ဂန္ထာရမ္ဘအဖွင့်
၁။ မဟေနော၊ မြတ်သောသီလ စသည့်ကျေးဇူး ဂုဏ်အထူးကို ရွှင်မြူးဝမ်းသာ ရှာတော်မူပြီးထသော။ ယဿ (သမ္ဗုဒ္ဓဿ) = အကြင်မြတ်စွာဘုရား၏။ ကရုဏာ၊ ပစ္စေကဗုဒ္ဓါ သာဝကအစရှိသောအခြားပုဂ္ဂိုလ်တို့နှင့် ဆက်ဆံခြင်းမရှိသော မဟာကရုဏာတော်သည်။ သဗ္ဗေသု၊ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော။ သတ္တေသု၊ သတ္တဝါတို့၌။ ယထာရုစိ၊ အကြင်အကြင်အလိုတော်အတိုင်း၊ ဝါ-အလိုတော်အားလျော်စွာ၊ (ပဝတ္တိတ္ထ) ဝိယ = ဖြစ်တော်မူပြီးကဲ့သို့၊ (တထာ- ထို့အတူ၊) ပညာ (ပိ)၊ မဟာကရုဏာသမာပတ္တိဉာဏ်မှ ကြွင်းသောပညာတော်သည်လည်း။ သဗ္ဗေသု၊ ကုန်သော။ ဉေယျဓမ္မေသု၊ သိသင့်သိဖွယ် အသွယ်သွယ်သောတရားတို့၌။ ယထာရုစိ၊ အတိုင်း၊ ဝါ-စွာ။ ပဝတ္တိတ္ထ၊ ဖြစ်တော်မူပြီ။
အနုပါဒါပရိနိဗ္ဗာန်အဆုံးရှိသောအကျိုးကို ပွားတိုးစေနိုင်သောကြောင့် ဓမ္မသံဝဏ္ဏနာ (အဋ္ဌကထာကျမ်းစာ) ၏အစ၌ သတ္ထုပဏာမကို ပြုတော်မူရပေသည်။ "ဓမ္မသံဝဏ္ဏနာယံ သတ္ထရိပဏာမကရဏံ၊ ပေ၊ မဟတော စ အတ္ထဿ သိဒ္ဓိ ဟောတီတိ။" - ဋီကာ။
တစ်နည်း။ ။ ပါဠိတော်ဓမ္မကို ဖွင့်ပြရာအဋ္ဌကထာ၏အစဝယ် ရတနာ ၃ ပါး၌ မိမိ၏ကြည်ညိုကြောင်းကို လူအပေါင်းသိစေလိုခြင်း၊ ထိုသိစေခြင်းမှတစ်ဆင့် ပညာရှိသူတော်ကောင်းတို့၏စိတ်ကို (မိမိအပေါ်၌) နှစ်သက်စေခြင်း၊ ထိုနှစ်သက်စေခြင်းမှတစ်ဆင့် မိမိစီရင်အပ်သောအဋ္ဌကထာကို ပုဂ္ဂိုလ်ခင်၍ တရားမင်သောအားဖြင့် သင်ယူကြစေခြင်း၊ ထိုသင်ယူစေခြင်းမှတစ်ဆင့် အလုံးစုံသောလောကီလောကုတ္တရာသမ္ပတ္တိကို ပြီးစီးစေ (ရရှိကြစေ) ခြင်း၊ ဤသို့အကျိုးရင်းအကျိုးဆက်ကို မျှော်တွေးကာ ရတနတ္တယပဏာမမင်္ဂလာကို ပြုတော်မူလိုသောအရှင်ဗုဒ္ဓဃောသဆရာသည် "ကရုဏာဝိယ သတ္တေသု" စသောဂါထာကို မိန့်တော်မူအပ်သတည်း။ "ကတွာ သံဃဿ စဉ္ဇလိံ" တိုင်အောင်မျှော်သော ဋီကာကျမ်းတက်တည်း။
မှတ်ချက်။ ။ ပဏာမပြုမှုအတွက် ပြခဲ့သောအကျိုးအမျိုးမျိုးကို ရနိုင်ပါသော်လည်း ကျမ်းဆရာ၏အလိုရှိအပ်သောအကျိုးမှာ ကျမ်းပြုစဉ်အခိုက်အခါဝယ် ကိုယ်တွင်း၌အနာရောဂါ၊ ကိုယ်ပ၌အနှောက်အယှက်ဘေးရန်ဟူသောအန္တရာယ်များကို ကာကွယ်နိုင်ခြင်းသာ ဖြစ်သည်၊ ထို့ကြောင့် "နိပစ္စကာရ၊ ပေ၊ သောသေတွာ၊ အန္တရာယေ အသေသတော" ဟုနောက်၌ မိန့်ဆိုသည်။
ကရုဏာ၊ ပေ။ ယထာရုစိ။ ။ ဤဂါထာသည် ဥပမာအလင်္ကာဖြင့် တန်ဆာဆင်အပ်သောဂါထာတည်း၊ ဥပမာနဝါကျကိုလည်း "ကရုဏာဝိယ သတ္တေသု" ဟုအကျဉ်းချုပ်မျှသာပြ၍ သဗ္ဗေသုယထာရုစိပဝတ္တိတ္ထပုဒ်တို့ကို ဥပမေယျတစ်ဖက်၌သာ ပြထား၏၊ ဧကပက္ခဒဿနနည်းတည်း၊ ထို့ကြောင့် ဥပမေယျဝါကျ၌ပါသော "သဗ္ဗေသုယထာရုစိပဝတ္တိတ္ထ" ပုဒ်တို့ကို ဥပမာနဘက်သို့လည်း လိုက်စေ၍ အနက်ပေးရိုးရှိ၏၊ ထို့ကြောင့်ပင် ဋီကာ၌ "ယဿ ယထာ ကရုဏာ သဗ္ဗေသု သတ္တေသု ပဝတ္တိတ္ထ၊ ဧဝံ သဗ္ဗေသု ဉေယျဓမ္မေသု ပညာပိ ပဝတ္တိတ္ထာတိ အတ္ထော" ဟုယောဇနာသည်။
ပညာပိ။ ။ ဋီကာ၌ "ပညာပိ" ဟုပိသဒ္ဒါကို ရသင့်၍အပိုထည့်သည်၊ ထိုပိသဒ္ဒါဖြင့် အလုံးစုံတို့၌ဖြစ်ခြင်းတူသော ကရုဏာကိုပေါင်းသည်၊ "မဟာကရုဏာတော်သည်သာ သတ္တဝါအားလုံးအပေါ်၌ ဖြစ်သည်မဟုတ်သေး၊ ပညာတော်သည်လည်း ဉေယျဓမ်အားလုံး၌ ဖြစ်သည်" ဟူလို၊ ဥပမာနဥပမေယျ ၂ ဖက်လုံး၌ပင် "ပဝတ္တိတ္ထ" ဟုအတိတ်ကြိယာကို သုံးစွဲခြင်းမှာ ထိုအဋ္ဌကထာစီရင်ချိန်၌ ဘုရားရှင်ကွယ်လွန်တော်မူပြီးဖြစ်၍ ကရုဏာပညာတရားတော် ၂ ပါးလုံးပင် အတိတ်ဖြစ်သောကြောင့်တည်း။
ဤဂါထာ၏ဆိုလိုရင်းကား - "မြတ်စွာဘုရား၏မဟာကရုဏာတော်သည် သတ္တဝါအားလုံးအပေါ်၌ အလိုတော်အားလျော်စွာ (သတ္တဝါတစ်ယောက်အပေါ်၌ အာရုံပြုလိုလျှင် တစ်ယောက်အပေါ်၌၊ သတ္တဝါအများအပေါ်၌ အာရုံပြုလိုလျှင် သတ္တဝါအများအပေါ်၌ အာရုံပြုသောအားဖြင့်) ဖြစ်ပေါ်ပျံ့နှံ့သကဲ့သို့ ထို့အတူ ပညာတော်သည်လည်း သိသင့်သိထိုက်သောတရားအားလုံးအပေါ်၌ အလိုတော်အားလျော်စွာ (သိတော်မူသောအားဖြင့်) ဖြစ်တော်မူပြီ" ဟူလို။
ကရုဏာ။ ။ ကရုဏာပုဒ်၏ဝစနတ္ထကို ပါရာဇိကဏ်ဘာသာဋီကာပဌမဂါထာ၌ ဖွင့်ပြခဲ့ပြီ။ "ကရုဏာဝိယ" ဟုအများနှင့်ဆက်ဆံသော ကရုဏာသာမညကို ပြထားသော်လည်း ပညာတော်၏ဥပမာနဖြစ်ထိုက်သော ကရုဏာဟူသည်မှာ မြတ်စွာဘုရား၏သန္တာန်တော်၌ ဖြစ်သောမဟာကရုဏာတော်သာတည်း၊ မှန်၏ - ပစ္စေကဗုဒ္ဓါသာဝကစသောအခြားပုဂ္ဂိုလ်တို့သန္တာန်၌ ဖြစ်သောကရုဏာသည် သတ္တဝါအားလုံးအပေါ်၌ မပျံ့နှံ့ရကား ပညာတော်၏ဥပမာနမဖြစ်ထိုက်၊ ထို့ကြောင့် "ပစ္စေကဗုဒ္ဓါသာဝကစသောအခြားပုဂ္ဂိုလ်တို့နှင့် ဆက်ဆံခြင်းမရှိသော မဟာကရုဏာတော်သည်" ဟုပေးသည်။ "တတ္ထ ဘဂဝတိ ပဝတ္တာဝ ကရုဏာ ဘဂဝတော ပညာယ နိဒဿနန္တိ ဂဟေတဗ္ဗာ၊ သာ ဟိ အသာဓာရဏာ မဟာကရုဏာ၊ န အညာ။" - ဋီကာ။
အသာဓာရဏဖြစ်ပုံ။ ။ သံသရာဝဲဩဃ၌ သက်ဝင်နစ်မြုပ်နေသော သတ္တဝါတို့ကို မြတ်စွာဘုရားနှင့်တကွ အခြားပုဂ္ဂိုလ်များလည်း မြင်စရာရှိ၏၊ ထိုသို့မြင်ကြရာဝယ် ပစ္စေကဗုဒ္ဓါသာဝကစသောပုဂ္ဂိုလ်တို့မှာ "ဤသတ္တဝါတွေကို ငါမှမကယ်တင်လျှင် မည်သူကယ်တင်မည်နည်း၊ ငါသာကယ်တင်ရမည်" ဟူသောကရုဏာမဖြစ်ကြ၊ ဘာ့ကြောင့်နည်း - ဤကဲ့သို့ကရုဏာဖြစ်ဖို့ရန် ကျင့်ကြံအားထုတ်မှုမရှိခြင်း၊ မိမိအတွက်ကိုယ်လွတ်ရုန်းဖို့သာ ကျင့်ကြခြင်းကြောင့်တည်း၊ ဘုရားရှင်ကား သုမေဓာဘဝမူလကပင် အများအတွက်ကျင့်ခဲ့ခြင်းကြောင့် "ငါမှမကယ်တင်လျှင် မည်သူကယ်တင်မည်နည်း" ဟုကရုဏာဖြစ်တော်မူသည်၊ ထို့ကြောင့် ဘုရားရှင်၏ကရုဏာတော်ကိုသာ "အသာဓာရဏမဟာကရုဏာ" ဟုခေါ်သည်။ "ယဒိပိ ပရေ ပေဿယျုံ၊ တထာပိ န တေသံ ဘဂဝတော ဝိယ ကရုဏောက္ကမနံ အတ္ထိ၊ အပ္ပဋိပတ္တိတော အတ္တဟိတမတ္တပဋိပတ္တိတော စ။" - အနုဋီကာ။
သုခိတသတ္တဝါ၌ကရုဏာဖြစ်ပုံ။ ။ ကရုဏာသည် ဒုက္ခိတသတ္တဝါပညတ်ကိုသာ အာရုံပြု၏၊ "သဗ္ဗေသုသတ္တေသု" ဟုဒုက္ခိတသုခိတသတ္တဝါအားလုံးကို သိမ်းကျုံးထားရာဝယ် သုခိတသတ္တဝါအပေါ်၌ အဘယ်သို့ကရုဏာဖြစ်ပါသနည်းဟု မေးဖွယ်ရှိ၏၊ အဖြေကား = "အတာဏော လောကော = ဤသတ္တလောကသည် အိုနာသေရေးဒုက္ခဘေးနှင့် တွေ့ကြုံသောအခါ ကိုးကွယ်ရာမရှိပါတကား" ဟုစဉ်းစားတော်မူလိုက်လျှင် ချမ်းသာအတိသုခပြည့်နေသော သတ္တဝါများလည်း ကိုးကွယ်ရာမဲ့ပင်ဖြစ်နေ၍ သနားဖွယ်ရာဒုက္ခိတချည်းသာ ဖြစ်ရလေသည်၊ ဤနည်းအားဖြင့် သုခိတသတ္တဝါကိုလည်း ဒုက္ခိတသတ္တဝါအနေအားဖြင့် စဉ်းစားတော်မူကာ မဟာကရုဏာဖြစ်တော်မူရပေသည်၊ အကျယ်ကို ပဋိသမ္ဘိဒါမဂ်ပါဠိတော် မဟာကရုဏာသမာပတ္တိဉာဏ်အခန်းမှာ ရှုပါ။
မဟာဟုဝိသေသနပြုရပုံ။ ။ အာရုံပြုရာသတ္တဝါတွေ၏ များပြားခြင်းကြောင့် အာရုံ၏မဟန္တအမည်ကို အာရမဏိကကရုဏာပေါ်၌ တင်စား၍ ကာရဏူပစာရအားဖြင့် ကရုဏာကို မဟာဟုဝိသေသနပြုရသည်၊ ထို့ပြင် သတ္တဝါအများကို အာရုံပြုနိုင်လောက်အောင် ကရုဏာတော်ကိုယ်တိုင်က အားစွမ်းသတ္တိကြီးမားသောကြောင့်လည်း မဟာဟုဝိသေသနပြုနိုင်သည်၊ တန်ခိုးရှိန်စော်အာနုဘော်၏ ကျယ်ပြန့်ကြီးမားခြင်းကြောင့်လည်း မဟာဟုဝိသေသနပြုနိုင်သည်၊ "မဟာဝိသယတ္တာ မဟာဗလတ္တာ မဟာနုဘာဝတ္တာ စ မဟတီ စ သာ ကရုဏာ စာတိ မဟာကရုဏာ။" - မဓုဋီကာ။
သတ္တေသု။ ။ ရူပါဒီသု-ရူပသဒ္ဒစသည့်အာရုံ ကာမဂုဏ်တို့၌၊ သဉ္ဇန္တိ-ကပ်ငြိတတ် (တပ်မက်တတ်) ကုန်၏၊ ဣတိသတ္တာ၊ သဉ္ဇဓာတ်၊ တပစ္စည်း၊ ဋီကာ၌ "ရူပါဒီသု သတ္တာ ဝိသတ္တာတိ သတ္တာ" ဟုကိတ်ပုဒ်ဖြင့်ပင် သပဒဝိဂ္ဂဟပြုသည်၊ သတ္တာအရထင်ရှားဖြစ်ခြင်းအနက်ကို ယူမည်စိုးသောကြောင့် "သတ္တာဝိသတ္တာ" ဟုဖွင့်သည်၊ ဤဝိဂြိုဟ်အရ ရူပါရုံစသော အာရုံတို့၌ ဆန္ဒရာဂမကင်းသေးသော ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တို့သာ မုချရ၏၊ ဆန္ဒရာဂကင်းပြီးသော ရဟန္တာတို့ကား အထင်ရုဠှီအားဖြင့် သတ္တအမည်ရသည်။ သတ္တဟူသောနာမည်က ခန္ဓာအစဉ်ပေါ်၌ တက်ရောက်နေခြင်း၊ ထင်ရှားနေခြင်းကို "အထင်ရုဠှီ" ဟုဆိုသည်။
ဋီကာ။ ။ တဿာပန ပညတ္တိယာ-ထိုသတ္တဟူသောနာမည်ပညတ်၏၊ ခန္ဓသန္တာနေ-ခန္ဓာအစဉ်၌၊ နိရုဠှဘာဝတော-တက်ရောက်ထင်ရှားသည်၏အဖြစ်ကြောင့်၊ နိစ္ဆန္ဒရာဂါပိ သတ္တာတိ ဝုစ္စန္တိ၊ အနုဋီကာ၌ "တတ္ထ နိစ္ဆန္ဒရာဂါနံ ဘူတပုဗ္ဗဂတိယာ ဝါ သတ္တတာ (သတ္တ၏အဖြစ်၊ သတ္တဟူသောနာမည်ကို) ဝေဒိတဗ္ဗာ" ဟုဝါသဒ္ဒါဖြင့် မူလဋီကာနည်းမှတစ်နည်း ဖွင့်သေး၏၊ ပုထုဇဉ်၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်ဘဝတုန်းက တပ်မက်တတ်သောကြောင့် ရခဲ့သောသတ္တအမည်သည် ရဟန္တာဖြစ်သော်လည်း မပျက်တော့ဘဲ အထင်ရုဠှီ၊ ဘူတပုဗ္ဗဂတိကနည်းအားဖြင့် ရမြဲရနေသည်ဟု ဆိုလိုသတတ်။
ဆောင် သကတ္ထကြောင့်၊ ရသောပညတ်၊ သကတ်ပျောက်လျက်၊ မည်မပျက်၊ သက်သက်အထင်ရုဠှီတည်း။မှတ်ချက်။ ။ "ရူပါဒီသု သတ္တာ ဝိသတ္တာ" ဟူသောဋီကာပါဠိသည် "ရူပေ ခေါ ရာဓ၊ ပေ၊ ဝေဒနာယ၊ ပေ၊ ဝိညာဏေ ယော ဆန္ဒော ယော ရာဂေါ၊ ပေ၊ တတြ သတ္တော တတြ ဝိသတ္တော၊ တသ္မာ သတ္တောတိ ဝုစ္စတိ" စသောခန္ဓဝဂ္ဂရာဓသံယုတ်ကို မှီသောစကားဖြစ်ဟန်တူ၏၊ ထိုပါဠိကို မှီရိုးမှန်လျှင် ရူပါဒီသုကို "ရူပက္ခန္ဓာအစရှိသည်တို့၌" ဟုအနက်ပေးရလိမ့်မည်။
မဟေသိနော။ ။ ပါဠိအဘိဓာန်၌ "မဟေသိ" သက္ကတအဘိဓာန်၌ "မဟရ်သိ" ဟုဣကာရန္တပုဒ်သည် ဣသိတို့တွင် "အမြတ်ဆုံးဣသိ" ဟူသောအနက်ကို ဟော၏၊ ထို့ကြောင့် မဟေသိကို "မဟာ+ဣသိ" ဟုပုဒ်ခွဲ၊ ဣသိ၌ ဣသဓာတ်၊ ဣပစ္စည်း၊ ဣသဓာတ်သည် ဧသဓာတ်ကဲ့သို့ ရှာမှီးခြင်းအနက်ကိုလည်း ဟော၏၊ ဣကို ဧဝုဒ္ဓိပြု၍ ဧသတိဟု ရုပ်ဖြစ်၏၊ ထို့ကြောင့် ဘုရားရှင်အတွက် "ရှာတော်မူပြီး" ဟူသောအတိတ်အနက်ကို ယူ၍ "မဟန္တေ သီလက္ခန္ဓာဒယော ဧသီတိ ဂဝေသီတိ မဟေသိ" ဟုဋီကာဝိဂ္ဂဟပြုသည်၊ ဤဝိဂ္ဂဟ၌ ခန္ဓသဒ္ဒါသည် ဂုဏ (ဂုဏ်ကျေးဇူး) အနက်ကို ဟော၏၊ "သီလက္ခန္ဓော သမာဓိက္ခန္ဓောတိ အာဒီသု ဂုဏတော ခန္ဓောနာမ" - ခန္ဓဝိဘင်းအဋ္ဌကထာ။ အာဒိဖြင့် ပညာ၊ ဝိမုတ္တိ၊ ဝိမုတ္တိဉာဏဒဿနခန္ဓတို့ကိုယူ။
ဤကာရန္တ။ ] "မိဖုရား" အနက်ကို ဟောသောမဟေသီကား ဤကာရန္တတည်း၊ ထိုပုဒ်၌ "မဟတီ+ဣသော ယဿာတိ မဟေသီ" ဟုပြု၊ ကြီးကျယ်သောအစိုးရခြင်း၊ တင့်တယ်ခြင်းရှိသောမိဖုရား၊ "မဟာဣသ" ကို သန္ဓိစပ်၍ "မဟေသ" ဖြစ်ပြီးမှ ဣတ္ထိဇောတက (ဤ) ပစ္စည်းသက်၊ "မြတ်သောဘုရား" စသောဣသိကို ဟောရာ၌လည်း "မဟေသီ" ဟုဤကာရန္တလည်း ရှိသေး၏ဟု ကြံကြ၏၊ ထိုဆရာတို့ကား သံကိစ္စဇာတ်၌ "ခိပ္ပံ ပဿ မဟေသိနံ" ဟု "ဒဏ္ဍိနံ" ကဲ့သို့ ဒုတိယန္တ "မဟေသိနံ" ကို သာဓကပြုကြသည်၊ သို့သော် "သာရမတိ" ဟုဣကာရန္တသည် "အသာရေ သာရမတိနော" ဟုဓမ္မပဒ၌ "ဒဏ္ဍိနော" ကဲ့သို့ တွေ့ရ၏၊ ထိုသို့တွေ့ရာ၌ ကတရဿာဟူသောအလိုက်ကို ကြဉ်၍ "ယောနံနော" ဟူသော ဝိနာဓိကာရယောဂဝိဘာဂဖြင့် စီရင်ရသကဲ့သို့၊ "မဟေသိနံ" ၌လည်း ကတရဿာကို ဖြုတ်၍ "နံ ဈတော" ဟူသော ဒွိဓာကရဏယောဂဝိဘာဂဖြင့် "မဟေသိ" ဟူသော ဣကာရန္တနောင် အံကို နံပြုနိုင်၏၊ ထို့ကြောင့် ဤကာရန္တဝါဒကို ပါဠိသက္ကတအဘိဓာန်၌ မရှိသောကြောင့် ဆရာတို့မနှစ်သက်ကြ။
ပညာ။ ] မဟာကရုဏာသမာပတ်နှင့် ယှဉ်သောဉာဏ်ကို ကရုဏာသဒ္ဒါဖြင့် ယူအပ်ပြီးဖြစ်သောကြောင့် (ပါရိသေသနည်း၊ ဂေါဗလိဗဒ္ဓနည်း၊ ပုညဉာဏသမ္ဘာရနည်းအားဖြင့်) ထိုဉာဏ်မှကြွင်းသောဉာဏ်ဟူသမျှကိုသာ ယူပါ၊ ထိုဉာဏ်တို့ကား…
၁။ "အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ" စသည်ဖြင့်လာသော ကာလ ၃ ပါး၌ရှိသောတရားစုကို အပိတ်အပင်အဆီးအတားမရှိ သိတော်မူသော အတီတံသဉာဏ်။ ဤဉာဏ်ကို ခန္ဓဝိဘင်းအနုဋီကာ၌ သဗ္ဗညုတဉာဏ်ဟု ဆိုထားသည်။
၂။ "ဣဒံ ဒုက္ခံ အရိယသစ္စံ၊ ဇာတိပိ ဒုက္ခာ" စသည်ဖြင့်လာသော သစ္စာ ၄ ပါးကို သိတော်မူသော သစ္စဉာဏ်။
၃။ အတ္ထပဋိသမ္ဘိဒါစသော ၄ ပါးသောပဋိသမ္ဘိဒါဉာဏ်။
၄။ ဣန္ဒြိယပရောပရိယတ္တိဉာဏ်၊ အာသယာနုသယဉာဏ်၊ ယမကပါဋိဟာရိယဉာဏ်၊ သဗဗညုတဉာဏ်၊ အနာဝရဏဉာဏ် ဤငါးပါးသည် ဘုရားရှင်၌သာ ဖြစ်သောကြောင့် အသာဓာရဏဉာဏ်မည်၏။ ကရုဏာအရ၌ ပါဝင်ပြီးဖြစ်သော မဟာကရုဏာသမာပတ္တိဉာဏ်ကို ထည့်လျှင် အသာဓာရဏဉာဏ် ၆ ပါးဖြစ်၏။
၅။ စတုဝေသာရဇ္ဇဉာဏ်၊ ၆-ဒသဗလဉာဏ်၊ ၇-ဆအဘိညာဉာဏ်၊ ၈-စတုစတ္တာလီသဉာဏဝတ္ထု၊ သတ္တသတ္တတိဉာဏဝတ္ထုစသည်တို့တည်း၊ ထိုဉာဏ်များ၏ ဖြစ်ပုံနှင့် မဟာကရုဏာသမာပတ္တိဉာဏ်၏ ဖြစ်ပုံကို ပဋိသမ္ဘိဒါမဂ်ပါဠိတော် ဉာဏကထာ၌ ရှုပါ။
ဉေယျဓမ္မေသု။ ။ "ဉာတဗ္ဗာ-သိသင့်သိထိုက်ကုန်၏၊ ဣတိ ဉေယျာ" သိသင့်သိထိုက်သောတရားဟူသမျှကို "ဉေယျ" ဟုခေါ်၏၊ ထိုဉေယျတို့သည် သတ္တ၊ ဇီဝ၊ အတ္တ၊ ပုဂ္ဂလမဟုတ်ကြ၊ မိမိဆိုင်ရာသဘောကို ဆောင်သော "ဓမ္မ" တို့သာဟု သိစေလို၍ "ဓမ္မာ" ဟုဝိသေသနပြုသည်၊ ဉေယျာစ+တေ+ဓမ္မာစာတိ ဉေယျဓမ္မာ၊ ထိုဉေယျဓမ်တို့ကား-ပြခဲ့သောဉာဏ်တို့၏ အာရုံဖြစ်သောအတိတ်တရားအစုစသည်၊ သစ္စာ ၄ ပါးစသည်၊ အတ္ထ၊ ဓမ္မ၊ နိရုတ္တိစသည်တည်း၊ ထိုအားလုံးကို ချုံးလိုက်လျှင် ၅ ပါးသာရသောကြောင့် "ဉေယျဓမ် ၅ ပါး" ဟုဆိုကြသည်။ ထိုငါးပါးကို အများပြောရိုးအတိုင်း ရတနာ့ဂုဏ်ရည် သမ္မာသမ္ဗုဒ္ဓဂုဏ်တော်၌ ပြထားပြီ။
သဗ္ဗေသု။ ။ သဗ္ဗသဒ္ဒါသည် အလုံးစုံ၊ အားလုံးစုံ၊ အားလုံးအကုန်၊ ခပ်သိမ်း (ဘာမျှမကျန်အောင် ခပ်၍သိမ်းယူ) ဟူသောအနက်ကို ဟော၏၊ ထို့ကြောင့် ဋီကာ၌ "သဗ္ဗေသူတိ အနဝသေသပရိယာဒါနံ-အကြွင်းမရှိအောင် သိမ်းကျုံး၍ယူကြောင်းသဒ္ဒါ" ဟုဖွင့်သည်၊ ဤသဗ္ဗေသုကို သတ္တေသု၌လည်း လိုက်စေ။
သဗ္ဗ ၂ မျိုး။ ။ "သဗ္ဗေ ဘာယန္တိ မစ္စုနော-သတ္တဝါအားလုံးတို့သည် သေခြင်းမှ ကြောက်ကြကုန်၏" ဟူရာ၌ ကြောက်ခြင်းသဘောသည် ဒေါသတည်း၊ ထို့ကြောင့် ဒေါသကင်းပြီးသောအနာဂါမ်ရဟန္တာတို့ မကြောက်ကြသဖြင့် သဗ္ဗေအရတွင် အနာဂါမ်ရဟန္တာများ မပါဝင်ကြ၊ အာဇာနီဆင်မြင်းလူတို့လည်း သေခြင်းမှ မကြောက်ကြဟု ဆို၏၊ ထိုသဗ္ဗကို "သာဝသေသ - အကြွင်းရှိသောအနက်ဟောသဗ္ဗ" ဟုလည်းကောင်း၊ "သဗ္ဗေ သင်္ခါရာ အနိစ္စာ" စသည်၌ကား သင်္ခါရအားလုံးပင် အနိစ္စချည်းဖြစ်သောကြောင့် အနဝသေသ (အကြွင်းမရှိသောအနက်ဟော) သဗ္ဗဟုလည်းကောင်း ခွဲကြသည်၊ ဤသဗ္ဗေသု၌ သဗ္ဗသည် "အနဝသေသအနက်ဟောသဗ္ဗတည်း" ဟုသိစေလို၍ "အနဝသေသပရိယာဒါနံ" ဟု ဋီကာဖွင့်သည်။
ယထာရုစိ။။ ယာယာ + ရုစိ = ယထာရုစိ ("ယေယေဝုဍ္ဎာ ယထာဝုဍ္ဎံ" ကဲ့သို့) ယထာသဒ္ဒါ ဝိစ္ဆာအနက်ကို ဟောသောကြောင့် ဝိစ္ဆတ္ထအဗျယီဘောတည်း၊ ရုစိသဒ္ဒါသည် ဤနေရာ၌ "တင့်တယ်ခြင်းအနက်, အရောင်အနက်တို့ကို မဟော၊ အလိုဆန္ဒကို ဟော၏" ဟု သိစေလို၍ ဋီကာ၌ "ရုစီတိ စ ဣစ္ဆာ၊ ကတ္တုကာမတာ သာ" ဟု ဖွင့်သည်၊ "ယာယာ ပဝတ္တာ တပ္ပဘေဒါ" ကား ယထာ၏ ဝိစ္ဆာအနက်ကို အဓိပ္ပာယ်ဖွင့်ခြင်းတည်း၊ သိလိုသော ဆန္ဒက များသလောက် လိုက်၍ သိသော များသော ပညာကို "ယထာရုစိပဝတ္တိတ္ထ" ဟု ဆိုသည်။ ယခု ဋီကာစာအုပ်များ၌ အခြား ၂ นည်းကိုလည်း တွေ့ရသေး၏၊ ထိုနည်းများကို ဋီကာနိဿယ၏ အဓိပ္ပာယ်၌ စိစစ်ထားသည်၊၊
ရှေးနိဿယ။။ "ပဝတ္တမာနာ စ ရုစိဝသေန ဧကသ္မိံ အနေကေသု" ဟူသော ဋီကာစကားနှင့် "ပုရိမဂါထာယ ပန သတ္တေသု ကရုဏာ ယထာရုစိ ပဝတ္တိတ္ထာတိ သပ္ပဒေသသတ္တဝိသယာ နိပ္ပဒေသသတ္တဝိသယာ စ သဗ္ဗာ ဝုတ္တာ" ဟူသော နောက်စကားကို ထောက်၍ "သတ္တေသု၊ အကြွင်းရှိသော သတ္တဝါ, အကြွင်းမရှိသော သတ္တဝါတို့၌" ဟု ပေးလေသည်၊ ထိုဋီကာ၏ အလိုကား မဟာကရုဏာတော်သည် သတ္တဝါတစ်ယောက်ကို အာရုံပြုတော်မူလိုလျှင် ပြုနိုင်, သတ္တဝါအများကို အာရုံပြုတော်မူလိုလျှင်လည်း ပြုနိုင်သည်ကို "ယထာရုစိ" အရ ဖွင့်ပြခြင်းသာ ဖြစ်၏၊ ထိုအတိုင်း အနက်ပေးစေလိုရင်း မဟုတ်ပါ။
ပဝတ္တိတ္ထ။။ ဋီကာ၌ "ဥပ္ပဇ္ဇိတ္ထ" ဟု ဖွင့်၏၊ ပ ပုဗ္ဗ ဝတုဓာတ်, အဇ္ဇတ္တနီအာဝိဘတ်ကို တ္ထ ပြုထားသည်၊ "ပဝတ္တိတေ စ ပန ဘဂဝတာ ဓမ္မစက္ကေ" စသည်၌ အဖန်ဖန်ဖြစ်ခြင်း, လည်ခြင်းအနက်ကို ဟောရကား ဤနေရာ၌ ထိုအနက်ကို ယူမည်စိုး၍ "ဥပ္ပဇ္ဇိတ္ထ" ဟု ဖွင့်ခြင်းဖြစ်သည်။ မဓုဋီကာ၌ကား "ပဝတ္တနံ နာမ ဥပ္ပတ္တိဋ္ဌိတိဝသေန ဒုဝိဓံ၊ တေသု ဥပ္ပတ္တိံ ဒဿေတုံ ဥပ္ပဇ္ဇိတ္ထာတိ ဝုတ္တံ" ဟု ဆို၏၊ ကျမ်းဆရာ၏ အာဘော်ကျမည် မထင်၊ "စိတ္တံ ဥပ္ပန္နံ ဟောတိ" ဟူသော ပါဌ်၌ ခဏတ္တယသို့ ရောက်ခြင်းကို "ဥပ္ပန္န" ဟု ဤအဋ္ဌကထာ ဖွင့်လိမ့်မည်၊ ဥပ္ပန္နနှင့် ဥပ္ပဇ္ဇိတ္ထလည်း သဘောတူပင်။
၂။ (ယော သမ္ဗုဒ္ဓေါ၊ အကြင်မြတ်စွာဘုရားသည်၊) သတ္တေသု၊ သတ္တဝါတို့၌။ တာယ ဒယာယ၊ ပညာ၏ ဥပမာနဖြစ်သော ထိုမဟာကရုဏာတော်သည်။ သမုဿာဟိတမာနသော၊ ကောင်းစွာ အားထုတ်စေအပ်သော စိတ်ရှိတော်မူသည်၊ ဝါ-ကောင်းစွာ တိုက်တွန်းအပ်သော စိတ်ရှိတော်မူသည်၊ (ဟုတွာ၊ ၍လည်းကောင်း၊) (တစ်နည်း) တာယ ဒယာယ၊ သည်။ သတ္တေသု၊ သတ္တဝါတို့၌၊ ဝါ-သတ္တဝါတို့ကြောင့်။ သမုဿာဟိတမာနသော၊ သည်၊ ဝါ-သည်၊ (ဟုတွာ၊ ၍လည်းကောင်း၊) ပါဋိဟီရာဝသာနမှိ၊ တန်ခိုးပြာဋိဟာကို ပြုတော်မူခြင်း၏ အဆုံး၌။ တိဒသာလယေ၊ တာဝတိံသာနတ်ပြည်၌။ ဝသန္တော၊ နေတော်မူစဉ်။
ဒယာယလည်းပဋိနိဒ္ဒေသ။။ "တာယသဒ္ဒါက ရှေ့ဂါထာ၌ လာသော ကရုဏာကို ပြန်၍ ညွှန်းသော ပဋိနိဒ္ဒေသသဒ္ဒါ ဖြစ်လျှင် ဒယာယသဒ္ဒါသည် အပိုဖြစ်နေသည် မဟုတ်ပါလော" ဟု စောဒနာဖွယ်ရှိ၏၊ အဖြေကား-ဒယာယသည် တာယနှင့် တုလျာဓိကရဏ ဖြစ်သောကြောင့် တာယသဒ္ဒါ၏ ပဋိနိဒ္ဒေသသဒ္ဒါ အဖြစ်ဖြင့် သုံးစွဲရသော သဒ္ဒါဖြစ်သည်။ တဿ စ ယထာ ဝိသေသနံ ဟောတိ တာယာတိ ဣဒံ ဝစနံ၊ တထာ တဿ ပဋိနိဒ္ဒေသဘာဝေါ ယောဇေတဗ္ဗော။-ဋီကာ။
ဒယာ၏အနက်၂မျိုး။။ "ဒယဓာတ်သည် ဒါနအနက်, ဂတိအနက်, ရက္ခဏအနက်ကို ဟော၏" ဟု ဓာတ်ကျမ်းတို့၌ ဆို၏၊ ထိုတွင် ရက္ခဏအနက်ကို ယူ၍ "ဒယတိ-သတ္တဝါတို့ကို စောင့်ရှောက်တတ်၏၊ ဣတိ ဒယာ" ဟု ဝစနတ္ထပြု၍ ဒယာသဒ္ဒါသည် သတ္တဝါတို့ကို စောင့်ရှောက်တတ်သော မေတ္တာကိုလည်းကောင်း, ကရုဏာကိုလည်းကောင်း ဟော၏၊ ထို့ကြောင့် အဋ္ဌကထာတို့၌ "ဒယာပန္နောတိ မေတ္တစိတ္တတံ အာပန္နော" ဟုလည်းကောင်း, "အဒယာပန္နောတိ နိက္ကရုဏတံ အာပန္နော" ဟုလည်းကောင်း အရာဌာနလိုက်၍ ရသင့်ရာ အနက်ကို ဖွင့်ကြသည်၊ ဤ၌လည်း တိုက်တွန်းတတ်သော တရားမှာ ကရုဏာသာ ဖြစ်သောကြောင့် "ဒယာယ" အရ ကရုဏာကိုသာ ယူရပေသည်၊ ထို့ကြောင့်ပင် "ဧကံ သမယံ, တေန သမယေန" ပုဒ်တို့ကို ဖွင့်ပြရာ သီလက္ခန် ပါရာဇိကဏ် အဋ္ဌကထာတို့၌ "အစ္စန္တမေဝ ဟိ တံ သမယံ (ထိုတရားဟောတော်မူရာ အခါ၌) ဘဂဝါ ကရုဏာဝိဟာရေန ဝိဟာသိ" ဟု မိန့်ကြသည်။
သတ္တေသု။။ ဤပုဒ်ကို တာယဒယာယ၌ စပ်ရသောနည်း, သမုဿာဟိတ၌ စပ်ရသောနည်းဟု ဋီကာ၌ ၂ นည်းဖွင့်၏၊ ဒယာယ၌ စပ်လျှင် "ဒယာအာရုံဖြစ်သော သတ္တဝါများ" ဟု မှတ်ပါ၊ သမုဿာဟိတ၌ စပ်လျှင်ကား "သမုဿာဟနကြိယာ၏ ဝိသယာဓာရ, တစ်နည်း, သမုဿာဟနကြိယာ၏ အကြောင်းနိမိတ်" ဟု မှတ်ပါ၊ ထိုတွင် ဒယာယ၌ စပ်သောအခါ "သတ္တေသု၊ အကြွင်းမရှိသော သတ္တဝါတို့၌။ တာယ ဒယာယ၊ သည်" ဟု သတ္တေသုကို တာယဒယာယ၏ အလျင်ပေးရသည်၊ သမုဿာဟိတဝယ် စပ်ရာ၌ကား "တာယ ဒယာယ" နောက်မှ ပေးရသည်၊ နိဿယ၌ ဤအတိုင်းပင် ၂ နည်းပေးထားသည်။
သတ္တေသုအတွက်မေးဖွယ်။။ ပဌမနည်းအရ သတ္တေသုသည် ကရုဏာ၏ အာရုံဖြစ်လျှင် ရှေ့ဂါထာ၌လည်း "ကရုဏာဝိယ သတ္တေသု" ဟု အာရုံကို ပြသော သတ္တေသုသဒ္ဒါ ရှိပြီးဖြစ်သောကြောင့် ဤဂါထာ၌ "သတ္တေသု" ဟု ထပ်၍ ဆိုခြင်းသည် ပုနရုတ္တိဒေါသ ရောက်စရာမရှိပါလောဟု စောဒနာဖွယ်ရှိ၏၊ အဖြေကား-ရှေ့ဂါထာ၌ "သတ္တေသု ကရုဏာ ယထာရုစိ ပဝတ္တိတ္ထ" ဟု ယထာရုစိသဒ္ဒါဖြင့် ဆိုခဲ့၏၊ ထိုယထာရုစိ၏ အဓိပ္ပာယ်ကား သတ္တဝါတစ်ယောက်အပေါ်၌ ဖြစ်စေလိုလျှင် ကရုဏာသည် တစ်ယောက်အပေါ်၌ ဖြစ်နိုင်၏၊ ထိုကရုဏာကို သပ္ပဒေသသတ္တဝိသယကရုဏာဟု ခေါ်ရ၏၊ အများအပေါ်၌ ဖြစ်စေလိုလျှင်လည်း ထိုကရုဏာသည် အားလုံးအပေါ်၌ ဖြစ်နိုင်၏၊ ထိုကရုဏာကို နိပ္ပဒေသသတ္တဝိသယကရုဏာဟု ခေါ်သည်၊ ဤဂါထာ၌ လာသော ကရုဏာကား နိပ္ပဒေသသတ္တ (သတ္တဝါအားလုံးကို) အာရုံပြု၏၊ ဤသို့ ရှေ့ဂါထာလာသတ္တေသုအရ၌ သပ္ပဒေသသတ္တ, နိပ္ပဒေသသတ္တဟု အဓိပ္ပာယ် ၂ မျိုးရခြင်း, ဤဂါထာလာသတ္တေသုအရ၌ နိပ္ပဒေသသတ္တတစ်မျိုးကိုသာ ရခြင်းကြောင့် နောက်သတ္တေသုကို ဆိုသည့်အတွက် ပုနရုတ္တိဒေါသမရောက်ပါ-ဟူလို။
သပ္ပဒေသ။။ ပဒိဿတေတိ ပဒေသော (မည်သည့်သတ္တဝါများ ကျန်သေး၏ဟု ညွှန်ပြအပ်သော အစိတ်အပိုင်း၊) သဟ + ပဒေသေန ယေဝတ္တန္တီတိ သပ္ပဒေသာ-ညွှန်ပြအပ်သော အစိတ်အပိုင်းနှင့်တကွ ဖြစ်ကုန်သော သတ္တဝါတို့၊ ဤသို့ သဒ္ဒါနက်သာ ဖြစ်သင့်၏၊ "သပ္ပဒေသ-အကြွင်းရှိသော သတ္တဝါ" ဟု ပေးအပ်သော အနက်မှာ အဓိပ္ပာယ်နက်သာ၊ "နိပ္ပဒေသာ၊ ညွှန်ပြအပ်သော အစိတ်အပိုင်းမရှိကြကုန်သော သတ္တဝါတို့၊ ဝါ-အကြွင်းမရှိသော သတ္တဝါတို့" ဟု အနက်ပေးရာ၌လည်း နည်းတူ။
သတ္တေသု၏နောက်နည်း။။ သတ္တေသုကို သမုဿာဟိတဝယ် စပ်ရသော နောက်နည်း၌ကား "မြတ်စွာဘုရား၏ ကရုဏာတော်သည် ဒေဝတို့အပေါ်၌သာမက, သတ္တဝါအားလုံးအပေါ်၌ တိုက်တွန်းအပ်သည်ဖြစ်၍ အဘိဓမ္မကထာအစဉ်ကို ဟောတော်မူသည်" ဟု သတ္တေသုကို သမုဿာဟနကြိယာ၏ ဝိသယာဓာရအဖြစ်ဖြင့်လည်းကောင်း၊ "ထိုသတ္တဝါအားလုံးကြောင့် (သတ္တဝါအားလုံး၏ စီးပွားအလို့ငှာ) အဘိဓမ္မကထာအစဉ်ကို ဟောတော်မူသည်" ဟု သတ္တေသုကို နိမိတ်အနက်အဖြစ်ဖြင့်လည်းကောင်း ဋီကာဖွင့်သည်။ နိမိတ်အနက်ပေးရာ၌ "စမ္မနိ ဒီပိနံ ဟန္တိ = သစ်ကို အရေကြောင့် သတ်၏" ဟု ဆိုလျှင် အရေသည် သတ်ခြင်းကြောင့် ရအပ်သောအကျိုးလည်း ဖြစ်နိုင်သကဲ့သို့၊ သတ္တေသု၌လည်း "သတ္တဝါတို့ကြောင့်" ဟု နိမိတ်အနက်ဆိုလျှင် "သတ္တဝါတို့အကျိုးငှာ" ဟူသောအဓိပ္ပာယ်လည်း ဖြစ်နိုင်၏၊ ထို့ကြောင့် ဋီကာ၌ "သဗ္ဗေသံ အတ္ထာယ" ဟု တဒတ္ထသမ္ပဒါန်ဖြင့် စကားသုံးသည်။
သမုဿာဟိတမာနသော။။ သံ + ဥ + သာဟိတ၊ သာဟိတ၌ သဟဓာတ်, ကာရိတ်ဏေပစ္စည်းချေ, တပစ္စည်း၊ "ဥဿာဟ-အားထုတ်ခြင်း၊ ဥဿာဟိတ-အားထုတ်စေအပ်" ဤသို့ သဒ္ဒတ္ထမှတ်ပါ၊ "အားထုတ်စေ"ဟူသည်လည်း အဘိဓမ္မာတရားတော်ကို ဟောဖြစ်အောင် တိုက်တွန်းခြင်းတည်း၊ ထို့ကြောင့် "ဥယျောဇိတ" ဟု ဋီကာ၌ အဓိပ္ပာယ်ဖွင့်သည်။ ဥဿာဟီယတေတိ ဥဿာဟိတံ၊ မနော ဧဝ = မာနသံ၊ သွတ္ထ၌ ဏပစ္စည်းသက်, သ-လာ၊ သမ္မာ + ဥဿာဟိတံ = သမုဿာဟိတံ၊ သမုဿာဟိတံ + မာနသံ ယဿာတိ သမုဿာဟိတမာနသော။
ပါဋိဟီရာ၊ပေ၊ဝသန္တော။။ "ဒယာယ၊ပေ၊မာနသော" တိုင်အောင်သော စကားဖြင့် အဗ္ဘန္တရနိဒါန်းကို ပြပြီး၍ ယခုအခါ ဗာဟိရနိဒါန်းကို ပြလိုသောကြောင့် "ပါဋိဟီရာဝသာနမှိ" စသော စကားရပ်ကို မိန့်တော်မူသည်၊ ကရုဏာကို ဒေသကပုဂ္ဂိုလ်၏ အတွင်း၌ ဖြစ်သောကြောင့် "အဗ္ဘန္တရနိဒါန်း" ဟု ခေါ်၏၊ အဗ္ဘန္တရ-ခန္ဓာကိုယ်၏ အတွင်းဖြစ်သော + နိဒါန-အဘိဓမ္မာဒေသနာ၏ အကြောင်း၊ ထိုအဗ္ဘန္တရနိဒါန်းကို "ဒယာယ၊ပေ၊သမုဿာဟိတမာနသော" ပါဌ်ဖြင့် ပြခဲ့၏၊ ကာလ, ဒေသ, ပရိသတ်ကို "ဗာဟိရနိဒါန်း" ဟု ခေါ်၏။ ဗာဟိရ-ခန္ဓာကိုယ်၏ ပြင်ပဖြစ်သော + နိဒါန၊ ဟောရာကာလ, ဟောရာအရပ်, တရားနာမည့် ပရိသတ်မရှိလျှင် ထိုဒေသနာမဖြစ်နိုင်၊ ထိုကာလစသည်တို့ရှိမှသာ ထိုဒေသနာဖြစ်နိုင်၏၊ ထို့ကြောင့် ကာလစသည်ကို "ဗာဟိရနိဒါန်း" ဟု ခေါ်သည်။
ကာလနိဒါန်း။။ ထိုဗာဟိရနိဒါန်းတို့တွင် "ဟောရာကာလ" ဟူသော ကာလနိဒါန်းကို ပြလိုသောကြောင့် "ပါဋိဟီရာဝသာနမှိ ဝသန္တော" ကို မိန့်သည်၊ မှန်၏-"တန်ခိုးပြာဋိဟာကို ပြခြင်းကိစ္စ၏ အဆုံး၌ တာဝတိံသာဝယ် နေတော်မူစဉ် အဘိဓမ္မကထာအစဉ်ကို ဟောတော်မူပြီ" ဟု ဆိုသဖြင့် တန်ခိုးပြပြီး၏အဆုံး၌ နေတော်မူခြင်းဖြင့် အဘိဓမ္မာတရားတော်၏ ဟောရာကာလကို (အခြားကာလတို့နှင့် မရောင်အောင်) ပိုင်းခြားထား၏၊ ထိုသို့ ပိုင်းခြားသောကြောင့် "တန်ခိုးပြပြီး၏အဆုံး တာဝတိံသာ၌ နေတော်မူစဉ်" ဟူသော စကားဖြင့် ဟောရာကာလကို ပြ၏ဟု ဆိုရသည်၊ ဥပမာ-"အက္ကောစ္ဆိ မန္တိ ဣမံ ဓမ္မဒေသနံ သတ္ထာ ဇေတဝနေ ဝိဟရန္တော၊ပေ၊ကထေသိ" ဟူရာ၌ ဝိဟရန္တောဖြင့် "နေတော်မူစဉ်, နေတော်မူတုန်း, နေတော်မူရာအခါ" ဟူသော ကာလကို ပြသကဲ့သို့တည်း၊ ထို့ကြောင့်ပင် "ဝသန္တော၊ နေတော်မူပြီးထသော" ဟု ရှေးနိဿယပေးသလို မပေးဘဲ "နေတော်မူစဉ်" ဟု ပေးသည်။ ယသ္မိံ ကာလေ ဘဂဝတော အဘိဓမ္မကထာမဂ္ဂေါ ပဝတ္တိတော၊ တံ-ထိုကာလကို၊ ဒဿေတုံ ပါဋိဟီရာဝသာနမှိ ဝသန္တောတိ ဝုတ္တံ။-ဋီကာ။
ပါဋိဟီရာဝသာနမှိ။။ ပတိပုဗ္ဗ, ဟိ(ဂတိမှိ)ဓာတ်ကို ဟီရဏ်ပြု, ပ၏အကို ဝုဒ္ဓိပြု၍ "ပါဋိဟီရံ" ဟု ကစ္စည်း၌ ရှိ၏၊ ပတိပက္ခေ-ဆန့်ကျင်ဘက်ကိလေသာ ဆန့်ကျင်ဘက်တိတ္ထိတို့ကို၊ မဒ္ဒိတွာ-နှိမ်နင်း၍၊ ဟိနောတိ ဂစ္ဆတိ ပဝတ္တတိ-ဖြစ်တတ်၏၊ ဣတိ ပါဋိဟီရံ၊ ဤ "ပါဋိဟီရံ" ပုဒ်နှင့် ပါဋိဟာရိယံပုဒ်သည် အနက်အရ တူ၏၊ ထို့ကြောင့် ပါဋိဟာရိယံပုဒ်ကို ရှေးဦးစွာ ဖွင့်ပြီးမှ "ပါဋိဟာရိယမေဝ ဣဓ ပါဋိဟီရန္တိ ဝုတ္တံ" ဟု ဋီကာမိန့်သည်။ ထိုပါဋိဟာရိယပုဒ်၏ ဝစနတ္ထကို ဋီကာနှင့် ဋီကာနိဿယ၌ ရှုပါ။
ပါဋိဟာရိယ ၃ မျိုး။။ သီလက္ခန် ကေဝဋ္ဋသုတ်၌ ပါဋိဟာရိယ ၃ မျိုးကို ဟောတော်မူ၏၊ ဣဒ္ဓိပါဋိဟာရိယ, အာဒေသနာပါဋိဟာရိယ, အနုသာသနီပါဋိဟာရိယတည်း၊ ထိုတွင် ဣဒ္ဓိဝိဓအဘိညာဉ်၌ လာသော ရေမီးအစုံထွက်အောင် ဓိဋ္ဌာန်ခြင်းစသော တန်ခိုးအမျိုးမျိုးကို ဣဒ္ဓိပါဋိဟာရိယဟု ခေါ်၏၊ သူတစ်ပါးစိတ်ကို ပရစိတ္တဝိဇာနန (စေတောပရိယ) အဘိညာဉ်ဖြင့် သိ၍ "သင့်မှာ ယခုမည်သည့်စိတ် ဖြစ်နေ၏" ဟု ညွှန်ပြခြင်းကို အာဒေသနာပါဋိဟာရိယဟု ခေါ်၏၊ "ဤသို့ မကြံနှင့်, ဤသို့ ကြံလော၊ ဤသို့ မပြောနှင့်, ဤသို့ မပြုနှင့်, ဤသို့ ပြောလော, ဤသို့ ပြုလော" ဟု သွန်သင်ခြင်း (တရားဟောပြော၍ ဆုံးမခြင်း)ကို အနုသာသနီပါဋိဟာရိယဟု ခေါ်၏။
ဣဒ္ဓိပါဋိဟာရိယယူ။။ ထို ၃ မျိုးတွင် ပါဋိဟီရာဝသာနမှိ၌ ပါဋိဟီရအရ ဣဒ္ဓိပါဋိဟာရိယကို ယူပါ၊ ထို ဣဒ္ဓိပါဋိဟာရိယသည်လည်း ဗောဓိပင်အောက်၌ ပြုအပ်သော ယမကပါဋိဟာရိယ, ကပိလဝတ်ပြည်သို့ ပထမအကြိမ် ရောက်တော်မူသော အခါ ဆွေတော်မျိုးတော်အလယ်၌ ပြုအပ်သော ယမကပါဋိဟာရိယ, သာဝတ္ထိမြို့ ကဏ္ဍဥယျာဉ်စောင့် စိုက်အပ်သော သရက်ပင် (ကဏ္ဍမ္ဗ) အနီး၌ ပြုအပ်သော ယမကပါဋိဟာရိယစသည်ဖြင့် အများအပြား ရှိ၏၊ ထိုတွင် "အဝသာနေ ဝသန္တော တိဒသာလယေ" ကို ထောက်၍ ကဏ္ဍမ္ဗမူလ၌ ပြုအပ်သော ပါဋိဟာရိယကိုသာ ယူရသည်၊ ဘာ့ကြောင့်နည်း၊ ထိုကဏ္ဍမ္ဗမူလ၌ ပြုအပ်သော ပါဋိဟာရိယ၏ အဆုံးဝယ် တာဝတိံသာနတ်ပြည်၌ သီတင်းသုံးတော်မူသော ကြောင့်တည်း။
တိဒသာလယေ။။ ဤ "တိဒသာလယေ" ပါဌ်ဖြင့် အဘိဓမ္မာတရားဟောတော်မူရာ ဒေသကို ပြ၏၊ ဆက်ဦးအံ့-နတ်အနက်ဟော ပရိယာယ်ပုဒ်တို့ကို ပြရာ၌ "တိဒသာ တွမရာ ဒေဝါ" စသည်ဖြင့် ပြ၏၊ ထို့ကြောင့် တိဒသာသဒ္ဒါသည် (တာဝတိံသာနတ်သာမက) နတ်အားလုံးကို ဟော၏၊ "တိအဓိကာ စ + တိအာဝတ္တာ စ + ဒသ ယေသံ တိ တိဒသာ" ဟု ပြု၊ ယေသံ-အကြင်နတ်တို့၏၊ တိအဓိကာ စ-၃ ယောက်အလွန်ရှိသည်လည်း ဖြစ်ကုန်သော၊ တိအာဝတ္တာ စ- ၃ အလှည့်ရှိကုန်သော၊
၃။ ပါရိစ္ဆတ္တကမူလမှိ၊ ပင်လယ်ကသစ်ပင်၏ အနီးအောက်၌။ ပဏ္ဍုကမ္ဗလနာမကေ၊ ပဏ္ဍုကမ္ဗလာအမည်ရှိသော။ သိလာသနေ၊ ကျောက်နေရာ၌၊ (သမ္ဘဝေ၊ ဖြစ်သင့်ခြင်းသည်။ သတိ၊ ရှိလတ်သော်၊) ယုဂန္ဓရေ၊ ယုဂန္ဓိုရ်တောင်ပေါ်၌။ အာဒိစ္စော၊ နေမင်းသည်။ သောဘေယျ ဣဝ၊ တင့်တယ်ရာသကဲ့သို့။ ဧဝံ၊ ဤအတူ။ သန္နိသိန္နော၊ တင့်တယ်စွာ ထိုင်နေတော်မူသည်။ ဟုတွာ၊ ဖြစ်၍လည်းကောင်း၊ (သမ္ပဝတ္တယိ၌စပ်။)
ပါရိစ္ဆတ္တကပုဒ်ကိုကား="ဆတ္တံ ဝိယာတိ ဆတ္တကော၊ ပရိ (သမန္တတော) + ဆတ္တကော = ပရိစ္ဆတ္တကော = ထက်ဝန်းကျင် ထီးနှင့်တူသော သစ်ပင်၊ ပရိစ္ဆတ္တကော ဝ = ပါရိစ္ဆတ္တကော" ဟု သွတ္ထတဒ္ဓိတ်ဆင့်၍ ဏပစ္စည်းသက်၊ ပါရိစ္ဆတ္တကဿ + မူလံ = ပါရိစ္ဆတ္တကမူလံ၊ "မူလ" သဒ္ဒါသည် သမီပ (သန္တိက) အနက်ဟောတည်း။
ပဏ္ဍု၊ပေ၊သနေ။။ ဤပါဌ်ဖြင့်လည်း ဒေသဝိသေသကိုပင် ထပ်၍ ပြသည်၊ ပင်လယ်ကသစ်ပင်၏ အနီးအောက်ဝယ် ပဏ္ဍုကမ္ဗလာကျောက်နေရာ (ကျောက်ဖျာ) ပေါ်၌ ထိုင်နေတော်မူသည်-ဟူလို၊ ပဏ္ဍု စ-ဖျော့တော့ဝင်းဝါသည်လည်း ဟုတ်၏၊ သော + ကမ္ဗလော စ-ကမ္ဗလာလည်း ဟုတ်၏၊ ဣတိ ပဏ္ဍုကမ္ဗလော၊ ပဏ္ဍုကမ္ဗလသဒိသာ + သိလာ = ပဏ္ဍုကမ္ဗလသိလာ၊ သာ ယေဝ + အာသနံ = ပဏ္ဍုကမ္ဗလသိလာသနံ၊ "သိလာသန-ကျောက်နေရာ" ဆိုသော်လည်း မာကျောသည်မဟုတ်, နူးညံ့ပျော့ပျောင်း၏၊ ပျော့ပျောင်းပုံကို ဓမ္မပဒ အပ္ပမာဒဝဂ် မဃဝတ္ထုအဋ္ဌကထာ၌ ရှုပါ၊ ထို၌ "ဇယသုမနရတ္တကမ္ဗလဝဏ္ဏာ-လယ်ခေါင်ရန်းပွင့်အသွေး နီတွေးသော ကမ္ဗလာအဆင်းရှိသော၊ ပဏ္ဍုကမ္ဗလသိလာ နိဗ္ဗတ္တိ" ဟု ရှိ၏။
သန္နိသိန္နော၊ပေ၊ယုဂန္ဓရေ။။ သံ+နိသိန္နော၌ သံကို ''သောဘမာနော''ဟု ဖွင့်၏၊ တင့်တယ်စွာနေပုံကို ''အာဒိစ္စောဝ ယုဂန္ဓရေ''ဟု ဥပမာပြသည်၊ ဤဥပမာသည် တကယ်ဖြစ်နိုင်သော ဥပမာမဟုတ်၊ နေမင်းသည် ယုဂန္ဓိုရ်တောင်ပေါ်၌ မနေ၊ သို့သော် ''တကယ်ဖြစ်နိုင်လျှင် တင့်တယ်စရာရှိသကဲ့သို့''ဟု မဖြစ်နိုင်သောအရာကို ဥပမာပြသော ပရိကပ္ပောပမာတည်း၊ အလင်္ကာကျမ်း (၁၉၈) ဂါထာကို ကြည့်ပါ။ ထို့ကြောင့် ဋီကာ၌ ''သတိသမ္ဘဝေ (အကယ်၍ ဖြစ်နိုင်လျှင်) ယုဂန္ဓရေ သောဘေယျ''ဟု ''သတိသမ္ဘဝေ''ပုဒ်ကိုလည်းကောင်း၊ သောဘေယျဟူသော ပရိကပ္ပကြိယာကိုလည်းကောင်း ထည့်၍ ဖွင့်သည်။
အမှာ။။ မဓုဋီကာ၌ကား-ဤနည်းကို ဒုတိယဖွင့်၍ ''သမ္ဘဝေတိ-အဗ္ဘမဟိကာဓူမရဇောရာဟူဟိ ဝိဂတဘာဝေ သမ္ဘဝေ''ဟု ပထမဖွင့်၏။ ''သမ္ဘဝေ၊ ဆီးနှင်းမြူတိမ်၊ သူရိန်အခိုး၊ ညစ်မျိုးငါးအင်၊ ကင်းစင်ပျောက်လွင့်၊ ဖြစ်သင့်သည်ရှိသော်''ဟု အနက်ပေး၊ သို့သော် ထိုနည်းမှာ အာဘော်ကျမည်မထင်၊ ရှေးနိဿယလည်း ဤအဖွင့်ကို ယူသည့်အပြင် သမ္ဘဝသဒ္ဒါ၏ အကြောင်းဟောပရိယာယ်တွင် ပါဝင်သောကြောင့် ''သမ္ဘဝေ၊ ဆီးနှင်းမြူတိမ်၊ သူရိန်မီးခိုး၊ ညစ်မျိုးငါးဆင့်၊ လွင့်ပျောက်ခြင်းဟူသော တင့်တယ်ခြင်း၏ အကြောင်းသည်''ဟု ပေးထားလေသည်။
မေးဖွယ်။။ ''အခြားတောင်ပေါ်၌ နေမင်း၏ တင့်တယ်စရာရှိပုံကို မပြဘဲ အဘယ့်ကြောင့် ယုဂန္ဓိုရ်တောင်ပေါ်၌ တင့်တယ်စရာရှိပုံကို ပြသနည်း''ဟု မေးဖွယ်ရှိ၏၊ အဖြေကား-နေသည် ယုဂန္ဓိုရ်တောင်၏ အစောက်နှင့် ညီမျှသော ကောင်းကင်ခရီးဝယ် လှည့်လည်၏၊ ထို့ကြောင့် ယုဂန္ဓိုရ်တောင်ပေါ်၌ နေ၏ တင့်တယ်စရာရှိပုံကို သာဥပမာပြရသည်။ ယုဂံ-နေလအစုံကို+ဓာရေတိ-ဆောင်ထားသကဲ့သို့ ဖြစ်၏၊ ဣတိယုဂန္ဓရော၊ ယုဂန္ဓရစသော တောင်စဉ် ၇ ထပ်၏ အကြား၌ သီဒါသမုဒ္ဒရာ ၇ စင်းရှိ၏၊ သီဒတိ ဧတ္ထာတိ သီဒါ-ဥဒေါင်းမွေးကလေးမျှကျလျှင်ပင် နစ်မြုပ်ရာဖြစ်သောကြောင့် သီဒါမည်၏၊ သီဒါယ + ဥပလက္ခိတော ပဗ္ဗတော သီဒါပဗ္ဗတော၊ ဒကို တပြု၍ သီတပဗ္ဗတ''ဟုလည်း ရှိသည်။
၄။ သဗ္ဗသော၊ အလုံးစုံသော အရပ်မျက်နှာတို့မှ။ ဒသဟိ စက္ကဝါဠသဟေဿဟိ၊ တစ်သောင်းသော စကြာဝဠာတို့မှ။ အာဂမ္မ၊ လာ၍။ သန္နိသိန္နေန၊ အညီအမျှထိုင်နေသော၊ ဝါ-ကောင်းစွာထိုင်နေသော။ ဒေဝါနံ၊ ဥပပတ္တိနတ်၊ ဗြဟ္မာတို့၏။ ဂဏေန၊ အပေါင်းသည်။ ပရိဝါရိတော၊ ခြံရံအပ်တော်မူသည်၊ (ဟုတွာ-ဖြစ်၍လည်းကောင်း။)
၅။ မာတရံ၊ နတ်မယ်တော်ကို။ ပမုခံ၊ အဦးပဓာနကို။ ကတွာ၊ ပြု၍။ တဿာ ပညာယ၊ မဟာကရုဏာတော်ဖြင့် နှိုင်းယှဉ်အပ်ခဲ့သော ထိုသဗ္ဗညုတဉာဏ်ပညာတော်၏။ တေဇသာ၊ အစွမ်းသုံးဖော် တန်ခိုးတော်ဖြင့်။ အဘိဓမ္မကထာမဂ္ဂံ၊ ခန္ဓာစသော တရားတို့ကို သိခြင်း၏ အကြောင်းဖြစ်သော အဘိဓမ္မဒေသနာတော်ကို၊ သစ္စာပဋိဝေဓ၏ အကြောင်းဖြစ်သော အဘိဓမ္မဒေသနာတော်ကို၊ (တစ်နည်း) အဘိဓမ္မကထာမဂ္ဂံ၊ အဘိဓမ္မာကို ဟောရာဟောကြောင်းဖြစ်သော ဒေသနာအစဉ်ကို။ ဒေဝါနံ၊ ဥပပတ္တိနတ်ဗြဟ္မာတို့အား။ သမ္ပဝတ္တယိ၊ ကောင်းစွာအပြားအားဖြင့် ဖြစ်စေတော်မူပြီ၊ ဝါ-ဟောတော်မူပြီ။
ထိုက်၏ဟု ဆိုကြသတတ်။ ထေရဋ္ဌကထာပန န သင်္ဂဟာရုဠှာ၊ ပေ၊ တသ္မာ ဝီမံသိတဗ္ဗန္တိပိ ဝိဒူ ဝဒန္တိ၊ -မဓုဋီကာ။ ဤဋီကာစကားကိုလည်း ဂဏ္ဌိ၌ ပယ်ထား၏။
တဿာပညာယ တေဇသာ။။ ကာလ၊ ဒေသ၊ ဓမ္မပဋိဂ္ဂါဟကဖြစ်သော ပရိသတ်၊ ဤ ၃ ရပ်သော ဗာဟိရနိဒါန်းကို ပြပြီး၍ ယခုအခါ ဒေသနာသမုဋ္ဌာန်ကို ပြလိုသောကြောင့် ''တဿာပညာယ တေဇသာ''ဟု မိန့်သည်၊ ဒေသနာယ-အဘိဓမ္မာဒေသနာတော်၏ + သမုဋ္ဌာနံ-ဖြစ်ကြောင်းတည်း၊ တဿာပညာယ၌ တသဒ္ဒါဖြင့် ပထမဂါထာ၌ ပြအပ်ခဲ့သော ပညာကို ပြန်၍ ညွှန်းသည်၊ ထိုပညာဟူသည်လည်း ပစ္စေကဗုဒ္ဓါ၊ သာဝကနှင့် အခြားပုဂ္ဂိုလ်တို့၌ မရှိနိုင်သော (မဆက်ဆံသော) သဗ္ဗညုတဉာဏ်ပညာတော်တည်း၊ မှန်၏ -ရှေ့၌ ပညာအမျိုးမျိုးကို ပြခဲ့သော်လည်း အဘိဓမ္မာဒေသနာတော်ကို ဖြစ်စေတတ်သော ပညာမှာ အသာဓာရဏဖြစ်သော သဗ္ဗညုတဉာဏ်ပညာတော်သာ ဖြစ်သင့်သည်။
အစွမ်း ၃ ပါး။။ တေဇသာ၌ ''တေဇ''ကို ဋီကာ၌ ၃ မျိုးဖွင့်ထား၏၊
(၁) သဗ္ဗညေယျဓမ္မာနံ ယထာသဘာဝဇာနနသမတ္ထာ-သိဖွယ်မှန်က မကျန်ရအောင် မုချဧကန် အမှန်အတိုင်း သိစွမ်းနိုင်သော ပညာ၊
(၂) တေသံ ဒေသေတဗ္ဗပကာရဇာနနသမတ္ထာ-သိသည့်အလိုက် ဟောထိုက်သောအပြား တရားဆင်ပြင်နည်း အမျိုးမျိုးကို သိစွမ်းနိုင်သော ပညာ၊
(၃) ဗောဓနေယျာနံ အာသယာဓိမုတ္တိယာဒိဝိဘာဝနသမတ္ထာ-ဝေနေယျတို့ အဇ္ဈာသယနှင့် စွဲလမ်းမှုစသည်ကို ခွဲခြား၍ သိစွမ်းနိုင်သော ပညာတည်း။ ဤအစွမ်း ၃ ပါးကို သင်္ဂြိုဟ်ဘာသာဋီကာ၌ ဂန္ထာရမ္ဘဂါထာ ပြုခဲ့ပါသည်။
ဤသို့ သိတော်မူအပ်ပြီးသော တရားအမျိုးမျိုးတွင် တစ်မျိုးမျိုးကို ''ဤနည်းဖြင့်လည်း ဟောနိုင်၊ ဤနည်းဖြင့်လည်း ဟောနိုင်၏''ဟု ဟောနည်းဆင်ခြင်နည်း အမျိုးမျိုးကို သိတော်မူပြီး ဖြစ်ရကား ဝေနေယျတို့၏ လိုအင်ဆန္ဒဟူသော အာသယကိုလည်းကောင်း၊ စွဲလမ်းမှု အဓိမုတ္တိကိုလည်းကောင်း၊ နှိုက်နှိုက်ချွတ်ချွတ် ကြည့်တော်မူကာ ထိုဝေနေယျတို့၏ အာသယ အဓိမုတ္တိနှင့် အံကိုက်ဖြစ်လောက်သော တရားဆင်ပြင်နည်းဖြင့် ဆင်ပြင်၍ ဟောတော်မူလိုက်သောအခါ အဆင်သင့် တရားထူးကို ရကြပေသည်၊ ထို့ကြောင့် ထိုမျှလောက် အစွမ်းရှိသော သဗ္ဗညုတဉာဏ်တော်သည်သာ အဘိဓမ္မာဒေသနာတော်၏ ဖြစ်ကြောင်းသမုဋ္ဌာန် ဖြစ်ရပေသည်။ အဘိဓမ္မကထာမဂ္ဂံ၏ အဖွင့်ကို ဋီကာနိဿယ၌ ရှုပါ။
ဒေဝါနံ သမ္ပဝတ္တယိ။။ ''ဒေဝါနံဂဏေန''ဟု ရှေ့၌ ဒေဝါနံပါပြီး ဖြစ်လျက် ''ဒေဝါနံ''ဟု ထပ်၍ ဆိုခြင်းသည် ''အတ္ထန္တရဝိညာပန-အနက်အထူး တစ်မျိုးကို သိစေရခြင်းအကျိုးရှိ၏၊ ''သိဒ္ဓေ သတိပိ အာရမ္ဘော နိယမာယ ဝါ ဟောတိ အတ္ထန္တရဝိညာပနာယ ဝါ''ဟူသော ပရိဘာသာနှင့် အညီတည်း၊ ထိုအနက်အထူးကား-''ဝါတွင်း ၃ လ ဟောရလောက်အောင် ရှည်လျားသော အဘိဓမ္မာဒေသနာအစဉ်ကို နတ်ဗြဟ္မာတို့သည် နာယူစွမ်းနိုင်ကြသည်''ဟူသော အနက်အဓိပ္ပာယ်တည်း၊ သမ္ပဝတ္တယိ၌ သံ+ပ+ဝတ္တုဓာတ်၊ ဏယပစ္စည်း၊ ''ကောင်းစွာအပြားအားဖြင့် ဖြစ်စေပြီ''ဟု သဒ္ဒတ္ထ၊ ''ဟောတော်မူပြီ''ဟု အဓိပ္ပာယတ္ထဖြစ်၏၊ ဤသို့ အာရောစနတ္ထအဓိပ္ပာယ် ရသောကြောင့်ပင် ''ဒေဝါနံ''ဟု အာရောစနတ္ထသမ္ပဒါန် ထားသည်။
၆။ သိရီမတော၊ ရှေးဘုန်းရှေးကံ၊ ပညာဉာဏ်တို့၊ ပိုလျှံယှက်ဝေ၊ ကျက်သရေရှိတော်မူသော၊ ဝါ-ကိုယ်တော်မြတ်၏၊ လျော်ပတ်သပ္ပာယ်၊ လွန်တင့်တယ်၍၊ များကြွယ်သတ္တဝါ၊ အုပ်စိုးကာဖြင့်၊ သံသာငြိမ့်ညောင်း၊ ခြွေရံကောင်းဟု၊ စုပေါင်းယှက်ဝေ၊ ကျက်သရေရှိတော်မူသော။ တဿ သမ္ဗုဒ္ဓဿ၊ ထိုမြတ်စွာဘုရား၏။ ပါဒေ၊ ခြေတော်တို့ကို၊ (နမဿာမိ-ရှိခိုးပါ၏၊) နမဿိတွာ၊ ရှိခိုးပြီး၍လည်းကောင်း။ အဿ (သမ္ဗုဒ္ဓဿ)၊ ထိုမြတ်စွာဘုရား၏။ သဒ္ဓမ္မံ၊ မဂ်ဖိုလ်နိဗ္ဗာန်၊ ဓမ္မက္ခန်ဟု၊ ဆယ်တန်သော တရားတော်မြတ်ကို၊ (ပူဇေမိ-ပူဇော်ပါ၏၊) ပူဇေတွာစ၊ ပူဇော်ပြီး၍လည်းကောင်း။ သံဃဿ၊ အရိယာသံဃာတော်အား။ အဉ္ဇလိံ၊ လက်အုပ်ချီမိုး၊ ရှိခိုးခြင်းကို၊ (ကရောမိ-ပြုပါ၏၊) ကတွာစ၊ ပြုပြီး၍လည်းကောင်း။
၇။ ရတနတ္တယေ၊ ရတနာ ၃ ပါးအပေါင်း၌။ ကတဿ၊ ပြုအပ်ပြီးသော။ ဧတဿ နိပစ္စကာရဿ၊ ဤပျပ်ဝပ်ညွတ်လျှိုး၊ ရှိခိုးမှုကို ပြခြင်း၏၊ ဝါ-ဤပျပ်ဝပ်ညွတ်လျှိုး၊ ရှိခိုးမှုကို ပြုကြောင်းစေတနာ၏။ အာနုဘာဝေန၊ တန်ခိုးရှိန်စော် အာနုဘော်ဖြင့်၊ ဝါ-ကြောင့်။ အသေသတော၊ အကြွင်းမရှိကုန်သော။ အန္တရာယေ၊ အန္တရာယ်တို့ကို၊ ဝါ-သတ္တဝါသန္တာန်၏ အကြားအကြား၌ ဖြစ်ပွားတတ်သော အတွင်းအပဘေးရန်တို့ကို။ သောသေတွာ၊ ချုပ်ငြိမ်းသွေ့ခြောက်၊ ကွယ်ပျောက်စေပြီး၍။ (အတ္ထံ ပကာသယိဿာမိ၌ လှမ်းစပ်။)
၈။ ဝိသုဒ္ဓါစာရသီလေန၊ အထူးသဖြင့် စင်ကြယ်သော အောက်အာပတ် ၅ ပုံဟူသော အကျင့်၊ အထူးသဖြင့် စင်ကြယ်သော ပါရာဇိကသံဃာဒိသေသ်ဟူသော သီလရှိထသော၊ (တစ်နည်း) ဝိသုဒ္ဓါစာရသီလေန၊ အထူးသဖြင့် စင်ကြယ်သော စာရိတ္တသီလ၊ အထူးသဖြင့် စင်ကြယ်သော ဝါရိတ္တသီလရှိထသော။ နိပုဏာမလဗုဒ္ဓိနာ၊ သိမ်မွေ့သန့်ရှင်း၊ ညစ်ကြေးကင်းသော ဉာဏ်ပညာလည်း ရှိထသော။ ဗုဒ္ဓဃောသေန၊ စူဠဗုဒ္ဓဃောသမည်သော။ ဘိက္ခုနာ၊ ရဟန်းသည်။ သက္ကစ္စံ၊ ရိုသေစွာ။ အဘိယာစိတော၊ ရှေးရှုပျပ်ဝပ်၊ တောင်းပန်အပ်သည်၊ (ဟုတွာ-၍၊) (အတ္ထံ ပကာသယိဿာမိ၌ လှမ်းစပ်။)
၉။ ဒေဝဒေဝေါ၊ နတ်တို့၏ နတ်ဖြစ်တော်မူသော။ ဝိနာယကော၊ ဝေနေယျသတ္တဝါတို့ကို ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည်၊ ဝါ-ရှေ့ဆောင်လမ်းပြ၊ နာယကမှ ကင်းတော်မူသော မြတ်စွာဘုရားသည်။ ယံ (အဘိဓမ္မံ)၊ အကြင်အဘိဓမ္မာကို။ ဒေဝါနံ၊ နတ်ဗြဟ္မာတို့အား။ ဒေသေတွာ၊ အကျယ်ဟောပြတော်မူခဲ့ပြီး၍။ ပုန၊ တစ်ဖန်။ နယတော၊ နည်းအမြွက်အားဖြင့်၊ ဝါ-အကျဉ်းချုပ်အားဖြင့်။ သာရိပုတ္တဿ၊ သာရိပုတ္တရာမည်တော်မူသော။ ထေရဿ၊ ထေရ်အား။ သမာစိက္ခိ၊ ကောင်းစွာဟောပြတော်မူပြီ။
၁၁။ သောထေရော၊ ထိုအရှင်သာရိပုတ္တရာထေရ်သည်။ အနောတတ္တဒဟေ၊ အနဝတတ်အိုင်၌၊ ဝါ-အနဝတတ်အိုင်၏ အနီးဖြစ်သော စန္ဒကူးတော၌။ မဟေသိနော၊ မြတ်စွာဘုရားအား။ ဥပဋ္ဌာနံ၊ ဆည်းကပ်လုပ်ကျွေးမှုကို။ ကတွာ၊ ပြုပြီး၍လည်းကောင်း။ ယံ၊ ယင်းအဘိဓမ္မာကို။ သုတွာနစ၊ နာယူပြီး၍လည်းကောင်း။ မဟီတလံ၊ ဇမ္ဗူသောင်းခွင်၊ မြေအပြင်သို့။ အာဟရိတွာ၊ ဆောင်ယူခဲ့ပြီး၍။ ဘိက္ခူနံ၊ လင်းနို့သားဖြစ်ခဲ့ဖူးသော တပည့်ရဟန်းငါးရာတို့အား။ ပယိရူဒါဟာသိ၊ ဟောပြောပြသ၊ ပို့ချတော်မူပြီ။
၁၁။ ဣတိ၊ ဤအစဉ်အားဖြင့်၊ (ယောအဘိဓမ္မော-အကြင်အဘိဓမ္မာကို၊) ဘိက္ခူဟိ၊ ရဟန်းတို့သည်။ ဓာရိတော၊ ဆောင်ရွက်မှတ်သားအပ်ပြီ။ ပုန၊ တစ်ဖန်။ ဝေဒေဟမုနိနာ၊ ပညာဖြင့် ဖြစ်တတ်သောအရှင်အာနန္ဒာဟူသော မုနိသည်၊ ဝါ-ပညာဖြင့် အားထုတ်တတ်သောအရှင်အာနန္ဒာဟူသော မုနိသည်။ သင်္ဂီတိကာလေ၊ ပထမသံဂါယနာတင်ရာအခါ၌၊ (ယောအဘိဓမ္မော-ကို၊) သင်္ဂီတော၊ သံဂါယနာတင်အပ်ပြီ။
၁၂။ ဂမ္ဘီရဉာဏေဟိ၊ နက်နဲသော ဉာဏ်ရှိသော ပုဂ္ဂိုလ်တို့သည်။ အဘိဏှသော၊ မပြတ်မလပ်။ သြဂါဠှဿ၊ ဉာဏ်ဖြင့် သက်ဝင်အပ်သော။ နာနာနယဝိစိတ္တဿ၊ အမျိုးမျိုးသော นည်းတို့ဖြင့် ထူးဆန်းသော၊ (ပဋိစ္စသမုပ္ပာဒ်၌ လာသော ဧကတ္တနည်း၊ နာနတ္တနည်း၊ အဗျာပါရနည်း၊ ဧဝံဓမ္မတာနည်းတို့ကို ရည်ရွယ်ဟန်တူသည်၊) တဿ အဘိဓမ္မဿ၊ ထိုအဘိဓမ္မာ၏၊ (အတ္ထံ ပကာသယိဿာမိ၌ ပဓာနအဖြစ်ဖြင့်စပ်၊ အဋ္ဌကထာ၌လည်း အပဓာနအဖြစ်ဖြင့်စပ်၊) အာဒိတော၊ ရှေးဦးအစ၊ ပထမသံဂါယနာတင်ရာကာလ၌။
၁၃။ ပုရာ၊ ရှေးအခါ၌။ ယာ အဋ္ဌကထာ၊ အကြင်အဋ္ဌကထာကို။ မဟာကဿပါဒီဟိ၊ အရှင်မဟာကဿပ အစရှိကုန်သော။ ဝသီဟိ၊ စိတ်စွမ်းသတ္တိရှိတော်မူကြသော ရဟန္တာအရှင်မြတ်တို့သည်၊ ဝါ-ဝသီဘော်ငါးပါး၊ နိုင်သောအားဖြင့်၊ စွမ်းအားသတ္တိရှိတော်မူကြသော ရဟန္တာအရှင်မြတ်တို့သည်။ သင်္ဂီတာ၊ သံဂါယနာတင်အပ်ပြီ။ ပစ္ဆာပိ၊ ဒုတိယတတိယသံဂါယနာတင်ရာ နောက်အခါ၌လည်း။ ဣသီဟိ၊ အရှင်ယသ၊ အရှင်မောဂ္ဂလိပုတ္တတိဿ အစရှိသော ရဟန္တာအရှင်မြတ်တို့သည်၊ ယာ(အဋ္ဌကထာ)-ကို။ အနုသင်္ဂီတာစ၊ တစ်ဖန်ထပ်၍လည်း သံဂါယနာတင်အပ်ပြီ။
၁၄။ ပန၊ ထိုသို့ပင် သံဂါယနာတင်အပ်ပါသော်လည်း။ မဟိန္ဒေန၊ မဟိန္ဒမည်သော။ ထေရေန၊ ထေရ်သည်။ ယာ (အဋ္ဌကထာ)၊ အကြင်အဋ္ဌကထာကို။ ဥတ္တမံ၊ မြတ်သော။ ဧတံ ဒီပံ၊ ဤသီဟိုဠ်ကျွန်းသို့။ အာဘတာ၊ ဆောင်ယူအပ်ပြီ၊ (ပစ္ဆာ-နောက်၌၊) ဒီပဝါသီနံ၊ သီဟိုဠ်ကျွန်း၌ နေလေ့ရှိသူတို့၏။ ဘာသာယ၊ သီဟိုဠ်ဘာသာဖြင့်၊ (ယသ္မာ-အကြင့်ကြောင့်၊) အဘိသင်္ခတာ၊ ပြောင်းလွှဲပြုပြင်စီရင်အပ်ပြီ။ တသ္မာ၊ ထို့ကြောင့်၊ (''အတ္ထံပကာသယိဿာမိ''၌ စပ်။)
၁၅။ တတော၊ ထိုအဋ္ဌကထာဟောင်းမှ၊ (သံဂါယနာ ၃ တန်သို့လည်း တင်အပ်၊ သီဟိုဠ်ကျွန်းသို့လည်း ဆောင်အပ်၊ သီဟိုဠ်ဘာသာဖြင့်လည်း စီရင်အပ်သော အဋ္ဌကထာဟောင်းမှ၊) တမ္ဗပဏ္ဏိနိဝါသိနံ၊ သီဟိုဠ်ကျွန်း၌ နေလေ့ရှိသူတို့၏၊ (သီဟိုဠ်ကျွန်းသူ၊ ကျွန်းသားတို့၏၊) ဘာသံ၊ သီဟိုဠ်ဘာသာကို။ အပနေတွာ၊ ဖယ်ရှားပြီး၍လည်းကောင်း။ နိဒ္ဒေါသံ၊ အသဘာဝနိရုတ္တိဟူသော အပြစ်မရှိသော။ တန္တိနယာနုဂံ၊ ပါဠိတော်နည်းနာ၊ အသွားအလာသို့ အစဉ်လိုက်သော။ ဘာသံ၊ မဂဓဘာသာကို။ အာရောပယိတွာ၊ ပေထက်သို့ တင်၍လည်းကောင်း။
၁၆။ နိကာယန္တရလဒ္ဓီဟိ၊ ဂိုဏ်းတစ်ပါးတို့၏ အယူတို့နှင့်။ အသမ္မိဿံ၊ အကြားအကြား၌ ရောနှောခြင်းမရှိသော။ အနာကုလံ၊ မိမိဂိုဏ်း၏ အယူ၌လည်း ရှုပ်ထွေးခြင်းမရှိသော။ မဟာဝိဟာရဝါသီနံ၊ မဟာဝိဟာရ၌ နေလေ့ရှိသော ထေရ်တို့၏။ ဝိနိစ္ဆယံ၊ အဆုံးအဖြတ်ကို။ ဒီပယန္တော၊ ထင်ရှားပြလျက်။
၁၇။ အာဂမဋ္ဌကထာသုပိ၊ သုတ္တန်အဋ္ဌကထာတို့၌လည်း။ ဂဟေတဗ္ဗံ၊ ယူသင့်ယူထိုက်သော အနက်အဖွင့်ကို။ ဂဟေတွာန၊ ယူပြီး၍လည်းကောင်း။ ဝိစက္ခဏေ၊ စူးစမ်းမြော်မြင်၊ ပညာ့ရှင်တို့ကို။ တောသယန္တော၊ နှစ်သက်စေလျက်။ အတ္ထံ၊ အနက်အဓိပ္ပာယ်ကို။ ပကာသယိဿာမိ၊ ထင်ရှားဖွင့်ပြပေအံ့။
၁၈။ ပန၊ ဂန္ထဂရု၊ ပြစ်မရှုဖို့၊ ယခုအနေ၊ မှာခဲ့ပေအံ့။ သဗ္ဗာနိ၊ အလုံးစုံကုန်သော၊ (ပါဠိတော်၌ အာလောကကသိုဏ်းနှင့် အာကာသကသိုဏ်းမပါ၊ ဤ၌ ထို ၂ ပါးနှင့်တကွ အားလုံး-ဟူလို။) ကမ္မဋ္ဌာနာနိ၊ ကမ္မဋ္ဌာန်း ၄ဝ တို့လည်းကောင်း။ စရိယာဘိညာဝိပဿနာ၊ စရိုက်၊ အဘိညာဉ်၊ ဝိပဿနာတို့လည်းကောင်း၊ (ဣတိ-သို့၊) ဣဒံ သဗ္ဗံ၊ ဤအလုံးစုံကို။ ဝိသုဒ္ဓိမဂ္ဂေ၊ ဝိသုဒ္ဓိမဂ်၌။ ယသ္မာ၊ အကြင့်ကြောင့်၊ (မယာ-ငါသည်၊) ပကာသိတံ၊ ထင်ရှားပြအပ်ခဲ့ပြီ။
၁၉။ တသ္မာ၊ ကြောင့်၊ (ထိုသို့ ဤအလုံးစုံ၏ ဝိသုဒ္ဓိမဂ်၌ ထင်ရှားပြအပ်ပြီး၏ အဖြစ်ကြောင့်၊) တံ၊ ထိုအလုံးစုံကို။ အဂ္ဂဟေတွာန၊ ဤကျမ်း၌ မယူမူ၍။ သကလာယပိ၊ အလုံးစုံလည်းဖြစ်သော။ တန္တိယာ၊ ပါဠိတော်၏။ ပဒါနုက္ကမတော ဧဝ၊ ပုဒ်တို့၏ အစဉ်အားဖြင့်သာလျှင်။ အတ္ထဝဏ္ဏနံ၊ အနက်ကို ဖွင့်ကြောင်းဖွင့်ရာ အဋ္ဌကထာကို။ ကရိဿာမိ၊ ပြုပေအံ့။ (ရှေး၌ ''အတ္ထံပကာသယိဿာမိ''ဟု မူလပဋိညာဉ်ပါပြီး ဖြစ်၍ ''ကရိဿာမိအတ္ထဝဏ္ဏနံ''ကို အနုပဋိညာဉ်ဟု မှတ်ပါ။)
၂ဝ။ ဣတိ၊ ဤဆိုအပ်ပြီးသော ကျမ်းပြုပုံအစီအစဉ်ဖြင့်၊ (အပနေတွာတတောဘာသံ အစရှိသော ကျမ်းပြုပုံအစီအစဉ်ဖြင့်၊) ဘာသမာနဿ၊ ဖွင့်ဆိုလတ္တံ့သော။ မေ၊ ငါ၏။ ဣမံ အဘိဓမ္မကထံ၊ ဤအဘိဓမ္မအဋ္ဌကထာကို။ အဝိက္ခိတ္တာ၊ အထူးထူးသော အာရုံ၌ ပစ်ချအပ်သော စိတ်မရှိကုန်သည်၊ ဝါ-ပျံ့လွင့်သော စိတ်မရှိကုန်သည်၊ (ဟုတွာ-၍၊ တုမှေ-သောတုအပေါင်း၊ အသင်သူတော်ကောင်းတို့သည်၊)
နိသာမေထ၊ စူးစူးစိုက်စိုက်နာယူလိုက်ကြကုန်လော။ ဟိ၊ တိုက်တွန်းသင့်စွ။ အယံ ကထာ၊ ဤအဘိဓမ္မအဋ္ဌကထာကို။ ဒုလ္လဘာ၊ ခဲယဉ်းသဖြင့်ရအပ်၏၊ ဝါ - ရနိုင်ခဲ၏၊ (တစ်နည်း) ဟိ (ယသ္မာ) - အကြင်ကြောင့်။ အယံ ကထာ၊ ဤအဘိဓမ္မအဋ္ဌကထာကို။ ဒုလ္လဘာ၊ ခဲယဉ်းသဖြင့်ရအပ်၏၊ ဝါ - ရနိုင်ခဲ၏၊ (တသ္မာ - ထိုသို့အဘိဓမ္မအဋ္ဌကထာ၏ဒုလ္လဘ၏အဖြစ်ကြောင့်၊) အဝိက္ခိတ္တာ၊ ကုန်သည်။ ဟုတွာ၊ ၍။ တုမှေ၊ တို့သည်။ နိသာမေထ၊ ကုန်လော၊) ဣတိ၊ ရတနတ္တယပဏာမအစရှိသည်ကိုဆိုရာစကားရပ်အပြီးသတ်သတည်း။
နိဒါနကထာအဖွင့်
ပါဠိတော်ကိုမဖွင့်မီနိဒါနကထာ၏ အပိုင်းမာတိကာ။
၁။ ဝစနတ္ထ = အဘိဓမ္မသဒ္ဒါ၏အနက်ကိုပြခန်း။
၂။ ပရိစ္ဆေဒ = အဘိဓမ္မာ ၇ ကျမ်းရှိ၏ဟုပိုင်းခြားခန်း။
3။ ပါဠိသန္နိဝေသ = ပါဠိတော်စုဝေးတည်နေပုံကိုပြခန်း။
၄။ သာဂရစိန္တာ = ဇလသာဂရစသည်တို့ကိုသိရာအခန်း။
၅။ ဒေသနာဟိဂမ္ဘီရတာ = ဒေသနာတို့ဖြင့်နက်နဲပုံကိုပြခန်း။
၆။ သရီရပ္ပဝတ္တိ = အဘိဓမ္မာဟောတော်မူစဉ်ကိုယ်တော်၏ဖြစ်ပုံကိုပြခန်း။
၇။ ထေရဝါစနာမဂ္ဂတပ္ပဘာဝိတတာ = အရှင်သာရိပုတ္တရာ၏ပို့ချစဉ်, အရှင်သာရိပုတ္တရာလျှင်အစအမွန်ရှိပုံကိုပြခန်း။
၈။ အာဒိအာဘိဓမ္မိကဘာဝသာဓန = ပဋိဝေဓဗုဒ္ဓဝစနစသည်တို့ဖြင့် ဘုရားရှင်၏အစစွာအာဘိဓမ္မိကဖြစ်ပုံကိုပြီးစေခန်း။
၉။ ဗုဒ္ဓဘာသိတတ္တသိဒ္ဓိ = ဝိနည်း, ဂေါသိင်္ဂသုတ်, နိဒါန်းတို့ဖြင့်အဘိဓမ္မာ၏ဗုဒ္ဓဘာသိတအဖြစ်ပြီးစီးပုံကိုပြခန်း။
ဤအပိုင်း ၉ ပိုင်းကိုအစဉ်အတိုင်းပိုင်းခြား၍ပြပြီးမှ "ကုသလာဓမ္မာ" စသောဓမ္မသင်္ဂဏီအဘိဓမ္မာပါဠိတော်ကို အရှင်ဗုဒ္ဓဃောသဆရာဖွင့်ပြပါလိမ့်မည်၊ ထို့ကြောင့်ဤ ၉ ပိုင်းပိုင်းပုံကိုနားလည်မှနိဒါနကထာကို ရှင်းလင်းစွာသိနိုင်ပါလိမ့်မည်။
ဝစနတ္ထော ပရိစ္ဆေဒေါ, သန္နိဝေသော စ ပါဠိယာ၊
သာဂရေဟိ တထာ စိန္တာ, ဒေသနာဟိ ဂဘီရတာ။
ဒေသနာယ သရီရဿ, ပဝတ္တိဂ္ဂဟဏံ တထာ၊
ထေရဿ ဝါစနာမဂ္ဂ-တပ္ပဘာဝိတတာပိ စ။
ပဋိဝေဓာ တထာ ဗုဒ္ဓ-ဝစနာဒီဟိ အာဒိတော၊
အာဘိဓမ္မိကဘာဝဿ, သာဓနံ သဗ္ဗဒဿိနော။
ဝိနယေနာထ ဂေါသိင်္ဂ-သုတ္တေန စ မဟေသိနာ၊
ဘာသိတတ္တဿ သံသိဒ္ဓိ, နိဒါနေန စ ဒီပိတာ။ - ဋီကာ။
၁။ ဝစနတ္ထကိုပြခန်း
တတ္ထ၊ ထိုအဘိဓမ္မဿအတ္ထံပကာသယိဿာမိဟူသောစကားရပ်၌၊ (ယဿ အဘိဓမ္မဿ၊ အကြင်အဘိဓမ္မာပါဠိတော်၏။ အတ္ထံ၊ အနက်ကို။ ပကာသယိဿာမိ၊ ထင်ရှားပြပေအံ့။ ဣတိ၊ သို့။ ပဋိညာတံ၊ ဝန်ခံအပ်ပြီ။ သော အဘိဓမ္မော၊ ထိုအဘိဓမ္မာပါဠိတော်ဟူသည်၊) ကေနဋ္ဌေန၊ အဘယ်အနက်ကြောင့်။ အဘိဓမ္မော၊ အဘိဓမ္မာမည်သနည်း၊ (တစ်နည်း) တတ္ထ၊ ထိုအဘိဓမ္မကထံဟူသောစကားရပ်၌၊ (ယော အဘိဓမ္မော၊ အကြင်အဘိဓမ္မာပါဠိတော်ကို။ မယာ၊ သည်။ ဝုတ္တော၊ ဆိုအပ်ပြီ။ သော အဘိဓမ္မော၊ သည်၊) ကေနဋ္ဌေန၊ ကြောင့်။ အဘိဓမ္မော၊ နည်း၊ (ဣတိ အယံ၊ ဤသည်ကား။ ပုစ္ဆာ၊ ပုစ္ဆာတည်း၊) (သော အဘိဓမ္မော၊ ထိုအဘိဓမ္မာပါဠိတော်ဟူသည်၊) ဓမ္မာတိရေကဓမ္မဝိသေသဋ္ဌေန၊ သုတ္တန်ပါဠိထက်သာလွန်သောပါဠိတော်, ထူးဆန်းသောပါဠိတော်ဟူသောအနက်ကြောင့်၊ (အဘိဓမ္မော၊ အဘိဓမ္မမည်၏။ ဣတိ ဣဒံ၊ ဤသည်ကား။ ဝိသဇ္ဇနံ၊ အဖြေတည်း။) ဟုဋီကာအတိုင်းထည့်ပါဌ်များထည့်၍ပေးရိုးရှိရကားထိုအတိုင်းပေးလိုက်ပါသည်။
ဟိ၊ ချဲ့၊ (တစ်နည်း) ဟိ (ယသ္မာ) - ကြောင့်။ ဗာဠှာ မေ အာဝုသော ဒုက္ခာ ဝေဒနာ အဘိက္ကမန္တိ နော ပဋိက္ကမန္တိ, အဘိက္ကန္တဝဏ္ဏာတိအာဒီသု၊ ဗာဠှာ၊ ပေ၊ အဘိက္ကန္တဝဏ္ဏာအစရှိသောပါဠိရပ်တို့၌၊ (အဘိသဒ္ဒေါ၊ အဘိသဒ္ဒါသည်။ အတိရေကဝိသေသဋ္ဌဒီပကော၊ အတိရေကအနက်, ဝိသေသအနက်ကိုပြတတ်သည်၊) ဟောတိ ဝိယ၊ ဖြစ်သကဲ့သို့ (တထာ၊ ထို့အတူ၊) ဧတ္ထ၊ ဤအဘိဓမ္မောဟူသောပုဒ်၌။ အဘိသဒ္ဒေါ၊ အဘိသဒ္ဒါသည်။ အတိရေကဝိသေသဋ္ဌဒီပကော၊ အတိရေကအနက်, ဝိသေသအနက်ကိုပြတတ်သည်၊ (ဟောတိ၊ ၏၊) ဟေ အာဝုသော၊ ငါ့ရှင်။ မေ၊ ငါ၏။ ဗာဠှာ၊ ပြင်းထန်ကုန်သော။ ဒုက္ခာ ဝေဒနာ၊ ဒုက္ခဝေဒနာတို့သည်။ အဘိက္ကမန္တိ၊ တိုးပါကုန်၏။ နော ပဋိက္ကမန္တိ၊ မဆုတ်ပါကုန်၊ ဝါ - မလျော့ပါကုန်၊ ("ရောဂါတိုးသည်, ရောဂါမလျော့ပါ"ဟူလို၊) အဘိက္ကန္တဝဏ္ဏာ၊ အလွန်နှစ်သက်အပ်သောအဆင်းရှိသော၊ (ဒေဝတာ၊ နတ်သည်၊) ဟုယေနဘဂဝါတေနုပသက္ကမိ၌စပ်။
တသ္မာ၊ ထို့ကြောင့်၊ (ထိုသို့အဘိသဒ္ဒါ၏အတိရေကအနက်, ဝိသေသအနက်ကိုပြတတ်သည်၏အဖြစ်ကြောင့်၊) သမုဿိတေသု၊ ကောင်းစွာစိုက်ထောင်အပ်ကုန်သော။ ဗဟူသု၊ များစွာကုန်သော။ ဆတ္တေသု စေဝ၊ ထီးတို့တွင်လည်းကောင်း။ ဓဇေသု စ၊ အလံတို့တွင်လည်းကောင်း။ ယံ ဆတ္တံ၊ အကြင်ထီးသည်။ အတိရေကပ္ပမာဏံ၊ သာမန်ထီးတို့ထက်လွန်ကဲသောပမာဏရှိသည်လည်းကောင်း။ ဝိသေသဝဏ္ဏသဏ္ဌာနဉ္စ၊ ထူးသောအဆင်းသဏ္ဌာန်ရှိသည်လည်းကောင်း။ ဟောတိ၊ ၏။ တံ (ဆတ္တံ) - ထိုထီးကို။ အတိဆတ္တန္တိ၊ အတိဆတ္တဟူ၍၊ ဝါ - လွန်ကဲသောထီး, ထူးဆန်းသောထီးဟူ၍။ ဝုစ္စတိ ယထာ၊ ဆိုအပ်သကဲ့သို့လည်းကောင်း။ ယော ဓဇော၊ အကြင်အလံသည်။ အတိရေကပ္ပမာဏော စ၊ လွန်ကဲသောပမာဏရှိသည်လည်းကောင်း။ နာနာဝိရာဂဝဏ္ဏဝိသေသသမ္ပန္နော စ၊ အမျိုးမျိုးသောအထူးတလည်ဆိုးအပ်သောအဆင်းအထူးနှင့်ပြည့်စုံသည်လည်းကောင်း။ ဟောတိ၊ (ယခုခေတ်အလံများ၌ ၃ ရောင်ခြယ် ၅ ရောင်ခြယ်စသည်ဖြင့်အရောင်ခြယ်ထားသကဲ့သို့တည်း။) သော (ဓဇော) - ထိုအလံကို။ အတိဓဇောတိ၊ အတိဓဇဟူ၍၊ ဝါ - လွန်ကဲသောအလံ, ထူးဆန်းသောအလံဟူ၍။ ဝုစ္စတိ ယထာ၊ ဆိုအပ်သကဲ့သို့လည်းကောင်း။
ဟိ၊ မှန်၏၊ (တစ်နည်း) ဟိ၊ သဒ္ဒယုတ္တိမှတစ်ပါးအတ္ထယုတ္တိကိုဆိုဦးအံ့။ သုတ္တန္တံ၊ သုတ္တန်သို့။ ပတွာ၊ ဒေသနာအစဉ်အားဖြင့်ရောက်၍၊ ဝါ - ရောက်လသော်။ ပဉ္စ၊ ငါးပါးကုန်သော။ ခန္ဓာ၊ ခန္ဓာတို့ကို။ ဧကဒေသေနေဝ၊ တစ်စိတ်တစ်ဒေသအားဖြင့်သာလျှင်။ ဝိဘတ္တာ၊ ဝေဖန်တော်မူအပ်ကုန်ပြီ။ နိပ္ပဒေသေန၊ အစိတ်အပိုင်းမရှိသောအားဖြင့်၊ ဝါ - အကြွင်းအကျန်မရှိသောအားဖြင့်။ န (ဝိဘတ္တာ) - ဝေဖန်တော်မမူအပ်ကုန်။ (ဧကဒေသေနေဝဝိဘတ္တာစသည်တို့၏အဓိပ္ပာယ်ကိုဋီကာနိဿယ၌ရှုပါ။)
ပန၊ အဖို့တစ်ပါးကား။ အဘိဓမ္မံ၊ အဘိဓမ္မာသို့။ ပတွာ၊ ရောက်၍၊ ဝါ - လသော်။ သုတ္တန္တဘာဇနီယအဘိဓမ္မဘာဇနီယပဉှပုစ္ဆကနယာနံ၊ သုတ္တန္တဘာဇနီယနည်း, အဘိဓမ္မဘာဇနီယနည်း, ပဉှပုစ္ဆကနည်းတို့၏။ ဝသေန၊ အပြားအားဖြင့်။ နိပ္ပဒေသတောဝ၊ အစိတ်အပိုင်းမရှိသောအားဖြင့်သာလျှင်၊ ဝါ - အကြွင်းအကျန်မရှိသောအားဖြင့်သာလျှင်။ ဝိဘတ္တာ၊ အပ်ကုန်ပြီ၊ (ဤစကားကိုထောက်၍ခန္ဓဒေသနာအတွက်သုတ္တန်ပါဠိထက်အဘိဓမ္မပါဠိကသာလွန်ရှည်လျားကြောင်းကိုသိရ၏၊ အဘိဓမ္မဘာဇနီယနည်း, ပဥှပုစ္ဆကနည်းတို့ဖြင့်ထူးထူးဆန်းဆန်းဟောထားကြောင်းကိုလည်းသိရသည်၊) ဒွါဒသ၊ ၁၂ ပါးကုန်သော။ အာယတနာနိ၊ အာယတနတို့လည်းကောင်း။ အဋ္ဌာရသ၊ ၁၈ ပါးကုန်သော။ ဓာတုယော၊ ဓာတ်တို့လည်းကောင်း။ စတ္တာရိ၊ ၄ ပါးကုန်သော။ သစ္စာနိ၊ သစ္စာတို့လည်းကောင်း။ ဗာဝီသတိ၊ ၂၂ ပါးသော။ ဣန္ဒြိယာနိ၊ ဣန္ဒြေတို့လည်းကောင်း။ ဒွါဒသပဒိကော၊ ၁၂ ပါးသောအဖို့အစုရှိသော။ ပစ္စယာကာရော၊ ပဋိစ္စသမုပ္ပာဒ်လည်းကောင်း။ တထာ၊ ထို့အတူတည်း။ ဟိ၊ စိုးစဉ်းအနည်းငယ်ဆိုဖွယ်အထူးကား၊ ("ဗာဝီသတိန္ဒြိယာနိပစ္စယာကာရတို့နှင့်စပ်၍အနည်းငယ်ဆိုဖွယ်အထူးကား"ဟူလို။) ကေဝလံ၊ အာယတနစသည်တို့နှင့်မဖက်သက်သက်။ ဣန္ဒြိယဝိဘင်္ဂေ၊ ဣန္ဒြိယဝိဘင်း၌။ သုတ္တန္တဘာဇနီယံ၊ သုတ္တန္တဘာဇနီယနည်းသည်။ နတ္ထိ၊ မရှိ၊ ဝါ - မပါ။ ပစ္စယာကာရေ စ၊ ပဋိစ္စသမုပ္ပာဒဝိဘင်း၌လည်း။ ပဉှပုစ္ဆကံ၊ ပဥှပုစ္ဆကနည်းသည်။ နတ္ထိ၊ မရှိ။
စ၊ သည်သာမကသေး။ သုတ္တန္တံ၊ သုတ္တန်သို့။ ပတွာ၊ ရောက်၍၊ ဝါ - လသော်။ စတ္တာရော၊ ၄ ပါးကုန်သော။ သတိပဋ္ဌာနာ၊ သတိပဋ္ဌာန်တို့ကို။ ဧကဒေသေနေဝ၊ သာလျှင်။ ဝိဘတ္တာ၊ အပ်ကုန်ပြီ။ နိပ္ပဒေသေန၊ အားဖြင့်။ န (ဝိဘတ္တာ) - ဝေဖန်တော်မမူအပ်ကုန်။ ပန၊ အဖို့တစ်ပါးကား။ အဘိဓမ္မံ၊ အဘိဓမ္မာသို့။ ပတွာ၊ ၍၊ ဝါ - လသော်။ တိဏ္ဏမ္ပိ၊ ၃ ပါးလည်းဖြစ်ကုန်သော။ နယာနံ၊ နည်းတို့၏။ ဝသေန၊ အပြားအားဖြင့်။ နိပ္ပဒေသတောဝ၊ သာလျှင်။ ဝိဘတ္တာ၊ ကုန်ပြီ။ စတ္တာရိ၊ ကုန်သော။ သမ္မပ္ပဓာနာနိ၊ သမ္မပ္ပဓာန်တို့လည်းကောင်း။ စတ္တာရော၊ ကုန်သော။ ဣဒ္ဓိပါဒါ၊ ဣဒ္ဓိပါဒ်တို့လည်းကောင်း။ သတ္တ၊ ၇ ပါးကုန်သော။ ဗောဇ္ဈင်္ဂါ၊ ဗောဇ္ဈင်တို့လည်းကောင်း။ အရိယော၊ မြတ်သော။ အဋ္ဌင်္ဂိကော၊ ရှစ်ပါးသောအင်္ဂါရှိသော။ မဂ္ဂေါ၊ မဂ်လည်းကောင်း။ စတ္တာရိ၊ ကုန်သော။ ဈာနာနိ၊ ဈာန်တို့လည်းကောင်း။ စတေဿာ၊ ၄ ပါးကုန်သော။ အပ္ပမညာယော၊ အပ္ပမညာတို့လည်းကောင်း။ ပဉ္စ၊ ငါးပါးကုန်သော။ သိက္ခာပဒါနိ၊ သိက္ခာပုဒ်တို့လည်းကောင်း။ စတေဿာ၊ ကုန်သော။ ပဋိသမ္ဘိဒါ၊ ပဋိသမ္ဘိဒါတို့လည်းကောင်း။ တထာ၊ ထို့အတူတည်း။ ဟိ၊ စိုးစဉ်းအနည်းငယ်ဆိုဖွယ်အထူးကား။ ဧတ္ထ၊ ဤသတိပဋ္ဌာန်အစရှိသည်တို့တွင်။ ကေဝလံ၊ သတိပဋ္ဌာန်အစရှိသည်တို့နှင့်မဖက်သက်သက်။ သိက္ခာပဒဝိဘင်္ဂေ၊ သိက္ခာပဒဝိဘင်း၌။ သုတ္တန္တဘာဇနီယံ၊ နည်းသည်။ နတ္ထိ၊ မရှိ၊ ဝါ - မပါ၊... စ၊ သည်သာမကသေး။ သုတ္တန္တံ၊ သုတ္တန်သို့။ ပတွာ၊ ရောက်၍၊ ဝါ - လသော်။ ဉာဏံ၊ ဉာဏ်ကို။ ဧကဒေသေနေဝ၊ အားဖြင့်သာလျှင်။ ဝိဘတ္တံ၊ ဝေဖန်တော်မူအပ်ပြီ။ နိပ္ပဒေသေန၊ အားဖြင့်။ န (ဝိဘတ္တံ) - ဝေဖန်တော်မမူအပ်။ ကိလေသာ၊ ကိလေသာတို့သည်။ တထာ၊ ထိုအတူတည်း။ ပန၊ ကား။ အဘိဓမ္မံ၊ အဘိဓမ္မာသို့၊ "ဧကဝိဓေန ဉာဏဝတ္ထု" အစရှိသော။ နယေန၊ နည်းဖြင့်။ မာတိကံ၊ မာတိကာကို။ ထပေတွာ၊ ထားတော်မူ၍။ နိပ္ပဒေသတောဝ၊ အားဖြင့်သာလျှင်။ ဝိဘတ္တံ၊ အပ်ပြီ။ တထာ၊ ထိုမှတစ်ပါး။ ဧကကတော၊ ဧကကနည်းမှ။ ပဋ္ဌာယ၊ စ၍။ အနေကေဟိ၊ တစ်ပါးမကများစွာကုန်သော။ နယေဟိ၊ နည်းတို့ဖြင့်။ ကိလေသာ၊ ကိလေသာတို့ကို၊ (ဝိဘတ္တာ၊ ကုန်ပြီ၊) စ၊ သည်သာမကသေး။ သုတ္တန္တံ၊ သုတ္တန်သို့။ ပတွာ၊ ၍၊ ဝါ - လသော်။ ဘူမန္တရပရိစ္ဆေဒေါ၊ ဘုံအထူးတို့၏အပိုင်းအခြားကို။ ဧကဒေသေနေဝ၊ အားဖြင့်သာလျှင်။ ဝိဘတ္တော၊ အပ်ပြီ။ နိပ္ပဒေသေန၊ အားဖြင့်။ န (ဝိဘတ္တော) - ဝေဖန်တော်မမူအပ်။ ပန၊ ကား။ အဘိဓမ္မံ၊ အဘိဓမ္မာသို့။ ပတွာ၊ ၍၊ ဝါ - လသော်။ တိဏ္ဏမ္ပိ၊ ၃ ပါးလည်းဖြစ်ကုန်သော။ နယာနံ၊ နည်းတို့၏။ ဝသေန၊ အပြားအားဖြင့်။ နိပ္ပဒေသတောဝ၊ အားဖြင့်သာလျှင်။ ဝိဘတ္တော၊ အပ်ပြီ၊ (ဝသေနနောက်၌ ဘူမန္တရပရိစ္ဆေဒေါဟု ထပ်၍ပါသည်ကားအပို၊ ရှေ့ဝါကျများ၌ဤကဲ့သို့ ၂ ထပ်ပါလေ့မရှိ၊) (နိဂုံးကိုပြလို၍ဧဝံစသည်ကိုမိန့်၊) ဧဝံ၊ ဤသို့လျှင်၊ (အယံ အဘိဓမ္မော၊ ကို၊) ဓမ္မာတိရေကဓမ္မဝိသေသဋ္ဌေန၊ ကြောင့်။ အဘိဓမ္မောတိ၊ ဟူ၍။ ဝေဒိတဗ္ဗော၊ ၏။
၂။ ကျမ်းအပိုင်းအခြားကိုပြခန်း
ပန၊ အဖို့တစ်ပါးကား၊ (ဝစနထ္ထမှတစ်ပါးပကရဏပရိစ္ဆေဒကား၊) ဧသ (ဧသော) - ဤအဘိဓမ္မာပါဠိတော်သည်။ ပကရဏပရိစ္ဆေဒတော၊ ကျမ်း၏ပိုင်းခြားကြောင်းသင်္ချာအားဖြင့်။ ဓမ္မသင်္ဂဏီဝိဘင်္ဂဓာတုကထာပုဂ္ဂလပညတ္တိကထာဝတ္ထုယမကပဋ္ဌာနာနံ၊ ဓမ္မသင်္ဂဏီကျမ်း၊ ပေ၊ ပဋ္ဌာန်းကျမ်းဟူကုန်သော။ သတ္တန္နံ ပကရဏာနံ၊ ၇ ကျမ်းတို့၏။ ဝသေန၊ အပြားအားဖြင့်။ ဌိတော၊ တည်၏။ အယံ၊ ဤစကားသည်။ ဧတ္ထ၊ ဤပကရဏပရိစ္ဆေဒကိုပြရာ၌။ အာစရိယာနံ၊ အဋ္ဌကထာဆရာတို့၏။ သမာနကထာ၊ တူမျှသောစကားတည်း။
ပန၊ ဝါဒန္တရကား။ ဝိတဏ္ဍဝါဒီ၊ ဝိတဏ္ဍဝါဒီပုဂ္ဂိုလ်သည်၊ (ပညာရှိတို့၏စိတ်နှလုံးကိုအထူးအားဖြင့်တုန်လှုပ်စေတတ်, ပုတ်ခတ်တတ်သောစကားကတ်ကိုပြောဆိုလေ့ရှိသောပရဝါဒီပုဂ္ဂိုလ်သည်၊) အာဟ၊ ပြောပြီ၊ (ကိံ၊ အဘယ်သို့ပြောသနည်း၊) ကထာဝတ္ထု၊ ကထာဝတ္ထုကျမ်းကို။ ကသ္မာ၊ ကြောင့်၊ (တုမှေဟိ၊ အသင်တို့သည်၊) ဂဟိတံ၊ ယူအပ်သနည်း။ သမ္မာသမ္ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ပရိနိဗ္ဗာနတော၊ ပရိနိဗ္ဗာန်စံတော်မူရာနှစ်မှ။ အဋ္ဌာရသဝဿာဓိကာနိ၊ တစ်ဆယ့်ရှစ်နှစ်အလွန်ရှိကုန်သော။ ဒွေ ဝဿသတာနိ၊ အနှစ်နှစ်ရာတို့ကို။ အတိက္ကမိတွာ၊ လွန်ပြီး၍၊ ဝါ - လွန်ပြီးမှ။ မောဂ္ဂလိပုတ္တတိဿတ္ထေရေန၊ မောဂ္ဂလိပုတ္တတိဿထေရ်သည်။ ဧတံ၊ ဤကထာဝတ္ထုကျမ်းကို။ ထပိတံ နနု၊ ထားအပ်သည်မဟုတ်ပါလော။ တသ္မာ သာဝကဘာသိတတ္တာ၊ ထိုသို့သာဝကဟောအပ်သောကျမ်း၏အဖြစ်ကြောင့်။ နံ၊ ထိုကထာဝတ္ထုကျမ်းကို။ ဆဍ္ဎေထ၊ စွန့်လိုက်ကြကုန်လော။ ဣတိ၊ သို့၊ (အာဟ၊ ပြောပြီ၊) ကိံ ပန၊ အသို့နည်း။ အဘိဓမ္မော၊ အဘိဓမ္မာပါဠိတော်သည်။ ဆပ္ပပကရဏာနိ၊ ၆ ကျမ်းတို့လော။ ဣတိ၊ ဤသို့သကဝါဒီမေး၏။ ဧဝံ၊ ဤသို့ ၆ ကျမ်းတို့ဟူ၍။ န ဝဒါမိ၊ မဆိုလိုပါ။ ဣတိ၊ ဤသို့ဝိတဏ္ဍဝါဒီဖြေ၏။ အထ၊ ထိုသို့ ၆ ကျမ်းဟုမဆိုလိုလျှင်။ ကိံ၊ အဘယ်ကို။ ဝဒေသိ၊ ဆိုလိုသနည်း။ ဣတိ၊ ဤသို့သကဝါဒီမေး၏။ သတ္တပကရဏာနိ၊ ၇ ကျမ်းတို့ကို၊ (ဝဒါမိ၊ ဆိုလို၏၊) ဣတိ၊ ဤသို့ဝိတဏ္ဍဝါဒီဖြေ၏။ ကတရံ၊ အဘယ်ကျမ်းကို။ ဂဟေတွာ၊ ယူ၍။ သတ္တ၊ ၇ ကျမ်းတို့ကို။ ကရောသိ၊ ပြုသနည်း။ ဣတိ၊ ဤသို့သကဝါဒီမေး၏။ မဟာဓမ္မဟဒယံ နာမ၊ မဟာဓမ္မဟဒယမည်သောကျမ်းသည်။ အတ္ထိ၊ ရှိ၏၊ (ရှေးခေတ်ကရှိခဲ့သည်, ယခုအခါမတွေ့ရတော့၊) ဧတေန၊ ဤမဟာဓမ္မဟဒယမည်သောကျမ်းနှင့်။ သဟ၊ တကွ။ သတ္တ၊ ၇ ကျမ်းတို့ကို၊ (ကရောမိ၊ ပြု၏၊) ဣတိ၊ ဤသို့ဝိတဏ္ဍဝါဒီဖြေ၏။ မဟာဓမ္မဟဒယေ၊ မဟာဓမ္မဟဒယကျမ်း၌။ အပုဗ္ဗံ၊ ရှေးမဟုတ်သောစကားသည်၊ ဝါ - အသစ်ဖြစ်သောစကားသည်။ နတ္ထိ၊ မရှိ၊ ဝါ - မပါ။ ကတိပယာဝ၊ အနည်းငယ်သာလျှင်ဖြစ်ကုန်သော။ ပဥှဝါရာ၊ မေးကြောင်းဖြေကြောင်းစကားအလှည့်အကြိမ်တို့သည်။ အဝသေသာ၊ ဓမ္မဟဒယဝိဘင်းစကားမှကြွင်းကျန်ပိုလွန်ကုန်၏၊ (တသ္မာ၊ ကြောင့်၊) ကထာဝတ္ထုနာ ဝ၊ ကထာဝတ္ထုကျမ်းနှင့်သာလျှင်။ သဒ္ဓိံ၊ တကွ။ သတ္တ၊ ၇ ကျမ်းတို့တည်း။ ဣတိ၊ ဤသို့သကဝါဒီဆို၏။
ဂဏှိတ္ထ-မယူကြကုန်လင့်။ ဣတိဣမိနာအဓိပ္ပာယေန၊ ဤသို့သောအလိုဖြင့်၊ (ဤသို့အနက်ပေးပါ၊) ယထာ၊ အကြင်အခြင်းအရာအားဖြင့်။ နော၊ တပည့်တော်တို့အား၊ ဝါ-တို့၏။ ဘဂဝါ၊ သည်။ ဗျာကရောတိ၊ ဖြေတော်မူ၏။ တထာ၊ ထိုဖြေတော်မူအပ်တိုင်းသောအခြင်းအရာအားဖြင့်။ နံ၊ ထိုအနက်ကို။ ဓာရေယျာထ၊ ဆောင်ရွက်မှတ်သားကြပါကုန်။ ဣတိ၊ သို့။ ဝတွာ၊ လျှောက်၍။ ဥယျောဇေသိ၊ လွှတ်လိုက်ပြီ။
တေ၊ ထိုဓမ္မပဋိဂ္ဂါဟကရဟန်းတို့သည်။ သတ္ထာရံ၊ ကို၊ ဝါ-သို့။ ဥပသင်္ကမိတွာ၊ ၍။ ပုစ္ဆိံသု၊ မေးလျှောက်ကြကုန်ပြီ။ သတ္ထာ၊ သည်။ ကစ္စာနေန၊ ကစ္စည်းသည်။ ဒုက္ကထံ၊ မကောင်းသဖြင့်ဖြေအပ်ပြီ၊ (မှားမှားယွင်းယွင်းဖြေအပ်ပြီ၊) ဣတိ၊ သို့။ အဝတွာ၊ မိန့်တော်မမူဘဲ။ သုဝဏ္ဏာဠိင်္ဂံ၊ ရွှေမရိုးစည်ကို။ ဥဿာပေန္တောဝိယ၊ ထောင်လိုက်သကဲ့သို့။ ဂီဝံ၊ လည်ပင်းတော်ကို၊ (အရင်းနည်းငယ်တုတ်၍ အဖျားနည်းနည်းသေးသောလည်ပင်းတော်ကို၊) ဥန္နာမေတွာ၊ အထက်သို့ညွတ်စေတော်မူ၍၊ ဝါ-မော်တော်မူ၍။ သုပုပ္ဖိတသတပတ္တသဿီရိကံ၊ ကောင်းစွာပွင့်သော ပွင့်ချပ်တစ်ရာရှိသော ပဒုမ္မာကြာပန်းနှင့်တူသော အသရေရှိတော်မူသော။ မဟာမုခံ၊ မြတ်သောခံတွင်းတော်ကို။ ပူရေန္တော၊ ပြည့်စေတော်မူလျက်။ ဗြဟ္မဿရံ၊ ဗြဟ္မာ၏အသံနှင့်တူသောအသံတော်ကို။ နိစ္ဆာရေတွာ၊ မိန့်မြွက်တော်မူ၍၊
ဤမှနောက်၌ "သာဓုသာဓူတိ၊ ပေ၊ ဒတွာ" ဟူသောစကားသည်လည်း ပါဠိတော်၌မပါ၊သာဓုသာဓူတိ၊ သာဓုသာဓုဟူ၍။ ထေရဿ၊ မဟာကစ္စည်းထေရ်အား။ သာဓုကာရံ၊ ကောင်းချီးကို။ ဒတွာ၊ ပေးတော်မူ၍။ ဘိက္ခဝေ၊ ဘိက္ခုတို့။ မဟာကစ္စာနော၊ မဟာကစ္စည်းသည်။ ပဏ္ဍိတော၊ ကြောင်းကျိုးမြင်သိ, သဘာဝပညာရှိ၏။ ဘိက္ခဝေ၊ တို့။ မဟာကစ္စာနော၊ သည်။ မဟာပညော၊ ကြီးသောပညာရှိ၏။ ဘိက္ခဝေ၊ တို့။ မံ၊ ငါဘုရားကို။ တုမှေ၊ သင်တို့သည်။ ဧတမတ္ထံ၊ ဤအနက်အဓိပ္ပာယ်ကို။ စေပိပုစ္ဆေယျာထ၊ အကယ်၍မူလည်း မေးကြကုန်အံ့၊
ပဋိပုစ္ဆေယျာထဟု ပဋိပါသည်ကားအပို၊ ဘာ့ကြောင့်နည်း, ပါဠိတော်၌လည်းမပါ၊ ထပ်၍မေးသောအရာလည်း မဟုတ်သောကြောင့်တည်း၊ဧဝံသတိ၊ သော်။ အဟမ္ပိ၊ ငါဘုရားသည်လည်း။ တံ၊ ထိုအနက်အဓိပ္ပာယ်ကို။ မဟာကစ္စာနေန၊ သည်။ ဗျာကတံယထာ၊ ဖြေအပ်သကဲ့သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ ဗျာကရေယျံ၊ ဖြေရာ၏။ ဣတိ၊ သို့။ အာဟ၊ မိန့်တော်မူပြီ။
စပန၊ ထပ်၍ဆက်ဦးအံ့။ ဧဝံ၊ သို့။ သတ္ထာရာ၊ သည်။ အနုမောဒိတကာလတော၊ ဝမ်းမြောက်တော်မူအပ်ရာအခါမှ။ ပဋ္ဌာယ၊ ၍။ သကလံ၊ သော။ သုတ္တံ၊ မဓုပိဏ္ဍိကသုတ်သည်။ ဗုဒ္ဓဘာသိတံနာမ၊ ဗုဒ္ဓဘာသိတမည်သည်။ ဇာတံ၊ ဖြစ်တော့၏။ အာနန္ဒတ္ထေရာဒီဟိ၊ အာနန္ဒာထေရ်အစရှိသော ပုဂ္ဂိုလ်တို့သည်။ ဝိတ္ထာရိတသုတ္တေသုပိ၊ ချဲ့အပ်သောသုတ်တို့၌လည်း။ ဧသေဝနယော၊ ဤနည်းပင်တည်း၊
ထိုသုတ်များသည် သဠာယတနသံယုတ် လောကကာမဂုဏဝဂ်, လောကသန္တဂမနသုတ်, သဠာယတနနိရောဓသုတ် စသည်တည်း၊ဧဝမေဝ၊ လျှင်။ သမ္မာသမ္ဗုဒ္ဓေါ၊ သည်။ သတ္တပ္ပကာရဏာနိ၊ ၇ ကျမ်းတို့ကို။ ဒေသေန္တော၊ လသော်။ ကထာဝတ္ထုံ၊ သို့။ ပတွာ၊ ၍။ ဝုတ္တနယေန၊ ဖြင့်။ မာတိကံ၊ ကို။ ထပေသိ၊ ပြီ။ စပန၊ ထပ်၍ဆက်။ ထပေန္တော၊ လသော်။ ဣမံ၊ ဤဆိုအပ်လတ္တံ့သောအကြောင်းအရာကို။ အဒ္ဒသ၊ မြင်တော်မူရပြီ၊ (ကိံအဒ္ဒသ)၊
"မမပရိနိဗ္ဗာနတောမှစ၍ ဗုဒ္ဓဘာသိတမေဝနာမဇာတံ" တိုင်အောင် ရှေး၌အနက်ပေးခဲ့ပြီ၊ ထပေန္တောမှစ၍ ထိုအားလုံးလည်း နောက်မှထည့်ပါဌ်ဖြစ်ဟန်တူ၏၊ ဘာ့ကြောင့်နည်း, အဓိပ္ပာယ်ထပ်နေသောကြောင့်လည်းကောင်း, ထိုမျှလောက်ရှည်လျားအောင် နိဂုံးမအုပ်ထိုက်သောကြောင့်လည်းကောင်းတည်း။ ပကရဏပရိစ္ဆေဒ၏နိဂုံးကိုပြလို၍ "ဧဝံ" စသည်မိန့်။ဧဝံ၊ ဤသို့လျှင်။ ကထာဝတ္ထုနာဝ၊ နှင့်သာလျှင်။ သဒ္ဓိံ။ သတ္တပ္ပကရဏာနိ၊ ၇ ကျမ်းတို့သည်။ အဘိဓမ္မောနာမ၊ အဘိဓမ္မာမည်၏။
၃။ ပါဠိတော်စုဝေးပုံကိုပြခန်း
တတ္ထ၊ ထိုအဘိဓမ္မာ ၇ ကျမ်းတို့တွင်။ ဓမ္မသင်္ဂဏီပကရဏေ၊ ဓမ္မသင်္ဂဏီကျမ်း၌။ ဝိဘတ္တိယော၊ အကျယ်ဝေဖန်အပ်ရာပါဠိရပ်တို့သည်။ စိတ္တဝိဘတ္တိ၊ စိတ္တဝိဘတ္တိလည်းကောင်း၊
အနက်အကျယ်ကို နောက်မှပြမည်၊ရူပဝိဘတ္တိ၊ ရူပဝိဘတ္တိလည်းကောင်း။ နိက္ခေပရာသိ၊ နိက္ခေပရာသိလည်းကောင်း။ အတ္ထုဒ္ဓါရော၊ အတ္ထုဒ္ဓါရလည်းကောင်း။ ဣတိ၊ သို့။ စတဿော၊ ၄ ပါးတို့တည်း၊
တတ္ထ၊ ထို ၄ ပါးတို့တွင်။ ကာမာဝစရကုသလတော၊ ကာမာဝစရကုသိုလ် နာမက္ခန္ဓာ ၄ ပါးတို့တွင်။ အဋ္ဌ၊ ရှစ်ပါးသောစိတ်တို့လည်းကောင်း။ အကုသလတော၊ အကုသိုလ်နာမက္ခန္ဓာ ၄ ပါးတို့တွင်။ ဒွါဒသ၊ စိတ်တို့လည်းကောင်း၊ ပေ။ လောကုတ္တရကုသလတော၊ လောကုတ္တရာကုသိုလ် နာမက္ခန္ဓာ ၄ ပါးတို့တွင်။ စတ္တာရိ။ ဝိပါကတော၊ လောကုတ္တရာဝိပါက် နာမက္ခန္ဓာ ၄ ပါးတို့တွင်။ စတ္တာရိ၊ ၄ ပါးသောစိတ်တို့လည်းကောင်း။ ဣတိ၊ သို့။ ဧကူနနဝုတိစိတ္တာနိ၊ တစ်ခုဖြင့်ယုတ်လျော့သော ၉၀ သောစိတ်တို့သည်၊ ဝါ-၈၉ ပါးသောစိတ်တို့ကိုပြရာပါဠိရပ်တို့သည်။ စိတ္တဝိဘတ္တိနာမ၊ စိတ္တဝိဘတ္တိမည်၏။ စိတ္တုပ္ပာဒကဏ္ဍန္တိပိ၊ စိတ္တုပ္ပာဒကဏ္ဍဟူသောအမည်သည်လည်း။ ဧတဿေဝ (ဧတဿာ+ဧဝ)-ဤစိတ္တဝိဘတ္တိ၏ပင်။ နာမံ၊ အမည်တည်း။
ရှေးဆရာတို့ကား "ဧတဿ + ဧဝ" ဟုဖြတ်၍ "ဧတဿဧဝ - ဤတစ်ခုယုတ်ကိုးဆယ်သောစိတ်၏သာလျှင်" ဟု တစ်နည်းစွဲလေသည်။တံ၊ ထိုစိတ္တုပ္ပာဒကဏ္ဍသည်။ ဝါစနာမဂ္ဂတော၊ အရှင်သာရိပုတ္တရာပို့ချအပ်သော ပါဠိတော်အစဉ်အားဖြင့်။ အတိရေကဆဘာဏဝါရံ၊ ၆ ဘာဏဝါရထက်အပိုအလွန်ရှိသည်၊ (၆ ဘာဏဝါရကျော်ကျော်ရှိသည်၊) ဟောတိ၊ ၏။ ပန၊ ကား။ ဝိတ္ထာရိယမာနံ၊ တာဝတိံသာ၌ ဟောတော်မူအပ်သည့်အတိုင်း ချဲ့အပ်သည်ရှိသော်၊ (ချဲ့လိုက်လျှင်၊) အနန္တံ၊ အဆုံးမရှိသည်။ အပရိမာဏံ၊ အတိုင်းအရှည်မရှိသည်။ ဟောတိ၊ ၏၊
တဒနန္တရံ၊ ထိုစိတ္တဝိဘတ္တိ၏အခြားမဲ့၌။ ဧကဝိဓေနဒုဝိဓေနာတိအာဒိနာ၊ ဧကဝိဓေနဒုဝိဓေနအစရှိသော။ နယေန၊ နည်းဖြင့်။ မာတိကံ၊ ကို။ ထပေတွာ၊ ၍။ ဝိတ္ထာရေန၊ အကျယ်အားဖြင့်။ ဝိဘဇိတွာ၊ ဝေဖန်တော်မူ၍။ ဒဿိတာ၊ ပြတော်မူအပ်သောပါဠိရပ်သည်။ ရူပဝိဘတ္တိနာမ၊ ရူပဝိဘတ္တိမည်၏။ ရူပကဏ္ဍန္တိပိ၊ ရူပကဏ္ဍဟူသောအမည်သည်လည်း။ ဧတဿေဝ (ဧတဿာ+ဧဝ)-ဤရူပဝိဘတ္တိ၏ပင်။ နာမံ၊ အမည်တည်း။ တံ၊ ထိုရူပကဏ္ဍသည်။ ဝါစနာမဂ္ဂတော၊ အားဖြင့်။ အတိရေကဒွိဘာဏဝါရံ၊ ၂ ဘာဏဝါရထက်အပိုအလွန်ရှိသည်၊ (၂ ဘာဏဝါရကျော်ကျော်ရှိသည်၊) ဟောတိ၊ ၏။ ပန၊ ကား။ ဝိတ္ထာရိယမာနံ၊ သော်၊ ဝါ-လျှင်။ အနန္တံ၊ သည်။ အပရိမာဏံ၊ သည်။ ဟောတိ၊ ၏။
တဒနန္တရံ၊ ထိုရူပဝိဘတ္တိ၏အခြားမဲ့၌။ မူလတော၊ မူလလည်းကောင်း၊
ဣတိ၌ သရူပ, သရူဝန္တစပ်ရသည်ဖြစ်၍ "အားဖြင့်" ဟု ကြိယာဝိသေသနမပေးရ၊ခန္ဓတော၊ ခန္ဓာလည်းကောင်း။ ဒွါရတော၊ ဒွါရလည်းကောင်း။ ဘူမိတော၊ ဘုံလည်းကောင်း။ အတ္ထတော၊ အကျိုးလည်းကောင်း၊ ဝါ-အနက်လည်းကောင်း။ ဓမ္မတော၊ အကြောင်းလည်းကောင်း၊ ဝါ-ပါဠိလည်းကောင်း။ နာမတော၊ နာမည်လည်းကောင်း။ လိင်္ဂတော၊ ပုလ္လိင်စသောလိင်လည်းကောင်း။ ဣတိဧဝံ၊ သို့။ မူလာဒီဟိ၊ မူလအစရှိသည်တို့ဖြင့်။ နိက္ခိပိတွာ၊ ချုံး၍။ ဒေသိတော၊ ဟောတော်မူအပ်သောပါဠိရပ်သည်။ နိက္ခေပရာစီနာမ၊ နိက္ခေပရာသိမည်၏။
သော၊ ထိုနိက္ခေပရာသိကို၊
အချို့စာအုပ်၌ "သော" မပါ၊မူလတော၊ မူလအားဖြင့်လည်းကောင်း၊
ဤ၌ကား နိက္ခိပိတွာ၌ တိုက်ရိုက်စပ်ရမည်ဖြစ်၍ "အားဖြင့်" ဟု ကြိယာဝိသေသနအနက်ပေးနိုင်သည်၊ခန္ဓတောစာပိ၊ ခန္ဓာအားဖြင့်လည်းကောင်း။ ဒွါရတောစာပိ၊ ဒွါရအားဖြင့်လည်းကောင်း။ ဘူမိတော၊ ဘုံအားဖြင့်လည်းကောင်း။ အတ္ထတော၊ အကျိုးအားဖြင့်လည်းကောင်း၊ ဝါ-အနက်အားဖြင့်လည်းကောင်း။ ဓမ္မတောစာပိ၊ အကြောင်းအားဖြင့်လည်းကောင်း၊ ဝါ-ပါဠိအားဖြင့်လည်းကောင်း။ နာမတောစာပိ၊ နာမည်အားဖြင့်လည်းကောင်း။ လိင်္ဂတော၊ ပုလ္လိင်စသောလိင်အားဖြင့်လည်းကောင်း။ နိက္ခိပိတွာ၊ ချုံး၍။ ဒေသိတတ္တာ၊ ဟောတော်မူအပ်သည်၏အဖြစ်ကြောင့်။ နိက္ခေပေါတိ၊ နိက္ခေပဟူ၍။ ပဝုစ္စတိ၊ ဆိုအပ်၏။
နိက္ခေပကဏ္ဍန္တိပိ၊ နိက္ခေပကဏ္ဍဟူသောအမည်သည်လည်း။ ဧတဿေဝ (ဧတဿဧဝ)-ဤနိက္ခေပရာသိ၏ပင်။ နာမံ၊ တည်း။ တံ၊ ထိုနိက္ခေပကဏ္ဍသည်။ ဝါစနာမဂ္ဂတော၊ အားဖြင့်။ တိမတ္တဘာဏဝါရံ၊ ၃ ပါးသောအတိုင်းအရှည်ရှိသော ဘာဏဝါရရှိသည်။ ဟောတိ။ ပန၊ ကား။ ဝိတ္ထာရိယမာနံ၊ သော်၊ ဝါ-လျှင်။ အနန္တံ အပရိမာဏံ ဟောတိ။
ပန၊ ကား။ တဒနန္တရံ၊ ထိုနိက္ခေပရာသိ၏အခြားမဲ့၌။ တေပိဋကဿ၊ ပိဋကတ် ၃ ပုံဟူသော၊
တီဏိပိဋကာနိ တိပိဋကံ၊ တိပိဋကံယေဝ တေပိဋကံ၊ သွတ္ထအနက် ဏပစ္စည်းသက်၊ဗုဒ္ဓဝစနဿ၊ ဘုရားဟောဖော်ပါဠိတော်၏။ အတ္ထုဒ္ဓါရဘူတံ၊ အနက်တို့ကိုထုတ်ပြရာဖြစ်၍ဖြစ်သော။ ယာဝသရဏဒုကာ၊ သရဏဒုတ်တိုင်အောင်။ နိက္ခိတ္တံ၊ ထားအပ်သောပါဠိရပ်သည်။ အဋ္ဌကထာကဏ္ဍံနာမ၊ မည်၏။ ယတော၊ အကြင်အဋ္ဌကထာကဏ္ဍမှ၊
ဂဏနစာရံ၌စပ်၊မဟာပကရဏိယာ၊ ပဋ္ဌာန်းကျမ်းကိုသင်ယူကုန်သော၊
မဟာပကရဏံ အဓီယန္တေတိ မဟာပကရဏိယာ = အဓီတေအနက်၌ ဏိကပစ္စည်းသက်, ကကိုယပြု၊ဘိက္ခူ၊ တို့သည်။ မဟာပကရဏေ၊ ပဋ္ဌာန်းကျမ်း၌။ ဂဏနစာရံ၊ ရေတွက်ကြောင်းသင်္ချာ၏ဖြစ်ပုံကို။ အသလ္လက္ခေန္တာ၊ မမှတ်နိုင်ကုန်လတ်သော်။ ဂဏနစာရံ၊ ကို။ သမာနေန္တိ၊ တူမျှသည်ကိုပြုကြကုန်၏၊ (ပြည့်အောင်ဖြည့်ကြကုန်၏၊) တံ၊ ထိုအဋ္ဌကထာကဏ္ဍသည်။ ဝါစနာမဂ္ဂတော၊ အားဖြင့်။ ဒွိမတ္တဘာဏဝါရံ၊ ၂ ပါးအတိုင်းအရှည်ရှိသော ဘာဏဝါရရှိသည်၊ (ဟောတိ)။ ပန၊ ကား။ ဝိတ္ထာရိယမာနံ၊ သော်၊ ဝါ-လျှင်။ အနန္တံ အပရိမာဏံ ဟောတိ။ ဣတိ၊ ဤသို့လျှင်။ သကလမ္ပိ၊ အလုံးစုံလည်းဖြစ်သော။ ဓမ္မသင်္ဂဏီပကရဏံ၊ ဓမ္မသင်္ဂဏီကျမ်းသည်။ ဝါစနာမဂ္ဂတော၊ အားဖြင့်။ အတိရေကတေရသမတ္တဘာဏဝါရံ၊ တစ်ဆယ့်သုံးထက်ပိုလွန်သော ဘာဏဝါရအတိုင်းအရှည်ရှိသည်၊ (ဟောတိ၊) ပန၊ ကား။ ဝိတ္ထာရိယမာနံ၊ သော်၊ ဝါ-လျှင်။ အနန္တံ၊ သည်။ အပရိမာဏံ၊ သည်။ ဟောတိ။ ဧဝံ၊ ဤသို့လျှင်၊
စိတ္တဝိဘတ္တိ၊ စိတ္တဝိဘတ္တိလည်းကောင်း။ ရူပဉ္စ၊ ရူပဝိဘတ္တိလည်းကောင်း၊
ဝိဘတ္တိဟူသော နောက်ပုဒ်ကျေသည်၊နိက္ခေပေါ၊ နိက္ခေပရာသိလည်းကောင်း၊
ရာသိဟူသော နောက်ပုဒ်ကျေသည်၊အတ္ထဇောတနာ၊ အနက်တို့ကိုထွန်းပြရာ အတ္ထုဒ္ဓါရလည်းကောင်း၊ ဝါ-အဋ္ဌကထာကဏ္ဍလည်းကောင်း၊ (ဣတိ-ဤသို့၊) ဧတံ ဌာနံ၊ ဤဓမ္မသင်္ဂဏီကျမ်းဟူသောပါဠိရပ်သည်။ ဂမ္ဘီရံ၊ နက်နဲ၏။ နိပုဏံ၊ သိမ်မွေ့၏။ တမ္ပိ (ဌာနံ)-ထိုဓမ္မသင်္ဂဏီကျမ်းဟူသောပါဠိရပ်ကိုလည်း။ ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်။ ဒေသိတံ၊ ဟောတော်မူအပ်ပြီ။
တဒနန္တရံ၊ ထိုဓမ္မသင်္ဂဏီကျမ်း၏အခြားမဲ့၌၊ (ဒေသိတံ-ဟောတော်မူအပ်သောကျမ်းသည်၊) ဝိဘင်္ဂပ္ပကရဏံနာမ၊ ဝိဘင်းကျမ်းမည်၏။ တံ၊ ထိုဝိဘင်းကျမ်းကို၊
ဝိဘတ္တံ၌စပ်၊ခန္ဓဝိဘင်္ဂေါ၊ ခန္ဓဝိဘင်းလည်းကောင်း၊ ပေ။ ပစ္စယာကာရဝိဘင်္ဂေါ၊ ပစ္စယာကာရဝိဘင်းလည်းကောင်း၊ ဝါ-ပဋိစ္စသမုပ္ပာဒဝိဘင်းလည်းကောင်း၊ ပေ။ ဓမ္မဟဒယဝိဘင်္ဂေါ၊ ဓမ္မဟဒယဝိဘင်းလည်းကောင်း။ ဣတိ၊ သို့။ အဋ္ဌာရသဝိဓေန၊ တစ်ဆယ့်ရှစ်ပါးအပြားအားဖြင့်။ ဝိဘတ္တံ၊ ဝေဖန်တော်မူအပ်ပြီ၊
တတ္ထ၊ ထိုတစ်ဆယ့်ရှစ်ပါးသောဝိဘင်းတို့တွင်။ ခန္ဓဝိဘင်္ဂေါ၊ ကို။ သုတ္တန္တဘာဇနီယအဘိဓမ္မဘာဇနီယပဥှပုစ္ဆကာနံ၊ သုတ္တန္တဘာဇနီယနည်း, အဘိဓမ္မဘာဇနီယနည်း, ပဥှပုစ္ဆကနည်းတို့၏။ ဝသေန၊ အပြားအားဖြင့်။ တိဓာ၊ ၃ ပါးအပြားအားဖြင့်။ ဝိဘတ္တော၊ ပြီ။ သော၊ ထိုခန္ဓဝိဘင်းသည်။ ဝါစနာမဂ္ဂတော၊ အားဖြင့်။ ပဥ္စမတ္တဘာဏဝါရော၊ ၅ ပါးအတိုင်းအရှည်ရှိသော ဘာဏဝါရရှိ၏၊ ဝါ-၅ ဘာဏဝါရအတိုင်းအရှည်ရှိ၏၊
ပဥ္စ+မတ္တာပမာဏံ ယေသန္တိ ပဥ္စမတ္တာ၊ ပဥ္စမတ္တာ+ဘာဏဝါရာယဿာတိ ပဥ္စမတ္တဘာဏဝါရော၊ ရှေး၌ တိမတ္တဘာဏဝါရောကိုလည်း ဤနည်းအတိုင်းပြုပါ၊ပန၊ ဆက်။ ဝိတ္ထာရိယမာနော အနန္တော အပရိမာဏော ဟောတိ။ တတော၊ ထိုခန္ဓဝိဘင်းမှ။ ပရံ၊ နောက်၌။ အာယတနဝိဘင်္ဂါဒယောပိ၊ အာယတနဝိဘင်းအစရှိသော ဝိဘင်းတို့ကိုလည်း။ တီဟိ၊ ၃ ပါးကုန်သော။ ဧတေဟေဝနယေဟိ၊ ဤနည်းတို့ဖြင့်ပင်လျှင်။ ဝိဘတ္တာ၊ ကုန်ပြီ၊
တေသု၊ ထိုအာယတနဝိဘင်းအစရှိသော ဝိဘင်းတို့တွင်။ အာယတနဝိဘင်္ဂေါ၊ သည်။ ဝါစနာမဂ္ဂတော၊ အားဖြင့်။ အတိရေကဘာဏဝါရော၊ တစ်ဘာဏဝါရထက်အပိုအလွန်ရှိ၏။ ဓာတုဝိဘင်္ဂေါ၊ သည်။ ဒွိမတ္တဘာဏဝါရော၊ ၂ ပါးအတိုင်းအရှည်ရှိသော ဘာဏဝါရရှိ၏၊ ဝါ-၏။ သစ္စဝိဘင်္ဂေါ၊ သည်။ တထာ၊ ထို ၂ ဘာဏဝါရအတိုင်းအရှည်ရှိ၏။ ဣန္ဒြိယဝိဘင်္ဂေ၊ ၌။ သုတ္တန္တဘာဇနီယံ၊ သည်။ နတ္phi၊ မရှိ၊ ဝါ-မပါ။ ပန၊ ဆက်။ ဧသ၊ ဤဣန္ဒြိယဝိဘင်းသည်။ ဝါစနာမဂ္ဂတော၊ အားဖြင့်။ အတိရေကဘာဏဝါရမတ္တော၊ တစ်ဘာဏဝါရထက်ပိုလွန်သော အတိုင်းအရှည်ရှိ၏၊ ဝါ-တစ်ဘာဏဝါရကျော်ကျော်အတိုင်းအရှည်ရှိ၏၊
ပစ္စယာကာရဝိဘင်္ဂေါ၊ ပစ္စယာကာရဝိဘင်းသည်၊ ဝါ-ပဋိစ္စသမုပ္ပာဒဝိဘင်းသည်။ ဆမတ္တဘာဏဝါရော၊ ၏။ ပန၊ အထူးကား။ ဧတ္ထ၊ ဤပဋိစ္စသမုပ္ပာဒဝိဘင်း၌။ ပဥှပုစ္ဆကံ၊ သည်။ နတ္ထိ၊ မရှိ။ သတိပဋ္ဌာနဝိဘင်္ဂေါ၊ သည်။ အတိရေကဘာဏဝါရမတ္တော၊ ၏။ သမ္မပ္ပဓာနဣဒ္ဓိပါဒဗောဇ္ဈင်္ဂမဂ္ဂင်္ဂဝိဘင်္ဂါ၊ သမ္မပ္ပဓာနဝိဘင်း၊ ပေ၊ မဂ္ဂင်္ဂဝိဘင်းတို့သည်။ တထာ၊ ထိုတစ်ဘာဏဝါရကျော်ကျော်အတိုင်းအရှည်ရှိကုန်၏။ ဈာနဝိဘင်္ဂေါ၊ သည်။ ဒွိဘာဏဝါရမတ္တော၊ ၏၊
ဒွေ+ဘာဏဝါရာ ဒွိဘာဏဝါရံ၊ ဒွိဘာဏဝါရံ+မတ္တာယဿာတိ ဒွိဘာဏဝါရမတ္တော၊အပ္ပမညာဝိဘင်္ဂေါ၊ သည်။ အတိရေကဘာဏဝါရမတ္တော၊ ၏။ သိက္ခာပဒဝိဘင်္ဂေပိ၊ ၌လည်း၊
ပိဖြင့် သုတ္တန္တဘာဇနီယနည်းမရှိခြင်းတူသော ဣန္ဒြိယဝိဘင်းကိုပေါင်း၊သုတ္တန္တဘာဇနီယံ၊ သည်။ နတ္ထိ။ ပန၊ ဆက်။ ဧသ၊ ဤသိက္ခာပဒဝိဘင်းသည်။ ဝါစနာမဂ္ဂတော။ အတိရေကဘာဏဝါရမတ္တော။ ပဋိသမ္ဘိဒါဝိဘင်္ဂေါ၊ သည်။ တထာ၊ ထိုတစ်ဘာဏဝါရထက်ပိုလွန်သော အတိုင်းအရှည်ရှိ၏။
ဉာဏဝိဘင်္ဂေါ၊ ကို။ ဒသဝိဓေန၊ အားဖြင့်။ ဝိဘတ္တော၊ အပ်ပြီ။ ပန၊ ဆက်။ ဧသ၊ ဤဉာဏဝိဘင်းသည်။ ဝါစနာမဂ္ဂတော၊ အားဖြင့်။ တိမတ္တဘာဏဝါရော၊ ၏။ ခုဒ္ဒကဝတ္ထုဝိဘင်္ဂေါပိ၊ ကိုလည်း။ ဒသဝိဓေန။ ဝိဘတ္တော၊ ဟပိဖြင့် ဒသဝိဓချင်းတူသော ဉာဏဝိဘင်းကိုပေါင်းသည်၊' ပန၊ ဆက်။ ဧသ၊ ဤခုဒ္ဒကဝတ္ထုဝိဘင်းသည်။ ဝါစနာမဂ္ဂတော တိမတ္တဘာဏဝါရော။ ဓမ္မဟဒယဝိဘင်္ဂေါ၊ ကို။ တိဝိဓေန၊ အားဖြင့်။ ဝိဘတ္တော။ ပန၊ ဆက်။ ဧသ၊ ဤဓမ္မဟဒယဝိဘင်းသည်။ အတိရေကဒွိဘာဏဝါရမတ္တော၊ ၂ ဘာဏဝါရထက် ပိုလွန်သောအတိုင်းအရှည်ရှိ၏။ သဗ္ဗေပိ၊ အလုံးစုံသော ဝိဘင်းတို့သည်လည်း၊ ဝါ-တို့ကိုလည်း။ ဝိတ္ထာရိယမာနာ အနန္တာ အပရိမာဏာ ဟောန္တိ၊ ဟနိဂုံးကိုပြလို၍ ဧဝံစသည်ကိုမိန့်၊' ဧဝံ၊ ဤသို့လျှင်။ ဧတံ ဝိဘင်္ဂပ္ပကရဏံ၊ ဤဝိဘင်းကျမ်းသည်။ ဝါစနာမဂ္ဂတော၊ အားဖြင့်။ ပဉ္စတ္တိံသမတ္တဘာဏဝါရံ၊ ၃၅ ပါး အတိုင်းအရှည်ရှိသော ဘာဏဝါရရှိ၏။ ပန၊ ကား။ ဝိတ္ထာရတော အနန္တံ အပရိမာဏံ ဟောတိ။
တဒနန္တရံ၊ ထိုဝိဘင်းကျမ်း၏ အခြားမဲ့၌၊ (ဒေသိတံ၊ သည်၊) ဓာတုကထာပကရဏံ နာမ၊ ဓာတုကထာကျမ်းမည်၏။ တံ၊ ထိုဓာတုကထာကျမ်းကို။ သင်္ဂဟော အသင်္ဂဟော၊ သင်္ဂဟောအသင်္ဂဟောပုဒ်လည်းကောင်း၊ ပေ။ ဝိပ္ပယုတ္တေန သင်္ဂဟိတံ အသင်္ဂဟိတံ၊ ဝိပ္ပယုတ္တေနသင်္ဂဟိတံအသင်္ဂဟိတံပုဒ်လည်းကောင်း။ ဣတိ၊ ဤသို့။ စုဒ္ဓသဝိဓေန၊ ၁၄ ပါးအပြားအားဖြင့်။ ဝိဘတ္တံ၊ ဝေဖန်တော်မူအပ်ပြီ၊ ဟဤပုဒ်တို့၏ အနက်အကျယ်ကို ဓာတုကထာအရကောက်၌ကြည့်ပါ၊' တံ၊ ထိုဓာတုကထာကျမ်းသည်။ ဝါစနာမဂ္ဂတော အတိရေကဆဘာဏဝါရမတ္တံ။ ဝိတ္ထာရိယမာနံ ပန အနန္တံ အပရိမာဏံ ဟောတိ။
တဒနန္တရံ၊ ထိုဓာတုကထာကျမ်း၏ အခြားမဲ့၌၊ (ဒေသိတာ၊ သည်၊) ပုဂ္ဂလပညတ္တိ နာမ၊ ပုဂ္ဂလပညတ္တိကျမ်းမည်၏၊ ဟဤ၌ ပကရဏသဒ္ဒါမပါဘဲ အရာဌာနအားလျော်စွာ ကျမ်းဟုပေးနိုင်သည်၊' သာ၊ ထိုပုဂ္ဂလပညတ္တိကျမ်းကို။ ခန္ဓပညတ္တိ၊ ခန္ဓပညတ္တိလည်းကောင်း၊ ပေ။ ပုဂ္ဂလပညတ္တိ၊ ပုဂ္ဂလပညတ္တိလည်းကောင်း။ ဣတိ၊ ဤသို့။ ဆဗ္ဗိဓေန၊ အားဖြင့်။ ဝိဘတ္တာ၊ အပ်ပြီ။ သာ၊ ထိုပုဂ္ဂလပညတ္တိကျမ်းသည်။ ဝါစနာမဂ္ဂတော အတိရေကပဉ္စဘာဏဝါရာ။ ဝိတ္ထာရိယမာနာ ပန အနန္တာ အပရိမာဏာ ဝဟောတိ။
တဒနန္တရံ၊ ထိုပုဂ္ဂလပညတ္တိကျမ်း၏ အခြားမဲ့၌၊ (ဒေသိတံ၊ သည်၊) ကထာဝတ္ထုပကရဏံ နာမ၊ ကထာဝတ္ထုကျမ်းမည်၏။ တံ၊ ထိုကထာဝတ္ထုကျမ်းကို။ သကဝါဒေ၊ ပေ။ သမောဓာနေတွာ ဝိဘတ္တံ။ တံ၊ ထိုကထာဝတ္ထုကျမ်းသည်။ ဝါစနာမဂ္ဂတော၊ ဖြင့်။ ဣဒါနိ၊ ယခုအခါ၌။ ပေါတ္ထကေ၊ ပေစာ၌၊ ဝါ-စာအုပ်၌။ လိခိတံ၊ ရေးအပ်သော ပါဠိကို။ အဂ္ဂဟေတွာ၊ မယူမူ၍။ သင်္ဂီတိအာရောပိတနယေန၊ သံဂါယနာသို့ တင်အပ်ပြီးသောနည်းဖြင့်။ ဒီဃနိကာယပ္ပမာဏံ၊ ဒီဃနိကာယ်ပမာဏရှိ၏၊ ဟ''ယခုလက်ရှိစာအုပ်၌ ပေယျာလမြှုပ်၍ ရေးသားအပ်သော ပါဠိကို မရေတွက်ဘဲ သံဂါယနာတင်ထားအပ်သည့်အတိုင်း ရေတွက်လျှင် ဒီဃနိကာယ်လောက် ရှည်လျားသည်''ဟူလို၊' ဝိတ္ထာရိယမာနံ ပန၊ တာဝတိံသာ၌ ဘုရားရှင် ဟောတော်မူအပ်သည့်အတိုင်း အကျယ်ချဲ့အပ်သော်ကား။ အနန္တံ အပရိမာဏံ ဟောတိ။
တဒနန္တရံ၊ ထိုကထာဝတ္ထုကျမ်း၏ အခြားမဲ့၌၊ (ဒေသိတံ၊ သည်၊) ယမကံ နာမ၊ ယမိုက်ကျမ်းမည်၏။ တံ၊ ထိုယမိုက်ကျမ်းကို။ မူလယမကံ၊ မူလယမိုက်လည်းကောင်း၊ ပေ။ ဣန္ဒြိယယမကံ၊ ဣန္ဒြိယယမိုက်လည်းကောင်း။ ဣတိ၊ သို့။ ဒသဝိဓေန ဝိဘတ္တံ။ တံ၊ ထိုယမိုက်ကျမ်းသည်။ ဝါစနာမဂ္ဂတော၊ အရှင်သာရိပုတ္တရာ ဟောတော်မူအပ်သော ပါဠိတော်အစဉ်အားဖြင့်။ ဝီသဘာဏဝါရသတံ၊ နှစ်ဆယ်အလွန်ရှိသော ဘာဏဝါရတစ်ရာရှိ၏၊ ဝါ-တစ်ရာ့နှစ်ဆယ်သော ဘာဏဝါရရှိ၏။ ဝိတ္ထာရတော ပန အနန္တံ အပရိမာဏံ ဟောတိ။
တဒနန္တရံ၊ ထိုယမိုက်ကျမ်း၏ အခြားမဲ့၌၊ (ဒေသိတံ၊ သည်၊) မဟာပကရဏံ နာမ၊ ကြီးစွာသောကျမ်းမည်၏။ ပဋ္ဌာနံတိပိ၊ ပဋ္ဌာန်းကျမ်းဟူသောအမည်သည်လည်း။ တေဿဝ၊ ထိုမဟာပကရဏ၏ပင်။ နာမံ၊ အမည်တည်း။ တံ၊ ထိုပဋ္ဌာန်းကျမ်းကို။ ဟေတုပစ္စယော၊ ဟေတုပစ္စည်းလည်းကောင်း၊ ပေ။ အဝိဂတပစ္စယော၊ အဝိဂတပစ္စည်းလည်းကောင်း။ ဣတိ၊ ဤသို့။ တာဝ၊ တိက်ဒုက်တို့မှ ရှေးဦးစွာ။ ပစ္စယဝသေန၊ ပစ္စည်း၏အစွမ်းဖြင့်။ စတုဝီသတိဝိဓေန၊ ၂၄ ပါးအပြားအားဖြင့်။ ဝိဘတ္တံ၊ ပြီ။ ပန၊ ဆက်။ ဣမသ္မိံဌာနေ၊ ဤအရာ၌။ ပဋ္ဌာနံ၊ ပဋ္ဌာန်းကို။ သမာနေတဗ္ဗံ၊ တူမျှသည်ကို ပြုထိုက်၏။... ဟိ၊ ချဲ့ဦးအံ့။ ကုသလတ္တိကာဒယော၊ ကုသလတိက်အစရှိသော တရားတို့သည်။ ဒွါဝီသတိ၊ ၂၂ ပါးသော။ တိကာ နာမ၊ တိက်တို့မည်၏။ ဟေတူဓမ္မာ။ နဟေတူဓမ္မာ၊ ပေ။ သရဏာဓမ္မာ။ အရဏာဓမ္မာတိ၊ ဟေတူဓမ္မာ၊ ပေ၊ သရဏာဓမ္မာ၊ အရဏာဓမ္မာဟူကုန်သော။ ဣမေ၊ ဤတရားတို့သည်။ သတံ၊ တစ်ရာသော။ ဒုကာ၊ ဒုက်တို့မည်၏။ အပရေပိ၊ အခြားလည်းဖြစ်ကုန်သော။ ဝိဇ္ဇာဘာဂိနော ဓမ္မာ။ အဝိဇ္ဇာဘာဂိနော ဓမ္မာ၊ ပေ။ ခယေဉာဏံ။ အနုပ္ပါဒေ ဉာဏံတိ၊ ဝိဇ္ဇာဘာဂိနောဓမ္မာ၊ ပေ၊ အနုပ္ပါဒေဉာဏံဟူကုန်သော။ ဒွါစတ္တာလီသ၊ ၄၂ ပါးသည်။ သုတ္တန္တိကဒုကာ နာမ၊ သုတ္တန္တိကဒုက်တို့မည်၏။ တေသု၊ ထိုတိက်၊ ဒုက်တို့တွင်။ ဒွါဝီသတိ၊ ၂၂ ပါးသော။ တိကာ၊ တိက်တို့လည်းကောင်း။ သတံ၊ တစ်ရာသော။ ဒုကာ၊ ဒုက်တို့လည်းကောင်း။ ဣတိ၊ သို့။ အယံ၊ ဤတိက်၊ ဒုက်သည်။ အာဟစ္စ၊ ဌာန်ကရိုဏ်းတို့ကို ထိခိုက်၍၊ (တစ်နည်း) အာဟစ္စ၊ အထူးပြု၍၊ ဟအာဟစ္စကို ''ဝိသေသေတွာ''ဟု ဋီကာကျော်၌ ဖွင့်သည်၊' ဘာသိတာ၊ ဟောတော်မူအပ်သော။ ဇိနဝစနဘူတာ၊ ဘုရားစကားတော်ဖြစ်၍ ဖြစ်သော။ သဗ္ဗညုဗုဒ္ဓေန၊ သဗ္ဗညုဘုရားရှင်သည်။ ဒေသိတာ၊ ဟောတော်မူအပ်သော။ သတ္တန္နံပကရဏာနံ၊ အဘိဓမ္မာ ၇ ကျမ်းတို့၏။ မာတိကာ နာမ၊ မာတိကာမည်၏။
အထ၊ ထိုမှနောက်၌။ အပရေ၊ ၂၂ ပါးသောတိက်၊ တစ်ရာသောဒုက်တို့မှ တစ်ပါးကုန်သော။ ဒွါစတ္တာလီသ၊ ၄၂ ပါးသော။ သုတ္တန္တိကဒုကာ၊ သုတ္တန္တိကဒုက်တို့ကို၊ ဝါ-တို့သည်။ ကုတော၊ အဘယ်ပုဂ္ဂိုလ်မှ။ ပဘဝါ၊ စ၍ဖြစ်ကုန်သနည်း။ ကေန၊ အဘယ်ပုဂ္ဂိုလ်သည်။ ထပိတာ၊ ထားအပ်ကုန်သနည်း။ ကေန၊ သည်။ ဒေသိတာ၊ ဟောအပ်ကုန်သနည်း။ ဣတိ၊ ဤကားအမေးတည်း။ ဓမ္မသေနာပတိ သာရိပုတ္တတ္ထေရပ္ပဘဝါ၊ တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တရာထေရ် ဟူသောအစအမွန် ရှိကုန်၏။ တေန၊ ထိုတရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တရာထေရ်သည်။ ထပိတာ၊ ကုန်ပြီ။ တေန၊ သည်။ ဒေသိတာ၊ ကုန်ပြီ။ ဣတိ၊ ဤကားအဖြေတည်း။ ဟ''သေနာယ + ပတိ = သေနာပတိ၊ ဓမ္မေန + သေနာပတိ = ဓမ္မသေနာပတိ'' စသည်ဖြင့် ဂဏ္ဌိ၌ပြု၏။'
ပန၊ ဆက်။ ဣမေ၊ ဤသုတ္တန္တိကဒုက်တို့ကို။ ထပေန္တော၊ ထားတော်မူလတ်သော်၊ ဝါ-ထားတော်မူသော။ ထေရော၊ အရှင်သာရိပုတ္တရာထေရ်သည်။ သာမုက္ကံသိကေန၊ မိမိကိုယ်တိုင် ထုတ်ဖော်၍သိတတ်သော။ အတ္တနော၊ မိမိ၏။ ဉာဏေန၊ ဉာဏ်ဖြင့်။ နထပေသိ၊ ထားတော်မူသည်မဟုတ်။ ပန၊ အဟုတ်ကား။ ဧကုတ္တရိယံ၊ (တစ်ပါးတစ်ပါးသော အင်္ဂါဖြင့်ပိုလွန်သော) အင်္ဂုတ္တရနိကာယ်၌လာသော။ ဧကနိပါတဒုကနိပါတံ၊ ဧကနိပါတ်ဒုကနိပါတ်ကို။ သင်္ဂီတိဒသုတ္တရသုတ္တန္တေဟိ၊ သင်္ဂီတိသုတ် ဒသုတ္တရသုတ်တို့နှင့်။ သမောဓာနေတွာ၊ ပေါင်း၍၊ ဟရှေးစာအုပ်များ၌ ''ဧကနိပါတဒုကနိပါတသင်္ဂီတိဒသုတ္တရသုတ္တန္တေဟိ'' ဟု တစ်ပုဒ်တည်းရှိ၏၊ စဉ်းစားပါလေ၊' အာဘိဓမ္မိကတ္ထေရာနံ၊ အဘိဓမ္မာကို သင်ယူကုန်သောထေရ်တို့၏။ သုတ္တန္တံ၊ သုတ္တန်သို့။ ပတွာ၊ ရောက်၍။ အကိလမနတ္ထံ၊ မပင်ပန်းခြင်းအကျိုးငှာ။ ထပိတာ၊ ထားအပ်ကုန်ပြီ။
ပန၊ ဆက်။ ဧတေ၊ ထိုသုတ္တန္တိကဒုက်တို့ကို။ ဧကသ္မိံနိက္ခေပကဏ္ဍေယေဝ၊ တစ်ခုတည်းသော နိက္ခေပကဏ္ဍ၌သာလျှင်။ မတ္ထကံ၊ အပြီးအဆုံးသို့။ ပါပေတွာ၊ ရောက်စေ၍။ ဝိဘတ္တာ၊ ဝေဖန်တော်မူအပ်ကုန်ပြီ။ သေသဋ္ဌာနေသု၊ နိက္ခေပကဏ္ဍမှ ကြွင်းသောဌာနတို့၌။ ယာဝသရဏဒုကာ၊ သရဏဒုက်တိုင်အောင်။ အဘိဓမ္မော၊ အဘိဓမ္မာကို။ ဝိဘတ္တော၊ ဝေဖန်တော်မူအပ်ပြီ။
ဟပဋ္ဌာန်း၌ တိက်ဒုက်တို့ကို သရဏဒုက်တိုင်အောင် ဝေဖန်ပုံကိုပြလျက် သေသဋ္ဌာနေသု၊ ပေ၊ ဝိဘတ္တောဟူသော စကားကိုမြဲစေလိုသောကြောင့် ''သမ္မာသမ္ဗုဒ္ဓေနဟိ''စသည်ကိုမိန့်၊' ဟိ၊ မှန်။ သမ္မာသမ္ဗုဒ္ဓေန၊ သည်။ အနုလောမပဋ္ဌာနေ၊ အနုလောမပဋ္ဌာန်း၌။ ဒွါဝီသတိ၊ ၂၂ ပါးသော။ တိကေ၊ တိက်တို့ကို။ နိဿာယ၊ မှီ၍။ တိကပဋ္ဌာနံ နာမ၊ တိကပဋ္ဌာန်းမည်သည်ကို။ နိဒ္ဒိဋ္ဌံ၊ ညွှန်ပြတော်မူအပ်ပြီ။ သတံ၊ တစ်ရာသော။ ဒုကေ၊ ဒုက်တို့ကို။ နိဿာယ၊ ၍။ ဒုကပဋ္ဌာနံ နာမ၊ ကို။ နိဒ္ဒိဋ္ဌံ၊ ပြီ။ တတော၊ ထိုဒုကပဋ္ဌာန်းမှ။ ပရံ၊ နောက်၌။ ဒွါဝီသတိ၊ သော။ တိကေ၊ တို့ကို။ ဂဟေတွာ၊ ယူ၍။ ဒုကသတေ၊ ဒုက်တစ်ရာ၌။ ပက္ခိပိတွာ၊ ထည့်၍။ ဒုကတိကပဋ္ဌာနံ နာမ၊ ဒုကတိကပဋ္ဌာန်းမည်သည်ကို။ ဒဿိတံ၊ ပြီ။ တတော၊ ထိုဒုကတိကပဋ္ဌာန်းမှ။ ပရံ၊ ၌။ ဒုကသတံ၊ ဒုက်တစ်ရာကို။ ဂဟေတွာ၊ ၍။ ဒွါဝီသတိယာ၊ သော။ တိကေသု၊ တို့၌။ ပက္ခိပိတွာ၊ ၍။ တိကဒုကပဋ္ဌာနံ နာမ၊ တိကဒုကပဋ္ဌာန်းမည်သည်ကို။ ဒဿိတံ၊ ပြတော်မူအပ်ပြီ။ ပန၊ ကား။ တိကေ၊ တို့ကို။ တိကေသုယေဝ၊ တိက်တို့၌ပင်လျှင်။ ပက္ခိပိတွာ၊ ၍။ တိကတိကပဋ္ဌာနံ နာမ၊ ကို။ ဒဿိတံ၊ ပြီ။ ဒုကေစ၊ ဒုက်တို့ကိုလည်း။ ဒုကေသုယေဝ၊ ဒုက်တို့၌ပင်လျှင်။ ပက္ခိပိတွာ ဒုကဒုကပဋ္ဌာနံ နာမ၊ ကို။ ဒဿိတံ၊ ပြီ။ ဧဝံ၊ ဤသို့၊... တိကံ၊ တိကမည်သော။ ပဋ္ဌာနဝရံစ၊ မြတ်သောပဋ္ဌာန်းလည်းကောင်း။ ဥတ္တမံ၊ မြတ်သော။ ဒုကံ၊ ဒုကပဋ္ဌာန်းလည်းကောင်း။ ဒုကတိကဉ္စဲဝ၊ ဒုကတိကပဋ္ဌာန်းလည်းကောင်း။ တိကဒုကဉ္စ၊ တိကဒုကပဋ္ဌာန်းလည်းကောင်း။ တိကတိကဉ္စဲဝ၊ တိကတိကပဋ္ဌာန်းလည်းကောင်း။ ဒုကဒုကဉ္စ၊ ဒုကဒုကပဋ္ဌာန်းလည်းကောင်း၊ (ဣတိ၊ သို့၊) အနုလောမာမှိ၊ အနုလုံ၌။ ဆနယာ၊ ၆ ပါးသောနည်းတို့သည်။ သုဂမ္ဘီရာ၊ လွန်စွာနက်နဲကုန်၏။ ဣတိ၊ သို့၊ (ဝုတ္တံ၊ ပဋ္ဌာန်းအဋ္ဌကထာ၌ မိန့်တော်မူအပ်ပြီ။)... ပစ္စနီယပဋ္ဌာနေပိ၊ ပစ္စနီယပဋ္ဌာန်း၌လည်း။ ဒွါဝီသတိ၊ သော။ တိကေ၊ တို့ကို။ နိဿာယ၊ ၍။ တိကပဋ္ဌာနံ နာမ၊ ကို၊ (နိဒ္ဒိဋ္ဌံ၊ ပြီ)၊ ပေ။ ဒုကဒုကပဋ္ဌာနံ နာမ၊ ကို။ နိဒ္ဒိဋ္ဌံ၊ ပြီ။ ဣတိ၊ သို့။ ပစ္စနီယေပိ၊ ပစ္စနီယ၌လည်း။ ဆဟိ၊ ကုန်သော။ နယေဟိ၊ တို့ဖြင့်။ ပဋ္ဌာနံ၊ ကို။ နိဒ္ဒိဋ္ဌံ၊ ပြီ။ တေန၊ ထို့ကြောင့်၊ တိကဉ္စ၊ ပေ၊ သုဂမ္ဘီရာတိ-ဟူ၍။ ဝုတ္တံ၊ ပဋ္ဌာန်းအဋ္ဌကထာ၌ မိန့်ဆိုအပ်ပြီ။
တတော၊ ထိုပစ္စနီယပဋ္ဌာန်းမှ၊ ပရံ။ အနုလောမပစ္စနီယေပိ၊ ၌လည်း။ ဧတေနေဝ ဥပါယေန၊ ဤနည်းဖြင့်သာလျှင်။ ဆ၊ ကုန်သော။ နယာ၊ တို့ကို။ ဒဿိတာ၊ ပြတော်မူအပ်ကုန်ပြီ။ တေန၊ ကြောင့်၊ တိကဉ္စပဋ္ဌာနဝရံ၊ ပေ၊ သုဂမ္ဘီရာတိ-ဟူ၍၊ (အာစရိယော၊ အဋ္ဌကထာဆရာသည်၊) အာဟ၊ ပြီ။... တဒနန္တရံ၊ ထိုအနုလောမပစ္စနီယ၏ အခြားမဲ့၌။ ပစ္စနီယာနုလောမေပိ၊ ၌လည်း။ ဆဟိ၊ ကုန်သော။ ဧတေဟေဝ နယေဟိ၊ တို့ဖြင့်သာလျှင်။ နိဒ္ဒိဋ္ဌံ၊ ပြီ။ တေန၊ ကြောင့်၊ တိကဉ္စ၊ ပေ၊ သုဂမ္ဘီရာတိ-ဟူ၍၊ (အာစရိယော) အာဟ။... ဧဝံ၊ ဤသို့လျှင်။ အနုလောမေ၊ အနုလုံ၌။ ဆ၊ ၆ ပါးကုန်သော။ ပဋ္ဌာနာနိ၊ ပဋ္ဌာန်းတို့လည်းကောင်း။ ပဋိလောမေ၊ ပဋိလုံ၌။ ဆ၊ ကုန်သော၊ (ပဋ္ဌာနာနိ၊ တို့လည်းကောင်း၊) အနုလောမပစ္စနီယေ၊ ၌၊ ဆ (ပဋ္ဌာနာနိ၊ တို့လည်းကောင်း၊) ပစ္စနီယာနုလောမေ၊ ၌၊ ဆပဋ္ဌနာနိ-တို့လည်းကောင်း။ ဣတိ၊ သို့။ ပဋ္ဌာနံ၊ ကို။ သမာနေတဗ္ဗံ၊ တူသည်ကို ပြုထိုက်၏။ ဣတိ၊ သို့၊ ဟဣတိတစ်လုံးချေ၊' စတုဝီသတိသမန္တပဋ္ဌာနသမောဓာနံ၊ ၂၄ ပါးသော သမန္တပဋ္ဌာန်းတို့ကို ပေါင်းစုရာဖြစ်သော။ ဣဒံပဋ္ဌာနံ၊ ဤပဋ္ဌာန်းကျမ်းသည်။ မဟာပကရဏံ နာမ၊ မဟာပကရဏမည်၏။
ဟပါဠိသန္နိဝေသကိုပြပြီး၍ အဘိဓမ္မာ၏နက်နဲပုံကို ထင်ရှားစေခြင်းငှာ သံသာရသာဂရစသော သာဂရတို့နှင့်တကွ နယသာဂရကို ပြလိုသောအဋ္ဌကထာဆရာသည် ''ဣဒါနိ''စသည်ကိုမိန့်၊ ယခုပြအပ်လတံ့သော သာဂရ ၄ ပါးတို့တွင် နယသာဂရသာ လိုရင်းဖြစ်သည်၊' ဣဒါနိ၊ ပါဠိသန္နိဝေသကို ပြပြီးရာယခုအခါ၌။ ဣမဿ အဘိဓမ္မဿ၊ ဤအဘိဓမ္မာ၏။ ဂမ္ဘီရဘာဝဝိဇာနနတ္ထံ၊ နက်နဲသည်၏အဖြစ်ကို သိစေခြင်းအကျိုးငှာ။ သံသာရသာဂရော၊ သံသာရသာဂရလည်းကောင်း။ ဇလသာဂရော၊ လည်းကောင်း။ နယသာဂရော၊ လည်းကောင်း။ ဉာဏသာဂရော၊ လည်းကောင်း။ ဣတိ၊ သို့။ စတ္တာရော၊ ၄ ပါးကုန်သော။ သာဂရာ၊ သာဂရတို့ကို။ ဝေဒိတဗ္ဗာ၊ သိထိုက်ကုန်၏။ တတ္ထ၊ ထို ၄ ပါးသော သာဂရတို့တွင်။ သံသာရသာဂရော နာမ၊ သံသာရသာဂရမည်သည်၊ (''သံသာရဝဋ္ဋံ''၌ တုလျတ်လိင်္ဂတ်စပ်၊) ခန္ဓာနဉ္စ၊ ပေ။ ပဝုစ္စတီတိ၊ ဟူ၍။ ဧဝံ၊ သို့။ ဝုတ္တံ၊ ဟောတော်မူအပ်သော။ သံသာရဝဋ္ဋံ၊ သံသာရဝဋ်တည်း။ ဟခန္ဓာနဉ္စ-ခန္ဓာတို့၏လည်းကောင်း၊ ဓာတုအာယတနာနစ (ဓာတုအာယတနာနံစ)-ဓာတ်၊ အာယတနတို့၏လည်းကောင်း၊ (နံ၌ ဆန်းကြောင့်နိဂ္ဂဟိတ်ချေထားသည်၊) အဗ္ဗောစ္ဆိန္နံ၊ အဆက်မပြတ်။ ဝတ္တမာနာ၊ ဖြစ်သော။ ပဋိပါဋိ၊ အစဉ်ကို။ သံသာရောတိ၊ သံသာရဟူ၍။ ပဝုစ္စတိ၊ အပ်၏။'
ပန၊ ဆက်။ သွာယံ (သော+အယံ) သံသာရသာဂရော၊ ထိုသံသာရသာဂရသည်။ ယသ္မာ၊ ကြောင့်။ ဣမေသံ သတ္တာနံ၊ ဤသတ္တဝါတို့၏ ဥပ္ပတ္တိယာ၊ ဖြစ်ခြင်း၏။ ပုရိမာ၊ ရှေး၌ဖြစ်သော။ ကောဋိ၊ အစွန်းအစ၊ အပိုင်းအခြားသည်။ နပညာယတိ၊ မထင်ရှား၊ (တစ်နည်း) ကောဋိ၊ ကို။ နပညာယတိ၊ အပြားအားဖြင့်မသိအပ် မသိနိုင်။ ဟိ၊ မှန်၊ (မထင်ရှားဟူသောစကားသည်မှန်၏၊) ဧတ္တကာနံ၊ ဤမျှအတိုင်းအရှည်ရှိကုန်သော။ ဝဿသတာနံ ဝါ၊ အနှစ်အရာတို့၏လည်းကောင်း၊ (တစ်နည်း) ဧတ္တကာနံ ဝဿသတာနံ ဝါ၊ အနှစ်ရာပေါင်း ဤမျှလောက်တို့၏လည်းကောင်း၊ ဟဧတ္တကာနံကို နောက်ပုဒ်တို့၌ လိုက်စေ၊' ဧတ္တကာနံ၊ ကုန်သော။ ဝဿသဟဿာနံ ဝါ၊ အနှစ်အထောင်တို့၏လည်းကောင်း၊ (တစ်နည်း) ဧတ္တကာနံ ဝဿသဟဿာနံ ဝါ၊ အနှစ်ထောင်ပေါင်း ဤမျှလောက်တို့၏လည်းကောင်း။ ဧတ္တကာနံ၊ ကုန်သော။ ဝဿသတသဟဿာနံ ဝါ၊ အနှစ်အသိန်းတို့၏လည်းကောင်း၊ (တစ်နည်း) ဧတ္တကာနံ ဝဿသတသဟဿာနံ ဝါ၊ အနှစ်သိန်းပေါင်း ဤမျှလောက်တို့၏လည်းကောင်း။ ဧတ္တကာနံ၊ ကုန်သော။ ကပ္ပသတာနံ ဝါ၊ ကမ္ဘာအရာတို့၏လည်းကောင်း၊ (တစ်နည်း) ဧတ္တကာနံ ကပ္ပသတာနံ ဝါ၊ ကမ္ဘာရာပေါင်း ဤမျှလောက်တို့၏လည်းကောင်း။ ဧတ္တကာနံ။ ကပ္ပသဟဿာနံ ဝါ၊ ကမ္ဘာအထောင်တို့၏လည်းကောင်း၊ (တစ်နည်း) ဧတ္တကာနံ ကပ္ပသဟဿာနံ ဝါ၊ ကမ္ဘာထောင်ပေါင်း ဤမျှလောက်တို့၏လည်းကောင်း။ ဧတ္တကာနံ။ ကပ္ပသတသဟဿာနံ ဝါ၊ ကမ္ဘာအသိန်းတို့၏လည်းကောင်း၊ (တစ်နည်း) ဧတ္တကာနံ။ ကပ္ပသတသဟဿာနံ ဝါ၊ ကမ္ဘာသိန်းပေါင်း ဤမျှလောက်တို့၏လည်းကောင်း။ မတ္ထကေ၊ အထက်၌၊ ဝါ-အထက်တုန်းက။ သတ္တာ၊ သတ္တဝါတို့သည်။ ဥပ္ပန္နာ၊ စ၍ဖြစ်ကုန်ပြီ။ တတော၊ ထိုမျှလောက်သောနှစ်၊ ထိုမျှလောက်သောကမ္ဘာမှ။ ပုဗ္ဗေ၊ ရှေး၌၊ ဝါ-ရှေးတုန်းက၊ (သတ္တာ၊ တို့သည်၊) နာဟေသုံ (န+အဟေသုံ)-မဖြစ်ခဲ့ဖူးကုန်။ ဣတိဝါ၊ ဤသို့လည်းကောင်း။ အသုကဿ နာမ ရညော၊ ထိုမည်သောမင်း၏။ ကာလေ၊ လက်ထက်၌၊ (သတ္တာ၊ တို့သည်၊) ဥပ္ပန္နာ။ အသုကဿ ဗုဒ္ဓဿ၊ ထိုမည်သောဘုရား၏။ ကာလေ၊ လက်ထက်တော်၌၊ (သတ္တာ၊ တို့သည်၊) ဥပ္ပန္နာ။ တတော၊ ထိုမည်သောမင်း၊ ထိုမည်သောဘုရား၏ လက်ထက်မှ။ ပုဗ္ဗေ၊ ၌၊ ဝါ-က၊ (သတ္တာ၊) နာဟေသုံ။ ဣတိဝါ၊ ဤသို့လည်းကောင်း။ အယံ ပရိစ္ဆေဒေါ၊ ဤအပိုင်းအခြားသည်။ နတ္ထိ။
ဘိက္ခဝေ၊ တို့။ ဣတော၊ ဤမည်သောမင်း, ဤမည်သောဘုရားရှင်မှ။ ပုဗ္ဗေ၊ ရှေး၌။ အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ နာဟောသိ (န+အဟောသိ)၊ မဖြစ်ခဲ့ဖူးသေး။ အထ ပစ္ဆာ၊ ထိုမှနောက်၌။ သမဘဝီ၊ စ၍ဖြစ်ပြီ။ ဣတိ၊ ဤသို့။ အဝိဇ္ဇာယ၊ ၏။ ပုရိမာ၊ ရှေး၌ဖြစ်သော။ ကောဋိ၊ သည်။ နပညာယတိ၊ (တစ်နည်း) ကောဋိ၊ ကို။ နပညာယတိ၊ (ဣတိ-ထို့ကြောင့်၊ ဣတိတစ်လုံးအကျေကြံ၊) ဣမိနာနယေန၊ ဤဆိုအပ်ပြီးသောနည်းဖြင့်။ သံသာရသာဂရော၊ သည်။ အနမတဂ္ဂေါဝ၊ သိအပ်သောအစအပိုင်းအခြားမရှိသည်သာ၊ ဝါ-မသိအပ်သောအစအပိုင်းအခြားရှိသည်သာ၊ (တစ်နည်း) အနမတဂ္ဂေါဝ (အနု+အမတဂ္ဂေါဝ)၊ နှစ်ရာထောင်လောက်, ဉာဏ်ဖြင့်လှည့်လည်, မဖောက်မပြန်, ဧကန်မသိအပ်သောအစအပိုင်းအခြားရှိသည်သာ၊ ဝါ-နှစ်ရာထောင်လောက်, ဉာဏ်ဖြင့်လှည့်လည်, မဖောက်မပြန်, ဧကန်သိအပ်သောအစအပိုင်းအခြားမရှိသည်သာ။
ဟေသာဂရ ၄ မျိုးကို အကျဉ်းချုပ်ပေါင်း၍ ပြပြီးနောက် တစ်ပါးပြီးတစ်ပါး အကျယ်ချဲ့ရာဝယ် နောက်ပက္ခကို ပက္ခန္တရဟု မှတ်ပါ၊ ‘ပေါင်းပြီးစိတ်ပြ, နောက်ပက္ခ, ယူကြပက္ခန္တာ။’ပန၊ ကား၊ (သံသာရသာဂရမှတစ်ပါး ဇလသာဂရကား၊) မဟာသမုဒ္ဒေါ၊ မဟာသမုဒ္ဒရာကို။ ဇလသာဂရောနာမာတိ၊ ဇလသာဂရမည်၏ဟူ၍။ ဝေဒိတဗ္ဗော၊ သိထိုက်၏။ သော၊ ထိုမဟာသမုဒ္ဒရာသည်။ စတုရာသီတိယောဇနသဟဿဂမ္ဘီရော၊ ယူဇနာပေါင်းရှစ်သောင်းလေးထောင်အနက်ရှိ၏။ တတ္ထ၊ ထိုမဟာသမုဒ္ဒရာ၌။ ဥဒကဿ၊ ရေ၏၊ (ပမာဏံနာမ၌စပ်၊) အာဠကသတေဟိဝါ၊ ပြည်ပေါင်းအရာတို့ဖြင့်လည်းကောင်း။ အာဠကသဟေဿဟိဝါ၊ ပြည်ပေါင်းအထောင်တို့ဖြင့်လည်းကောင်း။ အာဠကသတသဟေဿဟိဝါ၊ ပြည်ပေါင်းအသိန်းတို့ဖြင့်လည်းကောင်း။ ပမာဏံနာမ၊ နှိုင်းယှဉ်ကြောင်းအတိုင်းအရှည်မည်သည်။ နတ္Points၊ မရှိ။ အထခေါ၊ စင်စစ်ကား။ အသင်္ချေယျော၊ မရေတွက်အပ်မရေတွက်နိုင်သော။ အပ္ပမေယျော၊ မနှိုင်းယှဉ်အပ်မနှိုင်းယှဉ်နိုင်သော။ မဟာဥဒကက္ခန္ဓောတွေဝ၊ ကြီးစွာသောရေအစုဟူ၍သာ။ သင်္ချံ၊ ခေါ်ဝေါ်အပ်သည်၏အဖြစ်သို့။ ဂစ္ဆတိ၊ ရောက်၏။ အယံ၊ ဤသမုဒ္ဒရာသည်။ ဇလသာဂရောနာမ၊ ဇလသာဂရမည်၏။
နယသာဂရော၊ နယသာဂရဟူသည်။ ကတမော၊ အဘယ်နည်း၊ (တစ်နည်း) ကတမော၊ အဘယ်သာဂရသည်။ နယသာဂရော၊ နယသာဂရမည်သနည်း။ တေပိဋကံ၊ ပိဋကတ် ၃ ပုံဟူသော။ ဗုဒ္ဓဝစနံ၊ ဘုရားစကားတော်သည်၊ (နယသာဂရော-နယသာဂရမည်၏၊) ဟိ၊ ချဲ့။ ဒွေပိ၊ ၂ ပါးလည်းဖြစ်ကုန်သော။ တန္တိယော၊ ပါဠိတော်တို့ကို။ ပစ္စဝေက္ခန္တာနံ၊ ဆင်ခြင်ကြကုန်သော။ သဒ္ဓါသမ္ပန္နာနံ၊ သဒ္ဓါနှင့်ပြည့်စုံကြကုန်သော။ ပသာဒဗဟုလာနံ၊ များသောကြည်ညိုခြင်းရှိကြကုန်သော။ ဉာဏုတ္တရာနံ၊ လွန်ကဲသောဉာဏ်ရှိကြကုန်သော၊ (ထက်မြက်သောဉာဏ်ရှိကြကုန်သော၊) ကုလပုတ္တာနံ၊ အမျိုးသားတို့၏၊
ဇာတိကုလပုတ္တ အာစာရကုလပုတ္တ ၂ မျိုးတွင် အာစာရကုလပုတ္တကို ရည်ရွယ်သည်၊အနန္တံ၊ အဆုံးအပိုင်းအခြားမရှိသော။ ပီတိသောမနဿံ၊ ပီတိသောမနဿသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဒွေ၊ ကုန်သော။ ကတမာ (တန္တိယော)၊ အဘယ်ပါဠိတော်တို့ကို၊ (ပစ္စဝေက္ခန္တာနံ သဒ္ဓါသမ္ပန္နာနံ ပသာဒဗဟုလာနံ ဉာဏုတ္တရာနံ ကုလပုတ္တာနံ အနန္တံ ပီတိသောမနဿံ ဥပ္ပဇ္ဇတိ-ဖြစ်သနည်း၊) ဝိနယဉ္စ၊ ဝိနည်းပိဋကတ်ကိုလည်းကောင်း။ အဘိဓမ္မဉ္စ၊ အဘိဓမ္မာပိဋကတ်ကိုလည်းကောင်း၊ (ပစ္စဝေက္ခန္တာနံ၊ ပေ၊ ပီတိသောမနဿံ ဥပ္ပဇ္ဇတိ-၏။)
ဟိ၊ ချဲ့။ ဝိနယဓရဘိက္ခူနံ၊ ဝိနည်းကိုဆောင်ကုန်သောရဟန်းတို့၏၊ (ပီတိသောမနဿံ၌စပ်၊) ဝါ-တို့သည်၊ (ပစ္စဝေက္ခန္တာနံ၌စပ်၊) ဝိနယတန္တိံ၊ ဝိနည်းပါဠိတော်ကို။ ပစ္စဝေက္ခန္တာနံ၊ ဆင်ခြင်ကုန်လသော်။ ဒေါသာနုရူပံ၊ အပြစ်အားလျော်စွာ။ သိက္ခာပဒပညပနံနာမ၊ သိက္ခာပုဒ်ကိုပညတ်တော်မူခြင်းမည်သည်၊
ဤမှနောက်၌ “ဣမသ္မိံဒေါသေ၊ ပေ၊ သိက္ခာပဒပညပနံ” ဟု စကားထပ်၏၊ ရှေးဆရာတို့ကား ရှေ့စကားကို ထပ်၍ဖွင့်သည်ဟု ဆိုကြ၏၊ ထို့ကြောင့် ရှေးဆရာတို့အလိုအတိုင်း အနက်ပေးပါ၊ဣမသ္မိံဒေါသေ၊ ဤအပြစ်ကြောင့်။ ဣမသ္မိံဝီတိက္ကမေ၊ ဤလွန်ကျူးခြင်းကြောင့်။ ဣဒံနာမ၊ ဤမည်သောသိက္ခာပုဒ်သည်။ ဟောတိ၊ ၏။ ဣတိ၊ သို့။ သိက္ခာပဒပညပနံ၊ သိက္ခာပုဒ်ကိုပညတ်ခြင်းသည်။ အညေသံ၊ ဘုရားရှင်တို့မှတစ်ပါးအခြားပုဂ္ဂိုလ်တို့၏။ အဝိသယော၊ အရာမဟုတ်။ ဗုဒ္ဓါနမေဝ၊ ဘုရားရှင်တို့၏သာလျှင်။ ဝိသယော၊ အရာတော်တည်း။ ဣတိ၊ သို့၊ (ပစ္စဝေက္ခန္တာနံ-ဆင်ခြင်ကုန်သော်လည်းကောင်း၊) ဥတ္တရိမနုဿဓမ္မပေယျာလံ၊ ဥတ္တရိမနုဿဓမ္မပေယျာလကို။ ပစ္စဝေက္ခန္တာနံ၊ သော်လည်းကောင်း။ နီလပေယျာလံ၊ ကို။ ပစ္စဝေက္ခန္တာနံ၊ သော်လည်းကောင်း။ သဉ္စရိတ္တပေယျာလံ၊ ကို။ ပစ္စဝေက္ခန္တာနံ၊ သော်လည်းကောင်း။ အနန္တံပီတိသောမနဿံဥပ္ပဇ္ဇတိ၊ ၏။
ဤတွင် ဝိနယဉ္စ၏အကျယ် ပြီး၏။ အဘိဓမ္မဉ္စ၏အကျယ်ကို ပြလို၍ အာဘိဓမ္မိကဘိက္ခူနမ္ပိ အစရှိသောပါဠိကို မိန့်၊အာဘိဓမ္မိကဘိက္ခူနမ္ပိ၊ အဘိဓမ္မာဆောင်ရဟန်းတို့၏လည်း၊ (ပီတိသောမနဿံ၌စပ်၊) ဝါ-တို့သည်လည်း၊ (ပစ္စဝေက္ခန္တာနံ၌စပ်၊) ခန္ဓန္တရံ၊ ခန္ဓာတို့၏မတူထူးခြားကွဲပြားပုံကိုလည်းကောင်း၊ ဝါ-ခန္ဓာကိုလည်းကောင်း။ အာယတနန္တရံ၊ အာယတနတို့၏မတူထူးခြားကွဲပြားပုံကိုလည်းကောင်း၊ ဝါ-အာယတနကိုလည်းကောင်း။ ဓာတွန္တရံ၊ ဓာတ်တို့၏မတူထူးခြားကွဲပြားပုံကိုလည်းကောင်း၊ ဝါ-ဓာတ်ကိုလည်းကောင်း။ ဣန္ဒြိယန္တရံ၊ ဣန္ဒြေတို့၏မတူထူးခြားကွဲပြားပုံကိုလည်းကောင်း၊ ဝါ-ဣန္ဒြေကိုလည်းကောင်း။ ဗလဗောဇ္ဈင်္ဂကမ္မဝိပါကန္တရံ၊ ဗိုလ်တို့၏မတူထူးခြားကွဲပြားပုံ, ဗောဇ္ဈင်တို့၏မတူထူးခြားကွဲပြားပုံ, ကံတို့၏မတူထူးခြားကွဲပြားပုံ, ဝိပါက်တို့၏မတူထူးခြားကွဲပြားပုံကိုလည်းကောင်း၊ ဝါ-ဗိုလ်, ဗောဇ္ဈင်, ကံ, ဝိပါက်ကိုလည်းကောင်း။ ရူပါရူပပရိစ္ဆေဒံ၊ ရုပ်နာမ် ၂ ပါးကိုပိုင်းခြားတတ်သော။ သဏှသုခုမဓမ္ံ၊ သိမ်မွေ့နူးညံ့သောတရားကို။ ဂဂနတလေ၊ ကောင်းကင်အပြင်၌။ တာရကရူပါနိ၊ ကြယ်တာရာအပေါင်းတို့ကို၊
ရူပသဒ္ဒါ အပေါင်းအနက်ဟော၊ဂဏှန္တောဝိယ၊ သိမ်းယူသကဲ့သို့၊
တစ်နည်း “ဂဏေန္တောဝိယ-ရေတွက်သကဲ့သို့” ဟု ရှိလျှင်ကောင်းမည်ထင်သည်၊ ဤကြယ်တစ်စုကား ဖျောက်ဆိတ်ကြယ်, ဤကြယ်တစ်စုကား မောင်ရင်ဆိုင်းထမ်း, ဤကြယ်ကား သောကြာကြယ်စသည်ဖြင့် ရေတွက်သကဲ့သို့-ဟူလို၊ရူပါရူပဓမ္မေ၊ ရုပ်တရားနာမ်တရားတို့ကို။ ပဗ္ဗံပဗ္ဗံ၊ တစ်ပိုင်းစီတစ်ပိုင်းစီ။ ကောဋ္ဌာသံကောဋ္ဌာသံ၊ တစ်ခုစီတစ်ခုစီ။ ကတွာ၊ ပြု၍။ ဝိဘဇန္တော၊ ဝေဖန်တော်မူလျက်။ နောသတ္ထာ၊ ငါတို့ဆရာမြတ်စွာဘုရားသည်။ ဒေဿသိဝတ၊ ပြတော်မူပေပြီတကား။ ဣတိ၊ သို့။ အဘိဓမ္မတန္တိံ၊ အဘိဓမ္မာပါဠိတော်အစဉ်ကို။ ပစ္စဝေက္ခန္တာနံ၊ ဆင်ခြင်ကုန်လသော်။ အနန္တံ၊ သော။ ပီတိသောမနဿံ၊ သည်။ ဥပ္ပဇ္ဇတိ၊ ၏။
ပန၊ ဆက်။ အဿ၊ ထိုပီတိသောမနဿ၏။ ဧဝံ၊ ဤသို့အနန္တဖြစ်လောက်အောင်။ ဥပ္ပတ္တိယာ၊ ဖြစ်ပုံ၏။ ဣဒံဝတ္ထုပိ၊ ဤဝတ္ထုကိုလည်း။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။ ကိရ၊ ချဲ့ဦးအံ့။ မဟာဂတိဂမိယတိဿဒတ္တတ္ထေရောနာမ၊ မဟာဂတိဂမိယတိဿဒတ္တထေရ်မည်သောပုဂ္ဂိုလ်သည်။ မဟာဗောဓိံ၊ မဟာဗောဓိကို။ ဝန္ဒိဿာမိ၊ ရှိခိုးအံ့။ ဣတိ၊ ဤသို့ကြံ၍။ ပရတီရံ၊ သမုဒ္ဒရာ၏တစ်ဖက်ဖြစ်သောဇမ္ဗူဒိပ်ကျွန်းသို့။ နာဝါယ၊ လှေ (သင်္ဘော)ဖြင့်။ ဂစ္ဆန္တော၊ သွားလသော်။ နာဝါယ၊ လှေ (သင်္ဘော)၏၊
နာဝါယသည် ဂစ္ဆန္တော ဥပရိတလေ ၂ ပုဒ်ကိုငဲ့သော ကာကောလောကနနည်းတည်း၊ဥပရိတလေ၊ အထက်အပြင်၌၊ (အထက်ထပ်၌၊) နိသိန္နော၊ ထိုင်လျက်။ မဟာသမုဒ္ဒံ၊ မဟာသမုဒ္ဒရာကို။ ဩလောကေသိကိရ၊ ကြည့်လိုက်သတတ်။ အထ၊ မဟာသမုဒ္ဒရာကိုကြည့်လိုက်ရာထိုအခါ၌။ အဿ၊ ထိုထေရ်၏ (စိတ်၌၊) တသ္မိံသမယေ၊ ထိုအခါ၌၊
