် အတ္ထရသစသည် ဈာန်ဝိမောက္ခစသည်အဖို့ ရှိတော်မူပေ၏၊ ထို့ကြောင့် ။ပ။ ဆိုအပ်ပေသည်။ ဝိဘတ္တဝါ၂- တရားရတနာကို ဝေဘန် ဟောကြားတော်မူလေပြီ၊ ထို့ကြောင့် ။ပ။ ဆိုအပ်ပေသည်။ အကာသိ ဘဂ္ဂံ၃- ရာဂစသည် ဖျက်ဆီးခြင်းကို ပြုတော်မူလေပြီ၊ ထို့ကြောင့် ။ပ။ ဆိုအပ်ပေသည်။ ဂရု၄- အလေးပြုအပ်သော ဆရာဖြစ်တော်မူပေ၏။ ထို့ကြောင့် ။ပ။ ဆိုအပ်ပေသည်။ ဘာဂျဝါ၅- ဒါန သီလစသော အထွတ်အထိပ် ဘုန်းကံရှိတော်မူပေ၏၊ ထို့ကြောင့် ။ပ။ ဆိုအပ်ပေသည်။ ကာယဘာဝနာစသော
၁- ဘာဂ-အဖို့ + ဤ-ရှိသည် = ဘာဂီ-အဖို့ရှိသည်။ ထို့အတူပင် ဘာဂဝန္တု- ဘာဂဝါ-ပုဒ်သည်လည်း အဖို့ရှိသည်ဟူသော အနက်ကို ဟောပြ၏။ ထိုဘာဂဝါ-မှ အာ-ကို ရဿပြု၍ ဘဂဝါဟု ပြီးသည်။
၂- ဝိဘတ္တဝါနှင့် ဘတ္တဝါ အနက်အတူတူပင်၊ ထိုဘတ္တဝါ-မှ ဘဂဝါ-ဟု ဖြစ်လာသည်။
၃- ဘဂ္ဂ-ဖျက်ခြင်းကို + ကတဝါ-ပြုလေပြီ = ဘဂ္ဂကတဝါ- ဖျက်ခြင်းကို ပြုပြီးသော ဘုရား-ဟု ဖြစ်သည်။ ၎င်းမှတဖန် ဂ-တလုံးနှင့် ကတ-ကို ချေဖျက်၍ ဘဂဝါ-ဟု ပြီးသည်။ တနည်း ဘန္ဇ-ဓာတ်နောင် တဝန္တု-ပစ္စည်းဖြင့် ဘဂ္ဂဝန္တု- ဘဂ္ဂဝါ-ဟု ဖြစ်သည်။ ၎င်းမှတဖန် ဂ-တလုံးကိုချေ၍ ဘဂဝါ-ဟု ပြီးသည်။
၄- အလေးပြုအပ်သောကြောင့် ဘဂဝါ-ဟု ခေါ်ကြောင်း ရှေး၌ ပြခဲ့ပြီ။
၅- ဘာဂျ-ဘုန်းကံ + ဝန္တု-ရှိသည်- ဘာဂျဝန္တု-ဘာဂျဝါ- ဘုန်းကံတော်နှင့် ပြည့်စုံသောဘုရား၊ ၎င်း ဘာဂျဝါ၌ အာကို ရဿပြု၍ ဂျ-၌ ယ-ကို ချေ၍ ဘဂဝါဟု ပြီးသည်။
၁၃၇
များစွာသော ဘာဝနာအစဉ်တို့ဖြင့် (သုဘာဝိတတ္တ၁) ကောင်းစွာ ပွါးစေအပ်ပြီးသော သဘော ရှိတော်မူပေ၏။ ထို့ကြောင့် ။ပ။ ဆိုအပ်ပေသည်။ ဘဝန္တဂ၂- ဘဝ၏အဆုံး နိဗ္ဗာန်သို့ ရောက်တော်မူပေ၏၊ ထို့ကြောင့် ထိုမြတ်စွာဘုရားကို ဘဂဝါ-ဟု ဆိုအပ်ပေသည်” ဤကား နိဒ္ဒေသဂါထာတည်း။
ဆက်၍ ညွှန်ပြဦးအံ့၊ ဤဂါထာ၌ ဘာဂီ-အစရှိသာ ထိုထိုပုဒ်တို့၏ အနက်ကို နိဒ္ဒေသ၌ အကျယ်ပြဆိုထားသော နည်းဖြင့်ပင်လျှင် မှတ်အပ်ပေသည်၃။
၁၄၄။ ယခုဆိုမည့် အဖွင့်သည်ကား နိဒ္ဒေသနည်းမှ တပါးသော အဋ္ဌကထာနည်းပေတည်း။
ဘာဂျဝါ- ဘုန်းကံတော်နှင့် ပြည့်စုံတော်မူပေ၏၊ ဘဂ္ဂဝါ- ဖျက်ဆီးတော်မူလေပြီ၊ ဘဂမည်သော ဣဿရိယ စသည်တို့နှင့်
၁- ဘာဝိတဝန္တု- ဘာဝိတဝါ- ပွါးစေပြီးသောဘုရား။ ၎င်း ဘာဝိတဝါ-မှ ဘဂဝါ-ဟု နိရုတ္တိနည်းဖြင့် အာ-ကို ရဿပြု၊ ဝိ-ကို ချေ၊ တ-ကို ဂ-ပြု၍ ပြီးသည်။
၂- ဘဝန္တ- ဘဝ၏အဆုံး နိဗ္ဗာန်သို့ + ဂ-ရောက်သည် = ဘဝန္တဂ- ဘဝ၏အဆုံး နိဗ္ဗာန်သို့ ရောက်တော်မူသော ဘုရား။ ထိုဘဝန္တဂ-မှ ဝန္တနှင့် ဂ-ကို ရှေ့နောက်ပြန် ဘဂဝန္တ-ဘဂဝါ-ဟု ပြီးသည်။
၃- အထက်၌ ပြန်ထားသော အနက်သည် နိဒ္ဒေသနှင့်အညီ အကျဉ်းချုပ်ပြန်ထားသော အနက်ဖြစ်သည်။ အပြည့်အစုံသိလိုလျှင် မဟာနိဒ္ဒေသ နှာ ၁၆၂-၌ ကြည့်ပါ။
၁၃၈
ယှဉ်တော်မူပေ၏၊ ဝိဘတ္တဝါ- ဝေဘန် ဟောကြားတော်မူလေပြီ၊ ဘတ္တဝါ- ဆည်းကပ်တော်မူလေပြီ၊ (ဘဝေသု) ဘဝတို့၌ (ဝန္တဂမနော) သွားသောတဏှာကို ထွေးအန်တော်မူလေပြီ၊ ထို့ကြောင့် ဘဂဝါမည်တော်မူပေ၏။ ဤကား ခေါင်းစဉ် သင်္ဂဟဂါထာတည်း။
ထိုဂါထာ၌ (၁) ဝဏ္ဏာဂမ- အက္ခရာလာသောနည်း၊ ဝါ- အက္ခရာဖြည့်စွက်သောနည်း၊ (၂) ဝဏ္ဏဝိပရိယာယ- အက္ခရာ ရှေ့နောက်ပြန်သောနည်း၊ (၃) ဝဏ္ဏဝိကာရ- အက္ခရာ ဖောက်ပြန် ပြောင်းလဲသောနည်း၊ (၄) ဝဏ္ဏလောပ- အက္ခရာကို ချေဖျက် နုတ်ပယ်သောနည်း၊ (၅) ဓာတု-အတ္ထာတိသယ- ဓာတ်၏ ပိုလွန်သော အနက်ရှိသောနည်းဟူသော နိရုတ္တိကျမ်းလာ လက္ခဏာကို ယူ၍သော်၎င်း၁၊ (ရိုးရိုး ရုပ်ပြီးစီရင်ပုံကို ပြသော) သဒ္ဒါကျမ်းနည်းဖြင့် ပိသောဒရာဒိဂိုဏ်း၌ ထည့်သွင်းခြင်း လက္ခဏာကို ယူ၍သော်၎င်း၁ (ငါတို့ဆရာဖြစ်သော) ဤမြတ်စွာဘုရားမှာ လောကီ လောကုတ္တရာ ချမ်းသာတို့ကို ဖြစ်စေတတ်သော ဒါန သီလ အစရှိသော အထွတ်အထိပ်သို့ရောက်သော ဘာဂျခေါ် ဘုန်းကံတော်သည် ရှိပေ၏၊ ထို့ကြောင့် ဘာဂျဝါဟု ဆိုသင့်ရာ၌ ဘဂဝါ၂-ဟု ခေါ်ဆိုအပ်ပေသည်ဟူ၍ သိအပ်၏။ (၁)
၁- ယူ၍သော်၎င်း.. ဘဂဝါ-ဟု ခေါ်ဆိုအပ်ပေသည်ဟူ၍ သိအပ်ပေ၏-ဟု စပ်ပါ။
၂- နှာ ၁၃၆- မှတ်ချက်(၅)နှင့် တူ၏။
၁၃၉
ထို့ပြင် လောဘ, ဒေါသ, မောဟ, ဖောက်ပြန်သော မနသိကာရ၁၊ အဟိရိက- အကုသိုလ်မှ မရှက်ခြင်း၂, အနောတ္တပ္ပ- အကုသိုလ်မှ မထိတ်လန့်ခြင်း၊ ကောဓ- အမျက်ထွက်ခြင်း, ဥပနာဟ-ရန်ငြိုးဖွဲ့ခြင်း၊ မက္ခ-သူ့ကျေးဇူးကို ချေဖျက်ခြင်း, ပဠာသ-ဂုဏ်မြင့်သူနှင့် တန်းတူပြု၍ ဖက်ပြိုင်ခြင်း၊ ဣဿာ-မနာလိုခြင်း, မစ္ဆရိယ-ဝန်တိုခြင်း၊ မာယာ-မိမိအပြစ်ကို ဖုံးကွယ်လှည့်စားခြင်း, သာဌေယျ- မရှိသောဂုဏ်ဖြင့် ဟန်ဆောင်လျက် ကောက်ကျစ်ခြင်း၊ ထမ္ဘ-မရိုသေ မညွတ်ကိုင်းနိုင်အောင် ခက်ထန်ခြင်း, သာရမ္ဘ- သူ့ထက်သာအောင်ပြု၍ ချုတ်ချယ်ချိုးနှိမ်ခြင်း၊ မာန်တက်ခြင်း, အလွန်မာန်တက်ခြင်း၊ မာန်ယစ်ခြင်း, မေ့လျော့ခြင်း၊ တဏှာ, အဝိဇ္ဇာ၊ သုံးပါးစီ အပြားရှိသော အကုသိုလ်မူလ ဒုစ္စရိုက် သံကိလေသ၃ မလ-အညစ်အကြေး၄ ဝိသမ-မညီညွတ်မှု၄ သညာ၅ ဝိတက် ပပဉ္စ၆၊ လေးပါးစီ အပြားရှိသော ဝိပလ္လာသ၇
၁- ဤတိုင်အောင် ၄-ပုဒ်ဖြင့် တပါးစီသာ ကိလေသာတို့ကို ပြသည်။
၂- ဤအဟိရိက-မှ အဝိဇ္ဇာတိုင်အောင် ၂-ခုတွဲ တစုံ တစုံသော ကိလေသာတို့ကို ပြသည်။
၃- သံကိလေသ- ညစ်နွမ်းကြောင်း ၃-ပါး ဟူသည်မှာ တဏှာ, ဒိဋ္ဌိ, ဒုစ္စရိုက်- ဤသုံးပါးပင်။
၄- မလ ၃-ပါး ဟူသည်မှာ ရာဂ ဒေါသ မောဟ- ဤသုံးပါးပင်။ ဝိသမ ၃-ပါးလည်း ရာဂ ဒေါသ မောဟတို့ပင်။
၅- သညာ ၃-ပါး ဟူသည်မှာ ကာမသညာ ဗျာပါဒသညာ ဝိဟိံသသညာတို့ပင်တည်း။
၆- ပပဉ္စ- ချဲ့တတ်သောတရား၊ ယင်း ၃-ပါးမှာ တဏှာ ဒိဋ္ဌိ မာနတို့ပင် ဖြစ်သည်။
၇- ဝိပလ္လာသ ၄-ပါး စသည်တို့၏ သရုပ်ကို ဝိသုဒ္ဓိမဂ်-မြန်မာပြန် စတုတ္ထတွဲ နှာ ၄၆၄-၄၆၅-တို့၌ ကြည့်ပါ၊ စာပိုဒ်နံပါတ် (၈၂၉)နှင့် ဆိုင်၏။
၁၄၀
အာသဝ ဂန္ထ ဩဃ ယောဂ အဂတိ တဏှာ၏ဖြစ်ခြင်း၁ ဥပါဒါန်၊ ငါးပါးစီ အပြားရှိသော စေတောခိလ၂ စေတောဝိနိဗန္ဓ၃ နီဝရဏ အဘိနန္ဒန၄၊ ၆-ပါးသော ဝိဝါဒမူလ၅ တဏှာကာယ၆၊ ခုနစ်ပါးသော အနုသယ
၁- သင်္ကန်း ဆွမ်း ကျောင်းတို့ကို အကြောင်းပြု၍ တဏှာဖြစ်ခြင်း ၃-ပါး၊ ဣတိ ဘဝါဘဝ- အထွေထွေကို အကြောင်းပြု၍ တဏှာဖြစ်ခြင်း ၁-ပါး၊ ဤ၄-ပါးကို တဏှုပ္ပါဒဟု ခေါ်သည်။
၂- စေတောခိလ- စိတ်၏ငြောင့်ငါးပါး၊ ၎င်းတို့မှာ ဘုရား၌ တရား၌ သံဃာ၌ အကျင့်သိက္ခာ၌ ယုံမှားခြင်း ၄-ပါးနှင့် သီတင်းသုံးဖော်တို့၌ အမျက်ထွက်ခြင်းပင် ဖြစ်သည်။
၃- စေတောဝိနိဗန္ဓ- စိတ်၏ အနှောင်အဖွဲ့ငါးပါး၊ ၎င်းတို့မှာ ကာမဂုဏ်၌ တပ်စွဲနေခြင်း၊ မိမိကိုယ်၌ တပ်စွဲနေခြင်း၊ အပြင်ပရုပ်၌ တပ်စွဲနေခြင်း၊ အလိုရှိတိုင်းစား၍ အိပ်စက်ချမ်းသာ နံပါးစောင်း ပြောင်းအိပ်ချမ်းသာ ငိုက်မျဉ်းချမ်းသာတို့ကို ခံစားနေခြင်း၊ နတ်ဘဝကို တောင့်တ၍ ကျင့်ခြင်း၊ ဤငါးပါးပင် ဖြစ်သည်။
၄- အဘိနန္ဒနငါးပါး ဟူသည်မှာ ရူပါရုံစသော အာရုံငါးပါးတို့၌ နှစ်သက်ပျော်မွေ့နေခြင်း ငါးပါးပင်။
၅- ဝိဝါဒမူလ- ငြင်းခုံခြင်း၏ အကြောင်းရင်း ၆-ပါး၊ ၎င်းတို့မှာ ကောဓ, ဥပနာဟ တစုံ၊ မက္ခ, ပဠာသ တစုံ၊ ဣဿာ, မစ္ဆရိယ တစုံ၊ သာဌေယျ, မာယာ တစုံ၊ ပါပိစ္ဆာ ယုတ်မာသောအလို, မိစ္ဆာဒိဋ္ဌိ တစုံ၊ သန္ဒိဋ္ဌိပရာမာသ- မိမိအယူကို မှားယွင်းစွာ သုံးသပ်ခြင်း, အာဓာနဂ္ဂါဟ-မြဲမြံစွာ ဆုပ်ကိုင်ထားခြင်း, ဒုပ္ပဋိနိဿဂ္ဂ- မစွန့်လွှတ်နိုင်ခြင်း၊ ၃ပါးတွဲ တစုံ၊ ဤ၆-စုံတို့ပင် ဖြစ်သည်။
၆- တဏှာကာယ- တဏှာပေါင်း ၆-ပါးဟူသည်မှာ ရူပါရုံစသော အာရုံ၆-ပါးတို့၌ဖြစ်သော တဏှာ၆-မျိုးပင်တည်း။
၁၄၁
ရှစ်ပါးသော မိစ္ဆတ္တ၁၊ ၉-ပါးသော တဏှာမူလက- တဏှာအရင်းခံသောတရား၂၊ ဆယ်ပါးသော အကုသိုလ်ကမ္မပထ၊ ၆၂-ပါးသော မိစ္ဆာဒိဋ္ဌိ၃၊ ၁ဝ၈-ပါးသော တဏှာဝိစရိုက်၄ အပြားရှိကုန်သော၅ အလုံးစုံကုန်သော ပူပန်ခြင်း ပူလောင်ခြင်းကို ပြုတတ်ကုန်သော တသိန်းမက များလှစွာကုန်သော၆ ကိလေသာတို့ကို
၁- မိစ္ဆတ္တရှစ်ပါးကို ဝိသုဒ္ဓိမဂ်-မြန်မာပြန် စတုတ္ထတွဲ နှာ ၄၆၂-ကြည့်ပါ၊ စာပိုဒ်နံပါတ် (၈၂၉)နှင့် ဆိုင်၏။
၂- တဏှာကို စွဲမှီ၍ ရှာသည်၊ ရှာခြင်းကြောင့် ရသည်၊ ရခြင်းကြောင့် ငါ့ဘို့ သူ့ဘို့ စသည်ဖြင့် ဆုံးဖြတ်သည်၊ ဆုံးဖြတ်ခြင်းကြောင့် ဆန္ဒရာဂ-နှစ်သက်တပ်စွဲခြင်း ဖြစ်သည်၊ ဆန္ဒရာဂကြောင့် အဇ္ဈောသာန- ငါ့ဟာဟု လွှမ်းမိုး၍ အဆုံးသတ်ခြင်း ဖြစ်၏၊ ၎င်းကို စွဲမှီ၍ သိမ်းဆည်းရ၏။ ၎င်းကို စွဲမှီ၍ မစ္ဆရိယဖြစ်၏။ မစ္ဆရိယကို စွဲမှီ၍ စောင့်ရှောက်ရ၏၊ စောင့်ရှောက်ရခြင်းကြောင့် ဒုတ် ဓား ကိုင်ခြင်း ငြင်းခုံခြင်း စသည်တို့ ဖြစ်ကုန်၏၊ ဤသည်ကား တဏှာအရင်းခံရှိသော တရား၉-ပါးပေတည်း။
၃- မိစ္ဆာဒိဋ္ဌိ ၆၂-ပါးကို သုတ်သီလက္ခန် ပါဠိတော် ဗြဟ္မဇာလသုတ်၌ ကြည့်ပါ။
၄- တဏှာဝိစရိုက် ၁၀၈-ပါးကို အဘိဓမ္မာ ဝိဘင်းကျမ်း နှာ ၄၀၆-စသည်၌ ကြည့်ပါ။
၅- လောဘ အပြားရှိကုန်သော ဒေါသ အပြားရှိကုန်သော စသည်ဖြင့် ပုဒ်တိုင်းနှင့်ယှဉ်၍ ယူရန် ဋီကာ၌ ဖွင့်ပြထားသည်။
၆- သတသဟဿာနိ-ပုဒ်၏ အနက်ဖြစ်သည်။ ဤသင်္ချာမျိုးကို အနေကသင်္ချာဟူ၍ ခေါ်သည်၊ များပြားသည်ကိုသာ သိစေလိုရင်း ရှိသည်၊
၁၄၂
(ဖျက်ဆီးတော်မူလေပြီ) အကျဉ်းချုပ်အားဖြင့်မူကား ကိလေသမာရ် ခန္ဓမာရ် အဘိသင်္ခါရမာရ် ဒေဝပုတ္တမာရ် မစ္စုမာရ်ဟူသော ငါးပါးသော မာရ်တို့ကို ဖျက်ဆီးတော်မူလေပြီ၊ ဤကိလေသာရန်သူတို့ကို ထိုသို့ ဖျက်ဆီးတော်မူပြီး ဖြစ်သောကြောင့် ဘဂ္ဂဝါ-ဟု ဆိုသင့်ရာ၌ ဘဂဝါဟု၁ ခေါ်ဆိုအပ်ပေသည်။ ဤအရာ၌ အောက်ပါ အကျဉ်းချုပ် သင်္ဂဟဂါထာကို (ဆရာတပါးက) မိန့်ဆိုထားသေး၏-
“(မြတ်စွာဘုရားသည်) ဘဂ္ဂရာဂ- ဖျက်ဆီးအပ်ပြီးသော ရာဂရှိတော်မူ၏၊ ဝါ-ရာဂကို ဖျက်ဆီးတော်မူလေပြီ၊ ဒေါသကို ဖျက်ဆီးတော်မူလေပြီ၊ မောဟကို ဖျက်ဆီးတော်မူလေပြီ၊ အာသဝေါမရှိ ကင်းစင်တော်မူပေ၏၊ ဤမြတ်စွာဘုရားသည် ယုတ်မာသော အကုသိုလ်တရားတို့ကို ဖျက်ဆီးတော်မူ(အပ်ကုန်)ပြီ၊ ထို့ကြောင့် ဘဂဝါ-ဟု ခေါ်ဆိုအပ်ပေသည်။ (၂)
တသိန်းတိတိဟု ဆိုလိုသည်ကား မဟုတ်ပေ၊ နေကို သတရံသိ- ရောင်ခြည်တရာရှိသည်။ သဟဿတေဇော- အပူရှိန်တထောင် ရှိသည်-ဟု ဆိုသကဲ့သို့ပင် ထိုစကားတို့၌လည်း နေ၌ ရောင်ခြည် အပူရှိန် များပြားသည်ကိုသာ သိစေလို၏၊ တရာတိတိ တထောင်တိတိ ဟူ၍ကား မဆိုလိုပေ။
၁- ဘန္ဇ + တဝန္တု-မှ ဘဂ္ဂဝန္တု- ဘဂ္ဂဝါ-ဟု ပြီးစေ၍ ၎င်းမှ ဂ-တလုံးကိုချေ၍ ဘဂဝါ-ဟု ပြီးစေအပ်၏။ တနည်းကား ဘဂ္ဂ-ဖျက်ဆီးခြင်း + ဝန္တု-ရှိသည် = ဘဂ္ဂဝန္တု- ကိလေသာတို့ကို ဖျက်ဆီးခြင်းရှိသည်။ ၎င်းမှ ဂ-တလုံးကိုချေ၍ ဘဂဝန္တု- ဘဂဝါ-ဟု ပြီးစေအပ်၏။
၁၄၃
ဥပစာနည်းဖြင့် ပြပုံကို ဆက်၍ ဆိုဦးအံ့၊ (ဘာဂျဝတာ) ဘုန်းကံတော်နှင့် ပြည့်စုံခြင်းဖြင့်၁ အရာမက များလှစွာသော ဘုန်းကံကြောင့်ဖြစ်သည့် မဟာပုရိသလက္ခဏာတို့ကိုဆောင်သော ထိုမြတ်စွာဘုရား၏ ရူပကာယ၏ ပြည့်စုံခြင်းကို (ကာရဏူပစာဖြင့်) ပြ(အပ်)ပေ၏၊ (ဘဂ္ဂဒေါသတာ) အကုသိုလ်အပြစ်တို့ကို ဖျက်ဆီးပြီးဖြစ်ခြင်းဖြင့် ဓမ္မကာယ၏ ပြည့်စုံခြင်းကို ပြ(အပ်)ပေ၏၂။ ထို့အတူ (ဘာဂျဝတာဖြင့်) လူများစု၏ များစွာ မြတ်နိုးအပ်သည်၏ အဖြစ်ကို (ပြပေ၏)။ (ဘဂ္ဂဒေါသတာဖြင့်) စူးစမ်းဆင်ခြင်တတ်သော
၁- ဘုန်းကံတော်နှင့် ပြည့်စုံခြင်းဖြင့်.. ရူပကာယ၏ ပြည့်စုံခြင်းကို ပြ(အပ်)ပေ၏-ဟု စပ်ပါ။ ဆိုလိုသည်မှာ ဘဂျဝါ-မှ ဖြစ်လာသော ဘဂဝါပုဒ်ဖြင့် မြတ်စွာဘုရားမှာ အထွတ်အထိပ် ဘုန်းကံတော်နှင့် ပြည့်စုံကြောင်းကို တိုက်ရိုက်ပြ၏ သိစေ၏၊ ထိုသို့ ဘုန်းကံတော်နှင့် ပြည့်စုံလျှင် ထို၏အကျိုးဖြစ်သော ရုပ်လက္ခဏာတော်သည်လည်း ပြည့်စုံသည်ဟု သိနိုင်ပေ၏၊ ထိုသို့ သိစေနိုင်ခြင်းကိုပင် ဘာဂျဝတာ- ဘုန်းကံနှင့် ပြည့်စုံခြင်းဖြင့် ပြသည်ဟု ဆိုပေသည်။ ဤသို့ အကြောင်းကိုပြသဖြင့် အကျိုးကိုလည်း ပြခြင်းကိစ္စပြီးသည်ကို ကာရဏူပစာဖြင့် ပြသည်ဟု ကျမ်းဆရာတို့က ဆိုကြ၏။ နောက်၌လည်း နည်းတူပင်။
၂- ဘဂ္ဂဝါ-မှ ဖြစ်လာသော ဘဂဝါပုဒ်ဖြင့် မြတ်စွာဘုရားမှာ အကုသိုလ်အပြစ်များ လုံးဝ ကင်းစင်ကြောင်းကို တိုက်ရိုက်ပြ၏၊ ထိုသို့ အပြစ်ကင်းစင်လျှင် မြတ်စွာဘုရား၏သန္တာန်၌ တရားဂုဏ်အပေါင်း ပြည့်စုံနေကြောင်းကိုလည်း သိနိုင်ပေ၏။ ဤသို့ သိနိုင်သည်ကိုပင် ဘဂ္ဂဒေါသတာဖြင့် ပြသည်ဟု ဆိုပေသည်။
၁၄၄
ပညာရှိတို့၏ များစွာ မြတ်နိုးအပ်သည်၏အဖြစ်ကို (ပြပေ၏၁)၊ (ဘာဂျဝတာဖြင့်) (မင်းအစရှိသော) လူတို့၏ ချဉ်းကပ်အပ်သည်၏ အဖြစ်ကို (ပြပေ၏)၊ (ဘဂ္ဂဒေါသတာဖြင့်) (ရသေ့ပရိဗိုဇ်စသော) ရှင်ရဟန်းတို့၏ ချဉ်းကပ်အပ်သည့်အဖြစ်ကို (ပြပေ၏)၂။ ချဉ်းကပ်လာကုန်သော ထိုလူနှင့် ရှင်ရဟန်းတို့၏ [၂၀၅] ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို ပယ်ခြင်း၌ စွမ်းနိုင်သည်၏အဖြစ်ကိုလည်း (ပြပေ၏)၃၊ အာမိသကို ပေးကမ်းချီးမြှင့်ခြင်း ဓမ္မကို ပေးကမ်းချီးမြှင့်ခြင်းတို့ဖြင့် (ထိုလူနှင့် ရှင်ရဟန်းတို့အား) ကျေးဇူးပြုလေ့ရှိခြင်းကို(လည်း
၁- ဝိသုဒ္ဓိမဂ်၌ တဝါကျတည်းဖြင့် ပေါင်း၍ ပြထားသည်ကို နားလည်လွယ်စေရန် ၂-ဝါကျခွဲလျက် လိုက်ပုဒ်များနှင့်လည်း ယှဉ်၍ ပြန်ထားသည်။ ရှိရင်းအတိုင်း အတိအကျပြန်လျှင်ကား “ထို့အတူ လူများစုနှင့် စူးစမ်းဆင်ခြင်တတ်သော ပညာရှိတို့၏ များစွာ မြတ်နိုးအပ်သည်၏အဖြစ်ကို (ပြအပ်ပေ၏)”ဟု ဖြစ်သည်။ သုတနည်းသူတို့ ကောင်းကောင်းနားလည်ရန် ခဲယဉ်း၏။
၂- ဤ၌လည်း နည်းတူပင် ၂-ဝါကျ ခွဲပြန်ထားသည်။
၃- အဘယ့်ကြောင့် ဆင်းရဲကို ပယ်နိုင်သနည်း?ဟူမူ- “အခြားမဲ့ဝါကျ၌ ပြလတံ့သာ အာမိသဒါန, ဓမ္မဒါနတို့ဖြင့် ကျေးဇူးပြုလေ့ ရှိသောကြောင့်ပင်”ဟု အကြောင်းပြပြီးလျှင် “မြတ်စွာဘုရား၏ ရူပကာယ ကိုယ်တော်ကို ပကတိမျက်စိဖြင့် ဖူးမြင်ရခြင်းကြောင့် လူတို့မှာ ဆင်းရဲငြိမ်းသည်၊ မြတ်စွာဘုရား၏ ဓမ္မကာယကို ပညာမျက်စိဖြင့် ဖူးမြင်ရခြင်းကြောင့် ရှင်ရဟန်းတို့မှာ ဆင်းရဲငြိမ်းသည်၊ ထိုသို့ ရူပကာယကို ဖူးမြင်စေခြင်းဟူသော အာမိသဒါန, ဓမ္မကာယကို ဖူးမြင်စေခြင်းဟူသော ဓမ္မဒါနတို့ဖြင့် ဆင်းရဲနှစ်ပါးကို ငြိမ်းစေသောကြောင့် ဆင်းရဲကိုပယ်ခြင်း၌ စွမ်းနိုင်သည်”ဟု ဋီကာ၌ ဖွင့်ပြထား၏။
၁၄၅
ပြပေ၏)၁၊ လောကီချမ်းသာ လောကုတ္တရာချမ်းသာတို့နှင့် ယှဉ်စေခြင်း၌ စွမ်းနိုင်သည်၏ အဖြစ်ကိုလည်း၂ ပြ(အပ်)ပေ၏။
ထို့ပြင် လောက၌ (ဝါ-လောကီကျမ်း၌) ဘဂ-သဒ္ဒါသည် (၁) ဣဿရိယ-အစိုးရခြင်း (၂) ဓမ္မ-တရား (၃) ယသ-ကျော်စောခြင်း (၄) သိရီ-ကျက်သရေ (၅) ကာမ-အလိုအတိုင်း ပြီးစေနိုင်ခြင်း (၆)ပယတ္တ-လုံ့လ-ဟု ဆိုအပ်ကုန်သော ၆-ပါးကုန်သော ဘုန်းတန်ခိုးတရားတို့၌ ဖြစ်၏ (ဝါ-ဖြစ်သည်ဟု ဆို၏)။ (ငါတို့၏ဆရာဖြစ်သော) ဤမြတ်စွာဘုရားမှာလည်း မိမိ၏စိတ်၌ အလွန်အကဲဆုံး အမြတ်ဆုံးဖြစ်သော အစိုးရပိုင်နိုင်ခြင်း(ဟူသော ဣဿရိယ)ဘုန်းတော်သည် (ရှိပေ၏)၊ လောကီကျမ်းဆရာတို့က အလေးအမြတ် သမုတ်အပ်သော (အဏုမြူသဖွယ် သေးငယ်အောင် ဖန်ဆင်းနိုင်ခြင်းဟူသော) အဏိမာတန်ခိုး, (ကောင်းကင်၌ သွားခြင်း စသည်ဖြင့်
၁- ဤ၌ မိမိ၏ ရူပကာယကို လူတို့အား ဖူးမြင်စေခြင်းကို အာမိသဒါန- အာမိသကို ပေးကမ်းချီးမြှင့်ခြင်းဟု ဆိုသည်၊ ဓမ္မကာယကို ရှင်ရဟန်းတို့အား သိမြင်စေခြင်းဖြင့် ဓမ္မဒါန- တရားကို ပေးကမ်းချီးမြှင့်ခြင်းဟု ဆိုသည်။ ထို၂-ပါးဖြင့် ကျေးဇူးပြုခြင်းကို ပြသည်ဟု ဆိုလို၏။
၂- ရှေးဘဝများက ပြုခဲ့သော အာမိသဒါန ဓမ္မဒါနတို့ကြောင့် ငါသည် လောက၌ အမြတ်ဆုံး ဘုရားအဖြစ်သို့ ရောက်ရ၏၊ သင်တို့လည်း ဤနည်းတူပင် ကျင့်ရမည်ဟု တိုက်တွန်းခြင်းဖြင့် ချဉ်းကပ်လာသော လူနှင့် ရှင်ရဟန်းတို့အား လောကီ လောကုတ္တရာ ချမ်းသာတို့နှင့် ယှဉ်စေခြင်း၌ စွမ်းနိုင်သည်၏အဖြစ်ကို ဘဂျဝတာ ဘဂ္ဂဝတာတို့ဖြင့် ပြသည်ဟု ဆိုလို၏။
၁၄၆
ပေါ့ပါးအောင် ဖန်ဆင်းနိုင်သော) လဃိမာတန်ခိုး အစရှိသော၁ (ရုပ်ကိုယ်ကို အစိုးရခြင်း၂ ဣဿရိယ) ဘုန်းတော်သည်လည်း ခပ်သိမ်းသော အခြင်းအရာအားဖြင့် ပြည့်စုံစွာ ရှိပေ၏၁။ ထို့အတူ လောကုတ္တရာဖြစ်သော
၁- (အာဒိ) စသည်-ဟူသော သဒ္ဒါဖြင့် မဟိမာ ပတ္တိ ပါကမ္မ ဤသိတာ ဝသိတာ ယတ္ထကာမဝသာယိတာ ဟူကုန်သော ဤ၆-ပါးသော ဘုန်းတန်ခိုးတို့ကိုလည်း သိမ်းယူအပ်ကုန်၏။ ထိုတွင် ရုပ်ကိုယ်ကို အဏုမြူသဖွယ် သေးငယ်အောင်ပြုခြင်း- ဖန်ဆင်းခြင်းသည် အဏိမာမည်၏၊ ကောင်းကင်၌ ခြေဖြင့် သွားခြင်း စသည်ဖြင့် (စွမ်းနိုင်အောင်) ပေါ့ပါးသည်၏အဖြစ်သည် (ဝါ-ပေါ့ပါးအောင် ဖန်ဆင်းခြင်းသည်) လဃိမာမည်၏၊ ကိုယ်ကို မြေကြီးကဲ့သို့ ကြီးသည်၏အဖြစ်သို့ ရောက်စေခြင်းသည် မဟိမာ မည်၏၊ လိုရာအရပ်သို့ ရောက်နိုင်ခြင်းသည် ပတ္တိမည်၏။ အဓိဋ္ဌာန်ခြင်း စသည်၏ အစွမ်းအားဖြင့် အလိုရှိအပ်သည်ကို ပြီးစေနိုင်ခြင်းသည် ပါကမ္မမည်၏။ မိမိအလိုအတိုင်း ဖြစ်ခြင်းဟူသော အစိုးရသည်၏အဖြစ်သည် ဤသိတာမည်၏၊ အထွေထွေအမျိုးမျိုး တန်ခိုးဖန်ဆင်းရာ၌ အလိုအတိုင်း နိုင်နင်းခြင်းသည် ဝသိတာမည်၏၊ ကောင်းကင်ဖြင့် သွားနေစဉ်ဖြစ်စေ၊ အခြားကိစ္စ တစုံတခုကို ပြုနေစဉ်ဖြစ်စေ အမှတ်မရှိ တစုံတခုသောအရာ၌ အဆုံးသတ်နိုင်ခြင်းသည် ယတ္ထကာမဝသာယိတာမည်၏၊ ဤရှစ်ပါးသည် လောကီကျမ်းဆရာ ပညာရှိတို့ အလေးအမြတ် သမုတ်အပ်သော ဣဿရိယဘုန်းတော်ပေတည်း။ (ဋီကာ)
၂- ထိုရှစ်ပါးသော ဣဿရိယဘုန်းတော်သည် မြတ်စွာဘုရား၏ ဣဒ္ဓိဝိဓအဘိညာဉ်၌ အတွင်းဝင်လျက်ရှိ၏၊ အခြားပုဂ္ဂိုလ်တို့နှင့် မဆိုင် မြတ်စွာဘုရားနှင့်သာ သက်ဆိုင်ပေ၏၊ ထို့ကြောင့် “ခပ်သိမ်းသော အခြင်းအရာအားဖြင့် ပြည့်စုံစွာ ရှိပေ၏”ဟု မိန့်ဆို၏။ (ဋီ)
၁၄၇
(မဂ်ဖိုလ်နိဗ္ဗာန်)တရားဟူသော (ဓမ္မ)ဘုန်းတော်သည်လည်း (ရှိပေ၏)။ (ကာမ ရူပ အရူပ-ဟူသော) လောကသုံးပါး၌ ပြန့်နှံ့သော၁ ဟုတ်မှန်သည့် ဂုဏ်တို့ကြောင့်ရသော (ထို့ကြောင့်ပင်) အလွန်စင်ကြယ်သော ကျော်စောခြင်း(ဟူသော ယသ)ဘုန်းတော်သည်လည်း (ရှိပေ၏)။ ရူပကာယကိုယ်တော်ကို ဖူးမြင်ရန် အားထုတ်ကြသော လူတို့အား မျက်စိ၏ ကြည်လင်ခြင်း- ကြည်နူးခြင်းကို ဖြစ်စေနိုင်သော၂ အချင်းခပ်သိမ်း ပြည့်စုံသော၂ အလုံးစုံသောကိုယ်၏ အစိတ်အပိုင်းကြီးငယ်တို့၏ တင့်တယ်သပ္ပါယ်ခြင်း ကျက်သရေတော်ဟူသော သိရီဘုန်းတော်သည်လည်း (ရှိပေ၏)။ မိမိ၏ အစီးအပွါးဖြစ်စေ၊ သူတပါးတို့၏ အစီးအပွါးဖြစ်စေ အကြင် အကြင် အစီးအပွါးကို ဤမြတ်စွာဘုရားသည် (ငါကိုယ်တိုင် ကူးမြောက်လျှင် အခြားသူတို့ကိုလည်း ကူးမြောက်စေမည်-စသည်ဖြင့်) အလိုရှိခဲ့ တောင့်တခဲ့၏၊ ထိုထိုအစီးအပွါးသည် ထိုသို့ အလိုရှိတိုင်း တောင့်တတိုင်းပင် ပြီးစီးသောကြောင့် အလိုရှိအပ်သော အကျိုးစီးပွါး၏ ပြီးစီးခြင်းဆိုအပ်သော ကာမဘုန်းတော်သည်လည်း (ရှိပေ၏)။ အလုံးစုံသော လောက၏ အလေးအမြတ်ပြုအပ်သည့် ဆရာမြတ်အဖြစ်သို့ ရောက်ခြင်း၏ အကြောင်းဖြစ်သော သမ္မာဝါယာမဟုဆိုအပ်သော သမ္မပ္ပဓာန်လုံ့လ ပယတ္တဘုန်းတော်သည်လည်း ရှိပေ၏။ ထို့ကြောင့် ဤ၆-ပါးသော ဘဂ-တို့နှင့် ယှဉ်သောကြောင့်လည်း ဤမြတ်စွာဘုရားအား ဘဂ-မည်သော ၆-ပါးသော
၁- ပြန့်နှံ့သော.. ကျော်စောခြင်း-ဟု စပ်ပါ။
၂- ဖြစ်စေနိုင်သော.. ပြည့်စုံသော.. ကျက်သရေတော်-ဟု စပ်ပါ။
၁၄၈
ဘုန်းတော်တို့ ရှိကုန်၏ဟူသော အနက်အရအားဖြင့် ဘဂဝါ၁-ဟူ၍ ခေါ်ဆိုအပ်ပေ၏။ (၃)
ထို့ပြင် ကုသိုလ် အစရှိကုန်သော အပြားတို့ဖြင့် အလုံးစုံသော တရားတို့ကို၎င်း၂ ခန္ဓာ အာယတန ဓာတ် သစ္စာ ဣန္ဒြေ ပဋိစ္စသမုပ္ပါဒ် အစရှိကုန်သော အပြားတို့ဖြင့် ကုသိုလ်အစရှိသော တရားတို့ကို၎င်း၃ (၁) ပိဠနဋ္ဌ-နှိပ်စက်ခြင်းသဘော (၂) သင်္ခတဋ္ဌ-ပေါင်းစု၍ ပြုအပ်သောသဘော (၃) သန္တာပဋ္ဌ- ပူလောင်စေခြင်းသဘော (၄) ဝိပရိဏာမဋ္ဌ- ပြောင်းလဲ ဖောက်ပြန်ခြင်း သဘောဖြင့် ဒုက္ခအရိယသစ္စာကို၎င်း၄၊ (၁) အာယူဟနဋ္ဌ- ဆင်းရဲဖြစ်ပွါးရန် အားထုတ်ခြင်းသဘော (၂) နိဒါနဋ္ဌ-ဆင်းရဲ၏ အကြောင်းသဘော (၃) သံယောဂဋ္ဌ- သံသရာဆင်းရဲနှင့် ယှဉ်စေခြင်းသဘော
၁- ဘဂ-ဘုန်းတော် + ဝန္တု-ရှိသည်- ပြည့်စုံသည် = ဘဂဝန္တု- ဘဂဝါ- ဘုန်းတော်၆-ပါးနှင့် ပြည့်စုံတော်မူပေသော မြတ်စွာဘုရား။
၂- အလုံးစုံသော တရားတို့ကို၎င်း.. ဝေဘန် (ဟောကြား)တော်မူလေပြီ-ဟု စပ်ပါ။ ဓမ္မသင်္ဂဏီကျမ်း၌ ဟောတော်မူသည်ကို ရည်ရွယ်၏။
၃- ကုသိုလ် အစရှိသော တရားတို့ကို၎င်း.. ဝေဘန် (ဟောကြား)တော်မူလေပြီ-ဟု စပ်ပါ။ ဝိဘင်းကျမ်းစသည်၌ ဟောတော်မူသည်ကို ရည်ရွယ်၏။
၄- ပီဠနဋ္ဌသည် ဒုက္ခကိုမြင်ခိုက်၌ ထင်ရှားသော သဘောဖြစ်သည်။ သင်္ခတဋ္ဌ သန္တာပဋ္ဌ ဝိပရိဏာမဋ္ဌတို့သည် သမုဒယ မဂ္ဂ နိရောဓတို့ကို မြင်ခြင်းဖြင့် ယင်းတို့နှင့် နှိုင်းယှဉ်၍ ထင်ရှားသော သဘောများ ဖြစ်ကြသည်ဟု ဆို၏။ (မဟာဋီ ဒု၊ ၁၉ဝ၊ ဝိသုဒ္ဓိမဂ် ဒု-၈၄၃-စာပုဒ်၌လည်း ရှိသည်။)
၁၄၉
(၄) ပလိဗောဓဋ္ဌ- မဂ်ကို မရအောင် နှောင့်ယှက်တားမြစ်ခြင်း သဘောဖြင့် သမုဒယအရိယသစ္စာကို၎င်း၁၊ (၁) နိဿရဏဋ္ဌ- ထွက်မြောက်ခြင်းသဘော (၂) ဝိဝေကဋ္ဌ- သင်္ခါရတို့မှ ကင်းဆိတ်ခြင်းသဘော (၃) အသင်္ခတဋ္ဌ- မပြုအပ်သောသဘော (၄) အမတဋ္ဌ- မသေမပျက်ခြင်းသဘောဖြင့် နိရောဓအရိယသစ္စာကို၎င်း၂၊ (၁)နိယျာနဋ္ဌ- ဝဋ်ဆင်းရဲမှ ထွက်သွားခြင်းသဘော (၂) ဟေတုဋ္ဌ- နိဗ္ဗာန်သို့ ရောက်ကြောင်းသဘော (၃) ဒဿနဋ္ဌ- နိဗ္ဗာန်ကို မျက်မှောက်မြင်ခြင်းသဘော (၄) အဓိပတေယျဋ္ဌ- အကြီးအမှူးဖြစ်ခြင်းသဘောဖြင့် မဂ္ဂအရိယသစ္စာကို၎င်း၃ ဝေဘန်တော်မူလေပြီ၊ “ဝေဘန်၍ ဖွင့်လှစ်၍ ဟောကြားတော်မူလေပြီ”ဟု ဆိုလို၏။ ထို့ကြောင့် ဝိဘတ္တဝါ-ဟု ဆိုသင့်ရာ၌ ဘဂဝါ၄-ဟူ၍ ခေါ်ဆိုအပ်ပေသည်။ (၄)
၁- အာယူဟနဋ္ဌ-သည် သမုဒယကို မြင်ခိုက်၌ ကျန်သုံးပါးသည် ဒုက္ခ နိရောဓ မဂ္ဂတို့ကို မြင်ခြင်းဖြင့် ထင်ရှားသော သဘောများ ဖြစ်ကြသည်။ (၎င်းဋီကာပင်)
၂- နိဿရဏဋ္ဌ-သည် နိရောဓကို မြင်ခိုက်၌ ကျန်သုံးပါးသည် သမုဒယ မဂ္ဂ ဒုက္ခတို့ကို မြင်ခြင်းဖြင့် ထင်ရှားသော သဘောများ ဖြစ်ကြသည်။ (၎င်းဋီကာ ၁၉၁)
၃- နိယျာနဋ္ဌ-သည် မဂ္ဂကို မြင်ခိုက်၌ ကျန်သုံးပါးသည် သမုဒယ နိရောဓ ဒုက္ခတို့ကို မြင်ခြင်းဖြင့် ထင်ရှားသော သဘောများ ဖြစ်ကြသည်။ (၎င်းဋီကာပင်)
၄- ဝိ+ဘဇ+တဝန္တု- ဝိဘတ္တဝန္တု- ဝိဘတ္တဝါ-မှ ဝိ-ကို ချေ၊ တ္တ-ကို ဂ-ပြု၍ ပြီးသည်။
၁၅၀
ထို့ပြင် ထိုမြတ်စွာဘုရားသည် ဒိဗ္ဗဝိဟာရ ဗြဟ္မဝိဟာရ အရိယဝိဟာရတို့ကို၎င်း၁၊ ကာယဝိဝေက စိတ္တဝိဝေက ဥပဓိဝိဝေကတို့ကို၎င်း၂၊ သုညတဝိမောက္ခ အပ္ပဏိဟိတဝိမောက္ခ အနိမိတ္တဝိမောက္ခတို့ကို၎င်း၃၊ ထိုမှတပါးကုန်သော၄ လောကီ လောကုတ္တရာ ဖြစ်ကုန်သော
၁- ဒိဗ္ဗ-နတ်ပြည်၌ ဖြစ်သည်- သက်ဆိုင်သည် + ဝိဟာရ-နေခြင်း = ဒိဗ္ဗဝိဟာရ- ဗြဟ္မာဟူသော နတ်ပြည်နှင့် သက်ဆိုင်သော ဈာန်ဟူသော နေခြင်း၊ ဝါ-ဈာန်ဖြင့်နေခြင်း။ ၎င်းမှာ အပ္ပမညာဈာန်မှ တပါးသော ရူပါဝစရဈာန်များပင် ဖြစ်သည်။ ဝိဟရတိ-ပုဒ် အဖွင့်ဆိုင်ရာ ဋီကာတို့၌ အရူပဈာန်တို့ကိုလည်း ဒိဗ္ဗဝိဟာရ၌ ထည့်သွင်း၍ ပြဆိုကြသေး၏။
ဗြဟ္မဝိဟာရ- မြတ်သောနေခြင်း၊ ၎င်းမှာ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဈာန်များပင် ဖြစ်သည်။
အရိယဝိဟာရ- အရိယာတို့၏နေခြင်း။ ၎င်းမှာ ဖလသမာပတ်ပင် ဖြစ်သည်။
၂- အဖော်ကင်းလျက် တပါးတည်းနေခြင်းသည် ကာယဝိဝေကမည်၏၊ ပဌမဈာန် စသည်ဖြင့် နီဝရဏစသည်တို့၏ ကင်းဆိတ်ခြင်းသည် စိတ္တဝိဝေကမည်၏၊ နိဗ္ဗာန်သည် ဥပဓိဝိဝေကမည်၏။
၃- အနတ္တာနုပဿနာဖြင့် ရသော မဂ်သည် သုညတဝိမောက္ခမည်၏၊ ဒုက္ခာနုပဿနာ အနိစ္စာနုပဿနာတို့ဖြင့် ရသော မဂ်တို့သည် အပ္ပဟိတဝိမောက္ခ, အနိမိတ္တဝိမောက္ခ မည်ကုန်၏၊ သာရတ္ထဋီကာနှင့် အညီပင်။
၄- တပါးကုန်သော-ဟူသည်မှာ လောကီအဘိညာဉ် စသည်တို့ကို (ဆိုလို၏)။ (ဋီကာ)
၁၅၁
ဥတ္တရိမနုဿဓမ္မခေါ် လောကီအဘိညာဉ်စသော တရားထူးတို့ကို၎င်း၁ ချဉ်းကပ်တော်မူခဲ့လေပြီ မှီဝဲတော်မူခဲ့လေပြီ အကြိမ်များစွာ နှလုံးသွင်း လေ့လာတော်မူခဲ့လေပြီ။ ထို့ကြောင့် ဘတ္တဝါ-ဟု ဆိုသင့်ရာ၌ ဘဂဝါ၂-ဟူ၍ ခေါ်ဆိုအပ်ပေ၏။ (၅)
ထို့ပြင် သုံးပါးကုန်သော (ကာမ ရူပ အရူပ)ဘဝတို့၌ တဏှာဟု ဆိုအပ်သော သွားခြင်းကို ဤမြတ်စွာဘုရားသည် ထွေးအန် စွန့်ပယ်တော်မူ(အပ်)လေပြီ၊ ထို့ကြောင့် ဘဝဝန္တဂမနော- (ဘဝတို့၌ ထွေးအန်ပြီးသော သွားခြင်းရှိသည်)ဟု ဆိုသင့်ရာ၌ ဘဝ-သဒ္ဒါမှ ဘ-ကို၎င်း၊ ဂမန-သဒ္ဒါမှ ဂ-ကို၎င်း၊ ဝန္တ-သဒ္ဒါမှ ဝ-ကို၎င်း ယူ၍ (ဝ-မှ အ-ကို) အာ-ဒီဃပြု၍ ဘဂဝါ-ဟု ခေါ်ဆိုအပ်ပေ၏၊ လောက၌ (ဝါ-လောကီကျမ်း၌) မေဟနဿ (လျှို့ဝှက်အပ်သော၊
၁- သာမန်လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်အဘိညာဉ် မဂ်ဖိုလ်တရားတို့ကို ဥတ္တရိမနုဿဓမ္မဟု ခေါ်သည်။ ဤအရာ၌မူ အညေ-ဆိုခဲ့ပြီးသော ဝိဟာရ, ဝိဝေက, ဝိမောက္ခတို့မှ တပါးကုန်သော-ဟု ဆိုထားသဖြင့် ယင်းတို့မှ လုံးလုံးလွတ်ကင်းသော လောကီအဘိညာဉ်တို့ကို၎င်း၊ မဂ္ဂဝီထိ၌ ဖိုလ်တို့ကို၎င်း ယူနိုင်၏။ ထို့ပြင် စတုတ္ထပါရာဇိက သိက္ခာပုဒ်၌ ဥတ္တရိမနုဿဓမ္မကို ဝေဘန်ဖွင့်ပြရာတွင် ဈာန် ဝိမောက္ခ သမာဓိ စသည်ဖြင့် အမည်မျှ ကွဲပြားသည်တို့ကိုလည်း ခွဲခြား၍ ပြထားသောကြောင့် ဤ၌လည်း ဝိဟာရ ဝိမောက္ခတို့နှင့် အရတူသော်လည်း အမည်မျှဖြင့် ကွဲပြားသော ဈာန် မဂ် ဖိုလ် သမာဓိတို့ကိုလည်း ယူလျှင် (လောကီ လောကုတ္တရာ ဖြစ်ကုန်သော)ဟူသော စကားနှင့် လျော်ရာ၏။
၂- စာမျက်နှာ ၁၃၅- မှတ်ချက်(၂)နှင့် တူ၏။
၁၅၂
ဝါ- ရေဟောင်းစွန့်ကြောင်းဖြစ်သော) ခဿ (အရပ်၏၊ ဝါ-ကိုယ်အင်္ဂါအထူး၏) မာလာ (ဖုံးကွယ်စရာ ပန်းကုံးတည်း)- ဤသို့သော ဝစနတ္ထအရ (မေဟနခမာလာ-ဟု ဆိုသင့်ရာ၌) မေခလာ (ခါးစည်းကြိုးတန်ဆာ)ဟု ခေါ်ဆိုသကဲ့သို့ပင်တည်း။ (၆)
(ဘဂဝါဂုဏ်တော်အဖွင့် ပြီး၏)။
၁၄၅။ (ထိုစကားရပ်၌ ယခု ပြဆိုမည့်စကားသည် အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်ပုံပေတည်း- စသည်ဖြင့်) ဤသို့ ပြဆိုခဲ့သည့်အတိုင်း၁ “ထိုမြတ်စွာဘုရားသည် ဤအကြောင်းကြောင့်လည်း ဤအကြောင်းကြောင့်လည်း အရဟံ မည်တော်မူပါပေ၏ ။ပ။ ဤအကြောင်းကြောင့်လည်း ဤအကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူပါပေ၏”ဟူ၍ မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်နေသော၂ ထိုယောဂီအား ထိုအခါ၌
၁- ဤသို့ ပြဆိုခဲ့သည့်အတိုင်း.. အောက်မေ့ဆင်ခြင်နေသော-ဟု စပ်ပါ။
၂- ရှေး၌ ပြခဲ့သော အောက်မေ့ဆင်ခြင်ပုံများမှာ အလွန် ကျယ်ဝန်းသောကြောင့်၎င်း သဒ္ဒါနည်းများနှင့် ရောယှက်နေသောကြောင့်၎င်း၊ တချို့ အနက်အဖွင့်များမှာ အလွန် နက်နဲသောကြောင့်၎င်း သုတနည်းသော သူတို့သည် ယင်းဖွင့်ပြချက်များကို ကျက်မှတ်၍ အောက်မေ့ဆင်ခြင်ရန် လွယ်ကူလှမည် မဟုတ်ပေ၊ ထို့ကြောင့် မကျဉ်း မကျယ် သိလွယ်သော အနက်များကို ထပ်၍ ပြဦးအံ့။
ဘုရားဂုဏ်တော် ၉-ပါး
(၁-၁) သတ္တဝါအများတို့၏ အားထားကိုးကွယ်ရာအစစ် ဖြစ်တော်မူသော ထိုဗုဒ္ဓ-မြတ်စွာဘုရားသည် ဝါသနာနှင့်တကွ ကိလေသာ
၁၅၃
အညစ်အကြေးတို့မှ ကင်းဝေး စင်ကြယ်တော်မူသောကြောင့်လည်း အရဟံ မည်တော်မူပါပေ၏။ (တနည်းကား- အရဟံ-ဝါသနာနှင့်တကွ ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေး စင်ကြယ်တော်မူပေသော မြတ်စွာဘုရား၊ ဤသို့လည်း အောက်မေ့ဆင်ခြင်နိုင်၏၊ နောက်နောက် ဂုဏ်ပုဒ်တို့၌လည်း နည်းတူပင်။)
(၁-၂) လောဘကိလေသာ ဒေါသကိလေသာ မောဟကိလေသာ မာနကိလေသာ ဒိဋ္ဌိကိလေသာ ဝိစိကိစ္ဆာကိလေသာ ထိနကိလေသာ ဥဒ္ဓစ္စကိလေသာ အဟိရိကကိလေသာ အနောတ္တပ္ပကိလေသာ တည်းဟူသော သရုပ်အားဖြင့် ကိလေသာဆယ်ပါး, အကျယ်ပွါးလျှင် တထောင့်ငါးရာ ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူပြီးသောကြောင့်လည်း အရဟံ မည်တော်မူပါပေ၏။
(၁-၃) အဝိဇ္ဇာတည်းဟူသော ပုံတောင်းနှင့် ဇရာမရဏတည်းဟူသော အကွပ်ရှိသော ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်၏ သင်္ခါရမှ ဇာတိကျအောင် အလယ်က ဆယ်တန့် ထောက်အကန့်တို့ကို ချိုးဟန့် ဖျက်ဆီးတော်မူပြီးသောကြောင့်လည်း အရဟံ မည်တော်မူပါပေ၏။
(၁-၄) အမြတ်ဆုံး အလှူခံပုဂ္ဂိုလ်မြတ်ဖြစ်၍ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သောကြောင့်လည်း အရဟံ မည်တော်မူပါပေ၏။
(၁-၅) မျက်မှောက် မျက်ကွယ် အချင်းခပ်သိမ်း စင်ကြယ်၍ ဆိတ်ကွယ်ရာ မရှိတော်မူသောကြောင့်လည်း အရဟံ မည်တော်မူပါပေ၏။
(၂-၁) သစ္စာလေးပါး ခပ်သိမ်းသောတရားတို့ကို မဖောက်မပြန် မှန်ကန်လှစွာ ကိုယ်တော်တိုင်သာ သိတော်မူသောကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူပါပေ၏။
၁၅၄
(၂-၂) ထူးသောဉာဏ်ဖြင့် သိသင့်သိထိုက်သော သစ္စာလေးပါးဟူသော အဘိညေယျတရား၊ ပိုင်းခြား၍ သိသင့် သိထိုက်သော ဒုက္ခသစ္စာဟူသော ပရိညေယျတရား၊ ပယ်သင့် ပယ်ထိုက်သော သမုဒယသစ္စာဟူသော ပဟာတဗ္ဗတရား၊ မျက်မှောက် သိသင့် သိထိုက်သော နိရောဓသစ္စာဟူသော သစ္ဆိကာတဗ္ဗတရား၊ ပွါးစေသင့် ပါးစေထိုက်သော မဂ္ဂသစ္စာဟူသော ဘာဝေတဗ္ဗတရားအားဖြင့် သစ္စာလေးပါး ခပ်သိမ်းသောတရားတို့ကို သူတပါးထံ နည်းမခံပဲ ကိုယ်ပိုင်ဉာဏ် အဟုန်အစွမ်းဖြင့် စူးစမ်းရှာဖွေကာ မှန်ကန်စွာ သိတော်မူသောကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူပါပေ၏။
(၃-၁) ဝိဇ္ဇာမည်သော ဉာဏ်ထူးသုံးပါး၊ ဉာဏ်ထူးရှစ်ပါး၊ စရဏမည်သော အခြေခံအကျင့်တရား တဆယ့်ငါးပါးတို့နှင့် လုံးဝဥဿုံ ပြည့်စုံတော်မူသောကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူပါပေ၏။
(၃-၂) ပုဗ္ဗေနိဝါသဉာဏ် ဒိဗ္ဗစက္ခုဉာဏ် အာသဝက္ခယဉာဏ် တည်းဟူသော ဝိဇ္ဇာသုံးပါး၊ ဝိပဿနာဉာဏ် မနောမယိဒ္ဓိဉာဏ် ဣဒ္ဓိဝိဓဉာဏ် ဒိဗ္ဗသောတဉာဏ် စေတောပရိယဉာဏ် ပုဗ္ဗေနိဝါသဉာဏ် ဒိဗ္ဗစက္ခုဉာဏ် အာသဝက္ခယဉာဏ် တည်းဟူသော ဝိဇ္ဇာရှစ်ပါး၊ ပါတိမောက္ခသံဝရသီလ ဣန္ဒြိယသံဝရ ဘောဇနေမတ္တညုတာ ဇာဂရိယာနုယောဂ သဒ္ဓါ ဟိရီ ဩတ္တပ္ပ ဗာဟုသစ္စ ဝီရိယ သတိ ပညာ ပဌမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန် တည်းဟူသော စရဏတရား တဆယ့်ငါးပါးတို့နှင့် လုံးဝဥဿုံ ပြည့်စုံတော်မူသောကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူပါပေ၏။
(၄-၁) ဘေးမဲ့ရပ်ခွင် နိဗ္ဗာန်ဝင်ဘို့ မဂ္ဂင်ရှစ်သွယ် တင့်တယ်ဖြောင့်စင်း မငြိမတွယ်သော သွားခြင်းရှိတော်မူသောကြောင့်လည်း သုဂတ မည်တော်မူပါပေ၏။
၁၅၅
(၄-၂) မကောင်းညစ်ညမ်း အလွန်ဆိုးသွမ်းသည့် ဘေးဘျမ်းအနန္တ ဝဋ်ဆင်းရဲသင်္ခါရမှ ကောင်းလှသည့်စခန်း ပြည်နိဗ္ဗာန် မြနန်းသို့ ကြွလှမ်း ဆိုက်ရောက်တော်မူသောကြောင့်လည်း သုဂတ မည်တော်မူပါပေ၏။
(၄-၃) ကျိုးရှိ ဟုတ်မှန် သူနာခံလို, မနာလိုအားဖြင့် ၂-ပါးသော စကားကောင်းကို သင့်လျော်သောအခါ၌ ကောင်းစွာ မိန့်ဆိုတော်မူသောကြောင့်လည်း သုဂတ မည်တော်မူပါပေ၏။
(၅-၁) လောက၏ အကြောင်းအရာ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသောကြောင့်လည်း လောကဝိဒူ မည်တော်မူပါပေ၏။
(၅-၂) သတ္တဝါအပေါင်းဟူသော သတ္တလောက၊ ရုပ်နာမ်ဓမ္မ သင်္ခါရတရားအပေါင်းဟူသော သင်္ခါရလောက၊ သတ္တဝါတို့၏ တည်နေရာဘုံဌာနဟူသော ဩကာသလောကအားဖြင့် လောကသုံးပါးကို ပိုင်းခြားကုန်စင် သိမြင်တော်မူသောကြောင့်လည်း လောကဝိဒူ မည်တော်မူပါပေ၏။
(၆-၁) အမြင့်အမြတ်ဆုံးဖြစ်သော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် ဝိမုတ္တိဂုဏ် ဝိမုတ္တိဉာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသည်ဖြစ်၍ လောကဓာတ်အားလုံး၌ အမြတ်ဆုံးဖြစ်တော်မူသောကြောင့်လည်း အနုတ္တရ မည်တော်မူပါပေ၏။
(၆-၂) ယဉ်ကျေးလိမ္မာ ပညာအသိ မရှိကြသေး မပြည့်ဝသေး၍ အဆုံးအမပေးထိုက်သော တိရစ္ဆာန်ယောက်ျား လူယောက်ျား နတ်ယောက်ျားတို့ကို ယဉ်ကျေးလိမ္မာ ပညာပြည့်ဝ အချိုးကျအောင် ဆုံးမသွန်သင်တော်မူတတ်သောကြောင့်လည်း ပုရိသဒမ္မသာရထိ မည်တော်မူပါပေ၏။
၁၅၆
(၆-၃) ဆုံးမထိုက်သော ပုဂ္ဂိုလ်တို့အား ညွှန်ကြားသွန်သင် ပဲ့ပြင်ဆုံးမမှု၌ အတုမရှိ အမြတ်ဆုံး ဖြစ်တော်မူသောကြောင့်လည်း အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူပါပေ၏။
(၇) လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့ကို အကျိုးမဲ့အမှုများမှ ပိတ်ဆို့မြစ်တားလျက် ကောင်းကျိုးချမ်းသာ ဖြစ်ဖွယ်ရာအကြောင်းတို့ဖြင့် ကောင်းကောင်းညွှန်ပြ ကြီးကျယ်သောလုံ့လဖြင့် ဆုံးမတော်မူတတ်သည့် ဆရာမြတ်အစစ် ဖြစ်တော်မူသောကြောင့်လည်း သတ္ထာဒေဝမနုဿာနံ မည်တော်မူပါပေ၏။
(၈-၁) သိသင့် သိထိုက်သော ဉေယျဓံငါးပါး တရားအလုံးစုံကို အကုန်အစင် သိမြင်တော်မူသောကြောင့်လည်း ဗုဒ္ဓ မည်တော်မူပါပေ၏။
(၈-၂) သစ္စာလေးပါး ခပ်သိမ်းသောတရားတို့ကို ပိုင်းခြားကျန ကိုယ်တော်တိုင် သိရပြီးလျှင် ဝေနေယျများစွာ သတ္တဝါတို့အားလည်း ညွှန်ကြားဟောဖော် သိစေတော်မူတတ်သောကြောင့်လည်း ဗုဒ္ဓ မည်တော်မူပါပေ၏။
(၉-၁) လွန်ကဲထူးမြတ်သော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် ဝိမုတ္တိဂုဏ် ဝိမုတ္တိဉာဏဒဿနဂုဏ်တို့နှင့် ပြည့်စုံတော်မူသည်ဖြစ်၍ လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့က အမြင့်အမြတ်ဆုံး ပုဂ္ဂိုလ်ထူးကြီးအဖြစ်ဖြင့် အလေးအမြတ်ပြုအပ် ပြုထိုက်သောကြောင့်လည်း ဘဂဝါ မည်တော်မူပါပေ၏။
(၉-၂) လောကီ လောကုတ္တရာ ချမ်းသာတို့ကို ဖြစ်စေနိုင်သော ဒါန သီလစသည် ပါရမီအဆင့်ဆင့် အမြင့်အမြတ်ဆုံး ဘုန်းတော် ကံတော် အနန္တတို့နှင့် လုံးဝဥဿုံ ပြည့်စုံတော်မူသောကြောင့်လည်း ဘဂဝါ မည်တော်မူပါပေ၏။
၁၅၇
(၉-၃) လောဘ ဒေါသ မောဟ အစရှိသော တသိန်းမက များလှစွာသော ကိလေသာတို့ကို၎င်း၊ အကျဉ်းချုပ်အားဖြင့် ကိလေသမာရ် ခန္ဓမာရ် အဘိသင်္ခါရမာရ် ဒေဝပုတ္တမာရ် မစ္စုမာရ်ဟူသော မာရ်ငါးပါးတို့ကို၎င်း ဖျက်ဆီး ပယ်ရှင်းတော်မူပြီးသောကြောင့်လည်း ဘဂဝါ မည်တော်မူပါပေ၏။
(၉-၄) ဣဿရိယ ဓမ္မ ယသ သိရီ ကာမ ပယတ္တဟူသော ဘဂခေါ်ဝေါ် ၆-ပါးသော ဘုန်းတော်တို့နှင့် ပြည့်စုံတော်မူသောကြောင့်လည်း ဘဂဝါ မည်တော်မူပါပေ၏။
(၉-၅) ကိုယ်တော်နှင့် စိတ်တော်ကို ဝသီဘော်မြောက်အောင် အခေါင်အထွတ် ဆန္ဒညွတ်ရှိုင်း အလိုရှိတိုင်း နိုင်နင်း၍ အစိုးရတော်မူခြင်းဟူသော ဣဿရိယဘုန်းတော် (၁)၊ လောကီ လောကုတ္တရာတို့၏ အညွန့်အဖူး အထူးမြတ်ဆုံးဖြစ်သော ဈာန်အဘိညာဉ် မဂ် ဖိုလ် တရားတည်းဟူသော ဓမ္မဘုန်းတော် (၂)၊ ဟုတ်မှန်သည့်အတိုင်း ဘဝဂ်ခိုင်းအောင် ပျံ့လှိုင်းထင်ရှား ကျော်ကြားတော်မူခြင်း တည်းဟူသော ယသဘုန်းတော် (၃)၊ ယောက်ျားမြတ်တို့၏ ၃၂-ပါးသော လက္ခဏာတော်ကြီး, ရှစ်ဆယ်သော လက္ခဏာတော်ငယ်, ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့် တင့်တယ်ဝင်းပ သပ္ပါယ်တော်မူလှသည့် ရူပကာယ၏ ပြည့်စုံတော်မူခြင်း ကျက်သရေတော် တည်းဟူသော သိရီဘုန်းတော် (၄)၊ ကိုယ်တော်မြတ်၏ အကျိုးစီးပွါး ဝေနေယျသတ္တဝါတို့၏ အကျိုးစီးပွါး တည်းဟူသော အတ္တဟိတ ပရဟိတ ၂-ပါးတို့၏ လိုလားတော်မူသည့်အတိုင်း ပြီးစီးပြည့်စုံခြင်းဟူသော ကာမဘုန်းတော် (၅)၊ တလောကလုံး၏ ဆရာဖြစ်ကြောင်း ကောင်းမြတ်သော လုံ့လ သမ္မပ္ပဓာန် ဝီရိယတည်းဟူသော ပယတ္တဘုန်းတော် (၆)၊ ဤသို့အားဖြင့် ဘဂခေါ်ဝေါ် ၆-ပါးသော ဘုန်းတော်တို့နှင့် ပြည့်စုံတော်မူသောကြောင့်လည်း ဘဂဝါ မည်တော်မူပါပေ၏။
၁၅၈
ရာဂလွှမ်းမိုး နှိပ်စက်ခံရသောစိတ် မဖြစ်တော့သည်သာ၁၊ ဒေါသလွှမ်းမိုး နှိပ်စက်ခံရသောစိတ် မဖြစ်တော့သည်သာ၊ [၂ဝ၆] မောဟလွှမ်းမိုး နှိပ်စက်ခံရသောစိတ် မဖြစ်တော့သည်သာ၊ ထိုအခါ၌ ထိုယောဂီ၏စိတ်သည် မြတ်စွာဘုရား(၏ ဂုဏ်တော်များ)ကို အာရုံပြုလျက် ဖြောင့်မတ်နေသည်သာလျှင် ဖြစ်ပေသည်။
ဤဆိုခဲ့သည့်အတိုင်း ရာဂစသည်တို့၏ လွှမ်းမိုးနှိပ်စက်ခြင်း မရှိသောကြောင့် ခွါအပ်ပြီးသော နီဝရဏရှိသော၂ ကမ္မဋ္ဌာန်းသို့
ဤဂုဏ်တော်၉-ပါး အဖွင့်တို့တွင် မိမိကြိုက်နှစ်သက်သော ပုဒ်များကို လေ့လာကျက်မှတ်ပြီးလျှင် မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို အဖန်တလဲလဲ အောက်မေ့ဆင်ခြင်လျက် ဗုဒ္ဓါနုဿတိဘာဝနာကို ပွါးစေရာ၏။ ထိုသို့ ပွါးစေသော ပုဂ္ဂိုလ်အား ဝိသုဒ္ဓိမဂ်၌ ပြထားသော အကျိုးများကို၎င်း အခြားပါဠိ အဋ္ဌကထာတို့၌ ပြထားသော ဗုဒ္ဓါနုဿတိ၏ အကျိုးများကို၎င်း တွေ့မြင် ခံစားရပါလိမ့်မည်။
၁- တပ်စွဲသော ရာဂသည် နှလုံးသွင်းသော ဘာဝနာစိတ်၏ ရှေးမှ၎င်း နောက်မှ၎င်း ထကြွဖြစ်ပေါ်နေလျှင် ထိုစိတ်ကို ရာဂ-က လွှမ်းမိုးနှိပ်စက်ရာ ရောက်၏၊ ထိုသို့သော အနှိပ်အစက်မှ လွတ်ကင်းသွားသည်ဟု ဆိုလိုပေ၏။ အဖြောင့်အားဖြင့်ဆိုလျှင် ဘာဝနာစိတ်အစဉ်ထဲ၌ ရာဂဝင်၍ မဖြစ်တော့ပဲ တသမတ်တည်း ဘာဝနာစိတ်ချည်း ဖြစ်နေသည်ဟု ဆိုလိုပေ၏။ ဒေါသ မောဟ အနှိပ်စက်ခံရသော စိတ်မဖြစ်ဟူရာတို့၌လည်း နည်းတူပင်။
၂- ခွါအပ်ပြီးသော နီဝရဏရှိသော.. ထိုယောဂီအား-ဟု စပ်ပါ။
၁၅၉
ရှေးရှုသည်အဖြစ်ဖြင့် ဖြောင့်မတ်သည့် စိတ်ရှိသော ထိုယောဂီအား ဘုရား၏ ဂုဏ်တော်များသို့ ညွတ်ကိုင်းရှိုင်းကုန်သော ဝိတက် ဝိစာရ (ကြံမှု ဆင်ခြင်မှု)တို့သည် မပြတ်ဖြစ်ကုန်၏။ မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို အဖန်တလဲလဲ ကြံစည်နေသော အဖန်တလဲလဲ သုံးသပ် ဆင်ခြင်နေသော ယောဂီအား နှစ်သိမ့်ဝမ်းမြောက်မှု-ပီတိသည် ဖြစ်ပေါ်၏၊ ပီတိဖြင့် ဝမ်းမြောက်သည့်စိတ်ရှိသော သူအား ပီတိလျှင် နီးသောအကြောင်းရှိသော ငြိမ်းအေးမှု-ပဿဒ္ဓိဖြင့် ကိုယ်စိတ်၏ ပူပန်ခြင်းတို့သည်၁ ငြိမ်းကုန်၏၊ ပူပန်မှုငြိမ်းသော ယောဂီအား ကိုယ်ချမ်းသာလည်း ဖြစ်ပေါ်၏၊ စိတ်ချမ်းသာလည်း ဖြစ်ပေါ်၏။ ကိုယ်စိတ်ချမ်းသာနှင့် ပြည့်စုံသော ယောဂီအား (ဝါ-ယောဂီ၏)စိတ်သည် ဘုရားဂုဏ်လျှင် အာရုံရှိသည်ဖြစ်၍ (ဝါ- ဘုရားဂုဏ်ကိုသာ အာရုံပြုလျက်) ကောင်းစွာ တည်ကြည်၏။ ဤသို့သော အစဉ်ဖြင့် တခုသောခဏ၌ ဈာန်အင်္ဂါတို့သည် ဖြစ်ပေါ်ကုန်၏၂။ သို့သော်လည်း
၁- ကိုယ်စိတ်၏ ပူပန်ခြင်းတို့ ဟူသည်ကား ကိုယ်စိတ် ငြိမ်းအေးခြင်းတို့၏ ဆန့်ကျင်ဘက်ဖြစ်ကုန်သော သိမ်မွေ့သော အခိုက်အတန့်ရှိကုန်သော ဥဒ္ဓစ္စနှင့်တကွ ဖြစ်ကုန်သော ကိလေသာတို့ပင်တည်း။ (ဋီကာ)
၂- အကြင်အခါ၌ ဘုရားဂုဏ်လျှင် အာရုံရှိသော ဘာဝနာသည် အဆင့်ဆင့် အထူးကိုဆောင်လျက် ဖြစ်၏၊ ထိုအခါ၌ နီဝရဏတို့သည် ကင်းကွာကုန်သည်သာ ဖြစ်ကုန်၏၊ ကိလေသာတို့သည် ငြိမ်ဝပ်သည်သာလျှင် ဖြစ်ကုန်၏၊ သဒ္ဓါအစရှိသော ဣန္ဒြေတို့သည် ကောင်းစွာ သန့်ရှင်းထက်မြက်ကုန်၏၊ ပွါးစေမှု-ဘာဝနာ၏ လေ့လာ ကျေပြွန်ခြင်းကြောင့် ဝိတက် ဝိစာရတို့သည် အလွန်အကဲ ထက်သောကိစ္စ ရှိကုန်၏၊ အားကြီးသော ပီတိသည် ဖြစ်ပေါ်၏။ ပီတိလျှင် နီးသောအကြောင်းရှိသော ပဿဒ္ဓိသည် ထူးခြားခြင်းရှိလျက်ဖြစ်၏၊
၁၆၀
ဘုရားဂုဏ်တော်တို့၏ နက်နဲခြင်းကြောင့်၎င်း၁, အထူးထူး အပြားပြား များစွာသော ဂုဏ်တော်တို့ကို အောက်မေ့ဆင်ခြင်ခြင်းဖြင့် သက်ဝင်လေးမြတ်
ငြိမ်းသော ကိုယ်ရှိသော ယောဂီအား သမာဓိ၏ ပဒဋ္ဌာန်ဖြစ်သော သုခသည် အထူးသဖြင့် ခိုင်ခံ့လျက်ဖြစ်၏၊ သုခ-က အစဉ်ပွါးစေအပ်သော စိတ်သည် ကမ္မဋ္ဌာန်းအာရုံ၌ ကောင်းစွာသာလျှင် တည်ကြည်ပေ၏၊ ဤသို့သော အစဉ်ဖြင့် ရှေးအဖို့၌ ဝိတက် စသည်တို့သည် အဆင့်ဆင့် ထက်မြက်သည် သာ၍ထက်မြက်သည်၏ အဖြစ်အားဖြင့် မပြတ်ဖြစ်ခဲ့ပြီးလျှင် ဘာဝနာ၏ အလယ်အလတ် ညီမျှသော သမထသို့ ရောက်ခြင်းဖြင့်၎င်း ဣန္ဒြေတို့၏ တူသောကိစ္စ ရှိသည်၏အဖြစ်ဖြင့်၎င်း သာလွန်သည်ထက် သာလွန်၍ ထက်မြက်ကုန်သည် ဖြစ်ကုန်၍ တခုသောခဏ၌ ဈာန်အင်္ဂါတို့သည် ဖြစ်ပေါ်ကုန်၏။ (ဋီကာ)
၁- နက်သောရေ၌ ကျသောလှေ(သည် ထောက်တည်ရာကို မရသ)ကဲ့သို့ နက်နဲသောအာရုံ၌ သမထဘာဝနာသည် ထောက်တည်ရာကို မရပေ။ (သဘာဝဓမ္မ အာရုံဖြစ်သောကြောင့်ဟု မဆိုသင့်ပါလော-ဟူသော စောဒနာဖွယ်ကို) ဆက်၍ ရှင်းပြဦးအံ့၊ နက်နဲသည်၏ အဖြစ်ကြောင့်ဟူသော ဤစကားဖြင့် သဘာဝဓမ္မအဖြစ်ကိုလည်း သိမ်းယူအပ်ပေ၏၊ မှန်ပေ၏- နက်နဲသည်မှာ သဘာဝဓမ္မပေတည်း၊ ပညတ် မဟုတ်ပေ။ (ဤစကားဖြင့် နက်နဲသော သဘာဝဓမ္မ ဖြစ်သောကြောင့်-ဟု ဆိုလိုကြောင်းကို ပြ၏) တဇ္ဇာပညတ်၏ အစွမ်းဖြင့် သဘာဝဓမ္မကို ယူအပ်-ရှုအပ်သည် မဟုတ်ပါလော-ဟု စောဒနာငြားအံ့။ ရှေးအဖို့၌ (တဇ္ဇာပညတ်ဖြင့်) ယူအပ်-ရှုအပ်သည် မှန်ပေ၏၊ သို့သော်လည်း ဘာဝနာသည် တိုးပွါးလာလတ်သော် ပညတ်ကိုကျော်လွန်၍ သဘာဝဓမ္မ၌သာလျှင် စိတ်သည် တည်လေ၏။ (ဋီကာ) ဤဋီကာ၌ တဇ္ဇာပညတ်ဟူသည်မှာ ပရမတ်သဘောတရားတို့၏ အမည်ပင်ဖြစ်သည်။ ရုပ် ဝေဒနာ ဖဿစသော အမည်များကဲ့သို့ပင်
၁၆၁
လေးမြတ် ဆုံးဖြတ် ယုံကြည်ခြင်းကြောင့်၎င်း၁ (ဝါ-များစွာသော ဂုဏ်တော်တို့ကို အောက်မေ့ခြင်းငှါ နှလုံးသွင်း ညွတ်ကိုင်းခြင်းကြောင့်၎င်း၁) အပ္ပနာဈာန်သို့ မရောက်မူ၍ ဥပစာရသို့သာလျှင်ရောက်သော၂ ဈာန်သည် ဖြစ်၏။ ထိုသို့ ဥပစာရသို့ရောက်သော ဤဈာန်သည် ဘုရားဂုဏ်တော်တို့ကို အဖန်တလဲလဲ
ပူသည် အေးသည် နာသည် တောင့်သည် လှုပ်သည် သွားသည်စသော စကားများသည်လည်း တဇ္ဇာပညတ်များပင်တည်း။
၁- ဤ၌ အနက်ပြန်ပုံ ၂-ချက်တွင် ပဌမပြန်ချက်သည် “ဘာဝနာ၏ အားအစွမ်းဖြင့် ဘုရားဂုဏ်တော်တို့သည် မျက်မှောက်အားဖြင့် ထင်ကုန်လတ်သော် ကြည်ညိုသော သဒ္ဓါ၏ အားကြီးစွာ ဖြစ်ခြင်းကြောင့် ဤယောဂီသည် တခုတည်းသော ဂုဏ်၌သာလျှင် တည်ခြင်းငှါ မစွမ်းနိုင်ပေ။ ထို့ကြောင့်ပင် အဓိမုတ္တတာယ- နှလုံးသွင်း သက်ဝင်ကြည်လင် ဆုံးဖြတ်ခြင်းကြောင့်-ဟု (အဋ္ဌကထာဆရာ) ဆိုပေသည်”ဟူသော ဋီကာနှင့်အညီပင် ဖြစ်သည်။ ဒုတိယပြန်ချက်သည်ကား ဗုဒ္ဓါနုဿတိသည် ဂုဏ်တပါးတည်းကိုသာ နှလုံးသွင်းအပ်သည် မဟုတ်၊ အများကိုပင် ဉာဏ်မှီသမျှ လိုက်၍ နှလုံးသွင်းအပ်သည်ဟူသော ယူဆချက်ဖြင့် ပြန်ထားခြင်းဖြစ်သည်။
၂- ဥပစာရပ္ပတ္တမေဝ-၌ ဧ၀-ကို သမာသ်ပုဒ်၏အတွင်း၌ သွင်း၌ ပြန်ခြင်းဖြစ်သည်၊ ထိုပြန်ချက်သည် အပ္ပနံ အပ္ပတွာ- အပ္ပနာသို့ မရောက်မူ၍ဟူသော မြစ်ချက်နှင့် အလျော်ပင် ဖြစ်သည်။ ထိုအရာ၌ ဥပစာရမတ္တမေဝ-ဟု ရှိလျှင် ဥပစာမျှသာလျှင်ဖြစ်သော ဈာန်သည် ဖြစ်၏-ဟု ပြန်ရာ၏၊ သာ၍ ချောမော ပြေပြစ်သကဲ့သို့ ရှိပေ၏။
၁၆၂
အောက်မေ့သည်၏ အစွမ်းအားဖြင့် ဖြစ်သောကြောင့် ဗုဒ္ဓါနုဿတိဟူ၍သာလျှင် ရေဘွက် ခေါ်ဆိုအပ်ခြင်းသို့ ရောက်ပေသည်။
အကျိုးကား- ဤဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို အားထုတ်သော ရဟန်းသည် ဆရာအရှင် ဖြစ်တော်မူသော မြတ်စွာဘုရား၌ ရိုသေခြင်းရှိပေ၏။ တုပ်ဝပ်ခြင်းရှိပေ၏၊ သဒ္ဓါ၏ ပြန့်ပြောခြင်း သတိ၏ပြန့်ပြောခြင်း ပညာ၏ပြန့်ပြောခြင်း ကောင်းမှု၏ ပြန့်ပြောခြင်းသို့လည်း ရောက်ပေ၏၊ နှစ်သိမ့် ဝမ်းမြောက်မှု (ပီတိ ပါမောဇ္ဇ)ဖြစ်ခြင်း များပေ၏၊ ကြောက်ဖွယ် ဘေးငယ်ဘေးကြီးကို သည်းခံနိုင်ပေ၏၊ ဆင်းရဲဒုက္ခတို့ကို သည်းခံခြင်းငှါ စွမ်းနိုင်ပေ၏၊ မြတ်စွာဘုရားနှင့် အတူတကွ နေရသည်ဟူသော အမှတ်သညာကို ရပေ၏။ ထို့ပြင် ဗုဒ္ဓါနုဿတိ၏ ကိန်းအောင်းရာဖြစ်သော ယောဂီ၏ကိုယ်သည်လည်း စေတီအိမ် (ဘုရားကျောင်း)ကဲ့သို့ ပူဇော်ထိုက်ပေ၏၊ (ထိုယောဂီ၏)စိတ်သည် ဘုရားအဆင့်-ဘုရားအဖြစ်၌ ညွတ်၏၊ ထို့ပြင် ကျူးလွန်စရာ ဝတ္ထုအမှုနှင့် တွေ့လတ်သော် မြတ်စွာဘုရားကို မျက်မှောက်၌ မြင်နေရသကဲ့သို့ ရှက်ကြောက်မှု (ဟိရီ ဩတ္တပ္ပ)သည် ထိုယောဂီအား ရှေးရှုထင်၏၊ အထက်၌ မဂ်ဖိုလ်တရားထူးကို ထိုးထွင်း၍ မသိငြားသော်လည်း သုဂတိလျှင် လားရာရှိပေ၏။
ထို(သို့ ဘုရား၌ ရိုသေတုပ်ဝပ်ခြင်းမှစ၍ သုဂတိလျှင် လားရာရှိခြင်းတိုင်အောင် များစွာသော အကျိုးရှိခြင်း)ကြောင့် ကောင်းသော အမြော်အမြင်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဤဆိုခဲ့သည့်အတိုင်း ကြီးမားသော အာနုဘော်နှင့် ပြည့်စုံသော ဗုဒ္ဓါနုဿတိ၌ အခါခပ်သိမ်း မမေ့မလျော့
၁၆၃
အားထုတ်ခြင်းကို စင်စစ်မုချ ပြုသင့်လှပါပေသတည်း။ ဤကား ဥယျောဇဉ်ပေတည်း။
ယခု ဆိုခဲ့ပြီးသော စကားသည် ရှေးဦးစွာ (အစဉ်ကျသော) ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း၌ အကျယ်ပြဆိုသော စကားအမြွက်ပေတည်း။
(ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း ပြီး၏)။
**********
၂-ဓမ္မာနုဿတိပွါးပုံ ပြဆိုချက်
၁၄၆။ ဓမ္မာနုဿတိကို ပွါးစေခြင်းငှါ အလိုရှိသော ယောဂီသည်လည်း ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက် အပြင်ပအာရုံများမှ ဖဲခွါကာ (ကမ္မဋ္ဌာန်း၌) ကောင်းစွာ ကပ်ငြိသည်ဖြစ်၍-
“သွာက္ခာတော ဘဂဝတာ ဓမ္မော- မြတ်စွာဘုရားသည် တရားတော်ကို ကောင်းစွာ ဟောတော်မူအပ်ပေ၏ (ဝါ-ကောင်းစွာ ဟောထားသော တရားတော်သည်) သန္ဒိဋ္ဌိကော- မိမိကိုယ်တိုင်ပင် တွေ့မြင်အပ်- တွေ့မြင်နိုင်သော တရားတော်မြတ်ပါပေသည်း၊ အကာလိကော- အခါအခွင့် မဆိုင်းလင့်ပဲ အသင့်လက်ငင်း ချက်ခြင်း အကျိုးပေးတတ်သော တရားတော်မြတ်ပါပေတည်း၊ ဧဟိပဿိကော- လာပါ ကြည့်လှည့်ပါဟု ဖိတ်ခေါ်ထိုက်သော တရားတော်မြတ်ပါပေတည်း၊ ဩပနေယျိကော- ကိုယ်ထဲ စိတ်ထဲရောက်အောင် ကျင့်ဆောင်ထိုက်သော တရားတော်မြတ်ပါပေတည်း၊ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ- တရားမြင်သိ ပညာရှိတို့သည်သာလျှင် ကိုယ့်တရားနှင့်ကိုယ် အသီးအသီး ခံစားရသော တရားတော်မြတ်ပါပေထည်း”ဟူ၍-
၁၆၄
ဤပုံ ဤနည်းဖြင့် ဒေသနာတော်ဟူသော ပရိယတ်တရားတော်၏၎င်း၊ ၉-ပါး အပြားရှိသော လောကုတ္တရာတရား၏၎င်း ဂုဏ်ကျေးဇူးတို့ကို အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်အပ်ကုန်၏။
၁၄၇။ မှန်ပေ၏၊ သွာက္ခာတော- ကောင်းစွာဟောအပ်သည်-ဟူသော ဤပုဒ်၌ ပရိယတ်တရားတော်သည်လည်း သိမ်းယူအပ်သည်၏အဖြစ်သို့ ရောက်ပေ၏၊ ဤမှ တပါးကုန်သော ငါးပုဒ်တို့၌(ကား) လောကုတ္တရာတရားသည်သာလျှင် (သိမ်းယူအပ်သည်၏အဖြစ်သို့ ရောက်ပေ၏)။ ထိုတွင် ပရိယတ်တရားတော်သည်၁ [၂၀၇] အစ, အလယ်, အဆုံး သုံးပါးလုံး ကောင်းသည်၏ အဖြစ်ကြောင့်၎င်း၊ ပြည့်စုံကောင်းမြတ်သော အနက်နှင့် ပြည့်စုံကောင်းမြတ်သော သဒ္ဒါရှိသည့်ပြင် အလုံးစုံ အကြွင်းမဲ့ပြည့်စုံ၍ ထက်ဝန်းကျင် စင်ကြယ်သော ဗြဟ္မစရိယခေါ် အကျင့်မြတ်ကို၂ ပြတတ်သည်၏ အဖြစ်ကြောင့်၎င်း ကောင်းစွာ ဟောအပ်သော (သွာက္ခာတ)၃ တရားမည်ပေ၏။
၁- ပရိယတ် တရားတော်သည်.. (သွာက္ခာတ) တရားမည်ပေ၏-ဟု စပ်ပါ။
၂- ဗြဟ္မစရိယခေါ် အကျင့်မြတ်သည် ပြည့်စုံကောင်းမြတ်သော အနက်လည်း ရှိ၏၊ ပြည့်စုံကောင်းမြတ်သော သဒ္ဒါလည်း ရှိ၏၊ အလုံးစုံ အကြွင်းမဲ့ ပြည့်စုံ၏ ထက်ဝန်းကျင် စင်ကြယ်၏၊ ထိုသို့သော အကျင့်မြတ်ကို ပရိယတ်တရားတော်က ပြတတ်သောကြောင့်-ဟု ဆိုလို၏။ ထိုတွင် သဒ္ဒါရှိသည်-ဟု ဆိုခြင်းမှာ အဆုံးအမ စကားတော်ဟူသော ဗြဟ္မစရိယကို ရည်၍ ဆိုခြင်းဖြစ်သည်။
၃- သု-ကောင်းစွာ + အက္ခာတ- ဟောအပ်သည် = သွာက္ခာတ- ကောင်းစွာ ဟောအပ်သောတရား။
၁၆၅
ချဲ့၍ပြအံ့- ဂါထာတပုဒ်ပင် ဖြစ်သော်လည်း မြတ်စွာဘုရားဟောသော ထိုဂါထာသည် အဆုံးအမတရားတော်၏ ထက်ဝန်းကျင်အဖို့တို့ဖြင့် ကောင်းခြင်းကြောင့်၁ ပဌမအပိုဒ်ဖြင့် အစ၌ ကောင်းပေ၏၂၊ ဒုတိယ တတိယအပိုဒ်တို့ဖြင့် အလယ်၌ ကောင်းပေ၏၃၊ နောက်ဆုံးအပိုဒ်ဖြင့် အဆုံး၌ ကောင်းပေ၏၄။ အဆက်အစပ် အနုသန္ဓေတခုသာရှိသော သုတ်သည် အကြောင်းပြ အခြေခံနိဒါန်းဖြင့်၅ အစ၌ ကောင်းပေ၏၊ နိဂုံးချုပ်စကားဖြင့် အဆုံး၌ ကောင်းပေ၏၊ ကြွင်းသော အလယ်ပိုင်းဖြင့် အလယ်၌ ကောင်း၏။ အနုသန္ဓေများစွာရှိသော သုတ်သည် ပဌမအနုသန္ဓေဖြင့် အစ၌ ကောင်းပေ၏။ နောက်ဆုံး အနုသန္ဓေဖြင့် အဆုံး၌ ကောင်းပေ၏။ ကြွင်းသော အလယ်ပိုင်း အနုသန္ဓေတို့ဖြင့် အလယ်၌ ကောင်းပေ၏။
၁- အဆုံးအမ တရားတော်ဟူသမျှသည် သီလ သမာဓိ ပညာနှင့် ဝိမုတ္တိကိုရည်၍ ဟောသော တရားတော်ချည်းဖြစ်သောကြောင့် ထက်ဝန်းကျင်အဖို့အားဖြင့် ကောင်းပေသည်။
၂- အာဒိကလျာဏ-ပုဒ်၏ အနက်ဖြစ်သည်၊ အစ၌ ကောင်းခြင်းရှိပေ၏၊ အစ၏ကောင်းခြင်း ရှိပေ၏-ဟူ၍လည်း ပြန်သင့်သေး၏။ အလယ်၌ အဆုံး၌ ကောင်းပေ၏- ဟူရာတို့၌လည်း နည်းတူပင်။
၃- မဇ္ဈေကလျာဏ-ပုဒ်၏ အနက်ဖြစ်သည်။
၄- ပရိယောသာနကလျာဏ-ပုဒ်၏ အနက်ဖြစ်သည်။
၅- ဧဝံ မေ သုတံ-ဤသို့ ကျွန်ုပ်ကြားဘူးပါသည်- စသည်ဖြင့် ဟောရာကာလအရပ် ဟောသောပုဂ္ဂိုလ် နာသူပရိသတ် စသည်တို့ကိုပြသော စကားရပ်သည် နိဒါန်းမည်၏။
၁၆၆
သုတ္တန် ဝိနည်း ၂-ပါးအတွက် တနည်းသော်ကား၁ နိဒါန်းနှင့်တကွ, အမှုအကြောင်း ဖြစ်ပေါ်လာပုံနှင့်တကွ ပြထားသောကြောင့်၂ အစ၌ ကောင်းပေ၏၊ (ပညတ်အပ်သော ဝိနည်း, ဟောအပ်သော သုတ်၏) ဝေနေယျတို့အား လျော်ခြင်းကြောင့်၎င်း၊ (အဘယ့်ကြောင့်နည်းဟူမူ- အစရှိသော) ဟိတ်, (ဥပမာသော်ကား အစရှိသော) ဥဒါဟရုဏ် ပုံပမာတို့နှင့် ယှဉ်ခြင်းကြောင့်၎င်း အလယ်၌ ကောင်းပေ၏၊ နာသူတို့အား သဒ္ဓါတရားရခြင်းကို ဖြစ်စေခြင်းဖြင့်၎င်း၊ နိဂုံးဖြင့်၎င်း အဆုံး၌ ကောင်းပေ၏။
အလုံးစုံလည်းဖြစ်သော အဆုံးအမတရားတော်သည်၃ မိမိ၏အနက်ဖြစ်သော သီလဖြင့် အစ၌ ကောင်းပေ၏၊ သမထ ဝိပဿနာ မဂ်ဖိုလ်တို့ဖြင့် အလယ်၌ ကောင်းပေ၏၊ နိဗ္ဗာန်ဖြင့်၄ အဆုံး၌ ကောင်းပေ၏။ တနည်းကား သီလနှင့် သမာဓိတို့ဖြင့် အစ၌ ကောင်းပေ၏၊ ဝိပဿနာနှင့် မဂ်တို့ဖြင့် အလယ်၌ ကောင်းပေ၏။
၁- အပိစ-ပုဒ်၏ အနက်ဖြစ်သည်၊ ရည်ရွယ်ချက် ထင်ရှားစေရန် ဖော်၍ပြန်ထားသည်။
၂- နိဒါန်းနှင့်တကွ ပြထားသည်-ဟူသော စကားဖြင့် သုတ္တန်ကို ရည်သည်။ အမှုအကြောင်း ဖြစ်ပေါ်လာပုံနှင့်တကွ ပြထားသည်-ဟူသော စကားဖြင့် ဝိနည်းကို ရည်သည်။
၃- ဤစကားဖြင့် သုတ် ဝိနည်း အဘိဓမ္မာဟူသော သာသနဓမ္မအလုံးစုံကို ပြသည်။
၄- ထိုနိဗ္ဗာန်ကိုရသည်မှ နောက်၌ ပြုဖွယ်မရှိခြင်းကြောင့် နိဗ္ဗာန်ဖြင့် အဆုံး၌ ကောင်းပေ၏။ (ဋီကာ)
၁၆၇
ဖိုလ်နှင့် နိဗ္ဗာန်တို့ဖြင့် အဆုံး၌ ကောင်းပေ၏။ တနည်းကား မြတ်စွာဘုရား၏ ကောင်းစွာ သိတော်မူခြင်းဖြင့် အစ၌ ကောင်းပေ၏၊ တရားတော်၏ ကောင်းမွန် မှန်ကန်သော တရားဖြစ်ခြင်းဖြင့် အလယ်၌ ကောင်းပေ၏၊ သံဃာတော်၏ ကောင်းစွာ ကျင့်ခြင်းဖြင့် အဆုံး၌ ကောင်းပေ၏။ တနည်းကား ထိုတရားကို နာကြားပြီးလျှင် ထိုတရားတော်၌ ညွှန်ပြသည့်အတိုင်း ဖြစ်ရန်အတွက် ကျင့်သောပုဂ္ဂိုလ်သည် ရအပ်သော သမ္မာသမ္ဗောဓိဉာဏ်ဖြင့် အစ၌ ကောင်းပေ၏၊ ပစ္စေကဗောဓိဉာဏ်ဖြင့် အလယ်၌ ကောင်းပေ၏၊ သာဝကဗောဓိဉာဏ်ဖြင့် အဆုံး၌ ကောင်းပေ၏။
ထို့ပြင် ဤတရားတော်သည် ကြားနာစဉ်ပင် နီဝရဏတို့ကို ကွာစေတတ်သောကြောင့် ကြားနာခြင်းဖြင့်လည်း ကောင်းသည်ကိုသာလျှင် ဆောင်ပေးတတ်၏၊ ထို့ကြောင့် အစ၌ ကောင်းပေ၏။ ကျင့်ပြန်လျှင်လည်း သမထချမ်းသာ ဝိပဿနာချမ်းသာကို ဆောင်ပေးတတ်သောကြောင့် အကျင့်ပဋိပတ်ဖြင့်လည်း ကောင်းသည်ကို ဆောင်ပေးတတ်၏၊ ထို့ကြောင့် အလယ်၌ ကောင်းပေ၏၊ ထိုသို့ ကျင့်ပြီးသောသူသည်လည်း အကျင့်ပဋိပတ်၏ အကျိုးပြီးလတ်သော် အကောင်းနှင့်အဆိုးကို အတူပြု၍ ရှုနိုင်သော (တာဒီ)ပုဂ္ဂိုလ်၏အဖြစ်ကို ဆောင်ပေးတတ်- ဖြစ်စေတတ်သောကြောင့် ပဋိပတ်၏ အကျိုးဖြင့်လည်း ကောင်းသည်ကို ဆောင်ပေးတတ်၏၊ ထို့ကြောင့် အဆုံး၌ ကောင်းပေ၏။ ဤဆိုခဲ့သည့်အတိုင်း အစ အလယ် အဆုံး သုံးပါးလုံး ကောင်းသည်၏အဖြစ်ကြောင့် ကောင်းစွာ ဟောအပ်သော (သွာက္ခာတ) တရားမည်ပေ၏။
၁၆၈
ထိုမှတပါး ဤမြတ်စွာဘုရားသည် တရားကို ဟောတော်မူလတ်သော် သာသနဗြဟ္မစရိယ၁ခေါ်သော အကျင့်မြတ်ကို၎င်း၊ မဂ္ဂဗြဟ္မစရိယ၂ခေါ်သော အကျင့်မြတ်ကို၎င်း (တိုက်ရိုက်)ပြတော်မူ၏၃၊ အမျိုးမျိုးသော နည်းတို့ဖြင့် (တဆင့်)ပြတော်မူ၏၄၊ ထိုနှစ်ပါးသော အကျင့်မြတ်သည် ထိုက်သည်အားလျော်စွာ အနက်၏ ပြည့်စုံခြင်း- ကောင်းခြင်းကြောင့် (ဝါ-ပြည့်စုံကောင်းမြတ်သော အနက်ရှိသောကြောင့်) (သာတ္ထ)အနက်နှင့်ပြည့်စုံသည် မည်ပေ၏၊ သဒ္ဒါ၏ပြည့်စုံခြင်း- ကောင်းခြင်းကြောင့် (ဝါ-ပြည့်စုံ ကောင်းမြတ်သော သဒ္ဒါရှိသောကြောင့်) (သဗျဉ္ဇန) သဒ္ဒါနှင့်ပြည့်စုံသည် မည်ပေ၏။ (တနည်းကား) သင်္ကာသန- အကျဉ်းပြခြင်း၅, ပကာသန- ရှေးဦးစွာပြခြင်း, ဝိဝရဏ- အကျယ်ဖွင့်ပြခြင်း, ဝိဘဇ- တဖန်ဝေဘန်ခြင်း, ဥတ္တာနီကရဏ- ဖွင့်ပြပြီးကို ပေါ်လွင်အောင်ပြုခြင်း, ပညတ္တိ- ဝေဘန်ပြီးကို အပြားအားဖြင့် သိစေခြင်း-ဟူသော အနက်ပုဒ်တို့နှင့် ယှဉ်ခြင်းကြောင့်
၁- လောကီ လောကုတ္တရာ မခွဲခြားပဲ သာမညအားဖြင့် သီလ သမာဓိ ပညာ သိက္ခာသုံးပါးသည်၎င်း၊ အလုံးစုံသော ပါဠိတော် ဒေသနာတရားသည်၎င်း သာသနဗြဟ္မစရိယ မည်၏။ (ဋီကာ)
၂- အလုံးစုံသော အကျင့်သိက္ခာတို့၏ အကြည်အနှစ်သဖွယ်ဖြစ်သော သိက္ခာသုံးပါးအပေါင်းဖြင့် ရေတွက်အပ်သော အရိယမဂ်သည် မဂ္ဂဗြဟ္မစရိယမည်၏။ (ဋီကာ)
၃- ပကာသေတိ-၏ အနက်ဖြစ်သည်။
၄- ဒီပေတိ-၏ အနက်ဖြစ်သည်။
၅- ဤမှစ၍ သာတ္ထ သဗျဉ္ဇန-၏ အဖွင့်များသည် ပါဠိကျမ်းတတ် ပုဂ္ဂိုလ်မြတ်တို့၏ အရာသာ ဖြစ်သည်။
၁၆၉
(သာတ္ထ)အနက်နှင့်ပြည့်စုံသည် မည်၏၊ အက္ခရာ ပုဒ် ဝါကျ (ဝါကျကို အပြားအားဖြင့် ဝေဘန်ပြခြင်းဟူသော)အာကာရ (သဒ္ဒါနက်ကို ထုတ်ပြခြင်းဟူသော)နိရုတ္တိ (အကြွင်းမဲ့ အကျယ်ပြခြင်းဟူသော) နိဒ္ဒေသတို့၏ ပြည့်စုံခြင်းကြောင့် (သဗျဉ္ဇန) သဒ္ဒါနှင့်ပြည့်စုံသည် မည်၏။ အနက်၏ နက်နဲခြင်း, (ပဋိဝေဓ) အသိဉာဏ်၏ နက်နဲခြင်းကြောင့် (သာတ္ထ)အနက်နှင့် ပြည့်စုံသည် မည်၏၊ [၂၀၈] ပါဠိဟူသော ဓမ္မ၏ နက်နဲခြင်း ဟောသောဒေသနာ၏ နက်နဲခြင်းတို့ကြောင့် (သဗျဉ္ဇန)သဒ္ဒါနှင့် ပြည့်စုံသည် မည်၏။ အတ္ထပဋိသမ္ဘိဒါ ပဋိဘာနပဋိသမ္ဘိဒါတို့၏ အာရုံဖြစ်သောကြောင့် (သာတ္ထ)မည်၏။ ဓမ္မပဋိသမ္ဘိဒါ နိရုတ္တိပဋိသမ္ဘိဒါတို့၏ အာရုံ ဖြစ်သောကြောင့် (သဗျဉ္ဇန)မည်၏။ ပညာရှိတို့သာ သိအပ်-သိနိုင်ကောင်းသောကြောင့် စူးစမ်းဆင်ခြင်တတ်သော ပညာရှိပုဂ္ဂိုလ်အပေါင်းကို ကြည်ညိုစေတတ်ပေ၏၊ ထို့ကြောင့် (သာတ္ထ)မည်၏၊ ယုံကြည်အပ်- ယုံကြည်ထိုက်သောကြောင့် လောက၌ အတွင်းဝင်ကာမျှဖြစ်သော သာမန်လူအပေါင်းကို ကြည်ညိုစေတတ်ပေ၏၊ ထို့ကြောင့် (သဗျဉ္ဇန)မည်၏။ နက်နဲသော အဓိပ္ပါယ်ရှိသောကြောင့် (သာတ္ထ)မည်၏၊ ပေါ်လွင်ထင်ရှားသော ပုဒ်ဝါကျရှိသောကြောင့် (သဗျဉ္ဇန)မည်၏။ ဖြည့်စွက် ထည့်သွင်းဖွယ် မရှိခြင်းကြောင့် အလုံးစုံ အကြွင်းမဲ့ ပြည့်စုံသောအားဖြင့် (ကေဝလပရိပုဏ္ဏ) အလုံးစုံ အကြွင်းမဲ့ ပြည့်စုံပေ၏။ နုတ်ပယ်စရာ မရှိခြင်းကြောင့် အပြစ်ကင်းသည်၏ အဖြစ်ဖြင့် (ပရိသုဒ္ဓ) ထက်ဝန်းကျင် စင်ကြယ်ပေ၏။
တနည်းသော်ကား သီလစသော အကျင့်ပဋိပတ်ဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကိုရခြင်း၏ ထင်ရှားခြင်းကြောင့် (သာတ္ထ)အနက်နှင့် ပြည့်စုံပေ၏၊ တရားတော်ကို သင်ယူခြင်းဖြင့် ခိုင်လုံသော အာဂုံသုတ၏
၁၇၀
ထင်ရှားခြင်းကြောင့် (သဗျဉ္ဇန)သဒ္ဒါနှင့် ပြည့်စုံပေ၏။ သီလအစရှိသော ငါးပါးသော ဂုဏ်ကျေးဇူးတရားအစုနှင့် ယှဉ်ခြင်း- ပြည့်စုံခြင်းကြောင့် အလုံးစုံ အကြွင်းမဲ့ ပြည့်စုံပေ၏၊ ဒိဋ္ဌိမာနစသော ညစ်ညူးကြောင်း ဥပက္ကိလေသတို့၏ မရှိခြင်းကြောင့်၎င်း၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ရန်အတွက် ဖြစ်ခြင်းကြောင့်၎င်း၊ (လာဘ်လာဘ ကျော်စောခြင်းဟူသော) လောကအာမိသကို မငဲ့ခြင်းကြောင့်၎င်း ထက်ဝန်းကျင် စင်ကြယ်ပေ၏၊ ဤသို့ အနက်နှင့် သဒ္ဒါနှင့် ပြည့်စုံသည့်ပြင် အလုံးစုံ အကြွင်းမဲ့ ပြည့်စုံ၍ ထက်ဝန်းကျင် စင်ကြယ်သော ဗြဟ္မစရိယခေါ် အကျင့်မြတ်ကို ပြခြင်းကြောင့် ကောင်းစွာ ဟောအပ်သော (သွာက္ခာတ)တရားမည်ပေ၏။
တနည်းကား အနက်၏ ဖောက်ပြန် မှားယွင်းခြင်း မရှိသောကြောင့် (သုဋ္ဌု-သု)ကောင်းစွာ + (အက္ခာတော)ဟောအပ်ပေ၏။ ထို့ကြောင့် (သွာက္ခာတော) ကောင်းစွာ ဟောအပ်သော တရားမည်ပေ၏။ ဥပမာဖြင့် ပြအံ့- သာသနာတော်မှ အပြင်ပ တိတ္ထိဆရာတို့ဟောထားသော တရား၏ အနက်သည် ဖောက်ပြန် မှားယွင်းခြင်းသို့ ရောက်၏၊ အကြောင်းမူကား- (ထိုတိတ္ထိဆရာတို့က) “အန္တရာယ်ပြုတတ်ကုန်၏”ဟု ဟောထားသော တရားတို့သည် အန္တရာယ် မပြုတတ်ကြသောကြောင့်၎င်း၊ “သံသရာမှ ထွက်သွားတတ်- ထုတ်ဆောင်တတ်ကုန်၏”ဟူ၍ (၎င်းတို့က) ဟောထားသော (ယဇ်ပူဇော်ခြင်း အစရှိသော) တရားတို့သည် သံသရာမှ မထွက်သွားတတ်ကြ မထုတ်ဆောင်တတ်ကြသောကြောင့်၎င်း (ဖောက်ပြန် မှားယွင်းခြင်းသို့ ရောက်ပေသည်)။ ထိုသို့ သူတို့ဟောသောတရား၏ အနက်သည် မမှန်ကန် ဖောက်ပြန် မှားယွင်းသောကြောင့် ထိုတိတ္ထိတို့သည် (ဒုရက္ခာတ) မကောင်းသဖြင့် ဟောအပ်သော တရားသာလျှင် ရှိကုန်၏။
၁၇၁
မြတ်စွာဘုရား ဟောထားသော တရားတော်၏ အနက်သည်ကား ထိုကဲ့သို့ ဖောက်ပြန် မှားယွင်းခြင်းသို့ မရောက်ပေ၊ “(ကမ္မန္တရာယ် အစရှိသော) ဤတရားတို့သည်၁ သဂ္ဂန္တရာယ် မဂ္ဂန္တရာယ်ကို ပြုတတ်ကုန်၏၊ ဤအရိယမဂ်တရားတို့သည် သံသရာမှ ထွက်သွားတတ် ထုတ်ဆောင်တတ်ကုန်၏”ဟု ဤသို့ ဟောထားသော တရားတို့သည် ထိုသို့ အန္တရာယ်ပြုခြင်း သံသရာမှထွက်သွားခြင်း- ထုတ်ဆောင်ခြင်းကို မလွန်သောကြောင့် (ဝါ-ထိုသို့ အန္တရာယ်ကို ပြုတတ်ကြ, သံသရာမှ ထွက်သွားတတ်ကြ- ထုတ်ဆောင်တတ်ကြသည်သာ ဖြစ်ကြသောကြောင့်) (ဖောက်ပြန် မှားယွင်းခြင်းသို့ မရောက်ပေ)။ ဤသို့ ဆိုခဲ့သည့်အတိုင်း ကောင်းစွာ ဟောအပ်သောကြောင့် ပရိယတ်တရားတော်သည် ကောင်းစွာ ဟောအပ်သော (သွာက္ခာတ)တရား မည်ပါပေ၏။
ထိုမှတပါး နိဗ္ဗာန်နှင့်လျော်သော အကျင့်ပဋိပတ်ကို ဟောတော်မူခြင်းကြောင့်၎င်း၊ အကျင့်ပဋိပတ်နှင့်လျော်သော နိဗ္ဗာန်ကို ဟောတော်မူခြင်းကြောင့်၎င်း လောကုတ္တရာတရားသည် ကောင်းစွာ ဟောအပ်သော (သွာက္ခာတ)တရား မည်ပေ၏။ ဤအဆိုနှင့်အညီ (အောက်ပါစကားကို သိကြားမင်းက) မြွက်ဆိုထားပေ၏။
၁- ဝိသုဒ္ဓိမဂ် မြန်မာပြန် ပဌမတွဲ ပ-အကြိမ်ရိုက် နှာ ၅၄၇-၌ ကြည့်ပါ။ အမှတ်(၁၀၁)အပိုဒ်နှင့် ဆိုင်၏။ ထို၌ ကမ္မာဝရဏ, ကိလေသာဝရဏ, ဝိပါကာဝရဏတို့သည် ကမ္မန္တရာယ်, ကိလေသန္တရာယ်, ဝိပါကန္တရာယ်တို့ ဖြစ်သည်။ ထို့ပြင် ရဟန်းမှာ စေတနာနှင့်တကွ လွန်ကျူး၍သင့်သော အာပတ်သည် အာဏာဝီတိက္ကမန္တရာယ် မည်၏၊ အရိယာပုဂ္ဂိုလ်ကို စွပ်စွဲပြစ်မှားခြင်းသည် အရိယူပဝါဒန္တရာယ်မည်၏။
၁၇၂
ထိုမြတ်စွာဘုရားသည် နိဗ္ဗာန်သို့ ဆိုက်ရောက်သော အကျင့်ကို တပည့်သာဝကတို့အား ကောင်းစွာ ပညတ် ဟောကြားအပ်ပေ၏၊ နိဗ္ဗာန်သည်၎င်း၊ အကျင့်သည်၎င်း နှီးနှောညီညွတ်ပေ၏၊ ဥပမာအားဖြင့် ဂင်္ဂါမြစ်ရေသည် ယမုနာမြစ်ရေနှင့် နှီးနှောညီမျှသကဲ့သို့ ဤအတူပင် ထိုမြတ်စွာဘုရားသည် နိဗ္ဗာန်သို့ဆိုက်ရောက်သော အကျင့်ကို တပည့်သာဝကတို့အား ကောင်းစွာ ပညတ် ဟောကြားအပ်ပါပေ၏၊ နိဗ္ဗာန်သည်၎င်း၊ အကျင့်သည်၎င်း နှီးနှောညီညွတ်ပေ၏။
ထို့ပြင် ဤလောကုတ္တရာတရားတို့တွင် အရိယမဂ်သည်၁ (သဿတနှင့် ဥစ္ဆေဒ, ကာမသုခနှင့် အတ္တကိလမထ-ဟူသော) အန္တဒွယခေါ် အဖို့၂-ပါး အစွန်း၂-ပါးသို့ မကပ်မူ၍ မဇ္ဈိမပဋိပဒါ အလယ်လမ်းဖြစ်သော အကျင့်ကိုသာလျှင် မဇ္ဈိမပဋိပဒါ- အလယ်လမ်းအကျင့်-ဟု ဟောအပ်သောကြောင့် ကောင်းစွာ ဟောအပ်သော (သွာက္ခာတ)တရား မည်ပေ၏။
သာမညဖိုလ်တို့သည်၂ ကိလေသာတို့ကို တဖန် ငြိမ်းစေတတ်သည်တို့ကိုသာလျှင် ကိလေသာတို့ကို တဖန် ငြိမ်းစေတတ်ကုန်၏-ဟူ၍ ဟောအပ်ကုန်သောကြောင့် ကောင်းစွာ ဟောအပ်သော (သွာက္ခာတ)တရား မည်ကြပေ၏။
သဿတ-မြဲသည် အမတ-သေခြင်းကင်းသည် တာဏ-စောင့်ရှောက်တတ်သည် လေဏ-ပုန်းအောင်းရာ ဤသို့စသည် သဘောရှိသော
၁- အရိယမဂ်သည် (သွာက္ခာတ)တရား မည်ပေ၏-ဟု စပ်ပါ။
၂- ဝိသုဒ္ဓိမဂ် မြန်မာပြန် ပဌမတွဲ ပ-အကြိမ်ရိုက် အမှတ်(၁၂) ပဉ္စမအပိုဒ်နှင့် ဆိုင်၏။ နှာ-၄၇ မှတ်ချက်-၁-၌ ကြည့်ပါ။
၁၇၃
နိဗ္ဗာန်ကိုသာလျှင် သဿတစသော သဘောရှိသည်၏ အစွမ်းအားဖြင့် ဟောအပ်သောကြောင့် နိဗ္ဗာန်သည် ကောင်းစွာ ဟောအပ်သော (သွာက္ခာတ)တရား မည်ပေ၏။ သို့ဖြစ်၍ လောကုတ္တရာတရားသည်လည်း ဤဆိုခဲ့သည့်အတိုင်း ကောင်းစွာ ဟောအပ်သော (သွာက္ခာတ)တရား မည်ပါပေ၏။ (၁)
[၂၀၉] ၁၄၈။ ထိုမှတပါး သန္ဒိဋ္ဌိကော-ဟူသော ဤပုဒ်၌ အရိယာပုဂ္ဂိုလ်သည် မိမိ၏သန္တာန်၌ ရာဂစသည်တို့၏ မရှိခြင်း-ကင်းခြင်းကို ပြုသည်ဖြစ်၍ အရိယမဂ်ကို ကိုယ်တိုင်တွေ့မြင်အပ်ပေ၏။ ထို့ကြောင့် (အရိယမဂ်သည်) (သန္ဒိဋ္ဌိက၁) ကိုယ်တိုင် တွေ့မြင်အပ်သောတရား မည်ပေ၏၊ ဤအဆိုနှင့်အညီ (မြတ်စွာဘုရားသည် အောက်ပါစကားကို) ဟောတော်မူပေ၏။
“ပုဏ္ဏား၊ တပ်မက်သောသူသည် ရာဂကိလေသာက လွှမ်းမိုး နှိပ်စက်အပ်သည်ဖြစ်၍ သူ့စိတ်ကို ရာဂကိလေသာက ဆွဲဆောင်သွားသည်ဖြစ်၍ မိမိကိုယ်ကို နှိပ်စက်ခြင်းငှါလည်း ကြံစည်အားထုတ်၏၊ သူတပါးကို နှိပ်စက်ခြင်းငှါလည်း ကြံစည်အားထုတ်၏၊ မိမိနှင့်သူတပါး နှစ်ဦးလုံးကို နှိပ်စက်ခြင်းငှါလည်း ကြံစည်အားထုတ်၏၊ စိတ်ထဲ၌ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏၊ တပ်မက်မှုရာဂကို ပယ်လိုက်သည်ရှိသော် မိမိကိုယ်ကို နှိပ်စက်ခြင်းငှါလည်း မကြံစည်တော့ အားမထုတ်တော့သည်သာ၊
၁- သံ-ကိုယ်တိုင် + ဒိဋ္ဌိ-တွေ့မြင်အပ်သည်- သန္ဒိဋ္ဌိ-သန္ဒိဋ္ဌိက- ကိုယ်တိုင်တွေ့မြင်အပ်- တွေ့မြင်ရသော တရား။
၁၇၄
သူတပါးကို နှိပ်စက်ခြင်းငှါလည်း မကြံစည်တော့ အားမထုတ်တော့သည်သာ၊ မိမိနှင့်သူတပါး နှစ်ဦးလုံးကို နှိပ်စက်ခြင်းငှါလည်း မကြံစည်တော့ အားမထုတ်တော့သည်သာ၊ စိတ်ထဲ၌ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရတော့သည်သာ။ ပုဏ္ဏား ဤသို့လည်း တရားသည် ကိုယ်တိုင်တွေ့မြင်ရသော သန္ဒိဋ္ဌိကဖြစ်ပေ၏” (ဘုရားဟောသုတ်)
တနည်းသော်ကား- ၉-ပါး အပြားရှိသည်လည်းဖြစ်သော လောကုတ္တရာတရားကို ရပြီးဖြစ်သော ထိုထိုပုဂ္ဂိုလ်သည် သူတပါးကို ယုံကြည်၍ သိအပ် မှတ်ယူအပ်သည်၏အဖြစ်ကို ပယ်စွန့်၍ ပစ္စဝေက္ခဏာခေါ် ဆင်ခြင်ဉာဏ်ဖြင့် ကိုယ်တိုင် တွေ့မြင်(အပ်)ပေ၏၊ ထို့ကြောင့် ကိုယ်တိုင်တွေ့မြင်ရသော (သန္ဒိဋ္ဌိက၁)မည်ပေ၏။ တနည်းကား ချီးမွမ်းအပ်သော ဉာဏ်အမြင်သည် သန္ဒိဋ္ဌိမည်၏၊ သန္ဒိဋ္ဌိမည်သော ဉာဏ်အမြင်ဖြင့် အောင်နိုင်တတ်သောကြောင့် (လောကုတ္တရာတရားသည်) သန္ဒိဋ္ဌိကမည်ပေ၏၂၊ ချဲ့၍ပြရလျှင်- ဤလောကုတ္တရာတရားတို့တွင် အရိယမဂ်သည် ယှဉ်ဘက်ဖြစ်သော (သန္ဒိဋ္ဌိမည်သော မဂ်ဉာဏ်အမြင်ဖြင့်), အရိယဖိုလ်သည် အကြောင်းဖြစ်သော (သန္ဒိဋ္ဌိမည်သော မဂ်ဉာဏ်အမြင်ဖြင့်), နိဗ္ဗာန်သည် မိမိကို အာရုံပြုသော သန္ဒိဋ္ဌိမည်သော မဂ်ဉာဏ်အမြင်ဖြင့် ကိလေသာတို့ကို အောင်နိုင်တတ်၏။ ထို့ကြောင့် ရထားဖြင့် အောင်နိုင်တတ်သော စစ်သူရဲသည် ရထိကမည်သကဲ့သို့
၁- သံ-ကိုယ်တိုင် + ဒိဋ္ဌိ-မြင်အပ်သည်- မြင်နိုင်သည် = သန္ဒိဋ္ဌိ-သန္ဒိဋ္ဌိက- ကိုယ်တိုင် တွေ့မြင်ရသော- တွေ့မြင်နိုင်သော တရား။
၂- သံ-ချီးမွမ်းအပ်သော- ကောင်းသော + ဒိဋ္ဌိ-ဉာဏ်အမြင်ဖြင့် + ဣက- အောင်နိုင်သည် = သန္ဒိဋ္ဌိက- ကောင်းသော ဉာဏ်အမြင်ဖြင့် ကိလေသာတို့ကို အောင်နိုင်သော တရား။
၁၇၅
၉-ပါး အပြားရှိသည်လည်းဖြစ်သော လောကုတ္တရာတရားသည် သန္ဒိဋ္ဌိမည်သော မဂ်ဉာဏ်အမြင်ဖြင့် အောင်နိုင်တတ်သောကြောင့် သန္ဒိဋ္ဌိက မည်ပေ၏။
တနည်းကား မြင်ခြင်းကို ဒိဋ္ဌ-ဟု ဆိုအပ်၏၊ ဒိဋ္ဌသည်ပင်လျှင် သန္ဒိဋ္ဌမည်၏၊ မြင်ခြင်းဟူ၍သာ အနက်ရ၏၊ သန္ဒိဋ္ဌ (မြင်ခြင်း)ကို ထိုက်သောကြောင့် သန္ဒိဋ္ဌိကမည်၏၊ မှန်ပေ၏- လောကုတ္တရာတရားသည် ပွါးစေခြင်းဟူသော တွေ့ခြင်း-သိခြင်း (ဘာဝနာဘိသမယ)၏ အစွမ်းအားဖြင့်၎င်း၊ မျက်မှောက်ပြုခြင်းဟူသော တွေ့ခြင်း-သိခြင်း (သစ္ဆိကိရိယာဘိသမယ)၏ အစွမ်းဖြင့်၎င်း မြင်အပ်သော်သာလျှင် (ဝါ-သူ့ကို ပွါးစေလျက်, မျက်မှောက်ပြုလျက် မြင်ပါမှသာလျှင်) ဝဋ်ဆင်းရဲဘေးကို ဆုတ်နစ်စေတတ်- ကင်းစေတတ်၏။ ထို့ကြောင့် ဝတ္ထ (အဝတ်)ကို ထိုက်သောသူသည် ဝတ္ထိက-မည်သကဲ့သို့ ဤအတူပင် သန္ဒိဋ္ဌ (မြင်ခြင်း)ကို ထိုက်သောကြောင့် (ဝါ-မြင်ထိုက်သောကြောင့်) သန္ဒိဋ္ဌိက၁မည်၏။ (၂)
၁၄၉။ မိမိ၏ အကျိုးပေးခြင်းကိုရည်၍ ဤတရားအား ကာလသည် မရှိ၊ ထို့ကြောင့် (ထိုတရားသည်) အကာလမည်၏၊ အကာလ (ကာလမရှိသော တရား)သည်ပင်လျှင် အကာလိက၂မည်၏၊ ငါးရက် ခုနစ်ရက်စသည်
၁- သန္ဒိဋ္ဌ-မြင်ခြင်းကို + ဣက- ထိုက်သည် = သန္ဒိဋ္ဌိက- မြင်ခြင်းကို ထိုက်သော- ဝါ-မြင်ထိုက်သော တရား။ မဂ်ကို ပွါးစေလျက်, ဖိုလ်နှင့် နိဗ္ဗာန်တို့ကို မျက်မှောက်တွေ့လျက် မြင်ထိုက်၏။
၂- အ-မရှိ + ကာလ- အကျိုးပေးရန် ငံ့လင့်ရသောကာလ = အကာလ- အကာလိက- ငံ့လင့်ရသော ကာလမရှိပဲ ချက်ခြင်း အကျိုးပေးတတ်သော တရား။
၁၇၆
အပြားရှိသော ကာလကို ကုန်လွန်စေ၍ (ဝါ-ကုန်လွန်စေပြီးမှ) အကျိုးပေးသည်မဟုတ်၊ စင်စစ်သော်ကား မိမိဖြစ်ပြီးသည်၏ အခြားမဲ့၌ပင်လျှင် အကျိုးပေးတတ်သည်ဟု ဆိုလို၏။ တနည်းကား ဤတရားအား မိမိ၏ အကျိုးပေးခြင်း၌ ရောက်သောကာလသည် ဝေး၏။ ထို့ကြောင့် ကာလိကမည်၏၊ ထိုသည် အဘယ်နည်း? လောကီ ကုသိုလ်တရားပေတည်း။ ဤလောကုတ္တရာ ကုသိုလ်တရားသည်ကား မိမိ၏ အခြားမဲ့၌ အကျိုးပေးတတ်သောကြောင့် ကာလိက- အကျိုးပေးရာကာလ ဝေးသောတရား မဟုတ်ပေ။ ထို့ကြောင့် အကာလိက၁ မည်ပေ၏။ (အကာလိကော- အကျိုးပေးရန် ငံ့လင့်သော ကာလမရှိ၊ ဝါ-ဝေးသော ကာလရှိသည် မဟုတ်-ဟူသော) ဤဂုဏ်ပုဒ်ကို မဂ်တရားကိုသာရည်၍ ဟော(အပ်)ပေသည်။ (၃)
၁၅၀။ “လာပါ ဤတရားကို ရှုလှည့်ပါ”ဟု ဤသို့ဖြစ်သော “လာပါ ရှုလှည့်ပါ”ဟု ဖိတ်မန်ခြင်း (ဧဟိပဿ) အစီအရင်ကို ထိုက်ပေ၏။ ထို့ကြောင့် ဧဟိပဿိက၂ မည်ပေ၏။ ဤတရားသည် ထိုဖိတ်မန်ခြင်း အစီအရင်ကို အဘယ့်ကြောင့် ထိုက်သနည်း?ဟူမူ- ထင်ရှားရှိခြင်းကြောင့်၎င်း၊ ထက်ဝန်းကျင် စင်ကြယ်ခြင်းကြောင့်၎င်း [၂၁၀] (ထိုက်ပေသည်။) မှန်ပေ၏- အချည်းနှီးသော လက်ဆုပ်၌
၁- အ-မဟုတ် + ကာလ- အကျိုးပေးရန် ဝေးသောကာလ + ဣက-ရှိသည် = အကာလိက- အကျိုးပေးရန် ဝေးသောကာလရှိသည် မဟုတ်သော- ဝါ-ချက်ခြင်း အကျိုးပေးတတ်သော တရား။
၂- ဧဟိ-လာပါ + ပဿ- ရှုလှည့်ပါ(ဟူသော ဖိတ်မန်ခြင်း အစီအရင်ကို) +ဣက-ထိုက်သည် = ဧဟိပဿိက- လာပါ ရှုလှည့်ပါဟု ဖိတ်မန်ခြင်းကို ဝါ- ဖိတ်မန်တိုက်တွန်းရန် ထိုက်တန်သော တရား။
၁၇၇
ရွှေ,ငွေရှိသည်ဟု ဆိုပြီး၍သော်လည်း “ဤဟာကို လာကြည့်လှည့်ပါ”ဟု ဆိုရန် မစွမ်းနိုင်ပေ။ အဘယ့်ကြောင့်နည်း? မရှိသောကြောင့်ပေတည်း။ ရှိပင် ရှိငြားသော်လည်း ကျင်ကြီးကျင်ငယ်ကို နှစ်သက်ဖွယ်အဖြစ်ကို ပြသောအားဖြင့် စိတ်ရွှင်စေရန်အကျိုးငှါ “ဤဟာကို လာကြည့်လှည့်ပါ”ဟု ဆိုရန် မစွမ်းနိုင်ပေ။ စင်စစ်သော်ကား (ယင်းကျင်ကြီးကျင်ငယ်ကို) မြက်တို့ဖြင့်သော်၎င်း၊ သစ်ရွက်တို့ဖြင့်သော်၎င်း ဖုံးလွှမ်းအပ်သည်သာလျှင် ဖြစ်ပေ၏၊ အဘယ့်ကြောင့်နည်း? မစင်ကြယ်သောကြောင့်ပေတည်း။ ၉-ပါးအပြားရှိသော ဤလောကုတ္တရာ တရားသည်ကား အထည်ကိုယ် သဘောအားဖြင့်ပင်လျှင် ထင်ရှားလည်း ရှိပေ၏၊ တိမ်တိုက်ကင်းသော ကောင်းကင်၌ လပြည့်ဝန်းကဲ့သို့၎င်း၊ ဝါဖျော့သော သကလပ်ပေါ်၌ ချထားသော တွင်းထွက် ပတ္တမြားနီကဲ့သို့၎င်း ထက်ဝန်းကျင် စင်ကြယ်ပေ၏၊ ထိုသို့ ထင်ရှားလည်းရှိခြင်း ထက်ဝန်းကျင်လည်း စင်ကြယ်ခြင်းကြောင့် (လာပါ ရှုလှည့်ပါဟူသော) ဧဟိ ပဿ-အစီအရင်ကို ထိုက်ပေ၏၊ ထို့ကြောင့် ဧဟိပဿိက မည်ပေ၏။ (၄)
၁၅၁။ ကပ်၍ ဆောင်ထိုက် ထည့်သွင်းထိုက်သောကြောင့် ဩပနေယျိက မည်၏၊ ယခုဆိုမည့် စကားသည် ဤအရာ၌ အဆုံးအဖြတ်ပေတည်း၊ ကပ်၍ ဆောင်ခြင်း- ထည့်သွင်းခြင်းသည် ဥပနယမည်၏၊ မီးလောင်နေသော(ကိုယ်၌ ဝတ်ရုံထားသော) အဝတ်ကိုဖြစ်စေ ဦးခေါင်းကိုဖြစ်စေ (မီးကို ငြိမ်းသတ်ရန် ကြောင့်ကြမစိုက်ပဲ) လျစ်လျူရှု၍သော်လည်း ရှုမှတ် ပွါးစေသော ဘာဝနာ၏ အစွမ်းအားဖြင့် မိမိ၏စိတ်၌ (ဥပနယ) ကပ်၍ဆောင်ခြင်း ထည့်သွင်းခြင်းကို ထိုက်ပေ၏၊ ထို့ကြောင့် ဩပနယိက မည်၏၊
၁၇၈
ဩပနယိကသည်ပင်လျှင် ဩပနေယျိက၁ မည်၏။ ဤအနက်သည် သင်္ခတဖြစ်သော မဂ် ဖိုလ် လောကုတ္တရာတရား၌ သင့်၏။ အသင်္ခတဖြစ်သော နိဗ္ဗာန် လောကုတ္တရာတရား၌ကား မိမိ၏စိတ်ဖြင့် ကပ်၍ဆောင်ခြင်း (ဥပနယ)ကို ထိုက်သောကြောင့် ဩပနေယျိက၂ မည်၏။ “မျက်မှောက်ပြုခြင်း၏ အစွမ်းအားဖြင့် ကပ်ခြင်း- ထိတွေ့ခြင်းကို ထိုက်၏”ဟူသော အနက်ကို ယူအပ်၏။
တနည်းကား အရိယမဂ်သည် (အရိယာပုဂ္ဂိုလ်ကို) နိဗ္ဗာန်သို့ ဆောင်တတ်သောကြောင့် ဥပနေယျမည်၏၊ ဖိုလ်နှင့် နိဗ္ဗာန်တရားသည် မျက်မှောက်ပြုအပ်သည်၏ အဖြစ်သို့ (ဝါ-မျက်မှောက်ပြုခြင်းသို့) ဆောင်အပ်သောကြောင့် ဥပနေယျ မည်၏။ ဥပနေယျသည်ပင်လျှင် ဩပနေယျိက၃ မည်၏။ (၅)
၁- ဥပနယ-ကပ်၍ဆောင်ခြင်း- ထည့်သွင်းခြင်း + ဣက-ထိုက်သည် = ဩပနယိက- ဩပနေယျိက- မိမိ၏စိတ်၌ ကပ်၍ဆောင်ထိုက် ထည့်သွင်းပေးထိုက်သော တရား- ဝါ-ကိုယ်ထဲ စိတ်ထဲသို့ ရောက်အောင် ကျင့်ဆောင်ထိုက်သော တရား။
၂- ဥပနယ- မိမိ၏စိတ်ဖြင့် ကပ်၍ဆောင်ခြင်း မျက်မှောက်ပြုခြင်းကို + ဣက-ထိုက်သည် = ဥပနေယျိက- မျက်မှောက်ပြုသောအားဖြင့် ကပ်ထိုက်- သိမြင်တွေ့ထိထိုက်သော တရား။
၃- ဩပနေယျိက- အရိယာပုဂ္ဂိုလ်ကို နိဗ္ဗာန်သို့ ဆောင်တတ်သော မဂ်တရား။ ဝါ-မျက်မှောက်မြင်အောင် ကျင့်ဆောင်အပ်သော ဖိုလ်တရား နိဗ္ဗာန်တရား။
၁၇၉
၁၅၂။ ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ- ဟူသည်ကား ဥဂ္ဃါဋိတညူ အစရှိကုန်သော၁ တရားမြင်သိကြသည့် ပညာရှိ အားလုံးတို့သည်လည်း “ငါသည် မဂ်ကို ပွါးစေ(အပ်)ပြီ၊ ဖိုလ်ကို ရ(အပ်)ပြီ၊ နိရောဓ-ချုပ်ရာနိဗ္ဗာန်ကို မျက်မှောက်ပြု(အပ်)ပြီ”ဟု မိမိ၌ မိမိ၌(သာလျှင်) သိအပ် သိရ- ခံစားရသော တရားပါပေတည်း၂။ မှန်ပေ၏။ ဥပဇ္ဈာယ်ဆရာ ပွါးစေ(အပ်)သော မဂ်ဖြင့် သဒ္ဓိဝိဟာရိကခေါ် အတူနေတပည့်၏(သန္တာန်၌) ကိလေသာတို့ကို မပယ်နိုင်ကုန်၊ ထိုတပည့်သည် ထိုဆရာ၏ ဖလသမာပတ်ဖြင့် ချမ်းသာစွာ မနေနိုင်ပေ။ ထိုဥပဇ္ဈာယ်ဆရာ မျက်မှောက်ပြုထားသော နိဗ္ဗာန်ကို (ထိုတပည့်သည်) မျက်မှောက်မပြုနိုင်ပေ။ ထို့ကြောင့် (မဂ် ဖိုလ် နိဗ္ဗာန်ဟူသော)
၁- ဝိညူဟိ- ဟူသည်ကား သိသူ ပညာရှိတို့သည်၊ သစ္စာကို သိပြီးသောသူတို့သည်ဟူသော အနက်ကို(ဆိုလို၏)။ ထိုသစ္စာသိသူ ပညာရှိတို့သည် စင်စစ်အားဖြင့် ဥဂ္ဃါဋိတညူပုဂ္ဂိုလ် စသည်တို့ပင် ဖြစ်ကုန်၏။ ထို့ကြောင့် “ဥဂ္ဃါဋိတညူ အစရှိကုန်သော”ဟု ဆိုပေသည်။ (ဋီကာ) အကျဉ်းချုပ်တရားကို နားစဉ်ပင် မဂ်ဖိုလ်တရားထူးကို ရသောပုဂ္ဂိုလ်သည် ဥဂ္ဃါဋိတညူ မည်၏၊ အကျဉ်းချုပ်တရားကို ချဲ့၍ အကျယ်ဟောသည်ကို နာစဉ် မဂ်ဖိုလ်တရားထူးကို ရသောပုဂ္ဂိုလ်သည် ဝိပဉ္စိတညူ မည်၏၊ နာကြား မှတ်သားပြီးနောက် သမထ ဝိပဿနာ ဘာဝနာအလုပ်ကို ပွါးများအားထုတ်ပါမှ မဂ်ဖိုလ်တရားထူးကိုရသော ပုဂ္ဂိုလ်သည် နေယျ မည်၏။ ဤပုဂ္ဂိုလ်၃-မျိုးကို ရည်၍ ဆိုသည်။
၂- ပစ္စတ္တံ-မိမိ မိမိ၌၊ ဝါ-အသီး အသီး + ဝေဒိတဗ္ဗော- သိအပ် ခံစားအပ်သည် + ဝိညူဟိ- တရားမြင်သိ ပညာရှိတို့သည် = ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ- တရားမြင်သိသည့် အရိယာပညာရှိတို့သာလျှင် အသီး အသီး သိမြင် ခံစားရသော တရားပေတည်း။
၁၈၀
လောကုတ္တရာတရားကို သူတပါး၏ဦးခေါင်း၌ ဆင်ထားသော အဆင်တန်ဆာကို (မြင်ရ)သကဲ့သို့ မြင်ရသည် မဟုတ်ပေ၊ စင်စစ်သော်ကား (တရားသိသူဟူသော) မိမိစိတ်၌သာလျှင် တွေ့မြင်ရ သိရသော တရားပေတည်း၊ “တရားသိသူ ပညာရှိတို့ ခံစားအပ်- ခံစားရသော တရား”ဟု ဆိုလို၏။ ဤလောကုတ္တရာတရားသည် တရားကို မသိသေးသော ဗာလပုထုဇဉ်တို့၏ အရာကား မဟုတ်သည်သာတည်း။ (၆)
[၂၁၁] တနည်းသော်ကား- ဤတရားတော်သည် ကောင်းစွာ ဟောအပ်သော (သွာက္ခာတ)တရား မည်ပါပေ၏၊ အဘယ့်ကြောင့်နည်း?ဟူမူ- ရာဂစသည်တို့၏ မရှိခြင်း ကင်းခြင်းကို ပြုလျက် ကိုယ်တိုင်ပင် တွေ့မြင်ရသော (သန္ဒိဋ္ဌိက)တရား ဖြစ်သောကြောင့်ပေတည်း၊ ဝါ-သူတပါးကိုပုံ၍ ယုံရသည်မဟုတ်ပဲ ပစ္စဝေက္ခဏာဉာဏ်ဖြင့် ဆင်ခြင်၍ ကိုယ်တိုင်ပင် တွေ့မြင်ရသော (သန္ဒိဋ္ဌိက)တရား ဖြစ်သောကြောင့်ပေတည်း၊ ဝါ-ချီးမွမ်းအပ်သော မဂ်ဉာဏ်အမြင်ဖြင့် ကိလေသာတို့ကို အောင်နိုင်သော (သန္ဒိဋ္ဌိက)တရား ဖြစ်သောကြောင့်ပေတည်း၊ ဝါ-ပွါးစေလျက် မျက်မှောက်ပြုလျက် မြင်ထိုက်သော (သန္ဒိဋ္ဌိက)တရား ဖြစ်သောကြောင့်ပေတည်း။ (ဤတရားတော်သည်) သန္ဒိဋ္ဌိက မည်ပါပေ၏၊ အဘယ့်ကြောင့်နည်း?ဟူမူ- အခါအခွင့် မဆိုင်းလင့်ပဲ အသင့်လက်ငင်း ချက်ချင်း အကျိုးပေးတတ်သော (အကာလိက)တရား ဖြစ်သောကြောင့်ပေတည်း။ (ဤတရားတော်သည်) အကာလိက မည်ပါပေ၏၊ အဘယ့်ကြောင့်နည်း?ဟူမူ- လာပါ ရှုလှည့်ပါ-ဟု ဖိတ်မန်ခြင်း အစီအရင်ကို ထိုက်သော (ဧဟိ ပဿိက)တရား ဖြစ်သောကြောင့်ပေတည်း။ အကြင်တရားသည် ဧဟိ ပဿိက မည်ပေ၏၊ ထိုဧဟိပဿိကမည်သော တရားသည်ကား စိတ်ထဲ၌ ကပ်၍ ဆောင်ထိုက်
၁၈၁
ထည့်သွင်းထိုက်သော ဝါ-စိတ်ဖြင့် ဆောင်ထိုက်- သိမြင်တွေ့ထိထိုက်သော (ဩပနေယျိက)တရား ဖြစ်ပါပေတော့သတည်း။ ဤတွင် တရပ်ပြီး၏။
၁၅၃။ ဤဆိုခဲ့သည့်အတိုင်း (သွာက္ခာတတာ) ကောင်းစွာ ဟောအပ်သည်၏အဖြစ် စသည် အပြားရှိကုန်သော တရားတော်၏ ဂုဏ်တော်တို့ကို အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်နေသော၁ ထိုယောဂီအား ထိုအခါ၌ ရာဂလွှမ်းမိုး နှိပ်စက်ခံရသော စိတ်မဖြစ်တော့သည်သာ၊ ဒေါသလွှမ်းမိုး နှိပ်စက်ခံရသော စိတ်မဖြစ်တော့သည်သာ၊ မောဟလွှမ်းမိုး နှိပ်စက်ခံရသော စိတ်မဖြစ်တော့သည်သာ၊ ထိုအခါ၌ ထိုယောဂီ၏စိတ်သည် တရားတော်(၏ ဂုဏ်တော်များ)ကို အာရုံပြုလျက် ဖြောင့်မတ်နေသည်သာလျှင် ဖြစ်ပေသည်- ဤသို့ အစရှိသော ရှေးနည်းဖြင့်ပင်လျှင် နီဝရဏကွာပြီးသော ယောဂီအား တခုသောခဏ၌ ဈာန်အင်္ဂါတို့သည် ဖြစ်ပေါ်ကုန်၏။ သို့သော်လည်း တရားဂုဏ်တော်တို့၏ နက်နဲခြင်းကြောင့်၎င်း၊ အထူးထူးအပြားပြား များစွာသော ဂုဏ်တော်တို့ကို
၁- ဤအရာ၌လည်း တရားဂုဏ်ပုဒ်တို့၏ အနက်ကို သိလွယ်သောနည်းဖြင့် အကျဉ်းချုပ် ပြဦးအံ့။
တရားဂုဏ်တော် ၆-ပါး
မြတ်စွာဘုရား၏ တရားတော်သည်-
(၁-၁) သွာက္ခာတော- လောဘ ဒေါသ မောဟငြိမ်းကြောင်း ကောင်းမွန်စွာ ဟောအပ်သော တရားတော်မြတ်ပါပေတကား။ (အံ ၁၊ ၂၁၈-ဇီဝကသုတ်ကို မှီသည်။)
၁၈၂
အောက်မေ့ခြင်းငှါ နှလုံးသွင်း ညွတ်ကိုင်းခြင်းကြောင့်၎င်း အပ္ပနာဈာန်သို့ မရောက်မူ၍ ဥပစာရသို့သာလျှင် ရောက်သော ဈာန်သည် ဖြစ်၏။ ထိုသို့ ဥပစာရသို့ရောက်သော ဤဈာန်သည် တရားဂုဏ်တော်တို့ကို အဖန်တလဲလဲ အောက်မေ့သည်၏ အစွမ်းအားဖြင့် ဖြစ်သောကြောင့် ဓမ္မာနုဿတိ ဟူ၍သာလျှင် ရေတွက်ခေါ်ဆိုအပ်ခြင်းသို့ ရောက်ပေသည်။
(၁-၂) သွာက္ခာတော- အစ အလယ် အဆုံး သုံးပါးလုံးကောင်းအောင် ကောင်းစွာဟောအပ်သော တရားတော်မြတ်ပါပေတကား။
(၁-၃) သွာက္ခာတော- ကြားနာရုံပင် အပူစင်၍ ကျင့်လျှင်ချမ်းသာ ပြီးမြောက်ပါက ရဟန္တာစင်စစ် ဧကန်ဖြစ်အောင် ဖွင့်လှစ်သေချာ ကောင်းမွန်စွာ ဟောအပ်သော တရားတော်မြတ်ပါပေတကား။
(၁-၄) သွာက္ခာတော- ကိုယ်တိုင်မှန်စွာ သိပြီးခါမှ သတ္တဝါများ သိစေသားဟု ဟောကြားတော်မူသောကြောင့် ကောင်းမွန် မှန်ကန်စွာ ဟောအပ်သော တရားတော်မြတ်ပါပေတကား။ (အံ ၁၊ ၂၈၀- အဘိညာယာဟံ ဓမ္မံ ဒေသေမိ-စသည်ကို မှီသည်။)
(၂-၁) သန္ဒိဋ္ဌိကော- ကျင့်ကြံအားထုတ်က မုချကိုယ်တိုင် တွေ့မြင်နိုင်သော တရားတော်မြတ်ပါပေတကား။
(၂-၂) သန္ဒိဋ္ဌိကော- ပွါးစေလျက်, မျက်မှောက်ပြုလျက် တွေ့မြင်ထိုက်သော တရားတော်မြတ်ပါပေတကား။
(၃) အကာလိကော- ချိန်ခါအခွင့် မဆိုင်းလင့်ပဲ အသင့်လက်ငင်း ချက်ခြင်း အကျိုးပေးတတ်သော တရားတော်မြတ်ပါပေတကား။ (ဥက္ကဋ္ဌနည်းအားဖြင့် အရိယမဂ်၄-ပါးကို ဆိုသည်။ ဩမကနည်းအားဖြင့် ဘာဝနာအကျင့်ကိုလည်း ယူသင့်၏။)
၁၈၃
အကျိုးကား ဤဓမ္မာနုဿတိကမ္မဋ္ဌာန်းကို အားထုတ်သော ရဟန်းသည် ဤဆိုခဲ့သည့်အတိုင်း ဩပနေယျိကဂုဏ်နှင့် ပြည့်စုံသော တရားတော်ကို ဟောတော်မူတတ်သော (ဩပနေယျိကတရားဟူသော) ဤအင်္ဂါနှင့်လည်း ပြည့်စုံသော ဆရာအရှင်မြတ်ကို အတိတ်အဖို့၌ မမြင်ပေ၊ ယခု ပစ္စုပ္ပန်၌လည်း ထိုမြတ်စွာဘုရားမှတပါး မမြင်ပေ။ သို့ဖြစ်၍ ဤသို့ တရားဂုဏ်ကို မြင်ခြင်းဖြင့်ပင်လျှင် ဆရာအရှင် ဖြစ်တော်မူသော မြတ်စွာဘုရား၌ ရိုသေခြင်း ရှိပေ၏ တုပ်ဝပ်ခြင်း ရှိပေ၏၊ တရားတော်၌ လေးစားရိုသေခြင်း ရှိသည်ဖြစ်၍ သဒ္ဓါစသည်တို့၏ ပြန့်ပြောခြင်းသို့ ရောက်ပေ၏၊ နှစ်သိမ့်ဝမ်းမြောက်မှု များစွာဖြစ်ခြင်း ရှိပေ၏၊ ကြောက်ဖွယ် ဘေးငယ် ဘေးကြီးကို သည်းခံနိုင်ပေ၏၊ ဆင်းရဲဒုက္ခတို့ကို သည်းခံခြင်းငှါ စွမ်းနိုင်ပေ၏၊ တရားတော်နှင့် အတူတကွ နေရသည်ဟူသော
(၄) ဧဟိပဿိကော- လာပါ ရှုလှည့်ပါဟု ဖိတ်မန် တိုက်တွန်းထိုက်သော တရားတော်မြတ်ပါပေတကား။
(၅) ဩပနေယျိကော- ကိုယ်ထဲ စိတ်ထဲရောက်အောင် ကျင့်ဆောင်ထိုက်သော တရားတော်မြတ်ပါပေတကား။ (ဤ၌ ကိုယ်ထဲ-ဟူသော စကားသည် စကားချောစေရန်၎င်း၊ ဆေးကို မှီဝဲသည်နှင့် ဥပမာပြု၍ နားလည်လွယ်စေရန်၎င်း ဖြစ်သည်။)
(၆) ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ- တရားမြင်သိသည့် ပညာရှိရှစ်ပါး အရိယာပုဂ္ဂိုလ်များသာလျှင် ကိုယ်စီကိုယ်င သိမြင် ခံစားရသော တရားတော်မြတ်ပါပေတကား။
ဤဂုဏ်ပုဒ်တို့တွင် မိမိကြိုက်နှစ်သက်သော ပုဒ်များကို ကျက်မှတ်၍ အောက်မေ့ဆင်ခြင်ရာ၏။
၁၈၄
အမှတ်သညာကို ရပေ၏၊ တရားဂုဏ်တို့ကို အဖန်တလဲလဲ အောက်မေ့မှု- ဓမ္မာနုဿတိ၏ ကိန်းအောင်းရာဖြစ်သော ထိုယောဂီ၏ ကိုယ်သည်လည်း စေတီအိမ် ပိဋကတ်တိုက်ကဲ့သို့ ပူဇော်ထိုက်ပေ၏၊ အမြတ်ဆုံးဖြစ်သော (အရဟတ္တမဂ်ဖိုလ်)တရားကို ရခြင်းငှါ စိတ်ညွတ်၏၊ ထို့ပြင် ကျူးလွန်စရာ ဝတ္ထုအမှုနှင့် တွေ့လတ်သော် တရားတော်၏ ကောင်းသောတရားအဖြစ်ကို ကောင်းစွာတဖန် အောက်မေ့မိသည်- အမှတ်ရသည်ဖြစ်၍ ထိုယောဂီအား ရှက်ကြောက်မှု (ဟိရီဩတ္တပ္ပ)သည် ရှေးရှုထင်၏။ အထက်၌ မဂ်ဖိုလ်တရားကို ထိုးထွင်း၍ မသိငြား မရငြားသော်လည်း သုဂတိလျှင် လားရာရှိပေ၏။
ထို(သို့ ဘုရား၌ ရိုသေတုပ်ဝပ်ခြင်းမှ စ၍ သုဂတိလျှင် လားရာရှိခြင်းတိုင်အောင် များစွာသော အကျိုးရှိခြင်း)ကြောင့် ကောင်းသော အမြော်အမြင် ဉာဏ်ပညာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဤဆိုခဲ့သည့်အတိုင်း ကြီးမားသော အာနုဘော်နှင့် ပြည့်စုံသော ဓမ္မာနုဿတိ၌ အခါခပ်သိမ်း မမေ့မလျော့ အားထုတ်ခြင်းကို စင်စစ်မုချ ပြုသင့်လှပါပေသတည်း။ ဤကား ဥယျောဇဉ်ပေတည်း။
ယခု ပြဆိုခဲ့ပြီးသော စကားသည် ဓမ္မာနုဿတိကမ္မဋ္ဌာန်း၌ အကျယ်ပြဆိုသော စကားအမြွက်ပေတည်း။
(ဓမ္မာနုဿတိကမ္မဋ္ဌာန်းပြီး၏)။
**********
၁၈၅
၃-သံဃာနုဿတိပွါးပုံပြဆိုချက်
၁၅၄။ သံဃာနုဿတိကို ပွါးစေခြင်းငှါ အလိုရှိသော ယောဂီသည်လည်း ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက် အပြင်ပအာရုံများမှ ဖဲခွါကာ (ကမ္မဋ္ဌာန်း၌) ကောင်းစွာ ကပ်ငြိသည်ဖြစ်၍-
“(သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော) မြတ်စွာဘုရား၏ တပည့်သားအပေါင်း သံဃာတော်သည် ကောင်းစွာ ကျင့်ကြံတော်မူပါပေ၏။
(ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော) မြတ်စွာဘုရား၏ တပည့်သားအပေါင်း သံဃာတော်သည် ဖြောင့်မှန်စွာ ကျင့်ကြံတော်မူတတ်ပါပေ၏။
(ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော) မြတ်စွာဘုရား၏ တပည့်သားအပေါင်း သံဃာတော်သည် နိဗ္ဗာန်အလို့ငှါ ကျင့်ကြံတော်မူတတ်ပါပေ၏။
(သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော) မြတ်စွာဘုရား၏ တပည့်သားအပေါင်း သံဃာတော်သည် လူများကပြုသည့် ရိုသေမှုနှင့် သင့်တင့်ထိုက်တန်အောင် ကျင့်တော်မူတတ်ပါပေ၏။
(ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ) (အကြင်)၁ လေးခုကုန်သော ယောက်ျားအစုံတို့နှင့် ရှစ်ယောက်ကုန်သော ယောက်ျားတို့သည် (ရှိကုန်၏)။
၁- (အကြင်)-ဟူသော ဤအနက်သည် ယဒိဒံ-၏ အနက်ဖြစ်သည်။ မြန်မာပြန်၌ ဤပုဒ်မပါသော်လည်း အနက်အဓိပ္ပါယ် ပေါ်လွင်လျက်ပင် ရှိ၏။ သို့သော် ပြည့်စုံစေရန် ပြထားသည်။
၁၈၆
(ဧသ ဘဂဝတော သာဝကသံဃော အာဟုနေယျော) ဤလေးစုံနှင့် ရှစ်ယောက်ဟူသော [၂၁၂] မြတ်စွာဘုရား၏ တပည့်သားအပေါင်း သံဃာတော်သည် အရပ်ဝေးမှ ဆောင်ယူခဲ့၍ ပေးလှူသည်ကို ခံတော်မူထိုက်ပါပေ၏။
(ပါဟုနေယျော) ဧည့်ခံကျွေးမွေးဖွယ်ကိုလည်း ပေးလှူရန် ခံယူရန် ထိုက်တန်လှပါပေ၏။
(ဒက္ခိဏေယျော) မြတ်သောအလှူကို ခံယူတော်မူထိုက်ပါပေ၏။
(အဉ္ဇလိကရဏီယော) လက်အုပ်ချီမိုး၍ ရှိခိုးထိုက်ပါပေ၏။
(အနုတ္တရံ ပုညက္ခေတ္တံ လောကဿ) သတ္တဝါအပေါင်း လူအပေါင်းဟူသော လောက၏ ကောင်းမှုမျိုးတို့ကို စိုက်ပျိုးဘို့ရာ လယ်ယာမြေအကောင်း အမြတ်ဆုံးပါပေတည်း”ဟူ၍-
ဤပုံ ဤနည်းဖြင့် အရိယသံဃာတော်၏ ဂုဏ်တို့ကို အဖန်တလဲလဲ အောက်မေ့ဆင်ခြင်အပ်ကုန်၏။
၁၅၅။ ထိုသံဃဂုဏ်တော်ပြ စကားရပ်၌ သုပ္ပဋိပန္န-ဟူသည်ကား ကောင်းစွာ ကျင့်ပေ၏၁၊ မှန်ကန်သောအကျင့် မဆုတ်မနစ်သောအကျင့်
၁- သု-ကောင်းစွာ + ပဋိပန္န-ကျင့်သည် = သုပ္ပဋိပန္န- ကောင်းစွာ ကျင့်တော်မူပါပေ၏။ ဤအရာ၌ အခြားဘာသာဝင်တို့ကလည်း သူတို့၏ ဘာသာတရားအရ ကျင့်သည်ကို ကောင်းစွာကျင့်သည်ဟူ၍ပင် ဆိုကြပေလိမ့်မည်၊ မငြင်းနိုင်အောင် ဖြေရှင်းရန်လို၏။ ထို့ကြောင့် အင်္ဂုတ္တရပါဠိ တိကနိပါတ် အာဇီဝကသုတ် (၂၁၈)၌ အရှင်အာနန္ဒာမထေရ်မြတ်က ဖြေရှင်းပြထားပေ၏။ ထိုဖြေရှင်းချက်အရအားဖြင့်
၁၈၇
လျော်သောအကျင့် မဆန့်ကျင်သောအကျင့် လောကုတ္တရာ (နိဗ္ဗာန်)တရားအား (ဝါ-ဘုရားဟော ဒေသနာတရားတော်အား) လျော်သောအကျင့်ကို ကျင့်ပေ၏-ဟု ဆိုလိုပေသည်။ မြတ်စွာဘုရား၏ ဩဝါဒအဆုံးအမကို ရိုသေစွာ နာခံတတ်ကုန်သော ပုဂ္ဂိုလ်တို့သည် သာဝက တပည့်သားမည်ကုန်၏။ တည့်သား သာဝကတို့၏ အပေါင်းသည် သာဝကသံဃာမည်၏၊ သီလချင်း ဉာဏ်အမြင်ချင်း တူညီကြသည်၏အဖြစ်ဖြင့် ပေါင်းအပ်သည်၏အဖြစ်သို့ ရောက်သော တပည့်အပေါင်း၁ဟူသော အနက်ကို (ဆိုလို၏)။
ဥဇုပ္ပဋိပန္န-စသည် မည်ပုံကား- ဆိုခဲ့သော ထိုမှန်ကန်သောအကျင့်သည် ဥဇု-ဖြောင့်မတ်၏၊ နွားကျင်ငယ်ရေးကဲ့သို့ မကောက် လ-ရေးကဲ့သို့ မကောက် ထယ်ကိုင်းကဲ့သို့ မကောက်ဟူ၍လည်း ဆိုအပ်၏၊ စင်ကြယ်သော (ဉာယ)နိဗ္ဗာန်ကို သိကြောင်းပေတည်း ဤသို့လည်း ဆိုအပ်၏။ ဝဋ်ဆင်းရဲမှ လွတ်မြောက်ရန် လျော်သောကြောင့် သာမီစိ-လျော်သော အကျင့်ဟူ၍လည်း ရေတွက်ခြင်းသို့ ရောက်၏။
“အကျိုးမဲ့ကို ဖြစ်စေတတ်သော လောဘ ဒေါသ မောဟတို့ကို ပယ်နိုင်ရန် ကျင့်သူကို သုပ္ပဋိပန္န”ဟု ဆိုရာ၏။ ထို့ကြောင့် သုပ္ပဋိပန္နော- လောဘ ဒေါသ မောဟကင်းကြောင်း ကောင်းစွာ ကျင့်တော်မူပါပေ၏၊ ကောင်းစွာကျင့်သော သံဃာတော်မြတ်ပါပေတကား- ဟူသော ဤအနက်ကိုလည်း အလေးပြု၍ မှတ်သားထားသင့်ပေ၏။
၁- အရိယာတို့သည် မျက်မှောက် မျက်ကွယ် သီလစင်ကြယ်ကြ၍ သီလချင်း တူညီကြ၏၊ မဂ် ဖိုလ် ပစ္စဝေက္ခဏာဉာဏ်ဟူသော သမ္မာဒိဋ္ဌိဉာဏ်အမြင်ခြင်း တူညီကြ၏။ ဤသို့ တူညီသဖြင့် တမျိုးတည်းအဖြစ်ဖြင့် ပေါင်းစု၍ ခေါ်အပ်သော တပည့်အပေါင်းဟု ဆိုလို၏။
၁၈၈
ထို့ကြောင့် ထိုမှန်ကန်သောအကျင့်ကို ကျင့်သော အရိယာသံဃာကို ဥဇုပ္ပဋိပန္န- ဖြောင့်မတ်သောအကျင့်ကို ကျင့်သည်, ဉာယပ္ပဋိပန္န- နိဗ္ဗာန်သိကြောင်း အကျင့်ကို ကျင့်သည်, သာမီစိပ္ပဋိပန္န- လျော်သောအကျင့်ကို ကျင့်သည်ဟူ၍လည်း ဆိုအပ်ပါပေသည်။
ဆက်၍ ရှင်းပြဦးအံ့- ဤအရိယာသံဃာထဲတွင် မဂ်၌တည်ဆဲ- မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်တို့သည် မှန်ကန်သော အကျင့်နှင့် ပြည့်စုံသောကြောင့် သုပ္ပဋိပန္န- ကောင်းစွာ ကျင့်ဆဲမည်ကုန်၏။ ဖိုလ်၌တည်သော ဖလဋ္ဌာန်ပုဂ္ဂိုလ်တို့သည် မှန်ကန်သော အကျင့်ဖြင့် သိအပ်- ရအပ်သော တရားထူးကို သိပြီး ရပြီး ဖြစ်ကြသောကြောင့် လွန်ခဲ့ပြီးသောအကျင့်ကို ရည်၍ သုပ္ပဋိပန္န- ကောင်းစွာ ကျင့်ပြီးမည်ကုန်၏ဟူ၍ သိအပ်ကုန်၏။
တနည်းသော်ကား- ကောင်းစွာ ဟောအပ်သော တရားဝိနည်းဟူသော သာသနာတော်၌ ဆုံးမညွှန်ကြားသည့်အတိုင်း ကျင့်သောကြောင့်လည်း သုပ္ပဋိပန္န (ကောင်းစွာကျင့်သည် မည်)ပေ၏၊ မချွတ်မယွင်း ဧကန်ကိန်းသေဖြစ်သော အကျင့်ကို ကျင့်သောကြောင့်လည်း သုပ္ပဋိပန္န (ကောင်းသောအကျင့်ကို ကျင့်သည်) မည်ပေ၏။ (၁)
အန္တဒွယခေါ် အဖို့ အစွန်း ၂-ပါးသို့ မကပ်ရောက်မူ၍ အလယ်လမ်းအကျင့်ဖြင့် ကျင့်လျက် သွားသောကြောင့်၎င်း၊ ကိုယ်နှုတ်စိတ်တို့၏ သုံးမျိုးသော ကောက်ခြင်းဟူသော၁ အပြစ်ကို ပယ်ခြင်းငှါ
၁- အကောက်သုံးပါးဟူသည်မှာ- ရှေး၌ပြခဲ့သော နွားကျင်ငယ်ရေး စသည်နှင့်တူသော အကောက်သုံးပါးကို ဆိုသည်။ ယင်း အကောက်သုံးပါးအကြောင်းကို အဋ္ဌသာလိနီ နှာ-၁၉၅-၌ ဤသို့ ပြထား၏။ ရဟန်းတပါးသည် အရွယ်သုံးပါးလုံး၌ သီလမစင်ကြယ်လျှင် နွားကျင်ရေကောက်မျိုး ဖြစ်သည်။ ဒုတိယ တတိယအရွယ်၌ မစင်ကြယ်လျှင်
၁၈၉
ကျင့်သောကြောင့်၎င်း၊ ဥဇုပ္ပဋိပန္န (ဖြောင့်စွာသွားသည် ကျင့်သည်) မည်ပေ၏။ (၂)
သိအပ် သိထိုက်သောကြောင့် နိဗ္ဗာန်ကို ဉာယ-ဟု ဆိုအပ်၏၊ ဉာယမည်သော ထိုနိဗ္ဗာန်အကျိုးငှါ ကျင့်သောကြောင့် ဉာယပ္ပဋိပန္န (နိဗ္ဗာန်အကျိုးငှါသာ ကျင့်သည်) မည်ပေ၏။ (၃)
အကြင်အခြင်းအရာဖြင့် ကျင့်ကုန်လတ်သော် (လူတို့ကပြုအပ်သော ခရီးဦးကြိုဆိုခြင်း အစရှိသော) ရိုသေမှုကို ထိုက်တန်ကုန်၏။ ထိုသို့ ထိုက်တန်လောက်သော အခြင်းအရာဖြင့် ကျင့်သောကြောင့် သာမီစိပ္ပဋိပန္န (လူတို့ကပြုသည့် ရိုသေမှုနှင့် သင့်တင့်ထိုက်တန်အောင် ကျင့်ကြံသည်) မည်ပေ၏။ (၄)
၁၅၆။ (ယဒိဒံ-ဟူသည်မှာ ယာနိ ဣမာနိ-အကြင် ဤတို့သည်-ဟု ဆိုလို၏)၁။ စတ္တာရိ ပုရိသယုဂါနိ-ဟူသည်ကား အစုံ၏အစွမ်းဖြင့် သောတာပတ္တိ မဂ်ရောက်ပုဂ္ဂိုလ်နှင့် ဖိုလ်ရောက်ပုဂ္ဂိုလ်ဟူသော ဤနှစ်ပါးအပေါင်းသည် တစုံပေတည်း၊ ဤနည်းဖြင့် လေးခုကုန်သော ယောက်ျားအစုံတို့ ဖြစ်ကုန်၏။ အဋ္ဌ ပုရိသပုဂ္ဂလာ-ဟူသည်ကား ယောက်ျားပုဂ္ဂိုလ် အသီးအသီး၏ အစွမ်းအားဖြင့် သောတာပတ္တိ မဂ်ရောက်ပုဂ္ဂိုလ်တပါး, ဖိုလ်ရောက်ပုဂ္ဂိုလ်တပါးဟူသော ဤနည်းဖြင့်
လ-ရေးကောက်မျိုး ဖြစ်သည်။ တတိယအရွယ်ကျမှ မစင်ကြယ်လျှင် ထယ်ကိုင်းကောက်မျိုး ဖြစ်သည်။ အကျဉ်းချုပ်၍ ပြချက်ဖြစ်သည်။
၁- ဤလက်သည်းကွင်းအတွင်းရှိ အဖွင့်သည် ပါဠိ၌သာ ကျေးဇူးများသည်။ မြန်မာပြန်၌ကား ကျေးဇူးမများပေ၊ စုံလင်ရုံမျှအတွက်သာ ဤ၌ ပြထားသည်။
၁၉၀
ယောက်ျားပုဂ္ဂိုလ်တို့သည် ရှစ်ယောက်တို့သာ ဖြစ်ကုန်၏။ ဆက်၍ ရှင်းဦးအံ့- ဤအရာ၌ ယောက်ျားဟူ၍၎င်း ပုဂ္ဂိုလ်ဟူ၍၎င်း ဤပုဒ်တို့သည် အနက်တူကုန်၏။ သို့သော်လည်း ဝေနေယျတို့၏ အစွမ်းအားဖြင့် ဤယောက်ျား ပုဂ္ဂိုလ်တို့-ဟူသော စကားကို ဟော(အပ်)ပေသည်။ ဧသ ဘဂ၀တော သာဝကသံဃော-ဟူသည်ကား [၂၁၃] အစုံ၏ အစွမ်းအားဖြင့် လေးခုကုန်သော အကြင်သို့သော ဤယောက်ျားအစုံတို့သည် (ရှိကုန်၏)၊ အသီးအသီးအားဖြင့် ရှစ်ယောက်ကုန်သော ယောက်ျားပုဂ္ဂိုလ်တို့သည် (ရှိကုန်၏)၊ မြတ်စွာဘုရား၏ လေးစုံ ရှစ်ယောက်သော ဤတပည့်သားအပေါင်း သံဃာတော်သည်၁။ အာဟုနေယျော စသည်တို့၌ (အနက်ကား) ဆောင်ခဲ့၍ ပူဇော်အပ်သောကြောင့် အာဟုန မည်၏၊ အရပ်ဝေးမှသော်လည်း ဆောင်ခဲ့၍ သီလရှိသော ပုဂ္ဂိုလ်တို့၌ ပေးလှူအပ်သည်ဟူသော အနက်ကို (သိအပ်၏)၊ အာဟုန-ဟူသော ဤအမည်သည် လှူဖွယ် ပစ္စည်းလေးပါးတို့၏ အမည်ပေတည်း။ ထိုပေးလှူပူဇော်မှုကို အကျိုးကြီးအောင် ပြုတတ်သောကြောင့် (အာဟုနမည်သော) ထိုပေးလှူပူဇော်ဖွယ်ကို ခံယူခြင်းငှါ သင့်လျော်ထိုက်တန်ပေ၏။ ထို့ကြောင့် အာဟုနေယျ မည်ပေ၏၂။ တနည်းကား အရပ်ဝေးမှသော်လည်း လာ၍ အလုံးစုံသော ဥစ္စာနှစ်ကိုသော်လည်း ဤသံဃာ၌ ပေးလှူ ပူဇော်ထိုက်သောကြောင့် အာဟဝနီယ မည်ပေ၏။
၁- သံဃာတော်သည်.. အာဟုနေယျ မည်ပေ၏-စသည်နှင့် စပ်ပါ။
၂- အာ-ဆောင်ယူခဲ့၍ + ဟုန- ပေးလှူ ပူဇော်အပ်သည်ကို + ဧယျ- ထိုက်သည် = အာဟုနေယျ- အရပ်ဝေးမှသော်လည်း ဆောင်ယူခဲ့၍ ပေးလှူ ပူဇော်အပ်သည်ကို ခံယူရန် ထိုက်သည်၊ ပေးလှူ ပူဇော်ထိုက်သည်။
၁၉၁
တနည်းကား သိကြားမင်း စသည်တို့၏သော်လည်း ပူဇော်ခြင်းကို ထိုက်သောကြောင့် အာဟဝနီယ မည်ပေ၏။ သည်မျှသာမကသေး- ဗြာဟ္မဏလူမျိုးတို့၏ အာဟဝနီယမည်သော ပူဇော်အပ်သော အကြင်မီးရှိ၏၊ ယင်းမီး၌ ပူဇော်ခြင်းကို၁ အကျိုးကြီးသည်ဟု ထိုဗြာဟ္မဏတို့၏ အယူသည် ရှိ၏၊ အကယ်၍ ပူဇော်ခြင်းကို အကျိုးကြီးစေတတ်သောကြောင့် အာဟဝနီယ- ပူဇော်ထိုက်သည် မည်ပါမူ သံဃာသည်သာလျှင် အာဟဝနီယ မည်ရာ၏။ မှန်ပေ၏- သံဃာ၌ ပူဇော်ခြင်းသည် အကျိုးကြီးပေ၏။ ဤအဆိုနှင့်အညီ (အောက်ပါဂါထာကို မြတ်စွာဘုရား)ဟောတော်မူပေ၏-
“အကြင်ပုဂ္ဂိုလ်သည် တောအရပ်၌ (ရသေ့ပြုကာ နေ၍) အနှစ်တရာပတ်လုံး မီးကို လုပ်ကျွေးပူဇော်ရာ၏၊ အကြင်ပုဂ္ဂိုလ်သည်ကား ပွါးစေအပ်ပြီးသော စိတ်ရှိသော (ဝါ-စိတ်ကို ပွါးစေပြီးသော) အရိယာပုဂ္ဂိုလ်တပါးကို တမုဟုတ် တခဏမျှသော်လည်း ပူဇော်ရာ၏။ (ထိုနှစ်ဦးတို့၏ ပူဇော်ခြင်းနှစ်ခုတို့တွင်) အနှစ်တရာပတ်လုံး မီးကို ပူဇော်ခြင်းထက် အရိယာတပါးကို တခဏမျှ ထိုပူဇော်ခြင်းသည်သာလျှင် သာလွန်၍ မြတ်ပေ၏။”
သဗ္ဗတ္ထိဝါဒီဂိုဏ်းဟူသော နိကာယ်တပါး၌ (သုံးလေ့ရှိသော) ထိုအာဟဝနီယပုဒ်သည် ဤမဟာဝိဟာရဝါသီဂိုဏ်း၌ အာဟုနေယျ-ဟူသော ပုဒ်နှင့်
၁- ယသ္မိံ အာဟဝနီယဂ္ဂိမှိ ဟုတံ ဒဓိအာဒိ- အကြင် ပူဇော်အပ်သော မီး၌ ပူဇော်အပ်သော နို့ဓမ်းစသည်-ဟု ဋီကာ၌ ကံအနက်ကို ဖွင့်ပြထားသော်လည်း ဤ၌ကား ပြလတံ့သော ဂါထာ၌ ပူဇနာ-ပုဒ်နှင့် တထပ်တည်း တူညီစေရန် ပူဇော်ခြင်းဟု ဘောအနက်ပြန်ထားသည်။
၁၉၂
အနက်အားဖြင့် တူပေ၏၊ သဒ္ဒါအားဖြင့်မူကား ဤအာဟဝနီယနှင့် အာဟုနေယျပုဒ်တို့၌ အနည်းငယ်မျှသာ ထူးပေသည်။ သို့ဖြစ်၍ အာဟုနေယျ မည်ပေ၏၁။ (၅)
ထိုမှတပါး ပါဟုနေယျ-ဟူသော ဤပုဒ်၌ (အနက်ကား) အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နှာတို့မှ၂ ရောက်လာကုန်သော ချစ်ခင်မြတ်နိုးအပ်ကုန်သော ဆွေမျိုးမိတ်ဆွေတို့၏ အကျိုးငှါ တရိုတသေ အထူးပြုပြင် စီရင်ထားသော ဧည့်ခံဖွယ်ပစ္စည်းကို ပါဟုန-ဟု ခေါ်ဆိုအပ်၏၊ ထိုဧည့်ခံကျွေးမွေးဖွယ် ပစ္စည်းကိုလည်း၃ ထိုဆိုခဲ့သည့် ဂုဏ်ထူးရှိကုန်သော ထိုဆွေမျိုး မိတ်ဆွေ ဧည့်သည်ကောင်းတို့ကို အလွတ်ထား၍ သံဃာအားသာလျှင် လှူခြင်းငှါ သင့်လျော်ပေ၏။ သံဃာသည်လည်း ထိုဧည့်ခံဖွယ်ပစ္စည်းကို ခံယူခြင်းငှါ သင့်လျော် ထိုက်တန်ပေ၏။ မှန်ပေ၏- သံဃာနှင့် အလားတူသော ဧည့်သည်ကောင်းမည်သည်
၁- အာ+ဟု+အနီယ-ဖြင့် အာဟဝနီယ-ဟု ပြီး၏။ ပူဇော်အပ် ပူဇော်ထိုက်သည်၊ လာ၍ ပူဇော်အပ် ပူဇော်ထိုက်သည်-ဟု အနက်ရှိ၏။ အာဟုနေယျ-ပုဒ်ကိုလည်း ထိုအာဟဝနီယနှင့် အနက်တူဟု ဆိုသည်။ ထို့ကြောင့် အာဟုနေယျော- ပေးလှူ ပူဇော်ထိုက်ပါပေသည်၊ အရပ်ဝေးမှသော်လည်း လာရောက်၍ ပေးလှူ ပူဇော်ထိုက်ပါပေသည်-ဟု အောက်မေ့ဆင်ခြင်အပ်၏။
၂- ဒိသာ ဝိဒိသတော-ပုဒ်၏ အနက်ဖြစ်သည်၊ တူရူအရပ်မျက်နှာ အထောင့်အရပ်မျက်နှာတို့မှ-ဟု အတိအကျပြန်လျှင် မြန်မာစကား မချောမော၊ ထို့ကြောင့် အထက်ပါအတိုင်း ပြန်ထားသည်။
၃- ထိုဧည့်ခံကျွေးမွေးဖွယ် ပစ္စည်းကိုလည်း.. သံဃာအားသာလျှင် လှူခြင်းငှါ သင့်လျော်ပေ၏-ဟု စပ်ပါ။
၁၉၃
မရှိပေ။ ထိုစကားကို ထင်ရှားပြရလျှင်- ဤသံဃာတော်ကို ဘုရားနှစ်ဆူတို့၏ အကြားကာလကို လွန်သောအခါ၌၎င်း (ကမ္ဘာပေါင်း အသင်္ချေ လွန်သောအခါ၌၎င်း) တွေ့မြင်ရပေသည်။ ဆန့်ကျင်ဘက်တို့နှင့် ရောယှက်ခြင်းမရှိပဲ ချစ်မြတ်နိုးအပ်သည်၏ အဖြစ်ကို ပြုတတ်ကုန်သော သီလစသော ဂုဏ်ကျေးဇူးတို့နှင့်လည်း ပြည့်စုံပေ၏။ ထို့ကြောင့် ဤဆိုခဲ့သည့်အတိုင်း ဤသံဃာအား ဧည့်ခံကျွေးမွေးဖွယ်ကို ပေးလှူရန် သင့်ပေ၏၊ ဧည့်ခံကျွေးမွေးဖွယ်ကို (ဤသံဃာသည်) ခံယူရန်လည်း သင့်ပေ၏၊ ထိုသို့ (ပါဟုနကို) လှူရန် ခံယူရန် သင့်သောကြောင့် ပါဟုနေယျမည်ပေ၏၁။ ပါဌ်ကွဲကို ပြဦးအံ့- အကြင် သဗ္ဗတ္ထိဝါဒီဂိုဏ်းသားတို့၏ (ပိဋက၌) ပါဟဝနီယောဟူသော ပါဠိသည် ရှိ၏၊ ထိုဂိုဏ်းသားတို့၏ (အလိုအားဖြင့်)၂ သံဃာတော်သည် လက်ဦးပူဇော်ခြင်းကို ထိုက်သောကြောင့် အလုံးစုံတို့၏ ရှေးဦးစွာ ဆောင်၍ ဤသံဃာ၌ ပေးလှူ ပူဇော်အပ်၏။ ထို့ကြောင့် ပါဟဝနီယမည်၏၃။ တနည်းကား ခပ်သိမ်းသော အပြားအားဖြင့်၄ ဆောင်လာ၍ ပူဇော်ခြင်းကို (ဝါ-ပူဇော်အပ်သော
၁- ပါဟုန- ဧည့်ခံကျွေးမွေးဖွယ် ပစ္စည်း + ဧယျ- ထိုက်သည် = ပါဟုနေယျ- ဧည့်ခံကျွေးမွေးဖွယ် ပစ္စည်းကိုသော်လည်း ပေးလှူပူဇော်ထိုက်- ခံယူတော်မူထိုက်ပါပေသည်။
၂- (အလိုအားဖြင့်).. ပါဟဝနီယမည်၏-ဟု စပ်။
၃- ပ-ရှေးဦး + အာ-ဆောင်၍ + ဟဝနီယ- ပူဇော်ထိုက်သည် = ပါဟဝနီယ- ရှေးဦးစွာ ဆောင်၍ ပူဇော်ထိုက်ပါပေသည်။
၄- ခပ်သိမ်းသော အပြားအားဖြင့်- ဟူသည်ကား ရိုသေခြင်း, လေးစားခြင်း, များစွာမြတ်နိုးခြင်း စသည်လည်းဖြစ်သော (အပြားအားဖြင့်-နှင့် စပ်)
၁၉၄
ပစ္စည်းကို) ထိုက်တန်သောကြောင့် ပါဟဝနီယ မည်၏၁။ ထိုပါဟဝနီယဟု ဆိုအပ်သော ဤသံဃာတော်ကို ဤမဟာဝိဟာရဝါသီတို့၏ ပိဋက၌ ထိုဆိုအပ်ခဲ့သော အနက်ကြောင့်ပင်လျှင် (ပရိယာယ်အဖြစ်ဖြင့်) ပါဟုနေယျဟု ဆိုအပ်ပေ၏၂။ (၆)
ထိုမှတပါး တမလွန်လောကကို ယုံကြည်၍ လှူအပ်သော ဝတ္ထုကို (ကြီးပွါးကြောင်း ဖြစ်သောကြောင့်) ဒက္ခိဏာ-ဟု ခေါ်ဆိုအပ်၏။ ဒက္ခိဏာမည်သော ကြီးပွါးကြောင်းဖြစ်သော ထိုအလှူဝတ္ထုကို (ခံယူရန်) ထိုက်တန်သောကြောင့် (ဒက္ခိဏေယျ မည်ပေ၏)။ တနည်းကား ကြီးပွါးကြောင်းဖြစ်သော (ဒက္ခိဏာ)အလှူ၏ အစီးအပွါးကို ပြုတတ်၏၊ ထိုအလှူကို အကျိုးကြီးအောင် ပြုတတ်သည်၏ အဖြစ်ဖြင့် စင်ကြယ်စေတတ်၏၊ ထို့ကြောင့် ဒက္ခိဏေယျ မည်ပေ၏၃။ (၇)
လှူဖွယ်ဝတ္ထုကို ရိုသေစွာပြုခြင်း စသည်လည်းဖြစ်သော အလုံးစုံသော အပြားအားဖြင့်(ဟု ဆိုလို၏)။ (ဋီကာ)
၁- ပ-ခပ်သိမ်းသော အပြားအားဖြင့် + အာဟဝနီယ- ပူဇော်ထိုက်သည် = ပါဟဝနီယ- ရိုသေလေးစားခြင်း များစွာမြတ်နိုးခြင်း လှူဖွယ်ကို တရိုတသေပြုခြင်းစသော ခပ်သိမ်းသော အပြားအားဖြင့် ပူဇော်ထိုက်ပါပေသည်။
၂- ပါဟုနေယျ-ပုဒ်ကိုလည်း ထိုပါဟဝနီယ- ပုဒ်ကဲ့သို့ပင် အနက်၂-ပါးလုံး ပြန်ရမည်ဟု ဆိုလို၏။
၃- ကံနှင့် ကံ၏အကျိုးကို ယုံကြည်၍၎င်း၊ တမလွန်လောကကို ယုံကြည်၍၎င်း ပေးလှူခြင်းကို ကြီးပွါးချမ်းသာကြောင်း ဖြစ်သောကြောင့် ဒက္ခိဏာဟု ခေါ်သည်။ ထို့ကြောင့် ဒက္ခိဏာ- ကြီးပွါးကြောင်းဖြစ်သော
၁၉၅
အလုံးစုံသော (သတ္တဝါအပေါင်းဟူသော) လောကသည် နှစ်ဖက်သောလက်တို့ကို ဦးခေါင်းထက်၌ တည်စေ၍ ပြုအပ်သော လက်အုပ်ချီခြင်းအမှုကို ထိုက်သောကြောင့် အဉ္ဇလိကရဏီယ မည်ပါပေ၏၁။ (၈)
အနုတ္တရံ ပုညက္ခေတ္တံ လောကဿ- ဟူသည်ကား အလုံးစုံသော (သတ္တဝါအပေါင်းဟူသော) လောက၏ အတူမရှိသော၂ (ဝါ-အမြတ်ဆုံးဖြစ်သော) ကောင်းမှုတို့၏ ဖြစ်ပွါးစည်ပင်ရာ ဌာနပေတည်း(ဟု ဆိုလို၏)။ ဥပမာဖြင့် ထင်စွာပြရလျှင် မင်း၏သော်၎င်း၊ အမတ်၏သော်၎င်း သလေးစပါးတို့၏, မုယော ဂျုံတို့၏ ဖြစ်ပွါးစည်ပင်ရာ ဌာနကို မင်း၏ သလေးစပါးခင်းလယ်, ဂျုံခင်းယာဟူ၍ (အမတ်၏ သလေးစပါးခင်းလယ်, ဂျုံခင်းယာဟူ၍) ဆိုအပ်သကဲ့သို့ ဤအတူပင် သံဃာတော်သည် အလုံးစုံသော လောက၏ ကောင်းမှုတို့၏ ဖြစ်ပွါးစည်ပင်ရာ ဌာနပေတည်း။ မှန်ပေ၏- သံဃာတော်ကိုမှီ၍
အလှူကို + ဧယျ-ထိုက်သည် = ဒက္ခိဏေယျ- ကြီးပွါးကြောင်းဖြစ်သော မြတ်သောအလှူကို ခံထိုက်ပါပေသည်။
ဒက္ခိဏာ- ကြီးပွါးကြောင်းအလှူ၏ + ဧယျ- အစီးအပွါးကို ပြုတတ်သည် = ဒက္ခိဏေယျ- ကြီးပွါးကြောင်းအလှူ၏ အစီးအပွါးကို ပြုတတ်ပါပေသည်။
၁- အဉ္ဇလိ-လက်အုပ်ကို- ဝါ-လက်အုပ်ချီခြင်းကို + ကရဏီယ- ပြုထိုက်သည် = အဉ္ဇလိကရဏီယ- လက်အုပ်ချီမိုး ရှိခိုးထိုက်ပါပေသည်။
၂- အနုတ္တရ-ပုဒ်ဖြင့် သူ့ထက် အလွန်အကဲ အထူးအမြတ် မရှိသည်ကို ပြ၏၊ သို့သော်လည်း သံဃာတော်နှင့် တူညီသော အလှူခံပုဂ္ဂိုလ်ပင် မရှိဟု ပြလိုသောကြောင့် အသဒိသံ- အတူမရှိသော-ဟု မိန့်ဆိုပေသည်။ ဋီကာကိုမှီ၍ ဖွင့်ပြသည်။
၁၉၆
(သတ္တဝါအပေါင်းဟူသော) လောက၏ အထူးထူး အပြားပြားသော စီးပွါးချမ်းသာကို ဖြစ်စေတတ်ကုန်သော ကောင်းမှုတို့သည် ဖြစ်ပွါး စည်ပင်ကုန်၏၁။ ထို့ကြောင့် သံဃာတော်သည် လောက၏ အကောင်းဆုံး အမြတ်ဆုံးဖြစ်သော ကောင်းမှုတို့၏ ဖြစ်ပွါးစည်ပင်ရာ လယ်ယာမြေကောင်း မည်ပါပေ၏၂။ (၉)
၁၅၇။ ဤဆိုသည့်အတိုင်း (သုပ္ပဋိပန္နတာ) ကောင်းစွာ ကျင့်ကြံတတ်သည်၏အဖြစ် စသည် အပြားရှိကုန်သော သံဃာတော်၏ ဂုဏ်တို့ကို အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်နေသော၃ ထိုယောဂီအား
၁- စတ္တာရော စ ပဋိပန္နာ၊ စတ္တာရော စ ဖလေ ဌိတာ- စသည်ဖြင့် မဂ်၌တည်ဆဲပုဂ္ဂိုလ် ၄-ပါး၊ ဖိုလ်သို့ ရောက်ပြီးပုဂ္ဂိုလ် ၄-ပါးဟူသော ရှစ်ပါးသော အရိယာသံဃာ၌ ပေးလှူသောဒါန အကျိုးကြီးကြောင်း သံယုတ်ပါဠိ ပဌမ နှာ-၂၃၅-စသည်၌ ပြထားလေသည်။
၂- အနုတ္တရံ- အလွန်အကဲမရှိ အမြတ်ဆုံးဖြစ်သော + ပုညက္ခေတ္တံ- ကောင်းမှုတို့၏ ဖြစ်ပွါးစည်ပင်ရာ လယ်မြေ + လောကဿ- လောက၏ = အနုတ္တရံ ပုညက္ခေတ္တံ လောကဿ- သတ္တဝါအပေါင်း၏ ကောင်းမှုမျိုးတို့ စိုက်ပျိုးကြီးပွါးရာ လယ်ယာမြေ အကောင်းဆုံး ဖြစ်ပါပေသည်။
၃- ဤအရာ၌လည်း သံဃာ့ဂုဏ်တော်များကို သိလွယ်သောနည်းဖြင့် အကျဉ်းချုပ် ပြဦးအံ့။
သံဃာ့ဂုဏ်တော် ၉-ပါး
မြတ်စွာဘုရား၏ တပည့်သားအပေါင်း သံဃာတော်သည်-
(၁) သုပ္ပဋိပန္နော- လောဘ ဒေါသ မောဟကင်းကြောင်း (သီလ သမာဓိ ပညာ အကျင့်ကောင်းကို) ကောင်းစွာ ကျင့်တော်မူတတ်ပါပေ၏။
၁၉၇
ထိုအခါ၌ ရာဂလွှမ်းမိုး နှိပ်စက်ခံရသော စိတ်မဖြစ်တော့သည်သာ၊ ဒေါသ ။ပ။ မောဟလွှမ်းမိုး နှိပ်စက်ခံရသော စိတ်မဖြစ်တော့သည်သာ။ ထိုအခါ၌ ထိုယောဂီ၏ စိတ်သည် သံဃာတော်(၏ ဂုဏ်တော်များ)ကို အာရုံပြုလျက် ဖြောင့်မတ်နေသည်သာလျှင် ဖြစ်ပေသည်။ ဤသို့ အစရှိသော ရှေးနည်းဖြင့်ပင်လျှင် နီဝရဏကွာပြီးသော ယောဂီအား တခုသောခဏ၌ ဈာန်အင်္ဂါတို့သည် ဖြစ်ပေါ်ကုန်၏။
(၂) ဥဇုပ္ပဋိပန္နော- ကိုယ် နှုတ် စိတ်ထား အကောက်သုံးပါးကင်းအောင် ဖြောင့်စင်းစွာ ကျင့်တော်မူတတ်ပါပေ၏။
(၃) ဉာယပ္ပဋိပန္နော- ဆင်းရဲငြိမ်းရန် နိဗ္ဗာန်အတွက်သာ သင့်လျော်စွာ ကျင့်တော်မူတတ်ပါပေ၏။
(၄) သာမီစိပ္ပဋိပန္နော- သူများကပြုသည့် ရိုသေမှုနှင့် သင့်တင့်ထိုက်တန်အောင် ကျင့်ကြံတော်မူတတ်ပါပေ၏။
(၅) အာဟုနေယျော- အရပ်ဝေးမှသော်လည်း ဆောင်လာ၍ ပေးလှူ ပူဇော်ထိုက်, ပေးလှူသည်ကို ခံတော်မူထိုက်ပါပေ၏။
(၆) ပါဟုနေယျော- ချစ်မြတ်နိုးအပ်သည့် ဧည့်သည်များအတွက် အထူးပြုပြင်ထားသော စားကောင်းသောက်ဖွယ်ကိုသော်လည်း ပေးလှူ ပူဇော်ထိုက်, ခံယူတော်မူထိုက်ပါပေ၏။
(၇) ဒက္ခိဏေယျော- တမလွန်လောက၌ ကောင်းကျိုးရမည် ယုံကြည်မြှော်မှန်း၍ လှူဒါန်းပေလတ် အလှူမြတ်ကို လျောက်ပက်သင့်လျော် ခံယူတော်မူထိုက်ပါပေ၏။ (မြှော်- ယခုခေတ် အသံမှန်၊ မြော်- ရှေးသုံး)
(၈) အဉ္ဇလိကရဏီယော- ကောင်းကျိုးမြှော်လျက် လက်နှစ်ဖက်ကို ထိပ်ထက်မှာချီမိုး၍ ရှိခိုးထိုက်ပါပေ၏။
၁၉၈
သို့သော်လည်း သံဃာ့ဂုဏ်တော်တို့၏ နက်နဲခြင်းကြောင့်၎င်း၊ အထူးထူး အပြားပြား များစွာသော ဂုဏ်တို့ကို အောက်မေ့ခြင်းငှါ နှလုံးသွင်း ညွတ်ကိုင်းခြင်းကြောင့်၎င်း အပ္ပနာဈာန်သို့ မရောက်မူ၍ ဥပစာရသို့သာလျှင် ရောက်သော ဈာန်သည် ဖြစ်၏။ ထိုသို့ ဥပစာရသို့ရောက်သော ဤဈာန်သည် သံဃာ့ဂုဏ်တော်တို့ကို အဖန်တလဲလဲ အောက်မေ့သည်၏ အစွမ်းအားဖြင့် ဖြစ်သောကြောင့် သံဃာနုဿတိဟူ၍သာလျှင် ရေတွက်ခေါ်ဆိုအပ်ခြင်းသို့ ရောက်ပေသည်။
အကျိုးကား ဤသံဃာနုဿတိကမ္မဋ္ဌာန်းကို အားထုတ်သော ရဟန်းသည် သံဃာတော်၌ ရိုသေခြင်း ရှိပေ၏၊ တုပ်ဝပ်ခြင်း ရှိပေ၏၊ သဒ္ဓါ စသည်တို့၏ ပြန့်ပြောခြင်းသို့ ရောက်ပေ၏၊ နှစ်သိမ့်ဝမ်းမြောက်မှု ဖြစ်ခြင်း များပေ၏၊ ကြောက်ဖွယ် ဘေးငယ် ဘေးကြီးကို သည်းခံနိုင်ပေ၏၊ ဆင်းရဲဒုက္ခတို့ကို သည်းခံခြင်းငှါ စွမ်းနိုင်ပေ၏။ သံဃာတော်နှင့် အတူတကွ နေရသည်ဟူသော အမှတ်သညာကို ရပေ၏၊ သံဃာ့ဂုဏ်တော်တို့ကို အဖန်တလဲလဲ အောက်မေ့မှု- သံဃာနုဿတိ၏ ကိန်းအောင်းရာဖြစ်သော ထိုယောဂီ၏ကိုယ်သည် သံဃာတော် စည်းဝေးလျက်ရှိသော ဥပုသ်အိမ်ကဲ့သို့ ပူဇော်ထိုက်ပေ၏၊ သံဃာ့ဂုဏ်တော်တို့ကို ရခြင်းငှါ စိတ်ညွတ်၏၊ ထို့ပြင်
(၉) အနုတ္တရံ ပုညက္ခေတ္တံ လောကဿ- သတ္တဝါအပေါင်း၏ ကောင်းမှုမျိုးတို့ စိုက်ပျိုးကြီးပွါး အကျိုးများရာ လယ်ယာမြေ အကောင်းဆုံး ဖြစ်ပါပေ၏။
အထက်ပါ ဂုဏ်ပုဒ်တို့ကို ကျက်မှတ်၍ သံဃာ့ဂုဏ်တော်များကို အောက်မေ့ဆင်ခြင်ရာ၏၊ အထူးအားဖြင့် သံဃာတော်ကို အရိုအသေပြုသောအခါ သံဃာတော်အား ပေးလှူသောအခါတို့၌ အောက်မေ့ဆင်ခြင်ရာ၏။
၁၉၉
လွန်ကျူးစရာ ဝတ္ထုအမှုနှင့် တွေ့လတ်သော် သံဃာတော်ကို မျက်မှောက်၌ တွေ့မြင်နေသကဲ့သို့ ထိုယောဂီအား ရှက်ကြောက်မှု (ဟိရီ ဩတ္တပ္ပ)သည် ရှေးရှုထင်၏၊ အထက်၌ မဂ်ဖိုလ်တရားထူးကို ထိုးထွင်း၍ မသိ-မရငြားသော်လည်း သုဂတိလျှင် လားရာရှိပေ၏။
ထို(သို့ သံဃာတော်၌ ရိုသေတုပ်ဝပ်ခြင်းမှစ၍ သုဂတိလျှင် လားရာရှိခြင်းတိုင်အောင် များစွာ အကျိုးရှိခြင်း)ကြောင့် ကောင်းသော အမြော်အမြင် ဉာဏ်ပညာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဤဆိုခဲ့သည့်အတိုင်း ကြီးမားသော အာနုဘော်နှင့် ပြည့်စုံသော သံဃာနုဿတိ၌ အခါခပ်သိမ်း မမေ့မလျော့ အားထုတ်ခြင်းကို စင်စစ်မုချ ပြုသင့်လှပါပေသတည်း။ ဤကား ဥယျောဇဉ်ပေတည်း။
ယခု ပြဆိုခဲ့သော စကားသည် သံဃာနုဿတိကမ္မဋ္ဌာန်း၌ အကျယ်ပြဆိုသော စကားအမြွက်ပေတည်း။
(သံဃာနုဿတိကမ္မဋ္ဌာန်း ပြီး၏)။
**********
၄-သီလာနုဿတိပွါးပုံ ပြဆိုချက်
[၂၁၅] ၁၅၈။ သီလာနုဿတိ ပွါးစေခြင်းငှါ အလိုရှိသော ယောဂီသည်လည်း ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက် အပြင်ပအာရုံများမှ ဖဲခွါကာ (ကမ္မဋ္ဌာန်း၌) ကောင်းစွာ ကပ်ငြိသည်ဖြစ်၍-
“အဟော ဝတ မေ သီလာနိ အခဏ္ဍာနိ- ငါ၏ သီလတို့သည် ဪ မကျိုးပဲ ရှိပါပေကုန်စွ၊ အစ္ဆိဒ္ဒါနိ- ဪ မပေါက်ပဲ ရှိပါပေကုန်စွ၊ အသဗလာနိ- ဪ မကြောင်မကျားပဲ
၂၀၀
ရှိပါပေကုန်စွ၊ အကမ္မာသာနိ- ဪ အပြောက် အစွန်း အကွက် မထင်ပဲ ရှိပါပေကုန်စွ၊ ဘုဇိဿာနိ- ဪ တဏှာ၏ ကျွန်အဖြစ်မှ တော်လှန်ပါပေကုန်စွ၊ ဝိညုပ္ပသတ္ထာနိ- ဪ ပညာရှိတို့ ချီးမွမ်းထိုက်ပါပေကုန်စွ၊ အပရာမဋ္ဌာနိ- ဪ တဏှာဒိဋ္ဌိတို့က မသုံးသပ် မကိုင်တွယ်နိုင်ပဲ ရှိပါပေကုန်စွ၊ သမာဓိသံဝတ္တနိကာနိ- ဪ သမာဓိကို ဖြစ်နိုင်ပါပေကုန်စွ”ဟူ၍-
ဤပုံ ဤနည်းဖြင့် မကျိုးသည်၏အဖြစ် အစရှိသော ဂုဏ်တို့၏ အစွမ်းအားဖြင့် မိမိ၏ သီလတို့ကို အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်အပ်ကုန်၏။ ထိုသို့ အောက်မေ့ ဆင်ခြင်ရာ၌လည်း၁ လူဝတ်ကြောင်သည် လူ၏သီလတို့ကို, ရှင်ရဟန်းသည် ရှင်ရဟန်း၏ သီလတို့ကို (အောက်မေ့ ဆင်ခြင်အပ်ကုန်၏)။
လူ၏ သီလတို့ဖြစ်စေ၊ ရှင်ရဟန်း၏ သီလတို့ဖြစ်စေ အကြင်သိက္ခာပုဒ် သီလတို့၏ (သိက္ခာပုဒ်အစဉ်အရ) အစ၌သော်၎င်း၊ အဆုံး၌သော်၎င်း သီလသိက္ခာပုဒ် တခုမျှသော်လည်း မပျက်ငြားအံ့၊ ထိုသီလတို့သည် အစွန်အနား၌ စုတ်ပြတ်သော ပုဆိုးကဲ့သို့ မကျိုး မပျက်ကြသောကြောင့် အခဏ္ဍ(မကျိုး မပျက်ကြသည်) မည်ကုန်၏။ အကြင်သိက္ခာပုဒ် သီလတို့၏ အလယ်၌ သီလသိက္ခာပုဒ် တခုမျှသော်လည်း မပျက်ငြားအံ့၊ ထိုသီလတို့သည် အလယ်၌ ပေါက်သော
၁- တာနိ စ-၏ အနက်ဖြစ်သည်၊ ထိုသီလတို့ကိုလည်း-ဟု အတိအကျပြန်လျှင် စကားထပ်နေသကဲ့သို့ ထင်ဖွယ်ရှိသောကြောင့် အထက်ပါအတိုင်း ပြင်၍ လဲလှယ်ပြထားသည်။
၂၀၁
ပုဆိုးကဲ့သို့ မပေါက်ကြသောကြောင့် အစ္ဆိဒ္ဒ (မပေါက်ကြသည်) မည်ကုန်၏။ အကြင် သိက္ခာပုဒ်သီလတို့တွင် သိက္ခာပုဒ် ၂-ခုဖြစ်စေ၊ ၃-ခုဖြစ်စေ အစဉ်အားဖြင့် တဆက်တည်း မပျက်ကုန်ငြားအံ့၊ ထိုသီလတို့သည် အမည်း အနီ စသည်တို့တွင် တပါးပါးသော အဆင်းရှိသော နွားမသည် ကျောက်ကုန်း၌ဖြစ်စေ၊ ဝမ်းဗိုက်၌ဖြစ်စေ ဖြစ်ပေါ်သော အရှည် အဝိုင်း စသည် ပုံသဏ္ဌာန်ရှိသော ကွဲပြားသော အဆင်းဖြင့် (ကြောင်ကျားသ)ကဲ့သို့ မကြောင် မကျားကြသောကြောင့် အသဗလ (မကြောင် မကျားကြသည်) မည်ကုန်၏။ အကြင် သိက္ခာပုဒ်သီလတို့သည် အကြား အကြား၌ မပျက်ကုန်ငြားအံ့၊ ထိုသီလတို့သည် အဆင်ကွဲ အပြောက်အစက်တို့ဖြင့် ဆန်းကြယ်သော နွားမကဲ့သို့ အပြောက်အပြောက် မရှိကြသောကြောင့် အကမ္မာသ (အပြောက်အပြောက် မရှိကြသည်) မည်ကုန်၏။ တနည်းကား (အစ၌ အဆုံး၌ ပျက်သည် စသည်ဖြင့် မခွဲခြားပဲ) သာမညအားဖြင့် အလုံးစုံသော သီလတို့သည်လည်း ခုနစ်ပါးသော မေထုန်ငယ်နှင့် ယှဉ်ခြင်းက၎င်း၊ ကောဓ ဥပနာဟစသော ယုတ်မာသော တရားတို့က၎င်း မနှိပ်စက်အပ်- မဖျက်ဆီးအပ်သောကြောင့် (ဝါ-ထိုတရားတို့၏ အနှိပ်စက် အဖျက်ဆီး မခံရသောကြောင့်) မကျိုး မပေါက် မကြောင်ကျား မပြောက်သည် မည်ကုန်၏။ ထိုမကျိုး မပေါက် မကြောင်ကျား မပြောက်သော သီလတို့သည်ပင်လျှင် တဏှာ၏ ကျွန်အဖြစ်မှ လွတ်စေ၍ တော်လှန်- လွတ်လပ်သည်၏အဖြစ်ကို ပြုခြင်းကြောင့် ဘုဇိဿ (တော်လှန်သည်- လွတ်လပ်သည်) မည်ကုန်၏။ ဘုရားအစရှိသော ပညာရှိတို့က ချီးမွမ်းအပ်သည်၏အဖြစ်ကြောင့် ဝိညုပ္ပသတ္ထ (ပညာရှိတို့ ချီးမွမ်းအပ်သည်) မည်ကုန်၏။
၂၀၂
တဏှာနှင့် ဒိဋ္ဌိတို့က မသုံးသပ်အပ်သည်၏ အဖြစ်ကြောင့်၁ တနည်းအားဖြင့် တစုံတယောက်က “ဤအရာသည် သင်၏သီလတို့၌ အပြစ်တည်း”ဟု ဤသို့ သုံးသပ်စွပ်စွဲခြင်းငှါ မစွမ်းနိုင်ကောင်းသည်၏ အဖြစ်ကြောင့် အပရာမဋ္ဌ (မသုံးသပ်အပ်သည်) မည်ကုန်၏။ ဥပစာရ သမာဓိကို၎င်း, အပ္ပနာသမာဓိကို၎င်း (ဖြစ်စေတတ်ကုန်၏)၊ တနည်းအားဖြင့်သော်ကား မဂ်သမာဓိကိုသော်လည်း ဖိုလ်သမာဓိကိုသော်လည်း ဖြစ်စေတတ်ကုန်၏။ ထို့ကြောင့် သမာဓိသံဝတ္တနိက (သမာဓိကို ဖြစ်စေတတ်သည်) မည်ကုန်၏။
၁၅၉။ ယခုပြဆိုခဲ့သည့်အတိုင်း မကျိုးသည်၏အဖြစ် အစရှိသော ဂုဏ်တို့၏ အစွမ်းအားဖြင့် မိမိ၏ သီလတို့ကို အဖန်တလဲလဲ အောက်မေ့ဆင်ခြင်နေသော ထိုယောဂီအား ထိုအခါ၌ ရာဂလွှမ်းမိုး နှိပ်စက်ခံရသော စိတ်မဖြစ်တော့သည်သာ၊ ဒေါသ ။ပ။ မောဟလွှမ်းမိုး နှိပ်စက်ခံရသော စိတ်မဖြစ်တော့သည်သာ၊ ထိုအခါ၌ ထိုယောဂီ၏စိတ်သည် သီလ(၏ ဂုဏ်များ)ကို အာရုံပြုလျက် ဖြောင့်မတ်နေသည်သာလျှင် ဖြစ်ပေသည်၊ ဤသို့အစရှိသော ရှေးနည်းဖြင့်ပင်လျှင် နီဝရဏကွာပြီးသော ယောဂီအား တခုသောခဏ၌ ဈာန်အင်္ဂါတို့သည် ဖြစ်ပေါ်ကုန်၏။ သို့သော်လည်း သီလဂုဏ်တို့၏ နက်နဲခြင်းကြောင့်၎င်း အထူးထူးအပြားပြား များစွာသော ဂုဏ်တို့ကို အောက်မေ့ခြင်းငှါ
၁- ငါသည် ဤသီလဖြင့် ထင်ရှားသော နတ်သည်မူလည်း ဖြစ်ရာ၏ ဖြစ်နိုင်၏ ဖြစ်လို၏၊ မထင်ရှားသော သာမန်နတ်သည်မူလည်း ဖြစ်ရာ၏ ဖြစ်နိုင်၏ ဖြစ်လို၏၊ ထိုနတ်ပြည်၌ မြဲသည် ခိုင်သည် အမြဲတည်ရှိသည် ဖြစ်လတံ့-ဟူ၍သော်၎င်း၊ သီလဖြင့် စင်ကြယ်ခြင်း လွတ်မြောက်ခြင်း ဖြစ်သည်ဟူ၍သော်၎င်း ဤသို့ စသည်ဖြင့် တဏှာ ဒိဋ္ဌိတို့က မသုံးသပ်အပ်သောကြောင့်။ (ဋီကာ)
၂၀၃
နှလုံးသွင်း ညွတ်ကိုင်းခြင်းကြောင့်၎င်း အပ္ပနာဈာန်သို့ မရောက်မူ၍ ဥပစာရသို့သာလျှင် ရောက်သော ဈာန်သည် ဖြစ်၏။ [၂၁၆] ထိုသို့ ဥပစာရသို့ရောက်သော ဤဈာန်သည် သီလ၏ ဂုဏ်တို့ကို အဖန်တလဲလဲ အောက်မေ့သည်၏ အစွမ်းအားဖြင့် ဖြစ်သောကြောင့် သီလာနုဿတိ ဟူ၍သာလျှင် ရေတွက်ခေါ်ဆိုအပ်ခြင်းသို့ ရောက်ပေသည်။
အကျိုးကား ဤသီလာနုဿတိ ကမ္မဋ္ဌာန်းကို အားထုတ်သော ရဟန်းသည် သီလသိက္ခာ၌ ရိုသေခြင်း ရှိပေ၏၊ (သီလပြည့်စုံသော အခြားပုဂ္ဂိုလ်တို့နှင့်) တူသော အသက်မွေးခြင်း ရှိပေ၏၁၊ ပြုသင့်သော ပဋိသန္ထာရဝတ်၌ မမေ့မလျော့ပေ၊ မိမိကိုယ်ကို မိမိကိုယ်တိုင် စွပ်စွဲခြင်း အစရှိသော ဘေးတို့မှ၂ ကင်းပေ၏၊ အဏုမြူမျှ သေးငယ်သော အပြစ်တို့၌(သော်လည်း) ကြောက်ဖွယ်ဘေးဟု ရှုမြင်လေ့ရှိပေ၏၊ သဒ္ဓါ စသည်တို့၏ ပြန့်ပြောခြင်းသို့ ရောက်ပေ၏၊ နှစ်သိမ့်ဝမ်းမြောက်မှု ဖြစ်ခြင်း များပေ၏၊ အထက်၌ မဂ်ဖိုလ်တရားထူးကို ထိုးထွင်း၍ မသိငြား မရငြားသော်လည်း သုဂတိလျှင် လားရာရှိပေ၏။
ထို(သို့ သီလသိက္ခာ၌ ရိုသေခြင်းမှစ၍ သုဂတိလျှင် လားရာရှိခြင်းတိုင်အောင် များစွာ အကျိုးရှိခြင်း)ကြောင့်
၁- အမျိုးဇာတ်ကို အကြောင်းပြု၍၎င်း ဂိုဏ်းမတူသည်ကို အကြောင်းပြု၍၎င်း မပေါင်းသင်း မဆက်ဆံနိုင်ပဲ ခွဲခြားဖွယ် မရှိပြီဟု ဆိုလို၏။
၂- သူတပါးတို့က မိမိကို စွပ်စွဲသောဘေး, ရာဇဝတ် အပြစ်ဒဏ်ဘေး, အပါယ်ဒုဂ္ဂတိသို့ ကျရောက်ခြင်းဘေးတို့ကို “အစရှိသည်”ဟူသော စကားဖြင့် သိမ်းယူအပ်၏။
၂၀၄
ကောင်းသော အမြော်အမြင် ဉာဏ်ပညာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဤဆိုခဲ့သည့်အတိုင်း ကြီးမားသော အာနုဘော်နှင့် ပြည့်စုံသော သီလာနုဿတိ၌ အခါခပ်သိမ်း မမေ့မလျော့ အားထုတ်ခြင်းကို စင်စစ်မုချ ပြုသင့်လှပေသည်။ ဤကား ဥယျောဇဉ်ပေတည်း။
ယခု ပြဆိုခဲ့သော စကားသည် သီလာနုဿတိ ကမ္မဋ္ဌာန်း၌ အကျယ်ပြဆိုသော စကားအမြွက်ပေတည်း။
(သီလာနုဿတိကမ္မဋ္ဌာန်း ပြီး၏)။
