Skip to main content

ပရမတ္ထသံခိပ်ကျမ်း

ပရမတ္ထသံခိပ်ကျမ်း

မူလနိဒါန်း

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ၆-ဝါအလွန် ၇-ဝါမြောက် ရောက်လတ်သောအခါ တာဝတိံသာနတ်ပြည်၌ မယ်တော် ဖြစ်ခဲ့ဘူးသော သန္တုသိတ နတ်သားကိုအမှူးပြု၍ နတ်ဗြဟ္မာအပေါင်း တို့အား ဓမ္မသင်္ဂဏီ, ဝိဘင်း, ဓာတုကထာ, ပုဂ္ဂလပညတ်, ကထာဝတ္ထု, ယမိုက်, ပဋ္ဌာန်း ၇-ကျမ်း အပြားရှိသော အဘိဓမ္မာ ဒေသနာကို ကောင်း စွာ ဟောကြားတော်မူပါကြောင်း။

၎င်းအဘိဓမ္မာ ၇-ကျမ်းဒေသနာကို ကောင်းစွာသိရှိစေခြင်း အကျိုးငှါ သီဟိုဠ်ကျွန်း အနုရာဓမြို့ တုမူလသောမကျောင်းတိုက်ကြီးအရှင် အသျှင်အနုရုဒ္ဓါမထေရ်မြတ်သည် ပါဠိဘာသာဖြင့် အဘိဓမ္မတ္ထသင်္ဂြီုဟ် ခေါ်ဆိုမည်မှန်း လက်သန်းအဋ္ဌကထာကျမ်းကို ကြိုးပမ်းတော်မူခဲ့ပါ ကြောင်း။

ဤအဘိဓမ္မတ္ထသင်္ဂြီုဟ်ကျမ်းကို သင်ယူရာ၌ ပါဠိဘာသာ မကျွမ်း ကျင်သော ရပ်သူရပ်သား ငယ်ရွယ်သူအများတို့မှာ ပါဠိ၏ခက်ခဲခြင်း၊ ကျင်သော ရပ်သူရပ်သား ငယ်ရွယ်သူအများတို့မှာ ပါဠိ၏ခက်ခဲခြင်း၊ ပါးတို့ဖြင့် တွေ့ကြုံနေကြရသည့်အရေးကို မြော်တွေးထောက်ထား သနား ကရုဏာ လွန်စွာရှိလှသော မုံရွာမြို့ လယ်တီဆရာတော်ဘုရားကြီး သည် ဤ ပရမတ္ထသံခိပ်ကျမ်းပရမတ္ထသံခိပ်ကျမ်းကို ချီးမွမ်းအံ့လောက် သံပေါက် လင်္ကာ ဖြင့် တီထွင်ကာ ရေးစီတော်မူခဲ့ပါကြောင်း။

ဤကဲ့သို့ ကရုဏာရှေ့ထား ရေးသားစီရင်တော်မူခဲ့သော ဤ ပရမတ္ထသံခိပ်ကျမ်းက်ို ကြိုးပမ်းလေ့လာသူတို့မှာ အဘိဓမ္မတ္ထအရာ လိမ္မာ ယဉ်ကျေး ရှုပ်ထွေးခက်ခဲမရှိ အသိဉာဏ်ပွင့်လင်းမည်ဖြစ်၍ နှစ်နှစ် သက်သက် လေ့ကျက် ဆောင်ရွက်နိုင်ကြပါစေကုန်သတည်း။

၁-စိတ်ပိုင်း

ပရမတ္ထသံခိပ်ကျမ်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-စိတ်ပိုင်း
ပဏာမ နှင့် ပဋိညာဉ်

၁။ စောထွတ်ဘုန်းလျှံ၊ တရားမွန်၊ သံဃံ နမာမိ။
၂။ ပရမတ် သင်္ဂြီုဟ်၊ တတ်မြောက်လို၊ လူဗိုလ် တောင်းပန်ဘိ။
၃။ သင်္ဂြီုဟ် ဉာဏ်လောက်၊ အမြန်ရောက်၊ သံပေါက် ဆိုပိမ့် သိ။

ပရမတ္ထတရား ၄-ပါး

၄။ စိတ်, စေတသိက်၊ ရုပ်, နိဗ်, လေးရပ်၊ ပရမတ်။ 
၅။ သိ, ပယ်, ဆိုက်, ပွား၊ လေးပါး ကိစ္စ၊ အပိုင်ရ၊ မုချ ပရမတ်။

ဘူမိဘေဒအားဖြင့် ၄-ပါး

၆။ ကာမ, ရူပ၊ အရူပ၊ လောကဥတ္တရာ။
၇။ တဏှာ တြိ၊ ပိုင်းခြားဘိ၊ ဘူမိ စတုဖြာ။

အသောဘဏစိတ် -၃၀

၈။ အကုဆဲ့နှစ်၊ ဆဲ့ရှစ် အဟိတ်၊ သုံးဆယ် စိတ်၊ ယုတ်နိစ် အသောဘဏတည်း။

အကုသိုလ်စိတ် -၁၂

သဟဂတံ =တကွဖြစ်သည်။ သမ္ပယုတ္တံ =ယှဉ်သည်။ ဝိပ္ပယုတ္တံ = မယှဉ်သည်။ အသင်္ခါရိကံ =တိုက်တွန်းမှု မရှိဘဲမိမိအလို အလျောက် ဖြစ်နိုင်သည်။ သသင်္ခါရိကံ = တိုက်တွန်းမှု ရှိမှ ဖြစ်နိုင်သည်။

၉။ သော, ဥ, နှစ်တန်၊ ဒိဌ်သံ, ဝိ, လေး၊ ပွားရေး အ, သ၊ စိတ် ရှစ်ဝ၊ အဋ္ဌ လောဘမူ။
၁၀။ ဒေါမနဿ၊ ပဋိဃ သံ၊ အ, သ, ရံ၊ နှစ်တန် ဒေါသမူ။
၁၁။ ဥပေက္ခာ မှီ၊ ဝီစိ, ဥဒ္ဓစ်၊ သံပွားလစ်၊ နှစ်ခု မောဟမူ။
၁၂။ လော-ရှစ်, ဒေါ-နှစ်၊ မောလည်း နှစ်၊ ဆဲ့နှစ် အကုဟူ။
၁၃။ သော-လေး, ဥ-ဆ၊ ဒေါ-နှစ်မျှ၊ ဒွါဒ အကုယူ။ အကုသိုလ်စိတ် ပြီး၏၊

----------

အဟိတ်စိတ်- ၁၈

သမ္ပဋိစ္ဆန =လက်ခံ သိမ်းပိုက်ခြင်း။ သန္တီရဏ =စိစစ်ခြင်း။ အာဝဇ္ဇန = ဆင်ခြင်ခြင်း။ ဟသိတုပ္ပာဒ = ပြုံးရယ်မှုကို ဖြစ်စေခြင်း။

၁၄။ စက်, သော, ဃာ, ဇီ၊ ကာ, ကိုမှီ၊ ငါးလီ ဝိညာဏ်မှတ်။
၁၅။ သံ, သန်, နှစ်ခု၊ လောင်းပြန်မှု၊ အကုဝိပါက် သတ်။
၁၆။ သံ, သန်, သန်ဟု၊ လောင်းပြန်မှု၊ ကုသလဝိပါက် အဌ်။
၁၇။ အာဝဇ္ဇန်း ဒွိ၊ ဟသိတုပ္ပာဒ်၊ ဤသုံးရပ်၊ မှတ်လေ ကြိယာ။
၁၈။ ကာယနှစ်လီ၊ ဒု, သု, မှီ၊ ကု တီ, ဟသိ သော။
၁၉။ အကြွင်းစုဒ္ဒသ်၊ ဥ, နှင့်ကပ်၊ ဋ္ဌာရသ် စိတ်မနော။
အဟိတ်စိတ် ပြီး၏၊
အသောဘဏစိတ် ပြီး၏၊

ကာမာဝစရသောဘဏစိတ်-၂၄

၂၀။ ကျဉ်း ဗျည်းနဝစ်၊ ကျယ် နောဧက်၁၊ လှစ်ပိမ့် သောဘဏ။
၂၁။ သော, ဥ နှစ်တန်၊ ဉာဏ်သံ, ဝိ, လေး၊ ပွားရေး အ, သ၊ အဋ္ဌ သုံးလီ၊ ကု, ဝိ, ကြီ၊ စ ဝီ, ကာမသောဘဏ။
ကာမာဝစရသောဘဏစိတ် ပြီး၏၊

----------------

ကာမစိတ်-၅၄

၂၂။ အကု ဒွါဒီ၊ ကု ရှစ်လီ၊ တေဝီ ဝိပါက်ရေး။
၂၃။ ဆဲ့တစ် ကြိယာ့၊ ပေါင်းတုံက၊ ကာမ ငါးဆဲ့လေး။
၂၄။ ဥ .သုံးနှစ်၊ သော .ဆဲ့ရှစ်၊ ဒေါနှစ် .ဒု, သု, ဧး။ ကာမစိတ်ပြီး၏၊

-------

ရူပါဝစရစိတ်- ၁၅

ဝိတက်, ဝိစာရ, ပီတိ, ဝေဒနာ, ဧကဂ္ဂတာ။ (စျာန်အင်္ဂါ ငါးပါး)
၂၅။ ဝိ, စာ, ပီ, ဝေ၊ နှစ်ပါးထွေ၊ ဧ လျှင် ငါးခုမှတ်။
၂၆။ စိုက်စိုက် စူးစူး၊ အထူး မြဲမြံ၊ ရှုအားသန်၊ စျာန်ဟု ခေါ်သတတ်။
၂၇။ ငါး, လေး, သုံး, နှစ်၊ တဖန် နှစ်၊ တွဲလစ် စျာန်ငါးရပ်။
၂၈။ ပ, ဒု, တ, စ၊ ပဉ္စမ၊ ပွားထ စျာန်ငါးရပ်။
၂၉။ ငါးစျာန်ယှဉ်မှု၊ ငါးခုသုံးလီ၊ ကု, ဝိ, ကြီ၊ ပွားပြီ စိတ်ဆဲ့ငါး။
၃၀။ သော .ဆဲ့နှစ်ဝ၊ ဥ .သုံးမျှ၊ ရူပ စိတ်ဆဲ့ငါး။
ရူပါဝစရစိတ် ပြီး၏၊

-----------

အရူပါဝစရစိတ်-၁၂

(၁) အာကာသာနဉ္စာယတနစျာနံ = ကသိုဏ်း၏ကွာရာ ကောင်းကင်ပညတ်လျှင် တည်ရာ အာရုံရှိသော အာကာသာနဉ္စာ ယတနစျာန်လည်းကောင်း၊
(၂) ဝိညာနဉ္စာယတနစျာနံ =ပဌမ အရူပဝိညာဏ်လျှင် တည်ရာ အာရုံရှိသော ဝိညာဏဉ္စာယတန စျာန်လည်းကောင်း၊
(၃) အာကိဉ္စညာယတနစျာနံ =ပဌမအရူပဝိညာဏ်၏ အနည်း ငယ်မျှ အကြွင်းအကျန် မရှိသော နတ္ထိဘောပညတ်လျှင် တည်ရာ အာရုံရှိသော အာကိဉ္စညာယတနစျာန်လည်းကောင်း၊
(၄) နေဝသညာ နာသညာယတနစျာနံ =တတိယ အရူပဝိညာဏ်လျှင် တည်ရာ အာရုံရှိ သော နေဝသညာနာသညာယတနစျာန်လည်းကောင်း။

၃၁။ အာ, ဝိဉ်, အာ, နေ၊ စျာန်လေးထွေ၊ ဥ, ဧ, အင်္ဂါနှစ်။
၃၂။ လေးစျာန်ယှဉ်မှု၊ လေးခု သုံးလီ၊ ကု, ဝိ, ကြီ၊ ပွားပြီ စိတ်ဆဲ့နှစ်။
၃၃။ စိတ် အရူပ၊ ဒွါဒသ၊ ပဉ္စမ ဥပေက္ခာဖြစ်။
အရူပါဝစရစိတ် ပြီး၏၊

မဟဂ္ဂုတ်စိတ်- ၂၇

၃၄။ မဟဂ္ဂုတ်ဟူ၊ ရူ, အရူ၊ ပေါင်းမူ သတ်ဝီသ။
၃၅။ ကု, ဝိ, ကြိ, နော၊ သော-ဆဲ့နှစ်ပါး၊ ဥ-ဆဲ့ငါး၊ ပေါင်းငြား သတ်ဝီသ။

လောကီစိတ်- ၈၁

၃၆။ ကာ, ရူ, အရူ၊ လောကီဟူ၊ ပေါင်းမူ ရှစ်ဆဲ့တစ်။
၃၇။ ဆဲ့နှစ် အကု၊ ပု ဆဲ့ခွန်နှုန်း၊ သုံးဆဲ့နှစ် ဝိ၊ နှစ်ဆယ်ကြိ၊ ပေါင်းဘိ ရှစ်ဆဲ့တစ်။
၃၈။ ဥ-ဇော သတ္တ၊ သော-တိံသ၊ ဒေါ ဒွ, ဒု-သု ဧက်။
လောကီစိတ် ပြီး၏၊

----------

လောကုတ္တရာစိတ်-၈

သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ၊ ဤ စေတသိက် ရှစ်ပါး အပေါင်းသည် မဂ်မည်၏၊

(၁) သောတာပတ္တိမဂ္ဂေါ =နိဗ္ဗာန်သို့ တဖြောင့်တည်းသွားသော လမ်းစခန်းသို့ ရှေးဦးစွာ ဆိုက်ရောက်သော သောတာပတ္တိမဂ်လည်း ကောင်း။
(၂) သကဒါဂါမိမဂ္ဂေါ =ကာမဘုံ၌ ပဋိသန္ဓေတဖန်ပြန်ခွင့် ကျန်ရှိ သေးသော သကဒါဂါမိမဂ်လည်းကောင်း။
(၃) အနာဂါမိမဂ္ဂေါ =ကာမဘုံ၌ ပဋိသန္ဓေတဖန်ပြန်ခွင့်မရှိသော အနာဂါမိမဂ်လည်းကောင်း။
(၄) အရဟတ္တမဂ္ဂေါ =ကိလေသာ ကင်းပြတ်သဖြင့် မြတ်သော အလှူကို ခံထိုက်သော အရဟတ္တမဂ်လည်းကောင်း။

၃၉။ လေးမဂ် ယှဉ်ရိုး၊ ကု လေးမျိုး၊ အကျိုး ဖိုလ်လည်းလေး။

စိတ်ပေါင်း- ၈၉

၄၀။ ကီ- ရှစ်ဆယ့်တစ်၊ ကုတ်မူ ရှစ်၊ ပေါင်းလစ် ရှစ်ဆယ့်ကိုး။
၄၁။ ဆဲ့နှစ် အကု၊ ကု ဧကဝိံ၊ ဆတ္တိံသ ဝိ၊ နှစ်ဆယ် ကြိ၊ ပေါင်းဘိ ရှစ်ဆဲ့ကိုး။

လောကုတ္တရာစိတ် အကျယ်

၄၂။ ရှစ် လောကုတ်စု၊ တခုခုဝယ်၊ ငါးစျာန်ခြယ်၊ အကျယ် လေးဆယ်ပွား။
၄၃။ မဂ်စိတ် နှစ်ဆယ်၊ ဖိုလ် နှစ်ဆယ်၊ အကျယ် လောကုတ်ပွား။
၄၄။ သော သုံးဆဲ့နှစ်၊ ဥ မူ ရှစ်၊ ပေါင်းလစ် လေးဆယ်ထား။

ကီ, ကုတ် စျာန်စိတ်ပေါင်း- ၆၇

၄၅။ စျာန် မဟဂ္ဂုတ်၊ စျာန် လောကုတ်၊ သရုပ် ခြောက်ဆယ့်ခွန်။
၄၆။ ပါဒကနှင့်၊ သမ္မသိတံ၊ ပုဂ္ဂလံ၊ သုံးတန် စျာန်ပွားရာ။
၄၇။ ပ, ဒု, တ, စ၊ လေးဝအညီ၊ ဆဲ့တစ်စီ၊ တေဝီ ပဉ္စမစျာန်။
၄၈။ သောမနသ်စု၊ ဇောဇောရှု၊ ဥမူ တေဝီမှန်။

စိတ်အကျယ်-၁၂၁

၄၉။ ရှစ်ဆဲ့တစ် ကီ၊ ကုတ် တာလီ၊ ဧက်ဝီသတာဖြစ်။
၅၀။ သုံးဆဲ့ခွန် ကု၊ အပွားရှု၊ ဝိ စု ငါးဆဲ့နှစ်။
၅၁။ ဥ-ပေဉ္စးစေး၊ သော-ဆ ဒွေး၊ ဒေါ-ဒွေး, ဒု-သု-ဧက်။
ပိုဒ်ပေါင်း ငါးဆယ်၊ ကဗျာခြယ်၊ ဤဝယ် စိတ်ပိုင်းပြီး။
စိတ်ပိုင်း ပြီး၏၊

------------------

၂- စေတသိက်ပိုင်း

စေတသိက်လက္ဓဏာ -၄

(၁) ဧကုပ္ပါဒ =စိတ်နှင့် အဖြစ်တူခြင်း၊  
(၂) ဧကနိရောဓ =စိတ်နှင့် အချုပ်တူခြင်း၊  
(၃) ဧကာရမ္မဏ = စိတ်နှင့်အာရုံတူခြင်း၊  
(၄) ဧကဝတ္ထုက = စိတ်နှင့် မှီရာဝတ္ထုတူခြင်း။

၅၂။ ဖြစ်, ပျက်, မှီ, အာ၊ တူလေးဖြာ၊ အင်္ဂါယှဉ်နိမိတ်။
၅၃။ စိတ်၌ မီတွယ်၊ စိတ်ကိုခြယ်၊ ငါးဆယ်နှင့် ဒွိတ်၊ စေတသိက်။

သဗ္ဗစိတ္တသာဓာရဏ စေတသိက်- ၇

၅၄။ ဖသ်, ဝေ, သဉ်, စေ၊ ဧ, ဇီ, မန၊ ဤသတ္တ၊ သဗ္ဗ စိတ်တိုင်းဖြစ်။
၅၅။ တွေ့, ခံ, မှတ်, ဆော်၊ တည်, သက်, မြော်၊ အဖော်ခုနစ်၊ စိတ်တိုင်းဖြစ်။

ပကိဏ်းစေတသိက် -၆

၅၆။ တက်, စာ, ဝီ, ပိ၊ ဆန်, အဓိ၊ ပြွမ်းဘိ ပကိဏ်းခြောက်။
* ဆော်တက်, ရစ်ဝဲ၊ အားခဲ လုံ့လ၊ အားရ နှစ်လို၊ ပြုလိုချင်ဘိ၊ ဒွိဟကင်းရှင်း၊ စိတ်ဖြစ်ခြင်း၊ လင်းစေ ပကိဏ်းခြောက်။

အညသမာန်းစေတသိက် -၁၃

၅၇။ ကောင်းဆိုး နှစ်တန်၊ ခပ်တိုင်းငန်၊ သမာန်အည၊ တေရသ။
အညသမာန်းစေတသိက် ၁၃-ပြီး၏၊

----------

အကုသိုလ်စေတသိက် -၁၄

၅၈။ မော, ဟိ, နောတ်, ဥစ်၊ မော စတုက်။
၅၉။ လော, မာန်, ဒိဋ္ဌိ၊ လော တြိ။
၆၀။ ဒေါ, ဣသ်,မစ်, ကုစ်၊ ဒေါ စတုက်။
၆၁။ ထိ, မိဒ်, ဝီစိ၊ ဆုံး တြိ။
၆၂။ ယုတ်မာ ညစ်ကြေး၊ မိုက်မဲမှေး၊ ဆဲ့လေး အကုသိုလ်။

* တွေဝေ မှေးမှိန်၊ မငြိမ် မသက်၊ မရှက်, မရွံ့၊ မစွန့် ခင်မင်၊ အမြင်မှောက်မှား၊ အထင်ကြွားနှင့်၊ ပြစ်မှား, ငြူစူ၊ ဝန်တိုဟူရှင့်၊ ပူပန်နောင်တ၊ ထိုင်း, မှိုင်းစွနှင့်၊ ဒွိဟရှက်ထွေး၊ လွန်ညစ်ကြေး၊ ဆဲ့လေး အကုသိုလ်။

အကုသိုလ်စေတသိက်-၁၄ ပြီး၏၊

------------

သောဘဏစေတသိက်-၂၅

၆၃။ သဒ္ဒါ, သတိ၊ ဟိရိ, ဩတ္တပ်၊ ဟိတ် နှစ်ရပ်၊ တတြမဇ္ဈတ္တတာ။
၆၄။ ပဿဒ္ဓိ, လဟု၊ မုဒု, ကမ္မဉ်၊ ပါဂုညဉ်နှင့်၊ ထို့ပြင် ဥဇုက၊ ခြောက်ဓမ္မ၊ ကာယစိတ်နှင့်နှော။
၆၅။ ငြိမ်း, ပေါ့, နှုးညံ့၊ ကျန်းခံ့, လေ့လာ၊ ဖြောင့်စင်းစွာ၊ ခြောက်ဖြာ ကိစ္စဟော။
၆၆။ သောဘဏတွင်၊ အကုန်ယှဉ်၊ ဤလျှင် ဆဲ့ကိုးသော။
၆၇။ ဝါစာ, ကမ္မန်။ အာဇီဝန်၊ သုံးတန် ဝိရတီ။
၆၈။ သမာဒါန၊ သမ္ပတ္တ၊ ဆေဒ သုံးသုံးလီ။
၆၉။ ကရု, မုဒု၊ ဤနှစ်ခု၊ ခေါ်မှု ပမညာ။
၇၀။ အသိ, အလိမ္မာ၊ ဉာဏ်, ပညာ၊ ဝိဇ္ဇာအမောဟ။
သောဘဏစေတသိက် ၂၅-ပါး ပြီး၏၊

-------------

* အမှတ်ပြ သံခိပ်များသည် ဆရာတော်ကြီး၏ အဖြေကျမ်း နှာ(၇၇) နှာ (၈၀)မှ ပါရှိသည်ကို ထပ်၍ထည့်ထားပါသည်။

----------

သမ္ပယောဂနည်း
အညသမာန်းစေတသိက် သမ္ပယောဂနည်း

၇၁။ သဗ္ဗစိတ္တေ၊ ခုနှစ်ထွေ၊ ယှဉ်လေ စိတ်အားလုံး။
၇၂။ ပဉ္စဝိညာဏ်၊ ကြဉ်တုံပြန်၊ ကာ ကျန်လေးဆဲ့လေး။
၇၃။ လေးဆဲ့ လေးတန်၊ ကာမကျန်ဝယ်၊ ပ, စျာန် ဆဲ့တစ်၊ လောင်းတုံလစ်၊ တက် ဖြစ်ပေဉ္စးစေး။
၇၄။ ငါးဆဲ့ငါးတန်၊ တက် ဖြစ်ရန်ဝယ်၊ ဒုစျာန်ဆဲ့တစ်၊ လောင်းတုံလစ်၊ စာ ဖြစ် ဆဆတွေး။
၇၅။ ပဉ္စဝိညာဉ်၊ သံ, သန်, ပဉ်၊ ကြဉ်ဝီ ဗျည်း သုဉ်ဧး။
၇၆။ စစျာန် ကြဉ်ပစ်၊ သောကျန်စစ်၊ ပီ ဖြစ်ပဉ္စဧး။
၇၇။ မောမူ အဟိတ်၊ စိတ်နှစ်ဆယ်ပစ်၊ အကျန်စစ်၊ ဆန် ဖြစ် ဧက်သုဉ်ဧး။
၇၈။ ပဉ္စဝိညာဉ်၊ ဝိစိ ကြဉ်၊ ဓိယှဉ် သုဉ်ဧက်ဧး။
အညသမာန်းစေတသိက် သမ္ပယောဂနည်း ပြီး၏၊

----------------

အကုသိုလ်စေတသိက် သမ္ပယောဂနည်း

၇၉။ မောစတုက် စု၊ ယှဉ်တုံမှု၊ အကု, တဆဲ့နှစ်။
၈၀။ လော, လောဘမူ၊ ဒိဌ် သံယူ၊ မာမူ ဝိပ်လေးဖြစ်။
၈၁။ ဒေါစတုက်မူ၊ ယှဉ်ရာယူ၊ ဒေါမူ စိတ်စုံနှစ်။
၈၂။ ထိ, မိဒ်, သသင်၊ ငါးမှာယှဉ်၊ ဝိစင် ဝိစိဖြစ်။
အကုသိုလ်စေတသိက် သမ္ပယောဂနည်း ပြီး၏၊

--------------

ဝိရတီစေတသိက် သမ္ပယောဂနည်း

၈၃။ တဆဲ့ကိုးဖြာ၊ သောဘဏာ၊ ယှဉ်ရာ ကိုးဆဲ့တစ်။
၈၄။ ကာမကုရှစ်၊ လောကုတ် ရှစ်၊ ဖြစ်ရာ ဝိရတီ။
၈၅။ ကာမကုမှာ၊ ယှဉ်တုံပါ၊ ရံခါ အသီးသီး။
၈၆။ လောကုတ် ရှစ်မှာ၊ ယှဉ်တုံပါ၊ မြဲစွာ တပေါင်းတည်း။
ဝိရတီစေတသိက် သမ္ပယောဂနည်း ပြီး၏၊

အပ္ပမညာစေတသိက် သမ္ပယောဂနည်း

၈၇။ မဟာကြိ ကု၊ ပ, ဒု, တ, စ၊ ရူပ ဆဲ့နှစ်၊ နှစ်ဆဲ့ရှစ်၊ ဖြစ်လေ ပမညာ။
၈၈။ ကိစ္စအာရုံ၊ အခွင့်ကြုံ၊ ဖြစ်တုံသီးသီးသာ။
အပ္ပမညာစေတသိက် သမ္ပယောဂနည်း ပြီး၏၊

--------------

ပညာစေတသိက် သမ္ပယောဂနည်း

၈၉။ ကု, ဝိ, ကြိဉာဏ်၊ စျာန် မဟဂ္ဂုတ်၊ လောကုတ်တခွင်၊ အကုန်ယှဉ်၊ ပညာ စေတသိက်။
ပညာစေတသိက် သမ္ပယောဂနည်း ပြီး၏၊
သမ္ပယောဂနည်း ပြီး၏၊

-------------

သင်္ဂဟနည်း
အကုသိုလ်စိတ်၌ သင်္ဂဟနည်း

၉၀။ အညသမန်၊ ဆဲ့သုံးခံ၊ လေးတန် မောစတု။
၉၁။ ပ, အ, ၌မူ၊ လော, ဒိဌ်, ကူ၊ ပေါင်းမူ ဆဲ့ကိုးရှု။
၉၂။ ဒု, အ, ၌မူ၊ လော, မာန်, ကူ၊ ပေါင်းမူ ဒသ်နောပြု။
၉၃။ ယင်းဆဲ့ကိုးနှစ်၊ ပီတိပစ်၊ ဆဲ့ရှစ်, တ, စ, အ။
၉၄။ ယင်းလေးရပ်တွင်၊ ထိ, မိဒ်, ဝင်၊ သသင်လေးခုရ။
၉၅။ ဆဲ့ကိုး ဆဲ့ရှစ်၊ ဝီဧက် ဝီသေ၊ နှစ်စီဝေ၊ လေးထွေ သင်္ဂဟ။
၉၆။ ပီပစ် အညံ၊ ဆဲ့နှစ်ခံ၊ လေးတန် မောစတု။
၉၇။ ဒေါစတုက်ကူ၊ ဒေါသမူ၊ ပေါင်းယူနှစ်ဆယ်ရှု။
၉၈။ ယင်း နှစ်ဆယ်တွင်၊ ထိ, မိဒ်, ဝင်၊ သသင်ဒွေဒွေပြု။
၉၉။ ပီ, အဓိ, ဆန်၊ ကြဉ်တုံပြန်၊ အညံ တဆယ်ထား။
၁၀၀။ မောစတုပါ၊ စိကိစ္ဆာ၊ စိ, မှာ တဆဲ့ငါး။
၁၀၁။ ပီ, ဆန်, ပယ်ပစ်၊ အဉ်ဆဲ့တစ်၊ ထည့်လစ်မောစတု။
၁၀၂။ ဥဒ္ဓစ္စမှာ၊ ရတုံပါ၊ သင်္ချာ ဆဲ့ငါးခု။
အကုသိုလ်စိတ်၌ သင်္ဂဟနည်း ၅-ပြီး၏၊

--------------

အဟိတ်စိတ်၌ သင်္ဂဟနည်း

၁၀၃။ သဗ္ဗစိတ္တ၊ ခုနှစ်ရ၊ ပဉ္စ ဝိညာဏ်မှာ။
၁၀၄။ ဝီ, ဆန်, ပယ်ပစ်၊ တဆဲ့တစ်၊ ဖြစ်တုံသော-တီ မှာ။
၁၀၅။ ပီ, ဆန်, ပယ်ပစ်၊ တဆဲ့တစ်၊ ဖြစ်တုံမနောဒွါ။
၁၀၆။ ဆန္ဒ ပယ်ပစ်၊ တဆဲ့နှစ်၊ ဖြစ်တုံဟသိ မှာ။
၁၀၇။ ဝီ, ပီ, ဆန်, ပယ်၊ ကျန် တဆယ်၊ ငါးသွယ်ကြွင်းဟိတ်မှာ။
၁၀၈။ ခုနှစ်, ဆဲ့တစ်၊ တဆဲ့နှစ်၊ နောက်ဖြစ် တဆယ်သာ။
အဟိတ်စိတ်၌ သင်္ဂဟနည်း ၄-ပြီး၏၊

---------

ကာမာဝစရစိတ်၌ သင်္ဂဟနည်း

၁၀၉။ ဆဲ့သုံး အည၊ သောဘဏ၊ ပေါင်းထ သုံးဆဲ့ရှစ်။
၁၁၀။ ပကု ဒွေမှာ၊ ယှဉ်တုံပါ၊ ဒုမှာ ဉာဏ်ကိုပစ်။
၁၁၁။ ပီပစ် ဉာဏ်ယှဉ်၊ တ ဒွေတွင်၊ စ တွင် ဉာဏ်, ပီပစ်။
၁၁၂။ သုံးဆဲ့ရှစ်တွင်၊ ဝိရတီကြဉ်၊ ကြိတွင် ကုနည်းသွား။
၁၁၃။ သုံးဆဲ့ငါးတွင်၊ မညာကြဉ်၊ ဝိတွင် ကြိနည်းသွား။
၁၁၄။ လေးစုံ သုံးထပ်၊ ဆဲ့နှစ်ရပ်၊ မှတ်လေ နည်းအပြား။ 
ကာမာဝစရစိတ်၌ သင်္ဂဟနည်း ၁၂-ပြီး၏၊

--------------

မဟဂ္ဂုတ်စိတ်၌ သင်္ဂဟနည်း

၁၁၅။ မဟဂ္ဂုတ်တွင်၊ ဝိရတီကြဉ်၊ ပဉ်မှာ မညာပစ်။
၁၁၆။ သုံးဆဲ့ ငါးတန်၊ ငါးဆင့်ဖန်၊ စျာန်အင်္ဂါနည်းသွား။
၁၁၇။ သုံးဆဲ့ ငါး, လေး၊ သုံးနှင့်, ဒွေး၊ တိံသေးနည်းအပြား။
မဟဂ္ဂုတ်စိတ်၌ သင်္ဂဟနည်း ၅-ပြီး၏၊

----------------

လောကုတ္တရာစိတ်၌ သင်္ဂဟနည်း

၁၁၈။ ဒွေ ပမညာ၊ ကြဉ်တုံပါ၊ သချာ သုံးဆဲ့ခြောက်။
၁၁၉။ လောကုတ် စျာန်တွင်၊ ပွားနည်းယှဉ်၊ အစဉ် ငါးဆင့် မြောက်။
၁၂၀။ သုံးဆဲ့ခြောက်, ငါး၊ လေး, သုံး, ဒွါး၊ ငါးပါး သင်္ဂဟ။
လောကုတ္တရာစိတ်၌ သင်္ဂဟနည်းပြီး၏၊
သင်္ဂဟနည်းပြီး၏၊

နိယတ, အနိယတ စသည်

၁၂၁။ မာ, ဣသ်, မစ်, ကု၊ ထိ, မိဒ်, စု၊ သုံးခု ဝိရတိ။
၁၂၂။ နှစ် ပမညာ၊ ဆဲ့တစ်ဖြာ၊ ရံခါ ယှဉ်ကြဘိ။
၁၂၃။ အာရုံ မတူ၊ ကွဲကြမူ၊ အတူ မဖြစ်ဘိ။
၁၂၄။ သံ, သင်, ကိုသိ၊ အကျယ်ချိ၊ များဘိ စေသီးသီး။
ပိုဒ်ပေါင်း ခုနစ်ဆယ်၊ လင်္ကာချယ်၊ ဤဝယ် စေပိုင်းပြီး။
စေတသိက်ပိုင်းပြီး၏၊

-----------

၃- ပကိဏ်းပိုင်း

ဟေတုသင်္ဂဟ

၁၂၅။ လော, ဒေါ, မော သုံး၊ အ, နှင့် သုံး၊ ခေါ်ထုံး ဟိတ် ခြောက်ပါး။
၁၂၆။ ရေသောက်မြစ်နှယ်၊ ကျေးဇူးကြွယ်၊ ကြီးကျယ် ကြောင်းရင်းများ။
၁၂၇။ အဟိတ် ဆဲ့ရှစ်၊ ဧဟိတ် နှစ်၊ ဒွိဖြစ် ဝီသ ဒွေး။
၁၂၈။ ဟိတ် သုံးပါး ယှဉ်၊ တိဟိတ်တွင်၊ သင်္ချာ ဇောသတ္တေး။
၁၂၉။ စိတ်နှင့် စေယှဉ်၊ ကျေလည်လျှင်၊ ဟိတ်မြင် မခက် သေး။
ဟေတုသင်္ဂဟ ပြီး၏၊

-----

ကိစ္စသင်္ဂဟ

(၁) ပဋိသန္ဓိကိစ္စံ = ဘဝအသစ်အသစ် ဆက်လက်ခြင်း ကိစ္စ လည်းကောင်း။
(၂) ဘဝင်္ဂကိစ္စံ =ဘဝကို စောင့်ရှောက်ခြင်း ကိစ္စလည်း ကောင်း။
(၃) အာဝဇ္ဇနကိစ္စံ = ဆင်ခြင်ခြင်း ကိစ္စလည်းကောင်း။
(၄) ဒဿနကိစ္စံ = မြင်ခြင်း ကိစ္စလည်းကောင်း။
(၅) သဝနကိစ္စံ = ကြားခြင်း ကိစ္စလည်းကောင်း။
(၆) ဃာယနကိစ္စံ = နံခြင်း ကိစ္စလည်းကောင်း။
(၇) သာယနကိစ္စံ =လျက်ခြင်း သာယာခြင်း ကိစ္စလည်း ကောင်း။
(၈) ဖုသနကိစ္စံ =တွေ့ထိခြင်း ကိစ္စလည်းကောင်း။
(၉) သမ္ပဋိစ္ဆနကိစ္စံ =လက်ခံ သိမ်းပိုက်ခြင်း ကိစ္စလည်း ကောင်း။
(၁၀) သန္တီရဏကိစ္စံ = စိစစ်ခြင်း ကိစ္စလည်းကောင်း။
(၁၁) ဝေါဋ္ဌဗ္ဗနကိစ္စံ =ပိုင်းခြားမှတ်သားခြင်း ကိစ္စလည်း ကောင်း။
(၁၂) ဇဝနကိစ္စံ =အဟုန်နှင့်တကွ ကျရောက် ခံစံခြင်း ကိစ္စ လည်းကောင်း။
(၁၃) တဒါရမ္မဏကိစ္စံ = ဇော၏အာရုံလျှင် အာရုံရှိသည်ဖြစ်၍ ဇောသို့ အစဉ်လိုက်ခြင်း ကိစ္စလည်းကောင်း။
(၁၄) စုတိကိစ္စံ =ဘဝမှ ရွေ့လျောခြင်း ကိစ္စလည်းကောင်း။
စုဒ္ဒသကိစ္စာနိ =တဆဲ့လေးပါးသော ကိစ္စတို့တည်း။

၁၃၀။ စပ်ဆက်, စီစဉ်၊ ဆင်ခြင်, ကြည့်ရှု၊ ကြားနာမှုနှင့်၊ နံမှု, လျက်မှု၊ တွေ့ထိမှုမှန်၊ လက်ခံ, စစ်ဆေး၊ ပိုင်းခြား ရေးတည့်၊ သိရေး တွင်ကျယ်၊ တာတွယ် လိုက်စား၊ ရွေ့ရှား ပြောင်းခွါ၊ ဆဲ့လေးဖြာ၊ ပြုရာ ကိစ္စစဉ်။
၁၃၁။ ဥ သန္တီရိ၊ စိတ် နှစ်ဒွိမူ၊ သန္ဓိ, ဘဝင်၊ သန္တီရင်နှင့်၊ အစဉ်လိုက်မှု၊ အဆုံးစု၊ ငါးခု ကိစ္စစဉ်။
၁၃၂။ အာဝဇ္ဇနံ၊ ကိစ္စဝန်၊ ဝဇ္ဇန် နှစ်စိတ်ပင်။
၁၃၃။ ဒဿနာဒိ၊ စက္ခာဒိ၊ သိလေ ကိစ္စစဉ်။
၁၃၄။ ဝုဋ္ဌောကိစ္စာ၊ မနောဒွါ၊ တစ်သာ အမြဲပင်။
၁၃၅။ ဝဇ္ဇန် ကြဉ်ဘိ၊ ကုကုကြိ၊ ဖိုလ်ထည့် ဇောပဉ်ပဉ်။
၁၃၆။ သန္တီ တြိ၊ မဟာဝိ၊ မှတ်သိ တဒါရင်။
၁၃၇။ သောသန္တီရိ၊ ကိစ္စ ဒွိ၊ သန္တိ , တဒါရင်။
၁၃၈။ မနောဒွါရာ၊ ဒွိ ကိစ္စာ၊ ဝုဋ္ဌာ, ဝဇ္ဇန်ပင်။
၁၃၉။ ရှစ် မဟာဝိ၊ ဘွင်, သန္ဓိ၊ စုတိ, တဒါရင်။
၁၄၀။ ကိုး မဟဂ်ဝိ၊ ကိစ္စ တြိ၊ သန္ဓိ, ဘွင်, စု, ယှဉ်။
၁၄၁။ တစ်, ခြောက်- ဆဲ့ရှစ်၊ နှစ်မူ- နှစ်၊ လေး- ရှစ်, သုံးကိုးပင်။
၁၄၂။ ငါးမူကား-ဒွိ၊ အပေါင်းသိ၊ ပြီး၏ ကိစ္စသင်။
ကိစ္စသင်္ဂဟ ပြီး၏၊

-----------

ဒွါရသင်္ဂဟ

၁၄၃။ စက်, သော, ဃာ, ဇီ၊ ကာ, မနီ၊ ခြောက်လီ ဒွါရမှတ်။
၁၄၄။ အကြည် အလင်၊ ဖိတ်ဖိတ်လွင်၊ ထွက်ဝင် တံခါးဓာတ်။
၁၄၅။ ဘဝင် ဆဲ့ကိုး၊ စိတ်အမျိုး၊ ခေါ်ရိုး မနောဒွါ။
၁၄၆။ စက္ခု စသည်၊ ဖိတ်ဖိတ်လည်၊ အကြည် ရုပ်တို့သာ။
၁၄၇။ မနော ဟူသည်၊ ဖိတ်ဖိတ်လည်၊ အကြည် နာမ်တို့သာ။
၁၄၈။ ပဉ္စဝိညာဉ်၊ ကိုယ်စီယှဉ်၊ ငါးအင် ဒွါရမှာ။
၁၄၉။ မနောဓာတ်ခေါ်၊ စိတ်မနော်၊ ငါးဖေါ် ဒွါရမှာ။
၁၅၀။ မနောဒွါရာ၊ တီ သုံးဖြာ၊ မဟာဝိပါက်ရှစ်။
၁၅၁။ နှစ်ဆဲ့ကိုးမျှ၊ ဇောကာမ၊ ဒွါရ ခြောက်ပါးဖြစ်။
၁၅၂။ ဇောအပ္ပနာ၊ ဆဗ္ဗီသာ၊ မှန်စွာ မနောဖြစ်။
၁၅၃။ ဆဲ့ကိုး ပဋိသန်၊ စိတ်အမှန်၊ ခြောက်တန် ဒွါရလွတ်။
၁၅၄။ စက္ခု ဒွါရောက်၊ လေးဆဲ့ခြောက်၊ ယူကောက် စိတ်အရ။
၁၅၅။ သောတ စသည်၊ ဒွါ လေးလီ၊ ထုံးမှီ ရှေးနည်းပြ။
၁၅၆။ ခြောက်ဆဲ့ခွန်သာ၊ မနောဒွါ၊ သင်္ချာ စိတ်ရေရ။
၁၅၇။ တဒွါရ ရောက်၊ သုံးဆဲ့ခြောက်၊ ငါး ရောက် မနောသုံး။
၁၅၈။ ခြောက်ဒွါရဖြစ်၊ သုံးဆဲ့တစ်၊ လွတ်, ဖြစ် တဆယ်နှုန်း။
၁၅၉။ မဟဂ် ဝိပါ၊ ကိုးခုမှာ၊ ခြောက်ဒွါ လွတ်မြဲထုံး။
ဒွါရသင်္ဂဟ ပြီး၏၊

--------

အာရမ္မဏ သင်္ဂဟ

၁၆၀။ ရူပ, သဒ္ဒါ၊ ဂန္ဓာ, ရသ၊ ဖောဋ္ဌဗ္ဗ၊ ဓမ္မ ခြောက်အာရုံ။
၁၆၁။ စိတ်, စေတသိက်၊ နိဗ်, ရုပ်အကြွင်း၊ ပညတ် အများ၊ ဤငါးပါး၊ မှတ်သား ဓမ္မာရုံ။
၁၆၂။ ဆွဲကိုင်မှီတွယ်၊ ကျေးဇူးကြွယ်၊ ခြောက်သွယ် ခေါ်အာရုံ။
၁၆၃။ နိဗ္ဗာန် ပညတ်၊ နှစ်ရပ် ဓမ္မ၊ ဖြစ်ကင်းပ၊ ကာလ ဝိမုတ်ကြုံ။
၁၆၄။ ပဉ္စဝိညာဏ်။ ကိုယ်စီရံ၊ ငါးတန် ရူပါဒိ။
၁၆၅။ မနောဓာတုံ၊ ငါးအာရုံ၊ နှစ်စုံ ဆဲ့သုံးရှိ။
၁၆၆။ ပစ္စုပ် ဧကန်၊ ရုပ်ဧကန်၊ အမှန် တွေးယူညှိ။
၁၆၇။ တဒါ ဟသ၊ ဆဲ့နှစ်ဝ၊ ကာမကိုသာ သိ။
၁၆၈။ အကု ဆဲ့နှစ်၊ ရှစ် ဝိပ္ပယုတ်၊ ကု, ကြိ, ထုတ်၊ လောကုတ် ကြဉ်၍ သိ။
၁၆၉။ ကာမကုဉာဏ်၊ ကုဘိညာဏ်၊ ငါးတန် စိတ်မနိ၁။
၁၇၀။ ရဟတ် မဂ်ဖိုလ်၊ ကြဉ်စေလို၊ ကြွင်းကို အကုန်သိ။
၁၇၁။ ကာမကြိဉာဏ်၊ ကြိဘိညာဏ်၊ ဝဇ္ဇန် မနော ဆိ။၂
၁၇၂။ ခပ်သိမ်း အာရုံ၊ အလုံးစုံ၊ အကုန်ပြုလေဘိ။
၁၇၃။ ဘိညာကြဉ်မူ၊ ဆဲ့ငါး ရူ၊ အရူ ပ, တ, ဆိ။
၁၇၄။ ပညတ် ဧကစ်၊ နှစ်ဆဲ့တစ်၊ စင်စစ် အမှန်သိ။
၁၇၅။ အရူ ဒုမှာ၊ ပ-ကိုသာ၊ စ-မှာ တ-ကို သိ။
၁၇၆။ လောကုတ္တရံ၊ စိတ် ရှစ်တန် နိဗ္ဗာန်ကိုသာ သိ။
အာရမ္မဏသင်္ဂဟပြီး၏၊

--------

ဝတ္ထုသင်္ဂဟ

၁၇၇။ စက်, သော, ဃာ, ဇီ၊ ကာ, ဟဒီ၊ ခြောက်လီ ဝတ္ထုရုပ်။
၁၇၈။ တည်ရာ, မှီရာ၊ မြေပမာ၊ လွန်စွာကျေးဇူးထုတ်။
၁၇၉။ ဝတ္ထု ခြောက်စုံ၊ ကာမဘုံ၊ အကုန်ရသည်သာ။
၁၈၀။ စက်, သောနှစ်တန်၊ ဟဒယံ၊ သုံးတန် ရူပမှာ။
၁၈၁။ အရူပမူ၊ ဝတ္ထုဟူ၊ မြူမျှ မရှိပါ။
၁၈၂။ ဝိညာဏ် ဆယ်လီ၊ အမြဲမှီ၊ ငါးလီ သီးသီးသာ။
၁၈၃။ မနောဓာတ်သုံး၊ မှီမြဲထုံး၊ အဆုံး ဝတ္ထုမှာ။
၁၈၄။ သန္တီ, မဟာဝိ၊ ဒွေ ပဋိ၊ ဟသိ ဆဲ့ငါးရူ။
၁၈၅။ သောတာမဂ္ဂ၊ သုံးဆယ်ရ၊ ဟ၌ အမြဲယူ။
၁၈၆။ အရူပဝီ၊ စတု ညီ၊ အမှီ မရှိဟူ။
၁၈၇။ လော, မော ဆယ်ဖြာ၊ မနောဒွါ၊ မဟာကု, ကြိရှစ်။
၁၈၈။ ကု, ကြိ ရှစ်ဖြာ၊ အရူပါ၊ ကုတ်မှာ ထက်ခုနစ်။
၁၈၉။ ဝတ္ထုရုပ်စီ၊ မှီ မမှီ၊ ပေါင်းညီ လေးဆဲ့နှစ်။
၁၉၀။ မှီ စတုတေး၊ မမှီ လေး၊ စဒွေး မှီ မမှီ။
ပိုဒ်ပေါင်း ခြောက်ဆယ်၊ လင်္ကာခြယ်၊ ဤဝယ် ပကိဏ်းပြီး။
ပကိဏ်းပိုင်း ပြီး၏၊

---------------

၄-ဝီထိပိုင်း

စိတ်သက်, ရုပ်သက်

၁၉၁။ ဖြစ်, တည်, ချုပ်လတ်၊ ဤသုံးရပ်၊ ဥပါဒ်, ဌီ, ဘင် ယူ။
၁၉၂။ ခဏငယ် သုံးချက်၊ အပေါင်းနက်၊ စိတ္ထက္ခဏယူ။
၁၉၃။ လျှပ်တပြက်တွင်၊ စိတ္တက္ခဏေ၊ အပေါင်းရေ၊ ကုဋေ တသိန်းဟူ။
၁၉၄။ ဆဲ့ခုနစ်ချက်၊ ထိုစိတ်သက်၊ ရုပ်သက် တခုယူ။
၁၉၅။ လက္ခဏ လေး၊ ဝိညတ် ဒွေး၊ ကြဉ်ရေး ရုပ်ဒွိဒူ။
စိတ်သက် ရုပ်သက် ခွဲခန်း ပြီး၏၊

------------

ပဉ္စဒွါရဝီထိ အပြား

၁၉၆။ ဒွါရမုတ်မျိုး၊ တဆဲ့ကိုး၊ ခေါ်ရိုး ဝီထိမုတ်။
၁၉၇။ ခြောက်ဒွါရဝယ်၊ စိတ်စဉ်ခြယ်၊ ခြောက်သွယ် ဝီထိထုတ်။
၁၉၈။ တိမဟန်နှင့်၊ မဟန်, ပရိတ်၊ တိပရိတ်၊ ဖြာစိတ် ပဉ္စဒွါ။
၁၉၉။ အတိမဟန်၊ တချက်လွန်၊ မဟန် နှစ်, သုံး သာ။
၂၀၀။ လေးက အစ၊ ကိုးတိုင်မျှ၊ လွန်က ပရိတ္တာ။
၂၀၁။ တဆယ် အာဒိ၊ ဆဲ့ငါးထိ၊ လွန် တိပရိတ္တာ။
၂၀၂။ တဒါနှင့် ဇော၊ ဝုဋ္ဌော, မောဃ၊ လေးဝါရ၊ ယှဉ်ကြ စဉ်တိုင်းသာ။
၂၀၃။ ပရိတ္တာ ထုံး၊ ဝုဋ္ဌောဆုံး၊ နှစ်, သုံး အကြိမ်သာ။
ပဉ္စဒွါရဝီထိအပြား ပြီး၏၊

-----------

ပဉ္စဒွါရဝီထိ ဖြစ်ကြောင်းများ

၂၀၄။ စက္ခာ, လောက၊ ရူပ ထင်ပြီ၊ မနသီ၊ လေးလီ စက္ခုဘို့။
၂၀၅။ သောတာ, ကာသ၊ သဒ္ဒ ထင်ပြီ၊ မနသီ၊ လေးလီ သောတဘို့။
၂၀၆။ ဃာန, ဝါတ၊ ဂန္ဓ ထင်ပြီ၊ မနသီ၊ လေးလီ ဃာနဘို့။
၂၀၇။ ဇိဝှာ, အာပ၊ ရသ ထင်ပြီ၊ မနသီ၊ လေးလီ ဇိဝှါဘို့။
၂၀၈။ ကာယ, ထဒ္ဓ၊ ဖောဋ္ဌ ထင်ပြီ၊ မနသီ၊ လေးလီကာယဘို့။
ပဉ္စဒွါရဝီထိ ဖြစ်ကြောင်း ပြီး၏၊

-----------------

ဝီထိ အစဉ်

၂၀၉။ အတီ, စလေ၊ ဥပစ္ဆေ၊ သုံးထွေ ဘဝင်္ဂ။
၂၁၀။ ဘဝင် သုံးတန်၊ အာဝဇ္ဇန်၊ ဝိညာဏ် ဒွေပဉ္စ။
၂၁၁။ သံ, သန်, ဝုဋ္ဌာ၊ ဇော သတ္တာ၊ တဒါ နှစ်ကြိမ်ကျ။
၂၁၂။ ထိုနောက် ဘဝင်၊ အများပင်၊ လေးစဉ် နုဗန္ဓ။
၂၁၃။ ပဉ္စဝိညာဏ်၊ မှီရာမှန်၊ ငါးတန် သူ့ဒွါရ။
၂၁၄။ မန္ဒ, အမန်၊ မဇ္ဈိမံ၊ သုံးတန် အာယုက။
၂၁၅။ ပဉ္စဝိဉ် ဥ၊ ဌီကိုရှု၊ ဧကုပညာသ။
၂၁၆။ တီ, ဘွင် ပြိုင် ဥ၊ မဇ္ဈိပြု၊ နှစ်ခု ရှေ့နောက်ကျ။
၂၁၇။ စိတ္တက္ခဏံ၊ တချက်လွန်၊ ဟဒံ မှီကြွင်းစု။
ပဉ္စဒွါရ ဝီထိ ပြီး၏၊

----------

အနုဗန္ဓကဝါရ

အတိဝိဘူတာရုံ, ဝိဘူတာရုံ, အဝိဘူတာရုံ, အတိအဝိဘူတာရုံ။

၂၁၈။ ဝိဘူ လေးဖြာ၊ မနောဒွါ၊ လွန်စွာ အပြားများ။
၂၁၉။ တဒါ, ဇောနှင့်၊ ဝုဋ္ဌော, မောဃ၊ လေးဝါရ၊ ယှဉ်ကြ အစဉ်အား။
၂၂၀။ ကာမဝါရာ၊ အပ္ပနာ၊ နှစ်ဖြာ အရင်းထား။
၂၂၁။ အနုဗန္ဓက၊ သုဒ္ဓိက၊ ကာမ နှစ်ထွေပြား။
၂၂၂။ အတိတ်, သမူဟ၊ အတ္ထဒြဗ်၊ နာမ်ပညတ်၊ လေးရပ်နုဗန်ပွား။
အနုဗန္ဓကဝါရ ပြီး၏၊

-----------

ကာမသုဒ္ဓိက ဝီထိ

၂၂၃။ ဒိဋ္ဌံ, သုတံ၊ ဝိညာတံ၊ သမ္ဗန် ကိုယ်စီပွား။
၂၂၄။ ကာမနာမ်ရုပ်၊ မဟဂ္ဂုတ်၊ လောကုတ် ပညတ်ထား။
၂၂၅။ ပစ္စုပ်, တီတ၊ နာဂတ၊ ကာလ ဝိမုတ်ပွား။
ကာမသုဒ္ဓိက ဝီထိ ပြီး၏၊

--------------

ကာမ မနောဒွါရ ဝီထိ

၂၂၆။ ဘဝင် နှစ်တန်၊ အာဝဇ္ဇန်၊ ကာမံဇော သတ္တာ။
၂၂၇။ တဒါ ဒွယ၊ ဘဝင်ကျ၊ များလှ နောက်လိုက်မှာ။
၂၂၈။ ဝါရ လေးသွယ်၊ ဝေဘန်ခြယ်၊ ဝုဌ်ဝယ် နှစ်, သုံးသာ။
(ဝုဋ္ဌောကို ဝုဌ် ဆိုသည်)
ကာမ မနောဒွါရဝီထိ အပြား ပြီး၏၊

---------------

ဝိပါက နိယမ

၂၂၉။ ဣဋ္ဌာရုံတွင်၊ ကု-ဝိ ယှဉ်၊ တိတွင် သောမနသ်။
၂၃၀။ အနိဋ္ဌာပြိ၊ အကု-ဝိ၊ ကြိလည်း ဝိနှယ်တတ်။
၂၃၁။ ဒေါနောက်မှာမူ၊ တဒါ, ဘဝင်၊ သောမယှဉ်၊ ဥ, လျှင် အမြဲမှတ်။
၂၃၂။ သောပုဂ္ဂလ၊ ဇောဝါရ၊ ဒေါမှ နောက် ဥ-အာ။
၂၃၃။ တိဣဌ် တရပ်၊ မဟဂ္ဂတ် နှင့်၊ ပညတ် တဝ၊ ဒေါဇော ကျ၊ ဒေါမှ နောက် ဥ-အာ။
၂၃၄။ ပုဂ္ဂိုလ်ကာမ၊ ဇောကာမနှင့်၊ ကာမအာရုံ၊ သုံးချက်ဆုံ၊ တဒါရုံ၏ အခွင့်တည်း။
ဝိပါကနိယမ ပြီး၏၊

---------

ကာမဇောဝါရ နိယမ

၂၃၅။ အရိုး သတ်, ဆ၊ အားနည်းလှ၊ ပဉ္စ အကြိမ်သာ။
၂၃၆။ ဝသီခေါင်ဖျား၊ စျာန်နှင့်ငြား၊ လေး, ငါး နှစ်ထွေလာ။
ကာမဇောဝါရ နိယမ ပြီး၏၊

------------

အပ္ပနာဇောဝါရ

ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘု။

၂၃၇။ ကာမ ရှစ်တန်၊ ကု ကြိ ဉာဏ်၊ သုံးတန် လေးကြိမ်သာ။
၂၃၈။ လေး, ငါးကြိမ်မြောက်၊ ပနာ ရောက်၊ ထို့နောက် တိ ဘွင် သာ။
၂၃၉။ သောမှာ သောချင်း၊ ဥ ဥချင်း၊ ယှဉ်လျှင်း ကာပနာ။
၂၄၀။ ကုကု, ဖိုလ် သုံး၊ ကြိ, ကြိ ရုံး၊ ထက်ဆုံး ဖိုလ် အပါ။
၂၄၁။ သော ကု နောင်ဖြစ်၊ သုံးဆဲ့နှစ်၊ ဆဲ့နှစ် ဥကု မှာ။
၂၄၂။ သောကြိ နောင်ရှစ်၊ ဥကြိ နှစ်၊ နောက်ဖြစ် ခြောက်ပနာ။
၂၄၃။ အာဒိကမ္မ၊ မဂ် ဘိည၊ ရောဓ ဆုံး ဧကာ။
၂၄၄။ မဂ်နောင် ဖိုလ်လေး၊ နှစ်, သုံးရေး၊ နိရှေး နေ,နှစ်သာ။
၂၄၅။ ဆိုပြီးသည်မှ၊ ကြွင်းသမျှ၊ များလှ ကြိမ်ပနာ။
အပ္ပနာဇောဝါရပြီ၏၊

-------------

ဘုံ၌ စိတ်ရ

၂၄၆။ မဟဂ်ဝိကြဉ်၊ ကာမတွင်၊ စိတ်လျှင်ရှစ်ဆယ်ရ။
၂၄၇။ ဆ ဃာနာဒိ၊ မဟာဝိ ရှစ်၊ ဒေါနှစ် တမူ၊ အရူ ဝိလေး၊ ကြဉ်ရေး နှစ်ဆယ်၊ဆနောကြွယ်၊ ခြောက်ဆယ်ကိုး ရူပ။
၂၄၈။ ဝတ္ထု ရုပ်စီ၊ မှီမမှီလစ်၊ လေးဆယ့်နှစ်ဟူ၊ အရူဝိ လေး၊ ပေါင်းထွေး တုံမြောက်၊ လေးဆဲ့ ခြောက်၊ ရမြောက် အရူပ။
ဘုံ၌ စိတ်ရပုံ ပြီး၏

------------

ဘုံ၌ပုဂ္ဂိုလ်ရ

၂၄၉။ ဒု, သု, ဒွိ, တိ၊ အရိယာ ရှစ်၊ တကျိပ်နှစ်၊ ပြားလစ် ဝါကရာ။
၂၅၀။ အပါယ် ဒုစ၊ လူ, စ, ဒုပစ်၊ နှစ်ဆဲ့နှစ်၊ ပေါင်းလစ် နှစ်ဆယ့်ခြောက်။
၂၅၁။ ဒု,သုမယှဉ်၊ ထက်နတ်ခွင်၊ ပေါင်းလျှင်ငါးကျိပ်မြောက်။
၂၅၂။ တိဟိတ် အရိယာ၊ ကိုးသင်္ချာ၊ ဗြဟ္မာ ဝေဟပ် ရောက်။
၂၅၃။ သညသတ်မှာ၊ သု တစ်သာ၊ သုဒ္ဓါ ထက်သုံးကောက်။
၂၅၄။ သောတာမဂ်ပစ်၊ ခုနှစ် အရိယာ၊ တိဟိတ်ပါ၊ လေးဖြာဘုံနှင့် မြှောက်။
၂၅၅။ နှစ်ရာ့တစ်ဆယ်၊ လေးယောက်ကယ်၊ အကျယ်ဘုံ တလျှောက်။
ဘုံ၌ ပုဂ္ဂိုလ်ရ ပြီး၏၊

-----------

ပုဂ္ဂိုလ်၌ စိတ်ရ

၂၅၆။ ဇောကိုးကြိ၊ မဟာဝိ ရှစ်၊ ဆဲ့ခွန်ပစ်၊ ဒုဖြစ် တြိန်းသတ်။
၂၅၇။ ဝိပ္ပယုတ် ဝိပါက်၊ လောင်းစွက်ပြန်လစ်၊ လေးဆဲ့တစ်၊ ဖြစ်လေ သု, ဒွိမှတ်။
၂၅၈။ သမ္ပယုတ် ဝိပါက်၊ လောင်းစွက်ပြန်ငြား၊ လေးဆဲ့ငါး၊ မှတ်သား တိဟိတ်မှာ။
၂၅၉။ မဟဂ် ကု ကြိ၊ လောင်းတုံဘိ၊ တိဟိတ် အကုန်ပါ။
၂၆၀။ မဂ္ဂဋ္ဌာန်စု၊ မဂ်လေးခု၊ ရမှု ဧက သာ။
၂၆၁။ ဒိဌ်သံ, ဝိစိ၊ ကြဉ်တုံဘိ၊ အာဒိ ဒွေဖလာ။
၂၆၂။ ဒေါကို ပယ်ပြန်၊ အနာဂါမ်၊ အကျန် သူတို့မှာ။
၂၆၃။ အကုသိုလ်နှင့်၊ ကုသိုလ်နှစ်သွယ်၊ အောက်ဖိုလ် ပယ်ဘိ၊ ဗျည်းတြိ၊ သိလေ ရဟန္တာ။
ပုဂ္ဂိုလ်၌ စိတ်ရ ဝေဘန်ခန်း ပြီး၏၊

-----------

ပိုဒ်ခုနစ်ဆယ်၊ လင်္ကာခြယ်၊ ဤဝယ် ဝီထိပြီး။ ဝီထိပိုင်း ပြီး၏၊

----------------

၅-ဘုံပိုင်း

ကာမ ၁၁-ဘုံ

၂၆၄။ ကိုးသိန်း ခြောက်သောင်း၊ အထုပေါင်း၊ တည်ရှောင်း အောက်ခံလေ။
၂၆၅။ လေးသိန်း ရှစ်သောင်း၊ အထုပေါင်း၊ တည်ရှောင်း လေထက် ရေ။
၂၆၆။ နှစ်သိန်း လေးသောင်း၊ အထုပေါင်း၊ တည်ရှောင်း ရေထက် မြေ။
၂၆၇။ သိလာ, ပံသု၊ မြေနှစ်ခု၊ အထု ထက်ဝက် ဝေ။
၂၆၈။ သိဉ္စိုဝ်း, ကာလ၊ သင်္ဃာတ၊ ဒွယ ရောရုဝါ။
၂၆၉။ တာပန ဒွိ၊ အဝီစိ၊ တည်ရှိ ငရဲရွာ။
၂၇၀။ သောင်းငါးထောင်စီ၊ သင်္ချာညီ၊ ရှစ်လီ ခြားအကွာ။
၂၇၁။ ဘင်, ပြာ, လက်, သန်၊ အစဉ်ရံ၊ လေးတန် ဥဿဒါ။
၂၇၂။ ဘင်, ပြာ, လက်, သန်၊ မြစ်အရံ၊ ငါးတန် တနည်းမှာ။
၂၇၃။ ငရဲ, တိရိစ်၊ ပြိတ်, အသုရာ၊ ဤလေးဖြာ၊ အောက်ရွာ ပါယ်ဘူမိ။
၂၇၄။ လူ, စ, တာ,ယာ၊ တုသ်, နိမ္မာ၊ ဝသာ ပြည်ဝတ္တိ။
၂၇၅။ လေးသောင်း နှစ်ထောင်၊ အကွာတောင်၊ လူ့ဘောင် ဆင့်ဆင့်သိ။
၂၇၆။ သုဂတိ သတ်၊ ပါယ်လေးရပ်၊ ဧက်ဒသ် ကာဘူမိ။
ကာမ ၁၁-ဘုံ ပြီး၏၊

ရူပ ၁၆-ဘုံ

၂၇၇။ ပါရိသဇ္ဇာ၊ ရောဟိကာ၊ မဟာဗြဟ္မာ တြိ။
၂၇၈။ ပရိတ္တာဘာ၊ ပမာဏာ၊ ဘဿာ ဘုံတြိ။
၂၇၉။ ရိတ္တာသုဘာ၊ ပမာဏာ၊ ကိဏှာ ဘုံတြိ။
၂၈၀ ဖလာ ဝေဟပ်၊ သညသတ်၊ နှစ်ရပ် တပြင်သိ။
၂၈၁။ အဝိဟ်, အတပ်၊ သုဒဿာ, ဿီ၊ အကနီ၊ ငါးလီ ဘုံသုဒ္ဓိ။
ရူပ ၁၆- ဘုံ ပြီး၏၊

------------

အရူပ ၄-ဘုံ

၂၈၂။ အာကာ, ဝိည၊ အာကိဉ္စ၊ နေဝ အရူပိ။
၂၈၃။ ငါးသန်း ငါးသိန်း၊ ရှစ်ထောင်ချိန်း၊ ခြားကိန်း ဆင့်ဆင့်သိ။
၂၈၄။ ကုဋေ ခုနစ်၊ သန်းမှာ တစ်၊ သိန်းရှစ်, သောင်းပဉ္စာ။
၂၈၉။ ထောင်မှာကား ဆ၊ လူ-နေဝ၊ ဝေးလှယူဇနာ။
၃၁-ဘုံ ဝေဘန်ခန်း ပြီး၏၊

ပဋိသန္ဓေခန်း

၂၈၆။ ဥ.သန္တီရိ၊ အကု.ဝိ၊ သန္ဓိ အပါယ်ရွာ။
၂၈၇။ ကု, ဝိ ဥ သန်၊ လူယုတ်ကြန်၊ နတ်ထံ ဘုန်းမဲ့စွာ။
၂၈၈။ ရှစ် မဟာဝိ၊ သူ့ဂတိ၊ သန္ဓိ ခုနစ်ရွာ။
၂၈၉။ မဟဂ္ဂတ၊ ဝိပါက၊ ဗြဟ္မသန္ဓီ သာ။
၂၉၀။ ကလာပ် ဇီဝိ၊ ရုပ်သာရှိ၊ သန္ဓိ အသညာ။
၂၉၁။ ဘဝ တခု၊ သန်, ဘွင်, စု၊ သုံးခု ထပ်စမြဲ။
၂၉၂။ ဘုံ, ဇာတ်, သံ, သင်၊ အာ, ငါးအင်၊ သန်, ဘွင်, စုမကွဲ။
ပဋိသန္ဓေခန်း ပြီး၏၊

---------

နတ်သက်

၂၉၃။ လူ, ဘူမဇိုဝ်း၊ ပါယ်လေးမျိုး၊ သက်ဇိုဝ်း မြဲမရှိ။
၂၉၄။ ငါးဆယ် နှစ်သာ၊ လူတို့ရွာ၊ စ-မှာ တရက် သိ။
၂၉၅။ ရက်သုံးဆယ် လ၊ ဆဲ့နှစ်လ၊ စ-မှာ တနှစ်ရှိ။
၂၉၆။ ငါးရာ ထိုနှစ်၊ သက်တမ်းဖြစ်၊ လူ နှစ် ကိုးသန်းတိ။
၂၉၇။ အနှစ်တရာ၊ လူတို့ရွာ၊ တာ မှာ တရက်သိ။
၂၉၈။ သူ့ရက်, လ, နှစ်၊ အစဉ်ဖြစ်၊ တာ, နှစ် တထောင်ရှိ။
၂၉၉။ ဤနည်းနှင်နှင်၊ လေးဆ တင်၊ ထင်ခွင် ဘုံဇီဝိ။
နတ်သက်ပြီး၏၊

-----------

ရူပဗြဟ္မာသက်

၃၀၀။ အာယု, အန္တရာ၊ အသင်္ချာ၊ မဟာ, လေးမျိုးကပ်။
၃၀၁။ သံ, ဝိဝဋ် တွင်၊ ဌာယီ ယှဉ်၊ သင်္ချေ လေးလီ မှတ်။
၃၀၂။ ပျက်, တည်, ဖြစ်, တည်၊ အစဉ်လည်၊ လေးမည် အနက်ဟပ်။
၃၀၃။ သင်္ချေလေးဖြာ၊ အပေါင်းမှာ၊ မဟာ ကမ္ဘာမှတ်။
၃၀၄။ မီးခုနစ်တန်၊ ရေ တတန်၊ ရှစ်ပြန် ဆုံး လေ ဓာတ်။
၃၀၅။ ပ, ဒု, တ, ထွေ၊ စျာန်ဘုံဗွေ၊ မီး, ရေ, လေ နယ် မှတ်။
၃၀၆။ ဇာတိ အာဏာ၊ ဝိသယာ၊ သုံးဖြာ လောကဓာတ်။
၃၀၇။ သောင်း, သိန်း, ကုဋေ၊ အသင်္ချေ၊ သုံးထွေ အစဉ်ဟပ်။
၃၀၈။ ဖြစ်ပျက် နှစ်ဖြာ၊ အတူမှာ၊ အာဏာခေတ် ဟုမှတ်။
၃၀၉။ ကပ် အန္တရ၊ ဧက်ဝီသ၊ ဗြဟ္မပါရိသက်။
၃၁၀။ ကပ် အန္တရ၊ ဗာတ္တိံသ၊ ဗြဟ္မပုရောသက်။
၃၁၁။ ခြောက်ဆဲ့လေးဖြာ၊ သင်္ချေယျာ၊ မဟာဗြဟ္မာသက်။
၃၁၂။ နှစ်, လေး, ရှစ်, သာ၊ ကပ်မဟာ၊ သုံးဖြာ ဒုဘုံသက်။
၃၁၃။ ရှစ်ကမ္ဘာတွင်၊ ထမ်းပိုးတင်၊ သုံးခွင် တ-ဘုံသက်။
၃၁၄။ ဝေဟပ်, သညာ၊ ကပ်ငါးရာ၊ သုဒ္ဓါ ထမ်းပိုးတက်။
ရူပဗြဟ္မာသက် ပြီး၏၊

-------------

အရူပဗြဟ္မာသက်

၃၁၅။ နှစ်သောင်း, လေးသောင်း၊ ခြောက်သောင်း တလှစ်၊ ရှစ်သောင်း လေးထောင်၊ သင်္ချာဆောင်၊ အခေါင် ဘုံဘဝဂ်။
အရူပဗြဟ္မာသက် ပြီး၏၊

------------

ကိစ္စအပြား ကံလေးပါး

၃၁၆။ ပဋိသန္ဓိ၊ ပဝတ္တိ၊ ဝိပါက် ကဋတ္တာ။
၃၁၇။ ဖြစ်ပွားစေမှု၊ ကျေးဇူးပြု၊ ကု, ကု ဇနကာ။
၃၁၈။ ထောက်ပံ့သမှု၊ ကျေးဇူးပြု၊ ဥပတ္ထမ္ဘကာ။
၃၁၉။ နှိပ်စက် ညှင်းပန်း၊ ညှိုးနွမ်းစေမှု၊ ဖိစီးပြု၊ ဥပပီဠကာ။
၃၂၀။ ပြတ်ဆုံးစေမှု၊ အတင်းပြု၊ ဥပဃာတကာ။
ကိစ္စအပြား ကံလေးပါး ပြီး၏၊

ပါကဒါနပရိယာယအပြား ကံလေးပါး

၃၂၁။ ကံတပါးတို့၊ မတားနိုင်ရာ၊ အားကြီးစွာ၊ သညာ ဂရုက။
၃၂၂။ သေဆုံးလုမှ၊ ပြုသော်၎င်း၊ အဟောင်း ပေါ်လာ၊ ကံနှစ်ဖြာ၊ သညာ အာသန္န။
၃၂၃။ နေ့ရှည်လေ့ကျက်၊ ရက်ရှည် စွဲမြဲ၊ အထုံသဲ၊ ခေါ်မြဲ အာစိဏ္ဏ။
၃၂၄။ သုံးပါးမှလျှင်၊ အလွတ်ထင်၊ သညာ ကဋတ္တ။
ပရိယာယအပြား ကံလေးပါး ပြီး၏၊

-----------

ကာလအပြားကံလေးပါး (ပါကဌာနကံ ၄-ပါး )

၃၂၅။ ဒိဋ္ဌဓမ္မ၊ ဥပပဇ္ဇာ၊ ပရာပရိ၊ အဟောသိ၊ ရှိသည် ကံလေးပါး။
၃၂၆။ မျက်မှောက်ဘဝ၊ အကျိုးရ၊ ဒိဋ္ဌ ဇောဦးသာ။
၃၂၇။ ခြားမဲ့ဘဝ၊ အကျိုးရ၊ ဥပ ဆုံးဇောသာ။
၃၂၈။ ပရံပရ၊ အနမတက်၊ အဆက်ဆက်ဝယ်၊ အကျိုးကြွယ်၊ အလယ် ဇောငါးဖြာ။
၃၂၉။ ကံ အဟောသိ၊ ကျိုးမရှိ၊ တြိ စေတနာ။
ကာလအပြား ကံလေးပါး ပြီး၏၊

-------------

ဒုစရိုက် ၁၀-ပါး

ကာယဝိညတ်ရုပ်သည် ကာယဒွါရ ကာယဒွါရ မည်၏၊ ဝစီဝိညတ်ရုပ်သည် ဝစီဒွါရ မည်၏၊ ဇောစိတ်သည် မနောဒွါရမနောဒွါရ မည်၏၊ ကာယဒွါ၌ မြောက်သောကံသည် ကာယကကာယကံ မည်၏၊

ဝစီဒွါရ၌ မြောက်သောကံသည် ဝစီက ဝစီကံ မည်၏၊ မနောဒွါရ၌ မြောက်သောကံသည် မနောကမနောကံ မည်၏၊ ပါဏာတိပါတ, အဒိန္နဒါန်, ကာမေသုမိစ္ဆာစာရ, မုသာဝါဒ, ပိသုဏဝါစာ, ဖရုသဝါစာ, သမ္ဖပ္ပလာပ, အဘိဇ္ဈာ, ဗျာပါဒ, မိစ္ဆာဒိဋ္ဌိ။

၃၃၀။ သက်သတ်, ခိုးမှု၊ ကာမေသု၊ သုံးခု ကာယကံ။
၃၃၁။ မုသာ, မိတ်ခွဲ၊ ဆဲရေး, ပြိန်ဖျင်း၊ အပါယ်ချဉ်း၊ လေးသင်းဝစီကံ။
၃၃၂။ သူ့ပိုင်နက်ကို၊ ကိုယ့်ဘက် ညွတ်စေ၊ အသေတောင့်တ၊ ပါပဒိဋ္ဌိ၊ အယူငြိ၊ တြိ မနောကံ။
၃၃၃။ ကိုယ်တိုင်, တိုက်တွန်း၊ ချီးမွမ်း, စိတ်တူ၊ ပွားပြန်မူ၊ မှတ်ယူ လေးဆယ်ကံ။

သုစရိုက် ၁၀-ပါး

ပါဏာတိပါတာ ဝေရမဏီ, အဒိန္နာဒါနာ ဝေရမဏီ, ကာမေသု မိစ္ဆာစာရာဝေရမဏီ, မုသာဝါဒါ ဝေရမဏီ, ပိသုဏဝါစာ ဝေရမဏီ, ဖရုသဝါစာ ဝေရမဏီ, သမ္ဖပ္ပလာပါ ဝေရမဏီ, အနဘိဇ္ဈာ, အဗျာပါဒ, သမ္မာဒိဋ္ဌိ။

၃၃၄။ ကာ-ဒု သုံးပါး၊ ကြဉ်ရှောင်ငြား၊ သုံးပါး ကာယကံ။
၃၃၅။ နှုတ်-ဒု လေးပါး၊ ကြဉ်ရှောင်ငြား၊ လေးပါး ဝစီကံ။
၃၃၆။ အနဘိဇ္ဈာ၊ အဗျာပါနှင့်၊ သမ္မာဒိဋ္ဌိ၊ ဖြောင့်မှန်သိ၊ တြိမနောကံ။

ပုညကိရိယာ ဝတ္ထု ၁၀-ပါး

ဒါန, သီလ, ဘာဝနာ, အပစာယန, ဝေယျာဝစ္စ, ပတ္တိဒါန, ပတ္တာနုမောဒန, ဓမ္မသဝန, ဓမ္မဒေသနာ, ဒိဋ္ဌိဇုကမ္မ။ (ပုညကိရိယဝတ္ထု ၁၀-ပါး)။
၃၃၇။ ဒါ, သီ, ဘာ, ပူ၊ ကြောင့်ကြမူနှင့်၊ အလှူဝေငှ၊ အမျှ သာဓု၊ သူ့တရားနာ၊ သိရာပြောဆို၊ ကံကို ကိုးရိုး၊ ဆယ်မျိုးဝတ္ထု၊ ပုညမှု၊ သုခ ပွားများရန်။
၃၃၈။ ပုဗ္ဗာ, မုဉ္စ၊ ပရ ကြည်စွာ၊ စေတနာ၊ သုံးဖြာ သီးသီးဖန်။
၃၃၉။ ငါးပါး, ဆယ်ပါး၊ နိစ္စထား၊ ရှစ်ပါး ဥပုသ်ကံ။
၃၄၀။ မဟဂ် ကိုးဖြာ၊ ဘာဝနာ၊ အပ္ပနာ မနောကံ။
ကံ ဝေဘန်ခန်း ပြီး၏၊

-----------

ကာမ ကုသိုလ် အကျိုး

၃၄၁။ ဥစ်-စေ, ကြဉ်လစ်၊ ကံ ဆဲ့တစ်၊ ဖြစ်စေ ပါယ်သန္နိ။
၃၄၂။ ဥဒ္စစ္စ ပါ၊ ဆဲ့နှစ်ဖြာ မူ၊ ကာမေ, ရူပေ၊ ပဝတ္တေ၊ ဖြစ်စေ အကုဝိ။
၃၄၃။ ကာ-ကုရှစ်သာ၊ ကာသု မှာ၊ ကိုးဖြာ သုသန္ဒိ။
၃၄၄။ ဝိပါက် မဟာ၊ ကာသု မှာ၊ ကာ, ရူ-ရှစ် ကုဝိ။
၃၄၅။ ဟိတ် ဥက္ကဋ္ဌံ၊ ဩမကံ၊ နှစ်တန် ခွဲဝေသိ။
၃၄၆။ သုကုသလံ၊ ရှေ့နောက်ရံ၊ ထက်သန် ဥက္ကဋ္ဌ။
၃၄၇။ အကုသလံ၊ ရှေ့နောက်ရံ၊ ယုတ်ပြန် ဩမက။
၃၄၈။ တိ-ဥက် တိဝိ၊ လေးသန္ဓိ၊ ပဝတ္တိ ဆဲ့ခြောက်သာ။
၃၄၉။ တိဩ-ဒွိဝိ၊ လေးသန္ဓိ၊ ပဝတ္တိ ဆဲ့နှစ်သာ။
၃၅၀။ ဒွိဥက်-ဒွိဝိ၊ လေးသန္ဓိ၊ ပဝတ္တိ ဆဲ့နှစ်သာ။
၃၅၁။ ဒွိဩ-ကုဝိ၊ သန်-သန္ဓိ၊ ပဝတ္တိ ကုရှစ်သာ။
၃၅၂။ ဆဲ့ခြောက် လေးလီ၊ လေး လေးလီ၊ အညီ တိဥက်မှာ။
၃၅၃။ တိဩ-ဒွိဥက်၊ လေး ရှစ်သုတ်၊ ရှစ်သုတ် ဆဲ့နှစ်သာ။
၃၅၄။ ရှစ်ခု လေးလီ၊ တစ် လေးလီ၊ အညီ ဒွိဩမှာ။
၃၅၅။ ကံ, ဝိ, နှစ်ဆူ၊ အ, သ, မူ၊ အတူ ကေစိ ဝါ။
ကာမကုသိုလ် အကျိုးပြီး၏၊

---------

မဟဂ္ဂုတ် ကုသိုလ် အကျိုး

၃၅၆။ ဟီနံ, မဇ္ဈံ၊ ပဏီတံ၊ သုံးစျာန် ကိုယ်စီပြု။
၃၅၇။ ဆန်, ဝီ, စိတ်, မံ၊ သုံးမျိုးဖန်၊ သုံးစျာန် ကွဲပြားမှု။
၃၅၈။ နာမ်ပျောက်ကင်းစေ၊ ဆုပန်ထွေ၊ သညေ ရုပ်အစု။
၃၅၉။ ဣန္ဒြေ ငါးတန်၊ အစဉ်လွန်၊ငါးတန် သုဒ္ဓါစု။
၃၆၀။ ဗြဟ္မပြည်မှာ၊ အရိယာ၊ အောက်ရွာ ဆင်းမရှိ။
၃၆၁။ သုဒ္ဓါဘုံမှာ၊ အရိယာ၊ နှစ်ခါ ထပ်မရှိ။
၃၆၂။ ဝေ, နေ, အက၊ သုံးဌာနမှာ၊ အရိယာ၊ သွားရာဘုံမရှိ။
မဟဂ္ဂုတ်ကုသိုလ် အကျိုး ဝေဘန်ခန်း ပြီး၏၊

-------------

မရဏ ၄-ပါးနှင့် အာရုံ နိမိတ်များ

အာယုက္ခယ, ကမ္မက္ခယ, ဥဘယက္ခယ, ဥပစ္ဆေဒက။

(မရဏလေးပါး)

၃၆၃။ အသက်တန်း ကုန်၊ ကံစွမ်းကုန် နှင့်၊ အကုန်နှစ်မျိုး၊ ကံဆိုးဖြတ်ချွေ၊ သေမြဲပေ၊ လေးထွေမရဏံ။
၃၆၄။ အကုသိုလ်နှင့်၊ ကုသိုလ် ကမ္မ၊ ဇနက၊ ခွင့်ရရှေးရှုကံ။
၃၆၅။ ကံမြောက်ကြောင်းဟူ၊ ဆောက်အဦ၊ မှတ်ယူ နိမိတ္တံ။
၃၆၆။ လားရာဂတိ၊ ထိုမှာရှိ၊ ဂတိ နိမိတ္တံ။
၃၆၇။ ထိုသုံးပါးတွင်၊ တအင်အင်၊ ထင်မြဲ ထုံးအမှန်။
၃၆၈။ ထင်လာတုံက၊ ထို အာရုံထဲ၊ တဝဲဝဲ၊ စွဲမြဲ စိတ်သန္တာန်။
၃၆၉။ ကံအာရုံမှာ၊ အတိတ်သာ၊ ထင်ရာ မနောတည်း။
၃၇၀။ ကမ္မနိမိတ်၊ အတိတ်လွန်လေ။ ပြားခြောက်ထွေ၊ ထင်လေမနောတည်း။
၃၇၁။ ယင်းနိမိတ္တံ၊ ပစ္စုပ္ပန်၊ ခြောက်တန် ဆဒွါရ။
၃၇၂။ ဂတိခြောက်တန်၊ ပစ္စုပ္ပန်၊ ထင်ရန် ဆဒွါရ။ 
အာရုံ ဝေဘန်ခန်း ပြီး၏၊

--------------

ပဋိသန္ဓေခန်း

၃၇၃။ တဒါ ဘွင်- စု၊ တဒါ စု။ နှစ်ခု တိမဟန္တ။
၃၇၄။ ဇော ဘဝင်စု၊ ဇောနှင့် စု၊ နှစ်ခု မဟန္တ။
၃၇၅။ မနောဒွါမူ၊ ထိုနည်းတူ၊ ဝိဘူ နှစ်ခုရ။
၃၇၆။ ဘဝင်သုံးတန်၊ အာဝဇ္ဇန်၊ ဝိညာဏ် ဒွေပဉ္စပ်။
၃၇၇။ သံ, သန်, ဝုဋ္ဌာ၊ ဇော ငါးဖြာ၊ တဒါ နှစ်ကြိမ်မှတ်။
၃၇၈။ ဘဝင် ဧက၊ စုတိကျ၊ ဘဝ အဆုံးသတ်။
၃၇၉။ အပြစ်ဖုံးကာ၊ အဝိဇ္ဇာ၊ တဏှာ ညွတ်စေမှု။
၃၈၀။ ကံသင်္ခါရ၊ ဇနက၊ ပစ်ချ ဖြစ်စေမှု။
၃၈၁။ အကြောင်းသုံးဖေါ်၊ ညီစေဆော်။ ဖြစ်ပေါ် သန္ဓိစု။
၃၈၂။ သန္ဓိ အပွါး၊ ဘဝင်သွား။ ဆဲ့ငါး ဆဲ့ခြောက်ခု။
၃၈၃။ ဘဝင်နှစ်တန်၊ အာဝဇ္ဇန်။ နိကန် ဇောခွန်ခု။
၃၈၄။ ထို့နောင် ဘဝင်၊ အများပင်၊ အစဉ် သိစေမှု။ ပဋိသန္ဓေ ခန်းပြီး၏၊
၃၈၅။ ဒု, သု, ဒွိဟု၊ စုတိနောက်ဝယ်၊ သန္ဓိခြယ်၊ တဆယ် ကာမသော။
၃၈၆။ တိဟိတ်ဝိဟု၊ စုတိနောက်ဝယ်၊ သန္ဓိခြယ်၊ နှစ်ဆယ် အကုန်ဟော။
၃၈၇။ ငါး ရူပဝိ၊ စုတိနောက်ဝယ်။ သန္ဓိခြယ်၊ ဆယ်ခွန် ဟေတုဟော။
၃၈၈။ အရူပဝိ၊ စုတိမှနောက်၊ အောက် အရူ, ရူ၊ ဒု, သု, ဒွိပစ်၊ ရှစ်, ခွန်, ခြောက်, ငါး၊ အစဉ်အား၊ နှောင်းငြား သန္ဓိသော။
တရာ့နှစ်ဆယ်၊ ကဗျာခြယ်။ ဤဝယ် ဘုံပိုင်းပြီး။
ဘုံပိုင်း ပြီး၏၊

------------

၆-ရုပ်ပိုင်း

ရူပ သမုဒ္ဒေသ

နိပ္ဖန္နရုပ် -၁၈

၃၈၉။ ပ, အာ, ဝါ, တေ၊ မြေ, ရေ, လေ, မီး၊ လွန်ပွါးစီး၊ ဘုတ်ကြိး စတုက္က။
၃၉၀။ ခက်မာ, ဖွဲ့စေး၊ ပူဧး, ထောက်ကန်၊ ဤလေးတန်။ မှတ်ရန် လက္ခဏ။
၃၉၁။ စက်, သော, ဃာ, ဇီ၊ ကာ, ငါးလီ၊ အကြည် ပသာဒ။
၃၉၂။ ရူ, သဒ်, ဂန်, ရံ၊ ဖောဋ္ဌဗ္ဗံ၊ ငါးတန် ဂေါစရ။
၃၉၃။ ဣတ္ထိ, ပုမ၊ ဘာဝ နှစ်တန်၊ ဟဒယံ၊ တဖန် ဇီဝိတ။
၃၉၄။ ကဗဠီကာ၊ ရုပ်ဩဇာ၊ သင်္ချာ ဆဲ့ရှစ်ရ။
၃၉၅။ ကြောင်း စတုကြောင့်၊ ဖြစ်မှု ပေါလော၊ သဘောသီးသီး၊ ကိုယ်စီပြီး၊ ရုပ်ကြိးနိပ္ဖန္န။
နိပ္ဖန္နရုပ် ၁၈ ပြီး၏၊

--------

အနိပ္ဖန္နရုပ် ၁၀

၃၉၆။ ကလာပ်ခြားမျှ၊ အာကာသတည့်၊ ကာယ, ဝစီ၊ နှစ်လီ ကိုယ်, နှုတ်၊ လှုပ်မှု, ရှားမှု၊ နှစ်ခု ဝိညတ်၊ ရူပဿလဟု၊ မုဒု, ကမ္မည၊ ဝိကာရတေး၊ လေး လက္ခဏံ၊ ရုပ် ဆယ်တန်၊ အနိပ္ဖန္နတည်း။
၃၉၇။ ဖြစ်ပေါ်, ပွါးမှု၊ ဥပစယ၊ တည်ထ သန္တတိ၊ ရင့်ဘိ ဇရာ၊ ပျက်မှာ အနိစ္စ၊ သိကြောင်းမျှ၊ လက္ခဏရုပ် ခေါ် သတည်း။
အနိပ္ဖန္နရုပ် ၁၀ ပြီး၏၊
ရူပသမုဒ္ဒေသ ပြီး၏၊

--------------

ရူပဝိဘာဂ

၃၉၈။ အဇ္ဈတ္တိကေ၊ ပသာဒေ။ ကြွင်းလေ ဗာဟိရ။
၃၉၉။ ပသာ, ဟ မူ၊ ဝတ္ထု ယူ၊ ကြွင်းမူ အဝတ္ထု။
၄၀၀။ ပသာ, ဝိညတ်၊ ဒွါရမှတ်၊ ကြွင်းလတ် အဒွါရ။
၄၀၁။ ပ, ဘာ, ဇီဝေ။ ဣန္ဒြေ၊ ကြွင်းလေ အနိန္ဒြိယ။
၄၀၂။ ပသာ, ဂေါစရ၊ ရုပ် ဒွါဒ၊ ဩဠာရိကခေါ်။
၄၀၃။ သပ္ပဋိဃ။ သန္တိက၊ နာမ သုံးမည်ပေါ်။
၄၀၄။ ကြွင်း သောဠသ၊ သုခုမ၊ အပ္ပဋိဒူရေ။
၄၀၅။ ရုပ် ကမ္မဇ၊ ဋ္ဌာရသ၊ ဥပါဒိန္န ပေ။
၄၀၆။ အသမ္ပတ္တ၊ ဂါဟက။ သောတ, စက္ခု ဟူ။
၄၀၇။ ရုပ်သမ္ပတ္တ၊ ဂါဟက၊ ဃာန, ဇီ, ကာ ယူ။
၄၀၈။ မဟာဘူတ၊ ဝဏ္ဏ, ဂန္ဓာ၊ ရသော, ဇာ၊ ရှစ်ဖြာ ဝိနိဗ္ဘော။
၄၀၉။ သနိဒဿန်၊ ဆင်းရူပံ၊ အကျန် အနိဒေါ။
ရူပဝိဘာဂ ပြီး၏၊

------------

ရူပသမုဋ္ဌာန်

၄၁၀။ ကံ, စိတ်, ဥ, အာ၊ ဤ လေးဖြာ၊ မှတ်ပါ သမုဋ္ဌာန်။
၄၁၁။ ကာ, ရူ, ကု, ကု၊ တိတ်-စေ, စု၊ ကံဟု မှတ်ယူလေ။
၄၁၂။ သန္ဓိဥ မှ၊ ခဏ မစဲ၊ တစပ်ထဲ၊ အမြဲ ရုပ်ဖြစ်စေ။
၄၁၃။ အရူဘုံ ရှိ၊ စိတ်သန္ဓိ နှင့်၊ ဒွိ ဝိညာဏံ၊ နိဗ္ဗာန်ဆုံးစု၊ ကြဉ်မှု ကြွင်းထ၊ သတ် ပဉ္စ၊ တကွစိတ်နှင့်စေ။
၄၁၄။ ပဌမဘွင်၊ အစ တင်လျက်၊ အစဉ် မစဲ၊ ဥပါဒ်ဆဲ၊ အမြဲ ရုပ်ဖြစ်စေ။
၄၁၅။ ဇောအပ္ပနာ၊ ဣရိယာ၊ ကောင်းစွာ တည်ခိုင်စေ။
၄၁၆။ မနောဒွာရာ၊ ဇောကာမာ၊ ဘိညာ သုံးဆဲ့နှစ်။
၄၁၇။ ကာယ, ဝါစာ၊ မူအရာ၊ နှစ်ဖြာ ဝိညတ်ဖြစ်။
၄၁၈။ ဆဲ့သုံး သောမနသ်၊ ပြုံးရယ်တတ်၊ ငိုတတ်ဒေါ- ဇော နှစ်။
၄၁၉။ အချမ်း အပူ၊ နှစ်ဆူ အဂ္ဂိ၊ တေဇော ဒွိ၊ မှတ်ဘိ ဥတုပေ။
၄၂၀။ သန္ဓိဌီမှ၊ စ၍စီစဉ်၊ မိမိဌီတိုင်း၊ ခဏတိုင်းလျှင်၊ အစဉ်မပြတ်၊ အဇ္ဈတ်, ဗဟိဒ်၊ မဆိတ်မစဲ၊ တသဲသဲ၊ အမြဲရုပ်ဖြစ်စေ။
၄၂၁။ ဗဟိဒ် အဇ္ဈတ်၊ နှစ်ရပ် ဩဇာ၊ ရောမိခါ၌၊ ဌီသို့ ဆိုက်က၊ အဇ္ဈတ္တဝယ်၊ ခဏမစဲ၊ တသဲသဲ၊ အမြဲရုပ်ဖြစ်စေ။
၄၂၂။ ပသာ, ဘာဝ၊ ဇီနှင့် ဟ၊ နဝ ကမ္မဇာ။
၄၂၃။ ဝိညတ် ဒွယ၊ စိတ္တဇ၊ သဒ္ဒ စိတ်, ဥဇာ။
၄၂၄။ လဟုတာ စု၊ ရုပ်သုံးခု၊ စိတ်, ဥ, ဩဇ ဇာ။
၄၂၅။ အဝိနိဗ္ဘံ၊ အာကာသံ၊ ကံ, စိတ်, ဥ, ဩဇာ။
၄၂၆။ လက္ခဏစု၊ ရုပ်လေးခု၊ စတုဝိမုတ်သာ။
၄၂၇။ ဧကန်, နေကန်၊ ကိုး နှစ်တန်၊ ကံဇံဋ္ဌာရသာ။
၄၂၈။ နှစ်ခု ဧကန်၊ နေကန် တေရ၊ ဆဲ့ငါးမျှ၊ စိတ္တ သမုဋ္ဌာန်။
၄၂၉။ ယင်း နေကန်စု၊ ဆဲ့သုံးခု၊ ဥတု သမုဋ္ဌာန်။
၄၃၀။ တိ, စတုဇ၊ ဆဲ့နှစ်မျှ၊ ဩဇ သမုဋ္ဌာန်။
ရူပသမုဋ္ဌာန် ပြီး၏၊

----------------

ကလာပယောဇနာ

၄၃၁။ ဝိနိဗ် အဋ္ဌ၊ ဇီဝိတ၊ ဇီဝ နဝကာ။
၄၃၂။ ဣန်, ဟဒယ၊ လောင်းပြန်က၊ အဋ္ဌ ဒသကာ။
၄၃၃။ အဝိနိဗ္ဘော်၊ ရှစ်ခုသော်၊ ခေါ်ရိုး သုဒ္ဓဋ္ဌာ။
၄၃၄။ ယင်းတွင် သဒ်, ကာ၊ စီ, သုံးဖြာ၊ လောင်းပါလေးမူလ။
၄၃၅။ မူလ လေးမှာ၊ တာ လောင်းခါ၊ ရှစ်ဖြာစိတ္တဇ။
၄၃၆။ သုဒ္ဓ, သဒ္ဒ၊ တာ ယှဉ်က၊ လေးဝ ဥတုဇာ။
၄၃၇။ သုဒ္ဓနှင့် တာ၊ ဤနှစ်ဖြာ၊ အာဟာရဇတည်း။
၄၃၈။ ဥတုမူလ၊ နှစ်စည်းမျှ၊ ရသည် ဗဟိဒ္ဓါ။
၄၃၉။ နှစ်ဆဲ့သုံးပင်၊ အဇ္ဈတ်တွင်၊ ကုန်စင် ရထိုက်စွာ။
ကလာပယောဇနာ ပြီး၏၊

ရူပပဝတ္တိက္ကမ

၄၄၀။ ဇလာဗုဇ၊ သံသေဒ၊ အဏ္ဍ, ဥပပတ်။
၄၄၁။ ဇီဝိကြဉ်ထွေ၊ ကမ္မဇေ၊ သံသေ, ဩပပါ။
၄၄၂။ စက်, သော, ဃာ, ဘာ၊ ဤလေးဖြာ၊ ရံခါ ချို့ ကောင်းစွာ။
၄၄၃။ ကာယ ဘာဝ၊ ဟဒယ၊ ဂဗ္ဘ သန္ဓိမှာ။
၄၄၄။ နပုံ ဖြစ်လျှင်၊ ဘာဝကြဉ်၊ နှစ်ပင် ရသည်သာ။
၄၄၅။ ရေမြုပ်, ခဲ, တစ်၊ ခက်မ ဖြစ်၊ ရင့်လစ်ငါးသတ္တာ။
၄၄၆။ စက်, သော, ဃာ, ဇီ၊ ဤလေးလီ၊ ဖြစ်ပြီ ဆဲ့တစ်မှာ။
၄၄၇။ သန္ဓိ ဥမှာ၊ ကမ္မဇာ၊ ဌီမှာ ဥတုဇ။
၄၄၈။ ပဘွင် ဥမှာ၊ စိတ္တဇာ၊ ဟာရာ စိမ့်မျိုမှ။
၄၄၉။ စ၍ ဖြစ်ပြီး၊ မီးလျှံ ရေယဉ်၊ ကဲ့အသွင်၊ အစဉ် သွားလေက။
၄၅၀။ စုတိကမ္မဇရုပ်၊ အပြိုင်ချုပ်၊ ကျန်ရုပ်သိလေကြ။
၄၅၁။ ဃာ,ဇီ, ကာ, ဘာ၊ အာဟာရဇ၊ သတ္တ ကလာပ်၊ ကြဉ် သောဠသ်၊ ရအပ် ရူပမှာ
၄၅၂။ စက်, သော, ဟ, ဇီ၊ ဤလေးလီ၊ဖြစ်ညီ သန္ဓိမှာ။
၄၅၃။ သန္ဓိဌီမှ၊ ဥတုဇ၊ ပ ဘွင် စိတ္တဇာ။
၄၅၄။ သဒ္ဒ ကြဉ်ပေ၊ ဥ နှစ်ထွေ၊ ဇီဝေ သုံးကလာပ်။
၄၅၅။ သန္ဓိ, ပဝတ္တိ၊ ဆိုရိုးသိ၊ မှတ်ဘိ သညသတ်။
၄၅၆။ ဥပပတ် မှာ၊ စုတေခါ၊ ခန္ခာ ကြွင်းမရှိ။
ရူပပဝတ္တိက္ကမ ပြီး၏၊

---------

နိဗ္ဗာန်

၄၅၇။ ဒုက္ခ ခပ်သိမ်း၊ ချုပ်ပြတ်ငြိမ်း၊ ဇာတ်သိမ်း ပြည်နိဗ္ဗာန်။
၄၅၈။ သ ဥပါဒိ၊ သေသနိ၊ ကြွင်းရှိ ငါးရပ်ခန်။
၄၅၉။ အနုပါဒိ၊ သေသနိ၊ မရှိ ငါးရပ်ခန်။
၄၆၀။ သုည, နိမိတ်၊ ပဏီဟိတ်၊ဖြာစိတ် သုံးနိဗ္ဗာန်။
၄၆၁။ ပလိဗောဓ၊ ကြောင့်ကြ သဗ္ဗံ၊ ကင်းဆိတ်ညံ၊ နိဗ္ဗာန် သုညတ။
၄၆၂။ ဘေးပေါင်း တရံ၊ မဆက်ဆံ၊ နိဗ္ဗာန် နိမိတ္တ။
၄၆၃။ တောင့်တ ပူပန်၊ မဆက်ဆံ၊ နိဗ္ဗာန် ပဏိဟိတ။
ပိုဒ်ခုနစ်ဆယ်၊ လင်္ကာခြယ်၊ ဤဝယ်ရုပ်, နိဗ် ပြီး။
ရုပ်ပိုင်း ပြီး၏၊

-----------

၇-သမုစ္စည်းပိုင်း

အကုသလသင်္ဂဟ

၄၆၄။ ကာမ, ဘဝိ၊ ဒိဋ္ဌိ, အဝိဇ္ဇာ၊ ဤလေးဖြာ၊ စဉ်ကာ မူလထား။
၄၆၅။ ဩဃ, ယောဂါ၊ အာသဝါ။ သုံးဖြာ လေးစီ ပွါး။
၄၆၆။ အသေသတ်နှစ်၊ ဖွဲ့ပူးရစ်၊ မူးယစ်, စီး, ထုံ, ငြား။
၄၆၇။ ဘိဇ္ဈာကာယ၊ ဗျာပါဒ၊ ကာယ နှစ်စုံ သိ ၂။
၄၆၈။ သီလဗ္ဗတံ၊ ပြာမာသံ၊ ဣဒံသစ္စာဘိ ၃။
၄၆၉။ နိဝေသ မှု၊ ဂန္ထ စု၊ ဖုထစ် ထုံးဖွဲ့ငြိ ၄။
၄၇၀။ အလေ့သီလ၊ ဝတ ကျင့်မူ၊ နွားခွေးတူ၊ အယူ ဝဋ်သုဒ္ဓိ။
၄၇၁။ ဤသာ မှန်လှ၊ ဤမှ တပါး၊ အကုန်မှား၊ စွဲငြား ဣဒံဘိ။
၄၇၂။ ကာမ, ဒိဋ္ဌိ၊ သီလဗ္ဗတ၊ အတ္တအစု၊ စွဲလမ်းမှု၊ လေးခု ဥပါဒါန်။
၄၇၃။ ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိနမိဒ္ဓမှန်။
၄၇၄။ ဥဒ္ဓစ်, ကုက္ကု၊ ဝိ, ဝိဇ်စု၊ ခြောက်ခု နီဝရဏ်။
၄၇၅။ တားဆီး ကန့်ကွက်၊ ပိတ်ပင်ဖျက်၊ အနက် နီဝရဏ်။
၄၇၆။ ကာမ, ဘဝ၊ ပဋိဃ၊ မာန ဒိဋ္ဌိမှန်။
၄၇၇။ ဝိစိကိစ္ဆာ၊ အဝိဇ္ဇာ၊ သတ္တာနုသယံ။
၄၇၈။ အစဉ်စွဲကပ်၊ ငုပ်ကိန်းဝပ်၊ မျိုးဓာတ် နုသယံ။
၄၈၉။ ကာမ, ရူပ၊ အရူပ၊ ရာဂ ပဋိဃံ။
၄၈၀။ မာန်, ဒိဌ်, သီ, ဝီ၊ ဥဒ်, ဝိဇ္ဇီ၊ ဆယ်လီ သံယောဇန်။
၄၈၁။ ရူ, ရူ, ဥဒ်, ပစ်၊ ဘဝတစ်၊ ဣဒ်, မစ်, နည်း တတန်။
၄၈၂။ ထိတ်ထောင် နှောင်ကြိုး၊ အဖွဲ့မျိုး၊ ဖွင့်ရိုး သံယောဇန်။
၄၈၃။ ဟိတ်ကြီး တြိ၊ မာန်, ဒိဌ်, ဝိ၊ ထိ, ဥဒ်, ဟိ, နောတ်, ဒသ်။
၄၈၄။ ပူပန် ညစ်ကျု၊ နှိပ်စက်မှု၊ ဆယ်ခု ကိလေမှတ်။
၄၈၅။ ကာမ, ဘဝ၊ ဆိုသမျှ၊ လောဘ တရားကိုယ်။
၄၈၆။ သီ, ဣ, အတ် မှာ၊ ဒိဋ္ဌိသာ၊ ဘိဇ်, ဗျာ, လော, ဒေါ ဆို။
၄၈၇။ အာ, ဩ, ယော, ဂန်၊ သုံးစီမှန်၊ နှစ်တန် ဥပါကိုယ်။
၄၈၈။ ရှစ်.နီ, ခြောက်.နု၊ ကို သံ ရှု၊ ဆယ်ခု ကိ မပို။
အကုသလသင်္ဂဟ ပြီး၏၊

--------------

မိဿကသင်္ဂဟ

၄၈၉။ ဟိတ်.ခြောက် အစစ်၊ စျာ.ခုနစ်၊ ဆဲ့နှစ် မဂ္ဂင်ယူ။ 
၄၉၀။ ဒွါရ ငါးလီ၊ ဣဒ်, ပု, ဇီ၊ မနီ, ဝေ ငါးခု။
၄၉၁။ သဒ်, ဝီ, သ, မာ၊ ပဉ် လေးဖြာ၊ ဒွိဒွါ ဣန် အစု။
၄၉၂။ အနညာတိ၊ ညဿာမိ၊ အညိ, အညာဝီ။
၄၉၃။ သောတာမဂ်မှာ၊ အနညာ၊ ဆုံးမှာ အညာဝီ။
၄၉၄။ လောကုတ် အလယ်၊ ခြောက်ခုဝယ်၊ အလယ် အညိန်မှီ။
၄၉၅။ ဆိုင်ရာဌာန၊ စိုးပိုင်ကြ၊ ကိစ္စ ကိုယ်စီစီ။
၄၉၆။ သဒ်, ဝီ, သ, ဓိ၊ ပဉ်, ဟိ, ဩတ္တပ်၊ ဟိ, နောတ္တပ်၊ ကိုးရပ်-ဗိုလ်ကြံ့ခိုင်။
၄၉၇။ ဆန်, ဝီ, စိတ်, ဝိ၊ ဓိပတိ၊ မရှိ တူယှဉ်ပြိုင်။
၄၉၈။ ကဗဠီ, ဖေဿာ၊ မနောသေဉ္စ၊ ဝိညာဏေ၊ လေးထွေ အာဟာရ။
၄၉၉။ လွန်စွာ ဆောင်မှု၊ ကျေးဇူးပြု၊ လေးခု အာဟာရ။
၅၀၀။ ပဉ္စဝိညာဉ်၊ စျာနင် ကြဉ်၊ ဗိုလ်ကြဉ် အဝီရေ။
၅၀၁။ အဟိတ်တွင် မဂ်၊ ဗိုလ်, ဣန်, မဂ်၊ ဧကဂ် ဝိစိကေ။
၅၀၂။ ဒွိဟေ, တိဟေ၊ ဇော နှစ်ထွေ၊ ရစေ ဓိပတိ။
၅၀၃။ ဟေတု ခြောက်လျှင်၊ ငါး စျာနင်၊ မဂ္ဂင် ကိုးခုသိ။
၅၀၄။ ဆဲ့ခြောက် ဣန္ဒြေ၊ ဗိုလ် ကိုးထွေ၊ လေးထွေ ဟာ, ဓိတိ။ 
မိဿကသင်္ဂဟ ပြီး၏၊

----------

ဗောဓိပက္ခိယသင်္ဂဟ

၅၀၅။ ကာ, ဝေ, စိတ်, ဓမ်၊ နုပဿန်၊ ပဋ္ဌာန် သတိလေး။
၅၀၆။ ဒုဟောင်း ပယ်ပစ်၊ ဒုသစ် မလာ၊ ဤနှစ်ဖြာ၊ ပြုရာ လုံ့လ ဒွေး။
၅၀၇။ ကုဟောင်း မြဲလစ်၊ ကုသစ် ရငှါ၊ ဤနှစ်ဖြာ၊ ပြုရာ လုံ့လဒွေး။
၅၀၈။ ကြောခြင်, ရိုး, ရေ၊ ကြွင်းလေစေ၊ ကုန်စေ သား အသွေး။
၅၀၉။ အသက်ကိုမျှ၊ မညှာရ၊ သမ္မပ္ပဓာန် လေး။
၅၁၀။ ပရိဉ်, ပဟာန်၊သစ္ဆိကံ၊ ဘာဝန် ဣဒ္ဓိလေး။
၅၁၁။ ဆန်, ဝီရိယံ၊ စိတ်, ဝီမံ၊ ပြီးရန် ပါဒလေး။
၅၁၂။ သဒ်, ဝီ, သ, မာ၊ ပဉ်, ငါးဖြာ၊ မှတ်ပါ ဣန်, ဗလ။
၅၁၃။ စိတ်ကို ပိုင်နိုင်၊ မြဲကြံ့ခိုင်၊ ဆိုင်ရာ ငါးဌာန။
၅၁၄။ သတိ, ဓမ္မ၊ ဝိစယနှင့်၊ ဝီရ, ပီတိ၊ ပဿဒ္ဓိတည့်၊ မာဓိ, ဥပေက်၊ ဤခုနှစ်၊ မှတ်လစ် သမ္ဗောဇ္ဈင်။
၅၁၅။ မဂ်ဉာဏ် လေးပါး၊ ဗောဓိအား၊ လျင်လျား ပေါက်ဖို့အင်။
၅၁၆။ မဂ္ဂင် အဋ္ဌ၊ ထင်ရှားလှ၊ ဝဋ်မှ ထွက်ကြောင်းသိ။
၅၁၇။ သ, ဝီ, ဆန်, စိ၊ ပဉ်, သဒ်, ဓိ၊ ပိ်, ပသ်, တတ်, သင်, တီ။
၅၁၈။ ဆန်, စိတ်, ပီ,ပသ်၊ တတ်, သင်, တီ, ဟူ၊ ဆယ်ခုမူ၊ မှတ်ယူ ဧက်ကိက် စီ။
၅၁၉။ သဒ္ဓါကား ဒွိ၊ ဓိမူ စတု၊ငါးခု ပညာ၊ရှစ်မှာ သတိ၊ ဝီရိယ ကိုး၊ ကိစ္စမျိုး၊ တပ်ရိုးကျမ်းအညီ။
ဗောဓိပက္ခိယသင်္ဂဟ ပြီး၏၊