အထနှင့် အနက်တူသောကြောင့် တသ္မိံသမယေ ပိုဟန်တူသည်၊ပရတီရံ၊ ဟိုဘက်ကမ်းသည်။ နေဝပညာယိတ္ထ၊ မထင်ရှား။ ဩရိမတီရံ၊ ဤဘက်ကမ်းသည်။ နပညာယိတ္ထ၊ မထင်ရှား။ ပန၊ အနွယကား။ ဦမိဝေဂပ္ပဘေဒသမုဂ္ဂတဇလစုဏ္ဏပရိကိဏ္ဏော၊ လှိုင်းတံပိုးအဟုန်ကြောင့်ဖြာလျက်အထက်သို့တက်သောရေမှုန်ရေဖွဲတို့ဖြင့် ရွှန်းမြူးပြန်းသော။ ပသာရိတရဇတပဋ္ဋသုမနပုပ္ဖသန္ထရသဒိသော၊ ဖြန့်အပ်သောငွေပြား, မြတ်လေးပန်းဖြူအခင်းနှင့်အလားတူသော။ မဟာသမုဒ္ဒေါဝ၊ မဟာသမုဒ္ဒရာသည်သာ။ ပညယိတ္ထ၊ ထင်ရှားပြီ၊
လှိုင်း၏ပုတ်ခတ်ခြင်းကြောင့် ရေတို့၏အထက်သို့ဖြာလျက်တက်ခြင်းကို “ဦမိဝေဂပ္ပဘေဒသမုဂ္ဂတ” ဟုဆိုသည်၊ ထိုသို့ဖြာ၍တက်သွားသောအခါ ရေတို့သည်အမှုန်အဖွဲဖြစ်၍နေသောကြောင့် “ဇလစုဏ္ဏ” ဟုဆိုသည်၊ ပဘေဒကို “ကွဲပျက်” ဟုဆိုကြ၏၊ ကွဲပျက်ဟူသည်မှာ အစိတ်အစိတ်အမွှာအမွှာဖြာ၍နေခြင်းပင်တည်း၊ သန္ထရ၌ သံပုဗ္ဗထရဓာတ် အပစ္စည်း ထောမနိဓိ၌ အပ်ပစ္စည်းဟုဆို၏။သော၊ ထိုထေရ်သည်။ ကိံနုခေါ၊ အသို့နည်း။ မဟာသမုဒ္ဒဿ၊ ၏။ ဦမိဝေဂေါ၊ လှိုင်းတံပိုးအဟုန်သည်။ ဗလဝါနုခေါ၊ အားရှိလေသလော၊ ဝါ-အားကြီးလေသလော။ ဥဒါဟု၊ သို့မဟုတ်။ စတုဝီသတိပ္ပဘေဒေ၊ ၂၄ ပါးအပြားရှိသော။ သမန္တပဋ္ဌာနေ၊ သမန္တပဋ္ဌာန်း၌။ နယမုခံ၊ နည်းအမြွက်သည်။ ဗလဝံနုခေါ၊ အားရှိလေသလော၊ ဝါ-လော။ ဣတိ၊ သို့။ စိန္တေသိ၊ စဉ်းစားမိပြီ။ အထ၊ စဉ်းစားလိုက်ရာထိုအခါ၌။ အဿ၊ ထိုထေရ်၏၊ (ဗလဝံပီတိ၌စပ်၊) ဝါ-သည်၊ (ပစ္စဝေက္ခန္တဿ၌စပ်၊) မဟာသမုဒ္ဒေ၊ ၌။ ပရိစ္ဆေဒေါ၊ အပိုင်းအခြားသည်။ ပညာယတိ၊ ထင်ရှားသေး၏။ ဟိ၊ မှန်။ အယံ၊ ဤမဟာသမုဒ္ဒရာကို။ ဟေဋ္ဌာ၊ အောက်၌။ မဟာပထဝိယာ၊ မြေကြီးဖြင့်။ ပရိစ္ဆိန္နော၊ ပိုင်းခြားအပ်ပြီ။ ဥပရိ၊ အထက်၌။ အာကာသေန၊ ကောင်းကင်ဖြင့်၊ (ပရိစ္ဆိန္နော-ပြီ၊) ဧကတော၊ တစ်ဖက်၌။ စက္ကဝါဠပဗ္ဗတေန၊ စကြဝဠာတောင်ဖြင့်၊ (ပရိစ္ဆိန္နော-ပြီ၊) ဧကတော၊ တစ်ဖက်၌။ ဝေလန္တေန၊ ကမ်းဟူသောအပိုင်းအခြားဖြင့်။ ပရိစ္ဆိန္နော၊ ပြီ။ ပန၊ ကား။ သမန္တပဋ္ဌာနဿ၊ သမန္တပဋ္ဌာန်း၏။ ပရိစ္ဆေဒေါ၊ သည်။ နပညာယတိ၊ မထင်ရှား။ ဣတိ၊ သို့။ သဏှသုခုမဓမ္မံ၊ သိမ်မွေ့နူးညံ့သောပဋ္ဌာန်းတရားတော်ကို။ ပစ္စဝေက္ခန္တဿ၊ ဆင်ခြင်လသော်၊ ဝါ-သော။ အဿ၊ ထိုထေရ်၏။ ဗလဝပီတိ (ဗလဝံပီတိ)၊ အားရှိသောပီတိသည်၊ (တစ်နည်း) ဗလဝံ၊ အားကြီးစွာ။ ပီတိ၊ ပီတိသည်။ ဥပ္ပန္နာ၊ ဖြစ်ပြီ။ သော၊ ထိုထေရ်သည်။ ပီတိံ၊ ပီတိကို။ ဝိက္ခမ္ဘေတွာ၊ ခွာ၍။ ဝိပဿနံ၊ ဝိပဿနာကို။ ဝဎ္ေတွာ၊ တိုးပွားစေ၍။ ယထာနိသိန္နောဝ၊ အကြင်အကြင်ထိုင်လျက်သာလျှင်၊ (ထိုင်မြဲတိုင်းသာလျှင်၊) သဗ္ဗကိလေသေ၊ အလုံးစုံသောကိလေသာတို့ကို။ ခေပေတွာ၊ ကုန်စေ၍။ အဂ္ဂဖလေ၊ မြတ်သောဖိုလ်ဟူသော။ အရဟတ္တေ၊ အရဟတ္တဖိုလ်၌။ ပတိဋ္ဌာယ၊ တည်၍။ ဥဒါနံ၊ ဥဒါန်းကို။ ဥဒါနေသိ၊ ကျူးရင့်ပြီ၊ (ကိံ-အဘယ်သို့ကျူးရင့်သနည်း။)
ဂမ္ဘီရဂတံ၊ သိမ်မွေ့နက်နဲ, ခက်ခဲထသော၊ (တစ်နည်း) ဂမ္ဘီရဂတံ၊ သိမ်မွေ့နက်နဲ, ခက်ခဲသောဖြစ်ခြင်းရှိထသော။ သုဒုဗ္ဗုဓံ၊ အလွန်ခဲယဉ်းစွာသိအပ်ထသော၊
သု (သုဋ္ဌု)-အလွန်၊ ဒု (ဒုက္ခေန)-ခဲယဉ်းသဖြင့်၊သဟေတုသမ္ဘဝံ၊ ဟေတုပစ္စည်းစသောအကြောင်းနှင့်တကွဖြစ်၍ထိုအကြောင်းကြောင့်ကောင်းစွာဖြစ်သောပစ္စယုပ္ပန်တရားကို။ သယံ၊ ကိုယ်တော်တိုင်။ အဘိညာယ၊ ထူးကဲလွန်မြတ်သောသဗ္ဗညုတဉာဏ်တော်ဖြင့်သိ၍။ ယထာနုပုဗ္ဗံ၊ အနုလောမစသောအကြင်အကြင်အစဉ်အားဖြင့်။ နိခိလေန၊ အကြွင်းမရှိသောအားဖြင့်။ မဟေသိနာ၊ မြတ်စွာဘုရားသည်။ ဒေသိတံ၊ ဟောတော်မူအပ်သောသမန္တပဋ္ဌာန်းကို၊ (တစ်နည်း) နိခိလေန၊ နှလုံးတံသင်း, ငြောင့်ငါးစင်းရှိတော်မမူသော။ မဟေသိနာ၊ သည်။ ဒေသိတံ၊ ကို၊ (စက္ခုမာ-မံသစက္ခုရှိသောယောက်ျားသည်၊) ရူပဂတံ၊ လက်တွင်း၌ရောက်, ပတ္တမြားကျောက်ကို၊
ဟတ္ထဂတရူပံဟု ဆိုလိုလျက် ဟတ္ထပုဒ်ကျေ, ဂတနှင့် ရူပကိုလည်း ရှေ့နောက်ပြန်စေသည်၊စက္ခုနာ၊ ပကတိစက္ခုဖြင့်။ ပဿတိဣဝ၊ မြင်ရသကဲ့သို့၊ (တထာ-တူ၊ ယောဗုဒ္ဓသာဝကော-အကြင်မြတ်စွာဘုရား၏တပည့်သာဝကသည်၊ ပဋိဝေဓဉာဏေန-ပဋိဝေဓဉာဏ်ဖြင့်၊ ပဿတိ-မြင်ရ၏၊ သောဗုဒ္ဓသာဝကော-သည်၊) အတ္ထေဝ (အတ္ထိဧဝ)၊ ဤသာသနာတော်ဝယ်ရှိပေသေးသည်သာ။ ဣတိ၊ သို့။ ဥဒါနံ၊ ကို။ ဥဒါနေသိ၊ ကျူးရင့်ပြီ။ အယံ၊ ဤသာဂရသည်။ နယသာဂရောနာမ၊ နယသာဂရမည်၏။
ကတမော၊ အဘယ်သာဂရသည်။ ဉာဏသာဂရော၊ ဉာဏသာဂရမည်သနည်း။ သဗ္ဗညုတဉာဏံ၊ သဗ္ဗညုတဉာဏ်တော်သည်၊ (ဉာဏသာဂရော-ဉာဏသာဂရမည်၏၊)
စာအုပ်များဝယ် သဗ္ဗညုတဉာဏံနောက်၌ “ဉာဏသာဂရောနာမ” ဟု တွေ့ရ၏၊ “ကတမောနယသာဂရော၊ တေပိဋကံဗုဒ္ဓဝစနံ” ဟူသော ဆိုခဲ့ပြီးကိုထောက်လျှင် ပိုဟန်တူသည်၊ဟိ၊ မှန်၊ (တစ်နည်း) ဟိ (ယသ္မာ)၊ ကြောင့်။ အယံ၊ ဤခန္ဓာဓာတ်အာယတနတို့၏အဆက်မပြတ်ဖြစ်ခြင်းသည်။ သံသာရသာဂရောနာမ၊ မည်၏။ အယံ၊ ဤသမုဒ္ဒရာသည်။ ဇလသာဂရောနာမ၊ မည်၏။ အယံ၊ ဤတေပိဋကဗုဒ္ဓဝစနသည်။ နယသာဂရောနာမ၊ မည်၏။ ဣတိ၊ သို့။ အညေန၊ တစ်ပါးသောဉာဏ်ဖြင့်။ ဇာနိတုံ၊ သိခြင်းငှာ။ နသက္ကာ၊ မတတ်ကောင်း။ သဗ္ဗညုတညာဏေနေဝ၊ သဗ္ဗညုတဉာဏ်ဖြင့်သာလျှင်။ ဇာနိတုံ၊ ငှာ။ သက္ကာ၊ တတ်ကောင်း၏။ ဣတိ၊ ကြောင့်။ သဗ္ဗညုတဉာဏံ၊ သည်။ ဉာဏသာဂရောနာမ၊ မည်၏။ စတူသု၊ ၄ ပါးကုန်သော။ ဣမေသုသာဂရေသု၊ ဤသာဂရတို့တွင်။ ဣမသ္မိံဌာနေ၊ ဤအဘိဓမ္မာပါဠိတော်ကိုဖွင့်ပြရာဌာန၌။ နယသာဂရော၊ နယသာဂရကို။ အဓိပ္ပေတော၊ အလိုရှိအပ်၏။ ဟိ၊ မှန်။ ဣမံ၊ ဤနယသာဂရကို။ သဗ္ဗညုဗုဒ္ဓါဝ၊ သဗ္ဗညုဘုရားရှင်တို့သည်သာ။ ပဋိဝိဇ္ဈန္တိ၊ ထိုးထွင်း၍သိနိုင်ကုန်၏။
ဤတွင် မူလဋီကာ၌လာသော သာဂရေဟိတထာစိန္တာအရ ပြီးပြီ။
၅။ ဒေသနာဟိဂမ္ဘီရတာကိုပြခန်း
ဟမာနသဒေသနာ, ဝစီဘေဒဒေသနာတို့ဖြင့် အဘိဓမ္မာ၏ နက်နဲသည်၏ အဖြစ်ကို ပြတော်မူလိုသောကြောင့် အယမ္ပိ ဘဂဝါ အစရှိသော ပါဌ်ကိုမိန့်၊ မူလဋီကာ၌ ဒေသနာဟိဂမ္ဘီရတာဟူသော စကားသည် ဤအဓိပ္ပာယ်ကို ရည်ရွယ်သော စကားတည်း၊
အယမ္ပိ ဘဂဝါ၊ ဤငါတို့မြတ်စွာဘုရားသည်လည်း၊ (အယမ္ပိ၌ ပိကား ရှေးသဗ္ဗညုဗုဒ္ဓတို့ကို ပေါင်းသော သမ္ပိဏ္ဍနတည်း၊) ဗောဓိမူလေ၊ ဗောဓိပင်၏ အနီးအောက်၌။ နိသိန္နော၊ ထိုင်နေတော်မူလျက်။ ဣမံ၊ ဤသဗ္ဗညုတဉာဏ်တော်ကို။ ပဋိဝိဇ္ဈိတွာ၊ ထိုးထွင်းကာ သိတော်မူ၍၊ မေ = ငါသည်။ ဣမံ ဓမ္မံ၊ ဤသဗ္ဗညုတဉာဏ်တရားကို။ ဧသန္တဿ ဂဝေသန္တဿ၊ ရှာတော်မူစဉ်။ ကပ္ပသတသဟဿာဓိကာနိ၊ ကမ္ဘာတစ်သိန်းအလွန်ရှိကုန်သော။ စတ္တာရိ အသင်္ချေယျာနိ၊ လေးအသင်္ချေတို့သည်။ ဝီတိဝတ္တာနိ ဝတ၊ လွန်ခဲ့ကုန်ပြီတကား။ အထ၊ ထိုမှနောက်၌၊ မေ = ငါသည်။ ဣမသ္မိံ ပလ္လင်္ကေ၊ ဤပလ္လင်၌။ နိသိန္နေန၊ ထိုင်နေတော်မူလျက်။ ဒိယဎ္ဍကိလေသသဟဿံ၊ အခွဲအားဖြင့် နှစ်ထောင်သော ကိလေသာကို၊ ဝါ = တစ်ထောင့်ငါးရာကိလေသာကို။ ခေပေတွာ၊ ကုန်စေပြီး၍။ အယံ ဓမ္မော၊ ဤသဗ္ဗညုတဉာဏ်တရားကို။ ပဋိဝိဒ္ဓေါ၊ ထိုးထွင်း၍ သိတော်မူအပ်ပြီ။ ဣတိ၊ သို့။ ပဋိဝိဒ္ဓဓမ္မံ၊ ထိုးထွင်း၍ သိတော်မူအပ်ပြီးသော သဗ္ဗညုတဉာဏ်တရားကို။ ပစ္စဝေက္ခန္တော၊ ဆင်ခြင်တော်မူလျက်။ သတ္တာဟံ၊ ခုနစ်ရက်ပတ်လုံး။ ဧကပလ္လင်္ကေန၊ တစ်ခုတည်းသော ထက်ဝယ်တင်ပလ္လင်ဖြင့်။ နိသီဒိ၊ ထိုင်နေတော်မူပြီ၊
တတော၊ ထိုပလ္လင်္ကသတ္တာဟမှ၊ (ပရံ၊ နောက်၌၊) တမှာ ပလ္လင်္ကတော၊ ထိုပလ္လင်တော်မှ။ ဝုဋ္ဌာယ၊ ထတော်မူ၍၊ မေ = ငါသည်။ ဣမသ္မိံ ပလ္လင်္ကေ၊ ဤပလ္လင်တော်၌။ သဗ္ဗညုတညာဏံ၊ သဗ္ဗညုတဉာဏ်တော်ကို။ ပဋိဝိဒ္ဓံ ဝတ၊ ထိုးထွင်း၍ သိတော်မူအပ်ပေပြီတကား။ ဣတိ၊ ဤသို့ဆင်ခြင်တော်မူ၍။ အနိမိသေဟိ၊ မှိတ်ခြင်းမရှိကုန်သော။ စက္ခူဟိ၊ မျက်လုံးတော်တို့ဖြင့်။ သတ္တာဟံ၊ ခုနစ်ရက်ပတ်လုံး။ ပလ္လင်္ကံ၊ ပလ္လင်တော်ကို။ ဩလောကေန္တော၊ ရှုစားတော်မူလျက်။ အဋ္ဌာသိ၊ ရပ်တည်တော်မူပြီ။ (နိမိသနံ = မှိတ်ခြင်း၊ နိမိသော = ခြင်း၊ နတ္ထိ နိမိသော ဧတေသန္တိ အနိမိသာနိ (စက္ခူနိ)။)
တတော၊ ထိုသို့ရပ်တည်တော်မူခြင်းကြောင့်။ ဒေဝတာနံ၊ နတ်တို့၏။ အဇ္ဇာပိ၊ ယနေ့တိုင်အောင်လည်း၊ ဝါ = ယခုတိုင်လည်း။ သိဒ္ဓတ္ထဿ၊ သိဒ္ဓတ္ထ၏၊ ဝါ = မှာ။ ကတ္တဗ္ဗကိစ္စံ၊ ပြုဖွယ်ကိစ္စသည်။ အတ္ထိ နူန၊ ရှိသေးယောင်တကား၊ ဟိ = ထင်သင့်၏။ ပလ္လင်္ကသ္မိံ၊ ပလ္လင်၌။ အာလယံ၊ ငြိကပ်တွယ်တာခြင်းကို။ န ဝိဇဟတိ၊ မစွန့်သေး။ ဣတိ၊ ဤသို့။ ပရိဝိတက္ကော၊ အကြံသည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်ပြီ၊
သတ္တာ၊ မြတ်စွာဘုရားသည်။ ဒေဝတာနံ၊ နတ်တို့၏။ ဝိတ္တက္ကံ၊ အကြံကို။ ဉတွာ၊ သိတော်မူ၍။ တာဝဒေဝ၊ ထိုခဏ၌ပင်။ တာသံ၊ ထိုနတ်တို့၏။ ဝိတ္တက္ကဝူပသမနတ္ထံ၊ အကြံ၏ငြိမ်းခြင်းအကျိုးငှာ၊ ဝါ = အကြံကိုငြိမ်းစေခြင်းအကျိုးငှာ။ ဝေဟာသံ၊ ကောင်းကင်သို့။ အဗ္ဘုဂ္ဂန္တွာ၊ ပျံတက်တော်မူ၍။ ယမကပါဋိဟာရိယံ၊ ရေ, မီးအစုံဖြစ်သော တန်ခိုးပြာဋိဟာကို။ ဒေဿသိ၊ ပြတော်မူပြီ၊ (ယမကကိုကြည့်၍ "ယမိုက်ပြာဋိဟာ"ဟုလည်း ပေးကြ၏၊) ဟိ၊ မှန်၊ (ယမကဖြစ်ကြောင်းမှန်သည်-ဟူလို၊)
မဟာဗောဓိပလ္လင်္ကသ္မိံ၊ မဟာဗောဓိပလ္လင်၏ အနီး၌။ ကတပါဋိဟာရိယဉ္စ၊ ပြုအပ်သော တန်ခိုးပြာဋိဟာသည်လည်းကောင်း။ ဉာတိသမာဂမေ၊ ဆွေတော်မျိုးတော်တို့၏ အစည်းအဝေး၌။ ကတပါဋိဟာရိယဉ္စ၊ သည်လည်းကောင်း၊ (ကပိလဝတ်နေပြည်တော်သို့ ပထမဆုံးအကြိမ် ရောက်သောအခါ ဆွေတော်မျိုးတော်တို့ အစည်းအဝေး၌ ပြအပ်သော တန်ခိုးပြာဋိဟာတည်း၊) ပါထိကပုတ္တသမာဂမေ၊ ပါထိကပုတ္တနှင့်စပ်သော အစည်းအဝေး၌။ ကတပါဋိဟာရိယဉ္စ၊ သည်လည်းကောင်း၊ (ဤအစည်းအဝေးအကြောင်းကား သုတ်ပါထေယျ ပါထိကသုတ်၌ လာသည်၊) သဗ္ဗံ၊ အလုံးစုံသော တန်ခိုးပြာဋိဟာသည်။ ကဏ္ဍမ္ဗရုက္ခမူလေ၊ ကဏ္ဍမည်သော ဥယျာဉ်စောင့်သည် စိုက်ပျိုးအပ်သော သရက်ပင်၏ အနီးအောက်၌။ ကတယမကပါဋိဟာရိယသဒိသမေဝ၊ ပြုအပ်သော ယမိုက်ပြာဋိဟာနှင့် တူသည်သာလျှင်။ အဟောသိ၊ ဖြစ်ပြီ၊
ဧဝံ၊ ဤသို့လျှင်။ ယမကပါဋိဟာရိယံ၊ ယမိုက်ပြာဋိဟာကို။ ကတွာ၊ ပြုတော်မူ၍။ ပလ္လင်္ကဿ၊ ပလ္လင်တော်၏လည်းကောင်း။ ဌိတဋ္ဌာနဿ စ၊ ရပ်တည်တော်မူရာ အရပ်၏လည်းကောင်း။ အန္တရေ၊ အလယ်၌။ အာကာသတော၊ ကောင်းကင်မှ။ ဩရုယှ၊ သက်ဆင်းတော်မူ၍။ သတ္တာဟံ၊ ခုနစ်ရက်ပတ်လုံး။ စင်္ကမိ၊ စင်္ကြံကြွတော်မူပြီ၊
စ = ဆက်။ ဧကဝီသတိယာ၊ ၂၁ ရက်သော။ ဣမေသု ဒိဝသေသု၊ ဤနေ့တို့တွင်။ ဧကဒိဝသေပိ၊ တစ်နေ့၌လည်း။ သတ္ထု၊ မြတ်စွာဘုရား၏။ သရီရတော၊ ကိုယ်တော်မှ။ ရသ္မိယော၊ ရောင်ခြည်တော်တို့သည်။ န နိက္ခန္တာ၊ မထွက်ကုန်သေး၊
ပန = အနွယကား။ စတုတ္ထေ၊ ၄ ခုမြောက်သော။ သတ္တာဟေ၊ သတ္တာဟ၌။ ပစ္ဆိမုတ္တရာယ၊ အနောက်မြောက်ဖြစ်သော။ ဒိသာယ၊ အရပ်၌။ ရတနဃရေ၊ ရတနဃရ၌။ နိသီဒိ၊ ထိုင်နေတော်မူပြီ။ ရတနဃရံ နာမ၊ ရတနဃရမည်သည်။ သတ္တရတနမယံ၊ ရတနာ ၇ ပါးတို့ဖြင့် ပြုလုပ်အပ်သော၊ ဝါ = ရတနာ ၇ ပါးအတိပြီးသော။ ဂေဟံ၊ ကျောင်းတော်သည်။ နေဝ (ဟောတိ)၊ မဟုတ်သည်သာ၊ (ခန္ဓကဘာဏကပုဂ္ဂိုလ်များက ရတနာ ၇ ပါးအတိပြီးသော ကျောင်းတော်ဟု ဆိုထားသောကြောင့် ထိုစကားကို ကန့်ကွက်လို၍ နေဝဟု ဧဝသဒ္ဒါဖြင့် ဆိုသည်၊) ပန = အဟုတ်ကား။ သတ္တန္နံ ပကရဏာနံ၊ အဘိဓမ္မာ ၇ ကျမ်းတို့၏၊ ဝါ = တို့ကို။ သမ္မသိတဋ္ဌာနံ၊ သုံးသပ်အပ်ရာ အရပ်ကို။ ရတနဃရန္တိ၊ ဟူ၍။ ဝေဒိတဗ္ဗံ၊ ၏။
တတ္ထ၊ ထိုရတနဃရ၌။ နိသိန္နော၊ ထိုင်နေတော်မူလျက်။ ဘဂဝါ၊ သည်။ အဘိဓမ္မပိဋကံ၊ အဘိဓမ္မပိဋကတ်ကို။ သမ္မသိ၊ သုံးသပ်တော်မူပြီ၊ (တတ္ထ၊ ပေ၊ သမ္မသိ ဟူသော ဝါကျသည် ရှေးနိဿယ၌ ပါ၏၊)
တတ္ထ၊ ထိုအဘိဓမ္မာ ၇ ကျမ်းတို့တွင်။ ဓမ္မသင်္ဂဏိံ၊ ဓမ္မသင်္ဂဏီကျမ်းကို။ သမ္မသန္တဿာပိ၊ သုံးသပ်တော်မူပါသော်လည်း၊ ဝါ = သုံးသပ်တော်မူသည်လည်း ဖြစ်သော၊ (သတ္ထု၊ ၏၊) သရီရတော၊ မှ။ ရသ္မိယော၊ တို့သည်။ န နိက္ခန္တာ၊ ထွက်တော်မမူကုန်သေး၊
ဝိဘင်္ဂပ္ပကရဏံ၊ ဝိဘင်းကျမ်းကို၊ ပေ။ ယမကပ္ပကရဏံ၊ ယမိုက်ကျမ်းကို။ သမ္မသန္တဿာပိ၊ သော်လည်း၊ ဝါ = လည်းဖြစ်သော။ သတ္ထု၊ ၏။ သရီရတော၊ မှ။ ရသ္မိယော၊ တို့သည်။ န နိက္ခန္တာ၊
ပန = အနွယကား။ ယဒါ၊ အကြင်အခါ၌။ မဟာပကရဏံ၊ ပဋ္ဌာန်းကျမ်းကြီးသို့။ ဩရုယှ၊ ဉာဏ်ဖြင့် သက်ရောက်တော်မူ၍။ ဟေတုပစ္စယော၊ ပေ။ အဝိဂတပစ္စယောတိ၊ ဟေတုပစ္စယော၊ ပေ၊ အဝိဂတပစ္စယောဟူ၍။ သမ္မသနံ၊ သုံးသပ်ခြင်းကို။ အာရဘိ၊ အားထုတ်တော်မူပြီ၊ အထ = အားထုတ်တော်မူရာ ထိုအခါ၌၊ အဿ = ထိုမြတ်စွာဘုရား၏၊ (သဗ္ဗညုတဉာဏံ၌စပ်၊) ဝါ = သည်၊ (သမ္မသန္တဿ၌စပ်၊) စတုဝီသတိသမန္တပဋ္ဌာနံ၊ ၂၄ ပါးသော သမန္တပဋ္ဌာန်းကို။ သမ္မသန္တဿ၊ သုံးသပ်တော်မူလသော်။ ဧကန္တတော၊ စင်စစ်အားဖြင့်။ သဗ္ဗညုတဉာဏံ၊ သဗ္ဗညုတဉာဏ်တော်သည်။ မဟာပကရဏေယေဝ၊ ပဋ္ဌာန်းကျမ်းကြီး၌သာလျှင်။ ဩကာသံ၊ ကျက်စားခွင့်ကို။ လဘိ၊ ရပြီ၊ ဟိ = ဥပမာဆောင်ထင်အောင် ပြဦးအံ့၊
တိမိရတိမိင်္ဂလမဟာမစ္ဆော၊ တိမိရတိမိင်္ဂလမည်သော ဝေလငါးကြီးသည်။ စတုရာသီတိယောဇနသဟဿဂမ္ဘီရေ၊ ယူဇနာပေါင်းရှစ်သောင်းလေးထောင်အနက်ရှိသော။ မဟာသမုဒ္ဒေယေဝ၊ ၌သာလျှင်။ ဩကာသံ၊ ကျက်စားခွင့်ကို။ လဘတိ ယထာ၊ ရသကဲ့သို့။ ဧဝမေဝ၊ တူ။ သဗ္ဗညုတညာဏံ၊ သည်။ ဧကန္တတော၊ အားဖြင့်။ မဟာပကရဏေယေဝ၊ ၌သာလျှင်။ ဩကာသံ၊ ကို။ လဘိ၊ ရပြီ။
သတ္ထု၊ မြတ်စွာဘုရားသည်။ ဧဝံ၊ ဤသို့။ လဒ္ဓေါကာသေန၊ ရအပ်သော အခွင့်ရှိသော။ သဗ္ဗညုတဉာဏေန၊ သဗ္ဗညုတဉာဏ်တော်ဖြင့်။ ယထာသုခံ၊ အကြင်အကြင်ချမ်းသာသည့်အတိုင်း၊ ဝါ = အလိုရှိတိုင်း။ သဏှသုခုမဓမ္မံ၊ သိမ်မွေ့နူးညံ့သော တရားတော်ကို။ သမ္မသန္တဿ၊ သုံးသပ်တော်မူလသော်။ သရီရတော၊ ကိုယ်တော်မှ။ နီလပီတလောဟိတောဒါတမဉ္ဇိဋ္ဌပဘဿရဝသေန၊ ညိုသောရောင်ခြည်တော်, ရွှေသောရောင်ခြည်တော်, နီသောရောင်ခြည်တော်, ဖြူသောရောင်ခြည်တော်, မောင်းသောရောင်ခြည်တော်, ပြိုးပြိုးပြက်ပြက်ထွက်သော ရောင်ခြည်တော်တို့၏ အပြားအားဖြင့်။ ဆဗ္ဗဏ္ဏရသ္မိယော၊ ၆ မျိုးသောအဆင်းရှိသော ရောင်ခြည်တော်တို့သည်၊ (ယောဇနာ၌ "ဆပ္ပကာရာ"ဟုဖွင့်၏၊ "ခြောက်ပါးအပြားရှိ၏"ဟုပေး၊) နိက္ခမိံသု၊ ထွက်တော်မူကုန်ပြီ၊
ကေသမဿူဟိ စေဝ၊ ဆံတော်မုတ်ဆိတ်တော်တို့မှလည်းကောင်း။ အက္ခီနံ၊ မျက်လုံးတော်တို့၏။ နီလဋ္ဌာနေဟိ စ၊ ညိုသောအရပ်တို့မှလည်းကောင်း။ နီလရသ္မိယော၊ ညိုသောရောင်ခြည်တော်တို့သည်။ နိက္ခမိံသု၊ ကုန်ပြီ၊ ယာသံ = ယင်းညိုသောရောင်ခြည်တော်တို့၏။ ဝသေန၊ အစွမ်းကြောင့်။ ဂဂနတလံ၊ ကောင်းကင်တစ်ပြင်လုံးသည်။ အဉ္ဇနစုဏ္ဏသမောကိဏ္ဏံ ဝိယ၊ မျက်စဉ်းညိုမှုန်တို့ဖြင့် ရောပြွမ်းသကဲ့သို့လည်းကောင်း။ ဥမာပုပ္ဖနိလုပ္ပလဒလသဉ္ဆန္နံ ဝိယ၊ နှမ်းကြတ်ပွင့်ကြာညိုပွင့်ချပ်တို့ဖြင့် ဖုံးလွှမ်းအပ်သကဲ့သို့လည်းကောင်း။ ဝီတိပတန္တမဏိတာလဝဏ္ဋံ ဝိယ၊ တလွှဲလွှဲခတ်အပ်သော ပတ္တမြားယပ်ဝန်းကဲ့သို့လည်းကောင်း။ သမ္ပသာရိတမေစကပဋံ ဝိယ စ၊ ကောင်းစွာဖြန့်အပ်သော အညိုရောင်အဝတ်ကဲ့သို့လည်းကောင်း။ အဟောသိ၊ ဖြစ်ပြီ။
ဆဝိတော စေဝ၊ အရေတော်မှလည်းကောင်း။ အက္ခီနံ၊ မျက်လုံးတော်တို့၏။ ပီတဋ္ဌာနေဟိ စ၊ ဝါရွှေသောအရပ်တို့မှလည်းကောင်း။ ပီတရသ္မိယော၊ ဝါရွှေသောရောင်ခြည်တော်တို့သည်။ နိက္ခမိံသု၊ ကုန်ပြီ၊ ယာသံ = ယင်းဝါရွှေသောရောင်ခြည်တော်တို့၏။ ဝသေန၊ အစွမ်းကြောင့်။ ဒိသာဘာဂါ၊ အရပ်အဖို့တို့သည်။ သုဝဏ္ဏရသဓာရာဘိသိဉ္စမာနာ ဝိယ၊ ရွှေရည်အယဉ်တို့ဖြင့် သွန်းဖြန်းအပ်ကုန်သကဲ့သို့လည်းကောင်း။ သုဝဏ္ဏပဋ္ဋပသာရိတာ ဝိယ၊ ဖြန့်အပ်သော ရွှေပြားတို့ကဲ့သို့လည်းကောင်း။ ကုက္ကုဋ္ဌစုဏ္ဏကဏိကာရပုပ္ဖသမ္ပရိကိဏ္ဏာ ဝိယ စ၊ မာလာကျိကျူမှုန့်မဟာလှေကားပန်းတို့ဖြင့် ထက်ဝန်းကျင်ရောပြွမ်းကုန်သကဲ့သို့လည်းကောင်း။ ဝိရောစိံသု၊ တင့်တယ်တော်မူကုန်ပြီ။
မံသလောဟိတေဟိ စေဝ၊ အသားတော်အသွေးတော်တို့မှလည်းကောင်း။ အက္ခီနံ၊ မျက်လုံးတော်တို့၏။ ရတ္တဋ္ဌာနေဟိ စ၊ နီသောအရပ်တို့မှလည်းကောင်း။ လောဟိတရသ္မိယော၊ နီသောရောင်ခြည်တော်တို့သည်။ နိက္ခမိံသု၊ ကုန်ပြီ၊ ယာသံ = ယင်းနီသောရောင်ခြည်တော်တို့၏။ ဝသေန၊ ကြောင့်။ ဒိသာဘာဂါ၊ တို့သည်။ စီနပိဋ္ဌစုဏ္ဏရဉ္ဇိကာ ဝိယ၊ ဟင်္သပဒါးမှုန့်တို့ဖြင့် ဆိုးအပ်သကဲ့သို့လည်းကောင်း။ သုပက္ကလာခါရသသိဉ္စမာနာ ဝိယ၊ ကောင်းစွာချက်အပ်သော ချိပ်ရည်တို့ဖြင့် သွန်းဖျန်းအပ်ကုန်သကဲ့သို့လည်းကောင်း။ ရတ္တကမ္ဗလပရိက္ခိတ္တာ ဝိယ၊ နီမြန်းသော ကမ္ဗလာတို့ဖြင့် ကာရံအပ်ကုန်သကဲ့သို့လည်းကောင်း။ ဇယသုမနပါရိဘဒ္ဒကဗန္ဓုဇီဝကကုသုမသမ္ပရိကိဏ္ဏာ ဝိယ စ၊ လယ်ခေါင်ရန်းပန်း, ပင်လယ်ကသစ်ပန်း, မိုးစွေပန်းတို့ဖြင့် ထက်ဝန်းကျင်ရောပြွမ်းကုန်သကဲ့သို့လည်းကောင်း။ ဝိရောစိံသု၊ ကုန်ပြီ။
အဋ္ဌီဟိ စေဝ၊ အရိုးတော်တို့မှလည်းကောင်း။ ဒန္တေဟိ စ၊ သွားတော်တို့မှလည်းကောင်း။ အက္ခီနံ၊ မျက်လုံးတော်တို့၏။ သေတဋ္ဌာနေဟိ စ၊ ဖြူသောအရပ်တို့မှလည်းကောင်း။ ဩဒါတရသ္မိယော၊ ဖြူသောရောင်ခြည်တော်တို့သည်။ နိက္ခမိံသု၊ ကုန်ပြီ၊ ယာသံ = ယင်းဖြူသောရောင်ခြည်တော်တို့၏။ ဝသေန၊ အစွမ်းကြောင့်။ ဒိသာဘာဂါ၊ တို့သည်။ ရဇတဃဋေဟိ၊ ငွေအိုးတို့ဖြင့်။ အာသိဉ္စမာနခီရဓာရာသမ္ပရိကိဏ္ဏာ ဝိယ၊ သွန်းလောင်းအပ်သော နို့ရည်အယဉ်တို့ဖြင့် ထက်ဝန်းကျင်ရောပြွမ်းကုန်သကဲ့သို့လည်းကောင်း။ သမ္ပသာရိတရဇတပဋ္ဋဝိတာနာ ဝိယ၊ ကောင်းစွာဖြန့်အပ်သော ငွေပြားဗိတာန်တို့ကဲ့သို့လည်းကောင်း။ ဝီတိပတန္တရဇတတာလဝဏ္ဋာ ဝိယ၊ တလွှဲလွှဲခတ်သော ငွေယပ်ဝန်းတို့ကဲ့သို့လည်းကောင်း။ ကုန္ဒကုမုဒသိန္ဒုဝါရသုမနမလ္လိကာဒိကုသုမသဉ္ဆန္နာ ဝိယ၊ သင်းခွေပန်း, ကုမုဒြာကြာပန်း, ရေအုန်းနှဲပန်း, မြလေးပန်း, စံပယ်ပန်းအစရှိသော ပန်းတို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သကဲ့သို့လည်းကောင်း။ ဝိရောစိံသု၊ ကုန်ပြီ။ (ရှေးနိဿယ၌ "မလ္လိကာ-ကြက်ရုန်းပန်း"ဟု ပေး၏၊ အဘိဓာန်နိဿယ၌ "စံပယ်"ဟု ပေးသည်။)
ပန = အဖို့တစ်ပါးကား။ မဉ္ဇိဋ္ဌပဘဿရာ၊ မောင်းသောရောင်ခြည်တော်, ပြိုးပြိုးပြက်ပြက်ထွက်သော ရောင်ခြည်တော်တို့သည်။ တမှာ တမှာ သရီရပ္ပဒေသာ၊ ထိုထိုကိုယ်တော်၏ အစိတ်အစိတ်မှ။ နိက္ခမိံသု၊ (မဉ္ဇိဋ္ဌ, မဉ္ဇဋ္ဌ ဟု ပါဌ်နှစ်ထွေရှိ၏၊ အဘိဓာန်၌ မဉ္ဇိဋ္ဌ ဟု ရှိသည်၊)
ဣတိ၊ ဤသို့။ တာ ဆဗ္ဗဏ္ဏရသ္မိယော၊ ထို ၆ မျိုးသောအဆင်းရှိသော ရောင်ခြည်တော်တို့သည်။ နိက္ခမိတွာ၊ ထွက်၍။ ဃနမဟာပထဝိံ၊ တစ်ခဲနက်သော မြေကြီးကို။ ဂဏှိံသု၊ ယူကုန်ပြီ၊ (မြေကြီးထဲသို့ အရောင်ပျံ့နှံ့သည်ကို "ယူသည်"ဟု ဆိုသည်၊)
စတုနဟုတာဓိကဒွိယောဇနာသတသဟဿဗဟလာ၊ ယူဇနာလေးသောင်းအလွန်ရှိသော, နှစ်သိန်းအထုရှိသော၊ ဝါ = ယူဇနာပေါင်းနှစ်သိန်းလေးသောင်းအထုရှိသော။ မဟာပထဝီ၊ မြေကြီးသည်။ နိဓန္တသုဝဏ္ဏပိဏ္ဍံ ဝိယ၊ မှုတ်ထုတ်အပ်ပြီးသော အညစ်အကြေးရှိသော ရွှေခဲကဲ့သို့၊ ဝါ = လှော်ပြီးဦးပြီးသော ရွှေခဲကဲ့သို့။ အဟောသိ၊ ဖြစ်ပြီ၊
အထ၊ ထိုမှနောက်၌။ မဟာပထဝိံ၊ မြေကြီးကို။ ဝိနိဝိဇ္ဈိတွာ၊ ထုတ်ချင်းလျှိုထွင်း၍။ ဟေဋ္ဌာ၊ အောက်၌။ ဥဒကံ၊ ရေကို။ ဂဏှိံသု။ ပထဝီသန္ဓာရကံ၊ မြေကိုခံသော။ အဋ္ဌနဟုတာဓိကစတုယောဇနသတသဟဿဗဟလံ၊ ယူဇနာရှစ်သောင်းအလွန်ရှိသော လေးသိန်းအထုရှိသော၊ ဝါ = ယူဇနာပေါင်းလေးသိန်းရှစ်သောင်းအထုရှိသော။ ဥဒကံ၊ ရေသည်။ သုဝဏ္ဏကလသေဟိ၊ ရွှေအိုးတို့ဖြင့်။ အာသိဉ္စမာနဝိလီနသုဝဏ္ဏံ ဝိယ၊ သွန်းလောင်းအပ်သော ကြေမွသော ရွှေမှုန့်ကဲ့သို့။ အဟောသိ၊ ပြီ၊
ဥဒကံ၊ ရေကို။ ဝိနိဝိဇ္ဈိတွာ၊ ၍။ ဝါတံ၊ လေကို။ အဂ္ဂဟေသုံ၊ ယူကုန်ပြီ။ ဆန္နဟုတာဓိကနဝယောဇနသတသဟဿဗဟလော၊ ယူဇနာခြောက်သောင်းအလွန်ရှိသော ကိုးသိန်းအထုရှိသော၊ ဝါ = ယူဇနာပေါင်းကိုးသိန်းခြောက်သောင်းအထုရှိသော။ ဝါတော၊ လေသည်။ သမုဿိတသုဝဏ္ဏက္ခန္ဓော ဝိယ၊ ကောင်းစွာစိုက်ထောင်အပ်သော ရွှေတုံးကဲ့သို့။ အဟောသိ၊ ပြီ။ ဝါတံ၊ ကို။ ဝိနိဝိဇ္ဈိတွာ၊ ၍။ ဟေဋ္ဌာ၊ ၌။ အဇဋာကာသံ၊ အရှုပ်အထွေးမရှိသော ကောင်းကင်သို့။ ပက္ခန္ဒိံသု၊ ပြေးဝင်ကုန်ပြီ။ (နတ္ထိ ဇဋာ ယဿာတိ အဇဋော၊ အဇဋော စ သော အာကာသော စာတိ အဇဋာကာသော - ကောင်းကင်အတွင်း၌ တစ်စုံတစ်ခု အရာဝတ္ထုမရှိသောကြောင့် "အရှုပ်အထွေးမရှိ"ဟု ဆိုသည်။)
ဥပရိဘာဂေန၊ အထက်အဖို့ဖြင့်။ ဥဂ္ဂန္တွာပိ၊ တက်၍လည်း။ စာတုမဟာရာဇိကေ၊ စတုမဟာရာဇ်နတ်ပြည်တို့ကို။ ဂဏှိံသု၊ ယူကုန်ပြီ။ တေ၊ ထိုစာတုမဟာရာဇ်နတ်ပြည်တို့ကို။ ဝိနိဝိဇ္ဈိတွာ၊ ဖောက်၍။ တာဝတိံသေ၊ တာဝတိံသာနတ်ပြည်တို့ကို၊ (ဂဏှိံသု၊) > ဌာနီနတ်တို့၏ ဗဟုဝုစ်အမည်ကို ဌာနဘုံ၌ တင်စားသည်ဟု ကြံပါ၊
တတော၊ ထိုတာဝတိံသာနတ်ပြည်မှ၊ (ဥပရိ-အထက်၌၊) ယာမေ၊ ယာမာနတ်ပြည်တို့ကို၊ (ဂဏှိံသု)။ တတော၊ ထိုယာမာနတ်ပြည်မှ၊ (ဥပရိ-၌၊) တုသိတေ၊ တို့ကို၊ (ဂဏှိံသု)။ တတော၊ ထိုတုသိတာနတ်ပြည်မှ၊ (ဥပရိ)။ နိမ္မာနရတီ၊ တို့ကို၊ (ဂဏှိံသု)။ တတော၊ ထိုနိမ္မာနရတီနတ်ပြည်မှ၊ (ဥပရိ)။ ပရနိမ္မိတဝသဝတ္တီ၊ တို့ကို၊ (ဂဏှိံသု)။ တတော၊ ထိုပရနိမ္မိတဝသဝတ္တီနတ်ပြည်မှ၊ (ဥပရိ)။ နဝဗြဟ္မလောကေ၊ ၉ ထပ်သောဗြဟ္မာ့ပြည်တို့ကို၊ (ဂဏှိံသု)။ တတော၊ ထို ၉ ထပ်သောဗြဟ္မာ့ပြည်တို့မှ၊ (ဥပရိ)။ ဝေဟပ္ဖလေ၊ ဝေဟပ္ဖိုလ်ဗြဟ္မာ့ပြည်တို့ကို၊ (ဂဏှိံသု)။ တတော၊ ထိုဝေဟပ္ဖိုလ်ဗြဟ္မာ့ပြည်မှ၊ (ဥပရိ)။ ပဥ္စသုဒ္ဓါဝါသေ၊ ၅ ထပ်သောသုဒ္ဓါဝါသဗြဟ္မာ့ပြည်တို့ကို။ ဝိနိဝိဇ္ဈိတွာ၊ ၍။ စတ္တာရောအာရုပ္ပေ၊ ၄ ပါးသောအရူပဗြဟ္မာ့ပြည်တို့ကို။ ဂဏှိံသု။ စတ္တာရောအာရုပ္ပေ၊ တို့ကို။ ဝိနိဝိဇ္ဈိတွာ၊ ၍။ အဇဋာကာသံ၊ အဆီးအတားမရှိသော အထက်ကောင်းကင်သို့။ ပက္ခန္ဒိံသု။ တိရိယဘာဂေဟိ၊ ဖီလာအဖို့တို့ဖြင့်။ အနန္တာ၊ အဆုံးမရှိကုန်သော။ လောကဓာတုယော၊ လောကဓာတ်တို့သို့။ ပက္ခန္ဒိံသု။ ဧတ္တကေစု၊ ဤမျှအတိုင်းအရှည်ရှိကုန်သော။ ဌာနေသု၊ အရပ်တို့၌။ စန္ဒမှိ၊ လဗိမာန်၌။ စန္ဒပ္ပဘာ၊ လရောင်သည်။ နတ္ထိ၊ မရှိတော့။ သူရိယေ၊ ၌။ သူရိယပ္ပဘာ၊ နေရောင်သည်။ နတ္ထိ၊ တော့။ တာရကရူပေသု၊ ကြယ်တာရာအပေါင်းတို့၌။ တာရကရူပပ္ပဘာ၊ ကြယ်တာရာအပေါင်းတို့၏အရောင်တို့သည်။ နတ္ထိ။ ဒေဝတာနံ၊ တို့၏။ ဥယျာနဝိမာနကပ္ပရုက္ခေသုစေဝ၊ ဥယျာဉ်, ဗိမာန်, ပဒေသာပင်တို့လည်းကောင်း၊ (ဣတိ၌စပ်၊) သရီရေသုစ၊ ကိုယ်တို့လည်းကောင်း။ အာဘရဏေသုစ၊ တန်ဆာတို့လည်းကောင်း။ ဣတိ၊ သို့။ သဗ္ဗတ္ထ၊ အလုံးစုံသောအရာဝတ္ထုတို့၌။ ပဘာ၊ အရောင်သည်။ နတ္ထိ၊ မရှိတော့။ တိသဟဿိမဟာသဟဿိလောကဓာတုယော၊ တစ်ထောင်ကိုတည်, ထောင် ၃ လီဖြင့်, ဆင့်ဆင့်မြှောက်အပ်, ကုဋေတစ်သိန်းသောလောကဓာတ်တို့ကို။ အာလောကဖရဏသမတ္ထော၊ အရောင်အလင်းဖြင့် ဖြန့်ခြင်း၌ စွမ်းနိုင်သော၊
(တနည်း) တိသဟဿိမဟာသဟဿိလောကဓာတုယံ၊ တစ်ထောင်ကိုတည်, ထောင် ၃ လီဖြင့်, ဆင့်ဆင့်မြှောက်အပ်, ကုဋေတစ်သိန်းသောလောကဓာတ်၌။ အာလောကဖရဏသမတ္ထော၊ အရောင်အလင်းကို ဖြန့်ခြင်း၌ စွမ်းနိုင်သော။ မဟာဗြဟ္မာပိ၊ မဟာဗြဟ္မာသော်မှလည်း။ သူရိယုဂ္ဂမနေ၊ နေထွက်ရာအခါ၌။ ခဇ္ဇောပနကောဝိယ၊ ပိုးစုန်းကြူးကဲ့သို့။ အဟောသိ၊ ဖြစ်ရလေပြီ။ စန္ဒသူရိယတာရကရူပဒေဝုယျာနဝိမာနကပ္ပရုက္ခာနံ၊ လနေကြယ်တာရာအပေါင်း, နတ်ဥယျာဉ်, နတ်ဗိမာန်, ပဒေသာပင်တို့၏။ ပရိစ္ဆေဒမတ္တကမေဝ၊ အပိုင်းအခြားမျှသည်သာ။ ပညာယိတ္ထ၊ ထင်ရှားပြီ၊ > ဤနေရာကားနေ, ဤနေရာကားလ -ဟု အရောင်အလင်းမထင်ရှားဘဲ သူ့နေရာနှင့်သူ အပိုင်းအခြားမျှသာ ထင်ရှားတော့သည်-ဟူလို၊
ဧတ္တကံ၊ ဤမျှအတိုင်းအရှည်ရှိသော။ ဌာနံ၊ အရပ်သည်။ ဗုဒ္ဓရသ္မိဟိယေဝ၊ ဘုရားရောင်ခြည်တော်တို့သည်သာလျှင်။ အဇ္ဈောတ္ထဋံ၊ လွှမ်းမိုးအပ်သည်။ အဟောသိ၊ ဖြစ်ပြီ။…စ-ဆက်။ အယံ၊ ဤတန်ခိုးတော်သည်။ ဗုဒ္ဓါနံ၊ တို့၏။ အဓိဋ္ဌာနိဒ္ဓိ၊ အဓိဋ္ဌာန်ခြင်းကြောင့်ဖြစ်သော တန်ခိုးတော်သည်။ နေဝဟောတိ၊ မဟုတ်။ ဘာဝနာမယိဒ္ဓိ၊ ဘာဝနာကြောင့်ဖြစ်သော တန်ခိုးတော်သည်။ န၊ မဟုတ်။ ပန၊ အဟုတ်ကား။ သဏှသုခုမဓမ္မံ၊ သိမ်မွေ့နူးညံ့သော သမန္တပဋ္ဌာန်းကို။ သမ္မသတော၊ သုံးသပ်တော်မူသော။ လောကနာထဿ၊ သတ္တလောက၏ ကိုးကွယ်ရာမြတ်စွာဘုရား၏။ လောဟိတံ၊ သွေးတော်သည်။ ပသီဒိ၊ ကြည်လင်ပြီ။ ဝတ္ထုရူပံ၊ ဟဒယဝတ္ထုရုပ်သည်။ ပသီဒိ၊ ပြီ။ ဆဝိဝဏ္ဏော၊ အရေအဆင်းတော်သည်။ ပသီဒိ။ စိတ္တသမုဋ္ဌာနာ၊ စိတ်ကြောင့်ဖြစ်သော၊ ဝါ-စိတ်လျှင်အကြောင်းရင်းရှိသော ဥတုကြောင့်ဖြစ်သော။ ဝဏ္ဏဓာတု၊ အဆင်းဓာတ်တော်သည်။ သမန္တာ၊ ထက်ဝန်းကျင်၌။ အသီတိဟတ္ထမတ္တေ၊ အတောင်ရှစ်ဆယ်အတိုင်းအရှည်ရှိသော။ ပဒေသေ၊ အရပ်၌။ နိစ္စလာဝ၊ မတုန်မလှုပ်သည်သာလျှင်၊ (ဟုတွာ၊) အဋ္ဌာသိ၊ တည်ပြီ၊ > စိတ္တသမုဋ္ဌာနာဝဏ္ဏဓာတုနှင့်စပ်၍ မှတ်ဖွယ်ကို ဋီကာနိဿယ၌ရှုပါ၊
ဣမိနာနီဟာရေန၊ ဤနည်းဖြင့်။ သတ္တာဟံ၊ ခုနစ်ရက်ပတ်လုံး။ သမ္မသိ၊ သုံးသပ်တော်မူပြီ။ သတ္တရတ္တိဒိဝါနိ၊ ခုနစ်ညဉ့်, ခုနစ်နေ့တို့ပတ်လုံး။ သမ္မသိတဓမ္မော၊ သုံးသပ်အပ်သော တရားတော်သည်။ ကိတ္တကော၊ အဘယ်မျှအတိုင်းအရှည်ရှိသည်။ အဟောသိ၊ ဖြစ်သနည်း။ ဣတိ၊ ဤကားအမေးတည်း၊ (သတ္တရတ္တိဒိဝါနိ-လုံး၊ သမ္မသိတဓမ္မော-သည်၊) အနန္တော၊ အဆုံးအပိုင်းအခြားမရှိသည်။ အပရိမာဏော၊ အတိုင်းအရှည်မရှိသည်။ အဟောသိ၊ ဖြစ်ပြီ။ တာဝ၊ ဝစီဘေဒဒေသနာမှ ရှေးဦးစွာ၊ (နိဒ္ဒိဋ္ဌာ-ညွှန်ပြအပ်သော၊) အယံ၊ ဤဒေသနာတော်သည်။ မာနသဒေသနာနာမ၊ စိတ်တော်၌ဖြစ်သော ဒေသနာတော်မည်၏။ > "မနသိ+ပဝတ္တာမာနသာ၊ မာနသာစ+သာ+ဒေသနာစာတိ မာနသဒေသနာ"ဟု ရှိသင့်၏၊ "မနသာဒေသနာ"ဟု ရှိသည်ကို စဉ်းစားပါ။
မာနသဒေသနာကိုပြပြီး၍ ဝစီဘေဒဒေသနာကိုပြလိုသောကြောင့် "သတ္ထာပန"စသည်မိန့်၊ပန၊ မာနသဒေသနာမှတစ်ပါး ဝစီဘေဒဒေသနာကို ဆိုဦးအံ့။ သတ္ထာ၊ သည်။ ဧဝံ၊ သို့။ သတ္တာဟံ၊ လုံး။ မနသာ၊ စိတ်တော်ဖြင့်။ စိန္တိတဓမ္မံ၊ ကြံစည်တော်မူအပ်ပြီးသော တရားတော်ကို။ ဝစီဘေဒံ၊ စကားလုံး၏ ကွဲပြားခြင်းကို၊ ဝါ-နှုတ်မြွက်ခြင်းကို။ ကတွာ၊ ၍။ ဒေသေန္တော၊ ဟောတော်မူလသော်။ ဝဿသတေနပိ၊ နှစ်အရာဖြင့်လည်းကောင်း။ ဝဿသဟေဿနပိ၊ နှစ်အထောင်ဖြင့်လည်းကောင်း။ ဝဿသတသဟေဿနပိ၊ နှစ်အသိန်းဖြင့်လည်းကောင်း။ မတ္ထကံ၊ အပြီးအဆုံးသို့။ ပါပေတွာ၊ ရောက်စေ၍။ ဒေသေတုံ၊ ဟောတော်မူခြင်းငှာ။ နသက္ကောတိ၊ မစွမ်းနိုင်။ ဣတိ၊ သို့။ နဝတ္တဗ္ဗံ၊ မဆိုထိုက်၊ > "ထိုမျှလောက်သော အနန္တအပရိမာဏတရားတို့ကို နှုတ်ဖြင့်ဟောတော်မူလျှင်လည်း ပြီးဆုံးစေနိုင်သည်"ဟူလို၊
ဟိ၊ မှန်။ အပရဘာဂေပိ၊ နောက်အဖို့၌လည်း။ တထာဂတော၊ မြတ်စွာဘုရားသည်။ တာဝတိံသဘဝနေ၊ တာဝတိံသာဘုံ၌။ ပါရိစ္ဆတ္တကမူလေ၊ ပင်လယ်ကသစ်ပင်၏ အနီးအောက်၌။ ပဏ္ဍုကမ္ဗလသိလာယံ၊ ပဏ္ဍုကမ္ဗလာကျောက်နေရာ၌။ ဒသသဟဿစက္ကဝါဠဒေဝတာနံ၊ တစ်သောင်းသောစကြဝဠာမှ လာကုန်သောနတ်ဗြဟ္မာတို့၏။ မဇ္ဈေ၊ အလယ်၌။ နိသိန္နော၊ ထိုင်တော်မူလျက်။ မာတရံ၊ နတ်မယ်တော်ကို။ ကာယသက္ခိံ၊ ကိုယ်တော်၏မျက်မှောက်ကို။ ကတွာ၊ ပြု၍။ ကုသလာဓမ္မာအကုသလာဓမ္မာအဗျာကတာဓမ္မာတိ၊ ကုသလာဓမ္မာ အကုသလာဓမ္မာ အဗျာကတာဓမ္မာအစရှိသော၊ > ဣတိသဒ္ဒါအာဒျတ္ထ၊
ဓမ္မံ၊ တရားတော်ကို။ ဒေသေန္တော၊ ဟောတော်မူလသော်။ သတဘာဂေန၊ အရာသောအဖို့အစုဖြင့်လည်းကောင်း။ သဟဿဘာဂေန၊ အထောင်သောအဖို့အစုဖြင့်လည်းကောင်း။ သတသဟဿဘာဂေန၊ အသိန်းသောအဖို့အစုဖြင့်လည်းကောင်း။ ဓမ္မန္တရာ၊ တရားတစ်မျိုးမှ။ ဓမ္မန္တရံ၊ တရားတစ်မျိုးသို့။ သက္ကမိတွာသက္ကမိတွာဝ၊ ပြောင်းရွှေ့၍ ပြောင်းရွှေ့၍သာလျှင်။ ဒေသေသိ၊ ပြီ၊ > တရားပုဒ်ပေါင်းတစ်ရာကို, တရားပုဒ်တစ်ထောင်ကို, တရားပုဒ်ပေါင်းတစ်သိန်းကို တစ်စုတစ်စုစီထား၍ တရားတစ်မျိုးမှ တရားတစ်မျိုးသို့ ပြောင်းရွှေ့ကာဟောတော်မူသည်-ဟူလို၊
တယောမာသေ၊ ၃ လတို့ပတ်လုံး။ နိရန္တရံ၊ မပြတ်။ ပဝတ္တိတဒေသနာ၊ ဖြစ်စေအပ်သော ဒေသနာတော်သည်။ ဝေဂေန၊ အဟုန်ဖြင့်။ ပဝတ္တာ၊ ဖြစ်သော။ အာကာသဂင်္ဂါဝိယ၊ ကောင်းကင်၌ စီးသွားသောဂင်္ဂါမြစ်ကဲ့သို့လည်းကောင်း၊ ဝါ-ကောင်းကင်ရေတံခွန်ကဲ့သို့လည်းကောင်း၊ > ကျောက်ဆောင်ကျောက်နံရံများကို အဟုန်ဖြင့်တိုက်၍ အထက်သို့တက်၍ အတော်ရှည်လျားစွာ စီးနေသောရေအယဉ်ကို "အာကာသဂင်္ဂါ"ဟု ဆိုသည်၊
အဓောမုခထပိတဥဒကဃဋာ၊ အောက်၌မျက်နှာမူ၍ ထားအပ်သောရေအိုးမှ။ နိက္ခန္တဥဒကဓာရာဝိယစ၊ ထွက်သောရေအယဉ်ကဲ့သို့လည်းကောင်း။ ဟုတွာ၊ ၍။ အနန္တာအပရိမာဏာအဟောသိ။
ဟိ၊ မှန်။ ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏၊ ဝါ-တို့သည်။ ဘတ္တာနုမောဒနကာလေပိ၊ ဆွမ်းအနုမောဒနာပြုရာအခါ၌လည်း။ ထောကံ၊ အနည်းငယ်။ ဝဍ္columnဓေတွာ၊ တိုးချဲ့၍။ အနုမောဒေန္တာနံ၊ အနုမောဒနာပြုတော်မူကုန်လသော်၊ (အဖန်ဖန်ဝမ်းမြောက်စေတော်မူကုန်လသော်၊) ဝါ-ကုန်သော။ ဗုဒ္ဓါနံ၊ တို့၏။ ဒေသနာ၊ ဒေသနာတော်သည်။ ဒီဃမဇ္ဈိမနိကာယပ္ပမာဏာ၊ ဒီဃနိကာယ်, မဇ္ဈိမနိကာယ်ပမာဏရှိသည်၊ (ဒီဃနိကာယ်, မဇ္ဈိမနိကာယ်လောက် ရှည်လျားသည်၊) ဟောတိ၊ ၏၊ > "ဆွမ်းအနုမောဒနာတရားတော်သည်ပင် ဒီဃနိကာယ်မဇ္ဈိမနိကာယ်လောက် ရှည်လျားသည်"ဟူလို၊ ဆွမ်းဘုဉ်းပေးတော်မူပြီးနောက် ဆွမ်း၏အကျိုးကိုပြသောတရားကို ဟောတော်မူလျှင် ဆွမ်းဒါယကာတို့ လွန်စွာဝမ်းမြောက်ကြ၏၊ ဤသို့ဝမ်းမြောက်ကြောင်းဖြစ်သောကြောင့် ထိုဆွမ်းတရားကို "ဘတ္တာနုမောဒနာ"ဟု ခေါ်သည်၊ အနု-အဖန်ဖန်၊ မောဒနာ-ဝမ်းမြောက်ကြောင်းဆွမ်းတရား၊
ပန၊ ကား။ ပစ္ဆာဘတ္တံ၊ ဆွမ်း၏နောက်အဖို့ဖြစ်သောအခါ၌။ သမ္ပတ္တပရိသာယ၊ ရောက်လာသောပရိသတ်အား။ ဓမ္မံ၊ ကို။ ဒေသေန္တာနံ၊ ဟောတော်မူကုန်လသော်၊ ဝါ-ကုန်သော၊ (ဗုဒ္ဓါနံ-တို့၏၊) ဒေသနာ၊ သည်။ သံယုတ္တအင်္ဂုတ္တရိကဒွိမဟာနိကာယပ္ပမာဏာဝ၊ သံယုတ္တနိကာယ်, အင်္ဂုတ္တရနိကာယ်ဟူသော နှစ်ပါးသောနိကာယ်ကြီးပမာဏရှိသည်သာလျှင်။ ဟောတိ။
ကသ္မာ၊ အဘယ့်ကြောင့်။ တံမုဟုတ္တံ၊ ထိုဘတ္တာနုမောဒနကာလ, ပစ္ဆာဘတ္တကာလဟူသော တစ်မုဟုတ်၌၊ ဝါ-ထိုဘတ္တာနုမောဒနကာလ, ပစ္ဆာဘတ္တကာလဟူသော တစ်ခဏ၌၊ > မုဟုတ္တသဒ္ဒါသည် လယဆယ်ခုအချိန်ကို ဟောသော်လည်း ဤနေရာ၌ ဝါတွင်း ၃ လကို ထောက်လျှင် ဘတ္တာနုမောဒနကာလ ပစ္ဆာဘတ္တကာလမျှဖြစ်၍ မကြာသောကြောင့် "မုဟုတ္တ"ဟု သုံးစွဲထားသည်၊
ဒေသိတဓမ္မောပိ၊ ဟောတော်မူအပ်သော တရားတော်သော်မှလည်း။ ဧတ္တကော၊ ဤမျှအတိုင်းအရှည်ရှိသည်။ ဟောတိ၊ ဖြစ်နိုင်သနည်း၊ > တသ္မာဝါကျကပုဒ်များကိုယူ၍ အနက်ပေးသည်၊
ဟိ၊ အဖြေကား၊ (တစ်နည်း) ဟိယသ္မာ-ကြောင့်။ ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။ ဘဝင်္ဂပရိဝါသော၊ ဘဝင်၏အဖန်ဖန်ဖြစ်ခြင်းသည်။ လဟုကော၊ လျင်မြန်၏။ ဒန္တာဝရဏံ၊ (သွားတော်တို့ကို ပိတ်ဖုံးကြောင်းဖြစ်သော) နှုတ်ခမ်းတော်အစုံသည်။ သုဖုသိတံ၊ ကောင်းစွာထိသည်၊ (ဟောတိ)။ မုခါဒါနံ၊ (အစာကိုယူကြောင်းဖြစ်သော) ခံတွင်းပေါက်တော်သည်။ သိလိဋ္ဌံ၊ ပြေပြစ်ညက်ညော၏။ ဇိဝှာ၊ လျှာတော်သည်။ မုဒုကာ၊ နူးညံ့၏။ သရော၊ အသံတော်သည်။ မဓုရော၊ ချိုမြိန်၏၊ ဝါ-ချိုမြိန်သောအရသာနှင့်တူ၏။ ဝစနံ၊ စကားတော်သည်။ လဟုပရိဝတ္တံ၊ လျင်မြန်သော ပြောင်းလွှဲခြင်းရှိ၏။ တသ္မာ၊ ကြောင့်၊ (ထိုသို့ဘဝင်္ဂပရိဝါသ၏ လဟုကဖြစ်ခြင်းအစရှိသော အကြောင်းကြောင့်၊) တံမုဟုတ္တံ၊ ၌။ ဒေသိတဓမ္မော၊ သော်မှလည်း။ ဧတ္တကော၊ သည်။ ဟောတိ၊ ဖြစ်နိုင်သေး၏။ ပန၊ ချီးမွမ်းဖွယ်ရာ သမ္ဘာဝနာကား။ တေမာသံ၊ ဝါတွင်း ၃ လပတ်လုံး။ ဒေသိတဓမ္မော၊ ဟောတော်မူအပ်သော တရားတော်သည်။ အနန္တော (ယေဝ)-အဆုံးအပိုင်းအခြားမရှိသည်သာလျှင်။ အပရိမာဏောယေဝ၊ အတိုင်းအရှည်မရှိသည်သာလျှင်။ ဟောတိ။
ထိုအနန္တအပရိမာဏဖြစ်ပုံကို အရှင်အာနန္ဒာ၏ လျင်မြန်ပုံဖြင့် ခိုင်မြဲစေလိုသောကြောင့် အာနန္ဒတ္ထေရောဟိအစရှိသော ပါဌ်ကိုမိန့်၊ဟိ၊ မှန်။ အာနန္ဒတ္ထေရော၊ အရှင်အာနန္ဒာထေရ်သည်။ ဗဟုဿုတော၊ များသောသုတရှိသည်။ တိပိဋကဓရော၊ ပိဋက ၃ ပုံကို နှုတ်ငုံဆောင်နိုင်သည်၊ (ဟုတွာ-ဖြစ်၍၊) ပဥ္စဒသဂါထာသဟဿာနိ၊ ဂါထာပေါင်းတစ်သောင်းငါးထောင်ဟူကုန်သော။ သဋ္ဌိပဒသဟဿာနိ၊ ဂါထာပါဒပေါင်းခြောက်သောင်းတို့ကို။ လတာပုပ္ဖါနိ၊ နွယ်ပန်းတို့ကို။ အာကဍ္columnဓန္တောဝိယ၊ တစ်နေရာတည်း၌ ရပ်တည်လျက် ဆွဲငင်ဆွတ်ခူးနိုင်သကဲ့သို့။ ဌိတပဒေနေဝ၊ တည်မြဲတိုင်းသော ဣရိယာပုထ်အဖို့ဖြင့်သာလျှင်။ ဌတွာ၊ ရပ်၍။ ဂဏှာတိဝါ၊ ကိုယ်တိုင်လည်းသင်ယူနိုင်၏။ ဝါစေတိဝါ၊ သူတစ်ပါးကိုလည်း ပို့ချနိုင်၏။ ဒေသေတိဝါ၊ ဟောပြောမူလည်း ဟောပြောနိုင်၏။ ဧတ္တကော၊ ဤမျှအတိုင်းအရှည်ရှိသော တရားအစဉ်သည်။ ထေရဿ၊ အရှင်အာနန္ဒာထေရ်၏။ ဧကော၊ တစ်ရပ်သော။ ဥဒ္ဒေသမဂ္ဂေါနာမ၊ ဥဒ္ဒေသအစဉ်မည်သည်။ ဟောတိ၊ ၏။ > တစ်ဘာဏဝါရဟူသကဲ့သို့ "အရှင်အာနန္ဒာအတွက် ဂါထာပေါင်းတစ်သောင်းငါးထောင်မှာ တစ်ကြိမ်ရွတ်သာဖြစ်သည်"ဟူလို။
"နွယ်ချိုဒန်ပူ"ဟုလည်း ပေးကြ၏၊တံ၊ ထိုဒန်ပူကို။ ခါဒိတွာ၊ ခဲတော်မူ၍။ အနောတတ္တဒဟေ၊ အနဝတတ်အိုင်၏အနီး၌။ သရီရံ၊ ကိုယ်တော်ကို။ ပဋိဇဂ္ဂိတွာ၊ သုတ်သင်တော်မူပြီး၍။ မနောသိလာတလေ၊ ဆေးဒန်းမြင်းသီလာကျောက်ဖျာ၌။ ဌိတော၊ ရပ်တော်မူလျက်။ သုရတ္တဒုပဋ္ဋံ၊ ကောင်းစွာဆိုးအပ်သော နှစ်ထပ်ရှိသောသင်းပိုင်တော်ကို။ နိဝါသေတွာ၊ ဝတ်တော်မူ၍။ စီဝရံ၊ သင်္ကန်းတော်ကို။ ပါရုပိတွာ၊ ရုံတော်မူ၍။ စတုမဟာရာဇဒတ္တိယံ၊ စာတုမဟာရာဇ်နတ်မင်းကြီးလေးယောက်သည် ကပ်လှူအပ်သော၊ > ဒိန္နကို သုတ်ကြီးဖြင့် ဒတ္တိယပြုထားသည်၊
သေလမယံ၊ ကျောက်ညိုအတိပြီးသော။ ပတ္တံ၊ သပိတ်တော်ကို။ အာဒါယ၊ ယူတော်မူ၍။ ဥတ္တရကုရုံ၊ ဥတ္တရကုရုကျွန်းသို့၊ ဝါ-မြောက်ကျွန်းသို့။ ဂစ္ဆတိ၊ ကြွတော်မူ၏။ တတော၊ ထိုမြောက်ကျွန်းမှ။ ပိဏ္ဍပါတံ၊ ဆွမ်းကို။ အာဟရိတွာ၊ ဆောင်တော်မူ၍။ အနောတတ္တဒဟတီရေ၊ အနဝတတ်အိုင်၏ ကမ်းနား၌။ နိသိန္နော၊ ထိုင်နေတော်မူလျက်။ တံ၊ ထိုဆွမ်းကို။ ပရိဘုဉ္ဇိတွာ၊ ဘုဉ်းပေးတော်မူ၍။ ဒိဝါဝိဟာရာယ၊ နေ့အခါ၌ သီတင်းသုံးတော်မူခြင်းငှာ၊ ("နေ့သန့်စင်တော်မူခြင်းငှာ"ဟုလည်းပေး၏၊) စန္ဒနဝံ၊ စန္ဒကူးတောသို့။ ဂစ္ဆတိ၊ ကြွတော်မူ၏။
ဓမ္မသေနာပတိ၊ တရားစစ်သူကြီးဖြစ်တော်မူသော။ သာရိပုတ္တတ္ထေရောပိ၊ အရှင်သာရိပုတ္တရာထေရ်သည်လည်း။ တတ္ထ၊ ထိုစန္ဒကူးတောသို့။ ဂန္တွာ၊ ကြွတော်မူ၍။ သမ္မာသမ္ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား။ ဝတ္တံ၊ ဝတ်ကြီးဝတ်ငယ်ကို။ ကတွာ၊ ပြု၍။ ဧကမန္တံ၊ သင့်တင့်လျော်ပတ်တစ်ခုသောအရပ်အဖို့၌။ နိသီဒိ၊ ထိုင်ပြီ။
အထ၊ ထိုအခါ၌။ အဿ၊ ထိုအရှင်သာရိပုတ္တရာထေရ်အား။ သတ္ထာ၊ မြတ်စွာဘုရားသည်။ နယံ၊ နည်းကို။ ဒေတိ၊ ပေးတော်မူ၏၊ (တစ်နည်း) နယံ ဒေတိ၊ အကျဉ်းချုပ်နည်းပေးတော်မူ၏။ သာရိပုတ္တ၊ သာရိပုတ္တရာ။ ဧတ္တကော၊ ဤမျှအတိုင်းအရှည်ရှိသော။ ဓမ္မော၊ တရားတော်ကို။ မယာ၊ ငါသည်။ ဒေသိတော၊ ဟောတော်မူအပ်ခဲ့ပြီ။ ဣတိ၊ ဤသို့။ အာစိက္ခတိ၊ မိန့်တော်မူ၏။ (နယံ ဒေတိကို ထပ်ဖွင့်သည်၊) ဧဝံ၊ ဤသို့။ သမ္မာသမ္ဗုဒ္ဓေ၊ မြတ်စွာဘုရားသည်။ နယံ၊ နည်းကို။ ဒေန္တေ၊ ပေးတော်မူလသော်။ ပဋိသမ္ဘိဒါပတ္တဿ၊ ပဋိသမ္ဘိဒါဉာဏ်သို့ရောက်ပြီးသော၊ ဝါ-ရောက်အပ်ရအပ်ပြီးသောပဋိသမ္ဘိဒါဉာဏ်ရှိသော။ အဂ္ဂသာဝကဿ၊ အဂ္ဂသာဝကအား။ ဝေလန္တေ၊ ကမ်း၏အစွန်၌။ ဌတွာ၊ ရပ်၍။ ဟတ္ထံ၊ လက်ကို။ ပသာရေတွာ၊ ဆန့်တန်း၍။ ဒဿိတသမုဒ္ဒသဒိသံ၊ ပြအပ်သောသမုဒ္ဒရာနှင့်တူသော၊ ဝါ-သမုဒ္ဒရာကိုပြခြင်းနှင့်တူသော။ နယဒါနံ၊ နည်းပေးတော်မူခြင်းသည်။ ဟောတိ၊ ၏။
သမုဒ္ဒရာကိုတစ်နေရာကနေ၍ လက်ညှိုးညွှန်ပြလိုက်လျှင် သမုဒ္ဒရာတစ်စင်းလုံးကို သိရသကဲ့သို့ "အရှင်သာရိပုတ္တရာလည်း မြတ်စွာဘုရားက နည်းပေးတော်မူလိုက်လျှင် ဟောတော်မူအပ်ခဲ့သောအဘိဓမ္မာအားလုံးကို သိသည်"ဟူလို။ထေရဿပိ၊ အရှင်သာရိပုတ္တရာထေရ်အားလည်း။ နယသတေန၊ နည်းပေါင်းတစ်ရာဖြင့်။ နယသဟဿေန၊ နည်းပေါင်းတစ်ထောင်ဖြင့်။ နယသတသဟဿေန၊ နည်းပေါင်းတစ်သိန်းဖြင့်။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဒေသိတဓမ္မော၊ ဟောတော်မူအပ်ပြီးသောတရားတော်သည်။ ဥပဋ္ဌာတိယေဝ၊ ထင်လာသည်သာ။
…သတ္ထာ၊ မြတ်စွာဘုရားသည်။ ဒိဝါဝိဟာရံ၊ နေ့နေတော်မူရာအရပ်၌။ နိသီဒိတွာ၊ နေတော်မူပြီး၍။ ဓမ္မံ၊ တရားကို။ ဒေသေတုံ၊ ဟောတော်မူခြင်းငှာ။ ကာယ ဝေလာယ၊ အဘယ်အချိန်၌။ ဂစ္ဆတိ၊ ကြွတော်မူသနည်း။ ဣတိ၊ ဤကားအမေးတည်း။ သာဝတ္ထိဝါသီနံ၊ သာဝတ္ထိမြို့၌နေလေ့ရှိကုန်သော။ သမ္ပတ္တာနံ၊ ရောက်လာကုန်သော။ ကုလပုတ္တာနံ၊ အမျိုးသားတို့အား။ ဓမ္မဒေသနဝေလာ နာမ၊ တရားဟောတော်မူရာအချိန်မည်သည်။ အတ္ထိ၊ ရှိ၏။ တာယ ဝေလာယ၊ ထိုအချိန်၌။ ဂစ္ဆတိ၊ ကြွတော်မူ၏။
ဓမ္မံ၊ တရားကို။ ဒေသေတွာ၊ ဟောပြီး၍။ ဂစ္ဆန္တံ ဝါ၊ လူ့ပြည်သို့ပြန်လာတော်မူသောမြတ်စွာဘုရားကိုလည်းကောင်း။ အာဂစ္ဆန္တံ ဝါ၊ တာဝတိံသာနတ်ပြည်သို့ပြန်လာတော်မူသောမြတ်စွာဘုရားကိုလည်းကောင်း။ ကေ၊ အဘယ်နတ်ဗြဟ္မာတို့သည်။ ဇာနန္တိ၊ သိကြကုန်သနည်း။ ကေ၊ အဘယ်နတ်ဗြဟ္မာတို့သည်။ န ဇာနန္တိ၊ မသိကြကုန်သနည်း။ ဣတိ၊ ဤကားအမေးတည်း။ မဟေသက္ခာ၊ ကြီးသောအစိုးရခြင်းရှိသူတို့ဟုဆိုအပ်ကုန်သော၊ ဝါ-တန်ခိုးကြီးကုန်သော။ ဒေဝတာ၊ နတ်ဗြဟ္မာတို့သည်။ ဇာနန္တိ၊ သိကြကုန်၏။
မဟန္တော + ဤသော (အစိုးရခြင်း) ယေသံ တိ မဟေသာ၊ မဟေသာ ဣတိ အက္ခာယန္တီတိ မဟေသက္ခာ - ကြီးသောအစိုးရခြင်းရှိသူတို့ဟုဆိုအပ်ကုန်သောနတ်ဗြဟ္မာတို့။ "မဟန္တော + ဤသော မဟေသော"ဟုလည်းပြုကြ၏။ ဤသကိုပုလ္လိင်ဟု ထောမနိဓိဆိုသည်။ အပ္ပေသက္ခာလည်းနည်းတူ။အပ္ပေသက္ခာ၊ နည်းသောအစိုးရခြင်းရှိသူတို့ဟုဆိုအပ်ကုန်သော၊ ဝါ-တန်ခိုးနည်းကုန်သော။ ဒေဝတာ၊ နတ်ဗြဟ္မာတို့သည်။ န ဇာနန္တိ၊ မသိကြကုန်။ ကသ္မာ၊ အဘယ်ကြောင့်။ န ဇာနန္တိ၊ မသိကြကုန်သနည်း။ ဣတိ၊ ဤကားအမေးတည်း။ သမ္မာသမ္ဗုဒ္ဓဿ ဝါ၊ မြတ်စွာဘုရား၏လည်းကောင်း။ နိမ္မိတဗုဒ္ဓဿ ဝါ၊ နိမ္မိတဘုရားရှင်၏လည်းကောင်း။ ရသ္မိအာဒီသု၊ ကိုယ်ရောင်အစရှိသည်တို့၌။ နာနတ္တာဘာဝါ၊ ထူးသည်၏အဖြစ်၏မရှိခြင်းကြောင့်တည်း။ ဟိ၊ မှန်၏။ ဥဘိန္နမ္ပိ၊ နှစ်ဆူလည်းဖြစ်ကုန်သော။ တေသံ၊ ထိုသမ္မာသမ္ဗုဒ္ဓ, နိမ္မိတဗုဒ္ဓတို့၏။ ရသ္မီသု ဝါ၊ ကိုယ်ရောင်တို့၌လည်းကောင်း။ သရေသု ဝါ၊ အသံတော်တို့၌လည်းကောင်း။ ဝစနေသု ဝါ၊ စကားသုံးနှုန်းပုံတို့၌လည်းကောင်း။ နာနတ္တံ၊ ထူးကုန်သည်၏အဖြစ်သည်။ နတ္ထိ၊ မရှိ။
ဤကားတရားဟောတော်မူချိန်၌ကိုယ်တော်၏ဖြစ်ပုံတည်း။ ယခုအခါ၌ အရှင်သာရိပုတ္တရာ၏ ဝါစနာမဂ္ဂ၏အဖြစ်, ထိုဝါစနာမဂ္ဂ၏ အရှင်သာရိပုတ္တရာလျှင် အစအမွန်ရှိသည်၏အဖြစ်ကို ပြလို၍ သာရိပုတ္တတ္ထေရောပိ အစရှိသောပါဌ်ကိုမိန့်။သာရိပုတ္တတ္ထေရောပိ၊ အရှင်သာရိပုတ္တရာထေရ်သည်လည်း။ သတ္ထာရာ၊ မြတ်စွာဘုရားသည်။ ဒေသိတံ ဒေသိတံ၊ ဟောတော်မူအပ်တိုင်းဟောတော်မူအပ်တိုင်းသော၊ (နေ့စဉ်ဟောတော်မူအပ်သော၊) ဓမ္မံ၊ တရားတော်ကို။ အာဟရိတွာ၊ ဆောင်၍။ အတ္တနော၊ မိမိ၏။ သဒ္ဓိဝိဟာရိကာနံ၊ ဥပဇ္ဈာယ်ယူအတူနေတပည့်ဖြစ်ကုန်သော။ ပဉ္စန္နံ ဘိက္ခုသတာနံ၊ ရဟန်းငါးရာတို့အား။ ဒေသေသိ၊ ဟောတော်မူပြီ။ အယံ၊ ဤဆိုအပ်လတ္တံ့ကား။ တေသံ၊ ထိုငါးရာသောရဟန်းတို့၏။ ပုဗ္ဗယောဂေါ၊ ရှေး၌အားထုတ်အပ်သောကောင်းမှုတည်း။
ယုဇ္ဇတေ - အားထုတ်အပ်၏၊ ဣတိ ယောဂေါ၊ ပုဗ္ဗေ + ယောဂေါ = ပုဗ္ဗယောဂေါ။ကိရ၊ ချဲ့ဦးအံ့။ တေ၊ ထိုရဟန်းငါးရာတို့သည်။ ကဿပဒသဗလဿ၊ ကဿပမြတ်စွာဘုရား၏။ ကာလေ၊ လက်ထက်တော်၌။ ခုဒ္ဒကဝဂ္ဂုလိယောနိယံ၊ ငယ်သောလင်းနို့မျိုး၌၊
ကြီးသောလင်းဆွဲကြီးတွေရှိသောကြောင့် "ခုဒ္ဒက"ဟုဝိသေသနပြုသည်။နိဗ္ဗတ္တာ၊ ဖြစ်ရကုန်သည်၊ (ဟုတွာ-၍၊) ပဗ္ဘာရေ၊ တောင်ဝှမ်း၌။ သြလမ္ဗန္တာ၊ တွဲရရွဲဆွဲနေကြကုန်စဉ်။ ဒွိန္နံ၊ နှစ်ပါးကုန်သော။ အာဘိဓမ္မိကဘိက္ခူနံ၊ အဘိဓမ္မာဆောင်ရဟန်းတို့၏၊ ဝါ-တို့သည်။ အဘိဓမ္မံ၊ အဘိဓမ္မာပါဠိတော်ကို။ သဇ္ဈာယန္တာနံ၊ သရဇ္ဈာယ်ကြကုန်စဉ်၊
သံ အဓိ ပုဗ္ဗ ဣဓာတ်ဖြစ်၍ "သဇ္ဈာယ"ဟုရှိစေ။သရေ၊ အသံ၌။ နိမိတ္တံ၊ တရားသံဟူသောအမှတ်အသားကို။ ဂဟေတွာ၊ ယူ၍။ ကဏှပက္ခသုက္ကပက္ခေ၊ မည်းညစ်သောအကုသိုလ်အဖို့, ဖြူစင်သောကုသိုလ်အဖို့တို့ကို။ အဇာနိတွာပိ၊ မသိမူ၍လည်း၊ ဝါ-မသိပါဘဲလျက်လည်း။ သရေ၊ အသံ၌။ နိမိတ္တဂ္ဂါဟမတ္တကေနေဝ၊ တရားသံဟူသောအမှတ်အသားကိုယူခြင်းမျှကြောင့်သာလျှင်၊ (နိဗ္ဗတ္တိံသု၌စပ်၊) ကာလံ ကတွာ၊ သေ၍။ ဒေဝလောကေ၊ နတ်ပြည်၌။ နိဗ္ဗတ္တိံသု၊ ဖြစ်ကြရကုန်ပြီ။
ဧကံ၊ တစ်ခုသော။ ဗုဒ္ဓန္တရံ၊ ကဿပမြတ်စွာဘုရား, ဂေါတမမြတ်စွာဘုရားတို့၏အကြားကာလပတ်လုံး၊
ဗုဒ္ဓါနံ + အန္တရံ = ဗုဒ္ဓန္တရံ။ဒေဝလောကေ၊ နတ်ပြည်၌။ ဝသိတွာ၊ ဆက်ကာဆက်ကာနေပြီး၍၊
ကဿပဘုရားဂေါတမဘုရား နှစ်ဆူတို့၏အကြား၌ နတ်ပြည်ဝယ်ထပ်ကာထပ်ကာဖြစ်ကြရသောကြောင့် ထိုမျှလောက်ကြာသည်။တသ္မိံ ကာလေ၊ ထိုအခါ၌။ မနုဿလောကေ၊ လူ့ပြည်၌။ နိဗ္ဗတ္တာ၊ ဖြစ်ကြရကုန်သည်၊ (ဟုတွာ-ဖြစ်၍၊) ယမကပါဋိဟာရိယေ၊ ရေမီးအစုံအစုံဖြစ်သောတန်ခိုးပြာဋိဟာ၌။ ပသီဒိတွာ၊ ကြည်ညို၍။ ထေရဿ၊ အရှင်သာရိပုတ္တရာထေရ်၏။ သန္တိကေ၊ အထံ၌။ ပဗ္ဗဇိံသု၊ ရှင်ရဟန်းပြုကြကုန်ပြီ။
ထေရော၊ အရှင်သာရိပုတ္တရာထေရ်သည်။ သတ္ထာရာ၊ မြတ်စွာဘုရားသည်။ ဒေသိတံ ဒေသိတံ၊ ဟောအပ်တိုင်းဟောအပ်တိုင်းသော။ ဓမ္မံ၊ တရားတော်ကို။ အာဟရိတွာ၊ ဆောင်၍။ တေသံ၊ ထိုလင်းနို့သားဖြစ်ခဲ့ဖူးသောငါးရာသောတပည့်ရဟန်းတို့အား။ ဒေသေသိ၊ ဟောတော်မူပြီ။ သမ္မာသမ္ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ အဘိဓမ္မဒေသနာပရိယောသာနဉ္စ၊ အဘိဓမ္မာဒေသနာ၏ပြီးဆုံးခြင်းသည်လည်းကောင်း။ တေသံ ဘိက္ခူနံ၊ ထိုလင်းနို့သားဖြစ်ခဲ့ဖူးသောငါးရာသောရဟန်းတို့၏။ သတ္တပ္ပကရဏဥဂ္ဂဟဏဉ္စ၊ အဘိဓမ္မာ ၇ ကျမ်းကိုသင်ယူခြင်း၏ပြီးဆုံးခြင်းသည်လည်းကောင်း၊ (ပရိယောသာနပုဒ်အချေကြံ၊) ဧကပ္ပဟာရေနေဝ၊ တစ်ပဟိုရ်တည်း၌သာလျှင်။ အဟောသိ၊ ဖြစ်ပြီ။
အဘိဓမ္မေ၊ အဘိဓမ္မာ၌။ ဝါစနာမဂ္ဂေါ နာမ၊ ပို့ချအပ်သောပါဠိတော်၏အစဉ်မည်သည်။ သာရိပုတ္တတ္ထေရပ္ပဘဝေါ၊ အရှင်သာရိပုတ္တရာထေရ်ဟူသောအစအမွန်ရှိ၏။ မဟာပကရဏေ၊ ပဋ္ဌာန်းကျမ်းကြီး၌။ ဂဏနစာရောပိ၊ ဂဏန်းသင်္ချာဖြစ်ပုံကိုလည်း။ ထေရေနေဝ၊ အရှင်သာရိပုတ္တရာထေရ်သည်ပင်။ ထပိတော၊ ထားအပ်ပြီ။ ဟိ၊ မှန်၏။ ထေရော၊ အရှင်သာရိပုတ္တရာထေရ်သည်။ ဣမိနာ နီဟာရေန၊ ဤဂဏန်းသင်္ချာကိုထားခြင်းဟူသောနည်းအားဖြင့်။ ဓမ္မန္တရံ၊ တရားတစ်မျိုးကို။ အမက္ခေတွာ ဝ၊ မချေဖျက်မူ၍သာလျှင်၊ (အခြားတရားတစ်မျိုးနှင့်မရောယှက်စေမူ၍သာလျှင်၊) သုခံ၊ ချမ်းချမ်းသာသာ၊ ဝါ-လွယ်လွယ်ကူကူ။ ဂဟေတုံ၊ နာယူခြင်းငှာလည်းကောင်း။ ဓာရေတုံ၊ ဆောင်ရွက်မှတ်သားခြင်းငှာလည်းကောင်း။ ပရိယာပုဏိတုံ၊ သင်ယူခြင်းငှာလည်းကောင်း။ ဝါစေတုံ စ၊ ပို့ချခြင်းငှာလည်းကောင်း။ ပဟောတိ၊ စွမ်းနိုင်လောက်၏။ ဣတိ၊ ဤသို့မြော်မြင်တော်မူ၍။ ဂဏနစာရံ၊ ဂဏန်းသင်္ချာဖြစ်ပုံကို။ ထပေသိ၊ ထားတော်မူပြီ။
ဤတွင်အဘိဓမ္မာ၌အရှင်သာရိပုတ္တရာ၏ဝါစနာမဂ္ဂဖြစ်ပုံ, အရှင်သာရိပုတ္တရာထေရ်လျှင်အစအမွန်ရှိပုံအပြီးတည်း။ မြတ်စွာဘုရား၏ရှေးဦးစွာအာဘိဓမ္မိကအဖြစ်ကိုပြခြင်းငှာ ဧဝံ သန္တေ စသောအခြေခံစကားကိုမိန့်။ဧဝံ သန္တေ၊ ဤသို့ဖြစ်လသော်၊ (ဤသို့အဘိဓမ္မာ၌ဝါစနာမဂ္ဂ၏အရှင်သာရိပုတ္တထေရပ္ပဘဝအဖြစ်ဖြင့်ဖြစ်လသော်၊) ထေရော ဝ၊ အရှင်သာရိပုတ္တရာထေရ်သည်သာ။ ပဌမတရံ၊ မြတ်စွာဘုရား၏ရှေးဦးစွာ။ အာဘိဓမ္မိကော၊ အဘိဓမ္မာကိုတတ်သိသောပုဂ္ဂိုလ်သည်။ ဟောတိ၊ ဖြစ်သလော။ ဣတိ၊ ဤကားအမေးတည်း။ (ဧဝံ သန္တေ ပိ-ဤသို့ပင်ဖြစ်ပါသော်လည်း၊) ထေရော၊ အရှင်သာရိပုတ္တရာထေရ်သည်။ ပဌမတရံ၊ မြတ်စွာဘုရား၏ရှေးဦးစွာ။ အာဘိဓမ္မိကော၊ အဘိဓမ္မာကိုတတ်သိသောပုဂ္ဂိုလ်သည်။ န ဟောတိ၊ မဖြစ်။ သမ္မာသမ္ဗုဒ္ဓေါ ဝ၊ မြတ်စွာဘုရားသည်သာလျှင်။ ပဌမတရံ၊ အရှင်သာရိပုတ္တရာ၏ရှေးဦးစွာ။ အာဘိဓမ္မိကော၊ အဘိဓမ္မာကိုတတ်သိသောပုဂ္ဂိုလ်သည် (ဟောတိ-ဖြစ်၏။) ဟိ၊ မှန်၏။ သော၊ ထိုမြတ်စွာဘုရားသည်။ နံ၊ ထိုအဘိဓမ္မာကို။ မဟာဗောဓိပလ္လင်္ကေ ယေဝ၊ မဟာဗောဓိပလ္လင်၌ပင်။ နိသီဒိတွာ၊ ထိုင်တော်မူ၍။ ပဋိဝိဇ္ဈိ၊ ထိုးထွင်း၍သိတော်မူခဲ့ပြီ။
ဤစကားဖြင့်ပဌမဆုံးအဘိဓမ္မာကိုသိတော်မူသောကြောင့် ဘုရားရှင်၏ပဌမအာဘိဓမ္မိကအဖြစ်ကိုသိစေသည်။ ယခုအခါဗုဒ္ဓဝစနစသည်တို့ဖြင့်ဘုရားရှင်၏အာဒိအာဘိဓမ္မိကအဖြစ်ကို ပြလိုသောကြောင့် "ဗုဒ္ဓေါ ဟုတွာ စ ပန"စသည်ကိုမိန့်။စ ပန၊ ထပ်၍ဆက်ဦးအံ့။ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ ဟုတွာ၊ ဖြစ်ပြီး၍။ သတ္တာဟံ၊ ခုနစ်ရက်ပတ်လုံး။ ဧကပလ္လင်္ကေန၊ တစ်ခုတည်းသောထက်ဝယ်တင်ပလ္လင်ဖြင့်။ နိသိန္နော၊ ထိုင်တော်မူလျက်။ ဥဒါနံ၊ ဥဒါန်းကို။ ဥဒါနေသိ၊ ကျူးရင့်တော်မူပြီ၊ (ကိံ-အဘယ်သို့ကျူးရင့်တော်မူသနည်း၊) ယဒါ ဟဝေ၊ ပေ။ အန္တလိက္ခန္တိ၊ ယဒါ ဟဝေ၊ ပေ၊ အန္တလိက္ခံဟူ၍ (ဥဒါနေသိ-ကျူးရင့်တော်မူပြီ။)
ယဒါ၊ အကြင်အခါ၌။ အာတာပိနော၊ ကိလေသာတို့ကိုလောင်မြိုက်တတ်သောသမ္မပ္ပဓာန်လုံ့လဝီရိယရှိတော်မူထသော။ ဈာယတော၊ အာရမဏူပနိဇ္ဈာန်, လက္ခဏူပနိဇ္ဈာန်တို့ဖြင့် ကသိုဏ်းအစရှိသောအာရုံ, အနိစ္စအစရှိသောလက္ခဏာ, နိဗ္ဗာန်၏တထလက္ခဏာကိုစူးစိုက်စွာရှုတော်မူထသော။ ဗြာဟ္မဏဿ၊ မကောင်းမှုတို့ကိုမျှောပြီးသောရဟန္တာပုဂ္ဂိုလ်၏ (သန္တာန်၌၊) ဟ၊ ထင်ရှားစွာ။ ဝေ၊ စင်စစ်။ ဓမ္မာ၊ ၃၇ ပါးသောဗောဓိပက္ခိယတရားတို့သည်။ ပါတုဘဝန္တိ၊ ဖြစ်ပေါ်လာကုန်၏၊ (တစ်နည်း) ဟဝေ၊ စင်စစ်။ ဓမ္မာ၊ သစ္စာ ၄ ပါးတရားတို့သည်။ ပါတုဘဝန္တိ၊ ထိုးထွင်း၍သိသောအားဖြင့်ထင်ရှားလာကုန်၏။
အထ၊ ၃၇ ပါး, ဗောဓိပက္ခိယတရားတို့ဖြစ်ပေါ်လာရာထိုအခါ၌၊ ဝါ-သစ္စာ ၄ ပါးတရားတို့ထင်ရှားလာရာထိုအခါ၌။ အဿ၊ ထိုရဟန္တာပုဂ္ဂိုလ်၏ (သန္တာန်၌၊) သဗ္ဗာ၊ ကြွင်းမဲ့ဥဿုံအလုံးစုံကုန်သော။ ကင်္ခါ၊ ယုံမှားခြင်းဟူသမျှတို့သည်။ ဝပယန္တိ ($ဝိ+အပ+ယန္တိ$)-ကင်းကုန်၏၊ ဝါ-ကင်းပျောက်ချုပ်ငြိမ်းကုန်၏။ (ကသ္မာ-အဘယ်ကြောင့်နည်း၊) ယတော၊ အကြင်ကြောင့်၊ (သော-ထိုရဟန္တာပုဂ္ဂိုလ်သည်၊) သဟေတုဓမ္မံ၊ အဘိဇ္ဈာအစရှိသောအကြောင်းတရားနှင့်တကွဖြစ်သောသင်္ခါရအစရှိသောအကျိုးတရားကို။ ပဇာနာတိ၊ အပြားအားဖြင့်သိတော်မူ၏၊ (တတော-ထို့ကြောင့်တည်း။)
ယဒါ၊ ၌၊ ပေ။ ဝပယန္တိ၊ ကုန်၏၊ (ကသ္မာ-အဘယ်ကြောင့်နည်း၊) ယတော၊ အကြင်ကြောင့်၊ (သော-ထိုရဟန္တာပုဂ္ဂိုလ်သည်၊) ပစ္စယာနံ၊ အဝိဇ္ဈာအစရှိသောအကြောင်းတရားတို့၏။ ခယံ၊ ကုန်ရာဖြစ်သောနိဗ္ဗာန်ကို။ အဝေဒိ၊ သိတော်မူပြီ၊ (တတော-ထို့ကြောင့်တည်း။) …
ယဒါ၊ ၌၊ ပေ။ ပါတုဘဝန္တိ၊ ကုန်၏၊ (အထ-၃၇ ပါးသောဗောဓိပက္ခိယတရားတို့ဖြစ်ပေါ်လာရာထိုအခါ၌၊ ဝါ-၌၊) သူရိယော၊ နေသည်။ အန္တလိက္ခံ၊ ကောင်းကင်ကို။ သြဘာသယံ၊ ပြောင်ပြောင်ဝင်းဝင်းထွန်းလင်းစေလျက်၊ ဝါ-ပြောင်ပြောင်ဝင်းဝင်းထွန်းလင်းစေရင်းပင်၊ (အန္ဓကာရံ-အမိုက်မှောင်ကို။ ဝိဓူပယံ၊ ဖျက်ဆီးလျက်၊ တိဋ္ဌတိ ဣဝ-တည်နိုင်သကဲ့သို့၊) တထာ၊ တူစွာ။ သော၊ ထိုရဟန္တာပုဂ္ဂိုလ်သည်၊ (တေဟိ ဓမ္မေဟိ-ထို ၃၇ ပါးဗောဓိပက္ခိယတရားတို့ဖြင့်၊ (တစ်နည်း) တေန မဂ္ဂေန၊ ထိုအရိယာမဂ်ဖြင့်၊) မာရသေနံ၊ ကာမာ တေ ပဌမာ သေနာအစရှိသောမာရ်စစ်တပ်ကို။ ဝိဓူပယံ၊ ဖျက်ဆီးလျက်။ တိဋ္ဌတိ၊ တည်နိုင်၏။
…ဣဒံ၊ ဤစကားတော်သည်။ ပဌမဗုဒ္ဓဝစနံ နာမ၊ ပဌမဗုဒ္ဓဝစနမည်၏။
ပန၊ ကား။ ဓမ္မပဒဘာဏကာ၊ ဓမ္မပဒကိုရွတ်အံသောထေရ်တို့သည်၊ ဝါ-ဓမ္မပဒဆောင်ထေရ်တို့သည်။ အနေကဇာတိသံသာရံ၊ ပေ။ ခယမဇ္ဈဂါတိ၊ ဟူသော။ ဣဒံ၊ ဤစကားတော်သည်။ ပဌမဗုဒ္ဓဝစနံ နာမ၊ ပဌမဗုဒ္ဓဝစနမည်၏၊ ဝါ-ရှေးဦးစွာသောဘုရားစကားတော်မည်၏။ ဣတိ၊ သို့။ ဝဒန္တိ၊ ဆိုကြကုန်၏။
ဂါထာနက် (ယသ္မာ-အကြင်ကြောင့်၊) ဇာတိ-ပဋိသန္ဓေတည်နေရခြင်းသည်၊ (ဇရာဗျာဓိမရဏမိဿတာယ - အိုနာသေရေး, ဒုက္ခဘေးတို့နှင့်, ရောထွေး၍နေသည်၏အဖြစ်ကြောင့်၊) ပုနပ္ပုနံ-ထပ်ကာထပ်ကာ၊ (ဥပဂန္တုံ-ကပ်ရောက်ရခြင်းငှာ၊) ဒုက္ခာ-ဆင်းရဲလှချေ၏၊ (တသ္မာ စ-ထို့ကြောင့်လည်းကောင်း၊ တသ္မိံ-ထိုတဏှာယောကျာ်းလက်သမားကို၊ အဒိဋ္ဌေ - ဉာဏ်ဖြင့်ထင်ထင်, မတွေ့မြင်အပ်သေးသည်ရှိသော်၊ သာ ဇာတိ-ထိုဇာတိသည်၊ န နိဝတ္တတိ-အလိုအလျောက်နောက်ဆုတ်လိမ့်မည်မဟုတ်၊ တသ္မာ စ-ထို့ကြောင့်လည်းကောင်း၊)ဂဟကာရံ၊ ခန္ဓာအိမ်ကိုအကြိမ်ကြိမ်အဖန်ဖန်စီမံတတ်သောတဏှာယောကျာ်းလက်သမားကို။ ဂဝေသန္တော၊ မရမနေရှာဖွေသော၊ (အဟံ-ငါသည်၊) အနိဗ္ဗိသံ၊ တဏှာမြင်ရန်, သဗ္ဗညုတဉာဏ်ကို, ဧကန်ပိုင်ပိုင်, မရနိုင်သေးသည်၊ (ဟုတွာ-ဖြစ်၍၊ ဝါ-ကြောင့်၊ ဧတ္တကံ ကာလံ-ဤမျှလောက်သော ၄ အသင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလပတ်လုံး၊) အနေကဇာတိသံသာရံ၊ အသိန်းမကဘဝများစွာသံသရာစက်ဝိုင်းကို။ သန္ဓာဝိဿံ၊ ဆုံဝယ်တပ်နွား, ရဟတ်ချားသို့, ပြေးသွားကျင်လည်ခဲ့ရလေပြီ။
ဂဟကာရက၊ ခန္ဓာအိမ်ကိုအကြိမ်ကြိမ်အဖန်ဖန်စီမံတတ်သောတဏှာယောကျာ်း, ဟဲ့…လက်သမား၊ (ဒါနိ-သဗ္ဗညုတဉာဏ်ကိုရပြီးရာယခုအခါ၌၊ တွံ-သင်သည်၊ ဝါ-ကို၊) ဒိဋ္ဌော၊ ဉာဏ်ဖြင့်ထင်ထင်တွေ့မြင်အပ်ပြီးသည်။ အသိ၊ ဖြစ်၏။ ပုန၊ တစ်ဖန်။ ဂေဟံ၊ ခန္ဓာအိမ်ကို။ န ကာဟသိ၊ ပြုလုပ်ရတော့မည်မဟုတ်။ တေ၊ သင်၏။ သဗ္ဗာ၊ ကြွင်းမဲ့ဥဿုံအလုံးစုံကုန်သော။ ဖာသုကာ၊ ကိလေသာအခြင်ရနယ်တို့ကို။ ဘဂ္ဂါ၊ ချိုးဖျက်အပ်ကုန်ပြီ။ ဂဟကူဋံ၊ ခန္ဓာအိမ်၏အဝိဇ္ဇာအထွဋ်ကို။ ဝိသင်္ခတံ၊ ဖျက်ဆီးအပ်ပြီ။ စိတ္တံ၊ ငါ၏စိတ်သည်။ ဝိသင်္ခါရဂတံ၊ သင်္ခါရကင်းမြုံ, နိဗ္ဗာန်ဘုံသို့, အာရုံပြုသောအားဖြင့်ရောက်ပြီ၊ (အဟဉ္စ-ငါသည်လည်း၊) တဏှာနံ၊ သင်တဏှာတို့၏။ ခယံ၊ ကုန်ကြောင်းဖြစ်သောအရဟတ္တမဂ်အရဟတ္တဖိုလ်ကို။ အဇ္ဈဂါ၊ ရပြီ၊ (တစ်နည်း) ဝိသင်္ခါရဂတံ၊ သင်္ခါရကင်းမြုံ, နိဗ္ဗာန်ဘုံသို့, အာရုံပြုသောအားဖြင့်ရောက်သော။ စိတ္တံ၊ သည်။ တဏှာနံ၊ တဏှာတို့၏။ ခယံ၊ ကုန်ကြောင်းကို။ အဇ္ဈဂါ၊ ရပြီ။
ဤ ၂ ဂါထာ၏အဖွင့်ကို ပါရာဇိကဏ်ဘာသာဋီကာ၌ ပြထားပြီ။ ပဌမဗုဒ္ဓဝစနကိုပြပြီး၍ မဇ္ဈိမဗုဒ္ဓဝစနကိုပြသင့်လျက် ပါရိသေသနည်းအားဖြင့် အကြွင်းကိုသိလွယ်စိမ့်သောငှာ ပစ္ဆိမဗုဒ္ဓဝစနကိုပြလိုရကား "ယမကသာလာနမန္တရေ"စသည်မိန့်။ယမကသာလာနံ၊ အစုံသောအင်ကြင်းပင်ပျိုတို့၏၊ အန္တရေ၊ အလယ်၌။ နိပန္နေန၊ လျောင်းတော်မူသော၊ (ဘဂဝတာ၊ သည်၊) ပရိနိဗ္ဗာနသမယေ၊ ပရိနိဗ္ဗာန်စံတော်မူခါနီးအခါ၌၊ "ဟန္ဒဒါနိ ဘိက္ခဝေ၊ပေ၊ သမ္ပာဒေထာတိ- ဟန္ဒဒါနိ ဘိက္ခဝေ၊ပေ၊ သမ္ပာဒေထ" ဟူ၍။ ဝုတ္တဝစနံ၊ ဟောတော်မူအပ်သော စကားတော်သည်။ ပစ္ဆိမဗုဒ္ဓဝစနံ နာမ၊ ပစ္ဆိမဗုဒ္ဓဝစနမည်၏၊ ဝါ-နောက်ဆုံးဖြစ်သော ဘုရားစကားတော်မည်၏။
ဘိက္ခဝေ၊ ရဟန်းတို့။ ဟန္ဒ၊ တိုက်တွန်းတော်မူ၏။ ဒါနိ၊ ယခုအခါ၌။ ဝေါ၊ သင်တို့ကို။ အာမန္တယာမိ၊ သတိပေးနှိုးဆော်သိစေတော်မူ၏၊ (ကိံ၊ နည်း။ ယသ္မာ၊ ကြောင့်၊) သင်္ခါရာ၊ ရုပ်နာမ်သင်္ခါရတို့သည်။ ဝယဓမ္မာ၊ ပျက်စီးခြင်းသဘောရှိကုန်၏၊ (တသ္မာ၊ ကြောင့်။ တုမှေ၊ တို့သည်၊) အပ္ပမာဒေန၊ ပမာဒ၏ဆန့်ကျင်ဘက်ဖြစ်သော သမ္မာပဋိပတ်အကျင့်မြတ်ဖြင့်၊ (တိဝိဓသိက္ခံ၊ သီလ သမာဓိ ပညာ ၃ ဖြာသောသိက္ခာကို၊) သမ္ပာဒေထ၊ ပြီးစီးစေကြကုန်လော။ ဣတိ၊ သို့။ အာမန္တယာမိ၊ သတိပေးနှိုးဆော်၊ သိစေတော်မူ၏။
ဥဘိန္နံ၊ ပထမပစ္ဆိမဗုဒ္ဓဝစန ၂ ပါးတို့၏။ အန္တရေ၊ အလယ်၌။ ပဥ္စစတ္တာလီသဝဿာနိ၊ ၄၅ ဝါတို့ပတ်လုံး။ ပုပ္ဖဒါမံ၊ ပန်းကုံးကို။ ဂန္ထေန္တေန ဝိယ၊ ထုံးဖွဲ့တော်မူသကဲ့သို့လည်းကောင်း။ ရတနာဝလိံ၊ ရတနာရွဲလုံးကို၊ ဝါ-ရတနာပုလဲလုံးကို။ အာဝုနန္တေန ဝိယ စ၊ သီကုံးတော်မူသကဲ့သို့လည်းကောင်း။ ကထိတော၊ ဟောတော်မူအပ်သော။ အမတပ္ပကာသနော၊ အမြိုက်နိဗ္ဗာန်ကိုထင်ရှားပြတတ်သော။ သဒ္ဓမ္မော၊ သူတော်ကောင်းတို့၏တရားတော်သည်။ မဇ္ဈိမဗုဒ္ဓဝစနံ နာမ၊ မည်၏၊ ဝါ-အလယ်ဖြစ်သောဘုရားစကားတော်မည်၏။
မဇ္ဈိမဗုဒ္ဓဝစနတွင် အဘိဓမ္မာပါဠိတော် ပါဝင်ပြီးဖြစ်၏၊ ထိုဗုဒ္ဓဝစနဖြင့် မြတ်စွာဘုရား၏ ပထမတရအာဘိဓမ္မိကအဖြစ်ကို သိစေပြီး၍ ယခုအခါ ပိဋက နိကာယ်စသည်တို့၏ အစွမ်းဖြင့် သိစေပြန်လိုသောကြောင့် "တံ သဗ္ဗမ္ပိ" စသည်ကို မိန့်၊ " သဗ္ဗမ္ပိ၊ အလုံးစုံလည်းဖြစ်သော။ တံ (ဗုဒ္ဓဝစနံ)-ထိုဘုရားစကားတော်သည်၊ ဝါ-ကို။ သင်္ဂယှမာနံ၊ သိမ်းယူအပ်သည်ရှိသော်။ ပိဋကတော၊ ပိဋကအားဖြင့်။ တီဏိ ပိဋကာနိ၊ ၃ သွယ်ကုန်သောပိဋကတို့သည်၊ ဟောန္တိ။ နိကာယတော၊ နိကာယ်အားဖြင့်။ ပဥ္စနိကာယာ၊ ငါးဖြာကုန်သောနိကာယ်တို့သည်၊ ဟောန္တိ။ အင်္ဂတော၊ အင်္ဂါအားဖြင့်။ နဝင်္ဂါနိ၊ ကိုးတန်သောအင်္ဂါတို့သည်၊ ဟောန္တိ။ ဓမ္မက္ခန္ဓတော၊ တရားအစုအားဖြင့်။ စတုရာသီတိဓမ္မက္ခန္ဓသဟဿာနိ၊ ရှစ်သောင်းလေးထောင်သော ဓမ္မက္ခန္ဓာတို့သည်၊ ဟောန္တိ-ကုန်၏။
ကထံ၊ အဘယ်သို့ဖြစ်ကုန်သနည်း။ ဟိ၊ အဖြေကား၊ (တစ်နည်း) ဟိ၊ ချဲ့။ သဗ္ဗမ္ပိ၊ အလုံးစုံလည်းဖြစ်သော။ ဧတံ ဗုဒ္ဓဝစနံ၊ ဤမြတ်စွာဘုရား၏စကားတော်သည်။ ပိဋကတော၊ ပိဋကအားဖြင့်။ ဝိနယပိဋကံ၊ ဝိနယပိဋကလည်းကောင်း။ သုတ္တန္တပိဋကံ၊ သုတ္တန္တပိဋကလည်းကောင်း။ အဘိဓမ္မပိဋကံ၊ အဘိဓမ္မပိဋကလည်းကောင်း။ ဣတိ၊ ဤသို့။ တိပ္ပဘေဒမေဝ၊ ၃ ပါးအပြားရှိသည်ပင်။ ဟောတိ၊ ၏။ ဗုဒ္ဓဝစနကဲ့သို့ ပိဋကသည်လည်း ၃ ပါးပြားသည်ပင်ဟူလို၊ ဤ "ဧဝ" မျိုးကို သန္နိဋ္ဌာနာဝဓာရဏဟုချည်းမှတ်ပါ၊ " တတ္ထ၊ ထို ၃ ပါးတို့တွင်။ ဥဘယာနိ၊ ဘိက္ခု၊ ဘိက္ခုနီအားဖြင့် နှစ်ပါးကုန်သော။ ပါတိမောက္ခာနိ၊ တို့လည်းကောင်း။ ဒွေ၊ ဘိက္ခု၊ ဘိက္ခုနီအားဖြင့် ၂ ပါးကုန်သော။ ဝိဘင်္ဂါ၊ ပါတိမောက်ကိုအကျယ်ဝေဖန်ရာ ပဒဘာဇနီတို့လည်းကောင်း။ ဒွါဝီသတိ၊ ၂၂ ပါးသော။ ခန္ဓကာ၊ ခန္ဓကတို့လည်းကောင်း။ သောဠသပရိဝါရော၊ ၁၆ ဝါရတို့ဖြင့် မှတ်သားအပ်သောပရိဝါလည်းကောင်း။ ဣတိ၊ ဤသို့။ ဣဒံ၊ ဤပိဋကသည်။ ဝိနယပိဋကံ နာမ၊ မည်၏။
ဗြဟ္မဇာလာဒိစတုတ္တိံသသုတ္တသင်္ဂဟော၊ ဗြဟ္မဇာလသုတ်အစရှိသော သုံးဆယ့်လေးသုတ်တို့ကို သိမ်းယူရာသိမ်းယူကြောင်းဖြစ်သော။ ဒီဃနိကာယော၊ ကာယ်လည်းကောင်း၊ ဣတိ၌စပ်၊ " မူလပရိယာယသုတ္တာဒိဒိယဍ္Orderingသတဒွေသုတ္တသင်္ဂဟော၊ မူလပရိယာယသုတ်အစရှိသော တစ်ရာငါးဆယ့်နှစ်သုတ်တို့ကို သိမ်းယူရာသိမ်းယူကြောင်းဖြစ်သော။ မဇ္ဈိမနိကာယော၊ ကာယ်လည်းကောင်း၊ ဒိယဍ္Orderingသတ-အခွဲအားဖြင့်နှစ်ရာ၊ ဝါ-တစ်ရာ့ငါးဆယ်၊ " သြဃတရဏသုတ္တာဒိ၊ပေ၊သုတ္တသင်္ဂဟော၊ သြဃတရဏသုတ်အစရှိသော ခုနစ်ထောင်ခုနစ်ရာခြောက်ဆယ့်နှစ်သုတ်တို့ကို သိမ်းယူရာသိမ်းယူကြောင်းဖြစ်သော၊ သတ္တ-၇ ခုတို့ဖြင့်မြှောက်အပ်သော + သုတ္တသဟဿ၊ သုတ်တို့အထောင်၊ ဝါ-ခုနစ်ထောင်၊ " သံယုတ္တနိကာယော၊ ကာယ်လည်းကောင်း။ စိတ္တပရိယာဒါသုတ္တာဒိ၊ပေ၊သင်္ဂဟော၊ စိတ္တပရိယာဒါနသုတ်အစရှိသော ကိုးထောင့်ငါးရာငါးဆယ့်ခုနစ်သုတ်တို့ကို သိမ်းယူရာသိမ်းယူကြောင်းဖြစ်သော၊ နဝ + သုတ္တသဟဿ၊ ကိုးခုတို့ဖြင့်မြှောက်အပ်သော + သုတ်အထောင်၊ " အင်္ဂုတ္တရနိကာယော၊ ကာယ်လည်းကောင်း။ ခုဒ္ဒကပါဌဓမ္မပဒ၊ပေ၊စရိယာပိဋကဝသေန၊ ခုဒ္ဒကပါဌ၊ ဓမ္မပဒ၊ ဥဒါန်း၊ ဣတိဝုတ်၊ သုတ္တနိပါတ်၊ ဝိမာနဝတ္ထု၊ ပေတဝတ္ထု၊ ထေရဂါထာ၊ ထေရီဂါထာ၊ ဇာတ်၊ နိဒ္ဒေသ၊ ပဋိသမ္ဘိဒါမဂ်၊ အပဒါန်၊ ဗုဒ္ဓဝင်၊ စရိယာပိဋကတို့၏အပြားအားဖြင့်။ ပန္နရသပ္ပဘေဒေါ၊ တစ်ဆယ့်ငါးပါးအပြားရှိသော။ ခုဒ္ဒကနိကာယော၊ ကာယ်လည်းကောင်း။ ဣတိ၊ ဤသို့။ ဣဒံ၊ ဤဘုရားစကားတော်သည်။ သုတ္တန္တပိဋကံ နာမ၊ သုတ္တန္တပိဋကမည်၏။ ဓမ္မသင်္ဂဏီအာဒီနိ၊ ဓမ္မသင်္ဂဏီအစရှိကုန်သော။ သတ္တပ္ပကရဏာနိ၊ အဘိဓမ္မာ ၇ ကျမ်းတို့သည်။ အဘိဓမ္မပိဋကံ နာမ၊ အဘိဓမ္မာပိဋကမည်၏။
အမှာ
ဤမှနောက်၌ ပါရာဇိကဏ်အဋ္ဌကထာနှင့်တူသော ပါဠိရပ်တို့၏အဓိပ္ပာယ်ကို ပါရာဇိကဏ်ဘာသာဋီကာ၌ရှုပါ၊ ဤ၌နိဿယအနက်မျှကိုသာ ပြပါမည်။
ဝိနယစသည်တို့၏သရုပ်ကိုပြပြီး၍ ဝိနယသဒ္ဒါစသည်တို့၏ဝစနတ္ထကို ပြတော်မူလိုသောအဋ္ဌကထာဆရာသည် "တတ္ထ" စသည်ကိုမိန့်၊ " တတ္ထ၊ ထိုသုံးသွယ်သောပိဋကတို့တွင်၊ အယံ ဝိနယော ဣတရံ အဘိဓမ္မဿတို့၌စပ်၊ ရှေးနိဿယ၌ကား "တတ္ထ ဝစနတ္ထော ဧဝံ ဝေဒိတဗ္ဗော" ဟုပေး၏၊ " (ဣမဿ ဝိနယဿ၊ ဤဝိနည်းပိဋက၏၊) ဟိတ်ဆိုက်လေရာကြိယာ၏ကံကတ္တားကို ဟိတ်၏သမ္ဗန်ခံမြဲ၊ " ဝိဝိဓဝိသေသနယတ္တာ၊ အထူးထူးအပြားပြားများသောနည်း၊ ထူးသောနည်းရှိသည်၏အဖြစ်ကြောင့်လည်းကောင်း။ ကာယဝါစာနံ၊ ကိုယ်နှုတ်တို့ကို။ ဝိနယနတော စေဝ၊ ဆုံးမတတ်သည်၏အဖြစ်ကြောင့်လည်းကောင်း။ ဝိနယတ္ထဝိဒူဟိ၊ ဝိနယသဒ္ဒါ၏အနက်ကိုသိကုန်သောပညာရှိတို့သည်။ အယံ ဝိနယော၊ ဤဝိနည်းပိဋကကို။ ဝိနယောတိ၊ ဝိနယမည်၏ဟူ၍။ အက္ခာတော၊ ဆိုအပ်ပြီ။
ဟိ၊ ချဲ့၊ (တစ်နည်း) ဟိ ယသ္မာ၊ ကြောင့်။ ဧတ္ထ၊ ဤဝိနည်းပိဋက၌။ ဝိဝိဓာ၊ အထူးထူးအပြားပြားများကုန်သော၊ ပဥ္စဝိဓ၊ပေ၊ဝိဘင်္ဂါဒိပ္ပဘေဒါ၊ ၅ ပါးအပြားရှိသောပါတိမောက္ခုဒ္ဒေသ၊ ပါရာဇိကအစရှိသော ၇ ပါးသောအာပတ်အစု၊ မာတိကာ၊ ဝိဘင်းအစရှိသောအပြားရှိကုန်သော။ နယာ၊ နည်းတို့သည်၊ (သန္တိ၊ ကုန်၏၊) တသ္မာ ဝိဝိဓနယတ္တာ၊ ထိုသို့အထူးထူးအပြားအပြားများသောနည်းရှိသည်၏အဖြစ်ကြောင့်လည်းကောင်း။ စ၊ အဖို့တစ်ပါးကား၊ (ဝိဝိဓနယတ္တာဟူသော အကျဉ်းသင်္ခေပဟိတ်ပါဌ်၏အကျယ်ဝိတ္ထာရမှတစ်ပါး ဝိသေသနယတ္တာဟူသော အကျဉ်းသင်္ခေပဟိတ်ပါဌ်၏အကျယ်ဝိတ္ထာရကား၊) (ဧတ္ထ၊ ဤဝိနည်းပိဋက၌၊) ဝိသေသဘူတာ၊ ထူးကုန်သည်ဖြစ်၍ဖြစ်ကုန်သော။ ဒဠှီကမ္မသိထိလကရဏပ္ပယောဇနာ၊ မူလပညတ်ကိုခိုင်မြဲအောင်ပြုခြင်း၊ လျော့အောင်ပြုခြင်းအကျိုးရှိကုန်သော။ အနုပညတ္တိနယာ၊ အနုပညတ်နည်းတို့သည်၊ (သန္တိ၊) တသ္မာ ဝိသေသနယတ္တာ၊ ထိုသို့ထူးသောနည်းရှိသည်၏အဖြစ်ကြောင့်လည်းကောင်း။… စ၊ ကား၊ (ဝိသေသနယတ္တာဟူသော အကျဉ်းသင်္ခေပဟိတ်ပါဌ်၏အကျယ်ဝိတ္ထာရမှတစ်ပါး ဝိနယနတော စေဝ ကာယဝါစာနံ ဟူသော အကျဉ်းသင်္ခေပဟိတ်ပါဌ်၏အကျယ်ဝိတ္ထာရကား၊) ကာယိကဝါစသိကအဇ္ဈာစာရနိသေဓနတော၊ ကိုယ်၌ဖြစ်သောလွန်ကျူးမှု၊ နှုတ်၌ဖြစ်သောလွန်ကျူးမှုကို တားမြစ်တတ်သည်၏အဖြစ်ကြောင့်၊ (ဘာဝပ္ပဓာန၊) ဧသ (ဧသော)-ဤဝိနည်းသည်။ ကာယံ၊ ကိုယ်ကိုလည်းကောင်း။ ဝါစဉ္စ၊ နှုတ်ကိုလည်းကောင်း။ ဝိနေတိ၊ ကန့်မြစ်ဆုံးမတတ်၏။ ကာယဝါစာနံ၊ ကိုယ်နှုတ်တို့ကို။ တသ္မာ ဝိနယနတော စ၊ ထိုသို့ကန့်မြစ်ဆုံးမတတ်သည်၏အဖြစ်ကြောင့်လည်းကောင်း။ ဝိနယောတိ၊ ဝိနယမည်၏ဟူ၍။ အက္ခာတော၊ ပြီ။ တေန၊ ထိုဝိဝိဓနယတ္တာအစရှိသောဟိတ် ၃ ရပ်ဖြင့်။ ဧတဿ၊ ဤဝိနယသဒ္ဒါ၏၊ ("အဲဒီဝိနယသဒ္ဒါ၏" ဟူလို၊) ဝစနတ္ထကောသလ္လတ္ထံ၊ ဝိဂြိုဟ်ဝစနတ်၌ကျွမ်းကျင်သူ၏အဖြစ်ဟူသောဉာဏ်အကျိုးငှာ။ ဝိဝိဓဝိသေသနယတ္တာ၊ပေ၊အက္ခာတောတိ၊ တောဟူသော။ ဧတံ (ဂါထာဝစနံ)-ဤဂါထာစကားကို၊ (တစ်နည်း) ဧတံ (အတ္ထဝစနံ)-ဤအနက်ကိုပြကြောင်းစကားကို။ မယာ၊ သည်။ ဝုတ္တံ၊ ဆိုအပ်ပြီ၊ ဝါ-ဆိုခဲ့ပြီ။ ဋီကာ၌ "ဧတဿာတိ ဝိနယဿ" ဟုဖွင့်၏၊ ထိုအလို " ဧတဿ၊ ဤဝိနည်းပိဋက၏" ဟုပေး၍ ဝစနတ္ထဝယ် ဝစန၌စပ်။
ဝိနယသဒ္ဒါ၏ဝစနတ္ထမှတစ်ပါး သုတ္တသဒ္ဒါ၏ဝစနတ္ထကိုပြလို၍ "ဣတရံ ပန" စသည်ကိုမိန့်၊ " ပန၊ ကား၊ (ဝိနယသဒ္ဒါ၏ဝစနတ္ထမှတစ်ပါး သုတ္တသဒ္ဒါ၏ဝစနတ္ထကား၊) ဣတရံ၊ ဝိနည်းပိဋကမှတစ်ပါးသော သုတ္တန်ပိဋကကို။ အတ္ထာနံ၊ စီးပွားတို့၏၊ (သုဝုတ္တတောစသည်၌စပ်၊) ဝါ-တို့ကို။ သူစနတော၊ ထင်ရှားပြတတ်သည်၏အဖြစ်ကြောင့်လည်းကောင်း။ သုဝုတ္တတော၊ ကောင်းစွာဟောအပ်ရာ၏အဖြစ်ကြောင့်လည်းကောင်း။ သဝနတော၊ သီးတတ်ဖြစ်စေတတ်သည်၏အဖြစ်လည်းကောင်း။ အထ၊ ထိုမှ။ သူဒနတော၊ သွန်ချတတ်သည်၏အဖြစ်ကြောင့်လည်းကောင်း။ သုတ္တာဏာ၊ ကောင်းစွာစောင့်ရှောက်တတ်သည်၏အဖြစ်ကြောင့်လည်းကောင်း။ သုတ္တသဘာဂတော စ၊ တမျဉ်းကြိုးပန်းသီချည်နှင့်တူသောအဖို့ရှိသည်၏အဖြစ်ကြောင့်လည်းကောင်း၊ ဝါ-တမျဉ်းကြိုးပန်းသီချည်နှင့်သဘောတူသည်၏အဖြစ်ကြောင့်လည်းကောင်း၊ (သုတ္တတ္ထဝိဒူဟိ၊ သုတ္တသဒ္ဒါ၏အနက်ကိုသိကုန်သောပညာရှိတို့သည်၊) သုတ္တန္တိ၊ သုတ္တမည်၏ဟူ၍။ အက္ခာတံ၊ ပြီ။
ဟိ၊ ချဲ့။ တံ၊ ထိုသုတ္တန်ပိဋကသည်။ အတ္တတ္ထပရတ္ထာဒိဘေဒေ၊ မိမိစီးပွား၊ သူတစ်ပါးစီးပွားအစရှိသောအပြားရှိကုန်သော။ အတ္ထေ၊ စီးပွားတို့ကို၊ (တစ်နည်း) အတ္တတ္ထပရတ္ထာဒိဘေဒေ၊ အတ္တတ္ထ၊ ပရတ္ထအစရှိသောအပြားရှိကုန်သော။ အတ္ထေ၊ စီးပွားအနက်တို့ကို။ သူစေတိ၊ ထင်ရှားပြတတ်၏၊ (အတ္ထာနံ၊ တို့ကို။ တသ္မာ သူစနတော၊ ထိုသို့ထင်ရှားပြတတ်သည်၏အဖြစ်ကြောင့်လည်းကောင်း၊) စ၊ ကား၊ (သူစနတောဟူသော အကျဉ်းသင်္ခေပဟိတ်ပါဌ်၏အကျယ်ဝိတ္ထာရမှတစ်ပါး သုဝုတ္တတော၊ပေ၊အံ့၊) ဧတ္ထ၊ ဤသုတ္တန်ပိဋက၌။ အတ္ထာ၊ အတ္တတ္ထ၊ ပရတ္ထအစရှိသောစီးပွားတို့ကို၊ ဝါ-စီးပွားအနက်တို့ကို။ သုဝုတ္တာ၊ ကောင်းစွာဟောတော်မူအပ်ကုန်ပြီ၊ (ကသ္မာ၊ ကြောင့်။ ဝိညာယတိ၊ သိအပ်သနည်း၊) ဝေနေယျဇ္ဈာသယာနုလောမေန၊ ဝေနေယျတို့၏အဇ္ဈာသယအားလျော်သောအားဖြင့်။ ဝုတ္တတ္တာ၊ ဟောတော်မူအပ်ကုန်သည်၏အဖြစ်ကြောင့်၊ (ဝိညာယတိ၊ အပ်၏။ အတ္ထာနံ၊ တို့၏။ တသ္မာ သုဝုတ္တတော၊ ထိုသို့ကောင်းစွာဟောအပ်ရာ၏အဖြစ်ကြောင့်လည်းကောင်း၊) စ၊ ကား၊ (သုဝုတ္တတောဟူသော အကျဉ်းသင်္ခေပဟိတ်ပါဌ်၏အကျယ်ဝိတ္ထာရမှတစ်ပါး သဝနတောဟူသော၊ပေ၊အံ့၊) သဿံ၊ ကောက်သည်။ ဖလံ၊ အသီးကို။ သဝတိ ဣဝ၊ သီးတတ်သကဲ့သို့၊ (တထာ၊ တူ၊) ဧတံ၊ ဤသုတ္တန်သည်။ အတ္ထေ၊ အတ္တတ္ထ၊ ပရတ္ထအစရှိသောစီးပွားတို့ကို၊ ဝါ-စီးပွားအနက်တို့ကို။ သဝတိ၊ သီးတတ်၏။ ပသဝတိ၊ ဖြစ်စေတတ်၏။ ဣတိ၊ ဤအနက်သည်၊ ဝါ-ကို။ ဝုတ္တံ၊ ဆိုအပ်သည်၊ ဝါ-ဆိုလိုသည်။ ဟောတိ၊ ၏၊ (အတ္ထာနံ၊ တို့ကို။ တသ္မာ သဝနတော၊ ထိုသို့သီးတတ်ဖြစ်စေတတ်သည်၏အဖြစ်ကြောင့်လည်းကောင်း။)… စ၊ ကား၊ (သဝနတောဟူသော အကျဉ်းသင်္ခေပဟိတ်ပါဌ်၏အကျယ်ဝိတ္ထာရမှတစ်ပါး သူဒနတောဟူသော၊ပေ၊အံ့၊) ဧတံ၊ သည်၊ (အတ္ထေ၊ အတ္တတ္ထ၊ ပရတ္ထအစရှိသောစီးပွားတို့ကို၊ ဝါ-စီးပွားအနက်တို့ကို၊) သူဒတိ၊ သွန်ချတတ်၏၊ (ကိမိဝ၊ အဘယ်ကဲ့သို့နည်း၊) အဖြေကိုမသိသေးဘဲ သာမညအနေဖြစ်၍ နပုံလိင်ဖြင့်မေးသည်။ ဓေနု၊ နွားမသည်။ ခီရံ၊ နို့ရည်ကို။ သူဒတိ ဝိယ၊ သွန်ချသကဲ့သို့တည်း။ ပဂ္ဃရတိ၊ သွန်ချတတ်၏။ ဣတိ၊ ဤအနက်သည်၊ ဝါ-ကို။ ဝုတ္တံ၊ သည်၊ ဝါ-သည်။ ဟောတိ၊ ၏၊ (အတ္ထာနံ၊ တို့ကို။ တသ္မာ သူဒနတော၊ ထိုသို့သွန်ချတတ်သည်၏အဖြစ်ကြောင့်လည်းကောင်း၊) စ၊ ကား၊ (သူဒနတောဟူသော၊ပေ၊ သုတ္တာဏာဟူသော၊ပေ၊ကား၊) ဧတံ၊ သည်၊ ရှေ့ဝါကျမှလိုက်သည်။ နေ၊ ထိုအတ္တတ္ထ၊ ပရတ္ထအစရှိသောစီးပွားတို့ကို၊ ဝါ-စီးပွားအနက်တို့ကို။ သုဋ္ဌု၊ ကောင်းစွာ။ တာယတိ၊ စောင့်ရှောက်တတ်၏။ ရက္ခတိ၊ စောင့်ရှောက်တတ်၏၊ ဣတိဝုတ္တံဟောတိ၊ (အတ္ထာနံ၊ တို့ကို။ တသ္မာ သုတ္တာဏာ၊ ထိုသို့ကောင်းစွာစောင့်ရှောက်တတ်သည်၏အဖြစ်ကြောင့်လည်းကောင်း။)… စ၊ ကား၊ (သုတ္တာဏာဟူသော၊ပေ၊ သုတ္တသဘာဂတောဟူသော၊ပေ၊ကား၊) ဧတံ၊ ဤသည်။ သုတ္တသဘာဂံ၊ တမျဉ်းကြိုးပန်းသီချည်နှင့်တူသောအဖို့ရှိ၏၊ ဝါ-တမျဉ်းကြိုးပန်းသီချည်နှင့်သဘောတူ၏။ ဟိ၊ ချဲ့။ တစ္ဆကာနံ၊ လက်သမားတို့၏။ သုတ္တံ၊ တမျဉ်းကြိုးသည်၊ တိုင်းတာကြောင်းမျဉ်းကြိုး-ဟူလို။ ပမာဏံ၊ တိုင်းတာကြောင်းသည်၊ ဝါ-လိုရင်းပမာဏသည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဧတမ္ပိ၊ ဤသုတ္တန်သည်လည်း။ ဝိညူနံ၊ တရားဆုံးဖြတ်သောပညာရှိတို့၏၊ (ပမာဏံ၊ နှိုင်းယှဉ်ကြောင်းသည်၊ ဝါ-လိုရင်းပမာဏသည်။ ဟောတိ၊ ၏၊) စ၊ တမျဉ်းကြိုးနှင့်တူပုံသာမကသေး။ သုတ္တေန၊ ချည်ဖြင့်။ သင်္ဂဟိတာနိ၊ သိမ်းယူအပ်ကုန်သော၊ ဝါ-သီကုံးအပ်ကုန်သော။ ပုပ္ဖာနိ၊ တို့ကို။ ဝါတေန၊ လေသည်။ န ဝိကိရိယန္တိ ယထာ၊ ဖရိုဖရဲမဖြန့်ကြဲအပ် မဖြန့်ကြဲနိုင်ကုန်သကဲ့သို့။ န ဝိဒ္ဓံသိယန္တိ ယထာ၊ မဖျက်ဆီးအပ် မဖျက်ဆီးနိုင်ကုန်သကဲ့သို့။ ဧဝံ၊ တူ။ ဧတေန၊ ဤသုတ္တန်ဖြင့်။ သင်္ဂဟိတာ၊ ကုန်သော။ အတ္ထာ၊ အတ္တတ္ထ၊ ပရတ္ထအစရှိသောစီးပွားတို့ကို၊ ဝါ-စီးပွားအနက်တို့ကို၊ (မိစ္ဆာဝါဒေန၊ မိစ္ဆာဝါဒသည်၊) န ဝိကိရိယန္တိ၊ ကုန်။ န ဝိဒ္ဓံသိယန္တိ၊ ကုန်၊ (တသ္မာ သုတ္တသဘာဂတော စ၊ ထိုသို့တမျဉ်းကြိုးပန်းသီချည်နှင့်တူသောအဖို့ရှိသည်၏အဖြစ်ကြောင့်လည်းကောင်း၊ ဝါ-နှင့်သဘောတူသည်၏အဖြစ်ကြောင့်လည်းကောင်း။ သုတ္တတ္ထဝိဒူဟိ၊ တို့သည်။ သုတ္တန္တိ၊ ဟူ၍။ အက္ခာတံ၊ ပြီ၊)
တေန၊ ထိုအတ္ထာနံသူစနတောအစရှိသောဟိတ် ၆ ရပ်ဖြင့်။ ဧတဿ၊ ဤသုတ္တသဒ္ဒါ၏။ ဝစနတ္ထကောသလ္လတ္ထံ၊ ဝိဂြိုဟ်ဝစနတ်၌ ကျွမ်းကျင်သူ၏အဖြစ်ဟူသောဉာဏ်အကျိုးငှာ၊ အတ္ထာနံသူစနတော၊ပေ။ အက္ခာတန္တိ၊ အက္ခာတံဟူသော။ ဧတံ (ဂါထာဝစနံ)-ကို၊ (တစ်နည်း) ဧတံ (အတ္ထဝစနံ)-ဤအနက်ကိုပြကြောင်းစကားကို။ မယာ၊ သည်။ ဝုတ္တံ၊ ဆိုအပ်ပြီ၊ဝါ-ဆိုခဲ့ပြီ။
အဘိဓမ္မဿ၊ အဘိဓမ္မသဒ္ဒါ၏။ ဝစနတ္ထော၊ ကို၊ (မယာ၊ သည်၊) ဝုတ္တောယေဝ၊ ဆိုအပ်ပြီးသည်သာ၊ ဟ၊ “ကေနဋ္ဌေန အဘိဓမ္မော၊ ဓမ္မာတိရေကဓမ္မဝိသေသဋ္ဌေန” ဟု ဆိုခဲ့ပြီးပြီဟူလို၊ ‘အပရော၊ ဆိုအပ်ပြီးသောနည်းမှတစ်ပါးသော။ နယော၊ နည်းကို၊ (မယာ၊ သည်။ ဝုစ္စတေ၊ ဆိုအပ်၏၊ဝါ-ဆိုဦးအံ့၊) ယံ (ယသ္မာ)-ကြောင့်။ ဧတ္ထ၊ ဤအဘိဓမ္မပိဋက၌။ ဝုဎ္ဎိမန္တော၊ တိုးပွားခြင်းရှိကုန်သော။ ဓမ္မာစ၊ တရားတို့ကိုလည်းကောင်း။ သလက္ခဏာ၊ အမှတ်အသားနှင့်တကွဖြစ်ကုန်သော။ ဓမ္မာစ၊ တို့ကိုလည်းကောင်း။ ပူဇိတာ၊ ပူဇော်ထိုက်ကုန်သော။ ဓမ္မာစ၊ တို့ကိုလည်းကောင်း။ ပရိစ္ဆိန္နာ၊ ပိုင်းခြားအပ်ကုန်သော။ ဓမ္မာစ၊ တို့ကိုလည်းကောင်း။ အဓိကာ၊ လွန်ကဲကုန်သော။ ဓမ္မာစ၊ တို့ကိုလည်းကောင်း။ ဝုတ္တာ၊ ဟောတော်မူအပ်ကုန်ပြီ။ တေန၊ ကြောင့်၊ (ထိုသို့ဝုဎ္ဎိမန္တအစရှိသောတရားတို့ကိုဟောအပ်ရာ၏အဖြစ်ကြောင့်၊) အဘိဓမ္မတ္ထဝိဒူဟိ၊ အဘိဓမ္မသဒ္ဒါ၏အနက်ကိုသိကုန်သောပညာရှိတို့သည်။ အဘိဓမ္မော၊ အဘိဓမ္မမည်၏ဟူ၍။ အက္ခာတော၊ ဆိုအပ်ပြီ။ ဟ၊ အဘိဓမ္မောတိ ဟု ဆိုလိုလျက် အာကာရဇောတက ဣတိသဒ္ဒါ အချေကြံ။’
ဟိ၊ ချဲ့။ အယံ အဘိသဒ္ဒေါ၊ ဤအဘိသဒ္ဒါသည်၊ဝါ-ကို။ ဝုဎ္ဎိလက္ခဏပူဇိတပရိစ္ဆိန္နာဓိကေသု၊ ဝုဎ္ဎိအနက်၊ လက္ခဏအနက်၊ ပူဇိတအနက်၊ ပရိစ္ဆိန္နအနက်၊ အဓိကအနက်တို့၌။ ဒိဿတိ၊ ထင်ရှား၏၊ဝါ-တွေ့မြင်အပ်၏၊ ဟ၊ “ပါဠိတော်၌ တွေ့မြင်အပ်၏” ဟူလို၊ ‘တထာဟိ၊ ထိုစကားမှန်၏၊ (တစ်နည်း) တထာဟိ၊ ထိုစကားကို ချဲ့ဦးအံ့။ ဧသ (ဧသော)-ဤအဘိသဒ္ဒါသည်၊ (အာဂတော၌စပ်၊) ဗာဠှာ မေ အာဝုသော ဒုက္ခာ ဝေဒနာ အဘိက္ကမန္တိ နော ပဋိက္ကမန္တီတိ အာဒီသု၊ ဗာဠှာ၊ပေ၊ နောပဋိက္ကမန္တိ အစရှိသောပါဠိရပ်တို့၌။ ဝုဎ္ဎိယံ၊ တိုးပွားခြင်းဟူသောအနက်၌။ အာဂတော၊ လာ၏၊ ဟ၊ အာဝုသော-ငါ့ရှင်၊ မေ-ငါ၏၊ ဗာဠှာ-ပြင်းထန်ကုန်သော၊ ဒုက္ခာ-ဆင်းရဲစေတတ်ကုန်သော၊ ဝေဒနာ-ဝေဒနာတို့သည်၊ အဘိက္ကမန္တိ-တိုးပါကုန်၏၊ နောပဋိက္ကမန္တိ-မဆုတ်ပါကုန်၊ (ကဿပသံယုတ်စသည်၌လာသည်၊)’ ယာ တာ ရတ္တိယော အဘိညာတာ၊ အဘိလက္ခိတာတိ အာဒီသု၊ တာ အစရှိကုန်သောပါဠိရပ်တို့၌။ လက္ခဏေ၊ အမှတ်အသားဟူသောအနက်၌။ အာဂတော၊ ၏၊ ဟ၊ အဘိညာတာ-လထက်ဝက်စသောအမှတ်အသားဖြင့်သိအပ်ကုန်သော၊ဝါ-ထင်ရှားကုန်သော၊ အဘိလက္ခိတာ-လထက်ဝက်စသောအမှတ်အသားဖြင့်မှတ်သားအပ်ကုန်သော၊ ယာတာရတ္တိယော-အကြင်ညဉ့်တို့သည်၊ သန္တိ-ကုန်၏၊ (မူလပဏ္ဏာသ၊ ဘယဘေရဝသုတ်၊) တရားနာဖို့ရန် ဥပုသ်စောင့်ဖို့ရန် အဋ္ဌမီ၊ စာတုဒ္ဒသီ၊ ပန္နရသီ ညဉ့်များကို လဖြင့်မှတ်သားကြသည်-ဟူလို။’
ရာဇာဘိရာဇမနုဇိန္ဒောတိ အာဒီသု၊ န္ဒော အစရှိသောပါဠိရပ်တို့၌။ ပူဇိတေ၊ ပူဇော်ထိုက်ဟူသောအနက်၌။ အာဂတော၊ ၏၊ ဟ၊ မနုဇိန္ဒော-လူတို့ကိုအစိုးရသော၊ ရာဇာဘိရာဇာ-မင်းအပေါင်းတို့သည် ပူဇော်ထိုက်သောစကြာမင်းသည်၊ (ဟုတွာ-၍။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ ကာရေဟိ၊ ပြုစေပါလော၊) မဇ္ဈိမပဏ္ဏာသ၊ သေလသုတ်၊’ ပဋိဗလော ဝိနေတုံ အဘိဓမ္မေ အဘိဝိနယေတိ အာဒီသု၊ ယေ အစရှိသောပါဠိရပ်တို့၌။ ပရိစ္ဆိန္နေ၊ ပိုင်းခြားအပ်ဟူသောအနက်၌။ အာဂတော၊ ၏၊ ဟ၊ အဘိဓမ္မေ-ပိုင်းခြားကန့်သတ်အပ်သောဓမ္မအရာ၌လည်းကောင်း။ အဘိဝိနယေ၊ ပိုင်းခြားကန့်သတ်အပ်သောဝိနည်းအရာ၌လည်းကောင်း။ ဝိနေတုံ၊ တပည့်တို့ကိုသင်ကြားပို့ချဆုံးမခြင်းငှာ။ ပဋိဗလော၊ စွမ်းနိုင်၏၊ (ဝိနည်းမဟာဝါ ပဗ္ဗဇ္ဇက္ခန္ဓက စသည်၌လာသောပါဠိ၊)’ အညမညသက္ကရဝိရဟိတေ၊ အချင်းချင်းရောယှက်ခြင်းမှကင်းသော။ ဓမ္မေစ၊ ဓမ္မအရာ၌လည်းကောင်း။ ဝိနယေစ၊ ဝိနည်းအရာ၌လည်းကောင်း၊ (ဝိနေတုံ၊ ငှာ။ ပဋိဗလော၊ ၏၊) ဣတိ၊ ဤအနက်အဓိပ္ပာယ်သည်၊ဝါ-ကို၊ ဝုတ္တံ ဟောတိ။ အဘိက္ကန္တေန ဝဏ္ဏေနာတိ အာဒီသု၊ န အစရှိသောပါဠိရပ်တို့၌။ အဓိကေ၊ အလွန်အကဲဟူသောအနက်၌။ အာဂတော၊ ၏၊ ဟ၊ အဘိက္ကန္တေန-အလွန်နှစ်သက်အပ်သော။ ဝဏ္ဏေန၊ အဆင်းဖြင့်၊ (ဝန္ဒတိ-ရှိခိုးလာသူကား၊ ကော-အဘယ်သူနည်း၊) (ဝိမာနဝတ္ထု၌လာသောပါဠိ။)’
စ၊ ဆက်၊ (အတ္ထယုတ္တိကိုဆက်၍ပြဦးအံ့ “သဒ္ဒယုတ္တိမှတစ်ပါး အတ္ထယုတ္တိကိုဆိုဦးအံ့”လည်းပေးကြ၏၊) ဧต္ထ၊ ဤအဘိဓမ္မာပိဋက၌၊ (ဝုတ္တာ၌စပ်၊) ရူပူပပတ္တိယာ မဂ္ဂံ ဘာဝေတိ၊ မေတ္တာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ဝိဟရတီတိ အာဒိနာ၊ သော။ နယေန၊ ဖြင့်။ ဝုဎ္ဎိမန္တော၊ တိုးပွားခြင်းရှိကုန်သော။ ဓမ္မာပိ၊ တို့ကိုလည်း။ ဝုတ္တာ၊ ဟောတော်မူအပ်ကုန်ပြီ၊ (တသ္မာ-ထိုသို့ဝုဎ္ဎိမန္တတရားတို့ကိုဟောအပ်ရာ၏အဖြစ်ကြောင့်လည်းကောင်း၊) ဟ၊ ရူပူပပတ္တိယာ-ရူပဘုံ၌ဖြစ်ခြင်းငှာ၊ဝါ-၏။ မဂ္ဂံ၊ အကြောင်းဖြစ်သောဈာန်ကို။ ဘာဝေတိ၊ ဖြစ်စေ၏၊ဝါ-တိုးပွားစေ၏၊ မေတ္တာသဟဂတေန-မေတ္တာနှင့်တကွဖြစ်သော၊ စေတသာ-ဖြင့်၊ ဧကံဒိသံ-တစ်ခုသောအရပ်မျက်နှာကို၊ဝါ-တစ်ခုသောအရပ်မျက်နှာ၌နေသောသတ္တဝါအပေါင်းကို၊ ဖရိတွာ-ဖြန့်၍၊ ဝိဟရတိ-နေ၏၊’ ရူပါရမ္မဏံ ဝါ သဒ္ဒါရမ္မဏံ ဝါတိ အာဒိနာ၊ သော။ နယေန၊ ဖြင့်။ အာရမ္မဏာဒီဟိ၊ အာရုံအစရှိသည်တို့ဖြင့်။ သံလက္ခဏီယတ္တာ၊ မှတ်သားအပ်ကုန်သည်၏အဖြစ်ကြောင့်၊ ဟ၊ သံလက္ခဏီယတ္တာတိ သဉ္ဇာနိတတ္တာ၊-ဋီကာ၊’ သလက္ခဏာ၊ အမှတ်အသားနှင့်တကွဖြစ်ကုန်သော။ ဓမ္မာပိ၊ တို့ကိုလည်း။ ဝုတ္တာ၊ ကုန်ပြီ၊ (တသ္မာ-ထိုသို့သလက္ခဏတရားတို့ကိုဟောအပ်ရာ၏အဖြစ်ကြောင့်လည်းကောင်း၊) ဟ၊ ရူပါရမ္မဏံဝါ-ရူပါရုံလျှင်အာရုံရှိသည်မူလည်းဖြစ်သော၊ သဒ္ဒါရမ္မဏံဝါ-သော၊ပေ၊ စိတ္တံ-သည်၊ ဥပ္ပန္နံ-အတိတ်စိတ်၏အထက်ဖြစ်သောနောက်ကာလ၌ ခဏတ္တယသို့ရောက်သည်၊ ဟောတိ-၏၊’ သေက္ခာ ဓမ္မာ၊ အသေက္ခာ ဓမ္မာ၊ လောကုတ္တရာ ဓမ္မာတိ အာဒိနာ၊ သော။ နယေန၊ ဖြင့်။ ပူဇိတာ၊ ပူဇော်ထိုက်ကုန်သော။ ဓမ္မာပိ၊ တို့ကိုလည်း။ ဝုတ္တာ၊ ကုန်ပြီ၊ ဣတိအယံ-ဤဆိုအပ်ပြီးကား။ အဓိပ္ပာယော၊ အလိုရှိအပ်သောအနက်တည်း၊ တသ္မာ-ထိုသို့ပူဇိတတရားတို့ကိုဟောအပ်ရာ၏အဖြစ်ကြောင့်လည်းကောင်း၊ ဟ၊ သေက္ခာ-သေက္ခပုဂ္ဂိုလ်တို့၏ဥစ္စာဖြစ်ကုန်သော၊ ဓမ္မာ၊ သံဝိဇ္ဇန္တိ-ရှိကုန်၏၊ စသည်ဖြင့်ပေး၊’ ဖေဿာ ဟောတိ ဝေဒနာ ဟောတီတိ အာဒိနာ၊ သော။ နယေန၊ ဖြင့်။ သဘာဝပရိစ္ဆိန္နတ္တာ၊ သဘောအားဖြင့်ပိုင်းခြားအပ်ကုန်သည်၏အဖြစ်ကြောင့်။ ပရိစ္ဆိန္နာ၊ ပိုင်းခြားအပ်ကုန်သော။ ဓမ္မာပိ ဝုတ္တာ၊ (တသ္မာ-ထိုသို့ပရိစ္ဆိန္နတရားတို့ကိုဟောအပ်ရာ၏အဖြစ်ကြောင့်လည်းကောင်း၊) ဟ၊ ဖေဿာ-တွေ့ထိခြင်းသဘောသည်၊ ဟောတိ-၏၊ ဝေဒနာ-ခံစားခြင်းသဘောသည်၊ ဟောတိ-၏၊’ မဟဂ္ဂတာ ဓမ္မာ၊ အပ္ပမာဏာ ဓမ္မာ၊ အနုတ္တရာ ဓမ္မာတိ အာဒိနာ၊ သော။ နယေန၊ ဖြင့်။ အဓိကာ၊ လွန်ကဲကုန်သော။ ဓမ္မာပိ၊ တို့ကိုလည်း။ ဝုတ္တာ၊ ကုန်ပြီ၊ (တသ္မာ-ထိုသို့အဓိကတရားတို့ကိုဟောအပ်ရာ၏အဖြစ်ကြောင့်လည်းကောင်း၊ အဘိဓမ္မတ္ထဝိဒူဟိ-တို့သည်၊ အဘိဓမ္မော-မည်၏ဟူ၍၊ အက္ခာတော-ပြီ၊) တေန၊ ထိုဝုဎ္ဎိမန္တတာစသောဟိတ် ၅ ရပ်ဖြင့်။ ဧတဿ၊ ဤအဘိဓမ္မသဒ္ဒါ၏။ ဝစနတ္ထကောသလ္လတ္ထံ၊ ဝိဂြိုဟ်ဝစနတ္ထ၌ကျွမ်းကျင်သူ၏အဖြစ်ဟူသောဉာဏ်အကျိုးငှာ။ ယံ ဧတ္ထ ဝုဎ္ဎိမန္တော၊ပေ။ အက္ခာတောတိ၊ ဟူ၍၊ ဧတံ (ဂါထာဝစနံ)-ကို၊တစ်နည်း၊ ဧတံ (အတ္ထဝစနံ)-ဤအနက်ကိုပြကြောင်းစကားကို။ မယာ၊ သည်။ ဝုတ္တံ၊ ပြီ။
ပန၊ ကား၊ (ဝိနယသုတ္တအဘိဓမ္မသဒ္ဒါ၏ဝစနတ္ထမှတစ်ပါး၊ ပိဋကသဒ္ဒါ၏ဝစနတ္ထကား၊) ဧတ္ထ၊ ဤအချင်းချင်းထူးခြားသောဝိနယ၊ သုတ္တ၊ အဘိဓမ္မသဒ္ဒါတို့၌၊ (သမောဓာနေတဗ္ဗံ-ပေါင်းစပ်ထိုက်သော၊ဝါ-သမာသ်တွဲထိုက်သော၊) ယံ၊ အကြင်ပိဋကသဒ္ဒါသည်။ အဝိသိဋ္ဌံ၊ အနက်အားဖြင့်မထူး။ တံ ပိဋကံ၊ ထိုပိဋကသဒ္ဒါကို၊ ဟ၊ တံပိဋကသဒ္ဒံတိ အတ္ထော၊-ဋီကာ (အာဟု၌စပ်၊)’ ပိဋကတ္ထဝိဒူ၊ ပိဋကသဒ္ဒါ၏အနက်ကိုသိကုန်သောပညာရှိတို့သည်။ ပရိယတ္တိဘာဇနတ္ထတော၊ သင်ယူအပ်သည်၏အဖြစ်ဟူသောအနက်၊ တည်ရာဟူသောအနက်တို့ဖြင့်၊ဝါ-သင်ယူအပ်သည်၏အဖြစ်ဟူသောအနက်၊ တည်ရာဟူသောအနက်ရှိ၏ဟူ၍။ အာဟု၊ ဆိုကြကုန်ပြီ။ တေန၊ ထိုပိဋကသဒ္ဒါနှင့်။ သမောဓာနေတွာ၊ ပေါင်းစပ်၍၊ဝါ-သမာသ်တွဲ၍၊ ဟ၊ တေနာတိ အာဒိနာ သမာသံ ဒဿေတိ၊-ဋီကာ၊’ တယောပိ၊ ၃ ပါးလည်းဖြစ်ကုန်သော။ ဝိနယာဒယော၊ ဝိနယအစရှိသောသဒ္ဒါတို့ကို။ ဉေယျာ၊ သိထိုက်ကုန်၏။
ဟိ၊ ချဲ့၊ (တစ်နည်း) ဟိ ယသ္မာ၊ ကြောင့်၊ (နောက်၌တသ္မာရှိသည်၊) ပရိယတ္တိပိ၊ သင်ယူအပ်သောပါဠိကိုလည်း။ မာ ပိဋကသမ္ပဒါနေနာတိ အာဒီသု၊ နေန အစရှိသောပါဠိရပ်တို့၌။ ပိဋကန္တိ၊ ပိဋကဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏၊ ဟ၊ ပိဋကသမ္ပဒါနေန-ကျမ်းစာကိုကောင်းစွာပေးရာ၏အဖြစ်ဖြင့်၊ဝါ-ကျမ်းစာကိုကောင်းစွာတတ်ကျွမ်းကာမျှဖြင့်၊ မာဂဏှိတ္ထ-ဤအယူဝါဒသည်ငါတို့ကျမ်းစာနှင့်ညီမျှ၏ဟု အတည်မယူကြကုန်လင့်၊’ အထ၊ပေ။ အာဒါယာတိ အာဒီသု၊ အာဒါယ အစရှိသောပါဠိရပ်တို့၌။ ယံ ကိဉ္စိ၊ အမှတ်မထားတစ်ပါးပါးသော။ ဘာဇနမ္ပိ၊ တောင်းကိုလည်း၊ (ပိဋကန္တိ ဝုစ္စတိ၊) ဟ၊ အထ-ထိုအခါ၌၊ ပုရိသော-ယောကျာ်းတစ်ယောက်သည်၊ ကုဒါလပိဋကံ-ပေါက်တူးနှင့်တောင်းကို၊ အာဒါယ-ယူ၍၊ အာဂစ္ဆေယျ-လာရာ၏။ တသ္မာ၊ ကြောင့်၊ (ထိုသို့ပရိယတ္တိကိုလည်းကောင်း၊ ဘာဇနကိုလည်းကောင်း ပိဋကဟုဆိုအပ်သည်၏အဖြစ်ကြောင့်၊) ပိဋကံ၊ ပိဋကသဒ္ဒါကို။ ပိဋကတ္ထဝိဒူ၊ တို့သည်။ ပရိယတ္တိဘာဇနတ္ထတော၊ တို့ဖြင့်၊ဝါ-ဟူ၍။ အာဟု၊ ကုန်ပြီ။
ဟ၊ စာအုပ်တို့၌ “ဣဒါနိ” ပါ၏၊ မပါသင့်ကြောင်းကို ပါရာဇိကဏ်ဘာသာဋီကာ၌ ပြထားပြီ၊ ‘တေန သမောဓာနေတွာ တယောပိ ဝိနယာဒယော ဉေယျာတိ၊ ဉေယျာဟူသည်ကား။ ဧဝံ၊ ဤသို့။ ဒုဝိဓတ္ထေန၊ ၂ ပါးအပြားရှိသောအနက်ရှိသော။ တေန ပိဋကသဒ္ဒေန၊ နှင့်။ သမာသံ၊ သမာသ်ကို။ ကတွာ၊ ၍။ ဝိနယောစ၊ ဝိနည်းလည်းဟုတ်၏။ သော၊ ထိုဝိနည်းဟူသည်။ ပရိယတ္တိဘာဝတော၊ သင်ယူအပ်သည်၏အဖြစ်ကြောင့်လည်းကောင်း။ တဿ တဿ အတ္ထဿ၊ ထိုထိုအနက်၏။ ဘာဇနတောစ၊ တည်ရာ၏အဖြစ်ကြောင့်လည်းကောင်း။ ပိဋကဉ္စ၊ ပိဋကလည်းဟုတ်၏။ ဣတိ၊ ဤ ၂ ပါးသောသတ္တိကြောင့်။ ဝိနယပိဋကံ၊ ကမည်၏။ ယထာဝုတ္တေနေဝ၊ အကြင်အကြင်ဆိုအပ်ပြီးသည်သာလျှင်ဖြစ်သော။ နယေန၊ နည်းဖြင့်၊ ဟ၊ ယထာဝုတ္တေနေဝါတိ ဧဝံ ဒုဝိဓတ္ထေနာတိ အာဒိနာ နယေန၊-ဋီကာ၊’ သုတ္တန္တဉ္စ၊ သုတ္တန်လည်းဟုတ်၏၊ ဟ၊ အန္တသဒ္ဒါအနက်မရှိ၊’ တံ၊ ထိုသုတ္တန်ဟူသည်။ ပိဋကဉ္စ၊ ဟုတ်၏။ ဣတိ၊ ဤ ၂ ပါးသောသတ္တိကြောင့်။ သုတ္တန္တပိဋကံ၊ မည်၏။ အဘိဓမ္မောစ၊ ၏။ သော၊ သည်။ ပိဋကဉ္စ၊ ၏။ ဣတိ၊ ကြောင့်။ အဘိဓမ္မပိဋကံ၊ ၏။ ဣတိဧဝံ၊ သို့။ တယောပိ၊ ကုန်သော။ ဧတေ ဝိနယာဒယော၊ ဤဝိနယအစရှိသောသဒ္ဒါတို့ကို။ ဉေယျာ၊ သိထိုက်ကုန်၏။
စ၊ ဆက်။ ဧဝံ၊ ဤသို့။ ဉတွာ၊ စာသင်သားတို့သိပြီးခြင်းကြောင့်။ ပုနပိ၊ တစ်ဖန်လည်း၊ဝါ-ထပ်၍လည်း။ တေသွေဝ ပိဋကေသု၊ ထိုပိဋက ၃ ပုံတို့၌ပင်၊ (နာနပ္ပကာရကောသလ္လတ္ထံ၌စပ်၊) နာနပ္ပကာရကောသလ္လတ္ထံ၊ အမျိုးမျိုးသောအပြားအားဖြင့်ကျွမ်းကျင်သူ၏အဖြစ်ဟူသောဉာဏ်အကျိုးငှာ။ တေသု၊ ထိုပိဋက ၃ ပုံတို့၌၊ (ပရိဒီပယေ။ ဝိဘာဝယေတို့၌စပ်၊) ယထာရဟံ၊ စွာ။ ဒေသနာသာသနကထာဘေဒံ၊ ဒေသနာအထူးအပြား၊ သာသနအထူးအပြား၊ ကထာအထူးအပြားကိုလည်းကောင်း။ သိက္ခာပ္ပဟာနဂမ္ဘီရဘာဝဉ္စ၊ သိက္ခာ၊ ပဟာန်၊ ဂမ္ဘီရဘောဂုဏ်ကိုလည်းကောင်း။ ပရိဒီပယေ၊ ထက်ဝန်းကျင်ပြရာ၏။ ပရိယတ္တိဘေဒံ၊ သင်ယူပုံအထူးအပြားကိုကိုလည်းကောင်း၊ (ဝိဘာဝယေ၌စပ်၊) ယဟိံ၊ အကြင် ၃ ပါးသောပိဋက၌။ ဘိက္ခု၊ သည်။ ယထာ၊ အကြင်အပြားတို့ဖြင့်။ ယံ သမ္ပတ္တိံ၊ အကြင်ပြည့်စုံခြင်းသို့လည်းကောင်း။ ယံ ဝိပတ္တိဉ္စာပိ၊ အကြင်ပျက်စီးခြင်းသို့လည်းကောင်း။ ပါပုဏာတိ၊ ရောက်ရ၏၊ (တဟိံ၊ ၌၊) တမ္ပိ သဗ္ဗံ၊ ထိုအလုံးစုံကိုလည်းကောင်း။ ဝိဘာဝယေ၊ ထင်စွာပြရာ၏၊ (တစ်နည်း) ယဟိံ၊ ၌။ ဘိက္ခု၊ သည်။ ယထာ၊ အကြင်ဥပါရမ္ဘအစရှိသောအကြောင်းတို့ကြောင့် သင်ယူခြင်း၊ ကောင်းစွာကျင့်ခြင်း၊ မကောင်းသဖြင့်ကျင့်ခြင်းဟူသောအပြားတို့ဖြင့်။ ယံ ပရိယတ္တိဘေဒံ၊ ယံ သမ္ပတ္တိံ၊ ယံ ဝိပတ္တိဉ္စာပိ၊ ပါပုဏာတိ၊ ၏၊ (တဟိံ၊ ၌၊) တမ္ပိ သဗ္ဗံ၊ ကိုလည်း။ ဝိဘာဝယေ၊ ၏။
တတြ၊ ထိုဂါထာတို့၌။ အယံ၊ ဤဆိုအပ်လတ္တံ့ကား။ ပရိဒီပနာ၊ ထက်ဝန်းကျင်ပြခြင်းသည်လည်းကောင်း။ ဝိဘာဝနာစ၊ ထင်စွာပြခြင်းသည်လည်းကောင်းတည်း။ ဟိ၊ ချဲ့။ တီဏိ၊ ၃ ပုံကုန်သော။ ဧတာနိ ပိဋကာနိ၊ တို့ကို။ ယထာက္ကမံ၊ တိုင်း။ အာဏာဝေါဟာရပရမတ္ထဒေသနာတိစ၊ အာဏာဒေသနာ၊ ဝေါဟာရဒေသနာ၊ ပရမတ္ထဒေသနာတို့ဟူ၍လည်းကောင်း၊ ဟ၊ ကထာတိစမှ ဣတိစလိုက်စေ၊’ ယထာပရာဓ၊ပေ။ သာသနာနီတိစ၊ ယထာပရာဓသာသနာ၊ ယထာနုလောမသာသနာ၊ ယထာဓမ္မသာသနာတို့ဟူ၍လည်းကောင်း။ သံဝရာသံဝရ၊ပေ။ ကထာတိစ၊ သံဝရာသံဝရကထာ၊ ဒိဋ္ဌိဝိနိဝေဌနကထာ၊ နာမရူပပရိစ္ဆေဒကထာတို့ဟူ၍လည်းကောင်း။ ဝုစ္စန္တိ၊ ကုန်၏။ ဟိ၊ ထပ်၍ချဲ့ဦးအံ့၊ (တစ်နည်း) ဟိ၊ နိဒ္ဒေသမှတစ်ပါး ပဋိနိဒ္ဒေသကိုဆိုဦးအံ့။ ဧတ္ထ၊ ဤပိဋက ၃ ပုံတို့တွင်။ ဝိနယပိဋကံ၊ ကို။ အာဏာရဟေန၊ အာဏာထားခြင်းငှာထိုက်တော်မူသော။ ဘဂဝတာ၊ သည်။ အာဏာဗာဟုလ္လတော၊ အာဏာများသည်၏အဖြစ်အားဖြင့်၊ ဟ၊ ဝိနယပိဋကဿဟုသမ္ဗန်ခံ၊’ ဒေသိတတ္တာ၊ ဟောတော်မူအပ်သည်၏အဖြစ်ကြောင့်။ အာဏာဒေသနာတိ၊ နာဟူ၍။ ဝုစ္စတိ၊ ၏။ သုတ္တန္တပိဋကံ၊ ကို၊ ဟ၊ အန္တသဒ္ဒါအနက်မရှိ၊ သုတ္တမေဝ+သုတ္တန္တံ၊ တဗ္ဘာဝဝုတ္တိကမ္မဓာရည်း၊’ ဝေါဟာရကုသလေန၊ အခေါ်အဝေါ်ပညတ်၌ကျွမ်းကျင်တော်မူသော။ ဘဂဝတာ၊ သည်။ ဝေါဟာရဗာဟုလ္လတော၊ ပညတ်၏များသည်၏အဖြစ်အားဖြင့်။ ဒေသိတတ္တာ၊ ကြောင့်။ ဝေါဟာရဒေသနာတိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။ အဘိဓမ္မပိဋကံ၊ ကို။ ပရမတ္ထကုသလေန၊ ပရမတ်၌ကျွမ်းကျင်တော်မူသော။ ဘဂဝတာ၊ သည်။ ပရမတ္ထဗာဟုလ္လတော၊ ပရမတ်၏များသည်၏အဖြစ်အားဖြင့်။ ဒေသိတတ္တာ၊ ကြောင့်။ ပရမတ္ထဒေသနာတိ၊ ၍။ ဝုစ္စတိ၊ ၏။
တထာ၊ ထိုမှတစ်ပါး။ ပဌမံ၊ ပဌမဖြစ်သော ဝိနည်းပိဋကကို။ ပစုရာပရာဓာ၊ များသောအပြစ်ရှိကုန်သော။ ယေ တေ သတ္တာ၊ တို့သည်၊ (သန္တိ-ကုန်၏၊) တေ၊ ထိုသတ္တဝါတို့ကို။ ယထာပရာဓံ၊ အပြစ်အားလျော်စွာ။ ဧတ္ထ၊ ဤဝိနည်းပိဋက၌။ သာသိတာ၊ ဆုံးမတော်မူအပ်ကုန်ပြီ။ ဣတိ၊ ကြောင့်၊ (ထိုသို့အပြစ်အားလျော်စွာ ဆုံးမအပ်ရာ၏အဖြစ်ကြောင့်၊) ယထာပရာဓသာသနန္တိ၊ ဟူ၍။ ဝုစ္စတိ၊ ၏၊
ဒုတိယံ၊ ၂ ခုမြောက် သုတ္တန်ပိဋကကို။ အနေကဇ္ဈာသယာနုသယစရိယာဓိမုတ္တိကာ၊ များသောအဇ္ဈာသယ, များသောအနုသယ, များသောစရိယ, များသောအဓိမုတ္တိရှိကုန်သော။ သတ္တာ၊ တို့ကို။ ယထာနုလောမံ၊ အကြင်အကြင် အဇ္ဈာသယအစရှိသည်တို့အားလျော်စွာ။ ဧတ္ထ၊ ဤသုတ္တန်ပိဋက၌။ သာသိတာ၊ ဆုံးမတော်မူအပ်ကုန်ပြီ။ ဣတိ၊ ကြောင့်၊ (ထိုသို့အဇ္ဈာသယစသည်အားလျော်စွာ ဆုံးမအပ်ရာ၏အဖြစ်ကြောင့်၊) ယထာနုလောမသာသနန္တိ၊ ဟူ၍။ ဝုစ္စတိ၊ ၏၊
တတိယံ၊ ၃ ခုမြောက် အဘိဓမ္မပိဋကကို။ ဓမ္မပုဥ္ဇမတ္တေ၊ သဘာဝဓမ္မအစုမျှ၌။ အဟံ၊ ငါတည်း။ မမံ၊ ငါ၏ဥစ္စာတည်း။ ဣတိသညိနော၊ ဤသို့မှတ်ထင်ခြင်းရှိကုန်သော။ သတ္တာ၊ တို့ကို။ ယထာဓမ္မံ၊ သဘာဝဓမ္မအားလျော်စွာ။ ဧတ္ထ၊ ဤအဘိဓမ္မပိဋက၌။ သာသိတာ၊ ကုန်ပြီ။ ဣတိ၊ ကြောင့်၊ (ထိုသို့သဘာဝဓမ္မအားလျော်စွာ ဆုံးမအပ်ရာ၏အဖြစ်ကြောင့်၊) ယထာဓမ္မသာသနန္တိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။
တထာ၊ ထိုမှတစ်ပါး၊ ဟုဒေသနာသာသနဘေဒမှတစ်ပါး ကထာဘေဒကား-ဟူလို၊ >“ပဌမံ-ရှေးဦးစွာသော ဝိနည်းပိဋကကို၊ အဇ္ဈာစာရပဋိပက္ခဘူတော-လွန်ကျူးမှု၏ ဆန့်ကျင်ဘက်ဖြစ်၍ဖြစ်သော၊ သံဝရာသံဝရော-ငယ်သောစောင့်စည်းခြင်း, ကြီးသောစောင့်စည်းခြင်းကို၊ ဝါ-ငယ်သောစောင့်စည်းကြောင်းတရား, ကြီးသောစောင့်စည်းကြောင်းတရားကို၊ ဧတ္ထ-ဤဝိနည်းပိဋက၌၊ ကထိတော-ဟောတော်မူအပ်ပြီ၊ ဣတိ-ကြောင့်၊ (ထိုသို့သံဝရာသံဝရကို ဟောအပ်ရာ၏အဖြစ်ကြောင့်၊) သံဝရာသံဝရကထာတိ-ထာဟူ၍၊ ဝုစ္စတိ-၏၊ သံဝရာသံဝရောတိ-ကား၊ ခုဒ္ဒကော စေဝ-ငယ်သည်လည်းဖြစ်သော၊ မဟန္တော စ-ကြီးသည်လည်းဖြစ်သော၊ သံဝရော-စောင့်စည်းခြင်းတည်း၊ (ကိမိဝ-နည်း၊) ကမ္မာကမ္မံ ဝိယ-ကံငယ်ကံကြီးဟူသကဲ့သို့လည်းကောင်း၊ ဖလာဖလံ ဝိယ-သစ်သီးငယ်သစ်သီးကြီးဟူသကဲ့သို့လည်းကောင်းတည်း၊ ဟု ‘မဟန္တော စ’ ၏နောက်၌ ‘သံဝရာသံဝရော’ ဟုတွေ့ရ၏၊ သီလက္ခန်၌ ‘သံဝရော’ ဟုသာရှိသည်၊ အ သဒ္ဒါ ‘အကြီး’ အနက်ဟောတည်း၊”
ဒုတိယံ၊ ကို။ ဒွါသဋ္ဌိဒိဋ္ဌိပဋိပက္ခဘူတာ၊ ၆၂ ပါးသောမိစ္ဆာဒိဋ္ဌိတို့၏ ဆန့်ကျင်ဘက်ဖြစ်၍ဖြစ်သော။ ဒိဋ္ဌိဝိနိဝေဌနာ၊ မိစ္ဆာအယူတို့ကိုဖြေရှင်းကြောင်းတရားကို။ ဧတ္ထ၊ ဤသုတ္တန်ပိဋက၌။ Kathiတာ၊ ပြီ။ ဣတိ၊ ကြောင့်၊ (ထိုသို့ဒိဋ္ဌိဝိနိဝေဌနကို ဟောအပ်ရာ၏အဖြစ်ကြောင့်၊) ဒိဋ္ဌိဝိနိဝေဌနကထာတိ၊ ၍။ ဝုစ္စတိ၊ ၏၊
တတိယံ၊ ကို။ ရာဂါဒိပဋိပက္ခဘူတော၊ ရာဂအစရှိသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်၍ဖြစ်သော။ နာမရူပပရိစ္ဆေဒေါ၊ နာမ်ရုပ် ၂ ပါးပိုင်းခြားကြောင်းတရားကို။ ဧတ္ထ၊ ဤအဘိဓမ္မပိဋက၌။ ကထိတော၊ ပြီ။ ဣတိ၊ ကြောင့်၊ (ထိုသို့နာမရူပပရိစ္ဆေဒကို ဟောအပ်ရာ၏အဖြစ်ကြောင့်၊) နာမရူပပရိစ္ဆေဒကထာတိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။
စ၊ ကား၊ (ဒေသနာသာသနကထာဘေဒ၏ ဝိတ္ထာရမှတစ်ပါး သိက္ခာပဟာနဂမ္ဘီရဘာဝ၏ ဝိတ္ထာရကား၊) တီသုပိ၊ ၃ ပုံလည်းဖြစ်ကုန်သော။ ဧတေသု၊ ဤပိဋကတို့၌။ တေိဿာ၊ ကုန်သော။ သိက္ခာ၊ သိက္ခာတို့ကိုလည်းကောင်း။ တီဏိ၊ ကုန်သော။ ပဟာနာနိ၊ ပဟာန်တို့ကိုလည်းကောင်း။ စတုဗ္ဗိဓော၊ သော။ ဂမ္ဘီရဘာဝေါ စ၊ နက်နဲသည်၏အဖြစ်ကိုလည်းကောင်း။ ဝေဒိတဗ္ဗော၊ ၏။ တထာဟိ၊ ထိုစကားကိုချဲ့ဦးအံ့၊
ဝိနယပိဋကေ၊ ၌။ ဝိသေသေန၊ အဓိစိတ္တ, အဓိပညာသိက္ခာတို့မှ ထူးသောအားဖြင့်။ အဓိသီလသိက္ခာ၊ အဓိသီလသိက္ခာကို။ ဝုတ္တာ၊ ဟောတော်မူအပ်ပြီ၊
သုတ္တန္တပိဋကေ၊ ၌။ ဝိသေသေန၊ အဓိသီလ, အဓိပညာသိက္ခာတို့မှ ထူးသောအားဖြင့်။ အဓိစိတ္တသိက္ခာ၊ ကို။ ဝုတ္တာ၊ ပြီ၊
အဘိဓမ္မပိဋကေ၊ ၌။ ဝိသေသေန၊ အဓိသီလ, အဓိစိတ္တသိက္ခာတို့မှ ထူးသောအားဖြင့်။ အဓိပညာသိက္ခာ၊ ကို။ ဝုတ္တာ၊ ပြီ။
စ၊ ကား၊ (သိက္ခာ၏ဝိတ္ထာရမှတစ်ပါး ပဟာန၏ဝိတ္ထာရကား၊) ဝိနယပိဋကေ၊ ၌။ ကိလေသာနံ၊ သံကိလေသာတို့၏၊ ဝါ-ကံကိလေသာတို့၏၊ ဟုကံအထမြောက်သော ကိလေသာတို့၏-ဟူလို၊ >“ဝီတိက္ကမပဟာနံ-ဝီတိက္ကမပဟာန်ကို၊ ဝါ-လွန်ကျူးမှုကိုပယ်ရှားကြောင်းတရားကို၊ (ဝုတ္တံ-ပြီ၊) (ကသ္မာ-ကြောင့်၊ ဝိညာယတိ-သိအပ်သနည်း၊) သီလဿ-ဝိနည်း၌ဟောတော်မူအပ်သောသီလ၏၊ ကိလေသာနံ-တို့၏၊ ဝီတိက္ကမပဋိပက္ခတ္တာ-လွန်ကျူးမှု၏ဆန့်ကျင်ဘက်၏အဖြစ်ကြောင့်၊ ဝိညာယတိ-၏၊”
သုတ္တန္တပိဋကေ၊ ၌၊ (ကိလေသာနံ-သံကိလေသတရားတို့၏၊) ပရိယုဋ္ဌာနပ္ပဟာနံ၊ ပရိယုဋ္ဌာနပဟာန်ကို၊ ဝါ-ကုသိုလ်အခွင့်အလမ်းကို ကုန်ခန်းစေ၍ထကြွမှုကို ပယ်ရှားကြောင်းတရားကို။ ဝုတ္တံ၊ ပြီ၊ (ကသ္မာ-ကြောင့်၊ ဝိညာယတိ-သိအပ်သနည်း၊) သမာဓိဿ၊ သုတ္တန်ဝယ် ဟောတော်မူအပ်သောသမာဓိ၏၊ (ကိလေသာနံ-တို့၏၊) ပရိယုဋ္ဌာနပ္ပဋိပက္ခတ္တာ၊ ပရိယုဋ္ဌာန၏ဆန့်ကျင်ဘက်၏အဖြစ်ကြောင့်။ ဝိညာယတိ၊
အဘိဓမ္မပိဋကေ၊ ၌၊ (ကိလေသာနံ-သံကိလေသတရားတို့၏၊) ဟုသုတ္တန်အဘိဓမ္မာ၌ ကိလေသာ ၁၀ ပါးလုံးကိုယူ၊ >“အနုသယပ္ပဟာနံ-ကို၊ ဝါ-အစဉ်မပြတ်ကိန်းဝပ်ခြင်းကို ပယ်ရှားကြောင်းတရားကို၊ ဝုတ္တံ-ပြီ၊ (ကသ္မာ ဝိညာယတိ၊) ပညာယ-အဘိဓမ္မာဝယ်ဟောတော်မူအပ်သောပညာ၏၊ (ကိလေသာနံ-တို့၏၊) အနုသယပ္ပဋိပက္ခတ္တာ-အနုသယ၏ဆန့်ကျင်ဘက်၏အဖြစ်ကြောင့်၊ ဝိညာယတိ-၏။”
စ၊ သည်သာမကသေး၊ ဟုပဟာန်နှင့်စပ်၍ ဆိုဖွယ်ကျန်သေး၏-ဟူလို၊ စသည် သမုစ္စယတ္ထဇောတက၊ >“ပဌမေ-ပဌမဖြစ်သော ဝိနည်းပိဋက၌၊ ကိလေသာနံ-ကိလေသာတို့ကို၊ တဒင်္ဂပ္ပဟာန-တဒင်္ဂပဟာန်ကို၊ ဝါ-ထိုထိုသုသီလျအစိတ်အပိုင်းဖြင့် ထိုထိုဒုဿီလျအစိတ်အပိုင်းကို ပယ်ရှားကြောင်းတရားကို၊ (ဝုတ္တံ-ပြီ၊)”
ဣတရေသု၊ ဝိနည်းမှတစ်ပါးသော သုတ္တန်အဘိဓမ္မာပိဋကတို့၌၊ (ကိလေသာနံ-တို့ကို၊) ဝိက္ခမ္ဘနသမုစ္ဆေဒပ္ပဟာနာနိ၊ ဝိက္ခမ္ဘနပဟာန်, သမုစ္ဆေဒပဟာန်တို့ကို၊ ဝါ-ပယ်ခွာခြင်းအားဖြင့် ပယ်ရှားကြောင်းတရား, အကြွင်းမဲ့ဖြတ်ခြင်းအားဖြင့် ပယ်ရှားကြောင်းတရားတို့ကို၊ (ဝုတ္တာနိ)၊
စ၊ သည်သာမကသေး။ ပဌမေ၊ ပဌမဖြစ်သော ဝိနည်းပိဋက၌။ ဒုစ္စရိတသံကိလေသဿ၊ ကာယဝစီဒုစရိုက်ဟူသော သံကိလေသကို။ ပဟာနံ၊ ပယ်ကြောင်းတရားကို၊ (ဝုတ္တံ)၊
ဣတရေသု၊ ဝိနည်းမှတစ်ပါးသော သုတ္တန်အဘိဓမ္မာပိဋကတို့၌။ တဏှာဒိဋ္ဌိသံကိလေသာနံ၊ တဏှာသံကိလေသ, ဒိဋ္ဌိသံကိလေသတို့ကို၊ (ပဟာနံဝုတ္တံ။)
စ၊ ကား၊ (ပဟာနမှတစ်ပါး ဂမ္ဘီရဘာဝကား-ဟူလို၊) ဧတ္ထ၊ ဤ ၃ ပုံသောပိဋကတို့တွင်။ ဧကမေကသ္မိံ၊ ၁ ပုံ ၁ ပုံသောပိဋက၌။ စတုဗ္ဗိဓောပိ၊ ၄ ပါးအပြားရှိသည်လည်းဖြစ်သော။ ဓမ္မတ္ထဒေသနာပဋိဝေဓဂမ္ဘီရဘာဝေါ၊ ဓမ္မ၏နက်နဲသည်၏အဖြစ်, အတ္ထ၏နက်နဲသည်၏အဖြစ်, ဒေသနာ၏နက်နဲသည်၏အဖြစ်, ပဋိဝေဓ၏နက်နဲသည်၏အဖြစ်ကို။ ဝေဒိတဗ္ဗော၊ ၏၊
တတ္ထ၊ ထိုဓမ္မအတ္ထဒေသနာပဋိဝေဓတို့တွင်။ ဓမ္မောတိ၊ ကား၊ ပါဠိ-ပါဠိတော်တည်း။ အတ္ထောတိ၊ ကား။ တဿာယေဝ၊ ထိုပါဠိတော်၏ပင်။ အတ္ထော၊ အနက်တည်း။ ဒေသနာတိ၊ ကား။ မနသာ၊ စိတ်တော်ဖြင့်။ ဝဝတ္ထပိတာယ၊ မဟောမီပိုင်းခြားမှတ်သားအပ်သော။ တဿာ ပါဠိယာ၊ ကို။ ဒေသနာ၊ နှုတ်မြွက်၍ဟောတော်မူခြင်းတည်း။ ပဋိဝေဓောတိ၊ ကား။ ပါဠိယာ၊ ပါဠိဓမ္မကိုလည်းကောင်း။ ပါဠိအတ္ထဿ စ၊ ပါဠိဓမ္မ၏အနက်ကိုလည်းကောင်း။ ယထာဘူတာဝဗောဓော၊ မဖောက်မပြန်ဟုတ်တိုင်းမှန်စွာ ထိုးထွင်း၍သိခြင်းတည်း၊ ဝါ-ထိုးထွင်း၍သိတတ်သောဉာဏ်တည်း၊ ဟုဓမ္မနှင့်ဒေသနာတို့ အရတူသောကြောင့် “ပါဠိယာ ပါဠိအတ္ထဿ” ဟုဓမ္မနှင့်အတ္ထကိုသာပြ၍ “ဒေသနာယ” ဟုမပြတော့၊
စ၊ ဆက်၊ (တစ်နည်း) စ၊ ကား၊ (ပဋိဝေဓမှတစ်ပါး ဂမ္ဘီရဘာဝကား၊) တီသုပိ၊ ၃ ပုံလည်းဖြစ်ကုန်သော။ ဧတေသု၊ ဤပိဋကတို့၌။ ဧတေ ဓမ္မတ္ထဒေသနာပဋိဝေဓာ၊ တို့သည်၊ (ဂမ္ဘီရာ၌စပ်၊) ယသ္မာ၊ ကြောင့်။ သသာဒီဟိ၊ ယုန်အစရှိသော သတ္တဝါကလေးတို့သည်။ မဟာသမုဒ္ဒေါ၊ သည်၊ ဝါ-ကို၊ (ဒုက္ခောဂါဟော ဝိယ စ-ခဲယဉ်းသဖြင့်သက်ဝင်အပ်သကဲ့သို့လည်းကောင်း၊ ဝါ-သက်ဝင်နိုင်ခဲသကဲ့သို့လည်းကောင်း၊ အလဘနေယျပ္ပတိဋ္ဌော ဝိယ စ-မရအပ်သော ထောက်တည်ရာရှိသကဲ့သို့လည်းကောင်း၊ ဝါ-ထောက်တည်ရာမရနိုင်သကဲ့သို့လည်းကောင်း၊ တထာ-တူ၊) မန္ဒဗုဒ္ဓီဟိ၊ နုံ့သောဉာဏ်ရှိသူတို့သည်၊ ဝါ-ပညာနုံ့သူလူပြိန်းတို့သည်။ ဒုက္ခောဂါဟာ စ၊ ခဲယဉ်းသဖြင့် သက်ဝင်အပ်ကုန်သည်လည်းကောင်း၊ ဝါ-သက်ဝင်နိုင်ခဲကုန်သည်လည်းကောင်း။ အလဘနေယျပ္ပတိဋ္ဌာ စ၊ မရအပ်သော ထောက်တည်ရာရှိကုန်သည်လည်းကောင်း၊ ဝါ-ထောက်တည်ရာကို မရနိုင်ကုန်သည်လည်းကောင်း၊ (ဟောန္တိ-ကုန်၏၊) တသ္မာ၊ ကြောင့်၊ (ထိုသို့မဟာသမုဒ္ဒရာဝယ် ယုန်သူငယ်အလား မန္ဒဗုဒ္ဓိတို့ ဒုက္ခောဂါဟ အလဘနေယျပ္ပတိဋ္ဌတို့၏ အဖြစ်ကြောင့်၊) ဂမ္ဘီရာ၊ နက်နဲခက်ခဲကုန်၏။ ဧဝံ၊ ဤသို့လျှင်။ ဧတ္ထ၊ ဤ ၃ ပုံသောပိဋကတို့တွင်။ ဧကမေကသ္မိံ၊ ၌။ စတုဗ္ဗိဓောပိ၊ သော။ ဂမ္ဘီရဘာဝေါ၊ ကို။ ဝေဒိတဗ္ဗော၊ ၏။ ဟုဧဝံစသည်ကား နိဂုံးဝါကျ။
အပရောနယော၊ တစ်နည်းကား၊ (တစ်နည်း) ပုဗ္ဗနယတော၊ ရှေ့နည်းမှ။ အပရော၊ တစ်ပါးသော။ နယော၊ နည်းကို။ မယာ၊ သည်။ ဝုစ္စတေ၊ ဆိုအပ်၏၊ ဝါ-ဆိုဦးအံ့။ ဓမ္မောတိ၊ ဓမ္မောဟူသည်ကား။ ဟေတု၊ အကြောင်းတည်း၊ (တစ်နည်း) ဟေတု၊ အကြောင်းသည်။ ဓမ္မောတိ၊ ဓမ္မမည်၏။ ဟိ၊ သာဓကကား။ ဟေတုမှိ ဉာဏံ ဓမ္မပ္ပဋိသမ္ဘိဒါတိ၊ ဟူသော။ ဧတံ (သုတ္တံ)၊ ဤပါဠိကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ၊ (တစ်နည်း) Kသ္မာ၊ ကြောင့်။ ဟေတု၊ သည်။ ဓမ္မောတိ၊ ဓမ္မမည်၏။ ဣတိ၊ သို့။ ဝိညာယတိ၊ သိအပ်သနည်း။ ဟိ ယသ္မာ၊ ကြောင့်။ ဟေတုမှိ ဉာဏံ ဓမ္မပဋိသမ္ဘိဒါတိ၊ ဟူသော။ ဧတံ (သုတ္တံ)၊ ဤပါဠိကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ။ တသ္မာ၊ ကြောင့်။ ဟေတု၊ သည်။ ဓမ္မောတိ၊ ဓမ္မမည်၏။ ဣတိ၊ သို့။ ဝိညာယတိ၊ ၏၊ ဟုနောက်၌လည်း ဤအတိုင်း ၂ နည်းပေးနိုင်သည်။ ဟေတုမှိ၊ အကြောင်း၌။ ဉာဏံ၊ သိတတ်သောဉာဏ်သည်။ ဓမ္မပဋိသမ္ဘိဒါ၊ ဒါမည်၏၊ ပဋိသမ္ဘိဒါဝိဘင်း၌လာသော ပါဠိတော်၊
အတ္ထောတိ၊ ကား။ ဟေတုဖလံ၊ အကြောင်း၏အကျိုးတည်း။ ဟိ၊ သာဓကကား။ ဟေတုဖလေ ဉာဏံ အတ္ထပဋိသမ္ဘိဒါတိ၊ ဒါဟူသော။ ဧတံ သုတ္တံ၊ ကို။ ဘဂဝတာ, ဝုတ္တံ။ ဟုဟေတုဖလေ-အကြောင်း၏အကျိုး၌၊ ဉာဏံ-သည်၊ အတ္ထပဋိသမ္ဘိဒါ-မည်၏။
ဒေသနာတိ၊ ကား။ ပညတ္တိ၊ ပရမတ္ထပညတ်တည်း၊ ဝါ-နာမပညတ်တည်း။ ယထာဓမ္မံ၊ အကြင်အကြင် အဝိဇ္ဇာအစရှိသော အကြောင်းသဘော, သင်္ခါရအစရှိသော အကျိုးသဘော၌၊ ဝါ-အဝိဇ္ဇာအစရှိ၊ ပေ၊ အကျိုးသဘောအားလျော်စွာ။ ဓမ္မာဘိလာပေါ၊ မဖောက်မပြန်မှန်ကန်စွာ အနက်သို့ရှေးရှုရွတ်ဆိုအပ်သော ပရမတ္ထသဒ္ဒတည်း။ ဣတိ အယံ၊ ဤဆိုအပ်ပြီးကား။ အဓိပ္ပာယော၊ မိမိ၏အလိုတည်း၊ ဝါ-တစ်နည်း။ အနုလောမပဋိလောမသင်္ခေပဝိတ္ထာရာဒိဝသေန၊ အနုလုံပဋိလုံ, အကျဉ်းအကျယ်အစရှိသည်တို့၏ အစွမ်းဖြင့်။ ကထနံ၊ ဟောကြောင်းဖြစ်သော စိတ္တုပ္ပာဒ်တော်သည်။ ဒေသနာ၊ ဒေသနာမည်၏။ ဟုဤဝါကျမျိုး ပါရာဇိကဏ်အဋ္ဌကထာ၌မပါ။
ပဋိဝေဓောတိ၊ ကား။ အဘိသမယော၊ အဘိသမယတည်း၊ ဟုနောက်၌ တရားကိုယ်အားဖြင့်အကျယ်လာမည်ဖြစ်၍ အကျဉ်းပေးလိုက်သည်။ သော စ၊ ထိုအဘိသမယသည်လည်း။ လောကိယလောကုတ္တရော၊ လောကီလောကုတ္တရာဖြစ်သော။ ဝိသယတော စ၊ အာရုံအားဖြင့်လည်းကောင်း။ အသမ္မောဟတော စ၊ မတွေဝေသောအားဖြင့်လည်းကောင်း။ အတ္ထာနုရူပံ၊ သင်္ခါရစသော အကျိုးတရားအားလျော်စွာ။ ဓမ္မေသု၊ အဝိဇ္ဇာစသော အကြောင်းတရားတို့၌လည်းကောင်း။ ဓမ္မာနုရူပံ၊ အဝိဇ္ဇာစသော အကြောင်းတရားအားလျော်စွာ။ အတ္ထေသု၊ သင်္ခါရစသော အကျိုးတရားတို့၌လည်းကောင်း။ ပညတ္တိပထာနုရူပံ၊ ဟောဖော်ပညတ်ခြင်း၏ အကြောင်းအားလျော်စွာ။ ပညတ္တီသု၊ ဒေသနာဟူသော သဒ္ဒပညတ်တို့၌လည်းကောင်း၊ ဝါ-ဒေသနာဟူသော နာမပညတ်တို့၌လည်းကောင်း။ အဝဗောဓော၊ ထိုးထွင်း၍သိတတ်သောဉာဏ်တည်း၊ ဝါ-ထိုးထွင်း၍သိကြောင်းဉာဏ်တည်း၊ ဝါ-တစ်နည်း။ တတ္ထတတ္ထ၊ ထိုထိုပိဋက၌။ တေသံတေသံ ဝုတ္တဓမ္မာနံ၊ ထိုထိုဟောတော်မူအပ်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဉ်, နိဗ္ဗာန်ဟူသော တရားတို့၏။ ပဋိဝိဇ္ဈိတဗ္ဗော၊ ထိုးထွင်း၍သိထိုက်သော။ သလက္ခဏသင်္ခါတော၊ မိမိမိမိတို့၏ ရုပ္ပန, ဝေဒိယနစသော လက္ခဏာဟုဆိုအပ်သော။ အဝိပရီတသဘာဝေါ၊ မဖောက်မပြန်ဟုတ်မှန်သော သဘောသည်၊ (ပဋိဝေဓော-ပဋိဝေဓမည်၏၊) ဟုဤဝါကျမျိုးလည်း ပါရာဇိကဏ်အဋ္ဌကထာ၌မပါ၊ “ပဋိဝိဇ္ဈီယတိ-ထိုးထွင်း၍သိအပ်၏၊ ဣတိပဋိဝေဓော” ဟုဝစနတ္ထပြုလျှင် ထိုထိုရုပ်အစရှိသည်တို့၏ ထိုးထွင်း၍သိအပ်သော သဘောရ၏။
ဣဒါနိ၊ ၌၊ (ဂမ္ဘီရဘာဝေါဝေဒိတဗ္ဗော၌စပ်၊) ယသ္မာ၊ ကြောင့်။ ဧတေသု ပိဋကေသု၊ တို့၌။ ယံယံ ဓမ္မဇာတံ ဝါ၊ အကြင်အကြင် အဝိဇ္ဇာစသော အကြောင်းအပြားသည်လည်းကောင်း၊ ဝါ-အကြင်အကြင် အဝိဇ္ဇာစသော ဖြစ်သမျှအကြောင်းသည်လည်းကောင်း။ ယံယံ အတ္ထဇာတံ ဝါ၊ အကြင်အကြင် သင်္ခါရစသော အကျိုးအပြားသည်လည်းကောင်း၊ ဝါ-အကြင်အကြင် သင်္ခါရစသော ဖြစ်သမျှအကျိုးသည်လည်းကောင်း။ ယထာယထာ၊ အကြင်အကြင် အပြားအားဖြင့်။ ဉာပေတဗ္ဗော၊ သိစေထိုက်သော၊ (သိစေလိုရင်းဖြစ်သော၊) အတ္ထော၊ အနက်သည်။ သောတူနံ၊ တရားနာပုဂ္ဂိုလ်တို့၏၊ ဝါ-စာသင်သားတို့၏။ ဉာဏဿ၊ ၏။ အဘိမုခေါ၊ ရှေးရှုသည်။ ဟောတိ၊ ၏။ တထာတထာ၊ ထိုထိုအပြားအားဖြင့်၊ (သောတုတို့ဉာဏ်၏ ရှေးရှုလောက်အောင်ဖြစ်သော ထိုထိုအပြားအားဖြင့်၊) တဒတ္ထဇောတိကာ၊ ထိုအနက်အဓိပ္ပာယ်ကို ထွန်းပြတတ်သော။ ယာ စ အယံ ဒေသနာ၊ အကြင်ဒေသနာလည်းကောင်း။ ဧတ္ထ၊ ဤပိဋကတို့တွင် ပါဝင်သော ဓမ္မအတ္ထဒေသနာတို့၌။ အဝိပရိတာဝဗောဓသင်္ခါတော၊ မဖောက်မပြန်ထိုးထွင်း၍ သိတတ်သောဉာဏ်ဟု ဆိုအပ်သော။ ယော စ ပဋိဝေဓော၊ ဓသည်လည်းကောင်း၊ ဝါ-တစ်နည်း၊ (ဧတ္ထ ဧတေသု ပိဋကေသု-ထိုပိဋကတို့၌၊) တေသံတေသံ ဓမ္မာနံ၊ ထိုထိုရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဉ်, နိဗ္ဗာန်ဟူသော တရားတို့၏။ ပဋိဝိဇ္ဈိတဗ္ဗော၊ သော။ သလက္ခဏသင်္ခါတော၊ သော။ ယော စ အဝိပရီတသဘာဝေါ၊ အကြင်မဖောက်မပြန် ဟုတ်မှန်သောသဘောသည်လည်းကောင်း၊ (အတ္ think-၏၊) ဧတံ သဗ္ဗံ၊ ဤအလုံးစုံသော ဓမ္မအတ္ထဒေသနာပဋိဝေဓအပေါင်းသည်၊ ဝါ-ကို။ အနုပစိတကုသလသမ္ဘာရေဟိ၊ မဆည်းပူးအပ်သော ကုသိုလ်အဆောက်အဦရှိကုန်သော။ ဒုပ္ပညေဟိ၊ ပညာမဲ့သူလူပြိန်းတို့သည်။ သသာဒီဟိ၊ တို့သည်။ မဟာသမုဒ္ဒေါ၊ သည်၊ ဝါ-ကို။ ဒုက္ခောဂါဟော ဝိယ စ၊ သို့လည်းကောင်း၊ ဝါ-လည်းကောင်း။ အလဘနေယျပ္ပတိဋ္ဌော ဝိယ စ၊ သို့လည်းကောင်း၊ ဝါ-လည်းကောင်း၊ (တထာ-တူ၊) ဒုက္ခောဂါဟံစ အလဘနေယျပ္ပတိဋ္ဌံစဟောတိ။ တသ္မာ၊ ကြောင့်၊ (မဟာသမုဒ္ဒရာဝယ် ယုန်သူငယ်တမျှ...