**********
၅-စာဂါနုဿတိပွါးပုံ ပြဆိုချက်
၁၆၀။ ထိုမှတပါး စာဂါနုဿတိကို ပွါးစေခြင်းငှါ အလိုရှိသော ယောဂီသည် ပကတိ ပင်ကိုသဘောအားဖြင့် စွန့်ကြဲပေးကမ်းခြင်း၌ စိတ်ညွတ်ကိုင်းခြင်း- စိတ်ဝင်စားခြင်း ရှိသည်(ဖြစ်၍) အမြဲတမ်းဖြစ်သော၁ လှူဖွယ်ကို လှူခြင်း, (မိမိသုံးဆောင်ဖွယ်ထဲမှ) ခွဲခြမ်း ပေးကမ်းခြင်းရှိသည် ဖြစ်ရာ၏။ တနည်းသော်ကား စာဂါနုဿတိဘာဝနာကို အားထုတ်လိုသော ပုဂ္ဂိုလ်သည်၂ “ယနေ့မှ အစပြု၍ တောင်းခံသူရှိလျှင် အောက်ထစ်ဆုံးအားဖြင့် တလုပ်မျှသော်လည်း
၁- အမြဲတမ်းဖြစ်သော.. လှူခြင်း အမြဲတမ်းဖြစ်သော ခွဲခြမ်းပေးကမ်းခြင်း-ဟု စပ်ပါ။
၂- ပုဂ္ဂိုလ်သည်.. ဆောက်တည်ခြင်းကိုပြု၍.. ပေးလှူပြီးလျှင်.. နိမိတ်ကို ယူခဲ့၍.. ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက်.. ကောင်းစွာ ကပ်ငြိသည်ဖြစ်၍.. အဖန်တလဲလဲ အောက်မေ့ဆင်ခြင်အပ်၏-ဟု စပ်ပါ။
၂၀၅
ပေးလှူဖွယ်ကို မပေးလှူမူ၍ မစားအံ့”ဟု ပေးလှူရန် ဆောက်တည်ခြင်းကိုပြု၍၁ ထိုစာဂါနုဿတိကို ပွါးစေမည့်နေ့၌ သီလစသော ဂုဏ်ထူးရှိကုန်သော အလှူခံပုဂ္ဂိုလ်တို့၌ စွမ်းနိုင်သလောက် အင်အားရှိသလောက် လှူဖွယ်ကို ပေးလှူပြီးလျှင်၁ ထိုအလှူဒါန၌ (စွန့်ကြဲ ပေးလှူသော စေတနာဖြစ်ပုံ အခြင်းအရာကို မှတ်သောအားဖြင့်) နိမိတ်ကို ယူခဲ့၍၁ ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက်၁ အပြင်ပ အာရုံများမှ ဖဲခွါကာ (ကမ္မဋ္ဌာန်း၌) ကောင်းစွာ ကပ်ငြိသည်ဖြစ်၍၁-
“လာဘာ ဝတ မေ (ပေးလှူသူတို့ ရထိုက်သော အကျိုးတို့သည်) စင်စစ် ငါရမည့် လာဘ်လာဘများပါပေတကား။
သုလဒ္ဓံ ဝတ မေ- (မြတ်စွာဘုရား သာသနာတော်နှင့် လူ့အဖြစ်ကို ရသည်မှာ) စင်စစ် ငါ့မှာ ကောင်းစွာရခြင်း ဖြစ်ပါပေစွ- အရတော်ပါပေစွတကား။ အဘယ့်ကြောင့်?ဆိုသော်-
ယောဟံ မစ္ဆေရမလပရိယုဋ္ဌိတာယ ပဇာယ ဝိဂတမလမစ္ဆေရေန စေတသာ ဝိဟရာမိ- ယင်းသို့သော ငါသည် ဝန်တိုမှု အညစ်အကြေးက လွှမ်းမိုးနှိပ်စက်နေသော သတ္တဝါအပေါင်းထဲ၌ အညစ်အကြေးများနှင့် ဝန်တိုမှုကင်းသော စိတ်ဖြင့်၂ နေရပါပေ၏။
၁- ပုဂ္ဂိုလ်သည်.. ဆောက်တည်ခြင်းကိုပြု၍.. ပေးလှူပြီးလျှင်.. နိမိတ်ကိုယူခဲ့၍.. ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက်.. ကောင်းစွာ ကပ်ငြိသည်ဖြစ်၍.. အဖန်တလဲလဲ အောက်မေ့ဆင်ခြင်အပ်၏-ဟု စပ်ပါ။
၂- အညစ်အကြေးများလည်း ကင်းသောစိတ် ဝန်တိုမှုလည်း ကင်းသောစိတ်ဟု ဆိုလို၏။
၂၀၆
မုတ္တစာဂေါ- တွယ်တာခြင်း မရှိပဲ လွတ်လွတ် စွန့်ကြဲပေးလှူခြင်း ရှိသည်ဖြစ်၍ နေရပါပေ၏။
ပယတပါဏိ- စင်ကြယ်သော လက်ရှိသည်ဖြစ်၍၊ ဝါ-ဆုပ်ကိုင်မထားပဲ ဖြန့်သော လက်ရှိသည်ဖြစ်၍ နေရပါပေ၏။
ဝေါဿဂ္ဂရတော- စွန့်လွှတ်ခြင်း၌ ပျော်မွေ့လျက် နေရပါပေ၏။
ယာစယောဂေါ- တောင်းခံရန် သင့်လျော်သူဖြစ်လျက် နေရပါပေ၏။
ဒါနသံဝိဘာဂရတော- ပေးလှူခြင်းနှင့် ခွဲခြမ်းပေးကမ်းခြင်း၌ ပျော်မွေ့လျက် နေရပါပေ၏။ (ထို့ကြောင့် ငါ့မှာ အရတော်ပါပေစွတကား)ဟူ၍-
ဤပုံ ဤနည်းဖြင့် အညစ်အကြေးများနှင့် ဝန်တိုမှုကင်းခြင်း အစရှိသော ဂုဏ်တို့၏၁ အစွမ်းအားဖြင့် မိမိ၏ စွန့်ကြဲပေးကမ်းခြင်းကို အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်အပ်၏။
ထိုဆင်ခြင်ပုံ စကားရပ်တွင် လာဘာ ဝတ မေ-ဟူရာ၌ စင်စစ် ငါ၏ ရမည့် လာဘ်လာဘတို့ပေတည်း (ဤကား အကျဉ်းချုပ်အနက်)။ (ဆိုလိုသည်မှာ) “ဆွမ်းလှူသောသူသည် အသက်ရှည်ခြင်းကို ပေးလှူရာရောက်သောကြောင့် နတ်ပြည်၌ဖြစ်သော အသက်ရှည်ခြင်းကို၎င်း လူ့ပြည်၌ဖြစ်သော အသက်ရှည်ခြင်းကို၎င်း ရပေ၏”ဟူ၍၎င်း၊ “ပေလှူသူကို (အများက)ချစ်ခင်ကြည်ညို၏၊ များစွာသော သူတော်ကောင်းတို့သည် ထိုပေးလှူသူသို့ ချဉ်းကပ်လျက်
၁- ဤ၌ အစရှိသော-ဖြင့် လွတ်လွတ် စွန့်ကြဲပေးလှူခြင်း စင်ကြယ်သော လက်ရှိခြင်း အစရှိသော အထက်ပါ ဆိုခဲ့ပြီးသော ဂုဏ်များကို သိမ်းယူသည်။
၂၀၇
ချီးမြှောက်ကုန်၏” ဟူ၍၎င်း၊ “ပေးလှူသူကို (အများက) ချစ်ခင်ကြည်ညို၏၊ (ထိုပေးလှူသူသည်) သူတော်ကောင်းတို့၏ ထုံးတမ်းစဉ်လာ ကျင့်ဝတ်သို့ သက်ရောက်ပေ၏” ဟူ၍၎င်း ဤသို့အစရှိသော နည်းတို့ဖြင့် မြတ်စွာဘုရားသည် ပေးလှူသူ၏ ရထိုက်သော လာဘ်လာဘအကျိုးတို့ကို ချီးမွမ်း ဖော်ပြတော်မူ(အပ်ကုန်)၏။ ထိုလာဘ်လာဘ အကျိုးတို့သည် ငါ့မှာ မချွတ်ဧကန် အမှန်ရမည့် အကျိုးများပေတည်း-ဟု ဆိုလိုပေ၏။ သုလဒ္ဓံ ဝတ မေ-ဟူရာ၌ အနက်ကား- အကြင်သို့သော ဤဘုရားသာသနာတော်နှင့် ဤလူ့အဖြစ်ကို ငါ ရထားပေ၏၊ ထိုသာသနာတော်နှင့် ထိုလူ့အဖြစ်ကို ငါသည် စင်စစ် ကောင်းစွာ ရအပ်ပါပေစွ၊ (အရတော်ပေစွ။) [၂၁၇] အဘယ့်ကြောင့်?ဆိုသော်- ယင်းသို့သော ငါသည် ဝန်တိုမှုအညစ်အကြေးက လွှမ်းမိုးနှိပ်စက်နေသော သတ္တဝါအပေါင်းထဲ၌ ။ပ။ ပေးလှူခြင်းနှင့် ခွဲခြမ်းပေးကမ်းခြင်း၌ ပျော်မွေ့လျက် နေရပါပေ၏။ (ထို့ကြောင့် အရတော်ပေစွတကား)။
ထိုအကြောင်းပြ စကားထဲ၌ မစ္ဆေရမလပရိယုဋ္ဌိတာယ- ဟူသည်ကား ဝန်တိုမှု အညစ်အကြေးက လွှမ်းမိုးနှိပ်စက်အပ်သော (ဝါ-ဝန်တိုမှု အညစ်အကြေး၏ လွှမ်းမိုးနှိပ်စက်ခြင်းကို ခံနေရသော-ဟု ဆိုလို၏)။ ပဇာယ-ဟူရာ၌ ကံအားလျော်စွာ ဖြစ်တတ်သည့် အလိုအားဖြင့် သတ္တဝါတို့ကို (ပဇာ-ဟု) ခေါ်ဆိုအပ်ကုန်၏။ ထို့ကြောင့် မိမိ၏ စည်းစိမ်များ သူတပါးနှင့် ဆက်ဆံခြင်းကို သည်းမခံနိုင်ခြင်း လက္ခဏာရှိသော၁ စိတ်၏တောက်ပခြင်းကို ဖျက်ဆီးတတ်ကုန်သော
၁- သည်းမခံနိုင်ခြင်း လက္ခဏာရှိသော.. ဝန်တိုမှု အညစ်အကြေးက-ဟု စပ်ပါ။
၂၀၈
အမည်း အညစ်တရားတို့တွင် အပါအဝင် တပါးဖြစ်သော ဝန်တိုမှုအညစ်အကြေးက လွှမ်းမိုးနှိပ်စက်အပ်ကုန်သော (ဝါ-ဝန်တိုမှု အညစ်အကြေး၏ လွှမ်းမိုးနှိပ်စက်ခြင်းကို ခံနေရကုန်သော) သတ္တဝါတို့ထဲ၌ဟူသော ဤအနက်ကို ဤ၌ ဆိုလိုပေ၏။ ဝိဂတမလမစ္ဆေရေန- ဟူသည်ကား ဝန်တိုမှုမှ တပါးကုန်သော ရာဂ ဒေါသ အစရှိကုန်သော အညစ်အကြေးတို့၏၎င်း၁၊ ဝန်တိုမှု၏၎င်း ကင်းသည်၏အဖြစ်ကြောင့် ကင်းသော အညစ်အကြေးများနှင့် ဝန်တိုမှုရှိသော (ဝါ-အညစ်အကြေးများနှင့် ဝန်တိုမှုကင်းသော) (စိတ်ဖြင့်)။ စေတသာ ဝိဟရာမိ-ဟူရာ၌ ဆိုခဲ့ပြီးသော အပြားရှိသော (ဝါ-အညစ်အကြေးများနှင့် ဝန်တိုမှုကင်းသော) စိတ်ရှိလျက် နေရပေ၏။ ဤကား အနက်။ ပါဠိနှင့် အဆိုကွဲသည်ကို ရှင်းပြဦးအံ့- အင်္ဂုတ္တရနိကာယ် ဆက္ကနိပါတ် မဟာနာမသုတ် အစရှိသော သုတ်ပါဠိတို့၌ သောတာပန်ဖြစ်သော လူပုဂ္ဂိုလ်၏ မှီရာဖြစ်သော နေခြင်းကို မေးလျှောက်သော မဟာနာမ်မင်းအား မှီရာဖြစ်သော နေခြင်း၏ အစွမ်းအားဖြင့် ဖြေကြား ဟောတော်မူအပ်သော တရားဖြစ်သောကြောင့် “အဂါရံ အဇ္စျာဝသာမိ”ဟု ဟောတော်မူပေသည်၂။ ထိုစကားရပ်၌ (အိမ်ကို) လွှမ်းမိုးအုပ်ချုပ်၍ နေရပေ၏-ဟူသော အနက်ကို သိအပ်၏။
၁- မပေး မလှူနိုင်ခြင်းသည် ကိုယ့်ပစ္စည်းကို သူများပိုင်ဆိုင်မည်မှ သည်းမခံနိုင်သော ဝန်တိုမှုကြောင့်သာ မဟုတ်ပေ၊ ခင်မင်တွယ်တာမှု လောဘကြောင့်လည်း ဖြစ်တတ်၏၊ အလှူခံပုဂ္ဂိုလ်ကို မုန်းသော ဒေါသနှင့်လည်း ဖြစ်တတ်၏၊ ဒါန၏အကျိုးကို မသိသော မောဟကြောင့်လည်း ဖြစ်တတ်၏၊ ထို့ကြောင့် ထိုလောဘ ဒေါသ မောဟတို့ကိုလည်း အညစ်အကြေးများဟု ဆိုသည်။
၂- မဟာနာမသုတ်၌ လူဝတ်ကြောင် သောတာပန်၏ ဆင်ခြင်ပုံကို ရည်၍
၂၀၉
မုတ္တစာဂေါ- ဟူသည်ကား မငြိမတွယ်ပဲ စွန့်ကြဲပေးကမ်းခြင်း ရှိသည်(ဖြစ်၍)။ ပယတပါဏိ- ဟူသည်ကား ထက်ဝန်းကျင် စင်ကြယ်သော လက်ရှိသည်(ဖြစ်၍)၊ လှူဖွယ်ဝတ္ထုကို မိမိလက်ဖြင့် ရိုသေစွာ ပေးလှူရန် အခါခပ်သိမ်း ဆေးထားသည့် လက်ရှိသည်သာ-ဟု ဆိုလို၏၁။ ဝေါဿဂ္ဂရတော- ဟူသည်ကား စွန့်လွှတ်ခြင်းသည် ဝေါဿဂ္ဂ-မည်၏၊ စွန့်ကြဲခြင်းဟု အနက်ရ၏၊ ထိုစွန့်လွှတ်ပေးကမ်းခြင်း၌ အမြဲ ကြောင့်ကြစိုက်သည်၏ အစွမ်းအားဖြင့် မွေ့လျော်သောကြောင့် ဝေါဿဂ္ဂရတ-မည်၏။ ယာစယောဂေါ- ဟူသည်ကား အကြင် အကြင် ပစ္စည်းကို သူတပါးတို့က တောင်းကုန်၏၊ ထိုထို တောင်းတိုင်းသောပစ္စည်းကို ပေးခြင်းကြောင့် တောင်းခံရန် သင့်လျော်ပေ၏၊ ဤကား အနက်။ ယာဇယောဂေါ-ဟူ၍လည်း ပါဌ်ကွဲရှိ၏။ ယဇန-ဟု ဆိုအပ်သော ပေးလှူပူဇော်ခြင်းနှင့် ယှဉ်လျက်ရှိ၏။ ဤကား အနက်။ ဒါနသံဝိဘာဂရတော- ဟူသည်ကား ပေးလှူနေကျ ပေးလှူခြင်း၌၎င်း၊ ခွဲခြမ်းဝေဘန်၍ ပေးကမ်းခြင်း၌၎င်း မွေ့လျော်၏။ မှန်ပေ၏- ဤယောဂီသည် “ငါသည် လှူမြဲအလှူကိုလည်း ပေးလှူရပေ၏။ မိမိသုံးဆောင်ဖွယ်ထဲမှလည်း ခွဲခြမ်းဝေဘန်၍ ပေးကမ်းခြင်းကိုလည်း ပြုရပေ၏၊ ပေးလှူခြင်း, ဝေဘန်၍ ပေးကမ်းခြင်းဟူသော
ဟောသောကြောင့် “အဂါရံ အဇ္စျာဝသာမိ- အိမ်ကို အုပ်ချုပ် စောင့်ရှောက်လျက် နေရပေ၏”ဟု ဟောတော်မူသည်၊ ဝိသုဒ္ဓိမဂ်၌ ရဟန်း၏ ဆင်ခြင်ပုံကို ရည်၍ “ဝိဟရာမိ- နေရပေ၏”ဟု သာမန် ပြဆိုထားခြင်း ဖြစ်သည်ဟု သိစေလို၏။
၁- သက္ကတအဘိဓာန်၌ ပယတ-ပုဒ်ကို ဆန့်သည် ဖြန့်သည်ဟူ၍လည်း ဖွင့်ပြထား၏။ ထို့ကြောင့် “ပယတပါဏိ- ဖြန့်သော လက်ရှိသည်”ဟူသော အနက်လည်း ဤအရာ၌ အလွန်ပင် သင့်ပေ၏။
၂၁၀
ဤကိစ္စ၂-ပါး၌သာလျှင် ပျော်မွေ့နေရပေ၏”ဟူ၍ ဤသို့ အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်သည်ဟူသော အနက်ကို (ဆိုလို၏)။
၁၆၁။ ယခု ပြဆိုခဲ့သည့်အတိုင်း အညစ်အကြေးများနှင့် ဝန်တိုမှုကင်းခြင်း အစရှိသော ဂုဏ်တို့၏ အစွမ်းအားဖြင့် မိမိ၏ စွန့်ကြဲပေးလှူခြင်းကို အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်နေသော ထိုယောဂီအား ထိုအခါ၌ ရာဂလွှမ်းမိုး နှိပ်စက်ခံရသောစိတ် မဖြစ်တော့သည်သာ၊ ဒေါသ ။ပ။ မောဟလွှမ်းမိုး နှိပ်စက်ခံရသောစိတ် မဖြစ်တော့သည်သာ၊ ထိုအခါ၌ ထိုယောဂီ၏ စိတ်သည် စွန့်ကြဲပေးလှူခြင်း(၏ ဂုဏ်များ)ကို အာရုံပြုလျက် ဖြောင့်မတ်နေသည်သာလျှင် ဖြစ်ပေသည်- ဤသို့ အစရှိသော ရှေးနည်းဖြင့်ပင်လျှင် နီဝရဏကွာပြီးသော ယောဂီအား တခုသောခဏ၌ ဈာန်အင်္ဂါတို့သည် ဖြစ်ပေါ်ကုန်၏။ သို့သော်လည်း စာဂဂုဏ်တို့၏ နက်နဲခြင်းကြောင့်၎င်း အထူးထူးအပြားပြား များစွာသော စာဂဂုဏ်တို့ကို အောက်မေ့ခြင်းငှါ နှလုံးသွင်း ညွတ်ကိုင်းခြင်းကြောင့်၎င်း အပ္ပနာဈာန်သို့ မရောက်မူ၍ ဥပစာရသို့သာလျှင် ရောက်သော ဈာန်သည် ဖြစ်၏။ ထိုသို့ ဥပစာရသို့ရောက်သော ဤဈာန်သည် စာဂဂုဏ်တို့ကို အဖန်တလဲလဲ အောက်မေ့သည်၏ အစွမ်းအားဖြင့် ဖြစ်သောကြောင့် စာဂါနုဿတိ-ဟူ၍သာလျှင် ရေတွက် ခေါ်ဆိုအပ်ခြင်းသို့ ရောက်ပေသည်။
[၂၁၈] အကျိုးကား ဤစာဂါနုဿတိ ကမ္မဋ္ဌာန်းကို အားထုတ်သော ရဟန်းသည်၁ စွန့်ကြဲပေးလှူခြင်း၌ အတိုင်းထက်အလွန် ညွတ်သောစိတ် ရှိပေ၏၊ လောဘကင်းခြင်း၌ လိုလားခြင်း ရှိပေ၏။
၁- ဘိက္ခု-၏ အနက်ဖြစ်သည်၊ ပဓာနအားဖြင့် ပြသည်ဟု ယူရာ၏။
၂၁၁
မေတ္တာဘာဝနာအား အလျော်ကို ပြုလေ့ရှိပေ၏၁၊ ရွံ့ရှားခြင်းကင်းလျက် ရဲရင့်ပေ၏။ နှစ်သိမ့်ဝမ်းမြောက်မှု ဖြစ်ခြင်း များပေ၏။ အထက်၌ မဂ်ဖိုလ်တရားထူးကို ထိုးထွင်း၍ မသိငြား မရငြားသော်လည်း သုဂတိလျှင် လားရာရှိပေ၏။
ထို(သို့ စွန့်ကြဲပေးလှူခြင်း၌ အတိုင်းထက်အလွန် စိတ်ညွတ်ကိုင်းခြင်းမှစ၍ သုဂတိလျှင် လားရာရှိခြင်းတိုင်အောင် များစွာ အကျိုးရှိခြင်း)ကြောင့် ကောင်းသော အမြော်အမြင် ဉာဏ်ပညာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဤဆိုခဲ့သည့်အတိုင်း ကြီးမားသော အာနုဘော်နှင့် ပြည့်စုံသော စာဂါနုဿတိ၌ အခါခပ်သိမ်း မမေ့မလျော့ အားထုတ်ခြင်းကို စင်စစ်မုချ ပြုသင့်လှပါပေသည်။ ဤကား ဥယျောဇဉ်ပေတည်း။
ယခုပြဆိုခဲ့သော စကားသည် စာဂါနုဿတိကမ္မဋ္ဌာန်း၌ အကျယ်ပြဆိုသော စကားအမြွက်ပေတည်း။
(စာဂါနုဿတိကမ္မဋ္ဌာန်း ပြီး၏)။
**********
၆-ဒေဝတာနုဿတိပွါးပုံ ပြဆိုချက်
၁၆၂။ ထိုမှတပါး ဒေဝတာနုဿတိကို ပွါးစေခြင်းငှါ အလိုရှိသော ယောဂီသည် အရိယမဂ်၏ အစွမ်းအားဖြင့် ကောင်းစွာ ပြီးစီး
၁- စွန့်ကြဲပေးကမ်းခြင်းသည် အလှူခံပုဂ္ဂိုလ်တို့၌ ချမ်းသာစေလိုသော မေတ္တာ၏ အစွမ်းဖြင့် ဖြစ်သည်၊ ထို့ကြောင့် မေတ္တာဘာဝနားအားလျော်သော ပြုကျင့်ခြင်း ဖြစ်ပေသည်။ (ဋီကာ)
၂၁၂
ဖြစ်ပေါ်ကုန်သော သဒ္ဓါအစရှိကုန်သော ဂုဏ်တို့နှင့် ပြည့်စုံသည် ဖြစ်ရာ၏။ ထိုသို့ ပြည့်စုံပြီးသည်မှ နောက်၌ ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက် အပြင်ပ အာရုံများမှ ဖဲခွါကာ (ကမ္မဋ္ဌာန်း၌) ကောင်းစွာ ကပ်ငြိသည်ဖြစ်၍-
“စတုမဟာရာဇ်နတ်တို့သည် ရှိကုန်၏၊ တာဝတိံသာ နတ်တို့သည် ရှိကုန်၏၊ ယာမာနတ်တို့သည် ရှိကုန်၏၊ တုသိတာနတ်တို့သည် ရှိကုန်၏၊ နိမ္မာနရတိနတ်တို့သည် ရှိကုန်၏။ ပရနိမ္မိတဝသဝတ္တိ နတ်တို့သည် ရှိကုန်၏၊ ပဌမဈာန်ဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာနတ်တို့သည် ရှိကုန်၏၊ ထိုမှ အထက်ဖြစ်သော ဒုတိယဈာန်ဘုံ စသည်၌ ဖြစ်ကုန်သော ဗြဟ္မာနတ်တို့သည် ရှိကုန်၏။ ထိုနတ်တို့သည် အကြင်သို့ သဘောရှိသော သဒ္ဓါနှင့် ပြည့်စုံကြသောကြောင့် ဤလူ့ပြည်မှ စုတေကြပြီးလျှင် ထိုနတ်ဘုံ၌ ဖြစ်လေကုန်၏၊ ငါ့မှာလည်း ထိုသို့သဘောရှိသော သဒ္ဓါသည် ရှိပေ၏။ ထိုနတ်တို့သည် အကြင်သို့ သဘောရှိသော သီလနှင့် သုတနှင့် စာဂနှင့် ပညာနှင့် ပြည့်စုံကြသောကြောင့် ဤလူ့ပြည်မှ စုတေကြပြီးလျှင် ထိုနတ်ဘုံ၌ ဖြစ်လေကုန်၏၊ ငါ့မှာလည်း ထိုသို့သဘောရှိသော (သဒ္ဓါ, သီလ, သုတ စာဂ) ပညာသည် ရှိပေ၏”ဟူ၍-
ဤပုံ ဤနည်းဖြင့် နတ်တို့ကို သက်သေအရာ၌ထား၍ မိမိ၏ သဒ္ဓါအစရှိသော ဂုဏ်တို့ကို အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်အပ်ကုန်၏။
သုတ်ပါဠိနှင့် ညှိ၍ ပြဦးအံ့- အင်္ဂုတ္တရနိကာယ် ဆက္ကနိပါတ် မဟာနာမသုတ်၌-
၂၁၃
“မဟာနာမ် အကြင်အခါ၌ အရိယာသာဝကသည် မိမိ၏၎င်း, ထိုနတ်တို့၏၎င်း သဒ္ဓါ သီလ သုတ စာဂ ပညာကို အဖန်တလဲလဲ အောက်မေ့၏၊ ထိုအခါ၌ ထိုအရိယာသာဝက၏ (သန္တာန်၌) ရာဂလွှမ်းမိုး နှိပ်စက်ခံရသစိတ် မဖြစ်တော့သည်သာ”ဟူ၍ ဟောတော်မူ(အပ်)ပေ၏။
ထိုသို့ မိမိ၏ဂုဏ်နှင့် နတ်တို့၏ဂုဏ်ကို ညီတူညီမျှ ရှုအပ်သကဲ့သို့ ဟောငြားသော်လည်း သက်သေအရာ၌ ထားအပ်သော နတ်တို့၏ သဒ္ဓါအစရှိသော ဂုဏ်များကို မိမိ၏ သဒ္ဓါအရှိသော ဂုဏ်များနှင့် တူညီသည်ဟု ပြခြင်းအကျိုးငှါ၁ ထိုစကားကို ဟောတော်မူသည်ဟု သိအပ်ပေ၏။ မှန်ပေ၏- အဋ္ဌကထာ၌ နတ်တို့ကို သက်သေအရာ၌ထား၍ မိမိ၏ဂုဏ်တို့ကို အဖန်တလဲလဲ အောက်မေ့သည်ဟု အခိုင်အမာပြု၍ ဆိုထားပေသည်။
၁၆၃။ ထို့ကြောင့် ရှေးအဖို့၌ နတ်တို့၏ဂုဏ်များကို အောက်မေ့ပြီးလျှင် နောက်အဖို့၌ မိမိ၏ ထင်ရှားရှိသော သဒ္ဓါအစရှိသော ဂုဏ်များကို အဖန်တလဲလဲ အောက်မေ့ဆင်ခြင်နေသော ထိုယောဂီအား ထိုအခါ၌ [၂၁၉] ရာဂလွှမ်းမိုး နှိပ်စက်ခံရသောစိက် မဖြစ်တော့သည်သာ၊ ဒေါသ ။ပ။ မောဟလွှမ်းမိုး နှိပ်စက်ခံရသောစိတ် မဖြစ်တော့သည်သာ၊ ထိုအခါ၌ ထိုယောဂီ၏စိတ်သည် နတ်တို့(၏ ဂုဏ်များနှင့်တူသော မိမိ၏ သဒ္ဓါအစရှိသော ဂုဏ်များ)ကို အာရုံပြုလျက်
၁- ဒေဝတာနံ အတ္တနော သဒ္ဓါဒီဟိ သမာနဂုဏဒီပနတ္ထံ-ဟူသော ပါဌ်၏ အနက်ကို သိလွယ်အေင် အနည်းငယ်ပြင်၍ ပြန်ထားသည်။ ရှိရင်းအတိုင်း အတိအကျပြန်လျှင် “မိမိ၏ သဒ္ဓါစသည်တို့နှင့် နတ်တို့၏ တူညီသော ဂုဏ်တို့ကို ပြခြင်းငှါ”ဟု ဖြစ်သည်။
၂၁၄
ဖြောင့်မတ်နေသည်သာလျှင် ဖြစ်ပေသည်။ ဤသို့ အစရှိသော ရှေးနည်းဖြင့်ပင်လျှင် နီဝရဏကွာပြီးသော ယောဂီအား တခုသောခဏ၌ ဈာန်အင်္ဂါတို့သည် ဖြစ်ပေါ်ကုန်၏။ သို့သော်လည်း သဒ္ဓါအစရှိသော ဂုဏ်တို့၏ နက်နဲခြင်းကြောင့်၎င်း အထူးထူးအပြားပြား များစွာသော ဂုဏ်တို့ကို အောက်မေ့ခြင်းငှါ နှလုံးသွင်း သက်ဝင်ကြည်လင် ဆုံးဖြတ်ခြင်းကြောင့်၎င်း အပ္ပနာဈာန်သို့ မရောက်မူ၍ ဥပစာရသို့သာလျှင် ရောက်သော ဈာန်သည် ဖြစ်၏။ ထိုသို့ ဥပစာရသို့ရောက်သော ဤဈာန်သည် နတ်တို့၏ ဂုဏ်များနှင့်တူသော (မိမိ၏) သဒ္ဓါအစရှိသော ဂုဏ်များကို အဖန်တလဲလဲ အောက်မေ့သည်၏ အစွမ်းအားဖြင့် ဖြစ်သောကြောင့် ဒေဝတာနုဿတိဟူ၍သာလျှင် ရေတွက် ခေါ်ဆိုအပ်ခြင်းသို့ ရောက်ပေသည်။
အကျိုးကား ဤဒေဝတာနုဿတိကမ္မဋ္ဌာန်းကို အားထုတ်သော ရဟန်းသည် နတ်တို့၏ ချစ်ခင်ကြည်ညိုခြင်း မြတ်နိုးခြင်းကို ရပေ၏၁၊ အတိုင်းထက်အလွန် သဒ္ဓါစသည်တို့၏ ပြန့်ပြောခြင်းသို့ ရောက်ပေ၏။ နှစ်သိမ့်ဝမ်းမြောက်မှု ဖြစ်ခြင်း များလျက် နေရပေ၏၊ အထက်၌ မဂ်ဖိုလ်တရားထူးကို ထိုးထွင်း၍ မသိငြား မရငြားသော်လည်း သုဂတိလျှင် လားရာရှိပေ၏။
ထို(သို့ နတ်တို့၏ ချစ်ခင်ကြည်ညိုခြင်းမှ စ၍ သုဂတိလျှင် လားရာရှိခြင်းတိုင်အောင် များစွာ အကျိုးရှိခြင်း)ကြောင့်
၁- ဒေဝတာနံ ပိယော ဟောတိ မနာပေါ-၏ သိလွယ်သော အနက်ဖြစ်သည်၊ ရှိရင်းအတိုင်းပြန်လျှင် “နတ်တို့က ချစ်ခင်ကြည်ညိုအပ်သည် မြတ်နိုးအပ်သည် ဖြစ်ပေ၏”ဟု ဖြစ်သည်။
၂၁၅
ကောင်းသော အမြော်အမြင် ဉာဏ်ပညာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဤဆိုခဲ့သည့်အတိုင်း ကြီးမားသော အာနုဘော်နှင့် ပြည့်စုံသော ဒေဝတာနုဿတိ၌ အခါခပ်သိမ်း မမေ့မလျော့ အားထုတ်ခြင်းကို စင်စစ်မုချ ပြုသင့်လှပါပေသည်။ ဤကား ဥယျောဇဉ်ပေတည်း။
ယခု ပြဆိုခဲ့သော စကားသည် ဒေဝတာနုဿတိ ကမ္မဋ္ဌာန်း၌ အကျယ်ပြဆိုသော စကားအမြွက်ပေတည်း။
(ဒေဝတာနုဿတိကမ္မဋ္ဌာန်း ပြီး၏)။
**********
ပြိုးပြွမ်းပြဆိုချက်
၁၆၄။ ထိုမှတပါး ဤ၆-ပါးသော အနုဿတိတို့၏ အကျယ် ဒေသနာတော်၌-
“ထိုအခါ၌ ထိုယောဂီ၏စိတ်သည် မြတ်စွာဘုရား(၏ ဂုဏ်တော်များ)ကို အာရုံပြုလျက် ဖြောင့်မတ်နေသည်သာလျှင် ဖြစ်ပေသည်”ဟု-
ဤသို့ အစရှိသည်တို့ကို ဟောတော်မူပြီးလျှင်-
“မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာသာဝကသည် အတ္ထဝေဒကို ရပေ၏၊ ဓမ္မဝေဒကို ရပေ၏။ ဓမ္မနှင့်စပ်သော ပါမောဇ္ဇကို ရပေ၏၊ ဝမ်းမြောက်သော အရိယာသာဝကအား ပီတိသည် ဖြစ်ပေါ်ပေ၏”ဟူသော-
အကြင်စကားကို ဟောတော်မူ(အပ်)ပေ၏။ ထိုစကား၌ “ဣတိပိ သော ဘဂဝါ အရဟံ- ဤအကြောင်းကြောင့်လည်း ထိုမြတ်စွာဘုရားသည်
၂၁၆
အရဟံ မည်တော်မူပါပေသည်” ဤသို့ အစရှိသော ပုဒ်တို့၏ အနက်ကိုမှီ၍ ဖြစ်သော နှစ်သိမ့်ခြင်းကို ရည်၍ “အတ္ထဝေဒကို ရပေ၏”ဟု ဟောပေသည်။ ဒေသနာပါဠိကို မှီ၍ ဖြစ်သော နှစ်သိမ့်ခြင်းကို ရည်၍ “ဓမ္မဝေဒကို ရပေ၏”ဟု ဟောပေသည်။ အနက် ပါဠိ နှစ်မျိုးလုံး၏ အစွမ်းအားဖြင့် “ဓမ္မ(တရား)နှင့်စပ်သော ပါမောဇ္ဇ (ဝမ်းမြောက်မှု)ကို ရပေ၏”ဟု ဟောပေသည်ဟူ၍ သိအပ်ပေ၏။
ဒေဝတာနုဿတိအရာ၌ “နတ်တို့(၏ ဂုဏ်များ)ကို အာရုံပြုလျက်”ဟူသော အကြင်စကားကို ဟောတော်မူအပ်(ပေ)၏၊ ထိုစကားကို၁ ရှေးအဖို့၌ နတ်တို့(၏ ဂုဏ်များ)ကို အာရုံပြု၍ဖြစ်သော စိတ်၏ အစွမ်းအားဖြင့် (ဟောတော်မူသည်)၊ သို့မဟုတ် နတ်တို့၏ဂုဏ်များနှင့် တူကုန်သော နတ်အဖြစ်ကို ပြီးစေတတ်ကုန်သော ဂုဏ်တို့ကို အာရုံပြု၍ဖြစ်သော စိတ်၏အစွမ်းအားဖြင့် ဟောတော်မူသည်ဟူ၍ သိအပ်ပေ၏။
[၂၂၀] ၁၆၅။ ဆက်၍ ရှင်းပြဦးအံ့- ဤ၆-ပါးသော အနုဿတိတို့သည် အရိယာသာဝကတို့အားသာလျှင် ပြီးစီး ပြည့်စုံကုန်၏။ မှန်ပေ၏- ထိုအရိယာသာဝကတို့အား ဘုရား တရား သံဃာ့ဂုဏ်တို့သည် ထင်ရှားကုန်၏၊ ထို့ပြင် ယင်းအရိယာသာဝကတို့သည် မကျိုးခြင်းစသော ဂုဏ်တို့နှင့် ပြည့်စုံသော သီလတို့နှင့်လည်း ပြည့်စုံကုန်၏။ အညစ်အကြေးများနှင့် ဝန်တိုမှုကင်းသော စွန့်ကြဲပေးလှူခြင်းနှင့်လည်း ပြည့်စုံကုန်၏၊ အာနုဘော်ကြီးသည့် နတ်တို့၏ ဂုဏ်များနှင့်တူသော သဒ္ဓါအစရှိသော ဂုဏ်တို့နှင့်လည်း ပြည့်စုံကုန်၏။
၁- ထိုစကားကို.. (ဟောတော်မူသည်).. ဟောတော်မူသည်-ဟု စပ်ပါ။
၂၁၇
ထို့ပြင် မဟာနာမသုတ်၌ သောတာပန်၏ မှီရာဖြစ်သာ နေခြင်းကို မေးလျှောက်သောကြောင့် မြတ်စွာဘုရားသည် သောတာပန်၏ မှီရာဖြစ်သော နေခြင်းကို ပြခြင်းအကျိုးငှါသာလျှင် ဤ၆-ပါးသော အနုဿတိတို့ကို အကျယ်အားဖြင့် ဟောတော်မူ(အပ်ကုန်)ပေသည်။
ဂေဓသုတ်၌လည်း “ရဟန်းတို့ ဤသာသနာတော်၌ အရိယာသာဝကသည် “ဤအကြောင်းကြောင့်လည်း ထိုမြတ်စွာဘုရားသည် အရဟံ-မည်တော်မူပေ၏ ။ပ။ ဘဂဝါ-မည်တော်မူ၏။”ဟူ၍ မြတ်စွာဘုရားကို အဖန်တလဲလဲ အောက်မေ့၏ ။ပ။ ထိုအခါ၌ ထိုအရိယာသာဝက၏ စိတ်သည် ဖြောင့်မတ်နေသည်သာ ဖြစ်ပေ၏။ မက်မောဖွယ် (ဂေဓ)မှ ထွက်မြောက်ပေ၏ လွတ်မြောက်ပေ၏ ထမြောက် ကင်းကွာပေ၏။ ရဟန်းတို့ မက်မောဖွယ် (ဂေဓ)ဟူသော ဤအမည်သည် ငါးပါးသော ကာမဂုဏ်တို့၏ အမည်ပေတည်း။ ရဟန်းတို့ ဤဘုရားဂုဏ် အောက်မေ့ခြင်းကိုလည်း အခြေခံအကြောင်းပြု၍၁ ဤနည်းဖြင့် ဤသာသနာတော်၌ အချို့သော သတ္တဝါတို့သည် စင်ကြယ်ကြကုန်၏၂”ဟူ၍ ဤဆိုခဲ့သည့်အတိုင်း
၁- ဗုဒ္ဓါနုဿတိ၏ အစွမ်းအားဖြင့် ရသော ဥပစာရဈာန်ကို ဝိပဿနာရှုရန် ပါဒက အခြေခံ အကြောင်းပြုသည်ကို ဆိုသည်။
၂- ဝိသုဇ္စျန္တိ- စင်ကြယ်ကြပေကုန်၏ ဟူသည်ကား (ပရမဝိသုဒ္ဓိ) အမြတ်ဆုံး စင်ကြယ်ခြင်းမည်သော နိဗ္ဗာန်သို့ ရောက်ကုန်၏။ (ယင်းသုတ်၏အဖွင့် အင်္ဂုတ္တရအဋ္ဌကထာ) မဟာဋီကာ စာအုပ်တို့၌ ပရမဝိသုဒ္ဓိအရာတွင် ပရမတ္ထဝိသုဒ္ဓိဟု ချွတ်ယွင်းနေ၏။
၂၁၈
အရိယာသာဝက၏ အနုဿတိ၏ အစွမ်းအားဖြင့် စိတ်ကို စင်ကြယ်စေ၍ အထက်၌ အမြတ်ဆုံးဖြစ်သော စင်ကြယ်ခြင်းကို ရခြင်းအကျိုးငှါ၁ ဟောတော်မူ(အပ်ကုန်)ပေသည်။
မဟာကစ္စည်းထေရ် ဟော(အပ်)သော သမ္ဗာဓောကာသသုတ်၌လည်း “ငါ့ရှင်တို့ အံ့ဖွယ်ကောင်းပေစွ၊ ငါ့ရှင်တို့ မဖြစ်စဘူး ထူးပါပေစွ၊ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မှန်စွာ ကိုယ်တိုင် သိတော်မူသော ထိုမြတ်စွာဘုရားသည် ကာမဂုဏ်ငါးပါးဖြင့် ကျဉ်းကြပ်သော လူ့ဘောင်၌၂ (မဂ်ဖိုလ်ရရန်) အခွင့်ရခြင်းကို၃ အလွန်ပင် သိတော်မူ(အပ်)ပါပေသည်၊ သတ္တဝါတို့၏ စင်ကြယ်ခြင်းအလို့ငှါ ။ပ။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းအလို့ငှာ ၆-ပါးသော အနုဿတိဌာနများဟူသော အခွင့်ကို ရခြင်းကို သိတော်မူ(အပ်)ပါပေ၏။ အဘယ်၆-ပါးတို့နည်း?ဟူမူ ငါ့ရှင်တို့ ဤသာသနာတော်၌ အရိယာသာဝကသည် မြတ်စွာဘုရား(၏ ဂုဏ်တော်များ)ကို အဖန်တလဲလဲ အောက်မေ့ဆင်ခြင်၏ ။ပ။ ငါ့ရှင်တို့ ဤဘုရားဂုဏ် အောက်မေ့ခြင်းကိုလည်း အခြေခံအကြောင်းပြု၍ ဤနည်းဖြင့်
၁- ဤ၌လည်း ပြခဲ့သော အင်္ဂုတ္တရအဋ္ဌကာနှင့်အညီ ပရမဝိသုဒ္ဓိ အဓိဂမတ္ထာယ-ဟူသော ပါဌ်အရ ပြန်သော အနက်ဖြစ်သည်။
၂- ပဉ္စကာမဂုဏသမ္ဗာဓေ-ဟူသော ယင်းသုတ်၏ အဖွင့် အဋ္ဌကထာနှင့်အညီ ပြန်သည်။
၃- ဩကာသာဓိဂမော-ဟူသော ဤပုဒ်၌ ၆-ပါးကုန်သော အနုဿတိဌာနတို့ကို ဩကာသတို့ဟု ဆိုအပ်ကုန်၏။ ၎င်းတို့ကို ရခြင်းကို (ဩကာသာဓိဂမဟု ဆိုသည်)။ (အံ-ဋ္ဌ-ပင်)
၂၁၉
သာသနာတော်၌ အချို့သော သတ္တဝါတို့သည် စင်ကြယ်ခြင်းသဘော ရှိကြသည်၁ ဖြစ်လေကုန်၏”ဟူ၍ ဤဆိုခဲ့သည့်အတိုင်း အရိယာသာဝက၏သာလျှင် မြတ်သော စင်ကြယ်ခြင်းသဘောရှိသည်၏ အဖြစ်အလို့ငှါ၂၊ (ဝါ-မြတ်သော စင်ကြယ်ခြင်းသဘောကို ရရန်အလို့ငှါ) အနုဿတိ၆-ပါးဟူသော (ဩကာသ) အခွင့်ကို ရခြင်း၏ အစွမ်းအားဖြင့် ဟောတော်မူ(အပ်ကုန်)၏။
ဥပေါသထသုတ်၌လည်း “ဝိသာခါ၊ အရိယာတို့၏ ဥပုသ်သည် ဘယ်သို့နည်း?ဟူမူ ဝိသာခါ ညစ်နွမ်းသောစိတ်ကို လုံ့လပြုခြင်းဖြင့် ထက်ဝန်းကျင် စင်ကြယ်စေခြင်းပင်တည်း။ ဝိသာခါ၊ ညစ်နွမ်းသောစိတ်ကို အဘယ်သို့ လုံ့လပြုခြင်းဖြင့် ထက်ဝန်းကျင် စင်ကြယ်စေသနည်း?ဟူမူ ဝိသာခါ၊ ဤသာသနာတော်၌ အရိယာသာဝကသည် မြတ်စွာဘုရား(၏ ဂုဏ်များ)ကို အဖန်တလဲလဲ အောက်မေ့ဆင်ခြင်၏”ဟု ဤသို့ အစရှိသောနည်းဖြင့် ဥပုသ်ကျင့်သုံးသော အရိယာသာဝက၏သာလျှင် စိတ်ကို စင်ကြယ်စေသည့် ကမ္မဋ္ဌာန်း၏ အလိုအားဖြင့် ဥပုသ်၏ အကျိုးကြီးသည်၏အဖြစ်ကို ပြခြင်းငှါ ဟောတော်မူ(အပ်ကုန်)၏။
၁- ဝိသုဒ္ဓိဓမ္မာ- ဟူသည်ကား ဝိသုဇ္ဈနသဘာဝါ- စင်ကြယ်ခြင်းသဘော ရှိကြသည်။ (သံ-ဋ္ဌ၊ မဟာဋီ)
၂- ဤ၌လည်း ပြခဲ့သော (ပရမဝိသုဒ္ဓိံ-ဟူသော) အံ-ဋ္ဌ-နှင့်အညီ ပရမဝိသုဒ္ဓိ ဓမ္မတာယ-ဟူသော ပါဌ်ကိုသာ အမှန်ယူ၍ ပြန်ထားသည်။ ယင်း ပြန်ချက်၌- မြတ်သော စင်ကြယ်ခြင်း သဘောဟူသည်မှာ နိဗ္ဗာန်ပင် ဖြစ်သည်။
၂၂၀
အင်္ဂုတ္တရ ဧကာဒသနိပါတ်၌လည်း “မဟာနာမ်၊ ယုံကြည်မှု- သဒ္ဓါရှိသောသူသည် (အရဟတ္တဖိုလ်ကို) ပြီးစေနိုင်၏၊ သဒ္ဓါမရှိသောသူသည် မပြီးစေနိုင်၊ အားထုတ်အပ်သော လုံ့လရှိသောသူသည်၊ ထင်သော သတိရှိသောသူသည်၊ စိတ်တည်ကြည်သော သူသည်၊ မဟာနာမ်၊ ပညာရှိသောသူသည် [၂၂၁] ပြီးစေနိုင်၏၊ ပညာမရှိသောသူသည် မပြီးစေနိုင်။ မဟာနာမ်၊ သင်သည် ဤငါးပါးကုန်သော တရားတို့၌တည်၍ အထက်၌ ၆-ပါးကုန်သော တရားတို့ကို ပွါးစေလော့။ မဟာနာမ်၊ ဤ၌ သင်သည် မြတ်စွာဘုရားကို အဖန်တလဲလဲ အောက်မေ့လေလော့၊ ဤအကြောင်းကြောင့်လည်း ထိုမြတ်စွာဘုရားသည် အရဟံ မည်တော်မူပါပေ၏” ဤသို့ အစရှိသည်ဖြင့် အရိယာသာဝက၏သာလျှင် နေပုံကို ပြခြင်းငှါ၁ “အမျိုးမျိုးသော နေခြင်းဖြင့် နေကြကုန်သော ထိုအကျွန်ုပ်တို့မှာ အဘယ်နေခြင်းမျိုးဖြင့် နေသင့်ပါသနည်း အရှင်ဘုရား”ဟု မေးလျှောက်သော မဟာနာမ်မင်းအား ဟောတော်မူ(အပ်ကုန်)၏။
၁၆၆။ ဤသို့ အရိယာသာဝကအတွက်သာ ဟောတော်မူအပ်သော်လည်း စင်ကြယ်သော သီလစသော ဂုဏ်တို့နှင့် ပြည့်စုံသော ပုထုဇဉ်သည်လည်း နှလုံးသွင်းအပ်- နှလုံးသွင်းထိုက်(ပေကုန်)၏။ မှန်ပေ၏- တဆင့်ကြား၏ အစွမ်းအားဖြင့်လည်း မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကို အောက်မေ့ ဆင်ခြင်သောသူအား စိတ်သည် ကြည်လင်တတ်သည်သာလျှင်တည်း၊ ယင်းကြည်လင်သော စိတ်၏ အစွမ်းအာနုဘော်ဖြင့် နီဝရဏတို့ကို ကွာစေပြီးလျှင် အားကြီးသော ဝမ်းမြောက်ခြင်း ရှိသည်ဖြစ်၍ ဝိပဿနာကို အားထုတ်ပြီးလျှင်
၁- နေပုံကို ပြခြင်းငှါ.. ဟောတော်မူ(အပ်ကုန်)၏-ဟု စပ်ပါ။
၂၂၁
ကဋအန္ဓကာရအရပ်၌ နေသော ဖုဿဒေဝမထေရ်ကဲ့သို့ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်သည်သာတည်း။
တဆင့်ကြားရသည်မှာ ထိုအရှင်ဖုဿဒေဝမထေရ်သည် မာရ်နတ်က ဖန်ဆင်းပြသော မြတ်စွာဘုရား၏ ရုပ်ပုံတော်ကို ဖူးမြင်ရ၍ ဤမာရ်နတ်သည် ရာဂ ဒေါသ မောဟရှိနေပါလျက် ဤကဲ့သို့ (ဝါ-ဤမျှလောက်) တင့်တယ်ပေသေး၏၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အဘယ့်ကြောင့် မတင့်တယ်ပဲ ရှိတုံအံ့နည်း။ အကြောင်းသော်ကား ထိုမြတ်စွာဘုရားသည် အချင်းခပ်သိမ်း ရာဂ ဒေါသ မောဟ ကင်းတော်မူပေ၏၊ (ထို့ကြောင့်ပေတည်း)ဟူ၍ မြတ်စွာဘုရားလျှင် အာရုံရှိသော ပီတိကို ရပြီးလျှင် ဝိပဿနာကို ပွါးစေ၍ အရဟတ္တဖိုလ်သို့ ရောက်တော်မူလေသတတ်၁။ ဤတွင် စကားတရပ်ပြီး၏။
ဤသည်ကား သူတော်ကောင်း အပေါင်းတို့၏ နှစ်သိမ့်ဝမ်းမြောက်ခြင်းငှါ စီရင်အပ်သော ဝိသုဒ္ဓိမဂ်ကျမ်းဝယ် သမာဓိဘာဝနာအရာ၌ အနုဿတိ၆-ပါးကို အကျယ်ပြချက် (ဆအနုဿတိနိဒ္ဒေသ)မည်သော ၇-ခုမြောက်ဖြစ်သော အပိုင်းအခဏ်းပေတည်း။
အနုဿတိ၆-ပါးကို အကျယ်ပြချက် ပြီး၏။
၁- ဝိနည်း ပရိဝါရအဋ္ဌကထာ နှာ ၁၇၄-၌ ယင်းမထေရ်၏ ဝတ္ထုကို အောက်ပါအတိုင်း တွေ့ရ၏။
တဆင့်ကြားရသည်မှာ ကဋအန္ဓကာရအရပ်၌ နေလေ့ရှိသော ဖုဿဒေဝမထေရ်သည် စေတီယင်ပြင်ကို တံမြက်လှည်းပြီးလျှင်
၂၂၂
ဧကသီသင်္ကန်းကို လက်ဝဲပခုံးထက်၌ တင်ကာ လက်ကတော့ထိုး၍ ရေဥနှဲပန်းတို့ဖြင့် ဖြန့်ခင်းထားသကဲ့သို့ အညီအမျှ ပြန့်ကြဲသော သဲပြင်ရှိသော စေတိယင်ပြင်ကို ကြည့်ရှုလျက် ဘုရားလျှင် အာရုံပြုရှိသော ပီတိပါမောဇ္ဇကို ဖြစ်စေ၍ တည်နေလေ၏၊ ထိုခဏ၌ မာရ်နတ်သည် တောင်ခြေ၌ဖြစ်သော မျောက်ညိုကဲ့သို့ အသွင်ဆောင်၍ စေတီယင်ပြင်၌ နွားချေးများကို ဖြန့်ကြဲလျက် သွားလေ၏။ မထေရ်သည် အရဟတ္တဖိုလ်သို့ရောက်အောင် နှလုံးသွင်းရန် မစွမ်းနိုင်ပေ၊ တံမြက်လှည်းပြီးလျှင် (ကျောင်းသို့) သွားလေ၏၊ ဒုတိယနေ့၌လည်း နွားအိုယောင်ဆောင်၍ ထိုသို့သဘောရှိသော ဖောက်ပြန်ခြင်းကို ပြုလေသည်။ တတိယနေ့၌ ခြေခွင်သော လူ့သဏ္ဌာန် ဖန်ဆင်း၍ ခြေဖြင့်ဆွဲငင်လျက် သွားလေ၏။ မထေရ်သည် “ဤလို အရုပ်ဆိုးသောလူသည် ပတ်ဝန်းကျင် တယူဇနာအတွင်းရှိ ဆွမ်းခံရွာတို့၌ မရှိချေ၊ မာရ်နတ်ဖြစ်ရာသလော”ဟု ကြံတွေးပြီးလျှင် “သင် မာရ်နတ်မဟုတ်လော”ဟု မေး၏။ “ဟုတ်ပါသည် အရှင်ဘုရား မာရ်နတ်ပါပဲ၊ ယခု အရှင်ဘုရားအား မလှည့်စားနိုင်တော့ပါ”ဟု ဆို၏။ သင် မြတ်စွာဘုရားကို ဖူးမြင်ဘူးသည် မဟုတ်လော-ဟု မေး၏။ မှန်ပါ ဖူးမြင်ဘူးပါသည်ဟု ဆို၏။ မာရ်နတ်မည်သည်မှာ တန်ခိုးအာနုဘော်ကြီး၏၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား၏ ကိုယ်တော်နှင့်တူသော ကိုယ်ကို ဖန်ဆင်း၍ ပြပါဟု မထေရ်က ဆို၏။ ထိုဘုရားနှင့် တထပ်တည်းတူသော ရုပ်အဆင်းကို မဖန်ဆင်းနိုင်ပါ အရှင်ဘုရား၊ သို့သော်လည်း ထိုဘုရားနှင့် တစိတ်တဒေသတူသော ရုပ်တုကို ဖန်ဆင်းပါမည်ဆို၍ မိမိ၏ ပကတိရုပ်ကို ပယ်စွန့်ပြီးလျှင် ဘုရား၏ ရုပ်ပုံတော်နှင့်တူသော ကိုယ်ဖြင့် တည်နေလေ၏။ မထေရ်သည် ဘုရားဟန် ဖန်ဆင်းထားသော မာရ်နတ်ကိုကြည့်၍ “ဤမာရ်နတ်သည် ရာဂ ဒေါသ မောဟ ရှိနေပါလျက် ဤကဲ့သို့ (ဝါ-ဤမျှလောက်) တင့်တယ်ပေသေး၏၊ အချင်းခပ်သိမ်း ရာဂ ဒေါသ မောဟ ကင်းပြီးသော မြတ်စွာဘုရားသည် အဘယ့်ကြောင့် မတင့်တယ်ပဲ ရှိအံ့နည်း”ဟု ဆင်ခြင်ကာ ဘုရားလျှင် အာရုံရှိသော ပီတိကိုရ၍
၂၂၃
၈-အနုဿတိကမ္မဋ္ဌာနနိဒ္ဒေသ၊ အနုဿတိကမ္မဋ္ဌာန်းကို အကျယ်ပြဆိုချက်
၇-မရဏဿတိပွါးပုံ ပြဆိုချက်
[၂၂၂] ၁၆၇။ ယခုအခါ ဒေဝတာနုဿတိ၏ အခြားမဲ့ဖြစ်သော မရဏဿတိ ပွါးစေပုံကို အကျယ်ပြရန် အစဉ်ကျရောက်လာပေပြီ။ ထိုမရဏဿတိဟူသော ပုဒ်၌ မရဏ- သေခြင်းဟူသည်ကား တခုသောဘဝ၌ အကျုံးဝင်သော အသက်ခေါ် ဇီဝိတိန္ဒြေ၏ (လက်ရှိ ရုပ်နာမ် အစဉ်သန္တာန်၌ မဖြစ်ပေါ်လာတော့ပဲ) အကြွင်းမဲ့ ပြတ်စဲသွားခြင်းပေတည်း။ ဆက်၍ ရှင်းပြဦးအံ့- (၁) ရဟန္တာတို့၏ ရုပ်နာမ်အစဉ်ဟူသော ဝဋ်ဆင်းရဲ၏ လုံးဝ မဖြစ်ပေါ်လာတော့ပဲ အကြွင်းမဲ့ ပြတ်စဲခြင်းဟု ဆိုအပ်သော သမုစ္ဆေဒမရဏ (အကြွင်းမဲ့ ပြတ်စဲခြင်းဟူသော သေခြင်း)၊ (၂) ရုပ်နာမ်သင်္ခါရတို့၏ ခဏဘင် (ဘင်ခဏ)ဟု ဆိုအပ်သော ခဏိကမရဏ (ဘင်ခဏနှင့်ဆိုင်သော သေခြင်း)၊ (၃) သစ်ပင်သေသည်၊ သံသေသည် အစရှိသော စကားတို့၌ (ခေါ်ဆိုအပ် သိမှတ်အပ်သော) သမ္မုတိမရဏ (သမ္မုတိပညတ်အလို သေခြင်း)ဟူသော ထိုသုံးမျိုးသော သေခြင်းကို ဤမရဏဿတိအရာ၌ (မရဏ-သေခြင်းဟု) အလိုမရှိအပ်ပေ (မဆိုလိုပေ)။
ဆက်ဦးအံ့- ဤအရာ၌ အလိုရှိအပ်သော ဇီဝိတိန္ဒြေ၏ ပြတ်စဲခြင်းဟူသော သေခြင်းသည်လည်း (၁) ကာလမရဏ (သေချိန်ကျ၍ သေခြင်း)၊ (၂) အကာလမရဏ (သေချိန်မကျမီ သေခြင်း)ဟူ၍
ဝိပဿနာကို ပွါးစေလျက် အရဟတ္တဖိုလ်သို့ ရောက်တော်မူလေသည်။ ထိုအခါ မာရ်နတ်က “အကျွန်ုပ်ကို အရှင်ဘုရားက လှည့်စားအပ်ချေပြီ”ဟု ဆို၏။ မထေရ်ကလည်း “ဟဲ့ မာရ်နတ်အို သင်သို့သောသူကို လှည့်စားရန် အဘယ်မှာ ရှိအံ့နည်း”ဟု ချေပ ပြောဆိုလေသည်။
၂၂၄
၂-ပါး အပြားရှိ၏။ ထိုတွင် ကာလမရဏသည် ကောင်းမှုကံ၏ ကုန်ခြင်းကြောင့်၎င်း၊ အသက်တမ်း၏ ကုန်ခြင်းကြောင့်၎င်း၊ ထိုနှစ်ပါးလုံး၏ ကုန်ခြင်းကြောင့်၎င်း ဖြစ်၏ (ပြီးစီး၏)။ အကာလမရဏသည် မူလကံကို ဖြတ်တတ်သော ဥပစ္ဆေဒကကံ၏ အစွမ်းအားဖြင့် ဖြစ်၏။
ထိုမရဏတို့တွင် အသက်ရုပ်အစဉ်ကို ဖြစ်စေတတ်ကုန်သော အာဟာရစသော အထောက်အပံ့ အကြောင်းတို့၏ ပြည့်စုံခြင်း ရှိနေပါလျက် ပဋိသန္ဓေကို ဖြစ်စေတတ်သော မူလကံ၏ အစွမ်းရှိသမျှ အကျိုးပေးပြီး ဖြစ်ခြင်းကြောင့် (ဝါ-အကျိုးပေးနိုင်စွမ်း ကုန်ခြင်းကြောင့်) (ဖြစ်သော ပြီးသော)သေခြင်းသည် ကောင်းမှုကံ ကုန်ခြင်းကြောင့် သေခြင်းမည်၏။ ဂတိသမ္ပတ္တိ- ဂတိ၏ ကောင်းမြတ်ပြည့်စုံခြင်း, ကာလသမ္ပတ္တိ- ကာလ၏ ကောင်းမြတ်ပြည့်စုံခြင်း, အာဟာရသမ္ပတ္တိ- အစာ၏ ကောင်းမြတ်ပြည့်စုံခြင်း စသည်တို့၏ မရှိခြင်းကြောင့်၁ ယခုကာလ လူတို့၏ အနှစ်တရာမျှ အတိုင်းအရှည်ရှိသကဲ့သို့သော အသက်တမ်း၏ ကုန်ခြင်း၏ အစွမ်းအားဖြင့် (ဝါ-အသက်တမ်း ကုန်သဖြင့်) (ဖြစ်သော) သေခြင်းသည် အသက်တမ်းကုန်ခြင်းကြောင့် သေခြင်းမည်၏။
၁- ဂတိသမ္ပတ္တိ စသည်တို့၏ မရှိခြင်းကြောင့်- ဟူသည်ကား နတ်တို့၏ကဲ့သို့ ဂတိသမ္ပတ္တိ၏၎င်း၊ ကမ္ဘာဦးသားတို့၏ကဲ့သို့ ကာလသမ္ပတ္တိ၏၎င်း၊ ဥတ္တရကုရုကျွန်းသား စသည်တို့၏ကဲ့သို့ အာဟာရသမ္ပတ္တိ၏၎င်း မရှိခြင်းကြောင့်(ဟု ဆိုလို၏)။ စသည်-ဟူသော စကားဖြင့် ဥတု၏ပြည့်စုံခြင်း သုက်သွေးတို့၏ ပြည့်စုံခြင်း စသည်ကို သိမ်းယူ၏။ (ဋီကာ) ယင်းဟိတ်ပုဒ်ကို “အနှစ်တရာမျှ အတိုင်းအရှည်ရှိ”ဟူသော စကားနှင့် စပ်ပါ။
၂၂၅
ထိုမှတပါး ဒူသီမာရ်နတ် ကလာဗုမင်း စသည်တို့၏ (သေခြင်း)ကဲ့သို့၁ ထိုခဏ၌ပင်လျှင် တည်ရာမှ ရွေ့လျောစေခြင်းငှါ စွမ်းနိုင်သော ကံက ဖြတ်အပ်သော ရုပ်နာမ်အစဉ်သန္တာန် ရှိသောသူတို့၏ (ဝါ- ကံကြောင့် ရုပ်နာမ်အစဉ် ပြတ်သွားသောသူတို့၏) အကြင် သေခြင်းသည်လည်း ရှိ၏၊ ရှေးဘဝက ပြုခဲ့သော ပါဏာတိပါတကံ၏ အစွမ်းအားဖြင့် ဓားကို ဆောင်ထည့်ခြင်း (ဝါ-ဓားဖြင့် ထိုးခြင်း ခုတ်ခြင်း) အစရှိသော လုပ်ကြံမှုတို့ကြောင့်၂ ပြတ်ဆဲဖြစ်သော ရုပ်နာမ်အစဉ်သန္တာန် ရှိသောသူတို့၏ (ဝါ-ရုပ်နာမ်အစဉ် ပြတ်ဆဲဖြစ်သောသူတို့၏) အကြင် သေခြင်းသည်လည်း ရှိ၏၊ ဤနှစ်ပါးသော သေခြင်းသည် အကာလမရဏ မည်၏။ ကာလမရဏ, အကာလမရဏဟူသော ထိုသေခြင်းအလုံးစုံကိုလည်း ဆိုခဲ့ပြီးသော အပြားရှိသော ဇီဝိတိန္ဒြေ
၁- ဒူသီမာရ်နတ်သည် ကကုသန်ဘုရားနောက်မှ လိုက်ပါလာသော အဂ္ဂသာဝကဖြစ်သော အရှင်ဝိဓုရမထေရ်ကို လူတယောက်၏ကိုယ်၌ ပူးကပ်၍ ကျောက်ခဲနှင့် ပေါက်သတ်၏။ မထေရ်၏ဦးခေါင်းသည် သွေးသံရဲရဲနှင့် ကွဲသွားလေ၏။ ထိုဒူသီမာရ်နတ်သည် ထိုအကုသိုလ်ကံကြောင့် ထိုခဏမှာပင် ထိုဘဝမှ စုတေ၍ အဝီစိငရဲသို့ ရောက်ရလေ၏။ ကလာဗုမင်းသည် ခန္တီဝါဒီရှင်ရသေ့၏ လက် ခြေ နား နှာတို့ကို ဖြတ်၍ နှိပ်စက်၏။ ထိုသို့ နှိပ်စက်ပြီးလျှင် ထိုနှိပ်စက်ရာဥယျာဉ်မှ အထွက်၌ပင် မြေမျို၍ အဝီစိငရဲသို့ ရောက်ရလေ၏။ စသည်-အရဖြင့် အရှင်သာရိပုတ္တရာ၏ ဦးခေါင်းကို ပုတ်ခတ်သော နန္ဒဘီလူးနှင့် ဥပ္ပလဝဏ်ထေရီမကို ပြစ်မှားသော နန္ဒလုလင် စသည်တို့ကို ယူရန် ဋီကာ၌ ပြထားသည်။
၂- လုပ်ကြံမှုဟူရာ၌ မိမိကိုယ်တိုင် သေရာသေကြောင်းကြံမှု သူတပါးက လုပ်ကြံသတ်ဖြတ်မှု ဟူသော နှစ်မျိုးလုံးကိုပင် ယူအပ်၏။
၂၂၆
ပြတ်စဲခြင်း မရဏဖြင့် သိမ်းယူအပ်၏၊ သို့ဖြစ်၍ ဇီဝိတိန္ဒြေ ပြတ်စဲခြင်းဟု ဆိုအပ်သော (မရဏ)သေခြင်းကို အောက်မေ့ခြင်းသည် မရဏဿတိ မည်၏။
၁၆၈။ ထိုမရဏဿတိကို ပွါးစေခြင်းငှါ အလိုရှိသော ယောဂီသည် ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက် အပြင်ပအာရုံများမှ ဖဲခွါကာ (ကမ္မဋ္ဌာန်း၌) ကောင်းစွာ ကပ်ငြိသည်ဖြစ်၍-
(မရဏံ ဘဝိဿတိ)- သေခြင်းသည် ဖြစ်လတံ့၊ ဇီဝိတိန္ဒြိယံ ဥပစ္ဆိဇ္ဇတိ) ဇီဝိတိန္ဒြေသည် ပြတ်လတံ့” ဟူ၍သော်၎င်း၊ “(မရဏံ မရဏံ) သေခြင်း သေခြင်း” ဟူ၍သော်၎င်း-
နည်းလမ်းမှန်စွာ၁ နှလုံးသွင်းခြင်းကို ဖြစ်စေအပ်၏။ နည်းလမ်း မှားယွင်းစွာ၂ နှလုံးသွင်းသောသူမှာမူ လိုလားချစ်ခင်သူ၏ သေခြင်းကို အောက်မေ့ရာ၌ စိုးရိမ်ပူဆွေးမှု-သောက ဖြစ်တတ်၏၊ မွေးသည့်မိခင်မှာ သားချစ်ကလေး၏ သေခြင်းကို အောက်မေ့ရာ၌ကဲ့သို့ပင်တည်း၊ မလိုလားသော မုန်းသူ၏ သေခြင်းကို အောက်မေ့ရာ၌ ဝမ်းမြောက်ခြင်း ဖြစ်တတ်၏၊ ရန်သူတို့မှာ ရန်သူ၏ သေခြင်းကို အောက်မေ့ရာ၌
၁- ယောနိသော- ဥပါယေန- သင့်သောအကြောင်းဖြင့် အကြောင်းမှန် နည်းလမ်းမှန်ဖြင့်-ဟူသော ပုဒ်အနက်တို့၏ အစား ဤ၌ နည်းလမ်းမှန်စွာ-ဟု ပြန်ထားသည်။
၂- အယောနိသော- အနုပါယေန- ပုဒ်တို့၏ အနက်ဖြစ်သည်။ မှားသောအကြောင်းဖြင့် နှလုံးသွင်းခြင်းသည် နည်းလမ်းမှားယွင်းစွာ နှလုံးသွင်းခြင်းပင်တည်း။ ယင်းသည် သတိသံဝေဂနှင့် ဆင်ခြင်ဉာဏ်ကို မဖြစ်စေပဲ သေခြင်းကို နှလုံးသွင်းမှုပင်ဖြစ်ကြောင်း ဋီကာ၌ ဖွင့်ပြထား၏။
၂၂၇
ကဲ့သို့ပင်တည်း၊ မချစ်မမုန်း အလယ်အလတ်ဖြစ်သူ၏ သေခြင်းကို အောက်မေ့ရာ၌ ထိတ်လန့်မှု-သံဝေဂ မဖြစ်တတ်ပေ၊ သူသေကောင်ဖုတ်သော သုဘရာဇာမှာ သူသေကောင်ကို မြင်ရာ၌ကဲ့သို့ပင်တည်း၊ မိမိ၏သေခြင်းကို အောက်မေ့ရာ၌ ထိတ်လန့်ခြင်း ဖြစ်တတ်၏။ သူသတ်သမားက ခုတ်သတ်ရန် ဓားမိုးထားသည်ကို မြင်လျှင် [၂၂၃] ကြောက်တတ်သောသူမှာ (ထိတ်လန့်ခြင်း ဖြစ်သ)ကဲ့သို့ပင်တည်း။ (သောကဖြစ်ခြင်း အစရှိသော) ထိုအလုံးစုံသည်လည်း အမှတ်ရမှု-သတိ ထိတ်လန့်မှု-သံဝေဂနှင့် ဆင်ခြင်ဉာဏ်ကင်းခြင်းကြောင့် ဖြစ်ပေသည်၁၊ ထို့ကြောင့် ထိုထို တောအရပ် သုသာန် စသည်တို့၌ အသတ်ခံရသူ အလိုလိုသေသူတို့ကို ကြည့်ရှုပြီးလျှင် စည်းစိမ်ချမ်းသာနှင့် အထင်အရှား ပြည့်စုံကုန်လျက်၂ သေကြလေကုန်သော ပုဂ္ဂိုလ်တို့၏ သေခြင်းကိုလည်း
၁- ထိုအလုံးစုံသည်လည်း- ဟူရာ၌ စိုးရိမ်မှုနှင့် ဝမ်းမြောက်မှုတို့၏ ဖြစ်ခြင်းသည်၎င်း၊ ထိတ်လန့်မှု၏ မဖြစ်ခြင်းသည်၎င်း၊ ထိတ်လန့်မှု၏ ဖြစ်ခြင်းသည်၎င်း အစဉ်အတိုင်း သတိကင်းခြင်း သံဝေဂကင်းခြင်း ဉာဏ်ကင်းခြင်းကြောင့်ပေတည်း။ မှန်ပေ၏- အကြင်သူသည် “သေခြင်းမည်သော ဤသဘောသည် ပဋိသန္ဓေအားဖြင့် ဖြစ်ပြီးသောသူအား ဧကန်မလွဲ တွေ့စမြဲပင်”ဟု ပညာရှိတို့၏စကားကို အမှတ်ရ၏။ ထိုသေခြင်း၌ ဖြစ်သော ထိတ်လန့်မှု သံဝေဂလည်း ရှိ၏၊ ကောင်းစွာလည်း ဆင်ခြင်သောဉာဏ် ရှိ၏၊ ထိုသူအား လိုလားချစ်ခင်သူ၏ သေခြင်းစသော အကြောင်းကြောင့် စိုးရိမ်ခြင်း စသည်တို့သည် ဖြစ်ပေါ်ရန် အခွင့်မရကြကုန်သည်သာတည်း။ (ဋီကာ)
၂- ဒိဋ္ဌပုဗ္ဗသမ္ပတ္တီနံ-ပုဒ်၏ အနက်ဖြစ်သည်။ ယင်းကို အတိအကျပြန်လျှင် ရှေး၌ မြင်ဘူးသော စည်းစိမ်ရှိကုန်သော-ဟူ၍ ဖြစ်၏၊ သုတနည်းသူတို့ နားလည်နိုင်မည် မဟုတ်ပေ၊ ဆိုလိုသည်မှာ ထိုသေလေကုန်သော သူတို့၏
၂၂၈
ဆင်ခြင်ပြီးလျှင် အမှတ်ရမှု-သတိ, ထိတ်လန့်မှု-သံဝေဂနှင့် ဆင်ခြင်မှု-သမ္ပဇဉ်ဉာဏ်ကို ဖြစ်စေ၍ “သေခြင်းသည် ဖြစ်လတံ့” အစရှိသောနည်းဖြင့် နှလုံးသွင်းခြင်းကို ဖြစ်စေအပ်၏။ ဤဆိုခဲ့သည့်အတိုင်း (နှလုံးသွင်းခြင်းကို) ဖြစ်စေလျှင် သင့်သောအကြောင်းအားဖြင့် ဖြစ်စေသည် မည်ပေ၏။ အကြောင်းမှန်-နည်းလမ်းမှန် ဖြစ်စေသည်ဟု ဆိုလို၏။ မှန်ပေ၏- ဤဆိုခဲ့သည့်အတိုင်း (နှလုံးသွင်းခြင်းကို) ဖြစ်စေစဉ်ပင်လျှင် အချို့ယောဂီအား နီဝရဏတို့သည် ကွာကုန်၏၊ သေခြင်းလျှင် အာရုံရှိသော အမှတ်ရမှု- သတိသည် ကောင်းစွာ တည်၏၊ ဥပစာရသို့ ရောက်သည်သာလျှင်ဖြစ်သော ကမ္မဋ္ဌာန်းသည် ဖြစ်ပေ၏။
၁၆၉။ ဤဆိုခဲ့သည့်အတိုင်း နှလုံးသွင်းရုံမျှဖြင့် ဥပစာရသို့ မရောက်သေးလျှင် ထိုယောဂီသည် (၁) သူသတ်သမားကဲ့သို့ ရှေးရှုကပ်လျက် တည်သောအားဖြင့်၎င်း၊ (၂) ပြည့်စုံခြင်း ပျက်စီးခြင်းအားဖြင့်၎င်း၊ (၃) (သေခြင်းကို) အနီးသို့ ဆောင်သောအားဖြင့်၎င်း၊ (၄) ရုပ်ကိုယ်၏ သတ္တဝါအများတို့နှင့် ဆက်ဆံသောအားဖြင့်၎င်း၊ (၅) အသက်၏ အားနည်းသောအားဖြင့်၎င်း၊ (၆) (သေခြင်း၏) အမှတ်နိမိတ် မရှိသောအားဖြင့်၎င်း၊ (၇) အသက်တမ်း၏
စည်းစိမ်ချမ်းသာဖြင့် ကြီးပွါးချမ်းသာ နေကြသည်ကို ယောဂီက မြင်ဘူးခဲ့၏၊ ထိုသို့ ကြီးပွါးချမ်းသာကြသော ပုဂ္ဂိုလ်များ၏ သေခြင်းကို ဆင်ခြင်ရမည်ဟု ဆိုလို၏။ စည်းစိမ်ချမ်းသာနှင့် အထင်အရှား ပြည့်စုံကြသည်ဟု ဆိုလျှင် ယောဂီကလည်း ၎င်းတို့၏ စည်းစိမ်ချမ်းသာကို မြင်ဘူးကြောင်း ပေါ်လွင်ပေ၏၊ ထို့ကြောင့် အထက်ပါအတိုင်း ပရိယာယ် လဲလှယ် ပြန်ထားသည်။
၂၂၉
အပိုင်းအခြားဖြင့်၎င်း၊ (၈) ရှင်ဆဲခဏ၏ တိုတောင်းသောအားဖြင့်၎င်း၊ ဤရှစ်ပါးသော အခြင်းအရာတို့ဖြင့် သေခြင်းတရားကို အဖန်တလဲလဲ အောက်မေ့ဆင်ခြင်အပ်၏။
(၁) သူသတ်သမားကဲ့သို့ ရှေးရှုကပ်လျက် တည်သောအားဖြင့် ရှုပုံ
ထိုတွင် (၁) သူသတ်သမားကဲ့သို့ ရှေးရှုကပ်လျက် တည်သောအားဖြင့်-ဟူရာ၌ အကျယ်ကား- သူသတ်သမား၏ ရှေးရှုအနီး၌ ရပ်နေခြင်းကဲ့သို့ သေခြင်း၏ ရှေးရှုကပ်လျက် တည်နေခြင်းအားဖြင့် (အောက်မေ့ဆင်ခြင်အပ်၏)။ ချဲ့၍ပြဦးအံ့- သူသတ်သမားသည် ဤသူ၏ဦးခေါင်းကို ဖြတ်အံ့”ဟု သံလျက်ကို စွဲကိုင်ပြီးလျှင် (အသတ်ခံရမည့်သူ၏) လည်ပင်းဆီသို့ (သန်လျက်ကို) ခုတ်သတ်မည့်အသွင်ဖြင့် သွားစေလျက် ရှေးရှုအနီး၌ တည်ဘိသကဲ့သို့ ဤအတူပင် သေခြင်းသည်လည်း ရှေးရှုကပ်လျက် တည်နေသည်သာဟု အဖန်တလဲလဲ အောက်မေ့ဆင်ခြင်အပ်၏။ အဘယ့်ကြောင့်နည်း?ဟူမူ ဇာတိနှင့် အတူတကွ လာခဲ့သောကြောင့်၎င်း၊ အသက်ကို ဆောင်သွားတတ်- သေစေတတ်သောကြောင့်၎င်း ဖြစ်ပေသည်။ ချဲ့၍ပြအံ့- မှိုငုံသည် (ပေါက်လာကတည်းက) ဦးထိပ်ဖြင့် မြေမှုန့်ကို ယူလျက်သာလျှင် ပေါက်လာသကဲ့သို့ ဤအတူပင် သတ္တဝါတို့သည် အိုခြင်း သေခြင်းကို ယူလျက်သာလျှင် ဘဝအသစ် ဖြစ်လာကုန်၏၊ ထိုစကားမှန်ပေ၏- ယင်း သတ္တဝါတို့၏ ပဋိသန္ဓေစိတ်သည် ဖြစ်ခိုက်(ဥပါဒ်ခဏ)၏ အခြားမဲ့၌ပင်လျှင် ဌီ-ဟုဆိုအပ်သော အိုရင့်ခြင်းသို့ ရောက်ပြီးလျှင် တောင်ထွတ်မှပြုတ်ကြသော ကျောက်တုံးကဲ့သို့ ယှဉ်ဘက်ခန္ဓာတို့နှင့်တကွ ပျက်စီး၏၊ ဤဆိုခဲ့သည့်အတိုင်း ခဏိကမရဏ (စိတ်၏ခဏ ရုပ်၏ခဏနှင့်ဆိုင်သော သေခြင်း)သည် ဇာတိနှင့်အတူတကွ လာခဲ့ပေသည်။ သည်မျှသာ မကသေး- ဖြစ်ပြီးသော သတ္တဝါသည်
၂၃၀
မချွတ်ဧကန် သေရခြင်းကြောင့် ဤမရဏဿတိအရာ၌ အလိုရှိအပ်သော ဇီဝိတိန္ဒြေ၏ ပြတ်စဲခြင်းဟူသော သေခြင်းသည်လည်း ဇာတိနှင့် အတူတကွပင် လာခဲ့ပေသည်။ ထို့ကြောင့် ဤသတ္တဝါသည် (ပဋိသန္ဓေအားဖြင့်) ဖြစ်သောကာလမှ စ၍၁ ပုံပမာပြရလျှင် ထွက်ပြီးသောနေသည် ဝင်ခြင်းသို့ ရှေးရှုလျက် သွားသာလျှင် သွား၏၊ ရောက်ရာ ရောက်ရာ အရပ်မှ အနည်းငယ်မျှသော်လည်း ပြန်၍ဆုတ်ခြင်း မရှိသကဲ့သို့၎င်း၊ လျင်သော အယဉ်ရှိသော (ကျလာသော မြက် သစ်ရွက် စသည်ကို) အလွန်လျင်စွာ ဆောင်တတ်သော တောင်ကျချောင်းသည် ရှေ့သို့သာလျှင် စီးသွားသကဲ့သို့ လိမ့်ဆင်းသကဲ့သို့ အနည်းငယ်မျှသော်လည်း နောက်သို့ မပြန်သကဲ့သို့၎င်း ဤအတူပင် အနည်းငယ်မျှသော်လည်း မပြန်မဆုတ်မူ၍၁ သေခြင်းသို့ ရှေးရှုလျက်သာလျှင် သွားနေ၏။ ထို့ကြောင့် အောက်ပါဂါထာကို မိန့်ဆိုထားပေသည်။
“သတ္တဝါသည် အကြင် တခုသောညဉ့်၌ (ဝါ-တခုသော အချိန်၌)၂ ရှေးဦးစွာ အမိဝမ်း၌ ပဋိသန္ဓေတည်လျက် နေ၏။
၁- ဖြစ်သောကာလမှ စ၍.. မပြန်မဆုတ်မူ၍.. သွားနေ၏-ဟု စပ်ပါ။
၂- များသောအားဖြင့် သတ္တဝါတို့သည် ညဉ့်အခါ၌ ပဋိသန္ဓေကို ယူကြကုန်၏၊ ထို့ကြောင့် ရတ္တိံ- ညဉ့်၌ဟု ဆိုပေသည်။ (ဋီကာ) နေ့အခါ၌ သေသူတို့ကား နည်းကြမည် မဟုတ်သောကြောင့်၎င်း၊ သေသည်၏ အခြားမဲ့၌ပင် ပဋိသန္ဓေကို ယူကြရမည် ဖြစ်သောကြောင့်၎င်း ယင်းဋီကာအဖွင့်ကို ဆင်ခြင်သင့်၏။ အသင့်အားဖြင့်မူကား ထိုရှေးခေတ်က ဒီဃရတ္တံ- ရှည်မြင့်စွာသော ညဉ့်ပတ်လုံး၊ ရတ္တညူ- များသော ညဉ့်တို့ကို သိသူ (အသက်ရှည်သူ) ဤသို့ စသည်ဖြင့်
၂၃၁
ထိုညဉ့် ထိုအချိန်မှစ၍ ထိုသတ္တဝါသည် (သေခြင်းဆီသို့) ချီတက်လျက်သာလျှင် သွားနေ၏။ ဤသို့ တသွားတည်း သွားနေသော ထိုသတ္တဝါသည် (ခဏမျှသော်လည်း) မပြန်မဆုတ်ချေ။”
ဤသို့ တသွားတည်း သွားနေသော ထိုသတ္တဝါအား၁ နွေရာသီ အပူရှိန်ဖြင့် ပူလောင်သောကြောင့် မြစ်ငယ် ချောင်း မြောင်းတို့၏ ကုန်ခန်းခြင်းကဲ့သို့၎င်း၊ အညှာရင်းသို့ အစဉ်လျှောက်သော ရေ၏ ရသဓာတ်ဖြင့် စွတ်စိုကုန်သော သစ်သီးတို့၏ နံနက်ကာလ၌ ကြွေကျခြင်းကဲ့သို့၎င်း၊ ဆောက်ပုတ်-ဒုတ်ဖြင့် ရိုက်အပ်ကုန်သော [၂၂၄] မြေအိုးမြေခွက်တို့၏ ကွဲပျက်ခြင်းကဲ့သို့၎င်း၊ နေရောင်ဖြင့် တွေ့ထိခံရကုန်သော နှင်းပေါက်တို့၏ ပျက်စီး ပျောက်ကွယ်ခြင်းကဲ့သို့၎င်း သေခြင်းသည်သာလျှင် (သာ၍ သာ၍) နီးကပ်လျက် ရှိ၏။ ထို့ကြောင့် အောက်ပါဂါထာတို့ကို မိန့်ဆိုထားပေသည်။
“နေ့ညဉ့်တို့သည် ကုန်လွန်သွားကုန်၏၊ အသက်သည် ချုပ်လျက် ရှိ၏၊ မြစ်ငယ် ချောင်းမြောင်းတို့၏ ရေသည် (နွေရာသီ၌ တနေ့တခြား) ကုန်သွားသကဲ့သို့ သတ္တဝါတို့၏ အသက်သည် (ဝါ-အသက်ရှင်နေရမည့် အချိန်ကာလသည်) ကုန်သွားလျက် ရှိ၏။
ရတ္တိံ-ညဉ့်ကို ပဓာနပြု၍ ပြောဆိုလေ့ ရှိသောကြောင့် ဤအရာ၌လည်း ဧကရတ္တိံ- တခုသောညဉ့်၌-ဟု ဆိုသည် ဖြစ်ရာ၏။
၁- ထိုသတ္တဝါတို့အား... သေခြင်းသည်သာလျှင် (သာ၍ သာ၍) နီးကပ်လျက် ရှိ၏-ဟု စပ်ပါ။
၂၃၂
မှည့်ကုန်သော သစ်သီးတို့၏ နံနက်ခင်း၌ ကြွေကျမည်မှ ကြောက်ဖွယ်ဘေး၁ ရှိသကဲ့သို့ ထို့အတူပင် ပဋိသန္ဓေအားဖြင့် ဖြစ်လာပြီးကုန်သော သတ္တဝါတို့အား သေခြင်းမှ (ဝါ-သေရမည်မှ) ကြောက်ဖွယ်ဘေးသည် အမြဲရှိနေချေ၏။
အိုးထိန်းသည်၏ ပြုလုပ်အပ်ပြီးသော အငယ် အကြီး မီးဖုတ်ပြီး မီးမဖုတ်ရသေးသော မြေအိုး မြေခွက်ဟူသမျှ အလုံးစုံသည် ကွဲပျက်ခြင်းလျှင် အဆုံးရှိသကဲ့သို့ ထို့အတူပင် သတ္တဝါတို့၏ အသက်သည် ပျက်စီးခြင်းလျှင် အဆုံးရှိချေ၏။
နေထွက်လာခြင်းကြောင့် မြက်ဖျား၌ နှင်းပေါက်(သည် သွေ့ခြောက် ကွယ်ပျောက်သွားသ)ကဲ့သို့ ဤအတူ လူတို့၏အသက်သည် (သေလွယ် ပျက်လွယ်လှ၏)။ ထို့ကြောင့် ကျွန်ုပ်ကို ရဟန်းပြုခြင်းမှ မတားမြစ်ပါနှင့် မိခင်။”
ထိုမှတပါး ဤဆိုခဲ့သည့်အတိုင်း သန်လျက်ချီမိုးနေသော သူသတ်သမား(သည် ရှေးရှုအနီး၌ တည်နေသ)ကဲ့သို့ ဇာတိနှင့်အတူတကွ ပါလာခဲ့သော ဤသေခြင်းသည် လည်ပင်းဆီသို့ သန်လျက်ကို သွားစေသော ထိုသူသတ်သမားကဲ့သို့ပင် အသက်ကို ဆောင်သွားတတ်- သေစေတတ်သည်သာလျှင်တည်း၊ မဆောင်ပဲ- မသေစေပဲ ဆုတ်နစ်သည်ဟူ၍ မရှိပေ။ ထိုသို့ ဇာတိနှင့်
၁- သစ်ပင်ထက်၌တည်၍ (လက်ရဆွတ်ခူးခြင်း)အမှု၌ အားထုတ်ရန် အလိုရှိကုန်သော သစ်သီးပိုင်ရှင်တို့အား ကြွေကျသွားမည်မှ စိုးရိမ်ခြင်းဘေးသည် (ဖြစ်၏)၊ တနည်းကား- သစ်ပင်အောက်သို့ ဝင်ကြသောသူတို့အား (သူတို့အထက်၌) (ကြွေကျမည်မှ စိုးရိမ် ကြောက်ရွံ့ခြင်းဘေးသည် ဖြစ်၏)။ (ဋီကာ)
၂၃၃
အတူတကွ လာခဲ့သောကြောင့်၎င်း၊ အသက်ကို ဆောင်သွားတတ်- သေစေတတ်သောကြောင့်၎င်း ချီမိုးထားသည့် သန်လျက်ရှိသော သူသတ်သမားကဲ့သို့ သေခြင်းသည်လည်း ရှေးရှုကပ်လျက် တည်ရှိနေသည်သာတည်း၊ သို့ဖြစ်၍ ဤဆိုခဲ့သည့်အတိုင်း သူသတ်သမားကဲ့သို့ ရှေးရှုကပ်လျက် တည်သောအားဖြင့် သေခြင်းကို အဖန်တလဲလဲ အောက်မေ့ဆင်ခြင်အပ်ပေသည်။ (၁)
(၂) ပြည့်စုံခြင်း ပျက်စီးခြင်းအားဖြင့် ရှုပုံ
၁၇၀။ (၂) ပြည့်စုံခြင်း ပျက်စီးခြင်းအားဖြင့်-ဟူရာ၌ အကျယ်ကား- ဤလောက၌ ပြည့်စုံခြင်း (သမ္ပတ္တိ)မည်သည်မှာ ပျက်စီးခြင်း (ဝိပတ္တိ)က ၎င်းကို မလွှမ်းမိုးမီ အတွင်း၌သာလျှင် တင့်တယ်ကောင်းမြတ်ပေသည်၊ ပျက်စီးခြင်းကို ကျော်လွန်၍ တည်သော (ဝါ-မပျက်စီးနိုင်သော) ပြည့်စုံခြင်းမည်သည်လည်း မရှိချေ။ ထို့ကြောင့်ပင်လျှင်-
(နတ်စည်းစိမ်နှင့်တူသော စည်းစိမ်များနှင့် အစိုးရခြင်းဖြင့်) အလွန်အကဲ ချမ်းသာနှင့် ပြည့်စုံသော၁ အသောကမင်းသည် ဇမ္ဗူဒိပ်(ခေါ် အိန္ဒိယ) တမြေထောင်လုံးကို အုပ်စိုးသုံးဆောင်လျက် ကုဋေတရာသော ဥစ္စာကို ပေးလှူပြီးလျှင် နောက်ဆုံးကာလ၌ ဆီးဖြူသီးတခြမ်းမျှကို အစိုးရသော ပိုင်ရှင်အဖြစ်သို့ ရောက်လေ၏။
၁- သုခီ-ပုဒ်၌ ဤ-ပစ္စည်းသည် အတိသယအနက်ကို ပြ၏၊ ထို့ကြောင့် အလွန်အကဲချမ်းသာနှင့် ပြည့်စုံသော-ဟု အနက်ပြန်သည်။ အလွန်အကဲချမ်းသာကို လက်သည်းကွင်းအတွင်းရှိ ဋီကာအဖွင့်စကားဖြင့် သိအပ်၏။
၂၃၄
အသောက (မစိုးရိမ်)မည်သော ထိုဧကရာဇ်မင်းသော်မှလည်း ကောင်းမှုကုန်ခြင်းသို့ ရောက်လတ်သော် ထိုကိုယ်ခန္ဓာဖြင့်ပင်လျှင် သေခြင်းသို့ ရှေးရှုဖြစ်လျက် စိုးရိမ်ပူဆွေးခြင်းသို့ ရောက်ရရှာလေပြီ၁။ ဤကား သံဝေဂဂါထာ ၂-ပုဒ်ပေတည်း။
၁- ကျက်မှတ်၍ ဆင်ခြင် ဟောပြောလိုသူများအတွက် သံဝေဂဂါထာ၂-ပုဒ်ကို ပါဠိတော်အနက် ဖော်ပြဦးအံ့။
သကလံ မေဒိနိံ ဘုတွာ၊ ဒတွာ ကောဋိသတံ သုခီ။
အဍ္ဎာမလကမတ္တဿ၊ အန္တေ ဣဿရတံ ဂတော။
သုခီ၊ (နတ်စည်းစိမ်နှင့်တူသော စည်းစိမ်များနှင့် အစိုးရခြင်းဖြင့်) အလွန်အကဲ ချမ်းသာနှင့်ပြည်စုံသော အသောကမင်းသည်။ သကလံ မေဒိနိံ၊ ဇမ္ဗူဒိပ်(ခေါ် အိန္ဒိယ) တမြေထောင်လုံးကို။ ဘုတွာ၊ အုပ်စိုး သုံးဆောင်ပြီး၍၊ ကောဋိသတံ၊ ကုဋေတရာသော ဥစ္စာကို။ ဒတွာ၊ ပေးလှူပြီး၍။ အန္တေ၊ အဆုံးစွန်ကျ နောက်ကာလ၌။ အဍ္ဎာမလကမတ္တဿ၊ ဆီးဖြူသီးတခြမ်းမျှ၏။ ဣဿရတံ၊ အစိုးရသူ ပိုင်ရှင်အဖြစ်သို့။ ဂတော၊ ရောက်ရလေ၏။
တေနေဝ ဒေဟဗန္ဓေန၊ ပုညမှိ ခယမာဂတေ။
မရဏာဘိမုခေါ သောပိ၊ အသောကော သောကမာဂတော။
အသောကော၊ အသောကမည်သော၊ ဝါ-မစိုးရိမ်သူ- စိုးရိမ်ကင်းသူမည်သော။ သောပိ၊ ထိုဧကရာဇ်မင်းသည်သော်မှလည်း။ ပုညမှိ၊ ကောင်းမှုသည်။ ခယံ အာဂတေ၊ ကုန်ခြင်းသို့ ရောက်လတ်သော်။ တေနေဝ ဒေဟဗန္ဓေန၊ ထိုတကိုယ်တည်းဖြင့်ပင်လျှင်။ မရဏာဘိမုခေါ၊ သေခြင်းသို့ ရှေးရှုဖြစ်လျက်။ သောကံ၊ စိုးရိမ်ပူဆွေးခြင်းသို့။ အာဂတော၊ ရောက်ရရှာလေပြီ။
၂၃၅
အသောကမင်း၏ နောက်ဆုံးကာလ ဆီးဖြူသီးတခြမ်းမျှ၏ ပိုင်ရှင်ဖြစ်ရပုံကို ဒိဗျာဝဒါနကျမ်း (နှာ ၂၇၉)၌ အသောကာဝဒါနဟူသော အမည်ဖြင့် ပြဆိုထား၏၊ ဝိသုဒ္ဓိမဂ် မဟာဋီကာနိဿယ ဒု-နှာ-၁၆၁-မှစ၍ အောက်ခြေမှတ်ချက်၌ ပါဠိဘာသာပြန်လျက် ပြခဲ့၏။ ထိုစကားမှ အကျဉ်းချုံး၍ ဤအရာ၌ ပြဦးအံ့။
အသောကမင်း၏ အလှူတော်
မြတ်စွာဘုရား၏ သာသနာတော်၌ မည်သူသည် အများဆုံး လှူဘူးပါသနည်း-ဟု အသောကမင်းတရားကြီးက မေးလျှောက်၏။ အနာထပိဏ်သေဋ္ဌေးကြီးက အများဆုံး လှူဘူးသည်-ဟု ရဟန်းတော်တို့က ဖြေကြားကြ၏။ အဘယ်မျှလောက် လှူပါသနည်း-ဟု မေးလျှောက်၏။ အနာထပိဏ်သေဋ္ဌေးက ကုဋေတရာ လှူဘူးသည်-ဟု ဖြေကြားကြ၏။ ထိုအခါ အသောကမင်းက “အကျွန်ုပ်လည်း မြတ်စွာဘုရားသာသနာ၌ ကုဋေတရာ လှူပါမည်”ဟု လျှောက်ပြီးလျှင် ဓမ္မရာဇိကခေါ် စေတီပေါင်း ရှစ်သောင်းလေးထောင်ကို တည်လေသည်။ မြတ်စွာဘုရား ဖွားတော်မူရာအရပ်, ဗောဓိမဏ္ဍိုင်အရပ်, ဓမ္မစကြာတရား ဟောရာအရပ်, ပရိနိဗ္ဗာန် စံတော်မူရာအရပ်ဟူသော ဤလေးဌာန၌ တသိန်းစီ လှူလေသည်၊ ငါးနှစ်တကြိမ် ပူဇော်ပွဲကိုလည်း ကျင်းပပူဇော်လေသည်။ ထိုပူဇော်ပွဲ၌ လေးသိန်းသော ငွေတို့ကို စွန့်လှူ၍ ရဟန္တာတသိန်းနှင့် သေက္ခ-ပုထုဇဉ် နှစ်သိန်းအားဖြင့် သုံးသိန်းသော ရဟန်းတို့ကို ဆွမ်းကပ် လှူဒါန်းလေသည်။ ထို့ပြင် ဘဏ္ဍာတိုက်မှ အပ ဇမ္ဗူဒိပ်မြေအပြင်ကို၎င်း၊ နန်းတွင်းသားများ အမတ်များနှင့်တကွ မိမိကိုယ်ကို၎င်း၊ သားတော် ကုဏာလကို၎င်း အရိယသံဃာအား စွန့်လှူပြီးလျှင် လေးသိန်းဖြင့် ပြန်လည်ရွေးယူလေသည်။ ဤပုံ ဤနည်းဖြင့် ၉၆-ကုဋေသော ငွေတို့ကို မြတ်စွာဘုရား သာသနာတော်၌ စွန့်လှူလေသည်။
၂၃၆
အသောကမင်း၏ နောက်ဆုံးအချိန်
နောက်ဆုံးပိုင်းကာလ၌ အသည်းအသန် မကျန်းမမာဖြစ်၍ မကြာမီပင် သေရတော့မည်-ဟု ဆင်ခြင်မိသောအခါ အသောကမင်းကြီးမှာ အလွန်ပင် နှလုံးမသာဖြစ်၍ မျက်ရည်များ ကျလာလေသည်။ ထိုအခါ အနီးအပါးရှိ ရာဓဂုတ္တအမတ်ကြီးက-
“အရှင်မင်းမြတ်၏ မျက်နှာတော်ကို အင်အားကြီးမားကုန်သော ရန်သူအပေါင်းတို့က ရင်ဆိုင်တွေ့ဆုံကာ မော်၍ မကြည့်ရဲကြပါ၊ အလွန်ကြမ်းတမ်းစွာပူသော နေမင်းကြီးနှင့် တူပါပေသည်။ ယင်း မျက်နှာတော်သည် ပဒုမ္မာကြာနှင့်တူစွာ အရာမကသော ကျက်သရေများကို သောက်စို့ထားသကဲ့သို့ ရွှင်လန်းလျက် ရှိခဲ့ပါပေသည်။ အရှင်မင်းမြတ်၏ ထိုမျက်နှာသည် ယခုအခါ အဘယ့်ကြောင့် မျက်ရည်ကျရပါသနည်း”ဟု မေးလျှောက်လေ၏။
ထိုအခါ အသောကမင်းတရားကြီးက “အချင်းရာဓဂုတ္တ, စည်းစိမ်ဥစ္စာ ပျက်စီးခြင်းကိုလည်း ငါ မစိုးရိမ်ဘူး၊ မင်းအဖြစ် ပျက်စီးဆုံးရှုံးခြင်းကိုလည်း ငါ မစိုးရိမ်ဘူး၊ နေရာဌာနနှင့် ကင်းကွာခြင်းကိုလည်း ငါ မစိုးရိမ်ဘူး၊ စင်စစ်မှာမူ သံဃာတော်အရှင်မြတ်တို့နှင့် ခွဲခွါရမည်ကိုသာ စိုးရိမ်ပါသည်။
ငါသည် အလုံးစုံသော ဂုဏ်နှင့် ပြည့်စုံ၍ လူနတ်တို့ ပူဇော်ထိုက်သော ယခု မျက်မှောက် တွေ့နေရသည့် သံဃာတော်ကို မွန်မြတ်သော ဆွမ်း အဖျော်တို့ဖြင့် တဖန် ပူဇော်ရတော့မည်မဟုတ်ဟု ဤအကြောင်းအရာကို ကြံမိ၍ ငါ့မှာ မျက်ရည်ကျခြင်း ဖြစ်လေသည်။
ထို့ပြင်လည်း ရာဓဂုတ္တရေ မြတ်စွာဘုရား သာသနာတော်၌ ကုဋေတရာ လှူမည်ဟု ငါ့မှာ စိတ်အလိုအကြံ ဖြစ်ခဲ့သည်။ ထိုအလိုလည်း
၂၃၇
မပြည့်စုံသေးပေ”ဟု ဆို၏။ ထို့နောင် အသောကမင်းသည် လိုနေသေးသော လေးကုဋေကို ပြည့်စေရန် ရည်ရွယ်၍ ရွှေငွေကို ကုက္ကုဋာရာမကျောင်းတိုက်သို့ ပို့စေရန် အားထုတ်ခဲ့လေသည်။
ထိုစဉ်အခါဝယ် ကုဏာလ၏သား (အသောက၏မြေး)ဖြစ်သော သမ္ပဒိမည်သော မင်းသားကလေးသည် အိမ်ရှေ့မင်းအဖြစ်၌ တည်လျက်ရှိ၏။ ထိုအိမ်ရှေ့မင်းအား မှူးမတ်တို့က “မင်းသားကလေး, အသောကမင်းသည် အလွန် အားနည်းနေချေပြီ၊ ရွှေငွေပစ္စည်းများကိုလည်း ကုက္ကုဋာရာမသို့ ပို့လှူရန် စေခိုင်းနေ၏။ မင်းတို့ဟူသည်မှာ ဘဏ္ဍာတိုက်လျှင် ခွန်အားရှိကြသည်။ ထို့ကြောင့် တားမြစ်သင့်ပါသည်”ဟု မင်းသားကလေးက ဘဏ္ဍာတိုက်ကို တားမြစ်ပိတ်ဆို့သည်တိုင်အောင် လျှောက်တင်ကုန်၏။ ထိုသို့ မတားမြစ်မီအတွင်း၌ ရွှေခွက်ဖြင့် အာဟာရကို ဆက်ကြ၏။ အသောကမင်းသည် သုံးဆောင်ပြီးသောအခါ ထိုရွှေခွက်များကို ကုက္ကုဋာရာမသို့ ပို့လှူစေ၏။ ထို့နောင် ငွေခွက်ဖြင့် အာဟာရကို ဆက်ကြ၏။ ထိုငွေခွက်များကိုလည်း ကုက္ကုဋာရာမသို့ ပို့လှူစေ၏၊ နောက်ဆုံး၌ မြေခွက်ဖြင့် အာဟာရကို ဆက်သကြ၏။ ထိုစဉ်ကာလ၌ ဆီးဖြူသီးတခြမ်းသည် အသောကမင်း၏လက်သို့ ရောက်လာ၏။ ထိုအခါ အသောကမင်းသည် ထိတ်လန့်တုန်လှုပ်လျက် မှူးမတ်များ နန်းတွင်းသားများကို စည်းဝေးစေပြီးလျှင် “ဤနိုင်ငံကို မည်သူ အစိုးရသနည်း”ဟု မေး၏၊ အမတ်ကြီးက နေရာမှထ၍ လက်အုပ်ချီကာ “အရှင်မင်းကြီး အစိုးရပါသည်”ဟု လျှောက်တင်၏။ ထိုအခါ အသောကမင်းတရားကြီးသည် မျက်ရည်များနှင့်တကွ မိုးစွေသကဲ့သို့သော မျက်လုံး မျက်နှာ ရှိသည်ဖြစ်၍ ဤသို့ မိန့်ဆိုလေသည်-
အပြောအဆို လိမ္မာသောကြောင့် ဝါ- အားနာသောကြောင့် မဟုတ်မမှန်သည်ကို အဘယ့်ကြောင့် ဆိုကုန်ဘိသနည်း၊ ငါတို့သည် ယခုအခါ မင်းအဖြစ်မှ လျှောကျနေကုန်ပြီ၊ ငါသုံးဆောင်ခဲ့ရာ ဤမြေပြင်၌ ကြွင်းကျန်သည်မှာမူ ဆီးဖြူသီးတခြမ်း ဤမျှသာ
၂၃၈
အဆုံးသတ် ငါပိုင်ပစ္စည်း ရှိတော့ပေသည်။ မြစ်ရေယဉ်၌ ကျရောက်သော အရာဝတ္ထုကဲ့သို့ မတည်ငြိမ်ပဲ ပြောင်းလဲ လှုပ်ရှားတတ်သည်ဖြစ်၍ မကောင်းမမြတ် ယုတ်ညံ့သော မင်းအဖြစ် စည်းစိမ်သည် စက်ဆုပ်ဖွယ် ကောင်းလေစွတကား။ လူတို့၏ အရှင်သခင်ဖြစ်သော ငါသို့သော မင်းအားသော်လည်း ဆင်းရဲသားအဖြစ်ဟူသော ကြောက်ဖွယ်ဘေးသည် ယင်း မင်းစည်းစိမ်ကိုပင် စွဲ၍ ရောက်လာချေသေးသည်တကား။
တနည်းပြောရလျှင် မြတ်စွာဘုရား၏ စကားကို တမျိုးတမည်ဖြစ်အောင် ဘယ်သူပြုနိုင်ပေလတံ့နည်း၊ “အလုံးစုံသော ပြည့်စုံခြင်းဟူသမျှတို့သည် ပျက်စီးခြင်းလျှင် အဆုံးရှိကုန်၏”ဟူ၍ မချွတ်ဧကန် အမှန်ကိုသာ ဆိုလေ့ရှိသော ဂေါတမမြတ်စွာဘုရားသည် မိန့်ဆိုတော်မူခဲ့ပေ၏။ ထိုစကားသည် မချွတ်ဧကန် မှန်လှပေ၏ စသည်ဖြင့် သံဝေဂစကားများကို မိန့်ဆိုတော်မူပြီးလျှင် မင်းချင်းတယောက်ကို သံဃာတော်ထံသို့ သွားစေ၍ ဆီးဖြူသီးတခြမ်းကို လှူစေ၏။ ယင်း ဆီးဖြူသီးတခြမ်းသည် ဇမ္ဗူဒိပ်တကျွန်းလုံးကို အစိုးရသော အသောကမင်းကြီး၏ ယခုလက်ရှိ ဘဏ္ဍာတော်ဖြစ်ကြောင်း၊ နောက်ဆုံး အလှူဝတ္ထုဖြစ်၍ အကျိုးများအောင် သံဃိကအဖြစ်ဖြင့် ခံယူ သုံးဆောင်တော်မူကြစေလိုကြောင်းများကိုလည်း လျှောက်စေ၏။ ထိုမင်းချင်းယောက်ျားသည် ကုက္ကုဋာရာမကျောင်းတိုက်သို့ သွားပြီးလျှင် မင်းကြီးက မှာသည့်အတိုင်း သံဃာတော်အား လျှောက်ထား၍ ထိုဆီးဖြူသီးတခြမ်းကို ကပ်လှူလိုက်လေ၏။
ထိုအခါ သံဃမထေရ်ကြီးက ရဟန်းတို့အား ဤသို့ မိန့်ဆိုတော်မူလေ၏၊ အရှင်တို့, အရှင်တို့သည် ယခုအခါ သံဝေဂကို ဖြစ်စေရန် စွမ်းနိုင်ကြပါသည်။ အဘယ့်ကြောင့်ဆိုသော် “သူတပါး၏ ပျက်စီးခြင်းသည် ထိတ်လန့်ခြင်း၏ အကြောင်းဖြစ်သည်”ဟု မြတ်စွာဘုရားက ဟောထားခြင်းကြောင့်
၂၃၉
ဖြစ်ပါသည်။ အသောကမင်းတရားကြီး၏ ပျက်စီးခြင်းကို တွေ့မြင်ရသော ယခုအခါ၌ သိတတ်သော စိတ်နှလုံးရှိသူမှန်လျှင် အဘယ်သူအား သံဝေဂမဖြစ်ပဲ ရှိပါအံ့နည်း။
စာဂသူရော နရိန္ဒေသော၊ အသောကော မောရိယကုဉ္ဇရော။
ဇမ္ဗုဒီပိဿရော ဟုတွာ၊ ဇာတောဒ္ဓါမလကိဿရော။
ဘစ္စေဟိ သ ဘူမိပတိ အဇ္ဇ ဟတာဓိကာရော။
ဒါနံ ပယစ္ဆတိ ကိလာမလကဒ္ဓမေတံ။
သိရိဘောဂဝိတ္ထာရမဒေဟျ’တိဂဗ္ဗိတာနံ။
ပစ္စာဒိသံ ဣဝ မနာနိ ပုထုဇ္ဇနာနံ။
စာဂသူရော၊ စွန့်ကြဲပေးလှူခြင်း၌ ရဲရင့်ပေသော။ မောရိယကုဉ္ဇရော၊ မောရိယမင်းမျိုးတို့၏ အမြင့်အမြတ်ဖြစ်ပေသော။ အသာကော၊ အသောကမည်သော။ ဧသော နရိန္ဒော၊ ဤမင်းသည်။ ဇမ္ဗုဒီပိဿရော၊ ဇမ္ဗူဒိပ်တကျွန်းလုံးကို အစိုးရသည်။ ဟုတွာ၊ ဖြစ်ပြီး၍။ အဒ္ဓါမလကိဿရော၊ ဆီးဖြူသီးတခြမ်းကို အစိုးရသူသည်။ ဇာတော၊ ဖြစ်ရှာပေ၏။
အဇ္ဇ၊ ယနေ့ ယခုအခါ၌။ ဘစ္စေဟိ၊ ကျေးကျွန်ဖြစ်ကုန်သော မှူးမတ်စသည်တို့က။ ဟတာဓိကာရော၊ ဖျက်ဆီးအပ်သော ကောင်းမှုတော် ရှိသည်ဖြစ်၍။ ဝါ-ကောင်းမှုတော်များကို ဟန့်တား ပယ်ဖျက်လိုက်သောကြောင့်။ သ ဘူမိပတိ၊ ထိုရေမြေ့ရှင်မင်းသည်။ အာမလကဒ္ဓံ၊ ဆီးဖြူသီးတခြမ်းမျှသော။ ဒါနံ၊ လှူဘွယ်ဝတ္ထုကို။ ပယစ္ဆတိ ကိလ၊ ပေးလှူသတတ်။ (ယုံဖွယ်ပင်မရှိဟု ဆိုလို၏) ဧတံ၊ ဤအလှူသည်။ ဝါ၊ ဤသို့ဖြစ်ရခြင်းသည်။ သိရိဘောဂဝိတ္ထာရမဒေဟိ၊ ကျက်သရေနှင့် စီးပွါးဥစ္စာတို့၏ ကြီးပွါးပြန့်ကျယ်ခြင်းတို့ကို စွဲမှီ၍ ဖြစ်ကုန်သော မာန်ယစ်ခြင်းတို့ဖြင့်။ အတိဂဗ္ဗိတာနံ၊ ငါတကားဟု ထောင်လွှားလျက် အလွန်တက်ကြွကုန်သော။ ပုထုဇ္ဇနာနံ၊ ပုထုဇဉ်တို့၏။ မနာနိ၊ စိတ်တို့ကို။ ပစ္စာဒိသံ ဣဝ၊ ကြိုတင်၍ ညွှန်ကြားဘိသကဲ့သို့။ ဝါ-အတပ်ဟောနှင့်ဘိသကဲ့သို့
၂၄၀
[၂၂၅] တနည်းသော်ကား အလုံးစုံသော အနာကင်းခြင်း ကျန်းမာခြင်းသည် နာခြင်းလျှင် အဆုံးရှိ၏၊ အလုံးစုံသော ပျိုမျစ်နုနယ် အရွယ်ကောင်းခြင်းသည် အိုခြင်းလျှင် အဆုံးရှိ၏၊ အလုံးစုံသော
ရှိပါပေသတည်း။ (ဤကား သံဃမထေရ်က မိန့်ဆိုသော သံဝေဂဂါထာများ ဖြစ်သည်။)
ထို့နောင် အသောကမင်းသည် “ရာဓဂုတ္တ ပြောစမ်း၊ ယခု ဤမြေပြင်၌ မည်သူ အစိုးရသနည်း”ဟု မေး၏။ အရှင်မင်းမြတ် အစိုးရပါသည်ဟု ပြောကြား လျှောက်တင်၏။ ထိုအခါ အသောကမင်းသည် အိပ်ရာမှ ထပြီးလျှင် အရပ်လေးမျက်နှာကို ကြည့်လျက် သံဃာတော်အား လက်အုပ်ချီ၍ “ယခု အကျွန်ုပ်သည် ဘဏ္ဍာတိုက်ကြီးမှအပ သမုဒ္ဒရာ အဆုံးအပိုင်းအခြားရှိသော ဤမဟာပထဝီမြေကြီးကို မြတ်စွာဘုရား၏ တပည့်အပေါင်း သံဃာတော်အား အပ်နှင်းလှူဒါန်းပါ၏”ဟုဆိုကာ လှူပြီးလျှင် စာချွန်တော်ကို ရေးစေ၍ ဆင်စွယ်တံဆိပ် ခပ်နှိပ်စေသည်။ ထိုသို့ မဟာပထဝီမြေကြီးကို သံဃာအား လှူပြီးလျှင် အသောကမင်းတရားကြီးသည် နတ်ရွာစံတော်မူလေ၏။ မှူးမတ်တို့သည် ရုပ်ကလာပ်တော်ကို သင်္ဂြိုဟ်ပြီးသောအခါ မင်းအသစ် တင်မြှောက်ရန် စီမံကြရလေသည်။ ထိုအခါ ရာဓဂုတ္တအမတ်ကြီးက အသောကဘုရင်မင်းမြတ်သည် မဟာပထဝီမြေကြီးကို သံဃာအား အပ်နှင်း လှူဒါန်းသွားကြောင်း ပြောကြား၏။ ဘယ်အတွက် လှူသွားသနည်းဟု မေးကြသောအခါ ကုဋေတရာလှူရန် ရည်ရွယ်ထားရာမှာ ၉၆-ကုဋေမျှသာ လှူရသေး၍ လိုနေသေးသော ၄-ကုဋေအတွက် လှူသွားကြောင်း ပြောကြားလေသည်။ ထိုအခါ မှူးမတ်တို့သည် လေးကုဋေသော ဥစ္စာတို့ကို သံဃာတော်အားလှူကာ ပထဝီမြေကြီးကို ရွေးယူကြပြီးလျှင် သမ္ပဒိမင်းသားကို မင်းမြှောက်ကြလေသည်။ (ဤသည်ကား ဒိဗျာဝဒါနကျမ်းမှ အသောကမင်းအကြောင်း ထုတ်ဆောင်ချက် အကျဉ်းဖြစ်သည်။)
၂၄၁
အသက်ရှင်ခြင်းသည် သေခြင်းလျှင် အဆုံးရှိ၏၊ အလုံးစုံပင်ဖြစ်သော သတ္တဝါအပေါင်းကို ဘဝအသစ်ဖြစ်ခြင်းက အစဉ်လိုက်လာ၏၊ အိုခြင်းက ပူးဝင်ပျံ့နှံ့လျက်ရှိ၏၊ နာခြင်းက လွှမ်းမိုးနှိပ်စက်၏၊ သေခြင်းက ပြင်းစွာပုတ်ခတ် ရိုက်သတ်လျက်ရှိ၏။ ထို့ကြောင့် အောက်ပါဂါထာများကို ဟောကြားတော်မူပေသည်။
မိုးကောင်းကင်ကို ထိဆိုက်လျက် မြင့်မားကြီးကျယ်ကုန်သော ကျောက်တောင်ကြီးတို့သည် ပတ်ဝန်းကျင် အရပ်လေးမျက်နှာမှ (ရှိသမျှကို) ကြိတ်ချေကြကုန်လျက် အစဉ်အတိုင်း လိမ့်၍ လိမ့်၍ လာကုန်သကဲ့သို့-
ထို့အတူပင် အိုခြင်းနှင့် သေခြင်းတို့သည် မင်းတို့ကို၎င်း, ပုဏ္ဏားတို့ကို၎င်း, သူကြွယ်တို့ကို၎င်း, သူဆင်းရဲတို့ကို၎င်း, ဒွန်းစဏ္ဍား ပန်းမှိုက်သွန်တို့ကို၎င်း သတ္တဝါအားလုံးတို့ကို လွှမ်းမိုးနှိပ်စက်ကုန်၏။
တစုံတယောက်ကိုမျှ မရှောင်မချန် အားလုံးကိုပင် ဖိနှိပ်ကြိတ်ချေ၏။
ထိုအိုခြင်း သေခြင်းတို့က နှိပ်စက်ရာ၌ ဆင်တပ်တို့၏၁ အောင်မြေမရှိ၂၊ (မြင်းတပ်) ရထားတပ်တို့၏ အောင်မြေမရှိ၊
၁- ဟတ္ထီနံ-ပုဒ်၏ အနက်ဖြစ်သည်၊ ပြည်နိဿယ၌ ဆင်စီးသူရဲတို့၏-ဟု အနက်ပြန်၏၊ ယင်းသူရဲတို့လည်း ဆင်တပ်ထဲ၌ ပါဝင်ကြ၏။ သုတ်ရင်းတွင် စုဏ္ဏိယ၌ ဟတ္ထိယုဒ္ဓါနံ- ဆင်ဖြင့် စစ်ထိုးခြင်းတို့၏-ဟု ရှိ၏။
၂- ဘူမိ-၏ အနက်ဖြစ်သည်။ သုတ်ရင်းစုဏ္ဏိယ၌ ဂတိ(နိပ္ဖတ္တိ)- ပြီးမြောက်ခြင်း မရှိ၊ ဝိသယော (ဩကာသော- သမတ္ထဘာဝေါ)- အခွင့်-တည်ရာ
၂၄၂
ခြေလျင်တပ်၏ အောင်မြေမရှိ၊ တိုင်ပင်ဉာဏ်ကိုမှီ၍ စစ်ထိုးခြင်းဖြင့်သော်၎င်း၁ ဥစ္စာတံစိုး လက်ဆောင်ထိုးခြင်းဖြင့်သော်၎င်း အောင်နိုင်ရန်လည်း မစွမ်းနိုင်ချေ။
ဤဆိုခဲ့သည့်အတိုင်း အသက်ရှင်ခြင်းဟူသော ပြည့်စုံခြင်းမှာ သေခြင်းဟူသော ပျက်စီးခြင်းလျှင် အဆုံးရှိသည်၏အဖြစ်ကို ပိုင်းခြား မှတ်သားသည်ဖြစ်၍ ပြည့်စုံခြင်း ပျက်စီးခြင်းအားဖြင့် သေခြင်းကို အဖန်တလဲလဲ အောက်မေ့ဆင်ခြင်အပ်ပေသည်။ (၂)
(၃) အနီးသို့ ဆောင်သောအားဖြင့် ရှုပုံ
၁၇၁။ (၃) အနီးသို့ ဆောင်သောအားဖြင့်- ဟူသည်ကား သေလေကုန်သော သူတပါးတို့နှင့် အတူတကွ မိမိ၏ သေခြင်းကို အနီးသို့ ဆောင်သောအားဖြင့်၂(ဟု ဆိုလို၏)။ ထိုသို့ အနီးသို့ ဆောင်သောအားဖြင့်
စွမ်းနိုင်ခြင်း မရှိ-ဟု ဆိုထားသည်။ အောင်မြေမရှိ- ဆိုသည်နှင့် အတူတူပင်။
၁- မန္တယုဒ္ဓေန-ပုဒ်၏ အနက်ဖြစ်သည်၊ သုတ်ရင်း စုဏ္ဏိယ၌ မန္တိနော- မဟောသဓာ ဝိဓုရပညာရှိတို့ကဲ့သို့သော အတိုင်ပင်ခံ ပညာရှိအမတ်ကြီးများ ရှိကြ၏၊ ယင်းအမတ်ကြီးတို့သည် တိုင်ပင်ဉာဏ်တို့ဖြင့် ရန်သူတို့ကို ကွဲပြားစေနိုင်ကုန်၏၊ သို့သော် ယင်းတို့၏ မန္တယုဒ္ဓ- တိုင်ပင်ဉာဏ်ဖြင့် စစ်ထိုးခြင်းတို့၏ ဂတိ ဝိသယ မရှိဟု ဆို၏။ မဟာဋီကာ၌ အာထဗ္ဗဏဝေဒ အစီအရင်ဖြင့် မန္တန်ဖြင့် စစ်ထိုးခြင်းပယောဂဖြင့်ဟု ဖွင့်ပြထား၏။ ယင်းမန္တန်ဖြင့် စစ်ထိုးခြင်းကိုလည်း တိုင်ပင်ဉာဏ်ကိုမှီ၍ စစ်ထိုးခြင်း၌ အတွင်းဝင်သည်ဟု ယူအပ်၏။
၂- ဤ၌ မိမိ သေခြင်းကိုဟူသော အနက်သည် အတ္တနော မရဏဿ-ဟူသော ဋီကာအရ နိဿယ၌ ပြန်ထားသော အနက်ဖြစ်သည်။
၂၄၃
အောက်မေ့ရာ၌ (က) အခြံအရံများခြင်းအားဖြင့်၎င်း၊ (ခ) ဘုန်းကံကြီးမားခြင်းအားဖြင့်၎င်း၊ (ဂ) ခွန်အားကြီးခြင်းအားဖြင့်၎င်း၊ (ဃ) တန်ခိုးကြီးခြင်းအားဖြင့်၎င်း၊ (င) ပညာကြီးခြင်းအားဖြင့်၎င်း၊ (စ) ပစ္စေကဗုဒ္ဓါအားဖြင့်၎င်း၊ (ဆ) သမ္မာသမ္ဗုဒ္ဓ ဘုရားအားဖြင့်၎င်း ဤခုနစ်ပါးသော အခြင်းအရာတို့ဖြင့် သေခြင်းကို အဖန်တလဲလဲ အောက်မေ့ဆင်ခြင်အပ်၏။ အဘယ်သို့နည်း?ဟူမူ-
(က) ဤသေခြင်းမည်သော တရားသည် များသော အကျော်အစော အခြံအရံရှိကုန်သော များစွာသော စည်းစိမ်ဥစ္စာ ယာဉ်ရထားရှိကုန်သော မဟာသမ္မတမင်း မန္ဓာတ်မင်း မဟာသုဒဿနမင်း ဒဠှနေမိမင်း နိမိမင်း၁စသော မင်းတို့၏သော်လည်း အထက်၌၂
အဋ္ဌကထာ၌ ပရေဟိ သဒ္ဓိံ- သူတပါးတို့နှင့် အတူတကွ-ဟူ၍သာ ဆိုသည်။ သူတပါးတို့၏ သေခြင်းနှင့် အတူတကွဟု မဆိုပေ။ သူတပါးတို့နှင့် အတူတကွ ဆောင်သည်ဟု ဆိုလျှင် မိမိကိုဆောင်သည် ဟူ၍သာ ဖြစ်သင့်၏။ ထို့ကြောင့် ဤအရာ၌ သေလေကုန်သော သူတပါးတို့နှင့် အတူတကွ မိမိကို သေခြင်းသို့ ကပ်၍ ဆောင်သောအားဖြင့်-ဟူသော အနက်က သာ၍ သင့်သကဲ့သို့ ရှိပေသည်။
၁- ဒဠှနေမိနှင့် ထပ်တူမဖြစ်စေရန် ပါဠိအရင်းအတိုင်း နိမိ-ဟူ၍ပင် ပြန်ထားသည်။ မြန်မာဝေါဟာရအားဖြင့် ဇာတ်ကြီးဆယ်ဖွဲ့တွင် ၄-ခုမြောက်ဇာတ်မှ နေမိမင်းပင် ဖြစ်သည်။
၂- ပါဠိရှိရင်းအတိုင်း ပြန်ချက် ဖြစ်သည်။ မင်းတို့အပေါ်၌သော်လည်းဟု ဆိုလျှင် မြန်မာစကား သာ၍ချောသည်။
၂၄၄
ရွံ့ရှားခြင်းမရှိပဲ ရဲရဲကြီးသာလျှင် ကျရောက်တုံသေး၏၊ ငါ့အပေါ်၌ အဘယ့်ကြောင့် မကျရောက်ပဲ ရှိချေအံ့နည်း။
မဟာသမ္မတမင်း အစရှိကုန်သော မင်းမြတ်တို့သည် များသော အခြံအရံရှိကြပေကုန်၏၊ ထိုမင်းမြတ်တို့သော်မှလည်း သေမင်း၏အလိုသို့ ရောက်ကြရတုံသေး၏၊ ငါသို့သော သာမန်ပုဂ္ဂိုလ်တို့၌ အဘယ်မှာ ဆိုဖွယ်ရှိချေအံ့နည်း-ဟူ၍-
ဤဆိုခဲ့သည့်အတိုင်း အခြံအရံများခြင်းအားဖြင့် (သေခြင်းကို) အဖန်တလဲလဲ အောက်မေ့ဆင်ခြင်အပ်ပေသည်။ (၃-က)
(ခ) ဘုန်းကံကြီးမားခြင်းအားဖြင့် အဘယ်သို့ အောက်မေ့ဆင်ခြင်အပ်သနည်း?ဟူမူ-
ဇောတိကသေဋ္ဌေးကြီး ဇဋိလသေဋ္ဌေးကြီး ဥဂ္ဂါသူကြွယ် မေဏ္ဍကသေဋ္ဌေးကြီး ပုဏ္ဏသေဋ္ဌေးဟူသော ဤပုဂ္ဂိုလ်ကြီးတို့သည်၎င်း၊ လောက၌ ဘုန်းကံကြီးမားသူ-ဟု ထင်ရှားကျော်စောကုန်သော (အနာထပိဏ် ဓနဉ္စယ အစရှိကုန်သော) အခြား သေဋ္ဌေး သူကြွယ်တို့သည်၎င်း၁ ထိုအလုံးစုံသော ပုဂ္ဂိုလ်ကြီးတို့သည် သေခြင်းသို့ ရောက်ကြရလေကုန်ပြီ၊ ငါသို့သော သာမန်ပုဂ္ဂိုလ်တို့၌ အဘယ်မှာ ဆိုဖွယ်ရှိချေအံ့နည်း-ဟူ၍-
ဤဆိုခဲ့သည့်အတိုင်း ဘုန်းကံကြီးမားခြင်းအားဖြင့် (သေခြင်းကို) အဖန်တလဲလဲ အောက်မေ့ဆင်ခြင်အပ်ပေသည်။ (၃-ခ)
၁- ဤအပိုဒ်ဖြင့် ယခုခတ်၌ ကွယ်လွန်သွားကြလေသော သေဋ္ဌေး သူကြွယ်များကိုလည်း ယူအပ်၏။
၂၄၅
[၂၂၆] (၃-ဂ) ခွန်အားကြီးခြင်းအားဖြင့် အဘယ်သို့ အောက်မေ့ ဆင်ခြင်အပ်သနည်း?ဟူမူ-
ဝါသုဒေဝမင်း (၎င်း၏ညီတော်) ဗလဒေဝမင်း၁ ဘီမသေနမင်း၂
၁- ဤမင်း၂-ပါးသည် ဒေဝဂဗ္ဘာ၏ သားတကျိပ်တို့တွင် ပဌမနှင့် ဒုတိယ ညီနောင်၂-ပါး ဖြစ်သည်။ ဤ၂-ဦးတို့တွင် ဗလဒေဝက ပြလတံ့သော စာနုရမည်သော လက်ဝှေ့လက်ပန်းသည် ချန်ပီယံကို သတ်ကြောင်း ဒသနိပါတ် ဃဋပဏ္ဍိတဇာတ် အဋ္ဌကထာ၌ ပြထားသည်။
၂- ဘီမသေနဟူသော အမည်သည် ဘီမသေနဇာတ်၌ ကြောက်တတ်သော ယက္ကန်းသည်တဦး၏ အမည်ဖြစ်သည်။ ထိုသူကား မင်းမဟုတ်၊ အားကြီးသူ လူစွမ်းကောင်းလည်း မဟုတ်ပေ။ ကုဏာလဇာတ်၌ အဇ္ဇုန နကုလ ဘီမသေန ယုဓိဋ္ဌိလ သဟဒေဝ-ဟူသော ပဏ္ဍုမင်း၏ သားတော်ငါးယောက် လာရှိ၏၊ ယင်းငါးယောက်လုံးကိုပင် တက္ကသိုလ်မှ ပညာသင်ပြီး၍ ပြန်လာကြစဉ်မှာ ဗာရာဏသီမင်း၏ သ္မီးတော် ကဏှာဒေဝီက လင်အဖြစ်ဖြင့် ရွေးကောက်သဖြင့် မယားတယောက် တည်း၏ လင်ငါးယောက် ဖြစ်ကြကြောင်း၊ နောက်ကာလ၌ ကဏှာဒေဝီ၏ ယုတ်မာမှုကြောင့် သံဝေဂရပြီးလျှင် ငါးယောက်လုံးပင် တောထွက်၍ ရသေ့ပြုကာ ကသိုဏ်းပရိကံကို ပြုကြ၍ ကံအားလျော်စွာ ဘဝတပါးသို့ လားကြကြောင်း ဤမျှကိုသာ တွေ့ရ၏၊ ခွန်အားကြီးသူ လူစွမ်းကောင်းများ အဖြစ်ကိုကား မတွေ့ရပေ။ မဟာဘာရတကျမ်း၌မူ ပဏ္ဍုမင်း ဗြဟ္မစရိယအဓိဋ္ဌာန် ပြုပြီးသည့်နောက်၌ သူ၏မိဖုရား ကုန္တီ၏ တောင်းပန်ချက်ကြောင့် ဓမ္မနတ်ကိုစွဲ၍ ယုဓိဋ္ဌိရမင်းသားကို၎င်း လေနတ်ကိုစွဲ၍ ဘီမမင်းသားကို၎င်း သိကြားနတ်မင်းကိုစွဲ၍ အဇ္ဇုနမင်းသားကို၎င်း ကုန္တီက ဖွားမြင်သည်ဟူ၍၎င်း၊ ပဏ္ဍု၏ ဒုတိယမိဖုရား မာဒြီ(မဒ္ဒီ)က အသ္နီနတ်၂-ဦးကို စွဲ၍ နကုလနှင့် သဟဒေဝဟူသော
၂၄၆
ယုဓိဋ္ဌိလမင်း၁ လက်ဝှေ့ လက်ပမ်းသည်ကြီးဖြစ်သော စာနုရ၂(ဟူသော ဤ ခွန်အားကြီးသူတို့သည်) သေမင်း၏ အလိုနိုင်ငံသို့ ရောက်ကြလေကုန်ပြီ။
မင်းသား၂-ယောက်ကို အမွှာ ဖွားမြင်သည်ဟူ၍၎င်း ထိုမင်းသား ငါးဦးလုံးကိုပင် ပဏ္ဍု၏ မိဖုရားများမှ မွေးဖွားသောကြောင့် ပဏ္ဍုမင်း၏ သားတော်များဟု ခေါ်သည်ဟူ၍၎င်း၊ ထိုမင်းသား ငါးယောက်လုံးပင် ခွန်အားကြီးသော လူစွမ်းကောင်းကြီးများ ဖြစ်ကြ၍ ဒြုပဒမင်း၏ သ္မီးတော် ကဏှာ၏ ကြင်ရာတော်များ ဖြစ်ကြသည်ဟူ၍၎င်း ပြဆိုထားသည်ကို တွေ့ရ၏၊ ထိုငါးဦးတို့တွင် ဘီမသည် အလွန်အားကြီးသော လူစွမ်းကောင်းကြီး ဖြစ်ကြောင်းကိုလည်း တွေ့ရ၏။ ထိုဘီမကိုပင် ဤ၌ ဘီမသေနဟု ဆိုလေသလောဟု စဉ်းစားဖွယ်ရှိ၏။ အထူးမှတ်ရန်မှာ မဟာဘာရတကျမ်း၌ ပြဆိုထားသော ကဏှာသည် ကုဏာလဇာတ်မှ ကဏှာကဲ့သို့ ယုတ်မာသူ မဟုတ်ပေ၊ မင်းသားငါးယောက်တို့တွင် အဇ္ဇုနကိုသာ ကြင်ရာအဖြစ်ဖြင့် ရွေးချယ်သည်၊ အဇ္ဇုနက အမျိုးထုံးစံအရဟု ဆိုကာ ညီနောင် ငါးယောက်လုံးပိုင်အဖြစ်ဖြင့် အသိအမှတ်ပြုသောကြောင့် မင်းသားငါးယောက်လုံး၏ ကြင်ရာ ဖြစ်လေသည်။
၁- ကုဏာလဇာတ်လာ ယုဓိဋ္ဌိလ-ကား မင်းလည်းမဟုတ်၊ လူစွမ်းကောင်းအဖြစ်လည်း မထင်ရှားပေ။ မဟာဘာရတကျမ်းလာ ယုဓိဋ္ဌိရကား ဟတ္ထိပုရမြို့၌ နန်းစံသော ဘကြီးတော် ဓတရဋ္ဌမင်းနှင့် ထီးပြိုင် နန်းပြိုင်ဖြစ်၍ ဣန္ဒပတ္ထမြို့၌ နန်းစံသော မင်းလည်း ဖြစ်၏။ လူစွမ်းကောင်းအဖြစ်လည်း ထင်ရှားပေ၏။ ဓမ္မနတ်၏ သားဖြစ်ကြောင်းကိုလည်း ဋီကာ၌ ဖွင့်ပြထား၏။
၂- စာနုရ-ကား လက်ဝှေ့ လက်ပမ်းသည် ချန်ပီယံ ဖြစ်သည်။ ၎င်းကို ဗလဒေဝက သတ်လိုက်ကြောင်း ဋီကာ၌ ပြဆို၏၊ ၎င်းသည်
၂၄၇
ဤသို့ စွမ်းရည်သတ္တိ ခွန်အားနှင့် ပြည့်စုံကြသည်ဟူ၍ လောက၌ ကျော်စောကုန်သော (ဝါသုဒေဝ အစရှိသော) ဤသူတို့သော်မှလည်း သေခြင်းသို့ ရောက်ကြရတုံသေး၏၊ ငါသို့သော သာမန်ပုဂ္ဂိုလ်တို့၌ အဘယ်မှာ ဆိုဖွယ်ရှိချေအံ့နည်း-ဟူ၍-
ဤဆိုခဲ့သည့်အတိုင်း ခွန်အားကြီးခြင်းအားဖြင့် (သေခြင်းကို) အဖန်တလဲလဲ အောက်မေ့ဆင်ခြင်အပ်ပေသည်။ (၃-ဂ)
(၃-ဃ) တန်ခိုးကြီးခြင်းအားဖြင့် အဘယ်သို့ အောက်မေ့ ဆင်ခြင်အပ်သနည်း?ဟူမူ-
တန်ခိုးရှင်တို့တွင် အမြတ်ဆုံးဖြစ်၍ ဒုတိယ အဂ္ဂသာဝက ဖြစ်တော်မူသော အရှင်မဟာမောဂ္ဂလ္လာန် မထေရ်သည် သိကြားမင်း၏စံရာ ဝေဇယန္တာပြာသာဒ်ကို ခြေမတော်မျှဖြင့် တုန်လှုပ်စေခဲ့၏။ ထိုမျှလောက် တန်ခိုးကြီးသော အရှင်မဟာမောဂ္ဂလ္လာန် မထေရ်သော်မှလည်း ခြင်္သေ့၏ခံတွင်းသို့ ဝင်ရသော သမင်ကဲ့သို့ ကြမ်းကြုတ်စွာသော သေမင်း၏ခံတွင်းသို့ တန်ခိုးတော်များနှင့်တကွ ဝင်ရတုံသေး၏၊ ငါကဲ့သို့သော သာမန်ပုဂ္ဂိုလ်တို့၌ အဘယ်မှာ ဆိုဖွယ်ရှိချေအံ့နည်း-ဟူ၍-
ဃဋပဏ္ဍိတဇာတ်မှ ယူ၍ ပြဆိုခြင်းပင် ဖြစ်သည်။ ဝါသုဒေဝစသော ညီနောင် လူစွမ်းကောင်းတို့သည်လည်း နောက်ဆုံး၌ အချင်းချင်း သတ်၍၎င်း၊ ရန်သူက သတ်၍၎င်း သေဆုံးပျက်စီးကြရကြောင်း ဃဋပဏ္ဍိတဇာတ်၌ ပြဆိုထားသည်။
၂၄၈
ဤဆိုခဲ့သည့်အတိုင်း တန်ခိုးကြီးခြင်းအားဖြင့် (သေခြင်းကို) အဖန်တလဲလဲ အောက်မေ့ဆင်ခြင်အပ်ပေသည်။ (၃-ဃ)
(၃-င) ပညာကြီးခြင်းအားဖြင့် အဘယ်သို့ အောက်မေ့ဆင်ခြင်အပ်သနည်း?ဟူမူ-
မြတ်စွာဘုရားမှတပါး ရှိရှိသမျှ အားလုံးသော သတ္တဝါတို့၏ (အသိဉာဏ် ပညာတို့သည်) အရှင်သာရိပုတ္တရာ ဉာဏ်ပညာတော်၏ တဆယ့်ခြောက်စိတ် တစိတ်ကိုမျှ (ဝါ-၂၅၆-စိတ် တစိတ်ကိုမျှ)၁ မမှီနိုင်ကုန်။
ဤသို့ ဉာဏ်ပညာကြီးတော်မူ၍ ပဌမ အဂ္ဂသာဝက ဖြစ်တော်မူသော အရှင်သာရိပုတ္တရာသည်(သော်မှလည်း) သေမင်း၏ အလိုနိုင်ငံသို့ ရောက်ရတုံသေး၏၊ ငါကဲ့သို့သော သာမန်ပုဂ္ဂိုလ်တို့၌ အဘယ်မှာ ဆိုဖွယ်ရှိချေအံ့နည်း-ဟူ၍-
ဤဆိုခဲ့သည့်အတိုင်း ပညာကြီးခြင်းအားဖြင့် (သေခြင်းကို) အဖန်တလဲလဲ အောက်မေ့ဆင်ခြင်အပ်ပေသည်။ (၃-င)
(၃-စ) ပစ္စေကဗုဒ္ဓါအားဖြင့် အဘယ်သို့ အောက်မေ့ဆင်ခြင်အပ်သနည်း?ဟူမူ- မိမိဉာဏ်နှင့် ဝီရိယ၏ အစွမ်းအားဖြင့် အလုံးစုံသော
၁- သောဠသိံ ကလံ-၏ အနက်ဖြစ်သည်။ ကလ-သဒ္ဒါက ၁၆-စိတ်မှ တစိတ်ကို ဟောငြားသော်လည်း သောဠသိံ-ပုဒ်နှင့် အရတူဟု ယူလျှင် ၁၆-စိတ်မှ တစိတ်ဟူ၍သာ ရ၏၊ ထိုအနက်ကို ပဌမပြန်ချက်ဖြင့် ပြသည်။ ဒုတိယပြန်ချက်ဖြင့်မူကား သောဠသိံ-အရ ၁၆-စိတ်မှ တစိတ်ကို ကလ-အရ ၁၆-စိတ်ပြု၍ တစိတ်ဟူသော အနက်ကို ပြသည်။ ထို့ကြောင့် ၁၆-ခု ၁၆-လီ ၂၅၆-စိတ်မှ တစိတ်ဟူသော အနက်ကို ရသည်။
၂၄၉
ကိလေသာ ရန်သူတို့ကို ချေမှုန်း ပယ်ဖျက်တော်မူကြလျက် ပစ္စေကဗောဓိဉာဏ်သို့ ရောက်တော်မူကြကုန်သော တပါးတည်းသာ နေလေ့ရှိကြသဖြင့် တချောင်းတည်းသာပေါက်သည့် ကြံ့ချိုနှင့်၁ တူတော်မူကြကုန်သော ကိုယ်ပိုင်ဉာဏ်ဖြင့်သာ သစ္စာကို သိတော်မူကြသဖြင့် သယမ္ဘူ မည်တော်မူကြကုန်သော အကြင် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် ရှိကြကုန်၏၊ ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သော်မှလည်း သေခြင်းမှ မလွတ်ကြပေကုန်၊ ငါသည်ကား (သေခြင်းမှ) အဘယ်မှာ လွတ်ချေအံ့နည်း-ဟူ၍၎င်း-
(လက်ကောက်နှစ်ခုတို့၏ အချင်းချင်း ထိခိုက်ခြင်း အစရှိသော) ထိုထိုအကြောင်းနိမိတ်ကို စွဲမှီကုန်၍ စူးစမ်းဆင်ခြင်ကုန်လျက် အကြင် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် မိမိအလိုလိုဖြစ်သော သယမ္ဘူဉာဏ်အစွမ်းဖြင့် အာသဝေါကုန်ခြင်းသို့ ရောက်တော်မူကြပေကုန်၏။
တပါးတည်းသာ ကျင့်လေ့ နေလေ့ ရှိခြင်းကြောင့် တချောင်းတည်းသာပေါက်သည့် ကြံ့ချိုနှင့် တူတော်မူကြကုန်သော ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သော်မှလည်း သေခြင်းကို မကျော်လွန်နိုင်ကြလေကုန်၊ ငါသို့သော သာမန်ပုဂ္ဂိုလ်တို့၌ အဘယ်မှာ ဆိုဖွယ်ရှိချေအံ့နည်း-ဟူ၍၎င်း-
၁- အိန္ဒိယ၌ဟောသော ဒေသနာများအရ ချိုတချောင်းတည်းသာပေါက်သော အိန္ဒိယကြံ့ကို ဥပမာပြုသည်၊ ချို၂-ချောင်းပေါက်သော အာဖရိကကြံ့ဖြင့် မစောဒနာအပ်။
၂၅၀
[၂၂၇] ဤဆိုခဲ့သည့်အတိုင်း ပစ္စကဗုဒ္ဓါ(အရှင်မြတ်တို့၏ ဖြစ်ပုံ)အားဖြင့် (သေခြင်းကို) အဖန်တလဲလဲ အောက်မေ့ဆင်ခြင်အပ်ပေသည်။ (၃-စ)
(၃-ဆ) သမ္မာသမ္ဗုဒ္ဓ ဘုရားအားဖြင့် အဘယ်သို့ အောက်မေ့ ဆင်ခြင်အပ်သနည်း?ဟူမူ ဘုန်းတော်ကြီးသော အကြင် မြတ်စွာဘုရားသည် ရှစ်ဆယ်သော လက္ခဏာငယ်တို့ဖြင့်၁ တန်ဆာဆင်အပ်ကုန်သော သုံးဆယ့်နှစ်ပါးသော မဟာပုရိသ လက္ခဏာတော်ကြီးတို့ဖြင့်
၁- ရှစ်ဆယ်သော လက္ခဏာငယ်တို့ကို ဇိနာလင်္ကာရဋီကာ ၁၇၇-၌၎င်း၊ သိရီလလိတဝိတ္ထာရဘာသာပြန် ပဌမတွဲ ၁၆၇-၌၎င်း အပြည့်အစုံ ပြဆိုထားသည်ကို တွေ့ရ၏။ ဤ၌ သိရီလလိတဝိတ္ထာရ ဘာသာပြန်မှ ထုတ်၍ ဖော်ပြအံ့။
အသီတာနုဗျဉ္ဇနခေါ် လက္ခဏာငယ် (၈၀)
(၁) မြင့်မောက်သော (ခုံးသော) လက်သည်း ခြေသည်းရှိခြင်း၊ (၂) နီသော လက်သည်း ခြေသည်းရှိခြင်း၊ (၃) ပျော့ပျောင်းသော လက်သည်း ခြေသည်းရှိခြင်း၊ (၄) လုံးသော လက်ချောင်း ခြေချောင်းရှိခြင်း၊ (၅) အစဉ်အတိုင်း အတို အရှည် ညီညွတ်၍ ဆန်းကြယ်သော လက်ချောင်း ခြေချောင်းရှိခြင်း၊ (၆) မထင်-မပေါ်သော အကြောရှိခြင်း၊ (၇) မထင်-မမို-မမောက်သော ဖမျက်ရှိခြင်း၊ (၈) ခိုင်ခံ့သန်မာသော တခဲနက်သော အဆက်အစပ် ရှိခြင်း၊ (၉) ညီညွတ်ချောမော ပြေပြစ်သော ခြေရှိခြင်း၊ (၁ဝ) ရှည်သော ခြေဖဏှောင့်ရှိခြင်း၊ (၁၁) ပြေပြစ်ချောမောသော လက္ခဏာအရေးအကြောင်း ပါရှိခြင်း၊ (၁၂) တူသော လက္ခဏာအရေးအကြောင်း ပါရှိခြင်း၊ (၁၃) နက်သော လက္ခဏာအရေးအကြောင်း ပါရှိခြင်း၊ (၁၄) ဖြောင့်သော လက္ခဏာအရေးအကြောင်း ပါရှိခြင်း၊ (၁၅) အစဉ်အတိုင်းတက်သော
၂၅၁
လက္ခဏာအရေး ပါရှိခြင်း၊ (၁၆) ကျီးအာသီးမှည့်ကဲ့သို့ နီသော နှုတ်ခမ်းရှိခြင်း၊ (၁၇) နားမခံသာအောင် အာခေါင်ကျယ်၍ ဆူညံသော အသံမဟုတ်ခြင်း၊ (၁၈) နူးညံ့သိမ်မွေ့သော နီသော လျှာရှိခြင်း၊ (၁၉) ဆဒ္ဒန်ဆင်မင်း၏ ကြုံးဝါးသံ, မိုးထစ်ကြိုးသံများကဲ့သို့ ထင်ရသော အသံ, ချိုအေး သာယာသော အသံရှိခြင်း၊ (၂၀) ပြည့်စုံသော ပုရိသနိမိတ် ရှိခြင်း၊ (၂၁) ရှည်သော လက်ရုံးရှိခြင်း၊ (၂၂) စင်ကြယ်သော ကိုယ်ဟူသော ဝတ္ထု၏ ပြည့်စုံခြင်း (၂၃) နူးညံ့သော ကိုယ်ရှိခြင်း၊(၂၄)ကြီးပြန့်တင့်တယ်သော ကိုယ်ရှိခြင်း၊ (၂၅) ဆင်းရဲဇာတာပါသည့် ကိုယ်မျိုး မဟုတ်ခြင်း (အင်္ဂါရုပ်ကောင်းခြင်း)၊ (၂၆) အစဉ်အတိုင်း ညွတ်သင့်သောအရာ၌ ညွတ်သောကိုယ် ရှိခြင်း၊ (၂၇) ကောင်းစွာ ဣန္ဒြေရသော မျက်နှာပိုးသေသော ကိုယ်ရှိခြင်း၊ (၂၈) အင်္ဂါကြီးငယ် မပူးမကပ် ကောင်းစွာ ကွဲပြားသော ကိုယ်ရှိခြင်း၊ (၂၉) ကြီးကျယ်ပြည့်ဖြိုး၍ တင့်တယ်သော ပုဆစ်ဒူးဝန်း ရှိခြင်း၊ (၃၀) လုံးသော ကိုယ်ရှိခြင်း၊ (၃၁) တင့်တယ်သော ကျောရိုး ကျောပြင်ဖြင့် မှတ်အပ်သော ကိုယ်ရှိခြင်း၊ (၃၂) ဖြောင့်မတ်သော ကိုယ်ရှိခြင်း၊ (၃၃) အစဉ်အတိုင်း နှစ်သက်ဖွယ် တင့်တယ်သော ကိုယ်ရှိခြင်း၊ (၃၄) နက်သော ချက်ရှိခြင်း၊ (၃၅) ဖြောင့်သော ချက်အရေးရှိခြင်း၊ (၃၆) အစဉ်အတိုင်း မပြတ်သည့်အရေးရှိသော ချက်ရှိခြင်း၊ (၃၇) နွားလားဥဿဘကဲ့သို့ ကောင်းသော သွားခြင်းရှိခြင်း၊ (၃၈) ထက်ဝန်းကျင် ကြည်ညိုဘွယ်သော သွားခြင်းရှိခြင်း၊ (၃၉) အလွန်စင်ကြယ်၍ ထက်ဝန်းကျင် တောက်ပသော အရောင်ရှိခြင်း၊ (၄၀) ဆဒ္ဒန်ဆင်မင်း၏ သွားခြင်းကဲ့သို့ တင့်တယ်သော သွားခြင်းရှိခြင်း၊ (၄၁) ခြင်္သေ့မင်းကဲ့သို့ တင့်တယ်သော သွားခြင်းရှိခြင်း၊ (၄၂) နွားလားဥဿဘ၏ကဲ့သို့ တင့်တယ်သော သွားခြင်းရှိခြင်း၊ (၄၃) ဟင်္သာ၏ကဲ့သို့ တင့်တယ်သော သွားခြင်းရှိခြင်း (၄၄)လက်ျာဘက်သို့သာ လှည့်၍ သွားခြင်းရှိခြင်း၊ (၄၅) လုံးသော ဝမ်းရှိခြင်း၊ (၄၆) ဖြောင့်သော ဝမ်းရှိခြင်း၊ (၄၉) လေး၏ဝမ်းကဲ့သို့ ပါးလျသော ဝမ်းရှိခြင်း၊
၂၅၂
ကြယ်သော ရုပ်ကိုယ်တော်နှင့်လည်း ပြည့်စုံတော်မူပေ၏၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့် ထက်ဝန်းကျင် စင်ကြယ်ကုန်သော
(၄၈) ကျောက်ပေါက်မာ မှည့်မည်းစသော အပြစ်ကင်းသည့် ကိုယ်ရှိခြင်း၊ (၄၉) လုံးသော အစွယ်ရှိခြင်း၊ (၅၀) ထက်သော သွားရှိခြင်း၊ (၅၁) အစဉ်အတိုင်း တင့်တယ်သော အစွယ်ရှိခြင်း၊ (၅၂) မြင့်သော နှာတံရှိခြင်း၊ (၅၃) စင်ကြယ်သော မျက်စိရှိခြင်း၊ (၅၄) အညစ်အကြေးကင်းသော မျက်စိရှိခြင်း၊ (၅၅) ရွှင်သော- ကြည်သော မျက်စိရှိခြင်း၊ (၅၆) ရှည်သော မျက်စိရှိခြင်း၊ (၅၇) ကျယ်သော မျက်စိရှိခြင်း၊ (၅၈) ကြာညိုပွင့်ချပ်ကဲ့သို့ တင့်တယ်စွာ ညိုသော မျက်စိရှိခြင်း၊ (၅၉) စေ့စပ် ချောမော ပြေပြစ်သော မျက်စံရှိခြင်း၊ (၆ဝ) လှပ ဆန်းကြယ်သော မျက်လုံး မျက်မှောင် ရှိခြင်း၊ (၆၁) တပေါင်းတည်း လုံးသော မျက်ခုံးရှိခြင်း၊ (၆၂) အစဉ်အတိုင်း ပြေပြစ်၍ ကိုင်းညွှတ်သော မျက်ခုံးရှိခြင်း၊ (၆၃) မည်းနက်သော မျက်ခုံးရှိခြင်း၊ (၆၄) ပြည့်၍ ပါးစုန့်ထွက်သော ပါးရှိခြင်း၊ (၆၅) ညီညွတ်သော ပါးရှိခြင်း၊ (၆၆) ဆိုစရာ အပြစ်ကင်းသော ပါးရှိခြင်း၊ (၆၇) အပြစ်ကင်းသော ရင်ဘတ်ရှိခြင်း၊ (၆၈) အလွန်ထင်ရှားသော စက္ခုစသော ဣန္ဒြေရှိခြင်း၊ (၆၉) ကောင်းစွာ ပြည့်စုံသော စက္ခုစသော ဣန္ဒြေရှိခြင်း၊ (၇ဝ) တပြေးတည်း ညီညွတ်လှစွာ လှပတင့်တယ်သော မျက်နှာရှိခြင်း (နဖူးမောက် နှာယောင်ကောက် မဟုတ်ဟု ဆိုလို၏)၊ (၇၁) ထက်ဝန်းကျင် ပြည့်သော ဦးခေါင်းရှိခြင်း၊ (၇၂) မည်းနက်သော ဆံပင်ရှိခြင်း၊ (၇၃) တညီတညာတည်းသော ဆံပင်ရှိခြင်း၊ (၇၄) ကောင်းသော တပါင်းတစည်းတည်း ဆံပင်ရှိခြင်း၊ (၇၅) မွှေးကြိုင်သည့် အနံ့ရှိသော ဆံပင်ရှိခြင်း၊ (၇၆) နူးညံ့သော ဆံပင်ရှိခြင်း၊ (၇၇) မရှုပ်ထွေးသော ဆံပင်ရှိခြင်း၊ (၇၈) အစဉ်အတိုင်း တင့်တယ်စွာပေါက်သော ဆံပင်ရှိခြင်း၊ (၇၉) မတွန့်မလိပ်သော ဆံပင်ရှိခြင်း၊ (၈၀) ဇလပ်ပန်းကဲ့သို့ လက်ျာရစ်လည်၍ တည်သော ဆံပင်ရှိခြင်း။ ဤကား သိရီလလိတဝိတ္ထာရ မြန်မာပြန်၌ ပြထားသော လက္ခဏာငယ်
၂၅၃
သီလအစု အစရှိကုန်သော ဂုဏ်ရတနာတို့ဖြင့် ပြီးသော၁ (ဓမ္မကာယ) တရားကိုယ်တော်နှင့်လည်း ပြည့်စုံတော်မူပေ၏၊ အခြံအရံများသူ၏အဖြစ် ဘုန်းကံကြီးသူ၏အဖြစ် ခွန်အားကြီးသူ၏အဖြစ် တန်ခိုးကြီးသူ၏အဖြစ် ပညာကြီးသူ၏အဖြစ်တို့၏ (ဝါ-အခြံအရံများခြင်း.. ပညာကြီးခြင်းတို့၏) ခေါင်ထိပ် တဖက်ကမ်းသို့ ရောက်တော်မူ၏၂၊ တူသူမရှိသော ရှေးဘုရား နောင်ပွင့်မည့် ဘုရားတို့နှင့်သာ တူတော်မူ၏၊ ပြိုင်ဘက် တူသူမရှိပေ၊ ကိလေသာမှ ဝေးကွာ စင်ကြယ်တော်မူပေ၏။ မှန်စွာ ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူပေ၏၊ ထိုသို့သော မြတ်စွာဘုရားသော်မှလည်း ရေအယဉ်မိုး (သည်းထန်စွာ) ကျခြင်းကြောင့် ငြိမ်းလေသော မီးပုံကြီးကဲ့သို့ သေခြင်းဟူသောမိုး၏ ကျခြင်းကြောင့် တခဏချင်းပင် ငြိမ်းတော်မူလေ၏။
ဤဆိုခဲ့သည့်အတိုင်း ကြီးမားသော အာနုဘော်ရှိသော မြတ်စွာဘုရား၏ အလိုနိုင်ငံသို့ အကြင်သေခြင်းသည် ကြောက်သဖြင့်လည်း မလိုက်၊ ရှက်သဖြင့်လည်း မလိုက်၊ (သူ့အလိုသို့သာ လိုက်စေ၏)။
(၈၀)-ဖြစ်သည်။ (မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၂၊ နှာ ၁၄၂-၄-တို့၌လည်း ကြည့်ပါ) လက္ခဏာတော်ကြီး (၃၂)ပါးကိုမူ မြန်မာပြန် ဒီဃနိကာယ် မဟာဝဂ္ဂ မဟာပဒါနသုတ်၌ ကြည့်ရှုနိုင်၏။
၁-မြတ်စွာဘုရား၏ ဓမ္မကာယ- တရားကိုယ်တော်ဟူသည်မှာ သီလဂုဏ် အစရှိသော ဂုဏ်တော်ရတနာများပင် ဖြစ်သည်ဟု ဆိုလို၏။
၂- အခြံအရံ အများဆုံး ဘုန်းကံအကြီးမားဆုံး ခွန်အားအကြီးဆုံး တန်ခိုးအကြီးဆုံး ပညာအကြီးဆုံး ဖြစ်တော်မူသည်ဟု ဆိုလို၏။
၂၅၄
ရှက်ခြင်းလည်း မရှိ ကြောက်ရွံ့ခြင်းလည်း ကင်းသော သတ္တဝါအားလုံးကို ချေမှုန်းသတ်ဖြတ်တတ်သော ထိုသို့သော ဤသေခြင်းသည် ငါသို့သော သတ္တဝါကို အဘယ့်ကြောင့် မလွှမ်းမိုး မနှိပ်စက်ပဲ ရှိတုံအံ့နည်း-ဟူ၍-
ဤဆိုခဲ့သည့်အတိုင်း သမ္မာသမ္ဗုဒ္ဓဘုရား(၏ ဖြစ်ပုံ)အားဖြင့် (သေခြင်းကို) အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်အပ်ပေသည်။ (၃-ဆ)
ဤဆိုခဲ့သည့်အတိုင်း အခြံအရံများခြင်း စသည်တို့နှင့် ပြည့်စုံကုန်သော အခြားပုဂ္ဂိုလ်တို့နှင့်တကွ သေခြင်းဟူသော တူညီခြင်း ရှိသည်၏အဖြစ်ဖြင့် မိမိကိုယ်ကို (သေခြင်းသို့) ကပ်ဆောင်၍ ထိုပုဂ္ဂိုလ်ထူးတို့၏ သေခြင်းကဲ့သို့ ငါ၏လည်း သေရခြင်းသည် ဖြစ်လတံ့ဟု အဖန်တလဲလဲ အောက်မေ့ဆင်ခြင်သော ထိုယောဂီအား ဥပစာရသို့ရောက်သော ကမ္မဋ္ဌာန်းသည် ဖြစ်၏။ သို့ဖြစ်၍ ဤဆိုခဲ့သည့်အတိုင်း အနီးသို့ ဆောင်သောအားဖြင့် သေခြင်းကို အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်အပ်ပေသည်။ (၃)
(၄) ရုပ်ကိုယ်၏ သတ္တဝါအများတို့နှင့် ဆက်ဆံသောအားဖြင့် ရှုပုံ
၁၇၂။ (၄) ရုပ်ကိုယ်၏ သတ္တဝါအများတို့နှင့် ဆက်ဆံသောအားဖြင့် ဟူရာ၌ အကျယ်ကား- ဤကိုယ်သည် များစွာသော သတ္တဝါတို့နှင့် ဆက်ဆံ၏၊ ရှေးဦးစွာ ပြရလျှင် ရှစ်ဆယ်သော ပိုးမျိုးတို့နှင့် ဆက်ဆံ၏၊ ထိုပိုးတို့တွင် အရေပါးကိုမှီ၍ နေကုန်သော ပိုးတို့သည် အရေပါးကို ခဲစားကုန်၏၊ အရေထူကိုမှီ၍ နေကုန်သော ပိုးတို့သည် အရေထူကို ခဲစားကုန်၏၊ အသားကိုမှီ၍ နေကုန်သော ပိုးတို့သည် အသားကို ခဲစားကုန်၏၊ အကြောကိုမှီ၍ နေကုန်သော
၂၅၅
ပိုးတို့သည် အကြောကို ခဲစားကြကုန်၏၊ အရိုးကိုမှီ၍ နေကုန်သော ပိုးတို့သည် အရိုးကို ခဲစားကြကုန်၏၊ ခြင်ဆီကိုမှီ၍ နေကုန်သော ပိုးတို့သည် ခြင်ဆီကို ခဲစားကုန်၏၊ ထို မိမိတို့၏နေရာ အရေပါး စသည်တို့၌သာလျှင် ပေါက်ဖွားကုန်၏ အိုကုန်၏ သေကုန်၏ ကျင်ကြီးကျင်ငယ် စွန့်ကုန်၏၊ ဤကိုယ်သည်ပင်လျှင် ထိုပိုးတို့၏ သားဖွားခန်းလည်း ဖြစ်၏၊ (သူအိုရုံ) သူနာရုံလည်း ဖြစ်၏၊ သုသာန်လည်း ဖြစ်၏၊ ကျင်ကြီးအိမ်လည်း ဖြစ်၏၊ ကျင်ငယ်ခွက်လည်း ဖြစ်၏။ ထိုသို့သော ဤကိုယ်သည် ထိုပိုးမျိုးတို့၏ ပျက်စီးခြင်းကြောင့်လည်း သေခြင်းသို့ ရောက်တတ်သည်သာတည်း။ ထို့ပြင် ရှစ်ဆယ်သော ပိုးမျိုးတို့နှင့် ဆက်ဆံသကဲ့သို့ ထို့အတူပင် ကိုယ်တွင်း၌ ဖြစ်ကုန်သော အရာမက များစွာသော သေစေနိုင်သော ရောဂါနှင့်လည်း ဆက်ဆံ၏၊ သေခြင်း၏ အကြောင်းဖြစ်ကုန်သော အပြင်ပ မြွေ, ကင်း စသည်တို့နှင့်လည်း ဆက်ဆံ၏။
ဥပမာဖြင့် ပြရလျှင် လမ်းလေးခွဆုံ၌ထားသော ပစ်ကွင်း မှတ်တိုင်၌ အလုံးစုံသော အရပ်မျက်နှာတို့မှ လာကုန်သော မြား လှံ ခက်ရင်း ကျောက် စသည်တို့သည် ကျရောက် ထိမှန်ကုန်သကဲ့သို့ ထို့အတူပင် ရုပ်ကိုယ်၌လည်း အလုံးစုံသော ဥပဒ္ဒဝေါ- ဘေးရန်တို့သည် [၂၂၈] ကျရောက်ကုန်၏။ ယင်း ဥပဒ္ဒဝေါတို့၏ ကျရောက်ခြင်းကြောင့်လည်း ထိုကျရာဖြစ်သော ဤရုပ်ကိုယ်သည် သေခြင်းသို့ ရောက်တတ်သည်သာတည်း။ ထို့ကြောင့် မြတ်စွာဘုရားက အောက်ပါအတိုင်း ဟောတော်မူလေသည်။
“ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နေ့ကုန်၍ ညဉ့်အချိန် ရောက်လာလတ်သော် ဤသို့ ဆင်ခြင်၏- ငါ့မှာ သေခြင်း၏ အကြောင်းတို့သည် များလှကုန်၏၊
၂၅၆
မြွေသည်မူလည်း ငါ့ကို ကိုက်ရာ၏၊ ကင်းမြီးကောက်သည်မူလည်း ငါ့ကို ထိုးရာ၏၊ ကင်းခြေများသည်မူလည်း ငါ့ကိုကိုက်ရာ၏၊ ထို့ကြောင့် ငါ့အား သေခြင်းသည် ဖြစ်ရာ၏။ ထိုသေခြင်းသည် ငါ့အား (တရားနှလုံးသွင်းမှု၏) အန္တရာယ် ဖြစ်ရာ၏။ ငါသည် ချော်၍မူလည်း လဲကျရာ၏၊ ငါစားထားသည့် အစာသည်မူလည်း ဖောက်ပြန်ရာ၏၊ ငါ၏ သည်းခြေသည်လည်း ပျက်ရာ၏၊ ငါ၏ သလိပ်သည်မူလည်း ပျက်ရာ၏၊ ငါ၏ ဓားနှင့်တူသော လေတို့သည်မူလည်း ပျက်ကုန်ရာ၏၊ ထိုခြေချော်ခြင်းစသော အကြောင်းကြောင့် ငါ့အား သေခြင်းသည် ဖြစ်ရာ၏၊ ထိုသေခြင်းသည် ငါ့အား အန္တရာယ်ဖြစ်ရာ၏-ဟူ၍ (ဆင်ခြင်၏)”။
ဤဆိုခဲ့သည့်အတိုင်း ရုပ်ကိုယ်၏ သတ္တဝါအများတို့နှင့် ဆက်ဆံသောအားဖြင့် သေခြင်းကို အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်အပ်ပေသည်။ (၄)
(၅) အသက်၏ အားနည်းသောအားဖြင့် ရှုပုံ
၁၇၃။ (၅) အသက်၏ အားနည်းသောအားဖြင့် ဟူရာ၌ အကျယ်ကား- ဤအသက်မည်သည်မှာ အားမရှိ အားနည်း၏။ ထိုစကားမှန်ပေ၏- သတ္တဝါတို့၏ အသက်သည် ထွက်သက် ဝင်သက်နှင့်လည်း စပ်၏၊ ဣရိယာပုထ်တို့နှင့်လည်း စပ်၏၊ အအေး အပူနှင့်လည်း စပ်၏၊ မဟာဘုတ်တို့နှင့်လည်း စပ်၏၊ အာဟာရနှင့်လည်း စပ်၏။ ထိုထွက်သက် ဝင်သက် စသည်တို့နှင့် စပ်သော ဤအသက်သည် ထွက်သက် ဝင်သက်တို့၏ အညီအမျှဖြစ်ခြင်းကို ရသော်သာလျှင် မပြတ်ဆက်၍ ဖြစ်နိုင်၏။ အပြင်သို့ထွက်သော နှာခေါင်းလေသည်
၂၅၇
အတွင်းသို့ မဝင်လတ်သော်၎င်း၊ ဝင်ပြီးသောလေသည် မထွက်လတ်သော်၎င်း (သတ္တဝါသည်) သူသေမည်သည် ဖြစ်လေတော့၏။ လေးပါးသော ဣရိယာပုထ်တို့၏ အညီအမျှဖြစ်ခြင်းကို ရသော်သာလျှင် မပြတ်ဆက်၍ ဖြစ်နိုင်၏၊ တပါးပါးသော ဣရိယာပုထ်၏ (အထိုင်များလွန်းခြင်း စသည်ဖြင့်) လွန်ကဲခြင်းကြောင့် အာယုသင်္ခါရခေါ် အသက်ဆိုင်ရာ ရုပ်နာမ်တို့သည် ပြတ်စဲသွားကုန်၏။ အအေးနှင့် အပူတို့၏လည်း အညီအမျှ ဖြစ်ခြင်းကို ရသော်သာလျှင် မပြတ်ဆက်၍ ဖြစ်နိုင်၏။ အလွန်အေးခြင်းက ဖြစ်စေ၊ အလွန်ပူခြင်းကဖြစ်စေ လွှမ်းမိုး နှိပ်စက်ခံရသောသူအား (အသက်သည်) ဖောက်ပြန် ပျက်စီးတတ်၏။ မဟာဘုတ်တို့၏လည်း အညီအမျှဖြစ်ခြင်းကို ရသော်သာလျှင် မပြတ်ဆက်၍ ဖြစ်နိုင်၏၊ ပထဝီဓာတ်၏သော်၎င်း၊ အာပေါဓာတ် စသည်တို့တွင် တပါးပါး၏သော်၎င်း ပျက်ခြင်းကြောင့် ခွန်အားနှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည်သော်လည်း ခက်မာသောကိုယ် ရှိသည်ဖြစ်၍သော်၎င်း၊ ဝမ်းသွန်သော အနာစသည်၏ အစွမ်းအားဖြင့် စိုစွတ်လျက် ပုပ်သောကိုယ် ရှိသည်ဖြစ်၍သော်၎င်း၊ ပြင်းစွာပူလောင်ခြင်းက နှိပ်စက်အပ်သည် ဖြစ်၍သော်၎င်း၊ အစပ်အဖွဲ့များ ပြတ်သည်ဖြစ်၍သော်၎င်း အသက်ကုန်ခြင်းသို့ ရောက်တတ်၏။ အလုပ်အလွေ့ပြုအပ်သော အာဟာရကိုလည်း သင့်လျော်သောကာလ၌ ရသောသူအားသာလျှင် အသက်သည် မပြတ်ဆက်ဖြစ်၏၊ အာဟာရကို မရလျှင် အသက်ကုန်ခြင်းသို့ ရောက်တတ်၏။ သို့ဖြစ်၍ ဤဆိုခဲ့သည့်အတိုင်း အသက်၏ အားနည်းသောအားဖြင့် သေခြင်းကို အဖန်တလဲလဲ အောက်မေ့ဆင်ခြင်အပ်ပေသည်။ (၅)
၂၅၈
(၆) အမှတ်နိမိတ် မရှိသောအားဖြင့် ရှုပုံ
၁၇၄။ (၆) အမှတ်နိမိတ် မရှိသောအားဖြင့် ဟူသည်ကား (အသက်ရှင်ရာကာလ စသည်) အပိုင်းအခြား အမှတ်နိမိတ် မရှိသောအားဖြင့်-ဟု ဆိုလို၏၁။ မှန်ပေ၏- သတ္တဝါတို့အား-
အသက်, အနာရောဂါ, ကာလ, ကိုယ်ကောင်ကို ပစ်ချရာအရပ်, လားမည့် ဂတိဟူသော ဤငါးပါးတို့ကို သတ္တလောက၌ အမှတ်နိမိတ် အပိုင်းအခြား မရှိကြသည်ဖြစ်၍ မသိအပ်- မသိနိုင်ကုန်၂၊
၁- ဤ၌ အဝဝတ္ထာနတောနှင့် ပရိစ္ဆေဒါဘာဝတော-တို့ကို မြန်မာအနက် တူနေသာကြောင့် ပေါင်း၍ တနက်တည်း ပြန်ထားသည်။
၂- ဤဂါထာ ပါဌ်အနက်ကို ပြဦးအံ့-
ဇီဝိတံ ဗျာဓိ ကာလော စ၊ ဒေဟနိက္ခေပနံ ဂတိ။
ပဉ္စေတေ ဇီဝလောကသ္မိံ၊ အနိမိတ္တာ န နာယရေ။
ဇီဝိတံ၊ အသက်ကို၎င်း။ ဝါ-အသက်ရှင်နေရမည့် ကာလအပိုင်းအခြားကို၎င်း။ ဗျာဓိ၊ သေခါနီး၌ ခံစားရမည့် အနာရောဂါကို၎င်း။ ကာလော စ၊ သေရမည့် နှစ် လ ရက် နေ့ အချိန်ကာလကို၎င်း။ ဒေဟနိက္ခေပနံ၊ သေပြီးနောက် ကိုယ်ကောင်အလောင်းကို ပစ်ချရမည့် အရပ်ကို၎င်း။ ဂတိ၊ လားရောက်ရမည့် ဂတိကို၎င်း။ ဧတေ ပဉ္စ၊ ဤငါးပါးတို့ကို။ ဇီဝလောကသ္မိံ၊ သတ္တလောက၌။ အနိမိတ္တာ၊ သိကြောင်းနိမိတ် အရိပ်လက္ခဏာ တစုံတရာမျှ မရှိကြသည်ဖြစ်၍။ န နာယရေ၊ အတပ်သေချာ မှန်စွာတိတိ မသိအပ် မသိနိုင်ကုန်။
၂၅၉
[၂၂၉) ထိုငါးပါးတို့တွင် အသက်သည် “ဤမျှသာလျှင် ရှင်နိုင်သည်၊ ဤမှနောက်၌ မရှင်နိုင်”ဟု အပိုင်းအခြား မရှိခြင်းကြောင့် (သိနိုင်ကြောင်း) အမှတ်နိမိတ် မရှိပေ။ မှန်ပေ၏- သတ္တဝါတို့သည် ကလလရေကြည် ကာလ၌လည်း သေကုန်၏၊ အမြှုပ်ကာလ သားတစ်ကာလ တခဲနက်ကာလ တလအတွင်းကာလ နှစ်လ သုံးလ လေးလ ငါးလ ဆယ်လကာလ၌လည်း (သေကုန်၏)၊ မွေးဖွားပြီးသော ကာလ၌လည်း (သေကုန်၏)၊ ထိုမှနောက်၌ အနှစ်တရာ၏ အတွင်း၌လည်း (သေကုန်၏)၊ အပဖြစ်သော ရာကျော်ကာလ၌လည်း သေကုန်သည်သာတည်း။ အနာရောဂါသည်လည်း “ဤအနာဖြင့်သာလျှင် သတ္တဝါတို့သည် သေကုန်၏၊ အခြားအနာဖြင့် မသေကုန်”ဟု အပိုင်းအခြား မရှိခြင်းကြောင့် (သိနိုင်ကြောင်း) အမှတ်နိမိတ် မရှိပေ။ မှန်ပေ၏- သတ္တဝါတို့သည် မျက်စိရောဂါဖြင့်လည်း သေကုန်၏၊ နားရောဂါ စသည်တို့တွင် တမျိုးမျိုးဖြင့်လည်း သေကုန်၏။ သေရမည့် ကာလသည်လည်း “နံနက်ပိုင်းစသော ဤကာလ၌သာလျှင် သေနိုင်သည်။ အခြားကာလ၌ မသေနိုင်”ဟု ဤသို့ အပိုင်းအခြား မရှိခြင်းကြောင့် (သိနိုင်ကြောင်း) အမှတ်နိမိတ် မရှိပေ။ မှန်ပေ၏- သတ္တဝါတို့သည် နံနက်ပိုင်း၌လည်း သေကုန်၏၊ နေ့လယ်ပိုင်း စသည်တို့တွင် တပါးပါး၌လည်း (သေကုန်၏)။ ကိုယ်ကောင်ကိုပစ်ချရာ အရပ်သည်လည်း “သေသူတို့၏ ကိုယ်ကောင်သည် ဤအရပ်၌သာလျှင် ကျရာ၏၊ အခြားအရပ်၌ မကျရာ”ဟု ဤသို့ အပိုင်းအခြား မရှိခြင်းကြောင့် (သိနိုင်ကြောင်း) အမှတ်နိမိတ် မရှိပေ။ မှန်ပေ၏- ရွာ၏အတွင်း၌ မွေးသောသူတို့၏ ကိုယ်သည် ရွာ၏အပ၌လည်း ကျတတ်၏၊ ရွာ၏အပ၌ မွေးသောသူတို့၏ (ကိုယ်သည်)လည်း ရွာ၏အတွင်း၌ (ကျတတ်၏)။ ထို့အတူ ကုန်း၌မွေးသူတို့၏ (ကိုယ်သည်) ရေ၌ (ကျတတ်၏) ရေ၌ မွေးသူတို့၏ (ကိုယ်သည်)
၂၆၀
ကုန်း၌ (ကျတတ်၏)-ဟု များသော ပြားအားဖြင့် ချဲ့အပ်၏။ လားရာ ဂတိသည်လည်း “ဤလူ့ပြည်မှ စုတေသောသူသည် လူ့ပြည်၌ ဖြစ်ရာ၏” စသည်ဖြင့် ဤသို့ အပိုင်းအခြား မရှိခြင်းကြောင့် (သိနိုင်ကြောင်း) အမှတ်နိမိတ် မရှိပေ။ မှန်ပေ၏- နတ်ပြည်မှ စုတေကုန်သော သူတို့သည် လူတို့၌လည်း ဖြစ်ကုန်၏၊ လူပြည်မှ စုတေကုန်သော သူတို့သည် နတ်ပြည် စသည်တို့တွင် တပါးပါးသော အရပ်၌လည်း ဖြစ်ကုန်၏၊ ဤသို့ အစရှိသောနည်းဖြင့် ဆုံလည်စက်၌ က-ထားသော နွားကဲ့သို့ ဂတိငါးပါးအပေါင်း၌၁ သတ္တဝါအပေါင်းဟူသော လောကသည် အပြန်ပြန်လည်လျက် ရှိ၏။ ဤကား အကျယ်ပြချက်တည်း။ ဤဆိုခဲ့သည့်အတိုင်း အမှတ်နိမိတ် မရှိသောအားဖြင့် သေခြင်းကို အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်အပ်ပေသည်။ (၆)
(၇) အသက်တမ်း၏ အပိုင်းအခြားအားဖြင့် ရှုပုံ
၁၇၅။ (၇) အသက်တမ်း အပိုင်းအခြားအားဖြင့် ဟူရာ၌ အကျယ်ကား- ယခုအခါ၌ လူတို့၏ အသက်ရှင်ရာ အဓွန့်ကာလမည်သည် နည်းလှ တိုတောင်းလှ၏။ အကြင်သူသည် ရှည်စွာ အသက်ရှင်၏၊ ထိုသူသည် အနှစ်တရာ (အသက်ရှင်၏) အနှစ်တရာထက် ပိုလွန်၍ အနည်းငယ်သော်လည်း (အသက်ရှင်၏)။ ထို့ကြောင့် မြတ်စွာဘုရားသည် “ရဟန်းတို့ လူတို့၏ ဤအသက်သည် နည်းစွ- တိုတောင်းစွ၊ နောင်တမလွန်လောကသို့ (မကြာမီပင်) သွားရချေမည်၊
၁- ဂတိငါးပါး ဟူသည်မှာ ငရဲ တိရစ္ဆာန် ပြိတ္တာ လူ နတ်-ဤငါးပါးပင် ဖြစ်သည်။
၂၆၁
ကုသိုလ်ကို ပြုသင့်၏၊ မြတ်သောအကျင့်ကို ကျင့်သင့်၏။ ဘဝအသစ် ဖြစ်ပြီးသောသူ၏ မသေခြင်းမည်သည် မရှိချေ၊ ရဟန်းတို့ အကြင်သူသည် ရှည်စွာ အသက်ရှင်နေ၏။ ထိုသူသည်အနှစ်တရာ (သက်ရှင်၏) အနှစ်တရာထက် ပိုလွန်၍ အနည်းငယ်သော်လည်း (အသက်ရှင်၏)၁”ဟူ၍၎င်း-
“(ယခုအခါ) လူတို့၏ အသက်သည် နည်းလှ- တိုတောင်းလှ၏၊ ထိုအသက်ကို ကောင်းသော အမြော်အမြင်ပညာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ရှုတ်ချရာ၏၊ ဦးခေါင်းကို မီးလောင်နေသော သူကဲ့သို့ (လျင်စွာ) ကျင့်ရာ၏၊ သေခြင်း၏ မလာခြင်းမည်သည် မရှိချေ၂”ဟူ၍၎င်း ဟောတော်မူပေသည်။
၁- ပိုလွန်၍ အနည်းငယ်သော်လည်း ဟူသည်ကား ပိုလွန်၍ အသက်ရှင်သူသည် တပါးသော ဒုတိယ အနှစ်တရာတိုင်အောင် အသက်ရှင်ရန် မစွမ်းနိုင်၊ အနှစ် ငါးဆယ်သော်၎င်း၊ ခြောက်ဆယ်သော်၎င်း (ပိုလွန်၍) ရှင်နိုင်၏။ (သံယုတ်အဋ္ဌကထာ ပဌမ ၁၆၁) ပိုလွန်၍ အနည်းငယ်သော်လည်း- ဟူသည်ကား အနှစ်တရာမှ အထက်၌ ဆယ်နှစ် အနှစ်နှစ်ဆယ် စသည်ဖြင့် ဒုတိယ အနှစ်တရာသို့ (ဝါ-အနှစ်နှစ်ရာသို့) မရောက်မူ၍ အည်းငယ်သော်လည်း (ပိုလွန်၍) ရှင်နိုင်၏- ဤကား အနက်။ (မဟာဋီ)
၂- မူရင်းဂါထာကို ပါဠိအနက် ထုတ်ပြဦးအံ့။
အပ္ပမာယု မနုဿာနံ၊ ဟီဠေယျ နံ သုပေါရိသော။
စရေယျာဒိတ္တသီသောဝ၊ နတ္ထိ မစ္စုဿ’နာဂမော။
(ဣဒါနိ၊ အနှစ်တရာမျှ အသက်တမ်းရှိရာ ယခုအခါ၌။) မနုဿာနံ၊ လူတို့၏။ အာယု၊ အသက်သည်။ အပ္ပံ၊ နည်းလှ- တိုတောင်းလှချေ၏။
၂၆၂
ထို့ပြင်လည်း ဟောတော်မူသည်မှာ- “ရဟန်းတို့ ရှေး၌ ဖြစ်ဘူးသည်မှာ အရက-မည်သော ဂိုဏ်းဆရာကြီးသည် ရှိခဲ့လေပြီ” ဤသို့ အစရှိသော ဥပမာခုနစ်မျိုးတို့ဖြင့် တန်ဆာဆင်အပ်သော အလုံးစုံသောသုတ်ကို ချဲ့၍ သိအပ်ပေသည်၁။
ထို့ပြင်လည်း ဟောတော်မူပြန်သည်မှာ- ရဟန်းတို့ အကြင် ရဟန်းသည်လည်း “ငါသည် တညဉ့် တနေ့မျှ အသက်ရှင် နေရမူ ကောင်းလေစွ၊ (ထိုကာလအတွင်း၌) ဘုရားအဆုံးအမကို နှလုံးသွင်းရပါမူ ငါသည် (ဘုရားအဆုံးအမကို) များစွာပြုကျင့်ရသည် စင်စစ် ဖြစ်လေရာ၏”ဟု ဤသို့ မရဏဿတိကို ပွါးစေ၏၂။ ရဟန်းတို့ အကြင်ရဟန်းသည်လည်း [၂၃၀] “ငါသည် တနေ့မှ အသက်ရှင်နေရမူ
သုပေါရိသော၊ ကောင်းသော အမြော်အမြင် ဉာဏ်ပညာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည်။ နံ၊ တိုတောင်းလှသော ထိုလူ့အသက်ကို။ ဟီဠေယျ၊ တိုလေစွဟု ရှုတ်ချကဲ့ရဲ့ရာ၏။ အာဒိတ္တသီသောဝ၊ ဦးခေါင်းကို မီးစွဲလောင်နေသော သူကဲ့သို့။ ဝါ-ခေါင်းကို မီးလောင်နေသောသူသည် ထိုမီးကိုသာ ငြိမ်းသတ်ရန် လျင်စွာ အားထုတ်သကဲ့သို့။ စရေယျ၊ သိက္ခာသုံးပါး ကျင့်တရားကို မနားလျင်စွာ ကျင့်သုံးရာ၏။ မစ္စုဿ၊ သေခြင်း၏။ အနာဂမော၊ မလာခြင်းမည်သည်။ ဝါ၊ မလာမည့် အချိန်ကာလမည်သည်။ နတ္ထိ၊ မရှိသည်သာတည်း။
၁- အင်္ဂုတ္တရပါဠိ မြန်မာပြန် ဒုတိယတွဲ နှာ ၆၂၅-၌ ကြည့်ပါ။
၂- တညဉ့်တနေ့ လွန်လျှင် သေနိုင်သည်၊ မသေမီ အားထုတ်မည်ဟု နှလုံးသွင်းသည်ဟူ၍ ဆိုလို၏၊ ဤသို့ နှလုံးသွင်းရာ၌ တညဉ့်တနေ့အတွင်း၌ မသေနိုင်သေးဟု စိတ်ချ၍ မေ့လျော့နေရာ ရောက်၏၊ ထို့ကြောင့် ဤရဟန်းကို မေ့လျော့နေသော ပုဂ္ဂိုလ်ဟု ဆိုရလေသည်။ နောက် ၃-ပိုဒ်တို့၌လည်း နည်းတူပင်။
၂၆၃
ကောင်းလေစွ၊ (ထိုတနေ့အတွင်း၌) ဘုရားအဆုံးအမကို နှလုံးသွင်းရပါမူ ငါသည် (ဘုရားအဆုံးအမကို) များစွာ ပြုကျင့်ရသည် စင်စစ် ဖြစ်လေရာ၏”ဟု ဤသို့ မရဏဿတိကို ပွါးစေ၏။ ရဟန်းတို့ အကြင်ရဟန်းသည်လည်း “ငါသည် ဆွမ်းတနပ်စားချိန်အတွင်း၌ အသက်ရှင်နေရမူ ကောင်းလေစွ၊ (ထိုကာလအတွင်း၌) ဘုရားအဆုံးအမကို နှလုံးသွင်းရပါမူ ငါသည် (ဘုရားအဆုံးအမကို) များစွာ ကျင့်ရသည် စင်စစ် ဖြစ်လေရာ၏”ဟု ဤသို့ မရဏဿတိကို ပွါးစေ၏။ ရဟန်းတို့ အကြင်ရဟန်းသည်လည်း “ငါသည် ဆွမ်းလေးငါးလုပ်ကို ဝါးမျိုခိုက်အတွင်း၌ အသက်ရှင်နေရပါမူ ကောင်းလေစွ၊ (ထိုကာလအတွင်း၌) ဘုရားအဆုံးအမကို နှလုံးသွင်းရပါမူ ငါသည် (ဘုရားအဆုံးအမကို) များစွာကျင့်ရသည် စစ်စစ် ဖြစ်လေရာ၏”ဟု ဤသို့ မရဏဿတိကို ပွါးစေ၏။ ရဟန်းတို့ ၄-ပါးကုန်သော ဤရဟန်းတို့ကို “မေ့လျော့ကြလျက် နေကြသည်၊ အာသဝေါတို့၏ ကုန်ခြင်းငှါ မရဏဿတိကို နုံ့နှေးစွာ ပွါးစေကြသည်”ဟူ၍ ဆိုအပ်ကုန်၏။ ရဟန်းတို့ အကြင်ရဟန်းသည်ကား “ငါသည် ဆွမ်းတလုပ်ကို ဝါးမျိုခိုက်အတွင်း၌ အသက်ရှင်နေရမူ ကောင်းလေစွ၊ (ထိုအခိုက်၌) ဘုရားအဆုံးအမကို နှလုံးသွင်းရပါမူ ငါသည် (ဘုရားအဆုံးအမကို) များစွာ ကျင့်ရသည် စင်စစ် ဖြစ်လေရာ၏”ဟု ဤသို့ မရဏဿတိကို ပွါးစေ၏။ ရဟန်းတို့ အကြင်ရဟန်းသည်လည်း “ငါသည် ရှူသွင်းပြီး၍ ရှိုက်ထုတ်နေစဉ်သော်၎င်း, ရှိုက်ထုတ်ပြီး၍ ရှုသွင်းနေစဉ်သော်၎င်း ထိုအခိုက်အတွင်း၌ အသက်ရှင်နေရမူ ကောင်းလေစွ၊ (ထိုအခိုက်၌) ဘုရားအဆုံးအမကို နှလုံးသွင်းရပါမူ ငါသည် (ဘုရားအဆုံးအမကို) များစွာကျင့်ရသည် စင်စစ် ဖြစ်လေရာ၏”ဟု ဤသို့ မရဏဿတိကို
၂၆၄
ပွါးစေ၏။ ရဟန်းတို့ ၂-ပါးကုန်သော ဤရဟန်းတို့ကို “မမေ့မလျော့ပဲ နေကြသည်။ အာသဝေါတို့၏ ကုန်ခြင်းငှါ မရဏဿတိကို ထက်မြက်စွာ ပွါးစေကြသည်”ဟူ၍ ဆိုအပ်ကုန်၏။ ဤကား ဘုရားဟော စကားပေတည်း။ ဤသို့လျှင် အသက်၏ရှင်ရာ အဓွန့်ကာလသည် လေးငါးလုပ် စားဝါးခိုက်၌ပင် စိတ်မချအောင် တိုတောင်းလှချေ၏။ သို့ဖြစ်၍ ဤဆိုခဲ့သည့်အတိုင်း အသက်တမ်း၏ အပိုင်းအခြားအားဖြင့် သေခြင်းကို အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်အပ်ပေသည်။ (၇)
(၈) ရှင်ဆဲခဏ၏ တိုတောင်းသောအားဖြင့် ရှုပုံ
၁၇၆။ (၈) ရှင်ဆဲခဏ၏ တိုတောင်းသောအားဖြင့် ဟူရာ၌ အကျယ်ကား- သတ္တဝါတို့၏ အသက်ရှင်ဆဲ ခဏသည် ပရမတ္ထအားဖြင့် အလွန်ပင် တိုတောင်း၏၊ စိတ်တချက်၏ ဖြစ်ခိုက်မျှသာလျှင် ရှိချေ၏၊ ဥပမာပြရလျှင် ရထားဘီးသည် လိမ့်နေစဉ် သွားနေစဉ်လည်း အကွပ်-တကူ၏ တစိတ်ဖြင့်သာလျှင် လိမ့်၏- သွား၏။ ရပ်နေစဉ်လည်း (အကွပ်-တကူ၏) တစိတ်ဖြင့်သာလျှင် ရပ်တည်၏။ ဤအတူပင် သတ္တဝါတို့၏ အသက်သည် တခုသော စိတ်၏ခဏနှင့် ယှဉ်၏၊ ထိုစိတ် ချုပ်ကာမျှပင် သတ္တဝါသည် ချုပ်သည် သေသည်ဟု ခေါ်ဆိုအပ်၏။ ဤအဆိုနှင့်အညီ မြတ်စွာဘုရား ဟောတော်မူသည်မှာ- “လွန်ပြီးသော အတိတ်စိတ်၏ခဏ၌ ရှင်ခဲ့ပြီ၊ ရှင်ဆဲမဟုတ်၊ ရှင်လတံ့မဟုတ်။ မလာသေးသော အနာဂတ်စိတ်၏ခဏ၌ ရှင်ပြီးမဟုတ်၊ ရှင်ဆဲမဟုတ်၊ ရှင်လတံ့ပေတည်း။ အကြောင်းကိုစွဲ၍ ဖြစ်ဆဲ ပစ္စုပ္ပန်စိတ်၏ ခဏ၌ ရှင်ပြီးမဟုတ်၊ ရှင်ဆဲပေတည်း၊ ရှင်လတံ့မဟုတ်။
၂၆၅
အသက်သည်၎င်း၊ အတ္တဘော- ကိုယ်ဟုခေါ်သော နာမ်ရုပ်အပေါင်းသည်၎င်း၁၊ ချမ်းသာနှင့် ဆင်းရဲတို့သည်၎င်း၂ (အတ္တနှင့်၎င်း မြဲသည်အဖြစ်နှင့်၎င်း မရောယှက်) သက်သက် သီးခြား သဘောတရားပေတည်း၊ တခု တခုသောစိတ်နှင့် ယှဉ်လျက် ပြိုင်လျက် ဖြစ်ကုန်၏။ (ထိုအသက်စသည်တို့၏) ခဏသည် တိုတောင်း လျင်မြန်စွာ ဖြစ်၏။
သေဆဲပုဂ္ဂိုလ်၏ ချုပ်လေကုန်သော အကြင် ခန္ဓာတို့သည်၎င်း၊ ဤလောက၌ ရှင်လျက် တည်ဆဲပုဂ္ဂိုလ်၏ ချုပ်လေကုန်သော အကြင် ခန္ဓာတို့သည်၎င်း (ရှိကြ၏)။ အလုံးစုံလည်းဖြစ်ကုန်သော ထိုချုပ်လေကုန်သော ခန္ဓာ၂-မျိုးတို့သည် (ချုပ်ခြင်း- ပျက်ခြင်းအားဖြင့်) တူကုန်၏၃။ ချုပ်ပျက်သွားပြီးတို့သည်
၁- အတ္တဘော-ဟူသော စကားဖြင့် အသက် ဝေဒနာ စိတ်တို့မှ ကြွင်းသော တရားတို့ကို ဆိုသည်။ (ဋီကာ)
၂- ချမ်းသာနှင့် ဆင်းရဲတို့- ဟူသည်ကား သုခဝေဒနာနှင့် ဒုက္ခဝေဒနာတို့ပေတည်း၊ ဥပေက္ခာဝေဒနာသည်လည်း အကုသိုလ်နှင့် အကုသိုလ်၏ အကျိုးဖြစ်လျှင်) အနိဋ္ဌ အလိုမရှိအပ်သော ဥပေက္ခာဖြစ်၍ (ကြွင်းသော ဥပေက္ခာသည်) ဣဋ္ဌ- အလိုရှိအပ်သော ဥပေက္ခာ ဖြစ်သောကြောင့် ချမ်းသာနှင့် ဆင်းရဲတို့၌သာလျှင် အတွင်းဝင်ပေသည်။ (ဋီကာ)
၃- သေဆဲပုဂ္ဂိုလ်၏ စုတိခန္ဓာတို့သည် ပြန်မပေါ်လာပဲ လုံးဝ ချုပ်သွားကြသကဲ့သို့ ရှင်ဆဲပုဂ္ဂိုလ်၏ မြင်ခိုက် ကြားခိုက် စသည်၌ ခဏမစဲ ချုပ်သွားကြသော ခန္ဓာတို့သည်လည်း ပြန်မပေါ်လာပဲ ချုပ်သွားကြသည်ချည်းပင်၊ ထို့ကြောင့် နှစ်မျိုးစလုံး အတူတူပင်ဟု ဆိုလို၏။
၂၆၆
ပြန်၍ စပ်ခြင်း ပေါ်လာခြင်း မရှိကြပေ (ဝါ-ပြန်၍ စပ်ခြင်း- ပေါ်လာခြင်း မရှိပဲ လုံးဝ ပျောက်ကွယ်သွားလေကုန်၏)၁။
[၂၃၁] မဖြစ်သေးသောစိတ်ဖြင့် ဖြစ်သည် ရှင်သည် မဟုတ်၊ ဖြစ်ဆဲစိတ်ဖြင့်သာ ရှင်၏၊ (ထိုဖြစ်ဆဲ)စိတ်၏ ပျက်ခြင်းကြောင့် သတ္တဝါဟူသော လောကသည် သေသည် မည်၏။ (သို့သော်လည်း) (တိဿ ရှင်နေသည် ဤသို့ အစရှိသော) သန္တာနပညတ်သည် (ရှင်ဆဲစိတ်ကို ရည်သောကြောင့်) အမှန် ပရမတ္ထသဘော ဖြစ်ပေ၏၂။ ဤကား ဟောတော်မူသော စကားပေတည်း။
ဤဆိုခဲ့သည့်အတိုင်း ရှင်ဆဲခဏ၏ တိုတောင်းသောအားဖြင့် သေခြင်းကို အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်အပ်ပေသည်။ (၈)
၁၇၇။ ယခု ပြဆိုခဲ့သည့်အတိုင်း ဤရှစ်ပါးသော အခြင်းအရာတို့တွင် တပါးပါးသော အခြင်းအရာအားဖြင့် အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်သော ယောဂီအားလည်း အဖန်ဖန် နှလုံးသွင်းခြင်း၏ အစွမ်းအားဖြင့် စိတ်သည် အထုံကို ရ၏၊ သေခြင်းလျှင် အာရုံရှိသော
၁- ဤ၌ ပဌမပြန်ချက်သည် ဂတာ အပ္ပဋိသန္ဓိကာ- ပါဌ်ကို အစဉ်အတိုင်း ပြန်သည်။ ဒုတိယ ပြန်ချက်သည် ဋီကာအဖွင့်နှင့် အညီ ဂတာ-ကို ပဓာနပုဒ်ပြု၍ ပြန်သည်။
၂- ဋီကာအဖွင့်နှင့် အညီ ဖော်၍ ပြန်ချက်ဖြစ်သည်။ တနည်းအားဖြင့် [စိတ်၏ ပျက်ခြင်းကြောင့် သတ္တဝါဟူသော လောကသည် သေ၏။ (သေ၏ဟူသော) ပညတ်သည် (စိတ်၏ ပျက်ခြင်းကို ပြသောကြောင့်) ပရမတ္ထပင် ဖြစ်သည်] ဟူ၍လည်း ယူသင့်သေး၏။
၂၆၇
အမှတ်ရမှု- သတိသည် ကောင်းစွာတည်၏၊ နီဝရဏတို့သည် ကွာကုန်၏၊ ဈာန်အင်္ဂါတို့သည် ထင်ရှား ဖြစ်ပေါ် ကုန်၏၊ သို့သော်လည်း သေခြင်းဟူသော အာရုံ၏ သဘောတရား ဖြစ်ခြင်းကြောင့်၎င်း၊ ထိတ်လန့်ဖွယ် ဖြစ်ခြင်းကြောင့်၎င်း အပ္ပနာဈာန်သို့ မရောက်မူ၍ ဥပစာရဈာန်သို့သာလျှင် ရောက်သော ဈာန်သည် ဖြစ်၏။ အပ္ပနာသို့ မရောက်ကြောင်းကို ဆက်၍ ရှင်းပြဦးအံ့- လောကုတ္တရာဈာန်သည်၎င်း၊ ဒုတိယ စတုတ္ထ အရူပဈာန်တို့သည်၎င်း သဘောတရား အာရုံ၌သော်လည်း ဘာဝနာအထူး(၏ အစွမ်းအား)ဖြင့် အပ္ပနာသို့ ရောက်ကုန်၏။ ချဲ့၍ပြဦးအံ့- လောကုတ္တရာဈာန်သည် (ပဋိပဒါဉာဏဒဿန) ဝိသုဒ္ဓိဘာဝနာအစဉ်၏ အစွမ်းအားဖြင့် အပ္ပနာသို့ ရောက်ပေသည်၁၊ အရူပဈာန်သည် အာရုံကို ကျော်လွန်သော ဘာဝနာ၏ အစွမ်းအားဖြင့် (အပ္ပနာသို့ ရောက်ပေသည်)။ မှန်ပေ၏ ထိုအရူပဈာန်မှ အပ္ပနာသို့ ရောက်ပြီးသာလျှင်ဖြစ်သော ဈာန်၏အာရုံကို ကျော်လွန်ခြင်းကိုသာလျှင် (ပြုဖွယ်) ရှိပေသည်၂။ ဤမရဏဿတိ ဘာဝနာ၌ကား
၁- အောက်ဖြစ်သော ဝိသုဒ္ဓိ၏အစွမ်းဖြင့် ရအပ်သော ထူးကဲခြင်းရှိသော ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ ဘာဝနာဖြင့် အလုံးစုံသော သင်္ခါရတို့မှ ငြီးငွေ့ခြင်း၊ စက်ဆုပ်ခြင်း အစရှိသော ကင်းရှင်း ကျွတ်လွတ်ရန် နှလုံးသွင်း ညွတ်ကိုင်းခြင်း (ပြီးစီး၏)၊ အပ္ပနာဖြင့် ဆန့်ကျင်ဘက်ဖြစ်ကုန်သော အကုသိုလ်တရားတို့၏ ကင်းခြင်း (ပြီးစီး၏)။ သို့ဖြစ်၍ ဤသို့သဘောရှိသော ဝိသုဒ္ဓိဘာဝနာအစဉ်၏ အစွမ်းဖြင့် လောကုတ္တရာဈာန်သည် အပ္ပနာသို့ ရောက်သည်သာလျှင် ဖြစ်ပေသည်။ (ဋီကာ)
၂- သဘောတရားလျှင် အာရုံရှိသော အခြား ကမ္မဋ္ဌာန်းတို့၏ကဲ့သို့ စိတ်ကို ကောင်းစွာထားခြင်း၌ (ဝါ-တည်စေခြင်း၌) ကြောင့်ကြပြုဖွယ် မရှိပေ။
၂၆၈
(ဝိသုဒ္ဓိဘာဝနာအစဉ်နှင့် အာရုံကို ကျော်လွန်ခြင်းတည်းဟူသော) ထိုနှစ်ပါးလုံးပင် မရှိပေ၊ ထို့ကြောင့် (ဤ၌) ဥပစာရသို့သာလျှင် ရောက်သော ဈာန်သည် ဖြစ်ပေသည်။ ထိုသို့ ဥပစာရသို့ရောက်သော ဤဈာန်သည် မရဏဿတိ၏ အားအစွမ်းဖြင့် ဖြစ်သောကြောင့် မရဏဿတိ ဟူ၍သာလျှင် ရေတွက် ခေါ်ဆိုအပ်ခြင်းသို့ ရောက်ပေသည်။
အကျိုးကား- ဤမရဏဿတိ ကမ္မဋ္ဌာန်းကို အားထုတ်သော ရဟန်းသည် အမြဲတမ်း မမေ့မလျော့ဖြစ်လျက် ရှိ၏၊ အလုံးစုံသော ဘဝတို့၌ မပျော်မမွေ့ ငြီးငွေ့သော အမှတ်သညာကို ရ၏၊ အသက်၌ နှစ်သက်တွယ်တာခြင်းကို စွန့်၏၊ မကောင်းမှုကို ကဲ့ရဲ့လေ့ရှိပေ၏။ သိုမှီးသိမ်းဆည်းခြင်း မများမူ၍ ပရိက္ခရာတို့၌ တပ်မက်မှု အညစ်အကြေးနှင့် ဝန်တိုမှု ကင်းပေ၏၊ ထိုရဟန်းအား အနိစ္စသညာသည်လည်း လေ့လာအပ်ခြင်းသို့ ရောက်ပေ၏၁၊ ထိုအနိစ္စသညာသို့ အစဉ်လိုက်သောအားဖြင့်သာလျှင် ဒုက္ခသညာနှင့် အနတ္တသညာသည်လည်း ထင်ပေ၏။ မရဏဿတိကို မပွါးစေဘူးသော သူတို့သည် သေခါနီးကာလ၌၂ သားရဲ ဘီလူး မြွေ ဒမြ သူသတ်သမားတို့၏
ကောင်းစွာထားပြီးသော (ဝါ-တည်ပြီးသော) စိတ်ဖြင့် အာရုံဟောင်းကို ကျော်လွန်ခြင်းမျှကိုသာလျှင် ဘာဝနာဖြင့် ပြုဖွယ်ရှိပေသည်၊ ထို့ကြောင့် အရူပဈာန်သည် သဘောတရား၌သော်လည်း အပ္ပနာသို့ ရောက်ပေသည်။ (ဋီကာ)
၁- အနိစ္စသညာသည်လည်း အလေ့အကျင့်ရသည်ဟု ဆိုလို၏။
၂- မပွါးဘူးသောသူတို့သည် သေခါနီးကာလ၌.. ကြောက်ခြင်း ထိတ်လန့်ခြင်း တွေဝေခြင်းသို့ ရောက်ကုန်သကဲ့သို့ ဟု စပ်ပါ။
၂၆၉
ရုတ်တရက် အနှိပ်စက်ခံရသူတို့ကဲ့သို့ ကြောက်ခြင်း ထိတ်လန့်ခြင်း တွေဝေခြင်းသို့ ရောက်ကုန်သကဲ့သို့ ထို့အတူ (ဤရဟန်းသည် ကြောက်ခြင်းစသည်သို့) မရောက်မူ၍ ကြောက်ခြင်းကင်းလျက် မတွေဝေပဲ စုတေရ၏၊ မျက်မှောက်ဘ၀၌ အမြိုက်နိဗ္ဗာန်ကို အကယ်၍ မပြီးစေနိုင်လျှင် ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှနောက်၌ သုဂတိလျှင် လားရာရှိပေ၏။
ထို(သို့ မမေ့မလျော့ခြင်းမှ စ၍ သုဂတိလျှင် လားရာရှိခြင်းတိုင်အောင် များသော အကျိုးရှိခြင်း)ကြောင့် ကောင်းသော အမြော်အမြင်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဤဆိုခဲ့သည့်အတိုင်း ကြီးမားသော အာနုဘော်နှင့် ပြည့်စုံသော မရဏဿတိ၌ အခါခပ်သိမ်း မမေ့မလျော့ အားထုတ်ခြင်းကို စင်စစ်မုချ ပြုသင့်လှပါပေသတည်း။ ဤကား ဥယျောဇဉ်ပေတည်း။
ယခုဆိုခဲ့သော စကားသည် မရဏဿတိကမ္မဋ္ဌာန်း၌ အကျယ်ပြဆိုသော စကားအမြွက်ပေတည်း။
(မရဏဿတိကမ္မဋ္ဌာန်း ပြီး၏)။
**********
၈-ကာယဂတာသတိပွါးပုံ ပြဆိုချက်
[၂၃၂] ၁၇၈။ ယခုအခါ၁ ဘုရားပွင့်တော်မူရာကာလမှ တပါးသောအခါ၌ မဖြစ်စဘူးသော၂ အလုံးစုံသော တိတ္ထိတို့၏ အရာမဟုတ်သော
၁- ယခုအခါ၌.. ထိုကာယဂတာသတိ ကမ္မဋ္ဌာန်း၏ ပွါးစေပုံကို အကျယ်ပြရန်အခဏ်းသည် အစဉ်ရောက်လာလတ်ပေပြီဟု စပ်ပါ။
၂- မဖြစ်စဖူးသော.. အကြင် ကာယဂတာသတိ ကမ္မဋ္ဌာန်းကို-ဟု စပ်ပါ။
၂၇၀
အကြင် ကာယဂတာသတိ ကမ္မဋ္ဌာန်းကို (မြတ်စွာဘုရား) ညွှန်ကြား ဟောပြတော်မူခဲ့၏၁၊ (အဘယ်သို့နည်း?ဟူမူ) ထိုထိုသုတ္တန်တို့၌-
“ရဟန်းတို့ တခုသောတရားသည် (သူ့ကို)ပွါးစေလျှင် အကြိမ်များစွာ လေ့လာလျှင် (ကာယ၏ သဘောမှန်ကို သိရ၍) အကြီးအကျယ် ထိတ်လန့်ခြင်းငှါ ဖြစ်ပေ၏ (ဝါ-အကြီးအကျယ် ထိတ်လန့်ခြင်းကို ဖြစ်စေတတ်၏)၊ (မျက်မှောက်အကျိုး အစရှိသော) များစွာသော အကျိုးအလို့ငှါ ဖြစ်ပေ၏၊ ကြီးမားမြင့်မြတ်သော၂ ယောဂတို့၏ ကုန်ခြင်းအလို့ငှါ ဖြစ်ပေ၏၊ ကြီးကျယ်မြင့်မြတ်သော သတိနှင့်သမ္ပဇဉ် ပွါးရန်အလို့ငှါ- ဖြစ်ပေ၏၊ ဝိပဿနာဉာဏ်အမြင်ကို ရရန်အလို့ငှါ ဖြစ်ပေ၏၊ မျက်မှောက်ဘ၀၌ ချမ်းသာစွာ နေရခြင်းငှါ ဖြစ်ပေ၏၊ ဝိဇ္ဇာဉာဏ်ထူးသုံးပါး, လွတ်မြောက်ရာ နိဗ္ဗာန်, အရိယဖိုလ်တို့ကို မျက်မှောက်ပြုရန် အလို့ငှါ ဖြစ်ပေ၏။ တခုသော တရားဟူသည် အဘယ်နည်း? ကာယဂတာသတိပေတည်း။ ရဟန်းတို့ အကြင်သူတို့သည် ကာယဂတာသတိကို သုံးဆောင်ကုန်၏၊ ထိုသူတို့သည်
၁- ပါဠိကျမ်းရင်း၌ ဝါကျရှည်သောကြောင့် သိနားလည်လွယ်စေရန် ဤ၌ ဝါကျခွဲထားသည်။
၂- ကြီးမားမြင့်မြတ်သော.. ကုန်ခြင်း-ဟု စပ်ပါ။ ယင်း ယောဂတို့၏ ကုန်ခြင်းသည် နိဗ္ဗာန်ပင်ဖြစ်သည်၊ ထို့ကြောင့် ယင်းကို ကြီးမားမြင့်မြတ်သည်ဟု ဆိုပေသည်။
၂၇၁
အမြိုက်နိဗ္ဗာန်ကို၁ သုံးဆောင်ရကုန်၏။ ရဟန်းတို့ အကြင်သူတို့သည် ကာယဂတာသတိကို မသုံးဆောင်ကုန်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မသုံးဆောင်ရကုန်။ ရဟန်းတို့ အကြင်သူတို့သည် ကာယဂတာသတိကို သုံးဆောင်အပ်ပြီ၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို သုံးဆောင်အပ်ပြီ။ အကြင်သူတို့သည် ကာယဂတာသတိကို မသုံးဆောင်ဘူးသေး၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မသုံးဆောင်ဘူးသေး။ အကြင်သူတို့အား ကာယဂတာသတိ (မပွါးရသဖြင့်) ဆုံးရှုံး၏။ ထိုသူတို့အား အမြိုက်နိဗ္ဗာန် ဆုံးရှုံး၏။ အကြင်သူတို့အား ကာယဂတာသတိ မဆုံးရှုံး၊ ထိုသူတို့အား အမြိုက်နိဗ္ဗာန် မဆုံးရှုံး။ အကြင်သူတို့သည် ကာယဂတာသတိကို ချွတ်ယွင်းစေ၏။ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ချွတ်ယွင်းစေ၏။ အကြင်သူတို့သည် ကာယဂတာသတိကို ပြီးစေ၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ပြီးစေ၏”ဟု-
ဤသို့ မြတ်စွာဘုရားသည် များစွာသော အခြင်းအရာတို့ဖြင့် ချီးကျူးတော်မူပြီးလျှင်-
“ရဟန်းတို့ အဘယ်သို့ ပွါးစေလျှင် အဘယ်သို့ အကြိမ်များစွာ လေ့လာလျှင် ကာယဂတာသတိသည် များသော အကျိုးရှိသနည်း များသော အာနိသင်ရှိသနည်း?