------------

သဗ္ဗသင်္ဂဟ

၅၂၀။ ရုပ်, ဝေ, သဉ်, သင်၊ စိတ်ဝိညာဉ်၊ ငါးအင် ခန္ဓာမှတ်။
၅၂၁။ လောကီခန္ဓာ၊ သက်သက်မှာ၊ ဥပါဒါနက္ခန်။
၅၂၂။ ရေမြှုပ်ပမာ၊ ရုပ်ခန္ဓာ၊ ဝေ မှာ ရေပွက် ဟန်။
၅၂၃။ တံလှပ် ပမာ၊ မှတ်သညာ၊ သင်္ခါ ငှက်ပျောစံ။
၅၂၄။ မျက်လှည့် အသွင်၊ စိတ်ဝိညာဉ်၊ ငါးအင် နှစ်မဲ့ခန်။
၅၂၅။ စက်, သော, ဃာ, ဇီ၊ ကာ, မနီ၊ အကြည် ခြောက်ဒွါရ။
၅၂၆။ ရူ, သဒ်, ဂန်, ရံ၊ ဖောဌ်, ဓမ္မံ၊ ခြောက်တန် ဗာဟိရ။
၅၂၇။ စေ, သုခုမံ၊ မြတ်နိဗ္ဗာန်၊ သုံးတန် ဓမ်အရ။
၅၂၈။ ရွာပျက်ကြီးနှယ်၊ ရှေ့ခြောက်သွယ်၊ နောက်ဝယ် တပ်ထားပြ။
၅၂၉။ စိတ်မနော ဧ၊ ဓာတ် ခွန် ဝေ၊ တွက်ရေ ဓာတ်ဆယ့်ရှစ်။
၅၃၀။ သတ္တ ဇီဝ၊ ကင်းစင်ပ၊ ဘာဝ တတ်တိုင်းဖြစ်။
၅၃၁။ ဒုက်, သ, နိ, မဂ်၊ မသွေကွက်၊ လေးချက် မှန်သစ္စာ။
၅၃၂။ စိတ်, စေ, လောကီ၊ ရုပ် ဌာဝီ၊ ဒုက်ပြီ, သ-တဏှာ။
၅၃၃။ နိမှာ-နိဗ္ဗာန်၊ အင်ရှစ်တန်၊ အမှန် မဂ္ဂသာ။
ပိုဒ်ခုနှစ်ဆယ်၊ လင်္ကာခြယ်၊ ဤဝယ်သမုစ်ပြီး။
သမုစ္စည်းပိုင်း ပြီး၏၊

-------------

၈-ပစ္စည်းပိုင်း

ပဋိစ္စသမုပ္ပါဒ်

အဝိဇ္ဇာ, သခါရ, ဝိညာဏ်, နာမ် ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာမရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ။

၅၃၄။ မိုက်မဲစွာလှ၊ မှောင်ကြီးချ၊ မောဟ အဝိဇ္ဇာ။
၅၃၅။ အကုသိုလ်နှင့်၊ ကုသိုလ် နှစ်ထွေ၊ စေတနာဓမ္မ၊ ကံ သုံးဝ၊ မှတ်ကြ သခါင်္ရာ။
၅၃၆။ ပုညာ, ပုည၊အာနေဉ္ဇ၊ သုံးဝ ခွဲစိတ်ဖြာ။
၅၃၇။ သန္ဓိ, ပဝတ္တိ၊ နှစ်မျိုးရှိ၊ ဝိပါက် ဝိညာဏာ။
၅၃၈။ စေတသိက်မူ၊ နာမ်ဟု ယူ၊ ရုပ်မူကမ္မဇာ။
၅၃၉။ ဝိညာဏ်နည်းတူ၊ နှစ်မျိုးယူ၊ အတူ ယှဉ်မကွာ။
၅၄၀။ သဠာယတန၊ ခြောက်ဒွါရ၊ မန ဝိပါက်သာ။
၅၄၁။ ဝိညာဏ် ခြောက်ဝ၊ ယှဉ်တုံကြ၊ ဖဿ ဝေဒနာ။
၅၄၂။ ခြောက်ပါး အာရုံ၊ သာယာတုံ၊ ခြောက်စုံ ညစ်တဏှာ။
၅၄၃။ ကာမ, ဒိဋ္ဌီ၊ သီလဗ္ဗတ၊ အတ္တစွဲသန်၊ ဥပါဒါန်၊ လေးတန် သရုပ်ဖြာ။
၅၄၄။ ကုသလာ, ကုသလ၊ ကမ္မပထံ၊ ဤနှစ်တန်၊ ကမ္မဘဝသာ။
၅၄၅။ ဝိပါက်ခန္ဓာ၊ ကဋတ္တာဟု၊ ရုပ်နမ်စု၊ ဥပ ပတ္တိသာ။
၅၄၆။ ဖြစ်မှု, ရင့်မှု၊ ပျက်ဆုံးမှု၊ ဥပပတ္တိမှာ။
၅၄၇။ အဂါင်္ဆဲ့နှစ်၊ သုံးဆစ်ကာလ၊ သုံးဝ အစပ်၊ လေးရပ် အလွှာ၊ ဝဋ် သုံးဖြာ၊ မှတ်ပါ မူလဒွေ။
ပဋိစ္စသမုပ္ပါဒ် ပြီး၏၊

ပဋ္ဌာန်းနည်း

၅၄၈။ ဟေ, အာ, ဓိ, နန်၊ သမနန်၊ သ, အံ, နိ, ဥ, ပူ။
၅၄၉။ ပစ်, သေ, ကံ, ပံ၊ ဟာ, ဣန်, စျာန်၊ မဂ်, သံ, ဝိပ္ပဟူ။
၅၅၀။ အတ်, နတ်, ဝိတ၊ အဝိတ၊ ဒွိစ ပစ္စည်းယူ။
၅၅၁။ နန်, သမနန်၊ နတ်, ဝိတန်၊ လေးတန် အတူတူ။
၅၅၂။ ဟိတ်.ခြောက်, ခြောက်.အာ၊ ဓိ.နှစ်ဖြာ၊ အာ.ဓိ, သ.ဓိ .ခွဲ။
၅၅၃။ ဣဋ္ဌ.ရုပ်နာမ်၊ အာ.ဓိ မှန်၊ လေတန် သ.ဓိ ခွဲ။
၅၅၄။ ခြားမဲ့ ရှေ့နာမ်၊ ပစ္စည်းနာမ်၊ နောက်နာမ် အားအမြဲ။
၅၅၅။ စိတ်, စေ,ဘုတ်, စု၊ ဝတ္ထုသန္ဓေ၊ ဤလေးထွေ၊ တပ်လေ သဟဇ။
၅၅၆။ စိတ်, စေ, ဘုတ်, စု၊ ဝတ္ထုသန္ဓေ၊ ဤလေးထွေ၊ တပ်လေ အဉ်မည။
၅၅၇။ သဟဇာတ်စု၊ ဝတ္ထု ပုရေ၊ ဤနှစ်ထွေ၊ တပ်လေ နိဿယ။
၅၅၈။ အာရမ္မဏူ၊ နန္တရူနှင့်၊ ပကတူပေ၊ ဤသုံးထွေ၊ ခွဲလေ ဥပနိဿယ။
၅၅၉။ အာရမ္မဏူ၊ အဓိဟူ၊ နန်မူ နန္တရ။
၅၆၀။ နာမ်ရုပ် ပညတ်၊ အဇ္ဈတ်, ဗဟိဒ္ဓါ၊ ကျယ်ဝန်းစွာ၊ သညာ ပကတူပ။
၅၆၁။ ဝတ္ထုပုရေ၊ အာပုရေ၊ နှစ်ထွေ ပုရေဇ။
၅၆၂။ ရုပ် နိပ္ဖန္နံ၊ ပစ္စုပ္ပန်၊ အမှန် အာပုရ။
၅၆၃။ သတ္တရှိနေ၊ ဌီရုပ်တွေအား၊ စိတ်, စေ နှစ်ဖြာ၊ နောက်နောက်လာ၊ တည်ငှါ ပစ္ဆာဇ။
၅၆၄။ ရှေ့ဇော ဇာတ်တူ၊ ကု, ကူ, ကြိယာ၊ နန္တရာ၊ ပွားငှာ သေဝန။
၅၆၅။ သဟဇာတ၊ ခဏ နာနာ၊ စေတနာ၊ မှတ်ပါ နှစ်ကမ္မ။
၅၆၆။ သ-မှာ လုံးစုံ၊ နာနာတုံ၊ ကု, ကုန် အတိတ်ရ။
၅၆၇။ သုံးဆဲ့ခြောက်ထွေ၊ ဝိ-စိတ်, စေ၊ မှတ်လေ ဝိပါက။
၅၆၈။ ထောက်ပံ့ ခိုင်ဖွယ်၊ ကျေးဇူးကြွယ်၊ လေးသွယ် အာဟာရ။
၅၆၉။ သဟ, ပုရံ၊ ဇီဝိတံ၊ သုံးတန် ဣန္ဒြိယ။
၅၇၀။ စိတ်, ဇီ, ဝေ, ဝိ၊ သဒ်, သ, ဓိ၊ ပညိ နာမ် ရှစ်သ။
၅၇၁။ ဝတ္ထု ငါးလီ၊ ဝတ်ပုရီ၊ ရုပ်ဇီ ဇီဝိတ။
၅၇၂။ တက်,စာ, ပီ, ဝေ၊ ဧကဂ္ဂေ၊ ငါးထွေ ရှု စျာန။
၅၇၃။ ပဉ်, တက်, ဝါ, ကမ်၊ အာဇီဝန်၊ ဝါယာမ်, သ, ဓိ, ဒိဌ်။
၅၇၄။ စိတ်, စေ လုံးစုံ၊ နာမ်အကုန်၊ ယှဉ်တုံ သမ္ပယုတ်။
၅၇၅။ သဟ, ပစ္ဆေ၊ ဝတ်ပုရေ၊ သုံးထွေ ဝိပ္ပယုတ်။
၅၇၆။ ရုပ်အား နာမ်က၊ ရုပ်က နာမ်အား၊ တပ်တုံငြား၊ နှစ်ပါး သဟထုတ်။
၅၇၇။ သ, ဝတ်, အာပူ၊ ပစ်, ဟာ, ရူ၊ ခြောက်ဆူ အတ္ထိထုတ်။
ပစ္စည်းသရုပ် ဝေဘန်ခန်းပြီး၏၊

-------

အတိတ် သက်သက် ပစ္စည်းမျိုး

၅၇၈။ သ, နိ, အတ္ထိ၊ အဝိဂတာ၊ ဤလေးဖြာ၊ မဟာ သဟဇ။ (သဟဇာတကြီး ၄-ပါး)
၅၇၉။ အည, ဝိ, သံ၊ ဝိပ် လေးတန်၊ မဇ္ဈံ သဟဇ။ (သဟဇာတလတ် ၄-ပါး)
၅၈၀။ ဟေ, ဓိ, ဟာ, ကံ၊ ဣန်, မဂ်, စျာန်၊ မှတ်ရန် ငယ် သဟ။ (သဟဇာတငယ် ၇-ပါး)
၅၈၁။ သန္ဓိအခါ၊ ကမ္မဇာ၊ နောက်မှာ စိတ္တဇ။
၅၈၂။ ဝတ္ထုနှင့် သန်၊ အပြန်ပြန်၊ သုံးတန် သဟဇ။
၅၈၃။ နှစ်ဆဲ့လေးဖြာ၊ ဥပါဒါ၊ မဟာဘုတ်မှရ။
၅၈၄။ ဝတ္ထုနှင့် သန်၊ နာမ်-မဟာဘူ၊ ကလာပ် တူ၊ ယူလေ အဉ်မည။
၅၈၅။ မိမိနှင့်မူ၊ အတူဖြစ်ရန်၊ ကျေးဇူးသန်၊ အမှန်သဟဇ။
၅၈၆။ ရုပ် အာဟာရံ၊ ဇီဝိတံ၊ မှတ်ရန် တဌာန။ (ဥပသဟဇာတ ၆-မျိုး)
၅၈၇။ ဝတ္ထုပုရေ၊ စုံခြောက်ထွေ၊ မှတ်လေ တဌာန။ (ဝတ္ထုပုရေဇာတ ၆-မျိုး)
၅၈၈။ အာရုံပုရေ၊ သုံးပါးထွေ၊ မှတ်လေ တဌာန။ (အာရမ္မဏပုရေဇာတ ၆-မျိုး)
၅၈၉။ ဝတ်-အာ-ပုရေ၊ ငါးခုထွေ၊ မှတ်လေ တဌာန။ (ဝတ္ထာရမ္မဏပုရေဇာတ ၅-မျိုး)
၅၉၀။ ပစ္ဆာဇာတေ၊ လေးပါးထွေ၊ မှတ်လေ တဌာန။
၅၉၁။ အနန္တရေ၊ ခြောက်ပါးထွေ၊ မှတ်လေ တဌာန။
၅၉၂။ ရုပ်ကမ္မဇံ၊ ဝိပါက်နာမ်တို့၊ ဖြစ်ရန်နာနာ၊ ခဏိကာ၊ နှစ်ဖြာ ပစ္စယ။ (နာနက္ခဏိက ပစ္စည်း ၂-မျိုး)
၅၉၃။ လေးခုမဂ်မှာ၊ စေတနာ၊ ခြောက်ဖြာ ပစ္စယ။
အတိတ်သက်သက်ပစ္စည်းမျိုး ပြီး၏၊

--------------

ဤအခန်း၌ အတိတ်သက်သက် ပစ္စည်းမျိုးများသည့် အဖြစ်ကြောင့် (ပစ္စုပ္ပန်၌ ဖြစ်သော ပစ္စည်းအချို့ပါနေသော်လည်း) အတိတ်သက်သက် ပစ္စည်းမျိုးဟု ခေါင်းတပ် လိုက်ခြင်းဖြစ်သည်။

ကာလသုံးပါး, ကာလဝိမုတ် ပစ္စည်းမျိုး

၅၉၄။ ဆိုပြီး ကြွင်းကျန်၊ အာရမ္မဏ်၊ သုံးတန် ပစ္စည်းမျိုး။
၅၉၅။ ရှစ်လောဘမု၊ မဟာကု၊ လေးခု ဉာဏ်ကြိယာ။
၅၉၆။ လောကုတ် ရှစ်ခု၊ ဤစိတ်စု၊ ဂရုပြုတတ်စွာ။
၅၉၇။ ပကတူတုံ၊ အကြွင်းပုံ၊ လုံးစုံ နာမ်အားသာ။
ကာလသုံးပါး ကာလဝိမုတ်ပစ္စည်းမျိုး ပြီး၏၊

------

ခြောက်ရာသီ ဝေဘန်ချက်

၅၉၈။ နာမ်လျှင် နာမ်အား၊ ခြောက်မျိုးပြား၊ ငါးပါး နာမ်ရုပ်ငှါ။
၅၉၉။ နာမ်လျှင် ရုပ်အား၊ မျိုးတပါး၊ နာမ်အား ရုပ်ဧကာ။
၆၀၀။ ပညတ် နာမ် ရုပ်။ နာမ်အား ဒုက်၊ ဒုက်- ဒုက် ကိုးမျိုးသာ။
ခြောက်ရာသီ ဝေဘန်ခန်း ပြီး၏၊

---------

ပစ္စည်းအားလုံး ၄-ပစ္စည်း၌ ဝင်ပုံ

၆၀၁။ အာ, ဥ, ကံ, အတ်၊ လေးရပ် ဤတွင်။ အကုန်ဝင်၊ ကုန်စင် ခွဲစိတ်ဖြာ။
ပစ္စည်းခန်း ပြီး၏၊

----------

အတ္ထပညတ်, နာမပညတ်

၆၀၂။ နက်, နာမ်-ပညတ်၊ နှစ်ပါးမှတ်၊ ခေါ်အပ် ခေါ် ကြောင်းသိ။
၆၀၃။ တဇ္ဇု, ပါဒံ၊ သမူဟံ သဏ္ဌာန်, သန္တတိ။
၆၀၄။ ကာလံ, အဒ္ဓံ၊ အာကာသံ၊ ဒိသံ, ဒေသာဒိ။
၆၀၅။ အဝိဇ္ဇမာန်၊ ဝိဇ္ဇမာန်၊ နာမ်၌ နှစ်ပါးသိ။
၆၀၆။ ပုဒ်ချင်းတဖန်၊ တွဲယှက်ပြန်၊ နာမ်၌ ခြောက်ပါးရှိ။
၆၀၇။ အတ္ထံ, နာမံ၊ ဂဟဏံ၊ ဝဒန် စဉ်တိုင်းသိ။
၆၀၈။ နာမံ, အတ္ထံ၊ ဂဟဏံ၊ သုဏန် စဉ်တိုင်းသိ။
၆၀၉။ ဝိညတ် အလို၊ နှစ်ပါးကို၊ ထိုနှင့် ဆိုင်ရာထည့်။
၆၁၀။ စိတ်, စေတသိက်၊ ရုပ်, နိဗ် လေးရပ်၊ ပရမတ် သစ္စာ၊ ပညတ်မှာ၊ သစ္စာ သမ္မုတိ။
ပိုဒ်ပေါင်း ရှစ်ဆယ်၊ လင်္ကာခြယ်၊ ဤဝယ် ပစ္စည်းပြီး။ ပစ္စည်းပိုင်းပြီး၏၊

----------

၉-ကမ္မဋ္ဌာန်းပိုင်း

သီလဝိသုဒ္ဓိ, စိတ္တဝိသုဒ္ဓိ, ဒိဋ္ဌိဝိသုဒ္ဓိ, ကင်္ခါဝိတရဏဝိသုဒ္ဓိ, မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ, ပဋိပဒါ ဉာဏဒဿန ဝိသုဒ္ဓိ, လောကုတ္တရ ဉာဏဒဿနဝိသုဒ္ဓိ။ (ဝိသုဒ္ဓိ ၇-ပါး )

သီလဝိသုဒ္ဓိ

၆၁၁။ အဓိသီလ၊ စိတ္တ, ပညာ၊ သာသနာ၊ သိက္ခာ သုံးပါးမှတ်။
၆၁၂။ အာဒိဗြဟ္မ၊ စရိယနှင့်၊ ထိုမှတစိ၊ အဘိသမာစာရိက၊ ဤနှစ်ဝ၊ သီလ သာသနာ။
၆၁၃။ အာဇီဝဋ္ဌ၊ အကျဉ်းပြ၊ ဗြဟ္မ အာဒိသာ။
၆၁၄။ ကာယ သုံးလီ၊ လေး ဝစီ၊ အာဇီ ရှစ် သမ္မာ။
၆၁၅။ ကျင့်ဝတ် ဓုတင်၊ အမွမ်းတင်၊ ဖြူစင် ဘိသမာ။
၆၁၆။ ပါတိမောက္ခ၊ သံဝရနှင့်၊ ဇီဝပါရိ၊ သုဒ္ဓိ တလစ်၊ ပစ္စယသန်၊ နိဿိတန်တည့်၊ ခြောက်တန် ဣန္ဒြေ၊ လုံခြုံစေမှု၊ သုဒ္ဓိစု၊ စတုလေးလီဖြာ။
သီလဝိသုဒ္ဓိ ပြီး၏၊

---------

စိတ္တဝိသုဒ္ဓိ
ကမ္မဋ္ဌာန်း-၄၀

၆၁၇။ မြေ, ရေ, မီး, လေ၊ ညို, ရွှေ, နီ, ဖြူ၊ ပေါက်, လင်းဟူ၊ ဆယ်ဆူ ကသိဏာ။
၆၁၈။ ရောင်, ညို, ပြည်, ပြတ်၊ ခဲအပ်, ပစ်ထား၊ ဓားဖြတ်ပစ်ရေး၊ သွေးယို, ပိုးစု၊ အရိုးစု၊ ဆယ်ခု အသုဘာ။
၆၁၉။ ဗုဒ်, ဓမ်, သံ, သီ၊ စာဂီ, ဒေဝတာ၊ သမာ-ဥပ၊ မရဏနှင့်၊ ကာယဂတာ၊ အာနာပါ၊ ဆယ်ဖြာ နုဿတိ။
၆၂၀။ မေ, က, မု, ဥ၊ ပွားများမှု၊ လေးခု ပမညာ။
၆၂၁။ အာဟာရတွင်၊ ရွံဘွယ်လျှင်၊ မှတ်ထင် ဧက် သညာ။
၆၂၂။ ဓာတ်ကြီးလေးခု၊ ပိုင်းခြားမှု၊ စတု ဝဝတ္ထာ။
၆၂၃။ အာ, ဝိဉ်, အာ,နေ၊ ဤ လေးထွေ၊ မှတ်လေ အရူပါ။
ကမ္မဋ္ဌာန်း ၄၀- ပြီး၏၊

----------

သပ္ပါယအပြား

၆၂၄။ ရာ, ဒေါ, မော, ဝိ၊ သဒ်, ဗုဒ္ဓိ၊ စရိ ဤခြောက်ဖြာ။ 
၆၂၅။ အသု, ကာယ၊ ဆဲ့တဝ၊ ရာဂ လျော်လှစွာ။
၆၂၆။ အဆင်း, မည၊ ရှစ် ဌာန၊ ဒေါသ လျော်လှစွာ။
၆၂၇။ အာနာပါန၊ အလျော်ကျ၊ မောဟ, ဝိတက်သာ။
၆၂၈။ မရဏ နှင့်၊ ဥပသမာ၊ သညာ တဖန်၊ ဝဝတ္ထာန်၊ လေးတန် ဗုဒ္ဓိသာ။
၆၂၉။ နုဿတိ ဆ၊ သဒ္ဓါ ကျ၊ သေသ အားလုံးသာ။
၆၃၀။ ကသိုဏ်း ကြီးမူ၊ မောဟယူ၊ ငယ်မူ ဝိတက်သာ။
သပ္ပါယအပြား ပြီး၏၊

---------

နိမိတ် အပြား

၆၃၁။ ပရိကမ္မ၊ ဥဂ္ဂဟတည့်၊ ပဋိဘာဂါ၊ ဤ သုံးဖြာ၊ ထင်လာ နိမိတ်တည်း။
၆၃၂။ လေးဆယ်လုံးမှာ၊ ရှေ့နှစ်ဖြာ၊ လျော်စွာ ရသတည်း။
၆၃၃။ ကသိုဏ်း, သုဘာ၊ ကာ, အာနာ၊ ပဋိဘာဂတည်း။
နိမိတ်အပြား ပြီး၏၊

---------

ရူပစျာန်

၆၃၄။ ပရိ, ဥပစံ၊ အပ္ပနံ၊ သုံးတန် ဘာဝနာ။
၆၃၅။ ပရိ, ဥဂ်မူ၊ ပရိ ယူ၊ ဘာ မူ ဥ, အပ် သာ။
၆၃၆။ နုဿတိ ရှစ်၊ သညာ ဧက်၊ တလှစ် ဝဝတ္ထာ။
၆၃၇။ ပရိ, ဥပ၊ နှစ်ခုမျှ၊ ရထိုက် ဘာဝနာ။
၆၃၈။ အကြွင်း သုံးဆယ်၊ အာရုံဝယ်၊ သုံးသွယ် ဘာဝနာ။
၆၃၉။ က, သု, ကာ, အာ၊ ပမညာ၊ ရူပါ သုံးဆယ် အပ်။
၆၄၀။ သညာ တတန်၊ ဝဝတ္ထာန်၊ ရှစ်တန် နုဿတိ။
၆၄၁။ ဘာဝနာ သုံးတန်၊ ဖြစ်ပွားဟန်၊ မှတ်ရန် ဤသို့တည့်။
၆၄၂။ ပရိ အစ၊ ဥဂ္ဂဟ အလယ်၊ နှစ်သွယ် ရှုဘိ၊ သမာဓိ၊ ပရိကမ္မသာ။
၆၄၃။ ပဋိဘာဂ၊ ထင်လာက၊ နီဝရဏကွာ။
၆၄၄။ နီဝရဏ၊ ကွာတုံက၊ ဥပစာရလာ။
၆၄၅။ ထိုနောက် ဖန်ဖန်၊ ပွားတုံပြန်၊ ပ-စျာန် အပ္ပနာ။
၆၄၆။ အာဝဇ္ဇနံ၊ အာပဇ္ဇန် ၂၊ ဓိဋ္ဌာန်, ဝုဋ္ဌာန။
၆၄၇။ ပစ္စဝေက္ခန်၊ ဤ ငါးတန်၊ လျင်မြန် လိုတိုင်းရ။
၆၄၈။ ရှေးရှေး စျာနင်၊ ပယ်စွန့်လျှင်၊ အစဉ် နောက်စျာန်ရ။
ရူပစျာန် ငါးပါး ပြီး၏၊

------------

အရူပစျာန်

၆၄၉။ အာရုံ ပြောင်းကာ၊ ပွားတုံပါ၊ လေးဖြာ အရူပ။
အရူစျာန် ပြီး၏၊

------

အဘိညာဉ်

၆၅၀။ ဣဒ္ဓိဝိဓ၊ ဒိဗ္ဗ နှစ်ထွေ၊ စေတောပရိ၊ ပုဗ္ဗေနိဝါ၊ ယထာကမ္မံ၊ နာဂတံသ၊ ဤ သတ္တ၊ မှတ်ကြ အဘိညာ။
၆၅၁။ ပါဒကစျာန်၊ အဓိဋ္ဌာန်နှင့်၊ တဖန် ပါဒက၊ စတုတ္ထ၊ ကျတုံ အဘိညာ။
စိတ္တ ဝိသုဒ္ဓိ ပြီး၏၊

-------------

ဒိဋ္ဌိ ဝိသုဒ္ဓိ

၆၅၂။ လက္ခဏနှင့်၊ ရသ နှစ်ခု၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်၊ သိမ်းရန် နာမ်နှင့် ရုပ်။
၆၅၃။ လေးချက် ပိုင်ပိုင်၊ ပိုင်းခြားနိုင်က၊ သတ္တ, ဇီဝ၊ အတ္တ အယူ၊ ကင်းစင်ဖြူ၊ မှတ်ယူ ဒိဋ္ဌိဝိသုဒ္ဓိ။

ကင်္ခါဝိတရဏ ဝိသုဒ္ဓိ

၆၅၄။ နာမရူပ၊ သင်္ခါရ၏၊ ပဋိစ္စဓာတ်၊ သမုပ္ပါဒ်ကို၊ အထပ် ထင်ထင်၊ ပိုင်ပိုင်မြင်က၊ ကင်္ခါယုံမှား၊ ဆဲ့ခြောက်ပါးနှင့်၊ ရှစ်ပါးဝိစိ၊ ဒိဋ္ဌိ ဖြာဖြာ၊ ကင်စင်းကွာ၊ ကင်္ခါဝိတရဏ ဝိသုဒ္ဓိ။

ဝိပဿနာဉာဏ် ၁၀-ပါး

သမ္မသနဉာဏ်, ဥဒယဗ္ဗယဉာဏ်, ဘင်္ဂဉာဏ်, ဘယဉာဏ်, အာဒိနဝဉာဏ်, နိဗ္ဗိဒါဉာဏ်, မုစ္စိတုကမျတာဉာဏ်, ပဋိသင်္ခါဉာဏ်, သင်္ခါရုပေက္ခာဉာဏ်, အနုလောမဉာဏ်။

(ဝိပဿနာဉာဏ် ၁၀-ပါး။)

၆၅၅။ ခန္ဓာဒိနည်း၊ ဖွဲ့စည်းပြီးခါ၊ သုံးဖြာ လက္ခဏ၊ သုံးသပ်ရ၊ သမ္မသနဉာဏ်။
၆၅၆။ ဖြစ်ပွား ပျက်မှု၊ အစုံရှု၊ ဥဒယဗ္ဗယဉာဏ်။
၆၅၇။ အပျက်ကိုသာ၊ ရှုတုံပါ၊ သညာ ဘင်္ဂဉာဏ်။
၆၅၈။ အပျက်မြင်က၊ ဘယမစ္စု၊ ပျက်မှုခပင်း၊ ဘေးသေး မင်းဟု၊ ကြောက်ခင်း ထွေထွေ၊ ရှုတုံပေ၊ မှတ်လေ ဘယဉာဏ်။
၆၅၉။ ကြောက်ဖွယ်ခပင်း၊ မြင်တုံလျှင်းက၊ ဘေးဘယမျိုး၊ ရုပ်နာမ်ဆိုး၌၊ ကိုးရာမရှိ၊ ခက်မှန်းသိ၊ အာဒိနဝဉာဏ်။
၆၆၀။ ကိုးရာမထင်၊ ခက်ပုံမြင်က၊ မရွှင်မလန်း၊ စိတ်ကုန် ခန်း၍၊ မချမ်းမမြေ့၊ ငြီးငွေ့သောထွေ၊ စိတ်အနေ၊ မှတ်လေ နိဗ္ဗိဒံ။
၆၆၁။ ငြီးငွေ့ အားသန်၊ စိတ်ပူပန်က၊ လျင်မြန်တစိ၊ လွတ်လိုဘိ၊ မုစ္စိတု ကမျတာဉာဏ်။
၆၆၂။ လွတ်လိုလှ၍၊ လွတ်ရတဲ့ငှာ၊ ဘာဝနာ လေးဆယ်၊ အကျယ်ဖြန့်ချိ၊ အားတိုက်ဖိ၊ ပဋိသင်္ခါဉာဏ်။
၆၆၃။ အားတိုက်ရှု၍၊ လွတ်မှု လွတ်ရန်၊ အမြင်သန်က၊ ရုပ် နာမ်ဓမ္မ၊ သင်္ခါရဝယ်၊ မတွယ်သမှု၊ လျစ်လျူ ရှု၊ သင်္ခါရုပေက္ခာဉာဏ်။
၆၆၄။ မဂ်ရောက် လိုသော်၊ အဆော် အနှူး၊ မဂ်လေး ဦးအား၊ အထူးလျော်မှု၊ ကျေးဇူးပြု၊ အနုလောမဉာဏ်။ ဝိပဿနာဉာဏ် ၁၀-ပါး ပြီး၏၊

---------

မဂ္ဂါမဂ္ဂဉာဏ ဒဿနဝိသုဒ္ဓိ စသော ၃-ပါး

၆၆၅။ ဥဒယဉာဏ်၊ ရင့်သန်တုံလတ်၊ ဖြစ်လာတတ်၊ ဆယ်ရပ် အန္တရာယ်။
၆၆၆။ အရောင်, ပီတိ၊ ပဿဒ္ဓိ နှစ်ဖြာ၊ သဒ္ဓါ, ဝီရိယ၊ သုခ, ဗုဒ္ဓိ၊ နိကန္တိ နှင့်၊ သတိ, ဥပေက္ခာ၊ ဤဆယ်ဖြာ၊ မှတ်ပါ အန္တရာယ်။
၆၆၇။ ထိုဆယ်ချက်တွင်၊ မဂ်အထင်ကို၊ ပယ်ထွင်ရှင်းကာ၊ အလင်းသာ၊ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ။
၆၆၈။ ဥဒယဉာဏ်၊ တဖန်ပျိုးကာ၊ ကိုးဖြာ ဉာဏ်စဉ်၊ စခန်းထွင်၍၊ အမြင်လင်းဘိ၊ ထိုးထွင်းသိ၊ ပဋိပဒါ ဉာဏဒဿနဝိသုဒ္ဓိ။
၆၆၉။ သင်္ခါရုနှင့်၊ အနုလောမ၊ ဉာဏ် နှစ်ဝ၊ ဝုဋ္ဌာနဂါမိနီလည်း ခေါ်သတည်း။
၆၇၀။ ဝုဋ္ဌာနဂါမ်၊ လွန်ရင့်သန်က၊ နိဗ္ဗာန်ပေါက်ကာ၊ မဂ်ရောက်လာ၊ ဉာဏဒဿနဝိသုဒ္ဓိ။

မဂ်တက်စဉ်

၆၇၁။ သိ, ပယ်, ဆိုက်, ပွား၊ လေးပါး အချက်၊ တပြိုင်နက်၊ မဂ်၏ ကိစ္စတည်း။
၆၇၂။ ဒိဋ္ဌိ, ဝိစိ၊ ပယ်သတ်ဘိ၊ အာဒိ မဂ်သောတာ။
၆၇၃။ မဂ်, ဖိုလ်, နိဗ္ဗာန်၊ ပယ်ကြွင်းကျန်၊ နှစ်တန်ကိလေသာ။
၆၇၄။ အစဉ်သမှု၊ အမြင်ရှု၊ ငါးခု ပစ္စဝေက္ခဏာ။
၆၇၅။ ထက်မဂ်ကိုလျှင်၊ မရောက်ခင်၊ ဖိုလ်လျှင်လည်း လျောင်းရာ။
၆၇၆။ ကာ, ဗျာ, နှစ်ထွေ၊ အကျန်ချွေ၊ ရောက်လေသကဒါဂါ။
၆၇၇။ ကာ, ဗျာ, နှစ်ထွေ၊ အကုန်ချွေ၊ ရောက်လေအနာဂါ။
၆၇၈။ သဗ္ဗကိလေ၊ အကုန်ချွေ၊ ရောက်လေ အရဟတ္တာ။ 
ဉာဏဒဿနဝိသုဒ္ဓိခန်း ပြီး၏၊

---------

ဝိမောက္ခ စသည်

အနိမိတ္တ ဝိမောက္ခ, အပ္ပဏိဟိတ ဝိမောက္ခ, သုညတ ဝိမောက္ခ။ ၆၇၉။ ဝိမောက္ခ နက်၊ ကျွတ်လွတ်ချက်၊ ဖိုလ် မဂ် မည်သညာ။ အနိမိတ္တာနုပဿနာ, အပ္ပဏိဟိတာနုပဿနာ, သုညတာ နုပဿနာ (ဝိမောက္ခမုခ ၃-ပါး။)

၆၈၀။ ဝိမောက်မုခ၊ တံခါးဝ၊ အရ လက္ခဏာ။
၆၈၁။ ဝုဋ္ဌာနဂါမိနိ၊ ဉာဏ်ဆိုက်ဘိ၊ ဝိမု နယ်အပါ။
၆၈၂။ အနိမိတ္တ၊ အနိစ္စ၊ ဒုက္ခ-ပဏိဟိတာ။
၆၈၃။ အနတ္တမူ၊ သုညယူ၊ သုံးဆူ နုပဿနာ။
၆၈၄။ ပုဂ္ဂိုလ် သတ္တဝါ၊ အင်္ဂါ ကြီးငယ်၊ ဆန်းတကြယ်၊ မှတ်ဖွယ် နိမိတ္တာ။
၆၈၅။ အကုန်နိမိတ်၊ ပျောက်အောင် ကြိတ်၊ အနိမိတ္တသာ။
၆၈၆။ အတင့် အတယ်၊ အဖွယ်အရာ၊ မင်္ဂလာ, သုဘ၊ သုခ, ဣဋ္ဌ၊ ထင်သမျှ၊ မှတ်ကြ ပဏိဟိတာ။
၆၈၇။ အကုန် ပဏိဟိ၊ ပျောက်စေဘိ၊ အပ္ပဏိဟိတာ။
၆၈၈။ နတ်, လူ, ဗြဟ္မာ၊ ငါ, သူတပါး၊ ယောကျ်ား မိန်းမ၊ ပုဂ္ဂလနှင့်၊ စိုးရ ပိုင်နိုင်၊ ခံ့ခိုင် မြင့်ရှည်၊ သက်ဆုံးတည်ဟု၊ အားစည် သမျှ၊ အနန္တ၊ အတ္တ, ဇီဝ, သာ။
၆၈၉။ အတ္တ, ဇီဝေ၊ ပျောက်ကင်းစေ၊ မှတ်လေ သုညတာ။
၆၉၀။ သူ့တံခါးမှ၊ ပေါက်ရောက်က၊ မောက္ခ သူ့ မဂ်သာ။
ပိုဒ်ပေါင်းရှစ်ဆယ်၊ လင်္ကာခြယ်၊ ဤဝယ်ကမ္မဋ္ဌာန်းပြီး။
ကမ္မဋ္ဌာန်းပိုင်း ပြီး၏၊

---------------

နိဂုံး

၁။ ခြောက်ရာ့ ခြေက်ဆယ်၊ လင်္ကာခြယ်၊ ဤဝယ် ပြီးကဗျာ။
၂။ အဌ်, သုဉ်, ဒွိ, ဧက်၊ သက္ကရာဇ်၊ ဖွားလစ်ကျမ်းဆရာ။
၃။ မုံရွာလယ်တီ၊ တောရပ်မှီ၊ မထေရ် ဉာဏ်ဓဇာ။
၄။ ဗျည်း, ဆ, ဒွိ, ဧ၊ ကဆုန် နွေ၊ ပြီးပြေ ဤကျမ်းစာ။
၅။ ပရမတ်သံခိပ်၊ ဘွဲ့တံဆိပ်၊ ခပ်နှိပ် မည်သညာ။
၆။ ပိဋကတ် နှစ်ပုံ၊ အကျဉ်းခြုံ၊ နှုတ်ငုံ သူတို့မှာ။
၇။ ပညာဓိက၊ ဆုကြီးရ၊ အမျာ့ ကိုးကွယ်ရာ။
၈။ ကျမ်းပြုပါရ၊ ဤပုညကြောင့်၊ ဒုက္ခခပ်သိမ်း၊ ငြိမ်းစေခလို၊ ဆုပန်ဆို၊ ဗိုလ်လူသတ္တဝါ။
၉။ အနာမျိုးကင်း၊ မိုးမင်း သည်းထန်၊ နိုင်ငံခပ်သိမ်း၊ တရားထိန်း၊ ငြိမ်းစေ အဖြာဖြာ။
၁၀။ ရှစ်သောင်း လေးထောင်၊ တရားရောင်လည်း၊ မိုက် မှောင်ပယ်ထွန်း၊ ထိန်ထိန်ရွှန်း၊ ထွန်းစေသာသနာ။
ပြီး၏၊

------ * -----

ပရမတ္ထသံခိပ်အဖြေကျမ်း

၁-စိတ်ပိုင်း

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁။ စောထွတ်ဘုန်းလျှံ၊ တရားမွန်၊ သံဃံ နမာမိ။
၂။ ပရမတ်သင်္ဂြီုဟ်၊ တတ်မြောက်လို၊ လူဗိုလ်တောင်း ပန်ဘိ။
၃။ သင်္ဂြီုဟ်ဉာဏ်လောက်၊ အမြန်ရောက်၊ သံပေါက် ဆိုပိမ့်သိ။

သင်္ဂြီုဟ်ကျမ်းမည်သည် သုတ္တန် အဘိဓမ္မာ ပိဋကတ်နှစ်ပုံကို အကျဉ်းခြုံမိသောကျမ်းဖြစ်၍ မနုဿတ္တဒုလ္လဘ၊ ဗုဒ္ဓုပ္ပါဒဒုလ္လဘ၊ သဒ္ဓမ္မဿဝနအတိဒုလ္လဘကိုသိမြင်ကြကုန်သော သူအပေါင်းတို့သည် ပရမတ်သဂြုႌဟ်တတ်မြောက် လိုကြကုန်သော်လည်း သင်္ဂြီုဟ်ကျမ်း၏ ပါဠိ၏ ခက်ခဲခြင်း အနက်၏ခက်ခဲခြင်း၊ အဓိပ္ပာယ်၏ ခက်ခဲခြင်းဟူ၍ ခက်ခဲခြင်း သုံးပါးရှိနေသည့်အတွက် တတ်မြောက်အောင် မလုပ်ကြံနိုင် ရှိနေကြသည်နှင့် ကိုးပိုင်းလုံးအကုန် အလွယ်တကူ လူတို့ တတ်မြောက်နိုင် ရာသော နည်းလမ်းကို လုပ်ကြံ၍ ပေးပါမည့် အကြောင်းနှင့် တောင်းပန် ကြကုန်သည်ဖြစ်၍ သင်္ဂြီုဟ် ကိုးပိုင်းကို မိန်းမယောကျ်ား ကျောင်းသား သူငယ်တို့ပင်လျှင် သုံးလကျော် လေးလခန့် အားထုတ်ပါလျှင် အမြန်တတ် မြောက်နိုင်ရာသော ကဗျာသံပေါက်ကို ဆိုပေအံ့-ဟူလိုသည်။ ပရမတ် ပညတ်

၄။ စိတ်, စေတသိက်၊ ရုပ်, နိဗ်, လေးရပ်၊ ပရမတ်။
၅။ သိ, ပယ်, ဆိုက်,ပွား၊ လေးပါး, ကိစ္စ၊ အပိုင်ရ၊ မုချ ပရမတ်။

စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ဟူ၍ ပရမတ္ထတရား လေးပါး ရှိ၏၊ ထိုလေးပါးမှ အလွတ်ဖြစ်သော အာရုံမျိုးသည် ပညတ် မည်၏၊ နောက်ကဗျာဖြင့် ပရမတ်နှင့် ပညတ် ခွဲရန်အချက်ကြီး လေးပါးကို ပြဆိုသတည်း။

၁။ ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်း ပရိညာကိစ္စ၊ 
၂။ သမုဒယသစ္စာကို အကြွင်းမဲ့ပယ်ခြင်း ပဟာနကိစ္စ၊ 
၃။ နိရောဓသစ္စာကို ကိုယ်တိုင် မျက်မှောက်ဆိုက်ရောက် ခြင်း သစ္ဆိကရဏကိစ္စ၊
၄။ မဂ္ဂသစ္စာကို ပွားများခြင်း ဘာဝနာ ကိစ္စ၊ 

ဤကားမြတ်စွာဘုရားတို့၏ သာသနာတော်မြတ်ကြီး၌ ပြီးစီးထ မြောက်အောင် အားထုတ်ရသော ကိစ္စကြီး လေးပါးတည်း။

၁။ ပထဝီ၊ ဖဿ အစရှိသော ဒုက္ခသစ္စာ တရားမျိုးသည် အပိုင် သိမှု၏ ဆိုင်ရာတည်း။ ပရိညာဉာဏ် ထက်သန်လေလေ ထိုတရားမျိုး၏ ထင်ရှားရှိမှု ပေါ်လေလေဖြစ်၏၊ သဘာဝ မရှိသော ပညတ်တရားသည် ထက်သန်သော ဉာဏ်နှင့်စေ့စေ့ ကြည့်မခံ၊ ထိုဉာဏ်နှင့် စေ့စေ့ကြည့် လေလေ သဘာဝ မရှိမှု ထင်ရှားလေလေ ဖြစ်၏၊ ဒုက္ခသစ္စာ တရားမျိုးမှာ မသိလျှင် သံသရာ၌ နစ်၏၊ သိလျှင် သံသရာမှ ထမြောက်၏၊ သဘာဝ မရှိသော ပညတ်မျိုးမှာ သိ မသိအတွက် ထိုကဲ့သို့သောအကျိုး အပြစ်မရှိ။

၂။ ကိလေသာ တရားမျိုးသည် အကြွင်းမဲ့ ပယ်သတ်မှု၏ ဆိုင်ရာ တည်း။ မပယ်လျှင် သံသရာ၌ နစ်၏၊ ပယ်လျှင် သံသရာမှ ထမြောက်၏၊ သဘာဝ မရှိသော ပညတ်မျိုး၌ ပယ် မပယ်အတွက် ထိုကဲ့သို့သော အကျိုးအပြစ် မရှိ။

၃။ ကိလေသာမီးတို့၏ အကြွင်းမဲ့ ငြိမ်းခြင်းဟူသော နိဗ္ဗာန်သည် ကိုယ်သန္တာန်၌ ဆိုက်ရောက်မှု၏ ဆိုင်ရာတည်း။ မဆိုက်လျှင် သံသရာ၌ နစ်၏၊ ဆိုက်လျှင်သံသရာဒုက္ခမှ ထမြောက်၏ သဘာဝ မရှိသော ပညတ်မျိုး၌ ဆိုက် မဆိုက်အတွက် ထိုကဲ့သို့သော အကျိုးအပြစ် မရှိ။

၄။ မဂ္ဂင်ရှစ်ပါး မဂ္ဂသစ္စာတရားမျိုးသည် ပွားများမှု၏ ဆိုင်ရာတည်း။ မပွားများလျှင် သံသရာ၌ နစ်၏၊ ပွားများ၍ တစ်နေ့တစ်ခြား ကြီးပွား၍ သွားလျှင် သံသရာမှ ထမြောက်၏၊ သဘာဝ မရှိသော ပညတ်၌ ကြီးပွား ဖွယ် အဘယ်မှာ ရှိအံ့နည်း။ ဤပရမတ်-ပညတ်ခွဲနည်းကို ဉာဏ်ပိုင်မှ ပရမတ်စကား နိဗ္ဗာန်စကား ပြောဆိုမှု၌ အသိဉာဏ် ရှင်းလင်းနိုင်မည်။ ပရမတ်၊ ပညတ် ခွဲခန်းပြီး၏၊

---------

ဘူမိဘေဒအားဖြင့် စိတ်-၄

၆။ ကာမ,ရူပ အရူပ၊ လောကဥတ္တရာ။
၇။ တဏှာ တြိ၊ ပိုင်းခြားဘိ၊ ဘူမိ စတုဖြာ။

စိတ်သည် ကာမစိတ်၊ ရူပစိတ်၊ အရူပစိတ်၊ လောကုတ္တရာစိတ်ဟူ၍ ဘူမိဘေဒအားဖြင့် လေးပါး အပြားရှိ၏၊
ဘူမိဘေဒ ဆိုသည်ကား- ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံ၊ လောကုတ္တရာဘုံဟူ၍ ဘုံလေးပါးပြားမှုတည်း။
ကာမတဏှာ၏ သိမ်းပိုက်ရာ အပါအဝင်ဖြစ်သော စိတ်မျိုးသည် ကာမစိတ်မည်၏၊
ရူပတဏှာ၏ သိမ်းပိုက်ရာ အပါအဝင်ဖြစ်သော စိတ်မျိုးသည် ရူပစိတ်မည်၏၊
အရူပတဏှာ၏ သိမ်းပိုက်ရာ အပါအဝင်ဖြစ်သော စိတ်မျိုးသည် အရူပစိတ်မည်၏၊
ငါ၏ကိုယ်- ငါ၏ ဥစ္စာဟု စွဲလမ်းမှုကို သိမ်းပိုက်မှု ဆိုသည်။ တဏှာ သုံးပါး၏ သိမ်းပိုက်မှုမှ လွတ်လိုသော စိတ်မျိုးသည် လောကုတ္တရာ စိတ်မည်၏၊ (ဘူမိဘေဒခွဲနည်းဘူမိဘေဒခွဲနည်း)

အသောဘဏစိတ်-၃၀

၈။ အကု ဆယ့်နှစ်၊ ဆယ့်ရှစ် အဟိတ်၊ သုံးဆယ် စိတ်၊ ယုတ်နိစ် အသောဘဏတည်း။

အကုသိုလ်စိတ် တစ်ဆယ့်နှစ်၊ အဟိတ်စိတ် တစ်ဆယ့်ရှစ်၊ ဤ ၃၀-သော စိတ်သည် အထက်၌ ဆိုလတ္တံ့သော စိတ်တို့ကဲ့သို့ တင့်တယ် သော ဂုဏ်အသရေမရှိ။ ယုတ်နိစ်သော စိတ်မျိုးဖြစ်၍ အသောဘဏ စိတ်မည်၏၊

အကုသိုလ်စိတ်-၁၂

သောမနဿသဟဂတံ=သောမနဿ ဝေဒနာနှင့် တကွဖြစ်သော သောမနဿသဟဂုတ်စိတ်။
ဥပေက္ခာသဟဂတံ=ဥပေက္ခာဝေဒနာနှင့်တကွ ဖြစ်သော ဥပေက္ခာသဟဂုတ်စိတ်။
ဒိဋ္ဌိသမ္ပယုတ္တံ=ဒိဋ္ဌိနှင့် ယှဉ်သောစိတ်။
ဒိဋ္ဌိဝိပ္ပယုတ္တံ=ဒိဋ္ဌိနှင့် မယှဉ်သောစိတ်။
ဒေါမနဿ သဟဂတံ=ဒေါမနဿ ဝေဒနာနှင့်တကွဖြစ်သော ဒေါမနဿ သဟဂုတ်စိတ်။
ပဋိဃသမ္ပယုတ္တံ= ဒေါသပဋိဃနှင့် ယှဉ်သောစိတ်။
ဝိစိကိစ္ဆာသမ္ပယုတ္တံ= ဝိစိကိစ္ဆာနှင့် ယှဉ်သောစိတ်။
ဥဒ္ဓစ္စသမ္ပယုတ္တံ= ဥဒ္ဓစ္စနှင့် ယှဉ်သောစိတ်။
အသင်္ခါရိကံ= တိုက်တွန်းမှုမရှိပဲဖြစ်နိုင်သည်။
သသင်္ခါရိကံ=တိုက်တွန်းမှုရှိမှ ဖြစ်နိုင်သည်။
[နောက်၌လည်း ဤကဲ့သို့ ဆောင်ပုဒ်များကို အထူး သိလေ။ ]

လောဘမူစိတ်-၈

၉။ သော, ဥ, နှစ်တန်၊ ဒိဌ်- သံ, ဝိ, လေး၊ ပွားရေး အ, သ၊ စိတ် ရှစ်ဝ၊ အဋ္ဌ လောဘမူ။

သော, ဥ, နှစ်တန် ဆိုသည်ကား သောမနဿဝေဒနာ ဥပေက္ခာ ဝေဒနာနှစ်ပါးတည်း။ သောမနဿ ဝေဒနာနှင့်တကွဖြစ်သော သောမနဿသဟဂုတ်စိတ်၊ ဥပေက္ခာဝေဒနာနှင့်တကွဖြစ်သော ဥပေက္ခာသဟဂုတ်စိတ်ဟူ၍ ဝေဒနာဘေဒအားဖြင့် နှစ်ပါးဖြစ်၏၊

ဒိဌ်-သံ, ဝိ, လေး ဆိုသည်ကား ယခင်နှစ်ပါးကို ဒိဋ္ဌိသမ္ပယုတ်၊ ဒိဋ္ဌိဝိပ္ပယုတ် နှစ်ပါးနှင့်ပွါးသော် လေးပါးဖြစ်၏၊ ပွားပုံကား- သောမနဿ သဟဂုတ်သည် ဒိဋ္ဌိသမ္ပယုတ်-၁၊ ဒိဋ္ဌိဝိပ္ပယုတ်-၁ ဟူ၍ နှစ်ပါးဖြစ်၏၊ ထိုအတူ ဥပေက္ခာသဟဂုတ်သည်လည်း နှစ်ပါးဖြစ်၏၊ သမ္ပယုတ်အပြား အားဖြင့် လေးပါးဖြစ်၏၊

ပွားရေး အ,သ၊ စိတ်ရှစ်ဝ ဆိုသည်ကား ယင်းလေးပါးကို အသင်္ခါရိက၊ သသင်္ခါရိက ၂-ပါးနှင့် ပွားပြန်သော် စိတ် ရှစ်ပါးဖြစ်၏၊

ပွားပုံကား-ထိုလေးပါးတွင် ပထမဖြစ်သော သောမနဿသဟဂုတ် ဒိဋ္ဌိသမ္ပယုတ်စိတ်သည် အသင်္ခါရိက-၁၊ သသင်္ခါရိက-၁ ဟူ၍ ၂-ပါး ဖြစ်၏၊ ထိုအတူ သောမနဿသဟဂုတ် ဒိဋ္ဌိဝိပ္ပယုတ်၊ ဥပေက္ခာသဟဂုတ် ဒိဋ္ဌိသမ္ပယုတ်၊ ဒိဋ္ဌိဝိပ္ပယုတ်တို့၌လည်း နှစ်ပါးနှစ်ပါးစီ ဖြစ်၏၊

သင်္ခါရဘေဒအားဖြင့် လောဘမူစိတ် ရှစ်ပါးဖြစ်၏၊ လောဘ သဟဂုတ်စိတ်လည်း ခေါ်၏၊ လောဘဟူသော မူလတရား ဟိတ်တရား ပြဓာန်းခြင်းရှိသောကြောင့် လောဘမူစိတ် ခေါ်သတည်း။ ဤနည်းကိုမှီး၍ နောက်နောက်သော စိတ်တို့၌လည်း ပွားပုံ ပွားနည်းကို သိလေ။ လောဘမူစိတ် ပြီး၏၊

-----------

ဒေါသမူစိတ်-၂

၁၀။ ဒေါမနဿ၊ ပဋိဃ သံ၊ အ, သ ရံ၊ နှစ်တန် ဒေါသမူ။

ဒေါမနဿဝေဒနာနှင့်တကွဖြစ်သော ဒေါမနဿသဟဂုတ် ပဋိဃသမ္ပယုတ်အသင်္ခါရိကစိတ်၁ပါး၊ သသင်္ခါရိကစိတ်-၁ ဟူ၍ ဒေါသမူစိတ် နှစ်ပါးဖြစ်၏၊ ပဋိဃ ဆိုသည်ကား ဒေါသပင်တည်း။

မောဟမူစိတ်-၂

၁၁။ ဥပေက္ခာ မှီ၊ ဝီစိ, ဥဒ္ဓစ်၊ သံပွါးလစ်၊ နှစ်ခု မောဟမူ။ ဥပေက္ခာဝေဒနာနှင့်တကွဖြစ်သော ဥပေက္ခာသဟဂုတ် တစ်ခုကို ဝိစိကိစ္ဆာသမ္ပယုတ်-၁၊ ဥဒ္ဓစ္စသမ္ပယုတ်-၁ ဟူ၍သာ ပွါးသော် မောဟမူစိတ် နှစ်ပါးဖြစ်၏၊

၁၂။ လော-ရှစ်, ဒေါ-နှစ်၊ မော-လည်း နှစ်၊ ဆယ့်နှစ်အကုဟူ။

လောဘမူစိတ် ရှစ်ပါး ဒေါသမူစိတ် နှစ်ပါး မောဟမူစိတ် နှစ်ပါး၊ ပေါင်း အကုသိုလ်စိတ် ၁၂-ပါးရှိ၏၊

၁၃။ သော-လေး, ဥ-ဆ၊ ဒေါ-နှစ်မျှ၊ ဒွါဒ-အကုယူ။

ဤ အကုသိုလ်စိတ် ၁၂-ခု၌ သောမနဿသဟဂုတ်စိတ် လေးခု၊ ဥပေက္ခာသဟဂုတ်စိတ် ခြောက်ခု၊ ဒေါမနဿသဟဂုတ်စိတ် နှစ်ခု ပါရှိကုန်၏၊ ပေါင်းလျှင် ၁၂-ဖြစ်၏၊

အကုသိုလ်စိတ် ပြီး၏၊

------------

အဟိတ်စိတ်-၁၈

သုခသဟဂတံ=သုခဝေဒနာနှင့်တကွဖြစ်သော သုခသဟဂုတ်စိတ်။
ဒုက္ခသဟဂတံ=ဒုက္ခဝေဒနာနှင့်တကွဖြစ်သော ဒုက္ခသဟဂုတ် စိတ်။
သမ္ပဋိစ္ဆန = လက်ခံ သိမ်းပိုက်ခြင်း။
သန္တီရဏ = စိစစ်ခြင်း။
အာဝဇ္ဇန = ဆင်ခြင်ခြင်း။
ဟသိတုပ္ပါဒ = ပြုံးရယ်မှုကို ဖြစ်စေခြင်း။
စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ။ ( မှီရာဝတ္ထုရုပ် ငါးပါး။)

အကုသလဝိပါက် -၇

၁၄။ စက်, သော, ဃာ ဇီ၊ ကာကို မှီ၊ ငါးလီ ဝိညာဏ်မှတ်။
၁၅။ သံ, သန်, နှစ်ခု၊ လောင်းပြန်မှု၊ အကုဝိပါက် သတ်။
၁၆။ သံ, သန်, သန်ဟု၊ လောင်းပြန်မှု၊ ကုသလဝိပါက် အဌ်။

စက္ခုဝတ္ထု၊ သောတဝတ္ထု၊ ဃာနဝတ္ထု၊ ဇိဝှါဝတ္ထု၊ ကာယဝတ္ထု ဤဝတ္ထု ငါးခုကိုမှီသော စက္ခုဝိညာဏ်-၁၊သောတဝိညာဏ်-၁၊ ဃာန ဝိညာဏ်-၁၊ ဇိဝှာဝိညာဏ်-၁၊ ကာယဝိညာဏ်-၁၊ ငါးခြုဖစ်၏၊ ယင်းငါးခု တွင် သံ, သန်,နှစ်ခုလောင်း၊ သမ္ပဋိစ္ဆိုင်းစိတ်၊ သန္တီရဏစိတ်၂-ခုလောင်း ဆိုလိုသည်။ အကုသလဝိပါက် ၇-ခုဖြစ်၏၊

အဟိတ်ကုသလဝိပါက်-၈

တစ်ဖန် ယခင်(ပဉ္စဝိညာဉ်) ၅-ခုတွင် သံ,သန်, သန်,၃-ခုလောင်း၊ သမ္ပဋိစ္ဆိုန်း-၁၊ သန္တီရဏ-၂၊ ဤ ၃-ခုလောင်း ဆိုလိုသည်။ အဟိတ် ကုသလဝိပါက် ရှစ်ခု ဖြစ်၏၊

အဟိတ်ကြိယာ-၃

၁၇။ အာဝဇ္ဇန်း ဒွိ၊ ဟသိတုပ္ပါဒ်၊ ဤသုံးရပ်၊ မှတ်လေ ကြိယာ။

ပဉ္စဒွါရာဝဇ္ဇန်း-၁၊ မနောဒွါရာဝဇ္ဇန်း-၁၊ ဟသိတုပ္ပါဒ်-၁၊ ဤစိတ် ၃-ခုသည် အဟိတ်ကြိယာ ၃-ခု မည်၏၊

ဒုက္ခသဟဂုတ် စသည် အခွဲ

၁၈။ ကာယ နှစ်လီ၊ ဒု, သု မှီ၊ ကုတီ, ဟသိ သော။
၁၉။ အကြွင်း စုဒ္ဒသ်၊ ဥနှင့် ကပ်၊ ဋ္ဌာရသ် စိတ်မနော။

အကုသလဝိပါက် ကာယဝိညာဏ်စိတ်သည် ဒုက္ခသဟဂုတ် တည်း။

ကုသလဝိပါက် ကာယဝိညာဏ်စိတ်သည် သုခသဟဂုတ်တည်း။ ကုသလဝိပါက် သန္တီရဏ ၂-ခုတို့တွင် တစ်ခုသည် သောမနဿ သဟဂုတ်တည်း။ ဟသိတုပ္ပါဒ်စိတ်သည်လည်း သောမနဿသဟဂုတ် တည်း။

ဤစိတ် ၄-ခုမှ ကြွင်းသော အဟိတ်စိတ် ၁၄-ခုသည် ဥပေက္ခာ သဟဂုတ်ချည်းသာတည်း။

အကုသိုလ်ကံ၏ အကျိုးဖြစ်သော အကုသလဝိပါက်-၇၊ ကုသိုလ် ကံ၏ အကျိုးဖြစ်သော အဟိတ်ကုသလဝိပါက်-၈၊ အဟိတ်ကြိယာ-၃၊ အဟိတ်စိတ် ၁၈-ခုဖြစ်၏၊

အကု ဆယ့်နှစ်၊ ဆယ့်ရှစ် အဟိတ် ဟူ၍ ဆိုခဲ့သော အသောဘဏစိတ်-၃၀ ဖြစ်၏၊

အသောဘဏစိတ် ပြီး၏

------------

သောဘဏစိတ်

၂၀။ ကျဉ်း ဗျည်း နဝစ်၊ ကျယ် နော-ဧက်၊ လှစ်ပိမ့် သောဘဏာ။

ဤမှ အထက်၌ ဆိုလတ္တံ့သော စိတ်အကျဉ်း-၅၉၊ အကျယ်၉၁သည် သောဘဏစိတ် မည်၏ ဟူလို။

ကာမာဝစရသောဘဏစိတ်-၂၄

၂၁။ သော, ဥ, နှစ်တန်၊ ညဏ်သံ, ဝိလေး၊ ပွားရေး အ, သ၊ အဋ္ဌ သုံးလီ၊ ကု, ဝိ, ကြီ၊ စ-ဝီကာမ၊ သောဘဏ။

လောဘမူစိတ် ရှစ်ခုမှာ ဝေဖန်မှုအတိုင်း သောမနဿသဟဂုတ်၊ ဥပေက္ခာသဟဂုတ် ၂-ခုကို မူလထား၍ ဉာဏသမ္ပယုတ်၊ ဉာဏဝိပ္ပယုတ် ၂-ခုစီပွား- လေးပါးဖြစ်၏၊ ယင်းလေးပါးတွင် တစ်ပါးတစ်ပါး၌ အ သင်္ခါရိက၊ သသင်္ခါရိက နှစ်ခုစီပွား-ရှစ်ခုဖြစ်၏၊ ယင်းရှစ်ခုကို ကုသိုလ်ရှစ်၊ ဝိပါက်ရှစ်၊ ကြိယာရှစ်စီပြု-စတုဝီသ ၂၄-ဖြစ်၏၊ ကာမာ ဝစရသော ဘဏစိတ် ၂၄-ခု ခေါ်သည်။

ထိုတွင် ကုသိုလ်ရှစ်ကို ကာမကုသိုလ် လည်းခေါ်သည်။ မဟာကုသိုလ် လည်းခေါ်သည်။ ဝိပါက်ရှစ်ကို သဟိတ်ကာမဝိပါက် လည်းခေါ်သည်။ မဟာဝိပါက်လည်း ခေါ်သည်။ ကြိယာရှစ်ကို သဟိတ်ကာမကြိယာ လည်းခေါ်သည်။ မဟာကြိယာ လည်းခေါ် သည်။

သဒ္ဓါ၊ သတိ အစရှိသော ကောင်းမြတ်သော စေတသိက်တရား တို့နှင့် ယှဉ်ခြင်းကြောင့် သောဘဏ ခေါ်သည်။

သောမနဿ- ၁၂-၊ ဥပေက္ခာ-၁၂-၊ ပေါင်း -၂၄-။ တနည်းဉာဏသမ္ပယုတ် -၁၂ -၊ ဉာဏဝိပ္ပယုတ် -၁၂ -၊ ပေါင်း -၂၄-။ တနည်းအသင်္ခါရိက-၁၂-၊ သသင်္ခါရိက-၁၂-၊ ပေါင်း-၂၄။

ကာမာဝစရသောဘဏစိတ်-၂၄- ပြီး၏၊

-------------

ကာမစိတ်-၅၄

၂၂။ အကု-ဒွါဒီ၊ ကု-ရှစ်လီ၊ တေဝီ-ဝိပါက်ရေး။
၂၃။ ဆယ့်တစ်-ကြိယ၊ ပေါင်းတုံက၊ ကာမငါးဆယ့်လေး။

အကုသိုလ်စိတ်-၁၂၊ ကုသိုလ်စိတ်-၈၊ ဝိပါက်စိတ်-၂၃၊ ကြိယာ စိတ်-၁၁၊ ပေါင်း ကာမစိတ်၅၄-ဖြစ်၏၊ (ဝိပါက်-၂၃မှာ အဟိတ်ဝိပါက် -၁၅၊ သဟိတ်ဝိပါက်-၈။ ကြိယာ-၁၁မှာလည်း အဟိတ်ကြိယာ-၃၊ သဟိတ်ကြိယာ-၈။)

၂၄။ ဥ သုံးဆယ့်နှစ်၊ သော ဆယ့်ရှစ်၊ ဒေါနှစ်, ဒု-သုဧး။

ယင်းကာမစိတ်-၅၄တွင် ဥပေက္ခာနှင့်ယှဉ်သော စိတ်ပေါင်း-၃၂၊ သောမနဿနှင့်ယှဉ်သော စိတ်ပေါင်း-၁၈၊ ဒေါမနဿနှင့်ယှဉ်သော စိတ်ပေါင်း-၂၊ ဒုက္ခဝေဒနာနှင့် ယှဉ်သောစိတ်-၁၊ သုခဝေဒနာနှင့် ယှဉ်သောစိတ်-၁၊ ပေါင်း-၅၄ ဖြစ်၏၊

ကာမာဝစရစိတ် ပြီး၏၊

-----------

ရူပါဝစရစိတ်-၁၅

၂၅။ ဝိ, စာ, ပီ, ဝေ၊ နှစ်ပါးထွေ၊ ဧလျှင် ငါးခုမှတ်။
၂၆။ စိုက်စိုက်စူးစူး၊ အထူးမြဲမြံ၊ ရှုအားသန်၊ စျာန်ဟု ခေါ်သတတ်။

ဝိတက်, ဝိစာရ, ပီတိ, ဝေဒနာ,ဧကဂ္ဂတာ ဤစေတသိက်- ၅- ခုသည် စျာန်အင်္ဂါငါးခု မည်၏၊ ဝေဒနာသည်ကား သုခ၊ ဥပေက္ခာ နှစ်ထွေ ပြား၏၊

၂၇။ ငါး, လေး, သုံးနှစ်၊ တဖန် နှစ်၊ တွဲလစ် စျာန်ငါးရပ်။
၂၈။ ပ, ဒု, တ, စ၊ ပဉ္စမ၊ ပွားထ စျာန်ငါးရပ်။
၂၉။ ငါးစျာန်ယှဉ်မှု၊ ငါးခု သုံးလီ၊ ကု, ဝိ, ကြီ၊ ပွားပြီ စိတ်ဆယ့်ငါး။

စျာန်ငါးရပ် ပွားပုံကား

၁။ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ဤအင်္ဂါ ၅-ခု အပေါင်းသည် ပထမစျာန် မည်၏၊
၂။ ယင်းတွင် ဝိတက်ကို ချန်၍ ကျန် ၄-ခု အပေါင်းသည် ဒုတိယစျာန် မည်၏၊
၃။ ယင်းတွင် ဝိစာရကို ချန်၍ကျန် ၃-ခု အပေါင်းသည် တတိယစျာန် မည်၏၊
၄။ ယင်းတွင် ပီတိကို ချန်၍ ကျန် ၂-ခု အပေါင်းသည် စတုတ္ထစျာန် မည်၏၊

၅။ ယင်းတွင် သုခကို ချန်၍ ဥပေက္ခာကို ထည့်၍ ဥပေက္ခာ ဧကဂ္ဂတာ အင်္ဂါနှစ်ပါး အပေါင်းသည် ပဉ္စမစျာန် မည်၏၊ ဤစျာန် ၅-ရပ်နှင့် ယှဉ်သဖြင့် စိတ်သည်လည်း ပထမစျာန်စိတ်၊ ဒုတိယစျာန်စိတ်၊ တတိယစျာန်စိတ်၊ စတုတ္ထစျာန်စိတ်၊ ပဉ္စမစျာန်စိတ်ဟူ၍ ငါးပါး ဖြစ်၏၊

ယင်းငါးပါးကို ကုသိုလ်စိတ်ငါးပါး, ဝိပါက်စိတ်ငါးပါး, ကြိယာစိတ် ငါးပါး ပြု၍ ဝေဖန်ပြန်သော် ရူပါဝစရစျာန်စိတ်-၁၅-ဖြစ်၏၊ ပထမစျာန်စိတ် ၃၊ ဒုတိယစျာန်စိတ် ၃၊ တတိယစျာန်စိတ် ၃၊ စတုတ္ထစျာန်စိတ် ၃၊ ပဉ္စမစျာန်စိတ် ၃၊ ပေါင်း တစ်ဆယ့်ငါး။ တစ်နည်း-သောမနဿ စျာန်စိတ် ၁၂၊ ဥပေက္ခာစျာန်စိတ် ၃၊ ပေါင်း ၁၅။

(ဤစျာန်အရာ၌ သောမနဿကို သုခ ခေါ်သည်။) ဤရူပစိတ်၌ စျာန်အပြားကို လိုအပ်၏၊ အာရုံအပြားကို မလိုအပ်။ ပထမစျာန်၊ ဒုတိယစျာန် အစရှိသော စျာန်အပြား အားဖြင့်သာ ရူပစိတ် အများဖြစ်ရသည်။ ကသိုဏ်း အစရှိသောအာရုံ အပြားအားဖြင့် ရူပစိတ် အများဖြစ်ရသည်မဟုတ်။ ပထဝီကသိုဏ်းနိမိတ် အာရုံတစ်ခုမှာပင် ရူပစျာန်ငါးပါး အကုန်ဖြစ်နိုင်၏ဟု ဆိုလိုသည်။

ဤရူပစိတ်သည် ငါးဆင့်မြောက်အောင် ပွားအပ် ရောက်အပ် သောကြောင့် သမာပတ်အပြားအားဖြင့်လည်း ငါးပါးဖြစ်၏၊

၃၀။ သော ဆယ့်နှစ်ဝ၊ ဥ သုံးမျှ၊ ရူပ စိတ်ဆယ့်ငါး။ 

ဤရူပါဝစရစိတ် ၁၅-၌ သောမနဿ သဟဂုတ် ၁၂-ပါး ရှိ၏၊ ဥပေက္ခာသဟဂုတ် ၃-ပါး ရှိ၏၊

ရူပါဝစရစိတ် -၁၅ ပြီး၏၊

--------

အရူပါဝစရစိတ်-၁၂

၁။ အာကာသာနဉ္စာယတနစျာနံ=ကသိုဏ်း၏ကွာရာ ကောင်းကင် ပညတ်လျှင် တည်ရာအာရုံရှိသော အာကသာ နဉ္စာ ယတနစျာန် လည်းကောင်း။
၂။ ဝိညာဏဉ္စာယတနစျာနံ=ပထမအရူပဝိညာဏ်လျှင် တည်ရာ အာရုံရှိသော ဝိညာဏဉ္စာယတနစျာန်လည်းကောင်း။
၃။ အာကိဉ္စညာယတနစျာနံ=ပထမအရူပဝိညာဏ်၏ အနည်းငယ်မျှ အကြွင်းအကျန်မရှိသော နတ္ထိဘောပညတ်လျှင် တည်ရာအာရုံ ရှိသော အာကိဉ္စညာယတနစျာန်လည်းကောင်း။
၄။ နေဝသညာနာသညာယတနစျာနံ=တတိယ အရူပဝိညာဏ်လျှင် တည်ရာအာရုံရှိသော နေဝသညာနာသညာယတနစျာန် လည်းကောင်း။ [ရအောင်ကျက်၊ ဆောင်ပုဒ်။]

၃၁။ အာ, အာ, ဝိဉ်, အာ, နေ၊ စျာန် လေးထွေ၊ ဥ, ဧ, အင်္ဂါနှစ်။
၃၂။ လေးစျာန် ယှဉ်မှု၊ လေးခု သုံးလီ၊ ကု, ဝိ, ကြီ၊ ပွားပြီ စိတ် ဆယ့်နှစ်။

အာကာသာနဉ္စာယတန စသော စျာန်လေးပါးသည် ဥပေက္ခာ ဧကဂ္ဂတာ ဟူသော ပဉ္စမစျာန်ချည်းမှတ်လေ။ သမာပတ်၏ အစွမ်းဖြင့်သာ စျာန်လေးပါး ဆိုရသည်။ ယင်း စျာန်လေးပါးနှင့် ယှဉ်သဖြင့် စိတ်သည် လည်း လေးပါးဖြစ်၏၊

အာကာသာနဉ္စာယတနစျာန်စိတ် ၁၊
ဝိညာဏဉ္စာယတနစျာန်စိတ် ၁၊
အာကိဉ္စညာယတနစျာန်စိတ် ၁၊
နေဝသညာ နာသညာယတနစျာန်စိတ် ၁၊
ပေါင်းလေးပါးဖြစ်၏၊

ယင်းလေးပါးကို ကုသိုလ် ၄၊ ဝိပါက် ၄၊ ကြိယာ ၄-ပြု၍ ဝေဖန် သော် အရူပစိတ် တဆယ့်နှစ် ဖြစ်၏၊

ဤအရူပစိတ်၌ အာရုံအပြားကို လိုအပ်၏၊ စျာန်အပြားကို မလိုအပ်။ အာရုံဆိုသည်ကား ပထမစိတ်၌ ကောင်းကင်အာရုံတည်း။ ဒုတိယစိတ်၌ ပထမ အရူပဝိညာဏ်တည်း။ တတိယစိတ်၌ နတ္ထိဘော ပညတ်တည်း။ စတုတ္ထစိတ်၌ တတိယ အရူပဝိညာဏ်တည်း။ စျာန်ဆိုသည်ကား ဥပေက္ခာ၊ ဧကဂ္ဂတာ ဟူသော ပဉ္စမစျာန် တစ်ခုသာတည်း။

သမာပတ် အပြားအားဖြင့်မူကား လေးဆင့်ရှိသောကြောင့် လေးပါးဖြစ်၏၊
အရူပါဝစရစိတ်-၁၂ ပြီး၏၊

မဟဂ္ဂုတ်စိတ်-၂၇

ရူပါဝစရစိတ် ၁၅၊ အရူပါဝစရစိတ် ၁၂၊ ပေါင်း နှစ်ဆယ့်ခုနစ် ဖြစ်၏၊ မဟဂ္ဂုတ်စိတ် သတ္တဝီသ ခေါ်၏၊ ယင်းမဟဂ္ဂုတ်စိတ်၌ ကုသိုလ် ၉၊ ဝိပါက် ၉၊ ကြိယာ ၉၊ ပေါင်း ၂၇-ဖြစ်၏၊

တစ်နည်း-ပထမစျာန်စိတ် ၃၊ ဒုတိယစျာန်စိတ် ၃၊ တတိယ စျာန်စိတ် ၃၊ စတုတ္ထစျာန်စိတ် ၃၊ ပဉ္စမစျာန်စိတ် ၁၅၊ ပေါင်း၂၇။ တစ်နည်း-သောမနဿစျာန်စိတ် ၁၂၊ ဥပေက္ခာစျာန်စိတ် ၁၅၊ ပေါင်း ၂၇။

ရူပစျာန် ၅-ခု၊ အရူပစျာန် ၄-ခုကို လောကီ သမာပတ် ၉-ပါး ခေါ်သည်။ ဤကား ပဉ္စကနည်း အလိုတည်း။ စတုက္ကနည်း အလို အားဖြင့် ရူပစိတ် ၁၂-ခုသာရှိ၏၊ မဟဂ္ဂုတ်စိတ် စတုဝီသ ၂၄-ခု ရှိ၏၊ သမာပတ် ရှစ်ပါးသာ ရှိ၏၊

၃၃။ စိတ် အရူပ၊ ဒွါဒသ၊ ပဉ္စမ ဥပေက္ခာဖြစ်။ 

အရူပါဝစရစိတ် ၁၂-ခုတို့သည် ပဉ္စမစျာန်စိတ် သက်သက် တို့သာတည်း။ ဥပေက္ခာစိတ် သက်သက်တို့သာတည်း။
၃၄။ မဟဂ္ဂုတ်ဟူ၊ ရူ, အရူ၊ ပေါင်းမူ-သတ်ဝီသ။ 

ရူပါဝစရစိတ် ၁၅၊ အရူပါဝစရစိတ် ၁၂၊ ပေါင်း မဟဂ္ဂုတ်၂၇၊ ပါး ရှိကုန်၏၊
၃၅။ ကု, ဝိ, ကြိ နော၊ သော ဆယ့်နှစ်ပါး၊ ဥဆယ့်ငါး၊ ပေါင်းငြား သတ်ဝီသ။

ဤမဟဂ္ဂုတ်စိတ် ၂၇-ပါးတို့၌ ကုသိုလ်ကိုးခု၊ ဝိပါက်ကိုးခု၊ ကြိယာကိုးခု ပါရှိ၏၊ မဟဂ္ဂုတ်ကုသိုလ်ကိုး၊ မဟဂ္ဂုတ်ဝိပါက်ကိုး၊ မဟဂ္ဂုတ်ကြိယာ ကိုး ဆိုလိုသည်။

ဤမဟဂ္ဂုတ် ၂၇-ပါးတို့၌ သောမနဿသဟဂုတ်စိတ် ၁၂-ပါး၊ ဥပေက္ခာသဟဂုတ်စိတ် ၁၅-ပါးရှိ၏၊ ပေါင်းလျှင် မဟဂ္ဂုတ် သတ္တဝီသ၂၇ ဖြစ်၏၊

မဟဂ္ဂုတ်စျာန်စိတ် ၂၇-ပါး ပြီး၏၊

--------

လောကီစိတ်--၈၁

၃၆။ ကာ, ရူ, အရူ၊ လောကီဟူ၊ ပေါင်းမှု ရှစ်ဆယ့်တစ်၊ 
၃၇။ ဆယ့်နှစ် အကု၊ ကု ဆယ့်ခွန်နှုန်း၊ သုံးဆယ့်နှစ် ဝိ၊ နှစ်ဆယ်ကြိ၊ ပေါင်းဘိ ရှစ်ဆယ့်တစ်။ ၃၈။ ဥ- ဇောသတ္တ၊ သော- ဥ- ဇောသတ္တ၊ သော- တတိံသ၊ ဒေါ-ဒွ၊ ဒု-သု- ဧက်။ 

ကာမစိတ် ၅၄၊ ရူပစိတ် ၁၅၊ အရူပစိတ် ၁၂၊ ပေါင်းလောကီစိတ် ၈၁၊ လောကီစိတ် ဧကာသီတိ ခေါ်၏၊ ယင်း၌ အကုသိုလ်စိတ် ၁၂၊ လောကီကုသိုလ် သတ္တရသ ၁၇၊ လောကီဝိပါက် ဗာတ္တိံသ ၃၂၊ ကြိယာ ဝီသ ၂၀၊ ပေါင်း ၈၁။

တစ်နည်း- ဥပေက္ခာ ၄၇၊ သောမနဿ ၃၀၊ ဒေါမနဿ ၂၊ သုခ ၁၊ ဒုက္ခ ၁၊ ပေါင်း ၈၁။

လောကီစိတ်-၈၁ ပြီး၏၊

--------------

လောကုတ္တရာစိတ် အကျဉ်း - ၈

၁။ သမ္မာဒိဋ္ဌိ = ကောင်းသောမြင်ခြင်း။
၂။ သမ္မာသင်္ကပ္ပ = ကောင်းသောအကြံကိုသာ ကြံခြင်း။
၃။ သမ္မာဝါစာ = ကောင်းသော စကားကိုသာ ပြောဆိုခြင်း။
၄။ သမ္မာကမ္မန္တော = ကောင်းသော အမှုကိုသာ ပြုခြင်း။
၅။ သမ္မာအာဇီဝေါ = ကောင်းသော အသက်မွေးခြင်း။
၆။ သမ္မာဝါယာမော = ကောင်းသော အားထုတ်ခြင်း။
၇။ သမ္မာသတိ = ကောင်းသော အောက်မေ့ခြင်း။
၈။ သမ္မာသမာဓိ = ကောင်းသော တည်ကြည်ခြင်း။
ဤအင်္ဂါရှစ်ပါး အပေါင်းသည် နိဗ္ဗာန်လမ်းကြောင်းဖြစ်၍ မဂ် မည်၏၊

၁။ သောတာမတ္တိမဂ္ဂေါ = နိဗ္ဗာန်သို့ တဖြောင့်တည်း သွားသော လမ်းစခန်းသို့ ရှေးဦးစွာ ဆိုက်ရောက် သော သောတာပတ္တိမဂ်လည်းကောင်း။
၂။ သကဒါဂါမိမဂ္ဂေါ=ကာမဘုံ၌ ပဋိသန္ဓေ တစ်ဖန် ပြန်ခွင့် ကျန်ရှိသေးသော သကဒါဂါမိမဂ် လည်း ကောင်း။
၃။ အနာဂါမိမဂ္ဂေါ=ကာမဘုံ၌ ပဋိသန္ဓေ တဖန်ပြန် ခွင့်မရှိသော အနာဂါမိမဂ်လည်းကောင်း။
၄။ အရဟတ္တမဂ္ဂေါ=ကိလေသာ ကင်းပြတ်သဖြင့် မြတ် သော အလှူကို ခံထိုက်သော အရဟတ္တမဂ် လည်း ကောင်း။

၃၉။ လေးမဂ် ယှဉ်ရိုး၊ ကု လေးမျိုး၊ အကျိုး ဖိုလ်လည်း လေး။

(၁) သောတာပတ္တိမဂ်စိတ် ၁၊ (၂) သကဒါမိမဂ်စိတ် ၁၊ (၃) အနာဂါမိမဂ်စိတ် ၁၊ (၄) အရဟတ္တမဂ်စိတ် ၁၊ လောကုတ္တရာကုသိုလ် ၄- ခု။ ထိုကုသိုလ်လေးခု၏ အကျိုးဖြစ်သော (၁) သောတာပတ္တိဖိုလ်စိတ် ၁၊ (၂) သကဒါဂါမိဖိုလ်စိတ် ၁၊ (၃) အနာဂါမိဖိုလ်စိတ် ၁၊ (၄) အရဟတ္တဖိုလ်စိတ် ၁၊ လောကုတ္တရာ ဝိပါက်စိတ် ၄- ခု။ ပေါင်း လောကုတ္တရာစိတ် ရှစ်ခုဖြစ်၏၊

လောကုတ္တရာစိတ် အကျဉ်းပြီး၏၊

----------

စိတ်အကျဉ်း-၈၉

၄၀။ ကီ ရှစ်ဆယ့်တစ်၊ ကုတ်မှု ရှစ်၊ ပေါင်းလစ် ရှစ်ဆယ့် ကိုး၊

လောကီစိတ် ရှစ်ဆယ့်တခု၊ လောကုတ္တရာစိတ် အကျဉ်း ရှစ်ခု၊ ပေါင်း စိတ်တစ်ခုယုတ် ကိုးဆယ် ဖြစ်၏၊

၄၁။ ဆယ့်နှစ် -အကု၊ ကု-ဧကဝိံ၊ ဆတ္တိံ သ-ဝိ၊ နှစ်ဆယ် ကြိ၊ ပေါင်းဘိ ရှစ်ဆယ့်ကိုး။

အကုသိုလ် ၁၂၊ ကုသိုလ် ၂၁၊ ဝိပါက် ၃၆၊ ကြိယာ ၂၀၊ ပေါင်း စိတ်အကျဉ်း တစ်ခုယုတ် ကိုးဆယ် ဖြစ်၏၊

စိတ်အကျဉ်း-၈၉ ပြီး၏၊

--------------

လောကုတ္တရာစိတ် အကျယ်-၄၀

၄၂။ ရှစ် လောကုတ်စု၊ တခုခုဝယ်၊ ငါးစျာန် ခြယ်၊ အကျယ် လေးဆယ်ပွား။

လောကုတ္တရာစိတ် အကျဉ်းရှစ်ခုတွင် တစ်ခုတစ်ခုကို စျာန်ငါး ပါးနှင့် ခြယ်လယ်၍ ပွားသည်ရှိသော် လောကုတ္တရာစိတ် လေး ဆယ်ဖြစ်၏၊

(၁) ပထမစျာန် သောတာပတ္တိမဂ်စိတ် ၁၊ (၂) ဒုတိယစျာန် သောတာပတ္တိမဂ်စိတ် ၁၊ (၃) တတိယစျာန် သောတာပတ္တိမဂ် စိတ် ၁၊ (၄) စတုတ္ထစျာန် သောတာပတ္တိမဂ်စိတ် ၁၊ (၅) ပဉ္စမစျာန် သောတာ ပတ္တိမဂ်စိတ် ၁ ဟူ၍ သောတာပတ္တိမဂ်စိတ် ၅-ခု။ ထိုအတူ သကဒါဂါမိ မဂ်စိတ် ၅-ခု၊ အနာဂါမိမဂ်စိတ် ၅-ခု၊ အရဟတ္တမဂ်စိတ်၅-ခု ဟူ၍ မဂ်စိတ် ၂၀၊ ထိုအတူ သောတာပတ္တိဖိုလ် အစရှိသော ဖိုလ်စိတ် ၂၀၊ လောကုတ္တရာစိတ် အကျယ်လေးဆယ်ဖြစ်၏၊

ကုသိုလ် ၂၀၊ ဝိပါက် ၂၀၊ ပေါင်း ၄၀။

တစ်နည်း- ပထမစျာန် ၈၊ ဒုတိယစျာန် ၈၊ တတိယစျာန် ၈၊ စတုတ္ထစျာန် ၈၊ ပဉ္စမစျာန် ၈၊ ပေါင်း ၄၀။

တစ်နည်း-သောမနဿ ၃၂၊ ပဉ္စမစျာန် ဥပေက္ခာ ၈၊ ပေါင်း ၄၀။ လောကုတ္တရာစိတ် အကျယ် ၄၀-ဖြစ်ရန် စျာန်ပွားရန် အကြောင်း ကား အဘယ်နည်းမေးရန်ရှိ၍ နောက်ကဗျာကို ဆို၏၊

၄၃။ မဂ်စိတ် နှစ်ဆယ်၊ ဖိုလ် နှစ်ဆယ်၊ အကျယ် လော ကုတ်ပွား။

လောကုတ္တရာစိတ် အကျယ် လေးဆယ်မှာ မဂ်စိတ်ပေါင်း ၂၀၊ ဖိုလ်စိတ်ပေါင်း ၂၀ ရှိ၏၊ ပေါင်းလျှင် ၄၀-ဖြစ်၏၊

၄၄။ သော သုံးဆယ့်နှစ်၊ ဥမူ ရှစ်၊ ပေါင်းလစ် လေး ဆယ်ထား။

ဤလောကုတ္တရာစိတ် အကျယ် ၄၀-မှာ သောမနဿသဟဂုတ် ပေါင်း ၃၂-ပါး ရှိ၏၊ ဥပေက္ခာသဟဂုတ်ပေါင်း ၈-ခုသာပါရှိ၏၊

အပ္ပနာစျာန်စိတ်ပေါင်း-၆၇

၄၅။ စျာန် မဟဂ္ဂုတ်၊ စျာန် လောကုတ်၊ သရုပ် ခြောက် ဆယ့်ခွန်။

မဟဂ္ဂုတ်စိတ် ၂၇၊ လောကုတ္တရာစိတ်အကျယ် လေးဆယ်၊ ပေါင်းလျှင် ၆၇-ဖြစ်၏၊ ဤ ၆၇-ပါးသော စိတ်တို့သည် စျာန်စိတ် မည်ကုန်၏၊ အပ္ပနာစိတ် ဟူ၍လည်း ဆိုအပ်ကုန်၏၊

လောကုတ္တရာစိတ် အကျယ်ဖြစ်ပုံနှင့်ဝါဒကွဲများ ၄၆။ ပါဒကနှင့်၊ သမ္မသိတံ၊ ပုဂ္ဂလံ၊ သုံးတန် စျာန်ပွားရာ။ လောကုတ္တရာစိတ် အကျယ်လေးဆယ်သည်ကား လောကီသမာ ပတ်ကိုးပါးကို ရပြီးသော ပုဂ္ဂိုလ်တို့၌သာ ဖြစ်၏၊ ဖြစ်ပုံကား

၁။ မဂ်၏ ရှေး၌ ဝင်စားသော ပါဒကစျာန်၏ အစွမ်းဖြင့် ၄၀- ဖြစ်သည်ဟု တစ်ဝါဒ၊
၂။ လက္ခဏာရေး တင်၍ သုံးသပ်အပ်သော သမ္မသိတစျာန် ၏အစွမ်းဖြင့် ၄၀-ဖြစ်သည်ဟု တစ်ဝါဒ၊
၃။ ပုဂ္ဂိုလ်အလိုရှိရာ ပုဂ္ဂလဇ္ဈာသယ၏ အစွမ်းဖြင့် ၄၀- ဖြစ်သည်ဟု တစ်ဝါဒ၊

ဤသို့ ဝါဒသုံးပါးရှိ၏၊ (နေရာကျအဓိပ္ပါယ် အကျယ်ကိုမူကား ငါတို့စီရင်သောသင်္ဂြီုဟ်အဖွင့်ပရမတ္ထဒီပနီ ဋီကာသစ် မှာယူလေ။)

၄၇။ ပ, ဒု, တ, စ၊ လေးဝ အညီ၊ ဆယ့်တစ်စီ၊ တေဝီ ပဉ္စမစျာန်။
၄၈။ သောမနသ် စု၊ ဇောဇော ရှု၊ ဥ-မူ တေဝီ မှန်။ 

လောကီ လောကုတ္တရာစျာန်စိတ် အကုန်ပေါင်းသည်ရှိသော် ပထမစျာန်စိတ်-၁၁၊ ဒုတိယစျာန်စိတ်-၁၁၊ တတိယစျာန်စိတ်-၁၁၊ စတုတ္ထစျာန်စိတ်-၁၁၊ ပဉ္စမစျာန်စိတ်တေဝီသ ၂၃-ဖြစ်၏၊ ယင်း ပဉ္စမစျာန်စိတ် ၂၃-သည် ဥပေက္ခာ ချည်းတည်း။ ပ၊ ဒု၊ တ၊ စ ၁၁- လေးလီ ၄၄-သည် သောမနဿချည်းသာတည်း။ လောကီ လောကုတ္တရာ အပ္ပနာစျာန် စိတ်ပေါင်း ၆၇-ပြီး၏၊

-----------

စိတ်အကျယ်-၁၂၁

၄၉။ ရှစ်ဆယ့်တစ်- ကီ၊ ကုတ် -တာလီ၊ ဧက်ဝီသတာဖြစ်။ လောကီစိတ် ရှစ်ဆယ့်တစ်၊ လောကုတ္တစိတ် အကျယ်-၄၀၊ ပေါင်းလျှင် စိတ်အကျယ် ၁၂၁-ပါးဖြစ်၏၊

၅၀။ သုံးဆယ့်ခွန်-ကု၊ အပွားရှု၊ ဝိစု-ငါးဆယ့်နှစ်။ စိတ်အကျယ် ၁၂၁-ပါးမှာ ကုသိုလ်စိတ် ၃၇-ခုပါးရှိ၏၊ ဝိပါက်စိတ် ၅၂-ပါး ပါရှိ၏၊

မဂ်စိတ် ဖိုလ်စိတ်တို့ကို စျာန်ပွားအပ်သည့်အတွက် ကုသိုလ်နှင့် ဝိပါက်တိုး၍ လာသည်။ အကုသိုလ်နှင့် ကြိယာတို့မူကား စိတ်အကျဉ်း ၈၉-မှာကဲ့သို့ပင်ဖြစ်၏၊ အကုသိုလ် -၁၂၊ ကြိယာ ၂၀-ပင်ဟူလို။ ၅၁။ ဥ-ပေဉ္စးစေး၊ သော-ဆဒွေး၊ ဒေါ-ဒွေး, ဒု-သု-ဧက်။ ထို ၁၂၁- တို့၌ သောမနဿစိတ်ပေါင်း ၆၂၊ ဥပေက္ခာစိတ်ပေါင်း ၅၅၊ ဒေါမနဿစိတ်ပေါင်း ၂၊ ဒုက္ခ ၁၊ သုခ ၁၊ ပေါင်း ၁၂၁ ဖြစ်၏၊ ပေဉ္စးစေး ကား ၅၅ တည်း။ ဥ နှင့် သော ရှေ့နောက်ပြန်။ ကာမသော မနဿ ၁၈၊ အပ္ပနာသောမနဿ ၄၄၊ ပေါင်းသော် ဆဒွေး ဖြစ်၏၊ ကာမဥပေက္ခာ ၃၂၊ ပဉ္စမစျာန် ဥပေက္ခာ ၂၃၊ ပေါင်း ဥ-ပေဉ္စစေး ဖြစ်၏၊ * ပိုဒ်ပေါင်း ငါးဆယ်၊ ကဗျာခြယ်၊ ဤဝယ် စိတ်ပိုင်းပြီ။ ပရမတ္တသံခိပ်ကျမ်း၌ သံပေါက်ကဗျာပိုဒ်ရေ ငါးဆယ်တို့ဖြင့် ဝေဖန်အပ်သော စိတ်ပိုင်းကား ဤတွင်ပြီး၏ဟူလိုသည်။ စိတ်ပိုင်းပြီး၏၊

၂-စေတသိက်ပိုင်း

သမ္ပယောဂအင်္ဂါ ၄-ပါး

(၁) ဧကုပ္ပါဒ ဧကုပ္ပါဒ=စိတ်နှင့် အဖြစ်တူခြင်း၊ 
(၂) ဧကနိရောဓ=ဧကနိရောဓ= စိတ်နှင့် အချုပ်တူခြင်း၊ 
(၃) ဧကာရမ္မဏ=ဧကာရမ္မဏ=စိတ်နှင့်အာရုံတူခြင်း၊ 
(၄) ဧက ဝတ္ထုက=စိတ်နှင့် မှီရာဝတ္ထုတူခြင်း။ [ရစေ၊ ဆောင်ပုဒ်။]

သမ္ပယောဂအင်္ဂါလေးပါး ခေါ်သည်။ ဤအင်္ဂါလေးပါးနှင့် ညီစွာ စိတ်နှင့်ယှဉ်စပ်ဖက်တွဲ၍ဖြစ်သော တရားစုကို စေတသိက် ဆိုသည်။

စိတ်ဆိုသည်ကား အာရုံကို အရယူမှု သက်သက်သာတည်း။ ထိုအရယူမှုကို မှီတွယ်၍ တွေ့ထိမှု ခံစားမှု မှတ်သားမှု စသည် ၅၂- မှုဖြစ်ရသည်။ ကွဲပြားအောင် ကြံလေ။

၅၂။ ဖြစ်, ပျက်, မှီ,အာ၊ တူ လေးဖြာ၊ အင်္ဂါ ယှဉ်နိမိတ်။ စိတ်နှင့် ဖြစ်အတူ၊ ပျက်အတူ၊ မှီရာအတူ၊ အာရုံအတူ ဤအင်္ဂါ လေးပါးသည် ယှဉ်မှု၌သိမှတ်ရန်အကြောင်း နိမိတ်တည်း။

စေတသိက်-၅၂

၅၃။ စိတ်၌ မှီတွယ်၊ စိတ်ကို ခြယ်၊ ငါးဆယ်နှင့်ဒွိတ်၊ စေတသိက်။

စိတ်မှာ ဖြစ်ပွား၍ စိတ်မှာ မှီတွယ်၍ စိတ်ကို အဆန်းတကြယ် ခြယ်လယ်၍ နေကြသည့် ငါးဆယ့်နှစ်ပါးသော တရားတို့ကို စေတသိက် ဆိုသည်။

သဗ္ဗစိတ္တသာဓာရဏ စေတသိက်-၇

၅၄။ ဖသ်, ဝေ, သဉ်, စေ၊ ဧ, ဇီ, မန၊ ဤသတ္တ၊ သဗ္ဗ စိတ်တိုင်းဖြစ်။

ဖဿ, ဝေဒနာ, သညာ, စေတနာ, ဧကဂ္ဂတာ, ဇီဝိတိန္ဒြေ, မနသိကာရ ဤခုနစ်ပါးသော စေတသိက်တို့သည် စိတ်တစ်ခုယုတ် ကိုးဆယ် အကျယ်တစ်ရာ့နှစ်ဆယ့်တစ်ပါးမှာ စိတ်တိုင်းပါရှိသည် ဟူလို။

စိတ်အလုံးစုံနှင့် ဆက်ဆံသောကြောင့် သဗ္ဗစိတ္တသာဓာရဏ စေတသိတ် ခုနစ်ခု ဆိုသည်။

၅၅။ တွေ့, ခံ, မှတ်, ဆော်၊ တည်, သက်, မြော်၊ အဖော် ခုနစ်၊ စိတ်တိုင်းဖြစ်။

ဖဿကား အာရုံကို တွေ့ခြင်းအမှုတည်း။ ဝေဒနာကား အာရုံ၏အရသာကို ခံစားခြင်းအမှုတည်း။ သညာကားသညာကား အာရုံကို မှတ်ခြင်းအမှုတည်း။ စေတနာကားစေတနာကား အာရုံ၌ သမ္ပယုတ်တရားတို့ကို စေ့ဆော်ခြင်း အမှုတည်း။ ဧကဂ္ဂတာကားဧကဂ္ဂတာကား အာရုံ၌ တည်ကြည်ခြင်း အမှုတည်း။ ဇီဝိတိန္ဒြေကားဇီဝိတိန္ဒြေကား သမ္ပယုတ်တရားတို့၏ အသက်ကိစ္စတည်း။ စောင့်ရှောက်ခြင်း ကိစ္စဟူလို။ မနသိကာရကား မနသိကာရကား အာရုံကို မြော်ရှုခြင်း၊ နှလုံးသွင်းခြင်း ကိစ္စတည်း။

ပကိဏ်းစေတသိတ်-၆

၅၆။ တက်, စာ, ဝီ, ပိ၊ ဆန်, အဓိ၊ ပြွမ်းဘိ ပကိဏ်း ခြောက်။

ဝိတက်, ဝိစာရ, ဝီရိယ, ပီတိ, ဆန္ဒ, အဓိမောက္ခ ဤခြောက်ပါး သည် သဗ္ဗစိတ္တသာဓာရဏ ခုနစ်ပါးတို့ကဲ့သို့ စိတ်တိုင်းမှာ ယှဉ်သည် မဟုတ်။ အချို့ အချို့သောစိတ်၌သာ ပြိုးပြွမ်းသောအားဖြင့် ယှဉ်တတ် သောကြောင့် ပကိဏ်း ခေါ်သည်။

အညသမာန်း စေတသိက်-၁၃

၅၇။ ကောင်းဆိုး နှစ်တန်၊ ခပ်တိုင်းငန်၊ သမာန် အည၊ တေရသ။

ပြဆိုပြီးခဲ့သော သဗ္ဗစိတ္တသာဓာရဏ စေတသိတ်ခုနစ်ခု၊ ပကိဏ်းစေတသိက် ၆-ခု၊ ဤတစ်ဆယ့်သုံးခုသည် ကောင်းမှုမှာလည်း သူတို့ပါရှိမှ တွင်ကျယ် ပြီးစီးနိုင်သည်။ မကောင်းမှုမှာလည်း သူတို့ပါရှိမှ တွင်ကျယ်ပြီးစီးနိုင်သည်။ ထို့ကြောင့် ကောင်းဆိုးနှစ်တန် ခပ်တိုင်းငန်သည်။ အညသမာန် ခေါ်သတည်း။

အညသမာန်း စေတသိက်-၁၃ ပြီး၏၊

---------

အကုသိုလ်စေတသိက်-၁၄

၅၈။ မော, ဟိ, နောတ်, ဥဒ်၊ မော စတုက်။
၅၉။ လော, မာန်, ဒိဋ္ဌိ၊ လော တြိ။
၆၀။ ဒေါ, ဣသ်, မစ်, ကုက်၊ ဒေါ စတုတ်။
၆၁။ ထိ, မိဒ်, ဝိစိ၊ ဆုံးတြိ။

မောဟ, အဟိရိက, အနောတ္တပ္ပ, ဥဒ္ဓစ္စ ဤတရားလေးပါးကို မောဟနှင့်မှတ်၍ မောစတုက် ခေါ်ရမည်။

လောဘ, ဒိဋ္ဌိ, မာန ဤတရားသုံးပါးကို လောဘနှင့် မှတ်၍ လောတြိ ခေါ်ရမည်။
ဒေါသ, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ ဤလေးပါးကို ဒေါသနှင့် မှတ်၍ ဒေါစတုတ် ခေါ်ရမည်။
ထိန, မိဒ္ဓ, ဝိစိကိစ္ဆာ ဤကား အဆုံးသုံးပါးတည်း။ စိတ်နှင့် ယှဉ်မှုသို့ဆိုက်ရောက်သောအခါ လွယ်အောင် တွဲဖက်၍ ထားရသည်။

၆၂။ ယုတ်မာ ညစ်ကြေး၊ မိုက်မဲမှေး၊ ဆယ့်လေး အကုသိုလ်။

အကုသိုလ် စေတသိက်-၁၄-ပြီး၏၊

-----------

သောဘဏသာဓာရဏ စေတသိတ်-၁၉

၆၃။ သဒ္ဓါ သတိ၊ ဟိရိ, ဩတ္တပ်၊ ဟိတ် နှစ်ရပ်၊ တတြ မဇ္ဈတ္တတာ။

အလောဘ, အဒေါသကို ဟိတဟိတဟိတ် နှစ်ရပ်ဆိုသည်။ သဒ္ဓါ, သတိ, ဟိရီ, ဩတ္တပ္ပ, အလောဘ, အဒေါသ, တတြမဇ္ဈတ္တတာ ၇-ပါး။ ကုသိုလ်အရာ၌ စိတ်သဘော ညက်ညောမှုသည် တတြမဇ္ဈတ္တတာတည်း။

၆၄။ ပဿဒ္ဓိ, လဟု၊ မုဒု, ကမ္မဉ်၊ ပါဂုညင်နှင့်၊ ထိုပြင် ဥဇုက၊ ခြောက်ဓမ္မ၊ ကာယ, စိတ်နှင့် နှော။
ကာယ၊ စိတ္တ နှစ်ခုနှင့် ထိုဓမ္မခြောက်ပါးကို အစဉ်အတိုင်း သမာသ်ပုဒ် ဖြစ်အောင် နှောလေဟူလို။

နှောပုံကား

ကာယပဿဒ္ဓိ၊ စိတ္တပဿဒ္ဓိ-၂၊ ကာယလဟုတာ၊ စိတ္တလဟုတာ၂၊ ကာယမုဒုတာ၊ စိတ္တမုဒုတာ- ၂၊ ကာယကမ္မညတာ၊ စိတ္တကမ္မညတာ၂၊ ကာယပါဂုညတာ၊ စိတ္တပါဂုညတာ- ၂၊ ကာယုဇုကထာ၊ စိတ္တုဇုကတာ၂၊ ပေါင်း ၁၂- ဖြစ်၏၊

၆၅။ ငြိမ်း, ပေါ့, နူးညံ့၊ ကျန်းခံ, လေ့လာ၊ ဖြောင့်စင်းစွာ၊ ခြောက်ဖြာ ကိစ္စဟော။

ပဿဒ္ဓိကား ကိုယ်စိတ် နှစ်ပါး၏ ငြိမ်းချမ်းခြင်းတည်း။ လဟုတာကား ကိုယ်စိတ် နှစ်ပါး၏ ပေါ့ပါးခြင်းတည်း။ မုဒုတာကား ကိုယ်စိတ်နှစ်ပါး၏ နူးညံ့ခြင်းတည်း။ ကမ္မညတာကားကမ္မညတာကား ကိုယ်စိတ် နှစ်ပါး၏ ကျန်းခံ့ခြင်းတည်း။ ပါဂုညတာကားပါဂုညတာကား ကိုယ်စိတ်နှစ်ပါး၏ လေ့လာခြင်းတည်း။ ဥဇုကတာကားဥဇုကတာကား ကိုယ်စိတ်နှစ်ပါး၏ ဖြောင့်စင်း ခြင်းတည်း။

၆၆။ သောဘဏတွင်၊ အကုန်ယှဉ်၊ ဤလျှင် ဆယ့်ကိုး သော။

သောဘဏစိတ် အကျဉ်းတစ်ခုယုတ် ခြောက်ဆယ်၊ အကျယ် ကိုးဆယ့်တစ်တို့၌ အကုန်လုံးယှဉ်သည့် သောဘဏသာဓာရဏ စေတသိက် တစ်ဆယ့်ကိုးခု ဆိုလိုသည်။

ဝိရတီစေတသိက်-၃

၆၇။ ဝါစာ, ကမ္မံ၊ အာဇီဝံ၊ သုံးတန် ဝိရတီ။
၆၈။ သမာဒါန၊ သမ္ပတ္တ၊ ဆေဒ သုံးသုံးလီ။

သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ ဝိရတီစေတသိက် သုံးပါး။ သမ္မာဝါစာကား ဝစီဒုစ္စရိုက်လေးပါမှ ကြဉ်ရှောင်မှုတည်း။ သမ္မာကမ္မန္တကား ကာယဒုစ္စရိုက်သုံးပါးမှ ကြဉ်ရှောင်မှုတည်း။ သမ္မာအာဇီဝကား မိစ္ဆာဇီဝတို့မှ ကြဉ်ရှောင်မှုတည်း။

ထိုသုံးပါးတို့တွင် တစ်ပါးတစ်ပါးသည် သမာဒါနဝိရတီ, သမ္ပတ္တ ဝိရတီ, သမုစ္ဆေဒ ဝိရတီဟူ၍ သုံးပါးစီ ပါရှိရကား သုံးပါး သုံးလီဖြစ်၏၊

သမာဒါနဝိရတီ ဆိုသည်ကား သိက္ခာပုဒ်ကို ခံယူဆဲ အခါ၌လည်းကောင်း၊ ခံယူပြီး၍ အမှုတွေ့ရာ ကြဉ်ရှောင် သောအခါ၌လည်းကောင်း ဖြစ်သောဝိရတီကို သမာဒါန ဝိရတီဆိုသည်။

သမ္ပတ္တဝိရတီ ဆိုသည်ကား သိက္ခာပုဒ်ကို မခံယူပဲနှင့်ပင် ဒုစ္စရိုက်အတွေ့ကို ကြဉ်ရှောင်သော ဝိရတီပေတည်း။

သမုစ္ဆေဒဝိရတီ ဆိုသည်ကား ဒုစ္စရိုက်မှုတို့ကို နောင် ကြွင်းမထားပဲ အမြစ်အရင်းနှင့်တကွ ပယ်ဖြတ်သော လောကုတ္တရာ ဝိရတီပေတည်း။

အပ္ပမညာစေတသိက်-၂

၆၉။ ကရု, မုဒု၊ ဤနှစ်ခု၊ ခေါ်မှု ပမညာ။

ကရုဏာကား ဒုက္ခိတသတ္တဝါကို သနားကြင်နာခြင်း။ မုဒိတာ ကား သုခိတသတ္တဝါကို ဝမ်းမြောက်ဝမ်းသာခြင်း။ ဤနှစ်ပါးသည် အတိုင်းအရှည်မရှိသော သတ္တဝါပညတ်လျှင် အာရုံရှိသောကြောင့် အပ္ပမညာဒွေ မည်၏၊