၁။ ဣဒါနိယသ္မာ။ ။ “ဣဒါနိယသ္မာ” ဟုအဋ္ဌကထာဋီကာစာအုပ်တို့၌ရှိ၏၊ ရှေးနည်းအတိုင်း “သဗ္ဗမ္ပေတံယသ္မာ” ဟုရှိလျှင်ကောင်း၏၊ ဧတံကို ဂမ္ဘီရံ၌ပဓာနအဖြစ်ဖြင့်စပ်၊ ဒုက္ခောဂါဟံ အလဘနေယျပ္ပတိဋ္ဌံတို့၌ အပဓာနအဖြစ်ဖြင့်စပ်။
ဒုပ္ပညပုဂ္ဂိုလ်တို့ဒုက္ခောဂါဟအလဘနေယျပ္ပတိဋ္ဌတို့၏အဖြစ်ကြောင့်၊ [?] ဂမ္ဘီရံ၊ ၏။ ဧဝမ္ပိ၊ ဤသို့လည်း၊ ဝါ-ဤနည်းအားဖြင့်လည်း။ ဧတ္ထ၊ ဤ ၃ ပုံသောပိဋကတို့တွင်၊ (ဧကမေကသ္မိံ၊ ၌၊) စတုဗ္ဗိဓောပိ၊ သော။ ဂမ္ဘီရဘာဝေါ၊ ကို။ ဝေဒိတဗ္ဗော၊ ၏။
စ၊ နိဂုံးကိုဆိုဦးအံ့၊ (တစ်နည်း) စ၊ ဆက်။ ဧတ္တာဝတာ၊ ဤမျှအတိုင်းအရှည်ရှိသောစကားအစဉ်ဖြင့်၊ [အဿတ္ထိတဒ္ဓိတ်၊ တတိယန္တပုဒ်၊] (တစ်နည်း) ဧတ္တာဝတာ၊ ''ဧတာနိ ဟိ တီဏိ ပိဋကာနိ'' အစ ''ဂမ္ဘီရဘာဝေါ ဝေဒိတဗ္ဗော'' အဆုံးရှိသောဤစကားအပိုင်းအခြားဖြင့်၊ [?] ပရိစ္ဆေဒတ္ထဝါစကနိပါတ်၊ 'ဒေသနာသာသနကထာ၊ ပေ၊ ပရိဒီပယေ။ ဣတိ၊ ပရိဒီပယေဟူသော။ အယံ ဂါထာ၊ သည်။ ဝုတ္တတ္ထာ၊ ဖွင့်ဆိုအပ်ပြီးသောအနက်ရှိသည်၊ ဟောတိ။ ဝုတ္တော အတ္ထော ဧတိဿာတိ ဝုတ္တတ္ထာ (ဂါထာ)။'
ပန၊ ကား၊ (ပဌမဂါထာ၏ပရိဒီပနာမှတစ်ပါးဒုတိယဂါထာ၏ဝိဘာဝနာကိုဆိုဦးအံ့၊) ပရိယတ္တိဘေဒံ သမ္ပတ္တိံ၊ ပေ၊ တမ္ပိ သဗ္ဗံ ဝိဘာဝယေ။ ဣတိ၊ ဝိဘာဝယေဟူသော။ ဧတ္ထ၊ ဤဂါထာ၌၊ (ဝိဘာဝနာ၊ ထင်စွာပြခြင်းကို၊ ဧဝံ-ဤဆိုအပ်လတ္တံ့သောနည်းဖြင့်။ ဝေဒိတဗ္ဗာ၊ ၏၊) တီသု၊ ကုန်သော။ ပိဋကေသု၊ တို့တွင်၊ (ဧကမေကသ္မိံ၊ ၌၊) တိဝိဓော၊ ၃ ပါးအပြားရှိသော။ ပရိယတ္တိဘေဒေါ၊ သင်ယူပုံအထူးအပြားကို၊ ဝါ-သင်ယူအပ်သောပါဠိအထူးအပြားကို။ ဒဋ္ဌဗ္ဗော၊ မှတ်ထိုက်၏။ ဟိ၊ ချဲ့။ ပရိယတ္တိယော၊ သင်ယူခြင်းတို့သည်၊ ဝါ-သင်ယူအပ်သောပါဠိတို့သည်။ အလဂဒ္ဒူပမာ၊ အလဂဒ္ဒူပမာပရိယတ်လည်းကောင်း။ နိဿရဏတ္ထာ၊ နိဿရဏတ္ထာပရိယတ်လည်းကောင်း။ ဘဏ္ဍာဂါရိကပရိယတ္တိ၊ ဘဏ္ဍာဂါရိကပရိယတ္တိလည်းကောင်း။ ဣတိ၊ သို့။ တိဿော၊ ၃ မျိုးတို့တည်း၊
တတ္ထ၊ ထို ၃ မျိုးသောပရိယတ်တို့တွင်။ ယာ၊ အကြင်ပရိယတ်ကို၊ ဝါ-အကြင်ပါဠိကို။ ဒုဂ္ဂဟိတာ၊ မကောင်းသဖြင့်သင်ယူအပ်ပြီ။ ဥပါရမ္ဘာဒိဟေတု၊ ဥပါရမ္ဘအစရှိသောအကြောင်းကြောင့်။ ပရိယာပုဋာ၊ သင်ယူအပ်ပြီ။ အယံ၊ ဤပရိယတ်သည်၊ ဝါ-ဤသင်ယူအပ်သောပါဠိသည်။ အလဂဒ္ဒူပမာ၊ အလဂဒ္ဒူပမာပရိယတ်မည်၏၊ ဝါ-မြွေဖမ်းခြင်းဥပမာရှိသောသင်ယူခြင်းမည်၏။ ယံ၊ ယင်းမကောင်းသဖြင့်သင်ယူခြင်းကို။ သန္ဓာယ၊ ရည်ရွယ်တော်မူ၍။ ဘဂဝတာ၊ သည်၊ သေယျထာပိ၊ ပေ၊ ဓမ္မာနန္တိ-ဓမ္မာနံဟူသော၊ (ဧတံ သုတ္တံ၊ ဤအလဂဒ္ဒသုတ်ကို၊) ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ -မဇ္ဈိမပဏ္ဏာသ။'
ဘိက္ခဝေ၊ တို့။ သေယျထာပိ၊ ဤသို့ရံခါဖြစ်တန်ရာသောဥပမာမည်သည်ကား။ အလဂတ္ထိကော၊ မြွေဆိုးကိုအလိုရှိသော၊ ဝါ-မြွေဆိုးဖြင့်အလိုရှိသော၊ 'အာသိဝိသတ္ထိကော၊ -ဝိနည်းဋီကာ၊' အလဂဒ္ဒဂဝေသီ၊ မြွေဆိုးကိုရှာလေ့ရှိသော၊ [?] ပုရိသော၊ သည်။ အလဂဒ္ဒပရိယေသနံ၊ မြွေဆိုးကိုရှာမှီးခြင်းငှာ။ စရမာနော၊ လှည့်လည်သည်၊ (အဿ၊ ရာ၏၊) 'ပရိကပ္ပောပမာဖြစ်၍ ''အဿ'' ဟုပရိကပ္ပကြိယာထည့်သည်၊' သော၊ ထိုယောက်ျားသည်။ မဟန္တံ၊ ကြီးစွာသော။ အလဂဒ္ဒံ၊ မြွေဆိုးကို။ ပဿေယျ၊ တွေ့ရာ၏၊
တမေနံ၊ ထိုမြွေဆိုးကို၊ ဝါ-၏။ ဘောဂေ ဝါ၊ ကိုယ်၌သော်လည်းကောင်း၊ ဝါ-ကိုယ်ကိုသော်လည်းကောင်း။ နင်္ဂုဋ္ဌေ ဝါ၊ အမြီး၌သော်လည်းကောင်း၊ ဝါ-ကိုသော်လည်းကောင်း။ ဂဏှေယျ၊ ဖမ်းကိုင်ရာ၏၊ 'ဘောဂေတိ သရီရေ၊' တဿ၊ ထိုမြွေဖမ်းသမားယောက်ျား၏။ သော အလဂဒ္ဒေါ၊ သည်။ ပရိဝတ္တိတွာ၊ ပြန်လည်၍။ ဟတ္ထေ ဝါ၊ လက်၌သော်လည်းကောင်း။ ဗာဟာယ ဝါ၊ လက်မောင်း၌သော်လည်းကောင်း။ အညတရသ္မိံ၊ အမှတ်မထားတစ်ပါးပါးသော။ အင်္ဂပစ္စင်္ဂေ ဝါ၊ အင်္ဂါကြီးငယ်၌သော်လည်းကောင်း၊ 'ဟတ္ထဗာဟမှကြွင်းသမျှကို ''အညတရအင်္ဂပစ္စင်္ဂ'' ဟုဆိုသည်၊' ဍံသေယျ၊ ကိုက်ရာ၏၊ 'အလဂဒ္ဒေါ-မြွေဟောက်'' ဟုပေးကြ၏၊ မြွေဟောက်သည်ပြန်၍မကိုက်နိုင်သောကြောင့်စဉ်းစားပါ၊'
သော၊ ထိုမြွေဖမ်းသမားယောက်ျားသည်။ တတောနိဒါနံ၊ ထိုမြွေကိုက်ခြင်းဟူသောအကြောင်းရှိသော။ မရဏံ ဝါ၊ သေခြင်းသို့သော်လည်းကောင်း။ မရဏမတ္တံ၊ သေခြင်းဟူသောအတိုင်းအရှည်ရှိသော၊ ဝါ-သေလုမတ္တဖြစ်သော။ ဒုက္ခံ ဝါ၊ ဆင်းရဲသို့သော်လည်းကောင်း။ နိဂစ္ဆေယျ၊ ရောက်ရာ၏။ တံ၊ ထိုသို့မြွေကိုက်ခံရခြင်း၊ မရဏ၊ မရဏမတ္တဒုက္ခသို့ရောက်ရခြင်းသည်။ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်နည်း။ ဘိက္ခဝေ၊ တို့။ အလဂဒ္ဒဿ၊ ၏၊ ဝါ-ကို။ ဒုဂ္ဂဟိတတ္တာ၊ မကောင်းသဖြင့်ဖမ်းယူအပ်သည်၏အဖြစ်ကြောင့်တည်း၊ ဝါ-အဖမ်းမတတ်သည်၏အဖြစ်ကြောင့်တည်း။
ဘိက္ခဝေ၊ တို့။ ဧဝမေဝ ခေါ၊ ဤအတူသာလျှင်။ ဣဓ၊ ဤသာသနာတော်၌။ ဧကစ္စေ၊ အချို့ကုန်သော။ မောဃပုရိသာ၊ အချည်းနှီးယောက်ျားတို့သည်၊ ဝါ-အလကားယောက်ျားတို့သည်။ ဓမ္မံ၊ ပါဠိကို၊ 'ဓမ္မန္တိ ပါဠိဓမ္မံ၊ ပါဠိဓမ္မသရုပ်ကိုသုတ္တဂေယျစသောအင်္ဂါ ၉ ပါးထုတ်ပြသည်၊' ပရိယာပုဏန္တိ၊ သင်အံလေ့ကျက်ဆောင်ရွက်ကြကုန်၏။ သုတ္တံ၊ သုတ်ကိုလည်းကောင်း၊ ပေ။ ဝေဒလ္လံ၊ ကိုလည်းကောင်း။ ပရိယာပုဏန္တိ၊ ကုန်၏၊
တေ၊ ထိုမောဃပုရိသတို့သည်။ တံ ဓမ္မံ၊ ထိုပါဠိကို။ ပရိယာပုဏိတွာ၊ သင်ယူပြီး၍။ တေသံ ဓမ္မာနံ၊ ထိုပါဠိတို့၏။ ပညာယ၊ ဖြင့်။ အတ္ထံ၊ အနက်အဓိပ္ပာယ်ကို၊ ဝါ-အကျိုးကို၊ 'ယထာဘူတံ ဘာသိတတ္ထဉ္စ၊ ပယောဇနတ္ထဉ္စ၊' န ဥပပရိက္ခန္တိ၊ မစူးစမ်းမစိစစ်ကြကုန်။ တေသံ၊ ထိုမောဃပုရိသတို့၏၊ ဝါ-တို့သည်။ တေ ဓမ္မာ၊ တို့သည်။ ပညာယ၊ ဖြင့်။ အတ္ထံ၊ ကို၊ ဝါ-ကို။ အနုပပရိက္ခတံ၊ မစူးစမ်းမစိစစ်ကုန်လသော်၊ (ဂစ္ဆတံကဲ့သို့ နံဝိဘတ်၊) ဝါ-ကုန်သော။ တေသံ၊ တို့၏။ တေ ဓမ္မာ၊ တို့သည်။ နိဇ္ဈာနံ၊ အကြွင်းမဲ့ရှုဆင်ခြင်တတ်သောဉာဏ်ကို။ န ခမန္တိ၊ မခံ့ကုန်၊
တေ၊ ထိုမောဃပုရိသတို့သည်။ ဥပါရမ္ဘာနိသံသာ စေဝ၊ ဥပါရမ္ဘအကျိုးရှိကုန်သည်လည်းကောင်း၊ (သူတစ်ပါးတို့ဝါဒ၌ကပ်၍နှိပ်စက်ဖျက်ဆီးနိုင်ခြင်းအကျိုးရှိကုန်သည်လည်းကောင်း၊) ဣတိ၊ ဤသင်ယူအပ်သောပါဠိဖြင့်။ ဝါဒပမောက္ခာနိသံသာ စ၊ သူတစ်ပါးတို့တင်အပ်သောအပြစ်၏လွတ်ခြင်းအကျိုးရှိကုန်သည်လည်းကောင်း၊ (တစ်နည်း) ဣတိဝါဒပ္ပမောက္ခာနိသံသာ စ၊ သူတစ်ပါးတို့တင်အပ်သောထိုထိုအပြစ်၏လွတ်ခြင်းအကျိုးရှိကုန်သည်လည်းကောင်း၊ (ဟုတွာ-၍၊) ဓမ္မံ၊ ကို။ ပရိယာပုဏန္တိ၊ ကုန်၏။
စ၊ ဆက်ဦးအံ့။ ယဿ၊ အကြင်သီလစသည်ကိုဖြည့်ကျင့်ခြင်း၏၊ ဝါ-အကြင်မဂ်ဖိုလ်နိဗ္ဗာန်၏။ အတ္ထာယ၊ အကျိုးငှာ၊ (ကုလပုတ္တာ၊ တို့သည်၊) ဓမ္မံ၊ ကို။ ပရိယာပုဏန္တိ၊ ကုန်၏။ အဿ၊ ထိုပါဠိဓမ္မ၏။ တဉ္စ အတ္ထံ၊ ထိုသီလာဒိပရိပူရဏအကျိုးကိုလည်း၊ ဝါ-ထိုမဂ်ဖိုလ်နိဗ္ဗာန်အကျိုးကိုလည်း၊ (ဧတေ ဒုဂ္ဂဟိတဂ္ဂါဟိနော၊ ဤမကောင်းသဖြင့်သင်ယူအပ်သည်မည်လောက်အောင်သင်ယူကြကုန်သောမောဃပုရိသတို့သည်၊) နာနုဘောန္တိ၊ မခံစားကြရကုန်၊
(တစ်နည်း) စ၊ ဆက်။ ယဿ၊ အကြင်ဥပါရမ္ဘ၊ ဣတိဝါဒပ္ပမောက္ခ၏။ အတ္ထာယ၊ ငှာ။ ဓမ္မံ၊ ကို။ ပရိယာပုဏန္တိ။ အဿ၊ ၏။ တဉ္စ အတ္ထံ၊ ထိုဥပါရမ္ဘ၊ ဣတိဝါဒပ္ပမောက္ခအကျိုးမျှကိုလည်း၊ (ဧတေ ဒုဂ္ဂဟိတဂ္ဂါဟိနော၊ တို့သည်၊) နာနုဘောန္တိ၊ ကုန်။ တေသံ၊ ထိုမောဃပုရိသတို့၏၊ ဝါ-တို့သည်။ ဒုဂ္ဂဟိတာ၊ မကောင်းသဖြင့်သင်ယူအပ်ကုန်သော။ တေ ဓမ္မာ၊ တို့သည်။ ဒီဃရတ္တံ၊ ရှည်စွာသောညဉ့်ပတ်လုံး။ အဟိတာယ၊ စီးပွားမဲ့အလို့ငှာ။ ဒုက္ခာယ၊ ဆင်းရဲခြင်းငှာ။ သံဝတ္တန္တိ၊ ကုန်၏၊
တံ၊ ထိုသို့ဖြစ်ရခြင်းသည်၊ (ဝါ-ထိုဆိုအပ်ပြီးသောအကျိုးကိုမပြီးစေနိုင်ခြင်း၊ အဟိတဒုက္ခအကျိုးငှာဖြစ်ရခြင်းသည်၊) ကိဿ ဟေတု၊ နည်း၊ 'တန္တိ ယထာဝုတ္တဿ အတ္ထဿ (သီလာဒိပရိပူရဏအကျိုးကို၊ တစ်နည်း-ဥပါရမ္ဘာဒိအကျိုးကို၊) အနဘိသမ္ဘုဏနံ၊ တေသဉ္စ ဓမ္မာနံ အဟိတာယ ဒုက္ခာယ သံဝတ္တနံ ပရာမသတိ၊' ဘိက္ခဝေ၊ တို့။ ဓမ္မာနံ၊ ပါဠိတို့၏၊ ဝါ-တို့ကို။ ဒုဂ္ဂဟိတတ္တာ၊ မကောင်းသဖြင့်သင်ယူအပ်ကုန်သည်၏အဖြစ်ကြောင့်တည်း။
ပန၊ ကား၊ (အလဂဒ္ဒူပမာပရိယတ္တိမှတစ်ပါးနိဿရဏတ္ထာပရိယတ္တိကား၊) ယာ၊ အကြင်ပရိယတ်ကို။ သုဂ္ဂဟိတာ၊ ကောင်းစွာသင်ယူအပ်ပြီ။ သီလက္ခန္ဓာဒိပါရိပူရိံ ယေဝ၊ သီလက္ခန္ဓအစရှိသောဂုဏ်ကျေးဇူး၏ပြည့်စုံခြင်းကိုသာလျှင်။ အာကင်္ခမာနေန၊ လိုလားတောင့်တသည်၊ (ဟုတွာ၊) ပရိယာပုဋာ၊ သင်ယူအပ်ပြီ။ ဥပါရမ္ဘာဒိဟေတု၊ ဥပါရမ္ဘအစရှိသောအကြောင်းကြောင့်။ န ပရိယာပုဋာ၊ သင်ယူအပ်သည်မဟုတ်။ အယံ၊ ဤပရိယတ်သည်။ နိဿရဏတ္ထာ၊ နိဿရဏတ္ထာပရိယတ်မည်၏၊ ဝါ-သံသရာဝဋ်၊ ဘဝညွတ်မှ၊ လွတ်မြောက်ခြင်းအကျိုးရှိသောသင်ယူခြင်းမည်၏၊
ယံ၊ ယင်းကောင်းစွာသင်ယူခြင်းကို။ သန္ဓာယ၊ ၍၊ တေသံ တေ ဓမ္မာ၊ ပေ၊ ဓမ္မာနန္တိ-ဟူသော။ ဧတံ သုတ္တံ၊ ဤပါဠိကို။ ဘဂဝတာ၊ သည်။ ဝုတ္တံ၊ ပြီ၊ 'တေသံ-ထိုအမျိုးကောင်းသားတို့၏၊ ဝါ-တို့သည်။ သုဂ္ဂဟိတာ၊ ကုန်သော။ တေ ဓမ္မာ၊ တို့သည်။ ဒီဃရတ္တံ၊ လုံး။ ဟိတာယ၊ ငှာ။ သုခါယ၊ ငှာ။ သံဝတ္တန္တိ၊ ကုန်၏။ တံ၊ ထိုသို့ဖြစ်ရခြင်းသည်၊ (ထိုသို့ကောင်းကျိုးရ၍ ဟိတသုခအကျိုးငှာဖြစ်ရခြင်းသည်၊) ကိဿ ဟေတု၊ နည်း။ ဘိက္ခဝေ၊ တို့။ ဓမ္မာနံ၊ တို့၏၊ ဝါ-တို့ကို။ သုဂ္ဂဟိတတ္တာ၊ ကောင်းစွာသင်ယူအပ်ကုန်သည်၏အဖြစ်ကြောင့်တည်း။'
ပန၊ ကား၊ (နိဿရဏတ္ထာပရိယတ္တိမှတစ်ပါးဘဏ္ဍာဂါရိကပရိယတ္တိကား၊) ယံ၊ အကြင်ပရိယတ်ကို။ ပရိညာတက္ခန္modifyဓော [?] -> ပရိညာတက္ခန္ဓော၊ ပိုင်းခြား၍သိအပ်ပြီးသောဒုက္ခသစ္စာခန္ဓာရှိသော၊ ဒုက္ခသစ္စာခန္ဓာကိုပိုင်းခြား၍သိပြီးသော။ ပဟီနကိလေသော၊ ပယ်အပ်ပြီးသောသမုဒယသစ္စာကိလေသာရှိသော၊ ဝါ-သမုဒယသစ္စာကိလေသာကိုပယ်ပြီးသော။ ဘာဝိတမဂ္ဂေါ၊ မိမိသန္တာန်၌ဖြစ်စေအပ်ပြီးသောမဂ္ဂသစ္စာရှိသော၊ ဝါ-မဂ္ဂသစ္စာကိုပွားစေပြီးသော။ ပဋိဝိဒ္ဓါကုပ္ပော၊ ထိုးထွင်း၍သိအပ်ပြီးသောအရဟတ္တဖိုလ်ရှိသော၊ ဝါ-အရဟတ္တဖိုလ်ကိုထိုးထွင်း၍သိပြီးသော။ သစ္ဆိကတနိရောဓော၊ မျက်မှောက်ပြုအပ်ပြီးသောနိရောဓသစ္စာရှိသော၊ ဝါ-နိရောဓသစ္စာကိုမျက်မှောက်ပြုပြီးသော။ ခီဏာသဝေါ၊ ရဟန္တာပုဂ္ဂိုလ်သည်။ ကေဝလံ၊ ဥပါရမ္ဘစသည်မဖက်သက်သက်။ ပဝေဏိပါလနတ္ထာယ၊ တရားတော်၏အစဉ်အဆက်ကိုစောင့်ရှောက်ခြင်းအကျိုးငှာ။ ဝံသာနုရက္ခဏတ္ထာယ၊ မြတ်စွာဘုရား၏အနွယ်တော်ကိုစောင့်ရှောက်ခြင်းအကျိုးငှာ။ ပရိယာပုဏာတိ၊ သင်ယူ၏။ အယံ၊ ဤပရိယတ်သည်။ ဘဏ္ဍာဂါရိကပရိယတ္တိ၊ ဘဏ္ဍာဂါရိကပရိယတ်မည်၏၊ ဝါ-ဘဏ္ဍာတိုက်စိုးနှင့်တူသောရဟန္တာပုဂ္ဂိုလ်၏သင်ယူအပ်သောပါဠိမည်၏။ ဣတိ၊ ပရိယတ္တိဘေဒအပြီးတည်း။
ပန၊ ကား၊ (ပရိယတ္တိဘေဒံဟူသောသင်္ခေပ၏ဝိတ္ထာရမှတစ်ပါးသမ္ပတ္တိံဟူသောသင်္ခေပ၏ဝိတ္ထာရကား၊) ဝိနယေ၊ ဝိနည်းပိဋက၌။ သုပ္ပဋိပန္နော၊ ကောင်းစွာကျင့်သော။ ဘိက္ခု၊ သည်။ သီလသမ္ပတ္တိံ (သီလသမ္ပဒံ)၊ သီလ၏ပြည့်စုံခြင်းကို။ နိဿာယ၊ မှီ၍၊ (ပကတူပနိဿယပြု၍၊) တိဿော၊ ကုန်သော။ ဝိဇ္ဇာ၊ ဝိဇ္ဇာတို့သို့။ ပါပုဏာတိ၊ ၏၊ (ကသ္မာ၊ ကြောင့်။ ဝိညာယတိ၊ နည်း၊) တတ္ထ၊ ထိုဝိနည်းပိဋက၌။ တာသံယေဝ စ၊ ထို ၃ ပါးသောဝိဇ္ဇာတို့ကိုသာလျှင်လည်း။ ပဘေဒဝစနတော၊ အပြားအားဖြင့်ဟောတော်မူခြင်းကြောင့်၊ (ဝိညာယတိ၊ ၏၊)
သုတ္တေ၊ ၌။ သုပ္ပဋိပန္နော၊ သော၊ (ဘိက္ခု၊ သည်၊) သမာဓိသမ္ပဒံ၊ သမာဓိ၏ပြည့်စုံခြင်းကို။ နိဿာယ၊ ၍။ ဆ၊ ကုန်သော။ အဘိညာ၊ အဘိညာဉ်တို့သို့။ ပါပုဏာတိ၊ ၏၊ (ကသ္မာ ဝိညာယတိ၊ နည်း၊) တတ္ထ၊ ထိုသုတ္တန်ပိဋက၌။ တေသံယေဝ စ၊ ထို ၆ ပါးသောအဘိညာဉ်တို့ကိုသာလျှင်။ ပဘေဒဝစနတော၊ ကြောင့်၊ (ဝိညာယတိ၊ ၏၊)
အဘိဓမ္မေ၊ ၌။ သုပ္ပဋိပန္နော၊ သော၊ (ဘိက္ခု၊ သည်၊) ပညာသမ္ပဒံ၊ ပညာ၏ပြည့်စုံခြင်းကို။ နိဿာယ၊ မှီ၍။ စတဿော၊ ကုန်သော။ ပဋိသမ္ဘိဒါ၊ ဒါတို့သို့။ ပါပုဏာတိ၊ ၏၊ (ကသ္မာ ဝိညာယတိ၊ နည်း၊) တာသဉ္စ၊ ထို ၄ ပါးသောပဋိသမ္ဘိဒါတို့ကိုလည်း။ တတ္ထေဝ၊ ထိုအဘိဓမ္မာပိဋက၌သာ။ ပဘေဒဝစနတော၊ ကြောင့်၊ (ဝိညာယတိ၊ ၏၊) ဧဝံ၊ လျှင်။ ဧတေသု၊ ဤ ၃ ပုံသောပိဋကတို့၌။ သုပ္ပဋိပန္နော၊ သော၊ (ဘိက္ခု၊ သည်၊) ယထာက္ကမေန၊ အကြင်အကြင်အစဉ်အားဖြင့်၊ ဝိဇ္ဇတ္တယ၊ ပေ၊ ဘေဒံ-ဝိဇ္ဇာ ၃ ပါးအပေါင်း၊ ၆ ပါးသောအဘိညာဉ်၊ ၄ ပါးသောပဋိသမ္ဘိဒါအပြားရှိသော။ ဣမံ သမ္ပတ္တိံ၊ ဤပြည့်စုံခြင်းသို့။ ပါပုဏာတိ၊ ၏။ 'ဧဝံစသည်ကားနိဂုံး။'
ပန၊ ကား၊ (သမ္ပတ္တိံဟူသောသင်္ခေပ၏ဝိတ္ထာရမှတစ်ပါးဝိပတ္တိံဟူသောသင်္ခေပ၏ဝိတ္ထာရကား၊) ဝိနယေ၊ ၌။ ဒုပ္ပဋိပန္နော၊ မကောင်းသဖြင့်ကျင့်သော၊ (ဘိက္ခု၊ သည်၊) အနုညာတ၊ ပေ၊ သာမညတော-ခွင့်ပြုတော်မူအပ်သောကောင်းသောအတွေ့ရှိသောအခင်းအခြုံအစရှိသည်တို့၏အတွေ့နှင့်တူကုန်သည်၏အဖြစ်ကြောင့်။ ပဋိက္ခိတ္တေသု၊ ပယ်မြစ်တော်မူအပ်ပြီးကုန်သော။ ဥပါဒိန္နကဖဿာဒီသု၊ ဥပါဒိန္နကဖြစ်သောမာတုဂါမ၏အတွေ့အစရှိသည်တို့၌။ အနဝဇ္ဇသညီ၊ အပြစ်မရှိဟုအမှတ်ရှိသည်၊ ဟောတိ-၏၊
ဟိ၊ သာဓကကား၊ တထာဟံ ဘဂဝတာ၊ ပေ၊ အန္တရာယာယာတိ-ဟူသော။ ဧတံ (ဝစနံ)၊ ဤစကားကို၊ (အရိဋ္ဌေနာပိ၊ အရိဋ္ဌရဟန်းသည်လည်း၊) ဝုတ္တံ၊ ဆိုအပ်ပြီ၊ 'ယေမေ (ယေ + ဣမေ) ဓမ္မာ-အကြင်မေထုန်အကျင့်တို့ကို။ အန္တရာယိကာ၊ သဂ္ဂမောက္ခ၏အန္တရာယ်၌ယှဉ်ကုန်၏ဟူ၍။ ဘဂဝတာ၊ သည်။ ဝုတ္တာ၊ ကုန်ပြီ။ တေ ဓမ္မေ၊ ထိုမေထုန်အကျင့်တို့ကို။ ပဋိသေဝတော၊ မှီဝဲသောရဟန်း၏၊ (တေ ဓမ္မာ၊ တို့သည်၊) ယထာ၊ အကြင်အပြားအားဖြင့်။ အန္တရာယာယ၊ သဂ္ဂမောက္ခ၏အန္တရာယ်အကျိုးငှာ။ နာလံ၊ မစွမ်းနိုင်ကုန်။ တထာ၊ ထိုအပြားအားဖြင့်။ အဟံ၊ သည်။ ဘဂဝတာ၊ သည်။ ဒေသိတံ၊ ဟောတော်မူအပ်သော။ ဓမ္မံ၊ တရားကို။ အာဇာနာမိ၊ သိ၏၊' တတော၊ ထိုသို့အပြစ်မရှိဟုမှတ်ထင်ခြင်းရှိသည်၏အဖြစ်ကြောင့်၊ (ဝီတိက္ကမိတွာ၊ လွန်ကျူး၍၊) ဒုဿီလဘာဝံ၊ ဒုဿီလ၏အဖြစ်သို့။ ပါပုဏာတိ၊ ၏။
သုတ္တေ-၌။ ဒုပ္ပဋိပန္နော၊ သော၊ (ဘိက္ခု-သည်၊) ဘိက္ခဝေ၊ တို့။ စတ္တာရော၊ ၄ ယောက်ကုန်သော။ ဣမေ ပုဂ္ဂလာ၊ တို့သည်။ သန္တော သံဝိဇ္ဇမာနာ၊ ထင်ရှားရှိကုန်၏။ ဣတိအာဒီသု၊ ဤသို့အစရှိသောပါဠိရပ်တို့၌။ အဓိပ္ပာယံ၊ ဘုရားရှင်၏အလိုတော်ကို။ အဇာနန္တော၊ မသိသည်၊ (ဟုတွာ-၍၊ ဝါ-ဖြစ်ခြင်းကြောင့်၊) ဒုဂ္ဂဟိတံ၊ မကောင်းသဖြင့်ယူအပ်သည်မည်လောက်အောင်၊ (မှားမှားယွင်းယွင်း၊) ဂဏှာတိ၊ ၏။ ယံ၊ ယင်းမကောင်းသဖြင့်ယူအပ်သည်မည်လောက်အောင်ယူခြင်းကို။ သန္ဓာယ၊ ၍။ အတ္တနာ၊ ပေ။ ပသဝတီတိ၊ ဟူသော၊ (ဧတံသုတ္တံ-ကို၊ ဘဂဝတာ-သည်၊) ဝုတ္တံ၊ ပြီ။ အတ္တနာ၊ မိမိသည်။ ဒုဂ္ဂဟိတေန၊ မကောင်းသဖြင့်ယူအပ်သောသဘောဖြင့်၊
(တစ်နည်း) အတ္တနာ၊ ၏။ ဒုဂ္ဂဟိတေန၊ မကောင်းသဖြင့်ယူခြင်းဖြင့်။ အမှေစေဝ၊ ငါဘုရားတို့ကိုလည်းကောင်း။ အဗ္ဘာစိက္ခတိ၊ စွပ်စွဲ၏။ အတ္တာနဥ္စ၊ မိမိကိုလည်းကောင်း၊ (မိမိ၏ကုသိုလ်အမြစ်အရင်းကိုလည်းကောင်း၊) ခနတိ၊ တူးဖျက်၏။ ဗဟုံစ၊ များစွာလည်းကောင်း။ အပုညံ၊ မကောင်းမှုကို။ ပသဝတိ၊ ဖြစ်စေ၏။ တတော၊ ထိုသို့မကောင်းသဖြင့်ယူအပ်သည်မည်လောက်အောင်ယူခြင်းကြောင့်။ မိစ္ဆာဒိဋ္ဌိတံ၊ မိစ္ဆာဒိဋ္ဌိ၏အဖြစ်သို့။ ပါပုဏာတိ၊ ၏။
အဘိဓမ္မေ-၌။ ဒုပ္ပဋိပန္နော၊ သော၊ (ဘိက္ခု-သည်၊) ဓမ္မစိန္တံ၊ သဘာဝဓမ္မကိုစဉ်းစားကြံစည်ခြင်းကို။ အတိဓာဝန္တော၊ လွန်၍ပြေးသွားသည်၊ (ဟုတွာ-၍၊) အစိန္တေယျာနိပိ၊ မကြံအပ်မကြံထိုက်သောအကြောင်းအရာတို့ကိုလည်းကောင်း။ စိန္တေတိ၊ ကြံမိ၏။ တတော၊ ထိုသို့ကြံမိခြင်းကြောင့်။ စိတ္တက္ခေပံ၊ စိတ်၏ပျံ့လွင့်ခြင်းသို့၊ ဝါ-စိတ်ကတောက်ကတက်သို့။ ပါပုဏာတိ၊ ၏။ ဟိ၊ သာဓကကား။ စတ္တာရိမာနိ ဘိက္ခဝေ၊ ပေ။ အဿာတိ၊ ဟူသော။ ဧတံသုတ္တံ၊ ကို၊ (ဘဂဝတာ-သည်၊) ဝုတ္တံ၊ ပြီ၊
ဘိက္ခဝေ၊ တို့။ အစိန္တေယျာနိ၊ မကြံအပ်မကြံထိုက်ကုန်သော။ စတ္တာရိ၊ ကုန်သော။ ဣမာနိ၊ ဤအကြောင်းအရာတို့ကို။ န စိန္တေတဗ္ဗာနိ၊ မကြံသင့်မကြံထိုက်ကုန်။ ယာနိ၊ ယင်းမကြံအပ်မကြံထိုက်သောအကြောင်းအရာတို့ကို။ စိန္တေန္တော၊ ကြံသူသည်။ ဥမ္မာဒဿ၊ ရူးသွပ်ခြင်း၏။ ဝိဃာတဿ၊ (မရူးသော်လည်း) စိတ်ပင်ပန်းခြင်း၏။ ဘာဂီ၊ အဖို့ရှိသည်။ အဿ၊ ဖြစ်ရာ၏၊ ရူးဖို့ရှိ၊ စိတ်ပင်ပန်းဖို့ရှိသည်-ဟူလို၊ စတုက္ကင်္ဂုတ္တရ၊ အပဏ္ဏကဝဂ်။ ယာနိ စိန္တေန္တောတိ၊ ယာနိ ကာရဏာနိ စိန္တေန္တော။
ဧဝံ၊ လျှင်။ ဧတေသု၊ ဤ ၃ ပုံသောပိဋကတို့၌။ ဒုပ္ပဋိပန္နော၊ သော၊ (ဘိက္ခု-သည်၊) ယထာက္ကမေန၊ ဖြင့်။ ဒုဿီလဘာဝမိစ္ဆာဒိဋ္ဌိတာစိတ္တက္ခေပပ္ပဘေဒံ၊ ဒုဿီလ၏အဖြစ်၊ မှားသောအယူရှိသူ၏အဖြစ်၊ စိတ်ပျံ့လွင့်ခြင်းအပြားရှိသော။ ဣမံ ဝိပတ္တိံ၊ ဤပျက်စီးခြင်းသို့။ ပါပုဏာတိ၊ ၏။ စ၊ နိဂုံးကိုဆိုဦးအံ့။ ဧတ္တာဝတာ၊ ဤမျှအတိုင်းအရှည်ရှိသောစကားအစဉ်ဖြင့်၊ (တစ်နည်း) ဧတ္တာဝတာ၊ ''ဧတ္ထ ပန တီသု ပိဋကေသု'' အစ ''ဝိပတ္တိံ ပါပုဏာတိ'' အဆုံးရှိသောစကားအပိုင်းအခြားဖြင့်။ ပရိယတ္တိဘေဒံ သမ္ပတ္တိံ၊ ပေ။ ဝိဘာဝယေ ဣတိ၊ ဟူသော။ အယမ္ပိ ဂါထာ၊ သည်လည်း၊ (ပိ-ဖြင့် ရှေ့ဂါထာကိုပေါင်း၊) ဝုတ္တတ္ထာ၊ ဖွင့်ဆိုအပ်ပြီးသောအနက်ရှိသည်။ ဟောတိ၊ ၏။ ဧဝံ၊ လျှင်။ နာနပ္ပကာရတော၊ အထူးထူးသောအပြားအားဖြင့်၊ ဂါထာ ၂ ဂါထာ၏ရှေ့၌ ''နာနပ္ပကာရကောသလ္လတ္ထံ'' ဟုဆိုခဲ့သောကြောင့် ''နာနပ္ပကာရတော'' ဟုဆိုသည်။ ပိဋကာနိ၊ တို့ကို။ ဉတွာ၊ သိပြီး၍။ တေသံ၊ ထိုပိဋကတို့၏။ ဝသေန၊ အပြားအားဖြင့်။ သဗ္ဗမ္ပိ၊ သော။ ဧတံ (ဗုဒ္ဓဝစနံ)-ဤမြတ်စွာဘုရားစကားတော်ကို။ သင်္ဂယှမာနံ၊ သိမ်းယူအပ်သည်ရှိသော်။ တီဏိ၊ ကုန်သော။ ပိဋကာနိ၊ တို့သည်။ ဟောန္တိ၊ ကုန်၏။
ပရိယတ္တိဘေဒံစသောဂါထာ၏အနက်အကျယ်။ ပရိယတ္တိဘေဒံ၊ သင်ယူပုံအထူးအပြားကိုလည်းကောင်း။ ယဟိံ၊ အကြင် ၃ ပုံသောပိဋက၌။ ဘိက္ခု၊ သည်။ ယထာ၊ အကြင်ကောင်းစွာကျင့်ခြင်း၊ မကောင်းကျင့်ခြင်းဟူသောအပြားတို့ဖြင့်။ ယံ သမ္ပတ္တိံ စာပိ၊ အကြင်ဝိဇ္ဇာတ္တယဆဠဘိညစတုပဋိသမ္ဘိဒါဟူသောပြည့်စုံခြင်းသို့လည်းကောင်း။ ယံ ဝိပတ္တိံ စာပိ၊ အကြင်ဒုဿီလဘာဝ၊ မိစ္ဆာဒိဋ္ဌိတာ၊ စိတ္တက္ခေပဟူသောပျက်စီးခြင်းသို့လည်းကောင်း။ ပါပုဏာတိ၊ ရောက်ရ၏။ တဟိံ၊ ထို ၃ ပုံသောပိဋက၌။ တံ ပိ သဗ္ဗံ၊ ထိုအလုံးစုံသောကောင်းစွာကျင့်ခြင်း၊ မကောင်းကျင့်ခြင်းဟူသောအပြား၊ သမ္ပတ္တိဝိပတ္တိကိုလည်းကောင်း၊ (ပိ-ဖြင့် ပရိယတ္တိဘေဒံကိုပေါင်း၊) ဝိဘာဝယေ၊ ထင်စွာပြရာ၏။
တစ်နည်း။။ ယဟိံ၊ ၌။ ဘိက္ခု၊ သည်။ ယထာ၊ အကြင်ဥပါရမ္ဘ၊ နိဿရဏ၊ ဓမ္မကောသရက္ခဏကြောင့်သင်ယူခြင်း၊ ကောင်းစွာကျင့်ခြင်း၊ မကောင်းကျင့်ခြင်းဟူသောအပြားတို့ဖြင့်။ ယံ ပရိယတ္တိဘေဒံ စ၊ အကြင်သင်ယူပုံအထူးအပြားသို့လည်းကောင်း။ ယံ သမ္ပတ္တိံ စ၊ သို့လည်းကောင်း၊ (ရှေ့အတိုင်းပေး၊) ယံ ဝိပတ္တိံ စ၊ သို့လည်းကောင်း။ ပါပုဏာတိ၊ ၏။ တဟိံ၊ ၌။ တံ ပိ သဗ္ဗံ၊ ထိုအလုံးစုံသောဥပါရမ္ဘစသောအကြောင်းတို့ကြောင့်သင်ယူခြင်း၊ ကောင်းစွာကျင့်ခြင်း၊ မကောင်းကျင့်ခြင်းအပြား၊ ပရိယတ္တိဘေဒ၊ သမ္ပတ္တိဝိပတ္တိဟူသမျှကိုလည်း။ ဝိဘာဝယေ၊ ရာ၏။ ဤသို့ ၂ နက်ပေးကြရာဝယ် ''သမ္ပတ္တိံ ပါပုဏာတိ ဝိပ္ပတ္တိံ ပါပုဏာတိ'' ဟူသောအကျယ်စကားကိုထောက်၍ သမ္ပတ္တိံ ဝိပ္ပတ္တိံတို့ကိုသာ ပါပုဏာတိ၌စပ်ထိုက်သည်၊ ပရိယတ္တိဘေဒံကိုကား ဝိဘာဝယေ၌စပ်ထိုက်သည်။
ကထံ၊ အဘယ်သို့လျှင်။ နိကာယတော၊ နိကာယ်အားဖြင့်။ ပဥ္စ၊ ကုန်သော။ နိကာယာ၊ နိကာယ်တို့သည်၊ (ဟောန္တိ-ကုန်သနည်း၊) ဣတိ၊ ဤကားအမေးတည်း။ ဟိ၊ အဖြေကား။ သဗ္ဗမေဝ၊ အလုံးစုံသာလျှင်ဖြစ်သော။ ဧတံ၊ ဤဘုရားစကားတော်သည်။ ဒီဃနိကာယော၊ ဒီဃနိကာယ်လည်းကောင်း၊ ပေ။ ခုဒ္ဒကနိကာယော၊ လည်းကောင်း။ ဣတိ၊ သို့။ ပဥ္စပ္ပဘေဒံ၊ ငါးပါးအပြားရှိသည်။ ဟောတိ၊ ၏။ တတ္ထ၊ ထို ၅ ပါးတို့တွင်။ ကတမော၊ အဘယ်သည်။ ဒီဃနိကာယော၊ ဒီဃနိကာယ်မည်သနည်း။ တိဝဂ္ဂသင်္ဂဟာနိ၊ ၃ ဝဂ်တို့ဖြင့်သိမ်းယူရခြင်းရှိကုန်သော။ ဗြဟ္မဇာလာဒီနိ၊ ဗြဟ္မဇာလအစရှိကုန်သော။ စတုတ္တိံသ၊ ၃၄ ပါးသော။ သုတ္တာနိ၊ သုတ်တို့သည်။ ဒီဃနိကာယော၊ မည်၏၊ (တစ်နည်း) ဒီဃနိကာယော၊ ဟူသည်။ ကတမော၊ နည်း။ တိဝဂ္ဂသင်္ဂဟာနိ၊ ကုန်သော။ ဗြဟ္မဇာလာဒီနိ၊ ကုန်သော။ စတုတ္တိံသ၊ သော။ သုတ္တာနိ၊ သုတ်တို့တည်း။
ယဿ၊ အကြင်နိကာယ်၏၊ (သုတ္တဂဏနတော-သုတ်အရေအတွက်အားဖြင့်၊) စတုတ္တိံသေဝ၊ ၃၄ ပါးသာလျှင်ဖြစ်သော။ သုတ္တန္တာ၊ သုတ်တို့သည်၊ (သန္တိ-ကုန်၏၊) ဝဂ္ဂသင်္ဂဟဝသေန၊ ဝဂ်တို့ဖြင့်သိမ်းယူခြင်း၏အစွမ်းဖြင့်၊ ဝါ-သိမ်းယူကြောင်းဝဂ်တို့၏အစွမ်းဖြင့်။ တိဝဂ္ဂေါ၊ ၃ ဝဂ်ရှိသော။ သင်္ဂဟော၊ သိမ်းယူကြောင်းအရေအတွက်သည်။ အတ္ထိ၊ ရှိ၏။ ပဌမော၊ ရှေးဦးစွာသော။ ဧသ၊ ဤနိကာယ်သည်။ ဒီဃနိကာယောတိ၊ ဒီဃနိကာယ်ဟူ၍။ အနုလောမိကော၊ အနက်အားလျော်သောအမည်ရှိ၏၊ ဝါ-အနွတ္ထနာမည်ရှိ၏။ အနွတ္ထနာမည်ရှိပုံမှာနောက်၌ထင်ရှားလတ္တံ့။
ပန၊ ပရိဟာရပက္ခမှတစ်ပါးစောဒကပက္ခကိုဆိုဦးအံ့။ ကသ္မာ၊ ကြောင့်။ ဧသ၊ ဤနိကာယ်ကို။ ဒီဃနိကာယောတိ၊ ဟူ၍။ ဝုစ္စတိ၊ နည်း။ ဒီဃပ္ပမာဏာနံ၊ ရှည်သောအတိုင်းအရှည်ရှိကုန်သော။ သုတ္တာနံ၊ သုတ်တို့၏။ သမူဟတောစ၊ အပေါင်း၏အဖြစ်ကြောင့်လည်းကောင်း။ နိဝါသတောစ၊ တည်နေရာ၏အဖြစ်ကြောင့်လည်းကောင်း။ ဒီဃနိကာယောတိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။ ဟိ၊ မှန်၏၊ (ဝုစ္စန္တိတိုင်ရုံရည်ရွယ်သည်၊) (တစ်နည်း) ဟိ၊ ချဲ့၊ (လောကတောတိုင်အောင်ရည်ရွယ်သည်၊) သမူဟနိဝါသာ၊ အပေါင်းတည်နေရာတို့ကို။ နိကာယောတိ၊ ဟူ၍။ ဝုစ္စန္တိ၊ ကုန်၏။ စ၊ သာဓကကား။ နာဟံ ဘိက္ခဝေ၊ ပေ။ စိက္ခလ္လိကနိကာယောတိ ဧဝမာဒီနိ၊ ဤသို့အစရှိသောဥဒါဟရုဏ်တို့သည်။ ဧတ္ထ၊ ဤနိကာယသဒ္ဒါ၏သမူဟနိဝါသအနက်တို့ကိုဟောသည်၏အဖြစ်၌။ သာသနတောစ၊ သာသနာတော်ပြယုဂ်မှလည်းကောင်း။ လောကတောစ၊ လောကီပြယုဂ်မှလည်းကောင်း၊ (သမာနီတာနိ-ကောင်းစွာဆောင်ယူအပ်ကုန်သော၊) သာဓကာနိ၊ ပြီးစေတတ်သောဥဒါဟရုဏ်တို့တည်း၊ ဝါ-ပြီးစေတတ်သောသက်သေတို့တည်း။ ဘိက္ခဝေ၊ တို့။ တိရစ္ဆာနဂတာ၊ တိရစ္ဆာန်ဖြစ်ကုန်သော။ ဣဒံ (ဣမေ) ပါဏာ၊ ဤသတ္တဝါတို့သည်၊ (ဣဒံ-နိပါတ်ပုဒ်၊) (စိတ္တာ) ယထာ၊ ဆန်းကြယ်ကုန်သကဲ့သို့။ ဘိက္ခဝေ၊ တို့။ ဧဝံ၊ ဤအတူ၊ ဝါ-သို့ကလောက်။ စိတ္တံ၊ ဆန်းကြယ်သော။ အညံ၊ တိရစ္ဆာန်အပေါင်းမှတစ်ပါးသော။ ဧကနိကာယမ္ပိ၊ တစ်ခုသောအပေါင်းကိုလည်း။ အဟံ၊ ငါဘုရားသည်။ န သမနုပဿာမိ၊ မြင်တော်မမူ။ ပေါဏိကနိကာယော၊ ပေါဏိကမင်းတို့၏နေရာ။ စိက္ခလ္လိကနိကာယော၊ စိက္ခလ္လိကမင်းသားတို့၏နေရာ။ ဧဝံ၊ ဤအတူ။ သေသာနမ္ပိ၊ ဒီဃနိကာယ်မှကြွင်းသောနိကာယ်တို့၏လည်း။ နိကာယဘာဝေ၊ နိကာယမည်ကုန်သည်၏အဖြစ်၌။ ဝစနတ္ထော၊ သဒ္ဒါနက်ကို။ ဝေဒိတဗ္ဗော၊ သိထိုက်၏။
ကတမော၊ သည်။ မဇ္ဈိမနိကာယော၊ နည်း။ မဇ္ဈိမပ္ပမာဏာနိ၊ အလယ်အလတ်၌ဖြစ်သောအတိုင်းအရှည်ရှိကုန်သော၊ (''ဒီဃနိကာယ်သုတ်များလောက်လည်းမရှည်၊ သံယုတ္တ၊ အင်္ဂုတ္တရသုတ်များလောက်လည်းမတို'' ဟူလို၊) ပဥ္စဒသဝဂ္ဂသင်္ဂဟာနိ၊ ၁၅ ဝဂ်တို့ဖြင့်သိမ်းယူရေတွက်ရခြင်းရှိကုန်သော။ မူလပရိယာယသုတ္တာဒီနိ၊ မူလပရိယာယသုတ်အစရှိကုန်သော။ ဒိယဍ္ဎသတံ၊ အခွဲအားဖြင့်နှစ်ရာသော၊ ဝါ-တစ်ရာ့ငါးဆယ်သော၊ (သုတ္တာနိစ-တို့သည်လည်းကောင်း၊) ဒွေ၊ ၂ ပါးကုန်သော။ သုတ္တာနိစ၊ လည်းကောင်း။ မဇ္ဈိမနိကာယော၊ မည်၏။ (ပဥ္စဒသဝဂ္ဂေဟိ သင်္ဂဟော ဧတေသန္တိ ပဥ္စဒသဝဂ္ဂသင်္ဂဟာနိ။) … ယတ္ထ၊ အကြင်နိကာယ်၌။ ဒိယဍ္ဎသတသုတ္တန္တာ၊ အခွဲအားဖြင့်နှစ်ရာသောသုတ်တို့သည်လည်းကောင်း၊ ဝါ-တစ်ရာ့ငါးဆယ်သောသုတ်တို့သည်လည်းကောင်း။ ဒွေ၊ ကုန်သော။ သုတ္တာနိစ၊ လည်းကောင်း၊ (သန္တိ-ကုန်၏၊) ပဥ္စဒသဝဂ္ဂပရိဂ္ဂဟော၊ ၁၅ ဝဂ်တို့ဖြင့်သိမ်းယူရေတွက်အပ်သော။ သောနိကာယော၊ သည်။ မဇ္ဈိမော၊ မဇ္ဈိမနိကာယ်မည်၏။ ပဥ္စဒသဝဂ္ဂပရိဂ္ဂဟောတိ၊ ပဥ္စဒသဟိ ဝဂ္ဂေဟိ ပရိဂ္ဂဟိတော၊ သင်္ဂဟိတောတိ အတ္ထော၊-သာရတ္ထဋီကာ၊ ''ပရိဂ္ဂယှတေတိ ပရိဂ္ဂဟော'' ဟုကမ္မသာဓ်ပြု။
ကတမော၊ သည်။ သံယုတ္တနိကာယော၊ နည်း။ ဒေဝတာသံယုတ္တာဒီဝသေန၊ ဒေဝတာသံယုတ်အစရှိသည်တို့၏အပြားဖြင့်။ ဌိတာနိ၊ တည်ကုန်သော။ သြဃတရဏာဒီနိ၊ သြဃတရဏသုတ်အစရှိကုန်သော။ သတ္တသုတ္တသဟဿာနိစ၊ ခုနစ်ထောင်သောသုတ်တို့သည်လည်းကောင်း။ သတ္တသုတ္တသတာနိစ၊ ခုနစ်ရာသောသုတ်တို့သည်လည်းကောင်း။ ဒွါသဋ္ဌိ၊ ခြောက်ဆယ့်နှစ်ပါးသော။ သုတ္တာနိစ၊ တို့သည်လည်းကောင်း။ သံယုတ္တနိကာယော၊ မည်၏။
သတ္တသုတ္တသဟဿာနိ၊ ခုနစ်ထောင်သောသုတ်တို့သည်လည်းကောင်း။ သတ္တသုတ္တသတာနိစ၊ ခုနစ်ရာသောသုတ်တို့သည်လည်းကောင်း။ ဒွါသဋ္ဌိ၊ ၆၂ ပါးသော။ သုတ္တန္တာစေဝ၊ သုတ်တို့သည်လည်းကောင်း။ ဧသော၊ ဤသုတ်အပေါင်းသည်။ သံယုတ္တသင်္ဂဟော၊ သံယုတ္တနိကာယ်၏သိမ်းယူအပ်သောသုတ်အပေါင်းတည်း။ သံယုတ္တနိကာယဿ + သင်္ဂဟော၊-ဋီကာ၊ စာစပ်ပုံကိုပါရာဇိကဏ်ဘာသာဋီကာ၌ပြထားပြီ။
ကတမော၊ သည်။ အင်္ဂုတ္တရနိကာယော၊ နည်း။ ဧကေကအင်္ဂါတိရေကဝသေန၊ တစ်ပါးတစ်ပါးသောအင်္ဂါ၏ပိုလွန်ခြင်း၏အစွမ်းဖြင့်။ ဌိတာနိ၊ တည်ကုန်သော။ စိတ္တပရိယာဒါနာဒီနိ၊ စိတ္တပရိယာဒါနသုတ်အစရှိကုန်သော။ နဝသုတ္တသဟဿာနိ၊ ကိုးထောင်သောသုတ်တို့သည်လည်းကောင်း။ ပဥ္စသုတ္တသတာနိ၊ ငါးရာသောသုတ်တို့သည်လည်းကောင်း။ သတ္တပဏ္ဏာသ၊ ၅၇ ပါးသော။ သုတ္တာနိစ၊ သုတ်တို့သည်လည်းကောင်း။ အင်္ဂုတ္တရနိကာယော၊ မည်၏။ အင်္ဂါနံ + ဥတ္တရော ယေသံ တိ အင်္ဂုတ္တရာနိ၊ အင်္ဂါတို့၏ပိုလွန်ခြင်းရှိသောသုတ်တို့၊ ဒုကနိပါတ်သုတ်များသည်ဧကနိပါတ်ထက်အင်္ဂါတစ်ပါးပိုလာ၏၊ ဤသို့စသည်ဖြင့်အင်္ဂုတ္တရဖြစ်ပုံကိုသိပါ။
နဝသုတ္တသဟဿာနိ၊ ကိုးထောင်သောသုတ်တို့သည်လည်းကောင်း။ ပဥ္စသုတ္တသတာနိစ၊ ငါးရာသောသုတ်တို့သည်လည်းကောင်း။ သတ္တပညာသ၊ ၅၇ ပါးသော။ သုတ္တန္တာ၊ သုတ်တို့သည်လည်းကောင်း။ အယံ၊ ဤအရေအတွက်သည်။ အင်္ဂုတ္တရနိကာယေ၊ အင်္ဂုတ္တရနိကာယ်၌။ သင်္ချာ၊ အရေအတွက်တည်း၊။ နဝသုတ္တသဟဿာနိ စသည်တို့၏တုလျတ်လိင်္ဂတ်စပ်ပုံကို သတ္တသုတ္တသဟဿာနိ ဂါထာအတိုင်းသိပါ၊
ကတမော၊ သည်။ ခုဒ္ဒကနိကာယော၊ နည်း။ သကလံ၊ အလုံးစုံသော။ ဝိနယပိဋကံ၊ ဝိနည်းပိဋကသည်လည်းကောင်း၊ (သကလံ၊) အဘိဓမ္မပိဋကံ၊ သည်လည်းကောင်း။ ခုဒ္ဒကပါဌဓမ္မပဒါဒယော၊ ခုဒ္ဒကပါဌဓမ္မပဒအစရှိကုန်သော။ ပုဗ္ဗေ၊ ရှေ့၌။ နိဒဿိတာ၊ ညွှန်ပြအပ်ပြီးကုန်သော။ ပန္နရသဘေဒါစ၊ ၁၅ ပါးအပြားရှိသောတရားတို့သည်လည်းကောင်း။ စတ္တာရော၊ ကုန်သော။ နိကာယေ၊ နိကာယ်ကြီးတို့ကို။ ထပေတွာ၊ ပယ်၍။ အဝသေသံ၊ နိကာယ်ကြီး ၄ ရပ်မှကြွင်းသော။ ဗုဒ္ဓဝစနံ၊ ဘုရားစကားတော်သည်။ ခုဒ္ဒကနိကာယော၊ ခုဒ္ဒကနိကာယ်မည်၏။
ဒီဃအာဒိကေ၊ ဒီဃနိကာယ်အစရှိကုန်သော။ စတုရောပိ၊ ကုန်သော။ ဧတေ နိကာယေ၊ ဤနိကာယ်ကြီးတို့ကို။ ထပေတွာ၊ ပယ်၍။ တဒညံ၊ ထိုနိကာယ်ကြီး ၄ ရပ်မှတစ်ပါးသော။ ဗုဒ္ဓဝစနံ၊ ဘုရားစကားတော်ကို။ ခုဒ္ဒကော နိကာယော၊ ခုဒ္ဒကနိကာယ်မည်၏ဟူ၍။ မတော၊ သိအပ်၏။ ဣတိ၊ နိကာယ် ၅ ရပ်အပြီးတည်း။ ဧဝံ၊ လျှင်၊ (သဗ္ဗမ္ပိ-သော၊ ဧတံဗုဒ္ဓဝစနံ-သည်၊) နိကာယတော၊ နိကာယ်အားဖြင့်။ ပဥ္စ၊ ကုန်သော။ နိကာယာ၊ တို့သည်။ ဟောန္တိ။ (ဧဝံစသည်ကားနိဂုံး။)
ကထံ၊ အဘယ်သို့လျှင်၊ (သဗ္ဗမ္ပိ-သော၊ ဧတံဗုဒ္ဓဝစနံ-သည်၊) အင်္ဂဝသေန၊ အင်္ဂါတို့၏အပြားအားဖြင့်။ နဝင်္ဂါနိ၊ ၉ ပါးသောအင်္ဂါတို့သည်၊ (ဟောန္တိ-နည်း၊) ဣတိ၊ ဤကားအမေးတည်း။ ဟိ၊ အဖြေကား၊ (တစ်နည်း၊ ဟိ-ချဲ့၊) သဗ္ဗမေဝ၊ သော။ ဣဒံ၊ ဤဘုရားစကားတော်သည်။ သုတ္တံ၊ သုတ္တလည်းကောင်း၊ ပေ။ ဝေဒလ္လံ၊ ဝေဒလ္လလည်းကောင်း။ ဣတိ၊ ဤသို့။ နဝပ္ပဘေဒံ၊ ၉ ပါးအပြားရှိသည်။ ဟောတိ၊ ၏။ တတ္ထ၊ ထို ၉ ပါးတို့တွင်။ ဥဘတောဝိဘင်္ဂနိဒ္ဒေသခန္ဓကပရိဝါရာ၊ ဥဘတောဝိဘင်္ဂ၊ စူဠနိဒ္ဒေသ၊ မဟာနိဒ္ဒေသ၊ စူဠဝဂ္ဂမဟာဝဂ္ဂခန္ဓက၊ ပရိဝါတို့ကိုလည်းကောင်း။ သုတ္တနိပါတေ၊ သုတ္တနိပါတ်၌၊ ဝါ-သုတ္တနိပါတ်ထည်းက။ မင်္ဂလသုတ္တရတနသုတ္တနာလကသုတ္တတုဝဋ္ဋကသုတ္တာနိ၊ မင်္ဂလသုတ်၊ ပေ၊ တုဝဋ္ဋကသုတ်တို့ကိုလည်းကောင်း။ အညမ္ပိ၊ အခြားလည်းဖြစ်သော။ သုတ္တနာမကံ၊ သုတ်အမည်ရှိသော။ တထာဂတဝစနံစ၊ ဘုရားစကားတော်ကိုလည်းကောင်း။ သုတ္တန္တိ၊ သုတ္တမည်၏ဟူ၍။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။ သုတ္တန္တိဟူသောအာကာရကိုငဲ့၍ ''ဝေဒိတဗ္ဗံ'' ဟုဧကဝုစ်ထားသည်။
သဗ္ဗမ္ပိ၊ သော။ သဂါထကံ၊ ဂါထာနှင့်တကွဖြစ်သော။ သုတ္တံ၊ စုဏ္ဏိယသုတ်ကို။ ဂေယျန္တိ၊ ဂေယျဟူ၍။ ဝေဒိတဗ္ဗံ၊ ၏။ ဝိသေသေန၊ အထူးအားဖြင့်၊ သဂါထာဝဂ္ဂသံယုတ်၌ တစုတဝေးတည်း များစွာရှိသောကြောင့် "ဝိသေသ" ဟု ဆိုသည်။ သံယုတ္တနိကာယေ၊ သံယုတ္တနိကာယ်၌။ သကလောပိ၊ လည်းဖြစ်သော။ သဂါထာဝဂ္ဂေ၊ သဂါထာဝဂ်ကို၊ (ဂေယျန္တိ၊ ဟူ၍။ ဝေဒိတဗ္ဗံ၊ ၏၊) သကလံ၊ သော။ အဘိဓမ္မပိဋကံ၊ ကိုလည်းကောင်း။ နိဂ္ဂါထကံ၊ ဂါထာမရှိသော။ သုတ္တံ၊ ကိုလည်းကောင်း။ အညမ္ပိ၊ အခြားလည်းဖြစ်သော။ အဋ္ဌဟိ၊ ရှစ်ပါးကုန်သော။ အင်္ဂေဟိ၊ အင်္ဂါတို့ဖြင့်။ အသင်္ဂဟိတံ၊ မသိမ်းယူအပ်သော။ ယံဗုဒ္ဓဝစနံ၊ သည်၊ (အတ္ထိ၊ ၏၊) တံစ၊ ထိုဘုရားစကားတော်ကိုလည်းကောင်း။ ဝေယျာကရဏန္တိ၊ ဝေယျာကရဏဟူ၍။ ဝေဒိတဗ္ဗံ၊ ၏။ ဓမ္မပဒံ၊ ကိုလည်းကောင်း။ ထေရဂါထာ၊ ကိုလည်းကောင်း။ ထေရီဂါထာ၊ ကိုလည်းကောင်း။ သုတ္တနိပါတေ၊ ၌၊ ဝါ = သုတ္တနိပါတ်ထည်းက။ နောသုတ္တနာမိကာ၊ သုတ်အမည်မရှိကုန်သော။ သုဒ္ဓိကဂါထာစ၊ စုဏ္ဏိယမဖက်သက်သက်သော ဝတ္ထုဂါထာတို့ကိုလည်းကောင်း။ ဂါထာတိ၊ ဟူ၍။ ဝေဒိတဗ္ဗာ၊ ၏။
သောမနဿဉာဏမယိကဂါထာပဋိသံယုတ္တာ၊ သောမနဿနှင့်ယှဉ်သော ဉာဏ်ကြောင့်ဖြစ်သော ဂါထာတို့နှင့်ယှဉ်ကုန်သော။ ဒွါသီတိသုတ္တန္တာ၊ ရှစ်ဆယ့်နှစ်သုတ်တို့ကို။ ဥဒါနန္တိ၊ ဥဒါနဟူ၍။ ဝေဒိတဗ္ဗံ၊ ၏။ ဝုတ္တေဉှိတံဘဂဝတာတိအာဒိနယပ္ပဝတ္တာ၊ ဝုတ္တေဉှိတံဘဂဝတာ အစရှိသောနည်းဖြင့် ဖြစ်ကုန်သော။ ဒသုတ္တရသတသုတ္တန္တာ၊ ၁၀ သုတ်အလွန်ရှိသော တစ်ရာသောသုတ်တို့ကို။ ဣတိဝုတ္တကန္တိ၊ ဣတိဝုတ္တကဟူ၍။ ဝေဒိတဗ္ဗံ၊ ၏။ အပဏ္ဏဇာတကာဒီနိ၊ အပဏ္ဏကဇာတ် အစရှိကုန်သော။ ပညာသာဓိကာနိ၊ ငါးဆယ်အလွန်ရှိကုန်သော။ ပဥ္စဇာတကသတာနိ၊ ငါးရာသောဇာတ်တို့ကို။ ဇာတကန္တိ၊ ဇာတကဟူ၍။ ဝေဒိတဗ္ဗံ၊ ၏။ စတ္တာရောမေ ဘိက္ခဝေအစ္ဆရိယာအဗ္ဘုတဓမ္မာအာနန္ဒေတိအာဒိနယပ္ပဝတ္တာ၊ အာနန္ဒေအစရှိသော နည်းဖြင့်ဖြစ်ကုန်သော။ သဗ္ဗေပိ၊ ကုန်သော။ အစ္ဆရိယအဗ္ဘုတဓမ္မပဋိသံယုတ္တာ၊ အစ္ဆရိယအဗ္ဘုတဓမ္မနှင့် စပ်ယှဉ်ကုန်သော။ သုတ္တန္တာ၊ တို့ကို။ အဗ္ဘုတဓမ္မန္တိ၊ ဟူ၍။ ဝေဒိတဗ္ဗံ၊ ၏။ စူဠဝေဒလ္လ၊ပေ၊မဟာပုဏ္ဏမသုတ္တာဒယော၊ စူဠဝေဒလ္လသုတ်၊ မဟာဝေဒလ္လသုတ်၊ သမ္မာဒိဋ္ဌိသုတ်၊ သက္ကပဥှသုတ်၊ သင်္ခါရဘာဇနီယသုတ်၊ မဟာပုဏ္ဏမသုတ် အစရှိကုန်သော။ သဗ္ဗေပိ၊ ကုန်သော။ ဝေဒဉ္စ၊ အသိဉာဏ်ကိုလည်းကောင်း။ တုဋ္ဌိဉ္စ၊ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိသောမနဿကိုလည်းကောင်း။ လဒ္ဓါလဒ္ဓါ၊ ရ၍ရ၍။ ပုစ္ဆိတသုတ္တန္တာ၊ မေးအပ်သောသုတ္တန်တို့ကို။ ဝေဒလ္လန္တိ၊ ဟူ၍။ ဝေဒိတဗ္ဗံ၊ ၏။ ဧဝံ၊ သို့၊ (သဗ္ဗမ္ပိ၊) ဧတံ (ဗုဒ္ဓဝစနံ၊) အင်္ဂတောနဝင်္ဂါနိ။ ဧဝံစသည်ကား နိဂုံး။
ကထံ၊ လျှင်၊ (သဗ္ဗမ္ပိဧတံဗုဒ္ဓဝစနံ၊) ဓမ္မက္ခန္ဓတော၊ ဓမ္မက္ခန္ဓာအားဖြင့်။ စတုရာသီတိဓမ္မက္ခန္ဓသဟဿာနိ၊ ရှစ်သောင်းလေးထောင်သော ဓမ္မက္ခန္ဓာတို့သည်။ ဟောတိ၊ ဖြစ်သနည်း။ ဣတိ၊ ဤကားအမေးတည်း။ ဟိ၊ အဖြေကား၊ (တစ်နည်း) ဟိ၊ ချဲ့။ သဗ္ဗမေဝ၊ သော။ ဣဒံဗုဒ္ဓဝစနံ၊ သည်။ ဒွါသီတိဗုဒ္ဓတောဂဏှိံ၊ပေ၊ပဝတ္တိနောတိ၊ ပဝတ္တိနောဟူ၍။ ဧဝံ၊ သို့။ ပရိဒီပိတဓမ္မက္ခန္ဓဝသေန၊ အရှင်အာနန္ဒာသည် ပြအပ်သောဓမ္မက္ခန္ဓာတို့၏ အပြားအားဖြင့်။ စတုရာသီတိသဟဿပ္ပဘေဒံ၊ ရှစ်သောင်းလေးထောင်အပြားရှိသည်။ ဟောတိ၊ ၏။
ဂါထာနက် - (ဗြဟ္မဏ၊ ပုဏ္ဏား၊) ဒွါသီတိသဟဿာနိ၊ ရှစ်သောင်းနှစ်ထောင်သော ဓမ္မက္ခန္ဓာတို့ကို။ ဗုဒ္ဓတော၊ ဘုရားအထံတော်မှ။ ဂဏှိံ၊ သင်ယူခဲ့ပြီ။ ဒွေသဟဿာနိ၊ နှစ်ထောင်သော ဓမ္မက္ခန္ဓာတို့ကို။ ဘိက္ခုတော၊ အရှင်သာရိပုတ္တရာစသော ရဟန်းတော်တို့အထံမှ။ ဂဏှိံ၊ ပြီ။ ယေဓမ္မာ၊ အကြင်ဓမ္မက္ခန္ဓာတရားတို့သည်။ မေ၊ ငါ၏၊ (ဇိဝှဂ္ဂေ၊ လျှာဖျား၌၊) ပဝတ္တိနော၊ နှုတ်တက်ရွရွ ဖြစ်လာကြကုန်၏၊ (တေဓမ္မာ၊ ထိုဓမ္မက္ခန္ဓာတို့သည်၊) စတုရာသီတိသဟဿာနိ၊ ရှစ်သောင်းလေးထောင်တို့တည်း။
တတ္ထ၊ ထိုဓမ္မက္ခန္ဓာတို့တွင်။ ဧကာနုသန္ဓိကံ၊ တစ်ပါးသောအနုသန္ဓေရှိသော။ သုတ္တံ၊ သည်။ ဧကော၊ တစ်ပါးသော။ ဓမ္မက္ခန္ဓော၊ ဓမ္မက္ခန္ဓာမည်၏။ ယံ၊ အကြင်သုတ်သည်။ အနေကာနုသန္ဓိကံ၊ များသောအနုသန္ဓေရှိ၏။ တတ္ထ၊ ထိုများသောအနုသန္ဓေရှိသော သုတ်၌။ အနုသန္ဓိဝသေန၊ အနုသန္ဓေတို့၏ အပြားအားဖြင့်။ ဓမ္မက္ခန္ဓဂဏနာ၊ ဓမ္မက္ခန္ဓာအရေအတွက်သည်၊ (ဟောတိ၊ ၏၊) ဂါထာဗန္ဓေသု၊ ဂါထာဗန္ဓတို့၌။ ပဥှပုစ္ဆနံ၊ ပြဿနာမေးကြောင်းစကားသည်။ ဧကော၊ သော။ ဓမ္မက္ခန္ဓော၊ မည်၏။ ဝိသဇ္ဇနံ၊ ဖြေကြောင်းစကားသည်။ ဧကော၊ သော၊ (ဓမ္မက္ခန္ဓော၊ မည်၏။)
အဘိဓမ္မေ၊ ၌။ ဧကမေကံ၊ တစ်ပါးတစ်ပါးသော။ တိကဒုကဘာဇနံ၊ တိက်ကိုဝေဖန်ကြောင်း၊ ဒုက်ကိုဝေဖန်ကြောင်းစကားသည်လည်းကောင်း။ ဧကမေကံ၊ သော။ စိတ္တဝါရဘာဇနံစ၊ စိတ်အကြိုက်ကိုဝေဖန်ကြောင်း စကားသည်လည်းကောင်း။ ဧကော၊ တစ်ပါးတစ်ပါးသော။ ဓမ္မက္ခန္ဓော၊ မည်၏။ ဝိနယေ၊ ဝိနည်း၌။ ဝတ္ထု၊ ဝတ္ထုကြောင်းသည်။ အတ္ထိ၊ ၏၊ အရှင်သုဒိန်ဝတ္ထုမျိုးတည်း။ မာတိကာ၊ မာတိကာသည်။ အတ္ထိ၊ ၏၊ ဒွေမာတိကာခေါ် သိက္ခာပုဒ်များတည်း။ ပဒဘာဇနီယံ၊ ပဒဘာဇနီသည်။ အတ္ထိ၊ ၏၊ "ယောပနာတိယောယာဒိသော" စသော မာတိကာအဖွင့်တည်း။ အာပတ္တိ၊ အာပတ္တိဝါရသည်။ အတ္ထိ၊ ၏။ အနာပတ္တိ၊ အနာပတ္တိဝါရသည်။ အတ္ထိ၊ ၏။ အန္တရာပတ္တိ၊ အန္တရာပတ္တိဝါရသည်။ အတ္ထိ၊ ၏။ တိကစ္ဆေဒေါ၊ တိက်တို့ကိုပိုင်းခြားကြောင်း စကားသည်။ အတ္ထိ၊ ၏။ တတ္ထ၊ ထိုဝတ္ထုစသည်တို့တွင်။ ဧကမေကော၊ သော။ ကောဋ္ဌာသော၊ အဖို့အစုသည်၊ (ဤကောဋ္ဌာသောပါဌ်ဖြင့် ခန္ဓသဒ္ဒါ၏အစုအနက်ကိုပြ၏၊) ဧကမေကော၊ သော။ ဓမ္မက္ခန္ဓော၊ မည်၏။ ဣတိ၊ သို့။ ဝေဒိတဗ္ဗော၊ ၏။ ဧဝံ၊ လျှင်၊ (သဗ္ဗံပိဧတံဗုဒ္ဓဝစနံ) ဓမ္မက္ခန္ဓတော၊ အားဖြင့်။ စတုရာသီတိဓမ္မက္ခန္ဓသဟဿာနိ၊ ရှစ်သောင်းလေးထောင်သော ဓမ္မက္ခန္ဓာတို့သည်။ ဟောတိ၊ ၏။
နိဂုံးကိုပြလို၍ ဧဝံစသည်မိန့်။ ဧဝံ၊ လျှင်။ သဗ္ဗမ္ပိ၊ သော။ ဧတံဗုဒ္ဓဝစနံ၊ ကို၊ (သံဂီတံ၌စပ်၊) ပဥ္စသတိကသံဂီတိကာလေ၊ ပဥ္စသတိကသံဂါယနာတင်ရာ အခါ၌။ သင်္ဂါယန္တေန၊ သံဂါယနာတင်တော်မူသော။ မဟာကဿပ္ပမုခေန၊ အရှင်မဟာကဿပအကြီးအမှူးရှိသော။ ဝသိဂဏေန၊ ရဟန္တာအပေါင်းသည်၊ (သင်္ဂီတံ၌စပ်၊) အယံ၊ ဤတရားသည်။ ဓမ္မော၊ ဓမ္မတည်း။ အယံ၊ သည်။ ဝိနယော၊ တည်း။ ဣဒံ၊ သည်။ ပဌမဗုဒ္ဓဝစနံ၊ တည်း၊ ပေ။ အယံ၊ ဤသုတ်အပေါင်းသည်။ ခုဒ္ဒကနိကာယော၊ တည်း။ ဣမာနိ၊ ဤသည်တို့ကား။ သုတ္တာဒီနိ၊ သုတ္တအစရှိကုန်သော။ နဝင်္ဂါနိ၊ အင်္ဂါ ၉ ပါးတို့တည်း။ ဣမာနိ၊ ဤတရားတို့သည်။ စတုရာသီတိဓမ္မက္ခန္ဓသဟဿာနိ၊ တို့တည်း။ ဣမံပဘေဒံ၊ ဤအထူးအပြားကို။ ဝဝတ္ထပေတွာဝ၊ ပိုင်းခြား၍သာလျှင်။ သင်္ဂီတံ၊ ပြီ။
စ၊ သည်သာမကသေး။ ကေဝလံ၊ ဥဒ္ဒါနသင်္ဂဟစသည်မဖက်သက်သက်။ ဣမမေဝ (ပဘေဒံ) = ဤအထူးအပြားကိုသာ၊ (ဝဝတ္ထပေတွာ၊ ၍။ သင်္ဂီတံ၊ သံဂါယနာတင်အပ်သည်ကား။ န၊ မဟုတ်သေး၊) အညံ၊ အခြားသော၊ (အညမ္ပိမှ ပိကို "သင်္ဂဟပ္ပဘေဒမ္ပိ" ဟုရွှေ့ထိုင်စေ၊) ဥဒ္ဒါနသင်္ဂဟ၊ပေ၊ပဏ္ဏာသသင်္ဂဟာဒိအနေကဝိဓံ၊ ဥဒ္ဒါနသင်္ဂဟ၊ပေ၊ပဏ္ဏာသသင်္ဂဟ အစရှိသော များသောအပြားရှိသော။ တီသုပိဋကေသု၊ ပိဋက ၃ ပုံတို့၌။ သန္ဒိဿမာနံ၊ ကောင်းစွာတွေ့မြင်အပ်သော။ သင်္ဂဟပ္ပဘေဒမ္ပိ၊ သင်္ဂဟအပြားကိုလည်း။ ဝဝတ္ထပေတွာဝ၊ ၍သာလျှင်။ သတ္တဟိမာသေဟိ၊ ခုနစ်လတို့ဖြင့်။ သင်္ဂီတံ၊ ပြီ။
သံဂါယနာအဆုံး၌ အံ့သြဖွယ်ဖြစ်ပုံများကိုပြလို၍ "သင်္ဂီတိပရိယောသာနေစဿ" စသည်မိန့်။ စ၊ ဆက်။ အဿ၊ ဤဘုရားစကားတော်ကို။ သင်္ဂီတိပရိယောသာနေ၊ သံဂါယနာတင်ခြင်း၏အဆုံး၌။ မဟာကဿပတ္ထေရေန၊ သည်။ ဒသဗလဿ၊ ၏။ ဣဒံသာသနံ၊ ကို။ ပဥ္စဝဿသဟဿပရိမာဏကာလံ၊ အနှစ် ၅ ထောင် အတိုင်းအရှည်ရှိသော ကာလပတ်လုံး။ ပဝတ္တနသမတ္ထံ၊ ဖြစ်စေခြင်း၌စွမ်းနိုင်သည်ကို။ ကတံ၊ ပြုအပ်ပါပေပြီ။ ဣတိ၊ သို့။ သဥ္ဇာတပ္ပမောဒါ၊ လွန်စွာဖြစ်သော ဝမ်းမြောက်ခြင်းရှိသည်၊ (ဟုတွာ၊) သာဓုကာရံ၊ သာဓုဟုပြုအပ်သောအသံကို၊ ဝါ = ကောင်းချီးကို။ ဒဒမာနာဝိယ၊ မပေးသော်လည်းပေးသကဲ့သို့၊ (သာဓုဣတိကရီယတီတိသာဓုကာရော၊ သာဓုမခေါ်ဘဲခေါ်တတ်သကဲ့သို့ဆိုသော တဒ္ဓမ္မူပစာတည်း၊) အယံမဟာပထဝီ၊ သည်။ ဥဒကပရိယန္တံ၊ ရေအဆုံးအပိုင်းအခြားရှိသည်ကို။ ကတွာ၊ ၍။ အနေကပ္ပကာရံ၊ တစ်ပါးမကများသောအပြားအားဖြင့်၊ ဝါ = ကြိမ်ဖန်များစွာ။ ကမ္ပိ၊ တုန်လှုပ်ပြီ။ သကမ္ပိ၊ အထက်အထက်သို့တက်ကာတက်ကာ ပြင်းစွာတုန်လှုပ်ပြီ။ သမ္ပကမ္ပိ၊ အထက်အောက်နိမ့်တုံမြင့်တုံအပြားအားဖြင့် ပြင်းစွာတုန်လှုပ်ပြီ။ သမ္ပဝေဓိ၊ အရပ်လေးမျက်နှာယိမ်းထိုး၍ အမျိုးမျိုးအပြားအားဖြင့် ပြင်းစွာတုန်လှုပ်ပြီ၊ (တစ်နည်း - သကမ္ပိ၊ အရှေ့အနောက်နိမ့်ကာမြင့်ကာ ပြင်းစွာတုန်လှုပ်ပြီ။ သမ္ပကမ္ပိ၊ တောင်မြောက်နိမ့်ကာမြင့်ကာ အပြားအားဖြင့် ပြင်းစွာတုန်လှုပ်ပြီ။ သမ္ပဝေဓိ၊ အလယ်အနားယိမ်းထိုး၍ အမျိုးမျိုးအပြားအားဖြင့် ပြင်းစွာတုန်လှုပ်ပြီ၊ ဤကား ဗုဒ္ဓဝံသအဋ္ဌကထာအလိုတည်း၊) အနေကာနိ၊ တစ်ပါးမက များစွာကုန်သော။ အစ္ဆရိယာနိစ၊ ပန်းမိုးရွာခြင်း၊ အဝတ်မြှောက်ခြင်းအစရှိသော အံ့ဖွယ်တို့သည်လည်း။ ပါတုရဟေသုံ၊ ထင်ရှားဖြစ်ကုန်ပြီ။ (အစ္ဆရံပဟရိတုံယုတ္တာနိအစ္ဆရိယာနိ၊ ပုပ္ဖဝဿစေလုက္ခေပါဒီနိ။ - သာရတ္ထ။)
ပန၊ ဆက်။ ဧဝံ၊ ဤသို့အယံဓမ္မောစသည်ဖြင့် ဆိုအပ်ပြီးသောအပြားရှိသော နည်းဖြင့်။ သင်္ဂီတေ၊ သံဂါယနာတင်အပ်ပြီးသော။ ဧတ္ထ၊ ဤဘုရားစကားတော်တွင်။ အယံအဘိဓမ္မော၊ သည်။ ပိဋကတော၊ အားဖြင့်။ အဘိဓမ္မပိဋကံ၊ အဘိဓမ္မာပိဋကတည်း။ နိကာယတော၊ အားဖြင့်။ ခုဒ္ဒကနိကာယော၊ ကာယ်တည်း။ အင်္ဂတော၊ အင်္ဂါအားဖြင့်။ ဝေယျာကရဏံ၊ ဏတည်း။ ဓမ္မက္ခန္ဓတော၊ အားဖြင့်။ ကတိပယာနိ၊ အနည်းငယ်ကုန်သော။ ဓမ္မက္ခန္ဓသဟဿာနိ၊ ဓမ္မက္ခန္ဓာအထောင်တို့သည်။ ဟောန္တိ၊ ကုန်၏။ ဤတွင်အဘိဓမ္မာ၏ အဘိဓမ္မာပိဋကအဖြစ်၊ ခုဒ္ဒကနိကာယ်၏အဖြစ်၊ ဝေယျာကရဏ၏အဖြစ်ကို တိုက်ရိုက်ပြဆိုကြောင်းစကားရပ် အပြီးသတ်သတည်း၊ ထိုသို့တိုက်ရိုက်ပြလိုက်သဖြင့် ဤအဘိဓမ္မာ၏ မဇ္ဈိမဗုဒ္ဓဝစန၏အဖြစ်၊ ဗုဒ္ဓမြတ်စွာ၏ ရှေးဦးစွာအာဘိဓမ္မိက၏အဖြစ်ကိုလည်း နေယျတ္ထနည်းအားဖြင့် ပြပြီးဖြစ်သည်။
၉။ ဗုဒ္ဓဘာသိတအဖြစ်ကို (က) ဝိနည်းဖြင့်ပြခန်း
အဘိဓမ္မာ၏ဗုဒ္ဓဘာသိတအဖြစ်က ပြီးစီးမှသာမဇ္ဈိမဗုဒ္ဓဝစန၏အဖြစ် ပြီးနိုင်ရကား ယခုအခါ၌အဘိဓမ္မာ၏ဗုဒ္ဓဘာသိတအဖြစ်ကို ပြီးစေဖို့ရာ ဝတ္ထုကြောင်းကိုပြလိုသောကြောင့် "တံဓာရယန္တေသု" အစရှိသောပါဌ်ကိုမိန့်။ တံ၊ ထိုအဘိဓမ္မာကို။ ဓာရယန္တေသု၊ အာဂုံနှုတ်တက်ဆောင်ရွက်ကုန်သော။ ဘိက္ခူသု၊ ရဟန်းတို့တွင်။ ပုဗ္ဗေ၊ ရှေး၌။ ဧကော၊ သော။ ဘိက္ခု၊ သည်။ သဗ္ဗသာမယိကပရိသာယ၊ အလုံးစုံနိကာယ်တို့ကိုသင်ယူသော ပရိသတ်၌၊ ဝါ = အလုံးစုံနိကာယ်ဆောင် ပရိသတ်၌။ နိသီဒိတွာ၊ ထိုင်၍၊ (သဗ္ဗေ + သမယာ = သဗ္ဗသမယာ၊ သမယသဒ္ဒါသည် ဤနေရာ၌အပေါင်း (နိကာယ) အနက်ဟောတည်း၊ သဗ္ဗသမယေ + ပရိယာပုဏာတီတိ သဗ္ဗသာမယိကာ၊ ပရိသာ၊ မဇ္ဈေဝုဒ္ဓိ၊) အဘိဓမ္မတော၊ အဘိဓမ္မာမှ။ သုတ္တံ၊ ပါဠိကို။ အာဟရိတွာ၊ ထုတ်ဆောင်၍။ ဓမ္မံ၊ တရားကို။ ကထေန္တော၊ ဟောလသော်။ ရူပက္ခန္ဓော၊ ရူပက္ခန္ဓာသည်။ အဗျာကတော၊ အဗျာကတတည်း။ စတ္တာရော၊ ၄ ပါးကုန်သော။ ခန္ဓာ၊ တို့သည်။ သိယာ၊ အချို့ခန္ဓာတို့ကား။ ကုသလာ၊ ကုသိုလ်တို့တည်း။ သိယာ၊ တို့ကား။ အကုသလာ၊ တို့တည်း။ သိယာ၊ တို့ကား။ အဗျာကတာ၊ တို့တည်း၊ (ဤပါဠိကား ခန္ဓဝိဘင်းပဥှပုစ္ဆကနည်းမှ ယူအပ်သောပါဠိတည်း၊) ဒသ၊ ကုန်သော။ အာယတနာ၊ အာယတနတို့သည်။ အဗျာကတာ၊ တို့တည်း။ ဒွေ၊ ၂ ပါးကုန်သော။ အာယတနာ၊ မနာယတန၊ ဓမ္မာယတနတို့သည်။ သိယာ၊ အချို့အာယတနတို့ကား။ ကုသလာ၊ တို့တည်း။ သိယာ၊ တို့ကား။ အဗျာကတာ၊ တို့တည်း။ ဤပါဠိကား အာယတနဝိဘင်းပါဠိတည်း။
သောဠသ၊ ၁၆ ပါးကုန်သော။ ဓာတုယော၊ ဓာတ်တို့သည်။ အဗျာကတာ၊ တို့တည်း။ ဒွေ၊ ကုန်သော။ ဓာတုယော၊ မနောဝိညာဏဓာတ်၊ ဓမ္မဓာတ်တို့သည်။ သိယာ၊ အချို့ဓာတ်တို့ကား။ ကုသလာ၊ တို့တည်း။ သိယာ၊ တို့ကား။ အကုသလာ၊ တို့တည်း။ သိယာ၊ တို့ကား။ အဗျာကတာ၊ တို့တည်း၊ ဤပါဠိကား ဓာတုဝိဘင်းပါဠိတည်း။ သမုဒယသစ္စံ၊ သည်။ အကုသလံ၊ အကုသိုလ်တည်း။ မဂ္ဂသစ္စံ၊ သည်။ ကုသလံ၊ တည်း။ နိရောဓသစ္စံ၊ သည်။ အဗျာကတံ၊ တည်း။ ဒုက္ခသစ္စံ၊ သည်။ သိယာ၊ အချို့ကား။ ကုသလံ၊ တည်း။ သိယာ၊ ကား။ အကုသလံ၊ တည်း။ သိယာ၊ ကား။ အဗျာကတံ၊ တည်း၊ ဤပါဠိကား သစ္စဝိဘင်းပါဠိတည်း။ ဒသ၊ ကုန်သော။ ဣန္ဒြိယာ၊ စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိန္ဒြေ၊ ဇိဝှိန္ဒြေ၊ ကာယိန္ဒြေ၊ ဣတ္ထိန္ဒြေ၊ ပုရိသိန္ဒြေ၊ သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ အညာတာဝိန္ဒြေတို့သည်။ အဗျာကတာ၊ တို့တည်း။ ဒေါမနဿိန္ဒြိယံ၊ ဒေါမနဿိန္ဒြေသည်။ အကုသလံ၊ တည်း။ အနညာတညဿာမီတိန္ဒြိယံ၊ အနညာတညဿာမီတိန္ဒြေသည်။ ကုသလံ၊ တည်း။ စတ္တာရိ၊ ကုန်သော။ ဣန္ဒြိယာနိ၊ သဒ္ဓိန္ဒြေ၊ သတိန္ဒြေ၊ ပညိန္ဒြေ၊ အညိန္ဒြေတို့သည်။ သိယာ၊ တို့ကား။ ကုသလာ၊ တို့တည်း။ သိယာ၊ တို့ကား။ အဗျာကတာ၊ တို့တည်း။ ဆ၊ ကုန်သော။ ဣန္ဒြိယာနိ၊ မနိန္ဒြေ၊ သောမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေ၊ ဝီရိယိန္ဒြေ၊ ဇီဝိတိန္ဒြေ၊ သမာဓိန္ဒြေတို့သည်။ သိယာ၊ တို့ကား။ ကုသလာ၊ တို့တည်း။ သိယာ၊ တို့ကား။ အကုသလာ၊ တို့တည်း။ သိယာ၊ တို့ကား။ အဗျာကတာ၊ တို့တည်း၊ ဤပါဠိကား ဣန္ဒြိယဝိဘင်းပါဠိတည်း။ ဣတိ၊ ဤသို့။ ဓမ္မကထံ၊ တရားစကားကို။ ကထေသိ၊ ဟောပြီ။
တသ္မိံဌာနေ၊ ထိုအရပ်၌။ ဧကော၊ တစ်ပါးသော။ ဘိက္ခု၊ သည်။ နိသိန္နော၊ ထိုင်လျက်။ ဓမ္မကေထိက၊ အိုဓမ္မကေထိက။ တွံ၊ သင်သည်။ သိနေရုံ၊ မြင်းမိုရ်တောင်ကို။ ပရိက္ခိပန္တောဝိယ၊ ရစ်ပတ်သကဲ့သို့။ ဒီဃသုတ္တံ၊ ရှည်စွာသောပါဠိကို။ အာဟရသိ၊ ထုတ်ဆောင်ဘိ၏။ ဧတံ၊ ဤပါဠိသည်။ ကိံသုတ္တံနာမ၊ အဘယ်ပါဠိမည်သနည်း။ ဣတိ၊ သို့။ အာဟ၊ ပြောပြီ။ အာဝုသော၊ ငါ့ရှင်။ အဘိဓမ္မသုတ္တံနာမ၊ အဘိဓမ္မာပါဠိတော်မည်၏။ ဣတိ၊ ဤသို့ပြောပြီ။ ကသ္မာ၊ အဘယ့်ကြောင့်။ အဘိဓမ္မသုတ္တံ၊ အဘိဓမ္မာပါဠိကို။ အာဟရသိ၊ ဆောင်ဘိသနည်း။ အညံ၊ အဘိဓမ္မာပါဠိမှတစ်ပါးသော။ ဗုဒ္ဓဘာသိတံ၊ မြတ်စွာဘုရားသည် ဟောတော်မူအပ်သော။ သုတ္တံ၊ ပါဠိကို။ အာဟရိတုံ၊ ဆောင်ခြင်းငှာ။ နဝဋ္ဋတိကိံ၊ မသင့်သလော။ ဣတိ၊ ဤသို့မေးပြီ။ အဘိဓမ္မော၊ အဘိဓမ္မာကို။ ကေန၊ အဘယ်သူသည်။ ဘာသိတော၊ ဟောတော်မူအပ်သနည်း။ ဣတိ၊ ဤသို့မေးပြီ။ ဧသော၊ ဤအဘိဓမ္မာပါဠိကို။ နဗုဒ္ဓဘာသိတော၊ မြတ်စွာဘုရားဟောအပ်သည်မဟုတ်။ ဣတိ၊ ဤသို့ပြောပြီ။ အာဝုသော၊ ငါ့ရှင်။ တေ၊ သင်သည်။ ဝိနယပိဋကံ၊ ဝိနည်းပိဋကကို။ ဥဂ္ဂဟိတံကိံပန၊ သင်ယူအပ်ပြီးပါလော။ ဣတိ၊ ဤသို့မေးပြီ။ အာဝုသော၊ ငါ့ရှင်။ နဥဂ္ဂဟိတံ၊ သင်ယူအပ်ပြီးမဟုတ်ပါ။ ဣတိ၊ ဤသို့ပြောပြီ။ အဝိနယဓာရိတာယ၊ ဝိနည်းဆောင်မဟုတ်သည်၏အဖြစ်ကြောင့်။ တွံ၊ သည်။ အဇာနန္တော၊ အဘိဓမ္မ၏ဗုဒ္ဓဘာသိတအဖြစ်ကိုမသိသည်၊ (ဟုတွာ)။ ဧဝံ၊ ဤသို့၊ (ကိံအညံဗုဒ္ဓဝစနံအစရှိသောဤစကားကို၊) ဝဒေသိမညေ၊ ပြောဆိုလေယောင်တကား၊ ဝါ = ပြောဆို၏ဟုမှတ်ထင်၏။ ဣတိ၊ ဤသို့ပြောပြီ။ အာဝုသော၊ ငါ့ရှင်။ ဝိနယမတ္တံ၊ ဥဘတောဝိဘင်းဟူသော ဝိနည်းမျှကို။ ဥဂ္ဂဟိတံ၊ သင်ယူအပ်ပါပြီ။ ဣတိ၊ ဤသို့ပြောပြီ။ မတ္တသဒ္ဒါအပ္ပဝါစက၊ ဋီကာ၌ "ဝိနယမတ္တံ" ဟုရှိ၏။
တမ္ပိ၊ ထိုအနည်းငယ်သော ဝိနည်းကိုလည်း။ တေ၊ သင်သည်။ ဒုဂ္ဂဟိတံ၊ မကောင်းသဖြင့် နာယူအပ်သည်၊ ဝါ = မကောင်းသဖြင့် စာလိုက်အပ်သည်။ ပရိသပရိယန္တေ၊ ပရိသတ်အစွန်၌။ နိသီဒိတွာ၊ ထိုင်၍။ နိဒ္ဒါယန္တေန၊ ငိုက်မျဉ်းလျက်။ ဥဂ္ဂဟိတံ၊ နာယူအပ်သည်၊ ဝါ = စာလိုက်အပ်သည်။ ဘဝိဿတိ၊ ဖြစ်ပါလိမ့်မည်။
(ဒုဂ္ဂဟိတံကို ထပ်၍ အဓိပ္ပာယ်ဖွင့်သည်)
ဟိ၊ ဆက်။ တုမှာဒိသော၊ သင်ကဲ့သို့ ရှုအပ်သော ပုဂ္ဂိုလ်သည်။ ပဗ္ဗာဇေန္တော ဝါ၊ ရှင်လောင်းကို ရှင်ဖြစ်စေသော်လည်းကောင်း။ ဥပသမ္ပာဒေန္တော ဝါ၊ ရဟန်းလောင်းကို ရဟန်းဖြစ်စေသော်လည်းကောင်း။ သာတိသာရော၊ အပြစ်နှင့်တကွ ဖြစ်သည်၊ ဝါ = အပြစ်ရှိသည်။ ဟောတိ၊ ၏။ ကိံကာရဏာ၊ အဘယ်အကြောင်းကြောင့်နည်း။ ဝိနယမတ္တဿပိ၊ အနည်းငယ်သော ဝိနည်း၏လည်း၊ ဝါ = ကိုလည်း။ ဒုဂ္ဂဟိတတ္တာ၊ မကောင်းသဖြင့် နာယူအပ်သည်၏ အဖြစ်ကြောင့်တည်း။
ဟိ၊ သာဓကကား၊ (အသင်၏ ဝိနယမတ္တကို တော်စွာလျော်စွာ သင်ယူခဲ့ကြောင်းကို အထောက်ပြဦးမည်ဟူလို) တတ္ထ၊ ထိုအသင်ပရဝါဒီ သင်အပ်ပြီးသော အနည်းငယ်သော ဝိနည်း၌။ အနာပတ္တိ နဝိဝဏ္ဏေတုကာမော၊ ပေ၊ ပရိယာပုဏိဿတီတိ၊ အနာပတ္တိ၊ ပေ၊ ပရိယာပုဏိဿတိ ဟူ၍လည်းကောင်း။ သုတ္တန္တေ သြကာသံ၊ ပေ၊ အဘိဓမ္မံ ဝါ ပုစ္ဆတီတိ၊ သုတ္တန္တေ သြကာသံ၊ ပေ၊ အဘိဓမ္မံ ဝါ ပုစ္ဆတိ ဟူ၍လည်းကောင်း။ ဧတံ၊ ဤပါဠိကို။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
နဝိဝဏ္ဏေတုကာမော၊ ကဲ့ရဲ့ခြင်းငှာ အလိုမရှိသည် (ဟုတွာ)။ အာဝုသော၊ ငါ့ရှင်။ ဣင်္ဃ၊ တိုက်တွန်းပါ၏။ သုတ္တန္တံ ဝါ၊ သုတ္တန်ကိုသော်လည်းကောင်း။ ဂါထာယော ဝါ၊ ဂါထာတို့ကိုသော်လည်းကောင်း။ အဘိဓမ္မံ ဝါ၊ အဘိဓမ္မာကိုသော်လည်းကောင်း။ တာဝ ပရိယာပုဏဿု၊ သင်ပါဦးလော။ ပစ္ဆာပိ၊ နောက်၌လည်း၊ ဝါ = နောက်မှလည်း။ ဝိနယံ၊ ဝိနည်းကို။ ပရိယာပုဏိဿသိ၊ သင်ရပါလိမ့်မည်။ ဣတိ၊ ဤသို့။ ဘဏတိ၊ ပြောအံ့။ အနာပတ္တိ၊ အာပတ်မသင့်။
သုတ္တန္တေ၊ သုတ္တန်၌။ သြကာသံ၊ မေးခွင့်ကို။ ကာရာပေတွာ၊ ပြုစေပြီး၍။ အဘိဓမ္မံ ဝါ၊ အဘိဓမ္မာကိုသော်လည်းကောင်း။ ဝိနယံ ဝါ၊ ဝိနည်းကိုသော်လည်းကောင်း။ ပုစ္ဆတိ၊ မေးအံ့၊ (အာပတ္တိ ပါစိတ္တိယဿ)။ အဘိဓမ္မေ၊ အဘိဓမ္မာ၌။ သြကာသံ ကာရာပေတွာ သုတ္တန္တံ ဝါ ဝိနယံ ဝါ ပုစ္ဆတိ၊ (အာပတ္တိ ပါစိတ္တိယဿ)။ ဝိနယေ၊ ဝိနည်း၌။ သြကာသံ ကာရာပေတွာ သုတ္တန္တံ ဝါ အဘိဓမ္မံ ဝါ ပုစ္ဆတိ၊ (အာပတ္တိ ပါစိတ္တိယဿ)။
တွံ ပန၊ သင်သည်ကား။ ဧတ္တကမ္ပိ၊ ဤမျှကိုလည်း။ န ဇာနာသိ၊ မသိ။ ဣတိ၊ ဤသို့ ပြောပြီ။ ဧတ္တကေနပိ၊ ဤမျှ အတိုင်းအရှည်ရှိသော စကားဖြင့်လည်း။ ပရဝါဒီ၊ ပရဝါဒီသည်၊ ဝါ = ကို။ နိဂ္ဂဟိတော၊ နှိပ်အပ်ပြီးသည်။ ဟောတိ၊ ဖြစ်၏။
၉။ ဗုဒ္ဓဘာသိတအဖြစ်ကို (ခ) ဂေါသိင်္ဂသုတ်ဖြင့်ပြခန်း
ပန၊ ထိုသို့ပင် နှိပ်အပ်ပြီး ဖြစ်ပါသော်လည်း၊ (တစ်နည်း) ပန၊ အဘိဓမ္မာ၏ ဗုဒ္ဓဘာသိတအဖြစ်ကို ဝိနည်းဖြင့် ပြီးစေပုံမှတစ်ပါး မဟာဂေါသိင်္ဂသုတ်ဖြင့် ပြီးစေပုံကို ပြဦးအံ့။ မဟာဂေါသိင်္ဂသုတ္တံ၊ မဟာဂေါသိင်္ဂသုတ်သည်။ ဣတောပိ၊ ဤဝိနည်းထက်လည်း။ ဗလဝတရံ၊ သာ၍ အားရှိ၏။ ဟိ၊ ချဲ့။ တတြ၊ ထိုမဟာဂေါသိင်္ဂသုတ်၌။ သာရိပုတ္တတ္ထေရော၊ အရှင်သာရိပုတ္တရာထေရ်သည်။ အညမညံ၊ အချင်းချင်း။ ပုစ္ဆိတပဥှဥ္စ၊ မေးအပ်သော ပြဿနာကိုလည်းကောင်း။ ဝိသဇ္ဇနဥ္စ၊ အဖြေကိုလည်းကောင်း။ အာရောစေတုံ၊ လျှောက်စေခြင်းငှာ (ဂါထာ၌စပ်)။ သတ္ထု၊ မြတ်စွာဘုရား၏။ သန္တိကံ၊ အထံတော်သို့။ ဂန္တွာ၊ သွားပြီး၍။ မဟာမောဂ္ဂလ္လာနတ္ထေရဿ၊ အရှင်မဟာမောဂ္ဂလ္လာန်ထေရ်၏။ ဝိသဇ္ဇနံ၊ ကို။ အာရောစေန္တော၊ လျှောက်လိုရကား။ ဣဓာဝုသော သာရိပုတ္တ၊ ပေ၊ သောဘေယျာတိ၊ ဟူ၍။ အာဟ၊ လျှောက်ပြီ။
အာဝုသော သာရိပုတ္တ၊ အရှင်သာရိပုတ္တရာ။ ဣဓ၊ ဤသာသနာတော်၌။ ဒွေ၊ နှစ်ပါးကုန်သော။ ဘိက္ခူ၊ တို့သည်။ အဘိဓမ္မကထံ၊ အဘိဓမ္မာနှင့်စပ်သော စကားကို။ ကထေန္တိ၊ ပြောဆိုကြကုန်၏။ တေ၊ ထိုရဟန်းတို့သည်။ အညမညံ၊ အချင်းချင်း၊ ဝါ = တစ်ပါးတစ်ပါးကို။ ပဥှံ၊ ပြဿနာကို။ ပုစ္ဆန္တိ၊ မေးကြကုန်၏။ အညမညဿ၊ အချင်းချင်းသည်၊ ဝါ = တစ်ပါးတစ်ပါးသည်။ ပဥှံ၊ ကို။ ပုဋ္ဌာ၊ မေးအပ်ကုန်သည် (သမာနာ = ဖြစ်ကုန်သော်)။ ဝိသဇ္ဇန္တိ၊ ဖြေကြကုန်၏။ နော စ သံသာရေန္တိ၊ ရွံ့တီးရွံ့တွန့်လည်း မဖြစ်ကြကုန်။
(နော စ သံသာဒေန္တိ ဟုရှိသော ပါဌ်၌ [စ - ထိုသို့ပင် မေးကြဖြေကြပါကုန်သော်လည်း၊ နော သံသာဒေန္တိ - အပြစ်မတင်လိုကြကုန်၊ ဝါ - အပြစ်တင်လို၍ မေးကြသည် မဟုတ်ကုန်၊] ဟု ပေးပါ)
နေသံ၊ ထိုရဟန်းတို့၏။ ဓမ္မီ၊ တရားရှိသော။ ကထာ စ၊ စကားသည်လည်း။ ပဝတ္တိနီ၊ မြစ်ရေအယဉ်ကဲ့သို့ အစဉ်မပြတ် ဖြစ်ခြင်းရှိသည်။ ဟောတိ၊ ၏။ အာဝုသော သာရိပုတ္တ၊ ပုတ္တရာ။ ဧဝရူပေန၊ ဤသို့ သဘောရှိသော။ ဘိက္ခုနာ၊ ဖြင့်။ ဂေါသိင်္ဂသာလဝနံ၊ နွားဦးချိုနှင့်တူသော တရုပ်စကားတောသည်၊ ဝါ = အင်ကြင်းတောသည်။ သောဘေယျ၊ တင့်တယ်ရာပါ၏။
သတ္ထာ၊ မြတ်စွာဘုရားသည်။ အာဘိဓမ္မိကာ နာမ၊ အဘိဓမ္မာဆောင် ရဟန်းတို့မည်သည်။ မမ၊ ငါဘုရား၏။ သာသနေ၊ သာသနာတော်၌။ ပရိဗာဟိရာ၊ ပြင်ပဖြစ်သူတို့တည်း။ ဣတိ၊ ဤသို့။ အဝတွာ၊ မိန့်တော်မမူဘဲ။ သုဝဏ္ဏာလိင်္ဂသဒိသံ၊ ရွှေမရိုးစည်ငယ်နှင့်တူသော။ ဂီဝံ၊ လည်တော်ကို။ ဥန္နာမေတွာ၊ မော်တော်မူ၍။ ပုဏ္ဏစန္ဒသဿီရိကံ၊ လပြည့်ဝန်း၏ အသရေနှင့်တူသော အရေရှိသော။ မဟာမုခံ၊ မြတ်သော ခံတွင်းတော်ကို။ ပူရေတွာ၊ ပြည့်စေ၍။ ဗြဟ္မဃောသံ၊ မြတ်သောအသံတော်ကို၊ ဝါ = ဗြဟ္မာ၏အသံနှင့်တူသော အသံတော်ကို။ နိစ္ဆာရေန္တော၊ မြွက်ဟမိန့်ဆိုတော်မူလျက်။ သာဓု သာဓု သာရိပုတ္တောတိ၊ သာဓု သာဓု သာရိပုတ္တော ဟူ၍။ မဟာမောဂ္ဂလ္လာနတ္ထေရဿ၊ မဟာမောဂ္ဂလ္လာန်ထေရ်အား။ သာဓုကာရံ၊ ကောင်းချီးကို။ ဒတွာ၊ ပေးတော်မူပြီး၍။ ယထာ တံ၊ ပေ၊ ဓမ္မကထိကောတိ၊ ယထာ တံ၊ ပေ၊ ဓမ္မကထိကော ဟူ၍။ အာဟ၊ မိန့်တော်မူပြီ။
မောဂ္ဂလ္လာနော စ၊ မောဂ္ဂလ္လာန်သည်လည်း (စဖြင့် အခြားထေရ် ၅ ပါးကိုသိမ်း)။ ယထာ၊ အကြင်အခြင်းအရာအားဖြင့်။ ဗျာကရမာနော၊ ဖြေဆိုသော်။ သမ္မာ၊ ကောင်းစွာ။ ဗျာကရေယျ၊ ဖြေဆိုရာ၏၊ ဝါ = ဖြေဆိုသူမည်ရာ၏၊ (ဧဝံ - ဤအခြင်းအရာအားဖြင့်၊ ဗျာကတံ - ဖြေဆိုအပ်ပါပေပြီ)။ ဟိ၊ မှန်။ သာရိပုတ္တ၊ သာရိပုတ္တရာ။ မောဂ္ဂလ္လာနော၊ မောဂ္ဂလ္လာန်သည်။ ဓမ္မကထိကော၊ ဓမ္မကထိကတည်း။ (ယထာ တံ ၌ တံ အနက်မရှိ၊ တံ - ထိုပြဿနာကိုဟုလည်း ပေးကြ၏)
အာဘိဓမ္မိကဘိက္ခူ ယေဝ၊ အဘိဓမ္မာဆောင် ရဟန်းတို့သည်သာ။ ဓမ္မကထိကာ နာမ၊ ဓမ္မကထိကပုဂ္ဂိုလ်တို့မည်သည်။ ဟောန္တိ ကိရ၊ ဖြစ်ကုန်သတတ်။ အဝသေသာ၊ အဘိဓမ္မာဆောင် ရဟန်းမှ ကြွင်းကုန်သော (ဘိက္ခူ - တို့သည်)။ ဓမ္မကထံ၊ တရားစကားကို။ ကထေန္တာပိ၊ ဟောပါကုန်သော်လည်း။ န ဓမ္မကထိကာ၊ ဓမ္မကထိကအစစ် မဟုတ်ကြကုန်။
ကသ္မာ၊ အဘယ်ကြောင့်။ အာဘိဓမ္မိကာ ယေဝ၊ အဘိဓမ္မာဆောင်ရဟန်းတို့သည်သာ။ ဓမ္မကထိကာ နာမ၊ ဓမ္မကထိကပုဂ္ဂိုလ်တို့မည်သနည်း။ အဝသေသာ၊ ကြွင်းသော။ ဘိက္ခူ၊ တို့သည်။ ဓမ္မကထံ၊ ကို။ ကထေန္တာပိ၊ ဟောပါကုန်သော်လည်း။ န ဓမ္မကထိကာ၊ ဓမ္မကထိကအစစ် မဟုတ်ကြကုန်သနည်း။
ဟိ ယသ္မာ၊ အကြင်ကြောင့်။ တေ၊ ထိုအဘိဓမ္မာဆောင်မဟုတ်သော ရဟန်းတို့သည်။ ဓမ္မကထံ၊ ကို။ ကထေန္တာ၊ ဟောကုန်သော်။ ကမ္မန္တရံ၊ ကံတစ်ပါးကိုလည်းကောင်း။ ဝိပါကန္တရံ၊ ဝိပါက်တစ်ပါးကိုလည်းကောင်း။ ရူပါရူပပရိစ္ဆေဒံ၊ ရုပ်နာမ်အပိုင်းအခြားကိုလည်းကောင်း။ ဓမ္မန္တရံ၊ တရားတစ်ပါးကိုလည်းကောင်း။ အာလောဠေတွာ၊ မွှေနှောက်၍၊ ဝါ = ရောမွှေ၍။ ကထေန္တိ၊ ဟောကြကုန်၏။
အာဘိဓမ္မိကာ ပန၊ အဘိဓမ္မာဆောင် ရဟန်းတို့သည်ကား။ ဓမ္မန္တရံ၊ ကို၊ (ကမ္မန္တရံစသည်ကို ချုံ့လိုက်ဟန်တူသည်) န အာလောဠေန္တိ၊ မမွှေနှောက်ကြကုန်။ (တသ္မာ - ကြောင့်၊ အာဘိဓမ္မိကဘိက္ခူ ယေဝ - တို့သည်သာ၊ ဓမ္မကထိကာ နာမ - တို့မည်၏၊ အဝသေသာ - ကုန်သော၊ ဘိက္ခူ - တို့သည်၊ ဓမ္မကထံ - ကို၊ ကထေန္တာပိ - သော်လည်း၊ န ဓမ္မကထိကာ - ဓမ္မကထိကအစစ် မဟုတ်ကြကုန်)
တသ္မာ၊ ကြောင့် (ထိုသို့ အဘိဓမ္မာဆောင်ရဟန်းတို့၏သာ ဓမ္မကထိကတို့၏အဖြစ် ကြွင်းသောရဟန်းတို့၏ တရားဟောကုန်သော်လည်း ဓမ္မကထိကအစစ်မဟုတ်သည်၏ အဖြစ်ကြောင့်)။ အာဘိဓမ္မိကော၊ အဘိဓမ္မာဆောင်ဖြစ်သော။ ဘိက္ခု၊ သည်။ ဓမ္မံ၊ ကို။ ကထေတု ဝါ၊ ဟောမူလည်း ဟောပါစေ။ မာ ကထေတု ဝါ၊ မဟောမူလည်း မဟောပါစေ။ ပန၊ စင်စစ်ကား။ ပုစ္ဆိတကာလေ၊ မေးအပ်ရာအခါ၌။ ပဥှံ၊ ကို။ ကထေဿတိ၊ ဖြေဆိုလတ္တံ့။ ဣတိ၊ ထို့ကြောင့်။ အယမေဝ၊ ဤအဘိဓမ္မာဆောင်ရဟန်းသည်သာလျှင်။ ဧကန္တဓမ္မကထိကော နာမ၊ ဧကန် ဓမ္မကထိကမည်သည်။ ဟောတိ၊ ၏။ ဣဒံ၊ ဤဧကန်ဓမ္မကထိက၏အဖြစ်ကို။ သန္ဓာယ၊ ရည်တော်မူ၍။ သတ္ထာ၊ မြတ်စွာဘုရားသည်။ သာဓုကာရံ၊ ကို။ ဒတွာ၊ ပေးတော်မူပြီး၍။ သုကထိတံ မောဂ္ဂလ္လာနေနာတိ၊ ဟူ၍။ အာဟ၊ မိန့်တော်မူပြီ။ မောဂ္ဂလ္လာနေန၊ မောဂ္ဂလ္လာန်သည်။ သုကထိတံ၊ ကောင်းစွာ ဖြေဆိုအပ်ပါပေပြီ။
အဘိဓမ္မံ၊ အဘိဓမ္မာကို။ ပဋိဗာဟန္တော၊ တားမြစ်သော ပုဂ္ဂိုလ်သည်။ ဣမသ္မိံ ဇိနစက္ကေ၊ ဤမြတ်စွာဘုရား၏ သာသနာတော်ဟူသော စက်၌၊ ဝါ = အား။ ပဟာရံ၊ ပုတ်ခတ်ခြင်းကို။ ဒေတိ၊ ပေး၏၊ ဝါ = ပေးရာရောက်၏။ သဗ္ဗညုတညာဏံ၊ သဗ္ဗညုတဉာဏ်ကို။ ပဋိဗာဟတိ၊ တားမြစ်၏၊ ဝါ = တားမြစ်ရာရောက်၏။ သတ္ထု၊ မြတ်စွာဘုရား၏။ ဝေသာရဇ္ဇဉာဏံ၊ ဝေသာရဇ္ဇဉာဏ်တော်ကို။ ပဋိနိဝတ္တေတိ၊ ဆုတ်နစ်စေ၏။ သောတုကာမံ၊ ကြားနာခြင်းငှာ အလိုရှိသော။ ပရိသံ၊ ပရိသတ်ကို။ ဝိသံဝါဒေတိ၊ အမှားမှားအယွင်းယွင်း ပြောဆိုစေ၏။ အရိယမဂ္ဂေ၊ အရိယာဖြစ်ကြောင်းလမ်းစဉ်၌။ အာဝရဏံ၊ ပိတ်ဆီးကြောင်းဖြစ်သော စည်းကို။ ဗန္ဓတိ၊ ဖွဲ့၏။ အဋ္ဌာရသသု၊ တဆယ့်ရှစ်ပါးကုန်သော။ ဘေဒကရဝတ္ထူသု၊ သံဃာပြိုကွဲကြောင်း ဝတ္ထုတို့တွင်။ ဧကသ္မိံ၊ တစ်ခုသော ဝတ္ထု၌။ သန္ဒိဿတိ၊ ထင်ရှား၏။ ဥက္ခေပနီယကမ္မတဇ္ဇနီယကမ္မာရဟော၊ ဥက္ခေပနီယကံ၊ တဇ္ဇနီယကံကို ထိုက်သည်။ ဟောတိ၊ ၏။ တံတံ ကမ္မံ၊ ထိုထိုကံကို။ ကတွာ၊ ပြု၍။ ဂစ္ဆ၊ သွားလော။ ဝိဃာသာဒေါ၊ စားကြွင်းစားသည်။ ဟုတွာ၊ ဖြစ်၍။ ဇီဝိဿသိ၊ အသက်မွေးရလတ္တံ့။ ဣတိ၊ ဤသို့ ပြော၍။ ဥယျောဇေတဗ္ဗော၊ နှင်လွှတ်ထိုက်၏။
(ဂ) နိဒါန်းဖြင့်ပြီးစေခန်း
(အဘိဓမ္မာကို ဗုဒ္ဓဘာသိတအဖြစ်ကို ဂေါသိင်္ဂသုတ်ဖြင့် ပြီးစေပြီး၍ ယခုအခါ၌ နိဒါန်းနှင့်စပ်သော စကားဖြင့် ဗုဒ္ဓဘာသိတအဖြစ်ကို ပြီးစေလိုသောကြောင့် "အထာပိ ဧဝံ ဝဒေယျ" စသော စောဒနာဝါကျကိုမိန့်)
(ပရဝါဒီ၊ ပရဝါဒီပုဂ္ဂိုလ်သည်)*။ ဧဝံ၊ ဤသို့။ အထာပိ ဝဒေယျ၊ အကယ်၍မူလည်း ဆိုအံ့၊ (ကိံ - အဘယ်သို့ ဆိုရာသနည်း)။ အဘိဓမ္မော၊ အဘိဓမ္မာသည်။ ဗုဒ္ဓဘာသိတော၊ ဗုဒ္ဓဘာသိတ။ သစေ ဟောတိ၊ အကယ်၍ ဖြစ်အံ့၊ (ဧဝံ သတိ - ဤသို့ဖြစ်လသော်)။ အနေကေသု၊ တစ်ပါးမက များစွာကုန်သော။ သုတ္တသဟဿေသု၊ သုတ်အထောင်တို့၌။ ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတီတိ အာဒိနာ၊ ဧကံ သမယံ၊ ပေ၊ ဝိဟရတိ အစရှိသော။ နယေန၊ နည်းဖြင့်။ နိဒါနံ၊ နိဒါန်းကို။ သဇ္ဇိတံ ယထာ၊ စီရင်အပ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ အဿာပိ၊ ဤအဘိဓမ္မာ၏လည်း။ နိဒါနံ၊ နိဒါန်းသည်၊ ဝါ = ကို။ သဇ္ဇိတံ၊ စီရင်အပ်သည်။ ဘဝေယျ၊ ဖြစ်ရာသည် မဟုတ်ပါလော။ ဣတိ ဧဝံ၊ ဤသို့။ အထာပိ ဝဒေယျ၊ အကယ်၍ ဆိုအံ့။ ဧဝံ သတိ၊ ထိုသို့ဖြစ်သော်။ သော၊ ထိုပရဝါဒီပုဂ္ဂိုလ်ကို (ဧဝံ ဝတ္တဗ္ဗော၌စပ်)။ ဇာတကသုတ္တနိပါတဓမ္မပဒါဒီနံ၊ ဇာတ်တော်၊ သုတ္တနိပါတ်၊ ဓမ္မပဒ အစရှိသော ပါဠိတော်တို့၏။ ဧဝရူပံ၊ ဤသို့သဘောရှိသော (ဧကံသမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ အစရှိသော သဘောရှိသော)။ နိဒါနံ၊ နိဒါန်းသည်။ နတ္Points၊ မရှိ။ စ၊ ထိုသို့ပင် မရှိပါသော်လည်း။ ဧတာနိ၊ ဤဇာတ်တော်၊ သုတ္တနိပါတ်၊ ဓမ္မပဒ အစရှိသော ပါဠိတော်တို့သည်။ နဗုဒ္ဓဘာသိတာနိ၊ ဗုဒ္ဓဘာသိတ မဟုတ်ကုန်သည်ကား။ န၊ မဟုတ်ကုန်၊ (ဗုဒ္ဓဘာသိတာနိ ဧဝ - ဗုဒ္ဓဘာသိတတို့သာတည်း)။ ဣတိ၊ ဤသို့။ ပဋိက္ခိပိတွာ၊ ပယ်မြစ်ပြီး၍။ ဥတ္တရိပိ၊ အလွန်လည်း။ ဧဝံ၊ ဤသို့။ ဝတ္တဗ္ဗော၊ ပြောဆိုထိုက်၏။ (ကိံ - အဘယ်သို့ ပြောဆိုထိုက်သနည်း)
ပဏ္ဍိတ၊ သုခမိန်၊ (ပရဝါဒီကိုပင် နှိပ်သောအားဖြင့် ပြောသော ချီးမွမ်းခြေကျောက်စကားဟု ခေါ်သည်)။ ဧသ အဘိဓမ္မော နာမ၊ ဤအဘိဓမ္မာမည်သည်။ သဗ္ဗညုတဗုဒ္ဓါနံ ယေဝ၊ သဗ္ဗညုဘုရားရှင်တို့၏သာ။ ဝိသယော၊ အရာတော်တည်း။ အညေသံ၊ သဗ္ဗညုဗုဒ္ဓမှတစ်ပါး အခြားပုဂ္ဂိုလ်တို့၏။ န ဝိသယော၊ အရာမဟုတ်။
ဟိ၊ မှန်၊ (တစ်နည်း) ဟိ၊ ထင်ရှားအောင် ပြဦးအံ့ (သဗ္ဗညုတဗုဒ္ဓမှတစ်ပါး အခြားပုဂ္ဂိုလ်၏ အရာမဟုတ်ကြောင်းကို ထင်ရှားအောင် ပြဦးအံ့-ဟူလို)။ ဗုဒ္ဓါနံ၊ သဗ္ဗညုဘုရားတို့၏။ သြက္ကန္တိ၊ မယ်တော့််ဝမ်းသို့ သက်ရောက်တော်မူခြင်းသည်။ ပါကဋာ၊ သာသနာတော်တွင် ထင်ရှား၏။ အဘိဇာတိ၊ မယ်တော့််ဝမ်းမှ ဖွားမြင်တော်မူခြင်းသည်။ ပါကဋာ၊ ထင်ရှား၏။ အဘိသမ္ဗောဓိ၊ သစ္စာ ၄ ပါးကို ထိုးထွင်း၍ သိတော်မူခြင်းသည်။ ပါကဋာ၊ ထင်ရှား၏။ ဓမ္မစက္ကပဝတ္တနံ၊ ဓမ္မစကြာကို ဟောတော်မူခြင်းသည်။ ပါကဋံ၊ ထင်ရှား၏။ ယမကပါဋိဟာရိယံ၊ တာဝတိံသာနတ်ပြည်သို့ မကြွမီ ကဏ္ဍမ္ဗဥယျာဉ်၏ အနီး၌ ပြုအပ်သော ရေမီးအစုံဟူသော တန်ခိုးပြာဋိဟာသည်။ ပါကဋံ၊ ထင်ရှား၏။ တိဝိက္ကမော၊ တာဝတိံသာသို့ ၃ ဖဝါးဖြင့် ကြွတော်မူခြင်းသည်။ ပါကဋော၊ ထင်ရှား၏။
(တစ်နည်း) (အဘိဓမ္မဿ၊ အဘိဓမ္မာပါဠိတော်၏)*။ ဒေဝလောကေ၊ တာဝတိံသာနတ်ပြည်၌။ ဒေသိတဘာဝေါ၊ ဟောတော်မူအပ်သည်၏ အဖြစ်သည်။ ပါကဋော၊ ထင်ရှား၏။ ဒေဝေါရောဟနံ၊ အဘိဓမ္မာတရားကို ဟောတော်မူပြီး၍ တာဝတိံသာနတ်ပြည်မှ သကဿနဂိုရ်သို့ ကြွဆင်းတော်မူခြင်းသည်။ ပါကဋံ၊ ထင်ရှား၏။ (ဤမျှလောက် ထင်ရှားသော ဗုဒ္ဓမြတ်စွာ၏ အဘိဓမ္မာတရားကို ဗုဒ္ဓဘာသိတမဟုတ်ဟု ဆိုလိုခြင်း၌ ဥပမာပြလို၍ ယထာနာမစသည်ကိုမိန့်)
ယထာနာမ၊ ဥပမာမည်သည်ကား။ စက္ကဝတ္တိရညော၊ စကြဝတ္တေးမင်း၏။ ဟတ္ထိရတနံ၊ ဆင်ရတနာကိုသော်လည်းကောင်း။ အဿရတနံ၊ မြင်းရတနာကိုသော်လည်းကောင်း။ ထေနေတွာ၊ ခိုး၍။ ယာနကေ၊ ယာဉ်ငယ်၌။ ယောဇေတွာ၊ ကပ်ယှဉ်၍။ ဝိစရဏံနာမ၊ လှည့်လည်ခြင်းမည်သည်။ အဋ္ဌာနံ ယထာ၊ အရာမဟုတ်သကဲ့သို့။ အကာရဏံ ယထာ၊ အကြောင်းမဟုတ်သကဲ့သို့။ ဝါပန၊ သည်သာမကသေး။ စက္ကရတနံ၊ စကြာရတနာကို။ ထေနေတွာ၊ ခိုး၍။ ပလာလသကဋေ၊ ကောက်ရိုးလှည်း၌။ သြလမ္ဗိတွာ၊ နောက်က တွဲလဲဆွဲ၍။ ဝိစရဏံနာမ၊ လှည့်လည်ခြင်းမည်သည်။ အဋ္ဌာနံ ယထာ၊ အရာမဟုတ်သကဲ့သို့။ အကာရဏံ ယထာ၊ အကြောင်းမဟုတ်သကဲ့သို့။ ဝါပန၊ သည်သာမကသေး။ ယောဇနပ္ပမာဏံ၊ တစ်ယူဇနာ အတိုင်းအရှည်ရှိသော အရပ်ကို (အရပ်တိုင်အောင်)။ သြဘာသနသမတ္ထံ၊ ထွန်းလင်းစေခြင်း၌ စွမ်းနိုင်သော။ မဏိရတနံ၊ ပတ္တမြားရတနာကို။ ကပ္ပာသပစ္ဆိယံ၊ ဝါတောင်း၌ (ဝါဖတ်တောင်း၌)။ ပက္ခိပိတွာ၊ ထည့်၍။ ဝလဉ္စနံနာမ၊ သုံးစွဲခြင်းမည်သည်။ အဋ္ဌာနံ ယထာ၊ အရာမဟုတ်သကဲ့သို့။ အကာရဏံ ယထာ၊ အကြောင်းမဟုတ်သကဲ့သို့။
ကသ္မာ၊ အဘယ်ကြောင့်နည်း။ ရာဇာရဟဘဏ္ဍတာယ၊ မင်းအားထိုက်သော ဘဏ္ဍာ၏ အဖြစ်ကြောင့်တည်း။ ဧဝမေဝ၊ ဤအတူပင်။ အဘိဓမ္မောနာမ၊ အဘိဓမ္မာမည်သည်။ အညေသံ၊ အခြားပုဂ္ဂိုလ်တို့၏။ န ဝိသယော၊ အရာမဟုတ်။ သဗ္ဗညုဗုဒ္ဓါနံ ယေဝ၊ သဗ္ဗညုဘုရားရှင်တို့၏သာလျှင်။ ဝိသယော၊ အရာတော်တည်း။
သဗ္ဗညုဘုရားရှင်တို့သာဟောနိုင်သည်-ဟူလို။ တေသံ၊ ထိုသဗ္ဗညုဘုရားရှင်တို့၏။ ဝသေန၊ အစွမ်းဖြင့်။ ဒေသေတဗ္ဗဒေသနာ၊ ဟောတော်မူထိုက်သောဒေသနာတော်တည်း။ ဟိ၊ မှန်။ ဗုဒ္ဓါနံ၊ တို့၏။ ဩက္ကန္တိ၊ သည်။ ပါကဋာ၊ ၏၊ ပေ။ ဒေဝေါရောဟနံ၊ သည်။ ပါကဋံ၊ ၏။ ပဏ္ဍိတ၊ သုခမိန်။ အဘိဓမ္မဿ၊ (ဒေသ, ကာလ, ဒေသက, ပရိသတ်တို့ဖြင့်) ထင်ရှားပြီးသောအဘိဓမ္မာပါဠိတော်၏။ နိဒါနကိစ္စံ နာမ၊ နိဒါန်းထားဖွယ်ကိစ္စမည်သည်။ နတ္ထိ၊ မရှိ။ ဣတိ၊ သို့။ ဝတ္တဗ္ဗော၊ ပြောဆိုထိုက်၏၊ (-''ဥတ္တရိပိ ဧဝံ ဝတ္တဗ္ဗော'' ပြန်လှည့်၊) ဟိ၊ ပြောဆိုရခြင်း၏အကျိုးကား။ ဧဝံ၊ ဤသို့။ ဝုတ္တေ၊ ပြောဆိုအပ်သော်၊ ဝါ-ပြောဆိုလိုက်လျှင်။ ပရဝါဒီနာ၊ ပရဝါဒီပုဂ္ဂိုလ်သည်။ သဟဓမ္မိကံ၊ အကြောင်းနှင့်တကွဖြစ်သော (အကြောင်းလုံလောက်သော)။ ဥဒါဟရဏံ၊ ဥဒါဟရုဏ်သက်သေကို။ ဥဒါဟရိတုံ၊ ထုတ်ဆောင်ခြင်းငှာ။ န သက္ကာ၊ မတတ်နိုင်တော့။
(-နိဒါန်းတိုက်ရိုက်မပါသော်လည်း ဩက္ကန္တိကာလစသည်တို့၏ထင်ရှားခြင်းကြောင့် နိဒါန်းဆိုဖွယ်ရာမရှိကြောင်းကိုပြပြီး၍ ယခုအခါ မဏ္ဍလာရာမဝါသီ တိဿဘူတိထေရ်၏အဘိဓမ္မာဝယ် မဟာဗောဓိနိဒါန်းရှိ၏ဟူသောဝါဒကိုပြလိုသောကြောင့် ''မဏ္ဍလာရာမဝါသီ'' အစရှိသောပါဌ်ကိုမိန့်၊) ပန၊ ဝါဒန္တရကား။ မဏ္ဍလာရာမဝါသီ၊ မဏ္ဍလာရုံကျောင်းတိုက်၌နေလေ့ရှိသော။ တိဿဘူတိတ္ထေရော၊ တိဿဘူတိထေရ်သည်၊ (တစ်နည်း) မဏ္ဍလာရာမဝါသိတိဿဘူတိတ္ထေရော၊ မဏ္ဍလာရုံကျောင်းတိုက်၌နေလေ့ရှိသောတိဿဘူတိထေရ်သည်၊ (-ဝါသီဟုဒီဃရှိလျှင် နောက်ပုဒ်နှင့်သမာသ်မဟုတ်, ဝါသိဟုရဿရှိလျှင် နောက်ပုဒ်နှင့်သမာသ်ဖြစ်သည်။) ဧသ၊ ဧသော။ အဘိဓမ္မော၊ ဤအဘိဓမ္မာမည်သည်။ မဟာဗောဓိနိဒါနော၊ မဟာဗောဓိပင်ဟူသောနိဒါန်းရှိ၏။ ဣတိ၊ ဤအနက်အဓိပ္ပာယ်ကို။ ဒဿေတုံ၊ သွယ်ဝိုက်၍ပြခြင်းငှာ။ ယေန၊ ပေ။ ဝိဟာသိန္တိ၊ ဟူသော။ ဣမံ ပဒေသဝိဟာရသုတ္တန္တံ၊ ဤပဒေသဝိဟာရသုတ်ကို။ အာဟရိတွာ၊ ဆောင်၍။ ကထေသိ၊ ဆိုပြီ၊ (-ဘိက္ခဝေ-တို့၊) သွာဟံ၊ သော အဟံ-ထိုငါဘုရားသည်။ ယေန ဝိဟာရေန၊ အကြင်ဆင်ခြင်၍နေကြောင်းဖြစ်သောတရားဖြင့်။ အဘိသမ္ဗုဒ္ဓေါ၊ သစ္စာ ၄ ပါးတရားတို့ကိုထိုးထွင်း၍သိတော်မူပြီးသည်၊ ဝါ-ဘုရားဖြစ်တော်မူပြီးသည် (ဟုတွာ)။ ပဌမံ၊ အလုံးစုံသောသတ္တာဟတို့၏ရှေးဦးစွာ။ ဝိဟရာမိ၊ နေတော်မူ၏၊ ဝါ-နေတော်မူပြီ (တံကာလာပေက္ခဝတ္တမာန်)။ တဿ (ဝိဟာရဿ)၊ ထိုဆင်ခြင်၍နေကြောင်းတရား၏။ ပဒေသေန၊ အစိတ်အပိုင်းဖြင့်။ ဝိဟာသိံ၊ နေတော်မူပြီ။
(-သုတ္တန်၌ဤမျှသာပါသော်လည်း ထိုသုတ္တန်ဝယ်ရှိသောပဒေသတို့ကိုချဲ့ပြလို၍ ဒသဝိဓောဟိ အစရှိသောပါဌ်ကိုမိန့်၊) ဟိ၊ ချဲ့။ ပဒေသော နာမ၊ ပဒေသမည်သည်။ ခန္ဓပဒေသော၊ ခန္ဓပဒေသလည်းကောင်း၊ ဝါ-ခန္ဓာတို့၏အစိတ်အပိုင်းလည်းကောင်း၊ ပေ။ ဓမ္မပဒေသော၊ ဓမ္မပဒေသလည်းကောင်း၊ ဝါ-ကုသလာအစ အရဏာအဆုံးရှိသောတိက်ဒုက်တို့၏အစိတ်အပိုင်းလည်းကောင်း။ ဣတိ၊ သို့။ ဒသဝိဓော၊ ၁ဝ ပါးအပြားရှိ၏။ တေသု၊ ထို ၁ဝ ပါးသောပဒေသတို့တွင်။ သတ္ထာ၊ သည်။ မဟာဗောဓိမဏ္ဍေ၊ အရဟတ္တမဂ်ဉာဏ်သဗ္ဗညုတဉာဏ်တို့၏ကြည်လင်ရာမဟာဗောဓိမဏ္ဍိုင်၌။ ပဉ္စက္ခန္ဓေ၊ ငါးပါးသောခန္ဓာတို့ကို။ နိပ္ပဒေသေန၊ အကြွင်းမရှိသောအားဖြင့်။ ပဋိဝိဇ္ဈိ၊ ထိုးထွင်း၍သိတော်မူပြီ၊ (-ခန္ဓာငါးပါးဟူသည်အဘိဓမ္မာတရားတော်တည်း၊ ဤခန္ဓာငါးပါးကိုဆင်ခြင်ရာဒေသကားမဟာဗောဓိမဏ္ဍိုင်တည်း၊ ထို့ကြောင့်မဟာဗောဓိမဏ္ဍိုင်ကိုအဘိဓမ္မာ၏ဒေသနိဒါန်းဟုဆိုလိုသည်၊) ဣမံ တေမာသံ၊ ကိုယ်တော်တစ်ပါးတည်းကိန်းအောင်းရာဤ ၃ လပတ်လုံး။ ဝေဒနာက္ခန္ဓဝသေနေဝ၊ ဝေဒနာက္ခန္ဓာ၏အစွမ်းဖြင့်သာလျှင်။ ဝိဟာသိ၊ ဆင်ခြင်၍နေတော်မူပြီ၊ (မဟာဗောဓိမဏ္ဍေ-၌၊ မဟာဗောဓိမဏ္ဍေကိုနောက်နောက်ပုဒ်များ၌လိုက်စေ၊) ဒွါဒသာယတနာနိ၊ တို့ကိုလည်းကောင်း။ အဋ္ဌာရသ၊ ကုန်သော။ ဓာတုယော၊ တို့ကိုလည်းကောင်း။ နိပ္ပဒေသေန၊ ဖြင့်။ ပဋိဝိဇ္ဈိ၊ ပြီ။ ဣမံ တေမာသံ၊ လုံး။ ဓမ္မာယတနေ၊ ၌၊ ဝါ-တွင်။ ဝေဒနာဝသေန၊ ဝေဒနာတည်းဟူသောဓမ္မာယတန၏အစွမ်းအားဖြင့်။ ဝိဟာသိ၊ ပြီ။ ဓမ္မဓာတုယဉ္စ၊ ၌လည်း၊ ဝါ-တွင်လည်း။ ဝေဒနာဝသေနေဝ၊ ဝေဒနာတည်းဟူသောဓမ္မဓာတ်၏အစွမ်းဖြင့်သာလျှင်။ ဝိဟာသိ၊ ပြီ၊ (မဟာဗောဓိမဏ္ဍေ၊) စတ္တာရိ၊ ကုန်သော။ သစ္စာနိ၊ တို့ကို။ နိပ္ပဒေသေန၊ ဖြင့်။ ပဋိဝိဇ္ဈိ၊ ပြီ။ ဣမံ တေမာသံ၊ လုံး။ ဒုက္ခသစ္စေ၊ ၌၊ ဝါ-တွင်။ ဝေဒနာဝသေနေဝ၊ ဝေဒနာတည်းဟူသောဒုက္ခသစ္စာ၏အစွမ်းဖြင့်သာလျှင်။ ဝိဟာသိ၊ ပြီ။
(မဟာဗောဓိမဏ္ဍေ) ဗာဝီသတိ၊ ၂၂ ပါးသော။ ဣန္ဒြိယာနိ၊ တို့ကို။ နိပ္ပဒေသေန၊ ဖြင့်။ ပဋိဝိဇ္ဈိ၊ ပြီ။ ဣမံ တေမာသံ၊ လုံး။ ဝေဒနာပဉ္စကဣန္ဒြိယဝသေန၊ ဝေဒနာငါးပါးအပေါင်းဖြစ်သောဣန္ဒြေတို့၏အစွမ်းဖြင့်၊ ဝါ-ဝေဒနိန္ဒြေငါးပါးတို့၏အစွမ်းဖြင့်။ ဝိဟာသိ၊ ပြီ၊ (မဟာဗောဓိမဏ္ဍေ) ဒွါဒသပဒိကံ၊ ၁၂ ပါးသောအဖို့အစုရှိသော။ ပစ္စယာကာရဝဋ္ဋံ၊ အကြောင်းအကျိုးအားဖြင့်လည်တတ်သောပဋိစ္စသမုပ္ပာဒ်ကို။ နိပ္ပဒေသေန၊ ဖြင့်။ ပဋိဝိဇ္ဈိ၊ ပြီ။ ဣမံ တေမာသံ၊ လုံး။ ဖဿပစ္စယာဝေဒနာဝသေနေဝ၊ ဖဿပစ္စယာဝေဒနာ၏အစွမ်းအားဖြင့်သာလျှင်။ ဝိဟာသိ၊ ပြီ၊ (မဟာဗောဓိမဏ္ဍေ) စတ္တာရော၊ ကုန်သော။ သတိပဋ္ဌာနေ၊ တို့ကို။ နိပ္ပဒေသေန၊ ဖြင့်။ ပဋိဝိဇ္ဈိ၊ ပြီ။ ဣမံ တေမာသံ၊ လုံး။ ဝေဒနာသတိပဋ္ဌာနဝသေနေဝ၊ ဖြင့်သာလျှင်။ ဝိဟာသိ၊ ပြီ။
(မဟာဗောဓိမဏ္ဍေ) စတ္တာရိ၊ ကုန်သော။ ဈာနာနိ၊ တို့ကို။ နိပ္ပဒေသေန၊ ဖြင့်။ ပဋိဝိဇ္ဈိ၊ ပြီ။ ဣမံ တေမာသံ၊ လုံး။ ဈာနင်္ဂေသု၊ ဈာန်အင်္ဂါ ၄ ပါးတို့၌၊ ဝါ-တို့တွင်။ ဝေဒနာဝသေနေဝ၊ ဝေဒနာဟူသောဈာန်အင်္ဂါ၏အစွမ်းအားဖြင့်သာလျှင်။ ဝိဟာသိ၊ ပြီ၊ (မဟာဗောဓိမဏ္ဍေ) နာမံ၊ နာမ်တရားကို။ နိပ္ပဒေသေန၊ ဖြင့်။ ပဋိဝိဇ္ဈိ၊ ပြီ။ ဣမံ တေမာသံ၊ လုံး။ တတ္ထ၊ ထိုနာမ်တရား၌၊ ဝါ-တွင်။ ဝေဒနာဝသေနေဝ၊ ဖြင့်သာလျှင်။ ဝိဟာသိ၊ ပြီ၊ (မဟာဗောဓိမဏ္ဍေ) ဓမ္မေ၊ ကုသလာအစအရဏာအဆုံးရှိသောတိက်ဒုက်တရားတို့ကို။ နိပ္ပဒေသေန၊ ဖြင့်။ ပဋိဝိဇ္ဈိ၊ ထိုးထွင်း၍သိတော်မူပြီ။ ဣမံ တေမာသံ၊ လုံး။ ဝေဒနာတ္တိကဝသေနေဝ၊ ဖြင့်သာလျှင်။ ဝိဟာသိ၊ နေတော်မူပြီ။ ဣတိ၊ ဤကားအကျယ်တည်း။ ဧဝံ၊ ဤသို့။ ထေရော၊ သည်။ ပဒေသဝိဟာရသုတ္တန္တဝသေန၊ ပဒေသဝိဟာရသုတ္တန်၏အစွမ်းဖြင့်။ အဘိဓမ္မဿ၊ အဘိဓမ္မာ၏။ နိဒါနံ၊ မဟာဗောဓိမဏ္ဍိုင်ဟူသောနိဒါန်းကို။ ကထေသိ၊ ပြောဆိုပြီ။
ပန၊ ဝါဒန္တရကား။ ဂါမဝါသီ၊ ရွာကျောင်း၌နေလေ့ရှိသော။ သုမနဒေဝတ္ထေရော၊ သုမနဒေဝထေရ်သည်၊ (-''သုမဒေဝထေရ်''ဟု ဂဏ္ဌိ၌ရှိ၏၊) ဟေဋ္ဌာလောဟပါသာဒေ၊ ကြေးပြာသာဒ်၏အောက်ထပ်၌။ ဓမ္မံ၊ အဋ္ဌကထာနှင့်တကွဖြစ်သောအဘိဓမ္မာပါဠိတော်ကို။ ပရိဝတ္တေန္တော၊ အဖန်ဖန်လည်စေသော်၊ ဝါ-စာပြန်သော်။ အယံ ပရဝါဒီ၊ ဤပရဝါဒီပုဂ္ဂိုလ်သည်။ ဗာဟာ၊ လက်မောင်းတို့ကို။ ပဂ္ဂယှ၊ မြှောက်ချီ၍။ အရညေ၊ တော၌။ ကန္ဒန္တော ဝိယ၊ ကိုးကွယ်ရာမဲ့ငိုကြွေးသူကဲ့သို့လည်းကောင်း။ အသက္ခိကံ၊ သက်သေမရှိသော။ အဋ္ဌံ၊ တရားကို။ ကရောန္တော ဝိယ စ၊ ပြုသူကဲ့သို့လည်းကောင်း (ဟောတိ-ဖြစ်နေ၏၊) အဘိဓမ္မေ၊ ၌။ နိဒါနဿ၊ ၏။ အတ္ထိဘာဝမ္ပိ၊ ရှိသည်၏အဖြစ်ကိုလည်း။ န ဇာနာတိ၊ မသိပါချေ။ ဣတိ၊ ဤသို့။ ဝတွာ၊ ပြောဆို၍။ နိဒါနံ၊ ကို။ ကထေန္တော၊ ပြောဆိုလိုသည်၏အဖြစ်ကြောင့်။ ဧဝံ၊ သို့။ အာဟ၊ ပြောပြီ။ ကိံ၊ အဘယ်သို့ပြောသနည်း။ ဧကံ သမယံ၊ ပေ။ အဗျာကတာ ဓမ္မာတိ၊ ဧကံသမယံ၊ ပေ၊ အဗျာကတာဓမ္မာဟူ၍။ အာဟ၊ ပြောပြီ၊ (-ဧကံသမယံ-၇ ဝါမြောက်ရောက်တော်မူရာအခါတစ်ပါး၌၊) ဘဂဝါ၊ သည်။ တာဝတိံသေသု ဒေဝေသု၊ တာဝတိံသာနတ်ပြည်တို့၌။ ပါရိစ္ဆတ္တကမူလေ၊ ပင်လယ်ကသစ်ပင်၏အနီးအောက်၌။ ပဏ္ဍုကမ္ဗလသိလာယံ၊ ပဏ္ဍုကမ္ဗလာကျောက်နေရာ၌။ ဝိဟရတိ၊ သီတင်းသုံးတော်မူ၏။ တတြ၊ သီတင်းသုံးတော်မူရာထိုအခါ၌။ ဘဂဝါ၊ သည်။ တာဝတိံသာနံ၊ တာဝတိံသာဘုံ၌စည်းဝေးရောက်လာကုန်သော။ ဒေဝါနံ၊ နတ်ဗြဟ္မာတို့အား။ အဘိဓမ္မကထံ၊ အဘိဓမ္မာနှင့်စပ်သောတရားစကားကို။ ကထေသိ၊ ဟောတော်မူပြီ။ ကိံ၊ အဘယ်သို့ဟောတော်မူသနည်း။ ကုသလာ ဓမ္မာ အကုသလာ ဓမ္မာ အဗျာကတာ ဓမ္မာတိ၊ ကုသလာဓမ္မာ အကုသလာဓမ္မာ အဗျာကတာဓမ္မာအစရှိသည်ဟူ၍။ ကထေသိ၊ ဟောတော်မူပြီ။
(-အဋ္ဌကထာဆရာသည်နိဒါန်းမလိုဟု မိမိဝါဒကိုပြပြီး၍ မဏ္ဍလာရာမဝါသီ တိဿဘူတိထေရ်, ဂါမဝါသီသုမနဒေဝထေရ်တို့၏အလိုအားဖြင့် နိဒါန်းရှိနိုင်ကြောင်းကိုပြပြီးလျှင် ဤကဲ့သို့နိဒါန်းမျိုးကိုသာပြရမည်ဆိုသော် နိဒါန်း ၂ မျိုးတောင်ရှိနိုင်သေး၏ဟုပြလိုသောကြောင့် အညေသုပနစသည်မိန့်၊) ပန၊ ဆက်၊ (-ရှေးနိဿယ၌ ''ပန-အဖို့တစ်ပါးကိုဆိုအံ့''ဟုလည်းပေးသည်၊) အညေသု၊ ဤအဘိဓမ္မာမှတစ်ပါးကုန်သော။ သုတ္တေသု၊ သုတ်တို့၌။ ဧကမေဝ၊ တစ်ပါးသာလျှင်ဖြစ်သော။ နိဒါနံ၊ ဒေသနာနိဒါန်းသည်။ ဟောတိ၊ ရှိ၏။ အဘိဓမ္မေ၊ ၌။ အဓိဂမနိဒါနဉ္စ၊ အဓိဂမနိဒါန်းလည်းကောင်း။ ဒေသနာနိဒါနဉ္စ၊ ဒေသနာနိဒါန်းလည်းကောင်း၊ (ဣတိ-ဤသို့၊) ဒွေ၊ ၂ ပါးကုန်သော။ နိဒါနာနိ၊ နိဒါန်းတို့သည်။ ဟောန္တိ၊ ရှိကုန်၏။ တတ္ထ၊ ထိုနိဒါန်း ၂ ပါးတို့တွင်။ အဓိဂမနိဒါနံ၊ အဓိဂမနိဒါန်းကို။ ဒီပင်္ကရဒသဗလတော၊ ဒီပင်္ကရာမြတ်စွာဘုရားမှ။ ပဋ္ဌာယ၊ စ၍။ ယာဝဗောဓိပလ္လင်္ကာ၊ မဟာဗောဓိပလ္လင်တိုင်အောင်။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။ ဒေသနာနိဒါနံ၊ ဒေသနာနိဒါန်းကို၊ (ဒီပင်္ကရဒသဗလတော၊ မှ။ ပဋ္ဌာယ၊ ၍၊) ယာဝဓမ္မစက္ကပဝတ္တနာ၊ ဓမ္မစက္ကပဝတ္တနသုတ်တိုင်အောင် (ဝေဒိတဗ္ဗံ-၏။)
ပန၊ ဆက်။ ဧဝံ၊ ဤသို့။ ဥဘယနိဒါနသမ္ပန္နဿ၊ ၂ ပါးစုံသောနိဒါန်းနှင့်ပြည့်စုံသော။ အဿ အဘိဓမ္မဿ၊ ဤအဘိဓမ္မာ၏။ နိဒါနကောသလ္လတ္ထံ၊ နိဒါန်း၌ကျွမ်းကျင်သူ၏အဖြစ်ဟူသောဉာဏ်အကျိုးငှာ။ တာဝ၊ ဝိသဇ္ဇနမှရှေးဦးစွာ။ ဣဒံ ပဥှကမ္မံ၊ ဤပြဿနာမေးမှုကို။ ဝေဒိတဗ္ဗံ၊ သိထိုက်၏၊ (ကိံ-အဘယ်သို့သိထိုက်သနည်း၊) အယံ အဘိဓမ္မော နာမ၊ ဤအဘိဓမ္မာပါဠိတော်မည်သည်ကို။ ကေန၊ အဘယ်ပုဂ္ဂိုလ်သည်။ ပဘာဝိတော၊ စ၍ဖြစ်စေအပ်သနည်း။ ကတ္ထ၊ အဘယ်အရပ်၌။ ပရိပါစိတော၊ ရင့်ကျက်စေအပ်သနည်း၊ ဝါ-ဆည်းပူးအပ်သနည်း။ ကတ္ထ၊ ၌။ အဓိဂတော၊ ရအပ်သနည်း။ ကဒါ၊ အဘယ်အခါ၌။ အဓိဂတော၊ နည်း။ ကေန၊ အဘယ်ပုဂ္ဂိုလ်သည်။ အဓိဂတော၊ နည်း။ ကတ္ထ၊ ၌။ ဝိစိတော၊ ဆင်ခြင်စိစစ်တော်မူအပ်သနည်း။ ကဒါ၊ ၌။ ဝိစိတော၊ နည်း။ ကေန၊ သည်။ ဝိစိတော၊ နည်း။ ကတ္ထ၊ ၌။ ဒေသိတော၊ ဟောတော်မူအပ်သနည်း။ ကဿ၊ အဘယ်သူ၏။ အတ္ထာယ၊ အကျိုးငှာ။ ဒေသိတော၊ နည်း။ ကိမတ္ထံ၊ အဘယ်အကျိုးငှာ။ ဒေသိတော၊ နည်း။ ကေဟိ၊ အဘယ်သူတို့သည်။ ပဋိဂ္ဂဟိတော၊ နာခံအပ်သနည်း။ ကေ၊ အဘယ်သူတို့သည်။ သိက္ခန္တိ၊ ကျင့်ဆဲဖြစ်ကုန်သနည်း။ ကေ၊ တို့သည်။ သိက္ခိတသိက္ခာ၊ ကျင့်အပ်ပြီးသောသိက္ခာရှိကုန်သနည်း။ ကေ၊ တို့သည်။ ဓာရေန္တိ၊ ဆောင်ရွက်မှတ်သားကုန်သနည်း။ ကဿ၊ အဘယ်သူ၏။ ဝစနံ၊ စကားနည်း။ ကေန၊ အဘယ်သူသည်။ အာဘတော၊ ဆောင်ယူမှတ်သားအပ်ခဲ့သနည်း။ ဣတိ၊ ဤသို့ (ဣဒံပဥှကမ္မံ-ကို၊ ဝေဒိတဗ္ဗံ-၏။)