၁- ကာယဂတာသတိသည် အမြိုက်နိဗ္ဗာန်ကို ရခြင်း၏ အကြောင်းလည်း ဖြစ်၏၊ အမြိုက်အရသာနှင့်တူသော အားမရနိုင်အောင် ကောင်းသည့် သမထ ဝိပဿနာ ချမ်းသာနှင့်လည်း တကွဖြစ်၏၊ ထို့ကြောင့် ၎င်းကို အမြိုက်နိဗ္ဗာန်ဟု ဆိုပေသည်။ (ဋီကာ)
၂၇၂
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်ရောက်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ ကပ်ရောက်၍ ဖြစ်စေ၊ ဆိတ်ငြိမ်သောကျောင်းသို့ ကပ်ရောက်၍ ဖြစ်စေ”-
ဤသို့ အစရှိသောနည်းဖြင့် (၁) အာနာပါနပိုင်း၊ (၂) ဣရိယာပထပိုင်း၊ (၃) စတုသမ္ပဇညပိုင်း၊ (၄) ပဋိက္ကူလမနသိကာရပိုင်း၊ (၅) ဓာတုမနသိကာရပိုင်း၊ (၆-၁၄) ကိုးခုသော သိဝထိကပိုင်းများဟူသော ဤ၁၄-ပိုင်းတို့၏ အစွမ်းအားဖြင့် ကာယဂတာသတိ ကမ္မဋ္ဌာန်းကို ညွှန်ကြား ဟောပြတော်မူခဲ့ပေသည်။ ထိုကာယဂတာသတိ ကမ္မဋ္ဌာန်း၏ ပွါးစေပုံကို အကျယ်ပြရန် အခဏ်းသည် အစဉ်ရောက်လာလတ်ပေပြီ။
ထိုကာယဂတာသတိ ကမ္မဋ္ဌာန်း၌ (ဝါ- ထို၁၄-ပိုင်းတို့တွင်) ဣရိယာပထပိုင်း စတုသမ္ပဇညပိုင်း ဓာတုမနသိကာရပိုင်းဟူသော ဤ၃-ပိုင်းတို့ကို ဝိပဿနာ၏ အစွမ်းအားဖြင့် ဟောတော်မူ(အပ်ကုန်)၏၁။ ၉-ခုသော သီဝထိကပိုင်းများကို ဝိပဿနာဉာဏ်တို့တွင်ပင်လျှင် အာဒီနဝါနုပဿနာ၏ အစွမ်းအားဖြင့် ဟောတော်မူ၏။ ဆက်၍ဆိုအံ့- ဤသိဝထိကပိုင်းတို့တွင် ဥဒ္ဓုမာတက စသည်တို့၌ သမာဓိဘာဝနာလည်း ပြီးစီး ပြည့်စုံနိုင်ပေ၏၊ ထိုသမာဓိဘာဝနာကို အသုဘနိဒ္ဒေသ၌ ပြခဲ့ပြီးသာလျှင် ဖြစ်ပေသည်။ ထို့ပြင် ထို၁၄-ပိုင်းတို့တွင် အာနာပါနပိုင်းနှင့် ပဋိက္ကူလမနသိကာရပိုင်းဟူသော ဤ၂-ပိုင်းတို့ကိုသာလျှင်
၁- ဤစကားကို အထူးသတိပြုအပ်၏၊ ဣရိယာပထပိုင်း စတုသမ္ပဇညပိုင်း ဓာတုမနသိကာရပိုင်း ဒေသနာတော်နှင့်အညီ အားထုတ်လျှင် ဝိပဿနာဖြစ်ကြောင်းကို ဤဝိသုဒ္ဓိမဂ်စကားဖြင့် ယုံမှားမရှိ မြဲမြံစွာ မှတ်ထားအပ်၏။
၂၇၃
သမာဓိ၏ အစွမ်းအားဖြင့် ဟောတော်မူ(အပ်ကုန်)၏။ ထို၂-ပိုင်းတို့တွင်(လည်း) အာနာပါနပိုင်းသည် အာနာပါနဿတိ၏ အစွမ်းအားဖြင့် အသီးအခြား ကမ္မဋ္ဌာန်သာလျှင် ဖြစ်ပေသည်။ ထို့ကြောင့်-
“ရဟန်းတို့ တဖန် ရှုပုံတမျိုးကား- ရဟန်းသည် (ဣမမေဝ ကာယံ ဥဒ္ဓံ ပါဒတလာ အဓော ကေသမတ္ထကာ တစပရိယန္တံ ပူရံ နာနပ္ပကာရဿ အသုစိနော ပစ္စဝေက္ခတိ)၁- ခြေဖဝါးအပြင်မှ အထက်၌, ဆံဖျားမှ အောက်၌ အရေလျှင် အဆုံးအပိုင်းအခြားရှိသော၂ အမျိုးမျိုးသော မစင်မကြယ် စက်ဆုပ်ဖွယ်ဖြင့် ပြည့်နေသော ဤရုပ်ကိုယ်ကိုပင်လျှင် ဆင်ခြင်၏၊ (ဆင်ခြင်ပုံကား) (အတ္ထိ ဣမသ္မိံ ကာယေ) ဤကိုယ်ထဲ၌ ရှိကြသည်မှာ- ဆံပင်တို့သည် (ရှိကုန်၏) အမွေးတို့သည် လက်သည်း ခြေသည်းတို့သည် သွားတို့သည် (ရှိကုန်၏) အရေ (ရှိ၏)၊ အသား အကြော အရိုး ရိုးတွင်းခြင်ဆီ အညှို့၊ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ်၊ အူမ အူသိမ် အစာသစ် အစာဟောင်း (ဦးနှောက်)၃၊
၁- ဤလက်သည်းကွင်းအတွင်းရှိ ပါဠိကို ပြထားခြင်းမှာ နောက်၌ ဖွင့်ပြလတံ့သောအရာ၌ အဖွင့်ခံပုဒ် ထုတ်ပြရန်နှင့် ထိုအဖွင့်များကို သိနားလည်လွယ်စေရန် ဖြစ်သည်။
၂- အပိုင်းအခြားရှိသော.. ဤရုပ်ကိုယ်ကိုပင်လျှင်-ဟု စပ်ပါ။
၃- ဘုရားဟော ပါဠိဟူသမျှ၌ “မတ္ထလုင်္ဂံ- ဦးနှောက်”ဟူသော ဤပုဒ် မရှိပေ။ သို့သော် ဖွင့်ပြလတံ့သော အဋ္ဌကထာနှင့်အညီ ဤနေရာ၌ပင် ထည့်၍ ယူရမည်ဖြစ်သောကြောင့် ဤ၌ လက်သည်းကွင်းဖြင့် ပိုင်းခြား၍ ပြထားသည်။
၂၇၄
သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ၊ မျက်ရည် ဆီကြည် တံထွေး နှပ် အစေး ကျင်ငယ် (ရှိ၏)”ဟူ၍-
ဤသို့ (မတ္ထလုင်္ဂံ အဋ္ဌိမိဉ္ဇေန သင်္ဂဟေတွာ) ဦးနှောက်ကို (အရိုးအတွင်းရှိ) ရိုးတွင်းခြင်ဆီဖြင့် သိမ်းယူ၍၁ (ပဋိက္ကူလမနသိကာရ) စက်ဆုပ်ဖွယ် နှလုံးသွင်းပုံ၏ အစွမ်းအားဖြင့် အကြင် ဒွတ္တိံသာကာရကမ္မဋ္ဌာန်းကို ဟောထားပေသည်၊ ဤဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကို ဤအရာ၌ ကာယဂတာသတိဟူ၍ အလိုရှိအပ်ပေသည်။
[၂၃၃] ၁၇၉။ ထိုကာယဂတာသတိ ကမ္မဋ္ဌာန်း၌ ယခုဆိုမည့်စကားသည် ပါဠိအဖွင့်ကို ရှေ့သွားပြု၍ ပွါးစေပုံကို အကျယ်ပြခြင်းပေတည်း။ ဣမမေဝ ကာယံ- ဟူသည်ကား မဟာဘုတ်လေးပါးကိုမှီသော ဤအပုပ်ကောင် ရုပ်ကိုယ်ကို(ဟု ဆိုလို၏)။ ဥဒ္ဓံ ပါဒတလာ- ဟူသည်ကား ခြေဖဝါးအပြင်မှ အထက်၌၂(ဟု ဆိုလို၏)။
၁- နောက်၌ ရွတ်ဆိုပုံကို ပြရာဝယ် “အစာဟောင်း ဦးနှောက်”ဟူ၍ အကြင် ဦးနှောက်ကောဋ္ဌာသကို ပြဆိုထားသည်။ ထိုဦးနှောက်ကောဋ္ဌာသကို ဤအရာဝယ် ဘုရားဟောပါဠိ၌ ရိုးတွင်းခြင်ဆီဖြင့်ပင်လျှင် သိမ်းယူ၍ ဒေသနာတော် လာရှိပေသည်ဟု ပြလိုသောကြောင့် “မတ္ထလုင်္ဂံ အဋ္ဌိမိဉ္ဇေန သင်္ဂဟေတွာ”ဟု မိန့်ဆိုတော်မူလေသည်။ (ဋီကာ) ဤအဋ္ဌကထာ ဋီကာတို့အရဖြင့် ဘုရားဟော ပါဠိတော်ဟူသမျှ၌ မတ္ထလုင်္ဂံ- ဦးနှောက်ကို တိုက်ရိုက် မဟောခဲ့ကြောင်း သိအပ်၏။
၂- ဤအရာ၌ မြန်မာပြန်ကို အဖွင့်ခံအဖြစ် ထုတ်ပြလျှင် အဖွင့်ခံ,အဖွင့် ၂-ရပ်လုံး ထပ်တူဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ပါဠိကို အဖွင့်ခံအဖြစ် ထုတ်ပြသည်။ နောက်၌လည်း ပါဠိကို အဖွင့်ခံအဖြစ် ထုတ်ပြရာ၌ နည်းတူပင် မှတ်ပါ။
၂၇၅
အဓော ကေသမတ္ထကာ- ဟူသည်ကား ဆံဖျားမှ အောက်၌(ဟု ဆိုလို၏)။ တစပရိယန္တံ- ဟူသည်ကား ဖီလာ-ဘေးပတ်ဝန်းကျင်၌ အရေဖြင့် ပိုင်းခြားလျက်ရှိသော(ဟု ဆိုလို၏)။ ပူရံ နာနပ္ပကာရသာ အသုစိနော ပစ္စဝေက္ခတိ- ဟူသည်ကား ဤကိုယ်သည် အမျိုးမျိုးသော ဆံပင်အစရှိသော မစင်မကြယ် စက်ဆုပ်ဖွယ်ဖြင့် ပြည့်လျက် ရှိ၏၁ဟု ရှု၏(ဟု ဆိုလို၏)။ အဘယ်သို့ ရှုသနည်း? ဤကိုယ်ထဲ၌ ရှိကြသည်မှာ ဆံပင်တို့သည် (ရှိကုန်၏) အမွေးရှိသည် ။ပ။ ကျင်ငယ်(ရှိ၏)ဟု (ရှု၏)။
ထိုရှုပုံပါဌ်၌ အတ္ထိ-ဟူသည်ကား ရှိကုန်၏(ဟု ဆိုလို၏)။ ဣမသ္မိံ- ဟူသည်ကား အကြင်ကိုယ်ကို ခြေဖဝါးမှ အထက်၌ ဆံဖျားမှ အောက်၌ အရေလျှင် အဆုံးအပိုင်းအခြား ရှိသည်ဟူ၍၎င်း၊ အမျိုးမျိုးသော မစင်မကြယ် စက်ဆုပ်ဖွယ်ဖြင့် ပြည့်နေသည် ဟူ၍၎င်း ဟောအပ်-ဆိုအပ်၏၊ ထိုကိုယ်၌(ဟု ဆိုလို၏)။ ကာယေ-ဟူသည်ကား (သရီရေ)ကိုယ်၌(ဟု ဆိုလို၏)။ မှန်ပေ၏- ကိုယ်ကောင်ကို စက်ဆုပ်ဖွယ် အပေါင်းအစု ဖြစ်သောကြောင့်၎င်း၂ စက်ဆုပ်ဖွယ်ဖြစ်ကုန်သော ဆံပင်စသည်တို့၏၎င်း၊ မျက်စိရောဂါ အစရှိကုန်သော
၁- ပါဠိရှိရင်းအတိုင်း မဖွင့်မူ၍ ဆိုလိုသော အဓိပ္ပါယ်ကိုသာ ဖွင့်ပြသည်။ ရှိရင်းအတိုင်းဖွင့်လျှင် အမျိုးမျိုးသော ဆံပင်အစရှိသော မစင်မကြယ် စက်ဆုပ်ဖွယ်ဖြင့် ပြည့်လျက်ရှိသော ဤကိုယ်ကို ရှု၏-ဟူ၍ ဖြစ်သည်။
၂- ဤအကြောင်းပြချက်ဖြင့် ကာယ-ကိုယ်-ဟူသည်မှာ ဆံပင်အစရှိသော စက်ဆုပ်ဖွယ်တို့၏ အပေါင်းအစုပင် ဖြစ်သည်။ ယင်းအပေါင်းအစုကိုပင် ကိုယ်-ဟု သိစေ၏။
၂၇၆
အရာမက များစွာသော ရောဂါတို့၏၎င်း ဖြစ်ရာဖြစ်သောကြောင့်၎င်း၁ ကာယဟု ခေါ်ဆိုအပ်ပေသည်။ ဆံပင်တို့သည် အမွေးတို့သည် အစရှိသော စကားဖြင့် “ဆံပင် အစရှိကုန်သော ဤ၃၂-ပါးသော အခြင်းအရာ အဖို့အစုတို့သည် (ရှိကုန်”ဟု ဆိုလို၏)။ ထိုဆံပင်တို့သည် အစရှိသော ပုဒ်တို့၌ “ဤကိုယ်ထဲ၌ ဆံပင်တို့သည် ရှိကုန်၏၊ ဤကိုယ်ထဲ၌ အမွေးတို့သည် ရှိကုန်၏” ဤသို့ စသည်ဖြင့် (ဝါ-ဤပုံ ဤနည်းဖြင့်) ဆက်စပ်ခြင်းကို သိအပ်၏။
ခြေဖဝါးအပြင်မှစ၍ အထက်, ဆံဖျားမှစ၍ အောက်, အရေပါးမှစ၍ ဖီလာ ပတ်ဝန်းကျင်ဟူသော ဤမျှအတိုင်းအရှည်ရှိသော တလံမျှလောက်သော ဤကိုယ်ထဲ၌ ခပ်သိမ်းသော အခြင်းအရာအားဖြင့် စူးစမ်းရှာဖွေသော်လည်း တစုံတယောက်သောသူသည် တစုံတခုသော ပုလဲကိုသော်၎င်း၊ ပတ္တမြားကိုသော်၎င်း၊ ကျောက်မျက်ရွဲကိုသော်၎င်း၊ အကျော်ကိုသော်၎င်း၊ ကုင်္ကုမံကိုသော်၎င်း၊ ပရုပ်ကိုသော်၎င်း၊ အခိုးအထုံ အမှုန့်စသည်ကိုသော်၎င်း အဏုမြူမျှသော်လည်း စင်ကြယ်သော သဘောကို မတွေ့မမြင်ရ၊ စင်စစ်သော်ကား အလွန် ပုပ်ညှီနံစော်၍ ကျက်သရေမဲ့ မြင်ကွင်းရှိသော အမျိုးမျိုးသော ဆံပင် အမွေး စသည် အပြားရှိသော မစင်မကြယ် စက်ဆုပ်ဖွယ်ကိုသာလျှင် တွေ့မြင်ရ၏။ ထို့ကြောင့် “ဤကိုယ်ထဲ၌ ရှိကြသည်မှာ ဆံပင်တို့သည် ။ပ။ ကျင်ငယ်(ရှိ၏)”ဟူ၍ ဟောတော်မူပေသည်။ ဤသည်ကား ဤကာယဂတာသတိ ကမ္မဋ္ဌာန်းပါဠိ၌ ရှေးနောက်ပုဒ်တို့၏ ဆက်စပ်ပုံအားဖြင့် ဖွင့်ပြချက်ပေတည်း။
၁- ကု-စက်ဆုပ်ဖွယ် ဆံပင် စသည်တို့၏- ဝါ- စက်ဆုပ်ဖွယ် ရောဂါတို့၏ + အာယ-ဖြစ်ရာ = ကာယ-စက်ဆုပ်ဖွယ်တို့၏ ဖြစ်ရာကိုယ်။
၂၇၇
ကာယဂတာသတိကမ္မဋ္ဌာန်း ယူပုံ
၁၈၀။ ဤကာယဂတာသတိ ကမ္မဋ္ဌာန်းကို ပွါးစေခြင်းငှါ အလိုရှိသော အားထုတ်ခါစ အမျိုးကောင်းသားသည် ဆိုခဲ့ပြီးသော အပြားရှိသော မိတ်ဆွေကောင်းဆရာကို ချဉ်းကပ်၍ ဤကမ္မဋ္ဌာန်းကို သင်ယူအပ်၏။ ထိုသင်ယူသော တပည့်အား ကမ္မဋ္ဌာန်းကို ဟောကြားသင်ပြသော ဆရာသည်လည်း ခုနစ်ပါးအပြားအားဖြင့် (ဥဂ္ဂဟကောသလ္လခေါ်) သင်ယူမှု၌ ကျွမ်းကျင်ကြောင်း အစီအရင်ကို၎င်း
ဥဂ္ဂဟကောသလ္လကို ပြောကြားပုံ
ပြောကြားပုံမှာ- ဤပဋိက္ကူလမနသိကာရ ကမ္မဋ္ဌာန်း၌ ပိဋကတ်သုံးပုံဆောင်ပင် ဖြစ်သော်လည်း ထိုယောဂီသည်
၁- အကြင် အစီအရင်ဖြင့် သင်ယူခြင်း၌ ကျွမ်းကျင်တတ်သိ၏၊ ထိုကျွမ်းကျင် တတ်သိကြောင်းဖြစ်သော ခုနှစ်ပါးသော အစီအရင်ကို ဥဂ္ဂဟကောသလ္လ-ဟု ခေါ်ဆိုအပ်၏၊ တနည်းကား ထိုအစီအရင်ကြောင့်ဖြစ်သော ကျွမ်းကျင်တတ်သိသောဉာဏ်ကို (ဥဂ္ဂဟကောသလ္လ-ဟု ခေါ်ဆိုအပ်၏)။ မနသိကာရကောသလ္လ-၌လည်း ဤနည်းကိုသာလျှင် သိအပ်၏။ (ဋီကာ)
၂၇၈
နှလုံးသွင်းသော ကာလ၌ ရှေးဦးစွာ နှုတ်ဖြင့် ရွတ်ဆိုခြင်းကို ပြုအပ်၏။ အကျိုးကား အချို့ပုဂ္ဂိုလ်အား ရွတ်ဆိုနေစဉ်ပင်လျှင် ကမ္မဋ္ဌာန်းသည် ထင်ရှားပေါ်တတ်၏၊ မလယအရပ်၌ သီတင်းသုံးလေ့ရှိသော မဟာဒေဝမထေရ်၏ထံ၌ ကမ္မဋ္ဌာန်းယူကြသော မထေရ်၂-ပါးတို့အား ထင်ရှားပေါ်သကဲ့သို့ပင်တည်း။ [၂၃၄] တဆင့်ကြားဘူးသည်မှာ- မဟာဒေဝမထေရ်သည် မိမိထံမှ ကမ္မဋ္ဌာန်းတောင်းကြသော ထိုမထေရ်၂-ပါးတို့အား “လေးလပတ်လုံး ဤပါဠိကို ရွတ်ဆိုနေကြလေ”ဟု ဒွတ္တိံသာကာရပါဠိကို ပေးလိုက်၏။ ထိုမထေရ်၂-ပါးတို့မှာ နိကာယ်နှစ်စောင် နှုတ်တက်ကျေပြွန်နေကြသော်လည်း ရိုသေလေးမြတ်စွာ နာယူလေ့ရှိကြသောကြောင့် ဒွတ္တိံသာကာရကို လေးလပတ်လုံး ရွတ်ဆိုကြစဉ်ပင် သောတာပန် ဖြစ်ကြလေကုန်၏၁။ ထို့ကြောင့် ကမ္မဋ္ဌာန်းကို ဟောကြားညွှန်ပြသော ဆရာသည် “နှုတ်ဖြင့် ရွတ်ဆိုခြင်းကို ရှေးဦးစွာ ပြုနေပါ”ဟု တပည့်အား ပြောကြားအပ်ပေသည်။
၁- လေးလပတ်လုံး ရွတ်ဆိုနေကြသော ထိုမထေရ်တို့အား ရွတ်ဆိုခြင်း လမ်းစဉ်ဖြင့်ပင်လျှင် ကောဋ္ဌာသတို့ကို စူးစမ်းဆင်ခြင်ကြသည်ဖြစ်၍ (ဝါ- စူးစမ်း ဆင်ခြင်ကြသောကြောင့်) အစဉ်အတိုင်း ၃၂-ပါးသော ကောဋ္ဌာသတို့သည် အထူးသဖြင့် ပေါ်လွင်ကုန်လျက် ထင်ကုန်သတတ်၊ စက်ဆုပ်ဖွယ်ဟုထင်သော အမှတ်သညာသည် ကောင်းစွာ တည်သတတ်၊ ထိုမထေရ်တို့သည် ယင်းကောဋ္ဌာသနိမိတ်၌ ဈာန်ကို ဖြစ်စေပြီးလျှင် ဈာန်လျှင် အခြေခံရှိသော ဝိပဿနာကို ပွါးစေကုန်၍ သောတာပတ္တိမဂ်ကို ထိုးထွင်း၍ သိကုန်သတတ်။ ထို့ကြောင့် “ရွတ်ဆိုနေကြစဉ်ပင် သောတာပန် ဖြစ်ကြလေကုန်၏”ဟု မိန့်ဆိုတော်မူပေသည်။ (ဋီကာ)
၂၇၉
နှုတ်ဖြင့် ရွတ်ဆိုပုံ
ရွတ်ဆိုခြင်းကိုပြုသော ယောဂီသည်လည်း တစပဉ္စက (အရေလျှင် ငါးခုမြောက်ရှိသော အပိုင်း) စသည်တို့ကို ပိုင်းခြား၍ အနုလုံ ပဋိလုံ (အစဉ်လိုက် အပြန်)တို့၏ အစွမ်းအားဖြင့် ရွတ်ဆိုခြင်းကို ပြုအပ်၏။ ချဲ့၍ပြအံ့-
“ဆံပင် အမွေး လက်သည်း ခြေသည်း သွား အရေ”ဟု အစဉ်လိုက် အနုလုံအားဖြင့် ရွတ်ဆိုပြီးလျှင် တဖန် အပြန်-ပဋိလုံအားဖြင့် “အရေ သွား လက်သည်း ခြေသည်း အမွေး ဆံပင်”ဟု ရွတ်ဆိုအပ်၏။ (တစပဉ္စက)
ထို၏အခြားမဲ့ ဝက္ကပဉ္စက (အညှို့လျှင် ငါးခုမြောက်ရှိသော အပိုင်း)၌ “အသား အကြော အရိုး ရိုးတွင်းခြင်ဆီ အညှို့”ဟု ရွတ်ဆိုပြီးလျှင် တဖန် ပဋိလုံအားဖြင့် “အညှို့ ရိုးတွင်းခြင်ဆီ အရိုး အကြော အသား, အရေ သွား လက်သည်း ခြေသည်း အမွေး ဆံပင်”ဟု ရွတ်ဆိုအပ်၏။
ထို့နောင် ပပ္ဖါသပဉ္စက (အဆုတ်လျှင် ငါးခုမြောက်ရှိသော အပိုင်း)၌ “နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ်”ဟု ရွတ်ဆိုပြီးလျှင် တဖန် ပဋိလုံအားဖြင့် “အဆုတ် အဖျဉ်း အမြှေး အသည်း နှလုံး, အညှို့ ရိုးတွင်းခြင်ဆီ အရိုး အကြော အသား, အရေ သွား လက်သည်း ခြေသည်း အမွေး ဆံပင်”ဟု ရွတ်ဆိုအပ်၏။
ထို့နောင် မတ္ထလုင်္ဂပဉ္စက (ဦးနှောက်လျှင် ငါးခုမြောက်ရှိသော အပိုင်း)၌ “အူမ အူသိမ် အစာသစ် အစာဟောင်း ဦးနှောက်၁”ဟု
၁- ဦးနှောက်သည် ပထဝီဓာတ်များသောကြောင့် (ယင်းကို) အစာဟောင်း၏ အဆုံး၌ ရွတ်ဆိုစဉ်တင်ခြင်းကို ပြဆိုတော်မူလေသည်။ (ဋီကာ)
၂၈၀
ရွတ်ဆိုပြီးလျှင် တဖန် ပဋိလုံအားဖြင့် “ဦးနှောက် အစာဟောင်း အစာသစ် အူသိမ် အူမ, အဆုတ် အဖျဉ်း အမြှေး အသည်း နှလုံး, အညှို့ ရိုးတွင်းခြင်ဆီ အရိုး အကြော အသား, အရေ သွား လက်သည်း ခြေသည်း အမွေး ဆံပင်”ဟု ရွတ်ဆိုအပ်၏။
ထို့နောင် မေဒဆက္က (အဆီခဲလျှင် ခြောက်ခုမြောက်ရှိသော အပိုင်း)၌ “သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ”ဟု ရွတ်ဆိုပြီးလျှင် တဖန် ပဋိလုံအားဖြင့် “အဆီခဲ ချွေး သွေး ပြည် သလိပ် သည်းခြေ, ဦးနှောက် အစာဟောင်း အစာသစ် အူသိမ် အူမ, အဆုတ် အဖျဉ်း အမြှေး အသည်း နှလုံး, အညှို့ ရိုးတွင်းခြင်ဆီ အရိုး အကြော အသား, အရေ သွား လက်သည်း ခြေသည်း အမွေး ဆံပင်”ဟု ရွတ်ဆိုအပ်၏။
ထို့နောင် မုတ္တဆက္က (ကျင်ငယ်လျှင် ခြောက်ခုမြောက်ရှိသော အပိုင်း)၌ “မျက်ရည် ဆီကြည် တံထွေး နှပ် အစေး ကျင်ငယ်”ဟု ရွတ်ဆိုပြီးလျှင် တဖန် ပဋိလုံအားဖြင့် “ကျင်ငယ် အစေး နှပ် တံထွေး ဆီကြည် မျက်ရည်, အဆီခဲ ချွေး သွေး ပြည် သလိပ် သည်းခြေ, ဦးနှောက် အစာဟောင်း အစာသစ် အူသိမ် အူမ, အဆုတ် အဖျဉ်း အမြှေး အသည်း နှလုံး, အညှို့ ရိုးတွင်းခြင်ဆီ အရိုး အကြော အသား, အရေ သွား လက်သည်း ခြေသည်း အမွေး ဆံပင်”ဟု ရွတ်ဆိုအပ်၏။
[၂၃၅] ဤဆိုခဲ့သည့်အတိုင်း အကြိမ်တရာ အကြိမ်တထောင် တကြိမ်တသိန်းသော်လည်း နှုတ်ဖြင့် ရွတ်ဆိုခြင်းကို ပြုအပ်၏၁။
၁- ဤရွက်ဆိုပုံ အစီအရင်၌ “အသား အကြော အရိုး ရိုးတွင်းခြင်ဆီ အညှို့၊ အညှို့ ရိုးတွင်းခြင်ဆီ အရိုး အကြော အသား, အရေ သွား
၂၈၁
လက်သည်း ခြေသည်း အမွေး ဆံပင်”ဟု ဤပုံဤနည်းဖြင့် ဝက္ကပဉ္စက စသည်တို့၌ အနုလုံအားဖြင့် ရွတ်ဆိုပုံကို ပြဆိုပြီးလျှင် ပဋိလုံအားဖြင့် ရွတ်ဆိုပုံကို ရှေးဖြစ်သော ပဉ္စကဆက္ကတို့နှင့် တပေါင်းတည်း ဆက်စပ်လျက် ပြဆိုထားလေသည်။ ထိုပြဆိုချက်ကို (ဆိုထားသည်ဟု မှတ်အပ်၏-နှင့် စပ်) သမ္မောဟဝိနောဒနီ အဋ္ဌကထာ၌ (အနုလုံ ငါးရက်၊ ပဋိလုံ ငါးရက်၊ အနုလုံ ပဋိလုံ ငါးရက်- ဤသို့အားဖြင့်) ရှေးပဉ္စက ဆက္ကတို့နှင့် မရောပဲ အသီးအခြား ငါးရက်သုံးလီ ၁၅-ရက်၊ ရှေးပဉ္စက ဆက္ကတို့နှင့် တပေါင်းတည်း ငါးရက်သုံးလီ ၁၅-ရက် ဤသို့အားဖြင့် (ပဉ္စက ဆက္က တခု တခု၌) ငါးရက်ခြောက်လီ ရက်သုံးဆယ်ရွတ်ပုံကို ပြဆိုထားသည်။ ထိုရွတ်ပုံတို့တွင် အစငါးရက် ရွတ်ပုံနှင့် အဆုံးငါးရက် ရွတ်ပုံကို ပြသည်၏ အစွမ်းဖြင့် (ဤဝိသုဒ္ဓိမဂ်၌) ဆိုထားသည်ဟု မှတ်အပ်၏။ တနည်းအားဖြင့်မူ ဤဝိသုဒ္ဓိမဂ်၌ ပြထားသော ရွတ်ဆိုပုံသည်လည်း ရွတ်ဆိုပုံ နည်းတပါးဖြစ်သည်ဟု သိအပ်ပေသည်။ (ဋီကာ)
သမ္မောဟဝိနောဒနီ၌ ပြသည့် ရွတ်ဆိုပုံ
တစပဉ္စက၌ အနုလုံ ငါးရက်၊ ပဋိလုံ ငါးရက်၊ အနုလုံ ပဋိလုံ ငါးရက် ပေါင်း ၁၅-ရက်။ ထို့အတူပင် ဝက္ကပဉ္စက၌လည်း အသီးအခြား ၁၅-ရက် ရှေးပဉ္စကနှင့် ပေါင်း၍ “ဆံပင် အမွေး လက်သည်း ခြေသည်း သွား အရေ၊ အသား အကြော အရိုး ရိုးတွင်းခြင်ဆီ အညှို့” ဤသို့ အနုလုံ ၅-ရက်၊ “အညှို့ ရိုးတွင်းခြင်ဆီ အရိုး အကြော အသား၊ အရေ သွား လက်သည်း ခြေသည်း အမွေး ဆံပင်” ဤသို့ ပဋိလုံ ၅-ရက်။ “ဆံပင်.. အညှို့၊ အညှို့.. ဆံပင်” ဤသို့ အနုလုံ ပဋိလုံ ၅-ရက်၊ ပေါင်း ရှေးနှင့်အရော ၁၅-ရက်ဖြစ်သည်။ သို့ဖြစ်၍ ဝက္ကပဉ္စက၌ ၅-ရက် ခြောက်လီ ရက်၃၀-ဖြစ်သည်။ ထို့အတူပင် ပပ္ဖါသပဉ္စက၌ ရက်၃၀၊ မတ္ထလုင်္ဂပဉ္စက၌ ရက် ၃ဝ၊ မေဒဆက္က၌ ရက်၃၀၊ မုတ္တဆက္က၌ ရက်၃၀
၂၈၂
အကျိုးကား- နှုတ်ဖြင့် ရွတ်ဆိုခြင်းကြောင့် ကမ္မဋ္ဌာန်းအစဉ်သည် ကျေပြွန်၏၊ စိတ်သည် ထိုမှ ဤမှ (ဝါ-ထိုထိုဤဤ အရပ်သို့) မပြေးသွားတော့ပေ၊ ဆံပင်စသော ကောဋ္ဌာသတို့သည် ထင်ရှားကုန်၏၊ လက်ချောင်းများ အစဉ်ကဲ့သို့၎င်း၊ ဝင်းထရံခြေ အစဉ်ကဲ့သို့၎င်း ထင်ပေါ်ကုန်၏။ (၁)
စိတ်ဖြင့် ရွတ်ဆိုပုံ
နှုတ်ဖြင့် ရွတ်ဆိုခြင်းကဲ့သို့ ထို့အတူ စိတ်ဖြင့် ရွတ်ဆိုခြင်း- နှလုံးသွင်းခြင်းကိုလည်း၁ ပြုအပ်၏။ အကျိုးကား နှုတ်ဖြင့်ရွတ်ဆိုခြင်းသည် စိတ်ဖြင့်ရွတ်ဆိုခြင်း- နှလုံးသွင်းခြင်းအား ကျေးဇူးပြု၏။
တစပဉ္စက၌ ၁၅-ရက်နှင့် ပေါင်းလျှင် ရက်ပေါင်း ၁၆၅-ရက်၊ လအားဖြင့် ၅-လခွဲ ရှိသည်။ ၎င်းသည် အခွဲနှင့်တကွ ၆-လဖြစ်သောကြောင့် ဆမာသသဇ္စျာယ ၆-လ ရွတ်ပုံဟူ၍ သမ္မောဟဝိနောဒနီ အဋ္ဌကထာ၌ မိန့်ဆိုထားလေသည်။
၁- စိတ်ဖြင့် ရွတ်ဆိုခြင်း ဟူသော စကားဖြင့် စိတ်ဖြင့် ကြံခြင်း နှလုံးသွင်းခြင်းကို မိန့်ဆိုသည်။ ယင်းကို မာနသဇပ္ပန- စိတ်ဖြင့် ရွတ်ခြင်း စိပ်ခြင်းဟု ဆိုအပ်၏၊ (ပုတီးစိပ်သကဲ့သို့ စိပ်ပုံကို ဆိုလို၏) တနည်းအားဖြင့် ဖွင့်ပြရလျှင် သမ္မဒေဝ- ကောင်းစွာသာလျှင်၊ ဈာယော- ရှုခြင်းတည်း၊ ထို့ကြောင့် သဇ္စျာယ မည်ပေသည်၊ စိန္တန-ကြံခြင်း ရှုခြင်း-ဟု အနက်ရ၏။ (ဋီကာ) ဤဋီကာ ဒုတိယအဖွင့် အလိုအားဖြင့် မနသာ-စိတ်ဖြင့်၊ သဇ္စျာယော ဟူရာ၌ သဇ္စျာယ-ပုဒ်သည် သံ+အဇ္စျာယ-မှ ဖြစ်လာသည် မဟုတ်၊ သံ+ဈာယ-မှ ဖြစ်လာသည်-ဟု ဆိုလို၏။ ထို့ကြောင့် ထိုသဇ္ဈာယော-ပုဒ်ကို ရှုခြင်း-ကြံခြင်းဟု အနက်ပြန်ရမည်ဟု ဆိုလို၏။
၂၈၃
စိတ်ဖြင့် နှလုံးသွင်းခြင်း- ရွတ်ဆိုခြင်းသည် အသုဘလက္ခဏာကို ထိုးထွင်းသိခြင်း- သဘောပေါက်ခြင်းအား (ဝါ-စက်ဆုပ်ဖွယ်သဘောကို မှတ်နိုင်ခြင်းအား) ကျေးဇူးပြုပေ၏။ (၂)
အဆင်း စသည်ဖြင့် ပိုင်းခြားပုံ
အဆင်းအားဖြင့်- ဟူသည်ကား ဆံပင် စသည်တို့၏ အဆင်းကို ပိုင်းခြား မှတ်သားအပ်၏။ (၃)
ပုံသဏ္ဌာန်အားဖြင့်- ဟူသည်ကား ထိုဆံပင် စသည်၏ပင်လျှင် ပုံသဏ္ဌာန်ကို ပိုင်းခြား မှတ်သားအပ်၏။ (၄)
အရပ်မျက်နှာအားဖြင့်- ဟူသည်ကား ဤကိုယ်၌ ချက်မှ အထက်ပိုင်းသည် အထက်အရပ်မျက်နှာ မည်၏။ အောက်ပိုင်းသည် အောက်အရပ်မျက်နှာ မည်၏၊ ထို့ကြောင့် “ဤ ကောဋ္ဌာသသည် ဤမည်သော အရပ်မျက်နှာ၌ (တည်ရှိ၏)”ဟု အရပ်မျက်နှာကို ပိုင်းခြား မှတ်သားအပ်၏။ (၅)
တည်ရာအားဖြင့်- ဟူသည်ကား “ဤကောဋ္ဌာသသည် ဤမည်သောအရပ်၌ တည်၏”ဟု ဤပုံ ဤနည်းဖြင့် ထိုထို ကောဋ္ဌာသ၏ တည်ရာအရပ်ကို ပိုင်းခြား မှတ်သားအပ်၏။ (၆)
အပိုင်းအခြားအားဖြင့်- ဟူသည်ကား အပိုင်းအခြားတို့သည် မိမိ၏အဖို့ဖြင့် ပိုင်းခြားခြင်း (သဘာဂပရိစ္ဆေဒ), အခြားအဖို့ဖြင့် ပိုင်းခြားခြင်း (ဝိသဘာဂပရိစ္ဆေဒ)ဟူ၍ ၂-ပါး ရှိကုန်၏။ ထိုတွင် “ဤကောဋ္ဌာသကို အောက်၌၎င်း အထက်၌၎င်း ဖီလာပတ်ဝန်းကျင်၌၎င်း ဤမည်သောအရပ်ဖြင့် ပိုင်းခြားလျက် ရှိသည်”ဟူ၍ ဤပုံဤနည်းဖြင့် သဘာဂပရိစ္ဆေဒကို သိအပ်၏။ “ဆံပင်တို့သည်
၂၈၄
အမွေးမဟုတ်ကုန်၊ အမွေးတို့သည်လည်း ဆံပင်မဟုတ်ကုန်”ဟူ၍ ဤပုံ ဤနည်းဖြင့် မရောနှောခြင်း၏ အစွမ်းအားဖြင့် ဝိသဘာဂပရိစ္ဆေဒကို သိအပ်၏။ (၇)
ဤမျှသာမကသေး- ယခု ပြဆိုခဲ့သည့်အတိုင်း ခုနစ်ပါးအပြားဖြင့် ဥဂ္ဂဟကောသလ္လကို ပြောကြားသော ဆရာသည် ဤကာယဂတာသတိ ကမ္မဋ္ဌာန်းကို ဤမည်သောသုတ်၌ ပဋိက္ကူလ- စက်ဆုပ်ဖွယ် နှလုံးသွင်းခြင်း၏ အစွမ်းအားဖြင့် ဟောထားသည်၊ ဤမည်သောသုတ်၌ ဓာတ်၏အစွမ်းအားဖြင့် (ဟောထားသည်)ဟု သိနားလည်၍ ပြောကြားအပ်၏။ ချဲ့၍ပြအံ့- ဤကာယဂတာသတိ ကမ္မဋ္ဌာန်းကို မဟာသတိပဋ္ဌာနသုတ်၌ ပဋိက္ကူလ၏ အစွမ်းအားဖြင့်သာလျှင် ဟောထားပေသည်။ မဟာဟတ္ထိပဒေါပမသုတ် မဟာရာဟုလောဝါဒသုတ် အဘိဓမ္မာ ဓာတုဝိဘင်းနှင့် ဥပရိပဏ္ဏာသ ဓာတုဝိဘင်္ဂသုတ်တို့၌ ဓာတ်၏အစွမ်းအားဖြင့် ဟောထားပေသည်။ ဥပရိပဏ္ဏာသ ကာယဂတာသတိသုတ်၌မူကား အကြင်ပုဂ္ဂိုလ်အား အဆင်းအားဖြင့် ထင်၏၊ ထိုပုဂ္ဂိုလ်ကိုရည်၍၁ ဈာန်၄-ပါးတို့ကို ဝေဘန် ဟောကြားထားပေသည်။ ထိုတွင် ဓာတ်၏အစွမ်းဖြင့် ဟောထားသော ကမ္မဋ္ဌာန်းသည် ဝိပဿနာကမ္မဋ္ဌာန်းပေတည်း၊ ပဋိက္ကူလ၏ အစွမ်းဖြင့် ဟောထားသော ကမ္မဋ္ဌာန်းသည် သမထကမ္မဋ္ဌာန်းပေတည်း။
၁- ဆံပင်စသည်ကို ရှရာ၌ မည်းသော အဆင်းထင်လျှင် နီလကသိုဏ်း ပဋိဘာဂနိမိတ်ထင်၍ ရူပဈာန်၄-ပါးကို ရ၏၊ အရိုးကိုရှုရာ၌ ဖြူသောအဆင်းထင်လျှင် ဩဒါတကသိုဏ်း ပဋိဘာဂနိမိတ်ထင်၍ ရူပဈာန်၄-ပါးကို ရ၏၊ ဤသို့သောပုဂ္ဂိုလ်ကို ရည်၍ ထိုသုတ်၌ ဈာန်၄-ပါးရပုံကို ပြထားသည်-ဟု ဆိုလို၏။
၂၈၅
ကာယဂတာသတိသုတ်၌လာသော ဤဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းသည် ဤကာယဂတာသတိအရာ၌၁ သမထကမ္မဋ္ဌာန်းသာလျှင် ဖြစ်ပေသည်။ ဤတွင် ဥဂ္ဂဟကောသလ္လ ပြောကြားပုံ ပြီး၏။
မနသိကာရကောသလ္လကို ပြောကြားပုံ
[၂၃၆] ၁၈၁။ ဤဆိုခဲ့သည့်အတိုင်း ခုနစ်ပါး အပြားဖြင့် ဥဂ္ဂဟကောသလ္လကို ပြောကြားပြီးလျှင် (က) ဆံပင် အမွေး အစရှိသော အစဉ်အားဖြင့်၊ (ခ) မမြန်လွန်းသောအားဖြင့်၊ (ဂ) မနှေးလွန်းသောအားဖြင့်၊ (ဃ) ပျံ့လွင့်ခြင်းကို မြစ်သောအားဖြင့်၊ (င) ဆံပင် အစရှိသော အမည်ပညတ်ကို ကျော်လွန်သောအားဖြင့်၊ (စ) အစဉ်အတိုင်း မထင်သည်ကို လွှတ်သောအားဖြင့်၊ (ဆ) အပ္ပနာအားဖြင့် (ဇ၊ဈ၊ည) သုံးပါးကုန်သော သုတ္တန်တို့ဟူ၍ ဤဆယ်ပါးသော အပြားအားဖြင့် မနသိကာရကောသလ္လကို ပြောကြားအပ်၏။ ထိုတွင်-
(က) ဆံပင် အမွေး အစရှိသာ အစဉ်အားဖြင့်- ဟူသည်ကား ဤကာယဂတာသတိ ကမ္မဋ္ဌာန်းကို (အားထုတ်သော ယောဂီသည်) ရွတ်ဆိုခြင်းကို ပြုသည်မှစ၍ ဆံပင် အမွေး အစရှိသော အစဉ်ဖြင့် နှလုံးသွင်းအပ်၏၊ တခုကျော်အားဖြင့် နှလုံးမသွင်းအပ်၂။
၁- ဝိသုဒ္ဓိမဂ်မှာ ပြထားသော ကာယဂတာသတိအရာ၌-ဟု ဆိုလို၏။ ဋီကာ၌မူ “ဤပဋိက္ကူလမနသိကာရပိုင်း၌”ဟု ဖွင့်ပြထား၏။
၂- တခုကျော်အားဖြင့်သော်လည်း နှလုံးမသွင်းအပ်၊ နှစ်ခုကျော်စသည်ဖြင့် ဆိုဖွယ်ပင် မရှိ-ဟု ဆိုလို၏။ (ဋီကာ)
၂၈၆
အပြစ်ကား- တခုကျော်အားဖြင့် နှလုံးသွင်းလျှင်၁ ဥပမာအားဖြင့် မလိမ္မာသော ယောက်ျားသည် ၃၂-ထစ်ရှိသော လှေကားကို တထစ်ကျော်ဖြင့် တက်လျှင် ကိုယ်ပင်ပန်းသည်ဖြစ်၍ လိမ့်ကျတတ်၏၊ တက်မှုကို မပြီးစေနိုင်ပဲ ရှိတတ်၏၊ ထို့အတူပင်၁ ဘာဝနာပြည့်စုံသည်၏ အစွမ်းဖြင့် ရသင့်ရထိုက်သော သာယာဖွယ်ကို မရခြင်းကြောင့် စိတ်ပင်ပန်းသည်ဖြစ်၍ (ဘာဝနာအလုပ်မှ) ကျတတ်၏၊ ဘာဝနာကို မပြီးစေနိုင်ပဲ ရှိတတ်၏။
(ခ) အစဉ်အတိုင်း နှလုံးသွင်းသော ယောဂီသည်လည်း မမြန်လွန်းသောအားဖြင့် နှလုံးသွင်းအပ်၏။ အပြစ်ကား- မြန်လွန်းသောအားဖြင့် နှလုံးသွင်းသော ယောဂီအား၂ ဥပမာအားဖြင့် သုံးယူဇနာရှိ ခရီးကို သွားသောသူမှာ သွားသင့် မသွားသင့်သော အရပ်ကို မမှတ်မူ၍ လျင်သောအဟုန်ဖြင့် အကြိမ်တရာတိုင်အောင် သွားခြင်း ပြန်ခြင်းကို ပြုသော်လည်း ခရီးကား ကုန်ဆုံးခြင်းသို့ ရောက်ပေ၏။ သို့သော် (သွားတိုင်း သွားတိုင်း) မေး၍သာလျှင် သွားရ၏၊ ထို့အတူပင် ကမ္မဋ္ဌာန်းသည် အဆုံးသို့ ရောက်ရုံမျှ သက်သက်သာ ဖြစ်၏။ ထင်ရှားသည်ကား မဖြစ်၊ တရားထူးကို မဆောင်နိုင်။ ထို့ကြောင့် မမြန်လွန်းသောအားဖြင့် နှလုံးသွင်းအပ်၏။
(ဂ) မမြန်လွန်းသောအားဖြင့် နှလုံးသွင်းအပ်သကဲ့သို့ ထို့အတူ မနှေးလွန်းသောအားဖြင့်လည်း နှလုံးသွင်းအပ်၏။ အပြစ်ကား-
၁- တခုကျော်အားဖြင့် နှလုံးသွင်းလျှင်.. ထို့အတူပင်.. သာယာဖွယ်ကို မရခြင်းကြောင့် စိတ်ပင်ပန်းသည်ဖြစ်၍ ကျတတ်၏ဟု စပ်ပါ။
၂- ယောဂီအား.. ထို့အတူပင် ကမ္မဋ္ဌာန်းသည် အဆုံးသို့ ရောက်ရုံမျှ သက်သက်သာ ဖြစ်၏-စသည်ဖြင့် စပ်ပါ။
၂၈၇
နှေးလွန်းသောအားဖြင့် နှလုံးသွင်းသော ယောဂီအား၁ ဥပမာအားဖြင့် သုံးယူဇနာရှိ ခရီးကို ထိုနေ့ချင်းပင်လျှင် (ရောက်အောင်) သွားလိုသောသူအား လမ်းခုလတ်တွင် သစ်ပင် တောင် ဆည်ကန် စသည်တို့၌ ဖင့်နွှဲနေပါမူ ခရီးသည် ပြီးဆုံးခြင်းသို့ မရောက်၊ နှစ်ရက် သုံးရက်ဖြင့် ပြီးဆုံးစေရ၏၊ ထို့အတူပင်၁ ကမ္မဋ္ဌာန်းသည် အပြီးအဆုံးသို့ မရောက်ပဲ ရှိတတ်၏။ တရားထူးကို ရခြင်း၏အကြောင်း မဖြစ်ပဲ ရှိတတ်၏။
(ဃ) ပျံ့လွင့်ခြင်းကို မြစ်သောအားဖြင့်- ဟူသည်ကား ကမ္မဋ္ဌာန်းကို စွန့်လွှတ်၍ အပြင်အပဖြစ်သော အမျိုးမျိုးသော အာရုံ၌၂ စိတ်၏ ပျံ့လွင့်ခြင်းကို တားမြစ်အပ်၏။ အပြစ်ကား- မတားမြစ်သောသူအား၃ ဥပမာအားဖြင့် ခြေတဖဝါးစာ နင်းလောက်သော ကမ်းပါးပြတ်လမ်းကိုသွားသော ယောက်ျားအား နင်းသောခြေကို (ဝါ-ခြေနင်းကွက်ကို) ကောင်းစွာ အမှတ်မပြုမူ၍ ထိုမှဤမှ မျှော်ကြည့်လတ်သော် ခြေလှမ်းမှားတတ်၏၊ ထို့ကြောင့် အသူတရာနက်သော ကမ်းပါးပြတ်၌ ကျသွားလေရာ၏၊ ထို့အတူပင်လျှင် အပြင်ပအာရုံ၌
၁- ယောဂီအား.. ထို့အတူပင် မရောက်ပဲ ရှိတတ်၏- စသည်ဖြင့် စပ်ပါ။
၂- ဆံပင်စသည်တို့၌ “မစင်မကြယ် စက်ဆုပ်ဖွယ်”ဟု ဖြစ်စေအပ်သော အသုဘာနုပဿနာကို ပယ်၍ (ဝါ-စက်ဆုပ်ဖွယ်ဟု ရှုမှုနှင့် ကင်း၍) တင့်တယ်၏စသည်ဖြင့် ယူအပ်သော ဆံပင်စသည်တို့သည်လည်း ဤအရာ၌ အပြင်ပဖြစ်သော အမျိုးမျိုးသော အာရုံမည်သည်သာဟု သိအပ်၏။ (ဋီကာ)
၃- မတားမြစ်သောသူအား.. ထို့အတူပင်လျှင် အပြင်ပအာရုံ၌ ပျံ့လွင့်လတ်သော်- စသည်ဖြင့် စပ်ပါ။
၂၈၈
ပျံ့လွင့်လတ်သော် ကမ္မဋ္ဌာန်းသည် ဆုတ်ယုတ်၏ ပျောက်ပျက်၏၊ ထို့ကြောင့် ပျံ့လွင့်ခြင်းကို မြစ်သောအားဖြင့် နှလုံးသွင်းအပ်၏။
[၂၃၇] (င) ပညတ်ကို ကျော်လွန်သောအားဖြင့်- ဟူသည်ကား ဆံပင် အမွေး အစရှိသော အမည်ပညတ်ကို ကျော်လွန်၍ စက်ဆုပ်ဖွယ်ဟု စိတ်ကို ထားအပ်၏။ ဥပမာအားဖြင့် ပြရလျှင် ရေရခဲသောကာလ၌ လူတို့သည် တောထဲ၌ ရေတွင်းကို တွေ့ရ၍ ထိုအရပ်၌ ထန်းရွက်အစရှိသော တစုံတခုသော အမှတ်အသားကို ဖွဲ့ချည်၍ ထိုအမှတ်အသားဖြင့် လာကြ၍ ရေလည်း ချိုးကြ၏၊ သောက်လည်း သောက်ကြ၏။ ထိုသူတို့အား မကြာခဏ သွားခြင်းကြောင့် အသွားအပြန် ခြေရာလမ်း ထင်ရှားသောအခါ၌ ထိုအမှတ်အသားဖြင့် ပြုဖွယ်ကိစ္စ မရှိတော့ပြီ။ အလိုရှိတိုင်းသော ခဏ၌ သွားကြ၍ ချိုးလည်း ချိုးကြ၏ သောက်လည်း သောက်ကြ၏၊ ထို့အတူပင် ရှေးအဖို့၌ ဆံပင် အမွေး အစရှိသော အမည်ပညတ်ဖြင့် နှလုံးသွင်းသော ယောဂီအား စက်ဆုပ်ဖွယ်အဖြစ်သည် (အကြင်အခါ၌) ထင်ရှား၏။ ထိုအခါ၌ (ထိုယောဂီသည်) ဆံပင် အမွေး အစရှိသော အမည်ပညတ်ကို ကျော်လွန်၍ စက်ဆုပ်ဖွယ်အဖြစ်၌သာလျှင် စိတ်ကို ထားအပ်ပေသည်။
(စ) အစဉ်အတိုင်း (မထင်သည်ကို) လွှတ်သောအားဖြင့်- ဟူသည်ကား အကြင် အကြင် ကောဋ္ဌာသသည် မထင်၊ ထိုထိုကောဋ္ဌာသကို လွှတ်သည်ဖြစ်၍ အစဉ်အတိုင်း (မထင်သည်ကို) လွှတ်သောအားဖြင့် နှလုံးသွင်းအပ်၏။ ချဲ့၍ပြအံ့- အားထုတ်ခါစ ယောဂီအား ဆံပင်ဟု နှလုံးသွင်းလျှင် နှလုံးသွင်းမှုသည် (နှုတ်တက်ရနေသည့်အတိုင်း) သွား၍ ကျင်ငယ်ဟူသော ဤအဆုံးကောဋ္ဌာသသို့သာလျှင် ဆိုက်၍ တည်၏၊ ကျင်ငယ်ဟူ၍လည်း နှလုံးသွင်းပြန်လျှင် နှလုံးသွင်းမှုသည် ပဋိလုံအားဖြင့် သွား၍ ဆံပင်ဟူသော ဤအစကောဋ္ဌာသသို့သာလျှင်
၂၈၉
ဆိုက်၍ တည်၏။ ထိုအခါ ထိုယောဂီအား နှလုံးသွင်းစဉ် နှလုံးသွင်းစဉ် အချို့ကောဋ္ဌာသတို့သည် ထင်ကုန်၏၊ အချို့ကောဋ္ဌာသတို့သည် မထင်ကုန်။ ထိုယောဂီသည် ထင်ကုန် ထင်ကုန်သော ထိုထိုကောဋ္ဌာသတို့၌သာလျှင် နှလုံးသွင်းခြင်းအမှုကို ပြုအပ်၏၊ (အဘယ်မျှတိုင်အောင်နည်း?ဟူမူ) နှစ်ခုကုန်သော ကောဋ္ဌာသတို့သာ ထင်ကြသည်တိုင်အောင် ထိုနှစ်ခုတို့တွင်လဲ တခုသည် သာလွန်၍ ထင်သည်တိုင်အောင် (နှလုံးသွင်းခြင်းကို ပြုအပ်၏)။ ဤသို့ သာလွန်၍ထင်သော ထိုတခုသော ကောဋ္ဌာသကိုသာလျှင် အဖန်တလဲလဲ နှလုံးခြင်းသည်ဖြစ်၍ အပ္ပနာဈာန်ကို ဖြစ်စေအပ်ပေသည်။
ထိုသို့ နှလုံးသွင်းရာ၌ ဤသည်ကား ဥပမာပေတည်း၊ ထန်း၃၂-ပင်ရှိသော ထန်းတော၌နေသော မျောက်ကို ဖမ်းယူလိုသော မူဆိုးသည် အစ၌တည်သော ထန်းပင်၏အရွက်ကို မြားဖြင့်ပစ်၍ ဟစ်အော် ချောက်လှန့်ခြင်းကို ပြုရာ၏၊ ထိုအခါ ထိုမျောက်သည် အစဉ်အတိုင်း ထိုထိုထန်းပင်သို့ ခုန်သွား၍ အစွန်ဆုံး ထန်းပင်သို့သာလျှင် ရောက်လေရာ၏။ ထိုထန်းပင်၌လည်း သွား၍ မုဆိုးသည် ထို့အတူပင် မြားဖြင့်ပစ်၍ အော်ဟစ် ချောက်လှန့်ခြင်းကို ပြုလျှင် တဖန် ထိုနည်းဖြင့်ပင်လျှင် အစ-ထန်းပင်သို့ ပြန်လာရာ၏၊ ထိုမျောက်သည် ဤနည်းဖြင့် အဖန်တလဲလဲ အစွမ်းကုန် ခုန်သွားစေအပ်သည်ရှိသော်၁ ဟစ်အော်ရာ ဟစ်အော်ရာ အရပ်၌သာလျှင် ထ၍ အစဉ်အတိုင်း တခုသော ထန်းပင်သို့ ခုန်သွား၍ ထိုထန်းပင်၏အလယ်၌
၁- ပရိပါတိယမာနော-ပုဒ်၏ အနက်ဖြစ်သည်။ ထက်ဝန်းကျင် ခုန်သွားစေ(အပ်)သည်- ဟူသည်မှာ သူ့အစွမ်းရှိသမျှ အပြည့်အစုံ ခုန်စေ(အပ်)ခြင်းပင် ဖြစ်သည်။
၂၉၀
ထန်းရွက်ဖူးတန်ကို မြဲစွာကိုင်လျက်၁ မြားဖြင့် ပစ်အပ်သော်လည်း မထပဲ ရှိလေရာ၏၊ ထိုဆိုခဲ့သော နှလုံးသွင်းပုံကို၂ ဤဥပမာနှင့် အတူပင် ဖြစ်သည်ဟု မှတ်အပ်ပေ၏။
ထိုဥပမာ၌ ယခု ဆိုမည့်စကားသည် ဥပမာနှင့် ဥပမေယျ နှီးနှောပုံပေတည်း၊ ထန်းတော၌ ၃၂-ခုသော ထန်းပင်တို့ကဲ့သို့ ဤကိုယ်ထဲ၌ ၃၂-ပါးသော ကောဋ္ဌာသတို့ကို (မှတ်အပ်၏)၊ မျောက်ကဲ့သို့ စိတ်ကို (မှတ်အပ်၏)၊ မူဆိုးကဲ့သို့ ယောဂီကို (မှတ်အပ်၏)၊ ထန်း၃၂-ပင်ရှိသော ထန်းတော၌ မျောက်၏ နေခြင်းကဲ့သို့ [၂၃၈] ၃၂-ကောဋ္ဌာသရှိသော ကိုယ်၌ အာရုံပြုသောအားဖြင့် ယောဂီ၏စိတ် အဖန်ဖန်ဖြစ်ခြင်း- ကျက်စားနေခြင်းကို (မှတ်အပ်၏)၊ မူဆိုးက အစ၌တည်သော ထန်းပင်၏အရွက်ကို မြားဖြင့်ပစ်၍ ဟစ်အော် ချောက်လှန့်အပ်သော် မျောက်သည် ထိုထိုထန်းပင်သို့ ခုန်သွား၍ အစွန်ဆုံးထန်းပင်သို့ ရောက်ခြင်းကဲ့သို့ ယောဂီသည် ဆံပင်ဟု နှလုံးသွင်း စပြုလိုက်လျှင် အစဉ်အတိုင်းသွား၍ အဆုံးကောဋ္ဌာသ၌သာလျှင် စိတ်၏တည်ခြင်းကို (မှတ်အပ်၏)၊ တဖန် ပြန်လာရာ၌လည်း ဤနည်းအတူပင်တည်း။ အဖန်တလဲလဲ အစွမ်းကုန် ခုန်သွားစေအပ်သည်ရှိသော် ဟစ်အော်ရာ ဟစ်အော်ရာ အရပ်၌သာလျှင် မျောက်၏ ထခြင်းကဲ့သို့ အဖန်ဖန် နှလုံးသွင်းသော ယောဂီအား အချို့ အချို့ ကောဋ္ဌာသတို့သာ ထင်ကုန်လတ်သော် မထင်သောကောဋ္ဌာသတို့ကို စွန့်လွှတ်၍ ထင်သော ကောဋ္ဌာသတို့ကိုသာ (အားထုတ်စ ဘာဝနာဟူသော) ပရိကံကိုပြုခြင်းကို (မှတ်အပ်၏)၊ အစဉ်အတိုင်း
၁- မြဲစွာ ကိုင်လျက်.. မထပဲ ရှိလေရာ၏-ဟု စပ်ပါ။
၂- နှလုံးသွင်းပုံကို.. မှတ်အပ်ပေ၏-ဟု စပ်ပါ။
၂၉၁
(နောက်ဆုံးမှာ) တခုသော ထန်းပင်သို့ ခုန်သွား၍ ထိုထန်းပင်၏အလယ်၌ ထန်းရွက်ဖူးတံကို မြဲစွာကိုင်လျက် မြားဖြင့် ပစ်အပ်သော်လည်း မထခြင်းကဲ့သို့ နောက်ဆုံး၌ ကောဋ္ဌာသနှစ်ခုတို့ ထင်ကြရာတွင် သာ၍ထင်သော ကောဋ္ဌာသကိုသာလျှင် အဖန်တလဲလဲ နှလုံးသွင်း၍ အပ္ပနာဈာန် ဖြစ်စေခြင်းကို (မှတ်အပ်၏)။
အခြား ဥပမာတခုကား- ၃၂-အိမ်ရှိသော ရွာကို မှီ၍နေသော ဆွမ်းခံရဟန်းသည် ပဌမအိမ်၌ပင်လျှင် နှစ်အိမ်စာ ဆွမ်းကိုရလျှင် နောက်၌ တအိမ်မှဆွမ်းကို စွန့်လွှတ်ရာ၏၊ တဖန် နောက်တနေ့၌ (တအိမ်တည်းမှ) သုံးအိမ်စာ ဆွမ်းကိုရလျှင် နောက်၌ ၂-အိမ်မှဆွမ်းကို စွန့်လွှတ်ရာ၏၊ တတိယနေ့၌ အစအိမ်မှာပင် သပိတ်ပြည့်အောင်ရလျှင် (အခြားအိမ်များသို့ မသွားတော့ပဲ) ဆွမ်းစားဇရပ်သို့သွား၍ ဘုဉ်းပေးရာသကဲ့သို့ ထိုဆိုခဲ့သော နှလုံးသွင်းပုံကို ဤဥပမာနှင့် အတူပင် ဖြစ်သည်ဟု မှတ်အပ်ပေ၏။
ဥပမာနှင့် ဥပမေယျ နှီးနှောပုံကား- ၃၂-အိမ်ရှိသော ရွာကဲ့သို့ ၃၂-ပါးသော ကောဋ္ဌာသကို (မှတ်အပ်၏)၊ ဆွမ်းခံရဟန်းကဲ့သို့ ယောဂီကို (မှတ်အပ်၏)၊ ထိုရွာကိုမှီလျက် ထိုရဟန်း၏ နေခြင်းကဲ့သို့ ၃၂-ကောဋ္ဌာသ၌ ယောဂီ၏ ပရိကံပြုခြင်းကို (မှတ်အပ်၏)၊ ပဌမအိမ်၌ နှစ်အိမ်စာ ဆွမ်းကိုရ၍ နောက်၌ တအိမ်မှဆွမ်းကို စွန့်ခြင်းကဲ့သို့၎င်း၊ ဒုတိယနေ့၌ သုံးအိမ်စာ ဆွမ်းကိုရ၍ နောက်၌ နှစ်အိမ်မှဆွမ်းတို့ကို စွန့်ခြင်းကဲ့သို့၎င်း နှလုံးသွင်းနေစဉ် မထင်သည်တို့ကို စွန့်၍ ထင်သော ကောဋ္ဌာသတို့တွင် ကောဋ္ဌာသနှစ်ခုတိုင်အောင် ပရိကံပြုခြင်းကို (မှတ်အပ်၏)၊ တတိယနေ့၌ အစအိမ်မှာပင်လျှင် သပိတ်ပြည့်အောင်ရ၍ (အခြားအိမ်များသို့ မသွားတော့ပဲ) ဆွမ်းစားဇရပ်သို့ (သွားပြီးလျှင် ထိုဇရပ်၌)ထိုင်၍ ဘုဉ်းပေးခြင်းကဲ့သို့
၂၉၂
နှစ်ခုသော ကောဋ္ဌာသတို့တွင် သာ၍ထင်သော ကောဋ္ဌာသကိုသာလျှင် အဖန်တလဲလဲ နှလုံးသွင်း၍ အပ္ပနာဈာန်ကို ဖြစ်စေခြင်းကို (မှတ်အပ်၏)။
(ဆ) အပ္ပနာအားဖြင့်-ဟူရာ၌ အပ္ပနာ၏ဖြစ်ရာ ကောဋ္ဌာသအားဖြင့် ဆံပင် စသည်တို့တွင် တခုခုသော ကောဋ္ဌာသ၌ အပ္ပနာဖြစ်သည်ဟု သိအပ်၏။ ဤသည်ကား ဤ၌ ဆိုလိုရင်း ဖြစ်သည်။
(ဇ၊ဈ၊ည) သုံးပါးကုန်သော သုတ္တန်တို့-ဟူရာ၌ အဓိစိတ္တသုတ်, သီတိဘာဝသုတ်, ဗောဇ္ဈင်္ဂကောသလ္လသုတ်ဟူသော ဤသုံးပါးကုန်သော သုတ္တန်တို့ကို ဝီရိယနှင့် သမာဓိကို ယှဉ်ခြင်းအကျိုးငှါ သိအပ်ကုန်၏၊ ဤသည်ကား ဤ၌ ဆိုလိုရင်းပေတည်း။ ထိုတွင်၁-
[၂၃၉] “ရဟန်းတို့ (အဓိစိတ္တမည်သော) လွန်ကဲ ထူးမြတ်သော သမထ ဝိပဿနာစိတ်ကို၂ အားထုတ်သော ရဟန်းသည် သုံးပါးသော နိမိတ်တို့ကို (သင့်လျော်သော) ရံဖန်ရံခါ နှလုံးသွင်းအပ်ကုန်၏၃ ရံဖန်ရံခါ (ဝီရိယဟူသော)
၁- ထိုတွင်.. အဓိစိတ္တသုတ်ဟု သိအပ်၏-စသည်ဖြင့် စပ်ပါ။
၂- အဓိ- လွန်ကဲထူးမြတ်သော + စိတ္တ- သမထ ဝိပဿနာစိတ်။
၃- မှတ်ထားအပ်သည့် တည်ကြည်ပုံ အခြင်းအရာရှိသော သမာဓိသည်ပင်လျှင် သမာဓိနိမိတ် မည်၏။ နှလုံးသွင်းအပ်၏-ဟူသည်မှာ စိတ်၌ပြုအပ်၏၊ “ဖြစ်စေအပ်၏”- ဤကား ပြုအပ်၏-ဟူသော စကား၏ အနက်။ တနည်းကား သမာဓိ၏ အကြောင်းဖြစ်သော အာရုံသည် သမာဓိနိမိတ် မည်၏၊ ၎င်းကို ဆင်ခြင်အပ်၏-ဟု ဆိုလို၏။ ပဂ္ဂဟနိမိတ် ဥပေက္ခာနိမိတ်တို့၌လည်း ဤနည်းပင် (၂-နက်စီ ယူလေဟု ဆိုလို၏)။ (ဋီကာ)
၂၉၃
ပဂ္ဂဟနိမိတ်ကို (ဝါ-ဝီရိယ၏အကြောင်း အာရုံဟူသော) ပဂ္ဂဟနိမိတ်ကို နှလုံးသွင်းအပ်၏၊ ရံဖန်ရံခါ (ဥပေက္ခာဟူသော) ဥပေက္ခာနိမိတ်ကို (ဝါ-ဥပေက္ခာ၏အကြောင်း အာရုံဟူသော) ဥပေက္ခာနိမိတ်ကို နှလုံးသွင်းအပ်၏။ ရဟန်းတို့ လွန်ကဲထူးမြတ်သော သမထ ဝိပဿနာစိတ်ကို အားထုတ်သော ရဟန်းသည် တသမတ်တည်း၁ သမာဓိနိမိတ်ကိုသာလျှင် အကယ်၍ နှလုံးသွင်းငြားအံ့၊ ထိုဘာဝနာစိတ်သည် ပျင်းရိခြင်းငှါ ဖြစ်ရာသော အကြောင်း(ရှိပေ၏)။ ...တသမတ်တည်း၁ ပဂ္ဂဟနိမိတ်ကိုသာလျှင် အကယ်၍ နှလုံးသွင်းငြားအံ့၊ ထိုဘာဝနာစိတ်သည် ပျံ့လွင့်ခြင်းငှါ ဖြစ်ရာသော အကြောင်း(ရှိပေ၏)။ ...တသမတ်တည်း၁ ဥပေက္ခာနိမိတ်ကိုသာလျှင် အကယ်၍ နှလုံးသွင်းငြားအံ့၊ ထိုဘာဝနာစိတ်သည် အာသဝေါတရားတို့ ကုန်ရန်အတွက် ကောင်းစွာ မတည်ကြည်ရာသော အကြောင်း(ရှိပေ၏)။ ရဟန်းတို့ စင်စစ်သော်ကား လွန်ကဲထူးမြတ်သော သမထ ဝိပဿနာစိတ်ကို အားထုတ်သော ရဟန်းသည် ရံဖန်ရံခါ သမာဓိနိမိတ်ကို ရံဖန်ရံခါ ပဂ္ဂဟနိမိတ်ကို ရံဖန်ရံခါ ဥပေက္ခာနိမိတ်ကို နှလုံးသွင်း၏၊ ထို့ကြောင့် ထိုဘာဝနာစိတ်သည် နူးညံ့လည်း နူးညံ့ပေ၏၊ အမှု၌လည်း ခံ့ပေ၏၊ အညစ်အကြေးကင်းလျက် သန့်ရှင်းတောက်ပလည်း
၁- ဧကန္တံ-ပုဒ်၏ အနက်ဖြစ်သည်၊ တမျိုးတည်းကိုသာ သက်သက် ရှုနေလျှင်ဟု ဆိုလို၏။
၂၉၄
တောက်ပပေ၏၁၊ ချို့ယွင်း ပျက်စီးခြင်းလည်း မရှိပေ၂၊ အာသဝေါတရားတို့ ကုန်ရန်အတွက် ကောင်းစွာ တည်ကြည်ပေ၏။
ရဟန်းတို့ ဥပမာပြရလျှင် ရွှေပန်းထိမ်ဆရာဖြစ်စေ၊ ရွှေပန်းထိမ်တပည့်ဖြစ်စေ မိုက်ခွက်-လုံကို ဖွဲ့ရာ-ပြုလုပ်ရာ၏၊ မိုက်ခွက်-လုံကို ပြုလုပ်ပြီးလျှင် မိုက်ခွက်အဝကို လောင်စေရာ၏၊ လောင်စေပြီးလျှင် ညှပ်ဖြင့် ရွှေကိုယူ၍ မိုက်ခွက်အဝ၌ ထည့်ပြီးလျှင် ရံဖန်ရံခါ (မီးဖြင့်)မှုတ်၏၊ ရံဖန်ရံခါ ရေဖြင့်ဖြန်း၏။ ရံဖန်ရံခါ လျစ်လျူရှု၏၊ ရဟန်းတို့ ရွှေပန်းထိမ်ဆရာဖြစ်စေ၊ ရွှေပန်းထိမ်တပည့်ဖြစ်စေ ထိုရွှေကို အကယ်၍ တသမတ်တည်း မှုတ်နေငြားအံ့၊ ထိုရွှေကို အရည်ပျော်သွားအောင် လောင်ရာသော အကြောင်း(ရှိပေ၏)၊ အကယ်၍ တသမတ်တည်း ရေဖြင့် ဖျန်းနေငြားအံ့၊ ထိုရွှေသည် ငြိမ်းအေးသွားရာသော အကြောင်း(ရှိပေ၏)၊ ...အကယ်၍ တသမတ်တည်း လျစ်လျူရှုနေငြားအံ့၊ ထိုရွှေသည်
၁- ပဘဿရံ-ဟူသည်ကား ညစ်ညူကြောင်း ဥပက္ကိလေသ ကင်းသဖြင့် ထက်ဝန်းကျင် စင်ကြယ်၏၊ ထက်ဝန်းကျင် ဖြူစင်၏၊ ဤကား တောက်ပ၏-ဟူသော စကား၏ အနက်။ (ဋီကာ) ဤအဖွင့်နှင့်အညီ တောက်ပ-ဟူသည်မှာ သန့်ရှင်း စင်ကြယ်ခြင်းပင် ဖြစ်သည်ဟု မှတ်အပ်၏။
၂- န စ ပဘင်္ဂု- ဟူသည်ကား ဘာဝနာအမှု၌ ခံ့ကျန်း သန်စွမ်းသည်၏ အဖြစ်သို့ ရောက်သဖြင့် ချို့ယွင်း ပျက်ကွက်ခြင်းလည်း မရှိ၊ ဥပမာ ကောင်းစွာ စင်ကြယ်စေပြီးသော ရွှေစင် ရွှေကောင်းသည် အလိုရှိသော အဆင်တန်ဆာပြုလုပ်ရန် ခံ့သကဲ့သို့ (ဖြစ်နိုင်သကဲ့သို့)တည်း။ (ဋီကာ)
၂၉၅
ကောင်းစွာ ရင့်ကျက်ခြင်းသို့ မရောက်ရာသော အကြောင်း(ရှိပေ၏)။ ရဟန်းတို့ စင်စစ်သော်ကား ရွှေပန်းထိမ်ဆရာဖြစ်စေ၊ ရွှေပန်းထိမ်တပည့်ဖြစ်စေ ထိုရွှေကို ရံဖန်ရံခါ (မီးဖြင့်)မှုတ်၏၊ ရံဖန်ရံခါ ရေဖြင့်ဖျန်း၏၊ ရံဖန်ရံခါ လျစ်လျူရှု၏၊ ထို့ကြောင့် နူးလည်း နူးညံ့ပေ၏၊ အမှု၌လည်း ခံ့ပေ၏၊ အညစ်အကြေးကင်းလျက် သန့်ရှင်းတောက်ပလည်း တောက်ပပေ၏၊ ချို့ယွင်း ပျက်စီးခြင်းလည်း မရှိပေ၊ လက်ကောက် လက်စွပ်စသော အမှုအတွက် ကောင်းစွာ ရောက်ပေ၏။ သင်းကျစ်ပြားအတွက်ဖြစ်စေ၊ နားဍောင်းအတွက်ဖြစ်စေ၊ [၂၄ဝ] လည်ဆွဲတန်ဆာအတွက်ဖြစ်စေ၁၊ ရွှေပန်းကုံးအတွက်ဖြစ်စေ အကြင် အကြင် အဆင်တန်ဆာ အထူးအတွက် အလိုရှိပါမူ ထိုပန်းထိမ်ဆရာ ပန်းထိမ်တပည့်၏ ထိုအလိုရှိသမျှ အဆင်တန်ဆာဟူသော အကျိုးကိုလည်း ပြီးစေနိုင်ပေ၏။
ရဟန်းတို့ ဤအတူပင် လွန်ကဲထူးမြတ်သော သမထ ဝိပဿနာစိတ်ကို အားထုတ်သော ရဟန်းသည် သုံးပါးသော နိမိတ်တို့ကို ။ပ။ အာသဝေါတရားတို့ ကုန်ရန်အတွက် ကောင်းစွာ တည်ကြည်ပေ၏။ (ဣဒ္ဓိဝိဓစသော) ထူးသောဉာဏ်ဖြင့်
၁- ယဒိ ဂီဝေယျာယ-ပုဒ်၏ အနက်ဖြစ်သည်။ ဂီဝေယျ-ပုဒ်သည် နပုန်းလိင် ဖြစ်သောကြောင့် ဂီဝေယျာယ-ပုဒ်သည် တဒတ္ထအနက်၌ စတုတ္ထဝိဘတ်ဖြင့် ပြီးကြောင်း ထင်ရှား၏၊ ထို့ကြောင့် ယဒိ ပဋိကာယ-စသော အလားတူပုဒ်များကိုလည်း “သင်းကျစ်ပြားအတွက်ဖြစ်စေ” စသည်ဖြင့် သမ္ပဒါန်အနက် ပြန်ထားသည်။
၂၉၆
မျက်မှောက်ပြုထိုက်သော အကြင် အကြင် တရားကို ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုရန်အတွက် စိတ်ကို ရှေးရှုညွတ်စေလျှင် (ပုဗ္ဗဟေတုစသော) အကြောင်းရှိတိုင်း ရှိတိုင်း၁ ထိုမျက်မှောက်ပြုထိုက်သော တရား၌ မျက်မြင်ကိုယ်တွေ့ရှိသူ ဖြစ်ထိုက်ခြင်းသို့ (ဝါ- မျက်မြင်ကိုယ်တွေ့ဖြစ်ခြင်းသို့) ရောက်ပေ၏”ဟူသော-
ဤသုတ်ကို အဓိစိတ္တသုတ်ဟု သိအပ်၏။
ရဟန်းတို့ ၆-ပါးသော တရားတို့နှင့် ပြည့်စုံသော ရဟန်းသည် အမြတ်ဆုံးဖြစ်သော အေးချမ်းခြင်း(နိဗ္ဗာန်)ကို မျက်မှောက်ပြုရန် ဖြစ်ထိုက်ပေ၏။ အဘယ် ၆-ပါးတို့နှင့်နည်း?ဟူမူ၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အကြင်အခါ၌ စိတ်ကို နှိပ်သင့်၏၊ ထိုအခါ၌ စိတ်ကို နှိပ်၏။ အကြင်အခါ၌ စိတ်ကို ပင့်မြှောက်သင့်၏၊ ထိုအခါ၌ စိတ်ကို ပင့်မြှောက်၏။ အကြင်အခါ၌ စိတ်ကို ရွှင်စေသင့်၏၊ ထိုအခါ၌ စိတ်ကို ရွှင်စေ၏။ အကြင်အခါ၌ စိတ်ကို လျစ်လျူရှုသင့်၏၊ ထိုအခါ၌ စိတ်ကို လျစ်လျူရှု၏။ မြတ်သော မဂ်ဖိုလ်၌ နှလုံးသွင်း ညွတ်ကိုင်း၏၊ နိဗ္ဗာန်၌ မွေ့လျော်၏။ ရဟန်းတို့
၁- သတိ သတိ အာယတနေ-ပါဌ်၏ အနက်ဖြစ်သည်။ တသ္မိံ တသ္မိံ ပုဗ္ဗဟေတုအာဒိကေ ကာရဏေ သတိ- ထိုထို ပုဗ္ဗဟေတု အစရှိသော အကြောင်းရှိလတ်သော် ဟူသော ဋီကာအဖွင့်တွင် တသ္မိံ တသ္မိံဟူသော ဝိစ္ဆာစကားဖြင့် သတိ သတိ-ဟူသော ၂-ပုဒ်ကို ဝိစ္ဆာပုဒ်များဖြစ်ကြောင်း ပြပေသည်။ အကျယ် အဆုံးအဖြတ်ကို မဟာဋီကာ နိဿယ ဒု နှာ ၁၉၅-၌ ကြည့်ပါ။
၂၉၇
ဤ၆-ပါးသော တရားတို့နှင့် ပြည့်စုံသော ရဟန်းသည် အမြတ်ဆုံးဖြစ်သော အေးချမ်းခြင်းကို မျက်မှောက်ပြုရန် ဖြစ်ထိုက်ပေ၏”ဟူသော-
ဤသုတ်ကို အနုတ္တရသီတိဘာဝသုတ်ဟု သိအပ်၏။
ဗောဇ္ဈင်္ဂကောသလ္လသုတ်ကိုမူ “ရဟန်းတို့ ဤအတူပင် တွန့်ဆုတ်သော စိတ်ဖြစ်သောအခါ၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးစေခြင်းငှါ သင့်လျော်သော အခါမဟုတ်ပေ” ဤသို့ စသည်ဖြင့် အပ္ပနာကောသလ္လကထာ (ပဌမတွဲ ပ-နှိပ် နှာ-၄၀ဝ)၌ ပြခဲ့ပြီးပင် ဖြစ်သည်။
ယခု ပြဆိုခဲ့သည့်အတိုင်း ခုနစ်ပါး အပြားရှိသော ဤဥဂ္ဂဟကောသလ္လကို ကောင်းစွာ မှတ်ယူပြီးလျှင် ဆယ်ပါးအပြားရှိသော ဤမနသိကာရကောသလ္လကိုလည်း ကောင်းစွာ ပိုင်းခြားမှတ်သား၍ ထိုယောဂီသည် နှစ်ပါးသော ကောသလ္လတို့၏ အစွမ်းအားဖြင့် ကမ္မဋ္ဌာန်းကို ကောင်းစွာ သင်ယူအပ်ပေသည်။ ဆက်၍ဆိုဦးအံ့- ထိုယောဂီအား ကမ္မဋ္ဌာန်းဆရာနှင့်အတူ တကျောင်းတည်း၌ပင် (နေရန်) အကယ်၍ အဆင်ပြေငြားအံ့၊ ယခု ပြဆိုခဲ့သည့်တိုင်း အကျယ်အားဖြင့် မဟောစေမူ၍ ကမ္မဋ္ဌာန်းကို ကောင်းစွာ ပိုင်းခြားမှတ်သားကာ ကမ္မဋ္ဌာန်းကို အားထုတ်လျက် ဘာဝနာ၏ ထူးခြားခြင်းကို ရပြီးလတ်သော် အထက် အထက်၌ (ဝါ-တိုးတက်၍ တိုးတက်၍) ဟောကြားစေအပ်၏။ အခြားအရပ် အခြားကျောင်း၌ နေလိုသော ယောဂီသည် ပြဆိုခဲ့တိုင်းသော အစီအရင်ဖြင့် အကျယ် ဟောကြားစေပြီးလျှင် အဖန်တလဲလဲ ပြန်လှန်၍ အလုံးစုံသော အထုံးအဖွဲ့ ခက်ဆစ်ဌာနကို ဖြတ်ပယ်ရှင်းလင်းပြီးလျှင် ပထဝီကသိဏနိဒ္ဒေသ၌ ဆိုခဲ့သော နည်းဖြင့်ပင်လျှင် မလျော်သောကျောင်းကို ပယ်၍ [၂၄၁] လျော်သော ကျောင်း၌နေလျက် ပလိဗောဓငယ်များကိုဖြတ်၍
၂၉၈
စက်ဆုပ်ဖွယ်ဟု နှလုံးသွင်းရသော ကာယဂတာသတိ ကမ္မဋ္ဌာန်း၌ (စ၍ အားထုတ်ခြင်းဟူသော) ပရိကံကို ပြုအပ်ပေသည်။
ပရိကံကို ပြုပုံ
(ထိုပရိကံကို)ပြုသော ယောဂီသည် ဆံပင်တို့၌ ရှေးဦးစွာ အသုဘထင်ကြောင်း နိမိတ်ကို ယူအပ်၏။ အဘယ်သို့နည်း?ဟူမူ- တခု နှစ်ခုသော ဆံပင်တို့ကို နှုတ်ယူပြီးလျှင် လက်ဝါးပြင်၌ တင်ထား၍ အဆင်းကို ရှေးဦးစွာ ပိုင်းခြားမှတ်သားအပ်၏၊ ခေါင်းရိပ်ရာအရပ်၌လည်း ဆံပင်တို့ကို ကြည့်ရှုရန် သင့်ပေ၏။ ရေခွက်၌သော်၎င်း၊ ယာဂုခွက်၌သော်၎င်း (ထင်သောအရိပ်ကို) ကြည့်ရှုရန်လည်း သင့်သည်သာတည်း။ မည်းနက်စဉ်ကာလ၌ မည်းနက်ကုန်၏ဟု နှလုံးသွင်းအပ်၏၊ ဆံဖြူသောအခါ၌ ဖြူကုန်၏ဟု နှလုံးသွင်းအပ်၏။ အမည်း အဖြူ ရောသောအခါ၌မူ များရာ၏အစွမ်းအားဖြင့် နှလုံးသွင်းအပ်၏။ ဆံပင်တို့၌ကဲ့သို့ပင် ဤအတူ အလုံးစုံသော တစပဉ္စက၌လည်း ကြည့်၍သာလျှင် အသုဘထင်ကြောင်း နိမိတ်ကို ယူအပ်ပေသည်။
ကောဋ္ဌာသတို့ကို ပိုင်းခြားပုံ ပြဆိုချက်
၁၈၂။ ဤဆိုခဲ့သည့်အတိုင်း နိမိတ်ကို ယူပြီးလျှင် အလုံးစုံသော ကောဋ္ဌာသတို့ကို အဆင်း, သဏ္ဌာန်, အရပ်မျက်နှာ, တည်ရာ, အပိုင်းအခြားတို့၏ အစွမ်းအားဖြင့် ပိုင်းခြား ဆုံးဖြတ်ပြီးလျှင် အဆင်း, သဏ္ဌာန်, အနံ့, မှီရာအကြောင်း, တည်ရာတို့၏ အစွမ်းအားဖြင့် ငါးပါးအပြားဖြင့် စက်ဆုပ်ဖွယ်ရှိသည်၏ အဖြစ်ကို ပိုင်းခြား မှတ်သားအပ်၏။
၂၉၉
ထိုသို့ မှတ်သားရာ၌ ယခုဆိုမည့် စကားသည် အလုံးစုံသော ကောဋ္ဌာသတို့၌ အစဉ်အတိုင်းပြဆိုသော စကားပေတည်း။
(၁) ဆံပင်
(ကေသာ) ဆံပင်တို့သည် ပကတိအဆင်းအားဖြင့် မည်းနက်ကုန်၏၊ စိုသော ပုတီးနက်သီး အဆင်းရှိကုန်၏၁၊ ပုံသဏ္ဌာန်အားဖြင့် ရှည်၍ လုံးကုန်၏၊ ချိန်ရိုးသဏ္ဌာန် ရှိကုန်၏၂၊ အရပ်မျက်နှာအားဖြင့် အထက်အရပ်၌၃ ဖြစ်ကုန်၏၊ တည်ရာအားဖြင့် နံပါးနှစ်ဖက်တို့၌ နားပန်းစွန်းတို့ဖြင့်, ရှေ့ဖက်၌ နဖူးပြင်အဆုံးဖြင့်, နောက်ဖက်၌
၁- ဆံပင်တို့သည် လူတိုင်းပင် မျက်မြင်ဖြစ်၍ ငယ်ရွယ်စဉ်၌ မည်းနက်ကြသည်ကို၎င်း၊ အချို့လူမျိုးတို့၌ နီကျင်ကျင် ရှိကြသည်ကို၎င်း၊ ကြီးရင့်သောအခါ၌ ဖြူကြသည်ကို၎င်း ထင်ရှားသိနိုင်ကြပေ၏၊ ဥပမာပြစရာပင် မလိုပါ၊ သို့သော်လည်း အသိခက်သော နောက်ကောဋ္ဌာသတို့၌ ဥပမာဖြင့် ပြသွားမည် ဖြစ်သောကြောင့် ဤ၌လည်း ဥပမာ ပြထားပေသည်၊ သို့ဖြစ်၍ ပုတီးနက်စေ့က ဘယ်လိုနေပါလိမ့် စသည်ဖြင့် စဉ်းစားနေရန်မလို၊ ဆံပင်တို့၏ အဆင်းကို မိမိ၏ မျက်မြင်အတိုင်းပင် မှတ်ရာ၏။
၂- ချိန်ရိုးဖြင့် ဥပမာပြခြင်းသည် လုံးပုံကို သိစေလိုလှသောကြောင့် ဖြစ်ရာ၏၊ မျက်မြင်ဖြစ်၍ ဤ၌လည်း ဥပမာက အရေးကြီးလှသည် မဟုတ်ပါ။ ယောအတွင်းဝန်၏ ကာယာနုပဿနာကျမ်း၌မူ “နက်သော ပိုးချည်မျှင်နှင့် တူသည်”ဟု ဆို၏။
၃- ဒိသာ-ဟူသော ပါဠိအရ အရပ်မျက်နှာဟူ၍သာ ပြန်သင့်သော်လည်း ဤပုဒ်အနက်မှစ၍ အရပ်ဟူ၍သာ ပြန်သွားမည်။
၃၀၀
လည်ကုပ်တွင်းဖြင့် (ဆံပင်တို့ကို) ပိုင်းခြားလျက်ရှိသည်၁၊ ဦးခေါင်းခွံကို ရစ်ပတ်လျက်ရှိသော စိုသော အရေသည် ဆံပင်တို့၏ တည်ရာပေတည်း၊ အပိုင်းအခြားအားဖြင့် (တခုစီ တခုစီသော) ဆံပင်တို့ကို ဦးခေါင်းကို ရစ်ပတ်လျက်ရှိသော အရေ၌ စပါးလုံး အမြီးဖျားမျှ ဝင်၍တည်သော၂ အောက်ဖက်၌ မိမိ၏ အမြစ်အပြင်ဖြင့်, အထက်ဖက်၌ ဟင်းလင်းပြင်ဖြင့်, ဖီလာပတ်ဝန်းကျင်၌ ဆံပင်အချင်းချင်းဖြင့် ပိုင်းခြားလျက် ရှိသည်၃၊ နှစ်ခုသော ဆံပင်တို့သည် တပေါင်းတည်း (တည်ကြသည်ဟု) မရှိကုန်၊ ဤသည်ကား မိမိ၏အဖို့ဖြင့် ပိုင်းခြားခြင်း (သဘာဂပရိစ္ဆေဒ)ပေတည်း၊ ဆံပင်တို့သည် အမွေးမဟုတ်ကုန်၊ အမွေးတို့သည် ဆံပင်မဟုတ်ကုန်ဟု ဤပုံဤနည်းဖြင့် ကြွင်းသော ၃၁-ပါးသော ကောဋ္ဌာသတို့နှင့် မရောနှောပဲ ကွဲပြားကုန်သော ဆံပင်တို့မည်သည် အသီးအခြား တခုသော ကောဋ္ဌာသ(အဖို့အစု)ပေတည်း၊ ဤသည်ကား မိမိအဖို့မဟုတ်သော အခြားအဖို့ဖြင့် ပိုင်းခြားခြင်း (ဝိသဘာဂပရိစ္ဆေဒ)ပေတည်း၊ ဤသည်ကား ဆံပင်တို့ကို အဆင်းစသည်ဖြင့် ပိုင်းခြား ဆုံးဖြတ်ခြင်းပေတည်း။
၁- ပရိစ္ဆန္နာ-ပုဒ်ကို အတိအကျပြန်လျှင် ပိုင်းခြားအပ်ကုန်၏ဟု ဖြစ်၏။ ထိုသို့ပြန်လျှင် ဉာဏ်ဖြင့် ပိုင်းခြားသင့်သည်ဟူသော အနက်နှင့် ရောယှက်ဖွယ်ရှိသောကြောင့် ဤ၌ ပိုင်းခြားလျက်ရှိသည်-ဟု ပြန်ထားသည်၊ ဆံပင်တို့၏တည်ရာ နယ်ပယ်သည် နားပန်းစွန်းစသော နယ်သတ် နိမိတ်တို့ဖြင့် ပိုင်းခြား ကန့်သတ်လျက် ရှိသည်ဟု ဆိုလို၏။
၂- ဝင်၍ တည်သော.. အမြစ်အပြင်ဖြင့်ဟု စပ်ပါ။
၃- ဤအနက်လည်း ပရိစ္ဆန္နာပုဒ်၏ အနက်ပင်၊ မှတ်ချက်၁-၌ ကဲ့သို့ပင် ပရိယာယ်တပါးဖြင့် လဲလှယ်၍ ပြန်ထားသည်။ နောက်၌လည်း အပိုင်းအခြားကို ပြရာ၌ နည်းတူပင် ပြန်ထားသည်ဟု မှတ်ပါ။
၃၀၁
၁၈၃။ ယခုဆိုမည့် စကားသည်ကား ထိုဆံပင်တို့ကို အဆင်းစသည်တို့၏ အစွမ်းအားဖြင့် ငါးပါးအပြားဖြင့် စက်ဆုပ်ဖွယ်ဟု ပိုင်းခြား မှတ်သားခြင်းပေတည်း။ ဤဆံပင်တို့မည်သည်မှာ အဆင်းအားဖြင့်လည်း စက်ဆုပ်ဖွယ်ရှိကုန်၏၊ ပုံသဏ္ဌာန်အားဖြင့်လည်း စက်ဆုပ်ဖွယ်ရှိကုန်၏၊ အနံ့အားဖြင့်လည်း စက်ဆုပ်ဖွယ်ရှိကုန်၏၊ မှီရာ အကြောင်းအားဖြင့်လည်း စက်ဆုပ်ဖွယ်ရှိကုန်၏၊ တည်ရာအားဖြင့်လည်း စက်ဆုပ်ဖွယ်ရှိကုန်၏။
[၂၄၂] ချဲ့၍ပြအံ့- နှစ်သက်ဖွယ် ကောင်းငြားသော်လည်း ယာဂုခွက်၌သော်၎င်း၊ ထမင်းပန်းကန်၌သော်၎င်း ဆံပင်အဆင်းရှိသော တစုံတခုကို မြင်ရလျှင် ဤစားဖွယ်သည် ဆံပင်နှင့်ရောနေသည်။ ထိုအရာကို ယူသွားကြဟု ဆိုလျက် စက်ဆုပ်ကုန်၏၊ ဤသို့ ဆံပင်တို့သည် အဆင်းအားဖြင့် စက်ဆုပ်ဖွယ် ရှိကုန်၏။
ညဉ့်အခါ၌ စားနေသော သူတို့သည်လည်း ဆံပင်၏ အသွင်သဏ္ဌာန်ရှိသော မရိုးမျှင်ကိုသော်၎င်း၊ သင်ပန်းမျှင်ကိုသော်၎င်း ထိမိ စမ်းမိ၍သော်လည်း ထို့အတူပင် စက်ဆုပ်တတ်ကုန်၏၊ ဤသို့ ပုံသဏ္ဌာန်အားဖြင့် စက်ဆုပ်ဖွယ် ရှိကုန်၏။
ဆီလိမ်းခြင်း ပန်းအမွှေးအထုံ စသည်တို့ဖြင့် ပြုပြင်ခြင်းမှ ကင်းကုန်သော ဆံပင်တို့၏ အနံ့သည် အလွန် စက်ဆုပ်ဖွယ်ကောင်း၏။ မီး၌ ထည့်အပ်ကုန်သော ဆံပင်တို့၏ အနံ့သည် ထို့ထက် သာ၍ စက်ဆုပ်ဖွယ်ကောင်း၏၊ မှန်ပေ၏- ဆံပင်တို့သည် အဆင်းသဏ္ဌာန်အားဖြင့် စက်ဆုပ်ဖွယ် မရှိသည်သော်လည်း ဖြစ်နိုင်ကြသေး၏၊ အနံ့အားဖြင့်မူကား စက်ဆုပ်ဖွယ် ရှိကြသည်ချည်းသာတည်း။ ဥပမာဖြင့် ပြရလျှင် နို့စို့အရွယ် ကလေးသူငယ်၏ မစင်သည် အဆင်းအားဖြင့် နနွင်းအဆင်း ရှိ၏၊ သဏ္ဌာန်အားဖြင့်လည်း နနွင်းခဲသဏ္ဌာန်ရှိ၏။
၃၀၂
ထို့ပြင် အမှိုက်ပုံ၌ စွန့်ပစ်ထားသော ခွေးနက်၏ ဖူးဖူးရောင်နေသော ကိုယ်ကောင်သည် အဆင်းအားဖြင့် ထန်းသီးမှည့်အဆင်း ရှိ၏၊ သဏ္ဌာန်အားဖြင့် လုံး၍ ချောညက်သော မုရိုးစည်သဏ္ဌာန် ရှိ၏၁၊ ထိုခွေးနက်၏ အစွယ်တို့သည်လည်း မြတ်လေးပန်းငုံနှင့် တူကုန်၏၊ ထို့ကြောင့် သူငယ်၏မစင်နှင့် ခွေးကောင်ပုပ်ဟူသော ထို၂-ခုလုံးပင် အဆင်းနှင့် သဏ္ဌာန်အားဖြင့် စက်ဆုပ်ဖွယ်မဟုတ်သည် ဖြစ်နိုင်သေး၏၊ အနံ့အားဖြင့်မူကား စက်ဆုပ်ဖွယ် စင်စစ်သာတည်း၊ ဤအတူပင် ဆံပင်တို့သည်လည်း အဆင်းနှင့် သဏ္ဌာန်အားဖြင့် စက်ဆုပ်ဖွယ် မရှိကုန်သော်လည်း အနံ့အားဖြင့်မူ စက်ဆုပ်ဖွယ် ရှိကုန်သည်သာတည်း၂။
ထို့ပြင် မသန့်သော (ရွာအနီး)အရပ်၌ ရွာ၏ အညစ်အကြေး အကျိုးဆက်ဖြင့် ပေါက်ကုန်သော ဟင်းရွက်တို့သည် မြို့သူမြို့သား လူတို့အား စက်ဆုပ်ဖွယ်ဖြစ်၍ မသုံးဆောင်ကောင်းကုန်သကဲ့သို့ ထို့အတူပင် ဆံပင်တို့သည်လည်း သွေး ကျင်ငယ် ကျင်ကြီး သည်းခြေ
၁- ဝဋ္ဋေတွာ ဝိဿဋ္ဌမုဒိင်္ဂသဏ္ဌာနံ-ဟု ပါဌ်ရှိသောကြောင့် နိဿယ၌ လုံး၍ ပြုပြင်စီရင်အပ်သော မုရိုးစည်သဏ္ဌာန်ရှိသည်-ဟု ပြန်ထား၏။ ပြုပြင်စီရင်အပ်သည်- ဟူသော စကားဖြင့် အနက်ထူး မရပေ။ ထို့ကြောင့် ဝိဿဋ္ဌ-အရာ၌ ဝိမဋ္ဌ-ဟု ရှိသင့်သည်ဟူ၍ ယူဆပြီးလျှင် ချောညက်သော-ဟု ပြန်သည်။ လိုရင်းမှာ ခွေးကောင်ပုပ်နှင့် မရိုးစည် ပုံတူဖြစ်ရန်ပင် ဖြစ်သည်။
၂- ပဋိက္ကူလ-ဟူသော ပုဒ်ကို စက်ဆုပ်ဖွယ်-ဟူ၍၎င်း စက်ဆုပ်ဖွယ် ရှိသည်ဟူ၍၎င်း၊ စက်ဆုပ်ဖွယ် ကောင်းသည်ဟူ၍၎င်း ဤသုံးနက်တို့တွင် စကားချောသည်အားလျော်စွာ ဤ၌ ပြန်ထားသည်။
၃၀၃
သလိပ်စသည်တို့၏ အကျိုးဆက်ဖြင့် ဖြစ်ကြသောကြောင့် စက်ဆုပ်ဖွယ်တို့ပင်တည်း၊ ဤသည်ကား ထိုဆံပင်တို့၏ မှီရာအကြောင်းအားဖြင့် စက်ဆုပ်ဖွယ် ကောင်းခြင်းပေတည်း၁။
ထို့ပြင် ဤဆံပင်တို့မှာ မစင်ပုံ၌ပေါက်သော မှိုကဲ့သို့ ၃၁-ပါးသော ကောဋ္ဌာသအစု၌ ဖြစ်ကုန်၏၊ ထိုဆံပင်တို့သည် သုသာန် အမှိုက်ပုံ စသည်တို့၌ပေါက်သော ဟင်းရွက်ကဲ့သို့၎င်း၊ (မသန့်သော)ကျုံး စသည်တို့၌ ပေါက်သော ကြာနီ ကြာညိုစသော ပန်းကဲ့သို့၎င်း မသန့်သော (ကိုယ်)အရပ်၌ ဖြစ်ကြသောကြောင့် အလွန်ပင် စက်ဆုပ်ဖွယ် ကောင်းကုန်၏၊ ဤသည်ကား ထိုဆံပင်တို့၏ တည်ရာအရပ်အားဖြင့် စက်ဆုပ်ဖွယ် ကောင်းခြင်းပေတည်း။
ထိုမှတပါး ဆံပင်တို့ကဲ့သို့ ထို့အတူပင် ကြွင်းသော ကောဋ္ဌာသအားလုံးတို့၏၂ အဆင်း, သဏ္ဌာန်, အနံ့, မှီရာအကြောင်း, တည်ရာတို့၏ အစွမ်းအားဖြင့် ငါးပါးအားဖြင့် စက်ဆုပ်ဖွယ် ကောင်းခြင်းကို သိအပ်၏။ ထို့ပြင် အဆင်း, သဏ္ဌာန်, အရပ်, တည်ရာ, အပိုင်းအခြား၏ အစွမ်းအားဖြင့် ကြွင်းသော ကောဋ္ဌာသ အားလုံးတို့ကိုလည်း အသီးအသီး ပိုင်းခြား ဆုံးဖြတ်အပ်ကုန်၏။
၁- ပါဋိက္ကုလျံ- စက်ဆုပ်ဖွယ်၏အဖြစ်၊ စက်ဆုပ်ဖွယ် ရှိသည်၏အဖြစ်၊ စက်ဆုပ်ဖွယ် ကောင်းသည်၏အဖြစ်၊ စက်ဆုပ်ဖွယ်ကောင်းခြင်း-ဟူသော ဤအနက် ၄-ခုလုံး အတူတူပင် ဖြစ်သည်။
၂- ကြွင်းသော ကောဋ္ဌာသအားလုံးတို့၏.. စက်ဆုပ်ဖွယ်ကောင်းခြင်းကို သိအပ်၏-ဟု စပ်ပါ။
၃၀၄
(၂) အမွေး
၁၈၄။ ထိုတွင် ရှေးဦးစွာ အစဉ်ကျသော (လောမာ)အမွေးတို့သည် ပကတိ အဆင်းအားဖြင့် ဆံပင်တို့ကဲ့သို့ အမည်းသက်သက် မဟုတ်ကုန်၊ စင်စစ်အားဖြင့် မည်းကြောင်သော အဆင်းရှိကုန်၏၊ သဏ္ဌာန်အားဖြင့် အောက်သို့ညွတ်သော အဖျားရှိကုန်၏ ထန်းပင်၏ အမြစ်သဏ္ဌာန် ရှိကုန်၏၊ အရပ်အားဖြင့် အထက်အောက် ၂-ပါးသော အရပ်တို့၌ ဖြစ်ကုန်၏၊ တည်ရာအားဖြင့် ဆံပင်တို့၏ တည်ရာအရပ်နှင့် လက်ဖဝါး ခြေဖဝါး အပြင်တို့မှတပါး အများအားဖြင့် ကြွင်းသောကိုယ်ကို ရစ်ပတ်လျက်ရှိသော အရေ၌ ဖြစ်ကုန်၏၊ အပိုင်းအခြားအားဖြင့် ကိုယ်ကို ရစ်ပတ်လျက်ရှိသော အရေ၌ တလိက္ခာခန့်မျှ၁ [၂၄၃] ဝင်လျက်တည်သော၂ အောက်ဖက်၌ မိမိ၏ အမြစ်ဖြင့်
၁- ပကတိမျက်စိဖြင့် မမြင်နိုင်သော အလွန်သေးငယ်သော မြူမှုန့်ကို ပရမာဏုမြူ ခေါ်သည်၊ ပရမာဏုမြူ ၃၆-ခုအပေါင်းမျှရှိသော မြူကို အဏုမြူ ခေါ်သည်။ အိမ်နံရံအပေါက် အကြားငယ်များမှ ထိုးဝင်လာသော နေရောင်ထဲ၌ ယင်းအဏုမြူကို မြင်တွေ့နိုင်သည်။
ထိုအဏုမြူ ၃၆-ခု အပေါင်းမျှရှိသော မြူကို တဇ္ဇာရီမြူ ခေါ်သည်။ ၎င်းမှာ လှည်းလမ်း စသည်တို့၌ ကောင်းကင်သို့ လွှင့်တက်နေသော မြူမှုန် ဖြစ်သည်။ ထိုတဇ္ဇာရီမြူ ၃၆-ခု အပေါင်းမျှရှိသော မြူကို ရထရေဏုမြူ ခေါ်သည်။ ၎င်းမှာ လှည်းလမ်း မြင်းရထားလမ်း စသည်တို့၌ မြေတွင်ပင် တည်လျက်ရှိသော မြေမှုန့် ဖြစ်သည်။ ထိုရထရေဏုမြူ ၃၆-ခုအပေါင်းမျှရှိသော မြူကို လိက္ခာမြူ ခေါ်သည်။ ကညစ်ချေး ကညစ်စာမြူဟူ၍လည်း ဆိုကြ၏။ ထိုလိက္ခာမြူခန့်မျှ အရေထဲဝင်လျက် တည်နေသည်ဟု ဆိုလို၏။
၂- ဝင်လျက်တည်သော.. အမြစ်ဖြင့်-ဟု စပ်ပါ။
၃၀၅
အထက်ဖက်၌ ဟင်းလင်းပြင်အရပ်ဖြင့်, ဖီလာပတ်ဝန်းကျင်၌ အချင်းချင်းဖြင့် ပိုင်းခြားလျက် ရှိသည်။ အမွေး၂-ပင်တို့သည် တပေါင်းတည်း မရှိကုန်၊ ဤသည်ကား ထိုအမွေးတို့၏ မိမိအဖို့အားဖြင့် ပိုင်းခြားခြင်းဟူသော သဘာဂပရိစ္ဆေဒပေတည်း၁၊ မိမိအဖို့ မဟုတ်သော အခြားအဖို့ဖြင့် ပိုင်းခြားခြင်းဟူသော ဝိသဘာဂပရိစ္ဆေဒသည်ကား၁ ဆံပင်တို့နှင့် တူသည်သာတည်း။
(၃) လက်သည်း ခြေသည်း
၁၈၅။ နခါ (လက်သည်း ခြေသည်း)ဟူသည်ကား နှစ်ဆယ်သော လက်သည်းခွံ ခြေသည်းခွံတို့၏ အမည်ပေတည်း။ ၎င်းတို့သည် အားလုံးပင် အဆင်းအားဖြင့် ဖြူကုန်၏၊ သဏ္ဌာန်အားဖြင့် ငါး၏ အကြေးသဏ္ဌာန် ရှိကုန်၏၊ အရပ်အားဖြင့် ခြေသည်းတို့သည် အောက်အရပ်၌, လက်သည်းတို့သည် အထက်အရပ်၌ ဤသို့အားဖြင့် ၂-ပါးသော အရပ်တို့၌ ဖြစ်ကုန်၏၊ တည်ရာအားဖြင့် လက်ချောင်း ခြေချောင်းတို့၏ အဖျား အပေါ်ဖက်တို့၌ တည်ကုန်၏၊ အပိုင်းအခြားအားဖြင့် အထက်အောက် ၂-ပါးသော အရပ်တို့၌ လက်ချောင်း ခြေချောင်းတို့၏ အစွန်းအသားတို့ဖြင့်, အတွင်းဖက်၌ လက်ချောင်း ခြေချောင်းတို့၏ အမိုးဖက်အသားဖြင့်, အပြင်ဖက်နှင့် အဖျား၌ ဟင်းလင်းပြင်အရပ်ဖြင့်, ဖီလာပတ်ဝန်းကျင်၌ အချင်းချင်းဖြင့် ပိုင်းခြားလျက် ရှိသည်၊ လက်သည်း ခြေသည်းခွံ ၂-ခုတို့သည် တပေါင်းတည်း မရှိကုန်၊ ဤသည်ကား ထိုလက်သည်း ခြေသည်းတို့၏
၁- ဤ သဘာဂပရိစ္ဆေဒ ဝိသဘာဂပရိစ္ဆေဒ-ဟူသော အမည်တို့ကို နောက်၌ ပါဠိသက်သက်ဖြင့်သာ ပြသွားမည်။
၃၀၆
သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၄) သွား
၁၈၆။ ဒန္တာ (သွားတို့)ဟူသည်မှာ သွားပြည့်စုံသောသူအား ၃၂-ခုသော သွားရိုးတို့ပေတည်း။ ၎င်းတို့သည်လည်း အဆင်းအားဖြင့် ဖြုကုန်၏၊ သဏ္ဌာန်အားဖြင့် များသောသဏ္ဌာန် ရှိကုန်၏၊ ချဲ့၍ပြအံ့- ယင်းသွားတို့တွင် အောက်သွားအစဉ်၏ အလယ်၌ ၄-ချောင်းတို့သည် ရွှံ့မြေစိုင်၌ အစဉ်အတိုင်း စိုက်ထားသော ဗူးစေ့သဏ္ဌာန် ရှိကုန်၏၊ ယင်းတို့၏ နံပါးနှစ်ဖက်တို့၌ တချောင်း တချောင်းသည် အမြစ်တခုစီ ရှိ၏ အဖျားချွန်အစွန်း တခုစီရှိ၏၊ စပယ်ငုံသဏ္ဌာန်ရှိ၏။ ယင်းတို့မှ နံပါး၌ တချောင်း တချောင်းသည် အမြစ်နှစ်ခုစီ ရှိ၏၊ အစွန်းနှစ်ခုစီ ရှိ၏၊ လှည်းထောက်ခွသဏ္ဌာန် ရှိ၏၊ ယင်းတို့မှ နံပါး၌ နှစ်ချောင်း နှစ်ချောင်းတို့သည် အမြစ်သုံးခုစီ ရှိကုန်၏ အစွန်းသုံးခုစီ ရှိကုန်၏၊ ယင်းတို့မှ နံပါး၌ နှစ်ချောင်း နှစ်ချောင်းတို့သည် အမြစ်လေးခုစီ ရှိကုန်၏ အစွန်းလေးခုစီ ရှိကုန်၏။ အထက်သွား အစဉ်၌လည်း ဤအတူပင်။ အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်ကုန်၏၊ တည်ရာအားဖြင့် အထက်အောက် မေးရိုးနှစ်ခုတို့၌ တည်ကုန်၏။ အပိုင်းအခြားအားဖြင့် အောက်ဖက် အရင်းဖက်၌ မေးရိုး၌တည်သော မိမိ၏ အမြစ်အပြင်ဖြင့်, အထက်အဖျားဖက်၌ ဟင်းလင်းအရပ်ဖြင့်, ဖီလာနံပါး၌ အချင်းချင်းဖြင့် ပိုင်းခြားလျက် ရှိသည်။ သွား၂-ချောင်းတို့သည် တပေါင်းတည်း မရှိကုန်၊ ဤသည်ကား ထိုသွားတို့၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
၃၀၇
(၅) အရေ
၁၈၇။ တစော (အရေ)ဟူသည်မှာ တကိုယ်လုံးကို ရစ်ပတ်လွှမ်းခြုံလျက် တည်သော အရေထူပေတည်း။ ထိုအရေထူ၏ အထက်၌ အမည်း အညို အဝါ စသည် အဆင်းရှိသော အရေပါးမည်သည် ရှိ၏။ ယင်းအရေပါးသည် တကိုယ်လုံးမှ ခွါ၍ လုံးစုလျှင် ဆီးစေ့မျှ ရှိ၏။ အရေထူသည်ကား အဆင်းအားဖြင့် ဖြူသည်သာတည်း၊ ထိုအရေထူ၏ ဖြူသည်၏အဖြစ်သည် မီးလောင်ခြင်း, လက်နက်ဖြင့် ပုတ်ခတ်ခြင်း စသည်တို့ကြောင့် အရေပါးပွန်းပဲ့ ပျက်စီးသွားသောအခါ၌ ထင်ရှား၏။ သဏ္ဌာန်အားဖြင့် ကိုယ်၏သဏ္ဌာန်ရှိသည်သာ ဖြစ်ပေသည်။ ဤကား ဤအရာ၌ အကျဉ်းပေတည်း။
[၂၄၄] အကျယ်အားဖြင့်မူကား ခြေချောင်းအရေသည် အအိမ်ကို ပြုတတ်သော ပိုး၏ ပိုးချည်မျှင်အိမ်သဏ္ဌာန် ရှိ၏၁၊ ခြေဖမိုးရေသည် ဘွတ်ဘိနပ်၏ အမိုးဖုံးသဏ္ဌာန် ရှိ၏၊ ခြေသလုံးရေသည် ထမင်းထုပ်သည့် ထန်းရွက်သဏ္ဌာန် ရှိ၏၊ ပေါင်ရေသည် ဆန်တို့ဖြင့် ပြည့်နေသော ဆန်အိတ်ရှည်သဏ္ဌာန် ရှိ၏။ တင်ပါးအရေသည် ရေဖြင့်ပြည့်နေသော အဝတ် ရေစစ်သဏ္ဌာန် ရှိ၏၊ ကျောက်ကုန်းရေသည် ပျဉ်ချပ်၌ ကြက်ထားသော သားရေသဏ္ဌာန် ရှိ၏၊ ဝမ်းဗိုက်နေသည် စောင်းခွက်၌ ကြက်ထားသော သားရေသဏ္ဌာန် ရှိ၏၊
၁- အထက်ပါ ဥပမာသည် ယခုအခါ၌ တွေ့ရခဲသော ဥပမာဖြစ်သည်။ ပိုးမွေးမြူရာဌာန၌ သွား၍ကြည့်လျှင် တွေ့နိုင်သည်။ ခြေချောင်းများကိုကြည့်၍ သိနိုင်သောကြောင့် ဤဥပမာလည်း ကျေးဇူးမများလှချေ။
၃၀၈
ရင်ပတ်ရေသည် အများအားဖြင့် လေးထောင့်သဏ္ဌာန် ရှိ၏၊ နှစ်ခုသော လက်မောင်းတို့၏ အရေသည် မြားထည့်စရာတောင့်၌ ကြက်ထားသော သားရေသဏ္ဌာန် ရှိ၏၊ လက်ဖမိုးရေသည် သင်ဓုန်းအိမ်သဏ္ဌာန် ရှိ၏၁၊ တနည်းကား ခေါင်းဖြီးသည့် ဖြီးအိတ်သဏ္ဌာန် ရှိ၏၂၊ လက်ချောင်းရေသည် သံကောက်အိမ်သဏ္ဌာန် ရှိ၏၊ လည်ရေသည် လည်ပတ်သဏ္ဌာန် ရှိ၏၃၊ မျက်နှာရေသည် (ခံတွင်း နှာခေါင်း မျက်စိပေါက်တို့ဖြင့်) အပေါက်အပေါက် ရှိသည်ဖြစ်၍ ပိုးအိမ်သဏ္ဌာန် ရှိ၏ (ဝါ-စာပေါင်းသိုက်သဏ္ဌာန် ရှိ၏။) ဦးခေါင်းရေသည် သပိတ်အိတ်သဏ္ဌာန် ရှိ၏။
၁- ရှေးကသုံးသော သင်ဓုန်း၏အိမ်ကို ဆိုသည်။ ကာယာနုပဿနာကျမ်း၌ တရုတ်မီးခတ်အိတ်သဏ္ဌာန် ရှိသည်ဟု ဆို၏။ ထိုမီးခတ်အိတ်ကိုလည်း ယခုအခါ သိရန်ခက်၏။ လက်ဖမိုးကို ကြည့်ရုံမျှဖြင့်ပင် သိနိုင်သောကြောင့် ဤ၌လည်း ဥပမာကိုသိရန် အရေးမကြီးပါ။
၂- ဖဏကတ္ထဝိက- ဖြီးအိတ် (ဘီးအိတ်)ဟူသော အနက်သည် ပြည်မူနိဿယအနက် ဖြစ်သည်။ ရှေးနိဿယ၌ ဖဏိက်ဓားအိမ်ဟု ပြန်ကြောင်းကိုလည်း ပြည်မူနိဿယ၌ ဖော်ပြထား၏။ ယခုကာလ၌ ဖြီးအိတ်, ဖဏိက်ဓားအိမ်တို့ မရှိသောကြောင့် ဤဥပမာများလည်း အကျိုးမများချေ။
၃- ကဉ္စုက-သဒ္ဒါသည် ရှေးက သင်တိုင်းခေါ်သော အင်္ကျီဟော ဖြစ်သည်၊ ထို့ကြောင့် နိဿယ၌ ဂလကဉ္စုက-ကို လည်စွပ်သင်တိုင်းဟု ပြန်၏၊ ဋီကာ၌ ကဏ္ဌတ္တာဏကံ- လည်ကို ကာကွယ်စောင့်ရှောက်သော သင်တိုင်းဟု ဆိုသောကြောင့် လက်နက်စသည်ကို စောင့်ခြင်းငှါ လည်တွင်စွပ်သည့် သင်တိုင်းကို ယူ-ဟူ၍ ပြည်မူနိဿယ၌ပင် ပြဆိုထားသည်။ မည်သို့ပင်ဖြစ်စေ လည်ပတ်ဟူသော အနက်ကား သင့်သည့်ပြင် ထင်ရှားလည်း ထင်ရှား၏။
၃၀၉
ပိုင်းခြားပုံ မှတ်ပုံကို ဆက်၍ပြအံ့- အရေကို သိမ်းဆည်းသော ယောဂီသည် အထက်နှုတ်ခမ်းမှစ၍ အထက်ပိုင်းမျက်နှာသို့ ဉာဏ်ကို သွားစေလျက် ရှေးဦးစွာ မျက်နှာကို မြှေးယှက်လျက်တည်သော အရေကို ပိုင်းခြားအပ်၏၁၊ ထို့နောင် နဖူးရေကို (ပိုင်းခြားအပ်၏)၊ ထို့နောင် အိတ်၌ ထည့်ထားသော သပိတ်နှင့် သပိတ်အိတ်တို့၏ အကြားဖြင့် လက်ကို သွားစေဘိသကဲ့သို့ ခေါင်းရိုးနှင့် ခေါင်းရေတို့၏ အကြားဖြင့် ဉာဏ်ကိုသွားစေ၍ အရိုးနှင့်တကွ အရေ၏ တစပ်တည်းအဖြစ်ကို ခွဲခွါလျက် ခေါင်းရေကို ပိုင်းခြားအပ်၏၊ ထို့နောင် ပခုံးရေကို (ပိုင်းခြားအပ်၏)၊ ထို့နောင် အနုလုံအားဖြင့်၎င်း၊ ပဋိလုံအားဖြင့်၎င်း လက်ျာလက်အရေကို (ပိုင်းခြားအပ်၏)၊ ထို့နောင် ထိုနည်းဖြင့်ပင်လျှင် လက်ဝဲလက်အရေကို၊ ထို့နောင် ကျောက်ကုန်းရေကို (ပိုင်းခြားအပ်၏)၊ ၎င်းကို ပိုင်းခြားပြီးလျှင် အနုလုံအားဖြင့်၎င်း၊ ပဋိလုံအားဖြင့်၎င်း လက်ျာခြေအရေကို၊ ထို့နောင် ထိုနည်းဖြင့်ပင်လျှင် လက်ဝဲခြေအရေကို (ပိုင်းခြားအပ်၏)၊ ထို့နောင် အစဉ်အတိုင်းပင်လျှင် သိုအိမ်ရေ ဝမ်းရေ ရင်ရေ လည်ရေတို့ကို (ပိုင်းခြားအပ်ကုန်၏)၊ ထို့နောင် လည်ရေ၏ အခြားမဲ့၌ အောက်မေးရေကို ပိုင်းခြားပြီးလျှင် အောက်နှုတ်ခမ်းအဆုံးသို့ ရောက်စေ၍ ပြီးဆုံးစေအပ်၏။ ဤဆိုခဲ့သည့်အတိုင်း ရုန့်ရင်း ရုန့်ရင်းသော အရေကို
၁- ဝဝတ္ထပေတဗ္ဗံ-ဟူသော ပုဒ်၏ အနက်ဖြစ်သည်၊ ထို့ကြောင့် မှတ်အပ်၏ ဆုံးဖြတ်အပ်၏-ဟူသော အနက်ကို ယူအပ်၏။ နောက်၌လည်း နည်းတူပင်။
၃၁၀
သိမ်းဆည်းသော ယောဂီအား သိမ်မွေ့သော အရေသည်လည်း၁ ထင်ရှား၏။ အရပ်အားဖြင့် အထက်အောက် နှစ်ပါးသောအရပ်တို့၌ ဖြစ်၏၊ တည်ရာအားဖြင့် တကိုယ်လုံးကို မြှေးယှက်ရစ်ပတ်လျက် တည်၏၊ အပိုင်းအခြားအားဖြင့် အောက်ဖက် အတွင်းဖက်၌ တည်ရာအရပ်၏ အပြင်ဖြင့်, အထက်ဖက် အပြင်ဖက်၌ ဟင်းလင်းအရပ်ဖြင့် ပိုင်းခြားလျက်ရှိသည်၂။ ဤသည်ကား ထိုအရေ၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၆) အသား
၁၈၈။ မံသံ (အသား)ဟူသည်မှာ ကိုးရာသော သားတစ်တို့ပေတည်း။ ထိုအလုံးစုံသည်လည်း အဆင်းအားဖြင့် နီ၏ ပေါက်ပန်းနှင့်တူ၏၊ သဏ္ဌာန်အားဖြင့် ခြေသလုံးကြွက်သားသည် ထန်းရွက်ထမင်းထုပ်သဏ္ဌာန် ရှိ၏၊ ပေါင်သားသည် ဆေးကြိတ်ကျောက်သား (ကျောက်လုံးငယ်)သဏ္ဌာန် ရှိ၏၃၊ တင်ပါးသားသည်
၁- သိမ်မွေ့သော အရေသည်လည်း ဟူသည်ကား ဆိုခဲ့သမျှသော ရုန့်ရင်းကြမ်းတမ်းသော အရေထက် သိမ်မွေ့သော ခံတွင်းထဲ၌ရှိသော အရေစသည်ပင်တည်း။ (ဋီကာ)
၂- ပရိစ္ဆိန္နော-ပုဒ်၏ အနက်ဖြစ်သည်။ ပိုင်းခြားအပ်၏ဟု တိတိကျကျပြန်လျှင် ဝဝတ္ထပေတဗ္ဗော- ပိုင်းခြားအပ်၏-ဟူသော အနက်ကဲ့သို့ ထင်မှားဖွယ်လည်း ရှိသောကြောင့် စကားပရိယာယ် လဲလှယ်၍ ပြန်ထားသည်။ နောက်၌လည်း ဤသို့သောအရာ၌ နည်းတူပင်။
၃- ကျောက်လုံးငယ်ဟူသည်မှာ သိလာပုတ္တကော- ကျောက်သားပေတည်း။ (ဋီကာ)
၃၁၁
ခုံလောက်စွန်းသဏ္ဌာန် ရှိ၏၊ ကျောက်ကုန်းသားသည် ထန်းလျက်ပြားသဏ္ဌာန် ရှိ၏၁၊ နံပါးနှစ်ဖက်၏ အသားသည် စပါးကျီ၏ ဝမ်းဗိုက်နံရံ၌ ပါးပါးလိမ်းထားသော မြေညက်သဏ္ဌာန် ရှိ၏၊ သားမြတ်သားသည် လုံးစေပြီးလျှင် ပစ်ချလိုက်သော မြေညက်စိုင်သဏ္ဌာန် ရှိ၏၊ [၂၄၅] လက်မောင်း၂-ခုအသားသည် နှစ်ကောင်ထပ်၍ထားသော အရေမရှိသည့် ကြွက်ကောင်ကြီးသဏ္ဌာန် ရှိ၏။ ဤဆိုခဲ့သည့်အတိုင်း ရုန့်ရင်း ရုန့်ရင်းသော အသားကို သိမ်းဆည်းသော ယောဂီအား သိမ်မွေ့သော အသားသည်လည်း ထင်ရှား၏။ အရပ်အားဖြင့် အထက်အောက် နှစ်ပါးသောအရပ်တို့၌ ဖြစ်၏၊ တည်ရာအားဖြင့် သုံးရာ့နှစ်ဆယ် (၃၂၀)သော အရိုးတို့ကို လိမ်းကျံတွယ်ကပ်လျက် တည်၏၊ အပိုင်းအခြားအားဖြင့် အောက်ဖက် အတွင်းဖက်၌ အချင်းချင်း ဆက်စပ်နေသော အရိုး၌ တည်ရာအပြင်ဖြင့်, အထက်ဖက် အပြင်ဖက်၌ အရေဖြင့်, ဖီလာ ပတ်ဝန်းကျင်၌ အချင်းချင်းဖြင့် ပိုင်းခြားလျက် ရှိသည်။ ဤသည်ကား ထိုအသား၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
၁- တာလဂုဠပဋလ- ထန်းလျက်ပြား မည်သည်မှာ ချက်ပြီးသော ထန်းသီးရည်ကို ထန်းရွက်ဖျာ စသည်တို့၌ လိမ်းကျံ၍ ခြောက်စေပြီးလျှင် ထုတ်၍ ခွါ၍ ယူအပ်သော အပြားတည်း။ (ဋီကာ) ကာယာနုပဿနာ ကျမ်း၌ကား ကျောက်ကုန်း ဝဲယာ အသားမြှောင်သည် မပွင့်မကွဲသေးသော ထန်းနို့အိမ်သဏ္ဌာန် မပွင့်မကွဲသေးသော ကွမ်းသီးဖူးသဏ္ဌာန် ရှိသည်ဟူ၍ ဆိုသည်။
(၇) အကြော
၁၈၉။ နှာရု (အကြော)ဟူသည်ကား ကိုးရာ (၉၀၀)သော အကြောတို့ပေတည်း။ (ထို)အကြော အားလုံးတို့သည်လည်း အဆင်းအားဖြင့် ဖြူကုန်၏၊ သဏ္ဌာန်အားဖြင့် အမျိုးမျိုးသော သဏ္ဌာန်ရှိကုန်၏၊ ချဲ့၍ပြဦးအံ့- ဤအကြောကိုးရာတို့တွင် လည်၏ ရှေးအဖို့မှစ၍ ကိုယ်ကို ဖွဲ့ယှက်ကုန်လျက် အကြာမကြီး ငါးခုတို့သည် ရှေ့ဖက်ဖြင့် ဆင်းသက်ကုန်၏၊ ငါးခုတို့သည် နောက်ဖက်ဖြင့်၊ ငါးခုတို့သည် လက်ျာနံပါးဖြင့်၊ ငါးခုတို့သည် လက်ဝဲနံပါးဖြင့် (ဆင်းသက်ကုန်၏)၊ လက်ျာလက်ကို ဖွဲ့ယှက်ကုန်လျက်လည်း လက်၏ရှေ့ဖက်ဖြင့် ငါးခု၊ နောက်ဖက်ဖြင့် ငါးခု၊ လက်ဝဲလက်ကို ဖွဲ့ယှက်ကုန်လျက် ထို့အတူ (ရှေ့ဖက်ငါးခု နောက်ဖက်ငါးခု)၊ လက်ျာခြေကို ဖွဲ့ယှက်ကုန်လျက်လည်း ခြေ၏ ရှေ့ဖက်ဖြင့် ငါးခု၊ နောက်ဖက်ဖြင့် ငါးခု၊ လက်ဝဲခြေကို ဖွဲ့ယှက်ကုန်လျက်လည်း ထို့အတူ (ရှေ့ဖက်ငါးခု နောက်ဖက်ငါးခု) ဤသို့အားဖြင့် (သရီရဓာရက) ကိုယ်ကိုဆောင်သော အကြောမည်ကုန်သော ၆ဝ-သော အကြောမကြီးတို့သည် ကိုယ်ကို ဖွဲ့ယှက်ကုန်လျက် ဆင်းသက်ကုန်၏။ ယင်း အကြောမကြီးတို့ကို ကဏ္ဍရာဟူ၍လည်း ဆိုအပ်ကုန်၏။ ထိုအကြောမကြီး အားလုံးတို့သည်လည်း ဗြူဒိုင်းခတ္တာငုံသဏ္ဌာန် ရှိကုန်၏၁။ အခြား အကြောတို့သည်ကား ထိုထိုကိုယ်အရပ်ကို လွှမ်းဖုံး ဖြန့်ယှက်လျက် တည်ကုန်၏၊ ထို့အောက် သိမ်မွေ့သော အကြောတို့သည်
၁- ကာယာနုပဿနာကျမ်း၌ ဝါငုံဖူးသဏ္ဌာန် ရှိကုန်၏-ဟု ဆိုပြီးလျှင် ကဏ္ဍုလကို ဗြူဒိုင်း ခတ္တာဟု ပြန်သည်ကို အနက်မနိုင်သောကြောင့် ဟူ၍လည်း ဆို၏။
၃၁၃
ချည်ကြိုးသဏ္ဌာန် ရှိကုန်၏၁၊ ထိုအောက် သိမ်မွေ့ကုန်သော အခြားအကြောတို့သည် ဆင်သမနွယ်သဏ္ဌာန် ရှိကုန်၏၂၊ ထိုအောက် သိမ်မွေ့ကုန်သော အခြားအကြောတို့သည် စောင်းကြိုးကြီးသဏ္ဌာန် ရှိကုန်၏၃၊ ထိုအောက် သိမ်မွေ့သော အခြားအကြောတို့သည် အပ်ချည်ကြိုးကြမ်းသဏ္ဌာန် ရှိကုန်၏၊ လက်ဖမိုး ခြေဖမိုးတို့၌ အကြောတို့သည် ငှက်ခြေသဏ္ဌာန် ရှိကုန်၏၊ ဦးခေါင်း၌ အကြောတို့သည် သူငယ်တို့၏ ခေါင်းစွပ်ဇာသဏ္ဌာန် ရှိကုန်၏၊ ကျောက်ကုန်း၌ အကြောတို့သည် နေပူထဲ၌ ဖြန့်ထားသော ပိုက်စိုသဏ္ဌာန် ရှိကုန်၏၊ ဆိုခဲ့ပြီးတို့မှ ကြွင်းကုန်သော ထိုထို အင်္ဂါကြီးငယ်သို့ အစဉ်လျှောက်ကုန်သော အကြောတို့သည် ကိုယ်၌ ဝတ်ထားသော ဇာအင်္ကျီသဏ္ဌာန် ရှိကုန်၏။ အရပ်အားဖြင့် အထက်အောက် ၂-ပါးသောအရပ်တို့၌ ဖြစ်ကုန်၏၊ တည်ရာအားဖြင့် တကိုယ်လုံး၌ အရိုးတို့ကို ဖွဲ့ယှက်လျက် တည်ကုန်၏။ အပိုင်းအခြားအားဖြင့် အောက်ဖက်၌ သုံးရာသော အရိုးတို့၏ အထက်တွင်
၁- ချည်ကြိုးသဏ္ဌာန် ရှိကုန်၏ဟူသော အနက်သည် သုတ္တရဇ္ဇုကသဏ္ဌာနာ-ဟူသော ပါဌ်၏ အနက်ဖြစ်သည်။ အဓိပ္ပါယ် မထင်ရှား။ ကာယာနုပဿနာကျမ်း၌မူ ခုဒ္ဒကပါဌ အဋ္ဌကထာမှ သူကရဝါဂုရရဇ္ဇုသဏ္ဌာနာ-ဟူသော ပါဌ်အရ ဝက်ထောင်သော ပိုက်၏ ကြိုးသဏ္ဌာန် ရှိကုန်၏ဟု ဆိုပြီးလျှင် ဝိသုဒ္ဓိမဂ်၌ ရှိသောပါဌ်ကို ပါဌ်ပျက်ဟူ၍လည်း ဆို၏။
၂- ကာယာနုပဿနာကျမ်း၌ ပူတိလတာ-ပုဒ်ကို ကလိမ်ဖြူနွယ်ဟု အနက်ပြန်၍ ကလိမ်ဖြူနွယ်သဏ္ဌာန် ရှိကုန်၏ဟု ဆို၏။
၃- ကာယာနုပဿနာကျမ်း၌ ဝီဏာ-ပုဒ်ကို တယော-ဟု အနက်ပြန်၍ တယောကြိုးကြီးသဏ္ဌာန် ရှိကုန်၏-ဟု ဆို၏။
၃၁၄
တည်ရာ အရပ်အပြင်ဖြင့်, အထက်ဖက်၌ အသားနှင့် အရေတို့ကို ထိဆိုက်၍ တည်ရာအရပ်တို့ဖြင့်, ဖီလာပတ်ဝန်းကျင်၌ အချင်းချင်းဖြင့် ပိုင်းခြားလျက် ရှိသည်၊ ဤသည်ကား ထိုအကြောတို့၏ သဘာဂပရိစ္ဆေဒပေတည်း၊ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၈) အရိုး
၁၉၀။ အဋ္ဌိ (အရိုး)ဟူသည်ကား ၃၂-ချောင်းသော သွားရိုးတို့ကို ချန်ထား၍ ကြွင်းကုန်သော၁ လက်ရိုး ၆၄-ခု၊ ခြေရိုး ၆၄-ခု၂၊ အသားကိုမှီသော အရိုးနု ၆၄-ခု၊ ဖဏှောင့်ရိုး ၂-ခု၊ ခြေတဖက် တဖက်၌ ဖမျက်ရိုး၃ ၂-ခုစီ (ပေါင်း၄-ခု)၊ ခြေသလုံးရိုး ၂-ခုစီ၊
၁- ကြွင်းကုန်သော.. အရိုးတို့သည် သုံးရာမျှ ရှိကုန်၏-ဟု စပ်ပါ။
၂- ခြေရိုးများ ရေတွက်ပုံကို ကာယာနုပဿနာကျမ်း၌ ဤသို့ပြထား၏၊ (အနာတမီကျမ်း၌ကား ခြေချောင်းဖျား ဆစ်ရိုး ငါး၊ ၎င်းအလယ် ဆစ်ရိုး လေး၊ ခြေမတွင် အလယ်ဆစ်မရှိ၊ ၎င်းအရင်းဆစ်ရိုး ငါး၊ ဖမိုးရိုး ငါး၊ ဖဏှောင့်ရိုး တစ်၊ မြင်းခေါင်းရိုးအောက်, ဖမိုးရိုးနှင့် ဖဏှောင့်ရိုးတို့၏ အထက်ကြား၌ ခြေကျဉ်းဝတ်ရိုး ခြောက်၊ ခြေသည်း ငါး၊ ပေါင်း ခြေတဖက်၌ ၃၁၊ ခြေနှစ်ဖက်၌ ၆၂။ အဋ္ဌကထာ အရေအတွက်အောက် ၂-ခု လျော့သည်)။
၃- ကာယာနုပဿနာ ကျမ်း၌ကား “ခြေမျက်စိရိုးသည် မြင်းခေါင်းရိုး၂-ခုတို့၏ အဖျားအဖု ၂-ခုပင် ဖြစ်သောကြောင့် အသီးအခြား မရေတွက်သင့်၊ ၎င်းကို အသီးအခြား ရေတွက်လျှင် လက်မျက်စိရိုးကိုလည်း အသီးအခြား ရေတွက်ရလိမ့်မည်။ ထို့ကြောင့် ရှေးအဋ္ဌကထာတွင် မရှိ။ သက်သေကား “ဧဝံ တိမတ္တာနိ”ဟူသော ပါဌ်၌
၃၁၅
ဒူးဆစ်ရိုး ၁-ခုစီ၊ ပေါင်ရိုး ၁-ခုစီ၊ တင်ပါးရိုး ၂-ခု၊ ကျောက်ဆူးရိုး ၁၈-ခု၁၊ နံရိုး ၂၄-ခု၊ [၂၄၆] ရင်ရိုး ၁၄-ခု၊ ရင်ညွန့်ရိုး ၁-ခု၊ ညှပ်ရိုး ၂-ခု၊ လက်ပြင်ရိုး ၂-ခု၊ လက်မောင်းရိုး ၂-ခု၊ လက်ဖျံရိုး ၂-ခုစီ (၄-ခု)၊ လည်ရိုး ၇-ခု၊ မေးရိုး ၂-ခု၊ နှာခေါင်းရိုး ၁-ခု၊ မျက်ကွင်းရိုး ၂-ခု၊ နားရိုး ၂-ခု၊ နဖူးရိုး ၁-ခု၊ ဦးထိပ်ရိုး ၁-ခု၊ ဦးခေါင်းခွံရိုး ၉-ခု ဤသို့အားဖြင့် အရိုးတို့သည် သုံးရာမျှ ရှိကုန်၏။ ထိုအားလုံးတို့သည်လည်း အဆင်းအားဖြင့် ဖြူကုန်၏။ သဏ္ဌာန်အားဖြင့် အမျိုးမျိုးသော သဏ္ဌာန်ရှိကုန်၏။
ချဲ့၍ပြဦးအံ့- ထိုတွင် ခြေချောင်းအဖျား ဆစ်ရိုးတို့သည် ခပေါင်းစေ့သဏ္ဌာန် ရှိကုန်၏၊ ထို၏အခြားမဲ့ အလယ်အဆစ်ရိုးတို့သည် ပိန္နဲစေ့သဏ္ဌာန် ရှိကုန်၏၊ အရင်းဆစ်ရိုးတို့သည် ထက်စည်သဏ္ဌာန် ရှိကုန်၏၊ ခြေဖမိုးရိုးတို့သည် ထုပြားထားသော ဗြူဒိုင်းခတ္တာပင်၏ အကြောစုသဏ္ဌာန် ရှိကုန်၏၂၊ ဖဏှောင့်ရိုးသည် တစေ့သာရှိသော ထန်းသီးစေ့သဏ္ဌာန် ရှိ၏၊ ဖမျက်ရိုးတို့သည် ကြိုးဖြင့် ဖွဲ့ချည်ထားသော ကစားစရာ ဂေါ်လီလုံးသဏ္ဌာန် ရှိကုန်၏၊ ဖမျက်ရိုးတို့၌ ခြေသလုံးရိုးတို့၏ တည်ရာအရပ်သည် အခွံသင်ထားသော စွန်ပလူညှောက်သဏ္ဌာန် ရှိ၏၃၊
“ဧဝံ မတ္တာသဒ္ဒါ”တို့ဖြင့် ဖမျက်ရိုးတို့ကို ဆိုမထားကြောင်း ပြသည်ဟု သိအပ်၏-ဟူသော ဝိဘင်း မူလဋီကပင်တည်း-ဟူ၍ ဆို၏။
၁- ကျောက်ဆူးရိုး ၁၈-ခုထဲ၌ ခါးဆစ်ရိုးလည်း ပါဝင်သည်။
၂- ကာယာနုပဿနာကျမ်း၌ ပြားအောင် ထုထားသော ဝ-ပင်ရိုးသဏ္ဌာန် ရှိကုန်၏-ဟု ဆို၏။
၃- နိဿယ၌ သင်ပေါင်းညှောက်သဏ္ဌာန် ရှိ၏ဟု ပြန်ထား၏၊ အဘိဓာန် နိဿယသစ်တို့၌၎င်း၊ ကာယာနုပဿနာကျမ်း၌၎င်း သိန္ဒီ-ကို စွန်ပလွံဟု ပြန်ဆိုကြသည်။
၃၁၆
ခြေသလုံးရိုးအငယ်သည် ကစားစရာ လေးငယ်၏ ကိုင်းသဏ္ဌာန်ရှိ၏၊ ခြေသလုံးရိုးအကြီးသည် ညှိုးပိန်နေသော မြွေ၏ ကျောက်ကုန်းသဏ္ဌာန် ရှိ၏၊ ဒူးဆစ်ရိုးသည် တဖက်ပဲ့သော ရေမြှုပ်သဏ္ဌာန်ရှိ၏။ ထိုဒူးဆစ်ရိုး၌ ခြေသလုံးရိုး၏ တည်ရာအရပ်သည် အဖျားမထက်သည့် နွားချိုသဏ္ဌာန် ရှိ၏၊ ပေါင်ရိုးသည် မကောင်းသဖြင့် ရွေထားသော ပဲခွပ်ရိုး ပုဆိန်ရိုးသဏ္ဌာန် ရှိ၏၊ တင်ပါးရိုး၌ ထိုပေါင်ရိုး၏ တည်ရာအရပ်သည် ကစားစရာ ဂေါ်လီလုံးသဏ္ဌာန် ရှိ၏၊ ထိုပေါင်ရိုးနှင့်(တကွ စပ်လျက်) တင်ပါးရိုး၏ တည်ရာအရပ်သည် အဖျားပိုင်းပြတ်နေသော ပုန်းညက်သီးကြီးသဏ္ဌာန် ရှိ၏။
တင်ပါးရိုး ၂-ခုတို့သည်လည်း တပေါင်းတည်း ဆက်စပ်လျက် ဖြစ်ကြပါမူ အိုးထိန်းသည်တို့ လုပ်ထားသည့် ခုံလောက်သဏ္ဌာန် ရှိကုန်၏၊ တခုစီကွဲနေလျှင် ပန်းပဲတို့၏ သံကိုက်သဏ္ဌာန် ရှိကုန်၏၁၊ အစွန်း၌တည်သော တင်ပါးရိုးသည် တွဲလျားဆွဲထားသော မြွေ၏ ပါးပျဉ်းသဏ္ဌာန် ရှိ၏၊ ခုနစ်ခု ရှစ်ခုသော ဌာနတို့၌ အပေါက် အပေါက် ရှိ၏။ ကျောက်ဆူးရိုးတို့သည် အတွင်းဖက်မှ (အမြင်အားဖြင့်) အဆင့်ဆင့်
၁- နိဿယ၌ ပန်းပဲတို့၏ တူရိုးသဏ္ဌာန် ရှိကုန်၏ဟူ၍၎င်း၊ တူရိုး၌ချည်သော လွန်ကြိုးသဏ္ဌာန် ရှိကုန်၏ဟူ၍၎င်း ပြန်ထား၏။ သို့သော် နောက်၌ အောက်မေးရိုးအရာတွင် အယောကူဋယောတ္တက ဟူသော အလားတူပုဒ်ကို သံကိုက်ဟု ပြန်ထားသောကြောင့်၎င်း၊ ကာယာနုပဿနာကျမ်း၌ ထိုအယောကူဋယောတ္တ, အယောကူဋယောတ္တက-ဟူသော နှစ်ပုဒ်လုံးကို သံကိုက်ဟူ၍ချည်း ပြန်ထားသောကြောင့်၎င်း၊ သိပ္ပံဆရာတို့ ဖော်ပြထားသော အရိုးပုံထဲ၌ တင်ပါးရိုးတခြမ်းသည် မေးရိုးကဲ့သို့ပင် သံကိုက်နှင့် တူနေသည်ကို တွေ့ရသောကြောင့်၎င်း ဤ၌လည်း သံကိုက်ဟူ၍သာ ပြန်သည်။
၃၁၇
ထပ်လျက်တင်ထားသော ခဲပြားခွေတို့၏ သဏ္ဌာန်ရှိကုန်၏၊ အပြင်ဖက်မှ (အမြင်အားဖြင့်) ဗိန်းလုံးအစဉ် (ဝါ-ဗိန်းလုံးအဆင့်ဆင့်) သဏ္ဌာန်ရှိကုန်၏၁၊ ထိုကျောက်ဆူးရိုးတို့၏ အကြားအကြား၌ လွှသွားနှင့်တူကုန်သော နှစ်ခုသုံးခုသော ဆူးနှင့်တူသော အရိုးများရှိကြ၏။ ၂၄-ခုသော နံရိုးတို့တွင် မပြည့်သောနံရိုးတို့သည် မပြည့်သော သန်လျက်(ဓားရှည်, ဓားကောက်)သဏ္ဌာန် ရှိကုန်၏၂၊ ပြည့်သော နံရိုးတို့သည်
၁- နိဿယ၌မူ ဝဋ္ဋနာဝဠိသဏ္ဌာနာနိ-ပုဒ်ကို “ဝင်သီတံ၌ ထိုး၍ သီထားအပ်သော ဝင်သီချည်တို့၏ အသွယ်အစဉ်သဏ္ဌာန် ရှိကုန်၏”ဟု အနက်ပြန်ပြီးလျှင် “ဝင်သီတံဟူသည် ဝင်ရိုး၊ ဝင်သီ-ဟူသည် ချည်ဝင်”ဟူ၍လည်း ဖွင့်ပြထား၏။ ကာယာနုပဿနာကျမ်း၌မူ ဝဋ္ဋနာဝဠိ-ပုဒ်ကို “ချည်မရှိသော ဗိန်းလုံးအဆင့်ဆင့်”ဟု ပြန်ပြီးလျှင် နိဿယ၌ ပြန်သောအနက်ကို ဋီကာအဖွင့်နှင့် မညီဟူ၍၎င်း၊ အရိုးပုံနှင့် မကိုက်ဟူ၍၎င်း ဝေဘန်သွားလေသည်။ အပ်ချည်မရှိသော အပ်ချည်လုံး အဆင့်ဆင့် စီထားသည်နှင့် တူသည်ဟူ၍လည်း ဆိုသင့်၏။
၂- နိဿယ၌ အပရိပုဏ္ဏအသိ- ပါဌ်ကို အနှောင့်အသွား မပြည့်သော သန်လျက်ဟု ပြန်၏။ ကာယာနုပဿနာကျမ်း၌မူ “တိုသော နံရိုးတို့သည် လုပ်၍မပြီးသေးသော ဓားကောက်သဏ္ဌာန်၊ ရှည်သော နံရိုးတို့သည် လုပ်၍ပြီးပြီးသော ဓားကောက်သဏ္ဌာန် ရှိကုန်၏”ဟု ပြန်၏။ ထိုပြန်ချက်၌ နံရိုးတိုသည်ကိုပင် မပြည့်ဟူ၍၎င်း၊ လုပ်၍ မပြီးသေးသည်ကိုပင် မပြည့်ဟူ၍၎င်း ဆိုလို၏။ ခုဒ္ဒကပါဌ အဋ္ဌကထာ၌ “မပြည့်သော နံရိုးတို့သည် မပြည့်သော သီဟိုဠ်တံစဉ်သဏ္ဌာန် ရှိကုန်၏” ပြည့်သော နံရိုးတို့သည် ပြည့်သော သီဟိုဠ်တံစဉ်သဏ္ဌာန် ရှိကုန်၏ဟု ဆို၏။ ထိုအဋ္ဌကထာ၌ သီဟိုဠ်တံစဉ်နှင့် တူသည်ဟု ဆိုသောကြောင့်၎င်း၊ နံရိုးသည် ကောက်လျက် ရှည်သောကြောင့်၎င်း၊ ထိုနံရိုးတို့နှင့် တူသည်ဟုဆိုသော သန်လျက်ကိုလည်း ဓားကောက်ပင် ဖြစ်သင့်သည်ဟု ကာယာနုပဿနာကျမ်း၌ ဆုံးဖြတ်ထားလေသည်။
၃၁၈
ပြည့်သော သန်လျက်သဏ္ဌာန် ရှိကုန်၏၊ နံရိုးအားလုံးတို့သည်လည်း ကြက်ဖြု၏ ဖြန့်ထားသော အတောင်သဏ္ဌာန် ရှိကုန်၏။ ၁၄-ခုသော ရင်ရိုးတို့သည် အိုမင်းပျက်စီးနေသော သန်လျှင်းချိုင့်သဏ္ဌာန် ရှိကုန်၏၁။ ရင်ညွန့်ရိုးသည် ယောက်မရွက်သဏ္ဌာန် ရှိ၏။
ညှပ်ရိုး ၂-ခုတို့သည် သံပဲခွပ်ငယ်၏ အရိုးသဏ္ဌာန် ရှိကုန်၏၊ လက်ပြင်ရိုး ၂-ခုတို့သည် တဖက်မှ ကုန်နေသော သီဟိုဠ်ပေါက်တူးသဏ္ဌာန် ရှိကုန်၏၂၊ လက်မောင်းရိုး ၂-ခုတို့သည် ကြေးမုံရိုးသဏ္ဌာန်
၁- သန်လျှင်း-ဟူသော အနက်သည် သန္ဒမာနိက-ဟုရှိသော ပါဌ်၏ အနက်ဖြစ်သည်။ ကာယာနုပဿနာ ကျမ်း၌ကား သန္ဒန-ဟူသော ပါဌ်ကိုယူ၍ ရထားပျက်အိမ်သဏ္ဌာန် ရှိကုန်၏ဟု ပြန်ထားသည်။ ယခု စာအုပ်တို့၌ကား သန္ဒမာနိက-ဟူ၍ပင် ရှိသည်။
၂- သီဟိုဠ်ဆရာတို့ရေးသော အဋ္ဌကထာ ဖြစ်သောကြောင့် သီဟိုဠ်၌ ထင်ရှားနေသော ပေါက်တူးကို ဥပမာပြု၍ ပြထားသည်။ မြန်မာတို့အနေဖြင့် သီဟိုဠ်ပေါက်တူးပုံကို သိရန်ခက်၏။ ထို့ကြောင့် ဤသို့သော ဥပမာသည် အကျိုးမများပေ။ ထိုဥပမာမျိုးကို မသိသည့်အတွက် စိတ်ပျက်ဖွယ်လည်း မရှိ၊ လက်ပြင်ရိုးကို စမ်းသပ်ကြည့်လျှင်လည်း သိနိုင်ပါ၏။ သေသူတို့၏ အရိုးစုကို ကြည့်၍လည်း သိနိုင်ပါ၏။ သိပ္ပံဆရာတို့က ထုတ်ပြန်ထားသော အရိုးပုံများကို ကြည့်ရှု၍လည်း သိနိုင်ပါ၏။ သို့ဖြစ်၍ ၃၂-ကောဋ္ဌာသထဲမှ ဤမြန်မာပြန်အရ သဘောမပေါက်သော ကောဋ္ဌာသများရှိလျှင် သိပ္ပံဆရာတို့ ပြထားသော ကောဋ္ဌာသပုံတို့ကို ကြည့်ရှုကြပါလေ။ သီဟိုဠ်အဋ္ဌကထာ ဆရာတို့သည်လည်း ထိုရှေးခေတ်က ထင်ရှားသော အိန္ဒိယဆေးကျမ်းများမှ ယူ၍ ဖော်ပြထားကြပေသည်။ ဘုရားဟောမှာ အကျဉ်းချုပ် ခေါင်းစဉ်မျှသာရှိသည်။ အသေးစိတ် ဝေဘန်ချက်
၃၁၉
ရှိကုန်၏၁၊ ၂-ခု ၂-ခုသော လက်ဖျံရိုးတို့သည် အစုံတွဲလျက်ရှိသော ထန်းဖု-ထန်းညှောင့်- ထန်းမြစ်သဏ္ဌာန် ရှိကုန်၏၊ လက်ကောက်ဝတ်ရိုးတို့သည် တဖက်မှ တွယ်ကပ်စေလျက် ထားအပ်သော ခဲပြားရစ်ခွေသဏ္ဌာန် ရှိကုန်၏၊ လက်ဖမိုးရိုးတို့သည် ထုပြားထားသော ဗြူဒိုင်းခတ္တာပင်၏ အကြောစုသဏ္ဍာန် ရှိကုန်၏၊ [၂၄၇] လက်ချောင်းရိုးတို့တွင် အရင်းဆစ်ရိုးတို့သည် ထက်စည်သဏ္ဌာန် ရှိကုန်၏၊ အလယ်ဆစ်ရိုးတို့သည် မပြည့်သော ပိန္နဲစေ့သဏ္ဌာန် ရှိကုန်၏၊ အဖျားဆစ်အရိုးတို့သည် ခပေါင်းစေ့သဏ္ဌာန် ရှိကုန်၏။
ခုနစ်ခုသော လည်ရိုးတို့သည် ဒုတ်တံ(လှံကန်)ဖြင့် ထိုးလျှို၍ အစဉ်အတိုင်း ဆင့်ထားသော ဝါးမျစ်ကွင်းပိုင်းများသဏ္ဌာန် ရှိကုန်၏၊ အောက်မေးရိုးသည် ပန်းပဲသမားတို့၏ သံကိုက်သဏ္ဌာန် ရှိ၏၊ အထက်မေးရိုးသည် ကြံခွံသင်သည့် ဓားမောက်သဏ္ဌာန် ရှိ၏၊ မျက်တွင်းရိုး နှာတွင်းရိုးတို့သည် အဆံအနှစ်ကို ထုတ်ထားသည့် နုသော ထန်းစေ့သဏ္ဌာန် ရှိကုန်၏၊ နဖူးရိုးသည် မှောက်ထားသော ခရုသင်းခွက်ကွဲခြမ်းသဏ္ဌာန် ရှိ၏၊ နားထင်ရိုးတို့သည် ဆေတ္တာသည်၏ သင်ဓုန်းအိမ်သဏ္ဌာန် ရှိကုန်၏။ နဖူးရိုး- နားထင်ရိုးတို့၏ အထက်၌ သင်းကျစ်ဖွဲ့ရာအရပ်၌ အရိုးသည် အတွန့် အတွန့်ရှိ၍ ထောပတ်ဖြင့် ပြည့်သော
မရှိပါ။ ထိုအကျဉ်းချုပ်မျှဖြင့်လည်း တရားနှလုံးသွင်းရန် လုံလောက်ပါသည်။ ဆေးကျမ်း သိပ္ပံကျမ်းတို့၌ကား ခွဲစိတ်ခြင်း စသည်ဖြင့် ဆေးကုရာ၌ အကြွင်းမဲ့ ပြည့်စုံစေရန် အစွမ်းကုန် စမ်းသပ်၍ သူတို့တွေ့ရသမျှကို အတိအကျ ဖော်ပြထားကြပေသည်။
၁- ဤကြေးမုံရိုးသည်လည်း ရှေးခေတ် သီဟိုဠ်၌ အသုံးပြုသော ကြေးမုံရိုးဖြစ်သည်။
၃၂၀
အဝတ်ပိုင်းသဏ္ဌာန် ရှိ၏၁၊ ဦးထိပ်ရိုးသည် မျက်နှာဝကို ဖြတ်ထားသော ကောက်သော အုန်းမှုတ်သဏ္ဌာန် ရှိ၏၊ (နောက်ဖက်) ဦးခေါင်းရိုးတို့သည် ချုပ်စပ်ထားသော ကွဲအက်သော ဗူးအုံသဏ္ဌာန် ရှိကုန်၏၂။
အရပ်အားဖြင့် အထက်အောက် ၂-ပါးသောအရပ်တို့၌ ဖြစ်ကုန်၏။ တည်ရာအားဖြင့် သာမန်ပြောရလျှင် တကိုယ်လုံး၌ တည်ကုန်၏၊ ခွဲခြား၍ အထူးအားဖြင့် ပြောရလျှင်ကား ထိုအရိုးတို့တွင် ဦးခေါင်းရိုးတို့သည် လည်ရိုးတို့၌ တည်ကုန်၏၊ လည်ရိုးတို့သည် ကျောက်ဆူးရိုးတို့၌ တည်ကုန်၏၊ ကျောက်ဆူးရိုးတို့သည် တင်ပါးရိုးတို့၌
၁- သင်္ကုဋိတဃတပုဏ္ဏပဋခဏ္ဍသဏ္ဌာနံ- ဟူသော ပုဒ်၏ အနက်ဖြစ်သည်။ ဤ၌ သင်္ကုဋိတ-ပုဒ်ကို နိဿယ၌ ပြန်ထားသည့်အတိုင်းပင် “အတွန့်အတွန့်ရှိ၍”ဟု ပြန်ထားသည်။ ကာယာနုပဿနာ ကျမ်း၌ကား- “ဝဲယာ နားထင်ရိုး နှစ်ချောင်းအထက် ဝဲယာဦးကင်းရိုး နှစ်ချောင်းတို့သည် အနားပတ်လည်ကိုင်း၍ ထောပတ်အပြည့် ထည့်ထားအပ်သော ပိတ်ပိုင်းသဏ္ဌာန် ရှိကုန်၏”ဟု ဆိုထားလေသည်။ အရိုးရုပ်ပုံတို့၌လည်း ယင်းအရိုးပုံကို ကုန်းကုန်း ကိုင်းကိုင်းပင် တွေ့ရ၏။ ထို့ကြောင့် သင်္ကုဋိတ-အရ ကိုင်းသည်-ဟု ဆိုခြင်းက သာ၍သင့်သကဲ့သို့ ရှိပေ၏။ ခုဒ္ဒကပါဌ အဋ္ဌကထာ၌မူ ထိုသင်္ကုဋိတ-ပုဒ် မပါပဲ ဗဟလဃတပုဏ္ဏပဋပိလောတိကသဏ္ဌာနံ-ဟု ပါဌ်ရှိ၏၊ ထိုပါဌ်အရအားဖြင့် “ပြစ်သော ထောပတ်ဖြင့် ပြည့်သော ပုဆိုးကြမ်းပိုင်းသဏ္ဌာန် ရှိ၏”ဟု ပြန်ရာ၏။ သို့သော် ပုံသဏ္ဌာန်ကား မထင်ရှား။
၂- ကာယာနုပဿနာကျမ်း၌ “ဦးခေါင်းနောက်ဖယ်ရိုး ငါးခုတို့သည် စပ်ချုပ်၍ထားသော ဗူးတောင်းဟောင်းကွဲ ငါးခုသဏ္ဌာန် ရှိကုန်၏”ဟု ဆို၏။
၃၂၁
တည်ကုန်၏၊ တင်ပါးရိုးတို့သည် ပေါင်ရိုးတို့၌၊ ပေါင်ရိုးတို့သည် ဒူးဆစ်ရိုးတို့၌၊ ဒူးဆစ်ရိုးတို့သည် ခြေသလုံးရိုးတို့၌၊ ခြေသလုံးတို့သည် ဖမျက်ရိုးတို့၌၊ ဖမျက်ရိုးတို့သည် ခြေဖမိုးရိုးတို့၌ တည်ကုန်၏။ အပိုင်းအခြားအားဖြင့် အတွင်းဖက်၌ ရိုးတွင်းခြင်ဆီဖြင့်, အထက်ဖက်- အပြင်ဖက်၌ အသားဖြင့်, အဖျားနှင့် အရင်းဖက်၌ အချင်းချင်းဖြင့် ပိုင်းခြားလျက် ရှိသည်၊ ဤသည်ကား ထိုအရိုးတို့၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တိုနှင့် တူသည်သာတည်း။
(၉) ရိုးတွင်းခြင်ဆီ
၁၉၁။ အဋ္ဌိမိဉ္ဇံ (ရိုးတွင်းခြင်ဆီ)ဟူသည်ကား ထိုထိုအရိုးတို့၏အတွင်း၌ တည်သော ခြင်ဆီပေတည်း။ ၎င်းသည် အဆင်းအားဖြင့် ဖြူ၏၊ သဏ္ဌာန်းအားဖြင့် ကြီးကုန် ကြီးကုန်သော အရိုးတို့၏ အတွင်း၌တည်သော ခြင်ဆီသည် ဝါးကျည်တောက်၌ ထည့်၍ ပြုတ်ထားသော ကြိမ်ညွန့်ကြီးသဏ္ဌာန် ရှိ၏၊ ငယ်ကုန် အလွန်ငယ်ကုန်သော အရိုးတို့၏ အတွင်း၌ တည်သော ခြင်ဆီသည် ငယ်သော ဝါးဆစ်တို့၌ ထည့်၍ ပြုတ်ထားသော ကြိမ်ညွန့်သဏ္ဌာန် ရှိ၏၊ အရပ်အားဖြင့် အထက်အောက် ၂-ပါးသော အရပ်တို့၌ ဖြစ်၏၊ တည်ရာအားဖြင့် အရိုးတို့၏အတွင်း၌ တည်၏၊ အပိုင်းအခြားအားဖြင့် အရိုးတို့၏ အတွင်းဖက်မျက်နှာပြင်တို့ဖြင့် ပိုင်းခြားလျက် ရှိသည်၊ ဤသည်ကား ထိုခြင်ဆီ၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၁၀) အညှို့
၁၉၂။ ဝက္ကံ (အညှို့)ဟူသည်ကား အညှာတခုတည်း၌ ဖွဲ့တွယ်လျက်ရှိသော အသားစိုင် ၂-ခုတို့ပေတည်း။ ၎င်းသည် အဆင်းအားဖြင့်
၃၂၂
စဉ်းငယ်နီ၏ ပင်လယ်ကသစ်စေ့ အဆင်းရှိ၏၊ သဏ္ဌာန်အားဖြင့် သူငယ်တို့၏ ကစားစရာ အစုံဖွဲ့ထားသော ဂေါ်လီလုံး ၂-ခုသဏ္ဌာန်ရှိ၏၊ တနည်းပြောရလျှင် အညှာတခုတည်း၌ ဖွဲ့တွယ်နေသော သရက်သီး ၂-လုံးတွဲသဏ္ဌာန် ရှိ၏၊ အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏၊ တည်ရာအားဖြင့် လည်မျိုမှထွက်သော တခုသော အညှာရင်းဖြင့် အတန်ငယ် ဆင်းသွားပြီးလျှင် [၂၄၈] နှစ်ဖြာကွဲသော အကြောကြီးဖြင့် ဖွဲ့တွယ်လျက် နှလုံးသားကို ခြံရံ၍ တည်၏၁၊
၁- ဝက္က-ဟု ခေါ်သော ဤအညှို့ကို ကျောက်ကပ်ဟူ၍ အများက ဆိုကြ၏။ ကာယာနုပဿနာ ကျမ်း၌ကား ကျောက်ကပ်သည် တည်ရာအားဖြင့် အလွန် အောက်ကျသောကြောင့် စသည်ဖြင့် အပြစ်ပြပြီးလျှင် ထိုအဆိုကို ပယ်၍ အစာကိုယူတတ်သော အင်္ဂါဖြစ်သင့်ကြောင်းကိုလည်း ပြဆိုပြီးလျှင် အောက်ပါအတိုင်း ပြဆိုထားသည်။
“အနာတမီကျမ်း၌ကား လျှာခင်၏နောက် လည်ချောင်းပေါက်မှ ရေ အစာဝင်သော အပေါက်က ကျောဘက်၌, အသက်ရှူ လေဝင်သောအပေါက်က ရင်ပတ်ဘက်၌ဖြစ်၍ ဝင်ပေါက်နှစ်ခု ရှိ၏၊ ထိုနှစ်ခုတို့တွင် အသက်ရှူလေဝင်သော ရင်ပတ်ဘက် အပေါက်သည် ဆီသွတ်ကတော့သဏ္ဌာန် နှစ်ဆင့်ရှိ၏၊ ထိုနှစ်ဆင့်တို့တွင် ပြင်ဘက်အဆင့် ကတော့ကို လက်နှင့် စမ်းကြည့်လျှင် လည်ချောင်း၌ မာမာတွေ့ရသော အရိုးနု အဖုအဆစ်တို့ပင် ဖြစ်သည်၊ ဤအပြင်ဘက် ကတော့သည် ရေ အစာတို့ကို မျိုလျှင် ရင်ပတ်ဘက် လေဝင်ပေါက်သို့ မဝင်ရအောင် တက်၍ ပိတ်၏၊ ဤအပြင်ဘက်ကတော့အောက် လေဝင်သော လည်ချောင်းပေါက် ဝဲယာ၌ ဤအညှို့သည် တွယ်ကပ်လျက် တည်၏၊ သောက်ရေတွင် ထုံးဖြစ်စေ၊ ဆားဖြစ်စေ များစွာပါသည့် ရေငန်, ဖြူသော အဆင်းရှိသည့် ရေများကို သောက်ရသော အရပ်သားတို့၌ လည်ပင်းကြီးရောဂါ ဖြစ်တတ်သည်ဟု ဆို၏။
၃၂၃
အပိုင်းအခြားအားဖြင့် အညှို့ကို အညှို့အဖို့ဖြင့် ပိုင်းခြားလျက် ရှိသည်။ ဤသည်ကား ထိုအညို့၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၁၁) နှလုံး
၁၉၃။ ဟဒယံ (နှလုံး)ဟူသည်ကား နှလုံးသားပေတည်း။ ၎င်းသည် အဆင်းအားဖြင့် နီ၏။ ပဒုမ္မာကြာနီပွင့်ဖတ်၏ ကျောဖက်အဆင်း ရှိ၏။ သဏ္ဌာန်အားဖြင့် ပြင်ပ အပွင့်ဖတ်တို့ကို ခွါပစ်၍ စောက်ထိုးဆွဲထားသော ပဒုမ္မာကြာငုံသဏ္ဌာန် ရှိ၏၊ အပ၌ ပြေပြစ်ချောညက်၏၊ အတွင်း၌ သပွတ်ခါးသီး၏ အတွင်းသားနှင့် တူ၏။ ပညာရှိသောသူတို့အား အနည်းငယ် ပွင့်၏၊ ပညာနုံ့သောသူတို့အား ငုံလျက်သာ ရှိ၏၊ ယင်း နှလုံး၏အတွင်း၌ ပုန်းညက်စေ့၏ တည်ရာမျှသော တွင်းငယ်သည် ရှိ၏၊ ယင်း တွင်းငယ်၌ လက်ဆွန်းဝက်ခန့်မျှသော၁ သွေးသည် ကောင်းစွာ တည်ရှိ၏၊ ယင်း သွေးကိုမှီ၍ (ဝါ-ယင်း သွေး၌ရှိသော ဝတ္ထုရုပ်ကိုမှီ၍) မနောဓာတ်နှင့် မနောဝိညာဏဓာတ်တို့သည် ဖြစ်ကုန်၏၂၊ ဆက်ဦးအံ့- ထိုသို့သော ဤနှလုံးသွေးသည်
အနာတမီကျမ်းတွင် ဆိုသော ဤစကားသည် ယခုလူတို့ အညှို့၏တည်ပုံနှင့် ညီသည်။
၁- လက်နှစ်ခုယှက်၍ ခံယူရာ၌ လက်ခုပ်ဟု ခေါ်သည်၊ လက်တဖက်ဖြင့် ခံယူရာ၌ လက်ဆွန်းဟု ခေါ်သည်။ ယင်း လက်ဆွန်း၏ ထက်ဝက်ကို လက်ဆွန်းဝက်ဟု ခေါ်သည်။
၂- ပဉ္စဒွါရာဝဇ္ဇန်းစိတ် ၁၊ သမ္ပဋိစ္ဆိုင်းစိတ် ၂- ဤစိတ် ၃-ခုကို မနာဓာတ်ခေါ်သည်၊ စက္ခုဝိညာဏ်စသော ပဉ္စဝိညာဏ် ၁၀-နှင့် ဤမနောဓာတ်၃-ခုမှ ကြွင်းသော စိတ်၇၆-ပါးတို့ကို မနောဝိညာဏဓာတ် ခေါ်သည်။
၃၂၄
ရာဂ အားကြီးသောသူအား နီ၏၁၊ ဒေါသ အားကြီးသောသူအား မည်း၏၊ မောဟ အားကြီးသောသူအား အသားဆေးရေနှင့်တူ၏၊ ဝိတက် အားကြီးသောသူအား ပဲပိစပ်ပြုတ်ရေအဆင်း ရှိ၏။ သဒ္ဓါ အားကြီးသောသူအား မဟာလှေကားပွင့်အဆင်း ရှိ၏၊ ပညာ အားကြီးသောသူအား ကြည်၏ အထူးကြည်လင်၏ နောက်ကျုခြင်း မရှိ ဖြူစင်၏ ထက်ဝန်းကျင် စင်ကြယ်၏ ကောင်းစွာ သွေးထားသော ပတ္တမြားဇာစ်ကဲ့သို့ အရောင်တောက်လျက် ထင်၏။
ယင်း ၇၆-ပါးနှင့် မနောဓာတ် ၃-ပါးဟူသော ဤစိတ်များသည် နှလုံးသွေး၌ မပြတ် ဖြစ်လျက်ရှိသော ဟဒယဝတ္ထုမည်သော ရုပ်ကိုမှီ၍ ဖြစ်ကြသည်ဟု ဆိုလို၏၊ ထိုအဆိုနှင့်စပ်၍ စောဒနာဖွယ် ရှိ၏။ အဘယ်သို့နည်း?ဟူမူ ယခုခေတ်၌ နှလုံးဟောင်းကို ထုတ်ပယ်၍ နှလုံးသစ်ကိုထည့်လျက် ကုသနေချိန်တွင် ထိုစိတ်များသည် အဘယ်ကိုမှီ၍ ဖြစ်နေကြပါသနည်းဟု စောဒနာဖွယ် ရှိ၏။ အဋ္ဌကထာအဆိုအတိုင်း အတိအကျ ယူလိုလျှင် “နှလုံးအသစ်နှင့် ကိုယ်မှသွေးများ မစပ်မိသေးချိန်၌ နှလုံးဟောင်းထဲက ဝတ္ထုရုပ်ကိုပင် မှီ၍ ဖြစ်နေကြသည်၊ စပ်မိသောအခါမှ စ၍ နှလုံးအသစ်ထဲ၌ ဝတ္ထုရုပ်ဖြစ်ပေါ်၍ ထိုဝတ္ထုရုပ်ကို မှီလျက် ဖြစ်သွားကြသည်”ဟု ယူရာ၏။ ထိုသို့ အတိအကျ မယူပဲ “နှလုံးထဲက သွေး၌၎င်း၊ နှလုံးမှ ပန်းထုတ်လိုက်သော သွေးထဲ၌၎င်း ဝတ္ထုရုပ် ဖြစ်သည်၊ ထိုဝတ္ထုရုပ်ကိုမှီ၍ ဖြစ်ကြသည်”ဟု ယူလျှင်မူကား ထိုစောဒနာမျိုး ဖြစ်ဖွယ်ပင် မရှိတော့ပေ။
၁- ရာဂအားကြီးသောသူ- ဟူသည်မှာ ရာဂအဖြစ်များသူ- ရာဂစရိုက်ရှိသူပင် ဖြစ်သည်။ ထို့ကြောင့် ရာဂစရိုက်ရှိသူဟု ဆိုမည့်အစား ဤ၌ ရာဂအားကြီးသောသူ-ဟု ဆိုထားခြင်း ဖြစ်သည်။ ဒေါသအားကြီးသောသူ စသည်ဖြင့် ဆိုရာတို့၌လည်း နည်းတူပင်။
၃၂၅
အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏၊ တည်ရာအားဖြင့် သားမြတ်နှစ်ခုတို့၏ အလယ်ကြား ကိုယ်၏အတွင်း၌ တည်၏၁၊ အပိုင်းအခြားအားဖြင့် နှလုံးသည် နှလုံးအဖို့အားဖြင့် ပိုင်းခြားလျက် ရှိသည်။ ဤသည်ကား ထိုနှလုံး၏ သဘာဂပရိစ္ဆေဒပင်တည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
၁- ဤအရာ၌ ယခုခေတ် အနောက်တိုင်းဆရာတို့၏ အဆိုကို အကျဉ်းချုပ် ပြအံ့။ နှလုံးသည် ခန္ဓာကိုယ် ရင်ခေါင်းအတွင်း အဆုတ်နှစ်ခုအကြား၌ တည်သည်၊ အရွယ်အားဖြင့် လက်သီးဆုပ်ပမာဏ ရှိသည်။ သစ်တော်သီးပုံသဏ္ဌာန် ရှိသည်။ အောက်ပိုင်း လက်ဝဲဖက် အဖျားတွင် ချွန်နေဟန် ရှိသည်၊ တကိုယ်လုံးသို့ သွေးများကို ပို့ပေးသောအင်္ဂါ ဖြစ်သည်၊ ထိုနှလုံး၌ လက်ဝဲ လက်ျာ အခန်း၂-ခုရှိသည်။ လက်ဝဲအခန်း၌ အထက်ခန်း အောက်ခန်း ၂-ခုရှိသည်၊ လက်ျာအခန်း၌လည်း နည်းတူပင် အထက်အောက် ၂-ခန်းပင် ရှိသည်။ တကိုယ်လုံးမှ သွေးပြန်ကြောများဖြင့် ပြန်လာသော သွေးများသည် သွေးပြန်အကြောမကြီးဖြင့် နှလုံး၏ လက်ျာဘက် အထက်ခန်းသို့ ဝင်ကြသည်၊ အထက်ခန်းမှ အောက်ခန်းသို့ ဝင်ကြသည်။ ထိုအခန်း၌ ပြည့်သောအခါ ယင်းသွေးများကို နှလုံးက ညှစ်ထုတ်လိုက်သည်။ ထိုသွေးများသည် သွေးလွှတ်ကြောမကြီးဖြင့် ထွက်၍ ထိုအကြောမကြီးမှ လက်ျာဘက်အဆုတ်သို့ တသွယ် လက်ဝဲဘက်အဆုတ်သို့ တသွယ် ခွဲသွားသော အကြောကြီးများဖြင့် လက်ျာ လက်ဝဲ အဆုတ်၂-ခုအတွင်းသို့ ဝင်ကြသည်၊ ထိုအဆုတ်များထဲ၌ သေးငယ်သော အလွန်သေးငယ်သော သွေးကြောများဖြင့် ထိုသွေးများ ပြန့်နှံ့သွားသည်၊ ရှူသွင်းလိုက်သော အသက်ရှူလေက ထို သွေးများထဲသို့ အောက်ဆီဂျင်ခေါ် လိုအပ်သော အငွေ့များကို ထည့်သွင်းပေးသည်။ ရှူထုတ်သောလေက မလိုအပ်သော ကာဘွန်ဒိုင်အောက်ဆိုက်ခေါ်
၃၂၆
(၁၂) အသည်း
၁၉၄။ ယကနံ (အသည်း)ဟူသည်ကား အစုံသော အသားလွှာပေတည်း။ ၎င်းသည် အဆင်းအားဖြင့် နီရောင်ရှိ၏၊ ဖျော့တော့သော သဘောရှိ၏ နီလွန်းသည်ကား မဟုတ်၊ ကုမုဒ္ဒရာကြာပွင့်ဖတ်၏ ကျောဖက်အဆင်း ရှိ၏၊ သဏ္ဌာန်အားဖြင့် အရင်း၌ တခုတည်း, အဖျား၌ အစုံဖြစ်၍ ပင်လယ်ကသစ်ရွက်သဏ္ဌာန် ရှိ၏၊ ထိုအသည်းသည်လည်း ပညာနုံ့သော သူတို့အား တခုတည်းသာဖြစ်လျက် ကြီး၏၊ ပညာရှိသောသူတို့အား နှစ်ခု သုံးခုဖြစ်လျက် ငယ်ကုန်၏၊ အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏၊ တည်ရာအားဖြင့် နှစ်ခုသော သားမြတ်တို့၏ အတွင်း၌ လက်ျာနံပါးကိုမှီ၍ တည်၏၁၊
မှဘ်ချက်
အငွေ့များကို သယ်ဆောင်သွားခြင်းဖြင့် သွေးများကို စင်ကြယ်စေသည်၊ ထိုစင်ကြယ်ပြီးသော သွေးများသည် သွေးပြန်ကြောမကြီးများဖြင့် အဆုတ်မှထွက်၍ နှလုံး၏ လက်ဝဲဘက် အထက်ခန်းသို့ ဝင်ကြသည်။ အထက်ခန်းမှ အောက်ခန်းသို့ ဝင်ကြသည်၊ ထိုအခန်း၌ ပြည့်သောအခါ ထိုသွေးသန့်များကို နှလုံးက ညှစ်ထုတ်လိုက်သည်။ ထိုသွေးသန့်များသည် သွေးလွှတ်ကြောမကြီးမှ အထက်အောက် တကိုယ်လုံးသို့ ပြန့်နှံ့သွားသည်၊ တမိနစ်ခန့်အတွင်းမှာ ထိုသွေးများသည် သွေးပြန်ကြောများဖြင့် ပြန်လာ၍ နှလုံးသို့ ပြန်ရောက်သည်။ နှလုံးမှ တမိနစ်လျှင် အကြိမ် ခုနစ်ဆယ်ခန့်မျှ သွေးများကို ညှစ်ထုတ်ပေးနေသည်ဟု ဆို၏။ ထို့ထက် ကျယ်ပြန့်စွာ သိလိုလျှင် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖော်ပြထားသော စာအုပ်စာတမ်းများကို ကြည့်ပါလေ။
၁- ဤအသည်း၏ တည်နေပုံကိုလည်း ကိုယ်အစိတ်အပိုင်းများကို ပြထားသော ထိုစာအုပ်စာတမ်းများ၌ ကြည့်ရှုလျှင် သာ၍ အသိရှင်းပေလိမ့်မည်။
၃၂၇
အပိုင်းအခြားအားဖြင့် အသည်းသည် အသည်းအဖို့ဖြင့် ပိုင်းခြားလျက်ရှိသည်၊ ဤသည်ကား ထိုအသည်း၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၁၃) အမြှေး
၁၉၅။ ကိလောမကံ (အမြှေး)ဟူသည်ကား ဖုံးလွှမ်းတတ်သော အမြှေး မဖုံးလွှမ်းတတ်သော အမြှေးတို့၏ အပြားအားဖြင့် နှစ်ပါးအပြားရှိသော မြှေးယှက်တတ်သော အသားလွှာပေတည်း။ ထိုနှစ်ပါးလုံးသည်လည်း အဆင်းအားဖြင့် ဖြူ၏။ ဘွဲ့ဖြူပုဆိုးကြမ်းနှင့်တူသော အဆင်းရှိ၏၁၊ သဏ္ဌာန်အားဖြင့် မိမိ၏ တည်ရာအရပ်သဏ္ဌာန် ရှိ၏၊ အရပ်အားဖြင့် ဖုံးလွှမ်းတတ်သော အမြှေးသည် အထက်အရပ်၌ ဖြစ်၏၊ အခြားအမြှေးသည် ၂-ပါးသော အရပ်တို့၌ ဖြစ်၏၊ တည်ရာအားဖြင့် [၂၄၉] ဖုံးလွှမ်းတတ်သော အမြှေးသည် နှလုံးနှင့် အညှို့ကို ဖုံးလွှမ်းလျက်တည်၏၊ မဖုံးလွှမ်းတတ်သော အမြှေးသည် တကိုယ်လုံး၌ အရေ၏အောက်ရှိ အသားကို မြှေးယှက်လျက် တည်၏၊ အပိုင်းအခြားအားဖြင့် အောက်ဖက်၌ အသားဖြင့်
၁- ကာယာနုပဿနာကျမ်း၌ ဒုကူလပိလောတိက- ဘွဲ့ဖြူပုဆိုးကြမ်းအကြောင်းကို ဤသို့ ပြဆိုထား၏- “ဒုကူလကား စိန်ရတီချိန်သော ဘီသွာ (ဘီဇွာ)စေ့ထွက်သည့် နှမ်းကြပ်ပင်က လျှော်ကို ယက်သည့် အဝတ်ဖြစ်သည်၊ ပိလောတိက- သဒ္ဒါလည်း ကြမ်းသောအဝတ်ကို ဟောသည်။ ထို့ကြောင့် တံငါသားမွေးရာ၌ ဒုကူလမည်သော လျှော်ယက်ပုဆိုးကြမ်းနှင့် ခံသောကြောင့် ဒုကူလမည်ကြောင်း သုဝဏ္ဏသာမဇာတ်၌ ဆိုသည်”။
၃၂၈
အထက်ဖက်၌ အရေဖြင့်, ဖီလာပတ်ဝန်းကျင်၌ အမြှေးအဖို့ဖြင့် ပိုင်းခြားလျက် ရှိသည်။ ဤသည်ကား ထိုအမြှေး၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၁၄) အဖျဉ်း
၁၉၆။ ပိဟကံ (အဖျဉ်း)ဟူသည်ကား အစာသစ်အိမ်၏ အထက်စောင်၌တည်သော သရက်ရွက်ခေါ် ဝမ်းလွှာ အသားတုံးပေတည်း။ ၎င်းသည် အဆင်းအားဖြင့် ညို၏ ကြောင်ပန်းပွင့်အဆင်း ရှိ၏၊ သဏ္ဌာန်အားဖြင့် လက်ခုနစ်သစ်ပမာဏရှိ၏၊ အဖွဲ့အညှာမရှိ၊ နွား(နက်)ငယ်၏ လျှာသဏ္ဌာန်ရှိ၏၊ အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏၊ တည်ရာအားဖြင့် နှလုံး၏ လက်ဝဲဖက်၌ အစာသစ်အိမ်လွှာ၏ အထက်ဖက်ကို မှီ၍တည်၏၊ ယင်းအဖျဉ်းကို လက်နက်ဖြင့် ထိုးခုတ် ပုတ်ခတ်ခြင်းကြောင့် အပြင်သို့ ထွက်လတ်သော် သတ္တဝါတို့၏ အသက်ကုန်ခြင်း ဖြစ်လေတော့၏၁၊ အပိုင်းအခြားအားဖြင့် အမြှေးအဖို့ဖြင့် ပိုင်းခြားလျက်ရှိသည်။ ဤသည်ကား ထိုအမြှေး၏
၁- ကာယာနုပဿနာကျမ်း၌ “တွဲလျားကျသော အသားပျဉ်းဖြစ်၍ ရှေးအခါက အဖျဉ်းဟု ခေါ်သည်၊ သရက်ရွက်နှင့် တူသောကြောင့် နောက်အခါ သရက်ရွက်ဟု ခေါ်သည်”ဟု ဆို၏။ ထို့ပြင် “သရက်ရွက်သည် အထက်မှရေလျှင် ၆-ခုမြောက်နံရိုးကစ၍ အောက်ကို တမိုက်တိုင်အောင် လက်ဝဲနံပါးအတွင်း အစာသစ်အိမ်၏ လက်ဝဲဘက် အထက်ပိုင်းကို ဖိကပ်လျက် လူ့ကိုယ်၏ အထက်အောက် အလျားလိုက် တည်၏”စသည်ဖြင့် အနာမီကျမ်း အဆိုကိုလည်း ပြထားသေး၏။
၃၂၉
သဘာဂပရိစ္ဆေဒပေတည်း၊ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၁၅) အဆုတ်
၁၉၇။ ပပ္ဖါသံ (အဆုတ်)ဟူသည်ကား အသားပိုင်း နှစ်ခု သုံးခု အပြားရှိသော အဆုတ်မည်သော အသားပေတည်း၁။ ၎င်းသည် အဆင်းအားဖြင့် နီ၏ မမှည့်လွန်းသေးသော ရေသဖန်းသီးအဆင်း ရှိ၏၊ သဏ္ဌာန်အားဖြင့် မညီမညွတ်ဖြတ်ထားသော ထူသော မုန့်ပိုင်းသဏ္ဌာန် ရှိ၏၊ အတွင်းဖက်၌ စားသောက်ထားသော အစာမရှိသောအခါ တက်သော ကမ္မဇတေဇော အပူငွေ့ဖြင့် ပူလောင်နှိပ်စက်သောကြောင့် ညက်စွာဝါးထားသော ကောက်ရိုးထွေးကဲ့သို့ပင် အနှစ်အရသာမရှိ၊ အဆီဩဇာမရှိ၊ အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏၊ တည်ရာအားဖြင့် ကိုယ်၏အတွင်း၌ သားမြတ်နှစ်ခုတို့၏ အကြား၌ နှလုံးနှင့် အသည်းကို ဖုံးအုပ်ကာ တွဲရရွဲဆွဲလျက် တည်၏၊ အပိုင်းအခြားအားဖြင့် အဆုတ်အဖို့ဖြင့် ပိုင်းခြားလျက် ရှိသည်၊ ဤသည်ကား ထိုအဆုတ်၏ သဘာဂပရိစ္ဆေပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
၁- ဤ၌ အသားပိုင်း နှစ်ခု သုံးခု အပြားရှိသော-ဟူသော အနက်သည် ဒွတ္တိမံသခဏ္ဍပ္ပဘေဒံ- ဟူသော သီဟိုဠ်မူ ပါဌ်နှင့်အညီ ပြန်ချက်ဖြစ်သည်၊ လက်ဝဲဖက် အဆုတ်မှာ အပိုင်း၂-ခု, လက်ျာဖက်အဆုတ်မှာ အသားပိုင်း ၃-ခု ရှိသောကြောင့် ဒွတ္တိ-နှစ်ခု သုံးခု-ဟု ဆိုထားခြင်း ဖြစ်ပေသည်၊ ကောဋ္ဌာသ ရုပ်ပုံများကို ကြည့်လျှင် အဆုတ်၏ပုံစံကို ဤအတိုင်းပင် တွေ့ရသည်။ မြန်မာစာအုပ်တို့၌ကား ယင်း ဒွတ္တိ-အရာ၌ ဒွတ္တိံသဟု ပါဌ်ပျက်လျက် ရှိ၏။
၃၃၀
(၁၆) အူမ
၁၉၈။ အန္တံ (အူမ)ဟူသည်ကား ယောက်ျားမှာ ၃၂-တောင်, မိန်းမမှာ ၂၈-တောင်ရှိသော အူမခွေပေတည်း၊ ၂၁-ခုသော နေရာတို့၌ တွန့်လျက် ခွေလျက် ရှိ၏၊ ထိုသို့သော ဤအူမခွေသည် အဆင်းအားဖြင့် ဖြူ၏ ကျောက်ဖြူမှုန့် အင်္ဂတေအဆင်းရှိ၏။ သဏ္ဌာန်အားဖြင့် နီသော ဆိုးရေကျင်း၌ ခွေ၍ထည့်ထားသော ခေါင်းဖြတ်ထားသည့် မြွေသဏ္ဌာန်ရှိ၏၊ အရပ်အားဖြင့် ၂-ပါးသော အရပ်တို့၌ ဖြစ်၏။ တည်ရာအားဖြင့် အထက်တွင် လည်မျိုနှင့် အောက်တွင် ကျင်ကြီးလမ်း (ဝစ္စမဂ်)၌ ဖွဲ့စပ်လျက်ရှိသောကြောင့် လည်မျိုအစ ဝစ္စမဂ်အဆုံးရှိသော ကိုယ်အတွင်း၌ တည်၏၊ အပိုင်းအခြားအားဖြင့် အူမအဖို့ဖြင့် ပိုင်းခြားလျက် ရှိသည်။ ဤသည်ကား ထိုအူမ၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၁၇) အူသိမ်
[၂၅၀] ၁၉၉။ အန္တဂုဏံ (အူသိမ်)ဟူသည်ကား အူမခွေအရပ်တို့၌ ဖွဲ့တွယ်သော အရာပေတည်း။ ထိုအူသိမ်သည် အဆင်းအားဖြင့် ဖြူ၏ ကြာသိမ်မြစ်အဆင်း ရှိ၏၊ ဝါ-ရေ၌နစ်နေသော မှော်မြစ်အဆင်း ရှိ၏၊ သဏ္ဌာန်အားဖြင့် ကြာသိမ်မြစ် မှော်မြစ်သဏ္ဌာန်ပင် ရှိ၏၊ အရပ်အားဖြင့် ၂-ပါးသော အရပ်တို့၌ ဖြစ်၏၊ တည်ရာအားဖြင့် ပေါက်တူးပေါက်ခြင်း ပုဆိန်ပေါက်ခြင်းအမှု စသည်တို့ကို ပြုလုပ်သောသူတို့၏ အူခွေတို့ကို လျှောမကျအောင်၁ ယန္တြားစက်ကို ဆွဲငင်သောအခါ၌
၁- လျှောမကျအောင်.. တပေါင်းတည်း ဖွဲ့တွယ်လျက်.. ချုပ်စပ်လျက် တည်၏ဟု စပ်ပါ။
၃၃၁
ယန္တြားစက်ကြိုးသည် ယန္တြားစက်ပျဉ်ချပ်တို့ကို လျှောမကျအောင် ဖွဲ့တွယ်ထားသကဲ့သို့ တပေါင်းတည်း ဖွဲ့တွယ်လျက်၁ ခြေသုတ်ကြိုးဝန်း၏ အကြား၌ ချုပ်စပ်လျက် တည်သော ကြိုးငယ်တို့ကဲ့သို့ ၂၁-ခုသော အူမခွေတို့၏ အကြား၌ ချုပ်စပ်လျက် တည်၏။ အပိုင်းအခြားအားဖြင့် အူသိမ်အဖို့ဖြင့် ပိုင်းခြားလျက်ရှိသည်၊ ဤသည်ကား ထိုအူသိမ်၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၁၈) အစာသစ်
၂၀၀။ ဥဒရိယံ (အစာသစ်)ဟူသည်ကား အစာသစ်အိမ်ဟူသော ဝမ်း၌ဖြစ်သော (ဝါ-တည်ရှိနေသော) စား-သောက်-ခဲ-လျက်ထားသော အစာပေတည်း။ ၎င်းသည် အဆင်းအားဖြင့် စားမျိုးထားသည့် အစာအဆင်းရှိ၏၊ သဏ္ဌာန်အားဖြင့် အဝတ်ရေစစ်၌ လျော့လျော့ထုတ်ထားသော ဆန်များသဏ္ဌာန် ရှိ၏။ အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏၊ တည်ရာအားဖြင့် အစာသစ်အိမ်ဟူသော ဝမ်း၌တည်၏။
(ဥဒရ) အစာသစ်အိမ်- ဝမ်းမည်သည်မှာ စိုသော အဝတ်ပုဆိုးကို နှစ်ဖက်မှကိုင်၍ လိမ်၍ညှစ်လျှင် အလယ်၌ဖြစ်သော လေအူဖောင်းနှင့်တူသော အူမလွှာပေတည်း၊ အပြင်ပ၌ ချောညက်၏ အတွင်း၌ အသားမှိုက် အသားပုပ်ကို ရစ်ထုတ်ထားသော ညစ်နွမ်းသော တဘက်၏ အမြိတ်အဆာနှင့် တူ၏။ ပုပ်ရိသော ပိန္နဲသီးအခွံ၏ အတွင်းဖက်နှင့် တူသည်ဟူ၍လည်း ဆိုသင့်ပေ၏၊ ယင်း အစာသစ်အိမ်၌
၁- ဖွဲ့တွယ်လျက်.. ချုပ်စပ်လျက် တည်၏-ဟု စပ်ပါ။
၃၃၂
တက္ကောဋကပိုး ဂဏ္ဍုပ္ပါဒကပိုး တာလဟီရကပိုး သူစိမုခပိုး ပဋတန္တသုတ္တကပိုး ဤသို့ အစရှိကုန်သော ၃၂-ပါးသော အမျိုးအားဖြင့် ကွဲပြားကုန်သော ပိုးတို့သည်၁ ရှုပ်ယှက်ခတ်လျက် အစုလိုက် အပြုံလိုက် သွားလာကျက်စားကြလျက် နေကုန်၏၊ ယင်းပိုးတို့သည် (အစာအိမ်ထဲ၌) အဖျော်ဘောဇဉ်စသည် မရှိသောအခါ မြည်အော်ကုန်လျက် ခုန်တက်ကုန်၍ နှလုံးသားကို တိုက်ခိုက် ထိပါးကုန်၏၊ အဖျော်ဘောဇဉ် စသည်ကို စားမျိုသောအခါ၌လည်း မော့သော ပါးစပ်ရှိကုန်လျက်၂ ရှေးဦးစွာ မျိုလိုက်သော နှစ်လုပ် သုံးလုပ်တို့ကို လျင်စွာ လျင်စွာ လုယက်စားသောက်ကုန်၏။ ယင်းအစာသစ်အိမ်သည် ထိုပိုးတို့၏ မီးနေအိမ်လည်း ဖြစ်၏။ ကျင်ကြီးအိမ်လည်း ဖြစ်၏၊ သူနာရုံလည်း ဖြစ်၏၊ သုသာန်လည်းဖြစ်၏။ ယင်း အစာအိမ်သစ်၌၃ ဥပမာဖြင့် ပြရလျှင် ဒွန်းစဏ္ဍားရွာ တံခါးပေါက်တွင် ရေပုပ်အိုင်၌ နွေအခါမှာ မိုးသည်းထန်စွာ ရွာလတ်သော် မိုးရေဖြင့် မျောပါလာသော ကျင်ငယ် ကျင်ကြီး အရေပိုင်း အရိုးပိုင်း အကြောပိုင်း တံထွေး နှပ် သွေး
၁- သုံးဆဲ့နှစ်မျိုးသော ပိုးတို့ကို၎င်း၊ ပိုးမျိုးရှစ်ဆယ်တို့ကို၎င်း ကာယာနုပဿနာကျမ်း နှာ ၁၈ဝ-၁၈၂-တို့၌ ပြထား၏။ သို့သော် ဤအရာမှာ အစာသစ်အိမ်၌ ပိုးမျိုးများစွာ ရှိနေကြောင်း သိရန်မျှသာ လိုရင်းဖြစ်သည်။
၂- ပါးစပ်ရှိကုန်လျက်.. လုယက် စားသောက်ကုန်၏-ဟု စပ်ပါ။
၃- ယင်းအစာသစ်အိမ်၌.. ဤအတူပင် အမျိုးမျိုးသော စားဖွယ် သောက်ဖွယ်သည် ခွေးအန်ဖတ်တို့နှင့်တူစွာ ကျပြီးလျှင်.. စက်ဆုတ်ဖွယ် ကောင်းလှသည့်အနေသို့ ရောက်လျက် တည်ပေ၏-ဟု စပ်ပါ။
၃၃၃
အစရှိသော အမျိုးမျိုးသော အပုပ် အရိ အရွဲ အပေါင်းသည်၁ ကျရောက်ပြီးလျှင် ရွှံ့ပုပ်ရေဖြင့် ရောယှက် နှောက်နှက်အပ်သည့်ပြင် နှစ်ရက် သုံးရက် လွန်သောအခါ ပေါက်ပွါးသော ပိုးလောက်များနှင့်လည်း ရောပြွမ်းလျက် ရှိ၏၊ နေပူရောင်၏ အပူရှိန်ဖြင့်လည်း ကျိုက်ကျိုက်ဆူလျက် အမြှုပ်တစီစီ ထစေကာ ညိုပုပ်သော အဆင်းရှိသည်ဖြစ်၍ အလွန်နံစော်လျက် အလွန် စက်ဆုပ်ဖွယ်ကောင်းသဖြင့် ချဉ်းကပ်ရန် ကြည့်ရှုရန်ပင် မထိုက်သည့်အနေသို့ ရောက်လျက် တည်၏။ [၂၅၁] နမ်းရှူရန် စားသုံးရန် မထိုက်သည်မှာမူ ဆိုဖွယ်ပင် မရှိတော့ပေ၊ ဤအတူပင် အမျိုးမျိုးသော စားဖွယ် သောက်ဖွယ် စသည်သည်၂ သွားတည်းဟူသော ကျည်ပွေ့ဖြင့် ထောင်းထု ကြိတ်ချေလျက်၂ လျှာတည်းဟူသော လက်ဖြင့် ပြန်လှန် မွှေနှောက်ကာ၂ တံထွေး သွားရေတို့ဖြင့် မြှေးယှက် လူးလည်းလိုက်သဖြင့်၂ ထိုခဏ၌ပင် အဆင်း အနံ့ အရသာကောင်းခြင်း စသည်မှ ကင်းသည်ဖြစ်၍၂ ယက္ကန်းသည်တို့၏ ချည်စာကစိဖတ် ခွေးအန်ဖတ်တို့နှင့်တူစွာ
၁- အပုပ် အရိ အရွဲ အပေါင်းသည် ကျရောက်ပြီးလျှင်.. နှောက်နှက်အပ်သည့်ပြင်.. ရောပြွမ်းလျက် ရှိ၏၊ ကျိုက်ကျိုက်ဆူလျက်- စသည်ဖြင့် စပ်ပြီးလျှင် နောက်ဆုံး၌ “ချဉ်းကပ်ရန် ကြည့်ရှုရန်ပင် မထိုက်သည့်အနေသို့ ရောက်လျက်တည်၏၊ နမ်းရှူရန် စားသုံးရန် မထိုက်တန်သည်မှာ ဆိုဘွယ်ပင် မရှိတော့ပေ”ဟု စပ်ပါ။
၂- စားဖွယ် သောက်ဖွယ် စသည်သည်.. ကြိတ်ချေလျက်.. မွှေနှောက်ကာ.. လူးလည်းလိုက်သဖြင့်.. ကင်းသည်ဖြစ်၍.. ကျပြီးလျှင်.. ရစ်ပတ်သည့်ပြင်.. ကျိုက်ကျိုက်ဆူလျက်.. ရှုပ်ယှက်ခတ်လျက်.. ထစေလျက် ရှိသဖြင့် ရောက်လျက် တည်ချေသည်-ဟု စပ်ပါ။
၃၃၄
(အစာသစ်အိမ်၌) ကျပြီးလျှင်၁ သည်းခြေ သလိပ် လေတို့ဖြင့် ဖုံးအုပ် ရစ်ပတ်သည့်ပြင်၁ ဝမ်းမီးအပူရှိန်ဖြင့် ကျိုက်ကျိုက်ဆူလျက်၁ ပိုးမျိုး သုံးဆဲ့နှစ်ပါးတို့ဖြင့်လည်း ရှုပ်ယှက်ခတ်လျက်၁ နောက်နောက်ကာလ၌ (ဝါ-ကြာလေလေ) အမြှုပ် စီပေါင်း အပွက်တို့ကို ထစေလျက်ရှိသဖြင့်၁ အလွန် ပုပ်ရိနံစော်၍ စက်ဆုပ်ဖွယ် ကောင်းလှသည့်အနေသို့ ရောက်လျက် တည်ချေသည်။ ယင်း အစာသစ်အိမ်အကြောင်းကို ကြားရုံမျှ ကြားရသောကြောင့်သော်လည်း စားဖွယ် သောက်ဖွယ် စသည်တို့၌ မနှစ်သက် မမြိန်ယှက်ဖွယ်၏ အဖြစ်သည် ကောင်းစွာ တည်လေတော့၏၊ ဉာဏ်မျက်စိဖြင့် ရှုမြင်ရပါမူ ဆိုဖွယ်ပင် မရှိတော့ပြီ။ ထို့ပြင်လည်း ယင်း အစာသစ်အိမ်၌ ကျလာသော အဖျော် ဘောဇဉ် စသည်သည် ငါးပုံ ခွဲခြမ်းခြင်းသို့ ရောက်လေ၏၊ တပုံကို ပိုးတို့စားကြသည်၊ တပုံကို ဝမ်းမီးကလောင်သည်၊ တပုံက ကျင်ငယ်ဖြစ်သွားသည်၊ တပုံက ကျင်ကြီးဖြစ်သွားသည်၊ တပုံက ရသဓာတ်ဖြစ်ပြီးလျှင် အသွေးအသား စသည်တို့ကို ဖြစ်ပွါးစေသည်။
အပိုင်းအခြားအားဖြင့် အစာသစ်အိမ် အသားလွှာဖြင့်၎င်း၊ အစာသစ်အဖို့ဖြင့်၎င်း ပိုင်းခြားလျက် ရှိသည်၊ ဤသည်ကား ထိုအစာသစ်၏ သဘာဂပရိစ္ဆေဒပင်တည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
၁- စားဖွယ် သောက်ဖွယ် စသည်.. ကြိတ်ချေလျက်.. မွှေနှောက်ကာ.. လူးလည်းလိုက်သဖြင့် ကင်းသည်ဖြစ်၍.. ကျက်ပြီးလျှင်... ရစ်ပတ်သည့်ပြင်.. ကျိုက်ကျိုက်ဆူလျက်.. ရှုပ်ယှက်ခတ်လျက်.. ထစေလျက် ရှိသဖြင့်.. ရောက်လျက် တည်ချေသည်ဟု- စပ်ပါ။
၃၃၅
(၁၉) အစာဟောင်း
၂၀၁။ ကရီသံ (အစာဟောင်း)ဟူသည်ကား ကျင်ကြီးပေတည်း။ ၎င်းသည် အဆင်းအားဖြင့် စားမျိုလိုက်သော အစာ၏ အဆင်းရှိသည်သာလျှင် အများအားဖြင့် ဖြစ်တတ်၏၊ သဏ္ဌာန်အားဖြင့် တည်ရာအရပ်၏ သဏ္ဌာန်ရှိ၏၊ အရပ်အားဖြင့် အောက်အရပ်၌ တည်၏၊ တည်ရာအားဖြင့် အစာကျက်အိမ် (အစာဟောင်းအိမ်)၌ တည်၏။ အစာဟောင်းအိမ် မည်သည်မှာ ရှေးအဖို့အားဖြင့် ချက်အောက်အရပ်နှင့် နောက်အဖို့အားဖြင့် အောက်ဆုံး ကျောက်ဆူးရိုးဆစ်တို့၏ အလယ်၌ အူမ၏အဆုံးဝယ် အစောက်အားဖြင့် လက်ရှစ်သစ်မျှရှိသော ဝါးကျည်အခေါင်းနှင့်တူသော အရပ်ပေတည်း၁၊
၁- ယခုခေတ် အနောက်တိုင်းဆရာတို့ ပြထားသော အစာဟောင်းအိမ် အူမကြီးပုံမှာ လက်ျာဖက် တင်ပါးဆုံကွင်းအတွင်း အထက်ပိုင်းဆီမှစ၍ လက်ျာဖက် အသည်းအောက်နားအထိ တက်သွားပြီးလျှင် လက်ဝဲဖက်သို့ အစာသစ်အိမ်အောက်မှ ဖြတ်သွားသည်၊ တဖန် သရက်ရွက်ခေါ် အဖျဉ်း၏အောက်သို့ ရောက်သောအခါ အောက်ဖက်သို့ ဆင်းသွားပြန်သည်၊ လက်ဝဲဖက် တင်ပါးဆုံကွင်းအဝင်သို့ ရောက်သောအခါ အူကောက်ဖြစ်ပြီးနောက် ဝစ္စမဂ်အဝဆီသို့ ဆင်းသွားသည်၊ ထိုတွင် အူကောက်မှအောက် ၆-လက်မခန့်ရှိသော အပိုင်းကို ကျင်ကြီးအိမ်ဟု ခေါ်သည်။ ထိုကျင်ကြီးအိမ်ထဲ၌ အစာဟောင်း ကျင်ကြီးများ ပြည့်လာသောအခါ ကျင်ကြီး စွန့်လိုခြင်း ဖြစ်ပေါ်လေသည်။ အထက်ပါ ဝိသုဒ္ဓိမဂ်၌ ပဓာနဖြစ်သော ဤနောက်ဆုံးအပိုင်းကိုသာ အစာဟောင်းအိမ်ဟု ပြထားခြင်း ဖြစ်ပေသည်။
၃၃၆
ယင်း အစာဟောင်းအိမ်၌၁ ဥပမာဖြင့် ပြရလျှင် မြင့်မောက်ရာ မြေအဖို့၌ကျသော မိုးရေသည် လျှောကျစီးဆင်း၍ နိမ့်သောမြေအဖို့ကို ပြည့်စေလျက် တည်သကဲ့သို့ ထို့အတူပင်၁ အစာသစ်အိမ်၌ ကျလာသမျှ အဖျော် ဘောဇဉ်စသည်သည်၂ ဝမ်းမီးက အမြှုပ်ထစေလျက် ချက်ပြီးတိုင်း ချက်ပြီးတိုင်း၂ ဆေးကြိတ်ကျောက်လုံးဖြင့် ကြိတ်ချေလိုက်သကဲ့သို့ ကြေညက် သိမ်မွေ့ခြင်းသို့ ရောက်ပြီးလျှင်၂ အူခေါင်းဖြင့် လျှောကျကာ လျှောကျကာ ဖိသိပ်၍ ဝါးကျည်ထောက်၌ ထည့်ထားသော ဝါဖျော့ဖျော့ မြေညက်ကဲ့သို့ စုဝေးလျက် တည်၏။ အပိုင်းအခြားအားဖြင့် အစာဟောင်းအိမ် အလွှာဖြင့်၎င်း၊ ကျင်ကြီးအဖို့ဖြင့်၎င်း ပိုင်းခြားလျက် ရှိသည်၊ ဤသည်ကား ထိုအစာဟောင်း၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၂၀) ဦးနှောက်
၂ဝ၂။ မတ္ထလုင်္ဂံ (ဦးနှောက်)ဟူသည်ကား ဦးခေါင်းခွံအတွင်း၌ တည်သော ခြင်ဆီအစုပေတည်း။ ၎င်းသည် အဆင်းအားဖြင့် ဖြု၏၊ မှိုအစိုင်အခဲ အဆင်းရှိ၏၊ နို့ဓမ်းအဖြစ်သို့ မရောက်တတ်သေးသော ပကတိအနေမှ ပျက်၍ ခဲစပြုနေသော နို့ရည်အဆင်းရှိသည် ဟူ၍လည်း ဆိုသင့်၏၊ သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန် ရှိ၏။
၁- ယင်း အစာဟောင်းအိမ်၌.. ထို့အတူပင်.. စုဝေးလျက် တည်၏-ဟု စပ်ပါ။
၂-ဘောဇဉ် စသည်သည်.. ချက်ပြီးတိုင်း.. ရောက်ပြီးလျှင်.. လျှောကျကာ.. စုဝေးလျက် တည်၏-ဟု စပ်ပါ။
၃၃၇
အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏၊ တည်ရာအားဖြင့် ဦးခေါင်းခွံ၏ အတွင်း၌ လေးခုသော ချုပ်စပ်ကြောင်းတို့ကို မှီ၍ ပေါင်းစပ်လျက် ထားအပ်ကုန်သော လေးခုသော မုန့်ညက်စိုင်တို့ကဲ့သို့ ပေါင်းစပ်လျက် တည်၏၊ အပိုင်းအခြားအားဖြင့် ဦးခေါင်းခွံ၏ အတွင်းဖက် မျက်နှာပြင်တို့ဖြင့်၎င်း၊ ဦးနှောက်အဖို့ဖြင့်၎င်း [၂၅၂] ပိုင်းခြားလျက် ရှိသည်။ ဤသည်ကား ထိုဦးနှောက်၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၂၁) သည်းခြေ
၂၀၃။ ပိတ္တ (သည်းခြေ)ဟူသည်ကား ဗဒ္ဓသည်းခြေခေါ် ဖွဲ့အပ်သော သည်းခြေ, အဗဒ္ဓသည်းခြေခေါ် မဖွဲ့အပ်သော သည်းခြေအားဖြင့် ၂-ပါးသော သည်းခြေတို့ပေတည်း။ ထိုတွင် ဗဒ္ဓသည်းခြေသည် အဆင်းအားဖြင့် ပြစ်ချွဲသော သစ်မည်စည်ဆီအဆင်း ရှိ၏။ အဗဒ္ဓသည်းခြေသည် ညှိုးသော တောင်ကျည်းပန်းအဆင်း ရှိ၏။ သဏ္ဌာန်အားဖြင့် နှစ်မျိုးလုံးပင် တည်ရာအရပ်သဏ္ဌာန် ရှိ၏၊ အရပ်အားဖြင့် ဗဒ္ဓသည်းခြေသည် အထက်အရပ်၌ ဖြစ်၏၊ အဗဒ္ဓသည်းခြေသည် နှစ်ပါးသောအရပ်တို့၌ ဖြစ်၏၊ တည်ရာအားဖြင့် အဗဒ္ဓသည်းခြေသည် ဆံပင် အမွေး သွား လက်သည်း ခြေသည်းတို့၏ အသားမှလွတ်နေသော အရပ်ကို၎င်း၊ မာခြောက်နေသော အရေကို၎င်း ချန်ထား၍ ကြွင်းသော တကိုယ်လုံးကို “ဆီပေါက်သည် ရေ၌ ပြန့်သကဲ့သို့” ပြန့်နှံ့လျက် တည်၏၊ ယင်း အဗဒ္ဓသည်းခြေပျက်လျှင် မျက်စိများ ဝါကုန်၏၊ မူးကုန်၏၊ ကိုယ်တုန်လှုပ်၏၊ ယားယံ၏။ ဗဒ္ဓသည်းခြေသည် နှလုံးနှင့် အဆုတ်တို့၏ အလယ်အကြား၌ အသည်းအသားကိုမှီ၍ တည်သော သပွတ်သီးအိမ်နှင့်တူသော သည်းခြေအိမ်၌ တည်၏၊ ယင်း ဗဒ္ဓသည်းခြေပျက်လျှင် သတ္တဝါတို့သည် ရူးကုန်၏၊
၃၃၈
ဖောက်ပြန်သောစိတ် ရှိကုန်သည်ဖြစ်၍ အရှက် အကြောက်ကို စွန့်လျက် မပြုသင့်သည်ကို ပြုကုန်၏၊ မပြောသင့်သည်ကို ပြောကုန်၏၊ မကြံသင့်သည်ကို ကြံကုန်၏။ အပိုင်းအခြားအားဖြင့် သည်းခြေအဖို့ဖြင့် ပိုင်းခြားလျက် ရှိသည်။ ဤသည်ကား ထိုသည်းခြေ၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၂၂) သလိပ်
၂၀၄။ သေမှံ (သလိပ်)ဟူသည်ကား ကိုယ်၏အတွင်း၌ တကွန်းစား- တစလယ်ပြည့် ပမာဏရှိသော သလိပ်ပေတည်း။ ၎င်းသည် အဆင်းအားဖြင့် ဖြု၏ ဝက်ချေးပနဲရွက်ရည် အဆင်းရှိ၏၁၊ သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန် ရှိ၏။ အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏၊ တည်ရာအားဖြင့် အစာသစ်အိမ်ဟူသော ဝမ်းလွှာအူခေါင်း၌ တည်၏၊ ယင်း သလိပ်သည် စားသောက်ဖွယ် စသည်ကို မျိုသောအခါ၌၂ ဥပမာဖြင့် ပြရလျှင် ရေ၌ ရေမှော်ရေညှိသည် သစ်သားဖြစ်စေ ခဲဖြစ်စေ ကျလျှင် နှစ်ခြမ်းပြတ်ကွဲပြီးနောက် တဖန် ပြန်၍စေ့ကာ ရေကိုဖုံးလျက် တည်သကဲ့သို့ ထို့အတူပင် စားဖွယ် သောက်ဖွယ် စသည် ကျလာသောအခါ နှစ်ခြမ်း ပြတ်ကွဲပြီးနောက် တဖန် အစာသစ်ကိုဖုံးလျက် တည်၏၊ ယင်း သလိပ်နည်းလျှင်