အမောဟစေတသိက်-၁

၇၀။ အသိ, အလိမ်မာ၊ ဉာဏ်, ပညာ၊ ဝိဇ္ဇာ, အမောဟ။ လောက ဓမ္မတို့၌ အသိအလိမ်မာ ဉာဏ်ပညာဟူ၍လည်းကောင်း ဝိဇ္ဇာဟူ၍လည်းကောင်း ခေါ်ဆိုကြသောတရားသည် အမောဟအမောဟမည်၏၊ 

သောဘဏစေတသိက်-၂၅

ဝိရတီ-၃၊ အပ္ပမညာ- ၂၊ အမောဟ- ၁၊ ယင်း ၆-ခုကို ယခင်သောဘဏသာဓာရဏ ၁၉-နှင့်ပေါင်း၊ သောဘဏ- ၂၅ ဖြစ်၏၊ အညသမာန်း ၁၃၊ အကုသိုလ်စေတသိက် ၁၄၊ သောဘဏ စေတသိက် ၂၅၊ စေတသိက်ပေါင်း ဒွေပညာသ ငါးဆယ့်နှစ် ဖြစ်၏၊ 

စေတသိက် ဒွေပညာသ သရုပ်ပြီး၏၊

-----------

အညသမာန်း ရာသီ

ဖဿ အပြား

ဖဿသည် စက္ခုသမ္ဖဿ, သောတသမ္ဖဿ, ဃာနသမ္ဖဿ, ဇိဝှါသမ္ဖဿ, ကာယသမ္ဖဿ, မနောသမ္ဖဿ ဟူ၍ ဒွါရအပြားအားဖြင့် ခြောက်ပါးရှိ၏၊

အာဟာရလေးပါးတွင် ဖဿာဟာရတည်း။ ပဋိစ္စသမုပ္ပါဒ်တွင် ဖဿအင်္ဂါတည်း။ ပဋ္ဌာန်းပစ္စည်းတွင် အာဟာရ ပစ္စည်းတည်း။

ဝေဒနာ အပြား

ဝေဒနာသည် သုခဝေဒနာ, ဒုက္ခဝေဒနာ, အဒုက္ခမသုခ ဝေဒနာ ဟူ၍ ခံစားမှု အနုဘဝနဘေဒအားဖြင့် သုံးပါး။

သုခ, ဒုက္ခ, သောမနဿ, ဒေါမနဿ, ဥပေက္ခာဟူ၍ ဣန္ဒြိယ ဘေဒအားဖြင့် ၅-ပါး။

စက္ခုသမ္ဖဿဇာဝေဒနာ, သောတသမ္ဖဿဇာဝေဒနာစသည် ဒွါရဘေဒအားဖြင့် ၆-ပါးရှိ၏၊ စျာနင်ကိစ္စတပ်၏၊ စျာန်အင်္ဂါ ဆို်လိုသည်။ ပဋိစ္စသမုပ္ပါဒ်၌ ဝေဒနာအင်္ဂါတည်း။ ပဋ္ဌာန်းပစ္စည်း၌ ဣန္ဒြိယပစ္စည်း၊ စျာနပစ္စည်းတည်း။ ဆင်းရဲမှု ချမ်းသာမှုတည်း။ လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာတည်း။

သညာအပြား

သညာသည် ရူပသညာ, သဒ္ဒသညာ, ဂန္ဓသညာ, ရသသညာ, ဖောဋ္ဌဗ္ဗသညာ, ဓမ္မသညာဟူ၍ အာရုံအပြားအားဖြင့် ၆-ပါးရှိ၏၊

နိစ္စသညာ, သုခသညာ, အတ္တသညာ, သတ္တသညာ, ဣတ္ထိသညာ, ပုရိသသညာ စသည်ဖြင့် အလွန်များပြား၏၊ လောက၌ ဤသညာကို လည်း အသိအလိမ္မာ ခေါ်ကြ၏၊

စေတနာအပြား

စေတနာသည် ရူပသေဉ္စတနာ, သဒ္ဒသေဉ္စတနာ, ဂန္ဓသေဉ္စတနာ စသည် အာရုံအပြားအာဖြင့် ခြောက်ပါးရှိ၏၊ ဤစေတနာကို ကံဟူ၍ ခေါ်၏၊ စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိဟု ဟောတော်မူ၏၊

ကုသိုလ်ကံ, အကုသိုလ်ကံ, သုစရိုက်ကံ, ဒုစ္စရိုက်ကံ, ကာယကံ, ဝစီကံ, မနောကံ, ဒိဋ္ဌဓမ္မဝေဒနီယကံ စသည်အလွန် များပြား၏၊

အာဟာရ လေးပါးတွင် မနောသေဉ္စတနာဟာရတည်း။ ပဋိစ္စသမုပ္ပါဒ်တွင် သင်္ခါရအင်္ဂါ၊ ကမ္မဘဝအင်္ဂါတည်း။ ပဋ္ဌာန်း ပစ္စည်းတွင် ကမ္မပစ္စည်းတည်း။ အလုံးစုံသော သုဂတိဘုံ, ဒုဂ္ဂတိဘုံ, သုဂတိခန္ဓာ, ဒုဂ္ဂတိခန္ဓာတို့ကို ဖြစ်စေမှုသည် ဤစေတနာ၏ အမှုပေတည်း။ ဧကဂ္ဂတာ အပြား

ဧကဂ္ဂတာကို သမာဓိလည်းခေါ်၏၊ သမထလည်း ခေါ်၏၊

ခဏိကသမာဓိ, ပရိကမ္မသမာဓိ, ဥပစာရသမာဓိ, အပ္ပနာသမာဓိ, ပထမစျာန်သမာဓိ, ဒုတိယစျာန်သမာဓိ စသည် သုညတသမာဓိ, အနိမိတ္တသမာဓိ စသည် အလွန်များပြား၏၊

ဣန္ဒြေ, ဗိုလ်, ဗောဇ္ဈင်, စျာနင်, မဂ္ဂင်မျိုးပေတည်း။ ပဋ္ဌာန်းပစ္စည်း တွင် ဣန္ဒြိယပစ္စည်း၊ စျာနပစ္စည်း၊ မဂ္ဂပစ္စည်းတည်း။

ဇီဝိတ အပြား

ဇီဝိတသည် စိတ် စေတသိက်တို့၏ အသက်ပေတည်း။ ဣန္ဒြေ ကိစ္စတပ်၏၊ ပဋ္ဌာန်းပစ္စည်းတွင် ဣန္ဒြိယပစ္စည်းတည်း။

မနသိကာရ အပြား

မနသိကာရသည် ယောနိသောမနသိကာရ, အယောနိသော မနသိကာရဟူ၍ ၂-ပါးရှိ၏၊ ဓမ္မသင်္ဂဏီကျမ်း၌ ယေဝါ ပနက တရား ဟူ၍ ခေါ်၏၊

သဗ္ဗစိတ္တသာဓာရဏ စေတသိက် ခုနစ်ပါးပြီး၏၊

-----------

ပကိဏ်းစေတသိက်-၆

* ဆော်တက်, ရစ်ဝဲ၊ အားခဲ လုံ့လ၊ အားရ နှစ်လို၊ ပြုလိုချင်ဘိ၊ ဒွိဟ ကင်းရှင်း၊ စိတ်ဖြစ်ခြင်း၊ လင်းစေ ပကိဏ်းခြောက်။ [ဆောင်ပုဒ်]

အာရုံသို့ ဆော်တက်မှု၊ အာရုံ၌ တရစ်ဝဲဝဲနေမှု စသည်ဆိုလေ။

ဒွိဟကင်းရှင်း ဆိုသော်လည်း ဉာဏ်အချက်မျိုး မဟုတ်။ အာရုံ၌ အဖြူဖြစ်သည်၊ အညိုဖြစ်သည်ဟု စိတ်၏ ပြဓာန်းမှုသာတည်း။ 

ဝိတက် အပြား

ဝိတက်ကို သင်္ကပ္ပလည်း ခေါ်၏၊

ရူပဝိတက်, သဒ္ဒဝိတက် စသည် ခြောက်ပါးရှိ၏၊

ကာမဝိတက်, ဗျာပါဒဝိတက်, ဝိဟိံသာဝိတက်, နေက္ခမဝိတက်, အဗျာပါဒဝိတက်, အဝိဟိံသာဝိတက်။

ဉာတိဝိတက်, ကုလဝိတက်, ဂဏဝိတက်, ဂါမဝိတက် စသည် အလွန်များပြား၏၊

သင်္ကပ္ပသည်လည်း သမ္မာသင်္ကပ္ပ, မိစ္ဆာသင်္ကပ္ပဟူ၍ နှစ်ပါးရှိ၏၊ စျာနင်ကိစ္စ, မဂ္ဂင်ကိစ္စတပ်၏၊ ပဋ္ဌာန်းပစ္စည်းတွင် စျာနပစ္စည်း, မဂ္ဂပစ္စည်း တည်း။

ဝိစာရ အပြား

ဝိစာရသည် ရူပဝိစာရ, သဒ္ဒဝိစာရစသည် ခြောက်ပါးရှိ၏၊ စျာနင်ကိစ္စတပ်၏၊ စျာနပစ္စည်းတည်း။

အလုံးစုံသော စိတ် စေတသိက်တို့သည် ဒွါရအပြား အာရုံအပြား အားဖြင့် ၆-ပါး ၆-ပါးစီ ရှိကြသည်ချည်းမှတ်။

ဝီရိယ အပြား

ဝီရိယကို ဝါယာမ လည်းခေါ်၏၊

သမ္မာဝါယာမ, မိစ္ဆာဝါယာမ ဟူ၍ နှစ်ပါးရှိ၏

အာရဗ္ဘဓာတ်, နိက္ခမဓာတ်, ပရက္ကမဓာတ် ဟူ၍ သုံးပါးရှိ၏၊

သမ္မပ္ပဓာန်ကိစ္စ, ဣဒ္ဓိပါဒ်ကိစ္စ, ဣန္ဒြေ, ဗိုလ်, ဗောဇ္ဈင်, မဂ္ဂင်ကိစ္စ တပ်၏၊ ပဋ္ဌာန်းပစ္စည်းတွင် အဓိပတိပစ္စည်း၊ ဣန္ဒြိယပစ္စည်း၊ မဂ္ဂပစ္စည်း တည်း။

လောကီ လောကုတ္တရာ ချမ်းသာ ခပ်သိမ်းတို့ကို ရနိုင်ရန် ရောက်နိုင်ရန် တရားစုတွင် အကြီးအမှူး ဦးစီးဦးကိုင် တရားကြီးပေတည်း။ 

ပီတိ အပြား

ပီတိကို ပါမောဇ္ဇ လည်း ခေါ်၏၊

ခဏိကာပီတိ, ခုဒ္ဒကာပီတိ, ဩက္ကန္တိကာပီတိ, ဥဗ္ဗေဂါပီတိ, ဖရဏာပီတိ ဟူ၍ ငါးပါးရှိ၏၊

ဗောဇ္ဈင်ကိစ္စ, စျာနင်ကိစ္စတပ်၏၊ စျာနပစ္စည်းတည်း။ 

ဆန္ဒ အပြား

ဆန္ဒသည် ကာမဆန္ဒ, ဓမ္မဆန္ဒ ဟူ၍ ၂-ပါး ရှိ၏၊ ကာမဂုဏ် အဆောက်အဦကို အလိုရှိသည်ကား ကာမဆန္ဒတည်း။ သူတော်ကောင်း တရားကို အလိုရှိသည်ကား ဓမ္မဆန္ဒတည်း။

ဝဋ္ဋဆန္ဒ, ဝိဝဋ္ဋဆန္ဒ ဟူ၍ ၂-ပါး ရှိ၏၊ ဝဋ်စီးပွါးကို အလိုရှိသည် ကား ဝဋ္ဋဆန္ဒတည်း။ ဝဋ်မှ ထွက်မြောက်ရန်တရားကို အလိုရှိသည်ကား ဝိဝဋ္ဋဆန္ဒတည်း။

ဝီရိယကဲ့သို့ အဓိပတိမျိုး၊ ဣဒ္ဓိပါဒ် မျိုးပေတည်း။ ထက်သန်၍ရှိ လျှင် အတုမရှိ ကြီးကျယ်သော တရားဘုရင်ကြီးမျိုးတည်း။ ထက်သန် သော ဓမ္မဆန္ဒ ဝိဝဋ္ဋဆန္ဒ ကပ်လာလျှင် စကြာမင်း၏ စည်းစိမ်၌ သာယာ တွယ်တာသော တဏှာအထုကြီးသည် ခဏချင်း ကွယ်ပျောက်ရ၏၊ 

အဓိမောက္ခ အပြား

အဓိမောက္ခသည် သမ္မာဓိမောက္ခ, မိစ္ဆာဓိမောက္ခ ဟူ၍ ၂- ပါးရှိ၏၊ ကောင်းမြတ်ရာ၌ စိတ် ပြတ်တောက်မှုသည် သမ္မာဓိမောက္ခ မည်၏၊ မကောင်းရာ၌ စိတ် ပြတ်တောက်မှုသည် မိစ္ဆာဓိမောက္ခမည်၏၊ 

ပကိဏ်းစေတသိက် ၆- ပါး ပြီး၏၊

အညသမာန်းရာသီ ပြီး၏၊

---------

အကုသလရာသီ

အကုသိုလ်စေတသိက်သဘောလက္ခဏာ

* တွေဝေမှေးမှိန်၊ မငြိမ် မသက်၊ မရှက် မရွံ့၊ မစွန့် ခင်မင်၊ အမြင် မှောက်မှား၊ အထင်ကြွားနှင့်၊ ပြစ်မှား, ငြူစူ၊ ဝန်တိုဟူရှင့်၊ ပူပန် နောင်တ၊ ထိုင်း, မှိုင်းစွနှင့်၊ ဒွိဟယှက်ထွေး၊ လွန်ညစ်ကြေး၊ ဆယ့် လေးအကုသိုလ်။ [ဆောင်ပုဒ်။]

၁။ စိတ်၏ တွေဝေ မှေးမှိန်ခြင်း၊ (မောဟ)
၂။ စိတ်၏ မငြိမ်သက်ခြင်း၊ (ဥဒ္ဒစ္စ)
၃။ မကောင်းမှုအရာ၌ မရှက်ခြင်း၊ (အဟိရိက)
၄။ မကောင်းမှုအရာ၌ မရွံ့ခြင်း။ (အနောတ္တပ္ပ)
၅။ သာယာဘွယ်ကို မစွန့်လွှတ်ချင် ခင်မင်တွယ်တာခြင်း၊ (လောဘ)
၆။ ဓမ္မအရာတို့၌ အမြင်မှောက်မှားခြင်း၊ (ဒိဋ္ဌိ)
၇။ မိမိကိုယ်ကို အထင်မော်ကြွားခြင်း၊ (မာန)
၈။ စိတ်၏ ထိပါး ပြစ်မှားခြင်း၊ (ဒေါသ)
၉။ သူတစ်ပါးကို ငြူစူခြင်း၊ (ဣဿာ)
၁၀။ မိမိဥစ္စာကို ဝန်တိုခြင်း၊ (မစ္ဆရိယ)
၁၁။ ပြုမိမှားခဲ့သော ဒုစရိုက်၊ မပြုမိ မှားခဲ့သော သုစရိုက် ဤအမှား ၂-ချက်ကြောင့် စိတ်စက်မလှ နောင်တ ပူပန်ခြင်း၊ (ကုက္ကုစ္စ)
၁၂။ စိတ်၏ မသွက်မလက် ထိုင်းခြင်း၊ (ထိန)
၁၃။ စေတသိက်တို့၏ မကြည်မလင် မှိုင်းခြင်း၊ (မိဒ္ဓ)
၁၄။ စိတ်၏ ယုံမှား ဒွိဟ ၂-ခွရှိခြင်း၊ (ဝိစိကိစ္ဆာ)
အကုသိုလ်စေတသိတ် ၁၄-ခုတို့၏ သဘောလက္ခဏာ ပြီး၏၊

------------

မောစတုက် အပြား

မောဟကို အဝိဇ္ဇာ လည်း ခေါ်၏၊

အာသဝ, ဩဃ, ယောဂ, နီဝရဏ, အနုသယ, ကိလေသာ သံယောဇဉ် ကိစ္စတပ်၏၊ ပဋိစ္စသမုပ္ပါဒ်၌ အဝိဇ္ဇာအင်္ဂါတည်း။ ပဋ္ဌာန်း ပစ္စည်းတွင် ဟေတုပစ္စည်းတည်း။ ဟိတ်တရားမျိုး, မူလတရားမျိုးတည်း။

ဥဒ္ဓစ္စသည် ကုက္ကုစ္စနှင့် တွဲဖက်၍ နီဝရဏကိစ္စတပ်၏၊

အဟိရိက, အနောတ္တပ္ပ နှစ်ပါးသည် အကုသိုလ်ဗိုလ်ကိစ္စ တပ်၏၊ 

လောဘအပြား

လောဘကို တဏှာ ခေါ်၏၊ ရာဂ ခေါ်၏၊ ကာမ ခေါ်၏၊ အဘိဇ္ဈာ လည်းခေါ်၏၊

ရူပတဏှာ, သဒ္ဒတဏှာ စသည် အာရုံအပြားအားဖြင့် ခြောက်ပါးပြား၏၊

ကာမတဏှာ, ရူပတဏှာ, အရူပတဏှာ, ကာမရာဂ, ရူပရာဂ, အရူပရာဂ, ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ စသည်များပြား၏၊ အာသဝ, ဩဃ, ယောဂ, ဂန္ထ, ဥပါဒါန် စသည် ကိစ္စ အများ တပ်၏၊ ပဋိစ္စသမုပ္ပါဒ်၌ တဏှာအင်္ဂါတည်း။ ပဋ္ဌာန်းပစ္စည်း၌ ဟေတု ပစ္စည်းတည်း။ ဟိတ်တရားမျိုး- မူလတရားမျိုးပေတည်း။ သစ္စာလေးပါး၌ သမုဒယသစ္စာတည်း။

ဒိဋ္ဌိအပြား

ဒိဋ္ဌိသည် သက္ကာယဒိဋ္ဌိ ၂၀၊ သဿတဒိဋ္ဌိ ၄၄၊ ဥစ္ဆေဒဒိဋ္ဌိ ၁၈၊ အန္တဂ္ဂါဟိကဒိဋ္ဌိ ၁၀၊ ဒသဝတ္ထုကမိစ္ဆာဒိဋ္ဌိ ၁၀၊ မိစ္ဆာဒိဋ္ဌိကြီး ၃-ပါးစသည် အလွန်များပြား၏၊ အာသဝ, ဩဃ, ယောဂ, ဂန္ထ, ဥပါဒါန် စသည် ကိစ္စအများတပ်၏၊

သဿတဒိဋ္ဌိ ၄၄-နှင့် ဥစ္ဆေဒဒိဋ္ဌိ ၁၈-ကို ၆၂-ပါးသော မိစ္ဆာဒိဋ္ဌိ ခေါ်၏၊

ပဋိစ္စသမုပ္ပါဒ်၌ ဥပါဒါန်အင်္ဂါ၊ ဘဝအင်္ဂါတည်း။ ပဋ္ဌာန်းပစ္စည်း၌ မဂ္ဂပစ္စည်းတည်း။

မာန အပြား

မာနသည် သေယျမာန်, သဒိသမာန် စသည် မာန်ကိုးပါးပြား၏၊ ဇာတိမဒ, ဂေါတ္တမဒ, ကုလမဒ, ဝဏ္ဏမဒစသည် အလွန်များပြား၏၊ စိတ်၏ယစ်ခြင်း မူးခြင်း ရူးခြင်းကို မဒ ဆိုသည်။ အရူးတစ်မျိုးပင်တည်း။ 

ဒေါသ အပြား

ဒေါသကို ပဋိဃလည်းခေါ်၏၊ ဗျာပါဒလည်းခေါ်၏၊ အနတ္ထံ မေ အစရိ စသည်ရန်ငြိုး ၉-ပါးပြား၏၊

ဂန္ထ, နီဝရဏ, အနုသယ, ကိလေသာ သံယောဇန်ကိစ္စတပ်၏၊ ပဋိစ္စသမုပ္ပါဒ်၌ ကမ္မဘဝအင်္ဂါတည်း။ ပဋ္ဌာန်းပစ္စည်း၌ ဟေတုပစ္စည်း တည်း။ ဟိတ်တရားမျိုး၊ မူလတရားမျိုးတည်း။

ဣဿာ, မစ္ဆရိယ၂-ပါးသည် သံယောဇန်ကိစ္စတပ်၏၊

ကုက္ကုစ္စ, ထိန, မိဒ္ဓ ၃-ပါးသည် နီဝရဏကိစ္စ တပ်၏၊ သမထကို ဖျက်စီးနိုင်၏၊

ဝိစိကိစ္ဆာ အပြား

ဝိစိကိစ္ဆာသည် ဘုရား၌ ယုံမားခြင်း၊ တရား၌ ယုံမားခြင်း စသည် ရှစ်ပါး။ အဟောသိ နုခေါ အဟံ အတီတမဒ္ဓါနံ စသည် ယုံမှားခြင်း ၁၆-ပါးပြား၏၊ နီဝရဏ အနုသယ, ကိလေသာ, သံယောဇန်ကိစ္စ တပ်၏၊ အကုသလရာသီ ပြီး၏

-----

သောဘဏ ရာသီ

သဒ္ဓါသည် ဣန္ဒြေကိစ္စ, ဗိုလ်ကိစ္စ တပ်၏၊

သတိသည် သတိပဋ္ဌာန်, ဣန္ဒြေ, ဗိုလ်, ဗောဇ္ဈင်, မဂ္ဂင်ကိစ္စ တပ်၏၊ ဣန္ဒြိယပစ္စည်း၊ မဂ္ဂပစ္စည်းတည်း။

ဟိရီ, ဩတ္တပ္ပသည် ဗိုလ်ကိစ္စ တပ်၏၊

အလောဘကို အနဘိဇ္ဈာ လည်းခေါ်၏၊ ဟိတ်မျိုး, မူလမျိုး တည်း။ ပဋိစ္စသမုပ္ပါဒ်၌ ကမ္မဘဝအင်္ဂါတည်း။ ပဋ္ဌာန်း၌ ဟေတုပစ္စည်း တည်း။

အဒေါသကို မေတ္တာ လည်းခေါ်၏၊ အဗျာပါဒ လည်းခေါ်၏၊ ဟိတ်မျိုး၊ မူလမျိုးတည်း။ ပဋိစ္စသမုပ္ပါဒ်၌ကမ္မဘဝ အင်္ဂါတည်း။ ပဋ္ဌာန်း ပစ္စည်း၌ ဟေတုပစ္စည်းတည်း။

တတြမဇ္ဈတ္တတာသည် ဥပေက္ခာသမ္ဗောဇ္ဈင်တည်း။

ပဿဒ္ဓိ ၂ˆပါးသည် ဗောဇ္ဈင်ကိစ္စ တပ်၏၊ ကြွင်း ၁၄-ပါးတို့၌ အထူးဆိုဘွယ်မရှိ။

ဝိရတီ ၃-ပါးသည် မဂ္ဂင်ကိစ္စ တပ်၏၊ ပဋိစ္စသမုပ္ပါဒ်၌ ကမ္မဘဝ အင်္ဂါတည်း။ ပဋ္ဌာန်းပစ္စည်း၌ မဂ္ဂပစ္စည်းတည်း။

အပ္ပမညာဒွေသည် ဗြဟ္မဝိဟာရမျိုးတည်း။

အမောဟကို ဉာဏ်ပညာ ခေါ်၏၊ ဝိဇ္ဇာ ခေါ်၏၊ ဝီမံသ ခေါ်၏၊ ဗောဓိခေါ်၏၊ ဉာဏဝိဘင်း၌ လာသော ဉာဏ်အပြားအားဖြင့် အလွန်များပြား၏၊ ဣဒ္ဓိပါဒ်, ဣန္ဒြေ, ဗိုလ်, ဗောဇ္ဈင်, မဂ္ဂင်ကိစ္စ တပ်၏၊ ပဋိစ္စသမုပ္ပါဒ်၌ ကမ္မဘဝအင်္ဂါတည်း။ ပဋ္ဌာန်း၌ဟေတုပစ္စည်း၊ အဓိပတိ ပစ္စည်း၊ ဣန္ဒြိယပစ္စည်း၊ မဂ္ဂပစ္စည်းတည်း။ ဆန္ဒ, ဝီရိယတို့ကဲ့သို့ အဓိပတိ မျိုး တရားဘုရင်ကြီး ပေတည်း။

[သောဘဏရာသီပြီး၏၊]

စေတသိက် ဝိဘာဂနည်း ပြခန်းပြီး၏၊

---------

စိတ်နှင့် စေတသိက် ခွဲခန်း

စိတ်နှင့် စေတသိက်တို့၏ အထူးကား ပန်းချီမှု၌ ကြည်စွာသော ရေမှာ ဆုန်း၊ ဟင်းသပဒါး၊ ဆေးဒန်း၊ မဲနယ်စသော ဝဏ္ဏဓာတ် ဆေးမှုန့် တို့ကို ထည့်၍ ကားထဲမှာ လိုရာအရုပ်ကို ရေး၏၊ စိတ်သည်ကြည်စွာသော ရေနှင့် တူ၏၊ စေတသိက်တို့သည် ဝဏ္ဏဓာတ်တို့နှင့်တူကုန်၏၊ အာရုံသည် ကားအပြင်နှင့် တူ၏၊

ရေ၏ကိစ္စကား-ကားအပြင်၌ပျံ့နှံ့မှု၊ တွယ်ကိုက်မှုတည်း။

ဝဏ္ဏဓာတ်တို့၏ ကိစ္စကား-ရေကိုမှီတွယ်၍ အဆင်းအမျိုးမျိုး၊ သဏ္ဌာန် အမျိုးမျိုးကို ထင်စေမှုတည်း။

အရည်သောက်ဝတ္ထုမျိုး၌ စိတ်သည် ရေနှင့်တူ၏၊ စေတသိက် တို့သည် အချို၊ အချဉ်၊ အစပ်၊ အငန်၊ အဖန်၊ အခါး ဝတ္ထုမျိုးတို့နှင့် တူကုန်၏၊ အာရုံသည် လျှာအပြင်နှင့်တူ၏၊ လျှာ၌ပျ့နှံ့မှုကား ရေ၏ကိစ္စ တည်း။ အရသာတို့ကို ဖြစ်စေမှုကား ထိုဝတ္ထုတို့၏ ကိစ္စတည်း။ သိသာပြီ။ စိတ်နှင့် စေတသိက် ခွဲခန်းပြီး၏၊

---------

သမ္ပယောဂနည်း--၁၈

(၁) သဗ္ဗစိတ္တ သာဓာရဏ-၇

၇၁။ သဗ္ဗစိတ္တေ၊ ခုနစ်ထွေ၊ ယှဉ်လေ စိတ်အားလုံး။

သဗ္ဗစိတ္တသာဓာရဏ ခုနစ်ခုသည် စိတ်တခုယုတ် ၉၀၊ အကျယ် ၁၂၁-ပါးသော စိတ်အားလုံးမှာ ယှဉ်သည်။ စိတ်တိုင်း စိတ်တိုင်းမှာ ဤစေတသိက် ၇-ပါး အမြဲထားလေ။

အညသမာန်းသမ္ပယောဂနည်း-၇

(၂) ဝိတက်ယှဉ်--၅၅

၇၂။ ပဉ္စဝိညာဏ်၊ ကြဉ်တုံပြန်၊ ကာကျန် လေးဆယ့်လေး။

စက္ခု ဝိညာဉ်ဒွေ, သောတဝိညာဉ်ဒွေ, ဃာနဝိညာဉ်ဒွေ, ဇိဝှါ ဝိညာဉ်ဒွေ, ကာယဝိညာဉ်ဒွေ ဤစိတ်ဆယ်ခုကို ဒွေပဉ္စဝိညာဉ် တစ်ဆယ်ခေါ်သည်။

ပကိဏ်းစေတသိက် ၆-ခု ယှဉ်ခန်း၌ ဤဒွေပဉ္စဝိညာဉ် တစ်ဆယ် ကိုကြဉ်၍ထား၊ အကြွင်း ကာမစိတ် ၄၄-ကျန်ရှိ၏၊

၇၃။ လေးဆယ့်လေးတန်၊ ကာမကျန်ဝယ်၊ ပစျာန် ဆယ့် တစ်၊ လောင်းတုံလစ်၊ တက်ဖြစ် ပေဉ္စးစေး။

ပေဉ္စးစေး ဆိုသည်ကား-ပဉ္စပဉ္စတည်း။ ငါးဆယ့်ငါး ဆိုလိုသည်။ ဝိတက်၏ ဖြစ်ရာစိတ်ပေါင်း၊ ယှဉ်ရာစိတ်ပေါင်း ကား ကာမစိတ် ၄၄- မှာ ပထမစျာန်စိတ် ၁၁-ကိုလောင်း၊ ၅၅-ဖြစ်၏၊

(၃) ဝိစာရယှဉ်-၆၆

၇၄။ ငါးဆယ့်ငါးတန်၊ တက်ဖြစ်ရန်ဝယ်၊ ဒု-စျာန် ဆယ့် တစ်၊ လောင်းတုံလစ်၊ စာ ဖြစ် ဆဆတွေး။

ဆဆ-၆၆ (ခြောက်ဆယ့်ခြောက်) ဟူလို။

(၄) ဝီရိယယှဉ်-၁၀၅

၇၅။ ပဉ္စဝိညာဉ်၊ သံ,သန်, ပဉ်၊ ကြဉ် ဝီ ဗျည်းသုဉ်ဧး။

ဒွေပဉ္စဝိညာဉ်- ၁၀၊ သမ္ပဋိစ္ဆိုန်း- ၂၊ သန္တီရဏ- ၃၊ ပဉ္စဒွါရာဝဇ္ဇန်း၁၊ ဤ ၁၆-ခုကို ကြဉ်၍ ကြွင်းသမျှသည် ဝီရိယဖြစ်ရာ စိတ်ပေါင်း ဗျည်းသုဉ်းဧး ဖြစ်၏၊ ၁၀၅ (တစ်ရာ့ငါး)ဆိုလိုသည်။

(၅) ပီတိယှဉ်-၅၁

၇၆။ စ-စျာန် ကြဉ်ပစ်၊ သောကျန်စစ် ပီ ဖြစ် ပဉ္စဧး။

စိတ်အကျယ် ၁၂၁- မှာ သောမနဿစိတ်ပေါင်း ၆၂-ခုပါရှိ၏၊

ယင်း ၆၂-ခုတွင် စတုတ္ထစျာန် ဆယ့်တစ်ကို ကြဉ်ပစ်၍အကျန်ကို စစ် သည်ရှိသော် ပီတိ၏ဖြစ်ရာ စိတ်ပေါင်း ပဉ္စဧးဖြစ်၏၊ ၅၁ (ငါးဆယ့်တစ်) ဟူလို။

(၆) ဆန္ဒယှဉ်- ၁၀၁

၇၇။ မောမူ, အဟိတ်၊ စိတ် နှစ်ဆယ်ပစ်၊ အကျန်စစ်၊ ဆန် ဖြစ်ဧက်သုဉ်ဧး။

စိတ်အကျယ် ၁၂၁-မှာ မောဟမူဒွေ၊ အဟိတ်စိတ် - ၁၈၊ ဤစိတ် ၂၀-ကိုပစ်ပယ်၍ အကျန်ကိုစစ်သော် ဆန္ဒဖြစ်ရာ စိတ်ပေါင်း ဧက်သုဉ် ဧး

ဖြစ်၏၊ ၁၀၁ (တစ်ရာ့တစ်)ဆိုလိုသည်။

(၇) အဓိမောက္ခယှဉ်-၁၁၀

၇၈။ ပဉ္စဝိညာဉ်၊ ဝိစိကြဉ်၊ ဓိယှဉ် သုဉ်ဧက်ဧး။ ဤ သုဉ်ဧက်ဧး ကား ဂဏန်းပြန်တည်း။

စိတ်အကျယ် ၁၂၁-မှာ ဒွေပဉ္စဝိညာဉ် တစ်ဆယ်၊ ဝိစိကိစ္ဆာ သမ္ပယုတ်စိတ်တစ်ခု၊ ဤစိတ် ၁၁-ကိုကြဉ်၍ ကျန်သမျှသည် အဓိမောက္ခ ၏ ဖြစ်ရာစိတ်ပေါင်း သုဉ်ဧက်ဧး ဖြစ်၏၊ ၁၁၀ (တစ်ရာ့တစ်ဆယ်) ဆိုလိုသည်။

အညသမာန်းစေတသိက် ၁၃-သမ္ပယောဂနည်း-၇ ပြီး၏၊

---------

အကုသိုလ်စေတသိက် သမ္ပယောဂနည်း

၇၉။ မောစတုက်စု၊ ယှဉ်တုံမှု၊ အကု တစ်ဆယ့်နှစ်။

၁။ မောစတုက်လေးခုသည် အကုသိုလ်စိတ် တစ်ဆယ့်နှစ်ခုမှာ အလုံးစုံယှဉ်သည်ဟူလို။

၈၀။ လော လောဘမူ၊ ဒိဌ် သံ ယူ၊ မာမူ ဝိပ်လေးဖြစ်။

၂။ လောဘစေတသိက်သည် လောဘမူစိတ် ရှစ်ခုမှာ ယှဉ်၏၊ 
၃။ ဒိဋ္ဌိစေတသိက်သည် လောဘမူစိတ် ရှစ်ခုတွင် သမ္ပယုတ် လေးခုမှာ ယှဉ်၏၊
၄။ မာနစေတသိက်သည် ဝိပ္ပယုတ်လေးခုမှာ ဖြစ်၏၊ 

ထိုလေးခုမှာ ဖြစ်၏ဆိုသော်လည်း အမြဲဖြစ်သည်မဟုတ်။ မိမိကိုယ်ကိုထောင်လွှားမှုနှင့် ကြုံကြိုက်သောအခါမှဖြစ်သည်။

၈၁။ ဒေါစတုက်မူ၊ ယှဉ်ရာယူ၊ ဒေါမူ စိတ်စုံနှစ်။

၅။ ဒေါစတုက်သည် ဒေါသမူဒွေ၌သာ ယှဉ်သည်ဟူလို။ ထိုတွင် လည်း ဣဿာ, မစ္ဆရိယ, ကုကု္ကစ္စတို့သည် မိမိတို့၏ ကိစ္စအာရုံနှင့် ကြုံကြိုက်မှဖြစ်ကြကုန်သည်။ အမြဲဖြစ်ကြကုန်သည်မဟုတ်။ အသီးသီးသာ ဖြစ်ကြကုန်သည်။ တစ်ပေါင်း တည်းဖြစ်ကြကုန်သည်မဟုတ်။ 

၈၂။ ထိ,မိဒ် သသင်၊ ငါးမှာယှဉ်၊ ဝိစင် ဝိစိဖြစ်။ 

၆။ ထိန မိဒ္ဓနှစ်ခုသည် အကုသိုလ်စိတ် တစ်ဆယ့်နှစ်ခုတွင် သသင်္ခါရိက စိတ်ငါးခုမှာ တစ်ပေါင်းတည်း သာယှဉ်သည်။ ယှဉ်သည် ဆိုသော်လည်း အမြဲမဟုတ် ရံခါယှဉ်သည်။

၇။ ဝိစင် ဆိုသည်ကား ဝိစိကိစ္ဆာစေတသိက်ကိုဆိုသည်။ ယင်း ဝိစိကိစ္ဆာစေတသိက်သည် ဝိစိကိစ္ဆာ သမ္ပယုတ်စိတ် တစ်ခုမှာ ယှဉ်သည် ဟူလို။

အကုသိုလ်စေတသိက် ၁၄- ခုသမ္ပယောဂနည်း -၇ ပြီး၏၊

သောဘဏသာဓာရဏစေတသိက် သမ္ပယောဂနည်း

၈၃။ တစ်ဆယ့် ကိုးဖြာ၊ သောဘဏာ၊ ယှဉ်ရာ ကိုးဆယ့် တစ်။

သောဘဏသာဓာရဏ စေတသိက် တစ်ဆယ့်ကိုးခုတို့သည် သောဘဏစိတ်အကျယ် ကိုးဆယ့်တစ်မှာ ယှဉ်ကုန်၏၊ စိတ်အကျဉ်းနှင့် ဆိုသော် သောဘဏစိတ်တစ်ခုယုတ် ၆၀-မှာ ယှဉ်ကုန်၏ ဆို။ သောဘဏသာဓာရဏစေတသိက် သမ္ပယောဂနည်း ၁-ပြီး၏၊

-----------

ဝိရတီ စေတသိက် သမ္ပယောဂနည်း

၈၄။ ကာမကု ရှစ်၊ လောကုတ်ရှစ်၊ ဖြစ်ရာဝိရတီ။

ကာမကုသိုလ်စိတ် ရှစ်ခု၊ လောကုတ္တရာစိတ်ရှစ်ခု၊ ဤတစ်ဆယ့်ခြောက်ခုသည် ဝိရတီစေတသိက် ၃-ခု၏ ဖြစ်ရာဖြစ်၏၊ ယှဉ်ရာဖြစ်၏ဟူလို။

၈၅။ ကာမကုမှာ၊ ယှဉ်တုံပါ၊ ရံခါ အသီးသီး။
၈၆။ လောကုတ်ရှစ်မှာ၊ ယှဉ်တုံပါ၊ မြဲစွာ တစ်ပေါင်း တည်း။

ကာမကုသိုလ်ရှစ်ခုမှာ ယှဉ်သည် ဆိုသော်လည်း ရံဖန်ရံခါ ယှဉ်သည်။ အမြဲယှဉ်သည်မဟုတ်။ ယှဉ်သော အခါမှာလည်းဝိရတီ ၃- ခုတစ်ပေါင်းတည်း မယှဉ်။ အသီးအသီး တစ်ခုစီ တစ်ခုစီသာ ယှဉ်သည်။ လောကုတ္တရာစိတ်၌မူကား အမြဲလည်းယှဉ်သည်။ ဝိရတီ ၃-ခု တစ်ပေါင်း တည်းလည်း ယှဉ်သည် ဟူလို။

ဝိရတီစေတသိက် ၃- ခုသမ္ပယောဂနည်း ၁-ပြီး၏၊

-----------------

အပ္ပမညာဒွေ သမ္ပယောဂနည်း

၈၇။ မဟာကြိ ကု၊ ပ, ဒု, တ, စ,၊ ရူပ ဆယ့်နှစ်၊ နှစ်ဆယ့် ရှစ်၊ ဖြစ်လေ ပမညာ။

မဟာကြိယာစိတ် ၈ -ခု၊ မဟာကုသိုလ်စိတ် ၈-ခု၊ ပထမ စျာန်စိတ် ၃-ခု၊ ဒုတိယစျာန်စိတ် ၃-ခု၊ တတိယ စျာန်စိတ် ၃-ခု၊ စတုတ္ထစျာန်စိတ် ၃-ခု၊ဟူသော ရူပစျာန်စိတ် ၁၂-ခု၊ ပေါင်း ၂၈-ခု၌ အပ္ပမညာဒွေဖြစ်သည်။ ယှဉ်သည် ဟူလို။

၈၈။ ကိစ္စအာရုံ၊ အခွင့်ကြုံ၊ ဖြစ်တုံ သီးသီးသာ။

ထို ၂၈-ခုသော စိတ်တို့၌ဖြစ်၏ ဆိုသော်လည်းအမြဲဖြစ်သည် မဟုတ်။ ဒုက္ခိတသတ္တဝါကို သနားကြင်နာခြင်းကိစ္စ သုခိတ သတ္တဝါကို ဝမ်းမြောက်ခြင်းကိစ္စ၊ ထိုဒုက္ခိတ သုခိတသတ္တဝါ အာရုံနှင့် ဖြစ်ခွင့်ကြုံ သည့်အခါ၌သာ ထိုစိတ်တို့၌ဖြစ်ကြ ယှဉ်ကြကုန်သည်။ ဖြစ်ကြ ယှဉ်ကြသောအခါ၌လည်း အာရုံကိစ္စ အသီးသီး ဖြစ်ကြကုန်၍ အသီးသီး သာ ဖြစ်ကြကုန်သည်။ ကရုဏာ၊ မုဒိတာ ၂-ပါး တစ်ပေါင်းတည်း ပေါင်းဆုံ၍ ဖြစ်ကြသည် မရှိဟူလို။

မဟာကုသိုလ်၌ ယှဉ်ကြသော ဝိရတီ ၃-ခုတို့မှာလည်း ကိစ္စ အာရုံ၊ အခွင့်ကြုံ၊ ဖြစ်တုံသီးသီးသာ ဟူသော ဤလင်္ကာကို သိလေဦး။

အပ္ပမညာဒွေ သမ္ပယောဂနည်း ၁- ပြီး၏၊

--------

ပညာစေတသိက် သမ္ပယောဂနည်း

၈၉။ ကု, ဝိ, ကြိ, ဉာဏ်၊ စျာန် မဟဂ္ဂုတ်၊ လောကုတ် တစ်ခွင်၊ အကုန်ယှဉ်၊ ပညာစေတသိက်။

ကာမစိတ်မှာ ကုသိုလ်ဉာဏသမ္ပယုတ် ၄-၊ ဝိပါက်ဉာဏသမ္ပယုတ် ၄-၊ ကြိယာဉာဏသမ္ပယုတ် ၄-၊ ပေါင်း တစ်ဆယ့်နှစ်။ ရူပ၊ အရူပ ဟူသောမဟဂ္ဂုတ်စျာန်စိတ်၂၇၊ လောကုတ္တရာစိတ် အကျဉ်း ၈-ခု၊ အကျယ် ၄၀၊ ဤအလုံးစုံမှာ ပညာစေတသိက် အကုန်ယှဉ်သည် ဟူလို။

အကျဉ်း ၄၇၊ အကျယ် ၇၉-။

ပညာစေတသိက် သမ္ပယောဂနည်း ပြီး၏၊

သမ္ပယောဂနည်းပေါင်း ၁၈- ပါး ပြီး၏၊

-------------

သင်္ဂဟနည်း-၃၅

လောဘမူ သင်္ဂဟနည်း- ၄

၉၀။ အညသမာန်၊ ဆယ့်သုံးခံ၊ လေးတန် မောစတု။
၉၁။ ပ - အ ၌မူ၊ လော, ဒိဌ်, ကူ၊ ပေါင်းမူ ဆယ့်ကိုးရှု။

ပ-အဆိုသည်ကား လောဘမူ ပထမ အသင်္ခါရိကစိတ်တည်း။ ၎င်း၌ အညသမာန်း ၁၃၊ မောစတုက် ၄၊ ပေါင်း ၁၇ တွင် လောဘဒိဋ္ဌိကို ထည့် ၁၉-ရ၏၊

၉၂။ ဒု, အ ၌မူ၊ လော, မာန်, ကူ၊ ပေါင်းမူ ဒသ်နောပြု။ 

ယခင်ပေါင်း ၁၇-တွင် လောဘ မာနကိုထည့်။ ဒုတိယ အသင်္ခါရိကစိတ်၌ ရသော စေတသိက်ပေါင်း ၁၉-ဖြစ်၏၊ 

၉၃။ ယင်းဆယ့်ကိုးနှစ်၊ ပီတိပစ်၊ ဆယ့်ရှစ် တ, စ-အ။ ယခင် ၁၉-၁၉ နှစ်စုတွင် ပီတိကို ပစ်ပယ်၍ ကျန် ၁၈-နှစ်ရပ်သည် အစဉ်အတိုင်း တတိယ အသင်္ခါရိကစိတ်၊ စတုတ္ထ အသင်္ခါရိကစိတ်တို့၌ အစဉ်အတိုင်းရအပ်သောစေတသိက်ပေါင်း ဖြစ်၏၊

၉၄။ ယင်းလေးရပ်တွင်၊ ထိ, မိဒ်, ဝင်၊ သ သင် လေးခုရ။ ပထမ ၁၉၊ ဒုတိယ ၁၉၊ တတိယ ၁၈၊ စတုတ္ထ ၁၈၊ ဤ ၄-ရပ် တွင် ထိန မိဒ္ဓ ၂-ခုကိုထည့်သော် ပထမသသင်္ခါရိကစိတ်၌ ၂၁၊ ဒုတိယ သသင်္ခါရိကစိတ်၌ ၂၁၊ တတိယသသင်္ခါရိကစိတ်၌ ၂၀၊ စတုတ္ထ သသင်္ခါရိကစိတ်၌ ၂၀-ရ၏၊

၉၅။ ဆယ့်ကိုး ဆယ့်ရှစ်၊ ဝီဧက် ဝီသေ၊ နှစ်စီ ဝေ၊ လေး ထွေ သင်္ဂဟ။

နှစ်စီ ဝေ ဆိုသည်ကား ၁၉-နှစ်ရပ်၊ ၁၈-နှစ်ရပ်၊ ၂၁-နှစ်ရပ်၊ ၂၀-နှစ်ရပ်ဟူ၍ နှစ်ရပ်စီဝေလေ။ ရှစ်ရပ်ဖြစ်၏ သင်္ချာတူချင်း ပေါင်း၍ ထား။ လောဘမူစိတ် ရှစ်ခု၌ သင်္ဂဟနည်း ၄-ပါးဖြစ်၏၊

လောဘမူစိတ် သင်္ဂဟနည်း ၄-ပါး ပြီး၏၊

------------

ဒေါသမူစိတ် သင်္ဂဟနည်း -၂

၉၆။ ပီပစ် အညံ၊ ဆယ့်နှစ်ခံ၊ လေးတန် မောစတု။
၉၇။ ဒေါစတုက်ကူ၊ ဒေါသမူ၊ ပေါင်းယူ နှစ်ဆယ်ရှု။
၉၈။ ယင်းနှစ်ဆယ်တွင်၊ ထိ, မိဒ် ဝင်၊ သ သင် ဒွေဒွေပြု။

ပီတိကို ပစ်ပယ်၍ အညသမာန်း ၁၂၊ မောစတုက် ၄၊ ပေါင်း ၁၆ တွင် ဒေါစတုက်တွင် ဒေါစတုက် ရ၏၊

၎င်း ၂၀-တွင် ထိန မိဒ္ဓ ၂-ပါးကိုထည့်။ ဒေါသမူ သသင်္ခါရိကစိတ်၌ စေတသိက် ၂၂-ရ၏၊

ဒေါသမူစိတ် သင်္ဂဟနည်း ၂-ပါး ပြီး၏၊

---------

မောဟမူဒွေ သင်္ဂဟနည်း-၁

၉၉။ ပီ, အဓိ, ဆန်၊ ကြဉ်တုံပြန်၊ အညံ တစ်ဆယ်ထား။
၁၀၀။ မောစတုပါ၊ စိကိစ္ဆာ၊ စိ, မှာ တစ်ဆယ့် ငါး။

ပီတိ, အဓိမောက္ခ, ဆန္ဒ ဤ သုံးခုကြဉ် အညသမာန်း ၁၀- ဖြစ်၏၊

ယင်း ၁၀-တွင်- မောစတုက်နှင့် ဝိစိကိစ္ဆာကို ထည့်။ ဝိစိကိစ္ဆာသဟဂုတ် စိတ်၌ စေတသိက် ၁၅-ဖြစ်၏၊

၁၀၁။ ပီ, ဆန်, ပယ်ပစ်၊ အဉ် ဆယ့်တစ်၊ ထည့်လစ် မောစတု။
၁၀၂။ ဥဒ္ဓစ္စမှာ၊ ရတုံပါ၊ သင်္ချာ ဆယ့်ငါးခု။

ပီတိ, ဆန္ဒပယ် အညသမာန်း ၁၁၊ ယင်းတွင်မောစတုက် ထည့်။

ဥဒ္ဓစ္စသမ္ပယုတ်စိတ်၌ စေတသိက် ၁၅-ရ၏၊

မောဟမူဒွေ သင်္ဂဟနည်း တစ်ပါး ပြီး၏၊

အကုသိုလ်စိတ် ၁၂- ခု၌ သင်္ဂဟနည်း ၇-ပြီး၏၊

--------------

အဟိတ်စိတ် သင်္ဂဟနည်း--၄

၁၀၃။ သဗ္ဗစိတ္တ၊ ခုနစ်ရ၊ ပဉ္စ ဝိညာဏ်မှာ။

ဒွေပဉ္စဝိညာဏ်တစ်ဆယ်မှာ သဗ္ဗစိတ္တသာဓာရဏ ခုနစ်သာ ရ၏၊ 

၁၀၄။ ဝီ, ဆန်, ပယ်ပစ်၊ တစ်ဆယ့်တစ်၊ ဖြစ်တုံ သောတီ မှာ သော-တီ ဆိုသည်ကား သောမနဿ သန္တီရဏတည်း။ ယင်း သောတီ၌ ဝီရိယ ဆန္ဒကြဉ် အညသမာန်း ဆယ့် တစ်ခုဖြစ်၏၊ ၁၀၅။ ပီ, ဆန်, ပယ်ပစ်၊ တစ်ဆယ့်တစ်၊ ဖြစ်တုံ မနောဒွါ။ မနောဒွါရာဝဇ္ဇန်းစိတ်၌ ပီတိ ဆန္ဒ ကြဉ်၍ အညသမာန်း ၁၁- ဖြစ်၏၊

၁၀၆။ ဆန္ဒ ပယ်ပစ်၊ တစ်ဆယ့်နှစ်၊ ဖြစ်တုံ ဟသိ မှာ။ ဟသိတုပ္ပါဒ်စိတ်၌ ဆန္ဒကြဉ်သော အညသမာန်း ၁၂-ဖြစ်၏၊ ၁၀၇။ ဝီ, ပီ, ဆန်, ပယ်၊ ကျန် တစ်ဆယ်၊ ငါးသွယ်ကြွင်း ဟိတ်မှာ။

သမ္ပဋိစ္ဆိုန်းဒွေ၊ ဥပက္ခာသန္တီရဏဒွေ ပဉ္စဒွါရာဝဇ္ဇန်း ၁၊ ဤငါးခု သည် အဟိတ်ကြွင်း ငါးခုမည်၏၊ ၎င်း၌ ဝီရိယ ပီတိ ဆန္ဒပယ်သော အညသမာန်း ၁၀-ယှဉ်၏၊

၁၀၈။ ခုနစ်, ဆယ့်တစ်၊ တစ်ဆယ့် နှစ်၊ နောက်ဖြစ် တစ်ဆယ်သာ။

၇- ၁၁ - ၁၂ -၁၀ - အဟိတ်စိတ် ၁၈-ခု၌ သင်္ဂဟနည်း ၄-ပါး။ အဟိတ်စိတ် ၁၈-ခု၌ သင်္ဂဟနည်း-၄-ပါး ပြီး၏၊

---------------

ကာမသောဘဏစိတ် သင်္ဂဟနည်း-၁၂

မဟာကုသိုလ် သင်္ဂဟနည်း-၄

၁၀၉။ ဆယ့်သုံး အည၊ သောဘဏ၊ ပေါင်းထ သုံးဆယ့်ရှစ်။

အညသမာန်း ၁၃၊ သောဘဏစေတသိက် ၂၅၊ ပေါင်း ၃၈။ 

၁၁၀။ ပ-ကုဒွေမှာ၊ ယှဉ်တုံပါ၊ ဒု မှာ ဉာဏ်ကိုပစ်။

မဟာကုသိုလ် ပထမဒွေမှာ ၃၈-ဖြစ်၏၊ ယင်း ဒုတိယဒွေမှာ ဉာဏ်ပညာခေါ်သော အမောဟကို ပယ်ပစ် ၃၇-ပါးဖြစ်၏၊ ၁၁၁။ ပီ ပစ် ဉာဏ်ယှဉ်၊ တ ဒွေတွင်၊ စ တွင် ဉာဏ်, ပီပစ်။

အထက် ၃၈-ပါးတွင် ပီတိပစ်၊ တတိယဒွေမှာ ၃၇-ဖြစ်၏၊ ဉာဏ် ပီတိ ပစ်၊ စတုတ္ထဒွေ၌ ၃၆-ဖြစ်၏၊

မဟာကုသိုလ်စိတ် ၈-ခု၌ သင်္ဂဟနည်း ၄-ပါး ပြီး၏၊

မဟာကြိယာ သင်္ဂဟနည်း-၄

၁၁၂။ သုံးဆယ့်ရှစ်တွင်၊ ဝိရတီကြဉ်၊ ကြိတွင် ကုနည်း သွား။

အထက် သုံးဆယ့်ရှစ်တွင် ဝိရတီ ၃-ခုကြဉ် ပဉ္စတိံသ ကျန်၏၊ ယင်း ၃၅-သည် မဟာကြိယာ ပဌမဒွေမှာ ဖြစ်၏၊ ဒုတိယဒွေမှာ ဉာဏ်ကိုပစ် ၃၄-ရ၏၊

တတိယဒွေမှာ ဉာဏ်ကိုထည့် ပီတိကို ပစ်၊ ၃၄- ပင်ရ၏၊ စတုတ္ထဒွေမှာ ဉာဏ် ပီတိ ၂-ခုကို ပစ်၊ ၃၃-ရ၏၊ ကုသိုလ်စိတ်၌ ပြဆိုခဲ့ပြီးသော သင်္ဂဟနည်း ၄-ပါးသွားပုံတည်း။ မဟာကြိယာစိတ် ၈-ခု၌ သင်္ဂဟနည်း ၄-ပါး ပြီး၏၊

-----------

မဟာဝိပါက် သင်္ဂဟနည်း-၄

၁၁၃။ သုံးဆယ့်ငါးတွင်၊ မညာကြဉ်၊ ဝိတွင် ကြိနည်းသွား။ 

ဝိရတီကြဉ်ပြီး ကျန် ၃၅-တွင် အပ္ပမညာဒွေကို ကြဉ်ပြန်၊ ၃၃- ဖြစ်၏၊

ယင်း ၃၃-သည် မဟာဝိပါက် ပဌမဒွေ၌ ဖြစ်၏၊

ဒုတိယဒွေမှာ ဉာဏ်ကိုပစ်၊ ၃၂-ဖြစ်၏၊

တတိယဒွေမှာ ဉာဏ်ကိုထည့်၊ ပီတိကို ပစ်၊ ၃၂-ပင်ဖြစ်၏၊ စတုတ္ထဒွေမှာ ဉာဏ် ပီတိ ၂-ကိုပစ်၊ ၃၁-ဖြစ်၏၊

ကြိယာ၌ ပြဆိုခဲ့ပြီးသော သင်္ဂဟနည်း ၄-ပါးသွားပုံတည်း။ မဟာဝိပါက်စိတ်၌ သင်္ဂဟနည်း ၄-ပါးပြီး၏၊

------------

၁၁၄။ လေးစုံ သုံးထပ်၊ ဆယ့်နှစ်ရပ်၊ မှတ်လေ နည်း အပြား။

ကုသိုလ်၌ ၄၊ ကြိယာ၌ ၄၊ ဝိပါက်၌ ၄၊ ဤသင်္ဂဟနည်း ၄-ပါး အစုံသုံးရပ်သည် ၁၂-ဖြစ်၏၊

ကာမသောဘဏစိတ် ၂၄-ခု၌ သင်္ဂဟနည်း ၁၂-ပါးပြီး၏၊

--------------

မဟဂ္ဂုတ်စိတ် သင်္ဂဟနည်း -၅-ပါး

၁၁၅။ မဟဂ္ဂုတ်တွင်၊ ဝိရတီကြဉ်၊ ပဉ်မှာ မညာပစ်။

မဟဂ္ဂုတ် စျာန်စိတ် ၂၇-မှာ ဝိရတီ ၃-ခုကို ကြဉ်လေ။ ပဉ္စမစျာန် စိတ် ၁၅-မှာ အပ္ပမညာဒွေကိုလည်း ပစ်လေ။

၁၁၆။ သုံးဆယ့် ငါးတန်၊ ငါးဆင့်ဖန်၊ စျာန်အင်္ဂါနည်းသွား။

အထက် ၃၈-တွင် ဝိရတီကြဉ် ၃၅-ဖြစ်၏၊

ပဉ္စမစျာန်စိတ် ၁၅-ခုမှာ အပ္ပမညာဒွေကိုလည်း ပစ်လေဦး။ ယခင် ၃၅-ခုကို ငါးဆင့်ဝေဖန်၍ စျာန်အင်္ဂါနည်းသွားလေ။ သွားပုံကား -ရူပါဝစရ ပထမစျာန်စိတ် ၃-ခုမှာ ၃၅-ဖြစ်၏၊ ယင်းတွင် ဝိတက်ကြဉ် ဒုတိယစျာန် ၃-ခုမှာ ၃၄-ဖြစ်၏၊ ယင်းတွင် ဝိစာရကြဉ် တတိယစျာန်စိတ် ၃-ခုမှာ ၃၃-ဖြစ်၏၊ ယင်းတွင်ပီတိကြဉ် စတုတ္ထစျာန်စိတ် ၃-ခုမှာ ၃၂-ဖြစ်၏၊ ယင်းတွင် အပ္ပမညာဒွေကြဉ် ရူပ အရူပ ပဉ္စမစျာန်စိတ် ၁၅-ခုမှာ ၃၀-ဖြစ်၏၊

စတုတ္ထမှာ သုခဝေဒနာတည်း။ ပဉ္စမစျာန်စိတ် ၃၅-ခုမှာ ဥပေက္ခာ ဝေဒနာတည်း။

၁၁၇။ သုံးဆယ့်ငါး, လေး၊ သုံးနှင့်, ဒွေး၊ တိံသေး နည်းအပြား။

တိံသေး ကား ၃၀-တည်း။ အစ၌ သုံးဆယ့် ပုဒ်ကို ဒွေ တိုင် အောင်လိုက်စေ။ ၃၅-၃၄-၃၃-၃၂-၃၀-ဤသို့လျှင် မဟဂ္ဂုတ်စျာန်စိတ် ၂၇-၌ သင်္ဂဟနည်းအပြား ငါးပါးဖြစ်၏၊

မဟဂ္ဂုတ်စိတ် ၂၇-ခု၌ သင်္ဂဟနည်း ၅-ပါးပြီး၏၊

---------------

လောကုတ္တရာစိတ် သင်္ဂဟနည်း-၅

၁၁၈။ ဒွေ ပမညာ၊ ကြဉ်တုံပါ၊ သင်္ချာ သုံးဆယ့်ခြောက်။
၁၁၉။ လောကုတ်စျာန်တွင်၊ ပွားနည်းယှဉ်၊ အစဉ် ငါးဆင့်မြောက်။

အထက် ၃၈-တွင် အပ္ပမညာဒွေကြဉ် ကျန်စေတသိက်ပေါင်း ၃၆- ဖြစ်၏၊ ၎င်း ၃၆-ကို လောကုတ္တရာစိတ် ၄၀-တွင် စျာနင်ပွားနည်း အစဉ်အတိုင်း ငါးဆင့်မြောက်အောင် ပွါးလေ။ သင်္ဂဟနည်း ငါးပါးဖြစ်၏၊ ပွါးပုံကား-

လောကုတ္တရာ ပထမစျာန်စိတ် ၈-ခု၌ ၃၆-ဖြစ်၏၊ ယင်းတွင် ဝိတက်ကြဉ် ဒုတိယစျာန်စိတ် ၈-ခု၌ ၃၅-ဖြစ်၏၊ ယင်းတွင် ဝိစာရကြဉ် တတိယစျာန်စိတ် ၈-ခု၌ ၃၄- ဖြစ်၏၊ ယင်းတွင် ပီတိကြဉ် စတုတ္ထစျာန် စိတ် ၈-ခု၌ ၃၃-ဖြစ်၏၊ ယင်းတွင် သုခဝေဒနာကို ဥပေက္ခာ ဝေဒနာ နှင့်လဲ။ ပဉ္စမစျာန် ၈-ခု၌ ၃၃-ပင်ဖြစ်၏၊

၁၂၀။ သုံးဆယ့်ခြောက်, ငါး၊ လေး, သုံး, ဒွါး၊ ငါးပါး သင်္ဂဟ။

သုံးဒွါးကား သုံး ၂-ခုတည်း။ အစ၌သုံးဆယ့် ပုဒ်ကို နောက် သုံး တိုင်အောင် လိုက်လေ။ ၃၆၊ ၃၅၊ ၃၄၊ ၃၃၊ ၃၃၊ ဤသို့လျှင် လောကုတ္တရာစိတ် ၄၀-၌ သင်္ဂဟနည်း ငါးပါးပြီး၏ဟူလို။

သင်္ဂဟနည်းသည် အကုသိုလ် ၁၂-ခု၌ ရပါး၊ အဟိတ်စိတ် ၁၈- ခု၌ ၄-ပါး၊ ကာမသောဘဏစိတ် ၂၄-ခု၌ ၁၂-ပါး၊ မဟဂ္ဂုတ်စိတ် ၂၇- ခု၌၅-ပါး၊ လောကုတ္တရာစိတ် ၄၀-၌၅-ပါးဟူ၍ သင်္ဂဟနည်း ၃၃- ပါးဖြစ်၏၊

သင်္ဂဟနည်းပေါင်း ၃၃-ပါးပြီး၏၊

-----------

အနိယတ ယောဂီ

၁၂၁။ မာ, ဣသ်, မစ်, ကု၊ ထိ, မိဒ်, စု၊ သုံးခု ဝိရတီ။
၁၂၂။ နှစ် ပမညာ၊ ဆယ့်တစ်ဖြာ၊ ရံခါ ယှဉ်ကြဘိ။
၁၂၃။ အာရုံမတူ၊ ကွဲကြမူ၊ အတူမဖြစ်သိ။

မာန, ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ, ထိန, မိဒ္ဓ, ဝိရတီသုံးခု, အပ္ပမညာဒွေ ဤစေတသိက် ၁၁-သည် အနိယတယောဂီမည်၏၊ ရံခါသာယှဉ်၏၊

ဣဿာ, မစ္ဆရိယ, ကုက္ကုစ္စ-ဤ ၃-ခုသည် အာရုံကွဲကြ၏၊

တစ်ပေါင်းတည်းမဖြစ်ကြ။ အသီးအသီးသာ ဖြစ်ကြ၏၊ ဝိရတီ, အပ္ပမညာ- ဤ ၅-ခုတို့လည်း ထိုအတူ အသီးအသီးသာ ယှဉ်ကြ၏၊

စေတသိက်အပြား

၁၂၄။ သံ,သင်, ကိုသ၊ိ အကျယ်ချိ၊ များဘိ စေသီးသီး။

ပြဆိုခဲ့ပြီးသော သမ္ပယောဂနည်း ၁၈-ပါး၊ သင်္ဂဟနည်း ၃၃-ပါးကို သိ၍ စေတသိက်တို့ကို အကျယ်ဝေဖန်သည်ရှိသော်အသီးအသီး စေတသိက်တရား အလွန်များဘိ၏၊ ဖဿသည် စိတ်အကျဉ်း၈၉-ခု၊ အကျယ်၁၂၁-ခု၌ ယှဉ်သောကြောင့် ဖဿစေတသိက်ပေါင်း အကျဉ်း ၈၉ -ခု၊ အကျယ် ၁၂၁ - ခုဖြစ်၏ စသည်ဖြင့် ဝေဖန်၍သိလေ။

* ပိုဒ်ခုနစ်ဆယ်၊ လင်္ကာခြယ်၊ ဤဝယ် စေပိုင်းပြီး။ စေတသိက်ပိုင်း ပြီး၏၊

-------

၃-ပကိဏ်းပိုင်း

ဝေဒနာ သင်္ဂဟ

ဝေဒနာသင်္ဂဟကို စိတ်ပိုင်း၌ ပြဆိုပြီးခဲ့ပြီ၊ သုခဝေဒနာနှင့် ယှဉ်သောစိတ် -၁၊ ဒုက္ခဝေဒနာနှင့် ယှဉ်သောစိတ်-၁၊ ဒေါမနဿ ဝေဒနာနှင့် ယှဉ်သောစိတ်-၂၊ သောမနဿဝေဒနာနှင့်ယှဉ်သောစိတ် -၆၂၊ ဥပေက္ခာဝေဒနာနှင့် ယှဉ်သောစိတ် -၅၅၊ သရုပ်ဖော်၍ခွဲလေ။

ဝေဒနာသင်္ဂဟပြီး၏၊

------

ဟေတုသင်္ဂဟ

၁၂၅။ လော, ဒေါ, မော သုံး၊ အ, နှင့် သုံး၊ ခေါ်ထုံး ဟိတ်ခြောက်ပါး။
၁၂၆။ ရေသောက်မြစ်နှယ်၊ ကျေးဇူးကြွယ်၊ ကြီးကျယ် ကြောင်းရင်းများ။

လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟ ဟိတ် ၆-ပါး၊ နောက် ကဗျာများကား ဟိတ်၏ အနက်တည်း။

ရှေ့ဟိတ် ၃-ပါးကား အကုသိုလ်ဟိတ်တည်း။ နောက်ဟိတ် ၃- ပါးကား ကုသိုလ်စိတ်မှာလည်းပါရှိ၏၊ ဝိပါက်စိတ် ကြိယာစိတ် ဟူသော အဗျာကတစိတ်တို့မှာလည်း ပါရှိ၏၊ ကုသိုလ်စိတ်မှာပါရှိ သည်ကား ကုသိုလ်ဟိတ် ၃-ပါးတည်း။ အဗျာကတစိတ်မှာ ပါရှိသည်ကား အဗျာ ကတဟိတ် ၃-ပါးတည်း။ ထို့ကြောင့်ဟိတ်သည် ဇာတ်အားဖြင့် ၉- ပါးဖြစ်၏၊

တစ်နည်း -အကုသိုလ်ဟိတ် ၃-ပါး၊ ကုသိုလ်ဟိတ် ၃-ပါး၊ ဝိပါက်ဟိတ် ၃-ပါး၊ ကြိယာဟိတ် ၃-ပါး၊ ၁၂-ပါးဖြစ်၏၊

အဟိတ်စိတ်, ဧကဟိတ်စိတ်, ဒွိဟိတ်စိတ်, တိဟိတ်စိတ်။

၁၂၇။ အဟိတ် ဆယ့်ရှစ်၊ ဧဟိတ် နှစ်၊ ဒွိဖြစ် ဝီသဒွေး။
၁၂၈။ ဟိတ်သုံးပါးယှဉ်၊ တိဟိတ်တွင်၊ သင်္ချာဇော သတ္တေး။
၁၂၉။ စိတ်နှင့် စေယှဉ်၊ ကျေလည်လျှင်၊ ဟိတ်မြင် မခက်သေး။

ဇောသတ္တေး ကား ၄၇-တည်း။ စိတ်ပိုင်းမှာပြဆိုခဲ့သည့် အဟိတ်စိတ် ၁၈-ခုကို အဟိတ်ဆယ့်ရှစ် ဆိုသည်။
မောဟမူစိတ် ၂-သည် မောဟဟိတ် ၁-ခုနှင့်သာယှဉ်၏၊ ဧကဟိတ် ၂-ခုမည်၏၊
လောဘမူစိတ် ရှစ်သည် လောဘဟိတ်၊ မောဟဟိတ်၊ ၂- ခုနှင့်ယှဉ်၏၊
ဒေါသမူ ၂-ခုသည် ဒေါသဟိတ်၊ မောဟဟိတ် ၂-ခုနှင့်ယှဉ်၏၊ မဟာကုသိုလ် ဉာဏဝိပ္ပယုတ် ၄-ခု၊ မဟာဝိပါက် ဉာဏဝိပ္ပယုတ် ၄-ခု၊ မဟာကြိယာ ဉာဏဝိပ္ပယုတ် ၄-ခု၊ ဤ ၁၂-ခုသည် အလောဘ ဟိတ်, အဒေါသဟိတ် ဟူသော ဟိတ် ၂-ပါးနှင့်ယှဉ်၏၊
ဤသို့လျှင် ဤ ၂၂-ခုသောစိတ်သည် ဟိတ် ၂-ပါးစီနှင့် ယှဉ်သော ကြောင့် ဒွိဟိတ် စိတ်မည်၏၊
မဟာကုသိုလ် ဉာဏသမ္ပယုတ် ၄-ခု၊ မဟာဝိပါက် ဉာဏသမ္ပယုတ် ၄-ခု၊ မဟာကြိယာ ဉာဏသမ္ပယုတ် ၄-ခု၊ ပေါင်း ကာမတိဟိတ် ၁၂-ခု။ မဟဂ္ဂုတ်စျာန်စိတ်- ၂၇၊ လောကုတ္တရာစိတ်-၈- ခ၊ု ပေါင်း ၄၇- ခုသောစိတ်တို့သည် အလောဘ၊ အဒေါသ၊ အမောဟ၊ ဤဟိတ် -၃- ပါးနှင့် ယှဉ်သောကြောင့် တိဟိတ် စိတ်မည်၏၊
(စေတသိက်ပိုင်းကျေလည်လျှင် ဤဟေတုသင်္ဂဟသည် အလွန်လွယ်လှ၏၊)

ဟေတုသင်္ဂဟပြီး၏၊

-----

ကိစ္စသင်္ဂဟ

၁။ ပဋိသန္ဓိကိစ္စံ=ဘဝအသစ်အသစ် ဆက်လက်ခြင်း ကိစ္စ လည်း ကောင်း။
၂။ ဘဝင်္ဂကိစ္စံ=ဘဝကို စောင့်ရှောက်ခြင်း ကိစ္စလည်းကောင်း။
၃။ အာဝဇ္ဇနကိစ္စံ=ဆင်ခြင်ခြင်း ကိစ္စလည်းကောင်း။
၄။ ဒဿနကိစ္စံ=မြင်ခြင်း ကိစ္စလည်းကောင်း
၅။ သဝနကိစ္စံ=ကြားခြင်း ကိစ္စလည်းကောင်း။
၆။ ဃာယနကိစ္စံ=နံခြင်း ကိစ္စလည်းကောင်း။
၇။ သာယနကိစ္စံ=လျက်ခြင်း သာယာခြင်း ကိစ္စလည်းကောင်း
၈။ ဖုသနကိစ္စံ=တွေ့ထိခြင်း ကိစ္စလည်းကောင်း။
၉။ သမ္ပဋိစ္ဆနကိစ္စံ=လက်ခံသိမ်းပိုက်ခြင်း ကိစ္စလည်းကောင်း။
၁၀။ သန္တီရဏကိစ္စံ=စိစစ်ခြင်း ကိစ္စလည်းကောင်း။
၁၁။ ဝေါဋ္ဌဗ္ဗနကိစ္စံ=ပိုင်းခြားမှတ်သားခြင်း ကိစ္စလည်းကောင်း။
၁၂။ ဇဝနကိစ္စံ=အဟုန်နှင့်တကွ ကျရောက်ခံစံခြင်း ကိစ္စလည်း ကောင်း။
၁၃။ တဒါရမ္မဏကိစ္စံ=ဇောသို့ အစဉ်လိုက်ခြင်း ကိစ္စလည်း ကောင်း။
၁၄။ စုတိကိစ္စံ=ဘဝမှ ရွေ့လျောခြင်း ကိစ္စလည်းကောင်း။
စုဒ္ဒသကိစ္စာနိ၊ ၁၄-ပါးသော ကိစ္စတို့တည်း။ [နှုတ်တက်ရစေ]

၁၃၀။ စပ်ဆက်,စီစဉ်၊ ဆင်ခြင်,ကြည့်ရှု၊ ကြားနာမှုနှင့်၊ နံမှု,လျက်မူ၊ တွေ့ထိမှုမှန်၊ လက်ခံ,စစ်ဆေး၊ ပိုင်းခြား ရေးတည့် သိရေးတွင်ကျယ်၊ တာတွယ် လိုက်စား၊ ရွေ့ရှားပြောင်းခွာ၊ ဆယ့်လေးဖြာ၊ ပြုရာ ကိစ္စစဉ်။

၁၃၁။ ဥ-သန္တီရိ၊ စိတ်နှစ်ဒွိမူ၊ သန္ဓိ, ဘဝင်၊ သန္တီရင်နှင့်၊ အစဉ်လိုက်မှု၊ အဆုံးစု၊ ငါးခုကိစ္စယှဉ်။

ဥ-သန္တီရ၊ိ စိတ်နှစ်ဒွိ ဆိုသည်ကား-ဥပေက္ခာသန္တီရဏ ၂- ခုကိုဆိုသည်။ ဤ ၂-ခုသောစိတ်သည် ငါးကိစ္စ တပ်၏၊ ငါးကိစ္စဟူ သည်ကား (၁)ပဋိသန္ဓိကိစ္စ (၂)ဘဝင်ကိစ္စ (၃)သန္တီရဏကိစ္စ (၄)အစဉ် လိုက်မှုဟူသော တဒါရုံကိစ္စ (၅)တစ်ခုသောဘဝ၏ အဆုံးဖြစ်သော စုတိကိစ္စ၊ ဤငါးကိစ္စတည်း။

၁၃၂။ အာဝဇ္ဇနံ၊ ကိစ္စဝန်၊ ဝဇ္ဇန်နှစ်စိတ်ပင်။ အာဝဇ္ဇန်းကိစ္စရှိသော စိတ်ကား ပဉ္စဒွါရာဝဇ္ဇန်းစိတ်-၁၊ မနောဒွါရာ ဝဇ္ဇန်းစိတ်-၁၊ ဤနှစ်စိတ်ပင်တည်း။

၁၃၃။ ဒဿနာဒိ၊ စက္ခာဒိ၊ သိလေစိတ်အစဉ်။ ဒဿန အစရှိသော ခုနစ်ကိစ္စမှာ စက္ခုဝိညာဉ်အစရှိသော စိတ် ၇-မျိုးတို့နှင့် အစဉ်အတိုင်း တိုက်ဆိုင်၍ သိလေဟူလို။သိပုံကား-စက္ခုဝိညာဉ်ဒွေသည် ဒဿနကိစ္စတပ်၏၊

သောတဝိညာဉ်ဒွေသည် သဝနကိစ္စတပ်၏၊
ဃာနဝိညာဉ်ဒွေသည် ဃာယနကိစ္စတပ်၏၊
ဇိဝှါဝိညာဉ်ဒွေသည် သာယနကိစ္စတပ်၏၊
ကာယဝိညာဉ်ဒွေသည် ဖုသနကိစ္စတပ်၏၊
သမ္ပဋိစ္ဆိုန်းဒွေသည် သမ္ပဋိစ္ဆနကိစ္စတပ်၏၊
သန္တီရဏ ၃-ခုသည် သန္တီရဏကိစ္စတပ်၏၊ ကိစ္စ ၇-၊ စိတ်ပေါင်း ၁၅။ ဤသို့တိုက်ဆိုင်၍သိလေ။

၁၃၄။ ဝုဋ္ဌောကိစ္စာ၊ မနောဒွါ၊ တစ်သာ အမြဲပင်။

ဝုဋ္ဌောကိစ္စတစ်ခုမှာ မနောဒွါရာဝဇ္ဇန်း ၁-သာအမြဲပင်တည်း။

၁၃၅။ ဝဇ္ဇန်ကြဉ်ဘိ၊ ကု, ကု, ကြိ၊ ဖိုလ်ထည့် ဇော ပဉ်ပဉ်။

ပဉ်ပဉ် ဆိုသည်ကား ပဉ္စပဉ္စတည်း။ ငါးဆယ့်ငါးဆိုလိုသည်။

အကုသိုလ် စိတ် ၁၂၊ ကုသိုလ်စိတ် ၂၁၊ အာဝဇ္ဇန်းဒွေကြဉ်သော ကြိယာစိတ် ၁၈၊ ဖိုလ်စိတ် ၄ -ခုထည့်။ ဇောကိစ္စတပ်သော စိတ်ပေါင်း ၅၅-ဖြစ်၏၊ ဇော ၅၅-ခေါ်သည်။

၁၃၆။ သန္တီ တြိ၊ မဟာဝိ၊ မှတ်ဘိ တဒါရင်။

သန္တီရဏစိတ် ၃-ခု၊ မဟာဝိပါက်စိတ် ၈-ခု၊ ဤ ၁၁-ခုသည် တဒါရုံကိစ္စတပ်၏၊ တဒါရုံ ဧကာဒသ ခေါ်သည်။

၁၃၇။ သော သန္တီရိ၊ ကိစ္စ ဒွိ၊ သန္တိ တဒါရင်။ 

သောမနဿသန္တီရဏစိတ်သည် သန္တီရဏကိစ္စ၊ တဒါရုံကိစ္စ အားဖြင့် ကိစ္စ ၂-ပါးတပ်၏၊

၁၃၈။ မနောဒွါရာ၊ ဒွိကိစ္စာ၊ ဝုဋ္ဌာ, ဝဇ္ဇန်ပင်။ 

မနောဒွါရာဝဇ္ဇန်းစိတ်သည် အာဝဇ္ဇန်းကိစ္စ၊ ဝုဋ္ဌောကိစ္စ အားဖြင့် နှစ်ကိစ္စ တပ်၏၊

၁၃၉။ ရှစ် မဟာဝိ၊ ဘွင်, သန္ဓိ၊ စုတိ, တဒါရင်။ 

မဟာဝိပါက်စိတ် ရှစ်ခုသည် ပဋိသန္ဓေကိစ္စ၊ ဘဝင်ကိစ္စ၊ စုတိကိစ္စ၊ တဒါရုံကိစ္စအားဖြင့် လေးကိစ္စတပ်၏၊

၁၄၀။ ကိုး မဟဂ်ဝိ၊ ကိစ္စတြိ၊ သန္ဓိ, ဘွင်, စု, ယှဉ်။ 

မဟဂ္ဂုတ်ဝိပါက် ၉-ခုသည် ပဋိသန္ဓေကိစ္စ၊ ဘဝင်ကိစ္စ၊ စုတိကိစ္စ၊ ဤသုံးကိစ္စနှင့်ယှဉ်၏၊ 

ဤသုံးကိစ္စ တပ်၏ဆိုလိုသည်။

၁၄၁။ တစ် ခြောက်ဆယ့်ရှစ်၊ နှစ်မူ နှစ်၊ လေး-ရှစ်, သုံး-ကိုးပင်။

၁၄၂။ ငါးမူကား ဒွိ၊ အပေါင်းသိ၊ ပြီး၏ကိစ္စသင်။ 

တစ်ကိစ္စတပ်သော စိတ်ပေါင်း ၆၈၊ နှစ်ကိစ္စတပ်သော စိတ်ပေါင်း ၂၊ လေးကိစ္စတပ်သော စိတ်ပေါင်း ၈၊ သုံးကိစ္စတပ်သောစိတ်ပေါင်း ၉၊ [လင်္ကာဖြစ်၍ လေး-သုံး ရှေ့နောက်ပြန်သည်] ငါးကိစ္စတပ်သော စိတ် ပေါင်း ၂၊ ဤသို့အပေါင်းနှင့်တကွ သိပါလျှင် ကိစ္စသင်္ဂဟ ပြီးစီး၏ဟူလို။ ငါးကိစ္စတပ် ၂-ဟူသည် ဥပေက္ခာသန္တီရဏ ၂-ခုတည်း။ သုံးကိစ္စတပ် ၉-ကား မဟဂ္ဂုတ်ဝိပါက် ၉-ခုတည်း။ လေးကိစ္စတပ် ရှစ်ကား မဟာဝိပါက် ရှစ်ခုတည်း။

နှစ်ကိစ္စတပ် နှစ်ကား သောမနဿသန္တီရဏ၊ မနောဒွါရာဝဇ္ဇန်း ဤ ၂-တည်း။

တစ်ကိစ္စတပ် ၆၈-ကား ပဉ္စဒွါရာဝဇ္ဇန်း ၁၊ ဒွေပဉ္စဝိညာဏ် ၁၀၊ သမ္ပဋိစ္ဆိုန်း ဒွေ၊ ဇော ၅၅၊ ဤ ၆၈-ပါးတည်း။ အလွန်ထွေးရှုပ်သည်၊ ရှင်းအောင်ခွဲလေ။

ဟေတုသင်္ဂဟနှင့် စပ်၍ ခွဲနည်းကားဟေတုသင်္ဂဟနှင့် စပ်၍ ခွဲနည်းကား ခု၊ ဤ ၁၉-ခုသည် ပဋိသန္ဓေစိတ်လည်း မည်၏၊ ဘဝင်စိတ်လည်းမည်၏၊ စုတိစိတ်လည်းမည်၏၊

ထို ၁၉-ခုတွင် ဥပေက္ခာသန္တီရဏ ၂-ခုကား အဟိတ်ပဋိသန္ဓေ တည်း။ အဟိတ်ဘဝင်၊ အဟိတ်စုတိတည်း။

မဟာဝိပါက်ဉာဏဝိပ္ပယုတ် ၄-ခုသည် ဒွိဟိတ်ပဋိသန္ဓေတည်း။

မဟာဝိပါက်ဉာဏသမ္ပယုတ် ၄-ခု၊ မဟဂ္ဂုတ်ဝိပါက် ၉-ခု၊ ဤ ၁၃- ခုသည် တိဟိတ်ပဋိသန္ဓေတေရသတည်း။ တိဟိတ်ဘဝင် တေရသ၊ တိဟိတ်စုတိတေရသတည်း။

တဒါရုံဧကာဒသမှာလည်း အဟိတ်တဒါရုံ ၃-ခု၊ ဒွိဟိတ် တဒါရုံ ၄-ခု၊ တိဟိတ်တဒါရုံ ၄-ခုတည်း။

ဇော ၅၅-တွင်လည်း

အဟိတ်ဇော ၁-မှာ ဟသိတုပ္ပါဒ်စိတ်တည်း။

ဧကဟိတ်ဇော ၂-ခု မှာ မောဟမူ ဒွေးတည်း။ ဒွိဟိတ်ဇော ၁၈- ၊ တိဟိတ်ဇော ၃၄။

၎င်းတိဟိတ်ဇော ၃၄-တွင်လည်း ကာမတိဟိတ်ဇော ၈၊ မဟဂ္ဂုတ် ဇော ၁၈၊ လောကုတ္တရာဇော ၈၊ [မဟဂ္ဂုတ်ဇော ၁၈-နှင့်လောကုတ္တရာ ဇော ၈-ကို အပ္ပနာဇောဆဗ္ဗီသ ခေါ်သည်။] ဆဗ္ဗီသကား ၂၆-တည်း။ ကိစ္စသင်္ဂဟ ပြီး၏၊

---------

ဒွါရသင်္ဂဟ

၁၄၃။ စက်, သော, ဃာ, ဇီ၊ ကာ, မနီ၊ ခြောက်လီ ဒွါရမှတ်။

စက္ခုဒွါရ, သောတဒွါရ, ဃာနဒွါရ, ဇိဝှါဒွါရ, ကာယဒွါရ, မနောဒွါရ။

၁၄၄။ အကြည်အလင်၊ ဖိတ်ဖိတ်လွင်၊ ထွက်ဝင် တံခါး ဓာတ်။

ကိုယ်တွင်း၌ စိတ်စေတသိက်တို့၏လည်းကောင်း အပ၌အာရုံ ၆- ပါးတို့၏လည်းကောင်း ဆိုင်ရာချင်းချင်း ပေါင်းသင်းဆက်ဆံ ထွက်ဝင် ရန်ဖြစ်သော အမျက်စိန်ရည် ဖိတ်ဖိတ်လည် အကြည်တံခါး ခြောက် ပေါက်တည်း။

၁၄၅။ ဘဝင်ဆယ့်ကိုး၊ စိတ်အမျိုး၊ ခေါ်ရိုးမနောဒွါ။ 

ဘဝင်စိတ် ၁၉-ခုကို မနောဒွါရ ခေါ်ရိုးရှိသည်။ ဤအရာ၌ မနောဒွါရ ဟူသည်ဘဝင်စိတ် ၁၉-ခုကိုသိလေ။

၁၄၆။ စက္ခု စသည်၊ ဖိတ်ဖိတ်လည်၊ အကြည်ရုပ် တို့သာ။
၁၄၇။ မနောဟူသည်၊ ဖိတ်ဖိတ်လည်၊ အကြည် နာမ်တို့သာ။

စက္ခုဒွါရ စသည်တို့ကား ဖိတ်ဖိတ်လည်သော ရုပ်အကြည်တို့ သာတည်း။ မနောဒွါရကား နာမ်အကြည်တည်း။

၁၄၈။ ပဉ္စဝိညာဉ်၊ ကိုယ်စီယှဉ်၊ ငါးအင် ဒွါရမှာ။ 

စက္ခုဝိညာဏ်ဒွေသည် စက္ခုဒွါရ၌သာ ဖြစ်၏၊ သောတဝိညာဏ် ဒွေသည် သောတဒွါရ၌သာ၊ ဃာနဝိညာဏ် ဒွေသည် ဃာနဒွါရ၌သာ၊ ဇိဝှါဝိညာဏ်ဒွေသည် ဇိဝှါဒွါရ၌သာ၊ ကာယဝိညာဏ်ဒွေသည် ကာယဒွါရ၌သာ ဖြစ်၏၊

၁၄၉။ မနောဓာတ်ခေါ်၊ စိတ်မနော်၊ ငါးဖော် ဒွါရမှာ။ 

ပဉ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုန်းဒွေကို မနောဓာတ် ၃-ခုခေါ်သည်။ ယင်း မနောဓာတ် ၃-ခုသည် ငါးဒွါရ၌သာ ဖြစ်၏၊

၁၅၀။ မနောဒွါရာ၊ တီ သုံးဖြာ၊ မဟာဝိပါက် ရှစ်။
၁၅၁။ နှစ်ဆယ့်ကိုးမျှ၊ ဇောကာမ၊ ဒွါရ ခြောက်ပါး ဖြစ်။ 

မနောဒွါရာဝဇ္ဇန်း ၁၊ သန္တီရဏ ၃-ခု၊ မဟာဝိပါက် ၈-ခု၊ ကာမဇော၂၉၊ ဤ ၄၁-ခုသော စိတ်တို့သည် ၆-ဒွါရလုံး၌ ဖြစ်ကုန်၏၊ ထိုတွင် မနောဒွါရာဝဇ္ဇန်းစိတ်သည် ပဉ္စဒွါရ၌ဖြစ်သောအခါ ဝုဋ္ဌောကိစ္စနှင့် ဖြစ်၏၊ မနောဒွါရ၌ ဖြစ်သောအခါ အာဝဇ္ဇန်းကိစ္စနှင့် ဖြစ်၏၊

သန္တီရဏ ၃-ခုသည် ပဉ္စဒွါရ၌ ဖြစ်သောအခါ သန္တီရဏကိစ္စ၊ တဒါရုံကိစ္စ ၂-ပါးနှင့်ဖြစ်၏၊ မနောဒွါရ၌ ဖြစ်သောအခါ တဒါရုံကိစ္စ နှင့်ဖြစ်၏၊

မဟာဝိပါက် ၈-ခုသည် ၆-ဒွါရ၌ပင် တဒါရုံကိစ္စနှင့်ဖြစ်၏၊

၁၅၂။ ဇောအပ္ပနာ၊ ဆဗ္ဗီသာ၊ မှန်စွာ မနောဖြစ်။ 

အပ္ပနာဇော ၂၆-ခုသည် မနောဒွါရ၌သာဖြစ်သည်။ ပဉ္စဒွါရ၌ မဖြစ်။

၁၅၃။ ဆယ့်ကိုး ပဋိသန်၊ စိတ်အမှန်၊ ခြောက်တန် ဒွါရ လွတ်။

ပဋိသန္ဓေစိတ် ၁၉-ခုသည် ၆- ဒွါရမှလွတ်၏၊ ဒွါရဝိမုတ် ခေါ်၏၊ ဘဝင်စိတ်- ၁၉၊ စုတိစိတ်-၁၉၊ အတူတူပင်။

ထို ၁၉-တွင် ဥပေက္ခာသန္တီရဏ ၂-ခု၊ မဟာဝိပါက် ၈-ခုဟူသော ကာမပဋိသန္ဓေ ၁၀-သည် ပဋိသန္ဓေကိစ္စ၊ ဘဝင်ကိစ္စ၊ စုတိကိစ္စတပ်ခိုက် ၌သာ ၆-ဒွါရမှ လွတ်သည်။ သန္တီရဏကိစ္စ၊ တဒါရုံကိစ္စတပ်ခိုက် ၆- ဒွါရ၌ပင် ဖြစ်သည်။

ရူပဝိပါက် ၅-ခု၊ အရူပဝိပါက် ၄-ခု ဟူသော မဟဂ္ဂုတ်ပဋိသန္ဓေ စိတ် ၉-ခုသည်မူကား အချင်းခပ်သိမ်း ၆-ဒွါရမှလွတ်သည်။

၁၅၄။ စက္ခုဒွါရောက်၊ လေးဆယ့်ခြောက်၊ ယူကောက် စိတ်အရ။

စက္ခုဒွါရ၌ စိတ်ပေါင်း ၄၆-ဖြစ်၏၊ ၄၆-ပါးသော စိတ်ကားဒွေပဉ္စဝိညာဏ် ၁၀-ကြဉ်၍ ကာမစိတ် ၄၄-ကို မူတည်၍ထား။ ၎င်း ၄၄-၌ စက္ခုဝိညာဏ်ဒွေထည့်လျှင် ၄၆-ဖြစ်၏၊ ဤ ၄၆-ပါးသော စိတ်တို့သည် စက္ခုဒွါရ၌ ဖြစ်သောစိတ် မည်ကုန်၏၊

၁၅၅။ သောတ စသည်၊ ဒွါလေးလီ၊ ထုံးမှီ ရှေးနည်းပြ။

ထိုအတူ သောတဒွါရ။ပ။ကာယဒွါရတို့၌လည်း စိတ်ပေါင်း ၄၆- ပါးစီဖြစ်ကုန်၏၊ ယခင် မူတည်၍ထားအပ်သော ကာမစိတ် ၄၄-တွင် သောတဝိညာဏ်ဒွေထည့်။ ၄၆-ပါးသောစိတ်တို့သည် သောတဒွါရ၌ဖြစ် သောစိတ်မည်ကုန်၏၊ပ။ ၄၄-ပါးသော ကာမစိတ်တို့တွင် ကာယ ဝိညာဏ်ဒွေ ထည့်။ ၄၆-ပါးသော စိတ်တို့သည် ကာယဒွါရ၌ဖြစ်သော စိတ်မည်ကုန်၏၊ ဆိုပြီး သံပေါက်တို့နှင့် နှီးနှော၍သိလေ။

၁၅၆။ ခြောက်ဆယ့်ခွန်သာ၊ မနောဒွါ၊ သင်္ချာစိတ်ရေရ။ 

မနောဒွါရ၌ စိတ်ပေါင်း ၆၇-ပါးဖြစ်၏၊ ၆၇-ပါးသောစိတ်တို့ကား တဒါရုံ ဧကာဒသ၊ ကာမဇောတစ်ခုယုတ်-၃၀၊ အပ္ပနာဇော ၂၆၊ မနောဒွါရာဝဇ္ဇန်း ၁-ခု၊ ဤ ၆၇-ပါးတို့ပေတည်း။

၁၅၇။ တစ်ဒွါရရောက်၊ သုံးဆယ့်ခြောက်၊ ငါးရောက် မနောသုံး။
၁၅၈။ ခြောက်ဒွါရဖြစ်၊ သုံးဆယ့်တစ်၊ လွတ်, ဖြစ် တစ်ဆယ်နှုန်း။
၁၅၉။ မဟဂ် ဝိပါ၊ ကိုးခုမှာ၊ ခြောက်ဒွါ လွတ်မြဲထုံး။ 

တစ်ဒွါရရောက် ဆိုသည်ကား-- တစ်ဒွါရ၌သာ ရောက်သည် ဖြစ်သည် ဟူလို။ ၃၆-ဆိုသည်ကား-ဒွေပဉ္စဝိညာဏ် ၁၀-နှင့် အပ္ပနာဇော ဆဗ္ဗီသတည်း။

ငါးရောက် မနောသုံး ဆိုသည်ကား-၅-ဒွါရ၌သာ ရောက်သော စိတ်ကား မနောဓာတ် ၃-ခုတည်း။

မနောဒွါရာဝဇ္ဇန်း- ၁၊ သောမနဿသန္တီရဏ- ၁၊ ကာမဇော ၂၉၊ ဤကား ၆ -ဒွါရဖြစ် ၃၁-တည်း။

လွတ်, ဖြစ် တစ်ဆယ် ဆိုသည်ကား ဥပေက္ခာသန္တီရဏ -၂၊ မဟာဝိပါက်-၈၊ ဤတစ်ဆယ်သည် ပဋိသန္ဓေ၊ ဘဝင်, စုတိကိစ္စ တပ်ခိုက် ၆-ဒွါရမှလွတ်၏၊ သန္တီရဏကိစ္စ, တဒါရုံကိစ္စ တပ်ခိုက် ၆-ဒွါရ၌ဖြစ်၏၊ ထို့ကြောင့် လွတ်, ဖြစ် တစ်ဆယ်နှုန်း ဆိုသတည်း။

မဟဂ္ဂုတ်ဝိပါက် ၉-ခုသည်ကား အမြဲလျှင်ပဋိသန္ဓေ ဘဝင် စုတိ ကိစ္စ ၃-ခုသာတပ်သည်ဖြစ်၍ ၆-ဒွါရမှ အမြဲလွတ်သတည်း။ ဒွါရသင်္ဂဟ ပြီး၏၊

------

အာရမ္မဏ သင်္ဂဟ

၁၆၀။ ရူပ သဒ္ဒါ၊ ဂန္ဓာ, ရသ၊ ဖောဋ္ဌဗ္ဗ၊ ဓမ္မ ခြောက် အာရုံ။
၁၆၁။ စိတ်, စေတသိက်၊ နိဗ်, ရုပ် အကြွင်း၊ ပညတ် အများ၊ ဤငါးပါး၊ မှတ်သား ဓမ္မာရုံ။
၁၆၂။ ဆွဲကိုင် မှီတွယ်၊ ကျေးဇူးကြွယ်၊ ခြောက်သွယ် ခေါ်အာရုံ။

စိတ်အကုန် စေတသိက်အကုန် နိဗ္ဗာန် ဟူ၍ နာမ်ဓမ္မာရုံ ၃-ပါး။ ရုပ်အကြွင်းဆိုသည်ကား ရူပ၊ သဒ္ဒ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗတို့မှ ကြွင်းသော ၂၁-ခုသော ရုပ်ဓမ္မာရုံ၊ ပညတ်ဓမ္မာရုံ ဟူ၍ ဓမ္မာရုံအပြား ၅-ပါးရှိ၏၊ ရုပ် ၂၁-ခုကို စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယဟူသော ပသာဒ ရုပ် ၅-ခု တစ်ရပ်၊ သုခုမရုပ် ၁၆-ခု တစ်ရပ်ခွဲဝေသည်ရှိသော်ဓမ္မာရုံ ခြောက်မျိုးဖြစ်၏၊

နောက်ကဗျာကား အာလမ္ဗဏသဒ္ဒါ၏ အနက်သဘောတည်း။ စိတ်စေတသိက်တို့၏ ဆွဲကိုင်မှီတွယ်ရာ ဆိုလိုသည်။

ကာလဝိမုတ်

၁၆၃။ နိဗ္ဗာန်, ပညတ်၊ နှစ်ရပ် ဓမ္မ၊ ဖြစ်ကင်းပ၊ ကာလ ဝိမုတ်ကြုံ။

ဖြစ်ခြင်းဟူသော ဥပါဒ်ဇာတိမှ ကင်းလွတ်သော နိဗ္ဗာန်နှင့် ပညတ် ဤနှစ်ပါးသည် အတိတ် အနာဂတ် ပစ္စုပ္ပန် သုံးတန်သောကာလမှ လွတ် သည်ဖြစ်၍ ကာလဝိမုတ် မည်၏၊

စိတ် စေတသိက် ရုပ် အလုံးစုံတို့သည်ကာလသုံးပါး၌ ယှဉ်သော ကြောင့် တေကာလိက ဓမ္မတို့ မည်ကုန်၏၊

၁၆၄။ ပဉ္စဝိညာဏ်၊ ကိုယ်စီရံ၊ ငါးတန် ရူပါဒိ။
၁၆၅။ မနောဓာတုံ ငါးအာရုံ၊ နှစ်စုံ ဆယ့်သုံးရှိ။
၁၆၆။ ပစ္စုပ် ဧကန်၊ ရုပ် ဧကန်၊ အမှန် တွေးယူညှိ။

စက္ခုဝိညာဏ်သည် ရူပါရုံကိုသာ အာရုံပြုသည်။ သောတဝိညာဏ် သည် သဒ္ဒါရုံကိုသာ၊ ဃာနဝိညာဏ်သည် ဂန္ဓာရုံကိုသာ၊ ဇိဝှါဝိညာဏ် သည် ရသာရုံကိုသာ၊ ကာယဝိညာဏ်သည် ပထဝီ တေဇော ဝါယော ဟူသော ဖောဋ္ဌဗ္ဗာရုံ ၃-ခုကိုသာ အာရုံပြုသည်။

ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုန်းဒွေးဟူသော မနောဓာတ် ၃-ခုသည် ရူပါရုံ၊ သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ ဟူသာ ပဉ္စာရုံကိုသာ အာရုံပြု သည်။

ကာမအာရုံပြုစိတ်-၂၅

ဒွေပဉ္စဝိညာဏ် ၁၀-နှင့် မနောဓာတ် ၃-ခုကို ပေါင်းပြန်သော် ၁၃-ခုရှိ၏၊ထို ၁၃-ခုသည် ကာလအားဖြင့် ပစ္စုပ္ပန်ဧကန်၊ ရုပ်ဧကန်သာ တည်း။ စက္ခုဝိညာဏ်ဒွေသည် ရူပါရုံကိုအာရုံပြုသည် ဆိုငြားသော်လည်း ချုပ်လေပြီးသော အတိတ်ရူပါရုံကို အာရုံပြုသည်လည်း မဟုတ်။ မဖြစ် သေးသော အနာဂတ်ရူပါရုံကို အာရုံပြုသည်လည်း မဟုတ်။ ဥပါဒ် ဌီ ဘင်၌တည်ဆဲဖြစ်သော ပစ္စုပ္ပန်ရူပါရုံကိုသာ အာရုံပြုသည်။ ကြွင်းသော စိတ် ၁၁-ခုတို့၌လည်း ဤနည်းတူသိလေ။

ထိုပဉ္စာရုံသည်လည်း ရုပ်တရားစု ဧကန်ဖြစ်၍ ထို ၁၃-ခုသော စိတ်ကို ရုပ်ဧကန် ဆိုသတည်း။

၁၆၇။ တဒါ, ဟသ၊ ဆယ့်နှစ်ဝ၊ ကာမကိုသာ သိ။ တဒါရုံ ဧကာဒသ, ဟသိတုပ္ပါဒ်, ဤ ၁၂-ခုသည် ကာမမျိုးဖြစ်သော ရုပ်အကုန် နာမ်အကုန်ကို အာရုံပြုနိုင်၏ဟု သိရမည် ဟူလို။ ကာမအာရုံပြုစိတ်ပေါင်း ၂၅-ပြီး၏၊

---------

လောကုတ္တရာကြဉ် အလုံးစုံအာရုံပြု

၁၆၈။ အကု ဆယ့်နှစ်၊ ရှစ် ဝိပ္ပယုတ်၊ ကု,ကြိ,ထုတ်၊ လောကုတ်ကြဉ်၍ သိ။

အကုသိုလ် ၁၂၊ မဟာကုသိုလ်ဉာဏဝိပ္ပယုတ် မဟာကြိယာဉာဏ ဝိပ္ပယုတ်ဟူသော ဝိပ္ပယုတ်ရှစ်ခု၊ ပေါင်း ၂၀-သည် မဂ်လေးတန် ဖိုလ်လေး တန် နိဗ္ဗာန်ဟူသော လောကုတ္တရာတရားမျိုးကိုလွှတ်၊ ကြွင်းသော ကာမစိတ် စေတသိက်၊ ရူပစိတ် စေတသိက်၊ အရူပစိတ် စေတသိက်၊ ရုပ် ၂၈-ခု၊ ပညတ်မျိုးဟူသော အလုံးစုံကို အာရုံပြုနိုင်သည်။

အရဟတ္တမဂ်ဖိုလ်ကြဉ် အလုံးစုံ အာရုံပြု

၁၆၉။ ကာမ-ကုဉာဏ်၊ ကုဘိညာဏ်၊ ငါးတန် စိတ်မနိ။
၁၇၀။ ရဟတ်မဂ်ဖိုလ်၊ ကြဉ်စေလို၊ ကြွင်းကို အကုန်သိ။

ကာမကုသိုလ် ဉာဏသမ္ပယုတ် ၄-ခု၊ ကုသိုလ်အဘိညာဉ်စိတ် ၁- ခု ဤငါးခုသောစိတ်သည် အရဟတ္တမဂ် အရဟတ္တဖိုလ်ကြဉ်၍ ကြွင်း သောအလုံးစုံသော ကာမရူပ အရူပစိတ် စေတသိက်၊ အောက်မဂ် ၃- ခု၊ အောက်ဖိုလ် ၃-ခု၊ ရုပ် ၂၈-ခု၊ နိဗ္ဗာန်၊ ပညတ်ကို အာရုံပြုနိုင်သည်။

အလုံးစုံ အာရုံပြုစိတ်

၁၇၁။ ကာမ-ကြိဉာဏ်၊ ကြိဘိညာဏ်၊ ဝဇ္ဇန် မနော ဆိ။
၁၇၂။ ခပ်သိမ်း အာရုံ၊ အလုံးစုံ၊ အကုန် ပြုလေဘိ။

ကာမကြိယာ ဉာဏသမ္ပယုတ် ၄-ခု၊ ကြိယာအဘိညာစိတ် ၁-ခု၊ မနောဒွါရာဝဇ္ဇန်းစိတ် ၁-ခု၊ ဤ ၆-ခုသော စိတ်သည် ကာမ ရူပ အရူပ လောကုတ္တရာ နိဗ္ဗာန် ပညတ် အလုံးစုံကို အကုန်အာရုံပြုနိုင်သည်၊ မည်သည့်တစ်ခုကိုမျှ မပြုနိုင်ဟု ကြဉ်ဖွယ် မရှိပြီ။

ဤအရာ၌ ကုသိုလ်အဘိညာ ကြိယာအဘိညာ ဆိုသည်ကားအဘိညာကိစ္စပြီးအောင် ပွားများအားထုတ်၍ ထမြောက်သော တန်ခိုး ဣဒ္ဓိပါဒ် ကြီးမြတ်သော ရူပပဉ္စမစျာန်ကုသိုလ် နှင့်ကြိယာ ၂-ခုတည်း။ ပကတိသော ရူပပဉ္စမစျာန် ကုသိုလ်နှင့် ကြိယာ ၂-ခုကား တစ်ခြား တည်း။

ပညတ်ဧကန်-၂၁

၁၇၃။ ဘိညာကြဉ်မူ၊ ဆယ့်ငါးရူ၊ အရူ-ပ, တ,ဆိ။
၁၇၄။ ပညတ်ဧကစ်၊ နှစ်ဆယ့်တစ်၊ စင်စစ်အမှန်သိ။

အဘိညာဒွေးကြဉ်သော ရူပစိတ် ၁၅-ခု၊ အရူပစိတ် ၁၂-ခုတွင် ပထမဖြစ်သော အာကာသာနဉ္စာယတနကုသိုလ် ဝိပါက် ကြိယာ ၃-ခု၊ တတိယဖြစ်သော အာကိဉ္စညာယတနကုသိုလ် ဝိပါက် ကြိယာ ၃-ခု၊ ဤစိတ် ၂၁-သည်ပညတ်ကိုသာ ဧကန်ပြု၏၊ တစ်ခြားသော ပရမတ် မျိုးကို မပြု။

အရူ- ပ- တ- ဆိ ခွဲ၍ရွတ်။ ပထမ အရူပ, တတိယ အရူပ ဆိုလိုသည်။ ဆိ ၌ ဣ-ကား အနုဗန်

တည်း။ -ဟုမှတ်။ မဟဂ္ဂုတ်ဧကန်-၆

၁၇၅။ အရူ ဒုမှာ၊ ပ-ကိုသာ၊ စ-မှာ-တ ကိုသိ။ အရူပစိတ် ၁၂-ခုတို့တွင် ဒုတိယဖြစ်သော ဝိညာဏဉ္စာယတန ကုသိုလ် ဝိပါက် ကြိယာစိတ် ၃-ခုသည် ပထမဖြစ်သော အတိတ် အာကာသာနဉ္စာယတနစိတ်ကို အာရုံပြုသည်။ စတုတ္ထဖြစ်သော နေဝသညာ နာသညာယတနစိတ် ၃-ခုသည် တတိယဖြစ်သော အတိတ် အာကိဉ္စညာယတနစိတ်ကို အာရုံပြုသည်။ ထိုသို့ပြုရာ၌လည်း ကုသိုလ်ဝိပါက်စိတ်တို့က ကုသိုလ်စိတ်ကို အာရုံပြုသည်။ ကြိယာစိတ်က ကုသိုလ်ကြိယာကို အာရုံပြုသည်။ မဟဂ္ဂုတ်ဧကန် အတိတ်ဧကန် ၆- ခုတည်း။

နိဗ္ဗာန်ဧကန်

၁၇၆။ လောကုတ္တရံ၊ စိတ် ရှစ်တန်၊ နိဗ္ဗာန်ကိုသာ သိ။ လောကုတ္တရာစိတ် ၈-ခုသည် နိဗ္ဗာန်ကိုသာ အာရုံပြုသည်။ ဒွါရဝိမုတ်စိတ် ၁၉-ခုတို့၏ အာရုံပြုကိုမူကား ဘုံပိုင်း မရဏာသန္န ဝီထိသို့ ရောက်မှ ပြဆိုလတ္တံ့။

ဧကန်,အနေကန်ခွဲနည်း အမျိုးမျိုးတို့မှာ လင်္ကာသံပေါက်ဟောင်း ရှိလေပြီ။

အာရမ္မဏသင်္ဂဟ ပြီး၏၊

-------

ဝတ္ထုသင်္ဂဟ

၁၇၇။ စက်, သော, ဃာ, ဇီ၊ ကာ, ဟဒီ၊ ခြောက်လီ ဝတ္ထုရုပ်။
၁၇၈။ တည်ရာ, မှီရာ၊ မြေပမာ၊ လွန်စွာ ကျေးဇူးထုတ်။ 

စက် ကား စက္ခုဝတ္ထု၊ သောကား သောတဝတ္ထု၊ ဃာကား ဃာနဝတ္ထု၊ ဇီကား ဇိဝှါဝတ္ထု၊ ကာကား ကာယဝတ္ထု၊ ဟဒီကား ဟဒယဝတ္ထု။ ဝတ္ထုရုပ် ၆-ပါး။

မြေကြီးသည် သစ်ပင်တို့၏ဖြစ်ပွားရာ ဖြစ်သကဲ့သို့ စိတ် စေတသိက်တို့၏ ဖြစ်ပွားရာ တည်ရာ မှီရာ ဌာနဖြစ်သော ရုပ်တရား အထူးကို ဝတ္ထုဆိုသည်။

ရူပဘုံမှာ ၃-ခုသာ

၁၇၉။ ဝတ္ထု ခြောက်စုံ၊ ကာမဘုံ၊ အကုန်ရသည်သာ။
၁၈၀။ စက်, သော, နှစ်တန်၊ ဟဒယံ၊ သုံးတန် ရူပမှာ။

အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံမှာ စက္ခုဝတ္ထု, သောတဝတ္ထု, ဟဒယဝတ္ထု ဤသုံးခုသာ ရ၏၊ ဃာန, ဇိဝှါ, ကာယ ဤသုံးခု မရ။ ၁၈၁။ အရူပမူ၊ ဝတ္ထုဟူ၊ မြူမျှ မရှိပါ။

အရူပဘုံ၌ ဝတ္ထုရုပ်ဟူ၍ တစ်စုံတစ်ရာမျှ မရှိ။

ပဉ္စဝတ္ထုမှီ စိတ်များ

၁၈၂။ ဝိညာဏ် ဆယ်လီ၊ အမြဲမှီ၊ ငါးလီ သီးသီးသာ။ 

စက္ခုဝိညာဏ်ဒွေသည် စက္ခုဝတ္ထု၌မှီသည်။ သောတဝိညာဏ် ဒွေသည် သောတဝတ္ထု၌။ ဃာနဝိညာဏ်ဒွေသည် ဃာနဝတ္ထု၌။ ဇိဝှါဝိညာဏ်ဒွေသည် ဇိဝှါဝတ္ထု၌။ ကာယဝိညာဏ်ဒွေသည် ကာယဝတ္ထု ၌မှီသည်။ ဤသို့လျှင် ဒွေပဉ္စဝိညာဏ် ၁၀-သည် မိမိဝတ္ထုနှင့်မိမိ အသီးအသီးသာ မှီသည်။

ဟဒယ အမြဲ မှီ-၃၃

၁၈၃။ မနောဓာတ်သုံး၊ မှီမြဲထုံး၊ အဆုံး ဝတ္ထုမှာ။

ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုန်းဒွေ ဟူသော မနောဓာတ် ၃-ခုသည် ဟဒယဝတ္ထုဟူသော အဆုံးဝတ္ထုမှာ အမြဲမှီသည်။

၁၈၄။ သန္တီ, မဟာဝိ၊ ဒွေ ပဋိ၊ ဟသိ ဆယ့်ငါးရူ။
၁၈၅။ သောတာ မဂ္ဂ၊ သုံးဆယ်ရ၊ ဟ၌ အမြဲဟူ။

သန္တီရဏသုံးခု မဟာဝိပါက် ၈-ခုဟူသော တဒါရုံ ဧကာဒသ၊ ပဋိဃသမ္ပယုတ်ဟူသော ဒေါသမူဒွေ၊ ဟသိတုပ္ပါဒ် စိတ် ၁-ခု၊ ရူပစိတ် ၁၅-ခု၊ သောတာပတ္တိမဂ်စိတ် ၁-ခု၊ ဤ ၃၀-သည် ဟဒယဝတ္ထု၌ အမြဲ မှီသည်။

၁၈၆။ အရူပ ဝီ၊ စတုညီ၊ အမှီ မရှိဟူ။

အရူပဝိပါက် ၄-ခုသည် တစ်စုံတစ်ခုသော ဝတ္ထုကိုမျှ အမှီ မရှိ။

ရံခါမှီ မမှီ-၄၂

၁၈၇။ လော, မော ဆယ်ဖြာ၊ မနောဒွါ၊ မဟာကု, ကြိ ရှစ်။
၁၈၈။ ကု, ကြိ ရှစ်ဖြာ၊ အရူပါ၊ ကုတ်မှာ ထက်ခုနှစ်။
၁၈၉။ ဝတ္ထုရုပ်စီ၊ မှီ မမှီ၊ ပေါင်းညီ လေးဆယ့်နှစ်။

လောဘမူစိတ် ၈ခု၊ မောဟမူစိတ် ၂၊ မနောဒွါရာဝဇ္ဇန်း ၁၊ မဟာကုသိုလ် ၈၊ မဟာကြိယာ ၈၊ အရူပကုသိုလ်-အရူပကြိယာ ၈၊ သောတာပတ္တိမဂ်စိတ်ကြည်သော အထက်လောကုတ္တရာစိတ် ရခု ပေါင်း ၄၂-ခု သောစိတ်တို့သည် ကာမဘုံ ရူပဘုံ၌ဖြစ်ခိုက် ဟဒယဝတ္ထုကို မှီကြ ကုန်၏၊ အရူပဘုံ၌ ဖြစ်ခိုက် ဟဒယဝတ္ထုကိုမမှီကြကုန် ဟူလို။

၁၉၀။ မှီ စတုတေး၊ မမှီ လေး၊ စ-ဒွေး မှီ မမှီ။

အမြဲမှီကား ၄၃-တည်း။ အချင်းခပ်သိမ်း မမှီကား ၄-တည်း။ ရံခါမှီ ရံခါမမှီကား ၄၂-တည်း။

ဓာတ်ခုနစ်ပါးကား စက္ခုဝိညာဏ်ဒွေသည် စက္ခုဝိညာဏဓာတ် မည်၏၊ (ပ)ကာယဝိညာဏ်ဒွေသည် ကာယဝိညာဏဓာတ်မည်၏၊ (ပဉ္စဝိညာဏဓာတ် ၅-ပါး။)

ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုန်းဒွေသည် မနောဓာတ်မည်၏၊ ကြွင်း သောစိတ်ပေါင်း ၇၆-ခုသည် မနောဝိညာဏဓာတ် မည်၏၊

* ပိုက်ပေါင်းခြောက်ဆယ်၊ လင်္ကာခြယ်၊ ဤဝယ် ပကိဏ်းပြီး။

ဝတ္ထုသင်္ဂဟ ပြီး၏၊

ပကိဏ်းပိုင်း ပြီး၏၊

----------

၄-ဝီထိပိုင်း

စိတ်သက် ရုပ်သက် ခွဲခန်း

၁၉၁။ ဖြစ်, တည်, ချုပ်လတ်၊ ဤသုံးရပ်၊ ဥပါဒ်, ဌီ, ဘင်ယူ။

ဖြစ်ပေါ် သည်ကို ဥပါဒ် ဆိုသည်။ တည်နေသည်ကို ဌီ ဆိုသည်။ ချုပ်ကွယ်ပျက်ဆုံးသည်ကို ဘင်ဆိုသည်။

စိတ်၏ အသက်

၁၉၂။ ခဏငယ် သုံးချက်၊ အပေါင်းနက်၊ စိတ္တက္ခဏယူ။

ဥပါဒ်, ဌီ, ဘင် ခဏငယ်သုံးခုပေါင်းသည် စိတ္တက္ခဏတစ်ခုသာ ဖြစ်၏၊ တစ်ခုသောစိတ်၏ အသက်တည်း။

၁၉၃။ လျှပ်တစ်ပြက်တွင်၊ စိတ္တက္ခဏေ၊ အပေါင်းရေ၊ ကုဋေ တစ်သိန်းဟူ။

မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်ခန့် ကာလမှာ စိတ္တက္ခဏ ပေါင်း၊ ကုဋေ တစ်သိန်းမျှ ရနိုင်သည်ဟု ကျမ်းဂန်တို့၌ အဆိုရှိသည်။ ရုပ်၏အသက်

၁၉၄။ ဆယ့်ခုနစ်ချက်၊ ထိုစိတ်သက်၊ ရုပ်သက် တစ်ခု ယူ။

ထိုစိတ္တက္ခဏပေါင်း ၁၇-ချက်သည် ရုပ်သက်တစ်ခုသာ ဖြစ်၏၊ ရုပ်သက် တစ်ခုကို စိတ်သက် ၁၇-ပြန် လိုက်ရသည်။

စိတ်တစ်ခု၏ အသက်သည် ခဏငယ်သုံးခု ရှိရကား စိတ် ၁၇- သော် ခဏငယ်ပေါင်း ၅၁-ချက် ရ၏၊ ရုပ်သက်သည် ထိုခဏငယ်ပေါင်း ၅၁- ချက် အသက်ရှိ၏၊

ထို ၅၁-ချက်တွင်အစဖြစ်သော ခဏငယ်တစ်ခုကား ရုပ်၏ ဥပါဒ်ခဏတည်း။ အဆုံးဖြစ်သော ခဏငယ်တစ်ခုကား ရုပ်၏ ဘင်ခဏတည်း၊ အလယ်ဖြစ်သော ခဏငယ်ပေါင်း ၄၉ -ခုကား ရုပ်၏ ဌီခဏ တစ်ခုသာတည်း။

လက္ခဏ နှင့် ဝိညတ်ရုပ်သက်

၁၉၅။ လက္ခဏ လေး၊ ဝိညတ်ဒွေး၊ ကြဉ်ရေး ရုပ်ဒွိဒူ။

ရုပ်သည် စိတ္တက္ခဏ ၁၇- ချက် အသက်ရှိသည်ဆိုသော်လည်း ရုပ်တိုင်းကို မယူလင့်။ လက္ခဏလေး၊ ဝိညတ်ဒွေး ကြဉ်သောရုပ် ၂၂ ခုကို ယူ။ ဒွိဒူ ကား ၂၂-တည်း။ ဝိညတ်နှစ်ခုသည် စိတ်နှင့်အသက်တူ၏၊ ခဏငယ် ၃ -ခုမျှ အသက်ရှိ၏၊ လက္ခဏရုပ် ၄ -ခုတို့တွင် ဇရတာရုပ်သည် ရုပ်၏ ဌီ ခဏမျှ အသက်ရှိ၏၊ ခဏငယ် ၄၉-တည်း။ ဥပစယရုပ် သန္တတိရုပ် ၂ -သည် ရုပ်၏ဥပါဒ်ခဏမျှ အသက်ရှိ၏၊ အနိစ္စတာရုပ်သည် ရုပ်၏ ဘင်ခဏသာတည်း။

စိတ်သက် ရုပ်သက် ခွဲခန်း ပြီး၏၊

---------

ဝီထိမုတ်စိတ် -၁၉

၁၉၆။ ဒွါရမုတ်မျိုး၊ တစ်ဆယ့်ကိုး၊ ခေါ်ရိုးဝီထိမုတ်။ ပကိဏ်းပိုင်းတွင် ဒွါရသင်္ဂဟ၌ ပြဆိုခဲ့သော ဒွါရဝိမုတ် ၁၉-ခုကို ဤဝီထိသင်္ဂဟအရာ၌ ဝီထိမုတ် ၁၉-ခေါ်ရိုး အစဉ်ရှိသည်ဟူလို။ ပဋိသန္ဓေ ဘဝင် စုတိကိစ္စတပ်သည့်စိတ် ၁၉-သည်ဝီထိစိတ် မဟုတ်။ ဝီထိစိတ်မျိုးမှ အလွတ်ဆိုလိုသည်။

ဝီထိ ၆-ပါး

၁၉၇။ ခြောက်ဒွါရဝယ်၊ စိတ်စဉ်ခြယ်၊ ခြောက်သွယ် ဝီထိထုတ်။

စိတ်အစဉ်သည် ဝီထိမည်၏၊ ထိုစိတ်အစဉ်ကို ဒွါရ ၆-ပါးနှင့် ယှဉ်၍ ဝီထိ ၆-ပါး ထုတ်ဖော်ရာ၏၊

ထုတ်ဖော်ပုံကား- စက္ခုဒွါရဝီထိ, သောတဒွါရဝီထိ, ဃာနဒွါရဝီထိ, ဇိဝှါဒွါရဝီထိ, ကာယဒွါရဝီထိ, မနောဒွါရဝီထိ ဤသို့ စိတ်အစဉ်ကို ဒွါရ ၆-ပါးနှင့်ယှဉ်၍ ဝီထိ ၆-ပါးဖြစ်အောင် ထုတ်ဖော်လေဟူလို။ ပဉ္စဒွါရဝီထိအပြား

၁၉၈။ တိမဟန် နှင့်၊ မဟန်, ပရိတ်၊ တိပရိတ်၊ ဖြာစိတ် ပဉ္စဒွါ။

ပဉ္စဒွါရဝီထိ ၅-ခုတို့တွင် တစ်ခုတစ်ခုကို အတိမဟန္တာရုံဝီထိ, မဟန္တာရုံဝီထိ, ပရိတ္တာရုံဝီထိ, အတိပရိတ္တာရုံဝီထိဟူ၍ ၄-မျိုး ၄-မျိုးစီ စိတ်ဖြာ ပွားများစေ ဟူလို။

ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံဟူသော အာရုံငါးပါးကို အတိမဟန္တာရုံ ငါးပါး၊ မဟန္တာရုံ ငါးပါး၊ ပရိတ္တာရုံ ငါးပါး၊ အတိပရိတ္တာရုံ ငါးပါး ဟူ၍ ၄-ပုံစီ ပုံ။

အတိမဟန္တာရုံကို အာရုံပြု၍ဖြစ်သော ပဉ္စဒွါရဝီထိစုသည် အတိ မဟန္တာရုံဝီထိ မည်၏၊ အကြွင်းသုံးမျိုးမှာလည်း ဤနည်းတူ သိလေ။ ပဉ္စဒွါရဝီထိ ၂၀-ပွားများ၏၊

အတိမဟန္တာရုံစသည် လေးမျိုး

၁၉၉။ အတိမဟန်၊ တစ်ချက်လွန်၊ မဟန် နှစ်, သုံးသာ။
၂၀၀။ လေးက အစ၊ ကိုးတိုင်မျှ၊ လွန်က ပရိတ္တာ။
၂၀၁။ တစ်ဆယ် အာဒိ၊ ဆယ့်ငါးထိ၊ လွန် တိပရိတ္တာ။

ဥပါဒ်ပြီးနောက် စိတ္တက္ခဏ ၁-ချက်လွန်မှ ဒွါရ၌ထင်နိုင် ထိခိုက် နိုင်သော ပဉ္စာရုံသည် အတိမဟန္တာရုံ မည်၏၊ ဤပဉ္စာရုံ၌ တစ်ဝီထိစီ သာရသောကြောင့် အတိမဟန္တာရုံ ၅-ဝီထိ ဖြစ်၏၊

ဥပါဒ်ပြီးနောက် စိတ္တက္ခဏ ၂-ချက် လွန်ပြီးမှ ဒွါရတို့၌ ထင်နိုင် သော ပဉ္စာရုံမျိုး၊ စိတ္တက္ခဏ ၃-ချက် လွန်ပြီးမှ ဒွါရတို့၌ ထင်နိုင်သော ပဉ္စာရုံမျိုး၊ ဤ ၂-မျိုးသည် မဟန္တာရုံ မည်၏၊ ဤမဟန္တာရုံ၌ ၂-ဝီထိစီ ရသောကြောင့်မဟန္တာရုံပေါင်း ၁၀-ဖြစ်၏၊

ဥပါဒ်ပြီးနောက် စိတ္တက္ခဏ ၄-ချက် လွန်ပြီးမှ ဒွါရတို့၌ ထင်နိုင် သော ပဉ္စာရုံမျိုး၊ ၅-ချက် လွန်ပြီးမှ ထင်နိုင်သော ပဉ္စာရုံမျိုး၊( လ)၊ ၉- ချက်လွန်ပြီးမှ ထင်နိုင်သော ပဉ္စာရုံမျိုး၊ ဤ ၆-မျိုးသည် ပရိတ္တာရုံ မည်၏၊ ဤပရိတ္တာရုံ၌ ၆-ဝီထိစီ ရသောကြောင့် ပရိတ္တာရုံဝီထိပေါင်း ၃၀-ဖြစ်၏၊

ဥပါဒ်ပြီးနောက် စိတ္တက္ခဏ ၁၀-ချက် လွန်ပြီးမှ ထင်နိုင်သော ပဉ္စာရုံမျိုး၊ ၁၁-ချက် လွန်ပြီးမှ ထင်နိုင်သော ပဉ္စာရုံမျိုး၊ (လ)၊ ၁၅-ချက် လွန်ပြီးမှ ထင်နိုင်သော ပဉ္စာရုံမျိုး၊ ဤ ၆-မျိုးသည် အတိပရိတ္တာရုံ မည်၏၊ ဤအတိပရိတ္တာရုံ၌ ၆-ဝီထိစီရသောကြောင့် အတိပရိတ္တာရုံဝီထိပေါင်း ၃၀-ဖြစ်၏၊ ပဉ္စဒွါရဝီထိအကျယ် ၇၅-ဖြစ်၏၊

အလွန်အားကြီးသော ပဉ္စာရုံကို အတိမဟန္တာရုံ ဆိုသည်။ သင့်ရုံ အားကြီးသော ပဉ္စာရုံကို မဟန္တာရုံ ဆိုသည်။ အားနည်းသော ပဉ္စာရုံကို ပရိတ္တာရုံ ဆိုသည်။ အလွန်အားနည်းသော ပဉ္စာရုံကို အတိပရိတ္တာရုံ ဆိုသည်။ ပဉ္စဒွါရ၌ ဝိသယပ္ပဝတ္တိ အပြားတည်း။

ဝါရလေးမျိုး

၂၀၂။ တဒါ, နှင့် ဇော၊ ဝုဋ္ဌော, မောဃ၊ လေးဝါရ၊ ယှဉ်ကြ စဉ်တိုင်းသာ။
၂၀၃။ ပရိတ္တာထုံး၊ ဝုဋ္ဌောဆုံး၊ နှစ်, သုံး အကြိမ်သာ။

တဒါရုံဝါရ, ဇောဝါရ, ဝုဋ္ဌောဝါရ, မောဃဝါရဟူ၍ ၄-ဝါရရှိ သည်ကို အတိမဟန္တာရုံဝီထိ စသည်နှင့် အစဉ်အတိုင်း ယှဉ်၍ သိလေ။

အတိမဟန္တာရုံ ၅-ဝီထိသည် တဒါရုံအဆုံးရှိသောကြောင့် တဒါရုံ ဝါရမည်၏၊
မဟန္တာရုံ ၁၀-ဝီထိသည် ဇောစိတ် အဆုံးရှိသောကြောင့် ဇောဝါရ မည်၏၊
ပရိတ္တာရုံဝီထိ ၃၀-သည် ဝုဋ္ဌော အဆုံးရှိသောကြောင့် ဝုဋ္ဌော ဝါရမည်၏၊

အတိပရိတ္တာရုံဝီထိ ၃၀-သည် ဝီထိစိတ်ဖြစ်ခြင်း မရှိသောကြောင့် မောဃဝါရ မည်၏၊ ဤပရိတ္တာရုံမှာ အဆုံးဝုဋ္ဌော ၂-ကြိမ်သော်လည်း ကောင်း ၃-ကြိမ်သော်လည်းကောင်း ချလေ။

ဤကား ယေဘုယျ အရိုးကျ ၇၅-ဝီထိတည်း။

တဒါရုံမကျသော အတိမဟန္တာရုံ

ဗြဟ္မာတို့၌ဖြစ်သော အတိမဟန္တာဝီထိ၊ ဒေါသမူဇောနှင့်စပ်သော အတိမဟန္တာရုံ ဝီထီတို့မှာ အတိမဟန္တာရုံဖြစ်သော်လည်း တဒါရုံ အဆုံး မရှိ။ ဒွါရငါးပါး အာရုံငါးပါး သန့်ခြား၍ ခွဲမူကား- စက္ခုဒွါရဝီထိသည် အတိမဟန္တာရုံ တစ်ဝီထိ၊ မဟန္တာရုံ ၂-ဝီထိ၊ ပရိတ္တာရုံ ၆-ဝီထိ၊ အတိပရိတ္တာရုံ ၆-ဝီထိဟူ၍ ၁၅-ဝီထိ ဖြစ်၏၊ ထိုအတူ သောတဒွါရဝီထိ ၁၅၊ ဃာနဒွါရဝီထိ ၁၅၊ ဇီဝှါဒွါရဝီထိ ၁၅၊ ကာယဒွါရဝီထိ ၁၅၊ ပေါင်း ပဉ္စဒွါရဝီထိ ၇၅- ဖြစ်၏၊

ပဉ္စဒွါရဝီထိအပြား ပြီး၏၊

--------

ပဉ္စဒွါရဝီထိ ဖြစ်ကြောင်း

၂၀၄။ စက္ခာ, လောက၊ ရူပ ထင်ပြီ၊ မနသီ၊ လေးလီ စက္ခုဘို့။

(၁) စက္ခုဝတ္ထု (၂) နေရောင် မီးရောင်စသော အာလောက= အရောင်အလင်း (၃) ရူပါရုံ၏ စက္ခု၌ထင်ခြင်း ထိခိုက်ခြင်း (၄) မနသိ ကာရဟူသော အာဝဇ္ဇန်း၏ ဖြစ်ခြင်း၊ ဤအကြောင်းလေးပါး စုံညီမှ စက္ခုဒွါရဝီထိ ဖြစ်သည်။ နောက်၌လည်း ဤနည်းတူ သိလေ။

၂၀၅။ သောတာ, ကာသ၊ သဒ္ဒ ထင်ပြီ၊ မနသီ၊ လေးလီ သောတဖို့။

အာကာသ ဆိုသည်ကား- အပေါက်ဟင်းလင်းတည်း။

၂၀၆။ ဃာန, ဝါတ၊ ဂန္ဓ ထင်ပြီ၊ မနသီ၊ လေးလီ ဃာန ဖို့။

ဝါတ ဆိုသည်ကား- အနံ့ကိုရှူသော လေတည်း။

၂၀၇။ ဇိဝှါ, အာပ၊ ရသ ထင်ပြီ၊ မနသီ၊ လေးလီ ဇိဝှါဖို့။

အာပ ဆိုသည်ကား- လျှာရည်တည်း။

၂၀၈။ ကာယ, ထဒ္ဓ၊ ဖေါဋ္ဌ ထင်ပြီ၊ မနသီ၊ လေးလီ ကာယဖို့။

ထဒ္ဓ ဆိုသည်ကား- ခက်မာသော ပထဝီတည်း။

ဖေါဋ္ဌ ဆိုသည်ကား- မြေဓာတ်၊ မီးဓာတ်၊ လေဓာတ် ဟူသော ဖေါဋ္ဌဗ္ဗာရုံတည်း။

ပဉ္စဒွါရဝီထိ ဖြစ်ကြောင်း ပြီး၏၊

---------

ပဉ္စဒွါရဝီထိ

ဘဝင်သုံးမျိုး

၂၀၉။ အတီ စလေ၊ ဥပစ္ဆေ၊ သုံးထွေ ဘဝင်္ဂ။

အတီတဘဝင်, စလနဘဝင်, ဥပစ္ဆေဒဘဝင်ဟူ၍ ဘဝင်သုံး ထွေမှတ်။

ဒွါရ အာရုံတို့နှင့် ဥပါဒ်ပြိုင်ပါလျက် ဒွါရ အာရုံတို့၏ ထင်မှု ထိခိုက်မှု မဖြစ်မီ ကွယ်လွန်၍သွားသော ဘဝင်ကို အတီတဘဝင်ခေါ်သည်။

ပဉ္စာရုံတို့သည် မိမိတို့ဒွါရ၌ ထိခိုက်သောအခါ ဘဝင်ဟုဆိုအပ် သော မနောဒွါရ၌လည်း ထင်ကြသည်သာ ဖြစ်ကုန်၏၊ ထိုသို့ ထင်မှု ကြောင့် ဆတ်ဆတ်တုန် လှုပ်ရှားသော ဘဝင်ကို စလနဘဝင် ခေါ်သည်။

လှုပ်ရှားရုံမျှမက အစဉ်ပြတ်၍ သွားသော ဘဝင်ကို ဥပစ္ဆေဒ ဘဝင်ခေါ်သည်။ နှစ်ပါးလုံးကိုပင် စလနဘဝင် ဟူ၍လည်း ခေါ်၏၊ 

အတိမဟန္တာရုံ ဝီထိ

၂၁၀။ ဘဝင် သုံးတန်၊ အာဝဇ္ဇန်၊ ဝိညာဏ် ဒွေပဉ္စ။
၂၁၁။ သံ, သန်, ဝုဋ္ဌာ၊ ဇော သတ္တာ၊ တဒါ နှစ်ကြိမ်ချ။ 
၂၁၂။ ထိုနောင် ဘဝင်၊ အများပင်၊ လေးစဉ် နုဗန္ဓ။ ဝီထိအစဉ်တည်း။

အတီတဘဝင်, စလနဘဝင်, ဥပစ္ဆေဒဘဝင်, ပဉ္စဒွါရာဝဇ္ဇန်း, ဒွေပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုန်း, သန္တီရဏ, ဝုဋ္ဌော, ဇော-၇-ကြိမ်, တဒါရုံ ၂-ကြိမ်, ထို့နောင် ဘဝင်အများ၊ ထို့နောင် ပဉ္စဒွါရဝီထိ၏ နောက်လိုက်ဖြစ် သော ၄-ခုသော အနု ဗန္ဓ မနောဒွါရဝီထိ အစဉ်ချ။ ဤကား ကာမဘုံသား တို့၌ ဖြစ်သော အတိမဟန္တာရုံ တဒါရုံ ဝါရ ငါးဝီထိအစဉ်တည်း။ ဝိညာဏ်ဒွေပဉ္စ ဟူရာ၌ စက္ခုဒွါရဝီထိဖြစ်ခဲ့လျှင် စက္ခုဝိညာဏ် ကိုသာချ၊ သောတဒွါရဝီထိဖြစ်ခဲ့လျှင် သောတဝိညာဏ်ကိုသာချ၊ အကြွင်း သုံးဒွါရမှာလည်း သူ့ဒွါရနှင့် သူ့ဝိညာဏ်ကို သိလေ။

အနုဗန္ဓ ၄-ဝီထိမှာ မနောဒွါရဝီထိစုတည်း။ အနုဗန္ဓ ၄-ဝီထိကျပြီး သောအခါမှ မြင်မှန်းသိသည်။ ကြားမှန်း သိသည်။ နံမှန်းစသည် သိ သည်။ လူကိုကြည့်ရာ၌ လူဒြဗ် ဘွားကနဲ ပေါ်သည်။ လူသံကိုကြားရာ၌ လူသံဒြဗ် ဘွားကနဲ ပေါ်သည်။ အကြွင်းအာရုံ ၃-မျိုးတို့၌လည်း ဤနည်း တူ သိလေ။ အနုဗန္ဓ ၄-ဝီထိမကျမီ ရှေးဝီထိတို့မှာ မြင်မှန်း ကြားမှန်း စသည် မသိသေး။

ကြွင်းသော ပဉ္စဒွါရဝီထိပေါင်း ၇၀-ကိုမူကား ရှေး၌ပြဆိုခဲ့ပြီးသော ဝိသယပဝတ္တိအပြားစုနှင့် ဝါရအပြားစုကို စပ်ဟပ်၍ အကုန်ပေါ်အောင် ကြံလေ။

စက္ခုဒွါရဝီထိ ၁၅-မျှကို ပြဆိုအံ့။

ဘွင် တီ စ ဒ ပဉ် စ သံ သန်

ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဥပါဒ် ထင်

ဝု ဇ ဇ ဇ ဇ ဇ ဇ ဇ ဒါ ဒါ ဘွင် ဘွင်

ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ

ဘွင် ချုပ်

ဝဝဝ

ဤကား အတိမဟန္တ စက္ခုဒွါရဝီထိ အာရုံဖြစ်ပုံတည်း။ ၎င်းနောက် အနုဗန္ဓမနောဒွါရ ၄-ဝီထိ။

ဤဝီထိ၌ ရူပါရုံသည် အတီတဘွင်စိတ်နှင့် ဥပါဒ်ပြိုင်၍ စိတ္တက္ခဏ တစ်ချက်လွန်ပြီးမှ မိမိနှင့်အတူ ဥပါဒ်ပြိုင်ခဲ့သော စက္ခုဒွါရ၌လည်းကောင်း စလနဘွင်၌လည်းကောင်း ထိခိုက်လေ၏၊ ထိုဒွါရအာရုံ ၂-ပါးစုံတို့သည် စိတ္တက္ခဏ ၁၇-ချက် အသက်စေ့ရာ ဒုတိယတဒါရုံစိတ်နှင့်ပြိုင်၍ ချုပ်ကုန်၏၊

အတိမဟန္တာရုံဝီထိ ပြီး၏၊

မဟန္တာရုံ ၂-ဝီထိ

(၁) ဘွင် တီ တီ စ ဒ ပဉ် စ သံ

ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဥပါဒ် ထင်

သန် ဝု ဇ ဇ ဇ ဇ ဇ ဇ ဇ

ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ

ဘွင် ဘွင်

ဝဝဝ ဝဝဝ

ချုပ

(၂) ဘွင် တီ တီ တီ စ ဒ ပဉ် စ

ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဥပါဒ ထင်

သံ သန် ဝု ဇ ဇ ဇ ဇ ဇ

ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ

ဇ ဇ ဘွင် ဘွင် ဘွင်

ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ

ချုပ်

မဟန္တာရုံ ၂-ဝီထိ ပြီး၏၊

ပရိတ္တာရုံ ၆-ဝီထိ

(၁) ဘွင် တီ တီ တီ တီ စ ဒ ပဉ်

ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဥပါဒ် ထင်

စ သံ သန် ဝု ဝု ဘွင် ဘွင် ဘွင် ဘွင်

ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ

ဘွင် ဘွင် ဘွင်

ဝဝဝ ဝဝဝ ဝဝဝ

ချုပ်

(၂) ဘွင် တီ တီ တီ တီ စ ဒ

ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဥပါဒ် ထင်

ပဉ် စ သံ သန် ဝု ဝု ဘွင် ဘွင် ဘွင်

ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ

ဘွင် ဘွင်

ဝဝဝ ဝဝဝ

(၃) ဘွင် တီ တီ တီ တီ တီ တီ စ

ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ

ဥပါဒ် ထင် ဒ ပဉ် စ

ဝဝဝ ဝဝဝ ဝဝဝ

သံ သန် ဝု ဝု ဘွင် ဘွင် ဘွင် ဘွင်

ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝ ဝ ဝ

ချုပ် (၄) ဘွင် တီ တီ တီ တီ တီ တီ တီ

ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ

ဥပါဒ်

စ ဒ ပဉ် စ သံ သန် ဝု ဝု ဘွင်

ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ

ထင်

ဘွင် ဘွင် ဘွင်

ဝဝဝ ဝဝဝ ဝဝဝ

ချုပ်

(၅) ဘွင် တီ တီ တီ တီ တီ တီ တီ

ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ

ဥပါဒ်

တီ စဒပဉ်စသံ သန်ဝု ဝု

ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ

ထင်

ဘွင် ဘွင် ဘွင်

ဝဝဝ ဝဝဝ ဝဝဝ

(၆) ဘွင် တီ တီ တီ တီ တီ တီ တီ

ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ

ဥပါဒ်

တီ တီ စ ဒ ပဉ် စ သံ သန်

ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ

ထင်

ဝု ဝု ဘွင် ဘွင် ဘွင်

ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ

ချုပ်

ပရိတ္တာရုံ ၆-ဝီထိ ပြီး၏၊

အတိပရိတ္တာရုံ ၆-ဝီထိ။

ဘွင် တီ တီ တီ တီ တီ တီ တီ တီ

ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ

ဥပါဒ်

တီ တီ

ဝဝဝ ဝဝဝ

စ ဒ ဘွင် ဘွင် ဘွင် ဘွင် ဘွင် ဘွင် ဘွင်

ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ဝဝဝ ထင် ချုပ်

ဘွင်

ဝဝဝ

ဤနည်းအတိုင်း ရှေ့ကအတီတဘဝင် တစ်ချက်စီတိုး၊ နောက်က အချုပ် တစ်ချက်စီဆုတ်၍ ၅-ဝီထိချလေ။

အတိပရိတ္တာရုံ ၆-ဝီထိ ပြီး၏၊

သောတဒွါရ ၁၅-ဝီထိ၌ သဒ္ဒါရုံ သောတဒွါရဆို။ ဃာနဒွါရ ၁၅- ဝီထိ၌ ဂန္ဓာရုံ ဃာနဒွါရဆို။ ဇိဝှါဒွါရ ၁၅-ဝီထိ၌ ရသာရုံ ဇိဝှါဒွါရဆို။ ကာယဒွါရ ၁၅-ဝီထိ၌ ဖောဋ္ဌဗ္ဗာရုံ ကာယဒွါရဆိုလေ။ ဤကာယဒွါရ ဝီထိမှာ ပထဝီဖောဋ္ဌဗ္ဗ၊ တေဇောဖောဋ္ဌဗ္ဗ၊ ဝါယော ဖောဋ္ဌဗ္ဗဟူ၍ ဖောဋ္ဌဗ္ဗ ၃-မျိုးခွဲ၍ ဝေဖန်မူ ၄၅-ဝီထိရ၏၊

၂၁၃။ ပဉ္စဝိညာဏ်၊ မှီရာမှန်၊ ငါးတန် သူ့ဒွါရ။ စက္ခုဝိညာဏ်သည် စက္ခုဒွါရ၌မှီ၏ စသည် ဆိုလေ။ သူ့ဝတ္ထု ဟုဆိုအပ်လျက် သူ့ဒွါရဟုဆိုခြင်းသည် စက္ခုဝတ္ထု အများရှိသည်တွင် ဒွါရကိစ္စတပ်သော စက္ခုကား တစ်ခုသာတည်း။

ရူပါရုံနှင့် အတူဥပါဒ်ပြိုင်သော စက္ခုဝတ္ထုတစ်ခုသည်သာစက္ခုဒွါရ ကိစ္စတပ်သည်။ ထိုစက္ခုဝတ္ထု တစ်ခုကိုသာ စက္ခုဝိညာဏ်မှီသည်ဟု သိစေခြင်းငှာ ဆိုသတည်း။

မန္ဒာယုက စသည်-၃

၂၁၄။ မန္ဒ, အမန်၊ မဇ္ဈိမံ၊ သုံးတန် အာယုက။ 

ပဉ္စဝိညာဏ်တို့၏ မှီရာ ဝတ္ထုတစ်ခုကို ရွေးချယ်ရန် မန္ဒာယုကဝတ္ထု၊

အမန္ဒာယုကဝတ္ထု၊ မဇ္ဈိမာယုကဝတ္ထု ဟူ၍ ၃-မျိုးခွဲရာ၏၊ 

၂၁၅။ ပဉ္စဝိဉ် ဥ၊ ဌီကိုရှု၊ ဧကုပညာသ။

ပဉ္စဝိညာဏ်စိတ်တို့၏ ဥပါဒ်ခဏ၌ ဌီအနေနှင့် ရှိကြကုန်သော ၄၉-ခုသော ပသာဒဝတ္ထုတို့ကို ယူ၍ ၃-မျိုးခွဲရမည်ဟူလို။ ၂၁၆။ တီ, ဘွင်, ပြိုင် ဥ၊ မဇ္ဈိပြု၊ နှစ်ခု ရှေ့နောက်ကျ။

အတိမဟန္တာရုံဝီထိ၌ အတီတဘဝင်စိတ်နှင့် ဥပါဒ်ပြိုင်သော ပသာဒဝတ္ထုကို မဇ္ဈိမာယုကပြု၍ ကြွင်းသာ မန္ဒာယုက အမန္ဒာယုက နှစ်ခုတို့မှာ ထိုမဇ္ဈိမာယုက မှ ရှေး၌ ၃၇-ခု၊ နောက်၌ ၁၁-ခု၊ အစဉ် အတိုင်း ကျ၏၊

မဇ္ဈိမမှ ရှေး ၃၇ -ခုသော ပသာဒဝတ္ထုတို့သည် ဝီထိအတွင်း၌ မဇ္ဈိမအောက်နည်းသော အသက်ကြွင်း ရှိသောကြောင့် မန္ဒာယုက မည်ကုန်၏၊

မဇ္ဈိမမှ နောက် ၁၁ -ခုသော ပသာဒဝထ္ထုတို့သည် မဇ္ဈိမ ထက်အသက်ကြွင်း ပိုမိုသောကြောင့် အမန္ဒာယုက မည်ကုန်၏ ဟူလို။ မဟန္တာရုံ ပရိတ္တာရုံ ဝီထိတို့၌ကား ရှေ့ဆုံး အတီတဘဝင်စိတ်နှင့် ဥပါဒ်ပြိုင်သည့် ပသာဒဝတ္ထုကို မဇ္ဈိမဟူ၍ ဝီထိစဉ်အတိုင်း မန္ဒမှာ ၃ ခု ၃ -ခု လျှော့၍ အမန္ဒမှာ ၃-ခု ၃-ခု တိုးလေ။

၂၁၇။ စိတ္တက္ခဏံ၊ တစ်ချက်လွန်၊ ဟဒံ မှီကြွင်းစု၊ 

ပဉ္စဝိညာဏ်မှ ကြွင်းသော အလုံးစုံသော ဘဝင်စိတ် ဝီထိစိတ်စုသည် (မိမိ၏ အနန္တရအခြားမဲ့ဖြစ်သော ရှေ့စိတ်၏) စိတ္တက္ခဏတစ်ချက် (ခဏငယ် ၃-ချက်) လွန်ပြီး၍ ဌီသို့ ရောက်နေသော ဟဒယဝတ္ထုကိုချည်း မှီကြသည် ဟူလို။

ပဉ္စဒွါရဝီထိ ပြီး၏၊

-----------------

အတိဝိဘူတ စသည်-၄

၂၁၈။ ဝိဘူ လေးဖြာ၊ မနောဒွါ၊ လွန်စွာ အပြားများ။ ဝိဘူ လေးဖြာဝိဘူ လေးဖြာ ဆိုသည်ကား-- အတိဝိဘူတာရုံဝီထိ, ဝိဘူတာရုံဝီထိ, အဝိဘူတာရုံဝီထိ, အတိအဝိဘူတာရုံဝီထိ ဤ ၄-ပါးကို ဆိုသတည်း။

အလွန်ထင်ရှားသည်ကို အတိဝိဘူတဆိုသည်။ သင့်ရုံထင်ရှား သည်ကို ဝိဘူတဆိုသည်။ မထင်ရှားသည်ကို အဝိဘူတဆိုသည်။ အလွန်မထင်ရှားသည်ကို အတိအဝိဘူတာရုံဝီထိဆိုသည်။ မနောဒွါရ၌ ဆိုက်တိုက်လာသော အာရုံ ၆-ပါး၏ အမည်စုပေတည်း။ မနောဒွါရ၌ ဆိုက်တိုက်လာသော အာရုံ ၆-ပါး မည်သည် ပစ္စုပ္ပန်, အတိတ်, အနာဂတ်, ကာလဝိမုတ် အများဖြစ်ခဲ့၏၊ ထို့ကြောင့် စိတ္တက္ခဏ တစ်ချက် လွန် နှစ်ချက်လွန်စသော အစီအရင်ကို မနောဒွါရ၌မလိုအပ်။

၂၁၉။ တဒါ, ဇောနှင့်၊ ဝုဋ္ဌော, မောဃ၊ လေးဝါရ၊ ယှဉ်ကြ အစဉ်အား။

အတိဝိဘူတာရုံဝီထိသည် တဒါရုံဝါရတည်း။ ဝိဘူတာရုံဝီထိသည် ဇောဝါရတည်း။ အဝိဘူတာရုံဝီထိသည် ဝုဋ္ဌောဝါရတည်း။ အတိ အဝိဘူတာရုံဝီထိသည် မောဃဝါရတည်း။

အတိဝိဘူတာရုံဝီထိကို တဒါရုံဝါရ ဟုဆိုရာ၌- ဗြဟ္မာတို့၌ဖြစ်သော အတိဝိဘူတာရုံဝီထိ၊ ဒေါသဇောနောင် အာဂန္တုက ဘဝင်ကျသော အတိဝိဘူတာရုံဝီထိများကို ချန်လှပ်၍ ယူလေ။

၂၂၀။ ကာမဝါရာ၊ အပ္ပနာ၊ နှစ်ဖြာ အရင်းထား။

ကာမစိတ် အဆုံးရှိသော ကာမဝါရ၊ မဟဂ္ဂုတ် လောကုတ္တရာ အပ္ပနာဇော အဆုံးရှိသော အပ္ပနာဝါရဟူ၍ နှစ်ပါး အရင်းထား။ 

၂၂၁။ အနုဗန္ဓက၊ သုဒ္ဓိက၊ ကာမ နှစ်ထွေပြား။

ကာမဝါရသည် အနုဗန္ဓကဝါရ၊ သုဒ္ဓိကဝါရ ဟူ၍ နှစ်ထွေပြား၏၊ ပဉ္စဒွါရဝီထိ၏ နောက်လိုက်ဖြစ်သော မနောဒွါရဝီထိစုကို အနုဗန္ဓကဝါရဆိုသည်။

ပဉ္စဒွါရဝီထိမှ အလွတ်သက်သက်ဖြစ်သော မနောဒွါရဝီထိစုကို သုဒ္ဓိကဝါရ ဟုဆိုသည်။

အနုဗန္ဓကဝါရ အပြား

၂၂၂။ အတိတ်, သမူဟ၊ အတ္ထ ဒြဗ်၊ နာမ် ပညတ်၊ လေးရပ်နုဗန် ပွား။

(၁) အတီတဂ္ဂဟဏဝါရ (၂)သမူဟဂ္ဂဟဏဝါရ (၃)အတ္ထဂ္ဂဟ ဏဝါရ (၄)နာမပညတ္တိဂ္ဂဟဏဝါရ-ဟူ၍ အနုဗန္ဓကဝီထိ ၄-ပါးပွားပြန်၏၊ ပဉ္စဒွါရဖြင့် ယူပြီးသော အတိတ်အာရုံကို ယူသော ဝီထိဝါရသည် အတီတဂ္ဂဟဏဝါရ မည်၏၊

ထို အတီတဂ္ဂဟဏဝါရဖြင့် အဖန်ဖန် ယူပြီးသော ပဉ္စာရုံတို့ကို အပေါင်းအားဖြင့်ယူသော ဝီထိသည် သမူဟဂ္ဂဏဝါရ မည်၏၊ ထိုပဉ္စာရုံအပေါင်းကို အစွဲပြု၍ ထင်သော လူကောင်ဒြဗ်, နွား ကောင်ဒြဗ်, ဦးခေါင်း ခြေလက်စသော အင်္ဂါကြီးငယ်ဒြဗ်, သစ်ပင်ဒြဗ်, သစ်ကိုင်း သစ်ခက်ဒြဗ် စသည်ကို ယူသောဝီထိသည် အတ္ထဂ္ဂဟဏ ဝါရမည်၏၊

ထို ဒွါရဖြင့်ယူအပ်ပြီးသော ထိုဝတ္ထုဒြဗ် အတ္ထပညတ်သန္တာန် ၏လူနွား ကျွဲ အစရှိသောအမည်သညာ နာမပညတ်ကို ယူသော ဝီထိ သည် နာမပညတ္တိဂ္ဂဟဏဝါရမည်၏၊

ပဉ္စဒွါရတို့မှာ နောက်လိုက် ၄-ဝီထိစီဖြစ်၍ အနုဗန္ဓကဝါရပေါင်း ၂၀-ဖြစ်၏၊ ပဉ္စဒွါရ အတိမဟန္တာရုံ ၅-ဝီထိ၊ မဟန္တာရုံ ဆယ်ဝီထိတို့နှင့် မြှောက်ပွားသည်ရှိသော် အနုဗန္ဓကဝီထိပေါင်း ၆၀-ဖြစ်၏၊ ပရိတ္တာရုံဝီထိ ၃၀-တို့၌ကား နောက်လိုက်အနုဗန္ဓက အချို့မျှကိုသာရခွင့်ရှိ၏၊ အတိ ပရိတ္တာရုံဝီထိ ၃၀-တို့၌မူကားနောက်လိုက် အနုဗန္ဓကရခွင့်မရှိပြီ။ အနုဗန္ဓကဝီထိတို့တွင်လည်း တစ်ခု တစ်ခုကို တဒါရုံဝါရ, ဇောဝါရ, ဝုဋ္ဌောဝါရ, မောဃဝါရ ဟူသောဝါရ ၄-ပါးတို့နှင့်ထိုက်သည်အားလျော်စွာ ယှဉ်၍ သိလေဦး။

အနုဗန္ဓကဝါရအပြား ပြီး၏၊

------------------

ကာမသုဒ္ဓိကဝီထိ

၂၂၃။ ဒိဋ္ဌံ, သုတံ၊ ဝိညာတံ၊ သမ္ဗန် ကိုယ်စီပွား။ သုဒ္ဓိကဝါရသည် (၁)ဒိဋ္ဌဝါရ (၂)ဒိဋ္ဌသမ္ဗန္ဓဝါရ (၃)သုတဝါရ (၄)သုတသမ္ဗန္ဓဝါရ (၅)ဝိညာတဝါရ (၆)ဝိညာတသမ္ဗန္ဓဝါရ ဟူ၍ ၆- ထွေ ပြား၏၊

ရှေးရှေးအခါ၌ ပဉ္စဒွါရတို့ဖြင့် ပစ္စက္ခတွေ့ကြုံခဲ့ဘူးသော အာရုံမျိုး သည် ဒိဋ္ဌ မည်၏၊ ထိုဒိဋ္ဌကို အာရုံပြုသော ဝီထိသည် ဒိဋ္ဌဝါရ မည်၏၊ နောက်၌လည်း ဤနည်းတူ။

ထိုဒိဋ္ဌမျိုးနှင့် စပ်နွယ်၍ သိရသောအာရုံမျိုးသည် ဒိဋ္ဌသမ္ဗန္ဓမည်၏၊ သူတစ်ပါးတို့ပြောကြား၍ သိရသောအာရုံမျိုး စာပေကျမ်းဂန် အထွက်နှင့် သိရသော အာရုံမျိုးသည် သုတမည်၏၊

သုတမျိုးနှင့်စပ်နွယ်၍ သိရသောအာရုံမျိုးသည် သုတသမ္ဗန္ဓ မည်၏၊

ထိုဒိဋ္ဌ သုတတို့မှ တစ်ပါး အိပ်မက်၏အစွမ်း၊ ကောင်းသော တိတ်နိမိတ် မကောင်းသောတိတ်နိမိတ်၏အစွမ်း၊ ဝိပလ္လာသဓမ္မတို့၏ အစွမ်း၊ စိန္တာမယဉာဏ်၏အစွမ်း၊ ဘာဝနာမယဉာဏ်၏အစွမ်း၊ ပဋိဝေဓ ဉာဏ်၏အစွမ်း စသည်ဖြင့် သိရသော အာရုံမျိုးသည် ဝိညာတ မည်၏၊ ဝိညာတမျိုးနှင့်စပ်နွယ်၍ သိရသောအာရုံမျိုးသည် ဝိညာတသမ္ဗန္ဓ မည်၏၊ ထိုကို အာရုံပြုသော ဝီထိသည် ဝိညာတသမ္ဗန္ဓဝါရ မည်၏၊ ဤကား ဝါရ ၆-ပါး၏ အထူးတည်း။

ထို ၆-ပါးတို့တွင် တစ်ခုတစ်ခုသော ဝါရကို တဒါရုံဝါရစသည် ၄-ပါးနှင့် မြှောက်ပွါးသည်ရှိသော် သုဒ္ဓိကဝါရပေါင်း ၂၄-ဖြစ်၏၊ ၂၂၄။ ကာမ နာမ်ရုပ်၊ မဟဂ္ဂုတ်၊ လောကုတ် ပညတ် ထား။

၂၂၅။ ပစ္စုပ်, တီတ၊ နာဂတ၊ ကာလ ဝိမုတ်ပွါး။ 

ကာမနာမ် ကာမရုပ် အာရုံတစ်မျိုး, မဟဂ္ဂုတ်စိတ် စေတသိက် အာရုံတစ်မျိုး, လောကုတ္တရာစိတ် စေတသိက် နိဗ္ဗာန် အာရုံတစ်မျိုး, အထူးထူးအထွေထွေသော ပညတ် အာရုံတစ်မျိုး၊ ဤ ၄-မျိုးကို အရင်း ထား။ ပစ္စုပ္ပန်, အတိတ်, အနာဂတ်, ကာလဝိမုတ် ၄-ပါးနှင့် ထိုက်သည် အားလျော်စွာ ပွါး။

ပွါးပုံကား-ကာမပစ္စုပ္ပန်, ကာမအတိတ်, ကာမအနာဂတ်ဟူ၍ ကာမသုံးမျိုး။ ထိုအတူ မဟဂ္ဂုတ် ၃-မျိုး၊ လောကုတ္တရာစိတ် စေတသိက် ၃-မျိုး၊ နိဗ္ဗာန် ပညတ် ၂-ပါးမှာ ကာလဝိမုတ်သာ၊ ရှေး ၂၄-ဝါရတို့နှင့် ထိုက်သည်အား လျော်စွာယှဉ်ဖက်ရာသော အာရုံအပြားတည်း။ ပစ္စုပ္ပန်,အတိတ်,အနာဂတ်-၃၊ အဇ္ဈတ္တ, ဗဟိဒ္ဓ-၂၊ ဩဠာရိက, သုခုမ၂၊ ဟီန, ပဏီတ-၂၊ ဒူရ, သန္တိက-၂၊ ဤ ၁၁-ပါးနှင့်လည်း ယှဉ်ဖက် ရာ၏၊

ကာမသုဒ္ဓိက ဝီထိအပြား ပြီး၏၊

----- ----- ----

ကာမသုဒ္ဓိက မနောဒွါရဝီထိ

၂၂၆။ ဘဝင် နှစ်တန်၊ အာဝဇ္ဇန်၊ ကာမံ ဇောသတ္တာ။
၂၂၇။ တဒါ ဒွယ၊ ဘဝင်ကျ၊ များလှ နောက်လိုက်မှာ။
၂၂၈။ ဝါရလေးသွယ်၊ ဝေဖန်ခြယ်၊ ဝုဌ် ဝယ် နှစ်, သုံးသာ။

ဝုဋ္ဌောကို ဝုဌ် ဆိုသည်။ စလနဘဝင်, ဥပစ္ဆေဒဘဝင်, မနောဒွါရာ ဝဇ္ဇန်း, ကာမဇော ၇-ကြိမ်,တဒါရုံ ၂-ကြိမ်, ထိုနောင် ဘဝင်အများ ကျ၏၊ ထိုနောင်ဆက်၍ ကျသောဝီထိစုကား အများပင် ဖြစ်၏၊ ရာ ထောင် သောင်း သိန်းမကပင် များနိုင်၏၊ ထိုနောက်လိုက် နောက်ပွါး ဝီထိတို့မှာ လည်း တစ်ဝီထိနှင့် တစ်ဝီထိအကြား ဘဝင်အများ ခြား၍ခြား၍ သွားပုံကို သိလေ။ ဤကား မူလဝီထိ တဒါရုံဝါရ အစီအရင်တည်း။

ဇောဝါရမှာ ဘဝင် ၂-ကြိမ်၊ အာဝဇ္ဇန်း ၁-ကြိမ်၊ ကာမဇော ၇- ကြိမ်၊ ထိုနောင် ဘဝင်ချ။

ဝုဋ္ဌောဝါရမှာ ဘဝင် ၂-ကြိမ်၊ ဝုဋ္ဌော အာဝဇ္ဇန်း ၂-ကြိမ်လည်း ကောင်း, ၃-ကြိမ်လည်းကောင်း၊ ထိုနောင် ဘဝင်ချ။

မောဃဝါရမှာ ဘဝင် ၂-ကြိမ်နောင် နောက်ဘဝင်အများချ။

သိသာလှပြီ။

ကာမသုဒ္ဓိက မနောဒွါရဝီထိဖြစ်ပုံ ပြီး၏၊

----- ----- ----

၂၂၉။ ဣဋ္ဌာရုံတွင်၊ ကု ဝိ ယှဉ်၊ တိ တွင် သောမနသ်။
၂၃၀။ အနိဋ္ဌာပြိ၊ အကု ဝိ၊ ကြိလည်း ဝိနှယ်တတ်။

ပြဆိုခဲ့ပြီးသော စက္ခုဒွါရစသော ၆-ဒွါရတို့၏ အာရုံသည် ဣဋ္ဌာရုံ ဖြစ်ခဲ့အံ့၊ ကုသလဝိပါက်ဖြစ်သော ပဉ္စဝိညာဏ်၊ သမ္ပဋိုစ္ဆိုန်း, သန္တီရဏ, တဒါရုံတို့ကို ချလေ။ ထိုအာရုံစုသည် အတိဣဋ္ဌာရုံ ဖြစ်ခဲ့အံ့၊ ကုသလ ဝိပါက်တွင်မှလည်း သောမနဿ ဝိပါက်ကို ချလေ။ တိ တွင် ဆိုသည်ကား- အတိဣဋ္ဌာရုံတွင် ဆိုလိုသည်။ အနိဋ္ဌာရုံဖြစ်ခဲ့အံ့၊ အုသလဝိပါက်စုကို ချလေ။ ကာမကြိယာဇော ၉-ခုသည်လည်း ကာမဝိပါက်စုနှင့် အလားတူ အတိဣဋ္ဌာရုံ၌ သောမနဿကြိယာဇောစု၊ ဣဋ္ဌာရုံ အနိဋ္ဌာရုံတို့၌ ဥပေက္ခာကြိယာဇောစု ဟူ၍ ဆိုကြကုန်၏၊

ဝိနှယ် တတ် ဟူရာ၌ ဝိပါက်နှယ်တဲ့-ဆိုလိုသည်။ တဲ့ သဒ္ဒါဖြင့် မိမိအလို မဟုတ်ဟု ပြသည်။

(မိမိအလိုမူကား ပရမတ္ထဒီပနီပရမတ္ထဒီပနီ အမည်ရှိသော သင်္ဂြီုဟ်ဋီကာ သစ် မှာ ယူလေ။)

ဇောနောင် တဒါရုံကျပုံ

၂၃၁။ ဒေါ နောက်မှာမူ၊ တဒါ ဘဝင်၊ သော မယှဉ်၊ ဥလျှင် အမြဲမှတ်။

ဒေါသဇော၏ နောက်၌သောမနဿ တဒါရုံ, သောမနဿ ဘဝင်စုမကျနိုင်။ ဥပေက္ခာတဒါရုံ, ဥပေက္ခာဘဝင်စုသာ ကျမြဲထုံး ဟူလို။ 

၂၃၂။ သောပုဂ္ဂလ၊ ဇောဝါရ၊ ဒေါမှ နောက်ဥ,အာ။ 

အာ-ကား အာဂန္တုက ဘဝင်တည်း။ သောမနဿ ပဂ္ဂိုလ်မှာ ၆- ဒွါရတို့၌ ဇောဝါရဖြစ်သော မဟန္တာရုံဝီထိစု၊ ဝိဘူတာရုံဝီထိစုတို့၌ ဒေါသဇောကျခဲ့ငြားအံ့၊ ထိုဒေါသဇောမှ နောက်၌ ဥပေက္ခာသန္တီရဏ အာဂန္တုက ဘဝင်ကို ချပြီးမှ မိမိဘဝင်ကိုချလေ။ သောမနဿဝိပါက်စိတ်နှင့် ပဋိသန္ဓေနေခဲ့သောပုဂ္ဂိုလ်ကို သောမနဿပုဂ္ဂိုလ်ဆိုသည်။ ထိုပုဂ္ဂိုလ်၏ ပဋိသန္ဓေစိတ်ကို မိမိဘဝင် ဆိုသည်။

တစ်ယောက်သောပုဂ္ဂိုလ်အား တစ်ခုသောဘဝမှာ ပဋိသန္ဓေနေ ခဲ့ရင်းစိတ်တစ်ခုသည်သာလျှင် ဘဝင် စုတိ ဖြစ်မြဲတည်း။

၂၃၃။ တိဣဌ်, တစ်ရပ်၊ မဟဂ္ဂတ်နှင့်၊ ပညတ်, တစ်ဝ၊ ဒေါဇောကျ၊ ဒေါမှ နောက် ဥ, အာ။ 

ထိုသောမနဿပုဂ္ဂိုလ်မှာပင် အတိဣဋ္ဌာရုံကို သော်လည်းကောင်း၊ ပညတ်အာရုံကိုသော်လည်းကောင်း အာရုံပြု၍ ၆-ဒွါရမှာ ဒေါသဇော ကျခဲ့ငြားအံ့၊ ယင်းဒေါသဇောမှ နောက်၌လည်း ဥပေက္ခာသန္တီရဏ အာဂန္တုကဘဝင်ချပြီးမှ မိမိဘဝင်ကိုချလေ။

ဤနောက် ကဗျာ၌ကား တဒါရုံကျလောက်သည့် ဒွါရစုကို ယူလေ။ ဥပေက္ခာသန္တီရဏ ၂-ခုတွင် တစ်ခုခုကို အာရုံအားလျော်စွာ အာဂန္တုကဘဝင်ချရိုးရှိသည်။

ဝိပါကနိယမ

၂၃၄။ ပုဂ္ဂိုလ် ကာမ၊ ဇော ကာမနှင့်၊ ကာမ အာရုံ၊ သုံးချက်ဆုံ၊ တဒါရုံ၏အခွင့်တည်း။ 

ဇောနောင် တဒါရုံဧကာဒသတို့၏ ဖြစ်ခွင့်မည်သည်ကား ကာမ ပုဂ္ဂိုလ်မှန်ပါမှ၊ ကာမဇောလည်းမှန်ပါမှ၊ ကာမအာရုံ လည်းမှန်ပါမှ ဤသုံးချက် ဆုံမိမှ တဒါရုံကျနိုင်သည်။

ရူပဗြဟ္မာ, အရူပဗြဟ္မာတို့၌ တဒါရုံကျခြင်းမရှိ။ ထိုကြောင့် ထိုဗြဟ္မာတို့၌ အတိမဟန္တာရုံ အတိ ဝိဘူတာရုံတို့၌ပင်ဖြစ်သော်လည်း တဒါရုံဝါရ မရှိပြီ။

မဟဂ္ဂုတ် လောကုတ္တရာဇောတို့ နောင်လည်း တဒါရုံကျခြင်းမရှိ။
မဟဂ္ဂုတ်, လောကုတ္တရာ, ပညတ် အာရုံတို့၌လည်း တဒါရုံ မဖြစ်ဟုမှတ်။ 

ဝိပါက နိယမ ပြီး၏၊

----------------

ကာမဇောဝါရ နိယမ

၂၃၅။ အရိုးသတ်, ဆ၊ အားနည်းလှ၊ ပဉ္စ အကြိမ်သာ။
 ၂၃၆။ ဝသီခေါင်ဖျား၊ စျာန်နှင့်ငြား၊ လေး ငါး နှစ်ထွေ လာ။

ကာမဇောတို့သည် အရိုးအစဉ်မှာ ၇-ကြိမ် ၆-ကြိမ်တည်း။ အလွန်တွေဝေ မိန်းမောခြင်းသို့ ရောက်၍လည်းကောင်း, မရဏာ သန္နအခါသို့ ရောက်၍လည်းကောင်း, ပုဂ္ဂိုလ်၏ ကရဇကာယ အလွန် အားနည်းလှသော အခါများ၌ ၅-ကြိမ်သာကျ၏၊

အထွတ်အထိပ်သို့ရောက်သောဝသီဘော်ရှိသော ပုဂ္ဂိုလ်တို့၏ စျာန်အင်္ဂါကို ဆင်ခြင်မှုတို့၌ ၄-ကြိမ် ၅-ကြိမ် နှစ်ထွေလာ၏၊ ၇-ကြိမ် ၆-ကြိမ် ဟူရာ၌-အာရုံအားကြီးလျှင် ၇-ကြိမ်၊ အာရုံအားနည်းလျှင် ၆- ကြိမ်ယူ။

ကာမဇောဝါရနိယမ ပြီး၏၊

ကာမဝီထိ ပြီး၏၊

---------

အပ္ပနာဇော အဆုံးရှိသော အပ္ပနာဝါရကို ပြဆိုအံ့

ပရိကံ, ဥပစာ, အနုလုံ, ဂေါတြဘု။ [ ရစေ ]။ 

၂၃၇။ ကာမ ရှစ်တန်၊ ကု, ကြိ-ဉာဏ်။ သုံးတန် လေး ကြိမ်သာ။
၂၃၈။ လေး, ငါးကြိမ်မြောက်၊ ပနာရောက်၊ ထိုနောက် တိဘွင်သာ။

ကာမကုသိုလ် ဉာဏသမ္ပယုတ်-၄၊ မဟာကြိယာ ဉာဏသမ္ပယုတ်၄၊ ဤကား ကာမရှစ်တန်၊ ကု, ကြိ ဉာဏ်, အရတည်း။ အပ္ပနာဇော ကျလိုသည်ရှိသော် မနောဒွါရာဝဇ္ဇန်းနောက်၌ ဤကာမဇော ၈-ခုတွင် တစ်ခုခုကို တိက္ခပုဂ္ဂိုလ်မှာ ၃-ကြိမ်၊ မန္ဒပုဂ္ဂိုလ်မှာ ၄-ကြိမ်အခံထားပြီးမှ အပ္ပနာဇော ၂၆-ခုတွင် တစ်ခုခုကျမြဲတည်း။

ကာမဇော ၃-ကြိမ်ခံလျှင် ၄-ကြိမ်မြောက်၌ အပ္ပနာ ကျ၏၊

ကာမဇော ၄-ကြိမ်ခံလျှင် ၅-ကြိမ်မြောက်၌ အပ္ပနာ ကျ၏၊ ၄-ကြိမ်ခံရာ၌ ပထမအကြိမ်ကို ပရိကံခေါ်သည်။ ဒုတိယအကြိမ် ကို ဥပစာခေါ်သည်။ တတိယအကြိမ်ကို အနုလုံခေါ်သည်။ စတုတ္ထ အကြိမ်ကို ဂေါတြဘု ခေါ်သည်။

၃-ကြိမ်ခံရာ၌ကား- ပရိကံကို ချန်လှပ်လေ။

၄-ကြိမ်မြောက် ၅-ကြိမ်မြောက်၌ အပ္ပနာဇောကျသည် ဟူရာ၌အပ္ပနာဇော ရှေးဦးစွာစ၍ ကျရိုးကိုဆိုသည်။ အပ္ပနာဇောနောင် တိဟိတ် ဘဝင်တေရသတွင် ဘုံပုဂ္ဂိုလ်အားလျော်စွာ တစ်ခုခုသာကျ၏၊ ၂၃၉။ သော,မှာ သော,ချင်း၊ ဥ, ဥ ချင်း၊ ယှဉ်လျင်း ကာ,ပနာ။

ကာ, ပနာ ဆိုသည်ကား- အခံကာမနှင့် အနန္တရအပ္ပနာ-၂ ပါးဆိုလိုသည်။ ထို ၂-ပါးသည် သောမနဿဖြစ်လျှင် သောမနဿချင်း၊ ဥပေက္ခာဖြစ်လျှင် ဥပေက္ခာချင်း ယှဉ်ဖက်ရမည် ဟူလိုသည်။

၂၄၀။ ကု, ကု,ဖိုလ်သုံး၊ ကြိ,ကြိရုံး၊ ထက်ဆုံး ဖိုလ်အပါ။

ကု, ကု ၂-ခု၌-ရှေ့ ကု ကား ကာမကုသိုလ် ၄-ခုတည်း နောက် ကု ကား ရူပ အရူပ လောကုတ္တရာစျာန်ပွား အပ္ပနာကုသိုလ် ၂၉-ခု တည်း။ ဖိုလ်သုံးကား အောက်ဖိုလ် ၃-ခုတည်း။ စျာန်ပွားသော်ကား အောက်ဖိုလ် ၁၅-ခု ဖြစ်၏၊

ကြိ, ကြိ ၌- ရှေ့ ကြိ ကား ကာမကြိယာ ၄-ခုတည်း။ နောက် ကြိ ကား မဟဂ္ဂုတ်ကြိယာ ၉-ခုတည်း။ ထက်ဆုံးဖိုလ်

ဆိုသည်ကား အရဟတ္တဖိုလ်စိတ် ၅-ခုတည်း။ အခံဇောသည် ကုသိုလ်ဇောဖြစ်ခဲ့အံ့၊ အပ္ပနာသည်လည်း ကုသိုလ်အပ္ပနာ ၂၉-နှင့်အောက်ဖိုလ် အပ္ပနာ ၁၅- ခုကျသည်။ ကုသိုလ်နောင် အပ္ပနာ ၄၄-ဖြစ်၏၊

အခံဇောသည် ကြိယာဇောဖြစ်ခဲ့အံ့၊ အပ္ပနာသည်လည်း ကြိယာ အပ္ပနာ ၉-နှင့် အရဟတ္တဖိုလ်အပ္ပနာ ၅-ခုကျသည်။ ကြိယာနောင် အပ္ပနာ ၁၄-ဖြစ်၏၊

၂၄၁။ သော-ကု နောင်ဖြစ်၊ သုံးဆယ့်နှစ် ဆယ့်နှစ် ဥ-ကုမှာ။
၂၄၂။ သော-ကြိနောင်ရှစ်၊ ဥ-ကြိနှစ်၊ နောက်ဖြစ် ခြောက်ပနာ။

ဥ-ကြိ နှစ် ကား ဥပေက္ခာကြိယာ အခံဇောနှစ်တည်း။

သောမနဿ ကုသိုလ် ၂-ခုနောင် သောမနဿ အပ္ပနာ ၃၂- ခုရ၏၊ ဥပေက္ခာကုသိုလ် ၂-ခု နောင်မှာ ဥပေက္ခာအပ္ပနာပေါင်း ၁၂- ခုရ၏၊

သောမနဿကြိယာ ၂-ခုနောင် သောမနဿအပ္ပနာ ၈-ခုရ၏၊ ဥပေက္ခာကြိယာ ၂-ခုနောင် ဥပေက္ခာအပ္ပနာ၆-ခုရ၏၊ (ရှင်းလင်း အောင် ကြံလေ)။

၂၄၃။ အာဒိကမ္မ၊ မဂ်,ဘိည၊ ရောဓ-ဆုံးဧကာ။ အလုံးစုံသော ရူပစျာန် အရူပစျာန် အပ္ပနာ၊ အစစွာသော အာဒိကမ္မိက ဝီထိတို့၌ အပ္ပနာဇော တစ်ကြိမ်သာကျမြဲ။ ထို့နောင် ဘဝင်ကျ၏၊

မဂ္ဂဝီထိတို့၌ မဂ်စိတ် အပ္ပနာလေးခုသည်လည်း တစ်ကြိမ်သာ ကျမြဲ။

ထိုနောင်သူ့ဖိုလ် ၂-ကြိမ် ၃-ကြိမ် ကျ၏၊ ထိုနောင် ဘဝင်ကျ၏၊ ခပ်သိမ်းသော အဘိညာ အပ္ပနာဝီထိတို့၌ အဘိညာဇောစုသည် လည်း တစ်ကြိမ်သာကျမြဲ။ ထိုနောင်ဘဝင်ကျ၏၊ နိရောဓသမာပတ်၏ အဆုံး၌လည်း အနာဂါမိဖိုလ်ဇော အရဟတ္တဖိုလ်ဇောများသည် တစ်ကြိမ် သာကျမြဲ။ ထိုနောင်ဘဝင်ကျ၏၊

၂၄၄။ မဂ်နောင် ဖိုလ်လေး၊ နှစ်,သုံးရေး၊ နိရှေး နေ နှစ်သာ။

မဂ္ဂဝီထိ၌ မဂ်တစ်ကြိမ်ကျပြီးနောက် အသီးအသီး သူ့ဖိုလ်၂-ကြိမ် ၃-ကြိမ် ကျမြဲ။ ထိုနောင်ဘဝင်ကျ၏၊ ၂-ကြိမ်ကား မန္ဒပုဂ္ဂိုလ်ဖို့၊ ၃- ကြိမ်ကား တိက္ခပုဂ္ဂိုလ်ဖို့။

နိရောဓ၏ ရှေးဖြစ်သော နေဝသညာနာသညာ ကုသိုလ်ဇော ကြိယာဇောစုသည် ၂-ကြိမ်ကျ၏၊ ထိုနောင် စိတ်အစဉ်၏ ချုပ်ခြင်း ဟူသော နိရောဓသမာပတ်သို့ ရောက်၏၊ စိတ်မရှိပဲ တစ်ရက် နှစ်ရက် စသည် တည်နေလေ၏၊

၂၄၅။ ဆိုပြီးသည်မှ၊ ကြွင်းသမျှ၊ များလှ ကြိမ်ပနာ။ ရွေးကောက်၍ ဆိုခဲ့ပြီးသော အချက်စုမှ ကြွင်းသော ရပြီးသော စျာန်ကို ဝင်စားသော စျာနသမာပတ္တိဝီထိ၊ ရပြီးသောဖိုလ်ကို ဝင်စားသော ဖလသမာပတ္တိဝီထိတို့၌ အပ္ပနာဇော အကြိမ်တို့သည် များစွာဖြစ်ကုန်၏ ဟူလို။ ပြဆိုခဲ့ပြီးသော အလုံးစုံကို ဝီထိပုံချ၍ ပြသည်ရှိသော် အတော် ကျယ်ဝန်းရာ၏၊ ထိုကြောင့် ဤကျမ်းမှာ မပြပြီ။ ဝီထိပုံဟောင်းများ ရှိလေ ၏၊ ကြည့်ရူ၍ သိကြလေ။

အပ္ပနာဇောဝါရ ပြီး၏၊

------------

ဘုံ၌စိတ်ရဝေပုံ

၂၄၆။ မဟဂ် ဝိကြဉ်၊ ကာမတွင်၊ စိတ်လျှင် ရှစ်ဆယ်ရ။ 

ကာမဘုံ၌ မဟဂ္ဂုတ်ဝိပါက် ကြဉ်၍ စိတ်ပေါင်းရှစ်ဆယ်ရ၏၊ 

၂၄၇။ ဆ ဃာနာဒိ၊ မဟာဝိ ရှစ်၊ ဒေါနှစ် တမူ၊ အရူဝိ လေး၊ ကြဉ်ရေး နှစ်ဆယ်၊ ဆနော ကြွယ်၊ ခြောက်ဆယ် ကိုး ရူပ။

ဃာနဝိညာဏ်ဒွေ၊ ဇိဝှါဝိညာဏ်ဒွေ၊ ကာယဝိညာဏ်ဒွေ၊ ဤ ၆- ခုကို ဆ ဃာနာဒိဆိုသည်။ မဟာဝိပါက် ၈၊ ဒေါသမူ ၂၊ အရူပ ၄၊ ပေါင်း ၂၀- ဖြစ်၏၊ စိတ် ၈၉-ခုတွင် ဤ ၂၀-ကြဉ် ဆနော ကြွင်း၏၊

ရူပဘုံ၌ရသော စိတ်ပေါင်း ၆၉-ခုဖြစ်၏၊

၂၄၈။ ဝတ္ထုရုပ်စီ၊ မှီ မမှီလစ်၊ လေးဆယ့်နှစ်ဟူ၊ အရူဝိ လေး၊ ပေါင်းထွေးတုံမြှောက်၊ လေးဆယ့်ခြောက်၊ ရမြောက် အရူပ။

အရူပလေးဘုံ၌ ၄၆-ရ၏၊ ဝတ္ထုသင်္ဂဟကို ပြန်၍ရှုလေ သင်္ဂြီုဟ်၌ ကား ဝီထိမှတ်စုကို ချန်၍ ဆို၏၊

ဘုံ၌စိတ်ရဝေပုံ ပြီး၏၊

------------------

ပုဂ္ဂိုလ်အပြား နှစ်ရာ့တစ်ကျိပ်လေး

၂၄၉။ ဒု, သု, ဒွိ, တိ၊ အရိယာရှစ်၊ တစ်ကျိပ်နှစ်၊ ပြား လစ် ဝါကရာ။

ဒုဂ္ဂတိအဟိတ် ၁၊ သုဂတိအဟိတ် ၁၊ ဒွိဟိတ် ၁၊ တိဟိတ် ၁၊ ပုထုဇ္ဇဉ် ၄-ယောက်တည်း။

သောတာပတ္တိမဂ္ဂဋ္ဌပုဂ္ဂိုလ်- ၁၊ သောတာပတ္တိဖလဋ္ဌပုဂ္ဂိုလ်- ၁၊ သကဒါဂါမိမဂ္ဂဋ္ဌပုဂ္ဂိုလ်- ၁၊ သကဒါဂါမိဖလဋ္ဌပုဂ္ဂိုလ် ၁၊ အနာဂါမိမဂ္ဂဋ္ဌ ပုဂ္ဂိုလ်-၁၊ အနာဂါမိဖလဋ္ဌပုဂ္ဂိုလ်-၁၊ အရဟတ္တမဂ္ဂဋ္ဌပုဂ္ဂိုလ်-၁၊ အရဟတ္တ ဖလဋ္ဌပုဂ္ဂိုလ်-၁၊ အရိယာ ရှစ်ယောက်တည်း။ ပုဂ္ဂိုလ်-၁၂ ဖြစ်၏၊ ဝါကရာ ကား ၂၁၄-တည်း။ ဂဏန်းပြန် ပိဋကတ်သင်္ချာတည်း။ ၂၅၀။ အပါယ် ဒု-ဇ၊ လူ, စ, ဒုပစ်၊ နှစ်ဆယ့်နှစ်၊ ပေါင်း လစ် နှစ်ဆယ့်ခြောက်။

အပါယ်၌ ဒုဂ္ဂတိအဟိတ် တစ်ယောက်ရ၏၊ ၄-ဘုံဖြစ်၍ ၄- ယောက်ထား။ ကား ဇယတည်း။ လေးခုတည်း။

လူ့ဘုံ စတုမဟာရာဇ်ဘုံ၌ ဒုဂ္ဂတိအဟိတ်ကို ချန်လှပ်၍ တစ်ကျိပ် တစ်စီရ၏၊ ၂-ဘုံဖြစ်ရကား ၂၂-ယောက်ထား၊ ပေါင်း ၂၆-ဖြစ်၏၊ ၂၅၁။ ဒု, သ,ု မယှဉ်၊ ထက်နတ်ခွင်၊ ပေါင်းလျှင် ငါးကျိပ်မြောက်။

အထက်နတ်ပြည်ငါးထပ်မှာ ဒုဂ္ဂတိအဟိတ် သုဂတိအဟိတ် နှစ် ယောက်ကြဉ် တစ်ကျိပ်စီဖြစ်၍ ငါးကျိပ်ရ၏၊

၂၅၂။ တိဟိတ် အရိယာ၊ ကိုးသင်္ချာ။ ဗြဟ္မာ ဝေဟပ် ရောက်။

ပထမစျာန် ၃-ဘုံ၊ ဒုတိယစျာန် ၃-ဘုံ၊ တတိယစျာန် ၃-ဘုံ၊ ဝေဟပ္ဖိုလ်ဘုံ၊ ဤဆယ်ဘုံ၌ တိဟိတ်ပုထုဇ္ဇဉ် ၁၊အရိယာ ၈၊ ၉-ယောက် စီဖြစ်၍ ၉-ကျိပ်ရ၏၊

၂၅၃။ သညသတ်မှာ၊ သု-တစ်သာ၊ သုဒ္ဓါ ထက်သုံး ကောက်။

အသညသတ်ဘုံ၌ သုဂတိအဟိတ် တစ်ယောက်သာရ၏၊ သုဒ္ဓါဝါသ ၅-ဘုံ၌ ပုဂ္ဂိုလ် ၁၂-ယောက်တွင် အထက်ဆုံးဖြစ်သော အနာဂါမိဖလဋ္ဌ, အရဟတ္တမဂ္ဂဋ္ဌ, အရဟတ္တဖလဋ္ဌ ၃-ယောက်စီ ဖြစ်၍ ၁၅-ယောက် ရ၏၊

၂၅၄။ သောတာမဂ်ပစ်၊ ခုနစ် အရိယာ၊ တိဟိတ်ပါ၊ လေးဖြာ ဘုံနှင့်မြှောက်။
၂၅၅။ နှစ်ရာ့တစ်ဆယ်၊ လေးယောက်ကယ်၊ အကျယ် ဘုံတစ်လျှောက်။

သောတာပတ္တိမဂ္ဂဋ္ဌပုဂ္ဂိုလ်ကို ချန်၍ အရိယာ-၇၊ တိဟိတ်ပုထုဇ္ဇန်သောတာပတ္တိမဂ္ဂဋ္ဌပုဂ္ဂိုလ်ကို ချန်၍ အရိယာ-၇၊ တိဟိတ်ပုထုဇ္ဇန် ဖြစ်၏၊ ၃၁-ဘုံ၌ ပုဂ္ဂိုလ်အကျယ် ၂၁၄-ဖြစ်၏၊

ပုဂ္ဂိုလ်အပြားနှစ်ရာ့တစ်ကျိပ်လေး ပြီး၏၊

---------------

ပုဂ္ဂိုလ်စိတ်ရ ဝေဖန်ခန်း

၂၅၆။ ဇော, ကိုးကြိ၊ မဟာဝိရှစ်၊ ဆယ့်ခွန်ပစ်၊ ဒုဖြစ် တြိန်သတ်။

ဟသိတုပ္ပါဒ်-မဟာကြိယာ ဟူသော ကြိယာဇော ၉-ခု၊ မဟာဝိပါက် ၈-ခု၊ ဤ ၁၇-ခုကို ပယ်ပစ်၍ ကျန်ကာမ စိတ်၃၇-သည် အပါယ်ဘုံရှိ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်တို့မှာ ဖြစ်သော စိတ်စုတည်း။

၂၅၇။ ဝိပ္ပယုတ်ဝိပါက်၊ လောင်းစွက်ပြန်လစ်၊ လေး ဆယ့်တစ်၊ ဖြစ်လေ သု-ဒွိမှတ်။

ယခင် ၃၇-တွင် မဟာဝိပါက် ဉာဏဝိပ္ပယုတ် ၄- ခုထည့်၊ သုဂတိအဟိတ် ဒွိဟိတ်ပုဂ္ဂိုလ်တို့မှာ ရသော စိတ်ပေါင်း ၄၁-ဖြစ်၏၊ ၂၅၈။ သမ္ပယုတ်ဝိပါက်၊ လောင်းစွက်ပြန်ငြား၊ လေး ဆယ့်ငါး၊ မှတ်သား တိဟိတ်မှာ။

၂၅၉။ မဟဂ် ကု, ကြိ၊ လောင်းတုံဘိ၊ တိဟိတ် အကုန် ပါ။

ကာမဘုံ၌ စျာန်ရတိဟိတ် ရူပတိဟိတ် အရူပတိဟိတ် အကုန်ပါ လေ၏၊ ဘုံအားလျော်စွာ ဝေဖန်၍ ယူလေ၊

၂၆၀။ မဂ္ဂဋ္ဌာန်စု၊ မဂ်လေးခု၊ ရမှု ဧကသာ။ 

မဂ္ဂဋ္ဌာန်ပုဂ္ဂိလ် လေးယောက်မှာ မိမိတို့၏ မဂ်စိတ် တစ်ခုစီသာ ရသည်။

၂၆၁။ ဒိဌ်သံ, ဝိစိ၊ ကြဉ်တုံဘိ၊ အာဒိ ဒွေဖလာ။ တိဟိတ်ပုထုဇ္ဇန်မှာရသော စိတ်အစုတွင် ဒိဋ္ဌိသမ္ပယုတ်စိတ် ၄၊ ဝိစိကိစ္ဆာသမ္ပယုတ်စိတ် ၁၊ ဤအကုသိုလ်စိတ် ၅-ခုကို ကြဉ်၊ မိမိတို့ ဖိုလ်စိတ်ကိုထည့်။ သောတာပန်ပုဂ္ဂိုလ်၊ သကဒါဂါမ်ပုဂ္ဂိုလ်တို့မှာ ရသော စိတ် အသီးအသီးဖြစ်၏၊

၁၆၂။ ဒေါကိုပယ်ပြန်၊ အနာဂါမ်၊ အကျန် သူတို့မှာ။ 

သောတာပန်၊ သကဒါဂါမ်တို့၌ ရသော စိတ်အစုတွင် ဒေါသမူဒွေ ကိုပယ်။ မိမိဖိုလ်ကိုထည့်။ အနာဂါမ်ပုဂ္ဂိုလ်တို့မှာ ရသော စိတ်မျိုး ဖြစ်၏၊

မိမိဖိုလ်ကို ထည့်မှုမှာ မိမိအမည်နှင့်ပင် ပြီးသတည်း။

၂၆၃။ အကုသိုလ် နှင့်၊ ကုသိုလ် နှစ်သွယ်၊ အောက် ဖိုလ် ပယ်ဘိ၊ ဗျည်းတြိ၊ သိလေ ရဟန္တာ။ 

ရဟန္တာ ပုဂ္ဂိုလ်တို့အား ကုသိုလ် အကုသိုလ်ကို ပယ်ပြီး ဖြစ်၍ အကုသိုလ်စိတ်၁၂၊ ကုသိုလ်စိတ် ၂၁၊ အောက်ဖိုလ် ၃၊ ဤ ၃၆- ကိုပယ်၍ ကာမကြိယာဇော ၉၊ မဟဂ္ဂုတ်ကြိယာဇော ၉၊ အရဟတ္တဖိုလ် ၁၊ ဤ ၁၉-ကို ထည့်။ ရဟန္တာတို့မှာရသော စိတ်ပေါင်း ဗျည်းတြိ ဖြစ်၏၊ ၅၃ တည်း။

ကာမရဟန္တာ, ရူပရဟန္တာ, အရူပရဟန္တာ ဟူ˜၍ရဟန္တာ ၃ မျိုး။

ကာမရဟန္တာသည်လည်း စျာန်ရ ရဟန္တာ, စျာန်မရ ရဟန္တာ ဟူ၍ ၂- မျိုး။ စျာန်ရ ရဟန္တာသည်လည်း ပထမစျာန် တစ်ခုကိုသာရသော ရဟန္တာ, ပထမ ဒုတိယ စျာန်ရသော ရဟန္တာ စသည်ဖြင့် ဝေဖန်၍သိလေ။ ပုဂ္ဂိုလ်၌ စိတ်ရ ဝေဖန်ခန်း ပြီး၏၊

------

ဤဘုံစိတ်ရ ဘုံပုဂ္ဂိုလ်ရ ပုဂ္ဂိုလ်စိတ်ရတို့ကို ကျေလည်စွာ သိ၍ ရှေး၌ ပြဆိုခဲ့ပြီးသော ဝီထိတို့မှာလည်း ဘုံအားလျော်စွာ ပုဂ္ဂိုလ် အား လျော်စွာ ဝေဖန်၍ သိရာ၏၊

ဝေဖန်ပုံကား-ကာမဘုံ၌ ၆-ဒွါရ ဝီထိမျိုး အကုန်ရ၏၊ ရူပဘုံ၌ စက္ခုဒွါရဝီထိ, သောတဒွါရဝီထိ, မနောဒွါရဝီထိတို့ကိုသာရ၏၊ အရူပဘုံ၌ မနောဒွါရ ဝီထိမျိုးကိုသာရ၏၊

အာဂန္တုကဘဝင်မှ တစ်ပါး ရှေ့ဘဝင် နောက်ဘဝင် ချမှုမှာလည်း မိမိ မိမိတို့ ပဋိသန္ဓေနေခဲ့ရင်း ဖြစ်သော ဝိပါက်စိတ် တစ်ခုကိုသာ ချရာ၏၊ ဇောချရာ၌ ပုထုဇ္ဇန်ပုဂ္ဂိုလ်, သေက္ခပုဂ္ဂိုလ်တို့အား မိမိတို့မှာ ရထိုက်သော ကုသိုလ်ဇော အကုသိုလ်ဇောတို့ကို ချရာ၏၊ ရဟန္တာပုဂ္ဂိုလ်တို့အား ကြိယာဇောတို့ကို ချရာ၏၊

တဒါရုံမည်သည် ကာမပုဂ္ဂိုလ်တို့၌သာ ရ၏၊ ဤသို့စသည်ဖြင့် ဝေဖန်၍ သိလေ။

* ပိုဒ် ခုနစ်ဆယ်၊ လင်္ကာခြယ်၊ ဤဝယ် ဝီထိပြီး။ ဝီထိပိုင်း ပြီး၏၊

---------------

၅-ဘုံပိုင်း

၃၁-ဘုံဝေဖန်ခန်း

ကာမ ၁၁-ဘုံ

၂၆၄။ ကိုးသိန်း ခြောက်သောင်း၊ အထုပေါင်း၊ တည် ရှောင်း အောက်ခံ လေ။

ကမ္ဘာကိုခံသော လေသည် အထက် အောက် အထု ယူဇနာ ၉- သိန်း ၆-သောင်းရှိ၏၊ အလျား အနံမှာ စကြဝဠာ အနန္တနှင့် အမျှတည်း။

ဤလေ၏ အောက်ကား အဇဋာကာသ ကောင်းကင်ကြီးသာ ရှိတော့သည်။ ထိုကောင်းကင်ကြီးသည် အောက်အဖို့၌လည်း အဆုံး မရှိပြီ။ လေးမျက်နှာ၌လည်း အဆုံးမရှိပြီ။ ထိုကောင်းကင်ပြင်၌ ကမ္ဘာကိုခံသော လေအပြင်ကြီး တည်သတည်း။

၂၆၅။ လေးသိန်း ရှစ်သောင်း၊ အထုပေါင်း၊ တည်ရှောင်း လေထက် ရေ။

ထို လေပြင်ထက်၌ အထက်အောက် အထု ယူဇနာ လေးသိန်း ရှစ်သောင်းရှိသော ရေအပြင်ကြီးသည် တည်ရှိ၏၊ အလျားအနံမှာ စကြဝဠာအနန္တနှင့် အမျှတည်း။

၂၆၆။ နှစ်သိန်း လေးသောင်း၊ အထုပေါင်း၊ တည် ရှောင်း ရေထက် မြေ။

ထိုရေအပြင်ကြီး၏ အထက်၌ အထက်အောက် အထု ယူဇနာ ၂-သိန်း လေးသောင်း ရှိသောမြေအပြင်ကြီးသည် တည်ရှိ၏၊

ဤ မြေပြင်ကြီးသည်မူကား တစ်ခုတစ်ခုသော စကြဝဠာအဖို့ အားဖြင့် အဝိုင်းအဝိုင်းတွေ ဖြစ်၍တည်၏၊ တစ်ခုတစ်ခုသော အဝိုင်း အတွင်း၌ အချင်းယူဇနာ တစ်သန်း ၂-သိန်း ၃-ထောင် ၄-ရာ ၅-ဆယ် ရှိ၏၊ အဝန်းယူဇနာ ၃-သန်း ၆-သိန်း တစ်သောင်း ၃-ရာ ၅-ဆယ်ရှိ၏၊ ညီညွတ်စွာသော မြေအပြင်၌ လင်ပန်းတွေကို ထိစပ်၍ထားသကဲ့သို့ တည်း။

စကြဝဠာ သုံးခု သုံးခုတို့၏ ဆိုင်ရာ၌ အောက်ရေသို့ တိုင်အောင် အပေါက်ကြီး တစ်ခုတစ်ခုဖြစ်၏၊ အကျယ်ယူဇနာ ရှစ်ထောင်ရှိ၏၊ ထို၌ ငရဲသား အများရှိ၏၊ လောကန္တရိက်ငရဲ ခေါ်သည်။

၂၆၇။ သိလာ, ပံသု၊ မြေ နှစ်ခု၊ အထု ထက်ဝက်ဝေ။

၂-သိန်း ၄-သောင်းကို ထက်ဝက်ပြုသော် တစ်သိန်း ၂-သောင်း စီဖြစ်၏၊ အောက်ကား သိလာမြေတည်း။ ထိုသိလာမြေ၏ အလယ်ချက် မမှ မြင့်မိုရ်တောင် ပေါက်၏၊ အနားအဝန်းမှ စကြဝဠာ တောင်ပေါက်၏၊ ထိုသိလာမြေ အပြင်ထက်၌ စကြဝဠာတောင် မြင့်မိုရ်တောင်တို့၏ အကြား မှာ ပံသုပထဝီ တည်၏၊

မြင့်မိုရ်တောင်ကို ယူဇနာပေါင်း ၈၄၀၀၀-နှစ်ပြန်ဆောင် ဆိုသည်။ သမုဒ္ဒရာရေခံ ပံသုပထဝီမှ အထက်သို့ပေါ်သော အဖို့ကိုဆိုသည်၊ စကြဝဠာတောင်ကို ယူဇနာပေါင်း ရှစ်သောင်း ၂-ထောင် ၂-ပြန်ဆောင် ဆိုရာ၌လည်း ဤနည်းတူ မှတ်။

သိလာပထဝီ၏ အထက်အပြင်၌ ဇမ္ဗူဒီပါကျွန်းနှင့် အမျှယူဇနာ တစ်သောင်းကျယ်သော ဥမင်လိုဏ်ခေါင်းကြီး၌ အဝီစိ ငရဲကြီးတည်၏၊ ထိုမှ အထက် ယူဇနာပေါင်း တစ်သောင်း ငါးထောင်စီ ခြား၍ ခြား၍ ငရဲကြီး ၇-ပြည်ထောင်တို့သည် ပံသုပထဝီအတွင်း ဥမင်လိုဏ် ခေါင်းမှာ ယူဇနာတစ်သောင်းစီနှင်နှင် တည်ရှိကြကုန်၏၊

ငရဲကြီး-ရှစ်ပြည်ထောင်

ငရဲကြီး-ရှစ်ပြည်ထောင်၏ အမည်ကား။

၂၆၈။ သိဉ္ဇိုဝ်း, ကာလ၊ သင်္ဃာတ၊ ဒွယ ရောရုဝါ။
၂၆၉။ တာပနဒွိ၊ အဝီစိ၊ တည်ရှိ ငရဲရွာ။
၂၇၀။ သောင်းငါးထောင်စီ၊ သင်္ချာညီ၊ ရှစ်လီ ခြားအကွာ။ 

သိဉ္ဇိဝ်းငရဲကြီးသည် လူတို့နေရာမှ ယူဇနာတစ်သောင်း ငါးထောင် ကွာသော မြေဥမင်တွင်း၌ တည်၏၊ ၎င်းအောက် ကာလသုတ်ငရဲကြီး, ၎င်းအောက်သင်္ဃာတငရဲကြီး, ၎င်းအောက်ရောရုဝငရဲကြီး, ၎င်းအောက် မဟာရောရုဝငရဲကြီး၊ ၎င်းအောက် တာပနငရဲကြီး, ၎င်းအောက် မဟာ တာပနငရဲကြီး, ၎င်းအောက်အဝီစိငရဲကြီးတိ့ုသည် ယူဇနာတစ်သောင်း ငါးထောင်စီကွာခြား၍ တည်ရှိကြကုန်၏၊

ငရဲ အမျိုးမျိုး

၂၇၁။ ဘင်, ပြာ, လက်, သန်၊ အစဉ်ရံ၊ လေးတန် ဥဿဒါ။ 

ရှေ့-နောက်-တောင်-မြောက်-အထက်-အောက် ယူဇနာ တစ်ရာ စီရှိကြသော အလယ်ငရဲမကြီး၏ ပြင်ဘက်၌ ရှစ်မျက်နှာ ပတ်ဝိုက်၍ အနက်အနံ ယူဇနာတစ်ရာစီနှင်နှင် ရှိကြသော ဥဿဒငရဲ ၄-မျိုး။ အတွင်းဆုံး၌ ဘင်ပုပ်ငရဲ၊ ၎င်း၏ပြင်၌ပြာပူငရဲ၊ ၎င်း၏ပြင်၌ လက်ပံတောငရဲ၊ ၎င်း၏ပြင်၌ သန်လျက် အရွက်ရှိသောအသိပတ္တ သစ်ပင်တောငရဲ။

ဒေဝဒူတသုတ်၌ကား ဝေတြဏီမည်သောကြေးနီမြစ် ကြိမ်ပိုက် ချောင်းငရဲသည် ဥဿဒငရဲ အသီးအခြား အနေနှင့် လာ၏၊

၂၇၂။ ဘင်, ပြာ, လက်, သန်၊ မြစ်အရံ၊ ငါးတန် တစ် နည်းမှာ။

ထိုငရဲသည်ကား ကြေးပူရေ သံပူရေပြည့်သော မြစ်တည်း။ ၎င်း ရေ၏ အထက်အပြင်၌ ပိုက်ကွန်ကို ဖြန့်ခင်း၍ ထားသည်နှင့်တူသော သံဖြင့်ပြီးသော အဆူးရှိသော ကြိမ်နွယ်တို့ဖြင့် ဖုံးလွှမ်းလျက်ရှိ၏၊ ထို့ကြောင့် ဝေတြဏီခေါ်သတည်း။

သံကိစ္စဇာတ်၌ကား ထိုငရဲကို အသိပတ္တငရဲ၏ အခြံအရံ ပြု၍ ပစ္စေကံ သောဠသုဿဒါဟုဟောတော်မူသည်ဖြစ်ရာ၏၊ ဥဿဒငရဲတို့မှ ပြင်ပ၌လည်း များစွာသော အရံငရဲတို့သည် ရှိကြ ကုန်သေး၏၊ အရံငရဲတို့ ဆိုသည်ကား-ကောကာလိကသုတ်ကောကာလိကသုတ်၌ လာ သော အဗ္ဗုဒငရဲ, နိရဗ္ဗုဒငရဲ အစရှိသောဆယ်မျိုးသောငရဲဘုံ, ပဟာသ ငရဲ, လောဟကုမ္ဘီငရဲ။

နေမိဇာတ်၌ လာသော များစွာသော ငရဲမျိုး, နာရဒဇာတ်၌ လာသော ငရဲမျိုးစသည်တို့တည်း။

ငရဲ ထိန်း

ပဋိသန္ဓေအားဖြင့် စာတုမဟာရာဇ် အပါအဝင် ဖြစ်ကြကုန်သော အလွန် ကြမ်းကြုတ်သော အလေ့ရှိကြကုန်သော ဘီလူးမျိုး ရက္ခိုသ်မျိုး တို့သည် ထိုအရံငရဲတို့၌ ငရဲထိန်း အလုပ်ကို လုပ်ကြကုန်၏၊ ယမ မင်းကြီး

ဝေမာနိက ပြိတ္တာမင်းမျိုး ဖြစ်ကုန်သော ဝေဿဘု နောတ္တိ အစရှိကုန်သော ယမမင်းကြီးတို့သည် ငရဲသူ ငရဲသားတို့ကို ကယ်ဆယ် ခြင်းငှာ ထိုအရံငရဲတို့၌ ရုံးထိုင်ကြကုန်၏၊ ဤယမမင်းကြီးတို့လည်း စာတုမဟာရာဇ် အဝင်အပါတို့ပေတည်း၊ ထိုအရံငရဲစု အလုံးစုံတို့နှင့်တကွ နယ်ကုန်သိမ်း၍ ငရဲကြီးတစ်ပြည်တစ်ပြည်ကို ယူဇနာတစ်သောင်း တစ်သောင်းစီ ကျယ်သည်ဟု ဆိုသတည်း။

အပါယ်လေးပုံ

၂၇၃။ ငရဲ, တိရစ်၊ ပြိတ်, အသုရာ၊ ဤလေးဖြာ၊ အောက်ရွာ ပါယ်ဘူမိ။

ငရဲဘုံ, တိရစ္ဆာန်ဘုံ, ပြိတ္တာဘုံ, အသုရကာယ်ဘုံ အပါယ်လေး ဘုံတည်း။

ကာမသုဂတိ ၇-ဘုံ

၂၇၄။ လူ, စ, တာ, ယာ, တုသ်, နိမ္မာ၊ ဝသာ ပြည်ဝတ္တိ။ 

လူ့ပြည်, စာတုမဟာရာဇ် နတ်ပြည်, တာဝတိံသာ နတ်ပြည်, ယာမာ နတ်ပြည်, တုသိတာနတ်ပြည်, နိမ္မာနရတိနတ်ပြည်, ဝသဝတ္တီ နတ်ပြည်, ဤဝသဝတ္တီဘုံမှာ မာရ်နတ်မျိုးတို့၏ နေရာမြို့ရွာ အသီးအခြား ရှိ၏၊ ကာမသုဂတိ ၇-ဘုံတည်း။

ဘုံအကွာအဝေး

၂၇၅။ လေးသောင်းနှစ်ထောင်၊ အကွာဆောင်၊ လူ့ ဘောင် ဆင့်ဆင့်သိ။

လူ့ပြည်မှ စ၍တစ်ဘုံနှင့်တစ်ဘုံ ယူဇနာ ၄-သောင်း ၂-ထောင်စီ ကွာခြားကြ၏၊ နေ လ နက္ခတ် တာရာတို့သည် စာတုမဟာရာဇ် ဘုံဗိမာန်တို့တည်း။

၂၇၆။ သုဂတိ သတ်၊ ပါယ်လေးရပ်၊ ဧက်ဒသ် ကာဘူမိ။ 

ကာမသုဂတိ ၇-ဘုံ, အပါယ်လေးဘုံ= ကာမ ၁၁-ဘုံဖြစ်၏၊ ဧက်ဒသ်ဧက်ဒသ်ကား ၁၁-တည်း။

ကာမ ၁၁-ဘုံပြီး၏၊

------

ရူပ ၁၆-ဘုံ

၂၇၇။ ပါရိသဇ္ဇာ၊ ရောဟိတာ၊ မဟာဗြဟ္မာ တြိ။ 

ဗြဟ္မပါရိသဇ္ဇာဘုံ, ဗြဟ္မပုရောဟိတာဘုံ, မဟာဗြဟ္မာဘုံ, တစ်ပြင် တည်း တည်သော ပထမစျာန် ၃-ဘုံတည်း။

မဟာဗြဟ္မာဆိုသည်ကား လူ့ပြည်မှာ အရှင်ကြီး ဘိုးတော်ကြီး ခေါ်ကြသော ဘူမဇိုဝ်းတန်ခိုးကြီးတို့ကဲ့သို ထိုဗြဟ္မာပြည်မှာ ကိုးကွယ်ရာ ပြုကြသော ဗြဟ္မာမင်းကြီးတို့ပေတည်း။ ဤ မဟာဗြဟ္မာတို့ကို ဘာသာ တစ်ပါးတို့၌ ထာဝရဘုရား ခေါ်ကြကုန်၏၊

ဗြဟ္မပုရောဟိတာ ဆိုသည်ကား အရှင်ကြီး ဘိုးတော်ကြီးတို့ အောက် ဘုန်းတန်ခိုး ယုတ်ညံ့သောရုက္ခဇိုဝ်း ဘူမဇိုဝ်း မြို့ ရွာ တော တောင်ရှိ နတ်များကဲ့သို့ မိမိတို့နေရာ ဘုံဗိမာန် အသီးအသီးတို့နှင့် မဟာဗြဟ္မာတို့ကို ဘုရားအနေနှင့်ကိုးကွယ်ရာ ပြု၍နေကြကုန်သော ဘုန်းတန်ခိုးအလတ်စား ရှိကြကုန်သော ဗြဟ္မာမျိုးတို့ပေတည်း။ ဗြဟ္မပါရိသဇ္ဇာဆိုသည်ကား ရုက္ခဇိုဝ်း ဘူမဇိုဝ်း မြို့ ရွာ တော တောင်ရှိ နတ်များကို မှီတွယ်၍နေရသော နေရာဘုံဗိမာန် မရှိသော သရဲ သဘက် အစိမ်း တစ္ဆေ အစရှိသော နတ်ယုတ် နတ်ညံ့ မျိုးတို့ကဲ့သို့ ပုရောဟိတာ ဗြဟ္မာတို့ကို မှီတွယ်၍ နေရသော ဗြဟ္မာယုတ် ဗြဟ္မာညံ့တို့ တည်း။

လူ့ပြည်၌ ပြည့်ရှင်မင်းတို့နှင့် မဟာဗြဟ္မာတို့သည် တူကုန်၏၊ အသီးသီးသော မှုးမတ်အရာရှိတို့နှင့် ပုရောဟိတာ ဗြဟ္မာတို့သည် တူကုန်၏၊ ရာအထူးမရှိ အခြံအရံ မင်းကျေး မင်းကျွန်တို့နှင့် ပါရိသဇ္ဇာ ဗြဟ္မာတို့သည် တူကုန်၏၊ တစ်ပြင်တည်း တည်ကြသော အထက်ဘုံ ၃-မျိုး ၃-မျိုးတို့၌လည်း ဤနည်းအတိုင်း သိလေ။

၂၇၈။ ပရိတ္တာဘာ၊ ပမာဏာ၊ ဘဿာဘုံ တြိ။

ပရိတ္တာဘာ ဘုံ, အပ္ပမာဏာဘာဘုံ, အာဘဿရာဘုံ, တစ်ပြင် တည်း တည်သော ဒုတိယစျာန် ၃-ဘုံတည်း။

၂၇၉။ ပရိတ္တသုဘာ၊ ပမာဏာ၊ ကိဏှာဘုံ တြိ။

ပရိတ္တသုဘာဘုံ, အပ္ပမာဏသုဘာဘုံ, သုဘကိဏှာဘုံ, တစ်ပြင် တည်း တည်သော တတိယစျာန် ၃-ဘုံတည်း။

၂၈၀။ ဖလာဝေဟပ်၊ သညသတ်၊ နှစ်ရပ် တစ်ပြင်သိ။

ဝေဟပ္ဖိုလ်ဘုံ, အသညသတ်ဘုံ, တစ်ပြင်တည်း တည်သော စတုတ္ထစျာန် ၂-ဘုံ။

၂၈၁။ အဝိဟ်, အတပ်၊ သုဒဿာ, ဿီ၊ အကနီ၊ ငါးလီ ဘုံ သုဒ္ဓိ။

အဝိဟာဘုံ, အတပ္ပါဘုံ, သုဒဿာဘုံ, သုဒဿီဘုံ, အကနိဋ္ဌဘုံ, အဆင့်ဆင့်တည်သော သုဒ္ဓါဝါသ စတုတ္ထစျာန်၅-ဘုံ။

ရူပ ၁၆-ဘုံ ပြီး၏၊

---------------

အရူပ ၄-ဘုံ

၂၈၂။ အာကာ, ဝိည၊ အာကိဉ္စ၊ နေဝ, အရူပိ။

အာကာသာနဉ္စာယတနဘုံ, ဝိညာဏဉ္စာယတနဘုံ, အာကိဉ္စညာ ယတနဘုံ, နေဝသညာနာသညာယတနဘုံ အဆင့်ဆင့်တည်သော အရူပ ၄-ဘုံတည်း။

အရူပ ၄-ဘုံပြီး၏၊

၂၈၃။ ငါးသန်း, ငါးသိန်း၊ ရှစ်ထောင် ချိန်း၊ ခြားကိန်း ဆင့်ဆင့် သိ။

ပရနိမ္မိတ ဝသဝတ္တိဘုံမှ အထက် တစ်ပြင်နှင့်တစ်ပြင် အဆင့်ဆင့် အခြားကား ယူဇနာ ၅-သန်း ၅-သိန်း ရှစ်ထောင်စီ နှင်နှင်တည်း။

၂၈၄။ ကုဋေ ခုနစ်၊ သန်းမှာ တစ်၊ သိန်းရှစ်, သောင်း ပဉ္စာ။

၂၈၅။ ထောင်မှာကား ဆ၊ လူ နေဝ၊ ဝေးလှ ယူဇနာ။

လူ့ဘုံနှင့် ဘဝဂ်ဟူ၍ ခေါ်ကြသော နေဝသညာနာသညာယတန ဘုံ အကွာခရီးကား ယူဇနာပေါင်း ၇-ကုဋေ ၁-သန်း ၈-သိန်း ၅-သောင်း ၆-ထောင် ဝေးကွာသည်ဟူလို။

၃၁-ဘုံ ဝေဖန်ခန်း ပြီး၏၊

-------------

ကာမ ပဋိသနေ

၂၈၆။ ဥ သန္တီရိ၊ အကု ဝိ၊ သန္ဓိ အပါယ်ရွာ။

အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ် တစ်ခုသည် အပါယ် ၄-ဘုံသားတို့၏ ပဋိသန္ဓေစိတ်တည်း။ ယင်းကို ဒုဂ္ဂတိအဟိတ် ပဋိသန္ဓေ စိတ်ခေါ်သည်။

၂၈၇။ ကု,ဝိ,ဥသန်၊ လူယုတ်ကြန်၊ နတ်ထံ ဘုန်းမဲ့စွာ။

ကုသလဝိပါက် ဥပေက္ခာသန္တီရဏ စိတ်တစ်ခုသည် လူ့ပြည်မှာ ကြန်အင်္ဂါယုတ်လျော့သူ, နတ်မှာလည်း ဘုန်းမဲ့လှသော နတ်မျိုးတို့၏ ပဋိသန္ဓေစိတ်တည်း။ ယင်းကို သုဂတိအဟိတ် ပဋိသန္ဓေစိတ်ခေါ်သည်။ လူ့ပြည်မှာ ကြန်အင်္ဂါယုတ်လျော့သောသူ ဆိုသည်ကား-ပဋိသန္ဓေ အခါကပင် စက္ခုစသည်ချို့ခဲ့သောသူ, အ,ခဲ့သောသူ, ဆွံ့ခဲ့သော သူ, ရူးခဲ့သောသူ, နှမ်းခဲ့သောသူ, နပုန်းပဏ္ဍုက်, ဥဘတော ဗျည်းစုပေတည်း။ ဘုန်းကံမဲ့လှသော နတ်မျိုးဆိုသည်ကား- ဝိနိပါတိက အသုရာ ခေါ်သော ဘူမဇိုဝ်းနတ်မျိုးဖြစ်သော ဘီလူး, သဘက်, တစ္ဆေ, မြေဘုတ်, အစိမ်းသရဲ အစရှိသည်တည်း။

၂၈၈။ ရှစ် မဟာဝိ၊ သုဂတိ၊ သန္ဓိ ခုနစ်ရွာ။

ဉာဏဝိပ္ပယုတ်ဒွိဟိတ် ၄-ခု၊ ဉာဏသမ္ပယုတ်တိဟိတ် ၄-ခု၊ အပေါင်းဖြစ်သော မဟာဝိပါက် ၈-ခုသည် လူ့ပြည် နတ်ရွာ ကာမ သုဂတိ ၇-ဘုံသားတို့၏ ပဋိသန္ဓေစိတ်တည်း။ [ယခင် ဒုဂ္ဂတိအဟိတ် ပဋိသန္ဓေစိတ်၊ သုဂတိအဟိတ် ပဋိသန္ဓေစိတ်တို့နှင့် ပေါင်းသော်] ကာမ ပဋိသန္ဓေ တစ်ဆယ် ဖြစ်၏၊

ဒုဂ္ဂတိအဟိတ်စိတ်နှင့် ပဋိသန္ဓေနေရသော အပါယ်လေးဘုံသား တို့ကို ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်ခေါ်သည်။

သုဂတိ အဟိတ်စိတ်နှင့် ပဋိသန္ဓေနေရသော အင်္ဂါယုတ်လျော့ သောသူ ဘုန်းကံမဲ့လှသော စာတုမဟာရာဇ် အဝင်အပါ နတ်ယုတ် နတ်ညံ့များကို သုဂတိ အဟိတ်ပုဂ္ဂိုလ်ခေါ်သည်။

မဟာဝိပါက် ဉာဏဝိပ္ပယုတ် ဒွိဟိတ်စိတ်နှင့် ပဋိသန္ဓေနေရသော လူ၊ နတ်ပြည် ၆-ထပ် နတ်များကို ဒွိဟိတ်ပုဂ္ဂိုလ် ခေါ်သည်။ မဟာဝိပါက် ဉာဏသမ္ပယုတ် တိဟိတ်စိတ်နှင့် ပဋိသန္ဓေနေရသော လူ၊ နတ်ပြည် ၆-ထပ် နတ်များကို တိဟိတ် ပုဂ္ဂိုလ်ခေါ်သည်။ ကာမ ပဋိသန္ဓေ ပြီး၏၊