ဣဒံ၊ ဤဆိုအပ်လတ္တံ့ကား။ တတြ၊ ထိုပြဿနာမေးမှု၌။ ဝိသဇ္ဇနံ၊ အဖြေတည်း။ ကေန ပဘာဝိတောတိ၊ ကေနပဘာဝိတောဟူသောပြဿနာ၌။ ဝိသဇ္ဇနံ၊ အဖြေကား။ ဗောဓိအဘိနီဟာရသဒ္ဓါယ၊ အရဟတ္တမဂ်ဉာဏ်သဗ္ဗညုတဉာဏ်သို့ရှေးရှုဆောင်ကြောင်းဖြစ်သောသဒ္ဓါသည်။ ပဘာဝိတော၊ စ၍ဖြစ်စေတော်မူအပ်ပြီ။ ကတ္ထ ပရိပါစိတောတိ၊ ကတ္ထပရိပါစိတောဟူသောပြဿနာ၌။ ဝိသဇ္ဇနံ၊ အဖြေကား။ အဍ္ဎဆက္ကေသု၊ အခွဲအားဖြင့် ၆ ခုအပေါင်းဖြစ်ကုန်သော။ ဇာတကသတေသု၊ ဇာတ်အရာတို့၌၊ (တစ်နည်း) အဍ္ဎဆက္ကေသု ဇာတကသတေသု၊ ငါးရာငါးဆယ်သောဇာတ်တို့၌။ ပရိပါစိတော၊ ရင့်ကျက်စေတော်မူအပ်ပြီ။ ကတ္ထ အဓိဂတောတိ၊ ကတ္ထအဓိဂတောဟူသောပြဿနာ၌။ ဝိသဇ္ဇနံ၊ ကား။ ဗောဓိမူလေ၊ ဗောဓိပင်၏အနီးအောက်၌။ အဓိဂတော၊ ရတော်မူအပ်ပြီ။ ကဒါ အဓိဂတောတိ၊ ကဒါအဓိဂတောဟူသောပြဿနာ၌။ ဝိသဇ္ဇနံ၊ ကား။ ဝိသာခါပုဏ္ဏမာသိယံ၊ ဝိသာခါနက္ခတ်နှင့်စန်းယှဉ်သောကဆုန်လပြည့်နေ့၌။ အဓိဂတော၊ ပြီ။ ကေန အဓိဂတောတိ၊ ကေနအဓိဂတောဟူသောပြဿနာ၌။ ဝိသဇ္ဇနံ၊ ကား။ သဗ္ဗညုဗုဒ္ဓေန၊ သဗ္ဗညုဘုရားရှင်သည်။ အဓိဂတော၊ ပြီ။ ကတ္ထ ဝိစိတောတိ၊ ကတ္ထဝိစိတောဟူသောပြဿနာ၌။ ဝိသဇ္ဇနံ၊ ကား။ ဗောဓိမဏ္ဍေ၊ ဗောဓိမဏ္ဍိုင်၌။ ဝိစိတော၊ ဆင်ခြင်စိစစ်တော်မူအပ်ပြီ။ ကဒါ ဝိစိတောတိ၊ ကဒါဝိစိတောဟူသောပြဿနာ၌။ ဝိသဇ္ဇနံ၊ ကား။ ရတနာဃရသတ္တာဟေ၊ ရတနာဃရသတ္တာဟ၌။ ဝိစိတော၊ ပြီ။ ကေန ဝိစိတောတိ၊ ကေနဝိစိတောဟူသောပြဿနာ၌။ ဝိသဇ္ဇနံ၊ ကား။ သဗ္ဗညုဗုဒ္ဓေန၊ သည်။ ဝိစိတော၊ ပြီ။… ကတ္ထ ဒေသိတောတိ၊ ကတ္ထဒေသိတောဟူသောပြဿနာ၌။ ဝိသဇ္ဇနံ၊ ကား။ တာဝတိံသေသု ဒေဝေသု၊ တာဝတိံသာနတ်ပြည်တို့၌။ ဒေသိတော၊ ဟောတော်မူအပ်ပြီ။ ကဿတ္ထာယ ဒေသိတောတိ၊ ကဿတ္ထာယဒေသိတောဟူသောပြဿနာ၌။ ဝိသဇ္ဇနံ၊ ကား။ ဒေဝတာနံ၊ နတ်ဗြဟ္မာတို့၏။ အတ္ထာယ၊ အကျိုးငှာ။ ဒေသိတော၊ ပြီ။ ကိမတ္ထံ ဒေသိတောတိ၊ ကိမတ္ထံဒေသိတောဟူသောပြဿနာ၌။ ဝိသဇ္ဇနံ၊ ကား။ စတုရောဃနိတ္ထရတ္ထံ၊ ၄ ပါးသောဩဃမှထုတ်ဆောင်ခြင်းအကျိုးငှာ၊ (-စတုရောဃနိတ္ထရဏတ္ထံ ရှိလျှင်ကောင်း၏၊) ဒေသိတော၊ ပြီ။ ကေဟိ ပရိဂ္ဂဟိတောတိ၊ ကေဟိပရိဂ္ဂဟိတောဟူသောပြဿနာ၌။ ဝိသဇ္ဇနံ၊ ကား။ ဒေဝေဟိ၊ နတ်ဗြဟ္မာတို့သည်။ ပရိဂ္ဂဟိတော၊ နာခံအပ်ပြီ။ ကေ သိက္ခန္တီတိ၊ ကေသိက္ခန္တိဟူသောပြဿနာ၌။ ဝိသဇ္ဇနံ၊ ကား။ သေက္ခာ စ၊ သေက္ခပုဂ္ဂိုလ်တို့သည်လည်းကောင်း။ ပုထုဇ္ဇနကလျာဏာ စ၊ ကလျာဏပုထုဇဉ်တို့သည်လည်းကောင်း။ သိက္ခန္တိ၊ ကျင့်ဆဲဖြစ်ကုန်၏။
ကေသိက္ခိတသိက္ခာတိ၊ ကေသိက္ခိတသိက္ခာဟူသော ပြဿနာ၌။ ဝိသဇ္ဇနံ၊ ကား။ ခီဏသာသဝါ၊ ကုန်ပြီးသောအာသဝေါ ရှိကုန်သော။ အရဟန္တော၊ ရဟန္တာတို့သည်။ သိက္ခိတသိက္ခာ၊ ကျင့်အပ်ပြီးသော သိက္ခာရှိကုန်၏။ ကေဓာရေန္တီတိ၊ ကေဓာရေန္တိဟူသော ပြဿနာ၌။ ဝိသဇ္ဇနံ၊ ကား။ ယေသံ၊ အကြင်ပုဂ္ဂိုလ်တို့၏ (ဟဒယေ - စိတ်နှလုံး၌၊) ဝတ္တန္တိ၊ ဖြစ်ကုန်၏။ တေ၊ ထိုပုဂ္ဂိုလ်တို့သည်။ ဓာရေန္တိ၊ ဆောင်ရွက်မှတ်သားကြကုန်၏။ ကဿဝစနန္တိ၊ ကဿဝစနံဟူသော ပြဿနာ၌။ ဝိသဇ္ဇနံ၊ ကား။ အရဟတော၊ ပူဇော်အထူးကို ခံတော်မူထိုက်သော။ သမ္မာသမ္ဗုဒ္ဓဿ၊ မဖောက်မပြန် အလုံးစုံသောတရားတို့ကို ကိုယ်တော်တိုင် သိတော်မူပြီးသော။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဝစနံ၊ စကားတော်တည်း။
ကေနာဘတောတိ၊ ကေနာဘတောဟူသော ပြဿနာ၌။ ဝိသဇ္ဇနံ၊ အဖြေကား။ အာစရိယပရမ္ပရာယ၊ ဆရာအဆက်ဆက်သည်။ အာဘတော၊ ပြီ။ > ဟိ - မှန် (တစ်နည်း) ဟိ - ချဲ့၊ အယံ - ဤအဘိဓမ္မာကို၊ ဟအာဘတော၌စပ်။
သာရိပုတ္တတ္ထေရော၊ သာရိပုတ္တရာထေရ်လည်းကောင်း၊ ပေ။ ရေဝတော၊ ရေဝတထေရ်လည်းကောင်း။ ဣတိဧဝမာဒိ၊ ဤသို့အစရှိကုန်သော ထေရ်တို့သည်။ ယာဝတတိယသင်္ဂီတိကာလာ၊ တတိယသံဂါယနာတင်ရာ ကာလတိုင်အောင်။ အာဘတော၊ ဆောင်ယူအပ်ပြီ။
တတော၊ ထိုတတိယသံဂါယနာတင်ရာ အခါမှ။ ဥဒ္ဓံ၊ အထက်ဖြစ်သော နောက်ကာလ၌။ တေသံယေဝ၊ ထိုထေရ်တို့၏ပင်။ သိဿာနုသိဿေဟိ၊ တပည့်၊ တပည့်၏တပည့်တို့သည် (အာဘတော - ဆောင်ယူအပ်ပြီ၊) ဣတိဧဝံ၊ ဤသို့။ တာဝ၊ သီဟိုဠ်ကျွန်းမှ ရှေးဦးစွာ။ ဇမ္ဗုဒီပတလေ၊ ဇမ္ဗူဒိပ်အပြင်၌။ အာစရိယပရမ္ပရာယ၊ ဆရာအဆက်ဆက်သည်။ အာဘတော၊ ဆောင်ယူအပ်ပြီ။
… ဣမံပနဒီပံ၊ ဤသီဟိုဠ်ကျွန်းသို့ကား၊ > အာဘတော၌စပ်။
တတောဇမ္ဗုဒီပါ၊ ထိုဇမ္ဗူဒိပ်မှ။ မဟိန္ဒော၊ မဟိန္ဒထေရ်လည်းကောင်း။ ဣဋ္ဋိယော၊ ဣဋ္ဋိယထေရ်လည်းကောင်း။ ဥဋ္ဋိယော၊ ဥဋ္ဋိယထေရ်လည်းကောင်း။ သမ္ဗလော၊ သမ္ဗလထေရ်လည်းကောင်း။ တထာ၊ ထိုမှတစ်ပါး။ ပဏ္ဍိတော၊ ပညာရှိသော။ ဘဒ္ဒနာမောစ၊ ဘဒ္ဒနာမအမည်ရှိသော ထေရ်လည်းကောင်း (ဣတိ - သို့၊) မဟာပညာ၊ ကြီးသောပညာ ရှိကုန်သော။ ဧတေနာဂါ၊ ဤရဟန္တာပုဂ္ဂိုလ်တို့သည်။ ဣဓ၊ ဤသီဟိုဠ်ကျွန်းသို့။ အာဂတာ၊ ကြွလာတော်မူကြကုန်ပြီ။
ဣတိ၊ ဤသို့ (ဝုတ္တေဟိ - ပရိဝါပါဠိတော်၌ ဆိုအပ်ကုန်သော၊) ဣမေဟိမဟာနာဂေဟိ၊ ဤရဟန္တာကြီးတို့သည်။ အာဘတော၊ ဆောင်ယူအပ်ပြီ။ တတော၊ ထိုရဟန္တာကြီးတို့မှ။ ဥဒ္ဓံ၊ အထက်ဖြစ်သော နောက်ကာလ၌။ တေသံယေဝ၊ ထိုရဟန္တာကြီးတို့၏ပင်။ သိဿာနုသိဿသင်္ခါတာယ၊ တပည့်၊ တပည့်၏တပည့်ဟု ဆိုအပ်သော။ အာစရိယပရမ္ပရာယ၊ ဆရာအဆက်ဆက်သည်။ ယာဝဇ္ဇတနကာလာ၊ ယနေ့ကာလတိုင်အောင်။ အာဘတော၊ ဆောင်ယူမှတ်သားအပ်ပြီ။
ပန၊ ဆက်။ ဧဝံ၊ ဤသို့။ အာဘတဿ၊ ဆောင်ယူအပ်ပြီးသော။ ဧတဿ၊ ဤအဘိဓမ္မာပါဠိတော်၏ > (အနုပုဗ္ဗိကထာ၌စပ်၊)
ဒီပင်္ကရဒသဗလတော၊ ဒီပင်္ကရာမြတ်စွာဘုရားမှ။ ပဋ္ဌာယ၊ စ၍။ ယာဝမဟာဗောဓိပလ္လင်္ကာ၊ မဟာဗောဓိပလ္လင်တိုင်အောင်။ ယံတံအဓိဂမနိဒါနံ၊ အကြင်အဓိဂမနိဒါန်းကိုလည်းကောင်း (ဒီပင်္ကရဒသဗလတော - မှ၊ ပဋ္ဌာယ - ၍၊) ယာဝဓမ္မစက္ကပဝတ္တနာ၊ ဓမ္မစက္ကပ္ပဝတ္တနသုတ်တိုင်အောင်။ ယံတံဒေသနာနိဒါနဉ္စ၊ အကြင်ဒေသနာနိဒါန်းကိုလည်းကောင်း (မယာ - ငါသည်၊) ဝုတ္တံ၊ ဆိုအပ်ပြီ၊ ဝါ - ဆိုခဲ့ပြီ။ တဿ၊ ထိုအဓိဂမနိဒါန်း၊ ဒေသနာနိဒါန်း၏။ အာဝိဘာဝတ္ထံ၊ ထင်စွာဖြစ်ခြင်းအကျိုးငှာ။ အယံ၊ ဤဆိုအပ်လတ္တံ့သော။ အနုပုဗ္ဗီကထာ၊ အစဉ်အတိုင်းသော တရားစကားကို။ ဝေဒိတဗ္ဗာ၊ သိထိုက်၏။
သုမေဓကထာအဖွင့်
ကိရ၊ ချဲ့။ ဣတော၊ ဘုရားငါးဆူပွင့်တော်မူရာ ဤဘဒ္ဒကမ္ဘာမှ။ ကပ္ပသတသဟဿာဓိကာနံ၊ ကမ္ဘာတစ်သိန်းအလွန် ရှိကုန်သော။ စတုန္နံအသင်္ချေယျာနံ၊ ၄ အသင်္ချေတို့၏။ မတ္ထကေ၊ အထက်၌။ အမရဝတီနာမ၊ အမရဝတီမည်သော။ နဂရံ၊ မြို့တော်သည်။ အဟောသိ၊ ရှိခဲ့ပြီ။
တတ္ထ၊ ထိုအမရဝတီမြို့တော်၌။ မာတိတောစ၊ အမိဘက်မှလည်းကောင်း။ ပိတိတောစ၊ အဘဘက်မှလည်းကောင်း။ ဥဘတော၊ မိမျိုးဘမျိုး ၂ ဖက်မှ။ သုဇာတော၊ ကောင်းစွာဖြစ်သော၊ ဝါ - ကောင်းသောဇာတ်ရှိသော။ သံသုဒ္ဓဂဟဏိကော၊ သန့်ရှင်းစင်ကြယ်သော အမိဝမ်းတိုက်ရှိသော။ သတ္တမာ၊ ၇ ဆက်တို့၏ ပြည့်ကြောင်းဖြစ်သော။ ယာဝကုလပရိဝဋ္ဋာ၊ အမျိုးတို့၏ အစဉ်အဆက်တိုင်အောင်၊ (တစ်နည်း) ယာဝသတ္တမာကုလပရိဝဋ္ဋာ၊ ဆွေ ၇ ဆက် မျိုး ၇ ဆက်တိုင်အောင်။ ဇာတိဝါဒေန၊ ဇာတ်နှင့်စပ်သော စကားကြောင့်။ အက္ခိတ္တော၊ ပယ်လည်းမပယ်အပ်သော၊ ဝါ - အပယ်လည်းမခံရသော။ အနုပက္ကုဋ္ဌော၊ ဆဲလည်းမဆဲအပ်သော၊ ဝါ - အဆဲလည်းမခံရသော။ အဘိရူပေါ၊ သူတစ်ပါးထက် လွန်ကဲသောအဆင်းရှိသော၊ ဝါ - အလွန်အဆင်းလှသော။ ဒဿနီယော၊ ကြည့်ရှုအပ် ကြည့်ရှုထိုက်သော၊ ဝါ - ရှုချင်စဖွယ် တင့်တယ်သော။ ပါသာဒိကော၊ စိတ်၏ကြည်လင်ခြင်းကို ဖြစ်စေတတ်သော (အလွန်ကြည်ညိုစရာကောင်းသော၊) ပရမာယ၊ လွန်မြတ်သော။ ဝဏ္ဏပေါက္ခရတာယ၊ အဆင်း၏ကောင်းသည်၏ အဖြစ်နှင့်၊ (တစ်နည်း) ဝဏ္ဏပေါက္ခရတာယ၊ လှပသောအဆင်း၊ ကောင်းသောကိုယ်လုံးကိုယ်ပေါက်နှင့်။ သမန္နာဂတော၊ ပြည့်စုံသော။ သုမေဓောနာမ၊ သုမေဓမည်သော။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ ပဋိဝသတိ၊ နေ၏။
သော၊ ထိုသုမေဓာသတို့သားသည်။ အညံ၊ အတတ်သင်ခြင်းမှတစ်ပါးသော။ ကမ္မံ၊ အလုပ်ကို။ အကတွာ၊ မလုပ်မူ၍။ ဗြာဟ္မဏသိပ္ပမေဝ၊ ဗြာဟ္မဏတို့၏ အတတ်ကိုသာ။ ဥဂ္ဂဏှိ၊ သင်ယူပြီ။ > "ဝေဒ ၃ ပုံဟူသော အတတ်ကိုသာ သင်ယူသည်" ဟူလို။
တဿ၊ ထိုသုမေဓာသတို့သား၏။ ဒဟရကာလေယေဝ၊ ငယ်ရွယ်သူ၏အခါ၌ပင်၊ ဝါ - ငယ်ရွယ်စဉ်ကပင်။ မာတာပိတရော၊ မိဘတို့သည်။ ကာလံ၊ သေခြင်းကို။ အကံသု၊ ပြုကြကုန်ပြီ။
အထ၊ ထိုအခါ၌။ အဿ၊ ထိုသုမေဓာသတို့သား၏။ ရာသိဝဍ္ embroideryကော (ရာသိဝဍ္ဎကော)၊ ဥစ္စာစုကို တိုးပွားစေတတ်သော။ အမစ္စော၊ ထိုထိုကိစ္စ၌ တကွဖြစ်သော ကိုယ်စားလှယ်သည်။ အာယပေါတ္ထကံ၊ အတိုးအပွားတို့ကို မှတ်သားကြောင်းဖြစ်သော စာရင်းစာအုပ်ကို။ အာဟရိတွာ၊ ဆောင်ယူ၍။ သုဝဏ္ဏရဇတမဏိမုတ္တာဒိပူရိတေ၊ ရွှေ၊ ငွေ၊ ပတ္တမြား၊ ပုလဲအစရှိသော ရတနာတို့ဖြင့် ပြည့်ကုန်သော။ ဂဗ္ဘေ၊ တိုက်ခန်းတို့ကို။ ဝိဝရိတွာ၊ ဖွင့်၍၊ "ကုမာရ - အရှင့်သား။ ဧတ္တကံ၊ ဤမျှအတိုင်းအရှည်ရှိသော ဥစ္စာသည်။ တေ၊ အရှင့်သား၏။ မာတုသန္တကံ၊ အမိ၏ဥစ္စာပါတည်း၊ ဝါ - အမိဘက်က ဥစ္စာပါတည်း။ ဧတ္တကံ၊ သည်။ ပိတုသန္တကံ၊ အဘ၏ဥစ္စာပါတည်း၊ ဝါ - အဘဘက်က ဥစ္စာပါတည်း။ ဧတ္တကာ၊ ဤမျှအတိုင်းအရှည်ရှိသော ဥစ္စာတို့သည်။ အယျကပယျကာနံ၊ အဖိုးအဘေးတို့၏။ သန္တကာ၊ ဥစ္စာတို့ပါတည်း" > အယျကပယျကာနံ၌ ပ သည် ပရအနက်ဟော၊ ထို့ကြောင့် "ပေယျက" ဟု မရှိရ၊ အာစရိယပါစရိယော၌ ပ ကဲ့သို့တည်း။
ဣတိ၊ သို့။ သတ္တမာ၊ ၇ ဆက်တို့၏ ပြည့်ကြောင်းဖြစ်သော။ ယာဝကုလပရိဝဋ္ဋာ၊ အမျိုးတို့၏ အစဉ်အဆက်တိုင်အောင်။ ဓနံ၊ ဥစ္စာတွေကို။ အာစိက္ခိတွာ၊ ပြောပြ၍၊ "ဧတံ၊ ဤဥစ္စာတွေကို။ ပဋိပဇ္ဇာဟိ၊ သိမ်းပိုက်ပါလော" ဣတိ၊ သို့။ အာဟ၊ ပြောပြီ။ > ပဋိပဇ္ဇာဟိ၌ ပဒဓာတ်သည် ပတိဥပသာရရှေးရှိသောကြောင့် ပဋိဂ္ဂဟဏအနက်ကိုဟော၏။
သုမေဓပဏ္ဍိတော၊ သုမေဓသုခမိန်သည်။ စိန္တေသိ၊ စဉ်းစားပြီ (ကိံ - အဘယ်သို့ စဉ်းစားသနည်း၊) "ဣမံဓနံ၊ ဤဥစ္စာတွေကို။ သံဟရိတွာ၊ စုဆောင်း၍။ မယှံ၊ ငါ၏။ ပိတုပိတာမဟာဒယော၊ အဘအဘိုး အစရှိသူတို့သည်။ ပရလောကံ၊ နောက်လောကသို့၊ ဝါ - တမလွန်ဘဝသို့။ ဂစ္ဆန္တာ၊ သွားကုန်လသော်။ ဧကကဟာပဏမ္ပိ၊ တစ်အသပြာကိုလည်း၊ ဝါ - တစ်ကျပ်မျှကိုလည်း။ ဂဟေတွာ၊ ယူ၍။ နဂတာ၊ မသွားနိုင်ကြကုန်။ မယာပန၊ ငါသည်ကား။ ဂဟေတွာ၊ ယူ၍။ ဂမနကာရဏံ၊ သွားခြင်း၏အကြောင်းကို။ ကာတုံ၊ ပြုခြင်းငှာ။ ဝဋ္ဋတိ၊ သင့်၏" ဣတိ၊ ဤသို့ စဉ်းစားပြီ။
ဣတိ၊ ဤသို့စဉ်းစားပြီး၍ (ဣတိတစ်လုံးချေ၊) သော၊ ထိုသုမေဓာသုခမိန်သည်။ ရညော၊ မင်းအား။ အာရောစေတွာ၊ သံတော်ဦးတင်၍ (မိမိဥစ္စာတွေကို စွန့်ကြဲပေးကမ်းလှူဒါန်းလိုကြောင်းကို သံတော်ဦးတင်၍၊) နဂရေ၊ နေပြည်တော်၌။ ဘေရိံ၊ စည်ကို။ စရာပေတွာ၊ လှည့်လည်စေ၍၊ > ကုန္တာပစရန္တိကဲ့သို့ စည်သမားတို့၏လှည့်လည်ခြင်းကို "ဘေရိံစရာပေတွာ" ဟု ဌာနျူပစာရအားဖြင့်ဆိုသည်။
မဟာဇနဿ၊ များစွာသော လူအပေါင်းအား။ ဒါနံ၊ အလှူကို။ ဒတွာ၊ ပေးလှူပြီး၍။ တာပသပဗ္ဗဇ္ဇံ၊ ရသေ့တို့၏ ပဗ္ဗဇ္ဇာသို့။ ပဗ္ဗဇိ၊ ကပ်ရောက်ပြီ။ > တာပသဟူသော သဒ္ဒါဖြင့် သမဏပဗ္ဗဇ္ဇာကို ကန့်သည်။
ပန၊ ဆက်။ ဣမသ္မိံဌာနေ၊ ဤအရာ၌။ သုမေဓကထာ၊ သုမေဓကထာကို၊ ဝါ - ဘုရားလောင်းသုမေဓ၏ အကြောင်းအရာကို ပြောဆိုကြောင်းဖြစ်သော တရားစကားကို (ဓမ္မကထိကေန - ဓမ္မကထိကသည်၊) (တစ်နည်း၊ အာစရိယေန - စာချဆရာသည်၊) ကထေတဗ္ဗော၊ ပြောဟောထိုက်၏။ > "သုမေဓကထာ ကထေတဗ္ဗာ" ဟု အခြေခံစကားပျိုးကိုပြပြီး၍ ထိုစကားကိုအကျယ်ပြလိုသောကြောင့် "ဝုတ္တေဟိတံ" စသည်မိန့်။ အခြားနေရာများ၌ "ဝုတ္တေဟိတံ" ဟု လာလျှင် သာဓကဝါကျဖြစ်၍ ဟိသည် ဒဠှီကရဏဇောတကတည်း၊ ဤနေရာ၌ကား ဝိတ္ထာရဇောတကသာ ဖြစ်သည်။
ဟိ၊ ချဲ့။ ဗုဒ္ဓဝံသေ၊ ဗုဒ္ဓဝင်ပါဠိတော်၌။ ဧတံ၊ ဤစကားရပ်ကို (ဘဂဝတာ - သည်၊) ဝုတ္တံ၊ ပြီ (ကိံ - နည်း၊) > ကိံ အမေးကို သုမေဓကထာနိဋ္ဌိတာ၏ ရှေ့ဣတိသဒ္ဒါဖြင့် အုပ်လတ္တံ့။
(ဣတော - ဘုရားငါးဆူပွင့်တော်မူရာ ဤဘဒ္ဒကမ္ဘာမှ၊ ဥဒ္ဓံ - အထက်ဖြစ်သော အတိတ်ကာလသို့၊ အာရောဟနဝသေန - တက်၍ရေတွက်ခြင်း၏ အစွမ်းဖြင့်၊) သတသဟဿေ၊ တစ်သိန်းအတိုင်းအရှည်ရှိကုန်သော။ ကပ္ပေစ၊ ကမ္ဘာတို့ကိုလည်းကောင်း။ စတုရောအသင်္ခိယေ၊ ၄ အသင်္ချေဟူကုန်သော (ကပ္ပေစ - တို့ကိုလည်းကောင်း၊ အတိက္ကမိတွာ - ကျော်လွန်၍၊) ဒဿနေယျံ၊ ကြည့်ရှုခြင်းကိုထိုက်သော၊ ဝါ - ရှုချင်စဖွယ် လွန်တင့်တယ်သော။ မနောရမံ၊ စိတ်နှလုံး၏ မွေ့လျော်ရာဖြစ်သော။ အမရံနာမ၊ အမရမည်သော။ နဂရံ၊ မြို့တော်သည် (အဟောသိ - ရှိခဲ့ဖူးပြီ။)
(နဂရံ - အမရဝတီမြို့တော်သည်၊) ဒသဟိ၊ ၁ဝ မျိုးကုန်သော။ သဒ္ဒေဟိ၊ အသံတို့ဖြင့်။ အဝိဝိတ္တံ၊ မကင်းဆိတ်သည်။ အန္နပါနသမာယုတံ၊ စားဖွယ်သောက်ဖွယ်တို့နှင့် ပြည့်စုံသည်။ ဟောတိ၊ ၏။
ဟတ္ထိသဒ္ဒံ၊ ဆင်တို့၏အသံဖြင့်လည်းကောင်း။ အဿသဒ္ဒံ၊ မြင်းတို့၏အသံဖြင့်လည်းကောင်း။ ဘေရိသင်္ခရထာနံ၊ စည်ကြီး၊ ခရုသင်း၊ ရထားတို့၏ (သဒ္ဒေဟိစ - အသံတို့ဖြင့်လည်းကောင်း၊) အဝိဝိတ္တံ၊ မကင်းဆိတ်သည်။ ဟောတိ။ (တစ်နည်း) နဂရံ၊ သည်။ ဟတ္ထိသဒ္ဒံ၊ ဆင်တို့၏အသံ ရှိသည်လည်းကောင်း။ အဿသဒ္ဒံ၊ မြင်းတို့၏အသံ ရှိသည်လည်းကောင်း။ ဘေရိသင်္ခရထာနံ တို့၏။ သဒ္ဒဝန္တံ၊ အသံရှိသည်လည်းကောင်း။ ဟောတိ၊ ၏။
"ခါဒထ၊ ခဲစားလည်း ခဲစားလှည့်ကြပါကုန်။ ပိဝထစေးဝ (ပိဝထစေဝ)၊ သောက်လည်း သောက်လှည့်ကြပါကုန်" (ဣတိ - သို့၊) အန္နပါနေန၊ စားဖွယ်သောက်ဖွယ်ဖြင့်။ ဃောသိတံ၊ ကြွေးကြော်အပ်သည်၊ ဝါ - ကြွေးကြော်အပ်ရာသည်။ ဟောတိ။ နဂရံ၊ သည်။ သဗ္ဗင်္ဂသမ္ပန္နံ၊ ဥယျာဉ်ရေကန်အစရှိသော အလုံးစုံသောမြို့၏ အင်္ဂါနှင့်ပြည့်စုံ၏။ သဗ္ဗကာမမုပါဂတံ၊ အလုံးစုံအလိုရှိအပ်သော ကာမဂုဏ်အာရုံတို့နှင့် ပြည့်စုံ၏။
သတ္တရတနသမ္ပန္နံ၊ ရွှေငွေစသား ၇ ပါးသော ရတနာတို့နှင့် ပြည့်စုံ၏၊ > (သုဝဏ္ဏရဇတံမုတ္တာ၊ မဏိဝေဠုရိယာနိစ၊ ဝဇိရဉ္စပဝါဠန္တိ၊ သတ္တာဟုရတနာနိမေ၊) ဟ ထိုမြို့ကို စကြာမင်း၏မြို့ဟု ယူဆ၍ "သတ္တရတနသမ္ပန္နံ - ဆင်မြင်းစသော ရတနာ ၇ ပါးနှင့်ပြည့်စုံ၏" ဟုလည်း ပေးကြသေး၏။
နာနာဇနသမာကုလံ၊ အမျိုးမျိုးသော လူတို့ဖြင့် ရောပြွမ်း၏ (ယခုခေတ်တရုတ်၊ ကုလားစသော လူမျိုးစုံတို့ဖြင့် ရောပြွမ်းသကဲ့သို့တည်း၊) ဒေဝနဂရံဝ၊ နတ်မြို့ကဲ့သို့။ သမိဒ္ဓံ၊ ပြည့်စုံကြွယ်ဝ၏။ ပုညကမ္မိနံ၊ ဘုန်းရှင်ကံရှင်သမ္ဘာရှင်တို့၏။ အာဝါသံ၊ အမြဲနေရာသည်။ ဟောတိ၊ ဖြစ်၏။
အမရဝတိယာ၊ အမရဝတီမည်သော။ နဂရေ၊ မြို့တော်၌။ အနေကကောဋိသန္နိစယော၊ သိုမှီးသိမ်းဆည်းအပ်သော ကုဋေများစွာဥစ္စာရှိသော။ ပဟူတဓနဓညဝါ၊ နေ့စဉ်အမြဲသုံးစွဲဖို့ရာ များစွာသော ဥစ္စာစပါးရှိသော။ အဇ္ဈာသယော၊ ဝေဒကျမ်းဂန်ကို ရွတ်အံသရဇ္ဈာယ်တတ်သော။ မန္တဓရော၊ ဝေဒမန္တန်တို့ကို အာဂုံနှုတ်တက်ဆောင်ရွက်နိုင်သော။ တိဏ္ဏံ၊ သာမ၊ ဣရု၊ ယဇုအားဖြင့် ၃ ပါးကုန်သော။ ဝေဒါနံ၊ ဗေဒင်တို့၏၊ (တစ်နည်း) တိဏ္ဏံဝေဒါနံ၊ ဗေဒင် ၃ ပုံတို့၏။ ပါရဂူ၊ တစ်ဖက်ကမ်းရောက်၊ အပြီးအဆုံးတတ်မြောက်သော။ လက္ခဏေ၊ မိန်းမယောကျာ်းတို့၏ လက္ခဏာကိုပြသော လက္ခဏာကျမ်းလည်းကောင်း။ ဣတိဟာသေစ၊ ဣတိဟာသအမည်ရသော ပုရာဏ်ကျမ်းလည်းကောင်း။ သဓမ္မေ၊ မိမိဟူသော ဗြာဟ္မဏတို့၏ဥစ္စာဖြစ်သော ၃ ဖြာဗေဒင်ယဇ်ပူဇော်ပုံ အစီအရင်စသည်ကိုပြသော တရား၌လည်းကောင်း။ ပါရမိံ၊ တစ်ဖက်ကမ်းခတ်၊ အပြီးအဆုံးကို သိတတ်သောဉာဏ်သို့။ ဂတော၊ ရောက်သော။ သုမေဓောနာမ၊ သုမေဓမည်သော။ ဗြာဟ္မဏော၊ ပုဏ္ဏားသည် (ပဋိဝသတိ - နေ၏ ဟု ကြိယာထည့်ပါ။)
ဗုဒ္ဓဝင်ပါဠိတော်ကို ရှင်သာရိပုတ္တရာအား ဟောတော်မူသောကြောင့် ရှေးနိဿယများ၌ ရှင်သာရိပုတ္တရာကို အာလုပ်အဖြစ်ဖြင့် ထည့်၍ပေးထားသည်။"သာရိပုတ္တ၊ သာရိပုတ္တရာ။ တဒါ၊ သုမေဓာဖြစ်ရာ ထိုအခါ၌။ အယံ၊ သုမေဓာဖြစ်သောငါသည်။ ရဟောဂတော၊ ပြာသာဒ်အပေါ်ထပ် ဆိတ်ငြိမ်ရာအရပ်၌ ရောက်ပြီးသည်။ ဟုတွာ၊ ၍" > "ရဟသိဂတော" ဟု ဖွင့်လေ့ရှိ၏။
နိသီဒိတွာ၊ ထိုင်နေပြီး၍။ ဧဝံ၊ သို့။ စိန္တေသိ၊ ကြံစည်ပြီ (ကိံ - အဘယ်သို့ ကြံစည်သနည်း၊) > ကုသလစ္ဆေဒဘယာကျမှ ကိံအမေးကို ပြန်၍အုပ်လတ္တံ့။
"ပုနဗ္ဘဝေါနာမ၊ တစ်ဖန်ဘဝမည်သည်၊ ဝါ - ဘဝသစ်၌ ပဋိသန္ဓေတည်နေရခြင်းမည်သည်။ ဒုက္ခော၊ ဆင်းရဲကြောင်းတည်း။ သရီရဿ၊ ရရှိပြန်ရာ ကိုယ်ခန္ဓာ၏။ ဘေဒနံစ၊ ပေါက်ကွဲချို့ယွင်းသေရခြင်းသည်လည်း (ဒုက္ခံ - ဆင်းရဲကြောင်းတည်း၊) သမ္မောဟမရဏံ၊ တွေတွေဝေဝေ သေရခြင်းသည်။ ဒုက္ခံ၊ တည်း။ ဇရာယ၊ ဇရာ၏။ အဘိမဒ္ဒနံ၊ လွှမ်းမိုးနှိပ်စက်ခံရခြင်းသည် (ဒုက္ခံ - တည်း။)
တဒါ၊ သုမေဓာဖြစ်ရာ ထိုအခါ၌၊ သဟံသောအဟံ (သော အဟံ) - ထိုငါသည်။ ဇာတိဓမ္မော၊ ပဋိသန္ဓေတည်နေရခြင်း သဘောရှိသည်။ ဇရာဓမ္မော၊ အိုရခြင်းသဘောရှိသည်။ ဗျာဓိဓမ္မော၊ နာရခြင်းသဘောရှိသည် (ဟုတွာ - ၍၊) အဇရံ၊ အိုခြင်းမရှိသော။ အမတံ၊ သေခြင်းမရှိသော။ ခေမံ၊ ဘေးခပ်သိမ်းတို့၏ ကုန်ငြိမ်းရာဖြစ်သော။ နိဗ္ဗုတိံ၊ တစ်ဆယ့်တစ်သီးမီးငြိမ်းရာ မှန်အေးနိဗ္ဗာန်ကို။ ပရိယေသိဿာမိ၊ မရမနေရှာဖွေတော့အံ့" > ထိုကြံပုံကို အကျယ်ပြလို၍ ယံနူနိမံစသည်ကို မိန့်။
"နာနာကုဏပပူရိတံ၊ အမျိုးမျိုးသော အကောင်ပုပ်တို့ဖြင့် ပြည့်သော၊ ဝါ - အမျိုးမျိုးသော အကောင်ပုပ်တို့ဖြင့် ပြည့်သည်၏အဖြစ်ကြောင့် (ဟေတုမန္တဝိသေသန၊) ဣမံပူတိကာယံ၊ ဤပုပ်သောကိုယ်ကို၊ ဝါ - ဤခန္ဓာကိုယ်ယုတ် အကောင်ပုပ်ကို။ အနုပေက္ခော၊ ငဲ့ကွက်ခြင်းမရှိသည်။ အနတ္ထိကော၊ ဤအကောင်ပုပ်ဖြင့် အလိုမရှိသည် (ဟုတွာ - ၍၊) ဆဍ္ဎေတွာန၊ စွန့်ပစ်၍။ ယံနူနဂစ္ဆေယျံ၊ အကယ်၍သွားရပါမူကား ကောင်းလေစွ။" > ယံနူနသည် ပရိဝိတက္ကနတ္ထနိပါတ်တည်း။ ယနေ့ဖွားကာစ ခန္ဓာကိုယ်ပင်ဖြစ်သော်လည်း ပုပ်ခြင်းသဘောရှိသောကြောင့် ပူတိကာယဟုခေါ်သည်။ ဥပမာ = ကျင်ငယ်သည် ထွက်ခါစဖြစ်၍ မပုပ်သေးသော်လည်း "ပူတိမုတ္တ" အမည်ရသကဲ့သို့တည်း။
"သောမဂ္ဂေါ၊ ဘဝ ၃ ဖြာသံသရာမှ လွတ်ရာလွတ်ကြောင်း ကောင်းမြတ်သော ထိုအကျင့်သည်။ အတ္ထိ၊ စင်စစ်ဧကန် အမှန်ရှိသည်။ ဟေဟိတိ၊ ဖြစ်လတံ့။"
သောမဂ္ဂေ ဝါ၊ ဘဝ ၃ ဖြာ သံသရာမှ လွတ်ရာလွတ်ကြောင်း ကောင်းမြတ်သော ထိုအကျင့်သည်။ နဟေတုယေ၊ မရှိဘဲနေခြင်းငှာ။ နသက္ကာ၊ မတတ်ကောင်း။ ဘဝတော၊ ဘဝ ၃ ဖြာ သံသရာမှ။ ပရိမုတ္တိယာ၊ လွတ်မြောက်ခြင်းငှာ။ တံ မဂ္ဂံ၊ ကောင်းမြတ်သော ထိုအကျင့်ကို။ ပရိယေသိဿာမိ၊ မရမနေ ရှာဖွေတော့အံ့။
ဟိ၊ ထိုကဲ့သို့ ကြံစည်စဉ်းစားသင့်၏။ ဒုက္ခေ၊ ဒုက္ခသည်။ ဝိဇ္ဇန္တေ၊ ရှိလတ်သော်။ သုခံ နာမ အပိ၊ သုခမည်သည်လည်း။ ဝိဇ္ဇတိ ယထာ၊ ရှိရသကဲ့သို့။ ဧဝံ၊ ဤအတူ။ ဘဝေ၊ ၃ ပါးသော ဘဝသည်။ ဝိဇ္ဇမာနေ၊ ရှိလတ်သော်။ ဝိဘဝေါပိ၊ ဘဝကင်းလတ် နိဗ္ဗာန်ဓာတ်ကိုလည်း။ ဣစ္ဆိတဗ္ဗကော၊ အလိုရှိထိုက်၏။ မချွတ်ဧကန် အမှန်ရှိ၏ဟု မှတ်ထိုက်၏။
အပိ၊ ဥပမာတစ်နည်းကား။ ဥဏှေ၊ အပူသည်။ ဝိဇ္ဇန္တေ၊ ရှိလတ်သော်။ အပရံ၊ အပူမှတစ်ပါးသော။ သီတလံပိ၊ အအေးသည်လည်း။ ဝိဇ္ဇတိ ယထာ၊ ရှိသကဲ့သို့။ ဧဝံ၊ တူ။ တိဝိဓဂ္ဂိ၊ ဇရာ၊ ဗျာဓိ၊ မရဏ ၃ ပါးအပြားရှိသော မီးသည်၊ (လက္ခဏဝန္တသတ္တမီအနက်၌ ပထမာဝိဘတ်သက်၊ (တစ်နည်း) သတ္တမီဝိဘတ်အချေကြံ၊) ဝိဇ္ဇန္တေ၊ ရှိလတ်သော်။ နိဗ္ဗာနံ၊ မီး ၃ ပါး၏ ငြိမ်းအေးရာမှန်၊ အေးနိဗ္ဗာန်ကို။ ဣစ္ဆိတဗ္ဗကံ၊ အလိုရှိထိုက်၏၊ (မချွတ်ဧကန် အမှန်ရှိ၏ဟု မှတ်ထိုက်၏၊ နိဗ္ဗာတိ ဧတ္ထာတိ နိဗ္ဗာနံ၊) အပိ၊ ကား။ ပါပေ၊ မကောင်းမှုသည်။ ဝိဇ္ဇန္တေ၊ သော။ ကလျာဏမပိ၊ ကောင်းမှုသည်လည်း။ ဝိဇ္ဇတိ ယထာ၊ ကဲ့သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ ဇာတိ၊ ဇာတိသည်။ ဝိဇ္ဇန္တေ၊ ရှိလတ်သော်။ အဇာတိပိ၊ ဇာတိမဲ့လတ်၊ တရားမြတ်ကိုလည်း။ ဣစ္ဆိတဗ္ဗကံ၊ ထိုက်၏။
ဂူထဂတော၊ မစင်သည် ကပ်ရောက်အပ်သော၊ (မစင်လူးနေသော၊) ပုရိသော၊ သည်။ ပူရိတံ၊ ရေဖြင့် ပြည့်သော။ တဠာကံ၊ တစ်ဖက်ဆည်ကန်ကို။ ဒိသွာန၊ မြင်ရ၍။ ဝါ၊ မြင်ရပါလျက်။ တံ တဠာကံ၊ ထိုတစ်ဖက်ဆည်ကန်ကို။ န ဂဝေသတိ (န ဂန္တုံ ဧသတိ) = သွားခြင်းငှာ အလိုမရှိ၊ (တစ်နည်း) န ဂဝေသတိ၊ မသွား။ သော (ဒေါသော)၊ ထိုမသွားလိုခြင်းဟူသော အပြစ်သည်။ တဠာကဿ၊ ၏။ န ဒေါသော ယထာ၊ အပြစ်မဟုတ်သကဲ့သို့၊ (ပုရိသေဿဝ၊ မသွားလိုသော ယောက်ျား၏သာလျှင်။ ဒေါသော၊ သည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့၊) ဧဝံ၊ တူ။ ကိလေသမလဓဝနေ၊ ကိလေသာ အညစ်အကြေးတို့ကို ဆေးလျှော်တတ်သော။ အမတန္တဠေ၊ အမြိုက်နိဗ္ဗာန်ဟူသော တစ်ဖက်ဆည်ကန်သည်။ ဝိဇ္ဇန္တေ၊ ရှိပါလျက်။ တံ တဠာကံ၊ ထိုအမြိုက်နိဗ္ဗာန်ဟူသော တစ်ဖက်ဆည်ကန်သို့။ န ဂဝေသတိ (န ဂန္တုံ ဧသတိ) = သွားခြင်းငှာ အလိုမရှိ၊ (တစ်နည်း) န ဂဝေသတိ၊ မသွား၊ (သော ဒေါသော၊ ထိုမသွားလိုခြင်းဟူသော အပြစ်သည်၊) အမတန္တဠေ (အမတန္တဠဿ) = အမြိုက်နိဗ္ဗာန်ဟူသော တစ်ဖက်ဆည်ကန်၏။ န ဒေါသော၊ အပြစ်မဟုတ်၊ (သတ္တေဿဝ၊ မသွားလိုသော သတ္တဝါ၏သာလျှင်။ ဒေါသော၊ သည်။ ဟောတိ၊ ၏၊၊)
(ပုရိသော၊ ယောက်ျားကို၊) အရီဟိ၊ ရန်သူတို့သည်။ ပရိရုဒ္ဓေါ၊ ထက်ဝန်းကျင် ပိတ်ဆို့ထားအပ်ပြီ။ သော ပုရိသော၊ ထို ယောက်ျားသည်။ ဂမနေ၊ ထွက်ပြေးကြောင်းဖြစ်သော။ ပထေ၊ လမ်းသည်။ ဝိဇ္ဇန္တေ၊ လျက်။ န ပလာယတိ၊ မထွက်ပြေး။ သော (ဒေါသော)၊ ထိုမထွက်ပြေးခြင်းဟူသော အပြစ်သည်။ အဉ္ဇသဿ၊ လမ်း၏။ န ဒေါသော ယထာ၊ အပြစ်မဟုတ်သကဲ့သို့၊ (ပုရိသေဿဝ ဒေါသော ဟောတိ ယထာ)။ ဧဝံ၊ တူ။ ကိလေသပရိရုဒ္ဓေါ၊ ကိလေသာတို့သည် ထက်ဝန်းကျင် ပိတ်ဆို့အပ်သော၊ (သတ္တော၊ သတ္တဝါသည်၊) သိဝေ၊ ကိလေသာတို့၏ ငြိမ်းအေးကြောင်းဖြစ်သော။ ပထေ၊ လမ်းသည်။ ဝိဇ္ဇမာနေ၊ ရှိပါလျက်။ တံ မဂ္ဂံ၊ ထိုလမ်းသို့။ န ဂဝေသတိ (န ဂန္တုံ ဧသတိ၊) (တစ်နည်း) န ဂဝေသတိ၊ မသွား၊ (သော ဒေါသော၊ သည်၊) သိဝမဉ္ဇသေ (သိဝမဉ္ဇသဿ) = အေးငြိမ်းသော လမ်းခရီး၏။ န ဒေါသော၊ အပြစ်မဟုတ်၊ (သတ္တေဿဝ ဒေါသော ဟောတိ။) မဉ္ဇသ၌ (မ်) သည် အာဂုံ၊ သိဝသဒ္ဒါလည်း နိဗ္ဗာန်ကိုမဟော၊ ဘေးကင်းသော အရပ်ကို ဟောသည်။
အပိ၊ ဥပမာတစ်နည်းကား။ ဗျာဓိတော၊ လွန်စွာဖြစ်သော အနာရှိသော၊ (သဉ္ဇာတအဿအနက်၌ ဣတပစ္စည်းသက်၊) ပုရိသော၊ သည်။ တိကိစ္ဆကေ၊ ဆေးဆရာသည်။ ဝိဇ္ဇမာနေ၊ ရှိပါလျက်။ တံ ဗျာဓိံ၊ ထိုအနာကို။ န တိကိစ္ဆာပေတိ၊ ဆေးမကု။ သော (ဒေါသော)၊ ထိုဆေးမကုစေခြင်းဟူသော အပြစ်သည်။ တိကိစ္ဆကေ (တိကိစ္ဆကဿ) = ဆေးဆရာ၏။ န ဒေါသော ယထာ၊ အပြစ်မဟုတ်သကဲ့သို့၊ (ပုရိသေဿဝ ဒေါသော ဟောတိ ယထာ)။ ဧဝံ၊ တူ။ ကိလေသဗျာဓီဟိ၊ ကိလေသာအနာတို့သည်၊ (ပရိပီဠိတော၌စပ်၊) ဝါ၊ ကိလေသာအနာတို့ဖြင့်၊ (ဒုက္ခိတော၌စပ်၊) ဒုက္ခိတော၊ လွန်စွာဖြစ်သော ဆင်းရဲခြင်းရှိသည်။ ပရိပီဠိတော၊ ထက်ဝန်းကျင် နှိပ်စက်အပ်သည်၊ (သမာနော၊ ဖြစ်ပါလျက်၊) အာစရိယံ၊ ကိလေသာအနာကို ကုစားတတ်သော ဆရာကို။ န ဂဝေသတိ၊ မရှာမှီး၊ (ဤ၌ ဂဝေသတိကား ရှာမှီးခြင်းအနက်၌သာ ဖြစ်သင့်သည်၊) သော (ဒေါသော)၊ သည်။ ဝိနာယကေ (ဝိနာယကဿ) = ရှေ့ဆောင်လမ်းပြ နာယကတစ်ဆူဖြစ်သော ဆရာကောင်း၏။ န ဒေါသော၊ အပြစ်မဟုတ်၊ (သတ္တေဿဝ ဒေါသော ဟောတိ။)
ပုရိသော၊ ယောက်ျားတစ်ယောက်သည်။ ကဏ္ဌေ၊ လည်ပင်း၌။ ဗဒ္ဓံ၊ ရန်သူတို့သည် ဖွဲ့ချည်အပ်သော။ ဇိဂုစ္ဆိယံ၊ စက်ဆုပ်ခြင်းကို ထိုက်သော၊ (ဇိဂုစ္ဆံ အရဟတီတိ ဇိဂုစ္ဆိယော၊ အရဟတိအနက်၌ ဣယပစ္စည်းသက်၊) ကုဏပံ၊ အကောင်ပုပ်ကို။ မောစယိတွာန၊ လွတ်စေပြီး၍။ ဝါ၊ ဖြေချွတ်ပြီး၍။ သုခီ၊ ချမ်းသာခြင်းရှိသည်။ သေရီ၊ မိမိအလိုရှိတိုင်း ဖြစ်ခြင်းအလေ့ရှိသည်။ သယံဝသီ၊ မိမိ၏အလိုရှိသည်။ ဝါ၊ မိမိအလိုအတိုင်း နေနိုင်သွားနိုင်သည်၊ (ဟုတွာ၊ ၍၊) ဂစ္ဆေယျ ယထာ၊ သွားရာသကဲ့သို့။ တထေဝ၊ ထို့အတူသာလျှင်။ နာနာကုဏပသဉ္စယံ၊ အမျိုးမျိုးသော အကောင်ပုပ်တို့၏ စုဝေးရာဖြစ်သော။ ဣမံ ပူတိကာယံ၊ ဤပုပ်သောကိုယ်ကို။ ဝါ၊ ဤခန္ဓာကိုယ်ယုတ်၊ အကောင်ပုပ်ကို။ အနပေက္ခော၊ ငဲ့ကွက်ခြင်းမရှိသည်။ အနတ္ထိကော၊ အလိုမရှိသည်၊ (ဟုတွာ၊) ဆဍ္ဍယိတွာန၊ စွန့်ပစ်၍။ ဂစ္ဆေယျံ၊ သွားသင့်၏။ (ဂစ္ဆိဿံရှိလျှင် သာ၍ကောင်းသည်။)
နရနာရိယော၊ ယောက်ျားမိန်းမဟူသမျှတို့သည်။ ဥစ္စာရဋ္ဌာနမှိ၊ ကျင်ကြီးစွန့်ရာအရပ်၌။ ကရီသံ၊ ကျင်ကြီးကို။ ဆဍ္ဍယိတွာန၊ ၍။ အနပေက္ခာ၊ ကုန်သည်။ အနတ္ထိကာ၊ ကုန်သည်၊ (ဟုတွာ၊) ဂစ္ဆန္တိ ယထာ၊ သွားကုန်သကဲ့သို့။ ဧဝမေဝ၊ လျှင်။ အဟံ၊ ငါသည်။ နာနာကုဏပပူရိတံ၊ အမျိုးမျိုးသော အကောင်ပုပ်တို့ဖြင့် ပြည့်သော။ ဣမံ ကာယံ၊ ဤကိုယ်ကို။ ဝစ္စံ၊ ကျင်ကြီးကို။ ကတွာ၊ ပြုပြီး၍။ ကုဋိံ၊ ကျင်ကြီးအိမ်ကို။ ဆဍ္ဍေန္တိ ယထာ၊ စွန့်ပစ်ကုန်သကဲ့သို့။ တထာ၊ ထို့အတူ။ ဆဍ္ဍယိတွာန၊ ၍။ ဂစ္ဆိဿံ၊ သွားတော့အံ့။
အပိ၊ ဥပမာတစ်နည်းကား။ ဇဇ္ဇရံ၊ ဆွေးမြေ့သော။ ပလုဂ္ဂံ၊ အပြားအားဖြင့် ပျက်စီးသော။ ဥဒဂါဟိနိံ၊ ရေကို ဆောင်ယူတတ်သော။ နာဝံ၊ လှေကို။ ဆဍ္ဍယိတွာ၊ ၍။ သာမိကာ၊ လှေရှင်တို့သည်။ အနပေက္ခာ။ အနတ္ထိကာ၊ (ဟုတွာ) ဂစ္ဆန္တိ ယထာ၊ သွားကုန်သကဲ့သို့။ ဧဝမေဝ၊ လျှင်။ အဟံ၊ ငါသည်။ နဝစ္ဆိဒ္ဒံ၊ ကိုးခုသော အပေါက်ရှိသော။ ဝါ၊ ကိုးပေါက်ဒွါရအနာဝရှိသော။ ဓုဝဿဝံ၊ အမြဲယိုချသော။ ဣမံ ကာယံ၊ ဤကိုယ်ကို။ သာမိကာ၊ လှေရှင်တို့သည်။ ဇိဏ္ဏနာဝံ၊ လှေအိုကို။ ဆဍ္ဍေန္တိ ဣဝ၊ သို့။ ဆဍ္ဍယိတွာန၊ ၍။ ဂစ္ဆိဿံ၊ သွားတော့အံ့။ (ဇဇ္ဇရံပုဒ်ပြီးပုံကို ဒုတိယပါရာဇိကဘာသာဋီကာ၌ ရှုပါ။)
အပိ၊ ဥပမာတစ်နည်းကား။ ဘဏ္ဍံ၊ အဖိုးထိုက်အဖိုးတန် ဘဏ္ဍာကို။ အာဒိယ၊ ယူ၍။ စောရေဟိ၊ တောပုန်းဓားပြတို့နှင့်တကွ။ ဂစ္ဆန္တော၊ ခရီးသွားနေရသော။ ပုရိသော၊ ယောက်ျားသည်။ ဘဏ္ဍစ္ဆေဒဘယံ၊ ဘဏ္ဍာကို ဖြတ်တောက်လုယူမည့် ဘေးကို။ ဒိသွာ၊ မျှော်တွေး၍။ ဆဍ္ဍယိတွာန၊ တောပုန်းဓားပြတို့ကို စွန့်ခွာ၍။ ဂစ္ဆတိ ယထာ၊ သွားသကဲ့သို့။ ဧဝမေဝ၊ လျှင်။ အယံ ကာယော၊ ဤကိုယ်သည်။ မဟာစောရသမော၊ ကြီးစွာသော တောပုန်းဓားပြနှင့် တူ၏၊ (ဥပမာနဝါစကသမသဒ္ဒါ ပါပြီးဖြစ်သောကြောင့် ဝိယသဒ္ဒါအနက်မရှိ၊) ကုသလစ္ဆေဒနာဘယာ၊ ကုသိုလ်ကို ဖြတ်တောက်လုယူမည်မှ ကြောက်ခြင်းကြောင့်၊ (နာ၌ ဆန်းကြောင့် ဒီဃ၊) ဣမံ၊ ဤကိုယ်ကို။ ပဟာယ၊ ပယ်စွန့်၍။ ဂမိဿာမိ၊ သွားတော့အံ့၊ (ဣတိ၊ ဤသို့။ စိန္တေသိံ၊ ကြံစည်ခဲ့ပြီ။)
(သာရိပုတ္တ၊ သာရိပုတ္တရာ၊) အဟံ၊ သုမေဓာဖြစ်သော ငါသည်။ ဧဝံ၊ သို့။ ဝါ၊ ဤဆိုအပ်ပြီးသောနည်းဖြင့်။ စိန္တယိတွာန၊ ကြံစည်စဉ်းစားပြီး၍။ အနေကကောဋိသတံ၊ ကုဋေအရာမက များပြားလှစွာသော။ ဓနံ၊ ဥစ္စာကို။ နာထာနာထာနံ၊ ကိုးကွယ်ရာရှိသူ ကိုးကွယ်ရာမရှိသူတို့အား။ ဒတွာန၊ ပေးလှူပြီး၍။ ဟိမဝန္တံ၊ ဟိမဝန္တာသို့။ ဥပါဂမိံ၊ ချဉ်းကပ်ခဲ့ပြီ။
ဟိမဝန္တဿ၊ ဟိမဝန္တာ၏။ အဝိဒူရေ၊ အနီး၌။ ဓမ္မိကော နာမ၊ ဓမ္မိကမည်သော။ ပဗ္ဗတော၊ တောင်သည်၊ (အတ္ ထိ၊ ရှိ၏။ တတ္ထ၊ ထိုဓမ္မိကတောင်၌၊) မယှံ၊ ငါသည်။ ဝါ၊ ငါ့ဖို့။ အဿမော၊ ကျောင်းသင်္ခမ်းကို။ သုကတော၊ ကောင်းစွာပြုအပ်ပြီ။ ပဏ္ဏသာလာ၊ သစ်ရွက်တို့ဖြင့် မိုးကာအပ်သော ကျောင်းကို။ သုမာပိတာ၊ ကောင်းစွာ ဖန်ဆင်းအပ်ပြီ။
တတ္ထ၊ ထိုကျောင်းသင်္ခမ်း၌။ ပဉ္စဒေါသဝိဝဇ္ဇိတံ၊ ၅ မျိုးသော အပြစ်တို့သည် ကြဉ်အပ်သော။ စင်္ကမံ၊ စင်္ကြံကို။ အဋ္ဌဂုဏသမူပေတံ၊ ရှစ်ပါးသော သမဏသုခဟူသော ဂုဏ်တို့နှင့် ပြည့်စုံသော၊ (အဿမံ၊ ကျောင်းသင်္ခမ်းကို။ မာပေသိံ၊ ဖန်ဆင်းပြီ၊) (လည်းယဂိုဏ်းဖြစ်အောင် "သမူပေတံ" ဟုလည်းကောင်း ရှိရသည်။) အဘိညာဗလံ၊ အဘိညာဉ်သမာပတ်ကို ဖြစ်စေဖို့ရာ ဝိပဿနာအားစွမ်းကို။ အာဟရိံ၊ ဆောင်ခဲ့ပြီ။
တတ္ထ၊ ထိုကျောင်းသင်္ခမ်း၌။ နဝဒေါသမုပါဂတံ၊ ကိုးပါးသော အပြစ်တို့သည် ကပ်ရောက်အပ်သော။ ဝါ၊ ကိုးပါးသော အပြစ်တို့နှင့် ပြည့်စုံသော။ သာဋကံ၊ လူဝတ်အစုံကို။ ပဇဟိံ၊ ပယ်စွန့်ခဲ့ပြီ။ ဒွါဒသဂုဏမုပါဂတံ၊ ၁၂ ပါးသော ဂုဏ်တို့သည် ကပ်ရောက်အပ်သော။ ဝါ၊ ၁၂ ပါးသော ဂုဏ်တို့နှင့် ပြည့်စုံသော။ ဝါကစီရံ၊ လျှော်တေအဝတ်ကို။ နိဝါသေသိံ၊ ဝတ်ခဲ့ပြီ။
အဋ္ဌဒေါသသမာကိဏ္ဏံ၊ ရှစ်ပါးသော အပြစ်တို့ဖြင့် ရောပြွမ်းသော။ ပဏ္ဏသာလကံ၊ သစ်ရွက်ကျောင်းကို။ ပဇဟိံ၊ ပယ်စွန့်ခဲ့ပြီ။ ဒသဟိ၊ ၁ဝ ပါးကုန်သော။ ဂုဏေဟိ၊ ဂုဏ်တို့သည်၊ (ဟိဝိဘတ်အချေကြံ၊) ဥပါဂတံ၊ ကပ်ရောက်အပ်သော၊ (တစ်နည်း) ဂုဏေဟိ၊ ဂုဏ်တို့နှင့်။ ဥပါဂတံ၊ ပြည့်စုံသော။ ရုက္ခမူလံ၊ သစ်ပင်၏အနီးအောက်သို့။ ဥပါဂမိံ၊ ချဉ်းကပ်ခဲ့ပြီ။
ဝါပိတံ၊ ကြဲချအပ်သော။ ရောပိတံ၊ စိုက်ပျိုးအပ်သော။ ဓညံ၊ စပါးကို။ ဝါ၊ စပါးမှဖြစ်သော အစာကို၊ (ကာရဏူပစာ၊) နိရဝသေသတော၊ အကြွင်းမရှိသောအားဖြင့်။ ပဇဟိံ၊ ပယ်စွန့်ခဲ့ပြီ။ အနေကဂုဏသမ္ပန္နံ၊ တစ်ပါးမက များစွာသော ဂုဏ်တို့နှင့် ပြည့်စုံသော။ ပဝတ္တဖလံ၊ အလိုလိုဖြစ်သော သစ်သီးကို။ အာဒိယိံ၊ ကောက်ယူသုံးဆောင်ခဲ့ပြီ။
တသ္မာဟိ နာတိမညေယျ၊ ပဝတ္တဖလဘောဇနံ။တတ္ထ၊ ထိုသင်္ခမ်းကျောင်း၌။ နိသဇ္ဇဋ္ဌာနစင်္ကမေသု၊ ထိုင်ခြင်း၊ ရပ်ခြင်း၊ စင်္ကြံသွားခြင်းဟူသော ဣရိယာပုထ် ၃ ပါးတို့၌၊ (အိပ်ခြင်းဣရိယာပုထ်မပါ၊) ပဓာနံ၊ အားထုတ်ကြောင်းဖြစ်သော သမ္မပ္ပဓာန်လေးဝဝီရိယကို။ ပဒဟိံ၊ အားထုတ်ပြီ။ သတ္တာဟေ (သတ္တာဟဿ) = ၇ ရက်၏၊ (ဆဋ္ဌီအနက်၌ သတ္တမီဝိဘတ်သက်၊) အဗ္ဘန္တရမှိ၊ အတွင်း၌။ အဘိညာဗလံ၊ အဘိညာဉ်သမာပတ်ဟူသော အားအစွမ်းသို့။ ပါပုဏိံ၊ ရောက်ပြီ။ ဣတိ၊ ဤသို့ ဗုဒ္ဓဝင်ပါဠိတော်၌ ဟောတော်မူအပ်ပြီ။ (ဤ၌ အဘိညာဗလံကား တပ္ပုရိသ်မဟုတ် ကမ္မဓာရည်းသာ။)
တတ္ထ၊ ထိုဂါထာတို့၌။ အဿမော သုကတော မယှံ၊ ပဏ္ဏသာလာ သုမာပိတာတိ ဣမိဿာ ပါဠိယာ၊ အဿမော၊ ပေ၊ သုမာပိတာဟူသော ဤပါဠိတော်ဖြင့်။ သုမေဓပဏ္ဍိတေန၊ သုမေဓသုခမိန်သည်။ အဿမပဏ္ဏသာလာစင်္ကမာ၊ ကျောင်းသင်္ခမ်း၊ သစ်ရွက်မိုးကျောင်း၊ စင်္ကြံတို့ကို။ သဟတ္ထာ၊ မိမိလက်ဖြင့်။ ဝါ၊ ကိုယ်တိုင်။ မာပိတာ ဝိယ၊ ဖန်ဆင်းအပ်ကုန်သကဲ့သို့။ ဝုတ္တာ၊ ဟောတော်မူအပ်ကုန်ပြီ။ ပန၊ စင်စစ်ကား။ အယံ၊ ဤဆိုအပ်လတ္တံ့ကား။ ဧတ္ထ၊ ဤပါဠိတော်၌။ အတ္ထော၊ အနက်တည်း။ ဟိ၊ ချဲ့။ မဟာသတ္တံ၊ မြတ်သောသတ္တဝါကို။ ဝါ၊ ဘုရားလောင်းကို၊ (ဒိသွာ၌စပ်၊) ဟိမဝန္တံ၊ ဟိမဝန္တာသို့။ အဇ္ဈောဂါဟေတွာ၊ သက်ဝင်၍။ အဇ္ဇ၊ ယနေ့။ ဓမ္မိကပဗ္ဗတံ၊ ဓမ္မိကတောင်သို့။ ပဝိသိဿာမိ၊ ဝင်တော့အံ့။ ဣတိ၊ ဤသို့ကြံ၍။ နိက္ခန္တံ၊ ထွက်လာပြီးသည်ကို။ ဒိသွာ၊ မြင်၍။ ဒေဝါနံ၊ နတ်တို့၏။ ဣန္ဒော၊ အရှင်သခင်ဖြစ်သော။ သက္ကော၊ သိကြားမင်းသည်။ ဝိသုကမ္မဒေဝပုတ္တံ၊ ဝိသကြုံနတ်သားကို။ အာမန္တေသိ၊ ခေါ်၍ပြောပြီ၊ (ကိံ၊ အဘယ်သို့ ပြောသနည်း။) (ဝိသုကမ္မပုဒ်ကို ပါရာဇိကဏ်ဘာသာဋီကာ ပဌမသံဂါယနာတင်ခန်း၌ ပြခဲ့ပြီ။)
တာတ၊ အမောင်။ ဂစ္ဆ၊ သွားချေ။ အယံ သုမေဓပဏ္ဍိတော၊ ဤသုမေဓာသုခမိန်သည်။ ပဗ္ဗဇိဿာမိ၊ ရသေ့ရဟန်းပြုအံ့။ ဣတိ၊ ဤသို့ကြံ၍။ နိက္ခန္တော၊ တောထွက်လာပြီ။ ဧတဿ၊ ဤသုမေဓာသုခမိန်၏။ ဝသနဋ္ဌာနံ၊ နေရာအရပ်ကို။ မာပေသိ၊ ဖန်ဆင်းချေလော။ ဣတိ၊ ဤသို့ပြောပြီ။ သော၊ ထိုဝိသကြုံနတ်သားသည်။ တဿ၊ ထိုသိကြားမင်း၏။ ဝစနံ၊ ကို။ သမ္ပဋိစ္ဆိတွာ၊ ဝန်ခံ၍။ ရမဏီယံ၊ မွေ့လျော်အပ်သော။ ဝါ၊ မွေ့လျော်ဖွယ်ကောင်းသော၊ (ရူပသိဒ္ဓိ၌ "ရမဏီယော ဝိဟာရော" ဟု ကံဟောရုပ်ကို ပြထား၏၊) အဿမံ၊ ကျောင်းသင်္ခမ်းကိုလည်းကောင်း။ သုဂုတ္တံ၊ ကောင်းစွာလုံခြုံသော။ ပဏ္ဏသာလံ၊ သစ်ရွက်ကျောင်းကိုလည်းကောင်း။ မနောရမံ၊ စိတ်၏မွေ့လျော်ရာဖြစ်သော။ စင်္ကမံ၊ စင်္ကြံကိုလည်းကောင်း။ မာပေသိ၊ ဖန်ဆင်းပြီ။ ပန၊ ထိုသို့ပင် ဝိသကြုံဖန်ဆင်းအပ်ပါသော်လည်း။ ဘဂဝါ၊ သည်။ တဒါ၊ သုမေဓာဖြစ်ရာ ထိုအခါ၌။ အတ္တနော၊ မိမိ၏။ ပုညာနုဘာဝေန၊ ဘုန်းကံ၏အာနုဘော်ကြောင့်။ နိပ္ဖန္နံ၊ ပြီးသော။ တံ အဿမံ၊ ထိုကျောင်းသင်္ခမ်းဟူသော တည်ရာကို၊ (ပဒသဒ္ဒါဝတ္ထုဝါစက၊) သန္ဓာယ၊ တော်မူ၍။ သာရိပုတ္တ၊ သာရိပုတ္တရာ။ တသ္မိံ ဓမ္မိကပဗ္ဗတေ၊ ထိုဓမ္မိကတောင်၌။ မယှံ၊ ငါသည်။ ဝါ၊ ငါ့ဖို့။ အဿမော၊ ကျောင်းသင်္ခမ်းကို။ သုကတော၊ ကောင်းစွာပြုအပ်ပြီ။ ပဏ္ဏသာလာ၊ သစ်ရွက်တို့ဖြင့် မိုးကာအပ်သော ကျောင်းကို။ သုမာပိတာ၊ ကောင်းစွာဖန်ဆင်းအပ်ပြီ။ တတ္ထ၊ ထိုကျောင်းသင်္ခမ်း၌။ ပဉ္စဒေါသဝိဝဇ္ဇိတံ၊ ၅ မျိုးသော အပြစ်တို့သည် ကြဉ်အပ်သော။ စင်္ကမံ၊ စင်္ကြံကို။ မာပေသိံ၊ ဖန်ဆင်းပြီ။ ဣတိ၊ ဤသို့။ အာဟ၊ ဟောတော်မူပြီ။
တတ္ထ၊ ထိုဂါထာ၌။ အဿမောသုကတောမယှန္တိ၊ အဿမော သုကတော မယှံ ဟူသည်ကား။ မယာ၊ ငါသည်။ သုကတော၊ ကောင်းစွာပြုအပ်ပြီ။ ပဏ္ဏသာလာသုမာပိတာတိ၊ ပဏ္ဏသာလာ သုမာပိတာ ဟူသည်ကား။ မေ၊ ငါသည်။ ပဏ္ဏစ္ဆဒနာ၊ သစ်ရွက်အမိုးရှိသော၊ (တစ်နည်း) ပဏ္ဏစ္ဆန္နာ၊ သစ်ရွက်တို့ဖြင့် မိုးအပ်သော။ သာလာပိ၊ ကျောင်းသည်လည်းကောင်း၊ ဝါ-ကျောင်းကိုလည်းကောင်း။ သုမာပိတာ၊ ကောင်းစွာဖန်ဆင်းအပ်သည်။ အဟောသိ၊ ဖြစ်ပြီ။
ပဥ္စဒေါသဝိဝဇ္ဇိတန္တိဧတ္ထ၊ ပဥ္စဒေါသဝိဝဇ္ဇိတံ ဟူသော ဤပါဌ်၌။ စကင်္မဒေါသာနာမ၊ စင်္ကြံ၏ အပြစ်တို့မည်သည်။ ထဒ္ဓဝိသမတာ၊ ကြမ်းတမ်းသော မညီညွတ်သော မြေရှိသည်၏ အဖြစ်လည်းကောင်း။ အန္တောရုက္ခတာ၊ အတွင်း၌ သစ်ပင်ရှိသည်၏ အဖြစ်လည်းကောင်း။ ဂဟနစ္ဆန္နတာ၊ ချုံရှုပ်တို့သည် ဖုံးအုပ်အပ်သည်၏ အဖြစ်လည်းကောင်း။ အတိသမ္ဗာဓတာ၊ အလွန်ကျဉ်းမြောင်းသည်၏ အဖြစ်လည်းကောင်း။ အတိဝိသာလတာ၊ အလွန်ပြန့်ကျယ်သည်၏ အဖြစ်လည်းကောင်း။ ဣတိ၊ ဤသို့။ ဣမေပဥ္စ၊ ဤငါးပါးတို့တည်း။ ဟိ၊ ချဲ့ဦးအံ့။ ထဒ္ဓဝိသမဘူမိဘာဂသ္မိံ၊ ကြမ်းတမ်းသော မညီညွတ်သော မြေအဖို့ရှိသော။ စကင်္မေ၊ စင်္ကြံ၌။ စကင်္မန္တဿ၊ စင်္ကြံသွားသော ပုဂ္ဂိုလ်၏။ ပါဒါ၊ ခြေတို့သည်။ ရုဇ္ဇန္တိ၊ ကျင်နာကုန်၏။ ဖောဋာ၊ အဖုတို့သည်။ ဥဋ္ဌဟန္တိ၊ ထကုန်၏၊ (ခြေပေါက်သည်-ဟူလို၊) စိတ္တံ၊ စိတ်သည်။ ဧကဂ္ဂတံ၊ တစ်ခုတည်းသော အာရုံရှိသည်၏ အဖြစ်ကို၊ ဝါ-တည်ကြည်ခြင်းကို။ နလဘတိ၊ မရ။ ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်းသည်။ ဝိပဇ္ဇတိ၊ ပျက်စီး၏။ ပန၊ အနွယကား။ မုဒုသမတလေ၊ နူးညံ့ညီညွတ်သော အပြင်ရှိသော၊ (စကင်္မေ-စင်္ကြံ၌၊) ဖာသုဝိဟာရံ၊ ချမ်းသာစွာနေရခြင်းကို။ အာဂမ္မ၊ စွဲ၍။ ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်းသည်။ သမ္ပဇ္ဇတိ၊ ပြည့်စုံ၏။ တသ္မာ၊ ထို့ကြောင့်။ ထဒ္ဓဝိသမဘူမိဘာဂတာ၊ ကြမ်းတမ်းသော မညီညွတ်သော မြေအဖို့ရှိသည်၏ အဖြစ်ကို။ ဧကောဒေါသောတိ၊ စင်္ကြံ၏ အပြစ်တစ်ပါးဟူ၍။ ဝေဒိတဗ္ဗော၊ သိထိုက်၏။
စကင်္မဿ၊ စင်္ကြံ၏။ အန္တော၊ အတွင်း၌၊ (အန္တောဝါ ဟု စာအုပ်တို့၌ ရှိ၏၊ ဝါ မလို၊) မဇ္ဈေဝါ၊ အလယ်၌သော်လည်းကောင်း။ ကောဋိယံဝါ၊ ဟိုဘက်သည်ဘက် အစွန်၌သော်လည်းကောင်း၊ (အန္တော၏ သရုပ်ကိုပြသည်၊) ရုက္ခေ၊ သစ်ပင်သည်။ သတိ၊ သော်။ အမာဒံ၊ မေ့လျော့ခြင်းကို၊ ဝါ-အမှတ်တမဲ့ကို။ အာဂမ္မ၊ စွဲ၍။ စကင်္မန္တဿ၊ စင်္ကြံသွားသော ပုဂ္ဂိုလ်၏။ နလာဋံဝါ၊ နဖူးကိုသော်လည်းကောင်း။ သီသံဝါ၊ ဦးခေါင်းကိုသော်လည်းကောင်း။ ပဋိဟညတိ၊ ထိခိုက်တတ်၏။ ဣတိ၊ ကြောင့်။ အန္တောရုက္ခတာ၊ အတွင်း၌ သစ်ပင်ရှိသည်၏ အဖြစ်ကို။ ဒုတိယောဒေါသော(တိ)၊ ၂ ခုမြောက် အပြစ်ဟူ၍။ ဝေဒိတဗ္ဗော၊ သိထိုက်၏။ တိဏလတာဒိဂဟနစ္ဆန္နေ၊ မြက်နွယ်အစရှိသော တောချုံရှုပ်တို့သည် ဖုံးအုပ်အပ်သော။ စကင်္မေ၊ စင်္ကြံ၌။ စကင်္မန္တော၊ စင်္ကြံသွားသော ပုဂ္ဂိုလ်သည်။ အန္ဓကာရဝေလာယံ၊ ညဉ့်မှောင်မိုက်ရာ အခါ၌။ ဥရဂါဒိကေ၊ မြွေအစရှိကုန်သော။ ပါဏေ၊ သတ္တဝါတို့ကို။ အက္ကမိတွာဝါ၊ မိမိက နင်းမိ၍သော်လည်း။ မာရေတိ၊ သေစေတတ်၏။ တေဟိဝါ၊ ထိုမြွေအစရှိသော သတ္တဝါတို့သည်သော်လည်း။ ဒဋ္ဌော၊ ကိုက်အပ်သည်၊ ဝါ-အကိုက်ခံရသည်၊ (ဟုတွာ၊) ဒုက္ခံ၊ ဒုက္ခသို့။ အာပဇ္ဇတိ၊ ရောက်ရ၏။ ဣတိ၊ ကြောင့်။ ဂဟနစ္ဆန္နတာ၊ တောချုံရှုပ်တို့ ဖုံးအုပ်အပ်သည်၏ အဖြစ်ကို။ တတိယောဒေါသော(တိ)၊ ၃ ခုမြောက် အပြစ်ဟူ၍။ ဝေဒိတဗ္ဗော၊ သိထိုက်၏။ အတိသမ္ဗာဓေ၊ အလွန်ကျဉ်းမြောင်းသော။ စကင်္မေ၊ စင်္ကြံ၌။ ဝိတ္ထာရတော၊ အပြန့်အကျယ်အားဖြင့်၊ ဝါ-အနံအားဖြင့်။ ရတနိကေဝါ၊ တစ်တောင်ရှိသည်မူလည်းဖြစ်သော။ အဍ္ဎရတနိကေဝါ၊ တစ်တောင်ဝက်ရှိသည်မူလည်းဖြစ်သော၊ (စကင်္မေ-၌၊ အတိသမ္ဗာဓေကို ထပ်ဖွင့်သည်၊) စကင်္မန္တဿ၊ စင်္ကြံသွားသောပုဂ္ဂိုလ်၏။ ပရိစ္ဆေဒေ၊ စင်္ကြံ၏ အပိုင်းအခြားဖြစ်သော ကုန်းကမူပေါ်၌။ ပက္ခလိတွာ၊ ချော်လဲ၍။ နခါပိ၊ လက်သည်းခြေသည်းတို့သည်လည်းကောင်း။ အင်္ဂုလိယောပိ၊ လက်ချောင်းခြေချောင်းတို့သည်လည်းကောင်း။ ဘိဇ္ဇန္တိ၊ ကွဲတတ်ကုန်၏။ ဣတိ၊ ကြောင့်။ အတိသမ္ဗာဓတာ၊ အလွန်ကျဉ်းမြောင်းသည်၏ အဖြစ်ကို။ စတုတ္ထောဒေါသော(တိ)၊ ၄ ခုမြောက် အပြစ်ဟူ၍။ ဝေဒိတဗ္ဗော၊ သိထိုက်၏။
အတိဝိသာလေ၊ အလွန်ကျယ်ပြန့်သော။ စကင်္မေ၊ စင်္ကြံ၌။ စကင်္မန္တဿ၊ စင်္ကြံသွားသောပုဂ္ဂိုလ်၏။ စိတ္တံ၊ သည်။ ဝိဓာဝတိ၊ ထိုထိုအာရုံသို့ ပြေးသွား၏။ ဧကဂ္ဂတံ၊ တစ်ခုတည်းသော အာရုံရှိသည်၏ အဖြစ်ကို၊ ဝါ-တည်ကြည်ခြင်းကို။ နလဘတိ၊ မရ။ ဣတိ၊ ကြောင့်။ အတိဝိသာလတာ၊ အလွန်ကျယ်ပြန့်သည်၏ အဖြစ်ကို။ ပဥ္စမောဒေါသော(တိ)၊ ၅ ခုမြောက် အပြစ်ဟူ၍။ ဝေဒိတဗ္ဗော၊ သိထိုက်၏။ ပန၊ အနွယကား။ စေတိယဂိရိမှိ၊ စေတိယတောင်၌။ ဒီပပ္ပသာဒမဟာမဟိန္ဒတ္ထေရဿ၊ သီဟိုဠ်ကျွန်းကို ကြည်ညိုစေတတ်သော မဟာမဟိန္ဒထေရ်၏။ စကင်္မနံဝိယ၊ စင်္ကြံသည်ကဲ့သို့။ ပုထုလတော၊ အပြန့်အကျယ်အားဖြင့်၊ ဝါ-အနံအားဖြင့်။ ဒိယဍ္ဎရတနံ၊ အခွဲအားဖြင့် ၂ တောင်ရှိသော၊ ဝါ-တစ်တောင့်ထွာရှိသော။ ဒွီသု၊ နှစ်ဖက်ကုန်သော။ ပေဿသု၊ ဘေးတို့၌။ ရတနမတ္တအနုစကင်္မံ၊ တစ်တောင်အတိုင်းအရှည်ရှိသော စင်္ကြံငယ် (စင်္ကြံမြှောင်) ပါရှိသော၊ ("ရတနမတ္တံ အနုစကင်္မံ" ဟု ရှိရာ၌ အလုတ္တသမာသ်ဟု ဆိုကြ၏၊ (တစ်နည်း) မတ္တံ၌ နိဂ္ဂဟိတ်လာထားသည်ဟုလည်း ဆိုကြ၏၊) ဒီဃတော၊ အလျားအားဖြင့်။ သဋ္ဌိဟတ္ထံ၊ အတောင် ၆၀ ရှိသော၊ ဝါ-အတောင် ၆၀ ရှည်သော။ မုဒုတလံ၊ နူးညံ့သော မြေအပြင်ရှိသော။ သမဝိပ္ပကိဏ္ဏဝါလုကံ၊ အညီအမျှ ကြဲဖြန့်အပ်သော သဲရှိသော။ စကင်္မံ၊ စင်္ကြံသည်။ ဝဋ္ဋတိ၊ သင့်၏။ တံ၊ ထိုသုမေဓာရှင်ရသေ့၏ စင်္ကြံသည်။ တာဒိသံ၊ ထိုကဲ့သို့ ရှုအပ်သည်။ အဟောသိ၊ ဖြစ်ပြီ။ တေန၊ ထို့ကြောင့်။ စကင်္မံတတ္ထမာပေသိံပဥ္စဒေါသဝိဝဇ္ဇိတန္တိ၊ ဟူ၍။ အာဟ၊ ဟောတော်မူပြီ။ (ရှေးနိဿယ၌ "စေတိယဂိရိမှိ၊ ပေ၊ စကင်္မနံဝိယ-ကဲ့သို့၊ တံ-ထိုသုမေဓာရှင်ရသေ့၏ စင်္ကြံသည်၊ တာဒိသံ-ထိုမဟာမဟိန္ဒထေရ်၏ စင်္ကြံနှင့် တူသောသဘောရှိသည်၊ အဟောသိ-ပြီ" ဟု ပေးပြီးလျှင် ပုထုလတောစသည်ဖြင့် ရှေ့သို့လှည့်၍ အနက်ပေး၏၊ "စကင်္မနံဝိယ" ဟု ဆိုပြီးလျှင် "တာဒိသံ" ဟု တစ်ဝါကျတည်း၌ ဆိုပြန်သောကြောင့် စဉ်းစားသင့်သည်။)
အဋ္ဌဂ္ဂုဏသမူပေတန္တိ၊ ကား။ အဋ္ဌဟိ၊ ရှစ်ပါးကုန်သော။ သမဏသုခေဟိ၊ သမဏသုခတို့နှင့်၊ (သမဏ၏ ချမ်းသာကြောင်းဂုဏ်တို့နှင့်၊) ဥပေတံ၊ ပြည့်စုံသော၊ (စကင်္မံမာပေသိံ၌စပ်၊) သမဏသုခါနိနာမ၊ သမဏသုခတို့မည်သည်။ ဓနဓညပရိဂ္ဂဟာဘာဝေါ၊ ဥစ္စာ, စပါးကို သိမ်းပိုက်ရခြင်း၏မရှိခြင်းလည်းကောင်း။ အနဝဇ္ဇပိဏ္ဍပရိယေသနဘာဝေါ၊ အပြစ်မရှိသော ဆွမ်းကို ရှာမှီးခြင်းရှိသည်၏ အဖြစ်လည်းကောင်း။ နိဗ္ဗုတပိဏ္ဍဘုဥ္ဇနဘာဝေါ၊ ငြိမ်းအေးသော ဆွမ်းကို စားရခြင်းရှိသည်၏ အဖြစ်လည်းကောင်း။ ရဋ္ဌံ၊ တိုင်းပြည်ကို၊ ဝါ-တိုင်းသူပြည်သားကို။ ပီဠေတွာ၊ ညှစ်၍။ ဓနသာရံဝါ၊ ဥစ္စာနှစ်ကိုသော်လည်းကောင်း။ သီသကဟာပဏာဒီနိဝါ၊ သလွဲမြည်း, ငွေအသပြာ အစရှိသည်တို့ကိုသော်လည်းကောင်း။ ရာဇကုလေသု၊ မင်းမျိုးတို့သည်။ ဂဏှန္တေသု၊ ယူကုန်လသော်၊ (သယံ-မိမိတို့မှာ၊) ရဋ္ဌပီဠနကိလေသာဘာဝေါ၊ တိုင်းသူပြည်သားကို ညှစ်ခြင်းကြောင့်ဖြစ်သော ပူပန်ရခြင်း၏မရှိခြင်းလည်းကောင်း။ ဥပကရဏေသု၊ မိမိအဆောက်အဦတို့၌။ နိစ္ဆန္ဒရာဂဘာဝေါ၊ တပ်မက်တတ်သော ဆန္ဒရာဂ၏မရှိခြင်းလည်းကောင်း။ စောရဝိလောပေ၊ သူပုန်ဓားပြတို့ လုယက်ရာအခါ၌။ နိဗ္ဘယဘာဝေါ၊ ဘေးမရှိသည်၏ အဖြစ်လည်းကောင်း။ ရာဇရာဇမဟာမတ္တေဟိ၊ မင်းမင်း၏ အမတ်ကြီးတို့နှင့် ရောနှောခြင်းမရှိသည်၏ အဖြစ်လည်းကောင်း။ စတူသုဒိသာသု၊ အရပ် ၄ မျက်နှာတို့၌။ အပ္ပဋိဟတဘာဝေါ၊ မပိတ်ပင်မဆီးတားအပ်သည်၏ အဖြစ်လည်းကောင်း၊ (အပိတ်အပင်မရှိ သွားလာနိုင်သည်၏ အဖြစ်လည်းကောင်း၊) ဣတိ၊ ဤသို့။ ဣမာနိအဋ္ဌ၊ ဤရှစ်ပါးတို့တည်း။ ဣဒံ၊ ဤအနက်သည်၊ ဝါ-ကို။ ဝုတ္တံ၊ သည်၊ ဝါ-ဆိုလိုသည်။ ဟောတိ၊ (ကိံ) ယထာ၊ အကြင်အခြင်းအရာအားဖြင့် ဖန်ဆင်းလသော်။ တသ္မိံအဿမေ၊ ထိုကျောင်းသင်္ခမ်း၌။ ဣမာနိသမဏသုခါနိ၊ ဤသမဏသုခတို့ကို။ ဝိန္ဒိတုံ၊ ရခြင်းငှာ။ သက္ကာ၊ တတ်ကောင်းသည်။ ဟောတိ။ ဧဝံ၊ ဤသမဏသုခတို့ကို ရနိုင်လောက်အောင်သော အခြင်းအရာအားဖြင့်။ အဋ္ဌဂ္ဂုဏသမူပေတံ၊ ရှစ်ပါးသောဂုဏ်နှင့်ပြည့်စုံသော။ တံအဿမံ၊ ထိုကျောင်းသင်္ခမ်းကို။ မာပေသိံ၊ ဖန်ဆင်းပြီ။ ဣတိ၊ ဤအနက်သည်၊ ဝါ-ကို။ ဝုတ္တံ၊ ဆိုအပ်သည်၊ ဝါ-သည်။ ဟောတိ၊ ၏။
အဘိညာဗလမာဟရိန္တိ၊ ကား။ ပစ္ဆာ၊ ရသေ့ဖြစ်ပြီးရာနောက်အခါ၌။ တသ္မိံအဿမေ၊ ထိုကျောင်းသင်္ခမ်း၌။ ဝသန္တော၊ နေလသော်၊ ဝါ-နေသော၊ (အဟံ-ငါသည်၊) ကသိဏပရိကမ္မံ၊ ကသိုဏ်းပရိကမ်ကို။ ကတွာ၊ ပြုပြီး၍။ အဘိညာနဥ္စ၊ အဘိညာဉ်တို့ကိုလည်းကောင်း။ သမာပတ္တီနဥ္စ၊ သမာပတ်တို့ကိုလည်းကောင်း။ ဥပ္ပာဒနတ္ထာယ၊ ဖြစ်စေခြင်းအကျိုးငှာ။ အနိစ္စတော၊ အနိစ္စအားဖြင့်လည်းကောင်း။ ဒုက္ခတော၊ ဒုက္ခအားဖြင့်လည်းကောင်း။ ဝိပဿနံ၊ ဝိပဿနာကို။ အာရဘိတွာ၊ အားထုတ်၍။ ထာမပ္ပတ္တံ၊ အားအစွမ်းသို့ရောက်သော။ ဝိပဿနာဗလံ၊ ဝိပဿနာအားအစွမ်းကို။ အာဟရိံ၊ ဆောင်ခဲ့ပြီ။ ယထာ၊ အကြင်အခြင်းအရာအားဖြင့် ဖန်ဆင်းလသော်။ တသ္မိံ၊ ထိုကျောင်းသင်္ခမ်း၌။ ဝသန္တော၊ နေသောငါသည်။ တံဗလံ၊ ထိုဝိပဿနာအားအစွမ်းကို။ အာဟရိတုံ၊ ဆောင်ခြင်းငှာ။ သက္ကောမိ၊ စွမ်းနိုင်၏။ ဧဝံ၊ ဤသို့ ဝိပဿနာအားအစွမ်းကို ဆောင်နိုင်လောက်အောင်သော အခြင်းအရာအားဖြင့်။ တံအဿမံ၊ ထိုကျောင်းသင်္ခမ်းကို။ အဘိညတ္ထာယ၊ အဘိညာဉ်အကျိုးငှာ။ တဿဝိပဿနာဗလဿ၊ ထိုဝိပဿနာအားအစွမ်းအား။ အနုစ္ဆဝိကံ၊ လျောက်ပတ်သည်ကို။ ကတွာ၊ ပြု၍။ မာပေသိံ၊ ဖန်ဆင်းခဲ့ပြီ။ ဣတိအတ္ထော၊ ဤကား အဓိပ္ပာယ်အနက်တည်း။
သာဋကံပဇဟိံတတ္ထနဝဒေါသမုပါဂတန္တိဧတ္ထ၊ သာဋကံ၊ ပေ၊ မုပါဂတံ ဟူသော ဤပါဌ်၌။ အယံ၊ ဤဆိုအပ်လတ္တံ့ကား။ အနုပုဗ္ဗီကထာ၊ အစဉ်အတိုင်းဖြစ်သော စကားတည်း၊ ဝါ-ပြောရိုးဆိုစဉ်စကားတည်း။ ဟိ၊ ချဲ့ဦးအံ့။ တဒါ၊ တောထွက်လာရာ ထိုအခါ၌။ ဝိသုကမ္မဒေဝပုတ္တေ၊ ဝိသကြုံနတ်သားသည်၊ (နောက်က ဝိသုကမ္မဒေဝပုတ္တေကိုလည်း လက္ခဏဝန္တကတ္တားအဖြစ်ဖြင့် ဤ၌ယူပါ၊) ကုဋိလေဏစကင်္မာဒိပ္ပဋိမဏ္ဍိတံ၊ ကျောင်းငယ်, လိုဏ်စင်္ကြံအစရှိသော အဆောက်အအုံတို့ဖြင့် တန်ဆာဆင်အပ်သော၊ (ကုဋိဟူသည် ဝစ္စကုဋိမဟုတ်၊ ကျောင်းကုဋ်ကလေးတည်း၊) ပုပ္ဖူပဂတဖလူပဂတရုက္ခသဥ္ဆန္နံ၊ အပွင့်သို့ကပ်ရောက်ကုန် အသီးသို့ကပ်ရောက်ကုန်သော သစ်ပင်တို့ဖြင့် ဖုံးလွှမ်းအပ်သော၊ ဝါ-အပွင့်ပွင့်ကုန် အသီးသီးကုန်သော သစ်ပင်တို့ဖြင့် ဖုံးလွှမ်းအပ်သော။ ရမဏီယံ၊ မွေ့လျော်သင့်မွေ့လျော်ထိုက်သော၊ ဝါ-မွေ့လျော်ဖွယ်ကောင်းသော။ မဓုရသလိလာသယံ၊ ချိုမြိန်သော ရေ၏တည်ရာ ရေကန်ရှိသော၊ (အဿမံ၌စပ်၊) အပဂတဝါဠမိဂဘီသနကသကုဏံ၊ ကင်းသောရဲရင့်သော ခြင်္သေ့သစ်ကျားစသော သားကောင်အပေါင်း, ခြောက်လှန့်တတ်သော ငှက်အပေါင်းတို့မှ ကင်းသော။ ပဝိဝေကက္ခမံ၊ အပေါင်းအဖော်တို့မှ ကင်းဆိတ်ခြင်း၌ ခံ့သော၊ (ကာယဝိဝေကရလောက်သော၊ ကမ္မနိသာဓုကမ္မညံကဲ့သို့ "ပဝိဝေကေခမော ပဝိဝေကက္ခမော" ဟု ပြု၊) အဿမံ၊ ကျောင်းသင်္ခမ်းကို။ မာပေတွာ၊ ဖန်ဆင်းပြီး၍လည်းကောင်း၊ (ဂတေ၌စပ်၊) အလကင်္တစကင်္မဿ၊ တန်ဆာဆင်အပ်ပြီးသော စင်္ကြံ၏။ ဥဘောသု၊ နှစ်ဖက်ကုန်သော။ အန္တေသု၊ အစွန်အဖျားတို့၌။ အာလမ္ဗနဖလကံ၊ မှီရာပျဉ်ချပ်ကို၊ ဝါ-တကဲမှီပျဉ်ချပ်ကို၊ (ထိုင်သောအခါ မှီ၍ထိုင်စရာဖြစ်သော ပျဉ်ချပ်ကို ရှေးက "တကဲ" ဟု ခေါ်ကြသည်၊) သံဝိဓာယ၊ စီရင်ပြီး၍လည်းကောင်း။ နိသီဒနတ္ထာယ၊ ထိုင်ခြင်းအကျိုးငှာ။ စကင်္မဝေမဇ္ဈေ၊ စင်္ကြံ၏အလယ်၌။ သမတလံ၊ ညီညွတ်သောအပြင်ရှိသော။ မုဂ္ဂဝဏ္ဏသိလံ၊ ပဲနောက်အဆင်းရှိသော ကျောက်ဖျာကို။ မာပေတွာ၊ ဖန်ဆင်းပြီး၍လည်းကောင်း။ အန္တောပဏ္ဏသာလာယံ၊ သစ်ရွက်တို့ဖြင့် မိုးအပ်သော ကျောင်းအတွင်း၌။ ဇဋာ၊ ပေ။ ကုဏ္ဍိကာဒိကေ၊ ဆံကျစ်ဝန်း, လျှော်တေသင်္ကန်း, ၃ ချောင်းထောက်, ကရားအစရှိကုန်သော။ တာပသပရိက္ခာရေ၊ ရသေ့တို့၏ ပရိက္ခရာတို့လည်းကောင်း။ မဏ္ဍပေ၊ မဏ္ဍပ်၌။ ပါနီယဃဋပါနီယသင်္ခပါနီယသရာဝါနိ၊ သောက်ရေအိုး, သောက်ရေခရုသင်း, သောက်ရေခွက်တို့လည်းကောင်း။ အဂ္ဂိသာလာယံ၊ မီးတင်းကုဋ်၌။ အင်္ဂါရကပ္ပလ္လဒါရုအာဒီနိ၊ မီးအိုးကင်း, ထင်းအစရှိသည်တို့လည်းကောင်း။ ဣတိဧဝံ၊ ဤသို့။ ယံယံ၊ အကြင်အကြင်အသုံးအဆောင်သည်။ ပဗ္ဗဇိတာနံ၊ ရသေ့တို့အား။ ဥပကာရာယ၊ လျော်သောကျေးဇူးကို ပြုခြင်းငှာ။ သံဝတ္တတိ၊ ဖြစ်၏။ တံတံ၊ ထိုထိုအသုံးအဆောင်ကို။ သဗ္ဗံ၊ အလုံးစုံအကုန်အစင်။ မာပေတွာ၊ ဖန်ဆင်းပြီး၍လည်းကောင်း။ ပဏ္ဏသာလာယ၊ သစ်ရွက်မိုးကျောင်း၏။ ဘိတ္တိယံ၊ နံရံ၌။ ယေကေစိ၊ အမှတ်မရှိအလုံးစုံကုန်သော။ ပဗ္ဗဇိတုကာမာ၊ ရသေ့ပြုလိုသူတို့သည်။ ဣမေပရိက္ခာရေ၊ ဤပရိက္ခရာတို့ကို။ အက္ခရာနိ၊ အက္ခရာတို့ကို။ ဆိန္ဒိတွာ၊ ဖြတ်ထွင်း၍။ ဒေဝလောကမေဝ၊ နတ်ပြည်သို့သာ။ ဂတေ၊ ပြန်သွားလသော်။
သုမေဓပဏ္ဍိတော၊ သုမေဓာသုခမိန်သည်။ ဟိမဝန္တပါဒေ၊ ဟိမဝန္တာတောင်ခြေ၌။ ဂိရိကန္ဒရာနုသာရေန၊ တောင်ကြိုချောက်ကြား လျှောက်သွားသဖြင့်၊ (ဂိရိ-တောင်၊ ကန္ဒရ-ချောက်၊ ကေန+ဒရီယတေတိ ကန္ဒရော-ရေသည် ဖောက်ခွဲအပ်သောချောက်၊ "ချောင်" ဟုလည်း ခေါ်ကြ၏၊)
အတ္တနော၊ မိမိ၏။ နိဝါသနာနုရူပံ၊ နေခြင်းအားလျော်ပတ်သော။ ဖာသုကဋ္ဌာနံ၊ ချမ်းသာလောက်သောအရပ်ကို။ ဩလောကေန္တော၊ ကြည့်ရှုရှာဖွေလသော်။ နဒီနိဝတ္တနေ၊ မြစ်ရေ၏ဆုတ်နစ်ရာအရပ်၌၊ ဝါ-မြစ်ကွေ့၌၊
နဒီ+နိဝတ္တတိဧတ္ထာတိနဒီနိဝတ္တနံ-မြစ်ရေ၏ဆုတ်နစ်ရာအရပ်၊ ဆုတ်နစ်ပြီးအခြားတစ်နေရာသို့ဆက်၍စီးသွားသောကြောင့် ''မြစ်ကွေ့''ဟုခေါ်သည်၊ဝိသုကမ္မနိမ္မိတံ၊ ဝိသကြုံနတ်သားသည်ဖန်ဆင်းအပ်သော။ သက္ကဒတ္တိယံ၊ သိကြားမင်းသည်ပေးအပ်သော။ ရမဏိယံ၊ မွေ့လျော်အပ်မွေ့လျော်ထိုက်သော၊ ဝါ-မွေ့လျော်ဖွယ်ကောင်းသော။ အဿမံ၊ ကျောင်းသင်္ခမ်းကို။ ဒိသွာ၊ မြင်ရ၍။ စင်္ကမကောဋိံ၊ စင်္ကြံအစွန်သို့။ ဂန္တွာ၊ သွားပြီး၍။ ပဒဝလဉ္စံ၊ ခြေရာကို။ အပဿန္တော၊ မမြင်ရသည်၊ (ဟုတွာ၊) ဓုဝံ၊ မချွတ်ဧကန်။ ပဗ္ဗဇိတာ၊ ရသေ့ရဟန်းတို့သည်။ ဓုရဂါမေ၊ ပဓာနဖြစ်သောရွာ၌၊ ဝါ-အနီးဖြစ်သောရွာ၌၊
ပဓာနေသန္တိကေဓုရော၊-အဘိဓာန်၊ဘိက္ခံ၊ ဆွမ်းကို။ ပရိယေသိတွာ၊ ရှားမှီး၍။ ကိလန္တရူပါ၊ ပင်ပန်းသူ၏အဖြစ်ဟူသောသဘောရှိကုန်သည်၊ (ဟုတွာ၊)
ကိလန္တရူပါ၌ဘာဝပဓာနဘာဝလောပကြံ၊ သို့မှရူပနှင့်အရတူနိုင်သည်၊အာဂန္တွာ၊ ပြန်လာ၍။ ပဏ္ဏသာလံ၊ သစ်ရွက်မိုးကျောင်းသို့။ ပဝိသိတွာ၊ ဝင်၍။ နိသိန္နော၊ ထိုင်နေကုန်သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ ဣတိ၊ သို့။ စိန္တေတွာ၊ ကြံစည်တွေးတော၍။ ထောကံ၊ အတန်ငယ်၊ ဝါ-တစ်ခဏလောက်။ အာဂမေတွာ၊ ဆိုင်းငံ့ပြီး၍။ အတိဝိယ၊ အလွန်သာလျှင်၊
ဝိယသဒ္ဒါဧဝအနက်ဟော၊စိရာယန္တိ၊ ကြာမြင့်ကုန်၏။
စိရံပုဒ်နောင်ဘူဓာတ်အနက်၌အာယပစ္စည်းသက်ထားသောနာမဓာတ်တည်း၊ဇာနိဿာမိ၊ သိအံ့၊ ဝါ-သိအောင်ပြုအံ့။ ဣတိ၊ ဤသို့ကြံ၍။... ပဏ္ဏသာလကုဋိဒွါရံ၊ သစ်ရွက်မိုးကျောင်းငယ်၏တံခါးကို။ ဝိဝရိတွာ၊ ဖွင့်ပြီး၍။ အန္တော၊ အတွင်းသို့။ ပဝိသိတွာ၊ ဝင်၍။ ဣတောစ၊ ဤမှလည်းကောင်း။ ဣတောစ၊ ဟိုမှလည်းကောင်း၊ (တစ်နည်း) ဣတောစိတောစ၊ ဟိုဟိုဒီဒီလည်း။ ဩလောကေန္တော၊ ကြည့်လသော်။ မဟာဘိတ္တိယံ၊ နံရံကြီး၌။ အက္ခရာနိ၊ အက္ခရာတို့ကို။ ဝါစေတွာ၊ တိုးတိုးဆိုစေ၍၊ ဝါ-ဖတ်၍။ ဧတေ၊ ဤပရိက္ခရာတို့သည်။ မယှံ၊ ငါ့ဖို့။ ကပ္ပိယပရိက္ခာရာ၊ အပ်စပ်သောပရိက္ခရာတို့တည်း၊ (ဣတိ-ဤသို့ဆုံးဖြတ်၍၊) ဣမေ၊ ဤပရိက္ခရာတို့ကို။ ဂဟေတွာ၊ ယူ၍။ ပဗ္ဗဇိဿာမိ၊ ရသေ့ရဟန်းပြုတော့အံ့။ ဣတိ၊ ဤသို့ကြံ၍။ အတ္တနာ၊ မိမိသည်။ နိဝတ္ထပါရုတံ၊ ဝတ်အပ်ခြုံအပ်သော။ သာဋကယုဂံ၊ လူဝတ်အစုံကို။ ပဇဟိ၊ ပယ်စွန့်ပြီ၊
''သုမေဓပဏ္ဍိတော''ဟုကတ္တားရှိသောကြောင့် ''ပဇဟိ''ဟုပါဌ်မှန်ရှိရသည်၊တေန၊ ထို့ကြောင့်။ သာဋကံပဇဟိံတတ္ထာတိ၊ သာဋကံပဇဟိံတတ္ထဟူ၍၊ (ဘဂဝါ) အာဟ၊ ဟောတော်မူပြီ။ သာရိပုတ္တ၊ ရာ။ ဧဝံ၊ ဤသို့၊ ဝါ-ဤဆိုအပ်သောနည်းဖြင့်။ ပဝိဋ္ဌော၊ ဝင်ပြီးသော။ အဟံ၊ ငါဘုရားသည်။ တဿံပဏ္ဏသာလာယံ၊ ထိုသစ်ရွက်မိုးကျောင်း၌။ သာဋကံ၊ အဝတ်အစုံကို။ ပဇဟိံ၊ ပယ်စွန့်ခဲ့ပြီ။
နဝဒေါသမုပါဂတန္တိ (ဣမိနာ)၊ နဝဒေါသမုပါဂတံဟူသောဤပါဌ်ဖြင့်၊ (ဒီပေတိ၌စပ်၊) သာဋကံ၊ အဝတ်အစုံကို။ ပဇဟန္တော၊ ပယ်စွန့်လသော်၊ ဝါ-ပယ်စွန့်သော၊ (အဟံ-သည်၊) နဝဒေါသေ၊ ကိုးပါးသောအပြစ်တို့ကို။ ဒိသွာ၊ မြင်၍။ ပဇဟိံ၊ ပယ်စွန့်ပြီ။ ဣတိ၊ ဤအနက်ကို။ ဒီပေတိ၊ ပြ၏။ ဟိ၊ ချဲ့။ တာပသပဗ္ဗဇိတာနံ၊ ရသေ့ရဟန်းတို့အား၊
''တာပသပဗ္ဗဇ္ဇံ-ရသေ့တို့၏ပဗ္ဗဇ္ဇာသို့၊ ပဗ္ဗဇိတာနံ-ကပ်ရောက်သူတို့အား''ဟုလည်းအချို့စာ၌ရှိ၏၊ (ဥပဋ္ဌဟန္တိ၌စပ်၊) ဝါ-တို့၏၊သာဋကသ္မိံ၊ လူဝတ်ကြောင်တို့၏အဝတ်၌။ နဝဒေါသာ၊ ကိုးပါးသောအပြစ်တို့သည်။ ဥပဋ္ဌဟန္တိ၊ ထင်လာကုန်၏။ တေသု၊ ထိုကိုးပါးသောအပြစ်တို့တွင်။ တဿ၊ ထိုအဝတ်၏။ မဟဂ္ဃဘာဝေါ၊ များသောအဖိုးရှိသည်၏အဖြစ်သည်၊ ဝါ-အဖိုးများစွာထိုက်တန်သည်၏အဖြစ်သည်။ ဧကော၊ တစ်ပါးသော။ ဒေါသော၊ အပြစ်တည်း။ ပရပဋိဗဒ္ဓတာယ၊ သူတစ်ပါးတို့၌စပ်သည်၏အဖြစ်ဖြင့်။ ဥပ္ပဇ္ဇနဘာဝေါ၊ ဖြစ်ရသည်၏အဖြစ်သည်။ ဧကော၊ သော၊ (ဒေါသော-တည်း။)
ကိုယ်တိုင်ပြုလုပ်၍မဖြစ်, သူတစ်ပါးရက်ပေးမှဖြစ်ရခြင်းကို ''ပရပဋိဗဒ္ဓတာယဥပ္ပဇ္ဇနဘာဝ''ဟုဆိုသည်၊ ပရေသု+ပဋိဗဒ္ဓေါပရပဋိဗဒ္ဓေါ-(သာဋကော)၊ ''ပရေသုပဋိဗဒ္ဓါ''ဟုအဘိဏှသုတ်၌ဖွင့်သည်၊ပရိဘောဂေန၊ သုံးစွဲခြင်းကြောင့်။ လဟုကံ၊ လျင်စွာ။ Kiliဿနဘာဝေါ၊ ညစ်နွမ်းသည်၏အဖြစ်သည်။ ဧကောဒေါသော၊ တည်း။ ဟိ၊ မှန်။ ကိလိဋ္ဌော၊ ညစ်နွမ်းသည်၊ (သမာနော-ဖြစ်လသော်၊) ဓောဝိတဗ္ဗောစ၊ ဖွပ်လျှော်ထိုက်သည်လည်းကောင်း။ ရဇိတဗ္ဗော၊ ဆိုးထိုက်သည်လည်းကောင်း။ ဟောတိ၊ ၏၊
ဖွပ်ရဆိုးရသည့်အတွက်ပလိဗောဓကိစ္စများသောကြောင့်ကိလိဿနဘာဝကိုအပြစ်တစ်ပါးဟုဆိုသည်၊ ကိလိဋ္ဌောဝ, ကိလိဋ္ဌောစ''ဟုလည်းမူကွဲရှိ၏၊ပရိဘောဂေန၊ ကြောင့်။ လဟုကံ၊ လျင်စွာ။ ဇီရဏဘာဝေါ၊ ဆွေးမြေ့သည်၏အဖြစ်သည်။ ဧကောဒေါသော၊ တည်း။ ဟိ၊ မှန်။ ဇိဏ္ဏဿ၊ ဆွေးမြေ့သောအဝတ်ကို။ တုန္နံဝါ၊ အပ်ဖြင့်ချုပ်ခြင်းသည်လည်းကောင်း၊ ဝါ-ကိုလည်းကောင်း၊
ဗုဒ္ဓဝင်အဋ္ဌကထာ၌တုန္နကရဏံဟုရှိ၏၊ ''အပ်ချုပ်မှုကိုပြုရခြင်း''ဟုပေး၊အဂ္ဂဠဒါနံဝါ၊ အပေါ်ထပ်ပေး, ဖာထေးခြင်းသည်လည်းကောင်း၊ ဝါ-ကိုလည်းကောင်း။ ကာတဗ္ဗံ၊ ပြုထိုက်သည်။ ဟောတိ၊ ၏၊
ဆွေးမြေ့သည်ရှိသော်ချုပ်ရဖာရခြင်းဟူသောပလိဗောဓကိစ္စများသည့်အတွက် ''လဟုကံဇီရဏဘာဝ''ကိုအပြစ်တစ်ပါးဟုဆိုသည်၊ပုန၊ တစ်ဖန်။ ပရိယေသနာယ၊ ရှာမှီးခြင်းဖြင့်၊ (သာဋကဿ-၏၊) ဒုရဘိသမ္ဘဝဘာဝေါ၊ ခဲယဉ်းစွာရအပ်သည်၏အဖြစ်သည်၊ (ရခဲခြင်းသည်၊) ဧကော၊ သော။ ဒေါသော၊ တည်း။
တာပသပဗ္ဗဇ္ဇာယ၊ ရသေ့တို့၏ပဗ္ဗဇ္ဇာအား။ အသာရုပ္ပဘာဝေါ၊ (လူဝတ်၏) မလျော်ပတ်သည်၏အဖြစ်သည်။ ဧကော၊ သော။ ဒေါသော၊ တည်း။ ပစ္စတ္ထိကာနံ၊ ဆန့်ကျင်ဘက်ကိုအလိုရှိသောသူခိုးတို့၏၊ ဝါ-တို့နှင့်။ သာဓာရဏဘာဝေါ၊ ဆက်ဆံသည်၏အဖြစ်သည်။ ဧကော၊ သော။ ဒေါသော၊ တည်း။ ဟိ၊ မှန်။ ယထာ၊ အကြင်အခြင်းအရာအားဖြင့်လုံခြုံစေအပ်သော်။ နံ၊ ထိုလူဝတ်ကြောင်တို့၏အဝတ်ကို။ ပစ္စတ္ထိကာ၊ ဆန့်ကျင်ဘက်ကိုအလိုရှိသောခိုးသူတို့သည်။ နဂဏှန္တိ၊ မယူနိုင်ကုန်။ ဧဝံ၊ ဤသို့မယူနိုင်လောက်အောင်သောအခြင်းအရာအားဖြင့်။ ဂေါပေတဗ္ဗော၊ လုံခြုံစေထိုက်သည်၊ ဝါ-စောင့်ရှောက်ထိုက်သည်။ ဟောတိ၊ ၏။ ပရိဘုဉ္ဇန္တဿ၊ သုံးစွဲသောပုဂ္ဂိုလ်၏။ ဝိဘူသနဋ္ဌာနဘာဝေါ၊ တန်ဆာ၏အဖြစ်၌တည်သည်၏အဖြစ်သည်၊ ဝါ-တန်ဆာအရာ၌တည်သည်၏အဖြစ်သည်။ ဧကော၊ သော။ ဒေါသော၊ တည်း။ ဂဟေတွာ၊ သွားလေရာရာဆောင်ယူ၍။ စရန္တဿ၊ လှည့်လည်သွားလာသောပုဂ္ဂိုလ်၏။ ခန္ဓဘာရမဟိစ္ဆဘာဝေါ၊ ပခုံးဝန်ဖြင့်များစွာသောပစ္စည်းတို့ကိုအလိုရှိသူ၏အဖြစ်သည်။ ဧကော၊ သော။ ဒေါသော၊ တည်း။ ဣတိ၊ ဤသို့မှတ်အပ်၏။
ဝိဘူသနဘာဝေ + ဌာနံဝိဘူသနဌာနံ (ဘာဝပ္ပဓာနဘာဝလောပကြံ၊) ဝိဘူသနဋ္ဌာနဿ + ဘာဝေါဝိဘူသနဋ္ဌာနဘာဝေါ။ဝါကစီရံနိဝါသေသိန္တိ၊ ကား။ သာရိပုတ္တ၊ ရာ။ တဒါ၊ သုမေဓာဖြစ်ရာထိုအခါ၌။ အဟံ၊ ငါသည်။ နဝ၊ ကိုးပါးကုန်သော။ ဣမေဒေါသေ၊ ဤအပြစ်တို့ကို။ ဒိသွာ၊ မြင်၍။ သာဋကံ၊ လူဝတ်ကြောင်တို့၏အဝတ်အစုံကို။ ပဟာယ၊ ပယ်စွန့်၍။ ဝါကစီရံ၊ ဖြူဆံမြက်ဖြင့်ပြုအပ်သောလျော်တေသင်္ကန်းကို။ နိဝါသေသိံ၊ ဝတ်ခဲ့ပြီ။ မုဉ္ဇတိဏံ၊ ဖြူဆံမြက်ကို။ ဟီရံဟီရံ၊ အမျှင်အမျှင်၊ ဝါ-အစိတ်စိတ်အမွှာမွှာ။ ကတွာ၊ ပြု၍။ ဂန္ထေတွာ၊ သီကုံး၍။ ကတံ၊ ပြုအပ်သော။ ဝါကစီရံ၊ ဖြူဆံမြက်ဖြင့်ပြုအပ်သောလျော်တေသင်္ကန်းကို။ နိဝါသနပါရုပနတ္ထာယ၊ ဝတ်ခြင်းခြုံခြင်းအကျိုးငှာ။ အာဒိယိံ၊ ယူခဲ့ပြီ။ ဣတိအတ္ထော၊ ဤကားအဓိပ္ပာယ်နက်တည်း။
ဒွါဒသဂုဏမုပါဂတန္တိ၊ ကား။ ဒွါဒသဟိ၊ ၁၂ ပါးကုန်သော။ အာနိသံသေဟိ၊ အာနိသင်အကျိုးတို့နှင့်။ သမန္နာဂတံ၊ ပြည့်စုံသော၊ (ဝါကစီရံ, နိသေသိံ၌စပ်၊) ဟိ၊ ချဲ့။ ဝါကစီရသ္မိံ၊ လျော်တေသင်္ကန်း၌။ ဒွါဒသ၊ ၁၂ ပါးကုန်သော။ အာနိသံသာ၊ အကျိုးတို့သည်၊ (ဟောန္တိ၊) (ဝါကစီရံ-လျော်တေသင်္ကန်းသည်၊) အပ္ပဂ္ဃံ၊ နည်းသောအဖိုးရှိ၏၊ ဝါ-အဖိုးမတန်။ သုန္ဒရံ၊ ကောင်း၏။ ကပ္ပိယံ၊ အပ်၏။ ဣတိအယံ၊ ဤအဖိုးမတန်သည်၏အဖြစ်, ကောင်းသည်၏အဖြစ်, အပ်သည်၏အဖြစ်သည်၊
တာဝ၊ ဒုတိယအာနိသင်စသည်တို့မှရှေးဦးစွာ၊ (နိဒ္ဒိဋ္ဌော-ညွှန်ပြအပ်သော၊) ဧကော၊ တစ်ပါးသော။ အာနိသံသော၊ အကျိုးတည်း၊ (ဝါကစီရံ-ကို၊) သဟတ္ထာ၊ မိမိလက်ဖြင့်၊ ဝါ-ကိုယ်တိုင်။ ကာတုံ၊ ပြုခြင်းငှာ။ သက္ကာ၊ တတ်ကောင်း၏။ ဣတိအယံ၊ ဤကိုယ်တိုင်ပြုနိုင်သည်၏အဖြစ်သည်။ ဒုတိယော၊ နှစ်ခုမြောက်သော။ အာနိသံသော၊ တည်း၊ (ဝါကစီရံ-သည်၊) ပရိဘောဂေန၊ သုံးစွဲခြင်းကြောင့်။ သဏိကံ၊ ဖြေးဖြေး။ ကိလိဿတိ၊ ညစ်နွမ်း၏။ ဓောဝိယမာနေပိ၊ ဖွပ်လျှော်အပ်သော်လည်း။ ပပဉ္စော၊ ကိစ္စလုပ်ငန်းကိုချဲ့ထွင်ခြင်းသည်၊ ဝါ-ကြာမြင့်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဣတိအယံ၊ ဤသုံးစွဲခြင်းကြောင့်ဖြေးဖြေးညစ်နွမ်းသည်၏အဖြစ်သည်။ တတိယော၊ ၃ ခုမြောက်သော။ အာနိသံသော၊ တည်း၊ (ဝါကစီရေ-သည်၊) ပရိဘောဂေန၊ သုံးစွဲခြင်းကြောင့်။ ဇိဏ္ဏေပိ၊ ဆွေးမြေ့ပါသော်လည်း။ သိဗ္ဗိတဗ္ဗာဘာဝေါ၊ ချုပ်ထိုက်သည်၏အဖြစ်၏မရှိခြင်းသည်၊ (အပ်ချုပ်ဖွယ်မလိုခြင်းသည်၊) စတုတ္ထော၊ ၄ ခုမြောက်သော။ အာနိသံသော၊ တည်း။ ပုန၊ တစ်ဖန်။ ပရိယေသန္တဿ၊ ရှာမှီးသောရသေ့ရဟန်း၏။ သုခေန၊ လွယ်ကူသဖြင့်။ ကရဏဘာဝေါ၊ ပြုအပ်သည်၏အဖြစ်သည်။ ပဉ္စမော၊ ၅ ခုမြောက်သော။ အာနိသံသော၊ တည်း။
တာပသပဗ္ဗဇ္ဇာ၊ ရသေ့အဖြစ်ဟူသောပဗ္ဗဇ္ဇာအား။ သာရုပ္ပဘာဝေါ၊ လျော်ပတ်သည်၏အဖြစ်သည်။ ဆဋ္ဌော၊ ၆ ခုမြောက်သော။ အာနိသံသော၊ တည်း။ ပစ္စတ္ထိကာနံ၊ တို့၏။ နိရုပဘောဂဘာဝေါ၊ အသုံးအဆောင်မဟုတ်သည်၏အဖြစ်သည်။ သတ္တမော၊ ၇ ခုမြောက်သော။ အာနိသံသော၊ တည်း။ ပရိဘုဉ္ဇန္တဿ၊ သုံးစွဲသောရသေ့ရဟန်း၏။ ဝိဘူသနဋ္ဌာနာဘာဝေါ၊ တန်ဆာ၏အဖြစ်၌တည်ခြင်း၏မရှိခြင်းသည်။ အဋ္ဌမော၊ ၈ ခုမြောက်သော။ အာနိသံသော၊ တည်း။ ဓာရဏေ၊ သွားလေရာရာဆောင်ယူခြင်း၌။ သလ္လဟုကဘာဝေါ၊ ပေါ့ပါးသည်၏အဖြစ်သည်။ နဝမော၊ ၉ ခုမြောက်သော။ အာနိသံသော၊ တည်း။ စီဝရပစ္စယေ၊ သင်္ကန်းဟူသောပစ္စည်း၌။ အပ္ပိစ္ဆဘာဝေါ၊ နည်းသောအလိုရှိသူ၏အဖြစ်သည်။ ဒသမော၊ ၁ဝ ခုမြောက်သော။ အာနိသံသော၊ တည်း။ ဝါကုပ္ပတ္တိယာ၊ လျော်မှဖြစ်ခြင်းကြောင့်။ ဓမ္မိကအနဝဇ္ဇဘာဝေါ၊ တရားနှင့်လျော်သည်၏အဖြစ်, အပြစ်မရှိသည်၏အဖြစ်သည်။ ဧကာဒသမော၊ ၁၁ ခုမြောက်သော။ အာနိသံသော၊ တည်း။ ဝါကစီရေ၊ လျော်တေသင်္ကန်းသည်။ နဋ္ဌေပိ၊ ပျောက်ပျက်ပါသော်လည်း။ အနပေက္ခဘာဝေါ၊ ငဲ့ကွက်ခြင်းမရှိသည်၏အဖြစ်သည်။ ဒွါဒသမော၊ ၁၂ ခုမြောက်သော။ အာနိသံသော၊ တည်း။ ဣတိ၊ ဤသို့မှတ်အပ်၏။
အဋ္ဌဒေါသသမုကိဏ္ဏံ, ပဇဟိံပဏ္ဏသာလကန္တိ၊ ကား။ ကထံ၊ အဘယ်သို့လျှင်။ ပဇဟိ၊ ပယ်စွန့်သနည်း။ ကိရ၊ ချဲ့။ သော၊ ထိုသုမေဓာသုခမိန်သည်။ ဝရသာဋကယုဂံ၊ လူဝတ်ကြောင်တို့၏ကောင်းမြတ်သောပုဆိုးအစုံကို။ ဩမုဉ္စန္တော၊ ချွတ်လျက်၊
စီဝရဝံသေ၊ သင်္ကန်းတန်းဝါး၌။ လဂ္ဂိတံ၊ ချိတ်အပ်သော၊ ဝါ-လွှားအပ်သော။ အနောဇပုပ္ဖဒါမသဒိသံ၊ အနော်ဇာပန်းကုံးနှင့်တူသော၊ ဝါ-လိပ်ဆူးရွှေပန်းကုံးနှင့်တူသော။ ရတ္တဝါကစီရံ၊ ဆိုးအပ်ပြီးသောလျော်တေသင်္ကန်းကို၊
လိပ်ဆူးရွှေသည်ဝါသောကြောင့်ရတ္တကို ''နီမြန်းသော''ဟုမပေးစေလိုကြ၊ဂဟေတွာ၊ ယူ၍။ နိဝါသေတွာ၊ ဝတ်၍။ တဿ၊ ထိုကိုယ်ဝတ်သင်္ကန်း၏။ ဥပရိ၊ အထက်၌။ အပရံ၊ တစ်ပါးသော။ သုဝဏ္ဏဝဏ္ဏံ၊ ရွှေအဆင်းနှင့်တူသောအဆင်းရှိသော။ ဝါကစီရံ၊ လျော်တေသင်္ကန်းကို။ ပရိဒဟိတွာ၊ ဝတ်ရုံ၍၊ ဝါ-ရမ်း၍။ ပုန္နာဂပုပ္ဖသန္ထရသဒိသံ၊ ပုန်းညက်ပန်းအခင်းနှင့်တူသော။ သခုရံ၊ ခွာနှင့်တကွဖြစ်သော။ အဇိနစမ္မံ၊ သားရေကို။ ဧကံသံ၊ တစ်ခုသောလက်ဝဲအဖို့၌၊ ဝါ-လက်ဝဲတစ်ဖက်ပခုံးထက်၌။ ကတွာ၊ ပြု၍၊ ဝါ-တင်၍။ ဇဋာမဏ္ဍလံ၊ ဆံကျစ်ဝန်းကို။ ပရိမုဉ္ဇိတွာ၊ စွပ်၍။ စူဠာယ၊ ဥသျှောင်နှင့်။ သဒ္ဓိံ၊ တကွ။ နိစ္စလဘာဝကရဏတ္ထံ၊ မတုန်လှုပ်သည်၏အဖြစ်ကိုပြုခြင်းအကျိုးငှာ၊
ဆံကျစ်ဝန်းနှင့်ဥသျှောင်ကိုမတုန်လှုပ်အောင်၊သာရသူစိံ၊ ကောင်းမြတ်သောဆံထိုးကို၊
အချို့က ''ဒန္တသူစိံ''ဟုဆိုသေး၏, မကောင်း၊ သာရသဒ္ဒါဥတ္တမတ္ထဝါစက၊ပဝေသေတွာ၊ သွင်း၍။ မုတ္တဇာလသဒိသာယ၊ ပုလဲဇာကွန်ယက်နှင့်တူသော။ သိက္ကာယ၊ ဆိုင်း၌။ ပဝါဠဝဏ္ဏံ၊ သန္တာအဆင်းရှိသော။ ကုဏ္ဍိတံ၊ ရေကရားကို။ ဩဒဟိတွာ၊ ထား၍။ တီသုဌာနေသု၊ အဖျား ၂ သွယ်အလယ်အားဖြင့် ၃ ဌာနတို့၌။ ဝကင်္ကာဇံ၊ ကောက်သောထမ်းပိုးကို။ အာဒါယ၊ ယူ၍။ ဧကိဿာ၊ တစ်ဖက်သော။ ကာဇကောဋိယာ၊ ထမ်းပိုးအစွန်၌။ ကုဏ္ဍိကံ၊ ရေကရားကိုလည်းကောင်း။ ဧကိဿ၊ တစ်ဖက်သော၊ (ကာဇကောဋိယာ-၌၊) အင်္ကုသကပစ္ဆိတိဒဏ္ဍကာဒီနိ၊ သစ်သီးချူစရာချိတ်, တောင်း, သုံးချောင်းထောက် (ခွေးခြေ) တို့ကိုလည်းကောင်း။ ဩလဂ္ဂေတွာ၊ တွဲရရွဲချိတ်၍။ ခါရိကာဇံ၊ ရသေ့ပရိက္ခရာတို့ဖြင့်ပြည့်သောထမ်းပိုးကို။ အံသေ၊ ပခုံး၌။ ကတွာ၊ ပြု၍၊ (ထမ်း၍၊) ဒက္ခိဏေနဟတ္ထေန၊ လကျာ်လက်ဖြင့်။ ကတ္တရဒဏ္ဍံ၊ တောင်ဝှေးကို။ ဂဟေတွာ၊ ကိုင်၍။ ပဏ္ဏသာလတော၊ သစ်ရွက်မိုးကျောင်းမှ။ နိက္ခမိတွာ၊ ထွက်၍။ သဋ္ဌိဟတ္ထေ၊ အတောင်ခြောက်ဆယ်ရှိသော။ မဟာစင်္ကမေ၊ စင်္ကြံ၌၊
ဘေး ၂ ဖက်ကစင်္ကြံမြှောင်ကိုတားမြစ်လို၍ ''မဟာ''ဟုဝိသေသနထည့်သည်၊အပရာပရံ၊ ထိုမှဤမှ၊ ဝါ-ခေါက်တုံ့ခေါက်ပြန်။ စင်္ကမန္တော၊ စင်္ကြံသွားလျက်။ အတ္တနော၊ မိမိ၏။ ဝေသံ၊ ရသေ့အသွင်ကို။ ဩလောကေတွာ၊ ကြည့်၍။ မယှံ၊ ငါ၏။ မနောရထော၊ စိတ်၏အလိုသည်။ မတ္ထကံ၊ အထွတ်အထိပ်သို့။ ပတ္တော၊ ရောက်ပေပြီတကား။ မေ၊ ငါ၏။ ပဗ္ဗဇ္ဇာ၊ ရသေ့အဖြစ်သည်။ သောဘတိဝတ၊ တင့်တယ်ပေစွတကား။ အယံပဗ္ဗဇ္ဇာနာမ၊ ဤရသေ့အဖြစ်မည်သည်ကို။ ဗုဒ္ဓပစ္စေကဗုဒ္ဓါဒီဟိ၊ ဘုရား, ပစ္စေကဗုဒ္ဓါအစရှိကုန်သော။ သဗ္ဗေဟိပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။ ဓီရပုရိသေဟိ၊ ပညာရှိယောက်ျားတို့သည်။ ဝဏ္ဏိတာ၊ ချီးမွမ်းအပ်ပြီ။ ထောမိတာ၊ ထောမနာပြုအပ်ပြီ။
မေ၊ ငါသည်။ ဂိဟိဗန္ဓနံ၊ လူတို့၏အနှောင်အဖွဲ့မှ။ ပဟီနံ၊ ပယ်အပ်ပေပြီ။ နေက္ခမ္မံ၊ လူ့ဘောင်မှထွက်မြောက်ကြောင်းရသေ့အဖြစ်သို့၊
''နေက္ခမ္မံပဌမဇ္ဈာနေ, ပဗ္ဗဇ္ဇာယံဝိမုတ္တိယံ''စသောအဘိဓာန်လာ ၅ နက်တို့တွင်ဤ၌နေက္ခမ္မသဒ္ဒါသည်ပဗ္ဗဇ္ဇာအနက်ဟော၊နိက္ခန္တော၊ ထွက်ပြေးသည်။ အသ္မိ၊ ဖြစ်၏။ မေ၊ ငါသည်။ ဥတ္တမပဗ္ဗဇ္ဇံ၊ မြတ်သောရသေ့အဖြစ်ကို။ လဒ္ဓါ၊ ရအပ်ပြီ။ သမဏဓမ္မံ၊ ရဟန်းတရားကို။ ကရိဿာမိ၊ ပြုတော့အံ့။ အဂ္ဂဖလသုခံ၊ မြတ်သောဖိုလ်ချမ်းသာကို။ လဘိဿာမိ၊ ရတော့အံ့။ ...ဣတိ၊ ဤသို့ကြံ၍။ ဥဿာဟဇာတော၊ ဖြစ်သောအားတက်သရောရှိသည်၊ (ဟုတွာ၊) ခါရိကာဇံ၊ ရသေ့ပရိက္ခရာဝန်တို့ဖြင့်ပြည့်သောထမ်းပိုးကို။ ဩတာရေတွာ၊ ချ၍၊
ပခုံးပေါ်မှချ၍၊စင်္ကမဝေမဇ္ဈေ၊ စင်္ကြံအလယ်၌။ မုဂ္ဂဝဏ္ဏသိလာပဋ္ဋေ၊ ပဲနောက်အဆင်းရှိသောကျောက်ဖျာ၌။ သုဝဏ္ဏပဋိမာဝိယ၊ ရွှေဆင်းတုတော်ကဲ့သို့။ နိသိန္နော၊ ထက်ဝယ်ဖွဲ့ခွေထိုင်နေလျက်။ ဒိဝသဘာဂံ၊ နေ့အဖို့ကို။ ဝီတိနာမေတွာ၊ လွန်စေပြီး၍။ သာယဏှသမယံ၊ ညနေချမ်းအချိန်၌။ ပဏ္ဏသာလံ၊ သစ်ရွက်မိုးကျောင်းသို့။ ပဝိသိတွာ၊ ဝင်ပြီး၍။ ဝိရလမဉ္စကဿ၊ ခပ်ကျဲကျဲခက်အပ်သောညောင်စောင်းငယ်၏ဘေး၌။ ကဋ္ဌတ္ထရိကာယ၊ သစ်သားအခင်း၌။ နိပန္နော၊ လျောင်းလျက်။ သရီရံ၊ ကိုယ်ကို။ ဥတုံ၊ အငွေ့ကို။ ဂါဟာပေတွာ၊ ယူစေ၍။ ဗလဝပစ္စူသေ၊ အားရှိသောမိုးသောက်အချိန်၌၊ (''ပစ္ဆိမယာမေ၌''ဟုယောဇနာရှိ၏၊) ပဗုဇ္ဈိတွာ၊ နိုး၍။ အတ္တနော၊ မိမိ၏။ အာဂမနံ၊ တောထွက်၍လာခဲ့ပုံကို။ အာဝဇ္ဇေသိ၊ ဆင်ခြင်ပြီ။... (ကိံ-အဘယ်သို့ဆင်ခြင်သနည်း၊)
အဟံ၊ ငါသည်၊
ဃရာဝါသေ၊ အိမ်ဟူသောအာဝါသ၌၊ဝါ-အိမ်ရာတည်ထောင်လူ့ဘောင်၌၊
အာဒီနဝံ၊ အပြစ်ကို၊ဒိသွာ၊ မြင်၍၊အမိတဘောဂံ၊ မနှိုင်းယှဉ်အပ်သောစည်းစိမ်ကိုလည်းကောင်း၊အနန္တယသံ၊ အဆုံးအပိုင်းအခြားမရှိသောအခြွေအရံကိုလည်းကောင်း၊ပဟာယ၊ ပယ်စွန့်၍၊အရညံ၊ တောသို့၊ပဝိသိတွာ၊ ဝင်၍၊နေက္ခမ္မံ၊ နိဗ္ဗာန်ချမ်းသာကို၊
ဂဝေသန္တော၊ ရှားမှီးလိုသည်၊ဟုတွာ၊ ၍၊ပဗ္ဗဇိတော၊ ရသေ့အဖြစ်သို့ကပ်ရောက်ခဲ့ပြီ၊ဒါနိ၊ ယခုအခါ၌၊ဣတော၊ ဤနေ့မှ၊ပဋ္ဌာယ၊ စ၍၊ပမာဒစာရံ၊ မေ့မေ့လျော့လျော့လှည့်လည်ခြင်းကို၊စရိတုံ၊ လှည့်လည်ခြင်းငှာ၊န ဝဋ္ဋတိ၊ မသင့်၊
စာရနှင့်စရိတုံသည်အရတူသောကြောင့်အဘေဒဘေဒူပစာကြံ၊ဟိ၊ မှန်၏၊ပဝိဝေကံ၊ အပေါင်းအဖော်ကိလေသာတို့မှကင်းဆိတ်ခြင်းကို၊ပဟာယ၊ ပယ်စွန့်၍၊ဝိစရန္တံ၊ လှည့်လည်သူကို၊မိစ္ဆာဝိတက္ကမက္ခိကာ၊ မိစ္ဆာဝိတက်တည်းဟူသောမှက်ခြင်တို့သည်၊ခါဒန္တိ၊ ခဲစားကုန်၏၊
ဝိဝေကရဖို့အားမထုတ်သူမှာ ကိလေသာတိုးနေသည်-ဟူလို၊ဣဒါနိ၊ ယခုအခါ၌၊မယာ၊ ငါသည်၊ပဝိဝေကံ၊ အပေါင်းအဖော်ကိလေသာတို့မှကင်းဆိတ်ခြင်းကို၊အနုဗြူဟေတုံ၊ အဖန်ဖန်တိုးပွားစေခြင်းငှာ၊ဝဋ္ဋတိ၊ သင့်၏၊ဟိ၊ မှန်၊အဟံ၊ ငါသည်၊ဃရာဝါသံ၊ အိမ်ဟူသောအာဝါသကို၊ဝါ-အိမ်ရာတည်ထောင်လူ၏ဘောင်ကို၊ပလိဗောဓတော၊ နှောက်ယှက်တတ်သောဘေးရန်၏အဖြစ်ဖြင့်၊ဒိသွာ၊ မြင်၍၊နိက္ခန္တော၊ ထွက်ခဲ့ပြီ၊
''ဃရာဝါသပလိဗောဓတောအာဒီနဝံဒိသွာ''ဟုလည်းရှိ၏ မကောင်း၊အယဥ္စ ပဏ္ဏသာလာ၊ ဤသစ်ရွက်မိုးကျောင်းသည်လည်း၊မနာပါ၊ စိတ်ကိုတိုးပွားစေတတ်၏၊ဝါ-မြတ်နိုးဖွယ်ကောင်း၏၊ပရိဘဏ္ဍကတာ၊ ပြုအပ်ပြီးသောပရိဘဏ်ရှိသော၊ဝါ-ထက်ဝန်းကျင်အပြေအပြစ်ပြုအပ်ပြီးသော၊ဘူမိ၊ မြေသည်၊ဗေလုဝပက္ကဝဏ္ဏာ၊ ဥရှစ်သီးမှည့်အဆင်းကဲ့သို့ဝါဝင်းသောအဆင်းရှိ၏၊သေတဘိတ္တိယော၊ ဖြူသောနံရံတို့သည်၊ဇရတဝဏ္ဏာ၊ ငွေအဆင်းရှိကုန်၏၊ပဏ္ဏစ္ဆဒနံ၊ သစ်ရွက်အမိုးသည်၊ကပေါတပါဒဝဏ္ဏံ၊ ခိုခြေအအဆင်းရှိ၏၊ဝိရလမဥ္စကော၊ ကျိုးတိုးကျဲတဲခက်အပ်သောညောင်စောင်းငယ်သည်၊ဝိစိတ္တတ္ထရဏဝဏ္ဏော၊ ဆန်းကြယ်သောအခင်း၏အဆင်းရှိ၏၊ဝသနဋ္ဌာနံ၊ နေရာအရပ်သည်၊နိဝါသနဖာသုကံ၊ နေခြင်း၌ချမ်းသာ၏၊မေ၊ ငါ၏၊ဂေဟသမ္ပဒါ၊ အိမ်၏ပြည့်စုံခြင်းသည်၊ဧတ္တော၊ ဤနေရာအရပ်ထက်၊အတိရေကတရာဝိယ၊ သာလွန်သကဲ့သို့၊နပညာယတိ၊ မထင်ရှား၊
''လူ့ဘောင်တုန်းကအိမ်သည်ဤနေရာထက်မသာပါ''ဟူလို၊ဣတိ၊ ဤသို့၊အာဝဇ္ဇေသိ၊ ဆင်ခြင်ပြီ၊ (ဣတိ-ဤသို့ဆင်ခြင်ပြီး၍၊) ပဏ္ဏသာလာယ၊ သစ်ရွက်မိုးကျောင်း၏၊ဒေါသေ၊ အပြစ်တို့ကို၊ဝိစိနန္တော၊ စူးစမ်းစိစစ်လသော်၊အဋ္ဌဒေါသေ၊ ရှစ်ပါးကုန်သောအပြစ်တို့ကို၊ပဿိ၊ တွေ့မြင်ရပြီ။
ဟိ၊ ချဲ့၊ပဏ္ဏသာလပရိဘောဂသ္မိံ၊ သစ်ရွက်မိုးကျောင်းကိုသုံးစွဲခြင်း၌၊အာဒီနဝေါ၊ အပြစ်တို့သည်၊အဋ္ဌ၊ ရှစ်ပါးတို့တည်း၊မဟာသမ္ဘာရေန၊ များစွာသောအဆောက်အဦဖြင့်၊ဒဗ္ဘသမ္ဘာရေ၊ သစ်သားအဆောက်အဦတို့ကို၊သမောဓာနေတွာ၊ စုပေါင်း၍၊ကရဏပရိယေသနဘာဝေါ၊ ပြုရခြင်းရှိသည်၏အဖြစ်, ရှာမှီးရခြင်းရှိသည်၏အဖြစ်သည်၊ဧကော၊ တစ်ပါးသော၊အာဒီနဝေါ၊ တည်း၊တိဏပဏ္ဏမတ္တိကာသု၊ မြက်, သစ်ရွက်, မြေညက်တို့သည်၊ပတိတာသု၊ ကျကုန်လသော်၊တာသံ၊ ထိုမြက်, သစ်ရွက်, မြေညက်တို့၏၊ (တာ၌စပ်၊) ဝါ-တို့ကို၊ (တဗ္ဗ၌စပ်၊) ပုနပ္ပုနံ၊ အဖန်ဖန်၊ထပေတဗ္ဗတာယ၊ ထားထိုက်သည်၏အဖြစ်ကြောင့်၊နိဗဒ္ဓဇဂ္ဂနဘာဝေါ၊ အမြဲမပြတ်သုတ်သင်ရခြင်းရှိသည်၏အဖြစ်သည်၊ဒုတိယော၊ သော၊အာဒီနဝေါ၊ တည်း၊သေနာသနံနာမ၊ ကျောင်းအိပ်ရာနေရာမည်သည်၊မဟလ္လကဿ၊ အသက်သိက္ခာဂုဏ်ဝါကြီးသူ၏ (အထံသို့၊) ပါပုဏာတိ၊ ရောက်၏၊အဝေလာယ၊ အချိန်မဲ့အခါမဲ့၌၊ဝုဋ္ဌာပိယမာနဿ၊ ကြီးသူကထစေအပ်သောသီတင်းငယ်၏၊စိတ္တေကဂ္ဂတာ၊ စိတ်၏တစ်ခုတည်းသောအာရုံရှိသည်၏အဖြစ်သည်၊ဝါ-စိတ်၏တည်ကြည်ခြင်းသည်၊နဟောတိ၊ မဖြစ်၊ဣတိ၊ ကြောင့်၊ဥဋ္ဌာပနီယဘာဝေါ၊ ထစေထိုက်သည်၏အဖြစ်သည်၊တတိယော, အာဒီနဝေါ၊ တည်း၊သီတုဏှပဋိဃာတေန၊ အအေးအပူကိုတားမြစ်နိုင်ခြင်းကြောင့်၊ကာယဿ၊ ၏၊
ကျောင်းတွင်း၌နေသောကိုယ်၏၊သုခုမာလကရဏဘာဝေါ၊ နုနယ်သည်၏အဖြစ်ကိုပြုတတ်သည်၏အဖြစ်သည်၊စတုတ္ထော, အာဒီနဝေါ၊ဂေဟံ၊ အိမ်သို့၊ဝါ-ကျောင်းသို့၊ပဝိဋ္ဌေန၊ ဝင်ပြီးသောပုဂ္ဂိုလ်သည်၊ယံကိဥ္စိ၊ အမှတ်မထားတစ်ပါးပါးသော၊ပါပံ၊ မကောင်းမှုကို၊ကာတုံ၊ ပြုခြင်းငှာ၊သက္ကာ၊ တတ်ကောင်း၏၊ဣတိ၊ ထို့ကြောင့်၊ဂရဟပဋိစ္ဆာဒနဘာဝေါ၊ ကဲ့ရဲ့ဖွယ်ကိုဖုံးထားတတ်သည်၏အဖြစ်သည်၊ပဥ္စမော၊ သော၊အာဒီနဝေါ၊ တည်း၊
ထိုသို့ကဲ့ရဲ့ဖွယ်ကိုဖုံးထားနိုင်သောကြောင့်လူဝတ်ကြောင်တို့မင်္ဂလာဆောင်ပြီးနောက်အိမ်ဆောက်ကြတော့သည်၊မယှန္တိ၊ ငါ၏ဥစ္စာဟူ၍၊ပရိဂ္ဂဟကရဏဘာဝေါ၊ သိမ်းပိုက်မှုကိုပြုရခြင်းရှိသည်၏အဖြစ်သည်၊ဆဋ္ဌော၊ သော၊အာဒီနဝေါ၊ တည်း၊ဂေဟဿ၊ အိမ်၏၊ဝါ-ကျောင်း၏၊ဧသ (ဧသော) အတ္Themeဘာဝေါနာမ၊ ဤရှိသည်၏အဖြစ်မည်သည်၊ဒုတိယကဝါသောဝိယ၊ နှစ်ယောက်မြောက်ရှိသူ၏နေခြင်းနှင့်တူ၏၊
လင်ရှိသောမယား, မယားရှိသောလင်၏နေခြင်းမျိုးနှင့်တူ၏ -ဟူလို၊ဣတိ (အယံ)-ဤသို့နှစ်ယောက်မြောက်ရှိသူ၏နေခြင်းနှင့်တူသည်၏အဖြစ်သည်၊သတ္တမော၊ သော၊အာဒီနဝေါ၊ တည်း၊ဦကာမင်္ဂုလဃရဂေါဠိကာဒီနံ၊ သန်း, ကြမ်းပိုး, အိမ်မြှောင်အစရှိသည်တို့၏၊ဝါ-တို့နှင့်၊သာဓာရဏတာယ၊ ဆက်ဆံသည်၏အဖြစ်ကြောင့်၊ဗဟုသာဓာရဏဘာဝေါ၊ များစွာသောသတ္တဝါတို့နှင့်ဆက်ဆံသည်၏အဖြစ်သည်၊အဋ္ဌမော၊ သော၊အာဒီနဝေါ၊ တည်း၊ဣတိ၊ ဤသို့လျှင်၊အဋ္ဌ၊ ရှစ်ပါးကုန်သော၊ဣမေအာဒီနဝေ၊ ဤအပြစ်တို့ကို၊ဒိသွာ၊ မြင်၍၊မဟာသတ္တော၊ ဘုရားလောင်းသည်၊ပဏ္ဏသာလံ၊ သစ်ရွက်မိုးကျောင်းကို၊ပဇဟိ၊ ပယ်စွန့်ပြီ၊တေန၊ ထို့ကြောင့်၊အဋ္ဌဒေါသသမာကိဏ္ဏံ, ပဇဟိံပဏ္ဏသာလကန္တိ၊ ကံဟူ၍၊ဘဂဝါ၊ သည်၊အာဟ၊ ပြီ။
ဥပါဂမိံရုက္ခမူလံဂုဏေဒသဟုပါဂတန္တိ၊ ကား၊ဆန္နံ၊ အမိုးကို၊ဝါ-မိုးအပ်သောကျောင်းကို၊ပဋိက္ခိပိတွာ၊ ပယ်ပြီး၍၊ဒသဟိ၊ ၁ဝပါးကုန်သော၊ဂုဏေဟိ၊ အာနိသင်ဂုဏ်တို့နှင့်၊ဥပေတံ၊ ပြည့်စုံသော၊ရုက္ခမူလံ၊ သစ်ပင်၏အနီးအောက်သို့၊ပါဂတော၊ ကပ်ရောက်သည်၊အသ္မိ၊ ဖြစ်၏၊ဣတိ၊ ဤသို့၊ဝဒတိ၊ ဟောတော်မူ၏၊တတြ၊ ထိုဂုဏေဒသဟုပါဂတံဟူသောပါဌ်၌၊ဣမေ၊ ဤဆိုအပ်လတ္တံ့တို့ကား၊ဒသ၊ ၁ဝပါးကုန်သော၊ဂုဏာ၊ အာနိသင်ဂုဏ်တို့တည်း၊အပ္ပသမ္ဘာရတာ၊ သစ်ဝါးစသောအဆောက်အဦမရှိသည်၏အဖြစ်သည်၊ဧကော၊ တစ်ပါးသော၊ဂုဏော၊ အာနိသင်ဂုဏ်တည်း၊
အပ္ပဟရိတေ၌ကဲ့သို့ဤအပ္ပသမ္ဘာရတာ၌အပ္ပသဒ္ဒါအဘာဝဝါစက၊ဟိ၊ မှန်၊တတ္ထ၊ ထိုရုက္ခမူလ၌၊ဥပဂမနမတ္တမေဝ၊ ကပ်ဝင်ခြင်းမျှသည်သာ၊ဝါ-ကပ်ဝင်ရုံမျှသည်သာ၊ဟောတိ၊ ဖြစ်၏၊
ဧဝဖြင့် ''အထူးပြုလုပ်စရာမရှိ''ဟုကန့်သည်၊ဣတိ၊ ထို့ကြောင့်၊အပ္ပသမ္ဘာရတာ၊ သည်၊ဧကော, ဂုဏော၊ တည်း၊အပ္ပဋိဇဂ္ဂနတာ၊ သုတ်သင်ရခြင်းမရှိသည်၏အဖြစ်သည်၊ဒုတိယော၊ သော၊ဂုဏော၊ တည်း၊ဟိ၊ မှန်၊တံ၊ ထိုရုက္ခမူလသည်၊သမ္မဋ္ဌံ၊ တံမြက်လှည်းအပ်သည်၊ (သမာနံ)ပိ၊ ဖြစ်သော်လည်းကောင်း၊အသမ္မဋ္ဌံ၊ တံမြက်မလှည်းအပ်သည်၊ (သမာနံ)ပိ၊ ဖြစ်သော်လည်းကောင်း၊ပရိဘောဂဖာသုကံ၊ သုံးစွဲခြင်း၌ချမ်းသာသည်၊ဟောတိယေဝ၊ ဖြစ်သည်သာ၊အနုဋ္ဌာပနီယဘာဝေါ၊ သီတင်းကြီးကမထစေထိုက်သည်၏အဖြစ်သည်၊တတိယော၊ သော၊ဂုဏော၊ တည်း၊ဂရဟံ၊ ကဲ့ရဲ့ဖွယ်ကို၊နပ္ပဋိစ္ဆာဒေတိ၊ မဖုံးကွယ်တတ်၊ဟိ၊ မှန်၊တတ္ထ၊ ထိုသစ်ပင်၏အနီးအောက်၌၊ပါပံ၊ မကောင်းမှုကို၊ကရောန္တော၊ ပြုသူသည်၊လဇ္ဇတိ၊ အရှက်ရတတ်၏၊ဣတိ၊ ထို့ကြောင့်၊ဂရဟာယ၊ ကဲ့ရဲ့ဖွယ်ကို၊အပ္ပဋိစ္ဆာဒနဘာဝေါ၊ မဖုံးကွယ်တတ်သည်၏အဖြစ်သည်၊စတုတ္ထော၊ သော၊ဂုဏော၊ တည်း၊အဗ္ဘောကာသဝါသောဝိယ၊ လွင်တီးခေါင်၌နေရခြင်းကဲ့သို့၊ (နေရသလောက်၊) ကာယံ၊ ကိုယ်ကို၊နသန္ထမ္ဘေတိ၊ မတောင့်တင်းစေ၊ဣတိ၊ ဤသို့၊ကာယဿ၊ ကိုယ်၏၊အသန္ထမ္ဘနဘာဝေါ၊ မတောင့်တင်းစေတတ်သည်၏အဖြစ်သည်၊ပဥ္စမော၊ သော၊ဂုဏော၊ တည်း၊ပရိဂ္ဂဟကရဏာဘာဝေါ၊ ငါ့ဥစ္စာဟုသိမ်းပိုက်မှုကိုပြုရခြင်း၏မရှိခြင်းသည်၊ဆဋ္ဌော၊ သော၊ဂုဏော၊ တည်း၊ဂေဟာလယပဋိက္ခေပေါ၊ ကျောင်း၌တွယ်တာမှုကိုပယ်နိုင်ခြင်းသည်၊သတ္တမော၊ သော၊ဂုဏော၊ တည်း၊ဗဟုသာဓာရဏဂေဟေဝိယ၊ များစွာသောလူတို့နှင့်ဆက်ဆံသောအိမ်၌ကဲ့သို့၊နံ၊ ထိုရုက္ခမူလကို၊ပဋိဇဂ္ဂိဿာမိ၊ သုတ်သင်အံ့၊နိက္ခမထ၊ ထွက်ကြပါကုန်ဦး၊ဣတိ၊ ဤသို့ပြော၍၊နီဟရဏာဘာဝေါ၊ နှင်ထုတ်ရခြင်း၏မရှိခြင်းသည်၊အဋ္ဌမော၊ သော၊ဂုဏော၊ ဂုဏ်တည်း၊ဝသန္တဿ၊ နေသောပုဂ္ဂိုလ်၏၊သပ္ပီတိကဘာဝေါ၊ နှစ်သက်ခြင်းနှင့်တကွဖြစ်သည်၏အဖြစ်သည်၊နဝမော၊ သော၊ဂုဏော၊ တည်း၊ရုက္ခမူလသေနာသနဿ၊ ရုက္ခမူကျောင်း၏၊ဂတဂတဋ္ဌာနေ၊ ရောက်အပ်ရောက်အပ်သောရပ်၌၊သုလဘတာယ၊ လွယ်ကူစွာရအပ်သည်၏အဖြစ်ကြောင့်၊ (ရလွယ်သည်၏အဖြစ်ကြောင့်၊) အနပေက္ခဘာဝေါ၊ ငဲ့ကွက်ရခြင်းမရှိသည်၏အဖြစ်သည်၊ဒသမော၊ သော၊ဂုဏော၊ တည်း၊ဣတိ၊ ဤသို့လျှင်၊ဒသ၊ ၁ဝပါးကုန်သော၊ဣမေဂုဏေ၊ ဤအာနိသင်ဂုဏ်တို့ကို၊ဒိသွာ၊ မြင်၍၊ရုက္ခမူလံ၊ သို့၊ဥပဂတော၊ ကပ်ရောက်ခဲ့သည်၊အသ္မိ၊ ဖြစ်၏၊ဣတိ၊ ဤသို့၊ဝဒတိ၊ ဟောတော်မူ၏။
ဧတ္တကာနိ၊ ဤမျှအတိုင်းအရှည်ရှိကုန်သော၊ဣမာနိကာရဏာနိ၊ ဤအကြောင်းတို့ကို၊သလ္လက္ခေတွာ၊ မှတ်သားပြီး၍၊မဟာသတ္တော၊ ဘုရားအလောင်းသည်၊ပုနဒိဝသေ၊ နောက်တစ်နေ့၌၊ဘိက္ခာယ၊ ဆွမ်းအလို့ငှာ၊ဂါမံ၊ ရွာသို့၊ပါဝိသိ၊ ဝင်ပြီ၊အထ၊ ဆွမ်းခံဝင်ပြီးရာထိုအခါ၌၊အဿ၊ ထိုသုမေဓာရသေ့အား၊သမ္ပတ္တဂါမေ၊ ရောက်အပ်သောရွာ၌၊မနုဿာ၊ လူတို့သည်၊မဟန္တေန၊ ကြီးစွာသော၊ဥဿာဟေန၊ အားတက်သရောဖြင့်၊ဘိက္ခံ၊ ဆွမ်းကို၊အဒံသု၊ ပေးလှူကြကုန်ပြီ၊သော၊ ထိုသုမေဓာရှင်ရသေ့သည်၊ဘတ္တကိစ္စံ၊ ဆွမ်းစားခြင်းကိစ္စကို၊နိဋ္ဌာပေတွာ၊ ပြီးဆုံးစေပြီး၍၊အာဂမ္မ၊ လာ၍၊နိသီဒိတွာ၊ ထိုင်၍၊စိန္တေသိ၊ စဉ်းစားပြီ၊ (ကိံ-အဘယ်သို့စဉ်းစားသနည်း၊) အဟံ၊ ငါသည်၊အာဟာရံ၊ အာဟာရကို၊နလဘာမိ၊ မရ၊ဣတိ၊ ဤသို့ကြံ၍၊နပဗ္ဗဇိတော၊ ရသေ့အဖြစ်သို့ကပ်ရောက်ခဲ့သည်မဟုတ်၊ဧသ (ဧသော) သိနိဒ္ဓါဟာရောနာမ၊ ဤအဆီအစေးပါသောအာဟာရမည်သည်၊မာနမဒပုရိသမဒေ၊ ငါမြတ်၏စသည်ဖြင့်ထောင်လွှားတကြွ်ကသောမာန်, ငါယောက်ျားဟုထောင်လွှားတကြွ်ကသောမာန်တို့ကို၊ဝဎ္ဎေတိ၊ တိုးပွားစေ၏၊
ထိုမာန်၂မျိုးကိုပါရာဇိကဏ်သုဒိန္နကဏ္ဍဘာသာဋီကာ၌ပြခဲ့၏၊အာဟာရမူလကဿ၊ အာဟာရလျှင်အကြောင်းရင်းရှိသော၊ဒုက္ခဿ၊ ဒုက္ခ၏၊အန္တော၊ အဆုံးသည်၊နတ္ထိ၊ မရှိ၊
လယ်ယာလုပ်ကိုင်ရအစေအပါးခံရခြင်းစသောအားဖြင့်အဆုံးမရှိ၊အဟံ၊ သည်၊ဝါပိတရောပိတဓညနိဗ္ဗတ္တကံ၊ ကြဲချအပ်သောစပါး, စိုက်ပျိုးအပ်သောစပါးမှဖြစ်သော၊အာဟာရံ၊ အာဟာရကို၊ပဇဟိတွာ၊ ပယ်စွန့်၍၊ပဝတ္တဖလဘောဇနော၊ အလိုလိုဖြစ်သောသစ်သီးလျှင်အစာရှိသည်၊ယံနူနဘဝေယျံ၊ အကယ်၍ဖြစ်ရပါမူကားကောင်းလေစွ၊ဣတိ၊ ဤသို့စဉ်းစားပြီ၊ (ဣတိ-ဤသို့စဉ်းစားပြီး၍၊) သော၊ ထိုသုမေဓာရှင်ရသေ့သည်၊တတော၊ ထိုအခါမှ၊ပဋ္ဌာယ၊ ၍၊တထာ၊ ထိုစဉ်းစားသည့်အတိုင်း၊ကတွာ၊ ပြု၍၊ဃဋေန္တော၊ ရှေ့လုံ့လနှင့်နောက်လုံ့လကိုဆက်စပ်စေလျက်၊ဝါယမန္တော၊ လုံးပမ်းကြိုးကုတ်အားထုတ်လသော်၊သတ္တာဟဗ္ဘန္တရေယေဝ၊ ၇ရက်အတွင်း၌သာလျှင်၊အဋ္ဌ၊ ရှစ်ပါးကုန်သော၊သမာပတ္တိယော၊ သမာပတ်တို့ကိုလည်းကောင်း၊ပဥ္စ၊ ငါးပါးကုန်သော၊အဘိညာယောစ၊ အဘိညာဉ်တို့ကိုလည်းကောင်း၊နိဗ္ဗတ္တေသိ၊ ဖြစ်စေပြီ၊တေန၊ ထို့ကြောင့်၊ဝါပိတံရောပိတံ၊ပေ၊ပါပုဏိန္တိ၊ ဝါပိတံ၊ပေ၊ပါပုဏိံဟူ၍၊ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