၁- ရွှေစဉ်တိုင်းရွက်ရည်အဆင်း ရှိ၏-ဟူ၍လည်း နိဿယ၌ ပြန်၏။ ကာယာနုပဿနာကျမ်း၌မူ ထို နာဂဗလအပင်မျိုး မြန်မာပြည်၌ မရှိဟု ဆိုသည့်ပြင် သလိပ်၏အဆင်းကို သနပ်သီးမှည့်, တမာသီးမှည့် အဆင်းရှိ၏-ဟူ၍လည်း ပြဆိုထားလေသည်။
၂- မျိုသောအခါ၌.. ထို့အတူပင် စသည်၌ စပ်ပါ။
၃၃၉
ပြည်မှည့်သော အနာကဲ့သို့၎င်း၊ ကြက်ဥပုပ်ကဲ့သို့၎င်း ဝမ်းဗိုက် အစာသစ်အိမ်သည် ပုပ်သော အနံ့ရှိလျက် အလွန်စက်ဆုပ်ဖွယ် ကောင်း၏။ ထို့ပြင် ထိုအစာသစ်အိမ်မှ တက်လာသော အနံ့ဖြင့် အဆန်လေသည်၎င်း၊ ခံတွင်းသည်၎င်း အကောင်ပုပ်အနံ့ ရှိ၏၊ ထိုသို့သော ပုဂ္ဂိုလ်သည်လည်း “သင်က အပုပ်နံ့ ထွက်သည် ဖဲခွါသွားပါ”ဟု အဆိုခံရတတ်၏၊ ထို့ပြင် ယင်း သလိပ်သည် ပွါးများ၍ ထူထဲခြင်းသို့ ရောက်နေလျှင် ကျင်ကြီးတွင်း၌ အဖုံးပျဉ်ချပ်ကဲ့သို့ အပုပ်နံ့ကို အစာအိမ်၏ အတွင်း၌သာလျှင် ပိတ်ဆို့လျက် တည်၏၊ အပိုင်းအခြားအားဖြင့် သလိပ်အဖို့ဖြင့် ပိုင်းခြားလျက် ရှိသည်၊ ဤသည်ကား ထိုသလိပ်၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၂၃) ပြည်
[၂၅၃) ၂၀၅။ ပုဗ္ဗော (ပြည်)ဟူသည်ကား ပုပ်သောသွေး၏ အစွမ်းအားဖြင့် ဖြစ်သော ပြည်ပေတည်း။ ၎င်းသည် အဆင်းအားဖြင့် ဖျော့တော့သော ဖက်ရွက်ယော်အဆင်း ရှိ၏၊ သူသေကောင်၌မူ ပြစ်ချွဲသော ထမင်းရည်အပုပ်အသိုး အဆင်းရှိ၏၊ သဏ္ဌာန်အားဖြင့် တည်ရာသဏ္ဌာန် ရှိ၏၊ အရပ်အားဖြင့် ၂-ပါးသော အရပ်တို့၌ ဖြစ်၏။ တည်ရာအားဖြင့်မူကား ပြည်၏ အမြဲတမ်း တည်ရာမည်သည် မရှိပေ၁၊ သစ်ငုတ် ဆူး လက်နက် မီးလျှံ စသည်တို့ဖြင့် ထိခိုက်ခံရသော
၁- “ပြည်၏ အမြဲတမ်း တည်ရာမည်သည် မရှိပေ”ဟူသော ဤစကားဖြင့်ပင် မြန်မာဝါကျ ရှင်းနေပြီ ဖြစ်သောကြောင့် “အကြင်အရပ်၌ ထိုပြည်သည် စုဝေးလျက် တည်ရာ၏”ဟူသော အနိယတ်ဝါကျကို ချန်ထားသည်။
၃၄၀
အကြင် အကြင် ကိုယ်အရပ်၌ သွေးသည် စုဝေးတည်နေလျက် ရင့်ကျက်၏၊ အိုင်းအမာ အဖုအလုံး စသည်တို့သည်လည်း (အကြင် အကြင် ကိုယ်အရပ်၌) ဖြစ်ပေါ် ကုန်၏၊ ထိုထို ကိုယ်အရပ်၌ (ပြည်သည်) တည်၏။ အပိုင်းအခြားအားဖြင့် ပြည်၏အဖို့ဖြင့် ပိုင်းခြားလျက် ရှိသည်၊ ဤသည်ကား ထိုပြည်၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၂၄) သွေး
၂၀၆။ လောဟိတံ (သွေး)ဟူသည်ကား စုဝေးတည်နေသော သန္နိစိတ သွေး, ရွေ့ရှား သွားနေသော သံသရဏသွေးအားဖြင့် ၂-ပါးသော သွေးတို့ပေတည်း။ ထိုတွင် သန္နိစိတသွေးသည် အဆင်းအားဖြင့် ချက်ထားပြီးသော ပြစ်ချွဲသော ချိပ်ရည်အဆင်း ရှိ၏၊ သံသရဏသွေးသည် ကြည်သော ချိပ်ရည်အဆင်း ရှိ၏၊ သဏ္ဌာန်အားဖြင့် နှစ်ပါးလုံးပင် တည်ရာအရပ်၏ သဏ္ဌာန်ရှိ၏၊ အရပ်အားဖြင့် သန္နိစိတသွေးသည် အထက်အရပ်၌ ဖြစ်၏၊ သံသရဏသွေးသည် ၂-ပါးသော အရပ်တို့၌ ဖြစ်၏။ တည်ရာအားဖြင့် သံသရဏသွေးသည် ဆံပင် အမွေး လက်သည်း ခြေသည်းတို့၏ အသားမှ လွတ်နေသော အရပ်ကို၎င်း၊ မာခြောက်နေသော အရေကို၎င်း ချန်ထား၍ ကြွင်းသော အလုံးစုံသော ဥပါဒိဏ္ဏကိုယ်ကို၁ ဓမနီမည်သော သွေးကြောကွန်ရက်ကို
၁- ဥပ- တဏှာဒိဋ္ဌိတို့ ကပ်နိုင်- စွဲလမ်းနိုင်သော ကံက + အာဒိဏ္ဏ- အကျိုးအဖြစ်ဖြင့် ယူအပ်သော ကမ္မဇရုပ် ဝိပါက်တရား = ဥပါဒိဏ္ဏ- တဏှာဒိဋ္ဌိတို့ ကပ်နိုင်သော လောကီကုသိုလ်ကံ အကုသိုလ်ကံ၏ အကျိုးတရား၊ ဤ၌ကား လူ၏ကိုယ်ကို ဆိုသောကြောင့် ကုသိုလ်ကံကြောင့်ဖြစ်သော
၃၄၁
အစဉ်လျှောက်သဖြင့် ပြန့်နှံ့လျက် တည်၏၊ သန္နိစိတသွေးသည် အသည်းတည်ရာအရပ်၏ အောက်အဖို့ကို ပြည့်စေလျက် တကွန်းစားမျှ ရှိ၏၊ နှလုံး အညှို့ အဆုတ်တို့၏ အထက်၌ အနည်းငယ် အနည်းငယ် ယိုလျက် အညှို့ နှလုံး အသည်း အဆုတ်တို့ကို စိုစွတ်စေလျက် တည်၏၁၊ မှန်ပေ၏- ထိုသန္နိစိတသွေးက အညှို့ နှလုံး စသည်တို့ကို မစိုစွတ်စေပါမူ သတ္တဝါတို့သည် ရေဆာကုန်၏၁။
ကမ္မဇရုပ် အပေါင်းကိုယ်ကို ဆိုသည်။ တနည်း- ငါ, ငါ့ကိုယ်ဟု ဒိဋ္ဌိတဏှာတို့ဖြင့် စွဲလမ်းအပ်သော ကိုယ်တွင်းသန္တာန်ရှိ ရုပ်အပေါင်းကို ဥပါဒိဏ္ဏ-ဟု ခေါ်သည်။
၁- လူ့ကိုယ်ထဲ၌ အဆုတ်က အထက်၌တည်သည်၊ အသည်းက အဆုတ်၏အောက်၌ တည်သည်၊ ဤသန္နိစိတသွေးသည် အသည်း၏အောက်၌ တည်ပြီးလျှင် ထိုအဆုတ်ကိုပါ အနည်းငယ် အနည်းငယ် ယိုကျလျက် စိုစွတ်စေသည်-ဟု ဆိုသောစကားကို နားလည်ရန် ခက်၏။ ကာယာနုပဿနာကျမ်း၌လည်း အသိခက်သည်ဟု ညည်းညူပြီးလျှင် “အရပ်ရပ် ဆေးကျမ်း အနာတမီကျမ်းတို့၌လည်း ဤသန္နိစိတသွေးရှိကြောင်း မလာ မရှိ၊ နှလုံး ကျောက်ကပ် အဆုတ်တို့ကို ဤသွေးအပေါက်အစက် မစိုမစွတ်လျှင် သတ္တဝါတို့ ရေမွတ်သိပ်ကုန်၏ဟု ဆိုသော စကားသည်လည်း ဆေးကျမ်းတို့၌ဆိုသော စကားနှင့်မညီ၊ ဆေးကျမ်းတို့တွင်မူကား ပြည်အိတ်က ပြည်အထွက်နည်းလျှင်သာ ရေမွတ်သည်ဟု ဆိုကုန်၏”ဟူ၍ ဆိုထားလေသည်။ ယခုခေတ် သိပ္ပံဆရာတို့၏ ဖော်ပြချက်များ၌လည်း ဤသန္နိစိတသွေးအကြောင်း ပြဆိုချက်မရှိပေ။ ထို့ကြောင့် အထက်ပါ ပြဆိုချက်များသည် ထိုရှေးခေတ်က ထင်ရှားသော ကျမ်းတခုမှယူ၍ ရေးခဲ့လေသလောဟု စဉ်းစားဖွယ် ရှိ၏။
၃၄၂
အပိုင်းအခြားအားဖြင့် သွေး၏အဖို့ဖြင့် ပိုင်းခြားလျက် ရှိသည်။ ဤသည်ကား ထိုသွေး၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂ ပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၂၅) ချွေး
၂၀၇။ သေဒေါ (ချွေး)ဟူသည်ကား အမွေးတွင်း စသည်တို့မှ ယိုထွက်သော အာပေါဓာတ် (အရည်ဓာတ်)ပေတည်း။ ထိုချွေးသည် အဆင်းအားဖြင့် ကြည်လင်သော နှမ်းဆီအဆင်း ရှိ၏၊ သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန် ရှိ၏၊ အရပ်အားဖြင့် ၂-ပါးသော အရပ်တို့၌ ဖြစ်၏၊ တည်ရာအားဖြင့် သန္နိစိတသွေး၏ တည်ရာကဲ့သို့ ချွေး၏ အမြဲတမ်း တည်ရာမည်သည် မရှိပေ။ စင်စစ်သော်ကား အကြင်အခါ၌ မီးပူ နေပူ ဥတုဖောက်ပြန်ခြင်း စသည်တို့ကြောင့် ကိုယ်သည် ပူ၏၊ ထိုအခါ၌ ရေမှ နုတ်ပြီးခါမျှဖြစ်သော မညီမညွတ်ဖြတ်ထားသည့် ကြာစွယ် ကြာရင်း ကုမုဒ္ဒရာကြာရိုးစည်း(မှ ရေယိုကျသ)ကဲ့သို့ အလုံးစုံသော ဆံတွင်း အမွေးတွင်း အပေါက်အားတို့မှ (ချွေး)ယိုထွက်၏။ ထို့ကြောင့် ထိုချွေး၏ သဏ္ဌာန်ကိုလည်း ဆံတွင်း အမွေးတွင်း အပေါက်အကြားတို့၏ အစွမ်းအားဖြင့်ပင်လျှင် သိအပ်၏။ ဆက်ဦးအံ့- ချွေးကို သိမ်းဆည်းသော ယောဂီသည် ဆံတွင်း အမွေးတွင်း အပေါက်အကြားတို့ကို ပြည့်စေလျက် တည်သည်၏ အစွမ်းအားဖြင့်သာလျှင် ချွေးကို နှလုံးသွင်းအပ်၏။ [၂၅၄] အပိုင်းအခြားအားဖြင့် ချွေး၏အဖို့ဖြင့် ပိုင်းခြားလျက် ရှိသည်။ ဤသည်ကား ထိုချွေး၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
၃၄၃
(၂၆) အဆီခဲ
(၂၀၈)။ မေဒေါ (အဆီခဲ)ဟူသည်ကား ခဲသော အဆီပေတည်း။ ထိုအဆီခဲသည် အဆင်းအားဖြင့် ခြမ်းအပ်သော နနွင်းသားအဆင်း ရှိ၏၊ သဏ္ဌာန်အားဖြင့် ကိုယ်ကာယ ဆူဖြိုးသောသူမှာ အရေနှင့် အသားတို့၏ အကြား၌ နနွင်းရောင် ဘွဲ့ဖြူပုဆိုးကြမ်းကို ထည့်ထားသကဲ့သို့ သဏ္ဌာန်ရှိ၏။ ကိုယ်ကာယ ပိန်သောသူမှာ သလုံးသား ပေါင်သား ကျောက်ဆူးရိုးကိုမှီသော ကျောက်ကုန်းသား ဝမ်းပြင်းသားဟူသော ဤအသားတို့ကိုမှီ၍ နှစ်ထပ် သုံးထပ်ပြုလျက်ထားသော နနွင်းရောင် ဘွဲ့ဖြူပုဆိုးကြမ်းသဏ္ဌာန် ရှိ၏၊ အရပ်အားဖြင့် ၂-ပါးသော အရပ်တို့၌ ဖြစ်၏၊ တည်ရာအားဖြင့် ဝသောသူအား တကိုယ်လုံးကို ပြန့်လျက်, ပိန်သောသူအား သလုံးသား စသည်တို့ကိုမှီ၍ တည်၏၊ အဆီအစေးဟု ခေါ်ခြင်းသို့ ရောက်သော်လည်း ယင်းအဆီခဲကို အလွန် စက်ဆုပ်ဖွယ်ရှိခြင်းကြောင့် ခေါင်းလိမ်းဆီအကျိုးငှါလည်း မယူကုန်၊ နှာခေါင်းဆီ စသည် အကျိုးငှါလည်း မယူကုန်၊ အပိုင်းအခြားအားဖြင့် အောက်ဖက်၌ အသားဖြင့်, အထက်ဖက်၌ အရေဖြင့်, ဖီလာပတ်ဝန်းကျင်၌ အဆီခဲအဖို့ဖြင့် ပိုင်းခြားလျက် ရှိသည်၊ ဤသည်ကား ထိုအဆီခဲ၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၂၇) မျက်ရည်
၂၀၈။ အဿု (မျက်ရည်)ဟူသည်ကား မျက်စိမှ ယိုထွက်သော အာပေါဓာတ်ပေတည်း။ ၎င်းသည် အဆင်းအားဖြင့် ကြည်သော နှမ်းဆီအဆင်း ရှိ၏၊ သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန် ရှိ၏။ အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏၊ တည်ရာအားဖြင့် မျက်တွင်းတို့၌
၃၄၄
တည်၏၊ သို့သော်လည်း ဤမျက်ရည်သည် သည်းခြေအိမ်၌ သည်းခြေကဲ့သို့ မျက်တွင်းတို့၌ အခါခပ်သိမ်း စုဝေးလျက် တည်သည်ကား မဟုတ်ပေ၊ စင်စစ်သော်ကား အကြင်အခါ၌ သတ္တဝါတို့သည် ရွှင်လန်းဝမ်းမြောက်ကုန်လျက် သည်းစွာ ရယ်ရွှင်ကုန်၏။ နှလုံးမသာဖြစ်ကုန်လျက်(မူလည်း) ငိုကြွေး မြည်တမ်းကုန်၏၊ မျက်ရည်ကျစေနိုင်သည့် ထိုသို့သဘောရှိသော မလျော်သော အစာကိုမူလည်း စားသုံးမိကုန်၏၊ အကြင်အခါ၌မူလည်း ထိုသတ္တဝါတို့၏ မျက်စိတို့ကို မီးခိုး မြူ ဖုံမှုန့် စသည်တို့က ထိပါးနှိပ်စက်ကုန်၏၊ ထိုအခါ၌ ဤဆိုခဲ့သော ဝမ်းမြောက်ခြင်း ဝမ်းနည်းခြင်းနှင့် မသင့်လျော်သော အစာ ဥတုတို့ကြောင့် (ထိုမျက်ရည်သည်) ဖြစ်ပေါ်လာပြီးလျှင် မျက်တွင်းတို့ကို ပြည့်စေလျက် တည်မူလည်း တည်၏၊ ယိုထွက်မူလည်း ယိုထွက်၏။ ဆက်ဦးအံ့- မျက်ရည်ကို သိမ်းဆည်းသော ယောဂီသည် မျက်တွင်းတို့ကို ပြည့်စေလျက် တည်သည်၏ အစွမ်းအားဖြင့် သိမ်းဆည်းအပ်၏။ အပိုင်းအခြားအားဖြင့် မျက်ရည်၏အဖို့ဖြင့် ပိုင်းခြားလျက် ရှိသည်၊ ဤသည်ကား ထိုမျက်ရည်၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၂၈) ဆီကြည်
၂၀၉။ ဝသာ (ဆီကြည်)ဟူသည်ကား မခဲမူ၍ ကျေနေသော ဆီပေတည်း။ ၎င်းသည် အဆင်းအားဖြင့် အုန်းဆီအဆင်း ရှိ၏။ ထမင်းချိုး (ထမင်းရည်)၌ သွန်းလောင်းထားသော ဆီအဆင်းရှိသည်ဟူ၍လည်း ဆိုသင့်၏၊ သဏ္ဌာန်အားဖြင့် ရေချိုးသောအခါ၌
၃၄၅
ကြည်သော ရေ၏အထက်၌ လည်နေသာ ဆီပေါက်၏ ပျံ့ဟန်သဏ္ဌာန် ရှိ၏၁၊ အရပ်အားဖြင့် ၂-ပါးသော အရပ်တို့၌ ဖြစ်၏။ တည်ရာအားဖြင့်(ဆိုလျှင်) အများအားဖြင့် လက်ဖဝါးမျက်နှာပြင် လက်ဖမိုး ခြေဖဝါးမျက်နှာပြင် ခြေဖမိုး နှာခေါင်းဖု နဖူး ပခုံးစွန်းတို့၌ တည်၏၊ ဆက်ဦးအံ့- ဤဆီကြည်သည် ဆိုခဲ့သော ဤအရပ်တို့၌ အခါခပ်သိမ်း ကျေသည် ပျော်သည်သာလျှင်ဖြစ်လျက် တည်နေသည် မဟုတ်ပေ၊ စင်စစ်သော်ကား အကြင်အခါ၌ မီးပူ နေပူ ဥတု၏ ထူးခြားဖောက်ပြန်ခြင်း သွေးလေစသော ဓာတ်တို့၏ ထူးခြားဖောက်ပြန်ခြင်းတို့ကြောင့် ထိုဆိုခဲ့သော အစိတ်အပိုင်းအရပ်တို့သည် [၂၅၅] ဖြစ်သော အပူငွေ့ ရှိကုန်၏ (ဝါ-ပူကုန်၏)၊ ထိုအခါ ထိုအရပ်တို့၌ ရေချိုးစဉ်မှာ ကြည်သောရေပေါ်၌ အဆီပေါက်၏ ပျံ့သွားခြင်းကဲ့သို့ (ဤဆီကြည်သည်) ထိုမှဤမှ ရွေ့ရှား၏၊ အပိုင်းအခြားအားဖြင့် ဆီကြည်အဖို့ဖြင့် ပိုင်းခြားလျက် ရှိသည်၊ ဤသည်ကား ထိုဆီကြည်၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၂၉) တံထွေး
၂၁ဝ။ ခေဠော (တံထွေး)ဟူသည်ကား ခံတွင်းထဲ၌ အမြှုပ်နှင့်ရောသော အာပေါဓာတ်ပေတည်း။ ၎င်းသည် အဆင်းအားဖြင့်
၁- ပရိဗ္ဘမန္တသိနေဟဗိန္ဒုဝိသဋသဏ္ဌာနာ-ဟူသော ပုဒ်ကို အစဉ်အတိုင်း ပြန်ထားချက် ဖြစ်သည်။ ဝိသဋံ ဟုတွာ ပရိဗ္ဘမန္တသိနေဟဗိန္ဒုသဏ္ဌာနာ-ဟူသော ဋီကာဖွင့်ပြချက်အရအားဖြင့် ပျံ့လျက် လည်နေသော ဆီပေါက်သဏ္ဌာန် ရှိ၏-ဟူ၍လည်း ပြန်နိုင်၏။
၃၄၆
ဖြူ၏ ရေမြှုပ်နှင့်တူသော အဆင်းရှိ၏။ သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန် ရှိ၏။ ရေမြှုပ်သဏ္ဌာန် ရှိသည်ဟူ၍လည်း ဆိုသင့်၏။ အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏၊ တည်ရာအားဖြင့် နှစ်ဖက်သော ပါးစောင်တို့မှ သက်ဆင်း၍ လျှာ၌ တည်၏၊ ဆက်ဦးအံ့- ဤတံထွေးသည် ဤဆိုခဲ့သော ပါးစောင်တို့၌ အခါခပ်သိမ်း စုဝေးလျက် တည်နေသည်ကား မဟုတ်ပေ၊ စင်စစ်သော်ကား အကြင်အခါ၌ သတ္တဝါတို့သည် တံထွေးဖြစ်ဖွယ် ထိုသို့သဘောရှိသော အစာအာဟာရကို မြင်မူလည်း မြင်ကုန်၏ အမှတ်ရမူလည်း အမှတ်ရကုန်၏၊ အပူ အခါး အစပ် အငန် အချဉ်တို့တွင် တစုံတခုကိုမူလည်း ခံတွင်း၌ ထည့်ကုန်၏၊ သို့မဟုတ် အကြင်အခါ၌ ထိုသတ္တဝါ၏ နှလုံးသည် မကျန်းမမာ နာ၏ (ဝါ-ဖောက်ပြန်၏)၊ တစုံတရာ၌မူလည်း စက်ဆုပ်ခြင်း ဖြစ်၏။ ထိုအခါ၌ တံထွေးသည် ဖြစ်ပေါ်ပြီးလျှင် နှစ်ဖက်သော ပါးစောင်တို့မှ သက်ဆင်း၍ လျှာ၌တည်ပေသည်။ အထူးမှတ်ဖွယ်ကား- ဤတံထွေးသည် လျှာဖျား၌ ပါး၏ ကျဲ၏။ လျှာရင်း၌ ပြစ်ချွဲ၏၊ ထို့ပြင် ခံတွင်း၌ ထည့်လိုက်သော မုံ့ဆန်းကိုဖြစ်စေ, ဆန်ကိုဖြစ်စေ, အခြား ခဲဖွယ်တစုံတခုကို ဖြစ်စေ၁၊ မြစ်ထဲက သဲသောင်ပြင်၌ လက်ယက်တွင်းငယ်ကဲ့သို့ ကုန်ခြင်းသို့ မရောက်မူ၍သာလျှင် စိုစွတ်စေခြင်းငှါ စွမ်းနိုင်ပေ၏။ အပိုင်းအခြားအားဖြင့် တံထွေးအဖို့ဖြင့် ပိုင်းခြားလျက် ရှိသည်။ ဤသည်ကား ထိုတံထွေး၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
၁- တစုံတခုကိုဖြစ်စေ.. စိုစွတ်စေခြင်းငှါ စွမ်းနိုင်ပေ၏-ဟု စပ်ပါ။
၃၄၇
(၃၀) နှပ်
၂၁၁။ သိင်္ဃာဏိကာ (နှပ်)ဟူသည်ကား (မတ္ထလုင်္ဂတော) ဦးနှောက်မှ ယိုထွက်ကျသော မစင်ကြယ်သော အရာပေတည်း။ ၎င်းသည် အဆင်းအားဖြင့် နုသော ထန်းသီးဆံအဆင်း ရှိ၏၊ သဏ္ဌာန်အားဖြင့် တည်ရာအရပ် သဏ္ဌာန်ရှိ၏၊ အရပ်အားဖြင့် အထက်အရပ်၌ ဖြစ်၏၊ တည်ရာအားဖြင့် နှာခေါင်းဖုတို့ကို ပြည့်စေလျက် တည်၏၊ ဆက်ဦး- ဤနှပ်သည် ထိုနှာခေါင်းဖုတို့၌ အခါခပ်သိမ်း စုဝေးလျက် တည်နေသည်ကား မဟုတ်ပေ၊ စင်စစ်သော်ကား ဥပမာအားဖြင့် ပြရလျှင် လူတယောက်သည် ပဒုမ္မာကြာဖက်(ရွက်)၌ နိုဓမ်းကိုထုပ်ပြီးလျှင် အောက်ဖက်၌ ဆူးဖြင့် ထိုးဖောက်ရာ၏၊ ထိုအခါ ၎င်းအပေါက်ဖြင့် နို့ဓမ်းရည်ကြည်သည် လျှော၍ ပြင်ဖက် အောက်ဖက်သို့ ကျရာသကဲ့သို့ ဤအတူပင်လျှင် အကြင်အခါ၌ သတ္တဝါတို့သည် ငိုကုန်၏၊ ထူးခြား ဖောက်ပြန်သော အစာ ဥတုတို့၏ အစွမ်းဖြင့်ဖြစ်သော ဓာတ်ချောက်ချားခြင်း ရှိကုန်သည် (ဝါ-ဓာတ်ဖောက်ပြန်ကုန်သည်)မူလည်း ဖြစ်ကုန်၏။ ထိုအခါ၌ ဦးခေါင်းအတွင်းမှ သလိပ်ပုပ်အဖြစ်သို့ ရောက်သော ဦးနှောက်သည် လျှောကျပြီးလျှင် အာခေါင်ထိပ်မှ အပေါက်အကြားဖြင့် သက်ဆင်း၍ နှာခေါင်းဖုတို့ကို ပြည့်စေလျက် တည်မူလည်း တည်၏ ယိုထွက်မူလည်း ယိုထွက်၏၁၊
၁- ယခုခေတ် ဆေးကျမ်း သိပ္ပံကျမ်းတို့၌မူ နှာရည်အိတ်ကလေးများမှ နှာရည်ထွက်ကျကြောင်း ပြဆိုကြသည်၊ ဦးနှောက်ကပျက်၍ နှာရည်ဖြစ်ကြောင်းကိုမူ ပြဆိုခြင်း မရှိပေ။ ထို့ကြောင့် အထက်ပါ အဆိုသည် ထိုရှေးခေတ်က ထင်ရှားသော ကျမ်းတခုမှ ယူ၍ ဆိုခဲ့လေသလောဟု စဉ်းစားဖွယ် ရှိပေ၏။
၃၄၈
ဆက်ဦးအံ့- နှပ်ကို သိမ်းဆည်းသော ယောဂီသည် နှာခေါင်းဖုတို့ကို ပြည့်စေလျက် တည်သည်၏ အစွမ်းအားဖြင့်သာလျှင် သိမ်းဆည်းအပ်၏၊ အပိုင်းအခြားအားဖြင့် နှပ်အဖို့ဖြင့် ပိုင်းခြားလျက် ရှိသည်။ ဤသည်ကား ထိုနှပ်၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(၃၁) အစေး
[၂၅၆] ၂၁၂။ လသိကာ (အစေး)ဟူသည်ကား ကိုယ်ထဲ၌ အရိုးဆက်တို့၏ အကြား၌ ကျိချွဲသော အစေးပုပ်ပေတည်း။ ၎င်းသည် အဆင်းအားဖြင့် မဟာလှေခါးပင်၏ အစေးနှင့်တူသော အဆင်းရှိ၏၊ သဏ္ဌာန်အားဖြင့် တည်ရာအရပ်သဏ္ဌာန် ရှိ၏၊ အရပ်အားဖြင့် ၂-ပါးသော အရပ်တို့၌ ဖြစ်၏၊ တည်ရာအားဖြင့် အရိုးဆက်တို့၏ နယ်ဆီကိစ္စကို ပြီးစေလျက် တရာ့ရှစ်ဆယ်သော အရိုးဆက်တို့၏ အကြား၌ တည်၏၊ အထူးကား ဤအစေးနည်းသောသူမှာ ထစဉ် ထိုင်စဉ် သွားစဉ် ဆုတ်စဉ် ကွေးစဉ် ဆန့်စဉ် အရိုးတို့သည် ခဋ်ခဋ်ဂုတ်ဂုတ် မြည်ကုန်၏၊ လက်ဖျစ်သံကိုပြုလျက် သွားလာသကဲ့သို့ ရှိတတ်၏၊ တယူဇနာ နှစ်ယူဇနာခန့်မျှ ခရီးသွားမိလျှင် ဝါယောဓာတ်သည် ပျက်တတ်၏၊ ကိုယ်(အင်္ဂါ)တို့သည် ဆင်းရဲပင်ပန်းကုန်၏။ (ဤအစေး) များသောသူမှာမူ ထခြင်း ထိုင်ခြင်း စသည်တို့(ကို ပြုသောအခါ)၌ အရိုးတို့သည် ခဋ်ခဋ်-ဂုတ်ဂုတ် မမြည်ကုန်၊ ရှည်ဝေးသောခရီးကို သွားပြီးသော်လည်း ဝါယောဓာတ်သည် မပျက်၊ ကိုယ်(အင်္ဂါ)တို့သည် မဆင်းရဲ မပင်ပန်းကုန်။ အပိုင်းအခြားအားဖြင့် အစေးအဖို့ဖြင့် ပိုင်းခြားလျက် ရှိသည်။ ဤသည်ကား ထိုအစေး၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
၃၄၉
(၃၂) ကျင်ငယ်
၂၁၃။ မုတ္တံ (ကျင်ငယ်)ဟူသည်ကား ကျင်ငယ်ရည်- ဆီးရည်ပေတည်း။ ၎င်းသည် အဆင်းအားဖြင့် ပဲကြီးပြာရည်အဆင်း ရှိ၏၁၊ သဏ္ဌာန်အားဖြင့် မှောက်ထားသည့် ရေအိုးအတွင်း၌ရှိသော ရေသဏ္ဌာန် ရှိ၏၊ အရပ်အားဖြင့် အောက်အရပ်၌ ဖြစ်၏၊ တည်ရာအားဖြင့် ဆီးအိမ် စည်ဖောင်း၏အတွင်း၌ တည်၏၊ ဆီးအိမ်မည်သည်မှာ စည်ဖောင်းဖုလုံးကို ဆိုသည်။ ယင်း စည်ဖောင်း၌ ဥပမာဖြင့် ပြရလျှင် တံစီးတွင်း၌၂ ထည့်ထားသော ရေဝင်ပေါက် မရှိသည့် ယဝနဃဋခေါ် ရေစစ်အိုး၌၃ တံစီးရည်သည် ဝင်သကဲ့သို့ သို့သော်
၁- ပဲကြီးပြာရည်-ဟူသော အနက်သည် မာသခါရ-ပုဒ်၏ အနက်ဖြစ်သည်။ ဋီကာ၌ “အမြစ်နှင့်တကွ ပဲကြီးပင်ကို မီးရှို့၍ ပြာကို စစ်ပြီးယူသော အရည်သည် မာသခါရမည်၏”ဟု ပြဆိုထား၏။ ကာယာနုပဿနာကျမ်း၌ကား မာသ်ပဲကို မီးဖုတ်၍ ပြာကို ရေနှင့်ဖျော်ပြီးလျှင် စစ်၍ယူထားရာ ကြည်လင်သော အရည်အဆင်း ရှိ၏”ဟု ပြဆိုပြီးလျှင် တပင်လုံးကို မီးဖုတ်၍ ပြာကို စစ်၍ယူသော ပဲပြာရည်အဆင်း ရှိ၏”ဟူသော အနက်ကို မယူသင့်ဟူ၍လည်း ပယ်မြစ်သွားလေသည်။
၂- ပန်းကန်ခွက်ယောက် ဆေးရေနှင့် ကိုယ်ဝန်အညစ်အကြေး စသည်တို့ကို စွန့်သွန်ရာဌာနသည် (စန္ဒနိကာ) တံစီးတွင်းမည်၏။ (ဋီကာ) ဤဋီကာနှင့်အညီ အညစ်အကြေး ရေပုပ် ရေသိုးတို့၏တည်ရာ ကျင်းချိုင့်ကို တံစီးတွင်းခေါ်သည်။
၃- ယဝနဃဋမည်သော ရေစစ်အိုးသည် ပင်ကို ပကတိအားဖြင့်ပင် ဝင်ပေါက်မရှိသည်သာ၊ သို့ဖြစ်ပါလျက် (အမုခေ) ဝင်ပေါက်မရှိသော-ဟု ဝိသေသန မ-ရခြင်း၏ အကြောင်းကား အကြင်ရေစစ်အိုးမှာ စူးဖျားမျှသော်လည်း ရေဝင်စရာ အနာအဆာ အပေါက်မရှိ၊
၃၅၀
၎င်း၏ ဝင်ရာလမ်းပေါက်သည် မထင်သကဲ့သို့ ထို့အတူပင် ကိုယ်မှ ကျင်ငယ်သည် ဝင်၏၊ သို့သော် ၎င်း၏ ဝင်ရာလမ်းပေါက်ကား မထင်ပေ၁၊ ထွက်ပေါက်လမ်းကား ထင်ရှားပေ၏၊ ယင်း စည်ဖောင်းသည် ကျင်ငယ်ဖြင့် ပြည့်လတ်သော် “ကျင်ငယ်စွန့်မည်”ဟု သတ္တဝါတို့၏ အားထုတ်ခြင်း ဖြစ်လေသည်။ အပိုင်းအခြားအားဖြင့် ဆီးအိမ် စည်ဖောင်း၏ အတွင်းအရပ်ဖြင့်၎င်း၊ ကျင်ငယ်အဖို့ဖြင့်၎င်း ပိုင်းခြားလျက် ရှိသည်၊ ဤသည်ကား ထိုကျင်ငယ်၏ သဘာဂပရိစ္ဆေဒပေတည်း။ ဝိသဘာဂပရိစ္ဆေဒသည်ကား ဆံပင်တို့နှင့် တူသည်သာတည်း။
(ဤတွင် ပိုင်းခြားဆုံးဖြတ်ပုံ ပြီး၏)။
ထိုသို့သော ရေစစ်အိုးကောင်းကို ပြခြင်းငှါ “အမုခေ ယဝနဃဋေ- ဝင်ပေါက်မရှိသော ယွန်းလူမျိုးတို့၏ ရေစစ်အိုး၌”ဟူ၍ ဆိုပေသည်။ (ဋီကာ) ယင်း ရေစစ်အိုးသည် ယခုကာလ၌ အိုးအုံကြီး၍ ပုလင်းပုကြီးသဖွယ် မြေညက်ဖြင့် ပြုလုပ်၍ မီးဖုတ်ထားသော ရေစစ်အိုးမျိုးပင် ဖြစ်သည်။ ယင်း ရေစစ်အိုးကို သောက်ရေအိုးထဲ၌ ချထားရသည်။ ထိုရေစစ်အိုးထဲသို့ စိမ့်၍ဝင်သောရေကို ငှဲ့ယူ၍ သောက်ကြရ၏။ ထိုရေစစ်အိုးကို ရှေးခေတ်က ယဝန- ယောန- ယောနက-ဟုခေါ်သော ယွန်း- ဂရိတ်- ပါးရှားလူမျိုး ပသီလူမျိုးတို့ကစ၍ သုံးစွဲခဲ့သောကြောင့် ယင်းကို ယဝနဃဋ- ယဝနအိုးဟု ခေါ်တွင်ခဲ့သည် ဖြစ်ရာ၏။ ယင်းမှာ ပုလင်းကဲ့သို့ ရေထုတ်ရန် မျက်နှာဝအပေါက် ရှိသော်လည်း ရေဝင်ရန်အပေါက် ထင်ရှားမရှိပေ၊ စိမ့်၍သာ ဝင်နိုင်သည်။ ထို့ကြောင့် အမုခေ- ရေဝင်ပေါက် မရှိဟု ဆိုပေသည်။
၁- ဆီးအိမ်၌ ကျင်ငယ်ဝင်စရာ လမ်းပေါက်မရှိ-ဟူသော ဤစကားမှာ သာမန်ပုဂ္ဂိုလ်တို့မြင်နိုင်အောင် အထင်အရှားမရှိခြင်းကိုရည်၍ အဋ္ဌကထာဆရာတို့
၃၅၁
ရှုဆင်ခြင်ပုံနှင့် တိုးတက်ပုံ
၂၁၄။ ယခုပြဆိုခဲ့သည့်အတိုင်း ဆံပင်အစရှိကုန်သော ၃၂-ကောဋ္ဌာသတို့ကို အဆင်း, သဏ္ဌာန်, အရပ်, တည်ရာ, အပိုင်းအခြားတို့၏ အစွမ်းအားဖြင့် ပိုင်းခြားဆုံးဖြတ်ပြီးလျှင် “အစဉ်အတိုင်း ရွတ်ဆိုနှလုံးသွင်းခြင်း, မမြန်လွန်းသောအားဖြင့် ရွတ်ဆိုနှလုံးသွင်းခြင်း” အစရှိသောနည်းဖြင့် အဆင်း, သဏ္ဌာန်, အနံ့, မှီရာအကြောင်း, တည်ရာတို့၏ အစွမ်းအားဖြင့် ငါးပါးအပြားအားဖြင့်၁ “စက်ဆုပ်ဖွယ်
ဆိုကြသည်ဟု ယူရာ၏။ ယခုခေတ် အနောက်တိုင်းဆရာတို့က ကျင်ငယ်ဖြစ်လာပုံကို ပြထားကြသည်မှာ အစာသစ်အိမ်မှ အတော်အတန် ကြေညက်ပြီးသော အစာသည် အူငယ် အူခွေသို့ ရောက်သည်၊ ထိုအူငယ်အတွင်း၌လည်း အစာကို ထပ်၍ ချေသည်၊ ထိုသို့ ချေရင်းပင် အူငယ်၏ အတွင်းနံရံများ၌ရှိသော ဗိလိုင်ခေါ် အသားမျှင် အသားဖုကလေးများက အသွေးစသည် ဖြစ်စေနိုင်သော ရသဓာတ်ခေါ် အရည်အနှစ်များကို စုတ်ယူပြီးလျှင် သွေးကြောငယ်အဆင့်ဆင့်ဖြင့် သွေးကြောမကြီးများသို့ ပို့ပေးသည်။ ထို သွေးကြောမကြီးတို့မှ သွေးကြောကြီး၂-ခုသည် ကျောက်ကပ်၂-ခုသို့ သွေးများကို ပို့ပေးသည်။ ကျောက်ကပ် တခု တခုအတွင်း၌ အညစ်အကြေးများကို စစ်ထုတ်ရန် ကရိယာများ တသန်းမက အသီးအသီးရှိ၍ ထိုကရိယာများဖြင့် စီးဝင်လာသော သွေးထဲမှ အညစ်အကြေး ရေများကို စစ်ထုတ်ပြီး ဆေးကြောပိုက်၂-ခုဖြင့် ဆီးအိမ်သို့ ပို့ပေးသည်။ ထိုဆီးအိမ်စည်ဖောင်းမှ တဖန် ဆီးလမ်းကြောင်းပိုက်ဖြင့် ပဿာဝမဂ်သို့ ထွက်သည်-ဟု ရုပ်ပုံများနှင့်တကွ ပြထားကြလေသည်။ ထိုအလိုအားဖြင့် ဆီးအိမ်မှာ ဝင်ပေါက်၂-ခုရှိ၍ ထွက်ပေါက်တခုရှိသည်ဟု ဆိုရပေလိမ့်မည်။
၁- အဆင်းသဏ္ဌာန် စသော ငါးပါးအပြားအားဖြင့်-ဟူ၍ပင် ဆိုလို၏။
၃၅၂
စက်ဆုပ်ဖွယ်”ဟု နှလုံးသွင်းသော၁ ယောဂီအား အမည်ပညတ်ကို လွန်မြောက်သည်၏အဆုံး၌ ဥပမာဖြင့် ပြရလျှင် မျက်စိကောင်းသော ယောက်ျားအား အဆင်းအရောင် သုံးဆဲ့နှစ်မျိုးရှိကုန်သော ပန်းတို့၏ တခုတည်းသောချည်ဖြင့် သီကုံးထားသော ပန်းကုံးကို ကြည့်ရှုနေလျှင် ပန်းအားလုံးတို့သည် မရှေးမနှောင်း တပြိုင်နက်လိုပင် ထင်ရှားပေါ်နေကုန်သကဲ့သို့ ထို့အတူပင် “ဤကိုယ်ထဲ၌ ဆံပင်တို့ ရှိကြ၏” ဤသို့ စသည်ဖြင့် ဤကိုယ်ကို (ဉာဏ်ဖြင့်)ကြည့်ရှုနေစဉ် ထိုအလုံးစုံသော ကောဋ္ဌာသတရားတို့သည် [၂၅၇] မရှေးမနှောင်း တပြိုင်နက်လိုပင် ထင်ရှားပေါ်ကုန်၏။ ထို့ကြောင့် မနသိကာရကောသလ္လကို ပြဆိုသောစကား (နှာ ၂၈၈)၌ “ချဲ့၍ပြအံ့- အားထုတ်ခါစ ယောဂီအား ဆံပင်ဟု နှလုံးသွင်းလျှင် နှလုံးသွင်းမှုသည် (နှုတ်တက်ရနေသည့်အတိုင်း) သွား၍ ကျင်ငယ်ဟူသော အဆုံးကောဋ္ဌာသသို့သာလျှင် ဆိုက်၍ တည်၏”ဟူ၍ ငါဆိုခဲ့ပေသည်၂။
၁- ဤစကားဖြင့် ရှုပုံကို ပြသည်။ ဤကာယဂတာသတိ ကမ္မဋ္ဌာန်းကို အားထုတ်လိုသော ပုဂ္ဂိုလ်သည် ရှေးဦးစွာ ဆံပင်စသည်တို့ကို အဆင်း, သဏ္ဌာန်, အထက်အောက်အရပ်, တည်ရာ, အပိုင်းအခြားဟူသော ငါးပါးဖြင့် ပိုင်းခြား ဆုံးဖြတ်၍ သိနားလည်စေရမည်။ ထို့နောင် ရှုဆင်ခြင်သောအခါ၌ အဆင်းစသည်ဖြင့် စက်ဆုပ်ဖွယ်ကောင်းပုံကို နှလုံးသွင်းရ- ရှုဆင်ခြင်ရမည်၊ ထိုသို့ နှလုံးသွင်း ရှုဆင်ခြင်နေသော ယောဂီမှာ-ဟု ဆိုလို၏။
၂- “အဆုံးကောဋ္ဌာသသို့သာလျှင် ဆိုက်၍ တည်၏”ဟူသော ဤစကားကို “(နှုတ်တက်ရနေသော) ကမ္မဋ္ဌာန်းပါဠိသို့ အစဉ်လျှောက်သဖြင့် အားထုတ်ခါစ၌ ကမ္မဋ္ဌာန်းကို နှလုံးသွင်းခြင်းသည် ဖြစ်၏”ဟု ယူတော်မူ၍ ဆိုပေသည်။ (ဋီကာ) ဤဋီကာနှင့်အညီပင်
၃၅၃
ထို့ပြင် အကယ်၍ အပြင်ပ သူတပါးသန္တာန်၌လည်း (ငါ့သန္တာန်မှာလိုပင် စက်ဆုပ်ဖွယ်ချည်းဟု) နှလုံးသွင်းမှုကို ပုံတူပြု၍ ဆောင်ငြားအံ့၊ ထိုသို့ဆောင်လျှင် ထိုယောဂီအား ဤဆိုခဲ့သည့်အတိုင်း ကောဋ္ဌာသအားလုံးတို့ ထင်ကြသောအခါ၌၁ လှည့်လည်သွားလာနေကုန်သော လူ တိရစ္ဆာန် စသည်တို့သည် သတ္တဝါ၏ အခြင်းအရာကို စွန့်ကုန်၍ (ဝါ-သတ္တဝါ၏ အခြင်းအရာ ကင်းကုန်လျက်) စက်ဆုပ်ဖွယ် ကောဋ္ဌာသအစုအပုံ၏ အနေအားဖြင့်သာလျှင် ထင်ပေါ်ကုန်၏၊ ထိုလူ တိရစ္ဆာန် စသည်တို့ စားသော စားဖွယ် သောက်ဖွယ် စသည်သည်လည်း စက်ဆုပ်ဖွယ် ကောဋ္ဌာသအစုအပုံထဲ၌ ထည့်(အပ်)သကဲ့သို့ ထင်ပေါ်လေသည်။
ထိုအခါ အစဉ်ကို စွန့်ခြင်းစသည်၏ အစွမ်းအားဖြင့် “စက်ဆုပ်ဖွယ် စက်ဆုပ်ဖွယ်”ဟူ၍ အဖန်တလဲလဲ နှလုံးသွင်းသော ထိုယောဂီအား အစဉ်(အတိုင်း တိုးတက်သော)အားဖြင့် အပ္ပနာသည် ဖြစ်ပေါ်၏။ ထိုသို့ဖြစ်ရာ၌ ဆံပင်စသည်တို့၏ အဆင်း, သဏ္ဌာန်, အရပ်, တည်ရာ, အပိုင်းအခြားတို့၏ အစွမ်းဖြင့် ထင်ခြင်းသည် ဥဂ္ဂဟနိမိတ်ပေတည်း။ ခပ်သိမ်းသော အခြင်းအရာအားဖြင့် စက်ဆုပ်ဖွယ်၏အစွမ်းဖြင့် (ဝါ-စက်ဆုပ်ဖွယ်ဟု) ထင်ခြင်းသည် ပဋိဘာဂနိမိတ်ပေတည်း။
ယင်း နှာ၂၈၈-၌ (ကမ္မဋ္ဌာနတန္တိ အနုသာရေန )ဟူသော ဋီကာအဆိုကိုပါ လက်သည်းကွင်းဖြင့် ဖော်ပြခဲ့သည်။ ထို ဖော်ပြချက်အတိုင်းပင် ဤ၌လည်း ပြဆိုထားခြင်း ဖြစ်သည်။ သို့သော် ဤအရာ၌မူ အဋ္ဌကထာအဆိုသည် နှုတ်တက်ရသည့် ပါဠိကို အစဉ်လျှောက်၍ သွားခြင်းကို ရည်,မရည် စဉ်းစားရန် ရှိသေး၏။
၁- ထင်ကြသောအခါ၌.. ထင်ပေါ်ကုန်၏.. ထင်ပေါ်လေသည်ဟု စပ်ပါ။
၃၅၄
ထိုပဋိဘာဂနိမိတ်ကို (ဝါ-ထိုပဋိဘာဂနိမိတ်လျှင် အာရုံရှိသော နှလုံးသွင်းမှုကို) အထပ်ထပ် မှီဝဲလျက် ပွါးစေသော ယောဂီအား ရှေး၌ ဆိုခဲ့ပြီးသောနည်းဖြင့် အသုဘကမ္မဋ္ဌာန်းတို့၌ကဲ့သို့ ပဌမဈာန်၏ အစွမ်းအားဖြင့်သာလျှင် အပ္ပနာသည် ဖြစ်၏။
ထိုအပ္ပနာသည် အကြင်ပုဂ္ဂိုလ်အား ကောဋ္ဌာသ တခုတည်းသာလျှင် ထင်ရှား၏၊ သို့မဟုတ် (အကြင်ပုဂ္ဂိုလ်သည်) တခုသော ကောဋ္ဌာသ၌ အပ္ပနာသို့ ရောက်ပြီးလျှင် တဖန် အခြားကောဋ္ဌာသ၌ အားထုတ်ခြင်းကို မပြုတော့ပေ။ ထိုသို့သော ပုဂ္ဂိုလ်နှစ်ဦးအား အပ္ပနာတပါးသာ ဖြစ်သည်။ အကြင်ပုဂ္ဂိုလ်အားမူ များစွာကုန်သော ကောဋ္ဌာသတို့သည် ထင်ကုန်၏၊ သို့မဟုတ် (အကြင်ပုဂ္ဂိုလ်သည်) တခုသော ကောဋ္ဌာသ၌ ဈာန်သို့ရောက်ပြီးလျှင် တဖန် အခြားကောဋ္ဌာသ၌လည်း အားထုတ်ခြင်းကို ပြု၏။ ထိုသို့သော ပုဂ္ဂိုလ်နှစ်ဦးအား(ထင်သော သို့မဟုတ် နှလုံးသွင်းသော) ကောဋ္ဌာသ အရေအတွက်အားဖြင့် ပဌမဈာန်တို့သည် ဖြစ်ကုန်၏၊ မလ္လကထေရ်အား (ဖြစ်ကုန်သ)ကဲ့သို့ပေတည်း။
တဆင့်ကြားဘူးသည်မှာ ထိုမလ္လကထေရ်အရှင်သည် ဒီဃနိကာယ်ဆောင် အဘယထေရ်ကို လက်၌ကိုင်၍ “ငါ့ရှင်အဘယ ဤပြဿနာကို မှတ်ယူပါဦး”ဟု ဆိုပြီးလျှင် “မလ္လကထေရ်ဟာ ၃၂-ပါးသော ကောဋ္ဌာသ၌ ၃၂-ပါးသော ပဌမဈာန်တို့ကို ရသည်။ အကယ်၍ ညဉ့်မှာ ဈာန်တပါး နေ့မှာ ဈာန်တပါး ဝင်စားလျှင် လဝက်-လခွဲကျော်ဖြင့် (ဝါ-၁၇-ရက်ဖြင့်) တဖန်ပြန်၍ ဝင်စားရသည်။ အကယ်၍ နေ့စဉ် ဈာန်တပါးကိုသာ ဝင်စားပါမူကား တလကျော်ဖြင့် တဖန်ပြန်၍ ဝင်စားရသည်”ဟု ဆိုသတတ်။
၃၅၅
ဆက်ဦးအံ့- ဤဆိုခဲ့သည့်အတိုင်း ပဌမဈာန်၏ အစွမ်းအားဖြင့် ပြီးစီးငြားသော်လည်း ဤကမ္မဋ္ဌာန်းကို အဆင်း, သဏ္ဌာန် စသည်တို့၌ သတိ၏ အားစွမ်းဖြင့် ပြီးစီးသောကြောင့် ကာယဂတာသတိဟူ၍ (သတိဖြင့် ပဓာနပြု၍) ဆိုအပ်ပေသည်။
အကျိုးကား- ဤကာယဂတာသတိကမ္မဋ္ဌာန်း အားထုတ်သော ရဟန်းသည် ကမ္မဋ္ဌာန်းကျောင်း, ဘာဝနာတို့၌ မပျော်မွေ့ခြင်းနှင့် ကာမဂုဏ်၌ ပျော်မွေ့ခြင်းတို့ကို နှိမ်နင်းနိုင်ပေ၏၊ ထိုရဟန်းကို (ထို)မပျော်မွေ့ခြင်းနှင့် ပျော်မွေ့ခြင်းက မနှိမ်နင်းနိုင်ပေ၊ ဖြစ်ပေါ်လာသော မပျော်မွေ့ခြင်း, ပျော်မွေ့ခြင်းကို နှိမ်နင်း၍ နှိမ်နင်း၍ နေနိုင်ပေ၏၊ ဘေးငယ် ဘေးကြီးကို သည်းခံနိုင်ပေ၏၊ ထိုရဟန်းကို ဘေးငယ် ဘေးကြီးက မနှိပ်စက်နိုင်ပေ။ ဖြစ်ပေါ်လာသော ဘေးးငယ် ဘေးကြီးကို နှိမ်နင်း၍ နှိမ်နင်း၍ နေနိုင်ပေ၏၊ အအေးကို သည်းခံနိုင်ပေ၏၊ [၂၅၈] အပူကို အစာဆာခြင်းကို ရေဆာခြင်းကို မှက် ခြင် လေ နေပူ မြွေ ကင်းတို့၏ ကိုက်ခဲထိပါးခြင်း အတွေ့တို့ကို (သည်းခံနိုင်ပေ၏)၊ မကောင်းသဖြင့် ပြောဆိုကုန်သော မကောင်းသဖြင့် ရောက်လာကုန်သော စကားဆိုးတို့ကို (သည်းခံနိုင်ပေ၏)၊ ကိုယ်ထဲ၌ ဖြစ်ပေါ်လာကုန်သော ပြင်းထန် ကြမ်းတမ်းကုန်သော မခံသာကုန်သော သာယာဖွယ်ကင်းကုန်သော မနှစ်မြို့ဖွယ်ဖြစ်ကုန်သော သေစေနိုင်လောက်ကုန်သော ဆင်းရဲဝေဒနာတို့ကို သည်းခံနိုင်သော သဘောရှိပေ၏၊ ဆံပင်စသည်တို့၏ အညို အဝါ အနီ အဖြူဟူသော အဆင်းအထူးကိုမှီ၍ ဈာန်၄-ပါးတို့ကို ရနိုင်ပေ၏။ အဘိညာဉ်တို့ကို ထိုးထွင်းသိနိုင်ပေ၏ ရနိုင်ပေ၏။
ထို(သို့ မပျော်မွေ့မှု ပျော်မွေ့မှုကို နှိမ်နင်းနိုင်ခြင်းမှ စ၍ ဈာန်လေးပါးနှင့် အဘိညာဉ်တို့ကို ရသည်တိုင်အောင်
၃၅၆
များစွာသော အကျိုးရှိခြင်း)ကြောင့် အမြော်အမြင်ဉာဏ်ပညာနှင့် ပြည့်စုံသော ပညာရှိသည် ဤဆိုခဲ့သည့်အတိုင်း များပြားသော အကျိုးအာနိသင်နှင့် ပြည့်စုံသော ဤကာယဂတာသတိကမ္မဋ္ဌာန်းကို မမေ့မလျော့ပဲ စင်စစ်မှန်စွာ အားထုတ်ရာတော့သတည်း။ ဤကား ဥယျောဇဉ်ပေတည်း။
ယခုဆိုခဲ့ပြီးသော စကားသည် ကာယဂတာသတိ ကမ္မဋ္ဌာန်း၌ အကျယ်ပြဆိုသော စကားအမြွက်ပေတည်း။
(ကာယဂတာသတိကမ္မဋ္ဌာန်း ပြီး၏)။
**********
၉-အာနာပါနဿတိပွါးပုံ ပြဆိုချက်
၂၁၅။ ယခုအခါ၌၁ မြတ်စွာဘုရားသည်၂-
“ရဟန်းတို့ ဤအာနာပါနဿတိ သမာဓိသည်လည်း ပွါးစေ(အပ်)လျှင် အကြိမ်များစွာ ပြု(အပ်)လျှင် ငြိမ်သက်သည်သာလျှင်လည်း ဖြစ်ပေ၏ မွန်မြတ်သည်သာလျှင်လည်း ဖြစ်ပေ၏ သွန်းထည့်အပ်သည်လည်း မရှိပေ၊ ချမ်းသာသော နေခြင်းလည်း ဖြစ်ပေ၏၊ ပေါ်လာကုန် ပေါ်လာကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကိုလည်း တခဏချင်းပင် ကွယ်ပျောက်စေနိုင်ပေ၏ ငြိမ်းစေနိုင်ပေ၏”ဟု-
ဤသို့ ချီးမွမ်းတော်မူပြီးလျှင်၂-
၁- ယခုအခါ၌.. ပွါးစေပုံနည်းသည် (ဖွင့်ပြရန်) အစဉ်ရောက်လာပြီ-ဟု စပ်ပါ။
၂- မြတ်စွာဘုရားသည်.. ချီးမွမ်းတော်မူပြီးလျှင်.. ဟောကြား ညွှန်ပြတော်မူ(အပ်)လေပြီ-ဟု စပ်ပါ။
၃၅၇
(ကထံ ဘာဝိတော စ ဘိက္ခဝေ အာနာပါနဿတိ သမာဓိ ကထံ ဗဟုလီကတော သန္တော စေဝ ပဏီတော စ အသေစနကော စ သုခေါ စ ဝိဟာရော၊ ဥပ္ပန္နုပ္ပန္နေ စ ပါပကေ အကုသလေ ဓမ္မေ ဌာနသော အန္တရဓာပေတိ ဝူပသမေတိ။ ဣဓ ဘိက္ခဝေ ဘိက္ခု အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ နိသီဒတိ ပလ္လင်္ကံ အာဘုဇိတွာ ဥဇုံ ကာယံ ပဏိဓာယ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ၊ သော သတောဝ အဿသတိ သတော ပဿသတိ။ ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ။ ဒီဃံ ဝါ ပဿသန္တော ။ပ။ ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ။ ရဿံ ဝါ ပဿသန္တော ။ပ။ သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ။ သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။ ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ။ ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။ ပီတိပဋိသံဝေဒီ အဿသိဿာမီတိ ။ပ။ သုခပဋိသံဝေဒီ ။ပ။ စိတ္တသင်္ခါရပဋိသံဝေဒီ ။ပ။ ပဿမ္ဘယံ စိတ္တသင်္ခါရံ ။ပ။ စိတ္တပဋိသံဝေဒီ ။ပ။ အဘိပ္ပမောဒယံ စိတ္တံ ။ပ။ သမာဒဟံ စိတ္တံ ။ပ။ ဝိမောစယံ [၂၅၉] စိတ္တံ ။ပ။ အနိစ္စာနုပဿီ ။ပ။ ဝိရာဂါနုပဿီ ။ပ။ နိရောဓာနုပဿီ ။ပ။ ပဋိနိဿဂ္ဂါနုပဿီ အဿသိဿာမီတိ သိက္ခတိ။ ပဋိနိဿဂ္ဂါနုပဿီ ပဿသိဿာမီတိ သိက္ခတိ။)၁
၁- ဤပါဠိမူရင်းကို အပြည့်အစုံ ထုတ်ပြခြင်းမှာ နောက်၌ ပြလတံ့ဖြစ်သော အဖွင့်များအရာတွင် အဖွင့်ခံ ထုတ်ပြရန်နှင့် တိုက်ဆိုင်ကြည့်ရှုနိုင်ရန် ဖြစ်သည်။
၃၅၈
“ရဟန်းတို့ အာနာပါနဿတိ သမာဓိသည် အဘယ်သို့ ပွါးစေ(အပ်)လျှင် အဘယ်သို့ အကြိမ်များစွာ ပြု(အပ်)လျှင် ငြိမ်သက်သည်သာလျှင်လည်း ဖြစ်သနည်း မွန်မြတ်သည်သာလျှင်လည်း ဖြစ်သနည်း သွန်းလောင်းအပ်သည်လည်း မရှိသနည်း ချမ်းသာသော နေခြင်းလည်း ဖြစ်သနည်း၊ ပေါ်လာကုန် ပေါ်လာကုန်သော ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကို တခဏချင်းပင် ကွယ်ပျောက်စေနိုင်သနည်း ငြိမ်းစေနိုင်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်ရောက်၍ဖြစ်စေ သစ်ပင်ရင်းသို့ ကပ်ရောက်၍ဖြစ်စေ၊ လူသူဆိတ်သော ကျောင်းသို့ ကပ်ရောက်၍ဖြစ်စေ ထက်ဝယ်ဖွဲ့ခွေကာ အထက်ပိုင်းကိုယ်ကို ဖြောင့်မတ်စွာထားလျက် ကမ္မဋ္ဌာန်းဆီသို့ ရှေးရှု သတိကိုဖြစ်စေလျက် ထိုင်နေ၏။ ထိုင်ပြီးသော ထိုရဟန်းသည် အမှတ်ရလျက်သာလျှင် ဝင်သက်ရှူ၏ အမှတ်ရလျက်သာလျှင် ထွက်သက် ရှူ၏၁။ ရှည်စွာ ရှူသွင်းလျှင်လည်း ရှည်စွာရှူသွင်းသည်ဟု အပြားအားဖြင့် သိ၏၂။ ရှည်စွာ ရှူထုတ်လျှင်လည်း
၁- ဝိနည်းအဋ္ဌကထာနှင့် လောကီကျမ်းတို့ အလိုအားဖြင့် အဿာသော-ထွက်သက်၊ ပဿာသော-ဝင်သက်-ဟု ပြန်ရပေမည်။ သို့သော် နောက်၌ ပြလတံ့သော ပဋိသမ္ဘိဒါမဂ်ပါဠိနှင့် ညီစေရန်၎င်း၊ အားထုတ်ခါစ၌ ဝင်သက်မှစ၍ ရှူရမြဲဖြစ်သောကြောင့်၎င်း ဤ၌ အဿသတိ-ပုဒ်ကို ဝင်သက် ရှူ၏-ဟူ၍၎င်း၊ ပဿသတိ-ပုဒ်ကို ထွက်သက် ရှူ၏-ဟူ၍၎င်း ပြန်သည်။ ထိုသို့ ပြန်ခြင်းသည် အာနာပါနပုဒ်၏ အနက်နှင့်လည်း လျော်ပေ၏။
၂- ပဇာနာတိ-ပုဒ်၌ ပ-၏အနက်ကို ဖော်၍ ပြန်သည်။ သို့သော်လည်း မြန်မာစကားအရာ၌ သိ၏-ဟု ဆိုလျှင်ပင် အပြားအားဖြင့် သိသည်- ဉာဏ်ဖြင့် သိသည်-ဟူသော အနက်ကို သိစေနိုင်သောကြောင့်၎င်း၊
၃၅၉
ရှည်စွာရှူထုတ်သည်ဟု သိ၏။ တိုစွာ ရှူသွင်းလျှင်လည်း တိုစွာရှူသွင်းသည်ဟု သိ၏။ တိုစွာ ရှူထုတ်လျှင်လည်း တိုစွာရှူထုတ်သည်ဟု သိ၏။ အလုံးစုံသော ဝင်သက်အပေါင်းကို သိလျက် ရှူသွင်းအံ့ဟု လေ့ကျင့်၏။ အလုံးစုံသော ထွက်သက်အပေါင်းကို သိလျက် ရှူထုတ်အံ့ဟု လေ့ကျင့်၏။ ကာယသင်္ခါရကို ငြိမ်းစေလျက် ရှူသွင်းအံ့ဟု လေ့ကျင့်၏။ ကာယသင်္ခါရကို ငြိမ်းစေလျက် ရှူထုတ်အံ့ဟု လေ့ကျင့်၏။ ပီတိကို သိလျက် ရှူသွင်းအံ့ဟု လေ့ကျင့်၏။ ပီတိကို သိလျက် ရှူထုတ်အံ့ဟု လေ့ကျင့်၏။ သုခကို သိလျက် ရှူသွင်းအံ့ဟု လေ့ကျင့်၏။ သုခကို သိလျက် ရှူထုတ်အံ့ဟု လေ့ကျင့်၏။ စိတ္တသင်္ခါရကို သိလျက် ရှူသွင်းအံ့ဟု လေ့ကျင့်၏။ စိတ္တသင်္ခါရကို သိလျက် ရှူထုတ်အံ့ဟု လေ့ကျင့်၏။ စိတ္တသင်္ခါရကို ငြိမ်းစေလျက် ရှူသွင်းအံ့ဟု လေ့ကျင့်၏။ စိတ္တသင်္ခါရကို ငြိမ်းစေလျက် ရှူထုတ်အံ့ဟု လေ့ကျင့်၏။ စိတ်ကို သိလျက် ရှူသွင်းအံ့ဟု လေ့ကျင့်၏။ စိတ်ကို သိလျက် ရှူထုတ်အံ့ဟု လေ့ကျင့်၏။ စိတ်ကို ဝမ်းမြောက်စေလျက် ရှူသွင်းအံ့ဟု လေ့ကျင့်၏။ စိတ်ကို ဝမ်းမြောက်စေလျက်
ဇာနာတီတိ- သိတတ်သောကြောင့်၊ ဉာဏံ-ဉာဏ်မည်၏။ ဇာတာ ပဿတာ- သိတော်မူသော မြင်တော်မူသော။ ဇာနတော ပသတော- သိသောသူ မြင်သောသူ၏ (အာသဝေါ ကုန်ခြင်းကို ဟော၏)။ ဉာတဋ္ဌေန- သိတတ်သော သဘောကြောင့်၊ ဉာဏံ- ဉာဏ်မည်၏။ သဗ္ဗညူ- အလုံးစုံကို သိတော်မူသော ဘုရား ဤသို့ အစရှိသော ပါဠိဘာသာအရာ၌လည်း ပ-အပြားဖြင့်-ဟု မဆိုပဲ သိသည်-ဟု ဆိုရုံမျှဖြင့်ပင် ဉာဏ်ဟူသောအနက်, ပညာဟူသောအနက်ကို သိစေနိုင်သောကြောင့်၎င်း နောက်၌ ပဇာနာတိ-ပုဒ်ကို သိ၏-ဟူ၍ ဤမျှသာ ပြန်သွားမည်။
၃၆၀
ရှူထုတ်အံ့ဟု လေ့ကျင့်၏။ စိတ်ကို ကောင်းစွာထားလျက် ရှူသွင်းအံ့ဟု လေ့ကျင့်၏။ စိတ်ကို ကောင်းစွာထားလျက် ရှူထုတ်အံ့ဟု လေ့ကျင့်၏။ စိတ်ကို လွတ်စေလျက် [၂၅၉] ရှူသွင်းအံ့ဟု လေ့ကျင့်၏။ စိတ်ကို လွတ်စေလျက် ရှူထုတ်အံ့ဟု လေ့ကျင့်၏။ မမြဲဟု ရှုလျက် ရှူသွင်းအံ့ဟု လေ့ကျင့်၏။ မမြဲဟု ရှုလျက် ရှူထုတ်အံ့ဟု လေ့ကျင့်၏။ ဝိရာဂကို ရှုလျက် ရှူသွင်းအံ့ဟု လေ့ကျင့်၏။ ဝိရာဂကို ရှုလျက် ရှူထုတ်အံ့ဟု လေ့ကျင့်၏။ နိရောဓကို ရှုလျက် ရှူသွင်းအံ့ဟု လေ့ကျင့်၏။ နိရောဓကိုရှုလျက် ရှူထုတ်အံ့ဟု လေ့ကျင့်၏။ ပဋိနိဿဂ္ဂကို ရှုလျက် (ဝါ-လွှတ်သောအားဖြင့် ရှုလျက်၊ ဝါ-လွှတ်နိုင်အောင် ရှုလျက်) ရှူသွင်းအံ့ဟု လေ့ကျင့်၏။ ပဋိနိဿဂ္ဂကို ရှုလျက် ရှူထုတ်အံ့ဟု လေ့ကျင့်၏”ဟူ၍-
ဤသို့ တဆဲ့ခြောက်ပါးသော တည်ရာဌာနရှိသော အကြင် အာနာပါနဿတိကမ္မဋ္ဌာန်းကို ဟောကြား ညွှန်ပြတော်မူ(အပ်)လေပြီ၊ ထိုအာနာပါနဿတိ ကမ္မဋ္ဌာန်းကို ပွါးစေပုံနည်းသည် (ဖွင့်ပြရန်) အစဉ်ရောက်လာပြီ။ သို့သော်လည်း ထိုပွါးစေပုံနည်းသည် ပါဠိအဖွင့်သို့ အစဉ်လျှောက်သဖြင့်သာလျှင် ဖွင့်ဆို(အပ်)သည်ရှိသော် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ပြည့်စုံနိုင်ပေ၏။ ထို့ကြောင့် ယခုဆိုမည့် စကားရပ်သည် ဤအာနာပါနဿတိ ကမ္မဋ္ဌာန်း၌ ပါဠိကိုဖွင့်ခြင်းလျှင် ရှေ့သွားရှိသော အကျယ်ဖွင့်ပြချက်ပေတည်း။
၂၁၆။ ကထံ ဘာဝိတော စ ဘိက္ခဝေ အာနာပါနဿတိ သမာဓိ- အစရှိသော ဤစကားထဲ၌ (ကထံ) အဘယ်သို့နည်း-ဟူသော စကားသည် အာနာပါနဿတိဘာဝနာကို အမျိုးမျိုးသော အပြားအားဖြင့် ချဲ့ပြရန် အလိုရှိသဖြင့် မေးသော စကားပေတည်း၊ ပွါးစေ(အပ်)လျှင် အာနာပါနဿတိသမာဓိသည်- ဟူသော စကားသည်
၃၆၁
ချဲ့၍ပြရန် အလိုရှိသဖြင့် မေးထားသောတရားကို ဖော်ပြသော စကားပေတည်း။ အဘယ်သို့ အကြိမ်များစွာ ပြု(အပ်)လျှင် ။ပ။ ငြိမ်းစေနိုင်သနည်း-ဟူသော ဤစကားရပ်၌လည်း ဤနည်းပင်တည်း။ ထိုစကားရပ်၌ ဘာဝိတော-ဟူသည်ကား ဖြစ်စေအပ်သည်, တနည်းကား ပွါးစေအပ်သည်(ဟု ဆိုလို၏)။ အာနာပါနဿတိသမာဓိ- ဟူသည်ကား ဝင်လေ ထွက်လေကို သိမ်းဆည်းသော သတိနှင့်ယှဉ်သော သမာဓိပေတည်း။ တနည်းကား ဝင်လေ ထွက်လေကို သိမ်းဆည်းသော သတိကြောင့်(ဖြစ်သော) သမာဓိသည် အာနာပါနဿတိသမာဓိ မည်၏၁။ ဗဟုလီကတော- ဟူသည်ကား အဖန်ဖန် ပြုအပ်သည်(ဟု ဆိုလို၏)၊ သန္တော စေဝ ပဏီတော စ-ဟူသည်ကား ငြိမ်သက်သည်သာလျှင်လည်း (ဖြစ်၏) မွန်မြတ်သည်သာလျှင်လည်း (ဖြစ်၏)၂။ ၂-ပုဒ်လုံးတို့၌ (ဧဝ-သဒ္ဒါ) သာလျှင်-ဟူသော စကားဖြင့်
၁– ဤ၌ ၂- နည်းတို့တွင် ပဌမနည်းအားဖြင့် အာနာပါန- ဝင်လေ ထွက်လေကို + သတိ- အမှတ်ရမှုနှင့် ယှဉ်သော + သမာဓိ- တည်ကြည်မှု = အာနာပါနဿတိ-သမာဓိ- ဝင်လေ ထွက်လေကို အမှတ်ရမှုနှင့်ယှဉ်သော စိတ်တည်ကြည်မှု၊ ဒုတိယနည်းအားဖြင့် အာနာပါနဿတိ- ဝင်လေ ထွက်လေကို အမှတ်ရမှုကြောင့်ဖြစ်သော + သမာဓိ- တည်ကြည်မှု + အာနာပါနဿတိသမာဓိ- ဝင်လေ ထွက်လေကို အမှတ်ရမှုကြောင့်ဖြစ်သော စိတ်တည်ကြည်မှု။ ဤဒုတိယနည်း၌ ဥပစာရအခိုက်အတန့်က ဖြစ်ခဲ့သော သတိကြောင့် ဖြစ်သည်ကိုလည်း ပြ၏။ ဋီကာကိုမှီ၍ ဖွင့်ပြခြင်းဖြစ်သည်။
၂- ပဏီတော စ-၌ ဧဝ-မပါသော်လည်း သန္တော စေဝ-မှ လိုက်၍ယူရန် ဖွင့်ပြ၏။ ထို့ကြောင့် ဤအဖွင့်ကိုမှီ၍ သုတ်ရင်း၏ မြန်မာပြန်၌ပင်
၃၆၂
ကိန်းသေ သတ်မှတ်ခြင်းကို သိအပ်၏။ အဘယ်သို့ ဆိုလိုသနည်း?ဟူမူ အသုဘကမ္မဋ္ဌာန်းသည် ထိုးထွင်း၍သိခြင်း (ပဋိဝေဓ)၏ အစွမ်းသက်သက်အားဖြင့်သာလျှင်၁ ငြိမ်သက်သည်၎င်း၊ မွန်မြတ်သည်၎င်း ဖြစ်ပေသည်၊ သို့သော်လည်း ရုန့်ရင်းသော အာရုံရှိခြင်းကြောင့်၎င်း၊ စက်ဆုပ်ဖွယ် အာရုံရှိခြင်းကြောင့်၎င်း အာရုံ၏ အစွမ်းအားဖြင့် မငြိမ်သက်သည်သာလျှင် မမွန်မြတ်သည်သာလျှင် ဖြစ်သကဲ့သို့ အာနာပါနဿတိ ကမ္မဋ္ဌာန်းသည်ကား ထိုကဲ့သို့ မငြိမ်သက်သည်သော်၎င်း၊ မမွန်မြတ်သည်သော်၎င်း တစုံတခုသော အကြောင်းကြောင့်မျှ မဖြစ်ပေ၊ စင်စစ်သော်ကား အာရုံ၏ ငြိမ်သက်ခြင်းကြောင့်လည်း ငြိမ်သက်ပေ၏ အထူးငြိမ်သက်ပေ၏ ငြိမ်းအေးပေ၏။ ပဋိဝေဓဟု ဆိုအပ်သော ဈာန်အင်္ဂါ၏ ငြိမ်သက်ခြင်းကြောင့်လည်း (ငြိမ်သက်ပေ၏ အထူးငြိမ်သက်ပေ၏ ငြိမ်းအေးပေ၏)၊ အာရုံ၏ မွန်မြတ်ခြင်းကြောင့်လည်း မွန်မြတ်ပေ၏ မရောင့်ရဲနိုင်အောင် ကောင်းသည်ကို ပြုတတ်ပေ၏၊ ဈာန်အင်္ဂါ၏ မွန်မြတ်ခြင်းကြောင့်လည်း မွန်မြတ်ပေ၏ မရောင့်ရဲနိုင်အောင် ကောင်းသည်ကို ပြုတတ်ပေ၏၊ ထို့ကြောင့် “သန္တော စေဝ ပဏီတော စ”ဟု ဟောတော်မူပေသည်။
ပဏီတော စ-ကို မွန်မြတ်သည်သာလျှင်လည်း ဖြစ်ပေ၏-ဟု ဧဝ-၏အနက် သာလျှင်-ဟူသော စကားကိုပါ ဖြည့်စွက်၍ ပြန်ခဲ့ပေသည်။
၁- ပဋိဝေဓဟူသော ဈာန်အင်္ဂါအလိုအားဖြင့်သာလျှင် ငြိမ်သက် မွန်မြတ်ပေသည်၊ အာရုံအလိုအားဖြင့်မူ ငြိမ်သက်မွန်မြတ်ခြင်း မရှိဟု ဆိုလို၏။
၃၆၃
အသေစနကော စ သုခေါ စ ဝိဟာရော-ဟူသော ဤစကားရပ်၌ (အနက်ကား) အကြင်သမာဓိမှာ၁ (ငြိမ်သက်ခြင်း မွန်မြတ်ခြင်းကို ဖြစ်စေတတ်သော) သွန်းထည့်ပေးအပ်သော အကြောင်း(တစုံတခုမျှ) မရှိ၊ ထိုသမာဓိသည် အသေစနကမည်၏။ သွန်းထည့်ပေးအပ်သော အကြောင်းမရှိသော သမာဓိ၊ အကူအညီ အခြားတပါးနှင့် မရောပြွမ်းသော အသီးအခြား တခုတည်းသော သီးသန့်ဖြစ်သော သမာဓိ(ဟု ဆိုလို၏)။ ဤအာနာပါနဿတိ သမာဓိ၌ (ကသိုဏ်းဈာန် စသည်မှာကဲ့သို့) ရှုစရာအာရုံကို ကြိုတင်၍ ပြုရခြင်းလည်း မရှိ၂၊ ဥပစာရဖြင့်မူလည်း ငြိမ်သက်သည်၏အဖြစ် မရှိ၃၊ (စင်စစ်သော်ကား)
၁- ပါဠိ၌ အဿ-ဟု ရှိသော်လည်း သုတနည်းသူတို့ပါ သိလွယ်စေရန် အနိယတ်ပြု၍ ပြန်သည်။
၂- ငြိမ်သက်ခြင်း၏ အကြောင်းဖြစ်သော ပရိကံသည်မူလည်း (မရှိပေ)၊ ပရိကံ-ဟူသည်မှာလည်း ကသိုဏ်းပုံပြုခြင်းမှ စ၍ နိမိတ်ကိုဖြစ်စေခြင်း အဆုံးရှိသော ကြိုတင်ပြုမှုပေတည်း၊ ထိုသို့သော ကြိုတင်ပြုမှု- ပရိကံသည် ဤအာနာပါနဿတိသမာဓိ၌ မရှိဟု ဆိုလို၏၊ မှန်ပေ၏- (ပရိကံရှိပါမူ) ထိုပရိကံ ပြုနေသောအခါ၌ ကမ္မဋ္ဌာန်းသည် သာယာဖွယ် မရှိသောကြောင့် မငြိမ်သက်သည် မမွန်မြတ်သည် ဖြစ်ရာ၏။ (ဋီကာ) ဤဋီကာနှင့်အညီ ပြန်သည်။ ယခု ဝိသုဒ္ဓိမဂ်စာအုပ်၌ကား ပရိကမ္မေန ဝါ-ဟု ပါဌ်ရှိ၏။ ထိုပါဌ်အလိုအားဖြင့် ပရိကံဖြင့်သော်၎င်း၊ ဥပစာဖြင့်သော်၎င်း ငြိမ်သက်သည်၏အဖြစ် မရှိဟု ပြန်ရာ၏။
၃- ဥပစာခဏ၌ နီဝရဏ ကင်းခြင်းကြောင့်၎င်း၊ အင်္ဂါတို့၏ ထင်ရှား ဖြစ်ပေါ်ခြင်းကြောင့်၎င်း အခြားသမာဓိတို့၏ ငြိမ်သက်ခြင်းသည် ဖြစ်သကဲ့သို့ ဤအာနာပါနဿတိ သမာဓိ၏ ငြိမ်သက်ခြင်းသည် ထိုကဲ့သို့ မဟုတ်ပေ၊ ဤသမာဓိသည်ကား အစအဦး နှလုံးသွင်းသည်မှစ၍
၃၆၄
အစအဦး နှလုံးသွင်းသည်မှစ၍ မိမိ၏ သဘောအားဖြင့်ပင်လျှင် ငြိမ်သက်သည်၎င်း၊ မွန်မြတ်သည်၎င်း ဖြစ်သည်- ဤကား အသေစနကော-ပုဒ်၏ အနက်ပေတည်း။ အချို့ဆရာတို့ကမူ အသေစနကော- ဟူသည်ကား မသွင်းမဆမ်းအပ်ပဲ ဩဇာရှိသော [၂၆၀] ပင်ကိုသဘောအားဖြင့်ပင်လျှင် ချိုမြိန်ကောင်းမွန်သော သမာဓိ-ဟု ဖွင့်ဆိုကုန်၏။ ဤဆိုခဲ့သည့်အတိုင်း ဤအာနာပါနဿတိ သမာဓိသည် သွန်းထည့်ပေးအပ်သည်- သွန်းလောင်းပေးအပ်သည်လည်း မရှိပေ။ ဝင်စားတိုင်း ဝင်စားတိုင်းသော ခဏ၌ ကိုယ်ချမ်းသာ စိတ်ချမ်းသာကို ရခြင်းငှါ ဖြစ်သောကြောင့် ချမ်းသာသောနေခြင်းလည်း ဖြစ်ပေသည်ဟူ၍ သိအပ်ပေ၏။ ပေါ်လာကုန် ပေါ်လာကုန်သော- ဟူသည်မှာ မခွါအပ်ကုန်သေး မခွါအပ်ကုန်သေးသော(ဟု ဆိုလို၏)၁။ ပါပကေ-ဟူသည်ကား ယုတ်ညံ့ကုန်သော(ဟု ဆိုလို၏)။ အကုသလေ ဓမ္မေ- ဟူသည်ကား မလိမ္မာကြောင်း မိုက်မဲကြောင်း အဝိဇ္ဇာကြောင့် ဖြစ်ကုန်သော တရားတို့ကို၂(ဟု ဆိုလို၏)။ ဌာနသော အန္တရဓာပေတိ-ဟူသည်ကား
မိမိသဘောအားဖြင့်ပင်လျှင် ငြိမ်သက်သည်၎င်း၊ မွန်မြတ်သည်၎င်း ဖြစ်ပေသည်-ဟု ယှဉ်စပ်ရာ၏။ (ဋီကာ)
၁– ဤအရာ၌ ဥပ္ပန္နုပ္ပန္နေ- ပေါ်လာကြသည် ပေါ်လာကြသည်ဟု ဆိုခြင်းမှာ ဥပါဒ်အားဖြင့် ဖြစ်ပေါ်လာခြင်းကို ဆိုလိုသည်မဟုတ်၊ ဝိက္ခမ္ဘနပဟာန်ဖြင့် မပယ်ခွါရသေးသောကြောင့် ဖြစ်ပေါ်လာနိုင်ကြသည့် အကုသိုလ်တို့ကို ဆိုလိုသည်ဟု သိစေ၏။
၂- အဝိဇ္ဇာကို အကောသလ္လ- မလိမ္မာသူ မိုက်မဲသူဖြစ်ကြောင်းဟု ဆိုအပ်၏၊ ထိုအဝိဇ္ဇာကြောင့် ဖြစ်ကုန်သော တရားတို့ကို။ မှန်ပေ၏- အလုံးစုံသော အကုသိုလ်တရားတို့သည် ထိုအဝိဇ္ဇာလျှင် ရှေ့သွားရှိကုန်၏။ (ဋီကာ)
၃၆၅
တခဏချင်းဖြင့်ပင်လျှင် ကွယ်စေ၏ ကွာစေ၏(ဟု ဆိုလို၏)။ ဝူပသမေတိ-ဟူသည်ကား ကောင်းစွာ ငြိမ်းစေ၏၊ တနည်း ကိလေသာကို ဖောက်ခွဲခြင်း အဖို့ရှိသောကြောင့် အစဉ်အတိုင်း(တိုးတက်၍) အရိယမဂ်ဟူသော ကြီးပွါးခြင်းသို့ ရောက်လတ်သော် အကြွင်းမဲ့ ပယ်ဖြတ်တတ်၏၊ (အရိယဖိုလ်ဖြင့်) တဖန် ငြိမ်းစေတတ်၏ဟု ဆိုလိုပေသည်၁။
ယခုဆိုမည့် စကားသည်ကား ဤအရာ၌ အကျဉ်းချုပ် အနက်ပေတည်း။ ရဟန်းတို့ အဘယ်အပြားအားဖြင့် အဘယ်အခြင်းအရာ အဘယ်အစီအရင်အားဖြင့် ပွါးစေ(အပ်)လျှင် အဘယ်အပြားအားဖြင့် အကြိမ်များစွာ ပြု(အပ်)လျှင် အာနာပါနသတိ သမာဓိသည် ငြိမ်သက်သည်သာလျှင် ဖြစ်သနည်း ။ပ။ ငြိမ်းစေနိုင်သနည်း- ဤကား အကျဉ်းချုပ်အနက်။
၂၁၇။ ယခုအခါ၌ ထိုအနက်ကို ချဲ့ပြလိုသည်ဖြစ်၍ ဣဓ ဘိက္ခဝေ-စသည်ကို မိန့်တော်မူလေသည်။ ထိုစကားတော်ထဲ၌ ဣဓ ဘိက္ခဝေ ဘိက္ခု- ဟူသည်ကား ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်(ဟု ဆိုလို၏)။ မှန်ပေ၏- ဤစကားတော်၌ ဣဓ-ဟူသော ဤသဒ္ဒါသည် ခပ်သိမ်းသော အပြားအားဖြင့် အာနာပါနဿတိ သမာဓိကို ဖြစ်စေတတ်သော ပုဂ္ဂိုလ်၏ မှီရာဖြစ်သော သာသနာကိုလည်း ပြ၏၊ အခြားသာသနာ၏ (အာနာပါနဿတိ သမာဓိကို ခပ်သိမ်းသော အခြင်းအရာအားဖြင့် ဖြစ်စေတတ်သော ပုဂ္ဂိုလ်၏
၁- ဤဒုတိယအဖွင့် အလိုအားဖြင့် အရိယမဂ်ဖိုလ်သို့ ရောက်စေလျက် ငြိမ်းစေသည်ကို ဆိုလို၏။
၃၆၆
တည်ရာဟူသော) ထိုအဖြစ်ကိုလည်း ပယ်မြစ်၏၁။ မှန်ပေ၏- “ရဟန်းတို့ ဤသာသနာတော်၌သာလျှင် ကိလေသာငြိမ်းသော သမဏ-ရဟန်းကို ရအပ်၏ ။ပ။ ဤသာသနာမှ အခြားသော ဝါဒတို့သည် (ဝန်ခံသည့်အတိုင်း) သိကုန်သော ကိလေသာငြိမ်းကုန်သော သမဏ-ရဟန်းတို့မှ ဆိတ်ကုန်၏”ဟူသော ဤစကားကို ဟောတော်မူပေသည်။ ထို့ကြောင့် “ဤသာသနာတော်၌ ရဟန်းသည်”ဟူ၍ ငါဖွင့်ဆိုပေသည်။
အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ-ဟူသော ဤစကားသည် အာနာပါနသတိသမာဓိ ဘာဝနာအား လျော်သော ကျောင်း အိပ်ရာ နေရာကို ထိုယောဂီရဟန်း သိမ်းယူပုံကိုပြသော စကားပေတည်း၂။ ချဲ့၍ပြအံ့- ဤရဟန်း၏စိတ်သည် အဆင်း အစရှိကုန်သော အာရုံတို့၌ ရှည်မြင့်စွာသော ကာလပတ်လုံး အစဉ်လိုက်ကာ ပြန့်သွားလျက် ရှိ၏၊ ထိုသို့ ပြန့်သွားနေသော စိတ်သည်၃
၁- ဗုဒ္ဓသာသနာမှ အပြင်ပ၌လည်း အာနာပါနကို အားထုတ်သူများ ရှိကြသေး၏၊ သို့သော်လည်း ထိုသာသနာပ ပုဂ္ဂိုလ်တို့သည် ကာယသင်္ခါရကို ချုပ်စေလျက်-ဟု ဟောထားသော စတုတ္ထရှုပုံအထိ အစပိုင်း ၄-နည်းကိုသာ သိကြသည်၊ ၁၆-နည်းလုံးကို အပြည့်အစုံ မသိကြ၊ ထို့ကြောင့် အထက်ပါအတိုင်း ဆိုပေသည်။
၂- ပရိဒီပန-ပုဒ်ကို ပြကြောင်းဖြစ်သော စကားဟု အတိအကျ ပြန်သင့်သော်လည်း သုတနည်းသူတို့ပါ အလွယ်တကူ နားလည်စေရန် ပြသောစကားဟု ပြန်သည်။ နောက်၌လည်း နည်းတူပင် ကရိုဏ်းအနက်ကိုပင် ကတ္တားပြု၍ ပြန်ချက်များ ရှိလိမ့်မည်။
၃- ဝါကျရှည်သောကြောင့် သိလွယ်စေရန် ၂-ဝါကျခွဲ၍ ပြန်သည်။
၃၆၇
အာနာပါနသတိသမာဓိ၏ အာရုံသို့ တက်ခြင်းငှါ အလိုမရှိ၊ ကောက်ကျစ်သောာ နွား က-ထားသည့် လှည်းသည် လမ်းမဟုတ်ရာသို့သာလျှင် ပြေးသွားသကဲ့သို့ ဘာဝနာလမ်းမှန် မဟုတ်ရာသို့သာလျှင် ပြေးသွားတတ်၏။ ထို့ကြောင့် ဥပမာဖြင့် ပြရလျှင် ကောက်ကျစ်သော မိခင်နွားမ၏ နို့ရည်ကို အကုန်သောက်စို့၍ ကြီးပြင်းလာသော ကောက်ကျစ်သော နွားငယ်ကို ဆုံးမလိုသော နွားကျောင်းသမား (နွားမွေးသူ)သည် မိခင်နွားမမှ ခွဲဆောင်၍ တခုသောအရပ်၌ ကြီးစွာသောတိုင်ကို စိုက်ထူ၍ ထိုတိုင်၌ ကြိုးဖြင့် ဖွဲ့ချည်ထားရာ၏၊ ထိုအခါ ထိုသူ၏ ထို့နွားငယ်သည် ထိုမှဤမှ ရုန်းကန်လှုပ်ရှားနေရာ၏။ လှုပ်ရှားပြီးလျှင် ထွက်ပြေးရန် မစွမ်းနိုင်သောကြောင့် ထိုတိုင်ကိုသာလျှင် မှီ၍မူလည်း နေရာ၏၊ မှီ၍မူလည်း အိပ်ရာ၏၊ ထို့အတူပင် ရှည်မြင့်စွာသော ကာလပတ်လုံး ရူပါရုံ စသည်တို့ကို စွဲ၍ဖြစ်သော (သုခဝေဒနာဟူသော) အရသာကို သောက်သုံးခြင်းဖြင့် ကြီးပွါးလာသော ပျက်ချော်နေသည့်စိတ်ကို ဆုံးမလိုသော ဤရဟန်းသည်လည်း ရူပါရုံအစရှိသော အာရုံများမှ ခွဲဆောင်၍ တောသို့ဖြစ်စေ, သစ်ပင်ရင်းသို့ဖြစ်စေ, လူသူဆိတ်ရာ ကျောင်းသို့ဖြစ်စေ သွင်းထားပြီးလျှင် ထိုအရပ်ဝယ် ဝင်လေ ထွက်လေဟူသောတိုင်၌ သတိတည်းဟူသောကြိုးဖြင့် ဖွဲ့ချည်ထားအပ်၏၊ ဤသို့ ဖွဲ့ချည်ထားလျှင် ထိုရဟန်း၏ ထိုစိတ်သည် ထိုမှဤမှ ရုန်းကန်လှုပ်ရှား၍ နေငြားသော်လည်း ရှေးအခါက လေ့ကျက်နေကျ အာရုံကို မရသဖြင့် သတိတည်းဟူသော ကြိုးကိုဖြတ်၍ [၂၆၁] ထွက်ပြေးရန် မစွမ်းနိုင်သောကြောင့် ထိုဝင်လေ ထွက်လေဟူသော အာရုံကိုသာလျှင် ဥပစာရသမာဓိ အပ္ပနာသမာဓိတို့၏ အစွမ်းအားဖြင့် မှီ၍လည်း နေ၏ မှီ၍လည်း အိပ်၏။ ထို့ကြောင့် ရှေးဆရာတို့သည်-
၃၆၈
“နွားငယ်ကို ဆုံးမလိုသော လူသည် တိုင်၌ ဖွဲ့ချည်ထားရာသကဲ့သို့ ထို့အတူ ဤသာသနာတော်၌ မိမိစိတ်ကို ဆုံးမလိုသော ရဟန်းသည် ကမ္မဋ္ဌာန်းအာရုံ၌ သတိဖြင့် မြဲမြံစွာ ဖွဲ့ချည်ထားရာ၏”ဟု မိန့်ဆိုကြပေသည်။
ယခု ပြဆိုခဲ့သည့်အတိုင်း ထိုယောဂီရဟန်း၏ (တောအစရှိသော) ဤကျောင်းသည် ဘာဝနာအား လျော်ပေ၏။ ထို့ကြောင့် “ဤစကားသည် အာနာပါနဿတိသမာဓိ ဘာဝနာအား လျော်သော ကျောင်း အိပ်ရာ နေရာကို ထိုရဟန်း သိမ်းယူပုံကိုပြသော စကားပေတည်း”ဟူ၍ ငါဆိုခဲ့ပေသည်။
တနည်းသော်ကား ဤအာနာပါနကမ္မဋ္ဌာန်းသည် (လေးဆယ်သော) ကမ္မဋ္ဌာန်းအပြားထဲတွင် ဦးထိပ်သဖွယ် ဖြစ်ပေ၏၊ (အလုံးစုံသော) ဘုရားများ (အချို့)ပစ္စေကဗုဒ္ဓါများ (အချို့)သာဝကများတို့၏ မဂ်ဖိုလ်တရားထူးကို ရခြင်း၏ နီးစွာသော အကြောင်းလည်း ဖြစ်ပေ၏၊ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရခြင်း၏ နီးစွာသော အကြောင်းလည်း ဖြစ်ပေ၏၁၊ ယင်း အာနာပါနဿတိ ကမ္မဋ္ဌာန်းကို မိန်းမ ယောက်ျား ဆင် မြင်း စသည်တို့၏ အသံများဖြင့် ပြွမ်းသော ရွာနားကျောင်းကို မစွန့်ပဲ ပွါးစေခြင်းငှါ မလွယ်ကူပေ။ (အကြောင်းမူကား) ဈာန်မှာ အသံဟူသော (ပျက်စီးကြောင်း) ဆူးငြောင့် ရှိသောကြောင့်ပေတည်း။ စင်စစ်သော်ကား ဤယောဂီရဟန်းသည် ရွာနှင့်ဝေးသော တောအရပ်၌ ဤအာနာပါနဿတိကမ္မဋ္ဌာန်းကို သိမ်းဆည်းရှုမှတ်လျက် အာနာပါနလျှင် အာရုံရှိသော
၁- ဤ၌လည်း နားလည်လွယ်စေရန် ၃-ဝါကျခွဲ၍ ပြန်ထားသည်။
၃၆၉
စတုတ္ထဈာန်ကို (ဝါ-အာနာပါနလျှင် အာရုံရှိသော ဈာန်လေးပါးအပေါင်းကို)၁ ဖြစ်စေပြီးလျှင် ထိုဈာန်ကိုပင် အခြေခံပြု၍ သင်္ခါရတို့ကို သုံးသပ်လျက် အမြတ်ဆုံး အရဟတ္တဖိုလ်သို့ရောက်ရန် လွယ်ကူပေသည်။ ထို့ကြောင့် မြတ်စွာဘုရားသည် ထိုရဟန်းအား လျော်သောကျောင်းကို ပြတော်မူလိုသောကြောင့် “တောသို့ ကပ်ရောက်၍ဖြစ်စေ”အစရှိသော စကားကို မိန့်တော်မူပေသည်။
မှန်ပေ၏- မြတ်စွာဘုရားသည် မြေကြန်တတ်သော ဆရာနှင့် တူတော်မူပေ၏။ (တူပုံကား) မြေကြန်တတ်သော ဆရာသည် မြို့ရာမြေကို ကြည့်ရှုပြီးလျှင် ကောင်းစွာ စူးစမ်းဆင်ခြင်၍ “ဤအရပ်၌ မြို့ကို တည်ထောင်ကြလော့”ဟု ညွှန်ပြ၏၊ ချမ်းသာစွာ မြို့ပြီးလတ်သော် မင်း၏အိမ်တော်မှ ကြီးစွာသော ပူဇော်သက္ကာရကို ရသကဲ့သို့ ထို့အတူပင် မြေကြန်ဆရာနှင့်တူသော ထိုမြတ်စွာဘုရားသည် ယောဂီရဟန်းအား လျော်သောကျောင်းကို စူးစမ်းဆင်ခြင်တော်မူ၍ “တောအစရှိသော ဤအရပ်၌ ကမ္မဋ္ဌာန်းကို အားထုတ်ရမည်”ဟု ညွှန်ပြတော်မူ၏။ ထို့နောင် ထိုအရပ်၌ ကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂီသည် သမာဓိဝိပဿနာ အရိယမဂ် အစဉ်အားဖြင့် အရဟတ္တဖိုလ်သို့ ရောက်ပြီးလတ်သော် “ငါတို့ဆရာ ဖြစ်တော်မူသော ထိုမြတ်စွာဘုရားသည် စင်စစ် မဖောက်မပြန် ကိုယ်ပိုင်ဉာဏ်ဖြင့်
၁- ဈာန် ၄-ပါးထဲက ဈာန်တပါးကို ရလျှင်ပင် ၎င်းကို ပါဒကပြု၍ အရဟတ္တဖိုလ်သို့ရောက်အောင် ဝိပဿနာ ရှုနိုင်သောကြောင့် စတုတ္ထဇ္စျာနံ-၏ အရာ၌ စတုက္ကဇ္စျာနံ-ဟု ရှိလျှင် သာ၍သင့်သောကြောင့် ထိုပါဌ်ကိုရည်၍ လက်သည်းကွင်းအတွင်းရှိ ဤဒုတိယအနက်ကို ပြန်သည်။
၃၇၀
အမှန်သိတော်မူသော ဘုရားရှင်ပါပေတကား”ဟု (ချီးကျူးမြတ်နိုးခြင်း အစရှိသော) ကြီးစွာသော ပူဇော်သက္ကာရကို ရတော်မူပေသည်။
ထိုမှတပါး (တောအရပ်စသည်၌ အားထုတ်နေသော) ဤယောဂီရဟန်းကို ကျားသစ်နှင့် တူသည်ဟူ၍ ဆိုအပ်၏၊ ချဲ့၍ပြအံ့- တောမင်းဖြစ်သော ကျားသစ်ကြီးသည် တောထဲ၌ မြက်တောရှုပ်ကို၎င်း၊ သစ်တောရှုပ်ကို၎င်း၊ တောင်ရှုပ်ကို၎င်း မှီကာ ပုန်းအောင်း၍ တောကျွဲ စိုင် ဝက် အစရှိသော သားကောင်တို့ကို ဖမ်းယူသကဲ့သို့ ထို့အတူပင်လျှင် တောစသော အရပ်တို့၌ ကမ္မဋ္ဌာန်းကို အားထုတ်သော ဤရဟန်းသည် အစဉ်အတိုင်း သောတာပတ္တိမဂ် သကဒါဂါမိမဂ် အနာဂါမိမဂ် အရဟတ္တမဂ်တို့ကို၎င်း၊ လေးပါးသော အရိယဖိုလ်ကို၎င်း ယူသည်ဟု သိအပ်ပေ၏။ ထို့ကြောင့် ရှေးဆရာတို့သည်-
[၂၆၂] “ကျားသစ်မည်သည်မှာ ပုန်းအောင်းလျက် သားကောင်တို့ကို ဖမ်းယူသကဲ့သို့ ထို့အတူပင် အားထုတ်သည့် လုံ့လနှင့် ပြည့်စုံသော ဝိပဿနာရှုသူ ဤဘုရားသားတော်သည် တောသို့ဝင်၍ မြတ်သော အရိယဖိုလ်ကို ယူပေသည်”ဟု မိန့်ဆိုကြပေသည်။
ထို့ကြောင့် ထိုရဟန်း၏ ဘာဝနာအားထုတ်မှု အဟုန်အစွမ်းအား သင့်လျော်သည့် အောင်မြေဖြစ်သော တောကျောင်းကို ပြတော်မူလိုသော မြတ်စွာဘုရားသည် “တောအရပ်သို့ ကပ်၍ဖြစ်စေ”အစရှိသော စကားကို မိန့်တော်မူပေသည်။
၂၁၈။ ထိုစကားရပ်၌ အရညဂတော- ဟူရာတွင် “(အရည) တောဟူသည်မှာ တံခါးခုံမှထွက်၍ အပြင်၌ အလုံးစုံသော ဤအရပ်သည် (အရည)တောမည်၏”ဟူ၍၎င်း၊ “လေးတာဖြင့်
၃၇၁
တာငါးရာ ဝေးကွာသော ကျောင်းသည် အောက်ထစ်ဆုံး (အနီးဆုံး) တောကျောင်းမည်၏”ဟူ၍၎င်း ဤသို့ ပြဆိုသည့် လက္ခဏာရှိသော တောတို့တွင် ဆိတ်ငြိမ်ချမ်းသာရှိသော တစုံတခုသော တောသို့ ကပ်သည်(ဖြစ်၍)။ သစ်ပင်ရင်းသို့ ကပ်၍-ဟူသည်ကား သစ်ပင်၏ အနီး (သစ်ပင်အောက်)သို့ ကပ်သည်(ဖြစ်၍)။ ဆိတ်သောကျောင်းသို့ ကပ်၍-ဟူသည်ကား ဆိတ်ငြိမ်သော လူသူကင်းသော အရပ်သို့ ကပ်သည်(ဖြစ်၍)။ ဆက်ဦးအံ့- ဤအရာ၌ တောအရပ်နှင့် သစ်ပင်ရင်းကို ချန်ထားပြီးလျှင် ကြွင်းသော ခုနစ်ပါးအပြားရှိသော ကျောင်းသို့၁ ကပ်ရောက်သည်ကိုလည်း “လူသူဆိတ်သော ကျောင်းသို့ ကပ်ရောက်သည်”ဟု ဆိုသင့်ပေ၏။
ဤဆိုခဲ့သည့်အတိုင်း ထိုယောဂီရဟန်းအား ဥတုသုံးပါးနှင့် လျော်သည့်ပြင် သလိပ်စသော ဓာတ်သုံးပါး, မောဟစသော စရိုက်သုံးပါးနှင့်လည်း လျော်သည်ဖြစ်၍၂ အာနာပါနဿတိ ဘာဝနာအား
၁- ကြွင်းသော ကျောင်း(၇)ခု ဟူသည်မှာ (၁) တောင်၊ (၂) တောင်ချောက်၊ (၃) တောင်ခေါင်းလိုဏ်ဂူ၊ (၄) သုသာန်၊ (၅) တောအုပ်၊ (၆) အမိုးမရှိသော ဟင်းလင်းပြင်၊ (၇) ကောက်ရိုးပုံ၊ ဤ(၇)ခုပင် ဖြစ်သည်။
၂- နွေဥတု၌ တောသည် လျော်၏၊ ဆောင်းဥတု၌ သစ်ပင်ရင်းသည် လျော်၏၊ မိုးဥတု၌ လူသူဆိတ်သော ကျောင်းသည် လျော်၏။ သလိပ်ဓာတ် များသူအား တောသည် လျော်၏၊ သည်းခြေဓာတ် များသူအား သစ်ပင်ရင်းသည် လျော်၏၊ လေဓာတ် များသူအား လူသူဆိတ်သော ကျောင်းသည် လျော်၏။ မောဟစရိုက်ရှိသူအား တောသည် လျော်၏၊ ဒေါသစရိုက်ရှိသူအား သစ်ပင်ရင်းသည် လျော်၏။ ရာဂစရိုက်ရှိသူအား လူသူဆိတ်သော ကျောင်းသည် လျော်၏။ (ဋီကာ)
၃၇၂
လျော်သော (တော အစရှိသော)ကျောင်းကို ညွှန်ပြပြီးလျှင် မတွန့်ဆုတ်ခြင်း မပျံ့လွင့်ခြင်း အဖို့ရှိသော ငြိမ်သက်သော ဣရိယာပုထ်ကို ညွှန်ပြတော်မူလိုသောကြောင့် “ထိုင်နေ၏”ဟု မိန့်တော်မူပေသည်။ ထို့နောင် ထိုယောဂီအား ထိုင်ခြင်းဣရိယာပုထ်၏ ခိုင်မြဲခြင်းကို၎င်း၊ ဝင်လေ ထွက်လေတို့ကို ဖြစ်စေရန် ချမ်းသာလွယ်ကူခြင်းကို၎င်း၊ အာရုံသိမ်းဆည်းကြောင်း နည်းကို၎င်း ပြတော်မူလိုသည်ဖြစ်၍ “ထက်ဝယ်ဖွဲ့ခွေကာ” စသည်ကို မိန့်တော်မူလေသည်။ ထိုစကားရပ်၌ (ပလ္လင်္ကံ) ထက်ဝယ်ဟူသည်ကား ထက်ဝန်းကျင်မှ ပေါင်တို့ကို ဖွဲ့ယှက်၍ ထိုင်ခြင်းပေတည်း။ (အာဘုဇိတွာ) ဖွဲ့ခွေ၍ဟူသည်ကား ဖွဲ့၍၁။ ဥဇုံ ကာယံ ပဏိဓာယ-ဟူသည်ကား အထက်ပိုင်းကိုယ်ကို ဖြောင့်စွာထား၍။ တဆဲ့ရှစ်ခုသော ကျောက်ဆူးရိုးတို့ကို အစွန်းအချင်းချင်း တည့်တည့်မတ်မတ် ဖြစ်စေ၍(ဟု ဆိုလို၏)။ အကျိုးကား- ဤသို့ အထက်ပိုင်းကိုယ်ကို ဖြောင့်မတ်စွာထား၍ ထိုင်နေသော ယောဂီအား အရေ အသား အကြောတို့သည် ညွတ်မကျကုန်၊ ထိုအခါ ယောဂီအား ထိုအရေ အသား အကြောတို့၏ ညွတ်ကျခြင်းကြောင့် ခဏတိုင်း ခဏတိုင်း ဖြစ်နိုင်ကုန်သော ဒုက္ခဝေဒနာတို့သည် မဖြစ်ပေါ်လာကုန်၊ ထိုဒုက္ခဝေဒနာတို့ မဖြစ်ပေါ်ကုန်လတ်သော် စိတ်သည် တအာရုံတည်းရှိလျက် တည်ကြည်၏။ ကမ္မဋ္ဌာန်းသည် မကျပေ၊ ကြီးပွါးခြင်းသို့ ရောက်ပေ၏။ ပရိမုခံ သတိံ ဥပဋ္ဌပေတွာ- ဟူသည်ကား
၁- ဤသို့သော သဒ္ဒါနက်အဖွင့်များသည် ပါဠိကျမ်း၌သာ အကျိုးများသည်။ မြန်မာပြန်၌ကား အကျိုးမများပေ၊ သို့သော် ပြည့်စုံစေရန် ဤ၌ ဖော်ပြသည်။
၃၇၃
ကမ္မဋ္ဌာန်းအာရုံဆီသို့ ရှေးရှု သတိကိုထား၍ (ဖြစ်စေ၍) တနည်းကား ပရိ-သည် သိမ်းဆည်းခြင်းအနက် ရှိ၏၊ မုခံ-သည် ထွက်သွားခြင်း အနက်ရှိ၏၊ သတိ-သည် ထင်ခြင်း အနက်ရှိ၏၊ ထို့ကြောင့် “ပရိမုခံ သတိံ”ဟု ဆိုပေသည်ဟူ၍ ဤသို့ ပဋိသမ္ဘိဒါမဂ်၌ ဟောထားသော နည်းဖြင့်လည်း ဤအရာ၌ အနက်ကို မှတ်အပ်ပေ၏။ ထိုပဋိသမ္ဘိဒါမဂ်အဖွင့်၌ ဤကား အကျဉ်းချုပ် အနက်ပေတည်း- ထက်ဝန်းကျင် ယူအပ်-သိအပ်သဖြင့် ဆန့်ကျင်ဘက်မှ ထွက်သွား- လွတ်မြောက်သော သတိကို ပြု၍-ဖြစ်စေ၍၊ ဤကား အကျဉ်းချုပ်ပေတည်း၁။
[၂၆၃] ၂၁၉။ သော သတောဝ အဿသတိ သတော ပဿသတိ (ထိုရဟန်းသည် အမှတ်ရလျက်သာလျှင် ဝင်သက်ရှူ၏၊ အမှတ်ရလျက်သာလျှင် ထွက်သက်ရှူ၏) ဟူသည်ကား ထိုရဟန်းသည် ဤဆိုခဲ့သည့်အတိုင်း ထိုင်ပြီးလျှင် ဤဆိုခဲ့သည့်အတိုင်း သတိကို ဖြစ်စေပြီးလျှင် ထိုသတိကို မစွန့်မူ၍ အမှတ်ရလျက်သာလျှင် ဝင်သက် ရှူ၏၊ အမှတ်ရလျက်သာလျှင် ထွက်သက် ရှူ၏၊ အမှတ်ရလျက် ပြုလေ့ရှိသည်ဟု ဆိုလို၏။ ယခုအခါ အကြင် အခြင်းအရာတို့ဖြင့် အမှတ်ရလျက် ပြုလေ့ရှိ၏၊ ထိုအခြင်းအရာတို့ကို ပြခြင်းငှါ ဒီဃံ ဝါ အဿသန္တော (ရှည်စွာ ရှူသွင်းလျှင်လည်း) စသည်ကို ဟောတော်မူလေသည်။ ထို့ကြောင့် ပဋိသမ္ဘိဒါမဂ်၌ “သော သတောဝ အဿသတိ သတော ပဿသတိ”ဟူသော ဤအကျဉ်းချုပ် စကား၏ပင်လျှင်
၁- ဤတပိုဒ်လုံး၌ သဒ္ဒါအနက်ဖွင့် ဟူသမျှသည် မြန်မာပြန်၌ အကျိုးမများ၊ သို့သော် ပြည့်စုံစေရန် ဖော်ပြထားသည်။ ထို့ကြောင့် ပါဠိမတတ်သော သူတို့သည် ထိုအဖွင့်များနှင့်စပ်၍ အချိန်ကုန်ခံကာ စဉ်းစားမနေရာ။
၃၇၄
အကျယ်ဝေဘန်ချက်ဝယ် အောက်ပါစကားကို ဟောတော်မူပေသည်။
၃၂-ပါးသော အခြင်းအရာတို့ဖြင့် အမှတ်ရလျက် ပြုလေ့ရှိ၏၊ ရှည်စွာ(ဟု ဟောထားသော) ဝင်လေ၏ အစွမ်းအားဖြင့်၁ စိတ်၏ တအာရုံတည်းရှိခြင်း မပျံ့လွင့်ခြင်းကို သိသောသူအား အမှတ်ရမှုသတိသည် ထင်၏၊ ထိုအမှတ်ရမှု သတိဖြင့် ထိုသိမှု-ဉာဏ်ဖြင့် အမှတ်ရလျက် ပြုလေ့ရှိ၏ (၁)။ ရှည်စွာ(ဟု ဟောထားသော) ထွက်လေ၏ အစွမ်းအားဖြင့်..(၂)။ တိုစွာ(ဟု ဟောထားသော) ဝင်လေ၏ အစွမ်းအားဖြင့်..(၃)။ တိုစွာ(ဟု ဟောထားသော) ထွက်လေ၏ အစွမ်းအားဖြင့်..(၄)။ အလုံးစုံသော ဝင်လေအပေါင်းကို သိလျက်(ဟု ဟောထားသော) ဝင်လေ၏ အစွမ်းအားဖြင့်..(၅)၊ အလုံးစုံသော ထွက်လေအပေါင်းကို သိလျက်(ဟု ဟောထားသော) ထွက်လေ၏ အစွမ်းအားဖြင့်..(၆)။ ကာယသင်္ခါရကို ငြိမ်းစေလျက်(ဟု ဟောထားသော) ဝင်လေ၏..(၇)၊ ကာယသင်္ခါရကို ငြိမ်းစေလျက်(ဟု ဟောထားသော) ထွက်လေ၏.(၈)။ ပီတိကို သိလျက်(ဟု ဟောထားသော) ဝင်လေ၏.. (၉)။ ထွက်လေ၏..(၁၀)။ သုခကို သိလျက်(ဟု ဟောထားသော) ဝင်လေ၏..(၁၁)။ ..ထွက်လေ၏..(၁၂)။ စိတ္တသင်္ခါရကို သိလျက်(ဟု ဟောထားသော)
၁- ဒီဃံ အဿာသဝသေန ဟူသည်ကား ဒီဃံဟု ဟောထားသော အဿာသ၏ အစွမ်းအားဖြင့်။ ကြွင်းသော ပုဒ်တို့၌လည်း ဤနည်းပင်။ ဤပဋိသံ-ဋ္ဌ-ပ-၂၈၁နှင့်အညီ ပြန်သည်။
၃၇၅
ဝင်လေ၏...(၁၃)။ ..ထွက်လေ၏..(၁၄)။ စိတ္တသင်္ခါရကို ငြိမ်းစေလျက်(ဟု ဟောထားသော) ဝင်လေ၏..(၁၅)။ ..ထွက်လေ၏..(၁၆)။ စိတ်ကို သိလျက်(ဟု ဟောထားသော) ဝင်လေ၏..(၁၇)။ ..ထွက်လေ၏..(၁၈)။ စိတ်ကို ဝမ်းမြောက်စေလျက်(ဟု ဟောထားသော) ဝင်လေ၏..(၁၉)။ ထွက်လေ၏..(၂၀)။ စိတ်ကို ကောင်းစွာထားလျက်(ဟု ဟောထားသော) ဝင်လေ..(၂၁)။ ..ထွက်လေ၏..(၂၂)။ စိတ်ကို လွတ်စေလျက်(ဟု ဟောထားသော) ဝင်လေ၏..(၂၃)။ ..ထွက်လေ၏..(၂၄)၊ မမြဲဟု ရှုလျက်(ဟု ဟောထားသော) ဝင်လေ၏..(၂၅)။ ..ထွက်လေ၏..(၂၆)။ ဝိရာဂကို ရှုလျက်(ဟု ဟောထားသော) ဝင်လေ၏..(၂၇)။ ..ထွက်လေ၏..(၂၈)။ နိရောဓကို ရှုလျက်(ဟု ဟောထားသော) ဝင်လေ၏..(၂၉)။ ..ထွက်လေ၏..(၃ဝ)။ ပဋိနိဿဂ္ဂကို ရှုလျက်(ဟု ဟောထားသော) ဝင်လေ၏ အစွမ်းဖြင့်..(၃၁)။ ပဋိနိဿဂ္ဂကို ရှုလျက်(ဟု ဟောထားသော) ထွက်လေ၏ အစွမ်းအားဖြင့် စိတ်၏ တအာရုံတည်းရှိခြင်း မပျံ့လွင့်ခြင်းကို သိသောသူအား အမှတ်ရမူ-သတိသည် ထင်၏။ ထိုအမှတ်ရမှု-သတိဖြင့် ထိုသိမှုဉာဏ်ဖြင့် အမှတ်ရလျက် ပြုလေ့ရှိ၏ (၃၂)။” (ပဋိသမ္ဘိဒါမဂ်ပါဠိ၏ မြန်မာပြန်)
(ဒီဃံ ဝါ အဿသန္တော- အစရှိသော) ထိုစကားရပ်၌ ဒီဃံ ဝါ အဿသန္တော- ဟူသည်ကား ရှည်သော ဝင်လေကို ဖြစ်စေလျှင်မူလည်း(ဟု ဆိုလို၏)။ “အဿာသ-ဟူသည်ကား အပြင်သို့ထွက်သောလေ၊ ပဿာသ-ဟူသည်ကား အတွင်းသို့ ဝင်သောလေ”ဟူ၍ ဝိနည်းအဋ္ဌကထာ၌
၃၇၆
ဖွင့်ဆိုထားသည်။ သုတ္တန်အဋ္ဌကထာတို့၌မူကား (အဿာသ-ဝင်လေ၊ ပဿာသ-ထွက်လေ-ဟု) ပြောင်းပြန် ဖွင့်ပြထားသည်၁။ ထိုတွင် အမိဝမ်းတွင်း၌ ကိန်းအောင်း၍ ဖွားမြင်သော (ဂဗ္ဗသေယျက)သတ္တဝါ အားလုံးတို့၏လည်း အမိ၏ဝမ်းမှ ထွက်သောအခါ ရှေးဦးစွာ အတွင်းမှလေသည် အပြင်သို့ ထွက်၏၊ နောက်မှ အပြင်ကလေသည် သိမ်မွေ့သော မြူမှုန်ကိုယူကာ အတွင်းသို့ဝင်လျက် အာစောက်သို့ ထိဆိုက်၍ ငြိမ်း၏၊ ဤသို့ ထွက်လေ ၀င်လေတို့ကို ရှေးဦးစွာ ဖြစ်ပုံအားဖြင့် သိအပ်ကုန်၏။
ထိုမှတပါး ထိုဝင်လေ ထွက်လေတို့၏ ရှည်ခြင်း တိုခြင်းကို ကာလအဓွန့်၏ အစွမ်းအားဖြင့် သိအပ်၏။ ဥပမာတင်၍ ထင်စွာပြအံ့- တည်ရာဟူသော (အရှည် အတို)အဓွန့်ကို ပြန့်လျက်တည်သော ရေကိုဖြစ်စေ၊ သဲကိုဖြစ်စေ “ရှည်သောရေ ရှည်သောသဲ, တိုသောရေ တိုသောသဲ” ဟု ဆိုရသကဲ့သို့ ထို့အတူပင် ဝင်လေ ထွက်လေတို့သည် အမှုန့်အမှုန့် အသေးအမွှားကလေးများ ဖြစ်ကြသော်လည်း ဆင် မြွေတို့၏ ကိုယ်ထဲ၌(ဖြစ်ကြလျှင်) ယင်း ဆင် မြွေတို့၏ ကိုယ်ဟုဆိုအပ်သော ရှည်သော အဓွန့်အရပ်ကို ဖြည်းဖြည်း ပြည့်စေလျက် ဖြည်းဖြည်းပင်လျှင် ထွက်ကုန်၏၊ ထို့ကြောင့် ရှည်ကြသည်ဟူ၍ ဆိုအပ်ကုန်၏၊ ခွေး ယုန် စသည်တို့၏ ကိုယ်ဟုဆိုအပ်သော တိုသော အဓွန့်အရပ်ကို လျင်စွာ ပြည့်စေ၍ လျင်စွာပင်လျှင် ထွက်ကုန်၏၊ ထို့ကြောင့် တိုကြသည်ဟူ၍ ဆိုအပ်ကုန်၏။ လူတို့တွင်မူကား
မှက်ချက်
၁- နားလည်လွယ်စေရန် ပရိယာယ်တပါးဖြင့် လဲ၍ ပြန်ထားသည်။
၃၇၇
အချို့က၁ ဆင် မြွေ စသည်တို့ကဲ့သို့ ရှည်သော ကာလအဓွန့်၏ အစွမ်းအားဖြင့် ရှည်စွာ ရှူသွင်းကုန်၏ ရှူထုတ်ကုန်၏၊ အချိုက၁ ခွေး ယုန် စသည်တို့ကဲ့သို့ တိုသော ကာလအဓွန့်၏ အစွမ်းအားဖြင့် တိုစွာ ရှူသွင်းကုန်၏ ရှူထုတ်ကုန်၏၊ ထို့ကြောင့် ထိုလူတို့၏၂ ကာလ၏ အစွမ်းအားဖြင့် [၂၆၄] ရှည်သော အဓွန့်ပတ်လုံး၃ ထွက်ကုန်-ဝင်ကုန်သော ထိုရှူရှိုက်လေတို့ကို၄ ရှည်သည်၍၎င်း၊ တိုသော အဓွန့်ပတ်လုံး ထွက်ကုန်-ဝင်ကုန်သော ထိုရှူရှိုက်လေကို့ကို၄ တိုသည်ဟူ၍၎င်း သိအပ်ကုန်၏။
(ရှည်စွာ ရှူသွင်းသည် ရှူထုတ်သည်ဟု သိ၏ဟူသော) ထိုစကားရပ်၌ ဤယောဂီရဟန်းသည် ကိုးပါးသော အခြင်းအရာတို့ဖြင့်
၁- ပါဠိ၌ ဗဟုဝုစ်ဖြင့် ဆိုထားသော်လည်း မြန်မာစကား ချောစေရန် တို့-မပါပဲ ပြန်ထားသည်။ နောက်၌လည်း အလားတူပုဒ်များကို နည်းတူပင် မှတ်ပါ။
၂- ဆင် မြွေ စသည်တို့နှင့် ခွေး ယုန် စသော သတ္တဝါတို့၏ ရှူရှိုက်လေများကို ရှေဝါကျများ၌ပင် အပြည့်အစုံ ပြခဲ့ပြီးဖြစ်သောကြောင့် ဤအရာ၌ လူတို့၏ ရှူရှိုက်လေကိုသာ ပြရန်လိုပေသည်၊ ထို့ကြောင့် နေသံ-ပုဒ်ကို ထိုလူတို့၏ဟု ပြန်သည်၊ ၎င်းကို ထိုလူတို့၏.. ထိုရှူရှိုက်လေတို့ကို-ဟု စပ်ပါ။ ဋီကာ၌ကား ထိုသတ္တဝါတို့၏-ဟု အနက်ဖော်ထားသည်။
၃- ကာလ၏ အစွမ်းအားဖြင့် ရှည်သော အဓွန့်ပတ်လုံး-ဟူရာ၌ မြန်မာအချောအားဖြင့် ရှည်သော ကာလပတ်လုံး ဟူ၍သော်၎င်း၊ ရှည်သောကာလ၌ ဟူ၍သော်၎င်း ဆိုလို၏။
၄- ထိုရှူရှိုက်လေတို့ကို.. သိအပ်ကုန်၏-ဟု စပ်ပါ။
၃၇၈
ရှည်စွာ ရှူသွင်းလျက်၎င်း၊ ရှူထုတ်လျက်၎င်း “ရှည်စွာ ရှူသွင်းသည်, ရှူထုတ်သည်”ဟု သိ၏။ ဤသို့ သိလျှင် ထိုယောဂီအား (အခြင်းအရာ ကိုးပါးတို့တွင် တပါးသော အခြင်းအရာအားဖြင့်) ကာယာနုပဿနာသတိပဋ္ဌာန် ဘာဝနာသည် ပြည့်စုံသည်ဟူ၍ သိအပ်ပေ၏။ ဤအဆိုနှင့်အညီ ပဋိသမ္ဘိဒါမဂ်ပါဠိ၌ ဟောတော်မူထားသည်မှာ-
“အဘယ်သို့ ရှည်စွာ ရှူသွင်းလျှင် ရှည်စွာရှူသွင်းသည်ဟု သိသနည်း၊ ရှည်စွာ ရှူထုတ်လျှင် ရှည်စွာရှူထုတ်သည်ဟု သိသနည်း။ ရှည်သော ဝင်လေကို အရှည်ဟုဆိုအပ်သော ကာလ၌ ရှူသွင်း၏၊ ရှည်သော ထွက်လေကို အရှည်ဟုဆိုအပ်သော ကာလ၌ ရှူထုတ်၏၊ ရှည်သော ဝင်လေ ထွက်လေကို အရှည်ဟုဆိုအပ်သော ကာလ၌ ရှူ၍လည်း သွင်း၏ ရှူ၍လည်း ထုတ်၏။ ရှည်သော ဝင်လေ ထွက်လေကို အရှည်ဟုဆိုအပ်သော ကာလ၌ ရှူသွင်းစဉ်လည်း ရှူထုတ်စဉ်လည်း (တိုး၍ အားထုတ်လိုသော) ဆန္ဒသည် ဖြစ်ပေါ်၏၁၊ ဆန္ဒ၏ အစွမ်းအားဖြင့် ထို့ထက်သာ၍ သိမ်မွေ့သော ရှည်သော ဝင်လေကို ။ပ။ ရှည်သော ထွက်လေကို ။ပ။ ရှည်သော ဝင်လေ ထွက်လေကို အရှည်ဟုဆိုအပ်သော ကာလ၌
၁- ဆန္ဒသည် ဖြစ်ပေါ်၏-ဟူသည်ကား ဘာဝနာသည် ရှေးကာလမှ နောက်ကာလ၌ ထူးခြားသည်ကို ဆောင်လတ်သော် (ဝါ-ထူးထူးခြားခြား ဖြစ်လတ်သော်) သာယာဖွယ်ကို ရသောကြောင့် ထိုဘာဝနာအလုပ်၌ ပြုလိုခြင်း လက္ခဏာရှိသော ကုသိုလ်ဆန္ဒသည် လွန်ကဲထက်သန်စွာ ဖြစ်၏။ (ဋီကာ) ထိုသို့သော ဆန္ဒသည် ရှူသွင်းစဉ်မှာရော ရှူထုတ်စဉ်မှာရော ဖြစ်ပေါ်သည်ဟု ဆိုလို၏။
၃၇၉
ရှူ၍လည်း သွင်း၏ ရှူ၍လည်း ထုတ်၏။ ဆန္ဒ၏ အစွမ်းအားဖြင့် ထို့ထက်သာ၍ သိမ်မွေ့သော ရှည်သော ဝင်လေ ထွက်လေကို အရှည်ဟုဆိုအပ်သော ကာလ၌ ရှူသွင်းစဉ်လည်း ရှူထုတ်စဉ်လည်း ပါမောဇ္ဇ(ဟု ဆိုအပ်သော နုသော ပီတိ)သည် ဖြစ်ပေါ်၏၊ ပါမောဇ္ဇ၏ အစွမ်းအားဖြင့် ထို့ထက်သာ၍ သိမ်မွေ့သော ရှည်သော ဝင်လေ ။ပ။ ရှည်သော ထွက်လေကို ။ပ။ ရှည်သော ဝင်လေ ထွက်လေကို အရှည်ဟုဆိုအပ်သော ကာလ၌ ရှူ၍လည်း သွင်း၏ ရှူ၍လည်း ထုတ်၏။ ပါမောဇ္ဇ၏ အစွမ်းအားဖြင့် ထို့ထက်သာ၍ သိမ်မွေ့သော ရှည်သော ဝင်လေ ထွက်လေကို အရှည်ဟုဆိုအပ်သော ကာလ၌ ရှူသွင်းစဉ်လည်း ရှူထုတ်စဉ်လည်း ရှည်စွာ(ဟု ဟောထားသော) ပကတိ ဝင်လေ ထွက်လေမှ (ဘာဝနာ)စိတ်သည် နစ်၏၁၊ လျစ်လျူရှုမှု- ဥပေက္ခာသည်
၁- တတော သုခုမတရံ- ဟူသည်ကား ဆိုခဲ့တိုင်းသော ဆန္ဒ၏ ဖြစ်ခြင်းကြောင့် ရှေး ဝင်လေ ထွက်လေထက် သာ၍ သိမ်မွေ့သော (ဝင်လေ ထွက်လေကို)။ မှန်ပေ၏- ဘာဝနာ၏ အားစွမ်းကြောင့် ကိုယ်မှာ ပူပန်မှု ပူလောင်မှု ငြိမ်းလတ်သော် ဝင်လေ ထွက်လေတို့သည် သာ၍ သိမ်မွေ့ကုန်လျက် ဖြစ်ကုန်၏။ ပါမောဇ္ဇဖြစ်ပေါ်၏- ဟူသည်ကား ဝင်လေ ထွက်လေတို့၏ သာ၍ သိမ်မွေ့သည်၏အဖြစ်ဖြင့် အာရုံ၏ သာ၍ ငြိမ်သက်ခြင်းကြောင့်၎င်း၊ နှလုံးသွင်းမှုဟူသော ကမ္မဋ္ဌာန်း၏ လမ်းမှန်သွားခြင်းကြောင့်၎င်း ဘာဝနာစိတ်နှင့် တကွဖြစ်သာ ဝမ်းမြောက်ခြင်းဟူသော ခုဒ္ဒိကာပီတိ စသည် အပြားရှိသော နုသော ပီတိသည် ဖြစ်ပေါ်၏။ စိတ်သည် နစ်၏-ဟူသည်ကား အစဉ်အတိုင်း ဝင်လေ ထွက်လေတို့၏ အလွန့်အလွန် သိမ်မွေ့ခြင်းသို့ ရောက်လတ်သော်
၃၈၀
ကောင်းစွာ တည်၏၁။ ဤကိုးပါးသော အခြင်းအရာတို့ဖြင့် ရှည်စွာ(ဟု ဟောထားသော) ဝင်လေ ထွက်လေတို့သည် ကာယပေတည်း၊ ထင်ခြင်း-အမှတ်ရခြင်းသည် သတိပေတည်း၊ ရှုခြင်းသည် ဉာဏ်ပေတည်း။ ကာယသည် သတိ၏ ထင်ရာဖြစ်သောကြောင့် ဥပဋ္ဌာနသာ မည်၏၊ (အမှတ်ရမှု မဟုတ်သောကြောင့်) သတိကား မမည်။ သတိသည်ကား ထင်တတ်- အမှတ်ရတတ်သောကြောင့် ဥပဋ္ဌာနလည်းမည်၏ သတိလည်းမည်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုဝင်လေထွက်လေအပေါင်း ကာယကို အဖန်ဖန်ရှု၏။ ထို့ကြောင့် ကာယ၌ ကာယကိုရှုသော (ဝါ- ကာယဟုရှုသော) သတိပဋ္ဌာန်ဘာဝနာဟု ဆိုအပ်ပေသည်” ဟူ၍ပေတည်း။ (ဤကား ပဋိသမ္ဘိဒါမဂ်ပေတည်း။)
မထင်ခြင်းကြောင့် ရှိ-မရှိ စူးစမ်းဆင်ခြင်အပ်သည့် အခြေအနေသို့ ရောက်ကုန်သော ဝင်လေ ထွက်လတို့မှ စိတ်သည် ဆုတ်နစ်၏ဟု အချို့က ဖွင့်ဆိုကြ၏။ စင်စစ်သော်ကား ဘာဝနာ၏ အားအစွမ်းကြောင့် ဝင်လေထွက်လေတို့သည် သာ၍ သိမ်မွေ့ခြင်းသို့ ရောက်ကုန်လတ်သော် ထိုဝင်လေထွက်လေတို့၌ ပဋိဘာဂနိမိတ်သည် ဖြစ်၏၊ ထိုအခါ ပကတိ ဝင်လေထွက်လေမှ (ဘာဝနာ)စိတ်သည် နစ်၏။ (ဋီကာ)
၁– ဥပေက္ခာသည် ကောင်းစွာ တည်၏- ဟူသည်ကား ထိုပဋိဘာဂနိမိတ်၌ ဥပစာရ အပ္ပနာ အပြားရှိသော သမာဓိ ဖြစ်ပြီးလတ်သော် တဖန် ဈာန်ဖြစ်စေရန် ကြောင့်ကြဖွယ် မရှိခြင်းကြောင့် လျစ်လျူရှုခြင်း ဖြစ်ပေသည်၊ ထိုလျစ်လျူရှုသော ဤဥပေက္ခာသည် တတြမဇ္ဈတ္တုပေက္ခာပင်ဟူ၍ သိအပ်၏။ (ဋီကာ)
၃၈၁
[၂၆၅] တိုစွာ-ဟူသော ပုဒ်၌လည်း ဤနည်းပင်တည်း။ ဤသည်ကား အထူးပေတည်း၊ ယခုပြခဲ့သော ဝါရ၌ “ရှည်သော ဝင်လေကို အရှည်ဟုဆိုအပ်သော ကာလ၌”ဟု ဆိုထားသကဲ့သို့ ထို့အတူ ဤအတိုဝါရ၌ “တိုသော ဝင်လေကို အတိုဟုဆိုအပ်သော ကာလ၌ ရှူသွင်း၏”ဟု လာ၏၁။ ထို့ကြောင့် “ထို့ကြောင့် ကာယ၌ ကာယဟုရှုသော သတိပဋ္ဌာန်ဘာဝနာဟု ဆိုအပ်ပေသည်”ဟူသော နိဂုံးစကားတိုင်အောင် တိုသည်-အတို-ဟူသော ပုဒ်၏ အစွမ်းအားဖြင့် (လဲလှယ်၍) ယှဉ်စေအပ်၏။
ယခု ပြဆိုခဲ့သည့်အတိုင်း ရှည်သောအဓွန့်၏ အစွမ်းအားဖြင့်၎င်း၂၊ တိုသောကာလ၏ အစွမ်းအားဖြင့်၎င်း ဤ၉-ပါးသော အခြင်းအရာတို့ဖြင့် ဝင်လေထွက်လေတို့ကို သိသော ဤယောဂီကို “ရှည်စွာ ရှူသွင်းလျှင်လည်း ရှည်စွာ ရှူသွင်းသည်ဟု သိသည်၊ ရှည်စွာ ရှူထုတ်လျှင်လည်း ။ပ။ တိုစွာ ရှူသွင်းလျှင်လည်း ။ပ။ တိုစွာ ရှူထုတ်လျှင်လည်း တိုစွာ ရှူထုတ်သည်ဟု သိသည်”ဟူ၍ မှတ်ယူအပ်ပေသည်၃။ ဤဆိုခဲ့သည့်အတိုင်းသိသော-
ထိုရဟန်း၏ ရှည်သော တိုသော ဝင်လ၂-ခုတို့နှင့် ထိုသို့သော အရှည်အတို ထွက်လေ၂-ခုဟူသော လေးမျိုးသော
၁- ဆိုထားသည်ဟူ၍ပင် ဆိုလို၏။
၂- အဒ္ဓါန-ပုဒ်ကို ရှည်သော အဓွန့်ဟု ပြန်သည်၊ ရှည်သောကာလ-ဟူ၍ပင် ဆိုလို၏။
၃- ဝေဒိတဗ္ဗော- သိအပ်၏-ဟု ပြန်သင့်သော်လည်း သိသည်-သိသော-ဟူသော ရှေးနောက်စကားများနှင့် မရောနှောစေရန် မှတ်ယူအပ်ပေသည်-ဟု လဲလှယ်၍ ပြန်ထားသည်။
၃၈၂
လေတို့သည် နှာသီးဖျား၌မူလည်း ဖြစ်လျက်(ထင်လျက်) ရှိကုန်၏ (အထက်နှုတ်ခမ်း၌မူလည်း ထင်လျက် ရှိကုန်၏)၁။
၂၂၀။ သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ ။ပ။ ပဿသိဿာမီတိ သိက္ခတိ-ဟူရာ၌ အနက်ကား အလုံးစုံသော ဝင်လေအပေါင်း၏ အစ အလယ် အဆုံးကို သိအောင် ထင်ရှားအောင်ပြုလျက် (ဝါ-ထင်ရှားစေလျက်- ထင်ရှားသိလျက်) ရှူသွင်းအံ့ဟု လေ့ကျင့်၏။ အလုံးစုံသော ထွက်လေအပေါင်း၏ အစ အလယ် အဆုံးကို သိအောင် ထင်ရှားအောင်ပြုလျက် ရှူထုတ်အံ့ဟု လေ့ကျင့်၏။ ဤသို့ သိအောင် ထင်ရှားအောင်ပြုလျက် ဉာဏ်နှင့်ယှဉ်သော စိတ်ဖြင့် ရှူ၍လည်း သွင်း၏ ရှူ၍လည်း ထုတ်၏။ ထို့ကြောင့် “ရှူသွင်းအံ့ ရှူထုတ်အံ့ဟု လေ့ကျင့်သည်”ဟူ၍ ဆိုအပ်ပေသည်။ မှန်ပေ၏- တပါးသော ရဟန်းအား (များစွာသော ကလာပ်အပေါင်းဖြစ်၍) အမှုန်အမွှား ရုပ်အပေါင်းဖြင့်ပြန့်သော ဝင်လေအပေါင်း၌သော်၎င်း ထွက်လေအပေါင်း၌သော်၎င်း အစသာ ထင်ရှား၏၊
၁- ဂါထာဖွဲ့ရာ၌ လွယ်ကူစေရန် ဝါ-ကို ဝ-ဟု ရဿပြု၍ ဆိုထားသည်။ နာသိကဂ္ဂေ ဝ-၌ ဝါသဒ္ဒါသည် ကိန်းသေမမှတ်ခြင်းဟူသော အနိယမအနက်ရှိ၏၊ ထိုဝါ-သဒ္ဒါဖြင့် အထက်နှုတ်ခမ်းကို သိမ်းယူ၏။ (ဋီကာ) ဤပါဠိ အဋ္ဌကထာ ဋီကာတို့၌ နှာသီးဖျား အထက်နှုတ်ခမ်းတို့၌သာ ရှုရန် ညွှန်ပြခြင်းမှာ သမထ သမာဓိအတွက်သာ ဖြစ်သည်။ မှန်၏- သမထ သမာဓိသည် တနေရာတည်း၌ စူးစိုက်၍ ရှုနေပါမှ ဖြစ်ပေါ်နိုင်ပေသည်။ ဝိပဿနာအရာ၌မူကား ဥဒ္ဓင်္ဂမစသော အခြားလေများကို နေရာမရွေး ရှုကောင်းသကဲ့သို့ ဤဝင်လေထွက်လေကိုလည်း နေရာမရွေးပင် ရှုကောင်းကြောင်း အထူး သတိပြုအပ်၏။
၃၈၃
အလယ်နှင့် အဆုံးသည် မထင်ရှား၊ ထိုရဟန်းသည် အစကိုသာ သိမ်းဆည်း ရှုမှတ်ခြင်းငှါ စွမ်းနိုင်၏၊ အလယ်နှင့် အဆုံး၌ ပင်ပန်း၏။ (အခြား) ရဟန်းတပါးအား အလယ်သာ ထင်ရှား၏၊ အစနှင့် အဆုံးသည် မထင်ရှား၊ (အခြား) ရဟန်းတပါးအား အဆုံးသာ ထင်ရှား၏။ အစနှင့် အလယ်သည် မထင်ရှား၊ ထိုရဟန်းသည် အဆုံးကိုသာလျှင် သိမ်းဆည်း ရှုမှတ်ခြင်းငှါ စွမ်းနိုင်၏။ အစနှင့် အလယ်၌ပင် ပန်း၏။ (အခြား) ရဟန်းတပါးအား အလုံးစုံပင် ထင်ရှား၏။ ထိုရဟန်းသည် အလုံးစုံကိုပင် သိမ်းဆည်း ရှုမှတ်ခြင်းငှါ စွမ်းနိုင်၏၊ တစုံတရာ၌မျှ မပင်ပန်း၊ ထိုသို့သောပုဂ္ဂိုလ် ဖြစ်သင့်သည်ဟု ပြတော်မူလိုသောကြောင့် “အလုံးစုံသော ဝင်လေအပေါင်းကို သိလျက် ရှူသွင်းအံ့ဟု ။ပ။ ရှူထုတ်အံ့ဟု လေ့ကျင့်၏”ဟူ၍ ဟောတော်မူလေသည်။
[၂၆၆] ထိုစကားထဲ၌ သိက္ခတိ- (လေ့ကျင့်၏)ဟူသည်ကား (အလုံးစုံသော ဝင်လေထွက်လေအပေါင်းကို သိလျက် ရှူသွင်းအံ့ ရှူထုတ်အံ့ဟူသော) ဤအခြင်းအရာအားဖြင့် အားထုတ်၏ လုံ့လပြု၏။ တနည်းကား ထိုသို့ (ဝင်လေ ထွက်လေအပေါင်း၏ အစ အလယ် အဆုံးကို သိအောင်ရှုနေခြင်း) သဘောရှိသော ရဟန်း၏ အကြင် သတိသံဝရ ဝီရိယသံဝရသည် ရှိ၏၊ ဤသံဝရသည် ထိုသုံးပါးသော သိက္ခာတို့တွင် အဓိသီလသိက္ခာပေတည်း၊ ထိုသို့ သဘောရှိသော ရဟန်း၏ အကြင် စိတ်ကို ကောင်းစွာထားခြင်း- စိတ်တည်ကြည်ခြင်းဟူသော သမာဓိသည် ရှိ၏၊ ဤသမာဓိသည် အဓိစိတ္တသိက္ခာပေတည်း။ ထိုသို့ သဘောရှိသော ရဟန်း၏ အကြင် ပညာသည် ရှိ၏၊ ဤပညာသည် အဓိပညာသိက္ခာပေတည်း၊ ဤသို့အားဖြင့် သုံးပါးသော သိက္ခာတို့ကို ထိုဝင်လေ ထွက်လေအာရုံ၌ ထိုသတိဖြင့်
၃၈၄
ထိုနှလုံးသွင်းခြင်းဖြင့် လေ့ကျင့်၏ မှီဝဲ၏ ပွါးစေ၏ အကြိမ်များစွာ ပြု၏-ဟူ၍ ဤသို့သောအနက်ကို ဤ“သိက္ခတိ- လေ့ကျင့်၏”ဟူသော ပုဒ်၌ မှတ်အပ်ပေသည်။
(တည်ရာ ၁၆-ပါးရှိသော) ထိုဘာဝနာနည်းတို့တွင် (ရှူသွင်းသည်ဟု သိ၏၊ ရှူထုတ်သည်ဟု သိ၏-ဟု အရှည်အတိုနှင့်စပ်၍ ဟောထားသော) ရှေးနည်း၂-ပါး၌ သက်သက် ရှူသွင်းအပ်သည်သာလျှင် ရှူထုတ်အပ်သည်သာလျှင် ဖြစ်ပေသည်။ အခြားတပါးသော ပြုဖွယ် တစုံတခုမျှ မရှိပေ၁။ ဤတတိယနည်းမှ စ၍မူကား ဉာဏ်ကိုဖြစ်စေခြင်း စသည်တို့၌ အားထုတ်ခြင်းကို ပြုအပ်၏၊ ထို့ကြောင့် ထိုအရှည်+အတိုနှင့်စပ်၍ ဟောထားသော ပဌမ ဒုတိယနည်း ၂-ပါး၌ ရှူသွင်းသည်ဟု သိ၏၊ ရှူထုတ်သည်ဟု သိ၏”ဟူ၍သာလျှင် ပစ္စုပ္ပန်ကာလ၏ အစွမ်းအားဖြင့် ဒေသနာအစဉ်ကို ဟောတော်မူပြီးလျှင် ဤတတိယနည်းမှစ၍ ပြုသင့်ပြုထိုက်သော ဉာဏ်ကိုဖြစ်စေခြင်း အစရှိသော အခြင်းအရာကို ပြခြင်းငှါ “အလုံးစုံသော ဝင်လေအပေါင်းကို သိလျက် ရှူသွင်းအံ့” ဤသို့ အစရှိသောနည်းဖြင့်
၁- ဝင်လေ ထွက်လေတို့၏ အရှည်အတိုကို ဟုတ်မှန်စွာ သိခြင်း၏ ရှိခြင်းကြောင့် ထိုရှေးနည်းနှစ်ပါး၌လည်း ဉာဏ်ကို ဖြစ်စေခြင်းကို ရအပ်သည်သာ၊ သို့သော်လည်း ထိုဉာဏ်ကို ဖြစ်စေခြင်းသည် ဖြစ်တိုင်း ဖြစ်တိုင်းကုန်သော ထိုဝင်လေထွက်လေတို့ကို ယူခြင်းမျှ ဖြစ်သောကြောင့် ပြုရန် မခဲယဉ်းလှပေ၊ ထို့ကြောင့် ထိုနည်းနှစ်ပါး၌ ပစ္စုပ္ပန်ကာလနှင့် ယှဉ်ခြင်းကို ပြုထားပေသည်၊ ဤတတိယနည်း စသည်၌ သိခြင်းသည်ကား ခဲယဉ်း၏၊ သင်ဓုန်းသွားရှိသောလမ်း၌ ယောက်ျား၏ သွားရခြင်းနှင့် တူပေ၏။ (ဋီကာ)
၃၈၅
အနာဂတ်ကာလဟော ဝိဘတ်၏ အစွမ်းအားဖြင့် ဒေသနာအစဉ်ကို တင်ထားတော်မူသည်ဟု သိအပ်ပေသည်။
ကာယသင်္ခါရကို ငြိမ်းစေလျက် ရှူသွင်းအံ့ ။ပ။ ရှူထုတ်အံ့ဟု လေ့ကျင့်၏-ဟူရာ၌ အနက်ကား ရုန့်ရင်းသော (ဝင်လေထွက်လေဟူသော) ကာယသင်္ခါရကို ငြိမ်းစေလျက် တဖန်ငြိမ်းစေလျက် ချုပ်စေလျက် အထူးသဖြင့် ငြိမ်းစေလျက် ရှူသွင်းအံ့ ရှူထုတ်အံ့ဟု လေ့ကျင့်၏။ ထိုစကားရပ်၌ ရုန့်ရင်းခြင်း သိမ်မွေ့ခြင်းကို၎င်း၊ ငြိမ်းခြင်းကို၎င်း ဤဆိုမည့်စကားဖြင့် သိအပ်၏။ ချဲ့၍ပြအံ့- ဤယောဂီရဟန်း၏ (သန္တာန်)၌ ဝင်လေထွက်လေတို့ကို မသိမ်းဆည်းသေးမီ (မရှုမှတ်သေးမီ) ရှေးအခါက ကိုယ်သည်၎င်း၊ စိတ်သည်၎င်း ပူပန်ခြင်းရှိလျက် ရုန့်ရင်းကုန်၏၊ ကိုယ်နှင့် စိတ်တို့၏ ရုန့်ရင်းမှုမငြိမ်းလျှင် ဝင်လေ ထွက်လေတို့သည်လည်း ရုန့်ရင်းကုန်၏၊ အလွန်အားကြီးစွာ ဖြစ်ကုန်လျက် ဝင်ကုန် ထွက်ကုန်၏၁၊ နှာခေါင်းပေါက်မဆန့်ပဲ ရှိတတ်၏။ ခံတွင်းဖြင့် ရှူသွင်းလျက် ရှူထုတ်လျက်သော်လည်း တည်တတ်၏၂။ အကြင်အခါ၌မူ ထိုရဟန်း၏ ကိုယ်နှင့်စိတ်သည် သိမ်းဆည်းအပ်ပြီး ဖြစ်ကုန်၏၃၊ ထိုအခါ၌ ထိုကိုယ်နှင့် စိတ်တို့သည် ငြိမ်သက်ကုန်၏။
၁- ဗလဝတရာ ဟုတွာ ပဝတ္တန္တိ-ပါဌ်၏ သိလွယ်သော မြန်မာပြန်ဖြစ်သည်၊ အတိအကျပြန်လျှင် “အထူးသဖြင့် အားကြီးကုန်သည် ဖြစ်ကုန်၍ မပြတ်ဖြစ်ကုန်၏”ဟူ၍ ဖြစ်သည်။ နောက်၌လည်း အလားတူ ပြန်ဆိုချက်ရှိသည်။
၂- ဤတိုင်အောင်သော စကားရပ်ဖြင့် အာနာပါနကို မရှုမီက ဝင်လေထွက်လေများ ရုန့်ရင်းကြမ်းတမ်းပုံကို ပြသည်။
၃- ကိုယ်နှင့်စိတ်တို့ကို သိမ်းဆည်းသည် ရှုသည်ဟူ၍ပင် ဆိုလို၏။
၃၈၆
အထူးသဖြင့် ငြိမ်သက်ကုန်၏။ ထိုကိုယ်နှင့်စိတ်တို့ ငြိမ်သက်ကုန်လတ်သော် ဝင်လေထွက်လေတို့သည် သိမ်မွေ့စွာ ဖြစ်ကုန်လျက် ဝင်ကုန်ထွက်ကုန်၏၊ “(ဝင်လေထွက်လေ) ရှိလေသလော မရှိလေသလော”ဟု စူးစမ်းဆင်ခြင်အပ်သည့် အခြေအနေသို့ ရောက်ကုန်၏၁။
ဥပမာဖြင့် ပြရလျှင် ပြေးပြီး၍သော်၎င်း၊ တောင်မှ ဆင်းလာပြီး၍သော်၎င်း၊ (သယ်ယူလာခဲ့သည့်) ဝန်ထုပ်ကြီးကို ခေါင်းမှ ချပြီး၍သော်၎င်း တည်နေသော ယောက်ျားအား ရုန့်ရင်းကုန်သော ဝင်လေ ထွက်လေတို့သည် ဖြစ်ကုန်၏၊ နှာခေါင်းပေါက်သည် မဆန့်ပဲ ရှိ၏။ ခံတွင်းဖြင့် ရှူသွင်းလျက် ရှူထုတ်လျက်သော်လည်း တည်၏။ အကြင်အခါ၌မူ ထိုယောက်ျားသည် ထိုမောပန်းခြင်းကို ပယ်ဖျောက်ပြီးနောက် ရေချိုး ရေသောက်ပြီးလျှင် စိုသောအဝတ်ကို ရင်၌တင်ထား၍ အေးမြသော အရိပ်၌ လျောင်းနေ၏၊ ထိုအခါ ထိုသူ၏ [၂၆၇] ထိုဝင်လေ ထွက်လေတို့သည် သိမ်မွေ့ကုန်၏၊ “ရှိလေသလော မရှိလေသလော”ဟု စူးစမ်းဆင်ခြင်အပ်သည့် အခြေအနေသို့ ရောက်ကုန်သကဲ့သို့ ထို့အတူပင် ဤယောဂီရဟန်း၏ (သန္တာန်၌) ဝင်လေ ထွက်လေတို့ကို မသိမ်းဆည်းသေးမီ ရှေးအခါက ကိုယ်သည်၎င်း၊ စိတ်သည်၎င်း ပူပန်ခြင်းရှိလျက် ရုန့်ရင်းကုန်၏၊ ကိုယ်နှင့်စိတ်တို့၏
၁- အာနာပါနကို ရှုမှတ်သောကာလမှ စ၍ တဖြည်းဖြည်းချင်း သိမ်မွေ့သွားရာ နောက်ဆုံး၌ အလွန်သိမ်မွေ့သွားသောကြောင့် မရှူမရှိုက်ပဲ နေသကဲ့သို့ပင် ဖြစ်သည်၊ ထိုအခါ၌ ရှူရှိုက်မှု ရှိမှရှိသေး၏လောဟု စမ်းသပ် ဆင်ခြင်ရတတ်လေသည်။ ထိုသို့ ဖြစ်ပုံကို ပြသည်။ ဝင်သက် ထွက်သက်တို့ကို ပြင်းပြင်းကြီး ရှူရှိုက်၍ အားထုတ်ခြင်းကို ဤအဆိုနှင့် ညီ,မညီ စဉ်းစားဆင်ခြင်ရာ၏။
၃၈၇
ရုန့်ရင်းမှုမငြိမ်းလျှင် ဝင်လေ ထွက်လေတို့သည်လည်း ရုန့်ရင်းကုန်၏၊ အလွန်အားကြီးစွာ ဖြစ်ကုန်လျက် ဝင်ကုန် ထွက်ကုန်၏၊ နှာခေါင်းပေါက်မဆန့်ပဲ ရှိတတ်၏၊ ခံတွင်းဖြင့် ရှူသွင်းလျက် ရှူထုတ်လျက်သော်လည်း တည်၏။ အကြင်အခါ၌မူ ထိုရဟန်း၏ ကိုယ်နှင့်စိတ်တို့သည် သိမ်းဆည်းအပ်ပြီး ဖြစ်ကုန်၏၊ ထိုအခါ၌ ထိုကိုယ်နှင့် စိတ်တို့သည် ငြိမ်သက်ကုန်၏ အထူးသဖြင့် ငြိမ်သက်ကုန်၏၊ ထိုကိုယ်နှင့်စိတ် ငြိမ်သက်ကုန်လတ်သော် ဝင်လေထွက်လေတို့သည် သိမ်မွေ့စွာ ဖြစ်ကုန်လျက် ဝင်ကုန် ထွက်ကုန်၏၊ “ရှိလေသလော မရှိလေသလော”ဟု စူးစမ်းဆင်ခြင်အပ်သည့် အခြေအနေသို့ ရောက်ကုန်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း? ဤယောဂီရဟန်းမှာ ဝင်လေ ထွက်လေတို့ကို မသိမ်းဆည်းသေးမီ ရှေးအခါက “ရုန့်ရင်းကုန် ရုန့်ရင်းကုန်သော ကာယသင်္ခါရတို့ကို ငြိမ်းစေမည်”ဟု ရည်ရွယ်ခြင်း ကြံစည်ခြင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း မရှိသေး၊ သိမ်းဆည်းသော ကာလ၌မူ ရှိ၏။ ထို့ကြောင့် ဤယောဂီရဟန်းမှာ မသိမ်းဆည်းသေးမီ ကာလထက် သိမ်းဆည်းသောကာလ၌ ကာယသင်္ခါရသည် သိမ်မွေ့ပေသည်။ ထို့ကြောင့် ရှေးဆရာတို့သည်-
“ကိုယ်သည်၎င်း၊ စိတ်သည်၎င်း ပူပန်ခြင်းရှိလျှင် လွန်ကဲသော ဝင်လေ ထွက်လေသည် ဖြစ်၏၊ ကိုယ်သည်၎င်း၊ (စိတ်သည်၎င်း) ပူပန်ခြင်း မရှိလျှင် သိမ်မွေ့သော ဝင်လေ ထွက်လေသည် ကောင်းစွာဖြစ်၏”ဟု ဆိုကြပေသည်။
၂၂၁။ သိမ်းဆည်းသော အခါ၌လည်း ရုန့်ရင်းသေး၏၊ ပဌမဈာန်၏ ဥပစာ၌ သိမ်မွေ့၏၊ ထိုပဌမဈာန်၏ ဥပစာ၌လည်း ရုန့်ရင်းသေး၏၊ ပဌမဈာန်၌ သိမ်မွေ့၏။ ပဌမဈာန်၌၎င်း၊ ဒုတိယဈာန်၏ ဥပစာ၌၎င်း ရုန့်ရင်းသေး၏၊ ဒုတိယဈာန်၌ သိမ်မွေ့၏။
၃၈၈
ဒုတိယဈာန်၌၎င်း၊ တတိယဈာန်၏ ဥပစာ၌၎င်း ရုန့်ရင်းသေး၏၊ တတိယဈာန်၌ သိမ်မွေ့၏။ တတိယဈာန်၌၎င်း၊ စတုတ္ထဈာန်၏ ဥပစာ၌၎င်း ရုန့်ရင်းသေး၏၊ စတုတ္ထဈာန်၌ အလွန်သိမ်မွေ့၏ မဖြစ်ခြင်း မရှိခြင်းသို့သာလျှင် ရောက်လေ၏။ ဤသည်ကား ဒီဃနိကာယ်ဆောင် သံယုတ္တနိကာယ်ဆောင် ဆရာတို့၏ အလိုပေတည်း။
မဇ္ဈိမနိကာယ်ဆောင် ဆရာတို့သည်ကား ပဌမဈာန်၌ ရုန့်ရင်း၏။ ဒုတိယဈာန်၏ ဥပစာ၌ သိမ်မွေ့၏- ဤသို့ စသည်ဖြင့် အောက်အောက်ဈာန်ထက် အထက်အထက်ဈာန်၏ ဥပစာ၌လည်း သာ၍ သိမ်မွေ့သည်ကို အလိုရှိကုန်၏။ အချုပ်အားဖြင့်မူကား နိကာယ်ဆောင် ဆရာအားလုံးတို့၏ပင် အလိုအားဖြင့် မသိမ်းဆည်းသေးမီ ကာလ၌ဖြစ်သော ကာယသင်္ခါရသည် သိမ်းဆည်းသောကာလ၌ ငြိမ်း၏၊ သိမ်းဆည်းဆဲ (ရှေ့ပိုင်း)ကာလ၌ဖြစ်သော ကာယသင်္ခါရသည် ပဌမဈာန်၏ ဥပစာ၌ ငြိမ်း၏၊ ပဌမဈာန်၏ ဥပစာ၌ဖြစ်သော ကာယသင်္ခါရသည် ပဌမဈာန်၌ ငြိမ်း၏ ။ပ။ စတုတ္ထဈာန်၏ ဥပစာ၌ဖြစ်သော ကာယသင်္ခါရသည် စတုတ္ထဈာန်၌ ငြိမ်း၏။ ဤသည်ကား ရှေးဦးစွာ သမထအရာ၌ (ငြိမ်းပုံကို) သိကြောင်းနည်းပေတည်း။
ဝိပဿနာအရာ၌ (သိကြောင်းနည်း)ကား မသိမ်းဆည်းသေးမီ၌ဖြစ်သော ကာယသင်္ခါရသည် ရုန့်ရင်း၏၊ မဟာဘုတ်တို့ကို သိမ်းဆည်းသောအခါ၌ သိမ်မွေ့၏။ ၎င်းသည်လည်း ရုန့်ရင်းသေး၏၊ ဥပါဒါရုပ်တို့ကို သိမ်းဆည်းသောအခါ၌ သိမ်မွေ့၏၊ ၎င်းသည်လည်း ရုန့်ရင်းသေး၏။ ရုပ်အားလုံးကို သိမ်းဆည်းသောအခါ၌ သိမ်မွေ့၏။ ၎င်းသည်လည်း ရုန့်ရင်းသေး၏၊ နာမ်ကို သိမ်းဆည်းသောအခါ၌ သိမ်မွေ့၏။ ၎င်းသည်လည်း ရုန့်ရင်းသေး၏၊ ရုပ်နာမ်နှစ်ပါးကို သိမ်းဆည်းသောအခါ၌ သိမ်မွေ့၏၊ ၎င်းသည်လည်း ရုန့်ရင်းသေး၏။
၃၈၉
အကြောင်းကို သိမ်းဆည်းသောအခါ၌ သိမ်မွေ့၏၊ ၎င်းသည်လည်း ရုန့်ရင်းသေး၏၊ အကြောင်းနှင့်တကွ နာမ်ရုပ်တို့ကို သိမ်းဆည်းသောအခါ၌ သိမ်မွေ့၏။ ၎င်းသည်လည်း ရုန့်ရင်းသေး၏၊ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာကို သိမြင်သော ဝိပဿနာ၌ သိမ်မွေ့၏။ ၎င်းသည်လည်း အားနည်းသော ဝိပဿနာ၌ ရုန့်ရင်းသေး၏၊ အားကြီးသော (ဗလဝ)ဝိပဿနာ၌ သိမ်မွေ့၏။ ထိုသို့ အဆင့်ဆင့် သိမ်မွေ့ရာ၌ ရှေးသမထအရာမှာ ဆိုခဲ့သော နည်းဖြင့်ပင်လျှင် [၂၆၈] နောက်နောက် သိမ်မွေ့သော ကာယသင်္ခါရဖြင့် ရှေးရှေး ရုန့်ရင်းသော ကာယသင်္ခါရ၏ ငြိမ်းခြင်းကို သိအပ်၏။ (ရုန့်ရင်းသော ကာယသင်္ခါရကို ငြိမ်းစေလျက်ဟူသော) ဤစကားရပ်၌ ရုန့်ရင်းခြင်း သိမ်မွေ့ခြင်းကို၎င်း၊ ငြိမ်းခြင်းကို၎င်း ယခု ပြဆိုခဲ့သည့်အတိုင်းပင် သိအပ်ပေသည်။
ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌ကား (ရုန့်ရင်းသော ကာယသင်္ခါရကို ငြိမ်းစေလျက်-ဟူသော ဤပုဒ်၏ အနက်ကို၁ (အပြစ်ပြလျက် မေးခြင်းဟူသော) စောဒနာ (ဖြေရှင်းသုတ်သင်ခြင်းဟူသော) သောဓနာတို့နှင့်တကွ အောက်ပါအတိုင်း မိန့်ဆိုထားလေသည်-
“အဘယ်သို့ ကာယသင်္ခါရကို ငြိမ်းစေလျက် ရှူသွင်းအံ့ဟု ။ပ။ ရှူထုတ်အံ့ဟု လေ့ကျင့်သနည်း။ ကာယသင်္ခါရတို့ဟူသည် အဘယ်သည်တို့နည်း၊ ရှည်သော ဝင်လေ ထွက်လေတို့သည်၂ ကိုယ်၌ ဖြစ်ကုန်၏၊ ဤဝင်လေ ထွက်လေတရားတို့သည်
၁- ဤပုဒ်၏ အနက်ကို.. မိန့်ဆိုထားလေသည်ဟု စပ်ပါ။
၂- ပဋိသမ္ဘိဒါမဂ် ပါဠိရင်း၌ ဒီဃံ အဿာသာ- ရှည်သော ဝင်လေတို့သည်-စသည်က တဝါရ၊ ဒီဃံ ပဿာသာ- ရှည်သော ထွက်လေတို့သည်-စသည်က တဝါရ အသီးအသီးပင် ဟောထားသည်၊ ဤ၌ကား
၃၉၀
ကိုယ်နှင့်စပ်၍ ဖြစ်ကြသောကြောင့် ကာယသင်္ခါရ မည်ကုန်၏၊ ထိုကာယသင်္ခါရတို့ကို ငြိမ်းစေလျက် ချုပ်စေလျက် အထူးသဖြင့် ငြိမ်းစေလျက် လေ့ကျင့်၏။ [တိုသော ဝင်လေ ထွက်လေတို့သည် ။ပ။ အလုံးစုံသော ဝင်လေ ထွက်လေအပေါင်းကို သိလျက်(ဟု ဟောထားသော) ဝင်လေ ထွက်လေတို့သည် ကိုယ်၌ ဖြစ်ကုန်၏၊ ဤဝင်လေ ထွက်လေ တရားတို့သည် ကိုယ်နှင့်စပ်၍ ဖြစ်ကြသောကြောင့် ကာယသင်္ခါရ မည်ကုန်၏၊ ထိုကာယသင်္ခါရတို့ကို ငြိမ်းစေလျက် ချုပ်စေလျက် အထူးသဖြင့် ငြိမ်းစေလျက် လေ့ကျင့်၏။၁] အကြင်သို့သော ဝင်လေ ထွက်လေ ကာယသင်္ခါရတို့ကြောင့် ကိုယ်၏ (အာနမနာ) ရှေ့သို့ညွတ်ခြင်း (ဝိနမနာ) ဘေးသို့ညွတ်ခြင်း (သန္နမနာ) ထက်ဝန်းကျင် ညွတ်ခြင်း (ပဏမနာ) နောက်သို့ ညွတ်ခြင်း (ဣဉ္ဇနာ) တုန်ခြင်း (ဖန္ဒနာ) လှုပ်ခြင်း (စလနာ) ရွေ့ရှားခြင်း (ကမ္ပနာ) တုန်လှုပ်ခြင်း၂ (ဖြစ်၏)၊ ထိုသို့သော ကာယသင်္ခါရကို ငြိမ်းစေလျက် ရှူသွင်းအံ့ဟု
အကျဉ်းချုံးသောအားဖြင့် တပေါင်းတည်း ပြထားခြင်း ဖြစ်ပေသည်။ နောက်၌လည်း နည်းတူပင်။
၁- ဤထောင့်ကွင်းအတွင်းရှိ စကားများမှာ ပေယျာလကို ဖော်သည့်အနေဖြင့် ပဋိသမ္ဘိဒါမဂ်မှယူ၍ ပြထားခြင်းဖြစ်သည်။
၂- ဣဉ္ဇနာစသော ၄-ပုဒ်တို့ကို အာနမနာ-စသော ၄-ပုဒ်တို့နှင့် အနက်တူသည်ဟူ၍၎င်း၊ အနည်းငယ်တုန်ခြင်း စသည်ကို ဟောသည်ဟူ၍၎င်း ဋီကာ၌ ဖွင့်ပြ၏၊ ထိုတွင် စလနာ-ဟူသော ပါဠိသည်
၃၉၁
လေ့ကျင့်၏၊ ထိုသို့သော ကာယသင်္ခါရကို ငြိမ်းစေလျက် ရှူထုတ်အံ့ဟု လေ့ကျင့်၏။ အကြင်သို့သော ကာယသင်္ခါရတို့ကြောင့် ကိုယ်၏ ရှေ့သို့ညွတ်ခြင်း မဖြစ် ဘေးသို့ညွတ်ခြင်း မဖြစ် ထက်ဝန်းကျင်ညွတ်ခြင်း မဖြစ် နောက်သို့ညွတ်ခြင်း မဖြစ် မတုန်မလှုပ် မရွေ့ရှား မတုန်လှုပ်၊ ထိုသို့သော ငြိမ်သက်သိမ်မွေ့သော ကာယသင်္ခါရကို ငြိမ်းစေလျက် ရှူသွင်းအံ့ဟု လေ့ကျင့်၏ ။ပ။ ရှူထုတ်အံ့ဟု လေ့ကျင့်၏။
ယခု ပြဆိုခဲ့သည့်အတိုင်း အလွန့်အလွန် သိမ်မွေ့သော ကာယသင်္ခါရကို ငြိမ်းစေလျက် ရှူသွင်းအံ့ဟု အကယ်၍ လေ့ကျင့်ငြားအံ့၊ အလွန့်အလွန် သိမ်မွေ့သော ကာယသင်္ခါရကို ငြိမ်းစေလျက် ရှူထုတ်အံ့ဟု အကယ်၍ လေ့ကျင့်ငြားအံ့၊ သို့ဖြစ်လျှင် ဝင်လေထွက်လေကို ရသောစိတ်ကို ပွါးစေခြင်းလည်း မဖြစ်၊ ဝင်လေ ထွက်လေတို့ကို ပွါးစေခြင်းလည်း မဖြစ်၊ ဝင်လေ ထွက်လေကို အမှတ်ရမှု အာနာပါနဿတိကို ပွါးစေခြင်းလည်း မဖြစ်၊ အာနာပါနဿတိနှင့် ယှဉ်သော သမာဓိကို ပွါးစေခြင်းလည်း မဖြစ်၊ ထိုဆိုခဲ့သော အာနာပါနသမာပတ်ကို ပညာရှိတို့သည် ဝင်စားနိုင်ကုန်သည်လည်း မရှိရာ၊ ထိုသမာပတ်မှ ထကုန်သည်သည်း မရှိရာ၊ (ဤကား စောဒနာတည်း)။
ရွေ့ရှားခြင်းကိုလည်း ဟောသောကြောင့် အခြားပုဒ်များနှင့် အနက်မထပ်စေရန် ၎င်းကို ရွေ့ရှားခြင်းဟု ပြန်သည်။ ထို့ပြင် ပဋိသမ္ဘိဒါမဂ် ပါဠိရင်း၌ ကမ္ပနာ-အရာတွင် ပကမ္ပနာ-ဟု ရှိ၏၊ ၎င်း၏ အဋ္ဌကထာ၌ ဘုသံ ကမ္ပနာ-ပြင်းစွာ လှုပ်ခြင်းဟု ဖွင့်ပြထားသည်။ ထို့ကြောင့် ထိုပုဒ်ကို တုန်လှုပ်ခြင်းဟု ပြန်သည်။
၃၉၂
ယခု ပြဆိုခဲ့သည့်အတိုင်း အလွန့်အလွန် သိမ်မွေ့သော ကာယသင်္ခါရကို ငြိမ်းစေလျက် ရှူသွင်းအံ့ဟု.. ရှူထုတ်အံ့ဟု အကယ်၍ လေ့ကျင့်ငြားအံ့၊ သို့ဖြစ်လျှင် ဝင်လေထွက်လေကိုရသော စိတ်ကို ပွါးစေခြင်းလည်း ဖြစ်ပေ၏။ ဝင်လေထွက်လေတို့ကို ပွါးစေခြင်းလည်း ဖြစ်ပေ၏။ ဝင်လေထွက်လေကို အမှတ်ရမှု- အာနာပါနဿတိကို ပွါးစေခြင်းလည်း ဖြစ်ပေ၏၊ အာနာပါနဿတိနှင့် ယှဉ်သော သမာဓိကို ပွါးစေခြင်းလည်း ဖြစ်ပေ၏၊ ထိုဆိုခဲ့သော အာနာပါနသမာပတ်ကို ပညာရှိတို့သည် ဝင်စားလည်း ဝင်စားနိုင်ကုန်၏၊ ထိုသမာပတ်မှ ထလည်း ထကုန်၏။ အဘယ်ကဲ့သိုနည်း?ဟူမူ-
ကြေးခွက်ကို တီးခေါက်လိုက်လျှင် ရုန့်ရင်း ပြင်းထန်သော အသံတို့သည် ဖြစ်ကုန်၏၊ ရုန့်ရင်း ပြင်းထန်သော အသံတို့၏ နိမိတ်ကို ကောင်းစွာယူထားခြင်း ကောင်းစွာနှလုံးသွင်းထားခြင်း ကောင်းစွာ မှတ်ထားခြင်းကြောင့် ရုန့်ရင်း ပြင်းထန်သောအသံ ချုပ်သွားသော်လည်း ထို့နောင် [၂၆၉] သိမ်မွေ့သော အသံတို့သည် (နား၌ ကြားရလျက်) မပြတ် ဖြစ်နေကုန်၏၊ သိမ်မွေ့သော အသံတို့၏ နိမိတ်ကို ကောင်းစွာယူထားခြင်း ကောင်းစွာ နှလုံးသွင်းထားခြင်း ကောင်းစွာ မှတ်ထားခြင်းကြောင့် သိမ်မွေ့သောအသံ ချုပ်သွားသော်လည်း ထို့နောင်(ဖြစ်ပေါ်လာသော သာ၍)သိမ်မွေ့သော အသံလျှင် အာရုံရှိသော စိတ်သည်လည်း မပြတ် ဖြစ်နေသကဲ့သို့ ထို့အတူပင် ရှေးဦးစွာ ရုန့်ရင်းသော ဝင်လေထွက်လေသည် ဖြစ်ကုန်၏၊ ရုန့်ရင်းသော
၃၉၃
ဝင်လေထွက်လေတို့၏ နိမိတ်ကို ကောင်းစွာ ယူထားခြင်း ကောင်းစွာ နှလုံးသွင်းထားခြင်း ကောင်းစွာ မှတ်ထားခြင်းကြောင့် ရုန့်ရင်းသော ဝင်လေထွက်လေ ချုပ်သွားသော်လည်း ထို့နောင် သိမ်မွေ့သော ဝင်လေထွက်လေတို့သည် (ရှုသော ဘာဝနာစိတ်၌ ထင်ရှားလျက်) မပြတ်ဖြစ်ကုန်၏၊ သိမ်မွေ့သော ဝင်လေထွက်လေတို့၏ နိမိတ်ကို ကောင်းစွာယူထားခြင်း ကောင်းစွာ နှလုံးသွင်းထားခြင်း ကောင်းစွာ မှတ်ထားခြင်းကြောင့် သိမ်မွေ့သော ဝင်လေထွက်လေ ချုပ်သွားသော်လည်း ထို့နောင်(ဖြစ်ပေါ်လာသော သာ၍)သိမ်မွေ့သော ဝင်လေထွက်လေနိမိတ်လျှင် အာရုံရှိသော စိတ်သည်လည်း (မပြတ်ဖြစ်ပေ၏) ပျံလွင့်ခြင်းသို့ မရောက်ပေ။
သို့ဖြစ်လျှင် (ဝါ-သို့ဖြစ်သောကြောင့်) ဝင်လေထွက်လေကိုရသော စိတ်ကို ပွါးစေခြင်းသည်လည်း ဖြစ်ပေ၏။ ဝင်လေထွက်လေတို့ကို ပွါးစေခြင်းသည်လည်း ဖြစ်ပေ၏။ ဝင်လေထွက်လေကို အမှတ်ရမှု အာနာပါနဿတိကို ပွါးစေခြင်းသည်လည်း ဖြစ်ပေ၏၊ အာနာပါနဿတိနှင့် ယှဉ်သော သမာဓိကို ပွါးစေခြင်းသည်လည်း ဖြစ်ပေ၏၊ ထိုသို့သော အာနာပါနသမာပတ်ကို ပညာရှိတို့သည် ဝင်စားလည်း ဝင်စားနိုင်ကုန်၏၊ ထိုသမာပတ်မှ ထလည်း ထ,ကုန်၏။ ကာယသင်္ခါရကို ငြိမ်းစေလျက်(ဟု ဟောထားသော) ဝင်လေထွက်လေတို့သည် ကာယပေတည်း၊ ထင်ခြင်း အမှတ်ရခြင်းသည် သတိပေတည်း၊ ရှုခြင်းသည် ဉာဏ်ပေတည်း။ ကာယသည် သဘိ၏ ထင်ရာဖြစ်သောကြောင့် ဥပဋ္ဌာနသာ မည်၏၊ (အမှတ်ရမှု မဟုတ်သောကြောင့်) သတိကား မမည်။
၃၉၄
သတိသည်ကား ထင်တတ် အမှတ်ရတတ်သောကြောင့် ဥပဋ္ဌာနလည်း မည်၏၊ သတိလည်း မည်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုဝင်လေထွက်လေအပေါင်း ကာယကို အဖန်ဖန် ရှု၏။ ထို့ကြောင့် ကာယ၌ ကာယကိုရှုသော (ဝါ-ကာယဟုရှုသော) သတိပဋ္ဌာန်ဘာဝနာဟု ဆိုအပ်ပေသည်” ဟူ၍ပေတည်း။ (ဤကား ပဋိသမ္ဘိဒါမဂ်)
ယခု ဆိုခဲ့သော စကားသည် ဤအာနာပါနဿတိ ကမ္မဋ္ဌာန်း၌ ကာယာနုပဿနာ အလိုအားဖြင့် ဟောထားသော ပဌမစတုက္က၏ အစဉ်အတိုင်း ပုဒ်တို့ကို ဖွင့်ပြခြင်းပေတည်း။
အာနာပါနကမ္မဋ္ဌာန်း အားထုတ်ပုံ
၂၂၂၊ ပုဒ်အဖွင့်မှတပါး အားထုတ်ပုံကို ပြဆိုအံ့- (ထုတ်ပြခဲ့သော ၁၆-ပါးသော တည်ရာရှိသော) ထိုဒေသနာတော်၌ ဤပဌမစတုက္ကကိုသာလျှင် အားထုတ်ခါစပုဂ္ဂိုလ်၏ ကမ္မဋ္ဌာန်းအဖြစ်ဖြင့် ဟောတော်မူပေသည်။ အခြား စတုက္ကသုံးခုတို့ကိုမူကား ဤပဌမစတုက္က၌ ဈာန်ရပြီးသော ပုဂ္ဂိုလ်၏ ဝေဒနာနုပဿနာ စိတ္တာနုပဿနာ ဓမ္မာနုပဿနာ အလိုအားဖြင့် ဟောတော်မူပေသည်။ ထို့ကြောင့် ဤအာနာပါနကမ္မဋ္ဌာန်းကို ပွါးစေပြီးလျှင် အာနာပါနစတုတ္ထဈာန်ကို အခြေခံပြုကာ ဝိပဿနာရှု၍၁ ပဋိသမ္ဘိဒါဉာဏ်တို့နှင့်တကွ
၁- ပါဠိရှိရင်းအတိုင်း အတိအကျပြန်လျှင် “အာနာပါနစတုတ္ထဈာန်လျှင် နီးသောအကြောင်းရှိသော ဝိပဿနာဖြင့်”ဟူ၍ ဖြစ်၏၊ သုတနည်းသူတို့ နားလည်ရန် ခက်၏။ ထို့ကြောင့် အထက်ပါအတိုင်း စကားပရိယာယ် လဲလှယ်၍ ပြန်ထားသည်။
၃၉၅
အရဟတ္တဖိုလ်သို့ ရောက်လိုသော အားထုတ်ခါစ အမျိုးကောင်းသားသည် ရှေး၌ ဆိုခဲ့ပြီးသော နည်းဖြင့်ပင်လျှင် သီလကို စင်ကြယ်စေခြင်း အစရှိကုန်သော အလုံးစုံသော ကိစ္စတို့ကို ပြုပြီးလျှင် ဆိုခဲ့ပြီးသော ဂုဏ်အပြားရှိသော ဆရာ၏ထံ၌ ငါးပိုင်း ငါးပုံရှိသော ကမ္မဋ္ဌာန်းကို သင်ယူအပ်ပေသည်။
[၂၇ဝ] ထိုစကားရပ်၌ ငါးပိုင်း ငါးပုံတို့-ဟူသည်မှာ (၁) သင်ယူခြင်း၊ (၂) မေးမြန်းခြင်း၊ (၃) ထင်ခြင်း၊ (၄) အပြီးအဆုံးရောက်ခြင်း၊ (၅) မှတ်သားခြင်း-ဟူသော ဤငါးပါးတို့ပေတည်း။ ထိုတွင် (၁) သင်ယူခြင်းမည်သည်မှာ ကမ္မဋ္ဌာန်းအားထုတ်ပုံနည်းကို နှုတ်တက် သင်ယူခြင်းပေတည်း။ (၂) မေးမြန်းခြင်းမည်သည်မှာ ကမ္မဋ္ဌာန်း၏ အနက်အဓိပ္ပါယ်ကို မေးမြန်းခြင်းပေတည်း။ (၃) ထင်ခြင်းမည်သည်မှာ ကမ္မဋ္ဌာန်းအာရုံနိမိတ်၏ ထင်ပုံပေတည်း။ (၄) အပြီးအဆုံး ရောက်ခြင်းမည်သည်မှာ ကမ္မဋ္ဌာန်းဘာဝနာ၏ အပြီးအဆုံးသို့ ရောက်ခြင်း- ဈာန်ရခြင်းပေတည်း။ (၅) မှတ်သားခြင်းမည်သည်မှာ ကမ္မဋ္ဌာန်းကို မှတ်သားခြင်းပေတည်း၊ “ဤကမ္မဋ္ဌာန်းသည် ဤသို့သော သဘောလက္ခဏာရှိသည်ဟု ကမ္မဋ္ဌာန်း၏သဘောကို မှတ်သားခြင်း”ဟူ၍ ဆိုလိုပေသည်။
ဤသို့ ငါးပိုင်း ငါးပုံရှိသော ကမ္မဋ္ဌာန်းကို (ဝါ-ကမ္မဋ္ဌာန်းကို ငါးပိုင်း ငါးပုံပြု၍) သင်ယူလျှင် မိမိကိုယ်တိုင်လည်း မပင်ပန်း၊ ဆရာကိုလည်း မပင်ပန်းစေ၊ ထို့ကြောင့် အနည်းငယ် ရွတ်ပြစေပြီးလျှင် များစွာသော ကာလပတ်လုံး ပြန်လှည့်ရွတ်ဆို၍ ဤပုံဤနည်းဖြင့် ငါးပိုင်း ငါးပုံရှိသော ကမ္မဋ္ဌာန်းကို နှုတ်တက်သင်ယူပြီးနောက် ဆရာ၏ထံ၌ဖြစ်စေ အခြားအရပ်၌ဖြစ်စေ ရှေး၌ ပြဆိုခဲ့ပြီးသော အင်္ဂါအပြားရှိသော ကျောင်း၌ နေလျက် ပလိဗောဓအငယ်များကို
၃၉၆
ဖြတ်ပယ်ပြီးလျှင် ဆွမ်းစားပြီးသောအခါ ဆွမ်းဆီယစ်ခြင်းကို ပယ်ဖျောက်၍ ချမ်းသာစွာ ထိုင်နေလျက် ရတနာသုံးပါး၏ ဂုဏ်ကို အောက်မေ့ဆင်ခြင်ခြင်းဖြင့် စိတ်ကို ရွှင်လန်းစေပြီးလျှင် ဆရာ့ထံမှ သင်ယူခဲ့သော ကမ္မဋ္ဌာန်းအစီအရင်မှ တပုဒ်မျှကိုသော်လည်း မတွေဝေပဲ ဤအာနာပါနဿတိ ကမ္မဋ္ဌာန်းကို နှလုံးသွင်းအပ်ပေသည်။
၂၂၃။ ထိုသို့ နှလုံးသွင်းရာ၌ ယခုဆိုမည့်စကားသည် နှလုံးသွင်းပုံ အစီအရင်ပေတည်း။
(ဂဏနာ) ရေတွက်ခြင်း၊ (အနုဗန္ဓနာ) အစဉ်လိုက်ခြင်း၊ (ဖုသနာ) ထိရာ၊ (ဌပနာ) ထားခြင်း၊ (သလ္လက္ခဏာ) ကောင်းစွာမှတ်ခြင်း၊ (ဝိဝဋ္ဋနာ) နစ်ခြင်း၊ (ပါရိသုဒ္ဓိ) ထက်ဝန်းကျင် စင်ကြယ်ခြင်း၊ (တေသဉ္စ ပဋိပဿနာ) ၎င်းတို့ကို တဖန်ရှုခြင်း။ ဤကား ခေါင်းစဉ်ဂါထာ။
ထိုဂါထာ၌ ဂဏနာ-ဟူသည်ကား ရေတွက်ခြင်းပင်တည်း။ အနုဗန္ဓနာ-ဟူသည်ကား အစဉ်လိုက်၍ အမှတ်သတိကို ဆောင်ခြင်း- ဖြစ်စေခြင်းပေတည်း။ ဖုသနာ-ဟူသည်ကား ထိရာဌာနပေတည်း။ ဌပနာ-ဟူသည်ကား ဈာန်စိတ်ကို ထားခြင်း- ဈာန်သို့ ရောက်ခြင်းဟူသော အပ္ပနာပေတည်း။ သလ္လက္ခဏာ-ကောင်းစွာ မှတ်ခြင်းဟူသည်ကား ဝိပဿနာပေတည်း။ ဝိဝဋ္ဋနာ- နစ်ခြင်းဟူသည်ကား (သင်္ခါရအာရုံမှ နစ်သော) မဂ်ပေတည်း။ ပါရိသုဒ္ဓိ-ဟူသည်ကား ဖိုလ်ပေတည်း။ ၎င်းတို့ကို တဖန်ရှုခြင်းဟူသည်ကား မဂ်ဖိုလ်တို့ကို ပြန်လည်ဆင်ခြင်မှု ပစ္စဝေက္ခဏာပေတည်း။
၃၉၇
ထိုတွင် အားထုတ်ခါစဖြစ်သော ဤအမျိုးသားသည် ရှေးဦးစွာ ရေတွက်ခြင်းဖြင့် ဤကမ္မဋ္ဌာန်းကို နှလုံးသွင်းအပ်၏။ ရေတွက်သော အခါ၌လည်း၁ ငါးခုတို့၏ အောက်၌ မထားရာ၊ ဆယ်ခုတို့၏ အထက်သို့ မဆောင်ရာ၊ အကြား၌ ကျိုးခြင်း ပြတ်ခြင်းကို၂ မပြရာ။ အပြစ်ကား ငါးတို့၏အောက်၌ ထားလျှင် ကျဉ်းမြောင်းသော အရေအတွက်ဟူသော အရာ၌ စိတ်ဖြစ်ခြင်းသည် တုန်လှုပ်၏၊ ကျဉ်းမြောင်းသော နွားခြံထဲ၌ ပိတ်လှောင်ထားသော နွားအပေါင်းကဲ့သို့ပင်တည်း၊ ဆယ်ခုတို့၏ အထက်သို့ ဆောင်လျှင် စိတ်ဖြစ်ခြင်းသည် ရေတွက်ခြင်းကိုသာ မှီလျက်ရှိ၏၃။ အကြား၌ ကျိုးခြင်း ပြတ်ခြင်းကို ပြလျှင် “ငါ၏ကမ္မဋ္ဌာန်းသည် အထွတ်အထိပ် အဆုံးသို့ ရောက်လေသလော မရောက်လေသလော”ဟု စိတ်သည် တုန်လှုပ်တတ်၏၄။ ထို့ကြောင့် ထိုအပြစ်တို့ကို ကြဉ်ရှောင်၍ ရေတွက်အပ်ပေသည်။
ရေတွက်သောအခါ၌လည်း ရှေးဦးစွာ စပါးခြင်သူ၏ ရေတွက်ခြင်းမျိုးဖြစ်သော နှေးနှေးရေတွက်ခြင်းဖြင့် ရေတွက်အပ်၏။
၁- ဂဏေန္တေန စ-၏ အနက်ဖြစ်သည်။ အတိအကျပြန်လျှင် “ရေတွက်သော သူသည်လည်း”ဟု ဖြစ်၏။ မြန်မာစကား သာ၍ ချောစေရန် အထက်ပါအတိုင်း ပြန်သည်၊ နောက်၌လည်း နည်းတူပင်။
၂- ခဏ္ဍ-ဟူသည်မှာ တစ် သုံး ငါး-ဟု ဤသို့ ရေက်ခြင်း၏ ကျိုးခြင်း ပြတ်ခြင်းပေတည်း။ (ဋီကာ)
၃- ရေတွက်ခြင်းကိုသာလျှင် မှီလျက်ရှိ၏၊ ကမ္မဋ္ဌာန်းအာရုံကို မမှီ။ (ဋီကာ)
၄- အထွတ်အထိပ်-အဆုံးသို့ ရောက်လေသလော-ဟူသော ဤစကားကို ရေတွက်ခြင်းဖြင့် အလွန်ကြာမြင့်စွာ နှလုံးသွင်းနေသောသူ၏ အစွမ်းအားဖြင့် ဆို(အပ်)ပေသည်။ မှန်ပေ၏ ထိုသို့သော ပုဂ္ဂိုလ်သည်
၃၉၈
ချဲ့၍ပြအံ့- စပါးခြင်သောသူသည် တင်းတောင်းကို ပြည့်စေပြီးလျှင် တတင်းဟုဆို၍ လောင်း၏။ တဖန် တင်းတောင်းကို ပြည့်စေစဉ် တစုံတခုသော အမှိုက်ကိုမြင်၍ ထိုအမှိုက်ကို ဖယ်ထုတ်ပစ်သော်လည်း တတင်း တတင်း ဟူ၍သာ ဆိုနေ၏။ နှစ်တင်း နှစ်တင်း စသည်တို့၌လည်း ဤနည်းပင်တည်း၁။ ထို့အတူပင် ဤယောဂီသည်လည်း ဝင်လေ ထွက်လေတို့တွင် အကြင်လေသည် ထင်ပေါ်၏၊ [၂၇၁] ထိုလေကို
ထိုသို့ ရေတွက်လျက် ကြာမြင့်စွာ နှလုံးသွင်းခြင်းဖြင့် ရသော စိတ်မပျံ့လွင့်ခြင်းကို မှီ၍ ဤသို့ ပြဆိုထားသည့်အတိုင်း အောက်မေ့ မှတ်ထင်ရာ၏။ (ဋီကာ) ဝိသုဒ္ဓိမဂ်၌ “အကြား၌ ကျိုးပြတ်နေလျှင် စိတ်တုန်လှုပ်ခြင်း ဖြစ်တတ်သည်”ဟု ဆိုသည်၊ အကြား၌ ကျိုးပြတ်ခြင်းဟူသည်မှာ တစ် သုံး ငါး- ဤသို့ စသည်ဖြင့် ရေတွက်ခြင်းပင်ဖြစ်ကြောင်း ဋီကာ၌ဖွင့်ပြ၏။ နှာ-၃၉၇ မှတ်ချက်၂-၌ ကြည့်ပါ။ ထိုသို့ တခုကျော် ရေတွက်ခြင်းကြောင့် ကြာမြင့်သောအခါ အဆုံးသို့ ရောက်-မရောက် ယုံမှားခြင်း အဘယ်သို့ ဖြစ်ရာသနည်း-ဟု စဉ်းစားကြည့်လျှင် အလွန် အသိခက်လှပေ၏၊ ဤအရာတွင် ပြည်မူနိဿယ၌ ပြထားသည်မှာ- အကြား၌ အချိန်ကာလ အနည်းငယ် မရေတွက်ပဲ ရပ်နားနေလျှင် အကြား၌ ပြတ်ခြင်းမည်ကြောင်း၊ ထိုသို့သော ယောဂီအား ငါ၏စိတ်သည် ကမ္မဋ္ဌာန်း၌ ညွတ်သလော မညွတ်သလောဟု စုံစမ်းခြင်းဖြင့် ပျံ့လွင့်နေသည်ကိုပင် ရည်၍ အထွတ်အထိပ်သို့ ရောက်လေသလော- စသည်ကို ဆိုကြောင်း ပြထား၏။ ထိုအလိုအားဖြင့် သိခါပတ္တ-အထွတ်အထိပ်သို့ ရောက်ခြင်းဟူသည်မှာ ကမ္မဋ္ဌာန်းအာရုံ၌ ထက်သန်စွာ စိတ်ညွတ်ခြင်းပင် ဖြစ်သည်ဟု ယူရာ၏။
၁- ဒုတိယတင်းကို မသွန် မလောင်းရသေးမီ တတင်း တတင်း ဟူ၍သာ ဆိုနေသည်၊ ဒုတိယတင်းကို လောင်းပြီးသောအခါ တတိယတင်းကို
၃၉၉
ယူ၍၁ တစ် တစ်မှစ၍ တဆယ် တဆယ်တိုင်အောင်၂ ဖြစ်တိုင်းဖြစ်တိုင်းသော ဝင်လေ ထွက်လေကို မှတ်လျက်သာလျှင် ရေတွက်အပ်၏။ ဤသို့ ရေတွက်နေလျှင် ထိုယောဂီအား ဝင်ကုန် ထွက်ကုန်သော၃ ဝင်လေ ထွက်လေတို့သည် ထင်ရှားကုန်၏။
ထိုအခါ စပါးခြင်သူ၏ ရေတွက်ခြင်းမျိုးဖြစ်သော နှေးနှေးရေတွက်ခြင်းကို ပယ်၍ နွားကျောင်းသ္မား၏ ရေတွက်ခြင်းမျိုးဖြစ်သော မြန်မြန်ရေတွက်ခြင်းဖြင့် ရေတွက်အပ်၏။ ချဲ့၍ပြအံ့- ကျွမ်းကျင်သော နွားကျောင်းသ္မားသည် ကျောက်စရစ် စသည်တို့ကို
မသွန် မလောင်းရသေးမီ နှစ်တင်း နှစ်တင်းဟူ၍သာ ဆိုနေသည်။ ဤသို့သော ရွတ်ဆိုပုံကို ပြသည်။
၁- ထိုလေကို ယူ၍-ဟူသော ဤစကားကို အကြင်ပုဂ္ဂိုလ်အား ဝင်လေ ထွက်လေတို့တွင် တခုသာ ရှေးဦးစွာ ထင်၏၊ ထိုပုဂ္ဂိုလ်ကိုရည်၍ ဆိုထားပေသည်။ အကြင်ပုဂ္ဂိုလ်အား ဝင်လေ ထွက်လေ ၂-ခုလုံး ထင်ရှားကုန်၏၊ ထိုပုဂ္ဂိုလ်သည် ၂-ခုလုံးကိုယူ၍ ရေတွက်အပ်၏။ (ဋီကာ)
၂- တစ် တစ် ဟု ရေတွက်ခြင်းမှစ၍ တဆယ် တဆယ်တိုင်အောင် ရေတွက်အပ်၏-ဟု စပ်၍ အဓိပ္ပါယ်ယူပါ။
၃- ဝိသုဒ္ဓိမဂ်ပါဠိ ရှိရင်းအတိုင်း ပြန်လျှင် ထွက်ကုန် ဝင်ကုန်သော-ဟု ဖြစ်သည်။ ဤ၌ကား ရှေး၌ ပြခဲ့သည့်အတိုင်း အဿာသ-ကို ဝင်လေ-ဟု ပြန်သောကြောင့် ထိုနှင့် ညီစေရန် ဝင်ကုန် ထွက်ကုန်သော-ဟု ပြင်၍ ပြန်သည်။ အဿာသပဿာသ-ပုဒ်ကို ဝင်လေ ထွက်လေဟု ပြန်သင့်ကြောင်း သာဓကကို စာပိုဒ်နံပါတ် ၂၂၄၊ နှာ ၄၀၃-၌ တွေ့ရလတံ့။
၄၀၀
ခါးပိုက်ဖြင့် ယူခဲ့၍ ကြိုးနှင့် ဝါးရင်းဒုတ်ကို လက်ဖြင့်ကိုင်လျက် နံနက်စောစောကပင် ခြံသို့သွား၍ နွားတို့ကို ကျောက်ကုန်း၌ ပုတ်ခတ်ကာ တံခါးတိုင်ထိပ်၌ ထိုင်လျက် တံခါးဝသို့ ရောက်လာတိုင်း ရောက်လာတိုင်းသော နွားကိုသာလျှင် ကျောက်စရစ်ဖြင့် ပစ်ခတ်၍ တစ် နှစ် စသည်ဖြင့် ရေတွက်၏ ကျဉ်းမြောင်းသောအရပ်၌ တညဉ့်လုံး ဆင်းရဲစွာနေရသော နွားအပေါင်းသည် ထွက်လတ် ထွက်လတ်သော် အချင်းချင်း တိုးဝှေ့ပွတ်တိုက်လျက် လျင်စွာ လျင်စွာ အစုလိုက် အစုလိုက် ထွက်၏။ ထိုနွားကျောင်းသ္မားသည် “သုံး လေး ငါး တဆယ်” စသည်ဖြင့် လျင်စွာ လျင်စွာ ရေတွက်သည်သာလျှင်တည်း။ ထို့အတူပင် ဤယောဂီမှာလည်း ရှေး၌ပြခဲ့သော အနှေးနည်းဖြင့်၁ ရေတွက်နေစဉ် ဝင်လေ ထွက်လေတို့သည် ထင်ရှားဖြစ်ကုန်လျက် လျင်စွာ လျင်စွာ အဖန်ဖန် ဝင်ကုန် ထွက်ကုန်၏၂။ ထိုအခါ ဤယောဂီသည် “အဖန်ဖန် ဝင်ကုန် ထွက်ကုန်သည်”ဟု သိသဖြင့် အတွင်း၌၎င်း၊ အပြင်၌၎င်း မယူမူ၍ နှာသီးဝသို့ ရောက်လာတိုင်း ရောက်လာတိုင်းသော ဝင်လေ ထွက်လေကိုသာလျှင် ယူလျက် “တစ် နှစ် သုံး လေး ငါး၊ တစ် နှစ် သုံး လေး ငါး ခြောက်၊ တစ် နှစ် သုံး လေး ငါး ခြောက် ခုနစ်၊ တစ် နှစ် သုံး လေး ငါးခြောက်
၁- ရှေးနည်းအရကို အနှေးနည်းဖြင့်-ဟု ပြန်ခြင်းသည် ရှေ့နောက်ညှိ၍ ဝိမတိဋီကာနှင့်အညီ ပြန်ချက်ဖြစ်သည်။ ဤမဟာဋီကာ၌ကား အမြန်ရေတွက်နည်းဖြင့်-ဟု ဖွင့်ပြထား၏။
၂- သဉ္စရန္တိ-ပုဒ်၏ အနက်ဖြစ်သည်။ (ဝင်လေ ထွက်လေတို့) မပြတ် သွားကုန်၏- မပြတ် ဖြစ်ကုန်၏-ဟူသည်မှာ ဝင်ကုန် ထွက်ကုန်၏ ဟူ၍ပင် ဆိုလိုပေ၏။
၄၀၁
ခုနစ် ရှစ်၊ တစ် နှစ် သုံး လေး ငါး ခြောက် ခုနစ် ရှစ် ကိုး၊ တစ် နှစ် သုံး လေး ငါး ခြောက် ခုနစ် ရှစ် ကိုး တဆယ်၁”ဟု လျင်စွာ လျင်စွာ ရေတွက်အပ်သည်သာလျှင်တည်း။ မှန်ပေ၏- ရေတွက်ခြင်းနှင့်စပ်သော ကမ္မဋ္ဌာန်း၌ ရေတွက်ခြင်း၏ အားစွမ်းဖြင့်ပင်လျှင် စိတ်သည် တခုတည်းသော အာရုံရှိလျက် တည်ကြည်ပေ၏၊ ဥပမာ ရေစီးသန်သော ရေယာဉ်၌ ထိုးဝါးအကူအညီ၏ အစွမ်းဖြင့် လှေ၏ ရပ်တည်ခြင်းကဲ့သို့ပင်တည်း။
ဤသို့ လျင်စွာ လျင်စွာ ရေတွက်နေသော ထိုယောဂီအား ကမ္မဋ္ဌာန်းအာရုံသည် အခြားမရှိပဲ မပြတ်ဖြစ်နေသကဲ့သို့ ဖြစ်လျက် ထင်ပေါ်၏။ ထိုအခါ “အခြားမရှိပဲ မပြတ်ဖြစ်နေသည်”ဟု သိပြီးလျှင်
၁- ဤ၌ ရေတွက်ပုံကို ပြထားသည်မှာ တစ်မှ ငါးအထိ ရေတွက်ပြီးလျှင် တစ်မှ ခြောက်အထိ စသည်ဖြင့် တခု တခု တိုး၍ ရေတွက်ရန် ပြထားသကဲ့သို့ ရှိပေ၏။ ပရမတ္ထသရူပဘေဒနီကျမ်း၌ ထိုသို့ ငါးခုဝါရပြီး ခြောက်ခုဝါရစသည် တခု တခု တိုး၍ တိုး၍ မရေတွက်အပ်ကြောင်း၊ ထိုသို့ တခု တခု တိုး၍ ရေတွက်လျှင် “ဂဏနာနိဿိတောဝ- ရေတွက်ခြင်းကိုသာ မှီသည်၊ န ကမ္မဋ္ဌာနနိဿိတော- ကမ္မဋ္ဌာန်းအာရုံကို မမှီ”ဟူ၍ အဋ္ဌကထာ ဋီကာတို့၌ ပြထားသော အပြစ်ရောက်ကြောင်း၊ စင်စစ်အားဖြင့်မူ တစ် နှစ် သုံး လေး ငါး, တစ် နှစ် သုံး လေး ငါး ဟူ၍သော်၎င်း၊ ဆယ်ခုတိုင်အောင်သော်၎င်း၊ ငါးခုနှင့် ဆယ်ခုတို့၏ အတွင်း၌ နှစ်သက်ရာ ဂဏန်းသင်္ချာကိုယူ၍ ရေတွက်အပ်ကြောင်း ပြဆိုထားသည်။ ပြည်မူနိဿယ၌လည်း “ငါးခုတို့၏အောက်၌ မထားရာ ဟူရကား ငါးခုမစေ့မီ တခေါက် မပြန်ကောင်း၊ ငါးခုစေ့၍ မပြန်လိုမူ ခြောက်ခုမြောက်ရှူလေ မလာမီ ငါး-ငါးဟု အလျဉ်မပြတ် မှတ်သား၍ ၆-ခုမြောက်ရှူလေ လာလတ်သော် ခြောက်ဟု ရေတွက်။ ထိုတွင် ပြန်လိုလျှင်လည်း တစ် တစ် စသည်ဖြင့်
၄၀၂
အတွင်းသို့ ဝင်သွားသော လေကို၎င်း၊ အပြင်သို့ ထွက်သွားသော လေကို၎င်း နှလုံးမသွင်း- မသိမ်းဆည်းမူ၍ ရှေးနည်းဖြင့်ပင် လျင်စွာ လျင်စွာ ရေတွက်အပ်၏။ မှန်ပေ၏- အတွင်းသို့ဝင်သွားသော လေနှင့်အတူ စိတ်ကိုဝင်စေလျှင် ကိုယ်တွင်းအရပ်သည် လေဖြင့် ခတ်အပ်-ကားစေအပ်သကဲ့သို့၎င်း၊ အဆီဖြင့် ပြည့်နေသကဲ့သို့၎င်း ဖြစ်တတ်၏၊ အပြင်သို့ ထွက်သွားသော လေနှင့်အတူ စိတ်ကိုထုတ်ဆောင်လျှင် အပြင်ပ အထူးထူးသောအာရုံ၌ စိတ်သည် ပျံ့လွင့်တတ်၏၊ စင်စစ်သော်ကား ထိရာ ထိရာ အရပ်၌သာလျှင် သတိကိုထား၍ ပွါးစေသူအား ဘာဝနာသည် ပြီးစီးပြည့်စုံ၏။ ထို့ကြောင့် “အတွင်းသို့ဝင်သွားသော လေကို၎င်း၊ အပြင်သို့ထွက်သွားသော လေကို၎င်း နှလုံးမသွင်း- မသိမ်းဆည်းမူ၍ ရှေးနည်းဖြင့်ပင် လျင်စွာ လျင်စွာ ရေတွက်အပ်၏”ဟု ငါဆိုခဲ့ပေသည်။
ခြောက် ခြောက်ကျအောင် ရှေးနည်းရေ။ ဤနည်းဖြင့် ဆယ်ခုကျသော် တဆယ်ဟု ရေတွက်။” ဤသို့ အနှေးရေတွက်ပုံအရာ၌ ပြဆိုထားသည်။ ဤအလိုအားဖြင့် ငါးခုအထိ ဝါရနှင့် တဆယ်အထိ ဝါရတို့အတွင်းမှာ အလိုရှိသလို ရေတွက်နိုင်သည်ဟု သိအပ်၏။ သို့သော် သမာဓိရမှုက လိုရင်းဖြစ်သောကြောင့် ကိုယ်တွေ့ အားထုတ်ကြည့်သောအခါ အကောင်းဆုံးနည်းကို ယူ၍ အားထုတ်ရာ၏။ ဘုရားဟောပါဠိ၌ ရေတွက်ရန်မပြ၊ သတောဝ အဿသတိ သတော ပသာသတိ- အမှတ်ရလျက်သာလျှင် ဝင်သက်ရှူ၏၊ အမှတ်ရလျက်သာလျှင် ထွက်သက်ရှူ၏ဟု ရှူသွင်းတိုင်း ရှူထုတ်တိုင်း အမှတ်ရရန်သာ ပြတော်မူပေသည်။ သို့ဖြစ်၍ ဝင်လေထွက်လေ ထိရာဌာန၌ စိတ်သတိကို ကပ်ထား၍ ရှူသည် ရှိုက်သည် ဟူ၍သော်၎င်း၊ ဝင်သည် ထွက်သည် ဟူ၍သော်၎င်း ဤသို့ စသည်ဖြင့် ရှုမှတ်နေလျှင်လည်း သင့်လျော်သည်သာတည်း။
၄၀၃
အဘယ်မျှလောက်ကြာအောင် ဤဝင်လေ ထွက်လေကို ရေတွက်အပ်သနည်းဟူမူ ရေတွက်ခြင်းနှင့်ကင်း၍ ဝင်လေထွက်လေအာရုံ၌ သတိကောင်းစွာ တည်သည်တိုင်အောင် (ရေတွက်အပ်ပေသည်)။ မှန်ပေ၏- ရေတွက်ခြင်းသည် အပြင်ပ၌ ပြန့်သွားနေသော ဝိတက်၏ ပြတ်စဲခြင်းကိုပြု၍ ဝင်လေထွက်လေအာရုံ၌ သတိကို ကောင်းစွာတည်စေခြင်း အကျိုးငှါသာလျှင် ဖြစ်ပေသည်။
[၂၇၂] ၂၂၄။ ဤဆိုခဲ့သည့်အတိုင်း ရေတွက်ခြင်း (ဂဏနာနည်း)ဖြင့် နှလုံးသွင်းပြီးလျှင် အစဉ်လိုက်ခြင်း (အနုဗန္ဓနာနည်း)ဖြင့် နှလုံးသွင်းအပ်၏။ အနုဗန္ဓနာမည်သည်ကား ရေတွက်ခြင်းကို ရုပ်သိမ်း၍ ဝင်လေထွက်လေတို့ကို အခြားအပြတ်မရှိပဲ အမှတ်-သတိဖြင့် အစဉ်လိုက်ခြင်းပေတည်း။ ၎င်းသည်လည်း အစ အလယ် အဆုံးတို့ကို အစဉ်လိုက်သည်၏ အစွမ်းအားဖြင့် (အစဉ်လိုက်ခြင်းကား) မဟုတ်ပေ။ ချဲ့၍ပြအံ့- အပြင်သို့ ထွက်သောလေ၏ အစကား ချက်ပေတည်း၊ အလယ်ကား ရင်ချိုင့်အရပ်တည်း၊ အဆုံးကား နှာသီးဖျားပေတည်း။ အတွင်းသို့ဝင်သော လေ၏ အစကား နှာသီးဖျားပေတည်း၊ အလယ်ကား ရင်ချိုင့်အရပ်ပေတည်း၊ အဆုံးကား ချက်ပေတည်း။ ထိုအစ အလယ် အဆုံးကို အစဉ်လိုက်သော ထိုယောဂီ၏ စိတ်သည် ပျံ့လွင့်ခြင်းသို့ရောက်လျက် ပူပန်ပင်ပန်းမှုနှင့်တကွ ဖြစ်ရန်လည်း ဖြစ်၏၊ ကမ္မဋ္ဌာန်းနှလုံးသွင်းမှု လှုပ်ရှားရန်လည်း (ဖြစ်၏)။ ဤအဆိုနှင့်အညီ ဟောထားသော ဒေသနာကား-
“အဿာသ(ဝင်လေ)၏ အစ အလယ် အဆုံးကို သတိဖြင့် အစဉ်လိုက်သော ပုဂ္ဂိုလ်အား အတွင်း၌ ပျံ့လွင့်ခြင်းသို့ရောက်သော စိတ်ဖြင့် ကိုယ်သည်၎င်း၊ စိတ်သည်၎င်း ပူပန်ပင်ပန်းမှုနှင့်တကွ ဖြစ်ကုန်၏၊ တုန်လည်း တုန်ကုန်၏၊
၄၀၄
လှုပ်လည်း လှုပ်ကုန်၏။ ပဿာသ(ထွက်လေ)၏ အစ အလယ် အဆုံးကို သတိဖြင့် အစဉ်လိုက်သော ပုဂ္ဂိုလ်အား အပြင်ပ၌ ပျံ့လွင့်ခြင်းသို့ရောက်သော စိတ်ဖြင့် ကိုယ်သည်၎င်း၊ စိတ်သည်၎င်း ပူပန်ပင်ပန်းမှုနှင့်တကွ ဖြစ်ကုန်၏၊ တုန်လည်း တုန်ကုန်၏၊ လှုပ်လည်း လှုပ်ကုန်၏”ဟူသော ပဋိသမ္ဘိဒါမဂ်ပေတည်း၁။
ထို့ကြောင့် အနုဗန္ဓနာနည်းဖြင့် နှလုံးသွင်း ရှုမှတ်သော ယောဂီသည် (ဝင်လေ ထွက်လေတို့၏) အစ အလယ် အဆုံးတို့၏ အစွမ်းအားဖြင့် (အစဉ်လိုက်၍) နှလုံးမသွင်းအပ်ပေ၊ စင်စစ်သော်ကား ထိရာ (ဖုသနာ)၏ အစွမ်းအားဖြင့်၎င်း၊ စိတ်ကို ထားခြင်း (ဌပနာ)၏ အစွမ်းအားဖြင့်၎င်း နှလုံးသွင်းအပ်- ရှုအပ်ပေသည်။ မှန်ပေ၏- ဂဏနာနည်း, အနုဗန္ဓနာနည်းတို့၏ အစွမ်းအားဖြင့် (အသီးအခြား နှလုံးသွင်းခြင်း ရှိသ)ကဲ့သို့ ဖုသနာ, ဌပနာတို့၏ အစွမ်းအားဖြင့် အသီးအခြား နှလုံးသွင်းခြင်းသည် မရှိပေ၊ စင်စစ်အားဖြင့်မူ ထိရာ ထိရာ ဌာန၌သာလျှင် ရေတွက်နေလျှင် ဂဏနာဖြင့်၎င်း၊ ဖုသနာဖြင့်၎င်း
၁- ဤပဋိသမ္ဘိဒါမဂ် ပါဠိ၌ အဿာသ၏ အစ အလယ် အဆုံးကို အစဉ်လိုက်၍ရှုလျှင် အတွင်း၌ ပျံ့လွင့်ခြင်းသို့ ရောက်သည်ဟူ၍၎င်း၊ ပဿာသ၏ အစ အလယ် အဆုံးကို အစဉ်လိုက်၍ရှုလျှင် အပြင်ပ၌ ပျံ့လွင့်ခြင်းသို့ ရောက်သည်ဟူ၍၎င်း ပြဆိုထားသောကြောင့် အဿာသကို ဝင်သက်- ဝင်လေဟူ၍၎င်း၊ ပဿာသကို ထွက်သက်- ထွက်လေဟူ၍၎င်း ဆိုလိုကြောင်း ထင်ရှားလှပေ၏။ ထို့ကြောင့် ဤပါဠိနှင့် တလျှောက်လုံး ညီစေရန် အဿာသကို ဝင်လေဟူ၍၎င်း၊ ပဿာသကို ထွက်လေဟူ၍၎င်း အစမှပင် စ၍ ပြန်ခဲ့ပေသည်။
၄၀၅
နှလုံးသွင်းနေသည်ဟု ဆိုအပ်ပေ၏၊ ထိုထိရာဌာန၌ပင်လျှင် ရေတွက်ခြင်းကို ရုပ်သိမ်း၍ ထိုဝင်လေထွက်လေတို့ကို သတိဖြင့် အစဉ်လိုက်နေလျှင်၎င်း၊ အပ္ပနာ၏ အစွမ်းအားဖြင့် စိတ်ကိုထားလျှင်၎င်း၁ အနုဗန္ဓနာဖြင့်၎င်း ဖုသနာဖြင့်၎င်း ဌပနာဖြင့်၎င်း နှလုံးသွင်းနေသည်၂ဟု ဆိုအပ်ပေ၏။ ထိုဆိုခဲ့သော ဤအနက်ကို အဋ္ဌကထာတို့၌ ပြဆိုထားသော သူဆွံ့ဥပမာ တံခါးစောင့်ဥပမာ တို့ဖြင့်၎င်း၊ ပဋိသမ္ဘိဒါမဂ်၌ ပြဆိုထားသော လွှဥပမာဖြင့်၎င်း သိအပ်၏။
၂၂၅။ ထိုတွင် ဤသည်ကား သူဆွံ့ဥပမာပေတည်း- သူဆွံ့သည် ပုခက်ဖြင့် ကစားနေကြသော သားအမိတို့၏ ပုခက်ကိုလွှဲလျက် ထိုပုခက်တိုင်အနီး၌ပင် ထိုင်နေလျှင် အစဉ်အတိုင်း လာသော သွားသော ပုခက်ပျဉ်ချပ်၏ နှစ်ဖက်အစွန်းတို့ကို၎င်း၊ အလယ်ကို၎င်း မြင်၏၊ နှစ်ဖက်အစွန်းနှင့် အလယ်တို့ကို မြင်အောင် ကြောင့်ကြမစိုက်ရသကဲ့သို့ ထို့အတူပင် ဤယောဂီရဟန်းသည် သတိ၏အစွမ်းဖြင့်