--------

ရူပ ပဋိသန္ဓေ

၂၈၉။ မဟဂ္ဂတ၊ ဝိပါက၊ ဗြဟ္မသန္ဓိသာ။
၂၉၀။ ကလာပ် ဇီဝိ၊ ရုပ်သာ ရှိ၊ သန္ဓိ အသညာ။

ပထမစျာန်ဝိပါက်စိတ်သည် ပထမစျာန် ၃-ဘုံ၏ ပဋိသန္ဓေ စိတ်တည်း။

ဒုတိယစျာန် ဝိပါက်စိတ် တတိယစျာန်ဝိပါက်စိတ် ၂-ခုသည် ဒုတိယစျာန် ၃-ဘုံ၏ ပဋိသန္ဓေစိတ်တည်း။

စတုတ္ထစျာန်ဝိပါက်စိတ်သည် တတိယစျာန် ၃-ဘုံ၏ ပဋိသန္ဓေ စိတ်တည်း။

ပဉ္စမစျာန် ဝိပါက်စိတ်သည် အသညသတ်ကြဉ်သော စတုတ္ထစျာန် ၆-ဘုံ၏ ပဋိသန္ဓေစိတ်တည်း။

အသညသတ်ဘုံသည်ကား- ဇီဝိတနဝက ရုပ်ကလာပ်လျှင် ပဋိသန္ဓေရှိ၏၊

ရူပ ပဋိသန္ဓေ ပြီး၏၊

--------

အရူပ ပဋိသန္ဓေ

အာကာသာနဉ္စာယတန ဝိပါက်စိတ်သည် ၎င်းဘုံ၏ ပဋိသန္ဓေ စိတ်တည်း။
ဝိညာဏဉ္စာယတန ဝိပါက်စိတ်သည် ၎င်းဘုံ၏ ပဋိသန္ဓေ စိတ်တည်း။
အာကိဉ္စညာယတန ဝိပါက်စိတ်သည် ၎င်းဘုံ၏ ပဋိသန္ဓေစိတ် တည်း။
နေဝသညာနာသညာယတန ဝိပါက်စိတ်သည် ၎င်းဘုံ၏ ပဋိသန္ဓေစိတ်တည်း။
အရူပ ပဋိသန္ဓေ ပြီး၏၊

-------

ပဋိသန္ဓေ ဘဝင် စုတိ တူကြပုံ

၂၉၁။ ဘဝတစ်ခု၊ သန်, ဘွင်, စု၊ သုံးခု ထပ်စမြဲ။

ခပ်သိမ်းသော သတ္တဝါတို့အား တစ်ခုတစ်ခုသော ဘဝ၌ ပဋိသန္ဓေ စိတ် ဘဝင်စိတ် စုတိစိတ် ဤ ၃-ခုသည် တစ်ထပ်တည်း ကျမြဲပေတည်း။

အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်နှင့် ပဋိသန္ဓေနေသော သူအား ထိုဘဝ၌ အသက်ရှည်သမျှ ကာလပတ်လုံး ၎င်းဥပေက္ခာ သန္တီရဏဝိပါက်စိတ်တစ်ခုသည်သာလျှင် ဘဝင်စိတ် ဖြစ်မြဲတည်း။

သေသော အခါ၌လည်း ၎င်းဥပေက္ခာသန္တီရဏစိတ် တစ်ခုသည် သာလျှင် စုတိစိတ် ဖြစ်မြဲတည်း။ သုံးခုထပ်စမြဲသုံးခုထပ်စမြဲ ဆိုသဖြင့်ပင်လျှင် အာရုံလည်းထပ်စမြဲ ဟူသောအနက်သည် ပြီးစီး၏၊ ထိုအကုသလ ဝိပါက်သန္တီရဏသည်ကံကို အာရုံပြုသည်လည်းရှိ၏၊ ကမ္မနိမိတ်ကို အာရုံပြုသည်သည်လည်း ရှိ၏၊ ဂတိနိမိတ်ကို အာရုံပြုသည်လည်း ရှိ၏၊

ထိုတွင် ပဋိသန္ဓေသည် ကံကို အာရုံပြုခဲ့လျှင် ဘဝင် စုတိတို့လည်း ထိုကံကိုသာ အာရုံပြုကြကုန်မြဲ။

ပဋိသန္ဓေသည် ကမ္မနိမိတ်ကို အာရုံပြုခဲ့လျှင် ဘဝင် စုတိတို့လည်း ထိုကမ္မနိမိတ်ကိုသာ အာရုံပြုကြကုန်မြဲ။

ပဋိသန္ဓေသည် ဂတိနိမိတ်ကို အာရုံပြုခဲ့လျှင် ဘဝင် စုတိတို့လည်း ထိုဂတိနိမိတ်ကိုသာ အာရုံပြုကြကုန်မြဲတည်း၊ ပဋိသန္ဓေစိတ် ပြုသော အာရုံကိုသာ ယင်းဘဝင် စုတိတို့ကိုလည်းအာရုံပြုမြဲဆိုလိုသည်။ ခပ်သိမ်း သော သတ္တဝါ ခပ်သိမ်းသော ပဋိသန္ဓေ ဘဝင် စုတိတို့မှာလည်း ဤနည်း အတိုင်း သိလေ။

၂၉၂။ ဘုံ, ဇာတ်, သံ, သင်၊ အာ ငါး အင်၊ သန်, ဘွင်, စု, မကွဲ။

သန်, ဘွင်, စု, ကား ပဋိသန္ဓိ ဘဝင် စုတိတည်း။ ထိုသုံးပါးသည် ဘုံအားဖြင့်လည်း မကွဲရ၊ ဇာတ်အားဖြင့်လည်း မကွဲရ၊ သမ္ပယုတ္တဓမ္မ အားဖြင့်လည်းမကွဲရ၊ သင်္ခါရအားဖြင့်လည်းမကွဲရ၊ အာရုံအားဖြင့်လည်း မကွဲရ၊ ဤအင်္ဂါငါးရပ် မကွဲရ ဟူလိုသည်။ ဤကဗျာကား ဆရာတို့ ဆိုရိုး ရှိသည်ကိုသာပြသည်၊ လိုရင်းမှာ ရှေးကဗျာအတိုင်း ဆိုလိုရင်းတည်း။

ဤ၌ ဘဝင်ဆိုသည်ကား ပဋိသန္ဓေနေခဲ့ရင်း ဖြစ်သော မူလဘဝင် ကို ဆိုလိုရင်းတည်း။

အာဂန္တုက ဘဝင်သည်မူကား ပဋိသန္ဓေစိတ်မှ အခြားတစ်ပါးပင် ဖြစ်သတည်း။

ပဋိသန္ဓေခန်း ပြီး၏၊

--------

နတ်တို့သက်တမ်း

၂၉၃။ လူ, ဘူမဇိုဝ်း၊ ပါယ်လေးမျိုး၊ သက်ဇိုဝ်း မြဲမရှိ။

လူ့ဘုံ၌လည်း အသက်တမ်း မမြဲ၊ ဘူမဇိုဝ်းနတ်တို့၌လည်း အသက် တမ်းဟူ၍ပင် မရှိ၊ အပါယ် ၄-ဘုံတို့မှာလည်း အသက်တမ်း မရှိဟူ၍ ဆိုလိုသည်။

(ဒ-ကို ဇ-ပြု၍ ဘူမဒေဝကို ဘူမဇိုဝ်း ခေါ်သည်။ ရုက္ခဒေဝနတ် ကိုလည်း ရုက္ခဇိုဝ်းနတ်၊ မဂ္ဃဒေဝမင်းကို မဂ္ဃဇိုဝ်းမင်း ခေါ်သကဲ့သို့တည်း။ သက်ဇိုဝ်းကား သက်ဇီဝတည်း။ သိဉ္ဇီဝငရဲကို သိဉ္ဇိုဝ်း ငရဲ ခေါ်သကဲ့ သို့တည်း။ လောက၌လည်း သက်ဇိုဝ်း ရှည်ပါစေ ဟုဆိုရိုးရှိ၏၊) ဘူမဇိုဝ်းတို့သည်ကား- - သစ်ပင် တော တောင် မြစ် သမုဒ္ဒရာစောင့် နတ်မျိုး၊ ဇနပုဒ် မြို့ ရွာ နိဂုံးရှိနတ်မျိုး၊ မိရိုးဖလာ ကိုးကွယ်ရာနတ်မျိုး၊ ဘီလူး သဘက် အစိမ်း သရဲ တစ္ဆေ မြေဘုတ် စသည်တည်း။ အာဠာဝက ဘီလူး, သူစိလောမဘီလူး, ခရလောမဘီလူး, သာတာဂီရိဘီလူး, ဟေမဝတ ဘီလူးတို့သည် အန္တရကပ် အသက်ရှည် ကြကုန်၏၊

စာတုမဟာရာဇ် နတ်သက်

၂၉၄။ ငါးဆယ်နှစ်သာ၊ လူတို့ရွာ၊ စ-မှာ တစ်ရက်သိ။
၂၉၅။ ရက်သုံးဆယ်လ၊ ဆယ့်နှစ်လ၊ စ-မှာ တစ်နှစ်ရှိ။
၂၉၆။ ငါးရာ ထိုနှစ်၊ သက်တမ်းဖြစ်၊ လူနှစ် ကိုးသန်းတိ။

လူတို့ရွာမှာ နှစ် ၅၀-သည် စာတုမဟာရာဇ်ဘုံမှာ တစ်ရက်ဖြစ်၏၊ ထိုရက်ပေါင်း ၃၀-သည် စာတုမဟာရာဇ် တစ်လတည်း။ ထို ၁၂-လသည် စာတုမဟာရာဇ် တစ်နှစ်တည်း။ ထိုနှစ်ပေါင်း ၅၀၀-သည် စာတု မဟာရာဇ် သက်တမ်းဖြစ်၏၊ လူတို့၏ နှစ်အားဖြင့် ၉- သန်းတိတိရှိ၏၊ တာဝတိံသာ နတ်သက်

၂၉၇။ အနှစ်တစ်ရာ၊ လူတို့ရွာ၊ တာ,မှာ တစ်ရက် သိ။
၂၉၈။ သူ့ရက်, လ, နှစ်၊ အစဉ်ဖြစ်၊ တာ,နှစ် တစ် ထောင်ရှိ။

လူတို့ရွာ၌ အနှစ်တစ်ရာသည် တာဝတိံသာ၌ တစ်ရက်တည်း။ သူတို့ ရက်ပေါင်း ၃၀-သည် တစ်လ၊ သူတို့လပေါင်း ၁၂-လသည် တစ်နှစ်၊ သူတို့နှစ်ပေါင်း တစ်ထောင်သည် တာဝတိံသာ သက်တမ်းဖြစ်၏၊ လူတို့အရေအတွက်ကား ၃-ကုဋေ ၆-သန်း ရှိ၏၊

ယာမာစသည် နတ်သက်

၂၉၉။ ဤနည်းနှင်နှင်၊ လေးဆ တင်၊ ထက်ခွင် ဘုံဇီဝိ။

လူ့နှစ် ၂၀၀-သည် ယာမာ၌ တစ်ရက်။
လူ့နှစ် ၄၀၀-သည် တုသိတာ၌ တစ်ရက်။
လူ့နှစ် ၈၀၀-သည် နိမ္မာနရတိ၌ တစ်ရက်။
လူ့နှစ် ၁၆၀၀-သည် ပရနိမ္မိတဝသဝတ္တီ၌ တစ်ရက်၊ အသီးအသီး မိမိတို့ ရက်ပေါင်း ၃၀-သည် တစ်လ၊ မိမိတို့ လပေါင်း ၁၂-လသည် တစ်နှစ်၊ မိမိတို့နှစ်ပေါင်း ၂-ထောင်သည် ယာမာအသက်တမ်း။

၄-ထောင်သည် တုသိတာ အသက်တမ်း။
ရှစ်ထောင်သည် နိမ္မာနရတိ အသက်တမ်း။
တစ်သောင်းခြောက်ထောင်သည် ဝသဝတ္တီ အသက်တမ်း။
လူ့နှစ် အရေအတွက်မှာ စာတုမဟာရာဇ်၌ ၉-သန်းရှိ၏၊ ၎င်း ၉-သန်းကို ၄-ခုမြှောက် တာဝတိံသာ၌ ၃-ကုဋေ ၆-သန်းဖြစ်၏၊ ဤနည်း အတိုင်း အဆင့်ဆင့် လေးဆတက်လေ။

နတ်သက် ပြီး၏၊

အာယုကပ် စသည် ၄-မျိုး

၃၀၀။ အာယု, အန္တရာ၊ အသင်္ချာ၊ မဟာ ၄-မျိုးကပ်။

ကပ်သည် အာယုကပ်, အန္တရကပ်, အသင်္ချေယျကပ်, မဟာကပ်ဟူ၍ လေးမျိုး ရှိ၏၊

ထိုထိုအသက်တမ်းကို အာယုကပ် ဆိုသည်။

လူတို့၌ အသက် အသင်္ချေတမ်းမှသည် ဆယ်နှစ်သက်တမ်း တိုင်အောင်ဆုတ်၍ တစ်ဖန်တက်ပြန်သဖြင့် အသင်္ချေတမ်းသို့ တစ်ပတ် ဆိုက်သည်ကို အန္တရကပ်တစ်ခု ဆိုသည်။

ထိုအန္တရကပ်ပေါင်း ၆၄- ပြန်သည် အသင်္ချေယျကပ် ဖြစ်၏၊ သံဝဋ္ဋကပ် စသည် ၄-မျိုး

၃၀၁။ သံ, ဝိဝဋ်တွင်၊ ဌာယီယှဉ်၊ သင်္ချေ လေးလီမှတ်။

ထိုအသင်္ချေယျကပ်သည် သံဝဋ္ဋကပ်, သံဝဋ္ဋဋ္ဌာယီကပ်, ဝိဝဋ္ဋကပ်, ဝိဝဋ္ဋဋ္ဌာယီကပ် ဟူ၍ လေးလီမှတ်။

၃၀၂။ ပျက်, တည်, ဖြစ်, တည်၊ အစဉ်လည်၊ လေးမည် အနက်ဟပ်။

သံဝဋ္ဋကား ပျက်ဆဲတည်း။

သံဝဋ္ဋဋ္ဌာယီကား ပျက်ပြီးအတိုင်း တည်နေခြင်းတည်း။

ဝိဝဋ္ဋကား ဖြစ်ပွါးဆဲတည်း။

ဝိဝဋ္ဋဋ္ဌာယီကား ဖြစ်ပွါးပြီးအတိုင်း တည်နေခြင်းတည်း။ ဤသို့ အမည်လေးချက်ကို အနက်လေးပါးဟပ်၍ သိလေ ဟူလို။ မဟာကမ္ဘာ

၃၀၃။ သင်္ချေ လေးဖြာ၊ အပေါင်းမှာ၊ မဟာကမ္ဘာ မှတ်။

ထိုမဟာကမ္ဘာကြီးတစ်ခု၏ အကြားကာလ၌ ပမာဏကား အလျား အနံ အစောက် တစ်ယူဇနာရှိသော မုန်ညင်းစေ့ပုံကြီးမှ အနှစ်တစ်ရာတွင် တစ်စေ့၊ အနှစ်တစ်ထောင်တွင် တစ်စေ့ယူ၍ ပစ်ခဲ့သော် ထိုမုန်ညင်းပုံ ကုန်လေရာ၏၊ တစ်ခုသော ကမ္ဘာကြီးကား မကုန်လေရာ။ ဤမျှလောက် ကြာမြင့် ရှည်လျား၏ဟု ဟောတော်မူ၏၊

တစ်နည်း- အလျား အနံ အစောက် တစ်ယူဇနာရှိသော ကျောက် တောင်ကြီးကို အနှစ်တစ်ရာမှတစ်ခါ၊ အနှစ်တစ်ထောင်မှ တစ်ခါ ဝါဂွမ်း နှင့် ပွတ်သဖြင့် ထိုကျောက်တောင်ကြီးသည်သာ ကုန်လေရာ၏၊ တစ်ခု သော မဟာကမ္ဘာကြီးမူကား မကုန်လေရာ ဟူ၍လည်းဟောတော်မူ၏၊ ဤမဟာကမ္ဘာကြီးတစ်ခုကို ၄-ဖို့ ပြု၊ ပထမအဖို့ကား သံဝဋ္ဋကပ် တည်း၊ ဒုတိယအဖို့ကား သံဝဋ္ဋဋ္ဌာယီကပ်တည်း၊ တတိယအဖို့ကား ဝိဝဋ္ဋကပ်တည်း၊ စတုတ္ထအဖို့ကား ဝိဝဋ္ဋဋ္ဌာယီကပ် တည်း။

ကမ္ဘာ ပျက်ပုံ

၃၀၄။ မီးခုနစ်တန်၊ ရေ တစ်တန်၊ ရှစ်ပြန် ဆုံးလေဓာတ်။

မီးဖျက်သော မဟာကမ္ဘာကြီးချည်း ၇-ကမ္ဘာတည်း၊ ရှစ်ခုမြောက် တွင် ရေဖျက်သော မဟာကမ္ဘာကြီးတစ်ခု ညှပ်၏၊ တစ်ဖန် မီးမဟာ ကမ္ဘာကြီး ၇၊ ရေမဟာကမ္ဘာကြီး ၁၊ ဤသို့ ရှစ်ခုပေါင်း ရှစ်ပြန်ရှိလတ် သော် စတုသဋ္ဌိ ၆၄-ကမ္ဘာရှိ၏၊

ထို ၆၄-ကမ္ဘာတွင် နောက်ဆုံးကမ္ဘာကား လေဓာတ်ဖျက်သော မဟာကမ္ဘာကြီးတည်း။ (မီး, ရေ, လေတို့ ဖျက်ပုံ တည်ပုံကို ဝိသုဒ္ဓိမဂ်မှာ ကြည့်လေ။)

၃၀၅။ ပ, ဒု, တ, ထွေ၊ စျာန်ဘုံဗွေ၊ မီး, ရေ, လေ နယ်မှတ်။

အောက် မဟာပထဝီမှစ၍ မီး ဖျက်သောအခါ ပထမစျာန် ၃- ဘုံ အကုန်ပါလေ၏၊

ရေ ဖျက်သောအခါ ပထမစျာန် ၃-ဘုံ, ဒုတိယစျာန် ၃-ဘုံ အကုန်ပါလေ၏၊

လေ ဖျက်သောအခါ ပထမစျာန် ၃-ဘုံ, ဒုတိယစျာန် ၃-ဘုံ, တတိယစျာန် ၃-ဘုံ အကုန်ပါလေ၏၊

မီးနယ်၊ ရေနယ်၊ လေနယ် ၃-ပါးဖြစ်၏၊

ဇာတိ၊ အာဏာ၊ ဝိသယခေတ်

၃၀၆။ ဇာတိ, အာဏာ, ဝိသယာ၊ ၃-ဖြာ လောကဓာတ်။
၃၀၇။ သောင်း, သိန်း, ကုဋေ၊ အသင်္ချေ၊ သုံးထွေ အစဉ်ဟပ်။

ဇာတိခေတ်ကား စကြဝဠာတစ်သောင်းတည်း။
အာဏာခေတ်ကား စကြဝဠာ ကုဋေတစ်သိန်း။
ဝိသယခေတ်ကား စကြဝဠာ အသင်္ချေယျ အနန္တတည်း။

၃၀၈။ ဖြစ်, ပျက် နှစ်ဖြာ၊ အတူမှာ၊ အာဏာခေတ်ဟု မှတ်။

မီး, ရေ, လေဖျက်ရာ၌ အာဏာခေတ်ဖြစ်သော စကြာဝဠာ ကုဋေတစ်သိန်းသည် ဖြစ်အတူ ပျက်အတူတည်း။

ရူပဗြဟ္မာသက်

၃၀၉။ ကပ် အန္တရ၊ ဧက်ဝီသ၊ ဗြဟ္မပါရိ သက်။

ယခုတည်ရှိဆဲကပ်ကား ဝိဝဋ္ဋဋ္ဌာယီ ကပ်တည်း။ (ဝိဝဋ္ဋဋ္ဌာယီ ကပ်တစ်ကပ်မှာ) အန္တရကပ် ၆၄-ရှိ၏၊ ယင်းကို ၃-ဖို့ပြု-အန္တရကပ် ၂၁- ကပ်သာသာရှိ၏၊ ဗြဟ္မပါရိသဇ္ဇာ ဗြဟ္မာတို့၏ အာယုကပ်ဖြစ်၏၊ ၃၁၀။ ကပ် အန္တရ၊ ဗာတ္တိံသ၊ ဗြဟ္မပုရော သက်။ အန္တရကပ် ၃၂-သည် ဗြဟ္မပုရောဟိတာ ဗြဟ္မာတို့ အာယုကပ် တည်း။

၃၁၁။ ခြောက်ဆယ့်လေးဖြာ၊ သင်္ချေယျာ၊ မဟာဗြဟ္မာ သက်။

အန္တရကပ် ၆၄-ခု အပေါင်းဖြစ်သော ဝိဝဋ္ဋဋ္ဌာယီအသင်္ချေယျ တစ်ကပ်သည် မဟာဗြဟ္မာတို့ အာယုကပ်တည်း။

၃၁၂။ နှစ်, လေး, ရှစ်သာ၊ ကပ် မဟာ၊ သုံးဖြာ ဒုဘုံသက်။

ဒုတိယစျာန် ၃-ဘုံ၌ မဟာကမ္ဘာကြီး ၂-ခုသည် ပရိတ္တာဘာ ဗြဟ္မာတို့ အသက်တည်း။
မဟာကမ္ဘာကြီး ၄-ခုသည် အပ္ပဏာဘာ ဗြဟ္မာတို့ အသက်တည်း။
မဟာကမ္ဘာကြီး ၈-ခုသည် အာဘဿရာ ဗြဟ္မာတို့ အသက်တည်း။

၃၁၃။ ရှစ်ကမ္ဘာတွင်၊ ထမ်းပိုးတင်၊ သုံးခွင် တ-ဘုံသက်။

တတိယစျာန် ၃-ဘုံ၌ မဟာကမ္ဘာကြီး ၁၆-သည် ပရိတ္တာသုဘာ ဗြဟ္မာတို့ အသက်တည်း။
၃၂-သည် အပ္ပဏာသုဘာ ဗြဟ္မာတို့ အသက်တည်း။
၆၄-သည် သုဘကိဏ် ဗြဟ္မာတို့ အသက်တည်း။

၃၁၄။ ဝေဟပ်, သညာ၊ ကပ် ငါးရာ၊ သုဒ္ဓါ ထမ်းပိုးတက်။

စတုတ္ထစျာန် ၇-ဘုံတို့တွင် မဟာကမ္ဘာကြီး ငါးရာသည် ဝေဟပ္ဖိုလ် ဗြဟ္မာ, အသညသတ်ဗြဟ္မာတို့ အသက်တည်း။

ထိုမှ ထမ်းပိုးတက်၍ မဟာကမ္ဘာကြီး တစ်ထောင်, နှစ်ထောင်, လေးထောင်, ရှစ်ထောင်, တစ်သောင်း ခြောက်ထောင်သည် အစဉ် အတိုင်း အဝိဟာဘုံ, အတပ္ပါဘုံ, သုဒဿာဘုံ, သုဒဿီဘုံ, အကနိဋ္ဌဘုံ သက်ဖြစ်၏၊

ရူပ ဗြဟ္မာသက် ပြီး၏၊

-------

အရူပဗြဟ္မာသက်

၃၁၅။ နှစ်သောင်း လေးသောင်း၊ ခြောက်သောင်း တစ်လှစ်၊ ရှစ်သောင်း လေးထောင်၊ သင်္ချာ ဆောင်၊ အခေါင် ဘုံဘဝဂ်။

အရူပလေးဘုံတွင် ပထမဘုံ၌ မဟာကမ္ဘာနှစ်သောင်း, ဒုတိယ၌ ကမ္ဘာလေးသောင်း, တတိယ၌ ကမ္ဘာ ခြောက်သောင်း, စတုတ္ထဖြစ်သော ဘဝဂ်ဘုံ၌ ကမ္ဘာရှစ်သောင်း လေးထောင်တည်း။

အရူပဗြဟ္မာ သက်ပြီး၏၊

------------------

ကံဝေဖန်ခန်း

ဇနက စသောကံ ၄-ပါး

၃၁၆။ ပဋိသန္ဓိ၊ ပဝတ္တိ၊ ဝိပါက် ကဋတ္တာ။
၃၁၇။ ဖြစ်ပွားစေမှု၊ ကျေးဇူးပြု၊ ကု, ကု ဇနကာ။

အကျိုးသည် ပဋိသန္ဓေအခါ၌ ရှေးဦးစွာဖြစ်ပေါ်သော ပဋိသန္ဓေ ဝိပါက် နာမက္ခန္ဓာ ကဋတ္တာရုပ်အကျိုးတစ်မျိုး၊ ပဋိသန္ဓေ အခါမှ နောက် ပဝတ္တိအခါ၌ ဖြစ်ပေါ်သော ပဝတ္တိဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ် အကျိုး တစ်မျိုးဟူ၍ ၂-မျိုး ရှိ၏၊

ထိုအကျိုး ၂-မျိုးကိုဖြစ်စေတတ်သော ကုသိုလ်ကံ အကုသိုလ်ကံ သည် ဇနကကံ မည်၏၊

၃၁၈။ ထောက်ပံ့သမှု၊ ကျေးဇူးပြု၊ ဥပထမ္ဘကာ။

ကံကိုလည်းကောင်း, ကံ၏ အကျိုးကိုလည်းကောင်း၊ အားရှိလေ အောင် ထောက်ပံ့သမှု ကျေးဇူးပြုသော ကုသိုလ်ကံ အကုသိုလ်ကံသည် ဥပထမ္ဘကကံ မည်၏၊

၃၁၉။ နှိပ်စက်ညှဉ်းပန်း၊ ညှိုးနွမ်းစေမှု၊ ဖိစီးပြု၊ ဥပ ပီဠကာ။

ကံကိုလည်းကောင်း, ကံ၏အကျိုးကိုလည်းကောင်း ဆုတ်ယုတ် လျော့ပါး ညှိုးနွမ်းလောက်အောင် နှိပ်စက်ညှဉ်းပန်းဖိစီး သောကုသိုလ်ကံ၊ အကုသိုလ်ကံသည် ဥပပီဠကကံမည်၏၊

၃၂၀။ ပြတ်ဆုံးစေမှု၊ အတင်းပြု၊ ဥပဃာတကာ။

ကံကိုလည်းကောင်း, ကံ၏အကျိုးကိုလည်းကောင်း အပြီးပြတ် ဆုံးအောင်အတင်းသတ်ဖြတ်သော ကုသိုလ်ကံ အကုသိုလ် ကံသည် ဥပဃာတကကံမည်၏၊

ယေဘုယျအားဖြင့် သုဂတိဘုံ၌ ထောက်ပံ့မှုမှာ ကုသိုလ်ကံတည်း။ နှိပ်စက်မှု သတ်ဖြတ်မှုတို့မှာ အကုသိုလ်ကံ တို့တည်း။

ဒုဂ္ဂတိဘုံ၌ကား ထောက်ပံ့မှုမှာ အကုသိုလ်ကံတည်း။ နှိပ်စက်မှု သတ်ဖြတ်မှုတို့မှာ ကုသိုလ်ကံတို့တည်း။

နှိပ်စက်မှု သတ်ဖြတ်မှု ဆိုသည်မှာလည်း သတ္တဝါတို့ကို နှိပ်စက် သည် သတ်ဖြတ်သည် ဆိုလိုရင်းမဟုတ်။ ကုသိုလ်ကံကို အကုသိုလ်ကံက နှိပ်စက်သည်၊ အကုသိုလ်ကံကို ကုသိုလ်ကံက နှိပ်စက်သည်၊ အကျိုးကိုနှိပ် စက်သည်လည်းရှိ၏၊ သတ်ဖြတ်မှုမှာလည်း ထို့အတူ။

(အကျယ်ကိုကား ပရမတ္ထဒီပနီ အမည်ရှိသော သင်္ဂြီုဟ် ဋီကာသစ် မှာကြည့်လေ။)

ဖြစ်စေခြင်း ထောက်ပံ့ခြင်း ညှဉ်းပန်းခြင်း သတ်ဖြတ်ခြင်းဟူသော ကိစ္စအပြား ကံ ၄-ပါးပြီး၏၊

---------

ဂရုကကံ စသည် ၄-ပါး

၃၂၁။ ကံတစ်ပါးတို့၊ မတားနိုင်ရာ၊ အားကြီးစွာ၊ သညာ ဂရုက။

အကုသိုလ်အရာ၌မာတုဃာတက အစရှိသော ပဉ္စာနန္တရိယကံ ကြီးစု၊ ကုသိုလ်အရာ၌ မဟဂ္ဂုတ်ကံစုတည်း။ ဤကံစုသည် ကံတစ်ပါးတို့ မတားမြစ်နိုင်၍ သေသည်၏အခြားမဲ့၌ ပဋိသန္ဓေအကျိုးကို ဧကန္တ ပေးလတ္တံ့သော အဆုံးဇော စေတနာစုဖြစ်၍ ဂရုကကံ ခေါ်သတည်း။

၃၂၂။ သေဆုံးလုမှ၊ ပြုသော်လည်းကောင်း၊ အဟောင်း ပေါ်လာ၊ ကံ နှစ်ဖြာ၊ သညာ အာသန္န။

သေခါနီးမှပြုသော အာသန္နကံတစ်မျိုး၊ ရှေးအခါကပြုခဲ့၍ သေခါနီးမှ အမှတ်ရသော အာသန္နကံတစ်မျိုး၊ ဤ ၂-မျိုးသည် အာသန္နကံ မည်၏၊

၃၂၃။ နေ့ရှည်လေ့ကျက်၊ ရက်ရှည်စွဲမြဲ၊ အထုံသဲ၊ ခေါ်မြဲ အာစိဏ္ဏ။

နေ့ရှည်ရက်ရှည် လေ့ကျက် စွဲမြဲသော ဒါနမှု, သီလမှု, ဘာဝနာမှု, ဝေယျာဝစ္စမှု, ပါဏာတိပါတမှု စသည်သည် အာစိဏ္ဏကံ မည်၏၊

၃၂၄။ သုံးပါးမှလျှင်၊ အလွတ်ထင်၊ သညာ ကဋတ္တ။

ရှေးကံသုံးပါးမှအလွတ်ဖြစ်သော ကံစုသည် ကဋတ္တာကံ မည်၏၊

ရှေးကံသုံးပါးကား ယခုဘဝတွင်ရွေ့ ပြုအပ်သော သတ္တမဇော အဆုံးဇော ကံစုတည်း။

ရှေးရှေးဘဝတို့မှ ပြုခဲ့သော အပရာပရိယကံစု၊ ယခုဘဝ၌ ပြုခဲ့ သော ကံသာမန်စုသည် ကဋတ္တာကံ ချည်းသာတည်း။

(အကျယ်ကို သင်္ဂြီုဟ်ဋီကာသစ် မှာ ကြည့်လေ။)

ဂရုက စသော ကံလေးပါးတို့တွင် ရှေးရှေးကံ မရှိမှ နောက် နောက်ကံ အကျိုးပေးရသော ပရိယာယအပြား ကံလေးပါး ပြီး၏၊

--------------------

ဒိဋ္ဌ ဓမ္မ စသော ကံ ၄-ပါး

၃၂၅။ ဒိဋ္ဌ ဓမ္မ၊ ဥပပဇ္ဇာ၊ ပရာပရိ၊ အဟောသိ၊ ရှိသည် ကံလေးဖြာ။

ဒိဋ္ဌဓမ္မဝေဒနီယကံ, ဥပပဇ္ဇဝေဒနီယကံ, အပရာပရိယဝေဒနီယကံ, အဟောသိကံ ဟူ၍ ကံလေးပါး ရှိ၏၊

၃၂၆။ မျက်မှောက်ဘဝ၊ အကျိုးရ၊ ဒိဋ္ဌ ဇောဦးသာ။

ကုသိုလ် အကုသိုလ်ဇော ၇-ကြိမ်တို့တွင် ဇောဦးဖြစ်သော ပထမ ဇော စေတနာသည် မျက်မှောက်ဘဝ၌ ခံစံရသော အကျိုးရှိသောကြောင့် ဒိဋ္ဌဓမ္မဝေဒနီယကံ မည်၏၊

၃၂၇။ ခြားမဲ့ ဘဝ၊ အကျိုးရ၊ ဥပ ဆုံးဇောသာ။ ဇောခုနှစ်ကြိမ်တို့တွင် အဆုံးဖြစ်သော သတ္တမဇော စေတနာသည် ဤဘဝ၏ အခြားမဲ့ ဒုတိယဘဝ၌ခံစံရသော အကျိုးရှိသောကြောင့် ဥပပဇ္ဇဝေဒနီယကံ မည်၏၊

၃၂၈။ ပရံပရ၊ အနမတဂ်၊ အဆက်ဆက်ဝယ်၊ အကျိုး ကြွယ်၊ အလယ်ဇော ငါးဖြာ။

အလယ်ဇော စေတနာ ၅-ချက်သည် နိဗ္ဗာန်မရမီအကြား တတိယဘဝမှစ၍ အနမတဂ္ဂဘဝအဆက်ဆက် ကမ္ဘာအဆက်ဆက် တို့မှာ အခွင့်ရရာ ခံစံရသော အကျိုးရှိသောကြောင့် အပရာပရိယကံ မည်၏၊

ကံ၏အကျိုးသည် ပဋိသန္ဓေအကျိုး၊ ပဝတ္တိအကျိုး ဟူ၍ နှစ်မျိုးရှိ၏၊ ထိုတွင် ပဋိသန္ဓေအကျိုးကိုမူကား တစ်ချက်သော စေတနာ သည် တစ်ကြိမ်သာ ပေးမြဲတည်း။

ပဝတ္တိအကျိုးကိုမူကား တစ်ချက်သော စေတနာသည် ဘဝများစွာ ပေးနိုင်၏၊

(အကျယ်ကို သင်္ဂြီုဟ်ဋီကာသစ် မှာ ယူလေ။)

၃၂၉။ ကံ အဟောသိ၊ အကျိုး မရှိ၊ တြိ စေတနာ။

ထိုသုံးပါးသော ပထမဇော, သတ္တမဇော, အလယ်ဇော စေတနာ စုသည်ပင်လျှင် အကြောင်းချို့တဲ့၍ အကျိုးပေးခွင့် မရပဲ မိမိတို့ကာလ ကုန်သဖြင့် အလိုလို ကွယ်ပ၍ သွားကြသည်ရှိသော် အဟောသိကံ မည်၏၊

(အကျယ်ကို သင်္ဂြီုဟ်ဋီကာသစ်သင်္ဂြီုဟ်ဋီကာသစ် မှာ ယူလေ။) အကျိုးပေးရာ ကာလအပြား ကံလေးပါး ပြီး၏၊

---------

ကံဝေဖန်ခန်း

ကာယဝိညတ်ရုပ်သည် ကာယဒွါရမည်၏၊ ဝစီဝိညတ်ရုပ်သည် ဝစီဒွါရမည်၏၊ ကုသိုလ် အကုသိုလ်ဇောစိတ်သည် မနောဒွါရမည်၏၊ ကာယဒွါရ၌ မြောက်သောကံသည် ကာယကံမည်၏၊ ဝစီဒွါရ၌ မြောက်သောကံသည် ဝစီကံမည်၏၊ မနောဒွါရ၌မြောက်သောကံသည် မနောကံမည်၏၊

ဒုစ္စရိုက် ဆယ်ပါး

ပါဏာတိပါတ, အဒိန္နာဒါန, ကာမေသုမိစ္ဆာစာရ။

(ကာယကံ ၃-ပါး။)

မုသာဝါဒ, ပိသုဏဝါစာ, ဖရုသဝါစာ, သမ္ဖပ္ပလာပ။

(ဝစီကံ ၄-ပါး။)

အဘိဇ္ဈာ, ဗျာပါဒ, မိစ္ဆာဒိဋ္ဌိ။ (မနောကံ ၃-ပါး။) ဒုစ္စရိုက် ၁၀- ပါးတည်း။ [ဆောင်ပုဒ်။]

၃၃၀။ သက်သတ်, ခိုးမှု၊ ကာမေသု၊ သုံးခု ကာယကံ။
၃၃၁။ မုသာ, မိတ်ခွဲ၊ ဆဲရေး, ပြိန်ဖျင်း၊ အပါယ် ချဉ်း၊ လေးသင်း ဝစီကံ။
၃၃၂။ သူ့ပိုင်နက်ကို၊ ကိုယ့်ဘက် ညွတ်စေ၊ အသေ တောင့်တ၊ ပါပဒိဋ္ဌိ၊ အပါယ်ငြိ၊ တြိ မနောကံ။

ဒုစ္စရိုက် ဆယ်ပါးတည်း။ ယင်းဆယ်ပါးသည် ကမ္မပထမြောက် သည်ဖြစ်အံ့၊ ကမ္မပထဆယ်ပါးဖြစ်၏၊ တရားကိုယ် အားဖြင့် ရှေ့ကံ ၇- ပါးမှာ စေတနာ စေတသိက်တည်း။

မနောကံ သုံးပါးမှာ လောဘ၊ ဒေါသ၊ ဒိဋ္ဌိ တည်း။

၃၃၃။ ကိုယ်တိုင်, တိုက်တွန်း၊ ချီးမွမ်း, စိတ်တူ၊ ပွားပြန် မူ၊ မှတ်ယူ လေးဆယ်ကံ။

ထို ၁၀-ပါးသော ဒုစ္စရိုက်မှုတို့တွင် တစ်ခုတစ်ခုသည် ၄-ပါး ၄- ပါးစီပွါး၏၊ ၄-ပါးဆိုသည်ကား-(၁) ကိုယ်တိုင် ပြုခြင်းတစ်ပါး။ (၂) သူတစ်ပါးကို တိုက်တွန်းခြင်း တစ်ပါး၊ (၃) ထိုအမှုကိုလည်းကောင်း ထိုအမှုပြုသူကိုလည်းကောင်း ချီးမွမ်းစကားပြောဆိုခြင်း တစ်ပါး၊ (၄) ထိုအမှုကို စိတ်သဘော အလိုပါခြင်း တစ်ပါး၊ ဒုစ္စရိုက် ၄၀-ဖြစ်၏၊ သုစရိုက် ဆယ်ပါး

ပါဏာတိပါတာ ဝေရမဏိ, အဒိန္နာဒါနာ ဝေရမဏိ, ကာမေသု မိစ္ဆာစာရာ ဝေရမဏိ။ (ကာယကံ ၃-ပါး။)
မုသာဝါဒါ ဝေရမဏိ, ပိသုဏဝါစာ ဝေရမဏိ, ဖရုသာဝါစာ ဝေရမဏိ, သမ္ဖပ္ပလာပါ ဝေရမဏိ။ (ဝစီကံ ၄ပါး)
အနဘိဇ္ဈာ, အဗျာပါဒ, သမ္မာဒိဋ္ဌိ။ (မနောကံ ၃-ပါး။) သုစရိုက် ၁၀-ပါတည်း။ (ဆောင်ပုဒ်။)

၃၃၄။ ကာ-ဒု သုံးပါး၊ ကြဉ်ရှောင်ငြား၊ သုံးပါး ကာယကံ။

ကာယဒုစ္စရိုက် သုံးပါးတို့မှ ကြဉ်ရှောင်မှုကို ကုသိုလ်ကာယကံသုံးပါး ခေါ်သည်။ ကာယသုစရိုက်သုံးပါး လည်းခေါ်၏၊

၃၃၅။ နှုတ်-ဒု လေးပါး၊ ကြဉ်ရှောင်ငြား၊ လေးပါး ဝစီကံ။

ဝစီဒုစ္စရိုက်လေးပါးတို့မှ ကြဉ်ရှောင်မှုကို ကုသိုလ်ဝစီကံ လေးပါး ခေါ်၏၊ ဝစီသုစရိုက် လေးပါးလည်းခေါ်၏၊

၃၃၆။ အနဘိဇ္ဈာ၊ အဗျာပါနှင့်၊ သမ္မာဒိဋ္ဌိ၊ ဖြောင့်မှန်သိ၊ တြိမနောကံ။

သူ့ပိုင်နက်ကို သူ့ပိုင်နက်အတိုင်း အနေနှင့် စိတ်ကြည်ဖြူမှုသည် အနဘိဇ္ဈာမည်၏၊ အလောဘ စေတသိက်တည်း။ သတ္တဝါတစ်ပါးကို အသက်ခန္ဓာ ချမ်းသာစည်ကားစေလိုမှုသည် အဗျာပါဒ မည်၏၊ အဒေါသစေတသိက်တည်း။

လောကီသမ္မာဒိဋ္ဌိ ၁၀-ပါးသည် သမ္မာဒိဋ္ဌိ မည်၏၊ အမောဟ စေတသိက်တည်း။ သုစရိုက် ၁၀-ပါးဖြစ်၏၊ ကုသလကမ္မပထတရား ၁၀-ပါးလည်းခေါ်၏၊

တရားကိုယ်အားဖြင့် ရှေ့ကံ ၇-ပါးမှာ ဝိရတီစေတသိက် ၃- ပါးတည်း။ စေတနာလည်းရ၏၊ မနောကံ ၃-ပါးမှာ ပြဆိုခဲ့ပြီ။ ၄၀- ပွားနည်း ရှေးအတိုင်းပင်။

ပုညကိရိယာ ၁၀-ပါး

၃၃၇။ ဒါ, သီ, ဘာ, ပူ၊ ကြောင့်ကြမူနှင့်၊ အလှူဝေငှ၊ အမျှသာဓု၊ သူ့တရားနာ၊ သိရာပြောဆို၊ ကံကို ကိုးရိုး၊ ဆယ်မျိုးဝတ္ထု၊ ပုညမှု၊ သုခ ပွားများ ရန်။

ပေးလှူစွန့်ကြဲမှု (ဒါန)၊ သီလသီတင်းကျင့်သုံးမှု (သီလ)၊ ဘာဝနာပွားမှု (ဘာဝနာ)၊ မိမိကိုယ်ကိုနှိပ်ချကော်ရော်ပူ ဇော်မှု (အပစာယန)၊ သူတစ်ပါးကိစ္စကို မိမိကိစ္စကဲ့သို့ ကြောင့်ကြစိုက်မှု (ဝေယျာဝစ္စ)၊ မိမိဒါနကို ဝေငှမှု (ပတ္တိဒါန)၊ သူတစ်ပါးဝေငှသော အမျှကို သာဓုခေါ်မှု (ပတ္တာနုမောဒန)၊ သူဟောပြောသော တရားကိုရိုသေစွာ နာခံမှု (ဓမ္မသဝန)၊ မိမိ သိရာတရားကို သူတပါးအားပြောဆိုမှု (ဓမ္မ ဒေသနာ)၊ ထာဝရဘုရား စသည်ကို မကိုးမရိုးပဲ ကံကိုသာ ကိုးရိုးမှု (ဒိဋ္ဌိဇုကမ္မ)။ ဤ ၁၀-ပါးသည် လူ့ချမ်းသာ, နတ်ချမ်းသာ, နိဗ္ဗာန်ချမ်းသာ ဟူသော သုခ ၃-ပါး ပွားရန် အမှုမျိုး ဖြစ်ပေ၍ ပုညကိရိယာ ၁၀-ပါး မည်၏၊

နိစ္စ သီလမျိုး

၃၃၈။ ပုဗ္ဗာ, မုဉ္စ၊ ပရ ကြည်စွာ၊ စေတနာ၊ သုံးဖြာ သီးသီးဖန်။
၃၃၉။ ငါးပါး, ဆယ်ပါး၊ နိစ္စထား၊ ရှစ်ပါး ဥပုသ်ကံ။

အဝတ်ဖြူ အဝတ်ကြောင် ဝတ်သော ပကတိ လူသာမန်တို့မှာ ငါးပါးသီလသည် နိစ္စ သီလဖြစ်၏၊ ဆောက်တည် သည်ဖြစ်စေ မဆောက် တည်သည်ဖြစ်စေ ဘယ်အခါမှ လွန်ကျုးခြင်းငှာ မထိုက်။ လွန်ကျုးခဲ့မူ အမြဲလျှင် အပြစ်ရှိသောကြောင့် နိစ္စသီလဆိုသည်။

အရဟတ္တဓဇဖြစ်သော သစ်ခေါက်ဖန်ရည်ဆိုးသော အဝတ်ကို ဝတ်သော လူဝိသေသတို့မှာ ဇာတရူပရဇတ တိုင်အောင် ဆယ်ပါးသော သီလသည် နိစ္စသီလဖြစ်၏၊

ဆောက်တည်သည်ဖြစ်စေ မဆောက်တည်သည်ဖြစ်စေ ထို အရဟတ္တဓဇအဝတ်မျိုးနှင့် တည်နေသမျှ ကာလပတ်လုံး ဘယ်အခါမှ လွန်ကျုးခြင်းငှာ မထိုက်။ ကျုးလွန်ခဲ့မူအမြဲလျှင် အရဟတ္တဓဇအဝတ် အသွင်နှင့်မတန်သော အပြစ်ဒဏ် ဖြစ်သောကြောင့် နိစ္စသီလ ဆိုသည်။

ပကတိလူသာမန်တို့မှာကား ထိုဆယ်ပါးကို ပကတိနိစ္စသီလ အနေနှင့် မရထိုက်၊ ရှစ်ပါးဥပုသ်ကဲ့သို့ပင် ခံယူဆောက် တည်မှ ရထိုက် သည်။ အသက်ထက်ဆုံး နိစ္စပြု၍ခံယူလျှင် နိစ္စပင်ရ၏၊ ခံယူမှ ရသော ကြောင့် ပကတိနိစ္စမျိုးကား မဟုတ်။

အနိစ္စ သီလမျိုး

ဤလူသာမန်တို့မှာ ရှစ်ပါးသည်လည်း ဆယ်ပါးနှင့်အတူပင် ခံယူမှရသောကြောင့် အနိစ္စမျိုးသာတည်း။ နိစ္စပြု၍ ခံယူလျှင် နိစ္စပင်ရ၏၊ ပကတိ နိစ္စကား မဟုတ်။

ရှစ်ပါးဥပုသ်ကံ ဆိုသည်ကား နိစ္စမတတ်နိုင်ကြကုန်သော ပကတိ လူတို့သည် တစ်လတစ်လ၌ လေးသီတင်း ရှစ်သီတင်း စသည်ဖြင့် ဥပုသ်နေ့နှင့် မှတ်၍ စောင့်အပ်သောကြောင့် ရှစ်ပါးသီလကို ဥပုသ်ကံ ဆိုသည်။ ထိုသီတင်း နေ့သည်လည်း ပကတိလူအများတို့ စောင့်ရိုး ပြုကြ သဖြင့် ပါကဋဖြစ်၍ သီတင်းနေ့ဟု ဆိုရသည်။ တတ်နိုင်လို့ ရှိခဲ့လျှင် စောင့်သမျှ နေ့တို့သည် စောင့်သူမှာ သီတင်းနေ့တို့ချည်း ပင်တည်း။

သုဒ္ဓဿ ဝေ သဒါ ဖဂ္ဂု၊ သုဒ္ဓဿုပေါသထော သဒါ။

(ပါဠိတော်)

သုဒ္ဓဿ=စင်ကြယ်သော ပုဏ္ဏားအား၊ သဒါ=အခါခပ်သိမ်း၊ ဖဂ္ဂု=ဥတ္တရဖရဂုဏီနက္ခတ်သည်၊ ဟောတိ=ဖြစ်၏၊ သုဒ္ဓဿ=အဇ္ဈာသယ စင်ကြယ်သော သူတော်ကောင်းအား၊ သဒါ=အခါခပ်သိမ်း၊ ဥပေါ သထော=ဥပုသ်နေ့သည်၊ ဟောတိ=ဖြစ်၏၊

ဥတ္တရဖရဂုဏီနက္ခတ် ကြုံကြိုက်သောနေ့တွင် မကောင်းမှုကို ဆေးလျော်လျှင် စင်ကြယ်၏ ဟူသော ပုဏ္ဏားတို့အယူကို အကြောင်းပြု၍ ဟောတော်မူသော ပါဠိတည်း။

တစ်နှစ်တစ်နှစ်မှာရှိသော ရက်ပေါင်း (၃၆၀) သည် စင်ကြယ် သောပုဏ္ဏားမှာ ဥတ္တရဖရဂုဏီနေ့ချည်း ဖြစ်၏၊ စင်ကြယ်သော သူတော် ကောင်းမှာလည်း ဥပုသ်နေ့ချည်းဖြစ်၏ ဟူလို။

နိစ္စသီလသဘောကား ဆောက်တည်မှု ပမာဏမဟုတ်၊ မဆောက် တည်ပဲနှင့်ပင် ကျူးလွန်လျှင် အပြစ်ရှိ၏၊

နိစ္စသီလ သဘောမျိုးကား ဆောက်တည်သူမှာမှ ကျူးလွန်မှုရှိ သည်။ မဆောက်တည်လျှင်ကျူးလွန်မှု မဆိုရ။

လူသာမန်တို့မှာ ဝိကာလဘောဇနသည် ဆောက်တည်မှ ကျူးလွန် မှုရှိသည်။ မဆောက်တည်သူ နေ့တိုင်း နေ့တိုင်း နေလွဲ ညစာ စားသောက် ၍ နေသည်ကို ကျူးလွန်မှု မဆိုရ။ အကြွင်းစုမှာလည်း ဤနည်းတူ သိလေ။ ရှစ်ပါး၌ အတွင်းဝင်လျက် ပါရှိသော ငါးပါးကိုကား နိစ္စငါးပါးတွင် ပါဝင်ပြီးဖြစ်၍ ကြွင်းသောအမှုစု အတွက်နှင့်သာ အနိစ္စ ဆိုရသည်။ 

ရဟန်း သာမဏေတို့၏ နိစ္စသီလ

ရဟန်း သာမဏေတို့၏ နိစ္စသီလမျိုးကား ထင်ရှားပြီ၊ နိစ္စသီလ မျိုးဖြစ်၍ တမင် ခံယူဘွယ်ကိစ္စ အထူးမရှိ။
ရဟန်းတို့မှာ ရဟန်းခံဉတ်ကမ္မဝါစာ ဆုံးသည်နှင့်တပြိုင်နက် ၂၂၇-ပါး ပါတိမောက္ခသီလ ခံယူမှုကိစ္စပြီးစီးလေ၏၊

သာမဏေတို့မှာ သင်္ကန်းဝတ်မိလျှင် ၁၀-ပါး သီလခံယူမှုကိစ္စ ပြီးစီးလေ၏၊ သာမဏေသီလအစစ်ကား မဟုတ်သေး။ ပဗ္ဗဇိတသီလ သာမညအဖြစ်ဖြင့်သာတည်၏၊ သရဏဂုံဆုံး၍ သာမဏေအစစ် ဖြစ်သောအခါ၌ သာမဏေသီလ အစစ်ဖြစ်၍ တည်လေ၏၊ ရဟန်း အဖြစ်၊ သာမဏေအဖြစ်နှင့် တည်နေကြသမျှ ကာလပတ်လုံး အမြဲနိစ္စ စောင့်ထိန်းကြရကုန်၏၊ ဤသို့ နိစ္စ အနိစ္စအချက်ကို နေရာကျ သိအပ်၏၊ အလဇ္ဇီ ဒုဿီလ

ရဟန်းသည် ပါရာဇိကမှုကို ကျူးလွန်ခဲ့အံ့၊ သာမဏေသည် လိင် အမှုကိုကျူးလွန်ခဲ့အံ့၊ ခံယူမှု ပျက်၏၊ ရဟန်းစစ် သာမဏေစစ် မဟုတ်ပြီ။ ထိုအခါ ရဟန်းစစ် သာမဏေစစ် လုပ်၍နေခဲ့လျှင် အလဇ္ဇီလည်းဖြစ်၏၊ ဒုဿီလလည်းဖြစ်၏၊

ပါရာဇိကအမှု လိင်အမှုတို့မှ တစ်ပါးသော သိက္ခာပုဒ်တို့ကို ကျူးလွန်ခဲ့လျှင် သီလခံယူမှုကား မပျက်။ စောင့်ထိန်းမှု သံဝရတရား မျှသာပျက်၏၊ သိလျက်နှင့် ကျူးလွန်ခဲ့လျှင် သံဝရပျက်သည့်အတွက် အလဇ္ဇီဖြစ်၏၊ ခံယူမှု မပျက်သည့်အတွက် ဒုဿီလကား မဖြစ်။ ဤသို့ခံယူမှု စောင့်ထိန်းမှု ပျက်ပုံနှစ်ပါးကို ခြားနား၍ သိအပ်၏၊ (ကြွင်းသော ပုညကိရိယာ ဆယ်ပါးတို့၏ အကျယ်ကို သင်္ဂြီုဟ် ဋီကာသစ်မှာကြည့်လေ။)

၃၄၀။ မဟဂ် ကိုးဖြာ၊ ဘာဝနာ၊ အပ္ပနာ မနောကံ။

မဟဂ္ဂုတ်ကုသိုလ်စေတနာ ကိုးခုတို့သည် ဘာဝနာကံ, အပ္ပနာကံ, မနောကံတို့သာတည်း။

ကံဝေဖန်ခန်းပြီး၏၊

---------

အကုသိုလ်ကံ အကျိုး ဝေဖန်ခန်း

၃၄၁။ ဥဒ်,စေကြဉ်လစ်၊ ကံဆယ့်တစ်၊ ဖြစ်စေ ပါယ် သန္ဓိ။
၃၄၂။ ဥဒ္ဓစ္စပါ၊ ဆယ့်နှစ်ဖြာမူ၊ ကာမေ, ရူပေ၊ ပဝတ္တေ၊ ဖြစ်စေ အကု,ဝိ။

ဥဒ္ဓစ္စသမ္ပယုတ်စေတနာ ကြဉ်သော အကုသိုလ်ကံစေတနာ ၁၁- သည် အပါယ်ပဋိသန္ဓေကို ဖြစ်စေနိုင်၏၊

အပါယ်ပဋိသန္ဓေဆိုသည်ကား- ပဋိသန္ဓေအခါ၌ဖြစ်သော အကု သလဝိပါက် ဥပေက္ခာသန္တီရဏစိတ်တည်း။

ဥဒ္ဓစ္စစေတနာနှင့် တကွ ၁၂-သော အကုသိုလ် စေတနာသည် ကာမ ၁၁-ဘုံ၊ အသညသတ် ကြဉ်သော ရူပ ၁၅-ဘုံတို့၌ ပဝတ္တိအခါ ၇-ပါးသော အကုသလဝိပါက်တို့ကို ဖြစ်စေနိုင်၏၊

ကာမကုသိုလ် အကျိုး

၃၄၃။ ကာ-ကုရှစ်သာ၊ ကာ-သု မှာ၊ ကိုးဖြာ သုသန္ဓိ။ 

ကာမကုသိုလ်စေတနာ ရှစ်ခုသည်သာလျှင် ကာမသုဂတိ ၇-ဘုံမှာ ကုသလဝိပါက် ကာမသုဂတိပဋိသန္ဓေ ကိုးခုကို ဖြစ်စေနိုင်၏၊ ၃၄၄။ ဝိပါက်မဟာ၊ ကာ-သု မှာ၊ ကာရူရှစ်ခုဝိ။ ထိုမဟာကုသိုလ် စေတနာရှစ်ခုသည် ပဝတ္တိအခါ မဟာဝိပါက် ရှစ်ခုကို ကာမသုဂတိ ၇-ဘုံ၌သာ ဖြစ်စေ၏၊

အဟိတ်ကုသလဝိပါက် ရှစ်ခုကိုမူကား ကာမ ၁၁-ဘုံ၊ ရူပ ၁၅- ဘုံ၌ ဖြစ်စေ၏၊

ရှေ့ကဗျာ၌ ပဋိသန္ဓေကို ဆိုပြီးဖြစ်၍ နောက်ကဗျာ၌ ပဝတ္တိအခါ ကို သိရသည်။

၃၄၅။ ဟိတ်-ဥက္ကဋ္ဌံ၊ ဩမကံ၊ နှစ်တန် ခွဲဝေသိ။ 

မဟာကုသိုလ်ကံ ရှစ်ခုသည် တိဟိတ် ၄-ခု၊ ဒွိဟိတ် ၄-ခုတည်း။ ဉာဏသမ္ပယုတ် ၄-ခုသည် တိဟိတ်တည်း။

ဉာဏဝိပ္ပယုတ် ၄-ခုသည် ဒွိဟိတ်တည်း။

တိဟိတ် ၄-ခုသည် ဥက္ကဋ္ဌ ၄-ခု၊ ဩမက ၄-ခု ရှိ၏၊ ဒွိဟိတ် ၄- ခုသည်လည်း ဥက္ကဋ္ဌ ၄-ခု၊ ဩမက ၄-ခု ရှိ၏၊

၃၄၆။ သုကုသလံ၊ ရှေ့နောက်ရံ၊ ထက်သန် ဥက္ကဋ္ဌ။ ၃၄၇။ အကုသလံ၊ ရှေ့နောက်ရံ၊ ယုတ်ပြန် ဩမက။ သိသာပြီ။

၃၄၈။ တိဥက်, တိဝိ၊ လေးသန္ဓိ၊ ပဝတ္တိ ဆယ့်ခြောက် သာ။

တိဟိတ် ဥက္ကဋ္ဌကံ ၄-ခုသည် ဉာဏသမ္ပယုတ် တိဟိတ်ဝိပါက် ပဋိသန္ဓေ ၄-ခုကို ဖြစ်စေ၏၊

ပဝတ္တိအခါ၌ ၁၆-ခုသော ကုသလဝိပါက်တို့ကို ဖြစ်စေ၏၊ ၃၄၉။ တိဩ-ဒွိဝိ၊ လေး သန္ဓိ၊ ပဝတ္တိ ဆယ့်နှစ်သာ။ ၃၅၀။ ဒွိဥက်-ဒွိဝိ၊ လေး သန္ဓိ၊ ပဝတ္တိ ဆယ့်နှစ်သာ။ တိဟိတ်ဩမကံ ၄-ခု၊ ဒွိဟိတ်ဥက္ကဋ္ဌကံ ၄-ခု၊ ဤရှစ်ခုသည် ဒွိဟိတ် ဝိပါက် ပဋိသန္ဓေ ၄-ခုကို ဖြစ်စေ၏၊

ပဝတ္တိအခါ၌ကား ဒွိဟိတ်ဝိပါက် ၄-ခု၊ အဟိတ်ဝိပါက် ၈-ခု၊ ဤ ၁၂-ခုကို ဖြစ်စေ၏၊

၃၅၁။ ဒွိဩ-ကုဝိ၊ သန်သန္ဓိ၊ ပဝတ္တိ ကုရှစ်သာ။

ဒွိဟိတ်ဩမကကံ ၄-ခုသည် ကုသလဝိပါက် ဥပေက္ခာ သန္တီရဏ ပဋိသန္ဓေ တစ်ခုကိုသာ ဖြစ်စေ၏၊

ပဝတ္တိအခါ၌လည်း အဟိတ်ကုသလဝိပါက် ရှစ်ခုကိုသာ ဖြစ်စေ၏၊

၃၅၂။ ဆယ့်ခြောက် လေးလီ၊ လေး လေးလီ၊ အညီ တိဥက်မှာ။

တိဥက်ကံ ၄-ခုမှာ ဝိပါက်ပေါင်း ပဋိသန္ဓေ၌ လေးခု လေးလီရ၏၊ ၁၆-ဖြစ်၏၊

ပဝတ္တိအခါ၌ ၁၆-လေးလီ ရ၏၊ ၆၄-ဖြစ်၏၊

၃၅၃။ တိဩ-ဒွိဥက်၊ လေးရှစ်သုတ်၊ ရှစ်သုတ် ဆယ့်နှစ် သာ။

တိဩကံ ၄-ခု၊ ဒွိဥက်ကံ ၄-ခုမှာ ဝိပါက်ပေါင်း ပဋိသန္ဓေ၌ ၄-ခု ရှစ်လီ ၃၂-ဖြစ်၏၊

ပဝတ္တိ၌ ၁၂-ရှစ်လီ-၉၆-ဖြစ်၏၊

၃၅၄။ ရှစ်ခု လေးလီ၊ တစ် လေးလီ၊ အညီ ဒွိ ဩမှာ။

ဒွိဩကံ ၄-ခုမှာ ပဋိသန္ဓေ၌ အဟိတ်ဝိပါက် တစ် ၄-လီ ရ၏၊ ပဝတ္တိ၌ ရှစ် ၄-လီ ရ၏၊

ကေစိဝါဒ

၃၅၅။ ကံ-ဝိ နှစ်ဆူ၊ အ, သ မူ၊ အတူ ကေစိဝါ။

ကေစိဝါဒ၌ကား ကုသိုလ်ကံနှင့် ဝိပါက် ၂-ပါးသည် အသင်္ခါရိက ကံဖြစ်လျှင် အသင်္ခါရိကဝိပါက်, သသင်္ခါရိက ကံဖြစ်လျှင် သသင်္ခါရိက ဝိပါက်တူရမည်ဟု အဆိုလာ၏၊ အဟိတ်ဝိပါက်ရှစ်ခုမှာ အထူးမရှိ။ ထိုကေစိဝါဒအလို၌ ဝိပါက်ပေါင်းကား တိဥက်အသင်္ခါရိကကံ ၂- မှာ ပဋိသန္ဓေ၌ တိဟိတ်အသင်္ခါရိကဝိပါက် ၂၊ ပဝတ္တိ၌ သသင်္ခါရိက ဝိပါက် ၄-ခုကြဉ်၍ ဝိပါက် ၁၂။

တိ ဥက် သသင်္ခါရိကကံ ၂-ခုမှာ ပဋိသန္ဓေ၌ တိဟိတ် သသင်္ခါရိက ဝိပါက် ၂၊ ပဝတ္တိ၌ အသင်္ခါရိကဝိပါက် ၄-ခုကြဉ်၍ ဝိပါက် ၁၂။ နှစ်လေးလီ၊ ၁၂-လေးလီရှိပြီ။

တိ ဩအသင်္ခါရိကကံ ၂၊ ဒွိဥက်အသင်္ခါရိကကံ ၂-မှာ ပဋိသန္ဓေ၌ ဒွိဟိတ်အသင်္ခါရိကဝိပါက်၂၊ ပဝတ္တိ၌ ဒွိဟိတ် အသင်္ခါရိကဝိပါက် ၂ နှင့် အဟိတ်ဝိပါက်ရှစ်၊ တစ်ဆယ် ဖြစ်၏၊ တိဩသသင်္ခါရိကကံ ၂၊ ဒွိဥက်သသင်္ခါရိကကံ ၂-မှာ ပဋိသန္ဓေ၌ ဒွိဟိတ်သသင်္ခါရိကဝိပါက်၂၊ ပဝတ္တိ၌ ဒွိဟိတ် သသင်္ခါရိက ၂-နှင့် အဟိတ် ဝိပါက်ရှစ်၊ တစ်ဆယ် ဖြစ်၏၊ နှစ်ရှစ်လီ၊ ၁၀-ရှစ်လီ ရှိပြီ။ ဒွိဩ၌ အထူးမရှိ။

ကာမကုသိုလ် အကျိုးပြီး၏၊

------------

မဟဂ္ဂုတ်ကုသိုလ်အကျိုး ဝေဖန်ခန်း

၃၅၆။ ဟီနံ, မဇ္ဈံ၊ ပဏီတံ၊ သုံးစျာန် ကိုယ်စီပြု။

ရူပ၌ ပထမစျာန်ကုသိုလ်ကံသည် ဟီနလည်း ရှိ၏၊ မဇ္ဈိမလည်း ရှိ၏၊ ပဏီတလည်းရှိ၏၊

ဒုတိယစျာန်ကုသိုလ် တတိယစျာန်ကုသိုလ်တို့၌လည်း ဤနည်းတူ။

၃၅၇။ ဆန်, ဝီ, စိတ်, မံ၊ သုံးမျိုးဖန်၊ သုံးစျာန် ကွဲပြား မှု။

ဆန္ဒ, ဝီရိယ, စိတ္တ, ဝီမံသ ဟူသော အဓိပတိတရား ၄-ပါးကို ဟီန, မဇ္ဈိမ, ပဏီတ ၃-မျိုးစီခွဲ၍ ယင်း ဟီနတို့နှင့်ယှဉ်သော ပထမစျာန် ကုသိုလ်သည် ဟီနဖြစ်၏၊ ပရိတ္တလည်း ခေါ်၏၊

ပထမစျာန် ၃-ဘုံတွင် ဗြဟ္မပါရိသဇ္ဇာဘုံ၌ ပထမစျာန်ဝိပါက်ကို ဖြစ်စေ၏၊ ထိုဝိပါက်သည်ပင်လျှင်ထိုဘုံ၌ ပဋိသန္ဓေကိစ္စ၊ ဘဝင်ကိစ္စ၊ စုတိကိစ္စကို ပြီးစေ၏၊

ယင်းမဇ္ဈိမတို့နှင့်ယှဉ်သော ပထမစျာန်ကုသိုလ်သည် မဇ္ဈိမ ဖြစ်၏၊ ဗြဟ္မပုရောဟိတာဘုံ၌ ပထမစျာန်ဝိပါက်ကို ဖြစ်စေ၏၊ အကြွင်း ရှေးနည်း ဆို။

ယင်းပဏီတတို့နှင့်ယှဉ်သော ပထမစျာန်ကုသိုလ်သည် ပဏီတ ဖြစ်၏၊ မဟာဗြဟ္မာဘုံ၌ ပထမစျာန်ဝိပါက်ကို ဖြစ်စေ၏၊ အကြွင်း ရှေးနည်းဆို။

ဒုတိယစျာန် တတိယစျာန်ကုသိုလ် သုံးမျိုးစီ၊ ဒုတိယစျာန်ဘုံ ၃- မျိုး၊ ဒုတိယ တတိယစျာန်ဝိပါက် ၃-မျိုး။

စတုတ္ထစျာန်ကုသိုလ် ၃-မျိုး၊ တတိယစျာန်ဘုံ ၃-မျိုး၊ စတုတ္ထစျာန် ဝိပါက် ၃-မျိုး ခွဲဝေလေ။

ပဉ္စမစျာန် ကုသိုလ်သည် စတုတ္ထစျာန် ၇-ဘုံ၌ အကျိုးပေး၏၊ အသညသတ်ကြဉ်သော စတုတ္ထစျာန် ၆-ဘုံတို့၌ ပဉ္စမစျာန်ဝိပါက်ကို ဖြစ်စေ၏၊ ထိုဝိပါက်သည်ပင်လျှင် ပဋိသန္ဓေကိစ္စ, ဘဝင်ကိစ္စ, စုတိကိစ္စကို ပြီးစေ၏၊

ရုပ်သက်သက် အသညသတ်

၃၅၈။ နာမ် ပျောက်ကင်းစေ၊ ဆုပန်ထွေ၊ သညေ ရုပ် အစု။

နာမ်ရှိ၍ ဒုက္ခများရသည်ဟု နာမ်၌ အပြစ်ကိုမြင်၍ နာမ်ကို ပျောက်ကင်းစေလိုသော ဆုတောင်းပတ္ထနာနှင့်တကွ ပဉ္စမစျာန်ကုသိုလ် ကို ပွားစေ၍ သေလွန်လေသော် ထိုကုသိုလ်သည် အသညသတ်ဘုံ၌ ရုပ်သက်သက်ဖြစ်သော ပဋိသန္ဓေကို ဖြစ်စေ၏၊ ရုပ်သည်ပင်လျှင် ဘဝင် ကိစ္စကို ပြီးစေ၏၊

၃၅၉။ ဣန္ဒြေ ငါးတန်၊ အစဉ်လွန်၊ ငါးတန် သုဒ္ဓါစု။

သဒ္ဓိန္ဒြေလွန်သော ပဉ္စမစျာန်သည် အဝိဟာဘုံ၌ ပဉ္စမစျာန် ဝိပါက်ကိုဖြစ်စေ၏၊ ကြွင်းသော ၄-ဘုံမှာ ဝီရိယိန္ဒြေ, သတိန္ဒြေ, သမာဓိန္ဒြေ, ပညိန္ဒြေတို့နှင့် အစဉ်ယှဉ်၍ သိလေ။

အရူပကုသိုလ် ၄-ခုတို့မှာ သူ့ဘုံနှင့် သူ့ဝိပါက် ထင်ရှားပြီ။

၃၆၀။ ဗြဟ္မာ့ပြည်မှာ၊ အရိယာ၊ အောက်ရွာ ဆင်းမရှိ။

ဗြဟ္မာ့ပြည်မှာရှိသော အရိယာတို့သည် ဗြဟ္မာ့ပြည်မှာပင် အောက် အောက်ဘုံသို့ ဆင်း၍ ပဋိသန္ဓေ နေရိုး မရှိ။

၃၆၁။ သုဒ္ဓါဘုံမှာ၊ အရိယာ၊ နှစ်ခါထပ် မရှိ။

သုဒ္ဓါဝါသ ငါးဘုံရှိ အရိယာတို့သည် မိမိဖြစ်ရာဘုံမှာ ပဋိသန္ဓေ နှစ်ခါထပ်၍ နေသည်မရှိကုန်။ အနာဂါမ်ဖြစ်ခဲ့လျှင် အထက်ဘုံသို့ုသာ တက်လေတော့သည် ဟူလို။

၃၆၂။ ဝေ, နေ, အက၊ သုံးဌာနမှာ၊ အရိယာ၊ သွားရာ ဘုံမရှိ။

ဝေဟပ္ဖိုလ်ဘုံ, နေဝသညာနာသညာယတနဘုံ, အကနိဋ္ဌဘုံ, ဤသုံးဘုံမှ အရိယာတို့သည်အထက်ဘုံသိ့ုလည်း ပဋိသန္ဓေအားဖြင့် သွားခြင်း မရှိကုန်။

အကနိဋ္ဌဘုံရှိ အရိယာတို့ကား မိမိတို့ဖြစ်ရာ ဘုံမှာလည်း ပဋိသန္ဓေ ထပ်၍ နေခြင်းမရှိကုန်။ အထက်ဘုံ တစ်ပါးသို့လည်း ပဋိသန္ဓေအားဖြင့် ပြောင်းသွားခြင်း မရှိကုန်။

ဗြဟ္မာ့ပြည်ရှိ သောတာပန်, သကဒါဂါမ် ပုဂ္ဂိုလ်တို့သည် ကိလေသာ ဂတိအားဖြင့် အောက်သိ့ု ပဋိသန္ဓေ ပြန်မှုရှိကြကုန်သေး သည်ဟုဆိုရ၏၊ ပုဂ္ဂလ ဂတိအားဖြင့် ထိုသို့ပြန်သည်ဟူ၍ မရှိ။

ထိုအတူ ကာမသုဂတိ ၇-ဘုံရှိ သောတာပန် သကဒါဂါမ်တို့လည်း ပုဂ္ဂလဂတိအားဖြင့် အောက်ဘုံသို့ ပဋိသန္ဓေ ဆင်းမှုမရှိကုန်ဟု သိရာ၏၊

အနာဂါမ်သေလျှင် ဗြဟ္မာ့ပြည်သို့ သွားမြဲ။ စျာန်ရသောတာပန် သကဒါဂါမ်တို့သည် စျာန်အနာဂါမ် မည်ကုန်၏၊

စျာန်မပျက်လျှင် ဗြဟ္မာ့ပြည်သို့သာ သွားကုန်၏၊ စျာန်ပျက်လျှင် ကာမဘုံမှာ ဖြစ်ကုန်၏၊ စျာန်ရပုထုဇ္ဇန်သည် ကာမဘုံ ဗြဟ္မာ့ဘုံသို့ ရောက်ရာ၏၊

မဟဂ္ဂုတ်ကုသိုလ် အကျိုးဝေဖန်ခန်း ပြီး၏၊

----------

အာရုံ ဝေဖန်ခန်း

သေခြင်း ၄-မျိုး

အာယုက္ခယ, ကမ္မက္ခယ, ဥဘယက္ခယ, ဥပစ္ဆေဒက။ [မရဏ လေးပါး ဆောင်ပုဒ်။]

၃၆၃။ အသက်တမ်းကုန်၊ ကံစွမ်းကုန်နှင့်၊ အကုန် ၂- မျိုး၊ ကံဆိုးဖြတ်ချွေ၊ သေမြဲပေ၊ လေးထွေမရဏံ။

အာယုက္ခယ=ကံအားရှိပါသေးလျက် အသက်တမ်းကုန်၍ သေခြင်းတစ်ပါး။

ကမ္မက္ခယ=အသက်တမ်း အကြွင်းရှိပါသေးလျက် သက်သက် ကံစွမ်းကုန်၍ သေခြင်းတစ်ပါး။

ဥဘယက္ခယ=အသက်တမ်းလည်းကုန် ကံလည်းကုန် နှစ်ပါးကုန်၍ သေခြင်းတစ်ပါး။

ဥပစ္ဆေဒက=အသက်တမ်းလည်း မကုန်သေး၊ ကံလည်းမကုန် သေးပဲလျက် ကံဆိုးနှိပ်စက်သတ်ဖြတ်၍ သေခြင်းတစ်ပါး။ (သေခြင်းလေးပါး)

ကမ္မစတုက္က၌ ပြဆိုခဲ့ပြီးသော ဥပဃာတက ကံကို ဥပစ္ဆေဒက ကံဆိုသည်။ အကာလမရဏ ဟူသမျှကို ဤ ဥပစ္ဆေဒကမရဏ၌ အကုန် သွင်း၍ ယူလေ။

ကံမကုန်သေး ဟူရာ၌ သူ့အလိုအလျောက် မကုန်သည်ကိုယူ။ သေသည်ရှိသော် ထိုဘဝကို ဖြစ်စေသော ကံသည် မကုန်သည်ဟူ၍ မရှိ။ နောက်၌ထိုကံသည် တစ်ဖန် ပဋိသန္ဓေ အကျိုးကိုပေးတော့သည် မဟုတ်ပြီ။

ကံ ကမ္မနိမိတ် ဂတိနိမိတ်

သေခါနီးအခါ၌ ထင်လာမြဲ အာရုံသုံးပါး အထူးကား-

၃၆၄။ အကုသိုလ်နှင့်၊ ကုသိုလ်ကမ္မ၊ ဇနက၊ ခွင့်ရ ရှေ့ရှုကံ။

မိမိသန္တာန်မှာ ပါရှိ၍နေသော ကံအများတို့တွင် ယခုအခါအကျိုး ပေးလှည့်အခွင့်ကိုရသဖြင့် ရှေ့ရှုတည်၍ နေသောအကုသိုလ် ဇနကကံ တစ်ပါး၊ ကုသိုလ်ဇနကကံတစ်ပါး၊ ဤနှစ်ပါးကို ကံ ဆိုသည်။

၃၆၅။ ကံမြောက်ကြောင်းဟူ၊ ဆောက်အဦ၊ မှတ်ယူ နိမိတ္တံ။

ကံစေတနာ မြောက်ရာ မြောက်ကြောင်းဖြစ်သော အလှူဝတ္ထု, အလှူခံပုဂ္ဂိုလ်, လက်နက်, လေးမြား အစရှိသော ကံ၏ အဆောက် အဦဖြစ်သော အာရုံ ၆-ပါးကို ကမ္မနိမိတ် ဆိုသည်။

၃၆၆။ လားရာ ဂတိ၊ ထိုမှာရှိ၊ ဂတိ နိမိတ္တံ။

လားရာဂတိ၌ရှိသော နတ်သမီး, ဘုံဗိမာန်, ပဒေသာပင်, ဥယျာဉ်, ပန်းမန်, ငရဲအိုးကြီး, ငရဲမီးလျှံ, ငရဲထိန်းစသော အာရုံစုကို ဂတိနိမိတ် ဆိုသည်။

၃၆၇။ ထိုသုံးပါးတွင်၊ တအင်အင်၊ ထင်မြဲ ထုံးအမှန်။

၃၆၈။ ထင်လာတုံက၊ ထိုအာရုံထဲ၊ တဝဲဝဲ၊ စွဲမြဲ စိတ် သန္တာန်။

သိသာပြီ။

၃၆၉။ ကံအာရုံမှာ၊ အတိတ်သာ၊ ထင်ရာ မနောတည်း။

ကံအာရုံမည်သည် အတိတ်သာတည်း။ ဒွါရခြောက်ပါးတို့တွင် လည်း မနောဒွါရ၌သာ ထင်နိုင်သည်။ ပဉ္စဒွါရ၌ မထင်နိုင်။

၃၇၀။ ကမ္မနိမိတ်၊ အတိတ်လွန်လေ၊ ပြားခြောက်ထွေ၊ ထင်လေ မနောတည်း။

ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ ဟူသော ကမ္မနိမိတ် အတိတ်အာရုံခြောက်ပါးသည် မနော ဒွါရ၌သာ ထင်သည်။

၃၇၁။ ယင်း နိမိတ္တံ၊ ပစ္စုပ္ပန်၊ ခြောက်တန် ဆဒွါရ။

ကမ္မနိမိတ် ပစ္စုပ္ပန် အာရုံခြောက်ပါးသည် ၆-ဒွါရ၌ထင်၏၊
ပစ္စုပ္ပန်ရူပါရုံ ကမ္မနိမိတ်သည် စက္ခုဒွါရ၌
ပစ္စုပ္ပန်သဒ္ဒါရုံ ကမ္မနိမိတ်သည် သောတဒွါရ၌
ပစ္စုပ္ပန်ဂန္ဓာရုံ ကမ္မနိမိတ်သည် ဃာနဒွါရ၌
ပစ္စုပ္ပန်ရသာရုံ ကမ္မနိမိတ်သည် ဇိဝှါဒွါရ၌
ပစ္စုပ္ပန်ဖောဋ္ဌဗ္ဗာရုံ ကမ္မနိမိတ်သည် ကာယဒွါရ၌
ပစ္စုပ္ပန်အာရုံ ခြောက်တန် ကမ္မနိမိတ်သည် မနောဒွါရ၌ ထင်သည်။

၃၇၂။ ဂတိခြောက်တန်၊ ပစ္စုပ္ပန်၊ ထင်ရန် ဆဒွါရ။

ဂတိနိမိတ်ဖြစ်သော ပစ္စုပ္ပန်အာရုံခြောက်ပါးသည် ခြောက်ဒွါရ၌ ထင်သည်။
အကျယ်ယုတ္တိကို သင်္ဂြီုဟ်မဟာဋီကာသစ်ကြီး မှာယူလေ။
အာရုံဝေဖန်ခန်း ပြီး၏၊

၂၄-ဝါရ

၃၇၃။ တဒါ, ဘွင်, စု၊ တဒါ, စု၊ နှစ်ခု တိမဟန္တ။
၃၇၄။ ဇော, ဘွင်, စု၊ ဇောနှင့် စု၊ နှစ်ခု မဟန္တ။
၃၇၅။ မနောဒွါမူ၊ လိုနည်းတူ၊ ဝိဘူ နှစ်ခုရ။

တဒါရုံ- ဘဝင်-စုတိဝါရ၊ တဒါရုံ-စုတိဝါရ ဟူ၍ အတိမဟန္တ ၂- ဝါရ ရှိ၏၊

ဇော-ဘဝင်-စုတိဝါရ၊ ဇော-စုတိဝါရ ဟူ၍ မဟန္တ ၂-ဝါရရှိ၏၊ မနောဒွါရ၌လည်း ထိုအတူ အတိဝိဘူတ ၂-ဝါရ၊ ဝိဘူတ ၂- ဝါရဟူ၍ ၄-ဝါရရှိ၏၊ ပဉ္စဒွါရကို ရှေ့ဝါရ ၄-ပါးနှင့် မြှောက်ပွား သည်ရှိသော် ပဉ္စဒွါရ မရဏာသန္နဝီထိပေါင်း ၂၀-ဖြစ်၏၊ မနောဒွါရ ၄-ဝါရနှင့်ပေါင်းသော် ၂၄-ဝါရဖြစ်၏၊

မရဏာသန္နဝီထိ

၃၇၆။ ဘဝင် သုံးတန်၊ အာဝဇ္ဇန်၊ ဝိညာဏ် ဒွေပဉ္စပ်။
၃၇၇။ သံ, သန်,ဝုဋ္ဌာ၊ ဇော ငါးဖြာ၊ တဒါ နှစ်ကြိမ်မှတ်။
၃၇၈။ ဘဝင် ဧက၊ စုတိကျ၊ ဘဝ အဆုံးသတ်။

(ပဋိသန္ဓိဝီထိ)

၃၇၉။ အပြစ်ဖုံးကာ၊ အဝိဇ္ဇာ၊ တဏှာ ညွတ်စေမှု။
၃၈၀။ ကံ သင်္ခါရ၊ ဇနက၊ ပစ်ချ ဖြစ်စေမှု။
၃၈၁။ အကြောင်းသုံးဘော်၊ ညီစေ့ဆော်၊ ဖြစ်ပေါ်သန္ဓိစု။

ဘဝနိကန္တိဝီထိ

၃၈၂။ သန္ဓိ အပွား၊ ဘဝင်သွား၊ ဆယ့်ငါး, ဆယ့်ခြောက် ခု။
၃၈၃။ ဘဝင် နှစ်တန်၊ အာဝဇ္ဇန်၊ နိကန် ဇောခွန်ခု။
၃၈၄။ ထိုနောင် ဘဝင်၊ အများပင်၊ အစဉ် သိစေမှု။

ဤဝီထိကြီးကား ဘဝင်နှစ်ရပ် ရှေ့နောက်စပ်၍ ချအပ်သော ဝီထိရှည်ကြီးတည်း။

ရှေ့ကား မရဏသန္နဝီထိ, နောက်ကား ပဋိသန္ဓိဝီထိ, ဘဝနိ ကန္တိဝီထိ ပေါင်းသုံးဝီထိတည်း။

အစဉ်အတိုင်းဆိုသော်ကား အတီတဘဝင်, စလနဘဝင်, ဥပစ္ဆေဒ ဘဝင်, ပဉ္စဒွါရာဇ္ဇန်း, ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုန်း, သန္တီရဏ, ဝုဋ္ဌော, မရဏာသန္နဇောငါးကြိမ်, ထိုနောင် တဒါရုံ ၂-ကြိမ်, ထိုနောင် ဘဝင် တစ်ကြိမ်, ထိုနောင်စုတိတစ်ကြိမ်, ထိုနောင် ဘဝသစ်၌ ပဋိသန္ဓေ တစ်ကြိမ် ထိုပဋိသန္ဓေမှ ဆက်ပွား၍ သွားသော ဘဝင်ကား အယုတ်ဆုံး အားဖြင့် ၁၅-ကြိမ်လည်းကောင်း၊ ၁၆-ကြိမ်လည်းကောင်း, ထိုနောင် စလန ဘဝင်, ဥပစ္ဆေဒဘဝင်, မနောဒွါရာဝဇ္ဇန်း, ဘဝနိကန္တိ လောဘဇော ၇-ကြိမ်, ထိုနောင် ဘဝင်အများ, ဤကား ၃-ဝီထိ အစဉ်တည်း။

စုတိနှင့် သန္ဓိ အထူးမှာ ကဗျာ ၃-ပုဒ်၏ အဓိပ္ပာယ်ကား (၁) ထိုပုဂ္ဂိုလ်၏ စိတ်သန္တာန်တွင် အစဉ်ကိန်းဝပ်ပါရှိ၍နေသော အဝိဇ္ဇာသည် ထိုသေခါနီးအခါတွင် ထင်မြင်လာ သော အာရုံသစ်၏လည်းကောင်း၊ ဘဝသစ်၏လည်းကောင်း အပြစ်ဒေါသကို ဖုံးလွှမ်းကွယ်ကာသမားတည်း။

(၂) တဏှာသည် ထိုပုဂ္ဂိုလ်၏စိတ်အစဉ်ကို ထိုအာရုံသစ် ဘဝသစ်သို့ ညွတ်စေခြင်း၊ ကိုင်းရှိုင်းစေခြင်း အမှုကို ပြုသမားတည်း

(၃) ကုသိုလ် အကုသိုလ် သင်္ခါရ ဇနကကံသည်ကား ထို ပုဂ္ဂိုလ် ၏ စိတ်အစဉ်ကို ဘဝသစ်၌ ပစ်ချသမား ဖြစ်စေ သမား တည်း။

ဤအဝိဇ္ဇာ, တဏှာ, သင်္ခါရ, အကြောင်းသုံးလီ ညီညာဖြဖြ စေ့ဆော်ကြသည့်အတွက် ဘဝသစ် ပဋိသန္ဓေ ဝိညာဏ်ဖြစ်ပေါ်၏ ဟူလို သည်။ ဤကား မရဏာသန္န၌ တဒါရုံနောင် ဘဝင် တစ်ကြိမ်ကျပြီးမှ စုတိကျသော ဝီထိတည်း။

တဒါရုံနောင် စုတိကျသော ဝီထိ, ဇောဘဝင်နောင် စုတိကျသော ဝီထိ, ဇောနောင် စုတိကျသော ဝီထိတို့ကားသိသာပြီ။

မနောဒွါရ ၄-ဝီထိမှာလည်း ဘဝင် ၂-ကြိမ်, မနောဒွါရာဝဇ္ဇန်း တစ်ကြိမ်, မရဏာသန္နဇော ၅-ကြိမ်, တဒါရုံ၂-ကြိမ်, ဘဝင်တစ်ကြိမ်, စုတိတစ်ကြိမ် စသည် ရှေးနည်းတူသိလေ။

အမှီစစ်တမ်း

ဤမရဏာသန္နဝီထိ၌ ဝတ္ထုဒွါရအာရုံတို့၏ ဥပါဒ်မှု, စိတ်တို့၏မှီမှုမှာ ပကတိ ပဝတ္တိကာလ၌ အစီအရင်နှင့် မတူကြ။

ဒွေပဉ္စဝိညာဏ်စိတ်တို့သည် စုတိစိတ်မှ နောက်ဆုတ်ရေသော် ၁၇-ခုမြောက်သော ဘဝင်စိတ်နှင့်အပြိုင်ဥပါဒ်သော ပဉ္စဝတ္ထုကိုမှီ ကြကုန်၏၊

ကြွင်းသော ဘဝင်စိတ် ဝီထိစိတ် စုတိစိတ်တို့သည် စုတိစိတ်မှ နောက်ဆုတ်ရေသော် ၁၇-ခုမြောက်သော ဘဝင်စိတ်နှင့် အပြိုင်ဥပါဒ် သော ဟဒယဝတ္ထုကို မှီကြကုန်၏၊

ပဋိသန္ဓေစိတ်တို့သည်ကား မိမိနှင့်အပြိုင် ဥပါဒ်သော ဟဒယ ဝတ္ထုကို မှီကြကုန်၏၊

ပထမ ဘဝင် စသော နောက်နောက်သော စိတ်တို့သည်ကား စိတ္တက္ခဏတစ်ချက်လွန်ပြီး၍ ဌီသို့ရောက်သော အသီးအသီးသော ဟဒယဝတ္ထုတို့ကို မှီကြကုန်၏၊

အမှီစစ်တမ်းပြီး၏၊

---------------

ကာမပဋိသန္ဓေ

အတီတဘဝင် စသော ရှေ့ဘဝင်စု, နောက်ဘဝင် စုတိစိတ်တို့ သည် ရှေး၌ ဘဝ၏အစ ပဋိသန္ဓေစိတ်၏ အာရုံဖြစ်သော ကံ, ကမ္မနိမိတ်, ဂတိနိမိတ် အာရုံဟောင်းကို အာရုံပြုကြကုန်၏၊

အာဝဇ္ဇန်း စသော ဝီထိစိတ်တို့သည် ယခုသေခါနီးအခါ မရဏာ သန္နတွင် အသစ်ထင်သော ကံသစ်, ကမ္မနိမိတ်သစ်, ဂတိနိမိတ် သစ်ကို အာရုံပြုကြကုန်၏၊

နောက်ဘဝ၌ ပဋိသန္ဓေသစ် ဘဝင်သစ်တို့သည်လည်း ထိုမရဏာ သန္နတွင် အသစ်ထင်သောကံ, ကမ္မနိမိတ်, ဂတိနိမိတ်တို့ကို အာရုံပြုကြ ကုန်၏၊

မနောဒွါရာဝဇ္ဇန်း, ဘဝနိကန္တိလောဘဇောတို့သည် ထိုဘဝသစ် ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ်ဟူသော ဘဝသစ် ခန္ဓာသစ်ကို အာရုံပြုကြ ကုန်၏၊

ကံ, ကမ္မနိမိတ်, ဂတိနိမိတ် ဆိုသောစကားတို့၌-ထိုသုံးပါးတို့တွင် တစ်ပါးပါးကိုသာသိလေ။ နှစ်ပါးသုံးပါး ပေါင်း၍ အာရုံပြုရိုး မရှိ။

ပဉ္စဒွါရဝီထိတို့၌ ပစ္စုပ္ပန်ဖြစ်သော ပဉ္စာရုံ ကမ္မနိမိတ်, ဂတိနိမိတ် သစ်တို့သည် စုတိစိတ်နှင့်လည်းကောင်း၊ နောင် ဘဝသစ် ပဋိသန္ဓေ စိတ်နှင့်လည်းကောင်း ပြိုင်၍ ချုပ်ကုန်၏၊

မနောဒွါရဝီထိ၌ ပစ္စုပ္ပန်ဖြစ်သော ကမ္မနိမိတ်သစ်, ဂတိနိမိတ်သစ် အာရုံ ၆-ပါးတို့သည် ပဋိသန္ဓေနောင် စတုတ္ထ, ပဉ္စမ, ဆဋ္ဌဘဝင်တို့နှင့် ပြိုင်၍ ချုပ်ကုန်၏၊

မနောဒွါရ၌လည်း အတီတဘဝင်လွန်ကို အသုံးပြုကြကုန်သော ဆရာတို့၏ အလိုအားဖြင့် ထိုအာရုံတို့ ချုပ်ပုံ အနည်းငယ် ကွဲကြ၏၊ အလွန်ရှုပ်ထွေးလှ၏၊ ရှင်းလင်းအောင်ကြံကြလေ။ သင်္ဂြီုဟ်ဋီကာ သစ်ကိုကြည့်လေ။

ကာမပဋိသန္ဓေခန်းပြီး၏၊

---------------

ရူပ ပဋိသန္ဓေ

ရူပဝိပါက်ပဋိသန္ဓေငါးခုသည် ကသိုဏ်းစသော ပညတ် ကမ္မနိမိတ် ဓမ္မာရုံကိုသာ အာရုံပြု၏၊ ထိုကြောင့် ထိုဝိပါက်ပဋိသန္ဓေတို့၏ ရှေ့အနန္တရ မရဏာသန္နအခါ၌ မနောဒွါရဝီထိသာ ကျမြဲ၊ ပညတ် ဓမ္မာရုံ ကမ္မနိမိတ် သာ ထင်မြဲတည်း။ ထိုပညတ် ကမ္မနိမိတ်ကိုသာ ဘဝသစ် ပဋိသန္ဓေ ဘဝင်စုတိတို့ အာရုံပြုမြဲတည်း။

အသညသတ်သို့သွားရာ၌ကား ရုပ်ပဋိသန္ဓေဖြစ်၍ အာရုံယူဘွယ် မရှိပြီ။

အသညသတ်ဘုံမှ စုတေ၍ ကာမဘုံသို့လာရာ၌ကား အာရုံယူရန် မရဏာသန္နဇောဝီထိပင် မရှိပြီ။ ထိုသူ၏ ကာမပဋိသန္ဓေသည်ကား ရှေးရှေးဘဝတို့၌ ပြုခဲ့ဖူးသော အပရာပရိယကံဟောင်း၏ အစွမ်းဖြင့် ကောင်းကင်ကျထင်လာသော ကံ, ကမ္မနိမိတ်, ဂတိနိမိတ်သုံးပါးတွင် တစ်ပါးပါး ကို အာရုံပြုရ၏၊

ရူပ ပဋိသန္ဓေပြီး၏၊

---------------

အရူပ ပဋိသန္ဓေ

အရူပဝိပါက် ၄-ခုတို့တွင်ပထမ, တတိယဝိပါက်တို့သည် ပညတ် ကမ္မနိမိတ် ဓမ္မာရုံကိုသာ အာရုံပြုကုန်၏၊ ဒုတိယ-စတုတ္ထဝိပါက်တို့သည် မဟဂ္ဂုတ် ကမ္မနိမိတ် အတိတ်ဓမ္မာရုံကိုသာ အာရုံပြုကုန်၏၊ ရှေ့ဘဝ မရဏာသန္နမှာလည်း မနောဒွါရ၌ ထိုအာရုံတို့သာ ထင်မြဲတည်း။

အရူပ ပဋိသန္ဓေ ပြီး၏၊

-----------------

စုတိနောင် ပဋိသန္ဓေ

၃၈၅။ ဒု,သု,ဒွိဟု၊ စုတိနောက်ဝယ်၊ သန္ဓိခြယ်၊ တစ်ဆယ် ကာမ,သော။

ဒုဂ္ဂတိအဟိတ် စုတိနောင် ကာမပဋိသန္ဓေတစ်ဆယ်သာ နှောင်း သည်။ အပါယ်လေးဘုံမှ စုတေလျှင် ကာမ ၁၁- ဘုံ၌ ကာမပဋိသန္ဓေ ဆယ်မျိုးနေနိုင်၏ ဟူလို။

သုဂတိအဟိတ်စုတိ ၁-နှင့် ဒွိဟိတ် စုတိ၄-ခုတို့နောက်၌လည်း ထိုအတူ ကာမပဋိသန္ဓေ ၁၀-စီနှောင်းနိုင်၏၊

၃၈၆။ တိဟိတ် ဝိဟု၊ စုတိ နောက်ဝယ်၊ သန္ဓိခြယ်၊ နှစ်ဆယ် အကုန်ဟော။

ကာမတိဟိတ် စုတိနောက်၌ အသညသတ်(ရုပ်)ပဋိသန္ဓေနှင့်တကွ ကာမပဋိသန္ဓေ ၁၀-၊ ရူပ ပဋိသန္ဓေ ၅-ခု၊ အရူပ ပဋိသန္ဓေ၄-ခု၊ ပေါင်း ပဋိသန္ဓေ ၂၀-အကုန် နှောင်းနိုင်သည်။

ကာမတိဟိတ်ပုဂ္ဂိုလ် စုတေလျှင် ၃၁-ဘုံတွင် ဘယ်ဘုံမှာ မဆို ပဋိသန္ဓေ နေနိုင်၏ ဟူလို။

ကာမတိဟိတ်ပုဂ္ဂိုလ်မှာ ပုထုဇ္ဇန်, သောတာပန်, သကဒါဂါမ်, အနာဂါမ် စျာန်ရ-စျာန်မရ ထိုက်သည်အားလျော်စွာ သိလေ။

၃၈၇။ ငါးရူပ-ဝိ၊ စုတိနောက်ဝယ်၊ သန္ဓိခြယ်၊ ဆယ်ခွန် ဟေတုကော။

ရူပဝိပါက်စုတိ ငါးခုနောက်၌ သဟိတ်ပဋိသန္ဓေ ၁၇-နှောင်းနိုင်၏၊ ဒုဂ္ဂတိအဟိတ်ပဋိသန္ဓေ, သုဂတိအဟိတ် ပဋိသန္ဓေ ရုပ်ပဋိသန္ဓေ ဖြစ် သော အသညသတ် ပဋိသန္ဓေများ မနှောင်းနိုင်။

ရူပဘုံမှ စုတေလျှင် အပါယ်ပဋိသန္ဓေ မနေနိုင်။ အပါယ်သို့ မကျနိုင်။ သုဂတိအဟိတ်ပဋိသန္ဓေ မနေနိုင်။ အင်္ဂါချို့တဲ့သောလူ မဖြစ်နိုင်။ ဘုန်းမဲ့ ကံမဲ့ နတ်မျိုး မဖြစ်နိုင်။ အသညသတ်သို့ မရောက်နိုင်။ ကြွင်းသော ဘုံသို့ကား အကုန်ရောက်နိုင်၏ ဟူလို။ ပုထုဇ္ဇန် အရိယာ လျော်စွာ သိလေ။

၃၈၈။ အရူပ-ဝိ၊ စုတိမှ နောက်၊ အောက် အရူ, ရူ၊ ဒု, သူ, ဒွိပစ်၊ ရှစ်, ခွန်, ခြောက်, ငါး၊ အစဉ်အား၊ နှောင်းငြား သန္ဓိ သော။

အရူပစုတိနောင် အောက်အောက် အရူပ ပဋိသန္ဓေလည်း မနှောင်း။ အရူပဘုံချင်းချင်း အောက်ဘုံသို့ ဆင်းသော ပဋိသန္ဓေလည်း မရှိဟူလို။

ရူပပဋိသန္ဓေ ငါးခုလည်းမနှောင်း။ အရူပဘုံမှ စုတေ၍ ရူပ ၁၆- ဘုံသို့ ပဋိသန္ဓေပြောင်းသည် မရှိ ဟူလို။

ဒုဂ္ဂတိပဋိသန္ဓေလည်း မနှောင်း။ အပါယ်သို့ကျသည် မရှိဟူလို။

သုဂတိအဟိတ် ပဋိသန္ဓေလည်း မနှောင်း။ လူယုတ် နတ်ယုတ် မဖြစ်နိုင်ဟူလို။

ဒွိဟိတ်ပဋိသန္ဓေလည်း မနှောင်း။ လူဒွိဟိတ်, နတ်ဒွိဟိတ် မဖြစ်နိုင်ဟူလို။

အဘယ်မျှနှောင်းသနည်းဟူမူကား-ပထမ အရူပစုတိနောင် အရူပပဋိသန္ဓေ ၄-၊ ကာမတိဟိတ် ၄-၊ ရှစ်ခုနှောင်း၏၊

ဒုတိယ အရူပစုတိနောင် ပထမ အရူပပဋိသန္ဓေ ကြဉ်သော အရူပ ပဋိသန္ဓေ ၃၊ ကာမတိဟိတ် ၄၊ ခုနစ်ခုနှောင်း၏၊

တတိယ အရူပ စုတိနောင် ပထမ၊ ဒုတိယ အရူပ ပဋိသန္ဓေကြဉ် သော အရူပပဋိသန္ဓေ ၂၊ ကာမ တိဟိတ်ပဋိသန္ဓေ၄၊ ခြောက်ခုနှောင်း၏၊ စတုတ္ထ အရူပစုတိနောင် စတုတ္ထအရူပပဋိသန္ဓေ ၁၊ ကာမတိဟိတ် ပဋိသန္ဓေ ၄၊ ငါးခုနှောင်း၏ဟူလို။

ဤစုတိသန္ဓိ နှောင်းကိန်းကို ကောင်းစွာသိ၍ မရဏာသန္နဝီထိတွေ အမျိုးမျိုး ဝေဖန်နည်းကို သိလေ။

(အကျယ်ကို ပရမတ္ထဒီပနီ အမည်ရှိသော သင်္ဂြီုဟ်ဋီကာကြီး မှာယူလေ။)

* တစ်ရာ့နှစ်ဆယ်၊ ကဗျာခြယ်၊ ဤဝယ် ဘုံပိုင်းပြီး။

ဘုံပိုင်း ပြီး၏၊

--------

၆-ရုပ်ပိုင်း

ရူပသမုဒ္ဒေသ

နိပ္ဖန္နရုပ်-၁၈

၃၈၉။ ပ, အာ, ဝါ, တေ,၊ မြေ, ရေ, လေ, မီး၊ လွန်ပွားစီး၊ ဘုတ်ကြီးစတုက္က။
၃၉၀။ ခက်မာ, ဖွဲ့စေး၊ ပူ, ဧး, ထောက်ကန်၊ ဤလေး တန်၊ မှတ်ရန် လက္ခဏ။

ဝါ, တေဝါ, တေ သည်ရှေ့နောက်အပြန်တည်း။ မာဂဓ ဘာသာ၌ ပထဝီ, အာပေါ, တေဇော, ဝါယောဟူ၍-မြန်မာဘာသာ၌ မြေ, ရေ, မီး, လေဟူ၍ခေါ်ဝေါ်အပ်သော ဓာတ်ကြီးလေးပါးသည် မဟာဘုတ်ကြီး ၄- ပါးမည်၏၊ လွန်ပွားစီး ကား-မဟာဘူတသဒ္ဒါ၏ အနက်တည်း။ ဒုတိယကဗျာကား-မဟာဘုတ် ၄-ပါး၏သဘောလက္ခဏာကို ပြဆိုသည်။ ဤမဟာဘုတ်ကြီး ၄-ပါးတို့မှ ကြွင်း ကျန်သော ၂၄-ပါးသော ရုပ်တို့သည် မဟာဘုတ်ကြီး ၄-ပါးကိုမှီတွယ်၍ ဖြစ်ရသောကြောင့် ဥပါဒါရုပ် မည်ကုန်၏၊

၃၉၁။ စက်, သော, ဃာဇီ၊ ကာ,ငါးလီ၊ အကြည် ပသာဒ။

စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ ဤငါးခုသည် ပသာဒရုပ် ငါးခုမည်၏၊ အကြည်ကား-ပသာဒသဒ္ဒါ၏ အနက်တည်း။

၃၉၂။ ရူ, သဒ်,ဂန်,ရံ၊ ဖောဋ္ဌဗ္ဗံ၊ ငါးတန် ဂေါစရ။ ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ ဤငါးခုသည် ဂေါစရရုပ် ငါးခုမည်၏၊ ပဉ္စဝိညာဏ် ငါးခုတို့၏ ကျက်စားရာ အာရုံဖြစ်၍ ဂေါစရ ခေါ်သည်။ ဝိသယရုပ် ငါးခုလည်းခေါ်၏၊ဖောဋ္ဌဗ္ဗကို မြေ၊ မီး၊ လေ ဟူ၍ သုံးခုခွဲသော် ဂေါစရရုပ် ခုနစ်ဖြစ်၏၊

၃၉၃။ ဣတ္ထိ, ပုမ၊ ဘာဝ နှစ်တန်၊ ဟဒယံ၊ တစ်ဖန် ဇီဝိတ။
၃၉၄။ ကဗဠီကာ၊ ရုပ်ဩဇာ၊ သင်္ချာ ဆယ့်ရှစ်ရ။
၃၉၅။ ကြောင်း စတုကြောင့်၊ ဖြစ်မှု ပေါ်လော၊ သဘော သီးသီး၊ ကိုယ်စီ ပြီး၊ ရုပ်ကြီး နိပ္ဖန္န။

ဣတ္ထိဘာဝရုပ်, ပုမ္ဘာဝရုပ်, ဟဒယရုပ်, ဇီဝိတရုပ်, ကဗဠီကာရ ဟူသော ဩဇာရုပ် အလုံးစုံကို အကုန်ပေါင်းသည်ရှိသော် ၁၀-ဖြစ်၏၊ (ဖောဋ္ဌဗ္ဗသုံးခုသည် မဟာဘုတ်ကြီး သုံးခုပင် ဖြစ်၍ ဖောဋ္ဌဗ္ဗသုံးခု ကိုချန်၍ ပေါင်းလေ။)

ဤ ၁၈-ခုသော ရုပ်တို့သည် ကံ, စိတ်, ဥတု, အာဟာရ ဟူသော အကြောင်းတရား လေးခုတို့ကြောင့် ဖြစ်ပေါ်မှု ဇာတိပေါလော ရှိကြသည် ဖြစ်၍ သဘောလက္ခဏာ အသီးအသီးနှင့် ပြီးကြသောကြောင့် နိပ္ဖန္နရုပ် ခေါ်သည်။

နိပ္ဖန္နရုပ် ၁၈-ပြီး၏၊

-------

အနိပ္ဖန္နရုပ် ၁၀

၃၉၆။ ကလာပ် ခြားမျှ၊ အာကာသတည့်၊ ကာယ,ဝစီ၊ နှစ်လီ ကိုယ်, နှုတ်၊ လှုပ်မှု, ရှားမှု၊ ၂-ခုဝိညတ်၊ ရူပဿလဟု၊ မုဒု,ကမ္မည၊ ဝိကာရ တေး၊ လေး လက္ခဏံ၊ ရုပ်ဆယ်တန်၊ အနိပ္ဖန္နတည်း။
၃၉၇။ ဖြစ်ပေါ်ပွားမှု၊ ဥပစယ၊ တည်ထ သန္တတိ၊ ရင့်ဘိ ဇရာ၊ ပျက်မှာ အနိစ္စ၊ သိကြောင်းမျှ၊ လက္ခဏရုပ် ခေါ်သတည်း။

ရုပ်ကလာပ်တို့၏ အခြားမျှသည် အာကာသဓာတ်မည်၏၊ ပရိစ္ဆေဒရုပ်ခေါ်၏၊ ကိုယ်အင်္ဂါကြီးငယ် လှုပ်ရှားမှု၊ နှုတ်အင်္ဂါ လှုပ်ရှား စကားပြောဆိုမှု၊ ဤနှစ်ပါးသည် ဝိညတ်ရုပ်မည်၏၊ ကာယဝိညတ်, ဝစီဝိညတ် နှစ်ပါးတည်း။

ရူပဿလဟုတာ, ရူပဿမုဒုတာ, ရူပဿကမ္မညတာ-ဤ ၃- ခုသည် ဝိကာရရုပ် ၃-ခုမည်၏၊

ရူပဿ=နိပ္ဖန္နရုပ်၏၊ လဟုတာ=ပေါ့ပါးမှု၊ မုဒုတာ=နူးညံ့မှု၊ ကမ္မညတာ=အမှုတိုင်း၌ ကောင်းမှု။ (အနက်။)

ဝိကာရ ဆိုသည်ကား ထူးသောအမူအရာတည်း။ နောက် ကဗျာကား-လက္ခဏရုပ် လေးခု၏ သရုပ်သဘောတည်း။ ဥပစယရုပ်, သန္တတိရုပ်, ဇရတာရုပ်, အနိစ္စတာရုပ်, လက္ခဏရုပ် လေးခုတည်း။ ရုပ်ကလာပ်တို့၏ ဖြစ်ပေါ်မှု တိုးပွားမှုကို ဥပစယခေါ်သည်။ တိုးပွားမှု ရပ်၍ အစဉ်တည်သော နိပ္ဖန္နရုပ်တို့၏ ဥပါဒ်ကို သန္တတိခေါ် သည်။ ဆုတ်ယုတ်ရင့်ရော်မှုကို ဇရတာခေါ်သည်။ ပျက်ဆုံးချုပ်ကွယ်မှုကို အနိစ္စတာခေါ်သည်။ နိပ္ဖန္နရုပ်-၁၈၊ အနိပ္ဖန္နရုပ်-၁၀ ပေါင်း ရုပ် ၂၈- ဖြစ်၏၊

ရုပ်သရုပ်ကို အကျဉ်းထုတ်ပြသော ရူပသမုဒ္ဒေသ ပြီး၏၊

-----------

ရူပဝိဘာဂ

၃၉၈။ အဇ္ဈတ္တိကေ၊ ပသာဒေ၊ ကြွင်းလေဗာဟိရ။

ပသာဒရုပ်ငါးခုကို အဇ္ဈတ္တိကရုပ် ငါးခုခေါ်သည်။ ကြွင်းသောရုပ် ၂၃-ခုကို ဗာဟိရရုပ်ခေါ်သည်။ ရွှေငွေရတနာကို အတွင်းဥစ္စာ ခေါ်သကဲ့ သို့ တဏှာဒိဋ္ဌိအစွဲအလမ်း အားကြီးလှရာကို အဇ္ဈတ္တိကခေါ်သည်။ အလွန်အတွင်းကျသော ရုပ်ငါးခုဆိုလိုသည်။