ဧဝံ၊ ဤဆိုအပ်ပြီးသောနည်းဖြင့်၊မေ၊ ငါသည်၊သာသနေ၊ ရသေ့တို့၏သာသနာ, ဈာန်အဘိညာဉ်အရာ၌၊သိဒ္ဓိပ္ပတ္တဿ၊ လိုတိုင်းပြီးမြောက်သိဒ္ဓိပေါက်စဉ်၊ဝသီဘူတဿ၊ စွမ်းရည်သတ္တိရှိသည်ဖြစ်၍ဖြစ်စဉ်၊ဒီပင်္ကရောနာမ၊ ဒီပင်္ကရာမည်တော်မူသော၊လောကနာထော၊ သတ္တလောက၏ရှေ့ဆောင်လမ်းပြနာယကဖြစ်တော်မူသော၊ဇိနော၊ မြတ်စွာဘုရားသည်၊ဥပ္ပဇ္ဇိ၊ ပွင့်တော်မူပြီ။
ဥပ္ပဇ္ဇန္တေ၊ ပဋိသန္ဓေတည်နေတော်မူသော်လည်းကောင်း၊ဝါ-ပဋိသန္ဓေတည်နေတော်မူရာအခါ၌လည်းကောင်း၊ဇာယန္တေ၊ ဖွားမြင်တော်မူသော်လည်းကောင်း၊ဝါ-ဖွားမြင်တော်မူရာအခါ၌လည်းကောင်း၊ဗုဇ္ဈန္တေ၊ သစ္စာ၄ပါးတရားတို့ကိုသိတော်မူသော်လည်းကောင်း၊ဝါ-ဘုရားဖြစ်တော်မူရာအခါ၌လည်းကောင်း၊ဓမ္မဒေသနေ၊ ဓမ္မစကြာတရားကိုဟောတော်မူခြင်းသည်၊သတိ၊ ဖြစ်သော်လည်းကောင်း၊ (တစ်နည်း) ဓမ္မဒေသနေ၊ ဓမ္မစကြာကိုဟောတော်မူရာအခါ၌လည်းကောင်း၊စတုရောစတ္တာရိ၊ ၄ပါးကုန်သော၊နိမိတ္တေနိမိတ္တာနိ၊ နိမိတ်ကြီးတို့ကို၊ဈာနာရတိသမပ္ပိတော၊ ဈာန်၌မွေ့လျော်ခြင်းသည်သက်ရောက်အပ်သည်၊ (ဟုတွာ-ဖြစ်၍၊) နာဒ္ဒသံ၊ မမြင်လိုက်ရ။
ဈာနာရတိသမပ္ပိတော၌နဂိုဏ်းမဖြစ်သင့်သောကြောင့် ''ဈာနာ''ဟုနာ၌ဒီဃရှိရသည်။…ပစ္စန္တဒေသဝိသယေ၊ မဇ္ဈိမဒေသတွင်ပါဝင်သောပစ္စန္တဒေသအရပ်၌၊တထာဂတံ၊ ဒီပင်္ကရာမြတ်စွာဘုရားကို၊နိမန္တေတွာ၊ ပင့်ဖိတ်၍၊တဿ၊ ထိုဒီပင်္ကရာမြတ်စွာဘုရား၏၊အာဂမနံ၊ ကြွလာကြောင်းဖြစ်သော၊မဂ္ဂံ၊ လမ်းကို၊တုဋ္ဌမာနသာ၊ နှစ်သက်သောစိတ်ရှိကြကုန်သည်၊ (ဟုတွာ-ဖြစ်၍၊) ဇနာ၊ လူတို့သည်၊သောဓေန္တိ၊ သောင်းသောင်းဖြဖြသုတ်သင်ရှင်းလင်းကြကုန်၏၊
''ပစ္စန္တဒေသ ''ဟုဆိုသော်လည်းရပ်ပြစ်ရှစ်ပါးတွင်ပါဝင်သောပစ္စန္တမဟုတ်၊မဇ္ဈိမဒေသတွင်အစွန်ကျသောကြောင့်ပစ္စန္တဒေသဟုဆိုသည်၊(မဇ္ဈိမဒေသေဿဝဧကပေဿပစ္စန္တဒေသသညိတေဇနပဒေ၊-ဗုဒ္ဓဝံသအဋ္ဌကထာ၊) ဋီကာ၌ ''သောဓေတိဇနော''ဟုတွေ့ရ၏၊ထို့ကြောင့် ''သောဓေတိတုဋ္ဌမာနသော''ဟုဧကဝုစ်ပြင်ကြ၏၊ဤသို့ပြင်မှလည်းနောက်၌ ''ဝေဒဇာတံဇနံဒိသွာ''ဟူသောစကားနှင့်ညီ၏။အဟံ၊ သုမေဓာဖြစ်သော ငါသည်။ တေန သမယေန၊ ထိုအခါ၌။ သကဿမာ၊ မိမိကျောင်းသင်္ခမ်းမှ။ နိက္ခမိတွာ၊ ထွက်ခဲ့၍။ ဝါကစီရာနိ၊ လျှော်တေသင်္ကန်းတို့ကို။ ဓုနန္တော၊ ခါလျက်။ တဒါ၊ ထိုအခါ၌။ အမ္ဗရေ၊ ကောင်းကင်၌။ ဂစ္ဆာမိ၊ သွားခဲ့၏။
မှတ်ချက်။ ။ ကာလာပေက္ခဝတ္တမာန်ဖြစ်၍ အတိတ်ကိုပင် 'ဂစ္ဆာမိ' ဟု ဝတ္တမာန်ဖြင့် သုံးစွဲသည်။ 'တေန သမယေန' ကို 'နိက္ခမိတွာ' ၌လည်းကောင်း၊ 'တဒါ' ကို 'ဂစ္ဆာမိ' ၌လည်းကောင်း စပ်စေရသောကြောင့် ကာလာဓာရ ၂ ခု ရှိရသည်။ဝေဒဇာတံ၊ ဖြစ်သော နှစ်သက်ခြင်းသဘောရှိသော။ တုဋ္ဌဟဋ္ဌံ၊ သုခဖြင့် နှစ်သက်၊ ပီတိဖြင့် ရွှင်လန်းသော။ ပမောဒိတံ၊ ပါမောဇ္ဇဖြင့် ဝမ်းမြောက်သော။ ဇနံ၊ လူအပေါင်းကို။ ဒိသွာ၊ မြင်ရ၍။ ဂဂနာ၊ ကောင်းကင်မှ။ ဩရောဟိတွာန၊ သက်ဆင်းပြီး၍။ တာဝဒေ၊ သက်ဆင်းပြီးရာ ထိုအခါ၌။ မနုဿေ၊ လူတို့ကို။ ပုစ္ဆိံ၊ မေးပြီ၊ (ကိံ- အဘယ်သို့ မေးသနည်း။)
မှတ်ချက်။ ။ 'ဟု ပုစ္ဆိံ' ဟု ဆိုလိုလျက် ဆန်းကြောင့် နိဂ္ဂဟိတ်ချေထားသည်။တုဋ္ဌဟဋ္ဌော၊ နှစ်သက်ရွှင်လန်းသော။ ပမုဒိတော၊ လွန်စွာဝမ်းမြောက်သော။ ဝေဒဇာတော၊ ဖြစ်သော နှစ်သက်ခြင်းရှိသော။ မဟာဇနော၊ များစွာသော လူအပေါင်းသည်။ ကဿ၊ အဘယ်သူ့ဖို့။ အဉ္ဇသံ၊ အဉ္ဇသမည်သော။ ဝဋုမံ၊ ဝဋုမမည်သော။ အယနံ၊ အယနမည်သော။ မဂ္ဂံ၊ လမ်းကို။ သောဓယတိ၊ သုတ်သင်ပါသနည်း၊ (ဣတိ- ဤသို့ မေးပြီ။)
(တစ်နည်း) မဟာဇနော၊ များစွာသော လူအပေါင်းသည်။ တုဋ္ဌဟဋ္ဌော၊ နှစ်သက်ရွှင်လန်းသည်။ ပမုဒိတော၊ လွန်စွာဝမ်းမြောက်သည်။ ဝေဒဇာတော၊ ဖြစ်သော နှစ်သက်ခြင်းရှိသည်၊ (ဟုတွာ- ၍၊) မဂ္ဂံ၊ လမ်းကို။ သောဓေတိ၊ သုတ်သင်၏၊ (တုမှေဟိ- သင်တို့သည်၊) ကဿ၊ အဘယ်သူဖို့။ အဉ္ဇသံ၊ အဉ္ဇသမည်သော။ ဝဋုမံ၊ ဝဋုမမည်သော။ အယနံ၊ အယနမည်သော။ မဂ္ဂံ၊ လမ်းကို။ သောဓီယတိ၊ သုတ်သင်အပ်ပါသနည်း၊ (ဣတိ- ဤသို့ မေးပြီ။)
မေ၊ ငါသည်။ ပုဋ္ဌာ၊ မေးအပ်ကုန်သော။ တေ၊ ထိုလူတို့သည်။ ဝိယာကံသု၊ ဖြေဆိုကြကုန်ပြီ၊ (ကိံ- အဘယ်သို့ ဖြေဆိုကြကုန်သနည်း၊) (အမ္ဘော တာပသ- အိုရသေ့၊) လောကေ၊ လောက၌။ ဗုဒ္ဓေါ၊ အလုံးစုံသော တရားတို့ကို သိတော်မူသော။ အနုတ္တရော၊ အတုမရှိ အမြတ်ဆုံးဖြစ်တော်မူသော။ ဒီပင်္ကရော နာမ၊ ဒီပင်္ကရာမည်တော်မူသော။ လောကနာထော၊ သတ္တလောက၏ ရှေ့ဆောင်လမ်းပြနာယက ဖြစ်တော်မူသော။ ဇိနော၊ မြတ်စွာဘုရားသည်။ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူပြီ။ တဿ၊ ထိုဒီပင်္ကရာမြတ်စွာဘုရားဖို့။ အဉ္ဇသံ၊ သော။ ဝဋုမံ၊ မည်သော။ အယနံ၊ မည်သော။ မဂ္ဂံ၊ လမ်းကို။ သောဓယတိ၊ သုတ်သင်ပါ၏၊ (ဣတိ- ဤသို့၊ ဝိယာကံသု- ဖြေဆိုကြကုန်ပြီ။)
ဗုဒ္ဓေါ တိ နာမံ၊ ဗုဒ္ဓေါဟူသော အမည်တော်ကို။ သုတွာန၊ ကြားရ၍။ တာဝဒေ၊ ကြားရရာ ထိုအခါ၌။ ပီတိ၊ နှစ်သက်ခြင်းသည်။ ဥပ္ပဇ္ဇိ၊ ဖြစ်ပြီ။ ဗုဒ္ဓေါ တိ ဗုဒ္ဓေါ တိ၊ ဗုဒ္ဓေါ ဗုဒ္ဓေါဟူ၍။ ကထယန္တော၊ နှုတ်ဖြင့် တွတ်တွတ်ရွတ်ဆိုလျက်။ သောမနဿံ၊ နှစ်သက်ဝမ်းမြောက်ခြင်းကို။ ပဝေဒယိံ၊ သိစေပြီ။ တတ္ထ၊ ထိုကြားရရာအရပ်၌။ ဌတွာ၊ ရပ်၍။ တုဋ္ဌော၊ နှစ်သက်သည်။ သံဝိဂ္ဂမာနသော၊ ပီတိဖြင့် အံ့ဩသော စိတ်ရှိသည်၊ (သံဝိဂ္ဂမာနသော တိ ပီတိဝိမှိတမာနသော၊- ဗုဒ္ဓဝံသဋ္ဌ၊) ဝိစိန္တေသိံ၊ အထူးထူးအထွေထွေ ကြံစည်ပြီ၊ (ကိံ- အဘယ်သို့ ကြံစည်သနည်း၊)
ဣဓ၊ ဤဒီပင်္ကရာမြတ်စွာဘုရားတည်းဟူသော လယ်ယာမြေကောင်း၌။ ဗီဇာနိ၊ ကုသိုလ်တည်းဟူသော မျိုးစေ့တို့ကို။ ရောပေဿံ၊ ပေါက်စေတော့အံ့၊ ဝါ- စိုက်ပျိုးလိုက်တော့အံ့။ ခဏော၊ ဗုဒ္ဓုပ္ပာဒနဝမခဏဟူသော အခွင့်ကောင်းသည်။ ဝေ၊ စင်စစ်။ မာ ဥပစ္စဂါ၊ ကပ်ရောက်ပြီးကာ လွန်၍မသွားပါစေလင့်၊ (ဣတိ- ဤသို့၊ ဝိစိန္တေသိံ- အထူးထူးအထွေထွေ ကြံစည်ပြီ။)
(တုမှေ- သင်တို့သည်၊) ဗုဒ္ဓဿ၊ မြတ်စွာဘုရားဖို့၊ (မဂ္ဂံ- လမ်းကို၊) ယဒိ သောဓေထ၊ အကယ်၍ သုတ်သင်ကုန်အံ့၊ (ဧဝံ သတိ- ဤသို့ သုတ်သင်ကုန်လသော်၊) မေ၊ ငါ့အား။ ဧကောကာသံ၊ တစ်ခုသော ရပ်ကွက်ကို။ ဒဒါထ၊ ပေးကြပါကုန်။ အဟမ္ပိ၊ ငါသည်လည်း။ အဉ္ဇသံ၊ အဉ္ဇသမည်သော။ ဝဋုမံ၊ ဝဋုမမည်သော။ အယနံ၊ အယနမည်သော၊ (မဂ္ဂံ- လမ်းကို၊) သောဓယိဿာမိ၊ သုတ်သင်ပါအံ့။
တဒါ၊ ထိုအခွင့်တောင်းရာ ထိုအခါ၌။ တေ၊ ထိုလူတို့သည်။ မမ၊ ငါ့အား။ သောဓေတုံ၊ သုတ်သင်ခြင်းငှာ။ ဩကာသံ၊ ရပ်ကွက်တစ်ခုဖြစ်သော။ အဉ္ဇသံ၊ လမ်းကို။ အဒံသု၊ ပေးကြကုန်ပြီ။ တဒါ၊ ပေးကြရာ ထိုအခါ၌။ အဟံ၊ ငါသည်။ ဗုဒ္ဓေါ ဗုဒ္ဓေါ တိ၊ ဗုဒ္ဓေါ ဗုဒ္ဓေါဟူ၍။ စိန္တေန္တော၊ စိတ်ဖြင့် ဖန်ဖန်ကြံစည်လျက်။ မဂ္ဂံ၊ လမ်းကို။ သောဓေမိ၊ သုတ်သင်ခဲ့၏။
မမ၊ ငါ၏။ ဩကာသေ၊ ရပ်ကွက်သည်။ အနိဋ္ဌိတေ၊ မပြီးစီးသေးမီ။ ဒီပင်္ကရော၊ ဒီပင်္ကရာမည်တော်မူသော။ မဟာမုနိ၊ မြတ်သောမုနိဖြစ်တော်မူသော၊ ဝါ- မုနိ ၅ ပါးတို့တွင် အမြတ်ဆုံးဖြစ်တော်မူသော။ ဇိနော၊ ငါးမာရ်အောင်မြင် ဘုရားရှင်သည်။ စတူဟိ သတသဟေဿဟိ၊ ၄ သိန်းကုန်သော၊
မှတ်ချက်။ ။ "၄ သိန်းအတိုင်းအရှည်ရှိကုန်သော" ဟု မပေးနှင့်၊ ဗဟုဗ္ဗီဟိသမာသ်မဟုတ်၊ စတ္တာရိအသင်္ချေယျာနိကဲ့သို့ ဝါကျသာ။ဆဠဘိညေဟိ၊ ၆ ပါးသောအဘိညာဉ် ရှိကုန်သော။ တာဒိဟိ၊ ဣဋ္ဌကိုပင် ထိုအနိဋ္ဌကဲ့သို့ ရှုတတ်၊ အနိဋ္ဌကိုလည်း ထိုဣဋ္ဌကဲ့သို့ ရှုတတ်ကုန်သော၊ ဝါ- လောကဓံရှစ်ပါးကြောင့် ဖောက်ပြန်မတုန်၊ တာဒိဂုဏ်နှင့် ပြည့်စုံကြကုန်သော၊
မှတ်ချက်။ ။ "ဟတမိဝ ဒိဿန္တီတိ တာဒိနော"။ဝိမလေဟိ၊ ကင်းသော ရာဂအစရှိသော အညစ်အကြေးရှိကုန်သော။ ခီဏာသဝေဟိ၊ ရဟန္တာပုဂ္ဂိုလ်တို့နှင့်၊ (သဒ္ဓိံ- နှင့်တကွ၊) အဉ္ဇသံ၊ လမ်းကို။ ပဋိပဇ္ဇိ၊ ကြွတော်မူလာပြီ။
(ရမ္မနဂရဝါသီနံ- ရမ္မာမြို့သူမြို့သားတို့၏၊) ပစ္စုဂ္ဂမနာ၊ ရှေးရှုတက်သွားခြင်းတို့သည်၊ ဝါ- ခရီးဦးကြိုဆိုခြင်းတို့သည်။ ဝတ္တန္တိ၊ ဖြစ်ကုန်၏။
မှတ်ချက်။ ။ "ရမ္မနဂရဝါသိနော- တို့သည်၊ ပစ္စုဂ္ဂမနာ- ခရီးဦးကြိုဆိုကုန်သည်၊ ဝတ္တန္တိ- န်၏" ဟုလည်း ပေးကြသည်။ဗဟူ၊ များစွာကုန်သော။ ဘေရိယော၊ စည်ကြီးတို့သည်။ ဝဇ္ဇန္တိ၊ မြည်ကုန်၏၊ (တစ်နည်း) ဘေရိယော၊ စည်ကြီးတို့ကို။ ဝဇ္ဇန္တိ၊ မြည်စေကြကုန်၏၊ ဝါ- တီးကြကုန်၏။ နရမရူ၊ လူနတ်တို့သည်။ အာမောဒိတာ၊ လွန်စွာ ဝမ်းမြောက်ကြကုန်သည်၊ (ဟုတွာ- ၍၊) သာဓုကာရံ၊ ကောင်းလေစွဟု၊ အားရနှစ်လို၊ မြွက်ဆိုအပ်သော အသံကို၊ ဝါ- ကောင်းချီးကို။ ပဝတ္တယုံ၊ ဖြစ်စေကြကုန်ပြီ။
ဒေဝါ၊ နတ်တို့သည်။ မနုဿေ၊ လူတို့ကို။ ပဿန္တိ၊ မြင်ကြကုန်၏။ မနုဿာပိ စ၊ လူတို့သည်လည်း၊ ဝါ- လူတို့ကလည်း။ ဒေဝတာ၊ နတ်တို့ကို၊ (ပဿန္တိ- မြင်ကြကုန်၏၊) ဥဘောပိ၊ ၂ မျိုးလည်း ဖြစ်ကုန်သော။ တေ၊ ထိုနတ်လူတို့သည်။ ပဉ္ဇလိကာ၊ ချီမြှောက်အပ်သော လက်အုပ်ရှိကုန်သည်၊ (ဟုတွာ- ၍၊) တထာဂတံ အနု၊ မြတ်စွာဘုရား၏ နောက်တော်၌၊ ဝါ- မြတ်စွာဘုရား၏ နောက်တော်က။ ယန္တိ၊ လိုက်သွားကြကုန်၏။
မှတ်ချက်။ ။ 'အနု' ဟူသော ကမ္မပ္ပဝစနီယ၏ ယှဉ်ဘက်ဖြစ်သောကြောင့် 'တထာဂတံ' ဝယ် ဆဋ္ဌီအနက်၌ ဒုတိယာဝိဘတ်သက်ရသည်။ဒေဝါ၊ နတ်တို့သည်။ ဒိဗ္ဗေဟိ၊ နတ်၌ဖြစ်ကုန်သော။ တူရိယေဟိ၊ တူရိယာတို့သည်လည်းကောင်း၊ (ဓာတ်ကတ္တား၊) ဝါ- တူရိယာတို့ကိုလည်းကောင်း၊ (ကာရိတ်ကံ၊) မနုဿာ၊ လူတို့သည်။ မာနုဿကေဟိ၊ လူ၌ဖြစ်ကုန်သော။ တူရိယေဟိ စ၊ တို့သည်လည်းကောင်း၊ ဝါ- တို့ကိုလည်းကောင်း။ ဥဘောပိ၊ ၂ မျိုးလည်း ဖြစ်ကုန်သော။ တေ၊ ထိုနတ်လူတို့သည်။ ဝဇ္ဇယန္တာ၊ မြည်စေကြကုန်လျက်။ တထာဂတံ အနု၊ ၌၊ ဝါ- က။ ယန္တိ၊ သွားကုန်၏။
အာကာသေန၊ ကောင်းကင်ခရီးဖြင့်၊
မှတ်ချက်။ ။ "ခရီး၌" ဟုလည်း ပေးကြ၏။ဂတာ၊ သွားကြကုန်သော။ မရူ၊ နတ်တို့သည်။ ဒိဗ္ဗံ၊ နတ်၌ဖြစ်သော။ မန္ဒာရဝပုပ္ဖံ၊ မန္ဒာရဝမည်သော ပန်းကိုလည်းကောင်း၊ ( "ထင်ရှားပန်း" ဟုလည်း ပေးကြ၏၊) ပဒုမံ၊ ပဒုမ္မာကြာပန်းကိုလည်းကောင်း။ ပါရိဆတ္တကံ၊ ပင်လယ်ကသစ်ပန်းကိုလည်းကောင်း။ ဒိသောဒိသံ၊ ထိုထိုအရပ်သို့။ ဩကိရန္တိ၊ ကြဲချကြကုန်၏။
မှတ်ချက်။ ။ 'ဒိသံ ဒိသံ' ဟူသော ဝိစ္ဆာပုဒ်မှ နိဂ္ဂဟိတ်ကိုချေ၍ ရှေ့သ၏ အ ကို ဩ ပြု၍ 'ဒိသောဒိသံ' ဟု ဆိုသည်၊ အညောအညံ ကဲ့သို့တည်း။အာကာသေန၊ ကောင်းကင်ခရီးဖြင့်။ ဂတာ၊ သွားကြကုန်သော။ မရူ၊ နတ်တို့သည်။ ဒိဗ္ဗံ၊ နတ်၌ဖြစ်သော။ စန္ဒနစုဏ္ဏဉ္စ၊ စန္ဒကူးနံ့သာမှုန့်ကိုလည်းကောင်း။ ကေဝလံ၊ အလုံးစုံသော။ ဝရဂန္ဓဉ္စ၊ ကောင်းမြတ်သော နံ့သာကိုလည်းကောင်း။ ဒိသောဒိသံ၊ ထိုထိုအရပ်သို့။ ဩကိရန္တိ၊ ကြဲချကြကုန်၏။
ဘူမိတလဂတာ၊ မြေအပြင်၌ သွားကြကုန်သော။ နရာ၊ လူတို့သည်။ စမ္ပကံ၊ စကားပန်းကိုလည်းကောင်း။ သရလံ၊ ထင်းရူးပန်းကိုလည်းကောင်း။ နီပံ၊ ထိန်ပန်းကိုလည်းကောင်း။ နာဂပုန္နာဂကေတကံ၊ ကံ့ကော်ပန်း၊ ပုန်းညက်ပန်း၊ ဆပ်သွားပန်းကိုလည်းကောင်း။ ဒိသောဒိသံ၊ ထိုထိုအရပ်သို့။ ဩကိရန္တိ၊ ကြဲမြှောက်ကြကုန်၏။
အဟံ၊ ငါသည်။ ကေသေ၊ ဆံတို့ကို။ မုဉ္စိတွာ၊ ဖြေ၍။ တတ္ထ၊ ထိုငါ့အား ပေးအပ်သော ရပ်ကွက်၌။ ဝါကစီရဉ္စ၊ လျှော်တေသင်္ကန်းကိုလည်းကောင်း။ စမ္မကံ စ၊ သားရေပိုင်းကိုလည်းကောင်း။ ကလလေ၊ ညွန်ပျောင်း၌။ ပတ္ထရိတွာန၊ ဖြန့်ခင်း၍။ အဝကုဇ္ဇော၊ အောက်၌ထားအပ်သော မျက်နှာရှိသည်၊ ဝါ- မှောက်ခုံ၊ (ဟုတွာ- ၍၊) နိပဇ္ဇိံ၊ လျောင်းပြီ။
မှတ်ချက်။ ။ 'အဟံ' တစ်ပုဒ် အနက်မရှိ၊ (တစ်နည်း) ရှေ့ 'အဟံ' သည် 'မုဉ္စိတွာ' 'ပတ္ထရိတွာ' တို့၌စပ်၊ နောက် 'အဟံ' က 'နိပဇ္ဇိံ' ၌စပ်။(ကိံ- အဘယ်သို့ နှလုံးသွင်း၍ လျောင်းသနည်း၊) ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ သေိဿဟိ၊ ၄ သိန်းကုန်သော သတ္တဝါတို့နှင့်။ သဟ၊ တကွ။ မံ၊ ငါ့ကို။ အက္ကမိတွာန၊ နင်း၍။ ဂစ္ဆတု၊ ကြွတော်မူပါစေ။ ကလလေ၊ ရွှံ့ညွန်ပျောင်း၌။ မာ အက္ကမိတ္ထ၊ မနင်းပါစေလင့်။
မှတ်ချက်။ ။ အဇ္ဇတ္တနီ အာဝိဘတ်ကို 'တ္ထ' ပြုထားသည်၊ 'နံ' အနက်မရှိ၊ 'တံ' ထည့်ပါ။(တံ- ထိုသို့ ငါ့ကိုနင်း၍ ကြွသွားတော်မူခြင်းသည်၊) မေ၊ ငါ၏။ ဟိတာယ၊ စီးပွားအလို့ငှာ။ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ (ဣတိ- ဤသို့ နှလုံးသွင်း၍၊ နိပဇ္ဇိံ- လျောင်းပြီ။)
မှတ်ချက်။ ။ ဗုဒ္ဓဝင်အဋ္ဌကထာ၌ "တံ ကလလေ အနက္ကမံ- ထိုရွှံ့ညွန်ပျောင်း၌ နင်းတော်မမူခြင်းသည်" ဟု ဖွင့်၏၊ ရွှံ့ညွန်၌ နင်းတော်မမူခြင်းသည် လိုရင်းမဟုတ်၊ မိမိကိုနင်း၍ ကြွတော်မူခြင်းသာ လိုရင်းဖြစ်သည်။ပထဝိယံ၊ ရွှံ့ညွန်မြေ၌၊
မှတ်ချက်။ ။ 'ဝီ' ဟု ဆန္ဒာနုရက္ခဏဒီဃရှိလျှင် ကောင်းသည်။နိပန္နဿ၊ လျောင်းသော။ မေ၊ ငါ၏။ စေတသော၊ စိတ်၏။ ဧဝံ၊ ဤသို့သော အကြံသည်။ အာသိ၊ ဖြစ်ပြီ။ (ကိံ- အဘယ်သို့ ဖြစ်သနည်း၊)
မှတ်ချက်။ ။ "သန္တာရေဿံ သဒေဝကံ" ကျမှ 'ကိံ' အမေးကို ပြန်၍အုပ်လိမ့်မည်။အဟံ၊ ငါသည်။ အဇ္ဇ၊ ယနေ့။ ဣစ္ဆမာနော၊ ကိလေသာတို့ကို သတ်ဖြတ်လိုမူကား။ ကိလေသေ၊ ကိလေသာတို့ကို။ ဃာဋိယာမိ၊ သတ်ဖြတ်နိုင်၏။
မှတ်ချက်။ ။ ယနေ့ ကိလေသာတို့ကို သတ်ဖြတ်၍ ရဟန္တာဖြစ်အောင် အားထုတ်နိုင်သည်-ဟူလို။မေ၊ ငါ့အား၊
မှတ်ချက်။ ။ 'ကိံ' အတွက် အလမတ္ထသမ္ပဒါန်။ဣဓ၊ ဤဒီပင်္ကရာမြတ်စွာဘုရား ထံတော်ပါး၌။ အညာတဝေသေန၊ မထင်ရှားသူ၏ အသွင်ဖြင့်။ ဓမ္မံ၊ တရားကို။ သစ္ဆိကတေန၊ မျက်မှောက်ပြုခြင်းဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ သဗ္ဗညုတံ၊ သဗ္ဗညု၏ ဖြစ်ကြောင်းဖြစ်ရာ ဉာဏ်ပညာသို့၊ ဝါ- သဗ္ဗညုတဉာဏ်သို့။ ပါပုဏိတွာ၊ ရောက်ပြီး၍။ သဒေဝကေ၊ နတ်နှင့်တကွသော လောက၌။ ဗုဒ္ဓေါ၊ ဘုရားသည်။ ဟေဿံ၊ ဖြစ်အံ့။
မှတ်ချက်။ ။ "ဖြစ်ရပါလို၏" ဟု ဆုတောင်းတော်မမူ၊ "ဖြစ်အံ့၊ ဖြစ်အောင်ပြုအံ့" ဟု စိတ်ကို အဓိဋ္ဌာန်တော်မူသည်။ထာမဒဿိနာ၊ မိမိ၏ ဉာဏ်စွမ်းကို သိမြင်သော၊ ဝါ- မိမိ၏ ဉာဏ်စွမ်းကို သိမြင်ပါလျက်။ ဧကေန၊ တစ်ယောက်တည်းသည်၊ (ဟုတွာ- ၍၊) တိဏ္ဏေန၊ သံသရာရေအယဉ်မှ ကူးသွားသော။ ပုရိသေန၊ ယောက်ျားမျိုးဖြင့်။ မေ၊ ငါ့အား။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ သဗ္ဗညုတံ၊ သို့၊ ဝါ- သို့။ ပါပုဏိတွာ၊ ၍။ သဒေဝကံ၊ နတ်ဗြဟ္မာနှင့် တကွဖြစ်သော သတ္တဝါအပေါင်းကို။ သန္တာရေဿံ၊ သံသရာရေအယဉ်မှ ကယ်တင်ပေအံ့။
မှတ်ချက်။ ။ ဤဂါထာအဖွင့်ကို ဋီကာဂါထာရမ္ဘ၌ ပြထား၏။မေ၊ ငါသည်၊ (ကတေန ၌စပ်၊) ဝါ- ငါ၏၊ (အဓိကာရေန ၌စပ်၊) ပုရိသုတ္တမေ၊ ယောက်ျားမြတ် ဖြစ်တော်မူသော ဒီပင်္ကရာမြတ်စွာဘုရား၌၊ ဝါ- မြတ်စွာဘုရားအထံတော်၌။ ကတေန၊ ပြုအပ်သော။ ဣမိနာ အဓိကာရေန၊ ဤလွန်ကဲသော ကောင်းမှုကြောင့်။ သဗ္ဗညုတံ၊ သို့။ ပါပုဏိတွာ၊ ၍။ ဗဟုံ၊ များစွာသော။ ဇနတံ၊ သတ္တဝါအပေါင်းကို။ တာရေမိ၊ သံသရာရေအယဉ်မှ ကယ်တင်ပေအံ့။
သံသာရသောတံ၊ သံသရာတည်းဟူသော ရေအယဉ်ကို၊ ဝါ- သံသရာကို ပြုတတ်သော တဏှာရေအယဉ်ကို။ ဆိန္ဒိတွာ၊ ဖြတ်၍။ တယော ဘဝေ၊ ကာမ၊ ရူပ၊ အရူပဟု သုံးဝသော ဘဝတို့ကို။ ဝိဒ္ဓံသေတွာ၊ ဖျက်ဆီးပြီး၍၊
မှတ်ချက်။ ။ ဘဝပြတ်ကြောင်းကံကိုပြုလျှင် ဘဝကိုဖျက်ဆီးရာရောက်၏၊ ဖလူပစာတည်း။ဓမ္မနာဝံ၊ မဂ္ဂင်ရှစ်ပါး တရားတည်းဟူသော လှေသင်္ဘောကို။ သမာရုယှ၊ ကောင်းစွာတက်စီး၍။ သဒေဝကံ၊ နတ်ဗြဟ္မာနှင့် တကွဖြစ်သော သတ္တဝါအပေါင်းကို။ သန္တာရေဿံ၊ အံ့၊ ဟူ၍ (ဣတိ၊ ) ။ စေတသော၊ စိတ်၏။ ဧဝံ၊ ဤသို့သော အကြံသည်။ အာသိ၊ ဖြစ်ပြီ။
အာဟုတီနံ၊ အဝေးမှ ယူဆောင်၍မူလည်း ကြည်ဖြူလေးမြတ် ပူဇော်အပ်သော ပစ္စည်းကို။ ပဋိဂ္ဂဟော၊ ခံယူထိုက်တော်မူသော။ ဒီပင်္ကရော၊ ဒီပင်္ကရာမည်တော်မူသော။ လောကဝိဒူ၊ လောကသုံးပုံ အလုံးစုံကို အကုန်သိမြင် ဘုရားရှင်သည်။ မံ၊ ငါ့ကို၊ ဝါ- ငါ၏။ ဥဿီသကေ၊ ဦးခေါင်းအနီး၌၊ ဝါ- ဦးခေါင်းရင်း၌။ ဌတွာန၊ ရပ်တော်မူ၍။ ဣဒံ ဝစနံ၊ ဤဗျာဒိတ်စကားကို။ အဗြဝိ၊ မိန့်မြွက်တော်မူပြီ။
မှတ်ချက်။ ။ သီသဿ + သမီပံ = ဥဿီသံ၊ ဥဿီသံယေဝ = ဥဿီသကံ။ 'မံ' ကို 'အဗြဝိ' ၌စပ်ခိုက် ကံ၊ 'ဥဿီသကေ' ၌စပ်ခိုက် ဆဋ္ဌီအနက်၌ ဒုတိယာဝိဘတ်သက်။ဇဋိလံ၊ ဆံကျစ်ရှိသော။ ဥဂ္ဂတာပနံ၊ ထက်မြက်သော အကျင့်ရှိသော။ ဣမံ တာပသံ၊ ဤရသေ့ကို။ ပဿထ၊ ကြည့်ကြကုန်၊ (အယံ တာပသော- ဤရသေ့သည်၊) ဣတော၊ ဤကမ္ဘာမှ။ အပရိမေယျေ၊ မနှိုင်းယှဉ်အပ် မနှိုင်းယှဉ်နိုင်ကုန်သော။ ကပ္ပေ၊ ၄ အသင်္ချေနှင့် ကမ္ဘာတစ်သိန်းတို့ကို၊ (အတိက္ကမိတွာ- ကျော်လွန်၍၊) လောကေ၊ သတ္တလောက၌။ ဗုဒ္ဓေါ၊ ဘုရားသည်။ ဘဝိဿတိ၊ ဖြစ်လိမ့်မည်။
အဟု (အဟော)၊ ထို့ပြင်။ တထာဂတော၊ ဘုရားလောင်းသည်။ ရမ္မာ၊ နှလုံးမွေ့လျော်ပျော်ဖွယ်ရာ ကောင်းသော။ ကပိလဝှယာ၊ ကပိလအမည်ရှိသော နေပြည်တော်မှ၊ ဝါ- ကပိလဝတ္ထုအမည်ရှိသော ပြည်မှ၊
မှတ်ချက်။ ။ "သညာချာဝှါ သမညာ စ၊ ဘိဓာနံ နာမမဝှယော" ဟူသော အဘိဓာန်နှင့်အညီ 'အဝှယ' သဒ္ဒါ အမည်ဟူသော အနက်ကိုဟော၏။နိက္ခမိတွာ၊ ထွက်ပြီး၍။ ပဓာနံ၊ အားထုတ်ကြောင်းဝီရိယကို။ ပဒဟိတွာန၊ အားထုတ်၍။ ဒုက္ကရကာရိယံ၊ ခဲယဉ်းစွာ ပြုအပ်သော အကျင့်ကို။ ကတွာ၊ ပြုကျင့်ပြီး၍။ အဇပါလရုက္ခမူလေ၊ အဇပါလမည်သော ညောင်ပင်၏ အနီးအောက်၌။ နိသီဒိတွာ၊ ထိုင်နေ၍။ တထာဂတော၊ ဘုရားအလောင်းသည်။ တတ္ထ၊ ထိုအဇပါလညောင်ပင်၏ အနီးအောက်၌။ ပါယသံ၊ နို့ဃနာကို။ ပဂ္ဂယှ၊ ခံယူပြီး၍။ နေရဉ္ဇရံ၊ နေရဉ္ဇရာမြစ်သို့။ ဥပေဟိတိ၊ ချဉ်းကပ်လတ္တံ့။
နေရဉ္ဇရာယ၊ နေရဉ္ဇရာမြစ်၏။ တီရမှိ၊ ကမ်း၌။ သော ဇိနော၊ ထိုဘုရားလောင်းသည်။ ပါယသံ၊ ဃနာနို့ဆွမ်းကို။ အဒါ (အဒိတွာ)၊ ဘုဉ်းပေးပြီး၍၊ (တွာပစ္စည်းအချေကြံ၊)
ပဋိယတ္တဝရမဂ္ဂေန၊ နတ်တို့သည် စီစဉ်အပ်သော မြတ်သောလမ်းဖြင့်။ ဗောဓိမူလံ၊ ဗောဓိပင်၏ အနီးအောက်သို့။ ဥပေဟိတိ၊ ချဉ်းကပ်လတ္တံ့။
၁။ နေရဉ္ဇရာပုဒ်ပြီးပုံကို ဝိနည်းမဟာဝါဘာသာဋီကာ၌ ပြထားပြီ။တတော၊ ထိုမှနောက်၌။ အနုတ္တရော၊ အတုမရှိမြတ်သော။ မဟာယသော၊ များသောအခြံအရံ အကျော်အစောရှိသော။ သမ္ဗုဒ္ဓေါ၊ ဘုရားအလောင်းသည်။ ဗောဓိမဏ္ဍံ၊ ဗောဓိမဏ္ဍိုင်ကို၊ (အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်တို့၏ ကြည်လင်ရာ ညောင်ဗုဒ္ဓဟေပင်ကို၊) ပဒက္ခိဏံ ကတွာ၊ လကျာ်ရစ်ပြု၍။ အဿတ္ထမူလေ၊ ညောင်ဗုဒ္ဓဟေပင်၏ အနီးအောက်၌။ ဗုဇ္ဈိဿတိ၊ သစ္စာ ၄ ပါးကို သိလတ္တံ့။ (ဘုရားဖြစ်လတ္တံ့-ဟူလို။)
ဣမဿ၊ ဤမြတ်စွာဘုရား၏။ ဇနိကာ၊ ဖြစ်စေတတ်သော။ မာတာ၊ မယ်တော်ရင်းသည်၊
၂။ ဇနိကာဖြင့် မွေးစားသောမယ်တော်ကို ကန့်သည်။မာယာနာမ၊ မာယာမည်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ပိတာ၊ ခမည်းတော်သည်။ သုဒ္ဓေါဒနော နာမ၊ သုဒ္ဓေါဒနမည်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ အယံ၊ ဤရသေ့သည်။ ဂေါတမော နာမ၊ ဂေါတမမည်သည်။ ဟေဿတိ၊ ဖြစ်လတ္တံ့။
အနာသဝါ၊ အာသဝေါမရှိကုန်သော။ ဝီတရာဂါ၊ ကင်းသော ရာဂရှိကုန်သော။ သန္တစိတ္တာ၊ ငြိမ်သက်သော စိတ်ရှိကုန်သော။ သမာဟိတာ၊ ကောင်းစွာ အာရုံ၌ ထားအပ်သော စိတ်ရှိကုန်သော၊ (တည်ကြည်ကုန်သော၊) ကောလိတော၊ ကောလိတသည်လည်းကောင်း။ ဥပတိဿော စ၊ ဥပတိဿသည်လည်းကောင်း။ အဂ္ဂါ၊ အမြတ်ဆုံးဖြစ်ကုန်သော။ သာဝကာ၊ စကားကို လိုက်နာတတ်ကုန်သော တပည့်တို့သည်၊ (တစ်နည်း) အဂ္ဂါသာဝကာ၊ အဂ္ဂသာဝကတို့သည်။ ဟေဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
အာနန္ဒော နာမ၊ အာနန္ဒာမည်သော။ ဥပဋ္ဌာကော၊ အလုပ်အကျွေးသည်။ ဣမံ ဇနံ၊ ဤဂေါတမဘုရားကို။ ဥပဋ္ဌိဿတိ၊ ပြုစုလုပ်ကျွေးလတ္တံ့။
၃။ ဥပတိဿ၊ ကောလိတ အမည်တို့သည် ရွာကိုအကြောင်းပြု၍ ရအပ်သောအမည်တည်း၊ သာရိပုတ္တ၊ မောဂ္ဂလ္လာန အမည်တို့ကား အမိကို အကြောင်းပြု၍ ရအပ်သောနာမည်ဟု ဓမ္မပဒအဋ္ဌကထာ သာရိပုတ္တထေရဝတ္ထု၌ ဆိုသည်။အနာသဝါ၊ [အာသဝေါမရှိကုန်]သော။ ဝီတရာဂါ၊ [ကင်းသော ရာဂရှိကုန်]သော။ သန္တစိတ္တာ၊ [ငြိမ်သက်သော စိတ်ရှိကုန်]သော။ သမာဟိတာ၊ [ကောင်းစွာ အာရုံ၌ ထားအပ်သော စိတ်ရှိကုန်]သော၊ ဝါ- [တည်ကြည်ကုန်]သော။ ခေမာ၊ ခေမာဘိက္ခုနီသည်လည်းကောင်း။ ဥပ္ပလဝဏ္ဏာ စ၊ ဥပ္ပလဝဏ်ဘိက္ခုနီသည်လည်းကောင်း။ အဂ္ဂါ၊ အမြတ်ဆုံးဖြစ်ကုန်သော။ သာဝိကာ၊ စကားကို လိုက်နာတတ်ကုန်သော တပည့်မတို့သည်၊ (တစ်နည်း) အဂ္ဂါသာဝိကာ၊ အဂ္ဂသာဝိကာမတို့သည်။ ဟေဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
တဿ ဘဂဝတော၊ ထိုဂေါတမဘုရား၏။ ဗောဓိ၊ သစ္စာ ၄ ပါးတရားကို သိရာသစ်ပင်ကို၊
၄။ ဗုဇ္ဈတိ ဧတ္ထာတိ ဗောဓိ။အဿတ္ထောတိ၊ ညောင်ဗုဒ္ဓဟေပင်ဟူ၍။ ပဝုစ္စတိ၊ ဆိုအပ်၏။ စိတ္တော စ၊ စိတ္တသူဌေးသည်လည်းကောင်း။ ဟတ္ထာဠဝကော စ၊ ဟတ္ထာဠဝကမင်းသားသည်လည်းကောင်း။ အဂ္ဂါ၊ အမြတ်ဆုံးဖြစ်ကုန်သော။ ဥပဋ္ဌာကာ၊ အလုပ်အကျွေး ဥပါသကာတို့သည်၊ (တစ်နည်း) အဂ္ဂါဥပဋ္ဌာကာ၊ အဂ္ဂုပဋ္ဌာကတို့သည်။ ဟေဿန္တိ၊ ဖြစ်ကုန်လတ္တံ့။
ဥတ္တရာ၊ ဥတ္တရာသည်လည်းကောင်း။ နန္ဒမာတာ စ၊ နန္ဒမာတာသည်လည်းကောင်း။ အဂ္ဂါ၊ အမြတ်ဆုံးဖြစ်ကုန်သော။ ဥပဋ္ဌိကာ၊ အလုပ်အကျွေး ဥပါသိကာမတို့သည်၊ (တစ်နည်း) အဂ္ဂါဥပဋ္ဌိကာ၊ အဂ္ဂုပဋ္ဌိကာမတို့သည်။ ဟေဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ (ဣတိ ဣဒံ ဝစနံ- ဤဗျာဒိတ်စကားတော်ကို၊ အဗြဝိ- မိန့်မြွက်တော်မူပြီ။)
၅။ ဤသို့ မိန့်မြွက်တော်မူအပ်သောစကားကို အချို့နေရာ၌ "ဗျာကာသိ" ဟု သုံးစွဲထားသောကြောင့် မြန်မာတို့က "ဗျာဒိတ်ပေးသည်" ဟု ပြောစမှတ်ပြုကြသည်၊ ဝိ+အာပုဗ္ဗ၊ ကရဓာတ်၊ ဤဝိဘတ်ဖြင့် "ဗျာကာသိ" ဟု ပြီးသည်။အသမဿ၊ ပြိုင်ဘက်ရည်တူ ရှိတော်မမူသော။ မဟေသိနော၊ မြတ်သော ဣသိဖြစ်တော်မူသော ဒီပင်္ကရာမြတ်စွာဘုရား၏။ ဣဒံ ဝစနံ၊ ဤစကားတော်ကို။ သုတွာန၊ ကြားရ၍။ နရမရူ၊ လူနတ်တို့သည်။ အယံ၊ ဤရသေ့သည်။ ဗုဒ္ဓဗီဇံ ကိရ၊ ဘုရားမျိုးစေ့ဖြစ်သတတ်၊ (ဘုရားလောင်းဖြစ်သတတ်၊) ဣတိ၊ ဤသို့ပြော၍။ အာမောဒိတာ၊ လွန်စွာ ဝမ်းမြောက်ကြကုန်သည်၊ (ဟောန္တိ)။
(နရမရူနံ- လူနတ်တို့၏၊) ဥက္ကုဋ္ဌိသဒ္ဒါ၊ ကြွေးကြော်သံတို့သည်။ ဝတ္တန္တိ၊ ဖြစ်ကုန်၏။ အပ္ပောဋေန္တိ၊ လက်ပန်းပေါက်လည်း ခတ်ကြကုန်၏၊ (လက်ခမောင်းလည်း ခတ်ကြကုန်၏၊) သဟန္တိ စ၊ ရွှင်ရွှင်ပျပျ ပြုံးလည်းပြုံး ရယ်လည်းရယ်ကြကုန်၏။ သဒေဝကာ၊ နတ်ဗြဟ္မာနှင့်တကွ ဖြစ်ကုန်သော။ ဒသသဟဿီ၊ တစ်သောင်းသော လောကဓာတ်တို့သည်။ ကတဉ္ဇလီ၊ ပြုအပ်သော လက်အုပ်ရှိကုန်သည်၊ (ဟုတွာ)။ နမဿန္တိ၊ ရှိခိုးကြကုန်၏။
လောကနာထဿ၊ သတ္တလောက၏ ကိုးကွယ်ရာ ဖြစ်တော်မူသော။ ဣမဿ၊ ဤဒီပင်္ကရာမြတ်စွာဘုရား၏။ သာသနံ၊ အဆုံးအမ သြဝါဒကို။ ယဒိ ဝိရဇ္ဈိဿာမ၊ အကယ်၍ မဂ်ဖိုလ်မရ ချွတ်ချော်ကြကုန်အံ့၊ (အကယ်၍ မမှီကုန်အံ့၊ ဧဝံ သတိ- ဤသို့ဖြစ်လသော်၊) အနာဂတမှိ၊ အနာဂတ်ဖြစ်သော။ အဒ္ဓါနေ၊ ကာလ၌။ ဣမံ [ဝါ] ဣမဿ၊ ဤရှင်ရသေ့၏။ သမ္မုခါ၊ မျက်မှောက်တို့သည်။ ဟေဿာမ၊ ဖြစ်ကြရကုန်တော့အံ့။
၆။ ရှေးနိဿယ၌ "ဟေဿာမ- ဖြစ်ရလိုကုန်၏" ဟု ပတ္ထနာအနက်ပေး၏၊ ထိုအနက်မျိုးကို ဘဝိဿန္တီဝိဘတ်က ဟော မဟော စဉ်းစားပါ။မနုဿာ၊ လူတို့သည်။ နဒိံ၊ မြစ်ကို။ တရန္တာ၊ ကူးကုန်လသော်။ ပတိတိတ္ထံ၊ ရှေးရှုဆိပ်ကမ်းကို။ ဝိရဇ္ဈိယ၊ ချွတ်ချော်၍။ ဟေဋ္ဌာတိတ္ထေ၊ အောက်ဆိပ်ကမ်း၌၊ ဝါ- အောက်ဆိပ်ကမ်းကို။ ဂဟေတွာန၊ ယူ၍။ မဟာနဒိံ၊ မြစ်ကြီးကို။ ဥတ္တရန္တိ ယထာ၊ ကူးမြောက်ကုန်သကဲ့သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ သဗ္ဗေ၊ အလုံးစုံကုန်သော။ မယံ၊ ငါတို့သည်။ ဣမံ ဇိနံ၊ ဤဒီပင်္ကရာမြတ်စွာဘုရားကို။ ယဒိ မုဉ္စာမ၊ အကယ်၍ လွှတ်လိုက်ရကုန်အံ့၊ (ဧဝံ သတိ- ဤသို့ဖြစ်လသော်၊) အနာဂတမှိ၊ ပေ။ ဟေဿာမ၊ ဖြစ်ကြရကုန်တော့အံ့။
အာဟုတီနံ၊ ပူဇော်သက္ကာရတို့ကို။ ပဋိဂ္ဂဟော၊ ခံယူတော်မူသော။ ဒီပကင်္ရော၊ ဒီပင်္ကရာ။ လောကဝိဒူ၊ လူနတ်လောကကို သိတော်မူသောဘုရားသည်။ မေ၊ ငါ၏။ ကမ္မံ၊ တံတားခင်းကြောင်း ကောင်းမှုကို၊ ဝါ- တံတားခင်းကြောင်း ကောင်းမှု၏အကျိုးကို။ ပကိတ္တေတွာ၊ မိန့်မြွက်တော်မူပြီး၍၊ ဝါ- ဗျာဒိတ်ပေးတော်မူပြီး၍။ ဒက္ခိဏံ ပါဒံ၊ လကျာ်ခြေတော်ကို။ ဥဒ္ဓရိ၊ ကြွမြှောက်တော်မူပြီ။
တတ္ထ၊ ထိုဗျာဒိတ်ပေးတော်မူရာ အရပ်၌။ ယေ ဇိနပုတ္တာ၊ အကြင် ဘုရားသားတော် ဖြစ်ကြသော ရဟန္တာပုဂ္ဂိုလ်တို့သည်။ အာသုံ၊ ရှိကုန်ပြီ။ သဗ္ဗေ၊ အလုံးစုံကုန်သော။ တေ၊ ထိုဘုရားသားတော် ဖြစ်ကြသော ရဟန္တာပုဂ္ဂိုလ်တို့သည်။ မံ၊ ငါ့ကို။ ပဒက္ခိဏံ၊ အမြတ်တနိုး။ အကံသု၊ ပြုကြကုန်ပြီ။
၇။ ဤနေရာ၌ ၄ သိန်းကုန်သော ရဟန္တာတို့သည် လကျာ်ရစ် လှည့်ပတ်၍မဖြစ်နိုင်၊ ထို့ကြောင့် "ပဒက္ခိဏသဒ္ဒါ မြတ်မြတ်နိုးနိုး လေးလေးစားစားဟူသော အနက်ကိုဟော၏" ဟု ယူပါ။နရာ၊ လူတို့သည်လည်းကောင်း။ နာဂါ စ၊ နဂါးတို့သည်လည်းကောင်း။ ဂန္ဓဗ္ဗာ စ၊ ဂန္ဓဗ္ဗနတ်တို့သည်လည်းကောင်း။ အဘိဝါဒေတွာ၊ အလွန်ရိုသေစွာ ရှိခိုးပြီး၍။ ပက္ကမုံ၊ ဖဲသွားကြကုန်ပြီ။
သသံဃေ၊ နောက်လိုက်နောက်ပါ သံဃာတော်နှင့်တကွဖြစ်သော။ လောကနာယကေ၊ သတ္တလောက၏ ရှေ့ဆောင်လမ်းပြ နာယကဖြစ်တော်မူသော ဒီပင်္ကရာမြတ်စွာဘုရားသည်။ မေ၊ ငါ၏။ ဒဿနံ၊ မြင်ခြင်းကို၊ ဝါ- မြင်လောက်ရာအရပ်ကို။ အတိက္ကန္တေ၊ လွန်တော်မူလသော်။ တဒါ၊ လွန်တော်မူရာ ထိုအခါ၌၊ (အဟံ- ငါသည်၊) ဟဋ္ဌတုဋ္ဌေန၊ ရွှင်လန်းနှစ်သက်သော။ စိတ္တေန၊ စိတ်ဖြင့်။ အာသနာ၊ ညွန်ပျောင်းနေရာမှ။ ဝုဋ္ဌဟိံ၊ ထခဲ့ပြီ။
တဒါ၊ ဗျာဒိတ်စကား ကြားနာရရာ ထိုအခါ၌၊ (အဟံ- ငါသည်၊) သုခေန၊ သုခဖြင့်။ သုခိတော၊ လွန်စွာဖြစ်သော ချမ်းသာခြင်းရှိသည်၊
၈။ သဉ္ဇာတအဿ အနက်၌ ဣတပစ္စည်းသက်။ပါမောဇ္ဇေန၊ ပါမောဇ္ဇဖြင့်။ ပမောဒိတော၊ လွန်စွာဖြစ်သော ဝမ်းမြောက်ခြင်းရှိသည်။ ဟောမိ၊ ဖြစ်၏။ ပီတိယာ စ၊ ပီတိဖြင့်လည်း။ အဘိဿန္နော၊ လွန်စွာစိုစွတ်သည်၊ (ဟုတွာ- ဖြစ်၍၊) ပလ္လင်္ကံ၊ ထက်ဝယ်တင်ပလ္လင်ကို။ အာဘုဇိံ၊ ဖွဲ့ခွေပြီ။
တဒါ၊ ဗျာဒိတ်တော်စကား ကြားနာပြီးရာ ထိုအခါ၌။ အဟံ၊ ငါသည်။ ပလ္လင်္ကေန၊ ထက်ဝယ်တင်ပလ္လင်ဖြင့်။ နိသီဒိတွာ၊ ထိုင်၍။ ဧဝံ၊ ဤသို့။ စိန္တေသိံ၊ ကြံစည်ခဲ့ပြီ၊ (ကိံ- အဘယ်သို့ ကြံစည်ခဲ့သနည်း၊) အဟံ၊ ငါသည်။ ဈာနေ၊ ဈာန်အရာ၌။ ဝသီဘူတော၊ စွမ်းရည်သတ္တိရှိသည်၏ အဖြစ်သို့ ရောက်သည်၊ (အမှိ- ဖြစ်၏၊) အဘိညာသု၊ အဘိညာဉ်တို့၌။ ပါရမိံ၊ တစ်ဖက်ကမ်းခတ်၊ အဆုံးတိုင် သိတတ်သောဉာဏ်သို့။ ဂတော၊ ရောက်ပြီးသည်၊ (အမှိ- ဖြစ်၏။)
ဒသသဟဿိလောကမှိ၊ တစ်သောင်းသော လောကဓာတ်၌။ မေ၊ ငါနှင့်။ သမာ၊ တန်းတူကုန်သော။ ဣသယော၊ ရသေ့တို့သည်။ နတ္ထိ၊ မရှိကုန်။
၉။ ဗုဒ္ဓဝင်အဋ္ဌကထာ၌ "သဟဿိယမှိ လောကမှိ" ဟု ရှိ၏၊ "ဒသသဟဿိယံ" ဟုလည်း အဋ္ဌကထာဖွင့်၏။ဣဒ္ဓိဓမ္မေသု၊ ဣဒ္ဓိဝိဓစသည်အပြား၊ တန်ခိုးဣဒ္ဓိပါဒ်တရားတို့၌။ အသမော၊ အခြားရသေ့တို့နှင့် မတူသည်၊ (ဟုတွာ- ဖြစ်၍၊) ဤဒိသံ၊ ဤကဲ့သို့ ရှုအပ်သော။ သုခံ၊ ဗျာဒိတ်တော်စကားကို ကြားနာရခြင်းကြောင့် ဖြစ်သောသုခကို။ အလဘိံ၊ ရပြီ၊ (ဣတိ- ဤသို့၊ စိန္တေသိံ- ကြံစည်စဉ်းစားခဲ့ပြီ။)
၁၀။ ဣဒ္ဓိဓမ္မေသုအရ လောကီအဘိညာဉ်ငါးပါးကို ဗုဒ္ဓဝင်အဋ္ဌကထာဖွင့်သည်။မယှံ၊ ငါ၏။ ပလ္လင်္ကဘုဇေန၊ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေရာအခါ၌။ ဒသသဟဿိဝါသိနော၊ တစ်သောင်းသော လောကဓာတ်၌ နေကုန်သော ဗြဟ္မာတို့သည်။ ဓုဝံ ဗုဒ္ဓေါ ဘဝိဿတီတိ၊ မချွတ်ဧကန်၊ အမှန်စင်စစ်၊ ဘုရားဖြစ်ပါလိမ့်မည်ဟူ၍။ မဟာနာဒံ၊ ကျယ်စွာသောအသံကို။ ပဝတ္တေသုံ၊ ဖြစ်စေကြကုန်ပြီ။... (ကသ္မာ- အဘယ်ကြောင့်၊ ဓုဝံ ဗုဒ္ဓေါ ဘဝိဿတီတိ- မချွတ်ဧကန်၊ အမှန်စင်စစ်၊ ဘုရားဖြစ်လတ္တံ့နည်း၊ ယသ္မာ- ကြောင့်၊) ပုဗ္ဗေ၊ ရှေးအခါ၌။ ဗောဓိသတ္တာနံ၊ နိယတဗျာဒိတ်ရသော ဘုရားအလောင်းတို့၏။ ပလ္လင်္ကဝရမာဘုဇေ၊ မြတ်သော ထက်ဝယ်တင်ပလ္လင်ကို ဖွဲ့ခွေရာအခါ၌။ ယာ (ယာနိ) နိမိတ္တာနိ၊ အကြင် အတိတ်နိမိတ်တို့သည်။ ပဒိဿန္တိ၊ ထင်ရှားကုန်၏။ တာနိ (နိမိတ္တာနိ)၊ ထိုအတိတ်နိမိတ်တို့သည်။ အဇ္ဇ၊ ယနေ့။ ပဒိဿရေ၊ ထင်ရှားပါကုန်၏၊ (တသ္မာ- ထို့ကြောင့်၊ တွံ- အရှင်သုမေဓာသုခမိန်သည်၊ ဓုဝံ- မချွတ်ဧကန်၊ အမှန်စင်စစ်၊ ဗုဒ္ဓေါ- ဘုရားသည်၊ ဘဝိဿတိ- ဖြစ်ပါလိမ့်မည်၊ ဣတိ- ဤသို့၊ ဇာနာမ- သိရပါကုန်၏။)
(အမ္ဘော သုမေဓပဏ္ဍိတ- အို သုမေဓာသုခမိန်၊ ပုဗ္ဗေ ဗောဓိသတ္တာနံ ပလ္လင်္ကဝရမာဘုဇေ၊) သီတံ၊ အချမ်းသည်။ ဗျပဂတံ၊ ကင်းသည်။ ဟောတိ၊ ဖြစ်ပါ၏။ ဥဏှဉ္စ၊ အပူသည်လည်း။ ဥပသမ္မတိ၊ ငြိမ်းအေးပါ၏။ တာနိ၊ ထိုအချမ်းကင်းခြင်း၊ အပူငြိမ်းခြင်းတို့သည်။ အဇ္ဇ၊ ယနေ့။ ပဒိဿန္တိ၊ ထင်ရှားပါကုန်၏၊ (တသ္မာ- ကြောင့်၊ တွံ- အရှင်သုမေဓာသုခမိန်သည်၊) ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။ ဣတိ ဇာနာမ။
၁၁။ "ဘဝိဿသိ" ဟု တုမှယောဂဖြင့် ဆိုသောကြောင့် "အမ္ဘော သုမေဓပဏ္ဍိတ" ဟု အာလုပ်ထည့်၍ အနက်ပေးကြသည်။(အမ္ဘော သုမေဓပဏ္ဍိတ၊ ပုဗ္ဗေ ဗောဓိသတ္တာနံ ပလ္လင်္ကဝရမာဘုဇေ)။ ဒသသဟဿီ၊ တစ်သောင်းအတိုင်းအရှည်ရှိကုန်သော။ လောကဓာတု၊ လောကဓာတ်တို့သည်။ နိဿဒ္ဒါ၊ အသံမဲ့တုံ၊ တိတ်ဆိတ်ကုန်သည်။ နိရာကုလာ၊ အနှောင့်အယှက်မရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ပါကုန်၏။ တာနိ၊ ထိုတစ်သောင်းသော လောကဓာတ်တို့၏ အသံတိတ်ခြင်း၊ အနှောင့်အယှက်မရှိခြင်းတို့သည်။ အဇ္ဇ၊ ယနေ့။ ပဒိဿန္တိ၊ တသ္မာ တွံ ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ၊ ဣတိ ဇာနာမ။
(အမ္ဘော သုမေဓပဏ္ဍိတ- အို သုမေဓာသုခမိန်၊ ပုဗ္ဗေ ဗောဓိသတ္တာနံ ပလ္လင်္ကဝရမာဘုဇေ)။ မဟာဝါတာ၊ ပြင်းထန်သော လေတို့သည်။ န ဝါယန္တိ၊ မတိုက်ခတ်ပါကုန်၊
၁၂။ ရှေးနိဿယ၌ "မဟာဝါတာ- လေမုန်တိုင်းတို့သည်၊ နဝါယန္တိ- မလာကုန်" ဟု ပေး၏၊ ခတ်ပြင်းပြင်းလာသောလေဟူသမျှ၏ မလာခြင်းကို ဆိုလိုရင်းဖြစ်သည်၊ ညင်းညင်းသာသာလေကား လာသေးသည်သာ။သဝန္တိယော၊ မြစ်တို့သည်။ န သန္ဒန္တိ၊ မစီးပါကုန်။ တာနိ၊ ထိုလေမတိုက်ခြင်း၊ မြစ်ရေမစီးခြင်းတို့သည်။ အဇ္ဇ [ပဒိဿန္တိ၊ တသ္မာ တွံ ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ၊ ဣတိ ဇာနာမ]။
(အမ္ဘော သုမေဓပဏ္ဍိတ)။ တာဝဒေ၊ နိယတဗျာဒိတ်ရသော ရှေးဘုရားလောင်းတို့၏ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေရာထိုအခါ၌။ ထလဇာ၊ ကုန်း၌ဖြစ်ကုန်သော၊ (ပုပ္ဖာ- ပန်းတို့သည်လည်းကောင်း၊) ဒကဇာ၊ ရေ၌ဖြစ်ကုန်သော။ ပုပ္ဖာ၊ ပန်းတို့သည်လည်းကောင်း။ သဗ္ဗေ၊ အလုံးစုံသော ပန်းတို့သည်။ ပုပ္ဖန္တိ၊ ပွင့်ကြကုန်၏။ တေ ပိ၊ ထိုကုန်းပန်းရေပန်းတို့သည်လည်း။ အဇ္ဇ၊ ယနေ့။ သဗ္ဗေ၊ အလုံးစုံတို့သည်။ ပုပ္ဖိတာ၊ လွန်စွာဖြစ်သော အပွင့်ရှိကုန်၏၊ (တသ္မာ တွံ)၊ ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ၊ ဣတိ ဇာနာမ။
(အမ္ဘော သုမေဓပဏ္ဍိတ)။ တာဝဒေ၊ ၌။ လတာ ဝါ၊ နွယ်ပင်တို့သည်လည်းကောင်း၊ ယဒိ- ထိုမှတစ်ပါး။ ရုက္ခာ ဝါ၊ နွယ်မှအခြားသော သစ်ပင်တို့သည်လည်းကောင်း။ ဖလဘာရာ၊ အသီးတည်းဟူသော ဝန်ရှိကုန်သည်၊ (အသီးသီးကုန်သည်၊) ဟောန္တိ၊ ဖြစ်ပါကုန်၏၊
၁၃။ "ဖလဓာရာ" ဟုလည်း ရှိ၏၊ "အသီးကိုဆောင်ကုန်သည်" ဟု ပေး။တေ ပိ၊ ထိုနွယ်ပင်၊ သစ်ပင်တို့သည်လည်း။ အဇ္ဇ၊ ယနေ့။ သဗ္ဗေ၊ အလုံးစုံတို့သည်။ ဖလိတာ၊ လွန်စွာဖြစ်သော အသီးရှိပါကုန်၏၊ (တသ္မာ တွံ)၊ ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ၊ ဣတိ ဇာနာမ။
(အမ္ဘော သုမေဓပဏ္ဍိတ)။ တာဝဒေ၊ ၌။ အာကာသဋ္ဌာ၊ ကောင်းကင်၌ တည်ကုန်သော၊ (ရတနာ စ- ရတနာတို့သည်လည်းကောင်း။ ဘူမဋ္ဌာ၊ မြေ၌တည်ကုန်သော၊ ရတနာ စ- တို့သည်လည်းကောင်း၊) ဇောတန္တိ၊ ပြောင်ပြောင်ဝင်းဝင်း ထွန်းလင်းပါကုန်၏။ တေ ပိ ရတနာ၊ ထိုရတနာတို့သည်လည်း။ အဇ္ဇ၊ ယနေ့။ ဇောတန္တိ၊ [ထွန်းလင်းပါ]ကုန်၏၊ (တသ္မာ တွံ)၊ ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ၊ ဣတိ ဇာနာမ။
၁၄။ တေပိ ရတနာတို့ကို လိင်္ဂဝိပ္ပလ္လာသကြံပါ။(အမ္ဘော သုမေဓပဏ္ဍိတ၊) တာဝဒေ၊ ၌။ မာနုသိကာ၊ [လူ၌ဖြစ်]ကုန်သော။ တူရိယာ စ၊ တူရိယာတို့သည်လည်းကောင်း။ ဒိဗ္ဗာ၊ [နတ်၌ဖြစ်]သော။ တူရိယာ စ၊ တို့သည်လည်းကောင်း။ ဝဇ္ဇန္တိ၊ မြည်ပါကုန်၏။ ဥဘော၊ ၂ မျိုးကုန်သော။ တေ ပိ၊ ထိုတူရိယာတို့သည်လည်း။ အဇ္ဇ။ အဘိရဝန္တိ၊ လွန်စွာမြည်ပါကုန်၏၊ (တသ္မာ တွံ)၊ ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ၊ ဣတိ ဇာနာမ။
၁၅။ သက္ကတ၌ "တူရ-ဟိံသေ" ဟူသောဓာတ်၊ ယတ်ပစ္စည်းဖြင့် "တူရ်ယျ" ဟု ရှိ၏။(အမ္ဘော သုမေဓပဏ္ဍိတ)။ တာဝဒေ၊ ၌။ ဝိစိတ္တပုပ္ဖာ၊ ဆန်းကြယ်သော ပန်းတို့သည်။ ဂဂန [တော]- ကောင်းကင်မှ။ အဘိဝဿန္တိ၊ ရွာချပါကုန်၏။ တေ ပိ၊ ထိုဆန်းကြယ်သော ပန်းတို့သည်လည်း။ အဇ္ဇ။ ပဝဿန္တိ၊ ရွာချပါကုန်၏၊ (တသ္မာ တွံ)၊ ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ၊ ဣတိ ဇာနာမ။
(အမ္ဘောသုမေဓပဏ္ဍိတ၊ တာဝဒေ၊) မဟာသမုဒ္ဒေါ၊ မဟာသမုဒ္ဒရာသည်။ အာဘုဇတိ၊ လကျာ်ရစ်လည်ပါ၏၊ ဝါ-နောက်သို့ပြန်လည်ပါ၏။ ဒသသဟဿီ၊ တစ်သောင်းအတိုင်းအရှည်ရှိသောလောကဓာတ်သည်။ ပကမ္ပတိ၊ ပြင်းစွာတုန်လှုပ်ပါ၏။ ဥဘော၊ ၂ မျိုးကုန်သော။ တေပိ၊ ထိုမဟာသမုဒ္ဒရာ, တစ်သောင်းသောလောကဓာတ်တို့သည်လည်း။ အဇ္ဇ။ အဘိရဝန္တိ၊ လွန်စွာမြည်ပါကုန်၏၊ (တသ္မာ တွံ)။ ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။ ဣတိ ဇာနာမ။ ဟအာဘုဇတီတိ ဩသက္ကတိ-နောက်သို့ဆုတ်ပါ၏, နောက်သို့ပြန်၍စီးပါ၏၊-ဗုဒ္ဓဝံသဋ္ဌ။
(အမ္ဘောသုမေဓပဏ္ဍိတ)၊ တာဝဒေ-၌။ ဒသသဟဿေ၊ တစ်သောင်းအတိုင်းအရှည်ရှိသောလောကဓာတ်၌။ နိရယေ နိရယေသုပိ၊ ငရဲတို့၌လည်းကောင်း။ အဂ္ဂီ၊ မီးတို့သည်။ နိဗ္ဗန္တိ၊ ငြိမ်းပါကုန်၏။ တေပိ အဂ္ဂီ၊ ထိုမီးတို့သည်လည်း။ အဇ္ဇ။ နိဗ္ဗုတာ၊ ငြိမ်းကြပါကုန်ပြီ၊ (တသ္မာ တွံ)။ ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။ ဣတိ ဇာနာမ။
(အမ္ဘောသုမေဓပဏ္ဍိတ)၊ တာဝဒေ။ သူရိယော၊ နေသည်။ ဝိမလော၊ ဆီးနှင်းမြူခိုး, ရာဟုမိုးဟု, ငါးမျိုးသောအညစ်အကြေးမရှိသည်။ ဟောတိ၊ ဖြစ်ပါ၏။ သဗ္ဗာ၊ အလုံးစုံကုန်သော။ တာရကာ၊ ကြယ်တာရာတို့သည်။ ဒိဿန္တိ၊ ထင်ရှားပါကုန်၏။ တာပိ၊ ထိုနေ, ကြယ်တာရာတို့သည်လည်း။ အဇ္ဇ၊ ၌။ ပဒိဿန္တိ၊ ထင်ရှားကုန်၏၊ (တသ္မာ တွံ)။ ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။ ဣတိ ဇာနာမ။
(အမ္ဘောသုမေဓပဏ္ဍိတ)၊ တာဝဒေ-၌။ အနောဝဋ္ဌေန၊ မိုးမစွတ်အပ်ဘဲလျက်၊ (တစ်နည်း) အနောဝဋ္ဌေပိ၊ မိုးမစွတ်အပ်ပါသော်လည်း။ ဥဒကံ၊ ရေသည်။ မဟိယာ၊ မြေမှ။ ဥဗ္ဘိဇ္ဇိ၊ ဖောက်ထွက်ပါပြီ။ တမ္ပိ၊ ထိုရေသည်လည်း။ အဇ္ဇ၊ ၌။ မဟိယာ၊ မြေမှ။ ဥဗ္ဘိဇ္ဇတေ၊ ဖောက်ထွက်ပါ၏၊ (တသ္မာ တွံ)။ ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။ ဣတိ ဇာနာမ။ ဟအနောဝဋ္ဌေနာတိ အနောဝဋ္ဌေ၊ ဘုမ္မတ္ထေ ကရဏဝစနံ၊ အထဝါ အနောဝဋ္ဌေတိ အနဘိဝဋ္ဌေပိ၊ နာတိ နိပါတမတ္တံ, သုတွာန ဒူတဝစနန္တိ အာဒီသု ဝိယ၊ သုတွာန၌ နအက္ခရာသည် အနက်မရှိသော နိပါတ်ဖြစ်သကဲ့သို့တည်း၊-ဗုဒ္ဓဝံသအဋ္ဌကထာ၊၊
(အမ္ဘောသုမေဓပဏ္ဍိတ)၊ တာဝဒေ။ ဂဂနမဏ္ဍလေ၊ ကောင်းကင်အဝှမ်း၌။ တာရာဂဏာ၊ ကြယ်တာရာအပေါင်းတို့သည်လည်းကောင်း။ နက္ခတ္တာ၊ ၂၇ လုံးသောနက္ခတ်တို့သည်လည်းကောင်း။ ဝိရောစန္တိ၊ တင့်တယ်ပါကုန်၏။ ဝိသာခါ၊ ဝိသာခါနက္ခတ်သည်။ စန္ဒိမယုတ္တာ၊ လနှင့်ယှဉ်ပါ၏၊ (အဇ္ဇပိ၊ ယနေ့၌လည်း။ ဂဂနမဏ္ဍလေ တာရာဂဏာ နက္ခတ္တာ ဝိရောစန္တိ။ ဝိသာခါ စန္ဒိမယုတ္တာ၊ လနှင့်ယှဉ်ပါ၏၊) (တသ္မာ တွံ)။ ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။ ဣတိ ဇာနာမ။ ဟဤကဲ့သို့ အပြည့်အစုံထည့်၍ပေးမှ ရှေးကဖြစ်ခဲ့ဖူးသော အတိတ်နိမိတ်နှင့်တူကြောင်း ထင်ရှားသည်၊ ထိုအတိတ်နိမိတ်ဟူသည်လည်း ရှေးအတိတ်ကဖြစ်ခဲ့သော အမှတ်အသားပင်တည်း။
(အမ္ဘောသုမေဓပဏ္ဍိတ၊ တာဝဒေ)။ ဗိလာသယာ၊ တွင်းဟူသော နေရာရှိသောမြွေ, မြွေပါအစရှိသော သတ္တဝါတို့သည်လည်းကောင်း။ ဒရီသယာ၊ ချောက်ဟူသော နေရာရှိသောသစ်, ကျားအစရှိသော သတ္တဝါတို့သည်လည်းကောင်း။ သကာသယာ၊ မိမိတို့၏နေရာမှ။ နိက္ခမန္တိ၊ ထွက်ပါကုန်၏။ တေပိ၊ ထိုတွင်းအောင်း, ချောက်အောင်းသတ္တဝါတို့သည်လည်း။ အဇ္ဇ၊ ၌။ အာသယာ၊ မိမိတို့နေရာမှ။ ဆုဒ္ဓါ၊ ထွက်ပါကုန်၏၊ (တသ္မာ တွံ)။ ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။ ဣတိ ဇာနာမ။
(အမ္ဘောသုမေဓပဏ္ဍိတ၊ တာဝဒေ-၌၊) သတ္တာနံ၊ သတ္တဝါတို့၏။ အရတိ၊ မမွေ့မလျော်, မပျော်ပိုက်ခြင်းသည်။ န ဟောတိ၊ မဖြစ်ပါ။ သန္တုဋ္ဌာ၊ ဝမ်းမြောက်ရွှင်ပြ, နှစ်သက်ကြကုန်သည်။ ဟောန္တိ၊ ဖြစ်ပါကုန်၏။ တေပိ၊ ထိုသတ္တဝါတို့သည်လည်း။ အဇ္ဇ၊ ယနေ့။ သဗ္ဗေ၊ အလုံးစုံတို့သည်။ သန္တုဋ္ဌာ၊ ဝမ်းမြောက်ရွှင်ပျ, နှစ်သက်ကြပါကုန်၏၊ (တသ္မာ တွံ)။ ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။ ဣတိ ဇာနာမ။
(အမ္ဘောသုမေဓပဏ္ဍိတ)။ တဒါ၊ နိယတဗျာဒိတ်ရသော ရှေးဘုရားလောင်းတို့၏ ထက်ဝယ်ဖွဲ့ခွေထိုင်နေရာ ထိုအခါ၌။ ရောဂါ၊ အနာရောဂါတို့သည်။ ဥပသမ္မန္တိ၊ ငြိမ်းပျောက်ပါကုန်၏။ ဇိဃစ္ဆာ စ၊ မွတ်သိပ်ဆာလောင်ခြင်းသည်လည်းကောင်း။ ဝိနဿတိ၊ ကင်းပျောက်ပါ၏။ တာနိပိ၊ ထိုရောဂါငြိမ်းခြင်း, မွတ်သိပ်ဆာလောင်ကင်းခြင်းဟူသော အတိတ်နိမိတ်တို့သည်လည်း။ အဇ္ဇ။ ပဒိဿန္တိ၊ (တသ္မာ တွံ)။ ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။ ဣတိ ဇာနာမ။ ... (အမ္ဘောသုမေဓပဏ္ဍိတ)။ တဒါ၊ ၌။ ရာဂေါ၊ ရာဂသည်။ တနု၊ နည်းပါးသည်။ ဟောတိ။ ဒေါသော၊ ဒေါသသည်လည်းကောင်း။ မောဟော၊ မောဟသည်လည်းကောင်း။ ဝိနဿတိ၊ ကင်းပျောက်ပါ၏။ တေပိ၊ ထိုရာဂဒေါသမောဟတို့သည်လည်း။ အဇ္ဇ။ သဗ္ဗေ၊ တို့သည်။ ဝိဂတာ၊ ကင်းပါကုန်၏၊ (တသ္မာ တွံ)။ ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။ ဣတိ ဇာနာမ။
(အမ္ဘောသုမေဓပဏ္ဍိတ၊) တဒါ၊ ၌၊ (သတ္တာနံ-သတ္တဝါတို့၏၊) ဘယံ၊ ကြောက်ခြင်းသည်။ န ဘဝတိ၊ မဖြစ်ပါ။ အဇ္ဇပိ၊ ယနေ့၌လည်း။ ဧတံ၊ ဤကြောက်ခြင်း၏မဖြစ်ခြင်းသည်။ ပဒိဿတိ၊ ထင်ရှားပါ၏။ တေန လိင်္ဂေန၊ ထိုအမှတ်အသားကြောင့်၊ ဝါ-ထိုအကြောင်းကြောင့်၊ (တွံ)။ ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။ ဣတိ ဇာနာမ။
(အမ္ဘောသုမေဓပဏ္ဍိတ, တဒါ၊) ရဇော၊ မြူမှုန်သည်။ ဥဒ္ဓံ၊ အထက်သို့။ နုဒ္ဓံသတိ၊ မတက်ပါ၊ ဟဥပုဗ္ဗ+ဓံသုဓာတ် ဂတိအနက်ဟော။ အဇ္ဇပိ, ဧတံ၊ ဤမြူမှုန်၏ မလွင့်တက်ခြင်းဟူသော အတိတ်နိမိတ်သည်။ ပဒိဿတိ။ တေန လိင်္ဂေန (တွံ)။ ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။ ဣတိ ဇာနာမ။
(အမ္ဘောသုမေဓပဏ္ဍိတ တဒါ)။ အနိဋ္ဌဂန္ဓော၊ အလိုမရှိအပ်သော အနံ့သည်၊ ဝါ-မကောင်းသောအနံ့သည်။ ပက္ကမတိ၊ ဖဲသွားပါ၏။ ဒိဗ္ဗဂန္ဓော၊ နတ်၌ဖြစ်သော အနံ့သည်။ ပဝါယတိ၊ ကြိုင်လှိုင်ပါ၏။ သောပိ ဂန္ဓော၊ ထိုကောင်းသောအနံ့သည်လည်း။ အဇ္ဇ။ ဝါယတိ၊ ကြိုင်လှိုင်ပါ၏။ တသ္မာ တွံ ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။ ဣတိ ဇာနာမ။
(အမ္ဘောသုမေဓပဏ္ဍိတ တဒါ)။ အရူပိနော၊ အရူပဗြဟ္မာတို့ကို။ ထပယိတွာ၊ ချန်ထား၍၊ ဟအရူပဗြဟ္မာတို့ကို မမြင်ကောင်းသောကြောင့် ချန်ထားရသည်။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ဒေဝါ၊ နတ်ဗြဟ္မာတို့သည်။ ပဒိဿန္တိ၊ ထင်ရှားပါကုန်၏။ သဗ္ဗေ၊ အလုံးစုံကုန်သော။ တေပိ၊ ထိုနတ်ဗြဟ္မာတို့သည်လည်း။ အဇ္ဇ။ ဒိဿန္တိ၊ ထင်ရှားပါကုန်၏၊ (တသ္မာ တွံ)။ ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။ ဣတိ ဇာနာမ။
(အမ္ဘောသုမေဓပဏ္ဍိတ)။ ယာဝတာ၊ အကြင်မျှအတိုင်းအရှည်ရှိကုန်သော။ နိရယာ နာမ၊ ငရဲတို့မည်သည်၊ (သန္တိ)။ သဗ္ဗေ၊ အလုံးစုံကုန်သော ငရဲတို့သည်။ တာဝဒေ၊ ၌။ ဒိဿန္တိ။ သဗ္ဗေ၊ အလုံးစုံကုန်သော။ တေပိ၊ ထိုငရဲတို့သည်လည်း။ အဇ္ဇ။ ဒိဿန္တိ၊ (တသ္မာ တွံ)။ ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။ ဣတိ ဇာနာမ။
(အမ္ဘောသုမေဓပဏ္ဍိတ)။ တဒါ။ ကုဋ္ဋ၊ နံရံတို့သည်လည်းကောင်း။ ကဝါဋာ၊ တံခါးရွက်တို့သည်လည်းကောင်း။ သေလာ စ၊ ကျောက်တောင်တို့သည်လည်းကောင်း။ အာဝရဏာ၊ ဆီးတားကွယ်ကာကုန်သည်။ န ဟောန္တိ။ တေပိ၊ ထိုနံရံ, တံခါးရွက်, ကျောက်တောင်တို့သည်လည်း။ အဇ္ဇ။ အာကာသဘူတာ၊ ဟင်းလင်းအပြင်ဖြစ်၍ ဖြစ်ပါကုန်၏။ တသ္မာ တွံ ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။ ဣတိ, ဇာနာမ။ ဟအာဝရဏာနေရာဝယ် ဂဏ္ဌိ၌ "အာဝရဏံ" ဟု ဧကဝုစ်ရှိ၏။
(အမ္ဘောသုမေဓပဏ္ဍိတ)။ တသ္မိံ ခဏေ၊ နိယတဗျာဒိတ်ရသော ရှေးဘုရားလောင်းတို့၏ ထက်ဝယ်ဖွဲ့ခွေထိုင်နေရာ ထိုခဏ၌။ စုတီ စ၊ စုတေခြင်းသည်လည်းကောင်း။ ဥပပတ္တီ စ၊ ပဋိသန္ဓေနေခြင်းသည်လည်းကောင်း။ န ဝိဇ္ဇတိ၊ မရှိပါ။ တာနိ၊ ထိုစုတိပဋိသန္ဓေမရှိခြင်းဟူသော အတိတ်နိမိတ်တို့သည်။ အဇ္ဇ ပဒိဿန္တိ။ တသ္မာ တွံ ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ။ ဣတိ ဇာနာမ။ ဟတီ, တ္တီတို့၌ ဆန်းကြောင့် ဒီဃ။
(အမ္ဘောသုမေဓပဏ္ဍိတ)။ ဝီရိယံ၊ ဝီရိယကို။ ဒဠှံ၊ ခိုင်မြဲစွာ။ ပဂ္ဂဏှ၊ ချီးမြှောက်ပါလော။ မာ နိဝတ္တ၊ နောက်သို့မဆုတ်ပါလင့်။ အဘိက္ကမ၊ ရှေ့သို့တိုးတက်ပါလော။ မယမ္ပိ၊ အကျွန်ုပ်တို့သည်လည်း။ ဧတံ၊ ဤအမှန်စင်စစ် ဘုရားဖြစ်မည့်အကြောင်းကို။ ဝိဇာနာမ၊ သိကြပါကုန်၏။ ဓုဝံ ဗုဒ္ဓေါ ဘဝိဿသိ၊ (ဣတိ၊ ဤသို့။ မဟာနာဒံ၊ ကျယ်စွာသောအသံကို။ ပဝတ္တေသုံ၊ ဖြစ်စေကြကုန်ပြီ။) ဟမယမ္ပိ၌ ပိဖြင့် "ဒီပင်္ကရဘုရားရှင်သာ သဗ္ဗညုတဉာဏ်တော်ဖြင့် သိတော်မူသည်မဟုတ်သေးပါ၊ ကျွန်ုပ်တို့လည်း သိကြပါသည်" ဟုပေါင်းသည်။
ဗုဒ္ဓဿ၊ ဒီပင်္ကရမြတ်စွာဘုရား၏။ ဝစနံ၊ ဗျာဒိတ်စကားတော်ကိုလည်းကောင်း။ ဒသသဟဿီနံ၊ တစ်သောင်းလောကဓာတ်၌ နေကုန်သော သုဒ္ဓါဝါသဗြဟ္မာတို့၏၊ (ဝစနံ၊ စကားကိုလည်းကောင်း၊) ဥဘယံ၊ ၂ ပါးစုံသောစကားကို။ သုတွာ၊ ကြားရ၍။ တဒါ၊ ကြားရရာထိုအခါ၌။ အဟံ၊ သည်။ တုဋ္ဌဟဋ္ဌော၊ နှစ်သက်ရွှင်လန်းသည်။ ပမောဒိတော၊ လွန်စွာဖြစ်သော ဝမ်းမြောက်ခြင်းရှိသည်၊ (ဟုတွာ)။ ဧဝံ၊ ဤသို့။ စိန္တေသိံ၊ ကြံခဲ့ပြီ၊ (ကိံ-အဘယ်သို့ ကြံခဲ့သနည်း၊ "ယာဝတာ ဓမ္မဓာတုယာ" အဆုံးကျမှ ဤကိံအမေးကို ပြန်၍လှည့်။)
ဗုဒ္ဓါ၊ ဘုရားရှင်တို့သည်။ အဒွေဇ္ဈဝစနာ၊ နှစ်ဖြာသောစကားရှိတော်မမူကြကုန်၊ ဝါ-စကားနှစ်ခွ ဆိုတော်မမူကြကုန်။ ဇိနာ၊ ငါးမာရ်အောင်မြင်, ဘုရားရှင်တို့သည်။ အမောဃဝစနာ၊ အနက်မမှီး အချည်းနှီးသောစကား ရှိတော်မမူကြကုန်။ ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။ ဝိတထံ၊ ချွတ်ယွင်းသောစကားသည်။ နတ္ရှိ၊ မရှိနိုင်၊ (တသ္မာ-ထို့ကြောင့်၊) အဟံ၊ သည်။ ဓုဝံ၊ မချွတ်ဧကန်။ ဗုဒ္ဓေါ၊ ဘုရားသည်။ ဘဝါမိ၊ ဖြစ်ရာတော့အံ့။ ဟဒွေဇ္ဈရုပ်ပြီးပုံကို ရူပသိဒ္ဓိဘာသာဋီကာ "ဝိဘာဂေ ဓာစ" သုတ်၌ ပြထားပြီ၊ မဓုဋီကာ၌ကား "ဒွိဓာ+ဘာဝေါ = ဒွေဇ္ဈံ" ဟုပြု၏၊ ဒွိနောင် ဘာဝအနက်၌ ဏျပစ္စည်းသက်၍ ဒွိ၌ ဝုဒ္ဓိပြု၊ ဓျကို ဈပြု၍ ဒွေဘော်လာစေလိုသည်၊ ဒွေဇ္ဈံ+ဝစနံ = ဒွေဇ္ဈဝစနံ၊ နတ္ထိ+ဒွေဇ္ဈဝစနံ ယေသန္တိ အဒွေဇ္ဈဝစနာ၊ "ဘုရားဖြစ်လိမ့်မည်" ဟူသောစကား၌ "ဖြစ်-မဖြစ် ၂ ဖြာမကွဲ, ဧကန်ဖြစ်ရမည်ကို အဒွေဇ္ဈဝစနရှိသည်" ဟုဆိုသည်၊ ဘုရားမဖြစ်လျှင် ထိုစကားသည် (အနက်အဓိပ္ပာယ်မရှိသော) မောဃဝစန ဖြစ်စရာရှိ၏၊ နတ္ထိ+မောဃဝစနံ ယေသန္တိ အမောဃဝစနာ။
နဘေ၊ ကောင်းကင်၌၊ ဝါ-သို့။ ခိတ္တံ၊ ပစ်အပ်သော။ လေဋ္ဋု၊ ခဲသည်။ ဓုဝံ၊ မချွတ်ဧကန်။ ဘူမိယံ၊ မြေ၌။ ပတတိ ယထာ၊ ကျသကဲ့သို့။ တထေဝ၊ ထို့အတူသာလျှင်။ ဗုဒ္ဓသေဋ္ဌာနံ၊ ဘုရားမြတ်တို့၏။ ဝစနံ၊ စကားတော်သည်။ ဓုဝသဿတံ၊ မလွဲဧကန် အမြဲမှန်၏၊ ... အပိ-ဥပမာတစ်မျိုးရှိသေး၏။ သဗ္ဗသတ္တာနံ၊ အလုံးစုံသော သတ္တဝါတို့၏။ မရဏံ၊ သေခြင်းသည်။ ဓုဝသဿတံ၊ မလွဲဧကန် အမြဲမှန်သည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ တထေဝ ဗုဒ္ဓသေဋ္ဌာနံ ဝစနံ ဓုဝသဿတံ။
ရတ္တိက္ခယေ၊ ညဉ့်၏ကုန်ခြင်းသည်။ ပတ္တေ၊ ရောက်လသော်။ သူရိယုဂ္ဂမနံ၊ နေထွက်ခြင်းသည်။ ဓုဝံ ယထာ၊ မြဲသကဲ့သို့။ တထေဝ ဗုဒ္ဓသေဋ္ဌာနံ ဝစနံ ဓုဝသဿတံ၊ ... နိက္ခန္တသယနဿ၊ အိပ်ရာရွှေဂူမှ ထွက်ပြီးသော။ သီဟဿ၊ ကေသရာခြင်္သေ့၏။ နဒနံ၊ မြည်ဟောက်ခြင်းသည်။ ဓုဝံ ယထာ၊ မြဲသကဲ့သို့။ တထေဝ ဗုဒ္ဓသေဋ္ဌာနံ ဝစနံ ဓုဝသဿတံ။
အာပန္နသတ္တာနံ၊ ရောက်သောသတ္တဝါရှိသော (ကိုယ်ဝန်ဆောင်) မိန်းမတို့၏။ ဘာရမောရောပနံ၊ ကိုယ်ဝန်ကိုချရခြင်းသည်၊ (မွေးဖွားရခြင်းသည်၊) ဓုဝံ ယထာ၊ မြဲသကဲ့သို့။ တထေဝ ဗုဒ္ဓသေဋ္ဌာနံ ဝစနံ ဓုဝသဿတံ။ ဟအာပန္နာ+သတ္တာ+ယာသန္တိ အာပန္နသတ္တာ၊ ယာသံ-အကြင်မိန်းမတို့၏၊ အာပန္နာ-ရောက်ကုန်သော၊ သတ္တာ-သတ္တဝါတို့သည်၊ (သန္တိ၊) ဣတိ (တာ) အာပန္နသတ္တာ။
ဟန္ဒ၊ ယခု။ အဟံ၊ သည်။ ဥဒ္ဓံ၊ အထက်အရပ်၌လည်းကောင်း။ အဓော၊ အောက်အရပ်၌လည်းကောင်း၊ (တိရိယံ၊ ဖီလာအရပ်၌လည်းကောင်း၊) ယာဝတာ၊ အကြင်မျှအတိုင်းအရှည်ရှိကုန်သော။ ဒသဒိသာ၊ အရပ်ဆယ်မျက်နှာတို့သည်၊ (သန္တိ-ရှိကုန်၏၊) တာသု၊ ထိုအရပ်ဆယ်မျက်နှာတို့၌။ ဓမ္မဓာတုယာ၊ ဓမ္မဓာတ်၌၊ ဝါ-ဓမ္မဓာတ်ထဲက။ ဗုဒ္ဓကရေ၊ ဘုရားအဖြစ်ကို ပြုတတ်ကုန်သော။ ဓမ္မေ၊ တရားတို့ကို။ ဣတော စိတော၊ ဤမှဤမှ။ ဝိစိနာမိ၊ စူးစမ်းရှာဖွေအံ့၊ (ဣတိ-သို့၊ စိန္တေသိံ-ကြံခဲ့ပြီ၊၊)
တဒါ၊ ကြံစည်ပြီးရာ ထိုအခါ၌။ ဝိစိနန္တော၊ စူးစမ်းရှာဖွေလသော်။ အဟံ၊ ငါသည်။ ပုဗ္ဗကေဟိ၊ ရှေး၌ဖြစ်ကုန်သော။ မဟေသီဟိ၊ မြတ်သောဣသိဖြစ်တော်မူသော ဘုရားအလောင်းတို့သည်။ အနုစိဏ္ဏံ၊ အစဉ်မပြတ် လေ့ကျင့်အပ်သော။ မဟာပထံ၊ လမ်းမကြီးသဖွယ်ဖြစ်သော။ ဒါနပါရမိံ၊ ဒါနပါရမီကို။ ပဌမံ၊ ရှေးဦးစွာ။ အဒက္ခိံ၊ တွေ့မြင်ရပြီ၊ (ဒိသွာ၊ တွေ့မြင်ရ၍။ အတ္တာနံ၊ မိမိကို။ သြဝဒိ၊ ဆုံးမပြီ၊ ကိံ-အဘယ်သို့ ဆုံးမသနည်း၊) ဟဗုဒ္ဓဝံသအဋ္ဌကထာ၌ "ဧဝံ အတ္တနာဝ အတ္တာနံ သြဝဒိ" ဟု နာမယောဂရှိ၏၊ ... (အမ္ဘောသုမေဓ-အမောင်သုမေဓာ၊ တွံ-သည်၊) ဗောဓိံ၊ အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်သို့။ ပတ္တုံ၊ ရောက်ခြင်းငှာ။ ယဒိ ဣစ္ဆသိ၊ အကယ်၍ အလိုရှိအံ့၊ (ဧဝံသတိ-ဤသို့ အလိုရှိလသော်၊) တွံ၊ သည်။ ဣမံ၊ ဤဒါနပါရမီကို။ ပဌမံ၊ ရှေးဦးစွာ။ တာဝ၊ အစဉ်အတိုင်း။ ဒဠှံ၊ မြဲမြံစွာ။ ကတွာ၊ ပြု၍။ သမာဒိယ၊ ဆောက်တည်၍။ ဒါနပါရမိတံ၊ ဒါနပါရမီသို့၊ ဝါ-ကို။ ဂစ္ဆ၊ ရောက်ပါလော၊ ဝါ-ဖြည့်ပါလော။
ယဿ ကဿစိ၊ အမှတ်မထား တစ်ပါးပါးသောအရည်ဖြင့်။ သံပုဏ္ဏော၊ ပြည့်သော။ ကုမ္ဘော၊ အိုးသည်။ အဓော၊ အောက်၌။ ကတော၊ ပြုအပ်သည်၊ (တစ်နည်း) အဓောကတော၊ မှောက်အပ်သည်၊ (သမာနော-ဖြစ်လသော်၊) နိဿေသံ၊ အကြွင်းမရှိအောင်။ ဥဒကံ၊ ရေကို။ ဝမတေ ယထာပိ၊ အံထုတ်သကဲ့သို့။ တတ္ထ၊ ထိုရေ၌။ န ပရိက္ခတိ ယထာ၊ (ထွက်မသွားအောင်) မစောင့်ရှောက်သကဲ့သို့။ တထေဝ၊ ထို့အတူသာလျှင်။ ဟီနမုက္ကဋ္ဌမဇ္ဈိမေ၊ အယုတ်အလတ်အမြတ်ဖြစ်ကုန်သော၊ (မအက္ခရာအာဂုံ၊) ယာစကေ၊ တောင်းရမ်းသူတို့ကို။ ဒိသွာ၊ မြင်ရ၍၊ ဝါ-မြင်ရသည်ရှိသော်။ အဓော၊ အောက်၌။ ကတော၊ ပြုအပ်သော၊ (တစ်နည်း) အဓောကတော၊ မှောက်ထားအပ်သော။ ကုမ္ဘော ဝိယ၊ အိုးကဲ့သို့။ ဒါနံ၊ စွန့်ကြဲပေးကမ်းလှူဒါန်းအပ်သော ပစ္စည်းဝတ္ထုကို။ နိဿေသံ၊ အကြွင်းမရှိအောင်။ ဒဒါဟိ၊ ပေးလှူပါလော၊ (ဣတိ-ဤသို့၊ အတ္တာနံ-မိမိကို၊ သြဝဒိ-ဆုံးမပြီ၊) ဟယဿကဿစီတိ ဥဒကဿဝါ ခီရဿဝါ ယဿ ကဿစိ သမ္ပုဏ္ဏော၊-ဗုဒ္ဓဝင်အဋ္ဌကထာ၊'
ဧတ္တကာ၊ ဤမျှအတိုင်းအရှည်ရှိကုန်သော။ ဧတေယေဝ၊ ဤဒါနပါရမီတရားတို့သည်သာ။ ဗုဒ္ဓဓမ္မာ၊ ဘုရားအဖြစ်ကို ပြုတတ်သောတရားတို့သည်။ န ဘဝိဿရေ၊ ဖြစ်ကုန်လိမ့်မည် မဟုတ်သေး၊ ဟကြံဆသောနေရာဝယ် အနာဂတ်ဝိဘတ်ဖြင့် သုံးရိုးရှိသည်၊' ယေ ဓမ္မာ၊ အကြင်တရားတို့သည်။ ဗောဓိပါစနာ၊ အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်ကို ရင့်သန်စေတတ်ကုန်၏။ အညေပိ၊ ဒါနပါရမီမှ အခြားလည်းဖြစ်ကုန်သော၊ (တေဓမ္မေ-ထိုတရားတို့ကို၊) ဝိစိနိဿာမိ၊ စူးစမ်းရှာဖွေဦးအံ့၊ (ဣတိ-သို့၊ စိန္တေသိံ-ကြံပြီ၊)
တဒါ၊ အကြံဖြစ်ရာထိုအခါ၌။ ဝိစိနန္တော၊ စူးစမ်းရှာဖွေလသော်၊ ဝါ = သော၊ (အဟံ၊ သည်၊) ပုဗ္ဗကေဟိ၊ ကုန်သော။ မဟေသီဟိ၊ မြတ်သောဣသိဖြစ်တော်မူသောဘုရားအလောင်းတို့သည်။ အာသေဝိတနိသေဝိတံ၊ အဖန်ဖန်မှီဝဲအပ်, အမြဲမပြတ်မှီဝဲအပ်သော။ ဒုတိယံ၊ ၂ ပါးမြောက်ဖြစ်သော။ သီလပါရမိံ၊ သီလပါရမီကို။ အဒက္ခိံ၊ မြင်တော်မူရပြီ၊ (ဒိသွာန၊ မြင်ရခြင်းကြောင့်။ အတ္တာနံ၊ မိမိကို။ သြဝဒိ၊ ဆုံးမခဲ့ပြီ။ ကိံ၊ အဘယ်သို့ဆုံးမခဲ့သနည်း၊)... (အမ္ဘောသုမေဓ၊ အမောင်သုမေဓာ။ တွံ၊ သည်၊) ဗောဓိံ၊ သို့။ ပတ္တုံ၊ ရောက်ခြင်းငှာ။ ယဒိဣစ္ဆသိ၊ အံ့၊ (ဧဝံသတိ၊) တွံ၊ သည်။ ဒုတိယံ၊ ၂ ပါးမြောက်ဖြစ်သော။ ဣမံ၊ ဤသီလပါရမီကို။ တာဝ၊ အစဉ်အတိုင်း။ ဒဠှံ၊ မြဲမြံစွာ။ ကတွာ၊ ၍။ သမာဒိယ၊ ဆောက်တည်၍။ သီလပါရမိတံ၊ သို့၊ ဝါ = ကို။ ဂစ္ဆ၊ ရောက်ပါလော၊ ဝါ = ဖြည့်ပါလော။ ယထာပိ၊ ဥပမာမည်သည်ကား။ စမရီ၊ စမရီမည်သောသားကောင်သည်။ ကိသ္မိဥ္စိ၊ တစ်စုံတစ်ခုသောချုံစသည်၌။ ပဋိလဂ္ဂိတံ၊ ငြိနေသော။ ဝါလံ၊ မြီးဆံကို။ ရက္ခတိယထာ၊ စောင့်ရှောက်သကဲ့သို့။ တတ္ထ၊ ထိုငြိနေရာအရပ်၌။ မရဏံ၊ သေခြင်းသို့။ ဥပေတိယထာ၊ ကပ်ရောက်သကဲ့သို့၊ (တစ်နည်း) မရဏံဥပေတိယထာ၊ အသေခံသကဲ့သို့။ ဝါလဓိံ၊ မြီးဆံ၏တည်ရာမြီးတံကို၊ ဝါ = မြီးဆံကို။ နဝိကောပေတိယထာ၊ မပျက်စေသကဲ့သို့၊ ဝါ = အပျက်မခံသကဲ့သို့။ တထေဝ၊ လျှင်။ စတူသု၊ ပါတိမောက္ခစသောအားဖြင့် ၄ ပါးကုန်သော။ ဘူမီသု၊ သံဝရ၏တည်ရာဘုံတို့၌။ သီလာနိ၊ သီလတို့ကို။ ပရိပူရိယ၊ ဖြည့်ကျင့်ပါလော။ စမရီ၊ စမရီမည်သောသားကောင်သည်။ ဝါလဓိံ၊ မြီးဆံ၏တည်ရာမြီးတံကို၊ ဝါ = မြီးဆံကို။ ရက္ခတိဝိယ၊ စောင့်ရှောက်သကဲ့သို့၊ (တထာ၊ တူ၊) သဒါ၊ အခါခပ်သိမ်း။ သီလံ၊ သီလကို။ ပရိရက္ခ၊ စောင့်ရှောက်ပါလော၊ (ဣတိအတ္တာနံသြဝဒိ။)
ဧတ္တကာ၊ ကုန်သော။ ဧတေယေဝ၊ ဤဒါနသီလပါရမီတရား ၂ ပါးတို့သည်သာ၊ ဗုဒ္ဓဓမ္မာနဘဝိဿရေ၊ ယေဓမ္မာဗောဓိပါစနာ။ အညေပိ၊ ဒါနသီလပါရမီမှအခြားလည်းဖြစ်ကုန်သော၊ (တေဓမ္မေ၊ တို့ကို၊) ဝိစိနိဿာမိ၊ အံ့၊ (ဣတိ၊ သို့။ စိန္တေသိံ၊ ကြံတော်မူခဲ့ပြီ၊)... တဒါ၊ အကြံဖြစ်ရာထိုအခါ၌။ ဝိစိနန္တော၊ သော်၊ ဝါ = သော၊ (အဟံ၊) ပုဗ္ဗကေဟိမဟေသီဟိ, အာသေဝိတနိသေဝိတံ၊ သော။ တတိယံ၊ ၃ ပါးမြောက်ဖြစ်သော။ နေက္ခမ္မပါရမိံ၊ နေက္ခမ္မပါရမီကို။ အဒက္ခိံ၊ တွေ့မြင်တော်မူရပြီ၊ (ဒိသွာအတ္တာနံသြဝဒိ၊ကိံ၊) (အမ္ဘောသုမေဓတွံ၊) ဗောဓိံပတ္တုံယဒိဣစ္ဆသိ၊ (ဧဝံသတိ၊) တွံတတိယံ၊ ၃ ပါးမြောက်ဖြစ်သော။ ဣမံ၊ ဤနေက္ခမ္မပါရမီကို။ တာဝဒဠှံ သမာဒိယ, နေက္ခမ္မပါရမိတံ၊ သို့၊ ဝါ = ကို။ ဂစ္ဆ၊ လော၊ ဝါ = ဖြည့်ကျင့်ပါလော။
ယထာ၊ ဥပမာမည်သည်ကား။ အန္ဒုဃရေ၊ အချုပ်ထောင်၌။ စိရဝုဋ္ဌော၊ ကြာမြင့်စွာနေရသော။ ဒုခဋ္ဋိတော၊ ကိုယ်ဆင်းရဲစိတ်ဆင်းရဲခြင်းသည်နှိပ်စက်အပ်သော။ ပုရိသော၊ ယောက်ျားသည်။ တတ္ထ၊ ထိုအချုပ်ထောင်၌။ ရာဂံ၊ တပ်မက်ခြင်းကို။ နဇနေတိယထာ၊ မဖြစ်စေသကဲ့သို့။ မုတ္တိမေဝ၊ လွတ်ခွင့်ကိုသာလျှင်။ ဂဝေသတိယထာ၊ ရှာသကဲ့သို့၊... တထေဝ၊ ထို့အတူသာလျှင်။ တွံ၊ သင်သည်။ သဗ္ဗမေဝ၊ ကာမရူပ, အရူပဟု, ဘဝ ၃ ဘုံ, အလုံးစုံတို့ကို။ အန္ဒုဃရံဝိယ၊ အချုပ်ထောင်ကိုကဲ့သို့။ ပဿ၊ ဉာဏ်စက္ခုဖြင့်ကြည့်ရှုပါလော။ ဘဝတော၊ ဘဝ ၃ ဆောင်, အချုပ်ထောင်မှ။ ပရိမုတ္တိယာ၊ လွတ်မြောက်ခြင်းငှာ။ နေက္ခမ္မာဘိမုခေါ၊ နေက္ခမ္မသို့ရှေးရှုသည်။ ဟောဟိ၊ ဖြစ်ပါလော၊ (ဣတိအတ္တာနံသြဝဒိ။)
ဧတ္တကာ၊ ကုန်သော။ ဧတေယေဝ၊ ဤဒါန, သီလ, နေက္ခမ္မပါရမီတို့သည်သာ၊ ဗုဒ္ဓဓမ္မာနဘဝိဿရေ၊ ယေဓမ္မာ၊ ပေ၊ ဝိစိနိဿာမိ၊ (ဣတိစိန္တေသိံ၊ ပြီ၊) တဒါ၊ ၌။ ဝိစိနန္တော၊ သော်၊ ဝါ = သော၊ (အဟံ၊) ပုဗ္ဗကေဟိ၊ ပေ။ ယဒိဗောဓိံပတ္တုမိစ္ဆသိ။
ယထာပိ၊ ဥပမာမည်သည်ကား။ ဘိက္ခု၊ ရဟန်းသည်။ ဘိက္ခန္တော၊ တောင်းခံလသော်၊ ဝါ = ဆွမ်းခံလသော်။ ဟီနမုက္ကဋ္ဌမဇ္ဈိမေ, ဟီနမုက္ကဋ္ဌမဇ္ဈိမာနိ၊ အယုတ်အမြတ်အလတ်ဖြစ်ကုန်သော။ ကုလာနိ၊ အမျိုးတို့ကို၊ ဝါ = အိမ်တို့ကို။ နဝိဝဇ္ဇန္တောယထာ၊ မရှောင်ကြဉ်သကဲ့သို့။ ဧဝံ၊ ဤသို့မရှောင်ကြဉ်လသော်၊ ဝါ = ဤသို့မရှောင်ကြဉ်ပါမှ။ ယာပနံ၊ မျှတလောက်ရုံကို။ လဘတိယထာ၊ ရသကဲ့သို့။ တထေဝ၊ ထို့အတူသာလျှင်။ တွံ၊ သည်။ သဗ္ဗကာလံ၊ အလုံးစုံသောကာလပတ်လုံး။ ဗုဓံ၊ ပညာရှိသော။ ဇနံ၊ လူအပေါင်းကို။ ပရိပုစ္ဆံပရိပုစ္ဆန္တော၊ အဖန်ဖန်မေးလျက်။ ပညာပါရမိတံ၊ ပညာ
ဧတ္တကာ၊ ကုန်သော။ ဧတေယေဝ၊ ဤဒါနသီလ, နေက္ခမ္မနှင့်, ပညာပါရမီတရားတို့သည်သာ၊ ဗုဒ္ဓဓမ္မာနဘဝိဿရေ၊ ယေဓမ္မာ၊ ပေ၊ ဝိစိနိဿာမိ၊ (ဣတိစိန္တေသိံ၊) တဒါ, ဝိစိနန္တော၊ ပေ။ ယဒိဗောဓိံပတ္တုမိစ္ဆသိ။... ယထာပိ၊ ကား။ မိဂရာဇာ၊ သားကောင်တို့၏မင်းဖြစ်သော။ သီဟော၊ ခြင်္သေ့သည်။ နိသဇ္ဇဋ္ဌာနစကင်္မေ၊ ထိုင်ခြင်း, ရပ်ခြင်း, သွားခြင်း၌၊ (ရှေးနိဿယဝယ် 'နိသဇ္ဇဋ္ဌာနစကင်္မေ နိသဇ္ဇဋ္ဌာနစကင်္မေသု' ဟု ဝစနဝိပလ္လာသကြံ၍ ဗဟုဝုစ်အနက်ပေးသည်၊) အလီနဝီရိယော၊ မတွန့်ဆုပ်သောဝီရိယရှိသည်။ သဒါ၊ အခါခပ်သိမ်း။ ပဂ္ဂဟိတမနော၊ ချီးမြှောက်အပ်သောစိတ်ရှိသည်၊ (တက်ကြွသောစိတ်ရှိသည်၊) ဟောတိယထာ၊ ကဲ့သို့။ တထေဝတွံ၊ သဗ္ဗဘဝေ၊ ဖြစ်လေရာရာ, များစွာဥဿုံ, အလုံးစုံသောဘဝ၌။ ဝီရိယံ၊ ဝီရိယကို။ ဒဠှံ၊ မြဲမြံစွာ။ ပဂ္ဂယှ၊ ချီပင့်မြှောက်ထားပါလော။ ဝီရိယပါရမိတံ၊ ဝီရိယပါရမီကို။ ဂန္တွာ၊ ဖြည့်ကျင့်၍၊ (တစ်နည်း) ဝီရိယဿ၊ ဝီရိယ၏။ ပါရမိံ၊ အထွတ်အထိပ်သို့။ ဂန္တွာ၊ ရောက်၍။ သမ္ဗောဓိံ, ပါပုဏိဿသိ။ (ဣတိအတ္တာနံသြဝဒိ)။
ဧတ္တကာ, ဧတေယေဝ၊ ဤဒါနသီလ, နေက္ခမ္မနှင့်, ပညာဝီရိယပါရမီတရားတို့သည်သာ၊ ဗုဒ္ဓဓမ္မာနဘဝိဿရေ၊ ပေ၊ အာသေဝိတနိသေဝိတံ။... (အမ္ဘောသုမေဓ) တွံ, ဆဋ္ဌမံ၊ ၆ ပါးမြောက်ဖြစ်သော။ ဣမံ၊ ဤခန္တီပါရမီကို။ တာဝဒဠှံ ကတွာသမာဒိယ၊ တတ္ထ၊ ထိုသည်းခံခြင်း၌။ အဒွေဇ္ဈမာနသော၊ ၂ ဖြာဖြစ်သောစိတ်မရှိသည်၊ (ဟုတွာ၊) သမ္ဗောဓိံပါပုဏိဿသိ၊ ဟ 'ဆဋ္ဌမံ' ဟူသော မောဂ္ဂလ္လာန်သုတ်ဖြင့် ဂါထာအရ၌ ဌမပစ္စည်းသက်၊ တစ်နည်း - ဆဋ္ဌနောင် သွတ္ထအနက်၌ မပစ္စည်းသက်၊ ' ယထာပိ၊ ကား။ ပထဝီနာမ၊ မြေကြီးမည်သည်။ သုစိမ္ပိ၊ စင်ကြယ်သောအရာကိုလည်းကောင်း။ အသုစိမ္ပိ၊ မစင်ကြယ်သောအရာကိုလည်းကောင်း။ သဗ္ဗံ၊ အလုံးစုံသော။ နိက္ခေပံ၊ မိမိအပေါ်၌ပစ်ချအပ်သောအရာဝတ္ထုကို။ သဟတိယထာ၊ သည်းခံသကဲ့သို့။ ပဋိဃဒ္ဒယံ၊ မုန်းခြင်း, ချစ်ခြင်းကို။ နကရောတိယထာ၊ မပြုသကဲ့သို့၊... တထေဝတွမ္ပိ, သဗ္ဗေသံ၊ အလုံးစုံသောသတ္တဝါတို့၏။ သမ္မာနဝိမာနက္ခမော၊ မြတ်နိုးခြင်း, မထီမဲ့မြင်ပြုခြင်း၌သည်းခံနိုင်သည်၊ (ဟုတွာ၊) ခန္တိပါရမိတံ၊ ခန္တီပါရမီသို့။ ဂန္တွာ၊ ရောက်၍။ သမ္ဗောဓိံပါပုဏိဿသိ၊ (ဣတိအတ္တာနံသြဝဒိ)။ ဟ 'ခန္တိယာ - ၏၊ ပါရမိံ - သို့၊ ဂန္တွာ' ဟုလည်း ပါဌ်ရှိ၏။'
ဧတ္တကာ, ဧတေယေဝ၊ ဤဒါနသီလ, နေက္ခမ္မနှင့်, ပညာဝီရိယ, ခန္တီပါရမီတရားတို့သည်သာ၊ ဗုဒ္ဓဓမ္မာနဘဝိဿရေ၊ ယေဓမ္မာဗောဓိပါစနာ။ အညေပိ၊ ဆိုအပ်ပြီးမှအခြားလည်းဖြစ်ကုန်သော၊ (တေဓမ္မေ၊ တို့ကို၊) ဝိစိနိဿာမိ၊ (ဣတိစိန္တေသိံ)။ တဒါ၊ ပေ။ အာသေဝိတနိသေဝိတံ (ဒိသွာအတ္တာနံသြဝဒိ၊ကိံ၊) (အမ္ဘောသုမေဓ) တွံ, သတ္တမံ၊ ခုနစ်ပါးမြောက်ဖြစ်သော။ ဣမံ၊ ဤသစ္စပါရမီကို။ တာဝ၊ ပေ။ သမာဒိယ၊ တတ္ထ၊ ထိုသစ္စပါရမီ၌။ အဒွေဇ္ဈဝစနော၊ ၂ ပါးဖြာဖြစ်သောစကားမရှိသည်၊ (ဟုတွာ)။ သမ္ဗောဓိံပါပုဏိဿသိ၊ ယထာပိ၊ ကား။ သြသဓီနာမ၊ သောက်ရှူးကြယ်မည်သည်၊ ဟ သောက်ရှူးကြယ်ဟူ၍လည်းကောင်း, စိုင်ရူးကြယ်ဟူ၍လည်းကောင်းခေါ်ကြသေး၏၊' သဒေဝကေ၊ နတ်နှင့်တကွဖြစ်သောလောက၌။ တုလာဘူတော၊ နှိုင်းချိန်ကြောင်းဖြစ်၍ဖြစ်သည်၊ (ဟုတွာ)။ သမယေ၊ ဆောင်းအခါ၌လည်းကောင်း။ ဥတုဝေဿဝါ၊ မိုးအခါ, နွေအခါ၌လည်းကောင်း။ ဝီထိတော၊ သွားမြဲလမ်းခရီးမှ။ နဝေါက္ကမတိယထာ၊ မဖဲသွားသကဲ့သို့၊ ဝါ = လွှဲ၍မသွားသကဲ့သို့၊... တထေဝတွမ္ပိ၊ သစ္စေသု၊ သစ္စာတို့၌၊ ဝါ = တို့၏။ ဝီထိတော၊ သွားမြဲလမ်းမှ။ မာဝေါက္ကမသိ၊ မဖဲပါလင့်။ သစ္စပါရမိတံ၊ သစ္စပါရမီသို့။ ဂန္တွာ၊ ရောက်၍။ သမ္ဗောဓိံပါပုဏိဿသိ၊ (ဣတိအတ္တာနံသြဝဒိ)။ ဂစ္ဆတိ, ဆမာသေပစ္ဆိမံ
ဧတ္တကာ, ဧတေယေဝ၊ ဤဒါနသီလ, နေက္ခမ္မနှင့်, ပညာဝီရိယခန္တီ, သစ္စပါရမီတရားတို့သည်သာ၊ ဗုဒ္ဓဓမ္မာနဘဝိဿရေ၊ ပေ။ သမာဒိယ၊ တတ္ထ၊ ထိုအဓိဋ္ဌာနပါရမီ၌။ တွံ, အစလော၊ မတုန်လှုပ်သည်၊ (ဟုတွာ)။ သမ္ဗောဓိံပါပုဏိဿသိ၊... ယထာပိ၊ ကား။ သေလော၊ ကျောက်အတိပြီးသော၊ (ကျောက်အတိပြီးသည်၏အဖြစ်ကြောင့်၊) (ဟေတုမန္တဝိသေသန)။ အစလော၊ မတုန်လှုပ်သော၊ (မတုန်လှုပ်သည်၏အဖြစ်ကြောင့်၊) သုပ္ပတိဋ္ဌိတော၊ ကောင်းစွာတည်သော။ ပဗ္ဗတော၊ တောင်သည်။ ဘုသဝါတေဟိ၊ ပြင်းထန်သောလေမုန်တိုင်းတို့ကြောင့်။ နကမ္ပတိယထာ၊ မတုန်လှုပ်သကဲ့သို့။ သကဋ္ဌာနေ၊ မိမိ၏တည်မြဲတိုင်းသောအရပ်၌သာလျှင်။ တိဋ္ဌတိယထာ၊ တည်သကဲ့သို့၊ ဟ သိလာ = ကျောက်ဟူသော၊ ပကတိ = ပင်ကိုသည်၊ (အထည်ကိုယ်သည်၊) ယဿအတ္ထီတိသေလော၊' တထေဝ, တွမ္ပိ, အဓိဋ္ဌာနေ၊ ကုသိုလ်ကောင်းမှု, အစုစုဝယ်, အပြုလွန်ကဲ, စွဲမြဲခြင်း၌။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ အစလော၊ မလှုပ်ရှားသည်။ ဘဝ၊ ဖြစ်ပါလော။ အဓိဋ္ဌာနပါရမီတံ၊ အဓိဋ္ဌာနပါရမီသို့၊ (အဓိဋ္ဌာန်၏အထွတ်အထိပ်သို့၊) ဂန္တွာ, သမ္ဗောဓိံပါပုဏိဿသိ၊ (ဣတိအတ္တာနံသြဝဒိ)။
ဧတ္တကာ, ဧတေယေဝ၊ ဤဒါနသီလ, နေက္ခမ္မနှင့်, ပညာဝီရိယ, ခန္တီသစ္စ, အဓိဋ္ဌာနပါရမီတရားတို့သည်သာ၊ ဗုဒ္ဓဓမ္မာနဘဝိဿရေ၊ ပေ။ အာသေဝိတနိသေဝိတံ၊ (ဒိသွာအတ္တာနံသြဝဒိ၊ကိံ၊) (အမ္ဘောသုမေဓ)။ ဗောဓိံပတ္တုယဒိဣစ္ဆသိ၊ (ဧဝံသတိ၊) တွံ, နဝမံ၊ ၉ ပါးမြောက်ဖြစ်သော။ ဣမံ၊ ဤမေတ္တာပါရမီကို။ တာဝ၊ ပေ။ သမာဒိယ၊ မေတ္တာယ၊ မေတ္တာအားဖြင့်။ အသမော၊ အတုမရှိသည်။ ဟောဟိ၊ ဖြစ်ပါလော၊... ယထာပိ၊ ကား။ ဥဒကံနာမ၊ ရေမည်သည်။ ကလျာဏေ၊ ကောင်းကုန်သော၊ (ဇနေ၊ လူတို့ကိုလည်းကောင်း၊) ပါပကေ၊ ယုတ်မာကုန်သော။ ဇနေ၊ လူတို့ကိုလည်းကောင်း။ သမံ၊ အညီအမျှ။ သီတေန၊ အအေးဖြင့်။ ဖရတိယထာ၊ ဖြန့်သကဲ့သို့။ ရဇောမလံ၊ အာဂန္တုကမြူ, ကိုယ်၌ဖြစ်သောချွေးစသောအညစ်အကြေးကို။ ပဝါဟေတိယထာ၊ မျှောသကဲ့သို့၊ (သုတ်သင်သကဲ့သို့၊) ဟ ရဇောတိ အာဂန္တုကရဇံ၊ မလံတိ သရီရေ ဥဋ္ဌိတံ သေဒမလာဒိံ၊ - ဗုဒ္ဓဝင်အဋ္ဌကထာ၊'
တထေဝတွမ္ပိ, ဟိတာဟိတေ၊ အစီးအပွားကိုပြုတတ်သောမိတ်ဆွေ, အစီးအပွားကိုမပြုတတ်သောရန်သူ၌။ သမံ၊ အညီအမျှ။ မေတ္တာယ၊ မေတ္တာကို။ ဘာဝယ၊ တိုးပွားစေပါလော။ ဟ မေတ္တာယဘာဝယာတိ မေတ္တံ ဘာဝယ, ဝဍ္ဎေဟိ၊ - ဗုဒ္ဓဝံသအဋ္ဌကထာ၊' မေတ္တာပါရမိတံ၊ သို့၊ ဝါ = မေတ္တာ၏အထွတ်အထိပ်သို့။ ဂန္တွာသမ္ဗောဓိံပါပုဏိဿသိ၊ (ဣတိအတ္တာနံသြဝဒိ)။... ဧတ္တကာ, ဧတေယေဝ၊ ဤဒါန, သီလ၊ ပေ၊ မေတ္တာပါရမီတရားတို့သည်သာ၊ ဗုဒ္ဓဓမ္မာ၊ ပေ၊ အာသေဝိတနိသေဝိတံ၊ (ဒိသွာအတ္တာနံသြဝဒိ, ကိံ၊)... (အမ္ဘောသုမေဓ)။ တွံ, ဒသမံ၊ ၁၀ ပါးမြောက်ဖြစ်သော။ ဣမံ၊ ဤဥပေက္ခာပါရမီကို။ တာဝ၊ ပေ။ သမာဒိယ၊ တုလာဘူတော၊ ချိန်ခွင်၏လက်တံသဖွယ်ဖြစ်၍ဖြစ်သည်။ ဒဠှော၊ ခိုင်မြဲသည်။ ဟုတွာ၊ သမ္ဗောဓိံပါပုဏိဿသိ။ ယထာပိ၊ ကား။ ပထဝီနာမ၊ မြေမည်သည်။ နိက္ခိတ္တံ၊ မိမိအပေါ်၌ပစ်ချအပ်သော။ အသုစိံ၊ မစင်မကြယ်ရွံစဖွယ်ကိုလည်းကောင်း။ သုစိံ၊ သန့်ရှင်းစင်ကြယ်တင့်တယ်သောအရာကိုလည်းကောင်း။ ဥဘောပိ၊ ၂ မျိုးလည်းဖြစ်ကုန်သော။ ဧတေ၊ ဤအကောင်းအဆိုးတို့ကို။ ကောပါနုနယဝိဇ္ဇိတော၊ မုန်းခြင်းချစ်ခြင်းသည်ကြဉ်အပ်သည်၊ (မုန်းခြင်းချစ်ခြင်းမှကင်းသည်၊) (ဟုတွာ)။ ဥပေက္ခတိယထာ၊ အသင့်အားဖြင့်ရှုသကဲ့သို့၊ ဝါ = လျစ်လျူရှုသကဲ့သို့၊ ဟ တထေဝ, တွမ္ပိ သုခဒုက္ခေ = သုခဒုက္ခ၌။ သဒါ၊ အခါခပ်သိမ်း။ တုလာဘူတော၊ ချိန်ခွင်၏လက်တံသဖွယ်ဖြစ်၍ဖြစ်သည်။ ဘဝ၊ ဖြစ်ပါလော။ ဥပေက္ခာပါရမိတံ၊ ဥပေက္ခာပါရမီသို့။ ဂန္တွာ, သမ္ဗောဓိံပါပုဏိဿသိ။'
လောကေ၊ လောက၌။ ယေဓမ္မာ၊ အကြင်တရားတို့သည်။ ဗောဓိပါစနာ၊ အရဟတ္တမဂ်ဉာဏ်သဗ္ဗညုတဉာဏ်ကိုရင့်သန်စေတတ်ကုန်၏။ တေဓမ္မာ၊ တို့သည်။ ဧတ္တကာယေဝ၊ ဤမျှအတိုင်းအရှည်ရှိသောပါရမီ ၁၀ ပါးတို့သာတည်း။ တတော၊ ထိုပါရမီ ၁၀ ပါးမှ၊ ဝါ = ထက်။ ဥဒ္ဓံ၊ အထက်၌၊ ဝါ = အလွန်။ အညတြ (အညံ)၊ အခြားသောတရားသည်။ နတ္ရှိ၊ မရှိတော့၊ ဟ တြပစ္စည်းပဌမာအနက်၌သက်၊' တတ္ထ၊ ထိုပါရမီ ၁၀ ပါး, မြတ်တရား၌၊ (တွံ၊ သည်၊) ဒဠှံ၊ ခိုင်မြဲစွာ။ ပတိဋ္ဌဟ၊ တည်ပါလော၊ (ဣတိအတ္တာနံသြဝဒိ)။
ဣမေဓမ္မေ၊ ဤပါရမီ ၁၀ ပါးမြတ်တရားတို့ကို။ သဘာဝရသလက္ခဏေ၊ သဘောသကံအမှန်ရှိသောကိစ္စလက္ခဏာအားဖြင့်။ သမ္မသတော၊ သုံးသပ်ဆင်ခြင်သောငါ၏။ ဓမ္မတေဇေန၊ ဉာဏ်၏တန်ခိုးကြောင့်။ ဒသသဟဿီ၊ တစ်သောင်းအတိုင်းအရှည်ရှိသော။ ဝသုဓာ၊ မြေသည်။ ပကမ္ပိတ္ထ၊ ပြားအားဖြင့်တုန်လှုပ်ရလေပြီ၊ ဟ ပကမ္ပိတ္ထမှ ဣကို အပြု, တ္ထကိုလည်း ထ ပြုထားသည်၊' စလတာစလတာယ၊ တုန်လှုပ်သည်၏အဖြစ်ကြောင့်။ ပထဝီ၊ မြေသည်။ ရဝတိ၊ အသံမည်၏။ ပီဠိတံ၊ ကြံညှစ်သူတို့ညှစ်အပ်သော။ ဥစ္ဆုယန္တံ၊ ကြံကြိတ်ယန္တရားသည်၊ ဝါ = ကြံစက်သည်၊ (ကမ္ပတိဣဝ၊ တုန်လှုပ်သကဲ့သို့လည်းကောင်း၊) တေလယန္တေ၊ ဆီကြိတ်ယန္တရား၌၊ ဝါ = ဆီစက်၌။ စက္ကံ၊ စက်ဘီးသည်။ ကမ္ပတိယထာ၊ သို့လည်းကောင်း။ ဧဝံ၊ တူ။ မေဒနီ၊ မြေသည်။ ကမ္ပတိ၊ တုန်လှုပ်၏။
ဗုဒ္ဓဿ၊ ဒီပင်္ကရာမြတ်စွာဘုရား၏။ ပရိဝေသေန၊ ဆွမ်းလုပ်ကျွေးရာအရပ်၌၊ ဟ ''ပရိဝိသန္တိ ဧတ္ထာတိ ပရိဝေသနံ'' ဟုပြု၊' ယာဝတာ၊ အကြင်မျှအတိုင်းအရှည်ရှိသော။ ပရိသာ၊ ပရိသတ်သည်။ အာသိ၊ ရှိပြီ။ တတ္ထ၊ ထိုဆွမ်းလုပ်ကျွေးရာအရပ်၌၊ (တာဝတာ၊ ထိုမျှအတိုင်းအရှည်ရှိသော၊) သာ၊ ထိုပရိသတ်သည်။ ပဝေဓမာနာ၊ တုန်လှုပ်လျက်။ မုစ္ဆိတာ၊ လွန်စွာဖြစ်သောမိန်းမောတွေဝေခြင်းရှိသည်၊ (ဟုတွာ၊) ဘူမိယာ၊ မြေ၌။ သေသိ၊ အိပ်ပြီ၊ ဝါ = လဲပြီ။ ဟ အားလုံးလူတွေမေ့၍လဲသွားကြသည် - ဟူလို၊ သဉ္ဇာတာ + မုစ္ဆာ အဿာတိ မုစ္ဆိတာ၊ သဉ္ဇာတအဿအနက်၌ ဣတပစ္စည်း'
တတ္ထ၊ ထိုဆွမ်းလုပ်ကျွေးရာအရပ်၌။ ဃဋာ (ဃဋာနံ)၊ သောက်ရေအိုးတို့၏၊ ဟ သာမိအနက်၌ ပဌမာဟု ဂဏ္ဌိဆို၏၊ ဝိဘတ်ချေထားသည်ဟု ကြံလျှင်လည်း သင့်စရာရှိ၏၊' အနေကသဟဿာနိ၊ အထောင်မကများစွာတို့သည်လည်းကောင်း။ ကုမ္ဘီနံ၊ ဆွမ်းချက်အိုးတို့၏။ ဗဟူ၊ များစွာကုန်သော။ သတာ သတာနိစ၊ အရာတို့သည်လည်းကောင်း။ အညမညသံဃဋ္ဋိတာ၊ အချင်းချင်းတိုက်ခိုက်အပ်ကုန်သည်၊ (ဟုတွာ၊) သဉ္စုဏ္ဏမထိတာ၊ မှုန့်မှုန့်ညက်ညက်ကြေမွကုန်လျက်လုံးထွေးကြကုန်ပြီ။ ဟ စုဏ္ဏာစေဝ မထိတာစ၊ မထိတစုဏ္ဏာတိ အတ္ထော၊ - ဗုဒ္ဓဝံသအဋ္ဌကထာ။ ''သဉ္စုဏ္ဏပတိတာ'' ဟုလည်းရှိ၏၊ ''မှုန့်မှုန့်ညက်ညက်ကြေမွလျက်ကျကုန်ပြီ'' ဟုပေး။'
မဟာဇနာ၊ ဆွမ်းကပ်ရာတွင် ပါဝင်ကြသူ အများလူတို့သည်။ ဥဗ္ဗိဂ္ဂါ၊ ထိတ်လန့်ကုန်သည်။ တသိတာ၊ လန့်ကုန်သည်။ ဘီတာ၊ ကြောက်ရွံ့ကုန်သည်။ ဘန္တာ၊ တုန်လှုပ်ကုန်သည်။ ဗျထိတမာနသာ၊ ဆင်းရဲသော စိတ်ရှိကုန်သည်၊ (ဟုတွာ = ၍၊) သမာဂမ္မ၊ ပေါင်းဆုံ၍။ ဒီပကင်္ရံ၊ ဒီပကင်္ရာ မြတ်စွာဘုရားသို့။ ဥပါဂမုံ၊ ချဉ်းကပ်ကြကုန်ပြီ၊ (ဥပဂန္တွာ = ချဉ်းကပ်ပြီး၍၊ ဧဝံ = ဤသို့၊ အဝေါစုံ = လျှောက်ကြကုန်ပြီ။)
(ကိံ = အဘယ်သို့ လျှောက်ကြကုန်သနည်း၊) စက္ခုမ၊ ဉာဏ်စက္ခု ရှိတော်မူသော မြတ်စွာဘုရား။ လောကဿ၊ လူအပေါင်း၏။ ကိံ၊ အဘယ် အကျိုးအပြစ်သည်။ ဘဝိဿတိ၊ ဖြစ်ပါလတ္တံ့နည်း။ ကလျာဏံ၊ ကောင်းကျိုးသည်။ ဘဝိဿတိ၊ ဖြစ်ပါလတ္တံ့လော။ အထ၊ သို့မဟုတ်။ ပါပကံ၊ မကောင်းကျိုးသည်။ ဘဝိဿတိ၊ ဖြစ်ပါလတ္တံ့လော။ သဗ္ဗော၊ အလုံးစုံသော။ လောကော၊ လူအပေါင်းကို။ ဥပဒ္ဒုတော၊ ကြောက်ရွံ့ခြင်းသည် နှိပ်စက်အပ်ပါပြီ။ တံ၊ ထိုကြောက်ရွံ့ခြင်းကို၊ (တွံ = ရှင်တော်မြတ်ဘုရားသည်၊) ဝိနောဒေဟိ၊ ပယ်ဖျောက်တော်မူပါလော၊ (ဣတိ = ဤသို့၊ အဝေါစုံ = လျှောက်ကြကုန်ပြီ။)
တဒါ၊ လျှောက်ကြရာ ထိုအခါ၌။ ဒီပကင်္ရော၊ ဒီပကင်္ရာ မည်တော်မူသော။ မဟာမုနိ၊ မုနိထွတ်ထား၊ မြတ်ဘုရားသည်။ တေသံ၊ ထိုအမျိုးတို့ကို၊ (ဆဋ္ဌီကံ)။ သညာပေသိ၊ ကောင်းစွာ သိစေတော်မူပြီ၊ ဝါ = နားလည်စေတော်မူပြီ၊ (ကိံ = အဘယ်သို့ နားလည်စေတော်မူသနည်း၊) ဣမသ္မိံ ပထဝိကမ္ပနေ၊ ဤမြေတုန်လှုပ်ခြင်းကြောင့်။ တုမှေ၊ သင်တို့သည်။ ဝိဿတ္ထာ၊ စွန့်လွှတ်အပ်သော ကိုယ်စိတ်ရှိကုန်သည်၊ ဝါ = ရဲရင့်ကုန်သည်။ ဟောထ၊ ဖြစ်ကြကုန်လော။ မာ ဘာထ၊ မကြောက်ကြကုန်လင့်။
(အယံ = ဤရသေ့သည်၊) လောကေ၊ လောက၌။ ဗုဒ္ဓေါ၊ ဘုရားသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဣတိ၊ ဤသို့။ ယံ၊ အကြင်ရသေ့ကို။ အဟံ၊ ငါသည်။ အဇ္ဇ၊ ယနေ့။ ဗျာကာသိံ၊ ဗျာဒိတ်ပေးတော်မူခဲ့ပြီ။ ဧသော၊ ဤရသေ့သည်။ ပုဗ္ဗကံ၊ ရှေး၌ဖြစ်သော။ ဇိနသေဝိတံ၊ ဘုရားအလောင်းတို့သည် မှီဝဲအပ်သော။ ဓမ္မံ၊ ပါရမီတရားကို။ သမ္မသတိ၊ သုံးသပ်ဆင်ခြင်၏။ တဿ၊ ထိုရသေ့၏၊ ဝါ = သည်။ အသေသတော၊ အကြွင်းမရှိသော အားဖြင့်။ ဗုဒ္ဓဘူမိံ၊ ဘုရား၏ဖြစ်ရာဖြစ်သော၊ ဝါ = ဘုရားဖြစ်ကြောင်းဖြစ်သော။ ဓမ္မံ၊ ပါရမီတရားကို။ သမ္မသတော၊ သုံးသပ်ဆင်ခြင်လသော်။ တေန၊ ထိုသို့ သုံးသပ်တော်မူခြင်းကြောင့်။ သဒေဝကော၊ နတ်နှင့်တကွဖြစ်သော လောက၌။ ဒသသဟဿီ၊ တစ်သောင်းအတိုင်းအရှည်ရှိသော။ အယံ ပထဝီ၊ ဤမြေကြီးသည်။ ကမ္ပိတာ၊ တုန်လှုပ်ပြီ၊ (ဣတိ = ဤသို့၊ သညာပေသိ* = သိစေတော်မူပြီ၊ ဝါ = နားလည်စေတော်မူပြီ။)
ဗုဒ္ဓဿ၊ ဒီပကင်္ရာမြတ်စွာဘုရား၏။ ဝစနံ၊ စကားတော်ကို။ သုတွာ၊ ကြားရ၍။ တာဝဒေ၊ ကြားရရာ ထိုအခါ၌။ မနော၊ လူအများတို့၏ ပူပန်သောစိတ်သည်။ နိဗ္ဗာယိ၊ ငြိမ်းအေးလေပြီ။ သဗ္ဗေ၊ အလုံးစုံသော လူတို့သည်။ မံ၊ ငါ့ကို၊ ဝါ = သို့။ ဥပသက္ကမိတွာ၊ ချဉ်းကပ်၍။ ပုနာပိ၊ တစ်ဖန်လည်း။ အဘိဝန္ဒိသုံ၊ ရှိခိုးကြကုန်ပြီ။
'အဘိဝန္ဒိံသု' မှ နိဂ္ဂဟိတ်ကို ပြောင်းရွှေ့၍ 'အဘိဝန္ဒိသုံ' ဟု ဖြစ်သည်။တဒါ၊ ပါရမီတရားတို့ကို ဆင်ခြင်ပြီးရာ ထိုအခါ၌။ ဗုဒ္ဓဂုဏံ၊ ဘုရားဂုဏ်တော်ဖြစ်သော ပါရမီကို။ သမာဒိယိတွာ၊ ကောင်းစွာယူ၍၊ ဝါ = ဆောက်တည်၍။ မာနသံ၊ စိတ်ကို။ ဒဠှံ၊ မြဲမြံစွာ။ ကတွာန၊ ပြုပြီး၍။ ဒီပကင်္ရံ၊ ဒီပကင်္ရာမြတ်စွာဘုရားကို။ နမဿိတွာ၊ ဦးညွတ်ပြီး၍။ အာသနာ၊ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေရာမှ။ ဝုဋ္ဌဟိံ၊ ထခဲ့ပြီ၊... အာသနာ၊ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေရာမှ။ ဝုဋ္ဌဟန္တဿ၊ ထစဉ်၊
'ဝုဋ္ဌဟန္တဿ (ဝုဋ္ဌဟန္တံ) - ထသော ဘုရားအလောင်းကို' ဟုလည်း ပေးကြ၏။ဒေဝါ၊ နတ်တို့သည်လည်းကောင်း။ မာနုသကာ၊ လူတို့သည်လည်းကောင်း။ ဥဘော၊ နတ်လူ ၂ မျိုးတို့သည်။ ဒိဗ္ဗံ၊ နတ်၌ဖြစ်သော၊ (ပုပ္ဖံ = ပန်းကိုလည်းကောင်း၊) မာနုသကံ၊ သော။ ပုပ္ဖံ၊ ကိုလည်းကောင်း၊ (ဂဟေတွာ = ယူ၍၊) ပုပ္ဖေဟိ၊ လူပန်းနတ်ပန်းတို့ဖြင့်။ သမောကိရန္တိ၊ ကြဲဖြန့်ကြကုန်၏။
ဒေဝါ၊ နတ်တို့သည်လည်းကောင်း။ မာနုသကာ၊ လူတို့သည်လည်းကောင်း။ တေ ဥဘော၊ ထိုနတ်လူ ၂ မျိုးတို့သည်။ သောတ္ထိံ စ၊ ကောင်းချီးချမ်းသာ၊ မင်္ဂလာစကားကိုလည်းကောင်း။ ဝေဒယန္တိ၊ သိစေကြကုန်၏၊ ဝါ = ဝမ်းမြောက်နှစ်လို၊ မြွက်ဆိုကြကုန်၏၊ (*ကိံ = အဘယ်သို့ သိစေကြကုန်သနည်း၊ အယျသုမေဓ = အရှင်သုမေဓာ၊) တုယှံ = သင်သည်၊ မဟန္တံ = ကြီးကျယ်သော ရာထူးကို၊ ပတ္ထိတံ = တောင့်တအပ်ပါပြီ၊ တံ = ထိုတောင့်တအပ်သော ရာထူးကို၊ ယထိစ္ဆိတံ = အကြင်အကြင် အလိုရှိအပ်သည့်အတိုင်း၊ လဘဿု = ရပါစေလော၊... သဗ္ဗီတိယော (သဗ္ဗာ ဤတိယော) = အလုံးစုံသော ဘေးဥပါဒ်တို့သည်၊ ဝိဝဇ္ဇန္တု = ရှောင်လွှဲကြပါစေကုန်သတည်း၊ သောကော = သောကသည်လည်းကောင်း၊ ရောဂေါ = အနာရောဂါသည်လည်းကောင်း၊ ဝိနဿတု = ကင်းပျောက်ပါစေသတည်း၊ တေ = အရှင်ရသေ့အား၊ အန္တရာယာ = အန္တရာယ်တို့သည်၊ မာ ဘဝန္တု = မဖြစ်ပါစေကုန်သတည်း၊ ခိပ္ပံ = လျင်စွာ၊ ဥတ္တမံ = မြတ်သော၊ ဗောဓိံ = အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်သို့၊ ဖုသ = ထိရောက်ပါလော၊... ယထာပိ = ဥပမာမည်သည်ကား၊ သမယေ = ပွင့်ချိန်အခါသည်၊ ပတ္တေ = ရောက်လသော်၊ ပုပ္ဖိနော = အပွင့်ရှိကုန်သော၊ ဒုမာ = ပန်းပင်တို့သည်၊ ပုပ္ဖန္တိ ယထာ = ပွင့်ကုန်သကဲ့သို့၊ မဟာဝီရ = ကြီးမြတ်သော လုံ့လရှိသော အရှင်ရသေ့၊ တထေဝ = ထို့အတူသာလျှင်၊ ဗုဒ္ဓဉာဏေန = ဘုရားရှင်၏ ဉာဏ်တော်ဖြင့်၊ ပုပ္ဖသု** = ပွင့်တော်မူပါ။
'ပုပ္ဖဿု' ဟု ဆိုလိုလျက် ဆန်းဂိုဏ်းတည့်အောင် သသံယုတ်ကို ချေထားသည်။ယေ ကေစိ၊ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော။ သမ္ဗုဒ္ဓါ၊ ရှေးဘုရားရှင်တို့သည်။ ဒသ၊ ၁၀ ပါးကုန်သော။ ပါရမီ၊ ပါရမီတို့ကို၊
ယောဝိဘတ် ချေထားသည်။ပူရယုံ ယထာ၊ ဖြည့်ကျင့်ကုန်သကဲ့သို့။ မဟာဝီရ၊ ကြီးမြတ်သော လုံ့လရှိသော အရှင်ရသေ့။ တထေဝ၊ ထိုရှေးဘုရားတို့နှင့် အတူသာလျှင်။ တွံ၊ အရှင်ရသေ့သည်။ ဒသ၊ ကုန်သော။ ပါရမီ၊ တို့ကို။ ပူရေဟိ၊ ဖြည့်ကျင့်ပါလော။ ယေ ကေစိ၊ ကုန်သော။ သမ္ဗုဒ္ဓါ၊ တို့သည်။ ဗောဓိမဏ္ဍမှိ၊ ဗောဓိမဏ္ဍိုင်၌။ ဗုဇ္ဈရေ ယထာ၊ သိတော်မူကြကုန်သကဲ့သို့၊ ဝါ = ပွင့်တော်မူကြကုန်သကဲ့သို့၊ မဟာဝီရ, တထေဝ, တွံ = အရှင်ရသေ့သည်။ ဇိနဗောဓိယံ၊ ဘုရားရှင်တို့၏ သစ္စာ ၄ ပါးကိုသိရာ ဗောဓိပင်၌။ ဗုဇ္ဈဿု၊ သိတော်မူပါလော၊ (ပွင့်တော်မူပါလော။)... ယေ ကေစိ, သမ္ဗုဒ္ဓါ, ဓမ္မစက္ကံ၊ တရားတည်းဟူသော စကြာကို။ ပဝတ္တယုံ ယထာ၊ လည်စေကုန်သကဲ့သို့၊ မဟာဝီရ, တထေဝ, တွံ, ဓမ္မစက္ကံ၊ တရားတည်းဟူသော စကြာကို။ ပဝတ္တသု၊ လည်စေတော်မူပါလော၊
'ပဝတ္တဿု' ဟု ဆိုလိုလျက် ဆန်းတည့်အောင် သံယုတ်ချေထားသည်။... ပုဏ္ဏမာယေ၊ လပြည့်နေ့၌။ စန္ဒော၊ လသည်။ ပရိသုဒ္ဓေါ၊ ထက်ဝန်းကျင် စင်ကြယ်သည်၊ (ဟုတွာ၊) ဝိရောစတိ ယထာ၊ တင့်တယ်သကဲ့သို့။ တထေဝ၊ ထို့အတူသာလျှင်။ တွံ၊ အရှင်ရသေ့သည်။ ဒသသဟဿိယံ၊ တစ်သောင်းသော လောကဓာတ်၌။ ပုဏ္ဏမနော၊ ပြည့်သော စိတ်ရှိသည်၊ (ဟုတွာ၊) ဝိရောစ၊ တင့်တယ်ပါလော။
ပုဏ္ဏော + မာ + ဧတ္ထာတိ ပုဏ္ဏမာ - ပြည့်သောလရှိရာနေ့၊ (လပြည့်နေ့)၊ သ္မိံဝိဘတ်ကို 'ပုဏ္ဏမာတောသ္မိံနောအာယေဂါထာယံ' - သဒ္ဒနီတိသုတ်ဖြင့် အာယေပြု။ရာဟုမုတ္တော၊ ရာဟုအသူရိန်မှ လွတ်သော။ သူရိယော၊ နေသည်။ တာပေန၊ မိမိအရောင်ဖြင့်။ အတိရောစတိ ယထာ၊ အလွန်တင့်တယ်သကဲ့သို့၊ တထေဝ, တုဝံ = အရှင်ရသေ့သည်။ လောကာ၊ လောကမှ။ မုစ္စိတွာ၊ လွတ်၍။ သိရိယာ၊ ဘုရားရှင်၏ အသရေတော်ဖြင့်။ ဝိရောစ၊ တင့်တယ်ပါလော၊...