၁- အပ္ပနာ၏ အစွမ်းအားဖြင့် စိတ်ကိုထားလျှင် ဟူသည်ကား အကြင် အခြင်းအရာဖြင့်သာလျှင် အပ္ပနာသည် ဖြစ်၏။ ဤသို့ အပ္ပနာကို ဖြစ်စေနိုင်သော အခြင်းအရာဖြင့် ထင်မြဲတိုင်းသော နိမိတ်၌ စိတ်ကို ကောင်းစွာထားလျှင်(ဟု ဆိုလို၏)။ (ဋီကာ)
၂- အနုဗန္ဓနာဖြင့်၎င်း ဖုသနာဖြင့်၎င်း (အနုဗန္ဓနာဖြင့်၎င်း) ဌပနာဖြင့်၎င်း နှလုံးသွင်းနေသည်ဟု ဆိုအပ်ပေသည်ဟူ၍ နှစ်မျိုးယှဉ်အပ်၏။ (ဋီကာ) ထိရာဌာန၌ သတိဖြင့်ကပ်၍ အစဉ်လိုက်နေလျှင် အနုဗန္ဓနာ ဖုသနာဖြင့် နှလုံးသွင်းနေသည် မည်၏၊ ပဋိဘာဂနိမိတ်၌ စိတ်ကိုထား၍ အစဉ်လိုက်နေလျှင် အနုဗန္ဓနာ ဌပနာဖြင့် နှလုံးသွင်းနေသည် မည်၏-ဟု ဆိုလို၏။
၄၀၆
ချည်တိုင်၏အနီး၌ (ဝါ-ဝင်လေ ထွက်လေ၏ ထိခိုက်ရာ နှာသီးဖျား အထက်နှုတ်ခမ်း၌)၁ တည်၍ ဝင်လေ ထွက်လေဟူသော ပုခက်ကို ပစ်လွှဲလျက် ထိုနှာသီးဖျားနှင့် အထက်နှုတ်ခမ်းဟူသော နိမိတ်၌ပင်လျှင် သတိဖြင့် ထိုင်နေလတ်သော် အစဉ်အတိုင်း လာကုန် သွားကုန်သော ဝင်လေထွက်လေတို့၏ ထိရာအရပ်၌ အစ အလယ် အဆုံးကို သတိဖြင့် အစဉ်လိုက်သည်ဖြစ်၍၎င်း၊ ထိုထိရာအရပ်၌ စိတ်ကို ထားသည်ဖြစ်၍၎င်း ရှုမြင်ပေ၏၊ ထိုအစ အလယ် အဆုံးတို့ကို ရှုမြင်နိုင်အောင် ကြောင့်ကြမစိုက်ရပေ။ ဤကား သူဆွံ့ဥပမာပေတည်း။
[၂၇၃] ၂၂၆။ ယခု ဆိုမည့်စကားသည်ကား တံခါးစောင့် ဥပမာပေတည်း- တံခါးစောင့်သည် မြို့၏အတွင်း၌၎င်း၊ အပြင်၌၎င်း လူတို့ကို “သင်က မည်သူနည်း၊ ဘယ်မှလာခဲ့သနည်း၊ ဘယ်သို့သွားမည်နည်း၊ သင်၏လက်၌ အဘယ်ပစ္စည်းနည်း” ဤသို့ စသည်ဖြင့် မစူးစမ်းပေ။ မှန်ပေ၏- ထိုမြို့တွင်း မြို့ပြင်က လူတို့သည် ထိုတံခါးစောင့်၏ တာဝန်မဟုတ်ပေ။ စင်စစ်သော်ကား တံခါးပေါက်သို့ ရောက်လာတိုင်း ရောက်လာတိုင်းသော လူကိုသာလျှင် စူးစမ်းသကဲ့သို့
၁- ဝိသုဒ္ဓိမဂ် စာပိုဒ်နံပါတ် ၂၁၇-ဒုတိယပိုဒ်၌ အဿာသ ပဿာသထမ္ဘေ- ဝင်လေ ထွက်လေဟူသော တိုင်၌-ဟူသော စကားဖြင့် ဝင်လေ ထွက်လေကိုပင် ချည်တိုင်ဟု ပြဆိုခဲ့၏၊ ဤအရာ၌ကား ဝင်လေ ထွက်လေကို ပုခက်ဟု ဆိုထားသောကြောင့် ထိုဝင်လေ ထွက်လေကို ပုခက်တိုင်ဟု မဆိုသင့်ပြီ၊ ဝင်လေ ထွက်လေတို့၏ ထိခိုက်ရာ အရပ်ကိုသာလျှင် ပုခက်တိုင်ဟု ဆိုသင့်ပေသည်။ ထို့ကြောင့် ဤအရာ၌ ဥပနိဗန္ဓနာထမ္ဘမူလ-အရ သတိဖြင့် စိတ်ကိုဖွဲ့ချည်ရာ တိုင်ဟု ဆိုအပ်သော ဝင်လေ ထွက်လေတို့၏ ထိရာဌာနကို ဖော်၍ပြန်သည်။ တိုင်ရင်း- တိုင်၏အနီးဟု ဆိုသော်လည်း ထိခိုက်ရာဌာနကိုပင် ဆိုလိုသည်။
၄၀၇
ထို့အတူပင် အတွင်းသို့ ဝင်သွားသော လေတို့သည်၎င်း၊ အပြင်သို့ ထွက်သွားသော လေတို့သည်၎င်း ဤယောဂီရဟန်း၏ တာဝန်မဟုတ်ကုန်၊ နှာသီးဝသို့ ရောက်လာတိုင်း ရောက်လာတိုင်းသော ဝင်လေထွက်လေတို့သည်သာလျှင် ရှုရန် တာဝန်များ ဖြစ်ကြပေသည်။ ဤသည်ကား တံခါးစောင့် ဥပမာပေတည်း။
၂၂၇။ လွှဥပမာကိုမူ အစမှစ၍ ယခုပြဆိုမည့်အတိုင်း သိအပ်၏။ မှန်ပေ၏- အောက်ပါစကားကို (ပဋိသမ္ဘိဒါမဂ်၌) ဟောထားပေ၏။
“(သတိဖြင့် စိတ်ကိုဖွဲ့ချည်ရာ နှာသီးဖျားနှင့် အထက်နှုတ်ခမ်းဟူသော) နိမိတ်သည်၎င်း၁၊ ဝင်လေထွက်လေတို့သည်၎င်း တခုတည်းသော စိတ်၏ အာရုံမဟုတ်ပေ၊ (နိမိတ် ၀င်လေ ထွက်လေဟူသော) သုံးပါးသော တရားတို့ကို မသိသောသူသည် အာနာပါနဿတိ သမာဓိဘာဝနာကို မရနိုင်သည် မဟုတ်ပါလော။
နိမိတ်သည်၎င်း၊ ဝင်လေ ထွက်လေတို့သည်၎င်း တခုတည်းသော စိတ်၏ အာရုံမဟုတ်ပေ၊ သို့သော်လည်း သုံးပါးသော
၁- နိမိတ်ဟူသည်ကား ဥပနိဗန္ဓနာ နိမိတ်တည်း။ (ဋီကာ) စိတ်ကို ဖွဲ့ချည်ကြောင်းဖြစ်သောကြောင့် သတိကို ဥပနိဗန္ဓာနာဟု ဆို၏၊ ထိုသတိ၏ ရှူရှိုက်လေတို့ကို မှတ်ကြောင်းဖြစ်သောကြောင့် ရှူရှိုက်လေတို့၏ ထိခိုက်ရာ နှာသီးဖျားနှင့် အထက်နှုတ်ခမ်းကို ဥပနိဗန္ဓနာနိမိတ်ဟု ဆိုကြောင်း ဤမဟာဋီကာနှင့် ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာတို့၌ ဆို၏။ သတိဖြင့် စိတ်ကိုဖွဲ့ချည်ရာ နိမိတ်ဟုဆိုလျှင် သိလွယ်၏။ ထို့ကြောင့် အထက်ပါအတိုင်း ပြန်သည်။
၄၀၈
တရားတို့ကို သိသည်ဖြစ်၍ အာနာပါနဿတိ သမာဓိဘာဝနာကို ရနိုင်ပေ၏၊ ဤကား အဖြေ။
ဤသုံးပါးသော တရားတို့သည် တခုတည်းသော စိတ်၏အာရုံ မဟုတ်ကြပေ။ သို့ဖြစ်ပါလျက် အဘယ်သို့လျှင် ဤသုံးပါးသော တရားတို့ကို မသိရသည် မဟုတ်ပဲ သိရပါကုန်သနည်း၊ စိတ်သည်လည်း အဘယ်သို့လျှင် ပျံ့လွင့်ခြင်းသို့ မရောက်ပါသနည်း၊ အားထုတ်မှု လုံ့လသည်လည်း အဘယ်သို့ ထင်ပါသနည်း၊ ယှဉ်စေခြင်း- ပြုလုပ်ခြင်း ကိစ္စကိုလည်း အဘယ်သို့ ပြီးစေပါသနည်း၊ အထူးဝိသေသကိုလည်း အဘယ်သို့ ရပါသနည်း၊ ဥပမာအားဖြင့် ပြရလျှင် ညီသောမြေပြင်၌ ချထားသော သစ်တုံးတခု ရှိရာ၏၊ ထိုသစ်တုံးကို ယောက်ျားသည် လွှဖြင့် ဖြတ်ရာ၏၊ (ထိုသို့ ဖြတ်လျှင်) သစ်တုံး၌ တိုက်ထိသော လွှသွားတို့၏ အစွမ်းအားဖြင့် ထိုယောက်ျား၏ သတိသည် ထင်၏။ လာကုန် သွားကုန်သော လွှသွားတို့ကိုလည်း နှလုံးမသွင်း၊ လာကုန် သွားကုန်သော လွှသွားတို့ကို မသိရသည်လည်း မဟုတ်၊ လွှတိုက်မှု လုံ့လလည်း ထင်၏။ သစ်တုံးကိုဖြတ်မှု- ပယောဂကိုလည်း ပြီးစေ၏။ နှစ်ပိုင်း သုံးပိုင်း စသည် ပြတ်ခြင်းဟူသော အထူးဝိသေသကိုလည်း ရပေ၏။
ညီသောမြေပြင်၌ ချထားသော သစ်တုံးကဲ့သို့ ဤအတူပင် သတိဖြင့် ဖွဲ့ချည်ရာနိမိတ်ကို မှတ်အပ်၏၊ လွှသွားကိုကဲ့သို့ ဤအတူပင် ဝင်လေထွက်လေတို့ကို မှတ်အပ်(ကုန်)၏၊ သစ်တုံး၌ တိုက်ထိသော လွှသားတို့၏ အစွမ်းအားဖြင့် ယောက်ျား၏ သတိထင်သကဲ့သို့၎င်း၊ လာကုန် သွားကုန်သော လွှသွားတို့ကို နှလုံးမသွင်းသကဲ့သို့၎င်း၊ လာကုန် သွားကုန်သော လွှသွားတို့ကို မသိရသည်မဟုတ်၊ သိရကုန်သကဲ့သို့၎င်း၊ လွှတိုက်မှု လုံ့လလည်း ထင်လျက် ဖြတ်မှု ပယောဂကိုလည်း
၄၀၉
ပြီးစေလျက် ပြတ်ခြင်း အထူးဝိသေသကို ရသကဲ့သို့၎င်း ဤအတူပင် ရဟန်းသည် နှာသီးဖျား၌ဖြစ်စေ, မုခနိမိတ်ခေါ်သော အထက်နှုတ်ခမ်း၌ဖြစ်စေ သတိကို ထင်စေ ဖြစ်စေလျက် ထိုင်နေ၏၊ လာကုန် သွားကုန်သော ဝင်လေ ထွက်လေတို့ကို နှလုံးမသွင်း၊ သို့သော်လည်း လာကုန် သွားကုန်သော ဝင်လေ ထွက်လေတို့ကို [၂၇၄] မသိရကုန်သည်လည်း မဟုတ် သိရကုန်၏၊ အားထုတ်မှု လုံ့လလည်း ထင်၏။ ယှဉ်စေခြင်း ကိစ္စကိုလည်း ပြီးစေ၏။ အထူးဝိသေသကိုလည်း ရပေ၏။
အားထုတ်မှု လုံ့လဟူသည် အဘယ်နည်း? အားထုတ်သော လုံ့လရှိသော ယောဂီ၏ ကိုယ်နှင့်စိတ်သည် ဘာဝနာကိုပွါးစေရန် ခံ့ကျန်း သန်စွမ်းပေ၏၊ ဤခံ့ကျန်း သန်စွမ်းကြောင်းဖြစ်သော လုံ့လသည် အားထုတ်မှု(ပဓာန)ပေတည်း။
ယှဉ်စေခြင်းကိစ္စ (ပယောဂ)ဟူသည် အဘယ်နည်း? အားထုတ်သော လုံ့လရှိသော ယောဂီ၏(သန္တာန်၌) စိတ်၏ ညစ်ညူးကြောင်း နီဝရဏတို့ကို ပယ်အပ်ကုန်၏ (ဝါ-နီဝရဏတို့သည် ကင်းကွာကုန်၏)၊ မိစ္ဆာဝိတက်တို့သည် ငြိမ်းကုန်၏၊ ဤနီဝရဏ မိစ္ဆာဝိတက်တို့ ကင်းငြိမ်းကြောင်းဖြစ်သော ရှုမှတ်အားထုတ်ခြင်းသည် ယှဉ်စေခြင်းကိစ္စ (ပယောဂ)ပေတည်း။
အထူးဝိသေသဟူသည် အဘယ်နည်း? အားထုတ်သော လုံ့လရှိသော ယောဂီ၏(သန္တာန်၌) သံယောဇဉ်တို့ကို ပယ်အပ်ကုန်၏ (ဝါ-သံယောဇဉ်တို့သည် ကင်းကုန်၏)၊ ဖြစ်နိုင်ခွင့်ရှိသော အနုသယကိလေသာတို့သည် (အရိယမဂ်ဖြင့် မဖြစ်နိုင်သည့် အခြေအနေသို့ ရောက်လျက်) အစွန်းအစမျှ မကျန်မကြွင်း ကင်းကုန်၏၊ ဤသံယောဇဉ် ကိလေသာတို့၏ ကင်းခြင်းသည် အထူးဝိသေသပေတည်း။
၄၁၀
ဤဆိုခဲ့သည့်အတိုင်း ဤသုံးပါးသော တရားတို့သည် တခုတည်းသော စိတ်၏ အာရုံမဟုတ်ကြသော်လည်း ဤသုံးပါးသော တရားတို့ကို မသိရသည်မဟုတ် သိရပေကုန်၏၊ စိတ်သည်လည်း ပျံ့လွင့်ခြင်းသို့ မရောက်ပေ၊ အားထုတ်မှု လုံ့လသည်လည်း ထင်ပေ၏။ ယှဉ်စေခြင်းကိစ္စကိုလည်း ပြီးစေနိုင်ပေ၏၊ အထူးဝိသေသကိုလည်း ရပေ၏။
“အချင်းခပ်သိမ်း ပြည့်စုံသော အာနာပါနဿတိကို မြတ်စွာဘုရား ဟောထားသည့်အတိုင်း အကြင် ရဟန်းသည် အစဉ်အတိုင်း လေ့လာလျက် ကောင်းစွာ ပွါးစေ(အပ်)၏၊ ထိုရဟန်းသည် တိမ်တိုက်မှလွတ်သော လကဲ့သို့ (မိမိခန္ဓာ အစရှိသော) ဤလောကကို ထွန်းလင်းစေနိုင်၏” ဤကား ပဋိသမ္ဘိဒါမဂ်ပေတည်း။
ဤသည်ကား လွှဥပမာပေတည်း၊ ဤဥပမာ၌ကား ထိုယောဂီရဟန်း၏ လာသောလေ သွားသောလေတို့ကို နှလုံးမသွင်း(ပဲ ထိရာ၌သာ နှလုံးသွင်း)ခြင်းမျှသည်သာလျှင် အကျိုးပေတည်းဟူ၍ သိအပ်၏။
၂၂၈။ ဤအာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်းသော အချို့ပုဂ္ဂိုလ်အား မကြာမီပင် ပဋိဘာဂနိမိတ်သည်လည်း ဖြစ်ပေါ်၏။ ကြွင်းသော ဈာန်အင်္ဂါတို့ဖြင့် တန်ဆာဆင်အပ်သော အပ္ပနာခေါ်သော စိတ်ကို ထားတတ်သော သမာဓိသည်လည်း ပြီးစီးပြည့်စုံ၏။ အချို့ပုဂ္ဂိုလ်မှာမူ ရေတွက်ခြင်း၏ အစွမ်းအားဖြင့် နှလုံးသွင်းသောကာလမှ စ၍ပင် အစဉ်အတိုင်း ရုန့်ရင်းသော ဝင်လေ ထွက်လေတို့ ချုပ်သည်၏ အစွမ်းအားဖြင့် ကိုယ်၏ ပူပန်ပင်ပန်းခြင်း ငြိမ်းလတ်သော် ကိုယ်ရော စိတ်ပါ ပေါ့ပါး၏၊ ကိုယ်သည် ကောင်းကင်သို့
၄၁၁
ပျံတက်သော အခြေအနေရောက်သကဲ့သို့ ရှိ၏။ ဥပမာဖြင့် ပြရလျှင်- ကိုယ်၏ ပူပန်ပင်ပန်းခြင်း ရှိသူသည် ညောင်စောင်း အင်းပျဉ်ပေါ်၌နေလျှင် ညောင်စောင်းအင်းပျဉ်သည် ညွတ်ကျ၏၊ ကျိတ်ကျိတ်အသံ မြည်၏၊ အိပ်ရာခင်းသည် တွန့်၏၊ ကိုယ်၏ ပူပန်ပင်ပန်းခြင်း ကင်းသောသူ နေလျှင်ကား ညောင်စောင်း အင်းပျဉ်သည် ညွတ်မကျ အသံမမြည် အိပ်ရာခင်းမတွန့်၊ ညောင်စောင်း အင်းပျဉ်သည် မှို့ဂွမ်းတို့ဖြင့် ပြည့်နေသကဲ့သို့ ဖြစ်၏။ အဘယ့်ကြောင့်နည်း? ပူပန်ပင်ပန်းခြင်းမရှိသော ကိုယ်သည် ပေါ့ပါးသောကြောင့်ပေတည်း။ ထို့အတူပင် ရေတွက်ခြင်း၏ အစွမ်းအားဖြင့် နှလုံးသွင်းသောကာလမှ စ၍ အစဉ်အတိုင်း ရုန့်ရင်းသော ဝင်လေ ထွက်လေတို့ ချုပ်သည်၏ အစွမ်းအားဖြင့် ကိုယ်၏ပူပန်ပင်ပန်းခြင်း ငြိမ်းလတ်သော် ကိုယ်ရောစိတ်ပါ ပေါ့ပါး၏၊ ကိုယ်သည် ကောင်းကင်သို့ ပျံတက်သောအခြေအနေ ရောက်နေသကဲ့သို့ ရှိပေ၏။
[၂၇၅] ထိုယောဂီမှာ ရုန့်ရင်းသော ဝင်လေ ထွက်လေ ချုပ်သွားလျှင် သိမ်မွေ့သော ဝင်လေ ထွက်လေ နိမိတ်လျှင် အာရုံရှိသော စိတ်သည် ဖြစ်၏၁။ ထိုသိမ်မွေ့သော ဝင်လေထွက်လေ ချုပ်သွားပြန်လျှင်လည်း အဆင့်ဆင့် ထို့ထက် သာ၍ သာ၍ သိမ်မွေ့သော ဝင်လေ ထွက်လေ နိမိတ်လျှင် အာရုံရှိသောစိတ် ဖြစ်သည်သာလျှင်တည်း။ အဘယ်ကဲ့သို့နည်း?ဟူမူ လူတယောက်သည် ကြီးသော သံချောင်းဖြင့် ကြေးခွက် ကြေးလင်ပန်းကို တီးခေါက်ရာ၏၊ တီးခေါက်သည်နှင့် တပြိုင်နက် ကြီးစွာသောအသံ ဖြစ်ပေါ်လာရာ၏။
၁- သိမ်မွေ့သော ၀င်လေ ထွက်လေ နိမိတ်ကို အာရုံပြုလျက် စိတ်ဖြစ်သည်ဟူ၍ပင် ဆိုလို၏။
၄၁၂
ထိုလူမှာ ရုန့်ရင်းသောအသံလျှင် အာရုံရှိသော စိတ်သည် ဖြစ်ရာ၏၊ ရုန့်ရင်းသော အသံချုပ်သွားလျှင် ထို့နောင် သိမ်မွေ့သော အသံနိမိတ်လျှင် အာရုံရှိသော စိတ်သည် ဖြစ်ရာ၏၊ ထိုသိမ်မွေ့သောအသံ ချုပ်သွားပြန်လျှင်လည်း အဆင့်ဆင့် ထို့ထက် သာ၍ သာ၍ သိမ်မွေ့သော အသံနိမိတ်လျှင် အာရုံရှိသောစိတ် ဖြစ်သည်သာလျှင် ဖြစ်သကဲ့သို့ ဤအတူပင် ဖြစ်သည်ဟု သိအပ်၏။ မှန်ပေ၏- ဟောထားသော ဤဆိုလတံ့စကားလည်း ရှိပေ၏- “ကြေးခွက်ကို တီးခေါက်လိုက်လျှင်” ဤသို့ စသည်ကို နှာ ၃၉၁-၌ ထုတ်ပြခဲ့သည့်အတိုင်း ချဲ့၍ သိအပ်၏။
၂၂၉။ အခြားကမ္မဋ္ဌာန်းတို့သည် နောက်နောက်ကာလ၌ ထင်ရှားကုန်သကဲ့သို့ ဤကမ္မဋ္ဌာန်းသည် ထို့အတူ မဟုတ်ပေ၊ စင်စစ်သော်ကား ဤကမ္မဋ္ဌာန်းသည် ပွါးစေသောသူအား နောက်နောက်ကာလ၌ သိမ်မွေ့ခြင်းသို့ ရောက်၏၊ ထင်ခြင်းသို့သော်လည်း မရောက်ပဲ ရှိတတ်၏။ ၎င်းသည် ဤသို့ မထင်ပဲရှိနေလျှင် ထိုယောဂီရဟန်းသည် နေရာမှထကာ သားရေပိုင်းအခင်းကို ခါ၍ မသွားအပ်သေး။ အဘယ်သို့ ပြုသင့်သနည်း? “ဆရာကိုမေးအံ့” ဟူ၍သော်၎င်း၊ “ယခုအခါ ငါ၏ကမ္မဋ္ဌာန်း ပျောက်သွားပြီ” ဟူ၍သော်၎င်း (နှလုံးသွင်း၍) နေရာမှ မထအပ်သေး။ အကြောင်းမူကား ဣရိယာပုထ်ကိုဖျက်၍ ထသွားသောသူအား ကမ္မဋ္ဌာန်းသည် အသစ် အသစ်သာလျှင် ဖြစ်၏။ ထို့ကြောင့် ထိုင်မြဲ ထိုင်လျက်သာလျှင် ပကတိအားဖြင့် တိုက်ထိနေကျအရပ်မှ ဆောင်အပ်၏။
ထိုသို့ ဆောင်ရာ၌ ယခုဆိုမည့် စကားသည် ဆောင်ကြောင်းဖြစ်သော နည်းပေတည်း- ထိုယောဂီရဟန်းသည် ကမ္မဋ္ဌာန်း၏ မထင်ခြင်းကို သိပြီးသောအခါ ဤသို့ ဆင်ခြင်အပ်၏- ဤအသက်ရှူလေတို့မည်သည်
၄၁၃
အဘယ်အရပ်၌ ရှိကြသနည်း၊ အဘယ်အရပ်၌ မရှိကြသနည်း၊ အဘယ်ပုဂ္ဂိုလ်အား ရှိကြသနည်း၊ အဘယ်ပုဂ္ဂိုလ်အား မရှိကြသနည်းဟု ဆင်ခြင်အပ်၏။ ထိုအခါ ဤသို့ ဆင်ခြင်လိုက်လျှင် “ဤအသက်ရှူလေတို့သည် အမိဝမ်းတွင်း ပဋိသန္ဓေနေစဉ်၌ မရှိ၊ ရေထဲ၌ နစ်မြုပ်နေသူတို့အား မရှိ၊ မေ့မျောနေသူတို့အား မရှိ၊ သူသေတို့အား မရှိ၊ စတုတ္ထဈာန် ဝင်စားနေသူတို့အား မရှိ၊ ရူပဘဝ အရူပဘဝသို့ ရောက်နေသောသူတို့အား မရှိ၊ နိရောဓသမာပတ် ဝင်ရောက်နေသူတို့အား မရှိ”ဟု သိ၏၊ ထိုသို့ သိပြီးလျှင်၁ မိမိကိုယ်တိုင်ပင် မိမိကိုယ်ကို ဤသို့ စောဒနာအပ်၏- “ပညာရှိ၊ သင်သည် အမိဝမ်း၌ ပဋိသန္ဓေနေသူ မဟုတ်သည် မဟုတ်တုံလော၊ ရေထဲ၌ နစ်မြုပ်နေသူမဟုတ်၊ မေ့မျောနေသူမဟုတ်၊ သေသူမဟုတ်၊ စတုတ္ထဈာန် ဝင်စားနေသူမဟုတ်၊ ရူပဘဝ အရူပဘဝ ရောက်နေသူမဟုတ်၊ နိရောဓသမာပတ် ဝင်ရောက်နေသူ မဟုတ်သည် မဟုတ်တုံလော။ သင့်အား အသက်ရှူလေတို့သည် ရှိကြသည်သာ၊ သို့သော် ပညာနုံ့သောကြောင့် သိမ်းဆည်းရှုမှတ်ရန် မစွမ်းနိုင်ပဲ ရှိချေသည်”ဟု စောဒနာအပ်၏။ ထို့နောင် ဤယောဂီရဟန်းသည် ပကတိအားဖြင့် တိုက်ထိနေကျအရပ်၏ အစွမ်းအားဖြင့် စိတ်ကိုထားလျက် နှလုံးသွင်းခြင်းကို ဖြစ်စေအပ်၏။ ဤအသက်ရှူလေတို့သည် နှာတံရှည်သောသူအား နှာခေါင်းဖုကို တိုက်ခိုက်ကုန်လျက် ဖြစ်ကုန်၏၊ နှာတံတိုသောသူအား အထက်နှုတ်ခမ်းကို (တိုက်ခိုက်ကုန်လျက် ဖြစ်ကုန်၏)။ ထို့ကြောင့် ဤယောဂီရဟန်းသည် ဤမည်သောအရပ်ကို တိုက်ခိုက်ကုန်၏ဟု
၁- ဉတွာ-ပုဒ်ကို ရှင်းလင်းစေရန် “သိ၏၊ ထိုသို့ သိပြီးလျှင်”ဟု ဝါကျခွဲ၍ ပြန်ထားသည်။
၄၁၄
နိမိတ်ကို ထားအပ်၏၁ (ဝါ-နှာသီးဖျား အထက်နှုတ်ခမ်း ဟူသော ချည်တိုင်နိမိတ်၌ စိတ်ကို ထားအပ်၏)၂။ မှန်ပေ၏- ဤသို့သော ဖြစ်တတ်ပုံ အကြောင်းထူးကိုပင် စွဲ၍ မြတ်စွာဘုရားသည် “ရဟန်းတို့ ငါသည် အာနာပါနဿတိ ဘာဝနာကို သတိမေ့သူ ဆင်ခြင်ဉာဏ်မရှိသူအား မဟောပေ”ဟူ၍ မိန့်တော်မူပေသည်။
[၂၇၆] ၂၃၀။ ဆက်၍ ရှင်းပြဦးအံ့- အမှတ်မရှိ တစုံတခုသော ကမ္မဋ္ဌာန်းသည် (ဝါ-မည်သည့်ကမ္မဋ္ဌာန်းမဆို) သတိရှိသူ ဆင်ခြင်ဉာဏ်ရှိသူအားသာလျှင် ပြည့်စုံပေသည်၊ သို့သော်လည်း
၁-နိမိတ္တံ ဌပေတဗ္ဗံ- နိမိတ်ကို ထားအပ်၏-ဟူသည်မှာ သတိ၏ ထို၌ အလွယ်တကူ ဖြစ်ခြင်းအကျိုးငှါ သာ၍ခိုင်မြဲသော မှတ်သားခြင်းကို ဖြစ်စေအပ်၏(ဟု ဆိုလို၏)၊ မှန်ပေ၏၊ သတိသည် ခိုင်မြဲသော အမှတ်သညာလျှင် နီးသောအကြောင်း ရှိပေ၏ (ဋီကာ) အဖွင့်ခံပါဌ်နှင့် အဖွင့် နှီးနှောရန် ခက်၏။ ပြည်မူနိဿယ၌ကား နိမိတ္တံ- ရှေး၌ယူဘူးသော အာကာရနိမိတ်ကို ယူတတ် မှတ်တတ်သော သာ၍ခိုင်မြဲသော အမှတ်သညာကို။ ဌပေတဗ္ဗံ- ထားအပ်၏၊ ဝါ-ဖြစ်စေအပ်၏-ဟု အနက်ပြန်၏။ နိမိတ္တ-ပုဒ်က သာ၍ခိုင်မြဲသော အမှတ်သညာဟူသော အနက်ကို ဟောသည်ဟု ယူရန် ခက်၏။
၂- ဤ၌ တနည်းအနက်သည် နိမိတ္တံ ဌပေတဗ္ဗံ-အရာ၌ နိမိတ္တေ ဌပေတဗ္ဗံ- ဟူ၍သော်၎င်း၊ စိတ္တံ ဌပေတဗ္ဗံ- ဟူ၍သော်၎င်း ရှိသင့်သော ပါဌ်ကိုရည်၍ ပြန်သောအနက် ဖြစ်သည်။ မှတ်ချက် ၁-၌ ထုတ်ပြခဲ့သော ဋီကာတွင်လည်း တတ္ထ-ထို၌-ဟူသော ပုဒ်ဖြင့် နိမိတ္တေ-ဟု ရှိသောပုဒ်ကို ဖွင့်သည်ဟု ယူသင့်၏။ ထိရတရသဉ္ဇာနာနံ- သာ၍ခိုင်မြဲသော မှတ်သားခြင်းကိုဟူသော အဖွင့်မှာမူ ပါဌ်ကြွင်းအဖြစ်ဖြင့် ဖြည့်စွက်၍ပြသော အဖွင့်ဖြစ်သင့်ပေ၏။
၄၁၅
ဤအာနာပါနဿတိ ကမ္မဋ္ဌာန်းမှ အခြားကမ္မဋ္ဌာန်းသည် နှလုံးသွင်းသူအား ထင်ရှားပေ၏၊ ဤအာနာပါနဿတိ ကမ္မဋ္ဌာန်းသည်ကား ဝန်လေး၏ ဝန်လေးသော ဘာဝနာပေတည်း (ဝါ-ပွါးစေရန် ဝန်လေးလှပေ၏)၊ ဘုရား, ပစ္စေကဗုဒ္ဓါ, ဘုရားသားတော် ဖြစ်ကုန်သော ယောက်ျားမြတ်တို့၏သာလျှင် နှလုံးသွင်းရာဌာန ဖြစ်ပေ၏၊ သေးနုပ်သိမ်ငယ်သည်လည်း မဟုတ်ပေ။ သေးနုပ်သိမ်ငယ်သော ပုဂ္ဂိုလ်တို့ မှီဝဲနိုင်ကောင်းသည်လည်း မဟုတ်ပေ။ နှလုံးသွင်းတိုင်း နှလုံးသွင်းတိုင်းသော အခြင်းအရာအားဖြင့် (ဝါ-နှလုံးသွင်းလေ နှလုံးသွင်းလေ) ငြိမ်သက် သိမ်မွေ့လေလေ ဖြစ်ပေသည်၊ ထို့ကြောင့် ဤအာနာပါနဿတိ ကမ္မဋ္ဌာန်း၌ အားကောင်းသော သတိနှင့်ပညာကို အလိုရှိအပ်ပေသည်။
ဥပမာတင်၍ ပြအံ့- ပါးလွှာ ချောညက်သော ပုဆိုးကို ချုပ်သောကာလ၌ အပ်ကိုလည်း သိမ်မွေ့သည်ကို အလိုရှိအပ်၏၊ အပ်နဖားထွင်းသော စူးကိုလည်း ထိုအပ်ထက်သာ၍ သိမ်မွေ့သည်ကို အလိုရှိအပ်သကဲ့သို့ ထို့အတူပင်လျှင် ပါးလွှာချောညက်သည့် ပုဆိုးနှင့်တူသော ဤအာနာပါနဿတိကမ္မဋ္ဌာန်းကို ပွါးစေသောကာလ၌ အပ်နှင့်တူသော သတိကိုလည်း အားကောင်းသည်ကို အလိုရှိအပ်၏၊ အပ်နဖားထွင်း စူးနှင့်တူသော ထိုသတိနှင့်ယှဉ်သော ပညာကိုလည်း အားကောင်းသည်ကို အလိုရှိအပ်၏။
ထို့ပြင် ထိုသတိပညာတို့နှင့် ပြည့်စုံသော ရဟန်းသည်လည်း ထိုအသက်ရှူလေတို့ကို ပကတိအားဖြင့် ထိနေကျဖြစ်သော နှာသီးဖျားနှင့် အထက်နှုတ်ခမ်းအရပ်မှ တပါးသောအရပ်၌ (ဝါ-ပကတိ ထိနေကျအရပ်ကို ကြဉ်၍) မရှာမှီးအပ်ပေ။ ဥပမာဖြင့်ပြရလျှင် လယ်သမားသည် လယ်ထွန်ခြင်းကို ပြုပြီးလျှင် နွားတို့ကို လွှတ်လိုက်ကာ
၄၁၆
စားကျက်ဆီသို့ ရှေးရှုမောင်းလိုက်၍ အရိပ်၌ ထိုင်နေလျက် အပန်းဖြေနေရာ၏၊ ထိုသို့ အပန်းဖြေနေစဉ် သူ၏ ထိုနွားတို့သည် လျင်စွာ တောထဲသို့ ဝင်သွားလေကုန်ရာ၏။ ကျွမ်းကျင်သော လယ်သမားဖြစ်ပါမူ ထိုသူသည် တဖန် ထိုနွားတို့ကို ဖမ်းယူ၍ ထွန်ခြင်းအမှု၌ ယှဉ်စေလိုလျှင် ထိုနွားတို့၏ ခြေရာအစဉ်အတိုင်း လိုက်၍ တောထဲ၌ မလှည့်လည်ပေ၊ စင်စစ်သော်ကား ကြိုးနှင့် နှင်တံကိုယူ၍ ထိုနွားတို့၏ သွားရောက်နေကျ ရေဆိပ်သို့သာလျှင် ဖြောင့်ဖြောင့်သွားကာ ထိုင်၍မူလည်း နေ၏ လျောင်း၍မူလည်း နေ၏။ ထိုသို့နေစဉ်မှာ ထိုနွားတို့သည် တနေ့လုံး ကျက်စားပြီးလျှင် သွားရောက်နေကျ ရေဆိပ်သို့ သက်ဆင်းကြ၍ ရေချိုး ရေသောက်ပြီးနောက် ပြန်တက်၍ တည်နေကြသည်ကို တွေ့မြင်၍ ကြိုးဖြင့် ဖွဲ့ချည်ပြီးလျှင် နှင်တံဖြင့်ထိုးကာ ဆောင်ယူခဲ့၍ ထွန်၌ ကပြီးလျှင် တဖန် လယ်ထွန်မှုကို ပြုသကဲ့သို့ ထို့အတူပင် ထိုယောဂီရဟန်းသည် ထိုအသက်ရှူလေတို့ကို ပကတိ ထိနေကျအရပ်မှတပါး အခြားအရပ်၌ မရှာမှီးအပ်ပေ၊ စင်စစ်သော်ကား သတိတည်းဟူသော ကြိုးနှင့် ပညာတည်းဟူသော နှင်တံကိုယူ၍ ပကတိအားဖြင့် ထိနေကျဖြစ်သော နှာသီးဖျား, နှုတ်ခမ်းအရပ်၌ စိတ်ကိုထားလျက် နှလုံးသွင်းခြင်းကို ဖြစ်စေအပ်ပေသည်။ အကျိုးကား ဤသို့ နှလုံးသွင်းနေလျှင် ထိုရဟန်းအား မကြာမီပင် ထိုအသက်ရှူလေတို့သည် သွားရောက်နေကျ ရေဆိပ်၌ နွားတို့ကဲ့သို့ ထင်ပေါ်ကုန်၏။ ထိုအခါ ထိုရဟန်းသည် သတိတည်းဟူသော ကြိုးဖြင့် ဖွဲ့ချည်၍ ထိုထိရာဌာန၌ပင်လျှင် ယှဉ်စေကာ ပညာတည်းဟူသော နှင်တံဖြင့် ထိုးလျက် အဖန်ဖန် ကမ္မဋ္ဌာန်းကို အားထုတ်အပ်ပေသည်။
၄၁၇
၂၃၁။ ဤဆိုခဲ့သည့်အတိုင်း အားထုတ်သော ထိုယောဂီအား မကြာမြင့်မီပင်လျှင် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည်၁ ထင်၏။ ထိုသို့ ထင်ပေါ်သော ဤဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်သည် အားလုံးသော ပုဂ္ဂိုလ်တို့အား တထပ်တည်း တူသည် မဟုတ်ပေ၊ စင်စစ်သော်ကား အချို့ပုဂ္ဂိုလ်အား ချမ်းသာသော အတွေ့ကို ဖြစ်စေလျက် လဲမှို့ကဲ့သို့၎င်း၊ ဝါဂွမ်းကဲ့သို့၎င်း၊ လေအယဉ်ကဲ့သို့၎င်း ထင်၏ဟူ၍ အချို့ဆရာတို့က ဆိုကြသည်။
[၂၇၇] ယခုဆိုမည့် စကားသည်ကား အဋ္ဌကထာတို့၌ ပြထားသော အဆုံးအဖြတ်ပေတည်း။ ဤအာနာပါနနိမိတ်သည် အချို့ပုဂ္ဂိုလ်အား ကြယ်ရောင်ကဲ့သို့၎င်း၊ ကျောက်နီပုတီးကုံးကဲ့သို့၎င်း၊ ပုလဲပုတီးကုံးကဲ့သို့၎င်း ထင်၏၊ အချို့ပုဂ္ဂိုလ်အား ဝါရိုးကဲ့သို့၎င်း၊ သစ်သားနှစ် တံကျင်ကဲ့သို့၎င်း ကြမ်းသော အတွေ့ရှိလျက် ထင်၏၊ အချို့ပုဂ္ဂိုလ်အား ရှည်သော ဆောက်လုံးကြိုးကဲ့သို့၎င်း (ဝါ-စလွယ်ကြိုးကဲ့သို့၎င်း)၊ ပန်းဆိုင်းကဲ့သို့၎င်း၊ မီးခိုးညွန့်ကဲ့သို့၎င်း ထင်၏၊ အချို့ပုဂ္ဂိုလ်အား ကျယ်ပြန့်သော ပင့်ကူချည်မျှင်အိမ်ကဲ့သို့၎င်း, တိမ်လွှာကဲ့သို့၎င်း, ပဒုမ္မာကြာပွင့်ကဲ့သို့၎င်း, ရထားဘီးကဲ့သို့၎င်း, လဝန်းကဲ့သို့၎င်း, နေဝန်းကဲ့သို့၎င်း ထင်၏။ ထိုသို့ ထင်သော ဤနိမိတ်သည်
၁- နိမိတ်ဟူသည်ကား ဥဂ္ဂဟနိမိတ်တည်း၊ တနည်းကား ပဋိဘာဂနိမိတ်တည်း။ “မှန်၏- နိမိတ်၂-ပါးလုံးကိုပင် ဤအရာ၌ တပေါင်းတည်း ဆိုထားပေသည်။ လဲမှို့ အစရှိသော ဥပမာသုံးခုအပေါင်းသည် ဥဂ္ဂဟနိမိတ်၌ သင့်၏၊ အကြွင်းသည် နိမိတ်၂-ပါးလုံး၌ သင့်၏။ (ဋီကာ) သို့သော် ရှေးနောက် ဆက်စပ်ကြည့်လျှင် ပဋိဘာဂနိမိတ်သာလျှင် သင့်သကဲ့သို့ ရှိပေ၏။
၄၁၈
အမှတ်သညာချင်း မတူပဲ ကွဲပြားခြင်းကြောင့် ကွဲပြားသောအားဖြင့် ထင်ပေသည်။ ဥပမာပြရလျှင် တခုသောသုတ်ကို ရွတ်ဆိုလျက် ထိုင်နေကုန်သော များစွာသော ရဟန်းတို့တွင် တပါးသောရဟန်းက “အရှင်တို့အား ဤသုတ်သည် အဘယ်သို့ သဘောရှိလျက် ထင်ပါသနည်း”ဟု မေးလတ်သော် တပါးက “ငါ့မှာ တောင်ကျချောင်းကြီးကဲ့သို့ ဖြစ်လျက် ထင်သည်”ဟု ဆို၏။ အခြားရဟန်းတပါးက “ငါ့မှာ ဆက်စပ်သည့် အရိပ်ရှိသော အကိုင်းအခက်တို့နှင့် ပြည့်စုံသော အသီးဝန်ဖြင့် ညွတ်ကျလျက်ရှိသော သစ်ပင်တပင်ကဲ့သို့ ဖြစ်လျက် ထင်သည်”ဟု ဆို၏။ ထိုတသုတ်တည်းပင်လျှင် ထိုရဟန်းတို့အား အမှတ်သညာခြင်း မတူပဲ ကွဲပြားခြင်းကြောင့် ကွဲပြားလျက် ထင်သကဲ့သို့ ထို့အတူ ဤကမ္မဋ္ဌာန်းသည်လည်း တခုတည်းဖြစ်ပါလျက် အမှတ်သညာချင်း မတူပဲ ကွဲပြားခြင်းကြောင့် ကွဲပြားသောအားဖြင့် ထင်ပေသည်။ မှန်ပေ၏- ဤကမ္မဋ္ဌာန်း အာရုံနိမိတ်သည် မှန်းဆ၍ရှုသော ဘာဝနာသညာကြောင့် ဖြစ်ပေသည်၊ ဘာဝနာသညာလျှင် အကြောင်းရှိပေသည်၊ ဘာဝနာသညာလျှင် အမွန်အစ ရှိပေသည်။ ထို့ကြောင့် အမှတ်သညာခြင်းမတူပဲ ကွဲပြားခြင်းကြောင့် ကွဲပြားသောအားဖြင့် ထင်သည်ဟူ၍ သိအပ်ပေသည်။
(ဝင်လေ ထွက်လေ နိမိတ်ဟူသော) ဤသုံးပါးတို့တွင်လည်း ဝင်လေကို အာရုံပြုသောစိတ်က တခြား၊ ထွက်လေကို အာရုံပြုသောစိတ်က တခြား၊ နိမိတ်ကို အာရုံပြုသောစိတ်က တခြားသာ ဖြစ်သည်။ သို့ရာတွင် အကြင်ပုဂ္ဂိုလ်မှာ ဤသုံးပါးသော တရားတို့သည် (ကမ္မဋ္ဌာန်းအာရုံအဖြစ်ဖြင့်) မရှိကုန်ငြားအံ့၊ ထိုပုဂ္ဂိုလ်၏ ကမ္မဋ္ဌာန်းသည် အပ္ပနာသို့ မရောက်နိုင်သည်သာ၊ ဥပစာသို့လည်း မရောက်နိုင်သည်သာ။ အကြင်ပုဂ္ဂိုလ်မှာမူ ဤသုံးပါးသော တရားတို့သည် ရှိကုန်၏၊
၄၁၉
ထိုပုဂ္ဂိုလ်၏ ကမ္မဋ္ဌာန်းသည်သာလျှင် ဥပစာသို့၎င်း၊ အပ္ပနာသို့၎င်း ရောက်နိုင်ပေသည်။ မှန်ပေ၏- အောက်ပါစကားကို ဟောတော်မူပေသည်။
“နိမိတ်သည်၎င်း၁၊ ဝင်လေ ထွက်လေတို့သည်၎င်း တခုတည်းသော စိတ်၏ အာရုံမဟုတ်ပေ၊ သုံးပါးသော တရားတို့ကို မသိသောသူသည် အာနာပါနဿတိ သမာဓိဘာဝနာကို မရနိုင်သည် မဟုတ်ပါလော။
နိမိတ်သည်၎င်း၊ ဝင်လေ ထွက်လေတို့သည်၎င်း တခုတည်းသော စိတ်၏ အာရုံမဟုတ်ပေ။ သို့သော်လည်း သုံးပါးသော တရားတို့ကို သိသည်ဖြစ်၍ အာနာပါနဿတိ သမာဓိ-ဘာဝနာကို ရနိုင်ပေ၏” ဤသို့ ဟောတော်မူပေသည်။
၂၃၂။ ဆက်၍ပြဦးအံ့- ဤဆိုခဲ့သည့်အတိုင်း နိမိတ်ထင်လတ်သော် ထိုရဟန်းသည် ဆရာ့ထံသို့သွား၍ “အရှင်ဘုရား တပည့်တော်မှာ ဤသို့သဘောရှိသော အာရုံ ထင်နေပါသည်”ဟု ပြောကြားအပ်၏။
၁- ဤဂါထာကို စာပိုဒ်နံပါတ် ၂၂၇-၌လည်း ပြခဲ့၏။ ထိုအရာ၌ နိမိတ်ဟူသည်မှာ ဥပနိဗန္ဓနာ နိမိတ်ဖြစ်ကြောင်း၊ အာရုံ၌ စိတ်ကို ဖွဲ့ချည်ကြောင်း ဖြစ်သောကြောင့် သတိသည် ဥပနိဗန္ဓနာမည်ကြောင်း၊ ထိုသတိ၏ ဝင်လေ ထွက်လေတို့ကို မှတ်ကြောင်းဖြစ်သောကြောင့် နှာသီးဖျားနှင့် အထက်နှုတ်ခမ်းသည် ဥပနိဗန္ဓနာ နိမိတ်မည်ကြောင်း ဋီကာ၌ ဖွင့်ပြခဲ့၏။ ၎င်းကို မှတ်လွယ်စေရန် “သတိဖြင့် စိတ်ကို ဖွဲ့ချည်ရာ”ဟူ၍ ငါတို့က ပြန်ဆိုခဲ့၏။ သို့သော် ဤအရာ၌ကား ရှေးစာပိုဒ်များနှင့် နောက်စာပိုဒ်တို့၌ ပဋိဘာဂနိမိတ်ထင်ပုံကို ပြထားသောကြောင့် ထိုပဋိဘာဂနိမိတ်ကို ရည်ရွယ်သကဲ့သို့ ရှိ၏။
၄၂၀
ဆရာသည်ကား “ထိုအာရုံသည် နိမိတ်ဖြစ်သည်” ဟူ၍၎င်း၊ “နိမိတ်မဟုတ်” ဟူ၍၎င်း မဆိုအပ်၊ “ဤသို့ ဖြစ်တတ်ပါသည် ငါ့ရှင်”ဟု ပြောပြီးလျှင် “အဖန်တလဲလဲ နှလုံးသွင်းပါလေ”ဟု ပြောကြားအပ်၏။ အပြစ်ကား- နိမိတ်ဖြစ်သည်ဟု ပြောလျှင် အဆုံးသတ်ခြင်း ရပ်နားခြင်းသို့ ရောက်လေရာ၏၊ နိမိတ်မဟုတ်ဟု ပြောလျှင် မြော်လင့်မှု ကင်းသည်ဖြစ်၍ စိတ်ပင်ပန်းခြင်း ဆုတ်နစ်ခြင်းသို့ ရောက်လေရာ၏။ ထို့ကြောင့် ထိုနှစ်မျိုးလုံးကို မပြောမူ၍ နှလုံးသွင်းခြင်း၌သာလျှင် တိုက်တွန်းအပ်ပေသည်-ဟူ၍ ဒီဃနိကာယ်ဆောင် ဆရာတို့က ဤသို့ ဆိုကြလေသည်။
မဇ္ဈိမနိကာယ်ဆောင် ဆရာတို့ကမူ “ငါ့ရှင် သင်ပြောသော ဤအာရုံသည် နိမိတ်ပင်တည်း၊ ကမ္မဋ္ဌာန်းကို အဖန်တလဲလဲ နှလုံးသွင်းပါလေ သူတော်ကောင်းဟု ပြောရမည်”ဟူ၍ မိန့်ဆိုကြလေသည်။ ထိုအခါ ဤယောဂီရဟန်းသည် ပဋိဘာဂနိမိတ်၌သာလျှင် စိတ်ကို [၂၇၈] ထားအပ်၏။ ယခု ပြဆိုခဲ့သည့်အတိုင်း ဤနိမိတ်ထင်သည်မှ စ၍ ထိုရဟန်း၏ ဤဘာဝနာသည် ဌပနာ၏ အစွမ်းအားဖြင့် ဖြစ်ပေသည်။ မှန်ပေ၏- ရှေးဆရာတို့သည် အောက်ပါဂါထာကို မိန့်ဆိုထားပေ၏။
“ပညာရှိယောဂီသည် ဝင်လေ ထွက်လေ၌ (အရှည် အတိုဟူသော) အထူးထူးသော အခြင်းအရာကို ရှေးအဖို့၌ ထင်ရှားပေါ်စေလျက် (ဝါ-နောက်အဖို့၌ ကွယ်ပျောက်စေလျက်)၁
၁- ဤ၌ ဒုတိယအနက်သည် ဋီကာဆရာ၏ ပဌမဖွင့်ပြသော အနက်ဖြစ်သည်။ ပဋိဘာဂနိမိတ် ထင်သည်မှစ၍ ထိုပဋိဘာဂနိမိတ်ကိုသာ အာရုံပြုနေသဖြင့် ဝင်လေရှည်,တို ထွက်လေရှည်,တို အခြင်းအရာတို့သည်
၄၂၁
ပဋိဘာဂနိမိတ်၌ စိတ်ကိုထားလျက် မိမိ၏စိတ်ကို ဖွဲ့ချည်၏”ဟု မိန့်ဆိုထားပေ၏။
ထိုယောဂီအား ဤဆိုခဲ့သည့်အတိုင်း ပဋိဘာဂနိမိတ်ထင်သည်မှ စ၍ နီဝရဏတို့ကို ပယ်ခွါအပ်ကုန်ပြီးသာလျှင် ဖြစ်ကုန်၏၊ ကိလေသာတို့သည် ငြိမ်ဝပ်လျက်သာလျှင် ရှိကုန်၏၊ သတိသည် ထင်လျက်ပင် ရှိ၏၊ စိတ်သည် ဥပစာရသမာဓိဖြင့် ကောင်းစွာ ထားအပ်သည်ဖြစ်၍ တည်ကြည်သည်သာတည်း။ ထိုအခါ ဤယောဂီသည် ထိုပဋိဘာဂနိမိတ်ကို အဆင်းအားဖြင့် နှလုံးမသွင်းအပ်၊ တောင့်ခြင်း လှုပ်ခြင်းစသော သဘာဝလက္ခဏာ, မမြဲခြင်းစသော သာမညလက္ခဏာအားဖြင့် မဆင်ခြင်အပ်။ စင်စစ်သော်ကား မင်းမျိုးဖြစ်သော မိဖုရားကြီးသည် စကြဝတေးမင်းလောင်း ကိုယ်ဝန်ကို စောင့်ရှောက်သကဲ့သို့၎င်း၊ လယ်ယာသမားသည် သလေးဂျုံတို့၏ အဖုံးအလုံးကို စောင့်ရှောက်သကဲ့သို့၎င်း ကျောင်းအစရှိကုန်သော အသပ္ပါယခုနစ်ပါးတို့ကို ကြဉ်၍ သပ္ပါယခုနစ်ပါးတို့ကို မှီဝဲလျက် ကောင်းစွာ စောင့်ရှောက်အပ်ပေသည်။ ထိုအခါ ယင်းနိမိတ်ကို ဤဆိုခဲ့သည့်အတိုင်း စောင့်ရှောက်လျက် အဖန်ဖန် နှလုံးသွင်းသည်၏ အစွမ်းအားဖြင့် ကြီးပွါးစည်ပင်ခြင်းသို့ ရောက်စေ၍ (ဝါ-ရောက်စေလိုသဖြင့်) ဆယ်ပါးအပြားရှိသော အပ္ပနာကောသလ္လကို ပြည့်စုံစေအပ်၏၊ ဝီရိယ၏ သမာဓိနှင့် ညီမျှခြင်းကို ယှဉ်စေအပ်၏။ ဤဆိုခဲ့သည့်အတိုင်း
ကွယ်ပျောက်သွားကြသည်။ ထိုသို့ ကွယ်ပျောက်သွားစေသည်ကိုပင် ဝိဘာဝေန္တော အန္တရဓာပေန္တော- ကွယ်ပျောက်စေသည်ဟု ဖွင့်ပြလေသည်။ ပဌမအနက်သည်ကား ဋီကာ၌ အခြားဆရာတို့၏ အလိုအရ ပြသော အနက်ဖြစ်သည်။
၄၂၂
ကြိုးစား အားထုတ်နေသော ထိုယောဂီအား ပထဝီကသိုဏ်းအရာ၌ ဆိုခဲ့သော အစဉ်ဖြင့်ပင်လျှင် ထိုပဋိဘာဂနိမိတ်၌ လေးပါး ငါးပါးသော ဈာန်တို့သည် ဖြစ်ပေါ်ကုန်၏။
ဝိပဿနာရှုပုံ
၂၃၃။ ဝိပဿနာရှုပုံကို ပြအံ့- ယခု ပြဆိုခဲ့သည့်အတိုင်း ဤအာနာပါနကမ္မဋ္ဌာန်း၌၁ ဈာန်လေးပါး ငါးပါးကို ရပြီးသော ရဟန်းသည် သလ္လက္ခဏာ ဝိဝဋ္ဋနာတို့၏ အစွမ်းအားဖြင့် ကမ္မဋ္ဌာန်းကို ပွါးစေ၍ ပါရိသုဒ္ဓိမည်သော ဖိုလ်သို့ ရောက်လိုလျှင် ထိုရပြီးဈာန်ကိုပင်လျှင် ငါးပါးသော အခြင်းအရာတို့ဖြင့် နိုင်နင်းအောင် လေ့လာပြီးလျှင် နာမ်ရုပ်ကို ပိုင်းခြား၍ ဝိပဿနာကို ဖြစ်စေရာ၏။ အဘယ်သို့နည်း?ဟူမူ- ထိုရဟန်းသည် (ဈာန်ကို ဝင်စားပြီးလျှင် ထို)ဈာန်သမာပတ်မှ ထ၍ ရုပ်ကိုယ်သည်၎င်း စိတ်သည်၎င်း အသက်ရှူလေတို့၏ ဖြစ်ကြောင်းဟူ၍ ရှုမြင်၏။ ဥပမာအားဖြင့် ပန်းပဲတို့၏ ဖားဖို (မီးမှုတ်သော သားရေအိတ်)သည် (လေကို)မှုတ်လတ်သော် ဖားဖို သားရေအိတ်ကို၎င်း၊ ပန်းပဲသမား၏ ထိုအမှုနှင့်လျော်သော လုံ့လကို၎င်း စွဲမှီ၍ လေသည် ဝင်ချည်ထွက်ချည် မပြတ်သွားနေသကဲ့သို့ ထို့အတူပင် ရုပ်ကို၎င်း စိတ်ကို၎င်း စွဲမှီ၍ အသက်ရှူလေတို့သည် မပြတ်သွားနေကုန်၏-ဟု မြင်၏။ ထို့နောင် ဝင်လေထွက်လေတို့ကို၎င်း ရုပ်ကို၎င်း ရုပ်ဟူ၍၎င်း၊ စိတ်ကို၎င်း ထိုစိတ်နှင့်ယှဉ်ဘက် စေတသိက်တို့ကို၎င်း
၁- ဧတ္ထ-ပုဒ်၏ အနက်ဖြစ်သည်။ ဋီကာ၌ကား ဤကာယာနုပဿနာ၌-ဟု ဖွင့်ပြ၏။ ရှေ့အနီး၌ ကာယာနုပဿနာဟူသော စကားမရှိသောကြောင့် စဉ်းစားသင့်၏။
၄၂၃
ရုပ်မဟုတ်သည့် နာမ်ဟူ၍၎င်း ပိုင်းခြားဆုံးဖြတ်၏။ ဤသည်ကား ဤအရာ၌ အကျဉ်းပေတည်း။ အကျယ်အားဖြင့် နာမ်ရုပ်ကို ပိုင်းခြား ဆုံးဖြတ်ပုံသည်ကား နောက် ဒိဋ္ဌိဝိသုဒ္ဓိနိဒ္ဒေသ၌ ထင်စွာ ဖြစ်ပါလိမ့်မည်။
ဤဆိုခဲ့သည့်အတိုင်း နာမ်ရုပ်ကို ပိုင်းခြားပြီးလျှင် ထိုနာမ်ရုပ်၏အကြောင်းကို ရှာ၏၊ ရှာလတ်သော် ထိုအကြောင်းကိုမြင်၍ သုံးပါးကုန်သော အဓွန့်ကာလတို့၌ နာမ်ရုပ်၏ဖြစ်ခြင်းကို အကြောင်းပြု၍ ယုံမှားကို လွန်မြောက်၏၊ ယုံမှားကို လွန်မြောက်ပြီးလတ်သော် အပေါင်းလိုက်သုံးသပ်သော ကလာပသမ္မသန၏ အစွမ်းအားဖြင့် လက္ခဏာသုံးပါးကို တင်ပြီးလျှင် ဥဒယဗ္ဗယဉာဏ်၏ ရှေးအဖို့၌ ဖြစ်ပေါ်လာကုန်သော အလင်းရောင် အစရှိကုန်သော ဝိပဿနာညစ်ညူးကြောင်း ဥပက္ကိလေသ ဆယ်ပါးတို့ကို [၂၇၉] ပယ်၍ ဥပက္ကိလေသမှ လွတ်သော ရှုမြဲ-သွားမြဲ ပဋိပဒါဉာဏ်ကို လမ်းမှန်ဟု ပိုင်းခြား ဆုံးဖြတ်ပြီးလျှင် ဖြစ်ခြင်းကိုပယ်ကာ ပျက်ခြင်းကိုသာရှုသော ဘင်္ဂဉာဏ်သို့ရောက်၍ အပျက်ကိုရှုခြင်းဖြင့် အပြတ်အခြားမရှိပဲ ပျက်သောအားဖြင့် ထင်ကုန်သော အလုံးစုံသော သင်္ခါရတို့၌ ငြီးငွေ့လျက် တပ်မက်ကင်းလျက် လွတ်မြောက်လျက် အစဉ်အတိုင်း လေးပါးသော အရိယမဂ်တို့ကို ရောက်ပြီးလျှင် အရဟတ္တဖိုလ်၌တည်၍ တဆယ့်ကိုးပါး အပြားရှိသော ပစ္စဝေက္ခဏာဉာဏ်၏ အဆုံးသို့ ရောက်လျက် နတ်နှင့်တကွသော လောက၏ (အဂ္ဂဒက္ခိဏေယျ) အမြတ်ဆုံး အလှူခံပုဂ္ဂိုလ် ဖြစ်လေတော့သည်။
ဤမျှသော စကားအစဉ်ဖြင့် အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်သော ဤယောဂီရဟန်း၏ ရေတွက်ခြင်း (ဂဏနာနည်း)ကို အစပြု၍ ဝိပဿနာအဆုံးရှိသော အာနာပါနဿတိသမာဓိ ဘာဝနာသည်
၄၂၄
ပြည့်စုံ ပြီးဆုံးပေပြီ။ ဤသည်ကား ခပ်သိမ်းသော အခြင်းအရာအားဖြင့် ပဌမစတုက္က၏ အဖွင့်ပေတည်း။
ဒုတိယစတုက္ကစသည်၏ အဖွင့်
၂၃၄။ ဤမှတပါး အခြား စတုက္ကသုံးခုတို့၌ အသီးအခြား ကမ္မဋ္ဌာန်းကို ပွါးစေပုံ ဘာဝနာနည်းမည်သည် မရှိချေ။ ထို့ကြောင့် ပုဒ်စဉ်အတိုင်း ဖွင့်သောနည်းဖြင့်ပင်လျှင် ထိုသုံးပါးသော စတုက္ကတို့၏ အနက်ကို ဤဆိုလတံ့အတိုင်း သိအပ်ပေ၏။
ပီတိပဋိသံဝေဒီ (ပီတိကို သိလျက်)ဟူသည်ကား ပီတိကို သိအောင်ပြုလျက် ထင်ရှားအောင်ပြုလျက် ရှူသွင်းအံ့ ရှူထုတ်အံ့ဟု လေ့ကျင့်၏။ ထိုပုဒ်၌ ပီတိကို သိခြင်းသည် အာရုံအားဖြင့်၎င်း၊ မတွေဝေသောအားဖြင့်၎င်း နှစ်ပါးသော အခြင်းအရာတို့ဖြင့် ဖြစ်ပေသည်။
ပီတိကို အာရုံအားဖြင့် အဘယ်သို့ သိသနည်း? ပီတိရှိသော (ပဌမ ဒုတိယ) ဈာန်နှစ်ပါးတို့ကို ဝင်စား၏၊ ထိုပုဂ္ဂိုလ်မှာ ဈာန်ဝင်စားခိုက်၌ ဈာန်ကိုရခြင်း ရောက်ခြင်းကြောင့် (ပဋိဘာဂနိမိတ်) အာရုံအလိုအားဖြင့် (ဝါ-အာရုံသိခြင်းကို အကြောင်းပြုသဖြင့်) ပီတိကို သိပေ၏၊ (အဘယ့်ကြောင့်နည်း?) ပဋိဘာဂနိမိတ်အာရုံကို (ပီတိရှိသော ဈာန်ဖြင့်) သိခြင်းကြောင့်ပေတည်း၁။ မတွေဝေသောအားဖြင့် အဘယ်သို့ သိသနည်း? ပီတိရှိသော ဈာန်၂-ပါးတို့ကို ဝင်စားပြီးလျှင် ထ၍ ဈာန်နှင့်ယှဉ်သော ပီတိကို ကုန်သွားသည်ဟု
၁- အာရုံဝတ္ထု တခုခုကို ဝမ်းမြောက်ဝမ်းသာ ထင်ရှား အာရုံပြုမိလျှင် ထိုဝမ်းမြောက်မှုကိုလည်း ထင်ရှားသိသည်သာ ဖြစ်သကဲ့သို့ပင်ဟု ဆိုလို၏။
၄၂၅
ပျက်သွားသည်ဟု သုံးသပ်၏၊ ထိုပုဂ္ဂိုလ်မှာ ဝိပဿနာရှုခိုက်၌ ပီတိ၏ သဘာဝလက္ခဏာ သာမညလက္ခဏာကို သိခြင်းကြောင့် ပီတိကို မတွေဝေသောအားဖြင့် သိပေ၏။ မှန်ပေ၏- အောက်ပါစကားကို ဟောထားပေ၏။
“ရှည်စွာ(ဟု ဟောထားသော) ဝင်လေ၏ အစွမ်းအားဖြင့် စိတ်၏ တအာရုံတည်းရှိလျက် မပျံ့လွင့်ခြင်းကို သိသောသူအား သတိသည် ထင်၏၊ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုပီတိကို သိခြင်းဖြစ်ပေ၏။ ရှည်စွာ(ဟု ဟောထားသော) ထွက်လေ၏ အစွမ်းအားဖြင့်.. တိုစွာ(ဟု ဟောထားသော) ဝင်လေ၏.. ထွက်လေ၏ အစွမ်းအားဖြင့်.. အလုံးစုံသော အသက်ရှူလေအပေါင်းကို သိလျက်(ဟု ဟောထားသော) ဝင်လေ၏.. ထွက်လေ၏ အစွမ်းအားဖြင့်.. ကာယသင်္ခါရကို ငြိမ်းစေလျက်(ဟု ဟောထားသော) ဝင်လေ၏.. ထွက်လေ၏ အစွမ်းအားဖြင့် စိတ်၏ တအာရုံတည်းရှိလျက် မပျံ့လွင့်ခြင်းကို သိသောသူအား [၂၈၀] သတိသည် ထင်၏။ ထိုသတိဖြင့် ထိုဉာဏ်ဖြင့် ထိုပီတိကို သိခြင်းဖြစ်ပေ၏။ နှလုံးသွင်းသောသူအား ထိုပီတိကို သိခြင်းဖြစ်ပေ၏၊ သိသောသူအား မြင်သောသူအား ပြန်လှည့်၍ ဆင်ခြင်သောသူအား စိတ်ကို ဆောက်တည်သောသူအား သဒ္ဓါဖြင့် ယုံကြည်ဆုံးဖြတ်သောသူအား ဝီရိယကို အားပေးသောသူအား သတိကို ထင်စေသောသူအား စိတ်ကို ကောင်းစွာ ထားသောသူအား ပညာဖြင့် သိသောသူအား အဘိညေယျတရားကို ထူးသောဉာဏ်ဖြင့် သိသောသူအား ပရိညေယျတရားကို ပိုင်းခြား၍ သိသောသူအား ပဟာတဗ္ဗတရားကို ပယ်သောသူအား
၄၂၆
ဘာဝေတဗ္ဗတရားကို ပွါးစေသောသူအား သစ္ဆိကာတဗ္ဗတရားကို မျက်မှောက်ပြုသောသူအား ထိုပီတိကို သိခြင်းဖြစ်ပေ၏။ ဤသို့လျှင် ထိုပီတိကို သိပေသည်”ဟူ၍ ဟောထားပေသည်။
ဤနည်းဖြင့်ပင်လျှင် (သုခပဋိသံဝေဒီ စိတ္တသင်္ခါရပဋိသံဝေဒီဟူသော) ကြွင်းသော ပုဒ်တို့ကိုလည်း အနက်အားဖြင့် သိအပ်ကုန်၏။ ယခုဆိုမည့်စကားမှာ ထိုပုဒ်တို့၌ အထူးပေတည်း။ ပဌမ ဒုတိယ တတိယ ဈာန်သုံးပါးတို့၏ အစွမ်းအားဖြင့် သုခကို သိခြင်းကို၎င်း၊ ဈာန်လေးပါးတို့၏ အစွမ်းအားဖြင့် စိတ္တသင်္ခါရကို သိခြင်းကို၎င်း သိအပ်ပေသည်။ စိတ္တသင်္ခါရဟူသည်မှာ ဝေဒနာ သညာဟူသော ခန္ဓာနှစ်ပါးတို့ပင်တည်း။ (သုခပဋိသံဝေဒီ, စိတ္တသင်္ခါရ ပဋိသံဝေဒီဟူသော) ဤနှစ်ပုဒ်တို့တွင် သုခပဋိသံဝေဒီ (သုခကို ခံစားလျက်)ဟူသော ပုဒ်၌ ဝိပဿနာ၏ ဖြစ်ရာဘုံ (ဝါ-ဝိပဿနာရှုအပ်သော တရား)ကို ပြခြင်းငှါ ပဋိသမ္ဘိဒါမဂ်၌ “သုခသည် ကိုယ်ချမ်းသာ စိတ်ချမ်းသာဟု နှစ်ပါးရှိသည်”ဟူ၍ ဟောတော်မူ၏၁။
၁- ဝိပဿနာ၏ ဖြစ်ရာဘုံကို ပြခြင်းငှါ ဟူသည်ကား ပြိုးပြွမ်းသောသင်္ခါရ (ပကိဏ္ဏကသင်္ခါရ)တို့ကို သုံးသပ်ခြင်း၏ အစွမ်းအားဖြင့် ဝိပဿနာ၏ ဖြစ်ရာဘုံကို ပြခြင်းငှါ “သုခသည် ကိုယ်ချမ်းသာနှင့် စိတ်ချမ်းသာဟု နှစ်ပါး အပြားရှိသည်”ဟူ၍ ဟောတော်မူပေသည်။ (အဘယ့်ကြောင့်ဆိုသော် သမထဈာန်၌ (ကာယိကသုခ) ကိုယ်ချမ်းသာ မရှိသောကြောင့်ပေတည်း။ (ဋီကာ) ဝိပဿနာရှုခြင်းသည် ဈာန်မှထ၍ ဈာန်တရားတို့ကို ရှုခြင်းက တမျိုး, ဈာန်မှထ၍ မြင်မှု ကြားမှုစသည် ပေါ်ရာပေါ်ရာလိုက်၍ ရှုခြင်းက တမျိုး ဤသို့ ၂-မျိုးရှိသည်။ ထိုတွင် မြင်မှုကြားမှုစသည် ပေါ်ရာပေါ်ရာလိုက်၍
၄၂၇
ပဿမ္ဘယံ စိတ္တသင်္ခါရံ (စိတ္တသင်္ခါရကို ငြိမ်းစေလျက်) ဟူသည်ကား ရုန့်ရင်း ရုန့်ရင်းသော စိတ္တသင်္ခါရကို ငြိမ်းစေလျက်၊ “ချုပ်စေလျက်”ဟု ဆိုလို၏။ ထိုငြိမ်းစေပုံကို အကျယ်အားဖြင့် ကာယသင်္ခါရအရာ၌ ပြဆိုခဲ့သော နည်းဖြင့်ပင်လျှင် သိအပ်ပေသည်။
တနည်းသော်ကား ဤလေးပုဒ်တို့တွင် ပီတိကို သိလျက်ဟူသော ပုဒ်၌ ပီတိကို ခေါင်းတပ်၍ ဝေဒနာကိုဟောသည်၊ သုခကို သိလျက်ဟူသော ပုဒ်၌ သရုပ်အားဖြင့်ပင်လျှင် ဝေဒနာကို ဟောသည်၊ စိတ္တသင်္ခါရကို သိလျက်, စိတ္တသင်္ခါရကို ငြိမ်းစေလျက်ဟူသော နှစ်ပုဒ်တို့၌၁ “သညာ ဝေဒနာဟူသော ဤတရားတို့သည် စိတ်၌ယှဉ်ကုန်လျက် စိတ်နှင့် စပ်ကုန်သည်ဖြစ်၍ စိတ်က ပြုပြင်အပ်သော
ရှုခြင်းသည် ပကိဏ္ဏကသင်္ခါရ- ပြိုးပြွမ်းသော သင်္ခါရတို့ကို ရှုခြင်းမည်၏။ ဈာန်မှထ၍ အလွန်ထင်ရှားသော ကိုယ်အတွေ့ကြောင့်ဖြစ်သည့် ကာယိကသုခ- ကိုယ်ချမ်းသာကို ရှုခြင်းသည် ထိုပကိဏ္ဏကသင်္ခါရကို ရှုခြင်း၌ အတွင်းဝင်၏။ ထို့ကြောင့် အာနာပါနဈာန်မှ ထ၍ ရှုသင့်သော ရှုကောင်းသော ကာယိကသုခ- ကိုယ်ချမ်းသာကို ဝိပဿနာ၏ ဖြစ်ရာဘုံ အာရုံအဖြစ်ဖြင့် ပြခြင်းငှါ ပဋိသမ္ဘိဒါမဂ်၌ ဝေဘန် ဟောပြထားသည်။ ဈာန်၌ကား ကာယိကသုခ မရှိသောကြောင့် သမထသက်သက်သာ ပြလိုလျှင် ထိုကာယိကသုခကို ထည့်သွင်း၍ ပြဖွယ်မရှိဟု ဆိုလို၏။ ဤဋီကာစကားထဲ၌ ပကိဏ္ဏကသင်္ခါရ သုံးသပ်ပုံကို အထူးသတိပြု၍ မှတ်သားထားရာ၏။ သုဒ္ဓဝိပဿနာယာနိက ပုဂ္ဂိုလ်တို့မှာ ဈာန်မရှိသောကြောင့် ဤပကိဏ္ဏကသင်္ခါရမည်သော မြင်မှုကြားမှုစသည် ပေါ်ရာ ပေါ်ရာကိုပင် လိုက်၍ ရှုရပေသည်။ ဤအချက်ကိုလည်း အထူးသတိပြု၍ မှတ်သားထားရာ၏။
၁- နှစ်ပုဒ်တို့၌.. သညာနှင့်ယှဉ်သော ဝေဒနာကို ဟောသည်ဟု စပ်ပါ။
၄၂၈
စိတ္တသင်္ခါရ မည်ကုန်၏”ဟု ဟောတော်မူသောကြောင့် သညာနှင့်ယှဉ်သော ဝေဒနာကို ဟောသည်။ သို့ဖြစ်၍ ဤဒုတိယစတုက္ကကို ဝေဒနာနုပဿနာနည်းဖြင့် ဟောထားသည်ဟု သိအပ်ပေသည်။
၂၃၅။ တတိယစတုက္က၌လည်း ၄-ပါးသော ဈာန်တို့၏ အစွမ်းအားဖြင့် စိတ်ကိုသိခြင်းကို သိအပ်၏။ အဘိပ္ပမောဒယံ စိတ္တံ- (စိတ်ကို ဝမ်းမြောက်စေလျက်) ဟူသည်ကား စိတ်ကို ဝမ်းမြောက်စေလျက် အလွန် ဝမ်းမြောက်စေလျက် ရွှင်စေလျက် အလွန် ရွှင်စေလျက် ရှူသွင်းအံ့ ရှူထုတ်အံ့ဟု လေ့ကျင့်၏(ဟု ဆိုလို၏)။ ထိုအရာ၌ သမာဓိ၏ အစွမ်းအားဖြင့်၎င်း၊ ဝိပဿနာ၏ အစွမ်းအားဖြင့်၎င်း နှစ်ပါးသော အခြင်းအရာတို့ဖြင့် ဝမ်းမြောက်စေခြင်းသည် ဖြစ်၏။
သမာဓိ၏ အစွမ်းအားဖြင့် အဘယ်သို့ (ဝမ်းမြောက်စေသ)နည်း? ပီတိရှိသော ဈာန်၂-ပါးတို့ကို ဝင်စား၏။ ထိုပုဂ္ဂိုလ်သည် ဈာန်ဝင်စားခိုက်၌ ယှဉ်ဘက်ပီတိဖြင့် စိတ်ကို ဝမ်းမြောက်စေ၏ အလွန် ဝမ်းမြောက်စေ၏။ ဝိပဿနာ၏ အစွမ်းအားဖြင့် အဘယ်သို့ (ဝမ်းမြောက်စေသ)နည်း? ပီတိရှိသော ဈာန်၂-ပါးတို့ကို ဝင်စားပြီးလျှင် ထ၍ ဈာန်နှင့်ယှဉ်သော ပီတိကို ကုန်သွားသည်ဟု ပျက်သွားသည်ဟု သုံးသပ်၏၊ ဤသို့ ဝိပဿနာရှုခိုက်၌ ဈာန်နှင့်ယှဉ်သော ပီတိကို အာရုံပြုလျက် စိတ်ကို ဝမ်းမြောက်စေ၏ အလွန် ဝမ်းမြောက်စေ၏။ [၂၈၁] ဤသို့ ကျင့်သောပုဂ္ဂိုလ်ကို “စိတ်ကို ဝမ်းမြောက်စေလျက် ရှူသွင်းအံ့ ရှူထုတ်အံ့ဟု လေ့ကျင့်သည်”ဟူ၍ ဆိုအပ်ပေသည်။
သမာဒဟံ စိတ္တံ (စိတ်ကို ကောင်းစွာထားလျက်) ဟူသည်ကား ပဌမဈာန်စသည်၏ အစွမ်းအားဖြင့် စိတ်ကို အာရုံ၌ အညီအညွတ်ထားလျက်။ တနည်းကား ထိုဈာန်တို့ကို ဝင်စားပြီးလျှင် ထ၍ ဈာန်နှင့်ယှဉ်သော စိတ်ကို ကုန်သွားသည်ဟု ပျက်သွားသည်ဟု
၄၂၉
ရှုမြင်သောသူအား ဝိပဿနာရှုခိုက်၌ အနိစ္စ အစရှိသော လက္ခဏာကို သိသဖြင့် ခဏိကစိတ္တေကဂ္ဂတာမည်သော ခဏိကသမာဓိသည်၁ ဖြစ်၏၊ ဤသို့ဖြစ်သော ခဏိကသမာဓိ၏ အစွမ်းအားဖြင့်လည်း စိတ်ကို အာရုံ၌ အညီအညွတ်ထားသော ပုဂ္ဂိုလ်ကို “စိတ်ကို ကောင်းစွာထားလျက် ရှူသွင်းအံ့ ရှူထုတ်အံ့ဟု လေ့ကျင့်သည်”ဟူ၍ ဆိုအပ်ပေသည်။
ဝိမောစယံ စိတ္တံ (စိတ်ကို လွတ်စေလျက်) ဟူသည်ကား ပဌမဈာန်ဖြင့် နီဝရဏတို့မှ စိတ်ကို လွတ်စေလျက် အထူးသဖြင့် လွတ်စေလျက်၊ ဒုတိယဈာန်ဖြင့် ဝိတက် ဝိစာရတို့မှ၊ တတိယဈာန်ဖြင့် ပီတိမှ၊ စတုတ္ထဈာန်ဖြင့် သုခ ဒုက္ခတို့မှ စိတ်ကို လွတ်စေလျက် အထူးသဖြင့် လွတ်စေလျက်။ တနည်းသော်ကား ထိုဈာန်တို့ကို ဝင်စားပြီးလျှင်
၁- ခဏိကစိတ္တေကဂ္ဂတာ ဟူသည်ကား ရှုခိုက် ခဏမျှသာ တည်ခြင်းရှိသော သမာဓိပေတည်း။ ထိုသမာဓိကို ယူသင့် ဆိုသင့်သည် မှန်ပေ၏- ထိုခဏိကသမာဓိသည်လည်း အာရုံ၌ အပြတ်အခြားမရှိပဲ တမျိုးတည်းသော တည်ကြည်ပုံ အခြင်းအရာအားဖြင့် မပြတ်ဖြစ်လတ်သော် ဆန့်ကျင်ဘက်က မလွှမ်းမိုးအပ်သည် (အလွှမ်းမိုး မခံရသည်)ဖြစ်၍ အပ္ပနာဈာန်သို့ ရောက်နေသကဲ့သို့ပင် စိတ်ကို မလှုပ်ရှားအောင် ထားနိုင်ပေ၏။ ထို့ကြောင့် “ဤသို့ဖြစ်သော ခဏိကသမာဓိ၏ အစွမ်းဖြင့်လည်း စိတ်ကို အာရုံ၌ အညီအညွတ်ထားသော ပုဂ္ဂိုလ်ကို ။ပ။ ဆိုအပ်ပေသည်”ဟု ဝိသုဒ္ဓိမဂ်၌ မိန့်ဆိုပေသည်။ (ဋီကာ) ဤအဋ္ဌကထာ ဋီကာတို့နှင့်အညီ ခဏိကသမာဓိဖြင့် စိတ်ကို ကောင်းစွာထားနိုင်ကြောင်းကို ပြည့်စုံစွာ အားထုတ်၍ ဤခဏိကသမာဓိကို ကိုယ်တိုင်တွေ့ရသောသူတိုင်း ကောင်းစွာ သဘောပေါက်နိုင်ပေ၏။
၄၃၀
ထ၍ ဈာန်နှင့်ယှဉ်သော စိတ်ကို ကုန်သွားသည်ဟု ပျက်သွားသည်ဟု သုံးသပ်၏၊ ထိုသုံးသပ်သောသူသည် ဝိပဿနာရှုခိုက်၌ အနိစ္စာနုပဿနာဖြင့် နိစ္စသညာမှ စိတ်ကိုလွတ်စေလျက်၊ ဒုက္ခာနုပဿနာဖြင့် သုခသညာမှ၊ အနတ္တာနုပဿနာဖြင့် အတ္တသညာမှ၊ နိဗ္ဗိဒါနုပဿနာဖြင့် နှစ်သက်ပျော်မွေ့ခြင်းမှ၊ ဝိရာဂါနုပဿနာဖြင့် တပ်မက်ခြင်းမှ၊ နိရောဓာနုပဿနာဖြင့် ဖြစ်ပွါးစေခြင်းမှ၊ ပဋိနိဿဂ္ဂါနုပဿနာဖြင့် စွဲယူခြင်းမှ စိတ်ကို လွတ်စေလျက် ရှူ၍လည်း သွင်း၏ ရှူ၍လည်း ထုတ်၏။ ထို့ကြောင့် “စိတ်ကို လွတ်စေလျက် ရှူသွင်းအံ့ ရှူထုတ်အံ့ဟု လေ့ကျင့်သည်”ဟူ၍ ဆိုအပ်ပေသည်။ ဤဆိုခဲ့သည့်အတိုင်း ဤတတိယစတုက္ကကို စိတ္တာနုပဿနာ၏ အစွမ်းအားဖြင့် ဟောထားသည်ဟူ၍ သိအပ်ပေသည်။
၂၃၆။ စတုတ္ထစတုက္က၌ကား အနိစ္စာနုပဿီဟူသော ဤပုဒ်၌ ရှေးဦးစွာ အနိစ္စ-မမြဲသည်ကို သိအပ်၏၊ အနိစ္စတာ မမြဲသည်၏အဖြစ်ဟူသော အနိစ္စလက္ခဏာကို သိအပ်၏၊ အနိစ္စာနုပဿနာကို သိအပ်၏။ အနိစ္စာနုပဿီ- မမြဲဟု ရှုမြင်သူကို သိအပ်၏။
ထိုတွင် အနိစ္စ-မမြဲဟူသည်မှာ ငါးပါးသော ခန္ဓာတို့ပေတည်း။ အဘယ့်ကြောင့် (မမြဲသ)နည်း?ဟူမူ- ဖြစ်ခြင်း, ပျက်ခြင်း, တမျိုးတမည် ဖြစ်ခြင်းသဘောရှိခြင်းကြောင့်ပေတည်း၁။
၁- ဖြစ်ခြင်း (ဥပါဒ်)သဘောရှိခြင်း, ပျက်ခြင်း (ဘင်)သဘောရှိခြင်း, ထိုဥပါဒ် ဘင်တို့မှတပါး တမျိုးတမည်ဖြစ်ခြင်း (ဌီ)သဘောရှိခြင်းကြောင့်ဟု ဆိုလို၏။ ထိုတွင် တမျိုးတမည်ဖြစ်ခြင်း ဟူသည်မှာ ဥပါဒ် ဘင်တို့နှင့် မတူပဲ အခိုက်အတန့်မျှ တည်လျက် ရင့်ခြင်းသဘောပေတည်း။ ၎င်းကို- ဌီ-ဟု ခေါ်သည်။ ထို့ကြောင့် တိုတိုနှင့် ရှင်းရှင်းပြန်ရလျှင်
၄၃၁
အနိစ္စတာ- မမြဲသည်၏အဖြစ် (ဝါ-မမြဲဟု မှတ်ရကြောင်း အနိစ္စလက္ခဏာ) ဟူသည်မှာ ထိုခန္ဓာတို့၏ပင်လျှင် ဖြစ်ခြင်း, ပျက်ခြင်း, တမျိုးတမည်ဖြစ်ခြင်း-ဟူသော ရင့်ခြင်းပေတည်း။ ဝါ-ဥပါဒ်, ဌီ, ဘင်ပေတည်း။ တနည်းကား မူလက မရှိသေးပဲ ဖြစ်ပေါ်လာပြီး၍ မရှိခြင်း- ပျောက်ကွယ်သွားခြင်းပေတည်း၊ “ဖြစ်ပေါ်လာပြီးသော တရားတို့၏ ထိုရှိနေသော အခြင်းအရာအားဖြင့် မတည်မူ၍ ခဏဘင်အားဖြင့် ပျက်ခြင်းပင်”ဟူ၍ ဆိုလို၏၁။ အနိစ္စာနုပဿနာဟူသည်မှာ ထိုဖြစ်-တည်-ပျက်ဟူသော အနိစ္စတာ- အနိစ္စလက္ခဏာ၏ ဝါ-ဖြစ်ပေါ်ပြီးနောက် ကွယ်ပျောက်သွားခြင်းဟူသော အနိစ္စလက္ခဏာ၏ အစွမ်းအားဖြင့်
ဥပါဒ်-ဌီ-ဘင် ရှိခြင်းကြောင့်၊ ဝါ-ဖြစ်ခြင်း တည်ခြင်း ပျက်ခြင်း ရှိခြင်းကြောင့်ဟူ၍လည်း ပြန်နိုင်၏။ ထို့ကြောင့် ဋီကာ၌ အောက်ပါအတိုင်း ဖွင့်ပြထားပေသည်။ ထို ဥပ္ပါဒဝယညထတ္တဘာဝါ-ဟူသော ပုဒ်၌ သင်္ခါရတရားတို့၏ မူလအကြောင်း အထောက်အပံ့ အကြောင်းတို့ကြောင့် ဖြစ်ပေါ်လာခြင်းသည်, မူလက မရှိသေးပဲ ရှိလာခြင်း ဖြစ်လာခြင်းသည်, မိမိ၏ သရုပ်သဘောကို ရလာခြင်းသည် ဥပ္ပါဒမည်၏။ ဖြစ်ပေါ်လာကုန်ပြီးသော ထိုသင်္ခါရတို့၏ ပျက်ဆဲခဏဖြင့် ချုပ်ခြင်း- ပျက်ခြင်း- ပျောက်ကွယ်ခြင်းသည် ဝယမည်၏၊ ရင့်ခြင်း- အိုခြင်း (ဇရာ)ဖြင့် တပါးသော အပြားအားဖြင့် ဖြစ်ခြင်း (ဝါ-တမျိုးတမည် ဖြစ်ခြင်း)သည် အညထတ္တမည်၏။ (ဋီကာ)
၁- တစုံတခုသော တရားသည် ဖြစ်ပေါ်လာပြီးလျှင် ရင့်ကျက်လျက် ပျက်သွားပါက ထိုတရားကို အနိစ္စ-မမြဲဟု သိမှတ်အပ်၏။ ထိုသို့ အသိအမှတ်ပြုရာ၌ မမြဲဟု အသိအမှတ်ပြုရကြောင်း အထိမ်းအမှတ် လက္ခဏာသည် ဖြစ်ခြင်း ရင့်ခြင်း ပျက်ခြင်းဟူသော ဥပါဒ် ဌီ ဘင်တို့ပင် ဖြစ်သည်။ ထို့ကြောင့် ထိုဖြစ်-တည်-ပျက်, ဥပါဒ် ဌီ ဘင်တို့ကို အနိစ္စလက္ခဏာဟု ဆိုသည်။ တနည်းအားဖြင့် တစုံတခုသော တရားသည်
၄၃၂
ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့၌ မမြဲဟု ရှုမြင်ခြင်းပေတည်း၁။ အနိစ္စာနုပဿီ- မမြဲဟု ရှုသူဟူသည်မှာ ထိုမမြဲဟုရှုသော ဉာဏ်အမြင်နှင့် ပြည့်စုံသူပေတည်း။ ထို့ကြောင့် ဤသို့ မမြဲဟု ရှုမြင်သည်ဖြစ်၍ [၂၈၂) ရှူသွင်းလျက် ရှူထုတ်လျက် ရှိသောသူကို ဤအရာ၌ “အနိစ္စာနုပဿီ- မမြဲဟုရှုလျက် ရှူသွင်းအံ့ ရှူထုတ်အံ့ဟု လေ့ကျင့်သည်”ဟူ၍ သိအပ်ပေသည်။
ဖြစ်ပေါ်လာပြီးနောက် ကွယ်ပျောက်သွားလျှင် ထိုတရားကို အနိစ္စ-မမြဲဟု သိမှတ်အပ်၏။ လက်ကနဲ ပေါ်လာပြီးနောက် ပျောက်ကွယ်သွားသော လျှပ်ရောင်ကို သိမှတ်အပ်သကဲ့သို့ပင်။ ထိုသို့ အသိအမှတ်ပြုရာ၌ မမြဲဟု အသိအမှတ်ပြုရကြောင်း အထိမ်းအမှတ် လက္ခဏာသည် ပေါ်လာပြီးနောက် ကွယ်ပျောက်သွားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ဟုတွာ အဘာဝေါ- ရှိလာ-ဖြစ်လာပြီးလျှင် မရှိခြင်း- ကွယ်ပျောက်သွားခြင်းကို အနိစ္စလက္ခဏာဟု တနည်းအားဖြင့် ပြဆိုပေသည်။
၁- ဖြစ်ပေါ်လာသော ရုပ်နာမ်တရားကို ရှုလျက် ဖြစ်ပေါ်လာပြီးနောက် အခိုက်အတန့်မျှ တည်ပြီးလျှင် ပျက်သွားသည်- ပျောက်သွားသည်ကို တွေ့ရ၍ မမြဲဟု သိမြင် သဘောကျလျှင် ဖြစ်-တည်-ပျက်ဟူသော အနိစ္စလက္ခဏာဖြင့် မမြဲဟု ရှုမြင်သော အနိစ္စာနုပဿနာမည်၏။ ဤအနုပဿနာသည် သမ္မသနဉာဏ်, နုသော ဥဒယဗ္ဗယဉာဏ်အရာတို့၌ ထင်ရှားဖြစ်ပေါ်တတ်၏။ ထို့ပြင် ရှုမိသော ရုပ်နာမ်တရား၏ ပေါ်လာပြီးနောက် ကွယ်ပျောက်သွားခြင်းဟူသော အနိစ္စလက္ခဏာကို တွေ့ရသဖြင့် မမြဲဟု သိမြင် သဘောကျခြင်းသည်လည်း အနိစ္စာနုပဿနာမည်၏။ ၎င်းသည်ကား ရင့်သော ဥဒယဗ္ဗယဉာဏ် ဘင်္ဂဉာဏ် စသည်တို့၌ ထင်ရှားဖြစ်ပေါ်တတ်၏။
၄၃၃
ဝိရာဂါနုပဿီ-ဟူသော ဤပုဒ်၌ကား ဝိရာဂ-ပျက်ပြယ်ခြင်းတို့သည် ခယဝိရာဂ-ကုန်ခြင်းဟူသော ပျက်ပြယ်ခြင်း, အစ္စန္တဝိရာဂ-အဆုံးကို လွန်သော ပျက်ပြယ်ခြင်း (ဝါ-စင်စစ် ပျက်ပြယ်ခြင်း)ဟူ၍ နှစ်ပါးအပြားရှိကုန်၏၊ ထိုတွင် သင်္ခါရတို့၏ ခဏဘင်သည် ခယဝိရာဂမည်၏။ နိဗ္ဗာန်သည် အစ္စန္တဝိရာဂ-မည်၏။ ထိုဝိရာဂ၂-ပါးကို မြင်သည်၏အစွမ်းဖြင့် ဖြစ်သော (ဝါ-ထိုဝိရာဂ၂-ပါးကို မြင်သော) ဝိပဿနာသည်၎င်း, အရိယမဂ်သည်၎င်း၁ ဝိရာဂါနုပဿနာမည်၏။ နှစ်ပါးအပြားရှိသော ထိုအနုပဿနာနှင့် ပြည့်စုံလျက် ရှူသွင်းသော ရှူထုတ်သောသူကို “ဝိရာဂကိုရှုလျက် ရှူသွင်းအံ့ ရှူထုတ်အံ့ဟု လေ့ကျင့်သည်”ဟူ၍ သိအပ်ပေသည်။ နိရောဓာနုပဿီပုဒ်၌လည်း ဤနည်းပင်တည်း၂။
“ပဋိနိဿဂ္ဂါနုပဿီဟူသော ဤပုဒ်၌လည်း ပဋိနိဿဂ္ဂ- လွှတ်ခြင်းတို့သည် စွန့်လွှတ်ခြင်းဟူသော ပရိစ္စာဂပဋိနိဿဂ္ဂ, ပြေးဝင်ခြင်း-
မှက်ချက်
၁- ဝိပဿနာသည် ခယဝိရာဂကို မြင်၏၊ အရိယမဂ်သည် အစ္စန္တဝိရာဂကို မြင်၏-ဟု ခွဲခြား၍ သိရာ၏။
၂- နည်းတူသိပုံမှာ- နိရောဓ- ချုပ်ခြင်းတို့သည် ခယနိရောဓ- ကုန်ခြင်းဟူသော ချုပ်ခြင်း, အစ္စန္တနိရောဓ- စင်စစ် ချုပ်ခြင်းဟူ၍ နှစ်ပါးအပြားရှိကုန်၏၊ ထိုတွင် သင်္ခါတို့၏ ခဏဘင်သည် ခယနိရောဓ-မည်၏။ နိဗ္ဗာန်သည် အစ္စန္တနိရောဓမည်၏။ ထိုနိရောဓ၂-ပါးကိုမြင်သော ဝိပဿနာသည်၎င်း, အရိယမဂ်သည်၎င်း နိရောဓာနုပဿနာမည်၏။ ထိုအနုပဿနာ၂-ပါးနှင့် ပြည့်စုံလျက် ရှူသွင်းသော ရှူထုတ်သောသူကို “နိရောဓကိုရှုလျက် ရှူသွင်းအံ့ ရှူထုတ်အံ့ဟု လေ့ကျင့်သည်”ဟူ၍ သိအပ်ပေသည်။ ဤကား နည်းတူသိပုံ။
၄၃၄
စေလွှတ်ခြင်းဟူသော ပက္ခန္ဒနပဋိနိဿဂ္ဂဟူ၍ နှစ်ပါးအပြားရှိကုန်၏။ ပဋိနိဿဂ္ဂ- စွန့်လွှတ်ခြင်း- စေလွှတ်ခြင်းသည်ပင်လျှင် ရှုမြင်မှု- အနုပဿနာပေတည်း၊ ထို့ကြောင့် ပဋိနိဿဂ္ဂါနုပဿနာမည်၏၊ ဤအမည်သည် ဝိပဿနာနှင့် အရိယမဂ်တို့၏ အမည်ပေတည်း။
ချဲ့၍ပြအံ့- ဝိပဿနာသည် ဖြစ်ထိုက်သော အကျိုးခန္ဓာ, ဖြစ်စေတတ်သော ကုသိုလ်ကံ အကုသိုလ်ကံဟူသော အဘိသင်္ခါရတို့နှင့်တကွ ကိလေသာတို့ကို တဒင်္ဂအလိုအားဖြင့် စွန့်ပယ်တတ်၏၁၊ ထို့ကြောင့် ပရိစ္စာဂပဋိနိဿဂ္ဂလည်း မည်၏၊ ထို့ပြင် သင်္ခတတရားတို့၏ အပြစ်ကို မြင်သောကြောင့် ထိုမှ ပြောင်းပြန်ဖြစ်သော (ဝါ-သင်္ခတတရားတို့၏ ကင်းရာဖြစ်သော) နိဗ္ဗာန်၌ ညွတ်ကိုင်းသည့် အလိုအားဖြင့် ပြေးဝင်တတ်၏၂။ ထို့ကြောင့် ပက္ခန္ဒနပဋိနိဿဂ္ဂလည်း
၁- တဒင်္ဂအလိုအားဖြင့်ဟူသော ဤစကား၌ အနိစ္စာနုပဿနာသည် တဒင်္ဂပဟာန်အလိုအားဖြင့် မြဲသည်ထင်မှတ်မှု- နိစ္စသညာကို စွန့်ပယ်၏။ စွန့်ပယ်လတ်သော် (ဝါ-စွန့်ပယ်ပုံမှာ) မမြဲဟု ရှုမြင်မှု မဖြစ်ခဲ့ပါမူ (ထိုအာရုံကို) မြဲသည်ဟု ယူသည်၏ အစွမ်းအားဖြင့် အကြင် ကိလေသာတို့သည်၎င်း၊ ထိုကိလေသာလျှင် အကြောင်းရင်းရှိကုန်သော အကုသိုလ်ကံ ကုသိုလ်ကံဟူသော အကြင် အဘိသင်္ခါရတို့သည်၎င်း၊ ထိုကိလေသာနှင့် အဘိသင်္ခါရလျှင် အကြာင်းရင်းရှိကုန်သော အကျိုး ဝိပါကက္ခန္ဓာတို့သည်၎င်း နောင်အခါ၌ ဖြစ်ပေါ်လာနိုင်ကုန်၏၊ ဖြစ်ပေါ်နိုင်ကုန်သော ထိုကိလေသာ ကံ ခန္ဓာတို့ကို မဖြစ်အောင် ပြုသောအားဖြင့် စွန့်ပယ်၏။ ဒုက္ခာနုပဿနာ စသည်တို့သည် ထို့အတူပင် စွန့်ပယ်ကုန်၏။ (ဋီကာ)
၂- နိဗ္ဗာန်သို့ စိတ်ညွတ်သည်ကိုပင် ပြေးဝင်သည်-ဟု ဆိုလို၏။
၄၃၅
မည်၏ဟူ၍ ဆိုအပ်၏၁။ အရိယမဂ်သည် ဖြစ်ထိုက်သော ခန္ဓာ အဘိသင်္ခါရတို့နှင့်တကွ ကိလေသာတို့ကို အကြွင်းမဲ့ ဖြတ်ခြင်းဟူသော သမုစ္ဆေဒအလိုအားဖြင့် စွန့်ပယ်တတ်၏၊ ထို့ကြောင့် ပရိစ္စာဂပဋိနိဿဂ္ဂလည်း မည်၏၂၊ ထို့ပြင် အာရုံပြုသောအားဖြင့် နိဗ္ဗာန်၌ ပြေးဝင်တတ်၏၊ ထို့ကြောင့် ပက္ခန္ဒနပဋိနိဿဂ္ဂလည်း မည်၏ဟူ၍ ဆိုအပ်၏။ ထိုဝိပဿနာနှင့် မဂ် နှစ်ပါးလုံးပင် ရှေးရှေးဉာဏ်တို့၏ နောက်နောက်၌ ရှုတတ်သောကြောင့်၃ အနုပဿနာဟု ဆိုအပ်၏။ နှစ်ပါးအပြားရှိသော ထိုပဋိနိဿဂ္ဂါနုပဿနာနှင့် ပြည့်စုံလျက်
၁- ဝိသုဒ္ဓိမဂ်၌ ပဋိနိဿဂ္ဂ၂-ခုကို တဝါကျတည်း ပေါင်း၍ ပြထားသည်။ ဤ၌ကား သုတနည်းသူတို့ သိလွယ်စေရန် အသီးအသီး ခွဲ၍ ပြထားသည်။
၂- အရိယမဂ် ဖြစ်ပေါ်သောသူ၏ သန္တာန်၌ ဒိဋ္ဌိ ဝိစိကိစ္ဆာ အစရှိကုန်သော အသီးအသီးသော ကိလေသာတို့သည်၎င်း, အပါယ်ကျစေနိုင်သော ကံ အစရှိကုန်သော အသီးအသီးသော အဘိသင်္ခါရတို့သည်၎င်း၊ အပါယ်ခန္ဓာ, ခုနစ်ဘဝထက် ပိုလွန်သော ခန္ဓာ အစရှိကုန်သော ဝိပါကက္ခန္ဓာတို့သည်၎င်း မဖြစ်ပေါ်လာနိုင်ကုန်တော့ပြီ၊ ဤသို့ မဖြစ်ပေါ်လာနိုင်အောင် အရိယမဂ်လေးပါးက ထိုကိလေသာ အဘိသင်္ခါရ ဝိပါကက္ခန္ဓာတို့ကို အမြစ်ပြတ် စွန့်ပယ်သည်-ဟု ဆိုလို၏။
၃- မဂ်ဉာဏ်ကိုလည်း (ဂေါတြဘုဉာဏဿ အနုပစ္ဆာ) ဂေါတြဘူဉာဏ်၏နောက်၌ နိဗ္ဗာန်ကို မြင်တတ်သောကြောင့် အနုပဿနာဟု ဆိုအပ်၏-ဟူသော မူလဋီကာနှင့်အညီ (ပုရိမပုရိမဉာဏာနံ အနု အနု ပဿနတော) ပုဒ်၏ အနက်ကို ပြန်ဆိုချက် ဖြစ်သည်။
၄၃၆
ရှူသွင်းသော ရှူထုတ်သောသူကို “ပဋိနိဿဂ္ဂကိုရှုလျက် ရှူသွင်းအံ့ ရှူထုတ်အံ့ဟု လေ့ကျင့်သည်”ဟူ၍ သိအပ်ပေသည်။
ဤစတုတ္ထစတုက္ကကို ဝိပဿနာသက်သက်၏ အစွမ်းအားဖြင့်သာလျှင် ဟောတော်မူ(အပ်)၏၊ ရှေးစတုက္က သုံးပါးတို့ကိုမူ သမထ ဝိပဿနာ ၂-ပါးလုံး၏ အစွမ်းအားဖြင့် ဟောတော်မူ(အပ်)ကုန်၏။ ဤဆိုခဲ့သည့်အတိုင်း လေးပါးသော စတုက္ကတို့၏ အစွမ်းအားဖြင့် ၁၆-ပါးသော တည်ရာဌာနရှိသော အာနာပါနဿတိကို ပွါးစေပုံကို သိအပ်ပေသည်။
၂၃၇။ ဆက်၍ အကျိုးအာနိသင်ကို ပြအံ့၁၊ ဤဆိုခဲ့သည့်အတိုင်း ၁၆-ပါးသော တည်ရာဌာန၏ အစွမ်းအားဖြင့်၂ (ပွါးစေအပ်သော) ဤအာနာပါနဿတိသည် များသောအကျိုး ရှိပေ၏။ များသောအာနိသင် ရှိပေ၏။ (များသောအာနိသင် ရှိသည်ဟူသော) ထိုစကားရပ်၌ ထိုအာနာပါနဿတိ၏၃ “ရဟန်းတို့ ဤအာနာပါနဿတိ
၁- စ ပန- နိပါတ်တို့၏ အနက်ဖြစ်သည်။
၂- သောဠသဝတ္ထုဝသေန စ-ဟူရာ၌ စ-သဒ္ဒါသည် တဆယ့်ခြောက်ပါးကုန်သော ဝတ္ထုတို့၏ အစွမ်းအားဖြင့်၎င်း၊ ဆိုအပ်လတံ့သော သန္တဘာဝ- ငြိမ်သက်သည်၏အဖြစ်- စသည်တို့၏ အစွမ်းအားဖြင့်၎င်းဟူ၍ ပေါင်းစည်းခြင်းအနက် ရှိ၏။ (ဋီကာ) ဤသို့ ဋီကာဆရာက ဆိုသော်လည်း သန္တဘာဝ-စသည်သည် ပွါးစေပုံအခြင်းအရာ မဟုတ်သောကြောင့်၎င်း သင့်အံ့ မထင်ပေ။ ထို့ကြောင့် စ-သဒ္ဒါကို ဝါကျဇောတက အဖြစ်ဖြင့်သာ ပြန်ထားခြင်းဖြစ်သည်။
၃- ထိုအာနာပါနဿတိ၏.. များစွာသော အာနိသင်ရှိသည်၏ အဖြစ်ကို သိအပ်၏-ဟု စပ်ပါ။ ထိုအာနာပါနဿတိ၏-ဟူသော အနက်သည်
၄၃၇
သမာဓိသည်လည်း ပွါးစေ(အပ်)လျှင် အကြိမ်များစွာ ပြု(အပ်)လျှင် ငြိမ်သက်သည်သာလျှင်လည်း ဖြစ်ပေ၏ မွန်မြတ်သည်သာလျှင်လည်း ဖြစ်ပေ၏” ဤသို့ စသည်ကို ဟောတော်မူသောကြောင့် ငြိမ်သက်သည်၏ အဖြစ် စသည်၏ အစွမ်းအားဖြင့်၎င်း၊ မိစ္ဆာဝိတက်တို့ကို ပယ်ဖြတ်ခြင်းငှါ စွမ်းနိုင်သည်၏ အဖြစ်ဖြင့်၎င်း များစွာသော အာနိသင်ရှိသည်၏အဖြစ်ကို သိအပ်၏။ မှန်ပေ၏- ဤအာနာပါနဿတိသည် ငြိမ်သက်သည်၏ အဖြစ်, မွန်မြတ်သည်၏ အဖြစ်, မသွန်းထည့်အပ်သည်၏ အဖြစ်, ချမ်းသာသော နေခြင်း၏ အဖြစ်ကြောင့် သမာဓိ၏အန္တရာယ်ကို ပြုတတ်ကုန်သော မိစ္ဆာဝိတက်တို့၏ အစွမ်းအားဖြင့် ထိုထိုအာရုံသို့ စိတ်၏ ပြေးသွားခြင်းကို ပယ်ဖြတ်၍ [၂၈၃] စိတ်ကို ဝင်လေထွက်လေ အာရုံဆီသို့သာလျှင် ရှေးရှုဖြစ်အောင် ပြုတတ်ပေ၏။ ထို့ကြောင့်ပင် “မိစ္ဆာဝိတက်တို့ကို ပယ်ခြင်းငှါ အာနာပါနဿတိကို ပွါးစေအပ်၏”ဟု ဟောတော်မူပေသည်။
ထို့ပြင် ဝိဇ္ဇာဝိမုတ္တိ ထက်ဝန်းကျင် ပြည့်စုံခြင်း၏ အခြေခံအကြောင်းရင်း အဖြစ်ဖြင့်လည်း ထိုအာနာပါနဿတိ၏
အဿာ-ဟုရှိသော ပါဌ်အရ ရှေးဝါကျ၌ ဆိုခဲ့သော အာနာပါနဿတိယာ ပုဒ်အနက်ကို ပြန်စွဲသော ပက္ကန္တဝိသယအနက် ဖြစ်သည်။ ဋီကာ၌ကား ပြလတံ့သော သာဓကသုတ်ကို ငဲ့၍ အဿ-ဟူသည်ကား အာနာပါနဿတိသမာဓိ၏”ဟု ဖွင့်ပြထားလေသည်။ ပြည်မူနိဿယ၌ ဤအရာတွင် ဋီကာ၌ကား အဿာတိ အာနပါနဿတိသမာဓိဿ-ဟု စွဲ၏။ သာဓကပါဠိနှင့် လျော်၏၊ ပက္ကန္တဝါကျနှင့်မူ ချော်သည်”ဟု စိစစ် ပြဆိုထားလေသည်။
၄၃၈
များသော အာနိသင်ရှိသည်၏အဖြစ်ကို သိအပ်သေး၏။ မှန်ပေ၏- အောက်ပါစကားကို မြတ်စွာဘုရား ဟောတော်မူပေသည်။
“ရဟန်းတို့ အာနာပါနဿတိသည် ပွါးစေလျှင် အကြိမ်များစွာ ပြုလျှင် လေးပါးသော သတိပဋ္ဌာန်တို့ကို ထက်ဝန်းကျင် ပြည့်စေ၏၊ လေးပါးသော သတိပဋ္ဌာန်တို့သည် ပွါးစေလျှင် အကြိမ်များစွာ ပြုလျှင် ခုနစ်ပါးသော ဗောဇ္ဈင်တို့ကို ထက်ဝန်းကျင် ပြည့်စေကုန်၏၊ ခုနစ်ပါးသော ဗောဇ္ဈင်တို့သည် ပွါးစေလျှင် အကြိမ်များစွာ ပြုလျှင် ဝိဇ္ဇာမည်သော မဂ်နှင့် ဝိမုတ္တိမည်သော ဖိုလ်ကို ထက်ဝန်းကျင် ပြည့်စေကုန်၏”ဟု ဟောတော်မူပေသည်။
တနည်းအားဖြင့်မူကား နောက်ဆုံး၌ ဖြစ်ကုန်သော ဝင်လေထွက်လေတို့ကို သိအပ်သည်၏အဖြစ် (သိခြင်း)ကို ပြုခြင်းဖြင့်လည်း ထိုအာနာပါနဿတိ၏ များသော အာနိသင်ရှိသည်၏အဖြစ်ကို သိအပ်ပေသည်။ မှန်ပေ၏- အောက်ပါစကားကို မြတ်စွာဘုရား ဟောတော်မူပေသည်-
“ချစ်သားရာဟုလာ၊ အာနာပါနဿတိကို ဤဆိုခဲ့သည့်အတိုင်း ပွါးစေထားလျှင် ဤဆိုခဲ့သည့်အတိုင်း အကြိမ်များစွာ ပြုထားလျှင် အကြင် ဝင်လ ထွက်လေတို့သည် စုတေကာနီး နောက်ဆုံးကာလ၌ ဖြစ်ကုန်၏။ ထိုနောက်ဆုံး ဝင်လေ ထွက်လေတို့သည်လည်း သိ(အပ်)ကုန်လျက်သာ ချုပ်ကုန်၏၊ မသိ(အပ်)ကုန်ပဲ ချုပ်သည် မဟုတ်ကုန်”ဟု ဟောတော်မူပေသည်။
၂၃၈။ ထိုစကားရပ်၌ ချုပ်သည်၏ အစွမ်းအားဖြင့် နောက်ဆုံး၌ဖြစ်သော အသက်ရှူလေတို့သည် ဘဝအလိုအားဖြင့်
၄၃၉
နောက်ဆုံး အသက်ရှုလေ, ဈာန်အလိုအားဖြင့် နောက်ဆုံး အသက်ရှူလေ, စုတိအလိုအားဖြင့် နောက်ဆုံး အသက်လေဟူ၍ သုံးမျိုးရှိကုန်၏။ ချဲ့၍ပြအံ့- ဘ၀သုံးပါးတို့တွင် ကာမဘဝ၌ အသက်ရှုလေတို့သည် ဖြစ်ကုန်၏၊ ရူပဘဝ အရူပဘဝတို့၌ မဖြစ်ကုန်၊ ထို့ကြောင့် (နောက်ဆုံး ကာမဘဝ၌ ဖြစ်ကုန်သော) ထိုအသက်ရှူလေတို့သည် (ဘဝစရိမက) ဘဝအလိုအားဖြင့် နောက်ဆုံး အသက်ရှုလေတို့ မည်ကုန်၏၁။
၁- ဤ၌ ဆိုလိုသည်မှာ ကာမလောက၌ အနာဂါမ်ဖြစ်၍ ထိုဘဝမှ စုတေ၍ ရူပလောက အရူပလာက၌ ဖြစ်ကုန်သော အနာဂါမ်ပုဂ္ဂိုလ်တို့မှာ နောက်ဆုံး ကာမဘဝ၌ဖြစ်ကုန်သော အသက်ရှူလေတို့သည် ဘဝအလိုအားဖြင့် နောက်ဆုံးဖြစ်သောကြောင့် ဘဝစရိမက မည်ကုန်၏။ ကာမလောကမှ စုတေ၍ ရူပ အရူပလောက၌ ဖြစ်ကုန်သော သောတာပန် သကဒါဂါမ်တို့မှာလည်း နောက်ဆုံး ကာမဘဝ၌ဖြစ်ခဲ့သော အသက်ရှူလေတို့သည် ထို့အတူပင် ဘဝအလိုအားဖြင့် နောက်ဆုံးဖြစ်သောကြောင့် ဘဝစရိမက မည်ကုန်၏။ ကာမဘဝ၌ ပရိနိဗ္ဗာန်စံကုန်သော ရဟန္တာတို့မှာလည်း ထိုဘဝ၌ အသက်ရှူလေသည် ဘဝစရိမကပင် မည်သင့်ကုန်၏-ဟု ဤသို့ ဆိုလိုသည် ဖြစ်ရာ၏။ ဤသို့ယူလျှင် စရိမကမည်သော အသက်ရှူလေတို့နှင့် စရိမက မမည်သော အသက်လေတို့ ကွဲပြားသောကြောင့် စရိမကဟု ဝိသေသန မ-ရခြင်း အကျိုးရှိနိုင်ပေ၏။ ဋီကာ၌ကား “ဘဝစရိမကတို့ ဟူသည်ကား ဘဝအလိုအားဖြင့် စရိမက ဖြစ်ကုန်၏ (နိဟီနဘာဝ) ယုတ်ညံ့သော ကာမဘဝ၌ ဖြစ်ကုန်၏။ ဈာနစရိမကတို့ကိုလည်း ထို့အတူပင် သိအပ်ကုန်၏” ဟူ၍၎င်း၊ “တသ္မာ-ထို့ကြောင့် ဟူသည်ကား သုံးပါးကုန်သော ဘဝတို့တွင် (နိဟီနေ) ယုတ်ညံ့သော ကာမဘဝ၌ ဖြစ်ခြင်းကြောင့်” ဟူ၍၎င်း ဖွင့်ပြထား၏။ ထိုအလိုအားဖြင့် အသက်ရှူလေ ဟူသမျှတို့သည် စရိမက အယုတ်အညံ့ချည်းသာဟု
၄၄၀
ဈာန်တို့တွင် အောက်ဈာန်သုံးပါး၌ ဖြစ်ကုန်၏၊ စတုတ္ထဈာန်၌ မဖြစ်ကုန်၊ ထို့ကြောင့် (စတုတ္ထဈာန်၏ ရှေးအဖို့တွင် ဝင်စားသော အောက်ဈာန်၌ ဖြစ်ကုန်သော) ထိုအသက်ရှူလေတို့သည် (ဈာနစရိမက) ဈာန်အလိုအားဖြင့် နောက်ဆုံး အသက်ရှူလေတို့ မည်ကုန်၏၁။ ထိုမှတပါး အကြင် အသက်ရှူလေတို့သည် စုတိစိတ်၏
ဆိုရပေလိမ့်မည်။ အဘယ့်ကြောင့်နည်း?ဟူမူ အသက်ရှူလေဟူသမျှသည် ကာမဘဝ၌သာ ဖြစ်ကြသောကြောင့်ပေတည်း။ သို့ဖြစ်လျှင် စရိမက မမည်သော အသက်ရှူလေဟူ၍ မရှိသောကြောင့် ဘဝစရိမကဟူ၍ပင် ဝိသေသန မ-ဖွယ် မလိုတော့ပေရာ။ ပညာရှိတို့ အထူးသတိပြု၍ ဆင်ခြင်သင့်၏။
၁- ဤ၌လည်း ဆိုလိုသည်မှာ ပဌမ ဒုတိယ တတိယဈာန်တို့ကို အစဉ်အတိုင်း ဝင်စားပြီးနောက် စတုတ္ထဈာန်ကို ၀င်စားလျှင်ဖြစ်စေ၊ အောက်ဈာန်သုံးပါးတို့တွင် တပါးပါးကို ဝင်စားပြီးနောက် စတုတ္ထဈာန်ကို ဝင်စားလျှင်ဖြစ်စေ စတုတ္ထဈာန်၏ ရှေးအဖို့က ဝင်စားခဲ့သော အနီးဆုံး အောက်ဈာန်တိုင်အောင် အသက်ရှူလေများ ဖြစ်လျက် ရှိခဲ့ကြ၏၊ စတုတ္ထဈာန်သို့ ရောက်သောအခါ အသက်ရှူလေတို့သည် မဖြစ်ပေါ်လာကြတော့ပဲ ချုပ်ကုန် ကင်းကုန်၏၊ ထို့ကြောင့် စတုတ္ထဈာန်၏ ရှေးအဖို့က ဝင်စားခဲ့သော အနီးကပ် အောက်ဈာန်တပါးပါးနှင့် အတူတကွ ဖြစ်ပေါ်ကြသော အသက်ရှူလေတို့သည် ဈာန်အလိုအားဖြင့် နောက်ဆုံးဖြစ်သောကြောင့် ဈာနစရိမက မည်ကြသည်ဟု ဆိုလိုသည်ဖြစ်ရာ၏။ ဤသို့ယူလျှင် နိရောဓသမာပတ် ဝင်စားသောအခါ ကာယသင်္ခါချုပ်ပုံကိုပြသော ပါဠိတော်တို့နှင့်လည်း ညီ၏၊ ဈာန်နှင့် အတူတကွ ဖြစ်ကြသော်လည်း နောက်ဆုံးမဟုတ်သော အသက်ရှူလေများလည်း ရှိကြသောကြောင့် ဈာနစရိမက-ဟု ဝိသေသန မ-ရခြင်းလည်း အကျိုးရှိ၏။ ဋီကာ၌ကား-
၄၄၁
ရှေး၌ ၁၆-ခုမြောက်စိတ်နှင့် အတူတကွ ဖြစ်ကြပြီးလျှင် စုတိစိတ်နှင့်ပြိုင်တူ ချုပ်ကုန်၏၊ ဤအသက်ရှူလေတို့သည် (စုတိစရိမက) စုတိအလိုအားဖြင့် နောက်ဆုံး အသက်ရှူလေတို့ မည်ကုန်၏။ ဤစုတိစရိမက အသက်ရှူလေတို့ကို ဤအရာ၌ (စရိမက) နောက်ဆုံး၌ဖြစ်သော အသက်ရှူလေတို့ဟူ၍ အလိုရှိအပ်ကုန်၏။
ဤအာနာပါနကမ္မဋ္ဌာန်းကို အားထုတ်သော ရဟန်းအား အသက်ရှူလေအာရုံကို ကောင်းစွာ သိမ်းဆည်းပြီးဖြစ်သောကြောင့် (အသက်ရှူလေတို့သည် ထင်ရှားကုန်၏)၁ စုတိစိတ်၏ရှေး၌ ၁၆-ခုမြောက်စိတ်၏ ဖြစ်ဆဲခဏ၌ ဖြစ်ခြင်း-ဥပါဒ်ကို ဆင်ခြင်လျှင် ထိုအသက်ရှူလေတို့၏ ဥပါဒ်သည်လည်း ထင်ရှားသတတ်၊ တည်ခြင်း-ဌီကို ဆင်ခြင်လျှင် ထိုအသက်ရှူလေတို့၏ ဌီသည်လည်း ထင်ရှားသတတ်၊ ပျက်ခြင်း-ဘင်ကို ဆင်ခြင်လျှင် ထိုအသက်ရှူလေတို့၏ ဘင်သည်လည်း ထင်ရှားသတတ်။
ဤအာနာပါနမှ တပါးသော ကမ္မဋ္ဌာန်းကို ပွါးစေ၍ အရဟတ္တဖိုလ်သို့ရောက်သော ရဟန်းသည် အသက်၏ အဆုံးအပိုင်းအခြားကို
ယုတ်ညံ့သော အောက်ဈာန်သုံးပါးနှင့် တကွသော အသက်ရှူလေဟူသမျှကို ဈာနစရိမက ဟူ၍ချည်း ဆိုလိုသောကြောင့် ထိုအလိုအားဖြင့် ဈာနစရိမကဟု အထူးပြု၍ ခေါ်ဝေါ်ရခြင်းအတွက် အကျိုးမရှိနိုင်ပေရာ။ ဤအချက်ကိုလည်း စဉ်းစားသင့်၏။
၁- လက်သည်းကွင်း အတွင်းရှိ နှစ်ပုဒ်သည် ဋီကာဖွင့်နှင့်အညီ ဖြည့်စွက်ချက် ဖြစ်သည်။ ထိုဖြည့်စွက်ချက်မပါပဲ ရှေးနောက် စကားများကို ဆက်စပ်၍ ယူရုံမျှဖြင့်လည်း ပြည့်စုံချောမောသော အနက်အဓိပ္ပါယ်ကို ရနိုင်သည်ပင်။
၄၄၂
ပိုင်းဖြတ်နိုင်သည်လည်း ရှိ၏ မပိုင်းဖြတ်နိုင်သည်လည်း ရှိ၏။ ၁၆-ပါးသော တည်ရာဌာနရှိသော ဤအာနာပါနဿတိ ကမ္မဋ္ဌာန်းကို ပွါးစေ၍ အရဟတ္တဖိုလ်သို့ရောက်သော ရဟန်းသည်ကား အသက်၏ အဆုံးအပိုင်းအခြားကို ပိုင်းဖြတ်နိုင်သည်သာတည်း။ ထိုသို့သော ရဟန်းသည် “ယခုအခါ ငါ၏ အာယုသင်္ခါရတို့သည် ဤမျှလောက်သာ ဖြစ်ကုန်လတံ့ [၂၈၄] ဤမှ နောက်၌ မဖြစ်ကုန်လတံ့”ဟု သိပြီးလျှင် မိမိ၏ အလိုသဘောအားဖြင့်သာလျှင် ကိုယ်ကိုသုတ်သင်ခြင်း သင်းပိုင်ဝတ်ခြင်း ဧကသီကိုရုံခြင်း အစရှိကုန်သော ကိစ္စအားလုံးတို့ကို ပြုပြီး၍ မျက်စိတို့ကို မှိတ်လေတော့၏၊ အဘယ်ပုဂ္ဂိုလ်ကဲ့သို့နည်း?ဟူမူ ကောဋတောင်ကျောင်းတိုက်၌ နေလေ့ရှိသော တိဿမထေရ်ကဲ့သို့၎င်း၊ မဟာကရဉ္ဇိယကျောင်းတိုက်၌ နေလေ့ရှိသော မဟာတိဿမထေရ်ကဲ့သို့၎င်း၊ ဒေဝပုတ္တမည်သော တိုင်းကြီး၌ ပိဏ္ဍပါတ်ဓုတင်ဆောင် တိဿမထေရ်ကဲ့သို့၎င်း၊ စိတ္တလတောင်ကျောင်းတိုက်၌ နေလေ့ရှိကြသော နှစ်ပါးကုန်သော ညီနောင်မထေရ်ကဲ့သို့၎င်း ဖြစ်ပေသည်။
ထိုတွင် ဤသည်ကား တခုသော ဝတ္ထုကိုပြသော စကားပေတည်း၊ ညီနောင် မထေရ်နှစ်ပါးတို့တွင် တပါးသောမထေရ်သည် လပြည့် ဥပုသ်နေ့၌ ပါတိမောက်ကို ပြပြီးလျှင် ရဟန်းအပေါင်းခြံလျက် မိမိ၏နေရာအရပ်သို့ သွား၍ စင်္ကြံ၌ရပ်လျက် လရောင်ကို ကြည့်ပြီးလျှင် မိမိ၏ အာယုသင်္ခါရတို့ကို စူးစမ်းဆင်ခြင်ပြီးနောက် “သင်တို့သည် အဘယ်သို့နေလျက် ပရိနိဗ္ဗာန်စံကြသော ရဟန်းတို့ကို မြင်ဘူးကြသနည်း”ဟု ရဟန်းသံဃာကို မေးလေ၏။ ထိုရဟန်းတို့တွင် အချို့က “နေရာ၌ ထိုင်နေကုန်လျက်သာလျှင် ပရိနိဗ္ဗာန် စံကြသည်ကို တပည့်တော်တို့ မြင်ဘူးပါသည်”ဟု လျှောက်ကုန်၏။
၄၄၃
အချို့က “ကောင်းကင်၌ ထက်ဝယ်ဖွဲ့ကာ ထိုင်နေကုန်လျက် ပရိနိဗ္ဗာန် စံကြသည်ကို တပည့်တော်တို့ မြင်ဘူးပါသည်”ဟု လျှောက်ကုန်၏။ ထိုအခါ ရဟန္တာမထေရ်က “ယခု ငါသည် သင်တို့အား စင်္ကြံသွားလျက်သာလျှင် ပရိနိဗ္ဗာန်စံသည်ကို ပြပေအံ့”ဟု ဆို၏၊ ထိုသို့ ဆိုပြီးနောက် စင်္ကြံလမ်း၌ အရေးအကြောင်းကို ပြုပြီးလျှင် “ငါသည် ဤဘက် စင်္ကြံအစွန်းမှ ဟိုဘက်အစွန်းသို့ သွားပြီးလျှင် ပြန်လာသောအခါ ဤအရေးအကြောင်းသို့ ရောက်၍သာလျှင် ပရိနိဗ္ဗာန် စံမည်”ဟု ဆို၍ စင်္ကြံသို့တက်ကာ တဖက်အဖို့သို့ သွားပြီးလျှင် ပြန်လာလတ်သော် ခြေတဘက်ဖြင့် အရေးအကြောင်းကို နင်းမိသော ခဏ၌ပင်လျှင် ပရိနိဗ္ဗာန် စံတော်မူလေသတတ်။
ထို(သို့ အာနာပါနဿတိသည် များသော အကျိုးအာနိသင် ရှိခြင်း)ကြောင့် အမြော်အမြင် ဉာဏ်ပညာနှင့် ပြည့်စုံသော ပညာရှိသည် ဤဆိုခဲ့သည့်အတိုင်း များပြားသော အာနိသင်နှင့် ပြည့်စုံသော အာနာပါနဿတိ ကမ္မဋ္ဌာန်းကို နေ့ရောညဉ့်ပါ အခါခပ်သိမ်း မမေ့မလျော့ပဲ စင်စစ်မှန်စွာ အားထုတ်ရာတော့သတည်း။ ဤကား ဥယျောဇဉ်ပေတည်း။
ယခု ဆိုခဲ့ပြီးသော စကားသည် အာနာပါနဿတိ ကမ္မဋ္ဌာန်း၌ အကျယ်ပြဆိုသော စကားအမြွက်ပေတည်း။
(အာနာပါနဿတိကမ္မဋ္ဌာန်း ပြီး၏)။
**********
၁၀-ဥပသမာနုဿတိပွါးပုံ ပြဆိုချက်
၂၃၉။ ထိုမှတပါး အာနာပါနဿတိ၏ အခြားမဲ့၌ အကျဉ်းပြခဲ့သော ဥပသမာနုဿတိကို ပွါးစေခြင်းငှါ အလိုရှိသော ယောဂီသည် ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက် အပြင်ပ အာရုံများမှ ဖဲခွါကာ
၄၄၄
(ကမ္မဋ္ဌာန်း၌) ကောင်းစွာကပ်ငြိသည်ဖြစ်၍၁ “ရဟန်းတို့ ပြုအပ်သော သင်္ခတတရားတို့ဖြစ်စေ၊ မပြုအပ်သော အသင်္ခတတရားတို့ဖြစ်စေ အကြင်မျှလောက်ကုန်သော တရားတို့သည် ရှိကုန်၏၊ ထို(ရှိသမျှ)တရားတို့တွင် ကိလေသာတို့၏ ပျက်ပြယ်ရာ (ဝိရာဂ)တရားကို အမြတ်ဆုံးဟူ၍ ဆိုအပ်ပေ၏၊ ယင်းတရားသည် ယစ်မူးမှုတို့၏ အယစ်အမူးပြေရာ ကင်းရာဖြစ်သောကြောင့် မဒနိမ္မဒနလည်း မည်၏၂၊ ဆာလောင်မှုဟူသမျှတို့၏ ကင်းပျောက်ရာ ဖြစ်သောကြောင့် ပိပါသဝိနယလည်းမည်၏၊ တွယ်တာရာနှင့် တွယ်တာမှုဟူသမျှတို့ကို နုတ်ပယ်ရာဖြစ်သောကြောင့် အာလယသမုဂ္ဃါတလည်း မည်၏၊ ဝဋ်၏ ပြတ်ရာဖြစ်သောကြောင့် ဝဋ္ဋုပစ္ဆေဒလည်း မည်၏၊ တဏှာ၏ ကုန်ရာဖြစ်သောကြောင့် တဏှက္ခယလည်း မည်၏၊ ကိလေသာတို့၏ ပျက်ပြယ်ရာဖြစ်သောကြောင့် ဝိရာဂလည်း မည်၏၃၊ ဆင်းရဲတို့၏ ချုပ်ရာဖြစ်သောကြောင့် နိရောဓလည်း မည်၏၄၊ ဝါနမည်သော တဏှာမှ
၁- ကောင်းစွာ ကပ်ငြိသည်ဖြစ်၍.. အဖန်ဖန်တလဲလဲ အောက်မေ့ ဆင်ခြင်အပ်ကုန်၏-ဟု စပ်ပါ။
၂- မဒနိမ္မဒနော-ပုဒ်၏ အနက်ဖြစ်၍ “ ယစ်မူးမှုတို့၏ အယစ်အမူး ပြေရာ ကင်းရာလည်း ဖြစ်၏”ဟု ဤမျှ ပြန်လျှင်ပင် ပြည့်စုံလုံလောက်၏။ သို့သော်လည်း နောက်၌ ဖွင့်ပြလတံ့သော အဖွင့်နှင့် တိုက်ဆိုင်ကြည့်သောအားဖြင့် ပို၍ရှင်းစေရန် အထက်အတိုင်း ပါဠိအမည်ကိုပါ ဖော်ပြထားသည်။ နောက်ပုဒ်တို့၌လည်း နည်းတူပင်။
၃- အံ-ဋ္ဌ ဒု- ၂၉၆၌ သုတ်ရင်းအဖွင့် အဋ္ဌကထာကိုမှီ၍ ပြန်သောအနက် ဖြစ်သည်။ ဤဝိသုဒ္ဓိမဂ်၌ အဖွင့်ကို နောက်စာပိုဒ်၌ တွေ့ရလတံ့။ သို့သော် အဓိပ္ပါယ်အားဖြင့် အတူတူပင် ဖြစ်သည်။
၄- ဤအနက်လည်း ၎င်းသုတ်ရင်း၏ အဋ္ဌကထာကို မှီသည်။
၄၄၅
ထွက်မြောက်သောကြောင့် (ဝါ-ပူလောင်မှု ဟူသမျှတို့၏ ငြိမ်းရာဖြစ်သောကြောင့်၁) နိဗ္ဗာနလည်း မည်၏”ဟူ၍ ဤသို့ ဟောတော်မူသည့်အတိုင်း အလုံးစုံသော ဆင်းရဲတို့၏ ငြိမ်းရာဟု ဆိုအပ်သော နိဗ္ဗာန်၏ ဂုဏ်တို့ကို အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်အပ်ကုန်၏။
ထို ယာဝတာ အစရှိသော စကားရပ်၌ ယာဝတာ- ဟူသည်ကား၂ အကြင်မျှလောက်ကုန်သော(ဟု ဆိုလို၏)။ ဓမ္မာ- ဟူသည်ကား၃ သဘောတရားတို့သည်(ဟု ဆိုလို၏)။ သင်္ခတာ ဝါ အသင်္ခတာ ဝါ- ဟူသည်ကား ပေါင်းစု ညီညွတ်ကုန်၍ ပြုအပ်ကုန်သည်မူလည်း ဖြစ်ကုန်သော မပြုအပ်ကုန်သည်မူလည်း ဖြစ်ကုန်သောာ၄(ဟု ဆိုလို၏)။
၁- လက်သည်းကွင်းအတွင်းရှိ အနက်သည် (တံ အာဂမ္မ) သဗ္ဗေ ပရိဠာဟာ နိဗ္ဗာယန္တိ-ဟု ဖွင့်ပြသော သုတ်ရင်း၏အဖွင့် အဋ္ဌကထာနှင့် အညီပင်ဖြစ်သည်။
၂- ဤယာဝတာ-ပုဒ်ကို သုတ်၏မြန်မာပြန်၌ “အကြင်မျှလောက်ကုန်သော”ဟူ၍ ပြန်ထားခဲ့ပြီး ဖြစ်သောကြောင့် ဤ၌ မလိုသော်လည်း ဝိသုဒ္ဓိမဂ်အဖွင့် ပြည့်စုံစေရန် ဤအရာ၌ ထပ်၍ မြန်မာပြန်ပြခြင်းဖြစ်သည်။
၃- ဤဓမ္မာ-ပုဒ်ကိုလည်း “တရားတို့သည်”ဟု အထက်၌ ပြန်ခဲ့ပြီးဖြစ်သည်။
၄- သံ-ပေါင်းစုညီညွတ်၍- ကတ- ပြုအပ်သည်- သင်္ခတ- ပေါင်းစုညီညွတ်၍ ပြုအပ်သောတရား။ သက်ဆိုင်ရာအကြောင်းတရားတို့ အညီအညွတ် ပေါင်းစုမိသောအခါ ဖြစ်ပေါ်လာသည်ကိုပင် ပေါင်းစုညီညွတ်၍ ပြုအပ်သည်ဟု ဆိုသည်၊ ဥပမာ ဒုတ်၂-ချောင်း တိုက်ခိုက်မိသောအခါ ဖြစ်ပေါ်လာသော အသံကို “သင်္ခတ- ပေါင်းစုညီညွတ်၍ ပြုအပ်သောတရား”ဟု ဆိုအပ်သကဲ့သို့ပင်တည်း။ အ-မဟုတ် + သင်္ခတ- ပေါင်းစုညီညွတ်၍ ပြုအပ်သည် = အသင်္ခတ- ပေါင်းစုညီညွတ်၍ ပြုအပ်သည်မဟုတ်သော တရား။ ဝါ-မပြုအပ်ပဲ ရှိနေသောတရား။
၄၄၆
ထို(ရှိသမျှ)တရားတို့တွင် ဝိရာဂကို [၂၈၅] အမြတ်ဆုံးဟူ၍ ဆိုအပ်ပေ၏-ဟူသည်ကား ထိုသင်္ခတ အသင်္ခတ တရားတို့တွင် ဝိရာဂကို အထူးသဖြင့် ချီးမွမ်းအပ်သည့် အမြတ်ဟူ၍ ဆိုအပ်ပေ၏။ ထိုစကား၌ ဝိရာဂဟူသည်မှာ ရာဂ၏ မရှိခြင်းကို ဆိုလိုသည်မဟုတ်၊ စင်စစ်သော်ကား “ယင်းတရားသည် မဒနိမ္မဒနလည်းမည်၏။ ။ပ။ နိဗ္ဗာနလည်းမည်၏”ဟု ဆိုရာတွင် အကြင် အသင်္ခတတရားသည် မဒနိမ္မဒန အစရှိသော အမည်တို့ကို ရ၏၊ ထိုအသင်္ခတတရားကို ဝိရာဂဟူ၍ ယုံကြည် မှတ်သားအပ်၏။ မှန်ပေ၏- ထိုအသင်္ခတတရားသို့ အရိယမဂ်ဖြင့် ရောက်၍ မာန်တက်လျက် ယစ်ခြင်း, ယောက်ျားဟု ယစ်ခြင်း အစရှိကုန်သော အလုံးစုံကုန်သော ယစ်ခြင်းတို့သည် အယစ်အမူး ကင်းကုန်၏ ပျက်စီးကုန်၏၊ ထို့ကြောင့် မဒနိမ္မဒနမည်၏။ အသင်္ခတတရားသို့ ရောက်၍ အလုံးစုံသော ကာမအာရုံ ဆာလောင်မှု (ပိပါသ)သည် (ဝါ-ကာမအာရုံ ဆာလောင်မှု အစရှိသော အလုံးစုံသော ဆာလောင်မှုသည်၁) ကင်းခြင်း ချုပ်ခြင်းသို့ ရောက်၏။ ထို့ကြောင့် ပိပါသဝိနယဟူ၍ ဆိုအပ်၏။ ထို့ပြင် ထိုအသင်္ခတသို့ရောက်၍ ငါးပါးသော ကာမဂုဏ်ဟူသော တွယ်တာရာတို့သည် (ဝါ-ကာမဂုဏ်၌ တွယ်တာမှု အစရှိကုန်သော တွယ်တာမှု ဟူသမျှတို့သည်၁) အကြွင်းမဲ့ နုတ်ပယ်အပ်သည်၏အဖြစ်သို့ ရောက်ကုန်၏၊ ထို့ကြောင့် အာလယသမုဂ္ဃါတဟူ၍ ဆိုအပ်၏။ ထို့ပြင် ထိုအသင်္ခတသို့ရောက်၍ ဘုံသုံးပါး၌ အတွင်းဝင်သော ဝဋ်သုံးပါးသည် ပြတ်စဲ၏။ ထို့ကြောင့် ဝဋ္ဋုပစ္ဆေဒဟူ၍ ဆိုအပ်၏။ ထို့ပြင် ထိုအသင်္ခတသို့
၁- သုတ်ရင်းအဖွင့် အင်္ဂုတ္တရအဋ္ဌကထာ ပဌမ ၂၉၆-၇, ဣတိဝုတ် အဋ္ဌကထာ ၂၇၂-တို့နှင့် အညီပင်။
၄၄၇
ရောက်၍ တဏှာသည် အချင်းခပ်သိမ်း ကုန်ခြင်းသို့ ရောက်၏ ပျက်ပြယ်၏ ချုပ်၏၊ ထို့ကြောင့် တဏှက္ခယ, ဝိရာဂ, နိရောဓဟူ၍ ဆိုအပ်၏။ ထို့ပြင် တဏှာသည် ယောနိ လေးပါး, ဂတိ ငါးပါး, ဝိညာဏဋ္ဌိတိ ခုနစ်ပါး, သတ္တာဝါသ ကိုးပါးတို့ကို တပါးပြီးတပါး အဆက်ဆက်ဖြစ်ရန် ဖွဲ့တတ် ချည်နှောင်တတ် ချုပ်စပ်တတ်သောကြောင့် ဝါနမည်၏၊ ဤတရားသည် ထိုဝါနမည်သော တဏှာမှ ထွက်မြောက်၏ ကျွတ်လွတ်၏ ကင်းရှင်း၏၊ ထို့ကြောင့် ဤတရားကို နိဗ္ဗာနဟူ၍လည်း ဆိုအပ်၏၁။ ဤကား ပုဒ်တို့၏ အဖွင့်။ ဤဖွင့်ပြခဲ့သည့်အတိုင်း (မဒနိမ္မဒနတာ) ယစ်မူးမှုတို့၏ ပြေရာ အယစ်အမူးကင်းရာဖြစ်ခြင်း အစရှိကုန်သော ဤဂုဏ်တို့၏ အလိုအားဖြင့် နိဗ္ဗာန်ဟု ဆိုအပ်သော ငြိမ်းခြင်းကို အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်အပ်ပေသည်။
ထိုမှတပါး “ရဟန်းတို့ သင်တို့အား မပြုအပ်သော (အသင်္ခတ)တရားကိုလည်း ဟောပေအံ့။ အစစ်အမှန် (သစ္စ)တရားကိုလည်း။ သံသရာ၏ ဟိုဘက်ကမ်း (ပါရ)တရားကိုလည်း။ အလွန် မြင်နိုင်ခဲသော (သုဒုဒ္ဒသ)တရားကိုလည်း။ အိုခြင်းကင်းသော (အဇရ)တရားကိုလည်း။ ခိုင်မြဲသော (ဓုဝ)တရားကိုလည်း။ နယ်ချဲ့မှု ဖင့်နွှဲမှု ကင်းသော (နိပ္ပပဉ္စ)တရားကိုလည်း၊ သေခြင်းကင်းသော (အမတ) အမြိုက်တရားကိုလည်း။ ငြိမ်းအေးသော (သိဝ)တရားကိုလည်း။ ဘေးကင်းသော (ခေမ)တရားကိုလည်း။ မဖြစ်စဖူး အလွန်ထူးသော (အဗ္ဘုတ)တရားကိုလည်း။
၁- ဤ၌ သိလွယ်စေရန် ဝါန-ပုဒ်၏ ဝစနတ္ထကို သီးခြားခွဲ၍ ပြန်သည်။ နိဝါန-မှ နိဗ္ဗာန-ဟု ဖြစ်လာသည်။
၄၄၈
အကျိုးမဲ့ ဘေးရန်ကင်းသော (အနီတိက)တရားကိုလည်း။ ဆင်းရဲကင်းသော (အဗျာပဇ္ဈ)တရားကိုလည်း။ စင်ကြယ်သော (ဝိသုဒ္ဓိ)တရားကိုလည်း။ ရေလယ်မှာထွန်းသည့် ကျွန်းကုန်းပမာ မှီခိုရာ (ဒီပ)တရားကိုလည်း။ ဆင်းရဲဟူသမျှမှ ကာကွယ်စောင့်ရှောက်တတ်သော (တာဏ)တရားကိုလည်း။ ရဟန်းတို့ သင်တို့အား ဆင်းရဲဟူသမျှမှ လုံခြုံအောင် ပုန်းအောင်းရာ (လေဏ)တရားကိုလည်း ဟောပေအံ့” ဤသို့ အစရှိသော သုတ်တို့၌ အခြားတပါးကုန်သော ဥပသမဂုဏ်တို့ကိုလည်း မြတ်စွာဘုရား ဟောတော်မူပေသည်။ ထိုဂုဏ်တို့ အလိုအားဖြင့်လည်း အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်အပ်သည်သာတည်း။
ဤဆိုခဲ့သည့်အတိုင်း ယစ်မူးမှုတို့၏ အယစ်အမူးပြေရာ- ကင်းရာဖြစ်ခြင်း အစရှိကုန်သော ဂုဏ်တို့အလိုအားဖြင့် ငြိမ်းအေးသော နိဗ္ဗာန်၏ ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ ဆင်ခြင်နေသော ထိုယောဂီအား ရာဂလွှမ်းမိုး နှိပ်စက်ခံရသောစိတ် မဖြစ်တော့သည်သာ၊ ဒေါသလွှမ်းမိုး နှိပ်စက်ခံရသောစိတ် မဖြစ်တော့သည်သာ၊ မောဟလွှမ်းမိုး နှိပ်စက်ခံရသောစိတ် မဖြစ်တော့သည်သာ၊ ထိုအခါ၌ ထိုယောဂီ၏စိတ်သည် နိဗ္ဗာန်(၏ ငြိမ်းအေးခြင်းဂုဏ်)ကို အာရုံပြုလျက် ဖြောင့်မတ်နေသည်သာလျှင် ဖြစ်ပေသည်။ ဤသို့ စသည်ဖြင့် ဗုဒ္ဓါနုဿတိ စသည်တို့၌ ဆိုခဲ့ပြီးသော နည်းဖြင့်ပင်လျှင် နီဝရဏကင်းကွာပြီးသော ယောဂီအား တခုသောခဏ၌ ဈာန်အင်္ဂါတို့သည် ဖြစ်ပေါ်ကုန်၏။ သို့သော်လည်း နိဗ္ဗာန်၏ ဂုဏ်တို့၏ နက်နဲခြင်းကြောင့်၎င်း၊ များစွာသော ဂုဏ်တို့ကို အောက်မေ့ခြင်းငှါ နှလုံးသွင်း ညွတ်ကိုင်းခြင်းကြောင့်၎င်း အပ္ပနာဈာန်သို့ မရောက်မူ၍ ဥပစာရသို့သာလျှင် ရောက်သော ဈာန်သည် [၂၈၆] ဖြစ်ပေ၏။
၄၄၉
ထိုသို့ ဥပစာရသို့ရောက်သော ဤဈာန်သည် ဥပသမမည်သော နိဗ္ဗာန်၏ ဂုဏ်တို့ကို အဖန်တလဲလဲ အောက်မေ့သည်၏ အစွမ်းအားဖြင့် ဖြစ်သောကြောင့် ဥပသမာနုဿတိဟူ၍သာလျှင် ရေတွက် ခေါ်ဆိုအပ်ခြင်းသို့ ရောက်ပေသည်။
ဆက်၍ ရှင်းပြဦးအံ့- ဤဥပသမာနုဿတိသည်လည်း (ဗုဒ္ဓါနုသတိ အစရှိသော) ၆-ပါးသော အနုဿတိတို့ကဲ့သို့ အရိယာသာဝကအားသာလျှင် ပြည့်စုံပေသည်။ ဤသို့ဖြစ်ငြားသော်လည်း ငြိမ်းအေးသော နိဗ္ဗာန်ကို အလေးဂရုပြုသော ပုထုဇဉ်ပုဂ္ဂိုလ်သည်လည်း နှလုံးသွင်းအပ်- နှလုံးသွင်းသင့်- နှလုံးသွင်းကောင်းပေ၏။ မှန်ပေ၏- ကြားနာရသော သုတ၏ အစွမ်းအားဖြင့်လည်း ငြိမ်းအေးသော နိဗ္ဗာန်၌ စိတ်သည် ကြည်လင်တတ် ကြည်ညိုတတ်ပေ၏။ အကျိုးကား ဤဥပသမာနုဿတိ ကမ္မဋ္ဌာန်းကို အားထုတ်သော ရဟန်းသည် ချမ်းသာစွာ အိပ်ရ၏၊ ချမ်းသာစွာ နိုးရ၏၊ ငြိမ်သက်သော ဣန္ဒြေရှိ၏၊ ငြိမ်သက်သော နှလုံးရှိ၏၊ ဟိရီဩတ္တပ္ပနှင့် ပြည့်စုံ၏။ ကြည်ညိုဖွယ်ကို ဆောင်၏။ မြတ်သော နိဗ္ဗာန်၌ ညွတ်ကိုင်းသဖြင့် မွန်မြတ်သော နှလုံးသွင်းခြင်း ရှိ၏၊ သီတင်းသုံးဘော်တို့က အလေးပြုအပ်သူ မေတ္တာပွါးအပ်သူ ဖြစ်ပေ၏ အထက်၌ မဂ်ဖိုလ်တရားထူးကို မသိငြား မရငြားသော်လည်း သုဂတိလျှင် လားရာရှိပေ၏။
ထို(သို့ ချမ်းသာစွာ အိပ်ရခြင်းမှစ၍ သုဂတိလျှင် လားရာရှိသည်တိုင်အောင် များစွာသော အကျိုးရှိခြင်း)ကြောင့် အမြော်အမြင် ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဤဆိုခဲ့သည့်အတိုင်း များသော အာနိသင်ရှိသော၁
၁- များသော အာနိသင်ရှိသော အောက်မေ့မှု-သတိကို-ဟု စပ်ပါ။
၄၅၀
မြတ်သော (ဝါ-အရိယာတို့၏ ဥစ္စာဖြစ်သော) ငြိမ်းအေးသော နိဗ္ဗာန်၌ အောက်မေ့မှု-သတိကို မမေ့မလျော့ပဲ စင်စစ်မှန်စွာ ပွါးစေရာတော့သတည်း။ ဤကား ဥယျောဇဉ်ပေတည်း။
ဤဆိုခဲ့သော စကားသည် ဥပသမာနုဿတိ ကမ္မဋ္ဌာန်း၌ အကျယ်ပြဆိုသော စကားအမြွက်ပေတည်း။
(ဥပသမာနုဿတိကမ္မဋ္ဌာန်း ပြီး၏)။
ဤသည်ကား သူတော်ကောင်းအပေါင်းတို့၏ နှစ်သိမ့်ဝမ်းမြောက်ခြင်းငှါ စီရင်အပ်သော ဝိသုဒ္ဓိမဂ်ကျမ်းဝယ် သမာဓိဘာဝနာအရာ၌ အနုဿတိကမ္မဋ္ဌာန်းကို အကျယ်ပြချက် (အနုဿတိကမ္မဋ္ဌာနနိဒ္ဒေသ)မည်သော ရှစ်ခုမြောက်ဖြစ်သော အပိုင်းအခဏ်းပေတည်း။
(အနုဿတိကမ္မဋ္ဌာန်းကို အကျယ်ပြချက် ပြီး၏)။
၄၅၁
၉-ဗြဟ္မဝိဟာရနိဒ္ဒေသ-ဗြဟ္မဝိဟာရကို အကျယ်ပြချက်
၁-မေတ္တာပွါးပုံအဖွင့်
[၂၈၇] ၂၄ဝ။ ထိုမှတပါး အနုဿတိကမ္မဋ္ဌာန်း အခြားမဲ့၌ အကျဉ်းခေါင်းစဉ်အနေဖြင့် ပြထားခဲ့ကုန်ပြီးသော (၁) မေတ္တာ၊ (၂) ကရုဏာ၊ (၃) မုဒိတာ၊ (၄) ဥပေက္ခာဟူသော ဤလေးပါးသော ဗြဟ္မဝိဟာရတို့တွင် မေတ္တာကို ပွါးစေခြင်းငှါ လိုရှိသော အားထုတ်ခါစ ယောဂါဝစရပုဂ္ဂိုလ်သည်၁ ပလိဗောဓတို့ကို ဖြတ်ပြီးနောက် ဆရာ့ထံမှ ကမ္မဋ္ဌာန်းကို သင်ယူခဲ့ပြီးလျှင် ဆွမ်းစားခြင်းကိစ္စကို ပြုပြီးသောအခါ ဆွမ်းဆီယစ်ခြင်းကို ပယ်ဖျောက်၍ ဆိတ်ငြိမ်သော အရပ်ဝယ် ကောင်းစွာ ခင်းထားသော နေရာ၌ နေသာသည်အလျောက် ချမ်းသာစွာ ထိုင်နေလျက် ဘာဝနာမပ္ပါးမီ ရှေးဦးစွာ ဒေါသ၌ အပြစ်ကို၎င်း၊ သည်းခံခြင်း၌ အကျိုးအာနိသင်ကို၎င်း ဆင်ခြင်အပ်ပေသည်။
အဘယ့်ကြောင့်နည်း?ဟူမူ- ဤမေတ္တာဘာဝနာဖြင့် ဒေါသကို ပယ်အပ်၏၊ သည်းခံခြင်းဂုဏ်ကို ရယူအပ်၏။ သို့သော် အပြစ်မမြင်ရသေးသော တစုံတခုသောတရားကို ပယ်ရန်လည်း မစွမ်းနိုင်၊ အကျိုးအာနိသင်ကို မသိရသေးသော တစုံတခုသော တရားကို ရယူရန်လည်း မစွမ်းနိုင်၊ ထို့ကြောင့်ပေတည်း။ သို့ဖြစ်၍-
“ငါ့ရှင်(ပရိဗိုဇ်) ဒေါသက ဖျက်ဆီးအပ်သော ဒေါသက လွှမ်းမိုးလျက် စိတ်အားလုံးကို ဆွဲဆောင်သွားသောသူသည်
၁- ယောဂါဝစရပုဂ္ဂိုလ်သည်.. ဖြတ်ပြီးနောက် သင်ယူခဲ့ပြီးလျှင်-စသဖြင့် စပ်၍ နောက်ဆုံး၌ ဆင်ခြင်အပ်ပေသည်-ဟူသော ပုဒ်နှင့် စပ်ပါ။
၄၅၂
သတ္တဝါကိုလည်း သတ်၏”၁ ဤသို့ အစရှိသော သုတ်၏ အစွမ်းအားဖြင့် ဒေါသ၌ အပြစ်ကို ရှုအပ်၏။
“ချုပ်တည်းခြင်းဟူသော (ခန္တီ)သည်းခံခြင်းသည် အမြတ်ဆုံး အကျင့်ပေတည်း။ နိဗ္ဗာန်ကို အမြတ်ဆုံးဟူ၍ ဘုရားရှင်တို့က မိန့်ဆိုကြသည်”။
“သည်းခံခြင်းဟူသော ခွန်အားရှိသော သည်းခံခြင်း ခွန်အားဟူသော စစ်တပ်ရှိသော ထိုပုဂ္ဂိုလ်ကို “မကောင်းမှုကို အပပြုပြီးသော ဗြာဟ္မဏ-သူမြတ်”ဟူ၍ ငါဆိုပေသည်”။
“သည်းခံခြင်းထက် သာလွန်သော အကျိုးစီးပွါးမည်သည် မရှိချေ”၊ ဤသို့ အစရှိကုန်သော သုတ်တို့၏ အစွမ်းအားဖြင့် သည်းခံခြင်း၌ အကျိုးအာနိသင်ကို သိအပ်၏။
ထို့နောင် ဤဆိုခဲ့သည့်အတိုင်း မြင်ပြီးသည့် အပြစ်ရှိသော ဒေါသမှ စိတ်ကို ခွဲခွါခြင်းအကျိုးငှါ၎င်း၊ သိအပ်ပြီးသော အကျိုးအာနိသင်ရှိသော သည်းခံခြင်းနှင့် (စိတ်ကို) ယှဉ်စေခြင်းအကျိုးငှါ၎င်း မေတ္တာဘာဝနာကို အားထုတ်အပ်၏။ အားထုတ်သော သူသည်လည်း ရှေးဦးကပင်လျှင်၂ “ဤပုဂ္ဂိုလ်တို့၌ မေတ္တာကို
၁- ပါဏမ္ပိ ဟနတိ- သတ္တဝါကိုလည်း သတ်၏-ဟူသော စကားအရာ၌ သုတ်ရင်းပါဠိတွင် အတ္တဗျာဗာဓာယပိ စေတေတိ- မိမိကိုယ်ကို နှိပ်စက်ခြင်းငှါလည်း စေ့ဆော်အားထုတ်၏- စသည်ဖြင့် ရှိပေသည်။
၂- ရှေးဦးကပင်လျှင်.. သိအပ်ကုန်၏-ဟု စပ်ပါ။
၄၅၃
ရှေးဦးစွာ မပွါးစေအပ်၊ ဤပုဂ္ဂိုလ်တို့၌ လုံးဝ မပွါးစေအပ်”ဟူ၍ ဘာဝနာကို ပျက်စေတတ်သော ပုဂ္ဂိုလ်တို့ကို သိအပ်ကုန်၏၁။
ချဲ့၍ပြအံ့- (၁) မချစ်အပ်သော- မုန်းအပ်သောပုဂ္ဂိုလ်၊ (၂) အလွန်ချစ်အပ်သော ပုဂ္ဂိုလ်၊ (၃) မချစ် မမုန်း အလယ်အလတ်ပုဂ္ဂိုလ်၊ (၄) ရန်သူပုဂ္ဂိုလ်ဟူသော ဤလေးဦးသော ပုဂ္ဂိုလ်တို့၌ ဤမေတ္တာကို ရှေးဦးစွာ မပွါးစေအပ်ပေ။ လိင်အသွင် ကွဲပြားသော ပုဂ္ဂိုလ်၌ သီးသန့် အပိုင်းအခြားအားဖြင့် မပွါးစေအပ်၊ သေလေသောသူ၌ လုံးဝ မပွါးစေအပ်။ မုန်းအပ်သောပုဂ္ဂိုလ် စသည်တို့၌ ရှေးဦးစွာ အဘယ့်ကြောင့် မပွါးစေအပ်သနည်း?ဟူမူ- အဖြေကား- မုန်းအပ်သူကို ချစ်အပ်သူအရာ၌ ထားလျှင် ပင်ပန်း၏၊ အလွန်ချစ်အပ်သော သူငယ်ချင်းကို အလယ်အလတ်အရာ၌ ထားလျှင် ပင်ပန်း၏၊ မှန်ပေ၏- ထိုအလွန်ချစ်အပ်သူအား အနည်းငယ်မျှသော်လည်း ဆင်းရဲဖြစ်(သည်ကို သိရ)လတ်သော် ငိုမည့်အခြင်းအရာသို့ ရောက်သကဲ့သို့ ဖြစ်တတ်၏။ [၂၈၈] အလယ်အလတ်ပုဂ္ဂိုလ်ကို အလေးပြုအပ်သူ အရာ၌၎င်း၊ ချစ်အပ်သူအရာ၌၎င်း ထားလျှင် ပင်ပန်း၏၊ ရန်သူကို အောက်မေ့ ဆင်ခြင်မိသောသူအား
၁- ပုဂ္ဂလဒေါသာ ဇာနိတဗ္ဗာ-ဟူသော ပါဌ်ကို ဋီကာဖွင့်နှင့်အညီ ပြန်ဆိုချက် ဖြစ်သည်။ ထိုဋီကာ၌ ပုဂ္ဂလ- ပုဂ္ဂိုလ် + ဒေါသ- ဘာဝနာကို ပျက်စေတတ်သည် = ပုဂ္ဂလဒေါသာ- ဘာဝနာကို ပျက်စေတတ်သော ပုဂ္ဂိုလ်များဟု နက်နဲစွာ ဖွင့်ပြထားလေသည်။ ရှေးဦးစွာ မပွါးစေအပ်သော ပုဂ္ဂိုလ်နှင့် လုံးဝ မပွါးစေအပ်သော ပုဂ္ဂိုလ်ဟူသော ဤပုဂ္ဂိုလ်အပြားကို သိအပ်၏ဟု ယူလျှင် ပုဂ္ဂလဘေဒေါ ဇာနိတဗ္ဗော-ဟူသော ယခုလက်ရှိ ပါဌ်သည်လည်း သိလွယ်လျက် သင့်ရာသည်သာ။
၄၅၄
အမျက်ထွက်ခြင်း ဖြစ်တတ်၏။ ထို့ကြောင့် မုန်းအပ်သောပုဂ္ဂိုလ် စသည်တို့၌ (မေတ္တာကို) ရှေးဦးစွာ မပွါးစေအပ်ပေသတည်း။
လိင်အသွင်ကွဲပြားသော ပုဂ္ဂိုလ်၌မူကား ထိုသူ တဦးတည်းကိုသာလျှင် အာရုံပြု၍ သီးသန့် အပိုင်းအခြားအားဖြင့် (ဝါ-သီးသန့်ပိုင်းခြား၍) (မေတ္တာကို) ပွါးစေသောသူအား တပ်စွဲမှု-ရာဂ ဖြစ်တတ်၏။ အမတ်၏သားဖြစ်သော လူတယောက်သည် “အရှင်ဘုရား အဘယ်ပုဂ္ဂိုလ်အား မေတ္တာကို ပွါးစေအပ်ပါသနည်း”ဟု ဆွမ်းခံလာနေကျ မထေရ်ကို မေးလျှောက်သတတ်။ မထေရ်က “ချစ်သည့်ပုဂ္ဂိုလ်၌ ပွါးစေအပ်သည်”ဟု ပြောကြား၏။ ထိုအမတ်၏သားသည် မိမိမယားကို ချစ်၏။ (ထို့ကြောင့်) ထိုအမတ်၏သားသည် ထိုမယား၌ မေတ္တာကို ပွါးစေလတ်သော် တညဉ့်ပတ်လုံး (သူ၏မယားရှိရာသို့ သွားရန်) နံရံနှင့် တိုးဝှေ့တိုက်ခိုက်ခြင်းကို ပြုရလေသတတ်၁။ ထို့ကြောင့် လိင်အသွင်ကွဲပြားသော ပုဂ္ဂိုလ်၌ သီးသန့်အားဖြင့် (မေတ္တာကို) မပွါးစေအပ်။
၁- ဘိတ္တိယုဒ္ဓမကာသိ- နံရံနှင့် တိုက်ခိုက်ခြင်းကို ပြုလေသည်-ဟူသည်ကား (ထိုအမတ်၏သားသည်) ဥပုသ်သီလကို ဆောက်တည်ပြီးလျှင် တံခါးပိတ်ထားသော တိုက်ခန်းဝယ် အိပ်ရာအင်းပျဉ်၌ ထိုင်လျက် မေတ္တာကို ပွါးစေလတ်သော် မေတ္တာကို ရှေ့သွားပြုသဖြင့် ဖြစ်ပေါ်လာသော ရာဂ-က ဉာဏ်မြင်ကန်းအောင် ပြုလိုက်သောကြောင့် မယားထံသို့ သွားလိုလတ်သော် တံခါးပေါက်ကို မမှတ်နိုင်သဖြင့် နံရံကို ဖောက်ခွဲ၍သော်လည်း သွားလိုသောကြောင့် နံရံကို တိုက်ခိုက် ပုတ်ခက်လေသည်။ ထို့ကြောင့် “မေတ္တာပွါးမှုကို ရှေ့သွားပြုသဖြင့် ရာဂ-က လှည့်စားတတ်သည်”ဟု နေတ္တိအဋ္ဌကထာ၌ ပြဆိုထားပေသည်။ (ဋီကာ)
၄၅၅
သေလေသောသူ၌ ပွါးစေလျှင်ကား အပ္ပနာသို့ မရောက်သည်သာ၊ ဥပစာသို့သော်လည်း မရောက်။ ရဟန်းငယ်တပါးသည် ဆရာကို အာရုံပြု၍ မေတ္တာကို အားထုတ်၏၊ ထိုရဟန်းငယ်အား မေတ္တာသည် မဖြစ်ပဲရှိ၏။ ထိုရဟန်းငယ်သည် မထေရ်ကြီးတပါးထံသွား၍ “အရှင်ဘုရား တပည့်တော်မှာ မေတ္တာဈာန်သမာပတ်သည် ကျေပြွန်လျက် ရှိပါ၏၊ သို့သော်လည်း ထိုသမာပတ်ကို (ယခု) မဝင်စားနိုင်ပါ၊ အဘယ်အကြောင်းကြောင့်နည်း”ဟု မေးလျှောက်၏။ မထေရ်ကြီးက “ငါ့ရှင် အာရုံနိမိတ်(ဖြစ်သူ)ကို ရှာကြည့်ပါလေ”ဟု မိန့်ဆိုလိုက်၏။ ထိုရဟန်းငယ်သည် ကြည့်လတ်သော် ဆရာ၏ ကွယ်လွန်လေသည်၏ အဖြစ်ကို သိရ၍ အခြားပုဂ္ဂိုလ်ကို အာရုံပြုလျက် မေတ္တာကို ပွါးစေလတ်သော် သမာပတ်သို့ ရောက်လေသတတ်။ ထို့ကြောင့် သေသောသူ၌ မပွါးအပ်သည်သာတည်း။
မေတ္တာပွါးပုံ
၂၄၁။ ပွါးစေသင့်သည်မှာ- အလုံးစုံသောသူတို့၏ ရှေးဦးစွာ၁ “ငါသည် ချမ်းသာလို၏ ဆင်းရဲကင်းလို၏ (ငါချမ်းသာရပါစေ၊ ဆင်းရဲကင်းရပါစေ)” ဟူ၍သော်၎င်း၊ “အဝေရော (ဟောမိ) ငါသည် ရန်ကင်းသည် ဖြစ်လို၏ (ရန်ကင်းရပါစေ)၊ အဗျာပဇ္ဈော (ဟောမိ) စိတ်ဆင်းရဲကင်းသည် ဖြစ်လို၏ (စိတ်ဆင်းရဲ ကင်းရပါစေ)၊ အနီဃော (ဟောမိ) ကိုယ်ဆင်းရဲကင်းသည် ဖြစ်လို၏ (ကိုယ်ဆင်းရဲ ကင်းရပါစေ)၊ သုခီ အတ္တာနံ ပရိဟရာမိ- ချမ်းသာနှင့် ပြည့်စုံသည်ဖြစ်၍ (ချမ်းသာစွာ) မိမိကိုယ်ကို ရွက်ဆောင်နိုင်ရပါစေ” ဟူ၍သော်၎င်း ဤပုံဤနည်းဖြင့် အဖန်တလဲလဲ မိမိ၌သာလျှင် ပွါးစေအပ်၏။
၁- ရှေးဦးစွာ.. မိမိ၌သာလျှင် ပွါးစေအပ်၏-ဟု စပ်ပါ။
၄၅၆
ဤသို့ ဖြစ်ပါမူ အဘိဓမ္မာပိဋက ဝိဘင်းပါဠိတော်၌-
“ရဟန်းသည် အဘယ်သို့လျှင် မေတ္တာနှင့်တကွဖြစ်သော စိတ်ဖြင့် တခုသော အရပ်မျက်နှာကို ဖြန့်၍ နေသနည်း။ ဥပမာဖြင့် ပြရလျှင် ချစ်အပ် မြတ်နိုးအပ်သော ပုဂ္ဂိုလ်တယောက်ကို မြင်၍ မေတ္တာပွါးရာသကဲ့သို့ ထို့အတူပင် (တခုသော အရပ်မျက်နှာ၌) အလုံးစုံကုန်သော သတ္တဝါတို့ကို မေတ္တာဖြင့် ဖြန့်၏”ဟူ၍-
ဟောထားသော စကားသည်၎င်း၁၊
“အပိုင်းအခြား အကန့်အသတ် မရှိသောအားဖြင့် ဖြန့်သော မေတ္တာစေတောဝိမုတ္တိကို အဘယ်ငါးပါးသော အခြင်းအရာတို့ဖြင့် ပွါးစေအပ်သနည်း။ (သဗ္ဗေ သတ္တာ) အလုံးစုံသော သတ္တဝါတို့သည် (အဝေရာ ဟောန္တု) ရန်ဘေးကင်းကြပါစေ၊ (အဗျာပဇ္ဈာ) စိတ်ဆင်းရဲ ကင်းကြပါစေ၊ (အနီဃာ) ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ (သုခီ အတ္တာနံ ပရိဟရန္တု) ချမ်းသာနှင့် ပြည့်စုံ၍ မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ။ (သဗ္ဗေ ပါဏာ) အလုံးစုံသော အသက်ရှူသူတို့သည်..။ (သဗ္ဗေ ဘူတာ) အလုံးစုံသော ကိုယ်ထင်ရှား ဖြစ်သူတို့သည်..။ (သဗ္ဗေ ပုဂ္ဂလာ) အလုံးစုံသော ပုဂ္ဂိုလ်တို့သည်..။ (သဗ္ဗေ အတ္တဘာဝပရိယာပန္နာ) အလုံးစုံသော အတ္တဘော၌ အတွင်းဝင်သူတို့သည် ရန်ကင်းကြပါစေ
၁- အနိယတ်နှင့် နိယတ်ကို တပေါင်းတည်းပြု၍ ပြန်ထားသည်။ နောက်၂-ဝါကျ၌လည်း နည်းတူပင်။
၄၅၇
စိတ်ဆင်းရဲ ကင်းကြပါစေ ချမ်းသာနှင့် ပြည့်စုံ၍ မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ” ဤသို့ အစရှိသည်ဖြင့်၁-
ပဋိသမ္ဘိဒါမဂ်၌ ဟောထားသော စကားသည်၎င်း၊
[၂၈၉] အလုံးစုံသော သတ္တဝါတို့သည် ချမ်းသာနှင့် ပြည့်စုံကုန်သည်၎င်း၊ ဘေးငြိမ်းကုန်သည်၎င်း ဖြစ်ကြပါစေ၊ ချမ်းသာနှင့် ပြည့်စုံသော ကိုယ်စိတ်ရှိကုန်သည် ဖြစ်ကြပါစေ” ဤသို့ စသည်ဖြင့်၁-
မေတ္တသုတ်၌ ဟောထားသော စကားသည်၎င်း ဆန့်ကျင်ပါသလော၊ ထိုပါဠိတော် သုံးရပ်တို့မှာ မိမိ၌ မေတ္တာပွါးစေခြင်းကို မဟောခဲ့သည် မဟုတ်ပါလောဟူ၍ စောဒနာငြားအံ့၊ (အဖြေကား) ထိုစကား သုံးရပ်သည်လည်း မဆန့်ကျင်ပါ။ အဘယ့်ကြောင့်နည်း?ဟူမူ- ထိုစကားသုံးရပ်ကို အပ္ပနာဈာန်ကို ဆောင်တတ်သော ဘာဝနာအလိုအားဖြင့် ဟောထားခြင်း ဖြစ်သောကြောင့်၎င်း၊ ဤဝိသုဒ္ဓိမဂ်၌ပြသော မိမိ၌ မေတ္တာပွါးပုံစကားကို သက်သေအဖြစ် အလိုအားဖြင့် ဆိုခြင်းဖြစ်သောကြောင့်၎င်း ဖြစ်ပေသည်။
မှန်ပေ၏- “ငါသည် ချမ်းသာလို၏” အစရှိသော နည်းဖြင့် မိမိ၌ မေတ္တာကို အနှစ်တရာပတ်လုံးသော်၎င်း၊ အနှစ်တထောင်ပတ်လုံးသော်၎င်း အကယ်၍ ပွါးစေကာမူ ထိုပုဂ္ဂိုလ်အား အပ္ပနာမဖြစ်သည်သာတည်း။ စင်စစ်သော်ကား “ငါသည် ချမ်းသာလို၏” စသည်ဖြင့် ပွါးစေသောသူအား ငါသည် ဆင်းရဲကို စက်ဆုပ်လျက် ချမ်းသာကို
၁- ပါဠိရင်း၌ ဣတိအာဒိ-ဟု ပဌမန္တနှင့် ရှိသော်လည်း သိလွယ်စေရန် တတိယန္တဖြင့် ပြင်၍ ပြန်ထားသည်။
၄၅၈
အလိုရှိသကဲ့သို့၎င်း၊ အသက်ရှင်နေလိုလျက် မသေလိုသကဲ့သို့၎င်း အခြားသတ္တဝါတို့သည်လည်း ဤအတူပင်ဟု မိမိကိုယ်ကို သက်သေပြု၍ (ဝါ-ကိုယ်ချင်းစာ၍) အခြားသတ္တဝါတို့၌ စီးပွါးချမ်းသာကို လိုလားခြင်းသည် ဖြစ်ပေါ်ပေ၏။ မြတ်စွာဘုရားသည်လည်း၁-
အလုံးစုံသော အရပ်မျက်နှာများသို့ စိတ်ဖြင့် လှည့်လည်၍ (ရှာကြည့်သော်လည်း) မိမိကိုယ်ထက် သာ၍ ချစ်အပ်သောသူကို တစုံတခုသော အရပ်၌မျှ မတွေ့မြင်ရလေရာ၊ မိမိမှ တပါးသောသူတို့သည်လည်း အသီးအသီးသော သူတို့၏ကိုယ်ကို ဤအတူပင် ချစ်(အပ်)ပေသည်။ ထို့ကြောင့် မိမိ၏ စီးပွါးချမ်းသာကို အလိုရှိသောသူသည် သူတပါးကို မညှဉ်းဆဲရာ”၂ဟူ၍-
၁- မြတ်စွာဘုရားသည်လည်း.. ဟောတော်မူလျက်.. ဤနည်းကို ပြတော်မူအပ်ပေသည်-ဟု စပ်ပါ။
၂- မူရင်းဂါထာကို ပါဠိအနက် ထုတ်ပြဦးအံ့။
သဗ္ဗာ ဒိသာ အနုပရိဂမ္မ စေတသာ၊
နေဝဇ္ဈဂါ ပိယတရမတ္တနာ ကွစိ။
ဧဝံ ပိယော ပုထု အတ္တာ ပရေသံ။
တသ္မာ န ဟိံသေ ပရမတ္တကာမော။
သဗ္ဗာ ဒိသာ၊ အလုံးစုံသော အရပ်မျက်နှာများသို့။ စေတသာ- စိတ်ဖြင့်။ အနုပရိဂမ္မ၊ ရှာဖွေသောအားဖြင့် လှည့်လည်၍။ ဝါ-လှည့်လည်၍ ရှာဖွေကြည့်လတ်သော်။ အတ္တနာ၊ မိမိထက်။ ပိယတရံ၊ သာ၍ ချစ်အပ်သောသူကို။ ကွစိ၊ တစုံတခုသော အရပ်၌။ နေဝ အဇ္ဈဂါ၊ မရနိုင်ရာ။ ဝါ- မတွေ့မမြင်ရလေရာ။ ပရေသံ၊ မိမိမှတပါး အခြားသူတို့၏၊
၄၅၉
ဟောတော်မူလျက် (မိမိကိုယ်ကို သက်သေပြု၍ မေတ္တာပွားသော) ဤနည်းကို ပြတော်မူ(အပ်)ပေသည်။
၂၄၂။ ထို့ကြောင့် သက်သေအဖြစ်ထားရန် ရှေးဦးစွာ မိမိကိုယ်ကို မေတ္တာဖြင့် ဖြန့်ပြီးလျှင် ထိုမှအခြားမဲ့၌ မေတ္တာပွါးရန် လွယ်ကူစေခြင်းအကျိုးငှါ၁ ထိုယောဂီ၏ ချစ်အပ် မြတ်နိုးအပ် အလေးပြုအပ် မေတ္တာပွါးအပ်- ပွါးထိုက်သော ဆရာဖြစ်စေ, ဆရာနှင့် တူမျှသူဖြစ်စေ, ဥပဇ္ဈာယ်ဖြစ်စေ, ဥပဇ္ဈာယ်နှင့် တူမျှသူဖြစ်စေ အကြင်ပုဂ္ဂိုလ်သည် ရှိရာ၏၊ ထိုပုဂ္ဂိုလ်၏ ချစ်အပ်သူ မြတ်တ်နိုးအပ်သူ ဖြစ်ခြင်း၏ အကြောင်းဖြစ်ကုန်သော ပေးကမ်းမှု ချစ်ဖွယ်စကားကို ပြောဆိုမှု စသည်တို့ကို၎င်း၊ အလေးပြုအပ်သူ မေတ္တာပွါးအပ်သူ ဖြစ်ခြင်း၏ အကြောင်းဖြစ်ကုန်သော သီလ သုတ စသည်တို့ကို၎င်း အောက်မေ့ဆင်ခြင်၍ “ဤသူတော်ကောင်း ချမ်းသာနှင့် ပြည့်စုံပါစေ ဆင်းရဲကင်းပါစေ” ဤသို့ အစရှိသောနည်းဖြင့် မေတ္တာကို ပွါးစေအပ်၏။
ဤသို့သော ပုဂ္ဂိုလ်၌မူ အပ္ပနာဈာန်သည် ပြီးစီး ပြည့်စုံနိုင်ပေ၏။ သို့သော်လည်း ဤယောဂီရဟန်းသည် ထိုမျှဖြင့်သာ ရောင့်ရဲခြင်းသို့
ဝါ- အခြားသူတို့သည်လည်း။ ပုထုအတ္တာ၊ အသီးအသီးသော သူတို့ကိုယ်ကို။ ဧဝံ၊ ဤအတူပင်။ ပိယော၊ ချစ်အပ်ပေ၏။ တသ္မာ၊ ထို့ကြောင့်။ အတ္တကာမော၊ မိမိကိုယ်ကို ချစ်ခင်သောသူသည်။ ဝါ- မိမိ၏ စီးပွါးချမ်းသာကို အလိုရှိသောသူသည်။ ပရံ၊ သူတပါးကို။ န ဟိံသေ- န ဟိံသေယျ၊ ကိုယ်ချင်းစာကာ သနားညှာလျက် မနှိပ်စက် မညှဉ်းဆဲရာ။
၁- လွယ်ကူစေခြင်းအကျိုးငှါ.. ထိုပုဂ္ဂို၏.. ပြောဆိုမှု စသည်တို့ကို၎င်း သီလ သုတ စသည်တို့ကို၎င်း အောက်မေ့ဆင်ခြင်၍.. မေတ္တာကို ပွါးစေအပ်၏-ဟု စပ်ပါ။
၄၆၀
မရောက်မူ၍ သီမာသမ္ဘေဒခေါ် နယ်ပယ်ပျက်ခြင်းကို ပြုလိုလျှင် ထိုမှ အခြားမဲ့၌ အလွန်ချစ်အပ်သော သူငယ်ချင်း၌၎င်း ထို့နောင် အလယ်အလတ် ပုဂ္ဂိုလ်၌၎င်း၊ ထို့နောင် ရန်သူပုဂ္ဂိုလ်၌၎င်း မေတ္တာကို ပွါးစေအပ်၏။ ထိုသို့ ပွါးစေလျှင်လည်း (ချစ်အပ် အလေးပြုအပ်သော ပုဂ္ဂိုလ်, အလွန်ချစ်အပ်သော ပုဂ္ဂိုလ်, အလယ်အလတ်ပုဂ္ဂိုလ်, ရန်သူပုဂ္ဂိုလ်ဟူသော လေးပါးသော ပုဂ္ဂိုလ်အဖို့တို့တွင်) တပါးပါးသော ပုဂ္ဂိုလ်အဖို့၌ စိတ်ကို နူးညံ့အောင် ဘာဝနာအမှု၌ ခန့်ကျန်း သန်စွမ်းအောင်ပြု၍ ထိုထိုအဖို့မှ အခြားမဲ့ အခြားမဲ့၌ (မေတ္တာစိတ်ကို) ဆောင်ပို့အပ်၏ (ပွါးစေအပ်၏)။
[၂၉၀] အကြင်ပုဂ္ဂိုလ်မှာမူ ရန်သူပုဂ္ဂိုလ် မရှိသည်မူလည်း ဖြစ်၏၊ သို့မဟုတ် ယောက်ျားမြတ်တို့၏ သဘောရှိသောကြောင့် အကျိုးမဲ့ကို ပြုသောသူ၌သော်လည်း ရန်သူဟု အမှတ်ထားခြင်းသည်ပင် မရှိ၊ ထိုသို့သော ပုဂ္ဂိုလ်သည်ကား “ငါ၏ မေတ္တာစိတ်သည် အလယ်အလတ်ပုဂ္ဂိုလ်၌ ခန့်ကျန်းစွာ ဖြစ်ပြီ၊ ယခုအခါ ထိုမေတ္တာစိတ်ကို ရန်သူ့ထံ ဆောင်ပို့အံ့”ဟု ကြောင့်ကြစိုက်ခြင်းကိုပင် မပြုအပ်တော့ပြီ၊ သို့ဖြစ်၍ “အလယ်အလတ် ပုဂ္ဂိုလ်မှနောက် ရန်သူပုဂ္ဂိုလ်၌ မေတ္တာကို ပွါးစေအပ်၏”ဟု ဆိုခဲ့သော စကားမှာ ရန်သူရှိသော ယောဂီကိုရည်၍ ဆိုသောစကား ဖြစ်ပေသည်။
၂၄၃။ ဆက်ဦးအံ့- ရန်သူပုဂ္ဂိုလ်၌ မေတ္တာစိတ်ကို ဆောင်ပို့သော ထိုယောဂီအား ထိုရန်သူက ပြုထားဘူးသော ပြစ်မှားမှုကို အောက်မေ့ ဆင်ခြင်မိသဖြင့် အကယ်၍ အမျက်ဒေါသ ဖြစ်ငြားအံ့၊ သို့ဖြစ်လျှင် ဤယောဂီသည် (အလေးပြုအပ်သူ အစရှိသော သုံးဦးသော) ရှေးပုဂ္ဂိုလ်တို့တွင် တဦးဦးသောပုဂ္ဂိုလ်၌ အဖန်တလဲလဲ
၄၆၁
မေတ္တာ(ဈာန်)ကို၁ ဝင်စားပြီးလျှင် (ထိုမှ)ထ၍ ထိုရန်သူပုဂ္ဂိုလ်ကို အဖန်တလဲလဲ မေတ္တာပို့ခြင်းဖြင့် အမျက်ဒေါသကို ပယ်ဖျောက်အပ်၏။ ဤသို့ အားထုတ်သော်လည်း (အမျက်ဒေါသည်) အကယ်၍ မငြိမ်းသေးငြားအံ့၊ သို့ဖြစ်လျှင်-
(ကကစူပမဩဝါဒ) လွှဥပမာဖြင့်ပြသော အဆုံးအမ စသည်တို့ကို လျှောက်၍ ဆင်ခြင်သောအားဖြင့် အမျက်ဒေါသကို ပယ်ခြင်းငှါ အဖန်တလဲလဲ အထုတ်အပ်၏။
ထိုသို့ အားထုတ်ခြင်းကိုလည်း ယခုပြမည့် အခြင်းအရာအားဖြင့် မိမိကိုယ်ကို ဆုံးမလျက်သာလျှင် ပြုအပ်ပေသည်။ (ဆုံးမပုံမှာ) အမျက်ထွက်နေသည့် အချင်းယောက်ျား၊ မြတ်စွာဘုရားက အောက်ပါ ဩဝါဒစကားများကို ဟောကြားခဲ့သည် မဟုတ်ပါလော-
“ရဟန်းတို့, ယုတ်မာသည့် အကျင့်ရှိကုန်သော ခိုးသူဒမြတို့သည် အစွန်းနှစ်ဖက်၌ အရိုးတပ်ထားသော ငါးမန်းစွယ် လွှကြီးဖြင့် အင်္ဂါကြီးငယ်တို့ကို တိုက်ဖြတ်ကုန်ရာ၏၊ ထိုသို့ တိုက်ဖြတ်ကြရာ၌သော်လည်း တိုက်ဖြတ်ခံရသော အကြင်သူသည် အကယ်၍ စိတ်ကို ပြစ်မှားစေငြားအံ့၊ ထိုသူသည် ထိုသို့ စိတ်ကို ပြစ်မှားစေခြင်းဖြင့် ငါဘုရား၏ အဆုံးအမကို လိုက်နာသူ မမည်ချေ” ဟူ၍၎င်း၊
၁- ဤအရာ၌ မေတ္တံ- မေတ္တာကိုဟု သာမည ဆိုထားသော်လည်း အခြားမဲ့၌ သမာပဇ္ဇိတွာ- ဝင်စား၍-ဟု၎င်း၊ ဝုဋ္ဌာယ- ထ၍-ဟု၎င်း ဆိုထားသောကြောင့် မေတ္တာဈာန်ကိုသာ ဆိုလိုကြောင်း ဋီကာ၌ ဖွင့်ပြထားသည်။
၄၆၂
“အကြင်သူသည် အမျက်ထွက်သောသူကို တုံ့ပြန်၍ အမျက်ထွက်၏၊ ထိုသူသည် ထိုတုံ့ပြန်၍ အမျက်ထွက်ခြင်းဖြင့် ပဌမက အမျက်ထွက်နေသော သူထက်ပင် သာ၍ ယုတ်မာသူ ဖြစ်လေသည်၁၊ အမျက်ထွက်သောသူကို တုံ့ပြန်၍ အမျက်မထွက်ပဲ သည်းခံနိုင်သောသူသည် အောင်နိုင်ခဲသော စစ်ပွဲကို အောင်နိုင်ပေသည်။
အကြင်သူသည် သူတပါးကို ပြင်းစွာ အမျက်ထွက်နေကြောင်း သိပြီးလျှင် သတိပြုလျက် အမျက်မထွက်ပဲ ငြိမ်းချမ်းစွာနေ၏၊ ထိုသူသည် မိမိနှင့် သူတပါး နှစ်ဦးသားလုံးတို့၏ အကျိုးကို ကျင့်သည် မည်ပေ၏” ဟူ၍၎င်း၊
“ရဟန်းတို့, ရန်သူတို့အကြိုက်ဖြစ်၍ ရန်သူတို့က ပြုအပ်- ပြုထိုက်ကုန်သော ဤသဘောတရား ခုနစ်ပါးတို့သည် အမျက်ထွက်သော မိန်းမထံသို့ဖြစ်စေ, ယောက်ျားထံသို့ဖြစ်စေ ရောက်လာကုန်၏။ အဘယ် ခုနစ်ပါးတို့နည်း?ဟူမူ- (၁) ရဟန်းတို့, ရန်သူသည် ရန်သူအား ‘ဤသူသည် အဆင်းမလှ အရုပ်ဆိုးသည် ဖြစ်ပါမူ ကောင်းလေစွ’ဟု ဤသို့ အလိုရှိ၏။
၁- ပဌမက အမျက်ထွက်နေသူထက် အဘယ့်ကြောင့် သာ၍ယုတ်မာသူ ဖြစ်သနည်း?ဟူမူ- သူ့ထက်ကျောအောင်ပြုခြင်း အစရှိသော ကိလေသာများ အစဉ်လိုက်၍ဖြစ်ရန် တည်ရာအကြောင်း ဖြစ်သောကြောင့်ဟု ဋီကာ၌ ဆို၏။ အချို့ဆရာတို့ အလိုအားဖြင့် “အမျက်ထွက်ခြင်းကို အပြစ်ရှိမှန်းသိလျက် အမျက်ထွက်သောကြောင့်”ဟု ပြဆို၏။
၄၆၃
ထိုသို့ အလိုရှိခြင်းသည် အဘယ်ကြောင်းကြောင့်နည်း? ရဟန်းတို့, ရန်သူသည် ရန်သူ၏ အဆင်းလှခြင်းကို မနှစ်သက်၊ (ထို့ကြောင့်ပေတည်း)။ ရဟန်းတို့, အမျက်ထွက်နေသော ဤယောက်ျားပုဂ္ဂိုလ်သည်၁ အမျက်ဒေါသက လွှမ်းမိုးအပ်သည် အမျက်ဒေါသက နှိပ်စက်အပ်သည်ဖြစ်၍ (ဝါ-အမျက်ဒေါသ လွှမ်းမိုးနှိပ်စက် ခံနေရသောကြောင့်)၂ ထိုသူသည် ကောင်းစွာ ရေချိုးပြီး၍ ကောင်းစွာ လိမ်းကျံကာ ဆံမုတ်ဆိတ်ကို သ,ပြီး၍ ဖြူစင်သောအဝတ်ကို ဝတ်ဆင်ထားသည် ဖြစ်စေကာမူ စင်စစ်အားဖြင့် ထိုသူသည် အမျက်ဒေါသ လွှမ်းမိုးခံရသောကြောင့်၃ အဆင်းမလှ အရုပ်ဆိုးနေသည်သာ
၁- ဝိသုဒ္ဓိမဂ် ပဌမတွဲ (ပ-အကြိမ်ရိုက်) နှာ ၂၁၂-၌ သံဃာ့ဂုဏ်ပါဠိတွင် အဋ္ဌ ပုရိသပုဂ္ဂလာ ဟူရာ၌ ပုရိသနှင့် ပုဂ္ဂလ အရအတူတူပင်၊ ဝေနေယျတို့၏ အလိုအားဖြင့် ဟောသည်-ဟု ပြဆိုခဲ့၏။ ထိုအရာတွင် ဋီကာ၌ကား ပုရိသဖြင့် ပဌမသတ္တဝါ- ယောက်ျားကို ဆိုသည်။ ပုဂ္ဂလဖြင့် ပဌမ ဒုတိယ သတ္တဝါနှစ်မျိုးလုံးကို ဆိုသည်ဟူ၍လည်း ပြဆိုခဲ့၏။ ဤအရာ၌လည်း ထိုအဋ္ဌကထာအဖွင့်ကို မှီ၍ ယောက်ျားနှင့် ပုဂ္ဂိုလ် အရတူဟူ၍၎င်း၊ ထို့ဋီကာအဖွင့်ကို မှီ၍ ပုဂ္ဂိုလ်ဟူသော စကားဖြင့် ယောက်ျား မိန်းမ ၂-မျိုးလုံးကို ဆိုသည်ဟူ၍၎င်း ယူနိုင်၏။ ယောက်ျားနှင့် ပုဂ္ဂိုလ် အရတူဟု ယူလျှင် အမျက်ထွက်သော မိန်းမကိုမူ အပ္ပဓာနအားဖြင့် ယူအပ်ပေ၏။
၂- ဤဟိတ်ပုဒ်ကို အရုပ်ဆိုးနေသည်သာ ဖြစ်ချေသည်-ဟူသော ပုဒ်များနှင့် စပ်ပါ။
၃- မှတ်ချက် ၂-ဟိတ်နှင့် အတူတူပင်၊ ဝါကျရှည်သွားသောကြောင့် ထပ်၍ ပြဆိုသည်။
၄၆၄
ဖြစ်ချေသည်၊ [၂၉၁] ရဟန်းတို့, ဤသည်ကား အမျက်ထွက်သော မိန်းမ ယောက်ျားထံသို့ ရောက်လာတတ်သော ရန်သူတို့အကြိုက်ဖြစ်၍ ရန်သူတို့က ပြုထိုက်သော ပဌမသဘောတရားပေတည်း။ (၂) ရဟန်းတို့, တဖန် အခြားသဘောတရားကား ရန်သူသည် ရန်သူအား ‘ဤသူသည် ဆင်းရဲစွာ အိပ်နေရပါမူ ကောင်းလေစွ’ဟု ဤသို့ အလိုရှိ၏ ။ပ။ ‘ဤသူသည် များသော အကျိုးစီးပွါးနှင့် မပြည့်စုံပါမူ ကောင်းလေစွ’ဟု ဤသို့ အလိုရှိ၏ ။ပ။ ‘ဤသူသည် စည်းစိမ်ဥစ္စာ မပြည့်စုံပါမူ ကောင်းလေစွ’ဟု ဤသို့ အလိုရှိ၏ ။ပ။ ‘ဤသူသည် အခြွေအရံနှင့် မပြည့်စုံပါမူ ကောင်းလေစွ’ဟု ဤသို့ အလိုရှိ၏ ။ပ။ ‘ဤသူသည် မိတ်ဆွေမရှိသည် ဖြစ်ပါမူ ကောင်းလေစွ’ဟု ဤသို့ အလိုရှိ၏ ။ပ။ (၇) ရဟန်းတို့, တဖန် အခြားသဘောတရားကား ရန်သူသည် ရန်သူအား ‘ဤသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ သုဂတိနတ်ပြည်သို့ မရောက်ပါမူ ကောင်းလေစွ’ဟု ဤသို့ အလိုရှိ၏။ ထိုသို့ အလိုရှိခြင်းသည် အဘယ်အကြောင်းကြောင့်နည်း? ရဟန်းတို့, ရန်သူသည် ရန်သူ၏ သုဂတိသို့ ရောက်ခြင်းဖြင့် မနှစ်သက်၊ (ထို့ကြောင့်ပေတည်း)။ ရဟန်းတို့, အမျက်ထွက်သော ဤယောက်ျားပုဂ္ဂိုလ်သည် အမျက်ဒေါသက လွှမ်းမိုးအပ် နှိပ်စက်အပ်သည်ဖြစ်၍ ကိုယ်ဖြင့် ဒုစရိုက်ကို ပြုကျင့်၏၊ နှုတ်ဖြင့်၊ စိတ်ဖြင့် ဒုစရိုက်ကို ပြုကျင့်၏၊ ထိုအမျက်ထွက်သောသူသည် အမျက်ဒေါသ လွှမ်းမိုးခံရသောကြောင့် ကိုယ်ဖြင့် နှုတ်ဖြင့် စိတ်ဖြင့် ဒုစရိုက်ကို ပြုကျင့်ပြီးလျှင် ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ အပါယ်ဘုံ ဒုဂ္ဂတိဘုံ
၄၆၅
ပျက်စီး၍ ကျရောက်ရာ ဝိနိပါတဘုံ၁ ငရဲဘုံသို့ ကပ်ရောက်ရချေ၏။ ရဟန်းတို့, ဤသည်ကား အမျက်ထွက်သော မိန်းမ ယောက်ျားထံသို့ ရောက်လာတတ်သော ရန်သူတို့အကြိုက်ဖြစ်၍ ရန်သူတို့က ပြုထိုက်သော သတ္တမ သဘောတရားပေတည်း” ဟူ၍၎င်း၊
“ရဟန်းတို့, အစွန်းနှစ်ဖက်၌ မီးလောင်ထားသော အလယ်၌ မစင်လူးနေသော သူသေကောင်ဖုတ်သည့် ထင်းကုလားသည် ရွာ၌ သစ်သားဖြင့် ပြုဖွယ်ကိစ္စကို မပြီးစေသည်သာ၊ တော၌ သစ်သားဖြင့် ပြုဖွယ်ကိစ္စကို မပြီးစေသည်သာ ဖြစ်သကဲ့သို့ အဘိဇ္ဈာ ဗျာပါဒ စသည် ဖြစ်ပွါးနေသော ဤပုဂ္ဂိုလ်ကို ထိုထင်းကုလားနှင့် တူသည်ဟု ငါဘုရား ဆိုပေသည်” ဟူ၍၎င်း မြတ်စွာဘုရား ဟောကြားထားခဲ့သည် မဟုတ်ပါလော။
ယခုအခါ ထိုသို့ အမျက်ထွက်နေသော သင်သည် ဤသို့ အမျက်ထွက်နေသောကြောင့် မြတ်စွာဘုရား၏ အဆုံးအမကို လိုက်နာသူလည်း မဖြစ်လတံ့၊ တုံ့ပြန်၍ အမျက်ထွက်သောကြောင့် ပဌမ အမျက်ထွက်သော သူထက်သော်လည်း ယုတ်ညံ့သည်ဖြစ်၍ အောင်နိုင်ခဲသော စစ်ပွဲကိုလည်း မအောင်နိုင်ရလတံ့၊ ရန်သူက ပြုထိုက်သော သဘောတရားတို့ကိုလည်း မိမိကိုယ်တိုင်ပင် မိမိအား ပြုရာရောက်လတံ့၊ (လူ့စည်းစိမ်လည်း ဆုံးရှုံး, ရဟန်းကိစ္စလည်း မပြီးသဖြင့်) ထင်းကုလားနှင့် တူသည်လည်း ဖြစ်ရလတံ့-ဟူ၍ (မိမိကိုယ်ကို
၁- ဝိနိပါတဘုံ ဟူသည်မှာလည်း အပါယ်လေးဘုံပင် ဖြစ်သည်။
၄၆၆
ဆုံးမလျက်သာလျှင် အမျက်ဒေါသကိုပယ်ရန် အားထုတ်ခြင်းကို ပြုအပ်ပေသည်)။
၂၄၄။ ဤဆိုခဲ့သည့်အတိုင်း အမျက်ဒေါသကိုပယ်ရန် အားထုတ်လျက် လုံ့လပြုနေသော ထိုယောဂီအား ထိုအမျက်ဒေါသသည် အကယ်၍ ငြိမ်းငြားအံ့၊ ဤသို့ ငြိမ်းခြင်းသည် ကောင်းလှပေ၏။ အကယ်၍ မငြိမ်းသေးပါမူ ရန်သူဖြစ်သော ထိုဂ္ဂိုလ်၏ အကြင် အကြင် အမူအရာ သဘောတရားသည် ငြိမ်သက်သည် ထက်ဝန်းကျင် စင်ကြယ်သည် ဖြစ်အံ့၊ အောက်မေ့ဆင်ခြင်လျှင် ကြည်လင်ခြင်း ကြည်ညိုခြင်းကို ဆောင်ငြားအံ့၊ ထိုထို အမူအရာ သဘောတရားကို အဖန်တလဲလဲ အောက်မေ့ဆင်ခြင်၍ အမျက်ဒေါသကို ပယ်ဖျောက်အပ်၏။
ချဲ့၍ပြရလျှင် အချို့သောသူမှာ ကိုယ်အမူအကျင့်သည်သာလျှင် ငြိမ်သက် ငြိမ်းအေး၏၊ များစွာသော ဝတ်ကြီး ဝတ်ငယ်ကို ပြုသည်ဖြစ်၍ ထိုသူ၏ ကိုယ်အမူအရာ ငြိမ်သက် ငြိမ်းအေးသည်၏အဖြစ်ကို အလုံးစုံသော အတူနေပုဂ္ဂိုလ်အပေါင်းက သိရပေ၏၊ နှုတ်အမူအကျင့် စိတ်အမူအကျင့်တို့သည်ကား မငြိမ်သက် မငြိမ်းအေးကုန်။ ထိုသူ၏ ထိုမငြိမ်းအေးသော နှုတ်စိတ်အမူအကျင့်တို့ကို မစဉ်းစားမူ၍ ကိုယ်အမူအကျင့်၏ ငြိမ်သက် ငြိမ်းအေးခြင်းကိုသာလျှင် အောက်မေ့ဆင်ခြင်အပ်၏။
[၂၉၂] အချို့သောသူမှာ နှုတ်အမူအကျင့်သည်သာလျှင် ငြိမ်သက် ငြိမ်းအေး၏၊ ထိုနှုတ်အမူအကျင့်၏ ငြိမ်သက် ငြိမ်းအေးသည်၏ အဖြစ်ကိုလည်း အတူနေ ပုဂ္ဂိုလ်အားလုံးက သိရပေ၏၊ သိရပုံမှာ ထိုသူသည် ပကတိ ပင်ကိုအားဖြင့်ပင်လျှင် စေ့စပ်ပြောဆိုမှု ပဋိသန္ထာရ၌ ကျွမ်းကျင်၏ အပြောအဆို ပြေပြစ်၏ နားချမ်းသာအောင် ပြောတတ်၏ အညီအညွတ် ဝမ်းမြောက်အောင် ပြောဆိုတတ်၏
၄၆၇
(မျက်မှောင်မကုပ် မျက်နှာမငုံ့ပဲ) ပေါ်လွင်သော မျက်နှာရှိ၏ ရှေးဦးစွာ နှုတ်ဆက်ပြောဆိုလေ့ရှိ၏ ချိုသာသောအသံဖြင့် တရားကို ရွတ်ဆိုတတ်၏ ထက်ဝန်းကျင် ပြည့်စုံသော ပုဒ်ဝါကျတို့ဖြင့် တရားစကားကို ပြောဟောတတ်၏၊ သို့သော် ကိုယ်အမူအကျင့် စိတ်အမူအကျင့်တို့သည်ကား မငြိမ်သက် မငြိမ်းအေးကုန်၊ ထိုသူ၏ ထိုမငြိမ်သက် မငြိမ်းအေးသော ကိုယ်စိတ်အမူအကျင့်တို့ကို မစဉ်းစားမူ၍ နှုတ်အမူအကျင့်၏ ငြိမ်သက် ငြိမ်းအေးခြင်းကိုသာလျှင် အောက်မေ့ဆင်ခြင်အပ်၏။
အချို့သောသူမှာ စိတ်အမူအကျင့်သည်သာလျှင် ငြိမ်သက် ငြိမ်းအေး၏၊ ထိုစိတ်အမူအကျင့်၏ ငြိမ်သက် ငြိမ်းအေးသည်၏ အဖြစ်သည်လည်း စေတီတော်ကို ရှိခိုးခြင်း စသည်တို့၌ အတူနေ ပုဂ္ဂိုလ်အားလုံးအား ထင်ရှားပေ၏၊ ထင်ရှားပုံကား- စိတ်မငြိမ်သက် မငြိမ်းအေးသောသူသည် စေတီတော်ကိုဖြစ်စေ, ဗောဓိပင်ကိုဖြစ်စေ, မထေရ်တို့ကိုဖြစ်စေ ရှိခိုးလျှင် ကောင်းမွန်ရိုသေစွာ ရှိမခိုး၊ တရားနာရာမဏ္ဍပ်ဌာန၌ စိတ်လွင့်လျက်သော်၎င်း၊ ငိုက်မျည်းလျက်သော်၎င်း ထိုင်နေ၏၊ စိတ်ငြိမ်သက် ငြိမ်းအေးသောသူသည်ကား သက်ဝင်ယုံကြည်၍ ရှိခိုး၏၊ နားစိုက်လျက် (တရားကို) စီးပွါးသဖွယ်ပြုလျက် ကိုယ်ဖြင့် နှုတ်ဖြင့် စိတ်၏ကြည်လင်ခြင်းကို ပြုလျက်- ပြလျက် တရားကို နာ၏၊ ဤပုံဤနည်းဖြင့် အချို့သောသူမှာ စိတ်အမူအကျင့်သည်သာလျှင် ငြိမ်သက် ငြိမ်းအေး၏။ ကိုယ်နှုတ်အမူအကျင့်တို့သည်ကား မငြိမ်သက် မငြိမ်းအေးကုန်။ ထိုသူ၏ ထိုမငြိမ်သက် မငြိမ်းအေးသော ကိုယ်နှုတ်အမူအကျင့်တို့ကို မစဉ်းစားမူ၍ စိတ်အမူအကျင့်၏ ငြိမ်သက် ငြိမ်းအေးခြင်းကိုသာလျှင် အောက်မေ့ဆင်ခြင်အပ်၏။
၄၆၈
အချို့သောသူမှာမူ ဤသုံးပါးသော အကျင့်သဘောတို့တွင် တခုမျှသော်လည်း မငြိမ်သက် မငြိမ်းအေးပေ။ ထိုပုဂ္ဂိုလ်၌၁ “ဤသူသည် ယခုအခါ လူ့လောက၌ ကျက်စားသွားလာနေသော်လည်း ရက်အနည်းငယ် လွန်သောအခါ (တော်တော်ကြာလျှင်) ငရဲကြီးရှစ်ခု ဥဿဒငရဲငယ် တဆယ့်ခြောက်ခုတို့ကို ပြည့်စေလျက် ဖြစ်ရရှာလိမ့်မည်”ဟု ဆင်ခြင်ကာ သနားခြင်းကရုဏာကို ဖြစ်စေအပ်၏။ ဖြစ်စေသင့်သည် မှန်ပေ၏- သနားခြင်းကရုဏာကို စွဲ၍လည်း ရန်ငြိုးသည် ငြိမ်းတတ်ပေ၏။
အချို့သောသူမှာ ဤအကျင့်သဘောများ သုံးပါးလုံးပင် ငြိမ်သက် ငြိမ်းအေးကုန်၏၊ ထိုသူ၏ အမူအကျင့်များတွင်မူ အလိုရှိရာရာကို အောက်မေ့ဆင်ခြင်နိုင်ပေ၏၊ မှန်ပေ၏- ထိုသို့သောပုဂ္ဂိုလ်၌ မေတ္တာကို ပွါးစေရန် မခဲယဉ်းပေ။
ဤဆိုခဲ့သောအနက် ထင်ရှားပေါ်လွင်စေရန် “ငါ့ရှင်တို့, ရန်ငြိုး (အာဃာတ)ကို ပယ်ဖျောက်ကြောင်း တရားတို့သည် ဤငါးပါးတို့ပေတည်း၊ ယင်းငါးပါးတို့၌ ရဟန်းမှာ ဖြစ်ပေါ်လာသည့် ရန်ငြိုး(အာဃာတ)ကို အချင်းခပ်သိမ်း ပယ်ဖျောက်အပ်၏” ဤသို့ အစရှိသော အင်္ဂုတ္တရပါဠိ ပဉ္စကနိပါတ်လာ ဤအာဃာတပဋိဝိနယသုတ်ကို ချဲ့၍ ပြအပ်၏။
၂၄၅။ ဤသို့ လုံ့လပြုနေသော်လည်း ဤယောဂီအား အာဃာတ ဒေါသသည် ဖြစ်လျက်ပင် ရှိငြားအံ့၊ သို့ဖြစ်လျှင် ဤယောဂီသည် မိမိကိုယ်ကို ဤသို့ ဆုံးမအပ်၏-
၁- ထိုပုဂ္ဂိုလ်၌ ကရုဏာကို ဖြစ်စေအပ်၏-ဟု စပ်ပါ။
၄၆၉
[၂၉၃] ရန်သူသည် သင့်အား ဆင်းရဲကို ပြုအပ်-ပြုနိုင်ပါမူ သူ၏ ပြုနိုင်ကောင်းသော အရာ(ဖြစ်သော သင်၏ကိုယ်)၌ (ပြုရာ၏) ထိုရန်သူ၏ အရာမဟုတ်သော မိမိ၏စိတ်၌ ဆင်းရဲကို (ကိုယ်တိုင်ပင်)ပြုရန် အဘယ့်ကြောင့် သင် အလိုရှိဘိသနည်း။
များသော ကျေးဇူးရှိသော ဆွေမျိုးအပေါင်းကို မျက်ရည်စီးယို ငိုကြွေးတားမြစ်နေစဉ်၁ စွန့်ပစ်(၍ ရဟန်းပြု)နိုင်ခဲ့ပါလျက် များစွာသော အကျိုးမဲ့ကို ပြုတတ်သော အမျက်ဒေါသဟူသော ရန်သူကို အဘယ့်ကြောင့် မစွန့်နိုင်ပါသနည်း။
(သူတော်ကောင်း,) သင်သည် အကြင်သီလတို့ကို စောင့်ရှောက်နေ၏၊ ထိုသီလတို့၏ အမြစ်အရင်း(ဖြစ်သော ဟိရီ ဩတ္တပ္ပ ခန္တီ မေတ္တာ ကရုဏာ)တို့ကို ဖြတ်တတ်သော အမျက်ဒေါသကို အလိုလိုက်ထားဘိ၏၊ သင်နှင့်တူသော သူမိုက်သည် အဘယ်သူရှိအံ့နည်း။
(ပညာရှိ,) သူတပါးက ငါ့အား ယုတ်မာသော ပြစ်မှားမှုကို ပြုလေပြီဟူ၍ အကြင်သင်သည် အမျက်ထွက်ဘိ၏၊ ထိုသင်သည် သူတပါးကပြုသည့် ထိုပြစ်မှားမှုနှင့် အလားတူသည်သာဖြစ်သော မကောင်းမှုကို ကိုယ်တိုင်ပြုရန် အဘယ့်ကြောင့် အလိုရှိဘိသနည်း။
၁- ရှေးခေတ်က အိန္ဒိယ သီဟိုဠ်တို့၌ ဖြစ်ခဲ့ဘူးသည်များကို ရည်၍ ဆိုသည်။
၄၇၀
(ပညာရှိ,) ရန်သူဖြစ်သော သူတပါးက သင့်ကို ဒေါသဖြစ်စေလိုသောကြောင့် မနှစ်မြို မခံချင်ဖွယ်အမှုကို အကယ်၍ ပြုသည်ဖြစ်ငြားအံ့၊ သင်ကိုယ်တိုင်က အမျက်ဒေါသကို ဖြစ်စေခြင်းဖြင့် ထိုရန်သူ၏ပင်လျှင် နှလုံးအလိုကို ပြည့်စေသည် မဟုတ်ပါလော။
(ချမ်းသာလိုသည့် သူတော်ကောင်း,) သင်သည် အမျက်ထွက်သည်ဖြစ်၍ ပြစ်မှားဘူးသော ထိုရန်သူအား ဆင်းရဲမည်သည်ကိုမူ ပြုနိုင်သည်လည်း ရှိရာ၏၊ မပြုနိုင်သည်လည်း ရှိရာ၏၊ သို့သော် မိမိကိုယ်ကိုမူ ယခုလက်ငင်းပင်လျှင် အမျက်ဒေါသဟူသော ဆင်းရဲဖြင့် နှိပ်စက်နေချေပြီတကား။
(ပညာရှိ,) ရန်သူတို့သည် အမျက်ဒေါသဖြင့် ဉာဏ်မြင်ကန်းကြသည်ဖြစ်၍၁ အကျိုးမဲ့ လမ်းမှားသို့ အကယ်၍ လိုက်သွားကြငြားအံ့၊ သင်သည်လည်း အမျက်ထွက်လျက် ထိုရန်သူတို့အားပင်လျှင် အဘယ့်ကြောင့် အတုလိုက်၍ ပြုကျင့်ဘိသနည်း။
(ပညာရှိ,) သင်၏ရန်သူသည် အကြင်ဒေါသကိုမှီ၍ မုန်းဖွယ်အမှုကို သင့်အား ပြုခဲ့လေပြီ၊ အကြောင်းရင်းဖြစ်သော ထိုဒေါသကိုသာလျှင် ပယ်ဖြတ်ပါလော့၊ (ဒေါသ၏ အစေခံဖြစ်၍) အရာမဟုတ်သော ထိုပုဂ္ဂိုလ်၌ အဘယ့်ကြောင့် (စိတ်ဆိုးလျက်) ပင်ပန်းနေဘိသနည်း။
၁- ကောဓန္ဓာ-ဟူသော သီ၊ ဣ-မူကွဲအရ ပြန်သည်။
၄၇၁
စဉ်းစားစရာ နောက်တခုကတော့၁ ပရမတ်တရားတို့၏ တခဏမျှသာ တည်ကြခြင်းကြောင့် ရန်သူ၏သန္တာန်၌ အကျုံးဝင်သော အကြင်ခန္ဓာတို့က သင့်အား မနှစ်မြို့ဖွယ်ကို ပြုခဲ့၏၊ ထိုခန္ဓာတို့သည် ချုပ်သွားလေကုန်ပြီ။ ယခုအခါ (မနှစ်မြို့ဖွယ်ကို ပြုသူဟု ထင်မှတ်ရသော) ဤရန်သူ၏ သန္တာန်၌ အဘယ်ခန္ဓာကို သင် အမျက်ထွက်နေသနည်း။
အကြင်သူသည် အကြင်သူအား ဆင်းရဲကို ပြုသည်(ဆိုလျှင်) ဆင်းရဲအပြုခံ ထိုသူနှင့်ကင်း၍ ထိုဆင်းရဲပြုသောသူသည် အဘယ်သူအား ပြုနိုင်အံ့နည်း။ (သို့ဖြစ်၍) ဆင်းရဲအပြုခံ သင်ကိုယ်တိုင်သည်လည်း ဆင်းရဲ(ပြုခြင်း)၏ အကြောင်းဖြစ်ပေသည်။ ဤသို့ ပြုသူ ခံသူ နှစ်ဦးလုံးပင် ဆင်းရဲခြင်း၏ အကြောင်းဖြစ်ပါလျက် ထိုဆင်းရဲပြုသူကိုသာ အဘယ့်ကြောင့် အမျက်ထွက်နေဘိသနည်း။ ဤသို့ (မိမိကိုယ်ကို ဆုံးမအပ်ပေသည်။)
၂၄၆။ ဤဆိုခဲ့သည့်အတိုင်း မိမိကိုယ်ကို ဆုံးမသော်လည်း ဤယောဂီ၏ အမျက်ဒေါသသည် အကယ်၍ မငြိမ်းသေးသည်သာ ဖြစ်ငြားအံ့၊ သို့ဖြစ်လျှင် ဤယောဂီသည် မိမိ၏၎င်း၊ သူတပါး၏၎င်း ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်၏ အဖြစ်ကို ဆင်ခြင်အပ်၏။ ထိုတွင် ရှေးဦးစွာ မိမိ၏ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိပုံကို ဤသို့ ဆင်ခြင်အပ်ပေသည် “အချင်းယောဂီ သင်သည် ထိုသူအား အမျက်ထွက်သဖြင့် အဘယ်ကို ပြုမည်နည်း၊ ဒေါသလျှင် အကြောင်းရှိသော
၁- စ-နိပါတ်၏ ဆိုလိုသောအနက်ကို ဖော်၍ ပြန်သည်။
၄၇၂
သင်ပြုမည့် ဤမကောင်းမှုသည် သင်၏သာလျှင် အကျိုးမဲ့အလို့ငှါ ဖြစ်မည် မဟုတ်ပါလော။ မှန်ပေ၏- သင်သည် ကိုယ်တိုင်ပြုသည့် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိ၏ ကံ၏အမွေခံဖြစ်၏ ကံသာလျှင် (ဆင်းရဲရန် ချမ်းသာရန်) အကြောင်းရှိ၏ ကံသာလျှင် ဆွေမျိုးရှိ၏ ကံသာလျှင် အားကိုးရာရှိ၏၊ အကြင်ကံကို ပြုငြားအံ့၊ ထိုကံ၏ အမွေခံဖြစ်ရလိမ့်မည်။ သင်ပြုလိုသော ဤကံသည်လည်း [၂၉၄] သမ္မာသမ္ဗောဓိဉာဏ်ကို မပြီးစေနိုင် ပစ္စေကဗောဓိဉာဏ်ကိုလည်း မပြီးစေနိုင် သာဝကဗောဓိဉာဏ်ဟူသော သာဝကဘုံကိုလည်း မပြီးစေနိုင်၊ ဗြဟ္မာအဖြစ်, သိကြားအဖြစ်, စကြဝတေးမင်း ပဒေသရောင်မင်း စသည်တို့၏ စည်းစိမ်တို့တွင် တပါးပါးသော စည်းစိမ်ကိုလည်း မပြီးစေနိုင်၊ စင်စစ်သော်ကား သင်၏ ဤကံသည် သာသနာတော်မှ ရွေ့လျောစေ၍ စားကြွင်းစား စသည်၏ အဖြစ်ကို၎င်း၊ ငရဲဆင်းရဲ အစရှိသော ဆင်းရဲအထူးတို့ကို၎င်း ဖြစ်စေနိုင်၏။ အမျက်ဒေါသကို မငြိမ်းစေနိုင်သော ထိုသင်သည် ဤမကောင်းမှုကိုပြုလျှင် လက်နှစ်ဖက်တို့ဖြင့် မီးလျှံကင်းသော မီးကျီးခဲတို့ကို၎င်း, မစင်ကိုသော်၎င်း ကိုင်၍ သူတပါးကို ပုတ်ခတ်လိုသော ယောက်ျားကဲ့သို့ မိမိကိုယ်ကိုသာလျှင် ရှေးဦးစွာ လောင်စေသည်၎င်း၊ မကောင်းသော အနံ့ရှိသည်ကို ပြုသည်၎င်း ဖြစ်လိမ့်မည်၁”ဟု ဆင်ခြင်အပ်ပေသည်။