၃၉၉။ ပသာ, ဟမူ၊ ဝတ္ထုယူ၊ ကြွင်းမူ အဝတ္ထု။ ပသာဒရုပ် ၅-ခု၊ ဟဒယရုပ် ၁-ခု၊ ဤ ၆-ခုသည် ဝတ္ထုရုပ်မည်၏၊ ကြွင်းသောရုပ်၂၂-ခုသည် အဝတ္ထုရုပ်မည်၏၊ ဝတ္ထုသင်္ဂဟ၌ ပြဆိုခဲ့ပြီး သည့်အတိုင်း ဝိညာဏဓာတ် ၇-ပါးတို့၏ ဖြစ်ပေါ်မှီတည်ရာ ဖြစ်၍ ဝတ္ထုရုပ်ခေါ်သည်။

၄၀၀။ ပသာ, ဝိညတ်၊ ဒွါရမှတ်၊ ကြွင်းလတ် အဒွါရ။

ပသာဒရုပ်၅-ခု၊ ဝိညတ်ရုပ်၂-ခု၊ ဤ ၇-ခုသည် ဒွါရရုပ် မည်၏၊ ကြွင်းသောရုပ် ၂၁-ခုသည် အဒွါရရုပ် မည်၏၊

ဒွါရရုပ် ၇-ခုတို့တွင် ပသာဒရုပ်၅-ခုသည် ဒွါရသင်္ဂဟ ဝီထိသင်္ဂဟ တို့၌လာသောအကြည်ဒွါရမျိုးတည်း၊ ဝီထိစိတ်တို့၏ ဖြစ်ရန်လမ်းပေါက် ဖြစ်၍ ဒွါရခေါ်သည်။

ဝိညတ်ရုပ် ၂-ခုသည်မူကား ဘုံပိုင်း ကမ္မစတုက္က၌ လာသော ကာယဒွါရ၊ ဝစီဒွါရ ၂-ပါးတည်း၊ ကုသိုလ် အကုသိုလ်တို့၏ ကံမြောက်ရာ အပေါက် အလမ်းဖြစ်၍ ဒွါရဆိုသည်။

၄၀၁။ ပ, ဘာ, ဇီဝေ၊ ဣန္ဒြေ၊ ကြွင်းလေ အနိန္ဒြိယ၊ ပသာဒရုပ်၅-ခု၊ ဘာဝရုပ်၂-ခု၊ ဇီဝိတရုပ်၁-ခု၊ ဤရှစ်ခုကို ဣန္ဒြိယ ရုပ် ရှစ်ခုဆိုသည်။ ကြွင်းသောရုပ်၂၀-ကို အနိန္ဒြိယရုပ်ခေါ်သည်။ အစိုးရမှုကို ဣန္ဒြိယဆိုသည်။ ပသာဒိန္ဒြေ ၅-ခုသည် ပဉ္စဝိညာဏ် တို့၌ အစိုးရ၏၊ ထက်လျှင်ထက်ချင်း နုံ့လျှင်နုံ့ချင်း အစဉ်လိုက်ရ၏၊ မလွန်ဆန်နိုင်ကြ။

ဘာဝရုပ် ၂-ခုသည် မိန်းမအသွင်ဖြစ်မှု ယောကျ်ားအသွင်ဖြစ်မှု၌ အစိုးရ၏၊ ပဋိသန္ဓေအခါ၌ ဣတ္ထိဘာဝရုပ် ပါရှိလျှင် မိန်းမအသွင်ဖြစ်၏၊ ပုမ္ဘာဝရုပ် ပါရှိလျှင် ယောကျ်ားအသွင်ဖြစ်၏၊

ဇီဝိတရုပ်သည် ကမ္မဇရုပ်တို့၌ အစိုးရ၏၊ တစ်ခုတစ်ခုသော ဘဝတွင်ဇီဝိတရုပ် တည်နေသမျှ ကမ္မဇရုပ်တို့ တည်နေရ၏၊ မလွန် ဆန်နိုင်ကြ။

၄၀၂။ ပသာ, ဂေါစရ၊ ရုပ် ဒွါဒ၊ ဩဠာရိက ခေါ်။
၄၀၃။ သပ္ပဋိဃ၊ သန္တိက၊ နာမ သုံးမည်ပေါ်။
၄၀၄။ ကြွင်း သောဠသ၊ သုခုမ၊ အပ္ပဋိ, ဒူရေ။

ပသာဒရုပ် ၅-ခု၊ ဂေါစရရုပ် ၇-ခု၊ ဤ ၁၂-ခုသည် ဩဠာရိက ရုပ်မည်၏၊ သပ္ပဋိဃရုပ်လည်းမည်၏၊ သန္တိကေရုပ်လည်းမည်၏၊ ကြွင်းသောရုပ်၁၆--ခုသည် သုခုမရုပ်မည်၏၊ အပ္ပဋိဃရုပ်လည်းမည်၏၊ ဒူရေရုပ်လည်းမည်၏၊

ရုန့်ရင်းမှုကို ဩဠာရိကဆိုသည်။ အခံ အတိုက် ထိခိုက်မှုရှိသည်ကို သပ္ပဋိဃ ဆိုသည်။ သိမှု နီးသည်ကို သန္တိကေ ဆိုသည်။

၄၀၅။ ရုပ်ကမ္မဇ၊ ဋ္ဌာရသ၊ ဥပါဒိန္နပေ။

အထက်၌ ပြဆိုလတ္တံ့သော ကမ္မဇရုပ် ၁၈-ခုကို ဥပါဒိန္နရုပ် ခေါ်သည်။

စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်စုကို အနုပါဒိန္နရုပ်ခေါ်သည်။ တဏှာ, မာန, ဒိဋ္ဌိတို့ အစဉ်အမြဲ စွဲလမ်းအပ်သည်ကို ဥပါဒိန္နဆိုသည်။

၄၀၆။ အသမ္ပတ္တ၊ ဂါဟက၊ သောတ, စက္ခု ဟူ။
၄၀၇။ ရုပ်သမ္ပတ္တ၊ ဂါဟက၊ ဃာန, ဇီ, ကာ ယူ။

စက္ခုဝတ္ထု ရူပါရုံ စသော ဝတ္ထုအာရုံ အစုံ အစုံတို့၏ အချင်းချင်း ထိငြိ၍ ဖြစ်မှုကို သမ္ပတ္တ ဆိုသည်။

တစ်ဆံဖျား နှစ်ဆံဖျား စသည် ကွာခြား၍ ဖြစ်မှုကို အသမ္ပတ္တ ဆိုသည်။

စက္ခု, သောတ ၂-ပါးတို့သည် မိမိတို့နှင့် မထိ မငြိ ကွာခြားရာ၌ ရှိသော ရူပါရုံ, သဒ္ဒါရုံတို့ကိုသာ ခံယူတတ်သောကြောင့် အသမ္ပတ္တ ဂါဟကရုပ် ခေါ်သည်။

ဃာန, ဇိဝှါ, ကာယ ၃-ပါးတို့သည် မိမိတို့နှင့် ထိငြိ၍ဖြစ်သော ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံတို့ကိုသာ ခံယူတတ်သောကြောင့် သမ္ပတ္တဂါဟ ကရုပ် ခေါ်သည်။

(အကြောင်းယုတ္တိမှာပရမတ္ထ ဒီပနီဋီကာကြီး ၌ယူလေ။)

၄၀၈။ မဟာဘူတ။ ဝဏ္ဏ, ဂန္ဓာ၊ ရသော, ဇာ၊ ရှစ်ဖြာ ဝိနိဗ္ဘော။

မဟာဘုတ်၄-ခု, ဝဏ္ဏ, ဂန္ဓ, ရသ, ဩဇာ ဤရှစ်ခုကို အဝိနိဗ္ဘောဂ ရုပ်ခေါ်သည်။ ဝဏ္ဏ ဆိုသည်ကား-ရူပါရုံပင်တည်း။ မကွေမကွဲ အမြဲအတူ ဖြစ်မှုကို အဝိနိဗ္ဘောဂ ဆိုသည်။

၄၀၉။ သနိဒဿန်၊ ဆင်းရူပံ၊ အကျန် အနိဒေါ။

မျက်စိဖြင့် မြင်ကောင်းသောကြောင့် ရူပါရုံသည် သနိဒဿန ရုပ်မည်၏၊ ကြွင်းသော၂၇-ခုသည် မျက်စိဖြင့် မမြင်ကောင်းသောကြောင့် အနိဒဿနရုပ်မည်၏၊

ရုပ်တို့ကို အထပ်ထပ် ဝေဖန်သော ရူပဝိဘာဂ ပြီး၏၊

-----------

ရူပသမုဋ္ဌာန်

၄၁၀။ ကံ, စိတ်, ဥ,အာ၊ ဤလေးဖြာ၊ မှတ်ပါ သမုဋ္ဌာန်။

ရုပ်ကိုဖြစ်စေတတ်သော အကြောင်းတရားကို သမုဋ္ဌာန် ဆိုသည်။ ကံ, စိတ်, ဥတု, အာဟာရ။

ကမ္မဇရုပ်

၄၁၁။ ကာ, ရူ ကု, ကု၊ တိတ်စေ စု၊ ကံဟုမှတ်ယူလေ။
၄၁၂။ သန္ဓိဥမှ၊ ခဏမစဲ၊ တစ်စပ်ထဲ၊ အမြဲရုပ်ဖြစ်စေ။ 

အတိတ်ဖြစ်သော ကာမကုသိုလ် ၈၊ ရူပ ကုသိုလ် ၅၊ အကုသိုလ် ၁၂၊ ဤ၂၅-ခုသော အတိတ်စေတနာစုကို ကံဆိုသည်။ ထိုစေတနာ စုသည် မိမိတို့ဆိုင်ရာ ဘုံဘဝတို့၌ ပဋိသန္ဓေစိတ်၏ ဥပါဒ်မှစ၍ ခဏမစဲ မြစ်ရေအယဉ်ကဲ့သို့ တစဉ်တဆက်ထဲ ကမ္မဇရုပ်ကို ဖြစ်စေ၏၊ စိတ္တဇရုပ်

၄၁၃။ အရူဘုံရှိ၊ စိတ်,သန္ဓိနှင့်၊ ဒွိဝိညာဏံ၊ နိဗ္ဗာန် ဆုံးစု၊ ကြဉ်မှုကြွင်းထ၊ သတ် ပဉ္စ၊ တကွစိတ်နှင့် စေ။
၄၁၄။ ပထမဘွင်၊ အစတင်လျက်၊ အစဉ် မစဲ၊ ဥပါဒ် ဆဲ၊ အမြဲရုပ်ဖြစ်စေ။

အရူပဘုံ၌ဖြစ်သော စိတ်ပေါင်း ၄၆-ခု၊ ကာမ, ရူပ ပဋိသန္ဓေ စိတ်စု၊ ဒွေပဉ္စဝိညာဏ် ၁၀၊ ရဟန္တာတို့၏ ပရိနိဗ္ဗာနစုတိစိတ်။ ဤစိတ်စုကို ကြဉ်၍ ကြွင်းသောစိတ်ပေါင်း ၇၅-ခုဖြစ်၏၊ ဤ ၇၅-ခုတို့၌ယှဉ်သော စေတသိက် ၅၂-ခု၊ ဤ စိတ် စေတသိက် အပေါင်းကို စိတ်ဟုဆိုသည်။ အရူပဘုံဖြစ် စိတ်ပေါင်း ၄၆-ခုတွင် အရူပဝိပါက် ၄-သည်သာ အရူပဘုံ၌မြဲသည်။ ကြွင်းသော ၄၂-ခုတို့ကား ထိုဘုံ၌ ဖြစ်ခိုက်မျှကိုသာ ယူ။ ပဋိသန္ဓေစိတ်စုမှာလည်း ပဋိသန္ဓေအခိုက်၌သာ ယူ။ ဘဝင် စုတိ အခိုက်၌ကား ရုပ်ကိုဖြစ်စေ၏၊ ထို့ကြောင့် သတ်ပဉ္စ ရပြန်သတည်း။ ပဉ္စဝေါကာရဘုံ၌ ပဋိသန္ဓေနောင် ပထမ ဘဝင်၏ ဥပါဒ်မှ စ၍ စိတ်၏ ဥပါဒ်ခဏ ဥပါဒ်ခဏတို့၌ ရုပ်ကို ဖြစ်စေ၏၊ စိတ်၏ ဌီခဏ ဘင်ခဏ တို့၌ကား စိတ္တဇရုပ် ဥပါဒ် ဟူ၍ မရှိ။

၄၁၅။ ဇောအပ္ပနာ၊ ဣရိယာ၊ ကောင်းစွာ တည်ခိုင်စေ။

ထို ၇၅-ခုတို့တွင် အပ္ပနာဇော ဆဗ္ဗီသသည် ရုပ်ကို ဖြစ်စေတတ် ရုံမျှမက စိတ်တစ်ပါးပြုပြင်၍ထားသော ထိုင်ခြင်း, ရပ်ခြင်း အစရှိသော ဣရိယာပုထ် သုံးပါကိုလည်း တည်ခိုင်စေနိုင်၏၊ မလဲမပြိုအောင် စောင့် ရှောက်နိုင်၏ ဟူလို။

၄၁၆။ မနောဒွါရာ၊ ဇောကာမာ၊ ဘိညာ သုံးဆယ့်နှစ်။
၄၁၇။ ကာယ, ဝါစာ၊ မူအရာ၊ နှစ်ဖြာ ဝိညတ်ဖြစ်။
၄၁၈။ ဆယ့်သုံး သောမနသ်၊ ပြုံးရယ်တတ်၊ ငိုတတ် ဒေါဇော နှစ်။

မနောဒွါရာဝဇ္ဇန်း, ကာမဇော ၂၉-ခု, အဘိညာဒွေ။ ဤ ၃၂- ခုသော စိတ်တို့သည် ကိုယ်အင်္ဂါလှုပ်ရှားမှု, နှုတ်အင်္ဂါလှုပ်ရှားမှုဟူသော ဝိညတ်ဒွေကိုလည်း ဖြစ်စေနိုင်၏၊

ထိုတွင် သောမနဿ ဇော ၁၃-ခု ပါရှိ၏၊ ထို ၁၃-ခုသည် ရယ်ခြင်း ပြုံးခြင်းကိုလည်း ဖြစ်စေ၏၊ ဒေါသမူဒွေသည် ငိုခြင်းကိုလည်း ဖြစ်စေ၏၊ ထိုင်ခြင်း, ထခြင်း, သွာခြင်း, လာခြင်း, ကွေးခြင်း, ဆန့်ခြင်း အစရှိသော ကိုယ်အမှု၊ ပြောခြင်း ဆိုခြင်း အစရှိသော နှုတ်အမှုတို့ကို ဤ ၃၂-ခုသော စိတ်တို့သည် ဖြစ်စေကုန်၏၊

ဥတုဇရုပ်

၄၁၉။ အချမ်း,အပူ၊ နှစ်ဆူ အဂ္ဂိ၊ တေဇောဒွိ၊ မှတ်ဘိ ဥတုပေ။
၄၂၀။ သန္ဓိဌီမှ၊ စ၍ စဉ်စီ၊ မိမိ ဌီတိုင်း၊ ခဏတိုင်းလျှင်၊ အစဉ်မပြတ်၊ အဇ္ဈတ်,ဗဟိဒ်၊ မဆိတ် မစဲ၊ တသဲသဲ၊ အမြဲရုပ်ဖြစ်စေ။

သီတဓာတ်မီး, ဥဏှဓာတ်မီးဟူသော တေဇော ၂-ပါးသည် ဥတုမည်၏၊

ထိုဥတုသည် သတ္တဝါတို့၏ အဇ္ဈတ္တသန္တာန်၌ ပဋိသန္ဓေစိတ်၏ ဌီခဏမှစ၍ မိမိ၏ဌီသို့ရောက်ရာ ရောက်ရာစိတ်၏ ခဏငယ်တိုင်း ခဏငယ်တိုင်း ရုပ်ကိုဖြစ်စေ၏၊ မြေ, ရေ, တော, တောင်, သစ်ပင်, ချုံ, မြက် စသော ဗဟိဒ္ဓသန္တာန်၌လည်း မိမိဌီသို့ ရောက်တိုင်း ရောက်တိုင်း ခဏမစဲ အမြဲရုပ်ကို ဖြစ်စေ၏၊

အာဟာရဇရုပ်

၄၂၁။ ဗဟိဒ်, အဇ္ဈတ်၊ နှစ်ရပ် ဩဇာ၊ ရောမိခါ၌၊ ဌီသို့ ဆိုက်က၊ အဇ္ဈတ္တဝယ်၊ ခဏမစဲ၊ တသဲသဲ၊ အမြဲ ရုပ်ဖြစ်စေ။

အာဟာရ ဟူသောဩဇာသည် အဇ္ဈတ္တဩဇာ, ဗဟိဒ္ဓဩဇာ ဟူ၍ ၂-ပါးရှိ၏၊

ထိုဩဇာသည်လည်း မိမိဥပါဒ်ဆဲ ခဏ၌ ရုပ်ကို မဖြစ်စေနိုင်။ ဥပါဒ်ခဏကိုလွန်၍ ဌီသို့ရောက်ဆဲ၌ ဖြစ်စေ၏၊ ထိုသို့ဖြစ်သော်လည်း အဇ္ဈတ္တဩဇာ၊ ဗဟိဒ္ဓဩဇာနှစ်ပါး ရောနှောရမှ ဖြစ်စေနိုင်၏၊ ရောနှောမိ သောအခါမှ စ၍ စိတ်၏ ဥပါဒ် ဌီ ဘင် အစဉ်အတိုင်း မပြတ်မစဲ အမြဲဖြစ် စေ၏၊

ကမ္မဇရုပ် ဧကန်-၉- ၄၂၂။ ပသာ, ဘာဝ၊ ဇီ နှင့် ဟ၊ နဝ ကမ္မဇာ။

ပသာဒရုပ်၅-ခု၊ ဘာဝရုပ်၂-ခု၊ ဇီဝိတရုပ် ၁-ခု၊ ဟဒယဝတ္ထုရုပ် ၁-ခု၊ ဤ ၉-ခုသည် ကံကြောင့်သာ ဖြစ်၏၊ ကမ္မဇ ဧကန် ၉-ခုမည်၏၊ စိတ္တဇ ဧကန်-၂ခုနှင့် ဒွိဇရုပ်-၁

၄၂၃။ ဝိညတ် ဒွယ၊ စိတ္တဇ၊ သဒ္ဒ စိတ်, ဥဇာ။

ဝိညတ်ဒွေသည် စိတ်ကြောင့်သာ ဖြစ်၏၊ စိတ္တဇ ဧကန် နှစ်ခု မည်၏၊ သဒ္ဒရုပ်သည် စိတ်ကြောင့်လည်းကောင်း၊ ဥတုကြောင့်လည်း ကောင်း ဖြစ်၏၊ ဒွိဇရုပ် မည်၏၊

တိဇရုပ်-၃

၄၂၄။ လဟုတာစု၊ ရုပ်သုံးခု၊ စိတ်, ဥ, ဩဇ ဇာ။

လဟုတာ, မုဒုတာ, ကမ္မညတာရုပ် ၃-ခုသည် စိတ်ကြောင့် လည်းကောင်း၊ ဥတုကြောင့်လည်းကောင်း၊ အာဟာရကြောင့်လည်း ကောင်း ဖြစ်၏၊ တိဇရုပ် ၃-ခုမည်၏၊

စတုဇရုပ်-၉

၄၂၅။ အဝိနိဗ္ဘံ၊ အာကာသံ၊ ကံ, စိတ်, ဥ, ဩဇာ။

အဝိနိဗ္ဘောဂရုပ်ရှစ်ခု၊ အာကာသဓာတ်တစ်ခု၊ ဤကိုးခုသည် ကံကြောင့်လည်းဖြစ်၏၊ စိတ်ကြောင့်လည်းဖြစ်၏၊ ဥတုကြောင့်လည်း ဖြစ်၏၊ အာဟာရကြောင့်လည်းဖြစ်၏၊ စတုဇရုပ် မည်၏၊ စတုဇဝိမုတ်ရုပ်-၄

၄၂၆။ လက္ခဏစု၊ ရုပ်လေးခု၊ စတု ဝိမုတ်သာ။

လက္ခဏရုပ် ၄-ခုသည် အကြောင်းလေးပါးမှ လွတ်၏၊ စတုဇဝိမုတ် မည်၏၊

ကမ္မဇ ဧကန်-၉၊ အနေကန်-၉

၄၂၇။ ဧကန်,နေကန်၊ ကိုး နှစ်တန်၊ ကံ ဇံ ဋ္ဌာရသ။

ကမ္မဇရုပ်သည် ဧကန် ၉-ခု၊ အနေကန် ၉-ခု၊ အဋ္ဌာရသ ဖြစ်၏၊ အနေကန် ၉-ခုဆိုသည်ကား စတုဇ ၉-ခုပေတည်း။

စိတ္တဇ ဧကန်-၂၊ အနေကန်-၁၃

၄၂၈။ နှစ်ခု ဧကန်၊ နေကန် တေရ၊ ဆယ့်ငါးမျှ၊ စိတ္တ သမုဋ္ဌာန်။

စိတ္တဇ ဧကန် ၂-ခု၊ အနေကန် ၁၃-ခု၊ စိတ္တသမုဋ္ဌာန်ရုပ် ၁၅- ခုဖြစ်၏၊ အနေကန် ၁၃-ခုဆိုသည်ကား ဒွိဇရုပ် ၁-ခု၊ တိဇရုပ် ၃-ခု၊ စတုဇရုပ် ၉-ခု။ ဤ ၁၃-ခုပေတည်း။

ဥတုဇ အနေကန်-၁၃

၄၂၉။ ယင်း နေကန်စု၊ ဆယ့်သုံးခု၊ ဥတု သမုဋ္ဌာန်။ ဥတုဇရုပ် ဧကန်မရှိ။ ယခင်စိတ္တဇ အနေကန် ၁၃-ခုသည်ပင်လျှင် ဥတုဇရုပ်- ၁၃ မည်၏၊

အာဟာရဇ အနေကန်-၁၂

၄၃၀။ တိ, စတုဇ၊ ဆယ့်နှစ်မျှ၊ ဩဇ သမုဋ္ဌာန်။ အာဟာရသမုဋ္ဌာန်ရုပ်လည်း ဧကန် မရှိ။ တိဇရုပ် ၃-ခု၊ စတုဇရုပ် ၉-ခု။ ဤ ၁၂-ခုသည် အာဟာရဇရုပ် မည်၏၊

ရူပသမုဋ္ဌာန် ပြီး၏၊

-------------

ကလာပယောဇနာ

ကမ္မဇ ကလာပ် ၉-စည်း

၄၃၁။ ဝိနိဗ် အဋ္ဌ၊ ဇီဝိတ၊ ဇီဝ နဝကာ။

အဝိနိဗ္ဘောဂရုပ် ရှစ်ခု၊ ဇီဝိတရုပ် တစ်ခု။ ဤ ကိုးခု အဖွဲ့အစည်း သည် ဇီဝိတနဝက ကလာပ်မည်၏၊

၄၃၂။ ဣန်, ဟဒယ၊ လောင်းပြန်က၊ အဋ္ဌ ဒသကာ။ ယခင် ဇိဝိတနဝက ၉-ခုတွင် ကြွင်းဣန္ဒြိယရုပ် ၇-ခု၊ ဟဒယရုပ် ၁-ခုကို အစဉ်အတိုင်း လောင်းသည်ရှိသော် ဒသက ကလာပ် ရှစ်စည်း ဖြစ်၏၊

စက္ခုဒသက ကလာပ်, သောတဒသက ကလာပ်, ဃာနဒသက ကလာပ်, ဇိဝှါဒသက ကလာပ်, ကာယဒသက ကလာပ်, ဣတ္ထိဘာဝ ဒသက ကလာပ်, ပုမ္ဘာဝဒသက ကလာပ်, ဝတ္ထုဒသက ကလာပ်။ ကမ္မဇကလာပ် ၉-စည်းပြီး၏၊

---------------

စိတ္တဇကလာပ် ၈-စည်း

၄၃၃။ အဝိနိဗ္ဘော်၊ ရှစ်ခုသော်၊ ခေါ်ရိုး သုဒ္ဓဋ္ဌာ။
၄၃၄။ ယင်းတွင် သဒ်, ကာ၊ စီ သုံးဖြာ၊ လောင်းပါ လေးမူလ။

၄၃၅။ မူလ လေးမှာ၊ တာ လောင်းခါ၊ ရှစ်ဖြာ စိတ္တဇ။ 

သုဒ္ဓဋ္ဌကကလာပ်, သဒ္ဒနဝကကလာပ်, ကာယဝိညတ္တိနဝက ကလာပ်, သဒ္ဒဝစီဝိညတ္တိဒသကကလာပ်။ မူလ ၄-စည်း ဖြစ်၏၊ ယင်း ၄-စည်းတွင် လဟုတာ, မုဒုတာ, ကမ္မညတာ ဟူသော တာ ၃-ခုလောင်း။ လဟုတာဒိဧကာဒသက ကလာပ်၊ သဒ္ဒလဟုတာဒိ ဒွါဒသက ကလာပ်၊ ကာယဝိညတ္တိလဟုတာဒိ ဒွါဒသကကလာပ်၊ သဒ္ဒဝစီ ဝိညတ္တိလဟုတာဒိ တေရသက ကလာပ် ဟူ၍ စိတ္တဇကလာပ် ရှစ်စည်း ဖြစ်၏၊ ဝစီဆိုလျှင် သဒ္ဒအပြီး ပါရှိမြဲ။

သင်္ဂြီုဟ်၌ စိတ္တဇကလာပ် ခြောက်စည်း ဆို၏၊ သစ္စသံခိပ်ကျမ်း၌ ၇-စည်းဟု ဆို၏၊ ထို ၇-စည်းက ပွား၍ ဤကျမ်းမှာ ရှစ်စည်းဆိုသတည်း။ ဥတုဇကလာပ် ၄-စည်း

၄၃၆။ သုဒ္ဓ, သဒ္ဒ၊ တာ ယှဉ်က၊ လေးဝ ဥတုဇာ။ 

သုဒ္ဓဋ္ဌကကလာပ်, သဒ္ဒနဝကကလာပ်, လဟုတာဒိဧကာဒသက ကလာပ်, သဒ္ဒလဟုတာဒိဒွါဒသက ကလာပ်။ ဥတုဇကလာပ် ၄-စည်း။ အာဟာရဇကလာပ် ၂-စည်း

၄၃၇။ သုဒ္ဓ နှင့် တာ၊ ဤနှစ်ဖြာ၊ အာဟာရဇတည်း။ 

သုဒ္ဓဋ္ဌကကလာပ်, လဟုတာဒိဧကာဒသကကလာပ်။ အာဟာရဇ ကလာပ် နှစ်စည်း။ ရုပ်ကလာပ်ပေါင်း နှစ်ဆယ့်သုံးစည်း ဖြစ်၏၊ အဇ္ဈတ္တ ဗဟိဒ္ဓ အခွဲ

၄၃၈။ ဥတုမူလ၊ နှစ်စည်းမျှ၊ ရသည် ဗဟိဒ္ဓါ။
၄၃၉။ နှစ်ဆယ့်သုံးပင်၊ အဇ္ဈတ်တွင်၊ ကုန်စင် ရထိုက်စွာ။ 

တော, တောင်, ရေ, မြေ စသော ဗဟိဒ္ဓသန္တာန်၌ သုဒ္ဓဋ္ဌကကလာပ် သဒ္ဒနဝကကလာပ်ဟူသော ဥတုဇမူလကလာပ် ၂-စည်းကိုသာ ရအပ်၏၊ အဇ္ဈတ္တသန္တာန်ဟု ဆိုအပ်သော သတ္တဝါတို့သန္တာန်၌မူကား ၂၃- စည်းလုံးကိုပင်ရ၏၊

ကလာပ်ဖွဲ့စည်းရာ၌ အာကာသဓာတ် လက္ခဏရုပ် ၄-ခုတို့မပါ ခြင်း၏ အကြောင်းကား အာကာသဓာတ်သည် ကလာပ်တို့၏အကြား မျှသာဖြစ်၏၊ ဘယ်ကလာပ်၏ အတွင်းမှာမှ ပါဝင်သည် မဟုတ်။ ထို့ကြောင့် မပါလေသည်။

ဝိညတ်ဝိကာရရုပ်တို့သည် အချို့သော ကလာပ်မှာသာ ပါရှိ၍ အချို့သောကလာပ်မှာ မပါသောကြောင့် ကလာပ်ကို အထူးပြုနိုင်ကြ ကုန်၏သို့လက္ခဏရုပ်တို့သည် ကလာပ်တိုင်းမှာပါရှိသောကြောင့် ကလာပ်ကို အထူးမပြုနိုင်ကြကုန်။ ထို့ကြောင့် မပါလေသည်။ ကလာပယောဇနာပြီး၏၊

------------

ရူပပဝတ္တိက္ကမ

၄၄၀။ ဇလာဗုဇ၊ သံသေဒ၊ အဏ္ဍ, ဥပပတ်။ 

ဇလာဗုဇသန္ဓေ, အဏ္ဍဇသန္ဓေ, သံသေဒဇသန္ဓေ, ဥပပတ်သန္ဓေ ဟူ၍ပဋိသန္ဓေ ၄-မျိုး။ ယင်း ၄-မျိုးတွင်ရှေ့ ၂-မျိုးကိုဂဗ္ဘသေယျက သန္ဓေခေါ်သည်။

၄၄၁။ ဇိဝိကြဉ်ထွေ၊ ကမ္မဇေ၊ သံသေ, ဩပပါ။ 

သံသေဒဇပုဂ္ဂိုလ် ဥပပတ်ပုဂ္ဂိုလ်တို့အား ပဋိသန္ဓေအခါ၌ ဇီဝတ နဝကလာပ်ကိုကြဉ်၍ မိန်းမတို့မှာ ဣတ္ထိဘာဝ ကလာပ်နှင့်တကွ ကမ္မဇကလာပ် ၇-စည်း၊ ယောကျ်ားတို့မှာ ပုမ္ဘာဝကလာပ်နှင့်တကွ ကမ္မဇကလာပ် ၇-စည်းကိုရအပ်၏၊

၄၄၂။ စက်, သော, ဃာ, ဘာ၊ ဤလေးဖြာ၊ ရံခါ ချို့ ကောင်းစွာ။

ထိုပုဂ္ဂိုလ်တို့မှာလည်း စက္ခုကလာပ်, သောတကလာပ်, ဃာန ကလာပ်, ဘာဝကလာပ်။ ဤ ၄-စည်းတို့တွင်အမှတ်မရှိ တစ်ခုတစ်ခုသော ချို့တဲ့သောသူ၊ နှစ်ခုနှစ်ခု ချို့တဲ့သောသူ၊ သုံးခုသုံးခု ချို့တဲ့သောသူ၊ လေးခုလုံးချို့တဲ့သောသူ ဟူ၍ အမျိုးမျိုး ရှိသေး၏၊

၄၄၃။ ကာယ, ဘာဝ၊ ဟဒယ၊ ဂဗ္ဘ သန္ဓိမှာ။ 

ဇလာဗုဇ, အဏ္ဍဇဟုဆိုအပ်သော ဂဗ္ဘသေယျက ပုဂ္ဂိုလ်တို့အား ပဋိသန္ဓေအခါ၌ မိန်းမဖြစ်အံ့-ကာယ, ဣတ္ထိဘာဝ, ဟဒယ၊ ယောကျ်ား ဖြစ်အံ့-ကာယ, ပုမ္ဘာဝ, ဟဒယ၊ ဤကလာပ်သုံးစည်းကို ရအပ်၏၊ ကလာပ်သုံးစည်းသော် ရုပ်ပေါင်း ၃၀-ဖြစ်၏၊

၄၄၄။ နပုန်းဖြစ်လျှင်၊ ဘာဝကြဉ်၊ နှစ်ပင်ရသည်သာ။ 

နပုန်းပဏ္ဍုက် ဖြစ်ခဲ့လျှင် ဘာဝကလာပ်ကိုကြဉ်၍ ကာယ, ဟဒယနှစ်စည်းကိုသာရ၏၊

၄၄၅။ ရေ, မြှုပ်, ခဲ, တစ်၊ ခက်မဖြစ်၊ ရင့်လစ် ငါး သတ္တာ။
၄၄၆။ စက်, သော, ဃာ, ဇီ၊ ဤလေးလီ၊ ဖြစ်ပြီ ဆယ့် တစ်မှာ။

ထိုဂဗ္ဘသေယျက ပုဂ္ဂိုလ်တို့အား ပဋိသန္ဓေအခါ၌ ကမ္မဇကလာပ် သုံးစည်းသာဖြစ်သေးသည်။ ကျန်ရှိသော ကမ္မဇကလာပ်တို့သည် ဘယ်အခါမှ ဖြစ်ပေါ်ကြကုန်သနည်းဟူမူ-ကလလရေကြည် ၇-ရက်၊ အမြုှပ် ၇-ရက်၊ အခဲ ၇-ရက်၊ သားတစ် ၇-ရက်၊ ဦးခေါင်း-ခြေ-လက်ခက်မငါးဖြာ ၇-ရက်၊ ထိုနောက် ထိုခက်မ ငါးဖြာကိုယ်အင်္ဂါ၏ ရင့်မာကြီး ပွားရာ ငါးသတ္တာဟဖြစ်သည်၊ ပေါင်းဆယ်သတ္တာဟ ရှိပြီ။ ထိုနောက် တစ်ဆယ့်တစ်သတ္တာဟမြောက် နောက်ဆုံးရက်မှာ စက္ခု, သောတ, ဃာန, ဇိဝှါ ဤကလာပ် ၄-စည်းတို့ ဖြစ်ပေါ်ကြောင်းကို ကထာဝတ္ထု အဋ္ဌကထာ ကြီးမှာ အသေအချာ လာရှိသည်။

ဇီဝိတနဝကကလာပ်ကျန်ရှိ၏ ဘယ်အခါမှစ၍ ဖြစ်ပေါ်သည်ဟု အဆိုမရှိ။

၄၄၇။ သန္ဓိ ဥမှာ၊ ကမ္မဇာ၊ ဌီမှာ-ဥတုဇ။
၄၄၈။ ပဘွင်ဥမှာ၊ စိတ္တဇာ၊ ဟာရာ စိမ့်မျိုမှ။

ကမ္မဇရုပ်စုသည် ပဋိသန္ဓေ၏ ဥပါဒ်မှစ၍ ဖြစ်ပေါ်သည်။
ဥတုဇရုပ်စုသည် ပဋိသန္ဓေ၏ ဌီမှစ၍ ဖြစ်ပေါ်သည်။
စိတ္တဇရုပ်စုသည် ပထမဘဝင်၏ ဥပါဒ်မှစ၍ ဖြစ်ပေါ်သည်။
အာဟာရဇရုပ်မျိုးမှာ ဂဗ္ဘသေယျက ပုဂ္ဂိုလ်တို့၌အမိမျိုအပ်သော အာဟာရဓာတ်ရည် စိမ့်နိုင်ရာ ဒုတိယ၊ တတိယ သတ္တာဟစီမှာမှ စ၍ဖြစ် ပေါ်သည်။ သံသေဒဇ ဥပပတ်တို့မှာ တံတွေးမျိုခြင်းအနီး၌ရှိသော အာဟာရကို မျိုခြင်းရှိသောအခါမှ စ၍ဖြစ်ပေါ်သည်။

စတုဇရုပ်တို့ စ၍ဖြစ်ပေါ်ပုံ အစီအရင်တည်း။

၄၄၉။ စ၍ဖြစ်ပြီး၊ မီးလျှံ, ရေယဉ်၊ ကဲ့အသွင်၊ အစဉ် သွားလေက။
၄၅၀။ စုတိကမ္မဇရုပ်၊ အပြိုင်ချုပ်၊ ကျန်ရုပ်သိလေကြ။

ပြဆိုပြီးသောအတိုင်း စ၍ဖြစ်ပေါ်ကြကုန်သော စတုဇရုပ် ကလာပ်တို့သည် တညဉ့်လုံးထွန်း၍ ထားအပ်သောဆီ မီးလျှံ အယဉ်ကဲ့သို့ လည်းကောင်း၊ မြစ်ရေအယဉ်ကဲ့သို့လည်းကောင်း အသက်ရှည်သမျှ ကာလပတ်လုံး အစဉ်ဖြစ်ပွား၍ သွားကြရာ ဘဝဆုံးသောအခါ၌ ကမ္မဇ ရုပ်ကလာပ်တို့သည် စုတိစိတ်နှင့်ပြိုင်၍ အကုန်ချုပ် ဆုံးကုန်၏၊ စုတိစိတ်နှင့်ပြိုင်၍ ချုပ်သည်ကိုဆိုသဖြင့်လည်း စုတိစိတ်မှ ရှေး ၁၇- ခုမြောက်သော ဘဝင်၏ ဥပါဒ်တွင် အဖြစ်လည်း ရပ်ကြကုန်၏ ဟူသောအနက်သည် ပြီးသတည်း။

စိတ္တဇရုပ် အာဟာရဇရုပ်တို့သည်မူကား စုတိစိတ်တိုင်အောင်ပင် ဖြစ်ခွင့်ရှိကုန်သေး၏၊ စုတိစိတ်၏နောက် စိတ္တက္ခဏ ၁၆-ခုခန့်မျှ လူသေ ကောင်သန္တာန်မှာ ပါရှိကြကုန်သေး၏၊

ဥတုဇရုပ် အစဉ်သည်မူကား ဂဗ္ဘသေယျကပုဂ္ဂိုလ်တို့မှာ သုသာန် သို့ ကျအောင်ပင် မဆုံးသေး။ ဥပပတ်ပုဂ္ဂိုလ်တို့အား စုတိစိတ် ချုပ်သည် နောက် မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်မျှတွင် ဥတုဇရုပ် အကုန်ချုပ် ဆုံး ကွယ်ပျောက်လေရာ၏၊

ကာမဘုံ၌ ရုပ်ကလာပ်ဖြစ်မှု အစီအရင် ပြီး၏၊

၄၅၁။ ဃာ, ဇီ, ကာ, ဘာ၊ အာဟာရဇ၊ သတ္တကလာပ်၊ ကြဉ်သောဠသ်၊ ရအပ် ရူပမှာ။

ကလာပ် ၂၃-စည်းတို့တွင် ဃာန, ဇိဝှါ, ကာယ, ဘာဝဟူသော ကမ္မဇကလာပ် ၅-စည်း၊ အာဟာရဇကလာပ် ၂-စည်း၊ ဤ ၇-စည်းတို့ကို ရူပဗြဟ္မာဘုံ၌ မရအပ်ကုန်။ ကြွင်းသော ကမ္မဇကလာပ် ၄-စည်း, စိတ္တဇကလာပ် ၈-စည်း, ဥတုဇကလာပ် ၄-စည်း။ ဤ ၁၆-စည်းတို့ကိုသာ ရအပ်ကုန်၏၊

၄၅၂။ စက်, သော, ဟ, ဇီ၊ ဤလေးလီ၊ ဖြစ်ညီ သန္ဓိမှာ။
၄၅၃။ သန္ဓီ ဌီမှ၊ ဥတုဇ၊ ပဘွင်-စိတ္တဇာ။

ထိုရူပဗြဟ္မာတို့အား ပဋိသန္ဓေဥပါဒ်၌ စက္ခု, သောတ, ဟဒယ ဟူသောဒသကကလာပ် ၃-စည်း၊ ဇီဝိတနဝကကလာပ် ၁-စည်း၊ ဤ၄-စည်းသော ကမ္မဇကလာပ်တို့ကို ရအပ်ကုန်၏၊ ပဝတ္တိကာလ၌ ပဋိသန္ဓေ၏ ဌီမှစ၍ ဥတုဇကလာပ်စုကို ရအပ်၏၊ ပထမဘဝင်မှ စ၍ စိတ္တဇကလာပ်စုကို ရအပ်၏၊

ပဋိသန္ဓေစိတ်၏ ဌီမှစ၍ ပဝတ္တိကာလဟုမှတ်၊ သဒ္ဒပါရှိသော ဥတုဇကလာပ် ၂-စည်း၊ ဝိညတ်ပါရှိသော စိတ္တဇကလာပ် ၄-စည်း၊ ဤ ၆-စည်းတို့သည်ကား ကိုယ်အင်္ဂါ လှုပ်ရှားခြင်း၊ စကားပြောဆိုခြင်း၊ ကိုယ်မှာ အသံဖြစ်ခြင်းရှိသောအခါမှ ဖြစ်ကြကုန်သည်။

၄၅၄။ သဒ္ဒ ကြဉ်ပေ၊ ဥနှစ်ထွေ၊ ဇီဝေ သုံးကလာပ်။
၄၅၅။ သန္ဓိ, ပဝတ္တိ၊ ဆိုရိုးသိ၊ မှတ်ဘိ သညသတ်။

အသညသတ်ဘုံ၌ ဥတုဇကလာပ် လေးခုတို့တွင် သဒ္ဒမပါသော သုဒ္ဓဋ္ဌကကလာပ်နှင့် လဟုတာဒိ ဧကာဒသက ကလာပ် ဟူ၍ဥတုဇက လာပ် ၂-စည်း၊ ဇီဝိတနဝကကလာပ် ၁-စည်း၊ ဤ ၃-စည်းကိုသာ ရအပ်၏၊ ပဋိသန္ဓေမှစ၍ ဇီဝိတကို ရုပ်၏ ဌီမှ စ၍ ဥတုဇကိုရအပ်၏၊ ဤသို့ရသည်ကို ဆိုရိုးဟူ၍ ဆိုသတည်း။

၄၅၆။ ဥပပတ်မှာ၊ စုတေခါ၊ ခန္ဓာကြွင်းမရှိ။ ငရဲ, ပြိတ္တာ, နတ်, ဗြဟ္မာဟူသော ဥပပတ်ပုဂ္ဂိုလ်တို့မှာ သေဆုံးကြ သောအခါ စုတိကမ္မဇရုပ် ချုပ်သည်မှ နောက်၌ ဂဗ္ဘသေယျက ပုဂ္ဂိုလ် တို့မှာကဲ့သို့ အလောင်းကောင်ဟူသော ဥတုဇခန္ဓာ အကြွင်းမရှိပြီ။ စုတိသောအခါ မီးတောက်ကြီး သေပျောက်သကဲ့သို့ မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်အတွင်းမှာ အကုန်ချုပ်ကွယ်လေ၏၊

(သဘောအဓိပ္ပါယ် အကျယ်ကိုမူကား ပရမတ္ထဒီပနီ ဋီကာ ကြီးမှာယူလေ။)

ရူပ ပဝတ္တိက္ကမ ပြီး၏၊

-----------

နိဗ္ဗာန်အကြောင်း

၄၅၇။ ဒုက္ခခပ်သိမ်း၊ ချုပ်ပြတ်ငြိမ်း၊ ဇာတ်သိမ်း ပြည် နိဗ္ဗာန်။

ဇာတိချုပ်ငြိမ်းသည်ကို ဇာတ်သိမ်း ဆိုသည်။ လွန်ခဲ့ပြီးသော အနမတဂ္ဂသံသရာ ကမ္ဘာအဆက်ဆက် ဘဝအဆက် ဆက် ဇာတ်ထွက် ၍လာခဲ့သော ကိလေသာတို့၏ အဖြစ်ငြိမ်းမှု ဇာတ်သိမ်းမှု၊ ပုညာပုည သင်္ခါရဟူသော ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အဖြစ်ငြိမ်းမှု ဇာတ်သိမ်းမှု၊ ပဋိသန္ဓေ ပဝတ္တိဝိပါက် ရုပ်နာမ် ခန္ဓာတို့၏ အဖြစ်ငြိမ်းမှု ဇာတ်သိမ်းမှုကို နိဗ္ဗာန်ဆိုသည်ဟူလို။

ပုထုဇ္ဇန်တို့၏သန္တာန်၌ အဝီစိအစရှိသော အပါယ်ဘဝသို့ ပစ်ချရန် အစဉ်ပါရှိ၍နေကုန်သော အကုသိုလ် ကံဟောင်းတို့သည် တစ်ယောက် တစ်ယောက်သောသူမှာပင် အသင်္ချေယျ အနန္တရှိကြကုန်၏၊ လူမင်း, နတ်မင်း, ဗြဟ္မာမင်း ကြီးပင် ဖြစ်၍နေကြကုန်သော်လည်း စိတ်နှလုံး တွင်းမှာ အစဉ်ပါရှိ၍ နေကြကုန်သော ထိုအကုသိုလ်ကံဟောင်းတို့ အတွက် အပူကောင်ကြီးတွေ သက်သက်သာတည်း။ ဤကား အတိတ် ကံဟောင်းတွေ အတွက်နှင့် အပူကောင်တွေ ဖြစ်၍နေကြပုံ တည်း။ ထိုပုထုဇ္ဇန်တို့၏သန္တာန်၌ ရှေ့သို့လည်း ဒုစ္စရိုက်အကုသိုလ် အနန္တ တို့သည် ဖြစ်ပွားကြကုန်လတ္တံ့သာတည်း။ လူမင်း, နတ်မင်း, ဗြဟ္မာမင်း ပင်ဖြစ်၍နေကြကုန်သော်လည်း ရှေ့သို့ပြုလတ္တံ့ကုန်သော ထိုဒုစ္စရိုက် အကုသိုလ် ကံသစ်တို့အတွက် အပူကောင်ကြီးတွေ သက်သက်သာ တည်း။

ဤကား- ကံသစ်တွေအတွက်နှင့် အပူကောင်တွေဖြစ်၍ နေကြပုံ တည်း။

သောတာပတ္တိမဂ်သို့ရောက်သောအခါ ထိုအတိတ်ကံအနန္တတို့ သည် အကုန်ချုပ်ငြိမ်းလေကုန်၏၊ ထိုအနာဂတ် ကံအနန္တတို့သည် အကုန် ဇာတ်သိမ်းကုန်၏ အပါယ်သံသရာကြီးသည်လည်း ထိုသူတို့သန္တာန်မှာ အကုန်ဇာတ်သိမ်းလေကုန်၏၊ ဤချုပ်ငြိမ်းမှု ဇာတ်သိမ်းမှုသည် သောတာပန်တို့ ရောက်ကြ ရကြ ခံစံကြသောနိဗ္ဗာန်ကြီးပေးတည်း။ ထိုသောတာပန်တို့သည် လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံတို့မှာ ဘဝ အဆက်ဆက် ကမ္ဘာအဆက်ဆက် ကျင်လည်၍ နေကြရာ ပုထုဇ္ဇန်အပူ ကောင်တွေကို မြင်တိုင်းမြင်တိုင်း ငါတို့မှာငြိမ်းပေပြီ၊ အေးပေပြီဟူ၍ အနမတဂ္ဂကြီးကျယ်လှသော ထိုနိဗ္ဗာန် ချမ်းသာကြီးကို ဘဝအဆက်ဆက် ကမ္ဘာအဆက်ဆက် အစဉ်ခံစား၍ သွားကြရကုန်၏၊

ပရိနိဗ္ဗာန်စံရာ ဘဝတိုင်အောင် သာသနာပသော ဘဝ-သာသနာ ပသော ကမ္ဘာဟူ၍ ထိုသူတို့မှာ မရှိကြကုန်ပြီ။ မိမိ၏ ငြိမ်းရန် နိဗ္ဗာန်ဟူသောအကြောင်းနှင့် တစ်ပါးသောဘုရားကိုလည်း တောင့်တ ဘွယ်မရှိကြကုန်ပြီ။ တပါးသော သာသနာကိုလည်း တောင့်တဘွယ် မရှိကြ ကုန်ပြီ။ မိမိတို့ရပြီး ရောက်ပြီး နိဗ္ဗာန်ကြီး၏ အတွင်းမှ ဘဝများစွာ ကမ္ဘာအဆက်ဆက် မထွက်ကြရကုန်ပြီ။ ထိုနိဗ္ဗာန်ကြီး၏အတွင်း၌ တည်၍ အလိုရှိရာ လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာတို့ကို ခံစား စံစားကြကုန်ပြီးမှ အားရကြကုန်သောအခါ ခန္ဓာကို စွန့်ပစ်ကြကုန်၏၊ ဥပမာကား--မြင့်မိုရ်တောင်ခြေရှိ ယူဇနာရှစ်သောင်းလေးထောင် နက်ကျယ်စွာသော အလွန်အေးမြကြည်လင် စွာသော သီဒါသမုဒ္ဒရာကြီး ၏အတွင်းမှာ ရှိနေကြကုန်သော ငါးကြီးအပေါင်းတို့သည် တစ်ပါးသော မြစ် သမုဒ္ဒရာကို တောင့်တဖွယ် မရှိကြကုန်ပြီ။ နှစ်ပေါင်းမည်မျှပင် ကြာကြ ကုန်သော်လည်း ရေကုန်မည်၊ ရေခန်းမည်၊ ရေနောက်မည်၊ ရေပူမည်ကို ကြောင့်ကြဖွယ် မရှိကုန်ပြီ။ ထိုသီဒါ မဟာသမုဒ္ဒရာကြီး၏ အတွင်း၌သာ အသက်ရှည်ကြသမျှ ကာလပတ်လုံး အလိုရှိတိုင်း မြူးတူး ပျော်ပါးစွာ နေကြကုန်ပြီးမှ ခန္ဓာကို စွန့်ကြကုန်သကဲ့သို့တည်း။

ထိုစကားမှန်၏၊ ထိုအတိတ် အနာဂတ် ဒုစ္စရိုက်ကံအနန္တတို့၏ ငြိမ်းခြင်းဟူသော နိဗ္ဗာန်သို့ရောက်ကြကုန်ပြီးသော ပုဂ္ဂိုလ်တို့သည် ထိုငြိမ်းမှုကုန်ဆုံးပြန်၍ ပုထုဇ္ဇန်အဖြစ်သို့ တစ်ဖန် ရောက်ကြပြန်ကုန်သည်၊ အပါယ်ဘေးကို ကြောက်ကြရပြန်ကုန်သည်၊ ဘုရားတစ်ပါး သာသနာ တစ်ပါးကို မြော်ကြရပြန်ကုန်သည်ဟု မရှိကြကုန်ပြီ။

သံသရာ၌ ကျင်လည်၍ သွားကြကုန်သော်လည်း သံသရာဝဋ်မှ ကျွတ်လွတ်သောအနေနှင့် ကျင်လည်ကြရကုန်၏၊ သံသရာဝဋ်၌ နစ်မွန်းမျောပါး၍ နေကြသော ဝဋ်ကောင်မျိုး အပူကောင်မျိုး မဟုတ်ကြ ကုန်ပြီ။ ပြဆိုခဲ့ပြီးသော အနက်တို့ကိုမူကား အဘိသမယ သံယုတ် ပါဠိတော် ကြီးကို ထောက်၍ သိအပ်ကုန်၏၊

ဤသည်ကား ဒိဋ္ဌိ ဝိစိကိစ္ဆာတို့၏ အဖြစ်ငြိမ်းမှု ဇာတ်သိမ်းမှု၊ အဟောင်း အသစ်ဖြစ်ကုန်သော ခပ်သိမ်းကုန်သော ဒုစ္စရိုက်ကံတို့၏ ချုပ်ငြိမ်းမှု ဇာတ်သိမ်းမှု၊ အပါယ်သံသရာကြီး၏ ချုပ်ငြိမ်းမှု ဇာတ်သိမ်းမှု ဟူသော သောတာပန်တို့သည် ရကြ ရောက်ကြ စံကြရသော အသင်္ခတ မဟာနိဗ္ဗာန်ကြီး၏ အခြင်းအရာကို အရိပ်အမြွက်မျှ ပြဆိုချက်တည်း။ ကြွင်းသော အရိယာပုဂ္ဂိုလ်တို့မှာလည်း ထိုက်သည်အားလျော်စွာသိလေ။ သဥပါဒိသေသ

၄၅၈။ သဥပါဒိ၊ သေသ-နိ၊ ကြွင်းရှိ ငါးရပ် ခန်။

ဥပါဒိ။။ ကံ၏ အကျိုးဖြစ်သော ခန္ဓာငါးပါးသည် တဏှာ ဒိဋ္ဌိတို့၏ အကျိတ်အခဲ စွဲလမ်းရာ ဖြစ်၍ ဥပါဒိမည်၏၊ နိ နိ ကား နိဗ္ဗာန်တည်း။ ဘဝခန္ဓာသံသရာ အကြွင်းအကျန်ရှိနေစဉ်အခါ ရောက် ပေါက်ရရှိ ခံစံကြရသော နိဗ္ဗာန်သည် သဥပါဒိသေသနိဗ္ဗာန် မည်၏၊ သောတာပန်တို့၌ ဒိဋ္ဌိ ဝိစိကိစ္စာတို့၏ ချုပ်ငြိမ်းမှု၊ ခပ်သိမ်းသော ဒုစ္စရိုက်ကံတို့၏ ချုပ်ငြိမ်းမှု၊ အပါယ် သံသရာကြီး၏ ချုပ်ငြိမ်းမှုကိုဆို သတည်း။ ထိုသဥပါဒိသေသ နိဗ္ဗာန်သို့ ရောက်ကြ၍ထိုနိဗ္ဗာန်၌ တည် နေကြကုန်သော သောတာပန် ပုဂ္ဂိုလ်တို့အား အပါယ် ၄-ပါးဟူသော ဒုဂ္ဂတိသံသရာ မရှိကြကုန်ပြီ။ ဘုန်းတန်ခိုး ကျက်သရေနှင့် ပြည့်စုံသော လူ့ဘဝ နတ်ဘဝ ဗြဟ္မာ့ဘဝ ဟူသော သုဂတိသံသရာသည်သာ ကျန်ရှိကြ ကုန်တော့သည်။ ထိုဘဝ ထိုခန္ဓာ ထိုသံသရာ ဟူသောဥပါဒိ တရားကျန် ရှိသည့်အတွက် သဥပါဒိသေသ ခေါ်ဆိုရသတည်း။ ကြွင်းသော အရိယာ တို့မှာလည်း ထိုက်သည် အားလျော်စွာ သိလေ။

အနုပါဒိသေသ

၄၅၉။ အနုပါဒိ၊ သေသ-နိ၊ မရှိ ငါးရပ် ခန်။

ခန္ဓာကြွင်း ဘဝကြွင်း သံသရာကြွင်း အလျင်းမရှိသော အဆုံးစွန် သော ပရိနိဗ္ဗာန်စံမှုသည် အနုပါဒိသေသနိဗ္ဗာန် မည်၏၊ ဤနိဗ္ဗာန် ၂- ပါးသည် ကျန်ရှိသော ဘဝခန္ဓာ သံသရာအတွက်နှင့် အခေါ်သာ ကွဲကြ သည်။ တစ်ခုတည်းသော အသင်္ခတ မဟာနိဗ္ဗာန်ကြီးပင်တည်း။ ဥပမာကား- တစ်ခုသော မိုးကောင်းကင်ကြီးကိုပင်လျှင် ရပ်ပေါ် ရွာပေါ်မှာရှိသည်ကို ရွာကောင်းကင်ဟူ၍၊ ရွာမှကျွတ် လွတ်ရာ၌ရှိသည်ကို တောကောင်းကင်ဟူ၍ ဆိုအပ်သကဲ့သို့တည်း။ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ အပါယ်သံသရာတို့၏ ချုပ်ငြိမ်းမှုမှ စ၍ တစ်ဆက်တည်း တစ်ပြင်တည်း တစ်ခုတည်းသာတည်း။

၄၆၀။ သုည, နိမိတ်၊ ပဏိဟိတ်၊ ဖြာစိတ် သုံးနိဗ္ဗာန်။

နိဗ္ဗာန်သည် သုညတနိဗ္ဗာန်, အနိမိတ္တနိဗ္ဗာန်, အပဏိဟိတ နိဗ္ဗာန်ဟူ၍ ၃-ပါးပြားပြန်၏၊

သုညတနိဗ္ဗာန်

၄၆၁။ ပလိဗောဓ၊ ကြောင့်ကြ သဗ္ဗံ၊ ကင်းဆိတ်ညံ၊ နိဗ္ဗာန် သုညတ။

သင်္ခတဓမ္မအပေါင်းတို့တွင် အရဟတ္တဖိုလ်သည် အမြတ်ဆုံးတည်း။ ထို အရဟတ္တဖိုလ်သည် ဇာတိရှိသော တရားမျိုး ဖြစ်၍ ရရှိပြီးနောက် ဝင်စားလိုပြန်သည်ရှိသော် ဖြစ်ပေါ်ရန်အကြောင်း အခွင့်တွေကို ကြောင့်ကြစိုက်နိုင်မှ ဖြစ်ပေါ်၏၊ဖြစ်ပေါ်၍ ခံစားစံစားဆဲမှာပင် မတ်တတ်ချုပ်ပျက် ကွယ်ပျောက်၍ သွား၏၊ ခံစားလိုပြန်လျှင် တစ်ဖန် ကြောင့်ကြ စိုက်ရပြန်၏၊ ကြောင့်ကြစိုက်မှု ပလိဗောဓ မဆုံးရှိနေ၏၊ ထိုမှကြွင်းသော သင်္ခတတရားတို့၌ ဆိုဖွယ် မရှိ။

နိဗ္ဗာန်သည်မူကား ထိုကဲ့သို့မဟုတ်၊ ဇာတိကင်းငြိမ်းသော ဇာတ် သိမ်းမှုဖြစ်ပေ၍ သက္ကာယဒိဋ္ဌိ အပြီးချုပ်ငြိမ်းခြင်းကို တစ်ကြိမ် ရရှိ သည်နောက် ထိုဒိဋ္ဌိငြိမ်းမှု အပါယ်သံသရာငြိမ်းမှုသည် ဘဝအ ဆက် ဆက် ကမ္ဘာအဆက်ဆက် အမြဲတည်လေတော့သည်ဖြစ်၍ ထိုငြိမ်းမှု အတွက်နှင့် ကြောင့်ကြစိုက်ဖွယ်ကိစ္စ တစ်စုံတစ်ခုမျှ မရှိပြီ၊ သီဒါသမုဒ္ဒရာ ကြီး၏ အတွင်းမှာနေသော ငါးကြီးတို့ကဲ့သို့ ထိုငြိမ်းမှု အနမတဂ္ဂကြီး အတွင်းမှာ ကျင်လည်ကာနေကြရတော့သည်၊ ထိုကြောင့် သုညတဟူ၍ ခေါ်သတည်း။

အနိမိတ္တနိဗ္ဗာန်

၄၆၂။ ဘေးပေါင်းတစ်ရံ၊ မဆက်ဆံ၊ နိဗ္ဗာန် နိမိတ္တ။ သင်္ခတဓမ္မမည်သည် ဇာတိရှိသောကြာင့် ရုန့်ရင်းသော အရိပ် နိမိတ်ရှိ၏၊ ရုန့်ရင်းသော အရိပ်နိမိတ်ရှိသောကြာင့် ဘေးအပေါင်းနှင့် တစ်ရံမစဲ အမြဲဆက်ဆံ၏၊ အဇ္ဈတ္တဘေး ဗဟိဒ္ဓဘေးတို့သည် ထိပါးနိုင် ကုန်၏၊ ကိလေသာတို့သည် သုံးသပ်နိုင်ကုန်၏၊ ဇရာ မရဏမီးတို့သည် လောင်နိုင်ကုန်၏၊

နိဗ္ဗာန်သည်မူကား ထိုကဲ့သို့မဟုတ် အနိမိတ္တဓမ္မသာဖြစ်၏၊ ထိုဘေးတို့သည် မထိပါးနိုင်ကုန်။

ဥပမာကား- ကောင်းကင်ကြီးသည် ဇာတိနှင့်ဖြစ်ပေါ်သော တရားမျိုးမဟုတ်သောကြာင့် လက်နက်ဘေးတို့ မထိ ပါးနိုင်ကုန်။ မစင်စသော အညစ်အကြေးတို့ မလိမ်းကျံနိုင်ကုန်။ မီးတို့မလောင်နိုင်ကုန်။ ဟောင်းနွမ်းဆွေးမြေ့သည် မရှိ။ ပြိုပျက်ကွယ်ဆုံးသည်မရှိ။ အနမတဂ္ဂ သံသရာနှင့်အမျှ နိစ္စတည်ရှိ၏၊ ထိုအတူ သောတာပန်ပုဂ္ဂိုလ်တို့ကား ဒိဋ္ဌိ ဝိစိကိစ္ဆာတို့၏ ချုပ်ငြိမ်းမှု၊ အပါယ်သံသရာ၏ ချုပ်ငြိမ်းမှု ဟူသော နိဗ္ဗာန်သည် ဘေးအပေါင်းတို့ မထိပါးနိုင်။ ကိလေသာတို့ မလိမ်းကျံနိုင်။ ဇရာမီးတို့ မလောင်နိုင်။ ထိုချုပ်ငြိမ်းမှုကို ဘေးထိ၍ ဆွေးမြေ့ကုန်ခန်း မည်ကို ကြောင့်ကြစိုးရိမ်ဖွယ် မရှိ။ သောတာပန်သည် ပုထုဇ္ဇန်အဖြစ်သို့ ပြန်၍ရောက်မည်ကို ကြောင့်ကြဘွယ် မရှိ။ အပါယ်သို့ကျပြန်မည်ကို ကြောင့်ကြဖွယ် မရှိ။ ထိုကြောင့် နိဗ္ဗာန်ကို အနိမိတ္တ ဆိုသတည်း။ 

အပ္ပဏိဟိတနိဗ္ဗာန်

၄၆၃။ တောင့်တ ပူပန်၊ မဆက်ဆံ၊ နိဗ္ဗာန် ပဏိဟိတ။ တောင့်တခြင်းသည် ပဏိဟိတမည်၏၊ ပူပန်မှုသက်သက်တည်း။ ဒုက္ခအများကို ပွားစေတတ်၏၊ သင်္ခတဓမ္မမည်သည် ကောင်းမွန်သော တရားကို ရအောင် အားထုတ်၍ ရရှိသော်လည်း ကုန်ခန်းခြင်းသဘော ရှိသောကြောင့် မွဲမြဲမွဲပြန်၏၊ ဆင်းရဲမြဲ ဆင်းရဲပြန်၏၊ တောင့်တပူပန်မှု အဆုံးမရှိ။

သောတာပန်တို့အား ရရှိ၍နေသော ထိုငြိမ်းမှုသည်ကား အဘယ် အခါမှာမှ ပျက်ကွယ် ကုန်ဆုံးခြင်း မရှိ။ တစ်ဖန်တောင့်တပူပန်ရန် မရှိ။ ဒိဋ္ဌိချုပ်ငြိမ်းမှု ပျောက်ကွယ်သွားပြန်၍ ဘုရားကို တောင့်တရပြန် သည် မရှိ။ တရားကို တောင့်တရပြန်သည် မရှိ။ ဒုစ္စရိုက်ချုပ်ငြိမ်းမှု ပျောက် ကွယ်သွားပြန်၍ ဒါနကို အထူးအားထုတ်ရပြန်ပြီ၊ သီလကို အထူးအား ထုတ်ရပြန်ပြီဟူ၍ မရှိ။ ထိုကြောင့် နိဗ္ဗာန်ကို အပဏိဟိတ ဟူ၍ ဆိုပေ သတည်း။

ဤအမည် သုံးပါးသည်လည်း တစ်ခုသောအဖြစ် ငြိမ်းချမ်းမှု ဇာတ်သိမ်းမှု၏ အမည်သာတည်း။ အရိယာပုဂ္ဂိုလ်တို့တွင် သောတာပန် သည် အညံ့ဆုံးဖြစ်၏ ထိုအညံ့ဆုံး၏ ငြိမ်းချမ်းမှုသည်ပင်လျှင် အနမတဂ္ဂ ကြီးကျယ်လှ၏၊ ကြွင်းသောပုဂ္ဂိုလ်၏ ငြိမ်းချမ်းမှုမှာ ဆိုဖွယ်ရာ မရှိပေဟု သိစေခြင်းငှါ သောတာပန်၏ နိဗ္ဗာန်ကို ထုတ်ဖော်၍ ပြဆိုလိုက်သည်။

နိဗ္ဗာန် အကြောင်း ပြီး၏၊

* ပိုဒ် ခုနစ်ဆယ်၊ လင်္ကာခြယ်၊ ဤဝယ် ရုပ်, နိဗ်ပြီး။

ရုပ်ပိုင်း ပြီး၏၊

----------

၇-သမုစ္စည်းပိုင်း

အကုသလ သင်္ဂဟ

ဩဃ၊ ယောဂ၊ အာသဝ

၄၆၄။ ကာမ, ဘဝိ၊ ဒိဋ္ဌိ, အဝိဇ္ဇာ၊ ဤလေးဖြာ၊ စဉ်ကာ မူလထား။
၄၆၅။ ဩဃ, ယောဂါ၊ အာသဝါ၊ သုံးဖြာ လေး စီပွါး။

ဘဝိဘဝိကား-ကာရန်စပ်ရန် အနုဗန်တည်း။ ဘဝ ဟုမှတ်။

အာသဝကိုရှေ့ဆုံးထား။ လေးစီပွားပုံကား-ကာမာသဝ, ဘဝါသဝ, ဒိဋ္ဌာသဝ, အဝိဇ္ဇာသဝဟူ၍ အာသဝ-၄-ပါး။

ကာမောဃ, ဘဝေါဃ, ဒိဋ္ဌောဃ, အဝိဇ္ဇောဃဟူ၍ ဩဃ-၄- ပါး။

ကာမယောဂ, ဘဝယောဂ, ဒိဋ္ဌိယောဂ, အဝိဇ္ဇာယောဂဟူ၍ ယောဂ-၄-ပါး။

၄၆၆။ အသေသတ်နစ်၊ ဖွဲ့, ပူး, ရစ်၊ မူးယစ်, စီး,ထုံငြား။

ဩဃကား အသေနစ်တတ်သည်။ နစ်မွန်းစေတတ်သည်။ မျောပါး စေတတ်သည်။ (အနက်။)

ယောဂကား မလွတ်ရအောင် တုပ်နှောင်ဖွဲ့ချည်တတ်သည်။ မပြီးမပြတ်နိုင်အောင် အထပ်ထပ် ရစ်ပတ်တတ်သည်။ ပူးဝင်တွယ် ကပ်တတ်သည်။ (အနက်။)

အာသဝကား ယိုစီးသည်။ ထုံစွဲသည်။ မူးယစ်စေတတ်သည်။ (အနက်။)

ဂန္ထ ၄-ပါး

၄၆၇။ ဘိဇ္ဈာကာယ၊ ဗျာပါဒ၊ ကာယ နှစ်စုံသိ။
၄၆၈။ သီလဗ္ဗတံ၊ ပြာမာသံ၊ ဣဒံသစ္စာဘိ။
၄၆၉။ နိဝေသမှု၊ ဂန္ထစု၊ ဖုထစ် ထုံးဖွဲ့ငြိ။

အဘိဇ္ဈာကာယဂန္ထ, ဗျာပါဒကာယဂန္ထ နှစ်စုံဖြစ်၏၊ သီလဗ္ဗတ ပရာမာသကာယဂန္ထ, ဣဒံသစ္စာဘိနိဝေသ ကာယဂန္ထ ဟူ၍ ဂန္ထ ၄-ပါး။ အနက်ကား-အဖု အထစ် အထုံး အဖွဲ့ အငြိ အတွယ်တည်း။

၄၇၀။ အလေ့ သီလ၊ ဝတ ကျင့်မူ၊ နွား ခွေး တူ၊ အယူ ဝဋ်သုဒ္ဓိ။

အလေ့ အကျက် အပြုအမူကို သီလဗ္ဗတဆိုသည်။ နွားခွေးတို့၏ အကျင့်အမူနှင့် တူစွာ ကျင့်နိုင်လျှင် ဝဋ်ဒုက္ခမှ စင်ကြယ်၏ဟူသော ဒိဋ္ဌိအယူတည်း။

၄၇၁။ ဤသာ မှန်လှ၊ ဤမှ တစ်ပါး၊ အကုန်မှား၊ စွဲငြား ဣဒံဘိ။

လောက၌ရှိသမျှသော အကျင့်မျိုး အယူမျိုးတို့တွင် ငါတို့အကျင့် အယူသာမှန်သည်၊ ဤအကျင့် အယူမှတစ်ပါး အလုံးစုံအကုန် အမှား ချည်းသာဟု အခိုင်အမြဲ စွဲလမ်းသောဒိဋ္ဌိသည် ဣဒံသစ္စာဘိနိဝေသ ကာယဂန္ထမည်၏၊ အဘိနိဝေသကား အခိုင်အမြဲ စွဲလမ်းခြင်းတည်း။ သာသနာတော်အတွင်း၌ နောက် ဂန္ထ ၂-ပါးမရှိ။

ဟုတ်မှန်သော အကျင့် ဟုတ်မှန်သော အယူကို ငါတို့အကျင့် အယူသာ ဟုတ်မှန်သည်ဟု မှတ်ယူပြော ဆိုသော်လည်း၎င်း ဂန္ထ နှစ်ပါး မဖြစ်။

ဥပါဒါန် ၄-ပါး

၄၇၂။ ကာမ, ဒိဋ္ဌိ၊ သီလဗ္ဗတ၊ အတ္တအစု၊ စွဲလမ်းမှု၊ လေးခု ဥပါဒါန်။

ကာမ၌စွဲလမ်းသော ကာမုပါဒါန်, ဒိဋ္ဌိအယူမျိုး၌စွဲလမ်းသော ဒိဋ္ဌုပါဒါန်, သီလဗ္ဗတ၌စွဲလမ်းသော သီလဗ္ဗတုပါဒါန်, အတ္တ၌စွဲလမ်းသော အတ္တဝါဒုပါဒါန် ဟူ၍ ဥပါဒါန် ၄-ပါး။

နီဝရဏ ၆-ပါး

၄၇၃။ ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိန, မိဒ္ဓမှန်။
၄၇၄။ ဥဒ္ဓစ်, ကုက္ကု၊ ဝိ, ဝိဇ်စု၊ ခြောက်ခု နီဝရဏ်။ 

ကာမစ္ဆန္ဒနီဝရဏ, ဗျာပါဒနီဝရဏ, ထိန မိဒ္ဓနီဝရဏ, ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏ, ဝိစိကိစ္ဆာနီဝရဏ, အဝိဇ္ဇာနီဝရဏ ဟူ၍ နီဝရဏ ၆- ပါး။

၄၇၅။ တားဆီး ကန့်ကွက်၊ ပိတ်ပင်ဖျက်၊ အနက် နီဝရဏ်။

နီဝရဏသဒ္ဒါ၏ အနက်တည်း။။

အနုသယ ၇-ပါး

၄၇၆။ ကာမ, ဘဝ၊ ပဋိဃ၊ မာန, ဒိဋ္ဌိမှန်။

၄၇၇။ ဝိစိကိစ္ဆာ၊ အဝိဇ္ဇာ၊ သတ္တာနုသယံ။ ကာမရာဂါနုသယ, ဘဝရာဂါနုသယ, ပဋိဃာနုသယ, မာနာ နုသယ, ဒိဋ္ဌာနုသယ, ဝိစိကိစ္ဆာနုသယ, အဝိဇ္ဇာနုသယ ဟူ၍ အနုသယ ၇-ပါး။

၄၇၈။ အစဉ်စွဲကပ်၊ ငုပ်ကိန်းဝပ်၊ မျိုးဓာတ် နုသယံ။ အနုသယအနက်ကား စိတ်သန္တာန်တွင် အစဉ်စွဲကပ် အမြဲပါရှိ၍ နေသော ငုပ်ဓာတ်မျို, ဝပ်ဓာတ်မျိုး, ကိန်းဓာတ်မျိုး ဟူလိုသည်။ မီးခြစ်ဆေး အတွင်းမှာ ပါရှိ၍နေသော မီးမျိုးစေ့တွေကဲ့သို စိတ်သန္တာန်မှာ အမြဲပါရှိ၍ နေသော ကိလေသာမျိုးစေ့ စုပေတည်း။

ကော်ဖတ်နှင့်တိုက်ခြစ်ရာ ထိုမီးမျိုးစေ့တို့မှ မီးတောက်ထ၍ လာသကဲ့သို့ ၆-ဒွါရတွင် အာရုံထင်သောအခါ ထိုငုပ်ဓာတ်တို့မှ လောဘ, ဒေါသ, မောဟ အစရှိသော မနောကံ, ဝစီကံ, ကာယကံ ကိလေသာတို့ ဖြစ်ပေါ်လာကြကုန်သည်။

သံယောဇဉ် ၁၀-ပါး

၄၇၉။ ကာမ, ရူပ၊ အရူပ၊ ရာဂ, ပဋိဃံ။
၄၈၀။ မာန်, ဒိဌ်, သီ, ဝီ၊ ဥဒ်, ဝိဇ္ဇီ၊ ဆယ်လီ သံယော ဇန်။

ရှေ့ သံခိပ်၌ နောက်ပုဒ်မှ ရာဂသဒ္ဒါကို ကာမ စသော ရှေ့ ၃- ပုဒ်နှင့်ယှဉ်စေ။

ကာမရာဂ သံယောဇန်, ရူပရာဂ သံယောဇန်, အရူပရာဂ သံယောဇန်, ပဋိဃသံယောဇန်, မာနသံယောဇန်, ဒိဋ္ဌိသံယောဇန်, သီလဗ္ဗတပရာမာသသံယောဇန်, ဝိစိကိစ္ဆာသံယောဇန်, ဥဒ္ဓစ္စ သံယောဇန်, အဝိဇ္ဇာ သံယောဇန် ဟူ၍ သုတ္တန်နည်း သံယောဇန် ၁၀-ပါး။

၄၈၁။ ရူ, ရူ, ဥဒ်ပစ်၊ ဘဝတစ်၊ ဣစ်, မစ် နည်းတစ်တန်။ 

ယခင် ၁၀-ပါးတွင် ရူပရာဂ, အရူပရာဂ, ဥဒ္ဓစ္စ, ဤသုံးခုကို ပစ်။ ဘဝရာဂ သံယောဇန်, ဣဿာ သံယောဇန်, မစ္ဆရိယ သံယောဇန်, ဤ သုံးခုကို ထည့်။ အဘိဓမ္မာနည်း သံယောဇန် ၁၀-ပါး။

၄၈၂။ ထိတ် ထောင် နှောင်ကြိုး၊ အဖွဲ့မျိုး၊ ဖွင့်ရိုး သံယောဇန်။

သံယောဇန သဒ္ဒါ၏ အနက်ဖွင့်ရိုးတည်း။

၄၈၃။ ဟိတ်ကြီး တြိ၊ မာန်, ဒိဌ်, ဝိ၊ ထိ, ဥဒ်, ဟိ, နောတ် ဒသ်။

၄၈၄။ ပူပန် ညစ်ကျု၊ နှိပ်စက်မှု၊ ဆယ်ခု ကိလေမှတ်။ 

လောဘ, ဒေါသ, မောဟဟူသော ဟိတ်ကြီး သုံးခု, မာန, ဒိဋ္ဌိ, ဝိစိကိစ္ဆာ, ထိန, ဥဒ္ဓစ္စ, အဟိရိက, အနောတ္တပ္ပ ဟူ၍ကိလေသာ ဆယ်ပါး။ နောက်ကဗျာကား ကိလေသသဒ္ဒါ၏ အနက်တည်း။

တရားကိုယ်များ

၄၈၅။ ကာမ, ဘဝ၊ ဆိုသမျှ၊ လောဘ တရားကိုယ်။
၄၈၆။ သီ, ဣ, အတ်မှာ၊ ဒိဋ္ဌိသာ၊ ဘိဇ်, ဗျာ, လော, ဒေါဆို။

အာသဝ စသည်တို့၌ ကာမသဒ္ဒါ ဘဝသဒ္ဒါတို့နှင့် ဆိုသောအရာ စုမှာ လောဘကို တရားကိုယ်ကောက်။
သီလဗ္ဗတပရာမာသ, ဣဒံသစ္စာဘိနိဝေသ, အတ္တဝါဒတို့မှာ ဒိဋ္ဌိကို တရားကိုယ်ကောက်။
အဘိဇ္ဈာ, ဗျာပါဒတို့မှာ လောဘ, ဒေါသကို တရားကိုယ်ကောက်။

၄၈၇။ အာ, ဩ, ယော, ဂန်၊ သုံးစီမှန်၊ နှစ်တန် ဥပါ ကိုယ်။
၄၈၈။ ရှစ်-နီ, ခြောက် နု၊ ကိုး သံရှု၊ ဆယ်ခု ကိ မပို။ 

အာသဝ, ဩဃ, ယောဂ, ဂန္ထ ဤ ၄-ခုတို့မှာ တရားကိုယ် ၃-ခုစီ ရ၏၊
ဥပါဒါန် ၄-ပါးမှာ တရားကိုယ် ၂-ခု ရ၏၊
နီဝရဏ ၆-ပါးမှာ တရားကိုယ် ၈-ခု ရ၏၊
အနုသယ ၇-ပါးမှာ တရားကိုယ် ၆-ခု ရ၏၊
သံယောဇဉ် ၁၀-ပါးမှာ တရားကိုယ် ၉-ခု ရ၏၊
ကိလေသာ ၁၀-ပါးမှာ တရားကိုယ်လည်း ၁၀-ခုပင် ရ၏၊ 
အကုသလသင်္ဂဟ ပြီး၏၊

---------

မိဿကသင်္ဂဟ

ဟိတ်၊ စျာနင်၊ မဂ္ဂင်

၄၈၉။ ဟိတ် ခြောက်အစစ်၊ စျာန် ခုနစ်၊ ဆယ့်နှစ် မဂ္ဂင် ယူ။

ဟိတ်ခြောက်ပါးသည် ပကိဏ်းပိုင်း ဟေတုသင်္ဂဟမှာ လာပြီး။ စျာနင်ခုနစ်မှာ ဝေဒနာတစ်ခုကို သောမနဿစျာနင်, ဒေါမနဿ စျာနင်, ဥပေက္ခာစျာနင်ဟု သုံးထွေပြု၍ ဝိတက်, ဝိစာရ, ပီတိ, ဧကဂ္ဂတာ ဤလေးခုနှင့် ပေါင်းသည်ရှိသော် စျာန်အင်္ဂါ ခုနစ်ပါးဖြစ်၏၊ စျာန်အင်္ဂါကို စျာနင် ဆိုသည်။

မဂ္ဂင် ၁၂-မှာလည်း လောကုတ္တရာစိတ်၌ ပြဆိုခဲ့ပြီးသော မဂ္ဂင် ရှစ်ပါးတွင် မိစ္ဆာဒိဋ္ဌိ, မိစ္ဆာသင်္ကပ္ပ, မိစ္ဆာဝါယာမ, မိစ္ဆာသမာဓိ ဤလေးခု ထည့်သည်ရှိသော် မဂ္ဂင် ၁၂-ပါး ဖြစ်၏၊

ပါဏာတိပါတ စသော ဒုစ္စရိုက်မှုတို့၌လည်း ဟိတ်, စျာနင်, မဂ္ဂင်တို့ မပါလျှင် ကိစ္စမပြီးနိုင်။

ဣန္ဒြေ ၂၂-ပါး

၄၉၀။ ဒွါရ ငါးလီ၊ ဣတ်, ပု, ဇီ၊ မနီ ဝေငါးခု။

၄၉၁။ သဒ်, ဝီ, သ, မာ၊ ပဉ် လေးဖြာ၊ ဒွိဒွါ ဣန် အစု။ 

စက္ခုန္ဒြေ, သောတိန္ဒြေ, ဃာနိန္ဒြေ, ဇိဝှိန္ဒြေ, ကာယိန္ဒြေ, ဒွါရဣန္ဒြေ ငါးလီ။

ဣတ္ထိန္ဒြေ, ပုရိသိန္ဒြေ, ဇီဝိတိန္ဒြေ, မနိန္ဒြေ။

ဝေဒနိန္ဒြေ ၅-ခု၊ ဝေဒနိန္ဒြေ ၅-ခုဆိုသည်ကား သုခိန္ဒြေ, ဒုက္ခိန္ဒြေ, သောမနဿိန္ဒြေ, ဒေါမနဿိန္ဒြေ, ဥပေက္ခိန္ဒြေ ဤငါးခုတည်း။ သဒ္ဓိန္ဒြေ, ဝီရိယိန္ဒြေ, သတိန္ဒြေ, သမာဓိန္ဒြေ, ပညိန္ဒြေ လေးခု။ ဣန္ဒြေ ၂၂-ပါး ဖြစ်၏၊ ဒွိဒွါကား ၂၂-တည်း။

ပညိန္ဒြေ လေးခုဆိုသည်ကား ပညိန္ဒြေ, အနညာတညဿာ မိတိန္ဒြေ, အညိန္ဒြေ, အညတာဝီန္ဒြေ ဤလေးခုတည်း။

၄၉၂။ အနညာတိ၊ ညဿာမိ၊ အညိ, အညာဝီ။ 

အနညာတိ၌ ဣကား-အနုဗန်တည်း။ အနညာတညဿာမီ ဆိုလိုသည်။ နောက် ပညိန္ဒြေသုံးပါး သံပေါက်။

၄၉၃။ သောတာမဂ်မှာ၊ အနညာ၊ ဆုံးမှာ အညာဝီ။
၄၉၄။ လောကုတ် အလယ်၊ ခြောက်ခုဝယ်၊ အလယ် အညိန်မှီ။

အနညာတညဿာမီတိန္ဒြေကို သောတာပတ္တိမဂ်စိတ်၌ ရအပ်၏၊ အညတာဝီတိန္ဒြေကို နောက်ဆုံးဖြစ်သော အရဟတ္တဖိုလ်စိတ်၌ ရအပ်၏၊

အလယ်ဖြစ်သော လောကုတ္တရာစိတ် ၆-ခု၌ အလယ်ဖြစ်သော အညိန္ဒြေကို ရအပ်၏၊

ပညိန္ဒြေကိုကား လောကီတိဟိတ်စိတ် ၃၉-ခုတို့၌ ရအပ်၏၊

၄၉၅။ ဆိုင်ရာဌာန၊ စိုးပိုင်ကြ၊ ကိစ္စ ကိုယ်စီစီ။ 

ဣန္ဒြိယသဒ္ဒါ၏ အနက်ကို ပြဆိုသည်။

ထို ၂၂-ပါးသော တရားတို့သည် မိမိမိမိတို့ ဆိုင်ရာဌာန၌လည်း ကောင်း၊ အသီးအသီးသော အရေးအခွင့်တို့၌ လည်းကောင်း အစိုးရကြ ပိုင်နိုင်ကြကုန်သောကြောင့် ဣန္ဒြေဆိုသည် ဟူလို။

ဗိုလ် ၉-ပါး

၄၉၆။ သဒ်, ဝီ, သ, ဓိ၊ ပဉ်, ဟိ, ဩတ္တပ်၊ ဟိ, နောတ္တပ်၊ ကိုးရပ် ဗိုလ်ကြံ့ခိုင်။

သဒ္ဓါဗိုလ်, ဝီရိယဗိုလ်, သတိဗိုလ်, သမာဓိဗိုလ်, ပညာဗိုလ်, ဟိရီဗိုလ်, ဩတ္တပ္ပဗိုလ်, အဟီရိကဗိုလ်, အနောတ္တပ္ပဗိုလ် ဟူ၍ ဗိုလ်ကိုးပါး။

ကြံ့ခိုင်ကား ဗလသဒ္ဒါ၏အနက်တည်း။ မိမိတို့ကိစ္စ၌ ရန်သူတစ်ပါး တို့ မရွေ့ရှားစေနိုင် ကြံ့ခိုင်မြဲစွဲလှသောကြောင့် ဗိုလ်ခေါ်သည် ဟူလို။ အဓိပတိ ၄-ပါး

၄၉၇။ ဆန်, ဝီ, စိတ်,ဝိ၊ ဓိပတိ၊ မရှိ တူယှဉ်ပြိုင်။ 

ဆန္ဒာဓိပတိ, ဝီရိယာဓိပတိ, စိတ္တာဓိပတိ, ဝီမံသာဓိပတိ ဟူ၍ အဓိပတိ လေးပါး။

မရှိတူယှဉ်ပြိုင်ကား အဓိပတိသဒ္ဒါ၏ အနက်တည်း။ ဣန္ဒြေတို့သည် အစိုးရသည် ဆိုငြားသော်လည်း မိမိတို့ဆိုင်ရာဌာန ဆိုင်ရာကိစ္စတို့၌သာ အစိုးရကြကုန်သည်။ မဆိုင်ရာဌာန မဆိုင်ရာ ကိစ္စတို့၌ကား သူတစ်ပါးတို့၏ လက်အောက်သာ ဖြစ်ကုန်၏၊ ဤဆန္ဒ, ဝီရိယ, စိတ္တ, ဝီမံသတို့သည်မူကား အဓိပတိအရာသို့ ရောက်ကြလို့ရှိခဲ့လျှင် လေးကျွန်းကို အစိုးရသော စကြာမင်းကြီးတို့ကဲ့သို့ တူနိုင်သူမရှိ ယှဉ်ပြိုင်သူမရှိကြကုန်ဟူလို။ တရားဘုရင်ကြီး လေးပါး ဆိုလိုသည်။

အာဟာရ ၄-ပါး

၄၈၉။ ကဗဠီ, ဖေဿာ၊ မနောသေဉ္စ၊ ဝိညာဏေ၊ လေးထွေ အာဟာရ။

ကဗဠီကာရာဟာရ, ဖဿာဟာရ, မနောသေဉ္စတနာဟာရ, ဝိညာဏာဟာရ ဟူ၍ အာဟာရ လေးပါး။

၄၉၉။ လွန်စွာ ဆောင်မှု၊ ကျေးဇူးပြု၊ လေးခု အာဟာရ။

ဘောဇဉ် ခဲဖွယ်တို့၌ပါသော ဩဇာဟူသော ကဗဠီကာရာ ဟာရသည် ကာမသတ္တဝါတို့၏ ရုပ်ခန္ဓာကို လွန်စွာ ဆောင်ကြဉ်းပေး၏၊

ဖဿာဟာရ စသော နာမ်အာဟာရသုံးပါးသည် အနမတဂ္ဂ သံသရာ၌ ခပ်သိမ်းသော သတ္တဝါတို့၏ နာမ်ခန္ဓာကို လွန်စွာ ဆောင်ကြဉ်း ပေးနိုင်၏၊

စျာနင်ကိစ္စ ဗိုလ်ကိစ္စ မတပ်ခြင်း

၅၀၀။ ပဉ္စဝိညာဉ်၊ စျာနင်ကြဉ်၊ ဗိုလ်ကြဉ် အဝီရေ။ 

အဝီရေ ကား ဝီရိယကင်းသောစိတ် ဆိုလိုသည်။ ပဉ္စဝိညာဏ်စိတ်၌ရှိသော ဥပေက္ခာဝေဒနာ, ဧကဂ္ဂတာနှစ်ပါးသည် စျာနင်မျိုး ဖြစ်သော်လည်း စျာနင်ကိစ္စ မတပ်။
ဝီရိယကြဉ်သော အဟိတ်စိတ် ၁၆-ခု၌ ရှိသော ဧကဂ္ဂတာသည် ဗိုလ်ကိစ္စ မတပ်။
မဂ္ဂင်၊ ဣန္ဒြေ၊ ဗိုလ်ကိစ္စတို့ မတပ်ခြင်း ၅၀၁။ အဟိတ်တွင် မဂ်၊ ဗိုလ်, ဣန် မဂ်၊ ဧကဂ် ဝိစိကေ။
အဟိတ်စိတ် ၁၈-ခု၌ရှိသော ဝိတက်, ဝီရိယ, ဧဂ္ဂတာတို့သည် မဂ္ဂင်ကိစ္စ မတပ်ကုန်။
ဝိစိကိစ္ဆာသမ္ပယုတ်စိတ်၌ ရှိသော ဧကဂ္ဂတာတို့သည် မဂ္ဂင်, ဣန္ဒြေ, ဗိုလ်ကိစ္စ မတပ်ကုန်။

အဓိပတိထိုက်သော စိတ်များ

၅၀၂။ ဒွိဟေ, တိဟေ, ဇော နှစ်ထွေ၊ ရစေ ဓိပတိ။ အဓိပတိမည်သည် ဇောစိတ်၌သာ ရအပ်၏၊ ဇောစိတ်တို့တွင် လည်း အဟိတ်ဇော ဧကဟိတ်ဇောတို့၌ မရ။ ဒွိဟိတ်ဇော တိဟိတ်ဇော တို့၌သာ ရ၏၊ ရသောအခါ၌လည်း အဓိပတိဆိုသောကြောင့် တစ်ခု တစ်ခုသာ ရ၏၊ နှစ်ခု ပြိုင်၍မရ။

တရားကိုယ်များ

၅၀၃။ ဟေတု ခြောက်လျှင်၊ ငါး စျာနင်၊ မဂ္ဂင် ကိုးခုသိ။
၅၀၄။ ဆယ့်ခြောက်ဣန္ဒြေ၊ ဗိုလ်ကိုးထွေ၊ လေးထွေ ဟာ, ဓိတိ။

ဟိတ် ၆-ခုမှာ တရားကိုယ် ၆-ခု ရအပ်၏၊

စျာနင် ၇-ခုမှာ တရားကိုယ် ၅-ခုရ၏၊ ဝေဒနာစျာနင် ၃-ခုမှာ ဝေဒနာတစ်ခုသာ တရားကိုယ်ရသည်။

မဂ္ဂင် ၁၂-မှာ သင်္ကပ္ပ ၂-ခုသည် ဝိတက်တစ်ခု ဖြစ်၏၊ ဝါယာမ တစ်ခုသည် ဝီရိယတစ်ခုဖြစ်၏၊ သမာဓိ ၂-ခုသည် ဧကဂ္ဂတာတစ်ခု ဖြစ်၏၊ ထို့ကြောင့် တရားကိုယ် ၉-ခု ရ၏၊

ဣန္ဒြေ ၂၂-ခုမှာ ဝေဒနာတစ်ခုမှ ဣန္ဒြေ ၅-ခု ဖြစ်၏၊ ပညာ တစ်ခုမှ ဣန္ဒြေ ၄-ခုဖြစ်၏၊ ဇီဝိတိန္ဒြေသည်မူကား ဣန္ဒြေတစ်ခုမှ ရုပ်ဇိဝိတိန္ဒြေ နာမ်ဇီဝိတိန္ဒြေဟု တရားကိုယ် ၂-ပါးထွက်၏၊ ထိုကြောင့် ဣန္ဒြေ၌ တရားကိုယ် ၁၆-ခုရ၏၊

ဗိုလ် ၉-ခု တရားကိုယ်လည်း ၉-ခု။
အာဟာရ ၄-ခု တရားကိုယ်လည်း ၄-ခု။
အဓိပတိ ၄-ခု တရားကိုယ်လည်း ၄-ခု။
မိဿကသင်္ဂဟ ပြီး၏၊

-----------------

ဗောဓိပက္ခိယ သင်္ဂဟ

သတိပဋ္ဌာန် ၄-ပါး

၅၀၅။ ကာ, ဝေ, စိတ်, ဓမ်၊ နုပဿန်၊ ပဋ္ဌာန်သတိလေး။

(၁) ကာယာနုပဿနာ သတိပဋ္ဌာန်၊ (၂) ဝေဒနာနုပဿနာ သတိ ပဋ္ဌာန်၊ (၃) စိတ္တာနုပဿနာသတိပဋ္ဌာန်၊ (၄) ဓမ္မာနုပဿနာသတိပဋ္ဌာန် ဟူ၍ သတိပဋ္ဌာန်လေးပါး။

သမ္မပ္ပဓာန် ၄-ပါး

၅၀၆။ ဒုဟောင်း ပယ်ပစ်၊ ဒုသစ် မလာ၊ ဤနှစ်ဖြာ၊ ပြုရာ လုံ့လဒွေး။
၅၀၇။ ကုဟောင်း မြဲလစ်၊ ကုသစ် ရငှာ၊ ဤနှစ်ဖြာ၊ ပြုရာ လုံ့လဒွေး။
၅၀၈။ ကြောခြင်, ရိုး, ရေ၊ ကြွင်းလေစေ၊ ကုန်စေ သား အသွေး။
၅၀၉။ အသက်ကိုမျှ၊ မညှာရ၊ သမ္မပ္ပဓာန် လေး။

မိမိသန္တာန်မှာ ကမ္မပထမြောက်ခဲ့ဖူး၍ အပါယ်သို့ ပစ်ချခြင်းငှာ ဘဝအဆက်ဆက် အစဉ်ပါရှိ၍နေသော ဒုစ္စရိုက် အကုသိုလ် ကံဟောင်း စုကို အကြွင်းမဲ့ပယ်ခြင်းငှာလည်းကောင်း ဤဘဝမှ နောက် အနမတဂ္ဂ သံသရာ၌ ဒုစ္စရိုက် ကံသစ်တို့ကို မိမိသန္တာန်မှာ တစ်ဖန် မဖြစ်လာ စေခြင်းငှာလည်းကောင်း မနေမနား အားထုတ်ရာသော ဝီရိယ ၂-ပါး။ သောတာပန်ဖြစ်ရန် အခွင့်ကို ရည်၍ ဒုစ္စရိုက်ဟောင်း ဒုစ္စရိုက်သစ်ကို ဆိုသည်။

ယခုရှိ၍ နေသော အာဇီဝဋ္ဌမကသီလ စသော ကုသိုလ်ဟောင်း တို့ကို ပရိနိဗ္ဗာန်စံရာ ဘဝဆိုက်အောင် ဘယ်အခါ မှာမှ ပျက်ကွက် ဖောက်ပြားခြင်းမရှိ နိယာမအဖြစ်သို့ရောက်ပြီး ဖြစ်စေခြင်းငှာလည်း ကောင်း ဤသာသနာတော်၌ ကာမ ရူပ အရူပ လောကုတ္တရာ ကုသိုလ် လေးမျိုး ရှိသည်တွင် မိမိမရောက်ဘူးသေး၊ မရဘူးသေး၊ မိမိသန္တာန်မှာ လို၍ နေသေးသော ကုသိုလ်သစ်မျိုးတို့ကို ယခုဘဝ နေ့ချင်း ညချင်း လချင်း နှစ်ချင်း အမြန် ရောက်တည့် ရတည့်ခြင်းအကျိုးငှာလည်းကောင်း မနေမနား အားထုတ်ရသော ဝီရိယ ၂-ပါး။

ဤလေးပါးသော ဝီရိယတို့ကို- အကြော အခြင် ကြွင်းစေ, အရိုး ကြွင်းစေ, အရေ ကြွင်းစေ, အသား အသွေး ကုန်ခန်းလေစေဟု အင်္ဂါလေး ပါး အခိုင်အမြဲထား၍ ကိစ္စပြီးစီးလိမ့်မည်ဆိုလျှင် အသက်ခန္ဓာကိုမျှ မညှာမတာ အားထုတ်ရာသော အခွင့်လေးပါးသည် သမ္မပ္ပဓာန် လေးပါးမည်၏၊

ဣဒ္ဓိပါဒ် ၄-ပါး

၅၁၀။ ပရိဉ်, ပဟာန်၊ သစ္ဆိကံ၊ ဘာဝန် ဣဒ္ဓိလေး။ 
၅၁၁။ ဆန်, ဝီရိယံ၊ စိတ်, ဝီမံ၊ ပြီးရန် ပါဒလေး။ 

ဤသာသနာတော်မြတ်၌ ဣဒ္ဓိလေးပါးရှိ၏၊

ပရိညာတဗ္ဗမျိုးဖြစ်သော ဒုက္ခသစ္စာတရားတို့၌ ပရိညာကိစ္စ၏ ထမြောက်ပြီးစီးခြင်း ဣဒ္ဓိ တစ်ပါး။
ပဟာတဗ္ဗမျိုးဖြစ်သော သမုဒယသစ္စာ ကိလေသာတရားတို့၌ ပဟာနကိစ္စ ထမြောက်ပြီးစီးခြင်း ဣဒ္ဓိ တစ်ပါး။
သစ္ဆိကာတဗ္ဗမျိုးဖြစ်သော နိရောဓသစ္စာတရား၌ သစ္ဆိကြိယာ ကိစ္စ၏ ထမြောက်ပြီးစီးခြင်း ဣဒ္ဓိတစ်ပါး။
ဘာဝေတဗ္ဗမျိုးဖြစ်သော မဂ္ဂသစ္စာတရားတို့၌ ဘာဝနာကိစ္စ၏ ထမြောက်ပြီးစီးခြင်း ဣဒ္ဓိတစ်ပါး။
ဤလေးပါးသည် ဣဒ္ဓိမည်၏၊

ထိုဣဒ္ဓိ ၄-ပါးပြီးစီး ထမြောက်ခြင်း၏ အခြေပါဒဖြစ်သော ဆန္ဒာ ဓိပတိ, ဝီရိယာဓိပတိ, စိတ္တာဓိပတိ, ပညာဟူသော ဝီမံသာဓိပတိ ဤတရားလေးပါးသည် ဣဒ္ဓိပါဒ် မည်၏၊

ဣန္ဒြေ၊ ဗိုလ်

၅၁၂။ သဒ်, ဝီ, သ, မာ၊ ပဉ် ငါးဖြာ၊ မှတ်ပါ ဣန်, ဗလ။
၅၁၃။ စိတ်ကို ပိုင်နိုင် မြဲကြံ့ခိုင်၊ ဆိုင်ရာ ငါးဌာန။

သဒ္ဓိန္ဒြေ, ဝီရိယိန္ဒြေ, သတိန္ဒြေ, သမာဓိန္ဒြေ, ပညိန္ဒြေ ဟူ၍ ဣန္ဒြေငါးပါး။
သဒ္ဓါဗိုလ်, ဝီရိယဗိုလ်, သတိဗိုလ်, သမာဓိဗိုလ်, ပညာဗိုလ် ဟူ၍ဗိုလ်ငါးပါး။

ထိုငါးပါးတို့တွင် သောတာပတ္တိ အကြောင်းအင်္ဂါလေးဌာန၌ အကြင်သဒ္ဓါသည် စိတ်ကိုအစိုးရ၏၊ ပိုင်နိုင်၏၊ ဆန့်ကျင်ဘက်တရားတို့ လှုပ်ရှားစေခြင်းငှာ မတတ်နိုင်ကြံ့ခိုင်မြဲမြံ၏၊ ထိုသဒ္ဓါသည် သဒ္ဓိန္ဒြေ မည်၏၊ သဒ္ဓါဗိုလ်လည်းမည်၏၊

သောတာပတ္တိအကြောင်းအင်္ဂါလေးပါးဆိုသည်ကား ဘုရားဂုဏ်၌ သက်ဝင်ခြင်း၊ တရားဂုဏ်၌သက်ဝင်ခြင်း၊ သံဃာဂုဏ်၌ သက်ဝင်ခြင်း၊ သီလဖြည့်ကျင့်မှု၌ ထက်သန်ခြင်း၊ ဤလေးဌာနတည်း။ ကြွင်းသော ဣန္ဒြေဗိုလ်တို့၌လည်း ဤနည်းအတိုင်း ဣန္ဒြေအနက် ဗိုလ်၏ အနက်ကို ဆိုလေ။

ဣန္ဒြေကား စိတ်ကိုပိုင်နိုင်မှုတည်း။ ဗိုလ်ကားခိုင်မြဲမှုတည်း။
သမ္မပ္ပဓာန်ကိစ္စလေးချက်၌ စိတ်ကို အစိုးရမှု ခိုင်မြဲမှုသည် ဝီရိယိန္ဒြေ ဝီရိယဗိုလ် မည်၏၊
သတိပဋ္ဌာန်ကိစ္စ ၄-ချက်၌ စိတ်ကို အစိုးရမှု ခိုင်မြဲမှုသည် သတိန္ဒြေ သတိဗိုလ်မည်၏၊
ဥပစာရစျာန် အပ္ပနာစျာန်ကိစ္စ၌ စိတ်ကို အစိုးရမှု ခိုင်မြဲမှုသည် သမာဓိန္ဒြေ သမာဓိဗိုလ်မည်၏၊
အနိစ္စလက္ခဏာကိုရှုမှုစသော စတုသစ္စပဋိဝေဓကိစ္စ၌ စိတ်ကို အစိုးရမှု ခိုင်မြဲမှုသည် ပညိန္ဒြေ ပညာဗိုလ်မည်၏၊

ဗောဇ္ဈင် ၇-ပါး

၅၁၄။ သတိ, ဓမ္မ၊ ဝိစယနှင့်၊ ဝီရ, ပီတိ၊ ပဿဒ္ဓိတည့်၊ မာဓိ, ဥပေက်၊ ဤခုနစ်၊ မှတ်လစ် သမ္ဗောဇ္ဈင်။

သတိသမ္ဗောဇ္ဈင်, ဓမ္မဝိစယသမ္ဗောဇ္ဈင်, ဝီရိယသမ္ဗောဇ္ဈင်, ပီတိသမ္ဗောဇ္ဈင်, ပဿဒ္ဓိသမ္ဗောဇ္ဈင်, သမာဓိသမ္ဗောဇ္ဈင်, ဥပေက္ခာ သမ္ဗောဇ္ဈင်ဟူ၍ သမ္ဗောဇ္ဈင် ၇-ပါး။

၅၁၅။ မဂ်ဉာဏ် လေးပါး၊ ဗောဓိအား၊ လျင်လျား ပေါက်ဖို့အင်။

သမ္ဗောဓိမည်သော မဂ်ဉာဏ်လေးပါးသို့ အလျင်အမြန် ပေါက် ရောက်စေနိုင်သော အင်္ဂါ ၇-ပါး ဟူလို။

မဂ္ဂင် ၈-ပါး

၅၁၆။ မဂ္ဂင် အဋ္ဌ၊ ထင်ရှားလှ၊ ဝဋ်မှ ထွက်ကြောင်းသိ။

သမ္မာဒိဋ္ဌိမဂ္ဂင်, သမ္မာသင်္ကပ္ပမဂ္ဂင်, သမ္မာဝါစာမဂ္ဂင်, သမ္မာကမ္မန္တ မဂ္ဂင်, သမ္မာအာဇီဝမဂ္ဂင်, သမ္မာဝါယာမမဂ္ဂင်, သမ္မာသတိမဂ္ဂင်, သမ္မာ သမာဓိမဂ္ဂင်ဟူ၍ တစ်ခုသော မဂ်၏ အစိတ်အင်္ဂါ ရှစ်ပါးဖြစ်၏၊

ရှစ်ပါးသည်ဝဋ်မှထွက်မြောက် နိဗ္ဗာန်ရောက်ကြောင်း ဖြစ်၍ မဂ္ဂင်ခေါ်သည် ဟူလို။

၅၁၇။ သ, ဝီ, ဆန်, စိ၊ ပဉ်, သဒ်, ဓိ၊ ပီ, ပသ်, တတ်, သင်, တီ။

သတိ, ဝီရိယ, ဆန္ဒ, စိတ္တ, ပညာ, သဒ္ဓါ, သမာဓိ, ပီတိ, ပဿဒ္ဓိ, တတြမဇ္ဈတ္တတာ, သင်္ကပ္ပ, ဝိရတီ ၃-ခု။ ဗောဓိပက္ခိယ တရားကိုယ် ၁၅- ပါး။

ကိစ္စများ

၅၁၈။ ဆန်, စိတ်, ပီ, ပသ်၊ တတ်, သင်, တီဟူ၊ ဆယ်ခု မူ၊ မှတ်ယူ ဧက် ကိစ်စီ။

တစ်ကိစ္စတပ်သည့်တရား ဆယ်ပါးတည်း။

၅၁၉။ သဒ္ဓါကား ဒွိ၊ ဓိမူ စတု၊ ငါးခု ပညာ၊ ရှစ်မှာ သတိ၊ ဝီရီယ ကိုး၊ ကိစ္စမျိုး၊ တပ်ရိုး ကျမ်းအညီ။

သဒ္ဓါသည် ဣန္ဒြေ, ဗိုလ် ၂-ကိစ္စတပ်၏
သမာဓိသည် ဣန္ဒြေ, ဗိုလ်, ဗောဇ္ဈင်, မဂ္ဂင် ၄-ကိစ္စတပ်၏၊
ပညာသည်ဣဒ္ဓိပါဒ်, ဣန္ဒြေ, ဗိုလ်, ဗောဇ္ဈင်, မဂ္ဂင် ၅-ကိစ္စတပ်၏၊
သတိသည်သတိပဋ္ဌာန် ၄၊ ဣန္ဒြေ, ဗိုလ်, ဗောဇ္ဈင်, မဂ္ဂင်, ၈- ကိစ္စတပ်၏၊
ဝီရိယသည် သမ္မပ္ပဓာန် ၄၊ ဣဒ္ဓိပါဒ်, ဣန္ဒြေ, ဗိုလ်, ဗောဇ္ဈင်, မဂ္ဂင် ၉-ကိစ္စတပ်၏၊
သင်္ဂြီုဟ်၌ ပဿဒ္ဓိ ၂-ခုကို တစ်ခု ယူ၍ တရားကိုယ် ၁၄-ဆိုသည်။ 

ဗောဓိပက္ခိယ သင်္ဂဟ ပြီး၏၊

------------

သဗ္ဗသင်္ဂဟ

ခန္ဓာငါးပါး

၅၂၀။ ရုပ်, ဝေ, သဉ်, သင်၊ စိတ်ဝိညာဉ်၊ ငါးအင် ခန္ဓာ မှန်။

ရူပက္ခန္ဓာ, ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ စိတ်ဟူသော ဝိညာဏက္ခန္ဓာ ဟူ၍ ခန္ဓာငါးပါးမှတ်။

၅၂၁။ လောကီခန္ဓာ၊ သက်သက်မှာ၊ ဥပါဒါနက္ခန်။ 

လောကုတ္တရာစိတ် စေတသိက် နာမက္ခန္ဓာ ၄-ပါး ပါရှိ၍ ရှေ့ငါးပါးကို ခန္ဓာသာ ဆိုရသည်။

လောကုတ္တရာ မဖက် သက်သက်သော လောကီခန္ဓာ ငါးပါး ကိုမူကား ဥပါဒါန်တရား လေးပါးတို့၏ ပွားစီးရာဖြစ်၍ ဥပါဒါနက္ခန္ဓာ ဟူ၍လည်း ဆိုရ၏၊

ရုပ် ၂၈-ခုသည် ရူပက္ခန္ဓာမည်၏၊ ဝေဒနာသည် ဝေဒနာက္ခန္ဓာ မည်၏၊ သညာသည် သညာက္ခန္ဓာမည်၏၊ ကြွင်းသော စေတသိက် ငါးဆယ်သည် သင်္ခါရက္ခန္ဓာမည်၏၊ စိတ် ၈၉-သည် ဝိညာဏက္ခန္ဓာမည်၏၊ ၅၂၂။ ရေမြှုပ် ပမာ၊ ရုပ်ခန္ခာ၊ ဝေမှာ ရေပွက်ဟန်။ 

၅၂၃။ တံလှပ် ပမာ၊ မှတ်သညာ၊ သင်္ခါ ငှက်ပျောစံ။
၅၂၄။ မျက်လှည့် အသွင်၊ စိတ်ဝိညာဉ်၊ ငါးအင် နှစ်မဲ့ ခန်။