တာပေန ပတာပေန, အာလောကေန၊ - ဗုဒ္ဓဝင်။ယာ ကာစိ၊ ကြွင်းမဲ့ဥဿုံ၊ အလုံးစုံကုန်သော။ နဒီယော၊ ဖြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့သည်။ မဟောဒဓိံ၊ သမုဒ္ဒရာသို့။ သြသရန္တိ ယထာ၊ သက်ရောက်ကြကုန်သကဲ့သို့။ ဧဝံ၊ ဤအတူ။ သဒေဝကာ၊ နတ်ဗြဟ္မာနှင့် တကွဖြစ်ကုန်သော။ လောကာ၊ သတ္တဝါအပေါင်းတို့သည်။ တဝန္တိကေ၊ အရှင်ရသေ့၏ အထံ၌။ သြသရန္တု၊ သက်ရောက်ကြပါစေကုန်သတည်း၊ (ဣတိ = သို့။ သောတ္ထိံ၊ ကောင်းချီးချမ်းသာ၊ မင်္ဂလာစကားကို။ ဝေဒယန္တိ၊ သိစေကြကုန်၏၊ ဝါ = ဝမ်းမြောက်နှစ်လို၊ မြွက်ဆိုကြကုန်၏။)... တေဟိ၊ ထိုနတ်လူတို့သည်။ ထုတိပ္ပသတ္ထော၊ ချီးမွမ်းအပ်သော မင်္ဂလာစကားရှိသော၊ (ချီးမွမ်းကြောင်း မင်္ဂလာစကားဖြင့် ချီးကျူးအပ်သော၊) သော၊ ထိုသုမေဓာရှင်ရသေ့သည်။ ဒသ၊ ၁၀ ပါးကုန်သော။ ဓမ္မေ၊ ပါရမီတရားတို့ကို။ သမာဒိယ၊ ကောင်းစွာယူ၍၊ (ဆောက်တည်၍၊) တဒါ၊ ထက်ဝယ်ဖွဲ့ခွေ၊ ထိုင်နေရာမှ၊ ထပြီးရာထိုအခါ၌။ တေ ဓမ္မေ၊ ထိုပါရမီဆယ်ပါး မြတ်တရားတို့ကို။ ပရိပူရေန္တော၊ ဖြည့်ကျင့်လိုသည်၊ (ဟုတွာ၊) ပဝနံ၊ ဓမ္မိကတောင်တန်း၊ တောစခန်းသို့။ ပါဝိသိ၊ ဝင်သွားလေပြီ။
သုမေဓကထာ
သုမေဓာရှင်ရသေ့၏ အကြောင်းကို ဆိုရာဆိုကြောင်းဖြစ်သော စကားရပ်သည်။ နိဋ္ဌိတာ၊ ပြီးပြီ။
၂ကျိပ်၄ဆူဗုဒ္ဓဝင်ခန်း
တဒါ၊ မြတ်စွာဘုရား၏ စကားတော်ကို ကြားရ၍ ကြောက်ရွံ့ခြင်း ငြိမ်းအေးရာ ထိုအခါ၌၊
'ဝိဿတ္ထာဟောထမာဘာထ' စသည်တို့ကို ပြန်၍ ညွှန်းသည်။တေ၊ ထိုရမ္မာမြို့သူမြို့သား၊ လူအများတို့သည်။ သသံဃံ၊ နောက်လိုက်နောက်ပါ သံဃာတော်နှင့် တကွဖြစ်သော။ လောကနာယကံ၊ သတ္တလောက၏၊ ရှေ့ဆောင်ညွှန်ပြ၊ နာယကဖြစ်တော်မူသော ဒီပကင်္ရာမြတ်စွာဘုရားကို။ ဘောဇယိတွာန၊ ဆွမ်းလုပ်ကျွေးပြီး၍။ ဒီပကင်္ရဿ၊ ဒီပကင်္ရာ မည်တော်မူသော။ တဿ သတ္ထုနော၊ ထိုမြတ်စွာဘုရားကို၊
ဥပယောဂတ္ထေ သာမိဝစနံ။သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဥပါဂစ္ဆုံ၊ ဆည်းကပ်ကြကုန်ပြီ။
ဥပါဂစ္ဆုံ၌ ဥပရှေးရှိသော ဂမုဓာတ်, ဦဝိဘတ်၊ အကာရာဂမောဟိယျတ္တနီစသော သုတ်ဖြင့် အလာ၊ ပ၏ အ ကိုချေ, ဒီဃပြု။တထာဂတော၊ ဒီပကင်္ရာမြတ်စွာဘုရားသည်။ ကဥ္စိ၊ အချို့သော လူအပေါင်းကို။ သရဏဂမနေ၊ သရဏဂုံ၌။ နိဝေသေသိ၊ သွင်းထားတော်မူပြီ၊ ဝါ = တည်စေတော်မူပြီ။ ကဥ္စိ၊ ကို။ ပဥ္စသု သီလေသု၊ ငါးပါးသီလတို့၌၊ (နိဝေသေသိ)။ အပရံ၊ အခြားသော လူအပေါင်းကို။ ဒသဝိဓေ၊ ဆယ်ပါးအပြားရှိသော။ သီလေ၊ သီလ၌၊ (နိဝေသေသိ = သွင်းထားတော်မူပြီ၊ ဝါ = တည်စေတော်မူပြီ)။ ကဿစိ၊ အချို့သော လူအပေါင်းအား၊ (စတုဗ္ဗိဓံ = ၄ ပါးအပြားရှိသော၊) သာမညံ၊ သမဏ၏ ဖြစ်ကြောင်းကောင်းသော အရိယာမဂ်ကိုလည်းကောင်း။ စတုရော စတ္တာရိ၊ ၄ ပါးကုန်သော။ ဖလမုတ္တမေ (ဖလမုတ္တမာနိ) = မြတ်သော ဖိုလ်တို့ကိုလည်းကောင်း။ ဒေတိ၊ ပေးတော်မူ၏၊
စတ္တာရော ဖလမုတ္တမေ၌ လိင်္ဂဝိပလ္လာသ, မအာဂုံ။သော၊ ထိုဒီပကင်္ရာမြတ်စွာဘုရားသည်။ ကဿစိ၊ အား။ အသမေ၊ အတုမရှိကုန်သော။ ပဋိသမ္ဘိဒါ၊ ပဋိသမ္ဘိဒါဟူကုန်သော။ ဓမ္မေ၊ တရားတို့ကို။ ဒေတိ၊ ပေးတော်မူ၏။
ပဋိသမ္ဘိဒါနှင့် ဓမ္မေသည် လိင်မတူသော ဝိသေသန, ဝိသေသျ။နရာသဘော၊ လူတို့ဥက္ကဋ္ဌ်၊ ဘုရားမြတ်သည်၊
အာသဘသဒ္ဒါသည် သမာသ်အရာ နောက်ပုဒ်နေရာ၌ သေဋ္ဌဝါစက။ကဿစိ၊ အား။ အဋ္ဌ၊ ရှစ်ပါးကုန်သော။ ဝရသမာပတ္တိယော၊ မြတ်သော ဈာန်သမာပတ်တို့ကို။ ဒေတိ၊ ပေးတော်မူ၏။ ကဿစိ၊ အား။ တေိဿာ၊ ၃ ပါးကုန်သော။ ဝိဇ္ဇယော၊ ဝိဇ္ဇာတို့ကိုလည်းကောင်း။ ဆဠဘိညာယော၊ ၆ ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း။ ပဝေစ္ဆတိ၊ ပေးတော်မူ၏။ မဟာမုနိ၊ မုနိထွတ်တင်၊ ဘုရားရှင်သည်။ တေန ယောဂေန၊ ထိုအားထုတ်အပ်သော နည်းလမ်းဖြင့်၊ ဝါ = ထိုအားထုတ်အပ်သော အစဉ်ဖြင့်၊
တေန ယောဂေနာတိ တေန နယေန, တေနာနုက္ကမေနစ၊ - ဗုဒ္ဓဝံ-ဋ္ဌ။ဇနကာယံ၊ လူအပေါင်းကို။ သြဝဒတိ၊ ဆုံးမပေးတော်မူ၏။ တေန၊ ထိုသို့ ဆုံးမပေးတော်မူခြင်းကြောင့်။ လောကနာထဿ၊ သတ္တလောက၏ ကိုးကွယ်ရာဖြစ်တော်မူသော ဒီပကင်္ရာမြတ်စွာဘုရား၏။ သာသနံ၊ သာသနာတော်သည်။ ဝိတ္ထာရိတံ၊ လွန်စွာဖြစ်သော ကျယ်ပြန့်ခြင်းရှိသည်။ အာသိ၊ ဖြစ်ပြီ။
သဉ္ဇာတအဿအနက်၌ ဣတပစ္စည်းသက်။မဟာဟနု၊ ခြင်္သေ့မင်း၏ မေးကဲ့သို့ မြတ်သော မေးရှိတော်မူသော။ ဥသဘက္ခန္ဓော၊ နွားလားဥသဘ၏ ပခုံးကဲ့သို့ ပြည့်ဖြိုးသော ပခုံးရှိတော်မူသော။ ဒီပကင်္ရသနာမကော၊ ဒီပကင်္ရာဟူသော မိမိအမည်ရှိတော်မူသော မြတ်စွာဘုရားသည်။ ဗဟူ၊ များစွာကုန်သော။ ဇနေ၊ သတ္တဝါတို့ကို။ တာရယတိ၊ ကယ်တင်တော်မူ၏။ ဒုဂ္ဂတိံ ဒုဂ္ဂတိတော၊ ဒုဂ္ဂတိဘဝမှ။ ပရိမောစေတိ၊ လွတ်စေတော်မူ၏၊
ဒုဂ္ဂတိံဝယ် ပဉ္စမီအနက်၌ ဒုတိယာဝိဘတ်သက်၊ သဿ + နာမံ သနာမံ၊ ဒီပကင်္ရောတိ + သနာမံ ယဿာတိ ဒီပကင်္ရသနာမကော၊ သသဒ္ဒါသည် အတ္တဝါစက။... မဟာမုနိ၊ မုနိထွတ်တင်၊ ဘုရားရှင်သည်။ သတသဟေဿ၊ တစ်သိန်းအတိုင်းအရှည်ရှိသော။ ယောဇနေပိ၊ ယူဇနာ၌သော်မှလည်း။ ဗောဓနေယျံ၊ သစ္စာ ၄ ပါးတရားကို သိစေထိုက်သော။ ဇနံ၊ သတ္တဝါကို။ ဒိသွာ၊ ဉာဏ်စက္ခုဖြင့် မြင်တော်မူရ၍၊ (မြင်တော်မူသည်ရှိသော်၊) ခဏေန၊ တစ်ခဏခြင်းဖြင့်။ ဥပဂန္တွာန၊ ချဉ်းကပ်တော်မူ၍။ တံ၊ ထိုသတ္တဝါကို။ ဗောဓေတိ၊ သိစေတော်မူ၏၊ (သိစေတော်မူပြီ။
အတိတ်ဖြစ်သော်လည်း တံကာလပက်ခဝတ်တမာန်။ဗုဒ္ဓေါ၊ ဒီပကင်္ရာမြတ်စွာဘုရားသည်။ ပဌမာဘိသမယေ၊ ပဌမအကြိမ် သစ္စာ ၄ ပါးကို ထိုးထွင်း၍ သိကြရာ အခါ၌၊
အဘိသမယသဒ္ဒါသည် ပဋိဝေဓအနက်ဟော။(သတ္တာနံ = သတ္တဝါတို့၏၊) ကောဋိသတံ၊ ကုဋေတစ်ရာကို။ အဗောဓယိ၊ သိစေတော်မူပြီ။ နာထော၊ သတ္တဝါတို့၏ ကိုးကွယ်ရာဖြစ်တော်မူသော ဒီပကင်္ရာမြတ်စွာဘုရားသည်။ ဒုတိယာဘိသမယေ၊ ဒုတိယအကြိမ် သစ္စာ ၄ ပါးကို ထိုးထွင်း၍ သိကြရာ အခါ၌၊ (သတ္တာနံ = တို့၏၊) နဝုတိကောဋိံ၊ ကုဋေကိုးဆယ်ကို။ အဗောဓယိ၊ ပြီ၊
'နဝုတိကောဋိံ' နေရာ၌ 'သတသဟဿံ' ဟုလည်း ရှိ၏။ယဒါ၊ အကြင်အခါ၌။ ဗုဒ္ဓေါ၊ ဒီပကင်္ရာမြတ်စွာဘုရားသည်။ ဒေဝတာနမှိ၊ တာဝတိံသာနတ်ပြည်၌။ ဓမ္မံ၊ အဘိဓမ္မာတရားကို။ အဒေသယိ၊ ဟောတော်မူပြီ၊ (တဒါ = ထိုအခါ၌၊) နဝုတိကောဋိသဟဿာနံ၊ ကုဋေ ၉ သောင်းသော သတ္တဝါတို့၏။ တတိယာဘိသမယော၊ တတိယအကြိမ် သစ္စာ ၄ ပါးကို ထိုးထွင်း၍ သိကြခြင်းသည်။ အဟု၊ ဖြစ်ပြီ။
ဒီပကင်္ရဿ၊ ဒီပကင်္ရာမည်တော်မူသော။ သတ္ထုနော၊ ၏။ တယော၊ ၃ ကြိမ်ကုန်သော။ သန္နိပါတော၊ သာဝကအစည်းအဝေးတို့သည်။ အာသုံ၊ ဖြစ်ကုန်ပြီ။ ကောဋိသတသဟဿာနံ၊ ကုဋေတစ်သိန်းသော သာဝကတို့၏။ ပဌမော၊ ရှေးဦးစွာသော။ သမာဂမော၊ ပေါင်းဆုံခြင်းသည်၊ ဝါ = အစည်းအဝေးသည်။ အာသိ၊ ဖြစ်ပြီ။ ပုန၊ တစ်ဖန်။ နာရဒကူဋမှိ၊ နာရဒတောင်ထိပ်၌။ ဇိနေ၊ ဒီပကင်္ရာမြတ်စွာဘုရားသည်။ ပဝိဝေကဂတေ၊ ကိုယ်တော်တစ်ပါးတည်း ဆိတ်ငြိမ်ရာအရပ်၌ ရောက်တော်မူပြီးလသော်။ ခီဏာသဝေါ၊ ကုန်ပြီးသောအာသဝေါ ရှိကုန်သော။ ဝီတမလာ၊ ကင်းပြီးသော ကိလေသာအညစ်အကြေး ရှိကုန်သော။ သတကောဋိယော၊ ကုဋေတစ်ရာသော ရဟန္တာတို့သည်။ သမိံသု၊ စည်းဝေးကြကုန်ပြီ။
ယဒါ-၌။ မဟာဝီရော၊ ကြီးမြတ်သော လုံ့လရှိတော်မူသော ဒီပင်္ကရာ မြတ်စွာဘုရားသည်။ သုဒဿနသိလုစ္စယေ၊ သုဒဿနတောင်၌။ ဝသိ၊ သီတင်းသုံးတော်မူပြီ၊ (တဒါ-၌၊) မဟာမုနိ၊ သည်။ နဝုတိကောဋိသဟဿေဟိ၊ ကုဋေ ၉ သောင်းသော ရဟန္တာတို့နှင့်တကွ။ ပဝါရေသိ၊ ပဝါရဏာ ပြုတော်မူပြီ။
"ပဝါရဏာပြု" ဟူသည်လည်း မြတ်စွာဘုရားက "သံဃံ ဘန္တေ" စသည်ဖြင့် ပဝါရဏာပြုခြင်းမျိုးမဟုတ်၊ ပဝါရဏာပြုသော ရဟန်းတို့အား သြဝါဒပေးတော်မူခြင်းသာ ဖြစ်နိုင်သည်။အဟံ၊ ငါသည်။ တေနသမယေန၊ ထိုအခါ၌။ ဥဂ္ဂတာပနော၊ ထက်မြက်သော အကျင့်ရှိသော။ အန္တလိက္ခမှိ၊ ကောင်းကင်၌။ စရဏော၊ လှည့်လည်သွားလာနိုင်သော။ ပဉ္စာဘိညာသု၊ ၅ ပါးသော အဘိညာဉ်တို့၌။ ပါရဂူ၊ အပြီးအဆုံးသို့ ရောက်သော။ ဇဋိလော၊ ရသေ့သည်၊ (အာသိံ-ဖြစ်ခဲ့ပြီ။)
ဤဂါထာသည် ဤအဋ္ဌသာလိနီ အဋ္ဌကထာ၌သာပါ၍, ဗုဒ္ဓဝင်ပါဠိတော်၌မပါ၊ ထိုသို့မပါခြင်းသည်သာလျှင် ကောင်း၏၊ ဘာ့ကြောင့်နည်း ဤအဓိပ္ပာယ်ကို သုမေဓကထာ၌ ဆိုခဲ့ပြီးဖြစ်သောကြောင့်တည်းဟု ဗုဒ္ဓဝင်အဋ္ဌကထာဆို၏။ဒသသဟဿာနံ ဝါ၊ တစ်သောင်းသော သတ္တဝါတို့၏လည်းကောင်း။ ဝီသသဟဿာနံ ဝါ၊ ၂ သောင်းသော သတ္တဝါတို့၏လည်းကောင်း။ ဓမ္မာဘိသမယော၊ သစ္စာ ၄ ပါးတရားကို ထိုးထွင်း၍သိခြင်းသည်။ အဟု၊ ဖြစ်ပြီ။ ဧကဒွိန္နံ၊ ၁ ယောက် ၂ ယောက်သော သတ္တဝါတို့၏။ အဘိသမယော၊ သစ္စာ ၄ ပါးကို ထိုးထွင်း၍သိခြင်းကို။ ဂဏနာတော၊ ဂဏန်းသင်္ချာအားဖြင့်။ အသင်္ခေယျော၊ မရေတွက်အပ် မရေတွက်နိုင်။ တဒါ၊ ဒီပင်္ကရာ မြတ်စွာဘုရား ပွင့်တော်မူရာ ထိုအခါ၌။ ဒီပင်္ကရဿ၊ ဒီပင်္ကရာ မည်တော်မူသော။ ဘဂဝတော၊ ၏။ သုဝိသောဓိတံ၊ ကောင်းစွာ သုတ်သင်အပ်သော၊ (အလွန်သန့်ရှင်းသော၊) သာသနံ၊ သာသနာတော်သည်။ ဝိတ္ထာရိတံ၊ လွန်စွာဖြစ်သော ကျယ်ပြန့်ခြင်းရှိသည်၊ (အရပ်ရပ်၌ ပျံ့နှံ့သည်၊) ဗာဟုဇညံ၊ များစွာသော လူတို့သည် နိယျာနိကသာသနာဟု အသိအမှတ်ပြုအပ်သည်။ ဣဒ္ဓံ၊ အဓိသီလစသော သိက္ခာတို့နှင့် ပြည့်စုံသည်။ ဖီတံ၊ သမာဓိစသည်တို့ဖြင့် စည်ပင်သည်။ အဟု၊ ဖြစ်ပြီ။
ဇာနိတဗ္ဗန္တိ ဇညံ၊ ဗဟူဟိ + ဇညံ = ဗဟုဇညံ၊ ဗဟုဇညံ ဧဝ ဗာဟုဇညံ၊ သွတ္ထအနက်၌ ဏပစ္စည်း၊ အဓိသီလသိက္ခာဒီဟိ ဣဒ္ဓဉ္စ၊ သမာဓိအာဒီဟိ ဖီတဉ္စ အဟောသိ၊ - ဗုဒ္ဓဝင်အဋ္ဌကထာ။စတ္တာရိ သတသဟဿာနိ၊ ၄ သိန်းကုန်သော။ ဆဠဘိညာ၊ ၆ ပါးသော အဘိညာဉ်ရှိကုန်သော။ မဟိဒ္ဓိကာ၊ ကြီးသော တန်ခိုးရှိကုန်သော ရဟန္တာသာဝကတို့သည်။ ဒီပင်္ကရံ၊ ဒီပင်္ကရာ မည်တော်မူသော။ လောကဝိဒုံ၊ လောကသုံးဘုံ, အလုံးစုံကို အကုန်သိမြင် ဘုရားရှင်ကို။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ပရိဝါရေန္တိ၊ ဝန်းရံကြကုန်၏။ တေနသမယေန၊ ဒီပင်္ကရာ မြတ်စွာဘုရား ပွင့်တော်မူရာ ထိုအခါ၌။ ယေကေစိ၊ အမှတ်မရှိ အလုံးစုံကုန်သော။ အပ္ပတ္တမာနသာ၊ မရောက်အပ်သော အရဟတ္တဖိုလ်ရှိကုန်သော၊ (အရဟတ္တဖိုလ်သို့ မရောက်ကြရကုန်သေးသည်ဖြစ်၍၊)
သေက္ခာ၊ သေက္ခသာ ဖြစ်ကုန်သော၊ (ဘိက္ခူ-ရဟန်းတို့သည်၊) မာနသံ၊ လူ၌ဖြစ်သော။ ဘဝံ၊ ဘဝကို။ ဇဟန္တိ၊ စွန့်ကြရကုန်၏။ တေ၊ ထိုသေက္ခအဖြစ်ဖြင့် လူ့ဘဝကို စွန့်ကြရသော ရဟန်းတို့သည်၊ (တို့ကို၊) ဂရဟိတာ၊ ကဲ့ရဲ့အပ်ကုန်သည်၊ (အကဲ့ရဲ့ခံရကုန်သည်၊) ဘဝန္တိ၊ ဖြစ်ကုန်၏။
"ရဟန္တာဖြစ်အောင် မကျင့်နိုင်ကောင်းလား" ဟု အကဲ့ရဲ့ခံကြရသည်-ဟူလို။...ပါဝစနံ၊ ချီးမွမ်းအပ်သော စကားတော်သည်၊ ဝါ-ကြီးကျယ်သော စကားတော်သည်။ တာဒီဟိ၊ ဣဋ္ဌကိုပင် ထိုအနိဋ္ဌကဲ့သို့ ရှုတတ်, အနိဋ္ဌကိုလည်း ထိုဣဋ္ဌကဲ့သို့ ရှုတတ်ကုန်သော၊ ဝါ-လောကဓံရှစ်ပါးကြောင့် ဖောက်ပြားမတုန်, တာဒိဂုဏ်နှင့် ပြည့်စုံတော်မူကုန်သော။ ခီဏာသဝေဟိ၊ ကုန်ပြီးသောအာသဝေါ ရှိကုန်သော။ ဝိမလေဟိ၊ ကင်းပြီးသော ရာဂစသော အညစ်အကြေး ရှိကုန်သော၊ (ရာဂစသော အညစ်အကြေးမှ ကင်းဝေးကုန်သော၊) အရဟန္တေဟိ၊ ရဟန္တာတို့ဖြင့်။ သုပုပ္ဖိတံ၊ လွန်စွာဖြစ်သော ပွင့်ခြင်းရှိသည်၊ (ဟုတွာ)။ သဒေဝကေ၊ နတ်နှင့်တကွဖြစ်သော လောက၌။ ဥပသောဘတိ၊ တင့်တယ်တော်မူ၏။
ဒီပင်္ကရဿ၊ သော။ သတ္ထုနော၊ ၏။ နဂရံ၊ နေပြည်တော်သည်။ ရမ္မဝတီနာမ၊ ရမ္မဝတီမည်၏။ ခတ္တိယော၊ ခမည်းတော်ရင်းသည်။ သုဒေဝေါနာမ၊ သုဒေဝမည်၏။ ဇနိကာ၊ မယ်တော်ရင်းသည်။ သုမေဓာနာမ၊ သုမေဓာမည်၏။ ဒီပင်္ကရဿ၊ သော။ သတ္ထုနော၊ ၏။ သုမင်္ဂလော စ၊ သုမင်္ဂလမည်သော ရဟန္တာသည်လည်းကောင်း။ တိဿော စ၊ တိဿမည်သော ရဟန္တာသည်လည်းကောင်း။ အဂ္ဂသာဝကာ၊ အမြတ်ဆုံး သာဝကတို့သည်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။ သောဘိတောနာမ၊ သောဘိတမည်သော ရဟန်းသည်၊ ("သာဂတောနာမ" ဟုလည်းရှိ၏၊) ဥပဋ္ဌာကော၊ အလုပ်အကျွေးသည်၊ (အဟောသိ)။
နန္ဒာ စေဝ၊ နန္ဒာမည်သော ဘိက္ခုနီသည်လည်းကောင်း။ သုနန္ဒာ စ၊ သုနန္ဒာမည်သော ဘိက္ခုနီသည်လည်းကောင်း။ အဂ္ဂသာဝိကာ၊ အမြတ်ဆုံး သာဝိကာမတို့သည်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။ တဿ ဘဂဝတော၊ ထိုဒီပင်္ကရာ မြတ်စွာဘုရား၏။ ဗောဓိ၊ သစ္စာ ၄ ပါးကို သိရာသစ်ပင်ကို။ ပိပ္ဖလိတိ၊ ညောင်ကြတ်ပင်ဟူ၍။ ပဝုစ္စတိ၊ ဆိုအပ်၏။
ဒီပင်္ကရော၊ သော။ မဟာမုနိ၊ သည်။ အသီတိဟတ္ထံ၊ အတောင်ရှစ်ဆယ်တိုင်တိုင်။ ဥဗ္ဗေဓော၊ မြင့်တော်မူသည်၊ (ဟုတွာ)။ ဒီပရုက္ခောဝ၊ ပြောင်ပြောင်ဝင်းဝင်း ထွန်းလင်းနေသော သစ်ပင်ကြီးကဲ့သို့လည်းကောင်း၊ ဝါ-ဆီမီးတိုင်ကြီးကဲ့သို့လည်းကောင်း၊
ပုပ္ဖိတံ၊ လွန်စွာဖြစ်သော အပွင့်ရှိသော၊ (ပင်လုံးကျွတ် ပွင့်နေသော၊) သာလရာဇာဝ၊ အင်ကြင်းပင်မင်းသည် ကဲ့သို့လည်းကောင်း။ သောဘတိ၊ တင့်တယ်တော်မူ၏၊
တံကာလ ပစ္စုပ္ပန်ဝတ္တမာန်။တဿ၊ ထိုဒီပင်္ကရာ မြတ်စွာဘုရား၏။ သမန္တာ၊ ထက်ဝန်းကျင်၌။ ဒွါဒသယောဇနေ၊ ၁၂ ယူဇနာ အတိုင်းအရှည်ရှိသော အရပ်၌။ ပဘာ၊ ကိုယ်တော်ရောင်သည်။ ဝိဓာဝတိ၊ အထူးထူးအပြားပြား ပြေးသွား၏။ တဿ မဟေသိနော၊ ထိုဒီပင်္ကရာ မြတ်စွာဘုရား၏။ အာယု၊ အသက်တော်သည်။ သတသဟဿဝဿာနိ၊ အနှစ်တစ်သိန်းတို့သည်၊ (ဟောတိ)။ သော၊ ထိုဒီပင်္ကရာ မြတ်စွာဘုရားသည်။ တာဝတာ၊ ထိုမျှလောက်သော အနှစ်တစ်သိန်းဖြင့်၊ ဝါ-ထိုမျှလောက်သော အနှစ်တစ်သိန်းပတ်လုံး။ တိဋ္ဌမာနော၊ တည်တော်မူလျက်။ ဗဟုံ၊ များစွာသော။ ဇနတံ၊ သတ္တဝါအပေါင်းကို။ တရေသိ၊ သံသရာရေအယဉ်မှ ကယ်တင်တော်မူခဲ့ပြီ။
...သသာဝကော၊ သာဝကနှင့်တကွ ဖြစ်တော်မူသော။ သော၊ ထိုဒီပင်္ကရာ မြတ်စွာဘုရားသည်။ သဒ္ဓမ္မံ၊ သူတော်ကောင်းတရားကို။ ဇောတယိတွာန၊ ထွန်းလင်းတောက်ပစေတော်မူပြီး၍။ မဟာဇနံ၊ များစွာသော လူအပေါင်းကို။ သန္တာရေတွာ၊ သံသရာရေအယဉ်မှ ကယ်တင်တော်မူပြီး၍။ အဂ္ဂိက္ခန္ဓော၊ မီးအစုသည်၊ ဝါ-မီးပုံကြီးသည်။ ဇလိတွာ၊ တောက်ပပြီး၍။ နိဗ္ဗုတော ဣဝ၊ ငြိမ်းသွားသကဲ့သို့၊ (တထာ-ထို့အတူ၊) ဇလိတွာ၊ တန်ခိုးတော်ဖြင့် တောက်ပတော်မူပြီး၍။ နိဗ္ဗုတော၊ ငြိမ်းအေးတော်မူလေပြီ၊ (ပရိနိဗ္ဗာန်စံတော်မူလေပြီ။)
သာ စ ဣဒ္ဓိ၊ ထိုပြည့်စုံသော အာနုဘော်တော်သည်လည်းကောင်း။ သော စ ယသော၊ ထိုအခြွေအရံတော်သည်လည်းကောင်း။ ပါဒေသု၊ ခြေတော်တို့၌။ တာနိ စက္ကရတနာနိ စ၊ ထိုစကြာရတနာတို့သည်လည်းကောင်း။ သဗ္ဗံ၊ အလုံးစုံသော။ တံ သမ္ပတ္တိဇာတံ၊ ထိုသမ္ပတ္တိဟူသမျှသည်။ အန္တရဟိတံ၊ ကွယ်ပျောက်ခဲ့လေပြီ။ သဗ္ဗသင်္ခါရာ၊ အလုံးစုံသော သင်္ခါရတို့သည်။ နုန၊ စင်စစ်။ ရိတ္တာ၊ နိစ္စသာရစသည်တို့မှ ကင်းဆိတ်လေကုန်စွတကား၊
ဣတိ-ဤတွင် ဒီပင်္ကရာမြတ်စွာဘုရား၏ ဗုဒ္ဓဝံသအပြီးတည်း။
ဒီပင်္ကရာ မြတ်စွာဘုရား၏ နောက်အဖို့၌ (ဧကံ အသင်္ချေယျံ) တစ်သင်္ချေကိုလွန်၍ ကောဏ္ဍညမည်တော်မူသော မြတ်စွာဘုရားသည် ထင်ရှားပွင့်တော်မူပြီ၊ ထိုကောဏ္ဍညမြတ်စွာဘုရား၏လည်း ၃ ကြိမ်ကုန်သော သာဝကအစည်းအဝေးတို့သည် ဖြစ်ကုန်ပြီ၊ ပဌမအစည်းအဝေး၌ ကုဋေတစ်သိန်းသည် (ဖြစ်၏၊) ဒုတိယအစည်းအဝေး၌ ကုဋေတစ်ထောင်သည် (ဖြစ်၏၊) တတိယအစည်းအဝေး၌ ကုဋေကိုးဆယ်တို့သည် (ဖြစ်ကုန်၏။)
ဘုရားလောင်းသည် ဝိဇိတာဝီမည်သော စက္ကဝတ်စကြာမင်း ဖြစ်၍ ကုဋေတစ်သိန်းအရေအတွက်ရှိသော ဘုရားအမှူးရှိသော ဘိက္ခုသံဃာအား ကြီးစွာသောအလှူကို ပေးလှူပြီ၊ မြတ်စွာဘုရားသည် (ဗောဓိသတ္တံ) အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်၌ ငြိကပ်သော ဘုရားအလောင်းကို ဘုရားဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူပြီး၍ တရားဟောတော်မူပြီ၊ ထိုဝိဇိတာဝီမည်သော စက္ကဝတ်မင်းသည် မြတ်စွာဘုရား၏ (ဓမ္မကထံ) ဟောတော်မူအပ်သော တရားတော်ကို နာပြီး၍ မင်းအဖြစ်ကို (နိယျာတေတွာ) အပ်လွှဲ၍ ရဟန်းပြုပြီ၊ ထိုဘုရားအလောင်း ရဟန်းတော်သည် ပိဋကတ် ၃ ပုံတို့ကို သင်ယူပြီး၍ ရှစ်ပါးသော ဈာန်သမာပတ်တို့ကိုလည်းကောင်း, ၅ ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း ဖြစ်စေပြီး၍ (အပရိဟီနဇ္ဈာနော) မယုတ်လျော့သော ဈာန်ရှိသည် (ဖြစ်၍) ဗြဟ္မာ့ပြည်၌ ဖြစ်ပြီ။
ဆက်ဦးအံ့- ကောဏ္ဍညမြတ်စွာဘုရား၏
ရမ္မဝတီမည်သော နေပြည်တော်သည် (ဖြစ်၏၊) သုနန္ဒမည်သော မင်းသည် ခမည်းတော်(ဖြစ်၏၊) သုဇာတာမည်သော မိဖုရားသည် မယ်တော်ရင်း(ဖြစ်၏၊) ဘဒ္ဒမည်သော ရဟန္တာသည်လည်းကောင်း, သုဘဒ္ဒမည်သော ရဟန္တာသည်လည်းကောင်း ၂ ပါးတို့သည် အမြတ်ဆုံးသာဝကတို့ (ဖြစ်ကုန်ပြီ၊) အနုရုဒ္ဓါမည်သော ရဟန်းသည် အလုပ်အကျွေး (ဖြစ်ပြီ၊) တိဿာမည်သော ဘိက္ခုနီသည်လည်းကောင်း, ဥပတိဿာမည်သော ဘိက္ခုနီသည်လည်းကောင်း ဤ ၂ ပါးတို့သည် အမြတ်ဆုံး သာဝိကာမတို့ (ဖြစ်ကုန်ပြီ၊)
ထိုကောဏ္ဍညမြတ်စွာဘုရား၏ ဗောဓိပင်သည် သာလကလျာဏီမည်သော သစ်ပင်တည်း၊ ကိုယ်တော်သည် (အဋ္ဌာသီတိဟတ္ထုဗ္ဗေဓံ) ၈၈ တောင်အမြင့်ရှိ၏၊ အနှစ်တစ်သိန်းသည် အသက်အတိုင်းအရှည် ဖြစ်ပြီ။
သာလကလျာဏီ ဟူသည် သရက်ပင်, ပိန္နဲပင်တို့ကဲ့သို့ ထိုခေတ်က ထင်ရှားသော သစ်ပင်မျိုးတည်း၊ "ဘုရားပွင့်မည့်အခါ စကြာမင်းပေါ်မည့်အခါတို့၌ တစ်ရက်တည်းဖြင့် ပေါ်ပေါက်လာသည်" ဟု ဋီကာဖွင့်သည်။ထိုကောဏ္ဍညမြတ်စွာဘုရား၏ နောက်အဖို့၌ တစ်သင်္ချေကိုလွန်၍ တစ်ခုတည်းသော ကမ္ဘာ၌သာလျှင် မင်္ဂလဘုရားရှင်, သုမနဘုရားရှင်, ရေဝတဘုရားရှင်, သောဘိတဘုရားရှင်ဟု ၄ ဆူကုန်သော ဘုရားရှင်တို့သည် ပွင့်တော်မူကြကုန်ပြီ။
ချဲ့ဦးအံ့- မင်္ဂလမြတ်စွာဘုရား၏ ၃ ကြိမ်ကုန်သော သာဝကအစည်းအဝေးတို့တွင် ပဌမအစည်းအဝေး၌ ကုဋေတစ်သိန်းသော ရဟန်းတို့သည် ဖြစ်ကုန်ပြီ၊ ဒုတိယအစည်းအဝေး၌ ကုဋေတစ်ထောင်သော (ရဟန်းတို့သည် ဖြစ်ကုန်ပြီ၊) တတိယအစည်းအဝေး၌ ကုဋေကိုးဆယ်သော (ရဟန်းတို့သည် ဖြစ်ကုန်ပြီ။)
ဆက်ဦးအံ့- ထိုမင်္ဂလမြတ်စွာဘုရား၏ (ဝေမာတိကဘာတာ) မိကွဲဘတူ ညီတော်ဖြစ်သော အာနန္ဒမည်သော မင်းသားသည် ကုဋေကိုးဆယ် အရေအတွက်ရှိသော ပရိသတ်နှင့်တကွ တရားနာခြင်းအကျိုးငှာ မြတ်စွာဘုရား၏အထံသို့ သွားပြီ၊ မြတ်စွာဘုရားသည် ထိုညီတော်ဖြစ်သော အာနန္ဒမင်းသားအား အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟောတော်မူပြီ၊ ထိုညီတော်ဖြစ်သော အာနန္ဒမင်းသားသည် ပရိသတ်နှင့်အတူ ပဋိသမ္ဘိဒါ ၄ ပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်ပြီ၊
မြတ်စွာဘုရားသည် ထိုအမျိုးကောင်းသားတို့၏ ရှေး၌ဖြစ်သော အကျင့်ကို ကြည့်ရှုတော်မူလသော် (ဣဒ္ဓိမယပတ္တစီဝရဿ) ကမ္မဇိဒ္ဓိကြောင့် ဖြစ်သော
သပိတ်သင်္ကန်း၏ အားကြီးသော မှီရာအကြောင်းကို မြင်တော်မူ၍ လကျာ်လက်တော်ကို ဆန့်တန်းတော်မူပြီးလျှင် "ဧထ ဘိက္ခဝေါ" ဟု ခေါ်တော်မူပြီ၊
ဧဟိဘိက္ခုခေါ်ခြင်းမျိုးတည်း။ထိုခဏ၌ပင် အလုံးစုံသော သပိတ်သင်္ကန်းကို ဆောင်ကုန်သည်ဖြစ်၍ သိက္ခာဝါ (၆ဝ) ရပြီးသော ထေရ်ကြီးတို့ကဲ့သို့ ရဟန်းတို့၏ အသွင်အပြင်နှင့် ပြည့်စုံကုန်သည်ဖြစ်၍ မြတ်စွာဘုရားကို ရှိခိုး၍ ဝန်းရံကြကုန်ပြီ။ အယံ၊ ဤအစည်းအဝေးသည်။ အဿ၊ ထိုမင်္ဂလမြတ်စွာဘုရား၏။ တတိယော၊ ၃ ကြိမ်မြောက်ဖြစ်သော။ သာဝကသန္နိပါတော၊ သာဝကတို့၏ အစည်းအဝေးသည်။ အဟောသိ၊ ဖြစ်ပြီ။
ဆက်ဦးအံ့- (အညေသံ) မင်္ဂလဘုရားမှ အခြားကုန်သော ဘုရားရှင်တို့၏ ပတ်ဝန်းကျင်၌ ကိုယ်ရောင်တော်သည် အတောင်ရှစ်ဆယ် အတိုင်းအရှည်ရှိသည်သာလျှင်။ ဟောတိ ယထာ၊ သို့။ ဧဝံ၊ ဤအတူ။ တဿ၊ ထိုမင်္ဂလဘုရား၏။ သရီရပ္ပဘာ၊ ကိုယ်ရောင်တော်သည်။ န၊ မဟုတ်၊ စင်စစ်ကား ထိုမင်္ဂလဘုရား၏ ကိုယ်ရောင်တော်သည် အမြဲကာလပတ်လုံး တစ်သောင်းသော လောကဓာတ်ကို ဖြန့်၍တည်ပြီ၊ သစ်ပင်, မြေကြီး, တောင်, သမုဒ္ဒရာ အစရှိသော အဆောက်အဦတို့သည် အယုတ်ဆုံးအားဖြင့် ထမင်းအိုး အစရှိသည်တို့ကို အစပြု၍ ရွှေပြားတို့ဖြင့် မြှေးယှက်ရစ်ပတ်အပ်ကုန်သကဲ့သို့ ဖြစ်ကုန်ပြီ။
ဆက်ဦးအံ့- ထိုမင်္ဂလဘုရား၏ အသက်အတိုင်းအရှည်သည် အနှစ်ကိုးသောင်းတို့ ဖြစ်ပြီ၊ ဤမျှလောက်သော အနှစ်ကိုးသောင်းကာလပတ်လုံး လ, နေ အစရှိသည်တို့သည် မိမိမိမိ၏ အရောင်ဖြင့် တင့်တယ်ခြင်းငှာ မစွမ်းနိုင်ကြကုန်၊ ညဉ့်နေ့တို့၏ အပိုင်းအခြားသည် မထင်ရှားတော့၊ နေ့အခါ၌ နေရောင်ဖြင့် (ဝိစရန္တိ ဝိယ) လှည့်လည်သွားလာကြရကုန်သကဲ့သို့၊ (တထာ-တူ၊) သတ္တဝါတို့သည် အမြဲဘုရားအရောင်တော်ဖြင့်သာလျှင် လှည့်လည်သွားလာကြရကုန်ပြီ၊ ညချမ်းအခါ၌ ဖြစ်သော အပွင့်ရှိကုန်သော ပန်းတို့၏လည်းကောင်း, နံနက်အခါ၌ မြည်တွန်ကုန်သော ငှက်တို့၏လည်းကောင်း အစွမ်းဖြင့် လူအပေါင်းသည် ညဉ့်နေ့အပိုင်းအခြားကို မှတ်သားရလေပြီ။
ပန - ပရိဟာရပက္ခမှ တစ်ပါး စောဒကပက္ခကို ဆိုဦးအံ့။ အညေသံ၊ မင်္ဂလဘုရားရှင်မှ တစ်ပါး ကုန်သော။ ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။ အယံ အာနုဘာဝေါ၊ ဤအာနုဘော်သည်။ နတ္ထိ ကိံ၊ မရှိသလော။ ဣတိ၊ ဤကား အမေးတည်း၊ (အညေသံ၊ ကုန်သော။ ဗုဒ္ဓါနံ၊ တို့၏။ အယံ အာနုဘာဝေါ၊ သည်၊) နော နတ္ထိ၊ မရှိသည်မဟုတ် ရှိသည်သာ။ ဟိ၊ မှန်၏။ တေပိ၊ ထိုအခြားသော ဘုရားရှင်တို့သည်လည်း။ အာကင်္ခမာနာ၊ အလိုရှိတော်မူကုန်လသော်။ ဒသသဟဿိံ၊ တစ်သောင်းအတိုင်းအရှည်ရှိသော။ လောကဓာတုံ ဝါ၊ လောကဓာတ်ကိုသော်လည်းကောင်း။ တတော၊ ထိုတစ်သောင်းသော လောကဓာတ်ထက်။ ဘိယျော ဝါ၊ အလွန်ကိုသော်လည်းကောင်း။ အာဘာယ၊ ကိုယ်ရောင်တော်ဖြင့်။ ဖရေယျုံ၊ ဖြန့်နိုင်ကုန်ရာ၏။ ပန၊ အဖို့တစ်ပါးကား။ မင်္ဂလဿ၊ မင်္ဂလမည်တော်မူသော။ ဘဂဝတော၊ ၏။ ပုဗ္ဗပတ္ထနာဝသေန၊ ရှေးဆုတောင်း၏ အစွမ်းဖြင့်။ အညေသံ၊ အခြားသော ဘုရားရှင်တို့၏။ ဗျာမပ္ပဘာဝိယ၊ တစ်လံမျှလောက်သော ကိုယ်ရောင်တော်ကဲ့သို့။ သရီရပ္ပဘာ၊ ကိုယ်ရောင်တော်သည်။ နိစ္စမေဝ၊ အမြဲသာလျှင်။ ဒသသဟဿိလောကဓာတုံ၊ တစ်သောင်းသော လောကဓာတ်ကို။ ဖရိတွာ၊ ဖြန့်၍။ အဋ္ဌာသိ၊ တည်ပြီ။
ကိရ၊ ချဲ့ဦးအံ့။ သော၊ ထိုမင်္ဂလမြတ်စွာဘုရားသည်။ ဗောဓိသတ္တစရိယကာလေ၊ ဘုရားအလောင်းတို့၏ ပါရမီကျင့်ကို ဖြည့်ကျင့်ရာအခါ၌။ ဝေဿန္တရသဒိသေ၊ ဝေဿန္တရာမင်း၏ အတ္တဘောနှင့်တူသော။ အတ္တဘာဝေ၊ အတ္တဘော၌။ ဌိတော၊ တည်လျက်။ သပုတ္တဒါရော၊ သားတော်, သမီးတော်, မိဖုရားတော်တို့နှင့်တကွ။ ဝကင်္ပဗ္ဗတသဒိသေ၊ ဝကင်္တောင်နှင့်တူသော။ ပဗ္ဗတေ၊ တောင်၌။ ဝသိ၊ နေပြီ။ အထ၊ ထိုအခါ၌။ ဧကော၊ တစ်ယောက်သော။ ခရဒါဌိကော နာမ၊ (ကြမ်းတမ်းသောအစွယ်ရှိသည်၏ အဖြစ်ကြောင့်) ခရဒါဌိကမည်သော။ ယက္ခော၊ ဘီလူးသည်။ မဟာပုရိသဿ၊ ယောက်ျားမြတ်၏။ ဒါနဇ္ဈာသယတံ၊ ဒါန၌ လွန်ကဲသောအဇ္ဈာသယရှိသည်၏ အဖြစ်ကို။ သုတွာ၊ ကြားရ၍။ ဗြာဟ္မဏဝဏ္ဏေန၊ ပုဏ္ဏားအသွင်ဖြင့်။ ဥပသင်္ကမိတွာ၊ ချဉ်းကပ်၍။ မဟာသတ္တံ၊ ဘုရားအလောင်းကို။ ဒွေ၊ ၂ ယောက်ကုန်သော။ ဒါရကေ၊ ကလေးတို့ကို။ ယာစိ၊ တောင်းပြီ။ မဟာသတ္တော၊ သည်။ ဗြာဟ္မဏဿ၊ ပုဏ္ဏားအား။ ပုတ္တေ၊ သားတော်, သမီးတော်တို့ကို။ ဒဒါမိ၊ လှူအံ့။ ဣတိ၊ ဤသို့ကြံ၍။ ဟဋ္ဌပဟဋ္ဌော၊ ရွှင်လန်း, အပြားအားဖြင့် ရွှင်လန်းသည်၊ ဝါ - အလွန်ရွှင်လန်းသည်၊ (ဟုတွာ)။ ဥဒကပရိယန္တံ၊ ရေအဆုံးအပိုင်းအခြားရှိသော။ ပထဝိံ၊ မြေကို။ ကမ္ပေန္တော၊ တုန်လှုပ်စေလျက်။ ဒွေပိ၊ ၂ ယောက်လည်းဖြစ်ကုန်သော။ ဒါရကေ၊ တို့ကို။ အဒါသိ၊ ပေးလှူပြီ။
ယက္ခော၊ ဘီလူးသည်။ စင်္ကမနကောဋိယံ၊ စင်္ကြံစွန်း၌။ မဟာသတ္တဿ၊ ဘုရားအလောင်းသည်။ အာလမ္ဗနဖလကံ၊ ဆွဲကိုင်ရာပျဉ်ချပ်ကို၊ ဝါ - တံကဲမှီပျဉ်ချပ်ကို။ နိဿာယ၊ မှီ၍။ ဌတွာ၊ ရပ်၍။ ပဿန္တေဿဝ၊ ကြည့်ရှုစဉ်သာလျှင်။ မူလကလာပံ ဝိယ၊ ကြာစွယ်စည်ကဲ့သို့၊ 'ဒွေ' - ကုန်သော။ ဒါရကေ၊ တို့ကို။ ခါဒိ၊ ခဲစားပြီ။ မဟာပုရိသဿ၊ ၏၊ (ဒေါမနဿံ၌စပ်၊) ယက္ခံ၊ ကို။ ဩလောကေတွာ၊ ကြည့်၍။ မုခေ၊ ခံတွင်းကို။ ဝိဝဋမတ္တေ၊ ဖွင့်အပ်ကာမျှ ဖြစ်လသော်။ အဂ္ဂိဇာလံ ဝိယ၊ မီးလျှံကဲ့သို့။ လောဟိတဓာရံ၊ သွေးအယဉ်ကို။ ဥဂ္ဂိရမာနံ၊ အံထုတ်နေသော။ တဿ၊ ထိုဘီလူး၏။ မုခံ၊ ခံတွင်းကို။ ဒိသွာပိ၊ မြင်ရ၍လည်း၊ ဝါ - မြင်ရပါသော်လည်း။ ကေသမတ္တမ္ပိ၊ ဆံချည်ဖျားမျှလည်းဖြစ်သော၊ (အနည်းငယ်လည်းဖြစ်သော၊) ဒေါမနဿံ၊ ဒေါမနဿသည်။ နုပ္ပဇ္ဇတိ၊ မဖြစ်၊
၁။ ေရှးနိဿယ၌ "ကြာစည်းကဲ့သို့" ဟု ပေးသည်။ပန၊ စင်စစ်ကား။ မေ၊ ငါသည်။ ဒါနံ၊ သားတော်သမီးတော်ဟူသောအလှူကို။ သုဒိန္နံ ဝတ၊ ကောင်းစွာပေးလှူအပ်ပြီတကား။ ဣတိ၊ သို့။ စိန္တယတော၊ ကြံစည်သော။ အဿ၊ ထိုဘုရားအလောင်း၏။ သရီရေ၊ ကိုယ်၌။ မဟန္တံ၊ ကြီးစွာသော။ ပီတိသောမနဿံ၊ နှစ်သက်ဝမ်းမြောက်ခြင်းသည်။ ဥဒပါဒိ၊ ပြီ။ သော၊ ထိုဘုရားအလောင်းသည်။ မေ၊ ငါ၏။ ဣမဿ၊ ဤသားတော်သမီးတော်အလှူ၏၊ (နိဿန္ဒေန၊ အကျိုးဆက်ကြောင့်။ အနာဂတေ၊ နောင်အခါ၌။ ဣမိနာဝ နီဟာရေန၊ ဤနည်းအားဖြင့်သာလျှင်။ သရီရတော၊ ကိုယ်မှ။ ရသ္မိယော၊ အရောင်တို့သည်။ နိက္ခမန္တု၊ ထွက်စေကုန်သတည်း။ ဣတိ၊ သို့။ ပတ္ထနံ၊ ဆုတောင်းခြင်းကို။ အကာသိ၊ ပြုပြီ။ တဿ၊ ထိုမင်္ဂလဘုရားအလောင်း၏၊ ဝါ - သည်။ တံ ပတ္ထနံ၊ ထိုဆုတောင်းခြင်းကို။ နိဿာယ၊ မှီ၍။ ဗုဒ္ဓဘူတဿ၊ ဘုရားဖြစ်၍ ဖြစ်လသော်။ သရီရတော၊ ကိုယ်တော်မှ။ ရောင်ခြည်တော်တို့သည်၊ နိက္ခမိတွာ၊ ထွက်၍။ ဧတ္တကံ၊ ဤမျှအတိုင်းအရှည်ရှိသော။ ဌာနံ၊ အရပ်ကို။ ဖရိံသု၊ ဖြန့်ကုန်ပြီ။
အပရမ္ပိ၊ အခြားတစ်မျိုးလည်းဖြစ်သော။ အဿ၊ ထိုမင်္ဂလမြတ်စွာဘုရား၏။ ပုဗ္ဗစရိတံ၊ ရှေ့၌ကျင့်အပ်သောအကျင့်သည်။ အတ္ထိ၊ ရှိသေး၏။ ကိရ၊ ချဲ့။ သော၊ ထိုမင်္ဂလမြတ်စွာဘုရားသည်။ ဗောဓိသတ္တကာလေ၊ ဘုရားအလောင်းဖြစ်ရာအခါ၌။ ဧကဿ၊ တစ်ဆူသော။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ စေတိယံ၊ စေတီတော်ကို။ ဒိသွာ၊ ဖူးမြော်၍။ ဣမဿ ဗုဒ္ဓဿ၊ ဤမြတ်စွာဘုရားအား။ မယာ၊ သည်။ ဇီဝိတံ၊ ကို။ ပရိစ္စဇိတုံ၊ စွန့်ခြင်းငှာ။ ဝဋ္ဋတိ၊ သင့်၏။ ဣတိ၊ ဤသို့ကြံ၍။ ဒဏ္ဍကဒီပိကာဝေဌနနိယာမေန၊ ဆီမီးတိုင်ကိုရစ်ပတ်ပုံနည်းအားဖြင့်။ သကလသရီရံ၊ အလုံးစုံသောကိုယ်ကို။ ဝေဌာပေတွာ၊ ရစ်ပတ်စေ၍။ ရတနမတ္တမကုဠံ၊ တစ်တောင်မျှအတိုင်းအရှည်ရှိသောအထွတ်ရှိသော။ သတသဟဿဂ္ဃနိကံ၊ အဖိုးတစ်သိန်းထိုက်သော။ သုဝဏ္ဏပါတိံ၊ ရွှေခွက်ကို။ သပ္ပိဿ၊ ထောပတ်ဖြင့်။ ပူရာပေတွာ၊ ပြည့်စေ၍။ တတ္ထ၊ ထိုရွှေခွက်၌။ သဟဿဝဋ္ဋိယော၊ တစ်ထောင်သောမီးစာတို့ကို။ ဇာလာပေတွာ၊ တောက်စေပြီး၍။ တံ၊ ထိုရွှေခွက်ကို။ သီသေန၊ ဦးခေါင်းဖြင့်။ အာဒါယ၊ ယူ၍။ သကလသရီရံ၊ ကို။ ဇာလာပေတွာ၊ တောက်လောင်စေပြီး၍။ စေတိယံ၊ စေတီကို။ ပဒက္ခိဏံ၊ လကျာ်ရစ်။ ကရောန္တော၊ ပြုလျက်၊ (လှည့်လည်လျက်၊) သကလရတ္တိံ၊ အလုံးစုံသောညဉ့်ကို။ ဝီတိနာမေသိ၊ လွန်စေပြီ။ ဧဝံ၊ သို့။ ယာဝ အရုဏုဂ္ဂမနာ၊ အရုဏ်တက်သည်တိုင်အောင်။ ဝါယမန္တဿာပိ၊ အားထုတ်ပါသော်လည်း၊ (အားထုတ်သည်လည်းဖြစ်သော၊) အဿ၊ ထိုဘုရားလောင်း၏။ လောမကူပမတ္တံပိ၊ မွေးတွင်းပေါက်မျှကိုလည်း။ ဥသုမံ၊ အပူငွေ့သည်။ န ဂဏှိ၊ မယူနိုင်။ ပဒုမဂ္ဘံ၊ ပဒုမ္မာကြာတိုက်သို့။ ပဝိဋ္ဌကာလော ဝိယ၊ ဝင်အပ်ရာအခါနှင့်တူသည်။ အဟောသိ၊ ဖြစ်ပြီ။
ဟိ၊ မှန်။ ဧသ ဧသော ဓမ္မော နာမ၊ ဤတရားမည်သည်။ အတ္တာနံ၊ မိမိဟူသောတရားကို။ ရက္ခန္တံ၊ စောင့်ရှောက်သူကို။ ရက္ခတိ၊ ပြန်၍စောင့်ရှောက်၏။ တေန၊ ထို့ကြောင့်။ ဓမ္မော ပေ ဓမ္မစာရီတိ၊ ဟူ၍။ ဘဂဝါ၊ သည်။ အာဟ၊ ဟောတော်မူပြီ။ ဣမဿာပိ ကမ္မဿ၊ ဤဆီမီးလှူကြောင်းကောင်းမှု၏လည်း။ နိဿန္ဒေန၊ အကျိုးဆက်ကြောင့်။ တဿ ဘဂဝတော၊ ထိုမင်္ဂလဘုရား၏။ သရီရောဘာသော၊ ကိုယ်ရောင်တော်သည်။ ဒသသဟဿိလောကဓာတုံ၊ တစ်သောင်းသောလောကဓာတ်ကို။ ဖရိတွာ၊ ဖြန့်၍။ အဋ္ဌာသိ၊ တည်ပြီ။ ဓမ္မော၊ ကုသလကမ္မပထတရား ၁ဝ ပါးသည်။ ဟဝေ၊ စင်စစ်။ ဓမ္မစာရိံ၊ တရားကိုကျင့်လေ့ရှိသူကို။ ရက္ခတိ၊ ပြန်၍စောင့်ရှောက်၏။ သုစိဏ္ဏော၊ ကောင်းစွာကျင့်အပ်သော။ ဓမ္မော၊ ကုသလကမ္မပထတရား ၁ဝ ပါးသည်။ သုခံ၊ ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်းကို၊ ဝါ - လူနတ်နိဗ္ဗာန် ၃ တန်သောချမ်းသာကို။ မာဝဟတိ၊ ဆောင်နိုင်၏။ ဓမ္မစာရီ၊ တရားကိုကျင့်လေ့ရှိသောပုဂ္ဂိုလ်သည်။ ဒုဂ္ဂတိံ၊ မကောင်းသောဂတိသို့။ န ဂစ္ဆတိ၊ မရောက်နိုင်။ ဧသ (ဧသော)၊ ဤဒုဂ္ဂတိသို့မရောက်ရခြင်းသည်။ သုစိဏ္ဏေ၊ ကောင်းစွာကျင့်အပ်သော။ ဓမ္မေ၊ တရား၏။ အာနိသံသော၊ အကျိုးတည်း။
ဘုရားအလောင်း တဒါ၊ မင်္ဂလဘုရားရှင်ပွင့်တော်မူရာထိုအခါ၌။ အမှာကံ၊ ငါတို့၏၊ ဗောဓိသတ္တော - ဘုရားအလောင်းသည်။ သုရုစိနာမ၊ သုရုစိမည်သော၊
၁။ အချို့စာအုပ်၌ "ဣမိနာ" ဟု ရှိ၏။ ၂။ အလယ်၌မီးစာရစ်ပတ်စရာအထွတ်အငုံပါသော။ ၃။ ဆဋ္ဌီအနက်၌ သတ္တမီဝိဘတ်သက်။ ၄။ ကုသလကမ္မပထတရား ၁ဝ ပါးသည်။ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ ဟုတွာ၊ ၍။ သတ္ထာရံ၊ ကို။ နိမန္တေဿာမိ၊ ပင့်ဖိတ်အံ့။ ဣတိ၊ ဤသို့ကြံ၍။ ဥပသင်္ကမိတွာ၊ ချဉ်းကပ်၍။ မဓုရဓမ္မကထံ၊ ချိုမြိန်သောတရားစကားတော်ကို။ သုတွာန၊ နာရ၍။ ဘန္တေ၊ မြတ်စွာဘုရား။ သွေ၊ နက်ဖြန်၌။ မယှံ၊ တပည့်တော်၏။ ဘိက္ခံ၊ ဆွမ်းကို။ ဂဏှထ၊ ခံယူတော်မူပါကုန်။ ဣတိ၊ ဤသို့။ အာဟ၊ လျှောက်ပြီ။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တေ၊ သင်အား။ ကိတ္တကေဟိ၊ အဘယ်မျှအတိုင်းအရှည်ရှိကုန်သော။ ဘိက္ခူဟိ၊ ရဟန်းတို့ဖြင့်။ အတ္ထော၊ အလိုသည်၊ (အတ္ထိ၊ ရှိသနည်း၊) ဣတိ၊ ဤသို့မေးတော်မူပြီ။ ဘန္တေ၊ မြတ်စွာဘုရား။ ဝေါ၊ ရှင်တော်ဘုရားတို့၏။ ပရိဝါရာ၊ အခြံအရံဖြစ်ကုန်သော။ ဘိက္ခူ၊ ရဟန်းတို့သည်။ ကိတ္တကာ၊ အဘယ်မျှအတိုင်းအရှည်ရှိကုန်ပါသနည်း။ ဣတိ၊ ဤသို့လျှောက်ပြီ။ တဒါ၊ ထိုအခါ၌။ သတ္ထု၊ မင်္ဂလဘုရားရှင်၏။ ပဌမသန္နိပါတောယေဝ၊ ပထမအစည်းအဝေးသည်သာလျှင်။ ဟောတိ၊ ဖြစ်သေး၏။ တသ္မာ၊ ထို့ကြောင့်။ ကောဋိသတသဟဿံ၊ ကုဋေတစ်သိန်းတည်း။ ဣတိ၊ သို့။ အာဟ၊ မိန့်တော်မူပြီ။
ဘန္တေ၊ မြတ်စွာဘုရား။ သဗ္ဗေဟိပိ၊ အလုံးစုံကုန်သောကုဋေတစ်သိန်းသောရဟန်းတော်တို့နှင့်လည်း။ သဒ္ဓိံ၊ တကွ။ မယှံ၊ တပည့်တော်၏။ ဘိက္ခံ၊ ဆွမ်းကို။ ဂဏှထ၊ ခံယူတော်မူပါကုန်။ ဣတိ၊ ဤသို့။ အာဟ၊ လျှောက်ပြီ။ သတ္ထာ၊ မြတ်စွာဘုရားသည်။ အဓိဝါသေသိ၊ လက်ခံတော်မူပြီ။ ဗြာဟ္မဏော၊ သည်။ သွာတနာယ၊ နက်ဖြန်၌ဖြစ်သောဆွမ်းဘုဉ်းပေးခြင်းအလို့ငှာ။ နိမန္တေတွာ၊ ပင့်ဖိတ်ပြီး၍။ ဂေဟံ၊ အိမ်သို့။ ဂစ္ဆန္တော၊ သွားစဉ်။ စိန္တေသိ၊ ကြံပြီ၊ (ကိံ၊ အဘယ်သို့ကြံသနည်း၊) အဟံ၊ ငါသည်။ ဧတ္တကာနံ၊ ဤမျှအတိုင်းအရှည်ရှိကုန်သော။ ဘိက္ခူနံ၊ ရဟန်းတို့အား။ ယာဂုဘတ္တဝတ္ထာဒီနိ၊ ယာဂု, ဆွမ်း, အဝတ်အစရှိသောလှူဖွယ်တို့ကို။ ဒါတုံ၊ ပေးလှူခြင်းငှာ။ နော န သက္ကောမိ၊ မစွမ်းနိုင်မဟုတ်, စွမ်းနိုင်သည်သာ။ ပန၊ ထိုသို့ပင်စွမ်းနိုင်ပါသော်လည်း။ နိသီဒနဋ္ဌာနံ၊ ထိုင်နေရာအရပ်သည်။ ကထံ၊ အဘယ်နည်းဖြင့်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့နည်း။ ဣတိ၊ ဤသို့ကြံ၍။ တဿ၊ ထိုသုရုစိပုဏ္ဏား၏။ သာ စိန္တာ၊ ထိုအကြံသည်။ စတုရာသီတိယောဇနသဟဿမတ္ထကေ၊ ယူဇနာပေါင်းရှစ်သောင်းလေးထောင်၏အထက်၌။ ဌိတဿ၊ တည်သော။ ဒေဝရညော၊ သိကြားနတ်မင်း၏။ ပဏ္ဍုကမ္ဗလသိလာသနဿ၊ ပုဏ္ဍုကမ္ဗလာကျောက်နေရာ၏။ ဥဏှဘာဝံ၊ ပူရှိန်သည်၏အဖြစ်ကို။ ဇနေသိ၊ ဖြစ်စေပြီ။
သက္ကော၊ သိကြားမင်းသည်။ ကော၊ အဘယ်သူသည်။ မံ၊ ငါ့ကို။ ဣမသ္မာ ဌာနာ၊ ဤသိကြားရာထူးမှ။ စာဝေတုကာမော နု ခေါ၊ ရွေ့လျောစေလိုပါလိမ့်မည်နည်း။ ဣတိ၊ ဤသို့ကြံ၍။ ဒိဗ္ဗစက္ခုနာ၊ နတ်မျက်စိဖြင့်။ ဩလောကေန္တော၊ ကြည့်လသော်။ မဟာပုရိသံ၊ ကို။ ဒိသွာ၊ မြင်၍။ အယံ သုရုစိဗြာဟ္မဏော၊ သည်။ ဗုဒ္ဓပ္ပမုခံ၊ ဘုရားအမှူးရှိသော။ ဘိက္ခုသံဃံ၊ ရဟန်းအပေါင်းကို။ နိမန္တေတွာ၊ ၍။ နိသီဒနတ္ထာယ၊ ထိုင်နေရာအလို့ငှာ။ စိန္တေသိ၊ ကြံပြီ။ မယာပိ၊ ငါသည်လည်း။ တတ္ထ၊ ထိုအရပ်သို့။ ဂန္တွာ၊ သွား၍။ ပုညကောဋ္ဌာသံ၊ ကောင်းမှု၏အဖို့ကို။ ဂဟေတုံ၊ ယူခြင်းငှာ။ ဝဋ္ဋတိ၊ သင့်၏။ ဣတိ၊ ဤသို့ကြံ၍။ ဝဍ္ဎုကိဝဏ္ဏံ၊ လက်သမားအသွင်ကို။ နိမ္မိနိတွာ၊ ဖန်ဆင်းပြီး၍။ ဝါသိဖရသုဟတ္ထော၊ လက်၌ပဲခွပ်ပုဆိန်ရှိသည်၊ (ပဲခွပ်ပုဆိန်ကိုလက်စွဲသည်၊) (ဟုတွာ၊) မဟာပုရိသဿ၊ ၏။ ပုရတော၊ ရှေ့၌။ ပါတုရဟောသိ၊ ထင်ရှားဖြစ်ပြီ။
သော၊ ထိုသိကြားမင်းသည်။ ကဿစိ၊ တစ်စုံတစ်ယောက်၏၊ ဝါ - မှာ။ ဘတိယာ၊ အခဖြင့်။ ကတ္တဗ္ဗကိစ္စံ၊ ပြုဖွယ်ကိစ္စသည်။ အတ္ထိ နု ခေါ၊ ရှိပါသလော။ ဣတိ၊ ဤသို့။ အာဟ၊ မေးပြီ။ မဟာပုရိသော၊ သည်။ တံ၊ ထိုလက်သမားကို၊ ဒိသွာ - ၍။ ကိံ ကမ္မံ၊ အဘယ်အမှုကို။ ကရိဿသိ၊ ပြုလတ္တံ့နည်း။ ဣတိ၊ သို့။ အာဟ၊ မေးပြီ။ မမ၊ အကျွန်ုပ်၏။ အဇာနနသိပ္ပံ နာမ၊ မသိအပ်သောအတတ်မည်သည်။ နတ္ထိ၊ မရှိပါ။ ဂေဟံ ဝါ၊ အိမ်ကိုသော်လည်းကောင်း။ မဏ္ဍပံ ဝါ၊ မဏ္ဍပ်ကိုသော်လည်းကောင်း။ ယော၊ အကြင်သူသည်။ ယံ၊ အကြင်မှုကို။ ကာရေတိ၊ ပြုစေ၏။ တဿ၊ ထိုသူ၏။ တံ၊ ထိုအမှုကို။ ကာတုံ၊ ပြုခြင်းငှာ။ ဇာနာမိ၊ သိပါ၏။ ဣတိ၊ ဤသို့ပြောပြီ။ တေန ဟိ၊ ထိုသို့ဖြစ်လျှင်။ မယှံ၊ ကျွန်ုပ်၏။ ကမ္မံ၊ အလုပ်သည်။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ဤသို့ပြောပြီ။ အယျ၊ အရှင်။ ကိံ၊ အဘယ်အလုပ်ပါနည်း။ ဣတိ၊ ဤသို့မေးပြီ။ မေ၊ သည်။ သွာတနာယ၊ ငှာ။ ကောဋိသတသဟဿံ၊ သော။ ဘိက္ခူ၊ တို့ကို။ နိမန္တိတာ၊ ပင့်ဖိတ်အပ်ကုန်ပြီ။ တေသံ၊ ထိုရဟန်းတို့၏။ နိသီဒနမဏ္ဍပံ၊ ထိုင်နေရာမဏ္ဍပ်ကို။ ကရိဿသိ၊ ပြုနိုင်လတ္တံ့လော။ ဣတိ၊ ဤသို့မေးပြီ။ မေ၊ အကျွန်ုပ်အား။ ဘတိံ၊ အခကို။ ဒါတုံ၊ ပေးခြင်းငှာ။ သစေ သက္ခိဿထ၊ အကယ်၍စွမ်းနိုင်ကုန်အံ့။ အဟံ နာမ၊ အကျွန်ုပ်မည်သည်၊ ဝါ - အကျွန်ုပ်ဆိုတာ။ ကရေယျံ၊ ပြုနိုင်တာပေါ့။ ဣတိ၊ ဤသို့ပြောပြီ။ တာတ၊ အမောင်။ သက္ခိဿာမိ၊ စွမ်းနိုင်ပါ၏။ ဣတိ၊ ဤသို့ပြောပြီ။ သာဓု၊ ကောင်းပါပြီ။ ကရိဿာမိ၊ ပြုပါအံ့။ ဣတိ၊ ဤသို့ပြော၍။ ဂန္တွာ၊ သွား၍။ ဧကံ ပဒေသံ၊ တစ်ခုသောရပ်ကွက်ကို။ ဩလောကေသိ၊ ကြည့်ပြီ။
၁။ "ဝါသိ - ဓား" လည်း ဟူ၏။ဒွါဒသတေရသယောဇနပ္ပမာဏော၊ ၁၂ ယူဇနာ, ၁၃ ယူဇနာအတိုင်းအရှည်ရှိသော။ ပဒေသော၊ အရပ်သည်။ ကသိမဏ္ဍလံ ဝိယ၊ ကသိုဏ်းဝန်းကဲ့သို့။ သမတလော၊ ညီမျှသောအပြင်ရှိသည်။ အဟောသိ၊ ပြီ။ သော၊ ထိုလက်သမားသည်။ ဧတ္တကေ၊ ဤမျှအတိုင်းအရှည်ရှိသော။ ဌာနေ၊ အရပ်၌။ သတ္တရတနမယော၊ ရတနာ ၇ ပါးအတိပြီးသော။ မဏ္ဍပေါ၊ မဏ္ဍပ်သည်။ ဥဋ္ဌဟတု၊ ပေါ်ထွက်စေသတည်း။ ဣတိ၊ သို့။ စိန္တေတွာ၊ ကြံ၍။ ဩလောကေသိ၊ ကြည့်ပြီ။ တာဝဒေဝ၊ ကြည့်ရာထိုခဏ၌ပင်။ ပထဝိံ၊ မြေကို။ ဘိန္ဒိတွာ၊ ဖောက်ခွဲ၍။ မဏ္ဍပေါ၊ သည်။ ဥဋ္ဌဟိ၊ ပေါ်ထွက်ပြီ။ တဿ၊ ထိုမဏ္ဍပ်၏။ သုဝဏ္ဏမယေသု၊ ရွှေအတိပြီးကုန်သော။ ထမ္ဘေသု၊ တိုင်တို့၌။ ရဇတမယာ၊ ငွေအတိပြီးကုန်သော။ ဃဋကာ၊ ကြာသွတ်အိုးတို့သည်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။ ရဇတမယေသု၊ ငွေအတိပြီးကုန်သော။ ထမ္ဘေသု၊ တိုင်တို့၌။ သုဝဏ္ဏမယာ၊ ရွှေအတိပြီးကုန်သော၊ (ဃဋကာ အဟေသုံ)။ မဏိထမ္ဘေသု၊ ပတ္တမြားတိုင်တို့၌။ ပဝါဠမယာ၊ သန္တာအတိပြီးကုန်သော၊ (ဃဋကာ အဟေသုံ)။ ပဝါဠထမ္ဘေသု၊ တို့၌။ မဏိမယာ၊ ပတ္တမြားအတိပြီးကုန်သော၊ (ဃဋကာ အဟေသုံ)။ သတ္တရတနမယေသု၊ ရတနာ ၇ ပါးအတိပြီးကုန်သော။ ထမ္ဘေသု၊ တို့၌။ သတ္တရတနမယာဝ၊ ရတနာ ၇ ပါးအတိပြီးကုန်သည်သာလျှင်ဖြစ်ကုန်သော၊ ဃဋကာ အဟေသုံ။
တတော၊ ထိုမှနောက်၌။ မဏ္ဍပဿ၊ ၏။ အန္တရန္တရေ၊ အကြားအကြား၌။ ကိင်္ကဏိကဇာလံ၊ ရွှေခြူကွန်ယက်သည်။ ဩလမ္ဗတု၊ တွဲရရွဲဆွဲပါစေသတည်း။ ဣတိ၊ ဤသို့ကြံ၍။ ဩလောကေသိ၊ ကြည့်ပြီ။ သဟ ဩလောကနေနေဝ၊ ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက်။ ကိင်္ကဏိကဇာလံ၊ သည်။ ဩလမ္ဗိ၊ တွဲရရွဲဆွဲပြီ။ ယဿ၊ ယင်းရွှေခြူကွန်ယက်၏၊ ဝါ - သည်။ မန္ဒဝါတေရိတဿ၊ ညင်းညင်းသာသာ လေတိုက်ခတ်အပ်သော်။ ယဿ၊ ယင်းရွှေခြူကွန်ယက်၏။ ပဉ္စင်္ဂိကဿ၊ အင်္ဂါ ၅ ပါးရှိသော။ တူရိယဿ၊ တူရိယာ၏။ မဓုရသဒ္ဒေါ ဣဝ၊ ချိုမြိန်သောအသံသည်ကဲ့သို့။ မဓုရသဒ္ဒေါ၊ ချိုမြိန်သောအရသာနှင့်တူသော သာယာဖွယ်အသံသည်။ နိဂ္ဂစ္ဆတိ၊ ထွက်၏။
၁။ ကြာပန်းစိုက်ဖို့ရာ ရေအိုးတို့သည်။ ၂။ အဖျား၌ ခြူကလေးတွေ တွဲရရွဲပါသော ကွန်ယက်သည်။ ၃။ 'မဓုရသဒ္ဒေါ' ၌ စပ်။ဒိဗ္ဗသင်္ဂီတိဝတ္တနကာလောဝိယ၊ နတ်၌ဖြစ်သော သံပြိုင်သီချင်းဆိုခြင်း၏ ဖြစ်ရာအခါကဲ့သို့။ ဟောတိ၊ ဖြစ်၏။ (သံ- ပေါင်း၍ + ဂီတိ- သီဆိုခြင်း၊ ရှေးနိဿယ၌ “နတ်၌ဖြစ်သော တူရိယာကို တီးသောကာလကဲ့သို့” ဟု ပေးသည်။)
အန္တရန္တရာ၊ အကြားအကြား၌။ ဂန္ဓဒါမမာလာဒါမာနိ၊ နံ့သာကုံး ပန်းကုံးတို့သည်။ သြလမ္ဗန္တု၊ တွဲရရွဲ ဆွဲပါစေကုန်သတည်း။ ဣတိ၊ ဤသို့။ စိန္တေသိ၊ ကြံပြီ။ တာဝဒေဝ၊ ကြံရာထိုခဏ၌ပင်။ ဒါမာနိ၊ နံ့သာကုံး ပန်းကုံးတို့သည်။ သြလမ္ဗိံသု၊ ကုန်ပြီ။
ကောဋိသတသဟဿသင်္ချာနံ၊ ကုဋေတစ်သိန်း အရေအတွက်ရှိကုန်သော။ ဘိက္ခူနံ၊ ရဟန်းတို့ကို။ အာသနာနိစ၊ နေရာတို့သည်လည်းကောင်း။ အာဓာရကာနိစ၊ သပိတ်ခြေတို့သည်လည်းကောင်း။ ပထဝိံ၊ မြေကို။ ဘိန္ဒိတွာ၊ ဖောက်ခွဲ၍။ ဥဋ္ဌဟန္တု၊ ပေါ်ထွက်ပါစေကုန်သတည်း။ ဣတိ၊ ဤသို့။ စိန္တေသိ၊ ကြံပြီ။ တာဝဒေဝ၊ ကြံရာထိုခဏ၌ပင်။ ဥဋ္ဌဟိံသု၊ ပေါ်ထွက်ကုန်ပြီ။
ကောဏေသုကောဏေသု၊ မဏ္ဍပ်၏ အထောင့်အထောင့် အရပ်တို့၌။ ဧကေကာ၊ တစ်လုံးတစ်လုံးကုန်သော။ ဥဒကစာဋိယော၊ ရေအိုးစရည်းကြီးတို့သည်။ ဥဋ္ဌဟန္တု။ ဣတိ၊ ဤသို့။ စိန္တေသိ၊ ကြံပြီ။ တာဝဒေဝ၊ ကြံရာထိုခဏ၌ပင်။ ဥဒကစာဋိယော၊ ရေအိုးစရည်းကြီးတို့သည်။ ဥဋ္ဌဟိံသု၊ ပေါ်ထွက်ကုန်ပြီ။
ဧတ္တကံ၊ ဤမျှ အတိုင်းအရှည်ရှိသော အဆောက်အဦကို။ မာပေတွာ၊ ဖန်ဆင်းပြီး၍။ ဗြာဟ္မဏဿ၊ ပုဏ္ဏား၏။ သန္တိကံ၊ အထံသို့။ ဂန္တွာ၊ သွား၍။ အယျ၊ အရှင်။ ဧဟိ၊ လိုက်ခဲ့ပါလော။ တဝ၊ အရှင်၏။ မဏ္ဍပံ၊ မဏ္ဍပ်ကို။ သြလောကေတွာ၊ ကြည့်ရှု၍။ မယှံ၊ အကျွန်ုပ်အား။ ဘတိံ၊ အခကို။ ဒေဟိ၊ ပေးပါလော။ ဣတိ၊ ဤသို့။ အာဟ၊ ပြောပြီ။
မဟာပုရိသော၊ ဘုရားလောင်းသည်။ ဂန္တွာ၊ သွား၍။ မဏ္ဍပံ၊ မဏ္ဍပ်ကို။ သြလောကေသိ၊ ကြည့်ရှုပြီ။ အဿ၊ ထိုဘုရားလောင်းသည်။ သြလောကေန္တေဿဝ၊ ကြည့်စဉ်ပင်၊ (တစ်နည်း) သြလောကေန္တေဿဝ၊ ကြည့်စဉ်သာလျှင် ဖြစ်သော။ အဿ၊ ထိုဘုရားလောင်း၏။ သကလသရီရံ၊ အလုံးစုံသော ကိုယ်သည် (ဝါ) ကို။ ပဥ္စဝဏ္ဏာယ၊ ငါးပါးအပြားရှိသော။ ပီတိယာ၊ ပီတိသည်။ နိရန္တရံ၊ မပြတ် (ဝါ) အကြားမရှိအောင်။ ဖုဋ္ဌံ၊ တွေ့ထိအပ်သည်။ အဟောသိ၊ ဖြစ်ပြီ။ ( "ဖုဋံ- ပျံ့နှံ့အပ်သည်" ဟုလည်း ပေးကြ၏။)
အထ၊ ထိုအခါ၌။ အဿ၊ ထိုဘုရားလောင်းအား။ မဏ္ဍပံ၊ မဏ္ဍပ်ကို။ သြလောကေတွာ၊ ကြည့်ရှု၍။ ဧတံ၊ ဤအကြံသည်။ အဟောသိ၊ ဖြစ်ပြီ။ (ကိံ- အဘယ်သို့ ဖြစ်သနည်းဟူမူကား-) အယံမဏ္ဍပေါ၊ ဤမဏ္ဍပ်သည်။ မနုဿဘူတေန၊ လူဖြစ်၍ ဖြစ်သူသည်။ နကတော၊ ပြုအပ်သည်မဟုတ်။ ပန၊ စင်စစ်ကား။ မယှံ၊ ငါ၏။ အဇ္ဈာသယဂုဏံ၊ အဇ္ဈာသယ၏ ဂုဏ်ကို။ အာဂမ္မ၊ စွဲ၍။ အဒ္ဓါ၊ မချွတ်ဧကန်။ သက္ကဿ၊ သိကြားမင်း၏။ ဘဝနံ၊ ဗိမာန်သည်။ ဥဏှံ၊ ပူရှိန်သည်။ အဟောသိ၊ ဖြစ်ပြီ။ တတော၊ ထို့ကြောင့်။ ဘဝနံ၊ ဗိမာန်သည် (ပူရှိန်ရှိသောကြောင့်)။ သက္ကေန၊ သိကြားဖြစ်သော။ ဒေဝရညော၊ နတ်မင်းသည်။ အယံမဏ္ဍပေါ၊ ဤမဏ္ဍပ်ကို (ဝါ) သည်။ ကာရိတော၊ ပြုလုပ်စေအပ်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဣတိ၊ ဤသို့သောအကြံသည်။ အဟောသိ၊ ဖြစ်ပြီ။
ပန၊ ဆက်ဦးအံ့။ မေ၊ ငါ့အား။ နယုတ္တံ၊ မသင့် (ဟူသော ပုဒ်၌ အလမတ္ထသမ္ပဒါန်စပ်)၊ (ဝါ) မေ၊ ငါသည်၊ (ဒါတုံ၊ ဟူသော ပုဒ်၌ အဝုတ္တကတ္တားစပ်)။ ဧဝရူပေ၊ ဤသို့ သဘောရှိသော။ မဏ္ဍပေ၊ ၌။ ဧကဒိဝသံယေဝ၊ တစ်နေ့တည်း၌သာလျှင်။ ဒါနံ၊ အလှူကို။ ဒါတုံ၊ ပေးလှူခြင်းငှာ။ နယုတ္တံ၊ မသင့်။ သတ္တာဟံ၊ ခုနစ်ရက်ပတ်လုံး။ ဒဿာမိ၊ ပေးလှူအံ့။ ဣတိ၊ ဤသို့။ စိန္တေသိ၊ ကြံပြီ။
ဟိ၊ မှန်၏။ ဗာဟိရကဒါနံ၊ ခန္ဓာကိုယ်မှ အပဖြစ်သောအလှူသည်။ တတ္တကံ၊ ထိုမျှ အတိုင်းအရှည်ရှိသည် (ထိုမျှလောက် များပြားသည်)။ သမာနံပိ၊ ဖြစ်ပါသော်လည်း။ ဗောဓိသတ္တာနံ၊ ဘုရားအလောင်းတို့၏။ တုဋ္ဌိံ၊ နှစ်သက်ခြင်းကို (ဝါ) အားရကျေနပ်ခြင်းကို။ ကာတုံ၊ ပြုခြင်းငှာ။ နသက္ကောတိ၊ မစွမ်းနိုင်။
ပန၊ အနွယကား။ အလင်္ကတသီသံ၊ တန်ဆာဆင်အပ်သော ဦးခေါင်းကို။ ဆိန္ဒိတွာ၊ ဖြတ်၍လည်းကောင်း။ အဉ္ဇိတအက္ခီနိ၊ မျက်ရေးကွင်းအပ်သော မျက်လုံးတို့ကို။ ဥပ္ပာဋေတွာ၊ ထုတ်၍လည်းကောင်း။ ဟဒယမံသံ၊ နှလုံးသားကို။ ဥပ္ပာဋေတွာ၊ ထုတ်၍လည်းကောင်း။ ဒိန္နကာလေယေဝ၊ လှူအပ်ရာ အခါ၌သာလျှင်။ ဗောဓိသတ္တာနံ၊ ဘုရားအလောင်းတို့၏။ စာဂံ၊ စွန့်ကြဲခြင်းကို။ နိဿာယ၊ မှီ၍။ တုဋ္ဌိနာမ၊ နှစ်သက်ခြင်းမည်သည် (ဝါ) အားရကျေနပ်ခြင်းမည်သည်။ ဟောတိ။
ဟိ၊ မှန်၏။ အမှာကံ၊ ငါတို့၏။ ဗောဓိသတ္တဿပိ၊ ဘုရားအလောင်း၏လည်း။ သိဝိဇာတကေ၊ သိဝိဇာတ်၌ (ဝါ) သိဝိမင်းဖြစ်ရာအခါ၌။ ဒေဝသိကံ၊ နေ့တိုင်းနေ့တိုင်း၊ ( ဝိစ္ဆာအနက်၌ ဏိကပစ္စည်းသက်)။ ပဥ္စသတသဟဿကဟာပဏာနိ၊ ငါးသိန်းသော ငွေအသပြာတို့ကို။ ဝိသဇ္ဇေတွာ၊ စွန့်၍။ စတူသု၊ လေးပေါက်ကုန်သော။ နဂရဒွါရေသု၊ မြို့တံခါးတို့၌လည်းကောင်း။ မဇ္ဈေ၊ အလယ်ဖြစ်သော။ နဂရေစ၊ မြို့၌လည်းကောင်း။ ဒါနံ၊ အလှူကို။ ဒဒန္တဿ၊ ပေးလှူရစဉ်။ တံဒါနံ၊ ထိုအလှူသည်။ တုဋ္ဌိံ၊ နှစ်သက်ခြင်းကို (အားရကျေနပ်ခြင်းကို)။ ဥပ္ပာဒေတုံ၊ ဖြစ်စေခြင်းငှာ။ နာသက္ခိ၊ မစွမ်းနိုင်။
ပန၊ အနွယကား။ ယဒါ၊ အကြင်အခါ၌။ အဿ၊ ထိုဘုရားအလောင်းအား။ ဗြာဟ္မဏဝဏ္ဏေန၊ ပုဏ္ဏားအသွင်ဖြင့်။ အာဂန္တွာ၊ လာ၍။ သက္ကော၊ သိကြားဖြစ်သော။ ဒေဝရာဇာ၊ နတ်မင်းသည်။ အက္ခီနိ၊ မျက်လုံးတို့ကို။ ယာစိ၊ တောင်းပြီ။ တဒါ၊ ထိုအခါ၌။ တာနိ၊ ထိုမျက်လုံးတို့ကို။ ဥပ္ပာဋေတွာ၊ ထုတ်၍။ ဒဒမာနေဿဝ၊ ပေးလှူစဉ်ပင်။ ဟာသော၊ ရွှင်လန်းခြင်းသည်။ ဥပ္ပဇ္ဇိ၊ ဖြစ်ပြီ။
ကေသမတ္တမ္ပိ၊ တစ်ဆံဖျားမျှလည်း။ စိတ္တဿ၊ စိတ်၏။ အညထတ္တံ၊ တစ်ပါးသော အပြား၏အဖြစ်သည် (သဒ္ဓါတရား ပျက်ခြင်းသည်)။ နာဟောသိ၊ မဖြစ်။ ဧဝံ၊ ဤသို့လျှင်။ ဒါနံ၊ အလှူကို။ နိဿာယ၊ မှီ၍။ ဗောဓိသတ္တာနံ၊ ဘုရားအလောင်းတို့၏။ တိတ္တိနာမ၊ တင်းတိမ်ရောင့်ရဲခြင်းမည်သည်။ နတ္Points၊ မရှိ။
တသ္မာ၊ ထို့ကြောင့်။ သောပိမဟာပုရိသော၊ ထိုမင်္ဂလဘုရားအလောင်းသည်လည်း။ သတ္တာဟံ၊ ခုနစ်ရက်ပတ်လုံး။ မယာ၊ ငါသည်။ ကောဋိသတသဟဿသင်္ချာနံ၊ ကုန်သော။ ဘိက္ခူနံ၊ ရဟန်းတို့အား။ ဒါနံ၊ အလှူကို။ ဒါတုံ၊ ပေးလှူခြင်းငှာ။ ဝဋ္ဋတိ၊ သင့်၏။ ဣတိ၊ ဤသို့။ စိန္တေတွာ၊ ကြံ၍။ တသ္မိံမဏ္ဍပေ၊ ထိုမဏ္ဍပ်၌။ ဗုဒ္ဓပ္ပမုခံ၊ ဘုရားအမှူးရှိသော။ ဘိက္ခုသံဃံ၊ ဘိက္ခုသံဃာကို။ နိသီဒါပေတွာ၊ သီတင်းသုံးထိုင်စေပြီး၍။ သတ္တာဟံ၊ ခုနစ်ရက်ပတ်လုံး။ ဂဝပါနံနာမ၊ ဂဝပါနမည်သော စားဖွယ်ကို။ အဒါသိ၊ ပေးလှူပြီ။
မဟန္တေမဟန္တေ၊ ကြီးကုန်ကြီးကုန်သော။ ကောလမ္ဗေ၊ ထမင်းအိုးတို့ကို။ ခီရဿ၊ နို့ရည်ဖြင့်။ ပူရေတွာ၊ ပြည့်စေ၍။ ဥဒ္ဓနေသု၊ ခုံလောက်တို့၌ (ဖိုခနောက်တို့၌)။ အာရောပေတွာ၊ တင်၍။ ခီရေ၊ နို့ရည်သည်။ ဃနပါနကပတ္တေ၊ တစ်ခဲနက် ကျက်ခြင်းဖြင့် ကျက်ပြီးလသော် (ခပ်ပျစ်ပျစ် ကျက်ပြီးလသော်)။ ထောကေ၊ အနည်းငယ်ကုန်သော။ တဏ္ဍုလေ၊ ဆန်တို့ကို။ ပက္ခိပိတွာ၊ ထည့်၍။ ပက္ကမဓုသက္ကရစုဏ္ဏသပ္ပီဟိ၊ ကျက်ပြီးသော ပျားရည်၊ သကြားမှုန့်၊ ထောပတ်တို့ဖြင့်။ အဘိသင်္ခတံ၊ ပြုစီရင်အပ်သော။ ဘောဇနံ၊ ဘောဇဉ်ကို။ ဂဝပါနန္တိ၊ ဂဝပါနဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ပန၊ ဆက်ဦးအံ့။ မနုဿာယေဝ၊ လူတို့ချည်းသာလျှင်။ ပရိဝိသိတုံ၊ ဆွမ်းလုပ်ကျွေးခြင်းငှာ။ နအသက္ခိံသု၊ မစွမ်းနိုင်ကုန်။ ဒေဝါပိ၊ နတ်တို့သည်လည်း။ ဧကန္တရိကာ၊ တစ်ယောက်ခြားတို့သည်။ ဟုတွာ၊ ဖြစ်၍။ ပရိဝိသိံသု၊ ဆွမ်းလုပ်ကျွေးကုန်ပြီ။
ဒွါဒသတေရသယောဇနပ္ပမာဏံ၊ တစ်ဆယ့်နှစ်ယူဇနာ၊ တစ်ဆယ့်သုံးယူဇနာ အတိုင်းအရှည်ရှိသော။ ဌာနမ္ပိ၊ အရပ်သည်လည်း။ ဘိက္ခူ၊ ရဟန်းတို့ကို။ ဂဏှိတုံ၊ ဝင်ဆံ့ယူခြင်းငှာ။ နပ္ပဟောတိယေဝ၊ မစွမ်းနိုင်သည်သာ (မလောက်သည်သာ)။ ပန၊ ထိုသို့ပင် မစွမ်းနိုင်ပါသော်လည်း။ တေဘိက္ခူ၊ ထိုရဟန်းတို့သည်။ အတ္တနော၊ မိမိ၏။ အာနုဘာဝေန၊ အာနုဘော်ဖြင့်။ နိသီဒိံသု၊ သီတင်းသုံး ထိုင်ကြကုန်ပြီ။
ပရိယောသာနဒိဝသေ၊ နောက်ဆုံးဖြစ်သောနေ့၌။ သဗ္ဗဘိက္ခူနံ၊ အလုံးစုံသော ရဟန်းတို့၏။ ပတ္တာနိ၊ သပိတ်တို့ကို။ ဓောဝါပေတွာ၊ ဆေးစေ၍။ ဘေသဇ္ဇတ္ထာယ၊ ဆေးအလို့ငှာ။ သပ္ပိနဝနီတတေလမဓုဖာဏိတာနံ၊ ထောပတ်၊ ဆီဦး၊ ဆီ၊ ပျားရည်၊ တင်လဲတို့ဖြင့်။ ပူရေတွာ၊ ပြည့်စေပြီး၍။ တိစီဝရေဟိ၊ တိစီဝရိက သင်္ကန်းတို့နှင့်။ သဒ္ဓိံ၊ တကွ။ အဒါသိ၊ လှူပြီ။ သံဃနဝကဘိက္ခုနာ၊ သံဃနဝက ရဟန်းသည် (သံဃာတွင် အငယ်ဆုံးရဟန်းသည်) လဒ္ဓစီဝရသာဋကာ- ရအပ်သော တိစီဝရိက်အဝတ်တို့သည်။ သတသဟဿဂ္ဃနိကာ၊ အဖိုးတစ်သိန်း ထိုက်ကုန်သည်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။ ( သံဃနဝကဝယ် အဝကို သြပြု၍ “သံဃနော” ဟု ရှေးက မြန်မာပြန်ကြသည်။)
သတ္ထာ၊ မြတ်စွာဘုရားသည်။ အနုမောဒနံ၊ ဆွမ်းအနုမောဒနာကို (အဖန်ဖန် ဝမ်းမြောက်ကြောင်းဖြစ်သော ဆွမ်းတရားကို)။ ကရောန္တော၊ ပြုတော်မူလသော် (ဟောတော်မူလသော်)၊ ဤယောကျာ်းသည်။ ဧဝရူပံ၊ ဤသို့ သဘောရှိသော။ မဟာဒါနံ၊ အလှူကြီးကို။ အဒါသိ၊ ပေးလှူပြီ။ ကော၊ အဘယ်သူသည်။ ဘဝိဿတိနုခေါ၊ ဖြစ်လတ္တံ့နည်း။ ဣတိ၊ ဤသို့။ ဥပဓာရေန္တော၊ အနာဂတံသဉာဏ်ဖြင့် စူးစမ်းဆင်ခြင်တော်မူလသော်၊ အနာဂတေ- နောင်အခါ၌။ ကပ္ပသတသဟဿာဓိကာနံ၊ ကမ္ဘာတစ်သိန်းအလွန်ရှိကုန်သော။ ဒွိန္နံအသင်္ချေယျာနံ၊ နှစ်သင်္ချေတို့၏။ မတ္ထကေ၊ အထက်၌။ ဂေါတမောနာမ၊ ဂေါတမမည်သော။ ဗုဒ္ဓေါ၊ သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဣတိ၊ ဤသို့။ ဒိသွာ၊ မြင်တော်မူ၍။ မဟာပုရိသံ၊ မဟာပုရစ်အား (ဘုရားလောင်းအား)။ အာမန္တေတွာ၊ ခေါ်တော်မူ၍၊ သင်သည်။ ဧတ္တကံနာမကာလံ၊ ဤမျှ အတိုင်းအရှည်ရှိသော နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလကို။ အတိက္ကမိတွာ၊ လွန်၍၊ ဂေါတမောနာမ ဗုဒ္ဓေါ ဘဝိဿသိ။ ဣတိ၊ သို့။ ဗျာကာသိ၊ ဗျာဒိတ်ပေးတော်မူပြီ။ ( ဘုရားရှင်ကိုယ်တော်မြတ်ကသာ အကြောင်းကြောင်းထောက်၍ ဘုရားဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူသည်၊ ဘုရားအလောင်းကိုယ်တိုင်ကမူ ဘုရားဖြစ်လိမ့်မည်ဟုလည်းမသိ၊ ဘုရားဆုလည်းမတောင်းပါ။)
မဟာပုရိသော၊ ဘုရားလောင်းသည်။ ဗျာကရဏံ၊ ဗျာဒိတ်စကားကို။ သုတွာ၊ ကြားရ၍၊ အဟံ- သည်၊ ဗုဒ္ဓေါ- သည်၊ ဘဝိဿာမိကိရ- ဖြစ်လိမ့်မည်တဲ့။ မေ၊ ငါ၏။ ဃရာဝါသေန၊ အိမ်ဟူသော အာဝါသဖြင့် (အိမ်၌နေခြင်းဖြင့်)။ ကောအတ္ထော၊ အဘယ်အကျိုးရှိအံ့နည်း၊ ပဗ္ဗဇိဿာမိ- ရဟန်းပြုအံ့။ ဣတိ၊ သို့။ စိန္တေတွာ၊ ကြံ၍။ တထာရူပံ၊ ထိုသို့သဘောရှိသော (ထိုမျှလောက် ကြီးကျယ်သော)။ သမ္ပတ္တိံ၊ စည်းစိမ်ကို။ ခေဠပိဏ္ဍံဝိယ၊ တံထွေးပေါက်ကိုကဲ့သို့။ ပဟာယ၊ ပယ်စွန့်၍။ သတ္ထု၊ မြတ်စွာဘုရား၏။ သန္တိကေ၊ ထံ၌။ ပဗ္ဗဇိ၊ ရဟန်းပြုပြီ။
စ၊ ဆက်ဦးအံ့။ ပဗ္ဗဇိတွာ၊ ရဟန်းပြုပြီး၍။ ဗုဒ္ဓဝစနံ၊ ဘုရားစကားတော်ကို။ ဥဂ္ဂဏှိတွာ၊ သင်ယူပြီး၍။ အဘိညာ၊ အဘိညာဉ်တို့ကိုလည်းကောင်း။ သမာပတ္တိယောစ၊ ဈာန်သမာပတ်တို့ကိုလည်းကောင်း။ နိဗ္ဗတ္တေတွာ၊ ဖြစ်စေပြီး၍။ အာယုပရိယောသာနေ၊ အသက်၏အဆုံး၌၊ ( "အာယူဟပရိယောသာနေ" ဟုလည်း ရှိ၏၊ "အသက်ရှည်ရာနေ့၏အဆုံး၌" ဟုပေးပါ၊) ဗြဟ္မလောကေ၊ ဗြဟ္မာ့ပြည်၌။ နိဗ္ဗတ္တိ၊ ဖြစ်ပြီ။
ဆက်ဦးအံ့၊ မင်္ဂလမြတ်စွာဘုရား၏ ဥတ္တရမည်သော နေပြည်တော်သည် ဖြစ်ပြီ၊ ခမည်းတော်သည်လည်း ဥတ္တရမည်သောမင်း (ဖြစ်ပြီ၊) မယ်တော်သည်လည်း ဥတ္တရမည်သော မိဖုရား (ဖြစ်ပြီ၊) သုဒေဝမည်သော ရဟန္တာသည်လည်းကောင်း၊ ဓမ္မသေနာမည်သော ရဟန္တာသည်လည်းကောင်း နှစ်ပါးတို့သည် အဂ္ဂသာဝကတို့ (ဖြစ်ကုန်ပြီ၊) ပါလိတမည်သော ရဟန်းသည် အလုပ်အကျွေး (ဖြစ်ပြီ၊) သီဝလိမည်သော ဘိက္ခုနီသည်လည်းကောင်း၊ အသောကာမည်သော ဘိက္ခုနီသည်လည်းကောင်း နှစ်ပါးတို့သည် အဂ္ဂသာဝိကာမတို့ (ဖြစ်ကုန်ပြီ၊) ဗောဓိပင်သည် ကံ့ကော်ပင်တည်း။ ကိုယ်တော်သည် ၈၈ တောင် အမြင့်ရှိသည်ဖြစ်ပြီ။
ပန၊ ဆက်ဦးအံ့။ နဝုတိဝဿသဟဿာနိ၊ အနှစ်ကိုးသောင်းတို့ပတ်လုံး။ ဌတွာ၊ တည်ပြီး၍။ တသ္မိံ၊ ထိုမင်္ဂလမြတ်စွာဘုရားသည်။ ပရိနိဗ္ဗုတေ၊ ပရိနိဗ္ဗာန်စံတော်မူပြီးလသော်။ ဧကပ္ပဟာရေနေဝ၊ တစ်ပြိုင်နက်တည်းဖြင့်သာလျှင်။ ဒသစက္ကဝါဠသဟဿာနိ၊ တစ်သောင်းသော စကြာဝဠာတို့သည်။ ဧကန္ဓကာရာနိ၊ တစ်ခုတည်းသော အမိုက်မှောင်ရှိကုန်သည်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။ သဗ္ဗစက္ကဝါဠေသု၊ အလုံးစုံသော စကြာဝဠာတို့၌။ မနုဿာနံ၊ လူတို့၏။ မဟန္တံ၊ ကြီးစွာသော။ အာရောဒနပရိဒေဝနံ၊ ရှေ့ရှုလှိမ့်၍ငိုခြင်း၊ ထက်ဝန်းကျင်လှိမ့်၍ငိုခြင်းသည်။ အဟောသိ၊ ဖြစ်ပြီ။
ဤသို့လျှင် တစ်သောင်းသော လောကဓာတ်ကို အမိုက်မှောင်ပြု၍ ပရိနိဗ္ဗာန်စံတော်မူပြီးသော ထိုမင်္ဂလမြတ်စွာဘုရား၏ နောက်အဖို့၌ သုမနမည်သော မြတ်စွာဘုရားသည် ထင်ရှားပွင့်တော်မူပြီ။ ထိုသုမနမြတ်စွာဘုရား၏လည်း သုံးကြိမ်ကုန်သော သာဝကအစည်းအဝေးတို့သည် (ဖြစ်ကုန်ပြီ)၊ ပေ၊ ဒုတိယအစည်းအဝေးဝယ် ရွှေတောင်၌ ကုဋေကိုးသန်းသော ရဟန်းတို့သည် (ဖြစ်ကုန်ပြီ၊) တတိယအစည်းအဝေး၌ (အသီတိကောဋိသတသဟဿာနိ) ကုဋေရှစ်သန်းတို့ ဖြစ်ကုန်ပြီ။
ထိုအခါ၌ ဘုရားအလောင်းသည် (မဟိဒ္ဓိကော) ကြီးသောတန်ခိုးရှိသော၊ (မဟာနုဘာဝေါ) ကြီးသောအာနုဘော်ရှိသော အတုလမည်သော နဂါးမင်းဖြစ်ပြီ။ ထိုအတုလနဂါးမင်းသည် ဘုရားပွင့်တော်မူပြီဟုကြား၍ (ဉာတိသံဃပရိဝုတော) ဆွေမျိုးအပေါင်းသည် ခြံရံအပ်သည်ဖြစ်၍။ နာဂဘဝနာ၊ နဂါးဗိမာန်မှ။ နိက္ခမိတွာ၊ ထွက်၍၊ ကုဋေတစ်သိန်းသော အခြံအရံရှိသော ထိုသုမနမြတ်စွာဘုရားကို နတ်၌ဖြစ်သော တူရိယာတို့ဖြင့်။ ဥပကာရံ၊ ပူဇော်ခြင်းကို၊ (ကာရေတွာ) ပြုစေပြီး၍ ကြီးစွာသောအလှူကို ဖြစ်စေပြီးလျှင် အသီးအသီး (တစ်ပါးစီတစ်ပါးစီအား) အဝတ်အစုံတို့ကို ပေးလှူ၍ သရဏဂုံတို့၌ တည်ပြီ။ ထိုသုမနမြတ်စွာဘုရားသည်လည်း ထိုအတုလနဂါးမင်းကို နောင်အခါ၌ ဘုရားဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူပြီ။ ( "ဥပကာရံကာရေတွာ" ဟု ဆိုသောကြောင့် "ဆွေမျိုးတို့ကိုလည်း ပူဇော်စေသည်" ဟု ဆိုလိုဟန်တူသည်။)
ထိုသုမနမြတ်စွာဘုရား၏ နေပြည်တော်သည် မေခလမည်သည် (ဖြစ်ပြီ၊) သုဒတ္တမည်သော မင်းသည် ခမည်းတော် (ဖြစ်ပြီ၊) သိရိမာမည်သော မိဖုရားသည် မယ်တော် (ဖြစ်ပြီ၊) သရဏမည်သော ရဟန်းသည်လည်းကောင်း၊ ဘာဝိတတ္တမည်သော ရဟန်းသည်လည်းကောင်း၊ ပေ၊ ဥဒေနမည်သော ရဟန်းသည် အလုပ်အကျွေး (ဖြစ်ပြီ၊) သောဏာမည်သော ဘိက္ခုနီသည်လည်းကောင်း၊ ဥပသောဏမည်သော ဘိက္ခုနီသည်လည်းကောင်း၊ ပေ၊ ဗောဓိပင်သည် ကံ့ကော်ပင်ပင်တည်း။ ( ရှေ့၌ နာဂရုက္ခောပါပြီးဖြစ်၍ သန္နိဋ္ဌာဝဓာရဏ ဧဝဖြင့် "နာဂရုက္ခောဝ" ဟု ဆိုသည်။)
ကိုယ်တော်သည် အတောင်ကိုးဆယ် အမြင့်ရှိ၏၊ အသက်တော်အတိုင်းအရှည်သည် အနှစ်ကိုးသောင်းတို့သည်ပင် ဖြစ်ပြီ။ ( ရှေးမင်္ဂလဘုရားရှင်၏ အသက်တော်နှင့် နဝုတိဝဿသဟဿချင်း တူသောကြောင့် ဧဝဖြင့်ဆိုသည်။)
ဣတိ၊ ဤတွင် သုမနဘုရားရှင်၏ ဗုဒ္ဓဝင် အပြီးတည်း။
ထိုသုမနမြတ်စွာဘုရား၏နောက်အဖို့၌၊ ပေ၊ ပထမအစည်းအဝေး၌ အရေအတွက်မည်သည်မရှိ၊ ဒုတိယအစည်းအဝေး၌ ကုဋေတစ်သိန်းသောရဟန်းတို့သည် ဖြစ်ကုန်ပြီ၊ တတိယအစည်းအဝေး၌ ထို့အတူတည်း။
ထိုအခါ၌ ဘုရားအလောင်းသည် အတိဒေဝမည်သော ပုဏ္ဏားဖြစ်၍ မြတ်စွာဘုရား၏ တရားဒေသနာတော်ကို နာရ၍ သရဏဂုံတို့၌ တည်၍ ဦးခေါင်း၌ လက်အုပ်ထား၍ ထိုရေဝတဘုရား၏ ကိလေသာပယ်ခြင်း၌ (ဝဏ္ဏ) ဂုဏ်ကျေးဇူးကို ပြောဆို၍ အပေါ်ခြုံဖြင့် ပူဇော်ခြင်းကို ပြုပြီ။ ထိုရေဝတဘုရားရှင်သည်လည်း ထိုအတိဒေဝမည်သော ပုဏ္ဏားကို ဘုရားဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူပြီ။
ပေ။ နေပြည်တော်သည် သုဓညဝတီမည်သည်ဖြစ်ပြီ။ ခမည်းတော်သည် ဝိပုလမည်သောမင်းဖြစ်ပြီ။ မယ်တော်သည်လည်း ဝိပုလာမည်သော မိဖုရားဖြစ်ပြီ။ ဝရုဏမည်သော ရဟန္တာသည်လည်းကောင်း၊ ဗြဟ္မဒေဝမည်သော ရဟန္တာသည်လည်းကောင်း၊ ပေ၊ သမ္ဘဝမည်သော ရဟန္တာသည် အလုပ်အကျွေးဖြစ်ပြီ။ ဘဒ္ဒါမည်သော ဘိက္ခုနီသည်လည်းကောင်း၊ သုဘဒ္ဒါမည်သော ဘိက္ခုနီသည်လည်းကောင်း၊ ပေ၊ ကိုယ်တော်သည် အတောင်ရှစ်ဆယ်အမြင့်ရှိသည်ဖြစ်ပြီ။ အသက်တော်သည် အနှစ် ၆ သောင်းတို့တည်း။
...ဣတိ - ဤတွင် ရေဝတဘုရားရှင်၏ ဗုဒ္ဓဝင်အပြီးတည်း။
ထိုရေဝတမြတ်စွာဘုရား၏နောက်အဖို့၌၊ ပေ၊ ထိုအခါ၌
ဘုရားအလောင်းသည် အဇိတမည်သော ပုဏ္ဏားဖြစ်၍၊ ပေ၊ သရဏဂုံတို့၌ တည်၍ ဘုရားအမှူးရှိသော ရဟန်းအပေါင်းအား ကြီးစွာသောအလှူကို ပေးလှူပြီ။ ထိုသောဘိတမြတ်စွာဘုရားသည်လည်း ထိုအဇိတပုဏ္ဏားကို၊ ပေ၊ ဗျာဒိတ်ပေးတော်မူပြီ။
ပေ။ နေပြည်တော်သည် သုဓမ္မမည်သည်ဖြစ်ပြီ။ ခမည်းတော်သည် သုဓမ္မမည်သောမင်းဖြစ်ပြီ။ မယ်တော်သည်လည်း သုဓမ္မာမည်သော မိဖုရားဖြစ်ပြီ။ အသမမည်သော ရဟန္တာသည်လည်းကောင်း၊ သုနေတ္တမည်သော ရဟန္တာသည်လည်းကောင်း၊ ပေ၊ အနောမမည်သော ရဟန်းသည် အလုပ်အကျွေးဖြစ်ပြီ။ နကုလာမည်သော ဘိက္ခုနီသည်လည်းကောင်း၊ သုဇာတာမည်သော ဘိက္ခုနီသည်လည်းကောင်း၊ ပေ၊ ကိုယ်တော်သည် ၅၈ တောင်အမြင့်ရှိသည်ဖြစ်ပြီ။ အသက်အတိုင်းအရှည်သည် အနှစ် ၉ သောင်းတို့တည်း။
...ဣတိ - ဤတွင် သောဘိတဘုရားရှင်၏ ဗုဒ္ဓဝင်အပြီးတည်း။
...ထိုသောဘိတမြတ်စွာဘုရား၏နောက်အဖို့၌ တစ်ခုသောအသင်္ချေကို လွန်၍ တစ်ခုတည်းသော ကမ္ဘာ၌သာလျှင်၊ ပေ၊ ၃ ဆူကုန်သော ဘုရားရှင်တို့သည် ဖြစ်ကုန်ပြီ။
အနောမဒဿီမြတ်စွာဘုရား၏ ပထမအစည်းအဝေး [?] ၌ ရှစ်သိန်းသောရဟန်းတို့သည် ဖြစ်ကုန်ပြီ။ တတိယအစည်းအဝေး၌ ၆ သိန်းသောရဟန်းတို့သည် ဖြစ်ကုန်ပြီ။
ပေ။ မဟိဒ္ဓိကော မဟာနုဘာဝေါ (အနေကကောဋိသတသဟဿာနံ)၊ ကုဋေသိန်းပေါင်းများစွာကုန်သော ဘီလူးတို့၏ အကြီးအကဲဖြစ်သော တစ်ယောက်သော နတ်ဘီလူးစစ်သူကြီးဖြစ်ပြီ။ သော၊ ထိုနတ်ဘီလူးစစ်သူကြီးသည် ဘုရားပွင့်တော်မူပြီဟု ကြား၍၊ ပေ၊ ဗျာဒိတ်ပေးတော်မူပြီ။
ပေ။ စန္ဒဝတီမည်သော နေပြည်တော်သည်ဖြစ်ပြီ။ ယသဝါအမည်ရှိသော မင်းသည် ခမည်းတော်ဖြစ်ပြီ။ ယသော်ဓရာမည်သော မိဖုရားသည် မယ်တော်ဖြစ်ပြီ။ နိသဘမည်သော ရဟန္တာသည်လည်းကောင်း၊ အနောမမည်သော ရဟန္တာသည်လည်းကောင်း၊ ပေ၊ ဝရုဏမည်သော ရဟန်းသည် အလုပ်အကျွေးဖြစ်ပြီ။ သုန္ဒရီမည်သော ဘိက္ခုနီသည်လည်းကောင်း၊ သုမနာမည်သော ဘိက္ခုနီသည်လည်းကောင်း၊ ပေ၊ ဗောဓိပင်သည် ဖောက်ကြံ့ပင်တည်း။
မှတ်ချက်။ ရှေးက အလားတူမရှိသောကြောင့် "အဇ္ဈုနရုက္ခောဝ" ဟု အချို့မူ၌ ပါသည်ကား အပို။ကိုယ်တော်သည် ၅၈ တောင်အမြင့်ရှိသည်ဖြစ်ပြီ။ သက်တော်သည် အနှစ်တစ်သိန်းတည်း။
ဣတိ - ဤတွင် အနောမဒဿီဘုရားရှင်၏ ဗုဒ္ဓဝင်အပြီးတည်း။
ထိုအနောမဒဿီမြတ်စွာဘုရား၏ နောက်အဖို့၌ ပဒုမမည်သော မြတ်စွာဘုရားသည် ထင်ရှားစွာ ပွင့်တော်မူပြီ။ ပေ။ တတိယအစည်းအဝေး၌ ရွာမရှိသောတောဝယ် ကြီးစွာသောတောအုပ်၌ နေလေ့ရှိကုန်သော ရဟန်းတို့၏ ၂ သိန်းတို့သည် (ဖြစ်ကုန်ပြီ။)
ထိုအခါ၌ မြတ်စွာဘုရားသည် ထိုတောအုပ်၌ပင် သီတင်းသုံးတော်မူစဉ် ဘုရားအလောင်းသည် ခြင်္သေ့ဖြစ်၍ မြတ်စွာဘုရားကို (နိရောဓသမာပတ္တိသမာပန္နံ)၊ နိရောဓသမာပတ်သို့ ကောင်းစွာရောက်တော်မူနေသည်ကို (နိရောဓသမာပတ်ဝင်စားတော်မူသည်ကို) မြင်၍ ကြည်ညိုသောစိတ်ရှိသည် (ဖြစ်၍) ရှိခိုး၍ အမြတ်တနိုးပြု၍ ဖြစ်သော ပီတိသောမနဿရှိသည် (ဖြစ်၍) ၃ ကြိမ် ခြင်္သေ့တို့၏ဟောက်သံကို ဟောက်၍ ၇ ရက်ပတ်လုံး ဘုရားလျှင် အာရုံရှိသော ပီတိကို မစွန့်မူ၍ ပီတိသုခဖြင့်သာ စားကျက်သို့ မဖဲသွားမူ၍ အသက်စွန့်ခြင်းကို ပြု၍ ဆည်းကပ်လျက်နေပြီ။
မြတ်စွာဘုရားသည် ၇ ရက်လွန်ရာအခါ၌ နိရောဓသမာပတ်မှ ထတော်မူပြီး၍ ခြင်္သေ့ကို ကြည့်တော်မူ၍ ရဟန်းအပေါင်း၌လည်း စိတ်ကို ကြည်ညိုစေ၍ —
မှတ်ချက်။ ဤနေရာ၌ "ဘိက္ခုသံဃံ ပဿိတွာ" မြင်ရ၍၊ မြင်ရသည်ရှိသော်၊ "စိတ္တံ ပသာဒေတွာ သံဃံ ဝန္ဒိဿတီတိ" ဟု ရှိလျှင်ကောင်းသည်။သံဃာကိုရှိခိုးလိမ့်မည်၊ (ဣတိ)၊ ဤသို့သိတော်မူ၍ ရဟန်းအပေါင်းသည် လာစေသတည်းဟု ကြံတော်မူပြီ။ ရဟန်းတို့သည် ထိုခဏ၌ပင် လာကြကုန်ပြီ။ ခြင်္သေ့၏စိတ်ကို ကြည့်တော်မူ၍၊ ပေ၊ ဗျာဒိတ်ပေးတော်မူပြီ။
ပေ။ စမ္ပကမည်သော မြို့တော်၊ အသမမည်သော ခမည်းတော်၊ အသမာမည်သော မယ်တော်၊ သာလမည်သော ရဟန္တာ၊ ဥပသာလမည်သော ရဟန္တာ၊ ဝရုဏမည်သော ရဟန်း၊ ရာမာမည်သော ဘိက္ခုနီ၊ သုရာမာမည်သော ဘိက္ခုနီ၊ ကြောင်လျှာဗောဓိပင်၊ ပေ၊ ဣတိ - ဤတွင် ပဒုမဘုရားရှင်၏ ဗုဒ္ဓဝင်အပြီးတည်း။
ထိုပဒုမမြတ်စွာဘုရား၏ နောက်အဖို့၌ နာရဒမည်သော မြတ်စွာဘုရားသည် ထင်ရှားစွာ ပွင့်တော်မူပြီ။ ပေ။
ထိုအခါ၌ ဘုရားအလောင်းသည် ရသေ့ရဟန်းအဖြစ်သို့ ကပ်ရောက်၍၊ ပေ၊ စန္ဒကူးနီဖြင့် ပူဇော်မှုကို ပြုပြီ။
ပေ။ ဓညဝတီမည်သော မြို့တော်၊ သုဒေဝမည်သော ခမည်းတော်၊ အနော်မာမည်သော မယ်တော်၊ ဘဒ္ဒသာလမည်သော ရဟန္တာ၊ ဇိတမိတ္တမည်သော ရဟန္တာ၊ ဝါသိဋ္ဌမည်သော ရဟန်း၊ ဥတ္တရာမည်သော ဘိက္ခုနီ၊ ဘဂ္ဂုနီမည်သော ဘိက္ခုနီ၊ ကြီးစွာသော ကြောင်လျှာဗောဓိပင်၊ ပေ၊ ဣတိ - ဤတွင် နာရဒဘုရားရှင်၏ ဗုဒ္ဓဝင်အပြီးတည်း။
အဖို့တစ်ပါးကား နာရဒမြတ်စွာဘုရား၏ နောက်အဖို့၌ အသင်္ချေကို လွန်၍ ဤကမ္ဘာမှ ကမ္ဘာတစ်သိန်းအထက်၌ တစ်ခုတည်းသော ကမ္ဘာဝယ် တစ်ဆူတည်းသာလျှင် ဖြစ်သော ပဒုမုတ္တိုရ်မြတ်စွာဘုရားသည် ထင်ရှားစွာ ပွင့်တော်မူပြီ။
မှတ်ချက်။ ဤဘုရားရှင်လက်ထက်တော်သို့ ရောက်သောအခါ ၄ အသင်္ချေလွန်ခဲ့ပြီးဖြစ်၍ "ဣတော သတသဟဿကပ္ပမတ္ထကေ" ဟု ဆိုသည်။ထိုပဒုမုတ္တိုရ်မြတ်စွာဘုရား၏လည်း၊ ပေ၊ ဒုတိယအစည်းအဝေး၌ ဝေဘာရတောင်၌ ကုဋေ ၉ သန်းသောရဟန်းတို့သည် ဖြစ်ကုန်ပြီ။ ပေ။
ထိုအခါ၌ ဘုရားအလောင်းသည် ဇဋိလမည်သော သူဌေးကြီးဖြစ်၍၊ ပေ၊ ဗျာဒိတ်ပေးတော်မူပြီ။
ပန၊ အထူးကား၊ ပဒုမုတ္တိုရ်မြတ်စွာဘုရား၏ လက်ထက်တော်အခါ၌ တိတ္ထိတို့မည်သည် (နာဟေသုံ)၊ မဖြစ်ကုန်၊ (မရှိကုန်၊) အလုံးစုံသော နတ်လူတို့သည် ဘုရားရှင်ကိုသာ ကိုးကွယ်ရာဟူ၍ ပြုကြကုန်ပြီ။
ဟံသဝတီမည်သော မြို့တော်၊ အာနန္ဒာမည်သော ခမည်းတော်၊ သုဇာတာမည်သော မယ်တော်၊ ဒေဝီလ (ဒေဝလ) မည်သော ရဟန္တာ၊ သုဇာတမည်သော ရဟန္တာ၊ သုမနမည်သော ရဟန်း၊ အမိတာမည်သော ဘိက္ခုနီ၊ အသမာမည်သော ဘိက္ခုနီ၊ ဗောဓိပင်သည် အင်ကြင်းပင်တည်း။ ပေ။ ကိုယ်ရောင်တော်သည် ထက်ဝန်းကျင် ၁၂ ယူဇနာတို့ကို ယူပြီ။ ပေ။ ဣတိ - ဤတွင် ပဒုမုတ္တိုရ်ဘုရားရှင်၏ ဗုဒ္ဓဝင်အပြီးတည်း။
မှတ်ချက်။ အချို့စာအုပ်၌ "မဟာသေဋ္ဌိ" နေရာဝယ် "မဟာရဋ္ဌိယော" ဟု ရှိ၏။ ထောမနိဓိ၌ "ရဋ္ဌိယ = တိုင်း၌ဖြစ်သူ၊ မင်း၏ယောက်ဖ" ဟု အနက်ဖွင့်၏။ထိုပဒုမုတ္တိုရ်မြတ်စွာဘုရား၏ နောက်အဖို့၌ သတ္တတိကပ္ပသဟဿာနိ၊ ကမ္ဘာ ၇ သောင်းတို့ကို လွန်၍ (— “တိံသကပ္ပသဟဿာနိ - ကမ္ဘာ ၃ သောင်းတို့ကို” ဟု ရှေးစာအုပ်များ၌ ရှိ၏။ —) သုမေဓမည်သော ဘုရားရှင်လည်းကောင်း၊ သုဇာတမည်သော ဘုရားရှင်လည်းကောင်း ဤသို့ တစ်ခုသော ကမ္ဘာ၌ ၂ ဆူကုန်သော ဘုရားရှင်တို့သည် ပွင့်တော်မူကုန်ပြီ။ ပေ။
ထိုအခါ၌ ဘုရားအလောင်းသည် ဥတ္တရမည်သော ပုဏ္ဏားလုလင်ဖြစ်၍ မြေထဲ၌ မြှုပ်၍ ထားအပ်သည်သာလျှင်ဖြစ်သော ကုဋေရှစ်ဆယ်သော ဥစ္စာကို စွန့်၍ ဘုရားအမှူးရှိသော ရဟန်းအပေါင်းအား ကြီးစွာသောအလှူကို ပေးလှူပြီး၍ (— “ဓမ္မံ - တရားကို၊ သုတွာ - နာရ၍” ဟု အချို့စာအုပ်၌ ရှိသေး၏။ —) သရဏဂုံတို့၌ တည်၍ အိမ်မှထွက်၍ ရဟန်းပြုပြီ။
ပေ။ သုဒဿနမည်သော မြို့တော်၊ သုဒတ္တမည်သော ခမည်းတော်၊ သုဒတ္တာမည်သော မယ်တော်၊ သရဏမည်သော ရဟန္တာ၊ သဗ္ဗကာမမည်သော ရဟန္တာ၊ သာဂရမည်သော ရဟန်း၊ ရာမာမည်သော ဘိက္ခုနီ၊ သုရာမာမည်သော ဘိက္ခုနီ၊ ဗောဓိပင်သည် (မဟာနီမ္ဗရုက္ခော)၊ ကြီးစွာသော ကြို့ပင်တည်း။
မှတ်ချက်။ "မဟာနိမ္ဗရုက္ခော - ကြီးစွာသော တမာပင်" ဟုလည်း အချို့စာအုပ်၌ ရှိ၏။ပေ။ ဣတိ - ဤတွင် သုမေဓဘုရားရှင်၏ ဗုဒ္ဓဝင်အပြီးတည်း။
ထိုသုမေဓမြတ်စွာဘုရား၏ နောက်အဖို့၌ သုဇာတမည်သော ဘုရားရှင်သည် ပွင့်တော်မူပြီ။ ပေ။ ဒုတိယအစည်းအဝေး၌ ပညာသံ (ဘိက္ခုသတသဟဿာနိ)၊ သိန်းပေါင်း ၅၀ သော ရဟန်းတို့သည် ဖြစ်ကုန်ပြီ။ (၅ သန်း ဟူလို။) တတိယအစည်းအဝေး၌ စတ္တာလီသ (ဘိက္ခုသတသဟဿာနံ)၊ သိန်းပေါင်း ၄၀ သော ရဟန်းတို့သည် ဖြစ်ကုန်ပြီ။ (၄ သန်း ဟူလို။)
ပေ။ စတုမဟာဒီပရဇ္ဇံ၊ ကျွန်းကြီး ၄ ကျွန်း၌ ဖြစ်သော မင်း၏စည်းစိမ်ကို။ ဒတွာ၊ ပေးလှူပြီး၍၊ မြတ်စွာဘုရား၏ အထံတော်၌ ရဟန်းပြုပြီ။ သကလရဋ္ဌဝါသိနော၊ အလုံးစုံသော အခွန်ဘဏ္ဍာကို ယူ၍ အာရာမ်စောင့်တို့၏ ကိစ္စကို ပြီးစေကုန်လျက်၊ ပေ၊ ဗျာဒိတ်ပေးတော်မူပြီ။
သုမင်္ဂလမည်သော မြို့တော်၊ ဥဂ္ဂတမည်သော ခမည်းတော်၊ ပဘာဝတီမည်သော မယ်တော်၊ သုဒဿနမည်သော ရဟန္တာ၊ သုဒေဝမည်သော ရဟန္တာ၊ နာရဒမည်သော ရဟန်း၊ နာဂါမည်သော ဘိက္ခုနီ၊ နာဂသမာလာမည်သော ဘိက္ခုနီ၊ ဗောဓိပင်သည် ကြီးစွာသော ဝါးပင်တည်း။
သော၊ ထိုကြီးစွာသော ဝါးပင်သည်။ မန္ဒစ္ဆိဒ္ဒေါ၊ သေးငယ်သောအပေါက်ရှိသည်၊ (ဝါးလုံးခေါင်းကျဉ်းသည် ဟူလို။) ဟုတွာ၊ ၍။ ဥပရိ၊ အထက်သို့။ ဥဂ္ဂတာဟိ၊ တက်ကုန်သော။ မဟာသာခါဟိ၊ ကြီးစွာသော ခက်မတို့ဖြင့်။ မောရပိဉ္ဆကလာပေါ ဝိယ၊ ဥဒေါင်းမြီးစည်းကဲ့သို့။ ဝိရောစိတ္ထ ကိရ၊ တင့်တယ်သတတ်။
ထိုသုဇာတမြတ်စွာဘုရား၏ နောက်အဖို့၌ ဤဘုရားရှင်သည် (အဋ္ဌရသကပ္ပသတမတ္ထကေ)၊ တစ်ဆယ့်ရှစ်ခုအလွန်ရှိသော ကမ္ဘာတစ်ရာ၏ အထက်၌ တစ်ခုတည်းသော ကပ်ဝယ်၊ ပေ၊ ပွင့်တော်မူကုန်ပြီ။ ပေ။
ထိုအခါ၌ ဘုရားအလောင်းသည် ဗေဒင် ၃ ပုံတို့၏ တစ်ဖက်ကမ်းရောက် တတ်မြောက်သော ကဿပမည်သော လုလင်ဖြစ်၍ မြတ်စွာဘုရား၏ တရားဒေသနာတော်ကို နာ၍ ကုဋေတစ်သိန်းသော ဥစ္စာတို့ကို စွန့်ကြဲခြင်းဖြင့် သံဃာ့အာရာမ်ကို ပြုစေပြီး၍ သရဏဂုံတို့၌လည်းကောင်း၊ သီလတို့၌လည်းကောင်း တည်ပြီ။
ပေ။ အနောမမည်သော မြို့တော်၊ သုဒိန္နမည်သော ခမည်းတော်၊ စန္ဒာမည်သော မယ်တော်၊ ပါလိတမည်သော ရဟန္တာ၊ သဗ္ဗဒဿီမည်သော ရဟန္တာ၊ သောဘိတမည်သော ရဟန်း၊ သုဇာတာမည်သော ဘိက္ခုနီ၊ ဓမ္မဒိန္နာမည်သော ဘိက္ခုနီ။ (ပိယင်္ဂုရုက္ခော)၊ ပျဉ်းပင်။
မှတ်ချက်။ "ကကုဓရုက္ခော - ရေခတက်ပင်" ဟုလည်း ရှိ၏။ပေ။ ဣတိ - ဤတွင် ပိယဒဿီဘုရားရှင်၏ ဗုဒ္ဓဝင်အပြီးတည်း။
ထိုပိယဒဿီမြတ်စွာဘုရား၏ နောက်အဖို့၌ အတ္ထဒဿီမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူပြီ။ ပေ။ ပထမအစည်းအဝေး၌ ၉ သန်း ၈ သိန်းကုန်သော ရဟန်းတို့သည် ဖြစ်ကုန်ပြီ။ ပေ။
ထိုအခါ၌ ဘုရားအလောင်းသည် ကြီးသောတန်ခိုးရှိသော သုသီမမည်သော ရသေ့ဖြစ်၍ နတ်ပြည်မှ မန္ဒာရဝမည်သော ပန်းထီးကို ဆောင်ယူခဲ့၍ မြတ်စွာဘုရားကို ပူဇော်ပြီ။
ပေ။ သောဘနမည်သော မြို့တော်၊ သာဂရမည်သော ခမည်းတော်၊ သုဒဿနမည်သော မယ်တော်၊ သန္ထမည်သော ရဟန္တာ၊ ဥပသန္ထမည်သော ရဟန္တာ၊ အဘယမည်သော ရဟန်း၊ ဓမ္မာမည်သော ဘိက္ခုနီ၊ သုဓမ္မာမည်သော ဘိက္ခုနီ၊ ဗောဓိပင်သည် (စမ္ပကရုက္ခော)၊ စကားပင်။
ပေ။ ဣတိ - ဤတွင် အတ္ထဒဿီဘုရားရှင်၏ ဗုဒ္ဓဝင်အပြီးတည်း။
ထိုအတ္ထဒဿီမြတ်စွာဘုရား၏ နောက်အဖို့၌၊ ပေ၊
ထိုအခါ၌ ဘုရားအလောင်းသည် သိကြားမင်းဖြစ်၍ နတ်၌ဖြစ်သော နံ့သာပန်းတို့ဖြင့်လည်းကောင်း၊ နတ်၌ဖြစ်သော တူရိယာတို့ဖြင့်လည်းကောင်း ပူဇော်မှုကို ပြုပြီ။
ပေ။ သရဏမည်သော မြို့တော်၊ သရဏမည်သော ခမည်းတော်၊ သုနန္ဒာမည်သော မယ်တော်၊ ပဒုမမည်သော ရဟန္တာ၊ ဖုဿဒေဝမည်သော ရဟန္တာ၊ သုနေတ္တမည်သော ရဟန်း (— သုဒတ္တမည်သော ရဟန်းဟုလည်း ရှိ၏။ —) ခေမာမည်သော ဘိက္ခုနီ၊ သဗ္ဗနာမာမည်သော ဘိက္ခုနီ၊ ဗောဓိပင်သည် (ရတ္တကုရုဉ္စရုက္ခော)၊ သံသတ်ပင်တည်း။ (ကကုဓရုက္ခောတိပိ)၊ ရေခတက်ပင်ဟူ၍လည်းကောင်း။ (ဗိမ္ဗိဇာလောတိပိ)၊ မျက်နှာပန်းပင်ဟူ၍လည်းကောင်း ဆိုအပ်၏။
ပေ။ ဣတိ - ဤတွင် ဓမ္မဒဿီဘုရားရှင်၏ ဗုဒ္ဓဝင်အပြီးတည်း။
မှတ်ချက်။ ဗုဒ္ဓဝံသအဋ္ဌကထာ၌ "ဗိမ္ဗိဇာလော တိ ရတ္တကုရုဉ္စကရုက္ခော" ဟု တွေ့ရ၏။ထိုဓမ္မဒဿီမြတ်စွာဘုရား၏ နောက်အဖို့၌ ဤကမ္ဘာမှ ၉၄ ကမ္ဘာထက်ဝယ် တစ်ဆူတည်းသာလျှင် ဖြစ်သော သိဒ္ဓတ္ထမည်သော ဘုရားရှင်သည် ပွင့်တော်မူပြီ။ ပေ။
ထိုအခါ၌ ဘုရားအလောင်းသည် (ဥဂ္ဂတေဇော)၊ ထက်မြက်သော တန်ခိုးရှိသော။ (အဘိညာဗလသမ္ပန္နော)၊ အဘိညာဉ်အားအစွမ်းနှင့် ပြည့်စုံသော မင်္ဂလမည်သော ရသေ့ဖြစ်၍ ကြီးစွာသော ဇမ္ဗူ့သပြေသီးကို ဆောင်ယူခဲ့၍ မြတ်စွာဘုရားအား လှူပြီ။
ပေ။ ဝေဘာရမြို့တော်၊ ဇယသေနမည်သော ခမည်းတော်၊ သုဖဿာမည်သော မယ်တော်၊ သမ္ဗလမည်သော ရဟန္တာ၊ သုမိတ္တမည်သော ရဟန္တာ၊ ရေဝတမည်သော ရဟန်း၊ သီဝလာမည်သော ဘိက္ခုနီ (— “သီလာ” ဟုလည်း ရှိ၏။ —) သုရာမာမည်သော ဘိက္ခုနီ (— “သုရာ” ဟုလည်း ရှိ၏။ —) မဟာလှေကားဗောဓိပင်တည်း။
ပေ။ ဣတိ - ဤတွင် သိဒ္ဓတ္ထဘုရားရှင်၏ ဗုဒ္ဓဝင်အပြီးတည်း။
ထိုသိဒ္ဓတ္ထမြတ်စွာဘုရား၏ နောက်အဖို့၌ ဤကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာအထက်၌ တိဿမည်သော ဘုရားရှင်, ဖုဿမည်သော ဘုရားရှင်ဟု တစ်ခုသောကမ္ဘာ၌ နှစ်ဆူသော ဘုရားရှင်တို့သည် ပွင့်တော်မူကုန်ပြီ။ ပေ။ ထိုအခါ၌ ဘုရားအလောင်းသည် များသော စည်းစိမ်ဥစ္စာရှိသော များသောအခြံအရံရှိသော သုဇာတမည်သော မင်းဖြစ်၍ ရသေ့ရဟန်းအဖြစ်သို့ ကပ်ရောက်ပြီးလျှင် ကြီးသောတန်ခိုးရှိသူ၏ အဖြစ်သို့ရောက်၍ ဘုရားပွင့်တော်မူပြီဟု ကြားရ၍ နတ်၌ဖြစ်သော မန္ဒာရဝပန်း, ပဒုမ္မာကြာပန်း, ပင်လယ်ကသစ်ပန်းတို့ကို ယူ၍ ပရိသတ်လေးပါးတို့၏ အလယ်၌ ကြွသွားတော်မူသော မြတ်စွာဘုရားကို ပူဇော်ပြီး ကောင်းကင်၌ ပန်းဗိတာန် (မျက်နှာကြက်) ဖြစ်၍ တည်ပြီ။ ပေ။
ခေမမည်သော မြို့တော်, ဇနသန္ဓမည်သော ခမည်းတော်, ပဒုမာမည်သော မယ်တော်, ဗြဟ္မဒေဝမည်သော ရဟန္တာ, ဥဒယမည်သော ရဟန္တာ, သုမင်္ဂလမည်သော ရဟန်း, ဖုဿာမည်သော ဘိက္ခုနီ, သုဒတ္တာမည်သော ဘိက္ခုနီ, ပိတောက်ဗောဓိပင်။ ပေ။ ဣတိ-ဤတွင် တိဿဘုရားရှင်၏ ဗုဒ္ဓဝင်အပြီးတည်း။
ထိုတိဿမြတ်စွာဘုရား၏ နောက်အဖို့၌ ဖုဿမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူပြီ။ ပေ။ ဒုတိယအစည်းအဝေး၌ ပဏ္ဏာသံ (ဘိက္ခုသတသဟဿာနိ) သိန်းပေါင်းငါးဆယ်သော ရဟန်းတို့သည် ဖြစ်ကုန်ပြီ။ တတိယအစည်းအဝေး၌ ဒွတ္တိံသ (ဘိက္ခုသတသဟဿာနိ) သုံးသန်းနှစ်သိန်းသော ရဟန်းတို့သည် ဖြစ်ကုန်ပြီ။
ထိုအခါ၌ ဘုရားအလောင်းသည် ဝိဇိတာဝီမည်သော မင်းဖြစ်၍ ကြီးစွာသော မင်းစည်းစိမ်ကို စွန့်၍ မြတ်စွာဘုရား၏ အထံတော်၌ ရဟန်းပြု၍ ပိဋကတ်သုံးပုံတို့ကို သင်ယူပြီးလျှင် များစွာသော လူအပေါင်းအား ဓမ္မကထာကို ဟောပြီ။ သီလပါရမီကိုလည်း ဖြည့်ပြီ။ ပေ။
ကာသိမည်သော မြို့တော်, ဇယသေနမည်သော ခမည်းတော်, သိရိမည်သော မယ်တော်, သုရက္ခိတမည်သော ရဟန္တာ, ဓမ္မသေနမည်သော ရဟန္တာ, သဘိယမည်သော ရဟန်း, စာလာမည်သော ဘိက္ခုနီ, ဥပစာလာမည်သော ဘိက္ခုနီ, သျှိသျှားဗောဓိပင်။ ပေ။ ဣတိ-ဤတွင် ဖုဿဘုရားရှင်၏ ဗုဒ္ဓဝင်အပြီးတည်း။
ထိုဖုဿမြတ်စွာဘုရား၏ နောက်အဖို့၌ ဤကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာအထက်၌ ဝိပဿီမည်သော ဘုရားရှင်သည် ထင်ရှားပွင့်တော်မူပြီ။ ပေ။ ဒုတိယအစည်းအဝေး၌ ရဟန်းတစ်သိန်းသည် ဖြစ်ပြီ။ တတိယအစည်းအဝေး၌ ရှစ်သောင်းသော ရဟန်းတို့သည် ဖြစ်ကုန်ပြီ။
ထိုအခါ၌ ဘုရားအလောင်းသည် ကြီးသောတန်خိုးရှိသော ကြီးသော အာနုဘော်ရှိသော အတုလမည်သော နဂါးမင်းဖြစ်၍ ရတနာခုနစ်ပါးတို့ဖြင့် စီအပ်သော ရွှေအတိပြီးသော ကြီးစွာသော အင်းပျဉ်ကို မြတ်စွာဘုရားအား လှူပြီ။ ပေ။
ဗန္ဓုမတီမည်သော မြို့တော်, ဗန္ဓုမမည်သော ခမည်းတော်, ဗန္ဓုမတီမည်သော မယ်တော်, ခဏ္ဍမည်သော ရဟန္တာ, တိဿမည်သော ရဟန္တာ, အသောကမည်သော ရဟန်း, စန္ဒာမည်သော ဘိက္ခုနီ, စန္ဒမိတ္တာမည်သော ဘိက္ခုနီ, သခွတ်ဗောဓိပင်။ ပေ။ ကိုယ်ရောင်တော်သည် အခါခပ်သိမ်း ခုနစ်ယူဇနာတို့တိုင်တိုင် ဖြန့်၍ တည်ပြီ။ ပေ။ ဣတိ-ဤတွင် ဝိပဿီဘုရားရှင်၏ ဗုဒ္ဓဝင်အပြီးတည်း။
၁။ "ပါဋလီ-သခွတ်ပင်" ဟု ရှေးက ပေးရိုးရှိ၏။ ပကာရေန ဋလတိ ရတ္တဝဏ္ဏေန ဘဝတီတိ ဝါ ပါဋလိ။ ပုပ္ဖာနံ ရတ္တဝဏ္ဏတာယ ပါဋလီတိ ဝေါဟာရော၊-အပဒါန်အဋ္ဌကထာ။ ပါဋလီတိ တမ္ဗပုပ္ဖရုက္ခံ၊-ဘလ္လာဝတိယဇာတ်ဋီကာ၊ ဤအဋ္ဌကထာဋီကာတို့ကို ထောက်၍ "ကသစ်ပင်" ဟု အနက်ပေးဖို့ရန် ဂဏ္ဌိ၌ ဆုံးဖြတ်ထားသည်။ထိုဝိပဿီမြတ်စွာဘုရား၏ နောက်အဖို့၌ ဤကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်၌ သိခီဘုရားရှင်, ဝေဿဘူဘုရားရှင်ဟု နှစ်ဆူသော ဘုရားရှင်တို့သည် ပွင့်တော်မူကုန်ပြီ။ ပေ။ ဒုတိယအစည်းအဝေး၌ ရှစ်သောင်းသော ရဟန်းတို့သည် ဖြစ်ကုန်ပြီ။ တတိယအစည်းအဝေး၌ သတ္တတိ (သဟဿာနိ) ခုနစ်သောင်းသော ရဟန်းတို့သည် ဖြစ်ကုန်ပြီ။
ထိုအခါ၌ ဘုရားအလောင်းသည် အရိန္ဒမမည်သော မင်းဖြစ်၍ ဘုရားအမှူးရှိသော ဘိက္ခုသံဃာအား သင်္ကန်းနှင့်တကွဖြစ်သော ကြီးစွာသောအလှူကို ဖြစ်စေ၍ ခုနစ်ပါးသော ရတနာတို့ဖြင့် တန်ဆာဆင်အပ်သော ဆင်ရတနာကို ပေးလှူ၍, ဆင်ပမာဏရှိသည်ကို ပြု၍ အပ်သော ဘဏ္ဍာကို လှူပြီ။
အရုဏဝတီမည်သော မြို့တော်, အရုဏဝါမည်သော ခမည်းတော်, ပဘာဝတီမည်သော မယ်တော်, အဘိဘူမည်သော ရဟန္တာ, သမ္ဘဝမည်သော ရဟန္တာ, ခေမင်္ကရမည်သော ရဟန်း, သခိလာမည်သော ဘိက္ခုနီ, ပဒုမာမည်သော ဘိက္ခုနီ။ ပေ။ သရက်ဖြူဗောဓိပင်။ ပေ။ ဣတိ-ဤတွင် သိခီဘုရားရှင်၏ ဗုဒ္ဓဝင်အပြီးတည်း။
၁။ ပထမဆင်ရတနာ လှူပြီးနောက် ရဟန်းတို့အား မအပ်သောကြောင့် ဆင်ပမာဏရှိသော ကပ္ပိယဘဏ္ဍာကို အစားလှူပြီ-ဟူလို။ထိုသိခီမြတ်စွာဘုရား၏ နောက်အဖို့၌ ဝေဿဘူမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူပြီ။ ပေ။ ဒုတိယအစည်းအဝေး၌ သတ္တတိ (ဘိက္ခုသဟဿာနိ) ခုနစ်သောင်းသော ရဟန်းတို့သည် ဖြစ်ကုန်ပြီ။ တတိယအစည်းအဝေး၌ သဋ္ဌိ (ဘိက္ခုသဟဿာနိ) ခြောက်သောင်းသော ရဟန်းတို့သည် ဖြစ်ကုန်ပြီ။
ထိုအခါ၌ ဘုရားအလောင်းသည် သုဒဿနမည်သော မင်းဖြစ်၍။ ပေ။ မြတ်စွာဘုရား၏ အထံတော်၌ ရဟန်းပြုပြီး၍ အာစာရဂုဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ဘုရားရတနာ၌ (စိတ္တီကာရပ္ပီတိဗဟုလော) များသော အရိုအသေပြုခြင်း, နှစ်သက်ခြင်း ရှိသည်ဖြစ်ပြီ။ ပေ။
အနောမမည်သော မြို့တော်, သုပ္ပတီတမည်သော ခမည်းတော်, ယသဝတီမည်သော မယ်တော်, သောဏမည်သော ရဟန္တာ, ဥတ္တရမည်သော ရဟန္တာ, ဥပသန္တမည်သော ရဟန်း, ရာမာမည်သော ဘိက္ခုနီ, သာလာမည်သော ဘိက္ခုနီ၊ အင်ကြင်းဗောဓိပင်။ ပေ။ ဣတိ-ဤတွင် ဝေဿဘူဘုရားရှင်၏ ဗုဒ္ဓဝင်အပြီးတည်း။
၁။ "သမာလာ" ဟုလည်း ရှိ၏။ထိုဝေဿဘူမြတ်စွာဘုရား၏ နောက်အဖို့၌ ဤဘဒ္ဒကမ္ဘာဝယ် ကကုသန်, ကောဏာဂုံ, ကဿပ, ငါတို့၏ ဘုရားဟု လေးဆူကုန်သော ဘုရားရှင်တို့သည် ပွင့်တော်မူကုန်ပြီ။ ကကုသန်ဘုရားရှင်၏ တစ်ကြိမ်သော သာဝကသန္နိပါတသည် ဖြစ်ပြီ။ ထိုသာဝကသန္နိပါတ၌ လေးသောင်းကုန်သော ရဟန်းတို့သည် ဖြစ်ကုန်ပြီ။
ထိုအခါ၌ ဘုရားအလောင်းသည် ခေမမည်သော မင်းဖြစ်၍ ဘုရားအမှူးရှိသော ရဟန်းအပေါင်းအား သပိတ်သင်္ကန်းနှင့်တကွဖြစ်သော ကြီးစွာသောအလှူကိုလည်းကောင်း, မျက်စဉ်းအစရှိသော ဆေးတို့ကိုလည်းကောင်း, ပေးလှူ၍ မြတ်စွာဘုရား၏ တရားဒေသနာတော်ကို နာရ၍ ရဟန်းပြုပြီ။ ပေ။
ခေမမည်သော မြို့တော်, အဂ္ဂိဒတ္တမည်သော ပုဏ္ဏားသည် ခမည်းတော်ဖြစ်ပြီ။ ဝိသာခါမည်သော ပုဏ္ဏေးမသည် မယ်တော်ဖြစ်ပြီ။ ဝိဓုရမည်သော ရဟန္တာ, သံဇီဝမည်သော ရဟန္တာ, ဗုဒ္ဓိဇမည်သော ရဟန်း, သာမာမည်သော ဘိက္ခုနီ, စမ္ပာမည်သော ဘိက္ခုနီ၊ ကြီးစွာသော ကုက္ကိုရ်ဗောဓိပင်။ ပေ။ ဣတိ-ဤတွင် ကကုသန်ဘုရားရှင်၏ ဗုဒ္ဓဝင်အပြီးတည်း။
၁။ "ရမ္ဘာ" ဟုလည်း ရှိ၏။ထိုကကုသန်မြတ်စွာဘုရား၏ နောက်အဖို့၌ ကောဏာဂုံမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူပြီ။ ပေ။ ထိုအခါ၌ ဘုရားအလောင်းသည် ပဗ္ဗတမည်သော မင်းဖြစ်၍ အမတ်အပေါင်း ခြံရံအပ်သည်ဖြစ်၍ မြတ်စွာဘုရားအထံတော်သို့ သွား၍ တရားဒေသနာတော်ကို နာရ၍ ဘုရားအမှူးရှိသော ရဟန်းအပေါင်းကို ပင့်ဖိတ်၍ ကြီးစွာသောအလှူကို ဖြစ်စေ၍ ပတ္တုဏ်တိုင်း စိန့်တိုင်း၌ ဖြစ်သော အဝတ်, ပိုးချည်အဝတ်, ကမ္ဗလာ, ဘွဲ့ဖြူအဝတ်တို့ကိုလည်းကောင်း, ရွှေခြေနင်းကိုလည်းကောင်း လှူ၍ မြတ်စွာဘုရား၏ အထံ၌ ရဟန်းပြုပြီ။ ပေ။
သောဘဝတီမည်သော မြို့တော်, ယညဒတ္တမည်သော ပုဏ္ဏားသည် ခမည်းတော်ဖြစ်ပြီ။ ဥတ္တရာမည်သော ပုဏ္ဏေးမသည် မယ်တော်ဖြစ်ပြီ။ ဘိယျသမည်သော ရဟန္တာ။ ဥတ္တရမည်သော ရဟန္တာ, သောတ္ထိဇမည်သော ရဟန်း, သမုဒ္ဒါမည်သော ဘိက္ခုနီ, ဥတ္တရာမည်သော ဘိက္ခုနီ, ရေသဖန်းဗောဓိပင်။ ပေ။ ဣတိ-ဤတွင် ကောဏာဂုံဘုရားရှင်၏ ဗုဒ္ဓဝင်အပြီးတည်း။
၁။ "ဘိေယျာသ" ဟုလည်း ရှိ၏။ထိုကောဏာဂုံမြတ်စွာဘုရား၏ နောက်အဖို့၌ ကဿပမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူပြီ။ ပေ။ ထိုအခါ၌ ဘုရားအလောင်းသည် ဇောတိပါလမည်သော လုလင်ဖြစ်၍ ဗေဒင်သုံးပုံတို့၏ တစ်ဖက်ကမ်းရောက် တတ်မြောက်သည်ဖြစ်၍ မြေအပြင်၌လည်းကောင်း, ကောင်းကင်၌လည်းကောင်း ထင်ရှားသော ဃဋိကာရအိုးထိန်းသည်၏ မိတ်ဆွေဖြစ်ပြီ။
ထိုဇောတိပါလလုလင်သည် ထိုဃဋိကာရအိုးထိန်းသည်နှင့်အတူ မြတ်စွာဘုရားကို ချဉ်းကပ်၍ တရားဒေသနာတော်ကို နာရ၍ ရဟန်းပြုပြီး၍ အားထုတ်အပ်သော ဝီရိယရှိသည်ဖြစ်၍ သုံးပုံသော ပိဋကတ်တို့ကို သင်ယူပြီး၍။ ဝတ္တာ၊ ပြောဟောတတ်သည်။ ဟုတွာ။ ဝတ္တသမ္ပတ္တိယာ၊ ဝတ်အကျင့်၏ ပြည့်စုံခြင်းဖြင့် ဘုရားသာသနာတော်ကို တင့်တယ်စေ၏။ ပေ။
ဗာရာဏသီ [?] မည်သော မြို့တော်, ဗြဟ္မဒတ္တမည်သော ပုဏ္ဏားသည် ခမည်းတော်ဖြစ်ပြီ။ ဓနဝတီမည်သော ပုဏ္ဏေးမသည် မယ်တော်ဖြစ်ပြီ။ တိဿမည်သော ရဟန္တာ, ဘာရဒွါဇမည်သော ရဟန္တာ, သဗ္ဗမိတ္တမည်သော ရဟန်း, အနုဠာမည်သော ဘိက္ခုနီ, ဥရုဝေဠာမည်သော ဘိက္ခုနီ, ပညောင်ဗောဓိပင်၊ ကိုယ်တော်သည် အတောင်နှစ်ဆယ် အမြင့်ရှိသည်ဖြစ်ပြီ၊ အသက်တော်သည် အနှစ်နှစ်သောင်းတို့တည်း။ ဣတိ-ဤတွင် ကဿပဘုရားရှင်၏ ဗုဒ္ဓဝင်အပြီးတည်း။
ပန၊ ဆက်။ တဿ ဘဂဝတော၊ ထိုကဿပမြတ်စွာဘုရား၏။ ဩရဘာဂေ၊ ဤမှာဘက်၌။ ဣမံ သမ္မာသမ္ဗုဒ္ဓံ၊ ဤမြတ်စွာဘုရားကို။ ထပေတွာ၊ ထား၍။ အညော၊ ဤမြတ်စွာဘုရားမှတစ်ပါးသော။ ဗုဒ္ဓေါ နာမ၊ ဘုရားမည်သည်။ နတ္ထိ၊ မရှိတော့။
ပန၊ ဆက်။ ဣတိ၊ ဤဆိုအပ်ပြီးသောအစီအစဉ်ဖြင့်။ ဒီပင်္ကရာဒီနံ၊ ဒီပင်္ကရာအစရှိကုန်သော။ စတုဝီသတိယာ၊ နှစ်ကျိပ်လေးဆူသော။ ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။ သန္တိကေ၊ အထံတော်၌။ လဒ္ဓဗျာကရဏော၊ ရအပ်ပြီးသော ဗျာဒိတ်ရှိသော (ဗျာဒိတ်ရပြီးသော)။ ဗောဓိသတ္တော၊ ဘုရားအလောင်းသည်။ အနေန၊ ဤဘုရားအလောင်းသည်။
မနုဿတ္တံ။ ပေ။ သမိဇ္ဈတီတိ၊ မနုဿတ္တံ။ ပေ။ သမိဇ္ဈတိဟူကုန်သော။ အဋ္ဌ၊ ရှစ်ပါးကုန်သော။ ဣမေ ဓမ္မေ၊ ဤဂုဏ်တို့ကို။ သမောဓာနေတွာ၊ ပေါင်းစု၍။ ဒီပင်္ကရပါဒမူလေ၊ ဒီပင်္ကရာမြတ်စွာဘုရား၏ ခြေတော်ရင်း၌။ ကတာဘိနီဟာရေန၊ ပြုအပ်ပြီးသော သဗ္ဗညုတဉာဏ်သို့ ရှေးရှုဆောင်ကြောင်း ဆုတောင်းခြင်းရှိသည် (သဗ္ဗညုတဉာဏ်သို့ ရှေးရှုဆောင်ကြောင်း ဆုတောင်းမှုကို ပြုပြီးသည်) (ဟုတွာ)၊ "ဟန္ဒ၊ ပေ၊ ဣတော စိတောတိ" ဟူ၍။ ဥဿာဟံ၊ အားတက်သရောကို။ ကတွာ၊ ပြုပြီး၍။ ဝိစိနန္တော။ ပေ။ ဒါနပါရမိန္တိ၊ ဝိစိနန္တော။ ပေ။ ဒါနပါရမိံဟူကုန်သော။ ဒါနပါရမိနာဒယော၊ ဒါနပါရမီအစရှိကုန်သော။ ဗုဒ္ဓကရာ၊ ဘုရားအဖြစ်ကို ပြုတတ်ကုန်သော။ ယေ ဓမ္မာ၊ အကြင်ပါရမီတရားတို့ကို။ ဒိဋ္ဌာ၊ မြင်အပ်ကုန်ပြီ။ တေ (ဓမ္မေ)၊ ထိုပါရမီတရားတို့ကို။ ပူရေန္တော၊ ဖြည့်ကျင့်လျက်။ ယာဝ ဝေဿန္တရတ္တဘာဝါ၊ ဝေဿန္တရာမင်း၏ အတ္တဘောတိုင်အောင်။ အာဂမိ၊ ရောက်လာပြီ။
မနုဿတ္တံ၊ လူ၏အဖြစ်ကိုလည်းကောင်း (ဝါ) လူ့ဘဝကိုရခြင်းလည်းကောင်း။ လိင်္ဂသမ္ပတ္တိ၊ လိင်၏ပြည့်စုံခြင်းလည်းကောင်း (ဝါ) ပုလ္လိင်ဖြစ်ခြင်းလည်းကောင်း။ ဟေတု၊ တိဟိတ်ပဋိသန္ဓေတည်နေရခြင်းလည်းကောင်း။ သတ္ထာရဒဿနံ၊ သက်တော်ထင်ရှားမြတ်စွာဘုရားကို ဖူးမြင်ရခြင်းလည်းကောင်း။ ပဗ္ဗဇ္ဇာ၊ ရသေ့ရဟန်း၏ အဖြစ်လည်းကောင်း။ ဂုဏသမ္ပတ္တိ၊ ဈာန်အဘိညာဉ်ဟူသော ဂုဏ်၏ပြည့်စုံခြင်းလည်းကောင်း။ အဓိကာရော စ၊ မြတ်စွာဘုရားအထံတော်၌ လွန်လွန်ကဲကဲ ပြုအပ်သော ကောင်းမှုလည်းကောင်း။ ဆန္ဒတာ၊ ဘုရားဖြစ်ဖို့ရန် ထက်သန်သော ဆန္ဒတော်လည်းကောင်း။
(ဣတိ၊ သို့၊) အဋ္ဌဓမ္မသမောဓာနာ၊ ရှစ်ပါးသော ဂုဏ်တို့၏ ပေါင်းစုံခြင်းကြောင့်။ အဘိနီဟာရော၊ (စိတ်ကိုသဗ္ဗညုတဉာဏ်သို့ ရှေးရှုဆောင်ကြောင်း) ဆုတောင်းမှုသည်။ သမိဇ္ဈတိ၊ ပြည့်စုံနိုင်၏။
၁။ "ဝေဿန္တရတ္တဘာဝါ အာဂမိ" သို့ လှမ်းစပ်၊ "ယေ" ကိုလည်း "ဓမ္မာဒိဋ္ဌာ" ၌ "ဓမ္မာ" နှင့် တွဲ။၂။ ရှေးနိဿယ၌ "ဤတရားတို့ကို" ဟု ပေး၏။
၃။ ဆန္ဒောယေဝ + ဆန္ဒတာ။
စ၊ ဆက်။ အာဂစ္ဆန္တော၊ လာလတ်သော်။ ကတာဘိနီဟာရာနံ၊ ပြုအပ်ပြီးသော ဆုတောင်းမှုရှိကုန်သော (ဆုတောင်းမှုကို ပြုပြီးကုန်သော)။ ဗောဓိသတ္တာနံ၊ ဘုရားအလောင်းတို့၏၊ "ဧဝံ သဗ္ဗင်္ဂသမ္ပန္နာ၊ ပေ၊ သဗ္ဗပါရမီတိ" ဟူ၍။ ယေ တေ အာနိသံသေ၊ အကြင်အကျိုးအာနိသင်တို့ကို။ ဝဏ္ဏိတာ၊ ဖွင့်ဆိုအပ်ကုန်ပြီ။ တေ အာနိသံသေ၊ ထိုအကျိုးအာနိသင်တို့ကို။ အဓိဂန္တွာဝ၊ ရတော်မူ၍သာလျှင်။ အာဂတော၊ လာတော်မူခဲ့ပြီ။
ဧဝံ၊ ဤဆိုအပ်ပြီးသောနည်းဖြင့်။ သဗ္ဗင်္ဂသမ္ပန္နာ၊ အလုံးစုံသောအင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော။ ဗောဓိယာ၊ အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်၌။ နိယတာ၊ မြဲကုန်သော။ နရာ၊ ဘုရားအလောင်းတို့သည်၊ (တစ်နည်း) နိယတာ နရာ၊ နိယတဗျာဒိတ်ရ ဘုရားအလောင်းတို့သည်။ ကပ္ပကောဋိသတေဟိပိ၊ ကမ္ဘာကုဋေအရာတို့ဖြင့်သော်လည်းကောင်း။ ဒီဃံ၊ ရှည်စွာသော။ အဒ္ဓါနံ၊ ကာလပတ်လုံး။ သံသရံ / သံသရန္တော၊ ကျင်လည်ရကုန်လတ်သော်။ အဝီစိမှိ၊ အဝီစိငရဲ၌။ န ဥပ္ပဇ္ဇန္တိ၊ မဖြစ်ကြရကုန်။ လောကန္တရေသု စ၊ လောကန္တရိက်ငရဲတို့၌လည်း။ တထာ၊ ထို့အတူမဖြစ်ကြရကုန်။ ဒုဂ္ဂတိံ၊ အပါယ်ဒုဂ္ဂတိ၌။ ဥပပဇ္ဇန္တာပိ၊ ဖြစ်ရပါကုန်သော်လည်း။ နိဇ္ဈာမတဏှာ၊ နိဇ္ဈာမတဏှိကပြိတ္တာတို့သည်လည်းကောင်း။ ခုပ္ပိပါသာ၊ ခုပ္ပိပါသပြိတ္တာတို့သည်လည်းကောင်း။ ကာလကဉ္စိကာ၊ ကာလကဉ္စိကအသူရာတို့သည်လည်းကောင်း။ န ဟောန္တိ၊ မဖြစ်ကြရကုန်။ ခုဒ္ဒကာ၊ ငုံးအောက်ငယ်ကုန်သော။ ပါဏာ၊ သတ္တဝါကလေးတို့သည်။ န ဟောန္တိ။ မနုဿေသု၊ လူတို့၌။ ဇာယမာနာ၊ ဖြစ်ကုန်လတ်သော်။ တေ၊ ထိုနိယတဗျာဒိတ်ရ ဘုရားအလောင်းတို့သည်။ ဇစ္စန္ဓာ၊ ပဋိသန္ဓေအားဖြင့် ကန်းသူတို့သည်။ န ဘဝန္တိ၊ မဖြစ်ကြရကုန်။
၁။ "တေ အာနိသံသေ အဓိဂန္တွာဝ အာဂတော" ၌ စပ်။၂။ အပိကား သမ္ဘာဝနာ။
၃။ ဝစနဝိပလ္လာသ၊ တစ်နည်း ယောဝိဘတ်ချေ။
၄။ တစ်ကိုယ်လုံးမီးလောင်အပ်သဖြင့် တပ်မက်ခြင်းတဏှာမရှိသောပြိတ္တာတို့သည်လည်းကောင်း။
၅။ အမြဲဆာလောင်မွတ်သိပ်နေရသောပြိတ္တာတို့သည်လည်းကောင်း။
၆။ ဝဋ္ဋက (ငုံမင်း) ဇာတ်ရှိသေးရကား "ငုံးကဲ့သို့ငယ်သောသတ္တဝါကလေးများကား ဖြစ်သေးကြောင်း သိရ၏။"
သောတဝေကလ္လတာ၊ သောတပသာဒ ချို့တဲ့သူ၏ အဖြစ်သည်။ နတ္ထိ၊ မရှိ၊
မူဂပက္ခိကာ၊ (အ)သူဆွံ့သူတို့သည်။ နဘဝန္တိ၊ မဖြစ်ကြရကုန်။ ဣတ္ထိဘာဝံ၊ မိန်းမအဖြစ်သို့။ နဂစ္ဆန္တိ၊ မရောက်ကြရကုန်။ ဗောဓိယာ၊ အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်၌။ နိယတာ၊ မြဲကုန်သော။ နရာ၊ ဘုရားအလောင်းတို့သည်၊
(တစ်နည်း) နိယတာနရာ၊ နိယတဗျာဒိတ်ရ ဘုရားအလောင်းတို့သည်။ ဥဘတောဗျဥ္ဇနပဏ္ဍကာ၊ ဥဘတောဗျည်း, ပဏ္ဍုက်တို့သည်။ နဘဝန္တိ၊ မဖြစ်ကြရကုန်၊
(ဗြဟ္မလောကူပပတ္တိပဌမကပ္ပိကကာလေသု-ဗြဟ္မာ့ပြည်ဝယ် ဖြစ်ရာအခါ, ကမ္ဘာဦးဝယ် ဖြစ်ရာအခါတို့၌။ ဥဘယလိင်္ဂရဟိတာ၊ ဣတ္ထိလိင် ပုလ္လိင် နှစ်ပါးစုံတို့မှ ကင်းကုန်သည်။ သမာနာပိ၊ ဖြစ်ပါကုန်သော်လည်း၊) ပရိယာပန္နာ၊ ပဏ္ဍုက်၌ အကျုံးဝင်ကုန်သည်။ နဘဝန္တိ၊ မဖြစ်ကုန်။ အာနန္တရိကေဟိ၊ ပဥ္စာနန္တရိကကံတို့မှ။ မုတ္တာ၊ လွတ်ကုန်၏၊
(ယသ္မာ-အကြင့်ကြောင့်၊) သဗ္ဗတ္ထ၊ အလုံးစုံသော ဘဝတို့၌။ သုဒ္ဓဂေါစရော၊ စင်ကြယ်သော အာရုံရှိကြကုန်၏၊ (တသ္မာ-ထို့ကြောင့်၊) မိစ္ဆာဒိဋ္ဌိံ၊ မိစ္ဆာဒိဋ္ဌိကို။ နသေဝန္တိ၊ မမှီဝဲကြကုန်။ ကမ္မကိရိယဒဿနာ၊ ကံကို ပြုအပ်သည်မည်၏ဟု သိမြင်တတ်သော ဉာဏ်ရှိကြကုန်၏၊ ဝါ-ကမ္မသတာဉာဏ် ရှိကြကုန်၏။ သဂ္ဂေသု၊ နတ်ပြည်, ဗြဟ္မာ့ပြည်တို့၌။ ဝသမာနာပိ၊ နေရပါကုန်သော်လည်း။ အသညံ၊ အသညသတ်ဘုံ၌။ နဥပပဇ္ဇရေ၊ မဖြစ်ကြရကုန်။
အသညံဝယ် ဥပဟူသော ကမ္မပ္ပဝစနီယနှင့် ယှဉ်သောကြောင့် သတ္တမီအနက်၌ ဒုတိယာဝိဘတ်သက်။'…သုဒ္ဓါဝါသေသု ဒေဝေသု၊ သုဒ္ဓါဝါသ ဗြဟ္မာ့ပြည်တို့၌။ ဟေတုနာမ၊ ဖြစ်ခြင်း၏ အကြောင်းမည်သည်။ နဝိဇ္ဇတိ၊ မရှိ၊
သုဒ္ဓါဝါသ၌ ဖြစ်ခြင်း၏ အကြောင်းဟူသည် အနာဂါမိမဂ်တည်း၊ ထိုမဂ်ကို မရသေးသောကြောင့် ထိုသုဒ္ဓါဝါသဘုံ၌ မဖြစ်နိုင်-ဟူလို၊' သပ္ပုရိသာ၊ နိယတဗျာဒိတ်ရသော ဘုရားအလောင်း သူတော်ကောင်းတို့သည်။ နေက္ခမ္မနိန္နာ၊ အိမ်မှ ထွက်ခွာ တောသို့သာလျှင် ကိုင်းညွတ်ကြကုန်၏။ ဘဝါဘဝေ၊ ဖြစ်လေရာရာ, ဘဝငယ်ဘဝကြီး၌။ ဝိသံယုတ္တာ၊ အမျိုးမျိုးအဖုံဖုံ, ယှဉ်ရကုန်သည်၊ (သမာနာ-ဖြစ်ကုန်လသော်၊) လောကတ္ထစရိယာယော၊ သတ္တလောက၏ အစီးအပွားဖြစ်သော အကျင့်တို့ကို။ စရန္တိ၊ ကျင့်တော်မူကြကုန်၏။ သဗ္ဗပါရမီ၊ အလုံးစုံသော ပါရမီတို့ကို။ ပူရေန္တိ၊ ဖြည့်ကျင့်တော်မူကြကုန်၏။
ပါရမိယော၊ ပါရမီတို့ကို။ ပူရေန္တဿ၊ ဖြည့်ကျင့်တော်မူစဉ်၊ (ဖြည့်ကျင့်တော်မူသော၊) တဿ၊ ထိုဘုရားအလောင်း၏။ အကိတ္တိဗြာဟ္မဏကာလေ၊ အကိတ္တိဗြာဟ္မဏ ဖြစ်ရာအခါ၌လည်းကောင်း၊
အကတ္တိဟုလည်း ရှိ၏၊' သင်္ခဗြာဟ္မဏကာလေ၊ သင်္ခဗြာဟ္မဏ ဖြစ်ရာအခါ၌လည်းကောင်း။ ဓနုဉ္စယရာဇကာလေ၊ ဓနုဉ္စယမင်း ဖြစ်ရာအခါ၌လည်းကောင်း။ မဟာသုဒဿနရာဇကာလေ၊ မဟာသုဒဿန စကြာမင်း ဖြစ်ရာအခါ၌လည်းကောင်း။ မဟာဂေါဝိန္ဒကာလေ၊ မဟာဂေါဝိန္ဒပုရောဟိတ် ဖြစ်ရာအခါ၌လည်းကောင်း။ နိမိမဟာရာဇကာလေ၊ နိမိမဟာရာဇာ ဖြစ်ရာအခါ၌လည်းကောင်း။ စန္ဒကုမာရကာလေ၊ စန္ဒကုမာရ ဖြစ်ရာအခါ၌လည်းကောင်း။ ဝိသယှသေဋ္ဌိကာလေ၊ ဝိသယှသူဌေး ဖြစ်ရာအခါ၌လည်းကောင်း။ သိဝိရာဇကာလေ၊ သိဝိမင်း ဖြစ်ရာအခါ၌လည်းကောင်း။ ဝေဿန္တရရာဇကာလေ၊ ဝေဿန္တရာမင်း ဖြစ်ရာအခါ၌လည်းကောင်း။ ဣတိ၊ ဤသို့လျှင်။ ဒါနပါရမိတာယ၊ ဒါနပါရမီ၏၊
ပရိမာဏံ၌စပ်၊' ဝါ-ကို။ ပူရိတတ္တဘာဝါနံ၊ ဖြည့်အပ်ရာ အတ္တဘောတို့၏။ ပရိမာဏံနာမ၊ အတိုင်းအရှည်မည်သည်။ နတ္ထိ၊ မရှိ။ ပန၊ ဆက်။ ဧကန္တေန၊ စင်စစ်အားဖြင့်။ အဿ၊ ထိုဘုရားအလောင်း၏။ သသပဏ္ဍိတဇာတကာလေ၊ ယုန်ပညာရှိ ဖြစ်ရာအခါ၌၊ (ကရောန္တဿ၌စပ်။)
သာရိပုတ္တ၊ သာရိပုတ္တရာ။ အဟံ၊ ငါသည်။ ဘိက္ခာယ၊ ဆွမ်းအလို့ငှာ။ ဥပဂတံ၊ ကပ်ရောက်လာသော ပုဏ္ဏားကို။ ဒိသွာ၊ မြင်၍။ သကတ္တာနံ၊ မိမိ၏ အတ္တဘောကို။ ပရိစ္စဇိံ၊ စွန့်လှူခဲ့ပြီ။ မေ၊ ငါ၏၊ ဝါ-ငါနှင့်။ ဒါနေန၊ ဒါနအားဖြင့်။ သမော၊ တူသူသည်။ နတ္ထိ၊ မရှိတော့။ ဧသာ၊ ဤအတ္တဘောကို စွန့်လွှတ်၍ လှူခြင်းသည်။ မေ၊ ငါ၏။ ဒါနပါရမီ၊ ဒါနပါရမီတည်း၊ ဝါ-ဒါနတို့တွင် အမြတ်ဆုံးဖြစ်သော ပါရမီတည်း။ ဣတိ ဧဝံ၊ ဤသို့။ အတ္တပရိစ္စာဂံ၊ အတ္တဘောကို စွန့်လှူခြင်းကို။ ကရောန္တဿ၊ ပြုသော ဘုရားအလောင်း၏။ ဒါနပါရမိတာ၊ ဒါနပါရမီသည်။ ပရမတ္ထပါရမီနာမ၊ ပရမတ္ထပါရမီမည်သည်။ ဇာတာ၊ ဖြစ်ပြီ။
တထာ၊ ထိုမှတစ်ပါး။ သီလဝနာဂရာဇာကာလေ၊ သီလဝဆင်မင်း ဖြစ်ရာအခါ၌လည်းကောင်း၊
သီလဝဇာတ်ကိုကြည့်၊' စမ္ပေယျနာဂရာဇာကာလေ၊ စမ္ပေယျနဂါးမင်း ဖြစ်ရာအခါ၌လည်းကောင်း။ ဘူရိဒတ္တနာဂရာဇကာလေ၊ ဘူရိဒတ်နဂါးမင်း ဖြစ်ရာအခါ၌လည်းကောင်း။ ဆဒ္ဒန္တနာဂရာဇကာလေ၊ ဆဒ္ဒန်ဆင်မင်း ဖြစ်ရာအခါ၌လည်းကောင်း။ ဇယဒိသရာဇပုတ္တအလီနသတ္တုကုမာရကာလေ၊ ဇယဒိသမင်း၏ သားတော်ဖြစ်သော အလီနသတ္တုမင်းသား ဖြစ်ရာအခါ၌လည်းကောင်း၊
"အလိနသတ္တုမင်းသား" ဟူသည် ဇယဒိသမင်း၏ သားတော်တည်း၊ ထို့ကြောင့် "ဇယဒိသရာဇပုတ္တ" ဟု ဝိသေသနပြုသည်၊' ဣတိ၊ သို့။ သီလပါရမိတာယ၊ သီလပါရမီတော်၏၊ ဝါ-သီလပါရမီတော်ကို။ ပူရိတတ္တဘာဝါနံ၊ ဖြည့်ကျင့်အပ်ရာ အတ္တဘောတို့၏။ ပရိမာဏံနာမ၊ အတိုင်းအရှည်မည်သည်။ နတ္ထိ၊ မရှိ။ ပန၊ အထူးကား။ ဧကန္တေန၊ အားဖြင့်။ အဿ၊ ထိုဘုရားအလောင်း၏။ သင်္ခပါလဇာတကာလေ၊ သင်္ခပါလနဂါးမင်း ဖြစ်ရာအခါ၌၊ (ပရမတ္ထပါရမီနာမဇာတာ၌စပ်။)
(သာရိပုတ္တ၊ သာရိပုတ္တရာ။ အဟံ၊ ငါသည်၊) သူလေဟိ၊ သစ်သားနှစ်တံကျင်တို့ဖြင့်။ ဝိဇ္ဈိယန္တောပိ၊ ထိုးဖောက်အပ်ပါသော်လည်း။ သတ္တိဟိ၊ လှံတို့ဖြင့်။ ကောဋ္ဋိယန္တောပိ၊ ထိုးဆွအပ်ပါသော်လည်းကောင်း။ ဘောဇပုတ္တေ (ဘောဇပုတ္တာနံ)၊ ရှေးမုဆိုးကြီးတို့၏ သားဖြစ်ကုန်သော မုဆိုးတို့အား။ နကုပ္ပာမိ၊ အမျက်ထွက်တော်မမူ။ ဧသာ၊ ဤအသက်စွန့်လျက် အမျက်မထွက်အောင် သီလကို စောင့်ထိန်းခြင်းသည်။ မေ၊ ငါ၏။ သီလပါရမီ၊ သီလပရမတ္ထပါရမီတည်း၊
(တစ်နည်း) သာရိပုတ္တ, အဟံ။ သူလေဟိ၊ တို့ဖြင့်။ ဝိနိဝိဇ္ဈန္တေပိ၊ ထိုးဖောက်သည်လည်း ဖြစ်ကုန်သော။ သတ္တိဟိ၊ တို့ဖြင့်။ ကောဋ္ဋယန္တေပိ၊ ထိုးဆွသည်လည်း ဖြစ်ကုန်သော။ ဘောဇပုတ္တေ (ဘောဇပုတ္တာနံ)၊ တို့အား။ နကုပ္ပာမိ၊ အမျက်ထွက်တော်မမူ၊ ဧသာမေသီလပါရမီ။ ဣတိ၊ သို့။ အတ္တပရိစ္စာဂံ၊ အတ္တဘောကို စွန့်လွှတ်ခြင်းကို၊ ဝါ-အသက်ကို စွန့်လွှတ်ခြင်းကို။ ကရောန္တဿ၊ ပြုသော ဘုရားအလောင်း၏။ သီလပါရမီတာ၊ သီလပါရမီသည်။ ပရမတ္ထပါရမီနာမ၊ မည်သည်။ ဇာတာ၊ ဖြစ်ပြီ။
တထာ၊ ထိုမှတစ်ပါး။ သောမနဿကုမာရကာလေ၊ သောမနဿမင်း ဖြစ်ရာအခါ၌လည်းကောင်း။ ဟတ္ထိပါလကုမာရကာလေ၊ ဟတ္ထိပါလမင်းသား ဖြစ်ရာအခါ၌လည်းကောင်း။ အယောဃရပဏ္ဍိတကာလေ၊ အယောဃရသုခမိန် ဖြစ်ရာအခါ၌လည်းကောင်း။ ဣတိ၊ သို့။ မဟာရဇ္ဇံ၊ မဟာရာဇာ၏ အဖြစ်ကို၊ (ကြီးစွာသော မင်းအဖြစ်ကို၊) ပဟာယ၊ ပယ်စွန့်၍။ နေက္ခမ္မပါရမိတာယ၊ ၏၊ ဝါ-ကို။ ပူရိတတ္တဘာဝါနံ ပရိမာဏံနာမ နတ္ထိ။ ပန၊ အထူးကား။ ဧကန္တေန၊ အားဖြင့်။ အဿ၊ ထိုဘုရားအလောင်း၏။ စူဠသုတသောမဇာတကာလေ၊ စူဠသုတသောမမင်း ဖြစ်ရာအခါ၌။
(သာရိပုတ္တ, အဟံ၊) ဟတ္ထဂတံ၊ လက်သို့ရောက်သော။ မဟာရဇ္ဇံ၊ မဟာရာဇာ၏ အဖြစ်ကို၊ (ကြီးစွာသော မင်းအဖြစ်ကို၊) ခေဠပိဏ္ဍံဝိယ၊ တံထွေးပေါက်ကဲ့သို့။ ဆဍ္ဎယိံ၊ စွန့်ခဲ့ပြီ။ စဇတော၊ စွန့်လွှတ်သော၊ (မေ-ငါ၏၊) လဂနံ၊ ကပ်ငြိခြင်းသည်။ နဟောတိ၊ မဖြစ်ခဲ့။ ဧသာ၊ ဤကြီးစွာသော မင်းအဖြစ်ကို စွန့်လွှတ်ခြင်းသည်။ မေ၊ ငါ၏။ နေက္ခမ္မပါရမီ၊ နေက္ခမ္မပရမတ္ထပါရမီတည်း။ ဣတိ ဧဝံ၊ သို့။ နိဿင်္ဂတာယ၊ ကပ်ငြိခြင်းမရှိသည်၏ အဖြစ်ဖြင့်။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ ဆဍ္ဎေတွာ၊ စွန့်၍။ နိက္ခမန္တဿ၊ တောထွက်နိုင်သော ဘုရားအလောင်း၏။ နေက္ခမ္မပါရမိတာ၊ သည်။ ပရမတ္ထပါရမီနာမ ဇာတာ။
ဤဇာတ်၌လည်း မင်းအဖြစ်ဝယ် ချမ်းချမ်းသာသာနှင့် အသက်မွေးနိုင်ပါသော်လည်း ထိုအသက်မွေးမှုကို မငဲ့မကွက်ဘဲ အသက်ကို စွန့်လျက် တောထွက်တော်မူနိုင်ခြင်းသည် ပရမတ္ထပါရမီမည်၏။တထာ၊ ထိုမှတစ်ပါး။ ဝိဓုရပဏ္ဍိတကာလေ၊ ဝိဓုရသုခမိန် ဖြစ်ရာအခါ၌လည်းကောင်း။ မဟာဂေါဝိန္ဒပဏ္ဍိတကာလေ၊ မဟာဂေါဝိန္ဒသုခမိန် ဖြစ်ရာအခါ၌လည်းကောင်း။ ကုဒါလပဏ္ဍိတကာလေ၊ ကုဒါလသုခမိန် ဖြစ်ရာအခါ၌လည်းကောင်း။ အရကပဏ္ဍိတကာလေ၊ အရကသုခမိန် ဖြစ်ရာအခါ၌လည်းကောင်း။ ဗောဓိပရိဗ္ဗာဇကကာလေ၊ ဗောဓိပရဗိုဇ် ဖြစ်ရာအခါ၌လည်းကောင်း။ မဟောသဓပဏ္ဍိတကာလေ၊ မဟောသဓာသုခမိန် ဖြစ်ရာအခါ၌လည်းကောင်း။ ဣတိ၊ သို့။ ပညာပါရမိတာယ၊ ပညာပါရမီတော်၏၊ ဝါ-ကို။ ပူရိတတ္တဘာဝါနံ, ပရိမာဏံနာမ နတ္ထိ။ ပန၊ အထူးကား။ ဧကန္တေန၊ အားဖြင့်။ အဿ၊ ထိုဘုရားအလောင်း၏။ သတ္တုဘသ္တဇာတကေ၊ သတ္တုဘသ္တဇာတ်၌။ သေနကပဏ္ဍိတကာလေ၊ သေနကသုခမိန် ဖြစ်ရာအခါ၌။…
(သာရိပုတ္တ၊) အဟံ, ပညာယ၊ ပညာဖြင့်။ ဝိစိနန္တော၊ စူးစမ်းလျက်။ ဗြာဟ္မဏံ၊ ပုဏ္ဏားကို။ ဒုခါ၊ သေမည့် ဆင်းရဲမှ။ မောစယိံ၊ လွတ်စေခဲ့ပြီ။ မေ၊ ငါ၏၊ (ငါနှင့်၊) ပညာယ၊ ပညာအားဖြင့်။ သမော၊ တူသူသည်။ နတ္ထိ၊ မရှိ၊
စရိယာပိဋက၌ "မမသဒိသောနတ္ထိ" ဟု ရှိ၏၊ ထိုအလို မေကို သမ္ဗန်အနက်ပေးစေလိုသည်၊ "ငါ၏ အတူဖြစ်သူမရှိ" ဟူလို၊' ဧသာ၊ ဤပါရမီသည်။ မေ၊ ငါ၏။ ပညာပါရမီ၊ ပညာပရမတ္ထပါရမီတည်း။ ဣတိ၊ ဤသို့။ အန္တောဘသ္တဂတံ၊ သားရေအိပ်အတွင်း၌ ရောက်နေသော။ သပ္ပံ၊ မြွေကို။ ဒေဿန္တဿ၊ ပြတော်မူသော ဘုရားအလောင်း၏။ ပညာပါရမိတာ၊ ပညာပါရမီသည်။ ပရမတ္ထပါရမီနာမ ဇာတာ။
အကျယ်ကို သတ္တုဘသ္တဇာတ်ကြည့်ပါ။တထာ၊ ထိုမှတစ်ပါး။ ဝီရိယပါရမိတာဒီနမ္ပိ၊ ဝီရိယပါရမီ အစရှိသော ပါရမီတို့၏လည်း၊ ဝါ-တို့ကိုလည်း။ ပူရိတတ္တဘာဝါနံ၊ ဖြည့်ကျင့်အပ်ရာ အတ္တဘောတို့၏။ ပရိမာဏံနာမ နတ္ထိ။ ပန၊ အထူးကား။ ဧကန္တေန, မဟာဇနကဇာတကေ၊ မဟာဇနကဇာတ်၌။ အတီရဒဿိဇလမဇ္ဈေ, ပေ, ဝီရိယပါရမီတိ၊ ဟူ၍။ ဧဝံ၊ သို့။ မဟာသမုဒ္ဒံ၊ မဟာသမုဒ္ဒရာကို။ တရန္တဿ၊ ကူးသော။ အဿ၊ ထိုဘုရားအလောင်း၏။ ဝီရိယပါရမိတာ၊ သည်။ ပရမတ္ထပါရမီနာမ ဇာတာ၊
အတီရဒဿိဇလမဇ္ဈေ-မြင်အပ်သော ကမ်းမရှိသော သမုဒ္ဒရာရေပြင်၏ အလယ်၌၊ သဗ္ဗေဝ-အလုံးစုံသာလျှင် ဖြစ်ကုန်သော၊ မာနုသာ-လူတို့ကို၊ ဟတာ-ငါး, လိပ်တို့သည် သတ်အပ်ကုန်ပြီ၊ (မေ-ငါ၏၊) စိတ္တဿ-စိတ်၏၊ အညထာ-အားထုတ်ခြင်းမှ တစ်ပါးသောအပြားသည်၊ ဝါ-တွန့်ဆုတ်ခြင်းသည်၊ နတ္ထိ-မရှိ၊ ဧသာ-ဤမတွန့်ဆုတ်ဘဲ ရဲဝံ့စွာ ကူးနိုင်ခြင်းသည်၊ မေ-၏၊ ဝီရိယပါရမီ-ဝီရိယပရမတ္ထပါရမီတည်း။ခန္တိဝါဒီဇာတကေ၊ ခန္တိဝါဒီဇာတ်၌။ အစေတနံဝ, ပေ, ခန္တိပါရမီတိ၊ အစေတနံဝ, ပေ, ခန္တိပါရမီဟူ၍။ ဧဝံ၊ ဤသို့။ အစေတနဘာဝေနဝိယ၊ စိတ်စေတနာ မရှိသည်၏ အဖြစ်ဖြင့်ကဲ့သို့။ မဟာဒုက္ခံ၊ ကြီးစွာသော ဒုက္ခကို။ အဓိဝါသေန္တဿ၊ သည်းခံနိုင်သော ဘုရားအလောင်း၏။ ခန္တိပါရမိတာ၊ သည်။ ပရမတ္ထပါရမီနာမ ဇာတာ။…
သာရိပုတ္တ-သာရိပုတ္တရာ၊ တိက္ခေန-ထက်လှစွာသော၊ ဖရသုနာ-ပေါက်ဆိန်ဖြင့်၊ မမံ-ငါ့ကို၊ အစေတနံဝ-စိတ်စေတနာ မရှိသော သစ်သားရုပ်ကိုကဲ့သို့၊ ကောဋ္ဋေန္တေ-ခုတ်ဖြတ်သော၊ ကာသိရာဇေ-ကာသိမင်း၌၊ (ကလာဗုမင်းအား၊) နကုပ္ပာမိ-အမျက်မထွက်ခဲ့၊ ဧသာ-ဤအသက်ကို စွန့်လျက် အမျက်မထွက်ခြင်းသည်၊ မေ-ငါ၏၊ ခန္တိပါရမီ-ခန္တိပရမတ္ထပါရမီတည်း။မဟာသုတသောမဇာတကေ၊ မဟာသုတသောမဇာတ်၌။ သစ္စဝါစံ, ပေ, သစ္စပါရမီတိ၊ သစ္စဝါစံ, ပေ, သစ္စပါရမီဟူ၍။ ဧဝံ၊ ဤသို့။ ဇီဝိတံ၊ အသက်ကို။ စဇိတွာ၊ စွန့်၍။ သစ္စံ၊ သစ္စာကို။ အနုရက္ခန္တဿ၊ စောင့်ရှောက်သော သုတသောမမင်း၏။ သစ္စပါရမိတာ၊ သည်။ ပရမတ္ထပါရမီနာမ ဇာတာ။…
သာရိပုတ္တ-သာရိပုတ္တရာ၊ မေ-ငါ၏၊ ဇီဝိတံ-အသက်ကို၊ စဇိတွာ-စွန့်၍၊ သစ္စဝါစံ-မှန်သောစကားကို၊ အနုရက္ခန္တော-စောင့်ရှောက်လျက်၊ ဧကသတခတ္တိယေ-တစ်ရာ့တစ်ယောက်သော မင်းတို့ကို၊ မောစေသိံ-လွတ်စေခဲ့ပြီ၊ ဧသာ-ဤအသက်ကို စွန့်လျက် မှန်သောစကားကို စောင့်ရှောက်ခြင်းသည်၊ မေ-ငါ၏၊ သစ္စပါရမီ-သစ္စပရမတ္ထပါရမီတည်း။မူဂပက္ခဇာတကေ၊ မူဂပက္ခဇာတ်၌၊ (တေမိဇာတ်၌၊) မာတာပိတာ, ပေ, ဝတမဓိဋ္ဌဟိန္တိ၊ မာတာပိတာ, ပေ, ဝတမဋ္ဌိဟိံဟူ၍။ ဧဝံ၊ ဤသို့။ ဇီဝိတံ၊ အသက်ကို။ စဇိတွာ၊ စွန့်၍။ ဝတံ၊ (အ)ယောင်ဆွံ့ဆောင်ခြင်း ဟူသောအကျင့်ကို။ အဓိဋ္ဌဟန္တဿ၊ ဆောက်တည်သော၊ မေ-ငါ၏။ အဓိဋ္ဌာနပါရမိတာ၊ သည်။ ပရမတ္ထပါရမီနာမ ဇာတာ၊…
မေ-ငါသည်၊ မာတာပိတာ-မယ်တော်ခမည်းတော်တို့ကို၊ နဒေဿာ-မမုန်းအပ်ပါကုန်၊ မေ-ငါသည်၊ အတ္တာစ-မိမိကိုလည်း၊ နဒေသိယော-မမုန်းအပ်ပါကုန်၊ (မဟာယသံပ比-များစွာသော အခြံအရံကိုလည်း၊ နဒေဿံ-မမုန်းအပ်ပါ၊) မယှံ-ငါသည်၊ သဗ္ဗညုတာ-သဗ္ဗညူ၏အဖြစ်ကို၊ ပိယာ-ချစ်အပ်ပါ၏၊ တသ္မာ-ထို့ကြောင့်၊ ဝတံ-(အ)ယောင်ဆွံ့ယောင်ဆောင်ခြင်း ဟူသောအကျင့်ကို၊ အဓိဋ္ဌဟိံ-ဆောက်တည်ခဲ့ပြီ။ဧကရာဇဇာတကေ၊ ဧကရာဇဇာတ်၌၊ (တစ်နည်း) သုဝဏ္ဏသာမဇာတကေ၊ သုဝဏ္ဏသျှာမ်ဇာတ်၌။ နမံကောစိ, ပေ, တဒါတိ၊ ဟူ၍။ ဧဝံ၊ သို့။ ဇီဝိတံ၊ အသက်ကို။ အနပလောကေတွာ၊ မငဲ့ကွက်မူ၍။ မေတ္တာယန္တဿ၊ မေတ္တာကို ဖြစ်စေသော (မေတ္တာကို ပွားများသော) ဘုရားအလောင်း၏။ မေတ္တာပါရမိတာ၊ သည်။ ပရမတ္ထပါရမီနာမ ဇာတာ၊…
ကောစိ-ယုန်, ကြောင်စသော ကြောက်တတ်သော သတ္တဝါတစ်ကောင်တလေကမျှ၊ မံ-ကို၊ နဥတ္တသတိ-မကြောက်လန့်၊ အဟံပိ-ငါသည်လည်း၊ (ငါကလည်း၊) ကဿစိ-ခြင်္သေ့, သစ်, ကျား, ဘီလူးစသော ကြောက်စရာ တစ်ကောင်တလေမှလည်း၊ နဘယာမိ-မကြောက်၊ မေတ္တာဗလေန-မေတ္တာ၏အစွမ်းသည်၊ ဥပတ္ထဒ္ဓေါ-ထောက်ပံ့အပ်သည်၊ (ဟုတွာ)၊ တဒါ-သုဝဏ္ဏသျှာမ်ဖြစ်ရာ ထိုအခါ၌၊ ပဝနေ-တောကြီး၌၊ ရမာမိ-မွေ့လျော်ခဲ့၏။လောမဟံသဇာတကေ၊ လောမဟံသဇာတ်၌။ သုသာနေ, ပေ, အနပ္ပကန္တိ၊ သုသာနေ, ပေ, အနပ္ပကံဟူ၍။ ဧဝံ၊ သို့။ ဂါမဒါရကေသု၊ ရွာသားကလေးတို့သည်။ နိဋ္ဌုဘာဒီဟိစေဝ၊ တံထွေးထွေးခြင်း အစရှိသည်တို့ဖြင့်လည်းကောင်း။ မာလာဂန္ဓူပဟာရာဒီဟိစ၊ ပန်းနံ့သာတို့ကို အနီးသို့ ဆောင်ခြင်းအစရှိသည်တို့ဖြင့်လည်းကောင်း၊ (ပန်းနံ့သာတို့ဖြင့် ပူဇော်ခြင်းအစရှိသည်တို့ဖြင့်လည်းကောင်း၊) သုခဒုက္ခံ၊ ချမ်းသာဆင်းရဲကို။ ဥပ္ပာဒေန္တေသုပိ၊ ဖြစ်စေပါကုန်သော်လည်း။ ဥပေက္ခဏံ၊ ဝမ်းမြောက်ဝမ်းနည်းမပြု, လျစ်လျူရှုမှုကို။ အနတိဝတ္တေန္တဿ၊ မလွန်စေသော ဘုရားအလောင်း၏။ ဥပေက္ခာပါရမိတာ၊ သည်။ ပရမတ္ထပါရမီနာမ ဇာတာ။
သာရိပုတ္တ, အဟံ, ဆဝဋ္ဌိကံ-သူသေကောင်၏ အရိုးကို၊ ဥပနိဓာယ-ခေါင်းအုံးအလား, ကပ်ကာထား၍၊ သုသာနေ-သုသာန်၌၊ သေယျံ-အိပ်ခြင်းကို၊ ကပ္ပေမိ-ပြု၏၊ ဂါမန္တလာ-ရွာသားကလေးတို့သည်၊ ဥပဂန္တွာ-အနီးသို့ကပ်၍၊ အနပ္ပကံ (န+အပ္ပကံ)-မနည်းသော၊ (များစွာသော၊) ရူပံ-ဖောက်ဖောက်ပြန်ပြန်, အတန်တန်သော ပြောင်လှောင်မှုကို၊ ဒေဿန္တိ-ပြကြကုန်၏။အယံ၊ ဤဆိုအပ်ပြီးကား။ ဧတ္ထ၊ ဤအဋ္ဌသာလိနီအဋ္ဌကထာ၌။ သင်္ခေပေါ၊ အကျဉ်းတည်း။ ဝိတ္ထာရတောပန၊ အကျယ်အားဖြင့်ကား။ ဧသ အတ္ထော၊ ဤဆိုအပ်ပြီးသောအနက်အဓိပ္ပာယ်ကို။ စရိယာပိဋကတော၊ စရိယာပိဋကပါဠိအဋ္ဌကထာမှ။ ဂဟေတဗ္ဗော၊ ယူထိုက်၏။ ဧဝံ၊ ဤဆိုအပ်ပြီးသောနည်းဖြင့်။ ပါရမိယော၊ ပါရမီတော်တို့ကို။ ပူရေတွာ၊ ဖြည့်ကျင့်ပြီး၍။ ဝေဿန္တရတ္တဘာဝေ၊ ဝေဿန္တရာမင်း၏အတ္တဘော၌။ ဌိတော၊ တည်သည်၊ (သမာနော-သော်၊) အစေတနာယံ၊ပေ၊ပကမ္ပထာတိ၊ အစေတနာယံ၊ပေ၊ပကမ္ပိတ္ထဟူ၍။ ဧဝံ၊ ဤသို့။ မဟာပထဝိကမ္ပနာဒိကာရဏာနိ၊ မြေကြီးတုန်လှုပ်ခြင်းအစရှိသည်တို့၏အကြောင်းဖြစ်ကုန်သော။ မဟာပုညာနိ၊ ကြီးစွာသောကောင်းမှုတို့ကို။ ကတွာ၊ ပြုပြီး၍။ အာယူဟပရိယောသာနေ၊ အသက်ရှည်ရာနေ့၏အဆုံး၌၊ ("အာယုပရိယောသာနေ-အသက်၏အဆုံး၌"ဟုလည်းရှိ၏၊) တတော၊ ထိုဝေဿန္တရာမင်းဘဝမှ။ စုတော၊ စုတေသည်၊ (သမာနော-ဖြစ်လသော်၊) တုသိတာဘဝနေ၊ တုသိတာနတ်ဘုံ၌။ နိဗ္ဗတ္တိ၊ ဖြစ်ပြီ။
ဟအစေတနာ၊ စိတ်စေတနာမရှိသော။ အယံ ပထဝီ၊ ဤမြေကြီးသည်။ သုခံ ဒုက္ခံ၊ ချမ်းသာဆင်းရဲကို၊ (အကောင်းအဆိုးကို၊) အဝိညာယပိ၊ မသိပါဘဲလျက်လည်း။ သာ၊ ထိုမြေကြီးသည်။ မယှံ၊ ငါ၏။ ဒါနဗလာ၊ ဒါန၏အစွမ်းကြောင့်။ သတ္တက္ခတ္တုံ၊ ၇ ကြိမ် ၇ ဖန်။ ပကမ္ပိတ္ထ၊ အပြားအားဖြင့်တုန်လှုပ်ရလေပြီ။ ဟဤဂါထာ၌ "အယံ, သာ"ဟုကတ္တား ၂ ချက်ပါ၏၊ အယံကို အဝိညာယ၌စပ်၍ သာကို "ပကမ္ပိတ္ထ"၌စပ်ရမည်၊ သို့သော်ဝါကျထုံးစံကားမဟုတ်လှ၊ ထို့ကြောင့် "အယံ ပထဝီ-သည်၊ အစေတနာ-စိတ်စေတနာမရှိ"ဟုဝါကျဖြတ်၍ "သာ-ထိုမြေကြီးသည်၊ သုခံ ဒုက္ခံ-ကို၊ အဝိညာယပိ-မသိပါဘဲလျက်လည်း၊ မယှံ-၏၊ ဒါနဗလာ-ကြောင့်၊ သတ္တက္ခတ္တုံ ပကမ္ပိတ္ထ"ဟုတစ်မျိုးပေးကြသေး၏။
တတ္ထ၊ ထိုတုသိတာဘုံ၌။ အညေ၊ အခြားကုန်သော။ ဒေဝေ၊ နတ်တို့ကို။ ဒသဟိ၊ ဆယ်ပါးကုန်သော။ ဌာနေဟိ၊ အကြောင်းတို့ဖြင့်။ အဓိဂဏှိတွာ၊ လွှမ်းမိုးကာယူ၍။ ယာဝတာယုကံ၊ အသက်ရှည်သမျှကာလပတ်လုံး။ ဒိဗ္ဗသမ္ပတ္တိံ၊ နတ်စည်းစိမ်ကို။ အနုဘဝန္တော၊ ခံစားလျက်။ မနုဿဂဏနာယ၊ လူတို့၏အရေအတွက်အားဖြင့်။ ဣဒါနိ၊ ယခုအခါ၌။ သတ္တဟိ ဒိဝသေဟိ၊ ၇ ရက်တို့ဖြင့်။ အာယုက္ခယံ၊ အသက်၏ကုန်ခြင်းသို့။ ပါပုဏိဿတိ၊ ရောက်လတ္တံ့။ ဣတိ၊ ဤသို့ဆိုထိုက်ရာအခါ၌။ ဝတ္ထာနိ၊ နတ်အဝတ်တို့သည်။ ကိလိဿန္တိ၊ ညစ်နွမ်းကုန်၏။ မာလာ၊ နတ်ပန်းတို့သည်။ မိလာယန္တိ၊ ညှိုးနွမ်းကုန်၏။ ကစ္ဆေဟိ၊ လက်ကတီးအကြားတို့မှ။ သေဒါ၊ ချွေးတို့သည်။ မုစ္စန္တိ၊ ယိုထွက်ကုန်၏။ ကာယေ၊ ကိုယ်၌။ ဝေဝဏ္ဏိယံ၊ ဖောက်ပြန်သောအဆင်းရှိသူ၏အဖြစ်သည်။ သြက္ကမတိ၊ သက်ရောက်၏။ ဒေဝေါ၊ နတ်သည်။ ဒေဝါသနေ၊ နတ်တို့၏နေရာ၌။ န သဏ္ဌဟတိ၊ ကောင်းစွာမတည်နိုင်။ ဣတိ၊ သို့။ ပဥ္စသု၊ ငါးမျိုးကုန်သော။ ဣမေသု ပုဗ္ဗနိမိတ္တေသု၊ ဤစုတေခြင်း၏ရှေ့အဖို့၌ဖြစ်သောနိမိတ်တို့သည်။ ဥပ္ပန္နေသု၊ ဖြစ်ကုန်လသော်။ တာနိ၊ ထိုနိမိတ်တို့ကို။ ဒိသွာ၊ မြင်ရ၍။ ဘော၊ အိုနတ်အပေါင်းတို့။ သဂ္ဂါ၊ နတ်ပြည်တို့သည်။ သုညာ၊ ကင်းဆိတ်ကုန်သည်။ ဘဝိဿန္တိ ဝတ၊ ဖြစ်ကုန်တော့မှာပါတကား။ ဣတိ၊ ဤသို့။ သံဝေဂဇာတာဟိ၊ ဖြစ်သောသံဝေဂရှိကုန်သော။ ဒေဝတာဟိ၊ နတ်တို့သည်။ မဟာသတ္တဿ၊ ဘုရားအလောင်း၏။ ပူရိတပါရမိဘာဝံ၊ ဖြည့်ကျင့်အပ်ပြီးသောပါရမီရှိသူ၏အဖြစ်ကို။ ဉတွာ၊ သိ၍။ ဣမသ္မိံ၊ ဤဘုရားအလောင်းသည်။ ဣဒါနိ၊ ယခုအခါ၌။ အညံ၊ အခြားသော။ ဒေဝလောကံ၊ နတ်ပြည်သို့။ အနုဂန္တာ၊ မကပ်ရောက်မူ၍။ မနုဿလောကေ၊ လူ့ပြည်၌။ ဥပ္ပဇ္ဇိတွာ၊ ဖြစ်ပြီး၍။ ဗုဒ္ဓဘာဝံ၊ ဘုရားအဖြစ်သို့။ ပတ္တေ၊ ရောက်လသော်။ ပုညာနိ၊ ကောင်းမှုတို့ကို။ ကတွာ၊ ပြု၍။ စုတာစုတာ၊ စုတေကုန်စုတေကုန်သော။ မနုဿာ၊ လူတို့သည်။ ဒေဝလောကံ၊ နတ်ပြည်ကို။ ပရိပူရေဿန္တိ၊ ပြည့်စေကုန်လတ္တံ့။ ဣတိ၊ ဤသို့။ စိန္တေတွာ၊ ကြံ၍၊ (အာယာစိတော၌စပ်။)
ယဒါ၊ အကြင်အခါ၌။ အဟံ၊ ငါသည်။ တုသိတာကာယေ၊ တုသိတာနတ်အပေါင်း၌၊ (အဟောသိံ-ဖြစ်ပြီ၊) တဒါ၊ ထိုအခါ၌။ အဟံ၊ ငါသည်။ သန္တုဿိတော နာမ၊ သန္တုဿိတမည်သောနတ်မင်းသည်၊ (အဟောသိံ-ဖြစ်ပြီ၊) (တဒါ-ထိုအခါ၌၊) ဒသသဟဿီ၊ တစ်သောင်းသောလောကဓာတ်၌...