ဤသို့ မိမိ၏ ကံသာလျှင် ဥစ္စာရှိပုံကို ဆင်ခြင်ပြီးလျှင် သူတပါး၏လည်း ကံသာလျှင် ဥစ္စာရှိပုံကို ဤသို့ ဆင်ခြင်အပ်ပေသည်- “သင်၏ ရန်သူဖြစ်သော ထိုသူသည်လည်း သင့်အား အမျက်ထွက်သဖြင့်
၁- မကောင်းမှုကိုပင် မီးကဲ့သို့၎င်း၊ မစင်ကဲ့သို့၎င်း တင်စား၍ ဆိုသည်။
၄၇၃
အဘယ်ကို ပြုလိမ့်မည်နည်း၊ ထိုသူပြုသော ဤမကောင်းမှုသည် ထိုသူ၏သာလျှင် အကျိုးမဲ့အလို့ငှါ ဖြစ်လိမ့်မည်၊ မှန်၏- ဤအရှင်သည် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိ၏ ကံ၏အမွေခံဖြစ်၏ ။ပ။ အကြင်ကံကို ပြုငြားအံ့၊ ထိုကံ၏ အမွေခံ ဖြစ်ရလိမ့်မည်။ ထိုသူ၏ ဤကံသည်လည်း သမ္မာသမ္ဗောဓိဉာဏ်ကို မပြီးစေနိုင် ။ပ။ ပဒေသရာဇ်မင်း အစရှိသော စည်းစိမ်တို့တွင် တပါးပါးသော စည်းစိမ်ကိုလည်း မပြီးစေနိုင်၊ စင်စစ်သော်ကား ထိုသူ၏ ဤကံသည် သာသနာမှ ရွေ့လျောစေ၍ စားကြွင်းစား စသည်အဖြစ်ကို၎င်း၊ ငရဲဆင်းရဲ အစရှိသော ဆင်းရဲအထူးတို့ကို၎င်း ဖြစ်စေနိုင်၏။ ဤမကောင်းမှုကိုပြုသော ထိုအရှင်သည် လေကြေ လေအောက်အရပ်၌ တည်၍ သူတပါးကို မြူမှုန်ဖြင့်ကြဲသော ယောက်ျားကဲ့သို့ မိမိကိုယ်ကိုသာလျှင် ကြဲမိလေသည်။ မှန်ပေ၏- အောက်ပါဂါထာကို မြတ်စွာဘုရား ဟောတော်မူပေ၏-
“အကြင်သူသည် (မည်သူ့ကိုမျှ) မပြစ်မှားတတ်သော လူအား ပြစ်မှား၏၊ စင်ကြယ်၍ ကိလေသာကင်းသော ပုဂ္ဂိုလ်အား (ပြစ်မှား၏)၊ ပြစ်မှားသော မကောင်းမှုကံသည် ထိုပြစ်မှားသူ လူမိုက်ထံသို့သာလျှင် (မကောင်းကျိုး ပေးသောအားဖြင့်) ပြန်လာ၏၊ (ဥပမာ) လေညာသို့ ပစ်လွှင့်လိုက်သော သိမ်မွေ့သော မြူမှုန်(သည် ပစ်လွှင့်သူထံ ပြန်လာသ)ကဲ့သို့ပေတည်း”ဟု ဟောတော်မူခဲ့ပေ၏။
၂၄၇။ ဤဆိုခဲ့သည့်အတိုင်း ကံလျှင် ကိုယ်ပိုင်ဥစ္စာရှိပုံကို ဆင်ခြင်သော်လည်း ဤယောဂီ၏ အမျက်ဒေါသသည် အကယ်၍ မငြိမ်းသေးငြားအံ့၊ သို့ဖြစ်လျှင် ဤယောဂီသည်
၄၇၄
ဆရာသခင် ဖြစ်တော်မူသော မြတ်စွာဘုရား၏ ရှေးဘဝတို့၌ ကျင့်ခဲ့သော ဂုဏ်တို့ကို အောက်မေ့ ဆင်ခြင်အပ်ကုန်၏။
ထိုသို့ ဆင်ခြင်ရာ၌ ဤဆိုမည့်စကားသည် ဆင်ခြင်ပုံနည်းပေတည်း- အချင်းရဟန်း သင်၏ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် သစ္စာတို့ကို သိတော်မူသည့်ဘဝမှ ရှေးဘဝများစွာကပင်လျှင် သစ္စာကို မသိသေးသူ ဘုရားအလောင်းအလျာ ဖြစ်လျက်သော်လည်း လေးသင်္ချေနှင့် ကမ္ဘာတသိန်းတို့ပတ်လုံး ပါရမီတို့ကို ဖြည့်ဆည်းပူးတော်မူစဉ် ထိုထိုဘဝတို့၌ ရန်သူ သူသတ်သ္မားတို့၌သော်လည်း စိတ်ကို မပျက်စေပဲ သည်းခံခဲ့သည် မဟုတ်လော။ စိတ်ကို မပျက်စေပဲ သည်းခံပုံမှာ- ရှေးဦးစွာ သီလဝဇာတ်၌ မိမိ၏ မိဖုရား၌ ပြစ်မှားသော အမတ်ယုတ်က ခေါ်ဆောင်လာခဲ့သော ရန်သူမင်းသည် [၂၉၅] ယူဇနာသုံးရာရှိသော တိုင်းပြည်ကို သိမ်းယူရန် အားထုတ်သောအခါ ထိုမင်းကိုတားမြစ်ရန် ထကြွထွက်ပေါ်လာကြသော အမတ်တို့အား လက်နက်ကို ထိခြင်းငှါသော်လည်း (အလောင်းတော် သီလဝမင်းသည်) ခွင့်မပြုခဲ့ပေ။ တဖန် သူသေကောင်တို့ကို စွန့်ပစ်ရာ သုသာန်၌ မြေကို လည်ပင်းပမာဏမျှ တူး၍ အမတ်တထောင်နှင့်တကွ မြှုပ်ထားခြင်းကို ခံနေရသော ထိုဘုရားအလောင်းတော်မင်းသည် ထိုရန်သူမင်း၌ စိတ်ဖြင့် ပစ်မှားခြင်းမျှကိုသော်လည်း မပြုမူ၍ သူသေကောင်တို့ကိုစားရန် လာကြသော မြေခွေးတို့၏ မြေမှုန့်ယက်ထုတ်ခြင်းကိုမှီ၍ (မြှုပ်ထားရာမှ လွတ်ထွက်ရန်) ယောက်ျားတို့ပြုအပ်သော အားထုတ်မှုကို ပြုသဖြင့် တဖန် အသက်ရှင်ခြင်းကို ရသည်ဖြစ်၍ ဘီလူးတို့၏ တန်ခိုးအာနုဘော်ဖြင့် မိမိ၏ ကျက်သရေတိုက်ခန်းသို့ ဝင်ရောက်ပြီးလျှင် ကျက်သရေရှိသော အိပ်ရာ၌ အိပ်စက်နေသော ရန်သူမင်းကို
၄၇၅
တွေ့မြင်ရသော်လည်း အမျက်ထွက်ခြင်းကို မပြုမူ၍သာလျှင် အချင်းချင်း (အန္တရာယ်မပြုရန်) ကျိန်စာဆိုကြပြီးလျှင် ထိုရန်သူမင်းကို မိတ်ဆွေအရာ၌ တည်စေ၍-
“အချင်းတို့ ပညာရှိသော ယောက်ျားသည် (လိုသောအကျိုးကို) တောင့်တ၍ အားထုတ်ရာသည်သာတည်း၊ ငြီးငွေ့ဆုတ်နစ်လျက် စိတ်မပျက်ရာ၊ သူတပါးကို မညှင်းဆဲပဲ တဖန်ပြန်၍ မင်းဖြစ်ခြင်းကို အလိုရှိခဲ့၏၊ ထိုအလိုရှိသည့်အတိုင်းပင် ဖြစ်ခဲ့လေသည်။ ထိုသို့ဖြစ်သော မိမိကိုယ်ကို ငါသည် တွေ့မြင်နေရပေသည်”ဟု မိန့်ဆိုလေ၏။
ခန္တီဝါဒီဇာတ်၌ ပညာမဲ့သော ကလာဗုမည်သော ကာသိမင်းသည် “ရှင်ရဟန်း, သင်သည် အဘယ်ဝါဒရှိသနည်း- အဘယ်ကို ဆိုလေ့ရှိသနည်း”ဟု မေးသည်။ “သည်းခံခြင်းကို ဆိုလေ့ရှိသောကြောင့် ခန္တီဝါဒီမည်သည်”ဟု ဖြေကြားသောအခါ ထိုမင်းက သံဆူးတပ်ထားသော ကြိမ်တို့ဖြင့် ရိုက်နှက်စေပြီးလျှင် လက်ခြေတို့ကို ဖြတ်သော်လည်း အမျက်ထွက်ခြင်းမျှကိုသော်လည်း မပြုခဲ့-မဖြစ်စေခဲ့ပေ။
ဤခန္တီဝါဒီရသေ့၏ သည်းခံခြင်းသည် မအံ့ဩလောက်သေးပေ။ အကြောင်းမူကား အရွယ်အားဖြင့် ကြီးရင့်သူ ဖြစ်သည့်ပြင် ရသေ့အဖြစ်သို့ ကပ်ရောက်နေသောသူသည် ဤသို့ သည်းခြင်းကို ပြုနိုင်ရာသည်ဟု စဉ်းစားဖွယ် ရှိသောကြောင့်ပေတည်း၁။ ထို့ထက် အံ့ဩဖွယ်ကောင်းသည်မှာမူ
၁- ဝတ္ထုကြောင်းသဘောများဖြစ်၍ ပါဠိသဒ္ဒါနည်းအရ အတိအကျ မလိုက်တော့ပဲ စာဖတ်သူများ နားလည်လွယ်စေရန် ဝါကျကို ခွဲ၍၎င်း
၄၇၆
စူဠဓမ္မပါလဇာတ်၌ ပက်လက် အိပ်တတ်ကာမျှ သူငယ်ဖြစ်သော်လည်း-
“နိုင်ငံတော်မြေ၏ အမွေခံဖြစ်သော သားတော်ဓမ္မပါလ၏ စန္ဒကူးရည်ဖြင့် လိမ်းကျံထားသော လက်မောင်းတို့သည် ပြတ်ကုန်ပါပြီ အရှင်မင်းကြီး၊ ကျမ၏ အသက်တို့သည် ချုပ်နေကြယောင်တကား”ဟူ၍-
ဤသို့ မယ်တော်မိဖုရားကြီးက ငိုကျွေး မြည်တမ်းနေစဉ် ခမည်းတော်ဖြစ်သူ မဟာပတာပမည်သော မင်းက စေခိုင်းသဖြင့် သူသတ်သ္မားက ဓမ္မပါလသူငယ်၏ လက်ခြေလေးခုတို့ကို ဝါးမျှစ်ကိုကဲ့သို့ပင် ခုတ်ဖြတ်လေ၏၁၊ ထိုမျှဖြင့်လည်း အားမရသေးသောကြောင့် ထိုသူငယ်၏ ဦးခေါင်းကို ဖြတ်လော့ဟူ၍ အမိန့်ပေးသောအခါ “အမောင်ဓမ္မပါလ ယခုအခါ သင်သည် စိတ်ကို ချုပ်တည်း သိမ်းဆည်းရမည့် အခါပေတည်း (ဝါ- စိတ်ကို ကောင်းစွာနှိပ်ကွပ်လျက် ဆုံးမရမည့် အခါပေတည်း)၊ ယခုအခါ ဦးခေါင်းကိုဖြတ်ရန် အမိန့်ပေးသော ခမည်းတော်၌၎င်း၊ ဦးခေါင်းကိုဖြတ်သော ယောက်ျား၌၎င်း၊ ငိုကျွေး မြည်တမ်းနေသော မယ်တော်၌၎င်း၊ မိမိကိုယ်၌၎င်း ဤလေးယောက်သော သူတို့၌ အညီအမျှ စိတ်ကို ထားပါလော့”ဟု မြဲမြံသော ဆောက်တည်ခြင်းကို အဓိဋ္ဌာန်ပြု၍ ပြစ်မှားသော အခြင်းအရာမျှကိုသော်လည်း မပြုခဲ့ပေ။
အနည်းငယ် ပြင်၍၎င်း ပြန်ထားသည်။ နောက်၌လည်း အလားတူ ပြန်ချက်များ ရှိသည်။
၁- နှာ ၄၇၅- မှတ်ချက်နည်းတူပင်။
၄၇၇
ဤဓမ္မပါလသူငယ်၏ သည်းခံခြင်းသည်လည်း မအံ့ဩလောက်သေးပေ၊ အကြောင်းမူကား လူသားဖြစ်သူသည် ဤသို့ ပြုနိုင်ရာသည်ဟု စဉ်းစားဖွယ် ရှိသောကြောင့်ပေတည်း။ စင်စစ်သော်ကား တိရစ္ဆာန်ဖြစ်လျက်သော်လည်း ဆဒ္ဒန်မည်သော ဆင်ဖြစ်သောအခါ အဆိပ်လူးသောမြားဖြင့် အပစ်ခံရ၍ ချက်၌ စူးဝင် ဖောက်ထွင်းသွားသော်လည်း ထိုမျှလောက် အကျိုးမဲ့ပြုသော မူဆိုး၌ စိတ်ကို မပျက်စေ- မပြစ်မှားစေခဲ့ပေ။ ဤအဆိုနှင့်အညီ ဟောထားသည်မှာ-
[၂၉၆] “ကြီးစွာသော အဆိပ်လူးမြားဖြင့် စူးဝင်လျက်ရှိသော ဆဒ္ဒန်ဆင်မင်းသည် မူဆိုးကို ပြစ်မှားသည့်စိတ် မရှိမူ၍ “အချင်းမူဆိုး ဘယ်အကျိုးကို အလိုရှိသည်ဖြစ်၍ (ဝါ-အဘယ်အကျိုးအတွက်) ငါ့ကို ပစ်သတ်ပါသနည်း၊ အဘယ်အကြောင်းကြောင့်မူလည်း ပစ်သတ်ပါသနည်း၊ ဤစေခိုင်းမှု ပယောဂသည်လည်း အဘယ်သူ၏ ပယောဂပါနည်း-ဟု မေးလေသည်”ဟူ၍ ဟောထားသော ဂါထာပင် ဖြစ်သည်။
ဤသို့ မေးသောကြောင့် “ကာသိမင်း၏ မိဖုရားကြီးက သင်၏ အစွယ်များအတွက် စေလွှတ်လိုက်ပါသည် အရှင်”ဟု မူဆိုးက ဆိုသောအခါ ထိုမိဖုရားကြီး၏ အလိုကို ပြည့်စေလျက် အရောင်ခြောက်ပါးထွက်ကာ တောက်ပသဖြင့် နှစ်သက်စဖွယ် တင့်တယ်ကုန်သော မိမိ၏အစွယ်တို့ကို ဖြတ်၍ ပေးလှူလိုက်သည်။
(ထို့ပြင် ဘုရားအလောင်းတော်သည် မဟာကပိဇာတ်၌) ဂေါနင်္ဂုလ မျောက်မျိုးဖြစ်စဉ်က တောင်ကမ်းပါးပြတ် ချောက်မှ မိမိကိုယ်တိုင်ပင် ထုတ်ဆယ် ကယ်တင်ခဲ့သော ယောက်ျားက-
၄၇၈
“တောထဲ၌ အခြား သားကောင်များကဲ့သို့ပင် မျောက်သည် လူတို့၏အစာပင် ဖြစ်သည်။ ဆာလောင်နေသော ငါသည် ဤမျောက်ကိုသတ်၍ စားရမူ ကောင်းလေစွ။
(ထိုသို့ စားကာ) အစာဝသည်ဖြစ်၍သာလျှင် မျောက်သားကို ခရီးရိက္ခာအဖြစ် ဆောင်ယူ၍ သွားအံ့၊ (ဤမျောက်သားသည်) ငါ့အား ခရီးရိက္ခာ ဖြစ်ပေလတံ့၊ (ဤမျောက်သားဖြင့်) ခရီးခဲကို ကျော်လွန်ရပေလိမ့်မည်”ဟု
ဤသို့ ကြံပြီးလျှင် ကျောက်ကိုချီ၍ (မျောက်မင်း၏)ဦးခေါင်းကို ထုခွဲလသည်။ ထိုအခါ အလောင်းတော် မျောက်မင်းသည် မျက်ရည်ပြည့်သော မျက်စိတို့ဖြင့် ထိုယောက်ျားကို ကြည့်ရှုလျက်-
“အရှင်လူသား, မပြုပါလင့်၊ သင်သည် ငါ၏ (ဧည့်သည်ဖြစ်၍) အပူဇော်ခံအရှင် ဖြစ်ပေသည်၊ (သို့ဖြစ်ပါလျက်) သင်သည် (ငါ၏ ဦးခေါင်းကို ထုခွဲခြင်းဟူသော) ဤသို့သောအမှုကို ပြုရက်ဘိ၏၊ သင်သည် ရှည်သော အသက်ရှိသည့် သိတတ်သော လူကြီး ဖြစ်ပေသည်၊ (သို့ဖြစ်၍) သင်သည် (ငါ့အား နှိပ်စက်မည့်) အခြားရန်သူကို တားမြစ်ရန်သာ ထိုက်ပါသည်”ဟု-
ဆိုပြီးလျှင် ထိုပြစ်မှားသော ယောက်ျား၌ စိတ်ကို မပျက်စေ- မပြစ်မှားစေမူ၍ မိမိ၏ ဆင်းရဲကိုလည်း မစဉ်းစားပဲ ထိုယောက်ျားကိုပင် ဘေးကင်းရာ တောနယ်အဆုံး လူတို့၏ နယ်မြေအရပ်သို့ ပို့ဆောင်လိုက်ပေသည်။
၄၇၉
(ထို့ပြင်) ဘူရိဒတ်နဂါးမင်း ဖြစ်စဉ်က ဥပုသ်အင်္ဂါတို့ကို ဆောက်တည်ပြီးလျှင် တောင်ပို့ထိပ်၌ ခွေနေစဉ် ကမ္ဘာဖျက်မီးနှင့်တူသော ဆေးဖြင့် တကိုယ်လုံး၌ သွန်းဖျန်းသော်လည်း, ပခြုပ်၌ထည့်၍ ဇမ္ဗူဒိပ်ကျွန်းအလုံး၌ (အလမ္ပာယ်ပြကာ) ကစားစေသော်လည်း ထိုအလမ္ပာယ်ဆရာ ပုဏ္ဏား၌ စိတ်ဖြင့် ပြစ်မှားခြင်းကိုသော်လည်း မပြုခဲ့ပေ။ ဤအဆိုနှင့်အညီ ဟောထားသည်မှာ-
“လက်ဖြင့် အားနည်းအောင် နှိပ်နယ်သော်လည်း, ပခြုပ်၌ ခြေဖြင့်နင်း၍ အတင်းထည့်သော်လည်း ငါ၏သီလ ကျိုးမည်စိုးသောကြောင့် အလမ္ပယ်ပုဏ္ဏား၌ အမျက်မထွက်ခဲ့ပေ”ဟု ဟောထားသော ဂါထာပင် ဖြစ်သည်။
[၂၉၇] စမ္ပေယျနဂါးမင်း ဖြစ်စဉ်ကလည်း မြွေအလမ္ပာယ်သမားက ညှဉ်းဆဲ(အပ်)သော်လည်း ဘုရားအလောင်းတော်သည် စိတ်ဖြင့် ပြစ်မှားခြင်းကိုသော်လည်း မဖြစ်စေခဲ့ပေ။ ဤအဆိုနှင့်အညီ ဟေးထားသည်မှာ-
“ထိုစမ္ပေယျနဂါးမင်း ဖြစ်သောအခါ၌လည်း တရားကျင့်လျက် ဥပုသ်စောင့်သုံးနေသော ငါ့ကို အလမ္ပာယ်သမားသည် ဖမ်းယူ၍ မင်းအိမ်တံခါး၌ ကစားသည်။
အညိုကိုသော်၎င်း အဝါကိုသော်၎င်း အနီကိုသော်၎င်း အကြင်အဆင်းကို (ဖြစ်စေရန်) ထိုအလမ္ပာယ်သမားက ကြံစည်၏၊ ငါသည် ထိုအလမ္ပာယ်၏စိတ်သို့ အစဉ်လိုက်လျက် သူကြံစည်(အပ်)သော အဆင်းရှိသည် ဖြစ်ပေ၏။
ငါသည် (ထိုအခါက) ကုန်းမြေကို ရေဖြစ်အောင် ပြုနိုင်၏၊ ရေကိုလည်း ကုန်းမြေဖြစ်အောင် ပြုနိုင်၏၊ ငါသည်
၄၈၀
အကယ်၍ ထိုအလမ္ပာယ်သမားကို စိတ်ဆိုးလျှင် တခဏချင်း ပြာဖြစ်အောင် ပြုနိုင်ပေ၏။
ငါသည် အကယ်၍ စိတ်အလိုသို့လိုက်သည် ဖြစ်ငြားအံ့၊ သီလမှ ဆုံးရှုံး ဆုတ်ယုတ်ရာအံ့၊ သီလမှ ဆုံးရှုံးသော ငါ့အား ဘုရားအဖြစ်ဟူသော မြတ်သော အကျိုးသည် မပြီးစီးပဲ ရှိရာ၏”ဟု ဟောထားသော ဂါထာတို့ပင် ဖြစ်သည်။
(သင်္ခပါလဇာတ်၌ ဘုရားအလောင်းတော်သည်) သင်္ခပါလနဂါးမင်းဖြစ်၍ မြမြထက်ကုန်သော လှံမတို့ဖြင့် ရှစ်ခုသော ဌာနတို့၌ ထိုးဖောက်ပြီးလျှင် ထိုးဖောက်ရာ အပေါက်တို့ဖြင့် ဆူးရှိသောနွယ်တို့ကို လျှိုသွင်း၍ နှာခေါင်း၌ မြဲမြံစွာ ကြိုးကိုတပ်၍ တဆယ့်ခြောက်ယောက်သော မူဆိုးသားတို့က ထမ်းပိုးဖြင့် ထမ်းလျက် ယူဆောင်ကြသောအခါ မြေပြင်၌ ပွတ်တိုက်သော ကိုယ်ရှိသဖြင့် ကြီးစွာသောဆင်းရဲကို ခံစားရလေသည်။ ထိုစဉ်အခါက အမျက်ထွက်၍ ကြည့်လိုက်ရုံမျှဖြင့်ပင်လျှင် အလုံးစုံသော မူဆိုးသားတို့ကို ပြာကျသွားစေရန် စွမ်းနိုင်သော်လည်း မျက်စိကိုဖွင့်၍ ပြစ်မှားသော အခြင်းအရာမျှကိုသော်လည်း မပြုခဲ့ပေ၊ ဤအဆိုနှင့်အညီ ဟောထားသည်မှာ-
“လှည်းမှူးအာဠာရ ၁၄-ရက်မြောက်နေ့ပတ်လုံး ၁၅-ရက်မြောက်နေ့ပတ်လုံး ငါသည် ဥပုသ်ကို အမြဲကျင့်သုံး၏။ ထိုသို့ ဥပုသ်ကျင့်သုံးနေသောအခါ ၁၆-ယောက်သော မူဆိုးသားတို့သည် ကြိုးနှင့် ခိုင်ခံ့သော ကျော့ကွင်းကို ယူကာ လာကြ၏။
(ထိုသို့ လာကြပြီးလျှင်) နှာခေါင်းကို ဖောက်ထွင်း၍ နှာခေါင်း၌ သီထားသော ကြိုးကို တင်းတင်းဆွဲငင်ကာ
၄၈၁
ကြိမ်နွယ်စသည်တို့ဖြင့် ထက်ဝန်းကျင်မှ ဆိုင်း၍ မူဆိုးတို့သည် ငါ့ကို ဆောင်သွားကြလေသည်၊ ငါသည် ဥပုသ်ကို မပျက်စေလိုသောကြောင့် ဤသို့သော ဆင်းရဲကို သည်းခံခဲ့ပေပြီ”ဟု ဟောထားသော ဂါထာများပင် ဖြစ်သည်။
[၂၉၈] ဤဆိုခဲ့သော အံ့ဖွယ်တို့ကိုသာလျှင် ပြုဘူးသည်မဟုတ်ပေ၊ မာတုပေါသကဇာတ် စသည်တို့၌ အခြားတပါး များစွာသော အံ့ဖွယ်တို့ကိုလည်း (သည်းခံနိုင်ခဲစွာ သည်းခံသောအားဖြင့်) ပြုခဲ့ဘူးလေပြီ၊ ယခုအခါ သဗ္ဗညုတ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးလျှင် နတ်နှင့်တကွသော လောက၌ တစုံတယောက်နှင့်မျှ မတူသည့် ခန္တီဂုဏ်နှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကို ဆရာသခင်ဟု ရည်ညွှန်း ကိုးကွယ်နေသော ထိုသင်အား အမျက်ဒေါသစိတ်ကို ဖြစ်စေခြင်းမည်သည်မှာ အလွန်ပင် မသင့်လျော်ပေ-ဟူ၍ (ဆရာသခင် ဖြစ်တော်မူသော မြတ်စွာဘုရား၏ ရှေးဘဝတို့၌ ကျင့်ခဲ့သော ဂုဏ်တို့ကို ဆင်ခြင်အပ်ကုန်၏)။
၂၄၈။ ဤဆိုခဲ့သည့်အတိုင်း ဆရာသခင် ဖြစ်တော်မူသော မြတ်စွာဘုရား၏ ရှေးဘဝတို့၌ ကျင့်ခဲ့သော ဂုဏ်တို့ကို ဆင်ခြင်သော်လည်း ရှည်မြင့်စွာသော ကာလပတ်လုံး ကိလေသာတို့၏ ကျွန်အဖြစ်သို့ ရောက်နေခဲ့သောကြောင့် ဤယောဂီ၏ ထိုအမျက်ဒေါသသည် အကယ်၍ မငြိမ်းသေးသည်သာ ဖြစ်ငြားအံ့၊ သို့ဖြစ်လျှင် ဤယောဂီသည် အနမတဂ္ဂိယသုတ်တို့ကို ဆင်ခြင်အပ်ကုန်၏။ မှန်ပေ၏- ထိုသုတ်တို့၌-
“ရဟန်းတို့ အကြင်သတ္တဝါသည် ရှေး၌ အမိ မဖြစ်စဘူး၊ ထိုသို့သော သတ္တဝါသည် ရလွယ်သော သဘောမရှိပေ။ အကြင်သတ္တဝါသည် ရှေး၌ အဘ မဖြစ်စဘူး၊
၄၈၂
ရှေး၌ ညီအစ်ကို မဖြစ်စဘူး၊ ရှေး၌ အစ်မ နှစ်မ မဖြစ်စဘူး၊ ရှေး၌ သား မဖြစ်စဘူး၊ အကြင် သတ္တဝါသည် ရှေး၌ သမီး မဖြစ်စဘူး၊ ထိုသို့သော သတ္တဝါသည် ရလွယ်သော သဘောမရှိပေ”ဟူ၍ ဟောတော်မူ(အပ်)ပေသည်။
ထိုသို့ ဟောတော်မူသောကြောင့် ထိုရန်သူပုဂ္ဂိုလ်၌ ဤသို့ စိတ်ကို ဖြစ်စေအပ်၏ “ဤပုဂ္ဂိုလ်သည် ရှေးအတိတ်ကာလ၌ ငါ၏ မိခင်ဖြစ်၍ ဆယ်လပတ်လုံး ဝမ်းဖြင့်ဆောင်၏ ကျင်ငယ် ကျင်ကြီး တံထွေး နှပ်စသည်တို့ကို စန္ဒကူးနံ့သာကဲ့သို့ မရွံမရှာ သုတ်သင်၍ ရင်ခွင်၌ ကစေလျက် (အိပ်စေလျက်၁) ကိုယ်လက်အင်္ဂါဖြင့် ချီပိုးသယ်ဆောင်လျက် မွေးမြူဘူးပေသတတ်၊ ငါ၏ ဘခင်ဖြစ်၍ ဆိတ်တို့ဖြင့် သွားရသည့်လမ်း၂ ချွန်းချိတ် ငုတ်တံသင်းတို့ဖြင့် သွားရသည့်လမ်း စသည်တို့ကို သွား၍ ရောင်းဝယ် ကုန်သွယ်မှုကို ယှဉ်စေလျက်၎င်း၊ ငါ၏အကျိုးငှါ အသက်ကိုသော်လည်း စွန့်၍ နှစ်ဖက်မှ ချီတက်သည့် စစ်သည်ရှိသော စစ်ပွဲ၌ ဝင်ရောက်၍၎င်း၊ သင်္ဘောဖြင့်
၁- လက်သည်းကွင်းအတွင်းရှိ အနက်သည် နိပဇ္ဇာပေန္တေ-ဟူသော မူကွဲအရ ဖြစ်သည်။
၂- ဇာဏုပထံ-ဟူသည်ကား (ဇာဏူဟိ) ဒူးတို့ဖြင့် (ဂန္တဗ္ဗမဂ္ဂံ) သွားအပ်သော လမ်းကို၊ အဇပထံ-ဟူသည်ကား (အဇေဟိ) ဆိုတ်တို့ဖြင့် (ဂန္တဗ္ဗမဂ္ဂံ) သွားအပ်သောလမ်းသို့-ဟု ဖွင့်ပြသော မဟာနိဒ္ဒေသ အဋ္ဌကထာ (၂၄၂)နှင့်အညီ ပြန်သော အနက်ဖြစ်သည်။ မတ်မတ်ရပ်လျက် သွားရန် မဖြစ်နိုင်ရာ၌ ဒူးထောက်၍ သွားရသကဲ့သို့ ဝန်တင်နွား ဝန်တင်မြင်းတို့ဖြင့် မသွားနိုင်သော တောင်ကမ်းပါးစောက် လမ်း၌ ဆိတ်မှာ ဝန်တင်၍ သွားအပ်သည်ကို ဆိုသည် ဖြစ်ရာ၏။
၄၈၃
သမုဒ္ဒရာသို့ ဝင်ရောက်ကူးသန်း၍၎င်း၊ အခြားတပါး ပြုနိုင်ခဲသော အမှုတို့ကို ပြု၍၎င်း သားချစ်တို့ကို မွေးမြူအံ့ဟု ကြံကာ ထိုထိုအကြောင်း ဥပါယ်တို့ဖြင့် ဥစ္စာကို စုဆောင်း၍ ငါ့ကို မွေးမြူခဲ့ဘူးပေသတတ်၊ ညီအစ်ကိုဖြစ်၍၎င်း, အစ်မ နှစ်မဖြစ်၍၎င်း, သားဖြစ်၍၎င်း, သမီးဖြစ်၍၎င်း ဤမည် ဤမည်သော ကျေးဇူးပြုခြင်းအမှုကို ပြုခဲ့ဘူးပေသတတ်၊ ထို့ကြောင့် ထိုပုဂ္ဂိုလ်၌ ငါသည် စိတ်ကို ပျက်စေရန်- အမျက်ထွက်ရန် မသင့် မလျော်ပေ-ဟု စိတ်ကို ဖြစ်စေအပ်ပေသည်။
၂၄၉။ ဤသို့ စိတ်ကို ဖြစ်စေသော်လည်း ဒေါသစိတ်ကို ငြိမ်းစေရန် မစွမ်းနိုင်သေးသည်သာ အကယ်၍ ဖြစ်ငြားအံ့၊ သို့ဖြစ်လျှင် ဤယောဂီသည် မေတ္တာ၏ အာနိသင်တို့ကို ဤသို့ ဆင်ခြင်အပ်ကုန်၏။ အချင်းရဟန်း မြတ်စွာဘုရားက-
“ရဟန်းတို့, မှီဝဲအပ်- ပွါးစေအပ်- အကြိမ်များစွာ ပြုအပ်သော က-ထားသည့် ယဉ်ကဲ့သို့- တည်ရာကဲ့သို့ ပြုအပ်သော မြဲမြံစွာ တည်စေအပ်သော နိုင်နင်းအောင် လေ့ကျင့်ပြီးသော ကောင်းစွာ အားထုတ်ထားသော မေတ္တာစေတောဝိမုတ္တိ၏၁ ၁၁-ပါးကုန်သော အာနိသင်တို့ကို [၂၉၉] (ဧကန်ဖြစ်မည်ဟု) အလိုရှိအပ်ကုန်၏။ အဘယ် ၁၁-ပါးတို့နည်း?ဟူမူ-
၁- မေတ္တာဟု သာမညဆိုလျှင် ရှေးအဖို့ မေတ္တာကိုလည်း ယူအပ်ကြောင်း၊ စေတောဝိမုတ္တိဟု ဆိုလျှင်ကား မေတ္တာဈာန်ကိုသာ ယူအပ်ကြောင်း၊ အံ-ဋ္ဌ ပ-၃၆-၇-၌ ပြဆို၏။ စိတ်၏ နီဝရဏတို့မှ, အထူးအားဖြင့် ဗျာပါဒမှ လွတ်ကြောင်းဖြစ်သောကြောင့် မေတ္တာကိုပင် စေတောဝိမုတ္တိဟု ဆိုသည်။
၄၈၄
ချမ်းသာစွာ အိပ်ရ၏ (၁)၊ ချမ်းသာစွာ နိုးရ၏(၂)၊ ယုတ်ညံ့သော အိပ်မက်ဆိုးကို မမြင်ရ (၃)၊ လူတို့က ချစ်သည် (၄)၊နတ်တို့က ချစ်သည် (၅)၊ နတ်တို့က စောင့်ရှောက်ကြသည် (၆)၊ မေတ္တာပွါးသူ၏(ကိုယ်၌) မီး အဆိပ် လက်နက် မကျရောက်နိုင် (၇)၊ လျင်စွာ စိတ်တည်ကြည်၏ (၈)၊ မျက်နှာအဆင်း ကြည်လင်၏ (၉)၊ မတွေဝေပဲ သေရ၏ (၁၀)၊ အထက်မဂ်ဖိုလ်တရားကို ထိုးထွင်း၍ မသိလတ် မရလတ်သော်လည်း ဗြဟ္မာ့ပြည်သို့ လားရောက်ရ၏ (၁၁)”ဟူ၍ ဟောတော်မူသည်ခဲ့သည် မဟုတ်ပါလော။
သင်သည် ဤဒေါသစိတ်ကို အကယ်၍ မငြိမ်းစေငြားအံ့၊ ဤမေတ္တာ၏ အကျိုးအာနိသင်တို့မှ အပြင်ပ လက်လွတ်ဖြစ်ကာ ဆုံးရှုံးရပေလိမ့်မည်-ဟု ဆင်ခြင်အပ်၏။
၂၅ဝ။ ဤသို့ ဆင်ခြင်သော်လည်း ငြိမ်းစေခြင်းငှါ မစွမ်းနိုင်သေးသော ယောဂီသည်ကား ဓာတ်တို့ကို အသီးအသီး ခွဲခြားခြင်းကို ပြုအပ်၏။ အဘယ်သို့နည်း?ဟူမူ အချင်းရဟန်း ထိုသူအား အမျက်ထွက်သော သင်သည် အဘယ်ကို အမျက်ထွက်သနည်း၊ ဆံပင်တို့ကို အမျက်ထွက်သလော၊ သို့မဟုတ် အမွေးတို့ကို အမျက်ထွက်သလော၊ သို့မဟုတ် လက်သည်း ခြေသည်းတို့ကို ။ပ။ သို့မဟုတ် ကျင်ငယ်ကို အမျက်ထွက်သလော၊ တနည်းအားဖြင့် ဆံပင်စသည်တို့၌ ပထဝီဓာတ်ကို အမျက်ထွက်သလော၊ အာပေါဓာတ်ကို၊ တေဇောဓာတ်ကို၊ ဝါယောဓာတ်ကို အမျက်ထွက်သလော။ တနည်းအားဖြင့် အကြင် ခန္ဓာငါးပါး အာယတန၁၂-ပါး ဓာတ်၁၈-ပါးတို့ကို စွဲမှီ၍ ဤအရှင်ကို ဤအမည်ရှိသည်ဟု ခေါ်ဆိုအပ်၏၊ ထိုခန္ဓာငါးပါး စသည်တို့တွင် ရူပက္ခန္ဓာကို အမျက်ထွက်သလော၊ သို့မဟုတ် ဝေဒနာက္ခန္ဓာကို၊
၄၈၅
သညာက္ခန္ဓာကို၊ သင်္ခါရက္ခန္ဓာကို၊ ဝိညာဏက္ခန္ဓာကို အမျက် ထွက်သလော။ သို့မဟုတ် စက္ခာယတနကို အမျက်ထွက်သလော၊ ရူပါယတနကို အမျက်ထွက်သလော ။ပ။ မနာယတနကို အမျက်ထွက်သလော၊ ဓမ္မာယတနကို အမျက်ထွက်သလော။ သို့မဟုတ် စက္ခုဓာတ်ကို အမျက်ထွက်သလော၊ ရူပဓာတ်ကို၊ စက္ခုဝိညာဏဓာတ်ကို အမျက်ထွက်သလော ။ပ။ မနောဓာတ်ကို၊ ဓမ္မဓာတ်ကို၊ မနောဝိညာဏဓာတ်ကို အမျက်ထွက်သလော-ဟု ဓာတ်တို့ကို အသီးအသီး ခွဲခြားခြင်းကို ပြုအပ်၏။ အကျိုးကား- ဤသို့ ဓာတ်တို့ကို အသီးအသီး ခွဲခြားခြင်းကိုပြုလျှင် အပ်နဖားထွင်းစူးဖျား၌ မုန်ညင်းစေ့၏ တည်ရာဌာန မရှိသကဲ့သို့၎င်း၊ ဟင်းလင်းပြင် ကောင်းကင်၌ ပန်းချီဆေးရေး၏ တည်ရာဌာန မရှိသကဲ့သို့၎င်း အမျက်ဒေါသ၏ တည်ရာဌာနသည် မရှိတော့ပေ။
၂၅၁။ ဆက်၍ပြဦးအံ့- ဓာတ်တို့ကို အသီးအသီး ခွဲခြားခြင်းကိုပြုရန် မစွမ်းနိုင်သော သူသည် ပစ္စည်းကို ဝေဖန်ပေးကမ်းခြင်းကို ပြုအပ်၏။ မိမိ၏ ဥစ္စာကို ရန်သူဖြစ်သော သူတပါးအား ပေးအပ်၏။ သူတပါး၏ ဥစ္စာကို မိမိက လက်ခံယူအပ်၏။ အကယ်၍ ရန်သူဖြစ်သော သူတပါးသည် အသက်မွေးမှု သီလပျက်နေသောကြောင့် သူ့ပစ္စည်းကို မသုံးဆောင်ထိုက်ငြားအံ့၊ သို့ဖြစ်လျှင် မိမိ၏ဥစ္စာကိုသာ ပေးအပ်၏။ ဤသို့ ပစ္စည်း အပေးအယူပြုလျှင် ထိုပုဂ္ဂိုလ်၌ ထိုယောဂီ၏ အာဃာတဒေါသသည် ဧကန်ပင် ငြိမ်း၏၊ ထိုရန်သူမှာလည်း အတိတ်ဘဝမှစ၍ အစဉ်လိုက်လာသည့် အမျက်ဒေါသပင် ဖြစ်သော်လည်း ထိုခဏ၌ပင် ငြိမ်း၏။ (အဘယ်ကဲ့သို့နည်း?ဟူမူ) စိတ္တလတောင် ကျောင်းတိုက်၌ ထ၍ နေရာပေးစေရန် သုံးကြိမ်တိုင်တိုင် အနှောင့်အယှက်ပေးခံရသော ပိဏ္ဍပါတိကမထေရ်က
၄၈၆
[၃ဝဝ] “အရှင်ဘုရား ဤသပိတ်သည် ရှစ်အသပြာတန်ပါသည်။ တပည့်တော်၏ မယ်တော် ဥပါသိကာမကြီးက လှူထားသော တရားနှင့်အညီရသည့် လာဘ်ပစ္စည်း ဖြစ်ပါသည်၊ ဥပါသိကာမကြီးအား ကောင်းမှုရအောင် ပြုတော်မူပါ”ဟု ဆို၍ လှူလိုက်သော သပိတ်ကို ရသော (နှောင့်ယှက်သူ)မထေရ်ကြီးမှာ (အာဃာတဒေါသ ငြိမ်းသ)ကဲ့သို့ပေတည်း။ ဤပေးကမ်းခြင်းမည်သည် ဤသို့ပင် ကြီးမားသော အာနုဘော်ရှိပေ၏။ မှန်ပေ၏- ဟောထားသော အောက်ပါ ဂါထာစကားသည်လည်း ရှိပေ၏။
“ပေးကမ်းခြင်းသည် မယဉ်ကျေးသေးသောသူကို ယဉ်ကျေးစေတတ်၏၊ ပေးကမ်းခြင်းသည် အလုံးစုံသော အကျိုးကို ပြီးစေတတ်၏၊ ပေးကမ်းခြင်းဖြင့်၎င်း ချစ်ဖွယ်စကားဖြင့်၎င်း (ပေးသူ ပြောသူတို့သည်) မျက်နှာပန်းပွင့်လျက် မြင့်တက်ကုန်၏၊ (ခံယူသူ ကြားနာသူတို့သည်) ပျော့ပျောင်းကြည်သာ ညွတ်လာတတ်ကုန်၏” ဟူ၍ပင်တည်း။
၂၅၂။ ဤဆိုခဲ့သည့်အတိုင်း ရန်သူပုဂ္ဂိုလ်၌ အမျက်ဒေါသကို ငြိမ်းစေပြီးသော ထိုယောဂီအား ချစ်အပ်သောပုဂ္ဂိုလ်, အလွန်ချစ်အပ်သော သူငယ်ချင်းနှင့် အလယ်အလတ် ပုဂ္ဂိုလ်တို့၌ ချမ်းသာစေလိုသော မေတ္တာစိတ် ဖြစ်သကဲ့သို့ ထို့အတူပင် ထိုရန်သူပုဂ္ဂိုလ်၌လည်း ချမ်းသာစေလိုသော မေတ္တာ၏အစွမ်းအားဖြင့် စိတ်သည် မပြတ်ဖြစ်၏။ ထိုအခါ ဤယောဂီသည် အဖန်တလဲလဲ မေတ္တာပွါးသည်ဖြစ်၍ (၁) မိမိ, (၂) ချစ်အပ်သော ပိယပုဂ္ဂိုလ်, (၃) အလယ်အလတ် မဇ္ဈတ္တပုဂ္ဂိုလ်, (၄) ရန်သူ ဝေရီပုဂ္ဂိုလ်ဟူသော ဤလေးဦးတို့၌ ချမ်းသာစေလိုသောအားဖြင့် ညီမျှသော စိတ်ရှိသည်၏အဖြစ်ကို ပြီးစေလျက် (မိမိ, သူတပါး,
၄၈၇
ချစ်သူ, မုန်းသူ စသည်ဖြင့် ကွဲပြားသော) နယ်ပယ်၏ ပျက်ခြင်း (သီမာသမ္ဘေဒ၁)ကို ပြုအပ်၏။ ဤသည်ကား ထိုသီမာသမ္ဘေဒ၏ လက္ခဏာပေတည်း၊ ဤမေတ္တာပွါးသော ပုဂ္ဂိုလ်သည် ချစ်အပ်သောပုဂ္ဂိုလ်, အလယ်အလတ်ပုဂ္ဂိုလ်, ရန်သူပုဂ္ဂိုလ်တို့နှင့်တကွ မိမိလျှင် ၄-ယောက်မြောက်ရှိသည်ဖြစ်၍ တခုသောအရပ်၌ နေလတ်သော် ခိုးသူ ဒမြတို့က လာကြ၍ “အရှင်ဘုရား ကျွန်ုပ်တို့အား ရဟန်းတပါးကို ပေးပါ”ဟု တောင်းဆိုကုန်ရာ၏၊ အဘယ်ကိစ္စအတွက်နည်း-ဟု မေးလျှင် “ထိုရဟန်းကိုသတ်၍ လည်ချောင်းသွေးကို ယူပြီးလျှင် ဗလိနတ်စာ ပူဇော်ရန်အတွက် ဖြစ်ပါသည်”ဟု ဆိုကုန်ရာ၏။ ထိုသို့ဆိုရာ၌ ဤယောဂီရဟန်းသည် “ဤမည်သော ရဟန်းကိုသော်၎င်း၊ ဤမည်သော ရဟန်းကိုသော်၎င်း ယူကြစေ”ဟု ကြံစည်ငြားအံ့၊ သီမာသမ္ဘေဒကို ပြုခြင်းကိစ္စ မပြီးသေးသည်သာတည်း။ “ငါ့ကိုသာ ယူကြ၊ ဤသုံးပါးတို့ကို မယူကြလင့်”ဟု ဤသို့သော်လည်း အကယ်၍ ကြံစည်ငြားအံ့၊ သီမာသမ္ဘေဒကို ပြုခြင်းကိစ္စ မပြီးသေးသည်သာတည်း။ အဘယ့်ကြောင့်နည်း?ဟူမူ- အကြင် အကြင်ပုဂ္ဂိုလ်ကို ယူခြင်းကို (ယူစေရန်) အလိုရှိ၏။ ထိုထိုပုဂ္ဂိုလ်၏ အကျိုးစီးပွါးကို အလိုမရှိမူ၍ အခြားသူတို့၏သာလျှင် အကျိုးစီးပွါးကို အလိုရှိရာ ရောက်သောကြောင့်ပေတည်း။
စင်စစ်မှာမူ အကြင်အခါ၌ လေးဦးသော ပုဂ္ဂိုလ်များထဲမှ တဦးကိုသော်လည်း ခိုးသူ ဒမြတို့အား ပေးသင့်သည်ကို မမြင်၊ မိမိ၌၎င်း၊
၁- သီမာ-နယ်ပယ် အပိုင်းအခြား + သမ္ဘေဒ- ပျက်ခြင်း = သီမာသမ္ဘေဒ- မိမိ သူတပါး စသည်ဖြင့် အကန့်အသတ် နယ်ပယ်ပျက်ခြင်း၊ ၄-ဦးသော ပုဂ္ဂိုလ်တို့၌ ချမ်းသာစေလိုသောအားဖြင့် ညီမျှသောစိတ် ရှိခြင်းပင် ဖြစ်သည်။
၄၈၈
ထိုသုံးဦးသော ပုဂ္ဂိုလ်တို့၌၎င်း ချမ်းသာစေလိုသောအားဖြင့် အညီအမျှသာလျှင် ဖြစ်သော စိတ်ကို ဖြစ်စေ၏။ ထိုအခါ၌ သီမာသမ္ဘေဒကို ပြုအပ်ပြီး ဖြစ်လေတော့သည်။ ထို့ကြောင့် ရှေးဆရာတို့က မိန့်ဆိုကြသည်မှာ-
“မိမိ၌၎င်း, ချစ်အပ်သောသူ၌၎င်း, အလယ်အလတ် ပုဂ္ဂိုလ်၌၎င်း, ရန်သူ၌၎င်း လေးပါး အပြားရှိသော ဤပုဂ္ဂိုလ်အပေါင်း၌ (မိမိ, သူတပါး, ချစ်သူ, မချစ်သူ စသည်ဖြင့်) ထူးခြားခြင်းကို အကြင်အခါ၌ မြင်သေး၏၊ ထိုအခါ၌ ထိုမေတ္တာပွါးသူကို “သတ္တဝါတို့၏ အစီးအပွါးလိုလားသည့် စိတ်ရှိသူ”ဟူ၍သာလျှင် ဆိုအပ်ပေသည်။ “မေတ္တာ၌ လိုတိုင်းရသူ ကျွမ်းကျင်သူ”ဟူ၍ကား မဆိုအပ်သေးပေ။ အကြင်အခါ၌မူ (မေတ္တာပွါးသော) ရဟန်းအား မိမိကိုယ်စသော လေးပါးသော နယ်ပယ်တို့သည် အသီးအခြား မကွဲပြားကြတော့ပဲ ပျက်လေကုန်၏၊ နတ်နှင့်တကွသော အလုံးစုံသော လူအပေါင်းဟူသော လောကကို မေတ္တာဖြင့် အညီအမျှ ဖြန့်နိုင်၏၊ ယင်းရဟန်းအား မိမိကိုယ်စသော နယ်ပယ် အပိုင်းအခြားကို မသိရတော့ပေ၊ ထိုအခါ၌ ထိုရဟန်းသည် ပဌမက ပြခဲ့သော ရှေးပုဂ္ဂိုလ်ထက် ဘာဝနာဖြင့် ကြီးမြတ်ထူးကဲလှပေ၏ (ဝါ-အကြီးအကျယ် ထူးခြားခြင်း ရှိပေ၏” ဟူ၍ပင်တည်း။
[၃၀၁] ၂၅၃။ ဤသို့ သီမာသမ္ဘေဒ ပြီးစီးသည်နှင့် တူမျှသော ကာလ၌ပင်လျှင် ဤမေတ္တာပွါးသော ရဟန်းသည် (ပဋိဘာဂ)နိမိတ်ကို၎င်း၊ ဥပစာရကို၎င်း ရပေ၏။ ဆက်ဦးအံ့- သီမာသမ္ဘေဒကို ပြုပြီးသောအခါ (သီမာသမ္ဘေဒ၏ အစွမ်းဖြင့်ဖြစ်သော)
၄၈၉
ထိုသမာဓိ နိမိတ်ကိုပင်လျှင် မှီဝဲ ပွါးများ အကြိမ်များစွာ ပြုနေလျှင် ပထဝီကသိုဏ်းအရာ၌ ဆိုခဲ့သော နည်းဖြင့်ပင်လျှင် အပ္ပနာဈာန်သို့ မဆင်းရဲ မပင်ပန်းပဲပင် ရောက်လေတော့၏။
ဤမျှသော ဘာဝနာအစဉ်ဖြင့် ဤယောဂီသည် အင်္ဂါငါးပါးကိုပယ်၍ အင်္ဂါငါးပါးနှင့် ပြည့်စုံသော ကောင်းခြင်းသုံးပါး လက္ခဏာဆယ်ပါးတို့နှင့်(လည်း) ပြည့်စုံသော မေတ္တာနှင့်တကွဖြစ်သော ပဌမဈာန်ကို ရပြီး ဖြစ်ပေတော့၏။ ဆက်ဦးအံ့- ထိုပဌမဈာန်ကို ရပြီးလျှင် ထိုသမာဓိနိမိတ်ကိုပင် မှီဝဲ ပွါးများ အကြိမ်များစွာပြုလျက် ဘာဝနာအစဉ်အားဖြင့် စတုက္ကနည်းအရ ဒုတိယ တတိယဈာန်တို့ကို၎င်း, ပဉ္စကနည်းအရ ဒုတိယ တတိယ စတုတ္ထဈာန်တို့ကို၎င်း ရောက်ပေ၏။
အကျိုးကား (သုံးပါး လေးပါးသော မေတ္တာဈာန်တို့ကို ရပြီးသော) ထိုယောဂီသည် ပဌမဈာန် စသည်တို့တွင် တပါးပါး၏အစွမ်းဖြင့်၁-
“မေတ္တာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတိ၊ တထာ ဒုတိယံ၊ တထာ တတိယံ၊ တထာ စတုတ္ထံ။ ဣတိ ဥဒ္ဓမဓော တိရိယံ သဗ္ဗဓိ သဗ္ဗတ္တတာယ သဗ္ဗာဝန္တံ လောကံ မေတ္တာသဟဂတေန စေတသာ ဝိပုလေန မဟဂ္ဂတေန အပ္ပမာဏေန အဝေရေန အဗျာပဇ္ဈေန ဖရိတွာ ဝိဟရတိ၂။
၁- အစွမ်းအားဖြင့်.. မေတ္တာနှင့်တကွဖြစ်သော စိတ်ဖြင့်.. ဖြန့်၍နေ၏-ဟု စပ်ပါ။
၂- ဤပါဠိမူရင်းကို ထုတ်ပြခြင်းသည် နေက်၌ ပြလတံ့သော အဖွင့်နှင့် တိုက်ဆိုင်ကြည့်ရန် ဖြစ်သည်။
၄၉၀
မေတ္တာနှင့်တကွဖြစ်သော စိတ်ဖြင့်၁ တခုသော အရပ်မျက်နှာကို ဖြန့်၍ နေ၏၊ ထို့အတူ ဒုတိယ အရပ်မျက်နှာကို (ဖြန့်၍နေ၏)၊ ထို့အတူ တတိယ အရပ်မျက်နှာကို (ဖြန့်၍နေ၏) ထို့အတူ စတုတ္ထ အရပ်မျက်နှာကို (ဖြန့်၍နေ၏)။ ဤသို့သောနည်းဖြင့် အထက်အရပ်မျက်နှာကို၎င်း, အောက်အရပ်မျက်နှာကို၎င်း, ဖီလာ ပတ်ဝန်ကျင် အထောင့်အရပ်မျက်နှာကို၎င်း (ဖြန့်၍နေ၏)၊ အလုံးစုံသော အရပ်ဆယ်မျက်နှာ၌ အလုံးစုံသော သတ္တဝါရှိသော သတ္တလောကကို အလုံးစုံသော သတ္တဝါတို့၌ မိမိကိုယ်၏အဖြစ်ဖြင့် (ဝါ-မိမိကိုယ်နှင့် အတူပြုသဖြင့်) မေတ္တာနှင့် တကွဖြစ်သော ပြန့်ပြောသော မဟဂ္ဂုတ်ဖြစ်သော အတိုင်းအရှည်မရှိသည့် သတ္တဝါလျှင် အာရုံရှိသော ရန်ကင်းသော ဆင်းရဲကင်းသော စိတ်ဖြင့် ဖြန့်၍နေ၏။ မှန်ပေ၏- (ဈာန်၏ ကွန့်မြူးစမ္ပယ်ခြင်းဟူသော) ဤသို့သော အမျိုးမျိုး အထွေထွေ ပြုခြင်းသည် ပဌမဈာန် စသည်တို့၏ အစွမ်းအားဖြင့် အပ္ပနာသို့ရောက်သည့် စိတ်ရှိသော ပုဂ္ဂိုလ်အားသာလျှင် ပြီးစီး ပြည့်စုံနိုင်ပေ၏။
၂၅၄။ ဆက်၍ ဖွင့်ပြဦးအံ့- (မေတ္တာသဟဂတေန အစရှိသော) ဤပါဌ်၌ မေတ္တာသဟဂတေန- ဟူသည်ကား မေတ္တာနှင့် ပြည့်စုံသော (ယှဉ်သော)။ စေတသာ-ဟူသည်ကား စိတ်ဖြင့်။ ဧကံ ဒိသံ-တခုသော
၁- အစွမ်းအားဖြင့်.. မေတ္တာနှင့်တကွသော စိတ်ဖြင့်.. ဖြန့်၍နေ၏-ဟု စပ်ပါ။
၄၉၁
အရပ်မျက်နှာကို-ဟူသော ဤစကားသည် တခုသော အရပ်မျက်နှာ၌ ရှေးဦးစွာ သိမ်းဆည်းအပ်သော သတ္တဝါအပေါင်းကို အစွဲပြု၍ တခုသော အရပ်မျက်နှာ၌ အကျုံးဝင်သော သတ္တဝါအပေါင်းကို မေတ္တာဖြန့်သည်၏ အစွမ်းအားဖြင့် ဆိုသောစကားပေတည်း။ ဖရိတွာ-ဖြန့်၍- ဟူသည်ကား (စိတ်ဖြင့်) တွေ့ထိ၍ အာရုံပြု၍။ ဝိဟရတိ- နေ၏-ဟူသည်ကား မေတ္တာဈာန်ဟူသော ဗြဟ္မဝိဟာရ-က ထောက်ပံ့လျက် ခိုင်ခံ့စွာ တည်စေ(အပ်)သော ဣရိယာပုထ်ဖြင့် နေခြင်းကို မပြတ်ဖြစ်စေ၏။ တထာ ဒုတိယံ-စသည်၌ အရှေ့အရပ် အစရှိသော အရပ်မျက်နှာတို့တွင် အမှတ်မရှိ တခုသော အရပ်မျက်နှာကို ဖြန့်၍ နေသကဲ့သို့ ထို့အတူပင် ထို၏အခြားမဲ့၌ ဒုတိယ အရပ်မျက်နှာကို၎င်း, တတိယ အရပ်မျက်နှာကို၎င်း, စတုတ္ထ အရပ်မျက်နှာကို၎င်း (ဖြန့်၍နေ၏) ဤကား အနက်။ ဣတိ ဥဒ္ဓံ-ဟူသော ဤစကားဖြင့် ဤဆိုခဲ့သော နည်းဖြင့်ပင်လျှင် အထက်ရပ်မျက်နှာကို (ဖြန့်၍နေ၏)ဟု ဆိုလို၏။ အဓော တိရိယံ- ဟူရာ၌လည်း အောက်အရပ်ကို၎င်း, ဖီလာပတ်ဝန်းကျင် အရပ်ကို၎င်း ဤအတူပင် ဖြန့်၍နေ၏-ဟု ဆိုလို၏။ ထိုတွင် အဓော-ဟူသည်ကား အောက်အရပ်၌ (သတ္တဝါအပေါင်းကို)၊ တိရိယံ-ဟူသည်ကား အထောင့်အရပ်တို့၌ (သတ္တဝါအပေါင်းကို)။ ဤဆိုခဲ့သောနည်းဖြင့် အလုံးစုံသော အရပ်ဆယ်မျက်နှာတို့၌ မြင်းဝင်း၌ မြင်းကို စိုင်းနှင်သကဲ့သို့ ပြန်၍လည်း စိုင်းနှင်သကဲ့သို့ မေတ္တာနှင့်တကွဖြစ်သော စိတ်ကို စိုင်းလည်း စိုင်းနှင်၏ ပြန်၍လည်း စိုင်းနှင်၏။ ဤကား ပုဒ်အဖွင့်တည်း။ (တိရိယံ-ဟူသော) ဤတိုင်အောင် စကားအစဉ်ဖြင့် တခု တခုသော၁ အရပ်မျက်နှာကို
၁- ပါဠိစာအုပ်တို့၌ ဧကံ-ဟု တပုဒ်တည်းရှိသည်၊ ဧကမေကံ-ဟု ရှိသင့်သည်အားလျော်စွာ ဤ၌ ပြန်ထားသည်။
၄၉၂
သိမ်းဆည်း၍ အပိုင်းအခြားအားဖြင့် (ဩဓိသ)မေတ္တာ ဖြန့်ပုံကို ပြပေသည်။
သဗ္ဗဓိ-အစရှိသော စကားကိုမူ အပိုင်းအခြား မရှိသောအားဖြင့် (အနောဓိသ)မေတ္တာ ဖြန့်ပုံကို ပြခြင်းငှါ မိန့်ဆို(အပ်)ပေသည်။ ထိုစကားရပ်၌ သဗ္ဗဓိ-ဟူသည်ကား အလုံးစုံ(သော အရပ်မျက်နှာ)၌။ သဗ္ဗတ္တတာယ-ဟူသည်ကား အယုတ် အလတ် အမြတ် မိတ်ဆွေ ရန်သူ အလယ်အလတ်ပုဂ္ဂိုလ် စသည် အပြားရှိကုန်သော အလုံးစုံ(သော သတ္တဝါ)တို့၌ [၃ဝ၂] မိမိကိုယ်၏ အဖြစ်ဖြင့်၊ “ဤသူသည် တပါးသော သတ္တဝါတည်း”ဟု ခွဲခြားခြင်းကို မပြုမူ၍ မိမိနှင့် တူညီသည်၏ အဖြစ်ဖြင့်ဟူ၍ ဆိုလို၏။ တနည်းကား သဗ္ဗတ္တတာယ-ဟူသော ပုဒ်ဖြင့် “အနည်းငယ်မျှသော်လည်း အပြင်ပသို့ မပျံ့လွင့်စေမူ၍ အလုံးစုံသော စိတ်အဖို့ဖြင့်”ဟု ဆိုလို၏။ သဗ္ဗာဝန္တံ-ဟူသည်ကား အလုံးစုံသော သတ္တဝါရှိသော၊ အလုံးစုံသော သတ္တဝါတို့နှင့်ယှဉ်သော ဤကား အနက်။ လောကံ-ဟူသည်ကား သတ္တလောကကို။ ဆက်၍ ရှင်းပြအံ့၊ ဝိပုလေန-ဤသို့ အစရှိသော ပရိယာယ်ပုဒ်တို့ကို ပြခြင်းကြောင့် အပိုင်းအခြားမရှိသော (အနောဓိသ)မေတ္တာ ဖြန့်ပုံကိုပြသော ဤစကားရပ်၌ မေတ္တာသဟဂတေန-ဟူသော ပုဒ်ကို တဖန်ထပ်၍ မိန့်ဆို(အပ်)ပေသည်။ တနည်းအားဖြင့် ရှင်းပြရလျှင် အပိုင်းအခြားအားဖြင့် (ဩဓိသ)မေတ္တာ ဖြန့်ပုံကို ပြရာ၌ကဲ့သို့ ဤအနောဓိသမေတ္တာ ဖြန့်ပုံကို ပြရာ၌ တထာ-သဒ္ဒါကို၎င်း ဣတိ-သဒ္ဒါကို၎င်း တဖန်ထပ်၍ မဟောခဲ့ပေ။ ထို့ကြောင့် မေတ္တာသဟဂတေန စေတသာ-ဟု တဖန်ထပ်၍ ဟော(အပ်)ပေသည်။ တနည်းသော်ကား နိဂုံးချုပ်သည့် အလိုအားဖြင့် ထိုစကားကို မိန့်ဆို(အပ်)ပေသည်။ ဝိပုလေန-ဟူသော ဤပုဒ်၌ ဖြန့်ခြင်း၏ အစွမ်းအားဖြင့် ပြန့်ပြောခြင်းကို
၄၉၃
မှတ်အပ်၏။ ရူပဘုံ၏ အစွမ်းအားဖြင့် ဤမေတ္တာဈာန်သည် မဟဂ္ဂုတ်မည်ပေ၏။ လေ့လာကျေပြွန်သည်၏ အစွမ်းအားဖြင့်၎င်း, အတိုင်းအရှည် အပိုင်းအခြားမရှိသော သတ္တဝါတို့ကို အာရုံပြုသည်၏ အစွမ်းအားဖြင့်၎င်း အပ္ပမာဏ မည်ပေ၏။ ဗျာပါဒ-ဒေါသဟူသော ရန်သူကို ပယ်ခြင်းကြောင့် အဝေရ-မည်ပေ၏။ ဒေါမနဿကို ပယ်ခြင်းကြောင့် အဗျာပဇ္ဈမည်ပေ၏၊ စိတ်ဆင်းရဲမရှိ-ဟု ဆိုလို၏။ ယခုဆိုခဲ့သော စကားသည် မေတ္တာသဟဂတေန စေတသာ-အစရှိသော နည်းဖြင့် ဟောထားသော အမျိုးမျိုး အထွေထွေပြုခြင်း မေတ္တာပွါးခြင်း၏ အနက်ပေတည်း။
၂၅၅။ ဆက်၍ ရှင်းပြဦးအံ့- ယခုပြခဲ့သော အမျိုးမျိုး အထွေထွေ မေတ္တာပွါးခြင်းသည် အပ္ပနာသို့ ရောက်သည့်စိတ်ရှိသော ပုဂ္ဂိုလ်အားသာ ပြီးစီးပြည့်စုံသကဲ့သို့ ထို့အတူ၁-
“ငါးပါးသော အခြင်းအရာတို့ဖြင့် အပိုင်းအခြားမရှိသောအားဖြင့် ဖြန့်သော (အနောဓိသ) မေတ္တာစေတောဝိမုတ္တိသည် ဖြစ်၏၊ ခုနစ်ပါးသော အခြင်းအရာတို့ဖြင့် အပိုင်းအခြားအားဖြင့် ဖြန့်သော (ဩဓိသ) မေတ္တာစေတောဝိမုတ္တိသည် ဖြစ်၏၊ ဆယ်ပါးသော အခြင်းအရာတို့ဖြင့် အရပ်မျက်နှာကို ဖြန့်သော မေတ္တာစေတောဝိမုတ္တိသည် ဖြစ်၏”ဟူ၍-
ပဋိသမ္ဘိဒါမဂ်၌ ဟောထားသော အမျိုးမျိုး အထွေထွေ မေတ္တာပွါးခြင်းသည်လည်း အပ္ပနာသို့ ရောက်သည့်စိတ်ရှိသော ပုဂ္ဂိုလ်အားသာ ပြီးစီးပြည့်စုံသည်ဟု သိအပ်ပေသည်။
၁- ထိုအထူ.. ပဋိသမ္ဘိဒါမဂ်၌ ဟောထားသော အမျိုးမျိုး အထွေထွေ မေတ္တာပွါးခြင်းသည်လည်း-စသည်နှင့် စပ်ပါ။
၄၉၄
ထိုပဋိသမ္ဘိဒါမဂ်၌ (သဗ္ဗေ သတ္တာ) အလုံးစုံသော သတ္တဝါတို့သည် (အဝေရာ) ရန်ကင်းကြပါစေ၊ (အဗျာပဇ္ဈာ) စိတ်ဆင်းရဲ ကင်းကြပါစေ၊ (အနီဃာ) ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ (သုခီ အတ္တာနံ ပရိဟရန္တု) ချမ်းသာနှင့်ပြည့်စုံ၍ မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ (၁)။ (သဗ္ဗေ ပါဏာ) အလုံးစုံသော အသက်ရှူသူတို့သည် ရန်ကင်းကြပါစေ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ (၂)။ (သဗ္ဗေ ဘူတာ) အလုံးစုံသော ထင်ရှားဖြစ်သူတို့သည် ရန်ကင်းကြပါစေ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ (၃)။ (သဗ္ဗေ ပုဂ္ဂလာ) အလုံးစုံသော ပုဂ္ဂိုလ်တို့သည် ရန်ကင်းကြပါစေ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ (၄)။ (သဗ္ဗေ အတ္တဘာဝပရိယာပန္နာ) အလုံးစုံသော အတ္တဘော၌ အတွင်းဝင်သူတို့သည် ရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ချမ်းသာနှင့်ပြည့်စုံ၍ မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ (၅)-ဟူသော ဤငါးပါးသော အခြင်းအရာတို့ဖြင့် အပိုင်းအခြား မရှိသောအားဖြင့် ဖြန့်သော (အနောဓိသ) မေတ္တာစေတောဝိမုတ္တိကို သိအပ်၏။
(သဗ္ဗာ ဣတ္ထိယော) အလုံးစုံသော မိန်းမတို့သည် ရန်ကင်းကြပါစေ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ (၁)။ (သဗ္ဗေ ပုရိသာ) အလုံးစုံသော ယောက်ျားတို့သည် ရန်ကင်းကြပါစေ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ (၂)။ (သဗ္ဗေ အရိယာ) အလုံးစုံသော အရိယာတို့သည် ရန်ကင်းကြပါစေ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ (၃)။ (သဗ္ဗေ အနရိယာ) အလုံးစုံသော ပုထုဇဉ်တို့သည် ရန်ကင်းကြပါစေ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ (၄)။ (သဗ္ဗေ ဒေဝါ) အလုံးစုံသော နတ်တို့သည် ရန်ကင်းကြပါစေ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ (၅)။ (သဗ္ဗေ မနုဿာ) အလုံးစုံသော လူတို့သည် ရန်ကင်းကြပါစေ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ (၆)။
၄၉၅
(သဗ္ဗေ ဝိနိပါတိကာ) အလုံးစုံသော အပါယ်ဘုံသားတို့သည် ရန်ကင်းကြပါစေ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ၊ (၇)-ဟူသော ဤခုနစ်ပါးသော အခြင်းအရာတို့ဖြင့် အပိုင်းအခြားအားဖြင့် ဖြန့်သော (ဩဓိသ) မေတ္တာစေတောဝိမုတ္တိကို သိအပ်၏။
(ပုရတ္ထိမာယ ဒိသာယ) အရှေ့မျက်နှာ၌ အလုံးစုံသော သတ္တဝါတို့သည် ရန်ကင်းကြပါစေ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ (၁)။ (ပစ္ဆိမာယ ဒိသာယ) အနောက်မျက်နှာ၌ အလုံးစုံသော သတ္တဝါတို့သည် ရန်ကင်းကြပါစေ ။ပ။ (၂)။ (ဥတ္တရာယ ဒိသာယ) မြောက်အရပ်မျက်နှာ၌ ။ပ။ (၃)။ (ဒက္ခိဏာယ ဒိသာယ) တောင်အရပ်မျက်နှာ၌ ။ပ။ (၄)။ (ပုရတ္ထိမာယ အနုဒိသာယ) အရှေ့တောင် အရပ်မျက်နှာ၌ ။ပ။ (၅)။ (ပစ္ဆိမာယ အနုဒိသာယ) အနောက်မြောက် အရပ်မျက်နှာ၌ ။ပ။ (၆)။ [၃၀၃] (ဥတ္တရာယ အနုဒိသာယ) အရှေ့မြောက် အရပ်မျက်နှာ၌ ။ပ။ (၇)။ (ဒက္ခိဏာယ အနုဒိသာယ) အနောက်တောင် အရပ်မျက်နှာ၌ ။ပ။ (၈) (ဟေဋ္ဌိမာယ ဒိသာယ) အောက်အရပ်မျက်နှာ၌ ။ပ။ (၉)။ (ဥပရိမာယ ဒိသာယ) အထက်အရပ်မျက်နှာ၌ အလုံးစုံသော သတ္တဝါတို့သည် ရန်ကင်းကြပါစေ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ (၁ဝ)။ (သတ္တဝါရ ၁)
အရှေ့အရပ်မျက်နှာ၌ အလုံးစုံသော အသက်ရှုသူတို့သည် ရန်ကင်းကြပါစေ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ (၁)။ အနောက်အရပ်မျက်နှာ၌ ။ပ။ အထက်အရပ်မျက်နှာ၌ အလုံးစုံသော အသက်ရှုသူတို့သည် ရန်ကင်းကြပါစေ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ(၁၀)။ (ပါဏဝါရ ၂)
အရှေ့အရပ်မျက်နှာ၌ အလုံးစုံသော ထင်ရှားဖြစ်သူတို့သည် ။ပ။ အထက်အရပ်မျက်နှာ၌ အလုံးစုံသော ထင်ရှားဖြစ်သူတို့သည် ရန်ကင်းကြပါစေ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ (၁၀)။ (ဘူတဝါရ ၃)
၄၉၆
အရှေ့အရပ်မျက်နှာ၌ အလုံးစုံသော ပုဂ္ဂိုလ်တို့သည် ။ပ။ အထက်အရပ်မျက်နှာ၌ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ (၁၀)။ (ပုဂ္ဂလဝါရ ၄)
အရှေ့အရပ်မျက်နှာ၌ အလုံးစုံသော အတ္တဘော၌ အတွင်းဝင်သူတို့သည် ။ပ။ အထက်အရပ်မျက်နှာ၌ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ (၁၀)။ (အတ္တဘာဝပရိယာပန္နဝါရ ၅)
အရှေ့အရပ်မျက်နှာ၌ အလုံးစုံသော မိန်းမတို့သည် ။ပ။ အထက်အရပ်မျက်နှာ၌ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ (၁၀)။ (ဣတ္ထိဝါရ ၆)
အရှေ့အရပ်မျက်နှာ၌ အလုံးစုံသော ယောက်ျားတို့သည် ။ပ။ အထက်အရပ်မျက်နှာ၌ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ (၁၀)။ (ပုရိသဝါရ ၇)
အရှေ့အရပ်မျက်နှာ၌ အလုံးစုံသော အရိယာတို့သည် ။ပ။ အထက်အရပ်မျက်နှာ၌ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ (၁၀)။ (အရိယဝါရ ၈)
အရှေ့အရပ်မျက်နှာ၌ အလုံးစုံသော ပုထုဇဉ်တို့သည် ။ပ။ အထက်အရပ်မျက်နှာ၌ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ (၁၀)၊ (အနရိယဝါရ ၉)
အရှေ့အရပ်မျက်နှာ၌ အလုံးစုံသော နတ်တို့သည် ။ပ။ အထက်အရပ်မျက်နှာ၌ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ (၁၀)။ (ဒေဝဝါရ ၁၀)
အရှေ့အရပ်မျက်နှာ၌ အလုံးစုံသော လူတို့သည် ။ပ။ အထက်အရပ်မျက်နှာ၌ ။ပ။ ရွက်ဆောင်နိုင်ကြပါစေ (၁၀)၊(မနုဿဝါရ ၁၁)
အရှေ့အရပ်မျက်နှာ၌ အလုံးစုံသော အပါယ်ဘုံသားတို့သည် ။ပ။ အထက်အရပ်မျက်နှာ၌ အလုံးစုံသော အပါယ်ဘုံသားတို့သည် ရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ချမ်းသာနှင့်ပြည့်စုံ၍ မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေ (၁၀)
၄၉၇
(ဝိနိပါတိကဝါရ ၁၂)-ဟူသော ဤဆယ်ပါးသော အခြင်းအရာတို့ဖြင့် အရပ်မျက်နှာကို ဖြန့်သော မေတ္တာစေတောဝိမုတ္တိကို သိအပ်၏။
၂၅၆။ (မေတ္တာပွါးပုံကိုပြသော သဗ္ဗေ သတ္တာ-အစရှိသော) ထိုစကားရပ်၌ သဗ္ဗေ-အလုံးစုံကုန်သော- ဟူသော ဤစကားသည် အကြွင်းမဲ့သိမ်းယူသော စကားပေတည်း။ သတ္တာ-သတ္တဝါတို့-ဟူရာ၌ ရုပ်အစရှိသော ခန္ဓာတို့၌ လိုချင်တပ်မက်သော ဆန္ဒရာဂဖြင့် ငြိကပ်ကြ တွယ်တာကြသောကြောင့် သတ္တာ-သတ္တဝါတို့ မည်ကုန်၏။ မှန်ပေ၏- မြတ်စွာဘုရားသည် အောက်ပါစကားကို ဟောတော်မူ(အပ်)ပေသည်။
“(ရဟန်းအိုကြီး)ရာဓ ရုပ်၌ အကြင်လိုချင်ခြင်းသည် အကြင်တပ်မက်ခြင်းသည် အကြင်နှစ်သက်ခြင်းသည် အကြင်ဆာလောင်ခြင်း တဏှာသည် ရှိ၏၊ ထိုရုပ်၌ ထိုတဏှာဖြင့် ငြိကပ်တွယ်တာတတ်၏၊ ထို့ကြောင့် သတ္တ-သတ္တဝါဟု ခေါ်ဆိုအပ်၏။ ဝေဒနာ၌.. သညာ၌.. သင်္ခါရတို့၌.. ဝိညာဏ်၌.. အကြင် လိုချင်ခြင်းသည်.. အကြင် ဆာလောင်ခြင်း တဏှာသည် ရှိ၏၊ ထိုဝိညာဏ်၌ ထိုတဏှာဖြင့် ငြိကပ်တွယ်တာတတ်၏၊ ထို့ကြောင့် သတ္တ-သတ္တဝါဟု ခေါ်ဆိုအပ်၏” ဟူ၍ပင်တည်း။
ဆက်၍ ရှင်းပြဦးအံ့- ဤသတ္တဝါဟူသော ဝေါဟာရသည် တပ်မက်မှု ရာဂကင်းသော ရဟန္တာတို့၌လည်း အတင်ရုဠှီ အတွင်ရုဠှီ
၄၉၈
သဒ္ဒါအလိုအားဖြင့်၁ ဖြစ်သည်သာလျှင်တည်း၊ တာလဝဏ္ဋ- ထန်းရွက်ယပ်-ဟူသော ဝေါဟာရသည် ဝါးနှီးဖြင့် လုပ်ထားသော ယပ်အထူး၌ ဖြစ်သကဲ့သို့ပင်တည်း။ သဒ္ဒါဆရာတို့သည်ကား အနက်ကို မစိစစ်မူ၍ ဤသတ္တ- သတ္တဝါဟူသော အမည်ကို အမည်မျှသာဟူ၍ အလိုရှိကုန်၏။ အနက်ကို စိစစ်သော ဆရာတို့သည်လည်း သတွဂုဏ်နှင့် ယှဉ်ခြင်းကြောင့် သတ္တ- သတ္တဝါမည်သည်ဟု၂ အလိုရှိကုန်၏။
၁- ပုံသဏ္ဌာန်-စသည် တူသဖြင့် တင်စား၍ခေါ်သော အမည်သည် အတင်ရုဠှီ မည်၏၊ ဝါးနှီးဖြင့် ပြုလုပ်ထားသော ယပ်ကို တာလဝဏ္ဋ- ထန်းရွက်ယပ်ဟု ခေါ်သကဲ့သို့ပင်။ ရာဂရှိသော ပုဂ္ဂိုလ်တို့၌လည်း ခန္ဓာငါးပါးရှိသည်၊ ရာဂကင်းသော ရဟန္တာတို့၌လည်း ခန္ဓာငါးပါးရှိသည်၊ ဤသို့ ခန္ဓာငါးပါးရှိပုံချင်း တူသောကြောင့် ရဟန္တာတို့ကိုလည်း အတင်ရုဠှီအားဖြင့် သတ္တ-သတ္တဝါဟု ခေါ်သည်။ ထို့ပြင် ခေါ်ဝေါ်နေကျဖြစ်၍ တွင်နေသော အမည်သည် အတွင်ရုဠှီမည်၏။ သင်ကြားပြသပေးသောသူကို ဆရာဟု ခေါ်ကြ၏၊ ထိုသူသည် သင်ကြားပြသမှုမှ ရပ်စဲ၍ နေငြားသော်လည်း ထိုသူကို ဆရာဟု ခေါ်တွင်နေခြင်းမျိုးပင်တည်း။ သတ္တဟူသော ဤဝေါဟာရသည်လည်း ရာဂရှိစဉ်က ခေါ်တွင်နေသောကြောင့် ရာဂကင်းသော ရဟန္တာတို့၌လည်း သတ္တ-သတ္တဝါဟူ၍ပင် ခေါ်တွင်မြဲ ခေါ်တွင်နေလေသည်၊ အတွင်ရုဠှီအားဖြင့် ခေါ်ဆိုရခြင်းပေတည်း။
၂- သတွဂုဏ်နှင့် ယှဉ်ခြင်းကြောင့်-ဟူရာ၌ ဗုဒ္ဓိခေါ် အသိဉာဏ်သည်၎င်း လုံ့လဝီရိယသည်၎င်း ဥသ္မာခေါ် အပူငွေ့ တေဇောသည်၎င်း သတွဂုဏ်မည်၏၊ ထိုသတွဂုဏ်နှင့် ယှဉ်ခြင်းကြောင့် သတ္တ- သတ္တဝါမည်ကုန်၏။ ဥပမာ- ညိုသော အဆင်းဂုဏ်နှင့် ယှဉ်ခြင်းကြောင့် ပုဆိုးကို အညိုဟု ခေါ်ဆိုအပ်သကဲ့သို့ပေတည်း။ (ဋီကာ) သက္ကတ၌ သတ္တွ
၄၉၉
အသက်ရှူတတ်သောကြောင့် ပါဏမည်ကုန်၏၊ ထွက်သက် ဝင်သက်နှင့်စပ်သော ဖြစ်ခြင်းရှိသောကြောင့်ဟု ဆိုလို၏။ ထင်ရှားဖြစ်ခြင်းကြောင့် ဘူတမည်ကုန်၏၊ ကောင်းစွာဖြစ်ခြင်း အသစ် ထင်ရှားဖြစ်ခြင်းကြောင့်ဟု ဆိုလို၏။ ငရဲကို ပုံ-ဟု ခေါ်သည်။ ထိုငရဲသို့ ရောက်တတ်သောကြောင့် ပုဂ္ဂလ- ပုဂ္ဂိုလ်မည်ကုန်၏၁။ ကိုယ်ကို သို့မဟုတ် ခန္ဓာငါးပါးအပေါင်းကို (အတ္တဟု ထင်မှတ်ရခြင်း၏ အကြောင်းဖြစ်သောကြောင့်) အတ္တဘာဝ- အတ္တဘော-ဟု ခေါ်သည်။ အဘယ့်ကြောင့်နည်း?ဟူမူ ထိုခန္ဓာငါးပါးအပေါင်းကိုစွဲ၍ ပညတ်မျှ ဖြစ်သင့်သောကြောင့်ပေတည်း။ ထိုအတ္တဘာဝ- အတ္တဘော၌ ပရိယာပန္နဖြစ်သောကြောင့် အတ္တဘာဝပရိပန္နမည်ကုန်၏။ ပရိယာပန္နာ- ဟူသည်ကား ပိုင်းခြားအပ်ကုန်သည် အတွင်းဝင်ကုန်သည်ဟု အနက်ရ၏။
ပါဠိ၌ သတ္တ, မြန်မာ၌ သတ္တဝါ- ဤအမည်တို့သည် အရတူပင် ဖြစ်သည်။ ဤအလိုအားဖြင့် ဂုဏူပစာဟု ဆိုရာရောက်၏။
၁- ပုံ-ငရဲသို့ + ဂလ- ရောက်တတ်သည်= ပုဂ္ဂလ-ငရဲသို့ ရောက်တတ်သူ- ငရဲကျတတ်သူ-ဟု တိုက်ရိုက်အားဖြင့် အနက်ရ၏။ သို့သော်လည်း သတ္တဝါဟူသမျှကိုပင် ပုဂ္ဂလ-ပုဂ္ဂိုလ်ဟု ခေါ်သည်။ ဋီကာ၌ကား ပူရဏ- ပြည့်စေတတ်သောကြောင့်၎င်း, ဂလန- လျောကျတတ်သောကြောင့်၎င်း ပုဂ္ဂလမည်ကုန်၏ဟု သဒ္ဒါဆရာတို့က ဆိုကြ၏။ ချဲ့ပြအံ့- သတ္တဝါတို့သည် ဘဝသစ်၌ ဖြစ်ကုန်လတ်သော် ထိုထို သတ္တဝါအပေါင်းကို ပြည့်စေကုန်သကဲ့သို့ ရှိကြ၏။ ခပ်သိမ်းသော အခိုက်အတန့်၌ သေလျက် ကျတတ်ကြသောကြောင့် လျှောကျ စုတေတတ်ကုန်၏- ဤကား ပူရ+ဂလ=ပု+ဂလ-တို့၏ အနက်ပေတည်း”ဟု တနည်း ဖွင့်ပြထား၏။ ထိုအလိုအားဖြင့် ပူရ-ပု-ပြည့်စေတတ်သည်+
၅၀၀
[၃ဝ၄] ဆက်၍ ရှင်းပြဦးအံ့- အတ္တသဒ္ဒါကဲ့သို့ပင် ထို့အတူ ကြွင်းသော ပါဏ-အစရှိသော သဒ္ဒါတို့ကိုလည်း ရုဠှီအစွမ်းအားဖြင့် တင်၍ ဤသဒ္ဒါအားလုံးတို့သည် သတ္တဝါအားလုံးကိုဟောသည့် ဝေဝုစ် ပရိယာယ် စကားလှယ်တို့ ဖြစ်ကြသည်ဟူ၍ သိအပ်ကုန်၏။ သတ္တဝါအားလုံးကိုဟောသည့် ဝေဝုစ် ပရိယာယ် စကားလှယ်ဖြစ်ကြသော ဇန္တု, ဇီဝ အစရှိသော အခြားသဒ္ဒါတို့လည်း ရှိကြသေး၏၊ သို့သော်လည်း ထင်ရှားသည်၏ အစွမ်းအားဖြင့် ဤငါးပုဒ်တို့ကိုသာ ယူ၍ “ငါးပါးသော အခြင်းအရာတို့ဖြင့် အပိုင်းအခြား မရှိသောအားဖြင့် ဖြန့်သော (အနောဓိသ) မေတ္တာစေတောဝိမုတ္တိ ဖြစ်သည်”ဟူ၍ ဟောထားပေသည်။
အကြင် ဆရာတို့သည်ကား သတ္တ ပါဏစသော သဒ္ဒါတို့၏ ထူးခြားခြင်းသည် သက်သက် သဒ္ဒါမျှဖြင့်သာဟူ၍ မယူလိုကုန်၊ စင်စစ်သော်ကား အနက်အရအားဖြင့်လည်း ထူးခြားခြင်းကို ယူလိုကုန်ရာ၏။ ထိုဆရာတို့၏ (အလိုအားဖြင့်) အပိုင်းအခြား မရှိသောအားဖြင့် ဖြန့်ခြင်းသည် ဆန့်ကျင်၏၁။ ထို့ကြောင့် ထိုသို့ အနက်အရပါ ကွဲပြားသော အနက်ကို မယူမူ၍ ဤငါးပါးသော အခြင်းအရာတို့တွင်
ဂလ-လျောကျတတ်သည် = ပုဂ္ဂလ-ပြည့်စေတတ် လျောကျတတ်သူဟု ဆိုရာ၏။ ဤအဆိုသည် သတ္တဝါအားလုံးနှင့် သက်ဆိုင်ပေ၏။
၁- သတ္တ-အရ တပ်မက်မှု- ရာဂရှိသူတို့ကိုသာ ယူလျှင် ရာဂကင်းသော ရဟန္တာတို့ ကျန်နေသောကြောင့်၎င်း၊ ပါဏ-အရ အသက်ရှူသူတို့ကိုသာ ယူလျှင် အသက်မရှူသော ဗြဟ္မာတို့ ကျန်နေသောကြောင့်၎င်း ဤသို့စသည်ဖြင့် သတ္တဝါအားလုံးသို့ မရောက်သောကြောင့် အပိုင်းအခြား မရှိသောအားဖြင့် သတ္တဝါအားလုံးကို မေတ္တာဖြန့်ခြင်း မဖြစ်ဟု ဆိုလို၏။
၅၀၁
တပါးပါး၏ အစွမ်းအားဖြင့် အပိုင်းအခြား မရှိသောအားဖြင့် (အနောဓိသ)မေတ္တာကို ဖြန့်အပ်ပေသည်။
၅၂၈-သွယ်မေတ္တာ ရေတွက်ပုံ
၂၅၇။ ဤသို့ ဖြန့်ရာ၌လည်း၁ အလုံးစုံသော သတ္တဝါတို့သည် ရန်ကင်းကြပါစေဟူသော ဤမေတ္တာဖြန့်ခြင်းသည် တခုသော အပ္ပနာပေတည်း၂။ (အဗျာပဇ္ဈာ) စိတ်ဆင်းရဲ ကင်းကြပါစေဟူသော ဤဖြန့်ခြင်းသည် တခုသော အပ္ပနာပေတည်း။ အဗျာပဇ္ဇာဟူသည်ကား ဗျာဗာဓခေါ်သော နှိပ်စက်တတ်သည့် (စိတ်)ဆင်းရဲ ကင်းကုန်သည်၃(ဟု ဆိုလို၏။) (အနီဃာ) ကိုယ်ဆင်းရဲ ကင်းကြပါစေဟူသော ဤဖြန့်ခြင်းသည် တခုသော အပ္ပနာပေတည်း။
၁- ဤသို့ ဖြန့်ရာ၌လည်း.. ထိုထို ထင်ရှားရှိသောပုဒ်၏ အစွမ်းအားဖြင့် မေတ္တာကို ဖြန့်အပ်၏-ဟု စပ်ပါ။
၂- ဤသို့ ဖြန့်လျက်လည်း မေတ္တာဈာန်တပါး ဖြစ်သည်ဟု ဆိုလို၏။
၃- ဗျာဗာဓရဟိတာ-ဟူသော ပါဌ်မှန်ကိုယူ၍ ပြန်သည်။ သီမူ ဋီကာ၌ ဗျာဗာဓရဟိတာတိ ဒေါမနဿ ဗျာဗာဓရဟိတာ-ဟု ပါဌ်မှန် ရှိ၏။ ဗျာဗာဓ-နှင့် ဗျာပဇ္ဈ ၂-ပုဒ်လုံး ဆင်းရဲဟောချည်းပင်။ ဤအရာ၌ကား ဒေါမနဿ-ဟူသော ဗျာဗာဓမှ ကင်းကုန်သည်-ဟု ဋီကာ၌ ဖွင့်ပြသောကြောင့် စိတ်ဆင်းရဲ ကင်းသည်ကိုသာ ဆိုလိုသည်။ ထို့ကြောင့် (စိတ်)ဖြင့် အထူးပြု၍ ပြန်ထားသည်။ ဗျာဗာဓ ဗျာပဇ္ဈ ပုဒ်တို့၏ အဆုံးအဖြတ်ကို အကျယ်သိလိုလျှင် မဟာဋီကာနိဿယ ဒုတိယတွဲ နှာ ၃၂၉၊ ၃၃၄-၌ အောက်ခြေမှတ်ချက်များကို ကြည့်ပါ။
၅၀၂
အနီဃာ-ဟူသည်ကား (နိဒ္ဒုက္ခာ) (ကိုယ်)ဆင်းရဲ ကင်းကုန်သည်၁(ဟု ဆိုလို၏)။ ချမ်းသာနှင့် ပြည့်စုံ၍ မိမိကိုယ်ကို ရွက်ဆောင်နိုင်ကြပါစေဟူသော ဤဖြန့်ခြင်းသည် တခုသော အပ္ပနာပေတည်း။ ထို့ကြောင့် ဤလေးပုဒ်တို့တွင်လည်း အကြင် အကြင် ပုဒ်သည် ထင်ရှား၏၊ ထိုထို ထင်ရှားသောပုဒ်၏ အစွမ်းအားဖြင့် မေတ္တာကို ဖြန့်အပ်၏။ ဤဆိုခဲ့သည့်အတိုင်း (အလုံးစုံသော သတ္တဝါတို့သည် အစရှိသော) ငါးပါးသော အခြင်းအရာတို့၌ (ရန်ကင်းကြပါစေ အစရှိသော) လေးပါး လေးပါးသော အပ္ပနာတို့၏ အစွမ်းအားဖြင့် (အနောဓိသ) အပိုင်းအခြား မရှိသောအားဖြင့် ဖြန့်ရာ၌ အပ္ပနာ၂၀-ဖြစ်ကုန်၏။
(ဩဓိသ) အပိုင်းအခြားအားဖြင့် ဖြန့်ရာ၌ကား (အလုံးစုံသော မိန်းမတို့သည် အစရှိသော) ခုနစ်ပါးသော အခြင်းအရာတို့၌ လေးပါး လေးပါးသော အပ္ပနာတို့၏ အစွမ်းအားဖြင့် အပ္ပနာ၂၈-ပါး ဖြစ်ကုန်၏။ ဆက်ဦးအံ့- ဤအပိုင်းအခြားအားဖြင့် ဖြန့်ရာ၌ မိန်းမတို့သည် ယောက်ျားတို့သည်ဟူသော ၂-ပုဒ်ကို လိင်၏အစွမ်းအားဖြင့် ဟော(အပ်)ပေသည်။ အရိယာတို့သည် အရိယာမဟုတ်သူတို့သည်ဟူသော ၂-ပုဒ်ကို အရိယာနှင့် ပုထုဇဉ်တို့၏ အစွမ်းအားဖြင့် (ဟောအပ်ပေသည်)။ နတ်တို့သည် လူတို့သည် ဝိနိပါတိက အပါယ်ဘုံသားတို့သည်ဟူသော ၃-ပုဒ်ကို ကပ်၍ ဖြစ်ခြင်းဟူသော (ဥပပါတ်)ပဋိသန္ဓေ၏ အစွမ်းအားဖြင့် (ဟောအပ်ပေသည်)။
၁- ဤဃ-နှင့် ဒုက္ခပုဒ်တို့သည် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ၂-မျိုးလုံးကို ဟော၏။ သို့သော်လည်း စိတ်ဆင်းရဲ ကင်းစေရန် ဖြန့်သော အဗျာပဇ္စျာ-ပုဒ်နှင့် ယှဉ်တွဲလျက်ပြသော အရာဖြစ်သောကြောင့် ဤအရာ၌ ကြွင်းသော ကိုယ်ဆင်းရဲကိုသာ ရည်သည်ဟု ယူရာ၏။
၅၀၃
အရပ်မျက်နှာအားဖြင့် ဖြန့်ရာ၌ကား “အရှေ့အရပ်မျက်နှာ၌ အလုံးစုံသော သတ္တဝါတို့သည်” ဤသို့ အစရှိသောနည်းဖြင့် တခု တခုသော အရပ်မျက်နှာ၌ နှစ်ဆယ် နှစ်ဆယ် ပြု၍ နှစ်ရာ(၂၀၀)ဖြစ်ကုန်၏။ “အရှေ့အရပ်မျက်နှာ၌ အလုံးစုံသော မိန်းမတို့သည်” ဤသို့ အစရှိသောနည်းဖြင့် တခုတခုသော အရပ်မျက်နှာ၌ နှစ်ဆဲ့ရှစ် နှစ်ဆဲ့ရှစ်တို့ကို ပြု၍ နှစ်ရာ့ရှစ်ဆယ် (၂၈၀)ဖြစ်ကုန်၏။ ဤသို့အားဖြင့် အပ္ပနာ လေးရာ့ရှစ်ဆယ် (၄၈၀)ဖြစ်ကုန်၏။ (အနောဓိသ၂၀ + ဩဓိသ ၂၈ + ဤအရပ်မျက်နှာဖြင့် ဖြန့်ရာ၌ ၄၈ဝ-ဟူသော) ဤအပြားအားဖြင့် ပဋိသမ္ဘိဒါမဂ်၌ ဟောထားသော အပ္ပနာအလုံးစုံတို့သည် ငါးရာ့နှစ်ဆဲ့ရှစ် (၅၂၈)ပါး ဖြစ်ကုန်၏။ ဤတွင် တရပ်ပြီး၏။
မေတ္တာ၏ အာနိသင်အကျိုး ၁၁-ပါး
ယခု ပြဆိုခဲ့သည့်အတိုင်း ငါးရာ့နှစ်ဆယ့်ရှစ် (၅၂၈)သွယ်သော အပ္ပနာတို့တွင် အမှတ်မရှိ တပါးပါးသော အပ္ပနာ၏ အစွမ်းအားဖြင့် မေတ္တာစေတောဝိမုတ္တိကို ပွါး၍ ဤယောဂါဝစရ (ယောဂီ)ပုဂ္ဂိုလ်သည် ချမ်းသာစွာ အိပ်ရ၏- အစရှိသောနည်းဖြင့် ဟောတော်မူ(အပ်ကုန်)သော ၁၁-ပါးသော အာနိသင်အကျိုးတို့ကို ရပေ၏။
[၃၀၅] ၂၅၈။ ထိုတွင် ချမ်းသာစွာ အိပ်ရ၏- ဟူသည်ကား (မေတ္တာစေတောဝိမုတ္တိကို ရသူမှ) ကြွင်းကုန်သော အခြားပုဂ္ဂိုလ်တို့သည်၁ တပြောင်းပြောင်း တပြန်ပြန် လူးလှိမ့်ကုန်လျက် ဃရူးဃရူး-ဟု
၁-ကြွင်းသော အခြားပုဂ္ဂိုလ်တို့ ဟူသည်မှာ မေတ္တာစေတောဝိမုတ္တိကို မရသော သူတို့ပေတည်း-ဟု ဖွင့်ပြသော ဋီကာနှင့်အညီ ပြန်ချက်ဖြစ်သည်။ သို့သော် ဗုဒ္ဓါနုဿတိ စသည်ကို ပွါးများသော သူတို့သည်၎င်း၊
၅၀၄
ရှူရှိက်သံ မြည်စေကုန်လျက် (ဝါ-ဟောက်ကုန်လျက်) ဆင်းရဲစွာ အိပ်ရကုန်သကဲ့သို့ ထို့အတူ ဆင်းရဲစွာ မအိပ်ရမူ၍ ချမ်းသာစွာ အိပ်ရ၏၊ အိပ်ပျော်ခြင်းသို့ ရောက်နေသော်လည်း သမာပတ် ဝင်စားနေသကဲ့သို့ ဖြစ်ပေ၏။ (၁)
ချမ်းသာစွာ နိုးရ၏- ဟူသည်ကား အခြားသူတို့သည် ညည်းတွားကုန်လျက် ကိုယ်လက်တို့ကို ပစ်နွှဲကုန်လျက် လူးလှိမ့်ကုန်လျက် ဆင်းရဲစွာ နိုးရကုန်သကဲ့သို့ ထို့အတူ ဆင်းရဲစွာ မနိုးမူ၍ ပဒုမ္မာကြာပန်း ပွင့်လာသကဲ့သို့ ကိုယ်၏ဖောက်ပြန်ခြင်း မရှိပဲ ချမ်းသာစွာ နိုးရပေ၏။ (၂)
ယုတ်ညံ့သော အိပ်မက်ဆိုးကို မမြင်ရ- ဟူသည်ကား အိပ်မက်ကို မြင်သော်လည်း အိပ်မက်ကောင်းကိုသာ မြင်၏၊ စေတီတော်ကို ရှိခိုးနေသကဲ့သို့၎င်း ပူဇော်ခြင်းကို ပြုနေသကဲ့သို့၎င်း တရားကို နာနေသကဲ့သို့၎င်း မြင်မက်၏။ အခြားသူတို့သည် မိမိကို ခိုးသူ လူဆိုးတို့က ဝိုင်းရံထားသကဲ့သို့၎င်း ကျားစသော သားရဲတို့၏ အနှိပ်စက်ခံနေရသကဲ့သို့၎င်း ကမ်းပါးပြတ်၌ ကျသွားသကဲ့သို့၎င်း မြင်မက်ကုန်သကဲ့သို့ ထို့အတူ ယုတ်ညံ့သော အိပ်မက်ဆိုးကို မမြင်မရပေ။ (၃)
လူတို့က ချစ်သည်- ဟူသည်ကား (လည်၌ စွပ်၍) ရင်၌ တွဲလွဲကျနေသော ပုလဲသွယ်ကဲ့သို့၎င်း ဦးခေါင်း၌ ပန်ဆင်ထားသော ပန်းကုံးကဲ့သို့၎င်း လူတို့က ချစ်ခင်မြတ်နိုးပေ၏။ (၄)
အခြားစျာန်ကို ရသောသူတို့သည်၎င်း ချမ်းသာစွာ အိပ်ရခြင်း အာနိသင်ကို ရသင့်သည်သာ ဖြစ်သောကြောင့် ဘာဝနာ တပါးပါးကိုမျှ ပွါးစေခြင်းမရှိသော သူတို့ကိုသာလျှင် ယူသင့်ပေ၏။
၅၀၅
နတ်တို့က ချစ်သည်- ဟူသည်ကား လူတို့က ချစ်သကဲ့သို့ပင် နတ်တို့ကလည်း ချစ်ပေ၏၊ ဝိသာခမည်သော မထေရ်ကဲ့သို့ပေတည်း။
ထိုဝိသာခမထေရ်သည် (ရဟန်းမပြုမီက) ပါဋလိပုတ်မြို့၌ သူကြွယ်တဦး ဖြစ်သတတ်။ ထိုဝိသာခသူကြွယ်သည် ထိုပါဋလိပုတ်မြို့၌ နေစဉ်ပင် “သီဟိုဠ်ကျွန်းသည် စေတီတော်အစဉ်ဖြင့် တန်ဆာဆင်သကဲ့သို့ ရှိသတတ်၊ သင်္ကန်းရောင်ဖြင့် တောက်ပလျက် ရှိသတတ်၊ ထိုသီဟိုဠ်ကျွန်း၌ အလိုရှိရာရာ အရပ်မှာပင် ထိုင်နေရန် အိပ်နေရန် ဖြစ်နိုင်သတတ်၊ လျောက်ပတ်သော ဥတု, လျောက်ပတ်သော ကျောင်း, လျောက်ပတ်သော ပုဂ္ဂိုလ်, လျောက်ပတ်သော တရားနာခြင်းဟူသော သပ္ပါယအလုံးစုံကို ထိုကျွန်း၌ ရလွယ်သတတ်”ဟူ၍ သတင်းကြားရလေသည်။
ထိုဝိသာခသူကြွယ်သည် မိမိ၏ စည်းစိမ်ဥစ္စာအစုကို သားမယားအား အပ်နှင်းခဲ့ပြီးလျှင် ပုဆိုးအစွန်း၌ ထုပ်ဖွဲ့ထားသော အသပြာတခုသာ ပါသည်ဖြစ်၍ အိမ်မှ ထွက်ခဲ့လေသည်။ ပင်လယ်ကမ်းခြေ သင်္ဘောဆိပ်အရပ်သို့ ရောက်သောအခါ သင်္ဘောကိုငံ့လျက် တလမျှ နေရ၏။ ထိုသို့ နေစဉ် ဝိသာခသူကြွယ်သည် ရောင်းဝယ်မှု၌ ကျွမ်းကျင်သောကြောင့် ဤအရပ်မှ ပစ္စည်းကို ဝယ်ယူပြီးလျှင် ထိုအရပ်၌ ရောင်းလျက် တရားနှင့်ယှဉ်သော ကုန်သွယ်ခြင်းဖြင့် ထိုတလအတွင်း၌ပင် ငွေတထောင် စုမိလေသည်။ ထို့နောင် အစဉ်အတိုင်း မဟာဝိဟာရကျောင်းတိုက်သို့ လာရောက်၍ ရှင်ရဟန်းအဖြစ်ကို တောင်းလေသည်။
[၃ဝ၆] ထိုဝိသာခသူကြွယ်ကို ရှင်ရဟန်းပြုပေးရန် သိမ်သို့ ခေါ်သွားသောအခါ သူ၏ ခါးပိုက်ကြားမှ ထိုတထောင်အိတ်သည် မြေသို့ ကျသွားလေ၏။ “ဤအရာကား အဘယ်နည်း”ဟု
၅၀၆
မေးလတ်သော် “အသပြာငွေ တထောင်ပါဘုရား”ဟု လျှောက်၏။ “ဥပါသကာ ရှင်ရဟန်းဖြစ်သော ကာလမှစ၍ စီမံရန် မဖြစ်နိုင်ဘူး၊ ယခုပင် ဤငွေကို စီမံပါလော့”ဟု သံဃာက ဆိုသောအခါ “ဝိသာခ၏ ရှင်ရဟန်းပြုရာဌာနသို့ လာကြသောသူတို့သည် အချည်းနှီး လက်ရှိကာ ပြန်မသွားကြရပါစေလင့်”ဟု ဆိုလျက် ငွေထုပ်ကိုဖြေ၍ သိမ်တန်ဆောင်းဝန်း မြေပြင်၌ ဖြန့်ကြဲပြီးလျှင် ရှင်ပြု၍ ရဟန်းအဖြစ်သို့ ရောက်လေသည်။
ထိုဝိသာခရဟန်းသည် ငါးဝါရ၍ ဒွေမာတိကာကို ကျေပြွန်အောင် လေ့လာပြီးလျှင် ပဝါရဏာပြုပြီး၍ မိမိနှင့် သင့်လျော်သော ကမ္မဋ္ဌာန်းကို ယူပြီးလျှင် တခု တခုသော ကျောင်း၌ လေးလ လေးလ ကန့်သတ်၍ အညီအမျှဖြစ်သော နေခြင်းဖြင့် နေလျက် လှည့်လည်နေလေသည်။ ဤသို့ လှည့်လည်နေသော-
ဝိသာခမထေရ်သည် မိမိ၏ ဂုဏ်ကျေးဇူးကို ရှာမှီးကာ တောအကြား၌ တည်လျက် ခြင်္သေ့ဟောက်သကဲ့သို့ ကြုံးဝါးကာ ဤအကြောင်းအရာကို မြွက်ဆိုလေသည်-
“အကြင်မျှသော ကာလမှစ၍ ရဟန်းဖြစ်ခဲ့၏၊ အကြင်မျှသော ကာလဖြင့် ဤတောအလယ်သို့ ရောက်လာ၏။ ဤကာလအတွင်း၌ ချွတ်ချော်သော အကျင့်မည်သည် မရှိပေ၊ အရှင်ဝိသာခ သင်ရထားသော ဂုဏ်ကျေးဇူး လာဘ်တို့သည် ဪ ကြီးကျယ် မြင့်မြတ်ပါပေကုန်စွတကား” ဟူ၍ပင်တည်း။
ထိုဝိဿာခမထေရ်သည် စိတ္တလတောင် ကျောင်းတိုက်သို့ သွားလတ်သော် လမ်းနှစ်ခုသို့ ရောက်လတ်၍ “ဤဘက်လမ်းသည်
၅၀၇
သွားသင့်သည့် လမ်းလေလော၊ သို့မဟုတ် ဤဘက်လမ်းလေလော”ဟု စဉ်းစားလျက် ရပ်တန့်နေ၏။ ထိုအခါ တောင်၌ စိုးအုပ်နေသော နတ်သည် လက်ကိုဆန့်တန်း၍ “ဤသည်ကား လမ်းတည်း”ဟု ဆိုကာ ထိုဝိသာခမထေရ်အား ညွှန်ပြလေသည်။ ထိုဝိသာခမထေရ်သည် စိတ္တလတောင် ကျောင်းတိုက်သို့ သွားရောက်၍ ထိုကျောင်းတိုက်၌ လေးလပတ်လုံး နေပြီးလျှင် “မိုးသောက်ထအခါ၌ သွားတော့မည်”ဟု ကြံစည်ကာ လျောင်းစက်နေလေ၏။ စင်္ကြံဦး (မဏိလခေါ်)သပြေပင်၌ စိုးအုပ်နေသော ရုက္ခစိုးနတ်သည် လှေကားပျဉ်ချပ်၌ ထိုင်လျက် လှိုက်လှိုက်လှဲလှဲ ငိုနေလေသည်။
“ဤငိုနေသူကား အဘယ်သူနည်း”ဟု မထေရ်က မေး၏။ “အကျွန်ုပ်သည် သပြေပင်စောင့်နတ်ပါ အရှင်ဘုရား”ဟု လျှောက်၏။ အဘယ့်ကြောင့် ငိုသနည်းဟု မေး၏။ အရှင်ဘုရားတို့၏ ကြွသွားမည်ကို အကြောင်းပြု၍ ငိုပါသည်-ဟု လျှောက်၏။ ဤအရပ်၌ ငါနေခြင်းကြောင့် သင်တို့အား အဘယ်သို့သော ဂုဏ်အကျိုးကျေးဇူး ရှိပါသနည်း-ဟု မေး၏။ အရှင်ဘုရားတို့ ဤအရပ်၌နေလျှင် နတ်တို့သည် အချင်းချင်း မေတ္တာကို ရကြပါသည်ဘုရား၊ ယခု အရှင်ဘုရားတို့ ကြွသွားလျှင် ထိုနတ်တို့သည် ခိုက်ရန်ကို ပြုကြပါလိမ့်မည်။ ရုန့်ရင်းကြမ်းကြုတ်သော စကားကိုလည်း ပြောဆိုကြပါလိမ့်မည်-ဟု လျှောက်၏။ ဝိသာခမထေရ်သည် “ဤအရပ်၌ ငါနေလျှင် သင်တို့အား အကယ်၍ ချမ်းသာစွာနေရခြင်း ဖြစ်ပါမူ ကောင်းပါပြီ”ဟု ဆို၍ နောက်ထပ် လေးလပတ်လုံးလည်း ထိုအရပ်၌ နေပြီးလျှင် တဖန် ရှေးနည်းတူပင် သွားရန် စိတ်ကူးကြံစည်ပြန်၏။ နတ်သည်လည်း တဖန် ရှေးနည်းတူပင် လှိုက်လှိုက်လှဲလှဲ ငိုနေပြန်လေသည်။ ဤနည်းဖြင့်ပင်လျှင် ဝိသာခမထေရ်သည် ထိုအရပ်၌ပင် နေ၍
၅၀၈
ထိုအရပ်၌ပင် ပရိနိဗ္ဗာန် စံတော်မူလေသည်။ ဤဆိုခဲ့သည့်အတိုင်း မေတ္တာဖြင့် နေလေ့ရှိသော ရဟန်းကို နတ်တို့က ချစ်ပေသည်။ (၅)
နတ်တို့က စောင့်ရှောက်ကြသည်- ဟူသည်ကား မိဘတို့သည် သားကို စောင့်ရှောက်ကုန်သကဲ့သို့ နတ်တို့က စောင့်ရှောက်ကြသည်။ (၆)
[၃၀၇] မေတ္တာပွါးသူ၏(ကိုယ်၌) မီး အဆိပ် လက်နက် မကျရောက်နိုင်- ဟူသည်ကား မေတ္တာဖြင့် နေလေ့ရှိသောသူ၏ ကိုယ်၌ ဥတ္တရာမည်သော ဥပါသိကာ၏ (ကိုယ်၌) (ဆီပူ မလောင်သ)ကဲ့သို့ မီးသည်လည်း မကျရောက် မလောင်ပေ၊ သံယုတ်နိကာယ်ဆောင် စူဠသိဝမထေရ်မှာကဲ့သို့ အဆိပ်သည်လည်း မကျရောက်- မသင့်နိုင်ပေ။ သံကိစ္စသာမဏေ၏ (ကိုယ်မှာ)ကဲ့သို့ ဓားလက်နက်သည်လည်း မကျရောက်နိုင်- မလှီးဖြတ်နိုင်ပေ၊ မဝင်နိုင်- မစူးရှနိုင်ပေ၊ “မေတ္တာပွါးသူ၏ ကိုယ်ကို မဖျက်ဆီးနိုင်”ဟု ဆိုလို၏။ ဤအရာ၌ သားငယ်ရှိသော မိခင် နွားမဝတ္ထုကိုလည်း ပြောဆိုကြ၏၊ (ပြောဆိုပုံမှာ) တကောင်သော မိခင်နွားမသည် သားငယ်နွားကလေးအား နို့ရည်အယဉ်ကိုလွှတ်လျက် နို့တိုက်လျက် ရပ်တည်နေလေ၏၊ မူဆိုးတယောက်သည် ထိုနွားမကို ထိုးအံ့ဟု လက်ကို နောက်သို့ပစ်နွှဲ၍ အရှိန်ယူကာ အရိုးရှည်နှင့် လှံကို ပစ်လွှတ်လိုက်၏။ ထိုလှံသည် နွားမ၏ကိုယ်ကို ထိခိုက်၍ ထန်းရွက်ကဲ့သို့ ခွေလိပ်သွားလေသတတ်။ (ထိုသို့ ဖြစ်ခြင်းသည်) ဥပစာရ၏ အစွမ်းကြောင့်လည်း မဟုတ်၊ အပ္ပနာ၏ အစွမ်းကြောင့်လည်း မဟုတ်၊ သားငယ်ဖြစ်သော နွားကလေး၌ အားကြီးသော ချစ်ခင်စိတ်ရှိခြင်း သက်သက်ကြောင့်သာ ဖြစ်ပေသည်။ မေတ္တာသည် ဤသို့ပင် ကြီးမားသော အာနုဘော်ရှိပေသည်။ (၇)
၅၀၉
လျင်စွာ စိတ်တည်ကြည်၏- ဟူသည်ကား မေတ္တာဖြင့် နေလေ့ရှိသော ပုဂ္ဂိုလ်အား စိတ်သည် လျင်စွာပင် တည်ကြည်၏။ ထိုသို့ တည်ကြည်ခြင်း၏ နှောင့်နှေးခြင်းမည်သည် မရှိပေ။ (၈)
မျက်နှာအဆင်း ကြည်လင်၏- ဟူသည်ကား အညှာမှ ကြွေကျသော ထန်းသီးမှည့်ကဲ့သို့ ထိုမေတ္တာပွါးသူ၏ မျက်နှာသည် အထူးသဖြင့် ကြည်လင်သော အဆင်းရှိပေ၏။ (၉)
မတွေဝေပဲ သေရ၏- ဟူသည်ကား မေတ္တာဖြင့် နေလေ့ရှိသောသူမှာ တွေဝေလျက် သေခြင်းမည်သည် မရှိ၊ အိပ်ပျော်သွားသကဲ့သို့ပင် တွေဝေခြင်း မရှိပဲသာလျှင် သေရ၏။ (၁၀)
အထက်မဂ်ဖိုလ်တရားကို ထိုးထွင်း၍ မသိလတ် မရလတ်သော်- ဟူသည်ကား မေတ္တာသမာပတ်မှ အထက်ဖြစ်သော အရဟတ္တဖိုလ်ကို ရခြင်းငှါ မစွမ်းနိုင်လတ်သော် ဤလူ့ဘဝမှ စုတေ၍ အိပ်ပျော်နေရာမှ နိုးသောသူကဲ့သို့ ဗြဟ္မာ့လောက၌ ဖြစ်ရ၏။ (၁၁) ဤတွင် တရပ်ပြီး၏။
ဆိုခဲ့ပြီးသော ဤစကားသည် မေတ္တာဘာဝနာ၌ အကျယ်ပြဆိုသော စကားပေတည်း။
၂-ကရုဏာပွါးပုံ အဖွင့်
၂၅၉ ။ ကရုဏာကို ပွါးစေလိုသော ပုဂ္ဂိုလ်သည် သနားခြင်းကရုဏာ ကင်းမဲ့ခြင်း၌ အပြစ်ကို၎င်း, သနားခြင်းကရုဏာ၌ အကျိုးအာနိသင်ကို၎င်း ဆင်ခြင်ပြီးလျှင် ကရုဏာဘာဝနာကို အားထုတ်အပ်၏။ ထိုကရုဏာ ဘာဝနာကို အားထုတ်သော ပုဂ္ဂိုလ်သည်လည်း ရှေးဦးစွာ ချစ်အပ်သော (ပိယ)ပုဂ္ဂိုလ် စသည်တို့၌
၅၁၀
အားမထုတ်အပ်သေး။ မှန်ပေ၏- ချစ်အပ်သောသူသည် ချစ်အပ်သူအရာ၌သာလျှင် တည်၏၁၊ အလွန်ချစ်သော သူငယ်ချင်းသည် အလွန်ချစ်သော သူငယ်ချင်းအရာ၌သာလျှင် တည်၏၊ အလယ်အလတ်ဖြစ်သူသည် အလယ်အလတ် အရာ၌သာလျှင် တည်၏၊ မချစ်အပ်သောသူသည် မချစ်အပ်သောသူ အရာ၌သာလျှင် တည်၏၊ ရန်သူသည် ရန်သူအရာ၌သာလျှင် တည်၏၊ လိင်အသွင် ကွဲပြားသောသူ သေလေသူတို့သည် ကရုဏာ၏ နယ်ပယ်မဟုတ်သည်သာ။ စင်စစ်သော်ကား-
“ရဟန်းသည် အဘယ်သို့လျှင် ကရုဏာနှင့် တကွဖြစ်သော စိတ်ဖြင့် တခုသောအရပ်ကို ဖြန့်၍ နေသနည်း၊ ဥပမာဖြင့် ပြရလျှင် ဆင်းရဲဒုက္ခ ရောက်နေသော မကောင်းဆိုးဝါးသည့် အခြေအနေရှိနေသော၂ ပုဂ္ဂိုလ်တယောက်ကို တွေ့မြင်ရလျှင် သနားကရုဏာ သက်ရာသကဲ့သို့ [၃ဝ၈] ထို့အတူပင်
၁- ချစ်အပ်သောသူကို ကရုဏာပွါးရန် သနားရန် အားထုတ်သောသူအား ချစ်အပ်သူ၏အဖြစ်သည် ရှေးဦးအစ၌ မကင်းနိုင်၊ ချစ်အပ်သူ၏အဖြစ် မကင်းလျှင် ကရုဏာကို ပွါးစေခြင်းသည် အဘယ်မှာ ဖြစ်နိုင်ပါအံ့နည်း။ ထို့ကြောင့် “ချစ်အပ်သူ၏ အရာ၌သာလျှင် တည်၏-ဟု အဋ္ဌကထာဆရာ မိန့်ဆိုပေသည်။ (ဋီကာ) ကြွင်းသော ပုဂ္ဂိုလ်တို့၌လည်း နည်းတူပင် သိရန်လည်း ထိုဋီကာ၌ ညွှန်ပြထားသည်။
၂- ဒုရူပေတံ-၏ အနက်ဖြစ်သည်၊ ဤ၌ မကောင်းဆိုးဝါးသည့် အခြေအနေ-ဟူသည်မှာ မျက်မြင်အားဖြင့် မကောင်းသော အခြေအနေကို၎င်း, မကောင်းမှု ဒုစရိုက်တို့ကို၎င်း ယူရာ၏။ ဋီကာ၌ ကာယဒုစရိုက် စသည်တို့နှင့် ပြည့်စုံသူကို ဒုရူပေတ-ဟု ဖွင့်ပြ၏။
၅၁၁
အလုံးစုံသော သတ္တဝါတို့ကို သနားခြင်း ကရုဏာဖြင့် ဖြန့်၏”ဟု-
အဘိဓမ္မာ ဝိဘင်းပါဠိ၌ ဟောထားသောကြောင့် အလုံးစုံတို့၏ ရှေးဦးစွာ အလွန်ဆင်းရဲခြင်းသို့ ရောက်၍ သနားထိုက်သည့် သဘောရှိသော (ဝါ-သနားစရာကောင်းသော) ဆင်းရဲက္ခရောက်နေသော မကောင်းဆိုဝါးသည့် အခြေအနေရှိနေသော ခိုကိုးရာမဲ့ အထီးကျန်သော ယောက်ျားသည် အစာအာဟာရပြတ်လျက် တောင်းခံခွက်ကို ရှေ့၌ ချထားလျက် ခိုကိုးရာမဲ့သူတို့၏နေရာ ဇရပ်၌ ထိုင်နေသည်ကို၎င်း, နူနာစွဲကပ်သော လက်ခြေတို့မှ ပိုးလောက်များ ထွက်ကျလျက် နာကျင်ကိုက်ခဲသဖြင့် ညည်းတွားမြည်တမ်း နေသည်ကို၎င်း ကြည့်ရှုရ တွေ့မြင်ရပြီးလျှင် “ဤသတ္တဝါသည် ဆင်းရဲခြင်းသို့ ရောက်နေရှာလေစွ၊ ဤဆင်းရဲမှ လွတ်ပါမူ ကောင်းလေစွ”ဟု သနားခြင်း ကရုဏာကို ဖြစ်စေအပ်၏၊ ထိုသို့သော ပုဂ္ဂိုလ်ကို မမြင်တွေ့ရပါမူ ချမ်းသာနေသူပင် ဖြစ်သော်လည်း မကောင်းမှု ပြုလေ့ရှိသူဖြစ်လျှင် ထိုသို့သော ပုဂ္ဂိုလ်ကို အသတ်ခံရမည့်သူနှင့် ဥပမာပြု၍ သနားခြင်းကရုဏာကို ဖြစ်စေအပ်၏။
အဘယ်သို့နည်း?ဟူမူ- ခိုးထုပ်ခိုးထယ်နှင့်တကွ ဖမ်းမိလာသော ခိုးသူကို သတ်ကြလေ-ဟု ချမှတ်လိုက်သော မင်း၏အမိန့်ဖြင့် မင်းချင်းယောက်ျားတို့သည် လက်ပြန်ကြိုး စသည်ဖြင့် ချည်နှောင်ကုန်၍ လမ်းလေးခွဆုံ လမ်းလေးခွဆုံ အရပ်၌ အချက်ပေါင်း တရာမက ရိုက်နှက်ကုန်လျက် သူသတ်ကုန်းသို့ ဆောင်ကုန်၏၊ ထိုခိုးသူအား လူအများတို့က ခဲဘွယ်ဘောဇဉ်တို့ကို၎င်း ပန်းနံ့သာ နံ့သာပျောင်း ကွမ်းတို့ကို၎င်း ပေးကုန်၏။ ထိုခိုးသူသည် ထိုခဲဘွယ်ဘောဇဉ်တို့ကို စားသောက်လျက် သုံးဆောင်ဖွယ်စည်းစိမ်နှင့် ပြည့်စုံသကဲ့သို့
၅၁၂
သွားနေသော်လည်း ထိုခိုးသူကို “ဤသူသည် ချမ်းသာပေစွ များစွာသော သုံးဆောင်ဖွယ်စည်းစိမ်နှင့် ပြည့်စုံပေစွ”ဟူ၍ မည်သူကမျှ မထင်မှတ်ပေ၊ စင်စစ်အားဖြင့်မူ “ဤအကောင်သည် ယခုပင် သေရရှာတော့မည်။ သူသည် ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း သေခြင်းနှင့် နီးကပ် နီးကပ် သွားလေတော့သည်”ဟူ၍သာ ဆင်ခြင်လျက် လူအပေါင်းက ထိုခိုးသူကို သနားကရုဏာ သက်သကဲ့သို့ ထို့အတူပင် ကရုဏာကမ္မဋ္ဌာန်းကို အားထုတ်သော ရဟန်းသည် ချမ်းသာနေသူပင် ဖြစ်သော်လည်း မကောင်းမှု ပြုလေ့ရှိသော ပုဂ္ဂိုလ်ကို “ဤအကောင်သည် ယခုအခါ ချမ်းသာလျက် ကောင်းစွာ ဝတ်ဆင်လျက် သုံးဆောင်ဖွယ်စည်းစိမ်ကို သုံးဆောင်နေသော်လည်း ဒွါရသုံးပါးတို့တွင် တခုမျှဖြင့်ပင် ပြုထားသော ကောင်းမှုကံ မရှိခြင်းကြောင့် ယခုမကြာမီပင် အပါယ်ဘုံတို့၌ များစွာသော ဆင်းရဲခြင်း နှလုံးမသာခြင်းကို ခံစားရရှာလိမ့်မည်”ဟု ဤသို့ ဆင်ခြင်၍ သနားခြင်းကရုဏာကို ဖြစ်စေအပ်ပေသည်။
ဤသို့ ထို(သနားထိုက်သော) ပုဂ္ဂိုလ်ကို ကရုဏာပွါးစေပြီး၍ ထို့နောင် ဤနည်းဖြင့်ပင်လျှင် ချစ်အပ်သော ပုဂ္ဂိုလ်၌ (ပွါးစေအပ်၏)၊ ထို့နောင် အလယ်အလတ်ပုဂ္ဂိုလ်၌၊ ထို့နောင် ရန်သူ၌ (ပွါးစေအပ်၏)၊ ထိုသို့ အစဉ်အတိုင်း ကရုဏာကို ဖြစ်စေအပ်၏။ ဤယောဂီအား ရှေး၌ ဆိုခဲ့ပြီးသော နည်းဖြင့်ပင် ရန်သူ၌ အကယ်၍ အမျက်ဒေါသ ဖြစ်ငြားအံ့၊ ထိုအမျက်ဒေါသကို မေတ္တာ အရာ၌ ဆိုခဲ့သောနည်းဖြင့်ပင် ငြိမ်းစေအပ်၏။ ဆက်ဦးအံ့- ကရုဏာပွါးအပ်သော ဤပုဂ္ဂိုလ်တို့တွင် ပြုထားသော ကောင်းမှုများစွာ ရှိနေသောသောသူပင် ဖြစ်သော်လည်း ဉာတိဗျသန ရောဂဗျသန ဘောဂဗျသန စသည်တို့တွင် တပါးပါးသော ပျက်စီးခြင်း(ဗျသန)နှင့် တွေ့ကြုံနေသည်ကို
၅၁၃
တွေ့မြင်ရ၍သော်၎င်း ကြားရ၍သော်၎င်း ထိုဗျသနတို့(နှင့် တွေ့ကြုံခြင်း) မရှိငြားသော်လည်း ဝဋ်ဆင်းရဲကို မကျော်လွန်နိုင်သေးသောကြောင့် “ဤသူမှာ ဆင်းရဲ ရောက်နေစွတကား”ဟု ဤသို့ ဆင်ခြင်လျက် ခပ်သိမ်းသော အခြင်းအရာအားဖြင့်လည်း သနားခြင်းကရုဏာကို ပွါးစေပြီးလျှင် ဆိုခဲ့ပြီးသော နည်းဖြင့်ပင် မိမိ, ချစ်အပ်သောပုဂ္ဂိုလ်, အလယ်အလတ်ပုဂ္ဂိုလ်, ရန်သူဟူသော လေးဦးသော ပုဂ္ဂိုလ်တို့၌ သီမာသမ္ဘေဒကို [၃၀၉] ပြုပြီးလျှင် ထို(သီမာသမ္ဘေဒ၏ အစွမ်းဖြင့်ဖြစ်သော သမထ)နိမိတ်ကို မှီဝဲပွါးများ အကြိမ်များစွာပြုလျက် မေတ္တာအရာ၌ ဆိုခဲ့သောနည်းဖြင့်ပင် ဈာန်သုံးပါး လေးပါးအပေါင်း၏ အစွမ်းအားဖြင့် အပ္ပနာကို ပွါးစေအပ်၏။
ဝါဒကွဲကို ရှင်းဦးအံ့- အင်္ဂုတ္တရ အဋ္ဌကထာ၌ “ရှေးဦးစွာ ရန်သူပုဂ္ဂိုလ်ကို ကရုဏာပွါးအပ်၏၊ ထိုရန်သူ၌ စိတ်ကို နူးညံ့အောင်ပြုပြီးလျှင် ဆင်းရဲဒုက္ခ ရောက်နေသူကို ပွါးအပ်၏၊ ထို့နောင် ချစ်အပ်သူပုဂ္ဂိုလ်ကို ပွါးအပ်၏၊ ထို့နောင် မိမိကိုယ်ကို ပွါးအပ်၏”ဟူ၍ ဤအစဉ်ကို ပြဆိုထား၏၊ ထိုပြဆိုချက်သည် “ဒုဂ္ဂတံ- ဆင်းရဲဒုက္ခရောက်နေသော၊ ဒုရူပေတံ- မကောင်းဆိုးဝါးသည့် အခြေအနေရှိနေသော သူကို (တွေ့မြင်ရလျှင် သနားကရုဏာ သက်ရာသကဲ့သို့)”ဟု ဟောထားသော ဝိဘင်းပါဠိနှင့်မညီ၊ ထို့ကြောင့် ဤ၌ ဆိုခဲ့ပြီးသော နည်းဖြင့်သာလျှင် ဘာဝနာကို အားထုတ်၍ သီမာသမ္ဘေဒကို ပြုပြီးလျှင် အပ္ပနာကို ပွါးစေအပ်ပေသည်။
ထိုမှနောက်၌ “ငါးပါးသော အခြင်းအရာတို့ဖြင့် အပိုင်းအခြား မရှိသောအားဖြင့် ဖြန့်ခြင်း, ခုနစ်ပါးသော အခြင်းအရာတို့ဖြင့် အပိုင်းအခြားအားဖြင့် ဖြန့်ခြင်း, ဆယ်ပါးသော အခြင်းအရာတို့ဖြင့်
၅၁၄
အရပ်မျက်နှာကို ဖြန့်ခြင်း”ဟူသော ဤအမျိုးမျိုး အထွေထွေ ကရုဏာပွါးခြင်းကို၎င်း “ချမ်းသာစွာ အိပ်ရ၏” ဤသို့ အစရှိသော အာနိသင်အကျိုးကို၎င်း မေတ္တာအရာ၌ ဆိုခဲ့ပြီးသော နည်းဖြင့်ပင်လျှင် သိအပ်(ကုန်)၏။ ဤတွင် တရပ်ပြီး၏။
ဆိုခဲ့ပြီးသော ဤစကားသည် ကရုဏာဘာဝနာ၌ အကျယ်ပြဆိုသော စကားပေတည်း။
၃-မုဒိတာပွါးပုံ အဖွင့်
၂၆၀။ မုဒိတာဘာဝနာကို အားထုတ်သော ပုဂ္ဂိုလ်သည်လည်း ရှေးဦးစွာ ချစ်အပ်သောပုဂ္ဂိုလ် စသည်တို့၌ အားမထုတ်အပ်သေး။ မှန်ပေ၏- ချစ်အပ်သောသူသည် ချစ်အပ်သည်၏ အဖြစ်ဖြင့်သာလျှင် မုဒိတာ၏ နီးသောအကြောင်း မဖြစ်ပေ၁၊ အလယ်အလတ်ပုဂ္ဂိုလ် ရန်သူပုဂ္ဂိုလ်တို့သည်ကား အဘယ်မှာ ဆိုဖွယ်ရှိအံ့နည်း။ လိင်ကွဲပြားသောသူ, သေလေသော သူတို့သည်ကား မုဒိတာ၏နယ်ပယ် မဟုတ်သည်သာတည်း။
၁- ချစ်အပ်သူပင် ဖြစ်သော်လည်း ရွှင်သောမျက်နှာရှိခြင်း, ရှေးဦးစွာ နှုတ်ဆက် ပြောဆိုတတ်ခြင်း, နားဝင်ချိုအောင် ပြောတတ်ခြင်း, ဝမ်းမြောက်ညီညွတ်အောင် ပြောတတ်ခြင်း အစရှိသော ဂုဏ်ထူးများနှင့် မပြည့်စုံလျှင်သော်၎င်း, ချမ်းသာနှင့် ပြည့်စုံခြင်း အစရှိသော ဝမ်းမြောက်ဖွယ်နှင့် မပြည့်စုံသော်၎င်း ချစ်အပ်သောသူပင် ဖြစ်သော်လည်း မုဒိတာ၏ နီးသောအကြောင်း မဖြစ်၊ အဆိုပါ ဂုဏ်ထူးများနှင့် ပြည့်စုံ၍ ရွှင်လန်း ဝမ်းမြောက်နေသူ ဖြစ်ပါမူ ချစ်အပ်သောသူ၌လည်း မုဒိတာပွါးနိုင်ခွင့် ရှိသေး၏။ ဋီကာမှယူ၍ အကျဉ်းပြချက် ဖြစ်သည်။
၅၁၅
အလွန်ချစ်အပ်သော သူငယ်ချင်းသည်ကား မုဒိတာ၏ နီးသောအကြောင်း ဖြစ်နိုင်ပေ၏၊ ယင်းသူငယ်ချင်းကို အဋ္ဌကထာ၌ (သောဏ္ဍသဟာယ) သွမ်းဖျင်းဖက် ပြောင်လှောင်ဖက်နှင့်တူသော သူငယ်ချင်းဟူ၍ ဆိုထားပေသည်။ ထိုအလွန်ချစ်အပ်သော သူငယ်ချင်းသည် အလွန် ဝမ်းမြောက်တတ်သည်သာလျှင် (ဝါ-ဝမ်းမြောက်အပ်- ဝမ်းမြောက်ထိုက်သည်သာလျှင်) ဖြစ်ပေ၏၊ ထိုသူသည် ရှေးဦးစွာ ရယ်ရွှင်ပြီးလျှင် နောက်မှ စကားပြောတတ်၏။ ထို့ကြောင့် ထိုအလွန်ချစ်အပ်သော သူငယ်ချင်းကိုမူလည်း ရှေးဦးစွာ မုဒိတာဖြင့် ဖြန့်အပ်၏၊ သို့မဟုတ် ချစ်အပ်သောပုဂ္ဂိုလ်သည် ချမ်းသာနှင့်ပြည့်စုံလျက် ကောင်းစွာ ဝတ်စားပြုပြင် ဆင်ယင်လျက် ဝမ်းမြောက်နေသည်ကို တွေ့မြင်၍သော်၎င်း ကြား၍သော်၎င်း “ဤပုဂ္ဂိုလ်သည် ဝမ်းမြောက်စွတကား၊ ဪ ကောင်းပါပေစွ ကောင်းပါပေစွ”ဟု ဝမ်းမြောက်ခြင်း မုဒိတာကို ဖြစ်စေအပ်၏။ မှန်ပေ၏- ဤအကြောင်းအရာ အထူးကိုပင် စွဲမှီ၍ အဘိဓမ္မာဝိဘင်းပါဠိ၌-
“ရဟန်းသည် အဘယ်သို့လျှင် မုဒိတာနှင့် တကွဖြစ်သော စိတ်ဖြင့် တခုသောအရပ်ကို ဖြန့်၍ နေသနည်း၊ ဥပမာဖြင့် ပြရလျှင် ချစ်အပ် မြတ်နိုးအပ်သော ပုဂ္ဂိုလ်တယောက်ကို တွေ့မြင်ရလျှင် ဝမ်းမြောက်သကဲ့သို့ ထို့အတူပင် အလုံးစုံသော သတ္တဝါတို့ကို ဝမ်းမြောက်ခြင်း မုဒိတာဖြင့် ဖြန့်၏”ဟု ဟောတော်မူပေသည်။
ဤယောဂီ၏ ထိုသွမ်းဖျင်းဖက်နှင့်တူသော သူငယ်ချင်းသည်သော်၎င်း, ချစ်အပ်သောပုဂ္ဂိုလ်သည်သော်၎င်း လွန်ခဲ့ပြီးသော ရှေးကာလ၌ ချမ်းသာနှင့် ပြည့်စုံခဲ့၍ ယခုမူကား ဆင်းရဲဒုက္ခရောက်နေသည် မကောင်းဆိုးဝါးသည့် အခြေအနေရှိနေသည် အကယ်၍ ဖြစ်စေကာမူ
၅၁၆
လွန်ခဲ့ပြီးသော ရှေးကာလ၌ ထိုသူ၏ ချမ်းသာဘူးသည့် အဖြစ်ကိုသာလျှင် ပြန်လည်အောက်မေ့ဆင်ခြင်၍ “ဤသူသည် လွန်ခဲ့ပြီးသော ရှေးကာလ၌ ဤသို့ များသော စည်းစိမ်ရှိခဲ့သည် များသော အခြွေအရံရှိခဲ့သည်ဖြစ်၍ အမြဲပင် ဝမ်းမြောက်လျက် ရှိခဲ့လေပြီ”ဟု ထိုသူ၏ ဝမ်းမြောက်ခဲ့ပုံ အခြင်းအရာကိုသာယူ၍ ဝမ်းမြောက်ခြင်း မုဒိတာကို ဖြစ်စေအပ်၏။ ထို့ပြင် နောင်အနာဂတ်ကာလ၌ တဖန် ထိုစည်းစိမ်မျိုးကို [၃၁၁] ရ၍ ဆင်ကျောက်ကုန်း မြင်းကျောက်ကုန်း ရွှေထမ်းစင်တို့ဖြင့် လှည့်လည်ရပေလိမ့်မည်”ဟု နောင်အခါ၌ဖြစ်မည့် ထိုသူ၏ ဝမ်းမြောက်ဖွယ် အခြင်းအရာကို ယူ၍မူလည်း ဝမ်းမြောက်ခြင်း မုဒိတာကို ဖြစ်စေအပ်၏။
ဤသို့ ချစ်အပ်သော ပုဂ္ဂိုလ်၌ မုဒိတာကို ဖြစ်စေပြီးလျှင် ထို့နောင် အလယ်အလတ်ပုဂ္ဂိုလ်၌, ထိုနောင် ရန်သူ၌ ဤအစဉ်ဖြင့် မုဒိတာကို မပြတ်ဖြစ်စေအပ်၏။ အပ္ပနာကို ပွါးစေအပ်၏။ ဤယောဂီအား ရှေး၌ဆိုခဲ့သော နည်းဖြင့်ပင်လျှင် ရန်သူ၌ အကယ်၍ အမျက်ဒေါသ ဖြစ်ငြားအံ့၊ ၎င်းကို မေတ္တာအရာ၌ ဆိုခဲ့သော နည်းဖြင့်ပင်လျှင် ညီမျှသော စိတ်ရှိသည်၏အဖြစ်ဖြင့် သီမာသမ္ဘေဒကို ပြုပြီးလျှင် (ထိုသီမာသမ္ဘေဒ၏ အစွမ်းဖြင့်ဖြစ်သော သမထ)နိမိတ်ကို မှီဝဲပွါးများ အကြိမ်များစွာပြုလျက် မေတ္တာအရာ၌ ဆိုခဲ့သော နည်းဖြင့်ပင်လျှင် ဈာန်သုံးပါး လေးပါး အပေါင်း၏ အစွမ်းအားဖြင့် အပ္ပနာကို ပွါးစေအပ်၏။
ထိုမှနောက်၌ “ငါးပါးသော အခြင်းအရာတို့ဖြင့် အပိုင်းအခြား မရှိသောအားဖြင့် ဖြန့်ခြင်း, ခုနစ်ပါးသော အခြင်းအရာတို့ဖြင့် အပိုင်းအခြားအားဖြင့် ဖြန့်ခြင်း, ဆယ်ပါးသော အခြင်းအရာတို့ဖြင့် အရပ်မျက်နှာကို ဖြန့်ခြင်း”ဟူသော ဤအမျိုးမျိုး အထွေထွေ
၅၁၇
မုဒိတာပွါးခြင်းကို၎င်း “ချမ်းသာစွာ အိပ်ရ၏” ဤသို့ အစရှိသော အာနိသင် အကျိုးတို့ကို၎င်း မေတ္တာအရာ၌ ဆိုခဲ့ပြီးသော နည်းဖြင့်ပင်လျှင် သိအပ်(ကုန်)၏။ ဤတွင် တရပ်ပြီး၏။
ဆိုခဲ့ပြီးသော ဤစကားသည် မုဒိတာဘာဝနာ၌ အကျယ်ပြဆိုသော စကားပေတည်း။
ဥပေက္ခာပွါးပုံ အဖွင့်
၂၆၁။ ဥပေက္ခာဘာဝနာကို ပွါးစေလိုသော ပုဂ္ဂိုလ်သည် မေတ္တာစသည်တို့၌ ဈာန်သုံးပါး လေးပါးအပေါင်းကို ရပြီးနောက် ကျေပြွန်သော တတိယဈာန်မှ ထ၍၁ “ချမ်းသာကြပါစေ” ဤသို့ စသည်၏အစွမ်းဖြင့် သတ္တဝါတို့၌ ယုယမြတ်နိုးသော နှလုံးသွင်းမှုနှင့် ယှဉ်ခြင်းကြောင့်၎င်း, မုန်းခြင်း ချစ်ခြင်း၏ အနီး၌ ကျက်စားခြင်းကြောင့်၎င်း၂, သောမနဿ (စိတ်ရွှင်လန်း ချမ်းသာမှု)နှင့် ယှဉ်သဖြင့် ရုန့်ရင်းခြင်းကြောင့်၎င်း ရှေးဘာဝနာသုံးပါးတို့၌ အပြစ်ကို ရှုမြင်ပြီးလျှင်
၁- တတိယဈာန်မှထ၍.. အပြစ်ကို ရှုပြီးလျှင်.. အာနိသင်ကိုလည်း ရှုမြင်ပြီးလျှင်.. လျစ်လျူရှု၍ ဥပေက္ခာကို ဖြစ်စေအပ်၏-ဟု စပ်ပါ။
၂- မေတ္တာသည် ရာဂ၏အနီး၌ ဖြစ်၏၊ ကရုဏာသည် ကာမဂုဏ်ကိုမှီသော နှလုံးမသာမှု၏အနီး၌ ဖြစ်၏၊ မုဒိတာသည် ကာမဂုဏ်ကိုမှီသော ဝမ်းသာမှု၏အနီး၌ ဖြစ်၏။ ထို့ကြောင့် မေတ္တာစသည်တို့၏ ထိုက်သည့်အားလျော်စွာ မုန်းခြင်း ချစ်ခြင်း၏ အနီး၌ ဖြစ်ပုံကို သိအပ်၏။ တနည်းကား ထိုသုံးပါးလုံးပင် “ချမ်းသာကြပါစေ ဆင်းရဲမှ လွတ်ကြပါစေ ဝမ်းမြောက်ကြပါစေ”ဟု နှလုံးသွင်းလျက် အစီးအပွါးကို လိုလားခြင်း သဘောရှိသောကြောင့် ချစ်ခြင်းနှင့် နီး၏၊ မိမိအလိုအတိုင်း မဖြစ်သည်ကို အကြောင်းပြု၍ ဒေါမနဿ ဒေါသတို့လည်း
၅၁၈
ငြိမ်သက်သော သဘောရှိခြင်းကြ၁င့် ဥပေက္ခာ၌ အာနိသင်ကိုလည်း ရှုမြင်ပြီးလျှင် အကြင်ပုဂ္ဂိုလ်သည် ဤယောဂီအား ပကတိ ပင်ကိုအားဖြင့် မချစ်မမုန်း အလယ်အလတ်ဖြစ်၏၊ ထိုအလယ်အလတ် ပုဂ္ဂိုလ်ကို လျစ်လျူရှု၍ ဥပေက္ခာကို ဖြစ်စေအပ်၏၊ ထို့နောင် ချစ်အပ်သောပုဂ္ဂိုလ် စသည်တို့၌ (ဖြစ်စေအပ်၏)။ မှန်ပေ၏-
“ရဟန်းသည် အဘယ်သို့လျှင် ဥပေက္ခာနှင့် တကွဖြစ်သော စိတ်ဖြင့် တခုသောအရပ်ကို ဖြန့်၍ နေသနည်း၊ ဥပမာဖြင့် ပြရလျှင် မချစ် မမုန်းသော ပုဂ္ဂိုလ်တယောက်ကို တွေ့မြင်ရလျှင် လျစ်လျူရှုသည် ဖြစ်ရာဘိသကဲ့သို့ ထို့အတူပင် အလုံးစုံသော သတ္တဝါတို့ကို လျစ်လျူရှုခြင်း- ဥပေက္ခာဖြင့် ဖြန့်၏”ဟူသော ဤစကားကို ဟောတော်မူပေသည်။
ထို့ကြောင့် ဆိုခဲ့ပြီးသောနည်းဖြင့် အလယ်အလတ်ပုဂ္ဂိုလ်၌ ဥပေက္ခာကို ဖြစ်စေပြီးလျှင် ထို့နောင် ချစ်အပ်သောပုဂ္ဂိုလ်၌၊ ထို့နောင် သွမ်းဖျင်းဖက်နှင့်တူသော သူငယ်ချင်း၌၊ ထို့နောင် ရန်သူ၌ (ဖြစ်စေအပ်၏)၊ ဤသို့အားဖြင့် ဤပုဂ္ဂိုလ်သုံးဦးနှင့် မိမိဟူသော ဤအလုံးစုံတို့၌ အလယ်အလတ် လျစ်လျူရှုခြင်းသဘော၏ အစွမ်းအားဖြင့်၁ သီမာသမ္ဘေဒကို ပြုပြီးလျှင် ထို(သီမာသမ္ဘေဒ၏ အစွမ်းဖြင့် ဖြစ်သော သမထ)နိမိတ်ကို မှီဝဲအပ် ပွါးစေအပ် အကြိမ်များစွာ ပြုအပ်၏။
ဖြစ်နိုင်ကုန်၏၊ ထို့ကြောင့် မေတ္တာ ကရုဏာ မုဒိတာ သုံးပါးလုံးပင် မုန်းခြင်း ချစ်ခြင်း ၂-ပါးလုံး၏ အနီး၌ ဖြစ်ကြသည်ဟု သိအပ်ပေ၏။ ဋီကာမှယူ၍ အကျဉ်းပြချက်ပင် ဖြစ်သည်။
၁- မဇ္စျတ္တဝသေန-၏ အနက်ဖြစ်သည်။ မဇ္စျဋ္ဌဝသေန-ဟု ရှိလျှင် သာ၍သင့်၏၊ အလယ်၌တည်သည်၏ အစွမ်းအားဖြင့်-ဟု အနက်ပြန်ရာ၏။
၅၁၉
ဤသို့ပြုနေသော ထိုယောဂီအား ပထဝီကသိုဏ်းအရာ၌ ဆိုခဲ့ပြီးသော နည်းဖြင့်ပင်လျှင် စတုတ္ထဈာန်သည် ဖြစ်ပေါ်လာ၏။
[၃၁၁] မေးခွန်းသွင်း၍ ရှင်းပြဦးအံ့- ဤဥပေက္ခာ စတုတ္ထဈာန်သည် ပထဝီကသိုဏ်း စသည်တို့၌ တတိယဈာန်ကို ရသောသူအားလည်း ဖြစ်ပါသလောဟူမူ- မဖြစ်ပေ။ အဘယ့်ကြောင့်နည်း? အာရုံ၏ သဘောမတူခြင်းကြောင့်ပေတည်း။ စင်စစ်သော်ကား အာရုံ၏ သဘောတူခြင်းကြောင့် မေတ္တာစသည်တို့၌ တတိယဈာန်ကိုရသော သူအားသာလျှင် ဖြစ်ပေါ်ပေသည်။ ဤတွင် တရပ်ပြီး၏။
ထိုမှနောက်၌ အမျိုးမျိုး အထွေထွေ ဥပေက္ခာပွါးခြင်းကို၎င်း, အာနိသင် အကျိုးတို့ကို ရခြင်းကို၎င်း မေတ္တာအရာ၌ ဆိုခဲ့သော နည်းဖြင့်ပင်လျှင် သိအပ်ပေသည်။ ဤတွင် တရပ်ပြီး၏။
ဆိုခဲ့သော ဤစကားသည် ဥပေက္ခာဘာဝနာအရာ၌ အကျယ်ပြဆိုသော စကားပေတည်း။
ပြိုးပြွမ်းပြဆိုချက်
၂၆၂။ မြတ်သော ဗြဟ္မာမင်း ဖြစ်တော်မူသော မြတ်စွာဘုရား ဟောထားအပ်ကုန်သော ဤဗြဟ္မဝိဟာရတို့ကို ဤဆိုခဲ့သည့်အတိုင်း သိပြီးလျှင် ယင်း ဗြဟ္မဝိဟာရတို့၌ ယခုဆိုမည့် ပြိုးပြွမ်းပြဆိုချက်ကိုလည်း နောက်ထပ် သိအပ်သေး၏။
ဝစနတ္ထ သဒ္ဒါအနက်
ဆိုခဲ့ပြီးသော ဤမေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတို့၌ ရှေးဦးစွာ သဒ္ဒါအနက်အားဖြင့် (ပြအံ့) အစီးအပွါးကို ပြုလိုသောအားဖြင့်
၅၂၀
(ဝါ-ချမ်းသာစေလိုသောအားဖြင့်) ချစ်တတ်သောကြောင့် မေတ္တာမည်၏၁။ တနည်းကား မိတ္တခေါ် မိတ်ဆွေ၌ ဖြစ်သောကြောင့် မေတ္တာမည်၏၂။ တနည်းကား ဤချမ်းသာစေလိုခြင်း သဘောသည် မိတ္တခေါ် မိတ်ဆွေ၏(သန္တာန်၌) ဖြစ်ခြင်းသဘောပေတည်း၊ ထို့ကြောင့် မေတ္တာမည်၏၃။ သူတပါး၏ ဆင်းရဲ(ကို မြင်ရ ကြားရ)သည် ရှိလတ်သော် သူတော်ကောင်းတို့၏ နှလုံးတုံခြင်းကို ပြုတတ်သောကြောင့် ကရုဏာမည်၏၄။ တနည်းကား သူတပါး၏ဆင်းရဲကို ညှဉ်းဆဲတတ် ပယ်ဖျောက်တတ်သောကြောင့် ကရုဏာမည်၏၅။ တနည်းကား ဆင်းရဲဒုက္ခရောက်နေသော သူတို့၌ ဖြန့်သည်၏ အစွမ်းအားဖြင့် ပြန့်စေအပ်သောကြောင့် ကရုဏာမည်၏၆။ မုဒိတာနှင့် ပြည့်စုံသောသူတို့သည် ထိုမုဒိတာဖြင့် (ထိုမုဒိတာ၏ အကူအညီဖြင့်) ဝမ်းမြောက်ကုန်၏၊ ဤသို့ ဝမ်းမြောက်ကြောင်း (အကူအညီ)
၁- ချစ်ခြင်းဟော မိဒ-ဓာတ်+တ-ပစ္စည်းဖြင့် မေတ္တာ-ဟု ပြီးသည်။
၂- မိတ္တ-မိတ်ဆွေ၌ + ဏ-မှ အ-ဖြစ်သည် = မေတ္တာ- မိတ်ဆွေ၌ဖြစ်သော ချမ်းသာစေလိုခြင်း။
၃- မိတ္တ- မိတ်ဆွေ၏ + ဏ-မှ အ- ချမ်းသာစေလိုသည့် ဖြစ်ခြင်း = မေတ္တာ- မိတ်ဆွေ၏ ချမ်းသာစေလိုသည့် ဖြစ်ခြင်း၊ ဝါ-ချမ်းသာစေလိုခြင်း။
၄- ကရ-ဓာတ် + ဥန-ပစ္စည်းဖြင့် (န-ကို ဏ-ပြု၍) ကရုဏာပုဒ် ပြီးသည် (ဏွာဒိ)။ စိတ်နှလုံးကို တုန်စေတတ်သော သနားခြင်းဟု ဆိုလို၏။
၅- ကိရ-ဓာတ် + ဥန-ပစ္စည်းဖြင့် ပြီးသည်၊ သူတပါး၏ ဆင်းရဲကို ပယ်လိုသော သနားခြင်းဟု ဆိုလို၏။
၆- ကိရ-ဓာတ် + ဥဏ-ပစ္စည်းဖြင့် ပြီးသည်၊ ဆင်းရဲရောက်နေသူတို့၌ ဖြန့်အပ်သော သနားခြင်းဟု ဆိုလို၏။
၅၂၁
ဖြစ်သောကြောင့် မုဒိတာမည်၏၁။ တနည်းကား ဝမ်းမြောက်တတ်သောကြောင့် မုဒိတာမည်၏။ တနည်းကား မုဒိတာဟူသည်မှာ ဝမ်းမြောက်ခြင်း သဘောမျှသာ ဖြစ်သည်။ ရန်ကင်းကြပါစေ- ဤသို့ အစရှိသော ကြောင့်ကြဗျာပါရကို ပယ်သောအားဖြင့်၎င်း, အလယ်အလတ် သဘောရှိခြင်းသို့ ရောက်သောအားဖြင့်၎င်း ဘက်မလိုက်ပဲ အညီအမျှ အသင့်အားဖြင့် ရှုတတ်၏ (လျစ်လျူရှုတတ်၏)၊ ထို့ကြောင့် ဥပေက္ခာမည်၏။
လက္ခဏာစသည်
၂၆၃။ လက္ခဏာ စသည်အားဖြင့်မူကား ဤမေတ္တာ စသည်တို့တွင် မေတ္တာသည် သတ္တဝါတို့၏ အကျိုးစီးပွါးကိုပြုကျင့်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာရှိ၏၊ သတ္တဝါတို့အား အကျိုးစီးပွါးကို ဆောင်ပေးခြင်းကိစ္စ (ရသ)ရှိ၏၊ ရန်ငြိုး အမျက်ဒေါသကို ပယ်ဖျောက်သည့် အနေအားဖြင့် ရှုဆင်ခြင်သူ၏ ဉာဏ်အား ရှေးရှုထင်(သော ပစ္စုပဋ္ဌာန် ရှိ)၏၊ သတ္တဝါတို့၏ နှစ်သက်မြတ်နိုးဖွယ်အဖြစ်ကို ရှုခြင်း(ဟူသော ယောနိသောမနသိကာရ)လျှင် နီးသောအကြောင်း (ပဒဋ္ဌာန်)ရှိ၏။ ဗျာပါဒ ဒေါသ၏ ဝေးကွာသောအားဖြင့် ငြိမ်းခြင်းသည် ဤမေတ္တာ၏ ပြည့်စုံ ပြီးစီးခြင်းပေတည်း၊ ခင်မင်တွယ်တာလျက် ချစ်ခြင်းသည် ပျက်စီးခြင်းပေတည်း။
၁- မုဒ-ဓာတ်+တ-ပစ္စည်းတို့ဖြင့် ပြီးသည်၊ မုဒိတာနှင့် ပြည့်စုံသော သူတော်ကောင်းတို့သာလျှင် သူတပါး ချမ်းသာပြည့်စုံသည်ကို ဝမ်းမြောက်နိုင်ကုန်၏၊ ထို့ကြောင့် မုဒိတာသည် ထိုသို့ ဝမ်းမြောက်ရာ၌ အကူအညီဖြစ်၍ ယင်းကို ဝမ်းမြောက်ကြောင်းဟု ဆိုသည်။
၅၂၂
ကရုဏာသည် သူတပါးတို့၏ ဆင်းရဲကို ပယ်လိုသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာ ရှိ၏၊ သူတပါးတို့၏ ဆင်းရဲကို (ပယ်လိုသဖြင့်) သည်းမခံနိုင်ခြင်း ကိစ္စ (ရသ)ရှိ၏၊ သတ္တဝါတို့ကို မညှဉ်းဆဲလိုသောအားဖြင့် (ဝါ- ညှဉ်းဆဲခြင်း၏ ဆန့်ကျင်ဘက်အားဖြင့်) ဉာဏ်အား ရှေးရှုထင်(သော ပစ္စုပဋ္ဌာန် ရှိ)၏၊ ဆင်းရဲ၏ အနှိပ်စက်ခံရသော သူတို့၏ အားကိုးရာမရှိခြင်းကို ရှုမြင်ခြင်း(ဟူသော ယောနိသောမနသိကာရ)လျှင် နီးသောအကြောင်း (ပဒဋ္ဌာန်)ရှိ၏။ ညှဉ်းဆဲလိုသော ဒေါသ၏ ငြိမ်းခြင်းသည် ထိုကရုဏာ၏ ပြည့်စုံ ပြီးစီးခြင်းပေတည်း၊ စိုးရိမ်ပူဆွေးမှု သောကဖြစ်ခြင်းသည် ပျက်စီးခြင်းပေတည်း။
မုဒိတာသည် သူတပါးမှာ စည်းစိမ်ပြည့်စုံ ကုံလုံသည်ကို ဝမ်းမြောက်ခြင်း လက္ခဏာရှိ၏၊ ငြူစူမှု မနာလိုမှုကင်းခြင်း ကိစ္စ (ရသ)ရှိ၏။ သူတပါးစည်းစိမ်၌ မမွေ့လျော်ခြင်းကို ပယ်ဖျောက်သောအားဖြင့် ဉာဏ်အား ရှေးရှုထင်(သော ပစ္စုပဋ္ဌာန် ရှိ)၏၊ သတ္တဝါတို့၏ စည်းစိမ်ကို ရှုမြင်လိုခြင်း(ဟူသော ယောနိသောမနသိကာရ)လျှင် နီးအကြောင်း (ပဒဋ္ဌာန်)ရှိ၏။ သူတပါးစည်းစိမ်း၌ မပျော်မွေ့မှု၏ ငြိမ်းခြင်းသည် ထိုမုဒိတာ၏ ပြည့်စုံ ပြီးစီးခြင်းပေတည်း၊ ခင်မင်ရင်းနှီးသည့် အနေအားဖြင့် ဝမ်းသာရွှင်ပျမှု၏ ဖြစ်ခြင်းသည် ပျက်စီးခြင်းပေတည်း။
ဥပေက္ခာသည် ဘက်မလိုက်ပဲ အလယ်၌တည်သော အခြင်းအရာအားဖြင့်၁ ဖြစ်ခြင်း လက္ခဏာရှိ၏၊ သတ္တဝါတို့၌ ညီမျှသည်၏အဖြစ်ကို
၁- မဇ္ဈဋ္ဌာကာရ-ဟု ရှိလျှင် သာ၍ သင့်သောကြောင့် ထိုပါဌ်အရ ပြန်သည်။ မဇ္ဈတ္တာကာရ-ဟူသော ရှိရင်းအတိုင်း ပြန်လျှင် အလယ်အလတ်သဘော အခြင်းအရာအားဖြင့် ဖြစ်၏။
၅၂၃
ရှုခြင်း ကိစ္စ (ရသ)ရှိ၏၊ သတ္တဝါတို့၌ မုန်းခြင်း ချစ်ခြင်းတို့၏ ငြိမ်းခြင်းအနေအားဖြင့် ဉာဏ်အား ရှေးရှုထင်(သော ပစ္စုပဋ္ဌာန် ရှိ)၏၊ “သတ္တဝါတို့သည် ကံသာလျှင် ဥစ္စာရှိကုန်၏၊ သတ္တဝါတို့သည် [၃၁၂] အဘယ်သူ၏ အလိုအားဖြင့် ချမ်းသာကုန်သည်မူလည်း ဖြစ်ကုန်အံ့နည်း၊ ဆင်းရဲမှမူလည်း လွတ်ကုန်အံ့နည်း၁၊ ရောက်အပ် ရအပ်ပြီးသော စည်းစိမ်မှမူလည်း မဆုတ်ယုတ် မဆုံးရှုံးပဲ ရှိကုန်အံ့နည်း၂”ဟု ဤသို့ ဆင်ခြင်လျက်ဖြစ်သော၃
၁- ကရုဏာပွါးပုံကို ပြရာ၌ “အပ္ပေဝ နာမ ဣမမှာ ဒုက္ခာ မုစ္စေယျ- ဤဆင်းရဲမှ လွတ်ပါမူ ကောင်းလေစွ”ဟု ကြံစည်ပုံ သဘောမျိုးကိုသာ ပြခဲ့၏၊ ယခု အများမှာ နှုတ်တက်နေသကဲ့သို့ “ဒုက္ခာ မုစ္စတု- ဆင်းရဲမှ လွတ်ပါစေ၊ ဒုက္ခာ မုစ္စန္တု- ဆင်းရဲမှ လွတ်ကြပါစေ”ဟု တောင့်တသည့်အနေဖြင့် ကရုဏာပွါးပုံကိုကား မပြခဲ့ပေ။ သို့သော်လည်း ဤအရာ၌ ပြထားသော အထက်ပါ စကားအရဖြင့် “ဆင်းရဲမှ လွတ်ပါစေ။ လွတ်ကြပါစေ”ဟု ကရုဏာပွါးပုံများကိုလည်း အသင့်အလျော်ပင်ဟု မှတ်ယူအပ်ပေသည်။
၂- မုဒိတာပွါးပုံကို ပြရာ၌ “အဟော သာဓု အဟော သုဋ္ဌု- ဪ ကောင်းပါပေစွ ကောင်းပါပေစွ”ဟု ဝမ်းမြောက်ပုံကိုသာ ပြခဲ့၏၊ ယခု အများမှာ နှုတ်တက်နေသကဲ့သို့ “ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု- ရထားမြဲတိုင်းသော စည်းစိမ်ချမ်းသာမှ မကင်းကွာ မဆုတ်ယုတ်ကြပါစေလင့်”ဟု ဝမ်းမြောက်လျက် တောင့်တသည့်အနေဖြင့် မုဒိတာပွါးပုံကိုကား မပြခဲ့ပေ။ သို့သော်လည်း ဤအရာ၌ ပြထားသော အထက်ပါ စကားအရဖြင့် “ရမြဲတိုင်းသော စည်းစိမ်ချမ်းသာမှ မကင်းကွာ မဆုတ်ယုတ်ကြပါစေလင့်”ဟု မုဒိတာပွါးပုံကိုလည်း အသင့်အလျော်ပင် မှတ်ယူအပ်ပေသည်။
၃- ဤသို့ ဆင်ခြင်လျက်ဖြစ်သော.. ရှုမြင်ခြင်း-ဟု စပ်ပါ။
၅၂၄
ကံသာလျှင် ဥစ္စာရှိခြင်းကို ရှုမြင်ခြင်း(ဟူသော ယောနိသော မနသိကာရ)လျှင် နီးသောအကြောင်း (ပဒဋ္ဌာန်)ရှိ၏။ သတ္တဝါတို့၌ မုန်းခြင်း ချစ်ခြင်းတို့၏ ငြိမ်းခြင်းသည် ထိုဥပေက္ခာ၏ ပြည့်စုံ ပြီးစီးခြင်းပေတည်း၊ ဂေဟသိတခေါ် ကာမဂုဏ်ကိုမှီသော အညာဏုပေက္ခာ (ဉာဏ်ကင်းသော ဝါ-မောဟနှင့်ယှဉ်သော ဥပေက္ခာ)၏ ဖြစ်ခြင်းသည် ပျက်စီးခြင်းပေတည်း။
ပယောဇဉ် အကျိုး
၂၆၄။ ထိုမှတပါး ဝိပဿနာချမ်းသာသည်၎င်း၊ ပြည့်စုံ ကောင်းမြတ်သော သုဂတိဘဝ(ကို ရခြင်း)သည်၎င်း လေးပါးလုံးသော ဤဗြဟ္မဝိဟာရတို့၏ ဆက်ဆံသော (ပယောဇဉ်) အကျိုးပေတည်း။ ဗျာပါဒစသည်တို့ကို ပယ်ခြင်း, ဗျာပါဒစသည်တို့၏ ကင်းကွာခြင်းသည် (၎င်းတို့၏) မဆက်ဆံသော သီးသန့်အကျိုးပေတည်း။ ချဲ့၍ပြအံ့- ဤလေးပါးတို့တွင် မေတ္တာသည် ဗျာပါဒ ဒေါသ ကင်းကွာခြင်းအကျိုး ရှိပေ၏၊ ကျန်သုံးပါးတို့သည် အစဉ်အတိုင်း ညှဉ်းဆဲလိုခြင်း, သူ့ချမ်းသာ၌ မမွေ့လျော်ခြင်း, တပ်မက်ခြင်းတို့၏ ကင်းကွာခြင်းအကျိုး ရှိကုန်၏။ မှန်ပေ၏- ဟောထားသော အောက်ပါ သာဓကစကားလည်း ရှိပေ၏။
“ငါ့ရှင် အကြင် မေတ္တာစေတောဝိမုတ္တိသည် ရှိ၏၊ ဤ မေတ္တာစေတောဝိမုတ္တိသည် ဗျာပါဒ၏ ထွက်သွားကြောင်း ကင်းကြောင်း (နိဿရဏ)ပေတည်း။ ငါ့ရှင် အကြင် ကရုဏာစေတောဝိမုတ္တိသည် ရှိ၏၊ ဤ ကရုဏာစေတောဝိမုတ္တိသည် ညှဉ်းဆဲလိုခြင်း (ဝိဟိံသာ)၏ ထွက်သွားကြောင်း ကင်းကြောင်းပေတည်း။ ငါ့ရှင် အကြင်
၅၂၅
မုဒိတာစေတောဝိမုတ္တိသည် ရှိ၏၊ ဤ မုဒိတာစေတောဝိမုတ္တိသည် သူ့စည်းစိမ်ချမ်းသာ၌ မမွေ့လျော်ခြင်း (အရတိ)၏ ထွက်သွားကြောင်း ကင်းကြောင်းပေတည်း။ ငါ့ရှင် အကြင် ဥပေက္ခာစေတောဝိမုတ္တိသည် ရှိ၏၊ ဤ ဥပေက္ခာစေတောဝိမုတ္တိသည် တပ်မက်ခြင်း (ရာဂ)၏ ထွက်သွားကြောင်း ကင်းကြောင်းပေတည်း” ဟူ၍ပင်တည်း။
ရန်သူများ
၂၆၅။ ဤဗြဟ္မဝိဟာရ လေးပါးတို့တွင် တပါးပါးမှာ အနီးရန်သူ အဝေးရန်သူတို့၏ အလိုအားဖြင့် ၂-ပါး ၂-ပါးစီသော ရန်သူတို့ ရှိကုန်၏။ ချဲ့၍ပြအံ့- လူတယောက်၏အနီး၌ ကျက်စားသော ရန်သူကဲ့သို့ ရာဂသည် ဂုဏ်ကိုရှုခြင်းအားဖြင့် တူသောအဖို့ရှိခြင်း (သဘောတူခြင်း)ကြောင့် မေတ္တာဗြဟ္မဝိဟာရ၏ အနီးကပ် ရန်သူပေတည်း၊ ထိုရာဂသည် လျင်စွာ ဝင်ရောက်ခွင့်ကို ရတတ်၏၊ ထို့ကြောင့် ထိုအနီးကပ်ရန်သူဖြစ်သော ရာဂမှ မေတ္တာကို ကောင်းစွာ စောင့်ရှောက်အပ်၏။ လူတယောက်၏ တောင်အစရှိသော ရှုပ်ရာအရပ်ကိုမှီသော ရန်သူကဲ့သို့ ဗျာပါဒ ဒေါသသည် တူသောအဖို့ရှိသော ရာဂနှင့် တူသောအဖို့ မရှိခြင်းကြောင့် (ဝါ-သဘောတူသော ရာဂနှင့် သဘောမတူခြင်းကြောင့်၁) (ဝါ- မေတ္တာ၏သဘောနှင့် မတူသော အဖို့ရှိခြင်း
၁- ဤအနက် ၂-ခုသည် သဘာဂဝိသဘာဂတာယ-ဟု ရှိသော ပါဌ်၏ အနက်ဖြစ်သည်။ နောက်အပိုဒ်တို့၌လည်း နည်းတူပင်။
၅၂၆
သဘောမတူခြင်းကြောင့်၁) ဝေးသော ရန်သူပေတည်း။ ထို့ကြောင့် ထိုဝေးသော ရန်သူဖြစ်သော ဗျာပါဒမှ စိုးရိမ်ကြောက်ရွံ့ခြင်းကင်းလျက်၂ မေတ္တာကို ပွါးစေအပ်၏။ (မစိုးရိမ်ရခြင်း၏ အကြောင်းမှာ) မေတ္တာကိုလည်း ပွါးစေလတံ့, အမျက်ထွက်ခြင်းကိုလည်း ပြုလတ္တံ-ဟူသော ဤသို့ဖြစ်ရန် အကြောင်းမရှိသည်သာတည်း။
၁- ဤတတိယအနက်သည် ပြည်မူနိဿယ၌ တွေ့ရသော သဘာဝဝိသဘာဂတာယ-ဟူသော ပါဌ်၏ အနက်ဖြစ်သည်။ ထိုပြည်မူနိဿယ၌ သဘာဝဝိသဘာဂတာယ- မေတ္တာသဘော၏ ဗျာပါဒသဘောနှင့် မတူသည်၏ အဖြစ်ကြောင့်၊ ဝါ-မေတ္တာသဘောနှင့် ဗျာပါဒသဘော မတူကြသည်၏ အဖြစ်ကြောင့်၊ ဝါ-သဘောအားဖြင့် မတူကြသည်၏ အဖြစ်ကြောင့်-ဟု သုံးနက် ပြန်ထားလေသည်။ နောက်အပိုဒ်တို့၌လည်း နည်းတူပင်။ သီဟိုဠ်မူ ဋီကာ၌ သဘာဝဝိသဘာဂတာယ- ဟူသည်ကား (သဘာဝဿ-) သဘော၏ (သဘာဝေန ဝါ) တနည်း သဘောနှင့် (ဝိသဘာဂတာယ)- မတူသော အဖို့ရှိခြင်း သဘောမတူခြင်းကြောင့်ဟု ဖွင့်ပြထားလျက် ရှိသည်။ အထက်ပါ အနက်သည် ဤဋီကာ တနည်းအဖွင့်နှင့် အညီပင်။
၂- နိဗ္ဘယေန- စိုးရိမ်ကြောက်ရွံ့ခြင်း ကင်းလျက်-ဟူသည် (အနုဿင်္ကန ပရိသင်္ကနေန) ကြောက်လန့်ခြင်း ရွံ့ရှာခြင်း ကင်းလျက်၊ မေတ္တာသည် (ရင့်ကျက်သဖြင့်) ထောက်တည်ရာ ရလတ်သော် (၎င်းကို) မဖျက်ဆီးနိုင်ကောင်းသောကြောင့်-ဟု ဆိုလို၏။ (ဋီကာ) မေတ္တာအားကောင်း၍ ထောက်တည်ရာ ရသောအခါ ဗျာပါဒဖြစ်မည်ကို မစိုးရိမ်ရတော့ပြီဟု ဆိုလို၏။ ထို့ကြောင့်ပင် မေတ္တာကိုလည်း ပွါးစေလတံ့- စသည်ဖြင့် မစိုးရိမ်ရခြင်း၏ အကြောင်းကို ပြထားပေသည်။
၅၂၇
“အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်ကုန်သော နှလုံးမွေ့လျော်ဖွယ် ဖြစ်ကုန်သော လောကာမိသခေါ် လူတို့၏ ကာမဂုဏ်အစာနှင့် စပ်ဆိုင်ကုန်သော မျက်စိဖြင့် မြင်အပ်ကုန်- မြင်နိုင်ကုန်သော အဆင်းရူပါရုံတို့ကို မရခြင်းကို (အစွဲပြု၍) မရသောအားဖြင့် (ဝါ-မရလေခြင်းဟု) အဖန်ဖန် ရှုဆင်ခြင်သော သူအား၎င်း၊ ရှေးအခါက ရခဲ့ဘူး၍ ယခုအခါ လွန်လေပြီး ချုပ်လေပြီး ပျက်စီးဆုံးရှုံးလေပြီးသော အဆင်းရူပါရုံကို အဖန်ဖန် ရှုဆင်ခြင်မိသော သူအား၎င်း နှလုံးမသာခြင်း ဝမ်းနည်းခြင်းသည် ဖြစ်ပေါ်လာ၏၊ ဤသို့ သဘောရှိသော နှလုံးမသာခြင်း ဝမ်းနည်းခြင်းကို (ဂေဟသိတ ဒေါမနဿ) ကာမဂုဏ်ကိုမှီသော နှလုံးမသာခြင်းဟူ၍ ဆိုအပ်၏”၊ ဤသို့ အစရှိသောနည်းဖြင့် လာသော ကာမဂုဏ်ကိုမှီသော နှလုံးမသာခြင်း (ဒေါမနဿ)သည် ပျက်စီးခြင်းကို ရှုခြင်းအားဖြင့် တူသောအဖို့ရှိခြင်း (သဘောတူခြင်း)ကြောင့် ကရုဏာဗြဟ္မဝိဟာရ၏ နီးသော ရန်သူပေတည်း။ ကရုဏာ၏ သဘာဂဖြစ်သော ဒေါမနဿနှင့် တူသော အဖို့မရှိခြင်း- သဘောမတူခြင်းကြောင့် (ဝါ-ကရုဏာ၏သဘောနှင့် မတူသော အဖို့ရှိခြင်း- သဘောမတူခြင်းကြောင့်) ညှဉ်းဆဲလိုခြင်း (ဝိဟိံသာ)သည် [၃၁၃] ဝေးသော ရန်သူပေတည်း။ ထို့ကြောင့် ထိုဝေးသော ရန်သူဖြစ်သော ဝိဟိံသာမှ စိုးရိမ်ကြောက်ရွံ့ခြင်း ကင်းလျက် ကရုဏာကို ပွါးစေအပ်၏။ (မစိုးရိမ်ရခြင်း၏ အကြောင်းမှာ) သနားခြင်း ကရုဏာကိုလည်း ပြုလတံ့- ဖြစ်စေလတံ့, လက် စသည်တို့ဖြင့်လည်း ညှဉ်းဆဲလတံ့-ဟူသော ဤသို့ဖြစ်ရန် အကြောင်းမရှိသည်သာတည်း။
“အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်ကုန်သော နှလုံးမွေ့လျော်ဖွယ် ဖြစ်ကုန်သော လောကာမိသခေါ် လူတို့၏ ကာမဂုဏ်အစာနှင့်
၅၂၈
စပ်ဆိုင်ကုန်သော မျက်စိဖြင့် မြင်အပ်ကုန်- မြင်နိုင်ကုန်သော အဆင်းရူပါရုံတို့ကို (အကြောင်းပြု၍) ရသောအားဖြင့် (ဝါ-ရပေစွဟု) အဖန်ဖန် ရှုဆင်ခြင်သော သူအား၎င်း၊ ရှေးအခါက ရခဲ့ဘူး၍ ယခု ဤအခါ လွန်လေပြီး ချုပ်လေပြီး ပျက်စီးလေပြီးသော အဆင်းရူပါရုံကို (ခံစားခဲ့ရသည့် အနေအားဖြင့်) ပြန်လည်၍ အဖန်ဖန် ရှုဆင်ခြင်မိသော သူအား၎င်း စိတ်ရွှင်လန်း ဝမ်းသာခြင်းသည် ဖြစ်ပေါ်လာ၏၊ ဤသို့သဘောရှိသော စိတ်ရွှင်လန်း ဝမ်းသာခြင်းကို (ဂေဟသိတသောမနဿ) ကာမဂုဏ်ကိုမှီသော ဝမ်းသာခြင်းဟူ၍ ဆိုအပ်၏”၊ ဤသို့ အစရှိသောနည်းဖြင့် လာသော ကာမဂုဏ်ကိုမှီသော ဝမ်းသာခြင်း (သောမနဿ)သည် ပြည့်စုံခြင်းကို ရှုခြင်းအားဖြင့် တူသောအဖို့ရှိခြင်း (သဘောတူခြင်း)ကြောင့် မုဒိတာဗြဟ္မဝိဟာရ၏ နီးသော ရန်သူပေတည်း၊ မုဒိတာ၏ သဘာဂဖြစ်သော သောမနဿနှင့် တူသောအဖို့မရှိခြင်း- သဘောမတူခြင်းကြောင့် (ဝါ-မုဒိတာ၏ သဘောနှင့် မတူသောအဖို့ရှိခြင်း- သဘောမတူခြင်းကြောင့်) သူ့စည်းစိမ်၌ မမွေ့လျော်ခြင်း- မနာလိုခြင်း (အရတိ)သည် ဝေးသော ရန်သူပေတည်း၊ ထို့ကြောင့် ထိုဝေးသော ရန်သူဖြစ်သော အရတိမှ စိုးရိမ်ကြောက်ရွံ့ခြင်း ကင်းလျက် မုဒိတာကို ပွါးစေအပ်၏။ (မစိုးရိမ်ရခြင်း၏ အကြောင်းမှာ) သူ့စည်းစိမ်၌ ဝမ်းမြောက်သည်လည်း ဖြစ်လတံ့, တောကျောင်းတို့၌၎င်း သမထ ဝိပဿနာဟူသော အလွန်အမြတ် ကုသိုလ်တရားတို့၌၎င်း, မပျော်မမွေ့ ငြီးငွေ့သည်လည်း ဖြစ်လတံ့-ဟူသော ဤသို့ဖြစ်ရန် အကြောင်းမရှိသည်သာတည်း၁။
၁- အရတိ- မမွေ့လျော်ခြင်းသည် သူတပါး၏ စည်းစိမ်ချမ်းသာကိုသာ မမြင်လိုခြင်း မမွေ့လျော်ခြင်းက တမျိုး၊ တောကျောင်း စသည်တို့၌
၅၂၉
“ကိလေသာတို့ကို တစိတ်တပိုင်းမျှ မအောင်နိုင်သေးသောသူ၁ နောင်ဖြစ်မည့် ပဋိသန္ဓေဝိပါက်ကို မအောင်နိုင်သေးသောသူ၂ တွေဝေမှု မောဟ၌ အပြစ်တို့ကို မမြင်သေးသောသူ၃(ဟု ဆိုအပ်သာ) မိုက်မဲ တွေဝေသော ပုထုဇဉ်ပုဂ္ဂိုလ်အား အကြားအမြင် မရှိသော၄
မမွေ့လျော်ခြင်းက တမျိုး၊ ဤသို့ဖြင့် ၂-မျိုးရှိ၏၊ ထိုတွင် ဤအရာ၌ မုဒိတာဖြစ်လျှင် သူ့စည်းစိမ်၌ မမွေ့လျော်သော အရတိ မဖြစ်နိုင်ဟူသော အနက်သာ လိုရင်းဖြစ်သည်၊ တောကျောင်း စသည်၌ မမွေ့လျော်ခြင်း (အရတိ) မဖြစ်နိုင်သည်မှာကား လိုရင်းမဟုတ်၊ သို့သော် ထိုအရတိ ကင်းခြင်းကိုလည်း ရနိုင်သည်ဟူသော ရည်ရွယ်ချက်ဖြင့် ဤသို့ ဆိုထားသည်။ ဋီကာမှယူ၍ အကျဉ်းပြချက် ဖြစ်သည်။ သဘောကျရန် ခဲယဉ်း၏။ တနည်းကား ကာယဝိဝေက စိတ္တဝိဝေကတို့၏ ဆန့်ကျင်ဘက်ဖြစ်သော အရတိ ကင်းကွာလျှင် မုဒိတာ၏ ဆန့်ကျင်ဘက် (သူ့စည်းစိမ်၌ မမွေ့လျော်ခြင်း) အရတိကိုလည်း လွယ်ကူစွာ ကင်းကွာစေနိုင်သည်ဟု ပြခြင်းငှါ တစိတ်တဒေသအားဖြင့် အရတိကို ပြသည်။ (ဋီကာပင်) ဤအဖွင့်ကိုလည်း သဘောကျရန် ခက်သည်သာ။
၁- သောတာပန် သကဒါဂါမ် အနာဂါမ် သေက္ခပုဂ္ဂိုလ်များသည် ကိလေသာတို့ကို တစိတ်တပိုင်းအားဖြင့် အောင်နိုင်ပြီးမည်၏၊ ထိုသို့သော သေက္ခပုဂ္ဂိုလ် မဟုတ်ဟု ဆိုလို၏။
၂- ရဟန္တာသည် ပဋိသန္ဓေဝိပါက်ကို အောင်နိုင်ပြီး ဖြစ်သည်၊ ထို့ကြောင့် ဤစကားဖြင့် ရဟန္တာမဟုတ်ဟု သိစေ၏။
၃- ဝိပဿနာယောဂီသည် အာရုံတို့၏ အပြစ်, အာရုံကို မရှုမသိမှု မောဟ၏ အပြစ်တို့ကို မြင်သူမည်၏၊ ထို့ကြောင့် ဤစကားဖြင့် ဝိပဿနာယောဂီလည်း မဟုတ်ဟု သိစေ၏။
၄- ကြားနာမှတ်သားဘူးသော တရားစာပေသည် အာဂမသုတ- အကြားမည်၏၊ အားထုတ်၍ ကိုယ်တိုင်တွေ့ သိမြင်မှုသည် အဓိဂမသုတမည်၏၊
၅၃၀
ဝစဈပုထုဇဉ်ပုဂ္ဂိုလ်အား မျက်စိဖြင့် အဆင်းကိုမြင်ပြီးလျှင် (ထိုအဆင်း၌) လျစ်လျူရှုခြင်း (ဥပေက္ခာ)သည် ဖြစ်ပေါ်လာ၏၊ ဤသို့သော လျစ်လျူရှုမှု- ဥပေက္ခာသည် မြင်ရသော အဆင်းရူပါရုံကို မလွန်မြောက်နိုင်၊ ထို့ကြောင့် ထိုဥပေက္ခာကို (ဂေဟသိတ) ကာမဂုဏ်ကိုမှီသော ဥပေက္ခာဟု ဆိုအပ်၏” ဤသို့ အစရှိသောနည်းဖြင့် လာသော ဂေဟသိတ အညာဏုပေက္ခာ (ကာမဂုဏ်ကိုမှီသော မောဟနှင့်ယှဉ်သော ဥပေက္ခာ)သည် အပြစ်နှင့် ဂုဏ်ကို မဆင်ခြင် မစဉ်းစားသည့် အလိုအားဖြင့် တူသောအဖို့ရှိခြင်း (သဘောတူခြင်း)ကြောင့် ဥပေက္ခာဗြဟ္မဝိဟာရ၏ နီးသော ရန်သူပေတည်း။ ၎င်း၏ သဘာဂဖြစ်သော အညာဏုပေက္ခာနှင့် တူသောအဖို့မရှိခြင်း- သဘောမတူခြင်းကြောင့် (ဝါ-ဗြဟ္မဝိဟာရ ဥပေက္ခာ၏ သဘောနှင့် မတူသော အဖို့ရှိခြင်း- သဘောမတူခြင်းကြောင့်) ရာဂနှင့် ဒေါသတို့သည် ဝေးသော ရန်သူတို့ပေတည်း။ ထို့ကြောင့် ထိုဝေးသောရန်သူများ ဖြစ်ကြသော ရာဂနှင့် ဒေါသတို့မှ စိုးရိမ်ကြောက်ရွံ့ခြင်း ကင်းလျက် လျစ်လျူရှုကာ ဥပေက္ခာကို ပွါးစေအပ်၏။ (မစိုးရိမ်ရခြင်း၏ အကြောင်းမှာ) လျစ်လျူရှုသည်လည်း ဖြစ်လတံ့, တပ်မက်မှုရာဂကို သို့မဟုတ် ထိပါးတိုက်ခိုက်မှု- ပဋိဃဒေါသကိုလည်း ဖြစ်စေလတံ့-ဟူသော ဤသို့ ဖြစ်ရန်အကြောင်း မရှိသည်သာတည်း။ဝစဈပုထုဇဉ်ပုဂ္ဂိုလ်အား မျက်စိဖြင့် အဆင်းကိုမြင်ပြီးလျှင် (ထိုအဆင်း၌) လျစ်လျူရှုခြင်း (ဥပေက္ခာ)သည် ဖြစ်ပေါ်လာ၏၊ ဤသို့သော လျစ်လျူရှုမှု- ဥပေက္ခာသည် မြင်ရသော အဆင်းရူပါရုံကို မလွန်မြောက်နိုင်၊ ထို့ကြောင့် ထိုဥပေက္ခာကို (ဂေဟသိတ) ကာမဂုဏ်ကိုမှီသော ဥပေက္ခာဟု ဆိုအပ်၏” ဤသို့ အစရှိသောနည်းဖြင့် လာသော ဂေဟသိတ အညာဏုပေက္ခာ (ကာမဂုဏ်ကိုမှီသော မောဟနှင့်ယှဉ်သော ဥပေက္ခာ)သည် အပြစ်နှင့် ဂုဏ်ကို မဆင်ခြင် မစဉ်းစားသည့် အလိုအားဖြင့် တူသောအဖို့ရှိခြင်း (သဘောတူခြင်း)ကြောင့် ဥပေက္ခာဗြဟ္မဝိဟာရ၏ နီးသော ရန်သူပေတည်း။ ၎င်း၏ သဘာဂဖြစ်သော အညာဏုပေက္ခာနှင့် တူသောအဖို့မရှိခြင်း- သဘောမတူခြင်းကြောင့် (ဝါ-ဗြဟ္မဝိဟာရ ဥပေက္ခာ၏ သဘောနှင့် မတူသော အဖို့ရှိခြင်း- သဘောမတူခြင်းကြောင့်) ရာဂနှင့် ဒေါသတို့သည် ဝေးသော ရန်သူတို့ပေတည်း။ ထို့ကြောင့် ထိုဝေးသောရန်သူများ ဖြစ်ကြသော ရာဂနှင့် ဒေါသတို့မှ စိုးရိမ်ကြောက်ရွံ့ခြင်း ကင်းလျက် လျစ်လျူရှုကာ ဥပေက္ခာကို ပွါးစေအပ်၏။ (မစိုးရိမ်ရခြင်း၏ အကြောင်းမှာ) လျစ်လျူရှုသည်လည်း ဖြစ်လတံ့, တပ်မက်မှုရာဂကို သို့မဟုတ် ထိပါးတိုက်ခိုက်မှု- ပဋိဃဒေါသကိုလည်း ဖြစ်စေလတံ့-ဟူသော ဤသို့ ဖြစ်ရန်အကြောင်း မရှိသည်သာတည်း။စ-လယ်-ဆုံးနှင့် အာရုံကို ပွါးစေခြင်း
၂၆၆။ ဤအလုံးစုံသော ဗြဟ္မဝိဟာရတို့၏ အစ-အရင်းခံကား (ယင်းတို့ကို) ဖြစ်ပွါးစေရန် အလိုရှိခြင်းဟူသော ကုသိုလ်ဆန္ဒပေတည်း၊
အထူးအားဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို သိမှုပေတည်း၊ ၎င်းကို အမြင်ဟု ဆိုသည်၊ ထိုသို့သော အကြားနှင့် အမြင် မရှိသူဟု ဆိုလို၏။
၅၃၁
အလယ်ကား နီဝရဏ စသည်တို့ကို ခွါခြင်းပေတည်း၊ အဆုံးအပြီးကား အပ္ပနာဈာန်ပေတည်း၊ ပညတ်တရား အလိုအားဖြင့် တဦးသော သတ္တဝါသည်သော်၎င်း၊ များစွာကုန်သော သတ္တဝါတို့သည်သော်၎င်း၊ (ယင်းတို့၏) အာရုံပေတည်း၊ ဥပစာရသို့ ရောက်သောအခါ၌သော်၎င်း၊ အပ္ပနာသို့ ရောက်သောအခါ၌သော်၎င်း အာရုံကို ပွါးစေခြင်းသည် (ဖြစ်နိုင်၏)။
ထိုသို့ ပွါးစေရာ၌ ဤသည်ကား ပွါးစေပုံ အစဉ်ပေတည်း။ ကျွမ်းကျင်သော လယ်သ္မားသည် ထွန်သင့်သောအရပ်ကို ပိုင်းခြားပြီး ထွန်သကဲ့သို့ ထို့အတူ လက်ဦးအစ၌ပင်လျှင် တခုသော ကျောင်း-အိမ် အဆောက်အဦကို ပိုင်းခြား၍ “ဤကျောင်း- ဤအိမ်၌ သတ္တဝါတို့သည် ရန်ကင်းကြပါစေ” ဤသို့ အစရှိသောနည်းဖြင့် ထိုကျောင်း- ထိုအိမ်ရှိ သတ္တဝါတို့၌ မေတ္တာကို ပွါးစေအပ်၏။ ထိုကျောင်း- ထိုအိမ်ရှိ သတ္တဝါတို့၌ စိတ်ကို နူးညံ့အောင် ခန့်ကျန်း သန်စွမ်းအောင် ပြုပြီးလျှင် ၂-ခုသော ကျောင်း-အိမ်တို့ကို ပိုင်းခြားအပ်ကုန်၏။ ထို့နောင် အစဉ်အတိုင်း သုံးခုကုန်သော ကျောင်း-အိမ်တို့ကို၊ ၄-ခု၊ ၅-ခု၊ ၆-ခု၊ ၇-ခု၊ ၈-စု၊ ၉-ခု၊ ဆယ်ခုကုန်သော ကျောင်း-အိမ်တို့ကို၊ တခုသောလမ်းကို၊ ရွာထက်ဝက်ကို၊ တရွာလုံးကို၊ ဇနပုဒ်-တိုင်း-နယ်ကို၊ တပြည်လုံးကို၊ တခုသော အရပ်မျက်နှာကို ပိုင်းခြားအပ်၏။ ဤပုံ ဤနည်းဖြင့် စကြဝဠာ တခုလုံးတိုင်အောင်သော်၎င်း၊ ထို့ထက် အလွန်သော်၎င်း (ပိုင်းခြား၍) ထိုထိုအရပ်တို့၌ ရှိကြသော သတ္တဝါတို့၌ [၃၁၄] မေတ္တာကို ပွါးစေအပ်၏။ ကရုဏာ စသည်တို့ကိုလည်း ထို့အတူပင်။ ဤသည်ကား ဤဗြဟ္မဝိဟာရတို့၌ အာရုံကို ပွါးစေပုံ အစဉ်ပေတည်း။
၅၃၂
နိဿန္ဒအကျိုး
၂၆၇။ ထိုမှတပါး အရူပဈာန်တို့သည် ကသိုဏ်းဈာန်တို့၏ (ဝါ-ကသိုဏ်းဈာန်တို့မှ) ထွက်ပေါ်လာသော အကျိုး(သဖွယ်) ဖြစ်သကဲ့သို့၎င်း၊ နေဝသညာနာသညာယတနဈာန်သည် ရူပဈာန်သမာဓိ, အောက်အရူပဈာန် သမာဓိတို့၏ (သမာဓိတို့မှ) ထွက်ပေါ်လာသော အကျိုး(သဖွယ်) ဖြစ်သကဲ့သို့၎င်း၊ ဖလသမာပတ်သည် ဝိပဿနာ၏ (ဝိပဿနာမှ) ထွက်ပေါ်လာသော အကျိုး(သဖွယ်) ဖြစ်သကဲ့သို့၎င်း၊ နိရောဓသမာပတ်သည် သမထ ဝိပဿနာတို့၏ (ဝါ-သမထ ဝိပဿနာတို့မှ) ထွက်ပေါ်လာသော အကျိုး(သဖွယ်) ဖြစ်သကဲ့သို့၎င်း ဤလေးပါးသော ဗြဟ္မဝိဟာရတို့တွင် ဥပေက္ခာဗြဟ္မဝိဟာရသည် ရှေး ဗြဟ္မဝိဟာရ သုံးပါးအပေါင်း၏ (အပေါင်းမှ) ထွက်ပေါ်လာသော အကျိုး(သဖွယ်) ဖြစ်ပေ၏။ ဥပမာဖြင့် ပြရလျှင် တိုင်တို့ကို မစိုက်မထူပဲ ထုပ်လျောက်ကိုလည်း မတင်ပဲ ကောင်းကင်၌ အထွတ်အခြင်တို့ကို တင်ထားရန် မဖြစ်နိုင်သကဲ့သို့ ထို့အတူပင် ရှေး သုံးပါးသော ဗြဟ္မဝိဟာရတို့၌ရသော တတိယဈာန်နှင့် ကင်း၍ စတုတ္ထဗြဟ္မဝိဟာရကို ပွါးစေရန် မဖြစ်နိုင်ပေ။ ဤတွင် တရပ်ပြီး၏။
ဗြဟ္မဝိဟာရမည်ကြောင်း စသည်
၂၆၈။ ဤအရာ၌ ဆိုလတံ့သော မေးခွန်း ဖြစ်နိုင်ပေ၏- ဤမေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတို့ကို အဘယ့်ကြောင့် ဗြဟ္မဝိဟာရဟု ခေါ်ဆိုအပ်ပါကုန်သနည်း၊ အဘယ့်ကြောင့် ၄-ပါးတို့သာလျှင် ဖြစ်ပါကုန်သနည်း၊ ဤမေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတို့၏ အစဉ်ကား အဘယ်ပါနည်း၊ အဘိဓမ္မာ၌ အဘယ့်ကြောင့် အပ္ပမညာဟု ဟောထားပါသနည်း-ဟူ၍ မေးခွန်း ဖြစ်နိုင်ပေ၏။
၅၃၃
အဖြေကား- မြတ်သော အနက်သဘောဖြင့်၎င်း၊ အပြစ်ကင်းသည်၏အဖြစ် (အပြစ်ကင်းခြင်း)ကြောင့်၎င်း ဤမေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတို့၌ ဗြဟ္မဝိဟာရ မည်သည်၏အဖြစ်ကို ရှေးဦးစွာ သိအပ်၏။ ချဲ့၍ပြရလျှင် ဤမေတ္တာ စသည်ဖြင့် နေခြင်း (ဝိဟာရ)တို့သည် သတ္တဝါတို့၌ မှန်ကန် ကောင်းမွန်သော အကျင့်ဖြစ်သောကြောင့် အထူးသဖြင့် ချီးမွမ်းအပ်- မြင့်မြတ်ကြပေကုန်၏။ ထို့ပြင် ဗြဟ္မာတို့သည် (နီဝရဏစသော) အပြစ်ကင်းသည့်စိတ် ရှိကုန်လျက် နေကုန်သကဲ့သို့ ထို့အတူ ဤမေတ္တာ စသည်တို့နှင့် ယှဉ်ကုန်သော ယောဂီတို့သည် ဗြဟ္မာတို့နှင့် တူကုန်လျက် နေကုန်၏။ ဤသို့ မြတ်သော အနက်သဘောကြောင့်၎င်း၊ အပြစ်ကင်းသည်၏ အဖြစ်ကြောင့်၎င်း ဗြဟ္မဝိဟာရဟူ၍ ဆိုအပ်ကုန်၏။
၂၆၉။ အဘယ့်ကြောင့် ၄-ပါးတို့သာလျှင် ဖြစ်ပါကုန်သနည်း- ဤသို့ အစရှိသော မေးခွန်း၏ အဖြေကား ဤဆိုလတံ့စကားပေတည်း-
စင်ကြယ်ကြောင်း စသည်တို့၏ အစွမ်းအားဖြင့် ၄-ပါးတို့သာ ဖြစ်ကုန်၏၊ ထိုမေတ္တာ စသည်တို့၏ အစဉ်သည် အစီးအပွါးကို ပြုကျင့်ခြင်းစသော အခြင်းအရာတို့၏ အစွမ်းအားဖြင့် ဖြစ်၏၊ ထိုမေတ္တာ စသည်တို့သည် အတိုင်းအရှည်ပမာဏ ကင်းသော အာရုံ၌ ဖြစ်ကြသောကြောင့် အပ္ပမညာမည်ကုန်၏။
ချဲ့၍ပြအံ့- ဤမေတ္တာ စသည်တို့တွင် မေတ္တာသည် ဗျာပါဒ-ဒေါသ အဖြစ်များသောသူ၏ စင်ကြယ်ကြောင်းပေတည်း၊ ကရုဏာသည် ညှဉ်းဆဲလိုမှု (ဝိဟေသာ) အဖြစ်များသောသူ၏ စင်ကြယ်ကြောင်းပေတည်း၊ မုဒိတာသည် သူ့စည်းစိမ်၌ မမွေ့လျော်မှု- မနာလိုမှု
၅၃၄
အဖြစ်များသောသူ၏ စင်ကြယ်ကြောင်းပေတည်း၊ ဥပေက္ခာသည် တပ်မက်မှု-ရာဂ အဖြစ်များသောသူ၏ စင်ကြယ်ကြောင်းပေတည်း၊ (ဤသို့ လေးဦးသောသူတို့၏ စင်ကြယ်ကြောင်း လေးပါးဖြစ်သောကြောင့်လည်း ၄-ပါးတို့သာ ဖြစ်ကြသည်)။ ထို့ပြင် အစီးအပွါးကို ဆောင်ပေးခြင်း, အစီးအပွါးမဲ့ အကျိုးမဲ့ကို ပယ်ခြင်း, ပြည့်စုံသော သူ့စည်းစိမ်ကို ဝမ်းမြောက်ခြင်း, တဖက်သတ်ကျစေရန် နှလုံးမသွင်းခြင်းတို့၏ အစွမ်းအားဖြင့် သတ္တဝါတို့၌ နှလုံးသွင်းခြင်းသည် လေးပါးသာလျှင် ရှိ၏။ (ထို့ကြောင့်လည်း ၄-ပါးတို့သာ ဖြစ်ကြသည်)။ ထို့ပြင် မိခင်သည် သူငယ်, သူနာ, အရွယ်ရောက်သူ, သူကိစ္စသူ ဆောင်နေသူဟူသော သားလေးယောက်တို့တွင် သူငယ်သား၏ ကြီးထွားခြင်းကို အလိုရှိ၏၊ သူနာသား၏ အနာရောဂါကို ပယ်ဖျောက်ခြင်းငှါ အလိုရှိ၏။ အရွယ်ရောက်သော သား၏ အရွယ်ကောင်းခြင်း ပြည့်စုံခြင်း၌ ရှည်မြင့်စွာ တည်ခြင်းကို အလိုရှိ၏၊ သူ့ကိစ္စသူ ဆောင်နေသော သား၏ တစုံတခုသော ကိစ္စအလှည့်၌မျှ ကြောင့်ကြမစိုက်တော့သကဲ့သို့ ထို့အတူ အပ္ပမညာခေါ် ဗြဟ္မစိုရ်တရားဖြင့် နေလေ့ရှိသော ရဟန်းသည်လည်း အလုံးစုံသော သတ္တဝါတို့၌ မေတ္တာပွါးခြင်း စသည်တို့၏ အစွမ်းအားဖြင့် အပ္ပမညာခေါ် ဗြဟ္မဝိဟာရတို့သည် ၄-ပါးတို့သာ ဖြစ်ကြပေသည်။
[၃၁၅] (ယင်း ၄-ပါးတို့၏ အစဉ်ကား) လေးပါးသော ဤအပ္ပမညာကို ပွါးစေခြင်းငှါ အလိုရှိသော ပုဂ္ဂိုလ်သည် သတ္တဝါတို့၌ ရှေးဦးစွာ အစီးအပွါးကို ပြုကျင့်သော အခြင်းအရာဖြင့် ဖြစ်ခြင်း အလိုအားဖြင့် ကျင့်အပ်၏၊ မေတ္တာသည်လည်း အစီးအပွါးကို ပြုကျင့်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာရှိပေ၏။ ထို့နောင် ဤသို့ တောင့်တအပ်သော အစီးအပွါးနှင့် ပြည့်စုံသော သတ္တဝါတို့အား
၅၃၅
ဆင်းရဲဒုက္ခ နှိပ်စက်ခြင်းကို တွေ့မြင်ရ၍သော်၎င်း၊ ကြားရ၍သော်၎င်း၊ (ငရဲစသည်၌) ဖြစ်နိုင်သည်ကို မြော်တွေး ကြံဆ၍သော်၎င်း ဆင်းရဲကို ပယ်ဖျောက်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်း အလိုအားဖြင့် (ကျင့်အပ်၏)၊ ကရုဏာသည်လည်း ဆင်းရဲကို ပယ်ဖျောက်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာရှိပေ၏။ ထိုမှနောက်၌ ဤသို့ တောင့်တသည့်အတိုင်း အစီးအပွါးနှင့် ပြည့်စုံကြသည့်ပြင် တောင့်တသည့်အတိုင်း ဆင်းရဲလည်း ကင်းကုန်သော ထိုသတ္တဝါတို့၏ ပြည့်စုံသော စည်းစိမ်ကို တွေ့မြင်၍ ပြည့်စုံသော စည်းစိမ်ကို ဝမ်းမြောက်သည့် အလိုအားဖြင့် (ကျင့်အပ်၏)၊ မုဒိတာသည်လည်း ဝမ်းမြောက်ခြင်းလက္ခာဏာ ရှိပေ၏။ ထိုမှ နောက်၌မူ ပြုဖွယ်ကိစ္စ မရှိသောကြောင့် လျစ်လျူရှုခြင်းဟု ဆိုအပ်သော အလယ်အလတ်သဘော အခြင်းအရာအားဖြင့် (ဝါ-ဘက်မလိုက်ပဲ အလယ်၌တည်သော အခြင်းအရာအားဖြင့်၁) ကျင့်အပ်၏၊ ဥပေက္ခာသည်လည်း အလယ်အလတ်သဘော (အလယ်၌တည်သော) အခြင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာရှိပေ၏၊ ထို့ကြောင့် အစီးအပွါးကို ပြုကျင့်ခြင်း အစရှိသော ဤအခြင်းအရာတို့၏ အစွမ်းဖြင့် ထိုမေတ္တာ စသည်တို့တွင် မေတ္တာကို ရှေးဦးစွာ ဟောတော်မူပေသည်။ ထို့နောင် ကရုဏာကို၊ ထို့နောင် မုဒိတာကို၊ ထို့နောင် ဥပေက္ခာကို ဟောတော်မူပေသည်-ဟူ၍ ဤအစဉ်ကို သိအပ်ပေ၏။
အပ္ပမညာခေါ်ခြင်း၏ အကြောင်းကား အလုံးစုံသော ဤမေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတို့သည် အတိုင်းအရှည် ပမာဏကင်းသော
၁- မဇ္ဈဋ္ဌာကာရေန-ဟု ရှိသင့်သောပါဌ်ကို မြှော်၍ ပြန်သည်။
၅၃၆
အာရုံ၌ ဖြစ်ကုန်၏။ မှန်ပေ၏- အတိုင်းအရှည် ပမာဏ ကင်းကုန်သော သတ္တဝါတို့သည် ဤမေတ္တာ စသည်တို့၏ အာရုံဖြစ်ကြပေသည်။ သတ္တဝါတယောက်တည်း၏သော်လည်း ဤမျှသော အစိတ်အပိုင်း၌သာလျှင် မေတ္တာ စသည်တို့ကို ပွါးစေအပ်သည်ဟု ဤသို့ အတိုင်းအရှည် ပမာဏကို မယူမူ၍ တယောက်လုံးကို ဖြန့်သည်၏ အစွမ်းအားဖြင့်သာလျှင် ဖြစ်ကုန်၏။ (ထို့ကြောင့် အပ္ပမညာ မည်ကြပေသည်)။ ထို့ကြောင့်-
“စင်ကြယ်ကြောင်း စသည်တို့၏ အစွမ်းအားဖြင့် ၄-ပါးတို့သာ ဖြစ်ကုန်၏၊ ထိုမေတ္တာ စသည်တို့၏ အစဉ်သည် အစီးအပွါးကို ပြုကျင့်ခြင်းစသော အခြင်းအရာတို့၏ အစွမ်းအားဖြင့် ဖြစ်၏၊ ထိုမေတ္တာ စသည်တို့သည် အတိုင်းအရှည် ပမာဏကင်းသော အာရုံ၌ ဖြစ်ကြသောကြောင့် အပ္ပမညာမည်ကုန်၏”ဟု ဆိုခဲ့ပေသည်။
ရနိုင်သော ဈာန်များ
၂၇၀။ ဤဆိုခဲ့သည့်အတိုင်း အတိုင်းအရှည် ပမာဏကင်းသော အာရုံရှိခြင်းဖြင့်ဟူသော လက္ခဏာရှိကုန်သော်လည်း ဤအပ္ပမညာ ၄-ပါးတို့တွင် ရှေးသုံးပါးတို့သည် ဈာန်သုံးပါး လေးပါးအပေါင်းကိုသာ ရစေနိုင်ကုန်၏၊ အဘယ့်ကြောင့်နည်း?- သောမနဿနှင့် အမြဲယှဉ်ခြင်းကြောင့်ပေတည်း။ ထိုသုံးပါးတို့၏ သောမနဿနှင့် ယှဉ်ခြင်းသည် အဘယ့်ကြောင့်ပါနည်း?ဟူမူ- ဒေါမနဿကြောင့် ဖြစ်ကုန်သော ဗျာပါဒ ဝိဟိံသာ အရတိတို့၏ ထွက်သွားကြောင်း- ကင်းကြောင်း ဖြစ်သောကြောင့်ပေတည်း၊ နောက်ဆုံးဖြစ်သော ဥပေက္ခာသည်ကား ကြွင်းကျန်သော ဈာန်တပါးကိုသာ ဖြစ်စေနိုင်၏။
၅၃၇
အဘယ့်ကြောင့်နည်း?- ဥပေက္ခာဝေဒနာနှင့် ယှဉ်ခြင်းကြောင့်တည်း။ မှန်ပေ၏- သတ္တဝါတို့၌ အလယ်အလတ်သဘော အခြင်းအရာအားဖြင့် ဖြစ်သော ဗြဟ္မဝိဟာရုပေက္ခာသည် ဥပေက္ခာဝေဒနာနှင့် ကင်း၍ မဖြစ်နိုင်ပေ။ ဤတွင် တရပ်ပြီး၏။
အယူအဆမမှားရန် ရှင်းပြချက်
၂၇၁။ “မြတ်စွာဘုရားသည် အင်္ဂုတ္တရ အဋ္ဌကနိပါတ်၌-
“ရဟန်း သင်သည် ထိုအခါ၌ ဤသမာဓိကို ဝိတက်လည်းရှိ ဝိစာရလည်းရှိအောင် ပွါးလေလော့၊ ဝိဝက်မရှိမူ၍ ဝိစာရမျှရှိအောင်လည်း ပွါးလေလော့၊ ဝိတက်လည်း မရှိ ဝိစာရလည်း မရှိအောင်လည်း ပွါးလေလော့၊ ပီတိရှိအောင်လည်း ပွါးလေလော့၊ ပီတိကင်းအောင်လည်း ပွါးလေလော့၊ သာယာဖွယ် သုခနှင့်တကွ ဖြစ်အောင်လည်း ပွါးလေလော့၊ ဥပေက္ခာနှင့်တကွ ဖြစ်အောင်လည်း ပွါးလေလော့”ဟု-
အပ္ပမညာ လေးပါးတို့၌လည်း အထူးမပြုပဲ သာမညအားဖြင့် ဟောတော်မူ(အပ်)ပေသည်၊ [၃၁၆] ထို့ကြောင့် အပ္ပမညာ လေးပါးတို့သည် ဈာန်လေးပါး ငါးပါးအပေါင်းကို ဖြစ်စေနိုင်ကြသည်”ဟူ၍ အကြင် တစုံတယောက်က ဆိုငြားအံ့၊ ထိုသူကို ဤသို့ မဆိုပါလင့်ဟု ပြောရာ၏။ မှန်ပေ၏- ဤသို့ သာမညအားဖြင့် ဟောတိုင်း အတူပြု၍ယူလျှင် ကာယာနုပဿနာစသော သတိပဋ္ဌာန် လေးပါးတို့သည်လည်း ဈာန်လေးပါး ငါးပါးအပေါင်းကို ဖြစ်စေနိုင်ကုန်ရာ၏၊ သို့သော်လည်း ဝေဒနာနုပဿနာ စသည်တို့၌ ပဌမဈာန်သည်သော်လည်း မရှိပေ၊ ဒုတိယဈာန် စသည်တို့ မရှိကြသည်မှာ ဆိုဖွယ်မရှိတော့ပြီ။ ထို့ကြောင့် သဒ္ဒါရိပ်မျှကို ယူ၍ မြတ်စွာဘုရားကို
၅၃၈
မစွပ်စွဲပါလင့်။ မြတ်စွာဘုရား၏ စကားတော်သည် နက်နဲလှပါသည်၊ ထိုနက်နဲသော ဘုရားစကားတော်ကို ဆရာများထံ ချဉ်းကပ်မှီဝဲ၍ ဆိုလိုသော အဓိပ္ပါယ်အားဖြင့် ယူအပ်- ယူသင့်ပေသည်။
၂၇၂။ ချဲ့၍ ပြဦးအံ့- ယခု ပြဆိုမည့်စကားသည် ထိုဘုရားစကားတော်၌ ဆိုလိုသော အဓိပ္ပါယ်ပေတည်း-
“မြတ်စွာဘုရား၊ မြတ်စွာဘုရားသည် တပည့်တော်အား အကျဉ်းအားဖြင့် တရားကို ဟောစေချင်ပါသည်၊ ထိုသို့ဟောလျှင် ကောင်းပါလိမ့်မည်၊ မြတ်စွာဘုရား၏ ယင်း အကျဉ်းတရားကို ကြားနာပြီးလျှင် တပည့်တော်သည် တပါးတည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် စိက်ကို စေလွှတ်ကာ မမေ့မလျော့ အပြင်းအထန် အားထုတ်လျက် နေလိုပါသည်”ဟု...