အာယတန ၁၂-ပါး

၅၂၅။ စက်, သော, ဃာ, ဇီ၊ ကာ, မနီ၊ အကြည် ခြောက်ဒွါရ။
၅၂၆။ ရူ, သဒ်, ဂန်, ရံ၊ ဖောဌ်, ဓမ္မံ၊ ခြောက်တန် ဗာဟိရ။

စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယ, မနဟူသော အဇ္ဈတ္တိကာ ယတနခြောက်ပါး။ ရူပ, သဒ္ဒ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗ, ဓမ္မဟူသော ဗာဟိရာယတန ခြောက်ပါး။ အာယတန ၁၂-ပါး ဖြစ်၏၊ 

၅၂၇။ စေ, သုခုမံ၊ မြတ်နိဗ္ဗာန်၊ သုံးတန် ဓမ် အရ။

စေတသိက်ဒွေပညာသ, သုခုမရုပ် သောဠသ, နိဗ္ဗာန်။ ဤ ၃- တန်သည် ဓမ္မာယတန မည်၏၊

၅၂၈။ ရွာပျက်ကြီနှယ်၊ ရှေ့ခြောက်သွယ်၊ နောက်ဝယ် တပ်ဓားပြ။

ရှေ့ဖြစ်သောအတွင်းအာယတန ၆-ပါးကို လူသူမရှိမူ၍ အိမ်ယာ ဝင်းခြံတို့သာ ကျန်ရှိသော ဘီလူး သဘက် အစိမ်း သရဲတို့ဖြင့် ပြည့်သော ရွာပျက်ကြီးတွေ မြို့ပျက်ကြီးတွေနှင့် အတူ ရှုရမည်။ နောက်ဖြစ်သော အာယတန ခြောက်ပါးကို ထိုရွာ ထိုမြို့တို့ကို အမြဲတိုက်ဖျက်၍နေသော ဓားပြတပ်တွေနှင့် အတူရှုရမည် ဟူ၍ ဟောတော်မူသည်။ 

အာယတန ၁၂-ပါး ပြီး၏၊

----------

ဓာတ် ၁၈-ပါး

၅၂၉။ စိတ်မနော ဧ၊ ဓာတ် ခွန်ဝေ၊ တွက်ရေ ဓာတ် ဆယ့်ရှစ်။

စိတ်တစ်ခုယုတ်ကိုးဆယ်ဟု ဆိုအပ်သော မနာယတန တစ်ခုကို ဓာတ်ခုနစ်ခု ပြုလုပ်ဝေဖန်သည်ရှိသော် ဓာတ်အရေအတွက် တစ်ဆယ့် ရှစ်ဖြစ်၏၊

စက္ခုဓာတ်, သောတဓာတ်, ဃာနဓာတ်, ဇိဝှါဓာတ်, ကာယဓာတ်, ရူပဓာတ်, သဒ္ဒဓာတ်, ဂန္ဓဓာတ်, ရသဓာတ်, ဖောဋ္ဌဗ္ဗဓာတ်, စက္ခုဝိညာဏ ဓာတ်, သောတဝိညာဏဓာတ်, ဃာနဝိညာဏဓာတ်, ဇိဝှါဝိညာဏဓာတ်, ကာယဝိညာဏဓာတ်။

ပဉ္စဒွါရာဝဇ္ဇန်း သမ္ပဋိစ္ဆိုန်းဒွေး ဟူသော မနောဓာတ်။ ကြွင်းသော စိတ်ပေါင်း ၇၆-ခုဟူသော မနောဝိညာဏဓာတ်။ စေတသိက် ဒွေပညာသ, သုခုမရုပ် သောဠသ, နိဗ္ဗာန်ဟူသော ဓမ္မဓာတ်။ ဤကား ဓာတ် ၁၈-ပါးတည်း။

၅၃၀။ သတ္တ ဇီဝ၊ ကင်းစင်ပ၊ ဘာဝ တတ်တိုင်းဖြစ်။ 

ဓာတ်ဆိုသည်ကား ပုဂ္ဂိုလ်, သတ္တဝါ, အတ္တ, ဇီဝအဖြစ်မှ ကင်းစင် ပ၍ ပုဂ္ဂိုလ်သတ္တဝါတို့၏ အလိုသို့ မပါပဲ သူ့သဘာဝ အလျောက် အကြောင်းဆိုက်တိုက်လာရာ သူ့တတ်တိုင်း ဖြစ်၍နေသော တရားစုကို ဓာတ်ဟုဆိုသည်။

ဓာတ် ၁၈-ပါးပြီး၏၊

----------

သစ္စာ ၄-ပါး

၅၃၁။ ဒုက်, သ, နိ, မဂ်၊ မသွေကွက်၊ လေးချက် မှန် သစ္စာ။

ဒုက္ခသစ္စာ, သမုဒယသစ္စာ, နိရောဓသစ္စာ, မဂ္ဂသစ္စာ ဟူ၍ သစ္စာ ၄-ပါးရှိ၏၊ ဘယ်အခါမှ သွေကွက် ဖောက်ပြန်ခြင်း မရှိမူ၍ အမြဲဧကန် စင်စစ်မှန်သည်ကို သစ္စာဆိုသည်။

၅၃၂။ စိတ်, စေ, လောကီ၊ ရုပ် ဌာဝီ၊ ဒုက်ပြီ, သတဏှာ။

လောကီစိတ် ဧကာသီတိ ၈၁, ယင်း ၈၁-တို့နှင့်ယှဉ်သော လောဘကြဉ်သော စေတသိက် ၅၁, ရုပ် ၂၈, ဤတရားစုသည် ဒုက္ခသစ္စာ မည်၏၊

လောဘ ဟုဆိုအပ်သော တဏှာသည် သမုဒယသစ္စာ မည်၏၊

၅၃၃။ နိမှာ နိဗ္ဗာန်၊ အင်ရှစ်တန်၊ အမှန် မဂ္ဂသာ။ နိဗ္ဗာန်သည် နိရောဓသစ္စာ မည်၏၊

မဂ်စိတ် ၄-ခု၌ရှိသော သမ္မာဒိဋ္ဌိ အစရှိသော မဂ္ဂင်ရှစ်ပါးသည် မဂ္ဂသစ္စာ မည်၏၊

မဂ်စိတ် ၄-ခု၌ စိတ် စေတသိက်ပေါင်း ၃၇-ရှိ၏၊ ယင်းတွင် မဂ္ဂင်ရှစ်ခုကို မဂ္ဂသစ္စာ ယူ၍ ကြွင်းစိတ် စေတသိက်ပေါင်း ၂၉-သည် လည်းကောင်း, ဖိုလ်စိတ် ၄-ခုနှင့် ယင်းဖိုလ်စိတ် ၄-ခု၌ရှိသော စေတသိက် ၃၆-ခုသည်လည်းကောင်း သစ္စာ ၄-ပါးမှ လွတ်၏၊ သစ္စာ ဝိမုတ် မည်၏၊

* ပိုဒ်ခုနစ်ဆယ်၊ လင်္ကာခြယ်၊ ဤဝယ် သမုစ်ပြီး။ (သမုစ္စည်းပိုင်း အကျဉ်းချုပ် အကျယ်ကို ပရမတ္ထဒီပနီ ဋီကာကြီး မှာ ယူလေ။) 

သမုစ္စည်းပိုင်း ပြီး၏၊

--------------

၈-ပစ္စည်းပိုင်း

ပဋိစ္စသမုပ္ပါဒ်

အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာ မရဏ, သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ (ဆောင်ပုဒ်။)

အဝိဇ္ဇာ

၅၃၄။ မိုက်မဲစွာလှ၊ မှောင်ကြီးကျ၊ မောဟ အဝိဇ္ဇာ။ သစ္စာ ၄-ပါးကို မသိနိုင်ကြအောင် သတ္တဝါတို့၏ စိတ်သန္တာန်၌ မိုက်မဲစွာလှ မှောင်ကြီးကျ၍နေသော မောဟ စေတသိက်သည် အဝိဇ္ဇာ မည်၏၊

အဝိဇ္ဇာသရုပ် ပြီး၏၊

----------

သင်္ခါရ

၅၃၅။ အကုသိုလ်နှင့်၊ ကုသိုလ် နှစ်ထွေ၊ စေတနာ ဓမ္မ၊ ကံသုံးဝ၊ မှတ်ကြ သင်္ခါရာ။

အကုသိုလ် စေတနာ ကာယကံ, ဝစီကံ, မနောကံ ၃-ပါး, မဟာကုသိုလ် စေတနာ ကာယကံ, ဝစီကံ, မနောကံ ၃ပါး၊ မဟဂ္ဂုတ် ၉-ခု ကုသိုလ် စေတနာ မနောကံ၊ ဤအကုသိုလ်ကံ ကုသိုလ်ကံ အလုံးစုံ သည် သင်္ခါရ မည်၏၊

ကာယကံကို ကာယသင်္ခါရ ခေါ်၏၊ ဝစီကံကို ဝစီသင်္ခါရ ခေါ်၏၊ မနောကံကို စိတ္တသင်္ခါရခေါ်၏၊

၅၃၆။ ပုညာ ပုည၊ အာနေဉ္ဇ၊ သုံးဝ ခွဲစိတ်ဖြာ။

အကုသိုလ် စေတနာ ၁၂-ခုသည် အပုညာဘိသင်္ခါရ မည်၏၊

မဟာကုသိုလ် ရှစ်ခု, ရူပကုသိုလ် ငါးခု ဤစေတနာ ၁၃-ခုသည် ပုညာဘိသင်္ခါရ မည်၏၊

အရူပကုသိုလ်စေတနာ ၄-ခု သည် အာနေဉ္ဇာဘိသင်္ခါရမည်၏၊

ဘုံပိုင်း၌ ပြဆိုခဲ့ပြီးသော ကံအပြားတွေကို ဤဒေသနာ၌ သင်္ခါရ ခေါ်သတည်း။

သင်္ခါရ ပြီး၏၊

ဝိညာဏ်

၅၃၇။ သန္ဓိ, ပဝတ္တိ၊ နှစ်မျိုးရှိ၊ ဝိပါက် ဝိညာဏာ။ 

ပဋိသန္ဓေစိတ် ၁၉-သည် ပဋိသန္ဓေဝိညာဏ်မည်၏၊ ပဝတ္တိဝိပါက် ၃၂-ခုသည် ပဝတ္တိဝိညာဏ်မည်၏၊ ဘုံပိုင်း၌ အကုသိုလ်ကံ အကျိုး ဝေဖန်ခန်း၊ ကာမကုသိုလ်ကံအကျိုးဝေဖန်ခန်း၊ မဟဂ္ဂုတ် ကုသိုလ်ကံ အကျိုးဝေဖန်ခန်းများသည် ဤဝိညာဏ်၏ အချက်စု ချည်းတည်း။ ဝိညာဏ် ပြီး၏၊

-------------

နာမ်ရုပ်

၅၃၈။ စေတသိက်မူ၊ နာမ်ဟုယူ၊ ရုပ်မူ ကမ္မဇာ။ 
၅၃၉။ ဝိညာဏ်နည်းတူ၊ နှစ်မျိုးယူ၊ အတူ ယှဉ်မကွာ။ 

ဝိညာဏ်ကို ပစ္စည်းအနေနှင့် အသီးအခြား ဆိုပြီးဖြစ်၍ နာမရူပ၌ နာမ်အရကို စေတသိက်နာမ်ကိုသာယူ။ ရုပ်မှာလည်း သုတ္တန်နည်းအားဖြင့် ကမ္မဇရုပ်ကို ယူ။ ထိုနာမ်ရုပ်သည် ပဋိသန္ဓေနာမ်ရုပ် ပဝတ္တိနာမ်ရုပ် ၂- မျိုး ရှိ၏၊

နာမ် ရုပ်ပြီး၏၊

-----------

သဠာယတန

၅၄၀။ သဠာယတန၊ ခြောက်ဒွါရ၊ မန, ဝိပါက်သာ။ 

စက္ခု, သောတ စသော ၆-ဒွါရသည် သဠာယတနမည်၏၊ ထို ၆-ဒွါရတွင် မနာယတနမှာလည်း ဘဝင်နှင့်တကွ လောကီဝိပါက် ဗာတ္တိံသ ကိုယူ။ စက္ခုဝိညာဏ်, သောတဝိညာဏ်, ဃာနဝိညာဏ်, ဇိဝှါဝိညာဏ်, ကာယဝိညာဏ်, မနောဝိညာဏ်ဟု ဝိညာဏ် ၆-ပါးပြု။

သဠာယတန ပြီး၏၊

ဖဿ ဝေဒနာ

၅၄၁။ ဝိညာဏ် ခြောက်ဝ၊ ယှဉ်တုံကြ၊ ဖဿဝေဒနာ။ 

ဖဿကိုလည်း ဝိပါက်ဝိညာဏ်ခြောက်ပါးနှင့် ယှဉ်သော ဝိပါက် ဖဿ ခြောက်ပါးကိုယူ။

စက္ခုသမ္ဖဿ, သောတသမ္ဖဿ, ဃာနသမ္ဖဿ, ဇိဝှါသမ္ဖဿ, ကာယသမ္ဖဿ, မနောသမ္ဖဿ ဟူ၍ ခြောက်ပါးယူ။

ဝေဒနာခြောက်ပါးလည်း ထိုအတူ စက္ခုသမ္ဖဿဇာ ဝေဒနာ, သောတသမ္ဖဿဇာ ဝေဒနာ, ဃာနသမ္ဖဿဇာ ဝေဒနာ, ဇိဝှါသမ္ဖဿဇာ ဝေဒနာ, ကာယသမ္ဖဿဇာ ဝေဒနာ, မနောသမ္ဖဿဇာဝေဒနာ ဟူ၍ဝေဒနာခြောက်ပါး။

ဖဿ ဝေဒနာ ပြီး၏၊

-----------------

တဏှာ

၅၄၂။ ခြောက်ပါး အာရုံ၊ သာယာတုံ၊ ခြောက်စုံ ညစ် တဏှာ။

ရူပတဏှာ, သဒ္ဒတဏှာ, ဂန္ဓတဏှာ, ရသတဏှာ, ဖောဋ္ဌဗ္ဗတဏှာ, ဓမ္မတဏှာ ဟူ၍ခြောက်ပါး။ ဓမ္မတ ဏှာဆိုသည်ကား လောကီစိတ်, စေတသိက်, ပသာဒရုပ်ငါးခု, သုခုမရုပ် ၁၆, ပညတ္တိဓမ္မတို့၌ သာယာ သော တဏှာတည်း။

တဏှာပြီး၏၊

ဥပါဒါန်

၅၄၃။ ကာမ, ဒိဋ္ဌိ၊ သီလဗ္ဗတ၊ အတ္တစွဲသန်၊ ဥပါဒါန်၊ လေးတန် သရုပ်ဖြာ။

ကာမဂုဏ်ငါးပါးတို့၌ အခိုင်အမြဲ စွဲလမ်းသော ကာမုပါဒါန်, ဒိဋ္ဌိအယူတို့၌ အခိုင်အမြဲ စွဲလမ်းသော ဒိဋ္ဌုပါဒါန်, ဂေါသီလ-ဂေါဝတစသောသီလဝတတို့၌ အခိုင်အမြဲ စွဲလမ်းသော သီလဗ္ဗတုပါဒါန်, ခန္ဓာငါး တို့၌ အတ္တဟူ၍ အခိုင်အမြဲ စွဲလမ်းသော အတ္တဝါဒုပါဒါန်ဟူ၍ လေးပါး။

သမုစ္စည်းပိုင်းမှာလည်း ဥပါဒါန်ပါခဲ့ပြီ။

ဥပါဒါန် ပြီး၏၊

---------------

ဘဝ

၅၄၄။ ကုသလာကုသလ၊ ကမ္မပထံ၊ ဤနှစ်တန်၊ ကမ္မ ဘဝ သာ။

ကုသလကမ္မပထဆယ်ပါး, အကုသလကမ္မပထဆယ်ပါးသည် ကမ္မဘဝမည်၏၊ သုစရိုက်ဆယ်ပါးလည်း ဆိုသင့်၏၊

၅၄၅။ ဝိပါက်ခန္ဓာ၊ ကဋတ္တာဟု၊ ရုပ်နာမ်စု၊ ဥပပတ္တိသာ။

ပဋိသန္ဓေ ပဝတ္တိလောကီဝိပါက် နာမက္ခန္ဓာလေးပါး, ကမ္မဇရုပ် နှစ်ဆယ်ဟူသော ကဋတ္တာရုပ်, ဤနာမ်ရုပ် နှစ်ပါးသည် ဥပပတ္တိဘဝ မည်၏၊

ဘဝပြီး၏၊

--------------

ဇာတိ ဇရာ မရဏ

၅၄၆။ ဖြစ်မှု, ရင့်မှု၊ ပျက်ဆုံးမှု၊ ဥပပတ္တိမှာ။ 

ထိုထို ဘုံဘဝတို့၌ ဥပပတ္တိခန္ဓာတို့၏ ဖြစ်ပေါ်မှုကို ဇာတိ ဆိုသည်။ ရင့်ရော်အိုမင်းမှုကို ဇရာ ဆိုသည်။ ပျက်မှုကို မရဏ ဆိုသည်။ ဇာတိ ဇရာ မရဏသရုပ် ပြီး၏၊

အင်္ဂါ ၁၂-ပါးသရုပ် ပြီး၏၊

-----------------

အင်္ဂါ ၁၂-ပါး

၅၄၇။ အင်္ဂါ ဆယ့်နှစ်၊ သုံးဆစ် ကာလ၊ သုံးဝ အစပ်၊ လေးရပ် အလွှာ၊ ဝဋ်သုံးဖြာ၊ မှတ်ပါ မူလဒွေး။

အဝိဇ္ဇာပစ္စယာ သင်္ခါရာအဝိဇ္ဇာပစ္စယာ သင်္ခါရာ အစရှိသော ဒေသနာတော် တိုက်ရိုက်ရှိတိုင်းအားဖြင့် အင်္ဂါ ၁၂-ပါးရှိ၏၊ ကာလသုံးပါးရှိ၏၊ အစပ် သုံးပါးရှိ၏၊ အလွှာ ၄-ပါးရှိ၏၊ ဝဋ်သုံးပါးရှိ၏၊ မူလ ၂-ပါးရှိ၏၊

အင်္ဂါ ၁၂-ပါး ဆိုသည်ကား-(၁) အဝိဇ္ဇာ၊ (၂) သင်္ခါရ၊ (၃) ဝိညာဏ်၊ (၄) နာမ်ရုပ်၊ (၅) သဠာယတန၊ (၆) ဖဿ၊ (၇) ဝေဒနာ၊ (၈) တဏှာ၊ (၉) ဥပါဒါန်၊ (၁၀) ဘဝ၊ (၁၁) ဇာတိ၊ (၁၂) ဇရာမရဏ။ ဤအင်္ဂါ ၁၂-ပါးတည်း။

အင်္ဂါဆိုသည်ကား-အဝိဇ္ဇာရှိခဲ့လျှင် သင်္ခါရဧကန် ဖြစ်ရသည်။ အဝိဇ္ဇာမရှိခဲ့လျှင် သင်္ခ်ါရဧကန် မဖြစ်ပြီ။ ဤကဲ့သို့ အကြောင်းအကျိုး အဖြစ်မြဲသော တရားစုကိုသာ အင်္ဂါဆိုရသည်။ သောက ပရိဒေဝ စသည်တို့ကား ထိုကဲ့သို့မြဲသောတရားတို့ မဟုတ်ကြကုန်။ ဗြဟ္မာတို့အား ဇာတိရှိခဲ့သော်လည်း သောကပရိဒေဝ စသည်မဖြစ်။ထို့အတူ အနာဂါမ် ရဟန္တာတို့ အားလည်း မဖြစ်။ ထိုကြောင့် သောကပရိဒေဝစသည်တို့ကို အင်္ဂါ မဆိုသည်။

အင်္ဂါ မဟုတ်ခဲ့သော် ထိုသောက ပရိဒေဝ စသည်တို့ကို ဒေသနာ၌ အဘယ်အကျိုးငှါ ဟောတော်မူပါသနည်း ဟူမူ-ဝဋ္ဋဓမ္မ၏ အကျိုးဆက် ကိုပြခြင်းငှာ ဟောတော်မူသည်။ အဝိဇ္ဇာသင်္ခါရစသော အကြောင်းအကျိုး အစီအစဉ်အားဖြင့် သံသရာရှည်လျား၍ နေကြမှုမှာ အကျိုးကိုရှာ လိုက်သော် သောက ပရိဒေဝ စသော ဒုက္ခတရားတို့ ပွားစီး ဖို့သာဖြစ် သည်ဟု ပြခြင်းငှာဟောတော်မူသည် ဟူလို။

ကာလ ၃-ပါး

ကာလ ၃-ပါးဆိ်ုသည်မှာကား-အတိတ်ဘဝ အနာဂတ်ဘဝ ပစ္စုပ္ပုန်ဘဝ ဟူသောကာလ ၃-ပါးတည်း။ အင်္ဂါ ၁၂-ပါးတို့တွင် အဝိဇ္ဇာ သင်္ခါရနှစ်ပါးတို့ကား အတိတ်ဘဝမှာ အကျုံးဝင်သော တရားတို့တည်း။ ဇာတိ, ဇရာမရဏ နှစ်ပါးတို့ကား နောင်အနာဂတ်ဘဝမှာ အကျုံးဝင်သော တရားတို့သာ တည်း။

အလယ်၌ ကျန်ရှိသော အင်္ဂါရှစ်ပါးတို့ကား ပစ္စုပ္ပန်ဘဝတွင် အကျုံးဝင်သော တရားတို့တည်း။ ဤကား ကာလ ၃-ပါး။ 

အစပ် ၃-စပ်

သင်္ခါရနှင့် ဝိညာဏ်အကြားမှာ ဟေတုဖလအစပ် တစ်ခု။ ဝေဒနာနှင့် တဏှာ အကြားမှာ ဖလဟေတုအစပ်တစ်ခု။ ဘဝနှင့်ဇာတိ အကြားမှာ ဟေတုဖလအစပ်တစ်ခု။ ဤကားအစပ် ၃-ပါးတည်း။ ကုသိုလ် အကုသိုလ်မျိုးကို ဟေတု ဆိုသည်။ ဝိပါက်မျိုးကို ဖလဆိုသည်။

အလွှာ ၄-ပါး

အစပ် ၃-ပါးရှိလျှင် အလွှာ ၄-ခု ရှိမြဲ။
အဝိဇ္ဇာ, သင်္ခိါရကား တစ်လွှာတည်း။
ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာတို့ကား တစ်လွှာတည်း။
တဏှာ, ဥပါဒါန်, ဘဝတို့ကား တစ်လွှာတည်း။
ဇာတိ, ဇရာမရဏတို့ကား တစ်လွှာတည်း။။ 
ဤကား အလွှာ ၄-ပါးတည်း။

ဝဋ် ၃-ပါး

အင်္ဂါ ၁၂-ပါးတို့တွင် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့ကား ကိလေသာ တရားမျိုးဖြစ်၍ ကိလေသဝဋ် မည်၏၊

သင်္ခါရ ကမ္မဘဝတို့ကား ကံတရားမျိ်ုးဖြစ်၍ ကမ္မဝဋ်မည်၏၊ ကြွင်းသော ဝိညာဏ် အစရှိသော တရားစုကားကံ၏ အကျိုးမျိုး ဖြစ်၍ ဝိပါကဝဋ် မည်၏၊

ဝဋ်ဆိုသည်ကား စက်လည်၍ သွားမှုတည်း။ ကိလေသာရှိလျှင် ကံဖြစ်မြဲတည်း။ ကံရှိလျှင် ဝိပါက်ဖြစ်မြဲတည်း၊ ဤသို့ စက်လည်၍ သွားမှုကို ဝဋ်ဟု ဆိ်ုသတည်း။။ ဤကား ဝဋ် ၃-ပါးတည်း။ မူလ၂-ပါး

ရှေ့ဖြစ်သော အကြောင်းအကျိုးတစ်စုံမှာ အဝိဇ္ဇာသည် မူလတည်း။ နောင်ဖြစ်သော အကြောင်းအကျိုးတစ်စုံမှာ တဏှာသည် မူလတည်း။။ ဤကား မူလ၂-ပါးတည်း။

ဤကား ပါဠိမှာ တိုက်ရိုက်ရှိသည်အတိုင်း ဝေဖန်ပုံတည်း။ ပဋိသမ္ဘိဒါမဂ်ပါဠိတော် နည်းအားဖြင့် ဝေဖန်ပုံကား- ရာဇာ အာဂစ္ဆတိ၊ (မင်းလာသည်) ဆိုလျှင် အခြံအရံ ပါရှိသည်ကိုလည်း သိရသကဲ့သို့ အဝိဇ္ဇာဆိုလျှင် တဏှာဥပါဒါန်ရှိသည်ကို သိအပ်၏၊ ရေယူခဲ့လော့ ဆိုလျှင် အိုးခွက် ဖလားမဆိုသော်လည်း ပါရသကဲ့သို့ တဏှာဥပါဒါန် ဆိုလျှင်အဝိဇ္ဇာပါရှိသည်ကို သိအပ်၏၊ ထိုအတူသင်္ခါရ ဆိုလျှင် ကမ္မဘဝပါတော့သည်။ ဘဝဆိုလျှင် သင်္ခါရပါတော့သည်။ ထိုကြောင့် အဝိဇ္ဇာ, သင်္ခါရဟူသော အင်္ဂါ-၂ပါး နေရာမှာ တဏှာ, ဥပါဒါန်, ကမ္မဘဝတို့ကိုလည်း ထည့်သွင်း၍ယူ။ တဏှာ, ဥပါဒါန်, ဘဝ အင်္ဂါ ၃- ပါးနေရာမှာ အဝိဇ္ဇာ, သင်္ခါရကို ထည့်သွင်း၍ယူ။ ဇာတိ ဇရာ မရဏ တို့သည်လည်း ဥပပတ္တိဘဝတို့၏ အမှုသာတည်း။ ထိုကြောင့်ဇာတိ ဇရာ မရဏ အင်္ဂါနှစ်ခုတို့မှာ ဥပပတ္တိဘဝကို ထုတ်ဖော်၍သိအပ်၏၊ ဥပပတ္တိ ဘဝဆိုသည်ကား-ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ ဟူသောအကျိုးတရားငါးပါးကို ဆိုသတည်း။

ခြင်းရာ-၂၀

ဤမျှသော ယုတ္တိတို့ဖြင့် အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကမ္မဘဝ။ အတိတ် အကြောင်းတရားငါးပါး။

ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ။ ပစ္စုပ္ပန် အကျိုးတရားငါးပါး။ အကြောင်းအကျိုး တစ်စုံဖြစ်၏၊

အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကမ္မဘဝ, ပစ္စုပ္ပန်အကြောင်း တရားငါးပါး။

ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, အနာဂတ်အကျိုး တရားငါးပါး။ အကြောင်းအကျိုး တစ်စုံဖြစ်၏၊ အင်္ဂါ ၂၀-ဖြစ်၏၊ အခြင်းအရာ ၂၀-လည်း မည်၏၊

အဓွန့် ၃-ပါး

ပထမအကြောင်းငါးပါးကား အတိတ်အဓွန့်တည်း။ ကာလကို အဓွန့်ဆိုသည်။ စတုတ္ထအကျိုးငါးပါးကား အနာဂတ်အဓွန့်တည်း။ ဒုတိယ အကျိုးငါးပါး, တတိယအကြောင်းငါးပါးကား ပစ္စုပ္ပန်အဓွန့်တည်း။ ဤကား အဓွန့် သုံးပါးတည်း။

ပထမအကြောင်းငါးပါးနှင့် ဒုတိယအကျိုးငါးပါး အကြားမှာ တစ်စပ်။
ဒုတိယအကျိုး ၅-ပါးနှင့် တတိယအကြောင်း ၅-ပါးအကြားမှာ တစ်စပ်။
တတိယအကြောင်း ၅-ပါးနှင့် စတုတ္ထအကျိုး ၅-ပါးအကြားမှာ တစ်စပ်။ 
ဤကား အစပ် ၃-ပါးတည်း။

အကြောင်း ၂-စုံ၊ အကျိုး ၂-စုံသည် အလွှာ ၄-ခုဖြစ်၏၊ ပထမ တတိယအကြောင်းနှစ်လွှာတွင် ပါရှိသော အဝိဇ္ဇာ, တဏှာ, ဥပါဒါန်တို့သည်ကား ကိလေသာဝဋ်တည်း။

သင်္ခါရ, ကမ္မဘဝတို့ကား ကမ္မဝဋ်တည်း။

ဒုတိယ--စတုထ္ထအကျိုး ၅-လွှာတို့ကား ဝိပါကဝဋ်တည်း။။

ဤကား ဝဋ်သုံးပါးတည်း။

ပထမ တတိယအကြောင်း ၂-လွှာတို့၌ ပါရှိသော အဝိဇ္ဇာ, တဏှာ ၂-ပါးတို့ကား မောဟဟိတ် လောဘဟိတ် ဖြစ်၍ မူလ ၂-ပါးမည်၏၊ ဤကား မူလ ၂-ပါး တည်း။

သံသရာစက် လည်ပုံ

သံသရာစက် လည်ပုံကား-ကိလေသဝဋ်ရှိခဲ့လျှင် ကမ္မဝဋ် ဖြစ်မြဲ၊ ကမ္မဝဋ်ရှိခဲ့လျှင် ဝိပါကဝဋ်ဖြစ်မြဲ၊ ဝိပါကဝဋ်ရှိခဲ့လျှင် ထိုဝိပါကဓမ္မတို့၌ ငါ၏ကိုယ်ဟုတွယ်တာသော ကိလေသဝဋ် ဖြစ်မြဲ၊ ကိလေသဝဋ် ရှိခဲ့လျှင် ကမ္မဝဋ်ဖြစ်မြဲ၊ ကမ္မဝဋ်ရှိခဲ့လျှင် ဝိပါက ဝဋ်ဖြစ်မြဲ၊ ဝိပါကဝဋ်ဖြစ်ခဲ့လျှင် ကိလေသဝဋ်ဖြစ်မြဲ၊ ဤကား ဝဋ် ၃-ပါး ချားရဟတ်ကဲ့သို့ မရပ်မတည် ဟူးဟူးလည် နေပုံတည်း။

သစ်ပင်တို့မှာ တစ်ပင်လုံး၌ အနှံ့တည်သော အစေးရှိ၏၊ ထိုအစေး မှ အသီးအဆန် ဖြစ်၏၊ ထိုအသီးအဆန်မှ အပင်ပေါက်၏၊ ထိုအပင်မှာ အစေးရှိပြန်၏၊ ထိုအစေးမှ အသီးအဆန် ဖြစ်ပြန်၏၊ ထိုအသီးအဆန်မှ အပင်ပေါက်ပြန်၏၊ မြေဥတု ရေဥတု လေဥတုတို့ကား အစေးကို ပွားစေ ကုန်၏၊ ဥတုအထောက်အပံ့ကို မရလျှင် အစေးကုန် ခန်း၏၊ ထိုသစ်ပင် မျိုးပြတ်၏၊ နောက်ဆက်မရှိ။

- သစ်ပင်တွေနှင့် သတ္တဝါတွေ တူကြ၏၊
- အစေးနှင့် ကိလေသဝဋ်တူ၏၊
- အသီးအဆန်နှင့် ကမ္မဝဋ်တူ၏၊
- အပင်နှင့် ဝိပါကဝဋ်တူ၏၊
- ဥတုနှင့် လူ့ကာမဂုဏ် နတ်ကာမဂုဏ် ဗြဟ္မာ့ အာရုံစု တူ၏၊
- အစေးကို ခန်းခြောက်စေတတ်သော ပယောဂနှင့် ဝိပဿနာမှု တူ၏၊
ပဋိစ္စသမုပ္ပါဒ် ပြီး၏၊

------------

ပဋ္ဌာန်းနည်း

၅၄၈။ ဟေ, အာ, ဓိ, နန်၊ သမနန်၊ သ, အံ, နိ, ဥ, ပူ။
၅၄၉။ ပစ်, သေ, ကံ, ပံ၊ ဟာ, ဣန်, စျာန်၊ မဂ်, သံ, ဝိပ္ပဟူ။
၅၅၀။ အတ်, နတ်, ဝိတ၊ အဝိတ၊ ဒွိစ ပစ္စည်းယူ။

ဟေတု, အာရမ္မဏ, အဓိပတိ, အနန္တရ, သမနန္တရ, သဟဇာတ, အညမည, နိဿယ, ဥပနိဿယ, ပုရေဇာတ။

ပစ္ဆာဇာတ, အာသေဝန, ကမ္မ, ဝိပါက, အာဟာရ, ဣန္ဒြိယ, စျာန, မဂ္ဂ, သမ္ပယုတ္တ, ဝိပ္ပယုတ္တ။

အတ္ထိ, နတ္ထိ, ဝိဂတ, အဝိဂတ။

ဒွိစ ကား ဒွိစတုတည်း။ 

၂၄-ပစ္စည်း ဟူလို။

အနန္တရ သမနန္တရ နတ္ထိ ဝိဂတ

၅၅၁။ နန်, သမနန်၊ နတ်, ဝိတံ၊ လေးတန် အတူတူ။

အနန္တရ, သမနန္တရ, နတ္ထိ, ဝိဂတ ဤ ၄-ပစ္စည်းကား ပစ္စည်း ပစ္စယုပ္ပန် တစ်ထပ်တည်းဖြစ်၍ နောက်နောက်၌ နန်ဆိုလျှင် ဤ ၄- ပစ္စည်းကို တစ်လုံးတည်း ယူလေ။

ဟေတုပစ္စည်း

၅၅၂။ ဟိတ်ခြောက်, ခြောက်အာ၊ ဓိ နှစ်ဖြာ၊ အာ ဓိ, သ-ဓိခွဲ။

လောဘ, ဒေါသ, မောဟ, အလောဘ, အဒေါသ, အမောဟ။

ဤ ဟိတ် ၆-ပါးသည်ပင်လျှင် ဟေတုပစ္စည်းမည်၏၊ ပကိဏ်းပိုင်း ဟေတု သင်္ဂဟနှင့်စပ်လေ။

အာရမ္မဏပစ္စည်း

ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ, ဓမ္မာရုံ။ ဤ အာရုံ ၆-ပါးသည်ပင်လျှင် အာရမ္မဏပစ္စည်းမည်၏၊ ပကိဏ်းပိုင်း အာရမ္မဏ သင်္ဂဟအတိုင်းပင်။ အဓိပတိပစ္စည်း

အဓိပတိသည်မူကား အာရမ္မဏ ဓိပတိတစ်ပါး, သဟဇာတာ ဓိပတိတစ်ပါး ဟူ၍ ၂-ပါးရှိ၏၊

၅၅၃။ ဣဋ္ဌရုပ်-နာမ်၊ အာ-ဓိမှန်၊ လေးတန်သ-ဓိ ခွဲ။ 

အနိဋ္ဌရုပ် အနိဋ္ဌနာမ်ကိုကြဉ်၍ ဣဋ္ဌရုပ် ဣဋ္ဌနာမ်စုသည် အာရမ္မဏာဓိပတိပစ္စည်း မည်၏၊

အနိဋ္ဌရုပ် ဆိုသည်ကား အမြဲမရှိ၊ သူ အလိုမရှိသောရုပ်သည် သူ့ မှာအနိဋ္ဌမည်၏၊ အလိုရှိလျှင် ဣဋ္ဌ မည်၏၊

စိတ်၌ ဒေါသမူဒွေ, မောဟမူဒွေ, ဒုက္ခသဟဂုတ် ကာယဝိညာဏ် စိတ် ဤငါးခုသည် အနိဋ္ဌဧကန်တည်း။ ကြွင်းသော စိတ်စုသည် ဣဋ္ဌမျိုးတည်း။ စေ၌ ဒေါသ, ဣသာ, မစ္ဆရိယ, ကုက္ကုစ္စ, ဝိစိကိစ္ဆာ ဤငါးခု သည် အနိဋ္ဌဧကန်တည်း။ ကြွင်းသော စေ ၄၇-ခုသည် ဣဋ္ဌမျိုး တည်း၊ နိဗ္ဗာန်သည် ဧကန် ဣဋ္ဌတည်း။ ဣဋ္ဌဖြစ်သော ရုပ်နာမ်စုသည် အာရမ္မဏာ ဓိပတိပစ္စည်းတည်း။

သမုစ္စည်းပိုင်းမှာ လာပြီးသော ဆန္ဒ, ဝီရိယ, စိတ္တ, ဝီမံသဟူသော အဓိပတိ ၄-တန်သည် သဟဇာတာဓိပတိ ပစ္စည်းတည်း။ ဒွိဟိတ်ဇော တိဟိတ်ဇော ဖိုလ်ဇောတို့၌သာ ရထိုက်၏၊ ကာမဇောတို့၌ ရံခါသာရ၏၊ အပ္ပနာဇောတို့၌ တစ်ခုခု အမြဲရ၏၊ ထိုတွင် ဣဋ္ဌရုပ်နာမ်သည် အလေး ဂရုပြုသော သူတို့မှာသာ အဓိပတိ တပ်နိုင်သည်။ အလေးဂရုမပြုသော သူတို့မှာ အဓိပတိ မတပ်နိုင်။

ညီတော်မင်းနန်သည် ဇနပဒကလျာဏီကို ခင်မင်သမှု အလေးပြု သောအခါ၌ ဇနပဒကလျာဏီရှိ ရုပ်နာမ်စုသည် ညီတော်မင်းနန်၏ စိတ်အား အာရမ္မဏာဓိပတိ တပ်၏၊ နောက်ခင်မင်မှု မရှိသောအခါ မတပ်။ ဆန္ဒ, ဝီရိယ, စိတ္တ, ဝီမံသတို့လည်း အလွန် အားကြီးစွာ ထက်သန် ကြမှ အဓိပတိ တပ်နိုင်ကြကုန်သည်။ မထက် သန်ကြလျှင် မတပ်နိုင်ကြ ကုန်။ (အဓိပတိ ၂-မျိုး။)

အနန္တရ ပစ္စည်းစသည် ၄-မျိုး

၅၅၄။ ခြားမဲ့ ရှေ့နာမ်၊ ပစ္စည်းနာမ်၊ နောက်နာမ်အား အမြဲ။

အခြားမဲ့ဖြစ်သော ရှေ့ရှေ့နာမက္ခန္ဓာလေးပါးသည် နောက်နောက် နာမက္ခန္ဓာလေးပါးအား အမြဲလျှင် အနန္တပစ္စည်း တပ်၏၊ အတီတဘဝင် နာမက္ခန္ဓာ ၄-ပါးသည် စလနဘဝင်နာမက္ခန္ဓာ ၄-ပါးအား အနန္တရပစ္စည်း တပ်၏၊

စလနဘဝင်နာမက္ခန္ဓာ ၄-ပါးသည် ဥပစ္ဆေဒဘဝင်နာမက္ခန္ဓာ ၄- ပါးအား အနန္တရပစ္စည်းတပ်၏၊ ဤနည်းအတိုင်း အနမတဂ္ဂ သံသရာမှာ အနန္တရပစ္စည်း တစ်ဆက်တည်းသာတည်း။ ပရိနိဗ္ဗာန်စံသော နောက်ဆုံး စုတိစိတ်တစ်ခုသည်သာ နောက်၌ ပဋိသန္ဓေစိတ် မလာ၍ မတပ်ရသည်။ အနန္တရ သမနန္တရ နတ္ထိ ဝိဂတ ၄-မျိုး ပြီး၏၊

-----------

သဟ ဇာတ

၅၅၅။ စိတ်, စေ, ဘုတ်စု၊ ဝတ္ထု သန္ဓေ၊ ဤလေးထွေ၊ တပ်လေ သဟဇ။

သဟဇာတပစ္စည်းတပ်သောတရားကား စိတ်အကုန်, စေတသိက် အကုန်, သက်ရှိသက်မဲ့ သန္တာန်၌ဖြစ်သော မဟာဘုတ် ဓာတ်ကြီးလေးပါး အကုန် ပဋိသန္ဓေအခါ၌ ရှိသော ဟဒယဝတ္ထု၊ ဤ ၄-ပါးတည်း။ အညမည

၅၅၆။ စိတ်, စေ, ဘုတ်စု၊ ဝတ္ထု သန္ဓေ၊ ဤလေးထွေ၊ တပ်လေ အဉ်မည။

ရှေ့သဟဇာတနှင့် ပစ္စည်းအရ အတူတူ, ရှေ့သဟဇာတမှာ တကွဖြစ်သမျှအား အကုန်တပ်သည်၊ ဤအညမညမှာ အချင်းချင်းအား သာ တပ်သည်၊ နောက်၌ ထင်ရှားလတ္တံ့။

နိဿယ ၂-မျိုး

၅၅၇။ သဟဇာတ်စု၊ ဝတ္ထုပုရေ၊ ဤနှစ်ထွေ၊ တပ်လေ နိဿယ။

နိဿယပစ္စည်းသည် သဟဇာတနိဿယ, ဝတ္ထုပုရေဇာတ နိဿယ ဟူ၍ ၂-မျိုး ရှိသည်။

ထိုတွင်သဟဇာတ နိဿယဆိုသည်ကား သဟဇာတပစ္စည်းတရား ၄-ပါး စုကိုပင်ဆိုသည်။

ဝတ္ထုပုရေဇာတ နိဿယပစ္စည်း ဆိုသည်ကား ပဝတ္တိအခါ၌ဖြစ် သော စက္ခုဝတ္ထု, သောတဝတ္ထု, ဃာနဝတ္ထု, ဇိဝှါဝတ္ထု, ကာယဝတ္ထု, ဟဒယဝတ္ထု ဤဝတ္ထုရုပ် ၆-ခုကိုဆိုသည်၊ ဤဝတ္ထုပုရေဇာတ နိဿယ ပစ္စည်း အစီအရင်သည်ကား ပကိဏ်းပိုင်း ဝတ္ထုသင်္ဂဟ၌လည်းကောင်း၊ ဝီထိပိုင်းတွင် မှီရာဝတ္ထုစစ်ခန်း၌လည်းကောင်း၊ ဘုံပိုင်း မရဏာသန္န ဝီထိမှီရာ ဝတ္ထုစစ်ခန်း၌လည်းကောင်း၊ အကျယ်လာပြီး။

နိဿယ ၂- မျိုး ပြီး၏၊

---------------

ဥပနိဿယ ၃-မျိုး

၅၅၈။ အာရမ္မဏူ၊ နန္တ ရူနှင့်၊ ပကတူပေ၊ ဤသုံးထွေ၊ ခွဲလေ ဥပနိဿယ။
၅၅၉။ အာရမ္မဏူ၊ အာဓိဟူ၊ နန်မူ နန္တရ။
၅၆၀။ နာမ်, ရုပ်, ပညတ်၊ အဇ္ဈတ်, ဗဟိဒ္ဓါ၊ ကျယ်ဝန်း စွာ၊ သညာ ပကတူပ။

ဥပနိဿယပစ္စည်းသည် အာရမ္မဏူပနိဿယပစ္စည်း အနန္တရူပ နိဿယပစ္စည်း ပကတူပနိဿယပစ္စည်း ဟူ၍ သုံးမျိုးရှိ၏၊

ထိုတွင် အာရမ္မဏူပနိဿယပစ္စည်းဆိုသည်ကား-အာရမ္မဏာ ဓိပတိပစ္စည်းကိုပင်ဆိုသတည်း။

အနန္တရူပနိဿယပစ္စည်းဆိုသည်ကား-အနန္တရပစ္စည်းကိုပင်ဆို သတည်း။

ပကတူပနိဿယပစ္စည်းကား- အလုံးစုံသော ရုပ်၊ အလုံးစုံသော နာမ်၊ အချို့အချို့သောပညတ်၊ အဇ္ဈတ္တတရား၊ ဗဟိဒ္ဓတရား အလွန်ကျယ် ဝန်းစွာ၏၊

မြတ်စွာဘုရားသည် ယခုအခါ သာသနာဝင် လူ ရှင်အပေါင်းတို့၌ ဖြစ်ကြသော ကုသိုလ်စိတ္တုပ္ပါဒ်တို့အား ပကတူပ နိဿယပစ္စည်းတပ်၏၊ ထိုအတူ သာသနာအစဉ် သံဃာတော် အဆက်ဆက်တို့သည်လည်း ကောင်း၊ ဘိုးဘေးစဉ်လာ အဆက်ဆက်တို့သည်လည်းကောင်း၊ ဆရာ မိဘတို့သည်လည်းကောင်း၊ ထိုကုသိုလ်စိတ္တုပ္ပါဒ်တို့အား ဥပနိဿယ ပစ္စည်းတပ်၏၊

မိစ္ဆာဒိဋ္ဌိ လူမျိုးတို၏ အကုသိုလ်စိတ္တုပ္ပါဒ်တို့မှာလည်း ထိုနည်း တူသိလေ။

မင်းစိုးရာဇာတို့သည် တိုင်းသူပြည်သားတို့၏ တရားစောင့်ခြင်း မစောင့်ခြင်း ဆင်းရဲခြင်း ချမ်းသာခြင်းတို့အား မိုးရေ မိုးပေါက်တို့သည် သတ္တဝါ အများတို့ချမ်းသာခြင်းအား၊ တစ်ယောက်သော ပညာရှိကြီးသည် အများသောလူတို့၏ ကုသိုလ်ဖြစ်ခြင်းအား၊ တစ်ယောက်သော သူမိုက် ကြီးသည် အများသောသတ္တဝါတို့ အကုသိုလ်ဖြစ်ခြင်းအား၊ ယခုပြုသော ကုသိုလ်စုသည် နောင်ဖြစ်လတ္တံ့သော အကျိုးဝိပါက် မဂ်ဉာဏ် ဖိုလ်ဉာဏ် အား၊ နောင်ဖြစ်လတ္တံ့သော အကျိုးဝိပါက် မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့သည် ထိုကို အလိုရှိကြသောသူတို့မှာ ယခုကုသိုလ်တရား ဖြစ်ပွားခြင်းအား ဥပနိဿယပစ္စည်းတပ်၏၊ ဤသို့အစရှိသည်ဖြင့် အလွန်ကျယ်ဝန်း၏၊ အကုသိုလ်သည် အကုသိုလ်အချင်းချင်း အားလည်းကောင်း ကုသိုလ် အဗျာကတတို့အားလည်းကောင်း ကုသိုလ်သည် ကုသိုလ်အချင်းချင်း အားလည်းကောင်း၊ ကုသိုလ်အဗျာကတတို့အားလည်းကောင်း အဗျာ ကတသည် အဗျာကတ အချင်းချင်းအားလည်းကောင်း၊ ကုသိုလ် အကုသိုလ်တို့အားလည်းကောင်း ဥပနိဿယပစ္စည်း တပ်၏၊ ဥပနိဿယ ၃-မျိုးပြီး၏

-----------

ပုရေဇာတ

၅၆၁။ ဝတ္ထု, ပုရေ၊ အာပုရေ၊ နှစ်ထွေ ပုရေဇာ။ 
၅၆၂။ ရုပ်နိပ္ဖန္နံ၊ ပစ္စုပ္ပန်၊ အမှန် အာပုရ။ 

ပုရေဇာတပစ္စည်းသည် ဝတ္ထုပုရေဇာတပစ္စည်း၊ အာရမ္မဏ ပုရေဇာတပစ္စည်းဟူ၍ နှစ်မျိုးရှိ၏၊ ထိုတွင် ဝတ္ထု ပုရေဇာတပစ္စည်းသည် ဝတ္ထုပုရေဇာတနိဿပစ္စည်းပင်တည်း။ ပစ္စုပ္ပန်ဖြစ်သော နိပ္ဖန္နရုပ် ၁၈- ခုသည် အာရမ္မဏပုရေဇာတပစ္စည်းမည်၏၊ ဝီထိပိုင်းတွင် ပဉ္စဒွါရဝီထိ တို့၌လည်းကောင်း၊ ဘုံပိုင်းတွင် မရဏာသန္နဝီထိတို့၌လည်းကောင်း ပစ္စုပ္ပန်ပဉ္စာရုံတို့၏ ပုရေဇာတ အစီအရင်ကို ပြဆိုလျက်ရှိလေပြီ။ ပစ္စည်းက အဖြစ်ရှေ့ကျ၍ ပစ္စယုပ္ပန်အဖြစ် နောက်ကျသည်ကား ပုရေဇာတတည်း။

ပုရေဇာတ ၂-မျိုး ပြီး၏၊

--------

ပစ္ဆာဇာတ

၅၆၃။ သတ္တိရှိနေ၊ ဌီရုပ်တွေအား၊ စိတ်, စေနှစ်ဖြာ၊ နောက်နောက် လာ၊ တည်ငှါ ပစ္ဆာဇ။

သတ္တဝါတို့၏ သန္တာန်မှာရှိနေကုန်သော ရှေးဦးစွာဖြစ်နှင့်၍ ဌီသို့ရောက်၍နေကုန်သော အလုံးစုံသော စတုသမုဋ္ဌာနိက ရုပ်တို့အား အစဉ်တည်ခြင်းငှာ ကျေးဇူးပြုကုန်သော နောက်နောက် ဆက်ကာ ဆက်ကာ ဖြစ်၍လာကုန်သော စိတ်စေတသိက် တရားတို့သည် ပစ္ဆာဇာတ ပစ္စည်းတည်း။ ရှေးဦးကပေါက်သော ကောက်ပဲ သစ်ပင်တို့ကို နောက် နောက်ရွာသော မိုးရေမိုးပေါက်သည် နောက်ဖြစ်၍ ကျေးဇူးပြု သကဲ့သို့ တည်း။

ပစ္ဆာဇာတပြီး၏၊

---------------

အာသေဝန

၅၆၄။ ရှေ့ဇော ဇာတ်တူ၊ ကု, ကူ, ကြိယာ၊ နန္တရာ၊ ပွားငှာ သေဝန။

ကုသိုလ်ဇောလျှင် ကုသိုလ်ဇောချင်း၊ အကုသိုလ်ဇောလျှင် အကုသိုလ်ဇောချင်း၊ ကြိယာဇောလျှင်ကြိယာ ဇောချင်း။ ဤသို့ ဇာတ်တူ အားဖြင့် အဆင့်ဆင့်ပွားများစေခြင်းငှာ ကျေးဇူးပြုကုန်သော အနန္တရဖြစ် သောရှေးရှေးသော ကုသိုလ်ဇော၊ အကုသိုလ်ဇော၊ ကြိယာဇော စိတ်စေတသိက်စုသည် အာသေဝနပစ္စည်း မည်၏၊

အာသေဝနပြီး၏၊

-----------

ကမ္မ ၂-မျိုး

၅၆၅။ သဟဇာတ၊ ခဏနာနာ၊ စေတနာ၊ မှတ်ပါနှစ်ကမ္မ။ 
၅၆၆။ သ-မှာ လုံးစုံ၊ နာနာတုံ၊ ကု,ကုန် အတိတ်ရ။ 

ကမ္မပစ္စည်းသည် သဟဇာတကမ္မ, နာနာက္ခဏိကကမ္မ ဟူ၍ နှစ်ပါးရှိ၏၊

သဟဇာတကမ္မဆိုသည်ကား-စိတ်တစ်ခုယုတ် ကိုးဆယ်မှာ ရှိသော အလုံးစုံသော စေတနာစေတသိက်တည်း။

နာနာက္ခဏိကကမ္မ ဆိုသည်ကား-အတိတ်ဖြစ်သော ကုသိုလ် စေတနာ ၂၁-ခု၊ အကုသိုလ်စေတနာ ၁၂-ခု၊ ပေါင်း ၃၃-ခုတည်း။ ဤနာနာက္ခဏိက ကမ္မအရကား ဘုံပိုင်းကမ္မစတုက္က၌လာသော ကံစုပင်တည်း။ မဂ်ကံလေးပါးလည်းပါ၏၊

ကမ္မ ၂-မျိုး ပြီး၏၊

--------

ဝိပါက

၅၆၇။ သုံးဆယ့် ခြောက်ထွေ၊ ဝိစိတ် စေ၊ မှတ်လေ ဝိပါက။

ဝိပါက်စိတ် ဆတ္တိံသ ထိုဝိပါက်စိတ် ဆတ္တိံသနှင့်ယှဉ်သော စေတသိက် ၃၈-ခုသည် ဝိပါကပစ္စည်းမည်၏၊

ဝိပါက ပြီး၏၊

အာဟာရ ၂-မျိုး

၅၆၈။ ထောက်ပံ့ ခိုင်ဘွယ်၊ ကျေးဇူးကြွယ်၊ လေးသွယ် အာဟာရ။

သမုစ္စည်းပိုင်း မိဿကသင်္ဂဟ၌ ပြဆိုခဲ့ပြီးသော ကဗဠီကာရာ ဟာရဟူသော ရုပ်အာဟာရ တစ်ပါး၊ စိတ်တစ်ခုယုတ် ကိုးဆယ်၌ရှိသော ဖဿ တစ်ခုယုတ်ကိုးဆယ်၊ စေတနာ တစ်ခုယုတ်ကိုးဆယ်၊ စိတ်တစ် ခုယုတ် ကိုးဆယ်ဟူသော နာမ်အာဟာရသုံးပါး။ ဤအာဟာရတရား လေးပါးသည် ထောက်ပံ့ခိုင်ဖွယ် ကျေးဇူးကြွယ် သောကြောင့် အာဟာရ ပစ္စည်းမည်၏၊

အာဟာရ ၂-မျိုးပြီး၏၊

-------

ဣန္ဒြိယ ၃-မျိုး

၅၆၉။ သဟ, ပုရံ၊ ဇီဝိတံ၊ သုံးတန် ဣန္ဒြိယ။
၅၇၀။ စိတ်,ဇီ,ဝေ, ဝိ၊ သဒ်, သ, ဓိ၊ ပညိ နာမ် ရှစ်သ။
၅၇၁။ ဝတ္ထုငါးလီ၊ ဝတ်ပုရီ၊ ရုပ်ဇီ, ဇီဝိတ။

ဣန္ဒြိယပစ္စည်းသည် သဟဇာတိန္ဒြိယပစ္စည်း, ဝတ္ထုပုရေဇာတိန္ဒြိယ ပစ္စည်း, ရုပ်ဇီဝိတိန္ဒြိယပစ္စည်း ဟူ၍ သုံးပါးရှိ၏၊

စိတ်, နာမ်ဇီဝိတ, ဝေဒနာ, သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညိန္ဒြေ ဤနာမ်ဣန္ဒြေရှစ်ပါးသည် သဟဇာတိန္ဒြိယမည်၏၊

စက္ခုဝတ္ထု, သောတဝတ္ထု, ဃာနဝတ္ထု, ဇိဝှါဝတ္ထု, ကာယဝတ္ထု ဟူသော ဝတ္ထုငါးလီသည် ဝတ္ထုပုရေဇာတိန္ဒြိယမည်၏၊

ရုပ်ဇီဝိတိန္ဒြေသည် ရူပဇီဝိတိန္ဒြိယ မည်၏၊ ကဗျာ၌ ဝိ သဒ် ကို ရှေ့နောက်ပြန်လေ။

ဣန္ဒြိယ ၃-မျိုး ပြီး၏၊

စျာနပစ္စည်း

၅၇၂။ တက်, စာ, ပီ, ဝေ၊ ဧကဂ္ဂေ၊ ငါးထွေ ရှုစျာန။ ဝိတက်, ဝိစာရ, ပီတိ, ဝေဒနာသုံးခု, ဧကဂ္ဂတာ ဤငါးထွေသည် အာရုံကို ကပ်၍ ရှုမှုကြောင့် စျာနပစ္စည်း မည်၏၊

စျာနပစ္စည်း ပြီး၏၊

--------------

မဂ္ဂပစ္စည်း

၅၇၃။ ပဉ်, တက်, ဝါ, ကမ်၊ အာဇီဝန်၊ ဝါယမ်, သ, ဓိ, ဒိဌ်။

ပညာ, ဝိတက်, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, ဝါယမ, သတိ, သမာဓိ, ဒိဋ္ဌိ ဤမဂ္ဂင်တရား ၉-ပါးသည် မဂ္ဂပစ္စည်း မည်၏၊ မဂ္ဂပစ္စည်း ပြီး၏၊

----------

သမ္ပယုတ္တပစ္စည်း

၅၇၄။ စိတ်, စေ လုံးစုံ၊ နာမ် အကုန်၊ ယှဉ်တုံ သမ္ပယုတ်။

စိတ်တစ်ခုယုတ် ကိုးဆယ်, စေတသိက် ဒွေပညာသ ဟူသော နာမ်တရားအကုန် အလုံးစုံသည် ဖြစ်တူ ပျက်တူ၊ အာရုံတူ၊ အမှီတူ ဟူသော အင်္ဂါ ၄-ပါးနှင့် ပြည့်စုံစွာ အချင်းချင်းယှဉ်ကြခြင်းကြောင့် သမ္ပယုတ္တပစ္စည်း မည်၏၊

သမ္ပယုတ္တပစ္စည်းပြီး၏၊

-------------

ဝိပ္ပယုတ္တ ၃-မျိုး

၅၇၅။ သဟ, ပစ္ဆေ၊ ဝတ်ပုရေ၊ သုံးထွေ ဝိပ္ပယုတ်။
၅၇၆။ ရုပ်အား နာမ်က၊ ရုပ်က နာမ်အား၊ တပ်တုံငြား၊ နှစ်ပါးသဟထုတ်။

ဝိပ္ပယုတ္တပစ္စည်းသည် သဟဇာတဝိပ္ပယုတ်, ဝတ္ထုပုရေဇာတ ဝိပ္ပယုတ်, မိစ္ဆာဇာတဝိပ္ပယုတ် ဟူ၍ သုံးပါးရှိ၏၊ ကဗျာမှာ ပစ္ဆေ, ပုရေပစ္ဆေ, ပုရေ ပြန်လေ။

ထို ၃-ပါးတွင် သဟဇာတဝိပ္ပယုတ် ဆိုသည်ကား အသီးအခြား မဟုတ်။ သဟဇာတပစ္စည်းကြီးထဲမှ ရုပ်အားတပ်သော နာမ်, နာမ်အား တပ်သောရုပ်ကို ထုတ်၍သိရမည်။ ပဋိသန္ဓေကမ္မဇရုပ် ပဝတ္တိစိတ္တဇ ရုပ်အား တပ်သော နာမ်စု, ပဋိသန္ဓေ နာမ်အားတပ်သော ဟဒယဝတ္ထု ရုပ်သည် သဟဇာတဝိပ္ပယုတ် မည်၏ ဟုထုတ်လေ။

ဝတ္ထုပုရေဇာတဝိပ္ပယုတ်သည် ဝတ္ထုပုရေဇာတပစ္စည်း အတိုင်း ပင်တည်း။

ပစ္ဆာဇာတဝိပ္ပယုတ်သည် ပစ္ဆာဇာတ ပစ္စည်းအတိုင်းပင်တည်း။ ဝိပ္ပယုတ္တ ၃-မျိုး ပြီး၏၊

------------

အတ္ထိ ၆-မျိုး

၅၇၇။ သ,ဝတ်, အာပူ၊ ပစ်,ဟာ,ရူ၊ ခြောက်ဆူ အတ္ထိ ထုတ်။

အတ္ထိပစ္စည်းသည် သဟဇာတတ္ထိ, ဝတ္ထုပုရေဇာတတ္ထိ, အာရမ္မဏ ပုရေဇာတတ္ထိ, ပစ္ဆာဇာတတ္ထိ, အာဟာရတ္ထိ။ ရူပဇီဝိတိန္ဒြိယတ္ထိဟူ၍ ၆- ပါး ထုတ်။

သဟဇာတတ္ထိကား-သဟဇာတပစ္စည်းကြီးပင်တည်း။ ဝတ္ထုပုရေဇာတတ္ထိကား- ဝတ္ထုပုရေဇာတ ပစ္စည်းအတိုင်းပင်တည်း။ အာရမ္မဏပုရေဇာတတ္ထိကား-အာရမ္မဏပုရေဇာတ ပစ္စည်း အတိုင်းပင်တည်း။

ပစ္ဆာဇာတတ္ထိကား-ပစ္ဆာဇာတပစ္စည်းအတိုင်းပင်တည်း။ အာဟာရတ္ထိကား-ရုပ်အာဟာရပစ္စည်း အတိုင်းပင်တည်း။ ရူပဇီဝိတိန္ဒြိယတ္ထိကား-ရူပဇီဝ်ိတိန္ဒြိယပစ္စည်း အတိုင်းပင်တည်း။ အမည်ကိုအစွဲပြု၍သိလေ။

အတ္ထိ ၆-မျိုးပြီး၏၊

---------------

အဝိဂတပစ္စည်းသည် အတ္ထိပစ္စည်းနှင့် လုံးလုံး တူ၏၊ ပစ္စည်းသရုပ်ဝေဖန်ခန်းပြီး၏၊

-------------

သဟဇာတ ၁၅-မျိုး

၅၇၈။ သ, နိ, အတ္ထိ၊ အဝိဂတာ၊ ဤလေးဖြာ၊ မဟာ သဟဇ။

သဟဇာတကြီး, သဟဇာတနိဿယကြီး, သဟဇာတတ္ထိကြီး သဟဇာတ အဝိဂတကြီး။ ဤကား သဟဇာတ အလုံးစုံကို ခြုံမိသော သဟဇာတကြီး လေးပါးတည်း။

၅၇၉။ အည, ဝိ, သံ၊ ဝိပ်လေးတန်၊ မဇ္ဈံ သဟဇ။

အညမည, ဝိပါက, သမ္ပယုတ္တ, ဝိပ္ပယုတ္တ။ ဤကား သဟဇာတ အလတ် လေးပါးတည်း။

၅၈၀။ ဟေ, ဓိ, ဟာ, ကံ၊ ဣန်, မဂ်, စျာန်၊ မှတ်ရန် ငယ်သဟ။

ဟေတု, သဟဇာတာဓိပတိ, သဟဇာတကမ္မ, သဟဇာတာဟာရ, သဟဇာတိန္ဒြိယ, စျာန, မဂ္ဂ၊ ဤသည်ကား သဟဇာတအငယ် ၇- ပါးတည်း။ ဟာ, ကံနှင့် မဂ်စျာန်ကား အပြန်။ သဟဇာတကြီးလေးပါး။ သဟဇာတလတ် ၄-ပါး၊ သဟဇာတငယ် ၇-ပါး။ ပေါင်း သဟဇာတ ၁၅-ပါး ဖြစ်၏၊

၅၈၁။ သန္ဓိအခါ၊ ကမ္မဇာ၊ နောက်မှာ စိတ္တဇ။
၅၈၂။ ဝတ္ထုနှင့် သန်၊ အပြန်ပြန်၊ သုံးတန် သဟဇ။

သဟဇာတ်ရုပ် ဆိုသည်ကား- ပဉ္စဝေါကာရဘုံ၌ ပဋိသန္ဓေကမ္မဇ မဟာဘုတ် ဥပါဒါရုပ်စု၊ နောက် ပဝတ္တိအခါမှာ စိတ္တဇမဟာဘုတ် ဥပါဒါရုပ်စု၊ ပဋိသန္ဓေနှင့် အပြန်အလှန်တပ်ကြသော ပဋိသန္ဓေ ဟဒယ ဝတ္ထုရုပ်တစ်ခု။ ဤကား နာမက္ခန္ဓာမှ သဟဇာတ ပစ္စည်းကိုရသော သဟဇာတရုပ် ၃-မျိုးတည်း။

၅၈၃။ နှစ်ဆယ့်လေးဖြာ၊ ဥပါဒါ၊ မဟာဘုတ်မှရ။

ဥပါဒါရုပ် ၂၄-ပါးသည် ကလာပ်တူမဟာဘုတ်မှ သဟဇာတ ပစ္စည်းကို ရ၏၊

၅၈၄။ ဝတ္ထုနှင့် သန်၊ နာမ် မဟာဘူ၊ ကလာပ်တူ၊ ယူလေ အဉ်မည။

ပဋိသန္ဓေအခါ၌ အတူဥပါဒ်ကြသော ဟဒယဝတ္ထုနှင့်ပဉ္စဝေါကာရ ပဋိသန္ဓေနာမ်ခန္ဓာစုသည် အပြန်အလှန် တပ်ကြသော အညမည တစ်မျိုး။

ကလာပ်တူ နာမ်ခန္ဓာချင်းချင်းတပ်ကြသော အညမညတစ်မျိုး။ သက်ရှိသက်မဲ့ ကလာပ်တူ မဟာဘုတ်ကြီး လေးပါးသည် အချင်း ချင်းတပ်ကြသော အညမည တစ်မျိုး။ (အညမည ၃-မျိုး) အညမညရလျှင် သဟဇာတလည်းရတော့သည်။

၅၈၅။ မိမိနှင့်မူ၊ အတူဖြစ်ရန်၊ ကျေးဇူးသန်၊ အမှန် သဟဇ။

သဟဇာတပစ္စည်းဆိုသည်ကား ဥပါဒ်ခဏ၌ မိမိနှင့် အတူဥပါဒ်နိုင် အောင် ကျေးဇူးပြုမှုတည်း။ သဟဇာတ ၁၅-မျိုးတို့၌ သူ့ပစ္စည်းနှင့် သူ့ပစ္စယုပ္ပန် သဟဇာတဖြစ်ကြမှုကို ဆုံးဖြတ်ရန်အချက် ပြီး၏၊

သဟဇာတ ၁၅-မျိုး ပြီး၏၊

------------------

ဥပသဟဇာတ ၂-မျိုး

၅၈၆။ ရုပ်အာဟာရံ၊ ဇီဝိတံ၊ မှတ်ရန် တဌာန။

ဤရုပ်အာဟာရပစ္စည်း, ရုပ်ဇီဝိတိန္ဒြိယပစ္စည်း ၂-ပါးသည် သဟဇာ တစ်မျိုးမှ အလွတ်တည်း။

ရုပ်အာဟာရသည် ကာမသတ္တဝါတို့၏ သန္တာန်၌ အာဟာရဇရုပ်ကို ဖြစ်စေသော်လည်း ဌီခဏသို့ရောက်မှ ဖြစ်စေသောကြောင့် သဟဇာတ မှုမျိုးမဟုတ်။ ကလာပ်တူ ကလာပ်ပြားဖြစ်သောကမ္မဇ, စိတ္တဇ, ဥတုဇရုပ် တို့ကိုမူကား ထောက်ပံ့မှု သာရှိ၏၊ ဖြစ်စေမှုပင်မရှိ။ ထိုကြောင့် သဟဇာ တမျိုးမှ လွတ်လေ၏၊

ရုပ်ဇီဝိတိန္ဒြေသည် ကလာပ်တူ ကမ္မဇရုပ်တို့ကို စောင့် ရှောက် မှုသာရှိ၏၊ ဖြစ်စေမှု မဟုတ်။ ထိုကြောင့် သဟဇာတမျိုးမှလွတ်၏၊ သဟဇာတမျိုးနှင့် သဘောနီးစပ်သောကြောင့် ဥပသဟဇာတ ၂- မျိုးဆိုသင့်၏၊

ဥပသဟဇာတ ၂-မျိုး ပြီး၏၊

----------------

ဝတ္ထုပုရေဇာတမျိုး ၆-ပါး

၅၈၇။ ဝတ္ထုပုရေ၊ စုံခြောက်ထွေ၊ မှတ်လေ တစ်ဌာန။ 

ဝတ္ထုပုရေဇာတ, ဝတ္ထုပုရေဇာတနိဿယ, ဝတ္ထုပုရေဇာတိန္ဒြိယ, ဝတ္ထုပုရေဇာတဝိပ္ပယုတ်, ဝတ္ထုပုရေဇာတတ္ထိ, ဝတ္ထုပုရေဇာတအဝိဂတ ဤကား ဝတ္ထုပုရေဇာတမျိုး ၆-ပါးတည်း။ ဤ ၆-ပါးသည် အလုံးစုံ ထပ် မိကြ၏၊ မိမိတို့ကို မှီ၍ ဖြစ်ကုန်သော နာမ်တရားတို့အား တပ်သည်။ ဝတ္ထုပုရေဇာတမျိုး ၆-ပါး ပြီး၏၊

------------

အာရမ္မဏပုရေဇာတ သက်သက်မျိုး

၅၈၈။ အာရုံပုရေ၊ သုံးပါးထွေ၊ မှတ်လေတစ်ဌာန။ 

ပစ္စုပ္ပန်ဖြစ်သော နိပ္ဖန္နရုပ် ၁၈-ခုသည် မိမိကို အာရုံပြုကုန်သော နာမ်တရားတို့အား အာရမ္မဏပုရေဇာတ, အာရမ္မဏပုရေဇာတတ္ထိ, အာရမ္မဏပုရေဇာတ အဝိဂတ ၃-မျိုးတပ်၏၊

အာရမ္မဏပုရေဇာတ သက်သက် ပြီး၏၊

--------------

ဝိတ္ထာရမ္မဏ ၅-မျိုး

၅၈၉။ ဝတ်အာ ပုရေ၊ ငါးခုထွေ၊ မှတ်လေ တစ်ဌာန။ 

အာဝဇ္ဇန်း, ဇော, တဒါရုံတို့၏ မိမိမှီရာ ဝတ္ထုကိုအာရုံပြု၍ ဖြစ်ကြသောအခါ ထိုဟဒယဝတ္ထုသည် ဝတ္ထာရမ္မဏ ပုရေဇာတ, ဝတ္ထာရမ္မဏ ပုရေဇာတ နိဿယ, ဝတ္ထာရမ္မဏ ပုရေဇာတဝိပ္ပယုတ္တ, ဝတ္ထာရမ္မဏ ပုရေဇာတတ္ထိ, ဝတ္ထာရမ္မဏ ပုရေဇာတ အဝိဂတ ဤ ၅- မျိုးတပ်၏၊

ဝတ္ထာရမ္မဏ ၅-မျိုး ပြီး၏၊

------------

ပစ္ဆာဇာတ ၄-မျိုး

၅၉၀။ ပစ္ဆာဇာတေ၊ လေးပါးထွေ၊ မှတ်လေ တစ်ဌာန။ 

ပစ္ဆာဇာတ, ပစ္ဆာဇာတ ဝိပ္ပယုတ္တ, ပစ္ဆာဇာတတ္တိ, ပစ္ဆာဇာတ အဝိဂတ ဤလေးမျိုးတည်း။

ပစ္ဆာဇာတ ၄-မျိုး ပြီး၏၊

ဤတွင် ပစ္စုပ္ပန်သက်သက် ပစ္စည်းမျိုးပြီး၏၊

----------------

၅၉၁။ အနန္တရေ၊ ခြောက်ပါးထွေ၊ မှတ်လေ တစ်ဌာန။ 

အနန္တရ, သမနန္တ, အနန္တရူပနိဿယ, အာသေဝန, နတ္ထိ, ဝိဂတ, အနန္တရ ခြောက်မျိုး။

၅၉၂။ ရုပ်ကမ္မဇံ၊ ဝိပါက်နာမ်တို့၊ ဖြစ်ရန်နာနာ၊ ခဏိကာ၊ နှစ်ဖြာ ပစ္စယ။

ကမ္မဇရုပ် ၂၀, ဝိပါက်ဆတ္တိံသ နာမက္ခန္ဓာ ၄-ပါးတို့အား ဖြစ်စေ သမှု ကျေးဇူးပြုသော အတိတ်ဖြစ်သော ကုသိုလ် အကုသိုလ် နာနာက္ခဏိကစေတနာသည် ဒုဗ္ဗလဖြစ်အံ့၊ နာနာက္ခဏိကမ္မပစ္စည်း။ ဗလဝဖြစ်အံ့၊ ပကတူပနိဿယနှင့် နာနာက္ခဏိကမ္မပစ္စည်း ၂-မျိုးရ၏၊ 

၅၉၃။ လေးခု မဂ်မှာ၊ စေတနာ၊ ခြောက်ဖြာ ပစ္စယ။ 

အနန္တရဖိုလ် ၄-ခုအား တပ်သော မဂ် ၄-ခု စေတနာသည် အနန္တရ, သမနန္တရ, အနန္တရူပနိဿယ, နာနာက္ခဏိက ကမ္မ, နတ္ထိ, ဝိဂတ, ခြောက် မျိုးရ၏၊

ဤတွင် အတိတ်သက်သက်ပစ္စည်းမျိုး ပြီး၏၊

------------

အာရမ္မဏ မျိုး-၃

၅၉၄။ ဆိုပြီးကြွင်းကျန်၊ အာရမ္မဏ်၊ သုံးတန် ပစ္စည်းမျိုး။ 

အာရမ္မဏ ရှစ်မျိုးရှိသည်တွင် ရှေးရှေး အာရမ္မဏပုရေဇာတ အစရှိသည်တို့၌ အာရမ္မဏ အစိတ်ငယ်ငါးမျိုး ပါ ဝင်လေပြီးဖြစ်၍ အကြွင်းအာရမ္မဏမျိုး ၃-ခုသာ ကျန်ရှိတော့သည်။ အာရမ္မဏကြီး, အာရမ္မဏာဓိပတိ, အာရမ္မဏူပနိဿယ, ဤ ၃-မျိုးတည်း။ ထို ၃-မျိုးတွင် ပစ္စုပ္ပန် အတိတ် အနာဂတ် ကာလဝိမုတ်ဖြစ်သော အလုံးစုံသော တရားတို့သည် စိတ် စေတသိက် အကုန် ပစ္စယုပ္ပန်တရား တို့အား ထိုက်သည်အားလျော်စွာ အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြုကုန်၏၊ အာရမ္မဏပစ္စည်း မဟုတ်သော တရားမည်သည် တစ်စုံတစ်ခုမျှမရှိ။ အာရမ္မဏသင်္ဂဟတိုင်း ဝေဖန်လေ။

၅၉၅။ ရှစ် လောဘမု၊ မဟာကု၊ လေးခု ဉာဏ်ကြိယာ။ 
၅၉၆။ လောကုတ် ရှစ်ခု၊ ဤစိတ်စု၊ ဂရု ပြုတတ်စွာ။ 

လောဘမူ ရှစ်, မဟာကုသိုလ်ရှစ်, မဟာကြိယာဉာဏသမ္ပယုတ် ၄, လောကုတ္တရာစိတ်ရှစ်ခု, ဤ ၂၈-ခုသောစိတ်စုသည် အာရုံကို အလေး ဂရုပြုတတ်သော စိတ်မျိုးတည်း။

လောကုတ္တရာစိတ် ရှစ်ခုသည်နိဗ္ဗာန်ကို အလေးပြု၏၊ (ရဟန္တာပုဂ္ဂိုလ်၌ဖြစ်သော) မဟာကြိယာ ဉာဏသမ္ပယုတ် ၄- ခုသည် အရဟတ္တမဂ် အရဟတ္တဖိုလ် နိဗ္ဗာန်ကို အလေးပြု၏၊ မဟာကုသိုလ် ရှစ်ခုသည် လောကီကုသိုလ် ၁၇-ခု အောက်မဂ် အောက်ဖိုလ် နိဗ္ဗာန်ကို အလေးပြု၏၊

လောဘမူစိတ် ရှစ်ခုသည် ဣဋ္ဌဖြစ်သော အလုံးစုံသော လောကီ စိတ် စေတသိက်ရုပ်တို့ကို အလေးပြု၏၊

လောကုတ္တရာစိတ် ရှစ်ခုသည်သာ အလေးပြုမြဲ၏၊ ကြွင်းသော စိတ်တို့ကား မမြဲ။

ပကတူပနိဿယ

၅၉၇။ ပကတူတုံ၊ အကြွင်းပုံ၊ လုံးစုံ နာမ်အားသာ။ 

ပကတူပနိဿယ နှစ်မျိုးရှိသည်တွင် အတိတ်ဖြစ်သော ဗလဝ ကုသိုလ် အကုသိုလ်စေတနာကံဟူသော ပကတူပ နိဿယသည် နာနာက္ခဏိက ကမ္မပစ္စည်းတွင် ပါဝင်လေပြီး၍ အကြွင်းစုကိုသာ ဤ အရာ၌ လိုအပ်၏၊

ပြုပြီးသော ဒါနမှု သီလမှု ဘာဝနာမှုကိုစွဲ၍ လောဘ ဒေါသ မာန စသည် ဖြစ်ပွါးသော သူတို့အား ဖြစ်ပြီးသော အတိတ်ကုသိုလ် သည် အကုသိုလ်ဖြစ်ပွါးခြင်းငှါ ကျေးဇူးပြု၏၊ ပြုလတ္တ့သော ဒါနမှု သီလမှု ဘာဝနာမှုကိုစွဲ၍ လောဘ ဒေါသ မာန စသည် ဖြစ်ပွါးသောသူတို့အား ဖြစ်လတ္တံ့သော အနာဂတ်ကုသိုလ်သည် အကုသိုလ် ဖြစ်ပွါးခြင်းငှါ ကျေး ဇူးပြု၏၊

မိမိပြုပြီးသော အတိတ်အကုသိုလ်တို့အတွက် အပါယ်သို့ကျ မည်ကို ကြောက်လန့်၍ ဒါန သီလ ဘာဝနာ စျာန်တရား မဂ်တရားတို့ကို အားထုတ်သော သူတို့အား အတိတ်ကုသိုလ်သည် ကုသိုလ်ဖြစ်ပွါးခြင်းငှါ ကျေးဇူးပြု၏၊

ဒုစရိုက်အကုသိုလ်တို့ ရှေ့သို့ ဖြစ်လတ္တ့သည်ကို ကြောက်လန့်၍ စျာန်တရား မဂ်တရားကို အားထုတ်သော သူတို့အား အနာဂတ် ကုသိုလ် သည် စျာန်တရား မဂ်တရား ဖြစ်ပွါးခြင်းငှါ ကျေးဇူးပြု၏၊ ဤသို့ အစရှိသဖြင့် ပကတူပနိဿယပစ္စည်းသည် အလွန်ဆန်း ကြယ်၏၊ ဤတွင် ကာလသုံးပါး ကာလဝိမုတ် ပစ္စည်းမျိုး ပြီး၏၊

သဘာဂ ရှစ်ရာသီ ပြီး၏၊

-----------

သဟဇာတကြီး လေးပါး

ဤသဘာဂရာသီ၌ တည်၍ ၂၄-ပစ္စည်းတို့၏ အခွင့်ကို အမြွက်မျှ ပြဆိုပေအံ့။

လူတို့မှာ တစ်ခုသော သာယာဖွယ်ကို အာရုံပြု၍ လောဘမူစိတ် ရှစ်ခုတွင် သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက ပထမစိတ်သည် ဇောကိစ္စ ၇-ကြိမ် ဖြစ်ရာဝယ် ပထမဇောအခိုက်၌ စိတ် ၁၊ စေတသိက် ၁၉၊ ပေါင်း သမ္ပယုတ္တဓမ္မ ၂၀-ဖြစ်၏၊

မီးတောက်သည်နှင့် တစ်ပြိုင်နက် မီးတောက်မှ မီးရောင် အလင်း တွေ တိုက်ခန်းနှင့်အပြည့် ဖြစ်ပေါ်သကဲ့သို့ ထို ၂၀-သော သမ္ပယုတ္တ ဓမ္မတို့ ဥပါဒ်သည်နှင့် တစ်ပြိ်ုင်နက် ထို ၂၀-တို့မှ စိတ္တဇရုပ် ကလာပ်တွေ ကိုယ်ခန္ဓာနှင့် အပြည့် ဖြစ်ပေါ်ကုန်၏၊ ခန္ဓာငါးပါး ဖြစ်၏၊ ထို ၂၀-တို့သည် မိမိတို့အချင်းချင်းအား လည်းကောင်း, ထိုစိတ္တဇ ရုပ်ကလာပ်တို့အားလည်းကောင်း, သဟဇာတကြီး လေးချက် တစ်ပြိုင် နက် တပ်ကုန်၏၊ ကျေးဇူးပြုကုန်၏ ဟူလို။ (သဟဇာတ, နိဿယ, အတ္ထိ, အဝိဂတ)။

ထိုစိတ္တဇရုပ်ကလာပ်တို့၌ ပါရှိသော မဟာဘုတ် ၄-ပါးတို့သည် ကလာပ်တူ မဟာဘုတ် အချင်းချင်းအားလည်း ကောင်း, ကလာပ်တူ ဥပါဒါရုပ်တို့အားလည်းကောင်း, သဟဇာတကြီး လေးချက် တစ်ပြိုင်နက် တပ်ကုန်၏၊

သဟဇာတကြီး လေးပါး ပြီး၏၊

---------------

သဟဇာတလတ် ၄-ပါး

ထို ၂၀-တို့သည် အချင်းချင်းအား အညမည၊ သမ္ပယုတ္တ ၂-ပစ္စည်း ပိုမို၍ တပ်ကုန်၏၊ ထိုစိတ္တဇရုပ်ကလာပ်တို့အား ဝိပ္ပယုတ္တပစ္စည်း ပိုမို၍ တပ်ကုန်၏၊ ထိုစိတ္တဇရုပ်ကလာပ်တို့၌ ပါရှိသော မဟာဘုတ်လေးပါး တို့သည် ကလာပ်တူ မဟာဘုတ် အချင်းချင်းအား အညမညပစ္စည်း ပိုမို၍ တပ်ကုန်၏၊ ပိုမို၍ ဆိုသည်ကား-သဟဇာတကြီး ၄-ပါး အပေါ်မှာ အပိုအမို လောင်းစွက်၍ ဆိုလိုသည်၊ အကုသိုလ်အရာဖြစ်၍ ဝိပါက ပစ္စည်းကျန်ရှိ၏၊

သဟဇာတလတ် လေးပါး ပြီး၏၊

-----------

သဟဇာတအငယ် ၇-ပါး

ထို ၂၀-တို့၌
(၁) လောဘ, မောဟ ဟူသော ဟေတုပစ္စည်းမျိုး ပါရှိ၏၊ 
(၂) စိတ်, ဆန္ဒ, ဝီရိယ ဟူသော အဓိပတိပစ္စည်းမျိုး ပါရှိ၏၊ 
(၃) စေတနာ ဟူသော ကမ္မပစ္စည်းမျိုး ပါရှိ၏၊
(၄) စိတ်, ဖဿ, စေတနာ ဟူသော အာဟာရပစ္စည်းမျိုး ပါရှိ၏၊ 
(၅) စိတ်, ဝေဒနာ, ဧကဂ္ဂတာ, ဇိဝိတိန္ဒြေ, ဝီရိယ ဟူသော ဣန္ဒြိယပစ္စည်းမျိုး ပါရှိ၏၊
(၆) ဝိတက်, ဝိစာရ, ပီတိ, ဝေဒနာ, ဧကဂ္ဂတာ ဟူသောစျာန ပစ္စည်းမျိုး ပါရှိ၏၊
(၇) ဝိတက်, ဝီရိယ, ဧကဂ္ဂတာ, ဒိဋ္ဌိ ဟူသော မဂ္ဂပစ္စည်းမျိုး ပါရှိ၏၊ ထိုတရားတို့သည် သမ္မယုတ္တဓမ္မတို့အားလည်းကောင်း, ထိုစိတ္တဇ ရုပ်ကလာပ်တို့အားလည်းကောင်း, မိမိတို့ပစ္စည်း ပိုမို၍ တပ်ကုန်၏၊ အဓိပတိပစ္စည်းမှာ အဓိပတိတပ်သောအခါမှ တစ်ခုခု သာရ၏၊ သဟဇာတငယ် ၇-ပါး ပြီး၏၊

---------------

လောဘမူ ဒုတိယဇောစသည်တို့၌လည်းကောင်း, လောဘမူစိတ် မှတစ်ပါးသော ခပ်သိမ်းသောစိတ်ဖြစ်မှုတို့၌လည်းကောင်း, ဤနည်း တူသိလေ၊ ဝိပါက်စိတ်မျိုး၌ ဝိပါကပစ္စည်း ပိုမိုမှုကိုသိလေ။ ကာမရူပ ပဋိသန္ဓေဥပါဒ်၌ကား စိတ္တဇရုပ်ကလာပ်ဆိုရာ၌ ကမ္မဇရုပ်ကလာပ်ကိုဆိုလေ၊ ထိုဥပါဒ်၌ ဟဒယဝတ္ထုရုပ် တစ်ခုသည် ပဋိသန္ဓေနာမ်ခန္ဓာတို့နှင့် အပြန်အလှန်အားဖြင့် အညမည, ဝိပ္ပယုတ္တ ၂-ပစ္စည်းပိုမို၍ဆိုလေ။

သတ္တဝါတို့၏ သန္တာန်၌ရှိသော ခပ်သိမ်းသော ကမ္မဇရုပ်ကလာပ် ဥတုဇရုပ်ကလာပ် အာဟာရဇရုပ်ကလာပ် ဗဟိဒ္ဓဝတ္ထုမျိုးတို့၌ဖြစ်သော ခပ်သိမ်းသော ဥတုဇရုပ်ကလာပ်တို့၌ ပါရှိသော မဟာဘုတ် ၄- ပါးတို့သည် ကလာပ်တူမဟာ ဘုတ်အချင်းချင်းအား သဟဇာတကြီး ၄- ပစ္စည်း, အညမညပစ္စည်း, ဤငါးပစ္စည်း တစ်ပြိုင်နက် တပ်ကုန်၏၊ ကလာပ်တူ ဥပါဒါရုပ်တို့အားမူကား သဟဇာတကြီး လေးပစ္စည်း သာ တပ်ကုန်၏၊

သဟဇာတ ၁၅-မျိုး စံပြချက် ပြီး၏၊

----------------

ဥပသဟဇာတ ၂-မျိုး စံပြချက်

ဥပသဟဇာတ ၂-မျိုး၌ ပဋိသန္ဓေ ပဝတ္တိ ကမ္မဇရုပ်ကလာပ် ကိုးစည်းမှာ ပါရှိသော ရုပ်ဇီဝိတိန္ဒြေသည် ကလာပ်တူ မဟာဘုတ် ဥပါဒါရုပ်တို့အား ဣန္ဒြိယ, အတ္ထိ, အဝိဂတ, ဤ ၃-ပစ္စည်းတစ်ပြိုင် နက်တပ်၏၊

ကာမဘုံ၌ သတ္တဝါတို့၏ သန္တာန်မှာ ခပ်သိမ်းသော ရုပ်ကလာပ် တို့၌ ပါရှိသောအဇ္ဈတ္တဩဇာ အဇ္ဈတ္တသန္တာန်သို့ ရောက်လာသော ထမင်းရေစာတို့၌ပါရှိသော ဗဟိဒ္ဓဩဇာတို့သည် ကလာပ်တူ ကလာပ် ကွဲဖြစ်ကုန်သော ခပ်သိမ်းသော အဇ္ဈတ္တရုပ်တို့အား အာဟာရ, အတ္ထိ, အဝိဂတ ဤသုံးပစ္စည်း တစ်ပြိုင်နက် တပ်ကုန်၏၊ ဤသုံးပစ္စည်း၏ အစွမ်းသတ္တိဖြင့် ကျေးဇူးပြုကုန်၏၊

ဥပသဟဇာတ ၂-မျိုး စံပြချက် ပြီး၏၊

----------

ဝတ္ထုပုရေဇာတ ၆-မျိုး စံပြချက်

ဝတ္ထုပုရေဇာတ ၆-မျိုး၌ စက္ခုဒွါရဝီထိ၌ မဇ္ဈိမာယုကဖြစ်သော စက္ခုဝတ္ထုရုပ်သည် စက္ခုဝိညာဏ်စိတ် စေတသိက်တို့အား ဝတ္ထုပုရေ၊ စုံခြောက်ထွေ ဟူ၍ ဆိုခဲ့ပြီးသော ဝတ္ထုပုရေဇာတ ၆-ပစ္စည်း တစ်ပြိုင် နက်တပ်၏၊ ကြွင်းသော ဝတ္ထုရုပ်ငါးခုတို့မှာလည်း ဝီထိပိုင်းဘုံပိုင်းတို့၌ ပြဆိုခဲ့ပြီးသော အမှီစစ်တမ်းစုအတိုင်း ပဝတ္တိအခါ၌ ဝတ္ထုပုရေဇာတ ၆- မျိုး တစ်ပြိုင်နက် တပ်ပုံကို သိလေ။

ပဋိသန္ဓေအခါ၌ကား သဟဇာတဝတ္ထုသာ ရှိ၏၊ ပုရေဇာတ ဝတ္ထုမရှိ၊ ပဋိသန္ဓေနောင် ပထမဘဝင်မှစ၍ ဝတ္ထုပုရေဇာတ ၆-မျိုးကို အမြဲရ၏၊

ဝတ္ထုပုရေဇာတ ၆-မျိုး စံပြချက် ပြီး၏၊

--------------

အာရမ္မဏ ပုရေဇာတ ၃-မျိုး စံပြချက်

အာရမ္မဏပုရေဇာတ ၃-မျိုး၌ ပဉ္စဒွါရဝီထိတို့၌ အတီတဘဝင်နှင့် အပြိုင်ဥပါဒ်သော ပဉ္စာရုံသည် ပဉ္စဒွါရာဝဇ္ဇန်း စိတ် စေတသိက် အပေါင်း တို့အား အာရမ္မဏကြီးနှင့်တကွ အာရမ္မဏပုရေဇာတ ၃-မျိုး တစ်ပြိုင် နက်တပ်၏၊

ထိုအတူ ပဉ္စဝိညာဏ်စိတ် စေတသိက်အပေါင်းတို့အား၊ သမ္ပဋိစ္ဆိုန်း စိတ် စေတသိက်အပေါင်းတို့အား။လ။ ဒုတိယ တဒါရုံ စိတ် စေတသိက် အပေါင်းတို့အား အာရမ္မဏကြီးနှင့်တကွ အာရမ္မဏပုရေဇာတ ၃-မျိုး တစ်ပြိုင်နက်တပ်၏၊

ပစ္စုပ္ပန်နိပ္ဖန္နရုပ် ၁၈-ခုကို အာရုံပြုသော မနောဒွါရဝီထိတို့၌လည်း ကောင်း, ပစ္စုပ္ပန်ကမ္မနိမိတ် ဂတိနိမိတ်ကို အာရုံပြုသော မရဏာသန္နဝီထိ ပဋိသန္ဓေ ဘဝင်တို့၌လည်းကောင်း, အာရမ္မဏကြီးနှင့်တကွ အာရမ္မဏ ပုရေဇာတ သုံးမျိုး တစ်ပြိုင်နက် ရပုံကို သိလေ။

အာရမ္မဏာဓိပတိ, အာရမ္မဏူပနိဿယတို့ကိုလည်း ထိုက်ရာ သွင်း၍ ယူလေ။

အာရမ္မဏပုရေဇာတ ၃-မျိုး စံပြချက် ပြီး၏၊

--------------

ဝတ္ထာရမ္မဏပုရေဇာတ ၅-မျိုး စံပြချက်

ဝတ္ထာရမ္မဏ ငါးမျိုး၌ မနောဒွါရာဝဇ္ဇန်း ကာမဇော တဒါရုံ အဘိညာဒွေတို့သည် အကြင်အခါ၌ မိမိတို့မှီသော ဝတ္ထုကိုပင် အာရုံပြု၍ ဖြစ်ကြကုန်၏၊ ထိုအခါ၌ ထိုဝတ္ထုသည် ထိုစိတ်တို့အား ဝတ္ထု ပုရေ၊ ငါးခုထွေဟူ၍ ဆိုခဲ့သော ဝတ္ထာရမ္မဏပုရေဇာတ ငါးပစ္စည်း တစ်ပြိုင် နက် တပ်၏၊ ဤပစ္စည်းကို မရဏာသန္နဝီထိ၌သာ ဆိုရိုးပြုကြ ကုန်၏၊ ဝတ္ထာရမ္မဏပုရေဇာတ ၅-မျိုး စံပြချက်ပြီး၏၊

--------------

ပစ္ဆာဇာတ ၄-မျိုး စံပြချက်

ပစ္ဆာဇာတ ၄-မျိုး၌ ပဋိသန္ဓေနောင် ပထမဘဝင်စိတ်သည် ပဋိသန္ဓေစိတ်မှာဖြစ်၍လာခဲ့သော ပုရေဇာတ ရုပ်ကလာပ် အပေါင်း တို့အား ပစ္ဆာဇာတပစ္စည်းလေးချက် တစ်ပြိုင်နက်တပ်၏၊ ဒုတိယ ဘဝင် စိတ်သည် ပထမဘဝင်မှာဖြစ်၍ လာခဲ့သော ပုရေဇာတ ရုပ်ကလာပ် အပေါင်းတို့အား ထိုပစ္စည်းလေးချက် တစ်ပြိုင်နက်တပ်၏၊

ဤနည်းအတိုင်း စုတိစိတ်ကျအောင် တစ်ဘဝလုံး သိလေ။ ပစ္ဆာဇာတ ၄-မျိုး စံပြချက် ပြီး၏၊

-------------

အနန္တရ ၆-မျိုး စံပြချက်

အနန္တရငါးမျိုး တစ်ပြိုင်နက်တပ်ပုံ ထင်ရှားပြီ၊ အာသေဝန ပစ္စည်းကိုမူကား လောကီကုသိုလ် အကုသိုလ် ကြိယာဇောတို့၌သာရ၏၊ တစ်ခုတစ်ခုသော ဝီထိအတွင်း၌သာ ရှေးရှေးသော ဇောသည် နောက် နောက်သော အနန္တရဇောအား အနန္တရ ၆-ချက် တစ်ပြိုင်နက် တပ်၏၊ အနန္တရ ၆-မျိုး စံပြချက် ပြီး၏၊

----------------

နာနာက္ခဏိက ကမ္မကြီး, အာရမ္မဏကြီး, အာရမ္မဏာဓိပတိ, အာရမ္မဏူပနိဿယ, ပကတူပနိဿယကြိီးတို့ကား သိသာကုန်ပြီ။

၂၄-ပစ္စည်း အမြွက် စံပြချက် ပြီး၏၊

ခြောက်ရာသီ ဝေဖန်နည်း

၅၉၈။ နာမ်လျှင် နာမ်အား၊ ခြောက်မျိုးပြား၊ ငါးပါး နာမ်ရုပ်ငှာ။
၅၉၉။ နာမ်လျှင် ရုပ်အား၊ မျိုးတစ်ပါး၊ နာမ်အား ရုပ်ဧကာ။
၆၀၀။ ပညတ်, နာမ်, ရုပ်၊ နာမ်အား ဒုက်၊ ဒုက်ဒုက် ကိုးမျိုးသာ။

ဒုက်ကား-နှစ်ခုအပေါင်းတည်း။

နာမ်လျှင် နာမ်အား၊ ခြောက်မျိုးပြားနာမ်လျှင် နာမ်အား၊ ခြောက်မျိုးပြား ပစ္စည်းတို့တွင် ပစ္စည်း ပစ္စယုပ္ပန် နှစ်ပါးစုံ နာမ်သက်သက်ဖြစ်သော ပစ္စည်း မျိုးကား ခြောက်ပါးသာရှိ၏၊ အနန္တရ, သမနန္တရ, နတ္တိ, ဝိဂတ, အာသေဝန, သမ္မယုတ္တ, ဤခြောက်ပါးတည်း။

နာမ်လျှင် နာမ်ရုပ်နှစ်ပါးတို့အား ငါးပါးဆိုသည်ကား-ဟေတု, ကမ္မ, ဝိပါက, စျာန, မဂ္ဂ ဤငါးပါးတို့တည်း။

နာမ်လျှင် ရုပ်အား၊ မျိုးတစ်ပါး ဆိုသည်ကား-ပစ္စာဇာတ ပစ္စည်းတည်း။

နာမ်အား ရုပ်ဧကာနာမ်အား ရုပ်ဧကာ ဆိုသည်ကား-ပုရေဇာတပစ္စည်းတည်း။ ပညတ်, နာမ်, ရုပ်၊ နာမ်အား ဒုကပညတ်, နာမ်, ရုပ်၊ နာမ်အား ဒုက် ဆိုသည်ကား-အာရမ္မဏ, ဥပနိဿယ နှစ်ပါးတည်း။

ဒုက်ဒုက် ကိုးမျိုးသာ ဆိုသည်ကား-ပစ္စည်းလည်း နာမ်ရုပ် နှစ်ပါး၊ ပစ္စယုပ္ပန်လည်း နာမ်ရုပ် နှစ်ပါးရသော ပစ္စည်းမျိုးကား ကိုးပါးသာ တည်း။ အဓိပတိ, သဟဇာတ, အညမည, နိဿယ, အာဟာရ, ဣန္ဒြိယ, ဝိပ္ပယုတ္တ, အတ္တိ, အဝိဂတ ဤကိုးပါးတို့တည်း။ ပစ္စည်းသရုပ်ဝေဖန်ခန်းနှင့် ရောနှော၍ သိလေ။

ခြောက်ရာသီ ဝေဖန်နည်း ပြီး၏၊

--------

ပဋ္ဌာန်းပစ္စည်းအကျဉ်းချုပ်

၆၀၁။ အာ, ဥ, ကံ, အတ်၊ လေးရပ် ဤတွင်၊ အကုန်ဝင်၊ ကုန်စင် ခွဲစိတ်ဖြာ။

အလုံးစုံသော ၂၄-ပစ္စည်းတို့ကို အကျဉ်းချုံး၍ ပေါင်းရုံးသည် ရှိသော် အာရမ္မဏ, ဥပနိဿယ, ကမ္မ, အတ္ထိ ဤ ၄-ပစ္စည်းတို့၌ အကုန်ဝင်ကြရကုန်၏၊

ဝင်ပုံကား-အလုံးစုံသော သဟဇာတ ၁၅-မျိုး, ဥပသဟဇာတ ၂- မျိုး, ဝတ္ထုပုရေဇာတ ၆-မျိုး, ပစ္ဆာဇာတ ၄-မျိုး, ဤ အလုံးစုံသော ပစ္စုပ္ပန် ပစ္စည်းမျိုးစုသည် အတ္ထိပစ္စည်း၌ အကုန်ဝင်၏၊

အနန္တရအတိတ်မျိုးစုနှင့် ပကတူပနိဿယကြီးသည် ဥပနိဿယ ၌ဝင်၏၊

အာရမ္မဏကြီး ငယ်စုသည် အာရမ္မဏ၌ဝင်၏၊

နာနာက္ခဏိက အတိတ်စေတနာကံစုသည် ကမ္မ၌ဝင်၏၊ ပဋ္ဌာန်းပစ္စည်း အကျဉ်းချုပ် ပြီး၏၊

---------

အတ္ထပညတ် နာမပညတ်

၆၀၂။ နက်, နာမ် ပညတ်၊ နှစ်ပါးမှတ်၊ ခေါ်အပ်, ခေါ်ကြောင်းသိ။

အနက်ဟူသော အတ္ထပညတ်-၁၊ သဒ္ဒါ ဟူသော နာမပညတ်-၁ ဟူ၍ ပညတ် ၂-ပါး ရှိ၏၊ ယင်းနှစ်ပါးတွင်အနက် ကား ခေါ်ဝေါ် အပ်သော ဒြဗ်ဝတ္ထုမျိုးတည်း။ နာမ်ကား ခေါ်ဝေါ်ကြောင်းဖြစ်သော အမည်သညာ မျိုးတည်း။ (အတ္ထပညတ်၊ နာမပညတ် နှစ်ပါးအထူး။)

တဇ္ဇာပညတ် စသည်အပြား

၆၀၃။ တဇ္ဇုပါဒံ၊ သမူဟံ၊ သဏ္ဌာန် သန္တတိ။
၆၀၄။ ကာလံ, အဒ္ဓံ၊ အာကာသံ၊ ဒိသံ ဒေသာဒိ။ 

တဇ္ဇာပညတ်, ဥပါဒါပညတ်, သမူဟပညတ်, သဏ္ဌာနပညတ်, သန္တတိပညတ်, ကာလပညတ်, အဒ္ဓါပညတ်, အာကာသပညတ်, ဒိသာ ပညတ်, ဒေသပညတ် စသည် အတ္ထပညတ်အပြား အလွန်များပြား ၏၊ ပရမတ္ထကြိယာသည် တဇ္ဇာပညတ် မည်၏၊

ပရမတ္ထဓမ္မတို့ကိုစွဲ၍ ထင်မြင်အပ်သောပုဂ္ဂိုလ်, သတ္တဝါ, ယောကျ်ား, မိန်းမ, သစ်ပင်, ချုံ, နွယ် စသည်သည် ဥပါဒါပညတ် မည်၏၊ တစ်စုတစ်ခဲအားဖြင့် တည်ရှိသော အစိတ်စိတ်တို့ကို တစ်ခုတည်း ပြု၍ ထင်မြင်အပ်သော ပညတ်မျိုးသည် သမူဟပညတ် မည်၏၊ တစ်ပြိုင်နက် ဖြစ်ကြတည်ရှိကြကုန်သော အစိတ်အစိတ်တို့ကို တစ်ခုတည်းပြု၍ အလုံး အပြား အဝန်း အဝိုင်း အရှည် အတို အကြီး အငယ် စသည်ဖြင့် ထင်မြင်အပ်သော ပညတ်မျိုးသည် သဏ္ဌာနပညတ် မည်၏၊

ရှေ့နောက်စဉ်ဆက် ဖြစ်ကြ တည်ကြကုန်သော အစိတ်အစိတ် တို့ကို တစ်ခုတည်းပြု၍ ဤဝတ္ထုပင်ဟု ထင်မြင်အပ်သော ပညတ်မျိုး သည် သန္တတိပညတ်မည်၏၊ ဤပညတ်စုကား ပရမတ္ထဝတ္ထုနှင့် အလွန် နီးစပ်သော ပညတ်စုတည်း။

ခဏငယ်မှစ၍ နေ့ ရက် ပက္ခ လ နှစ် ကပ် ကမ္ဘာ အစဉ်သည် ကာလပညတ်တည်း။

ဆန် နှမ်း မုယော လက် သစ် မိုဌ် ထွာ တောင် တာ ဥသဘတို့မှ စ၍ ရှည် တို ဝေး နီး ခရီးအစဉ်သည် အဒ္ဓါပညတ်မည်၏၊ အပေါက်လိုဏ်တွင်း ဟင်းလင်းအပြင် ကောင်းကင်ပညတ်သည် အာကာသပညတ်မည်၏၊

အရှေ့ အနောက် စသော အရပ်ဆယ်မျက်နှာသည် ဒိသာ ပညတ်မည်၏၊

ကုန်းအရပ် ကြည်းအရပ် ရွာအရပ် တောအရပ်အစရှိသော ဒေသဌာနမျိုးသည် ဒေသပညတ် မည်၏၊

ဝိဇ္ဇမာန-အဝိဇ္ဇမာန ပညတ်များ

၆၀၅။ အဝိဇ္ဇမာန်၊ ဝိဇ္ဇမာန်၊ နာမ်၌ နှစ်ပါးသိ။
၆၀၆။ ပုဒ်ချင်း တစ်ဖန်၊ တွဲယှက်ပြန်၊ နာမ်၌ ခြောက် ပါးရှိ။

နာမပညတ်သည် ဝိဇ္ဇမာနပညတ်, အဝိဇ္ဇမာနပညတ် ဟူ၍ ၂- ပါးရှိ၏၊ အဟုတ်ရှိသော ပရမတ္ထဓမ္မတို့၏ အမည်သည် ဝိဇ္ဇမာန ပညတ်မည်၏၊

အဟုတ်မရှိ သမ္မုတိမျှသာ ဖြစ်သော ပုဂ္ဂိုလ်, သတ္တဝါ, မိန်းမ, ယောကျ်ား စသည်တို့၏ အမည်သည် အဝိဇ္ဇမာနပညတ် မည်၏၊

နာမပညတ် ၆-ပါး

ပုဒ် ၂-ခု တွဲရာ၌ (၁) ရှိနှင့်ရှိခြင်း (၂) မရှိနှင့်မရှိခြင်း (၃) ရှိနှင့်မရှိ (၄) မရှိနှင့်ရှိ ဟူ၍ ၄-ပါးဖြစ်ပြန်၏၊ စက္ခုဝိညာဏ်ကား ရှိခြင်းတွဲမှုတည်း။ ရာဇပုတ္တကား မရှိခြင်းတွဲမှုတည်း။ သီလဝါ=သီလရှိသောပုဂ္ဂိုလ်ကား ရှိနှင့်မရှိ တွဲမှုတည်း။ မိန်းမ၏အသ, ယောကျ်ား၏အသံ စသည်ကား မရှိနှင့်ရှိ တွဲမှုတည်း။ မူလ နှစ်ပါးနှင့် ပေါင်းသော် နာမပညတ် ၆-ပါး ဖြစ်၏၊

အနုဗန္ဓက ဝီထိ ၄-ပါး ၆-ပါး

၆၀၇။ အတ္ထံ, နာမံ၊ ကဟဏံ၊ ဝဒန် စဉ်တိုင်းသိ။

၆၀၈။ နာမံ, အတ္ထံ၊ ဂဟဏံ၊ သုဏန် စဉ်တိုင်းသိ။ ဝဒန် ကား ဝဒန္တပုဂ္ဂိုလ်တည်း။ ပြောသူကိုယူ။

သုဏနသုဏန် ကား သုဏန္တပုဂ္ဂိုလ်တည်း။ နာသူကိုယူ။ ပြောသူ၏သိမှုမှာ အနုဗန္ဓက ၄-ဝီထိတွင် အတ္ထဂ္ဂဟဏဝီထိဖြင့် အတ္ထပညတ်ကို နာမဂ္ဂဟဏဝီထိဖြင့် နာမပညတ်ကို အစဉ်အတိုင်း သိလေ။ အပြောကို နာ၍ သိမှုမှာ နာမဂ္ဂဟဏဝီထိ ရှေး၊ အတ္ထဂ္ဂဟဏ ဝီထိနောက် ဖြစ်၏၊ ဝီထိပိုင်းနှင့် ပြန်၍ နှီးနှောလေ။

၆၀၉။ ဝိညတ်, အလို၊ နှစ်ပါးကို၊ ထိုနှင့် ဆိုင်ရာသိ။

ဝိညတ်သိ, အလိုသိ ၂-ပါးကိုမူကား ဆိုင်ရာအနုဗန္ဓကတို့မှာ ထည့်သွင်း၍ သိလေ။

တစ်ဦးသူက လက်ရပ်ခေါ်၏၊ တစ်ဦးသူက ငါ့ကိုလာစေလို၍ ခေါ်သည်ဟု သိ၏၊ ဤ၌ကာယဝိညတ်သိ, အလိုသိ ၂-ပါး ပါရှိ၏၊ တစ်ဦးသူက နှုတ်နှင့်ခေါ်၏၊ တစ်ဦးသူက ငါ့ကို လာစေလို၍ ခေါ်သည်ဟုသိ၏၊ ဤ၌ဝစီဝိညတ်သိ, အလိုသိ ၂-ပါး ပါရှိ၏၊ ဤကဲ့သို့ ကိုယ်အင်္ဂါနှင့် ပြ၍ အလိုဆန္ဒကို သိကြရာဌာန, နှုတ် အင်္ဂါနှင့်ပြောဆို၍ အလိုသဘောကို သိကြရာဌာနတို့၌ စက္ခုဒွါရ သောတဒွါရ အနုဗန္ဓက ၄-ဝီထိတို့၌ ဝိညတ်သိ ဝီထိ၊ အလိုသိ ဝီထိတို့ကို ဖြည့်စွက်ထည့်လောင်း၍ အနုဗန္ဓက ၆-ဝီထိဖြစ်မှုကို သိလေဟူလိုသည်။