ဧဝံ၊ ဤသို့။ ဗုဒ္ဓဘာဝတ္ထာယ၊ ဘုရား၏အဖြစ်အကျိုးငှာ၊ (ဘုရားဖြစ်ခြင်းအကျိုးငှာ၊) အာယာစိတော၊ ရိုသေစွာတောင်းပန်အပ်သည်၊ (ဟုတွာ-ဖြစ်၍၊) ကာလံ၊ ဘုရားဖြစ်ရာအခါလည်းကောင်း၊ (ဣတိ၌စပ်၊) ဒီပံ၊ ဘုရားဖြစ်ရာကျွန်းလည်းကောင်း။ ဒေသံ၊ ဘုရားဖြစ်ရာအရပ်လည်းကောင်း။ ကုလံ၊ ဘုရားဖြစ်ရာအမျိုးလည်းကောင်း။ ဇနေတ္တိယာ၊ မယ်တော်ရင်း၏။ အာယုပ္ပမာဏံ၊ အသက်အတိုင်းအရှည်လည်းကောင်း။ ဣတိ၊ ဤသို့။ ပဥ္စ၊ ငါးမျိုးကုန်သော။ ဣမာနိ မဟာဝိလောကနာနိ၊ ဤကြီးစွာကြည့်ရှုအပ်သောအရာတို့ကို။ ဝိလောကေတွာ၊ ကြည့်ရှုပြီး၍။ ကတသန္နိဋ္ဌာနော၊ (လူ့ပြည်၌ဖြစ်ဖို့ရန်) ပြုအပ်ပြီးသောဆုံးဖြတ်ခြင်းရှိသည်၊ (ဟုတွာ-ဖြစ်၍၊) တတော၊ ထိုတုသိတာနတ်ပြည်မှ။ စုတော၊ စုတေသည်၊ (သမာနော-ဖြစ်လသော်၊) သကျရာဇကုလေ၊ သာကီဝင်မင်းမျိုး၌။ ပဋိသန္ဓိံ၊ ပဋိသန္ဓေကို။ ဂဟေတွာ၊ ယူ၍။ တတ္ထ၊ ထိုသာကီဝင်မင်းမျိုး၌။ မဟာသမ္ပတ္တိယာ၊ ကြီးစွာသောစည်းစိမ်မှ။ အပရိဟာယမာနော၊ မယုတ်လျော့ဘဲ။ အနုက္ကမေန၊ အစဉ်အားဖြင့်။ ဘဒြယောဗ္ဗနံ၊ ကောင်းသော ၁၆ နှစ်အရွယ်သို့။ အနုပါပုဏိ၊ အစဉ်ရောက်ပြီ။ ဣမသ္မိံ အန္တရေ၊ ဤအတွင်း၌၊ ဟတုသိတာနတ်ပြည်မှစုတေ၍ ၁၆ နှစ်အရွယ်သို့ရောက်သောကာလအတွင်း" ဟူလို၊
သတောသမ္ပဇာနော၊ပေ၊သြက္ကမီတိအာဒီနံ၊ သတောသမ္ပဇာနော၊ပေ၊သြက္ကမိအစရှိကုန်သော။ သုတ္တပဒါနဉ္စ ေဝ၊ သုတ်ပုဒ်တို့၏လည်းကောင်း၊ ဟသုတ်မဟာဝါ, မဟာပဒါနသုတ်စသောသုတ်ပုဒ်တို့၏ -ဟူလို။ တေသံ၊ ထိုသုတ်ပုဒ်တို့၏။ အဋ္ဌကထာယ စ၊ အဋ္ဌကထာ၏လည်းကောင်း။ ဝသေန၊ အစွမ်းဖြင့်။ ဝိတ္ထာရော၊ အကျယ်ကို။ ဝေဒိတဗ္ဗော၊ သိထိုက်၏။ ... သော၊ ထိုဘုရားအလောင်းသည်။ တိဏ္ဏံ ဥတူနံ၊ ၃ ပါးသောဥတုတို့အား။ အနုစ္ဆဝိကေသု၊ လျောက်ပတ်ကုန်သော။ တီသု ပါသာဒေသု၊ နန်းပြာသာဒ် ၃ ဆောင်တို့၌။ ဒေဝလောကသိရိံ ဝိယ၊ နတ်ပြည်၏အသရေကဲ့သို့။ ရဇ္ဇသိရိံ၊ မင်းအဖြစ်၏အသရေကို။ အနုဘဝမာနော၊ ခံစားစဉ်။ ဥယျာနကီဠာယ၊ ဥယျာဉ်၌ကစားခြင်းငှာ။ ဂမနသမယေ၊ သွားရာအခါ၌။ အနုက္ကမေန၊ အစဉ်အားဖြင့်။ ဇိဏ္ဏဗျာဓိမတသင်္ခါတေ၊ သူအို, သူနာ, သူသေဟုဆိုအပ်ကုန်သော။ တယော၊ ၃ ယောက်ကုန်သော။ ဒေဝဒူတေ၊ နတ်တမန်တို့ကို၊ (သေမင်းတမန်တို့ကို၊) ဒိသွာ၊ မြင်ရ၍။ သဉ္ဇာတသံဝေဂေါ၊ လွန်စွာဖြစ်သောထိတ်လန့်ခြင်းရှိသည်၊ (ဟုတွာ-ဖြစ်၍၊) နိဝတ္တိတွာ၊ ပြန်လှည့်၍။ စတုတ္ထဝါရေ၊ စတုတ္ထအကြိမ်၌။ ပဗ္ဗဇိတံ၊ ရသေ့, ရဟန်းကို။ ဒိသွာ၊ မြင်ရ၍။ ပဗ္ဗဇ္ဇာ၊ ရသေ့, ရဟန်း၏အဖြစ်သည်။ သာဓု၊ ကောင်း၏။ ဣတိ၊ ဤသို့။ ပဗ္ဗဇ္ဇာယ၊ ရသေ့, ရဟန်းအဖြစ်၌။ ရုစိံ၊ အလိုဆန္ဒကို။ ကပ္ပကဝေသံ၊ ဆ္တာသည်၏အသွင်ကို။ ဂဟေတွာ၊ ယူ၍။ အာဂတေန၊ လာသော။ ဝိသုကမ္မေန၊ ဝိသုကြုံမည်သော။ ဒေဝပုတ္တေန၊ နတ်သားသည်။ အလင်္ကတပဋိယတ္တာ၊ စီရင်အပ်ပြီးသောတန်ဆာရှိသည်၊ (ဆင်ပေးအပ်သောတန်ဆာရှိသည်၊) (ဟုတွာ-ဖြစ်၍၊) ရာဟုလဘဒ္ဒဿ၊ ရာဟုလာသတို့သား၏။ ဇာတသာသနံ၊ ဖွားမြင်ကြောင်းသတင်းစကားကို။ သုတွာ၊ ကြားရ၍။ ပုတ္တသိနေဟဿ၊ သား၌ဖြစ်သောချစ်ခြင်း၏။ ဗလဝဘာဝံ၊ အားရှိသည်၏အဖြစ်ကို၊ (အားကြီးကြောင်းကို၊) ဉတွာ၊ သိ၍။ ယာဝ၊ အကြင်မျှလောက်။ ဣမံ ဗန္ဓနံ၊ ဤအနှောင်အဖွဲ့သည်။ န ဝုဍ္columnတ္ထိ၊ မတိုးပွားသေး၊ ဟ"မောင်းမများစွာမှသားတွေဖွားမြင်လျှင်သာ၍တိုးပွားစရာရှိသည်"ဟူလို။ တာဝဒေဝ၊ ထိုမတိုးပွားမီသာလျှင်။ နံ၊ ထိုအနှောင်အဖွဲ့ကို။ ဆိန္ဒိဿာမိ၊ ဖြတ်အံ့။ ဣတိ၊ ဤသို့။ စိန္တေတွာ၊ ကြံ၍။ သာယံ၊ ညနေချမ်းအခါ၌။ နဂရံ၊ မြို့တွင်းသို့။ ပဝိသန္တော၊ ဝင်လာလသော်။ နိဗ္ဗုတာ နူန၊ပေ၊ပတီတိ၊ နိဗ္ဗူတာနူန၊ပေ၊ပတိဟူ၍။ ကိသာဂေါတမိယာ နာမ၊ ကိသာဂေါတမီမည်သော။ ပိတုစ္ဆာဓီတာယ၊ ဘထွေးတော်၏သမီးသည်။ ဘာသိတံ၊ ရွတ်ဆိုအပ်သော။ ဣမံ ဂါထံ၊ ဤဂါထာကို။ သုတွာ၊ ကြားရ၍၊ (မုဉ္စိတွာ၌စပ်။)
ဟ(ယဿာ မာတုယာ-အကြင်မိခင်၏၊ ဤဒိသော-ဤမောင်တော်ကဲ့သို့ရှုအပ်သော၊ အယံ ပုတ္တော-ဤသားကောင်းရတနာသည်၊ အတ္ထိ-ရှိ၏၊) သာ မာတာ၊ ထိုသားကောင်းမိခင်သည်။ နိဗ္ဗုတာ နူန၊ သောကခပ်သိမ်း, ပူမလိမ်းသဖြင့် အေးငြိမ်းပေလိမ့်တကား၊ (ယဿ ပိတုနော-အကြင်ဖခင်၏၊ ဤဒိသော-ဤမောင်တော်ကဲ့သို့ရှုအပ်သော၊ အယံ ပုတ္တော-ဤသားကောင်းရတနာသည်၊ အတ္ထိ၊) သော ပိတာ၊ ထိုသားကောင်းဖခင်သည်။ နိဗ္ဗုတာ နူန၊ သောကခပ်သိမ်း, ပူမလိမ်းသဖြင့်, အေးငြိမ်းပေလိမ့်တကား။ ယဿာ နာရိယာ၊ အကြင်အမျိုးသမီး၏၊ ဤဒိသော-ဤမောင်တော်ကဲ့သို့ရှုအပ်သော။ အယံ ပတိ၊ ဤကြင်ဖက်လင်သည်၊ အတ္ထိ။ သာ နာရီ၊ ထိုအမျိုးသမီးသည်။ နိဗ္ဗုတာ နူန၊ သောကခပ်သိမ်း, ပူမလိမ်းသဖြင့်, အေးငြိမ်းပေလိမ့်တကား။' ဟဤဂါထာ၌ "ယဿာယံဝယ် ယဿာ (မာတုယာ) ယဿ (Pိတုနော) အယံပုတ္တော"ဟုပြင်၍ထပ်၍ပေးရသောကြောင့် "ဘိန္နသတ္တိသမဝေတ"နည်းဟုမဏိဒီပ၌ဆိုသတတ်။
အဟံ၊ နိဗ္ဗုတကိုရှာကြံ၍နေသောငါ့ကို။ ဣမာယ၊ ဤကိသာဂေါတမီသည်။ နိဗ္ဗုတပဒံ၊ နိဗ္ဗုတပုဒ်ကို။ သာဝိတော၊ ကြားစေအပ်ပြီ။ ဣတိ၊ ဤသို့ကျေးဇူးတင်၍။ ဂီဝတော၊ လည်ပင်းမှ။ သတသဟဿဂ္ဃနိကံ၊ အဖိုးတစ်သိန်းထိုက်သော။ မုတ္တဟာရံ၊ ပုလဲသွယ်ကို။ မုဉ္စိတွာ၊ ချွတ်၍။ တဿာ၊ ထိုကိသာဂေါတမီ၏အထံသို့။ ပေသေတွာ၊ ပေးပို့၍။ အတ္တနော၊ မိမိ၏။ ဘဝနံ၊ နန်းတော်သို့။ ပဝိသိတွာ၊ ဝင်၍။ သိရီသယနေ၊ အသရေရှိသောအိပ်ရာ၌။ နိသိန္နော၊ ထိုင်နေလျက်။ နိဒ္ဒါဝသေန၊ အိပ်ပျော်ခြင်း၏အစွမ်းဖြင့်။ နာဋကာနံ၊ ကချေသည်မောင်းမတို့၏။ ဝိပ္ပကာရံ၊ ဖောက်ပြန်သောအခြင်းအရာကို။ ဒိသွာ၊ မြင်ရ၍။ နိဗ္ဗိန္ဒဟဒယော၊ ငြီးငွေ့သောစိတ်နှလုံးရှိသည်၊ (ဟုတွာ-ဖြစ်၍၊) ဆန္နံ၊ ဆန္နအမတ်ကို။ ဥဋ္ဌာပေတွာ၊ ထစေ၍။ ကဏ္ဍကံ၊ ကဏ္ဍကမြင်းတော်ကို။ အာဟရာပေတွာ၊ ဆောင်ယူစေ၍။ ကဏ္ဍကံ၊ ကဏ္ဍကမြင်းတော်ကို။ အာရုယှ၊ စီး၍။ ဆန္နသဟယယော ဝ၊ ဆန္နတစ်ယောက်တည်းသာအဖော်ရှိသည်၊ (ဟုတွာ-ဖြစ်၍၊) ဟလူ့ဘက်ကဆန္နတစ်ယောက်တည်းသာအဖော်ပါသည်-ဟူလို။ ဒသသဟဿိလောကဓာတုဒေဝတာဟိ၊ တစ်သောင်းသောလောကဓာတ်၌နေသောနတ်ဗြဟ္မာတို့သည်။ ကတပရိဝါရော၊ ပြုအပ်ပြီးသောအခြံအရံရှိသည်၊ (ဟုတွာ-ဖြစ်၍၊) မဟာဘိနိက္ခမနံ၊ မြတ်သောတောထွက်တော်မူခြင်းကို။ နိက္ခမိတွာ၊ ထွက်တော်မူ၍၊ ဟမဟာဘိနိက္ခမနံနှင့်နိက္ခမိတွာကိုအဘေဒဘေဒူပစာကြံ။
တေနေဝ ရတ္တာဝသေသေန၊ ထိုညဉ့်၏အကြွင်းဖြင့်ပင်၊ (သန်းခေါင်လောက်ထွက်တော်မူလာ၍ကြွင်းသောညဉ့်ဖြင့်ပင်၊) တီဏိ၊ ၃ တိုင်းကုန်သော။ မဟာရဇ္ဇာနိ၊ တိုင်းပြည်ကြီးတို့ကို၊ (ကပိလဝတ်ပြည်, ဒေဝဒဟပြည်, ကောလိယပြည်တို့ကို၊) အတိက္ကမ္မ၊ လွန်၍။ အနောမာနဒီတီရေ၊ အနောမာမြစ်ကမ်း၌။ ပဗ္ဗဇိတွာ၊ ရဟန်းပြုတော်မူ၍။ အနုက္ကမေန၊ အစဉ်အားဖြင့်။ ရာဇဂဟံ၊ ရာဇဂြိုဟ်မြို့သို့။ ဂန္တာ၊ ကြွတော်မူ၍။ တတ္ထ၊ ထိုရာဇဂြိုဟ်မြို့၌။ ပိဏ္ဍာယ၊ ဆွမ်းအလို့ငှာ။ စရိတွာ၊ လှည့်လည်တော်မူ၍။ ပဏ္ဍဝပဗ္ဗတပဗ္ဘာရေ၊ ပဏ္ဍဝတောင်းဝှမ်း၌။ နိသိန္နော၊ ထိုင်နေတော်မူသည်၊ (သမာနော-သော်၊) မဂဓရာဇေန၊ မဂဓမင်းသည်၊ (ဗိမ္ဗိသာရမင်းသည်၊) ရဇ္ဇေန၊ တိုင်းနိုင်ငံဖြင့်။ နိမန္တိယမာနော၊ ဖိတ်မန်အပ်သော်။ တံ၊ ထိုမင်းအဖြစ်ကို။ ပဋိက္ခိပိတွာ၊ ပယ်မြစ်၍။ သဗ္ဗညုတံ၊ သဗ္ဗညူ၏အဖြစ်သို့။ ပတွာ၊ ရောက်၍၊ ဟ"ဘုရားအဖြစ်သို့ရောက်သောအခါ"ဟူလို။ တဿ၊ ထိုမဂဓမင်း၏၊ (ထိုဗိမ္ဗိသာရမင်း၏၊) ဝိဇိတံ၊ တိုင်းနိုင်ငံသို့။ အာဂမနတ္ထာယ၊ ကြွလာခြင်းအကျိုးငှာ၊ (ကြွလာဖို့ရာ၊) တေန၊ ထိုမဂဓမင်းသည်။ ဂဟိတပဋိညော၊ ယူအပ်ပြီးသောပဋိညာဉ်ရှိသည်၊ (ဟုတွာ-ဖြစ်၍၊) အာဠာရဉ္စ၊ အာဠာရရသေ့သို့လည်းကောင်း။ ဥဒကဉ္စ၊ ဥဒကရသေ့သို့လည်းကောင်း။ ဥပသက္ကမိတွာ၊ ချဉ်းကပ်၍။ တေသံ၊ ထိုရသေ့တို့၏။ သန္တိကေ၊ အထံ၌။ အဓိဂတဝိသေသေန၊ ရအပ်သောတရားထူးဖြင့်၊ ဟတတိယာရုပ္ပဈာန်စတုတ္ထာရုပ္ပဈာန်ဟူသောတရားထူးဖြင့်။ အပရိတုဋ္ဌော၊ မတင်းတိမ်သေးသည်၊ (အားမရသေးသည်၊) (ဟုတွာ-ဖြစ်၍၊) ဆဗ္ဗဿာနိ၊ ၆ နှစ်တို့ပတ်လုံး။ မဟာပဓာနံ၊ မြတ်သောကမ္မဋ္ဌာန်းအားထုတ်မှုကို။ ပဒဟိတွာ၊ အားထုတ်ပြီး၍။ ဝိသာခါပုဏ္ဏမဒိဝသေ၊ ကဆုန်လပြည့်နေ့၌။ ပါတော ဝ၊ စောစောကပင်။ သေနာနိဂမေ၊ သေနာနိဂုံး၌။ သုဇာတာယ၊ သုဇာတာမည်သောသူဌေးကတော်သည်။ ဒိန္နံ၊ ပေးလှူအပ်သော။ ပါယသံ၊ နို့ဃနာကို၊ ဟပယသာ+နိဗ္ဗတ္တောပါယသော။ ပရိဘုဉ္ဇိတွာ၊ ဘုဉ်းပေးပြီး၍။
နေရဥ္ဇရာယ၊ နေရဉ္ဇရာမည်သော။ နဒိယာ၊ မြစ်၌။ သုဝဏ္ဏပါတိံ၊ ရွှေခွက်ကို။ ပဝါဟေတွာ၊ မျောစေ၍၊ (မျှော၍၊) နေရဥ္ဇရာယ၊ နေရဉ္ဇရာမြစ်၏။ တီရေ၊ ကမ်းနား၌။ မဟာဝနသဏ္ဍေ၊ ကြီးစွာသောတောအုပ်၌။ နာနာသမာပတ္တီဟိ၊ အမျိုးမျိုးသောဈာန်သမာပတ်တို့ဖြင့်။ ဒိဝသဘာဂံ၊ နေ့အဖို့ကို။ ဝီတိနာမေတွာ၊ လွန်စေပြီး၍။ သာယဏှသမယေ၊ ညနေချမ်းအခါ၌။ သောတ္ထိယေန၊ ဒေဝမန္တန်ကိုသရဇ္ဈာယ်တတ်သောပုဏ္ဏားသည်၊ ဟထိုအချိန်ကထိုပုဏ္ဏားသည်မြက်ရိတ်နေ၏။ ဒိန္နံ၊ ပေးလှူအပ်သော။ အဋ္ဌတိဏမုဋ္ဌိံ၊ မြက်ရှစ်ဆုပ်ကို၊ (မြက်ထုံးကလေးရှစ်ထုံးကို၊) ဂဟေတွာ၊ ယူ၍။ ကာဠေန၊ ကာဠမည်သော။ နာဂရာဇေန၊ နဂါးမင်းသည်။ အဘိတ္ထုတဂုဏော၊ ချီးမွမ်းအပ်သောဂုဏ်ရှိသည်၊ (ဟုတွာ-ဖြစ်၍၊) ဗောဓိမဏ္ဍံ၊ ဗောဓိမဏ္ဍိုင်သို့။ အာရုယှ၊ တက်တော်မူ၍။ တိဏာနိ၊ မြက်တို့ကို။ သန္ထရိတွာ၊ ဖြန့်ခင်း၍။ ယာဝ၊ အကြင်မျှလောက်။ မေ၊ ငါ၏။ စိတ္တံ၊ စိတ်သည်။ အနုပါဒါယ၊ တဏှာဒိဋ္ဌိတို့ဖြင့်တစ်စုံတစ်ခုသောအာရုံကိုမယူမူ၍။ အာသဝေဟိ၊ အာသဝေါတို့မှ။ န ဝိမုစ္စိဿတိ၊ မလွတ်လတ္တံ့သေး။ တာဝ၊ ထိုအာသဝေါတို့မှမလွတ်သေးသမျှ။ ဤမံ ပလ္လင်္ကံ၊ ဤထက်ဝယ်တင်ပလ္လင်ကို။ န ဘိန္ဒိဿာမိ၊ မဖျက်တော့အံ့။ ဣတိ၊ ဤသို့။ ပဋိညံ၊ ပဋိညာဉ်ကို၊ (အဓိဋ္ဌာန်မှုကို၊) ကတွာ၊ ပြုပြီး၍။
ပါစီနဒိသာဘိမုခေါ၊ အရှေ့အရပ်သို့ ရှေးရှုသော မျက်နှာရှိသည် (ဟုတွာ)။ နိသီဒိတွာ၊ ထိုင်၍။ သူရိယေ၊ နေသည်။ အနတ္ထင်္ဂမိတေယေဝ၊ မဝင်သေးမီပင်လျှင်။ မာရဗလံ၊ မာရ်မင်း၏ စစ်သည်ကို။ ဝိဓမိတွာ၊ ပယ်ဖျောက်၍။ ပဌမယာမေ၊ ပဌမယံ၌။ ပုဗ္ဗေနိဝါသဉာဏံ၊ ပုဗ္ဗေနိဝါသဉာဏ်သို့လည်းကောင်း၊ ၁။ ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို သိတတ်သော ဉာဏ်သို့လည်းကောင်း၊' မဇ္ဈိမယာမေ၊ မဇ္ဈိမယံ၌။ စုတူပပါတဉာဏံ၊ စုတူပပါတဉာဏ်သို့လည်းကောင်း၊ ၂။ သတ္တဝါတို့၏ စုတိပဋိသန္ဓေကို သိတတ်သော ဉာဏ်သို့လည်းကောင်း၊' ပတွာ၊ ရောက်၍။ ပစ္ဆိမယာမာဝသာနေ၊ ပစ္ဆိမယံ၏ အဆုံးအချိန်၌။ ဒသဗလစတုဝေသာရဇ္ဇာဒိသဗ္ဗဗုဒ္ဓဂုဏပဋိမဏ္ဍိတံ၊ ဒသဗလဉာဏ်တော်, စတုဝေသာရဇ္ဇဉာဏ်တော် အစရှိသော အလုံးစုံသော ဗုဒ္ဓဂုဏဂုဏ်တော်တို့ဖြင့် တန်ဆာဆင်အပ်သော။ သဗ္ဗညုတဉာဏံ၊ ကို။ ပဋိဝိဇ္ဈန္တောယေဝ၊ ထိုးထွင်းကာ သိတော်မူလျက်သာလျှင်။ ဣမံ အဘိဓမ္မနယသမုဒ္ဒံ၊ ဤအဘိဓမ္မာတည်းဟူသော နယသမုဒ္ဒရာကို။ အဓိဂစ္ဆိ၊ ရတော်မူပြီ။ ဧဝံ၊ ဤသို့လျှင်။ အဿ၊ ထိုအဘိဓမ္မာ၏။ အဓိဂမနိဒါနံ၊ အဓိဂမနိဒါန်းကို။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။ ၃။ အဓိဂမနိဒါန်း၏ သရုပ်ကို သုမေဓကထာ မရောက်မီ ရှေး၌ ပြခဲ့ပြီ။'
ဧဝံ၊ ဤသို့လျှင်။ အဓိဂတာဘိဓမ္မော၊ သိအပ်ပြီးသော အဘိဓမ္မာရှိတော်မူသည် (အဘိဓမ္မာကို သိတော်မူပြီးသည်) (ဟုတွာ)။ ဧကပလ္လင်္ကေန၊ တစ်ကြိမ်တည်းသော ထက်ဝယ်တင်ပလ္လင်ဖြင့်။ နိသိန္နသတ္တာဟံ၊ ထိုင်နေရာ သတ္တာဟကိုလည်းကောင်း။ အနိမိသသတ္တာဟံ၊ အနိမိသသတ္တာဟကိုလည်းကောင်း (ဗောဓိပလ္လင်ကို မမှိတ်သော မျက်လုံးတော်ဖြင့် ကြည့်ရှုရာ သတ္တာဟကိုလည်းကောင်း)။ စင်္ကမနသတ္တာဟဉ္စ၊ စင်္ကမနသတ္တာဟကိုလည်းကောင်း (ဗောဓိပင်၏ အနီးဝယ် ခေါက်တုံ့ခေါက်ပြန် စင်္ကြံကြွတော်မူရာ သတ္တာဟကိုလည်းကောင်း)။ အတိက္ကမိတွာ၊ လွန်၍။ စတုတ္ထေသတ္တာဟေ၊ ၄ ခုမြောက် သတ္တာဟ၌။ သယမ္ဘုညာဏာဓိဂမနေန၊ သယမ္ဘူဉာဏ်ကို ရခြင်းဖြင့် (သဗ္ဗညုတဉာဏ်တော်ကို ရခြင်းဖြင့်)။ အဓိဂတံ၊ ရအပ်သော။ အဘိဓမ္မံ၊ အဘိဓမ္မာတရားတော်ကို။ ဝိစိနိတွာ၊ စူးစမ်းဆင်ခြင်တော်မူ၍။ အပရာနိပိ၊ တစ်ပါးလည်း ဖြစ်ကုန်သော။ အဇပါလမုစလိန္ဒရာဇာယတနေသု၊ အဇပါလညောင်ပင်, မုစလိန္ဒရေအိုင်, လင်းလွန်းပင်အရပ်တို့၌။ တီဏိ၊ ၃ ခုကုန်သော။ သတ္တဟာနိ၊ သတ္တာဟတို့ကို။ ဝီတိနာမေတွာ၊ လွန်စေတော်မူပြီး၍။ အဋ္ဌမေသတ္တာဟေ၊ ရှစ်ခုမြောက် သတ္တာဟ၌။ အဇပါလနိဂြောဓရုက္ခမူလေ၊ အဇပါလညောင်ပင်၏ အနီးအောက်၌။ နိသိန္နော၊ ထိုင်နေတော်မူစဉ်။ ဓမ္မဂမ္ဘီရတာပစ္စဝေက္ခဏေန၊ သစ္စာလေးပါး တရားနက်နဲသည်၏ အဖြစ်ကို ဆင်ခြင်တော်မူခြင်းကြောင့်။ အပ္ပောသုက္ကတံ၊ တရားဟောဖို့ရန် ကြောင့်ကြမရှိသည်၏ အဖြစ်သို့။ အာပဇ္ဇမာနော၊ ရောက်တော်မူသည် (ဟုတွာ)။
ဒသသဟဿိဗြဟ္မပရိဝါရေန၊ တစ်သောင်းသော ဗြဟ္မာအခြံအရံရှိသော။ သဟမ္ပတိဗြဟ္မုနာ၊ သဟမ္ပတိဗြဟ္မာသည်။ အာယာစိတဓမ္မဒေသနော၊ ရိုသေစွာ တောင်းပန်အပ်သော တရားဒေသနာတော်ရှိသည် (တရားဟောဖို့ရန် ရိုသေစွာ တောင်းပန်အပ်သည်) (ဟုတွာ)။ ဗုဒ္ဓစက္ခုနာ၊ ဗုဒ္ဓစက္ခုဖြင့်၊ ၄။ ဣန္ဒြိယပရောပရိယတ္တိဉာဏ်, အာသယာနုသယဉာဏ်တော်ဖြင့်၊' လောကံ၊ သတ္တလောကကို။ ဩလောကေတွာ၊ ကြည့်တော်မူ၍။ ဗြဟ္မုနော၊ သဟမ္ပတိဗြဟ္မာမင်း၏။ အဇ္ဈေသနံ၊ တိုက်တွန်းခြင်းကို။ အာဒါယ၊ ခံယူတော်မူ၍ (လက်ခံတော်မူ၍)။ အဟံ၊ ငါသည်။ ကဿ၊ အဘယ်သူအား။ ပဌမံ၊ ရှေးဦးစွာ။ ဓမ္မံ၊ တရားကို။ ဒေသေယျံနုခေါ၊ ဟောရပါအံ့နည်း။ ဣတိ၊ ဤသို့။ ဩလောကေန္တော၊ ကြည့်ရှုတော်မူလသော်။ အာဠာရဥဒကာနံ၊ အာဠာရရသေ့, ဥဒကရသေ့တို့၏။ ကာလကတဘာဝံ၊ သေလွန်ကုန်ပြီး၏ အဖြစ်ကို၊ ၅။ အရူပဗြဟ္မာ့ပြည်သို့ ရောက်နေသည်၏ အဖြစ်ကို၊' ဉတွာ၊ သိတော်မူ၍။ ပဉ္စဝဂ္ဂိယာနံ၊ ၅ ယောက်အစု၌ ဖြစ်ကုန်သော။ ဘိက္ခူနံ၊ ရသေ့တို့၏၊ ၆။ ထိုအချိန်က ရသေ့အဖြစ်သာ ရှိသေးသည်၊' ဗဟူပကာရတံ၊ များသော ကျေးဇူးရှိကုန်သည်၏ အဖြစ်ကို၊ ၇။ ကမ္မဋ္ဌာန်းအားထုတ်သည့် အချိန်တုန်းက ရေပူရေချမ်း ကမ်းလှမ်းလုပ်ကျွေးသော ကျေးဇူးရှိပုံကို၊' အနုဿရိတွာ၊ အမှတ်ရတော်မူ၍။ အာသနာ၊ နေရာမှ။ ဥဋ္ဌာယ၊ ထတော်မူ၍။ ကာသိပုရံ၊ ကာသိမြို့သို့ (ဗာရာဏသီမြို့သို့)။ ဂစ္ဆန္တော၊ ကြွတော်မူစဉ်။ အန္တရာမဂ္ဂေ၊ လမ်းခရီးအကြား၌။ ဥပကေန၊ ဥပကရသေ့နှင့်။ သဒ္ဓိံ၊ တကွ။ မန္တေတွာ၊ နှီးနှောပြောဆိုပြီး၍။ အာသဠှီပုဏ္ဏမဒိဝသေ၊ ဝါဆိုလပြည့်နေ့၌။ ဣသိပတနေ၊ ဣသိပတနမည်သော။ မိဂဒါယေ၊ မိဂဒါဝုန်တော၌၊ ၈။ ဘုရားပစ္စေကဗုဒ္ဓါရဟန္တာတို့၏ သက်ရောက်ရာဖြစ်သော, သားကောင်တို့ကို မပစ်ခတ်ဖို့ရန် ဘေးမဲ့ပေးရာဖြစ်သောတော၊ ဒါယသဒ္ဒါသည် တောဟူသောအနက်ကို ဟော၏၊'
ပဉ္စဝဂ္ဂိယာနံ၊ ၅ ယောက်အစု၌ ဖြစ်ကုန်သော။ ဘိက္ခူနံ၊ ရသေ့တို့၏။ ဝသနဋ္ဌာနံ၊ နေရာအရပ်သို့။ ပတွာ၊ ရောက်၍။ တေ၊ ထိုပဉ္စဝဂ္ဂီတို့ကို။ အနနုစ္ဆဝိကေန၊ မြတ်စွာဘုရားအား မလျောက်ပတ်သော။ သမုဒါစာရေန၊ ခေါ်ဝေါ်ပြောဆိုခြင်းဖြင့်၊ ၉။ "အာဝုသောဂေါတမ" စသော ခေါ်ဝေါ်ခြင်းဖြင့်၊' သမုဒါစရန္တေ၊ ခေါ်ဝေါ်ပြောဆိုသည်တို့ကို။ သညာပေတွာ၊ သိစေပြီး၍ (ဘုရားဖြစ်ကြောင်းကို သိလည်စေပြီး၍)။ ဓမ္မစက္ကံ၊ ဓမ္မစကြာကို။ ပဝတ္တန္တော၊ လည်စေတော်မူလသော်။ အညာသိကောဏ္ဍညတ္ထေရပ္မုခါ၊ အညာသိကောဏ္ဍညထေရ် အမှူးရှိကုန်သော။ အဋ္ဌာရသဗြဟ္မကောဋိယော၊ ၁၈ ကုဋေသော ဗြဟ္မာတို့ကို။ အမတပါနံ၊ အမြိုက်ဖျော်ရည်ကို။ ပါယေသိ၊ သောက်စေတော်မူပြီ၊ ၁၀။ နိဗ္ဗာန်ကို သိကြောင်းဖြစ်သော မဂ်ဉာဏ်ဖိုလ်ဉာဏ်ဟူသော တရားကို ရစေတော်မူပြီ၊' ဧဝံ၊ ဤသို့လျှင်။ ယာဝဓမ္မစက္ကပ္ပဝတ္တနာ၊ ဓမ္မစကြာတရားကို ဟောတော်မူရာ ကာလတိုင်အောင်။ ဒေသနာနိဒါနံ၊ ဒေသနာနိဒါန်းကို။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။ အယံ၊ ဤဆိုအပ်ပြီးသည်ကား။ ဧတ္ထ၊ ဤအဋ္ဌသာလိနီအဋ္ဌကထာ၌။ သင်္ခေပေါ၊ အကျဉ်းတည်း။ ဝိတ္ထာရော ပန၊ အကျယ်ကိုကား။ သာဋ္ဌကထာနံ၊ အဋ္ဌကထာနှင့်တကွ ဖြစ်ကုန်သော။ အရိယပရိယေသနပဗ္ဗဇ္ဇသုတ္တာဒီနံ၊ အရိယပရိယေသနသုတ်, ပဗ္ဗဇ္ဇသုတ် အစရှိသည်တို့၏။ ဝသေန၊ အစွမ်းဖြင့်။ ဝေဒိတဗ္ဗော၊ သိထိုက်၏။ ၁၁။ "အရိယပရိယေသနသုတ်" ဟူသည် မူလပဏ္ဏာသ၌ လာသော ပါသရာသိသုတ်တည်း၊ "ပဗ္ဗဇ္ဇသုတ်" ကား သုတ္တနိပါတ်မဟာဝဂ်၌ ပါ၏။'
ပန၊ ဆက်။ ဧဝံ၊ ဤဆိုအပ်ပြီးသော နည်းအားဖြင့်။ အဓိဂမနိဒါနဒေသနာနိဒါနသမ္ပန္နဿ၊ အဓိဂမနိဒါန်း, ဒေသနာနိဒါန်း ၂ ပါးနှင့် ပြည့်စုံသော။ အဿ အဘိဓမ္မဿ၊ ဤအဘိဓမ္မာ၏။ အပရာနိပိ၊ တစ်ပါးလည်း ဖြစ်ကုန်သော၊ ၁၂။ တီဏိနိဒါနာနိ၌စပ်၊' ဒူရေနိဒါနံ၊ ဒူရေနိဒါန်းလည်းကောင်း (ဝေးသောအကြောင်းခံလည်းကောင်း)။ အဝိဒူရေနိဒါနံ၊ အဝိဒူရေနိဒါန်းလည်းကောင်း (မနီးမဝေးသော အကြောင်းခံလည်းကောင်း)။ သန္တိကေနိဒါနံ၊ သန္တိကေနိဒါန်းလည်းကောင်း (နီးသောအကြောင်းခံလည်းကောင်း)။ ဣတိ၊ ဤသို့။ တီဏိ၊ ၃ မျိုးကုန်သော။ နိဒါနာနိ၊ နိဒါန်းတို့သည် (ဟောန္တိ-ကုန်၏)။ တတ္ထ၊ ထိုနိဒါန်း ၃ မျိုးတို့တွင်။ ဒီပင်္ကရပါဒမူလတော၊ ဒီပင်္ကရာမြတ်စွာဘုရား၏ ခြေတော်ရင်းမှ။ ပဋ္ဌာယ၊ စ၍။ ယာဝ တုသိတပုရာ၊ တုသိတာနတ်ပြည်တိုင်အောင်။ ဒူရေနိဒါနံ၊ ဒူရေနိဒါန်းကို။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။ တုသိတာပုရတော၊ တုသိတာနတ်ပြည်မှ။ ပဋ္ဌာယ၊ စ၍။ ယာဝ ဗောဓိမဏ္ဍာ၊ ဗောဓိမဏ္ဍိုင်တိုင်အောင်။ အဝိဒူရေနိဒါနံ၊ အဝိဒူရေနိဒါန်းကို။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။ ဧကံ သမယံ၊ ပေ၊ အဘိဓမ္မကထံ ကထေသီတိ၊ ဧကံသမယံ၊ ပေ၊ အဘိဓမ္မကထံ ကထေသိ ဟူသော။ ဣဒံ၊ ဤနိဒါန်းသည်။ အဿ၊ ထိုအဘိဓမ္မာပါဠိတော်၏။ သန္တိကေနိဒါနံ၊ သန္တိကေနိဒါန်းတည်း။ အယံ၊ ဤဆိုအပ်ပြီးကား။ တာဝ၊ အဘိဓမ္မအဋ္ဌကထာမှ ရှေးဦးစွာ။ နိဒ္ဒိဋ္ဌာ၊ ညွှန်ပြအပ်သော။ နိဒါနကထာ၊ နိဒါနကထာတည်း (တစ်နည်း- ယာယ ကထာယ၊ အကြင်စကားကြောင့်။ အဘိဓမ္မဿ၊ အဘိဓမ္မာပါဠိတော်၏။ ဗုဒ္ဓဘာသိတတာသိဒ္ဓိ၊ ဗုဒ္ဓဘာသိတ၏အဖြစ်၏ပြီးစီးခြင်းသည်။ ဟောတိ၊ ဖြစ်၏)။ အယံ၊ ဤဆိုအပ်ပြီးသော စကားသည်။ တာဝ၊ ရှေးဦးစွာ။ နိဒ္ဒိဋ္ဌာ၊ ညွှန်ပြအပ်သော။ နိဒါနကထာ၊ နိဒါနကထာတည်း၊ ဝါ-နိဒါန်းကို ဆိုရာဆိုကြောင်းဖြစ်သော စကားတည်း။ ၁၃။ ဤသို့ ဋီကာအတိုင်း အနိယမဝါကျထည့်၍ တစ်နည်းပေးပါ။'
နိဒါနကထာ၊ သည်။ နိဋ္ဌိတာ၊ ပြီးပြီ။
တိကမာတိကာအဖွင့်
ဣတိမေ၊ ပေ၊ အယံ ကထာတိ၊ ဣတိမေ၊ ပေ၊ အယံ ကထာဟူ၍။ ဧဝံ၊ ဤသို့။ ပဋိညာတာယ၊ ဝန်ခံအပ်ပြီးသော။ အဘိဓမ္မကထာယ၊ အဘိဓမ္မအဋ္ဌကထာ၏ (ဩကာသော၌စပ်)၊ ဝါ-အဘိဓမ္မအဋ္ဌကထာကို (ကထန၌စပ်)။ ကထနောကာသော၊ ဆိုခြင်း၏ အခွင့်အခါသည် (ဆိုဖို့ရန် အခွင့်အခါသည်)။ သမ္ပတ္တော၊ ရောက်လာပြီ။ တတ္ထ၊ ထိုအဘိဓမ္မအဋ္ဌကထာ၌ (တသ္မာ၏ နောက်၌ရှိသော ဝုစ္စမာနံ၌စပ်)၊ ၁၄။ ရှေးနိဿယ၌ "တတ္ထတသ္မိံအဘိဓမ္မကထန္တိဝစနေ-ထိုအဘိဓမ္မကထံဟူသောစကား၌" ဟု စွဲလေသည်၊ အဘိဓမ္မောနာမ၌ စပ်လိုဟန်တူ၏၊ ယသ္မာ၏ပြင်ဘက်ကပုဒ်သည် တသ္မာ၏ပြင်ဘက်ပုဒ်၌ စပ်ရိုးတည်း။' ယသ္မာ၊ အကြင်ကြောင့်။ အဘိဓမ္မော နာမ၊ အဘိဓမ္မာမည်သည်။ ဓမ္မသင်္ဂဏီအာဒီနိ၊ ဓမ္မသင်္ဂဏီအစရှိကုန်သော။ သတ္တပ္ပကရဏာနိ၊ ခုနစ်ကျမ်းတို့တည်း။ ဓမ္မသင်္ဂဏီပိ၊ ဓမ္မသင်္ဂဏီကျမ်းသည်လည်း။ စိတ္တုပ္ပာဒကဏ္ဍာဒီနံ၊ စိတ္တုပ္ပာဒကဏ္ဍအစရှိသော ကဏ္ဍတို့၏။ ဝသေန၊ အပြားအားဖြင့်။ စတ္တာရိ၊ ၄ ပါးကုန်သော။ ကဏ္ဍာနိ၊ ကဏ္ဍတို့တည်း (အပိုင်းအခန်းတို့တည်း)။ စိတ္တုပ္ပာဒကဏ္ဍမ္ပိ၊ စိတ္တုပ္ပာဒကဏ္ဍသည်လည်း။ မာတိကာပဒဘာဇနီယဝသေန၊ မာတိကာ, ပဒဘာဇနီတို့၏ အပြားအားဖြင့်။ ဒုဝိဓံ၊ ၂ ပါးအပြားရှိ၏။... တတ္ထ၊ ထို ၂ ပါးတို့တွင်။ မာတိကာ၊ မာတိကာသည်။ အာဒိ၊ အစတည်း။ သာပိ၊ ထိုမာတိကာသည်လည်း။ တိကမာတိကာ၊ တိကမာတိကာလည်းကောင်း။ ဒုကမာတိကာ၊ ဒုကမာတိကာလည်းကောင်း။ ဣတိ၊ ဤသို့။ ဒုဝိဓာ၊ ၂ မျိုးရှိ၏။ တတ္ထ၊ ထို ၂ ပါးတို့တွင်။ တိကမာတိကာ၊ သည်။ အာဒိ၊ အစတည်း။ တိကမာတိကာယပိ၊ တိကမာတိကာ၌လည်း (တိကမာတိကာတွင်လည်း)။ ကုသလတ္တိကံ၊ ကုသလတိက်သည် (အာဒိ-တည်း)။ ကုသလတိကေပိ၊ ကုသလတိက်၌လည်း (ကုသလတိက်တွင်လည်း)။ ကုသလာ ဓမ္မာတိ၊ ကုသလာဓမ္မာဟူသော။ ဣဒံ ပဒံ၊ ဤပုဒ်သည် (အာဒိ-တည်း)။ တသ္မာ၊ ထို့ကြောင့် (ကုသလာဓမ္မာပုဒ်၏ အစ၏အဖြစ်ကြောင့်)။ ဣတော၊ ဤကုသလာဓမ္မာပုဒ်မှ။ ပဋ္ဌာယ၊ စ၍။ ဂမ္ဘီရံ၊ နက်နဲသော။ ဝုစ္စမာနံ၊ ဆိုအပ်လတ္တံ့သော။ ဣမံ အဘိဓမ္မကထံ၊ ဤအဘိဓမ္မအဋ္ဌကထာကို။ သာဓဝေါ၊ သူတော်ကောင်းဖြစ်ကုန်သော (တုမှေ-သင်တို့သည်)။ ဧကဂ္ဂါ၊ တစ်ခုတည်းသော အာရုံရှိကုန်သည်၊ ဝါ-တည်ကြည်ကုန်သည် (ဟုတွာ)။ သာဓု၊ ကောင်းစွာ။ နိသာမေထ၊ စူးစူးစိုက်စိုက် နာယူလိုက်ကြကုန်လော။ ဣတိ၊ ဤကား ဥယျောဇဉ်တည်း။
တာဝ၊ ဝေဒနာတိက်စသည်တို့မှ ရှေးဦးစွာ (နိဒ္ဒိဋ္ဌော-ညွှန်ပြအပ်သော)။ ကုသလာ ဓမ္မာ၊ အကုသလာ ဓမ္မာ၊ အဗျာကတာ ဓမ္မာတိ၊ ဟူသော။ အယံ၊ ဤတိက်သည်။ အာဒိပဒေန၊ အစဖြစ်သော ကုသလပုဒ်ဖြင့်။ လဒ္ဓနာမော၊ ရအပ်သောအမည်ရှိသော (ရအပ်သောအမည်ရှိသည်၏ အဖြစ်ကြောင့်) (ဟေတုမန္တဝိသေသန)။ ကုသလတ္တိကော နာမ၊ ကုသလတိက်မည်၏၊ ၁၅။ အာဒိလဒ္ဓနာမ, သဗ္ဗလဒ္ဓနာမ, အန္တလဒ္ဓနာမ ဟု နာမည် ၃ မျိုးရှိသည်တွင် အာဒိလဒ္ဓနာမတိက်-ဟူလို၊' သုခါယ ဝေဒနာယ သမ္ပယုတ္တာ ဓမ္မာ၊ ပေ၊ အဒုက္ခမသုခါယ ဝေဒနာယ သမ္ပယုတ္တာ ဓမ္မာတိ၊ ဟူသော။ အယံ၊ ဤတိက်သည်။ သဗ္ဗပဒေဟိ၊ အလုံးစုံသော ၃ ပုဒ်တို့ဖြင့် (အလုံးစုံသော ဝါကျပုဒ်တွင် ပါဝင်သော ဝေဒနာ ၃ ပုဒ်တို့ဖြင့်)။ လဒ္ဓနာမော၊ ရအပ်သောအမည်ရှိသော (ရအပ်သောအမည်ရှိသည်၏ အဖြစ်ကြောင့်)။ ဝေဒနာတ္တိကော နာမ၊ ဝေဒနာတိက်မည်၏၊ ၁၆။ ဤသဗ္ဗပဒေဟိလဒ္ဓနာမောပုဒ်နှင့် စပ်၍ မှတ်ဖွယ်ကို ဋီကာနိဿယ၌ အဓိပ္ပာယ်နှင့်တကွ ပြထားပြီ၊' ဧဝံ၊ ဤသို့။ အာဒိပဒဝသေန ဝါ၊ အစပုဒ်၏ အစွမ်းအားဖြင့်သော်လည်းကောင်း။ သဗ္ဗပဒဝသေန ဝါ၊ အလုံးစုံသော ပုဒ်တို့၏ အစွမ်းအားဖြင့်သော်လည်းကောင်း။ သဗ္ဗေသမ္ပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။ တိကဒုကာနံ၊ တိက်ဒုက်တို့၏။ နာမံ၊ အမည်ကို။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။... စ၊ ဆက်။ သဗ္ဗေဝ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော။ ဧတေ၊ ဤတိက်, ဒုက်တို့ကို။ ပဥ္စဒသဟိ၊ ၁၅ ပါးကုန်သော။ ပရိစ္ဆေဒေဟိ၊ အပိုင်းအခြားတို့ဖြင့်။ ဝဝတ္ထိတာ၊ ပိုင်းခြားသတ်မှတ်အပ်ကုန်ပြီ။ ဟိ၊ မှန်၏၊ ၁၇။ ရှေးနိဿယ၌ "ဟိ-ချဲ့ဦးအံ့" ဟု ဆို၏၊' တိကာနံ၊ တိက်တို့၏။ ဧကော၊ တစ်ပါးသော။ ပရိစ္ဆေဒေါ၊ အပိုင်းအခြားသည် (ဟောတိ)။ ဒုကာနံ၊ ဒုက်တို့၏။ စတုဒ္ဒသ၊ ၁၄ ပါးကုန်သော (ပရိစ္ဆေဒါ-အပိုင်းအခြားတို့သည် ဟောန္တိ-ကုန်၏)၊ ၁၈။ ဒုကာစတုဒ္ဒသအရ ချဲ့ပြလို၍ ဟေတူဓမ္မာစသည် မိန့်၊' ဟိ၊ ချဲ့ဦးအံ့၊ ၁၉။ ဒွါစတ္တာလီသဒုကာ သုတ္တန္တိကဒုကာနာမ တိုင်အောင် ချဲ့ပြမည်-ဟူလို၊ ရှေးနိဿယ၌ "ဟိသစ္စံ-မှန်၏" ဟု ပေးလေသည်၊' ဟေတူ ဓမ္မာ၊ နဟေတူ ဓမ္မာတိအာဒယော၊ ဟေတူဓမ္မာ, နဟေတူဓမ္မာ အစရှိကုန်သော။ ဆ၊ ၆ ပါးကုန်သော။ ဒုကာ၊ ဒုက်တို့ကို (ဝုစ္စတိ၌စပ်)။ ဂန္ထတော စ၊ သီကုံးထုံးဖွဲ့အပ်သော သဒ္ဒါအားဖြင့်လည်းကောင်း။ အတ္ထတော စ၊ အနက်အားဖြင့်လည်းကောင်း။ အညမညသမ္ဗန္ဓေန၊ အချင်းချင်း စပ်ခြင်းအားဖြင့် (ဌိတတ္တာ၌စပ်)။ ကဏ္ဏိကာ ဝိယ၊ ပန်းအချက်အခြာသည် ကဲ့သို့လည်းကောင်း။ ဃဋာ ဝိယ၊ ပန်းအပေါင်းသည် ကဲ့သို့လည်းကောင်း။ ဟုတွာ၊ ၍။ ဌိတတ္တာ၊ တည်သည်၏ အဖြစ်ကြောင့်။ ဟေတုဂေါစ္ဆကောတိ၊ ဟေတုဂေါစ္ဆကဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ၂၀။ ဆဒုကာကို မငဲ့ဘဲ "ဟေတုဂေါစ္ဆကောတိ" ဟူသော အာကာရကို ငဲ့၍ "ဝုစ္စတိ" ဟု ဧကဝုစ်ဖြင့် ဆိုထားသည်၊ "ဧတာနိပုဗ္ဗကရဏန္တိဝုစ္စတိ" ကဲ့သို့တည်း။]
တတော၊ ထိုဟေတုဂေါစ္ဆကမှ။ အပရေ၊ တစ်ပါးကုန်သော (သတ္တဒုကာ၌စပ်)။ သပ္ပစ္စယာ ဓမ္မာ၊ အပ္ပစ္စယာ ဓမ္မာတိအာဒယော၊ သပ္ပစ္စယာဓမ္မာ, အပ္ပစ္စယာဓမ္မာ အစရှိကုန်သော။ သတ္တ၊ ခုနစ်ပါးကုန်သော။ ဒုကာ၊ ဒုက်တို့ကို။ အညမညံ၊ အချင်းချင်း (တစ်ဒုက်နှင့်တစ်ဒုက်)။ အသမ္ဗန္ဓာ၊ မဆက်စပ်ကုန်သည် (ဟုတွာ)။ ကေဝလံ၊ အချင်းချင်း စပ်ခြင်းမဖက် သက်သက်။ ဒုကသာမညတော၊ ဒုက်အဖြစ်အားဖြင့် တူကုန်သည်၏ အဖြစ်ကြောင့်။ ဥစ္စိနိတွာ ဥစ္စိနိတွာ၊ ရွေးချယ်၍ ရွေးချယ်၍။ ဝိသုံ ဝိသုံ၊ ဂေါစ္ဆကတို့မှ အသီးအခြား အသီးအခြား။ ဂေါစ္ဆကန္တရေ၊ ဂေါစ္ဆကတို့၏ အကြား၌။ ထပိတတ္တာ၊ ထားအပ်ကုန်သည်၏ အဖြစ်ကြောင့်။ မဟန္တရဒုကေဟိ၊ မဟန္တရဒုက်တို့အောက်။ စူဠကတ္တာ စ၊ ငယ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း (နည်းကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း)။ စူဠန္တရဒုကာတိ၊ စူဠန္တရဒုက်တို့ဟူ၍။ ဝေဒိတဗ္ဗာ၊ သိထိုက်ကုန်၏။ (အညေဟိ-သပ္ပစ္စယာဓမ္မာစသည်တို့မှတစ်ပါး သာရမဏာဓမ္မာအစရှိကုန်သော ဒုကာတို့သည်လည်း စူဠန္တရဒုက်တို့ဟူ၍ သိထိုက်ကုန်၏။)
တတော၊ ထိုစူဠန္တရဒုက်မှ။ ပရံ၊ နောက်၌။ အာသဝဒုကာဒီနံ၊ အာသဝဒုက်အစရှိကုန်သော။ ဆန္နံ၊ ၆ ဒုက်တို့၏။ ဝသေန၊ အပြားအားဖြင့်။ အာသဝဂေါစ္ဆကော၊ အာသဝဂေါစ္ဆကလည်းကောင်း၊ (ဣတိ၌စပ်၊) တထာ၊ ထို့အတူ။ သံယောဇနဒုကာဒီနံ၊ သံယောဇနဒုက်အစရှိကုန်သော၊ (ဆန္နံ-၆ ဒုက်တို့၏၊) ဝသေန၊ ဖြင့်။ သံယောဇနဂေါစ္ဆကော၊ လည်းကောင်း။ တထာ၊ တူ။ ဂန္ထ၊ ပေ၊ ဒုကာဒီနံ၊ ဂန္ထဒုက်, သြဃဒုက်, ယောဂဒုက်, နီဝရဏအစရှိသော ဒုက်တို့၏။ ဝသေန၊ အားဖြင့်။ ဂန္ထ၊ ပေ၊ ဂေါစ္ဆကာ၊ ဂန္ထဂေါစ္ဆက သြဃဂေါစ္ဆက ယောဂဂေါစ္ဆက နီဝရဏဂေါစ္ဆကတို့လည်းကောင်း၊
ဝါကျတို့ကိုချုံးထားသည်၊ 'တထာဂန္ထဒုကာဒီနံဝသေနဂန္ထဂေါစ္ဆကော' စသည်ဖြင့် အသီးအသီးခွဲပါ၊ပရာမာသဒုကာဒီနံ၊ ပရာမာသဒုက်အစရှိကုန်သော။ ပဥ္စန္နံ၊ ၅ ဒုက်တို့၏။ ဝသေန၊ အားဖြင့်။ ပရာမာသဂေါစ္ဆကော၊ ပရာမာသဂေါစ္ဆကလည်းကောင်း။ ဣတိ၊ သို့။ သဗ္ဗေပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။ သတ္တ၊ ၇ ပါးကုန်သော။ ဂေါစ္ဆကာ၊ ဂေါစ္ဆကတို့ကို။ ဝေဒိတဗ္ဗာ။
တတော၊ ထိုပရာမာသဂေါစ္ဆကမှ။ ပရံ၊ ၌။ အာရမ္မဏာဓမ္မာတိအာဒယော၊ အာရမ္မဏာဓမ္မာအစရှိကုန်သော။ စတုဒ္ဒသ၊ ၁၄ ပါးသောဒုက်တို့သည်။ မဟန္တရဒုကာနာမ၊ မဟန္တရဒုက်မည်၏၊
ဤ၌လည်း 'အန္တရေ + ထပိတာ ဒုကာ အန္တရဒုကာ၊ မဟန္တာ စ + တေ + အန္တရဒုကာ စာတိ မဟန္တရဒုကာ' ဟုပြု၊တတော၊ ထိုမဟန္တရဒုက်မှ၊ (အပရေ-တစ်ပါးကုန်သော၊) ဥပါဒါနဒုကာဒယော၊ ဥပါဒါနဒုက်အစရှိကုန်သော။ ဆ၊ ၆ ပါးကုန်သော။ ဒုကာ၊ ဒုက်တို့သည်။ ဥပါဒါနဂေါစ္ဆကောနာမ၊ ဥပါဒါနဂေါစ္ဆကမည်၏။ တတော၊ ထိုဥပါဒါနဂေါစ္ဆကမှ၊ (အပရေ) ကိလေသဒုကာဒယော၊ ကိလေသဒုက်အစရှိကုန်သော။ အဋ္ဌ၊ ၈ ပါးကုန်သော။ ဒုကာ၊ တို့သည်။ ကိလေသဂေါစ္ဆကောနာမ၊ ကိလေသဂေါစ္ဆကမည်၏။ တတော၊ ထိုကိလေသဂေါစ္ဆကမှ။ ပရံ၊ ၌။ ဒဿနေနပဟာတဗ္ဗဒုကာဒယော၊ ဒဿနေနပဟာတဗ္ဗဒုက်အစရှိကုန်သော။ အဋ္ဌာရသ၊ ၁၈ ပါးကုန်သော။ ဒုကာ၊ တို့သည်။ အဘိဓမ္မမာတိကာယ၊ အဘိဓမ္မမာတိကာ၏။ ပရိယောသာနေ၊ အဆုံး၌။ ထပိတတ္တာ၊ ထားအပ်ကုန်သည်၏အဖြစ်ကြောင့်။ ပိဋ္ဌိဒုကာနာမ၊ ပိဋ္ဌိဒုက်တို့မည်၏၊
'ပိဋ္ဌိယံ-ကျောကုန်းနှင့်တူသောအဆုံး၌၊ ထပိတာ + ဒုကာ ပိဋ္ဌိဒုကာ' ဟုပြု၊ပန၊ အဖို့တစ်ပါးကား၊ (အဘိဓမ္မမာတိကာမှတစ်ပါး, သုတ္တန္တမာတိကာကား၊) ဝိဇ္ဇာဘာဂိနော၊ ပေ၊ ဓမ္မာတိအာဒယော၊ ဝိဇ္ဇာဘာဂိနော၊ ပေ၊ ဓမ္မာအစရှိကုန်သော။ ဒွါစတ္တာလီသ၊ ၄၂ ပါးသော။ ဒုကာ၊ ဒုက်တို့သည်။ သုတ္တန္တိကဒုကာနာမ၊ သုတ္တန္တိကဒုက်တို့မည်၏။
နိဂုံးကိုပြလို၍ ဧဝံစသည်မိန့်၊ဧဝံ၊ ဤသို့။ သဗ္ဗေ၊ ကုန်သော။ ဧတေ၊ ဤတိက်ဒုက်တို့ကို။ ပဥ္စဒသဟိ၊ ၁၅ ပါးကုန်သော။ ပရိစ္ဆေဒေဟိ၊ တို့ဖြင့်။ ဝဝတ္ထိတာ၊ ပိုင်းခြားသတ်မှတ်အပ်ကုန်ပြီ။ ဣတိ၊ သို့။ ဝေဒိတဗ္ဗာ။
ပြတ်ပြီးစကားကို သပ္ပဒေသ နိပ္ပဒေသစသည်ဖြင့်ခွဲပြလို၍ ဧဝံစသည်မိန့်၊ပန၊ ဆက်။ ဧဝံ၊ ဤဆိုအပ်ပြီးသောနည်းဖြင့်။ ဝဝတ္ထိတာ၊ ပိုင်းခြားသတ်မှတ်အပ်ပြီးကုန်သော။ ဧတေ၊ ဤတိက်ဒုက်တို့သည်။ သပ္ပဒေသနိပ္ပဒေသဝသေန၊ သပ္ပဒေသတိက်ဒုက်, နိပ္ပဒေသတိက်ဒုက်တို့၏အပြားအားဖြင့်။ ဒွေ၊ ၂ ပါးကုန်သော။ ကောဋ္ဌာသာ၊ အဖို့အစုတို့သည်။ ဟောန္တိ၊ ကုန်၏။ ဟိ၊ မှန်၏၊ တေသု-ထိုတိက်ဒုက်တို့တွင်။ နဝ၊ ၉ ပါးကုန်သော။ တိကာ၊ တိက်တို့သည်လည်းကောင်း။ ဧကသတ္တတိ၊ ၇၁ ပါးသော။ ဒုကာစ၊ ဒုက်တို့သည်လည်းကောင်း။ သပ္ပဒေသာနံ၊ မသိမ်းယူအပ်သောအစိတ်အပိုင်းနှင့်တကွဖြစ်ကုန်သော။ ရူပါရူပဓမ္မာနံ၊ ရုပ်တရား, နာမ်တရားတို့၏၊ ဝါ-တို့ကို။ ပရိဂ္ဂဟိတတ္တာ၊ ပိုင်းခြား၍ယူအပ်ကုန်သည်၏အဖြစ်ကြောင့်။ သပ္ပဒေသာနာမ၊ သပ္ပဒေသတိက်ဒုက်တို့မည်၏။ အဝသေသာ၊ ဆိုအပ်ပြီးသောတိက်အားဖြင့် ၉ ပါး, ဒုက်အားဖြင့် ၇၁ ပါးတို့မှ ကြွင်းကုန်သော။ တေရသ၊ ၁၃ ပါးကုန်သော။ တိကာ၊ တိက်တို့သည်လည်းကောင်း။ ဧကသတ္တတိ၊ ၇၁ ပါးသော။ ဒုကာစ၊ ဒုက်တို့သည်လည်းကောင်း။ နိပ္ပဒေသာနာမ၊ နိပ္ပဒေသတို့မည်၏။
ထိုတိက်ဒုက်တို့ကိုချဲ့ပြလို၍ တတ္ထစသည်မိန့်၊ တစ်နည်း-'ဧဝံ၊ ပေ၊ ကောဋ္ဌာသာ ဟောန္တိ' ကား ဥဒ္ဒေသ၊ 'တေသု၊ ပေ၊ နိပ္ပဒေသာနာမ-နိပ္ပဒေသတို့မည်၏။ ဟော ထိုတိက်ဒုက်တို့ကိုချဲ့ပြလို၍ တတ္ထစသည်မိန့်၊ တစ်နည်း-'ဧဝံ၊ ပေ၊ ကောဋ္ဌာသာ ဟောန္တိ' ကား ဥဒ္ဒေသ၊ 'တေသု၊ ပေ၊ နိပ္ပဒေသာနာမ' ကား နိဒ္ဒေသ၊ ထိုနိဒ္ဒေသကို ပဋိနိဒ္ဒေသပြုလို၍ တတ္ထစသည်မိန့်၊တတ္ထ၊ ထိုတိက်ဒုက်တို့တွင်။ တာဝ၊ ဒုက်တို့မှရှေးဦးစွာ၊ (နိဒ္ဒိဋ္ဌေသု-ညွှန်ပြအပ်ကုန်သော၊) တိကေသု၊ တိက်တို့တွင်။ ဝေဒနာတ္တိကော၊ ဝေဒနာတိက်လည်းကောင်း။ ဝိတက္ကတ္တိကော၊ ဝိတက်တိက်လည်းကောင်း။ ပီတိတ္တိကော၊ ပီတိတိက်လည်းကောင်း။ ဥပ္ပန္နတ္တိကော၊ ဥပ္ပန္နတိက်လည်းကောင်း။ အတီတတ္တိကော၊ အတီတတိက်လည်းကောင်း။ စတ္တာရော၊ ၄ ပါးကုန်သော။ အာရမ္မဏတ္တိကာ၊ အာရမ္မဏတိက်တို့လည်းကောင်း။ ဣတိ၊ ဤသို့။ နဝ၊ ၉ ပါးကုန်သော။ ဣမေ တိကာ၊ ဤတိက်တို့သည်။ သပ္ပဒေသာနာမ၊ သပ္ပဒေသတိက်တို့မည်၏။
ဒုကေသု၊ ဒုက်တို့တွင်။ ဟေတုဂေါစ္ဆကာဒီနံ၊ ဟေတုဂေါစ္ဆကအစရှိကုန်သော။ ဥပါဒါနဂေါစ္ဆကပရိယောသာနာနံ၊ ဥပါဒါနဂေါစ္ဆကအဆုံးရှိကုန်သော။ နဝန္နံ၊ ၉ ပါးကုန်သော။ ဂေါစ္ဆကာနံ၊ ဂေါစ္ဆကတို့၏။ ပရိယောသာနေ၊ အဆုံး၌။ တယော တယော၊ ၃ ပါး ၃ ပါးကုန်သော။ ဒုကာ၊ ဒုက်တို့လည်းကောင်း၊ (ဣတိ၌စပ်၊) ကိလေသဂေါစ္ဆကပရိယောသာနေ၊ ကိလေသဂေါစ္ဆက၏အဆုံး၌။ စတ္တာရော၊ ၄ ပါးကုန်သော။ ဒုကာ၊ ဒုက်တို့လည်းကောင်း။ စိတ္တသမ္ပယုတ္တာဓမ္မာ၊ စိတ္တသမ္ပယုတ္တာဓမ္မာပုဒ်လည်းကောင်း။ စိတ္တဝိပ္ပယုတ္တာဓမ္မာ၊ စိတ္တဝိပ္ပယုတ္တာဓမ္မာပုဒ်လည်းကောင်း။ စိတ္တသံသဋ္ဌာဓမ္မာ၊ စိတ္တသံသဋ္ဌာဓမ္မာပုဒ်လည်းကောင်း။ စိတ္တဝိသံသဋ္ဌာဓမ္မာ၊ စိတ္တဝိသံသဋ္ဌာဓမ္မာပုဒ်လည်းကောင်း။ ဣတိ၊ ဤသို့။ ဒွေ၊ ၂ ပါးကုန်သော။ မဟန္တရဒုကာ၊ မဟန္တရဒုက်တို့လည်းကောင်း။ သုတ္တန္တိကဒုကေသု၊ သုတ္တန္တိကဒုက်တို့တွင်။ အဓိဝစနဒုကံ၊ အဓိဝစနဒုက်လည်းကောင်း။ နိရုတ္တိဒုကံ၊ နိရုတ္တိဒုက်လည်းကောင်း။ ပညတ္တိဒုကံ၊ ပညတ္တိဒုက်လည်းကောင်း။ နာမရူပဒုကံ၊ နာမရူပဒုက်လည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရော၊ ၄ ပါးကုန်သော။ ဣမေ ဒုကေ၊ ဤဒုက်တို့ကို။ ထပေတွာ၊ ချန်ထား၍။ အဝသေသာ၊ ကြွင်းကုန်သော။ အဋ္ဌတ္တိံသ၊ ၃၈ ပါးသော။ ဒုကာစ၊ ဒုက်တို့လည်းကောင်း။ ဣတိ၊ ဤသို့။ ဧတေ၊ ဤတိက်ဒုက်တို့သည်။ သပ္ပဒေသာနာမ၊ သပ္ပဒေသတိက်ဒုက်တို့မည်၏။ ဝုတ္တာဝသေသာ၊ ဆိုအပ်ပြီးမှကြွင်းကုန်သော။ သဗ္ဗေပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။ တိကဒုကာ၊ တိက်ဒုက်တို့ကို။ နိပ္ပဒေသာတိ၊ နိပ္ပဒေသတိက်ဒုက်တို့ဟူ၍။ ဝေဒိတဗ္ဗာ၊ သိထိုက်ကုန်၏။
ပါဠိတော်၏အနက်အဖွင့်သည် ကုသလသဒ္ဒေါတာဝစသည်တည်း၊ ထိုအနက်အဖွင့်ဖြစ်သောအဋ္ဌကထာ၏အခြေခံတိက်ဒုက်တို့ကိုပိုင်းခြားပြီး၍ ယခုအခါပါဠိတော်ကိုဖွင့်ပြတော်မူလိုသောအဋ္ဌကထာဆရာသည် ဣဒါနိစသည်မိန့်၊ဣဒါနိ၊ ယခုအခါ၌၊ (အဖွင့်အဋ္ဌကထာ၏အခြေခံဖြစ်သောတိက်ဒုက်တို့ကို ပိုင်းခြားပြီးရာယခုအခါ၌၊) ကုသလာဓမ္မာတိအာဒီနံ၊ ကုသလာဓမ္မာအစရှိကုန်သော။ မာတိကာပဒါနံ၊ မာတိကာပုဒ်တို့၏။ အယံ၊ ဤဆိုအပ်လတ္တံ့ကား။ အနုပုဗ္ဗပဒဝဏ္ဏနာ၊ အစဉ်အတိုင်းဖြစ်သောပုဒ်တို့၏အဖွင့်တည်း။ တာဝ၊ ဓမ္မစသောသဒ္ဒါတို့မှရှေးဦးစွာ၊ (ဝုတ္တော-မြတ်စွာဘုရားဟောတော်မူအပ်သော၊) ကုသလသဒ္ဒေါ၊ ကုသလသဒ္ဒါသည်။ အရောဂျ၊ ပေ၊ သုခဝိပါကေသု၊ အာရောဂျအနက်, အနဝဇ္ဇအနက်, ဆေကအနက်, သုခဝိပါကအနက်တို့၌။ ဒိဿတိ၊ ထင်ရှား၏၊ (တစ်နည်း) ကုသလသဒ္ဒေါ၊ ကို။ ပေ။ ဒိဿတိ၊ ရှုအပ်၏။ ဟိ၊ ချဲ့။ အယံ၊ ဤကုသလသဒ္ဒါသည်။ ကစ္စိ၊ ပေ၊ အနာမယံတိအာဒီသု၊ ကစ္စိ၊ ပေ၊ အနာမယံအစရှိသောပါဠိရပ်တို့၌။ အာရောဂျေ၊ အနာရောဂါမရှိသူ၏အဖြစ်ဟူသောအနက်၌၊ (ကျန်းမာခြင်းဟူသောအနက်၌၊) ဒိဿတိ၊ ထင်ရှား၏။
ကစ္စိ-အသို့နည်း၊ ဘောတော-အရှင်၏၊ ကုသလံ-ကျန်းမာသူ၏အဖြစ်သည်၊ ဝါ-ရောဂါသန့်ရှင်း, ကျန်းမာခြင်းသည်၊ ဟောတိနု-ဖြစ်ပါ၏လော၊ ကစ္စိ-နည်း၊ ဘောတော-အရှင်၏၊ အနာမယံ-အနာမရှိသူ၏အဖြစ်သည်၊ ဟောတိနု-ဖြစ်ပါ၏လော။ကတမောပန၊ ပေ၊ အနဝဇ္ဇောတိစ၊ ကတမောပန၊ ပေ၊ အနဝဇ္ဇောဟူသည်လည်းဖြစ်သော။ အပရံပန၊ ပေ၊ ဓမ္မေသုတိစ၊ အပရံပန၊ ပေ၊ ဓမ္မေသုဟူသည်လည်းဖြစ်သော။ ဧဝမာဒီသု၊ ဤသို့အစရှိသောပါဠိရပ်တို့၌။ အနဝဇ္ဇေ၊ အပြစ်မရှိဟူသောအနက်၌၊ (ဒိဿတိ)၊
ဘန္တေ-အရှင်ဘုရား၊ (အရှင်အာနန္ဒာကိုခေါ်သည်၊) ကတမော-အဘယ်သို့သော၊ ကာယသမာစာရော-ကာယသမာစာရသည်၊ ဝါ-ကာယဒွါရ၌ဖြစ်သောကောင်းသောအကျင့်သည်၊ ကုသလော-ကုသလမည်ပါသနည်း၊ မဟာရာဇ-မဟာရာဇာ၊ (ကောသလမင်းကိုခေါ်သည်၊) ယောကာယသမာစာရော-အကြင်ကာယသမာစာရသည်၊ အနဝဇ္ဇော-အပြစ်မရှိ၊ (သောကာယသမာစာရော-သည်၊ ကုသလော-ကုသလမည်၏၊ ... ဘန္တေ-မြတ်စွာဘုရား၊ အပရံပန-တစ်မျိုးကား၊ ယထာ-အကြင်ဒေသနာတော်ဟူသောအခြင်းအရာအားဖြင့်၊ ဘဂဝါ-သည်၊ ကုသလေသု-အပြစ်မရှိကုန်သော၊ ဓမ္မေသု-တရားတို့၌၊ ဓမ္ံ-တရားကို၊ ဒေသေတိ-ဟောတော်မူ၏၊ ဧတံ-ဤဒေသနာတော်သည်၊ အနုတ္တရိယံ-မြတ်သောပုဂ္ဂိုလ်၏ဖြစ်ကြောင်းဖြစ်ရာပါတည်း။ကုသလော၊ ပေ၊ စာတုရိတ္ထိယောတိအာဒီသု၊ ကုသလော၊ ပေ၊ စာတုရိတ္ထိယောအစရှိသောပါဠိရပ်တို့၌။ ဆေကေ၊ ကျွမ်းကျင်သူဟူသောအနက်၌၊ (ဒိဿတိ)၊
ရထဿ-၏၊ အင်္ဂပစ္စင်္ဂါနံ-အင်္ဂါကြီးငယ်တို့၌၊ (တစ်နည်း) အင်္ဂပစ္စင်္ဂါနံ-တို့ကို၊ (ကြိယ ပယောဇနတို့၌စပ်၊) ဝါ-တို့၏၊ (နာမ၌စပ်၊) နာမကြိယပယောဇနာဒီသု-နာမည်, ပြုလုပ်ခြင်း, ယှဉ်စပ်ခြင်းအစရှိသောကိစ္စတို့၌၊ ကုသလော-ကျွမ်းကျင်သည်မဟုတ်လော၊ ... နစ္စဂီတဿ-ကခြင်း, သီဆိုခြင်း၌၊ (တစ်နည်း) နစ္စဂီတဿ-၏၊ (ဝိသေသေသု-အထူးအဆန်းတို့၌၊) ကုသလာ-ကျွမ်းကျင်ကုန်သော၊ သိက္ခိတာ-သင်အပ်ပြီးသောမိန်းမအတတ်ရှိကုန်သော၊ (မူရာမာယာပြုနည်းကိုသင်ပြီးဖြစ်ကုန်သော၊) စာတုရာ-လှပတင့်တယ်ကုန်သော၊ ဣတ္ထိယော-တို့သည်၊ (တံ-သင့်ကို၊ ကာမေ-ကာမဂုဏ်၌၊ ရာမယိဿန္တိ-မွေ့လျော်စေကုန်လတ္တံ့၊) ဤပါဠိကား မဟာနိပါတ်, မူဂပက္ခဇာတ်၌လာသောပါဠိတော်တည်း၊ နစ္စဂီတဿာတိစ သာမိဝစနံ ဘုမ္မတ္ထေ, နစ္စဂီတဿ ဝိသေသေသုတိ ဝါ ယောဇေတဗ္ဗံ။ - ဋီကာ။ကုသလာနံ၊ ပေ၊ ဥပစိတတ္တာတိအာဒီသု၊ ကုသလာနံ၊ ပေ၊ ဥပစိတတ္တာအစရှိသောပါဠိရပ်တို့၌။ သုခဝိပါကေ၊ ကောင်းသောအကျိုးရှိသောတရားဟူသောအနက်၌၊ (ကုသိုလ်ဟူသောအနက်၌၊ ဒိဿတိ၊)
ဘိက္ခဝေ-ချစ်သားရဟန်းတို့၊ ကုသလာနံ-ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မာနံ-တရားတို့ကို၊ သမာဒါနဟေတု-ဆောက်တည်ခြင်းဟူသောအကြောင်းကြောင့်၊ (ဧဝံ-သို့၊ ဝါ-ဤဆိုအပ်ပြီးသောနည်းဖြင့်၊ ဣဒံ ပုညံ-ဤကောင်းမှုသည်၊ ပဝုဍ္ဎတိ-တိုးပွား၏၊) ဤပါဠိကား ဒီဃနိကာယ်, ပါထိကဝဂ်, စက္ကဝတ္တိသုတ်၌လာသောပါဠိတော်တည်း။ ကုသလဿ၊ ကုသိုလ်ဖြစ်သော။ ကမ္မဿ၊ ကံ၏၊ (တ္တ၌စပ်၊) ဝါ-ကို၊ (တပစ္စည်း၌စပ်၊) ကတတ္တာ၊ ပြုအပ်ပြီး၏အဖြစ်ကြောင့်။ ဥပစိတတ္တာ၊ ဆည်းပူးအပ်ပြီး၏အဖြစ်ကြောင့်၊ (စက္ခုဝိညာဏံ-သည်၊ ဥပ္ပန္နံ ဟောတိ၊) တစ်ကြိမ်တစ်ခါသာမက, ထပ်ကာထပ်ကာပြုအပ်သည်ကို "ဥပစိတ" ဟုခေါ်သည်။ ဤပါဠိကား ဓမ္မသင်္ဂဏီ အဗျာကတဝိပါက်စိတ်၌လာသောပါဠိတော်တည်း။ အတ္ထုဒ္ဓါရမှတစ်ပါး အတ္ထုဒ္ဒေသကိုပြလို၍ "သွာယမိဓ" စသည်မိန့်။ဣဓ၊ ဤကုသလာဓမ္မာဟူသောပုဒ်၌။ သွာယံ ($ယော + အယံ$)-ထိုကုသလသဒ္ဒါသည်။ အာရောဂျေပိ၊ အာရောဂျအနက်၌လည်းကောင်း၊ (ကိလေသာအနာရောဂါမရှိသူ၏အဖြစ်ဟူသောအနက်၌လည်းကောင်း၊) အနဝဇ္ဇေပိ၊ အနဝဇ္ဇအနက်၌လည်းကောင်း၊ (ကိလေသာအပြစ်မရှိသောတရားဟူသောအနက်၌လည်းကောင်း၊) သုခဝိပါကေပိ၊ သုခဝိပါကအနက်၌လည်းကောင်း၊ (ကောင်းသောအကျိုးရှိသောကုသိုလ်ဟူသောအနက်၌လည်းကောင်း၊) ဝဋ္ဋတိ၊ သင့်၏။
ပါဠိတော်၌ "ကုသလာဓမ္မာ" ဟုပုဒ်အပေါင်းရှိ၏၊ ထိုတွင်ကုသလသဒ္ဒါကိုဖွင့်ပြီး၍ ဓမ္မသဒ္ဒါကိုဖွင့်ပြလိုသောကြောင့် "ဓမ္မသဒ္ဒေါပန" စသည်မိန့်၊ပန၊ အဖို့တစ်ပါးကား၊ (တစ်နည်း) ပန-ကုသလသဒ္ဒါ၏အနက်မှတစ်ပါး ဓမ္မသဒ္ဒါ၏အနက်ကိုဆိုဦးအံ့။ အယံ ဓမ္မသဒ္ဒေါ၊ ဤဓမ္မသဒ္ဒါသည်။ ပရိယတ္တိ၊ ပေ၊ နိဇ္ဇီဝတာဒီသု၊ သင်ယူအပ်သောပါဠိဟူသောအနက်, အကြောင်းဟူသောအနက်, ဂုဏ်ဟူသောအနက်, သတ္တလည်းမဟုတ် ဇီဝလည်းမဟုတ်သည်၏အဖြစ်ဟူသောအနက် အစရှိသောအနက်တို့၌။ ဒိဿတိ၊ ၏၊
အာဒိဖြင့် "ဓမ္မော သဘာဝေ ပရိယတ္တိ ပညာ, ဉာယေသု သစ္စပ္ပကတီသု ပုညေ၊ ညေယျေ ဂုဏ စာရ သမာဓီသုပိ, နိဿတ္တတာပတ္တီသု ကာရဏာဒေါ" ဟူသောအဘိဓာန်လာအနက်တို့တွင် သဘာဝစသောကြွင်းသောအနက်တို့ကိုယူပါ။ဟိ၊ ချဲ့။ အယံ၊ ဤဓမ္မသဒ္ဒါသည်။ ဓမ္မံ ပရိယာပုဏာတိ သုတ္တံ ဂေယျန္တိ အာဒီသု၊ ဓမ္မံ၊ ပေ၊ ဂေယျံအစရှိသောပါဠိရပ်တို့၌။ ပရိယတ္တိယံ၊ သင်ယူအပ်သောပါဠိဟူသောအနက်၌။ ဒိဿတိ၊ ၏၊
ဓမ္မံ-ပါဠိကို၊ ပရိယာပုဏာတိ-သင်ယူ၏, စသည်ဖြင့်ပေး။ဟေတုမှိ ဉာဏံ ဓမ္မပ္ပဋိသမ္ဘိဒါတိ အာဒီသု၊ အစရှိသောပါဠိရပ်တို့၌။ ဟေတုမှိ၊ အကြောင်းဟူသောအနက်၌၊ (ဒိဿတိ)၊
ဤအဓိပ္ပာယ်များကို ရှေးဓမ္မတ္ထဒေသနာပဋိဝေဓအခန်းဝယ် "ဓမ္မောတိ ဟေတု" စသည်ဖြင့်ဆိုခဲ့ပြီ။န ဟိ ဓမ္မော၊ ပေ၊ သုဂ္ဂတိံတိ အာဒီသု၊ အစရှိသောပါဠိရပ်တို့၌။ ဂုဏေ၊ ဂုဏ်ဟူသောအနက်၌၊ (ဒိဿတိ)၊
ဟိ-မှန်၏၊ ဓမ္မောစ-ဂုဏ်တရားသည်လည်းကောင်း၊ (ကုသိုလ်တရားသည်လည်းကောင်း၊) အဓမ္မောစ-ဂုဏ်၏ဆန့်ကျင်ဘက်တရားသည်လည်းကောင်း၊ (အကုသိုလ်တရားသည်လည်းကောင်း၊ အသညိဝိရုဒ္ဓအနက်ဟော၊) ဥဘော-ဓမ္မ, အဓမ္မ ၂ မျိုးတို့သည်၊ သမဝိပါကိနော-တူမျှသောအကျိုးရှိကုန်သည်၊ န (ဟောန္တိ)-မဖြစ်ကုန်၊ အဓမ္မော-ဂုဏ်၏ဆန့်ကျင်ဘက်တရားသည်၊ (အကုသိုလ်တရားသည်၊) နိရယံ-ငရဲသို့၊ နေတိ-ဆောင်တတ်၏၊ ဓမ္မော-ဂုဏ်တရားသည်၊ (ကုသိုလ်တရားသည်၊) သုဂ္ဂတိံ-ကောင်းသောဂတိသို့၊ ပါပေတိ-ရောက်စေနိုင်၏၊ (ဆန်းကြောင့် ဂဒွေဘော်လာထားသည်။)တသ္မိံ ခေါ ပန သမယေ၊ပေ၊ဝိဟရတီတိ အာဒီသု၊ အစရှိသော ပါဠိရပ်တို့၌။ နိဿတ္တနိဇ္ဇီဝတာယံ၊ သတ္တဝါလည်းမဟုတ်၊ ဇီဝလည်းမဟုတ်သည်၏အဖြစ်ဟူသော အနက်၌၊ (ဒဿေတိ) တသ္မိံ ခေါ ပန သမယေ၊ ထိုအခါ၌။ ဓမ္မာ၊ သတ္တဇီဝမဟုတ်သော ပရမတ္ထသဘာဝဓမ္မတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဓမ္မေသု၊ သတ္တဇီဝမဟုတ်သော သညာ၊ သင်္ခါရတရားတို့၌။ ဓမ္မာနုပဿီ၊ ဓမ္မဟု အဖန်ဖန်ရှုလေ့ရှိသည်၊ (ဟုတွာ)။ ဝိဟရတိ၊ နေ၏၊ (အတ္ထုဒ္ဓါရသာမညကိုပြပြီး၍ အတ္ထုဒ္ဒေသဝိသေသကိုပြလိုသောကြောင့် "သွာယမိဓ" စသည်မိန့်၊) ဣဓာပိ၊ ဤကုသလာဓမ္မာဟူသော ပုဒ်၌လည်း။ သွာယံ (သော + အယံ)၊ ထိုဓမ္မသဒ္ဒါသည်။ နိဿတ္တနိဇ္ဇီဝတာယမေဝ၊ သာလျှင်။ ဝဋ္ဋတိ၊ သင့်၏။ တသ္မိံခေါပနသမယေဓမ္မာ၊ ဓမ္မေသုတို့နှင့် ဤကုသလာဓမ္မာအရဓမ္မလည်း နိဿတ္တနိဇ္ဇီဝအနက်ဟောခြင်းတူသောကြောင့် "ဣဓာပိ" ဟု ပိသဒ္ဒါဖြင့်ဆိုသည်။
ပန၊ ဆက်၊ (တစ်နည်း) ပန၊ အဘိဓေယျတ္ထမှတစ်ပါး၊ ဝစနတ္ထကိုပြဦးအံ့၊ ရှေးနိဿယ၌ "ပန-အတ္ထုဒ္ဓါရမှတစ်ပါး၊ ဝစနတ္ထကိုဆိုဦးအံ့" ဟုစွဲလေသည်။ ဧတ္ထ၊ ဤကုသလာဓမ္မာဟူသော ပုဒ်၌။ ဝစနတ္ထော၊ ဝစနတ္ထကို၊ (သဒ္ဒါ၏အနက်ကို၊) (ဧဝံ-ဤဆိုအပ်လတ္တံ့သောနည်းဖြင့်၊ ဝေဒိတဗ္ဗော-သိထိုက်၏၊) ဝစနတ္ထော၏ စပ်ပုဒ်မရှိသောကြောင့် "ဧဝံဝေဒိတဗ္ဗော" ဟုထည့်၍စပ်ရသည်။ (ယေ ဓမ္မာ၊ အကြင်တရားတို့သည်၊) ကုစ္ဆိတေ၊ စက်ဆုပ်အပ်ကုန်သော။ ပါပကေ၊ ယုတ်မာကုန်သော၊ (မိမိကိန်းရာသတ္တဝါကို အပါယ်၄ရွာ၌ ကျရောက်စေတတ်ကုန်သော၊) ဓမ္မေ၊ တရားတို့ကို၊ (တစ်နည်း) ပါပကေ ဓမ္မေ၊ အကုသိုလ်တရားတို့ကို။ သလယန္တိ စလယန္တိ ကမ္ပန္တိ၊ လှုပ်ရှားစေတတ်ကုန်၏။ ဝိဒ္ဓံသေန္တိ၊ ဖျက်ဆီးတတ်ကုန်၏။ ဣတိ၊ ထို့ကြောင့်၊ (ထိုသို့စက်ဆုပ်ဖွယ်အကုသိုလ်တရားတို့ကို လှုပ်ရှားစေတတ်၊ ဖျက်ဆီးတတ်ကုန်သည်၏အဖြစ်ကြောင့်၊) (တေ ဓမ္မာ-ထိုတရားတို့သည်၊) ကုသလာ-ကုသလတို့မည်၏၊ (တစ်နည်း) ယေ ဓမ္မာ-အကြင်တရားတို့သည်၊ ကုစ္ဆိတေ-ကုန်သော၊ ပါပကေ-ကုန်သော၊ ဓမ္မေ-တို့ကို၊ သလယန္တိ စလယန္တိ-တဒင်္ဂပဟာန်ဖြင့် လှုပ်ရှားစေတတ်ကုန်၏၊ သလယန္တိ ကမ္ပန္တိ-ဝိက္ခမ္ဘနပဟာန်ဖြင့် လှုပ်ရှားစေတတ်ကုန်၏၊ သလယန္တိ ဝိဒ္ဓံသေန္တိ-သမုစ္ဆေဒပဟာန်ဖြင့် အကြွင်းမဲ့ ဖျက်ဆီးတတ်ကုန်၏၊ ဣတိ-ကြောင့်၊ (ထိုသို့စက်ဆုပ်ဖွယ်အကုသိုလ်တရားတို့ကို ပဟာန်၃ပါးတို့ဖြင့် လှုပ်ရှားစေတတ်၊ ဖျက်ဆီးတတ်ကုန်သည်၏အဖြစ်ကြောင့်၊) (တေ ဓမ္မာ)၊ ကုသလာ*-တို့မည်၏။
ဝါ၊ တစ်နည်း၊ (ယေ ဓမ္မာ-တို့သည်၊) ကုစ္ဆိတေန-စက်ဆုပ်အပ်သော၊ (ရွံ့စရာကောင်းသော၊) အာကာရေန-အခြင်းအရာအားဖြင့်၊ (သန္တာနေ၊ သတ္တဝါတို့၏ သန္တာန်၌၊) သယန္တိ၊ ကိန်းတတ်ဖြစ်တတ်ကုန်၏။ ဣတိ၊ ကြောင့်၊ (ထိုသို့စက်ဆုပ်ဖွယ်အခြင်းအရာအားဖြင့် သတ္တဝါတို့၏သန္တာန်၌ ကိန်းတတ်၊ ဖြစ်တတ်ကုန်သည်၏အဖြစ်ကြောင့်၊ တေဓမ္မာ၊) ကုသာ၊ ကုသတို့မည်၏၊ (ယေ ဓမ္မာ-တို့သည်၊) အကုသလသင်္ခါတေ-အကုသိုလ်ဟုဆိုအပ်ကုန်သော၊ တေ ကုသေ-ထိုကုသတရားတို့ကို၊ လုနန္တိ ဆိန္ဒန္တိ-ဖြတ်တတ်ကုန်၏၊ ဣတိ-ကြောင့်၊ (ထိုသို့ကုသမည်သောအကုသိုလ်တရားတို့ကို ဖြတ်တတ်ကုန်သည်၏အဖြစ်ကြောင့်၊) (တေ ဓမ္မာ)၊ ကုသလာ*-ကုသလတို့မည်၏။
ဝါ၊ တစ်နည်း။ ကုစ္ဆိတာနံ၊ စက်ဆုပ်အပ်သောအကုသိုလ်တရားတို့ကို။ သာနတော တနုကရဏတော၊ နည်းပါးအောင်ပြုတတ်သည်၏အဖြစ်ကြောင့်၊ (တဒင်္ဂပဟာန်၊ ဝိက္ခမ္ဘနပဟာန်ဖြင့် နည်းပါးအောင်ပြုတတ်သည်၏အဖြစ်ကြောင့်၊) သာနတော ဩသာနကရဏတော၊ အဆုံးကိုပြုတတ်သည်၏အဖြစ်ကြောင့်၊ (သမုစ္ဆေဒပဟာန်ဖြင့် အဆုံးကိုပြုတတ်သည်၏အဖြစ်ကြောင့်၊) ဉာဏံ၊ ဉာဏ်သည်။ ကုသံ နာမ၊ ကုသမည်၏၊ (ယေ ဓမ္မာ-တို့ကို၊) တေန (ကုသေန)-ထိုဉာဏ်သည်၊ လာတဗ္ဗာ-ယူထိုက်ကုန်၏၊ ဣတိ-ကြောင့်၊ (ထိုသို့ဉာဏ်သည် ယူထိုက်ကုန်သည်၏အဖြစ်ကြောင့်၊) (တေ ဓမ္မာ) ကုသလာ-ကုသလတို့မည်၏၊ ဂဟေတဗ္ဗာ-ယူထိုက်ကုန်၏၊ ပဝတ္တေတဗ္ဗာ-ဖြစ်စေထိုက်ကုန်၏၊ ဣတိ အတ္ထော**-ဤကား လာတဗ္ဗာ၏အနက်တည်း။
ဝါ၊ တစ်နည်း။ ကုသာ၊ သမန်းမြက်တို့သည်။ ဥဘယဘာဂဂတံ၊ ၂ဖက်သောအဖို့၌ဖြစ်သော၊ (ဆုပ်ထားသောလက်၏ အတွင်းဘေး၂ဖက်၌တည်သော၊) ဟတ္ထပ္ပဒေသံ၊ လက်၏အစိတ်အပိုင်းအရပ်ကို။ လုနန္တိ ယထာ၊ ဖြတ်တတ်ကုန်သကဲ့သို့၊ (ရှတတ်ကုန်သကဲ့သို့၊) ဧဝံ၊ ဤအတူ။ ဣမေပိ၊ ဤကုသိုလ်တရားတို့သည်လည်း။ ဥပ္ပန္နာနုပ္ပန္နဘာဝေန၊ ဖြစ်ပြီးသောကိလေသာ၊ မဖြစ်သေးသောကိလေသာတို့၏ အဖြစ်ဖြင့်။ ဥဘယဘာဂဂတံ၊ ၂ဖက်သောအဖို့၌ဖြစ်သော။ ကိလေသပက္ခံ၊ ကိလေသာအသင်းအပင်းကို။ လုနန္တိ၊ ဖြတ်တတ်ကုန်၏။ တသ္မာ၊ ကြောင့်၊ (ထိုသို့သမန်းမြက်ပမာ၊ ၂ဖက်သောကိလေသာတို့ကို ဖြတ်တတ်ကုန်သည်၏အဖြစ်ကြောင့်၊) (ယေ ဓမ္မာ-တို့သည်၊) ကုသာ ဝိယ-သမန်းမြက်တို့ကဲ့သို့၊ လုနန္တိ-ဖြတ်တတ်ကုန်၏၊ ဣတိပိ-ဤအနက်ကြောင့်လည်း၊ (တေ ဓမ္မာ) ကုသလာ**-ကုသလတို့မည်၏။
ပန၊ အဖို့တစ်ပါးကား၊ (တစ်နည်း) ပန၊ ကုသလသဒ္ဒါ၏ဝစနတ္ထမှတစ်ပါး ဓမ္မသဒ္ဒါ၏ဝစနတ္ထကိုဆိုဦးအံ့၊ (ယေ-အကြင်တရားတို့သည်၊) အတ္တနော-မိမိ၏၊ သဘာဝံ-သဘောကို၊ ဓာရေန္တိ-ဆောင်တတ်ကုန်၏၊ ဣတိ-ကြောင့်၊ (ထိုသို့မိမိ၏သဘောကို ဆောင်တတ်ကုန်သည်၏အဖြစ်ကြောင့်၊) တေ-ထိုတရားတို့သည်၊ ဓမ္မာ-ဓမ္မတို့မည်၏၊ ဝါ-တစ်နည်း၊ (ယေ၊ အကြင်တရားတို့ကို၊) ပစ္စယေဟိ၊ အကြောင်းတရားတို့သည်။ ဓရီယန္တိ၊ ဆောင်အပ်ကုန်၏၊ (ဣတိ-ကြောင့်၊ ဝါ-ထိုသို့အကြောင်းတရားတို့သည် ဆောင်အပ်ကုန်သည်၏အဖြစ်ကြောင့်၊ တေ-ထိုတရားတို့သည်၊ ဓမ္မာ-တို့မည်၏၊) ဝါ-တစ်နည်း၊ (ယေ၊ အကြင်တရားတို့ကို၊) ယထာသဘာဝတော၊ အကြင်အကြင်ဟုတ်မှန်သောသဘောအားဖြင့်၊ ဝါ-ဟုတ်မှန်သောသဘောအတိုင်း။ ဓာရီယန္တိ၊ ဆောင်ရွက်မှတ်သားအပ်ကုန်၏။ ဣတိ၊ ထို့ကြောင့်၊ ဝါ-ထိုသို့ဟုတ်မှန်သောသဘောအတိုင်း ဆောင်ရွက်မှတ်သားအပ်ကုန်သည်၏အဖြစ်ကြောင့်၊ (တေ-တို့သည်၊) ဓမ္မာ**-တို့မည်၏။
ကုသလာ၊ ကုသိုလ်တို့သည်။ န၊ မဟုတ်ကုန်။ အကုသလာ၊ ကုသိုလ်တို့မဟုတ်ကုန်။ မိတ္တပဋိပက္ခာ၊ မိတ်ဆွေ၏ဆန့်ကျင်ဘက်ရန်သူတို့သည်။ အမိတ္တာ၊ အမိတ္တတို့မည်သည်။ ဟောန္တိ ဝိယ၊ ဖြစ်ကုန်သကဲ့သို့လည်းကောင်း၊ ဤစကားဖြင့် လောကီဥပမာကိုပြသည်၊ လောဘာဒိပဋိပက္ခာ၊ လောဘအစရှိသည်တို့၏ဆန့်ကျင်ဘက်တရားတို့သည်။ အလောဘာဒယော၊ အလောဘအစရှိသည်တို့မည်သည်။ ဟောန္တိ ဝိယ စ၊ ကဲ့သို့လည်းကောင်း၊ ဤစကားဖြင့် သာသနာဥပမာကိုပြသည်၊ (တထာ) ကုသလပဋိပက္ခာ၊ ကုသိုလ်၏ဆန့်ကျင်ဘက်တရားတို့တည်း။ ဣတိ အတ္ထော၊ ဤကားအနက်။
ယေ ဓမ္မာ၊ အကြင်တရားတို့ကို။ နဗျာကတာ၊ မဟောအပ်ကုန်။ ဣတိ၊ ထိုသို့မဟောအပ်ကုန်သည်၏အဖြစ်ကြောင့်။ တေ ဓမ္မာ၊ ထိုတရားတို့သည်။ အဗျာကတာ၊ အဗျာကတတို့မည်၏၊ (တစ်နည်း) ယေ ဓမ္မာ၊ အကြင်တရားတို့သည်။ ဗျာကတာ၊ ဟောအပ်ပြီးသောတရားတို့သည်။ န၊ မဟုတ်ကုန်။ ဣတိ၊ ထို့ကြောင့်။ တေ ဓမ္မာ၊ ထိုတရားတို့သည်။ အဗျာကတာ၊ အဗျာကတတို့မည်၏။ ကုသလာကုသလဘာဝေန၊ ကုသိုလ်အကုသိုလ်တို့၏အဖြစ်ဖြင့်။ အကထိတာ၊ မဟောအပ်သောတရားတို့တည်း။ ဣတိ အတ္ထော၊ ဤကားအနက်။
ပန၊ ဝစနတ္ထမှတစ်ပါး လက္ခဏတ္ထကိုဆိုဦးအံ့။ တေသု၊ ထိုကုသိုလ်အကုသိုလ်အဗျာကတတို့တွင်။ အနဝဇ္ဇသုခဝိပါကလက္ခဏာ၊ အပြစ်မရှိကုန်၊ ကောင်းသောအကျိုးရှိကုန်သော မှတ်သားကြောင်းလက္ခဏာရှိသောတရားတို့သည်။ ကုသလာ၊ ကုသိုလ်တို့မည်၏၊... (တစ်နည်း) အနဝဇ္ဇသုခဝိပါကလက္ခဏာ၊ အပြစ်မရှိကုန်၊ ကောင်းသောအကျိုးရှိကုန်သော မှတ်သားအပ်သောသဘောတရားတို့သည်။ ကုသလာ၊ ကုသိုလ်တို့မည်၏၊ (တစ်နည်း) အနဝဇ္ဇသုခဝိပါကလက္ခဏာ၊ အပြစ်မရှိကုန်သည်၏အဖြစ်၊ ကောင်းမြတ်သောအကျိုးရှိကုန်သည်၏အဖြစ်ဟူသော မှတ်သားကြောင်းသဘောရှိသောတရားတို့သည်၊ (မှတ်သားအပ်သောသဘောရှိသောတရားတို့သည်၊) ကုသလာ၊ ကုသိုလ်တို့မည်၏။ ဤသို့ ဋီကာအတိုင်း ၃ နည်းပေးပါ၊ မာတိကာအကောက်၌ ပေးကြသောအနက်ကား ဤ ၃ နက်တွင် တတိယအနက်နှင့်သာ ခပ်ဆင်ဆင်တူ၏၊ တိုက်ရိုက်အားဖြင့်ကား မည်သည့်အနက်နှင့်မျှမတူ။
သာဝဇ္ဇဒုက္ခဝိပါကလက္ခဏာ၊ အပြစ်နှင့်တကွဖြစ်ကုန်၊ မကောင်းသောအကျိုးရှိကုန်သော မှတ်သားကြောင်းလက္ခဏာရှိသောတရားတို့သည်။ အကုသလာ၊ အကုသိုလ်တို့မည်၏၊ (တစ်နည်း) သာဝဇ္ဇဒုက္ခဝိပါကလက္ခဏာ၊ အပြစ်နှင့်တကွဖြစ်ကုန်၊ မကောင်းသောအကျိုးရှိကုန်သော မှတ်သားအပ်သောသဘောတရားတို့သည်။ အကုသလာ၊ အကုသိုလ်တို့မည်၏၊ (တစ်နည်း) သာဝဇ္ဇဒုက္ခဝိပါကလက္ခဏာ၊ အပြစ်နှင့်တကွဖြစ်ကုန်သည်၏အဖြစ်၊ မကောင်းသောအကျိုးရှိကုန်သည်၏အဖြစ်ဟူသော မှတ်သားကြောင်းသဘောရှိသောတရား (မှတ်သားအပ်သောသဘောရှိသောတရား) တို့သည်။ အကုသလာ၊ အကုသိုလ်တို့မည်၏။
အဝိပါကလက္ခဏာ၊ အကျိုးမရှိကုန်သော မှတ်သားကြောင်းလက္ခဏာရှိသောတရားတို့သည်။ အဗျာကတာ၊ အဗျာကတတို့မည်၏၊ (တစ်နည်း) အဝိပါကလက္ခဏာ၊ အကျိုးမရှိကုန်သော မှတ်သားအပ်သောသဘောတရားတို့သည်။ အဗျာကတာ၊ အဗျာကတတို့မည်၏၊ (တစ်နည်း) အဝိပါကလက္ခဏာ၊ အကျိုးမရှိကုန်သည်၏အဖြစ်ဟူသော မှတ်သားကြောင်းသဘောရှိသောတရား (မှတ်သားအပ်သောသဘောရှိသောတရား) တို့သည်။ အဗျာကတတို့မည်၏။ အဝိပါကလက္ခဏာ၏ အဓိပ္ပာယ်ကို ဋီကာနိဿယ၌ ရှုပါ။
ပန၊ ပရိဟာရပက္ခမှတစ်ပါး စောဒကပက္ခကိုဆိုဦးအံ့။ ကုသလာတိ ဝါ၊ ကုသိုလ်ဟူသည်လည်းဖြစ်ကုန်သော။ ဓမ္မာတိ ဝါ၊ ဓမ္မာဟူသည်လည်းဖြစ်ကုန်သော။ ဣတိအာဒီနိ၊ ဤသို့အစရှိကုန်သော၊ ဣတိအာဒီနိဟု ဣတိပါလျှင်ကောင်း၏၊ မပါလျှင်ထည့်၊ ဧတာနိ၊ ဤပုဒ်တို့သည်။ ဧကတ္ထာနိ ကိံ၊ တူသောအနက်ရှိကုန်သလော။ ဥဒါဟု၊ သို့မဟုတ်။ နာနတ္ထာနိ ကိံ၊ ကွဲပြားသောအနက်ရှိကုန်သလော။ ဣတိ၊ ဤကားအမေးတည်း။ ဧတ္ထ၊ ဤဧကတ္ထ၏အဖြစ်၊ နာနတ္ထ၏အဖြစ်၌၊ (တယျာ-သင်စောဒကသည်၊) ကိဉ္စိ-တစ်စုံတစ်ခုအပြစ်တင်စကားကို၊ ဝတ္တဗ္ဗံ-ဆိုသင့်သေး၏၊ တေ-သင်၏၊ စောဒနာ-စောဒနာသည်၊ အသမတ္တာ-အပြီးသို့မရောက်သေး၊ (မပြည့်စုံသေး၊) အဝသိဋ္ဌံ-ကြွင်းကျန်သောအပြစ်တင်စကားကို၊ တာဝ ဗြူဟိ**-ဆိုပါဦးလော။
ဧတာနိ၊ ဤကုသလာဓမ္မာအစရှိသောပုဒ်တို့သည်။ တာဝ၊ နာနတ္ထမှရှေးဦးစွာ၊ (နိဒ္ဒိဋ္ဌာနိ-ညွှန်ပြအပ်ကုန်သော၊) ဧကတ္ထာနိ-တူသောအနက်ရှိကုန်သည်၊ ယဒိ ဟောန္တိ-အကယ်၍ဖြစ်ကုန်အံ့၊ (ဧဝံ သန္တေသု၊ ဤသို့ဖြစ်ကုန်လသော်၊) ကုသလာ ဓမ္မာတိ ဣဒံ၊ ကုသလာဓမ္မာဟူသော ဤ၂ပုဒ်အပေါင်းသည်။ ကုသလာ ကုသလာတိ၊ ကုသလာကုသလာဟူ၍။ ဝုတ္တသဒိသံ၊ ဆိုအပ်သောပုဒ်၂ပါးနှင့်တူသည်။ ဟောတိ၊ ဖြစ်သည်မဟုတ်လော။ အထ၊ သို့မဟုတ်။ ဧတာနိ၊ ဤကုသလာဓမ္မအစရှိသောပုဒ်တို့သည်။ နာနတ္ထာနိ၊ ကွဲပြားသောအနက်ရှိကုန်သည်။ ယဒိ ဟောန္တိ၊ အကယ်၍ဖြစ်ကုန်အံ့၊ (ဧဝံ သန္တေသု)။ တိကဒုကာနံ၊ တိက်ဒုက်တို့၏။ ဆက္ကစတုက္ကဘာဝေါ၊ ဆက္က၏အဖြစ် စတုက္က၏အဖြစ်သည်။ အာပဇ္ဇတိ၊ ဖြစ်သည်မဟုတ်လော။ ရှေးနိဿယ၌ "ဧကတ္ထနာနတ္ထတာသု-တူသောအနက်ရှိသည်၏အဖြစ်၊ ထူးသောအနက်ရှိသည်၏အဖြစ်တို့တွင်၊ ဧကတ္ထတာယံ-တူသောအနက်ရှိသည်၏အဖြစ်၌၊ ဒေါသော-အပြစ်ကို၊ တာဝ-ရှေးဦးစွာ၊ မယာ-ငါသည်၊ ဝုစ္စတေ-ဆိုအံ့" ဟုပေး၏။
ပဒါနံ၊ ကုသလာနှင့်ဓမ္မာအစရှိသောပုဒ်တို့၏။ အသမ္ဗန္ဓော စ၊ အနက်အဓိပ္ပာယ်အားဖြင့် မဆက်သွယ်ခြင်းဟူသောအပြစ်သည်လည်း။ အာပဇ္ဇတိ၊ ဖြစ်သည်မဟုတ်လော။ ဟိ၊ ဥပမာဆောင်ထင်အောင်ပြအံ့။ ကုသလာ၊ ကုသိုလ်တို့။ ရူပံ၊ ရူပါရုံ။ စက္ခုမာ၊ မျက်စိအမြင်ရှိသူ။ ဣတိ၊ ဤသို့။ ဝုတ္တေ၊ ဆိုအပ်သော်၊ (ဆိုအပ်ရာ၌၊) အတ္ထဝသေန၊ အနက်အဓိပ္ပာယ်၏အစွမ်းအားဖြင့်။ အညမညံ၊ အချင်းချင်း၊ (တစ်ပုဒ်တစ်ပုဒ်ကို၊) အနဝလောကေန္တာနံ၊ မရှုငဲ့ကုန်သော။ ပဒါနံ၊ ပုဒ်တို့၏။ ကောစိ၊ တစ်စုံတစ်ခုသော။ သမ္ဗန္ဓော၊ ဆက်သွယ်ခြင်းသည်။ န ဟောတိ ယထာ၊ မဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ဣဓာပိ၊ ဤတိက်ဒုက်အရာ၌လည်း။ ပဒါနံ၊ ကုသလာဓမ္မာအစရှိသောပုဒ်တို့၏။ အသမ္ဗန္ဓော၊ အနက်အဓိပ္ပာယ်အားဖြင့် မဆက်သွယ်ခြင်းဟူသောအပြစ်သည်။ အာပဇ္ဇတိ၊ ဖြစ်သည်မဟုတ်ပါလော။ စ၊ ဆက်။ ပုဗ္ဗာပရသမ္ဗန္ဓရဟိတာနိ၊ ရှေ့နောက်ပုဒ်တို့၏စပ်ခြင်းမှကင်းကုန်သော။ ပဒါနိ၊ ပုဒ်တို့သည်။ နိပ္ပယောဇနာနိ နာမ၊ အကျိုးမရှိသောပုဒ်တို့မည်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
စ၊ သည်သာမကသေး။ ပရတော၊ နောက်၌။ ကတမေ ဓမ္မာ ကုသလာတိ၊ ဟူသော။ ယာ ဧသာ ပုစ္ဆာ၊ အကြင်ပုစ္ဆာသည်၊ (အတ္ထိ)။ တာယပိ၊ ထိုပုစ္ဆာနှင့်လည်း။ သဒ္ဓိံ၊ တကွ။ ဝိရောဓော၊ ဆန့်ကျင်ခြင်းဟူသောအပြစ်သည်။ အာပဇ္ဇတိ၊ ဖြစ်သည်မဟုတ်ပါလော။ ဟိ၊ မှန်၊ (တစ်နည်း) ဟိ ယသ္မာ၊ ကြောင့်၊ (နာနတ္ထတံ-နာနတ္ထတို့၏အဖြစ်ကို၊ ဝဒန္တဿ-ဆိုလိုသော၊ တဝ-အသင်ပရိဟာရ်ဆရာ၏၊ မတိယာ-အလိုအားဖြင့်၊) ဓမ္မာ-ဓမ္မတို့သည်၊ ကုသလာ-ကုသိုလ်တို့သည်၊ နေဝ ဟောန္တိ-မဟုတ်ကုန်တော့၊ (တသ္မာ၊ ထို့ကြောင့်၊ ဝိရောဓော-သည်၊ အာပဇ္ဇတိ-လော၊) အထ စ ပန၊ ထိုသို့ရှေ့နောက်ဆန့်ကျင်စရာရှိပါသော်လည်း၊ (ဘဂဝတာ-သည်၊) ကတမေ ဓမ္မာ ကုသလာတိ-ဟူသော၊ ဣဒံ-ဤပုစ္ဆာစကားကို၊ ဝုစ္စတိ-ဟောတော်မူအပ်၏၊ (ဟောတော်မူလျက်ရှိ၏၊) (ဣတိ၊ ကြောင့်၊ နာနတ္ထတာ-နာနတ္ထတို့၏အဖြစ်သည်။ န ယုဇ္ဇတိ၊ မသင့်။)
အပရော နယော၊ အခြားတစ်နည်းကား။ ဧတာနိ၊ ဤကုသလာနှင့်ဓမ္မာစသော ၂ပုဒ်စီတို့သည်။ ဧကတ္ထာနိ၊ တူသောအနက်ရှိကုန်သည်။ ယဒိ ဟောန္တိ၊ ကုန်အံ့၊ (ဧဝံ ဟောန္တေသု)။ တိဏ္ဏံ၊ ၃ပါးကုန်သော။ ဓမ္မာနံ၊ ဓမ္မတို့၏။ ဧကတ္တာ၊ တူကုန်သည်၏အဖြစ်ကြောင့်။ ကုသလာဒီနမ္ပိ၊ ကုသိုလ်အစရှိသည်တို့၏လည်း။ ဧကတ္တံ၊ တူကုန်သည်၏အဖြစ်သည်။ အာပဇ္ဇတိ၊ ဖြစ်သည်မဟုတ်လော။ ဟိ၊ ချဲ့၊ (တစ်နည်း) ဟိ ယသ္မာ၊ ကြောင့်။ ကုသလာဒိပဒါနံ၊ ကုသလာအစရှိသည်တို့၏နောက်ဖြစ်ကုန်သော။ တိဏ္ဏမ္ပိ၊ ၃ပါးလည်းဖြစ်ကုန်သော။ ဓမ္မာနံ၊ ဓမ္မတို့၏။ ဓမ္မဘာဝေန၊ ဓမ္မတို့၏အဖြစ်ဖြင့်။ ဧကတ္တံ၊ သည်၊ (ဟောတိ)။ တသ္မာ၊ ကြောင့်။ ဓမ္မတ္တယေန၊ ဓမ္မ၃ပါးအပေါင်းနှင့်။ သဒ္ဓိံ အတ္ထတော၊ အနက်အရအားဖြင့်။ နိန္နာနတ္ထာနံ၊ နာနတ္ထမဟုတ်ကြကုန်သော၊ ဝါ-ကွဲပြားသောအနက်မရှိကြကုန်သော။ ကုသလာဒီနမ္ပိ၊ ကုသိုလ်အစရှိသော ၃မျိုးတို့၏လည်း။ ဧကတ္တံ၊ သည်။ အာပဇ္ဇတိ၊ ဖြစ်သည်မဟုတ်လော၊ (ကိံ-နည်း၊) ယံ-အကြင်တရားသည်၊ ကုသလံ-ကုသိုလ်မည်၏၊ တံ ဧဝ-ထိုကုသိုလ်မည်သောတရားသည်ပင်၊ ယဒေဝမှ ဧဝယူ၍ပေးသည်၊ အကုသလံ-အကုသိုလ်မည်၏၊ တံ ဧဝ-ထိုကုသိုလ်မည်သောတရားသည်ပင်၊ အဗျာကတံ-မည်၏၊ ဣတိ-သို့၊ (ဧကတ္တံ၊ တူကုန်သည်၏အဖြစ်သည်၊ အာပဇ္ဇတိ-၏။)
အထာပိ - သို့မဟုတ်လျှင်လည်း။ တိဏ္ဏံ၊ ကုန်သော။ ဓမ္မာနံ၊ တို့၏။ ဧကတ္တံ၊ တူကုန်သည်၏အဖြစ်ကို၊ (ယဒိ) နသမ္ပဋိစ္ဆထ - အကယ်၍ ဝန်မခံကုန်အံ့၊ ကုသလပရော - ကုသိုလ်၏ နောက်ဖြစ်သော။ ဓမ္မော၊ ဓမ္မသည်။ အညောဝ၊ အကုသလပရဓမ္မ၊ အဗျာကတပရဓမ္မတို့မှ တစ်မျိုးတခြားသာတည်း၊ အကုသလပရော - အကုသလာ၏ နောက်ဖြစ်သော။ ဓမ္မော၊ သည်။ အညောဧဝ၊ ကုသလပရဓမ္မ၊ အဗျာကတပရဓမ္မတို့မှ တစ်မျိုးတခြားသာတည်း၊ ဟူ၍ ရှေ့မှ ဧဝ လိုက်စေ။
အဗျာကတပရော - အဗျာကတာ၏ နောက်ဖြစ်သော။ ဓမ္မော၊ သည်။ အညောဧဝ၊ ကုသလပရဓမ္မ၊ အကုသလပရဓမ္မတို့မှ တစ်မျိုးတခြားသာတည်း။ ဣတိ၊ သို့၊ ယဒိ ဝဒထ - အကယ်၍ ဆိုလိုကုန်အံ့။
ဧဝံသန္တေ၊ ဤသို့ဖြစ်လသော်၊ (ဓမ္မ ၃ ခု၏ ဧကတ္ထအဖြစ်ကို လက်မခံဘဲ နာနတ္ထအဖြစ်ကို ဆိုလိုလသော်၊) ဓမ္မောနာမ၊ ဓမ္မမည်သည်။ ဘာဝေါ၊ ပရမတ္ထသဘာဝတည်း။ ဘာဝတောစ၊ ပရမတ္ထသဘာဝမှလည်း။ အညော၊ တစ်ပါးတခြားဟူသည်။ အဘာဝေါ၊ အဘာဝပညတ်တည်း။ ဣတိ၊ ကြောင့်၊ ကုသလပရာ - ကုသလာ၏ နောက်ဖြစ်သော။ ဘာဝသင်္ခါတာ၊ ပရမတ္ထသဘာဝဟု ဆိုအပ်သော။ ဓမ္မာ၊ တရားမှ။ အညော၊ တစ်ပါးတခြားသော၊ အကုသလပရော - အကုသလာ၏ နောက်ဖြစ်သော။ ဓမ္မော၊ သည်။ အဘာဝေါ၊ အဘာဝပညတ်သည်။ သိယာ၊ ဖြစ်ရာ၏၊ အဗျာကတပရော - အဗျာကတာ၏ နောက်ဖြစ်သော၊ (ဓမ္မော) ပိ - တရားသည်လည်း။ တထာ၊ ထို့အတူ အဘာဝပညတ်သည်၊ (သိယာ - ၏၊) စ၊ ဆက်။ တေဟိ၊ ထိုအကုသလအဗျာကတပရဓမ္မတို့မှ။ အညော၊ တစ်ပါးတခြားသော၊ ကုသလပရော - သော၊ (ဓမ္မော) ပိ - တရားသည်လည်း၊ (အဘာဝေါ၊ သိယာ)။ ဧဝံ၊ သို့။ အဘာဝတ္တံ၊ အဘာဝပညတ်တို့၏ အဖြစ်သို့။ အာပန္နေဟိ၊ ရောက်ကုန်သော။ ဓမ္မေဟိ၊ တရားတို့မှ။ အနညေ၊ တစ်မျိုးတခြားမဟုတ်ကုန်သော၊ ကုသလာဒယောပိ - ကုသိုလ်အစရှိသော တရားတို့သည်လည်း။ အဘာဝါယေဝ၊ အဘာဝပညတ်တို့ချည်းသာ။ သိယုံ၊ ဖြစ်ကုန်ရာသည်မဟုတ်လော။ ဣတိ၊ ဤကား စောဒနာတည်း။
သဗ္ဗံ၊ အလုံးစုံသော။ ဧတံ၊ ဤပုနရုတ္တိဒေါသ၊ ဆက္ကစတုက္ကဘာဝါပတ္တိဒေါသ၊ အသမ္ဗန္ဓဒေါသ၊ ဝိရောဓဒေါသ၊ အဘာဝါပတ္တိဒေါသတို့ကို တင်ခြင်း၏ အကြောင်းသည်။ အကာရဏံ၊ သင့်သောအကြောင်းမဟုတ်။ ကသ္မာ၊ နည်း။ ယထာနုမတိဝေါဟာရသိဒ္ဓိတော၊ အကြင်အကြင် ပညာရှိအများ၏ အသိအမှတ်ပြုခြင်းအားဖြင့် ခေါ်ဝေါ်ပြောဆိုကြောင်း သဒ္ဒါ၏ ပြီးစီးခြင်းကြောင့်တည်း။
ဟိ၊ ချဲ့၊ (တစ်နည်း) ဟိယသ္မာ - ကြောင့်၊ ဟူ၍ နောက်၌ တသ္မာယဒေတံ စသည် ရှိလတ္တံ့။ ဝေါဟာရော၊ ခေါ်ဝေါ်ပြောဆိုကြောင်း သဒ္ဒါသည်၊ (သိဒ္ဓေါ၌ ပဓာနအဖြစ်ဖြင့်စပ်၊) ဝါ၊ ကို၊ (အနုမတော၊ သမ္ပဋိစ္ဆိတောတို့၌ အပဓာနအဖြစ်ဖြင့်စပ်၊) ယထာယထာ၊ အကြင်အကြင် အခြင်းအရာအားဖြင့်။ အတ္ထေသု၊ အနက်တို့၌။ အနုမတော၊ ပညာရှိတို့ လျော်စွာ အသိအမှတ်ပြုအပ်ပြီ။ ဝါ၊ ခွင့်ပြုအပ်ပြီ။ သမ္ပဋိစ္ဆိတော၊ လက်ခံအပ်ပြီ။ တထာတထေဝ၊ ထိုထိုအခြင်းအရာအားဖြင့်သာလျှင်။ သိဒ္ဓေါ၊ ပြီးစီး၏။ စ၊ ဆက်။ ကုသလာဓမ္မာတိအာဒီသု၊ ကုသလာဓမ္မာ အစရှိသော ပါဠိရပ်တို့၌။ ကုသလပုဗ္ဗာ၊ ရှေး၌ ကုသလာသဒ္ဒါရှိသော။ အယံ ဓမ္မာဘိလာပေါ၊ ဤဓမ္မသဒ္ဒါကိုလည်းကောင်း။ ဓမ္မပရော၊ နောက်၌ ဓမ္မသဒ္ဒါရှိသော။ အယံကုသလာဘိလာပေါစ၊ ဤကုသလသဒ္ဒါကိုလည်းကောင်း၊ ကုသလာကုသလာတိ - ကုသလာကုသလာဟူသော ၂ ပုဒ်ကို၊ (အတ္ထဝိသေသာဘာဝေန - အနက်အထူးမရှိသည်၏အဖြစ်ဖြင့်၊ ပဏ္ဍိတေဟိ - ပညာရှိတို့သည်၊ သမ္ပဋိစ္ဆိတော) ယထာ၊ လက်ခံအပ်သကဲ့သို့။ ဧဝံ၊ တူ၊ အတ္ထဝိသေသာဘာဝေန - ဖြင့်၊ ပဏ္ဍိတေဟိ - တို့သည်။ နသမ္ပဋိစ္ဆိတော၊ လက်ခံအပ်သည်မဟုတ်။ စ၊ သည်သာမကသေး၊ ကုသလာရူပံစက္ခုမာသဒ္ဒါဝိယ - ကုသလာရူပံစက္ခုမာသဒ္ဒါတို့ကဲ့သို့။ အညမညံ၊ အချင်းချင်း၊ အနောလောကိတတ္ထဘာဝေန - မရှုငဲ့အပ်သောအနက်ရှိကုန်သည်၏အဖြစ်ဖြင့်။ နသမ္ပဋိစ္ဆိတော၊ လက်ခံအပ်သည်လည်းမဟုတ်။ ဟူ၍ သမ္ပဋိစ္ဆိတော၏ ကံကို "ကုသလပုဗ္ဗောဓမ္မာဘိလာပေါဓမ္မပရောစကုသလာဘိလာပေါ" ဟု လိုက်စေ။
ပန၊ အနွယကား။ ဧတ္ထ၊ ဤကုသလာဓမ္မာ အစရှိသော သဒ္ဒါတို့တွင်။ ကုသလသဒ္ဒေါ၊ ကို၊ အနဝဇ္ဇသုခဝိပါကသင်္ခါတဿ - အနဝဇ္ဇသုခဝိပါကဟု ဆိုအပ်သော။ အတ္တဿ၊ အနက်ကို။ ဇောတကဘာဝေန၊ ထွန်းပြတတ်သည်၏အဖြစ်ဖြင့်။ သမ္ပဋိစ္ဆိတော၊ လက်ခံအပ်ပြီ။ အကုသလသဒ္ဒေါ၊ ကို၊ သာဝဇ္ဇဒုက္ခဝိပါကတ္ထဇောတကတ္တေန - သာဝဇ္ဇဒုက္ခဝိပါကအနက်ကို ထွန်းပြတတ်သည်၏အဖြစ်ဖြင့်၊ (သမ္ပဋိစ္ဆိတော - ပြီ၊) အဗျာကတသဒ္ဒေါ၊ ကို၊ အဝိပါကတ္ထဇောတကတ္တေန - အဝိပါကအနက်ကို ထွန်းပြတတ်သည်၏အဖြစ်ဖြင့်၊ (သမ္ပဋိစ္ဆိတော)။ ဓမ္မသဒ္ဒေါ၊ ကို၊ သဘာဝသာဓာရဏာဒိအတ္ထဇောတကတ္ထေန - သဘာဝဓာရဏအစရှိသော အနက်ကို ထွန်းပြတတ်သည်၏အဖြစ်ဖြင့်၊ (သမ္ပဋိစ္ဆိတော)။ သော၊ ထိုဓမ္မသဒ္ဒါသည်။ ဧတေသံ၊ ဤကုသလာအကုသလာအဗျာကတာသဒ္ဒါတို့တွင်။ အညတရာနန္တရေ၊ တစ်ပါးတစ်ပါး၏ အခြားမဲ့၌။ ဝုစ္စမာနော၊ ဆိုအပ်သော်။ အတ္တနော၊ မိမိဟူသော ဓမ္မသဒ္ဒါ၏။ အတ္ထသာမညံ၊ သဘာဝဓာရဏအစရှိသော အနက်သာမညကို။ ဒီပေတိ၊ ပြ၏။ ဟိ၊ မှန်။ သဗ္ဗေဝ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော။ ဧတေ၊ ဤကုသိုလ်၊ အကုသိုလ်၊ အဗျာကတတို့သည်။ သဘာဝဓာရဏာဒိနာ၊ မိမိသဘောကိုဆောင်ခြင်း အစရှိသော။ လက္ခဏေန၊ အားဖြင့်။ ဓမ္မာ၊ ဓမ္မတို့မည်၏။
စ၊ သည်သာမကသေး၊ ကုသလာဒိသဒ္ဒါအပိ - ကုသလာအစရှိသော သဒ္ဒါတို့သည်လည်း။ ဓမ္မသဒ္ဒဿ၊ ၏။ ပုရတော၊ ရှေ့၌။ ဝုစ္စမာနာ၊ ဆိုအပ်ကုန်လသော်။ အတ္တနော၊ မိမိမိမိ၏၊ (မိမိဟူသော ကုသလာ၊ အကုသလာ၊ အဗျာကတာသဒ္ဒါ၏၊) အတ္ထဝိသေသံ၊ အနက်အထူးကို။ တဿ၊ ထိုဓမ္မသဒ္ဒါ၏ (အတွက်)။ ဒီပေန္တိ၊ ပြကြကုန်၏။ ဟိ၊ မှန်။ ဓမ္မော၊ ဓမ္မဟူသည်။ ကုသလောဝါ၊ ကုသိုလ်သည်သော်လည်း။ ဟောတိ၊ ဖြစ်၏။ အကုသလောဝါ၊ အကုသိုလ်သည်သော်လည်း။ ဟောတိ၊ ၏။ အဗျာကတောဝါ၊ သည်သော်လည်း၊ ဟောတိ၊ ဟူ၍ ဆိုအပ်ပြီးသော စကားကို နိဂုံးချုပ်လို၍ "ဧဝံ၊ ပေ၊ သမ္ပဋိစ္ဆိတာ" ဟု မိန့်။ ဧဝံ၊ သို့။ ဧတေ၊ ဤကုသလာအကုသလာအဗျာကတာသဒ္ဒါတို့ကို။ ဝိသုံဝိသုံ၊ အသီးအသီး။ ဝုစ္စမာနာ၊ ဆိုအပ်ကုန်လသော်၊ အတ္တနောအတ္တနော - ၏။ အတ္ထမတ္တဒီပကတ္တေန၊ အနက်မျှကို ပြတတ်ကုန်သည်၏အဖြစ်ဖြင့်။ သမ္ပဋိစ္ဆိတာ၊ လက်ခံအပ်ကုန်ပြီ၊ ဟူ၍ ဓမ္မ၏အနက် မပါသောကြောင့် "အတ္တနောအတ္ထမတ္တ" ဟု ဆိုသည်။ ဓမ္မသဒ္ဒေန၊ နှင့်။ သဟ၊ အတူ။ ဝုစ္စမာနာ၊ သော်၊ အတ္တနောအတ္တနော - ၏။ အတ္ထသာမညံ၊ အနက်သာမညကိုလည်းကောင်း၊ (သဘာဝဓာရဏဟူသော အနက်သာမညကိုလည်းကောင်း၊) အတ္ထဝိသေသံဝါ၊ အနက်ဝိသေသကိုလည်းကောင်း၊ (အနဝဇ္ဇသုခဝိပါကဟူသော အနက်ဝိသေသကိုလည်းကောင်း၊) ဒီပကတ္တေန၊ ပြတတ်ကုန်သည်၏အဖြစ်ဖြင့်။ လောကေ၊ ၌။ ပဏ္ဍိတေဟိ၊ တို့သည်။ သမ္ပဋိစ္ဆိတာ၊ ကုန်ပြီ၊ ဟူ၍ "ကုသလသဒ္ဒေါ ပန၊ ပေ၊ ဇောတကတ္တေန" ဟူသော ဤဝါကျကား အနွယဝါကျဖြစ်သော ဝိတ္ထာရအဆက်ပင်တည်း၊ ဤဝါကျ၌ နိဿယအတိုင်းပင် အဓိပ္ပာယ်သိသာပြီ၊ ဝေါဟာရောဟိမှစ၍ သမ္ပဋိစ္ဆိတာတိုင်အောင် ကာရဏဝါကျ၏ အကျိုးဖလကို ပြလိုသောကြောင့် "တသ္မာ" စသည်ကို မိန့်၊ ဤတသ္မာသည် ဝေါဟာရသိဒ္ဓိတော၌ တောပစ္စည်း၏ အနက်ပင်တည်း။ တသ္မာ၊ ကြောင့်။ ဝါ၊ ထိုသို့ ပညာရှိအများတို့ ခွင့်ပြုအပ်သည်အားလျော်စွာ ဝေါဟာရ၏ ပြီးစီးခြင်းကြောင့်။ ဧတ္ထ၊ ဤကုသလတိက်အရာ၌၊ ဧကတ္ထနာနတ္ထံတံ - ဧကတ္ထနာနတ္ထတို့၏ အဖြစ်ကို။ ဝိကပ္ပေတွာ၊ ကြံကြံဖန်ဖန်ပြုလုပ်၍၊ ယဒေတံဒေါသာရောပနကာရဏံ - အကြင်အပြစ်တင်ခြင်း၏ အကြောင်းကို။ ဝုတ္တံ၊ ဆိုအပ်ပြီ။ သဗ္ဗံ၊ အလုံးစုံသော၊ ဧတံ (ဒေါသာရောပနကာရဏံ) - ဤအပြစ်တင်ခြင်း၏ အကြောင်းသည်။ အကာရဏံ၊ သင့်သောအကြောင်းမဟုတ်။
အယံ၊ ဤဆိုအပ်ပြီးကား။ တာဝ၊ ဝေဒနာတိက်စသည်တို့မှ ရှေးဦးစွာ၊ (ဝုတ္တဿ - မြတ်စွာဘုရားဟောတော်မူအပ်သော၊) ကုသလတ္တိကဿ၊ ကုသလတိက်၏။ အနုပုဗ္ဗပဒဝဏ္ဏနာ၊ အစဉ်အတိုင်းဖြစ်သော ပုဒ်တို့၏ အဖွင့်တည်း။ ဤမိနာဝနယေန၊ ဤနည်းဖြင့်သာလျှင်။ သေသတ္တိကဒုကာနမ္ပိ၊ ကုသလတိက်မှ ကြွင်းသော တိက်ဒုက်တို့၏လည်း။ နယော၊ နည်းကို။ ဝေဒိတဗ္ဗော၊ ၏၊ ဟူ၍ "ဣမိနာဝ နယေန" စသည်၏ အဓိပ္ပာယ်မှာ ဋီကာ၌ တိုက်ရိုက်ပြထားပြီ၊ ဋီကာနိဿယ၌ ရှုပါ။ ပန၊ ဆက်။ ဣတော၊ ဤကုသလတိက်မှ။ ပရံ၊ နောက်၌။ ဝိသေသမတ္တမေဝ၊ ထူးသောပုဒ်အနက်မျှကိုသာ။ ဝက္ခာမ၊ ဆိုကုန်တော့အံ့။ ဟူ၍ "အပ္ပေဝဓာရဏေ မတ္တံ" နှင့်အညီ မတ္တသဒ္ဒါသည် အပ္ပအနက်ကို ဟော၏၊ ဧဝသဒ္ဒါကား အဝဓာရဏအနက်ကို ဟော၏။
ကုသလတိက်ဖွင့်ပြီး၏။
သုခါယဝေဒနာယာတိအာဒီသု၊ သုခါယဝေဒနာယ အစရှိသော ပုဒ်တို့၌။ တာဝ၊ ဝေဒနာသဒ္ဒါမှ ရှေးဦးစွာ၊ (ဝုတ္တော - ဟောတော်မူအပ်သော၊) သုခသဒ္ဒေါ၊ သုခသဒ္ဒါသည်။ ဝါ၊ ကို၊ သုခဝေဒနာ၊ ပေ၊ အဗျာပဇ္ဈနိဗ္ဗာနာဒီသု - သုခဝေဒနာဟူသော အနက်၊ သုခ၏အကြောင်းရင်းအခြေခံဟူသော အနက်၊ ကောင်းသော ဣဋ္ဌအာရုံဟူသော အနက်၊ သုခ၏ ဇနကအကြောင်းဟူသော အနက်၊ သုခ၏ ဥပတ္ထမ္ဘကအကြောင်းဖြစ်သော ဣဋ္ဌရူပါရုံစသည်တို့၏ တည်ရာဌာနဟူသော အနက်၊ စိတ်ကိုညှဉ်းပန်းနှိပ်စက်တတ်သော နီဝရဏစသည်မရှိသော ပထမဈာန်အစရှိသော သုခဝိဟာရဟူသော အနက်၊ နိဗ္ဗာန်ဟူသော အနက်အစရှိသော အနက်တို့၌။ ဒိဿတိ၊ ထင်ရှား၏၊ (ရှုအပ်၏။) ဟူ၍ သုခမူလံကို သုခ၏ဝေးသောအကြောင်းဟူသောအနက်ဟုလည်းကောင်း၊ သုခဟေတုကို သုခ၏နီးသောအကြောင်းဟူသောအနက်ဟုလည်းကောင်း ရှေးနိဿယ၌ပေး၏။
ဟိ၊ ချဲ့။ အယံ၊ ဤသုခသဒ္ဒါသည်။ ဝါ၊ ကို၊ သုခဿစပဟာနာတိအာဒီသု - အစရှိသော ပါဠိရပ်တို့၌။ သုခဝေဒနာယံ၊ သုခဝေဒနာဟူသော အနက်၌။ ဒိဿတိ၊ ၏။ ဟူ၍ သုခဿ - သုခိန္ဒြေကို၊ ပဟာနာစ - ပယ်ခြင်းကြောင့်လည်းကောင်း။ ဟူ၍ အယံဟိမှ အယံပုဒ်ကို ဝါကျတိုင်းလိုက်စေ။
(အယံ - ဤသုခသဒ္ဒါသည်၊ ဝါ - ကို၊) သုခါ၊ ပေ၊ လောကေတိအာဒီသု - အစရှိသော ပါဠိရပ်တို့၌။ သုခမူလေ၊ သုခ၏အကြောင်းရင်းအခြေခံဟူသော အနက်၌၊ (ဒိဿတိ)၊ ဟူ၍ ဗုဒ္ဓါနံ - ဘုရားရှင်တို့၏၊ ဥပ္ပဒေါ - ပွင့်တော်မူရာ နဝမခဏသည်၊ သုခေါ - ချမ်းသာ၏၊ (ချမ်းသာခြင်း၏ အကြောင်းရင်းအခြေခံဖြစ်၏၊) လောကေ - ၌၊ ဝိရာဂတာ - ကာမကိုမတပ်မက်သူ၏ဖြစ်ကြောင်းဖြစ်ရာ အနာဂါမိမဂ်သည်၊ သုခါ - ချမ်းသာ၏၊ (ချမ်းသာခြင်း၏ အကြောင်းရင်းအခြေခံဖြစ်၏။)
(အယံ) ယသ္မာစခေါ၊ ပေ၊ သုခါဝက္ကန္တန္တိအာဒီသု - အစရှိသော ပါဠိရပ်တို့၌။ သုခါရမဏေ၊ သုခအာရုံဟူသော အနက်၌၊ (ကောင်းသော ဣဋ္ဌအာရုံဟူသော အနက်၌၊) (ဒိဿတိ)။ ဟူ၍ မဟာလိ - မဟာလိ၊ ယသ္မာ - ကြောင့်၊ ရူပံ - ရူပါရုံသည်၊ သုခံ - သုခတည်း၊ (ကောင်းသော ဣဋ္ဌာရုံတည်း၊) သုခါနုပတိတံ - သုခသည် အစဉ်လိုက်အပ်၏၊ သုခါဝက္ကန္တံ - သုခသည် သက်ရောက်အပ်၏။
(အယံ) သုခေဿတံ၊ ပေ၊ ပုညာနီတိအာဒီသု - အစရှိသော ပါဠိရပ်တို့၌။ သုခဟေတုမှိ၊ သုခ၏ ဇနကအကြောင်းဟူသော အနက်၌၊ (ဒိဿတိ)၊ ဟူ၍ ဘိက္ခဝေ - တို့၊ ပုညာနီတိ - ပုညာနိဟူသော၊ ယဒိဒံ (ဝစနံ) - အကြင်သဒ္ဒါသည်၊ (အတ္ထိ)၊ ဧတံ - ဤပုညာနိဟူသော သဒ္ဒါသည်၊ သုခဿ - ဣဋ္ဌအကျိုးဖြစ်သော ဝိပါက်နာမက္ခန္ဓာ၊ ကမ္မဇရုပ်ကို၊ အဓိဝစနံ - ဟောသော သဒ္ဒါတည်း။
(အယံ - သည်၊ ဝါ - ကို၊) ယာဝဉ္စိဒံ၊ ပေ၊ နန္ဒနန္တိအာဒီသု - အစရှိသော ပါဠိရပ်တို့၌။ သုခပစ္စယဋ္ဌာနေ၊ သုခ၏ ဥပတ္ထမ္ဘကအကြောင်းဖြစ်သော ဣဋ္ဌရူပါရုံစသည်တို့၏ တည်ရာဌာနဟူသော အနက်၌၊ (ဒိဿတိ)။ ဟူ၍ ဘိက္ခဝေ - တို့၊ ယာဝ - အကြင်မျှလောက်၊ ဣဒံဣမေသဂ္ဂါ - ဤနတ်ပြည်တို့သည်၊ သုခါ - ချမ်းသာကုန်၏၊ (ချမ်းသာခြင်း၏ အကြောင်းဖြစ်သော ဣဋ္ဌရူပါရုံစသည်တို့၏ တည်ရာဌာနဖြစ်ကုန်၏၊) (တာဝ - ထိုချမ်းသာလောက်၊) အက္ခာနေန - ပြောပြခြင်းဖြင့်၊ ပါပုဏိတုံ - အပြီးသို့ရောက်ခြင်းငှာ၊ နသုကရံ - အလွယ်တကူမပြုအပ်၊ (မလွယ်ကူ၊) ယာဝ - အလွန်အကဲသာလျှင်၊ သဂ္ဂါ - နတ်ပြည်တို့သည်၊ သုခါ - ချမ်းသာကုန်၏၊ ဝါ - ကုန်၏၊ ယေ - အကြင်သူတို့သည်၊ နန္ဒနံ - နန္ဒနဥယျာဉ်ကို၊ နပဿန္တိ - မမြင်ကြရကုန်၊ တေ - ထိုနန္ဒနဥယျာဉ်ကို မမြင်ရသူအများလူတို့သည်၊ သုခံ - သုခကို၊ (သုခ၏ ဥပတ္ထမ္ဘကအကြောင်းဖြစ်သော ဣဋ္ဌရူပါရုံစသည်တို့၏ တည်ရာဌာနကို၊) နပဇာနန္တိ - အပြားအားဖြင့် မသိနိုင်ကုန်။
(အယံ) ဒိဋ္ဌဓမ္မေ၊ ပေ၊ ဓမ္မာတိအာဒီသု - အစရှိသော ပါဠိရပ်တို့၌။ အဗျာဗဇ္ဈေ၊ အဗျာဗဇ္ဈအနက်၌၊ ဝါ - စိတ်ကိုညှဉ်းပန်းနှိပ်စက်တတ်သော နီဝရဏစသည်မရှိသော ပထမဈာန်အစရှိသော သုခဝိဟာရဟူသော အနက်၌၊ (ဒိဿတိ)၊ ဟူ၍ ဧတေ ဓမ္မာ - ဤပထမဈာန်အစရှိသော တရားတို့သည်၊ ဒိဋ္ဌဓမ္မေ - မျက်မှောက်ထင်ထင် ရှုမြင်အပ်သော သဘောဟူသော ပစ္စုပ္ပန်အတ္တဘော၌၊ သုခဝိဟာရာ - သုခဖြစ်သော နေကြောင်းတရားတို့တည်း။
(အယံ) နိဗ္ဗာနံပရမံသုခန္တိအာဒီသု - အစရှိသော ပါဠိရပ်တို့၌။ နိဗ္ဗာနေ၊ နိဗ္ဗာန်ဟူသော အနက်၌၊ (ဒိဿတိ)၊ ဟူ၍ နိဗ္ဗာနံ - နိဗ္ဗာန်သည်၊ ပရမံ - အလွန်မြတ်ဆုံးဖြစ်သော၊ သုခံ - သုခတည်း။ ပန၊ အတ္ထုဒ္ဓါရသာမညမှတစ်ပါး၊ အတ္ထုဒ္ဒေသဝိသေသကို ဆိုဦးအံ့။ ဣဓ၊ ဤသုခါယဝေဒနာယသမ္ပယုတ္တာဓမ္မာဟူသော ပုဒ်၌။ အယံ၊ ဤသုခသဒ္ဒါကို။ သုခဝေဒနာယမေဝ၊ သုခဝေဒနာဟူသော အနက်၌သာလျှင်။ ဒဋ္ဌဗ္ဗော၊ ဟူ၍ ဣဓပနနှင့် စပ်၍ မှတ်ဖွယ်ကို ကုသလာအဖွင့်၌ ပြခဲ့ပြီ။ ဝေဒနာသဒ္ဒေါ၊ သည်၊ ဝိဒိတာဝေဒနာဥပ္ပဇ္ဇန္တီတိအာဒီသု - တို့၌။ ဝေဒယိတသ္မိံယေဝ၊ ခံစားတတ်သော တရားဟူသော အနက်၌သာလျှင်။ ဝတ္တတိ၊ ဖြစ်၏။ ဟူ၍ ဝိဒိတာ - ထင်ရှားကုန်သည်၊ (ဟုတွာ)၊ ဝေဒနာ - တို့သည်၊ ဥပ္ပဇ္ဇန္တိ - ဖြစ်ကုန်၏။
ဒုက္ခသဒ္ဒေါ၊ သည်၊ ဝါ - ကို၊ ဒုက္ခဝေဒနာ၊ ပေ၊ ဒုက္ခပစ္စယဋ္ဌာနာဒီသု - ဒုက္ခဝေဒနာဟူသော အနက်၊ ဒုက္ခ၏တည်ရာအကြောင်းဟူသော အနက်၊ မကောင်းသောအနိဋ္ဌအာရုံဟူသော အနက်၊ ဒုက္ခ၏ ဇနကအကြောင်းဟူသော အနက်၊ ဒုက္ခ၏ ဥပတ္ထမ္ဘကအကြောင်းဖြစ်သော အနိဋ္ဌရူပါရုံစသည်တို့၏ တည်ရာဌာနဟူသော အနက်အစရှိသော အနက်တို့၌။ ဒိဿတိ။ ဟိ၊ ချဲ့။ အယံ၊ ဤဒုက္ခသဒ္ဒါသည်၊ ဝါ - ကို၊ ဒုက္ခဿ - ဒုက္ခိန္ဒြေကို၊ ပဟာနာစ - ပယ်ခြင်းကြောင့်လည်းကောင်း၊ ဣတိအာဒီသု - ဤသို့အစရှိသော ပါဠိရပ်တို့၌။ ဒုက္ခဝေဒနာယံ၊ ဒုက္ခဝေဒနာဟူသော အနက်၌။ ဒိဿတိ၊ ဟူ၍ ဤသို့ သာဓကပါဠိကို တစ်ခါတည်း အနက်ပေးနိုင်သည်၊ ဇာတိပိ - ပဋိသန္ဓေနေရခြင်းသည်လည်း။ ဒုက္ခာ၊ ဒုက္ခတည်း၊ ဝါ - ဒုက္ခ၏တည်ရာအကြောင်းတည်း၊ ဣတိအာဒီသု - တို့၌။ ဒုက္ခဝတ္ထုသ္မိံ၊ ဒုက္ခ၏တည်ရာအကြောင်းဟူသော အနက်၌၊ (ဒိဿတိ)၊ မဟာလိ - မဟာလိ၊ ယသ္မာ - ကြောင့်၊ ရူပံ - ရူပါရုံသည်။ ဒုက္ခံ၊ ဒုက္ခတည်း၊ ဝါ - မကောင်းသောအနိဋ္ဌအာရုံတည်း၊ ဒုက္ခာနုပတိတံ - ဒုက္ခသည် အစဉ်လိုက်အပ်၏၊ ဒုက္ခာဝက္ကန္တံ - ဒုက္ခသည် သက်ရောက်အပ်၏၊ ဣတိအာဒီသု - တို့၌။ ဒုက္ခာရမဏေ၊ မကောင်းသောအနိဋ္ဌအာရုံဟူသော အနက်၌၊ (ဒိဿတိ)၊ ဟူ၍ ဤရူပံဒုက္ခံ၏ အဓိပ္ပာယ်ကို ရူပံသုခံကို နည်းမှီး၍ သိပါ၊ ပါပဿ - မကောင်းမှု၏၊ ဥစ္စယော - ပွားစည်းခြင်းသည်။ ဒုက္ခေါ၊ ဒုက္ခတည်း၊ ဝါ - ဒုက္ခ၏ ဇနကအကြောင်းတည်း၊ ဣတိအာဒီသု - တို့၌။ ဒုက္ခပစ္စယေ၊ ဒုက္ခ၏ ဇနကအကြောင်းဟူသော အနက်၌၊ (ဒိဿတိ)၊ ဟူ၍ ဤ၌ ပစ္စယသဒ္ဒါသည် ဇနကအကြောင်းဟူသော အနက်ကို ဟော၏၊ ထို့ကြောင့် ဋီကာ၌ "ဒုက္ခပစ္စယေတိ ဒုက္ခဟေတုမှိ၊ ဒုက္ခဿ ဇနကေတိ အတ္ထော" ဟု ဖွင့်သည်။
ဘိက္ခဝေ၊ တို့။ ယာဝ၊ အကြင်မျှလောက်။ ဣမံ ဣမေ နိရယာ၊ ဤငရဲတို့သည်။ ဒုက္ခာ၊ ဆင်းရဲကုန်၏၊ ဝါ = ဒုက္ခ၏ဥပတ္ထမ္ဘကအကြောင်းဖြစ်သောအနိဋ္ဌရူပါရုံစသည်တို့၏တည်ရာဌာနဖြစ်ကုန်၏၊ (တာဝ၊ ထိုဆင်းရဲသလောက်၊) အက္ခာနေန၊ ဖြင့်။ ပါပုဏိတုံ၊ ငှာ။ န သုကရံ။ ယာဝ၊ အလွန်အကဲသာလျှင်။ နိရယာ၊ တို့သည်။ ဒုက္ခာ၊ ဆင်းရဲကုန်၏။ ဣတိအာဒီသု၊ တို့၌။ ဒုက္ခပစ္စယဋ္ဌာနေ၊ ဒုက္ခ၏ဥပတ္ထမ္ဘကအကြောင်းဖြစ်သောအနိဋ္ဌရူပါရုံစသည်တို့၏တည်ရာဌာနဟူသောအနက်၌၊ (ဒိဿတိ)။ ပန၊ အတ္ထုဒ္ဓါရသာမညမှတစ်ပါးအတ္ထုဒ္ဒေသဝိသေသကိုဆိုဦးအံ့။ ဣဓ၊ ဤဒုက္ခာယဝေဒနာယသမ္ပယုတ္တာဓမ္မာဟူသောပုဒ်၌။ အယံ၊ ဤဒုက္ခသဒ္ဒါကို။ ဒုက္ခာယ ဝေဒနာယမေဝ၊ ဒုက္ခဝေဒနာဟူသောအနက်၌သာလျှင်။ ဒဋ္ဌဗ္ဗော၊ ၏။
ချမ်းသာစေတတ်၏။ ဣတိ၊ ကြောင့်၊ (ထိုသို့သမ္ပယုတ္တဓမ္မ၊ ကရဇကာယကို ချမ်းသာစေတတ်သည်၏အဖြစ်ကြောင့်။ သာ၊ ထိုဝေဒနာသည်၊) သုခါ၊ သုခါမည်၏၊ (ယာ၊ အကြင်ဝေဒနာသည်၊) ဒုက္ခယတိ၊ သမ္ပယုတ္တဓမ္မ၊ ကရဇကာယကို ဆင်းရဲစေတတ်၏။ ဣတိ၊ ကြောင့်၊ (ထိုသို့သမ္ပယုတ္တဓမ္မ၊ ကရဇကာယကိုဆင်းရဲစေတတ်သည်၏အဖြစ်ကြောင့်။ သာ၊ ထိုဝေဒနာသည်၊) ဒုက္ခာ၊ မည်၏၊ (ယာ၊ အကြင်ဝေဒနာသည်၊) ဒုက္ခာ၊ ဒုက္ခသည်လည်း။ န၊ မဟုတ်။ သုခါ၊ သုခသည်လည်း။ န၊ မဟုတ်။ ဣတိ၊ ကြောင့်၊ (သာ၊ ထိုဝေဒနာသည်၊) အဒုက္ခမသုခါ၊ မည်၏။ မကာရော၊ မအက္ခရာကို။ ပဒသန္ဓိဝသေန၊ ပုဒ်တို့၏စေ့စပ်ညက်ညောခြင်း၏အစွမ်းအားဖြင့်။ ဝုတ္တော၊ ဟောတော်မူအပ်ပြီ။ သဗ္ဗာပိ၊ အလုံးစုံသောဝေဒနာတို့သည်လည်း။ အာရမဏရသံ၊ အာရုံ၏အရသာကို။ ဝေဒယန္တိ အနုဘဝန္တိ၊ ခံစားတတ်ကုန်၏။ ဣတိ၊ ကြောင့်။ ဝေဒနာ၊ ဝေဒနာတို့မည်၏။
တာသု၊ ထိုဝေဒနာတို့တွင်။ ဣဋ္ဌာနုဘဝနလက္ခဏာ၊ ဣဋ္ဌာရုံကိုခံစားခြင်းလက္ခဏာရှိသောဝေဒနာသည်၊ (ဣဋ္ဌအခြင်းအရာကိုခံစားခြင်းလက္ခဏာရှိသောဝေဒနာသည်၊) သုခါ၊ သုခါမည်၏။ အနိဋ္ဌာနုဘဝနလက္ခဏာ၊ အနိဋ္ဌာရုံကိုခံစားခြင်းလက္ခဏာရှိသောဝေဒနာသည်၊ (အနိဋ္ဌအခြင်းအရာကိုခံစားခြင်းလက္ခဏာရှိသောဝေဒနာသည်၊) ဒုက္ခာ၊ မည်၏။ ဥဘယဝိပရီတာနုဘဝနလက္ခဏာ၊ နှစ်ပါးစုံတို့၏ပြောင်းပြန်ဖြစ်သောဣဋ္ဌမဇ္ဈတ္တာရုံကိုခံစားခြင်းလက္ခဏာရှိသောဝေဒနာသည်၊ (နှစ်ပါးစုံတို့၏ပြောင်းပြန်ဖြစ်သောဣဋ္ဌမဇ္ဈတ္တအခြင်းအရာကိုခံစားခြင်းလက္ခဏာရှိသောဝေဒနာသည်၊) အဒုက္ခမသုခါ၊ အဒုက္ခမသုခါမည်၏။ ဟု ဤကားအကျဉ်းတည်း၊ အကျယ်ကိုအောက်၌ရှုပါ။
ပန၊ ဆက်၊ ("သုခါယဝေဒနာယသဒ္ဒါ၏ဝစနတ္ထမှတစ်ပါးသမ္ပယုတ္တသဒ္ဒါ၏ဝစနတ္ထကား"ဟုပက္ခန္တရလည်းပေးကြ၏၊) တီသုပိ၊ သုံးပါးလည်းဖြစ်ကုန်သော။ ပဒေသု၊ ပုဒ်တို့၌၊ ဟု တိက်ပုဒ် ၃ ပုဒ်လုံးတို့၌-ဟူလို။ ယော အယံ သမ္ပယုတ္တသဒ္ဒေါ၊ အကြင်သမ္ပယုတ္တသဒ္ဒါသည်၊ (အတ္ထိ)။ တဿ၊ ထိုသမ္ပယုတ္တသဒ္ဒါ၏။ အတ္ထော၊ ကို၊ (ဧဝံ ဝေဒိတဗ္ဗော)။ သမံ၊ အညီအမျှ။ ပကာရေဟိ၊ အပြားတို့ဖြင့်။ ယုတ္တာ၊ ယှဉ်သောတရားတို့တည်း။ ဣတိ၊ ကြောင့်။ သမ္ပယုတ္တာ၊ သမ္ပယုတ္တတို့မည်၏။ ကတရေဟိ ပကာရေဟိ၊ အဘယ်အပြားတို့ဖြင့်၊ (ယုတ္တာ = ယှဉ်ကုန်သနည်း၊) ဣတိ၊ ဤကားအမေးတည်း။ ဧကုပ္ပာဒတာဒီဟိ၊ ဧကုပ္ပာဒတာအစရှိကုန်သော၊ (ပကာရေဟိ၊ တို့ဖြင့်။ ယုတ္တာ၊ ကုန်၏။ ဣတိ၊ ဤကားအဖြေတည်း။) ဟု ယုတ္တာဟူသောသဟာဒိယောဂ၏သဟာဒိယောဂဝန္တသည်ဝေဒနာယပုဒ်တည်း၊ ပကာရေဟိကားထိုယုတ္တာ၏ဝိသေသနတည်း။
ဟိ၊ မှန်၊ ဟု ဧကုပ္ပာဒတာအစရှိသောအပြားတို့ဖြင့်ဟူသည် "မှန်၏"ဟူလို။ ကေဟိစိ၊ အချို့ကုန်သော။ ဓမ္မေဟိ၊ တို့နှင့်။ သမ္ပယုတ္တာ၊ အညီအမျှအပြားတို့ဖြင့်ယှဉ်ကုန်သော။ ကေစိ၊ အချို့ကုန်သော။ ဓမ္မာ၊ တို့သည်။ နတ္ရှိ၊ မရှိကုန်သလော။ ဣတိ၊ ဤကားအမေးတည်း။ အာမန္တာ၊ အိမ်း၊ မရှိကုန်။ ဣတိ၊ ဤကားအဖြေတည်း။ ဣမဿ ပဥှဿ၊ ဤပြဿနာကို။ ပဋိက္ခေပေ၊ ပယ်ကြောင်းဖြစ်သောစကားရပ်၌၊ ဟု နတ္ရှိကို "အာမန္တာ" ဟုဝန်ခံပြီးနောက် "အတ္ရှိနနု" စသည်ဖြင့်ပယ်ကြောင်းစကားရပ်၌။ ကေဟိစိ၊ ကုန်သော။ ဓမ္မေဟိ၊ တို့နှင့်။ သဟဂတာ၊ တကွ၏အဖြစ်သို့ရောက်ကုန်သည်။ သဟဇာတာ၊ တကွဖြစ်ကုန်သည်။ သံသဋ္ဌာ၊ ရောနှောကုန်သည်၊ (ဟုတွာ)။ ဧကုပ္ပာဒါ၊ တူသောဖြစ်ခြင်းရှိကုန်သော။ ဧကနိရောဓာ၊ တူသောချုပ်ခြင်းရှိကုန်သော။ ဧကဝတ္ထုကာ၊ တူသောမှီရာရှိကုန်သော။ ဧကာရမဏာ၊ တူသောအာရုံရှိကုန်သော။ ကေစိ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ အတ္ရှိနနု၊ ရှိကုန်သည်မဟုတ်လော။ ဣတိ ဧဝံ၊ သို့။ ဧကုပ္ပာဒတာဒီနံ၊ ဧကုပ္ပာဒတာအစရှိသောအပြားတို့၏။ ဝသေန၊ အစွမ်းဖြင့်။ သမ္ပယောဂတ္ထော၊ သမ္ပယောဂသဒ္ဒါ၏အနက်ကို၊ (အာယသ္မတာ မောဂ္ဂလိပုတ္တတိဿတ္ထေရေန၊ သည်၊) ဝုတ္တော၊ မိန့်တော်မူအပ်ပြီ၊ ဟု ကထာဝတ္ထုသတ္တမဝဂ်ပါဠိ။ ဣတိ၊ သို့။ ဧကုပ္ပာဒတာဒီဟိ၊ ကုန်သော။ ဣမေဟိ ပကာရေဟိ၊ ဤအပြားတို့ဖြင့်။ သမံ၊ အညီအမျှ။ ယုတ္တာ၊ ယှဉ်သောတရားတို့တည်း။ ဣတိ၊ ကြောင့်။ သမ္ပယုတ္တာ၊ တို့မည်၏။
၃။ ဝိပါကတ္တိကေ၊ ဝိပါကတိက်၌၊ (အတ္ထောဧဝံဝေဒိတဗ္ဗော)။ အညမညဝိသိဋ္ဌာနံ၊ အချင်းချင်းမတူထူးခြားကွဲပြားကုန်သော။ ကုသလာကုသလာနံ၊ ကုသိုလ်အကုသိုလ်တို့၏။ ပါကာ၊ အကျိုးတို့တည်း။ ဣတိ၊ ကြောင့်။ ဝိပါကာ၊ ဝိပါကတို့မည်၏။ ဧတံ၊ ဤဝိပါကဟူသောအမည်သည်။ ဝိပက္ကဘာဝံ၊ မှည့်ရင့်ခြင်းသဘောသို့၊ (မှည့်ရင့်သည့်အနေသို့၊) အာပန္နာနံ၊ ရောက်ကုန်သော။ အရူပဓမ္မာနံ၊ နာမ်တရားတို့၏။ အဓိဝစနံ၊ အမည်တည်း။
ဝိပါကဓမ္မဓမ္မာတိ၊ ကား။ ဝိပါကသဘာဝဓမ္မာ၊ မှည့်ရင့်ခြင်းသဘောရှိသောသတ္တလည်းမဟုတ်၊ ဇီဝလည်းမဟုတ်သောသဘောတရားတို့သည်၊ (သံဝိဇ္ဇန္တိ၊ ရှိကုန်၏၊) ဇာတိဇရာသဘာဝါ၊ ဖြစ်ခြင်းရင့်ခြင်းသဘောရှိကုန်သော။ ဇာတိဇရာပကတိကာ၊ ဖြစ်ခြင်းရင့်ခြင်းဟူသောပင်ကိုရှိကုန်သော။ သတ္တာ၊ တို့ကို။ ဇာတိဓမ္မာ ဇရာဓမ္မာတိ၊ ဇာတိဓမ္မဇရာဓမ္မတို့ဟူ၍။ ဝုစ္စန္တိ ယထာ၊ ဟောတော်မူအပ်ကုန်သကဲ့သို့။ ဧဝံ၊ တူ။ ဝိပါကဇနကဋ္ဌေန၊ အကျိုးကိုဖြစ်စေတတ်သည်၏အဖြစ်ဟူသောသဘောကြောင့်။ ဝိပါကသဘာဝါ၊ မှည့်ရင့်ခြင်းသဘောရှိကုန်သော။ ဝိပါကပကတိကာ၊ မှည့်ရင့်ခြင်းပင်ကိုရှိကုန်သော။ ဓမ္မာ၊ သတ္တလည်းမဟုတ်၊ ဇီဝလည်းမဟုတ်သောသဘောတရားတို့သည်၊ (သံဝိဇ္ဇန္တိ)။ ဣတိအတ္ထော၊ နက်။ တတိယံ ပဒံ၊ နေဝဝိပါကနဝိပါကဓမ္မဓမ္မာဟူသောတတိယပုဒ်ကို။ ဥဘယသဘာဝပဋိက္ခေပဝသေန၊ နှစ်ပါးစုံသောဝိပက္ကသဘော၊ ဝိပစ္စနသဘောကိုပယ်ရှားခြင်း၏အစွမ်းဖြင့်။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
၄။ ဥပါဒိန္နုပါဒါနိယတ္တိကေ၊ ၌၊ (အတ္ထောဧဝံဝေဒိတဗ္ဗော)။ အာရမဏကရဏဝသေန၊ အာရုံပြုခြင်း၏အစွမ်းဖြင့်၊ (အာရုံပြုသည့်အနေအားဖြင့်၊) တဏှာဒိဋ္ဌီဟိ၊ တဏှာဒိဋ္ဌိတို့သည်။ ဥပဒေတေန၊ ကပ်ရောက်အပ်သော။ ကမ္မုနာ၊ ကံသည်။ အာဒိန္နာ၊ ယူအပ်ကုန်သောတရားတို့တည်း။ ဣတိ၊ ကြောင့်၊ (ထိုသို့အာရုံပြုသောအားဖြင့်တဏှာဒိဋ္ဌိတို့သည်ကပ်ရောက်အပ်သောကံသည်အကျိုး၏အဖြစ်ဖြင့်ယူအပ်ကုန်သည်၏အဖြစ်ကြောင့်၊) ဥပါဒိန္နာ၊ ဥပါဒိန္နတို့မည်၏။
အာရမဏဘာဝံ၊ အာရုံ၏အဖြစ်သို့။ ဥပဂန္တွာ၊ ကပ်ရောက်၍၊ (ကပ်ရောက်သည့်အတွက်၊) ဥပါဒါနသမ္ဗန္ဓေန၊ ဥပါဒါန်တို့နှင့်စပ်ခြင်းကြောင့်။ ဥပါဒါနာနံ၊ ဥပါဒါန်တို့၏။ ဟိတာ၊ စီးပွားတို့တည်း။ ဣတိ၊ ကြောင့်။ ဥပါဒါနိယာ၊ တို့မည်၏။ ဧတံ၊ ဤဥပါဒါနိယဟူသောအမည်သည်။ ဥပါဒါနဿ၊ ဥပါဒါန်၏၊ (ဥပါဒါန်အမည်ရသောတဏှာဒိဋ္ဌိ၏၊) အာရမဏပစ္စယဘူတာနံ၊ အာရမဏပစ္စည်းဖြစ်၍ဖြစ်သောတေဘူမကတရားတို့၏။ အဓိဝစနံ၊ အမည်တည်း။ ဥပါဒိန္နာ စ၊ အာရုံပြုသောအားဖြင့်တဏှာဒိဋ္ဌိတို့သည်ကပ်ရောက်အပ်သောကံသည်အကျိုး၏အဖြစ်ဖြင့်ယူအပ်သောတရားတို့လည်းဟုတ်၏။ တေ၊ ထိုဥပါဒိန္နတရားတို့ဟူသည်။ ဥပါဒါနိယာ စ၊ ဥပါဒါန်တို့၏အစီးအပွားဖြစ်သောတရားတို့လည်းဟုတ်၏။ ဣတိ၊ ထိုနှစ်ပါးသောသတ္တိကြောင့်။ ဥပါဒိန္နုပါဒါနိယာ၊ တို့မည်၏။ ဧတံ၊ ဤဥပါဒိန္နုပါဒါနိယဟူသောသဒ္ဒါသည်။ သာသဝကမ္မနိဗ္ဗတ္တာနံ၊ အာသဝေါတရားနှင့်တကွဖြစ်သောကံကြောင့်ဖြစ်ကုန်သော။ ရူပါရူပဓမ္မာနံ၊ ရုပ်၊ နာမ်တရားတို့ကို၊ (ကမ္မဇရုပ်နှင့်လောကီဝိပါက်နာမ်တရားတို့ကို၊) အဓိဝစနံ၊ ဟောသောသဒ္ဒါတည်း။ ဟု ဤဥပါဒိန္နုပါဒါနိယာ၌ဥပါဒါနိယာကားဥပါဒိန္နဟူသောဝိသေသနကြောင့်မိမိဟောနိုင်သမျှတရားအားလုံးကိုမရဘဲဥပါဒိန္နသဒ္ဒါ၏အရဖြစ်သောလောကီဝိပါက်ကဋတ္တာရုပ်တို့ကိုသာရသည်။
ဣတိ ဣမိနာ နယေန၊ ဤနည်းဖြင့်။ သေသပဒဒွယေပိ၊ ကြွင်းသောပုဒ်နှစ်ပါးအပေါင်း၌လည်း။ ပဋိသေဓသဟိတော၊ ပဋိသေဓနှင့်တကွဖြစ်သော။ အတ္ထော၊ ကို။ ဝေဒိတဗ္ဗော။ ဟု အနုပါဒိန္နုပါဒါနိယာဟူသောဒုတိယပုဒ်၌နဟူသောပဋိသေဓနှင့်တကွဖြစ်သောအနုပါဒိန္န၏အနက်၊ အနုပါဒိန္နအနုပါဒါနိယာဟူသောတတိယပုဒ်၌နပဋိသေဓနှစ်ခုနှင့်တကွဖြစ်သောအနက်ကိုသိပါလေ -ဟူလို၊ထိုအနက်များမှာမာတိကာအရကောက်၌ကောက်ပြအပ်သောအနက်များပင်တည်း။
၅။ သံကိလိဋ္ဌသံကိလေသိကတ္တိကေ၊ ၌၊ (အတ္ထော၊ ဧဝံဝေဒိတဗ္ဗော။ ယော သဘာဝေါ၊ အကြင်သဘောတရားသည်၊) သံကိလေသတိ၊ လွန်စွာနှိပ်စက်တတ်၏၊ (တစ်နည်း) လွန်စွာလောင်တတ်၏။ ဣတိ၊ ကြောင့်၊ (သော သဘာဝေါ၊ ထိုသဘောတရားသည်၊) သံကိလေသော၊ မည်၏။ ဝိဗာဓတိ စ၊ နှိပ်စက်လည်းနှိပ်စက်တတ်၏။ ဥပတာပေတိ စ၊ လောင်လည်းလောင်တတ်၏။ ဣတိအတ္ထော၊ နက်။ သံကိလေသေန၊ သံကိလေသတရားနှင့်။ သမန္နာဂတာ၊ ပြည့်စုံသောတရားတို့တည်း။ ဣတိ၊ ကြောင့်။ သံကိလိဋ္ဌာ၊ တို့မည်၏။
(ယေ ဓမ္မာ၊ တို့သည်၊) အတ္တာနံ၊ မိမိကို၊ (မိမိတည်းဟူသောတေဘူမကတရားကို၊) အာရမဏံ၊ အာရုံကို။ ကတွာ၊ ၍။ ပဝတ္တနေန၊ ဖြစ်ခြင်းကြောင့်၊ (သံကိလေသတရားတို့ကအာရုံပြု၍ဖြစ်ခြင်းကြောင့်၊) သံကိလေသံ၊ သံကိလေသတရားကို၊ (လဒ္ဓုံ၊ ရခြင်းငှာ၊) အရဟန္တိ၊ ထိုက်ကုန်၏။ ဣတိ၊ ထို့ကြောင့်၊ (ထိုသို့သံကိလေသတရားကိုရခြင်းငှာထိုက်ကုန်သည်၏အဖြစ်ကြောင့်၊) (တေ ဓမ္မာ၊ တို့သည်၊) သံကိလေသိကာ၊ တို့မည်၏၊ ဟု ဤအလိုအရဟတိအနက်၌ဏိကပစ္စည်းသက်ဟုပြသည်၊ ဝါ = တစ်နည်း၊ (ယေ ဓမ္မာ၊) တဿ၊ ထိုသံကိလေသတရား၏။ အာရမဏဘာဝံ၊ အာရုံ၏အဖြစ်ကို။ အနတိက္ကမနတော၊ မလွန်နိုင်ခြင်းကြောင့်။ သံကိလေသေ၊ သံကိလေသတရားနှင့်။ နိယုတ္တာ၊ ယှဉ်ကုန်၏။ ဣတိ၊ ကြောင့်၊ (ထိုသို့သံကိလေသတရားနှင့်ယှဉ်ကုန်သည်၏အဖြစ်ကြောင့်၊) (တေ ဓမ္မာ၊) သံကိလေသိကာ၊ တို့မည်၏၊ ဟု ဤအလိုနိယုတ္တအနက်၌ဏိကပစ္စည်းသက်ဟုပြသည်၊
ဧတံ၊ ဤသံကိလေသိကဟူသောသဒ္ဒါသည်။ သံကိလေသဿ၊ သံကိလေသတရား၏။ အာရမဏပစ္စယဘူတာနံ၊ အာရမဏပစ္စည်းဖြစ်၍ဖြစ်ကုန်သောတေဘူမကတရားတို့ကို။ အဓိဝစနံ၊ ဟောသောသဒ္ဒါတည်း။ ဟု သံကိလေသသည်လောကီတရားအားလုံးကိုအာရုံပြု၏။
သံကိလိဋ္ဌာ စ၊ နှိပ်စက်အပ်ပူလောင်အပ်သောတရားတို့သည်နှိပ်စက်အပ်ပူလောင်အပ်သောတရားတို့လည်းဟုတ်၏။ တေ၊ ထိုသံကိလိဋ္ဌတရားတို့ဟူသည်။ သံကိလေသိကာ စ၊ သံကိလေသကိုရခြင်းငှာထိုက်သောတရားတို့လည်းဟုတ်၏၊ ဝါ = သံကိလေသ၌ယှဉ်သောတရားတို့လည်းဟုတ်၏။ ဣတိ၊ ဤနှစ်ပါးသောသတ္တိကြောင့်။ သံကိလိဋ္ဌသံကိလေသိကာ၊ တို့မည်၏။ ဟု ဤပုဒ်အရသံကိလေသိကပုဒ်၏ဟောနိုင်သမျှအနက်ကိုမယူရဘဲ၊ သံကိလိဋ္ဌဟူသောဝိသေသနကြောင့်အကုသိုလ်စိတ္တုပ္ပာဒ်ကိုသာယူရတော့သည်၊
သေသပဒဒွယမ္ပိ၊ ကြွင်းသောပုဒ်နှစ်ပါးအပေါင်းကိုလည်း။ ပုရိမတ္တိကေ၊ ရှေးဖြစ်သောဥပါဒိန္နုပါဒါနိယတိက်၌။ ဝုတ္တနယေနေဝ၊ ဆိုအပ်ပြီးသောနည်းဖြင့်သာ။ ဝေဒိတဗ္ဗံ။ ဟု ပဋိသေဓသဟိတောအတ္ထောကို "ဝုတ္တနယေနေဝ"ဟုညွှန်းသည်။
၆။ ဝိတက္ကတ္တိကေ၊ ၌၊ (အတ္ထော၊ ဧဝံဝေဒိတဗ္ဗော။ ယေ ဓမ္မာ၊ တို့သည်၊) သမ္ပယောဂဝသေန၊ အညီအမျှဧကုပ္ပာဒတာအစရှိသောအပြားတို့ဖြင့်ယှဉ်ခြင်း၏အစွမ်းဖြင့်။ ဝတ္တမာနေန၊ ဖြစ်သော။ ဝိတက္ကေန၊ ဝိတက်နှင့်။ သဟ၊ ကွ၊ (ဟောန္တိ၊ ၏၊) ဣတိ၊ ကြောင့်၊ (ထိုသို့ဝိတက်နှင့်တကွဖြစ်ကုန်သည်၏အဖြစ်ကြောင့်၊) (တေ ဓမ္မာ၊ တို့သည်၊) သဝိတက္ကာ၊ သဝိတက္ကတို့မည်၏၊ (ယေ ဓမ္မာ။ သမ္ပယောဂဝသေန ဝတ္တမာနေန၊) ဝိစာရေန၊ ဝိစာရနှင့်။ သဟ၊ (ဟောန္တိ၊ ကုန်၏။ ဣတိ၊ ကြောင့်။ တေ ဓမ္မာ၊) သဝိစာရာ၊ သဝိစာရတို့မည်၏။ သဝိတက္ကာ စ၊ ဝိတက်နှင့်တကွဖြစ်သောတရားတို့လည်းဟုတ်၏။ တေ၊ တို့ဟူသည်။ သဝိစာရာ စ၊ ဝိစာရနှင့်တကွဖြစ်သောတရားတို့လည်းဟုတ်၏။ ဣတိ၊ ကြောင့်။ သဝိတက္ကသဝိစာရာ၊ တို့မည်၏။ ဥဘယရဟိတာ၊ ဝိတက်ဝိစာရနှစ်ပါးစုံမှကင်းသောတရားတို့သည်။ အဝိတက္ကအဝိစာရာ၊ တို့မည်၏။
ဧတေဿံ၊ ဤတရားတို့၏။ ဝိတက္ကဝိစာရေသု၊ ဝိတက်ဝိစာရတို့တွင်။ ဝိစာရောဝ၊ ဝိစာရသာလျှင်။ မတ္တာပမာဏံ၊ အတိုင်းအရှည်သည်၊ (အတ္ရှိ)။ ဣတိ၊ ကြောင့်၊ (ထိုသို့ဝိစာရသာအတိုင်းအရှည်ရှိကုန်သည်၏အဖြစ်ကြောင့်၊) (တေ ဓမ္မာ၊) ဝိစာရမတ္တာ၊ တို့မည်၏။ ဝိစာရတော၊ ဝိစာရထက်။ ဥတ္တိ၊ အလွန်။ ဝိတက္ကေန၊ နှင့်။ သဒ္ဓိံ သမ္ပယောဂံ၊ ယှဉ်ခြင်းသို့။ န ဂစ္ဆန္တိ၊ မရောက်ကုန်။ ဣတိအတ္ထော၊ အနက်။ အဝိတက္ကာ စ၊ ဝိတက်မရှိသောတရားတို့လည်းဟုတ်၏။ တေ၊ ထိုအဝိတက္ကတရားတို့ဟူသည်။ ဝိစာရမတ္တာ စ၊ ဝိစာရသာလျှင်အတိုင်းအရှည်ရှိသောတရားတို့လည်းဟုတ်၏။ ဣတိ၊ ကြောင့်။ အဝိတက္ကဝိစာရမတ္တာ၊ တို့မည်၏။ ဟု အဝိတက္ကဝိစာရမတ္တာ - ဝိတက်ကားမရှိ၊ ဝိစာရသာအတိုင်းအရှည်ရှိကုန်သော။ ဓမ္မာ၊ တို့၊ ဤသို့ပေးပါ၊ မာတိကာအကောက်၌ပေးကြသော"ဝိတက်ကားမရှိ၊ ဝိစာရမျှသာရှိကုန်သော"ဟူသောအနက်ကားအဋ္ဌကထာအဖွင့်အတိုင်းမဟုတ်၊ ဋီကာပဌမနည်းနှင့်သာလျော်သည်။
၇။ ပီတိတ္တိကေ၊ ၌၊ (အတ္ထော, ဧဝံ ဝေဒိတဗ္ဗော၊ ယေ ဓမ္မာ-တို့သည်၊)
ပီတိယာ၊ ပီတိနှင့်။ သဟ ဧကုပ္ပာဒါဒိဘာဝံ၊ ဧကုပ္ပာဒအစရှိသည်တို့၏ အဖြစ်သို့၊
ဂတာ၊ ရောက်ကုန်၏။ ဣတိ၊ ကြောင့်၊ (တေ ဓမ္မာ)။ ပီတိသဟဂတာ၊ တို့မည်၏၊
ပီတိသမ္ပယုတ္တာ၊ ပီတိနှင့် အညီအမျှ ဧကုပ္ပာဒတာ အစရှိသော အပြားတို့ဖြင့် ယှဉ်သော တရားတို့တည်း။ ဣတိ အတ္ထော။ သေသပဒဒွယေပိ၊ ပီတိသဟဂတာမှ ကြွင်းသော သုခသဟဂတာ, ဥပေက္ခာသဟဂတာ ပုဒ် ၂ ပါးအပေါင်း၌လည်း၊
ဧသေဝ နယော၊ ဤနည်းပင်တည်း။ စ၊ ဆက်။ ဧတ္ထ၊ ဤသေသပဒဒွယ၌။ ဝါ၊ ဤဥပေက္ခာသဟဂတာဟူသော ပုဒ်၌။ အဒုက္ခမသုခါ ဝေဒနာ၊ အဒုက္ခမသုခါဝေဒနာကို။ ဥပေက္ခာတိ၊ ဥပေက္ခာဟူ၍။ ဝုတ္တာ၊ ဟောတော်မူအပ်ပြီ၊
ဟိ၊ မှန်။ သာ၊ ထိုအဒုက္ခမသုခါဝေဒနာသည်။ သုခဒုက္ခာကာရပဝတ္တိံ၊ ဣဋ္ဌအခြင်းအရာ, အနိဋ္ဌအခြင်းအရာအားဖြင့် ဖြစ်ခြင်းကို။ ဥပေက္ခတိ၊ အသင့်အားဖြင့် ရှုတတ်၏။ ဝါ၊ လျစ်လျူရှုတတ်၏။ မဇ္ဈတ္တာကာရသဏ္ဌိတတ္တာ၊ မဇ္ဈတ္တအခြင်းအရာ၌ ကောင်းစွာတည်သည်၏ အဖြစ်ကြောင့်။ တေနာကာရေန၊ ထိုမဇ္ဈတ္တအခြင်းအရာဖြင့်။ ပဝတ္တတိ၊ ၏။ ဣတိ၊ ကြောင့်။ ဥပေက္ခာ၊ မည်၏၊
ဣတိ၊ ဤသို့လျှင်။ ဝေဒနာတ္တိကတော၊ ဝေဒနာတိက်မှ။ ပဒဒွယမေဝ၊ ပုဒ် ၂ ပါးအပေါင်းကိုသာ။ ဂဟေတွာ၊ ယူ၍။ နိပ္ပီတိကဿ၊ ပီတိမရှိသော။ သုခဿ၊ သုခ၏၊ (သုခသဟဂုတ်ကာယဝိညာဏ်, စတုတ္ထဈာန် ဧကာဒသ၌ ရှိသော သုခကို ဆိုသည်၊) သပ္ပီတိကသုခတော၊ သပ္ပီတိကသုခမှ၊ (ပီတိသဟဂုတ် ၅၁ ပါးသော သုခမှ၊) ဝိသေသဒဿနဝသေန၊ အထူးကို ပြတော်မူခြင်း၏ အစွမ်းဖြင့်။ အယံ တိကော၊ ဤပီတိတိက်ကို၊ (ဘဂဝတာ) ဝုတ္တော။
၈။ ဒဿနတ္တိကေ၊ ၌၊ (အတ္ထော, ဧဝံ ဝေဒိတဗ္ဗော၊) ဒဿနေနာတိ၊ ကား။ သောတာပတ္တိမဂ္ဂေန၊ သောတာပတ္တိမဂ်သည်၊ (ပဟာတဗ္ဗာ၌စပ်၊) ဟိ၊ မှန်။ သော၊ ထိုသောတာပတ္တိမဂ်ကို။ ပဌမံ၊ သကဒါဂါမိမဂ်စသည်တို့မှ ရှေးဦးစွာ။ နိဗ္ဗာနဒဿနတော၊ နိဗ္ဗာန်ကို မြင်တတ်သည်၏ အဖြစ်ကြောင့်။ ဒဿနန္တိ၊ ဒဿနဟူ၍၊ (ဘဂဝတာ-သည်၊) ဝုတ္တော၊ ပြီ။ (စာအုပ်တို့၌ "နိဗ္ဗာနံ + ဒဿနတော" ဟု ဝါကျတွေ့ရ၏၊ ဒဿန၏ကံမှာ နိဗ္ဗာနဿဟု ဆဋ္ဌီကံသာ ရှိသင့်သောကြောင့်လည်းကောင်း, ဋီကာ၌ "နိဗ္ဗာနဒဿနတော" ဟု တွေ့ရသောကြောင့်လည်းကောင်း "နိဗ္ဗာနဒဿနတော" ဟု သမာသ်ရှိခြင်းက ကောင်းသည်။)
ပန၊ ဆက်။ ဂေါတြဘု၊ ဂေါတြဘုကို၊ (နဝုစ္စတိ၌ ပဓာနစပ်၊) ဝါ၊ သည်၊ (ပဿတိ၌ အပဓာနစပ်၊) ပဌမတရံ၊ သောတာပတ္တိမဂ်ထက် သာ၍ ရှေးဦးစွာ၊ (နိဗ္ဗာနံ-ကို၊) ကိဉ္စာပိ ပဿတိ၊ အကယ်၍ကား မြင်ပါပေ၏။ ပန၊ ထိုသို့ပင် မြင်ပါသော်လည်း၊ (နဝုစ္စတိ၌စပ်၊) ရညော၊ ၏။ သန္တိကံ၊ သို့။ ကေနစိဒေဝ၊ တစ်စုံတစ်ခုသာလျှင်ဖြစ်သော။ ကရဏီယေန၊ ပြုဖွယ်ကိစ္စကြောင့်၊ (လာခြင်း၏ အကြောင်းရင်းသာဖြစ်၍ လာခြင်းကြိယာကို ပြီးစေတတ်သော သာဓကတမသတ္တိ မရှိသောကြောင့် ဟိတ်အနက်သာပေး၊ ကရိုဏ်းအနက် မပေးရ၊) ဒူရာ၊ အဝေးမှ၊ (တောရွာစသည်မှ၊) အာဂတော၊ လာသော။ ပုရိသော၊ သည်၊ (အာဟ၌ ပဓာနစပ်၊) ဝါ၊ ကို၊ (ပုဋ္ဌော၌ အပဓာနစပ်၊) ဒူရတောဝ၊ အဝေး၌ပင်၊ (အပဂမနသတ္တိ မရှိသောကြောင့် "မှ" ဟု မပေးရ၊) ရထိကာယ၊ ရထားလမ်း၌။ စရန္တံ၊ လှည့်လည်နေသော။ ဟတ္ထိက္ခန္ဓဂတံ၊ ဆင်ကျောက်ကုန်း၌ ရောက်နေသော။ ရာဇာနံ၊ ကို။ ဒိသွာပိ၊ မြင်ပြီး၍လည်း။ ဝါ၊ မြင်ပြီးပါသော်လည်း၊ (နပဿာမီတိ အာဟ၌စပ်၊) တေ၊ သင်သည်။ ရာဇာ၊ မင်းကို။ ဒိဋ္ဌော၊ မြင်အပ်ပြီလော။ ဣတိ၊ သို့။ ပုဋ္ဌော၊ မေးအပ်သည်၊ (သမာနော-ဖြစ်လသော်၊) (အိမ်ရှင်က မေးအပ်သော်၊) ဒိသွာပိ၊ မြင်ပြီး၍လည်း။ ကတ္တဗ္ဗကိစ္စဿ၊ ပြုထိုက်သော ကိစ္စ၏။ ဝါ၊ ကို။ အကတတ္တာ၊ မပြုအပ်သေးသည်၏ အဖြစ်ကြောင့်။ ဝါ၊ မပြုရသေးသည့်အတွက်။ နပဿာမိ၊ မမြင်ပါ။ ဣတိ၊ သို့။ အာဟ ယထာ၊ ပြောသကဲ့သို့။ ဧဝမေဝ၊ ဤအတူသာလျှင်။ နိဗ္ဗာနံ၊ ကို။ ဒိသွာပိ၊ မြင်ပြီး၍လည်း။ ဝါ၊ မြင်ပြီးပါသော်လည်း။ ကတ္တဗ္ဗဿ၊ ပြုထိုက်သော။ ကိလေသပ္ပဟာနဿ၊ ကိလေသာကို ပယ်ခြင်းကိစ္စ၏။ အဘာဝါ၊ မရှိခြင်းကြောင့်။ ဒဿနန္တိ၊ ဟူ၍။ န ဝုစ္စတိ၊ မဆိုအပ်။ ဟိ၊ မှန်။ တံ ဉာဏံ၊ ထိုဂေါတြဘုဉာဏ်သည်။ မဂ္ဂဿ၊ သောတာပတ္တိမဂ်၏။ အာဝဇ္ဇနဋ္ဌာနေ၊ အာဝဇ္ဇန်း၏ အရာ၌။ တိဋ္ဌတိ၊ တည်၏။
ဘာဝနာယာတိ၊ ကား။ သေသမဂ္ဂတ္တယေန၊ သောတာပတ္တိမဂ်မှ ကြွင်းသော အထက်မဂ် ၃ ပါးအပေါင်းသည်၊ (ပဟာတဗ္ဗ၌စပ်၊) ဟိ၊ မှန်၊ (တစ်နည်း) ဟိ ယသ္မာ၊ ကြောင့်။ သေသမဂ္ဂတ္တယံ၊ သောတာပတ္တိမဂ်မှ ကြွင်းသော အထက်မဂ် ၃ ပါးအပေါင်းကို၊ (ဝုစ္စတိ၌ ပဓာနစပ်၊) ဝါ၊ သည်၊ (နပဿတိ, ဥပ္ပဇ္ဇတိတို့၌ အပဓာနစပ်၊) ပဌမမဂ္ဂေန၊ သောတာပတ္တိမဂ်သည်။ ဒိဋ္ဌသ္မိံယေဝ၊ မြင်အပ်ပြီးသာလျှင် ဖြစ်သော။ ဓမ္မေ၊ သစ္စာ ၄ ပါးတရား၌။ ဘာဝနာဝသေန၊ တိုးပွားစေခြင်း၏ အစွမ်းဖြင့်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ အဒိဋ္ဌပုဗ္ဗံ၊ ရှေး၌ မမြင်အပ်သေးသော။ ကိဉ္စိ၊ တစ်စုံတစ်ခုသော တရားကို။ နပဿတိ၊ မမြင်။ တသ္မာ၊ ကြောင့်၊ (မြင်အပ်ပြီးသော သစ္စာ ၄ ပါးတရား၌သာ တိုးပွားစေခြင်း၏ အစွမ်းဖြင့် ဖြစ်သည်၏ အဖြစ်ကြောင့်၊) ဘာဝနာတိ၊ ဘာဝနာဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ တတိယပဒံ၊ နေဝ ဒဿနေန န ဘာဝနာယ ပဟာတဗ္ဗာ ဓမ္မာဟူသော တတိယပုဒ်ကို။ ဥဘယပဋိက္ခေပဝသေန၊ ရှေ့ ၂ ပုဒ်သည် ဟောအပ်သော တရား ၂ ပါးစုံကို ပယ်ခြင်း၏ အစွမ်းဖြင့်၊ (ဘဂဝတာ) ဝုတ္တံ၊ ပြီ။
၉။ တဒနန္တရတ္တိကေ၊ ထိုဒဿနတိက်၏ အခြားမဲ့ဖြစ်သော ဒဿနဟေတုတိက်၌၊ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော)။ ဧတေသံ၊ ဤတရားတို့၏။ ဟေတု၊ ဟိတ်ကို။ ဒဿနေန၊ သောတာပတ္တိမဂ်သည်။ ပဟာတဗ္ဗော၊ ပယ်ထိုက်၏။ ဣတိ၊ ကြောင့်၊ (ထိုသို့ သောတာပတ္တိမဂ်သည် ပယ်ထိုက်သော ဟိတ်ရှိကုန်သည်၏ အဖြစ်ကြောင့်၊) (တေ ဓမ္မာ)။ ဒဿနေနပဟာတဗ္ဗဟေတုကာ၊ တို့မည်၏။ ဒုတိယပဒေပိ၊ ဒုတိယပုဒ်၌လည်း။ ဧသေဝ နယော၊ ဤနည်းပင်တည်း။ တတိယပဒေ၊ တတိယပုဒ်၌။ ဧတေသံ၊ ဤတရားတို့၏။ ဟေတု၊ ကို။ ဒဿနေန၊ သည်။ နေဝ ပဟာတဗ္ဗော၊ မပယ်ထိုက်။ ဘာဝနာယ၊ အထက်မဂ် ၃ ပါးအပေါင်းသည်။ နပဟာတဗ္ဗော၊ မပယ်ထိုက်။ ဣတိ ဧဝံ၊ သို့။ အတ္ထံ၊ အနက်ကို။ အဂ္ဂဟေတွာ၊ မယူမူ၍။ ဧတေသံ၊ ဤတရားတို့၏။ ဒဿနေန၊ သည်။ ပဟာတဗ္ဗော၊ ပယ်ထိုက်သော။ ဟေတု၊ ဟိတ်သည်။ နေဝ အတ္ထိ၊ မရှိ။ ဘာဝနာယ၊ အထက်မဂ် ၃ ပါးအပေါင်းသည်။ ပဟာတဗ္ဗော၊ သော။ ဟေတု၊ သည်။ န အတ္ထိ၊ မရှိ။ ဣတိ ဧဝံ၊ သို့။ အတ္ထော၊ ကို။ ပဟာတဗ္ဗော၊ ယူထိုက်၏။
ဟိ၊ လဒ္ဓဒေါသ ထင်ရှားပြအံ့။ ဣတရထာ၊ အတ္ထိသဒ္ဒါ ပါရှိခြင်းဟူသော အခြင်းအရာမှတစ်ပါး, အတ္ထိသဒ္ဒါ မပါရှိခြင်းဟူသော အခြင်းအရာအားဖြင့်၊ (အတ္ထေ-အနက်ကို၊ ဂယှမာနေ-ယူအပ်သော်၊) အဟေတုကာနံ၊ အဟိတ်တရားတို့ကို၊ (အဟိတ်စိတ်နှင့် ရုပ်တရားတို့ကို၊) အဂ္ဂဟဏံ၊ မယူနိုင်ခြင်းသည်။ ဘဝေယျ၊ ဖြစ်ရာ၏။ ဟိ၊ မှန်၊ (တစ်နည်း) ဟိ (ယသ္မာ)-ကြောင့်။ ယော၊ အကြင်ဟိတ်သည်။ ဝါ၊ ကို။ ဒဿနဘာဝနာဟိ၊ သောတာပတ္တိမဂ် အထက်မဂ် ၃ ပါးတို့သည်။ ပဟာတဗ္ဗော၊ ပယ်ထိုက်သည်။ သိယာ၊ ဖြစ်ရာ၏။ တေသံ၊ ထိုအဟိတ်တရားတို့၏၊ (သော) ဟေတုယေဝ၊ ထိုဟိတ်သည်ပင်။ နတ္ထိ၊ (တသ္မာ၊ ကြောင့်။ ဣတရထာ၊ ဖြင့်၊ အတ္ထေ-ကို၊ ဂယှမာနေ-သော်၊ အဟေတုကာနံ-တို့ကို၊ အဂ္ဂဟဏံ-သည်၊ ဘဝေယျ၊) သဟေတုကေသုပိ၊ သဟိတ်စိတ္တုပ္ပာဒ်တို့တွင်လည်း။ ဟေတုဝဇ္ဇာနံ၊ ဟိတ်သည် ကြဉ်အပ်သော တရားတို့ကို။ ပဟာနံ၊ ပယ်ခြင်းသည်။ အာပဇ္ဇတိ၊ ဖြစ်၏။ ဟေတူနံ၊ ဟိတ်တို့ကို၊ (ပဟာနံ၊ သည်၊) န အာပဇ္ဇတိ၊ မဖြစ်။ ဟိ၊ မှန်၊ (တစ်နည်း) ဟိ (ယသ္မာ)-ကြောင့်။ ဧတေသံ၊ ဤတတိယရာသိတရားတို့၏။ ဟေတုယေဝ၊ ဟိတ်ကိုသာ။ နေဝ ဒဿနေန၊ ပေ။ ပဟာတဗ္ဗောတိ၊ ဟူ၍။ ဝုတ္တော၊ ဟောတော်မူအပ်ပြီ၊ (ဟောတော်မူအပ်ရာရောက်၏၊) တေ ဓမ္မာ၊ ထိုတတိယရာသိတရားတို့ကို။ နဝုတ္တာ၊ ဟောတော်မမူအပ်ကုန်၊ (ဟောတော်မူအပ်ရာမရောက်ကုန်၊) (တသ္မာ၊ ကြောင့်၊ သဟေတုကေသုပိ-တို့တွင်လည်း၊ ဟေတုဝဇ္ဇာနံ-တို့ကို၊ ပဟာနံ-သည်၊ အာပဇ္ဇတိ၊ ဟေတူနံ-တို့ကို၊ ပဟာနံ-သည်၊ န အာပဇ္ဇတိ-မဖြစ်။)
စ၊ စင်စစ်ကား။ ဧတံ ဥဘယမ္ပိ၊ ဤ ၂ ပါးစုံကိုလည်း။ အနဓိပ္ပေတံ၊ အလိုမရှိအပ်။ တသ္မာ၊ ကြောင့်။ ဧတေသံ၊ ဤတတိယရာသိတရားတို့၏။ ဒဿနေန၊ သောတာပတ္တိမဂ်သည်။ ပဟာတဗ္ဗော၊ ပယ်ထိုက်သော။ ဟေတု၊ ဟိတ်သည်။ နေဝ အတ္ထိ။ ဘာဝနာယ၊ အထက်မဂ် ၃ ပါးအပေါင်းသည်။ ပဟာတဗ္ဗော၊ သော။ ဟေတု၊ သည်။ န အတ္ထိ။ ဣတိ၊ ကြောင့်၊ (ထိုသို့ သောတာပတ္တိမဂ်သည် ပယ်ထိုက်သော ဟိတ်လည်းမရှိ, အထက်မဂ် ၃ ပါးအပေါင်းသည် ပယ်ထိုက်သော ဟိတ်လည်း မရှိကုန်သည်၏ အဖြစ်ကြောင့်၊) (တေ ဓမ္မာ) နေဝ၊ ပေ။ ဟေတုကာ၊ တို့မည်၏။ ဣတိ၊ သို့။ အယံ အတ္ထော၊ ကို။ ဂဟေတဗ္ဗော၊ ယူထိုက်၏။
၁ဝ။ အာစယဂါမိတ္တိကေ၊ ၌၊ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော၊ ယော သဘာဝေါ-ကို၊) ကမ္မကိလေသေဟိ၊ ကံကိလေသာတို့သည်။ အာစီယတိ၊ စီထားအပ်၏။ ဣတိ၊ ကြောင့်၊ (ထိုသို့ ကံကိလေသာတို့ စီထားအပ်သည်၏ အဖြစ်ကြောင့်၊) (သော သဘာဝေါ၊ သည်၊) အာစယော၊ မည်၏။ ဧတံ၊ ဤအာစယဟူသော အမည်သည်။ ပဋိသန္ဓိစုတိဂတိပဝတ္တာနံ၊ အဆက်မပြတ်ဖြစ်တတ်သော ပဋိသန္ဓိစုတိဂတိဟူသော ဝိပါက်တရားတို့၏။ နာမံ၊ အမည်တည်း၊ (ယေ ဓမ္မာ-တို့သည်၊) တဿ၊ ထိုပဋိသန္ဓိစုတိဂတိဟူသော အာစယ၏။ ကာရဏံ၊ အကြောင်းသည်၊ ဖြစ်၍။ နိပ္ပာဒနဘာဝေန၊ အကျိုးကို ပြီးစေတတ်သည်၏ အဖြစ်အားဖြင့်။ တံ အာစယံ၊ ထိုကိလေသာတို့ စီထားအပ်သော ပဋိသန္ဓိစုတိဂတိဟူသော ပဝတ္တသို့။ ဂစ္ဆန္တိ၊ ရောက်တတ်ကုန်၏၊ (ဣတိ၊ ကြောင့်။ ဝါ၊ ထိုသို့ ကံကိလေသာတို့ စီထားအပ်သော ပဋိသန္ဓိစုတိဂတိဟူသော ပဝတ္တသို့ ရောက်တတ်ကုန်သည်၏ အဖြစ်ကြောင့်၊ တေ ဓမ္မာ, အာစယဂါမိနော၊ အာစယဂါမီတို့မည်၏၊) ဝါ၊ တစ်နည်း၊ (ယေ ဓမ္မာ-အကြင်ကုသိုလ်အကုသိုလ်တရားတို့သည်၊) ယဿ၊ အကြင်ပုဂ္ဂိုလ်၏ (သန္တာန်၌)။ ပဝတ္တန္တိ၊ ဖြစ်ကုန်၏။ တံ ပုဂ္ဂလံ၊ မိမိဖြစ်ရာ ထိုပုဂ္ဂိုလ်ကို။ ယထာဝုတ္တမေဝ၊ အကြင်အကြင် ဆိုအပ်ပြီးသည်သာလျှင် ဖြစ်သော။ အာစယံ၊ ကံကိလေသာတို့ စီအပ်သော ပဋိသန္ဓိစုတိဂတိဟူသော ပဝတ္တသို့။ ဂမေန္တိ၊ ရောက်စေတတ်ကုန်၏။ ဣတိပိ၊ ထို့ကြောင့်လည်း၊ (တေ ဓမ္မာ) အာစယဂါမိနော၊ တို့မည်၏။ ဧတံ၊ ဤအာစယဂါမီဟူသော အမည်သည်။ သာသဝကုသလာကုသလာနံ၊ အာသဝေါတရားနှင့်တကွ ဖြစ်သော ကုသိုလ်အကုသိုလ်တို့၏၊ (အာသဝေါတရားတို့၏ အာရုံဖြစ်သော ကုသိုလ်အကုသိုလ်တို့၏၊) အဓိဝစနံ၊ အမည်တည်း။