ရဟန်းတပါးက တရားဟောရန် မြတ်စွာဘုရားကို လျှောက်ထား တောင်းပန်လေသည်၊ ထိုရဟန်းသည် ရှေးကလည်း ဤကဲ့သို့ပင် တောင်းပန်၍ တရားနာပြီးလျှင် ရဟန်းတရားကိုကျင့်ရန် တောသို့မသွားပဲ ထိုအရပ်၌သာလျှင် နေခဲ့ဘူးလေပြီ၊ ထို့ကြောင့် ထိုရဟန်းကို မြတ်စွာဘုရားက- “ဤသာသနာ၌ အချို့သော (မောဃပုရိသ) အချည်းနှီးယောက်ျားတို့သည် ဤသို့ပင်လျှင် ငါဘုရားကိုသာ တရားဟောဖို့ တောင်းပန်ကြသည်။ တရားကို ဟောပြီး (နာပြီး)သောအခါ၌လည်း ငါဘုရားနောက်သို့သာ လိုက်နေသင့်သည်ဟု ထင်မှတ်နေကြသည်”ဟု ကြိမ်းမောင်းတော်မူပြီးလျှင် တဖန် ထိုရဟန်းမှာ အရဟတ္တဖိုလ်ရောက်ရန် ဥပနိဿအကြောင်းနှင့် ပြည့်စုံသည်ကို မြင်တော်မူသဖြင့် ထိုရဟန်းကို ဆုံးမတော်မူလျက်-
၅၃၉
ရဟန်း ထို(သို့ သင်က လျှောက်ထား တောင်းပန်ခြင်း)ကြောင့် ဤ၌ သင်သည် ယခုညွှန်ပြမည့်အတိုင်း ကျင့်ရမည်- “ငါ၏စိတ်သည် (ကမ္မဋ္ဌာန်းအာရုံဟူသော ဂေါစရ)အဇ္ဈတ္တ၌၁ တည်လတံ့ ကောင်းစွာ တည်လတံ့ (ဝါ-တည်ရမည် ကောင်းစွာ တည်ရမည်၂)၊ ယုတ်မာသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်လာကုန်လျက် (ငါ၏)စိတ်ကို အကုန်ဆောင်ယူ၍ မတည်ကုန်လတံ့ (ဝါ-ဆောင်ယူသွားလျက် မတည်စေကြရဘူး)၃”ဟု ဤသို့ပင် သင်သည် ကျင့်ရမည်ဟု ဆုံးမ ဟောကြားတော်မူလေသည်။
ဤဩဝါဒဖြင့် (ပုဂ္ဂိုလ်အသီးအသီး၏ သန္တာန်၌ အတွင်းဝင်သော တရားဟူသော) နိယကဇ္ဈတ္တ၄ အလိုအားဖြင့် ထိုရဟန်းအား
၁- အဇ္ဈတ္တံ-ဟူသည်ကား ဂေါစရဇ္ဈတ္တ၌ “ကမ္မဋ္ဌာန်းရုံ၌”ဟု ဆိုလို၏။ (ဋီကာ)
၂- စိတ်သည် တည်လတံ့-ဟူသည်ကား အပြင်ပအာရုံများသို့ မပျံ့လွင့်ပဲ တခုတည်းသော အာရုံရှိသည်၏အဖြစ်၌ တည်လတံ့၊ ထို့ကြောင့်ပင် ကောင်းစွာ တည်ပေသည်။ (ဋီကာ) မြန်မာလို အချောအားဖြင့် ပြရလျှင် “တည်ရမည် ကောင်းစွာ တည်ရမည်”ဟု အဓိဋ္ဌာန်ပြု၍ ကျင့်ရမည်ဟု ဆိုလို၏။
၃- အကုသိုလ်တရားတို့က စိတ်ကို ဆောင်ယူသွားသည် ဟူသည်မှာ ကုသိုလ်စိတ် ဖြစ်ခွင့်မရပဲ အကုသိုလ်တရားတို့နှင့် တပေါင်းတည်း အကုသိုလ်စိတ်ချည်း ဖြစ်သွားသည်ကို ဆိုသည်။ ထို့ကြောင့် (စိတ္တံ ပရိယာဒါယ) စိတ်ကို အကုန်ဆောင်ယူ၍-ဟူရာ၌ ကုသိုလ်စိတ်ကို ကုန်စေ၍-ဟု အဋ္ဌကထာတို့၌ ဖွင့်ပြပေသည်၊ အဓိပ္ပါယတ္ထပေတည်း။
၄- ဤအရာ၌ နိယကဇ္ဈတ္တဝသေန- နိယကဇ္ဈတ္တ အလိုအားဖြင့်-ဟု ရှိ၏၊ နိယကဇ္ဈတ္တဟူသည်မှာ ပုဂ္ဂိုလ်အသီးအသီး သန္တန်၌ရှိသော ရုပ်နာမ်တရားပင်။
၅၄၀
(ထိုရဟန်း၏) စိတ်၏ တခုတည်းသော အာရုံရှိခြင်း (စိတ္တေကဂ္ဂတာ)မျှဖြစ်သော မူလသမာဓိကို၁ ဟောပြတော်မူပေသည်။
ထိုအလိုအားဖြင့် မိမိ၏ ကိုယ်တွင်းတရားကို ရှုလျက် တည်သော သမာဓိကို ယူရပေလိမ့်မည်။ သို့သော် ဤအရာ၌ အတွင်းတရားဖြစ်စေ၊ အပြင်တရားဖြစ်စေ ကမ္မဋ္ဌာန်းအာရုံ ဟူသမျှကို ယူသင့်၏၊ ထို့ကြောင့် ဋီကာ၌ အဇ္ဈတ္တပုဒ်ကို ဂေါစရဇ္ဈတ္တမည်သော ကမ္မဋ္ဌာန်းအာရုံ၌-ဟု ဖွင့်ခဲ့ပြီးလျှင် ဤအရာ၌ အဋ္ဌကထာတွင်ရှိသော ပါဌ်ကို “စိတ္တေကဂ္ဂတာသည် မိမိသန္တာန်၌ အတွင်းဝင်သောကြောင့် နိယကဇ္ဈတ္တဝသေန-ဟု ဆိုကြောင်း” ရှင်းပြ၏။ သို့သော် နိယကဇ္ဈတ္တမဟုတ်သော စိတ္တေကဂ္ဂတာဟူ၍ မရှိသောကြောင့် ထိုရှင်းချက်ကိုလည်း သဘောကျရန် ခဲယဉ်း၏။ ထို့ကြောင့် ဝိသုဒ္ဓိမဂ်၌လည်း ဤအရာတွင် ဂေါစရဇ္ဈတ္တဝသေန-ဟူ၍ပင် မူလက ရှိခဲ့သည် ဖြစ်ရာ၏။
၁- စိတ္တေကဂ္ဂတာမတ္တော- စိတ်၏ တခုတည်းသော အာရုံရှိခြင်းမျှ ဖြစ်သော (သမာဓိ)ဟူသည်ကား ဘာဝနာကို အားထုတ်သောသူသည် ရပြီးကာမျှဖြစ်၍ အလွန်ကောင်းစွာ မပွါးစေရသေးသော (သမာဓာန) တည်ကြည်ခြင်း သမာဓိပေတည်း၊ ၎င်းကို နောက်၌ ပြဆိုမည့် သမာဓိအထူးတို့၏ မူလအကြောင်း ဖြစ်သောကြောင့် မူလသမာဓိဟု ဆိုပေသည်။ စိတ္တေကဂ္ဂတာမျှဖြစ်သော ဤသမာဓိကို ခဏိကသမာဓိဟု အလိုရိုအပ်၏၊ (အဘယ်၌ကဲ့သို့နည်း?ဟူမူ) (“ကမ္မဋ္ဌာန်းအာရုံဟူသော) အဇ္ဈတ္တ၌သာလျှင် (ငါသည်) စိတ်ကို ကောင်းစွာ တည်စေ၏ ကောင်းစွာ နေစေ၏ တမျိုးတည်းသော တည်ကြည်ပုံ အပိုင်းအခြားရှိသည်ကို (ဝါ-အပိုင်းအခြားရှိအောင်) ပြု၏ ကောင်းစွာထား၏” ဤသို့ အစရှိသော ဒေသနာတို့၌ ကဲ့သို့ပေတည်း၊ ဥပမာဖြင့် ထင်စွာပြအံ့- “ရဟန်းတို့ ငါ၏ဝီရိယသည် အားထုတ်ပြီး ဖြစ်ခဲ့ပြီ မတွန့်မဆုတ်ခဲ့ပြီ ။ပ။ စိတ်ကို ကောင်းစွာ ထားအပ်ခဲ့ပြီ တခုတည်းသော
၅၄၁
ထို့နောင် ဤမျှဖြင့်ပင် အားရကျေနပ်ခြင်းသို့ မရောက်သေးပဲ ထိုမူလ သမာဓိကိုပင် ယခု ပြဆိုမည့်အတိုင်း ပွါးစေရမည်”ဟု ပြဆိုတော်မူခြင်းငှါ-
“ရဟန်း၊ အကြင်အခါ၌ သင်၏စိတ်သည် (ကမ္မဋ္ဌာန်းအာရုံဟူသော ဂေါစရ) အဇ္ဈတ္တ၌ တည်၏ ကောင်းစွာတည်၏၊ ယုတ်မာသော အကုသိုလ်တရားတို့သည်လည်း ဖြစ်ပေါ်ကုန်လျက် (သင်၏)စိတ်ကို အကုန်ဆောင်ယူ၍ မတည်ကုန်၊ ရဟန်း၊ ထိုအခါ၌ သင်သည် ဤသို့ ကျင့်ရမည်- ငါသည် မေတ္တာစေတောဝိမုတ္တိ (စိတ်၏ လွတ်ကြောင်းဖြစ်သော မေတ္တာကို)ကို ပွါးစေအပ်ပြီးသည် အကြိမ်များစွာ ပြုအပ်ပြီးသည် က,ထားသော ယာဉ်ကဲ့သို့ ပြုအပ်ပြီးသည် တည်ရာကဲ့သို့ ပြုအပ်ပြီးသည် မြဲမြံစွာ တည်စေအပ်ပြီးသည် နိုင်နင်းအောင် လေ့ကျင့်အပ်ပြီးသည် ကောင်းစွာ အားထုတ်အပ်ပြီးသည် ဖြစ်ပေလတံ့ (ဖြစ်စေရမည်)ဟု ဤသို့ပင် သင်သည် ကျင့်ရမည်”ဟု ထိုရဟန်းအား မေတ္တာ၏အစွမ်းအားဖြင့် ဘာဝနာကို (ဝါ-မေတ္တာပွါးပုံကို) ဤသို့ ဟောကြားတော်မူလေသည်။ ထိုသို့ ဟောကြားပြီးလျှင်-
“ရဟန်း၊ အကြင်အခါ၌ သင်သည် ဤသမာဓိကို ဤဆိုခဲ့သည့်အတိုင်း ပွါးစေအပ်ပြီး အကြိမ်များစွာ ပြုအပ်ပြီး ဖြစ်၏၊
အာရုံရှိခဲ့ပြီ”ဟု မိန့်ဆိုတော်မူပြီးနောက် “ကာမတို့မှ ကင်းဆိတ်၍သာလျှင်။ ပ။ ပထမဈာန်သို့ ရောက်၍နေခဲ့ပြီ” ဤသို့ အစရှိသော စကားကို ဟောတော်မူသောကြောင့် တပါးသော ဒေသနာတို့၌လည်း ရှေးဦးစွာ ဟောထားသော စိတ္တေကဂ္ဂတာကို ခဏိက သမာဓိဟု သိအပ်သကဲ့သို့ ထို့အတူပင် ဤဩဝါဒ ဒေသနာ၌လည်း (“ငါ၏ စိတ်သည် တည်လတံ့” စသည်ဖြင့် ဟောထားသော စိတ္တေကဂ္ဂတာမျှ သမာဓိကို ခဏိကသမာဓိဟု သိအပ်ပေသည်။) (ဋီကာ)
၅၄၂
ထိုအခါ၌ သင်သည် (ပွါးစေအပ်ပြီးသော) ဤမူလသမာဓိကို ဝိတက်လည်း ရှိ ဝိစာရလည်းရှိအောင် ပွါးလေလော့ ။ပ။ ဥပေက္ခာနှင့်တကွ ဖြစ်အောင်လည်း ပွါးလေလော့''ဟု ဟောတော်မူပေသည်။
ထိုဟောတော်မူသော ဒေသနာ၏ ဆိုလိုသော အနက်ကား- ရဟန်း၊ အကြင်အခါ၌ သင်သည် ဤမူလသမာဓိကို ယခု ပြဆိုခဲ့သည့်အတိုင်း မေတ္တာ၏ အစွမ်းအားဖြင့် ပွါးစေအပ်ပြီး ဖြစ်၏၊ ထိုအခါ၌ သင်သည် ထိုမျှလောက်ဖြင့်လည်း အားရကျေနပ်ခြင်းသို့ မရောက်သေးပဲသာလျှင်-
[၃၁၇] ဤမူလသမာဓိကို (ပထဝီကသိုဏ်းစသော) တပါးသော အာရုံတို့၌လည်း ဈာန်လေးပါး ဈာန်ငါးပါး အပေါင်းသို့ ရောက်စေလျက် ဝိတက်လည်းရှိ ဝိစာရလည်းရှိ(သော ဈာန်ဖြစ်)အောင် ဤသို့ အစရှိသောနည်းဖြင့် ပွါးလေလော့-ဟု ဆိုလိုပေသည်။
ဆက်ဦးအံ့- ဤသို့ ဟောတော်မူပြီးလျှင် တဖန် “ကရုဏာ အစရှိသော ကြွင်းသော ဗြဟ္မဝိဟာရသုံးပါးကို ရှေ့သွားပြု၍လည်း (ပထဝီကသိုဏ်း အစရှိသော) တပါးသော အာရုံတို့၌ ဈာန်လေးပါး ဈာန်ငါးပါးအပေါင်း၏ အစွမ်းအားဖြင့် ဘာဝနာကို ပြုလေလော့”ဟု ထိုရဟန်းအား ပြတော်မူလိုသည်ဖြစ်၍-
''ရဟန်း၊ အကြင်အခါ၌ သင်သည် ဤသမာဓိကို ဤဆိုခဲ့သည့်အတိုင်း ပွါးစေအပ်ပြီး အကြိမ်များစွာ ပြုအပ်ပြီး ဖြစ်၏၊ ထိုအခါ၌ သင်သည် ဤသို့ ကျင့်ရမည် ငါသည် ကရုဏာစေတောဝိမုတ္တိကို ပွါးစေအပ်ပြီးသည် (ဖြစ်ပေလတံ့)''
ဤသို့ အစရှိသည်ကို ဟောကြားတော်မူလေသည်။
၅၄၃
ဤသို့ မေတ္တာစသည် ရှေ့သွားရှိသော ဈာန်လေးပါး ဈာန်ငါးပါးအပေါင်း၏ အစွမ်းအားဖြင့် ဘာဝနာကို ပြတော်မူပြီးလျှင် တဖန် ကာယာနုပဿနာစသည် ရှေ့သွားရှိသော ဘာဝနာကို ပြတော်မူခြင်းငှါ-
''ရဟန်း၊ အကြင်အခါ၌ သင့်မှာ ဤသမာဓိကို ဤဆိုခဲ့သည့်အတိုင်း ပွါးစေအပ်ပြီး အကြိမ်များစွာ ပြုအပ်ပြီးဖြစ်၏၊ ထိုအခါ၌ သင်သည် ဤသို့ ကျင့်ရမည် ကာယ၌ ကာယကို ရှုသည်ဖြစ်၍ နေအံ့''
ဤသို့ အစရှိသည်ကို ဟောတော်မူပြီးလျှင်-
''ရဟန်း အကြင်အခါ၌ သင့်မှာ ဤသမာဓိကို ဤသို့ ပွါးစေအပ်ပြီး ကောင်းစွာ ပွါးစေအပ်ပြီး ဖြစ်လတံ့၊ ရဟန်း ထိုအခါ၌ သင်သည် သွားရာ သွားရာ အရပ်တိုင်း၌ပင် ချမ်းသာစွာသာလျှင် သွားရပေလတံ့၊ ရပ်ရာ ရပ်ရာ အရပ်တိုင်း၌ပင် ချမ်းသာစွာသာလျှင် ရပ်ရလတံ့၊ ထိုင်ရာ ထိုင်ရာ အရပ်တိုင်း၌ပင် ချမ်းသာစွာသာလျှင် ထိုင်နေရပေလတံ့၊ လျောင်းရာ လျောင်းရာ အရပ်တိုင်း၌ပင် ချမ်းသာစွာသာလျှင် လျောင်းနေရပေလတံ့''ဟု-
အရဟတ္တဖိုလ်ကို အထွတ်တပ်သဖြင့် ဒေသနာတော်ကို ပြီးဆုံးစေတော်မူ၏။ ထို့ကြောင့် မေတ္တာအစရှိသော ရှေး ဗြဟ္မဝိဟာရ သုံးပါးတို့သည် ဈာန်သုံးပါး ဈာန်လေးပါး အပေါင်းကိုသာ ဖြစ်စေနိုင်ကုန်၏၊ ဥပေက္ခာသည်ကား ကြွင်းသော ဈာန်တပါးကိုသာ ဖြစ်စေနိုင်၏-ဟု သိအပ်ပေသည်။ မှန်ပေ၏-အဘိဓမ္မာ ပိဋကတ်၌ ထိုအတိုင်းပင် ဝေဘန်ထားပေသည်။
၅၄၄
သုဘပရမစသည်
၂၇၃။ ဤဆိုခဲ့သည့်အတိုင်း ဈာန်သုံးပါး လေးပါးကို ဖြစ်စေနိုင်သည်၏ အစွမ်းအားဖြင့်၎င်း၊ ကြွင်းသော ဈာန်တပါးကို ဖြစ်စေနိုင်သည်၏ အစွမ်းအားဖြင့်၎င်း နှစ်ပါးအပြားအားဖြင့် တည်ကုန်သော ဤ ဗြဟ္မဝိဟာရလေးပါးတို့၏၁ (သုဘပရမ) သုဘဝိမောက္ခလျှင် အလွန်အမြတ်ရှိသော (မေတ္တာစေတော)ဝိမုတ္တိစသည်တို့၏ အစွမ်းအားဖြင့် အချင်းချင်း မတူပဲ ကွဲပြားသော အာနုဘော်အထူးကို သိအပ်၏။ မှန်ပေ၏-ဟလိဒ္ဒဝသနသုတ်၌ ဤမေတ္တာစေတောဝိမုတ္တိ စသည်တို့ကို သုဘပရမ စသည်၏ အဖြစ်ဖြင့် အထူးပြု၍ ဟောတော်မူပေသည်။ ဟောတော်မူပုံမှာ-
''ရဟန်းတို့ မေတ္တာစေတောဝိမုတ္တိကို (သုဘပရမ) သုဘဝိမောက္ခလျှင် အလွန်အမြတ်ရှိသည်ဟု ငါဟောပေ၏၊ ရဟန်းတို့ ကရုဏာစေတောဝိမုတ္တိကို အာကာသာနဉ္စာယတန သမာပတ်လျှင် အလွန်အမြတ်ရှိသည်ဟု ငါဟောပေ၏၊ ရဟန်းတို့ မုဒိတာစေတောဝိမုတ္တိကို ဝိညာဏဉ္စာယတန သမာပတ်လျှင် အလွန် အမြတ်ရှိသည်ဟု ငါဟောပေ၏၊ ရဟန်းတို့ ဥပေက္ခာစေတောဝိမုတ္တိကို အာကိဉ္စညာယတန သမာပတ်လျှင် အလွန်အမြတ်ရှိသည်ဟု ငါဟောပေ၏'' ဟူ၍ပင်တည်း။
[၃၁၈] မေးခွန်းသွင်း၍ ရှင်းပြဦးအံ့- ဤစေတောဝိမုတ္တိတို့ကို အဘယ့်ကြောင့် ဤသို့ ဟော(အပ်ကုန်) သနည်း?ဟူမူ
၁- ဤဗြဟ္မဝိဟာရလေးပါးတို့၏.. အာနုဘော်အထူးကို-ဟု စပ်ပါ။
၅၄၅
(သုဘဝိမောက္ခစသော) ထိုထိုဝိမောက္ခ၏ မှီရာအကြောင်း ဥပနိဿယ ဖြစ်ခြင်းကြောင့်ပေတည်း။ ချဲ့၍ပြအံ့- မေတ္တာဖြင့် နေလေ့ရှိသော ပုဂ္ဂိုလ်အား သတ္တဝါတို့သည် စက်ဆုပ်ဖွယ် မဟုတ်မူ၍ ချစ်ဖွယ်တို့ ဖြစ်ကြ၏၊ ထိုသို့ ထင်သောအခါ စက်ဆုပ်ဖွယ်မဟုတ်သော အခြင်းအရာဖြင့် အလေ့အကျင့်ရခြင်းကြောင့် စက်ဆုပ်ဖွယ် မဟုတ်ကုန်သော အညို အရွှေ အနီ အဖြူဟူသော စင်ကြယ်သော အဆင်းတို့၌ စိတ်ကို ဆောင်ပို့လျှင် ထိုပုဂ္ဂိုလ်၏စိတ်သည် ယင်း စင်ကြယ်သော အဆင်းကသိုဏ်းတို့၌ မဆင်းရဲ မခက်ခဲပဲ ချမ်းသာလွယ်ကူစွာသာလျှင် ပြေးဝင်၏။ ဤသို့ ဖြစ်သောကြောင့် မေတ္တာသည် (စင်ကြယ်သော အဆင်းကသိုဏ်းဈာန်ဟူသော) သုဘဝိမောက္ခ၏ မှီရာအကြောင်း ဥပနိဿယ ဖြစ်ပေ၏၊ ထို့ထက်အလွန် (အခြားဝိမောက္ခအကြောင်း ဥပနိဿယကား) မဖြစ်ပေ။ ထို့ကြောင့် သုဘဝိမောက္ခလျှင် အလွန်အမြတ်ရှိသည်ဟု ဟောတော်မူပေသည်။
ထိုမှတပါး ကရုဏာဖြင့် နေလေ့ရှိသော ပုဂ္ဂိုလ်အား ဒုတ်ဖြင့် ရိုက်နှက်ခံရသော ရုပ်အစရှိသော ရုပ်လျှင် အကြောင်းရှိသော သတ္တဝါတို့မှာ ဖြစ်နိုင်သော ဆင်းရဲကို၁ ရှုဆင်ခြင်လျက် သနားခြင်းကရုဏာ ဖြစ်သင့်ခြင်းကြောင့် ရုပ်၌ အပြစ်သည် အလွန်ထင်ရှားပေ၏၊ ထိုသို့ အလွန်ထင်ရှားသောအခါ ရုပ်၌ အပြစ်ကို ထင်ရှားသိပြီး ဖြစ်သောကြောင့် ပထဝီကသိုဏ်း အစရှိသော ရုပ်ကသိုဏ်းတို့တွင် တပါးပါးကို ခွါ၍ ရုပ်၏ ထွက်ပြေး ကင်းကွာကြောင်းဖြစ်သော ကောင်းကင်ပညတ်၌ စိတ်ကို ဆောင်ပို့လျှင် ထိုပုဂ္ဂိုလ်၏စိတ်သည် ယင်း ကောင်းကင်ပညတ်၌ မဆင်းရဲ မခက်ခဲပဲ ချမ်းသာလွယ်ကူစွာသာလျှင် ပြေးဝင်၏။
၁- ဋီကာနှင့်အညီ သတ္တဒုက္ခံ-ဟူသော ပါဌ်သာ သင့်သည်။
၅၄၆
ဤသို့ ဖြစ်သောကြောင့် ကရုဏာသည် အာကာသာနဉ္စာယတန သမာပတ်၏ မှီရာအကြောင်း ဥပနိဿယဖြစ်ပေ၏၊ ထို့ထက်အလွန် (အခြားဝိမောက္ခ၏ အကြောင်း ဥပနိဿယကား) မဖြစ်ပေ။ ထို့ကြောင့် အာကာသာနဉ္စာယတန သမာပတ်လျှင် အလွန်အမြတ်ရှိသည်ဟု ဟောတော်မူပေသည်။
ထိုမှတပါး မုဒိတာဖြင့် နေလေ့ရှိသော ပုဂ္ဂိုလ်အား ထိုထိုဝမ်းမြောက်ခြင်း၏ အကြောင်းကြောင့် ဖြစ်သော ဝမ်းမြောက်မှုရှိကြသော သတ္တဝါတို့၏ စိတ်ဝိညာဏ်ကို ရှုဆင်ခြင်လျက် ဝမ်းမြောက်မှု မုဒိတာ ဖြစ်သင့်ခြင်းကြောင့် ဝိညာဏ်ကိုယူခြင်း၌ အလေ့အကျင့်ရသော စိတ်သည် ဖြစ်၏၊ ထိုသို့ဖြစ်သောအခါ ဘာဝနာအစဉ်ဖြင့် ရပြီးသော အာကာသာနဉ္စာယတနဈာန်ကို ကျော်လွန်၍ ကောင်းကင်ပညတ်လျှင် အာရုံရှိသော (အာကာသာနဉ္စာယတန) ဝိညာဏ်၌ စိတ်ကို ဆောင်ပို့လျှင် ထိုပုဂ္ဂိုလ်၏စိတ်သည် ယင်း ဝိညာဏ်၌ မဆင်းရဲ မခက်ခဲပဲ ချမ်းသာလွယ်ကူစွာ ပြေးဝင်၏။ ဤသို့ဖြစ်သောကြောင့် မုဒိတာသည် ဝိညာဏဉ္စာယတန သမာပတ်၏ မှီရာအကြောင်း ဥပနိဿယ ဖြစ်ပေ၏၊ ထို့ထက်အလွန် (အခြားဝိမောက္ခ၏ အကြောင်း ဥပနိဿယကား) မဖြစ်ပေ။ ထို့ကြောင့် ဝိညာဏဉ္စာယတန သမာပတ်လျှင် အလွန်အမြတ်ရှိသည်ဟု ဟောတော်မူပေသည်။
ထိုမှတပါး ဥပေက္ခာဖြင့် နေလေ့ရှိသော ပုဂ္ဂိုလ်အား သတ္တဝါတို့သည် ချမ်းသာကြပါစေ ဟူ၍သော်၎င်း၊ ဆင်းရဲမှ လွတ်ကြပါစေ ဟူ၍သော်၎င်း၊ ရပြီးသော ချမ်းသာမှ မကင်းကွာကြပါစေလင့်၁ ဟူ၍သော်၎င်း
၁- မြန်မာမူ ဝိသုဒ္ဓိမဂ်၌ သမ္ပတ္တသုခတော ဝါ မာ ဝိမုစ္စန္တု-ဟု ရှိ၏၊ ရပြီးသော ချမ်းသာမှ မလွတ်ပါစေကုန်လင့်-ဟု ပြန်ရာ၏။ ယိုးဒယားမူ၌ကား
၅၄၇
နှလုံးသွင်း ဆင်ခြင်မှု၏ မရှိခြင်းကြောင့် သုခ ဒုက္ခစသော ပရမတ်သဘောကို ယူခြင်းမှ မျက်နှာလွှဲသည်၏ အဖြစ်ကြောင့် (ဝါ-မျက်နှာလွှဲသောအားဖြင့်) ထင်ရှားမရှိသော ပညတ်ကို ယူခြင်း၌ ကျွမ်းကျင်သော၁ စိတ်သည် ဖြစ်၏၊ ထိုသို့ဖြစ်သောအခါ၌ ပရမတ်သဘောကို ယူခြင်းမှ မျက်နှာလွှဲသောအားဖြင့် အလေ့အကျင့်ရသည့် စိတ်ရှိသော ပရမတ်အားဖြင့် ထင်ရှားမရှိသော ပညတ်ကို ယူခြင်း၌ ကျွမ်းကျင်သည့် စိတ်လည်းရှိသော၂ (ထိုပုဂ္ဂိုလ်မှာ) ဘာဝနာအစဉ်ဖြင့် ရပြီးသော ဝိညာဏဉ္စာယတနဈာန်ကို ကျော်လွန်၍ ပရမတ်သဘောဖြစ်သော အာကာသာနဉ္စာယတန ဝိညာဏ်၏ မရှိခြင်း ကင်းခြင်းဟူသော၃ သဘောအားဖြင့် ထင်ရှားမရှိသော အဘာဝပညတ်၌ စိတ်ကို ဆောင်ပို့လျှင် ထိုပုဂ္ဂိုလ်၏စိတ်သည် ယင်း အဘာဝပညတ်၌ မဆင်းရဲ မခက်ခဲပဲ ချမ်းသာလွယ်ကူစွာ ပြေးဝင်၏။ ဤသို့ ဖြစ်သောကြောင့် ဥပေက္ခာသည် အာကိဉ္စညာယတနသမာပတ်၏ မှီရာအကြောင်း ဥပနိဿယ ဖြစ်ပေ၏၊ ထို့ထက်အလွန် (အခြားဝိမောက္ခ၏
မာ ဝိမုစ္စန္တု-အရာ၌ မာ ဝိယုဇ္ဇိံသု-ရှိ၏၊ ထိုပါဌ်အရ ပြန်ထားသော အနက်ဖြစ်သည်။ ဤပါဌ် အနက်ကို ထောက်ဆသော အားဖြင့်လည်း ယထာလဒ္ဓသမ္ပတ္တိတော မာ ဝိဂစ္ဆန္တု-ဟူသော မုဒိတာပွါးပုံပါဌ် သင့်ကြောင်း သိအပ်၏။
၁- ဤအနက်သည် အဝိဇ္ဇမာနဂ္ဂဟဏေ ဒက္ခံ-ဟူသော သီဟိုဠ်မူအရ ပြန်ထားချက် ဖြစ်သည်။
၂- ဤ၌လည်း အဝိဇ္ဇမာနဂ္ဂဟဏဒက္ခစိတ္တဿ- ဟူသော သီဟိုဠ်မူအရ ပြန်ချက်ပင် ဖြစ်သည်။
၃- ကင်းခြင်းဟူသော.. အဘာဝပညတ်၌-ဟု စပ်ပါ။
၅၄၈
အကြောင်း ဥပနိဿယကား) မဖြစ်ပေ။ ထို့ကြောင့် အာကိဉ္စညာယတန သမာပတ်လျှင် အလွန်အမြတ်ရှိသည်ဟု ဟောတော်မူပေသည်။
ပါရမီစသည် ပြည့်ကြောင်းလည်း ဖြစ်သည်
၂၇၄။ ဤဆိုခဲ့သည့်အတိုင်း သုဘပရမ စသည်တို့၏ အစွမ်းအားဖြင့် ဤအပ္ပမညာတို့၏ အာနုဘော်ကို သိပြီးလျှင် ဤအပ္ပမညာအားလုံးတို့ပင် ဒါန အစရှိသော အလုံးစုံသော တရားကောင်း တရားမြတ်တို့ကို ပြည့်စေတတ်ကြသည်ဟူ၍(လည်း) တဖန် သိအပ်၏။ [၃၁၉] ချဲ့၍ပြအံ့- သတ္တဝါတို့၌ အစီးအပွါးကို လိုလားခြင်းဖြင့်၎င်း၊ သတ္တဝါတို့၏ ဆင်းရဲကို သည်းမခံနိုင်ခြင်းဖြင့်၎င်း၊ ရပြီးသော စည်းစိမ်အထူးတို့ကို ရှည်စွာတည်စေလိုခြင်းဖြင့်၎င်း၊ သတ္တဝါအားလုံးတို့၌ တဖက်သတ် မကျခြင်း, ဘက်မလိုက်ခြင်းဖြင့်၎င်း အညီအမျှဖြစ်သည့် စိတ်ရှိကုန်သော ဘုရားအလောင်းတော်တို့သည် ''ဤသူအား ပေးကမ်းသင့်၏၊ ဤသူအား မပေးကမ်းသင့်''ဟု ခွဲခြားခြင်းကို မပြုမူ၍ ချမ်းသာ၏ အကြောင်းရင်းဖြစ်သော အလှူဝတ္ထုဒါနကို (ရောက်လာသော အလှူခံ) သတ္တဝါအားလုံးတို့အား ပေးလှူကုန်၏။ (မခွဲခြားပဲ) ထိုသတ္တဝါအားလုံးတို့အား ညှဉ်းဆဲနှိပ်စက်ခြင်းကို ကြဉ်ရှောင်ကုန်လျက် (ချမ်းသာခြင်း၏ အကြောင်းဖြစ်သော) သီလကို ခံယူဆောက်တည်ကုန်၏။ သီလပါရမီကို ဖြည့်ကျင့်ခြင်းငှါ တောထွက်ခြင်း ရှင်ရဟန်းပြုခြင်းသို့ ချဉ်းကပ်ကုန်၏။ သတ္တဝါတို့၏ အစီးအပွါးနှင့် စီးပွါးမဲ့အမှုတို့၌ မတွေဝေခြင်းအကျိုးငှါ ပညာကို ဖြူစင်စေကုန်၏။ သတ္တဝါတို့၏ စီပွါးချမ်းသာအကျိုးငှါ လုံ့လဝီရိယကို အမြဲမပြတ် အားထုတ်ကုန်၏။ မြတ်သော ဝီရိယ၏အစွမ်းဖြင့် (အားထုတ်ပြုလုပ်ရန်) ရဲရင့်ခြင်းသို့ ရောက်ကုန်သော်လည်း သတ္တဝါတို့၏ အမျိုးမျိုးသော ကျူးလွန်ပြစ်မှားသည့် အပြစ်ကို (မတုံ့ပြန်ပဲ)သည်းခံကုန်၏။
၅၄၉
''ဤအရာကို သင်တို့အား ပေးမည် ပြုလုပ်ဆောင်ရွက်မည်''ဟု ပြုပြီးသော ဝန်ခံချက်ကို မချွတ်ယွင်းစေကုန်။ ထိုသတ္တဝါအားလုံးတို့၏ စီးပွါးချမ်းသာအလို့ငှါ မတုန်မလှုပ် ခိုင်မြဲသော ဆောက်တည်မှု (အဓိဋ္ဌာန်)ရှိကုန်၏။ ထိုသတ္တဝါတို့၌ (ဆန့်ကျင်ဘက်ကြောင့်) တုန်လှုပ်ခြင်းမရှိသော မေတ္တာဖြင့် လက်ဦးစကာ ကျေးဇူးပြုလေ့ရှိကုန်၏။ ဥပေက္ခာဖြင့် ကျေးဇူးတုံ့ကို မတောင့်တ မမြော်လင့်ကုန်။ (သတ္တဝါတို့၏ အစီးအပွါးကို အလိုရှိခြင်း အစရှိသော) ဤပုံ ဤနည်းဖြင့် ပါရမီတော်တို့ကို ပြည့်စေပြီး၍ ဒသဗလဉာဏ်တော် ဆယ်ပါး, စတုဝေသာရဇ္ဇဉာဏ်တော် လေးပါး, အသာဓာရဏဉာဏ်တော် ခြောက်ပါး, ဗုဒ္ဓဓမ္မခေါ် ဘုရားရှင်တို့၏ ဂုဏ်ကျေးဇူးတရား တဆဲ့ရှစ်ပါးတိုင်အောင် အပြားရှိကုန်သော အလုံးစုံသော တရားကောင်း တရားမြတ်တို့ကို လုံးဝဥဿုံ ပြည့်စုံစေတတ်ကုန်၏။ ထို့ကြောင့် ဤအပ္ပမညာတို့သည် ဤဆိုခဲ့သည့်အတိုင်း ဒါနပါရမီ အစရှိသော အလုံးစုံသော တရားကောင်း တရားမြတ်ကို လုံးဝ ပြည့်စေတတ်ကုန်သည် သာလျှင်တည်း။ ဤတွင် တရပ်ပြီး၏။
ဤသည်ကား သူတော်ကောင်းအပေါင်းတို့၏ နှစ်သိမ့်ဝမ်းမြောက်ခြင်းငှါ စီရင်အပ်သော ဝိသုဒ္ဓိမဂ်ကျမ်းဝယ် သမာဓိဘာဝနာအရာ၌ ဗြဟ္မဝိဟာရကို အကျယ်ပြချက် (ဗြဟ္မဝိဟာရနိဒ္ဒေသ)မည်သော ကိုးခုမြောက်ဖြစ်သော အပိုင်းအခဏ်းပေတည်း။
ဗြဟ္မဝိဟာရကို အကျယ်ပြချက် ပြီး၏။
၅၅၀
၁ဝ-အာရုပ္ပနိဒ္ဒေသ၊ အာရုပ္ပလေးပါးကို အကျယ်ပြချက်
၁-ပဌမ အရူပ အာကာသာနဉ္စာယတနကမ္မဋ္ဌာန်း အဖွင့်
[၃၂ဝ] ၂၇၅။ ဗြဟ္မဝိဟာရ၏ အခြားမဲ့၌ အကျဉ်းပြခဲ့ပြီးသော အရူပကမ္မဋ္ဌာန်း ၄-ပါးတို့တွင် ရှေးဦးစွာ(ပြထားသော) အာကာသာနဉ္စာယတနကမ္မဋ္ဌာန်းကို (ဝါ-ဈာန်ကို) ပွါးစေခြင်းငှါ အလိုရှိသော ပုဂ္ဂိုလ်သည်၁ ''ရုပ်ဟူသော တည်ရာအကြောင်းကြောင့် (သူတပါးကိုနှိပ်စက်ရန်) ဒုတ်ကို စွဲကိုင်ခြင်း (ဓား လှံ စသော) လက်နက်ကို စွဲကိုင်ခြင်း ရန်ဖြစ်ခြင်း အယူအဆ အထင်အမြင် ကွဲပြားခြင်း ငြင်းခုံခြင်းများ ဖြစ်ကြရသည်၊ ဤအလုံးစုံသည် ရုပ်မရှိသည့် အရူပဘုံ၌ လုံးဝပင် မရှိကြပေဟု ဆင်ခြင်ပြီးလျှင် ထိုယောဂီသည် အပြစ်မြင်ပြီးသော ရုပ်တို့ကိုသာလျှင် ငြီးငွေ့ခြင်း စက်ဆုပ်ခြင်း ချုပ်စေခြင်း အကျိုးငှါ ကျင့်၏''ဟူ၍ ဟောတော်မူသောကြောင့် ဤဒုတ်ကို စွဲကိုင်ခြင်း စသည်တို့၏ အစွမ်းအားဖြင့်၎င်း၊ မျက်စိရောဂါ နားရောဂါ စသော အထောင်မက များစွာသော အနာတို့၏ အစွမ်းအားဖြင့်၎င်း ကြမ်းတမ်းသော ကိုယ်ကောင်ရုပ်၌၂ အပြစ်ကို ရှုမြင်ပြီးလျှင်၁ ထိုရုပ်ကို လွန်မြောက်ရန်အတွက် အာကာသကသိုဏ်းမှ တပါးသော
၁- အလိုရှိသော ပုဂ္ဂိုလ်သည်.. အပြစ်ကို ရှုမြင်ပြီးလျှင်.. တပါးပါးသော ကသိုဏ်း၌ စတုတ္ထဈာန်ကို ဖြစ်စေ၏-ဟု စပ်ပါ။
၂- ကရုဇရူပေ- ဟူသော ပုဒ်ကို သဒ္ဒါနက် အတိအကျပြန်လျှင် သုက်သွေးကြောင့်ဖြစ်သော ရုပ်၌-ဟု ဖြစ်၏။ သို့သော် ''ဆိုခဲ့သမျှသော အပြစ်တို့၏ တည်ရာအဖြစ်အားလျော်သော ရုပ်ကို ပြခြင်းငှါ ကရဇရူပေ-ဟုဆိုသည်၊ ကြမ်းတမ်းသော ရုပ်၌- ဤကား ဆိုလိုသော အနက်ဖြစ်သည်''ဟု ဋီကာ၌ ဖွင့်ပြထားသောကြောင့် ထိုနှင့်အညီ အထက်ပါအတိုင်း သိလွယ်သော အနက်ကို ပြန်ထားသည်။
၅၅၁
ပထဝီကသိုဏ်း စသော ၉-ပါးသော ကသိုဏ်းတို့တွင် တပါးပါးသော ကသိုဏ်း၌ စတုတ္ထဈာန်ကို ဖြစ်စေ၏။
ထိုယောဂီသည် ကြမ်းတမ်းသော ကိုယ်ကောင်ရုပ်ကို ရူပါဝစရစတုတ္ထဈာန်၏ အစွမ်းဖြင့် လွန်မြောက်ပြီးသား ဖြစ်ပေသည်၁၊ သို့သော် ကသိုဏ်းရုပ်သည်လည်း ထိုကိုယ်ကောင်ရုပ်နှင့် အလားတူပင် ဖြစ်သောကြောင့် ထိုကသိုဏ်းရုပ်ကိုလည်း လွန်မြောက်ရန် အလိုရှိပေသည်။ အဘယ်သို့နည်း?ဟူမူ- မြွေကို ကြောက်တတ်သော ယောက်ျားသည် တောထဲ၌ မြွေက လိုက်လာသည်ဖြစ်၍ လျင်သောအဟုန်ဖြင့် ပြေးခဲ့ပြီးလျှင် ပြေးပြီး လွတ်မြောက်ပြီးသော အရပ်၌ အမည်း အဝါ စသည် အရေးအကြောင်းဖြင့် ဆန်းကြယ်သော ထန်းရွက်ကိုဖြစ်စေ၊ နွယ်ကိုဖြစ်စေ၊ ကြိုးကိုဖြစ်စေ၊ ကွဲအက်နေသော မြေကြီး၏ အကွဲကြောင်းကိုဖြစ်စေ မြင်လျှင် ကြောက်လန့်သည်သာ ဖြစ်သကဲ့သို့၊ ထိုအရာကို မမြင်လိုသည်သာ ဖြစ်သကဲ့သို့ပေတည်း။
၁- ကြမ်းတမ်းသော ကိုယ်ကောင်ရုပ်ကို လွန်မြောက်ပြီး ဖြစ်ပေသည်၊ အဘယ့်ကြောင့်နည်း၊ ထိုရုပ်ကို အာရုံမပြုခြင်းကြောင့်ပေတည်း။ သို့ဖြစ်လျှင် စတုတ္ထဈာန်၏အစွမ်းဖြင့်-ဟု အဘယ့်ကြောင့် ဆိုသနည်း၊ ပဌမဈာန် စသည်တို့သည်လည်း ပဋိဘာဂနိမိတ်ကို အာရုံပြုကြသောကြောင့် ထိုကြမ်းတမ်းသည့် ကိုယ်ကောင်ရုပ်ကို အာရုံမပြုသည်၏ အစွမ်းအားဖြင့်ပင် ဖြစ်ကြသည် မဟုတ်ပါလော။ အာရုံမပြုကြဟူသော ဤစကားသည် မှန်ပေ၏၊ သို့သော်လည်း ရုန့်ရင်းသော အင်္ဂါကို ပယ်ခြင်းကြောင့် ငြိမ်သက်သော သဘောရှိသော အာနေဉ္ဇအဖြစ်သို့ ရောက်သော စတုတ္ထဈာန်ဖြင့် လွန်မြောက်လျှင် ကောင်းစွာ လွန်မြောက်သည် မည်ပေ၏၊ ထို့ကြောင့် စတုတ္ထဈာန်၏ အစွမ်းအားဖြင့်-ဟု ဆိုပေသည်။ (ဋီကာ)
၅၅၂
တနည်းအားဖြင့်မူ အကျိုးမဲ့ကို ပြုလေ့ရှိသော ရန်သူနှင့်အတူ တရွာတည်း၌နေသော ယောက်ျားသည် ထိုရန်သူကညှဉ်းဆဲခြင်း နှောင်ဖွဲ့ခြင်း အိမ်ကို မီးရှို့ခြင်း စသည်တို့ဖြင့် အနှိပ်စက်ခံရသောကြောင့် အခြားရွာသို့ ပြောင်းရွေ့နေရန်အတွက် သွားပြီးလျှင် ထိုရွာ၌လည်း ရန်သူနှင့်တူသော အဆင်း အသံ အကျင့်စာရိတ္တ ရှိသောသူကို တွေ့မြင်လတ်သော် ကြောက်လန့်သည်သာ ဖြစ်သကဲ့သို့ ထိုသူကို မမြင်မတွေ့လိုသကဲ့သို့ပင်တည်း။
ထိုဥပမာ၌ ယခုဆိုမည့်စကားသည် ဥပမာနှင့် ဥပမေယျ နှီးနှောပုံပေတည်း။ မြွေကိုကြောက်သူ ရန်သူကိုကြောက်သူ ထိုနှစ်ဦးသော ယောက်ျားတို့မှာ မြွေနှင့် ရန်သူ တခုခုက အနှိပ်စက်ခံရသော ကာလကဲ့သို့ ယောဂီရဟန်းမှာ အာရုံပြုသည်၏ အစွမ်းဖြင့် ကြမ်းတမ်းသော ကိုယ်ကောင်ရုပ်နှင့် ပြည့်စုံနေသော ကာလကို မှတ်အပ်၏၊ ထိုယောက်ျားတို့၏ လျင်သောအဟုန်ဖြင့် ပြေးသွားခြင်း အခြားရွာသို့ ပြောင်းသွားခြင်းတို့ကဲ့သို့ ရဟန်း၏ ရူပါဝစရ စတုတ္ထဈာန်၏ အစွမ်းဖြင့် ကြမ်းတမ်းသော ကိုယ်ကောင်ရုပ်ကို လွန်မြောက်သောကာလကို မှတ်အပ်၏၊ ထိုယောက်ျားတို့၏ ပြေးပြီး လွတ်မြောက်ပြီးသော အရပ်၌ အမည်း အဝါ စသည် အရေးအကြောင်းဖြင့် ဆန်းကြယ်သော ထန်းရွက် စသည်တို့ကို မြင်၍၎င်း၊ အခြားရွာ၌ ရန်သူနှင့်တူသူကို မြင်၍၎င်း၊ ကြောက်ခြင်း ထိတ်လန့်ခြင်း မမြင်လိုခြင်းကဲ့သို့ ယောဂီရဟန်းမှာ ကသိုဏ်းရုပ်ကိုလည်း ''ဤရုပ်သည် ထိုကိုယ်ကောင်ရုပ်နှင့် အလားတူပင်''ဟု မှတ်၍ ထိုကသိုဏ်းရုပ်ကိုလည်း လွန်မြောက်လိုခြင်းကို မှတ်အပ်၏။ ထို့ပြင် ဤကသိုဏ်းရုပ်ကို ကြောက်ခြင်းစသည် ဖြစ်ရာ၌
၅၅၃
ဝက် အပက်ခံရ၍ ပြေးသော ခွေး, တစ္ဆေကြောက်တတ်သောသူ၁ အစရှိသော ဥပမာတို့ကိုလည်း သိအပ်ကုန်၏။
[၃၂၁] ၂၇၆။ ဤဆိုခဲ့သည့်အတိုင်း ထိုယောဂီသည် စတုတ္ထဈာန်၏ အာရုံဖြစ်သော ထိုကသိုဏ်းရုပ်မှ ငြီးငွေ့၍ ဖဲခွါလိုသောကြောင့် ငါးပါးသော အခြင်းအရာတို့ဖြင့် လေ့လာပြီးသော ဝသီဘော်ရှိသည်ဖြစ်၍ ကျေပြွန်သော ရူပါဝစရ စတုတ္ထဈာန်မှ ထ၍ ထိုဈာန်၌၂ ''ဤဈာန်သည် ငါငြီးငွေ့သည့် ကသိုဏ်းရုပ်ကို အာရုံပြုနေသည်''ဟူ၍၎င်း၊ ''သောမနဿရန်သူနှင့် နီးသည်''ဟူ၍၎င်း ''ငြိမ်သက်သော ဝိမောက္ခမည်သော အရူပဈာန်ထက် ရုန့်ရင်းကြမ်းတမ်းသည်''ဟူ၍၎င်း အပြစ်ကို ရှုမြင်၏။ ဤရူပါဝစရ စတုတ္ထဈာန်၌ အင်္ဂါအားဖြင့် ကြမ်းတမ်းသည်၏ အဖြစ်ကား မရှိပေ၊ မှန်ပေ၏- ဤရူပါဝစရ စတုတ္ထဈာန်သည် ဥပေက္ခာနှင့် ဧကဂ္ဂတာဟူသော အင်္ဂါ၂-ပါး ရှိသကဲ့သို့ပင် အရုပဈာန်တို့သည်လည်း ထို့အထူ အင်္ဂါ၂-ပါးပင် ရှိကြပေသည်။
၁- ခွေးတကောင်သည် တောထဲ၌ ဝက်က ပက်လိုက်ကာမျှဖြင့် ပြေးလေ၏၊ ထိုခွေးသည် အဆင်းကိုကောင်းကောင်းမမြင်နိုင်သည့် မှောင်ရီနေချိန်၌ ထမင်းချက်အိုးကို အဝေးမှ မြင်လတ်သော် ဝက်ဟု ထင်သောကြောင့် ကြောက်လန့်လျက် ပြေးလေသတတ်။ တစ္ဆေကြောက်တတ်သော လူတယောက်သည် ညဉ့်အဖို့၌ မသွားဘူးသေးသော အရပ်ဝယ် လည်ဆစ်ပြတ်နေသည့် ထန်းပင်ကို မြင်လတ်သော် မြေဘုတ်တစ္ဆေဟု ထင်သောကြောင့် ကြောက်လန့်လျက် မိန်းမောတွေဝေကာ လည်းကျသွားလေသတတ်။ ထိုကို ရည်၍ ဆိုသည်။ (ဋီကာ)
၂- ထိုဈာန်၌.. အပြစ်ကို ရှုမြင်၏-ဟု စပ်ပါ။
၅၅၄
ထိုယောဂီသည် ထိုစတုတ္ထဈာန်၌ ဤဆိုခဲ့သည့်အတိုင်း အပြစ်ကို ရှုမြင်ကာ နှစ်သက်တွယ်တာမှုကို ကုန်စေ၍ အာကာသာနဉ္စာယတနဈာန်ကို ငြိမ်သက်သောအားဖြင့် အဆုံးမရှိသောအားဖြင့် နှလုံးသွင်း၍ စကြဝဠာ အဆုံးတိုင်အောင်ဖြစ်စေ၊ အလိုရှိသလောက် အရပ်တိုင်အောင်ဖြစ်စေ ကသိုဏ်းရုပ်ကို ဖြန့်၍ ထိုကသိုဏ်းရုပ်ပြန့်ရာ ဟင်းလင်းပြင် ကောင်းကင်အရပ်ကို ''(အာကာသော အာကာသော) ဟင်းလင်းပြင် ကောင်းကင် ဟင်းလင်းပြင် ကောင်းကင်''ဟူ၍သော်၎င်း ''(အနန္တော အာကာသော) အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်''ဟူ၍သော်၎င်း နှလုံးသွင်းလျက် (ရူပါဝစရ စတုတ္ထဈာန်၏ အာရုံဖြစ်သော) ကသိုဏ်းရုပ်ကို ခွါ၏ (ပယ်ဖျောက်၏)။ ခွါသည်ဟု ဆိုသော်လည်း ဖျာကို လိပ်သကဲ့သို့ ခွါသည်လည်း မဟုတ်၊ အိုးကင်းမှ မုံ့ကို ဆယ်ထုတ်သကဲ့သို့ ခွါသည်လည်း မဟုတ်၊ စင်စစ်သော်ကား ထိုကသိုဏ်းရုပ်ကို နှလုံးမသွင်းပဲ စိတ်၌မထားပဲ မဆင်ခြင်ပဲ နေခြင်းမျှသာတည်း၁၊ နှလုံးမသွင်းဘဲ စိတ်၌မထားဘဲ မဆင်ခြင်ဘဲ စင်စစ်အားဖြင့် ထိုကသိုဏ်းရုပ် ပြန့်ရာအရပ်ကို ''ကောင်းကင် ကောင်းကင်''ဟု နှလုံးသွင်းလျက် (ဝါ-နှလုံးသွင်းလျှင်) ကသိုဏ်းရုပ်ကို ခွါသည် မည်၏။ ခွါအပ်သော ကသိုဏ်းရုပ်သည်လည်း ကြွတက်လာသည်- ကွာတက်လာသည် မဟုတ်၊ ဆုတ်နစ်သွားသည်လည်း မဟုတ်၊ (စင်စစ်မှာမူ) ဤယောဂီ၏ (ယင်း ကသိုဏ်းရုပ်ကို) နှလုံးမသွင်းခြင်းမျှကို၎င်း၁, ''ကောင်းကင် ကောင်းကင်''ဟု နှလုံးသွင်းခြင်းမျှကို၎င်း,၁ အစွဲပြု၍ ခွါအပ်ပြီး ဖြစ်လေတော့သည်၊
၁- ဤစကားရပ်တို့၌ မျှ-ဟူသော စကားသည် ကေဝလံ-သက်သက်ဟူသော စကားအတွက် လဲလှယ်၍ ပြထားသော စကားဖြစ်သည်။
၅၅၅
ကသိုဏ်းရုပ်ကို ခွါခြင်းဖြင့် ပြီးစီးသော ကောင်းကင်မျှ ထင်လေတော့သည်၊ (ကသိဏုဂ္ဃါဋိမာကာသ) ကသိုဏ်းရုပ်ကို ခွါခြင်းဖြင့် ပြီးစီးသော၁ ကောင်းကင်ဟူ၍၎င်း၊ (ကသိဏဖုဋ္ဌောကာသ) ကသိုဏ်းရုပ်ထိရာ ပြန့်ရာ ကောင်းကင်ဟူ၍၎င်း၊ (ကသိဏဝိဝိတ္တောကာသ) ကသိုဏ်းရုပ် ကင်းဆိတ်ရာ ကောင်းကင်ဟူ၍၎င်း (ခေါ်ဆိုရသော) ဤအလုံးစုံသည် အတူတူပင် ဖြစ်သည်။
ထိုယောဂီသည် ကသိုဏ်းရုပ်ကို ခွါခြင်းဖြင့် ပြီးစီးသော ထိုကောင်းကင်နိမိတ်ကို ''ကောင်းကင် ကောင်းကင်''ဟု အဖန်တလဲလဲ နှလုံးသွင်း၏၊ (သမ္မာသင်္ကပ္ပဟူသော) ကြံစည်မှုဖြင့် ထုနှက်သလို နှလုံးသွင်းခြင်း, အထူးကြံစည်မှုဖြင့် လှည့်ပတ်၍ ထုနှက်သလို အဖန်ဖန် နှလုံးသွင်းခြင်းကို ပြု၏။ ဤဆိုခဲ့သည့်အတိုင်း အဖန်တလဲလဲ နှလုံးသွင်းလျက်, ကြံစည်မှုဖြင့် ထုနှက်သလို နှလုံးသွင်းခြင်း, အထူးကြံစည်မှုဖြင့် လှည့်ပတ်၍ ထုနှက်သလို အဖန်ဖန် နှလုံးသွင်းခြင်းကို ပြုသော ထိုယောဂီအား နီဝရဏတို့သည် ကွာကုန်၏၊ (ကောင်းကင်နိမိတ်လျှင် အာရုံရှိသော) အမှတ်ရမှု-သတိသည် ကောင်းစွာတည်၏၊ ဥပစာရသမာဓိဖြင့် စိတ်သည် ကောင်းစွာ တည်ကြည်၏။ ထိုယောဂီသည် ထိုကောင်းကင်နိမိတ်ကို အဖန်ဖန်မှီဝဲပွါးများ အကြိမ်များစွာ ပြု၏၊ ဤသို့ အဖန်ဖန်ဆင်ခြင် နှလုံးသွင်းသော ထိုယောဂီအား ပထဝီကသိုဏ်း စသည်တို့၌ ရူပါဝစရဈာန်စိတ် ဖြစ်သကဲ့သို့ ကသိုဏ်းရုပ်ကို ခွါခြင်းဖြင့် ပြီးသော (အာကာသ) ကောင်းကင်အာရုံနိမိတ်၌ အာကာသာနဉ္စာယတနဈာန်စိတ်သည်
၁- ဤအနက်အားလျော်သော ဝစနတ္ထကို စာပိုဒ်နံပါတ် ၂၈ဝ နှာ-၅၆၆ မှတ်ချက် ၁-၌ တွေ့ရလတံ့။
၅၅၆
အပ္ပနာ၏အစွမ်းဖြင့် ဖြစ်၏။ မှန်ပေ၏- ဤအာကာသာနဉ္စာယတန ဈာန်စိတ် ဖြစ်ရာ၌လည်း ရှေးအဖို့၌ သုံးကြိမ် လေးကြိမ်သော ဇောတို့သည် ဥပေက္ခာဝေဒနာနှင့်သာ ယှဉ်သော ကာမာဝစရဇောတို့ပေတည်း၊ လေးကြိမ်မြောက်သော်၎င်း၊ ငါးကြိမ်မြောက်သော်၎င်း ဖြစ်သောဇောသည် အရူပါဝစရပေတည်း၊ အကြွင်းသည် ပထဝီကသိုဏ်းအရာ၌ ဖွင့်ဆိုခဲ့ပြီးသော နည်းရှိသည်သာတည်း။
[၃၂၂] ယခုဆိုမည့် အနက်ကား အထူးပေတည်း၊ ဤဆိုခဲ့သည့်အတိုင်း အရူပဈာန်စိတ် ဖြစ်ပြီးလတ်သော် ထိုယောဂီရဟန်းသည်၁ ဥပမာဖြင့် ပြရလျှင် ဖုံးအုပ်ထားသော ထမ်းစင်စသည်တို့၏ အပေါက်ဝ, တံခါးငယ်၏ အပေါက်ဝ, အိုး၏ မျက်နှာဝ စသည်တို့တွင် တခုခုသော အပေါက်ဝကို အညို အဝါ အနီ အဖြူ အစရှိသော အဝတ်တို့တွင် တခုခုသောအဝတ်ဖြင့် ဖွဲ့ယှက်ဖုံးအုပ်လျက် (ထိုအဝတ်ကို) ကြည့်ရှုနေသော ယောက်ျားသည် လေအဟုန်ဖြင့်ဖြစ်စေ, အခြားအကြောင်း တစုံတခုဖြင့်ဖြစ်စေ ဖုံးအုပ်ထားသော ထိုအဝတ်ကို ပယ်ရှားလိုက်လျှင် ကောင်းကင်ကိုသာလျှင် ရှုလျက်-မြင်လျက် တည်ရာသကဲ့သို့ ဤအတူပင် ရှေ့အဖို့၌ ကသိုဏ်းဝန်းကို ဈာန်မျက်စိဖြင့် ရှုလျက် နေခဲ့ပြီးလျှင် ''ကောင်းကင် ကောင်းကင်''ဟု ဆင်ခြင်သော ဤပရိကံ နှလုံးသွင်းမှုဖြင့် ထိုကသိုဏ်းနိမိတ်ကို ရုတ်တရက် ပယ်ရှားလိုက်လျှင် ကောင်းကင်နိမိတ်ကိုသာလျှင် ရှုမြင်လျက် နေပေ၏။
၁- ထိုယောဂီရဟန်းသည်.. ဤအတူပင်.. ရှုလျက်နေခဲ့ပြီးလျှင်.. ပယ်ရှားလိုက်လျှင်.. ရှုမြင်လျက် နေပေ၏ -ဟု စပ်ပါ။
၅၅၇
ဆက်၍ ပြဦးအံ့- ဤမျှသော ဘာဝနာအစဉ်ဖြင့် ဤယောဂီသည် (ဝါ-ဤယောဂီကို)-
''(သဗ္ဗသော ရူပသညာနံ သမတိက္ကမာ ပဋိဃသညာနံ အတ္ထင်္ဂမာ နာနတ္တသညာနံ အမနသိကာရာ အနန္တော အာကာသောတိ အာကာသာနဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ) ခပ်သိမ်းသော အခြင်းအရာအားဖြင့် (ဝါ-အလုံးစုံကုန်သော) ရူပသညာ ရူပဈာန်၌ဖြစ်သော မှတ်သားမှုတို့ကို (စက်ဆုပ်လျက် ချုပ်စေလျက်) လွန်မြောက်ခြင်းကြောင့်, မျက်စိနှင့် အဆင်းစသည်တို့ကို ထိခိုက်ခြင်းကြောင့်ဖြစ်သော (ပဋိဃ)သညာတို့၏ ချုပ်ခြင်းကြောင့်, အမျိုးမျိုးသော အာရုံ၌ဖြစ်သော (နာနတ္တ)သညာတို့ကို နှလုံးမသွင်းခြင်းကြောင့် အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ဟု နှလုံးသွင်းလျက် အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍နေသည်''ဟု ဆိုအပ်ပေသည်။
၂၇၇။ ထိုစကားရပ်၌ သဗ္ဗသော-ဟူရာဝယ် ''ခပ်သိမ်းသော အခြင်းအရာအားဖြင့်'' တနည်းကား ''အကြွင်းမဲ့ အလုံးစုံကုန်သော''-ဟူ၍ အနက်ကို သိအပ်၏၁။ ရူပသညာတို့ကို-ဟူရာ၌ သညာကို ခေါင်းတပ်၍ ဟောထားသော ရူပါဝစရဈာန်တို့ကို၎င်း၊ ထိုဈာန်တို့၏ အာရုံတို့ကို၎င်း(ဟု ဆိုလို၏)။ မှန်ပေ၏- ''(ရူပီ ရူပါနိ ပဿတိ) ရုပ်ရှိသူသည်
၁- သဗ္ဗသော-ပုဒ်ကို ၂-နည်း ဖွင့်ပြသည်။ ပဌမနည်းအရအားဖြင့် ''ခပ်သိမ်းသော အခြင်းအရာအားဖြင့် လွန်မြောက်ခြင်းကြောင့်''ဟု စပ်၍ ယူရာ၏၊ ဒုတိယနည်းအရအားဖြင့် ''အလုံးစုံကုန်သော ရူပသညာတို့ကို''ဟု စပ်၍ ယူရာ၏။
၅၅၈
(ဝါ-ရူပဈာန် ရှိသူသည်) ကသိုဏ်းရုပ်တို့ကို ရှု၏'' ဤသို့ အစရှိသော ဒေသနာတို့၌ ရူပါဝစရဈာန်ကိုလည်း ရူပ-ဟု (ဈာနဟူသော နောက်ပုဒ်ကို ချေ၍) ဆိုအပ်ပေ၏၁။ (ဗဟိဒ္ဓါ ရူပါနိ ပဿတိ သုဝဏ္ဏဒုဗ္ဗဏ္ဏာနိ) အပြင်ပ၌ အဆင်းကောင်း အဆင်းဆိုးဟူသော ကသိုဏ်းရုပ်တို့ကို ရှု၏'' ဤသို့အစရှိသော ဒေသနာတို့၌ ထိုရူပဈာန်၏ အာရုံကသိုဏ်းရုပ်ကိုလည်း ရူပ-ဟု (ကသိဏဟူသော ရှေ့ပုဒ်ကို ချေ၍) ဆိုအပ်ပေ၏၂။ ထို့ကြောင့် ဤအရာ၌ (ရူပသညာဟူသော) ဤအမည်သည် ''ရူပဈာန်၌ သညာသည် ရူပသညာမည်၏''ဟု ဤသို့ (ဝစနတ္ထပြုကာ) သညာကို ခေါင်းတပ်၍ ဟောထားသော ရူပါဝစရဈာန်၏ အမည်ပေတည်း၃။ (ထို့ပြင်) ထိုအာရုံအား ရူပ (ကသိုဏ်းရုပ်)ဟူသော သညာ(အမည်)ရှိ၏၊ ထို့ကြောင့် ယင်းအာရုံသည် ရူပသညာမည်၏၊
၁- ရူပ-ပုဒ်+ဤ-ပစ္စည်းဖြင့် ပြီးသော ရူပီ-ပုဒ်၌ ရူပ-နောင် ဈာန-ကို ချေဖျောက်ထားသည်။ ထို့ကြောင့် ထိုရူပပုဒ်ဖြင့် ရူပဈာန်ဟူသော အနက်ကို ပြသည်။ သို့ဖြစ်၍ ရူပီ-ပုဒ်ကို ရူပဈာန်ရှိသောသူ ရူပဈာန်ကို ရသောသူ-ဟု အနက်ပြန်ရသည်။
၂-ကသိဏရူပါနိ-ဟု ဆိုသင့်ရာ၌ ကသိဏ-ကို ချေဖျောက်၍ ရူပါနိ-ဟု ဆိုထားသည်၊ ထို့ကြောင့် ရူပါနိ-ကို ကသိုဏ်းရုပ်တို့ကို-ဟု အနက်ပြန်ရသည်။
;၃-ရူပဈာနသညာဟု ဆိုသင့်ရာ၌ ရူပသညာ-ဟု ဆိုထားသည်၊ ထို့ကြောင့် ရူပသညာ-ဟူသော ပုဒ်ကို ရူပဈာန်၌ သညာ-ဟု အနက်ပြန်ရသည်။ သညာကို ပဓာနပြု၍ ခေါင်းတပ်၍ ဆိုထားသော စကားဖြစ်သောကြောင့် ထိုရူပသညာဟူသော ပုဒ်ဖြင့် ရူပဈာန်ကိုပင် အရကောက်ယူရသည်ဟု ဆိုလို၏။
၅၅၉
ထိုအာရုံ၏ အမည်ကား ရူပ (ကသိုဏ်းရုပ်)ပေတည်းဟု ဆိုလိုပေ၏။ (ဤသို့ ဝစနတ္ထပြုလျှင်) ထိုရူပသညာဟူသော အမည်သည် ပထဝီကသိုဏ်းစသည် အပြားရှိသော ထိုရူပဈာန်၏ အာရုံ၏လည်း အမည်ဖြစ်ပေ၏၁ဟူ၍ သိအပ်ပေသည်။ သမတိက္ကမာ-ဟူသည်ကား (ဝိရာဂါ) တပ်စွဲမှုကင်းခြင်း စက်ဆုပ်ခြင်းကြောင့်၎င်း၊ (နိရောဓာ) ချုပ်စေခြင်းကြောင့်၎င်း(ဟု ဆိုလို၏)။ အဘယ်ကို ဆိုလိုသနည်း?ဟူမူ- ကုသိုလ်ဈာန် ငါးပါး, ဝိပါက်ဈာန်ငါးပါး, ကြိယာဈာန် ငါးပါးတို့ အလိုအားဖြင့် တဆဲ့ငါးပါးသောဈာန်ဟု ဆိုအပ်ကုန်သော ဤရူပသညာတို့ကို၎င်း၊ ပထဝီကသိုဏ်းစသည်တို့၏ အလိုအားဖြင့် ၉-ပါးသော အာရုံဟု ဆိုအပ်ကုန်သော ဤရူပသညာတို့ကို၎င်း ခပ်သိမ်းသော အခြင်းအရာအားဖြင့် စက်ဆုပ်ခြင်းကြောင့်၎င်း၊ (ယင်းတို့နှင့် စပ်ဆိုင်သော ဆန္ဒရာဂကို ခွါသဖြင့်) ချုပ်စေခြင်းကြောင့်၎င်း၊ တနည်းကား အကြွင်းမဲ့ အလုံးစုံကုန်သော ထိုရူပသညာတို့ကို စက်ဆုပ်ခြင်းကြောင့်၎င်း၊ ချုပ်စေခြင်းကြောင့်၎င်း အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။ မှန်ပေ၏-ခပ်သိမ်းသော အခြင်းအရာအားဖြင့် ရူပသညာတို့ကို မလွန်မြောက်သေးသော ပုဂ္ဂိုလ်သည် ဤအာကာသာနဉ္စာယတနဈာန်သို့ ရောက်၍နေရန် မစွမ်းနိုင်ပေ။ ဤတွင် အဖွင့်တရပ်။
၁- ရူပသညာ-ပုဒ်၌ သညာ-ကို အမည်ဟောဟု ယူ၍ ရူပအမည်ရှိသော ဝါ-ရူပ-ရုပ်ဟူသော အမည်နှင့် စပ်သော ဝါ-ရုပ်ဟု ခေါ်ဆိုအပ်သော ကသိုဏ်းကိုလည်း ရူပသည-ဟု ဆိုကြောင်း ပြသည်။ ဗဟုဗ္ဗီဟိဝစနတ္ထဖြင့် ပြီးသည်၊ ပါဠိတတ်သူတို့၏ အရာသာ ဖြစ်သည်။
၅၆၀
ဆက်၍ ရှင်းပြဦးအံ့ (ရူပသညာတို့ကို လွန်မြောက်ခြင်းကြောင့် အာကာသာနဉ္စာယတနဈာန်သို့ ရောက်သည်ဟူသော) ထိုစကားရပ်၌ အာရုံ၌ တပ်စွဲမှု မကင်းသေးသော ပုဂ္ဂိုလ်အား သညာတို့ကို လွန်မြောက်ခြင်း မဖြစ်နိုင်၊ သညာတို့ကို လွန်မြောက်လျှင်လည်း အာရုံကို လွန်မြောက်ပြီးသာ ဖြစ်ပေသည်၊ ထို့ကြောင့် အာရုံလွန်မြောက်ခြင်းကို မဟောမူ၍-
(ရူပသညာနံ သမတိက္ကမာ-ဟူသော) ထိုစကား၌ ရူပသညာဟူသည် အဘယ်နည်း၊ ရူပါဝစရသမာပတ်ကို ဝင်စားသော ပုထုဇဉ်သေက္ခ ပုဂ္ဂိုလ်၏၎င်း၁၊ ရူပဘုံ၌ဖြစ်သော ပုဂ္ဂိုလ်၏၎င်း၂ မျက်မှောက် အတ္တဘော၌ (ရူပဈာန်ဖြင့်) ချမ်းသာစွာနေသော ရဟန္တာ၏၎င်း၃ သညာသည် မှတ်သားခြင်းသည် [၃၂၃] မှတ်သားတတ်သည်၏ အဖြစ်သည် ရှိ၏၊ ဤမှတ်သားမှုတို့ကို ရူပသညာတို့ဟု ဆိုအပ်ကုန်၏။ ဤရူပသညာတို့ကို လွန်မြောက်သည် အထူးသဖြင့် လွန်မြောက်သည် ကောင်းစွာ လွန်မြောက်သည်၊ ထို့ကြောင့် ''ခပ်သိမ်းသော အခြင်းအရာအားဖြင့် (ဝါ-အလုံးစုံကုန်သော) ရူပသညာ တို့ကို လွန်မြောက်ခြင်းကြောင့်''ဟု ဆိုအပ်ပေသည်-ဟူ၍
၁- ဤပုဒ်ဖြင့် ရူပါဝစရကုသိုလ်သညာတို့၏ ဖြစ်ရာပုဂ္ဂိုလ်ကို ပြသည်။
၂- ဤပုဒ်ဖြင့် ရူပါဝစရဝိပါက်သညာတို့၏ ဖြစ်ရာပုဂ္ဂိုလ်ကို ပြသည်။ ထိုပုဂ္ဂိုလ်မှာ ပဋိသန္ဓေ ဘဝင် စုတိခဏတို့၌ ထို ရူပါဝစရဝိပါက်သညာ ဖြစ်သည်။
၃- ဤပုဒ်ဖြင့် ကြိယာသညာတို့၏ ဖြစ်ရာပုဂ္ဂိုလ်ကို ပြသည်။
၅၆၁
ဤသို့ ဝိဘင်းပါဠိတော်၌ သညာတို့ကိုသာ လွန်မြောက်ခြင်းကို ဝေဘန် ဟောကြားအပ်ပေသည်။ သို့သော်လည်း အာရုံကို လွန်မြောက်ခြင်းဖြင့်(သာလျှင်) ဤအရူပသမာပတ်တို့ကို ရောက်အပ်ကုန်- ရောက်နိုင်ကုန်၏၊ ပထမဈာန် စသည်တို့ကဲ့သို့ တခုတည်းသော အာရုံ၌သာလျှင် မရောက်အပ်- မရောက်နိုင်ကုန်၊ ထို့ကြောင့် အာရုံကို လွန်မြောက်ခြင်းဖြင့်လည်း ဤအနက်အဖွင့်ကို (အဋ္ဌကထာဆရာတို့) ပြုထားပေသည်ဟူ၍ သိအပ်ပေ၏။
၂၇၈။ ပဋိဃသညာနံ အတ္ထင်္ဂမာ-ဟူရာ၌ မျက်စိစသော ဝတ္ထုရုပ်တို့နှင့် အဆင်းစသော အာရုံတို့၏ အချင်းချင်း ထိခိုက်ခြင်းကြောင့် ဖြစ်ပေါ်သော သညာတို့သည် ပဋိဃသညာမည်ကုန်၏၊ ဤအမည်သည် အဆင်း၌ အမှတ်သညာ စသည်တို့၏ အမည်ပေတည်း။ ဤအဆိုနှင့်အညီ ဟောတော်မူသည်မှာ-
''ထိုစကားရပ်၌ ပဋိဃသညာ-ဟူသည် အဘယ်နည်း၊ အဆင်း၌ အမှတ်သညာ အသံ၌ အမှတ်သညာ အနံ့၌ အမှတ်သညာ အရသာ၌ အမှတ်သညာ အတွေ့၌ အမှတ်သညာတို့ပေတည်း၊ ဤသညာတို့ကို ပဋိဃသညာဟု ဆိုအပ်ကုန်၏''ဟူ၍ပင်တည်း။
ကုသလဝိပါက်ငါးပါးနှင့် အကုသလဝိပါက်ငါးပါးဟူသော ဆယ်ပါးသော ထိုပဋိဃသညာတို့၏ အချင်းခပ်သိမ်း ချုပ်ခြင်းကြောင့် ကင်းခြင်း မဖြစ်ခြင်းကြောင့် ''မဖြစ်အောင်ပြု၍''ဟု ဆိုလိုပေသည်။
ဆက်၍ရှင်းပြအံ့- ဤပဋိဃသညာတို့သည် ပဌမဈာန်စသည်တို့ကို ဝင်စားနေသောသူအားလည်း ထိုအခိုက်၌ ပဉ္စဒွါရ၏ အစွမ်းဖြင့် စိတ်မဖြစ်သောကြောင့် မရှိကြသည်ကား မှန်ပေ၏၊ သို့သော်လည်း
၅၆၂
အခြားဈာန်တို့၌ ပယ်ခဲ့ပြီးသော သုခဒုက္ခတို့ကို စတုတ္ထဈာန်၌ ဟောခြင်းကဲ့သို့၎င်း၊ အခြား မဂ်တို့၌ ပယ်ခဲ့ပြီးသော သက္ကာယဒိဋ္ဌိ စသည်တို့ကို တတိယမဂ်၌ ဟောခြင်းကဲ့သို့၎င်း၊ ဤအရူပဈာန်၌ တက်တက်ကြွကြွ အားထုတ်မှု ဖြစ်စေခြင်းငှါ ဤအရူပဈာန်ကို ချီးမွမ်းသည့် အလိုအားဖြင့် ဤပဋိဃသညာတို့(၏ ချုပ်ခြင်း)ကို ဤအရူပဈာန်အရာ၌ ဟောတော်မူခြင်းကို သိအပ်ပေ၏။
တနည်းရှင်းပြရလျှင် ရူပါဝစရဈာန်ကို ဝင်စားသော သူအားလည်း ထိုပဋိဃသညာတို့ မရှိကြသည် မှန်ပေ၏၊ သို့သော်လည်း ပယ်ထားအပ်သောကြောင့် မရှိကြသည် မဟုတ်ပေ၊ အဘယ့်ကြောင့်ဆိုသော်- ရူပါဝစရ ဘာဝနာသည် ရုပ်ကို စက်ဆုပ်ခြင်းငှါ မဖြစ်သောကြောင့်၎င်း၊ ထို့ပြင် ယင်း ရူပဈာန်တို့၏ ဖြစ်ခြင်းသည် ရုပ်နှင့်စပ်သောကြောင့်၎င်း ဖြစ်ပေသည်။ ဤအရူပဘာဝနာသည်ကား ရုပ်ကို စက်ဆုပ်ခြင်းငှါ ဖြစ်ပေ၏၊ ထို့ကြောင့် ထိုပဋိဃသညာတို့ကို ဤအရူပဈာန်၌ ပယ်သည်ဟုဆိုရန် သင့်ပေ၏။ ဆိုရန် သက်သက်မျှသာ သင့်သည်မဟုတ်သေး၊ ဤအတိုင်းပင် ဧကန် ဆောင်မှတ်ထားရန်လည်း သင့်လှပေ၏။ မှန်ပေ၏- ထိုပဋိဃသညာတို့ကို ဤအရူပဈာန်မှ ရှေး၌ မပယ်ရသေးသောကြောင့်ပင်လျှင် ပဌမဈာန်ကို ဝင်စားနေသောသူအား အသံကို ဆူးငြောင့်ဟူ၍ မြတ်စွာဘုရားက ဟောတော်မူပေသည်။ ဤအရူပဈာန်၌ကား (၎င်းတို့ကို) ပယ်ပြီး ဖြစ်သောကြောင့်ပင် အရူပသမာပတ်တို့၌ တုန်လှုပ်ခြင်း မရှိသည့် (အာနေဉ္ဇ)အဖြစ်ကို၎င်း၊ ငြိမ်သက်သော ဝိမောက္ခအဖြစ်ကို၎င်း ဟောတော်မူ (အပ်) ပေသည်။ ထို့ပြင် ကာလာမအနွယ်ဖြစ်သော အာဠာရရသေ့သည်လည်း အရူပသမာပတ်ကို ဝင်စားနေစဉ် (မိမိ၏အနီးသို့) ကပ်မှီ၍ ကပ်မှီ၍ လွန်သွားကုန်သော လှည်းငါးရာတို့ကို မမြင်လိုက်ပဲ
၅၆၃
လှည်းတို့၏ အသံကိုလည်း မကြားလိုက်ပဲ ရှိပေသည်။ ဤတွင် အဖွင့်တရပ်။
[၃၂၄] ၂၇၉။ နာနတ္တသညာနံ အမနသိကာရာ-ဟူရာ၌ အထူးထူး(အမျိုးမျိုး) သဘောရှိသောအာရုံ၌ ဖြစ်သော သညာတို့သည် နာနတ္တသညာ မည်ကုန်၏၁၊ တနည်းကား အထူးထူး(အမျိုးမျိုး) သဘောရှိသော သညာတို့သည် နာနတ္တသညာ မည်ကုန်၏၂၊ မှန်ပေ၏ ''ထိုစကားရပ်၌ နာနတ္တသညာတို့ဟူသည် အဘယ်တို့နည်း? သမာပတ်ဝင်စားခိုက် မဟုတ်၍ မနောဓာတ်နှင့်တကွ ဖြစ်သူ၏သော်၎င်း၊ မနောဝိညာဏဓာတ်နှင့်တကွ ဖြစ်သူ၏သော်၎င်း သညာသည် မှတ်သားခြင်းသည် မှတ်သားတတ်သည်၏ အဖြစ်သည် ရှိ၏၊ ဤမှတ်သားမှုတို့ကို နာနတ္တသညာတို့ဟု ဆိုအပ်ကုန်၏''ဟူ၍ ဤသို့ ဝိဘင်းပါဠိ၌ ဝေဘန်၍ ဟောထား(အပ်)ကုန်သော၃ ဤအရူပဈာန်အရာ၌လည်း ဆိုလို(အပ်)ကုန်သော၃ သမာပတ်ဝင်စားခိုက် မဟုတ်သူ၏ (သန္တာန်၌) မနောဓာတ် မနောဝိညာဏဓာတ်တို့ဖြင့် ရေတွက်အပ်ကုန်သော ဤသညာတို့သည် အဆင်း အသံ စသည် အပြားရှိသော
၁- နာနာ-အထူးထူးသော- အမျိုးမျိုးသော + အတ္တ- သဘောရှိသော အာရုံ၌ + သညာ- ဖြစ်သောသညာ = နာနတ္တသညာ- အထူးထူးအမျိုးမျိုးသော သဘောရှိသည့် အာရုံ၌ဖြစ်သော သညာ။
၂- နာနာ-အထူးထူးသော- အမျိုးမျိုးသော + အတ္တ-သဘောရှိသော + သညာ-အမှတ်သညာ= နာနတ္တသညာ- အထူးထူး အမျိုးမျိုးသော သဘောရှိသော အမှတ်သညာ။
၃- ဟောထား(အပ်) ကုန်သော.. ဆိုလို(အပ်)ကုန်သော.. ဤသညာတို့သည်ဟု စပ်ပါ။
၅၆၄
အထူးထူး(အမျိုးမျိုး) သဘောရှိသော အာရုံ၌ ဖြစ်ကုန်၏၊ (ထို့ကြောင့်လည်း နာနတ္တသညာတို့ဟူ၍ ဆိုအပ်ကုန်၏)၊ ထို့ပြင် ကာမကုသိုလ်သညာရှစ်ပါး၊ အကုသိုလ်သညာ တဆဲ့နှစ်ပါး၊ ကာမကုသလဝိပါက်သညာ တဆဲ့တပါး၁၊ အကုသလဝိပါက်သညာ နှစ်ပါး၂၊ ကာမကြိယာသညာ တဆဲ့တပါး ဤသို့အားဖြင့် လေးဆဲ့လေးပါးသော ဤသညာတို့သည် အထူးထူးသော သဘောရှိကုန်၏ အချင်းချင်း မတူကြကုန်၊ ထို့ကြောင့်လည်း နာနတ္တသညာတို့ဟူ၍ ဆိုအပ်ကုန်၏။ ထိုနာနတ္တသညာ တို့ကို အချင်းခပ်သိမ်း စိတ်၌ မထားခြင်း နှလုံးမသွင်းခြင်း ကောင်းစွာ အဖန်ဖန် စိတ်သို့ မဆောင်ခြင်း မဆင်ခြင်ခြင်းကြောင့်၊ ''ထိုနာနတ္တသညာတို့ကို နှလုံးမသွင်း စိတ်၌မထား မဆင်ခြင်၊ ထို့ကြောင့်''ဟု ဆိုလိုပေ၏။
ဆက်ဦးအံ့- ဤ(သုံးမျိုးသော သညာ)တို့တွင် ရှေးဖြစ်သော ရူပသညာနှင့် ပဋိဃသညာတို့သည် ဤဈာန်ကြောင့်ဖြစ်သော အရူပဘဝ၌သော်လည်း မရှိကြပေ၊ ထိုအရူပဘုံဝယ် ဤအရူပဈာန်ကို ဝင်စားနေသော ကာလ၌ (ထိုသညာ၂-မျိုးတို့ မရှိကြသည်မှာ) ဆိုဖွယ်ပင် မရှိတော့ပြီ။ ထို့ကြောင့် ထိုသညာတို့ကို လွန်မြောက်ခြင်းကြောင့် (ထိုသညာတို့၏) ချုပ်ခြင်းကြောင့်ဟု ဆိုသော နှစ်ပါးအပြားအားဖြင့်လည်း (ထိုသညာ၂-မျိုးတို့၏) မရှိခြင်းကိုသာလျှင် ဟောတော်မူပေသည်။ ၄၄-ပါးသော နာနတ္တသညာတို့တွင်မူကား ကာမကုသိုလ်သညာ ရှစ်ပါး၊ (မနောဒွါရာဝဇ္ဇန်းနှင့်တကွ) ကာမကြိယာသညာ ကိုးပါး၊
၁- ကုသလဝိပါက် သမ္ပဋိစ္ဆိုင်း ၁၊ သန္တီရဏ ၂၊ မဟာဝိပါက် ၈-တို့ပင် ဖြစ်သည်။
၂- အကုသလဝိပါက် သမ္ပဋိစ္ဆိုင်းနှင့် သန္တီရဏတို့ပင် ဖြစ်သည်။
၅၆၅
အကုသိုလ်သညာ ဆယ်ပါးဟူသော ၂၇-ပါးသော ဤနာနတ္တသညာတို့သည် ဤဈာန်ကြောင့်ဖြစ်သော အရူပဘဝ၌ ရှိကြပေ၏၊ ထို့ကြောင့် ''ထိုနာနတ္တသညာတို့ကို နှလုံးမသွင်းခြင်းကြောင့်''ဟု ဟောတော်မူသည်ဟူ၍ သိအပ်ပေ၏။ မှန်ပေ၏- ထိုအရူပဘဝ၌လည်း ဤအရူပဈာန်ကို ဝင်စား၍နေသောသူသည် ထို၂၇-ပါးသော နာနတ္တသညာတို့ကို နှလုံးမသွင်းခြင်းကြောင့်သာလျှင် (ထိုအရူပဈာန်ကို) ရောက်၍ ဝင်စား၍ နေနိုင်ပေသည်၊ ထို၂၇-ပါးသော နာနတ္တသညာတို့ကို နှလုံးသွင်းနေလျှင်မူကား (ထိုအရူပသမာပတ်ကို) မဝင်စားသူသာ ဖြစ်ပေသည်။ ဤတွင် အဖွင့်တရပ်။
ဆက်ဦးအံ့- အကျဉ်းချုပ်အားဖြင့် ပြောရလျှင် ဤသုံးပုဒ်တို့တွင် ရူပသညာတို့ကို လွန်မြောက်ခြင်းကြောင့်-ဟူသော ဤပုဒ်ဖြင့် ရူပါဝစရတရား အားလုံးကို ပယ်ခြင်းကို ဟောတော်မူပေသည်၊ ပဋိဃသညာတို့၏ ချုပ်ခြင်းကြောင့်, နာနတ္တသညာတို့ကို နှလုံးမသွင်းခြင်းကြောင့်-ဟူသော ဤ၂-ပုဒ်ဖြင့် ကာမာဝစရစိတ် စေတသိက်အားလုံးကို ပယ်ခြင်းကို၎င်း၊ နှလုံးမသွင်းခြင်းကို၎င်း ဟောတော်မူပေသည်ဟူ၍ သိအပ်ပေ၏။
၂၈ဝ။ အနန္တော အာကာသော-ဟူသော ဤပါဌ်၌ (အနက်ကား) ဤအာကာသမှာ ဖြစ်ခြင်း-ဟူသော အဆုံးအပိုင်းအခြားသည်၎င်း၊ ပျက်ခြင်းဟူသော အဆုံးအပိုင်းအခြားသည်၎င်း မထင်ပေ မရှိပေ၊ ထို့ကြောင့် ယင်းအာကာသသည် အနန္တ၁မည်၏။
၁- န-အန်-မရှိ + အန္တ-အဆုံး အပိုင်းအခြား= အနန္တ-အဆုံး အပိုင်းအခြားမရှိသော ကောင်းကင်။ ဤ၌ ဥပ္ပါဒ ဝယ ဖြစ်ခြင်း ပျက်ခြင်းကို အဆုံးအပိုင်းအခြားဟု ဆိုသည်။ သို့သော် ဤဈာန်သည်
၅၆၆
ကသိုဏ်းရုပ်ကို ခွါခြင်းဖြင့် ပြီးစီးသော၁ ဟင်းလင်းပြင် ကောင်းကင်ကို အာကာသဟု ဆိုသည်။ ဆက်ဦးအံ့- ကသိုဏ်းရုပ်ကို ခွါခြင်းဖြင့် ပြီးသော ဤကောင်းကင်၌ အဆုံးအပိုင်းအခြား မရှိဟု နှလုံးသွင်းခြင်း၏ အစွမ်းအားဖြင့်လည်း အနန္တ- အဆုံးအပိုင်းအခြား မရှိသည်၏ အဖြစ်ကို သိအပ်ပေ၏၂။ [၃၂၅] ထို့ကြောင့်ပင် ဝိဘင်းပါဠိ၌ ''ထိုအာကာသ၌ စိတ်ကို ထား၏၊ ကောင်းစွာထား၏၊
သာသနာပ-ကာလနှင့်လည်း သက်ဆိုင်သောကြောင့်၎င်း၊ ထိုသာသနာပ၌ ပရမတ်တရားတို့၏ ဥပ္ပါဒ ဝယကို သိကြမည် မဟုတ်သောကြောင့်၎င်း လောကဝေါဟာရအလို အဆုံးမရှိခြင်း အနက်လည်း သင့်သကဲ့သို့ ရှိပေ၏။
၁- နှလုံးသွင်းအပ်သော ဤအာကာသဖြင့် ကသိုဏ်းရုပ်ကို ခွါအပ်၏။ ထိုသို့ ခွါကြောင်း ဖြစ်သောကြောင့် ထိုအာကာသသည် ကသိဏုဂ္ဃါဋ မည်၏။ ၎င်းသည်ပင်လျှင် ကသိဏုဂ္ဃါဋိမ မည်၏။ (ဋီကာ) ဤအဖွင့်နှင့်အညီ ကသိုဏ်းရုပ်ကို ခွါကြောင်းဖြစ်သောဟု အတိအကျ ပြန်သင့်သော်လည်း ထိုအနက်ကို ပါဠိမတတ်သူတို့ နားလည်ရန် ခက်သောကြောင့်၎င်း။ ကသိဏဿ ဥဂ္ဃါဋော- ကသိုဏ်းရုပ်ကို ခွါခြင်းသည် ကသိဏုဂ္ဃါဋ မည်၏။ ထိုကသိုဏ်းရုပ်ကို ခွါခြင်းဖြင့် ပြီးစီးသော အာကာသသည် ကသိဏုဂ္ဃါဋိမ မည်၏ဟု ဤသို့ ဝစနတ္ထပြု၍လည်း ပြီးသင့်သောကြောင့်၎င်း အထက်ပါအတိုင်း ပြန်ထားသည်။
၂- နှလုံးသွင်းခြင်း အစွမ်းအားဖြင့်လည်း-ဟူသည်ကား ရုပ်၏ကင်းခြင်း ရုပ်မရှိခြင်းမျှကို ယူခြင်းဖြင့် (ဖြစ်ခြင်း ပျက်ခြင်း) အပိုင်းအခြားကို မယူခြင်းကြောင့် အနန္တ-အဆုံးအပိုင်းအခြား မရှိဟု ဖြန့်သော (နှလုံးသွင်းသော) အခြင်းအရာအားဖြင့် ဖြစ်သော ပရိကံ နှလုံးသွင်းမှု၏ အစွမ်းအားဖြင့်လည်း(ဟု ဆိုလို၏)။ (ဋီကာ)
၅၆၇
အဆုံးအပိုင်းအခြား မရှိသည်ကို(ပြု၍) ဖြန့်၏ (ဝါ- တွေ့ထိ၏ ရောက်၏)။ ထို့ကြောင့်'အနန္တော အာကာသော- အဆုံးအပိုင်းအခြား မရှိသော ကောင်းကင်'ဟု ဆိုအပ်သည်ဟူ၍ ဟောတော်မူပေသည်။
အာကာသာနဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ-ဟူသော ဤပါဌ်၌ကား ထိုအာကာသမှာ (အန္တ) ဖြစ်ခြင်းအပိုင်းအခြား ပျက်ခြင်းအပိုင်းအခြား မရှိပေ၊ ထို့ကြောင့် အနန္တမည်၏။ အနန္တ- အပိုင်းအခြား မရှိသော အာကာသသည် အာကာသာနန္တ မည်၏။ အာကာသာနန္တသည်ပင်လျှင် အာကာသာနဉ္စမည်၏၊ အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ဟူသော ထိုအာကာသာနဉ္စ-သည် ယှဉ်ဘက် တရားအပေါင်းနှင့် တကွဖြစ်သော ဤဈာန်၏ တည်ရာ အာယတနပေတည်း၁၊ အဘယ်ကဲ့သို့နည်း?ဟူမူ နတ်တို့၏ တည်ရာသည် ဒေဝါယတန မည်သကဲ့သို့ပေတည်း၊ ထို့ကြောင့် အာကာသာနဉ္စာယတန၁ မည်၏။
ဥပသမ္ပဇ္ဇ ဝိဟရတိ-ဟူသည်ကား ထိုအာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ ပြီးစေ၍ ထိုဈာန်အားလျော်သော ဣရိယာပုထ်ဝိဟာရဖြင့် နေ၏။ ဤတွင် တရပ်ပြီး၏။
ဤသည်ကား အာကာသာနဉ္စာယတန ကမ္မဋ္ဌာန်း၌ အကျယ်ပြဆိုသော စကားပေတည်း။
(အာကာသာနဉ္စာယတနအဖွင့် ပြီး၏)။
၁- ဝိသုဒ္ဓိမဂ်၌ အာယတန-ပုဒ်၏ အနက်ကို တည်ရာဟုသိစေရန် အဓိဋ္ဌာနဋ္ဌေန- တည်ရာဟူသော အနက်ကြောင့်ဟု ဖွင့်ပြထား၏။ ဤ၌ကား တည်ရာ အာယတနဟု အနက်ပြန်ထားသောကြောင့် ထိုအဖွင့်ပုဒ် မလိုတော့ပေ၊ ထို့ကြောင့် ထိုပုဒ်ကို ခြွင်းချန်ထားသည်။
၅၆၈
၂-ဝိညာဏဉ္စာယတနအဖွင့်
၂၈၁။ ထိုမှတပါး ဝိညာဏနဉ္စာယတနဈာန်ကို ပွါးစေလိုသော ယောဂီသည် ငါးပါးသော အခြင်းအရာတို့ဖြင့် အာကာသာနဉ္စာယတနသမာပတ်၌ လေ့ကျင့်ပြီးသော ဝသီဘော်ရှိသည်ဖြစ်၍ ''ဤအာကာသာနဉ္စာယတန သမာပတ်သည် ရူပါဝစရဈာန်ဟူသော ရန်သူနှင့် နီး၏၊ ဝိညာဏဉ္စာယတန ဈာန်ကဲ့သို့လည်း မငြိမ်သက်ပေ''ဟု အာကာသာနဉ္စာယတနဈာန်၌ အပြစ်ကို ရှုမြင်ပြီးလျှင် ယင်းဈာန်၌ နှစ်သက်တွယ်တာမှုကို ကုန်စေ၍ ဝိညာဏဉ္စာယတနဈာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်းပြီးလျှင် ထိုအနန္တအာကာသကို ဖြန့်၍ အာရုံပြု၍ ဖြစ်သော ထိုအာကာသာနဉ္စာယတနဝိညာဏ်ကို ''ဝိညာဏ် ဝိညာဏ်''၁ဟု အဖန်တလဲလဲ နှလုံးသွင်းအပ်၏၊ စိတ်၌ ထားအပ်၏၊ ဆင်ခြင်အပ်၏၊ ကြံစည်မှုဖြင့် ထုနှက်သလို နှလုံးသွင်းခြင်း, အထူးကြံစည်မှုဖြင့် လှည့်ပတ်၍ ထုနှက်သလို အဖန်ဖန် နှလုံးသွင်းခြင်းကို ပြုအပ်၏။ အနန္တံ အနန္တံ- အဆုံးအပိုင်းအခြားမရှိ အဆုံးအပိုင်းအခြားမရှိဟု (ဤသို့ချည်း သက်သက်)ကား နှလုံးမသွင်းအပ်ပေ၂။
၁- နောက်၌ ပြလတံ့သော သာဓကပါဠိ၌၎င်း၊ ယင်း၏ အဖွင့်၌၎င်း အနန္တံ ဝိညာဏန္တိဟု ရှိသောကြောင့် ဤ၌လည်း အနန္တံ ဝိညာဏံ အနန္တံ ဝိညာဏန္တိဟု ရှိသင့်၏။ ထိုသို့ရှိလျှင် ''အဆုံးအပိုင်းအခြားမရှိသော ဝိညာဏ် အဆုံးအပိုင်းအခြားမရှိသော ဝိညာဏ်''ဟု ဤသို့ ပြန်ရာ၏။
၂- အနန္တံ အနန္တံ-ဟူသည်ကား သက်သက် အနန္တံ အနန္တံ-ဟု နှလုံးမသွင်းအပ် မပွါးစေအပ်၊ အနန္တံ ဝိညာဏံ အနန္တံ ဝိညာဏံ-ဟူ၍မူကား နှလုံးသွင်းအပ်၏၊ ဝိညာဏံ ဝိညာဏံ- ဟူ၍သော်လည်း နှလုံးသွင်းအပ်၏၊ (ဋီကာ)
၅၆၉
ဤဆိုခဲ့သည့်အတိုင်း ထိုအာကာသာနဉ္စာယတနကို ဝိညာဏ်နိမိတ်၌ အဖန်တလဲလဲ ဘာဝနာစိတ်ကို သွားစေ ဖြစ်စေသော ထိုယောဂီအား နီဝရဏတို့သည် ကွာကုန်၏၊ (အာကာသာနဉ္စာယတန စိတ်ဝိညာဏ်လျှင် အာရုံရှိသော) အမှတ်ရမှုသတိသည် ကောင်းစွာတည်၏၊ ဥပစာရသမာဓိဖြင့် ဘာဝနာစိတ်သည် ကောင်းစွာ တည်ကြည်၏။ ထိုယောဂီသည် ထိုအာကာသာနဉ္စာယတန ဝိညာဏ်ဟူသော အာရုံနိမိတ်ကို အဖန်ဖန် မှီဝဲ၏ (ထိုနိမိတ်လျှင် အာရုံရှိသော ဘာဝနာစိတ်ကို) ပွါးစေ၏ အကြိမ်များစွာ ပြု၏။ ဤသို့ပြုနေသော ထိုယောဂီအား (ကသိုဏ်းကို ခွါခြင်းဖြင့်ပြီးသော) အာကာသ၌ အာကာသာနဉ္စာယတနဈာန်စိတ်သည် အပ္ပနာ၏အစွမ်းအားဖြင့် ဖြစ်သကဲ့သို့ (ကသိုဏ်းကို ခွါခြင်းဖြင့်ပြီးသော) အာကာသ၌ ပြန့်နှံ့၍ဖြစ်သော အာကာသာနဉ္စာယတနဝိညာဏ်၌ ဝိညာဏဉ္စာယတနဈာန်စိတ်သည် အပ္ပနာ၏ အစွမ်းအားဖြင့် ဖြစ်၏။ ဤဝိညာဏဉ္စာယတနဈာန်၌ အပ္ပနာဖြစ်ပုံနည်းကိုမူ ပဌမအရူပဈာန်၌ ဆိုခဲ့သောနည်းဖြင့်ပင်လျှင် (ဝါ-မရဏဿတိနိဒ္ဒေသ၌ ဆိုခဲ့သော နည်းဖြင့်ပင်လျှင်) သိအပ်၏၁။ ဆက်၍ပြဦးအံ့- ဤမျှသော ဘာဝနာအစဉ်ဖြင့် ဤယောဂီသည် (ဝါ-ဤယောဂီကို)-
ဤအရာ၌ အနန္တံ အနန္တံ-ဟူ၍ သက်သက် နှလုံးမသွင်းအပ်ဟူသော စကားကို ထောက်လျှင် ရှေ့နားက နှလုံးသွင်းပုံ၌ အနန္တံ ဝိညာဏံ အနန္တံ ဝိညာဏန္တိ-ဟု မူလရင်းပါဌ် ရှိခဲ့ဟန် တူပေသည်။
၁- ဤစကားဖြင့် အဋ္ဌကထာ နှာ ၃၂၁-တတိယအပိုဒ် နောက်ဆုံး ၃-ကြောင်း၌ ဆိုခဲ့သည်ကို ပြန်၍ ညွှန်းသည် ဟူ၍၎င်း တနည်းအားဖြင့် မရဏဿတိအရာ စာပိုဒ်နံပါတ် ၁၁၇-၌ ပြခဲ့သည်ကို
၅၇၀
''(သဗ္ဗသော အာကာသာနဉ္စာယတနံ သမတိက္ကမ္မ အနန္တံ ဝိညာဏန္တိ ဝိညာဏဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ) ခပ်သိမ်းသော အခြင်းအရာအားဖြင့် (ဝါ-အလုံးစုံသော) အာကာသာနဉ္စာယတနဈာန်နှင့် အာရုံကို လွန်မြောက်၍ အဆုံးအပိုင်းအခြားမရှိသော ဝိညာဏ်ဟု နှလုံးသွင်းလျက် ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍နေသည်''ဟု ဆိုအပ်ပေသည်။
၂၈၂။ ထိုစကားရပ်၌ သဗ္ဗသော-ဟူသော ဤပုဒ်မှာ ဖွင့်ဆိုပြီးသော နည်းရှိသည်သာတည်း။ အာကာသာ နဉ္စာယတနံ သမတိက္ကမ္မ-ဟူရာ၌ကား ရှေး၌ ဆိုခဲ့ပြီးသောနည်းဖြင့် ဈာန်သည်လည်း အာကာသာနဉ္စာယတန မည်၏။ [၃၂၆] အာရုံသည်လည်း (မည်၏)။ မှန်ပေ၏- အာရုံသည်လည်း ရှေး၌ ဆိုခဲ့သောနည်းဖြင့်ပင်
ပြန်၍ညွှန်းသည် ဟူ၍၎င်း ဋီကာ၌ ဖွင့်ပြ၏၊ အောက်ပါမှာ တနည်းဖွင့်ပြသော ထိုဋီကာ၏ မြန်မာပြန် ဖြစ်သည်။
တနည်းအားဖြင့် အပ္ပနာဖြစ်ပုံနည်း-ဟူသည်ကား သဘောတရားဖြစ်သော အာရုံ၌သော်လည်း ဈာန်၏ အပ္ပနာဖြစ်ပုံနည်းကို ''အာရုံကို လွန်မြောက်သော ဘာဝနာ၏ အစွမ်းအားဖြင့် အရူပဈာန်သည် အပ္ပနာသို့ ရောက်၏၊ မှန်ပေ၏- အပ္ပနာသို့ ရောက်ပြီးသားဖြစ်သော ဈာန်၏ အောက်ဈာန်အာရုံကို လွန်မြောက်ခြင်းမျှသည် ထိုအထက်အရူပဈာန် အပ္ပနာသို့ ရောက်ရာ၌ ဖြစ်ပေသည်''ဟု မရဏဿတိနိဒ္ဒေသ၌ ဆိုခဲ့ပြီးသော နည်းဖြင့် သိအပ်၏။ (ဋီကာ) အတိုချုပ်အားဖြင့် ဆိုလိုသည်မှာ အထက်ဈာန်၏ အပ္ပနာ ရောက်ခြင်းသည် အောက်ဈာန်၏ အာရုံကို စွန့်၍ အာရုံအသစ်၌ သက်ဝင်ခြင်းမျှသာ ဖြစ်သည်ဟု ဆိုလို၏။
၅၇၁
(အာကာသာနဉ္စ) အဆုံး အပိုင်းအခြား မရှိသော ကောင်းကင်သည်လည်း ဟုတ်၏၊ ၎င်းသည် ပဌမအရူပဈာန်၏ အာရုံဖြစ်သောကြောင့် နတ်တို့၏ တည်ရာသည် ဒေဝါယတနမည်သကဲ့သို့ (အာယတန) တည်ရာအာရုံလည်း ဟုတ်၏၊ ထိုနှစ်ပါးသော အကြောင်းကြောင့် အာကာသာနဉ္စာယတန မည်ပေ၏။ ထို့အတူ အာကာသာနဉ္စလည်း ဟုတ်၏၊ ၎င်းသည် ထိုဈာန်၏ ဖြစ်ရာအကြောင်း ဖြစ်သောကြောင့် ''ကမ္ဗောဇတိုင်း သည် မြင်းတို့၏ ဖြစ်ရာတည်း'' ဤသို့အစရှိသော စကားရပ်တို့၌ကဲ့သို့၁ ဖြစ်ရာအရပ်ဟူသော အနက်အားဖြင့် အာယတနလည်း ဟုတ်၏၊ ဤနှစ်ပါးသော အကြောင်းကြောင့်လည်း အာကာသာနဉ္စာယတန မည်ပေ၏။ ဤဆိုခဲ့သည့်အတိုင်း ဈာန်နှင့် အာရုံဟူသော ဤအာကာသာနဉ္စာယတန နှစ်ပါးလုံးကို မဖြစ်အောင် ပြုခြင်းအားဖြင့်၎င်း၊ နှလုံးမသွင်းခြင်းအားဖြင့်၎င်း လွန်မြောက်ပြီးမှသာလျှင် ဤဝိညာဏဉ္စာယတနဈာန်သို့ရောက်၍ နေနိုင်ပေသည်၊ ထို့ကြောင့် ဈာန်နှင့်အာရုံ ထိုနှစ်ပါးလုံးကို တပေါင်းတည်း ပြု၍ ''အာကာသာနဉ္စာယတနကို လွန်မြောက်၍''ဟူသော ဤစကားကို ဟောတော်မူသည်ဟု သိအပ်ပေ၏။
အနန္တံ ဝိညာဏံ-ဟူရာ၌ ''အနန္တော အာကာသော- အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်''ဟု ဤသို့ဖြန့်၍ နှလုံးသွင်း၍ ဖြစ်သော ထိုအာကာသာနဉ္စာယတန ဝိညာဏ်ကိုပင်လျှင် ''အနန္တံ ဝိညာဏံ- အဆုံးအပိုင်းအခြားမရှိသော ဝိညာဏ်''ဟု ဤသို့ နှလုံးသွင်းလျက် ဟု ဆိုလို၏။ တနည်းကား (အကြွင်းမဲ့ အလုံးစုံအားဖြင့်)
၁- စာကိုယ်၌ အာဒီနိ-ဟု ဆိုသော်လည်း အာဒီသု-ရှိလျှင် သာ၍ စကားချောသောကြောင့် အထက်ပါအတိုင်း အာဓာရအနက် ပြန်ထားသည်။
၅၇၂
နှလုံးသွင်းခြင်း၏ အစွမ်းအားဖြင့် အနန္တ အဆုံးအပိုင်းအခြား မရှိသည် မည်၏၁။ မှန်ပေ၏- ထိုယောဂီသည် ကသိုဏ်းကို ခွါခြင်းဖြင့် ပြီးသော ထိုအာကာသကို အာရုံပြုနေသော ထိုဝိညာဏ်ကို အကြွင်းမဲ့အားဖြင့် နှလုံးသွင်းလတ်သော် အဆုံးအပိုင်းအခြား မရှိဟု နှလုံးသွင်းသည် မည်၏။ ဝိဘင်းပါဠိတော်၌-
''(အနန္တံ ဝိညာဏန္တိ တံယေဝ အာကာသံ ဝိညာဏေန ဖုဋံ မနသိကရောတိ၊ အနန္တံ ဖရတိ၊ တေန ဝုစ္စတိ အနန္တံ ဝိညာဏန္တိ)
အနန္တံ ဝိညာဏံ- ဟူသည်ကား (အကြင်အာကာသကို) အဆုံးမရှိဟု နှလုံးသွင်းလျက် ဖြန့်၏၊ အဆုံးမရှိဟု နှလုံးသွင်းလျက် ဖြန့်အပ်သော ထိုအာကာသကိုပင်လျှင် ပြန့်နှံ့သော (ဝိညာဏေန) ဝိညာဏ်ကို နှလုံးသွင်း၏၂၊ ထို့ကြောင့် အနန္တံ ဝိညာဏံ-ဟု ဆိုအပ်၏''ဟူ၍-
၁- ရှေး၌ အနန္တ အာကာသကို အာရုံပြုခြင်း အလိုအားဖြင့် ပဌမအရူပဝိညာဏ်ကို ဒုတိယအရူပဟူသော မိမိ၏ ဖြန့်ပုံ-ရှုပုံ အခြင်းအရာဖြင့်သာလျှင် အနန္တ-ဟု နှလုံးသွင်းအပ်သည်၏ အဖြစ်ကြောင့် ''အနန္တံ ဝိညာဏံ''ဟု ဆိုအပ်ခဲ့လေပြီ၊ ထို့ကြောင့် ''တနည်းကား နှလုံးသွင်းခြင်း၏ အစွမ်းအားဖြင့် အနန္တမည်၏''ဟု မိန့်ဆိုပြန်လေသည်။ အကြွင်းမဲ့ အလုံးစုံအားဖြင့် နှလုံးသွင်းခြင်း၏ အစွမ်းအားဖြင့်၊ ဤကား ဆိုလိုသော အဓိပ္ပါယ်ပေတည်း။ (ဋီ) ဤအလိုအားဖြင့် အနန္တ-ဟူသည်မှာ အကန့်အသတ် အပိုင်းအခြား မရှိပဲ အဆုံးမရှိ- အလုံးစုံ-ဟု ဆိုလို၏။
၂- ဤပါဠိနှင့် အနက်အဖွင့်များသည် ပါဠိကျမ်းတတ် ပုဂ္ဂိုလ်မြတ်ကြီးတို့၏ အရာသာဖြစ်သည်။ အလွန် ခက်ခဲ နက်နဲလှ၏။
၅၇၃
အကြင်စကားကို ဟောထား၏၊ ထိုစကား၌ ဝိညာဏေန-ဟူသော ပုဒ်ဝယ် ကရိုဏ်းဝိဘတ်ကို ကံအနက်၌ ဖြစ်သည်ဟု သိအပ်၏၊ မှန်ပေ၏- ထိုပုဒ်၏အနက်ကို အဋ္ဌကထာဆရာတို့သည် ဤအတိုင်းပင် ဖွင့်ပြကြကုန်၏၊ ''(အကြင် အာကာသကို) အဆုံးမရှိဟု ဖြန့်၏ ထိုအာကာသကိုပင်လျှင် ပြန့်နှံ့သော ဝိညာဏ်ကို နှလုံးသွင်း၏၁''ဟု ဆိုလိုပေ၏။
ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏-ဟူသော ဤစကားရပ်၌ကား ထိုအာကာသာနဉ္စာယတန ဝိညာဏ်မှာ (အန္တ) အဆုံးမရှိပေ၊ ထို့ကြောင့် (ယင်းဝိညာဏ်သည်) အနန္တမည်၏၊ အနန္တသည်ပင်လျှင် အာနဉ္စမည်ပြန်၏၊ ဝိညာဏနှင့် အာနဉ္စ-ကို တွဲ၍ ဝိညာဏာနဉ္စဟု ဆိုသင့်လျက် ထိုသို့မဆိုမူ၍ ဝိညာဏဉ္စ-ဟု ဆိုထားပေသည်။ မှန်ပေ၏ ဤဝိညာဏဉ္စ-သဒ္ဒါသည် ထိုဝိညာဏာနဉ္စ-ပုဒ်၏ အနက်၌ တက်သော ထင်သော ရုဠှီသဒ္ဒါပေတည်း။ အဆုံးမရှိသော အာကာသာနဉ္စာယတန ဝိညာဏ်ဟူသော ထိုဝိညာဏဉ္စသည် နတ်တို့၏ တည်ရာသည် ဒေဝါယတနမည်သကဲ့သို့ ယှဉ်ဘက်တရားအပေါင်းနှင့်တကွ ဖြစ်သော ဤဒုတိယရူပဈာန်၏ တည်ရာ အာယတနပေတည်း၊ ထို့ကြောင့် (ထိုဒုတိယ အရူပဈာန်သည်) ဝိညာဏဉ္စာယတန မည်၏၂။ အကြွင်းသည် ရှေးနှင့် တူသည်သာတည်း။ ဤတွင်တရပ် ပြီး၏။
ဤသည်ကား ဝိညာဏဉ္စာယတန ကမ္မဋ္ဌာန်း၌ အကျယ်ပြဆိုသော စကားပေတည်း။
(ဝိညာဏဉ္စာယတနအဖွင့် ပြီး၏)။
၁- ဤပါဠိနှင့် အနက်အဖွင့်များသည် ပါဠိကျမ်းတတ် ပုဂ္ဂိုလ်မြတ်ကြီးတို့၏ အရာသာ ဖြစ်သည်။ အလွန်ခက်ခဲ နက်နဲလှ၏။
၂- ဝိညာဏ+အနန္တ-မှ ဝိညာဏာနန္တဖြစ်သည်၊ ထိုမှတဖန် ဝိညာဏာနဉ္စ- ဝိညာဏဉ္စ-ဟု ဖြစ်သည်၊ အဆုံးမရှိသော ဝိညာဏ်ဟု အနက်ရ၏၊
၅၇၄
၃-အာကိဉ္စညာယတနအဖွင့်
၂၈၃။ ထိုမှတပါး အာကိဉ္စညာယတနဈာန်ကို ပွါးစေခြင်းငှါ အလိုရှိသော ယောဂီသည် ငါးပါးသော အခြင်းအရာတို့ဖြင့် ဝိညာဏဉ္စာယတန သမာပတ်၌ လေ့ကျင့်ပြီးသော ဝသီဘော်ရှိသည်ဖြစ်၍ 'ဝိညာဏဉ္စာယတန သမာပတ်သည် အာကာသာနဉ္စာယတနဈာန်ဟူသော ရန်သူနှင့် နီး၏၊ အာကိဉ္စညာယတနဈာန် ကဲ့သို့လည်း မငြိမ်သက်ပေ'ဟု [၃၂၇] ဝိညာဏဉ္စာယတနဈာန်၌ အပြစ်ကို ရှုမြင်ပြီးလျှင် ယင်းဈာန်၌ နှစ်သက်တွယ်တာမှုကို ကုန်စေ၍ အာကိဉ္စညာယတနဈာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်းပြီးလျှင် ဝိညာဏဉ္စာယတနဈာန်၏ အာရုံဖြစ်သော ထိုအာကာသာနဉ္စာယတန ဝိညာဏ်၏ပင်လျှင် မရှိခြင်း(ဟူသော နတ္ထိဘောပညတ်)ကို ဆိတ်ခြင်းဟူသော ကင်းသောအခြင်းအရာကို နှလုံးသွင်းအပ်၏။ အဘယ်သို့ နည်း?ဟူမူ- ထိုအာကာသာနဉ္စာယတနဝိညာဏ်ကို နှလုံးမသွင်းမူ၍ ''မရှိ မရှိ''ဟု ဖြစ်စေ၊ ''ဆိတ်သည် ဆိတ်သည်''ဟု ဖြစ်စေ၊ ''ကင်းသည် ကင်းသည်''ဟု ဖြစ်စေ အဖန်တလဲလဲ နှလုံးသွင်းအပ်၏၊ စိတ်၌ ထားအပ်၏၊ ဆင်ခြင်အပ်၏၊ ကြံစည်မှုဖြင့် ထုနှက်သလို နှလုံးသွင်းခြင်း, အထူးကြံစည်မှုဖြင့် လှည့်ပတ်၍ ထုနှက်သလို အဖန်ဖန် နှလုံးသွင်းခြင်းကို ပြုအပ်၏။
ယင်းဝိညာဏဉ္စ-သည် ဒုတိယ အရူပဈာန်၏ တည်ရာအာရုံဖြစ်သောကြောင့် ဝိညာဏဉ္စာယတန မည်သည်။
၅၇၅
ဤဆိုခဲ့သည့်အတိုင်း (အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းဟူသော) ထိုနတ္ထိဘောပညတ် နိမိတ်၌ စိတ်ကို သွားစေ-ဖြစ်စေသော ထိုယောဂီအား နီဝရဏတို့သည် ကွာကုန်၏၊ (နတ္ထိဘောပညတ်နိမိတ်လျှင် အာရုံရှိသော) အမှတ်ရမှုသတိသည် ကောင်းစွာတည်၏၊ ဥပစာရသမာဓိဖြင့် ဘာဝနာစိတ်သည် ကောင်းစွာတည်ကြည်၏။ ထိုယောဂီသည် ထိုနတ္ထိဘောပညတ်နိမိတ်ကို အဖန်ဖန် မှီဝဲ၏။ (ထိုနိမိတ်လျှင် အာရုံရှိသော ဘာဝနာစိတ်ကို) ပွါးစေ၏ အကြိမ်များစွာ ပြု၏။ ဤသို့ ပြုနေသော ထိုယောဂီအား အာကာသ၌ ပြန့်နှံ့၍ဖြစ်သော အာကာသာနဉ္စာယတန မဟဂ္ဂုတ်ဝိညာဏ်၌ ဝိညာဏဉ္စာယတနဈာန်စိတ် ဖြစ်သကဲ့သို့ အာကာသကို ပြန့်နှံ့၍ဖြစ်သော ထိုအာကာသာနဉ္စာယတန မဟဂ္ဂုတ်ဝိညာဏ်၏ပင်လျှင် ဆိတ်ခြင်း ကင်းခြင်း မရှိခြင်းဟူသော နတ္ထိဘောပညတ်၌ အာကိဉ္စညာယတနဈာန်စိတ်သည် အပ္ပနာ၏အစွမ်းအားဖြင့် ဖြစ်၏။ ဤအာကိဉ္စညာယတနဈာန်၌လည်း အပ္ပနာဖြစ်ပုံနည်းကို ဆိုခဲ့ပြီးသော နည်းဖြင့်ပင် သိအပ်ပေသည်။
ယခုဆိုမည့် အခြင်းအရာသည်ကား အထူးပေတည်း၊ ထိုအာကိဉ္စညာယတန အပ္ပနာစိတ် ဖြစ်လတ်သော် ထိုယောဂီရဟန်းသည်၁ ဥပမာအားဖြင့် (ပြရလျှင်) လူတယောက်သည်၂ တန်ဆောင်းဝန်းစသည်တို့၌ တစုံတခုသော ကိစ္စဖြင့် စည်းဝေးနေသော
၁- ထိုယောဂီရဟန်းသည်.. ဤအတူပင်.. ရှုလျက် နေပြီးလျှင်.. ရှုလျက်.. နေ၏-ဟု စပ်ပါ။
၂- လူတယောက်သည်.. တွေ့မြင်ပြီးနောက်.. သွားပြီးလျှင်.. ပြန်လာ၍.. တည်လျက်.. တဖန် ကြည့်လတ်သော်.. တွေ့မြင်၏-ဟု စပ်ပါ။
၅၇၆
ရဟန်းအပေါင်း သံဃာကို တွေ့မြင်ပြီးနောက် တစုံတခုသော အရပ်သို့ သွားပြီးလျှင် ရဟန်းတို့သည် စည်းဝေးခြင်း၏ အကြောင်းရင်းကိစ္စ ပြီးဆုံးသောအခါ၌ပင်လျှင် (ထိုအရပ်မှ) ဖဲခွါသွားကုန်လတ်သော် ပြန်လာ၍ တံခါးပေါက်၌ တည်လျက် ထိုသံဃာစည်းဝေးရာဌာနကို တဖန်ကြည့်လတ်သော် (ရဟန်းတို့မှ) ဆိတ်နေသည်ကိုသာ တွေ့မြင်၏၊ ကင်းနေသည်ကိုသာ တွေ့မြင်၏၊ ထိုလူမှာ ''ဤမျှသော ရဟန်းတို့သည် သေကုန်ပြီ ဟူ၍သော်၎င်း၊ အရပ်မျက်နှာများသို့ ခရီးထွက်သွားကုန်ပြီ ဟူ၍သော်၎င်း'' ဤသို့ကား မကြံမတွေးမိပေ၊ စင်စစ်သော်ကား ''ဤအရပ်သည် (ရဟန်းတို့မှ) ဆိတ်နေ၏ ကင်းနေ၏''ဟု (ရဟန်းတို့၏) မရှိခြင်းကိုသာလျှင် တွေ့မြင်သကဲ့သို့ ဤအတူပင် ရှေးအခါက အာကာသ၌ ဖြစ်စေအပ်ပြီးသော အာကာသာနဉ္စာယတနဝိညာဏ်ကို ဝိညာဏဉ္စာယတန ဈာန်မျက်စိဖြင့် ရှုလျက် နေခဲ့ပြီးလျှင် (ယခုအခါ) ''မရှိ မရှိ'' ဤသို့စသည်ဖြင့် ဖြစ်သော ပရိကံ နှလုံးသွင်းမှုဖြင့် ထိုအာကာသာနဉ္စာယတနဝိညာဏ် ကွယ်သွားလတ်သော် ထိုအာကာသာနဉ္စာယတန ဝိညာဏ်၏ ကင်းခြင်းဟု ဆိုအပ်သော မရှိခြင်း အဘာဝပညတ်ကိုသာလျှင် (ဘာဝနာစိတ်ဖြင့်) ရှုလျက်နေ၏။ ဤမျှသော ဘာဝနာအစဉ်ဖြင့် ဤယောဂီသည် (ဝါ-ဤယောဂီကို)-
''(သဗ္ဗသော ဝိညာဏဉ္စာယတနံ သမတိက္ကမ္မ နတ္ထိကိဉ္စီတိ အာကိဉ္စညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ (ခပ်သိမ်းသော အခြင်းအရာအားဖြင့်) (ဝါ-အလုံးစုံသော) ဝိညာဏဉ္စာယတန(ဈာန်နှင့် ယင်း၏အာရုံ)ကို လွန်မြောက်၍ စိုးစဉ်း အနည်းငယ်မျှ မရှိဟု နှလုံးသွင်းလျက် အာကိဉ္စညာယတန ဈာန်သို့ရောက်၍ နေသည်''ဟု ဆိုအပ်ပေသည်။
၅၇၇
၂၈၄။ ဤပါဠ်၌လည်း သဗ္ဗသော-ဟူသော ဤပုဒ်မှာ ဖွင့်ဆိုခဲ့ပြီးသော နည်းရှိသည်သာတည်း။ ထို့ပြင် ဝိညာဏဉ္စာယတနံ-ဟူသော ဤပုဒ်၌လည်း ရှေး၌ဆိုခဲ့သော နည်းဖြင့်ပင်လျှင် ဈာန်သည်လည်း ဝိညာဏဉ္စာယတန မည်၏ အာရုံသည်လည်း (မည်၏)။ မှန်ပေ၏- အာရုံသည်လည်း ရှေး၌ဆိုခဲ့သော နည်းဖြင့်ပင် ဝိညာဏဉ္စလည်းမည်၏၊ ၎င်းသည် ဒုတိယ အရူပဈာန်၏ အာရုံဖြစ်သောကြောင့် နတ်တို့၏တည်ရာသည် ဒေဝါယတနမည်သကဲ့သို့ တည်ရာဟူသော အနက်ကြောင့် အာယတနလည်း မည်၏၊ ထို့ကြောင့် [၃၂၈] ဝိညာဏဉ္စာယတန မည်၏။ ထို့အတူပင် ဝိညာဏဉ္စလည်း မည်၏၊ ၎င်းအာရုံသည် ဒုတိယအရူပဈာန်၏ပင်လျှင် ဖြစ်ရာအကြောင်း ဖြစ်သောကြောင့် ''ကမ္ဗောဇတိုင်းသည် မြင်းတို့၏ဖြစ်ရာ (အာယတန)ပေတည်း'' ဤသို့ အစရှိသော စကားရပ်တို့၌ကဲ့သို့ ဖြစ်ရာအရပ်ဟူသော အနက်အားဖြင့် အာယတနလည်း မည်၏၊ ဤနှစ်ပါးသော အကြောင်းကြောင့်လည်း ဝိညာဏဉ္စာယတန မည်ပေ၏။ ဤဆိုခဲ့သည့်အတိုင်း ဈာန်နှင့် အာရုံဟူသော ဤဝိညာဏဉ္စာယတန နှစ်ပါးလုံးကို မဖြစ်အောင် ပြုခြင်းအားဖြင့်၎င်း၊ နှလုံးမသွင်းခြင်းအားဖြင့်၎င်း လွန်မြောက်ပြီးမှသာလျှင် ဤအာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေနိုင်ပေသည်၊ ထို့ကြောင့် ဈာန်နှင့်အာရုံ ထိုနှစ်မျိုးလုံးကို တပေါင်းတည်းပြု၍ ''ဝိညာဏဉ္စာယတနကို လွန်မြောက်၍''ဟူသော ဤစကားကို ဟောတော်မူသည်ဟု သိအပ်ပေ၏။
နတ္ထိ ကိဉ္စိ-ဟူရာ၌ (နတ္ထိ နတ္ထိ) မရှိ မရှိ, (သုညံ သုညံ) ဆိတ်သည် ဆိတ်သည်, (ဝိဝိတ္တံ ဝိဝိတ္တံ) ကင်းသည် ကင်းသည်-ဟု ဤသို့ နှလုံးသွင်းလျက်ဟု ဆိုလိုပေ၏။ ဝိဘင်းပါဠိတော်၌-
၅၇၈
''နတ္ထိ ကိဉ္စိ- ဟူသည်ကား ထို(အာရုံဖြစ်သော ပဌမအရူပ) ဝိညာဏ်ကိုပင်လျှင် မရှိသည်ကို ပြု၏ (ဝါ-မရှိအောင် နှလုံးသွင်း၏) ကင်းသည်ကို ပြု၏ (ဝါ-ကင်းအောင် နှလုံးသွင်း၏) ကွယ်ပျောက်စေ၏ စိုးစဉ်းအနည်းငယ်မျှ မရှိဟု ရှု၏၊ ထို့ကြောင့် နတ္ထိ ကိဉ္စိ-ဟု ဆိုအပ်၏''ဟူ၍-
အကြင်စကားကို ဟောထား၏၊ ထိုစကားမှာ ကုန်သောအားဖြင့် သုံးသပ်သော ဘင်္ဂဉာဏ် (ရှုပုံ)ကဲ့သို့ အကယ်၍ကား ဟောထားခြင်း ဖြစ်ပေ၏၊ သို့သော်လည်း ထိုစကား၏အနက်ကို ဤသို့သာလျှင် မှတ်အပ်ပေသည်.. အာရုံဖြစ်သော ထိုအာကာသာနဉ္စာယတန ဝိညာဏ်ကို နှလုံးမသွင်းပဲ စိတ်၌မထားပဲ မဆင်ခြင်ပဲ ထိုအာကာသာနဉ္စာယတန ဝိညာဏ်၏ မရှိခြင်း, ဆိတ်ခြင်း, ကင်းခြင်း သက်သက်ကိုသာလျှင် နှလုံးသွင်းလျက် မရှိသည်ကို ပြု၏ ကင်းသည်ကို ပြု၏ ကွယ်ပျောက်စေ၏ဟူ၍ ဆိုအပ်ပေသည်၊ အခြားတပါးသော အခြင်းအရာအားဖြင့် ဆိုအပ်သည် မဟုတ်ပေ-ဟု ဤသို့သာလျှင် မှတ်အပ်ပေသည်။
အာကိဉ္စညာယတန ဈာန်သို့ ရောက်၍ နေ၏-ဟူသော ဤစကားရပ်၌ကား ထိုအာကာသာနဉ္စာယတန ဈာန်စိတ်၏ စိုးစဉ်း အနည်းငယ်မျှပင် မရှိတော့ပေ၊ ထို့ကြောင့် ယင်းစိတ်သည် အကိဉ္စနမည်၏၊ ထိုဈာန်စိတ်၏ အကြွင်းအကျန်သည် အယုတ်ဆုံးအားဖြင့် ဘင်ခဏမျှသော်လည်း မရှိတော့ပေ-ဟု ဆိုလို၏။ (အကိဉ္စန) စိုးစဉ်းအနည်းငယ်မျှပင် အကြွင်းအကျန်မရှိသော ဈာန်စိတ်၏ အဖြစ်သည် အာကိဉ္စညမည်၏၊ ဤအမည်သည် အာကာသာနဉ္စာယတန ဝိညာဏ်၏ ကင်းခြင်း မရှိခြင်း၏ အမည်ပေတည်း။ ထိုပဌမ အရူပဝိညာဏ်၏ စိုးစဉ်းမျှ မရှိခြင်းဟူသော အာကိဉ္စညသည် နတ်တို့၏ တည်ရာသည်
၅၇၉
ဒေဝါယတန မည်သကဲ့သို့ ထိုတတိယ အရူပဈာန်၏ တည်ရာပေတည်း။ ဤတွင် တရပ်ပြီး၏။
ဤသည်ကား အာကိဉ္စညာယတန ကမ္မဋ္ဌာန်း၌ အကျယ်ပြဆိုသော စကားပေတည်း။
(အာကိဉ္စညာယတနအဖွင့် ပြီး၏)။
**********
၄-နေဝသညာ နာသညာယတနအဖွင့်
၂၈၅။ ထိုမှတပါး နေဝသညာ နာသညာယတန ဈာန်ကို ပွါးစေခြင်းငှါ အလိုရှိသော ယောဂီသည် ငါးပါးသော အခြင်းအရာတို့ဖြင့် အာကိဉ္စညာယတန သမာပတ်၌ လေ့ကျင့်ပြီးသော ဝသီဘော်ရှိသည်ဖြစ်၍ ''ဤအာကိဉ္စညာယတန သမာပတ်သည် ဝိညာဏဉ္စာယတနဈာန်ဟူသော ရန်သူနှင့် နီး၏၊ နေဝသညာနာသညာယတန ဈာန်ကဲ့သို့လည်း မငြိမ်သက်ပေ'' ဟူ၍သော်၎င်း၊ ''သညာသည် ရောဂါတည်း၊ သညာသည် အိုင်းအမာနှင့်တူ၏၊ သညာသည် စူးဝင်နေသော ငြောင့်နှင့်တူ၏၊ ကြမ်းတမ်းသော သညာ မရှိမူ၍ သိမ်မွေ့သော သညာ မကင်းသော ထိုနေဝသညာ နာသညာယတန ဈာန်သည် ငြိမ်သက်ပေ၏ မွန်မြတ်ပေ၏'' ဟူ၍သော်၎င်း ဤသို့ အာကိဉ္စညာယတနဈာန်၌ အပြစ်ကို မြင်၍၎င်း၊ အထက်ဈာန်၌ အာနိသင်အကျိုးကို မြင်၍၎င်း အာကိဉ္စညာယတနဈာန်၌ နှစ်သက်တွယ်တာခြင်းကို ကုန်စေ၍ နေဝသညာ နာသညာယတန ဈာန်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၍၁ အာကာသာနဉ္စာယတနဈာန်၏ မရှိခြင်းဟူသော
၁- နှလုံးသွင်း၍.. ''ငြိမ်သက်စွ ငြိမ်သက်စွ''ဟု အဖန်တလဲလဲ နှလုံးသွင်းအပ်၏-ဟု စပ်ပါ။
၅၈၀
အဘာဝပညတ်ကို အာရုံပြု၍ ဖြစ်စေအပ်ပြီးသော ထိုအာကိဉ္စညာယတန သမာပတ်ကိုပင်လျှင် ''ငြိမ်သက်စွ ငြိမ်သက်စွ''ဟု [၃၂၆] အဖန်တလဲလဲ နှလုံးသွင်းအပ်၏ စိတ်၌ထားအပ်၏ ဆင်ခြင်အပ်၏၊ ကြံစည်မှုဖြင့် ထုနှက်သလို နှလုံးသွင်းခြင်း, အထူးကြံစည်မှုဖြင့် လှည့်ပတ်၍ ထုနှက်သလို အဖန်ဖန် နှလုံးသွင်းခြင်းကို ပြုအပ်၏။
ဤဆိုခဲ့သည့်အတိုင်း (အာကိဉ္စညာယတန သမာပတ်ဟူသော) ထိုအာရုံနိမိတ်၌ စိတ်ကို အဖန်ဖန်သွားစေ-ဖြစ်စေသော ထိုယောဂီအား နီဝရဏတို့သည် ကွာကုန်၏၊ (အာကိဉ္စညာယတန သမာပတ်နိမိတ်လျှင် အာရုံရှိသော) အမှတ်ရမှု သတိသည် ကောင်းစွာတည်၏၊ ဥပစာရသမာဓိဖြင့် ဘာဝနာစိတ်သည် ကောင်းစွာ တည်ကြည်၏။ ထိုယောဂီသည် ထို(အာကိဉ္စညာယတန သမာပတ်ဟူသော) အာရုံနိမိတ်ကို အဖန်တလဲလဲ မှီဝဲ၏ ပွါးစေ၏ အကြိမ်များစွာ ပြု၏၊ ဤသို့ပြုနေသော ထိုယောဂီအား အာကာသာနဉ္စာယတနဝိညာဏ်၏ ကင်းခြင်း- မရှိခြင်းဟူသော နတ္ထိဘောပညတ်၌ အာကိဉ္စညာယတနဈာန်စိတ် ဖြစ်သကဲ့သို့ အာကိဉ္စညာယတနသမာပတ်ဟု ဆိုအပ်ကုန်သော လေးပါးသော ခန္ဓာတို့၌ နေဝသညာနာ သညာယတန စိတ်သည် အပ္ပနာ၏ အစွမ်းအားဖြင့် ဖြစ်၏။ ဤနေဝသညာနာသညာယတနဈာန်၌ အပ္ပနာဖြစ်ပုံ နည်းကိုမူ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် သိအပ်ပေ၏။ ဤမျှသော ဘာဝနာအစဉ်ဖြင့် ဤယောဂီသည် (ဝါ-ဤယောဂီကို)-
''(သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မ နေဝသညာနာသညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ) ခပ်သိမ်းသော အခြင်းအရာအားဖြင့် (ဝါ-အလုံးစုံသော) အာကိဉ္စညာယတန
၅၈၁
(ဈာန်နှင့် အာရုံ)ကို လွန်မြောက်၍ နေဝသညာ နာသညာယတန ဈာန်သို့ ရောက်၍ နေသည်''ဟု- ဆိုအပ်ပေသည်။
၂၈၆။ ဤပါဠိ၌လည်း သဗ္ဗသော-ဟူသော ဤပုဒ်မှာ ဖွင့်ဆိုခဲ့ပြီးသော နည်းရှိသည်သာတည်း။ အာကိဉ္စညာယတနံ သမတိက္ကမ္မ-ဟူသော ဤပုဒ်၌လည်း ရှေး၌ ဆိုခဲ့ပြီးသော နည်းဖြင့်ပင်လျှင် ဈာန်သည်လည်း အာကိဉ္စညာယတနမည်၏၊ အာရုံသည်လည်း (မည်၏)။ မှန်ပေ၏- အာရုံသည်လည်း ရှေး၌ ဆိုခဲ့သောနည်းဖြင့်ပင် အာကိဉ္စညလည်း မည်၏၊ ၎င်းသည် တတိယ အရူပဈာန်၏ အာရုံဖြစ်သောကြောင့် နတ်တို့၏တည်ရာသည် ဒေဝါယတန မည်သကဲ့သို့ တည်ရာဟူသော အနက်ကြောင့် အာယတနလည်း မည်၏၊ ထိုနှစ်ပါးသော အကြောင်းကြောင့် အာကိဉ္စညာယတန မည်၏။ ထို့အတူပင် အာကိဉ္စညလည်း မည်၏၊ ၎င်းသည် ထိုတတိယ အရူပဈာန်၏ပင် ဖြစ်ရာအကြောင်း ဖြစ်သောကြောင့် ''ကမ္ဗောဇတိုင်းသည် မြင်းတို့၏ ဖြစ်ရာ (အာယတန)ပေတည်း'' ဤသို့ အစရှိသော စကားရပ်တို့၌ကဲ့သို့ ဖြစ်ရာအရပ်ဟူသော အနက်အားဖြင့် အာယတနလည်း မည်၏၊ ထိုနှစ်ပါးသော အကြောင်းကြောင့်လည်း အာကိဉ္စညာယတန မည်ပေ၏။ ဤဆိုခဲ့သည့်အတိုင်း ဈာန်နှင့် အာရုံဟူသော ဤအာကိဉ္စညာယတန နှစ်ပါးလုံးကို မဖြစ်အောင် ပြုခြင်းအားဖြင့်၎င်း၊ နှလုံးမသွင်းခြင်းအားဖြင့်၎င်း လွန်မြောက်ပြီးမှသာလျှင် ဤနေဝသညာ နာသညာယတနဈာန်သို့ ရောက်၍ နေနိုင်ပေသည်၊ ထို့ကြောင့် ဈာန်နှင့်အာရုံ နှစ်မျိုးလုံးကို တပေါင်းတည်းပြု၍ ''အာကိဉ္စညာယတနကို လွန်မြောက်၍''ဟူသော ဤစကားကို ဟောတော်မူသည်ဟု သိအပ်ပေ၏။
၅၈၂
နေဝသညာနာသညာယတနံ-ဟူသော ဤပုဒ်၌ကား အကြင်သို့ သဘောရှိသော (အလွန်သိမ်မွေ့စွာသော) သညာ၏ ရှိခြင်းကြောင့် ထိုစတုတ္ထ အရူပဈာန်ကို နေဝသညာနာသညာယတနဟူ၍ ဆိုအပ်၏၊ အကြင် အခြင်းအရာအားဖြင့်ကျင့်သော ယောဂီအား (အလွန်သိမ်မွေ့စွာသော) ထိုသညာသည် ဖြစ်၏၊ ယင်းသညာကို ရှေးဦးစွာ ပြခြင်းငှါ ဝိဘင်းပါဠိ၌ ''နေဝသညီ နာသညီ- သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်း မဟုတ်''ဟူသော ပုဒ်ကို ထုတ်ပြီးလျှင် ''ထိုအာကိဉ္စညာယတန သမာပတ်ကိုပင်လျှင် ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၏၊ ရုန့်ရင်းသော သင်္ခါရတို့မှ ကြွင်းသော အလွန်သိမ်မွေ့သည့် သင်္ခါရမျှဖြစ်သော (သင်္ခါရာဝသေသ) သမာပတ်ကို ဖြစ်စေ ပွါးစေ၏၊ ထို့ကြောင့် နေဝသညီနာသညီ-ဟု ဆိုအပ်သည်''ဟု ဟောတော်မူပေသည်။ ထိုစကားရပ်၌ ငြိမ်သက်သောအားဖြင့် နှလုံးသွင်း၏-ဟူသည်ကား ''ဤအာကိဉ္စညာယတနသမာပတ်သည် ငြိမ်သက်ပေစွ၊ ယင်းသို့ ငြိမ်သက်သောကြောင့်ပင် ပဌမ အရူပဝိညာဏ်၏ မရှိခြင်းဟူသော နတ္ထိဘောပညတ်ကိုသော်လည်း အာရုံပြု၍, တည်နိုင်ပါပေ၏''ဟု ဤသို့ ငြိမ်သက်သော အာရုံရှိခြင်းကြောင့် ထိုအာကိဉ္စညာယတနသမာပတ်ကို ငြိမ်သက်ပေစွဟု နှလုံးသွင်း၏။
[၃၃ဝ] ငြိမ်သက်သောအားဖြင့် အကယ်၍ နှလုံးသွင်းငြားအံ့၊ အဘယ်သို့ လွန်မြောက်ခြင်း ဖြစ်သနည်း?ဟူမူ ဝင်စားရန် အလိုမရှိခြင်းကြောင့် (လွန်မြောက်ခြင်း ဖြစ်ပေသည်)။ ချဲ့၍ပြအံ့- ထိုအာကိဉ္စညာယတန သမာပတ်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်းငြားသော်လည်း ''ငါသည် ဤအာကိဉ္စညာယတန သမာပတ်ကို နှလုံးသွင်းအံ့၊ ဝင်စားအံ့၊ အဓိဋ္ဌာန်အံ့၊ (၎င်းမှ) ထအံ့၊ ဆင်ခြင်အံ့''ဟု ဤသို့သော ကြံရွယ်ခြင်း စိတ်သို့ ကောင်းစွာ အဖန်ဖန်ဆောင်ခြင်း
၅၈၃
နှလုံးသွင်းခြင်းသည် မရှိပေ။ အဘယ့်ကြောင့်နည်း? အာကိဉ္စညာယတန ဈာန်ထက် နေဝသညာ နာသညာယတနဈာန်က သာ၍ ငြိမ်သက်ခြင်း သာ၍ ကောင်းမွန်ခြင်းကြောင့်တည်း။
ဥပမာဖြင့် ထင်စွာပြအံ့- ဘုရင်မင်းမြတ်သည် ကြီးကျယ်သော မင်း၏ အခြံအရံ အာနုဘော်ဖြင့် ဆင်၏ကျောက်ကုန်းထက်၌ တည်လျက် မြို့လမ်း၌ လှည့်လည်စဉ် ဆင်စွယ်ကို ပြုပြင်သည့် ပန်းပွတ်သမား အစရှိကုန်သော အတတ်ပညာသည်တို့သည် အဝတ်အထည်ကို မြဲမြံစွာဝတ်ကုန်လျက် အဝတ်အထည်ဖြင့် ခေါင်းကို ရစ်ပတ်ကုန်လျက် သူတို့၏ကိုယ်၌ ဆင်စွယ်မှုန့် စသည်ဖြင့် ပြိုးပြွမ်းလူးပေကုန်လျက် ဆင်စွယ်ကို အဆန်းအကြယ် ပြုပြင်ခြင်း အစရှိကုန်သော များစွာသော အတတ်ပညာ အမှုတို့ကို ပြုလုပ်နေကြသည်ကို မြင်၍ ''အချင်းတို့ အတတ်ပညာသည်ဆရာတို့သည် ဪ တတ်ကျွမ်းကြပါပေကုန်စွတကား၊ ဤသို့သော အဆန်းတကြယ် အတတ်ပညာ အမှုတို့ကိုသော်လည်း ပြုလုပ်နိုင်ကြပါပေကုန်၏''ဟု ချီးမွမ်း လျက် ထိုအတတ်ပညာသည်တို့၏ တတ်ကျွမ်းမှု၌ နှစ်သက်အားရပေ၏၊ သို့သော်လည်း ထိုမင်းအား ''ငါသည် မင်းအဖြစ်ကိုစွန့်၍ ဤသို့သောအတတ်ပညာသည် ဖြစ်ရမူ ကောင်းလေစွ''ဟု ဤသို့သော ကြံစည်ခြင်းကား မဖြစ်ပေ။ ထိုသို့ မဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း?ဟူမူ- မင်းအဖြစ် ကျက်သရေ၏ များသော အာနိသင်ရှိသောကြောင့်ပေတည်း။ ထိုမင်းသည် အတတ်ပညာသည်တို့ကို မက်မောတွယ်တာခြင်းမရှိပဲ ကျော်လွန်၍သာလျှင် သွားလေဘိသကဲ့သို့ ထို့အတူပင် ဤယောဂီသည်လည်း ထိုအာကိဉ္စညာသမာပတ်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်းငြားသော်လည်း ''ငါသည် အာကိဉ္စညာသမာပတ်ကို နှလုံးသွင်းအံ့၊ ဝင်စားအံ့၊ အဓိဋ္ဌာန်အံ့၊ (၎င်းမှ) ထအံ့၊
၅၈၄
ဆင်ခြင်အံ့''ဟု ဤသို့သော ရည်ရွယ်ခြင်း စိတ်သို့ ကောင်းစွာ အဖန်ဖန် ဆောင်ခြင်း နှလုံးသွင်းခြင်းသည် မရှိပေ။
ထိုယောဂီသည် ထိုအာကိဉ္စညာသမာပတ်ကို ငြိမ်သက်သောအားဖြင့် နှလုံးသွင်းလျက် ရှေး၌ ဆိုခဲ့သောနည်းဖြင့် အလွန်သိမ်မွေ့သော အပ္ပနာသို့ရောက်သော ထိုသညာသို့ ရောက်၏၊ ယင်းသညာဖြင့် နေဝသညီနာသညီမည်လျက် ရုန့်ရင်း သော သင်္ခါရတို့မှ ကြွင်းသော (သင်္ခါရာဝသေသ)သမာပတ်ကို ပွါးစေသည်ဟူ၍ ဆိုအပ်ပေသည်။ သင်္ခါရာဝသေသသမာပတ် ဟူသည်မှာ အလွန်သိမ်မွေ့ခြင်းသို့ရောက်သည့် သင်္ခါရရှိသော စတုတ္ထအရူပ သမာပတ်ပေတည်း။
၂၈၇။ ယခုအခါ၌ ထိုဆိုခဲ့သော အကြင်သမာပတ်ကို ဤဆိုခဲ့သည့်အတိုင်း ရ(အပ်)သော (အလွန်သိမ်မွေ့သော) သညာ၏ အစွမ်းဖြင့် နေဝသညာနာသညာယတန-ဟူ၍ ခေါ်ဆိုအပ်၏၊ ထိုသမာပတ်ကို သရုပ်တရားကိုယ် အနက်အားဖြင့် ပြခြင်းငှါ-
''နေဝသညာနာသညာယတန- ဟူသည်ကား နေဝသညာနာသညာယတနဈာန်ကို ဝင်စားသော ပုထုဇဉ်သေက္ခပုဂ္ဂိုလ်၏၎င်း၁ (နေဝသညာနာသညာယတနဘုံ၌)ဖြစ်သော ပုဂ္ဂိုလ်၏၎င်း၂၊ မျက်မှောက် အတ္တဘော၌ (ထိုဈာန်ဖြင့်) ချမ်းသာစွာနေသော ရဟန္တာ၏၎င်း၃ ကုသိုလ်ဝိပါက် ကြိယာစိတ် စေတသိက် တရားတို့ပေတည်း''ဟူ၍-
၁- ကုသိုလ်ဈာန်၏ ဖြစ်ရာပုဂ္ဂိုလ်ကို ပြသည်။
၂- ဝိပါက်ဈာန်၏ ဖြစ်ရာပုဂ္ဂိုလ်ကိုပြသည်။ ယင်း ဝိပါက်ဈာန်သည် ပဋိသန္ဓေ ဘဝင် စုတိစိတ်အဖြစ်ဖြင့် ဖြစ်သည်။
၃- ကြိယာဈာန်၏ ဖြစ်ရာပုဂ္ဂိုလ်ကို ပြသည်။
၅၈၅
ဟောတော်မူ(အပ်)ပေ၏။ ထိုသုံးမျိုးသော တရားတို့တွင် ဤအရာ၌ ဝင်စားသောပုဂ္ဂိုလ်၏ ကုသိုလ်စိတ် စေတသိက်တရားတို့ကို (နေဝသညာနာသညာယတနဟု) ဆိုလိုအပ်ပေသည်။ ဤပုဒ်၌ ဝစနတ္ထကား ရုန့်ရင်းသော သညာမရှိမူ၍ သိမ်မွေ့သော သညာကား ရှိသောကြောင့် ယှဉ်ဘက်တရားအပေါင်းနှင့် တကွဖြစ်သော ဤဈာန်မှာ (ရုန့်ရင်းသော) သညာမရှိ, (သိမ်မွေ့သော) သညာမရှိသည်လည်း မဟုတ်ဟူသော ဤအကြောင်းကြောင့် နေဝသညာနာသည မည်၏။ နေဝသညာနာသညမည်သော [၃၃၁] ထိုဈာန်သည် မနာယတန ဓမ္မာယတနတို့၌ အတွင်းဝင်သောကြောင့် အာယတနလည်းမည်၏၊ ထို့ကြောင့် နေဝသညာနာသညာယတန မည်ပေ၏။ တနည်းကား ဤစတုတ္ထ အရူပဈာန်၌ရှိသော သညာသည် (ဝိပဿနာ၏ အာရုံဖြစ်လျက် ငြီးငွေ့ခြင်းကို ဖြစ်စေခြင်းဟူသော) ထင်ရှားသော သညာကိစ္စကိုပြုရန် မစွမ်းနိုင်သောကြောင့် (နေဝသညာ) သညာ မမည် (ဝါ-သညာဟု မဆိုလောက်)၊ ရုန့်ရင်းသော သင်္ခါရတို့မှ ကြွင်းကျန်သော သိမ်မွေ့သည့် သင်္ခါရအဖြစ်ဖြင့် ထင်ရှားရှိသောကြောင့် (နာသညာ) သညာမဟုတ်သည်လည်း မဟုတ်ပေ၊ ထိုနှစ်ပါးသော အကြောင်းကြောင့် နေဝသညာ နာသညာ မည်၏။ နေဝသညာနာသညာမည်သော ထိုသညာသည် ကြွင်းသော ယှဉ်ဘက်တရားတို့၏ တည်ရာဟူသော အနက်ကြောင့် အာယတနလည်း မည်၏၊ ထို့ကြောင့် နေဝသညာနာသညာယတန မည်ပေ၏။
ဆက်၍ ရှင်းပြဦးအံ့- ဤစတုတ္ထအရူပဈာန်၌ သညာသက်သက်သည်သာလျှင် ဤသို့ သဘောရှိသည် မဟုတ်သေး၊ စင်စစ်အားဖြင့်မူ ဝေဒနာသည်လည်း နေဝဝေဒနာ နာဝေဒနာ- ရုန့်ရင်းသော ဝေဒနာ မဟုတ်မူ၍ သိမ်မွေ့သော ဝေဒနာသာ ဖြစ်ပေသည်၊
၅၈၆
စိတ်သည်လည်း နေဝစိတ္တံ နာစိတ္တံ- ရုန့်ရင်းသော စိတ်မဟုတ်မူ၍ သိမ်မွေ့သော စိတ်သာ ဖြစ်ပေသည်၊ ဖဿသည်လည်း နေဝဖဿ နာဖဿ- ရုန့်ရင်းသော ဖဿမဟုတ်မူ၍ သိမ်မွေ့သော ဖဿသာ ဖြစ်ပေသည်။ ကြွင်းသော ယှဉ်ဘက်တရားတို့၌လည်း နည်းတူပင်။ သို့သော်လည်း သညာကို ခေါင်းတပ်သောအားဖြင့် ဤဒေသနာကို (နေဝသညာနာသညာဟူ၍) ဟောထားသည်ဟု သိအပ်ပေ၏။ ထို့ပြင် သပိတ်သုတ်သောဆီ အစရှိသော ဥပမာတို့ဖြင့်လည်း ဤဆိုခဲ့သော အနက်ကို ထင်စွာပြအပ်၏။
သာမဏေသည် သပိတ်ကို ဆီဖြင့်သုတ်၍ ထားသတတ်၊ ယာဂုသောက်မည့်ကာလ၌ ထိုသာမဏေကို မထေရ်ကြီးက ''သပိတ်ယူခဲ့''ဟု မိန့်ဆို၏၊ သာမဏေက ''သပိတ်၌ ဆီရှိနေပါသည် အရှင်ဘုရား''ဟု လျှောက်၏။ ထိုအခါ မထေရ်ကြီးက ''သာမဏေ ဆီကိုယူခဲ့၊ ဆီကျည်ထဲထည့်မည်''ဟု ဆိုလျှင် သာမဏေက ''ဆီမရှိပါဘုရား''ဟု လျှောက်သတတ်။ ထိုဥပမာ၌ ကပ္ပိယကုဋိမဟုတ်သော ကျောင်းထဲ၌ တညဉ့်စသည် ကြာအောင် သိမ်းထားပြီး ဖြစ်သောကြောင့်၁
၁- အန္တောဝုတ္ထတ္တာ- အကပ္ပိယ ကုဋီအတွင်း၌ နေစေအပ်ပြီး- ထားအပ်ပြီးဖြစ်သောကြောင့်-ဟူသော ပါဌ်အနက်အရ ပေါ်လွင်အောင် ပြန်ထားသည်။ ရဟန်းတို့မှာ ထောပတ်ဆီ စသည်ကို အကပ်ခံထားပြီးဖြစ်လျှင် ထိုညနေပိုင်းမှစ၍ (၇) ရက်အတွင်း ဆေးသုံးအတွက်သာ သုံးဆောင်ကောင်းသည်၊ ဒုတိယရက်စသည်၌ ဆွမ်းစသော ယာဝကာလိကနှင့် ရော၍ မသုံးဆောင်ကောင်း။ အကပ်မခံရသေးသော ထောပတ်ဆီ စသည်ကိုလည်း အကပ္ပိယကုဋီ၌ တညမျှ သိမ်းထားလျှင် ဆွမ်းစသော ယာဝကာလိကနှင့် ရော၍ မသုံးဆောင်ကောင်း၊ ဤအဓိပ္ပါယ်ကို ရည်၍ ပြဆိုထားသည်။
၅၈၇
ယာဂုနှင့် ရောသောက်ရန် မအပ်သော အနက်ကိုရည်၍ ''ဆီ ရှိနေပါသည်''ဟု ဆိုခြင်း ဖြစ်ပေသည်၊ ဆီကျည်ထဲထည့်ရန် စသည် အလိုအားဖြင့် ''ဆီ မရှိပါ''ဟု ဆိုခြင်း ဖြစ်ပေသည်။ ဤအတူပင် ထိုသညာသည်လည်း ထင်ရှားသော သညာကိစ္စကို ပြုရန် မစွမ်းနိုင်သောကြောင့် နေဝသညာ- သညာမဟုတ်သည် မည်၏၊ ရုန့်ရင်းသော သင်္ခါရတို့မှ ကြွင်းကျန်သော သိမ်မွေ့သည့် သင်္ခါရအဖြစ်ဖြင့် ထင်ရှားရှိနေသောကြောင့် နာသညာ- သညာမဟုတ်သည်လည်း မဟုတ်ပေ။
ဤအရာ၌ သညာကိစ္စကား အဘယ်ပါနည်း?ဟူမူ အာရုံကို အမှတ်ပြု၍ သိခြင်းသည်၎င်း၊ ဝိပဿနာ၏ အာရုံဖြစ်လျက် ငြီးငွေ့ခြင်းကို ဖြစ်စေနိုင်ခြင်းသည်၎င်း (သညာကိစ္စပေတည်း)။ ချဲ့၍ပြအံ့- ရေအေး၌(ရှိသော) တေဇောဓာတ်သည် ပူလောင်စေခြင်းကိစ္စကို ပြုရန် မစွမ်းနိုင်သကဲ့သို့ ဤစတုတ္ထ အရူပဈာန်သညာသည်လည်း အမှတ်ပြု၍ သိခြင်းကိစ္စကို ထင်ရှားအောင်ပြုရန် မစွမ်းနိုင်ပေ။ (ထို့ပြင်) အခြားသမာပတ်တို့၌ သညာကဲ့သို့ ဝိပဿနာ၏ အာရုံဖြစ်လျက် ငြီးငွေ့သောဉာဏ်ကို ဖြစ်စေခြင်းငှါလည်း မစွမ်းနိုင်ပေ။ မှန်ပေ၏- အခြားခန္ဓာတို့၌ အစပြု၍ နှလုံးသွင်းခြင်း၊ ရှုခြင်းကို မပြုဘူးသေးသော ရဟန်းသည် အရှင်သာရိပုတြာပင် ဖြစ်သော်လည်း နေဝသညာနာသညာယတန ခန္ဓာတို့ကို သုံးသပ်ရှုမှတ်၍ ငြီးငွေ့သော နိဗ္ဗိဒါဉာဏ်သို့ ရောက်ရန် စွမ်းနိုင်သည်မည်သည် မရှိချေ၊ ပကတိအားဖြင့် ရှုရိုးရှုစဉ်အတိုင်း ရှုလာခဲ့သော (ပကတိ ဝိပဿက)ပုဂ္ဂိုလ်သည်ကား၁ ပညာကြီးသော အရှင်သာရိပုတြာကဲ့သို့သော
၁- ပကတိဝိပဿက ဟူသည်ကား ပကတိ (ရှုရိုးရှုစဉ်)အားဖြင့် ဝိပဿနာရှုသူပေတည်း၊ ခန္ဓာစသည်ကို ရှေ့သွားပြုသဖြင့် ဝိပဿနာကို
၅၈၈
ပုဂ္ဂိုလ်သည်သာလျှင် စွမ်းနိုင်ရာ၏၊ ထိုအရှင်သာရိပုတြာသော်မှလည်း ''ဤတရားတို့သည် ဤသို့ ရှေးက မရှိကုန်ပဲ ယခုမှ ဖြစ်ပေါ်လာကုန်သတတ်၊ ယခု ဖြစ်ပေါ်လာကြပြီးလျှင် တဖန် ပျောက်ကွယ်သွားကုတ်သတတ်''ဟူ၍ ဤသို့ အပေါင်းလိုက် သုံးသပ်သည်၏ အစွမ်းအားဖြင့်သာလျှင် (စွမ်းနိုင်၏)၊ ပုဒ်စဉ်အတိုင်း ဖဿအစရှိသော တရားတို့ကို ရှုသည်၏ အစွမ်းအားဖြင့်ကား မစွမ်းနိုင်ပေ၁။ ဤနေဝသညာ နာသညာယတန သမာပတ်သည် ဤမျှလောက်ပင် သိမ်မွေ့ခြင်းသို့ ရောက်ပေ၏။
[၃၃၂] ထို့ပြင် သပိတ်သုတ်သောဆီ ဥပမာဖြင့် ထင်စွာပြအပ်သကဲ့သို့ ဤအတူပင် ခရီးလမ်း၌ ရေဥပမာဖြင့်လည်း ဤအနက်ကို ထင်စွာ ပြအပ်၏။ ခရီးသွားသော မထေရ်အား ရှေ့ကသွားသော သာမဏေက အနည်းငယ်သော ရေကိုမြင်၍ ''ရေရှိသည်၊ အရှင်ဘုရား ဘိနပ်တို့ကို ချွတ်တော်မူပါကုန်''ဟု လျှောက်သတတ်။
အစအဦး နှလုံးသွင်းခဲ့ပြီး၍ ဒွါရ အာရုံတို့နှင့်တကွ ဒွါရ၌ဖြစ်သော တရားတို့ကို ဝိပဿနာရှုသူပေတည်း။ (ဋီကာ)
၁- ကလာပသမ္မသနဝသေနေဝ- အပေါင်းလိုက် သုံးသပ်သည်၏ အစွမ်းအားဖြင့်သာလျှင်- ဟူသည်ကား စတုတ္ထအရူပ စိတ္တုပ္ပါဒ်၌ အတွင်းဝင်ကုန်သော ဖဿ အစရှိသော တရားတို့ကို အသီးအသီး မခွဲမူ၍ တပေါင်းတည်းယူကာ အပေါင်းလိုက်အားဖြင့် သုံးသပ်သည်၏ အစွမ်းအားဖြင့် နယဝိပဿနာဟု ဆိုအပ်သော ကလာပသမ္မသန၏ အစွမ်းအားဖြင့်။ ဖဿ အစရှိသော တရားတို့ကို ခွဲခြမ်း၍ အသီးအသီး သရုပ်အားဖြင့်ယူ၍ အနိစ္စစသည်၏ အစွမ်းအားဖြင့် သုံးသပ်ခြင်းသည် အနုပဒဓမ္မဝိပဿနာ မည်၏။ (ဋီကာ)
၅၈၉
ထိုအခါ မထေရ်က ''ရေရှိလျှင် ရေသနုပ်ကို ယူလာ၊ ရေချိုးမည်''ဟု ဆိုလတ်သော် ''မရှိပါဘုရား''ဟု လျှောက်ပြန်သတတ်။ ထိုဥပမာ၌ ဘိနပ်စိုလောက်ရုံမျှ ရှိသောကြောင့် ''ရေရှိသည်''ဟု ဆိုခြင်းဖြစ်သည်၊ ရေချိုးခြင်းကိစ္စကြောင့် မရှိ-ဟုဆိုခြင်း ဖြစ်သည်။ ဤအတူပင် ထိုစတုတ္ထအရူပဈာန် သညာသည် ထင်ရှားသော သညာကိစ္စကို ပြုရန် မစွမ်းနိုင်သောကြောင့် နေဝသညာ- သညာမဟုတ်သည် မည်၏၊ ရုန့်ရင်း သော သင်္ခါရတို့မှ ကြွင်းသော သိမ်မွေ့သည့် သင်္ခါရအဖြစ်ဖြင့် ထင်ရှားရှိသောကြောင့် နာသညာ- သညာ မဟုတ်သည်လည်း မဟုတ်ပေ။
ဤမျှသာမကသေး- သင့်လျော်သော အခြား ဥပမာတို့ဖြင့်လည်း ဤအနက်ကို ထင်စွာ ပြအပ်သေး၏။ ဥပသမ္ပဇ္ဇ ဝိဟရတိ-ဟူသော ဤစကားမှာ ဆိုခဲ့ပြီးသောနည်း ရှိသည်သာလျှင်တည်း။
ဤသည်ကား နေဝသညာနာသညာယတန ကမ္မဋ္ဌာန်း၌ အကျယ်ပြဆိုသော စကားပေတည်း။
(နေဝသညာနာသညာယတန ကမ္မဋ္ဌာန်းအဖွင့် ပြီး၏)။
**********
ပြိုးပြွမ်းပြဆိုချက်
၂၈၈။ သုံးဆဲ့နှစ်ပါးသော မဟာပုရိသလက္ခဏာတော်ကြီး ရှစ်ဆယ်သော လက္ခဏာတော်ငယ် စသည်တို့ဖြင့် သူတပါးတို့နှင့် မတူသော ရူပကာယရှိတော်မူသော မြတ်စွာဘုရားသည် လေးပါးအပြားရှိသော အရူပဈာန်ကို ဟောကြားတော်မူခဲ့ပေ၏၊ ထိုလေးပါးသော အရူပဈာန်ကို ဤဆိုခဲ့သည့်အတိုင်း သိပြီးလျှင် ထိုလေးပါးသော အရူပဈာန်၌
၅၉၀
(ယခုဆိုမည့်) ပြိုးပြွမ်းပြဆိုချက်ကိုလည်း သိအပ် သိသင့် သိထိုက်သေး၏။
၂၈၉။ လေးပါးကုန်သော ဤအရူပသမာပတ်တို့သည် အာရုံကို လွန်မြောက်သောအားဖြင့် ဖြစ်ကုန်၏၊ ယင်း လေးပါးသော အရူပသမာပတ်တို့၏ အင်္ဂါကို လွန်မြောက်ခြင်းကို ပညာရှိတို့က အလိုမရှိကြကုန်၁။
ချဲ့၍ပြရလျှင် ဤအရူပသမာပတ်တို့တွင် ပဌမ အရူပသမာပတ်သည် ကသိုဏ်းရုပ်နိမိတ်ကို လွန်မြောက်သောအားဖြင့် ဖြစ်၏၊ ဒုတိယ အရူပသမာပတ်သည် ကသိုဏ်းရုပ်ကို ခွါခြင်းဖြင့် ပြီးသော အာကာသကို လွန်မြောက်သောအားဖြင့် ဖြစ်၏၊ တတိယ အရူပသမာပတ်သည် (ထို)အာကာသ၌ ဖြစ်စေအပ်ပြီးသော ပဌမ အရူပဝိညာဏ်ကို လွန်မြောက်သောအားဖြင့် ဖြစ်၏၊ စတုတ္ထ အရူပသမာပတ်သည် အာကာသ၌ ဖြစ်စေအပ်ပြီးသော ပဌမ အရူပဝိညာဏ်၏ ကင်းခြင်းကို လွန်မြောက်သောအားဖြင့် ဖြစ်၏၊ ဤသို့အားဖြင့် လေးပါးကုန်သော ဤအရူပသမာပတ်တို့သည် အချင်းခပ်သိမ်း အာရုံကို လွန်မြောက်သောအားဖြင့် ဖြစ်ကုန်၏ဟူ၍ သိအပ်ပေသည်။ ဤအရူပသမာပတ်တို့၏ အင်္ဂါကို လွန်မြောက်ခြင်းကိုကား ပညာရှိတို့ အလိုမရှိကုန်။ အကြောင်းမူကား ရူပါဝစရ သမာပတ်တို့၌ကဲ့သို့ ဤအရူပသမာပတ်၌ အင်္ဂါကို ကျော်လွန်ခြင်း မရှိသောကြောင့်ပေတည်း။ မှန်ပေ၏- ဤအရူပသမာပတ် အားလုံးတို့၌ပင် ဥပေက္ခာနှင့် စိတ္တေကဂ္ဂတာဟူသော အင်္ဂါနှစ်ပါးတို့သာလျှင် ရှိပေသည်။
၁- ဤ၌ စုဏ္ဏိယနှင့် ဂါထာ တဝါကျတည်း ရောနေသောကြောင့် စုဏ္ဏိယအနေဖြင့် ပြန်ထားသည်။
၅၉၁
၂၉ဝ။ ဤသို့ အင်္ဂါကို ကျော်လွန်ခြင်း မရှိငြားသော်လည်း-
ဤအရူပသမာပတ်တို့၌ နောက်နောက်ဖြစ်သော သမာပတ်တို့သည် အထူးသဖြင့် သာလွန်၍ ကောင်းမြတ်ကြပေ၏၊ ထိုသို့ သာလွန်၍ ကောင်းမြတ်ရာ၌ ပြာသာဒ် အထပ်-အပြင်တို့နှင့် အဝတ်အထည် ဥပမာတို့ကို သိအပ်ကုန်၏။
[၃၃၃] ချဲ့၍ပြအံ့- ဘုံအဆင့် လေးထပ်ရှိသော ပြာသာဒ်၏ အောက်ဆုံး အထပ်-အပြင်မှာ နတ်၌ဖြစ်သော ကခြင်း, သီခြင်း, တီးမှုတ်ခြင်း, မွှေးကြိုင်သော ရနံ့ရှိသည့် ပန်း, ဘောဇဉ်, အိပ်ရာ, အဝတ် စသည်တို့၏ အစွမ်းအားဖြင့် ကောင်းမြတ်ကုန်သော ငါးပါးသော ကာမဂုဏ်တို့သည် ထင်ရှားအသင့် တည်ရှိနေကုန်ရာ၏၊ ဒုတိယ အထပ်-အပြင်၌ ထို့ထက်သာ၍ ကောင်းမြတ်ကုန်ရာ၏၊ တတိယ အထပ်-အပြင်၌ ထို့ထက်သာ၍ ကောင်းမြတ်ကုန်ရာ၏၊ စတုတ္ထ အထပ်-အပြင်၌ အားလုံးထက်သာ၍ ကောင်းမြတ်ကုန်ရာ၏၊ ထိုပြာသာဒ်၌ ထိုလေးထပ်လုံးတို့ပင် ပြာသာဒ် အထပ်-အပြင်တို့သာ ဖြစ်ကြပေ၏၊ ထိုအထပ်-အပြင်တို့၏ ပြာသာဒ်အထပ်-အပြင် အဖြစ်ဖြင့် ထူးခြားခြင်းသည် အကယ်၍ကား မရှိပေ၊ သို့သော်လည်း ငါးပါး သော ကာမဂုဏ်တို့နှင့် ပြည့်စုံပုံ အထူးအားဖြင့်မူ အောက်အောက်အထပ်-အပြင်ထက် အထက်အထက်အထပ်-အပြင်သည် သာ၍ သာ၍ ကောင်းမြတ်သကဲ့သို့၎င်း။
ထို့ပြင် မိန်းမတယောက် ငင်အပ်ကုန်သော ချည်ကြမ်း, ချည်နု, သာ၍နုသော ချည်, အလွန် သာ၍နုသောချည်တို့ဖြင့် ရက်ထားကုန်သော
၅၉၂
လေးပိုလ်စီး, သုံးပိုလ်စီး, နှစ်ပိုလ်စီး, တပိုလ်စီး၁ ပုဆိုးအထည်တို့သည် အလျားအနံအားဖြင့် တူညီသောပမာဏ ရှိကုန်ရာ၏။ ထိုဥပမာ၌ ယင်း ပုဆိုးလေးထည်တို့သည် အလျားအနံအားဖြင့် တူညီကြသည်ဖြစ်၍ ပမာဏအားဖြင့် ယင်းပုဆိုးတို့၏ ထူးခြားခြင်းသည် အကယ်၍ကား မရှိပေ၊ သို့သော်လည်း ကောင်းသောအတွေ့ နူးညံ့ခြင်း အဖိုးများစွာ တန်ခြင်းတို့ဖြင့်မူ ရှေးရှေး ပုဆိုးအထည်ထက် နောက်နောက် ပုဆိုးအထည်တို့သည် သာ၍ သာ၍ ကောင်းမြတ်သကဲ့သို့၎င်း ဤအတူပင် လေးပါးကုန်သော ဤအရူပသမာပတ်တို့၌ ဥပေက္ခာနှင့် စိတ္တေကဂ္ဂတာဟူသော အင်္ဂါနှစ်ပါးတို့သာလျှင် ရှိကြသည် အကယ်၍ကား မှန်ပေ၏၊ သို့သော်လည်း ဘာဝနာအထူးကြောင့် ထိုအင်္ဂါနှစ်ပါးတို့၏ မွန်မြတ်သည်၏အဖြစ်, သာ၍ မွန်မြတ်သည်၏ အဖြစ်ဖြင့် ဤအရူပသမာပတ်တို့၌ နောက်နောက် သမာပတ်တို့သည် သာ၍သာ၍ ကောင်းမြတ်ကြသည်ဟူ၍ သိအပ်ပေ၏။
၂၉၁။ ဤဆိုခဲ့သောနည်းဖြင့် အစဉ်အတိုင်း မြတ်သည်ထက် မြတ်ကုန်သော ဤလေးပါးကုန်သော အရူပသမာပတ်တို့ကို၂-
မစင်ရှိရာအရပ်၌ (တည်ဆောက်ထားသော) မဏ္ဍပ်၌ လူတယောက်သည် တွဲလွဲဆွဲလျက် တည်၏၊ အခြားတယောက်သည် တွဲလွဲဆွဲနေသော ထိုသူကို မှီလျက်-ခိုလျက် တည်၏၊ အခြားတယောက်သည် တွဲလွဲဆွဲနေသော ထိုသူကို
၁- တပိုလ်၏ အချိန်သည် ၄-ကျပ်သား ရှိသည်။ ထို့ကြောင့် တပိုလ်စီးပုဆိုးမှာ ၄-ကျပ်သား၊ ၄-ပိုလ်စီး ပုဆိုးမှာ ၁၆-ကျပ်သား ရှိသည်-ဟု မှတ်ရာ၏။
၂- အရူပသမာပတ်တို့ကို.. ပညာရှိသည် သိအပ်ကုန်၏-ဟု စပ်ပါ။
၅၉၃
မမှီမူ၍ အပြင်ဘက်၌ တည်၏၊ အခြားတယောက်သည်ကား အပြင်၌နေသော ထိုသူကိုမှီ၍ တည်၏။ လေးယောက်သော ဤလူတို့နှင့် အစဉ်အတိုင်း တူကြသည်၏ အဖြစ်ဖြင့် (ဤသမာပတ်လေးပါးတို့ကို) ပညာရှိသည် သိအပ်(ကုန်)၏။
ဤသည်ကား ထိုဂါထာတို့၌ အနက်ယှဉ်စေပုံပေတည်း.. မစင်ရှိသောအရပ်၌ မဏ္ဍပ်တခုရှိရာ၏၊ ထိုအခါ လူတယောက်သည် လာ၍ ထိုမစင်ကို စက်ဆုပ်သောကြောင့် ထိုမဏ္ဍပ်ကို လက်တို့ဖြင့် တွဲလွဲဆွဲလျက် ထိုမဏ္ဍပ်၌ ငြိတွယ်နေဘိသကဲ့သို့ တည်လေ၏၊ ထို့နောင် အခြားတယောက်သည် လာ၍၁ မဏ္ဍပ်၌ တွယ်နေသော ထိုလူကို မှီလျက် တည်လေ၏၊ ထို့နောင် အခြားတယောက်သည် လာ၍ ''မဏ္ဍပ်၌ ငြိတွယ်နေသောသူနှင့် ထိုသူကိုပင် မှီနေသောသူ-ဟူသော ဤလူနှစ်ယောက်လုံးပင် မကောင်းသဖြင့် တည်နေကြ၏၊ [၃၃၄] မဏ္ဍပ်လဲပြိုကျလျှင် ထိုသူတို့၏ အောက်သို့ကျမည့်မှာ မချွတ်ဧကန်ပင်၊ ယခု ငါသည် အပြင်ဘက်၌သာလျှင် တည်ပေအံ့''ဟု ကြံ၏။ ထိုသို့ ကြံပြီးသောလူသည် ထိုဒုတိယလူ မှီအပ်သော ပဌမလူကို မမှီမူ၍ မဏ္ဍပ်အပြင်၌သာလျှင် တည်လေ၏၊ ထို့နောင် အခြားတယောက်သည် လာ၍၂ မဏ္ဍပ်၌ တွယ်နေသော သူ၏၎င်း၊ ထိုသူကို မှီနေသောသူ၏၎င်း ဘေးမကင်းသည်၏အဖြစ်ကို ကြံတွေးပြီးလျှင်၂ အပြင်ဘက်၌ တည်သူကိုလည်း ကောင်းစွာတည်သည်ဟု သိ၍ ထိုသူကိုပင် မှီလျက် တည်လေ၏။ ထိုဥပမာတွင် မစင်ရှိသောအရပ်၌ မဏ္ဍပ်ကဲ့သို့
၁- လာ၍.. မှီလျက် တည်လေ၏-ဟု စပ်ပါ။
၂- လာ၍.. ကြံတွေးပြီးလျှင်.. သိ၍ ထိုသူကိုပင် မှီလျက် တည်လေ၏-ဟု စပ်ပါ။
၅၉၄
ကသိုဏ်းရုပ်ကို ခွါခြင်းဖြင့် ပြီးသော အာကာသကို မှတ်အပ်၏၊ မစင်ကို စက်ဆုပ်ခြင်းကြောင့် မဏ္ဍပ်၌ တွယ်နေသောလူကဲ့သို့ ရုပ်နိမိတ်ကို စက်ဆုပ်ခြင်းကြောင့် ကသိုဏ်းရုပ်ကို ခွါခြင်းဖြင့် ပြီးသော အာကာသလျှင် အာရုံရှိသော အာကာသာနဉ္စာယတနဈာန်ကို မှတ်အပ်၏၊ မဏ္ဍပ်၌ တွယ်နေသူကို မှီနေသော လူကဲ့သို့ အာကာသလျှင် အာရုံရှိသော အာကာသာနဉ္စာယတနဈာန် ကို အာရုံပြု၍ဖြစ်သော ဝိညာဏဉ္စာယတနဈာန်ကို မှတ်အပ်၏၊ မဏ္ဍပ်၌ တွယ်နေသူနှင့် ထိုလူကိုပင် မှီနေသောသူ-ဟူသော ထိုလူနှစ်ဦးလုံးတို့၏ ဘေးမကင်းသည်၏အဖြစ်ကို ကြံတွေးပြီးလျှင် မဏ္ဍပ်၌ တွယ်နေသော ထိုလူကို မမှီမူ၍ မဏ္ဍပ် အပြင်၌ တည်နေသောသူကဲ့သို့ အာကာသာနဉ္စာယတနဈာန်ကို အာရုံမပြုမူ၍ ထိုဈာန်၏ မရှိခြင်းဟူသော နတ္ထိဘောပညတ်လျှင် အာရုံရှိသော အာကိဉ္စညာယတနဈာန်ကို မှတ်အပ်၏၊ မဏ္ဍပ်၌ တွယ်နေသောသူ၏၎င်း၊ ထိုလူကိုပင် မှီနေသောသူ၏၎င်း ဘေးမကင်းသည်၏အဖြစ်ကို ကြံတွေးပြီးလျှင် မဏ္ဍပ်အပြင်၌ တည်သောသူကို ကောင်းစွာ တည်သည်ဟု သိ၍ ထိုလူကိုပင် မှီလျက်တည်သော သူကဲ့သို့ အာကာသာနဉ္စာယတနဝိညာဏ်၏ မရှိခြင်းဟု ဆိုအပ်သော ပြင်ပအရပ်၌တည်သော အာကိဉ္စညာယတနဈာန်ကို အာရုံပြု၍ဖြစ်သော နေဝသညာနာသညာယတနဈာန်ကို မှတ်အပ်၏။
၂၉၂။ ဆက်ဦးအံ့- ဤဆိုခဲ့သည့်အတိုင်း ဖြစ်သော ဤနေဝသညာနာသညာယတနဈာန်သည်-
အခြားအာရုံ မရှိခြင်းကြောင့် မြင်ပြီးသောအပြစ် ရှိငြားသော်လည်း ထိုအာကိဉ္စညာယတန ဈာန်ကိုပင် အာရုံပြုသည်သာတည်း၊ အဘယ်ကဲ့သို့နည်း?ဟူမူ-
၅၉၅
မြင်ပြီးသော အပြစ်ရှိသော မင်းကိုလည်း အသက်မွေးမှု-ဟူသော အကြောင်းကြောင့် လူအပေါင်းသည် မှီ၍ နေရသကဲ့သို့ပင်တည်း။
ချဲ့၍ပြအံ့- ဤနေဝသညာနာသညာယတနဈာန်သည် ''ဤသမာပတ်သည် ဝိညာဏဉ္စာယတနဈာန်ဟူသော ရန်သူနှင့် နီး၏''ဟု ဤသို့ ထိုသမာပတ်၏ အပြစ်ကို မြင်ပြီးဖြစ်ငြားသော်လည်း အခြားအာရုံ၏ မရှိခြင်းကြောင့် ထိုအာကိဉ္စညာယတန ဈာန်ကို အာရုံပြုသည်သာတည်း။ အဘယ်ကဲ့သို့နည်း?ဟူမူ- မင်း၏အပြစ်ကို မြင်ပြီးဖြစ်သော်လည်း လူအပေါင်းသည် အသက်မွေးမှုဟူသော အကြောင်းကြောင့် ထိုမင်းကိုမှီ၍ နေရသကဲ့သို့ပင်တည်း။ ချဲ့၍ပြအံ့- စောင့်စည်းမှု မရှိသောကြောင့် ကြမ်းကြုတ်သည့် ကိုယ်နှုတ်နှလုံး အကျင့်ရှိသော အရပ်မျက်နှာအားလုံး၏ အရှင်ဖြစ်သော၁ တစုံတယောက်သော မင်းကို ''ဤမင်းသည် ကြမ်းကြုတ်သော အကျင့်ရှိသည်''ဟု သူ၏အပြစ်ကို မြင်ငြားသော်လည်း အခြားအရပ်၌ အသက်မွေးမှု အလုပ်အကိုင်ကို မရသော လူအပေါင်းသည် အသက်မွေးမှုဟူသော အကြောင်းကြောင့် (ထိုမင်းကိုပင်) မှီ၍ အသက်မွေးရသကဲ့သို့ ဤအတူပင် တပါးသောအာရုံကို မရသော ဤနေဝသညာနာသညာယတနဈာန်သည် ထိုအာကိဉ္စညာယတနဈာန်ကို အပြစ်မြင်ရငြားသော်လည်း အာရုံပြုသည်သာတည်း။
၁- သဗ္ဗဒိသမ္ပတိံ-အရပ်မျက်နှာ အားလုံး၏ အရှင်ဖြစ်သော- ဤဝိသေသနပုဒ်ကို တိုင်းသူပြည်သား လူအပေါင်း၏ ရှောင်သွားစရာ အခြားအရပ် မရှိသည်၏အဖြစ်ကို ပြရန် ဆိုပေသည်။ (ဋီကာ)
၅၉၆
၂၉၃။ ဤသို့ အာရုံပြုသော (ဤနေဝသညာဈာန်သည်)...
(ဥပမာအားဖြင့်) ရှည်မြင့်သော လှေကားကို တက်သောသူသည် (အခြား ကိုင်စရာမရှိလျှင်) လှေကားပေါင်ကို ထောက်ရသကဲ့သို့၎င်း၊ တောင်ထွတ်သို့ တက်ရောက်သော သူသည် တောင်၏ အထက်အရပ် မျက်နှာပြင်ကို ထောက်ရသကဲ့သို့၎င်း၊
[၃၃၅] တနည်းအားဖြင့် တောင်ကို တက်သောသူသည် မိမိ၏ဒူးကိုပင် ထောက်ရသကဲ့သို့၎င်း၊ ထို့အတူပင် ထိုအာကိဉ္စညာယတနဈာန်ကို အာရုံပြု၍ ဖြစ်ပေသည်။ ဤတွင် တရပ်ပြီး၏။
ဤသည်ကား သူတော်ကောင်းအပေါင်းတို့၏ ဝမ်းမြောက်ခြင်းငှါ ပြုစီရင်အပ်သော ဝိသုဒ္ဓိမဂ်ကျမ်းဝယ် သမာဓိဘာဝနာအရာ၌ အရူပကမ္မဋ္ဌာန်းကို အကျယ်ပြဆိုချက် (အာရုပ္ပနိဒ္ဒေသ)မည်သော ဆယ်ခုမြောက်ဖြစ်သော အပိုင်းအခဏ်းပေတည်း။
(အရူပကမ္မဋ္ဌာန်းကို အကျယ်ပြချက် ပြီး၏)။
၅၉၇
၁၁-သမာဓိနိဒ္ဒေသ၊ သမာဓိကို အကျယ်ပြချက်၁
၁-အာဟာရေပဋိက္ကူလသညာပွါးပုံ
[၃၃၆] ၂၉၄။ ယခုအခါ အရူပကမ္မဋ္ဌာန်း၏ အခြားမဲ့၌ သညာတပါးဟူ၍ ဤသို့ အကျဉ်းပြခဲ့ပြီးသော အာဟာရေ ပဋိက္ကူလသညာ ပွါးစေပုံကို အကျယ်ပြရန် အစဉ်ရောက်လာပေပြီ။ ထိုအာဟာရေ ပဋိက္ကူလသညာဟူသော ပုဒ်၌ ဆောင်တတ်သောကြောင့် အာဟာရမည်၏။ ၎င်းသည် ကဗဠီကာရအာဟာရ, ဖဿအာဟာရ, မနောသဉ္စေတနာအာဟာရ, ဝိညာဏအာဟာရဟူ၍ ၄-ပါးအပြားရှိ၏။
ဤ၄-ပါးတို့တွင် အဘယ်အာဟာရသည် အဘယ်ကို ဆောင်သနည်း?ဟူမူ- စားမျိုအပ်သော ကဗဠီကာရ အာဟာရသည်၂
၁- သမာဓိနိဒ္ဒေသ-ဟူသည်မှာ ၃-ကမ္မဋ္ဌာနဂ္ဂဟဏနိဒ္ဒေသ-မှ စ၍ ၁၃-အဘိညာနိဒ္ဒေသအထိ ၁၁-ပါးသော နိဒ္ဒေသတို့၏ သာမညအမည်ဖြစ်သည်။ ထို့ကြောင့် ဝိသုဒ္ဓိမဂ် ဒုတိယတွဲ နှာ ၂၂၂-၌ တာပိ စိတ္တသီသေန ဝုတ္တသမာဓိနိဒ္ဒေသေ သဗ္ဗာကာရေန ဝိတ္ထာရိတာ ဧဝ-ဟု ဥပစာရသမာဓိနှင့်တကွ သမာပတ်ရှစ်ပါးတို့ကို သမာဓိနိဒ္ဒေသ၌ အပြည့်အစုံ အကျယ်ပြခဲ့ပြီးဖြစ်ကြောင်း မိန့်ဆိုထားပေသည်၊ မြန်မာပြန် စတုတ္ထတွဲ နှာ ၂၂ဝ-၌လည်း ကြည့်ပါ။ ဤသို့ နိဒ္ဒေသ-၁၁-ပါး အားလုံးပင် သမာဓိကို အကျယ်ပြသော အရာချည်းသာ ဖြစ်ကြသော်လည်း အခြား နိဒ္ဒေသများမှာ ကမ္မဋ္ဌာနဂ္ဂဟဏနိဒ္ဒေသ စသည်ဖြင့် အမည်ထူးများ ရှိကြသောကြောင့် ၎င်းတို့ကို သမာဓိနိဒ္ဒေသဟု အသီးအသီး မပြမဆိုပဲ အခြားအမည်မရှိသော ဤအပိုင်းကိုသာလျှင် သမာဓိနိဒ္ဒေသ-ဟု ပြဆိုထားပေသည်။
၂- ကဗဠ- စားအပ်သော အလုပ်အလွေ့ + ဤ- ကဲ့သို့ + ကာရ- ပြုအပ်သည် = ကဗဠီကာရ- ထမင်းလုပ် မဟုတ်သော်လည်း ထမင်းလုပ်ကဲ့သို့ ပြုအပ်သော
၅၉၈
ဩဇာလျှင် ရှစ်ခုမြောက်ရှိသော (ဩဇဋ္ဌမက)ရုပ်ကို ဆောင်တတ်- ဖြစ်စေတတ်၏။ အာရုံနှင့်စိတ် တွေ့မှု ဖဿအာဟာရသည် ဝေဒနာသုံးပါးကို ဆောင်တတ် ဖြစ်စေတတ်၏၊ စေ့ဆော်မှု စေတနာဟူသော (မနောသဉ္စေတနာ) အာဟာရသည် သုံးပါးသော ဘဝတို့၌ ပဋိသန္ဓေကို ဆောင်တတ်-ဖြစ်စေတတ်၏။ စိတ်ဟူသော ဝိညာဏအာဟာရသည် ပဋိသန္ဓေခဏ၌ နာမ်ရုပ်ကို ဆောင်တတ်-ဖြစ်စေတတ်၏။
ထို၄-ပါးတို့တွင် ကဗဠီကာရအာဟာရ၌ (ဝါ-ကဗဠီကာရအာဟာရကြောင့်၁) နှစ်သက်တွယ်တာခြင်း ရသတဏှာဟူသော နိကန္တိဘေးသည် ရှိ၏။ ဖဿအာဟာရ၌ (ဝါ-ကြောင့်) အာရုံသို့ ချဉ်းကပ်ခြင်းဟူသော ဘေးသည် ရှိ၏။ မနောသဉ္စေတနာအာဟာရ၌ (ဝါ-ကြောင့်) ဘဝသစ်၌ ကပ်ရောက်၍ ဖြစ်ခြင်းဟူသော ဘေးသည် ရှိ၏။ ဝိညာဏအာဟာရ၌ (ဝါ-ကြောင့်) ပဋိသန္ဓေဟူသော ဘေးသည် ရှိ၏။ ဤသို့ ကြောက်ဖွယ်ဘေးနှင့်တကွ ဖြစ်ကုန်သော ထိုအာဟာရ လေးပါးတို့တွင် ကဗဠီကာရအာဟာရကို သား၏အသားကိုစားခြင်း ဥပမာရှိသော ဩဝါဒဖြင့် ပြအပ်၏၂။ ဖဿအာဟာရကို
ဩဇာရုပ်- ထမင်းလုပ်ထဲ၌ ပါဝင်သော ဩဇာရုပ်ကိုပင် ကဗဠီကာရ အာဟာရ (ကဗဠီကာရာဟာရ)ဟု ဆိုသည်၊ ယင်း ဩဇာရုပ်ကသာ ဩဇဋ္ဌမကကို ဖြစ်စေတတ်သည်။
၁- ဤနိမိတ်အနက်ကို ဋီကာ၌ ပြသည်၊ သို့သော် ၌-ဟူသော အနက်လည်း သာ၍ ချောသကဲ့သို့ရှိသောကြောင့် ယင်းအနက်ကို အရင်းခံပြု၍ ပြန်ထားသည်။
၂- သံယုတ်ပါဠိ မြန်မာပြန် ပဌမတွဲ နှာ ၃ဝ၉-၌ ကြည့်ပါ။
၅၉၉
အရေမရှိသည့် နွားဥပမာရှိသော ဩဝါဒဖြင့် ပြအပ်၏၁။ မနောသဉ္စေတနာအာဟာရကို မီးကျီးတွင်း- မီးကျီးစုဥပမာရှိသော ဩဝါဒဖြင့် ပြအပ်၏၂။ ဝိညာဏအာဟာရကို လှံတရာ ဥပမာရှိသော ဩဝါဒဖြင့် ပြအပ်၏၃။ ဤလေးပါးသော အာဟာရတို့တွင် စားအပ်- သောက်အပ်- ခဲအပ်-လျက်အပ်သည့် အပြားရှိသော ကဗဠီကာရ အာဟာရကိုသာလျှင် ဤအရာ၌ အာဟာရဟု ဆိုလိုအပ်ပေသည်။ ထိုကဗဠီကာရအာဟာရ၌ စက်ဆုပ်ဖွယ်ကို ယူသည်၏အစွမ်းဖြင့် ဖြစ်သော အမှတ်သညာသည် အာဟာရေပဋိက္ကူလသညာမည်၏။
ထိုအာဟာရေပဋိက္ကူလသညာကို ပွါးစေလိုသော ယောဂီသည် အာဟာရေပဋိက္ကူလသညာ ကမ္မဋ္ဌာန်းကို သင်ယူပြီးလျှင် သင်ယူခဲ့သော ရှုပုံမှ တပုဒ်တစိတ်မျှကိုသော်လည်း မချွတ်ယွင်းစေပဲ ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက် အပြင်အပ အာရုံများမှ ဖဲခွါကာ (ကမ္မဋ္ဌာန်း၌) ကောင်းစွာ ကပ်ငြိသည်ဖြစ်၍ စားအပ်- သောက်အပ်- ခဲအပ်- လျက်အပ်သည့် အပြားရှိသော ကဗဠီကာရအာဟာရ၌ ဆယ်ပါးသော အခြင်းအရာတို့ဖြင့် စက်ဆုပ်ဖွယ်ရှိသည်၏အဖြစ်ကို ဆင်ခြင်အပ်၏။ ၎င်းဆယ်ပါးတို့မှာ- (၁) ဂမနတော- သွားခြင်းအားဖြင့်၎င်း၊ (၂) ပရိယေသနတော- ရှာမှီးခြင်းအားဖြင့်၎င်း၊ (၃) ပရိဘောဂတော- သုံးဆောင်ခြင်းအားဖြင့်၎င်း၊ (၄) အာသယတော- သည်းခြေစသော တည်ရာအားဖြင့်၎င်း၊ (၅) နိဓာနတော- စု၍တည်ရာ အစာသစ်အိမ်အားဖြင့်၎င်း၊ (၆) အပရိပက္ကတော- မကျေမကျက်သေးသောအားဖြင့်၎င်း၊ (၇) ပရိပက္ကတော- ကျေကျက်ပြီးသောအားဖြင့်၎င်း၊
၁-၂- ၎င်း မြန်မာပြန် နှာ ၃၁ဝ-၌ ကြည့်ပါ။
၃- ၎င်း မြန်မာပြန် နှာ ၃၁၁-၌ ကြည့်ပါ။
၆၀၀
(၈) ဖလတော- ပြီးစီးသော အကျိုးအားဖြင့်၎င်း၊ (၉) နိဿန္ဒတော- ယိုထွက်ခြင်းအားဖြင့်၎င်း၊ (၁ဝ) သမ္မက္ခနတော- လူးပေခြင်းအားဖြင့်၎င်း ဟူသည်တို့ပင် ဖြစ်သည်။
(၁) သွားခြင်းအားဖြင့် ဆင်ခြင်ပုံ
၂၉၅။ ထိုတွင် သွားခြင်းအားဖြင့် ဆင်ခြင်ပုံကား- ဤသို့ ကြီးမားသော အာနုဘော်ရှိသော ဘုရားသာသနာတော်၌ ရဟန်းကောင်းဖြစ်သော ပုဂ္ဂိုလ်သည် တညဉ့်လုံး ဘုရားစကားတော်ကို ရွတ်ဆိုလျက်ဖြစ်စေ၊ ရဟန်းတရားကို အားထုတ်လျက်ဖြစ်စေ အချိန်ကုန်စေပြီးလျှင် နံနက်စောစောကပင် ထ၍ စေတီယင်ပြင်ဝတ် ဗောဓိယင်ပြင်ဝတ်ကို ပြုပြီးလျှင် သောက်ရေသုံးရေကို တည်ထား၍ [၃၃၇] ပရိဝုဏ်ခေါ် သီးသန့် ကျောင်းဝင်းငယ်ကို တံမြက်လှည်း၍ ကိုယ်ကို သုတ်သင်ပြီးလျှင် နေရာသို့ တက်ထိုင်လျက် အကြိမ် နှစ်ဆယ် သုံးဆယ်တိုင်တိုင်၁ ကမ္မဋ္ဌာန်းကို နှလုံးသွင်းပြီးလျှင်၁ ထိုင်နေရာမှထ၍ သပိတ်သင်္ကန်းကို ယူပြီးလျှင်၂ လူတို့နှင့်စပ်၍ ကျဉ်းမြောင်းခြင်းမရှိသည့်ပြင်
၁- အကြိမ် နှစ်ဆယ် သုံးဆယ်တိုင်တိုင်-ဟူသော ဤအရာ၌ (အမျိုးတူ ရုပ်နာမ်တို့၏ အစဉ်-ဟူသော) သန္တတိပစ္စုပ္ပန်၏ အစွမ်းဖြင့် အကြိမ်အပိုင်းအခြားကို (သိအပ်၏)ဟု ကေစိ (အချို့)ဆရာတို့က ဆိုကြ၏။ အပရေ (တပါးသော) ဆရာတို့ကမူ ပူနွေးအောင် ထိုင်ခြင်းဖြင့် (အကြိမ် အပိုင်းအခြားကို သိအပ်၏)ဟု ဆိုကြ၏ ။ပ။ သွားခြင်းမှ လူးပေခြင်းတိုင်အောင် နှလုံးသွင်းခြင်းသည် တကြိမ်မည်၏၊ ဤနည်းဖြင့် အကြိမ် နှစ်ဆယ် သုံးဆယ်တိုင်တိုင် ကမ္မဋ္ဌာန်းကို နှလုံးသွင်းပြီးလျှင်(ဟု ဆိုလို၏)။ (ဋီကာ)
၂- ယူပြီးလျှင်.. စွန့်ခဲ့၍.. မငဲ့ပဲ.. ရွာသို့ ရှေးရှုပြုလျက် သွားရပါတကားဟု စပ်ပါ။
၆၀၁
ဆိတ်ငြိမ်ခြင်းနှင့်စပ်သော ချမ်းသာနှင့်လည်း ပြည့်စုံသည့် တောအရပ်, အရိပ်ရေတို့နှင့် ပြည့်စုံသည့်ပြင် စင်ကြယ်အေးမြ၍ နှလုံးမွေ့လျော်ဖွယ် မြေအဖို့လည်းရှိသည့် တောအရပ်ဟူသော ခြိုးခြံစွာကျင့်ရာ တောအရပ်တို့ကို စွန့်ခဲ့၍၁ ဆိတ်ငြိမ်ခြင်းကြောင့်ဖြစ်သော စင်ကြယ်သောပျော်မွေ့ခြင်းကို မငဲ့ပဲ၁ သုသာန်သို့ ရှေးရှုသွားသော မြေခွေးကဲ့သို့ အာဟာရအလို့ငှါ ရွာသို့ ရှေးရှုပြုလျက် သွားရပါတကား။
ဤသို့ သွားသောအခါ၌လည်း ညောင်စောင်းအင်းပျဉ်က ဆင်းသည်မှစ၍ ခြေဖဝါးမြူမှုန် အိမ်မြှောင်ချေး စသည်တို့ဖြင့် ပြွမ်းသော (မြေပြင်အခင်း) ကြမ်းပြင်အခင်းကို နင်းရချေသည်။ ထို့နောင် တရံတခါ ကြွက်ချေး လင်းနို့ချေး စသည်တို့ဖြင့် လူးကပ်ပျက်စီးနေသောကြောင့် အတွင်းခန်းထက်သာ၍ စက်ဆုပ်ဖွယ်ကောင်းသော ကျောင်းဦးကြမ်းပြင်ကို တွေ့မြင်ရချေသည်။ ထို့နောင် ခင်ပုပ် ခို စသည်တို့၏ ချေးတို့ဖြင့် လူးပေနေသောကြောင့် အထက်ထပ်အပြင်ထက်သာ၍ စက်ဆုပ်ဖွယ်ကောင်းသော အောက်ထပ်အပြင်ကို တွေ့မြင်ရချေသည်။ ထို့နောင် ရံခါ ရံခါ လေတိုက်သဖြင့် ကျရောက်နေသော မြက်သစ်ရွက်ဟောင်းတို့ဖြင့်၎င်း၊ ဂိလာနသာမဏေတို့၏ ကျင်ကြီး ကျင်ငယ် တံထွေး နှပ်တို့ဖြင့်၎င်း၊ မိုးအခါ၌ ရွှံ့ညွန်ရေတို့ဖြင့်၎င်း ညစ်ပေနေသောကြောင့် အောက်ထပ်အပြင်ထက်သာ၍ စက်ဆုပ်ဖွယ်ကောင်းသော ပရိဝုဏ်ဝင်းမြေပြင်ကို တွေ့မြင်ရချေ သည်။ (ထို့နောင်) ပရိဝုဏ်ထက်သာ၍ စက်ဆုပ်ဖွယ်ကောင်းသော ကျောင်းတိုက်လမ်းကို တွေ့မြင်ရချေသည်။
၁- ယူပြီးလျှင်.. စွန့်ခဲ့၍.. မငဲ့ပဲ.. ရွာသို့ ရှေးရှုပြုလျက် သွားရပါတကားဟု စပ်ပါ။
၆၀၂
ထို့နောင် အစဉ်အတိုင်း ဗောဓိပင်ကို၎င်း၊ စေတီတော်ကို၎င်း ရှိခိုးပြီးလျှင် ဆွမ်းခံသွားမည့်အရပ်ကို ကြံစည်ရာ တန်ဆောင်း၌ ရပ်တည်လျက် ပုလဲအစုနှင့်တူသော စေတီတော်ကို၎င်း၊ ဒေါင်းမြီးစည်းကဲ့သို့ နှလုံးကို ဆွဲဆောင်တတ်သော ဗောဓိပင်ကို၎င်း၊ နတ်ဗိမာန်၏ ပြည့်စုံခြင်းကဲ့သို့ တင့်တယ်သည့် အသရေရှိသော ကျောင်းကို၎င်း မငဲ့ပဲ ဤသို့သော နှလုံးမွေ့လျော်ဖွယ် တောကျောင်းအရပ်ကို ကျောပေးလျက် သွားရချေသည်။ (ထိုအရပ်မှ) ဖဲခွါခဲ့ပြီးနောက် ရွာလမ်းသို့ သွားသောအခါ ငုတ်များ ဆူးများရှိသော လမ်းကိုလည်း တွေ့မြင်ရချေသည်၊ ရေစီးအဟုန်ဖြင့် ပျက်စီး၍ မညီမညွတ်သော လမ်းကိုလည်း တွေ့မြင်ရချေသည်။
ထို့နောင် အိုင်းအမာကို ဖုံးလွှမ်းသကဲ့သို့ သင်းပိုင်ကို ပြင်ဝတ်၍ အမာလွှမ်းအဝတ်ကို ဖွဲ့စည်းသကဲ့သို့ ခါးပန်းကြိုးကို ဖွဲ့စည်းပြီးလျှင် အရိုးစုကို ဖုံးလွှမ်းသကဲ့သို့ ဧကသီသင်္ကန်းကို ရုံပြီးနောက် ဆေးထည့်စရာ အိုခြမ်းခွက်ကို ထုတ်ဆောင်သကဲ့သို့ သပိတ်ကို အိတ်မှထုတ်၍ ရွာတံခါးအနီးသို့ရောက်လျှင် ဆင်ကောင်ပုပ် မြင်းကောင်ပုပ် နွားကောင်ပုပ် ကျွဲကောင်ပုပ် လူကောင်ပုပ် မြွေကောင်ပုပ် ခွေးကောင်ပုပ်တို့ကိုလည်း တွေ့မြင်ရချေသည်။ တွေ့မြင်ရရုံမျှသာ မဟုတ်သေး၊ နှာခေါင်းကို တိုက်ခိုက်လာသော ထိုအကောင်ပုပ်တို့၏ အနံ့ကိုလည်း သည်းခံရချေသေးသည်။ ထို့နောင် ရွာတံခါး၌ ရပ်တန့်၍ ဆင်ကြမ်း မြင်းကြမ်း အစရှိသော ဘေးကို ရှောင်ရန်အတွက် ရွာလမ်းများကို ကြည့်ရချေသည်။
[၃၃၈] ဤဆိုခဲ့သည့်အတိုင်း (မြေပြင်) ကြမ်းပြင်အခင်းမှစ၍ များစွာသော အကောင်ပုပ်အဆုံးရှိသော ဤစက်ဆုပ်ဖွယ်အပေါင်းကို အာဟာရဟူသော အကြောင်းကြောင့် နင်းရချေသည် တွေ့မြင်ရချေသည်
၆၀၃
နမ်းရှူရချေသည်။ အချင်းတို့ အစာအာဟာရသည် ဪ စက်ဆုပ်ဖွယ် ကောင်းလေစွတကား-ဟု ဤသို့ သွားခြင်းအားဖြင့် စက်ဆုပ်ဖွယ် ကောင်းသည်၏အဖြစ်ကို ဆင်ခြင်အပ်ပေသည်။ (၁)
(၂) ရှာမှီးခြင်းအားဖြင့် ဆင်ခြင်ပုံ
၂၉၆။ ရှာမှီးခြင်းအားဖြင့် အဘယ်သို့ ဆင်ခြင်အပ်သနည်း?ဟူမူ ဤဆိုခဲ့သည့်အတိုင်း သွားခြင်းဖြင့် စက်ဆုပ်ဖွယ်အပေါင်းကို သည်းခံခဲ့ပြီးလျှင်လည်း ရွာသို့ဝင်သောအခါ အစပ်အစပ်ရှိသော သင်္ကန်းကိုရုံလျက် ခွက်လက်စွဲ၍ တောင်းနေသော ခိုကိုးရာမဲ့ သူတောင်းစားကဲ့သို့ အိမ်စဉ်အတိုင်း ရွာလမ်းတို့၌ လှည့်လည်ရချေသည်။ ယင်းရွာလမ်းတို့၌ မိုးအခါမှာ နင်းတိုင်း နင်းတိုင်းသော အရပ်၌ ခြေသလုံးသားတိုင်အောင်သော်လည်း ရွှံ့ညွန်ရေထဲ၌ ခြေတို့သည် ကျွံနစ်ကုန်၏၊ လက်တဖက်ဖြင့် သပိတ်ကိုကိုင်၍ လက်တဖက်ဖြင့် သင်္ကန်းကို မ-ရချေသည်။ နွေအခါမှာ လေအဟုန်ကြောင့် လွင့်တက်ကုန်သော မြေမှုန့် မြက်မှုန့်တို့ဖြင့် ကိုယ်၌ ပြိုးပြွမ်းလူးပေလျက် လှည့်လည်ရချေသည်။ ထိုထို အိမ်တံခါးသို့ရောက်လျှင် သားငါးဆေးရေ ဆန်ဆေးရေ တံထွေး နှပ် ခွေးချေး ဝက်ချေး-စသည်တို့နှင့် ရောပြွမ်းကုန်လျက် ပိုးလောက်အမျိုးမျိုးတို့ဖြင့် ရှုပ်ယှက်ခတ်ရှိနေကြသည့်ပြင် ယင်မမဲရိုင်းတို့ တရုန်းရုန်းဖြစ်လျက် ရှိနေကုန်သော ရွှံ့ပွက်တို့ကို၎င်း၊ အညစ်အကြေး ရေပုပ်တို့ စွန့်သွန်ရာ တံစီးအိုင်တို့ကို၎င်း တွေ့မြင်ရချေသည်၊ နင်းလည်း နင်းရချေသည်၊ ယင်း ရွှံ့ပွက် တံစီးအိုင်တို့မှ ထိုယင်ကောင်တို့သည် ပျံတက်ကုန်၍ သင်္ကန်း၌လည်း နားကုန်၏ သပိတ်၌လည်း ဦးခေါင်း၌လည်း နားကုန်၏။
၆၀၄
အိမ်ထဲသို့ ဝင်မိသော ရဟန်းအားလည်း အချို့က လှူကုန်၏ အချို့က မလှူကုန်။ လှူကြသော်လည်း အချို့က ယမန်နေ့က ချက်ထားသော ထမင်းကိုလည်း လှူကုန်၏။ ခဲဖွယ် အဟောင်းအမြင်းကိုလည်း လှူကုန်၏၊ ပုပ်သိုးသော ဂျုံမုံ့ ဆန်မုံ့တို့ကိုလည်း လှူကုန်၏။ မလှူသောသူထဲကလည်း အချို့ကသာ (အတိစ္ဆထ) ကျော်လွန်၍ အလိုရှိပါကုန်ဘုရား (ဝါ-ကန်တော့ဆွမ်းပါဘုရား)ဟု ဆိုကုန်၏၊ အချို့ကမူ မမြင်ကုန်သကဲ့သို့ ဆိတ်ဆိတ်နေကုန်၏၊ အချို့က အခြားဘက်သို့ မျက်နှာလွှဲနေကုန်၏၊ အချို့က ''ဟေ့ ဖိုးကတုံး သွား'' ဤသို့ အစရှိသော ကြမ်းတမ်းသော စကားတို့ဖြင့် ပြောဆိုကုန်၏။ ဤပုံ ဤနည်းဖြင့် ခိုကိုးရာမဲ့ သူတောင်းစားကဲ့သို့ ရွာ၌ ဆွမ်းရရေးအတွက် လှည့်လည်၍ ထွက်လာရချေသည်။
ဤဆိုခဲ့သည့်အတိုင်း ရွာသို့ဝင်သည်မှစ၍ ထွက်သည်တိုင်အောင် ရွှံ့ညွန်ရေ အစရှိသော စက်ဆုပ်ဖွယ် အပေါင်းကို အစာအာဟာရဟူသော အကြောင်းကြောင့် နင်းရ- တွေ့မြင်ရ- သည်းခံရချေသည်။ အချင်းတို့ အစာအာဟာရသည် ဪ စက်ဆုပ်ဖွယ် ကောင်းလေစွတကား-ဟု ဤသို့ ရှာမှီးခြင်းအားဖြင့် စက်ဆုပ်ဖွယ်ကောင်းသည်၏ အဖြစ်ကို ဆင်ခြင်အပ်ပေသည်။ (၂)
(၃) သုံးဆောင်ခြင်းအားဖြင့် ဆင်ခြင်ပုံ
၂၉၇။ သုံးဆောင်ခြင်းအားဖြင့် အဘယ်သို့ ဆင်ခြင်အပ်သနည်း?ဟူမူ- ဤဆိုခဲ့သည့်အတိုင်း အစာအာဟာရကို ရှာခဲ့ပြီးသော ရဟန်းသည် ရွာ၏အပြင်ပ သင့်လျော်ရာအရပ်၌ ချမ်းသာစွာထိုင်နေလျက် ထိုအစာအာဟာရ၌ စားရန် လက်ကို မချသေး- မနှိုက်သေးမီဆိုလျှင်
၆၀၅
ထိုသို့ (သီလစသည်နှင့် ပြည့်စုံ)သော သဘောရှိသော၁ အလေးပြုထိုက်သည့် အရာ၌တည်သော ရဟန်းကိုဖြစ်စေ၊ လဇ္ဇီသူတော်ကောင်း လူကိုဖြစ်စေ တွေ့မြင်ရလျှင် (ထိုဆွမ်းကို ခံယူရန်) ဖိတ်မန်ခြင်းငှါသော်လည်း စွမ်းနိုင်ပေ၏။ သို့သော်လည်း စားလိုသဖြင့် ထိုအာဟာရ ထိုဆွမ်း၌ လက်ကိုချမိကာမျှ နှိုက်မိကာမျှ၌ပင် ခံယူပါကုန်-ဟု [၃၃၉] ဖိတ်မန်ပြောဆိုရလျှင် (စားကြွင်းကို လှူလေသလောဟု မသင်္ကာဖွယ်ရှိသောကြောင့်) ရှက်ဖွယ်ဖြစ်ချေတော့သည်။ လက်ကိုချ၍ ဆုပ်နယ်သောသူမှာ လက်ငါးချောင်းမှ အစဉ်လျှောက်သဖြင့် ချွေးသည် ယိုထွက်လျက် ခြောက်သွေ့၍ မာကြမ်းသော ဆွမ်းကိုသော်လည်း စိုစေကာ နူးညံ့စေ၏။ ထိုအခါ ဆုပ်နယ်ကာမျှဖြင့်လည်း တင့်တယ်မှုပျက်သွားသော ထိုဆွမ်းကို ဆွမ်းလုပ်ပြု၍ ခံတွင်း၌ ထည့်လိုက်လျှင် သွားများက ဆုံကိစ္စကို ပြီးစေကြ၏၊ အထက်သွားများက ကျည်ပွေ့ကိစ္စကို ပြီးစေကြ၏၊ လျှာက လက်ကိစ္စကို ပြီးစေ၏။ ထိုခံတွင်း၌ ထိုဆွမ်းလုပ်သည် ခွေးစားခွက်၌ ခွေးစာနှင့်တူ၏။ ထိုဆွမ်းလုပ်ကို အောက်သွားတည်းဟူသော ကျည်ပွေ့တို့ဖြင့် ထောင်းထုကြိတ်ချေကာ လျှာဖြင့် ပြန်လှန်ပေးလျက် ကျဲသော ကြည်သော တံတွေးက လူးလဲစေ၏၊ လျှာအလည်မှစ၍ ပြစ်ချွဲသောတံထွေးက လူးလဲစေ၏။ ဒန်ပူမရောက်ရာအရပ်၌ ရှိသော သွားချေးကလည်း လူးလဲစေ၏။ ဤဆိုခဲ့သည့်အတိုင်း ကျေညက်စေအပ် လူးစေအပ်ပြီးသော ထိုအစာအာဟာရသည် ထိုခဏ၌ပင် အဆင်းအနံ့ ကင်းမဲ့သွား၏၊ ကောင်းအောင် ပြုပြင်ထားမှုလည်း ကင်းမဲ့သွား၏၊
၁- တထာရူပံ-ပုဒ်၏ အနက်ဖြစ်သည်။ ထိုသို့ (ဖိတ်သင့်)သော သဘောရှိသော-ဟူ၍လည်း ပြန်သင့်၏။
၆၀၆
(ထို့ကြောင့်) ခွေးစားခွက်ထဲက ခွေးအန်ဖတ်ကဲ့သို့ အလွန် စက်ဆုပ်ဖွယ် ကောင်းသည့်အဖြစ်သို့ ရောက်လေတော့၏။ ဤသို့ အလွန်စက်ဆုပ်ဖွယ် ဖြစ်ငြားသော်လည်း မျက်စိဖြင့် မမြင်နိုင်ကောင်းသောကြောင့်သာ မျိုချရပေသည်ဟု ဤသို့ သုံးဆောင်ခြင်းအားဖြင့် စက်ဆုပ်ဖွယ် ကောင်းသည်၏အဖြစ်ကို ဆင်ခြင်အပ်ပေသည်။ (၃)
(၄) တည်ရာအာသယအားဖြင့် ဆင်ခြင်ပုံ
၂၉၈။ တည်ရာ အာသယအားဖြင့် အဘယ်သို့ ဆင်ခြင်အပ်သနည်း?ဟူမူ- ဤဆိုခဲ့သည့်အတိုင်း သုံးဆောင်တိုင်း- စားမျိုခြင်းသို့ရောက်သော ထိုအစာအာဟာရသည် အတွင်းသို့ဝင်လတ်သော်၁ ဘုရား, ပစ္စေကဗုဒ္ဓါတို့မှာသော်လည်း စကြဝတေးမင်းမှာသော်လည်း သည်းခြေ, သလိပ်, ပြည်, သွေးဟူသော တည်ရာ အာသယ လေးပါးတို့တွင် တပါးပါးသော တည်ရာအာသယ ရှိသည်သာ၊ ဘုန်းကံနည်းသော သူတို့မှာမူ တည်ရာအာသယ လေးပါးလုံးရှိကုန်၏၊ ထို့ကြောင့် သည်းခြေအာသယ လွန်ကဲသူမှာ ပြစ်ချွဲသော သစ်မည်စည်ဆီဖြင့် လိမ်းကျံထားသကဲ့သို့ အလွန် စက်ဆုပ်ဖွယ်ကောင်းသည် ဖြစ်လေတော့၏၊ သလိပ်အာသယ လွန်ကဲသူမှာ ဝက်ချေးပနဲရွက်ရည်ဖြင့် လိမ်းကျံထားသကဲ့သို့ အလွန် စက်ဆုပ်ဖွယ်ကောင်းသည် ဖြစ်လေတော့၏၊ ပြည်အာသယ လွန်ကဲသူမှာ ရက်တက်ပုပ်ရည်ဖြင့် လိမ်းကျံထားသကဲ့သို့ စက်ဆုပ်ဖွယ်ကောင်းသည် ဖြစ်လေတော့၏၊ သွေးအာသယ လွန်ကဲသူမှာ နီသော ဆိုးရည်ဖြင့် လိမ်းကျံထားသကဲ့သို့
၁- အတွင်းသို့ ဝင်လတ်သော်.. သည်းခြေအာသယ လွန်ကဲသူမှာ-စသည်ဖြင့် စပ်ပါ။
၆၀၇
စက်ဆုပ်ဖွယ်ကောင်းသည် ဖြစ်လေတော့၏။ (ဤသို့ အလွန်စက်ဆုပ်ဖွယ် ကောင်းခြင်းသို့ ရောက်လျက် အတွင်းသို့ ဝင်လေသည်-ဟု) ဤသို့ သည်းခြေ, သလိပ်, ပြည်, သွေးဟူသော တည်ရာအာသယအားဖြင့် စက်ဆုပ်ဖွယ် ကောင်းသည်၏အဖြစ်ကို ဆင်ခြင်အပ်ပေသည်။ (၄)
(၅) စု၍တည်ရာ အစာသစ်အိမ်အားဖြင့် ဆင်ခြင်ပုံ
၂၉၉။ စု၍တည်ရာ အစာသစ်အိမ်အားဖြင့် အဘယ်သို့ ဆင်ခြင်အပ်သနည်း?ဟူမူ- စားမျိုလိုက်သော ထိုအစာသည် ဤအာသယလေးပါးတို့တွင် တပါးပါးသော အာသယဖြင့် လိမ်းကျံလူးလည်းလျက် အစာသစ်အိမ်အတွင်းသို့ ဝင်ပြီးလျှင် ရွှေခွက် ငွေခွက် ပတ္တမြားခွက် စသည်တို့၌ စု၍တည်နေသည် မဟုတ်ပေ၊ စင်စစ်အားဖြင့်မူ အသက်ဆယ်နှစ်ရှိသူ စားမျိုလျှင် ဆယ်နှစ်ပတ်လုံး ဆေးကြောခြင်းမရှိသည့် ကျင်ကြီးတွင်းနှင့်တူသော အရပ်၌ တည်နေရချေသည်၊ အကယ်၍ အသက် အနှစ်နှစ်ဆယ် သုံးဆယ် လေးဆယ် ငါးဆယ် ခြောက်ဆယ် ခုနစ်ဆယ် ရှစ်ဆယ် ကိုးဆယ်ရှိသူ စားမျိုလျှင်၊ အကယ်၍ အနှစ်တရာရှိသူ စားမျိုလျှင် အနှစ်တရာပတ်လုံး [၃၄ဝ] ဆေးကြောခြင်းမရှိသည့် ကျင်ကြီးတွင်းနှင့်တူသော အရပ်၌ တည်နေရချေသည်-ဟု ဤသို့ စု၍တည်ရာ အစာသစ်အိမ်အားဖြင့် စက်ဆုပ်ဖွယ် ကောင်းသည်၏အဖြစ်ကို ဆင်ခြင်အပ်ပေသည်။ (၅)
(၆) မကျေမကျက်သေးသောအားဖြင့် ဆင်ခြင်ပုံ
၃ဝဝ။ မကျေမကျက်သေးသောအားဖြင့် အဘယ်သို့ ဆင်ခြင်အပ်သနည်း?ဟူမူ- ဤသို့ (ကျင်ကြီးတွင်းနှင့် တူသည့်) သဘောရှိသော အရပ်၌ စု၍ တည်နေခြင်းသို့ရောက်သော ထိုဆိုခဲ့သည့်
၆၀၈
ဤအစာအာဟာရသည် မကျေမကျက်သေးမီ ကာလပတ်လုံး ဆိုခဲ့ပြီးသော အပြားရှိသော၁ အလွန်မှောင်မိုက်အတိ ဖြစ်နေသော၁ အပုပ်နံ့အမျိုးမျိုးတို့ဖြင့် စွဲထုံသော လေပုပ်တို့၏ သွားရာဖြစ်သော၁ အလွန်မကောင်းသော အနံ့တို့ဖြင့် စက်ဆုပ်ဖွယ်ဖြစ်သော ထိုအစာသစ်အိမ်အရပ်၌ပင်လျှင် (တည်နေရချေသည်) ဥပမာဖြင့် ပြရလျှင် နွေရာသီ၌ အခါမဲ့မိုးကြီးရွာလျှင် ဒွန်းစဏ္ဍားရွာတံခါးဝရှိ ကျင်းချိုင့်၌ ကျရောက်နေကုန်သော မြက် သစ်ရွက် ဖျာစုတ် မြွေကောင်ပုပ် ခွေးကောင်ပုပ် လူကောင်ပုပ် စသည်တို့သည် နေပူရောင်ဖြင့် ပူလောင်ခံရကုန်သည်ဖြစ်၍ အမြှုပ် အပြွက် တစီစီတက်ကုန်လျက် တည်နေကုန်သကဲ့သို့ ထို့အတူပင် ထိုနေ့၌ စားမျိုသော အစာသည်၎င်း ယမန်နေ့က စားမျိုခဲ့သော အစာသည်၎င်း ထို့ထက် ရှေးကျသည့်နေ့က စားမျိုခဲ့သည့် အစာသည်၎င်း အားလုံးပင် တပေါင်းတည်းဖြစ်၍ သလိပ်အပြင်က မြှေးယှက်ဖုံးအုပ်လျက် ဝမ်းမီးအပူရှိန် တေဇောဓာတ်က ကျိုက်ကျိုက်ဆူအောင် ပူလောင်စေခြင်းကြောင့် ဖြစ်သည့် အမြှုပ် အပြွက်များ တစီစီတက်ဖြင်း ရှိသည်ဖြစ်၍ အလွန် စက်ဆုပ်ဖွယ်ကောင်းသည်၏ အဖြစ်သို့ ရောက်လျက် တည်နေရချေသည်-ဟု ဤသို့ မကျေ မကျက်သေးသောအားဖြင့် စက်ဆုပ်ဖွယ်ကောင်းသည်၏ အဖြစ်ကို ဆင်ခြင်အပ်ပေသည်။ (၆)
(၇) ကျေကျက်ပြီးသောအားဖြင့် ဆင်ခြင်ပုံ
၃ဝ၁။ ကျေကျက်ပြီးသောအားဖြင့် အဘယ်သို့ ဆင်ခြင်အပ်သနည်း?ဟူမူ- အစာသစ်အိမ်၌တည်သော ထိုအစာသည်
၁- အပြားရှိသော.. ဖြစ်နေသော.. ဖြစ်သော.. ထိုအစာသစ်အိမ်အရပ်၌ဟု စပ်ပါ။
၆၀၉
လောလောပူသော ဝမ်းမီးဖြင့် ကျေကျက်ပြီးလတ်သော် ရွှေ ငွေ စသည်ထွက်သော ကျောက်ဓာတ်တို့ကဲ့သို့ ရွှေ ငွေ စသည်အဖြစ်သို့ ရောက်သည်ကား မဟုတ်ပေ၊ စင်စစ်သော်ကား အမြှုပ် အပြွက်တို့ကို ထစေလျက်၁ အမှုန့်ကြိတ်ရာ ကျောက်ပြင်၌ ကြိတ်ပြီးလျှင် ကျည်တောက်ငယ်၌ သိပ်ထည့်ထားသော ဝါဖျော့ဖျော့ မြေညက်ကဲ့သို့ ကျင်ကြီးအဖြစ်သို့ ရောက်၍ အစာကျက်အိမ် (အစာဟောင်းအိမ်)ကိုလည်း ပြည့်စေသည်၊ ကျင်ငယ်အဖြစ်သို့ ရောက်၍ ဆီးအိမ် စည်ဖောင်းကိုလည်း ပြည့်စေသည်-ဟု ဤသို့ ကျေကျက်ပြီးသောအားဖြင့် စက်ဆုပ်ဖွယ် ကောင်းသည်၏အဖြစ်ကို ဆင်ခြင်အပ်ပေသည်။ (၇)
(၈) ပြီးစီးသောအကျိုးအားဖြင့် ဆင်ခြင်ပုံ
၃ဝ၂။ ပြီးစီးသော အကျိုးအားဖြင့် အဘယ်သို့ ဆင်ခြင်အပ်သနည်း?ဟူမူ- ဤဆိုခဲ့သော အစာသည် ကောင်းစွာ ကျေကျက်လျှင် ဆံပင် အမွေး လက်သည်း ခြေသည်း သွား အစရှိကုန်သော အမျိုးမျိုးသော အပုပ်အစုတို့ကို ပြီးစေ၏၊ ကောင်းစွာ မကျေမကျက်လျှင် ပွေးနာ ယားနာ ဝဲနာ နူနာ ညှင်းနာ ကုတ်ဟီးခေါ်သည့် မြစ်ခြောက်နာ ချောင်းဆိုးနာ ဝမ်းသွေးသွန်နာ အစရှိကုန်သော အရာမက များစွာသော အနာတို့ကို ပြီးစေ၏၊ ဤသည်ကား ထိုအစာ၏ ပြီးစီးသောအကျိုး ဖြစ်ချေသည်-ဟု ဤသို့ ပြီးစီးသော အကျိုးအားဖြင့် စက်ဆုပ်ဖွယ် ကောင်းသည်၏အဖြစ်ကို ဆင်ခြင်အပ်ပေသည်။ (၈)
၁- ထစေလျက်.. ကျင်ကြီးအဖြစ်သို့ ရောက်၍-စသည်ဖြင့် စပ်ပါ။
၆၁၀
(၉) ယိုထွက်ခြင်းအားဖြင့် ဆင်ခြင်ပုံ
၃ဝ၃။ ယိုထွက်ခြင်းအားဖြင့် အဘယ်သို့ ဆင်ခြင်အပ်သနည်း?ဟူမူ- စားမျိုအပ်သော ဤအစာသည် တခုသော ပါးစပ်ပေါက်ဖြင့် ဝင်ပြီးလျှင် ယိုထွက်သောအခါ မျက်စိမှ မျက်ချေးဖြစ်လျက်, နားမှ နားဖာချေးဖြစ်လျက် ဤသို့ အစရှိသော အပြားအားဖြင့် များစွာကုန်သော အပေါက်တို့မှ ယိုထွက်၏။ ထို့ပြင် စားသောအခါ၌ ဤအစာကို များစွာသော အခြံအရံနှင့်တကွလည်း စားရပေသည်၊ ယိုထွက်သောအခါ၌မူ ကျင်ကြီးကျင်ငယ် စသည်ဖြစ်သွားသော ဤအစာကို တယောက်ထီးတည်းသာလျှင် စွန့်ထုတ်ရချေသည်။ [၃၄၁] ထို့ပြင် ထိုအစာကို ပဌမနေ့၌ စားစဉ်မှာ အလွန်တက်ကြွသော ပီတိသောမနဿဖြစ်လျက် အလွန်ရွှင်သည်လည်း ဖြစ်တတ်၏၊ ဒုတိယနေ့၌ ယိုထွက်သောအခါမှာမူ ရွံရှာစက်ဆုပ်သည်ဖြစ်၍ နှလုံးမသာဖြစ်ကာ မျက်နှာရှုံ့လျက် နှာခေါင်းပိတ်၍ စွန့်ထုတ်ရတတ်ချေသည်။ ထို့ပြင် ပဌမနေ့၌ ထိုအစာကို တပ်စွဲ မက်မော ဖွဲ့တွယ်ကာ ရသတဏှာဖြင့် မိန်းမောလျက် စားမျိုခဲ့သော်လည်း တညဉ့်မျှလွန်သဖြင့် ဒုတိယနေ့၌ တပ်မက်ခြင်းမရှိတော့ပဲ အနှိပ်စက်ခံရသလိုပင် မခံသာသည် ရှက်နိုးသည်ဖြစ်၍ စက်ဆုပ်ရွံရှာလျက် စွန့်ထုတ်ရချေသည်။ ထို့ကြောင့် ရှေးဆရာတို့က အောက်ပါဂါထာ ၄-ပုဒ်ကို မိန့်ဆိုတော်မူကြပေသည်။
အန္နံ ပါနံ ခါဒနီယံ၊ ဘောဇနဉ္စ မဟာရဟံ။
ဧကဒွါရေန ပဝိသိတွာ၊ နဝဒွါရေဟိ သန္ဒတိ။
မဟာရဟံ၊ သူမြတ်တို့အား ထိုက်တန်သော။ အန္နံ၊ ထမင်းသည်၎င်း။ ပါနံ၊ အဖျော်သည်၎င်း။ ခါဒနီယံ၊ ခဲဘွယ်သည်၎င်း။ ဘောဇနဉ္စ၊ စားဖွယ် (ဘောဇဉ်)သည်၎င်း။
၆၁၁
ဧကဒွါရေန၊ တပေါက်သော ဒွါရဖြင့်။ ပဝိသိတွာ၊ ဝင်၍။ နဝဒွါရေဟိ၊ ကိုးပေါက်သော ဒွါရတို့မှ။ သန္ဒတိ၊ ယိုစီးထွက်သွားလေသတည်း၁။
အန္နံ ပါနံ ခါဒနီယံ၊ ဘောဇနဉ္စ မဟာရဟံ။
ဘုဉ္ဇတိ သပရိဝါရော၊ နိက္ခာမေန္တော နိလီယတိ။
မဟာရဟံ၊ သူမြတ်တို့အား ထိုက်တန်သော။ အန္နံ၊ ထမင်းကို၎င်း။ ပါနံ၊ အဖျော်ကို၎င်း။ ခါဒနီယံ၊ ခဲဖွယ်ကို၎င်း။ ဘောဇနဉ္စ၊ ဘောဇဉ်ကို၎င်း။ သပရိဝါရော၊ အခြံအရံများနှင့်တကွ။ ဘုဉ္ဇတိ၊ စား၏။ နိက္ခာမေန္တာ၊ ထွက်စေလတ်သော်။ ဝါ။ စွန့်ထုတ်လတ်သော်။ နိလီယတိ၊ သူတပါးမမြင်ရအောင် ပုန်းကွယ်လျက် စွန့်ရချေ၏။
အန္နံ ပါနံ ခါဒနီယံ၊ ဘောဇနဉ္စ မဟာရဟံ။
ဘုဉ္ဇတိ အဘိနန္ဒန္တော၊ နိက္ခာမေန္တော ဇိဂုစ္ဆတိ။
မဟာရဟံ၊ သူမြတ်တို့အား ထိုက်တန်သော။ အန္နံ၊ ထမင်းကို၎င်း။ ပါနံ၊ အဖျော်ကို၎င်း။ ခါဒနီယံ၊ ခဲဖွယ်ကို၎င်း။ ဘောဇနဉ္စ၊ ဘောဇဉ်ကို၎င်း။ အဘိနန္ဒန္တော၊ နှစ်သက်ဝမ်းမြောက်လျက်။ ဘုဉ္ဇတိ၊ စား၏။ နိက္ခာမေန္တော၊ စွန့်ထုတ်လတ်သော်။ ဇိဂုစ္ဆတိ၊ စက်ဆုပ်၏။
၁- ဤအရာ၌ ဂါထာပါဠိကို ထုတ်ပြန်၍ နိဿယနည်းဖြင့် အနက်ပြန်ထားခြင်းမှာ သိနားလည်ရန် မခဲယဉ်းသောကြောင့်၎င်း၊ မများလှသောကြောင့်၎င်း၊ ကျက်မှတ်၍ ဆင်ခြင်ရန် ဟောပြရန် အလိုရှိသူတို့အတွက် အကျိုးများစေလိုသောကြောင့်၎င်း ဖြစ်သည်။
၆၁၂
အန္နံ ပါနံ ခါဒနီယံ၊ ဘောဇနဉ္စ မဟာရဟံ။
ဧကရတ္တိပရိဝါသာ၊ သဗ္ဗံ ဘဝတိ ပူတိကံ။
မဟာရဟံ၊ သူမြတ်တို့အား ထိုက်တန်သော။ အန္နံ၊ ထမင်းသည်၎င်း။ ပါနံ၊ အဖျော်သည်၎င်း။ ခါဒနီယံ၊ ခဲဖွယ်သည် ၎င်း။ ဘောဇနဉ္စ၊ ဘောဇဉ်သည်၎င်း။ ဧကရတ္တိပရိဝါသာ၊ တညဉ့်မျှ အောင်းနေခြင်းဖြင့်။ သဗ္ဗံ၊ အလုံးစုံပင်။ ပူတိကံ၊ ပုပ်သည်။ ဘဝတိ၊ ဖြစ်လေတော့သတည်း။
ဤသို့ ယိုထွက်ခြင်းအားဖြင့် စက်ဆုပ်ဖွယ် ကောင်းသည်၏အဖြစ်ကို ဆင်ခြင်အပ်ပေသည်။ (၉)
(၁ဝ) လူးပေခြင်းအားဖြင့် ဆင်ခြင်ပုံ
၃ဝ၄။ လူးပေခြင်းအားဖြင့် အဘယ်သို့ ဆင်ခြင်အပ်သနည်း?ဟူမူ- ဤအစာအာဟာရသည် သုံးဆောင်စဉ် ကာလ၌လည်း လက် နှုတ်ခမ်း လျှာ အာခေါင်တို့ကို လူးပေ၏၊ ထိုအစာက လူးပေသောကြောင့် ထိုလက် လျှာ နှုတ်ခမ်း အာခေါင်တို့သည် စက်ဆုပ်ဖွယ်ဖြစ်ကုန်၏၊ ယင်း လက်စသည်တို့ကို ဆေးကြောပြီး ဖြစ်သော်လည်း အနံ့ပျောက်စေရန် အထပ်ထပ် ဆေးကြောရသည်။ သုံးဆောင်လိုက်သော အာဟာရသည် ဥပမာဖြင့် ပြရလျှင် ထမင်းချက်လတ်သော် ဖွဲကြမ်း ဖွဲနု ဆန်ကွဲ စသည်တို့သည် ဝေတက်၍ ထမင်းအိုး၏ နခမ်းရေးနှင့် အဖုံးတို့ကို လူးပေကုန်သကဲ့သို့ ထို့အတူပင် တကိုယ်လုံးသို့ အစဉ်လျှောက်သော ဝမ်းမီးဖြင့် အမြှုပ်ထစေလျက် ကျေကျက်ကာ ဝေတက်၍ သွားတို့ကို သွားချေးအဖြစ်ဖြင့် လူးပေ၏၊ လျှာ အာခေါင် စသည်တို့ကို တံထွေး သလိပ် စသည်အဖြစ်ဖြင့် လူးပေ၏၊ မျက်စိ နား နှာခေါင်း အောက်မဂ် စသည်တို့ကို မျက်ချေး
၆၁၃
နားဖာချေး နှပ် ကျင်ငယ် ကျင်ကြီး စသည်အဖြစ်ဖြင့် လူးပေ၏၊ ယင်း (သွားချေးစသည်)ဖြင့် လူးပေနေကုန်သော ခံတွင်း အစရှိကုန်သော ဤဒွါရပေါက်တို့သည်၁ နေ့စဉ်နေ့တိုင်း ဆေးကြောသော်လည်း မသန့်စင်ကြ နှလုံးမွေ့လျော်ဖွယ် မဖြစ်ကြသည်သာတည်း၊ ယင်းဒွါရတို့တွင် အချို့ဒွါရကို၂ ဆေးကြောပြီးလျှင် လက်ကို ရေဖြင့် တဖန် ဆေးကြောရချေသည်၊ အချို့ဒွါရကို၃ ဆေးကြောပြီးလျှင် နွားချေးပြာဖြင့် (သို့မဟုတ်) မြေညက်ဖြင့် (သို့မဟုတ်) နံ့သာမှုန့်ဖြင့် နှစ်ကြိမ် သုံးကြိမ် ဆေးကြောသော်လည်း စက်ဆုပ်ဖွယ်အဖြစ်သည် မကင်းပျောက်ပဲ ရှိချေသည်၄ -ဟု ဤသို့ လူးပေခြင်းအားဖြင့် စက်ဆုပ်ဖွယ်ကောင်းသည်၏ အဖြစ်ကို ဆင်ခြင်အပ်ပေသည်။ (၁ဝ)
သမာဓိဖြစ်ပုံ
[၃၄၂] ၃ဝ၅။ ဤဆိုခဲ့သည့်အတိုင်း ဆယ်ပါးသော အခြင်းအရာတို့ဖြင့် စက်ဆုပ်ဖွယ်ကောင်းသည်၏ အဖြစ်ကို ဆင်ခြင်သော
၁- ဣမာနိ ဒွါရာနိ မုခါဒီနိ- ခံတွင်း အစရှိကုန်သော ဤဒွါရတို့သည်-ဟု ဖွင့်ပြသော ဋီကာနှင့်အညီ ရှေးအနီး၌ မုခဒွါရကို တိုက်ရိုက်မပြခဲ့သော်လည်း ခံတွင်း အစရှိသောဟု ဖော်၍ ပြန်သည်။
၂- ပဿာဝမဂ်- ကျင်ငယ်လမ်းပေါက်ကို ရည်၍ အချို့ဒွါရကိုဟူ၍ ဆိုသည်။ (ဋီကာ)
၃- ဝစ္စမဂ်- ကျင်ကြီးလမ်းပေါက်ကို ရည်၍ တဖန် အချို့ဒွါရကိုဟူ၍ ဆိုသည်။ (ဋီကာ)
၄- အချို့စာအုပ်၌ န-မပါပဲ ဝိဂစ္ဆတီတိ-ဟု ရှိ၏၊ မသင့်။ န ဝိဂစ္ဆတီတိ-ဟု ရှိသောပါဌ်သာ သင့်သည်။ ထို့ကြောင့် ထိုပါဌ်အရ ပြန်ထားသည်။
၆၁၄
ထိုယောဂီအား ကြံစည်မှုဖြင့် ထုနှက်သလို နှလုံးသွင်းခြင်း, အထူးကြံစည်မှုဖြင့် လှည့်ပတ်၍ ထုနှက်သလို အဖန်ဖန် နှလုံးသွင်းခြင်းကို ပြုနေလတ်သော် အလုပ်အလွေ့ပြု၍ စားအပ်သော အာဟာရသည် စက်ဆုပ်ဖွယ် အခြင်းအရာ၏ အစွမ်းအားဖြင့် ထင်ရှား ပေါ်လေတော့၏။ ထိုယောဂီသည် ထိုစက်ဆုပ်ဖွယ် နိမိတ်ကို အဖန်ဖန် မှီဝဲ၏ ပွါးစေ၏ အကြိမ်များစွာ ပြု၏။ ဤသို့ ပြုနေသော ထိုယောဂီအား နီဝရဏတို့သည် ကွာကုန်၏၊ ကဗဠီကာရအာဟာရ၏ သဘာဝဓမ္မအဖြစ်ဖြင့် နက်နဲသောကြောင့် အပ္ပနာသို့ မရောက်သော ဥပစာရသမာဓိဖြင့် စိတ်သည် ကောင်းစွာတည်ကြည်၏။ သို့သော်လည်း ဤကမ္မဋ္ဌာန်း၌ စက်ဆုပ်ဖွယ်အခြင်းအရာကို ယူသည်၏အစွမ်းဖြင့် အမှတ်သညာ ထင်ရှားသောကြောင့် ဤကမ္မဋ္ဌာန်းသည် အာဟာရေပဋိက္ကူလသညာဟူ၍သာလျှင် ရေတွက်ခြင်း ခေါ်ဝေါ်ခြင်းသို့ ရောက်ပေသည်။
အကျိုး
အကျိုးကား- ဤအာဟာရေပဋိက္ကူလသညာ ကမ္မဋ္ဌာန်းကို အားထုတ်သော ရဟန်းအား ရသတဏှာမှ စိတ်သည် တွန့်၏ ဆုတ်၏ နစ်၏။ ခရီးခဲကို ကျော်လွန်လိုသောသူသည် သား၏အသားကို မာန်ယစ်ခြင်းမရှိပဲ စားသုံးရသကဲ့သို့ ထိုယောဂီသည် ဆင်းရဲမှ ထွက်မြောက်ရန် အလို့ငှါသာလျှင် မာန်ယစ်ခြင်းမရှိပဲ အာဟာရကို သုံးဆောင်၏။ ထိုသို့ သုံးဆောင်လတ်သော် ထိုယောဂီမှာ ပင်ပန်းခြင်းမရှိပဲ လွယ်ကူစွာသာလျှင် ကဗဠီကာရအာဟာရကို ပိုင်းခြား၍သိခြင်းကို ရှေ့သွားပြုသဖြင့် ကာမဂုဏ်ငါးပါး၌ တပ်မက်သောရာဂသည် ပိုင်းခြား၍ သိအပ်သည်၏အဖြစ်သို့ (ဝါ-ကင်းပျောက်ခြင်းသို့) ရောက်၏၊ ထိုယောဂီသည် ကာမဂုဏ်ငါးပါး ပိုင်းခြား၍သိခြင်းကို
၆၁၅
ရှေ့သွားပြုသဖြင့် ရူပက္ခန္ဓာကို ပိုင်းခြား၍ သိ၏။ ထို့ပြင် မကျေ မကျက်သေးသော အစာစသည်၏ စက်ဆုပ်ဖွယ်အဖြစ်၏ အစွမ်းအားဖြင့် ထိုယောဂီအား ကာယဂတာသတိ ဘာဝနာသည်လည်း ထက်ဝန်းကျင်ပြည့်စုံခြင်းသို့ ရောက်၏၊ အသုဘသညာအားလျော်သော အကျင့်ကို ကျင့်သည်လည်း မည်ပေ၏။ ဤအကျင့်ပဋိပတ်ကိုမှီ၍ မျက်မှောက် အတ္တဘော- မျက်မှောက်ဘဝ၌ပင်လျှင် အမြိုက်နိဗ္ဗာန်ဟူသော အပြီးအဆုံးသို့ မရောက်နိုင်သေးပါမူ သုဂတိလျှင် လားရာရှိပေ၏။ ဤတွင် တရပ်ပြီး၏။
ယခုဆိုခဲ့ပြီးသော စကားသည် အာဟာရေပဋိက္ကူလသညာ ဘာဝနာ၌ အကျယ်ပြဆိုသော စကားပေတည်း။
(အာဟာရေပဋိက္ကူလသညာပွါးပုံ ပြီး၏)။
**********
၂-စတုဓာတုဝဝတ္ထာန်ပွါးပုံ
၃ဝ၆။ ယခုအခါ အာဟာရေပဋိက္ကူလသညာ၏ အခြားမဲ့၌ ဝဝတ္ထာန်တပါးဟူ၍ ဤသို့ အကျဉ်းပြခဲ့ပြီးသော စတုဓာတုဝဝတ္ထာန်ပွါးစေပုံကို အကျယ်ပြရန် အစဉ်ရောက်လာပေပြီ။ ထိုပုဒ်၌ ဝဝတ္ထာန်ဟူသည်ကား ခက်မာခြင်းအစရှိသော ဓာတ်လေးပါးတို့၏ အသီးအသီးသော သဘောကို မှတ်သည်၏အစွမ်းအားဖြင့် ဆုံးဖြတ်ခြင်း (ဉာဏ်)ပေတည်း။ လေးပါးကုန်သော ဓာတ်တို့ကို ဆုံးဖြတ်ခြင်းသည် စတုဓာတုဝဝတ္ထာန်မည်၏။ ဓာတုမနသိကာရ- ဓာတ်တို့ကို နှလုံးသွင်းခြင်း, ဓာတုကမ္မဋ္ဌာန- ဓာတ်ကမ္မဋ္ဌာန်း, စတုဓာတုဝဝတ္ထာန်ဟူသော ဤသုံးပါးသည် အနက်အရအားဖြင့် တူ၏။ ထိုသို့ အနက်အရတူသော ဤစတုဓာတုဝဝတ္ထာန်သည် အကျဉ်း အကျယ် နှစ်ပါးအပြားအားဖြင့် လာရှိ၏။
၆၁၆
(ထိုတွင်) မဟာသတိပဋ္ဌာနသုတ်၌ အကျဉ်းအားဖြင့် လာရှိ၏၊ မဟာဟတ္ထိပဒေါပမသုတ်, ရာဟုလောဝါဒသုတ်, ဓာတုဝိဘင်္ဂသုတ်, ဓာတုဝိဘင်းပါဠိတို့၌ အကျယ်အားဖြင့် လာရှိ၏။ ထုတ်ဆောင်၍ ချဲ့ပြရလျှင် ထိုဓာတုဝဝတ္ထာန်သည်-
''ရဟန်းတို့ ဥပမာဖြင့် ပြရလျှင် ကျွမ်းကျင်သော နွားသတ်သ္မားသည်သော်၎င်း၊ နွားသတ်သ္မား၏ တပည့်သည်သော်၎င်း နွားကို သတ်ပြီးလျှင် လမ်းလေးခွဆုံ၌ [၃၄၃] အပုံ အပုံအားဖြင့် ခွဲခြမ်း၍ ထိုင်နေရာသကဲ့သို့ ရဟန်းတို့ ထို့အတူပင် ရဟန်းသည် တည်မြဲတိုင်း ထားမြဲတိုင်းသော ဤရုပ်ကိုယ်ကိုပင်လျှင် ဓာတ်သဘောအားဖြင့် ရှုဆင်ခြင်၏- ဤရုပ်ကိုယ်၌ (ခက်မာ ကြမ်းတမ်းသော) ပထဝီဓာတ်သည်ရှိ၏၊ (ယိုစီးဖွဲ့စည်းသော) အာပေါဓာတ်သည်ရှိ၏၊ (ပူနွေးအေးသော) တေဇောဓာတ်သည် ရှိ၏၊ (တွန်းကန်တောင့်တင်းသော) ဝါယောဓာတ်သည် ရှိ၏-ဟူ၍ ရှုဆင်ခြင်၏''ဟု-
ဤသို့ ဉာဏ်ထက်သော ဓာတ်ကမ္မဋ္ဌာန်းရှုသူ၏ အစွမ်းအားဖြင့် မဟာသတိပဋ္ဌာနသုတ်၌ အကျဉ်းအားဖြင့် လာရှိပေသည်။
ထိုဒေသနာ၏ အနက်ကား- ကျွမ်းကျင်သော နွားသတ်သ္မားဖြစ်စေ ထိုနွားသတ်သ္မား၏ပင် အစာရိက္ခာဖြင့် မွေးမြူထားသော တပည့်ဖြစ်စေ နွားကိုသတ်ပြီးလျှင် ထုတ်ချင်းခပ် အရပ်လေးမျက်နှာသို့သွားသည့် လမ်းမကြီးတို့၏ အလယ်အရပ်ဟု ဆိုအပ်သော လမ်းလေးခွဆုံအရပ်၌ အပုံအပုံကိုပြု၍ ထိုင်နေရာသကဲ့သို့ ထို့အတူပင် ရဟန်းသည် ဣရိယာပုထ်လေးပါးတို့တွင် အမှတ်မရှိ တပါးပါးသော
၆၁၇
ဣရိယာပုတ် အခြင်းအရာဖြင့် တည်သောကြောင့် တည်မြဲတိုင်း(ဟု ဆိုအပ်)သော၁ တည်မြဲတိုင်းဖြစ်သောကြောင့်ပင်လျှင် ထားမြဲတိုင်းသော ရုပ်ကိုယ်ကို ''ဤကိုယ်၌ ပထဝီဓာတ်သည် ရှိ၏၊ အာပေါဓာတ်သည် ရှိ၏၊ တေဇောဓာတ်သည် ရှိ၏၊ ဝါယောဓာတ်သည်ရှိ၏''ဟု ဤသို့ ဓာတ်အားဖြင့် ရှုဆင်ခြင်၏။
အဘယ်ကို ဆိုလိုသနည်း?ဟူမူ- နွားသတ်သ္မားမှာ နွားကို မွေးမြူစဉ်၌၎င်း၊ နွားသတ်ကုန်းသို့ ဆောင်စဉ်၌၎င်း၊ ဆောင်ခဲ့ပြီး၍ ထိုနွားသတ်ကုန်း၌ ချည်ထားစဉ်၌၎င်း၊ သတ်စဉ်၌၎င်း၊ သတ်ပြီးသော နွားသေကောင်ကို ကြည့်ရှုစဉ်၌၎င်း ''ထိုနွားသေကောင်ကို ဖျက်၍ အပုံအပုံအားဖြင့် မခွဲခြမ်းရသေးမီ'' ထိုမျှလောက်တိုင်အောင် ကာလအတွင်း၌ နွားဟူသော အမှတ်သညာသည် မပျောက်သေးပေ။ (အပုံ အပုံအားဖြင့်) ခွဲခြမ်း၍ ထိုင်နေသောအခါ၌မူ နွားဟူသော အမှတ်သညာသည် ကွယ်ပျောက်၏၊ အသားဟူသော အမှတ်သညာသည် ဖြစ်၏။ ထိုနွားသတ်သမားမှာ ''ငါသည် နွားကိုရောင်း၏၊ ဤသူတို့သည် နွားကို ဝယ်ယူကြ၏''ဟု ဤသို့ ထင်မှတ်ခြင်း မဖြစ်ပေ၊ စင်စစ်သော်ကား ''ငါသည် အသားကို ရောင်း၏၊ ဤသူတို့သည်လည်း အသားကို ဝယ်ယူကြ၏'' ဟူ၍သာလျှင် ထိုနွားသတ်သမားမှာ ထင်မှတ်ခြင်းဖြစ်သကဲ့သို့ ထို့အတူပင် ဤယောဂီရဟန်းမှာလည်း တရားနှလုံးသွင်းမှု မရှိသေးသော ဗာလပုထုဇဉ်ဖြစ်ခိုက် ရှေးကာလ၌ လူဝတ်ကြောင်ဖြစ်စဉ်၌၎င်း၊ ရဟန်းဖြစ်စဉ်၌၎င်း ''တည်မြဲတိုင်း ထားမြဲတိုင်းသော ဤရုပ်ကိုယ်ကိုပင် တကိုယ်တည်းဟု ထင်ရသည့် အစိုင်အခဲကို ခွဲခြမ်း၍ ဓာတ်သဘောအားဖြင့် မရှုရသေးမီ''
၁- တည်မြဲတိုင်း(ဟု ဆိုအပ်)သော.. ရုပ်ကိုယ်ကို-ဟု စပ်ပါ။
၆၁၈
ထိုမျှလောက်တိုင်အောင် ကာလအတွင်း၌ သတ္တဝါဟူ၍၎င်း ယောက်ျားဟူ၍၎င်း ပုဂ္ဂိုလ်ဟူ၍၎င်း ထင်သော အမှတ်သညာသည် မကွယ်ပျောက်သေးပေ။ ဓာတ်သဘောအားဖြင့် ရှုဆင်သော အခါ၌မူ သတ္တဝါဟုထင်သော အမှတ်သညာသည် ကွယ်ပျောက်၏၊ ဓာတ်သဘော၏ အစွမ်းအားဖြင့်သာလျှင် ဘာဝနာစိတ်သည် ကောင်းစွာတည်၏။ ထို့ကြောင့် မြတ်စွာဘုရားက-''ရဟန်းတို့ ဥပမာဖြင့်ပြရလျှင် ကျွမ်းကျင်သော နွားသတ်သမားသည်သော်၎င်း ။ပ။ ထိုင်နေရာသကဲ့သို့ ရဟန်းတို့ ထို့အတူပင် ရဟန်းသည် ။ပ။ ဝါယောဓာတ်သည် ရှိ၏-ဟူ၍ ရှုဆင်ခြင်၏''ဟု ဟောတော်မူပေသည်။
၃ဝ၇။ မဟာဟတ္ထိပဒေါပမသုတ်၌ကား-
''ငါ့ရှင်တို့ အဇ္ဈတ္တိက(ကိုယ်တွင်း) ပထဝီဓာတ်ဟူသည် အဘယ်နည်း?ဟူမူ- (အဇ္ဈတ္တံ) မိမိကိုယ်၌ဖြစ်သော (ပစ္စတ္တံ) အသီးအသီးသော မိမိကိုယ်၌ဖြစ်သော ခက်မာသော ကြမ်းတမ်းသော စွဲလမ်းအပ်သော အကြင်သဘောသည် ရှိ၏၊ [၃၄၄] ဤသဘောကား အဘယ်နည်း?ဟူမူ- ဆံပင် အမွေး လက်သည်း ခြေသည်း သွား အရေ၊ အသား အကြော အရိုး ရိုးတွင်းခြင်ဆီ အညှို့၊ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ်၊ အူမ အူသိမ် အစာသစ် အစာဟောင်း၊ (ထို့ပြင်) မိမိကိုယ်၌ဖြစ်သော အသီးအသီးသော မိမိကိုယ်၌ဖြစ်သော ကြမ်းတမ်းသော စွဲလမ်းအပ်သော အခြားတပါးသော အကြင်ခက်မာသဘော တစုံတခုသည်လည်း ရှိသေး၏၊ (ထိုသဘောများပင် ဖြစ်သည်။) ငါ့ရှင်တို့ (ဆံပင် အမွေး အစရှိသော) ဤသဘောကို အဇ္ဈတ္တိက ပထဝီဓာတ်ဟု ဆိုအပ်ပေသည်'' ဟူ၍၎င်း-
၆၁၉
''ငါ့ရှင်တို့ အဇ္ဈတ္တိကအာပေါဓာတ်ဟူသည် အဘယ်နည်း?ဟူမူ- မိမိကိုယ်၌ဖြစ်သော အသီးအသီးသော မိမိကိုယ်၌ဖြစ်သော အရည်တို့၌ အတွင်းဝင်သော စွဲလမ်းအပ်သော အကြင်အရည်သဘောသည် ရှိ၏၊ ဤသဘောကား အဘယ်နည်း? ဟူမူ- သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ၊ မျက်ရည် ဆီကြည် တံထွေး နှပ် အစေး ကျင်ငယ်၊ (ထို့ပြင်) မိမိကိုယ်၌ဖြစ်သော အသီးအသီးသော မိမိကိုယ်၌ဖြစ်သော အရည်တို့၌ အတွင်းဝင်သော စွဲလမ်းအပ်သော အခြားတပါးသော အကြင်အရည်သဘော တစုံတခုသည်လည်း ရှိသေး၏၊ (ထိုသဘောများပင် ဖြစ်သည်။) ငါ့ရှင်တို့ ဤသဘောကို အဇ္ဈတ္တိကအာပေါဓာတ်ဟု ဆိုအပ်ပေသည်'' ဟူ၍၎င်း-
''ငါ့ရှင်တို့ အဇ္ဈတ္တိကတေဇောဓာတ်ဟူသည် အဘယ်နည်း?ဟူမူ- မိမိကိုယ်၌ဖြစ်သော အသီးအသီးသော မိမိကိုယ်၌ဖြစ်သော အပူငွေ့အပေါင်းတို့၌ ပါဝင်သော စွဲလမ်းအပ်သော အကြင်အပူငွေ့သဘောသည် ရှိ၏၊ ဤသဘောကား အဘယ်နည်း?ဟူမူ- အကြင် (အပူငွေ့)ဖြင့်လည်း (ကိုယ်သည်) ပူလောင်၏၊ အကြင် (အပူငွေ့)ဖြင့်လည်း အိုမင်းရင့်ယော်၏၊ အကြင်(အပူငွေ့)ဖြင့်လည်း ပြင်းစွာ ပူလောင်၏၊ အကြင် (အပူငွေ့)ဖြင့်လည်း စား-သောက်-ခဲ-လျက်ထားသော အစာသည် ကောင်းစွာ ပြောင်းလဲခြင်း ကျေကျက်ခြင်းသို့ ရောက်၏၊ (ထို့ပြင်) မိမိကိုယ်၌ဖြစ်သော
၆၂၀
အသီးအသီးသော မိမိကိုယ်၌ဖြစ်သော အပူငွေ့အပေါင်းတို့၌ ပါဝင်သော စွဲလမ်းအပ်သော အခြားတပါးသော အကြင်အပူငွေ့သဘော တစုံတခုသည်လည်း ရှိသေး၏၊ (ထိုသဘောများပင် ဖြစ်သည်။) ငါ့ရှင်တို့ ဤသဘောကို အဇ္ဈတ္တိကတေဇောဓာတ်ဟု ဆိုအပ်ပေသည်''ဟူ၍၎င်း-
''ငါ့ရှင်တို့ အဇ္ဈတ္တိကဝါယောဓာတ်ဟူသည် အဘယ်နည်း?ဟူမူ- မိမိကိုယ်ဖြစ်သော အသီးအသီးသော မိမိကိုယ်၌ဖြစ်သော လေအပေါင်းတို့၌ ပါဝင်သော စွဲလမ်းအပ်သော အကြင် လေသဘောသည် ရှိ၏၊ ဤသဘောကား အဘယ်နည်း?ဟူမူ- ဆန်တက်သော ဥဒ္ဓင်္ဂမလေများ, စုန်ဆင်းသော အဓောဂမလေများ, ဝမ်းထဲ၌တည်သော ကုစ္ဆိသယလေများ, အူထဲ၌တည်သော ကောဋ္ဌာသယလေများ, အင်္ဂါကြီးငယ်သို့ လျှောက်သော အင်္ဂမင်္ဂါနုသာရီလေများ, အဿာသ-ဝင်သက်လေ ပဿာသ-ထွက်သက်လေ၊ ဤ၆-မျိုးသော လေသဘောသည်မူလည်း ရှိ၏။ (ထို့ပြင်) မိမိကိုယ်၌ဖြစ်သော အသီးအသီးသော မိမိကိုယ်၌ဖြစ်သော လေအပေါင်းတို့၌ ပါဝင်သော စွဲလမ်းအပ်သော အခြားတပါးသော အကြင်လေသဘော တစုံတခု သည်လည်း ရှိသေး၏၊ (ထိုသဘောများပင် ဖြစ်သည်။) ငါ့ရှင်တို့ ဤသဘောကို အဇ္ဈတ္တိကဝါယောဓာတ်ဟု ဆိုအပ်ပေသည်''ဟူ၍၎င်း-
ဤသို့ ဉာဏ်မထက်လှသော ဓာတ်ကမ္မဋ္ဌာန်းရှုသူ၏ အစွမ်းအားဖြင့် အကျယ် လာရှိပေသည်။ ဤအတူပင် ရာဟုလောဝါဒသုတ်
၆၂၁
ဓာတုဝိဘင်္ဂသုတ် ဓာတုဝိဘင်းပါဠိတို့၌လည်း (အကျယ် လာရှိပေ၏)၁။