ပရမတ္ထ သမ္မုတိ သစ္စာ ၂-ပါး

၆၁၀။ စိတ်, စေတသိက်၊ ရုပ်, နိဗ် လေးရပ်၊ ပရမတ် သစ္စာ၊ ပညတ်မှာ၊ သစ္စာ သမ္မုတိ။

သစ္စာသည် ပရမတ္ထသစ္စာ, သမ္မုတိသစ္စာ ဟူ၍ ၂-ပါးရှိ၏၊ ထိုတွင် စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်ဟူသော ပရမတ္ထတရား လေးပါးသည် ကြံခြင်း, တွေ့ထိခြင်း, ခံစားခြင်း, မှတ်ခြင်းအစရှိသော အသီးအသီးသော သဘောနှင့်တကွ ရှိကြသည် အမှန်ဖြစ်၍ ပရမတ္ထသစ္စာ မည်၏၊

ပုဂ္ဂိုလ်သတ္တဝါအစရှိသော ပညတ်မျိုးသည် သဘောနှင့်တကွ အသီးအခြား ရှိကြသည်မဟုတ်။ ထိုသို့မဟုတ်သော်လည်း လောကီ ဘုံသား လူအများတို့ အရှိ အမှန်ပြု၍ သမုတ်ကြသောကြောင့် အရှိ အမှန်ပြု၍ ပြောဆိုသော်လည်း မုသာဝါဒ မဖြစ်။ သစ္စာပါရမီ, ဝိရတီသီလ စသည်ဖြစ်၏၊ ဤသို့ လောကသမ္မုတိ၏ အစွမ်းဖြင့် အရှိအမှန် ဖြစ်ရ သော ပညတ်မျိုးသည် သမ္မုတိသစ္စာ မည်၏၊ ဤသို့ သစ္စာ ၂-ပါးရှိ၏၊

သမ္မာဒိဋ္ဌိ ၂-မျိုး

သမ္မာဒိဋ္ဌိသည် လောကီသမ္မာဒိဋ္ဌိ, သာသနာသမ္မာဒိဋ္ဌိ ဟူ၍ ၂- ပါးရှိ၏၊ ကမ္မဿကာ သတ္တာ ကမ္မဒါယာဒါ ကမ္မယောနီ ကမ္မဗန္ဓူ ကမ္မပဋိဿရဏာ စသည်ဖြင့် လည်းကောင်း

အတ္ထိဒိန္နံ၊ အတ္ထိယိဋ္ဌံ၊ အတ္ထိဟုတ အတ္ထိဒိန္နံ၊ အတ္ထိယိဋ္ဌံ၊ အတ္ထိဟုတံ စသည်ဖြင့်လည်းကောင်း လာသော ကံ ကံ၏အကျိုးကို ယုံကြည်သော သမ္မာဒိဋ္ဌိသည် လောကီ သမ္မာဒိဋ္ဌိ မည်၏၊

ခန္ဓာ, အာယတန, ဓာတ်, ပဋိစ္စသမုပ္ပါဒ်လျှင် အရာရှိသော သမ္မာဒိဋ္ဌိသည် သာသနာသမ္မာဒိဋ္ဌိ မည်၏၊

သတ္တဝါတို့သည် လောကီသမ္မာဒိဋ္ဌိ၌ ကောင်းစွာတည်၍ လူ့ချမ်း သာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာတို့ကို ရနိုင်ကြကုန်၏၊ သာဝကပါရမီ ပစ္စေကပါရမီ သဗ္ဗညုပါရမီတို့ကိုရနိုင်ကြကုန်၏၊ အဆုံးအစ၌ သာသနာ သမ္မာဒိဋ္ဌိ၌ ကောင်းစွာတည်၍ သာဝကဗောဓိ ပစ္စေကဗောဓိ သဗ္ဗညု ဗောဓိသို့ ရောက်ကြကုန်၏၊

လောကီသမ္မာဒိဋ္ဌိသည် သမ္မုတိသစ္စာလျှင်အရာရှိ၏၊

သာသနာသမ္မာဒိဋ္ဌိသည် ပရမတ္ထသစ္စာလျှင် အရာရှိ၏၊

သမ္မုတိသစ္စာကို အလွတ်ပယ်ခဲ့လျှင် ထိုသူမှာ လောကီ သမ္မာဒိဋ္ဌိ အလင်း ကွယ်ပျောက်၏၊ နတ္ထိဒိန္နံ၊ နတ္ထိယိဋ္ဌံ၊ နတ္ထိဟုတနတ္ထိဒိန္နံ၊ နတ္ထိယိဋ္ဌံ၊ နတ္ထိဟုတံ အစရှိ သည်ဖြင့် လာသော ကံ ကံ၏ အကျိုးကို လုံးလုံးပစ်ပယ်သော် မိစ္ဆာဒိဋ္ဌိ မှောင်တွင်းသို့ရောက်၏၊ သုဂတိလမ်း ပါရမီလမ်း ဗောဓိလမ်း အကုန် ပိတ်၏၊ အပါယ်တစ်လမ်းသာ ဟင်းလင်းပွင့်၏၊

ပရမတ္ထသစ္စာကို ပယ်ခဲ့လျှင် ထိုသူမှာ သာသနာသမ္မာဒိဋ္ဌိအလင်းမှ အပ ဖြစ်၏၊ သက္ကာယဒိဋ္ဌိ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိမှောင်တွင်းမှ မထွက်ရ။ ဗောဓိ ၃-ပါး တံခါး အကုန်ပိတ်၏၊ သံသရာ တစ်လမ်းသာ ဟင်းလင်း ပွင့်၏၊ ထိုကြောင့် လောကီသမ္မာဒိဋ္ဌိအလင်း၌ ကောင်းစွာတည်၍ သာသနာသမ္မာဒိဋ္ဌိ အလင်းသို့ရောက်ခြင်းငှာ စိတ် စေတသိက် ရုပ် နိဗ္ဗာန်ဟူသော ပရမတ္ထသစ္စာ ကြုံခဲစွာကို လေ့လာအားထုတ်ကြ ကုန်ရာသတည်း။

* ပိုဒ်ပေါင်း ရှစ်ဆယ်၊ လင်္ကာခြယ်၊ ဤဝယ် ပစ္စည်း ပြီး။

ပစ္စည်းပိုင်း ပြီး၏၊

---------

၉-ကမ္မဋ္ဌာန်းပိုင်း

သီလဝိသုဒ္ဓိ

၆၁၁။ အဓိသီလ၊ စိတ္တ, ပညာ၊ သာသနာ သိက္ခာ သုံးပါး မှတ်။

မြတ်စွာဘုရား သာသနာတော်မြတ်ကြီးသည် အဓိသီလ သာသနာ တော်မြတ်ကြီးတစ်ပါး၊ အဓိစိတ္တ သာသနာတော် မြတ်ကြီးတစ်ပါး၊ အဓိပညာ သာသနာတော်မြတ်ကြီး တစ်ပါးဟူ၍ သာသနာတော် သုံးပါး ရှိ၏၊ သိက္ခာသုံးပါးလည်းခေါ်၏၊ အဓိသီလသိက္ခာ၊ အဓိစိတ္တ သိက္ခာ၊ အဓိပညာသိက္ခာ ဟူ၍ဆိုလေ။

ဤသာသနာတော်သုံးပါး၏ အခွင့်ကား ကိလေသာတို့ကို ပယ် သတ်မှုတည်း။ ဤကိုယ်ခန္ဓာ၌ ကိလေသာ အသိုက်အအုံသည် ဝီတိက္ကမ ဘုံကြီးတစ်ပါး၊ ပရိယုဋ္ဌာနဘုံကြီးတစ်ပါး၊ အနုသယဘုံကြီး တစ်ပါး ဟူ၍ဘုံကြီး သုံးပါးရှိ၏၊ နိုင်ငံကြီးသုံးပါးလည်း ဆိုရ၏၊ တိုက်ကြီး သုံးတိုက်လည်းဆိုရ၏၊

ထိုသုံးပါးတို့တွင် ကာယကံ ဝစီကံ နှစ်ပါးသည် ဝီတိက္ကမ ဘုံကြီး မည်၏၊

မနောကံစုသည် ပရိယုဋ္ဌာနဘုံကြီး မည်၏၊

ကံ သုံးပါးအဖြစ်သို့ မရောက်မူ၍ အနမတဂ္ဂသံသရာ၌ ကိုယ်ခန္ဓာ အစဉ်မှာ နိစ္စထာဝရ တည်ထောင် ကိန်းဝပ် စည်ကား ပွါးစီး၍ နေသော အသိုက်အအုံကြီးသည် အနုသယဘုံကြီးမည်၏၊ ၆-ဒွါရတို့မှာ အာရုံထိ ခိုက်လာတိုင်း ကိလေသာ မီးတောက်ရန် ကံသုံးပါးဖြစ် ပေါ်ရန် အမြစ်မူလ ဗီဇအသိုက် အအုံကြီးဟူလို။ ထိုဘုံကြီးမှ မနောကံတို့ ဖြစ်လာရကုန်၏၊ မနောကံတို့မှ ကာယကံ, ဝစီကံတို့ ဖြစ်လာရကုန်၏၊

ဤကိုယ်ခန္ဓာကြီးသည် မီးခြစ်ဆေးခဲကြီးနှင့် တူ၏၊ အနုသယ နိုင်ငံကြီးသည် မီးခြစ်ဆေးခဲကြီး၌ အပြည့်တည်ရှိသော မီးဓာတ်မျိုးနှင့် တူ၏၊ အာရုံနှင့်တွေ့၍ စိတ်နှလုံးမှာ ကိလေသာထ ကြွမှုသည် ကော်ပတ် နှင့်တိုက်၍ မီးခြစ်မှာ မီးတောက်သည်နှင့်တူ၏၊ ကိုယ်အင်္ဂါ နှုတ်အင်္ဂါ လှုပ်ရှားသောင်းကြမ်းမှုသည် ထိုမီးတောက်မှ ဝတ္ထုတစ်ပါးသို့ မီးကူး၍ အိမ်ရာ ဝင်းခြံကို လောင်သည်နှင့်တူ၏၊ လောဘဘုံကြီးသုံးပါး, ဒေါသ ဘုံကြီးသုံးပါး, မောဟဘုံကြီးသုံးပါး, ဒိဋ္ဌိဘုံကြီးသုံးပါး စသည်ဖြင့် အသီး အသီး ဘုံကြီးသုံးပါးစီ ရှိကြ၏၊

အဓိသီလသာသနာသည် ကိလေသာတို့၏ ဝီတိက္ကမနိုင်ငံကြီးကို ဖျက်ဆီးရန် လက်နက်မျိုးတည်း။

အဓိစိတ္တသာသနာသည် ပရိယုဋ္ဌာနနိုင်ငံကြီးကို ဖျက်ဆီးရန် လက်နက်မျိုးတည်း။ အဓိပညာသာသနာသည် အနုသယ နိုင်ငံကြီးကို ဖျက်ဆီးရန်လက်နက်မျိုးတည်း။ ဤအနုသယနိုင်ငံကြီး အကုန်ပျက်စီးမှ ကိလေသာမျိုးပြတ်သည်၊ ကိလေသာ မျိုးပြတ်မှ ကံ ၃-ပါး ကျွတ်လွတ် သည်၊ ကံ ၃-ပါးကျွတ်လွတ်မှ ဝဋ်ဒုက္ခချုပ်ငြိမ်းသည်။

မြတ်စွာဘုရားတို့၏ သာသနာ၌ကား အနုသယနိုင်ငံကြီးကို ဖျက်ဆီးမှုသည်သာ လိုရင်းပဓာနတည်း၊ ထိုနိုင်ငံကြီးကို ဖျက်ဆီးခြင်းငှာ ရှေးဦးစွာ သီလကိုဖြည့်ကျင့်မှု, သမထကိုပွားများမှုတို့ဖြင့် ပြင်ပအရံ နိုင်ငံနှစ်ရပ်တို့ကို သုတ်သင်ရှင်းလင်း ပြီးမှ ဘုရားသာသနာတော်တွင်းမှာ လိုရင်းပဓာနဖြစ်သော အနုသယနိုင်ငံကြီးသို့ ချဉ်းနင်းခွင့်သာလေ သတည်း။

(ဤကား ကမ္မဋ္ဌာန်းပိုင်း၏ အချက်အချာ သာသနာတော်ကြီး ၃-ပါး၏ အခွင့်ကို ပြဆိုခန်းတည်း။ )

နိစ္စသီလနှင့် အမွှမ်းတင်သီလ

၆၁၂။ အာဒိဗြဟ္မ၊ စရိယနှင့်၊ ထိုမှ တစိ၊ အာဘိသမာ စာရိက၊ ဤနှစ်ဝ၊ သီလသာသနာ။

မဂ်လေးပါးသည် ဗြဟ္မစရိယ မည်၏၊ ထိုမဂ်လေးပါးကို ယခုဘဝ ရလို ရောက်လိုသော သူတို့အား ရှေးဦးစွာ နိစ္စသီလအဖြစ်နှင့် ထူထောင် ဖြည့်ကျင့်အပ်သော သီလမျိုးသည် အာဒိဗြဟ္မစရိယမည်၏၊ ထိုအပေါ် တွင် အမွှမ်းတင်ဖြစ်သော သီလမျိုးသည် အာဘိသမာစာရိကသီလ မျိုးမည်၏၊

၆၁၃။ အာဇီဝဋ္ဌ၊ အကျဉ်းပြ၊ ဗြဟ္မအာဒိသာ။ 

အကျဉ်းအားဖြင့် ပြဆိုသည်ရှိသော် အာဇီဝဋ္ဌမကသီလသည် အာဒိဗြဟ္မစရိယသီလမည်၏၊ ရဟန်းတို့၏ ၂၂၇-ပါးသော သိက္ခာပဒ သီလစုသည် ဤအာဇီဝဋ္ဌမကသီလ၌ အကျုံးဝင်သောကြောင့် အကျဉ်းပြ ဟူ၍ဆိုသတည်း။

၆၁၄။ ကာယသုံးလီ၊ လေး ဝစီ၊ အာဇီ ရှစ်သမာ။ 

ကာယသုစရိုက် ၃-ပါး၊ ဝစီသုစရိုက် ၄-ပါး၊ ၇-ပါးဖြစ်၏၊ ယင်း ၇-ပါးမှာ ရှစ်ခုမြောက် သမ္မာအာဇီဝဖြစ်၍ အာဇီဝဋ္ဌမက ခေါ်သည်၊ မနောသုစရိုက်သုံးပါးကျန်ရှိသည်မှာ အဓိစိတ္တအဓိပညာသာသနာတို့၏ ဆိုင်ရာဖြစ်၍ ကျန်ရှိလေသည်။

၆၁၅။ အကျင့် ဓုတင်၊ အမွှမ်းတင်၊ ဖြူစင် ဘိသမာ။ 

ရဟန်းတို့၌ ဥပဇ္ဈာယဝတ် အာစရိယဝတ် အစရှိသော ကျင့်ဝတ် တရားစု ဓုတင်တေရသစုသည် အာဒိဗြဟ္မစရိ ယပေါ်တွင် အမွှမ်းတင် ဖြစ်သော အာဘိသမာစာရိကသီလ မည်၏၊ လူတို့၌ ရှစ်ပါးသော ဥပေါသထသီလ, ဆယ်ပါးသော သီလ, အချို့သော ဓုတင်္ဂသီလများသည် အာဘိသမာစာရိက ပင်တည်း။

၆၁၆။ ပါတိမောက္ခ၊ သံဝရနှင့်၊ ဇီဝပါရိ၊ သုဒ္ဓိ တလစ်၊ ပစ္စယသန်၊ နိဿိတံတည့်၊ ခြောက်တန် ဣန္ဒြေ၊ လုံခြုံစေမှု၊ သုဒ္ဓိစု၊ စတု လေးလီဖြာ။

ပါတိမောက္ခသံဝရသီလ, အာဇီဝပါရိသုဒ္ဓိသီလ, ပစ္စယသန္နိဿိတ သီလ, ဣန္ဒြိယသံဝရသီလ ဟူ၍ စတုပါရိသုဒ္ဓိသီလ ၄-ပါးဖြစ်၏၊ ထို ၄-ပါးတို့တွင် ရှေ့ ၂-ပါးကား အာဒိဗြဟ္မစရိယသီလမျိုးတည်း၊ နောက် ၂-ပါးကား အာဘိသမာစာရိကသီလ မျိုးတည်း။ အဓိသီလသိက္ခာ သာသနာ အကျဉ်းချုပ် သီလဝိသုဒ္ဓိခန်း ပြီး၏၊

သီလဝိသုဒ္ဓိ အကျဉ်းချုပ် ပြီး၏၊

----------------

စိတ္တဝိသုဒ္ဓိ

ကမ္မဋ္ဌာန်း-၄၀

ကသိုဏ်း ၁၀-ပါး

၆၁၇။ မြေ, ရေ, မီး, လေ၊ ညို, ရွှေ, နီ, ဖြူ၊ ပေါက်, လင်း, ဟူ၊ ဆယ်ဆူ ကသိဏာ။

မြေကသိုဏ်း, ရေကသိုဏ်း, မီးကသိုဏ်း, လေကသိုဏ်း, အဆင်း ညိုကသိုဏ်း, အဆင်းဝါကသိုဏ်း, အဆင်းနီကသိုဏ်း, အဆင်း ဖြူက သိုဏ်း, ပြတင်းပေါက် စသော ကောင်းကင်ပေါက် ကသိုဏ်း, တိုက်နံရံ စသည်၌ ထင်သောနေရောင်ကွက် လရောင်ကွက် မီးရောင် ကွက် အစရှိ သောအရောင်အလင်းကသိုဏ်း။ (ကသိုဏ်းဆယ်ပါး။)

အသုဘ ၁၀-ပါး

၆၁၈။ ရောင်, ညို, ပြည်, ပြတ်၊ ခဲအပ်, ပစ်ထား၊ ထား ဖြတ် ပစ်ရေး၊ သွေးယို, ပိုးစု၊ အရိုးစု၊ ဆယ်ခု အသုဘာ။

ဖူးဖူးရောင်သော သူကောင် ၁၊ ပုပ်၍ ညို၍နေသော သူကောင် ၁၊ ပြည်ယို၍နေသော သူကောင် ၁၊ အလယ်၌ ပြတ်၍ ၂-ပိုင်းနေသော သူကောင် ၁၊ ခွေး မြေခွေး ခဲထားအပ်သော သူကောင် ၁၊ ခဲ၍ ထိုထိုနေရာ၌ပစ်ထားအပ်သော သူကောင် ၁၊ ကျီးခြေသဏ္ဌာန် စသည်ဖြင့် ထား လက်နက်နှင့်ခုတ်ဖြတ်၍ ပစ်ထားအပ်သော သူကောင် ၁၊ ယိုသော သွေးရှိသော သူကောင် ၁၊ ပိုးလောက်တို့ဖြင့်ပြည့်သော သူကောင် ၁၊ အရိုးစုမျှသာဖြစ်သော သူကောင် ၁။ (အသုဘဆယ်ပါး)

အနုဿတိ ၁၀-ပါး

၆၁၉။ ဗုဒ်, ဓမ်, သံ, သီ၊ စာဂီ, ဒေဝတာ၊ သမာ ဥပ၊ မရဏနှင့်၊ ကာယဂတာ၊ အာနာပါ၊ ဆယ်ဖြာ နုဿတိ။

ဗုဒ္ဓါနုဿတိ, ဓမ္မာနုဿတိ, သံဃာနုဿတိ, သီလာနုဿတိ, စာဂါနုဿတိ, ဒေဝတာနုဿတိ, ဥပသမာနုဿတိ, မရဏာနုဿတိ, ကာယဂတာသတိ, အာနာပါနဿတိ။ (အနုဿတိဆယ်ပါး)

အပ္ပမညာ ၄-ပါး

၆၂၀။ မေ, က, မု, ဥ၊ ပွါးများမှု၊ လေးခု ပမညာ။ မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ။ (အပ္ပမညာလေးပါး။)

ပဋိကူလသညာ ၁-ပါး

၆၂၁။ အာဟာရတွင်၊ ရွံဘွယ်လျှင်၊ မှတ်ထင် ဧက် သညာ။

ဧကသညာ တစ်ပါး။ (အာဟာရေ ပဋိကူလသညာ ခေါ်သည်။)

ဝဝတ္ထာန် ၁-ပါး

၆၂၂။ ဓာတ်ကြီးလေးခု၊ ပိုင်းခြားမှု၊ စတုဝဝတ္ထာ။

စတုဓာတု ဝဝတ္ထာန် တစ်ပါး။

၆၂၃။ အာ, ဝိဉ်, အာ, နေ၊ ဤလေးထွေ၊ မှတ်လေ အရူပါ။

အာကာသာနဉ္စာယတန, ဝိညာဏဉ္စာယတန, အာကိဉ္စညာယတန, နေဝသညာနာသညာယတန။ (အရူပ ၄-ပါးအရူပ ၄-ပါး)

ကမ္မဋ္ဌာန်း-၄၀ ပြီး၏၊

-------------

စရိုက် ၆-ပါးနှင့် သပ္ပါယအပြား

၆၂၄။ ရာ, ဒေါ, မော, ဝိ၊ သဒ်, ဗုဒ္ဓိ၊ စရိ ဤခြောက်ဖြာ။

ရာဂ စရိုက်, ဒေါသစရိုက်, မောဟစရိုက်, ဝိတက်စရိုက်, သဒ္ဓါ စရိုက်, ပညာစရိုက် ဟူ၍ စရိုက်ခြောက်ပါး။

၆၂၅။ အသု, ကာယ၊ ဆယ့်တစ်ဝ၊ ရာဂ လျော်လှစွာ။

အသုဘဆယ်ပါး၊ ကေသာ လောမာစသော ကာယကောဋ္ဌာသ တစ်ပါး၊ ဤ တစ်ဆယ့်တစ်ပါးသော ကမ္မဋ္ဌာန်းသည် ရာဂစရိုက် နှင့်လျော်၏၊

၆၂၆။ အဆင်း, မည၊ ရှစ်ဌာန၊ ဒေါသလျော်လှစွာ။

အညို-အရွှေ-အနီ-အဖြူ-ဟူသော ဝဏ္ဏကသိုဏ်း လေးပါး၊ အပ္ပမညာလေးပါး၊ ဤကမ္မဋ္ဌာန်း ရှစ်ဌာနသည် ဒေါသစရိုက်နှင့်လျော်၏၊

၆၂၇။ အာနာပါန၊ အလျော်ကျ၊ မောဟ ဝိတက်သာ။

အာနာပါနသည် မောဟစရိုက်, ဝိတက်စရိုက်တို့နှင့် လျော်၏၊

၆၂၈။ မရဏနှင့်၊ ဥပသမာ၊ သညာ တစ်တန်၊ ဝဝတ္ထာန်၊ လေးတန် ဗုဒ္ဓိသာ။

မရဏဿတိ, ဥပသမာနုဿတိ, ပဋိကူလသညာ, စတုဓာတု ဝဝတ္ထာန်၊ ဤလေးပါးသည် ပညာစရိုက်နှင့် လျော်၏၊

၆၂၉။ နုဿတိ ဆ၊ သဒ္ဓါကျ၊ သေသ အားလုံးသာ။

ဗုဒ္ဓါနုဿတိစသော ကြွင်းသောအနုဿတိခြောက်ပါးသည် သဒ္ဓါစရိုက်နှင့်အလျော်ကျ၏၊

၆၃၀။ ကသိုဏ်းကြီးမူ၊ မောဟယူ၊ ငယ်မူ ဝိတက်သာ။

ကောက်နယ်တလင်းခန့် စသည်ဖြင့် ကြီးသော ကသိုဏ်းဝန်းသည် မောဟစရိုက်နှင့်လျော်၏၊ တစ်ထွာလေးသစ်မျှငယ်သော ကသိုဏ်းဝန်း သည် ဝိတက်စရိုက်နှင့် လျော်၏၊

သပ္ပါယအပြား ပြီး၏၊

---------

နိမိတ်အပြား

၆၃၁။ ပရိကမ္မ၊ ဥဂ္ဂဟတည့်၊ ပဋိဘာဂါ၊ ဤသုံးဖြာ၊ ထင်လာ နိမိတ်တည်း။

ထိုကသိုဏ်းစသည်တို့၌ ရှုသောအခါ ရှေးဦးစွာ စက္ခုဒွါရမှာ ထင်မြင်လာသော ပရိကမ္မနိမိတ်တစ်ပါး, ထို့နောင် မနောဒွါရတွင် ထင်မြင်စွဲမြဲသော ဥဂ္ဂဟနိမိတ်တစ်ပါး, ထိုနောင် ထို ဥဂ္ဂဟနိမိတ်မှ ကျွတ်လွတ်၍ ထိုဥဂ္ဂဟနိမိတ်အသွင် အလွန်ကြည်လင်စွာ ထင်မြင်သော ပဋိဘာဂနိမိတ်တစ်ပါး ဟူ၍ နိမိတ်အာရုံအပြား သုံးပါးရှိ၏၊

၆၃၂။ လေးဆယ်လုံးမှာ၊ ရှေ့ နှစ်ဖြာ၊ လျော်စွာ ရ သတည်း။
၆၃၃။ ကသိုဏ်း, သုဘာ၊ ကာ, အာနာ၊ ပဋိဘာဂတည်း။

ပရိကမ္မနိမိတ်, ဥဂ္ဂဟနိမိတ်ဟူသော ရှေ့နိမိတ်နှစ်ပါးကို ကမ္မဋ္ဌာန်း ၄၀-လုံးမှာ လျော်စွာရနိုင်၏၊ ပဋိဘာဂနိမိတ်ကိုမူ ကား ကသိုဏ်း ၁၀- ပါး, အသုဘ ၁၀-ပါး, ကာယကောဋ္ဌာသတစ်ပါး, အာနာပါနတစ်ပါး၊ ဤ ၂၂-ပါးတို့၌သာ ရနိုင်၏၊ ကြွင်းသော ကမ္မဋ္ဌာန်း ၁၈-ပါးတို့၌ မရနိုင်။ နိမိတ်အပြား ပြီး၏၊

---------

ရူပစျာန် ၅-ပါး

ဘာဝနာသုံးပါးနှင့် နိမိတ် ၃-ပါး

၆၃၄။ ပရိ, ဥပစံ၊ အပ္ပနံ၊ သုံးတန် ဘာဝနာ။ 

ယောဂီပုဂ္ဂိုလ်၏ သန္တာန်မှာ ပွါးများသော ဘာဝနာသမာဓိသည် ပရိကမ္မဘာဝနာ, ဥပစာရဘာဝနာ, အပ္ပနာ ဘာဝနာဟူ၍ အစဉ်အတိုင်း ဖြစ်ပွါး၍သွားသော ဘာဝနာသုံးပါးရှိ၏၊

၆၃၅။ ပရိ, ဥဂ်မူ၊ ပရိယူ၊ ဘာမူ-ဥ, အပ်, သာ။

နိမိတ် ၃-ပါးနှင့် ဘာဝနာ ၃-ပါးကို ဖက်တွဲပုံကား-ပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ် နှစ်ပါး၌ပရိကမ္မဘာဝနာသည် ဖြစ်၏၊ ပဋိဘာဂနိမိတ်၌ ဥပစာရဘာဝနာ, အပ္ပနာဘာဝနာနှစ်းပါးသည် ဖြစ်၏၊ ဤသို့ဖက် တွဲလေဟူလို။ ပဋိဘာဂနိမိတ်ကို ဘာမူ ဆိုသည်။

ဘာဝနာ ၃-ပါးနှင့် ကမ္မဋ္ဌာန်း ၄၀-ကို ဝေဖန်ပုံ

၆၃၆။ နုဿတိ ရှစ်၊ သညာ ဧက်၊ တလှစ် ဝဝတ္ထာ။
၆၃၇။ ပရိ ဥပ၊ နှစ်ခုမျှ၊ ရထိုက် ဘာဝနာ။ 

ကာယဂတာ, အာနာပါနကြဉ်သော အနုဿတိ ရှစ်ပါး, သညာ တစ်ပါး, ဝဝတ္ထာန် တစ်ပါး၊ ဤဆယ်ပါးသော ကမ္မဋ္ဌာန်းတို့၌ ပရိကမ္မ ဘာဝနာ, ဥပစာရဘာဝနာ၊ ဤဘာဝနာ နှစ်ပါးကိုသာ ရထိုက်၏၊ ရူပအရူပစျာန်ဟူသော အပ္ပနာ ဘာဝနာကို မရထိုက်။

၆၃၈။ အကြွင်း သုံးဆယ်၊ အာရုံဝယ်၊ သုံးသွယ် ဘာဝနာ။ 

ထိုဆယ်ပါးသော ကမ္မဋ္ဌာန်းတို့မှ ကြွင်းကုန်သော ၃၀-သော ကမ္မဋ္ဌာန်းတို့၌ကား ပရိကမ္မဘာဝနာ, ဥပစာရဘာဝနာ, အပ္ပနာဘာဝနာ ဟူသော ဘာဝနာသုံးပါးတို့ကို ရအပ်ကုန်၏၊

၆၃၉။ က, သု, ကာ, အာ၊ ပမညာ၊ ရူပါ သုံးဆယ် အပ်။ 

ကသိုဏ်းဆယ်ပါး, အသုဘဆယ်ပါး, ကာယကောဋ္ဌာသတစ်ပါး, အာနာပါနတစ်ပါး, အပ္ပမညာလေးပါး, အရူပလေးပါး၊ ဤသုံးဆယ်သော ကမ္မဋ္ဌာန်းစုသည် အပ္ပနာကမ္မဋ္ဌာန်းမျိုးမည်၏၊ စျာန်ရသော ကမ္မဋ္ဌာန်းမျိုး ဟူလို။

၆၄၀။ သညာ တစ်တန်၊ ဝဝတ္ထာန်၊ ရှစ်တန် နုဿတိ။ 

ဤ ၁၀-ပါးကား ဥပစာကမ္မဋ္ဌာန်းမျိုးတည်း။ ဥပစာကမ္မဋ္ဌာန်း မျိုးဆိုသည်ကား အပ္ပနာစျာန်သို့ ရောက်သော ကမ္မဋ္ဌာန်းမျိုး မဟုတ်။ ဝိပဿနာကို အားထုတ်သောအခါ၌ ဝိပဿနာ၏ အခြေပါဒ ဥပစာ ကိစ္စ၌ကောင်းမြတ်လှသော ကမ္မဋ္ဌာန်းစု ဟူလို။

ဘာဝနာ ၃-ပါးနှင့် နိမိတ်၃-ပါး ပေါ်လာပုံ

၆၄၁။ ဘာဝနာ သုံးတန်၊ ဖြစ်ပွါးဟန်၊ မှတ်ရန် ဤသို့ တည်း။
၆၄၂။ ပရိအစ၊ ဥဂ္ဂဟ အလယ်၊ နှစ်သွယ်ရှုဘိ၊ သမာဓိ၊ ပရိကမ္မသာ။
၆၄၃။ ပဋိဘာဂ၊ ထင်လာက၊ နီဝရဏကွာ။ 

ပထဝီကသိုဏ်းစသည့် တစ်ခုခု၌ အာရုံရမှုကို အားထုတ်သော ပုဂ္ဂိုလ်အား အစစွာ ရှုမြင်အပ်သော ထိုအာရုံသည် ပရိကမ္မနိမိတ် မည်၏၊ ထိုအခါ ဘာဝနာသမာဓိသည်လည်း ပရိကမ္မဘာဝနာမည်၏၊ အားထုတ် ဖန်များလှ၍ မျက်စိဖြင့် မြင်ရသကဲ့သို့ အာရုံပြုလိုက်တိုင်း မနော၌ အထင်အမြင် စွဲမြဲသောအခါ ထိုအာရုံသည် ဥဂ္ဂဟနိမိတ်မည်၏၊ ဘာဝနာမူကား ပရိကမ္မဘာဝနာပင် ရှိသေး၏၊ ထိုဥဂ္ဂဟနိမိတ်ကို အာရုံပြု၍ မနောဒွါရဖြင့် အမြဲအစွဲ ရှုဖန်များလတ်သော် ထိုဥဂ္ဂဟ နိမိတ်နှင့် သဏ္ဍာန်တူ၍ ထိုဥဂ္ဂဟနိမိတ်ထက် ကြည်လင်လှစွာသော ပဋိဘာဂနိမိတ်သည်ဖြစ်လာ၏၊ ထိုပဋိဘာဂနိမိတ် ထင်လာသည် နှင့်တစ်ပြိုင်နက် ကာမစ္ဆန္ဒအစရှိသော နီဝရဏတရား ငါးပါးတို့သည် စိတ်သန္တာန်မှ ကျွတ်လွတ် ကွာရှင်း ကြကုန်၏၊

၆၄၄။ နီဝရဏ၊ ကွာတုံက၊ ဥပစာရလာ။

နီဝရဏ ကွာခဲ့လျှင် ကွာသည်နှင့်တစ်ပြိုင်နက် ဥပစာရ ဘာဝနာ သို့ရောက်၏၊ ပဋိဘာဂနိမိ်တ်မှု, နီဝရဏကွာမှု, ဥပစာရဘာဝနာ ဖြစ်မှုကား တစ်ပြိုင်နက် တစ်ချက်တည်း ကျ၏၊

အပ္ပနာဝီထိကျပုံ

၆၄၅။ ထိုနောက် ဖန်ဖန်၊ ပွားတုံပြန်၊ ပ-စျာန် အပ္ပနာ။

အပ္ပနာစျာန် ကျပုံဝီထိအစဉ်ကား စလနဘဝင် ဥပစ္ဆေဒ ဘဝင် နှစ်ကြိမ်၊ မနောဒွါရာဝဇ္ဇန်း၊ ပရိကံ ဥပစာ အနုလုံ ဂေါတြဘု စျာန် တစ်ကြိမ်စီ၊ ထိုနောင် ဘဝင်များစွာ ကျ၏၊ ဝီထိပိုင်းဆိုင်ရာပေတည်း။

ဝသီဘော် ၅-ပါး

၆၄၆။ အာဝဇ္ဇနံ၊ အာပဇ္ဇန်၊ ဓိဋ္ဌာန် ဝုဋ္ဌာန။
၆၄၇။ ပစ္စဝေက္ခန်၊ ဤငါးတန်၊ လျင်မြန် လိုတိုင်းရ။

ပဌမစျာန်ကို ရသောအခါ ထိုပဌမစျာန်ကို အစိုးတရ နိုင်နင်း အောင် အားထုတ်ရာသော ဝသီဘော်ကိစ္စကား အာဝဇ္ဇနဝသီဘော်, သမာပဇ္ဇနဝသီဘော်, အဓိဋ္ဌာနဝသီဘော်, ဝုဋ္ဌာနဝသီဘော်, ပစ္စဝေက္ခဏာဝသီဘော် ဤဝသီဘော်ကိစ္စ ငါးတန်တို့ဖြင့် ထိုပဌမစျာန်ကို အလျင်အမြန် အစိုးတရ လိုတိုင်းရအောင် အဖန်ဖန် အားထုတ်ရာ သတည်း။ ပဌမစျာန်၌ ရှိသော ဝိတက် ဝိစာရအစရှိသော စျာန်အင်္ဂါ ငါးပါးတို့ကို အစဉ်အတိုင်း ဆင်ခြင်မှု၌ အာဝဇ္ဇန်းကို အစိုးရသည်ကား အာဝဇ္ဇနဝသီတည်း။ ဆင်ခြင်သောဇောကို အစိုးရသည်ကား ပစ္စဝေက္ခဏာဝသီတည်း။ ထိုစျာန်ကို ဝင်စားမှု၌ အစိုးရ သည်ကား သမာပဇ္ဇန ဝသီတည်း။ ထိုစျာန်ကို အလိုရှိတိုင်း ခိုင်မြဲစွာ ထားခြင်း၌ အစိုးရသည် ကား အဓိဋ္ဌာနဝသီတည်း။ ထိုစျာန်မှ ထမှု၌ အစိုးရသည်ကား ဝုဋ္ဌာန ဝသီတည်း။

(အကျယ်ကိုကား သင်္ဂြီုဟ် မဟာဋီကာကြီးမှာ ယူလေ။) ပဌမစျာန်ပြီး၏၊

အထက်စျာန်သို့ တက်ပွားပုံ

၆၄၈။ ရှေးရှေး စျာနင်၊ ပယ်စွန့်လျှင်၊ အစဉ် နောက် စျာန်ရ။

ဝိတက်စျာနင်ကို အလိုမရှိပြန်၍ ထိုစျာနင်ကို ပယ်စွန့်လိုသော အဇ္ဈာသယနှင့်တကွ ထိုကသိုဏ်း ပဋိဘာဂနိမိတ်၌ ဘာဝနာသုံးပါး အစဉ်အားဖြင့် ပွားများအားထုတ်ပြန်ရာ ဝိတက်မပါသော ဒုတိယစျာန် သည် ဖြစ်လာပြန်၏၊

ဘာဝနာသုံးပါး အပိုင်းအခြားမှာ ဝိတက်၌ သာယာမှုမကင်းသေး သမျှသည် ပရိကမ္မဘာဝနာမည်၏၊ ကင်းသည်မှ စ၍ ဥပစာရ ဘာဝနာ မည်၏၊ အပ္ပနာဘာဝနာကား ဒုတိယစျာန်ပင်တည်း။ ဝသီဘော် ငါးပါးနှင့် နိုင်နင်းစွာ အစိုးရအောင် အားထုတ်မြဲ။ ဤနည်းအတိုင်း ပဉ္စမစျာန် ဆိုက်အောင် သိလေ။

ရူပစျာန် ၅-ပါး ပြီး၏၊

-------------

အရူပစျာန် ၄-ပါး

၆၄၉။ အာရုံပြောင်းကာ၊ ပွားတုံပါ၊ လေးဖြာအရူပ။

အရူပစျာန် ၄-ခုမှာ စျာန်အင်္ဂါကား ဥပေက္ခာ, ဧကဂ္ဂတာချည်း သာတည်း၊ အာရုံသည်သာ ပြောင်းလဲတော့သည်။ ရူပပဉ္စမစျာန်၏ အာရုံကို စိတ်ဖြင့် ပယ်ဖျောက်၍ ထိုနေရာမှာ အာကာသ ထင်မြင်အောင် ပြု၍ ဘာဝနာသုံးပါး အစဉ်အားဖြင့် ပွားများအားထုတ်ရာ အာကာသာ နဉ္စာယတနစျာန်ကို ရ၏၊ ဝသီဘော်ငါးပါး ဆိုမြဲ။

တစ်ဖန် ထိုကောင်းကင်ကို လွှတ်၍ ပဌမအရူပစိတ် ဝိညာဏ်ကို အာရုံပြု၍ ပွားများရာ ဝိညာဏဉ္စာယတန စျာန်ကိုရ၏၊ တစ်ဖန် ထို ဝိညာဏ်မရှိခြင်းဟူသော နတ္ထိဘောပညတ်ကို အာရုံပြု၍ ပွားများ ပြန်ရာ အာကိဉ္စညာစျာန်ကို ရ၏၊ တစ်ဖန် ထိုတတိယစျာန်စိတ် ဝိညာဏ် ကို အာရုံပြု၍ ပွားများပြန်ရာ နေဝသညာစျာန်ကိုရ၏၊ ဝသီဘော်ငါးပါး ဆိုမြဲ။

အရူပစျာန် ၄-ပါး ပြီး၏၊

--------

အဘိညာဉ်ဖြစ်ပုံ

နေဝသညာတိုင်အောင် သမာပတ်ကိုးပါးကို ရပြီး၍ ထိုကိုးပါးလုံး၌ အသီးအသီးဝသီဘော်သို့ ရောက်ပြီးသော ပုဂ္ဂိုလ်သည် သမထဘာဝနာ၏ အကျိုးဆက်ဖြစ်သော အဘိညာဣဒ္ဓိကို ရလိုပြန်သည်ရှိသော် ရူပါဝစရ ပဉ္စမစျာန်ကို စျာနာနုလောမ အစရှိသော ၁၄-ပါးသော အခြင်းအရာ တို့ဖြင့် အလွန်ထက်သန်ခြင်းသို့ ရောက်အောင် ဆုံးမရာ၏၊ အလွန်ထက် သန်ခြင်းသို့ ရောက်သောအခါ ထိုရူပ ပဉ္စမစျာန် စိတ်သည် အဘိညာ အဖြစ်သို့ ရောက်၏၊

အဘိညာဉ် ၇-ပါး

၆၅၀။ ဣဒ္ဓိဝိဓ၊ ဒိဗ္ဗ နှစ်ထွေ၊ စေတောပရိ၊ ပုဗ္ဗေနိဝါ၊ ယထာကမ္မံ၊ နာဂတံသ၊ ဤသတ္တ၊ မှတ်ကြ အဘိညာ။

ဣဒ္ဓိဝိဓအဘိညာ, ဒိဗ္ဗစက္ခုအဘိညာ, ဒိဗ္ဗသောတအဘိညာ, စေတောပရိယအဘိညာ, ပုဗ္ဗေနိဝါသာနုဿတိ အဘိညာ, ယထာကမ္မုပဂ အဘိညာ, အနာဂတံသအဘိညာ အဘိညာ ၇-ပါး။

- ကောင်းကင်မြေမိုး ပျံလျှိုးမှု, တန်ခိုး အထွေထွေ ဖန်ဆင်း မှုသည် ဣဒ္ဓိဝိဓတည်း။
- နတ်စသည်တို့၏ အဆင်းကို မြင်မှုသည် ဒိဗ္ဗစက္ခုတည်း။
- နတ်စသည်တို့၏ အသံကို ကြားမှုသည် ဒိဗ္ဗသောတတည်း။
- သူတစ်ပါးတို့၏ စိတ်အကြံကို သိမှုသည် စေတောပရိယ တည်း။
- ရှေးရှေးသော ဘဝအဆက်ဆက် ကမ္ဘာအဆက်ဆက် တွေကို သိမှုသည် ပုဗ္ဗေနိဝါသတည်း။
- ဘယ်နတ် ဘယ်လူ ဘယ်သတ္တဝါ ဘယ်ကံကြောင့် ဤသို့ ဖြစ်ရသည်ဟု ကံဟောင်းကို သိမှုသည် ယထာကမ္မုပဂ တည်း။
- နောက်နောက်ဘဝတွေ ကမ္ဘာတွေကို သိမှုသည် အနာဂတံသတည်း။

အဘိညာဉ်ရပုံ အဆင့် ၄-ဆင့်

၆၅၁။ ပါဒကစျာန်၊ အဓိဋ္ဌာန်နှင့်၊ တစ်ဖန် ပါဒက၊ စတုတ္ထ၊ ကျတုံ အဘိညာ။

- တစ်ခုခုသော အဘိညာကို ဝင်စားလိုသော် ရှေးဦးစွာ အဓိဋ္ဌာန်၏ အခြေပါဒက ပြုရာ၌ ရူပပဉ္စစျာန်ကို ဝင်စားမှု တစ်ရပ် ၁။
- ထိုနောင် အလိုရှိရာအခွင့်ကို ဤအမှု ပြီးစီးစေသတည်းဟု အဓိဋ္ဌာန်သော ကာမဇောဝီထိကျသည် တစ်ရပ် ၁။
- ထိုနောင် အဘိညာ၏ အခြေပြုရာ၌ ရူပပဉ္စမစျာန်ကို ဝင်စားမှု တစ်ရပ် ၁။
- ထိုနောင် ဘဝင် ၂-ကြိမ်၊ မနောဒွါရာဝဇ္ဇန်း၊ ပရိကံ- ဥပစာအနုလုံ- ဂေါတြဘု-အဘိညာ တစ်ကြိမ်စီ။ ထိုနောင် ဘဝင်ကျ၏၊
- အဘိညာဖြစ်သည်နှင့် တစ်ပြိုင်နက် ကောင်းကင် မြေမိုး ပျံလျှိုးခြင်းစသော ဣဒ္ဓိကိစ္စ ပြီးစီး၏၊
သမထဟုဆိုအပ်သော အဓိစိတ္တသိက္ခာ သာသနာ အကျဉ်းချုပ် စိတ္တဝိသုဒ္ဓိအခန်း ပြီး၏၊
စိတ္တဝိသုဒ္ဓိ အကျဉ်းချုပ် ပြီး၏၊

------------

ဒိဋ္ဌိဝိသုဒ္ဓိ

ဓမ္မဝဝတ္ထာနဉာဏ် ၄-ပါး

၆၅၂။ လက္ခဏနှင့်၊ ရသ နှစ်ခု၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်၊ သိမ်းရန် နာမ်နှင့် ရုပ်။

စိတ်, ဖဿ, ဝေဒနာ-အစရှိသော နာမ်တရားတို့ကိုလည်းကောင်း, ပထဝီ အာပေါ အစရှိသော ရုပ်တရားတို့ကိုလည်းကောင်း, ဓမ္မဝဝတ္ထာန ဉာဏ်ဖြင့် အသီးအသီး ခြားခြားနားနား ထင်မြင်သိမ်းဆည်းနိုင်ရန် အချက်ကား လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန် ဟူ၍ ၄-ပါးရှိ၏၊

ရသသည် ကိစ္စရသ သမ္ပတ္တိရသ ၂-မျိုးရှိ၏၊ ပစ္စုပဋ္ဌာန်သည် ဖလပစ္စုပဋ္ဌာန် ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန် ၂-မျိုးရှိ၏၊

မီးဥပမာနှင့် ဓမ္မဝဝတ္ထာနဉာဏ် ၄-ပါး

- ပူခြင်း သဘောရင်းသည် မီး၏ လက္ခဏာတည်း။
- ဝတ္ထုတစ်ပါးကို လောင်ခြင်းအမှုသည် မီး၏ ကိစ္စရသ တည်း။ ထွန်းပခြင်းဂုဏ်သည် မီး၏ သမ္ပတ္တိရသတည်း။ (ရသ ၂မျိုး)။
- အခိုးအလျှံသည် မီး၏ ဖလပစ္စုပဋ္ဌာန်တည်း။ ထွန်းပခြင်း ဟူသော သမ္ပတ္တိရသသည်ပင်လျှင် မီး၏ ဥပဋ္ဌာနာကာရ ပစ္စုပဋ္ဌာန်တည်း။ (ပစ္စုပဋ္ဌာန် ၂-မျိုး)။
- ထင်းမီးစာသည်လည်းကောင်း, မီးကို ဖြစ်စေတတ်သော ပယောဂအထူးသည်လည်းကောင်း မီး၏ပဒဋ္ဌာန်တည်း။

စိတ်၏လက္ခဏာ စသည်

ခပ်သိမ်းသော အရာ၌ စံပြုရန် အာရုံကို သိခြင်းသည် စိတ်၏ လက္ခဏာတည်း။ စေတသိက်၏ ရှေ့ဆောင်ရှေ့သွား ဖြစ်မှုသည် စိတ်၏ ရသတည်း။ ရှေ့နောက် အစဉ်စပ်မှုသည် စိတ်၏ပစ္စုပဋ္ဌာန်တည်း။ နာမ် ရုပ်နှစ်ပါးသည် စိတ်၏ ပဒဋ္ဌာန်တည်း။

ဓမ္မဝဝတ္ထာနဉာဏ် ၄-ပါး အဓိပ္ပါယ်

- လက္ခဏာကား သဘောရင်းတည်း။
- ရသကား ကိစ္စနှင့် ဂုဏ်တည်း။
- ပစ္စုပဋ္ဌာန်ကား ထင်ပေါ်သော တံခွန်တည်း။
- ပဒဋ္ဌာန်ကား အလွန်နီးစပ်သော အကြောင်းတည်း။ အကျိုး ကိုဖြစ်စေမှု၌ မချွတ်မယွင်းနိုင်သော အကြောင်းဟူလို။

ဤ ၄-ပါးနှင့် ခြားနားစွာ ထင်မြင်သည်ရှိသော် တရားတစ်ပါးနှင့် ထွေးယှက်ခြင်းမရှိစေမူ၍ တစ်ခုတစ်ခုသော နာမ်တရား ရုပ်တရားကို သီးသန့်ခြားနားစွာ သိမြင်လေ၏၊

၆၅၃။ လေးချက် ပိုင်ပိုင်၊ ပိုင်းခြားနိုင်က၊ သတ္တ, ဇီဝ၊ အတ္တ အယူ၊ ကင်းစင်ဖြူ၊ မှတ်ယူ ဒိဋ္ဌိဝိသုဒ္ဓိ။ 

ဒိဋ္ဌဝိသုဒ္ဓိ အကျဉ်းချုပ် ပြီး၏၊

-----------

ကင်္ခါဝိတရဏဝိသုဒ္ဓိ

၆၅၄။ နာမရူပ၊ သင်္ခါရ၏၊ ပဋိစ္စဓာတ်၊ သမုပ္ပါဒ်ကို၊ အတပ်ထင်ထင်၊ ပိုင်ပိုင် မြင်က၊ ကင်္ခါ ယုံမှား၊ ဆဲ့ခြောက်ပါးနှင့်၊ ရှစ်ပါး ဝိစိ၊ ဒိဋ္ဌိ ဖြာဖြာ၊ ကင်း စင်ကွာ၊ ကင်္ခါဝိတရဏဝိသုဒ္ဓိ။

ခပ်သိမ်းသော နာမ်ရုပ်တရားတို့၏ ပဋိစ္စသမုပ္ပါဒ်ကို ပိုင်ပိုင် ထင်မြင်နိုင်သည်ရှိသော်

ရှေး၌ငါဖြစ်ဖူးပြီလော-၁၊ 
မဖြစ်ဖူးသေးဘူးလော-၂၊ 
အဘယ်အမျိုး အနွယ်အားဖြင့် ဖြစ်ဖူးလေသနည်း- ၃၊ 
အဘယ် အဆင်းသဏ္ဌာန်ဖြင့် ဖြစ်ဖူးလေသနည်း-၄၊ 
အဘယ်အမျိုး အနွယ်ဖြစ်၍ အဘယ် အမျိုးအနွယ် ဖြစ်ခဲ့ရလေသနည်း-၅။ (ဤကား အတိတ်ကိုစွဲ၍ဖြစ်သော ငါးပါးတည်း)။

၁။ နောင်၌ ငါဖြစ်လတ္တံ့လော
၂။ မဖြစ်လတ္တံ့လော
၃။ အဘယ်အမျိုး အနွယ်အားဖြင့် ဖြစ်ရလတ္တံ့နည်း၊
၄။ အဘယ် အဆင်းသဏ္ဌာန်အားဖြင့် ဖြစ်ရလတ္တံ့နည်း၊
၅။ အဘယ်အမျိုး အနွယ်ဖြစ်၍ အဘယ်အမျိုးအနွယ်ဖြစ် ရာလတ္တံ့နည်း-၅။
(ဤကား အနာဂတ်ကို စွဲ၍ဖြစ်သော ငါးပါးတည်း)။

၁။ ယခု ငါသည် ဖြစ်ဆဲလော
၂။ ဖြစ်ဆဲမဟုတ်လေသလော။
၃။ အဘယ်အမျိုးအနွယ်အားဖြင့် ဖြစ်လေသနည်း
၄။ အဘယ်အဆင်းသဏ္ဌာန်အားဖြင့်ဖြစ်လေသနည်း
၅။ အဘယ်ဘဝမှလာခဲ့ရသနည်း
၆။ အဘယ်ဘဝသို့သွားရ မည်နည်း
(ဤကား ပစ္စုပ္ပန်ကို စွဲ၍ဖြစ်သော ခြောက်ပါးတည်း။) ဤသို့လျှင် သုတ္တန်လာ ဝိစိကိစ္ဆာ ၁၆-ပါးတည်း။

ဘုရား၌ ယုံမှားခြင်း-၁၊ တရား၌ ယုံမှားခြင်း-၂၊ သံဃာ၌ ယုံမှားခြင်း-၃၊ အကျင့် သိက္ခာ၌ ယုံမှားခြင်း-၄၊ သံသရာ၏ ရှေ့အစွန်း၌ ယုံမှားခြင်း-၅၊ နောက်အစွန်း၌ ယုံမှားခြင်း-၆၊ ရှေ့နောက် အစွန်းနှစ်ပါး၌ ယုံမှားခြင်း-၇၊ ပဋိစ္စသမုပ္ပါဒ်တရား၌ ယုံမှားခြင်း-၈၊ ဤသို့အားဖြင့် အဘိဓမ္မာလာ ဝိစိကိစ္ဆာရှစ်ပါး။

ရုပ်နာမ်ခန္ဓာ သတ္တဝါတို့မှာ ရှေးအကြောင်းဟူ၍ မရှိဟု ယူသော အဟေတုဒိဋ္ဌိ၊ ရုပ်နာမ်ခန္ဓာ သတ္တဝါတို့ကို ထာဝရဘုရား ဖန်ဆင်းသည် ဟူ၍ ယူသော ဝိသမဟေတုဒိဋ္ဌိ အစရှိသော ဒိဋ္ဌိတို့ကို လွန်မြောက်သော ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်၏ ဟူလို။

(ဤကင်္ခါဝိတရဏဝိသုဒ္ဓိ အစီအရင်အကျယ်ကိုမူကား ဗောဓိ ရတနာ ယာဉ်စကြာချီ၍ ငါတို့စီရင်သည့် ပဋိစ္စသမုပ္ပါဒဒီပနီစာအုပ်မှာ ယူလေ။)

ကင်္ခါဝိတရဏဝိသုဒ္ဓိ အကျဉ်းချုပ် ပြီး၏၊

------------

မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ

ဉာဏ် ၁၀-ပါး

၆၅၅။ ခန္ဓာဒိနည်း၊ ဖွဲ့စည်းပြီးခါ၊ သုံးဖြာ လက္ခဏ၊ သုံးသပ်ရ၊ သမ္မသနဉာဏ်။

ခပ်သိမ်းသော ရုပ်နာမ်တရားတို့ကို ခန္ဓာငါးပါးစသည် ဖွဲ့စည်း၍ ရူပံ အနိစ္စံ ခယဋ္ဌေန၊ ဒုက္ခံ ဘယဋ္ဌေန၊ အနတ္တာ အသာရကဋ္ဌေန အစရှိသဖြင့် လက္ခဏာရေးသုံးပါးတင်၍ အဖန်ဖန်အထပ်ထပ် သုံးသပ် သောဉာဏ်သည် သမ္မသနဉာဏသမ္မသနဉာဏ် မည်၏၊

၆၅၆။ ဖြစ်ပွား ပျက်မှု၊ အစုံရှု၊ ဥဒယဗ္ဗယဉာဏ်။ ဦးခေါင်း ခြေ လက် မျက်နှာသဏ္ဌာန် စသည်တို့၏ ခဏချင်းဖြစ် ပေါ်မှု ခဏချင်းပျက်ကွယ်မှု ထင်လင်းအောင် အစုအခဲအားဖြင့် ဖြစ်မှု ပျက်မှုကို အစုံအစုံရှုသော ဉာဏ်သည် ဥဒယဗ္ဗယဉာဏဥဒယဗ္ဗယဉာဏ်မည်၏၊ ၆၅၇။ အပျက်ကိုသာ၊ ရှုတုံပါ၊ သညာ ဘင်္ဂဉာဏ်။ အဖြစ် အပျက် နှစ်ပါးတွင် အဖြစ်ကား မြင်လွယ်၏၊ အပျက်ကား မြင်ခဲ၏၊ လိုရင်းလည်းဖြစ်၏၊ ထိုကြောင့် အဖြစ်ကိုလွှတ်၍ အပျက် သက်သက်ကိုသာ ရှုသောဉာဏ်သည် ဘင်္ဂဉာဏ်ဘင်္ဂဉာဏ် မည်၏၊

၆၅၈။ အပျက်မြင်က၊ ဘယမစ္စု၊ ပျက်မှုခပင်း၊ ဘေးသေ မင်းဟု၊ ကြောက်ခင်းထွေထွေ၊ ရှုတုံပေ၊ မှတ်လေ ဘယဉာဏ်။

ထင်ရှားပြီ။

၆၅၉။ ကြောက်ဖွယ်ခပင်း၊ မြင်တုံလျင်းက၊ ဘေးဘယ မျိုး၊ ရုပ်နာမ် ဆိုး၌၊ ကိုးရာမရှိ၊ ခက်မှန်းသိ၊ အာဒိနဝဉာဏ်။

(သိသာပြီ။)

၆၆၀။ ကိုးရာမထင်၊ ခက်ပုံမြင်က၊ မရွှင်မလန်း၊ စိတ်ကုန်ခန်း၍၊ မချမ်းမမြေ့၊ ငြီးငွေ့သောထွေ၊ စိတ်အနေ၊ မှတ်လေနိဗ္ဗိဒံ။

နိဗ္ဗိဒါဉာဏ် ဆိုလိုသည်။

၆၆၁။ ငြီးငွေ့အားသန်၊ စိတ်ပူပန်က၊ လျင်မြန်တစိ၊ လွတ်လိုဘိ၊ မုစ္စိတုကမျတာဉာဏ်။

ခန္ဓာတို့၌စွဲလမ်းမှု လွတ်လိုသည်။

၆၆၂။ လွတ်လိုလှ၍၊ လွတ်ရတဲ့ငှါ၊ ဘာဝနာလေးဆယ်၊ အကျယ်ဖြန့်ချိ၊ အားတိုက်ဖိ၊ ပဋိသင်္ခါဉာဏ်။

ဘာဝနာလေးဆယ်ဆိုသည်ကား တောလေးဆယ်ပင်တည်း၊ လွတ်လိုလှ၍ လွတ်ခွင့်ရတဲ့ခြင်းငှါ ထိုလေး ဆယ်တို့ဖြင့် အားကြီးအား တိုက် ဖိစီး၍ရှုသောဉာဏ်သည် ပဋိသင်္ခါဉာဏ်ပဋိသင်္ခါဉာဏ်မည်၏၊

၆၆၃။ အားတိုက်ရှု၍၊ လွတ်မှု လွတ်ရန်၊ အမြင်သန်က၊ ရုပ်နာမ်ဓမ္မ၊ သင်္ခါရဝယ်၊ မတွယ်သမှု၊ လျစ်လျူရှု၊ သင်္ခါရုပေက္ခာဉာဏ်။

ကြောင့်ကြပြေ၍ နေသာ ထိုင်သာ ရှိသောဉာဏ်တည်း။

၆၆၄။ မဂ်ရောက်လိုသော်၊ အဆော်အနှူး၊ မဂ်လေး ဦးအား၊ အထူးလျော်မှု၊ ကျေးဇူးပြု၊ အနုလောမ ဉာဏ်။

ဂဟေအစပ် ကောင်းလှသောဉာဏ် ဟူလို။

ဝိပဿနာဉာဏ် ဆယ်ပါး ပြီး၏၊

--------------

ဝိပဿနာ၏ အန္တရာယ်-၁၀

၆၆၅။ ဥဒယဉာဏ်၊ ရင့်သန်တုံလတ်၊ ဖြစ်လာတတ်၊ ဆယ်ရပ်အန္တရာယ်။

၆၆၆။ အရောင်, ပီတိ၊ ပဿဒ္ဓိ နှစ်ဖြာ၊ သဒ္ဓါ, ဝီရိယ၊ သုခ, ဗုဒ္ဓိ၊ နိကန္တိနှင့်၊ သတိ, ဥပေက္ခာ၊ ဤဆယ် ဖြာ၊ မှတ်ပါအန္တရာယ်။

(နိကန္တိကိုအဆုံးထား၍ သိလေ။)

၆၆၇။ ထိုဆယ်ချက်တွင်၊ မဂ်အထင်ကို၊ ပယ်ထွင် ရှင်းကာ၊ အလင်းသာ၊ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ ဥဒယဗ္ဗယဉာဏ် ထက်သန်သောအခါ၌ မကြုံစဖူးအလွန်ထူးသော ကိုယ်ရောင်ကိုယ်ဝါစသည် ဖြစ်ပေါ်၍ လာတတ်၏၊ ထိုအခါ ထိုကိုယ် ရောင်ကိုယ်ဝါစသည်ကို သာယာသောတဏှာနိကန္တိအတွက် မဂ်ကို ငါရပြီ, ဖိုလ်ကိုငါရပြီ ဟုအထင်ကပ်၍ဝိပဿနာကိုလွှတ်၍နေတတ်၏၊ ထိုအခါ၌ မဂ်ဟူ၍ထင်မိသော ထိုပီတိ ပဿဒ္ဓိစသည်သည် လောကုတ္တရာ မဂ် မဟုတ်သေးကြောင်းကို ရှင်းလင်းနိုင်သော ဉာဏ်သည် မဂ္ဂါမဂ္ဂ ဉာဏ ဒဿနဝိသုဒ္ဓိမည်၏၊

မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ အကျဉ်းချုပ် ပြီး၏၊

----------------------

ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ

၆၆၈။ ဥဒယဉာဏ်၊ တစ်ဖန်ပျိုးကာ၊ ကိုးဖြာဉာဏ်စဉ်၊ စခန်းထွင်၍၊ အမြင်လင်းဘိ၊ ထိုးထွင်းသိ၊ ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိ။

အန္တရာယ်ကို သုတ်သင်ပြီးမှ ဥဒယဗ္ဗယဉာဏ်ကိုပင် တစ်ဖန် ပြုစုပျိုးထောင်၍ ယူပြီးလျှင် ထိုဉာဏ်မှစ၍ အားထုတ် လတ်သော် အစဉ်အတိုင်း နေရာကျဖြစ်ပွား၍သွားသော ဝိပဿနာဉာဏ်ကိုး ပါးသည် ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ မည်၏၊

ဝုဋ္ဌာနဂါမိနီဝိပဿနာဉာဏ်

၆၆၉။ သင်္ခါရုနှင့်၊ အနုလောမ၊ ဉာဏ် နှစ်ဝ၊ ဝုဋ္ဌာန ဂါမိနီလည်း ခေါ်သတည်း။

ဆယ်ပါးသော ဝိပဿနာဉာဏ်တို့တွင် နောက်ဆုံးဖြစ်သော သင်္ခါရုပေက္ခာဉာဏ်, အနုလောမဉာဏ်၊ ဤဉာဏ်နှစ်ခုကို ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ်လည်းခေါ်သည်။

ဝဋ်သုံးပါးမှ ကျွတ်လွတ် ထမြောက်ခြင်းအနက်ကြောင့် မဂ်ကို ဝုဋ္ဌာန ဆိုသည်။ ထိုမဂ်သို့ မချွတ်မလွဲရောက်စေ တတ်သော အနက် ကြောင့် ထိုဉာဏ်နှစ်ခုကို ဝုဋ္ဌာနဂါမိနီ ခေါ်သည်။

ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ အကျဉ်းချုပ် ပြီး၏၊

------------------

ဉာဏဒဿနဝိသုဒ္ဓိ

မဂ္ဂဝီထိ

၆၇၀။ ဝုဋ္ဌာနဂါမ်၊ လွန်ရင့်သန်က၊ နိဗ္ဗာန်ပေါက်ခါ၊ မဂ်ရောက်လာ၊ ဉာဏဒဿနဝိသုဒ္ဓိ။

ဝုဋ္ဌာနဂါမိနီ ဝိပဿနာဉာဏ် ရင့်သန်သောအခါ၌ နိဗ္ဗာန်ကို အာရုံပြုသော လောကုတ္တရာမဂ်ဉာဏ် ဖြစ်ပေါ် ပေါက်ရောက်၍ လာ၏၊ မဂ်ဉာဏ်လေးပါးကို ဉာဏဒဿနဝိသုဒ္ဓိ ဆိုသည်။ ဤအရာ၌ကား သောတာပတ္တိမဂ်ဉာဏ်တည်း။

ဝီထိကျပုံကား---ဘဝင်နှစ်ကြိမ်၊ လက္ခဏာရေး သုံးပါးတွင် တစ်ပါးပါးလျှင် အာရုံရှိသော မနောဒွါရာဝဇ္ဇန်း၊ ပရိကံ၊ ဥပစာ၊ အနုလုံ တစ်ကြိမ်စီ။ နိဗ္ဗာန်ကို အာရုံပြုသော ဂေါတြဘု တစ်ကြိမ်၊ သောတာ ပတ္တိမဂ်တစ်ကြိမ်၊ သောတာပတ္တိဖိုလ် နှစ်ကြိမ်၊ ထိုနောက် ဘဝင်ကျ၏၊ ဝီထိပိုင်း ဆိုင်ရာပေတည်း။

မဂ်ကိစ္စ ၄-ပါး

၆၇၁။ သိ, ပယ်, ဆိုက်, ပွါး၊ လေးပါးအချက်၊ တစ်ပြိုင် နက်၊ မဂ်၏ကိစ္စတည်း။

- ရုပ် နာမ် ဓမ္မ သင်္ခါရတို့၏ ဒုက္ခအမှန်ကို ပိုင်နိုင်စွာ သိခြင်း ကိစ္စ ၁၊

- သမုဒယအသင်းဖြစ်သော ဒိဋ္ဌိ ဝိစိကိစ္ဆာတို့ကို အကြွင်းမဲ့ ပယ်သတ်ခြင်းကိစ္စ ၁၊

- ဒိဋ္ဌိ ဝိစိကိစ္ဆာတို့၏လည်းကောင်း, အပါယဒုက္ခတို့၏ လည်း ကောင်း, တစ်ချက်တည်းအပြီးတိုင် ငြိမ်းမှုသို့ ဆိုက်ရောက်ခြင်းကိစ္စ ၁၊

- မဂ်ကိုပွါးများမှု တစ်စခန်း ထမြောက်ပြီးစီးခြင်းကိစ္စ ၁။

ဤကိစ္စလေးပါးကို မဂ်သည် တစ်ပြိုင်နက် ဖြစ်စေနိုင်သည်။

သောတာပတ္တိမဂ် ပယ်သောတရားများ

၆၇၂။ ဒိဋ္ဌိ ဝိစိ၊ ပယ်သတ်ဘိ၊ အာဒိ မဂ်သောတာ။ 

ဤမဂ်ကို ရသည်နှင့်တစ်ပြိုင်နက် ဒိဋ္ဌိ ဝိစိကိစ္ဆာကို ပယ်သတ်၏၊ ဒုစရိုက်ကံဟောင်း ကံသစ် အကုန်ချုပ်ငြိမ်း၏၊ ထိုပုဂ္ဂိုလ်သည် ကာမဘုံ၌ ပဋိသန္ဓေ ၇-ကြိမ်သာရှိ၏၊

ပစ္စဝေက္ခဏာဝီထိ ၅-ပါး

၆၇၃။ မဂ်, ဖိုလ်, နိဗ္ဗာန်၊ ပယ်ကြွင်းကျန်၊ နှစ်တန် ကိလေသာ။
၆၇၄။ အစဉ်သမှု၊ အမြင်ရှု၊ ငါးခု ပစ္စဝေက္ခဏာ။

ထိုသောတာပတ္တိမဂ္ဂဝီထိ၏ နောက်၌ မဂ်ကိုရှုဆင်ခြင်သော ဝီထိ၊ ဖိုလ်ကိုရှုဆင်ခြင်သော ဝီထိ၊ နိဗ္ဗာန်ကို ရှုဆင်ခြင်သော ဝီထိ၊ ပယ်ပြီး ကိလေသာကို ရှုဆင်ခြင်သော ဝီထိ၊ ကိလေသာကြွင်းစုကို ရှုဆင်ခြင်သော ဝီထိဟူ၍ ပစ္စဝေက္ခဏာ ငါးဝီထိ ဖြစ်မြဲ။

သောတာပတ္တိဖိုလ်စိတ်နှင့် သောတာပန် ၃-မျိုး

၆၇၅။ ထက်မဂ်ကိုလျှင်၊ မရောက်ခင်၊ ဖိုလ်လျှင် လည်း လျောင်းရာ။

အထက်မဂ်သို့ မရောက်မှီအတွင်း သောတာပန်ပုဂ္ဂိုလ်အဖြစ်နှင့် နှစ်, လများစွာလည်းကောင်း, ကာမဘုံ၌ ၇-ဘဝ, ဗြဟ္မာ့ဘုံ၌ ဘဝ, ကမ္ဘာများစွာပတ်လုံးလည်းကောင်း, သောတာပတ္တိဖိုလ်ကို အလိုရှိတိုင်း ဝင်စား၏၊

ဝီထိကျပုံကား--- ဘဝင် ၂-ကြိမ်၊ ရုပ်နာမ်ဓမ္မ သင်္ခါရလျှင် အာရုံရှိသော မနောဒွါရာဝဇ္ဇန်း, အနုလုံ သုံးကြိမ်လည်းကောင်း, လေးကြိမ် လည်းကောင်း၊ ထိုနောင်နိဗ္ဗာန်လျှင် အာရုံရှိသော သောတာပတ္တိဖိုလ် ဇော အကြိမ်ပေါင်း အနန္တ အလိုရှိသမျှဖြစ်၏၊ ထိုနောင် ဘဝင်ကျ၏၊

ထိုအခါ၌ ပူအိုက်လှတုန်းအခါ အေးမြစွာသော ရေအိုင်ကြီးထဲသို့ ဆင်း၍ ငုပ်ရဘိသကဲ့သို့ ထိုသောတာပန်ပုဂ္ဂိုလ်သည် ဖိုလ်၏ အတွေ့ နိဗ္ဗာန်၏ အတွေ့တို့ဖြင့် အလွန်ချမ်းမြေ့လေသတည်း၊ အထက်မဂ်သို့ မရောက်မီ ဘဝ, ကမ္ဘာများစွာပတ်လုံး ထိုဖိုလ်သည် လည်းလျောင်းရာ ဖြစ်၏၊ ဗြဟ္မာ့ပြည်သို့ သွားလတ္တံ့သော ဝဋ္ဋာဘိရတ သောတာပန်, ဗြဟ္မာ့ပြည်မှာဖြစ်သော ဗြဟ္မာသောတာပန်တို့ကိုရည်၍ ကမ္ဘာများစွာဟု ဆိုသည်။

သတ္တက္ခတ္တုပရမ သောတာပန်, ကောလံကောလသောတာပန်, ဧကဗီဇီ သောတာပန်တို့ကား--ဤကာမဘုံမှာပင် ရဟန္တာဖြစ်၍ ငြိမ်းကြကုန်လတ္တံ့၊ ပဋိသန္ဓေ ၇-ကြိမ်မှငြိမ်းသည်ကား သတ္တက္ခတ္တုပရမ တည်း။ ၆-ကြိမ် ၅-ကြိမ် ၄-ကြိမ် ၃-ကြိမ် ၂-ကြိမ်တွင်ငြိမ်းသူတို့ကား-ကောလံကောလတို့တည်း။ တစ်ကြိမ်တွင်ငြိမ်းသူတို့ကား--ဧကဗီဇီ တို့တည်း။

ပဌမမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ ပြီး၏၊

-----------------

သကဒါဂါမိမဂ်ရောက်ပုံ

၆၇၆။ ကာ, ဗျာ, နှစ်ထွေ၊ အကျန်ချွေ၊ ရောက်လေ သကဒါဂါ။

သောတာပန်သည် ဝိပဿနာဉာဏ် ဆယ်တန်ကို တစ်ဖန်အား ထုတ်ပြန်သည်ရှိသော် သကဒါဂါမိမဂ်သို့ ရောက်ပြန်၏၊ သောတာပန် အမည် ကွယ်လေ၏၊ သကဒါဂါမ်အမည်ကို ရလေ၏၊ ကိလေသာမှာ သောတာပန်အခါ၌ အကျန်ကိလေသာစုတွင် ရုန့်ရင်းလျက်ရှိသေးသော ကာမရာဂဗျာပါဒ ၂-ခုကိုပင် သတ်၏၊ သိမ်မွေ့သော ကာမရာဂ ဗျာပါဒ သည် ကျန်ရှိသေး၏၊ ကာမဘုံမှာ ၂-ကြိမ်သာ ပဋိသန္ဓေရှိ၏၊ ကြွင်းသော အစီအရင်စုမှာ ပဌမမဂ္ဂဉာဏ ဒဿနနည်းတူ သိလေ။

ဒုတိယမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ ပြီး၏၊

အနာဂါမ် ၅-မျိုး

၆၇၇။ ကာ, ဗျာ, နှစ်ထွေ၊ အကုန်ချွေ၊ ရောက်လေ အနာဂါ။

ကာမရာဂ ဗျာပါဒကို အကြွင်းအကျန်မရှိ အကုန်အစင် ပယ် သတ်မှု, ကာမရာဂမရှိသဖြင့် ကာမဘုံမှာ ပဋိသန္ဓေနေရန် ကိစ္စမရှိမှု ဤမျှသာထူးသည်၊ အကြွင်းမှာ ရှေးနည်းတူသိလေ၊ ဤအနာဂါမ် ပုဂ္ဂိုလ် သည် ဤဘဝ၌ရဟန္တာဖြစ်၍ ငြိမ်းသောပုဂ္ဂိုလ်, ဗြဟ္မာ့ပြည် သို့သွားရ သောပုဂ္ဂိုလ်ဟူ၍ ၂-မျိုးရှိ၏၊ သုဒ္ဓါဝါသဘုံ၌ကား--အန္တရာ ပရိနိဗ္ဗာယီ၊ ဥပဟစ္စ ပရိနိဗ္ဗာယီ၊ သသင်္ခါရပရိနိဗ္ဗာယီ, အသင်္ခါရပရိနိဗ္ဗာယီ, ဥဒ္ဓံသော တအကနိဋ္ဌဂါမီ ဟူ၍ ၅-မျိုးရှိ၏၊

တတိယမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ ပြီး၏၊

-------------------

အရဟတ္တမဂ် သို့ရောက်ပုံ

၆၇၈။ သဗ္ဗကိလေ၊ အကုန်ချွေ၊ ရောက်လေ အရဟတ္တာ။ 

အနာဂါမ်ပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ် ဆယ်တန်ကို အားထုတ် ပြန်သည်ရှိသော် အရဟတ္တမဂ်သို့ ရောက်လေ၏၊ ကိလေသာဓာတ်စု အကုန်သေ၏၊ ဘဝပဋိသန္ဓေမရှိပြီ၊ ပစ္စဝေက္ခဏာ ဝီထိမှာ ကြွင်း ကိလေသာကို ဆင်ခြင်သော ပဉ္စမဝီထိ မရပြီ၊ ၄-ဝီထိသာရှိတော့သည်။ စတုတ္ထမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ ပြီး၏၊

----------------

ဝိမောက္ခမုခ ၃-ပါး

အနိမိတ္တဝိမောက္ခ, အပ္ပဏိဟိတဝိမောက္ခ, သုညတဝိမောက္ခ။

၆၇၉။ ဝိမောက္ခနက်၊ ကျွတ်လွတ်ချက်၊ ဖိုလ်မဂ် မည်သညာ။

ဝိမောက္ခကား ကျွတ်လွတ်ခြင်း အနက်တည်း။ မဂ်လေးပါး ဖိုလ်လေးပါး၏ အမည်တည်း။

အနိမိတ္တာနုပဿနာဉာဏ်၊ အပ္ပဏိဟိတာနုပဿနာဉာဏ်၊ အနတ္တာနုပဿနာဉာဏ်။ (ဝိမောက္ခ သုံးပါး)

၆၈၀။ ဝိမောက်မုခ၊ တံခါးဝ၊ အရ လက္ခဏာ။ 

အနိစ္စာနုပဿနာဉာဏ်, ဒုက္ခာနုပဿနာဉာဏ်, အနတ္တာနုပဿနာ ဉာဏ် (ဝိမောက္ခမုခ သုံးပါး)

ဝိမောက္ခ မုခကား မဂ်၏ တံခါးဝ, ဖိုလ်၏တံခါးဝတည်း။ အရမူ ကား လက္ခဏာရေးသုံးပါးတည်း။ အနုပဿနာဉာဏ်သုံးပါးဆိုလိုသည်။

၆၈၁။ ဝုဋ္ဌာန ဂါမိနိ၊ ဉာဏ်ဆိုက်ဘိ၊ ဝိမုနယ်အပါ။

ဝိပဿနာဉာဏ် ဆယ်ပါးတို့တွင် အဆုံးဖြစ်သော ဝုဋ္ဌာနဂါမိနီ အမည်ရှိသော ဉာဏ်နှစ်ပါးသို့ ဆိုက်ရောက်သော အနုပဿနာဉာဏ် သုံးပါးသည် မဂ်တံခါးဝမည်သော ဝိမောက္ခမုခနယ်တွင်းသို့ ပါဝင်ပြီ ဟူလို။

လက္ခဏာရေး ၃-ပါးနှင့် ဝိပဿနာ ၃-ပါး

၆၈၂။ အနိမိတ္တ၊ အနိစ္စ၊ ဒုက္ခ ပဏိဟိတာ။
၆၈၃။ အနတ္တမူ၊ သုညယူ၊ သုံးဆူနုပဿနာ။ 

အနိစ္စာနုပဿနာဉာဏ်သည် အနိမိတ္တာနုပဿနာမည်၏၊ ဒုက္ခာနုပဿနာဉာဏ်သည် အပ္ပဏိဟိတာနုပဿနာမည်၏၊ အနတ္တာနုပဿနာဉာဏ်သည် သုညတာနုပဿနာမည်၏၊

အနိမိတ္တ

၆၈၄။ ပုဂ္ဂိုလ် သတ္တဝါ၊ အင်္ဂါကြီးငယ်၊ ဆန်းတကြယ်၊ မှတ်ဖွယ်နိမိတ္တာ။

ပုဂ္ဂိုလ်သတ္တဝါသည် နိမိတ်မည်၏၊ ဦးခေါင်း ခြေ လက် စသော အင်္ဂါကြီးစုသည်လည်း နိမိတ်မည်၏၊ မျက်လုံး နား နှာခေါင်း ခံတွင်း နှုတ်ခမ်း လျှာ သွား စသောအင်္ဂါငယ်စု၊ ဆံပင် မွှေးညင်း ခြေသည်း လက်သည်း စသော ၃၂-ပါးသော ကောဋ္ဌာသစုသည်လည်း နိမိတ် မည်၏၊

၆၈၅။ အကုန်နိမိတ်၊ ပျောက်အောင်ကြိတ်၊ အနိမိတ္တသာ။

သတ္တဝါတို့၏ စိတ်တွင်ဒြဗ်သဏ္ဌာန်နှင့် ကြောင်ကြောင် ထင်မြင်၍ နေကြသော ထိုနိမိတ်တရားတွေကို သဘာဝဉာဏ် အနိစ္စဉာဏ်နှင့် အဖန် ဖန်ကြိတ်နယ်၍ ကွယ်ပျောက်စေနိုင်သော ဉာဏ်ဖြစ်သောကြောင့် အနိစ္စာနုပဿနာဉာဏ်ကို အနိမိတ္တဉာဏအနိမိတ္တဉာဏ် ဆိုသတည်း။

အပ္ပဏိဟိတ

၆၈၆။ အတင့်အတယ်၊ အဖွယ် အရာ၊ မင်္ဂလာ သုဘ၊ သုခ ဣဋ္ဌ၊ ထင်သမျှ၊ မှတ်ကြ ပဏိဟိသာ။

၆၈၇။ အကုန် ပဏီဟိ၊ ပျောက်စေဘိ၊ အပ္ပဏိဟိတာ။ လူ့လောက, နတ်လောက, ဗြဟ္မာလောက, အဇ္ဈတ္တ, ဗဟိဒ္ဓ, တေဘူမကဓမ္မတို့၏အတွင်း၌ နှစ်သက်ဖွယ် မြတ်နိုးဖွယ် တင့်တယ် ကောင်းမြတ်သည်ကို တွေ့ရှိထင်မြင်၍ နေကြသောအရာသည် ပဏိဟိတ မည်၏၊ ထိုပဏိဟိတတွေကို ဘေးဘယအစု ထင်အောင်ရှုသော ဉာဏ်ဖြစ်၍ ဒုက္ခာနုပဿနာဉာဏ်ကို အပ္ပဏိဟိတဉာဏ်အပ္ပဏိဟိတဉာဏ်ဆိုသည်။

သုညတ

၆၈၈။ နတ်, လူ, ဗြဟ္မာ၊ ငါ, သူတစ်ပါး၊ ယောကျ်ား, မိန်းမ၊ ပုဂ္ဂလနှင့်၊ စိုးရ ပိုင်နိုင်၊ ခံ့ခိုင်မြင့်ရှည်၊ သက်ဆုံးတည်ဟု၊ အားစည်သမျှ၊ အနန္တ၊ အတ္တ ဇီဝသာ။

၆၈၉။ အတ္တဇီဝေ၊ ပျောက်ကင်းစေ၊ မှတ်လေ သုညတာ။ ပစ္စည်း ပစ္စယုပ္ပန္န ဓမ္မအစု သင်္ခါရ အစုမျှသာ ဖြစ်သည်ကို လည်း ကောင်း, ခဏချင်း ခဏချင်းချုပ်ကွယ်သေဆုံး၍ နေမှုကိုလည်း ကောင်း ရှုမြင်သဖြင့် ထိုအတ္တဇီဝ အထင်အမြင်ကို ပျောက်ကွယ်စေ တတ်သော

သုညတဉာဏ်

ဉာဏ်ဖြစ်၍ အနတ္တာနုပဿနာဉာဏ်ကို သုညတဉာဏ် သုညတဉာဏ် ဆိုသည်။ ဝိမောက္ခမုခသုံးပါး အထူးပြီး၏၊

----------

ဝိမောက္ခအပြား

၆၉၀။ သူ့တံခါးမှ၊ ပေါက်ရောက်က၊ မောက္ခသူ့ မဂ်သာ။

- မဂ်သို့ဝင်ရောက်ရန် အနုပဿနာဉာဏ် တံခါးသုံး ပေါက်ရှိသည်တွင် အနိစ္စာနုပဿနာဉာဏ်ပေါက်မှ ဝင်ရောက် ရရှိသော မဂ်သည် အနိမိတ္တမဂ်မည်၏၊
- ဒုက္ခာနုပဿနာ ဉာဏ်ပေါက်မှ ဝင်ရောက်ရရှိသော မဂ်သည် အပ္ပဏိဟိတမဂ် မည်၏၊
- အနတ္တာနုပဿနာဉာဏ်ပေါက်မှ ဝင်ရောက် ရရှိသော မဂ်သည် သုညတမဂ် မည်၏၊

ဤသို့ ရောက်ကြောင်းဟူသော ဝိပဿနာအာဂမမုခကို အစွဲပြု၍ မဂ်သည် အမည်သုံးပါးတွင် တစ်ပါးပါးကိုရ၏၊ မဂ္ဂဝီထိ၌ကျသော ဖိုလ်သည်လည်း မဂ်ကိုအစွဲပြု၍ မိမိမဂ်ရသော အမည်ကိုရ၏၊ ဖလ သမာပတ္တိဝီထိ၌ ကျသော ဖိုလ်သည်ကား သူ့ဝိပဿနာကို အစွဲပြု၍ အနိမိတ္တစသော အမည်သုံးပါးတွင် တစ်ပါးပါးကို ရ၏၊ ဤကား အာဂမ မုခ၏ အစွမ်းဖြင့် မဂ်ဖိုလ်တို့၌ အမည်သုံးပါး ဖြစ်ပုံတည်း။

တစ်နည်း- နိဗ္ဗာန်သည် အမည်သုံးပါးကို ရ၏၊ မဂ်ဖိုလ်တို့သည် ထိုနိဗ္ဗာန်ကို အာရုံပြုသောကြောင့် အာရုံကို အစွဲပြု၍ အမည်သုံးပါးလုံးကို အကုန်ရကြကုန်၏၊

တစ်နည်း- ရာဂ ဒေါသ မောဟ သုံးပါးသည် နိမိတ္တလည်းမည်၏၊ ပဏိဓိလည်းမည်၏၊ အလုံးစုံသော မဂ်ဖိုလ်တို့သည် ထိုနိမိတ္တဓမ္မ ပဏိဓိဓမ္မတို့၏ အာရုံအဖြစ်မှလွတ်ကုန်၏၊ ထိုဓမ္မတို့မှ ဆိတ်ကင်းကုန်၏၊ ထိုကြောင့် အလုံးစုံသော မဂ်ဖိုလ်တို့သည် မိမိတို့၏ ပကတိသဘောကို အစွဲပြု၍လည်း သုံးပါးသောအမည်တို့ကို ရကြကုန်၏၊

သဗ္ဗညုဘုရားတို့၏ သာသနာ၌ ဤဝိမောက္ခတို့ဖြင့် ကျွတ်လွတ်ကြ ကုန်သော ပုဂ္ဂိုလ်တို့သည် သဒ္ဓါနုသာရီ, သဒ္ဓါဓိမုတ္တ, ကာယသက္ခိ, ဓမ္မာနုသာရီ, ဒိဋ္ဌိပတ္တ, ပညာဓိမုတ္တ, ဥဘတောဘာဂဝိမုတ္တ-ဟူ၍ ပုဂ္ဂိုလ် ခုနစ်မျိုး ရှိကုန်၏၊

ဝိမောက္ခအပြား ပြီး၏၊

---------------

သမာပတ် အပြား

ဖလသမာပတ်။။ ခပ်သိမ်းသော ဖလဋ္ဌပုဂ္ဂိုလ်တို့သည် မိမိတို့၏ ဖိုလ်ကို မိမိတို့ အသီးအသီး ဝင်စားနိုင်ကြကုန်၏၊ မဝင်စားနိုင်သူ ဟူ၍ မရှိကြကုန်။ ထိုကြောင့် ဖလသမာပတ်မည်သည် ခပ်သိမ်းသော ဖလဋ္ဌ ပုဂ္ဂိုလ်တို့နှင့် ဆက်ဆံ၏၊ ဤကား ဖလသမာပတ်လေးပါးတည်း။

နိရောဓသမာပတ်။။ ဒိဋ္ဌဓမ္မနိဗ္ဗာန် ဟုဆိုအပ်သော နိရောဓ သမာပတ်သည်မူကား လောကီစျာန် သမာပတ်ရှစ်ပါး, ကိုးပါးကို အကုန်ရရှိ၍နေသော ကာမရူပအနာဂါမ် ရဟန္တာပုဂ္ဂိုလ်တို့သည်သာလျှင် ဝင်စားနိုင်ကုန်၏၊

ဝင်စားပုံကား

ရူပ ပဌမစျာန်သမာပတ်ကို ရှေးဦးစွာ ဝင်စား၏၊ ထိုမှ ထ၍ ထိုပဌမစျာန်သမာပတ်အတွင်း၌ရှိသော ရုပ်နာမ် တရားတို့ကို လက္ခဏာ ရေးတင်၍ရှု၏၊ စျာန်ဝင်စားမှုကား သမထအလုပ်တည်း။ လက္ခဏာ ရေးတင်မှုကား ဝိပဿနာ အလုပ်တည်း။

ဤနည်းအတူ ဒုတိယစျာန်သမာပတ်၊ တတိယစျာန်သမာပတ်။ လ။အာကိဉ္စညာယတနသမာပတ်တို့ကိုလည်း အစဉ်အတိုင်း ဝင်စား၍ ရှု၍သွား၏၊ အာကိဉ္စညာယတနသမာပတ်မှ ထပြီးသည်၏အခြားမဲ့၌ ပုဗ္ဗကိစ္စလေးပါးကို ပြုပြီးလျှင် နေဝသညာ သမာပတ်ကို ဝင်စား၏၊ အနာဂါမ်ပုဂ္ဂိုလ်အား နေဝသညာကုသိုလ်ဇောနှစ်ကြိမ်, ရဟန္တာပုဂ္ဂိုလ်အား နေဝသညာကြိယာဇောနှစ်ကြိမ် ကျပြီးလျှင် စိတ်အစဉ်ချုပ်ပြတ်ခြင်း ဟူသော နိရောဓ သမာပတ်သို့ရောက်လေ၏၊ စိတ်မရှိပဲ ၇-ရက် ၆- ရက် စသည် တည်နေပြီးနောက် ထိုသမာပတ်မှ ထလိုသော် ရှေးဦးစွာ အနာဂါမ်ပုဂ္ဂိုလ်အား အနာဂါမိဖိုလ်၊ ရဟန္တာပုဂ္ဂိုလ်အား အရဟတ္တဖိုလ် တစ်ကြိမ်ဖြစ်ပေါ်၍ ဘဝင်ကျလေ၏၊ ထလေ၏၊

ပုဗ္ဗကိစ္စလေးပါးဆိုသည်ကား သမာပတ်အတွင်း၌ မိမိကိုယ်မှ အလွတ်၌တည်သော မိမိ၏သင်္ကန်း သပိတ် ပရိက္ခရာတို့သည် တစ်စုံ တစ်ခုသော အန္တရာယ်ကြောင့် မပျက်မစီးစေကုန်သတည်း ဟု ဓိဋ္ဌာန်ခြင်း တစ်ပါး၊ မြတ်စွာဘုရား ခေါ်တော်မူမည်ရှိလျှင် မခေါ်မီ တင်ကူး၍ ထစေသတည်းဟု ဓိဋ္ဌာန်ခြင်း တစ်ပါး၊ တစ်ခုတည်းသော သိမ်၌ သံဃာအစည်းအဝေးပြုရာ သံဃာတို့မြော်လင့်မှုရှိလျှင် ထစေသတည်း ဟု ဓိဋ္ဌာန်ခြင်း တစ်ပါး၊ ခုနစ်ရက် အတွင်းမှာ သေမည် လောဟု အာယုသင်္ခါရကို ကြည့်ရှုခြင်း တစ်ပါး။။ ဤကားပုဗ္ဗကိစ္စ လေးပါးတည်း။ သမာပတ်အပြား ပြီး၏၊

--------------

ဤတွင်ရှေ့ကား ဒိဋ္ဌိဝိသုဒ္ဓိ-၁၊ ကင်္ခါဝိတရဏဝိသုဒ္ဓိ-၁၊ မဂ္ဂါမဂ္ဂ ဉာဏဒဿနဝိသုဒ္ဓိ-၁၊ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ-၁၊ ဉာဏဒဿန ဝိသုဒ္ဓိ-၁၊ ဟူ၍ဝိသုဒ္ဓိဘေဒအားဖြင့် ငါးပါးအပြားရှိသော အဓိပညာ သာသနာတော်မြတ်ကြီး အပြီးတိုင် အစီအရင် အကျဉ်းချုပ်ပြီး၏၊ ရှေ့၌ ပြဆိုခဲ့ပြီးသော အဓိသီလသိက္ခာသာသနာ အဓိစိတ္တသိက္ခာ သာသနာ နှစ်ပါးနှင့် ပေါင်းသည်ရှိသော် သာသနာတော်မြတ်ကြီး ၃-ပါး ဝိသုဒ္ဓိကြီး ၇-ပါးဖြစ်၏၊

* ပိုဒ်ပေါင်းရှစ်ဆယ်၊ လင်္ကာခြယ်၊ ဤဝယ် ကမ္မဋ္ဌာန်းပြီး။ ကမ္မဋ္ဌာန်းပိုင်း ပြီး၏၊

နိဂုံးချုပ်စကားကို ပြဆိုပေအံ့

စိတ်ပိုင်း, စေတသိက်ပိုင်း, ပကိဏ်းပိုင်း, ဝီထိပိုင်း, ရုပ်ပိုင်း, ပစ္စည်းပိုင်း ဤ ၆-ပိုင်းတို့သည် အဘိဓမ္မာ ၇-ကျမ်းကို အကျဉ်းချုံးသော အပိုင်းတို့ပေတည်း။

ဘုံပိုင်း, သမုစ္စည်းပိုင်း, ကမ္မဋ္ဌာန်းပိုင်းတို့သည် သုတ္တန်ပိဋကတ်ကို လည်း အကျဉ်းချုံးသော အပိုင်းတို့ပေတည်း။

ကိုးပိုင်းလုံးကို သိမ်းကျုံးမိသော သူတို့သည် အကျဉ်းချုပ်အားဖြင့် ပိဋက ၂-ပုံကို နှုတ်ငုံသိမ်းပိုက်မိကြကုန်၏၊ ထိုသူတို့သည် ဤဘဝမှာပင် အကျွတ်ရနိုင်ရန် ဓမ္မအဆောက်အဦနှင့် ပြည့်စုံကြကုန်၏၊ ဤဘဝ၌ မကျွတ်ရရှိခဲ့လျှင် နတ်ပြည်၌ ကျွတ်ကြကုန်လတ္တံ့။ ဤသာသနာမှ ကျန်ရှိကြသောသူတို့သည် သာသနာပ နောက်ကာလ၌ ပစ္စေကဗုဒ္ဓါဖြစ် ၍ ကျွတ်လွတ်ကြကုန်လတ္တံ့။ ကျန်ရှိကြသော သူတို့သည် နောင်ဘုရား သာသနာ၌ ပညာဧတဒဂ် အဘိညာဧတဒဂ် ထက်မြက် သီးသီး အကျော်ကြီးဖြစ်၍ ကျွတ်ကြကုန်လတ္တံ့။ ဤကား ဂတပစ္စာဂတဝတ်၌ လာသော အဋ္ဌကထာကြီးများ မိန့်ဆိုနည်းတည်း။

-----------------

၁။ ခြောက်ရာ့ ခြောက်ဆယ်၊ လင်္ကာခြယ်၊ ဤဝယ် ပြီးကဗျာ။ 
၂။ အဌ်, သုဉ်, ဒွိ, ဧက်၊ သက္ကရာဇ်၊ ဖွားလစ်ကျမ်းဆရာ။

(မြန်မာသက္ကရာဇ် ၁၂၀၈-ခုတည်း။)

၃။ မုံရွာလယ်တီ၊ တောရပ်မှီ၊ မထေရ်ဉာဏ်ဓဇာ။

(နေရပ် ဘွဲ့အမည်တည်း။)

၄။ ဗျည်း, ဆ, ဒွိ, ဧ၊ ကဆုန်နွေ၊ ပြီးပြေ ဤကျမ်းစာ။

(မြန်မာသက္ကရာဇ် ၁၂၆၅-ခုတည်း။)

၅။ ပရမတ္ထသံခိပ်၊ ဘွဲ့တံဆိပ်၊ ခတ်နှိပ် မည်သညာ။

(ကျမ်းအမည်တည်း။)

၆။ ပိဋကနှစ်ပုံ၊ အကျဉ်းခြုံ၊ နှုတ်ငုံသူတို့မှာ။
၇။ ပညာဓိက၊ ဆုကြီးရ၊ အမျာ့ကိုးကွယ်ရာ။

(၆-၇-ကျမ်းအကျိုးတည်း။)

၈။ ကျမ်းပြုပါရ၊ ဤပုညကြောင့်၊ ဒုက္ခခပ်သိမ်း၊ ငြိမ်းစေခလို၊ ဆုပန်ဆို၊ ဗိုလ်လူသတ္တဝါ။
၉။ အနာမျိုးကင်း၊ မိုးမင်းသည်းထန်၊ နိုင်ငံခပ်သိမ်း၊ တရား ထိန်း၊ ငြိမ်းစေအဖြာဖြာ။
၁၀။ ရှစ်သောင်းလေးထောင်၊ တရားရောင်လည်း၊ မိုက်မှောင် ပယ်တွန်း၊ ထိန်ထိန်ရွှန်း၊ ထွန်းစေသာသနာ။
ပရမတ္ထသံခိပ်ကျမ်း ပြီး၏၊

--------- * --------

Comments

Popular posts from this blog

မြန်မာပြန်

ဝိနယပိဋက ပါရာဇိကဏ် ပါဠိတော် ပါစိတ် ပါဠိတော် ဝိနည်း မဟာဝါ ပါဠိတော် စူဠဝါ ပါဠိတော် ပရိဝါ ပါဠိတော် ဒီဃနိကာယ သီလက္ခန် ပါဠိတော် သုတ်မဟာဝါ ပါဠိတော် ပါထိက ပါဠိတော် မဇ္ဈိမနိကာယ မူလပဏ္ဏာသ ပါဠိတော် မဇ္ဈိမပဏ္ဏာသ ပါဠိတော် ဥပရိပဏ္ဏာသ ပါဠိတော် သံယုတ္တနိကာယ (က) သဂါထာဝဂ္ဂ သံယုတ် ပါဠိတော် (ခ) နိဒါနဝဂ္ဂ သံယုတ် ပါဠိတော် (က) ခန္ဓဝဂ္ဂ သံယုတ် ပါဠိတော် (ခ) သဠာယတနဝဂ္ဂ သံယုတ် ပါဠိတော် မဟာဝဂ္ဂ သံယုတ် ပါဠိတော် အင်္ဂုတ္တရနိကာယ (က) ဧကကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဒုကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) တိကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) စတုက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) ဆက္ကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) သတ္တကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (က) အဋ္ဌကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ခ) နဝကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဂ) ဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် (ဃ) ဧကာဒသကနိပါတ် အင်္ဂုတ္တိုရ်ပါဠိတော် ခုဒ္ဒကနိကာယ (က) ခုဒ္ဒကပါဌ ပါဠိတော် (ခ) ဓမ္မပဒပါဠိတော် (ခ) ဓမ္မပဒမြန်မာပြန် ပထမတွဲ -မာတိကာ (ခ) ဓမ္မပဒမြန်မာပြန် ဒုတိယတွဲ -မာတိကာ (ဂ) ဥဒါန်းပါ

မဟာဝဂ္ဂပါဠိ

(ဝိ၊၃၊၁။) [သျ] ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁။ မဟာခန္ဓကော ၁။ ဗောဓိကထာ ֍ ဋ္ဌ ၁ ။ [ဥဒါ။ ၁ အာဒယော] တေန သမယေန ဗုဒ္ဓေါ ဘဂဝါ ဥရုဝေလာယံ ဝိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ အထ ခေါ ဘဂဝါ ဗောဓိရုက္ခမူလေ သတ္တာဟံ ဧကပလ္လင်္ကေန နိသီဒိ ဝိမုတ္တိသုခပဋိသံဝေဒီ [ဝိမုတ္တိသုခံ ပဋိသံဝေဒီ (က။)] ။ အထ ခေါ ဘဂဝါ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမပဋိလောမံ မနသာကာသိ – ‘‘အဝိဇ္ဇာပစ္စယာ သင်္ခါရာ, သင်္ခါရပစ္စယာ ဝိညာဏံ, ဝိညာဏပစ္စယာ နာမရူပံ, နာမရူပပစ္စယာ သဠာယတနံ, သဠာယတနပစ္စယာ ဖဿော, ဖဿပစ္စယာ ဝေဒနာ, ဝေဒနာပစ္စယာ တဏှာ, တဏှာပစ္စယာ ဥပါဒါနံ, ဥပါဒါနပစ္စယာ ဘဝေါ, ဘဝပစ္စယာ ဇာတိ, ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသာ သမ္ဘဝန္တိ – ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ ‘‘အဝိဇ္ဇာယတွေဝ အသေသဝိရာဂနိရောဓာ သင်္ခါရနိရောဓော, သင်္ခါရနိရောဓာ ဝိညာဏနိရောဓော, ဝိညာဏနိရောဓာ နာမရူပနိရောဓော, နာမရူပနိရောဓာ သဠာယတနနိရောဓော, သဠာယတနနိရောဓာ ဖဿနိရောဓော, ဖဿနိရောဓာ ဝေဒနာနိရောဓော, ဝေဒနာနိရောဓာ တဏှာနိရောဓော, တဏှာနိရောဓာ ဥပါဒါနနိရောဓော , ဥပါဒါနနိရောဓာ ဘဝနိရောဓော,

ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ)

(ဇာ၊ဋ္ဌ၊၅၊၁။) ခုဒ္ဒကနိကာယေ ဇာတက-အဋ္ဌကထာ (ပဉ္စမော ဘာဂေါ) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၁၆။ တိံသနိပါတော ֍ * [၅၁၁] ၁။ ကိံဆန္ဒဇာတကဝဏ္ဏနာ ကိံဆန္ဒော ကိမဓိပ္ပါယော တိ ဣဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ဥပေါသထကမ္မံ အာရဗ္ဘ ကထေသိ။ ဧကဒိဝသဉှိ သတ္ထာ ဗဟူ ဥပါသကေ စ ဥပါသိကာယော စ ဥပေါသထိကေ ဓမ္မဿဝနတ္ထာယ အာဂန္တွာ ဓမ္မသဘာယံ နိသိန္နေ ‘‘ဥပေါသထိကာတ္ထ ဥပါသကာ’’တိ ပုစ္ဆိတွာ ‘‘အာမ, ဘန္တေ’’တိ ဝုတ္တေ ‘‘သာဓု ဝေါ ကတံ ဥပေါသထံ ကရောန္တေဟိ, ပေါရာဏကာ ဥပဍ္ဎူပေါသထကမ္မဿ နိဿန္ဒေန မဟန္တံ ယသံ ပဋိလဘိံသူ’’တိ ဝတွာ တေဟိ ယာစိတော အတီတံ အာဟရိ။ အတီတေ ဗာရာဏသိယံ ဗြဟ္မဒတ္တော ဓမ္မေန ရဇ္ဇံ ကာရေန္တော သဒ္ဓေါ အဟောသိ ဒါနသီလဥပေါသထကမ္မေသု အပ္ပမတ္တော။ သော သေသေပိ အမစ္စာဒယော ဒါနာဒီသု သမာဒပေသိ။ ပုရောဟိတော ပနဿ ပရပိဋ္ဌိမံသိကော လဉ္ဇခါဒကော ကူဋဝိနိစ္ဆယိကော အဟောသိ။ ရာဇာ ဥပေါသထဒိဝသေ အမစ္စာဒယော ပက္ကောသာပေတွာ ‘‘ဥပေါသထိကာ ဟောထာ’’တိ အာဟ။ ပုရောဟိတော ဥပေါသထံ န သမာဒိယိ။ အထ နံ ဒိဝါ လဉ္ဇံ ဂဟေတွာ ကူဋဍ္ဍံ ကတွာ ဥပဋ္ဌာနံ အာဂတံ ရာဇာ ‘‘တုမှေ ဥပေါသထိကာ’’တိ အမစ္စေ ပုစ္ဆန္တော ‘‘တွမ္ပိ အာစရိယ ဥပေါသထိကော’’တိ ပုစ္ဆိ။ သော ‘‘အာမာ’’တိ (

ပါဠိတော်

ဝိနယပိဋက ပါရာဇိကပါဠိ -မာတိကာ ပါစိတ္တိယပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ စူဠဝဂ္ဂပါဠိ -မာတိကာ ပရိဝါရပါဠိ -မာတိကာ ဒီဃနိကာယ သီလက္ခန္ဓဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ ပါထိကဝဂ္ဂပါဠိ -မာတိကာ မဇ္ဈိမနိကာယ မူလပဏ္ဏာသပါဠိ -မာတိကာ မဇ္ဈိမပဏ္ဏာသပါဠိ -မာတိကာ ဥပရိပဏ္ဏာသပါဠိ -မာတိကာ သံယုတ္တနိကာယ သဂါထာဝဂ္ဂပါဠိ -မာတိကာ နိဒါနဝဂ္ဂပါဠိ -မာတိကာ ခန္ဓဝဂ္ဂပါဠိ -မာတိကာ သဠာယတနဝဂ္ဂပါဠိ -မာတိကာ မဟာဝဂ္ဂပါဠိ -မာတိကာ အင်္ဂုတ္တရနိကာယ ဧကကနိပါတပါဠိ -မာတိကာ ဒုကနိပါတပါဠိ -မာတိကာ တိကနိပါတပါဠိ -မာတိကာ စတုက္ကနိပါတပါဠိ -မာတိကာ ပဉ္စကနိပါတပါဠိ -မာတိကာ ဆက္ကနိပါတပါဠိ -မာတိကာ သတ္တကနိပါတပါဠိ -မာတိကာ အဋ္ဌကနိပါတပါဠိ -မာတိကာ နဝကနိပါတပါဠိ -မာတိကာ ဒသကနိပါတပါဠိ -မာတိကာ ဧကာဒသကနိပါတပါဠိ -မာတိကာ ခုဒ္ဒကနိကာယ ခုဒ္ဒကပါဌပါဠိ -မာတိကာ ဓမ္မပဒပါဠိ -မာတိကာ ဥဒါနပါဠိ -မာတိကာ ဣတိဝုတ္တကပါဠိ -မာတိကာ သုတ္တနိပါတပါဠိ -မာတိကာ ဝိမာနဝတ္ထုပါဠိ -မာတိကာ ပေတဝတ္ထုပါဠိ -မာတိကာ ထေရဂါထာပါဠိ -မာတိကာ ထေရီဂါထာပါဠိ -မာတိကာ အပဒါနပါဠိ (ပ) -မာတိကာ အပဒါနပါဠိ (ဒု) -မာတိကာ ဗုဒ္ဓဝံသပါဠိ -မာတိကာ စရိယာပိဋကပါဠိ -မာတိကာ ဇာတကပါဠိ (ပ)

နိဿယ

နိဿယများ ဝိနယနိဿယများ ပါရာဇိကပါဠိနိဿယ ပါရာဇိကအဋ္ဌကထာနိဿယ(ပ) ပါရာဇိကအဋ္ဌကထာနိဿယ(ဒု) ပါစိတ္တိယပါဠိနိဿယ ပါစိတ္တိယအဋ္ဌကထာနိဿယ မဟာဝဂ္ဂပါဠိနိဿယ မဟာဝဂ္ဂအဋ္ဌကထာနိဿယ စူဠဝဂ္ဂပါဠိနိဿယ စူဠဝဂ္ဂအဋ္ဌကထာနိဿယ ပရိဝါရပါဠိနိဿယ ပရိဝါရအဋ္ဌကထာနိဿယ ဝဇိရဗုဒ္ဓိဋီကာနိဿယ ဝိမတိဝိနောဒနီဋီကာနိဿယ(ပ) ဝိမတိဝိနောဒနီဋီကာနိဿယ(ဒု) သာရတ္ထဒီပနီဋီကာနိဿယ-ပထမတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-ဒုတိယတွဲ (စာမျက်နှာ မတပ်ရသေး) သာရတ္ထဒီပနီဋီကာနိဿယ-တတိယတွဲ (စာမျက်နှာ မတပ်ရသေး) ကင်္ခါဝိတရဏီ အဋ္ဌကထာ ဘာသာဋီကာ (စာမျက်နှာ မတပ်ရသေး) ဝိနယသင်္ဂဟအဋ္ဌကထာနိဿယသစ် (စာမျက်နှာ မတပ်ရသေး) ဒီဃနိကာယ နိဿယများ သုတ်သီလက္ခန် ပါဠိတော် နိဿယ (စာမျက်နှာ မတပ်ရသေး) သီလက္ခန်အဋ္ဌကထာနိဿယ သီလက္ခန်ဋီကာသစ်နိဿယ ပထမတွဲ သီလက္ခန်ဋီကာသစ်နိဿယ ဒုတိယတွဲ သုတ်မဟာဝါ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) သုတ်မဟာဝါအဋ္ဌကထာနိဿယ သုတ်ပါထေယျပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ပါထိကဝဂ္ဂဋ္ဌကထာနိဿယ မဇ္ဈိမနိကာယ နိဿယများ မူလပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) မဇ္ဈိမပဏ္ဏာသ ပါဠိတော်နိဿယ (စာမျက်နှာ မတပ်ရသေး) ဥပရိပဏ္ဏာသပါဠိတော် နိ