အာစယသင်္ခါတာ၊ အာစယဟု ဆိုအပ်သော။ တတော ဧဝ စယာ၊ ထိုကံကိလေသာတို့ စီအပ်သော ပဋိသန္ဓိစုတိဂတိဟူသော ပဝတ္တမှ။ အပေတတ္တာ၊ ကင်းသည်၏ အဖြစ်ကြောင့်၊ (အပစယံ၌စပ်၊) နိဗ္ဗာနံ၊ သည်။ စယာ၊ စယမှ။ အပေတံ၊ ကင်းသည်တည်း။ ဣတိ၊ ဤဝစနတ္ထကြောင့်။ အပစယံ၊ အပစယမည်၏။ တံ၊ ထိုအပစယမည်သော နိဗ္ဗာန်ကို။ အာရမဏံ၊ အာရုံကို၊ ကတွာ, ပဝတ္တနတော၊ ဖြစ်ခြင်းကြောင့်၊ (ယေ ဓမ္မာ-တို့သည်၊) အပစယံ၊ ကံကိလေသာတို့ စီအပ်သော ပဋိသန္ဓိစုတိဂတိဟူသော ပဝတ္တမှ ကင်းသော နိဗ္ဗာန်သို့။ ဂစ္ဆန္တိ၊ ရောက်တတ်ကုန်၏။ ဣတိ၊ ကြောင့်၊ (တေ ဓမ္မာ)။ အပစယဂါမိနော၊ တို့မည်၏။ ဧတံ၊ ဤအပစယဂါမီဟူသော အမည်သည်။ အရိယမဂ္ဂါနံ၊ အရိယမဂ်တို့၏၊ (မဂ္ဂင်ရှစ်ပါးတို့၏၊) အဓိဝစနံ၊ တည်း။
အပိစ၊ သည်သာမကသေး၊ (ရှေးနိဿယ၌ "အပိစ အပရောနယော မယာ ဝုစ္စတိ" ဟု ဆို၏၊) ဣဋ္ဌကဝဎ္ဍုကီ၊ အုတ်လက်သမားသည်၊ (ပန်းရန်သမားသည်၊) ပါကာရံ၊ တံတိုင်းကို၊ (အာစိနန္တော၊ စီလျက်။ ဂစ္ဆတိ ဝိယ၊ သွားသကဲ့သို့။ တထာ၊ တူ၊ ယေ ဓမ္မာ-တို့သည်၊) ပဝတ္တံ၊ အဆက်မပြတ် ဖြစ်တတ်သော ပဋိသန္ဓိစုတိဂတိကို။ အာစိနန္တာ၊ စီကုန်လျက်။ ဂစ္ဆန္တိ၊ သွားတတ်ကုန်၏။ ဣတိ၊ ကြောင့်၊ (တေ ဓမ္မာ)။ အာစယဂါမိနော၊ တို့မည်၏။ တေန၊ ထိုပန်းရန်သမားသည်။ စိတံ စိတံ၊ စီအပ်တိုင်း စီအပ်တိုင်းသော။ ဣဋ္ဌကံ၊ အုတ်ကို။ ဝိဒံ္ဓသယမာနော၊ ဖျက်ဆီးသော။ ပုရိသော ဝိယ၊ ယောက်ျားကဲ့သို့၊ (တထာ-တူ၊ ယေ ဓမ္မာ၊) တဒေဝ ပဝတ္တံ၊ ထိုအဆက်မပြတ် ဖြစ်တတ်သော ပဋိသန္ဓိစုတိဂတိကိုပင်။ အပစိနန္တာ၊ ဖျက်ဆီးကုန်လျက်။ ဂစ္ဆန္တိ၊ သွားတတ်ကုန်၏။ ဣတိ၊ ကြောင့်၊ (တေ ဓမ္မာ)။ အပစယဂါမိနော၊ တို့မည်၏။ တတိယပဒံ၊ နေဝါစယဂါမိနာပစယဂါမိနော ဓမ္မာဟူသော တတိယပုဒ်ကို။ ဥဘယပဋိက္ခေပေန၊ ရှေ့ ၂ ပုဒ်သည် ဟောအပ်သော တရား ၂ ပါးစုံကို ပယ်ခြင်းအားဖြင့်၊ (ဘဂဝတာ) ဝုတ္တံ။
၁၁။ သေက္ခတ္တိကေ၊ ၌၊ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော, ယေ ဓမ္မာ-တို့သည်၊) တီသု၊ ၃ ပါးကုန်သော။ သိက္ခာသု၊ သိက္ခာတို့၌။ ဇာတာ၊ ဖြစ်ကုန်၏။ ဣတိ၊ ကြောင့်၊ (ထိုသို့ ၃ ပါးသော သိက္ခာတို့၌ ဖြစ်ကုန်သည်၏ အဖြစ်ကြောင့်၊) (တေ ဓမ္မာ)။ သေက္ခာ၊ သေက္ခတို့မည်၏။ ဧတေ၊ ဤတရားတို့သည်။ သတ္တန္နံ၊ ၇ ယောက်ကုန်သော။ သေက္ခာနံ၊ သေက္ခပုဂ္ဂိုလ်တို့၏၊ (သန္တကာ၊ ဥစ္စာတို့တည်း၊) ဣတိပိ၊ ထို့ကြောင့်လည်း၊ (ထိုသို့ သေက္ခပုဂ္ဂိုလ် ၇ ယောက်တို့၏ ဥစ္စာတို့၏ အဖြစ်ကြောင့်လည်း၊) (တေ ဓမ္မာ)။ သေက္ခာ၊ တို့မည်၏။ အပရိယောသိတသိက္ခတ္တာ၊ မပြီးဆုံးသေးသော သိက္ခာတို့၏ အဖြစ်ကြောင့်၊ (ယေ ဓမ္မာ)။ သယမေဝ၊ မိမိတို့ကိုယ်တိုင်သာလျှင်။ သိက္ခန္တိ၊ ကျင့်တတ်ကုန်၏၊ (ကျင့်လေ့ရှိကုန်၏၊) ဣတိပိ၊ ထို့ကြောင့်လည်း၊ (ထိုသို့ ကျင့်တတ်ကုန်သည်၏ အဖြစ်ကြောင့်လည်း၊) (တေ ဓမ္မာ)။ သေက္ခာ၊ တို့မည်၏။
ဝိစာရမတ္တာ။။ မတ္တာသဒ္ဒါသည် "ပမာဏိဿရိယေ မတ္တာ" စသောအဘိဓာန်လာ အနက်တို့တွင် "ပမာဏအနက်ကို ဟောသောပုဒ်" ဟု သိစေလို၍ မတ္တာကို "ပမာဏံ" ဟု ဖွင့်သည်၊ ဝိစာရောဝ၌ ဧဝသဒ္ဒါကိုလည်း "သဗ္ဗပဒံ သာဝဓာရဏံ" နှင့်အညီ ရသင့်၍ အပိုထည့်အပ်သော သဒ္ဒါတည်း၊ ထိုဧဝဖြင့် ဝိတက်မပါဟု ကန့်သည်၊ ထိုဝိစာရောဝမတ္တာဟူသော စကားဖြင့် "ဝိစာရထက် အပိုဖြစ်သော ဝိတက်နှင့် မယှဉ်ပါ" ဟု ဆိုလိုသည်။ ဟတတော ဥဒ္ဓံ ဝိတက္ကေန သမ္ပယောဂံ န ဂစ္ဆန္တီတိ အတ္ထော။
တီသု သိက္ခာသု ဇာတာ။။ ဤနည်းဖြင့် သေက္ခာ၌ ဇာတအနက်ဝယ် ဏပစ္စည်းသက်ထားသော ဇာတတဒ္ဓိတ်ဟု ပြ၏၊ ရှေးဦးစွာ "သိက္ခိတဗ္ဗာတိ သိက္ခာယော-ကျင့်ထိုက်သော သီလသမာဓိပညာတို့" ဟု ပြုပါ၊ "သိက္ခာသု + ဇာတာ သေက္ခာ = သိက္ခာ ၃ ပါးတို့၌ဖြစ်" ဟူသည် သိက္ခာ ၃ ပါးတွင် ပါဝင်ခြင်းတည်း၊ မဂ္ဂင်ရှစ်ပါးတွင် သမ္မာဒိဋ္ဌိ သမ္မာသင်ကပ္ပသည် အဓိပညာသိက္ခာတည်း၊ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝသည် အဓိသီလသိက္ခာတည်း၊ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိသည် အဓိစိတ္တသိက္ခာတည်း၊ ဤသို့ အသီးသီး ပါဝင်ရကား ထိုမဂ္ဂင်နှင့် ယှဉ်သော မဂ်စိတ္တုပ္ပာဒ်-အောက်ဖိုလ်စိတ္တုပ္ပာဒ်များလည်း ထိုသိက္ခာတို့၌ ပါဝင်ကြရသည်။
သတ္တန္နံ သေက္ခာနံ ဧတေ။။ "ဣတိပိ" ဟု ဆိုသောကြောင့် တစ်နည်းပြခြင်းဟု သိသာ၏၊ ဤနည်းဖြင့် "သေက္ခာနံ + ဧတေ သေက္ခာ" ဟု ဣဒံအနက်၌ ဏပစ္စည်းသက်ထားသော ဣဒံတဒ္ဓိတ်ကို ပြ၏၊ ဆက်ဦးအံ့-"သိက္ခနံ-ကျင့်ခြင်း၊ သိက္ခာ-ကျင့်ခြင်း" ဟု ရှေးဦးစွာ သိက္ခာကို နာမ်ပုဒ်ဖြစ်အောင် ပြုပြီးလျှင် "သိက္ခာ + သီလံ + ဧတေသန္တိ သေက္ခာ" ဟု (သိက္ခာဟူသော နာမ်ပုဒ်နောင် ဏပစ္စည်းသက်သော) တဿီလတဒ္ဓိတ်ဝိဂြိုဟ်ပြု၍ ဖြစ်စေ, သိက္ခဓာတ်နောင် ဏပစ္စည်းဖြင့် "သိက္ခနံ သီလံ ဧတေသန္တိ သေက္ခာ" ဟု တဿီလကိတ်ဝိဂြိုဟ်ပြု၍ ဖြစ်စေ "သေက္ခ" အရ အရိယာပုဂ္ဂိုလ် ၇ ယောက်ကို ကောက်ရသည်၊ (တဿီလကိတ် ရှိသကဲ့သို့ တဿီလတဒ္ဓိတ်လည်း ရှိသည်၊ "သိက္ခနသီလာတိ ဧတေန တဿီလတဒ္ဓိတံ ဝါ တဿီလကိတံ ဝါ ဒဿေတိ"-မဓု။) ထို့နောက်မှ "သေက္ခာနံ + ဧတေတိ သေက္ခာ" ဟု ဣဒံတဒ္ဓိတ်ဆင့်ရသည်။
သယမေဝသိက္ခန္တိ။ ။သယမေဝ၌ ဧဝဖြင့် ပုဂ္ဂိုလ်ကို ကန့်သည်၊ အရဟတ္တဖိုလ် မရောက်သေးသမျှ မပြီးဆုံးသေးသော သိက္ခာဖြစ်ရကား သေက္ခတရားတည်းဟူသော မိမိတို့ ကိုယ်တိုင်ပင် ကျင့်တတ်သော (ကျင့်လေ့ရှိသော) တရားများဖြစ်သောကြောင့် သေက္ခအမည် ရကြသည်-ဟူလို၊ ''သိက္ခန္တိ''ဟု ဆိုသော်လည်း ''သိက္ခန္တီတိ သေက္ခာ''ဟု ဝိဂြိုဟ်ပြုရမည် မဟုတ်၊ ထိုသို့ပြုလျှင် သိက္ခဓာတ်, အပစ္စည်းဖြစ်၍ ''သေက္ခာ''ဟု မပြီးနိုင်၊ ''သိက္ခန္တိ-ကျင့်တတ်''ဆိုသဖြင့် သေက္ခတရားများ၏ ကျင့်တတ်ကြောင်း, ကျင့်လေ့ရှိကြောင်းကိုသာ ပြသောစကား ဖြစ်သည်၊
ဥပရိ၊ အထက်၌။ သိက္ခိတဗ္ဗာဘာဝတော၊ ကျင့်ဖွယ်၏ မရှိခြင်းကြောင့်။ သေက္ခာ၊ သေက္ခတို့သည်။ န၊ မဟုတ်ကုန်။ ဣတိ၊ ကြောင့်။ အသေက္ခာ၊ တို့မည်၏။ ဝါ၊ တစ်နည်း။ ဝုဒ္ဓိပ္ပတ္တာ၊ တိုးပွားခြင်းသို့ ရောက်ပြီးကုန်သော။ သေက္ခာ၊ သေက္ခတို့တည်း။ ဣတိပိ၊ ကြောင့်လည်း။ အသေက္ခာ၊ တို့မည်၏။ ဧတံ၊ ဤအသေက္ခဟူသော သဒ္ဒါသည်။ အရဟတ္တဖလဓမ္မာနံ၊ အရဟတ္တဖိုလ်တရားတို့ကို။ အဓိဝစနံ၊ ဟောသောသဒ္ဒါတည်း။ တတိယပဒံ၊ နေဝသေက္ခာနာသေက္ခာဓမ္မဟူသော တတိယပုဒ်ကို။ ဥဘယပဋိက္ခေပေန၊ ရှေ့ ၂ ပုဒ်သည် ဟောအပ်သောတရား ၂ ပါးစုံကို ပယ်ခြင်းဖြင့်၊ (ဘဂဝတာ) ဝုတ္တံ။
၁၂။ ပရိတ္တတ္တိကေ၊ ၌၊ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော)။ သမန္တတော၊ ပတ်ဝန်းကျင်၌၊ (ပတ်ဝန်းကျင်က၊) ခဏ္ဍိတတ္တာ၊ ပိုင်းဖြတ်အပ်သည်၏ အဖြစ်ကြောင့်၊ (ပရိတ္တန္တိ ဝုစ္စတိ၌စပ်၊) ပရိတ္တံ ဂေါမယပိဏ္ဍန္တိ အာဒီသု ဝိယ၊ ပရိတ္တံဂေါမယပိဏ္ဍံ အစရှိသော ပါဠိရပ်တို့၌ကဲ့သို့။ အပ္ပမတ္တကံ၊ နည်းသော အတိုင်းအရှည်ရှိသော အရာဝတ္ထုကို။ ပရိတ္တန္တိ၊ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ပရိတ္တံ၊ သေးငယ်သော။ ဂေါမယပိဏ္ဍံ၊ နွားချေးခဲကို၊ ''ပါဏိနာဂဟေတွာ''၌စပ်၊ ခန္ဓသံယုတ်, ဂေါမယပိဏ္ဍသုတ်။ ဣမေပိ၊ ဤကာမာဝစရတရားတို့သည်လည်း၊ (ပရိတ္တာ၌စပ်၊) အပ္ပာနုဘာဝတာယ၊ နည်းသော အာနုဘော်ရှိကုန်သည်၏ အဖြစ်ကြောင့်။ ပရိတ္တံ ဝိယ၊ သေးငယ်သော အရာဝတ္ထုနှင့်တူ၏။ ဣတိ၊ ကြောင့်။ ပရိတ္တာ၊ တို့မည်၏။ ဧတံ၊ ဤပရိတ္တဟူသော သဒ္ဒါသည်။ ကာမာဝစရဓမ္မာနံ၊ ကာမာဝစရတရားတို့ကို။ အဓိဝစနံ၊ ဟောသော သဒ္ဒါတည်း။
ကိလေသဝိက္ခမ္ဘနသမတ္ထတာယ၊ ကိလေသာကို ပယ်ခွာခြင်း၌ စွမ်းနိုင်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ ဝိပုလဖလတာယ၊ ကြီးကျယ်ပြန့်ပြောသော အကျိုးရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း။ ဒီဃသန္တာနတာယ စ၊ ရှည်သော အစဉ်ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း။ မဟန္တဘာဝံ၊ ကြီးကျယ်သည်၏ အဖြစ်သို့။ ဂတာ၊ ရောက်သောတရားတို့တည်း၊ (ဣတိ-ကြောင့်။ မဟဂ္ဂတာ၊ မဟဂ္ဂတတို့ မည်၏၊) ဝါ၊ တစ်နည်း။ မဟန္တေဟိ၊ မြင့်မြတ်ကုန်သော။ ဥဠာရစ္ဆန္ဒဝီရိယစိတ္တပညေဟိ၊ မွန်မြတ်သော ဆန္ဒဝီရိယစိတ္တပညာရှိသော ပုဂ္ဂိုလ်တို့သည်၊ 'မဟန္တေဟိ'ကို ထပ်ဖွင့်သည်။ ဂတာ ပဋိပန္နာ၊ ရောက်အပ်သောတရားတို့တည်း။ ဣတိပိ၊ ကြောင့်လည်း။ မဟဂ္ဂတာ၊ တို့မည်၏။ 'မဟန္တတံ + ဂတာ = မဟဂ္ဂတာ၊ မဟန္တေဟိ + ဂတာ = မဟဂ္ဂတာ'ဟုပြု၊ မဟန္တ၌ 'န္တ'ကို ချေထားသည်။
ပမာဏကရာ၊ နှိုင်းယှဉ်တိုင်းတာမှုကို ပြုတတ်ကုန်သော။ ရာဂါဒယော၊ ရာဂ အစရှိကုန်သော။ ဓမ္မာ၊ တို့သည်။ ပမာဏံ နာမ၊ ပမာဏမည်၏။ ဧတေသံ၊ ဤလောကုတ္တရာတရားတို့၏။ အာရမဏတော ဝါ၊ အာရုံအားဖြင့်လည်းကောင်း၊ (အာရုံပြုသောအားဖြင့်လည်းကောင်း၊) သမ္ပယောဂတော ဝါ၊ ယှဉ်ဘက်အားဖြင့်လည်းကောင်း။ ပမာဏံ၊ နှိုင်းယှဉ်တိုင်းတာတတ်သော ရာဂအစရှိသောတရားသည်၊ နတ္Percentိ။ ဣတိ၊ ကြောင့်၊ (ထိုသို့ နှိုင်းယှဉ်တိုင်းတာတတ်သော ရာဂအစရှိသော တရားမရှိကုန်သည်၏ အဖြစ်ကြောင့်၊) (တေဓမ္မာ-ထိုလောကုတ္တရာတရားတို့သည်၊) အပ္ပမာဏာ၊ တို့မည်၏။ ပမာဏဿ၊ နှိုင်းယှဉ်တိုင်းတာတတ်သော ရာဂအစရှိသောတရား၏။ ပဋိပက္ခာ၊ ဆန့်ကျင်ဘက်တို့တည်း။ ဣတိ စ၊ ထို့ကြောင့်လည်း။ အပ္ပမာဏာ၊ တို့မည်၏။
၁၃။ ပရိတ္တာရမဏတ္တိကေ၊ ၌၊ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော)။ ဧတေသံ၊ ဤတရားတို့၏။ ပရိတ္တာ၊ ပရိတ္တတရားတို့ဟူသော။ အာရမဏံ၊ အာရုံသည်၊ အတ္Percentိ။ ဣတိ၊ ကြောင့်၊ (ထိုသို့ ပရိတ္တတရားဟူသော အာရုံရှိကုန်သည်၏ အဖြစ်ကြောင့်၊ တေ-ထိုတရားတို့သည်၊) ပရိတ္တာရမဏာ၊ တို့မည်၏၊ 'ပရိတ္တံ + အာရမဏံ'ဟု စာအုပ်များ၌ ရှိသော်လည်း ''ပရိတ္တ''အရ ရှေ့တိက်က ပရိတ္တတရားတို့ကို ယူရမည်ဖြစ်သောကြောင့် ''ပရိတ္တာ + အာရမဏံ''ဟု ရှိသင့်၏၊ ဝိသေသနဝိသေသျ လိင်ဝုစ် ပြားနိုင်၏။ သေသပဒဒွယေပိ၊ ပရိတ္တာရမဏမှ ကြွင်းသော မဟဂ္ဂတာရမဏာ၊ အပ္ပမာဏာရမဏာ ဟူသောပုဒ် ၂ ပါးအပေါင်း၌လည်း။ ဧသေဝ နယော၊ ဤနည်းပင်တည်း။
၁၄။ ဟီနတ္တိကေ၊ ၌၊ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော)။ ဟီနာ၊ ကား။ လာမကာ၊ ယုတ်ညံ့ကုန်သော။ အကုသလာ၊ အကုသိုလ်ဖြစ်ကုန်သော။ ဓမ္မာ၊ တို့တည်း။ ဟီနပဏီတာနံ၊ ယုတ်ညံ့သောတရား မြတ်သောတရားတို့၏။ မဇ္ဈေ၊ ၌။ ဘဝါ၊ ဖြစ်သောတရားတို့သည်။ ဣတိ၊ ကြောင့်၊ (ထိုသို့ ဟီနပဏီတတရားတို့၏ အလယ်၌ ဖြစ်ကုန်သည်၏ အဖြစ်ကြောင့်၊) မဇ္ဈိမာ၊ မဇ္ဈိမတို့မည်၏၊ 'မဇ္ဈေ + ဘဝါ'ဟု ဝစနတ္ထပြု၍ ဘဝအနက်၌ ဣမပစ္စည်းသက်။ အဝသေသာ၊ ဟီနပဏီတတရားတို့မှ ကြွင်းကုန်သော။ တေဘူမကာ၊ ဘုံ ၃ ပါး၌ ဖြစ်ကုန်သော။ ဓမ္မာ၊ တို့တည်း၊ 'ဟီနအကုသိုလ်မှ ကြွင်းကုန်သော တေဘူမကကုသိုလ် ဝိပါက်ကြိယာရုပ်တရားတို့ကို မဇ္ဈိမာအရ ကောက်ပါ-ဟူလို၊' ဥတ္တမဋ္ဌေန၊ မြတ်သည်၏ အဖြစ်ဟူသော အနက်ကြောင့်လည်းကောင်း။ အတပ္ပကဋ္ဌေန စ၊ တင်းမတိမ် အားမရစေနိုင်သည်၏ အဖြစ်ဟူသော အနက်ကြောင့်လည်းကောင်း။ ပဏီတာ၊ မွန်မြတ်ကုန်သော။ လောကုတ္တရာ၊ လောကုတ္တရာဖြစ်ကုန်သော။ ဓမ္မာ၊ တို့တည်း။
၁၅။ မိစ္ဆတ္တတ္တိကေ၊ ၌၊ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော၊ မာတုဃာတာဒယော-အမိကို သတ်မှုအစရှိသောတရားတို့သည်၊ မိစ္ဆတ္တာ၌စပ်၊) မေ၊ ငါ၏။ ဟိတသုခါဝဟာ၊ စီးပွားချမ်းသာကို ဆောင်နိုင်ကုန်သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ ဣတိ ဧဝံ၊ သို့။ အာသီသိတာ၊ တောင့်တအပ်ကုန်သည်၊ (သမာနာပိ-ဖြစ်ပါကုန်သော်လည်း၊) တထာ၊ ထိုတောင့်တအပ်သည့်အတိုင်း။ အဘာဝတော၊ မဖြစ်ခြင်းကြောင့်လည်းကောင်း။ အသုဘာဒီသု ယေဝ၊ အသုဘအစရှိသော ခန္ဓာ ၅ ပါးတို့၌ပင်။ သုဘန္တိ အာဒိဝိပရီတပ္ပဝတ္တိတော စ၊ သုဘအစရှိသော ပြောင်းပြန်အားဖြင့် ဖြစ်ခြင်းကြောင့်လည်းကောင်း။ မိစ္ဆာသဘာဝါ၊ မှားယွင်းသော သဘောရှိကုန်၏။ ဣတိ၊ ကြောင့်။ မိစ္ဆတ္တာ၊ တို့မည်၏။
ဝိပါကဒါနော၊ အကျိုးပေးခြင်းသည်။ သတိ၊ သော်။ ခန္ဓဘေဒါနန္တရမေဝ၊ ခန္ဓာ၏ ပျက်စီးခြင်းဟူသော စုတိ၏ အခြားမဲ့၌သာလျှင်။ ဝိပါကဒါနတော၊ အကျိုးကို ပေးခြင်းကြောင့်။ နိယတာ၊ နိယတတို့မည်၏။ မိစ္ဆတ္တာ စ၊ မှားယွင်းသော သဘောရှိသော တရားတို့လည်းဟုတ်၏။ တေ၊ ထိုမှားယွင်းသော သဘောရှိသော တရားတို့ဟူသည်။ နိယတာ စ၊ နိယတမည်သော တရားတို့လည်းဟုတ်၏။ ဣတိ၊ ထို ၂ ပါးသော သတ္တိကြောင့်။ မိစ္ဆတ္တနိယတာ၊ တို့မည်၏။
ဝုတ္တဝိပရီတေန၊ ဆိုအပ်ပြီးသော အနက်၏ ပြောင်းပြန်ဖြစ်သော။ အတ္ထေန၊ အနက်ကြောင့်။ သမ္မာသဘာဝါ၊ မှန်ကန်သော သဘောရှိသော တရားတို့တည်း။ ဣတိ၊ ကြောင့်။ သမ္မတ္တာ၊ တို့မည်၏။ သမ္မတ္တာ စ၊ မှန်ကန်သော သဘောရှိသော တရားတို့လည်းဟုတ်၏။ တေ၊ ထိုမှန်ကန်သော သဘောရှိသော တရားတို့ဟူသည်။ အနန္တရမေဝ၊ မိမိ၏ အခြားမဲ့၌ပင်။ ဖလဒါနနိယမေန၊ အကျိုးပေးခြင်း၏ မြဲခြင်းကြောင့်။ နိယတာ စ၊ နိယတတို့လည်း။ ဟောန္တိ၊ ဟုတ်ကုန်၏။ ဣတိ၊ ထို ၂ ပါးသော သတ္တိကြောင့်။ သမ္မတ္တနိယတာ၊ တို့မည်၏။ ဥဘယထာပိ၊ ၂ ပါးစုံသော အခြင်းအရာကြောင့်လည်း။ နိယတာ၊ မြဲသော တရားတို့သည်။ န၊ မဟုတ်ကုန်။ ဣတိ၊ ကြောင့်။ အနိယတာ၊ တို့မည်၏။ 'ဤတိက်ပုဒ်တို့၏ အရကောက်ကို မာတိကာအကောက်၌ ကြည့်ပါ။'
၁၆။ မဂ္ဂါရမဏတ္တိကေ၊ ၌၊ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော၊ ယော သဘာဝေါ-သည်၊) နိဗ္ဗာနံ၊ ကို။ မဂ္ဂတိ ဂဝေသတိ၊ ရှာမှီးတတ်၏။ ဣတိ၊ ကြောင့်၊ (ထိုသို့ နိဗ္ဗာန်ကို ရှာမှီးတတ်သည်၏ အဖြစ်ကြောင့်၊) (သော သဘာဝေါ-သည်။ မဂ္ဂေါ၊ မဂ်မည်၏၊) ဝါ-တစ်နည်း၊ (ယော သဘာဝေါ)။ ကိလေသေ၊ တို့ကို။ မာရေန္တော၊ သတ်လျက်၊ (နိဗ္ဗာနံ-သို့၊) ဂစ္ဆတိ၊ သွားတတ်၏။ ဣတိ၊ ထို့ကြောင့်၊ (ထိုသို့ ကိလေသာတို့ကို သတ်လျက် နိဗ္ဗာန်သို့ သွားတတ်သည်၏ အဖြစ်ကြောင့်၊) (သော သဘာဝေါ)။ မဂ္ဂေါ၊ မည်၏။ ဧတေသံ၊ ဤတရားတို့၏။ မဂ္ဂေါ၊ မဂ်ဟူသော။ အာရမဏံ၊ သည်၊ အတ္Percentိ။ ဣတိ၊ ကြောင့်၊ (တေဓမ္မာ)။ မဂ္ဂါရမဏာ၊ တို့မည်၏။
ဧတေသံ၊ ဤတရားတို့၏။ အဋ္ဌင်္ဂိကောပိ၊ ရှစ်ပါးသော အင်္ဂါရှိသည်လည်းဖြစ်သော။ မဂ္ဂေါ၊ မဂ်ဟူသော။ ပစ္စယဋ္ဌေန၊ ပစ္စည်း၏ အဖြစ်ဟူသော အနက်ကြောင့်။ ဟေတု၊ အကြောင်းပစ္စည်းသည်၊ အတ္Percentိ။ ဣတိ၊ ကြောင့်၊ (ထိုသို့ မဂ်ဟူသော အကြောင်းပစ္စည်းရှိကုန်သည်၏ အဖြစ်ကြောင့်၊) (တေဓမ္မာ)။ မဂ္ဂဟေတုကာ၊ တို့မည်၏၊ ဝါ-တစ်နည်း။ မဂ္ဂသမ္ပယုတ္တာ၊ မဂ်နှင့်ယှဉ်ကုန်သော။ ဟေတူ၊ အလောဘ အဒေါသဟိတ်တို့တည်း၊ ဝါ-တစ်နည်း။ မဂ္ဂေ၊ မဂ်၌၊ (မဂ်ထဲက၊) ဟေတု၊ အမောဟဟိတ်တည်း။ ဣတိ၊ ကြောင့်။ မဂ္ဂဟေတူ၊ မဂ္ဂဟေတုတို့မည်၏၊ 'မဂ္ဂေ + ဟေတု'ကို ရုက္ခသာခါကဲ့သို့ အပေါင်းအာဓာရ အစိတ်အာဓေယ်အဖြစ်ဖြင့်စပ်၊ ရှေးနိဿယ၌ 'ဘဝါ'ထည့်၍ပေး၏။ ဧတေသံ၊ ဤတရားတို့၏။ တေ၊ ထို မဂ္ဂဟေတုအမည်ရသော အလောဘ, အဒေါသ, အမောဟဟိတ်ဟူကုန်သော။ ဟေတူ၊ ဟိတ်တို့သည်၊ (သန္တိ)။ ဣတိပိ၊ ကြောင့်လည်း၊ (ထိုသို့ မဂ္ဂဟေတုအမည်ရသော အလောဘ, အဒေါသ, အမောဟဟိတ်ဟူသော ဟိတ်ရှိကုန်သည်၏ အဖြစ်ကြောင့်လည်း၊) (တေဓမ္မာ)။ မဂ္ဂဟေတုကာ၊ တို့မည်၏။ သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိသည်။ သယံ၊ မိမိကိုယ်တိုင်။ မဂ္ဂေါ စေဝ၊ မဂ်လည်းမည်၏။ ဟေတု စ၊ ဟိတ်လည်းမည်၏။ ဣတိ၊ ကြောင့်။ ဧတေသံ၊ ဤတရားတို့၏။ မဂ္ဂေါ၊ သမ္မာဒိဋ္ဌိမဂ်ဟူသော။ ဟေတု၊ ဟိတ်သည်၊ အတ္Percentိ။ ဣတိပိ၊ ထို့ကြောင့်လည်း၊ (ထိုသို့ မဂ်ဟူသော ဟိတ်ရှိကုန်သည်၏ အဖြစ်ကြောင့်လည်း၊) (တေဓမ္မာ) မဂ္ဂဟေတုကာ၊ တို့မည်၏။
အဘိဘဝိတွာ၊ လွှမ်းမိုး၍။ ပဝတ္တနဋ္ဌေန၊ ဖြစ်တတ်သည်၏ အဖြစ်ဟူသော အနက်ကြောင့်။ ဧတေသံ၊ ဤတရားတို့၏။ မဂ္ဂေါ၊ မဂ်ဟူသော။ အဓိပတိ၊ အဓိပတိသည်၊ အတ္Percentိ။ ဣတိ၊ ကြောင့်၊ (ထိုသို့ မဂ်ဟူသော အဓိပတိရှိကုန်သည်၏ အဖြစ်ကြောင့်၊) (တေဓမ္မာ) မဂ္ဂါဓိပတိနော၊ မဂ္ဂါဓိပတိတို့မည်၏။
၁၇။ ဥပ္ပန္နတ္တိကေ၊ ၌၊ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော)။ ယေ ဓမ္မာ၊ တို့သည်။ ဥပ္ပာဒတော၊ ဥပါဒ်မှ။ ပဋ္ဌာယ၊ စ၍။ ယာဝ ဘင်္ဂါ၊ ဘင်တိုင်အောင်။ ဥဒ္ဓံ၊ အထက်၌။ ပန္နာ ဂတာ ပဝတ္တာ၊ ဖြစ်ကုန်၏။ ဣတိ၊ ကြောင့်၊ (ထိုသို့ ဥပါဒ်မှစ၍ ဘင်တိုင်အောင် အထက်၌ ဖြစ်ကုန်သည်၏ အဖြစ်ကြောင့်၊) (တေဓမ္မာ)။ ဥပ္ပန္နာ၊ တို့မည်၏၊ ဥပန္နာ-ဥပ္ပန္နတို့သည်။ န၊ မဟုတ်ကုန်။ ဣတိ၊ ကြောင့်။ အနုပ္ပန္နာ၊ တို့မည်၏။ ပရိနိဋ္ဌိတကာရဏေကဒေသတ္တာ၊ ပြီးပြီးသောအကြောင်း တစ်စိတ်ရှိကုန်သည်၏ အဖြစ်ကြောင့်၊ (ယေဓမ္မာ) အဝဿံ၊ မချွတ်ဧကန်။ ဥပ္ပဇ္ဇိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ ဣတိ၊ ကြောင့်၊ (ထိုသို့ ပြီးပြီးသော အကြောင်းတစ်စိတ် ရှိသည့်အတွက် မချွတ်ဖြစ်လတ္တံ့တို့၏ အဖြစ်ကြောင့်၊) (တေဓမ္မာ) ဥပ္ပာဒိနော၊ ဥပ္ပာဒိတို့မည်၏။
၁၈။ အတီတတ္တိကေ၊ ၌၊ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော)။ အတ္တနော၊ ၏။ သဘာဝံ၊ ကက္ခဠအစရှိသော သဘော, ဖုသနအစရှိသော သဘောကို၊ ဝါ-တစ်နည်း။ ဥပ္ပာဒါဒိခဏံ၊ ဥပါဒ်အစရှိသော ခဏတ္တယကို။ ပတွာ၊ ရောက်၍။ အတိက္ကန္တာ၊ လွန်ပြီးသော တရားတို့တည်း။ ဣတိ၊ ကြောင့်။ အတီတာ၊ တို့မည်၏။ တဒုဘယမ္ပိ၊ ထို ၂ ပါးစုံသော မိမိ၏ သဘော, ဥပါဒ်အစရှိသော ခဏတ္တယသို့လည်း။ န အာဂတာ၊ မရောက်ကုန်သေးသော တရားတို့တည်း။ ဣတိ၊ ကြောင့်။ အနာဂတာ၊ တို့မည်၏။ တံတံကရဏံ၊ ထိုထိုအကြောင်းကို။ ပဋိစ္စ၊ စွဲ၍။ ဥပ္ပန္နာ၊ ဥပါဒ်မှစ၍ ဘင်တိုင်အောင် အထက်၌ ဖြစ်သော တရားတို့တည်း။ ဣတိ။ ပစ္စုပ္ပန္နာ၊ တို့မည်၏။
၁၉။ အနန္တရတ္တိကေ၊ အခြားမဲ့ဖြစ်သော အတီတာရမဏတိက်၌၊ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော)။ ဧတေသံ၊ ဤတရားတို့၏။ အတီတာ၊ အတိတ်တရားတို့ဟူကုန်သော။ အာရမဏံ၊ သည်၊ အတ္Percentိ။ ဣတိ၊ ကြောင့်၊ (တေဓမ္မာ) အတီတာရမဏာ၊ တို့မည်၏၊ 'ရှေ့တိက်က အတီတဓမ္မကို အတီတအရ ယူရမည်ဖြစ်သောကြောင့် ''အတီတာ''ဟု ပုလ္လိင်ဗဟုဝုစ်ဖြင့် ရှိစေ၊ ယခုစာအုပ်များ၌ ''အတီတံ''ဟု ရှိသည်ကို စဉ်းစားပါ၊' သေသပဒဒွယေပိ၊ အတီတာရမဏမှ ကြွင်းသော အနာဂတာရမဏာ၊ ပစ္စုပ္ပန္နာရမဏာ ဟူသောပုဒ် ၂ ပါးအပေါင်း၌လည်း။ ဧသေဝ နယော၊ ပင်တည်း။
၂ဝ။ အဇ္ဈတ္တတ္တိကေ၊ ၌၊ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော၊ ယေ ဓမ္မာ-အကြင်တရားတို့သည်၊) ဧဝံ၊ ဤသို့၊ (စက္ခုအစရှိသည်တို့၏ အဖြစ်, ဖုသနအစရှိသည်တို့၏ အဖြစ်, တစ်ခုသော သန္တာန်၌ အကျုံးဝင်ကုန်သည်၏ အဖြစ်၏ အစွမ်းဖြင့်၊) ပဝတ္တမာနာ၊ ဖြစ်ရကုန်လသော်၊ (ဖြစ်ရလို့ရှိလျှင်၊) 'အချို့စာအုပ်၌ ''ဝတ္တမာနာ''ဟု (ပ)မပါဘဲ ရှိ၏၊' မယံ၊ ငါတို့သည်။ အတ္တာတိ၊ အတ္တဟူ၍။ ဂဟဏံ၊ ယူအပ်ကုန်သည်၏ အဖြစ်သို့၊ (စွဲလမ်းအပ်ကုန်သည်၏ အဖြစ်သို့၊) ဂမိဿာမ၊ ရောက်ကုန်လိမ့်အံ့။ ဣတိ ဣမိနာ ဝိယ အဓိပ္ပာယေန၊ ဤသို့သော အလိုဆန္ဒဖြင့်ကဲ့သို့။ အတ္တာနံ၊ အတ္တကို။ အဓိကာရံ၊ စွဲမှီရည်စူးမှုကို။ ကတွာ၊ ၍။ ပဝတ္တာ၊ ဖြစ်ကုန်၏။ ဣတိ၊ ကြောင့်၊ (ထိုသို့ အတ္တကို စွဲမှီရည်စူး၍ ဖြစ်ကုန်သည်၏ အဖြစ်ကြောင့်၊) (တေဓမ္မာ) အဇ္ဈတ္တာ၊ တို့မည်၏။
ပန- ဝစနတ္ထမှတစ်ပါး အတ္ထုဒ္ဓါရကို ဆိုဦးအံ့။
အယံ အဇ္ဈတ္တသဒ္ဒေါ၊ ဤအဇ္ဈတ္တသဒ္ဒါသည်၊ ဝါ- ကို။ ဂေါစရဇ္ဈတ္တေ၊ ဂေါစရဇ္ဈတ္တလည်းကောင်း။ နိယကဇ္ဈတ္တေ၊ နိယကဇ္ဈတ္တလည်းကောင်း။ အဇ္ဈတ္တဇ္ဈတ္တေ၊ အဇ္ဈတ္တဇ္ဈတ္တလည်းကောင်း။ ဝိသယဇ္ဈတ္တေ၊ ဝိသယဇ္ဈတ္တလည်းကောင်း၊ ဣတိ- သို့။ စတူသု၊ ၄ ပါးကုန်သော။ အတ္ထေသု၊ အနက်တို့၌။ ဒိဿတိ၊ ထင်ရှား၏၊ (တွေ့မြင်အပ်၏၊) ဟ- ထိုထိုပါဠိရပ်၌ တွေ့မြင်ရသည်-ဟူလို။
ဟိ- ချဲ့။ တေနာနန္ဒ၊ ပေ၊ သဏ္ဌပေတဗ္ဗံ၊ တေနာနန္ဒ၊ ပေ၊ သဏ္ဌပေတဗ္ဗံ ဟူသော ပါဠိရပ်လည်းကောင်း။ အဇ္ဈတ္တရတော သမာဟိတော၊ အဇ္ဈတ္တရတော သမာဟိတော ဟူသော ပါဠိရပ်လည်းကောင်း။ ဣတိအာဒီသု၊ ဤသို့အစရှိသော ပါဠိရပ်တို့၌။ အယံ၊ ဤအဇ္ဈတ္တသဒ္ဒါသည်၊ ဝါ- ကို။ ဂေါစရဇ္ဈတ္တေ၊ ၌၊ ဝါ- အာရုံဟူသော အဇ္ဈတ္တ၌။ ဒိဿတိ၊ ၏။
ဟ- အာနန္ဒ- အာနန္ဒာ။ တေန ဘိက္ခုနာ၊ ထိုရဟန်းသည်။ ပုရိမသ္မိံ၊ ရှေးဖြစ်သော။ တသ္မိံယေဝ သမာဓိနိမိတ္တေ၊ ထိုပထမဈာန်အစရှိသော သမာဓိ၏ အာရုံနိမိတ်ဖြစ်သော။ အဇ္ဈတ္တမေဝ၊ ကသိုဏ်းအစရှိသော အဇ္ဈတ္တအာရုံ၌သာ။ စိတ္တံ၊ စိတ်ကို။ သဏ္ဌပေတဗ္ဗံ၊ ကောင်းစွာ ထားလိုက်၏။
အဇ္ဈတ္တရတော၊ အဇ္ဈတ္တအာရုံ၌ မွေ့လျော်သည်။ သမာဟိတော၊ ကောင်းစွာ အာရုံ၌ ထားအပ်သော စိတ်ရှိသည်။ ဧကော၊ အဖော်မလှောက်၊ တစ်ယောက်ထီးသည်၊ ဟုတွာ။ သန္တုသိတော၊ ကောင်းစွာ နှစ်သက်၏။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဘိက္ခုံ၊ ဘိက္ခုဟူ၍။ အာဟု၊ ဆိုကြကုန်ပြီ၊ ဤသို့ ဋီကာ၌ ထည့်စပ်သည်။
အဇ္ဈတ္တံ သမ္ပသာဒနံ၊ အဇ္ဈတ္တံ သမ္ပသာဒနံ ဟူသော ပါဠိရပ်လည်းကောင်း။ အဇ္ဈတ္တံ ဝါ၊ ပေ၊ ဝိဟရတိ၊ အဇ္ဈတ္တံ ဝါ၊ ပေ၊ ဝိဟရတိ ဟူသော ပါဠိရပ်လည်းကောင်း။ ဣတိအာဒီသု၊ ဤသို့အစရှိသော ပါဠိရပ်တို့၌။ နိယကဇ္ဈတ္တေ၊ ၌၊ ဝါ- မိမိသန္တာန်ကို မှီ၍ဖြစ်သော အဇ္ဈတ္တ၌၊ (ဒိဿတိ)။
ဟ- အဇ္ဈတ္တံ၊ မိမိသန္တာန်၌ ဖြစ်သော။ သမ္ပသာဒနံ၊ ကြည်လင်စေတတ်သော၊ (ဒုတိယံဈာနံ၌ စပ်၊) ... အဇ္ဈတ္တံ၊ မိမိသန္တာန်၌ ဖြစ်ကုန်သော။ ဓမ္မေသု ဝါ၊ သညာ သင်္ခါရဓမ္မတို့၌လည်း။ ဓမ္မာနုပဿီ၊ ဓမ္မဟု အဖန်ဖန် ရှုလေ့ရှိသည်၊ (ဟုတွာ) ဝိဟရတိ၊ နေ၏။
ဆ အဇ္ဈတ္တိကာနိ အာယတနာနီတိ အာဒီသု၊ အစရှိသော ပါဠိရပ်တို့၌။ အဇ္ဈတ္တဇ္ဈတ္တေ၊ အဇ္ဈတ္တဇ္ဈတ္တ၌၊ (အဇ္ဈတ္တဟူသော အဇ္ဈတ္တ၌၊) ဒိဿတိ၊ ထင်ရှား၏၊ (တွေ့မြင်အပ်၏၊) ဟ- ဆ၊ ကုန်သော။ အဇ္ဈတ္တိကာနိ၊ အဇ္ဈတ္တသန္တာန်၌ ဖြစ်ကုန်သော။ အာယတနာနိ၊ အာယတနတို့။
အယံ ခေါ ပနာနန္ဒ၊ ပေ၊ ဝိဟရိတုံတိ အာဒီသု၊ အစရှိသော ပါဠိရပ်တို့၌။ ဝိသယဇ္ဈတ္တေ၊ ဝိသယဇ္ဈတ္တ၌၊ (စိတ်ကို အထူးအားဖြင့် ဖွဲ့ထားအပ်သော ဣဿရိယဋ္ဌာနဟူသော အဇ္ဈတ္တ၌၊) (ဒိဿတိ)။
ဣဿရိယဋ္ဌာနေ၊ အစိုးရသူ၏ ဖြစ်ကြောင်းဖြစ်ရာ ဝသီဘော် ၅ ဖြာ၏ တည်ရာဟူသော ဖလသမာပတ်၌၊ ဝါ- အစိုးရသူ၏ ဖြစ်ကြောင်းဖြစ်ရာ ဝသီဘော် ၅ ဖြာ၏ အကြောင်းဖြစ်သော ဖလသမာပတ်၌၊ (ဒိဿတိ)၊ ဣတိ အတ္ထော- နက်။
ဟ- အာနန္ဒ- အာနန္ဒာ။ သဗ္ဗနိမိတ္တာနံ၊ အလုံးစုံသော ရူပါရုံအစရှိသော နိမိတ်တို့ကို။ အမနသိကာရာ၊ နှလုံးမသွင်းခြင်းကြောင့်။ အဇ္ဈတ္တံ၊ ဝိသယအဇ္ဈတ္တဖြစ်သော။ သုညတံ၊ အတ္တမှ ကင်းဆိတ်သော ဖလသမာပတ်ကို၊ ဝါ- သို့။ ဥပသမ္ပဇ္ဇ၊ ပြီးစေ၍၊ ဝါ- ရောက်၍။ ယဒိဒံ ဝိဟရိတုံ၊ အကြင်နေရခြင်းသည်၊ (အတ္ထိ)။ အယံ ဝိဟာရော၊ ဤသုညတဖလသမာပတ်ဟူသော ဝိဟာရကို။ တထာဂတေန၊ မြတ်စွာဘုရားသည်။ အဘိသမ္ဗုဒ္ဓေါ၊ ထိုးထွင်း၍ သိတော်မူအပ်ပြီ။ ဟိ- မှန်။ ဖလသမာပတ္တိ၊ ဖလသမာပတ်သည်။ ဗုဒ္ဓါနံ၊ ဘုရားရှင်တို့၏။ ဣဿရိယဋ္ဌာနံ နာမ၊ ဣဿရိယဋ္ဌာနမည်၏။
ပန- အတ္ထုဒ္ဓါရသာမညမှတစ်ပါး အတ္ထုဒ္ဒေသဝိသေသကို ဆိုဦးအံ့။ ဣဓ၊ ဤအဇ္ဈတ္တတိက်၌။ နိယကဇ္ဈတ္တေ၊ ၌၊ ဝါ- မိမိသန္တာန်ကို မှီ၍ဖြစ်သော အဇ္ဈတ္တ၌။ အဓိပ္ပတော၊ အလိုရှိအပ်၏။ တသ္မာ- ကြောင့်။ အတ္တနော၊ ၏။ သန္တာနေ၊ သန္တာန်၌။ ပဝတ္တာ၊ ဖြစ်ကုန်သော။ ပါဋိပုဂ္ဂလိကာ၊ အသီးအသီးသော ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်ကုန်သော။ ဓမ္မာ၊ တို့သည်။ အဇ္ဈတ္တာ၊ အဇ္ဈတ္တတို့မည်၏၊ ဣတိ- သို့။ ဝေဒိတဗ္ဗာ၊ သိထိုက်ကုန်၏။
ပန- ကား။ တတော၊ ထိုအဇ္ဈတ္တတရားမှ။ ဗာဟိရဘူတာ၊ အပဖြစ်၍ ဖြစ်ကုန်သော။ ဣန္ဒြိယဗဒ္ဓါ ဝါ၊ ဇီဝိတိန္ဒြေနှင့် စပ်သည်မူလည်း ဖြစ်ကုန်သော။ အနိန္ဒြိယဗဒ္ဓါ ဝါ၊ ဇီဝိတိန္ဒြေဖြင့် မစပ်သည်မူလည်း ဖြစ်ကုန်သော၊ (ဓမ္မာ- တို့သည်၊) ဗဟိဒ္ဓါ နာမ၊ တို့မည်၏။
တတိယပဒံ၊ အဇ္ဈတ္တဗဟိဒ္ဓါဟူသော တတိယပုဒ်ကို။ တဒုဘယဝသေန၊ ထို ၂ ပါးစုံသော အဇ္ဈတ္တတရား ဗဟိဒ္ဓတရားတို့၏ အစွမ်းဖြင့်၊ (ဘဂဝတာ) ဝုတ္တံ၊ ပြီ။
၂၁။ အနန္တရတ္တိကော၊ အခြားမဲ့ဖြစ်သော အဇ္ဈတ္တာရမဏတိက်ကို။ တိပ္ပကာရေပိ၊ ၃ ပါးအပြားရှိသည်လည်း ဖြစ်ကုန်သော။ တေယေဝ ဓမ္မေ၊ ထိုတရားတို့ကိုပင်၊ (ထိုအဇ္ဈတ္တတရား ဗဟိဒ္ဓတရား၊ အဇ္ဈတ္တဗဟိဒ္ဓတရားတို့ကိုပင်၊) အာရမ္မဏံ၊ ကို။ ကတွာ၊ ၍။ ပဝတ္တနဝသေန၊ ဖြစ်ခြင်း၏ အစွမ်းဖြင့်၊ (ဘဂဝတာ) ဝုတ္တော၊ ပြီ။
၂၂။ သနိဒဿနတ္တိကေ၊ ၌၊ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော၊ ယေ ဓမ္မာ- အကြင်တရားတို့သည်၊) ဒဋ္ဌဗ္ဗဘာဝသင်္ခါတေန၊ မြင်ထိုက်သည်၏ အဖြစ်ဟု ဆိုအပ်သော။ နိဒဿနေန၊ နိဒဿနနှင့်။ သဟ၊ တကွ၊ (ဝတ္တန္တိ- ဖြစ်ကုန်၏၊) ဣတိ- ကြောင့်၊ (ထိုသို့ နိဒဿနနှင့်တကွဖြစ်ကုန်သည်၏ အဖြစ်ကြောင့်၊) (တေ ဓမ္မာ)။ သနိဒဿနာ၊ တို့မည်၏။
(ယေ ဓမ္မာ)။ ပဋိဟနနဘာဝသင်္ခါတေန၊ ထိပါးတတ်သည်၏ အဖြစ်ဟု ဆိုအပ်သော။ ပဋိဃေန၊ ပဋိဃနှင့်။ သဟ၊ (ဝတ္တန္တိ)၊ ဣတိ- ကြောင့်၊ (ထိုသို့ ပဋိဃနှင့်တကွဖြစ်ကုန်သည်၏ အဖြစ်ကြောင့်၊) (တေ ဓမ္မာ)။ သပ္ပဋိဃာ၊ တို့မည်၏။
သနိဒဿနာ စ၊ မြင်ထိုက်သည်၏ အဖြစ်ဟူသော နိဒဿနနှင့်တကွဖြစ်သော တရားတို့လည်း ဟုတ်၏။ တေ၊ ထိုသနိဒဿနတရားတို့ဟူသည်။ သပ္ပဋိဃာ စ၊ ထိပါးတတ်သည်၏ အဖြစ်ဟူသော ပဋိဃနှင့်တကွဖြစ်သော တရားတို့လည်း ဟုတ်၏၊ ဣတိ- ထို ၂ ပါးသော သတ္တိကြောင့်။ သနိဒဿနသပ္ပဋိဃာ၊ တို့မည်၏။
ဧတေသံ၊ ဤတရားတို့၏။ ဒဋ္ဌဗ္ဗဘာဝသင်္ခါတံ၊ မြင်ထိုက်သည်၏ အဖြစ်ဟု ဆိုအပ်သော။ နိဒဿနံ၊ နိဒဿနသည်။ နတ္Percentှိ (နတ္ထိ)- မရှိ၊ ဣတိ- ကြောင့်၊ (ထိုသို့ နိဒဿနမရှိကုန်သည်၏ အဖြစ်ကြောင့်၊) (တေ ဓမ္မာ) အနိဒဿနာ၊ တို့မည်၏။
အနိဒဿနာ စ၊ မြင်ထိုက်သည်၏ အဖြစ်ဟူသော နိဒဿနမရှိသော တရားတို့လည်း ဟုတ်၏။ တေ၊ ထိုအနိဒဿနတရားတို့ဟူသည်။ ဝုတ္တနယေနေဝ၊ ဆိုအပ်ပြီးသော နည်းဖြင့်ပင်။ သပ္ပဋိဃာ စ၊ ထိပါးတတ်သည်၏ အဖြစ်ဟူသော ပဋိဃနှင့်တကွဖြစ်သော တရားတို့လည်း ဟုတ်၏၊ ဣတိ- ကြောင့်။ အနိဒဿနသပ္ပဋိဃာ၊ တို့မည်၏။
တတိယပဒံ၊ အနိဒဿနအပ္ပဋိဃာဟူသော တတိယပုဒ်ကို။ ဥဘယပဋိက္ခေပေန၊ ရှေး ၂ ပုဒ်သည် ဟောအပ်သော တရား ၂ ပါးစုံကို ပယ်ခြင်းအားဖြင့်၊ (ဘဂဝတာ) ဝုတ္တံ၊ ပြီ။ တာဝ၊ ဒုကမာတိကာ၏ အဖွင့်မှ ရှေးဦးစွာ၊ (နိဒ္ဒိဋ္ဌာ- ညွှန်ပြအပ်သော၊) အယံ၊ ဤအဖွင့်သည်၊ (ကုသလသဒ္ဒေါတာဝမှစ၍ ဥဘယပဋိက္ခေပေနဝုတ္တံတိုင်အောင်သော အဖွင့်သည်၊) တိကမာတိကာယ၊ ကာ၏။ အနုပုဗ္ဗပဒဝဏ္ဏနာ၊ အစဉ်အတိုင်းဖြစ်သော ပုဒ်တို့၏ အဖွင့်တည်း။
Footnote: ၁။ သရီရံတိ။- အနု။
၁-၆။ တိကမာတိကာကို ဖွင့်ပြပြီး၍ ဒုကမာတိကာကို ဖွင့်ပြလိုသော အဋ္ဌကထာဆရာသည် ရှေးဦးစွာ အမှာစကားချပ်ကို ညှပ်လိုသောကြောင့် ''ဒုကမာတိကာယံ ပန'' စသည်ကို မိန့်၊ (တစ်နည်း) ဒုကမာတိကာ၌လည်း ''တိကမာတိကာကဲ့သို့ပင် ပုဒ်စဉ်အတိုင်း ဖွင့်မည်လော''ဟု မေးဖွယ်ရှိသောကြောင့် ''ဒုကမာတိကာယံ ပန'' စသည်ကို မိန့်။ ပနသည် ဝါကျာရမ္ဘဇောတက၊ ရှေးနိဿယ၌ ''ထိုမှတစ်ပါး''ဟု ပက္ခန္တရအနေအားဖြင့် ပေးလေသည်။
ပန- အမှာစကားချပ်ညှပ်လိုက်ဦးအံ့၊ (တစ်နည်း) ပန- ဆက်ဦးအံ့။ ဒုကမာတိကာယံ၊ ဒုကမာတိကာ၌။ တိကေသု၊ တိက်တို့၌။ အနာဂတပဒဝဏ္ဏနံယေဝ၊ မလာသော ပုဒ်တို့၏ အဖွင့်ကိုသာ။ ကရိဿာမ၊ ပြုကုန်အံ့။ တာဝ၊ စူဠန္တရဒုက်စသည်တို့မှ ရှေးဦးစွာ၊ (ဝုတ္တေ- ဟောတော်မူအပ်သော၊) ဟေတုဂေါစ္ဆကေ၊ ၌။ ဟေတုဓမ္မာတိ၊ ကား။ မူလဋ္ဌေန၊ အခြေအမြစ်၏ အဖြစ်ဟူသော အနက်ကြောင့်၊ ဟ- ''မူလဘာဝဋ္ဌေန''ဟု ဆိုလိုလျက် ဘာဝပ္ပဓာနဘာဝလောပ။
ဟေတုသင်္ခါတာ၊ ဟိတ်ဟု ဆိုအပ်ကုန်သော။ ဓမ္မာ၊ တို့သည်၊ (သံဝိဇ္ဇန္တိ)။ ဟေတူ+ဓမ္မာတိပိ၊ ဟေတူ+ဓမ္မာဟူ၍လည်း။ ပါဌော၊ ပါဠိတော်ပါဌ်သည်၊ (အတ္ထိ- ရှိသေး၏၊) ဟ- သမာသ်မတွဲဘဲ ဝါကျလည်းရှိ၏-ဟူလို။
န ဟေတူတိ၊ နဟေတူဟူသော သဒ္ဒါသည်။ တေသံယေဝ၊ ထိုဟိတ်တို့ကိုပင်။ ပဋိက္ခေပဝစနံ၊ ပယ်ခြင်းကို ဟောသော သဒ္ဒါတည်း၊ ဟ- ဟိတ်မဟုတ်ဟု ပယ်သော သဒ္ဒါဖြစ်သည်-ဟူလို။
(ယေ ဓမ္မာ- တို့သည်၊) သမ္ပယောဂတော၊ သမ္ပယုတ်အားဖြင့်။ ပဝတ္တေန၊ ဖြစ်သော။ ဟေတုနာ၊ ဟိတ်နှင့်။ သဟ၊ (ဝတ္တန္တိ- န်၏၊) ဣတိ- ကြောင့်၊ (ထိုသို့ ဟိတ်နှင့်တကွဖြစ်ကုန်သည်၏ အဖြစ်ကြောင့်၊) (တေ ဓမ္မာ) သဟေတုကာ၊ တို့မည်၏။
ဧတေသံ၊ ဤတရားတို့၏။ တထေဝ၊ ထိုသမ္ပယုတ်အားဖြင့်ပင်။ ပဝတ္တော၊ သော။ ဟေတု၊ ဟိတ်သည်။ နတ္ထိ၊ ဣတိ- ကြောင့်၊ (ထိုသို့ သမ္ပယုတ်ဟိတ်မရှိကုန်သည်၏ အဖြစ်ကြောင့်၊) (တေ ဓမ္မာ)။ အဟေတုကာ၊ တို့မည်၏။
(ယေ ဓမ္မာ)။ ဧကုပ္ပာဒါဒိတာယ၊ ဧကုပ္ပာဒအစရှိသည်တို့၏ အဖြစ်ဖြင့်။ ဟေတုနာ၊ ဟိတ်နှင့်။ သမ္ပယုတ္တာ၊ သမ္ပယုတ်ဖြစ်ကုန်၏၊ ဟ- ဧကုပ္ပာဒါဒိတာယဟု ဝိသေသနပါပြီးဖြစ်သောကြောင့် သမ္ပယုတ္တာကို သဒ္ဒါနက်မပေးရ၊ ဣတိ- ကြောင့်၊ (ထိုသို့ ဟိတ်နှင့်အညီအမျှ ဧကုပ္ပာဒတာအစရှိသော အပြားတို့ဖြင့် ယှဉ်ကုန်သည်၏ အဖြစ်ကြောင့်၊) (တေ ဓမ္မာ)။ ဟေတုသမ္ပယုတ္တာ။
(ယေ ဓမ္မာ)။ ဟေတုနာ၊ နှင့်။ ဝိပ္ပယုတ္တာ၊ ဧကုပ္ပာဒတာအစရှိသော အပြားတို့ဖြင့် မယှဉ်ကုန်၊ ဟ- သံသဒ္ဒါမပါသောကြောင့် အညီအမျှဟု မထည့်နှင့်၊ ဣတိ- ကြောင့်၊ (ထိုသို့ ဧကုပ္ပာဒတာအစရှိသော အပြားတို့ဖြင့် မယှဉ်ကုန်သည်၏ အဖြစ်ကြောင့်၊) (တေ ဓမ္မာ)။ ဟေတုဝိပ္ပယုတ္တာ၊ တို့မည်၏။
ဒွိန္နမ္ပိ၊ ၂ ပါးလည်းဖြစ်ကုန်သော။ ဣမေသံ ဒုကာနံ၊ ဤသဟေတုကဒုက်၊ ဟေတုသမ္ပယုတ္တဒုက်တို့၏။ အတ္ထတော၊ အနက်အရကောက်အားဖြင့်။ နာနတ္တံ၊ ထူးကုန်သည်၏ အဖြစ်သည်။ ကိဉ္စာပိ နတ္ထိ၊ အကယ်၍ကား မရှိပါပေ၊ ပန- ထိုသို့ပင် မရှိပါသော်လည်း။ ဒေသနာဝိလာသေန၊ ဒေသနာတော်ကို တင့်တယ်စံပယ်စေတတ်သော သဗ္ဗညုတဉာဏ်တော်ကြောင့်လည်းကောင်း။ တထာ၊ ထိုအပြားအားဖြင့်၊ (သဟေတုကာဓမ္မာ၊ ဟေတုသမ္ပယုတ္တာဓမ္မာ စသောအပြားအားဖြင့်၊) ဗုဇ္ဈန္တာနံ၊ သိနိုင်ကုန်သော၊ (သဟေတုကဟေတုသမ္ပယုတ္တတရားတို့ကို နားလည်နိုင်ကုန်သော-ဟူလို၊ ဟ- သစ္စာ ၄ ပါးသိမှုနှင့် မဆိုင်၊ ထိုတရားကို နားလည်မှုနှင့်သာ ဆိုင်သည်။) ပုဂ္ဂလာနံ၊ တို့၏။ အဇ္ဈာသယဝသေန ဝါ၊ အဇ္ဈာသယ၏ အစွမ်းကြောင့်လည်းကောင်း၊ (ဒွေ- ၂ ပါးကုန်သော။ ဣမေ ဒုကာ၊ ဤသဟေတုကဒုက်၊ ဟေတုသမ္ပယုတ္တဒုက်တို့ကို၊ ဘဂဝတာ၊) ဝုတ္တာ၊ ကုန်ပြီ။
တတော၊ ထိုဟေတုသမ္ပယုတ္တဒုက်မှ။ ပရံ၊ နောက်၌။ ပဌမဒုကံ၊ ပဌမဟေတုဒုက်ကို။ ဒုတိယတတိယေဟိ၊ ဒုတိယသဟေတုကဒုက်၊ တတိယဟေတုသမ္ပယုတ္တဒုက်တို့နှင့်။ သဒ္ဓိံ၊ ယောဇေတွာ၊ ယှဉ်စေ၍။ ဟေတူ၊ နဟေတူတိအာဒီနံ၊ ဟေတူ၊ နဟေတူအစရှိကုန်သော။ တေသံ ပဒါနံ၊ ထိုပုဒ်တို့၏။ ဝသေန၊ အစွမ်းဖြင့်။ ယထာသမ္ဘဝတော၊ ဖြစ်သင့်သည်အားလျော်စွာ။ အပရေပိ၊ တစ်ပါးလည်းဖြစ်ကုန်သော။ တယော၊ ၃ ပါးကုန်သော။ ဒုကာ၊ ဒုက်တို့ကို၊ (ဟေတုသဟေတုကဒုက်၊ ဟေတုဟေတုသမ္ပယုတ္တဒုက်၊ နဟေတုသဟေတုကဒုက်တို့ကို၊) ဝုတ္တာ၊ ဟောတော်မူအပ်ကုန်ပြီ။
တတ္ထ၊ ထိုနောက် ၃ ဒုက်တို့တွင်၊ ဟ- ''တတ္ထာတိ ပါဠိယံ''ဟု ယောဇနာစွဲ၏။ ဟေတူ စေဝ ဓမ္မာ သဟေတုကာ စာတိ၊ ဟူသော။ ဧတံ၊ ဤပုဒ်သည်။ သမ္ဘဝတိ ယထေဝ၊ ဖြစ်သင့်သကဲ့သို့၊ (ဖြစ်သင့်သောကြောင့် ပါဠိတော်၌ ယူအပ်ပြီးဖြစ်သကဲ့သို့၊) တထာ၊ တူ။ ဟေတူ စေဝ ဓမ္မာ အဟေတုကာ စာတိ၊ စဟူသော။ ဣဒမ္ပိ၊ ဤပုဒ်သည်လည်း၊ (သမ္ဘဝတိ- ဖြစ်သင့်၏၊) ဟ- ဖြစ်သင့်သောကြောင့် ယူထိုက်၏-ဟူလို။
စ- သည်သာမကသေး။ သဟေတုကာ စေဝ ဓမ္မာ န စ ဟေတူတိ၊ ဟူသော။ ဧတံ၊ ဤပုဒ်သည်။ သမ္ဘဝတိ ယထာ၊ ကဲ့သို့၊ (ဖြစ်သင့်သောကြောင့် ပါဠိတော်၌ ယူအပ်ပြီးဖြစ်သကဲ့သို့၊) တထာ၊ တူ။ အဟေတုကာ စေဝ ဓမ္မာ န စ ဟေတူတိ၊ ဟူသော။ ဣဒမ္ပိ၊ ဤပုဒ်သည်လည်း၊ (သမ္ဘဝတိ- ၏၊) ဟ- ဖြစ်သင့်သောကြောင့် ယူထိုက်၏-ဟူလို။
ဟေတုသမ္ပယုတ္တဒုကေသု၊ ဟေတုသမ္ပယုတ္တဒုက်နှင့်။ သဒ္ဓိံ၊ ယောဇနာယပိ၊ ယှဉ်စေရာ၌လည်း။ ဧသေဝ နယော၊ ပင်တည်း။
တတြ၊ ထိုဟေတုဂေါစ္ဆကပါဠိတော်၌။ နဟေတူ ဓမ္မာ သဟေတုကာပိ၊ အဟေတုကာပီတိ၊ ဟူ၍။ သိဒ္ဓေ၊ ပြီးပါလျက်၊ (ခေါပနသဒ္ဒါမပါဘဲ ပြီးပါလျက်၊) နဟေတူ ခေါ ပန ဓမ္မာတိ၊ ဟူ၍။ အတိရိတ္တံ၊ အပိုအလွန်ဖြစ်သော။ ယဒေတံ ခေါပနာတိပဒံ၊ အကြင်ခေါပနဟူသော ပုဒ်ကို၊ (ဘဂဝတာ) ဝုတ္တံ၊ ပြီ။ တဿ၊ ထိုခေါပနဟူသော ပုဒ်၏။ ဝသေန၊ ဖြင့်။ အယံ အတိရကတ္ထော၊ ဤအပိုအလွန်ဖြစ်သော အနက်ကို။ သင်္ဂဟိတော၊ သိမ်းယူအပ်ပြီ၊ ဣတိ- သို့။ ဝေဒိတဗ္ဗော၊ ၏။ ဟ- သဒ္ဒါကျမ်း၌ ''သဒ္ဒါဓိကာ အတ္ထာဓိကော''ဟူသော ပရိဘာသာနှင့်အညီ ခေါပနသဒ္ဒါပိုကြောင့် အနက်ပိုကို သိရမည်-ဟူလို။
ကထံ၊ အဘယ်သို့၊ (ဝေဒိတဗ္ဗော- နည်း၊) ကေဝလံ၊ သက်သက်၊ (''အညေပိ အညထာပိ''အရ ပြအပ်လတ္တံ့သော ဒုက်တို့မဖက် သက်သက်၊) နဟေတူ ဓမ္မာ၊ ပေ၊ အဟေတုကာပိ ဣစ္စေဝ၊ နဟေတူ ဓမ္မာ၊ ပေ၊ အဟေတုကာပိ ဟူ၍သာလျှင်၊ (သမ္ဘဝတိ- ဖြစ်သင့်သည်ကား၊) န၊ မဟုတ်သေး။ အထခေါ၊ အဟုတ်ကား။ အညေပိ၊ အခြားသော ဒုက်တို့သည်လည်း။ အညထာပိ၊ အခြားသော ယှဉ်စေပုံအခြင်းအရာအားဖြင့်လည်း။ သမ္ဘဝန္တိ၊ ဖြစ်သင့်ကုန်သေး၏၊ ဣတိ (ဝေဒိတဗ္ဗော)။
ဣဒံ၊ ဤအနက်သည်၊ ဝါ- ကို။ ဝုတ္တံ၊ ဆိုအပ်သည်၊ ဝါ- ဆိုလိုသည်၊ ဟောတိ၊ (ကိံ ဝုတ္တံ ဟောတိ)၊ ဟိ- ချဲ့။ နဟေတူ ဓမ္မာ သဟေတုကာပိ အဟေတုကာပိ၊ နဟေတူ ဓမ္မာ၊ ပေ၊ အဟေတုကာပိ ဟူသော ဒုက်သည်၊ (သမ္ဘဝတိ) ယထေဝ၊ ဖြစ်သင့်သကဲ့သို့။ ဧဝံ၊ တူ။ ဟေတူ ဓမ္မာ သဟေတုကာပိ၊ အဟေတုကာပိ၊ ဟေတူ ဓမ္မာ၊ ပေ၊ အဟေတုကာပိ ဟူသော ဒုက်သည်လည်း၊ (သမ္ဘဝတိ)၊ စ- သည်သာမကသေး။ နဟေတူ ဓမ္မာ သဟေတုကာပိ၊ အဟေတုကာပိ၊ နဟေတူ ဓမ္မာ၊ ပေ၊ အဟေတုကာပိ ဟူသော ဒုက်သည်၊ (သမ္ဘဝတိ) ယထာ၊ ကဲ့သို့။ ဧဝံ၊ တူ။ နဟေတူ ဓမ္မာ ဟေတုသမ္ပယုတ္တာပိ၊ ဟေတုဝိပ္ပယုတ္တာပိ၊ နဟေတူ ဓမ္မာ၊ ပေ၊ ဟေတုဝိပ္ပယုတ္တာပိ ဟူသော ဒုက်သည်လည်း၊ (သမ္ဘဝတိ)၊ (ဣတိ- ဤအနက်သည်၊ ဝုတ္တံ ဟောတိ၊) (ဣတိ- ဤသို့၊) အတိရကတ္ထော၊ အပိုအလွန်ဖြစ်သော အနက်ကို။ သင်္ဂဟိတော၊ ပြီ၊ ဣတိ။ ဝေဒိတဗ္ဗော၊ ၏။ (ဤသို့ ပြန်လှည့်၊ ဣတိတစ်လုံးလည်း ကျေ။)
၇-၁၃။ စူဠန္တရဒုကေသု၊ တို့၌၊ (အတ္ထောဧဝံဝေဒိတဗ္ဗော၊ ယေဓမ္မာ-တို့သည်၊) အတ္တနော၊ မိမိဟူသောပစ္စယုပ္ပန်တရားကို။ နိပ္ဖာဒကေန၊ ပြီးစေတတ်သော။ ပစ္စယေန၊ အကြောင်းပစ္စည်းနှင့်။ သဟ၊ (ဝတ္တန္တိ)။ ဣတိ၊ ကြောင့်၊ (ထိုသို့ အကြောင်းပစ္စည်းနှင့်တကွဖြစ်ကုန်သည်၏အဖြစ်ကြောင့်၊) (တေဓမ္မာ)။ သပ္ပစ္စယာ၊ တို့မည်၏။ ဧတေသံ၊ ဤတရားတို့၏။ ဥပ္ပာဒေဝါ၊ ဥပါဒ်အခိုက်၌လည်းကောင်း။ ဌိတိယံဝါ၊ ဌီအခိုက်၌လည်းကောင်း။ ပစ္စယော၊ အကြောင်းပစ္စည်းသည်။ နတ္ထိ။ ဣတိ၊ ကြောင့်၊ (ထိုသို့ဥပါဒ်အခိုက်ဌီအခိုက်၌ အကြောင်းပစ္စည်းမရှိကုန်သည်၏အဖြစ်ကြောင့်၊) (တေဓမ္မာ)။ အပ္ပစ္စယာ၊ တို့မည်၏၊ (ယေဓမ္မာ-တို့ကို၊) ပစ္စယေဟိ၊ အကြောင်းပစ္စည်း။
ဧတေသံ၊ ဤတရားတို့၏။ အဝိနိဗ္ဘောဂဝသေန၊ အသီးအသီးခွဲခြားဝေဖန်၍ မရခြင်း၏အစွမ်းဖြင့်။ ရူပံ၊ ရူပါယတနသည်၊ ဝါ-ပထဝီအစရှိသောရုပ်သည်။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ကြောင့်၊ (ထိုသို့ရူပါယတနရှိကုန်သည်၏အဖြစ်ကြောင့်၊ ဝါ-ထိုသို့ပထဝီအစရှိသောရုပ်ရှိကုန်သည်၏အဖြစ်ကြောင့်၊) (တေဓမ္မာ)။ ရူပိနော၊ ရူပီတို့မည်၏။ ဧတေသံ၊ ဤတရားတို့၏။ တထာဝိဓံ၊ ထိုသို့အပြားရှိသော။ ရူပံ၊ ရူပါယတနသည်၊ ဝါ-ပထဝီအစရှိသောရုပ်သည်။ နတ္ထိ၊ မရှိ။ ဣတိ၊ ကြောင့်၊ (ထိုသို့ရူပါယတနမရှိကုန်သည်၏အဖြစ်ကြောင့်၊ ဝါ-ထိုသို့ပထဝီအစရှိသော ရုပ်မရှိကုန်သည်၏အဖြစ်ကြောင့်၊) (တေဓမ္မာ)။ အရူပိနော၊ တို့မည်၏၊ ဝါ-တစ်နည်း။ ရုပ္ပနလက္ခဏံ၊ ဖောက်ပြန်ခြင်းလက္ခဏာသည်။ ရူပံ၊ ရူပမည်၏။ ဧတေသံ၊ ဤတရားတို့၏။ တံ၊ ထိုဖောက်ပြန်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ကြောင့်၊ (ထိုသို့ ဖောက်ပြန်ခြင်းရှိကုန်သည်၏အဖြစ်ကြောင့်၊) (တေဓမ္မာ)။ ရူပိနော၊ တို့မည်၏။ ရူပိနော၊ ဖောက်ပြန်ခြင်းရှိသောတရားတို့သည်။ န၊ မဟုတ်ကုန်။ အရူပိနော၊ ဖောက်ပြန်ခြင်းရှိသောတရားတို့မဟုတ်ကုန်။
လောကိယာ ဓမ္မာတိဧတ္ထ၊ ၌။ လုဇ္ဇနပလုဇ္ဇနဋ္ဌေန၊ ပျက်တတ်အပြားအားဖြင့် ပျက်တတ်သည်၏အဖြစ်ဟူသောအနက်ကြောင့်။ ဝဋ္ဋံ၊ တေဘူမကဝဋ်တရားကို။ လောကော၊ လောကဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ တသ္မိံ၊ ထိုလောက၌။ ပရိယာပန္နဘာဝေန၊ အကျုံးဝင်ကုန်သည်၏အဖြစ်ဖြင့်။ လောကေ၊ လောက၌။ နိယုတ္တာ၊ ယှဉ်သောတရားတို့တည်း။ ဣတိ၊ ကြောင့်။ လောကိယာ၊ လောကိယတို့မည်၏။ တတော၊ ထိုတေဘူမကဝဋ်ဟူသောလောကမှ။ ဥတ္တိဏ္ဏာ၊ လွန်မြောက်သောတရားတို့တည်း။ ဣတိ၊ ကြောင့်။ ဥတ္တရာ၊ ဥတ္တရတို့မည်၏၊ (ဟ-ဥတ္တရန္တီတိ ဥတ္တရာ-လွန်မြောက်ဆဲမဂ်တရားတို့၊ ဥတ္တရိံသူတိ ဥတ္တရာ-လွန်မြောက်ပြီးဖိုလ်တရားတို့၊) လောကေ၊ လောက၌။ အပရိယာပန္နဘာဝေန၊ အကျုံးမဝင်ကုန်သည်၏အဖြစ်ဖြင့်။ လောကတော၊ တေဘူမကဝဋ်ဟူသောလောကမှ။ ဥတ္တရော၊ လွန်မြောက်သောတရားတို့တည်း။ ဣတိ၊ ကြောင့်။ လောကုတ္တရာ၊ တို့မည်၏။
ကေနစိ ဝိညေယျာတိ၊ ကား။ စက္ခုဝိညာဏာဒီသု၊ စက္ခုဝိညာဏ်အစရှိသော ဝိညာဏ်တို့တွင်။ ကေနစိ၊ တစ်စုံတစ်ခုသော။ ဧကေန၊ တစ်ပါးသော။ စက္ခုဝိညာဏေနဝါ၊ စက္ခုဝိညာဏ်သည်သော်လည်းကောင်း။ သောတဝိညာဏေနဝါ၊ သောတဝိညာဏ်သည်သော်လည်းကောင်း။ ဝိဇာနိတဗ္ဗာ၊ သိထိုက်ကုန်သော၊ (ဓမ္မာ-တရားတို့သည်။ သံဝိဇ္ဇန္တိ၊ ရှိကုန်၏၊) နကေနစိ ဝိညေယျာတိ၊ ကား။ တေနေဝ၊ ထိုတစ်စုံတစ်ခုပင်လျှင်ဖြစ်သော။ စက္ခုဝိညာဏေနဝါ၊ သည်သော်လည်းကောင်း။ သောတဝိညာဏေနဝါ၊ သည်သော်လည်းကောင်း။ နဝိဇာနိတဗ္ဗာ၊ မသိထိုက်ကုန်သော၊ (ဓမ္မာ-တို့သည်။ သံဝိဇ္ဇန္တိ၊ ကုန်၏၊) ဧဝံ၊ သို့၊ (ဣမသ္မိံအတ္ထေ-ဤအနက်သည်၊) သန္တေ၊ ဖြစ်လသော်။ ဒွိန္နမ္ပိ၊ နှစ်ပါးလည်းဖြစ်ကုန်သော။ ပဒါနံ၊ ကေနစိဝိညေယျာပုဒ်၊ နကေနစိဝိညေယျာပုဒ်တို့၏။ အတ္ထနာနတ္တတော၊ အနက်အရကောက်အားဖြင့် ထူးကုန်သည်၏အဖြစ်ကြောင့်။ ဒုကော၊ ဒုက်သည်။ ဟောတိ၊ ၏။
၁၄-၁၉။ အာသဝဂေါစ္ဆကေ၊ ၌၊ (အတ္ထောဧဝံဝေဒိတဗ္ဗော၊ ယေဓမ္မာ၊) အာသဝန္တိ၊ စီးတတ်ကုန်၏။ ဣတိ၊ ကြောင့်၊ (တေဓမ္မာ)။ အာသဝါ၊ တို့မည်၏။ စက္ခုတောပိ၊ စက္ခုဒွါရမှလည်းကောင်း၊ ပေ။ မနတောပိ၊ မနောဒွါရမှလည်းကောင်း။ သန္ဒန္တိ၊ စီးတတ်ကုန်၏။ ပဝတ္တန္တိ၊ ဖြစ်တတ်ကုန်၏။ ဣတိ၊ ဤအနက်သည်။ ဝုတ္တံ ဟောတိ။
ဝါ-တစ်နည်း၊ (ယေဓမ္မာ)။ ဓမ္မတော၊ အာရုံပြုအပ်သောတရားအားဖြင့်။ ယာဝဂေါတြဘုံ၊ ဂေါတြဘူတိုင်အောင်လည်းကောင်း။ သြကာသတော၊ တည်ရာဘုံအားဖြင့်။ ယာဝဘဝဂ္ဂံ၊ ဘဝဂ်တိုင်အောင်လည်းကောင်း။ သဝန္တိ၊ သွားတတ်ကုန်၏၊ ဝါ-ဖြစ်တတ်ကုန်၏။ ဣတိ၊ ကြောင့်၊ (တေဓမ္မာ)။ အာသဝါ၊ တို့မည်၏။ ဧတေဓမ္မေ၊ ဤဂေါတြဘူတရားတို့ကိုလည်းကောင်း။ ဧတံသြကာသံစ၊ ဤဘဝဂ်ဟူသောအရပ်ကိုလည်းကောင်း။ အန္တောကရိတွာ၊ အတွင်းပြု၍။ ပဝတ္တန္တိ၊ ဖြစ်တတ်ကုန်၏၊ ဣတိအတ္ထော။ ဟိ၊ မှန်။ အယံ အာကာရော၊ အာသဝါ၌ ဤအာသဒ္ဒါသည်။ အန္တောကရဏတ္ထော၊ အတွင်းပြုခြင်းအနက်ရှိ၏။
စိရပါရိဝါသိယဋ္ဌေန၊ ကြာမြင့်စွာတည်နေစေအပ်ထုံအပ်သည်၏အဖြစ်ဟူသောအနက်ကြောင့်။ မုဒိရာဒယော၊ မုဒရက်သီးရည်အစရှိသည်တို့သည်။ အာသဝါ၊ အာသဝတို့မည်၏၊ (ယေဓမ္မာ-တို့သည်၊) အာသဝါဝိယ၊ ကြာမြင့်စွာထုံအပ်သောစိမ်ရည်အရက်တို့နှင့်တူကုန်၏။ ဣတိပိ၊ ထို့ကြောင့်လည်း၊ (တေဓမ္မာ-တို့သည်၊) အာသဝါ၊ တို့မည်၏။ ဟိ၊ မှန်၏၊ (ဟ-စိရပါရိဝါသိယကို "အာသဝ" ဟုခေါ်ခြင်းသည်မှန်၏ -ဟူလို၊) လောကသ္မိံ၊ လောက၌။ စိရပါရိဝါသိယာ၊ ကြာမြင့်စွာတည်နေစေအပ်ကုန်သော၊ ဝါ-ကြာမြင့်စွာထုံအပ်ကုန်သော။ မုဒိရာဒယော၊ တို့ကို။ အာသဝါတိ၊ တို့ဟူ၍။ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။
စ၊ ဆက်။ စိရပါရိဝါသိယဋ္ဌေန၊ ကြောင့်။ အာသဝါ၊ တို့မည်သည်။ ယဒိ ဟောန္တိ၊ ကုန်အံ့၊ (ဧဝံသန္တေသု-ကုန်လသော်၊) ဧတေယေဝ၊ ဤလောဘဒိဋ္ဌိမောဟတရားတို့သည်သာ၊ (အာသဝါ-အာသဝတို့မည်သည်၊) ဘဝိတုံ၊ ဖြစ်ခြင်းငှာ။ အရဟန္တိ၊ ထိုက်ကုန်၏။ ဟိ၊ သာဓကကား။ ပုရိမာ ဘိက္ခဝေ၊ ပေ။ အဝိဇ္ဇာ နာဟောသီတိ အာဒိ၊ ပုရိမာဘိက္ခဝေ၊ ပေ၊ အဝိဇ္ဇာနာဟောသိအစရှိသော။ ဧတံ သုတ္တံ၊ ဤပါဠိတော်ကို၊ (ဘဂဝတာ) ဝုတ္တံ။ (ဟ-အာဒိဖြင့် "ပုရိမာ ဘိက္ခဝေ ကောဋိ န ပညာယတိ ဘဝတဏှာယ" စသောပါဠိတော်ကိုယူ၊) ဘိက္ခဝေ၊ ရဟန်းတို့။ ဣတော၊ ဤမည်သောမင်း၊ ဤမည်သောဘုရားလက်ထက်မှ။ ပုဗ္ဗေ၊ ရှေး၌။ အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။ န အဟောသိ၊ မဖြစ်ခဲ့ဖူးသေး၊ ("အထပစ္ဆာ-ထိုမှနောက်၌၊ သမဘဝိ-စ၍ဖြစ်ပြီ"ဟုပါဠိတော်၌ဆက်ပါ၊) ဣတိ၊ သို့။ အဝိဇ္ဇာယ၊ အဝိဇ္ဇာ၏။ ပုရိမာ၊ ရှေး၌ဖြစ်သော။ ကောဋိ၊ အစွန်းအစအပိုင်းအခြားကို။ န ပညာယတိ၊ မသိအပ်မသိနိုင်။
ဝါ-တစ်နည်း၊ (ယေဓမ္မာ-တို့သည်၊) အာယတံ၊ ရှည်လျားသော။ သံသာရဒုက္ခံ၊ သံသရာဆင်းရဲကို။ သဝန္တိ၊ သီးတတ်ကုန်၏၊ ပသဝန္တိ-သီးတတ်ကုန်၏။ ဣတိပိ၊ ထို့ကြောင့်လည်း၊ တေဓမ္မာ-တို့သည်။ အာသဝါ၊ တို့မည်၏၊ (ဟ-ဝါသဒ္ဒါသည် အာသဝါဝိယာတိ၏ဝိကပ်တည်း၊ ပိကားရှေးအနက်တို့ကိုပေါင်းသော သမ္ပိဏ္ဍနတည်း၊) တတော၊ ထိုအာသဝေါတရားတို့မှ။ အညေ၊ အခြားသောတရားတို့သည်။ နော အာသဝါ နာမ၊ နောအာသဝါတို့မည်၏။
ယေဓမ္မာ၊ တို့သည်။ အတ္တာနံ၊ မိမိကို။ အာရမဏံ၊ အာရုံကို။ ကတွာ၊ ပြု၍။ ပဝတ္တေဟိ၊ ဖြစ်ကုန်သော။ အာသဝေဟိ၊ အာသဝေါတရားတို့နှင့်။ သဟ၊ တကွ။ ဝတ္တန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ကြောင့်၊ တေဓမ္မာ-တို့သည်။ သာသဝါ၊ တို့မည်၏။ ဧတေသံ၊ တို့၏။ ဧဝံ၊ ဤသို့၊ (မိမိကိုအာရုံပြု၍၊) ပဝတ္တမာနာ၊ ဖြစ်ကုန်သော။ အာသဝါ၊ တို့သည်။ နတ္ထိ၊ မရှိကုန်။ ဣတိ၊ ကြောင့်။ အနာသဝါ၊ တို့မည်၏။ သေသံ၊ ကြွင်းသောအစီအရင်ကို။ ဟေတုဂေါစ္ဆကေ၊ ၌။ ဝုတ္တနယေန၊ ဆိုအပ်ပြီးသောနည်းဖြင့်။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။ (ဟ-တတောပရံ ပဌမဒုကံ ဒုတိယတတိယေဟိ သဒ္ဓိံ ယောဇေတွာ စသည်ကို "သေသံ၊ ပေ၊ ဝေဒိတဗ္ဗံ" ဟုဆိုသည်။)
ပန၊ အထူးကား။ အယံ၊ ဤဆိုအပ်လတ္တံ့ကား။ ဝိသေသော၊ အထူးတည်း။ တတ္ထ၊ ထိုဟေတုဂေါစ္ဆက၌။ န ဟေတူ ခေါ ပန၊ ပေ။ အဟေတုကာပီတိ၊ ဟူသော။ အယံ သြသာနဒုကော၊ ဤအဆုံးဒုက်ကို။ ပဌမဒုကဿ၊ ပဌမဒုက်၏။ ဒုတိယပဒံ၊ ဒုတိယပုဒ်ကို။ အာဒိမှိ၊ အစ၌။ ထပေတွာ၊ ထား၍။ ဝုတ္တော ယထာ၊ ဟောတော်မူအပ်သကဲ့သို့။ ဧဝံ၊ တူ။ ဣဓ၊ ဤအာသဝဂေါစ္ဆက၌။ နော အာသဝါ ခေါ ပန၊ ပေ။ အနာသဝါပီတိ၊ ဟူ၍။ န ဝုတ္တော၊ ဟောတော်မမူအပ်။ ကိဉ္စာပိ န ဝုတ္တော၊ အကယ်၍ကားဟောတော်မမူအပ်ပါပေ။ အထခေါ၊ ထိုသို့ပင်ဟောတော်မမူအပ်ပါသော်လည်း။ အယဉ္စ (ဘေဒေါ)၊ ဤအထူးအပြားကိုလည်းကောင်း။ အညော၊ အခြားသော။ ဘေဒေါစ၊ အထူးအပြားကိုလည်းကောင်း။ တတ္ထ၊ ထိုဟေတုဂေါစ္ဆက၌။ ဝုတ္တနယေနေဝ၊ ဆိုအပ်ပြီးသောနည်းဖြင့်သာ။ ဝေဒိတဗ္ဗော၊ ၏။ (ဟ-ဤအထူးအပြားကိုဋီကာ၌ပြလိမ့်မည်။)
၂ဝ-၂၅။ သံယောဇနဂေါစ္ဆကေ၊ ၌၊ (အတ္ထောဧဝံဝေဒိတဗ္ဗော၊ ယေဓမ္မာ-တို့သည်၊) ယဿ၊ အကြင်ပုဂ္ဂိုလ်၏သန္တာန်၌။ သံဝိဇ္ဇန္တိ၊ ရှိကုန်၏။ တံ ပုဂ္ဂလံ၊ ထိုသံယောဇဉ်ရှိသောပုဂ္ဂိုလ်ကို။ ဝဋ္ဋသ္မိံ၊ ဝဋ် ၃ ပါး၌၊ (ကိလေသာဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်၌၊) သံယောဇေန္တိ၊ ယှဉ်စေတတ်ကုန်၏။ ဗန္ဓန္တိ၊ ဖွဲ့တတ်ကုန်၏။ ဣတိ၊ ကြောင့်၊ တေဓမ္မာ-တို့သည်။ သံယောဇနာ၊ သံယောဇနတို့မည်၏။ တတော၊ ထိုသံယောဇဉ်တို့မှ။ အညေ၊ အခြားသောတရားတို့သည်။ နော သံယောဇနာ နာမ၊ နောသံယောဇနတို့မည်၏။ အာရမဏဘာဝံ၊ အာရုံ၏အဖြစ်သို့။ ဥပဂန္တွာ၊ ကပ်ရောက်၍။ သံယောဇနသမ္ဗန္ဓနေန၊ သံယောဇဉ်တို့နှင့်စပ်ခြင်းကြောင့်လည်းကောင်း။ သံယောဇနာနံ၊ သံယောဇဉ်တို့၏။ ဟိတာ၊ အစီးအပွားတို့တည်း။ ဣတိ၊ ကြောင့်။ သံယောဇနိယာ၊ သံယောဇနိယတို့မည်၏၊ (ဟ-သံယောဇနာနံ+ဟိတာ-သံယောဇနိယာဟု ဟိတတဒ္ဓိတ်ပြု၊ ဣကပစ္စည်း၊ ကကိုယပြု၊ တစ်နည်း-ဣယပစ္စည်းလည်းရနိုင်သည်၊ မဓုဋီကာ၌ကား ဏိကပစ္စည်းဟုဆိုလေသည်၊) ဧတံ၊ သံယောဇနိယဟူသောဤသဒ္ဒါသည်။ သံယောဇနဿ၊ သံယောဇဉ်၏။ အာရမဏပစ္စယဘူတာနံ၊ အာရမဏပစ္စည်းဖြစ်၍ဖြစ်ကုန်သောတရားတို့ကို။ အဓိဝစနံ၊ ဟောသောသဒ္ဒါတည်း။ သံယောဇနိယာ၊ သံယောဇဉ်တို့၏အစီးအပွားတို့မဟုတ်ကုန်။ သေသံ၊ ကြွင်းသောအစီအရင်ကို။ ဟေတုဂေါစ္ဆကေ၊ ၌။ ဝုတ္တနယေနေဝ၊ ဖြင့်သာ။ ယောဇေတဗ္ဗံ၊ ယှဉ်စေထိုက်၏။ (ဟ-တတောပရံပဌမဒုကံစသည်ကိုဆိုသည်။)
၂block-၃၁။ ဂန္ထဂေါစ္ဆကေ၊ ၌၊ (အတ္ထောဧဝံဝေဒိတဗ္ဗော၊ ယေဓမ္မာ-တို့သည်၊) ယဿ၊ အကြင်ပုဂ္ဂိုလ်၏သန္တာန်၌။ သံဝိဇ္ဇန္တိ၊ ရှိကုန်၏။ တံ၊ ထိုပုဂ္ဂိုလ်ကို။ စုတိပဋိသန္ဓိဝသေန၊ စုတိပဋိသန္ဓေတို့၏အစွမ်းဖြင့်။ ဝဋ္ဋသ္မိံ၊ ဝဋ် ၃ ပါး၌။ ဂန္ထေန္တိ၊ ဖွဲ့တတ်ကုန်၏။ ဃဋေန္တိ၊ ဆက်စပ်တတ်ကုန်၏။ ဣတိ၊ ကြောင့်၊ (တေဓမ္မာ)။ ဂန္ထာ၊ ဂန္ထတို့မည်၏။ တတော၊ ထိုဂန္ထတရားတို့မှ။ အညေ၊ အခြားသောတရားတို့သည်။ နော ဂန္ထာ နာမ၊ နောဂန္ထတို့မည်၏။ အာရမဏကရဏဝသေန၊ အာရုံပြုခြင်း၏အစွမ်းဖြင့်။ ဂန္ထေဟိ၊ ဂန္ထတရားတို့သည်။ ဂန္ထိတဗ္ဗာ၊ ဖွဲ့အပ်ကုန်၏။ ဣတိ၊ ကြောင့်။ ဂန္ထနီယာ၊ တို့မည်၏၊ (ဟ-ဂန္ထဓာတ်၊ အနီယပစ္စည်းဖြစ်၍ "ဂန္ထနီယာ" ဟုရှိစေ။) သေသံ၊ ကို။ ဟေတုဂေါစ္ဆကေ၊ ၌။ ဝုတ္တနယေနေဝ၊ ဖြင့်သာ။ ယောဇေတဗ္ဗံ။ စ၊ ဆက်။ ဣဓ၊ ဤဂန္ထဂေါစ္ဆက၌၊ (သေသံ-ကို၊ ဝုတ္တနယေနေဝ-ဖြင့်သာ၊ ဝေဒိတဗ္ဗံ) ယထာ၊ သိထိုက်သကဲ့သို့။ ဧဝံ၊ တူ။ ဣတော၊ ဤဂန္ထဂေါစ္ဆကမှ။ ပရေသုပိ၊ နောက်ဂေါစ္ဆကတို့၌လည်း။ ဝုတ္တာဝသေသံ၊ တိုက်ရိုက်ဆိုအပ်ပြီးမှ ကြွင်းသောအစီအရင်ကို။ တတ္ထတတ္ထ၊ ထိုထိုဂေါစ္ဆကတို့၌။ ဝုတ္တနယေနေဝ၊ ဖြင့်သာ။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။
၃၂-၃၇။ သြဃဂေါစ္ဆကေ၊ ၌၊ (အတ္ထောဧဝံဝေဒိတဗ္ဗော၊ ယေဓမ္မာ-တို့သည်၊) ယဿ၊ အကြင်ပုဂ္ဂိုလ်၏သန္တာန်၌။ သံဝိဇ္ဇန္တိ၊ ရှိကုန်၏။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဝဋ္ဋသ္မိံယေဝ၊ ဝဋ် ၃ ပါး၌ပင်။ သြဟနန္တိ၊ အောက်သို့ချ၍ညှဉ်းဆဲတတ်ကုန်၏။ သြသီဒါပေန္တိ၊ နစ်မြုပ်စေတတ်ကုန်၏။ ဣတိ၊ ထို့ကြောင့်၊ (တေဓမ္မာ-တို့သည်၊) သြဃာ၊ သြဃတို့မည်၏။ အာရမဏံ ကတွာ၊ အာရုံပြု၍၊ ဝါ-အာရုံပြုသောအားဖြင့်။ အတိက္ကမနီယတော၊ ကျော်လွန်အပ်သည်၏အဖြစ်ကြောင့်။ သြဃေဟိ၊ သြဃတရားတို့သည်။ အတိက္ကမိတဗ္ဗာ၊ ကျော်လွန်အပ်သောတရားတို့တည်း။ ဣတိ၊ ကြောင့်။ သြဃနီယာ၊ သြဃနီယတို့မည်၏။ သြဃာနံ၊ သြဃတရားတို့၏။ အာရမဏဓမ္မာဧဝ၊ အာရုံဖြစ်သောတရားတို့ကိုပင်။ ဝေဒိတဗ္ဗာ၊ သြဃနီယဟုသိထိုက်ကုန်၏။ (ဟ-"သြဃေဟိ+အတိက္ကမိတဗ္ဗာတိ သြဃနီယာ" ဟုပြုစေလိုသည်၊ အကျယ်ကိုဋီကာအဓိပ္ပာယ်၌ပြထားပြီ။)
၃၈-၄၃။ ယောဂဂေါစ္ဆကေ၊ ၌၊ (အတ္ထောဧဝံဝေဒိတဗ္ဗော၊ ယေဓမ္မာ-တို့သည်၊) ဝဋ္ဋသ္မိံ၊ ၌။ ယောဇေန္တိ၊ ယှဉ်စေတတ်၊ ကပ်တတ်ကုန်၏။ ဣတိ၊ ကြောင့်၊ (တေဓမ္မာ-တို့သည်၊) ယောဂါ၊ ယောဂတို့မည်၏။ ယောဂနီယာ၊ ယောဂနီယတရားတို့ကို။ သြဃနီယာဝိယ၊ သြဃနီယတရားတို့ကိုကဲ့သို့။ ဝေဒိတဗ္ဗာ၊ သိထိုက်ကုန်၏။ (ဟ-"အာရမဏံကတွာ ယောဂေဟိ အတိက္ကမိတဗ္ဗာတိ ယောဂနီယာ" ဟုပြု၊ ဋီကာအလိုကား-"ယောဂနေ + နိယုတ္တာ ယောဂနိယာ"၊ "ယောဂနံ + အရဟန္တီတိ ယောဂနိယာ" ဟုပြု။)
၄၄-၄၉။ ယောဂဂေါစ္ဆကေ၊ ၌၊ (အတ္ထောဧဝံဝေဒိတဗ္ဗော၊ ယေဓမ္မာ-တို့သည်၊) စိတ္တံ၊ စိတ်ကို။ နီဝရန္တိ ပရိယောနန္ဓန္တိ၊ မြှေးယှက်တတ်ကုန်၏။ ဣတိ၊ ကြောင့်၊ (တေဓမ္မာ-တို့သည်၊) နီဝရဏာ၊ နီဝရဏတို့မည်၏။ နီဝရဏိယာ၊ နီဝရဏိယတရားတို့ကို။ သံယောဇနိယာဝိယ၊ တို့ကိုကဲ့သို့။ ဝေဒိတဗ္ဗာ၊ ကုန်၏။ (ဟ-"နီဝရဏာနံ+ဟိတာ နီဝရဏိယာ" ဟုပြု၊ နီဝရဏသံယောဇနပုဒ်တို့သည် ယုပစ္စည်းဖြင့်ကိတ်ပုဒ်ပြီးနိုင်၏၊ ထို့ကြောင့် နီဝရဏိယာ သံယောဇနိယာဟု ရိုးရာအတိုင်း "ဟိတတဒ္ဓိတ်" ဖြင့်ပြီးနိုင်ကြသည်၊ သြဃနီယာ ယောဂနီယာ၌ကား သြဃန၊ ယောဂနဟု ယုပစ္စည်းဖြင့် ဋီကာအလိုရုပ်ပြီးနိုင်သော်လည်း ထိုရုပ်မျိုးရှားပါးသောကြောင့် အတိက္ကမိတဗ္ဗအနက်၌ အနီယပစ္စည်းသက်၍ ပြီးစေရသည်။)
၅ဝ-၅၄။ ပရာမာသဂေါစ္ဆကေ၊ ၌၊ (အတ္ထောဧဝံဝေဒိတဗ္ဗော၊ ယေဓမ္မာ-တို့သည်၊) ဓမ္မာနံ၊ ရုပ်နာမ်တရားတို့၏။ ယထာဘူတံ၊ အကြင်အကြင်ထင်ရှားရှိသော၊ ဝါ-ဟုတ်မှန်တိုင်းသော။ အနိစ္စာဒိအာကာရံ၊ အနိစ္စအစရှိသောအခြင်းအရာကို၊ (ဟ-"အာဒိ" ဖြင့် ဒုက္ခ၊ အနတ္တ၊ အသုဘတို့ကိုယူ၊) အတိက္ကမိတွာ၊ ကျော်လွန်၍။ နိစ္စန္တိအာဒိဝသေန၊ နိစ္စအစရှိသည်တို့၏အစွမ်းဖြင့်၊ (ဟ-အာဒိဖြင့် သုခ၊ အတ္တ၊ သုဘတို့ကိုယူ၊) ပဝတ္တမာနာ၊ ဖြစ်ကုန်သည်၊ (ဟုတွာ)။ ပရတော၊ အနိစ္စအစရှိသောအခြင်းအရာမှတစ်ပါး၊ နိစ္စအစရှိသောအခြင်းအရာအားဖြင့်။ အာမသန္တိ၊ သုံးသပ်ပွတ်တိုက်တတ်ကုန်၏။ ဣတိ၊ ကြောင့်၊ (တေဓမ္မာ)။ ပရာမာသာ၊ ပရာမာသတို့မည်၏။ ပရာမာသေဟိ၊ ပရာမာသတရားတို့သည်။ အာရမဏကရဏဝသေန၊ အာရုံပြုခြင်း၏အစွမ်းဖြင့်။ ပရာမဋ္ဌတ္တာ၊ မှန်သည်မှတစ်ပါး မှားသောအခြင်းအရာအားဖြင့် သုံးသပ်အပ်ကုန်သည်၏အဖြစ်ကြောင့်။ ပရာမဋ္ဌာ၊ ပရာမဋ္ဌတို့မည်၏။ (ဟ-"အာမသီယန္တေတိ အာမဋ္ဌာ၊ ပရတော+အာမဋ္ဌာ ပရာမဋ္ဌာ" ဟုပြု။)
၅၅-၆၈။ မဟန္တရဒုကေသု၊ တို့၌၊ (အတ္ထောဧဝံဝေဒိတဗ္ဗော၊ ယေဓမ္မာ)။ အာရမဏံ၊ ကို၊ အဂ္ဂဟေတွာ-မယူမူ၍။ အပ္ပဝတ္တိတော၊ မဖြစ်နိုင်ခြင်းကြောင့်။ အာရမဏေန၊ အာရုံနှင့်၊ သဟ၊ (ဝတ္တန္တိ-ဖြစ်ကုန်၏၊) ဣတိ၊ ကြောင့်၊ (တေဓမ္မာ) သာရမဏာတို့မည်၏၊
အာရုံကိုမယူလျှင် (အာရုံမရှိလျှင်) မဖြစ်နိုင်သောကြောင့် ‘သာရမဏ’ ခေါ်သည်-ဟူလို။ဧတေသံ၊ ဤတရားတို့၏။ အာရမဏံ၊ သည်၊ နတ္ထိ။ ဣတိ၊ ကြောင့်၊ (တေဓမ္မာ)။ အနာရမဏာ၊ တို့မည်၏။
စိန္တနဋ္ဌေန၊ သိတတ်သည်၏အဖြစ်ဟူသောအနက်ကြောင့်။ စိတ္တံ၊ စိတ္တမည်၏၊
‘အာရမဏံ စိန္တေတီတိ စိတ္တံ’ ဟုပြု၊ စိန္တနဟူသော်လည်း ဝိတက်၏ ကြံစည်ခြင်းမျိုးမဟုတ်၊ အာရုံတစ်ခုခုကိုရအောင်ယူခြင်းတည်း။ဝါ-တစ်နည်း။ ဝိစိတ္တဋ္ဌေန၊ ဆန်းကြယ်သည်၏အဖြစ်ဟူသောအနက်ကြောင့်။ စိတ္တံ၊ မည်၏။
စိတ္တသဒ္ဒါ ဝိစိတ္တအနက်ကိုဟောသော အနိပ္ဖန္နပါဋိပဒိကပုဒ်တည်း၊ ဝိစိတ္တဖြစ်ပုံကို စိတ္တံဥပ္ပန္နံအဖွင့်၌ အကျယ်ပြလတ္တံ့။(ယေဓမ္မာ-တို့သည်၊) အဝိပ္ပယောဂဝသေန၊ ဝိပ္ပယောဂမဟုတ်သည်၏ အစွမ်းဖြင့်၊ (မယှဉ်ဘဲမနေခြင်း၏အစွမ်းဖြင့်၊) စေတသိ၊ စိတ်၌။ နိယုတ္တာ၊ ယှဉ်ကုန်၏။ ဣတိ၊ ကြောင့်၊ (တေဓမ္မာ) စေတသိကာ၊ စေတသိကတို့မည်၏။
(ယေဓမ္မာ-တို့သည်၊) နိရန္တရဘာဝူပဂမနတာယ၊ အထူးမရှိသည်၏အဖြစ်သို့ ကပ်ရောက်ကုန်သည်၏အဖြစ်ဖြင့်၊
သံသဋ္ဌာ၌စပ်။ဥပ္ပာဒတော၊ ဥပါဒ်မှ။ ယာဝဘင်္ဂါ၊ ဘင်တိုင်အောင်။ စိတ္တေန၊ စိတ်နှင့်။ သံသဋ္ဌာ၊ ရောနှောကုန်၏။ ဣတိ၊ ကြောင့်၊ (တေဓမ္မာ) စိတ္တသံသဋ္ဌာ၊ စိတ္တသံသဋ္ဌတို့မည်၏။
(ယေဓမ္မာ) ဧကတော၊ စိတ်နှင့်အတူတကွ။ ဝတ္တမာနာပိ၊ ဖြစ်ပါကုန်သော်လည်း၊
အပိဖြင့် အတူတကွမဖြစ်သောတရားတို့၏ နိရန္တရဘာဝါနုပဂမနဖြစ်ပုံမှာ ဆိုဖွယ်ရာမရှိဟု သမ္ဘာဝနာပြု။နိရန္တရဘာဝံ၊ အထူးမရှိကုန်သည်၏အဖြစ်သို့။ အနုပဂမနတာယ၊ မကပ်ရောက်ကုန်သည်၏အဖြစ်ကြောင့်။ စိတ္တေန၊ နှင့်။ ဝိသံသဋ္ဌာ၊ မရောနှောကုန်။ ဣတိ၊ ကြောင့်၊ တေဓမ္မာ။ စိတ္တဝိသံသဋ္ဌာ၊ စိတ္တဝိသံသဋ္ဌတို့မည်၏။
ဧတေန၊ ဤစိတ်ကြောင့်။ သမုဋ္ဌဟန္တိ၊ ဖြစ်တတ်ကုန်၏။ ဣတိ၊ ကြောင့်၊ (ထိုသို့ဖြစ်ကြောင်း၏အဖြစ်ကြောင့်၊) (တံ-ထိုစိတ်သည်၊) သမုဋ္ဌာနံ၊ သမုဋ္ဌာနမည်၏။
ဧတေသံ၊ ဤတရားတို့၏။ စိတ္တံ၊ စိတ်ဟူသော။ သမုဋ္ဌာနံ၊ ဖြစ်ကြောင်းသည်၊ အတ္ထိ။ ဣတိ၊ ကြောင့်၊ (တေဓမ္မာ)။ စိတ္တသမုဋ္ဌာနာ၊ တို့မည်၏။
(ယေဓမ္မာ)။ သဟ၊ တကွ။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ကြောင့်၊ (တေဓမ္မာ)။ သဟဘုနော၊ သဟဘုတို့မည်၏။ စိတ္တေန၊ နှင့်။ သဟဘုနော၊ တကွဖြစ်သောတရားတို့တည်း။ စိတ္တသဟဘုနော၊ တို့။
(ယေဓမ္မာ)။ အနုပရိဝတ္တန္တိ၊ အစဉ်လိုက်၍ဖြစ်ကုန်၏။ ဣတိ၊ ကြောင့်၊ (တေဓမ္မာ)။ အနုပရိဝတ္တိနော၊ အနုပရိဝတ္တိတို့မည်၏။
ကိံ၊ အဘယ်သို့။ အနုပရိဝတ္တန္တိ၊ အစဉ်လိုက်၍ဖြစ်ကုန်သနည်း၊ (ဣတိ-ဤကားအမေးတည်း၊) စိတ္တံ၊ စိတ်သို့၊ (အနုပရိဝတ္တန္တိ-အစဉ်လိုက်၍ဖြစ်ကုန်၏၊ ဣတိ-ဤကားအဖြေတည်း၊) စိတ္တဿ၊ ၏၊ ဝါ-သို့။ အနုပရိဝတ္တိနော၊ အစဉ်လိုက်သောတရားတို့တည်း။ စိတ္တာနုပရိဝတ္တိနော၊ တို့။
စိတ္တသံသဋ္ဌာစ၊ စိတ်နှင့်ရောနှောသောတရားတို့လည်းဟုတ်ကုန်၏။ တေ၊ ထိုစိတ်နှင့်ရောနှောသောတရားတို့ဟူသည်။ စိတ္တသမုဋ္ဌာနာစ၊ စိတ်ဟူသောဖြစ်ကြောင်းရှိသောတရားတို့လည်းဟုတ်ကုန်၏။ ဣတိ၊ ထို၂ပါးသောသတ္တိကြောင့်။ စိတ္တသံသဋ္ဌသမုဋ္ဌာနာ၊ တို့မည်၏။
စိတ္တသံသဋ္ဌစိတ္တသမုဋ္ဌာနဟုဆိုလိုလျက် နောက်စိတ္တပုဒ်ကိုချေထားသည်၊ နောက်ဝါကျ၌လည်းနည်းတူ။စိတ္တသံသဋ္ဌာစ၊ စိတ္တသံသဋ္ဌတရားတို့လည်းဟုတ်ကုန်၏။ တေ၊ ထိုစိတ္တသံသဋ္ဌတရားတို့ဟူသည်။ စိတ္တသမုဋ္ဌာနာစ၊ စိတ္တသမုဋ္ဌာနတရားတို့လည်းဟုတ်ကုန်၏။ စိတ္တသဟဘုနောဧဝစ၊ စိတ္တသဟဘုတရားတို့လည်းပဲဟုတ်ကုန်၏။ ဣတိ၊ ထို၃ပါးသောသတ္တိကြောင့်။ စိတ္တ၊ ပေ၊ သဟဘုနော၊ သဟဘုတို့မည်၏။
ဧဝသဒ္ဒါသည် စိတ္တသဟဘုအဖြစ်ကိုမြဲစေသော သန္နိဋ္ဌာနာဝဓာရဏတည်း၊ ထို့ကြောင့် ‘ပင်’၏ပရိယာယ် ‘ပဲ’ဟုပေးလိုက်သည်။စိတ္တသံသဋ္ဌာစ၊ စိတ္တသံသဋ္ဌတရားတို့လည်းဟုတ်ကုန်၏။ တေ၊ ထိုစိတ္တသံသဋ္ဌတရားတို့ဟူသည်။ စိတ္တသမုဋ္ဌာနာစ၊ စိတ္တသမုဋ္ဌာနတရားတို့လည်းဟုတ်ကုန်၏။ စိတ္တာနုပရိဝတ္တိနောဧဝစ၊ စိတ္တာနုပရိဝတ္တိတရားတို့လည်းပဲဟုတ်ကုန်၏။ ဣတိ၊ ကြောင့်။ စိတ္တ၊ ပေ၊ နုပရိဝတ္တိနော၊ စိတ္တသံသဋ္ဌသမုဋ္ဌာနာနုပရိဝတ္တိတို့မည်၏။
သေသာနိ၊ ကြွင်းကုန်သော။ သဗ္ဗပဒါနိ၊ အလုံးစုံသောပုဒ်တို့ကို၊ (နောစိတ္တသမုဋ္ဌာနာအစရှိသောပုဒ်တို့ကို၊) ဝုတ္တပဒါနံ၊ ဆိုအပ်ပြီးသောပုဒ်တို့၏ (သဘောကို)။ ပဋိက္ခေပဝသေန၊ ပယ်မြစ်ခြင်း၏အစွမ်းဖြင့်။ ဝေဒိတဗ္ဗာနိ၊ သိထိုက်ကုန်၏။
‘ပဋိပက္ခဝသေန’ ဟုရှေးနိဿယ၌ရှိ၏၊ ‘ဥဘယသဘာဝပဋိက္ခေပဝသေန’ စသည်ဖြင့် ဝိပါကတိက်မှစ၍လာခဲ့သောကြောင့် ‘ပဋိက္ခေပ’ ဟုသာရှိသင့်သည်။အဇ္ဈတ္တဇ္ဈတ္တံ၊ အဇ္ဈတ္တဇ္ဈတ္တကို။ သန္ဓာယ၊ ရည်ရွယ်၍။ အဇ္ဈတ္တဇ္ဈတ္တိကေ၊ ၌။ ဝုတ္တဝသေန၊ ဆိုအပ်ပြီးသောစကား၏အစွမ်းဖြင့်။ အဇ္ဈတ္တာဝ၊ အဇ္ဈတ္တတရားတို့သည်ပင်။ အဇ္ဈတ္တိကာ၊ တို့မည်၏။
အဇ္ဈတ္တတိက်၌ အဇ္ဈတ္တိကတရားတို့ကို ‘အဇ္ဈတ္တဇ္ဈ’ ဟုဆိုခဲ့သည်၊ ပြန်ကြည့်ပါ။တတော၊ ထိုအဇ္ဈတ္တိကာယတန၆ပါးတို့မှ။ ဗဟိဘူတာ၊ အပဖြစ်၍ဖြစ်သောတရားတို့တည်း။ ဣတိ၊ ကြောင့်။ ဗာဟိရာ၊ ဗာဟိရတို့မည်၏။
(ယေဓမ္မာ-တို့သည်၊) ဘူတာနိ၊ မဟာဘုတ်တို့ကို။ ဥပါဒိယန္တေဝ၊ ယူတတ်ကုန်သည်သာ၊ ဝါ-မှီတတ်ကုန်သည်သာ၊
ဤ၌ ဒိဝါဒိကတ္တားဟော ယပစ္စည်းတည်း။ဘူတာနိဝိယ၊ မဟာဘုတ်တို့ကိုကဲ့သို့။ နဥပါဒိယန္တိ၊ မယူအပ်ကုန်၊
ဤ၌ ကံဟော ယပစ္စည်းတည်း။ဣတိ၊ ကြောင့်၊ (တေဓမ္မာ) ဥပါဒါ၊ ဥပါဒါတို့မည်၏။
(ဘူတာနိ-မဟာဘုတ်၄ပါးတို့ကို၊) နဥပါဒိယန္တေဝ၊ မယူတတ်ကုန်သည်သာ၊ ဝါ-မမှီတတ်ကုန်သည်သာ၊
ဧဝဖြင့် မှီခြင်းကိုကန့်။ဣတိ၊ ကြောင့်။ နောဥပါဒါ၊ နောဥပါဒါတို့မည်၏။
၆၉-၇၄။ ဥပါဒါနဂေါစ္ဆကေ၊ ၌၊ (အတ္ထောဧဝံဝေဒိတဗ္ဗော၊ ယေဓမ္မာ-တို့သည်၊) ဘုသံ၊ ပြင်းစွာ။ အာဒိယန္တိ၊ အာရုံကိုယူတတ်ကုန်၏။ ဣတိ၊ ကြောင့်၊ (တေဓမ္မာ) ဥပါဒါနာ၊ တို့မည်၏။ ဒဠှဂ္ဂါဟံ၊ မြဲမြန်စွာယူအပ်သည်မည်လောက်အောင်။ ဂဏှန္တိ၊ ယူတတ်ကုန်၏။ ဣတိအတ္ထော၊ ဤကားအနက်။
ဥပသဒ္ဒါသည် ဘုသတ္ထဝါစကဟုသိစေလို၍ ဥပကို ဘုသံဟုဖွင့်သည်၊ ထိုဘုသအရပြင်းစွာဟူသည်လည်း မလွှတ်နိုင်ဘဲစွဲမြဲစွာယူခြင်းဟုသိစေလို၍ ဒဠှဂ္ဂါဟံဟုအဓိပ္ပာယ်ဖွင့်သည်၊ ထိုဒဠှဂ္ဂါဟံပုဒ်ကား ကြိယာဝိသေသနတည်း။တတော၊ ထိုဥပါဒါနတရားတို့မှ။ အညေ၊ အခြားသောတရားတို့သည်။ နောဥပါဒါနာ၊ နောဥပါဒါနတို့မည်၏။
၇၅-၈၂။ ကိလေသဂေါစ္ဆကေ၊ ၌။ သံကိလိဋ္ဌတ္တိကေ၊ ၌။ ဝုတ္တနယေနေဝ၊ ဆိုအပ်ပြီးသောနည်းဖြင့်သာ။ အတ္ထော၊ ကို။ ဝေဒိတဗ္ဗော၊ ၏။
ဝုတ္တနယေနေဝဟုဆိုသော်လည်း ထို၌ ‘သံ’သဒ္ဒါပါ၍ ဤ၌ ‘သံ’သဒ္ဒါမပါခြင်းကား ကွဲပြားသေး၏။၈၃-၁၀၀။ ပိဋ္ဌိဒုကေသု၊ တို့၌၊ (အတ္ထောဧဝံဝေဒိတဗ္ဗော၊ ယေဓမ္မာ)။ ကာမေ၊ ကာမဘုံ၌။ အဝစရန္တိ၊ သက်ဝင်၍ဖြစ်တတ်ကုန်၏။ ဣတိ၊ ကြောင့်၊ (တေဓမ္မာ) ကာမာဝစရာ၊ တို့မည်၏။
(ယေဓမ္မာ-တို့သည်၊) ရူပေ၊ ရူပဘုံ၌။ အဝစရန္တိ၊ ကုန်၏။ ဣတိ၊ ကြောင့်၊ (တေဓမ္မာ)။ ရူပါဝစရာ၊ တို့မည်၏။
(ယေဓမ္မာ)။ အရူပေ၊ အရူပဘုံ၌။ အဝစရန္တိ၊ ကုန်၏။ ဣတိ၊ ကြောင့်၊ (တေဓမ္မာ)။ အရူပါဝစရာ၊ တို့မည်၏။
အယံ၊ ဤဆိုအပ်ပြီးကား။ ဧတ္ထ၊ ဤမာတိကာအဖွင့်၌။ သင်္ခေပေါ၊ အကျဉ်းဖြစ်သောအနက်တည်း။ ဝိတ္ထာရောပန၊ အကျယ်ဖြစ်သောအနက်သည်ကား။ ပရတော၊ နောက်။ အာဝီ၊ ထင်ရှားစွာ။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။
ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ၏အဖွင့်၌ အကျယ်ဖြစ်လတ္တံ့၊ ရှေးနိဿယ၌ကား ‘ယေဘုယျေန-များသောအားဖြင့်၊ အဝစရန္တိ-ကျင်လည်တတ်, ဖြစ်တတ်ကုန်၏’ ဟုပေး၏၊ ထိုအဓိပ္ပာယ်လည်းနောက်၌ ထင်ရှားလတ္တံ့။(ယေဓမ္မာ)။ တေဘူမကဝဋ္ဋေ၊ တေဘူမကဝဋ်၌။ ပရိယာပန္နာ၊ အကျုံးဝင်ကုန်၏။ အန္တောဂဓာ၊ အတွင်းဝင်ကုန်၏။ ဣတိ၊ ကြောင့်၊ (တေဓမ္မာ)။ ပရိယာပန္နာ၊ တို့မည်၏။
တသ္မိံ၊ ထိုတေဘူမကဝဋ်၌။ နပရိယာပန္နာ၊ အကျုံးမဝင်သောတရားတို့တည်း။ ဣတိ၊ ကြောင့်။ အပရိယာပန္နာ၊ တို့မည်၏။
ပရိယာပန္နသဒ္ဒါသည် အန္တောဂဓအနက်ကိုဟော၏၊ လောကီတရားတို့သာ ပရိယာပန္နအမည်ရ၍ လောကုတ္တရာတရားတို့၏ ပရိယာပန္နအမည်မရပုံကို ဋီကာ၌ရှုပါ။(ယေဓမ္မာ) ဝဋ္ဋမူလံ၊ အဝိဇ္ဇာတဏှာတည်းဟူသောဝဋ်မြစ်ကို။ ဆိန္ဒန္တာ၊ ဖြတ်ကုန်လျက်။ နိဗ္ဗာနံ၊ ကို။ အာရမဏံ၊ အာရုံကို၊ ကတွာ။ ဝဋ္ဋတော၊ ဝဋ်တည်းဟူသောနှောင်အိမ်မှ။ နိယျန္တိ၊ ထွက်မြောက်တတ်ကုန်၏။ ဣတိ၊ ကြောင့်၊ (ထိုသို့ဝဋ်တည်းဟူသောနှောင်အိမ်မှထွက်မြောက်တတ်ကုန်သည်၏အဖြစ်ကြောင့်၊) (တေဓမ္မာ)။ နိယျာနိကာ၊ နိယျာနိကတို့မည်၏။
နိပုဗ္ဗယာဓာတ်, အနီယပစ္စည်း၊ နီ၌ ဤကိုရဿပြု, ယကို ကပြု။(ယေဓမ္မာ)။ ဣမိနာလက္ခဏေန၊ ဤလက္ခဏာအားဖြင့်၊
ဝဋ်မြစ်ကိုဖြတ်လျက်နိဗ္ဗာန်ကိုအာရုံပြုခြင်းဟူသော အမှတ်အသားအားဖြင့်။(ဝဋ္ဋတော-မှ၊) နနိယျန္တိ၊ မထွက်မြောက်တတ်ကုန်။ ဣတိ၊ ကြောင့်၊ (ထိုသို့ဝဋ်တည်းဟူသောနှောင်အိမ်မှမထွက်မြောက်တတ်ကုန်သည်၏အဖြစ်ကြောင့်၊) (တေဓမ္မာ)။ အနိယျာနိကာ၊ အနိယျာနိကတို့မည်၏။
စုတိယာဝါ၊ စုတိလည်းကောင်း၊
အနန္တရံ၌စပ်။အတ္တနော၊ မိမိဟူသောမဂ်၏။ ပဝတ္တိယာဝါ၊ ဖြစ်ခြင်း၏လည်းကောင်း။ အနန္တရံ၊ အခြားမဲ့၌။ ဖလဒါနေ၊ အကျိုးကိုပေးခြင်း၌။ နိယတတ္တာ၊ မြဲကုန်သည်၏အဖြစ်ကြောင့်။ နိယတာ၊ နိယတတို့မည်၏။
စုတိယာအနန္တရံဖြင့် နိယတမိစ္ဆာဒိဋ္ဌိကံ, ပဉ္စာနန္တရိယကံတို့ကို ရည်ရွယ်သည်၊ အတ္တနောဝါပဝတ္တိယာဖြင့် မဂ်ကိုရည်ရွယ်သည်။တထာ၊ ထိုအခြင်းအရာအားဖြင့်၊
စုတိ၏အခြားမဲ့, မိမိ၏အခြားမဲ့၌ အကျိုးပေးခြင်းဟူသောအခြင်းအရာအားဖြင့်။အနိယတတ္တာ၊ မမြဲကုန်သည်၏အဖြစ်ကြောင့်။ အနိယတာ၊ အနိယတတို့မည်၏။
(ယေဓမ္မာ)။ အညေ၊ မိမိတို့မှတစ်ပါးကုန်သော။ ဓမ္မေ၊ လောကီတရားတို့ကို။ ဥတ္တရန္တိ၊ လွန်မြောက်နိုင်ကုန်၏။ ပဇဟန္တိ၊ ပယ်စွန့်နိုင်ကုန်၏။ ဣတိ၊ ကြောင့်၊ (တေဓမ္မာ)။ ဥတ္တရာ၊ ဥတ္တရတို့မည်၏။
(ယေဓမ္မာ)။ အတ္တာနံ၊ မိမိဟူသောသဥတ္တရတရားကို။ ဥတ္တရိတုံ၊ လွန်မြောက်ခြင်းငှာ။ သမတ္ထေဟိ၊ စွမ်းနိုင်ကုန်သော။ ဥတ္တရေဟိ၊ ဥတ္တရမည်သောတရားတို့နှင့်၊ သဟ (ဝတ္တန္တိ)။ ဣတိ၊ ကြောင့်၊ (တေဓမ္မာ)။ သဥတ္တရာ၊ တို့မည်၏။
ဧတေသံ၊ ဤလောကုတ္တရာတရားတို့၏။ ဥတ္တရာ၊ မိမိကိုလွန်မြောက်သောတရားတို့သည်၊ ဝါ-မိမိကိုပယ်နိုင်သောတရားတို့သည်။ နတ္ทธิ၊ မရှိကုန်။ ဣတိ၊ ကြောင့်၊ (တေဓမ္မာ)။ အနုတ္တရာ၊ အနုတ္တရတို့မည်၏။
ဧတေဟိ၊ ဤတရားတို့ကြောင့်၊ (သတ္တာ-သတ္တဝါတို့သည်၊) ရဏန္တိ၊ ငိုမြည်တတ်ကုန်၏။ ဣတိ၊ ကြောင့်၊ (တေဓမ္မာ)။ ရဏာ၊ ရဏတို့မည်၏။
ဧတံ၊ ဤရဏသဒ္ဒါသည်။ ယေဟိ၊ အကြင်ရာဂအစရှိသောတရားတို့သည်။ အဘိဘူတာ၊ လွှမ်းမိုးနှိပ်စက်အပ်ကုန်သော။ သတ္တာ၊ တို့သည်။ နာနပ္ပကာရေန၊ အထူးထူးသောအပြားအားဖြင့်။ ကန္ဒန္တိပရိဒေဝန္တိ၊ ငိုမြည်တတ်ကုန်၏။ တေသံရာဂါဒီနံ၊ ထိုရာဂအစရှိသောတရားတို့ကို။ အဓိဝစနံ၊ ဟောသောသဒ္ဒါတည်း။
(ယေဓမ္မာ)။ သမ္ပယောဂဝသေန၊ သမ္ပယုတ်၏အစွမ်းဖြင့်လည်းကောင်း။ ပဟာနေကဋ္ဌတာဝသေနစ၊ ပဟာနေကဋ္ဌတာ၏အစွမ်းဖြင့်လည်းကောင်း။ ရဏေဟိ၊ ငိုမြည်ကြောင်းဖြစ်သောရာဂအစရှိသောတရားတို့နှင့်။ သဟ၊ တကွ၊ (ဝတ္တန္တိ)။ ဣတိ၊ ကြောင့်၊ (တေဓမ္မာ)။ သရဏာ၊ သရဏတို့မည်၏။
တေနာကာရေန၊ ထိုသမ္ပယောဂအခြင်းအရာ, ပဟာနေကဋ္ဌတာအခြင်းအရာအားဖြင့်။ ဧတေသံ၊ ဤတရားတို့၏။ ရဏာ၊ ငိုမြည်ကြောင်းဖြစ်သောရာဂအစရှိသောတရားတို့သည်။ နတ္ထိ၊ မရှိကုန်။ ဣတိ၊ ကြောင့်၊ (တေဓမ္မာ)။ အရဏာ၊ အရဏတို့မည်၏။
၁၀၁-၁၀၈။ သုတ္တန္တိကဒုကေသု၊ တို့၌၊ (အတ္ထောဧဝံဝေဒိတဗ္ဗော၊ ယေဓမ္မာ)။ သမ္ပယောဂဝသေန၊ သမ္ပယုတ်၏အစွမ်းဖြင့်။ ဝိဇ္ဇံ၊ ဝိဇ္ဇာသို့။ ဘဇန္တိ၊ ကပ်ဝင်တတ်ကုန်၏။ ဣတိ၊ ကြောင့်၊ (တေဓမ္မာ)။ ဝိဇ္ဇာဘာဂိနော၊ ဝိဇ္ဇာဘာဂီတို့မည်၏။
(ယေဓမ္မာ) ဝိဇ္ဇာဘာဂေ၊ ဝိဇ္ဇာ၏အဖို့၌။ ဝိဇ္ဇာကောဋ္ဌာသေ၊ ဝိဇ္ဇာ၏အစု၌၊
ဝိဇ္ဇာရှစ်ပါးတည်းဟူသောအစုရှစ်စုတွင် တစ်စုတစ်စု၌။ဝတ္တန္တိ၊ ဖြစ်တတ်ကုန်၏၊ ဝါ-သဘောတူသောအားဖြင့်ပါဝင်တတ်ကုန်၏။ ဣတိပိ၊ ကြောင့်လည်း၊ (တေဓမ္မာ)။ ဝိဇ္ဇာဘာဂိနော၊ တို့မည်၏။
တတ္ထ၊ ထိုဝိဇ္ဇာဘာဂိနောဟူသောပုဒ်၌၊ (လဗ္ဘမာနာ-ရထိုက်ကုန်သော၊) ဝိဇ္ဇာ၊ ဝိဇ္ဇာတို့သည်။ ဝိပဿနာဉာဏံ၊ ဝိပဿနာဉာဏ်လည်းကောင်း။ မနောမယိဒ္ဓိ၊ မနောမယိဒ္ဓိလည်းကောင်း။ ဆ၊ ၆ပါးကုန်သော။ အဘိညာ၊ အဘိညာဉ်တို့လည်းကောင်း။ ဣတိ၊ ဤသို့။ အဋ္ဌ၊ ရှစ်ပါးတို့တည်း။
ပုရိမေန၊ ရှေးဖြစ်သော။ အတ္ထေန၊ အနက်အားဖြင့်၊ (ဝိဇ္ဇံဘဇန္တိဟူသောအနက်အားဖြင့်၊) တာဟိ၊ ထိုဝိဇ္ဇာရှစ်ပါးတို့နှင့်။ သမ္ပယုတ္တဓမ္မာ၊ ယှဉ်ကုန်သောတရားတို့သည်။ ဝိဇ္ဇာဘာဂိနော၊ တို့မည်၏။
သမ္ပယုတ္တဓမ္မာပိဟု ပိပါသည်ကား ဝိဇ္ဇာကိုဆည်းစရာမရှိသောကြောင့်၊ အပိုဟုထင်သည်၊ ဝိဇ္ဇာအချင်းချင်းသမ္ပယုတ်မဖြစ်နိုင်။ပစ္ဆိမေန၊ နောက်၌ဖြစ်သော။ အတ္ထေန၊ အနက်အားဖြင့်၊
ဝိဇ္ဇာဘာဂေဝတ္တန္တိဟူသောအနက်အားဖြင့်။တာသု၊ ထိုဝိဇ္ဇာရှစ်ပါးတို့တွင်။ ယာကာစိ၊ အမှတ်မထားတစ်ပါးပါးသော။ ဧကာ၊ တစ်ပါးသောဝိဇ္ဇာသည်။ ဝိဇ္ဇာ၊ ဝိဇ္ဇာမည်၏။ သေသာ၊ တစ်ပါးသောဝိဇ္ဇာမှကြွင်းသောဝိဇ္ဇာ၇ပါးတို့သည်။ ဝိဇ္ဇာဘာဂိနော၊ တို့မည်၏။ ဣတိဧဝံ၊ ဤသို့၊ ဝါ-ဤ၂မျိုးသောဝစနတ္ထအားဖြင့်။ ဝိဇ္ဇာပိ၊ ဝိဇ္ဇာတို့ကိုလည်းကောင်း။ ဝိဇ္ဇာယ၊ ဝိဇ္ဇာနှင့်။ သမ္ပယုတ္တဓမ္မာပိ၊ ယှဉ်ကုန်သောတရားတို့ကိုလည်းကောင်း။ ဝိဇ္ဇာဘာဂိနောတွေဝ၊ ဝိဇ္ဇာဘာဂီတို့ဟူ၍သာ။ ဝေဒိတဗ္ဗာ၊ သိထိုက်ကုန်၏။
ပန၊ ထိုသို့ပင်ဝိဇ္ဇာ, ဝိဇ္ဇာသမ္ပယုတ္တဓမ္မတို့ကို ဝိဇ္ဇာဘာဂီဟုသိထိုက်ပါကုန်သော်လည်း။ ဣဓ၊ ဤသုတ္တန္တိကဒုက်အရာ၌။ သမ္ပယုတ္တဓမ္မာဝ၊ သမ္ပယုတ်တရားတို့ကိုသာ၊
ဧဝဖြင့် ဝိဇ္ဇာကိုကန့်။(ဝိဇ္ဇာဘာဂိနောတိ-ဝိဇ္ဇာဘာဂီတို့ဟူ၍၊) အဓိပ္ပေတာ၊ အလိုရှိအပ်ကုန်၏။
(ယေဓမ္မာ)။ သမ္ပယောဂဝသေနေဝ၊ ဖြင့်ပင်။ အဝိဇ္ဇံ၊ သို့။ ဘဇန္တိ၊ ကုန်၏၊ ဣတိ (တေဓမ္မာ) အဝိဇ္ဇာဘာဂိနော၊ တို့မည်၏၊ (ယေဓမ္မာ) အဝိဇ္ဇာဘာဂေ၊ ၌။ အဝိဇ္ဇာကောဋ္ဌာသေ၊ ၌၊ ဟနောက်လာမည့် အဝိဇ္ဇာအစုတို့တွင် တစ်ခုသောအစု၌၊ ဝတ္တန္တိ-ကုန်၏၊ ဣတိပိ-ကြောင့်လည်း၊ (တေဓမ္မာ) အဝိဇ္ဇာဘာဂိနော၊ တို့မည်၏၊ တတ္ထ-ထိုအဝိဇ္ဇာဘာဂိနောဟူသောပုဒ်၌၊ (လဗ္ဘမာနာ-ကုန်သော၊) အဝိဇ္ဇာ၊ အဝိဇ္ဇာတို့သည်။ ဒုက္ခပ္ပဋိစ္ဆာဒကံ၊ ဒုက္ခသစ္စာကို ဖုံးလွှမ်းတတ်သော။ တမော၊ အမိုက်မှောင်ဟူသော မောဟလည်းကောင်း။ သမုဒယာဒိပ္ပဋိစ္ဆာဒကံ၊ သမုဒယသစ္စာအစရှိသော သစ္စာ ၃ ပါးကို ဖုံးလွှမ်းတတ်သော၊ (တမော-လည်းကောင်း၊) ဣတိ-သို့။ စတဿော၊ တို့တည်း။ ပုရိမနယေနေဝ၊ ဖြင့်ပင်။ တာဟိ၊ ထိုအဝိဇ္ဇာ ၄ ပါးတို့နှင့်။ သမ္ပယုတ္တဓမ္မာ၊ တို့သည်။ အဝိဇ္ဇာဘာဂိနော၊ တို့မည်၏၊ ဟဤ၌လည်း ရှေးနည်းအတူ သမ္ပယုတ္တဓမ္မာပိ၌ ပိသဒ္ဒါပိုသည်၊ ပစ္ဆိမေန-သော၊ နယေန-ဖြင့်။ တာသု၊ ထို ၄ ပါးသောအဝိဇ္ဇာတို့တွင်။ ယာကာစိ၊ သော။ ဧကာ၊ တစ်ပါးသည်။ အဝိဇ္ဇာ၊ မည်၏။ သေသာ၊ အဝိဇ္ဇာတစ်ပါးမှ ကြွင်းသောအဝိဇ္ဇာ ၃ ပါးတို့သည်။ အဝိဇ္ဇာဘာဂိနော၊ တို့မည်၏၊ ဣတိဧဝံ-သို့။ အဝိဇ္ဇာပိ၊ တို့ကိုလည်းကောင်း။ အဝိဇ္ဇာယ၊ နှင့်။ သမ္ပယုတ္တဓမ္မာပိ၊ တို့ကိုလည်းကောင်း။ အဝိဇ္ဇာဘာဂိနောတွေဝ၊ တို့ဟူ၍သာ။ ဝေဒိတဗ္ဗာ၊ ပန-ထိုသို့ပင် အဝိဇ္ဇာ၊ အဝိဇ္ဇာသမ္ပယုတ္တဓမ္မတို့ကို အဝိဇ္ဇာဘာဂီဟု သိထိုက်ပါကုန်သော်လည်း။ ဣဓ၊ ဤဒုက်ပုဒ်၌။ သမ္ပယုတ္တဓမ္မာဝ၊ တို့ကိုသာ။ အဓိပ္ပေတာ၊ အလိုရှိအပ်ကုန်၏။ ဟအလိုရှိထိုက်ပုံကို ရှေးနည်းမှီပါ။
ပုန၊ တစ်ဖန်။ အနဇ္ဈောတ္ထရဏဘာဝေန၊ လွှမ်းမိုးခြင်းမရှိသည်၏အဖြစ်ဖြင့်၊ (ထပ်၍ မလွှမ်းမိုးနိုင်လောက်အောင်-ဟူလို၊) ကိလေသန္ဓကာရံ၊ ကိလေသာတည်းဟူသော အမိုက်မှောင်ကို။ ဝိဒ္ဓံသေတုံ၊ ဖျက်ဆီးခြင်းငှာ။ အသမတ္ထတာယ၊ မစွမ်းနိုင်ကုန်သည်၏အဖြစ်ကြောင့်။ ဧတေသံ၊ ဤတရားတို့၏။ ဝိဇ္ဇု၊ လျှပ်စစ်ဟူသော။ ဥပမာ၊ ဥပမာသည်၊ (အတ္Thumbnail)၊ ဣတိ-ကြောင့်၊ (ထိုသို့ လျှပ်စစ်ဟူသော ဥပမာရှိကုန်သည်၏အဖြစ်ကြောင့်၊) (တေဓမ္မာ) ဝိဇ္ဇူပမာ၊ ဝိဇ္ဇူပမတို့မည်၏၊ ဟလျှပ်စစ်နှင့်တူပုံကို နိက္ခေပကဏ္ဍ၌ တိုက်ရိုက်ပြလတ္တံ့၊ နတ္ထိအဇ္ဈောတ္ထရဏံယဿာတိ အနဇ္ဈောတ္ထရဏော၊ ကိလေသန္ဓကာရော၊ အနဇ္ဈောတ္ထရဏဿ + ဘာဝေါ အနဇ္ဈောတ္ထရဏဘာဝေါ၊ န + သမတ္ထာ အသမတ္ထာ၊ အသမတ္ထာနံ + ဘာဝေါ အသမတ္ထတာ။ နိဿေသံ၊ အကြွင်းမရှိအောင်၊ (ကိလေသန္ဓကာရဿ-ကိလေသာတည်းဟူသော အမိုက်မှောင်ကို၊) ဝိဒ္ဓံသနသမတ္ထတာယ၊ ဖျက်ဆီးခြင်း၌ စွမ်းနိုင်ကုန်သည်၏အဖြစ်ကြောင့်။ ဧတေသံ၊ ဤတရားတို့၏။ ဝဇိရံ၊ ဝဇိရစိန်ဟူသော၊ ဝါ-မိုးကြိုးဟူသော။ ဥပမာ၊ သည်၊ (အတ္ထိ)၊ ဣတိ-ကြောင့်၊ (ထိုသို့ ဝဇိရစိန်ဟူသော ဥပမာရှိကုန်သည်၏အဖြစ်ကြောင့်၊) (တေဓမ္မာ) ဝဇိရူပမာ၊ ဝဇိရူပမတို့မည်၏။ ဟဝဇိရစိန်နှင့်တူပုံကိုလည်း နိက္ခေပကဏ္ဍ၌ ပြလတ္တံ့။
ဗာလေသု၊ လူမိုက်၊ လူအ၊ လူန၊ လူထိုင်း၊ လူရိုင်းတို့၌။ ဌိတတ္တာ၊ တည်ကုန်သည်၏အဖြစ်ကြောင့်။ ယတ္ထ၊ ယင်းဗာလတို့၌။ ဌိတာ၊ တည်သောအကုသိုလ်တရားတို့သည်။ တဒုပစာရေန၊ ထိုဗာလတို့၏အမည်ဖြင့်၊ (ထိုဗာလတို့၏အမည်ကို အကုသိုလ်တရားတို့၌ တင်စားသော ဌာနူပစာရအားဖြင့်၊) ဗာလာ၊ တို့မည်၏။ ပဏ္ဍိတေသု၊ အသိအလိမ္မာဉာဏ်ပညာရှိသူတို့၌။ ဌိတတ္တာ၊ တည်ကုန်သည်၏အဖြစ်ကြောင့်၊ (ယတ္ထ-ယင်းပဏ္ဍိတတို့၌။ ဌိတာ၊ တည်သောကုသိုလ်တရားတို့သည်။ တဒုပစာရေန၊ ထိုပဏ္ဍိတတို့အမည်ဖြင့်၊ (ထိုပဏ္ဍိတတို့၏အမည်ကို ကုသိုလ်တရားတို့၌ တင်စားသော ဌာနူပစာရအားဖြင့်၊) ပဏ္ဍိတာ၊ တို့မည်၏၊ ဝါ-တစ်နည်း။ ဗာလကရတ္တာ၊ ဗာလ၏အဖြစ်ကို ပြုတတ်ကုန်သည်၏အဖြစ်ကြောင့်။ ဗာလာ၊ တို့မည်၏။ ပဏ္ဍိတကရတ္တာ၊ ပဏ္ဍိတ၏အဖြစ်ကို ပြုတတ်ကုန်သည်၏အဖြစ်ကြောင့်။ ပဏ္ဍိတာ၊ တို့မည်၏။ ဟဤနောက်နည်း၌ "ဗာလံ + ကရောန္တီတိ ဗာလကရာ" ဟုဆိုလိုလျက် ကရပုဒ်ကို ချေထားသည်၊ ဗာလကရ၌လည်း "ဗာလဘာဝကရ" ဟုဆိုလိုလျက် ဘာဝပ္ပဓာနဘာဝလောပကြံ။
ကဏှာတိ၊ ကား။ ကာဠကာ၊ မည်းနက်မည်းမှောင်ကုန်သော။ စိတ္တဿ၊ စိတ်၏။ အပဘဿရဘာဝကရဏာ၊ ပြိုးပြိုးပြက်အရောင်မထွက်သည်၏အဖြစ်ကို ပြုတတ်ကုန်သော၊ (ဓမ္မာသံဝိဇ္ဇန္တိ)။ သုက္ကာတိ၊ ကား။ ဩဒါတာ၊ ဖြူစင်ကုန်သော။ စိတ္တဿ၊ ၏။ ပဘဿရဘာဝကရဏာ၊ ပြိုးပြိုးပြက်အရောင်ထွက်သည်၏အဖြစ်ကို ပြုတတ်ကုန်သော၊ (ဓမ္မာသံဝိဇ္ဇန္တိ)၊ ဝါ-တစ်နည်း။ ကဏှာဘိဇာတိဟေတုတော၊ မည်းညစ်သောအမျိုးဇာတ်၏ အကြောင်းတို့၏အဖြစ်ကြောင့်။ ကဏှာ၊ ကဏှတို့မည်သော၊ (ဓမ္မာသံဝိဇ္ဇန္တိ)။ သုက္ကာဘိဇာတိဟေတုတော၊ ဖြူစင်သောအမျိုးဇာတ်၏ အကြောင်းတို့၏အဖြစ်ကြောင့်။ သုက္ကာ၊ သုက္ကတို့မည်သော၊ (ဓမ္မာသံဝိဇ္ဇန္တိ)၊ ဟလူတို့၌ ဘုန်းကံကြီးမား၊ ရုပ်အဆင်းစသည်အားဖြင့် အထက်တန်းစားသည်လည်းကောင်း၊ နတ်ဗြဟ္မာမျိုးသည်လည်းကောင်း သုက္ကာဘိဇာတိမည်၏၊ ကြွင်းသောဥပစာကို ရှေးနည်းအတိုင်းသိပါ။
(ယေဓမ္မာ) ဣဓစေဝ၊ ဤဘဝ၌လည်းကောင်း။ သမ္ပရာယေစ၊ တမလွန်ဘဝ၌လည်းကောင်း။ တပန္တိ၊ မိမိကိန်းရာသတ္တဝါကို ပူလောင်တတ်ကုန်၏၊ ဣတိ-ကြောင့်၊ (တေဓမ္မာ) တပနီယာ၊ တပနီယတို့မည်၏။ တပနီယာ၊ ပစ္စုပ္ပန်သံသရာ နှစ်ဖြာသောဘဝ၌ မိမိကိန်းရာသတ္တဝါကို ပူလောင်တတ်သောတရားတို့သည်။ န၊ မဟုတ်ကုန်။ အတပနီယာ၊ မဟုတ်ကုန်။
အဓိဝစနဒုကာဒယော၊ အဓိဝစနဒုက်အစရှိကုန်သော။ တယော၊ ၃ ဒုက်တို့သည်။ အတ္ထတော၊ အနက်အရကောက်အားဖြင့်။ နိန္နာနာကရဏာ၊ အသီးအခြားပြုကြောင်းအထူးမရှိကုန်၊ ဟအရကောက်အားဖြင့် တူသည်-ဟူလို။ ဧတ္ထ၊ ဤ ၃ ဒုက်တို့၌။ ဗျဉ္ဇနမေဝ၊ သဒ္ဒါသည်သာ။ နာနာ၊ ထူး၏၊ ဟသဒ္ဒါထူးလျှင် သဒ္ဒါ၏ဟောနက် မြန်မာပြန်ထူးကြောင်းမှာ ဆိုဖွယ်မရှိ။ ဟိ၊ ချဲ့၊ ဟပညတ္တိပထာတိုင်အောင် မျှော်သည်၊ ရှေးနိဿယ၌ကား "ဟိသစ္စံ" ဟုစွဲလေသည်။ သိရိဝဍ္ဎကော၊ သိရိဝဍ္ဎကမည်သောကျွန်။ ဓနဝဍ္ဎကော၊ ဓနဝဍ္ဎကမည်သောသူဆင်းရဲ။ ဣတိအာဒယော၊ ဤသို့အစရှိသော သဒ္ဒါတို့သည်။ ဝစနမတ္တမေဝ၊ သဒ္ဒါမျှကိုသာ၊ ဟဧဝဖြင့် အနက်မှန်ကိုကန့်။ အဓိကာရံ၊ စွဲမှီရည်စူးမှုကို။ ကတွာ၊ ပြု၍။ ပဝတ္တာ၊ ဖြစ်ကုန်သည်။ ဟုတွာ၊ ဖြစ်၍။ အဓိဝစနာနာမ၊ တို့မည်၏။ အဓိဝစနာနံ၊ သဒ္ဒါကိုသာ စွဲမှီရည်စူးမှုကို ပြု၍ဖြစ်သော သဒ္ဒါတို့၏။ ပထာ၊ အကြောင်းဖြစ်သော အနက်တို့တည်း။ အဓိဝစနပထာ၊ တို့။
အဘိသင်္ခရောန္တီတိ ပေ သင်္ခါရာတိ၊ အဘိသင်္ခရောန္တီတိ ပေ သင်္ခါရာဟူ၍။ ဧဝံ၊ ဤသို့။ နိဒ္ဓါရေတွာ၊ ထုတ်ဖော်၍။ သဟေတုကံ၊ အကြောင်းနှင့်တကွ ဖြစ်သည်ကို။ ကတွာ၊ ပြု၍။ ဝုစ္စမာနာ၊ ဟောတော်မူအပ်ကုန်သော။ အဘိလာပါ၊ အနက်သို့ ရှေးရှုရွတ်ဆိုအပ်သော သဒ္ဒါတို့သည်။ နိရုတ္တီနာမ၊ နိရုတ္တိတို့မည်၏၊ ဟဘိက္ခဝေ-တို့၊ (ယသ္မာ-ကြောင့်၊) အဘိသင်္ခရောန္တိ၊ ပြုပြင်စီမံတတ်ကုန်၏၊ ဣတိခေါတသ္မာ-ထို့ကြောင့်။ သင်္ခါရာ၊ သင်္ခါရတို့မည်၏။ နိရုတ္တီနံ၊ ထုတ်ဆောင်၍ ဟောတော်မူအပ်သော သဒ္ဒါတို့၏။ ပထာ၊ တို့တည်း။ နိရုတ္တိပထာ၊ တို့။
တက္ကော ဝိတက္ကော သင်္ကပ္ပေါတိ၊ တက္ကော ဝိတက္ကော သင်္ကပ္ပေါဟူ၍။ ဧဝံ၊ ဤသို့။ တေနတေနပကာရေန၊ ထိုထိုအပြားအားဖြင့်။ ဉာပနတော၊ သိစေတတ်ကုန်သည်၏အဖြစ်ကြောင့်။ ပညတ္တီနာမ၊ မည်၏။ ပညတ္တီနံ၊ အပြားအားဖြင့် သိစေတတ်သော သဒ္ဒါတို့၏။ ပထာ၊ တို့တည်း။ ပညတ္တိပထာ၊ တို့။ စ၊ ဆက်။ ဧတ္ထ၊ ဤ ၃ ဒုက်တို့တွင်။ ဧကံဒုကံ၊ တစ်ပါးသောဒုက်ကို။ ဝတွာပိ၊ ဟောတော်မူပြီး၍လည်း။ ဣတရေသံ၊ အခြားသောဒုက်တို့ကို။ ဝစနေ၊ ဟောတော်မူခြင်း၌။ ပယောဇနံ၊ အကျိုးကို။ ဟေတုဂေါစ္ဆကေ၊ ၌။ ဝုတ္တနယေနေဝ၊ ဖြင့်သာ။ ဝေဒိတဗ္ဗံ၊ ၏။ ဟဒေသနာဝိလာသ ပုဂ္ဂလဇ္ဈာသယအားဖြင့် ဟောတော်မူသည်-ဟူလို။
၁၀၉ - ၁၁၈။ နာမရူပဒုကေ-၌၊ (အတ္ထောဧဝံဝေဒိတဗ္ဗော) နာမကရဏဋ္ဌေန၊ နာမည်ကို ပြုတတ်သည်၏အဖြစ်ဟူသော အနက်ကြောင့်လည်းကောင်း။ နမနဋ္ဌေနစ၊ အာရုံသို့ ညွတ်တတ်သည်၏အဖြစ်ဟူသော အနက်ကြောင့်လည်းကောင်း။ နာမနဋ္ဌေနစ၊ အာရမ္မဏိကတရားတို့ကို မိမိသို့ ညွတ်စေတတ်သည်၏အဖြစ်ဟူသော အနက်ကြောင့်လည်းကောင်း။ နာမံ၊ နာမမည်၏။ ရုပ္ပနဋ္ဌေန၊ ဖောက်ပြန်တတ်သည်၏အဖြစ်ဟူသော အနက်ကြောင့်။ ရူပံ၊ ရူပမည်၏။ အယံ၊ ဤဆိုအပ်ပြီးသော။ ဧတ္ထ၊ ဤမာတိကာအဖွင့်၌။ သင်္ခေပေါ၊ အကျဉ်းတည်း။ ဝိတ္ထာရောပန၊ အကျယ်သည်ကား။ နိက္ခေပကဏ္ဍေ၊ ၌။ အာဝီ၊ ထင်ရှားစွာ။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။
အဝိဇ္ဇာတိ၊ ကား။ ဒုက္ခာဒီသု၊ ဒုက္ခအစရှိသော တရားတို့၌။ အညာဏံ၊ ဉာဏ်၏ဆန့်ကျင်ဘက် မောဟတည်း။ ဘဝတဏှာတိ၊ ကား။ ဘဝပတ္ထနာ၊ ဘဝကို တောင့်တတတ်သော တဏှာသည်။ ဘဝဒိဋ္ဌီတိ (ဧတ္ထ)၊ ဘဝဒိဋ္ဌိဟူသော။ သဿတံ၊ အခါခပ်သိမ်း ထင်ရှားရှိသောအရာကို၊ ဝါ-မြဲသောအရာကို။ ဘဝေါ၊ ဘဝဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ သဿတဝသေန၊ "အတ္တလောကသည်မြဲ၏" ဟုယူခြင်း၏ အစွမ်းဖြင့်၊ ဟဂါဟပုဒ်အကျေကြံ။ ဥပ္ပဇ္ဇနဒိဋ္ဌိ၊ ဖြစ်သောဒိဋ္ဌိတည်း၊ ဟဥပ္ပဇ္ဇမာနရှိလျှင်ကောင်း၏။ ဝိဘဝဒိဋ္ဌီတိ (ဧတ္ထ)၊ ၌။ ဥစ္ဆေဒံ၊ ပြတ်စဲခြင်းကို။ ဝိဘဝေါ၊ ဟူ၍။ ဝုစ္စတိ။ ဥစ္ဆေဒဝသေန၊ "အတ္တလောကသည်ပြတ်၏" ဟုယူခြင်း၏ အစွမ်းဖြင့်။ ဥပ္ပဇ္ဇနဒိဋ္ဌိ၊ တည်း။ အတ္တာစ၊ ခန္ဓာ ၅ ပါးဟူသော အတ္တသည်လည်းကောင်း။ လောကောစ၊ ခန္ဓာ ၅ ပါးဟူသော လောကသည်လည်းကောင်း။ သဿတော၊ အခါခပ်သိမ်း ထင်ရှားရှိ၏၊ ဝါ-မြဲ၏၊ ဣတိ-သို့။ ပဝတ္တာ၊ သော။ ဒိဋ္ဌိ၊ သည်။ သဿတဒိဋ္ဌိ၊ သဿတဒိဋ္ဌိမည်၏၊ (အတ္တာစ-သည်လည်းကောင်း၊ လောကောစ-သည်လည်းကောင်း၊) ဥစ္ဆိဇ္ဇိဿတိ၊ သေလျှင် ပြတ်စဲလတ္တံ့၊ ဣတိ ပဝတ္တာ-သော။ ဒိဋ္ဌိ၊ သည်။ ဥစ္ဆေဒဒိဋ္ဌိ၊ မည်၏။
(အတ္တာစ-သည်လည်းကောင်း၊ လောကောစ-သည်လည်းကောင်း၊) အန္တဝါ၊ အဆုံးအပိုင်းအခြားရှိ၏၊ ဣတိ-သို့။ ပဝတ္တာ၊ သော၊ (ဒိဋ္ဌိ-သည်၊) အန္တဝါဒိဋ္ဌိ၊ မည်၏၊ (အတ္တာစ၊ လောကောစ)။ အနန္တဝါ၊ အဆုံးအပိုင်းအခြားမရှိ၊ ဣတိ-သို့။ ပဝတ္တာ၊ သော၊ (ဒိဋ္ဌိ-သည်၊) အနန္တဝါဒိဋ္ဌိ၊ မည်၏။ ပုဗ္ဗန္တံ၊ ရှေးအတိတ်ဖြစ်သော ခန္ဓာ၊ အာယတန၊ ဓာတ်အဖို့သို့။ အနုဂတာ၊ အစဉ်လိုက်သော။ ဒိဋ္ဌိ၊ ဒိဋ္ဌိတည်း။ ပုဗ္ဗန္တာနုဒိဋ္ဌိ၊ ရှေးအတိတ်ဖြစ်သော ခန္ဓာ၊ အာယတန၊ ဓာတ်အဖို့သို့ အစဉ်လိုက်သောဒိဋ္ဌိ။ အပရန္တံ၊ နောက်အနာဂတ်ဖြစ်သော ခန္ဓာ၊ အာယတန၊ ဓာတ်အဖို့သို့။ အနုဂတာ၊ သော။ ဒိဋ္ဌိ၊ တည်း။ အပရန္တာနုဒိဋ္ဌိ၊ နောက်အနာဂတ်ဖြစ်သော ခန္ဓာ၊ အာယတန၊ ဓာတ်အဖို့သို့ အစဉ်လိုက်သောဒိဋ္ဌိ။ ဟဤသဿတဒိဋ္ဌိစသည်တို့ ယူပုံကို သီလက္ခန်ဗြဟ္မဇာလသုတ်ပါဠိတော် အဋ္ဌကထာ၌ကြည့်ပါ။
အဟိရိကန္တိ၊ ကား။ ယံ န ဟိရိယတိ ဟိရိတဗ္ဗေနာတိ၊ ဟူ၍၊ ဧဝံ-သို့။ ဝိတ္ထာရိတာ၊ ပဒဘာဇနီ၌ အကျယ်ချဲ့အပ်သော။ နိလ္လဇ္ဇတာ၊ အရှက်မရှိသူ၏အဖြစ်တည်း၊ ဟယံ (ယောဓမ္မော)-အကြင်တရားသည်၊ (တစ်နည်း၊ ယံ-အကြင်တရားကြောင့်၊ ပုဂ္ဂလော-သည်၊) ဟိရိတဗ္ဗေန၊ ရှက်ထိုက်သော ကာယဒုစရိုက်စသည်ကို။ န ဟိရိယတိ၊ မရှက်တတ်။ အနောတ္တပ္ပန္တိ၊ ကား။ ယံ န ဩတ္တပ္ပတိ ဩတ္တပ္ပိတဗ္ဗေနာတိ၊ ဟူ၍၊ ဧဝံ-သို့။ ဝိတ္ထာရိတော၊ သော။ အဘယာနကအာကာရော၊ မကြောက်ခြင်းဟူသော အခြင်းအရာတည်း၊ ဟယံ-အကြင်တရားသည်၊ (တစ်နည်း၊ ယေန-ကြောင့်၊ ပုဂ္ဂလော-သည်၊) ဩတ္တပ္ပိတဗ္ဗေန၊ ကြောက်လန့်ထိုက်သော ကာယဒုစရိုက်စသည်ကြောင့်။ န ဩတ္တပ္ပတိ၊ မကြောက်လန့်တတ်။ ဟိရိယနာ၊ ရှက်ခြင်းသဘောတရားသည်။ ဟိရီ၊ ဟိရီမည်၏။ ဩတ္တပ္ပနာ၊ ကြောက်လန့်ခြင်းသဘောတရားသည်။ ဩတ္တပ္ပံ၊ မည်၏။
ဒေါဝစဿတာတိအာဒီသု၊ ဒေါဝစဿတာအစရှိသော ပုဒ်တို့၌၊ (အတ္ထောဧဝံဝေဒိတဗ္ဗော)။ ဝိပ္ပတိကူလဂါဟိမှိ၊ အထူးသဖြင့် ဆန့်ကျင်ဘက်ကို ယူလေ့ရှိသော။ ဝိပစ္စနီကဿာတေ၊ ဆန့်ကျင်ဘက်ကို သာယာခြင်းရှိသော။ အနာဒရေ၊ ပုဂ္ဂလဓမ္မကို ရိုသေလေးစားခြင်းမရှိသော။ ဧတသ္မိံ ပုဂ္ဂလေ၊ ဤအင်္ဂါ ၃ ပါးရှိသော ပုဂ္ဂိုလ်၌။ ဒုက္ခံ၊ ခက်ခဲသော။ ဝစော၊ ပြောဆိုအပ်သော စကားသည်၊ (အတ္thi)၊ ဣတိ-ကြောင့်၊ (ထိုသို့ ခက်ခဲသော ပြောဆိုအပ်သော စကားရှိသည်၏အဖြစ်ကြောင့်၊) သော၊ ထိုပုဂ္ဂိုလ်သည်၊ (ထိုအပြောခက်အဆိုခက်ပုဂ္ဂိုလ်သည်၊) ဒုဗ္ဗစော၊ မည်၏၊ ဟ"ဒုက္ခံဝစောဧတသ္မိံတိဒုဗ္ဗစော" ဟုပြု၊ ဝစသဒ္ဒါကား ဤနေရာ၌ စကားဒြပ်ကိုဟောသော နာမ်ပုဒ်ပြီးပြီးဖြစ်သောကြောင့် "ဒုက္ခေန + ဝတ္တဗ္ဗော ဒုဗ္ဗစော" ဟုကစ္စည်းအလို "ကိတ်ပုဒ်အဖြစ်ဖြင့် ပြုလို၏" ဟုရှေးနိဿယ၌ မှာထားသည်ကို စဉ်းစားပါ။ တဿ၊ ထိုဒုဗ္ဗစပုဂ္ဂိုလ်၏။ ကမ္မံ၊ အလုပ်တည်း။ ဒေါဝစဿံ၊ ဒုဗ္ဗစပုဂ္ဂိုလ်၏အလုပ်၊ ဟသူများကို ကန့်လန့်ပြောခြင်း၊ ဂွတိုက်ခြင်းအလုပ်၊ ကမ္မအနက်၌ ဏျပစ္စည်းသက်၊ သျကို သပြု၊ သဒွေဘော်လာ။ တဿ၊ ထိုဒုဗ္ဗစပုဂ္ဂိုလ်၏အလုပ်၏။ ဘာဝေါ၊ ဖြစ်ကြောင်းဖြစ်ရာ အကုသိုလ်စိတ္တုပ္ပာဒ်တည်း။ ဒေါဝစဿတာ၊ ဒုဗ္ဗစပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာ အကုသိုလ်စိတ္တုပ္ပာဒ်။ ဧတဿ၊ ဤပုဂ္ဂိုလ်၏။ ပါပါ၊ ယုတ်မာကုန်သော။ အသဒ္ဓါဒယော၊ သဒ္ဓါမရှိသူအစရှိကုန်သော။ ပုဂ္ဂလာ၊ ပုဂ္ဂိုလ်ဟူကုန်သော။ မိတ္တာ၊ မိတ်ဆွေတို့သည်၊ (သန္တိ)၊ ဣတိ-ကြောင့်၊ (သော-ထိုပုဂ္ဂိုလ်သည်၊) ပါပမိတ္တာ၊ မည်၏။ တဿ၊ ထိုယုတ်မာသော မိတ်ဆွေရှိသော ပုဂ္ဂိုလ်၏။ ဘာဝေါ၊ ဖြစ်ကြောင်းဖြစ်ရာ အကုသိုလ်စိတ္တုပ္ပာဒ်တည်း။ ပါပမိတ္တတာ၊ ယုတ်မာသော မိတ်ဆွေရှိသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာ အကုသိုလ်စိတ္တုပ္ပာဒ်တည်း၊ ဟယုတ်မာသော မိတ်ဆွေတို့နှင့် ပေါင်းလိုသော အကုသိုလ်စိတ္တုပ္ပာဒ်။ သောဝစဿတာစ၊ သောဝစဿတာကိုလည်းကောင်း၊ ဝါ-လွယ်ကူစွာ ပြောဆိုအပ်သော စကားရှိသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာ ကုသိုလ်ကြိယာစိတ္တုပ္ပာဒ်ကိုလည်းကောင်း။ ကလျာဏမိတ္တတာစ၊ ကိုလည်းကောင်း၊ ဝါ-ကောင်းသော မိတ်ဆွေရှိသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာ ကုသိုလ်ကြိယာစိတ္တုပ္ပာဒ်ကိုလည်းကောင်း။ ဝုတ္တပဋိပက္ခနယေန၊ ဆိုအပ်ပြီးသော ဒေါဝစဿတာအစရှိသည်တို့၏ ဆန့်ကျင်ဘက်နည်းအားဖြင့်။ ဝေဒိတဗ္ဗာ၊ ၏။
၁၁၉ - ၁၂၃။ ပဉ္စပိ၊ ငါးပါးလည်းဖြစ်ကုန်သော။ အာပတ္တိက္ခန္ဓာ၊ အာပတ်အစုတို့သည်။ အာပတ္တိယော၊ အာပတ်တို့မည်၏။ သတ္တပိ၊ ၇ ပါးလည်းဖြစ်ကုန်သော။ အာပတ္တိက္ခန္ဓာ၊ တို့သည်။ အာပတ္တိယော၊ တို့မည်၏၊ ဣတိဧဝံ-သို့။ ဝုတ္တာသု၊ ဟောတော်မူအပ်ကုန်သော၊ (နိက္ခေပကဏ္ဍ၌ ဟောတော်မူအပ်ကုန်သော၊) အာပတ္တီသု၊ တို့၌။ ကုသလဘာဝေါ၊ ကျွမ်းကျင်သူ၏ ဖြစ်ကြောင်းဖြစ်ရာ ကုသိုလ်ကြိယာ၌ယှဉ်သော ပညာသည်။ အာပတ္တိကုသလတာ၊ အာပတ္တိကုသလတာမည်၏။ တာဟိ အာပတ္တီဟိ၊ ထိုအာပတ်တို့မှ။ ဝုဋ္ဌာနေ၊ ထခြင်း၌။ ကုသလဘာဝေါ၊ သည်။ အာပတ္တိဝုဋ္ဌာနကုသလတာ၊ မည်၏။ သမာပတ္တီသု၊ သမာပတ်တို့၌။ ကုသလဘာဝေါ၊ ကျွမ်းကျင်သူ၏ ဖြစ်ကြောင်းဖြစ်ရာ ကုသိုလ်ကြိယာ၌ယှဉ်သော ပညာသည်။ သမာပတ္တိကုသလတာ၊ မည်၏။ ဧတံ၊ ဤသမာပတ္တိကုသလတာဟူသော အမည်သည်။ သမာပတ္တီနံ၊ တို့၏။ အပ္ပနာပရိစ္ဆေဒပညာယ၊ အပ္ပနာကို ပိုင်းခြားတတ်သော ပညာ၏။ အဓိဝစနံ၊ အမည်တည်း။ သမာပတ္တီဟိ၊ တို့မှ။ ဝုဋ္ဌာနေ၊ ၌။ ကုသလဘာဝေါ၊ သည်။ သမာပတ္တိဝုဋ္ဌာနကုသလတာ၊ မည်၏။
၁၂၄။ အဋ္ဌာရသသု၊ ၁၈ ပါးကုန်သော။ ဓာတူသု၊ တို့၌။ ကုသလဘာဝေါ၊ ကျွမ်းကျင်သူ၏ဖြစ်ကြောင်းဖြစ်ရာ ကုသိုလ်ကြိယာ၌ယှဉ်သောပညာသည်။ ဓာတုကုသလတာ၊ မည်၏။ တာသံယေဝ ဓာတူနံ၊ ထိုဓာတ်တို့ကိုပင်။ မနသိကာရေ၊ နှလုံးသွင်းခြင်း၌၊ စက္ခုစသောဓာတ်တို့၏ လက္ခဏာစသည်တို့ကို နှလုံးသွင်းခြင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောကို နှလုံးသွင်းခြင်း၌။ ကုသလဘာဝေါ၊ သည်။ မနသိကာရကုသလတာ၊ မည်၏။ စက္ခာယတနာဒီသု၊ စက္ခာယတနအစရှိသော အာယတနတို့၌။ ကုသလဘာဝေါ၊ သည်။ အာယတနကုသလတာ၊ မည်၏။ ဒွါဒသင်္ဂေ၊ ၁၂ ပါးသောအစိတ်အပိုင်းရှိသော။ ပဋိစ္စသမုပ္ပာဒေ၊ ၌။ ကုသလဘာဝေါ၊ သည်။ ပဋိစ္စသမုပ္ပာဒကုသလတာ၊ မည်၏။
တသ္မိံ တသ္မိံ ဌာနေ၊ ထိုထိုအကြောင်း၌။ ကုသလဘာဝေါ၊ ကျွမ်းကျင်သူ၏ဖြစ်ကြောင်းဖြစ်ရာ ကုသိုလ်ကြိယာ၌ယှဉ်သောပညာသည်။ ဌာနကုသလတာ၊ မည်၏။ ကာရဏံ၊ အကြောင်းကို။ ဌာနန္တိ၊ ဌာနဟူ၍။ ဝုစ္စတိ။ ဟိ၊ မှန်၊ (တစ်နည်း) ဟိ ယသ္မာ၊ ကြောင့်။ တသ္မိံ၊ ထိုအကြောင်း၌၊ (တိဋ္ဌတိ၌စပ်၊) တဒါယတ္တဝုတ္တိတာယ၊ ထိုအကြောင်း၌စပ်သော ဖြစ်ခြင်းရှိသည်၏အဖြစ်ကြောင့်၊ တသ္မိံ + အာယတ္တာ = တဒါယတ္တာ၊ တဒါယတ္တာ + ဝုတ္တိ ယဿာတိ = တဒါယတ္တဝုတ္တိ။ ဖလံ၊ အကျိုးသည်။ တိဋ္ဌတိ နာမ၊ တည်သည်မည်၏။ တသ္မာ၊ ကြောင့်၊ (ထိုသို့အကျိုး၏တည်ရာ၏ အဖြစ်ကြောင့်၊) ဌာနန္တိ၊ ဟူ၍။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ "တသ္မိံ ဟိ တိဋ္ဌတိ" ဟု စာအုပ်များ၌ရှိ၏၊ စာသွားရိုးရာကား ဌာနန္တိဝုတ္တံကိုငဲ့၍ "တံ ဟိ" ဟု ရှိတတ်သည်။ အဋ္ဌာနေ၊ အကြောင်းမဟုတ်သည်၌။ ကုသလဘာဝေါ၊ ကျွမ်းကျင်သူ၏ဖြစ်ကြောင်းဖြစ်ရာ ကုသိုလ်ကြိယာ၌ယှဉ်သောပညာသည်။ အဋ္ဌာနကုသလတာ၊ မည်၏။ ဤပုဒ်တို့၏အဓိပ္ပာယ်အကျယ်ကို နိက္ခေပကဏ္ဍပါဠိတော် အဋ္ဌကထာ၌ ထင်ရှားပြလတံ့။
၁၂၄-၁၃၄။ ဥဇုဘာဝေါ၊ ဖြောင့်မတ်သော ကာယစိတ္တတို့၏ဖြစ်ကြောင်းဖြစ်ရာ ကာယုဇုကတာ, စိတ္တုဇုကတာသည်။ အဇ္ဇဝေါ၊ အဇ္ဇဝမည်၏။ မုဒုဘာဝေါ၊ နူးညံ့သော ကာယစိတ္တတို့၏ဖြစ်ကြောင်းဖြစ်ရာ ကာယမုဒုတာ, စိတ္တမုဒုတာသည်။ မဒ္ဒဝေါ၊ မည်၏။ အဓိဝါသနသင်္ခါတော၊ မိမိအထက်၌ သက်ဝင်တည်နေစေခြင်းဟု ဆိုအပ်သော၊ (မိမိကသာအနာခံခြင်းဟု ဆိုအပ်သော၊) ခမနဘာဝေါ၊ သည်းခံတတ်သူ၏ဖြစ်ကြောင်းဖြစ်ရာ အဒေါသပြဓာန်းသော ကုသိုလ်ကြိယာစိတ္တုပ္ပာဒ်သည်။ ခန္တိ၊ ခန္တိမည်၏။ သုရတဿ၊ တင့်တယ်သော ကာယသုစရိုက် ဝစီသုစရိုက်အမှု၌ မွေ့လျော်သူ၏။ ဘာဝေါ၊ ဖြစ်ကြောင်းဖြစ်ရာ မဟာကုသိုလ်ကြိယာ, လောကုတ္တရာစိတ္တုပ္ပာဒ်သည်။ သောရစ္စံ၊ မည်၏။
သမ္မောဒကမုဒုဘာဝသင်္ခါတော၊ လွန်စွာဝမ်းမြောက်တတ်သူ၏ နူးညံ့သည်၏အဖြစ်ဟုဆိုအပ်သော၊ ဝါ - လွန်စွာဝမ်းမြောက်သော နူးညံ့သည်၏အဖြစ်ဟု ဆိုအပ်သော။ သခိလဘာဝေါ၊ ပြေပြစ်သူ၏ဖြစ်ကြောင်းဖြစ်ရာ မဟာကုသိုလ်ကြိယာစိတ္တုပ္ပာဒ်သည်။ သာခလျံ၊ သာခလျမည်၏။ ယထာ၊ အကြင်အခြင်းအရာအားဖြင့် ပိတ်ဆို့လသော်။ ပရေဟိ၊ သူတစ်ပါးတို့နှင့်။ သဒ္ဓိံ၊ တကွ။ အတ္တနော၊ မိမိ၏။ ဆိဒ္ဒံ၊ အပေါက်အကြားသည်။ န ဟောတိ၊ မဖြစ်။ ဧဝံ၊ ဤသို့ အပေါက်အကြားမဖြစ်နိုင်လောက်အောင်သော အခြင်းအရာအားဖြင့်။ ဓမ္မာမိသေဟိ၊ ဓမ္မ, အာမိသတို့ဖြင့်။ ပဋိသန္ထရဏံ၊ ပိတ်ဆို့ခြင်းသည်။ ပဋိသန္ထာရော၊ ပဋိသန္ထာရမည်၏။
ဣန္ဒြိယသံဝရဘေဒသင်္ခါတော၊ ဣန္ဒြိယသံဝရသီလ၏ ပျက်ခြင်းဟုဆိုအပ်သော။ မနစ္ဆဋ္ဌေသု၊ မနိန္ဒြေလျှင် ၆ ခုမြောက်ရှိကုန်သော။ ဣန္ဒြိယေသု၊ စက္ခုစသော ဣန္ဒြေတို့၌။ အဂုတ္တဒွါရဘာဝေါ၊ မစောင့်ရှောက်အပ်သော ဒွါရရှိသူ၏ဖြစ်ကြောင်းဖြစ်ရာ လောဘမူဒေါသမူ အကုသိုလ်စိတ္တုပ္ပာဒ်သည်။ ဣန္ဒြိယေသုအဂုတ္တဒွါရတာ၊ ဣန္ဒြိယေသုအဂုတ္တဒွါရတာမည်၏။ ပဋိဂ္ဂဟဏပရိဘောဂဝသေန၊ ခံယူခြင်း, သုံးဆောင်ခြင်း၏အစွမ်းဖြင့်။ ဘောဇနေ၊ ဘောဇဉ်၌၊ ဝါ - ဘောဇဉ်ကိုမှတ်, အရပ်ရပ်သောပစ္စည်း၌။ မတ္တံ၊ အတိုင်းအရှည်ပမာဏကို။ အဇာနနဘာဝေါ၊ သိခြင်းမရှိသူ၏ဖြစ်ကြောင်းဖြစ်ရာ လောဘမူမောဟမူ အကုသိုလ်စိတ္တုပ္ပာဒ်သည်။ ဘောဇနေအမတ္တညုတာ၊ ဘောဇနေအမတ္တညုတာမည်၏။ အနန္တရဒုကော၊ အခြားမဲ့ဒုက်ကို၊ (ဣန္ဒြိယေသုဂုတ္တဒွါရတာဒုက်ကို၊) ဝုတ္တပဋိပက္ခနယေန၊ ဆိုအပ်ပြီးသောဒုက်၏ ဆန့်ကျင်ဘက်နည်းအားဖြင့်။ ဝေဒိတဗ္ဗော၊ သိထိုက်၏။
သတိဝိပ္ပဝါသသင်္ခါတော၊ သတိနှင့်ကင်း၍နေခြင်းဟု ဆိုအပ်သော။ မုဋ္ဌဿတိဘာဝေါ၊ ပျောက်ကင်းသောသတိရှိသူ၏ဖြစ်ကြောင်းဖြစ်ရာ အကုသိုလ်စိတ္တုပ္ပာဒ်သည်။ မုဋ္ဌဿစ္စံ၊ မုဋ္ဌသစ္စမည်၏၊ (ဏျပစ္စည်း၊ ဣကိုချေ၊ တျကို စပြု၊ ဒွေးဘော်လာ)။ အသမ္ပဇာနနဘာဝေါ၊ ကောင်းစွာအပြားအားဖြင့် သိခြင်းမရှိသူ၏ဖြစ်ကြောင်းဖြစ်ရာ အကုသိုလ်စိတ္တုပ္ပာဒ်သည်။ အသမ္ပဇညံ၊ အသမ္ပဇညမည်၏။ (ယာ ဓမ္မဇာတိ = အကြင်တရားသဘောသည်၊) သရတိ၊ အမှတ်ရတတ်၏၊ ဝါ - အောက်မေ့တတ်၏။ ဣတိ၊ ကြောင့်၊ (သာ ဓမ္မဇာတိ)။ သတိ၊ မည်၏။ (ယံ ဓမ္မဇာတံ = သည်၊) သမ္ပဇာနာတိ၊ ကောင်းစွာအပြားအားဖြင့် သိတတ်၏။ ဣတိ၊ ထိုသို့ ကောင်းစွာ အပြားအားဖြင့် သိတတ်သည်၏အဖြစ်ကြောင့်၊ (တံ ဓမ္မဇာတံ = သည်၊) သမ္ပဇညံ၊ မည်၏။
အပ္ပဋိသင်္ခါနေ၊ အသင့်အားဖြင့်မရှုတတ်သော မောဟကြောင့်၊ ဝါ - ၌။ အကမ္ပနဋ္ဌေန၊ မတုန်လှုပ်သည်၏အဖြစ်ဟူသော အနက်ကြောင့်။ ပဋိသင်္ခါနသင်္ခါတံ၊ အသင့်အားဖြင့်ရှုတတ်သော ဉာဏ်ဟုဆိုအပ်သော။ ဗလံ၊ အားသည်။ ပဋိသင်္ခါနဗလံ၊ ပဋိသင်္ခါနဗလမည်၏။ ဝီရိယသီသေန၊ ဝီရိယကိုအဦးပြုသဖြင့်။ သတ္တ၊ ခုနစ်ပါးကုန်သော။ ဗောဇ္ဈင်္ဂေ၊ ဗောဇ္ဈင်တို့ကို။ ဘာဝေန္တဿ၊ ဖြစ်စေသောပုဂ္ဂိုလ်၏ (သန္တာန်၌)။ ဥပ္ပန္နံ၊ ဖြစ်သော။ ဗလံ၊ အားသည်။ ဘာဝနာဗလံ၊ ဘာဝနာဗလမည်၏။
ပစ္စနီကဓမ္မေ၊ ဆန့်ကျင်ဘက်တရားတို့ကို။ သမေတိ၊ ငြိမ်းစေတတ်၏။ ဣတိ၊ ကြောင့်။ သမထော၊ မည်၏။ အနိစ္စာဒိဝသေန၊ အနိစ္စအစရှိသည်တို့၏အစွမ်းဖြင့်၊ ဝိဝိဓေန = အထူးထူးအပြားပြားသော။ အာကာရေန၊ အခြင်းအရာအားဖြင့်။ ပဿတိ၊ ရှုတတ်၏။ ဣတိ၊ ကြောင့်။ ဝိပဿနာ၊ မည်၏။
သမထောဝ၊ ရှေးရှေးသမထသည်ပင်၊ (သမထနိမိတ္တံ၌စပ်၊) တံ အာကာရံ၊ ထိုမှတ်သားထိုက်သော အခြင်းအရာကို။ ဂဟေတွာ၊ ယူ၍။ ပုန၊ တစ်ဖန်။ ပဝတ္တေတဗ္ဗဿ၊ ဖြစ်စေထိုက်သော။ သမထဿ၊ နောက်နောက်သမထ၏။ နိမိတ္တဝသေန၊ အမှတ်အသား၏အစွမ်းဖြင့်၊ ဝါ - အထည်ကိုယ်ပုံသဏ္ဌာန်၏အစွမ်းဖြင့်။ သမထနိမိတ္တံ၊ သမထနိမိတ္တမည်၏။ (သမထောဧဝ၌ ဧဝကိုကြည့်၍ နိမိတ္တံနှင့် "အဝဓာရဏကမ္မဓာရဲတွဲရမည်" ဟုသိပါ။) ပဂ္ဂါဟနိမိတ္တေပိ၊ ပဂ္ဂါဟနိမိတ်၌လည်း။ ဧသေဝ နယော။ (သမထောဝ၊ ပေ၊ နိမိတ္တဝသေနကို ညွှန်းသည်။)
(ယော ဓမ္မော = အကြင်တရားသည်၊) သမ္ပယုတ္တဓမ္မေ၊ သမ္ပယုတ်တရားတို့ကို။ ပဂ္ဂဏှာတိ၊ ချီးမြှောက်တတ်၏။ ဣတိ၊ ကြောင့်၊ (သော ဓမ္မော = သည်၊) ပဂ္ဂါဟော၊ မည်၏။ (ယော ဓမ္မော၊ ဥဒ္ဓစ္စမိဝ = ဥဒ္ဓစ္စသည်ကဲ့သို့၊ စိတ္တံ = ကို၊) န ဝိက္ခိပတိ၊ အထူးထူးအပြားပြား မပစ်လွှင့်တတ်။ ဣတိ၊ (သော ဓမ္မော) အဝိက္ခေပေါ၊ မည်၏။
၁၃ visual-၁၄၂။ သီလဝိနာသိကာ၊ သီလကိုဖျက်ဆီးတတ်သော။ အသံဝရသင်္ခါတာ၊ မစောင့်စည်းခြင်းဟု ဆိုအပ်သော၊ (ဝိပတ္တိ၌စပ်၊) သီလဿ၊ သီလ၏။ ဝိပတ္တိ၊ ပျက်စီးခြင်းတည်း။ သီလဝိပတ္တိ၊ သီလ၏ပျက်စီးခြင်း၊ … သမ္မာဒိဋ္ဌိဝိနာသိကာ၊ မှန်သောအယူကို ဖျက်ဆီးတတ်သော။ မိစ္ဆာဒိဋ္ဌိသင်္ခါတာ၊ မိစ္ဆာဒိဋ္ဌိဟုဆိုအပ်သော။ ဒိဋ္ဌိယာ၊ သမ္မာဒိဋ္ဌိ၏။ ဝိပတ္တိ၊ ပျက်စီးခြင်းတည်း။ ဒိဋ္ဌိဝိပတ္တိ၊ ခြင်း။
သောရစ္စမေဝ၊ ကောင်းသောအမှု၌ မွေ့လျော်သူ၏အဖြစ်သည်။ သီလဿ၊ သီလကို။ သမ္ပာဒနတော၊ ပြီးစေတတ်သည်၏အဖြစ်ကြောင့်။ သီလပရိပူရဏတော၊ သီလ၏ပြည့်ကြောင်း၏အဖြစ်ကြောင့်။ သီလဿ၊ ၏။ သမ္ပဒါ၊ ပြည့်စုံကြောင်းတည်း။ ဣတိ၊ ဤဝစနတ္ထကြောင့်။ သီလသမ္ပဒါ၊ သီလသမ္ပဒါမည်၏။
ဒိဋ္ဌိပါရိပူရိဘူတံ၊ သမ္မာဒိဋ္ဌိ၏ ပြည့်စုံလုံလောက်ခြင်းဖြစ်၍ဖြစ်သော၊ ဝါ - ပြည့်စုံသော သမ္မာဒိဋ္ဌိဖြစ်၍ဖြစ်သော။ ဉာဏံ၊ သည်၊ (ဒိဋ္ဌိသမ္ပဒါ၌စပ်၊) ဒိဋ္ဌိယာ၊ သမ္မာဒိဋ္ဌိ၏။ သမ္ပဒါ၊ ပြည့်စုံခြင်းတည်း။ ဣတိ၊ ကြောင့်။ ဒိဋ္ဌိသမ္ပဒါ၊ မည်၏။ ဝိသုဒ္ဓိဘာဝံ၊ အထူးသဖြင့် စင်ကြယ်သည်၏အဖြစ်သို့။ သမ္ပတ္တာ၊ ရောက်သော။ သီလသင်္ခါတာ၊ သီလဟုဆိုအပ်သော၊ (ဝိသုဒ္ဓိ၌စပ်၊) သီလဿ၊ ၏။ ဝိသုဒ္ဓိ၊ စင်ကြယ်ခြင်းတည်း။ သီလဝိသုဒ္ဓိ၊ ခြင်း။ နိဗ္ဗာနသင်္ခါတံ၊ နိဗ္ဗာန်ဟုဆိုအပ်သော။ ဝိသုဒ္ဓိံ၊ အထူးသဖြင့် စင်ကြယ်သောတရားသို့။ ပါပေတုံ၊ ရောက်စေခြင်းငှာ။ သမတ္ထာ၊ စွမ်းနိုင်သော။ ဒဿနသင်္ခါတာ၊ သိမြင်တတ်သောဉာဏ်ဟု ဆိုအပ်သော၊ (ဝိသုဒ္ဓိ၌စပ်၊) ဒိဋ္ဌိယာ၊ မြင်တတ်သောဉာဏ်၏။ ဝိသုဒ္ဓိ၊ တည်း။ ဒိဋ္ဌိဝိသုဒ္ဓိ၊ ခြင်း။ (ဤပုဒ်တို့၏အရကောက်ကို မာတိကာအရကောက်၌ရှုပါ။)
ဒိဋ္ဌိဝိသုဒ္ဓိခေါပန၊ ပေ။ ပဓာနန္တိ၊ ကား။ ကမ္မဿကတညာဏာဒိသင်္ခါတာ၊ ကမ္မဿကတဉာဏ်ဟု ဆိုအပ်သော၊ (အာဒိဖြင့် ဝိပဿနာဉာဏ်, မဂ်ဉာဏ်, ဖိုလ်ဉာဏ်တို့ကိုယူ၊) ဒိဋ္ဌိဝိသုဒ္ဓိစေဝ၊ ဒိဋ္ဌိဝိသုဒ္ဓိသည်လည်းကောင်း။ ယထာဒိဋ္ဌိဿ၊ ဝီရိယအားလျော်ပတ်သော ဉာဏ်ရှိသောပုဂ္ဂိုလ်၏။ အနုရူပဒိဋ္ဌိဿ၊ ဝီရိယအားလျော်ပတ်သော ဉာဏ်ရှိသောပုဂ္ဂိုလ်၏။ ကလျာဏဒိဋ္ဌိဿ၊ ကောင်းသောဉာဏ်ရှိသော ပုဂ္ဂိုလ်၏။ တံသမ္ပယုတ္တမေဝ၊ ထိုဉာဏ်နှင့်ယှဉ်သည်သာလျှင် ဖြစ်သော။ ပဓာနံစ၊ အားထုတ်ကြောင်းဝီရိယသည်လည်းကောင်း၊ (အတ္ထိ)။
သံဝေဂေါတိ၊ ကား။ ဇာတိအာဒီနိ၊ ဇာတိအစရှိသည်တို့ကို။ ပဋိစ္စ၊ စွဲ၍။ ဥပ္ပန္နဘယသင်္ခါတံ၊ ဖြစ်သောကြောက်ခြင်းဟု ဆိုအပ်သော။ သံဝိဇ္ဇနံ၊ ထိတ်လန့်ကြောင်း သဟောတ္တပ္ပဉာဏ်တည်း၊ ဝါ - ထိတ်လန့်ကြောင်း ဩတ္တပ္ပတည်း။ (သံဝိဇ္ဇနံ၏နောက်၌ "သံဝေဂေါ" ဟုရှိသည်ကား မကောင်းပါ။)
သံဝေဇနိယဋ္ဌာနန္တိ၊ ကား။ သံဝေဂဇနကံ၊ ထိတ်လန့်ခြင်းကို ဖြစ်စေတတ်သော။ ဇာတိအာဒိကာရဏံ၊ ဇာတိအစရှိသောအကြောင်းတည်း။ သံဝိဂ္ဂဿစ၊ ပေ။ ပဓာနန္တိ၊ ကား။ ဧဝံ၊ ဤသို့၊ ဝါ - ဤဇာတိအစရှိသည်ကိုစွဲ၍။ သံဝေဂဇာတဿ၊ ဖြစ်သောသံဝေဂရှိသော ပုဂ္ဂိုလ်၏။ ဥပါယပဓာနံ၊ သင့်သောအကြောင်းအားဖြင့် အားထုတ်ကြောင်းဝီရိယတည်း။ (အချို့ကား ကြောက်သောအခါ မတရားအားထုတ်၍ သေကြောင်းကြံစည်မှုစသည်ကို ပြုတတ်သောကြောင့် "ယောနိသော" ဟု မိန့်တော်မူသည်၊ ထို "ယောနိသော" ဟူသည် "သင့်လျော်သောအကြောင်းတည်း" ဟု သိစေလို၍ "ဥပါယ" ဟု အဋ္ဌကထာ၌ ဖွင့်သည်။)
အသန္တုဋ္ဌိတာစ၊ ပေ။ ဓမ္မေသုတိ၊ ကား။ ကုသလဓမ္မပူရဏေ၊ ကုသိုလ်တရားကို ဖြည့်ကျင့်ခြင်း၌။ အသန္တုဋ္ဌိဘာဝေါ၊ တင်းတိမ်အားရခြင်းမရှိသူ၏ ဖြစ်ကြောင်းဖြစ်ရာ ကုသိုလ်စိတ္တုပ္ပာဒ်သည်၊ (အတ္ထိ)။ အပ္ပဋိဝါနိတာစ ပဓာနသ္မိန္တိ၊ ကား။ အရဟတ္တံ၊ အရဟတ္တဖိုလ်သို့။ အပတွာ၊ မရောက်မူ၍၊ ဝါ - မရောက်မချင်း။ ပဓာနသ္မိံ၊ ကမ္မဋ္ဌာန်းအားထုတ်မှုကို။ အနိဝတ္တနတာ၊ ဆုတ်နစ်ခြင်းမရှိသူ၏အဖြစ်သည်။ အနောသက္ကနတာ၊ နောက်ဆုတ်ခြင်းမရှိသူ၏အဖြစ်သည်၊ (အတ္ထိ)။ ဝိဇာနနတော၊ အထူးအားဖြင့် သိတတ်သည်၏အဖြစ်ကြောင့်။ ဝိဇ္ဇာ၊ မည်၏။ (ဝိဒတိ ဇာနာတီတိ ဝိဇ္ဇာ၊ ဝိဇာနနတောကား ဝိဒဓာတ်၏အနက်ကို ဖွင့်သော ဓာတွတ္ထသံဝဏ္ဏနာတည်း။) ဝိမုစ္စနတော၊ အာရုံ၌ လွတ်လွတ်ကျွတ်ကျွတ် သက်ဝင်တတ်သည်၏အဖြစ်ကြောင့်၊ (တစ်နည်း) ဝိမုစ္စနတော၊ ကိလေသာသင်္ခါရတို့မှ လွတ်မြောက်တတ်သည်၏အဖြစ်ကြောင့်။ ဝိမုတ္တိ၊ ဝိမုတ္တိမည်၏။ (အရကောက်ကို မာတိကာအကောက်အတိုင်းကြည့်ပါ၊ သမာပတ်ရှစ်ပါး နိဗ္ဗာန်တို့၏ ဝိမုတ္တိခေါ်ကြောင်းကို နိက္ခေပကဏ္ဍအဋ္ဌကထာ၌ ဖွင့်ပြလတံ့။)
ခယေဉာဏန္တိ၊ ကား။ ကိလေသက္ခယကရေ၊ ကိလေသာတို့၏ကုန်ခြင်းကို ပြုတတ်သော။ အရိယမဂ္ဂေ၊ အရိယာမဂ်၌၊ ဝါ - အရိယာမဂ်ထဲက။ ဉာဏံ၊ သမ္မာဒိဋ္ဌိဟူသော ဉာဏ်တည်း။ အနုပ္ပာဒေဉာဏန္တိ၊ ကား။ ပဋိသန္ဓိဝသေန၊ တစ်ဖန်ဆက်စပ်ခြင်း၏အစွမ်းဖြင့်။ အနုပ္ပာဒဘူတေ၊ မဖြစ်ကြောင်းဖြစ်၍ဖြစ်သော၊ (အရိယဖလေ၌စပ်၊) တံတံမဂ္ဂဝဇ္ဈကိလေသာနံ၊ ထိုထိုမဂ်သည် သတ်အပ်ကုန်ပြီးသော ကိလေသာတို့၏။ အနုပ္ပာဒပရိယောသာနေ၊ မဖြစ်ကြောင်းမဂ်၏အဆုံး၌၊ ဝါ - မဖြစ်ခြင်းကို ပြုတတ်သောမဂ်၏အဆုံး၌၊ (ကရပုဒ်အကျေကြံ၊) ဥပ္ပန္နေ၊ ဖြစ်သော။ အရိယဖလေ၊ အရိယာဖိုလ်၌၊ ဝါ - အရိယာဖိုလ်ထဲက။ ဉာဏံ၊ သမ္မာဒိဋ္ဌိဟူသော ဉာဏ်တည်း။
အယံ၊ ဤဆိုအပ်ပြီးသည်ကား။ မာတိကာယ၊ မာတိကာ၏။ အနုပုဗ္ဗပဒဝဏ္ဏနာ၊ အစဉ်အတိုင်းဖြစ်သော ပုဒ်တို့၏အဖွင့်တည်း။
Comments
Post a Comment