ယခုဆိုမည့်စကားသည် ထိုဒေသနာ၌ မပေါ်လွင်သော ပုဒ်တို့၏ အနက်အဖွင့်ပေတည်း။ အဇ္ဈတ္တံ ပစ္စတ္တံ-ဟူသော ဤနှစ်ပုဒ်လုံးပင် နိယက၏ အမည်ပေတည်း။ နိယက-ဟူသည်မှာ မိမိကိုယ်၌ဖြစ်သော တရား၊ မိမိသန္တာန်၌ အတွင်းဝင်သော တရား၊ ဤကား နိယက၏ အနက်။ ထိုမိမိကိုယ်၌ဖြစ်သော တရားအပေါင်းကို၂ မိန်းမတို့၌ ဖြစ်သောစကား (မိန်းမတို့ကိုစွဲ၍ ပြောဆိုသောစကား)ကို အဓိတ္ထိဟု လောက၌ (ဝါ-လောကီ သဒ္ဒါကျမ်းတို့၌) ဆိုအပ်သကဲ့သို့ ထို့အတူပင် မိမိကိုယ်၌ ဖြစ်သောကြောင့် အဇ္ဈတ္တ-ဟူ၍၎င်း၃၊ မိမိကိုယ်ကို စွဲ၍ စွဲ၍ ဖြစ်သောကြောင့် ပစ္စတ္တ-ဟူ၍၎င်း၄ ဆိုအပ်ပေသည်။
၁- ရာဟုလောဝါဒသုတ် ဟူသည်မှာ မဇ္ဈိမပဏ္ဏာသပါဠိ နှာ ၈၃-၌ ရှိသော သုတ်ကို ဆိုသည်။ ဓာတုဝိဘင်္ဂသုတ် ဟူသည်မှာ ဥပရိပဏ္ဏာသပါဠိ နှာ ၂၈၁-၌ ရှိသော သုတ်ကို ဆိုသည်။ ဓာတုဝိဘင်းပါဠိ ဟူသည်မှာ အဘိဓမ္မာ ဝိဘင်္ဂပါဠိ နှာ ၂၈၄-၌ ရှိသော ဝိဘင်းပါဠိကို ဆိုသည်။
၂- တရားအပေါင်းကို.. အဇ္ဈတ္တ-ဟူ၍၎င်း.. ပစ္စတ္တ-ဟူ၍၎င်း ဆိုအပ်ပေသည်-ဟု စပ်ပါ။
၃- အဓိ+အတ္တ-အဓျတ္တ-အဇ္ဈတ္တ-မိမိ၌- မိမိကိုယ်၌ဖြစ်သော တရား။
၄- ပတိ ပတိ+အတ္တ-အသီး အသီးသော မိမိကိုယ်ကို စွဲ၍ စွဲ၍ ဖြစ်သောတရား- မိမိ မိမိ၌ အသီး အသီးဖြစ်သော တရား- ကိုယ်စီ ကိုယ်င အသီးအသီးဖြစ်သော တရား။
၆၂၂
ကက္ခဠ-ဟူသည်ကား ထဒ္ဓ-ခက်မာသော၁။ ခရိဂတ-ဟူသည်ကား ဖရုသ-ကြမ်းတမ်းသော၂။ ထိုတွင် ခက်မာဟူသော ပဌမပုဒ်သည် မှတ်အပ်သောလက္ခဏာကို ပြဆိုသော စကားပေတည်း၊ ကြမ်းတမ်းဟူသော ဒုတိယပုဒ်သည် ပထဝီဓာတ်၏ အခြင်းအရာကို ပြဆိုသော စကားပေတည်း။ မှန်ပေ၏- ပထဝီဓာတ်သည် (ကက္ခဠ) ခက်မာခြင်းလက္ခဏာ ရှိပေ၏ (ဝါ-ပထဝီဓာတ်ကို ခက်မာသည်ဟု မှတ်အပ်ပေ၏၃၊) ယင်း ပထဝီဓာတ်သည် ကြမ်းတမ်းသော အခြင်းအရာရှိပေ၏၊ ထို့ကြောင့် [၃၄၅] (ကက္ခဠံ-ခက်မာသော) ခရိဂတံ-ကြမ်းတမ်းသောဟူ၍ ဟောထားပေသည်။ ဥပါဒိန္န-စွဲလမ်းအပ်သော ဟူသည်ကား မြဲမြံစွာ ယူအပ် ဆုပ်ကိုင်အပ်သော၊ ငါ ငါ၏ဥစ္စာဟု ဤသို့ မြဲမြံစွာ ယူအပ်သည်၊ ဆုပ်ကိုင်ထားအပ်သည် မှားယွင်းစွာ သုံးသပ်အပ်သည်၊ ဤကား ဥပါဒိန္န-ပုဒ်၏ အနက်၄။
၁-၂- မြန်မာပြန်၌ ဖော်၍ ပြန်ထားပြီးဖြစ်သောကြောင့် ဤအဖွင့်များသည် မြန်မာပြန်အတွက် အကျိုးမများ၊ ပါဠိ၌သာ အကျိုးများသည်။
၃- ခက်မာခြင်းလက္ခဏာ ဟူသည်မှာ ပထဝီဓာတ်၏ သဘောရင်းပေတည်း၊ ထို့ကြောင့် ဝိပဿနာယောဂီသည် ပထဝီဓာတ်ကို ရှုသောအခါ မာသည်ဟူ၍၎င်း၊ ခက်မာသည်ဟူ၍၎င်း မှတ်အပ်-ရှုအပ်ပေသည်။
၄- ငါဟူ၍၎င်း၊ အသက်ရှင်နေသူဟူ၍၎င်း၊ ငါ၏ဥစ္စာ- ငါ၏မျက်စိ စသည်ဖြင့်၎င်း၊ အသက်ရှင်နေသော အကောင်၏ ဥစ္စာ- အသက်ရှင်နေသူ၏မျက်စိ စသည်ဖြင့်၎င်း စွဲလမ်းနိုင်ကောင်းသော သတ္တဝါ၏ ကိုယ်တွင်းတရားဟူသမျှကို ဥပါဒိန္န- စွဲလမ်းအပ်သော တရားဟု ဆိုသည်။
၆၂၃
သေယျထိဒံ-ကား နိပါတ်ပုဒ်၊ ဤသဘောကား၁ အဘယ်နည်း?ဟူမူ- ဤကား ထိုနိပါတ်၏ အနက်။ ထို့နောင် ထိုပထဝီဓာတ်သဘောကို သရုပ်အားဖြင့် ပြတော်မူလိုသောကြောင့် ''ဆံပင် အမွေး'' ဤသို့စသည်ကို ဟောတော်မူလေသည်။ စောဒနာဖွယ်ကို ပယ်၍ ပြဦးအံ့- ဆံပင်အမွေး အစရှိသော ၁၉-ပါးသော ဤအခြင်းအရာအဖို့တို့၌ မတ္ထလုင်္ဂခေါ် ဦးနှောက်ကိုထည့်၍၂ နှစ်ဆယ်သော အခြင်းအရာ အဖို့တို့ဖြင့် ပထဝီဓာတ်ကို အကျယ်ပြသည်ဟု သိအပ်ပေ၏။ ယံ ဝါ ပနညမ္ပိ ကိဉ္စိ- အခြား တပါးသော အကြင် ခက်မာသဘော တစုံတခုသည် (ရှိသေး၏)ဟူသော စကားဖြင့် ကြွင်းကုန်သော (အာပေါ, တေဇော, ဝါယော) ကောဋ္ဌာသသုံးမျိုးတို့၌ ပထဝီဓာတ်ကို သိမ်းယူအပ်သည်၃။
ယိုစီးခြင်းသဘောဖြင့် ရွေ့တတ် ရောက်တတ်သောကြောင့် အာပေါ (အရည်)မည်၏၄။ ကံကြောင့်ဖြစ်သော အာပေါ (အရည်)စသည်တို့၏ အစွမ်းအားဖြင့် အမျိုးမျိုး အထွေထွေသော အာပေါ (အရည်)တို့၌ အတွင်းဝင်သောကြောင့် အာပေါဂတ
၁- ဝိသုဒ္ဓိမဂ်၌ တံ-ထိုသည်-ဟု ဖွင့်ပြသော်လည်း သေယျထိဒံ-ပုဒ်၌ ပါဝင်သော ဣဒံ-ကို ငဲ့၍ ဤသဘောကား-ဟု ပြန်ထားသည်။
၂- ဤမြန်မာပြန် ကာယဂတာသတိပွါးပုံ နှာ-၂၇၄၊ စာကြောင်း ၃-၌ ပြခဲ့သည့် သိမ်းယူနည်းဖြင့် ထည့်၍ ရေတွက်ရန် ပြသည်။
၃- တနည်းကား ယံ ဝါ ပနညမ္ပိ ကိဉ္စိ-ဟူသော ဤစကားဖြင့် ပါဠိတော်၌ ဦးနှောက်ကို သိမ်းယူခြင်းကို မှတ်အပ်၏။ (ဋီကာ)
၄- အာပ-သဒ္ဒါ၏ အနက်ကို ပြသည်။
၆၂၄
(အရည်တို့၌ အတွင်းဝင်သည်) မည်၏၁။ ၎င်းသည် အဘယ်နည်း?- အာပေါဓာတ်၏ ဖွဲ့စည်းခြင်း သဘောလက္ခဏာပေတည်း။
(ပူလျက်) ထက်သည်၏ အစွမ်းအားဖြင့် တေဇော (အပူငွေ့)မည်၏။ ဆိုခဲ့ပြီးသောနည်းဖြင့်ပင် အမျိုးမျိုးသော အပူငွေ့-တေဇောတို့၌ အတွင်းဝင်သောကြောင့် တေဇောဂတ-မည်၏၊ ၎င်းသည် အဘယ်နည်း?- ပူခြင်းသဘော လက္ခဏာပေတည်း။ (ယေန စ သန္တပ္ပတိ) အကြင် (အပူငွေ့)ဖြင့်လည်း ပူလောင်၏-ဟူသည်ကား တေဇောဓာတ်-အပူဓာတ်တို့၌ အတွင်းဝင်သော ဖောက်ပြန်သော အကြင် အပူငွေ့ဖြင့် ဤကိုယ်သည် ပူလောင်၏၊ တရက်ချန်ဖျားစသည်၏အဖြစ်ဖြင့် အပူငွေ့ဖြစ်လျက် ရှိ၏၂။ (ယေန စ ဇိရီယတိ) အကြင် (အပူငွေ့)ဖြင့်လည်း အိုမင်းရင့်ယော်၏- ဟူသည်ကား အကြင် အပူငွေ့ဖြင့် ဤကိုယ်သည် အိုမင်းရင့်ယော်၏၊ မျက်စိစသော ဣန္ဒြေတို့၏ ချို့တဲ့ခြင်းသို့၎င်း၊ ခွန်အားကုန်ခြင်းသို့၎င်း အရေတွန့်ခြင်း၊ ဆံဖြူခြင်း စသည်သို့၎င်း ရောက်၏၃။ (ယေန စ ပရိဒယှတိ) အကြင် (အပူငွေ့)ဖြင့်လည်း ပြင်းစွာ ပူလောင်၏ ဟူသည်ကား ဖောက်ပြန် ပျက်စီးသော အကြင် အပူငွေ့ဖြင့် ဤကိုယ်သည် ပူလောင်ခံရ၏ (ဝါ-ပူလောင်၏)၊
၁- အာပေါဂတံ-ပုဒ်၏ အနက်ကို ပြသည်။
၂- ဤစကားရပ်ဖြင့် သန္တပ္ပနတေဇောဟု ခေါ်သော အဖျားရှိန် အပူငွေ့ကို ပြသည်။
၃- ဤစကားဖြင့် ဇိရဏတေဇောခေါ် အိုရင့်စေသော ပကတိအပူငွေ့ကို ပြသည်။
၆၂၅
ထိုပုဂ္ဂိုလ်သည်လည်း ပူသည် ပူသည်ဟု မြည်တမ်းလျက် အကြိမ်တရာ (အကြိမ်များစွာ နွှေး၍ ရေအေး၌) ဆေးအပ်-စိမ်အပ်ပြီးသော ထောပတ်, ဂေါသီသစန္ဒကူး စသည်တို့ဖြင့် လိမ်းကျံခြင်းကို၎င်း၊ ယပ်ခပ်ပေးခြင်းကို၎င်း တောင့်တ၏၁။ အကြင် (အပူငွေ့)ဖြင့်လည်း စားသောက် ခဲလျက်ထားသော အစာသည် ကောင်းစွာ ပြောင်းလဲခြင်းသို့ ရောက်၏-ဟူသည်ကား အကြင်အပူငွေ့ဖြင့် ဤစားအပ်သော ထမင်းစသည်သည်၎င်း၊ သောက်အပ်သော အဖျော် စသည်သည်၎င်း၊ ခဲအပ်သော မုန့်ညက်ခဲဖွယ် စသည်သည်၎င်း၊ လျက်အပ်-မြုံ့အပ်သော သရက်သီးမှည့် ပျားရည် တင်လဲ စသည်သည်၎င်း ကောင်းစွာ ကျေကျက်ခြင်းသို့ ရောက်၏၂။ ရသ(ခေါ် အရည်ဓာတ်) စသည်၏အဖြစ်ဖြင့်၃ အသီးအသီး ကွဲသွားခြင်းသို့၄ ရောက်၏၊ ဤကား ကောင်းစွာ
၁- ဤစကားဖြင့် အလွန်ပူလောင်သော ဒါဟတေဇောကို ပြသည်။
၂- ဤစကားဖြင့် ပါစကတေဇောခေါ် ဝမ်းမီးအပူငွေ့ကို ပြသည်။
၃- ရသ စသည်၏ အဖြစ်ဖြင့်-ဟူသည်ကား ရသ သွေး အသား အဆီ အကြော အရိုး ရိုးတွင်းခြင်ဆီ သုက်တို့၏ အစွမ်းအားဖြင့်(ဟု ဆိုလို၏)။ (ဋီကာ)
၄- ဝိဝေကံ-အသီးအသီး ကွဲသွားခြင်းသို့- ဟူသည်ကား အသီးအခြား ဖြစ်ခြင်းသို့ အချင်းချင်း မတူပဲ ထူးခြား ကွဲပြားခြင်းသို့(ဟု ဆိုလို၏)။ မှန်ပေ၏- စားအပ်သည့် အစာစသည် အပြားရှိသော အာဟာရသည် ပြောင်းလဲ ကျေကျက်လတ်သော် ရသဓာတ် အရည်ဓာတ် ဖြစ်၏၊ ထိုအစာကို စွဲမှီ၍ ရသဓာတ်ဖြစ်သည်၊ ဤကားအနက်။ ဤအတူပင် ရသဓာတ်က ပြောင်းလဲလတ်သော် သွေးဖြစ်သည် ဤသို့စသည်ဖြင့် အလုံးစုံကို ဆောင်အပ် သိအပ်၏။ (ဋီကာ)
၆၂၆
ကျေကျက်ခြင်းသို့ ရောက်၏-ဟူသော စကား၏ ဆိုလိုသောအနက်။ အထူးကား- ဤတေဇောလေးပါးတို့တွင် ရှေးသုံးပါးကုန်သော တေဇောဓာတ်တို့သည် ကံ စိတ် ဥတု အာဟာရဟူသော အကြောင်းလေးပါးကြောင့် ဖြစ်ကုန်၏။ နောက်ဆုံး တေဇောသည် ကံကြောင့်သာလျှင် ဖြစ်၏။
ရွေ့စေခြင်း- တွန်းခြင်း၏ အစွမ်းဖြင့် (ဝါ-အဟုန်နှင့်တကွ သွားခြင်း၏ အစွမ်းဖြင့်) ဝါယောမည်၏၁။ ဆိုခဲ့ပြီးသောနည်းဖြင့်ပင်လျှင် အမျိုးမျိုးသော လေတို့၌ အတွင်းဝင်သောကြောင့် ဝါယောဂတ- လေအပေါင်းတို့၌ အတွင်းဝင်သည် မည်၏။ ၎င်းသည် အဘယ်နည်း? ထောက်ကန်ခြင်း တောင့်ခံခြင်း (ဝိတ္ထမ္ဘန) သဘောလက္ခဏာပေတည်း။ ဥဒ္ဓင်္ဂမလေတို့-ဟူသည်မှာ ပျို့အန်ခြင်း ကြို့ထိုးခြင်း စသည်တို့ကို ဖြစ်စေတတ်ကုန်သော အထက်သို့တက်သော လေတို့ပေတည်း။ အဓောဂမလေတို့-ဟူသည်မှာ ကျင်းကြီး ကျင်ငယ် စသည်ကို ထုတ်ဆောင်တတ်ကုန်သော အောက်သို့စုန်ဆင်းသော လေတို့ပေတည်း။ ကုစ္ဆိသယလေတို့-ဟူသည်မှာ အူတို့၏အပြင်ဘက် ဝမ်းထဲ၌တည်သော လေတို့ပေတည်း။ ကောဋ္ဌာသယလေတို့-ဟူသည်မှာ အူတို့၏ အတွင်း၌တည်သော လေတို့ပေတည်း။ အင်္ဂမင်္ဂါနုသာရီလေတို့-ဟူသည်မှာ အကြောကွန်ရက်သို့ အစဉ်လျှောက်သဖြင့် တကိုယ်လုံး၌ အင်္ဂါကြီးငယ်များသို့ ပြန့်သွားကုန်လျက် ကွေးခြင်း ဆန့်ခြင်း စသည်တို့ကို ဖြစ်စေတတ်သော လေတို့ပေတည်း။
၁- ဝါယော-ပုဒ်၏ အနက်ကို ပြသည်။ လေရုပ် ဟူသည်မှာ သွားစေတတ် တွန်းကန်တတ်သော သဘော, အဟုန်နှင့်တကွ ရွေ့ရှားတတ်သော သဘောဟု ဆိုလို၏။
၆၂၇
အဿာသ (ဝင်သက်လေ)-ဟူသည်မှာ အတွင်းသို့ ဝင်သော နှာခေါင်းလေပေတည်း၁။ ပဿာသ (ထွက် သက်လေ)-ဟူသည်မှာ အပြင်သို့ထွက်သော နှာခေါင်းလေပေတည်း၂။ အထူးကား ဤလေ၆-ပါးတို့တွင် ရှေး ၅-ပါးတို့သည် ကံ စိတ် ဥတု အာဟာရဟူသော အကြောင်းလေးပါးတို့ကြောင့် ဖြစ်ကုန်၏၊ [၃၄၆] ဝင်သက် ထွက်သက်လေတို့သည် စိတ်ကြောင့်သာလျှင် ဖြစ်ကုန်၏။ အာပေါဓာတ်ကို အကျယ်ပြချက် စသည် အလုံးစုံတို့၌ ယံ ဝါ ပနညမ္ပိ ကိဉ္စိ (အခြားတပါးသော အကြင်သဘော တစုံတခုသည်လည်း ရှိသေး၏)ဟူသော ဤပုဒ်ဖြင့် ကြွင်းသော ကောဋ္ဌာသတို့၌ အာပေါဓာတ် စသည်တို့ကို သိမ်းယူ(အပ်ကုန်)၏။
ဤဆိုခဲ့သည့်အတိုင်း နှစ်ဆယ်သော အခြင်းအရာ အဖို့တို့ဖြင့် ပထဝီဓာတ်ကို အကျယ်ပြသည်၊ တဆဲ့နှစ်ပါးသော အခြင်းအရာအဖို့တို့ဖြင့် အာပေါဓာတ်ကို အကျယ်ပြသည်၊ လေးပါးသော အခြင်းအရာ အဖို့တို့ဖြင့် တေဇောဓာတ်ကို အကျယ်ပြသည်၊ ခြောက်ပါးသော အခြင်းအရာ အဖို့တို့ဖြင့် ဝါယောဓာတ်ကို အကျယ်ပြသည်၊ သို့ဖြစ်၍ လေးဆယ့်နှစ်ပါးသော အခြင်းအရာ အဖို့တို့ဖြင့် ဓာတ်လေးပါးတို့ကို အကျယ်ပြအပ်ပြီး ဖြစ်လေတော့သည်။ ဤသည်ကား ဤစတုဓာတုဝဝတ္ထာန်၌ ရှေးဦးစွာ ပါဠိ၏ အဖွင့်ပေတည်း။
၃ဝ၈။ ဤစတုဓာတုဝဝတ္ထာန်ဝယ် ဘာဝနာနည်း၌မူကား ဉာဏ်ပညာထက်သော ရဟန်းမှာ ''ဆံပင်တို့သည် ပထဝီဓာတ်၊ အမွေးတို့သည် ပထဝီဓာတ်''ဟု ဤပုံဤနည်းဖြင့် ဓာတ်တို့ကို အကျယ်အားဖြင့်
၁- အန္တောပဝိသနနာသိကဝါတော-ပုဒ်၏ အတိအကျ ပြန်ချက်ဖြစ်သည်။ နှာ ၃၅ဝ-၌ ပြန်ခဲ့သော အနက်သည် ဤအဖွင့်နှင့်လည်း အညီပင်။
၂- ဤအနက်လည်း အတိအကျ ပြန်ချက်ပင်ဖြစ်သည်။
၆၂၈
သိမ်းဆည်း နှလုံးသွင်းခြင်းသည် အချိန်ဖင့်နွှဲသည်ဟု ထင်၏။ ''ခက်မာခြင်း သဘောလက္ခဏာသည် ပထဝီဓာတ်၊ ဖွဲ့စည်းခြင်း သဘောလက္ခဏာသည် အာပေါဓာတ်၊ ပူလောင်လျက် ရင့်ကျက်စေခြင်း သဘောလက္ခဏာသည် တေဇောဓာတ်၊ ထောက်ကန် တောင့်တင်းခြင်း သဘောလက္ခဏာသည် ဝါယောဓာတ်''ဟု ဤသို့ နှလုံးသွင်းသော်သာလျှင် ထိုဉာဏ်ပညာထက်သော ရဟန်းအား ကမ္မဋ္ဌာန်းသည် ထင်ရှား ပေါ်တတ်ပေသည်။ ဉာဏ်ပညာ မထက်လှသော ရဟန်းမှာမူ ဤသို့ နောက်နည်းဖြင့် နှလုံးသွင်းလျှင် အမိုက်မှောင်ကဲ့သို့ ဖြစ်လျက် မထင်ပေါ်ပဲ ရှိတတ်၏၊ ရှေးနည်းဖြင့် အကျယ်နှလုံးသွင်းသော်သာလျှင် ထင်ရှားပေါ်တတ်ပေသည်။
အဘယ်သို့နည်း?ဟူမူ- ပေယျာလခေါ် မြှုပ်ထားချက် များစွာရှိသော ပါဠိကို ရွတ်ဆိုနေကုန်သော ရဟန်းနှစ်ပါးတို့တွင် ဉာဏ်ပညာထက်သော ရဟန်းသည် (ပေယျာလမုခ) မြှုပ်ထားချက်ကို သိကြောင်းဖြစ်သော ပါဠိကို တကြိမ်ဖြစ်စေ၊ နှစ်ကြိမ်ဖြစ်စေ အပြည့်အစုံ အကျယ်ရွတ်ဆိုပြီးလျှင် ထိုမှနောက်၌ အစနှင့်အဆုံး နှစ်ဖက်အစွန်း၏ အစွမ်းအားဖြင့်သာလျှင် ရွတ်ဆိုခြင်းကို ပြုလျက် သွားလေသည်။ ထိုသို့ ရွတ်ဆိုရာ၌ ဉာဏ်ပညာ မထက်လှသော ရဟန်းသည် ဤသို့ ဆိုတတ်၏၊ ''ဤရွတ်ဆိုပုံသည် အဘယ်သို့သော ရွတ်ဆိုခြင်းမည်သနည်း၊ နှုတ်ခမ်းတို့၏ ထိခြင်းမျှကို(သော်မှ) ပြုရန် ခွင့်မပေးပါတကား၊ ဤနည်းဖြင့် ရွတ်ဆိုခြင်းကို ပြုနေလျှင် ပါဠိကျေပြွန်ခြင်းသည် အဘယ်အခါ၌ ဖြစ်လိမ့်မည်နည်း''ဟု ဆိုတတ်၏။ ထို ရဟန်းသည် ရောက်တိုင်း ရောက်တိုင်းသော ပေယျာလကို အကျယ်ထုတ်ဖော်၍သာလျှင် ရွတ်ဆို၏။ ထိုသို့ အကျယ်ရွတ်ဆိုနေသော ရဟန်းကို ဉာဏ်ပညာထက်သော ရဟန်းက ''ဤရွတ်ဆိုပုံသည်
၆၂၉
အဘယ်သို့သော ရွတ်ဆိုခြင်းမည်သနည်း၊ အဆုံးသို့ရောက်ရန် ခွင့်မပေးပါတကား၊ ဤနည်းဖြင့် ရွတ်ဆိုခြင်းကို ပြုနေလျှင် ပါဠိသည် အဘယ်အခါ၌ အဆုံးသို့ ရောက်လိမ့်မည်နည်း''ဟု ဆိုတတ်၏။ ဤဥပမာအတူပင် ဉာဏ်ပညာထက်သော ရဟန်းမှာ ဆံပင် စသည်တို့၏ အစွမ်းအားဖြင့် ဓာတ်တို့ကို အကျယ်သိမ်းဆည်းခြင်း နှလုံးသွင်းခြင်းသည် အချိန်ဖင့်နွှဲသည်ဟု ထင်၏၊ ခက်မာခြင်း သဘောလက္ခဏာသည် ပထဝီဓာတ်၊ ဤသို့ အစရှိသောနည်းဖြင့် အကျဉ်းအားဖြင့် နှလုံးသွင်းသော်သာလျှင် ကမ္မဋ္ဌာန်းသည် ထင်ရှားပေါ်တတ် ပေသည်။ အခြားရဟန်းမှာမူ ထိုသို့ အကျဉ်းနှလုံးသွင်းလျှင် အမိုက်မှောင်ကဲ့သို့ဖြစ်လျက် မထင်ပေါ်ပဲ ရှိတတ်၏၊ ဆံပင် စသည်တို့၏ အစွမ်းဖြင့် အကျယ်အားဖြင့် နှလုံးသွင်းသော်သာလျှင် ထင်ရှားပေါ်တတ်ပေသည်။
ထို့ကြောင့် ဤကမ္မဋ္ဌာန်းကို ပွါးစေရန် အလိုရှိသော ဉာဏ်ပညာထက်သော ရဟန်းသည် ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက် အပြင်ပအာရုံများမှ ဖဲခွါကာ (ကမ္မဋ္ဌာန်း၌) ကောင်းစွာ ကပ်ငြိသည်ဖြစ်၍ မိမိ၏ ရူပကာယ တကိုယ်လုံးကို (ဓာတ်အစုအဝေးအဖြစ်ဖြင့်) နှလုံးသွင်းပြီးလျှင် ဤရုပ်ကိုယ်ထဲ၌ အကြင်ခက်မာသည်၏အဖြစ် ခက်မာခြင်းသည်၎င်း၊ အကြင် ကြမ်းတမ်းသည်၏အဖြစ်- ကြမ်းတမ်းခြင်းသည်၎င်း၁ (ရှိ၏)၊ ဤခက်မာခြင်း, ကြမ်းတမ်းခြင်းသည် ပထဝီဓာတ်တည်း။
၁- ခက်မာသည်၏ အဖြစ်ဟူသော ပုဒ်ဖြင့် (ပထဝီဓာတ်၏) လက္ခဏာကို ဆိုသည်။ မှန်ပေ၏- ပထဝီဓာတ်သည် ခက်မာသည်၏ အဖြစ်လျှင် လက္ခဏာရှိပေသည်။ ကြမ်းတမ်းသည်၏ အဖြစ်ဟူသော ပုဒ်ဖြင့် (ရှုသိဉာဏ်အား) ထင်သော အခြင်းအရာကို (ဆိုသည်) ဉာဏ်ဖြင့် ယူအပ်သော အခြင်းအရာကို (ဆိုသည်) ဤကား အနက်။ (ဋီကာ)
၆၃၀
[၃၄၇] အကြင် ဖွဲ့စည်းသည်၏အဖြစ်- ဖွဲ့စည်းခြင်းသည်၎င်း၊ အကြင် အရည်၏အဖြစ်- အရည်ဖြစ်ခြင်း ယိုစီးခြင်းသည်၎င်း၁ (ရှိ၏)၊ ဤဖွဲ့စည်းခြင်း, အရည်ဖြစ်ခြင်း ယိုစီးခြင်းသည် အာပေါဓာတ်တည်း။ အကြင် ကျက်စေသည်၏အဖြစ်- ကျက်စေခြင်းသည်၎င်း၊ အကြင် ပူသည်၏အဖြစ်၊ ပူခြင်းသည်၎င်း၂ (ရှိ၏)၊ ဤကျက်စေခြင်း, ပူခြင်းသည် တေဇောဓာတ်တည်း။ အကြင် ထောက်ကန်သည်၏အဖြစ်- ထောက်ကန်ခြင်းသည်၎င်း၊ အကြင်လှုပ်တတ်သည်- လှုပ်စေတတ်သည်၏အဖြစ်- လှုပ်ခြင်း လှုပ်စေခြင်းသည်၎င်း၃ (ရှိ၏)၊
၁- အာပေါဓာတ်သည် ယိုစီးခြင်း လက္ခဏာရှိသောကြောင့် (ဒြဝဘာဝေါ) အရည်၏ အဖြစ်သည် လက္ခဏာပေတည်း။ ဖွဲ့စည်းခြင်းသည် ထင်သော အခြင်းအရာပေတည်း။ (ဋီကာ) ဤအဖွင့်ကို ထောက်လျှင် ဝိသုဒ္ဓိမဂ်၌ ဒြဝဘာဝေါ ဝါ အာဗန္ဓနဘာဝေါ ဝါ-ဟု အစဉ်မှန်အတိုင်း ရှိသင့်၏။
၂- တေဇောဓာတ်သည် အပူငွေ့သဘောရှိသောကြောင့် ပူသည်၏အဖြစ်သည် လက္ခဏာပေတည်း။ ကျက်စေခြင်းသည် ထင်သော အခြင်းအရာပေတည်း။ (ဋီကာ) ဤအဖွင့်ကို ထောက်လျှင် ဝိသုဒ္ဓိမဂ်၌ ဥဏှဘာဝေါ ဝါ ပရိပါစနဘာဝေါ ဝါ-ဟု အစဉ်မှန်အတိုင်း ရှိသင့်၏။
၃- ဝါယောဓာတ်သည် ထောက်ပံ့ခြင်းသဘော ရှိသောကြောင့် (ဝိတ္ထမ္ဘန) ထောက်ကန်ခြင်းသည် လက္ခဏာပေတည်း။ (သမုဒီရဏ) လှုပ်ခြင်း- လှုပ်စေခြင်းသည် ထင်သောအခြင်းအရာ (ဥပဋ္ဌာနာကာရ)ပေတည်း။ ဥပဋ္ဌာနာကာရ-မည်သည်မှာ ဓာတ်တို့၏ မိမိကိစ္စကို ပြုသည်၏အစွမ်းအားဖြင့် ရှုသိဉာဏ်အား ထင်ရှားပေါ်သော အခြင်းအရာပေတည်း။ ဤအရာ၌ လက္ခဏာနှင့် ဥပဋ္ဌာနာကာရ နှစ်ပါးလုံးကို ယူခြင်း-ဆိုခြင်းသည် အဘယ့်ကြောင့်နည်း?ဟူမူ- ပုဂ္ဂိုလ်တို့၏ အဇ္ဈာသယကြောင့်ပေတည်း။
၆၃၁
ဤထောက်ကန်ခြင်း, လှုပ်ခြင်း- လှုပ်စေခြင်းသည် ဝါယောဓာတ်တည်း-ဟု ဤသို့ အကျဉ်းအားဖြင့် ဓာတ်တို့ကို သိမ်းဆည်း၍ ပထဝီဓာတ် အာပေါဓာတ် (တေဇောဓာတ် ဝါယောဓာတ်)ဟု ဓာတ်သဘောမျှအားဖြင့် သတ္တဝါ မဟုတ်သောအားဖြင့် အသက်ကောင် မဟုတ်သောအားဖြင့် အဖန်တလဲလဲ နှလုံးသွင်းအပ်၏ စိတ်၌ထားအပ်၏၊ ဆင်ခြင်အပ်၏။ ဤဆိုခဲ့သည့်အတိုင်း အားထုတ်နေသော ထိုရဟန်းအား မကြာမြင့်မီပင်လျှင် ဓာတ်တို့၏ အထူးအပြားကို ထင်လင်းစေသော ပညာက သိမ်းဆည်းအပ်သော၁ (ဝါ-သိမ်းဆည်းခြင်းရှိသော) သဘောတရားလျှင် အာရုံရှိသောကြောင့် အပ္ပနာသို့ မရောက်မူ၍ ဥပစာရမျှဖြစ်သော သမာဓိသည် ဖြစ်ပေါ်၏၂။
ချဲ့၍ပြအံ့- ဓာတ်တို့ကို နှလုံးသွင်းလတ်သော် အချို့ပုဂ္ဂိုလ်အား ထိုဓာတ်တို့သည် သဘောလက္ခဏာ အားဖြင့် ယူအပ်သည်၏အဖြစ်သို့ ရောက်ကုန်၏။ အချို့ပုဂ္ဂိုလ်အား မိမိကိစ္စကို ပြုသောအားဖြင့် (ယူအပ်သည်၏အဖြစ်သို့ ရောက်ကုန်၏)၊ ယင်း မိမိကိစ္စပြုခြင်းကို ရသ-ဟု ဆိုအပ်ပေသည်။ ထိုလက္ခဏာ ရသ နှစ်ပါးတို့တွင် ဓာတ်တို့ကို နှလုံးသွင်းသော ဤယောဂီသည် အားထုတ်ခါစ၌ အသီးအသီး မိမိ၏ လက္ခဏာအားဖြင့်၎င်း၊ မိမိ၏ ရသအားဖြင့်၎င်း သိမ်းဆည်း၏ (ဝါ-ဉာဏ်ဖြင့် ပိုင်းခြား၍ ယူ၏)။ (ဋီကာ)
၁- သိမ်းဆည်းအပ်သော.. သမာဓိသည် ဖြစ်ပေါ်၏-ဟု စပ်ပါ။ ဤ၌ သမာဓိကို ပညာက သိမ်းဆည်းဟူသည်မှာ အာရုံကို ထင်လင်းစွာ သိစေ-ပေါ်စေသောအားဖြင့် စောင့်ရှောက် ထောက်ပံ့ခြင်းပင်တည်း။
၂- ဤဆိုခဲ့သည့်အတိုင်း ဓာတ်တို့ကို သိမ်းဆည်းပြီးလျှင် ''ဤကိုယ်ထဲ၌ ခက်မာခြင်း သို့မဟုတ် ကြမ်းတမ်းခြင်းဟူသော ပထဝီဓာတ်သည် ရှိ၏။
၆၃၂
အရည်ဖြစ်ခြင်း သို့မဟုတ် ဖွဲ့စည်းခြင်းဟူသော အာပေါဓာတ်သည် ရှိ၏၊ ပူခြင်း သို့မဟုတ် ကျက်စေခြင်းဟူသော တေဇောဓာတ်သည် ရှိ၏၊ ထောက်ကန် တောင့်တင်းခြင်း သို့မဟုတ် ရွေ့ရှားခြင်း ရွေ့ရှားစေခြင်းဟူသော ဝါယောဓာတ်သည် ရှိ၏''ဟု ဤသို့ လက္ခဏာစသည်တို့နှင့် တကွသာလျှင် ဓာတ်တို့ကို နှလုံးသွင်းလျက် ကာလတရာ တထောင်သော်လည်း အဖန်တလဲလဲ ဆင်ခြင်အပ်၏၊ နှလုံးသွင်းအပ်၏၊ ကြံစည်မှုဖြင့် ထုနှက်သလို နှလုံးသွင်းခြင်း အထူးကြံစည်မှုဖြင့် လှည့်ပတ်၍ ထုနှက်သလို အဖန်ဖန် နှလုံးသွင်းခြင်းကို ပြုအပ်၏။ ဤသို့ အဖန်ဖန် နှလုံးသွင်းနေသော ထိုယောဂီရဟန်းအား လက္ခဏာစသည်တို့တွင် အကြင်သဘောသည် ကောင်းစွာ ပေါ်လွင်လျက် ထင်၏၊ ထိုသဘောကိုသာ ယူ၍ ထိုမှတပါးသော သဘောကို စွန့်လွှတ်လျက် ထိုကောင်းစွာထင်သော လက္ခဏာသည် တပါးပါးနှင့်တကွ ပထဝီဓာတ် အာပေါဓာတ် ဤသို့ အစရှိသည်ဖြင့် နှလုံးသွင်းခြင်းကို ဖြစ်စေအပ်၏။ ဤသို့နှလုံးသွင်းသော ယောဂီသည်လည်း ။ပ။ ဤဆယ်ပါးသော မနသိကာရကောသလ္လကို လျော်စွာဖြစ်စေအပ်၏ (မြန်မာပြန် စာပိုဒ်နံပါတ် ၁၈၁-၌ ပြခဲ့သည်ကို နည်းမှီး၍ မနသိကာရကောသလ္လ ဆယ်ပါးဖြစ်ပုံကို ဤအရာ၌ ဆက်ပြသွားသည်။ ၁၈၁-စာပိုဒ်၌ ပြန်ကြည့်ပါ။) ဤသို့ ဝီရိယနှင့် သမာဓိ ညီမျှခြင်းကို ယှဉ်စေ၍ ထိုထင်ရှားသော လက္ခဏာ၌သာလျှင် နှလုံးသွင်းမှုကို ဖြစ်စေသော ယောဂီအား သဒ္ဓါ အစရှိသော ဣန္ဒြေတို့ ညီမျှခြင်းကို ရကုန်လျက် အလွန်စင်ကြယ် သန့်ရှင်းစွာ ဖြစ်ကြသောအခါ၌ မယုံကြည်မှု (အဿဒ္ဓိယ)စသော အကုသိုလ်တို့၏ ဝေးကွာခြင်းကြောင့် အလွန်အကဲ အားစွမ်းနှင့် ပြည့်စုံကုန်သော ဗိုလ်ခုနစ်ပါးတို့၏ ထောက်ပံ့ခြင်းကို ရကုန်၍ ဝိတက်အစရှိသော ဈာန်အင်္ဂါတို့သည် အထူးသဖြင့် ထက်မြက်ကုန်လျက် ထင်စွာ ဖြစ်ကုန်၏၊ ထိုဝိတက်စသည်တို့၏ ဖြောင့်ဖြောင့်ဆန့်ကျင်ဘက် ဖြစ်ကြသောကြောင့်
၆၃၃
တနည်းသော်ကား တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတြာသည် လေးပါးသော မဟာဘုတ်တို့၏ သတ္တဝါမဟုတ်ကြောင်းကို ပြရန်အတွက် ''အရိုးကိုလည်း စွဲမှီ၍ အကြောကိုလည်း စွဲမှီ၍ အသားကိုလည်း စွဲမှီ၍ အရေကိုလည်း စွဲမှီ၍ (၎င်းတို့ကို အတွင်းဘက် အပြင်ဘက်၌) ကာရံလျက်တည်သော ဟင်းလင်းအရပ် (အာကာသ)သည်ပင်လျှင် ရုပ်ကိုယ်ဟု ရေတွက်ခေါ်ဆိုခြင်းသို့ ရောက်သည်''ဟူ၍ အကြင် လေးပါးသော ကောဋ္ဌာသတို့ကို ဟောတော်မူပေသည်၊ ထိုလေးပါးသော ကောဋ္ဌာသတို့ကို (အရိုးနှင့် အကြောစသော) ထိုထိုကောဋ္ဌာသတို့၏ အကြားသို့ အစဉ်လျှောက်သွားနိုင်သည့်
နီဝရဏတို့သည် သူတို့နှင့် တည်ရာတူသော အကုသိုလ်တရားတို့နှင့်တကွ ဝေးကွာကုန်သည်သာ ဖြစ်ကုန်၏။ ဤမျှဖြင့်လည်း ဤယောဂီသည် ဓာတ်တို့၏ လက္ခဏာလျှင် အာရုံရှိသော ဥပစာရဈာန်ကို ရပြီးဖြစ်ပေ၏။ ထို့ကြောင့် ပထဝီဓာတ် အာပေါဓာတ် (တေဇောဓာတ် ဝါယောဓာတ်)ဟု ဓာတ်သဘောမျှအားဖြင့်.. အဖန်တလဲလဲ နှလုံးသွင်းအပ်၏.. ဤဆိုခဲ့သည့်အတိုင်း အားထုတ်နေသော ထိုရဟန်းအား.. ဥပစာမျှ ဖြစ်သော သမာဓိသည် ဖြစ်ပေါ်၏''ဟု မိန့်ဆိုပေသည်။ (ဋီကာ)
ဥပစာရသမာဓိ- ဟူသည်ကိုလည်း ရုဠှီ၏ အစွမ်းဖြင့် သိအပ်၏။ မှန်ပေ၏- အပ္ပနာသို့ ကပ်၍ဖြစ်သော သမာဓိသည် ဥပစာရသမာဓိမည်၏၊ ဤဓာတုဝဝတ္ထာန် ကမ္မဋ္ဌာန်း၌လည်း အပ္ပနာသည် မရှိချေ။ သို့သော်လည်း ထိုအပ္ပနာသို့ ကပ်၍ဖြစ်ခြင်း သဘောရှိသော ဥပစာရသမာဓိ (အစစ်)၏ (နီဝရဏကင်းခြင်း) လက္ခဏာနှင့်တူသော လက္ခဏာရှိသည်၏ အဖြစ်ကြောင့် ဤသို့ ဥပစာရသမာဓိဟု ဆိုပေသည်။ (ဋီကာ ပဌမတွဲ နှာ ၄၃၆-ကြောင်းရေ ၅-၈)
၆၃၄
ဉာဏ်တည်းဟူသော လက်ဖြင့် ခွဲခြား၍ ခွဲခြား၍ (အရိုး အကြော အသား အရေဟူသော) ဤလေးပါးသော ကောဋ္ဌာသတို့၌ အကြင် ခက်မာသည်၏ အဖြစ်သည်သော်၎င်း၊ အကြင် ကြမ်းတမ်းသည်၏ အဖြစ်သည်သော်၎င်း ရှိ၏။ ဤသဘောသည် ပထဝီဓာတ်တည်း- ဤသို့ အစရှိသော ရှေးနည်းဖြင့်ပင်လျှင် ဓာတ်တို့ကို သိမ်းဆည်း၍ ပထဝီဓာတ် အာပေါဓာတ် (တေဇောဓာတ် ဝါယောဓာတ်)ဟု ဓာတ်သဘောမျှအားဖြင့် သတ္တဝါမဟုတ်သောအားဖြင့် အသက်ကောင် မဟုတ်သောအားဖြင့် အဖန်တလဲလဲ နှလုံးသွင်းအပ်၏ စိတ်၌ထားအပ်၏ ဆင်ခြင်အပ်၏။ ဤဆိုခဲ့သည့်အတိုင်း အားထုတ်နေသော ထိုရဟန်းအား မကြာမြင့်မီပင်လျှင် ဓာတ်တို့၏ အထူးအပြားကို ထင်လင်းစေသော ပညာက သိမ်းဆည်းအပ်သော (ဝါ-သိမ်းဆည်းခြင်းရှိသော) သဘောတရားလျှင် အာရုံရှိသောကြောင့် အပ္ပနာသို့ မရောက်မူ၍ ဥပစာရမျှဖြစ်သော သမာဓိသည် ဖြစ်ပေါ်၏။ ဤဆိုခဲ့သော အစီအစဉ်သည် အကျဉ်းအားဖြင့်လာသော စတုဓာတုဝဝတ္ထာန်၌ ပွါးစေပုံ နည်းပေတည်း။
၃ဝ၉။ အကျယ်အားဖြင့်လာသော စတုဓာတုဝဝတ္ထာန်၌ ပွါးစေပုံ ဘာဝနာနည်းကိုမူ ဤဆိုလတံ့အတိုင်း သိအပ်၏။ ဤကမ္မဋ္ဌာန်းကို ပွါးစေရန် အလိုရှိသော ဉာဏ်ပညာမထက်လှသော ယောဂီရဟန်းသည် ဆရာ့ထံ၌ ၄၂-ပါးသော အခြင်းအရာတို့ဖြင့် ဓာတ်တို့ကို အကျယ်အားဖြင့် သင်ယူခဲ့ပြီးလျှင် ဆိုခဲ့ပြီးသည့် ဂုဏ်အင်္ဂါတို့နှင့် ပြည့်စုံသော ကျောင်း၌ နေလျက် ကိစ္စအားလုံးကို ပြုပြီးလျှင် ဆိတ်ငြိမ်ရာသို့ ကပ်ရောက်လျက် အပြင်ပအာရုံများမှ ဖဲခွါကာ (ကမ္မဋ္ဌာန်း၌)
၆၃၅
ကောင်းစွာ ကပ်ငြိသည်ဖြစ်၍ (၁) သသမ္ဘာရသင်္ခေပ၁, (၂) သသမ္ဘာရဝိဘတ္တိ၂, (၃) သလက္ခဏသင်္ခေပ၃, (၄) သလက္ခဏဝိဘတ္တိ၄-ဟူသော ဤလေးပါးသော အခြင်းအရာတို့ဖြင့် ရှုဆင်ခြင်မှုဟူသော ကမ္မဋ္ဌာန်းကို ပွါးစေအပ်၏။
၁- အကြင် အကြောင်းနိမိတ်ဖြင့် ပထဝီဟု သိသောဉာဏ်နှင့် ပထဝီဟူသော အမည်ဝေါဟာရတို့သည် ဖြစ်ပွါးကုန်၏၊ ထိုအသိဉာဏ်နှင့် အမည်တို့၏ ဖြစ်ပွါးကြောင်း နိမိတ်သည် သမ္ဘာရမည်၏။ ၎င်းသည် အဘယ်နည်း? ပထဝီ စသည်ပင်တည်း။ မှန်ပေ၏- ဆံပင် အစရှိကုန်သော နှစ်ဆယ်သော ကောဋ္ဌာသတို့၌ ပထဝီဟုဖြစ်သော အသိဉာဏ်နှင့် အမည်ဝေါဟာရတို့သည် ခက်မာခြင်းကိုစွဲ၍ ဖြစ်ခြင်းကြောင့် ပထဝီလျှင် ဖြစ်ကြောင်းနိမိတ်ရှိကုန်၏၊ ထို့ကြောင့် ထိုနှစ်ဆယ်သော ကောဋ္ဌာသတို့၌ ပထဝီသည် သမ္ဘာရ-ဖြစ်ပွါးကြောင်း မည်၏၊ ဆံပင် စသည်တို့၌ ထိုခက်မာခြင်း ပထဝီသည် လွန်ကဲထူးခြားစွာ ရှိသောကြောင့် ထို ဆံပင်စသည်တို့သည် (သမ္ဘာရတို့နှင့်တကွ ဖြစ်ကြသည်ဟူသော ဝစနတ္ထအရ) သသမ္ဘာရ မည်ကုန်၏။ အာပေါကောဋ္ဌာသ စသည်တို့၌လည်း ဤနည်းတူပင်။ ပထဝီစသော သမ္ဘာရနှင့်တကွ ဖြစ်ကုန်သော ဆံပင် စသည်တို့၏ (သင်္ခေပ)အကျဉ်းသည် သသမ္ဘာရသင်္ခေပ မည်၏။ (ဋီကာ) ဤဋီကာအလိုအားဖြင့် သမ္ဘာရဟူသည်မှာ ပထဝီစသော ဓာတ်လေးပါးတည်း၊ ထိုသမ္ဘာရမည်သော ပထဝီဓာတ် စသည်နှင့်တကွဖြစ်သော ဆံပင်စသည်ကို သသမ္ဘာရဟု ယူ၍ ထိုဆံပင် စသည်တို့ကို အကျဉ်းအားဖြင့် ရှုခြင်းသည် သသမ္ဘာရ- သင်္ခေပအားဖြင့် ရှုခြင်း မည်သည်ဟု ယူရာ၏။ (အဋ္ဌကထာဆရာ၏အလို ကျမည်မထင်ပေ)။ ငါတို့၏အလိုအားဖြင့်
၆၃၆
အိမ်၏ အဆောက်အအုံ သစ်ဝါးစသည်ကို သမ္ဘာရဟု ဆိုအပ်သကဲ့သို့ ဆံပင်စသည်တို့၌ ပါဝင်သော ပထဝီမှတပါးသော ရုပ်အပေါင်းကို သမ္ဘာရ-ဟု ယူသင့်မည် ထင်၏။ ထိုသို့ယူလျှင် ဆံပင်ကို ပထဝီဓာတ်ဟု ဆိုသည်မှာ ခက်မာခြင်း လက္ခဏာသက်သက်ကိုသာ ဆိုသည်မဟုတ်၊ ပထဝီမှတပါးသော အခြားဓာတ်များ ရုပ်များဟူသော သမ္ဘာရ- အဆောက်အအုံများကိုပါ ပထဝီဓာတ်ဟု ဆိုခြင်းဖြစ်သောကြောင့် ၎င်းဆံပင် စသည်ကို သသမ္ဘာရပထဝီဓာတ်- အဆောက်အအုံများနှင့်တကွသော ပထဝီဓာတ်ဟု ခေါ်သည်ဟူသော အနက်သည် အလွန်ပင် ဖြောင့်မတ်လှပေ၏။ ထို့ကြောင့် သမ္ဘာရ-ပထဝီစသည်မှ တပါးသော အဆောက်အအုံ ရုပ်များနှင့် + သ-တကွဖြစ်သော ပထဝီစသည် = သသမ္ဘာရ- အဆောက်အအုံအခြားရုပ်များနှင့်တကွဖြစ်သော ပထဝီစသောဓာတ်များ၊ ၎င်းတို့ကို အကျဉ်းအားဖြင့် ရှုခြင်းသည် သသမ္ဘာရသင်္ခေပမည်၏ဟု ယူရာ၏။ (အတ္တနောမတိ)
၂- သသမ္ဘာရ- ဆံပင်စသော သမ္ဘာရနှင့်တကွသော ပထဝီ စသည်၏ + ဝိဘတ္တိ-ဝေဘန်ခြင်း- အကျယ်=သသမ္ဘာရဝိဘတ္တိ- ဆံပင် စသည်နှင့်တကွသော ပထဝီစသည်၏ အကျယ်- ဤကား ဋီကာနှင့်အညီ အနက်ဖြစ်သည်။ ငါတို့၏ အလိုအားဖြင့် သသမ္ဘာရဝိဘတ္တိ- အခြားဓာတ်များ ရုပ်များဟူသော အဆောက်အအုံများပါ ပထဝီစသည်ကို ဝေဘန်ခြင်း အကျယ်-ဟု အနက်ပြန်ရာ၏။
၃- သလက္ခဏ- ခက်မာခြင်းစသော လက္ခဏာနှင့်တကွသော ဆံပင်စသည်၏ + သင်္ခေပ- အကျဉ်း= သလက္ခဏသင်္ခေပ- လက္ခဏာနှင့် တကွသော ဆံပင်စသည်၏အကျဉ်း။
၄- သလက္ခဏဝိဘတ္တိ- လက္ခဏာနှင်တကွ ဆံပင်စသည်ကို ဝေဘန်ခြင်း အကျယ်။
၆၃၇
(၁) သသမ္ဘာရသင်္ခေပဖြင့် ရှုပုံ
ထိုတွင် သသမ္ဘာရသင်္ခေပအားဖြင့် အဘယ်သို့ ပွါးစေအပ်သနည်း?ဟူမူ- ဤသာသနာတော်၌ ရဟန်းသည် (ဆံပင်အစ ဦးနှောက်အဆုံးရှိသော) နှစ်ဆယ်သော ကောဋ္ဌာသတို့၌ ခက်မာသော အခြင်းအရာကို ပထဝီဓာတ်ဟု ပိုင်းခြား ဆုံးဖြတ်လျက် ရှု၏။ (သည်းခြေအစ ကျင်ငယ်အဆုံးရှိသော) တဆဲ့နှစ်ပါးသော ကောဋ္ဌာသတို့၌ အရည်အဖြစ်သို့ရောက်သော ရေဟုဆိုအပ်သော ဖွဲ့စည်းသော အခြင်းအရာကို အာပေါဓာတ်ဟု ပိုင်းခြားဆုံးဖြတ်လျက် ရှု၏။ (သန္တပ္ပန အစရှိသော) လေးပါးသော ကောဋ္ဌာသတို့၌ ကျက်စေတတ်သော အပူငွေ့ကို တေဇောဓာတ်ဟု [၃၄၈] ပိုင်းခြားဆုံးဖြတ်လျက် ရှု၏။ (ဥဒ္ဓင်္ဂမ အစရှိသော) ခြောက်ပါးသော ကောဋ္ဌာသတို့၌ ထောက်ကန် တောင့်တင်းသော အခြင်းအရာကို ဝါယောဓာတ်ဟု ပိုင်းခြားဆုံးဖြတ်လျက် ရှု၏။ ဤသို့ ပိုင်းခြားဆုံးဖြတ်လျက်ရှုသော ထိုယောဂီရဟန်းအား ဓာတ်တို့သည် ထင်ရှားပေါ်ကုန်၏။ ထိုဓာတ်တို့ကို အဖန်တလဲလဲ နှလုံးသွင်းဆင်ခြင်နေလျှင် ဆိုခဲ့ပြီးသောနည်းဖြင့် ဥပစာရသမာဓိသည် ဖြစ်ပေါ်၏။ (၁)
(၂) သသမ္ဘာရဝိဘတ္တိဖြင့် ရှုပုံ
၃၁ဝ။ ဤဆိုခဲ့သည့်အတိုင်း သသမ္ဘာရသင်္ခေပဖြင့် ပွါးစေသော်လည်း ကမ္မဋ္ဌာန်းသည် မပြီးစီး မပြည့်စုံသေးပဲ ရှိနေလျှင် ထိုယောဂီရဟန်းသည် သသမ္ဘာရဝိဘတ္တိအားဖြင့် ပွါးစေအပ်၏။ အဘယ်သို့နည်း?ဟူမူ- ထိုယောဂီရဟန်းသည် ကာယဂတာသတိ ကမ္မဋ္ဌာန်းကို အကျယ်ပြရာ၌ ပြဆိုခဲ့သော ဥဂ္ဂဟကောသလ္လ (၇)ပါး, မနသိကာရကောသလ္လ (၁ဝ)ပါးဟူသော ထိုအလုံးစုံကို ဒွတ္တိံသာကာရ၌
၆၃၈
မယုတ်လျော့စေပဲ တစပဉ္စက စသည်တို့ကို၁ အနုလုံ ပဋိလုံအားဖြင့် နှုတ်ဖြင့် ရွတ်ဆိုခြင်းမှစ၍ ဆိုခဲ့ပြီးသော အစီအရင်အားလုံးကို ပြုအပ်၏။ ယခုဆိုမည့် နှလုံးသွင်းပုံမျှသာ ထူးသည်၊ ထိုကာယဂတာသတိ ကမ္မဋ္ဌာန်း၌ အဆင်း, သဏ္ဌာန်, အရပ်, တည်ရာ, အပိုင်းအခြားတို့၏ အစွမ်းအားဖြင့် ဆံပင်စသည်တို့ကို နှလုံးသွင်းပြီး၍လည်း၂ စက်ဆုပ်ဖွယ်၏ အစွမ်းအားဖြင့် စိတ်ကို ထားအပ်၏၊ ဤစတုဓာတုဝဝတ္ထာန်ကမ္မဋ္ဌာန်း၌ ဓာတ်သဘော၏ အစွမ်းအားဖြင့် (စိတ်ကို ထားအပ်၏)၊ (ဤမျှသာ ထူးသည်)။ ထို့ကြောင့် အဆင်းစသည်တို့၏ အစွမ်းအားဖြင့် ငါးပါး ငါးပါး အပြားအားဖြင့် ဆံပင်စသည်တို့ကို နှလုံးသွင်းပြီးလျှင် အဆုံး၌ ဤဆိုလတံ့သော အခြင်းအရာဖြင့် နှလုံးသွင်းခြင်းကို ဖြစ်စေအပ်၏။
ဆံပင်တို့ကို ရှုပုံ
၃၁၁။ ဤဆံပင်တို့မည်သည်မှာ ဦးခေါင်းခွံကို ရစ်ပတ်သော အရေ၌ ဖြစ်ကုန်၏။ ထိုဆံပင်နှင့် အရေတို့တွင် ဥပမာအားဖြင့် တောင်ပို့ထက်၌ မြက်တုံးများ ပေါက်ရောက်နေကြလျှင် တောင်ပို့ထိပ်သည် ငါ့အပေါ်၌ မြက်တုံးများ ပေါက်ရောက်နေကြသည်ဟု မသိ၊ မြက်တုံးတို့ကလည်း ငါတို့သည် တောင်ပို့ထက်၌ ပေါက်ရောက်နေကြသည်ဟု
၁- တစပဉ္စက စသည်တို့ကို.. ရွတ်ဆိုခြင်းမှ စ၍-ဟု စပ်ပါ။
၂- လည်း-ဟူသော စကားဖြင့် ကာယဂတာသတိ၌လည်း ဤတိုင်အောင် နှလုံးသွင်းပုံတူသည်၊ သို့သော်လည်း ဤမှနောက်၌ စက်ဆုပ်ဖွယ်အားဖြင့် နှလုံးသွင်းရခြင်းနှင့် ဓာတုဝဝတ္ထာန်ဝယ် ဤမှနောက်၌ ဓာတ်သဘော၏ အစွမ်းအားဖြင့် နှလုံးသွင်းရခြင်း ထူးခြားသည်ဟု သိစေသည်။
၆၃၉
မသိကုန်သကဲ့သို့ ဤအတူပင် ဦးခေါင်းခွံကို ရစ်ပတ်သောအရေသည် ငါ့အပေါ်၌ ဆံပင်များ ပေါက်ရောက်နေကြသည်ဟု မသိ၊ ဆံပင်တို့ကလည်း ငါတို့သည် ဦးခေါင်းခွံကို ရစ်ပတ်သော အရေ၌ ပေါက်ရောက်နေကြသည်ဟု မသိကုန်၊ ဤဆံပင်နှင့် အရေဟူသော ရုပ်တရားတို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍ ဆံပင်တို့မည်သည်မှာ ဤကိုယ်ထဲ၌ သီးခြားအဖို့တခုပေတည်း၊ စိတ်စေတနာမရှိ၊ အဗျာကတတရားပေတည်း (ဝါ-အာရုံကို မသိတတ်သော တရားပေတည်း၁)၊ အတ္တမှ ဆိတ်၏၊ သတ္တဝါမဟုတ်၊ ခက်မာကြမ်းတမ်းသော ပထဝီဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
အမွေးတို့ကို ရှုပုံ
၃၁၂။ အမွေးတို့သည် ကိုယ်ကို ရစ်ပတ်သော အရေ၌ ဖြစ်ကုန်၏။ ထိုအမွေးနှင့် အရေတို့တွင် ဥပမာအားဖြင့် ရွာပျက်ကုန်းအရပ်၌ နေဇာမြက်များ ပေါက်ရောက်နေကြလျှင် ရွာပျက်ကုန်းအရပ်သည် ငါ့အပေါ်၌ နေဇာမြက်များ ပေါက်ရောက်နေကြသည်ဟု မသိ၊
၁- အဗျာကတော-ပုဒ်၏ အနက်ဖြစ်သည်။ ယင်းပုဒ်ကို ''အဗျာကတော-ဟူသည်ကား အဗျာကတအစု၌ အတွင်းဝင် ၏''ဟု ဤအရာ၌ ဋီကာက ဖွင့်ပြသည်။ ဋီကာ ဒုတိယတွဲ နှာ (၂၅၄) ပဋိစ္စသမုပ္ပါဒ်အဖွင့်၌မူ ''နာမ်တရားမှာ ရံခါ၌ ကုသိုလ်စသည်၏ အဖြစ်လည်း ရှိသေး၏၊ ထို့ကြောင့် ထိုနာမ်တရားမှ အထူးပြု (ခွဲခြား)ရန်အလို့ငှါ အဗျာကတပစ္စုပဋ္ဌာန်ရှိသည်-ဟု ဆိုပေသည်။ တနည်းကား ''အစေတနော အဗျာကတော''ဟူသော ထိုဓာတုဝဝတ္ထာန် အရာ၌ကဲ့သို့ (အနာရမ္မဏတာ) အာရုံမရှိသည်၏အဖြစ်-
၆၄၀
နေဇာမြက်တို့ကလည်း ငါတို့သည် ရွာပျက်ကုန်းအရပ်၌ ပေါက်ရောက်နေကြသည်ဟု မသိကုန်သကဲ့သို့ ဤအတူပင် ကိုယ်ကိုရစ်ပတ်သော အရေသည် ငါ့အပေါ်၌ အမွေးများ ပေါက်ရောက်နေကြသည်ဟု မသိ၊ အမွေးတို့ကလည်း ငါတို့သည် ကိုယ်ကိုရစ်ပတ်သော အရေ၌ ပေါက်ရောက်နေကြသည်ဟု မသိကုန်၊ [၃၄၉] ဤအမွေးနှင့် အရေဟူသော ရုပ်တရားတို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍ အမွေးတို့မည်သည်မှာ ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း၊ စိတ်စေတနာမရှိ၊ အဗျာကတတရားပေတည်း (ဝါ-အာရုံကို မသိတတ်သော တရားပေတည်း)၊ အတ္တမှ ဆိတ်၏၊ သတ္တဝါမဟုတ်၊ ခက်မာကြမ်းတမ်းသော ပထဝီဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
လက်သည်း ခြေသည်းတို့ကို ရှုပုံ
၃၁၃။ လက်သည်း ခြေသည်းတို့သည် လက်ချောင်း ခြေချောင်းတို့၏ အဖျားတို့၌ ဖြစ်ကုန်၏။ ထိုလက်သည်း ခြေသည်းတို့နှင့် လက်ချောင်း ခြေချောင်းတို့တွင် ဥပမာအားဖြင့် သူငယ်တို့သည် သစ်မည်စည်စေ့တို့ကို ဒုတ်ချွန်တို့ဖြင့် ထိုး၍ ကစားကြလျှင် ဒုတ်ချွန်တို့သည် ငါတို့၌ သစ်မည်စည်စေ့များ တည်သည်ဟု မသိကုန်၊ သစ်မည်စည်စေ့တို့ကလည်း ငါတို့သည် ဒုတ်ချွန်တို့၌ တည်ကြသည်ဟု မသိကုန်သကဲ့သို့ ဤအတူပင် လက်ချောင်း ခြေချောင်းတို့သည်
အာရုံကို မသိတတ်သည်၏ အဖြစ်ကို (အဗျာကတပစ္စုပဋ္ဌာနံ-ပုဒ်၌) အဗျာကတ အဖြစ်ဟူ၍ မှတ်အပ်ပေ၏''ဟူ၍ ဖွင့်ပြထား၏။ ထိုပဋိစ္စသမုပ္ပါဒ်ဋီကာ ဒုတိယအဖွင့်နှင့်အညီ ဤ၌ လက်သည်းကွင်းဖြင့် တနည်းပြန်ထားသည်။
၆၄၁
ငါတို့၏ အဖျား၌ လက်သည်း ခြေသည်းများ ဖြစ်ကြသည်ဟု မသိကုန်၊ လက်သည်း ခြေသည်းတို့ကလည်း ငါတို့သည် လက်ချောင်း ခြေချောင်းတို့၏ အဖျားတို့၌ ဖြစ်ကြသည်ဟု မသိကုန်၊ ဤလက်သည်း ခြေသည်းနှင့် လက်ချောင်း ခြေချောင်းဟူသော ရုပ်တရားတို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍ လက်သည်း ခြေသည်းတို့မည်သည်မှာ ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း ။ပ။၁ ပထဝီဓာတ်ပေတည်း-ဟူ၍ နှလုံးသွင်းအပ်၏။
သွားတို့ကို ရှုပုံ
၃၁၄။ သွားတို့သည် မေးရိုးတို့၌ ဖြစ်ကုန်၏။ ထိုသွားတို့နှင့် မေးရိုးတို့တွင် ဥပမာအားဖြင့် လက်သ္မားတို့သည် ကျောက်ဆုံငယ်တို့၌ တစုံတခုသော အစေးဖြင့် တိုင်တို့ကို ဖွဲ့ကပ်၍ တည်ထားလျှင် ကျောက်ဆုံတို့သည် ငါတို့၌ တိုင်များ တည်ကြသည်ဟု မသိကုန်၊ တိုင်တို့ကလည်း ငါတို့သည် ကျောက်ဆုံတို့၌ တည်ကြသည်ဟု မသိကုန်သကဲ့သို့ ဤအတူပင် မေးရိုးတို့သည် ငါတို့၌ သွားများပေါက်ကြသည်ဟု မသိကုန်၊ သွားတို့ကလည်း ငါတို့သည် မေးရိုးတို့၌ ပေါက်ကြသည်ဟု မသိကုန်၊ ဤသွားနှင့် မေးရိုးဟူသော ရုပ်တရားတို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍
၁- ဤပေယျာလဖြင့် ဆံပင်တို့ကိုရှုပုံ အမွေးတို့ကိုရှုပုံတို့၌ ပြခဲ့ပြီးသော [စိတ် စေတနာ မရှိ၊ အဗျာကတတရား ပေတည်း (ဝါ-အာရုံကို မသိတတ်သော တရားပေတည်း)၊ အတ္တမှ ဆိတ်၏၊ သတ္တဝါ မဟုတ်]ဟူသော ပုဒ်များကို မြှုပ်ထားသည်၊ ထိုရှုပုံတို့၌ ပြခဲ့ပြီးအတိုင်း ထုတ်ဖော်၍ ဆိုရန်ဖြစ်သည်၊ နောက်နောက် ရှုပုံတို့၌လည်း နည်းတူပင် ထုတ်ဖော်၍ ဆိုရမည်။
၆၄၂
သွားတို့မည်သည်မှာ ဤကိုယ်ထဲသို့ သီးခြားအဖို့တခုပေတည်း ။ပ။ ပထဝီဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
အရေကို ရှုပုံ
၃၁၅။ အရေသည် တကိုယ်လုံးကို မြှေးယှက် ဖုံးအုပ်လျက် တည်၏။ ထိုအရေနှင့် ကိုယ်တို့တွင် ဥပမာအားဖြင့် စောင်းခွက်ကြီးကို စိုသောနွားရေဖြင့် ကြက်ထားလျှင် စောင်းခွက်ကြီးသည် ငါ့ကို စိုသောနွားရေဖြင့် ကြက်ထားသည်ဟု မသိ၊ စိုသောနွားရေကလည်း ငါသည် စောင်းခွက်ကြီးကို မြှေးယှက်လျက် တည်သည်ဟု မသိသကဲ့သို့ ဤအတူပင် ကိုယ်သည် ငါ့ကို အရေက မြှေးယှက်ထားသည်ဟု မသိ၊ အရေကလည်း ငါသည် ကိုယ်ကို မြှေးယှက်လျက် တည်သည်ဟု မသိ၊ ဤအရေနှင့် ကိုယ်ဟူသော ရုပ်တရားတို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍ အရေမည်သည်မှာ ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း ။ပ။ ပထဝီဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
အသားကို ရှုပုံ
၃၁၆။ အသားသည် သုံးရာကျော်သော အရိုးစုကို လိမ်းကျံလျက် တည်၏။ ထိုအသားနှင့် အရိုးတို့တွင် ဥပမာအားဖြင့် နံရံကို မြေညက်ဖြင့် ထူစွာ လိမ်းကျံထားလျှင် နံရံသည် ငါ့ကို မြေညက်ဖြင့် လိမ်းကျံထားသည်ဟု မသိ၊ [၃၅ဝ] မြေညက်စိုင်ကလည်း ငါသည် နံရံကို လိမ်းကျံကပ်ငြိလျက် တည်သည်ဟု မသိသကဲ့သို့ ဤအတူပင် အရိုးစုသည် ငါ့ကို သားတစ်ကိုးရာ အပြားရှိသော အသားက လိမ်းကျံထားသည်ဟု မသိ၊ အသားကလည်း ငါသည် အရိုးစုကို လိမ်းကျံကပ်ငြိလျက် တည်သည်ဟု မသိ၊ ဤအသားနှင့် အရိုးတို့ဟူသော ရုပ်တရားတို့သည်
၆၄၃
အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍ အသားမည်သည်မှာ ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း ။ပ။ ပထဝီဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
အကြောတို့ကို ရှုပုံ
၃၁၇။ အကြောတို့သည် ကိုယ်ထဲ၌ အရိုးတို့ကို ဖွဲ့တွယ်ကုန်လျက် တည်ကုန်၏။ ထိုအကြောနှင့် အရိုးတို့တွင် ဥပမာအားဖြင့် နွယ်တို့ဖြင့် နံရံသစ်သားတို့ကို ဖွဲ့တွယ်ထားလျှင် နံရံသစ်သားတို့သည် ငါတို့ကို နွယ်တို့က ဖွဲ့တွယ်ထားသည်ဟု မသိကုန်၊ နွယ်တို့ကလည်း ငါတို့သည် နံရံသစ်သားတို့ကို ဖွဲ့တွယ်ထားသည်ဟု မသိကုန်သကဲ့သို့ ဤအတူပင် အရိုးတို့သည် ငါတို့ကို အကြောတို့က ဖွဲ့တွယ်ထားကြသည်ဟု မသိကုန်၊ အကြောတို့ကလည်း ငါတို့သည် အရိုးတို့ကို ဖွဲ့တွယ်ထားကြ သည်ဟု မသိကုန်၊ ဤအကြောနှင့် အရိုးဟူသော ရုပ်တရားတို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍ အကြောတို့ မည်သည်မှာ ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း ။ပ။ ပထဝီဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
အရိုးတို့ကို ရှုပုံ
၃၁၈။ အရိုးတို့တွင် ဖဏှောင့်ရိုးသည် ဖမျက်ရိုးကို ရွက်လျက်တည်၏၊ ဖမျက်ရိုးသည် ခြေသလုံးရိုးကို ရွက်လျက် တည်၏၊ ခြေသလုံးရိုးသည် ပေါင်ရိုးကို ရွက်လျက်တည်၏၊ ပေါင်ရိုးသည် တင်ပါးရိုးကို ရွက်လျက်တည်၏၊ တင်ပါးရိုးသည် ကျောက်ဆူးရိုးကို ရွက်လျက်တည်၏၊ ကျောက်ဆူးရိုးသည် လည်ရိုးကို ရွက်လျက်တည်၏၊ လည်ရိုးသည် ဦးခေါင်းရိုးကို ရွက်လျက် တည်၏၊ ဦးခေါင်းရိုးသည် လည်ရိုး၌ တည်၏၊ လည်ရိုးသည် ကျောက်ဆူးရိုး၌ တည်၏၊
၆၄၄
ကျောက်ဆူးရိုးသည် တင်ပါးရိုး၌ တည်၏၊ တင်ပါးရိုးသည် ပေါင်ရိုး၌ တည်၏၊ ပေါင်ရိုးသည် ခြေသလုံးရိုး၌ တည်၏၊ ခြေသလုံးရိုးသည် ဖမျက်ရိုး၌ တည်၏၊ ဖမျက်ရိုးသည် ဖဏှောင့်ရိုး၌ တည်၏။
ထိုအရိုးတို့တွင် ဥပမာအားဖြင့် အုတ် သစ်သား နွားချေး စသည်တို့၏ အစုအပုံတို့၌ အောက်အောက် အုတ်စသည်တို့သည် ငါတို့က အထက်အထက် အုတ်စသည်တို့ကို ရွက်ကြလျက် တည်ကြသည်ဟု မသိကုန်၊ အထက်အထက် အုတ်စသည်တို့သည်လည်း ငါတို့သည် အောက်အောက် အုတ်စသည်တို့၌ တည်ကြသည်ဟု မသိကုန်သကဲ့သို့ ဤအတူပင် ဖဏှောင့်ရိုးသည် ငါက ဖမျက်ရိုးကိုရွက်လျက် တည်သည်ဟု မသိ၊ ဖမျက်ရိုးသည် ငါက ခြေသလုံးရိုးကိုရွက်လျက် တည်သည်ဟု မသိ၊ ခြေသလုံးရိုးသည် ငါက ပေါင်ရိုးကိုရွက်လျက် တည်သည်ဟု မသိ၊ ပေါင်ရိုးသည် ငါက တင်ပါးရိုးကိုရွက်လျက် တည်သည်ဟု မသိ၊ တင်ပါးရိုးသည် ငါက ကျောက်ဆူးရိုးကိုရွက်လျက် တည်သည်ဟု မသိ၊ ကျောက်ဆူးရိုးသည် ငါက လည်ရိုးကို ရွက်လျက်တည်သည်ဟု မသိ၊ လည်ရိုးသည် ငါက ဦးခေါင်းရိုးကိုရွက်လျက် တည်သည်ဟု မသိ။ ဦးခေါင်းရိုးသည် ငါက လည်ရိုး၌ တည်သည်ဟု မသိ၊ လည်ရိုးသည် ငါက [၃၅၁] ကျောက်ဆူးရိုး၌ တည်သည်ဟု မသိ၊ ကျောက်ဆူးရိုးသည် ငါက တင်ပါးရိုး၌ တည်သည်ဟု မသိ၊ တင်ပါးရိုးသည် ငါက ပေါင်ရိုး၌ တည်သည်ဟု မသိ၊ ပေါင်ရိုးသည် ငါက ခြေသလုံးရိုး၌ တည်သည်ဟု မသိ၊ ခြေသလုံးရိုးသည် ငါက ဖမျက်ရိုး၌ တည်သည်ဟု မသိ၊ ဖမျက်ရိုးသည် ငါက ဖဏှောင့်ရိုး၌ တည်သည်ဟု မသိ၊ ဤအထက်အရိုးနှင့် အောက်အရိုးဟူသော ရုပ်တရားတို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။
၆၄၅
သို့ဖြစ်၍ အရိုးမည်သည်မှာ ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း ။ပ။ ပထဝီဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
ရိုးတွင်းခြင်ဆီကို ရှုပုံ
၃၁၉။ ရိုးတွင်းခြင်ဆီသည် ထိုထိုအရိုးတို့၏ အတွင်း၌ တည်၏။ ထိုခြင်ဆီနှင့် အရိုးတို့တွင် ဥပမာအားဖြင့် ဝါးကျည်တောက် စသည်တို့၏ အတွင်း၌ ပြုတ်ဖြောထားသည့် ကြိမ်ညွန့်စသည်တို့ကို ထည့်ထားလျှင် ဝါးကျည်တောက် စသည်တို့သည် ငါတို့၌ ကြိမ်ညွန့်စသည်တို့ကို ထည့်ထားသည်ဟု မသိကုန်၊ ကြိမ်ညွန့် စသည်တို့ကလည်း ငါတို့သည် ဝါးကျည်တောက် စသည်တို့၌ တည်ကြသည်ဟု မသိကုန်သကဲ့သို့ ဤအတူပင် အရိုးတို့သည် ငါတို့၏အတွင်း၌ ခြင်ဆီတည်သည်ဟု မသိကုန်၊ ခြင်ဆီကလည်း ငါသည် အရိုးတို့၏အတွင်း၌ တည်သည်ဟု မသိ၊ ဤခြင်ဆီနှင့် အရိုးဟူသော ရုပ်တရားတို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍ ရိုးတွင်းခြင်ဆီမည်သည်မှာ ဤကိုယ်ထဲ၌ သီခြား အဖို့တခုပေတည်း ။ပ။ ပထဝီဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
အညှို့ကို ရှုပုံ
၃၂ဝ။ အညှို့သည် လည်ချောင်းမှထွက်သော တခုတည်းသော အကြောမဖြင့် အတန်ငယ်သွားပြီးလျှင် နှစ်ဖြာကွဲသော အကြောကြီးဖြင့် ဖွဲ့စပ်ထားသည်ဖြစ်၍ နှလုံးသားကို ခြံရံလျက် တည်၏။ ထိုအညှို့နှင့် အကြောကြီးတို့တွင် ဥပမာအားဖြင့် အညှာဖြင့် ဖွဲ့တွယ်လျက်ရှိသော သရက်သီး နှစ်လုံးပြွတ်ရှိရာဝယ် အညှာသည် ငါက သရက်သီးနှစ်လုံးပြွတ်ကို ဖွဲ့တွယ်ထားသည်ဟု မသိ၊ သရက်သီးနှစ်လုံးပြွတ်ကလည်း ငါ့ကို အညှာက ဖွဲ့တွယ်ထားသည်ဟု မသိသကဲ့သို့
၆၄၆
ဤအတူပင် အကြောကြီးသည် ငါက အညှို့ကို ဖွဲ့တွယ်ထားသည်ဟု မသိ၊ အညှို့ကလည်း ငါ့ကို အကြောကြီးက ဖွဲ့တွယ်ထားသည်ဟု မသိ။ ဤအညှို့နှင့် အကြောကြီးဟူသော ရုပ်တရားတို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍ အညှို့မည်သည်မှာ ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း ။ပ။ ပထဝီဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
နှလုံးကို ရှုပုံ
၃၂၁။ နှလုံးသည် ကိုယ်အတွင်း၌ ရင်ရိုးချိုင့်၏ အလယ်ကိုမှီ၍ တည်၏။ ထိုနှလုံးနှင့် ရင်ရိုးချိုင့်တို့တွင် ဥပမာအားဖြင့် ဆွေးမြည့်သော သံလျှင်းချိုင့်ကိုမှီ၍ သားတစ်ကိုထားလျှင် သံလျှင်းချိုင့်အတွင်းအရပ်သည် ငါ့ကိုမှီ၍ သားတစ်တည်သည်ဟု မသိ၊ သားတစ်ကလည်း ငါသည် ဆွေးမြည့်သော သံလျှင်းချိုင့်ကို မှီ၍ တည်သည်ဟု မသိသကဲ့သို့ ဤအတူပင် ရင်ရိုးချိုင့် အတွင်းအရပ်သည် ငါ့ကိုမှီ၍ နှလုံးတည်သည်ဟု မသိ၊ နှလုံးကလည်း ငါသည် ရင်ရိုးချိုင့်ကိုမှီ၍ တည်သည်ဟု မသိ၊ ဤနှလုံးနှင့် ရင်ရိုးချိုင့်ဟူသော ရုပ်တရားတို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ [၃၅၂] သို့ဖြစ်၍ နှလုံးမည်သည်မှာ ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း ။ပ။ ပထဝီဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
အသည်းကို ရှုပုံ
၃၂၂။ အသည်းသည် ကိုယ်၏အတွင်းဝယ် သားမြတ်နှစ်ခုတို့၏ အကြား၌ လကျ်ာနံပါးကို မှီ၍ တည်၏။ ထိုအသည်းနှင့် သားမြတ်နှစ်ခုအကြား လကျ်ာနံပါးတို့တွင် ဥပမာအားဖြင့် ဟင်းအိုးအုံနံပါး၌ အသားစိုင်အစုံ တွယ်ကပ်နေလျှင် ဟင်းအိုးအုံနံပါးသည်
၆၄၇
ငါ၌ အသားစိုင်အစုံ တွယ်ကပ်နေသည်ဟု မသိ၊ အသားစိုင်အစုံကလည်း ငါသည် ဟင်းအိုးအုံနံပါး၌ တွယ်ကပ်နေသည်ဟု မသိသကဲ့သို့ ဤအတူပင် သားမြတ်နှစ်ခုအကြား လကျ်ာနံပါးသည် ငါ့ကိုမှီ၍ အသည်းတည်သည်ဟု မသိ၊ အသည်းကလည်း ငါသည် သားမြတ်နှစ်ခုအကြား လကျ်ာနံပါးကို မှီ၍ တည်သည်ဟု မသိ၊ ဤအသည်းနှင့် သားမြတ်နှစ်ခုအကြား လကျ်ာနံပါးဟူသော ရုပ်တရားတို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍ အသည်းမည်သည်မှာ ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း ။ပ။ ပထဝီဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
အမြှေးကို ရှုပုံ
၃၂၃။ အမြှေးတို့တွင် အဖုံးအလွှမ်း အမြှေးသည် နှလုံးနှင့် အညှို့ကို ဝန်းရံဖုံးလွှမ်းလျက် တည်၏၊ အဖုံးအလွှမ်း မဟုတ်သော အမြှေးသည် တကိုယ်လုံးဝယ် အရေ၏အောက်၌ အသားကို မြှေးယှက်လျက် တည်၏။ ထိုအမြှေးနှင့် နှလုံးစသည်တို့တွင် ဥပမာအားဖြင့် အသားကို ပုဆိုးကြမ်းဖြင့် ရစ်ပတ်ထားလျှင် အသားသည် ငါ့ကို ပုဆိုးကြမ်းဖြင့် ရစ်ပတ်ထားသည်ဟု မသိ၊ ပုဆိုးကြမ်းကလည်း ငါသည် အသားကို ရစ်ပတ်ထားသည်ဟု မသိသကဲ့သို့ ဤအတူပင် အညှို့နှလုံးတို့နှင့် တကိုယ်လုံးက အသားသည် ငါ့ကိုအမြှေးက ရစ်ပတ်ထားသည်ဟု မသိ၊ အမြှေးကလည်း ငါသည် အညှို့နှလုံးတို့နှင့် တကိုယ်လုံးက အသားကို ဖုံးလွှမ်းထားသည်ဟု မသိ၊ ဤအမြှေးနှင့် နှလုံး အညှို့ အသားဟူသော ရုပ်တရားတို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍ အမြှေးမည်သည်မှာ ဤကိုယ်ထဲ၌ သီးခြား အဖို့တခု ပေတည်း ။ပ။ ပထဝီဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
၆၄၈
အဖျဉ်းကို ရှုပုံ
၃၂၄။ အဖျဉ်းသည် နှလုံးသား၏ လက်ဝဲဘက်၌ အစာသစ်အိမ် အရေလွှာ၏ အထက်နံပါးကို မှီ၍ တည်၏။ ထိုအဖျဉ်းနှင့် အစာသစ်အိမ် အရေလွှာတို့တွင် ဥပမာအားဖြင့် နွားချေးစိုင်သည် ကျီ၏ အထက်နံပါးကို မှီ၍ တည်နေလျှင် ကျီ၏ အထက်နံပါးသည် ငါ့ကိုမှီ၍ နွားချေးစိုင် တည်သည်ဟု မသိ၊ နွားချေးစိုင်ကလည်း ငါသည် ကျီ၏ အထက်နံပါးကိုမှီ၍ တည်သည်ဟု မသိသကဲ့သို့ ဤအတူပင် အစာသစ်အိမ် အရေလွှာ၏ အထက်နံပါးသည် ငါ့ကိုမှီ၍ အဖျဉ်း တည်သည်ဟု မသိ၊ အဖျဉ်းကလည်း ငါသည် အစာသစ်အိမ် အရေလွှာ၏ အထက်နံပါးကိုမှီ၍ တည်သည်ဟု မသိ၊ ဤအဖျဉ်းနှင့် အစာသစ်အိမ် အရေလွှာ အထက်နံပါးဟူသော ရုပ်တရားတို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍ အဖျဉ်းမည်သည်မှာ ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း ။ပ။ ပထဝီဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
အဆုတ်ကို ရှုပုံ
[၃၅၃] ၃၂၅။ အဆုတ်သည် ကိုယ်၏အတွင်း၌ သားမြတ်နှစ်ခုတို့၏ အကြားဝယ် နှလုံးနှင့် အသည်းကို အထက်မှ ဖုံးအုပ်ကာ တွဲလွဲဆွဲလျက် တည်၏။ ထိုအဆုတ်နှင့် ကိုယ်၏ အတွင်းအရပ်တို့တွင် ဥပမာအားဖြင့် ဆွေးမြည့်နေသော ကျီ၏အတွင်း၌ စာပေါင်းသိုက် တွဲလွဲဆွဲလျက်ရှိနေလျှင် ဆွေးမြည့်သော ကျီအတွင်းအရပ်သည် ငါ၌ စာပေါင်းသိုက် တွဲလွဲဆွဲလျက် တည်သည်ဟု မသိ၊ စာပေါင်းသိုက်ကလည်း ငါသည် ဆွေးမြည့်သော ကျီ၏ အတွင်းအရပ်၌ တွဲလွဲဆွဲလျက် တည်သည်ဟု မသိသကဲ့သို့ ဤအတူပင် ထိုကိုယ်၏
၆၄၉
အတွင်းအရပ်သည် ငါ၌ အဆုတ်သည် တွဲလွဲဆွဲလျက် တည်သည်ဟု မသိ၊ အဆုတ်ကလည်း ငါသည် ဤသို့သဘောရှိသော ကိုယ်၏အတွင်းအရပ်၌ တွဲလွဲဆွဲလျက် တည်သည်ဟု မသိ၊ ဤအဆုတ်နှင့် ကိုယ်၏အတွင်းအရပ်ဟူသော ရုပ်တရားတို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍ အဆုတ်မည်သည်မှာ ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း ။ပ။ ပထဝီဓာတ်ပေတည်းဟူ၍ (နှလုံးသွင်းအပ်၏)။
အူမကို ရှုပုံ
၃၂၆။ အူမသည် လည်ချောင်းအစ ကျင်ကြီးပေါက်အဆုံးရှိသော ကိုယ်၏အတွင်း၌ တည်၏။ ထိုအူမနှင့် ကိုယ်၏ အတွင်းအရပ်တို့တွင် ဥပမာအားဖြင့် သွေးပြည့်သော စာကျင်း၌ ခေါင်းဖြတ်ထားသည့် ထန်းမြွေ၏ကိုယ်ကို၁ ခွေ၍ထည့်ထားလျှင် သွေးစားကျင်းသည် ငါ၌ ထန်းမြွေ၏ကိုယ် တည်သည်ဟု မသိ၊ ထန်းမြွေ၏ကိုယ်ကလည်း ငါသည် သွေးစားကျင်း၌ တည်သည်ဟု မသိသကဲ့သို့ ဤအတူပင် ကိုယ်၏အတွင်းအရပ်သည် ငါ၌ အူမ တည်သည်ဟု မသိ၊ အူမကလည်း ငါသည် ကိုယ်၏အတွင်း၌ တည်သည်ဟု မသိ၊ ဤအူမနှင့် ကိုယ်၏အတွင်းအရပ်ဟူသော ရုပ်တရားတို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍ အူမမည်သည်မှာ
၁- ဤ၌ ထန်းမြွေဟူသော အနက်သည် ဓမ္မနီ-ပုဒ်၏ အနက်ဖြစ်သည်၊ ပြည်နိဿယ၌ ကျိုင်းကောင်ဟု ပြန်၏၊ ၎င်းထန်းမြွေကိုပင် ဆိုသည် ဖြစ်ရာ၏၊ သီဟိုဠ် အဘိဓာတ်နိဿယ-၌ကား လင်းမြွေဟု ပြန်သည်ဟူ၏၊ ဃရသပ္ပ-ပုဒ်နှင့် အနက်တူ ဖြစ်သောကြောင့် ထန်းမြွေဟူသော အနက်သာ သင့်သည်။
၆၅၀
ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း ။ပ။ ပထဝီဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
အူသိမ်ကို ရှုပုံ
၃၂၇။ အူသိမ်သည် အူမတို့၏အကြား၌ နှစ်ဆဲ့တခုသော အူခွေတို့ကို ဖွဲ့တွယ်လျက် တည်၏။ ထိုအူသိမ်နှင့် အူမတို့တွင် ဥပမာအားဖြင့် ကြိုးငယ်တို့သည် ခြေသုတ်ကြိုးဝန်းကို ချုပ်စပ်လျက် တည်နေကြလျှင် ခြေသုတ်ကြိုးဝန်းသည် ကြိုးငယ်များက ငါ့ကို ချုပ်စပ်လျက် တည်ကြသည်ဟု မသိ၊ ကြိုးငယ်များကလည်း ငါတို့သည် ခြေသုတ်ကြိုးဝန်းကို ချုပ်စပ်လျက် တည်ကြသည်ဟု မသိကုန်သကဲ့သို့ ဤအတူပင် အူမသည် အူသိမ်က ငါ့ကို ဖွဲ့တွယ်လျက် တည်သည်ဟု မသိ၊ အူသိမ်ကလည်း ငါသည် အူမကို ဖွဲ့တွယ်လျက် တည်သည်ဟု မသိ၊ ဤအူသိမ်နှင့် အူမဟူသော ရုပ်တရားတို့သည် အချင်းချင်း နှလုံးသွင်း ဆင်ခြင်းခြင်း ကင်းကုန်၏။ သို့ဖြစ်၍ အူသိမ်မည်သည်မှာ ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း ။ပ။ ပထဝီဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
အစာသစ်ကို ရှုပုံ
၃၂၈။ အစာသစ်သည် အစာသစ်အိမ်၌တည်သော စား-သောက်-ခဲ-လျက်လိုက်သည့် အစာပေတည်း။ ထိုအစာနှင့် အစာသစ်အိမ်တို့တွင် ဥပမာအားဖြင့် ခွေးစားခွက်၌ ခွေးအန်ဖတ် တည်နေရာဝယ် ခွေးစားခွက်သည် ငါ၌ ခွေးအန်ဖတ် တည်သည်ဟု မသိ၊ ခွေးအန်ဖတ်ကလည်း ငါသည် ခွေးစားခွက်၌ တည်သည်ဟု မသိသကဲ့သို့ ဤအတူပင် အစာသစ်အိမ်သည် ငါ၌ အစာသစ် [၃၅၄] တည်သည်ဟု မသိ၊ အစာသစ်ကလည်း ငါသည် အစာသစ်အိမ်၌
၆၅၁
တည်သည်ဟု မသိ၊ ဤအစာသစ်နှင့် အစာသစ်အိမ်ဟူသော ရုပ်တရားတို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍ အစာသစ်မည်သည်မှာ ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း ။ပ။ ပထဝီဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
အစာဟောင်းကို ရှုပုံ
၃၂၉။ အစာဟောင်းခေါ် ကျင်ကြီးသည် လက်ရှစ်သစ်ရှိ ဝါးကျည်တောက်နှင့်တူသော အစာကျက်၏တည်ရာ အစာဟောင်းအိမ်ဟုဆိုအပ်သော အူမ၏ အဆုံးပိုင်း၌ တည်၏။ ထိုကျင်ကြီးနှင့် ကျင်ကြီးအိမ်တို့တွင် ဥပမာအားဖြင့် ဝါဖျော့သော မြေညက်နုကို ဝါးကျည်တောက်၌ နယ်သိပ်၍ ထည့်ထားလျှင် ဝါးကျည်တောက်သည် ငါ၌ ဝါဖျော့သော မြေညက် တည်သည်ဟု မသိ၊ ဝါဖျော့သော မြေညက်ကလည်း ငါသည် ဝါးကျည်တောက်၌ တည်သည်ဟု မသိသကဲ့သို့ ဤအတူပင် ကျင်ကြီးအိမ်သည် ငါ၌ ကျင်ကြီးတည်သည်ဟု မသိ၊ ကျင်ကြီးကလည်း ငါသည် ကျင်ကြီးအိမ်၌ တည်သည်ဟု မသိ၊ ဤကျင်ကြီးနှင့် ကျင်ကြီးအိမ်ဟူသော ရုပ်တရားတို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍ ကျင်ကြီးမည်သည်မှာ ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း ။ပ။ ပထဝီဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
ဦးနှောက်ကို ရှုပုံ
၃၃ဝ။ ဦးနှောက်သည် ဦးခေါင်းခွံအတွင်း၌ တည်၏။ ထိုဦးနှောက်နှင့် ဦးခေါင်းခွံအတွင်းအရပ်တို့တွင် ဥပမာအားဖြင့် ဟောင်းမြင်းသော ဗူးအုံ၌ မုန့်ညက်စိုင်ကို ထည့်ထားလျှင် ဗူးအုံသည် ငါ၌
၆၅၂
မုန့်ညက်စိုင်တည်သည်-ဟု မသိ၊ မုန့်ညက်စိုင်ကလည်း ငါသည် ဗူးအုံ၌ တည်သည်ဟု မသိသကဲ့သို့ ဤအတူပင် ဦးခေါင်းခွံ၏ အတွင်းအရပ်သည် ငါ၌ ဦးနှောက်တည်သည်ဟု မသိ၊ ဦးနှောက်ကလည်း ငါသည် ဦးခေါင်းခွံအတွင်း၌ တည်သည်ဟု မသိ၊ ဤဦးနှောက်နှင့် ဦးခေါင်းခွံဟူသော ရုပ်တရားတို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍ ဦးနှောက်မည်သည်မှာ ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း၊ စိတ်စေတနာမရှိ၊ အဗျာကတတရားပေတည်း၊ (ဝါ-အာရုံကို မသိတတ် သော တရားပေတည်း)၊ အတ္တမှ ဆိတ်၏၊ သတ္တဝါမဟုတ်၊ ခက်မာကြမ်းတမ်းသော ပထဝီဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
သည်းခြေကို ရှုပုံ
၃၃၁။ သည်းခြေနှစ်မျိုးတို့တွင် အဗဒ္ဓသည်းခြေသည် ဇီဝိတိန္ဒြေနှင့်စပ်၏ တကိုယ်လုံးကို ပြန့်နှံ့၍ တည်၏၊ ဗဒ္ဓသည်းခြေသည် သည်းခြေအိမ်၌ တည်၏။ ထိုသည်းခြေနှစ်မျိုးနှင့် တည်ရာတို့တွင် ဥပမာအားဖြင့် ဆီသည် မုံ့ကိုပြန့်နှံ့၍ တည်လတ်သော် မုံ့သည် ဆီက ငါ့ကို ပြန့်နှံ့လျက် တည်သည်ဟု မသိ၊ ဆီကလည်း ငါသည် မုံ့ကို ပြန့်နှံ့လျက် တည်သည်ဟု မသိသကဲ့သို့ ဤအတူပင် ကိုယ်သည် အဗဒ္ဓသည်းခြေက ငါ့ကို ပြန့်နှံ့လျက် တည်သည်ဟု မသိ၊ အဗဒ္ဓသည်းခြေကလည်း ငါသည် ကိုယ်ကို ပြန့်နှံ့လျက် တည်သည်ဟု မသိ။ (ဗဒ္ဓသည်းခြေ၏ ဥပမာကား) သပွတ်ခါးသီးအိမ်သည် မိုးရေဖြင့် ပြည့်နေလျှင် သပွတ်ခါးသီးအိမ်သည် ငါ၌ မိုးရေတည်သည်ဟု မသိ၊ မိုးရေကလည်း ငါသည် သပွတ်ခါးသီးအိမ်၌ တည်သည်ဟု မသိသကဲ့သို့ ဤအတူပင် သည်းခြေအိမ်သည် ငါ၌ ဗဒ္ဓသည်းခြေ တည်သည်ဟု မသိ၊ ဗဒ္ဓသည်းခြေကလည်း ငါသည် သည်းခြေအိမ်၌ တည်သည်ဟု မသိ၊
၆၅၃
ဤသည်းခြေနှစ်မျိုးနှင့် တည်ရာဟူသော ရုပ်တို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ [၃၅၅] သို့ဖြစ်၍ သည်းခြေမည်သည်မှာ ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း၊ စိတ် စေတနာ မရှိ၊ အဗျာကတ တရားပေတည်း (ဝါ-အာရုံကို မသိတတ်သော တရားပေတည်း)၊ အတ္တမှဆိတ်၏၊ သတ္တဝါမဟုတ်၊ အရည်သဘောဖြစ်၍ ဖွဲ့စည်းသော အခြင်းအရာရှိသော အာပေါဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
သလိပ်ကို ရှုပုံ
၃၃၂။ သလိပ်သည် တကွန်းစား- တစလယ်ပြည့် ပမာဏရှိ၏ အစာအိမ်အရေလွှာ၌ တည်၏။ ထိုသလိပ်နှင့် အစာအိမ် အရေလွှာတို့တွင် ဥပမာအားဖြင့် တံစီးအိုင်မှာ အထက်၌ အမြှုပ်လွှာဖြစ်လျက် တည်နေလတ်သော် တံစီးအိုင်သည် ငါ၌ အမြှုပ်လွှာတည်သည်ဟု မသိ၊ အမြှုပ်လွှာကလည်း ငါသည် တံစီးအိုင်၌ တည်သည်ဟု မသိသကဲ့သို့ ဤအတူပင် အစာသစ်အိမ် အရေလွှာသည် ငါ၌ သလိပ်တည်သည်ဟု မသိ၊ သလိပ်ကလည်း ငါသည် အစာသစ်အိမ် အရေလွှာ၌ တည်သည်ဟု မသိ၊ ဤသလိပ်နှင့် အစာသစ်အိမ် အရေလွှာတို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍ သလိပ်မည်သည်မှာ ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း ။ပ။ အာပေါဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
ပြည်ကို ရှုပုံ
၃၃၃။ ပြည်မှာ အမြဲတမ်းတည်ရာ မရှိ၊ သစ်ငုတ် ဆူး လက်နက် မီးလျှံ စသည်တို့ဖြင့် ထိခိုက်ခံရသော အကြင် အကြင် ကိုယ်အစိတ်အပိုင်းအရပ်၌ သွေးသည် စုဝေးတည်နေလျက် ရင့်ကျက်၏၊
၆၅၄
အိုင်းအမာ အဖုအလုံး စသည်တို့သည်မူလည်း (အကြင် အကြင် ကိုယ်အစိတ်အပိုင်းအရပ်၌) ဖြစ်ပေါ်ကုန်၏၊ ထိုထို ကိုယ်အစိတ်အပိုင်း အရပ်၌ (ပြည်သည်) တည်၏။ ထိုပြည်နှင့် ကိုယ်အစိတ်အပိုင်းအရပ်တို့တွင် ဥပမာအားဖြင့် ပုဆိန်ဖြင့်ခုတ်ခြင်း စသည်၏ အစွမ်းဖြင့် သစ်ပင်၌ အစေး ယိုထွက်နေလတ်သော် သစ်ပင်၏ အခုတ်ခံရရာစသော အစိတ်အပိုင်းတို့သည် ငါတို့၌ အစေးတည်သည်ဟု မသိ၊ အစေးကလည်း ငါသည် သစ်ပင်၏ အခုတ်ခံရရာစသော အစိတ်အပိုင်းတို့၌ တည်သည်ဟု မသိသကဲ့သို့ ဤအတူပင် သစ်ငုတ် ဆူး စသည်တို့ဖြင့် ထိခိုက်မိရာ ကိုယ်အစိတ်အပိုင်း အရပ်တို့သည် ငါတို့၌ ပြည်တည်သည်ဟု မသိကုန်၊ ပြည်ကလည်း ငါသည် ထိုကိုယ်အစိတ်အပိုင်း အရပ်တို့၌ တည်သည်ဟု မသိ၊ ဤပြည်နှင့် ထိခိုက်မိရာ ကိုယ်အစိတ်အပိုင်း အရပ်ဟူသော ရုပ်တရားတို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍ ပြည်မည်သည်မှာ ဤ ကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း ။ပ။ အာပေါဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
သွေးကို ရှုပုံ
၃၃၄။ သွေးတို့တွင် ရွေ့ရှားသွားနေသော သံသရဏသွေးသည် အဗဒ္ဓသည်းခြေကဲ့သို့ တကိုယ်လုံးကို ပြန့်နှံ့၍ တည်၏၊ စုဝေးတည်နေသော သန္နိစိတသွေးသည် အသည်းတည်ရာအရပ်၏ အောက်အဖို့ကို ပြည့်စေလျက် တကွန်းစားပြည့်မျှ ရှိ၏ အညှို့ နှလုံး အသည်း အဆုတ်တို့ကို စိုစွတ်စေလျက် တည်၏။ ထိုသွေးနှစ်မျိုးတို့တွင် သံသရဏသွေး၌ အဆုံးအဖြတ်သည် အဗဒ္ဓသည်းခြေ အဆုံးအဖြတ်နှင့် တူသည်သာတည်း။ သန္နိစိတသွေးကိုမူ ဥပမာအားဖြင့် (ဤသို့ သိအပ်၏) ဆွေးမြည့်သော အိုးကင်းကို မိုးရေစွတ်ထားလျှင်
၆၅၅
အိုးကင်း၌ရှိသော ရေသည် အိုးကင်းအောက်၌ အုတ်ခဲပိုင်း စသည်တို့ကို စိုစွတ်စေရာဝယ် အုတ်ခဲပိုင်းစသည်တို့သည် ငါတို့ကို အိုးကင်း၌ ရေက စိုစွတ်စေသည်ဟု မသိကုန်၊ အိုးကင်း၌ ရေကလည်း [၃၅၆] ငါသည် အုတ်ခဲပိုင်း စသည်တို့ကို စိုစွတ်စေသည်ဟု မသိသကဲ့သို့ ဤအတူပင် အသည်း၏ အောက်အဖို့ အရပ်သည်၎င်း, အညှို့စသည်တို့သည်၎င်း ငါ၌ သွေးတည်သည်ဟူ၍၎င်း, ငါတို့ကို စိုစွတ်စေလျက် သွေးတည်သည်ဟူ၍၎င်း မသိကုန်၊ သွေးကလည်း ငါသည် အသည်း၏အောက်အဖို့ကို ပြည့်စေလျက် အညှို့စသည်တို့ကို စိုစွတ်စေလျက် တည်သည်ဟု မသိ၊ ဤသွေးနှင့် တည်ရာအရပ်ဟူသော ရုပ်တရားတို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍ သွေးမည်သည်မှာ ဤကိုယ်ထဲ၌ သီးခြားအဖို့တခုပေတည်း ။ပ။ အာပေါဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
ချွေးကို ရှုပုံ
၃၃၅။ ချွေးသည် မီးဖြင့် ပူလောင်ခြင်း အစရှိသော ကာလတို့၌ ဆံတွင်း မွေးတွင်း အပေါက်တို့ကို ပြည့်စေလျက် တည်လည်း တည်၏ ယိုထွက်လည်း ယိုထွက်၏။ ထိုချွေးနှင့် ဆံတွင်း မွေးတွင်း အပေါက်တို့တွင် ဥပမာအားဖြင့် ကြာစွယ် ကြာရင်း ကုမုဒ္ဒရာကြာရိုးစည်းတို့ကို ရေထဲမှ နုတ်ဆယ်ပြီးကာမျှ ဖြစ်လျှင် ကြာစွယ်စည်း စသည်၏ အပေါက်တို့သည် ငါတို့မှ ရေယိုထွက်သည်ဟု မသိကုန်၊ ၎င်းတို့မှ ယိုထွက်သည့် ရေကလည်း ငါသည် ကြာစွယ်စည်းစသည်၏ အပေါက်တို့မှ ယိုထွက်သည်ဟု မသိသကဲ့သို့ ဤအတူပင် ဆံတွင်း မွေးတွင်း ပေါက်တို့သည် ငါတို့မှ ချွေးယိုထွက်သည်ဟု မသိကုန်၊ ချွေးကလည်း ငါသည် ဆံတွင်း မွေးတွင်း ပေါက်တို့မှ ယိုထွက်သည်ဟု မသိ၊ ဤချွေးနှင့် ဆံတွင်း မွေးတွင်းပေါက်ဟူသော ရုပ်တရားတို့သည်
၆၅၆
အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍ ချွေးမည်သည်မှာ ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း ။ပ။ အာပေါဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
အဆီခဲကို ရှုပုံ
၃၃၆။ အဆီခဲသည် ဝသောသူမှာ တကိုယ်လုံးကို ပြန့်နှံ့၍ ပိန်သောသူမှာ ခြေသလုံး အသားပုံ စသည်တို့ကိုမှီ၍ တည်သော ပြစ်ခဲသော အဆီတည်း။ ထိုအဆီခဲနှင့် တည်ရာအရပ်တို့တွင် ဥပမာအားဖြင့် အသားစုကို နနွင်းဆိုး ပုဆိုးကြမ်းဖြင့် ဖုံးလွှမ်းထားလျှင် အသားစုသည် ငါ့ကိုမှီ၍ နနွင်းဆိုး ပုဆိုးကြမ်း တည်သည်ဟု မသိ၊ နနွင်းဆိုး ပုဆိုးကြမ်းကလည်း ငါသည် အသားစုကိုမှီ၍ တည်သည်ဟု မသိသကဲ့သို့ ဤအတူပင် တကိုယ်လုံး၌သော်၎င်း၊ ခြေသလုံး စသည်တို့၌သော်၎င်း (ရှိသော) အသားသည် ငါ့ကိုမှီ၍ အဆီခဲတည်သည်ဟု မသိ၊ အဆီခဲကလည်း ငါသည် တကိုယ်လုံး၌သော်၎င်း၊ ခြေသလုံး စသည်တို့၌သော်၎င်း (ရှိသော) အသားကိုမှီ၍ တည်သည်ဟု မသိ၊ ဤအဆီခဲနှင့် မှီရာအသားဟူသော ရုပ်တရားတို့သည် အချင်းချင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍ အဆီခဲမည်သည်မှာ ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း ။ပ။ အာပေါဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
မျက်ရည်ကို ရှုပုံ
[၃၅၇] ၃၃၇။ မျက်ရည်သည် ဖြစ်ပေါ်သောအခါ၌ မျက်တွင်းတို့ကို ပြည့်စေလျက်မူလည်း တည်၏၊ ယိုစီးလျက်မူလည်း ထွက်၏။ ထိုမျက်ရည်နှင့် မျက်တွင်းတို့တွင် ဥပမာအားဖြင့် နုသော ထန်းသီးစေ့တွင်းငယ် တို့သည် ရေဖြင့် ပြည့်နေကြလျှင် နုသော ထန်းစေ့တွင်းငယ်တို့သည်
၆၅၇
ငါတို့၌ ရေတည်သည်ဟု မသိကုန်၊ ၎င်းတို့၌ တည်သည့်ရေကလည်း ငါသည် နုသော ထန်းစေ့တွင်းငယ်တို့၌ တည်သည်ဟု မသိသကဲ့သို့ ဤအတူပင် မျက်တွင်းတို့သည် ငါတို့၌ မျက်ရည်တည်သည်ဟု မသိကုန်၊ မျက်ရည်ကလည်း ငါသည် မျက်တွင်းတို့၌ တည်သည်ဟု မသိ၊ ဤမျက်ရည်နှင့် မျက်တွင်းဟူသော ရုပ်တရားတို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍ မျက်ရည်မည်သည်မှာ ဤကိုယ်ထဲ၌ သီးခြား အဖို့ တခုပေတည်း ။ပ။ အာပေါဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
ဆီကြည်ကို ရှုပုံ
၃၃၈။ ဆီကြည်သည် မီးဖြင့် ပူသောကာလ စသည်၌ လက်ဖဝါးပြင် လက်ဖမိုး ခြေဖဝါးပြင် ခြေဖမိုး နှာခေါင်းဖု နဖူး ပခုံးစွန်းတို့၌ တည်သော ကြည်သော အဆီပေတည်း။ ထိုဆီကြည်နှင့် တည်ရာအရပ်တို့တွင် ဥပမာအားဖြင့် ထမင်းချိုးကို ဆီဆမ်းထားလျှင် ထမင်းချိုးသည် ငါ့ကို ဆီက လွှမ်းလျက်တည်သည်ဟု မသိ၊ ဆီကလည်း ငါသည် ထမင်းချိုးကို လွှမ်းလျက်တည်သည်ဟု မသိသကဲ့သို့ ဤအတူပင် လက်ဖဝါးပြင်စသော အရပ်သည် ငါ့ကို ဆီကြည်က လွှမ်းလျက် တည်သည်ဟု မသိ၊ ဆီကြည်ကလည်း ငါသည် လက်ဖဝါးပြင်စသော အရပ်ကို လွှမ်းလျက် တည်သည်ဟု မသိ၊ ဤဆီကြည်နှင့် တည်ရာအရပ်ဟူသော ရုပ်တရားတို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍ ဆီကြည်မည်သည်မှာ ဤကိုယ်ထဲ၌ သီခြား အဖို့တခုပေတည်း ။ပ။ အာပေါဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
၆၅၈
တံထွေးကို ရှုပုံ
၃၃၉။ တံထွေးသည် ထိုသို့သဘောရှိသော တံထွေးဖြစ်ခြင်း၏ အကြောင်းရှိလျှင် နှစ်ဖက်သော ပါးစောင်တို့မှ သက်ဆင်း၍ လျှာအပြင်-လျှာပေါ်၌ တည်၏။ ထိုတံထွေးနှင့် လျှာအပြင်တို့တွင် ဥပမာအားဖြင့် မြစ်ကမ်း၌ လက်ယက်တွင်းငယ်သည် မပြတ်ရေထွက်နေလျှင် လက်ယက်တွင်းငယ်အပြင်သည်၁ ငါ၌ ရေတည်သည်ဟု မသိ၊ ရေကလည်း ငါသည် လက်ယက်တွင်းငယ်အပြင်၌ တည်သည်ဟု မသိသကဲ့သို့ ဤအတူပင် လျှာအပြင်-လျှာပေါ်အရပ်သည် နှစ်ဖက်သော ပါးစောင်တို့မှ ဆင်းသက်၍ တံထွေးသည် ငါ၌ တည်သည်ဟု မသိ၊ တံထွေးကလည်း ငါသည် နှစ်ဖက်သော ပါးစောင်တို့မှ ဆင်းသက်၍ လျှာပေါ်၌ တည်သည်ဟု မသိ၊ ဤတံထွေးနှင့် လျှာဟူသော ရုပ်တရားတို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍ တံထွေးမည်သည်မှာ ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း ။ပ။ အာပေါဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
နှပ်ကို ရှုပုံ
[၃၅၈] ၃၄ဝ။ နှပ်သည် ဖြစ်ပေါ်သောအခါ၌ နှာခေါင်းဖုတို့ကို ပြည့်စေလျက်မူလည်း တည်၏ ယိုမူလည်း ယိုထွက်၏။ ထိုနှပ်နှင့် နှာခေါင်းဖုတို့တွင် ဥပမာအားဖြင့် ယောက်သွား၌ (ဝါ-ကနုကမာ၌) နို့ဓမ်းပုပ်ဖြင့် ပြည့်နေလျှင် ယောက်သွားသည် ငါ၌
၁- ကူပတလံ-ပုဒ်၏ အနက်ဖြစ်သည်။ ဤ၌ အပြင်-ဟူသည်မှာ တွင်းငယ်၏ အတွင်းပတ်ဝန်းကျင်အရပ်ကို ဆိုလိုသည်။
၆၅၉
နို့ဓမ်းပုပ်တည်သည်ဟု မသိ၊ နို့ဓမ်းပုပ်ကလည်း ငါသည် ယောက်သွား၌ တည်သည်ဟု မသိသကဲ့သို့ ဤအတူပင် နှာခေါင်းဖုတို့သည် ငါတို့၌ နှပ်တည်သည်ဟု မသိကုန်၊ နှပ်ကလည်း ငါသည် နှာခေါင်းဖုတို့၌ တည်သည်ဟု မသိ၊ ဤနှပ်နှင့် နှာခေါင်းဖုတို့ဟူသော ရုပ်တရားတို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍ နှပ်မည်သည်မှာ ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း ။ပ။ အာပေါဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
အစေးကို ရှုပုံ
၃၄၁။ အစေးသည် အရိုးဆက်တို့၏ နယ်ဆီကိစ္စကို ပြီးစေလျက် တရာ့ရှစ်ဆယ်သော အရိုးဆက်တို့၌ တည်၏။ ထိုအစေးနှင့် အရိုးဆက်တို့တွင် ဥပမာအားဖြင့် ဝင်ရိုးကို ဆီဖြင့် လူးလိမ်းပေးလျှင် ဝင်ရိုးသည် ငါ့ကို ဆီက လူးလိမ်းလျက် တည်သည်ဟု မသိ၊ ဆီကလည်း ငါသည် ဝင်ရိုးကို လူးလိမ်းလျက် တည်သည်ဟု မသိသကဲ့သို့ ဤအတူပင် တရာ့ရှစ်ဆယ်သော အရိုးဆက်တို့သည် ငါတို့ကို အစေးက လူးလိမ်းလျက် တည်သည်ဟု မသိကုန်၊ အစေးကလည်း ငါသည် တရာ့ရှစ်ဆယ်သော အရိုးဆက်တို့ကို လူးလိမ်းလျက် တည်သည်ဟု မသိ၊ ဤအစေးနှင့် အရိုးဆက်တို့ဟူသော ရုပ်တရားတို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍ အစေးမည်သည်မှာ ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း ။ပ။ အာပေါဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
ကျင်ငယ်ကို ရှုပုံ
၃၄၂။ ကျင်ငယ်သည် ဆီးအိမ်စည်ဖောင်း၏ အတွင်း၌ တည်၏။ ထိုကျင်ငယ်နှင့် ဆီးအိမ်တို့တွင် ဥပမာအားဖြင့်
၆၆၀
ရေဝင်ပေါက်မရှိသည့် ယဝနဃဋခေါ် ရေစစ်အိုးကို တံစီးအိုင်၌ ပစ်ချထားလျှင် ယဝနရေစစ်အိုးသည် ငါ၌ တံစီးရည် တည်သည်ဟု မသိ၊ တံစည်းရည်ကလည်း ငါသည် ယဝနရေစစ်အိုး၌ တည်သည်ဟု မသိသကဲ့သို့ ဤအတူပင် ဆီးအိမ်သည် ငါ၌ ကျင်ငယ်တည်သည်ဟု မသိ၊ ကျင်ငယ်ကလည်း ငါသည် ဆီးအိမ်၌ တည်သည်ဟု မသိ၊ ဤကျင်ငယ်နှင့် ဆီးအိမ်ဟူသော ရုပ်တရားတို့သည် အချင်းချင်း နှလုံးသွင်းခြင်း ဆင်ခြင်ခြင်း ကင်းကုန်၏။ သို့ဖြစ်၍ ကျယ်ငယ်မည်သည်မှာ ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း။ စိတ်စေတနာမရှိ၊ အဗျာကတတရားပေတည်း (ဝါ-အာရုံကို မသိတတ်သော တရားပေတည်း)၊ အတ္တမှ ဆိတ်၏၊ သတ္တဝါမဟုတ်၊ အရည်သဘောဖြစ်၍ ဖွဲ့စည်းသော အခြင်းအရာရှိသော အာပေါဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။
တေဇောဓာတ်လေးပါးကို ရှုပုံ
၃၄၃။ ဤဆိုခဲ့သည့်အတိုင်း ဆံပင်စသည်တို့၌ နှလုံးသွင်းခြင်းကို ဖြစ်စေပြီးလျှင် အကြင် (အပူငွေ့)ဖြင့် (ကိုယ်သည်) ပူလောင်၏၊ ဤအပူငွေ့သည် ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း၊ စိတ်စေတနာမရှိ၊ အဗျာကတတရားပေတည်း (ဝါ-အာရုံကို မသိတတ်သော တရားပေတည်း)၊ အတ္တမှ ဆိတ်၏၊ သတ္တဝါမဟုတ်၊ ကျက်စေသော အခြင်းအရာရှိသော တေဇောဓာတ်ပေတည်း-ဟူ၍ (နှလုံးသွင်းအပ်၏)။ အကြင် (အပူငွေ့)ဖြင့် (ကိုယ်သည်) အိုမင်းရင့်ယော်၏၊ (ဤအပူငွေ့သည် ဤကိုယ်ထဲ၌.. တေဇောဓာတ်ပေတည်း-ဟူ၍ နှလုံးသွင်းအပ်၏)။ [၃၅၉] အကြင် (အပူငွေ့)ဖြင့် (ကိုယ်ကို) ပြင်းစွာပူလောင်၏၊ (ဤအပူငွေ့သည် ဤကိုယ်ထဲ၌.. တေဇောဓာတ်ပေတည်း-ဟူ၍ နှလုံးသွင်းအပ်၏)။
၆၆၁
စားသောက် ခဲ-လျက် ထားသော အစာသည် အကြင် (အပူငွေ့)ဖြင့် ကောင်းစွာ ပြောင်းလဲခြင်း- ကျေကျက်ခြင်းသို့ ရောက်၏၊ ဤအပူငွေ့သည် ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း၊ စိတ်စေတနာမရှိ၊ အဗျာကတတရားပေတည်း၊ (ဝါ-အာရုံကို မသိတတ်သော တရားပေတည်း)၊ အတ္တမှ ဆိတ်၏၊ သတ္တဝါမဟုတ်၊ ကျက်စေသော အခြင်းအရာရှိသော တေဇောဓာတ်ပေတည်း- ဟူ၍ (နှလုံးသွင်းအပ်၏)။ ဤသို့ တေဇောဓာတ်အဖို့တို့၌ နှလုံးသွင်းခြင်းကို ဖြစ်စေအပ်၏။
ဝါယောဓာတ်၆-ပါးကို ရှုပုံ
၃၄၄။ ထို့နောင် ဆန်တက်လေတို့ကို ဆန်တက်လေအဖြစ်ဖြင့်၁ သိမ်းဆည်းပြီးလျှင် စုန်ဆင်းလေတို့ကို စုန်ဆင်းလေအဖြစ်ဖြင့်၊ ဝမ်းတွင်းလေတို့ကို ဝမ်းတွင်းလေအဖြစ်ဖြင့်၊ အူတွင်းလေတို့ကို အူတွင်းလေအဖြစ်ဖြင့်၊ အင်္ဂါကြီးငယ်လျှောက် လေတို့ကို အင်္ဂါကြီးငယ်လျှောက် လေအဖြစ်ဖြင့်၊ ဝင်သက် ထွက်သက်လေတို့ကို ဝင်သက် ထွက်သက်လေအဖြစ်ဖြင့် သိမ်းဆည်းပြီးလျှင် ဆန်တက်သော လေတို့မည်သည်မှာ ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း၊ စိတ်စေတနာမရှိ၊ အဗျာကတ တရားပေတည်း (ဝါ-အာရုံကို မသိတတ်သော တရားပေတည်း)၊ အတ္တမှ ဆိတ်၏၊ သတ္တဝါမဟုတ်၊ ထောက်ကန် တောင့်တင်းသော အခြင်းအရာရှိသော ဝါယောဓာတ်ပေတည်း-ဟူ၍၎င်း၊ စုန်ဆင်းသော လေတို့မည်သည်မှာ..၊ ဝမ်းတွင်းလေတို့ မည်သည်မှာ..၊
၁- ဥဒ္ဓင်္ဂမဝသေန-ပုဒ်ကို ဆန်တက်လေ၏ အစွမ်းအားဖြင့်-ဟု ပြန်သင့်သော်လည်း သာ၍ ပေါ်လွင်စေရန် အထက်ပါအတိုင်း ပြန်ထားသည်။
၆၆၂
အူတွင်းလေတို့မည်သည်မှာ..၊ အင်္ဂါကြီးငယ်လျှောက်လေတို့ မည်သည်မှာ..၊ ဝင်သက် ထွက်သက် လေတို့မည်သည်မှာ ဤကိုယ်ထဲ၌ သီးခြား အဖို့တခုပေတည်း၊ စိတ်စေတနာမရှိ၊ အဗျာကတ တရားပေတည်း (ဝါ-အာရုံကို မသိတတ်သော တရားပေတည်း)၊ အတ္တမှ ဆိတ်၏၊ သတ္တဝါမဟုတ်၊ ထောက်ကန်တောင့်တင်းသော အခြင်းအရာရှိသော ဝါယောဓာတ်ပေတည်း-ဟူ၍၎င်း ဤသို့ ဝါယောဓာတ်အဖို့တို့၌ နှလုံးသွင်းခြင်းကို ဖြစ်စေအပ်၏။ ဤဆိုခဲ့သည့်အတိုင်း နှလုံးသွင်းခြင်းကို ဖြစ်စေသော ထိုယောဂီရဟန်းအား ဓာတ်တို့သည် ထင်ရှားပေါ်ကုန်၏။ ထိုဓာတ်တို့ကို အဖန်တလဲလဲ ဆင်ခြင်နှလုံးသွင်းနေသော၁ ထိုယောဂီရဟန်းအား ဆိုခဲ့ပြီးသော နည်းဖြင့်ပင်လျှင် ဥပစာရသမာဓိသည် ဖြစ်ပေါ်၏။ (၂)
(၃) သလက္ခဏသင်္ခေပဖြင့် ရှုပုံ
၃၄၅။ ဤဆိုခဲ့သည့်အတိုင်း (သသမ္ဘာရဝိဘတ္တိဖြင့်) ပွါးစေသော်လည်း ကမ္မဋ္ဌာန်းသည် မပြီးစီး မပြည့်စုံသေးပဲ ရှိနေလျှင် ထိုယောဂီရဟန်းသည် သလက္ခဏသင်္ခေပအားဖြင့် ပွါးစေအပ်၏။ အဘယ်သို့နည်း?ဟူမူ- (ဆံပင် အစရှိသော) နှစ်ဆယ်သော အဖို့တို့၌ ခက်မာခြင်း သဘောလက္ခဏာကို ပထဝီဓာတ်ဟု ပိုင်းခြားဆုံးဖြတ် (ရှုဆင်ခြင်)အပ်၏၊ ထိုနှစ်ဆယ်သော အဖို့တို့၌ပင်လျှင် ဖွဲ့စည်းခြင်း သဘောလက္ခဏာကို အာပေါဓာတ်ဟု၊ ကျက်စေခြင်း သဘောလက္ခဏာကို တေဇောဓာတ်ဟု၊
၁- အာဝဇ္ဇတော မနသိကရောတော-ဟူသော ၂-ပုဒ်၏ အနက်ဖြစ်သည်။ ပါဠိအစဉ်သို့ မလိုက်ပဲ ''နှလုံးသွင်း ဆင်ခြင်နေသော''ဟု ဆိုလျှင် မြန်မာစကား သာ၍ချော၏။
၆၆၃
ထောက်ကန် တောင့်တင်းခြင်း သဘောလက္ခဏာကို ဝါယောဓာတ်ဟု (ပိုင်းခြားဆုံးဖြတ် ရှုဆင်ခြင်အပ်၏)။
(သည်းခြေစသော) တဆဲ့နှစ်ပါးသော အဖို့တို့၌ ဖွဲ့စည်းခြင်းသဘောလက္ခဏာကို အာပေါဓာတ်ဟု ပိုင်းခြားဆုံးဖြတ် (ရှုဆင်ခြင်)အပ်၏၊ ထိုတဆဲ့နှစ်ပါးသော အဖို့တို့၌ပင်လျှင် ကျက်စေခြင်း သဘောလက္ခဏာကို တေဇောဓာတ်ဟု၊ ထောက်ကန် တောင့်တင်းခြင်း သဘောလက္ခဏာကို ဝါယောဓာတ်ဟု၊ ခက်မာခြင်း သဘောလက္ခဏာကို ပထဝီဓာတ်ဟု (ပိုင်းခြားဆုံးဖြတ် ရှုဆင်ခြင်အပ်၏)။
(အဖျားရှိန် အပူငွေ့စသော) လေးပါးသောအဖို့တို့၌ ကျက်စေခြင်း သဘောလက္ခဏာကို တေဇောဓာတ်ဟု ပိုင်းခြားဆုံးဖြတ် (ရှုဆင်ခြင်)အပ်၏၊ ထိုလေးပါးသော အပူငွေ့နှင့် အသီးအခြား မခွဲနိုင်ကောင်းသော ထောက်ကန်တောင့်တင်းခြင်း သဘောလက္ခဏာကို ဝါယောဓာတ်ဟု၊ ခက်မာခြင်း သဘောလက္ခဏာကို ပထဝီဓာတ်ဟု၊ ဖွဲ့စည်းခြင်း သဘောလက္ခဏာကို အာပေါဓာတ်ဟု (ပိုင်းခြားဆုံးဖြတ် ရှုဆင်ခြင်အပ်၏)။
[၃၆ဝ] (ဆန်တက်လေစသော) ခြောက်ပါးသော အဖို့တို့၌ ထောက်ကန်တောင့်တင်းခြင်း သဘောလက္ခဏာကို ဝါယောဓာတ်ဟု ပိုင်းခြားဆုံးဖြတ် (ရှုဆင်ခြင်)အပ်၏၊ ထိုခြောက်ပါးသော အဖို့တို့၌ပင်လျှင် ခက်မာခြင်း သဘောလက္ခဏာ ကို ပထဝီဓာတ်ဟု၊ ဖွဲ့စည်းခြင်း သဘောလက္ခဏာကို အာပေါဓာတ်ဟု၊ ကျက်စေခြင်း သဘောလက္ခဏာကို တေဇောဓာတ်ဟု (ပိုင်းခြားဆုံးဖြတ် ရှုဆင်ခြင်အပ်၏)။ ဤသို့ ပိုင်းခြားဆုံးဖြတ်လျက် ရှုဆင်ခြင်နေသော ထိုယောဂီရဟန်းအား
၆၆၄
ဓာတ်တို့သည် ထင်ရှားပေါ်ကုန်၏၊ ထိုဓာတ်တို့ကို အဖန်တလဲလဲ ဆင်ခြင်နှလုံးသွင်းနေသော ထိုယောဂီရဟန်းအား ဆိုခဲ့ပြီးသော နည်းဖြင့်ပင်လျှင် ဥပစာရသမာဓိသည် ဖြစ်ပေါ်၏။ (၃)
(၄) သလက္ခဏဝိဘတ္တိဖြင့် ရှုပုံ
၃၄၆။ ဤဆိုခဲ့သည့်အတိုင်း (သလက္ခဏသင်္ခေပဖြင့်) ပွါးစေသော်လည်း ကမ္မဋ္ဌာန်းသည် မပြီးစီး မပြည့်စုံသေးပဲ ရှိနေလျှင် ထိုယောဂီရဟန်းသည် သလက္ခဏဝိဘတ္တိအားဖြင့် ပွါးစေအပ်၏။ အဘယ်သို့နည်း?ဟူမူ- ရှေး၌ ဆိုခဲ့ပြီးသော နည်းဖြင့်ပင်လျှင် ဆံပင်စသည်တို့ကို သိမ်းဆည်းပြီးလျှင် ဆံပင်၌ ခက်မာခြင်းသဘောလက္ခဏာကို ပထဝီဓာတ်ဟု ပိုင်းခြားဆုံးဖြတ် (ရှုဆင်ခြင်)အပ်၏၊ ထိုဆံပင်၌ပင်လျှင် ဖွဲ့စည်းခြင်း သဘောလက္ခဏာကို အာပေါဓာတ်ဟု၊ ကျက်စေခြင်း သဘောလက္ခဏာကို တေဇောဓာတ်ဟု၊ ထောက်ကန် တောင့်တင်းခြင်း သဘောလက္ခဏာကို ဝါယောဓာတ်ဟု (ပိုင်းခြားဆုံးဖြတ် ရှုဆင်ခြင်အပ်၏)၊ ဤအတူပင် အမွေးအစရှိသော ကောဋ္ဌာသ(အဖို့) အားလုံးတို့တွင်လည်း တပါး တပါးသော ကောဋ္ဌာသ(အဖို့)၌ လေးပါး လေးပါးကုန်သော ဓာတ်တို့ကို ပိုင်းခြားဆုံးဖြတ် (ရှုဆင်ခြင်)အပ်ကုန်၏။ ဤဆိုခဲ့သည့်အတိုင်း ပိုင်းခြားဆုံးဖြတ်လျက် ရှုဆင်ခြင်နေသော ထိုယောဂီရဟန်းအား ဓာတ်တို့သည် ထင်ရှားပေါ်ကုန်၏။ ထိုဓာတ်တို့ကို အဖန်တလဲလဲ ဆင်ခြင်နှလုံးသွင်းနေသော ထိုယောဂီရဟန်းအား ဆိုခဲ့ပြီးသော နည်းဖြင့်ပင်လျှင် ဥပစာရသမာဓိသည် ဖြစ်ပေါ်၏။ (၄)
တနည်း ရှုပုံကား- (၁) ဝစနတ္ထ (သဒ္ဒါနက်)အားဖြင့်၊ (၂) ကလာပ (အပေါင်းအစုကလာပ်)အားဖြင့်၊ (၃) စုဏ္ဏ (အမှုန့်)အားဖြင့်၊
၆၆၅
(၄) လက္ခဏာဒိ (လက္ခဏာ စသည်)အားဖြင့်၊ (၅) သမုဋ္ဌာန (ဖြစ်ကြောင်း သမုဋ္ဌာန်)အားဖြင့်၊ (၆) နာနတ္တေကတ္တ (ကွဲပြားခြင်း- တူခြင်း)အားဖြင့်၊ (၇) ဝိနိဗ္ဘောဂါဝိနိဗ္ဘောဂ (အသီးအသီး ခွဲခြားအပ်ခြင်း- မခွဲခြားအပ်ခြင်း)အားဖြင့်၊ (၈) သဘာဂဝိသဘာဂ (သဘောတူခြင်း- မတူခြင်း)အားဖြင့်၊ (၉) အဇ္ဈတ္တိကဗာဟိရဝိသေသ (အတွင်းအပြင် ဓာတ်တို့၏ အထူး)အားဖြင့်၊ (၁ဝ) သင်္ဂဟ (သိမ်းယူခြင်း)အားဖြင့်၊ (၁၁) ပစ္စယ (ကျေးဇူးပြုခြင်း ထောက်ပံ့ခြင်း)အားဖြင့်၊ (၁၂) အသမန္နာဟာရ (ဆင်ခြင်မှု- သိမှုကင်းခြင်း)အားဖြင့်၊ (၁၃) ပစ္စယဝိဘာဂ (ကျေးဇူးပြုသော တရားအထူး, သတ္တိအထူးကို ဝေဘန်ခြင်း)အားဖြင့်-ဟူသော ဤ(၁၃-ပါးသော) အခြင်းအရာတို့ဖြင့်လည်း ဓာတ်တို့ကို နှလုံးသွင်းအပ်ကုန်၏။
(၁) ဝစနတ္ထအားဖြင့် နှလုံးသွင်းပုံ
၃၄၇။ ထို၁၃-ပါးသော အခြင်းအရာတို့တွင် ဝစနတ္ထအားဖြင့် နှလုံးသွင်းသော ပုဂ္ဂိုလ်သည် ကျယ်ပြန့်ကြီးမားခြင်းကြောင့် ပထဝီမည်၏။ ထိုထိုအရပ်သို့ ယိုစီးလျက် ရောက်တတ်ခြင်းကြောင့်၎င်း၊ ခြောက်စေအပ်ခြင်းကြောင့်၎င်း၊ စိုပွလျက် ပွါးစေတတ်ခြင်းကြောင့်၎င်း အာပေါမည်၏။ ထက်မြက်လျက် ပူစေတတ်ခြင်းကြောင့် တေဇောမည်၏။ လှုပ်စေတတ်ခြင်း ရွေ့စေတတ်ခြင်းကြောင့် ဝါယောမည်၏။ သာမညအားဖြင့်မူကား မိမိ မိမိ၏ သဘောလက္ခဏာကို ဆောင်တတ်ခြင်းကြောင့်၎င်း၊ သံသရာဆင်းရဲကို စီရင်တတ်ခြင်းကြောင့်၎င်း၁၊ ဆင်းရဲကို စီရင်ခြင်းမျှ (ဝါ) စီရင်ကြောင်း ဖြစ်သောကြောင့်၎င်း
၁- ဒုက္ခာဓာနတော-ပုဒ်ကို ဋီကာနှင့်အညီ ကတ္တားအနက်ပြန်သည်။ ဒုက္ခဒဟနတော-မှ ရွေ့လာသည်မူလည်း ဖြစ်ရာ၏။
၆၆၆
(ဝါ) ဆင်းရဲကို သိုမှီးထားရာ ဖြစ်သောကြောင့်၎င်း၁ ဓာတု-ဓာတ်မည်ကုန်၏-ဟူ၍ ဤသို့ အသီးအသီး ထူးသောဓာတုအနက်, မထူးသော ဓာတုအနက်တို့အလို သဒ္ဒါနက်အားဖြင့် (ဓာတ်တို့ကို) နှလုံးသွင်းအပ်ကုန်၏။ (၁)
(၂) ကလာပအားဖြင့် နှလုံးသွင်းပုံ
၃၄၈။ ကလာပအားဖြင့် နှလုံးသွင်းပုံကား- ဆံပင် အမွေး အစရှိသော နှစ်ဆယ်သော အဖို့အခြင်းအရာတို့ဖြင့် ပထဝီဓာတ်ကို အကျယ်ပြခဲ့ပြီ၊ သည်းခြေ သလိပ် အစရှိသော တဆဲ့နှစ်ပါးသော အဖို့အခြင်းအရာတို့ဖြင့် အာပေါဓာတ်ကို အကျယ်ပြခဲ့ပြီ၊ ထိုအကျယ်ပြခဲ့သော ၃၂-ပါးသော ပထဝီဓာတ် အာပေါဓာတ်အဖို့တွင်၂-
[၃၆၁] အဆင်း အနံ့ အရသာ ဩဇာ ဓာတ်လေးပါးဟူသော ရှစ်ပါးသော တရားတို့၏ အညီအညွတ် တပေါင်းတည်း တည်ခြင်းကြောင့် ဆံပင်ဟူသော ပညတ် ဖြစ်ပေါ်သည်။ ထိုတရား ရှစ်ပါးတို့ကိုပင်လျှင် (ဉာဏ်ဖြင့်)
၁- ဒုက္ခာဓာနတော-ပုဒ်၏ ဋီကာအဖွင့်နှင့်အညီ ပြန်ချက်ဖြစ်သည်။ ယင်းအနက်တို့ကို ဝိသုဒ္ဓိမဂ် ဒု-နှာ ၁၁၅-၆တို့၌ အပြည့်အစုံပင် တွေ့ရလတံ့။
၂- ပထဝီဓာတ်သည် အာပေါဓာတ် အဖို့တွင်.. ဆံပင်တို့သည်လည်း.. အမွေး စသည်တို့သည်လည်း-ဟု စပ်ပါ။
၆၆၇
အသီးအသီး ခွဲခြမ်းခြင်းကြောင့် ဆံပင်ဟူသော ပညတ် မရှိတော့ပေ၁။
ထို့ကြောင့် ဆံပင်တို့သည်လည်း ရှစ်ပါးသော တရားတို့၏ အပေါင်းအစုမျှသာတည်း၊ အမွေးစသည်တို့သည်လည်း ထို့အတူ ရှစ်ပါးသော တရားတို့၏ အပေါင်းအစုမျှသာတည်းဟု (နှလုံးသွင်းအပ်၏)။ ဆက်၍ ရှင်းပြဦးအံ့- ဤဆံပင် အစရှိသော ကောဋ္ဌာသတို့တွင် ကံကြောင့်ဖြစ်သည့် (ကမ္မသမုဋ္ဌာန်) ကောဋ္ဌာသသည်၂
၁- မူရင်းဂါထာကို ထုတ်ပြဦးအံ့။ (အလိုရှိက ကျက်မှတ်ရန်ဖြစ်သည်)
ဝဏ္ဏော ဂန္ဓော ရသော ဩဇာ၊ စတဿော စာပိ ဓာတုယော။
အဋ္ဌဓမ္မသမောဓာနာ၊ ဟောတိ ကေသာတိ သမ္မုတိ။
တေသံယေဝ ဝိနိဗ္ဘောဂါ၊ နတ္ထိ ကေသာတိ သမ္မုတိ။
ဝဏ္ဏော- အဆင်း၎င်း၊ ဂန္ဓော- အနံ့၎င်း၊ ရသော- အရသာ၎င်း၊ ဩဇာ- အဆီအစေး ဩဇာရုပ်၎င်း၊ စတဿော စာပိ ဓာတုယော- လေးပါးကုန်သော မဟာဘုတ်ဓာတ်တို့၎င်း၊ (ဣတိ-ဤသို့၊) အဋ္ဌဓမ္မသမောဓာနာ- ရှစ်ပါးသော တရားတို့၏ အညီအညွတ် တပေါင်းတည်း တည်ခြင်းကြောင့်၊ ကေသာတိ သမ္မုတိ-ဆံပင်တို့ဟူသော ပညတ်သည်၊ ဟောတိ-ဖြစ်၏။ တေသံယေဝ- ထိုတရားရှစ်ပါးတို့ကိုပင်လျှင်၊ ဝိနိဗ္ဘောဂါ- ဉာဏ်ဖြင့် အသီးအသီး ခွဲခြမ်းခြင်းကြောင့်၊ ကေသာတိ သမ္မုတိ- ဆံပင်တို့ဟူသော ပညတ်သည်၊ နတ္ထိ- မရှိတော့ပေ။
၂- ကံကြောင့်ဖြစ်သည့် (ကမ္မသမုဋ္ဌာန်) ကောဋ္ဌာသဟူသည်မှာ ဆံပင်တို့တွင် အရေထဲ၌ ဝင်နေသော ဆံပင်၏ အမြစ်အရင်းပိုင်းပေတည်း၊ ဤအတူပင် အမွေး စသည်တို့၌လည်း ထိုက်သည်အားလျော်စွာ သိအပ်၏။ ဤကောဋ္ဌာသတို့၌ ပါစကတေဇော ကောဋ္ဌာသဟူသော ကိုးခုသော တရားအပေါင်း (ဇီဝိတနဝက)ကလာပ်လည်း ဖြစ်သေး၏။ (ဋီကာ)
၆၆၈
ဇီဝိတိန္ဒြေ ဘာဝရုပ်တို့နှင့်တကွ ရုပ်ဆယ်ခုအပေါင်း ကလာပ်သည်လည်း ဖြစ်သေး၏။ သို့သော်လည်း (ပထဝီသတ္တိ အာပေါသတ္တိ)တို့၏ များပြားလွန်ကဲသည်၏ အစွမ်းအားဖြင့် ပထဝီဓာတ် အာပေါဓာတ်ဟူ၍ ရေတွက်အပ်- ခေါ်အပ်ခြင်းသို့ ရောက်၏၁။ ဤဆိုခဲ့သည့်အတိုင်း အပေါင်းအစု ကလာပ်အားဖြင့် နှလုံးသွင်းအပ်(ကုန်)၏။ (၂)
၁- ဤစကားဖြင့် ရုပ်ရှစ်ခုအပေါင်း ကိုးခုအပေါင်း ဆယ်ခုအပေါင်း ဖြစ်ပါလျက် ပထဝီဓာတ် အာပေါဓာတ်ဟု အဘယ့်ကြောင့် ခေါ်ပါသနည်းဟူသော အမေးကို ဖြေ၏။
ဤအရာတွင် ဋီကာ၌ ပြထားသော ကလာပ်အပေါင်း ရုပ်အပေါင်း ရေတွက်ပုံကို ထုတ်ပြဦးအံ့။
ဤ၄၂-ပါးသော ကောဋ္ဌာသတို့တွင် အစာသစ် အစာဟောင်း ပြည် ကျင်ငယ် ဤ၄-ပါးသည် ဥတုကြောင့်သာဖြစ်သော ဥတုသမုဋ္ဌာန်ပေတည်း၊ ပါစကတေဇောသည် ကံကြောင့်သာဖြစ်သော ကမ္မသမုဋ္ဌာန်ပေတည်း၊ ဝင်သက်ထွက်သက်လေသည် စိတ်ကြောင့်သာဖြစ်သော စိတ္တသမုဋ္ဌာန်ပေတည်း၊ ဤသို့အားဖြင့် အကြောင်းတခုတည်းကြောင့်ဖြစ်သည့် ဧကသမုဋ္ဌာန်ကောဋ္ဌာသတို့သည် ၆-ခုတို့ပေတည်း။ ချွေး မျက်ရည် တံထွေး နှပ်ဟူသော ကောဋ္ဌာသလေးခုတို့သည် ဥတုကြောင့်လည်းဖြစ် စိတ်ကြောင့်လည်းဖြစ်သော ဒွိသမုဋ္ဌာန်တို့ပေတည်း၊ ကြွင်းသော ကောဋ္ဌာသ၃၂-ခုတို့သည် ကံ, စိတ်, ဥ, ဟာ လေးဖြာသော အကြောင်းကြောင့် ဖြစ်ကြသည့် စတုသမုဋ္ဌာန်တို့ပေတည်း။
ထို၄၂-ကောဋ္ဌာသတို့တွင် ပါစကတေဇောကောဋ္ဌာသ၌ ဇီဝိတနဝက-ကလာပ် တခုသာ ရသည်၊ ကြွင်းသော ဧကသမုဋ္ဌာန် ကောဋ္ဌာသငါးခုတို့တွင် ဥတုသမုဋ္ဌာန် ကောဋ္ဌာသ၄-ခု၌ ဥတုဇအဋ္ဌကကလာပ် တခုစီရသည်၊ ဝင်လေထွက်လေကောဋ္ဌာသ၌ စိတ္တဇအဋ္ဌကကလာပ် တခုသာ ရသည်။ (ပေါင်း ကလာပ်၆-ပါး၊ ရုပ်ပေါင်း ၄၉-ပါး ရသည်)။
၆၆၉
(၃) စုဏ္ဏ-အမှုန့်အားဖြင့် နှလုံးသွင်းပုံ
၃၄၉။ အမှုန့်အားဖြင့် နှလုံးသွင်းပုံကား- ဤကိုယ်ထဲ၌ အလယ် အလတ် ပမာဏအားဖြင့် ကြံဆ၍ ယူလျှင် ပရမာအဏုမြူ အပြားအားဖြင့် အမှုန့် အမှုန့်ဖြစ်သော သိမ်မွေ့သည့် မြူအဖြစ်သို့ရောက်သော ပထဝီဓာတ်သည် တစိတ်ပမာဏရှိသည် ဖြစ်ရာ၏။ ဤပထဝီဓာတ်သည် ၎င်း၏ ထက်ဝက်ပမာဏရှိသော အာပေါဓာတ်က ဖွဲ့စည်းပေါင်းစုအပ်သည်ဖြစ်၍ တေဇောဓာတ်က လျော်စွာ စောင့်ရှောက်အပ်သည်ဖြစ်၍ ဝါယောဓာတ်က ထောက်ကန်လျက် တောင့်စေအပ်သည်ဖြစ်၍ ဖရိုဖရဲ မကြဲပဲ မပျက်စီးပဲ ရှိပေသည်၊ ဖရိုဖရဲ မကြဲသည် မပျက်စီးသည်ဖြစ်၍ မိန်းမသဏ္ဌာန် ယောက်ျားသဏ္ဌာန် စသည်အဖြစ်ဖြင့် အမျိုးမျိုးအထွေထွေသော ကြံဆခြင်းသို့ ရောက်၏၊ အငယ် အကြီး အရှည် အတို ခိုင်ခံ့သည် ခက်မာသည်- စသည် ၏ အဖြစ်ကိုလည်း (သရုပ်ဆောင်လျက်) ပြ၏။
ဒွိသမုဋ္ဌာန် ကောဋ္ဌာသ ၄-ခုတို့၌ ဥတုဇအဋ္ဌကကလာပ် ၄-ခုစီနှင့် စိတ္တဇအဋ္ဌကကလာပ် ၄-ခုစီ ရသည်၊ (ပေါင်း ကလာပ် ၈-ပါး၊ ရုပ်ပေါင်း ၆၄-ပါး ရသည်)။
စတုသမုဋ္ဌာန် ကောဋ္ဌာသတို့တွင် ဥတုဇ စိတ္တဇ အာဟာရဇ ကောဋ္ဌာသတို့၌ အဋ္ဌကကလာပ် ၃-ခုစီ ရသည်၊ (ပေါင်း ကလာပ် ၉၆၊ ရုပ် ၇၆၈-ရသည်)။ ဥတုဇ စိတ္တဇ ကောဋ္ဌာသတို့၌ သဒ္ဒနဝကကလာပ် ၂-ခုတို့ကို ရသည်၊ (ဥတုဇ သဒ္ဒနဝက ကလာပ်တခု စိတ္တဇသဒ္ဒနဝကကလာပ် တခု ပေါင်း ကလာပ် ၂-ခု၊ ရုပ် ၁၈-ခု ရသည်)။ ကမ္မဇတေဇော ဝါယော ကောဋ္ဌာသ ၈-ခုတို့၌ ဇီဝိတနဝကကလာပ် ၈-ခု ရသည်၊ (ရုပ်ပေါင်း ၇၂-ရသည်)။ ၎င်းတို့မှ ကြွင်းသော ကမ္မဇကောဋ္ဌာသ ၂၄-ခုတို့၌ ကာယဒသက, ဘာဝဒသက, ကလာပ်၂-ခုစီ ရသည်၊ (ကလာပ် ၄၈-ခု၊
၆၇၀
ထိုမှတပါး ဤကိုယ်ထဲ၌ အရည်အဖြစ်သို့ ရောက်လျက် ဖွဲ့စည်းသော အခြင်းအရာဖြစ်သော အာပေါဓာတ်သည် ပထဝီ၌တည်သည် တေဇောက စောင့်ရှောက်အပ်သည် ဝါယောက ထောက်ကန်လျက် တောင့်စေအပ်သည်ဖြစ်၍ မယိုကျပဲ မစီးသွားပဲ ရှိပေသည်၊ မယိုကျ မစီးသွားသည်ဖြစ်၍ စိုပြည် ပြည့်ဖြိုးသည်၏အဖြစ်ကို ပြ၏။
ထိုမှတပါး ဤကိုယ်ထဲ၌ စား-သောက်-ခဲ-လျက်ထားသည့် အစာကို ကျက်စေတတ်သော အပူငွေ့ အခြင်းအရာဖြစ်သော ပူခြင်းသဘောလက္ခဏာရှိသော တေဇောဓာတ်သည် ပထဝီ၌တည်သည် အာပေါက ဖွဲ့စည်းပေါင်းစုအပ်သည် ဝါယောက ထောက်ကန်လျက် တောင့်စေအပ်သည်ဖြစ်၍ ဤကိုယ်ကို ရင့်ကျက်စေ၏၊ ထိုကိုယ်၏ အဆင်းပြည့်စုံခြင်း အဆင်းအရောင် ကောင်းခြင်းကိုလည်း ဖြစ်စေ၏၊
ရုပ်ပေါင်း ၄၈ဝ-ရသည်)။ မျက်စိ အစရှိသော အသားကောဋ္ဌာသ ၅-ခုတို့၌ စက္ခုဒသက သောတဒသက ဃာနဒသက ဇိဝှါဒသက ဝတ္ထုဒသကဟူသော ကလာပ်၅-ခု ရသည်၊ (ရုပ်ပေါင်း ၅ဝ-ရသည်)။ ဤသို့အားဖြင့် အာယတနပြည့်စုံသော ရုပ်ကိုယ်၌ အမျိုးတူ ရုပ်ကလာပ် အကွဲအပြားကို မသုံးသပ်- မရေတွက်ပဲ ကလာပ်တူကိုပေါင်း၍ ယူလျှင် ရုပ်ကလာပ်ပေါင်း ၁၇၃-ခု, ရုပ်ပေါင်း ၁၅ဝ၁-ခု ဖြစ်သည်။ (ဋီကာ)
ပေါင်းပုံကား ဧကသမုဋ္ဌာန်၌ ကလာပ် ၆၊ ရုပ် ၄၉၊ ဒွိသမုဋ္ဌာန်၌ ကလာပ် ၈၊ ရုပ် ၆၄၊ စတုသမုဋ္ဌာန်မှ တိဇကောဋ္ဌာသတို့၌ ကလာပ် ၉၆၊ ရုပ် ၇၆၈၊ သဒ္ဒနဝက ကလာပ် ၂၊ ရုပ် ၁၈၊ ကမ္မဇ တေဇော-ဝါယော-ကောဋ္ဌာသ ၈-ခုတို့၌ ကလာပ် ၈၊ ရုပ် ၇၂၊ ကမ္မဇ ၂၄-ကောဋ္ဌာသတို့၌ ကလာပ် ၄၈၊ ရုပ် ၄၈ဝ၊ မျက်စိ စသည်တို့၌ ကလာပ် ၅၊ ရုပ် ၅ဝ- ဤဂဏန်းတို့ကို ပေါင်းလျှင် ကလာပ် ၁၇၃၊ ရုပ် ၁၅ဝ၁-ဖြစ်သည်။ပေါင်းပုံကား ဧကသမုဋ္ဌာန်၌ ကလာပ် ၆၊ ရုပ် ၄၉၊ ဒွိသမုဋ္ဌာန်၌ ကလာပ် ၈၊ ရုပ် ၆၄၊ စတုသမုဋ္ဌာန်မှ တိဇကောဋ္ဌာသတို့၌ ကလာပ် ၉၆၊ ရုပ် ၇၆၈၊ သဒ္ဒနဝက ကလာပ် ၂၊ ရုပ် ၁၈၊ ကမ္မဇ တေဇော-ဝါယော-ကောဋ္ဌာသ ၈-ခုတို့၌ ကလာပ် ၈၊ ရုပ် ၇၂၊ ကမ္မဇ ၂၄-ကောဋ္ဌာသတို့၌ ကလာပ် ၄၈၊ ရုပ် ၄၈ဝ၊ မျက်စိ စသည်တို့၌ ကလာပ် ၅၊ ရုပ် ၅ဝ- ဤဂဏန်းတို့ကို ပေါင်းလျှင် ကလာပ် ၁၇၃၊ ရုပ် ၁၅ဝ၁-ဖြစ်သည်။
၆၇၁
ထိုတေဇောဓာတ်က ရင့်ကျက်စေသောကြောင့် ဤကိုယ်သည် မပုပ်သည်၏အဖြစ်ကို ပြနိုင်ပေသည် (ဝါ-မပုပ်ပဲ တည်နိုင်ပေသည်)။
ထိုမှတပါး ဤကိုယ်ထဲ၌ အင်္ဂါကြီးငယ်သို့လျှောက်သော ရွေ့ခြင်း- ရွေ့စေခြင်း- ထောက်ကန်တောင့်တင်းခြင်း သဘောလက္ခဏာရှိသော ဝါယောဓာတ်သည် ပထဝီ၌တည်သည် အာပေါက ဖွဲ့စည်းလျက် ပေါင်းစုအပ်သည် တေဇောက စောင့်ရှောက်အပ်သည်ဖြစ်၍ ဤကိုယ်ကို ထောက်ကန်လျက် တောင့်စေလျက် ကြံ့ခိုင်စေ၏၊ ထိုဝါယောက ကြံ့ခိုင်စေသောကြောင့် ဤကိုယ်သည် မလည်းကျပဲ ဖြောင့်စွာ တည်တံ့နိုင်ပေသည်။ အခြားတပါးသော တွန်းကန်ဝါယောက တိုက်ခတ်ပေးသောကြောင့် သွားခြင်း ရပ်ခြင်း ထိုင်ခြင်း လျောင်းခြင်းဟူသော ကိုယ်အမူအရာ ဣရိယာပုတ်တို့၌ အလိုကို သိစေတတ်သည့် ဝိညတ်ရုပ်ကို ဖော်ပြနိုင်ပေသည်၊ လက်ခြေတို့ကို ကွေးတတ်ပေသည်၊ ဆန့်တတ်ပေသည်၊ ထိုမှ ဤမှ သွားစေတတ်ပေသည်။ ဤဆိုခဲ့သည့်အတိုင်း ဓာတ်လေးပါးအပေါင်းဟူသော ဤယန္တရားစက်ရုပ်သည် မိန်းမ-ယောက်ျား စသည်၏ အဖြစ်ဖြင့် မသိမလိမ္မာသော လူအပေါင်းကို လှည့်စားလျက် မျက်လှည့်ရုပ်နှင့်တူစွာ (သွားခြင်း ရပ်ခြင်း စသည်ဖြင့်) မပြတ်ဖြစ်လျက် ရှိသည်-ဟု ဤသို့ အမှုန့်အားဖြင့် နှလုံးသွင်းအပ်၏။ (၃)
(၄) လက္ခဏာ စသည်အားဖြင့် နှလုံးသွင်းပုံ
[၃၆၂] ၃၅ဝ။ လက္ခဏာ စသည်အားဖြင့် နှလုံးသွင်းပုံကား- ပထဝီဓာတ်သည် အဘယ်လက္ခဏာ ရှိသနည်း၊ အဘယ် ရသရှိသနည်း၊ အဘယ် ပစ္စုပဋ္ဌာန်ရှိသနည်း-ဟု ဤသို့သောနည်းဖြင့် ၄-ပါးသောဓာတ်တို့ကို ဆင်ခြင်ပြီးလျှင် ပထဝီဓာတ်သည် (ကက္ခဠတ္တလက္ခဏာ)
၆၇၂
ခက်မာခြင်း သဘောလက္ခဏာ ရှိ၏၁၊ (ပတိဋ္ဌာနရသာ) အတူဖြစ်ဖက်တရားတို့၏တည်ရာ (ဖြစ်ခြင်း) ကိစ္စ-ရသ ရှိ၏၂၊ (သမ္ပဋိစ္ဆနပစ္စုပဋ္ဌာနာ) အတူဖြစ်ဖက်တရားတို့ကို ခံလင့်ခြင်းဟူသော (ဉာဏ်အား)ထင်သော အခြင်းအရာ ရှိ၏၃။ အာပေါဓာတ်သည် (ပဂ္ဃရဏလက္ခဏာ) ယိုစီးခြင်း (အရည်ဖြစ်ခြင်း) လက္ခဏာရှိ၏၊ (ဗြူဟနရသာ) စိုပွစေလျက် ပွါးစေခြင်း ကိစ္စရသ ရှိ၏၊ (သင်္ဂဟပစ္စုပဋ္ဌာနာ) အတူဖြစ်ဖက်တရားတို့ကို ဖွဲ့စည်းခြင်း- ပေါင်းစုခြင်းဟူသော ထင်သော အခြင်းအရာရှိ၏၄။ တေဇောဓာတ်သည် (ဥဏှတ္တလက္ခဏာ) ပူခြင်းလက္ခဏာ ရှိ၏၊ (ပရိပါစနရသာ) ကျက်စေခြင်း ကိစ္စရှိ၏၅၊ (မဒ္ဒဝါနုပ္ပဒါနပစ္စုပဋ္ဌာနာ) အတူဖြစ်ဖက် တရားတို့အား နူးညံ့ခြင်းကို ပေးခြင်း
၁- ဤ၌ ခက်မာခြင်း သဘောလက္ခဏာ ရှိ၏-ဟု ဆိုသော်လည်း ခက်မာခြင်း သဘောသည်ပင်လျှင် ပထဝီဓာတ် ဖြစ်သည်၊ ထို့ကြောင့် ပထဝီဓာတ်ကို ခက်မာခြင်းသဘောဟု မှတ်အပ်၏-ဟူ၍လည်း ပြန်သင့် ဆိုသင့်၏။ နောက် လက္ခဏာတို့၌လည်း နည်းတူပင် မှတ်။
၂- ရသသည် ကိစ္စနှင့် သမ္ပတ္တိ-ဟု ၂-မျိုးရှိရာတွင် ဤ၌ ကိစ္စရသဟု ထင်ရှားစေရန် ဤသို့ ဖော်၍ပြန်သည်၊ နောက်၌မူ ကိစ္စရှိ၏ဟု ဤသို့လည်း ပြန်အံ့။
၃- ရှုဆင်ခြင်သောဉာဏ်အား ထင်ပေါ်လာသော အခြင်းအရာကို ပစ္စုပဋ္ဌာန် ခေါ်သည်။
၄- ဤပစ္စုပဋ္ဌာန်ကိုပင် ရှေး၌ အာဗန္ဓနလက္ခဏာ- ဖွဲ့စည်းဖြင်း လက္ခဏာ-ဟု ပြခဲ့သည်။
၅- ဤရသကိုပင် ရှေး၌ ပရိပါစနလက္ခဏာ- ကျက်စေခြင်း လက္ခဏာ-ဟု ပြခဲ့ပေသည်။
၆၇၃
(ပူလောင်လျက် နူးညံ့စေခြင်း)ဟူသော ထင်သော အခြင်းအရာရှိ၏။ ဝါယောဓာတ်သည် (ဝိတ္ထမ္ဘနလက္ခဏာ) ထောက်ကန်ခြင်း တွန်းကန်ခြင်း- တောင့်တင်းခြင်း လက္ခဏာရှိ၏၁၊ (သမုဒီရဏရသာ) လှုပ်ခြင်း- လှုပ်စေခြင်း ကိစ္စရှိ၏၂၊ (အဘိနီဟာရပစ္စုပဋ္ဌာနာ) ရှေးရှုဆောင်ခြင်း- ရွှေ့ဆောင်ခြင်းဟူသော ထင်သော အခြင်းအရာ ရှိ၏-ဟု ဤသို့ လက္ခဏာ စသည်အားဖြင့် နှလုံးသွင်းအပ်၏။ (၄)
(၅) ဖြစ်ကြောင်း သမုဋ္ဌာန်းအားဖြင့် နှလုံးသွင်းပုံ
၃၅၁။ ဖြစ်ကြောင်း သမုဋ္ဌာန်အားဖြင့် နှလုံးသွင်းပုံကား- ပထဝီဓာတ် စသည်တို့ကို အကျယ်ပြသည်၏ အစွမ်းအားဖြင့် ၄၂-ပါးသော ကောဋ္ဌာသတို့ကို ပြခဲ့ပြီ၊ ထို၄၂-ပါးသော ကောဋ္ဌာသတို့တွင် အစာသစ် အစာဟောင်း ပြည် ကျင်ငယ်ဟူသော ဤ၄-ပါးသော
၁- တွန်းကန်ခြင်းသည် လှုပ်စေသောကာလ၌ အထူးထင်ရှား၏၊ တည်ငြိမ်နေသော ကာလ၌မူ ထောက်ကန်ခြင်း- တောင့်တင်းခြင်းများ ထင်ရှားတတ်၏။
၂- နာမရူပပရိစ္ဆေဒကျမ်း၌ သမီရဏရသာ-ဟု ဆို၏၊ ထို၏ အဖွင့်ဋီကာ၌ သမုဒီရဏ (သမီရဏ) ရသာတိ ကမ္ပနရသာ-ဟု ဖွင့်၏။ ထို့ကြောင့် သမုဒီရဏ, သမီရဏ, ကမ္ပန-ဟူသော ပုဒ်တို့၌ သဒ္ဒါနက်အားဖြင့် လှုပ်ခြင်း လှုပ်စေခြင်းဟူသော အနက်တို့ကို ရ၏။ ထိုတွင် လှုပ်စေခြင်းအနက်ကိုယူ၍ မဟာဋီကာ နှာ ၄၄၈-၌ အဓိပ္ပါယတ္ထအားဖြင့် ပေလ္လန-တွန်းခြင်းဟု ဖွင့်ပြထားလေသည်။ တွန်းတတ်- လှုပ်စေတတ်သော သဘောသည် မိမိကိုယ်တိုင်ကလည်း လှုပ်ခြင်းသဘော ရှိသည်သာတည်း။ ထို့ကြောင့် ဤ၌ လှုပ်ခြင်း, လှုပ်စေခြင်းဟု ၂-နက်လုံး ပြန်ထားသည်။
၆၇၄
ကောဋ္ဌာသတို့သည် ဥတုကြောင့်သာဖြစ်သော ဥတုသမုဋ္ဌာန်- ဥတုဇရုပ်တို့သာတည်း။ မျက်ရည် ချွေး တံထွေး နှပ်ဟူသော ဤ၄-ပါးသော ကောဋ္ဌာသတို့သည် ဥတုကြောင့်လည်းဖြစ် စိတ်ကြောင့်လည်းဖြစ်သော ဥတုစိတ္တသမုဋ္ဌာန်- ဥတုဇ စိတ္တဇရုပ်တို့ပေတည်း။ စားလိုက်သည့်အစာ စသည်ကို ကျေကျက်စေတတ်သော ပါစကတေဇောသည် ကံကြောင့်သာဖြစ်သော ကမ္မသမုဋ္ဌာန်- ကမ္မဇ ရုပ်သာတည်း။ ဝင်သက် ထွက်သက်လေတို့သည် စိတ်ကြောင့်သာဖြစ်သော စိတ္တသမုဋ္ဌာန်- စိတ္တဇရုပ်တို့သာတည်း။ ကြွင်းကျန်ကုန်သော ကောဋ္ဌာသ ၃၂-ပါး အားလုံးတို့သည် ကံ-စိတ်-ဥတု-အာဟာရဟူသော အကြောင်းလေးပါးလုံးကြောင့်ဖြစ်သော စတုသမုဋ္ဌာန်- စတုဇရုပ်တို့ပေတည်း-ဟူ၍ ဤသို့ ဖြစ်ကြောင်း သမုဋ္ဌာန်အားဖြင့် နှလုံးသွင်းအပ်၏။ (၅)
(၆) နာနတ္တ-ဧကတ္တအားဖြင့် နှလုံးသွင်းပုံ
၃၅၂။ နာနတ္တ-ဧကတ္တအားဖြင့် နှလုံးသွင်းပုံကား- အားလုံးသော ဓာတ်၄-ပါးတို့သည် မိမိ၏လက္ခဏာ စသည်အားဖြင့် အချင်းချင်း ထူးခြား ကွဲပြားကုန်၏။ မှန်ပေ၏- ပထဝီဓာတ်၏ လက္ခဏာ ရသ ပစ္စုပဋ္ဌာန်တို့သည် တခြားတပါးတို့သာတည်း၊ အာပေါဓာတ် စသည်တို့၏ လက္ခဏာ ရသ ပစ္စုပဋ္ဌာန်တို့သည် တခြားတပါးတို့သာတည်း။ ဤသို့ လက္ခဏာ စသည်တို့၏ အစွမ်းအားဖြင့်၎င်း၊ ကမ္မသမုဋ္ဌာန် စသည်တို့၏ အစွမ်းအားဖြင့်၎င်း အချင်းချင်းမတူပဲ ထူးခြား ကွဲပြားကုန်သော်လည်း ထိုလေးပါးသော ဓာတ်တို့သည် ရုပ်အဖြစ် မဟာဘုတ်အဖြစ် ဓာတ်အဖြစ် ဓမ္မအဖြစ် အနိစ္စအဖြစ် စသည်တို့၏ အစွမ်းအားဖြင့် တူကုန်၏။ ချဲ့၍ပြအံ့- ဓာတ်လေးပါး အားလုံးတို့ပင် ဖောက်ပြန်ခြင်း ရုပ္ပနလက္ခဏာကို မလွန်ကြသောကြောင့် ရူပ ရုပ်မည်ကုန်၏။
၆၇၅
မဟန္တပါတုဘာဝ အစရှိသော အကြောင်းတို့ကြောင့် မဟာဘုတ် မည်ကုန်၏။
မဟန္တပါတုဘာဝ အစရှိသည်တို့ကြောင့်- ဟူရာ၌ ချဲ့၍ပြရလျှင် မဟန္တပါတုဘာဝ- ကြီးကျယ်၍ ထင်ရှားဖြစ်ခြင်းကြောင့်၎င်း၊ မဟာဘုတ်မည်သူနှင့် တူသောကြောင့်၎င်း၊ များပြားကြီးကျယ်သော အကြောင်းတို့ဖြင့် ဆောင်အပ်သောကြောင့်၎င်း၊ အကြီးအကျယ် ဖောက်ပြန်ခြင်း ရှိသောကြောင့်၎င်း၊ ကြီးကျယ်၍ ထင်ရှားရှိသောကြောင့်၎င်း ဤအကြောင်းတို့ကြောင့် ထိုလေးပါးသော ဓာတ်တို့ကို မဟာဘူတ- မဟာဘုတ်ဟု ခေါ်ဆိုအပ်ကုန်၏။
ထိုတွင် မဟန္တပါတုဘာဝ- ကြီးကျယ်၍ ထင်ရှားဖြစ်ခြင်းကြောင့် ဟူရာ၌ ဤဓာတ်ကြီးလေးပါးတို့သည် သက်မဲ့ (အနုပါဒိန္န)၁ သန္တာန်၌လည်း ကြီးကျယ်၍ ထင်ရှားဖြစ်ကုန်၏၊ သက်ရှိ (ဥပါဒိန္န)၂ သန္တာန်၌လည်း
၁-၂- လောကီကံ၏ အကျိုးတရားကို ဥပါဒိန္န ခေါ်သည်၊ ထိုဥပါဒိန္နတရားတို့နှင့်စပ်သော ရုပ်နာမ်အစဉ်သန္တာန်ကို ဥပါဒိန္နသန္တာန်ဟု ခေါ်သည်။ တနည်းအားဖြင့် အသက်ရှင်နေသူ, ပုဂ္ဂိုလ် သတ္တဝါဟု ထင်မှတ်စွဲလမ်းအပ်သော တရားအပေါင်းကို ဥပါဒိန္နခေါ်သည်၊ (အဋ္ဌသာလိနီ နှာ ၃၇၄-စာပိုဒ် ၉၆၇-ကို မှီသည်) ထိုဥပါဒိန္နတရားတို့၏ အစဉ်ကို ဥပါဒိန္နသန္တာန်ဟု ခေါ်သည်။ နှစ်နည်းလုံးပင် သက်ရှိသန္တာန်ကို ရသည်။ သတ္တဝါကိုယ်မှ အပြင်ပ တရားအပေါင်းသည် ဥပါဒိန္န မဟုတ်သောကြောင့် အနုပါဒိန္နမည်၏၊ ၎င်းကို သက်မဲ့ဟု ဆိုသည်။
၆၇၆
ကြီးကျယ်၍ ထင်ရှားဖြစ်ကုန်၏။ ထိုဓာတ်ကြီးလေးပါးတို့၏ သက်မဲ့ (အနုပါဒိန္န) သန္တာန်၌ ကြီးကျယ်၍ ထင်ရှားဖြစ်ပုံကို-
''ဤမဟာပထဝီမြေကြီးကို အထုအားဖြင့် (ယူဇနာ) နှစ်သိန်း လေးသောင်း (၂၄ဝဝဝဝ)ဟူသော ဤမျှအတိုင်းအရှည်ရှိသည်ဟူ၍ ဆိုအပ်၏''-
ဤသို့ အစရှိသောနည်းဖြင့် ဗုဒ္ဓါနုဿတိနိဒ္ဒေသ၌ ဆိုခဲ့ပြီးသား ဖြစ်ပေသည်။
[၃၆၃] သက်ရှိ (ဥပါဒိန္န) သန္တာန်၌လည်း ငါး လိပ် နတ် ဒါနောဘီလူး စသည်တို့၏ ကိုယ်အစွမ်းအားဖြင့် ကြီးကျယ်ကြသည်သာဖြစ်၍ ထင်ရှားဖြစ်ကြပေသည်။ မှန်ပေ၏- ''ရဟန်းတို့ မဟာသမုဒ္ဒရာ၌ ယူဇနာတရာရှိသော အတ္တဘောရှိ သတ္တဝါတို့သည်လည်း ရှိကုန်၏'' ဤသို့ အစရှိသော ထိုစကားကို ဟောတော်မူပေ၏။ (၆-၁)
(မဟာဘူတသာမည) မဟာဘူတမည်သူနှင့် တူသောကြောင့်-ဟူရာ၌ ဥပမာအားဖြင့် မျက်လှည့်ဆရာသည် ပတ္တမြားမဟုတ်သည်သာဖြစ်သော ရေခဲကို ပတ္တမြားပြု၍ ပြသကဲ့သို့၎င်း၊ ရွှေမဟုတ်သည်သာဖြစ်သော အုတ်ခဲကို ရွှေပြု၍ ပြသကဲ့သို့၎င်း၊ မိမိကိုယ်တိုင်က ဘီလူးမဟုတ်ပါပဲ ငှက်မဟုတ်ပါပဲ ဘီလူးအဖြစ် ငှက်အဖြစ်ကို ပြသကဲ့သို့၎င်း ဤအတူပင် ဤမဟာဘုတ်တို့သည် မိမိတို့ကိုယ်တိုင်က အညိုမဟုတ်ကြပါပဲ ညိုသောအဆင်း ဥပါဒါရုပ်ကို ပြကုန်၏၊ အဝါ အနီ အဖြူ မဟုတ်ကြပါပဲ ဝါသောအဆင်း နီသောအဆင်း ဖြူသောအဆင်း ဥပါဒါရုပ်ကို ပြကုန်၏။ ဤသို့အားဖြင့် မဟာဘူတမည်သော
၆၇၇
မျက်လှည့်ဆရာနှင့် တူသောကြောင့် မဟာဘူတ- မဟာဘုတ်မည်ကုန်၏၁။
တနည်းကား- မဟာဘူတ- မဟာဘုတ်မည်သော ဘီလူးစသည်တို့သည် အကြင်လူကို ဖမ်းကုန်- ပူးကပ်ကုန်၏၊ ထိုဘီလူးတို့၏ တည်ရာကို ထိုအပူးခံရသောလူ၏ အတွင်း၌လည်း မရအပ်၊ အပြင်၌လည်း မရအပ်၊ ထိုလူကိုမှီ၍ မတည်ကြသည်လည်း မဟုတ်ကုန်သကဲ့သို့ ဤအတူပင် ထိုမဟာဘုတ်တို့ကိုလည်း အချင်းချင်း၏ အတွင်း၌ အပြင်၌ တည်ကြသည်ဖြစ်လျက် မရအပ်ကုန် (ဝါ-တည်ကြသည်ဟု မဆိုအပ်ကုန်)၊ အချင်းချင်းကိုမှီ၍ မတည်ကြသည်လည်း မဟုတ်ကုန်၊ ဤသို့ မကြံဆအပ်- မကြံဆနိုင်ကောင်းသော တည်ရာရှိသည်၏အဖြစ်ဖြင့် မဟာဘူတမည်သော ဘီလူးစသည်တို့နှင့် တူသောကြောင့်လည်း မဟာဘူတ- မဟာဘုတ်မည်ကုန်၏။ ထို့ပြင် ဘီလူးမဟု ဆိုအပ်သော မဟာဘုတ်တို့သည် နှစ်သက် မြတ်နိုးဖွယ် အဆင်းသဏ္ဌာန် အမူအရာတို့ဖြင့် မိမိတို့၏ ကြောက်ဖွယ်အဖြစ်ကို ဖုံးကွယ်၍ (ယောက်ျား)သတ္တဝါတို့ကို လှည့်စားကုန်သကဲ့သို့ ဤအတူပင် ဤမဟာဘုတ်တို့သည်လည်း မိန်းမ၏ကိုယ် ယောက်ျား၏ကိုယ် စသည်တို့၌ နှစ်သက် မြတ်နိုးဖွယ် အရေအဆင်းဖြင့်၎င်း၊ မိမိ၏ နှစ်သက်မြတ်နိုးဖွယ်
၁- မဟာ-ကြီးကျယ်သော + အဘူတ-မဟုတ်သော မျက်လှည့်အမှု = မဟာဘူတ- အကြီးအကျယ် မဟုတ်မမှန်သည့် မျက်လှည့်အမှု။ တနည်း မဟာ-ကြီးကျယ်သော + အဗ္ဘူတ-မဖြစ်စဘူး အထူးအံ့ဖွယ် = မဟာဘူတ- အကြီးအကျယ် အံ့ဖွယ် မျက်လှည့်အမှု။ ထိုမျက်လှည့်အမှုကို ပြုပြသူသည်လည်း မဟာဘူတ မည်၏။ ဓာတ်ကြီးလေးပါးသည် ထိုမျက်လှည့် မဟာဘူတနှင့် တူသောကြောင့် မဟာဘူတ- မဟာဘုတ် မည်ပေသည်။
၆၇၈
အင်္ဂါကြီးငယ် သဏ္ဌာန်ဖြင့်၎င်း၊ လက်ခြေ လက်ချောင်း မျက်ခုံးတို့ကို ပစ်နွှဲခြင်းဟူသော နှစ်သက်ဖွယ် အမူအရာဖြင့်၎င်း မိမိ၏ ကြမ်းကြုတ်ခြင်း စသည်အပြားရှိသော မိမိ၏ ပင်ကိုသဘောမှန်ကို ဖုံးကွယ်ကုန်၍ မသိမလိမ္မာသော လူအပေါင်းကို လှည့်စားတတ်ကုန်၏၊ မိမိ၏ သဘောမှန်ကို သိမြင်ခွင့် မပေးကုန်၊ ဤသို့ လှည့်စားတတ်သည်၏ အဖြစ်ဖြင့် ဘီလူးမဟူသော မဟာဘုတ်တို့နှင့် တူသောကြောင့်လည်း မဟာဘူတ-မဟာဘုတ်မည် ကုန်၏။ (၆-၂)
(မဟာပရိဟာရတော- ဟူသည်ကား) များပြားကြီးကျယ်သော အကြောင်းတို့ဖြင့် ဆောင်အပ်သောကြောင့်(ဟု ဆိုလို၏)၁။ ချဲ့၍ပြဦးအံ့- ဤမဟာဘုတ်တို့သည် နေ့စဉ်နေ့တိုင်း ဆောင်ထည့်ပေးအပ်သောကြောင့် များပြားကြီးကျယ်ကုန်သော အစာ အဝတ် စသည်တို့ဖြင့် ဖြစ်ကုန်၏၊ ထို့ကြောင့် မဟာဘူတ- မဟာဘုတ်မည်ကုန်၏၂။ တနည်းကား များစွာသော ပစ္စည်းတို့ဖြင့် ဆောင်အပ်ကုန်သည်ဖြစ်၍ ဖြစ်ကြသောကြောင့်လည်း မဟာဘူတ- မဟာဘုတ်မည်ကုန်၏၃။ (၆-၃)
၁- ဤအဖွင့်သည် ပါဠိကျမ်းရင်း၌သာ အကျိုးများသည်၊ မြန်မာပြန်၌ကား ဖော်၍ပြန်ပြီး ဖြစ်သောကြောင့် အကျိုးမများတော့ပေ။
၂- မဟာ-များပြားသော အစာ အဝတ် စသော သုံးဆောင်ဖွယ်တို့ဖြင့် + ဘူတ-ဖြစ်ကြသည်= မဟာဘူတ- များပြားသော အသုံးအဆောင်တို့ဖြင့် ဖြစ်ကြသော ဓာတ်များ။
၃- မဟာ-များစွာသော ပစ္စည်းတို့ဖြင့် + ပရိဟာရ- ဆောင်အပ်ကုန်သည်ဖြစ်၍ + ဘူတ-ဖြစ်ကြသည်=မဟာဘူတ- များစွာသော ပစ္စည်းတို့ဖြင့် ဆောင်ပေးမှ ဖြစ်ကြသည့် ဓာတ်များ။ ဤနည်း၌ ပရိဟာရ-ကိုချေထားသည်ဟု ယူအပ်၏။
၆၇၉
အကြီးအကျယ် ဖောက်ပြန်ခြင်း ရှိသောကြောင့်- ဟူရာ၌ သက်မဲ့လည်းဖြစ်- သက်ရှိလည်းဖြစ်ကုန်သော ဤမဟာဘုတ်တို့မှာ အကြီးအကျယ် ဖောက်ပြန်ခြင်း ရှိကုန်၏။ ထိုတွင် သက်မဲ့ မဟာဘုတ်တို့၏ အကြီးအကျယ် ဖောက်ပြန်ခြင်းသည် ကမ္ဘာပျက်သောအခါ၌ ထင်ရှား၏၊ သက်ရှိ မဟာဘုတ်တို့၏ ဖောက်ပြန်ခြင်းသည် ဓာတ်ချောက်ချားသောကာလ၌ ထင်ရှား၏။ ထင်ရှားပုံမှာ-
[၃၆၄] ဩကာသလောကကို ကမ္ဘာမီးဖြင့် လောင်သောအခါ မီးတောက် မီးလျှံသည် မြေမှထ၍ ဗြဟ္မာ့ပြည်တိုင်အောင် တက်သွားလေသည်။
ဩကာသလောကသည် အကြင်အခါ ဖောက်ပြန်သောရေဖြင့် ပျက်စီး၏၊ ထိုအခါ ကုဋေတသိန်း အရေအတွက်ရှိသော တခုသော (အာဏာခေတ်)စကြဝဠာသည် ကြေမွပျက်စီးလေသည်။
ဩကာသလောကသည် အကြင်အခါ လေ၏ ဖောက်ပြန်ခြင်းဖြင့် ပျက်စီး၏၊ ထိုအခါ ကုဋေတသိန်း အရေ အတွက်ရှိသော တခုသော (အာဏာခေတ်) စကြဝဠာသည် ဖရိုဖရဲ ပြန့်ကြဲ ပျက်စီးလေသည်။
ပထဝီဓာတုပ္ပကောပေန၊ ဟောတိ ကဋ္ဌမုခေဝ သော။
ကဋ္ဌမုခေန၊ သစ်သားလို ဖြစ်စေတတ်သည့် ခံတွင်းရှိသော ကဋ္ဌမုခမြွေသည်။ ဒဋ္ဌော၊ ကိုက်အပ်သော (ဝါ-အကိုက်ခံရသော)။ ကာယော၊ ကိုယ်သည်။ ပတ္ထဒ္ဓေါ၊ ခက်မာကြမ်းတမ်းလျက် တောင့်သည်။ ဘဝတိ ဝါ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။
၆၈၀
ပထဝီဓာတုပ္ပကောပေန၊ ပထဝီဓာတ် ပျက်ခြင်းကြောင့်။ (ကာယော၊ ကိုယ်သည်။ ပတ္ထဒ္ဓေါ၊ ခက်မာကြမ်းတမ်းလျက် တောင့်သည်။ ဘဝတိ၊ ဖြစ်၏။) သော၊ ပထဝီဓာတ်ပျက်သော ထိုကိုယ်သည်။ ကဋ္ဌမုခေဝ၊ ကဋ္ဌမုခမြွေခံတွင်းသို့ ကျသကဲ့သို့ (ဝါ-ကဋ္ဌမုခမြွေ အကိုက်ခံရသကဲ့သို့)။ ဟောတိ၊ ဖြစ်၏။
ပူတိကော ဘဝတီ ကာယော၊ ဒဋ္ဌော ပူတိမုခေန ဝါ။
အာပေါဓာတုပ္ပကောပေန၊ ဟောတိ ပူတိမုခေဝ သော။
ပူတိမုခေန၊ ပုပ်စေတတ်သည့် ခံတွင်းရှိသော ပူတိမုခမြွေသည်။ ဒဋ္ဌော၊ ကိုက်အပ်သော (ဝါ-အကိုက်ခံရသော)။ ကာယော၊ ကိုယ်သည်။ ပူတိကော၊ ပုပ်သည်။ ဘဝတိ ဝါ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ အာပေါဓာတုပ္ပကောပေန၊ အာပေါဓာတ် ပျက်ခြင်းကြောင့်။ (ကာယော၊ ကိုယ်သည်။ ပူတိကော၊ ပုပ်သည်။ ဘဝတိ၊ ဖြစ်၏။) သော၊ အာပေါဓာတ်ပျက်သော ထိုကိုယ်သည်။ ပူတိမုခေဝ၊ ပူတိမုခမြွေခံတွင်းသို့ ကျသကဲ့သို့ (ဝါ-ပူတိမုခမြွေ အကိုက်ခံရသကဲ့သို့)။ ဟောတိ၊ ဖြစ်၏။
သန္တတ္တော ဘဝတီ ကာယော၊ ဒဋ္ဌော အဂ္ဂိမုခေန ဝါ။
တေဇောဓာတုပ္ပကောပေန၊ ဟောတိ အဂ္ဂိမုခေဝ သော။
အဂ္ဂိမုခေန၊ မီးလိုပူစေတတ်သည့် ခံတွင်းရှိသော အဂ္ဂိမုခမြွေသည်။ ဒဋ္ဌော၊ ကိုက်အပ်သော (ဝါ-အကိုက် ခံရသော)။ ကာယော၊ ကိုယ်သည်။ သန္တတ္တော၊ ပြင်းစွာပူလောင်သည်။ ဘဝတိ ဝါ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ တေဇောဓာတုပ္ပကောပေန၊ တေဇောဓာတ် ပျက်ခြင်းကြေင့်။ (ကာယော၊ ကိုယ်သည်။ သန္တတ္တော၊ ပြင်းစွာပူလောင်သည်။ ဘဝတိ၊ ဖြစ်၏။) သော၊ တေဇောဓာတ်ပျက်သော ထိုကိုယ်သည်။
၆၈၁
အဂ္ဂိမုခေဝ၊ အဂ္ဂိမုခမြွေခံတွင်းသို့ ကျသကဲ့သို့ (ဝါ-အဂ္ဂိမုခမြွေ အကိုက်ခံရသကဲ့သို့)။ ဟောတိ၊ ဖြစ်၏။
သဉ္ဆိန္နော ဘဝတီ ကာယော၊ ဒဋ္ဌော သတ္ထမုခေန ဝါ။
ဝါယောဓာတုပ္ပကောပေန၊ ဟောတိ သတ္ထမုခေဝ သော။
သတ္ထမုခေန၊ ဓားလိုဖြတ်တတ်သည့် ခံတွင်းရှိသော သတ္ထမုခမြွေသည်။ ဒဋ္ဌော၊ ကိုက်အပ်သော (ဝါ-အကိုက်ခံရသော)။ ကာယော၊ ကိုယ်သည်။ သဉ္ဆိန္နော၊ အကြောပြတ်သည့် အလိုအားဖြင့် အပိုင်းအပိုင်းပြတ်သည်။ ဘဝတိ ဝါ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဝါယောဓာတုပ္ပကောပေန၊ ဝါယောဓာတ် ပျက်ခြင်းကြောင့်။ (ကာယော၊ ကိုယ်သည်။ သဉ္ဆိန္နော၊ အပိုင်းအပိုင်းပြတ်သည်။ ဘဝတိ၊ ဖြစ်၏။) သော၊ ဝါယောဓာတ်ပျက်သော ထိုကိုယ်သည်။ သတ္ထမုခေဝ၊ သတ္ထမုခမြွေ ခံတွင်းသို့ ကျသကဲ့သို့ (ဝါ-သတ္ထမုခမြွေ အကိုက်ခံရသကဲ့သို့)။ ဟောတိ၊ ဖြစ်၏၁။
ဤဆိုခဲ့သည့်အတိုင်း အကြီးအကျယ် ဖောက်ပြန်ခြင်းရှိသော ဘူတရုပ်တို့ ဖြစ်သောကြောင့် မဟာဘူတ-မဟာဘုတ် မည်ကုန်၏။ (၆-၄)
ကြီးကျယ်၍ ထင်ရှားရှိသောကြောင့်-ဟူရာ၌ ဤမဟာဘုတ်တို့သည် ကြီးစွာသော လုံ့လဖြင့် သိမ်းဆည်းအပ် ရှုအပ်သောကြောင့် (မဟန္တ-မဟာ) ကြီးလည်း ကြီးကျယ်ကုန်၏၊ ထင်ရှားရှိသောကြောင့်
၁- ဤဂါထာ ပါဌ် အနက်တို့ကို ကျက်မှတ်လိုသူတို့အတွက် အပြည့်အစုံ ဖော်ပြသည်။
၆၈၂
ဘူတ-ဘုတ်လည်း မည်ကုန်၏၊ ဤသို့ ကြီးကျယ်သောကြောင့်၎င်း၊ ထင်ရှားရှိသောကြောင့်၎င်း၊ မဟာဘူတ-မဟာဘုတ် မည်ကုန်၏။ (၆-၅)
ဤဆိုခဲ့သည့်အတိုင်း အလုံးစုံသော ဤဓာတ်လေးပါးတို့သည် မဟန္တပါတုဘာဝ- ကြီးကျယ်၍ ထင်ရှားဖြစ်ခြင်း အစရှိသော အကြောင်းတို့ကြောင့် မဟာဘူတ- မဟာဘုတ်မည်ကုန်၏။
ထိုမှတပါး မိမိ မိမိ၏ သဘောလက္ခဏာကို ဆောင်တတ်ခြင်းကြောင့်၎င်း၊ သံသရာဆင်းရဲကို စီရင်တတ်ခြင်းကြောင့်၎င်း၊ ဆင်းရဲကို စီရင်ခြင်းမျှ (ဝါ) စီရင်ကြောင်း ဖြစ်သောကြောင့်၎င်း (ဝါ) ဆင်းရဲကို သိုမှီးထားရာ ဖြစ်သောကြောင့်၎င်း၁ အလုံးစုံသော ဓာတ်လေးပါးလုံးတို့သည်ပင် ဓာတု၏လက္ခဏာကို မလွန်ကြသောကြောင့် ဓာတု-ဓာတ်မည်ကုန်၏။ မိမိ၏ သဘောလက္ခဏာကို ဆောင်ခြင်းကြောင့်၎င်း၊ ရုပ်နာမ်ဟူသော မိမိ၏ ခဏအားလျော်စွာ တည်ခြင်းကြောင့်၎င်း ဓမ္မမည်ကုန်၏။ ကုန်ခြင်းသဘောကြောင့် အနိစ္စမည်ကုန်၏။ ကြောက်ဖွယ် အနက်သဘောကြောင့် ဒုက္ခမည်ကုန်၏၊ အတ္တကောင်ဟူသော အနှစ်မရှိသည့် သဘောကြောင့် အနတ္တမည်ကုန်၏။
ဤဆိုခဲ့သည့်အတိုင်း ရုပ်အဖြစ် မဟာဘုတ်အဖြစ် ဓာတ်အဖြစ် ဓမ္မအဖြစ် အနိစ္စအဖြစ် စသည်တို့၏ အစွမ်းအားဖြင့် အလုံးစုံသော ဓာတ်လေးပါးတို့၏ (အချင်းချင်း မထူးခြားပဲ) တူခြင်းကို သိအပ်၏ (ဝါ-ဓာတ်လေးပါး အားလုံးတို့ပင် အချင်းချင်း တူကုန်ု၏)၊ ဤသို့ နာနတ္တ ဧကတ္တအားဖြင့် နှလုံးသွင်းအပ်၏။ (၆)
၁- နှာ ၆၆၆-မှတ်ချက်၁-၌ ပြခဲ့သည့်အတိုင်းပင် ပြန်ကြည့်ပါ။
၆၈၃
(၇) ဝိနိဗ္ဘောဂ အဝိနိဗ္ဘောဂအားဖြင့် နှလုံးသွင်းပုံ
[၃၆၅] ၃၅၃။ အသီး အသီး ခွဲခြားအပ်ခြင်း- မခွဲခြားအပ်ခြင်းအားဖြင့် နှလုံးသွင်းပုံကား- တပြိုင်နက် တပေါင်းတည်း ဖြစ်ပေါ်ကြသည်သာလျှင် ဖြစ်ကုန်သော၁ ဤဓာတ်လေးပါးတို့ကို အလုံးစုံတို့၏ အောက်ဆုံး အသေးငယ်ဆုံးဖြစ်သော တခု တခုသော သုဒ္ဓဋ္ဌကစသော၂ ကလာပ်၌သော်လည်း တည်ရာအားဖြင့်၃ အသီး အသီး မခွဲခြားအပ်- မခွဲခြားနိုင်ကုန်။ သဘော လက္ခဏာအားဖြင့်မူကား အသီးအသီး ခွဲခြားအပ်ကုန်၏ ခွဲခြားနိုင်ကုန်၏-ဟူ၍ ဤသို့ အသီးအသီး ခွဲခြားအပ်ခြင်း- မခွဲခြားအပ်ခြင်းအားဖြင့် နှလုံးသွင်းအပ်၏။ (၇)
၁- ဤပုဒ်ထဲ၌ ''သာလျှင်''ဟူသော ကန့်သတ်ချက်ဖြင့် တပေါင်းတည်းမဟုတ်ပဲ တခြားစီဖြစ်ကြသော ဓာတ်တို့ကို မဆိုလိုကြောင်း ပြသည်။ ထိုသို့ တခြားစီဖြစ်ကြသော ဓာတ်တို့ကိုမူ အသီးအသီး ခွဲခြားအပ် ခွဲခြားနိုင်ပေသည်။
၂- ဤ၌ ''စသော'' ဟူသော စကားဖြင့် ကမ္မဇကလာပ်ထဲမှ အသေးဆုံးဖြစ်သော ဇီဝိတနဝက ကလာပ်ကို ယူအပ်၏။
၃- ဤဓာတ်က အထက်၌ တည်သည်၊ ထိုဓာတ်က အောက်၌ တည်သည် စသည်ဖြင့် တည်ရာအရပ် အလိုအားဖြင့် မခွဲခြားနိုင်၊ စင်စစ်အားဖြင့် ပထဝီဓာတ်ပြန့်နှံ့ရာအရပ် ဟူသမျှ၌ အခြားဓာတ်သုံးပါးကလည်း ပြန့်နှံ့လျက်ရှိ၏၊ အခြားဓာတ်များ ပြန့်နှံ့ရာအရပ် ဟူသမျှ၌လည်း ပထဝီဓာတ်က ပြန့်နှံ့လျက် ရှိပေသည်၊ ထို့ကြောင့် တည်ရာအရပ်အားဖြင့် မခွဲခြားနိုင်ပေ။
၆၈၄
(၈) သဘာဂ-ဝိသဘာဂအားဖြင့် နှလုံးသွင်းပုံ
၃၅၄။ သဘောတူခြင်း- မတူခြင်းအားဖြင့် နှလုံးသွင်းပုံကား- ယခုပြဆိုခဲ့သည့်အတိုင်း အသီးအသီး မခွဲခြားအပ်ကုန်သော်လည်း ဤဓာတ်လေးပါးတို့တွင် ပထဝီနှင့် အာပေါဟူသော ရှေးဓာတ်၂-ပါးတို့သည် လေးခြင်းကြောင့်၁ တူသော အဖို့ရှိကုန်၏- သဘောတူကုန်၏၊ ထို့အတူ တေဇောနှင့် ဝါယောဟူသော နောက်ဓာတ်၂-ပါးတို့သည် ပေါ့ခြင်းကြောင့် တူသော အဖို့ရှိကုန်၏- သဘောတူကုန်၏။ ရှေးဓာတ်၂-ပါးတို့သည် နောက်ဓာတ်၂-ပါးတို့နှင့် နောက်ဓာတ်၂-ပါးတို့သည်လည်း ရှေးဓာတ်၂-ပါးတို့နှင့် သဘောမတူကုန်ဟူ၍ ဤသို့ သဘောတူခြင်း- မတူခြင်းအားဖြင့် နှလုံးသွင်းအပ်၏။ (၈)
(၉) အဇ္ဈတ္တိက-ဗာဟိရဝိသေသအားဖြင့် နှလုံးသွင်းပုံ
၃၅၅။ အတွင်းအပြင်ဓာတ်တို့၏ အထူးအားဖြင့် နှလုံးသွင်းပုံကား- ကိုယ်အတွင်း (အဇ္ဈတ္တိက)ဓာတ်တို့သည် စိတ်ဝိညာဏ်၏တည်ရာ စက္ခု သောတ ဃာန ဇိဝှါ ကာယ ဟဒယဝတ္ထုရုပ်တို့၏၎င်း၊ ဝိညတ်ရုပ်တို့၏၎င်း၊ ဣတ္ထိ ပုရိသ ဇီဝိတဟူသော ဣန္ဒြိယရုပ်တို့၏၎င်း မှီရာဖြစ်ကုန်၏၊
၁- အဋ္ဌသာလိနီ နှာ ၃၆၈-၌ ကက္ခဠံ-ခက်မာသည်၊ မုဒုကံ-နူးညံ့ပျော့ပျောင်းသည်။ သဏှံ-သိမ်မွေ့ချောညက်သည်၊ ဖရုံသံ-ကြမ်းတမ်းသည်၊ ဂရုကံ-လေးသည်၊ လဟုကံ-ပေါ့သည်-ဟူသော ပုဒ်တို့ဖြင့် ပထဝီဓာတ်ကို ဝေဘန်ကြောင်း ပြဆိုထား၏။ ထိုစကား၌ ပေါ့သည်ဟူသော အနက်ကို သူ့ထက်လေးသည်ကို ထောက်ဆ၍ ဆိုသည်ဟူ၍၎င်း၊ သူ့ပင်ကိုသဘောအားဖြင့် လေးသည်ဟူ၍၎င်း ယူရာ၏။ ထို့ပြင် နှာ ၆၉၁-၌ ပြလတံ့သော မှတ်ချက်၁-၏ မှီရာ ဋီကာအရ
၆၈၅
ဣရိယာပုထ် လေးပါးနှင့်တကွ ဖြစ်ကုန်၏၊ ကံ စိတ် ဥတု အာဟာရဟူသော အကြောင်းလေးပါးကြောင့် ဖြစ်ကုန်၏။ အပြင်ပ (ဗာဟိရ)ဓာတ်တို့သည် ဝတ္ထု ဝိညတ် ဣန္ဒြိယရုပ်တို့၏ မှီရာ မဖြစ်ကုန်၊ ဣရိယာပုထ်နှင့်တကွ မဖြစ်ကုန်၊ ဥတုကြောင့်သာလျှင် ဖြစ်ကုန်၏ဟူ၍ ဤသို့ အတွင်းအပြင် ဓာတ်တို့၏ အထူးအားဖြင့် နှလုံးသွင်းအပ်၏။ (၉)
(၁ဝ) သင်္ဂဟအားဖြင့် နှလုံးသွင်းပုံ
၃၅၆။ သိမ်းယူခြင်း- ပေါင်းခြင်းအားဖြင့် နှလုံးသွင်းပုံကား- ကံကြောင့်ဖြစ်သော ပထဝီဓာတ်ကို ကံကြောင့်ဖြစ်ကုန်သော အခြားဓာတ်တို့နှင့် ဖြစ်ကြောင်းအားဖြင့် မကွဲပြားခြင်းကြောင့် တမျိုးတည်း သိမ်းယူအပ် ပေါင်းအပ်၏၊ စိတ် စသည်တို့ကြောင့် ဖြစ်သော ပထဝီဓာတ်ကို စိတ်စသည်တို့ကြောင့်ဖြစ်ကုန်သော အခြားဓာတ်တို့ဖြင့် ထို့အတူ တမျိုးတည်း သိမ်းယူအပ်- ပေါင်းအပ်၏၊ (အခြား ဓာတ်သုံးပါးတို့ကိုလည်း ဤအတူပင် ဖြစ်ကြောင်းတူသော အခြားဓာတ်တို့နှင့် တမျိုးတည်း သိမ်းယူအပ်- ပေါင်းအပ်ကုန်၏)ဟူ၍ ဤသို့ သိမ်းယူခြင်း- ပေါင်းခြင်းအားဖြင့် နှလုံးသွင်းအပ်၏။ (၁ဝ)
(၁၁) ပစ္စယအားဖြင့် နှလုံးသွင်းပုံ
၃၅၇။ ကျေးဇူးပြုခြင်း- ထောက်ပံ့ခြင်းအားဖြင့် နှလုံးသွင်းပုံကား- ပထဝီဓာတ်သည် အာပေါဓာတ်က ပေါင်းစုပေးခြင်း
အာပေါဓာတ်က ပထဝီဓာတ်ထက် သာ၍ လေးသည်ဟူ၍လည်း ယူရာ၏။ ထို့ကြောင့် ဤအရာ၌ ပထဝီအာပေါဓာတ် ၂-ပါးလုံးကို လေးသည်ဟု ဆိုပေသည်။
၆၈၆
တေဇောဓာတ်က စောင့်ရှောက်ခြင်း ဝါယောဓာတ်က ထောက်ကန်ပေးခြင်းကို ရသည်ဖြစ်၍ သုံးပါးကုန်သော (ထို)မဟာဘုတ်တို့အား တည်ရာဖြစ်လျက် ကျေးဇူးပြု၏။ အာပေါဓာတ်သည် ပထဝီဓာတ်၌ တည်၍ တေဇောဓာတ်က စောင့်ရှောက်ခြင်း ဝါယောဓာတ်က ထောက်ကန်ပေးခြင်းကို ရသည်ဖြစ်၍ သုံးပါးကုန်သော (ထို)မဟာဘုတ်တို့အား ဖွဲ့စည်းပေါင်းစုလျက် ကျေးဇူးပြု၏။ တေဇောဓာတ်သည် ပထဝီဓာတ်၌တည်၍ အာပေါဓာတ်က ပေါင်းစုပေးခြင်း ဝါယောဓာတ်က ထောက်ကန်ပေးခြင်းကို ရသည်ဖြစ်၍ သုံးပါးကုန်သော (ထို)မဟာဘုတ်တို့အား ပူနွေးစေ- ကျက်စေလျက် ကျေးဇူးပြု၏။ ဝါယောဓာတ်သည် ပထဝီဓာတ်၌တည်၍ အာပေါဓာတ်က ပေါင်းစုပေးခြင်း တေဇောဓာတ်က ကျက်စေခြင်းကို ရသည်ဖြစ်၍ သုံးပါးကုန်သော (ထို)မဟာဘုတ်တို့အား ထောက်ကန်လျက် ကျေးဇူးပြု၏-ဟူ၍ ဤသို့ ကျေးဇူးပြုခြင်း ထောက်ပံ့ခြင်းအားဖြင့် နှလုံးသွင်းအပ်၏။ (၁၁)
(၁၂) အသမန္နာဟာရအားဖြင့် နှလုံးသွင်းပုံ
၃၅၈။ ဆင်ခြင်မှု-သိမှု ကင်းခြင်းအားဖြင့် နှလုံးသွင်းပုံကား- ဤဓာတ်လေးပါးတို့တွင် ပထဝီဓာတ်သည် ''ငါ ပထဝီဓာတ်'' ဟူ၍၎င်း၊ ''သုံးပါးကုန်သော မဟာဘုတ်တို့အား (ငါက) တည်ရာဖြစ်လျက် ကျေးဇူးပြုသည်'' ဟူ၍၎င်း မသိချေ။ အခြား ဓာတ်သုံးပါးတို့သည်လည်း ''ငါတို့အား ပထဝီဓာတ်က တည်ရာဖြစ်လျက် ကျေးဇူးပြုသည်''ဟူ၍ မသိကြချေ။ အလုံးစုံသော အကြွင်းဓာတ်သုံးပါးတို့၌ ဤနည်းတူပင်-ဟူ၍ ဤသို့ ဆင်ခြင်မှု-သိမှု ကင်းခြင်းအားဖြင့် နှလုံးသွင်းအပ်၏။ (၁၂)
၆၈၇
(၁၃) ပစ္စယ-ဝိဘာဂအားဖြင့် နှလုံးသွင်းပုံ
[၃၆၆] ၃၅၉။ ကျေးဇူးပြုသော တရားအထူး, သတ္တိအထူးကို ဝေဘန်ခြင်းအားဖြင့် နှလုံးသွင်းပုံကား- ဓာတ်လေးပါးတို့အား ကျေးဇူးပြုသော အကြောင်းတို့သည် ကံ စိတ် ဥတု အာဟာရဟူ၍ လေးပါးတို့ပေတည်း။ ထိုတွင် ကံကြောင့်ဖြစ်သော ဓာတ်တို့မှာ ကံသည်သာလျှင် အကြောင်းပေတည်း၊ စိတ် ဥတု အာဟာရတို့သည် အကြောင်းမဟုတ်ကုန်၁။ စိတ် ဥတု အာဟာရတို့ကြောင့် ဖြစ်သော ဓာတ်တို့မှာလည်း စိတ် ဥတု အာဟာရတို့သည်သာလျှင် အကြောင်းပေတည်း၊ အခြား ကံ စသည်တို့သည် အကြောင်းမဟုတ်ကုန်။ ထို့ပြင် ကံသည် ကံကြောင့်ဖြစ်သော ဓာတ်တို့၏ ဇနက (ဖြစ်စေတတ်သော) အကြောင်းဖြစ်သည်၊ ကြွင်းသော ဓာတ်တို့၏ ပရိယာယ်အားဖြင့်၂ ဥပနိဿယ (အားကြီးသောမှီရာ) အကြောင်းဖြစ်သည်။ စိတ်သည် စိတ်ကြောင့်ဖြစ်သော ဓာတ်တို့၏ ဇနကအကြောင်းဖြစ်သည်၊
၁- ''အကြောင်း မဟုတ်ကုန်''ဟူသော စကားဖြင့် ဖြစ်စေတတ်သည့် ဇနက အကြောင်းမဟုတ်သည်ကိုသာ ဆိုလိုသည်။ နောက်၌လည်း နည်းတူပင်။
၂- ပဋ္ဌာန်းပါဠိ၌ နာမ်တရားတို့အားသာလျှင် (ကျေးဇူးပြုသော) ဥပနိဿယပစ္စည်းကို ဟောထားသောကြောင့် မုချအားဖြင့် ရုပ်တရားတို့အား ကျေးဇူးပြုသော ဥပနိဿယပစ္စည်းမည်သည် မရှိချေ၊ သို့သော် သုတ္တန်ဒေသနာ၌ ပုဂ္ဂိုလ်ကိုမှီ၍ တောအုပ်ကိုမှီ၍ဟု ဟောခြင်းကြောင့် သုတ္တန်နည်း ပရိယာယ်အားဖြင့် (အကြောင်းတစုံတခုနှင့်) မကင်းမူ၍ ဖြစ်ခြင်းကို ဥပနိဿယပစ္စည်း(ကြောင့် ဖြစ်သည်)ဟု သိအပ်၏။
၆၈၈
ကြွင်းသော ဓာတ်တို့အား ပစ္ဆာဇာတပစ္စည်း အတ္ထိပစ္စည်း အဝိဂတပစ္စည်းဖြင့် ကျေးဇူးပြုသော အကြောင်းဖြစ်သည်။ အာဟာရသည် အာဟာရကြောင့်ဖြစ်သော ဓာတ်တို့၏ ဇနကအကြောင်း ဖြစ်သည်၊ ကြွင်းသော ဓာတ်တို့အား အာဟာရပစ္စည်း အတ္ထိပစ္စည်း အဝိဂတပစ္စည်းဖြင့် ကျေးဇူးပြုသော အကြောင်းဖြစ်သည်။ ဥတုသည် ဥတုကြောင့်ဖြစ်သော ဓာတ်တို့၏ ဇနကအကြောင်းဖြစ်သည်၊ ကြွင်းသော ဓာတ်တို့အား အတ္ထိပစ္စည်း အဝိဂတပစ္စည်းဖြင့် ကျေးဇူးပြုသော အကြောင်းဖြစ်သည်။ ကမ္မဇမဟာဘုတ်သည် ကမ္မဇမဟာဘုတ်တို့အား၎င်း၊ စိတ္တဇ ဥတုဇ အာဟာရဇ မဟာဘုတ်တို့အား၎င်း ကျေးဇူးပြု၏ ထောက်ပံ့၏။ ထို့အတူ စိတ္တဇမဟာဘုတ်သည် စိတ္တဇမဟာဘုတ်တို့အား၎င်း၊ ကြွင်းသော မဟာဘုတ်တို့အား၎င်း ကျေးဇူးပြု၏၊ အာဟာရဇမဟာဘုတ်သည် အာဟာရဇမဟာဘုတ်တို့အား၎င်း၊ ကြွင်းသော မဟာဘုတ်တို့အား၎င်း ကျေးဇူးပြု၏။ ဥတုဇမဟာဘုတ်သည် ဥတုဇမဟာဘုတ်တို့အား၎င်း၊ ကမ္မဇ စိတ္တဇ အာဟာရဇ မဟာဘုတ်တို့အား၎င်း ကျေးဇူးပြု၏။
ထိုတွင် ကမ္မဇပထဝီဓာတ်သည် ကမ္မဇဖြစ်သော အခြားဓာတ်တို့အား သဟဇာတသတ္တိ အညမညသတ္တိ နိဿယသတ္တိ အတ္ထိသတ္တိ အဝိဂတသတ္တိတို့၏ အစွမ်းဖြင့်၎င်း၁၊ တည်ရာ၏ အစွမ်းဖြင့်၎င်း ကျေးဇူးပြု၏၊ ဖြစ်စေတတ်သော ဇနကသတ္တိအစွမ်းဖြင့်မူ ကျေးဇူးမပြု၊ ကမ္မဇမဟုတ်ကုန်သော စိတ္တဇ ဥတုဇ အာဟာရဇဟူသော တိသန္တတိ (သုံးခုသော အစဉ်သန္တာန်) မဟာဘုတ်တို့အား
၁- ကလာပ်တူ အခြားဓာတ်တို့အား ဤပစ္စယသတ္တိ ငါးပါးဖြင့် ကျေးဇူးပြုသည်ကို ပြသည်။
၆၈၉
နိဿယ အတ္ထိ အဝိဂတသတ္တိတို့၏ အစွမ်းဖြင့် ကျေးဇူးပြု၏၁၊ တည်ရာ၏ အစွမ်းဖြင့် ကျေးဇူးမပြု၊ ဇနက၏အစွမ်းဖြင့် ကျေးဇူးမပြု။ ထိုမှတပါး ဤကမ္မဇဓာတ် လေးပါးတို့တွင် အာပေါဓာတ်သည် ကြွင်းသော ဓာတ်သုံးပါးတို့အား သဟဇာတသတ္တိ စသည်၏ အစွမ်းဖြင့်၎င်း၊ ဖွဲ့စည်းခြင်း၏ အစွမ်းဖြင့်၎င်း ကျေးဇူးပြု၏၊ ဇနက၏အစွမ်းဖြင့်မူ ကျေးဇူးမပြု။ အခြား တိသန္တတိမဟာဘုတ်တို့အား နိဿယ အတ္ထိ အဝိဂတပစ္စည်းတို့၏ အစွမ်းအားဖြင့်သာလျှင် ကျေးဇူးပြု၏၊ ဖွဲ့စည်းခြင်း၏ အစွမ်းဖြင့် ကျေးဇူးမပြု၊ ဇနက၏အစွမ်းဖြင့် ကျေးဇူးမပြု။ ဤကမ္မဇဓာတ် လေးပါးတို့တွင် တေဇောဓာတ်သည်လည်း ကြွင်းသော ဓာတ်သုံးပါးတို့အား သဟဇာတသတ္တိ စသည်၏ အစွမ်းဖြင့်၎င်း၊ ကျက်စေသည်၏ အစွမ်းဖြင့်၎င်း ကျေးဇူးပြု၏၊ ဇနက၏ အစွမ်းဖြင့် ကျေးဇူးမပြု။ အခြား တိသန္တတိ မဟာဘုတ်တို့အား နိဿယ အတ္ထိ အဝိဂတပစ္စည်းတို့၏ အစွမ်းဖြင့်သာလျှင် ကျေးဇူးပြု၏၊ ကျက်စေခြင်း၏ အစွမ်းဖြင့် ကျေးဇူးမပြု၊ ဇနက၏အစွမ်းဖြင့် ကျေးဇူးမပြု။ ဤကမ္မဇဓာတ် လေးပါးတို့တွင် ဝါယောဓာတ်သည်လည်း အခြား ဓာတ်သုံးပါးတို့အား သဟဇာတ စသည်၏ အစွမ်းဖြင့်၎င်း၊ ထောက်ကန်ခြင်း၏ အစွမ်းဖြင့်၎င်း ကျေးဇူးပြု၏၊ ဇနက၏ အစွမ်းဖြင့် ကျေးဇူးမပြု။ အခြား တိသန္တတိ မဟာဘုတ်တို့အား နိဿယ အတ္ထိ အဝိဂတပစ္စည်းတို့၏ အစွမ်းဖြင့်သာလျှင် ကျေးဇူးပြု၏၊ ထောက်ကန်ခြင်း၏ အစွမ်းဖြင့် ကျေးဇူးမပြု၊
၁- ပဋ္ဌာန်းပါဠိ၌ ကလာပ်ပြား ရုပ်တို့အား ဓာတ်လေးပါးက ကျေးဇူးပြုပုံကို မပြသောကြောင့် ဤပစ္စယသတ္တိ သုံးပါးဖြင့် ကျေးဇူးပြုခြင်းကိုလည်း သုတ္တန်နည်းအရ ပြသည်ဟု ယူရာ၏။
၆၉၀
ဇနက၏အစွမ်းဖြင့် ကျေးဇူးမပြု။ စိတ္တဇ အာဟာရဇ ဥတုဇပထဝီဓာတ် အစရှိသည်တို့၌လည်း ဤနည်း အတူပင်တည်း။
အထူးကို ဆက်၍ပြရလျှင် ဤဆိုခဲ့သည့်အတိုင်း သဟဇာတအစရှိသော ပစ္စည်းတို့၏ အစွမ်းဖြင့် ဖြစ်ကုန်သော ဤလေးပါးသော ဓာတ်တို့တွင်-
တပါးစွဲလတ် သုံးဓာတ်လေးလီ၊ သုံးဓာတ်စွဲငြား တပါးလေးလီ၊ နှစ်ဓာတ်စွဲပြု နှစ်ခုခြောက်လီ၊ ကြောင်းကျိုးစပ် မပြတ် ဖြစ်ကြသည်၁။
[၃၆၇] ချဲ့၍ပြအံ့- ပထဝီဓာတ် စသည်တို့တွင် တပါး တပါးကို စွဲမှီ၍ သုံးပါး သုံးပါးကုန်သော အခြားဓာတ်တို့သည် ဖြစ်ကုန်၏၊ ဤသို့အားဖြင့် တပါးစွဲလတ် သုံးဓာတ်လေးလီ ဖြစ်ကြပေသည်။ ထို့အတူ ပထဝီဓာတ် စသည်တို့တွင် တပါး တပါးသည် သုံးပါး သုံးပါးကုန်သော အခြားဓာတ်တို့ကို စွဲမှီ၍ ဖြစ်ကုန်၏၊ ဤသို့အားဖြင့် သုံးဓာတ်စွဲငြား တပါး လေးလီ ဖြစ်ပေသည်။ ရှေ့ဓာတ် ၂-ပါးတို့ကို စွဲမှီ၍ နောက်ဓာတ် ၂-ပါးတို့သည် ဖြစ်ကုန်၏။ နောက်ဓာတ် ၂-ပါးတို့ကို စွဲမှီ၍ ရှေးဓာတ် ၂-ပါးတို့သည် ဖြစ်ကုန်၏၊ ပဌမ တတိယဓာတ်တို့ကို စွဲမှီ၍ ဒုတိယ စတုတ္ထဓာတ်တို့သည် ဖြစ်ကုန်၏၊ ဒုတိယ စတုတ္ထဓာတ်တို့ကို စွဲမှီ၍ ပဌမ တတိယဓာတ်တို့သည် ဖြစ်ကုန်၏၊ ပဌမ စတုတ္ထဓာတ်တို့ကို စွဲမှီ၍ ဒုတိယ တတိယ ဓာတ်တို့သည် ဖြစ်ကုန်၏၊
၁- နောက်၌ အကျယ် ဖွင့်ပြထားသောကြောင့်၎င်း၊ သိလွယ်သောကြောင့်၎င်း ရှစ်လုံးဖွဲ့ ပါဠိဂါထာကို ရှစ်လုံးဖွဲ့ မြန်မာဂါထာဖြင့် ပြန်ထားသည်။
၆၉၁
ဒုတိယ တတိယ ဓာတ်တို့ကို စွဲမှီ၍ ပဌမ စတုတ္ထ ဓာတ်တို့သည် ဖြစ်ကုန်၏။ ဤသို့အားဖြင့် နှစ်ဓာတ်စွဲပြု နှစ်ခုခြောက်လီ ဖြစ်ကုန်၏။
ထိုဓာတ်လေးပါးတို့တွင် ပထဝီဓာတ်သည် ရှေ့သို့သွားခြင်း နောက်သို့ပြန်ခြင်း အစရှိသော ကာလ၌ ဖိနှိပ်ခြင်း၏ အကြောင်းဖြစ်၏၁၊ နောက်လိုက် အာပေါဓာတ်နှင့်တကွ၂ ထိုပထဝီဓာတ်သည်ပင်လျှင် ခြေကိုတည်စေခြင်း ထားခြင်း၏ အကြောင်းဖြစ်၏၃။ နောက်လိုက် ပထဝီဓာတ်နှင့်တကွ အာပေါဓာတ်သည် ခြေကို ချခြင်း၏အကြောင်း ဖြစ်၏၄။ နောက်လိုက် ဝါယောဓာတ်နှင့်တကွ
၁- တိုက်ခိုက်ခြင်း ကိရိယာသည် ပထဝီဓာတ်၏ အစွမ်းဖြင့် ပြီးခြင်းကြောင့် ပထဝီဓာတ်သည် ဖိနှိပ်ခြင်း၏အကြောင်း ဖြစ်ပေသည်။ (ဋီကာ)
၂- အာပေါဓာတုယာ အနုဂတာ-အာပေါဓာတ်သည် အစဉ်လိုက်အပ်သော-ဟု အတိအကျ ပြန်သင့်သော်လည်း သုတနည်းသူတို့ပါ နားလည်လွယ်စေရန် နောက်လိုက် အာပေါဓာတ်နှင့်တကွ-ဟု ပြန်ထားသည်။ အနက်အရကား တူညီသည်ပင်။
၃- တည်ရာဖြစ်ခြင်း၌ကဲ့သို့ တည်စေခြင်း၌လည်း ထိုပထဝီဓာတ်၏ လွန်ကဲသော ကိစ္စရှိခြင်းကြောင့် (ပထဝီဓာတ်သည်) ခြေကို တည်စေခြင်း ထားခြင်း၏ အကြောင်းအထောက်အပံ့ ဖြစ်ပေသည်။ (ဋီကာ)
၄- ခြေကို ချထားခြင်း၌ (ဂရုတရသဘာဝါယ) သာ၍ လေးသော သဘောရှိသော အာပေါဓာတ်၏ ဗျာပါရသည် လွန်ကဲပေ၏။ (ဋီကာ) ဤဋီကာ၌ အာပေါဓာတ်ကို သာ၍ လေးသောသဘော ရှိသည်ဟု ဆိုသောကြောင့် ပထဝီထက် အာပေါက သာ၍ လေးသည်ဟု သိအပ်၏။
၆၉၂
တေဇောဓာတ်သည် ခြေကို ကြွချီခြင်း၏အကြောင်း ဖြစ်၏၁။ နောက်လိုက် တေဇောဓာတ်နှင့်တကွ ဝါယောဓာတ်သည် ခြေကို ရှေ့သို့ဆောင်ခြင်း, ဖယ်၍ ဆောင်ခြင်းတို့၏ အကြောင်း ဖြစ်၏၂-ဟူ၍ ဤသို့ ကျေးဇူးပြုသော တရားထူး, သတ္တိထူးကို ဝေဘန်ခြင်းအားဖြင့် နှလုံးသွင်းအပ်(ကုန်)၏။ (၁၃)
အကျိုးကား- ဤဆိုခဲ့သည့်အတိုင်း ဝစနတ္ထ စသည်တို့၏ အစွမ်းအားဖြင့် နှလုံးသွင်းနေသော ယောဂီအားလည်း (၁၃-ပါးတို့တွင်) တပါးပါးသော သိမ်းဆည်းကြောင်း နည်းလမ်း (မုခ)ဖြင့် ဓာတ်တို့သည် ထင်ရှားပေါ်ကုန်၏။ ထိုဓာတ်တို့ကို အဖန်တလဲလဲ ဆင်ခြင်နှလုံးသွင်းနေသော ယောဂီအား ဆိုခဲ့ပြီးသော နည်းဖြင့်ပင်လျှင် ဥပစာရသမာဓိသည် ဖြစ်ပေါ်၏။ ထိုသို့ ဖြစ်ပေါ်သော ဤဥပစာရသမာဓိသည် လေးပါးကုန်သော ဓာတ်တို့ကို ပိုင်းခြားဆုံးဖြတ်သော
၁- တေဇောဓာတ်သည် အထက်သို့ တက်သွားခြင်းသဘော ရှိ၏၊ ထို့ကြောင့် ခြေကိုကြွချီရာ၌ ဝါယောဓာတ်ကို တေဇောဓာတ်၏ နောက်လိုက်ဖြစ်ကြောင်း မိန့်ဆိုပေသည်။ (ဋီကာ)
၂- တည်ရာမှ ခြေကို ရှေ့သို့ဆောင်ခြင်းကို အတိဟရဏ ဟူ၍၎င်း၊ ဘေးသို့ဆောင်ခြင်းကို ဝီတိဟရဏ ဟူ၍၎င်း ဤဋီကာအဖွင့်နှင့်အညီ ပြန်ထားသည်။ ဝိသုဒ္ဓိမဂ် ဒုတိယတွဲ နှာ ၂၅၇-၌ ဝီတိဟရဏ မည်သည်ကား သစ်ငုတ် ဆူးငြောင့် မြွေ စသည်တို့တွင် တခုခုကိုပင်လျှင် တွေ့မြင်၍ ထိုမှဤမှ ခြေကို ရွေ့ရှားစေခြင်းတည်းဟု ပြဆိုထား၏၊ ခြေကို ဖယ်ခြင်းပင်။ ဈာနဝိဘင်းအဖွင့် မူလဋီကာ (၁၈၁)၌ကား ''ရပ်တည်လျက်ရှိသော တဖက်ခြေဆီသို့ ဆွဲဆောင်လာခြင်းကို အတိဟရဏ ဆောင်ခြင်း ဟူ၍၎င်း၊ တဖက်ခြေကို ကျော်လွန်၍ ရှေ့သို့ လှမ်းခြင်းကို ဝီတိဟရဏ ကျော်လွန်၍ ဆောင်ခြင်းဟူ၍၎င်း'' ပြဆိုထား၏။
၆၉၃
ဉာဏ်၏ အစွမ်းအာနုဘော်ဖြင့် ဖြစ်ခြင်းကြောင့် စတုဓာတုဝဝတ္ထာန်ဟူ၍သာလျှင် ရေတွက်ခေါ်ဆိုအပ်ခြင်းသို့ ရောက်၏။
၃၆ဝ။ အာနိသင် အကျိုးကား- ဤစတုဓာတုဝဝတ္ထာန် ကမ္မဋ္ဌာန်းကို အားထုတ်သော ရဟန်းသည် အတ္တမှ ဆိတ်ခြင်းသို့ သက်ဝင်၏၊ သတ္တဝါဟု ထင်မှတ်သော သညာကို နုတ်ပယ်နိုင်၏၊ သတ္တဝါဟု ထင်မှတ်သော သညာကို နုတ်ပယ်ပြီး ဖြစ်သောကြောင့် ထိုရဟန်းသည် သားရဲ ဘီလူး ရက္ခိုသ် စသည်ဖြင့် ကြံဆခြင်းသို့ မရောက်မူ၍ ဘေးကြီး ဘေးငယ်ဖြင့် လွှမ်းမိုး သည်းခံနိုင်၏၊ ဘာဝနာကုသိုလ်တရား၌ မပျော်မွေ့ခြင်း ကာမဂုဏ်၌ ပျော်မွေ့ခြင်းကို နှိပ်နင်းသည်းခံနိုင်၏၊ ဣဋ္ဌာရုံ အနိဋ္ဌာရုံတို့၌ ဝမ်းမြောက်တက်ကြွခြင်း စိတ်ညစ်နစ်ကျခြင်းသို့ မရောက်ပေ၊ အထူးအားဖြင့်မူကား ပညာကြီးတတ်၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသည်မူလည်း ဖြစ်တတ်၏၊ သုဂတိသို့ လားရောက်ရသည်မူလည်း ဖြစ်တတ်၏၊ ဤကား အာနိသင် အကျိုးပေတည်း။
ဤဆိုခဲ့သည့်အတိုင်း ကြီးမြတ်သော အာနုဘော်ရှိသော အထောင်မက များစွာသော ယောဂီမြတ်အပေါင်း၏ ကွန့်မြူးရာဖြစ်သော ဤစတုဓာတုဝဝတ္ထာန် ကမ္မဋ္ဌာန်းကို ပညာရှိသည် အမြဲမပြတ် မှီဝဲရာ၏။ ဤကား ဥယျောဇဉ်ပေတည်း။
ယခုဆိုခဲ့ပြီးသော စကားသည် စတုဓာတုဝဝတ္ထာန် ပွါးပုံကို အကျယ် ပြဆိုချက်ပေတည်း။
သမာဓိကထာ နိဂုံးချုပ်
၃၆၁။ သမာဓိကထာကို နိဂုံးချုပ်ပြရလျှင် ဤမျှသော ဘာဝနာစကားအစဉ်ဖြင့် သမာဓိကို အကျယ်ပြချက် စကားကို၎င်း၊
၆၉၄
ပွါးစေပုံ ဘာဝနာနည်းကို၎င်း ပြရန်အတွက် ''သမာဓိဟူသည် အဘယ်နည်း၊ အဘယ်အနက်သဘောကြောင့် သမာဓိမည်သနည်း'' ဤသို့ အစရှိသော နည်းဖြင့် ထုတ်ပြခဲ့သော မေးခွန်းပြဿနာအပေါင်း၌ [၃၆၈] ''သမာဓိကို အဘယ်သို့ ပွါးစေအပ်သနည်း''ဟူသော ဤမေးခွန်းပုဒ်၏ အနက်အဖွင့်သည် ခပ်သိမ်းသော အပြားအားဖြင့် ပြီးစီး ပြည့်စုံပေပြီ။
မှန်ပေ၏- ဥပစာရသမာဓိနှင့် အပ္ပနာသမာဓိဟူသော နှစ်ပါးအပြားရှိသော ဤသမာဓိကိုသာလျှင် (စိတ္တံ ဘာဝယံ) စိတ်ကို ပွါးစေသော်-ဟူသော ဤအရာ၌ အလိုရှိအပ်ပေသည်။ ထိုနှစ်ပါးတို့တွင် ဗုဒ္ဓါနုဿတိစသော ဆယ်ပါးသော ကမ္မဋ္ဌာန်းတို့၌၎င်း အပ္ပနာ၏ ရှေးအဖို့ဖြစ်သော စိတ်တို့၌၎င်း တခုတည်းသော အာရုံရှိသည်၏ အဖြစ်ဟူသော ဧကဂ္ဂတာသည် ဥပစာရသမာဓိပေတည်း၊ ကြွင်းသော သုံးဆယ်သော ကမ္မဋ္ဌာန်းတို့၌ စိတ္တေကဂ္ဂတာသည် အပ္ပနာသမာဓိပေတည်း။ နှစ်ပါးလုံးသော ထိုသမာဓိသည် လေးဆယ်သော ထိုကမ္မဋ္ဌာန်းတို့ကို ပွါးစေပြီးဖြစ်သောကြောင့် ပွါးစေပြီးဖြစ်လေပြီ။ ထို့ကြောင့် ''သမာဓိကို အဘယ်သို့ ပွါးစေအပ်သနည်းဟူသော ဤမေးခွန်းပုဒ်၏ အနက်အဖွင့်သည် ခပ်သိမ်းသော အပြားအားဖြင့် ပြီးစီး ပြည့်စုံပေပြီ''ဟူ၍ ငါဆိုခဲ့ပေသည်။
သမာဓိ၏ အာနိသင်ကို ပြဆိုချက်
၃၆၂။ ''သမာဓိကို ပွါးစေခြင်း (သမာဓိဘာဝနာ)၏ အကျိုးကား အဘယ်နည်း''ဟူသော မေးခွန်း၌ (ဒိဋ္ဌဓမ္မသုခဝိဟာရ) မျက်မှောက် အတ္တဘော- မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရခြင်း အစရှိသော
၆၉၅
အကျိုးငါးပါးသည် သမာဓိဘာဝနာ၏ အကျိုးအာနိသင်ပေတည်း။ ထိုအကျိုးငါးပါးကို ချဲ့၍ပြရလျှင်-
အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်တို့သည် ဈာန်ဝင်စား၍ တည်ကြည်သောစိတ် ရှိကုန်လျက် တနေ့ပတ်လုံး ချမ်းသာစွာ နေကုန်အံ့ဟု ရည်ရွယ်၍ ဈာန်သမာဓိကို ပွါးစေကုန်၏၊ ထိုရဟန္တာပုဂ္ဂိုလ်တို့၏ အပ္ပနာ သမာဓိဘာဝနာသည် ဒိဋ္ဌဓမ္မသုခဝိဟာရဟူသော အကျိုးအာနိသင် ရှိပေ၏။ ထို့ကြောင့် မြတ်စွာဘုရားသည်-
''ချစ်သားစုန္ဒ ဤရူပါဝစရဈာန်တို့ကို (အရိယမည်သော) ဘုရား၏ အဆုံးအမ သာသနာတော်၌ ကိလေသာကို ခေါင်းပါးစေတတ်သည့် သလ္လေခတရားတို့ဟူ၍ မဆိုအပ်ကုန်၊ ဤရူပါဝစရဈာန်တို့ကို (အရိယမည်သော) ဘုရား၏ အဆုံးအမ သာသနာတော်၌ မျက်မှောက် အတ္တဘောမှာ ချမ်းသာစွာ နေရခြင်းဟူသော ဒိဋ္ဌဓမ္မသုခဝိဟာရတို့ဟူ၍ ဆိုအပ်ကုန်၏''ဟု မိန့်တော်မူခဲ့ပေသည်။ (၁)
သမာပတ်မှ ထ၍ တည်ကြည်သောစိတ်ဖြင့် ဝိပဿနာရှုကုန်အံ့-ဟု ရည်ရွယ်၍ ပွါးစေကုန်သော သေက္ခပုဂ္ဂိုလ် ပုထုဇဉ်ပုဂ္ဂိုလ်တို့၏ အပ္ပနာသမာဓိကို ပွါးစေခြင်းသည်၎င်း၊ ကာမဂုဏ်ကိလေသာတို့ဖြင့် ကျဉ်းမြောင်းစွာသော လူ့ဘောင်၌ မဂ်ဖိုလ်ချမ်းသာရကြောင်း အခွင့်ကို ရသည်-ဟူသော နည်းဖြင့်၁ ဥပစာရသမာဓိကို ပွါးစေခြင်းသည်၎င်း
၁- သမ္ဗာဓေ ဩကာသာဓိဂမနယေန-ဟူသော ပါဌ်၏ အနက် ဖြစ်သည်။ ဤအရာဝယ် ဋီကာ၌- ''သမ္ဗာဓေ-ဟူသည်ကား တဏှာသံကိလေသ စသည်ဖြင့် ပူပန်စေအပ်- ညစ်နွမ်းစေအပ်သည်၏ အဖြစ်ကြောင့်
၆၉၆
အလွန်ကျဉ်းမြောင်းသော အလွန်ပင် ကျဉ်းကျပ်ရာဌာနဖြစ်သော သံသရာအယဉ်၌။ ဩကာသာဓိဂမနယေန-ဟူသည်ကား (မဂ်ဖိုလ်)အကျိုးကို ရရန် သင့်လျော်သော (ဗုဒ္ဓုပ္ပါဒ) နဝမခဏဟု ဆိုအပ်သော အခွင့်ကောင်းကို ရသောနည်းဖြင့်။ မှန်ပေ၏- ထိုနဝမခဏ၏ ရခဲသည်၏ အဖြစ်ကြောင့် အပ္ပနာဈာန်ကို ရအောင်သော်လည်း ဆိုင်းငံ့မနေတော့ပဲ သံဝေဂအဖြစ်များသော ပုဂ္ဂိုလ်သည် ဥပစာရသမာဓိ၌သာလျှင်တည်၍ သံသရာဝဋ်ဆင်းရဲကို လျင်စွာ လွတ်မြောက်စေမည်ဟု ရည်ရွယ်၍ ဝိပဿနာရှုမှုကို ပြုလေတော့သည်''ဟု ပြဆိုထားလေသည်။ အနက်အဓိပ္ပါယ် ချောသကဲ့သို့ ရှိသော်လည်း အဋ္ဌကထာဆရာ၏အလို ကျမည်မထင်ပေ။ အင်္ဂုတ္တရပါဠိ ဒုတိယတွဲ နှာ-၂၇၇ မဟာကစ္စာနသုတ်၌ ''တေန ဘဂဝတာ ။ပ။ သမ္ဗာဓေ ဩကာသာဓိဂမော အနုဗုဒ္ဓေါ သတ္တာနံ ဝိသုဒ္ဓိယာ ။ပ။ နိဗ္ဗာနဿ သစ္ဆိကိရိယာယ- သတ္တဝါတို့ စင်ကြယ်ရန် ။ပ။ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှါ ထိုမြတ်စွာဘုရားသည် ။ပ။ ကျဉ်းမြောင်းသော လူ့ဘောင်၌ အခွင့်ရခြင်းကို သင့်လျော်စွာ သိတော်မူပါပေသည်'' ဤသို့ စသည်ဖြင့် ဟောထား၏။ ဝိသုဒ္ဓိမဂ် ၂၂ဝ-၌လည်း ထိုသုတ်ကို ထုတ်ပြခဲ့၏။ ထိုသုတ်အဖွင့် အဋ္ဌကထာ၌ သမ္ဗာဓ-ကျဉ်းမြောင်းဟူသည်ကို ကာမဂုဏ်ငါးပါးတို့ဖြင့် ကျဉ်းမြောင်းသော လူ့ဘောင်ဖြစ်ကြောင်း ဖွင့်ပြ၏။ ဩကာသာဓိဂမဟူသည်မှာ ဗုဒ္ဓါနုဿတိအစရှိသော အနုဿတိ၆-ပါးကို ရခြင်းဖြစ်ကြောင်း ဖွင့်ပြထား၏။ ထိုကစ္စာနသုတ်၌ အနုဿတိ ၆-ပါးကို ပွါးစေ၍ ဥပစာရသမာဓိကို ရသောအခါ ဝိပဿနာရှု၍ မဂ်ဖိုလ်နိဗ္ဗာန် မျက်မှောက်ပြုနိုင်ပုံ ဟောထားသည်။ ထိုနည်းတူပင် အခြား ကမ္မဋ္ဌာန်းတို့ဖြင့်လည်း ဥပစာရသမာဓိကို ရသောအခါ ထိုဥပစာရသမာဓိ၌ တည်၍ ဝိပဿနာရှုလျှင် မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်-ဟု ထိုကစ္စာနသုတ်၌ လာသော ဩကာသာဓိဂမမှ နည်းယူ၍ ဝိပဿနာရှုခြင်းကိုပင်
၆၉၇
ဝိပဿနာ၏ နီးသောအကြောင်း ဖြစ်ခြင်းကြောင့် ဝိပဿနာဟူသော အာနိသင် အကျိုး ရှိပေ၏။ ထို့ကြောင့် မြတ်စွာဘုရားသည်-
''သမာဓိံ ဘိက္ခဝေ ဘာဝေထ၊ သမာဟိတော ဘိက္ခဝေ ဘိက္ခု ယထာဘူတံ ပဇာနာတိ = ဘိက္ခဝေ၊ ရဟန်းတို့။ သမာဓိံ၊ စိတ်တည်ကြည်မှု- သမာဓိကို။ ဘာဝေထ၊ ဖြစ်စေကြ- ပွါးစေကြကုန်လော့။ ဘိက္ခဝေ၊ ရဟန်းတို့။ သမာဟိတော၊ စိတ်တည်ကြည်သော။ ဘိက္ခု၊ ရဟန်းသည်။ ယထာဘူတံ၊ ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိ၊ သိ၏'' ဟူ၍ ဟောတော်မူခဲ့ပေသည်၁။ (၂)
အကြင် ပုဂ္ဂိုလ်သည်ကား ရှစ်ပါးသော သမာပတ်တို့ကို ဖြစ်စေကြပြီးလျှင် အဘိညာဉ်၏ အခြေခံဖြစ်သော စတုတ္ထဈာန်ကို ဝင်စားပြီးနောက် ထိုဈာန်မှထ၍ တပါးတည်း ဖြစ်လျက်လည်း အများဖြစ်၏ ဤသို့ စသည်ဖြင့် ဟောထားသောနည်းနှင့် စပ်ဆိုင်ကုန်သော (အထွေထွေ အမျိုးမျိုး တန်ခိုးဖန်ဆင်းခြင်း အစရှိသော) အဘိညာဉ်တို့ကို တောင့်တကုန်လျက် (အပ္ပနာသမာဓိကို) ဖြစ်စေကုန်၏၊
'ကျဉ်းမြောင်းသော လူ့ဘောင်၌နေရင်း ဩကာသာဓိဂမနည်းဖြင့် ဝိပဿနာရှုသည်''ဟု ဝိသုဒ္ဓိမဂ်၌ ဆိုလိုသည် ဖြစ်ရာ၏။ ထိုသို့ ရှုသူမှာ ဝိပဿနာ၏အခြေခံ စိတ္တဝိသုဒ္ဓိ ဖြစ်စေရန်အတွက် သမထကမ္မဋ္ဌာန်း တခုခုဖြင့် အားထုတ်၍ ဥပစာရသမာဓိကို ဖြစ်စေခြင်းကိုပင် သမ္ဗာဓေဩကာသာဓိဂမနည်းဖြင့် ဖြစ်စေခြင်းဟု ယူရ၏။ ဝိသုဒ္ဓိမဂ် ပ-နှာ ၂၂ဝ၊ မြန်မာပြန် ဒု ၂ဝ၃-၄ ၌ ပြန်ကြည့်ပါ။
၁- အထူးမှတ်ဖွယ်ကောင်းသောကြောင့် အလိုရှိသူတို့ ကျက်မှတ်နိုင်ရန် ပါဠိအနက်ကို အပြည့်အစုံ ဖော်ပြလိုက်ခြင်း ဖြစ်သည်။
၆၉၈
ထိုပုဂ္ဂိုလ်တို့၏ အပ္ပနာသမာဓိဘာဝနာသည် အဘိညာဏ်ကိုရရန် အကြောင်းရှိတိုင်း ရှိတိုင်း (ဝါ-အကြောင်းရှိသလောက်)၁ အဘိညာဉ်၏ နီးသောအကြောင်း ဖြစ်ခြင်းကြောင့် အဘိညာဉ်ဟူသော အာနိသင်အကျိုး ရှိပေ၏။ ထို့ကြောင့် မြတ်စွာဘုရားသည်-
''ထိုရဟန်းသည် အဘိညာဉ်ခေါ် ဉာဏ်ထူးဖြင့် မျက်မှောက်ပြုအပ်သော အကြင် အကြင် [၃၆၉] တရားကို အဘိညာဉ်ဖြင့် မျက်မှောက်ပြုခြင်းငှါ စိတ်ကို ရှေးရှုညွတ်စေ၏၊ အကြောင်းရှိတိုင်းရှိတိုင်း ထိုထို မျက်မှောက်ပြုအပ်သော တရား၌ မျက်မြင်ကိုယ်တွေ့ရှိသူ ဖြစ်ထိုက်ခြင်း- မျက်မြင်ကိုယ်တွေ့ ဖြစ်ခြင်းသို့ ရောက်၏'' ဟူ၍ ဟောတော်မူခဲ့ပေသည်။ (၃)
ဈာန်မလျှောကုန်သည်ဖြစ်၍ ဗြဟ္မလောက၌ ဖြစ်ကုန်အံ့ဟု ဗြဟ္မလောက၌ ဖြစ်ခြင်းကို တောင့်တကြသည်မူလည်း ဖြစ်ကုန်သော
၁- သတိ သတိ အာယတနေ-ဟူသော ပါဌ်၏ အနက်ဖြစ်သည်။ ဤ၌ သတိ သတိ-ဟူသော ၂-ပုဒ်သည် ဂစ္ဆန္တေ ဂစ္ဆန္တေ ကာလေ- အချိန်ကာလ ကုန်ကုန်သွားလတ်သော်-ဟူသော စကား၌ကဲ့သို့ ကြိယာဝိစ္ဆာ ဖြစ်သည်။ ထိုဝိစ္ဆာဖြင့် အဘိညာဉ်၅-ပါးကို ရရန်အကြောင်း ရှိခြင်းဟူသမျှကို ပြန့်နှံ့စေ၏။ အဘိညာဉ်တပါးသာ ရရန်အကြောင်းရှိလျှင် ထိုတပါး၏သာလျှင် နီးသောအကြောင်း ဖြစ်သည်၊ အဘိညာဉ် ၂-ပါး ၃-ပါး ၄-ပါးသာ ရရန်အကြောင်းရှိလျှင် ထို ၂-၃-၄ပါး၏သာလျှင် နီးသောအကြောင်းဖြစ်သည်။ အဘိညာဉ် ငါးပါးလုံးကို ရရန်အကြောင်းရှိလျှင် ထိုငါးပါးလုံး၏ နီးသောအကြောင်း ဖြစ်သည်-ဟု ဆိုလို၏။ ထို့ကြောင့် ထိုအနက်ကို ပေါ်လွင်စေရန် (ဝါ-အကြောင်းရှိသလောက်)ဟု ဒုတိယအနက် ထပ်ဆင့်၍ ပြန်သည်။ နှာ-၂၉၆၊ မှတ်ချက် ၁-၌လည်း ကြည့်ပါ။
၆၉၉
မတောင့်တကြသည်မူလည်း ဖြစ်ကုန်သော အကြင် ပုထုဇဉ်ပုဂ္ဂိုလ်တို့သည် ဖြစ်စေပြီးသော ဈာန်သမာဓိမှ မဆုတ်ယုတ်ပဲ မလျှောကျပဲ ရှိကုန်၏၊ ထိုပုထုဇဉ်ပုဂ္ဂိုလ်တို့၏ အပ္ပနာသမာဓိဘာဝနာသည် ဘဝအထူးကို ဖြစ်စေတတ်သောကြောင့် ဘဝအထူးဟူသော အာနိသင်အကျိုး ရှိပေ၏။ ထို့ကြောင့် မြတ်စွာဘုရားသည်-
''ပဌမဈာန်ကို အာနုဘော် အနည်းငယ်မျှရှိရုံ ပွါးစေပြီး၍ အဘယ်ဘုံ၌ ဖြစ်ကုန်သနည်း။ ဗြဟ္မာ့ပရိသတ်ဟု ဆိုအပ်ကုန်သော ဗြဟ္မာနတ်တို့၏ အဖော်အဖြစ်သို့ ကပ်ရောက်၍ ဖြစ်ကုန်၏'' ဤသို့ အစရှိသော စကားတော်ကို ဟောတော်မူခဲ့ပေသည်။
ဥပစာရသမာဓိကို ပွါးစေခြင်းသည်လည်း လူ့ဘဝ နတ်ဘဝဟူသော ကာမသုဂတိဘဝအထူးကို ဖြစ်စေတတ်သည်သာတည်း။ (၄)
ထိုမှတပါး အကြင် အရိယာပုဂ္ဂိုလ်တို့သည် ရှစ်ပါးသော သမာတ်တို့ကို ဖြစ်စေပြီးလျှင် နိရောဓသမာပတ်ကို ဝင်စားကုန်၍ ခုနစ်ရက်တို့ပတ်လုံး စိတ်မရှိကြသည်ဖြစ်လျက် မျက်မှောက် အတ္တဘော၌ပင်လျှင် ချုပ်ခြင်းဟူသော အငြိမ်းဓာတ် (နိဗ္ဗာန်)၁သို့ရောက်၍
၁- ချုပ်ခြင်းဟူသော အငြိမ်းဓာတ်သို့-ဟူသော အနက်သည် နိရောဓံ နိဗ္ဗာနံ-ဟူသော ၂-ပုဒ်၏ အတိအကျ သဒ္ဒါနက်ဖြစ်သည်။ အဘယ်တရား ချုပ်သနည်း?ဟူမူ- သညာဝေဒယိတနိရောဓသမာပတ္တိ-ဟူသော ပါဠိတော်အရအားဖြင့် သညာဝေဒနာပြဓာန်းသော စိတ်စေတသိက် နာမ်တရားအားလုံး ချုပ်သည်ဟု မှတ်ရာ၏။
၇၀၀
ချမ်းသာစွာ နေကုန်အံ့ဟု ရည်ရွယ်၍ အပ္ပနာသမာဓိကို ဖြစ်စေကုန်၏၊ ထို အရိယာပုဂ္ဂိုလ်တို့၏ အပ္ပနာသမာဓိဘာဝနာသည် နိရောဓသမာပတ်ဟူသော အာနိသင်အကျိုး ရှိပေ၏။ ထို့ကြောင့် ''တဆဲ့ခြောက်မျိုးသော ဉာဏ်ဖြစ်ခြင်း, ကိုးမျိုးသော သမာဓိဖြစ်ခြင်းတို့ဖြင့် လေ့လာနိုင်နင်းသည်၏ အဖြစ်ဟူသော ပညာသည် နိရောဓသမာပတ်၌ ဉာဏ်မည်၏''ဟူ၍ ဟောတော်မူပေသည်။ (၅)
ယခုပြဆိုခဲ့သည့်အတိုင်း ဒိဋ္ဌဓမ္မသုခဝိဟာရ အစရှိသော ငါးပါးအပြားရှိသော ဤအကျိုးသည် သမာဓိကို ပွါးစေခြင်း (သမာဓိဘာဝနာ)၏ အာနိသင်အကျိုးပေတည်း။
ထို့ကြောင့် ပညာရှိသည် များသော အာနိသင်ရှိသော ကိလေသာ အညစ်အကြေးကို သုတ်သင်တတ်- ပယ်ရှင်းတတ်သော သမာဓိဘာဝနာကို အားထုတ်ခြင်း၌ မမေ့လျော့ရာ။ ဤကား ဥယျောဇဉ်ပေတည်း။
စိတ်စေတသိက် နာမ်တရားချုပ်လျှင် စိတ္တဇရုပ်များလည်း ချုပ်ကြတော့သည်သာ။ အသိနာမ်တရားချုပ်လျှင် ရုပ်နှင့်စပ်သော ဒုက္ခလည်း မထင်ရှားတော့သောကြောင့် ဆင်းရဲအားလုံး ချုပ်ငြိမ်းသည်ဟူ၍လည်း ဆိုသင့်၏။ ထို့ကြောင့် ဋီကာ၌ ''နိဗ္ဗာန်သို့ဟူသည်ကား (ဒုက္ခဒုက္ခ, ဝိပရိဏာမဒုက္ခ, သင်္ခါရဒုက္ခဟူသော) သုံးပါးသော ဆင်းရဲတို့၏ ငြိမ်းခြင်းသို့ (ရောက်၍ဟု ဆိုလို၏)။ မှန်ပေ၏- ရုပ်တရား၌ အတွင်းဝင်သော သင်္ခါရဆင်းရဲ ရှိငြားသော်လည်း စိတ်မရှိခြင်းကြောင့် မရှိသည်နှင့် တူသည်သာတည်း''ဟု ပြဆိုထားပေသည်။
၇၀၁
[၃၆၃] ဤမျှသော စကားအစဉ်ဖြင့် ''သီလေ ပတိဋ္ဌာယ နရော သပညော- ပညာရှိသော လူသည် သီလ၌ တည်၍'' အစချီသော ဤဂါထာဝယ်၁ သီလ သမာဓိ ပညာကို ပဓာနပြု၍ ဟောထားသော ဝိသုဒ္ဓိမဂ် (နိဗ္ဗာန်ရောက်ကြောင်း အကျင့်လမ်း)၌ သမာဓိကိုလည်း အပြည့်အစုံပြပြီး ဖြစ်ပေပြီ။
ဤသည်ကား သူတော်ကောင်းအပေါင်းတို့၏ ဝမ်းမြောက်ခြင်းငှါ ပြုစီရင်အပ်သော ဝိသုဒ္ဓိမဂ်ကျမ်းဝယ် သမာဓိဘာဝနာအရာ၌ သမာဓိကို အကျယ်ပြချက် (သမာဓိနိဒ္ဒေသ)မည်သော တဆယ့်တခုမြောက်ဖြစ်သော အပိုင်းအခဏ်းပေတည်း။
(သမာဓိကို အကျယ်ပြချက် ပြီး၏)။
၁- အလွယ်တကူ ကြည့်ရှုရန် မူရင်းဂါထာ ပါဠိအနက်ကို ထုတ်ပြဦးအံ့။
သီလေ ပတိဋ္ဌာယ နရော သပညော၊ စိတ္တံ ပညဉ္စ ဘာဝယံ။
အာတာပီ နိပကော ဘိက္ခု၊ သော ဣမံ ဝိဇဋယေ ဇဋံ။
သပညော၊ (တိဟိတ်ပဋိသန္ဓေ၌ ပါဝင်သော ကမ္မဇ)ပညာနှင့် ပြည့်စုံသော။ နရော၊ (လူ)ပုဂ္ဂိုလ်သည်။ သီလေ၊ သီလ၌။ ပတိဋ္ဌာယ၊ (ဖြည့်ကျင့်သောအားဖြင့်) တည်၍။ အာတာပီ၊ ကိလေသာတို့ကို ပူလောင်သွေ့ခြောက် ကင်းပျောက်စေတတ်သော သမ္မပ္ပဓာန် လုံ့လ ဝီရိယနှင့် ပြည့်စုံသည်ဖြစ်၍။ နိပကော၊ ရင့်ကျက်သော ပါရိဟာရိက သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍။ စိတ္တံ၊ စိတ်ကိုပဓာနပြု၍ ဟောအပ်သော သမာဓိကို၎င်း။ ပညဉ္စ၊ ဝိပဿနာပညာကို၎င်း။ ဘာဝယံ- ဘာဝယန္တော၊ ပွါးစေသည်ရှိသော်။ သော ဘိက္ခု၊ သံသရာဘေးကို ရှုမြင်တတ်သော ထို(လူ)ပုဂ္ဂိုလ်သည်။ ဣမံ ဇဋံ၊ ဤတဏှာအရှုပ်အထွေးကို။ ဝိဇဋယေ၊ ဖြေရှင်းနိုင်ပေ၏။
၇၀၂
[၃၇ဝ] ၃၆၄။ ပဌမပိုင်းသည် သီလနိဒ္ဒေသတည်း၊ ဒုတိယပိုင်းသည် ဓုတင်္ဂနိဒ္ဒေသတည်း၊ တတိယပိုင်းသည် ကမ္မဋ္ဌာနဂ္ဂဟဏနိဒ္ဒေသတည်း၊ စတုတ္ထပိုင်းသည် ပထဝီကသိဏနိဒ္ဒေသတည်း၊ ပဉ္စမပိုင်းသည် သေသကသိဏနိဒ္ဒေသတည်း၊ ဆဋ္ဌပိုင်းသည် အသုဘနိဒ္ဒေသတည်း၊ သတ္တမပိုင်းသည် ဆအနုဿတိနိဒ္ဒေသတည်း၊ အဋ္ဌမပိုင်းသည် သေသာနုဿတိနိဒ္ဒေသတည်း၊ နဝမပိုင်းသည် ဗြဟ္မဝိဟာရနိဒ္ဒေသတည်း၊ ဒသမပိုင်းသည် အာရုပ္ပနိဒ္ဒေသတည်း၊ ဧကာဒသမပိုင်းသည် ပဋိက္ကူလသညာနှင့် ဓာတုဝဝတ္ထာန်- နှစ်ခု အပေါင်းကို အကျယ်ပြချက်ပေတည်း။ ဤအစဉ်ဖြင့်-
ဝိသုဒ္ဓိမဂ်ပါဠိကျမ်း၏ ပထမတွဲပြီး၏။
ဝိသုဒ္ဓိမဂ်-မြန်မာပြန် ဒုတိယတွဲ ဤတွင် ပြီး၏။
**********
Comments
Post a Comment