လယ်တီအင်း နံဘေးမှ ခြင်္သေ့မင်း ဟိန်းသံ
ဦးအောင်မွန်(မြတ်ဆုမွန်) ၏ မိတ်ဆက်
'လယ်တီအင်းနံဘေးက ခြင်္သေ့မင်းဟိန်းသံ' အမည်ဖြင့် ကျေးဇူးရှင်လယ်တီဆရာတော်ကြီး၏ ဘဝဖြစ်စဉ်ကို အခြေခံ၍ လောက,သာသနာနှစ်ဖြာသော အကျိုးအတွက် ဆရာတော်ကြီး ဆောင်ရွက်တော်မူခဲ့သမျှတို့ကို လုံးလုံးစည်းစည်းတင်ပြထားသည့် ဆရာဦးချစ်စံဝင်း၏ ဤစာအုပ်ပေါ်ထွက်လာခြင်းအတွက် အလွန်ပင် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါသည်။
အကြောင်းမှာ ကျေးဇူးရှင်လယ်တီဆရာတော်ကြီးသည် မြန်မာမှာမက ကမ္ဘာမှာပါ ဂုဏ်သတင်းကြီးနေသော မထေရ်ကြီးတစ်ပါးဖြစ်သည်။ ဤသို့ ကမ္ဘာကိုကျော်၍ထင်ပေါ်နေသော မထေရ်ကြီး၏ ဖြစ်စဉ်အကြောင်းအရာတို့ကို မကြာမကြာရေးသားထုတ်ဖော်နေမှသာ မည်မျှပင်ကာလကြာမြင့်စေကာမူ မေ့ပျောက်နိုင်ကြလိမ့်မည်မဟုတ်ဘဲ အမှတ်တရဖြစ်နေကြမည်သာဖြစ်သည်။ သို့ပါသော် လယ်တီဆရာတော်ကြီး၏ အကြောင်းအရာတို့နှင့် စပ်လျဉ်း၍ ထွက်ပေါ်ခဲ့သော စာအုပ်စာတမ်း အရေအတွက်မှာ ပြောပလောက်အောင်မရှိ၊ နည်းပါးလှသည့်အတွက် ဆရာဦးချစ်စံဝင်း၏ စာအုပ် ယခုလိုပေါ်ထွက်လာသောအခါ “လယ်တီဆရာတော်ကြီးအကြောင်းရေးသားသော စာတစ်အုပ်တိုးပြီး”ဟု ဝမ်းမြောက်ရခြင်းဖြစ်ပါသည်။
စင်စစ်လယ်တီဆရာတော်ကြီး၏ အကြောင်းအရာတို့ကို ရေးသားတင်ပြဖို့ဆိုသည်မှာ အပြောလွယ်သလောက် လုပ်ကွက်အနေဖြင့် ခက်ခဲလှပေသည်။
လယ်တီဆရာတော်ကြီး ပျံလွန်တော်မူခဲ့သည်မှာ ယခု ၂၀၀၃ ခုနှစ်တွင် နှစ်ပေါင်းရှစ်ဆယ် ကြာမြင့်ခဲ့ပြီး သိမီလိုက်သူပုဂ္ဂိုလ်ဟူ၍ လွန်စွာရှားပါးသွားပြီးဖြစ်ရာ လယ်တီဆရာတော်ကြီးအကြောင်း ခရေစေ့တွင်းကျ အကျအနပြန်လည်ပြောပြနိုင်သူမရှိဟု ဆိုနိုင်သည်။ ထို့ပြင် လယ်တီဆရာတော်ကြီးကို သက်တော်ထင်ရှားသိမီလိုက်သူများကလည်း ဆရာတော်ကြီးအကြောင်း စေ့ငှအောင် မရေးသားခဲ့ကြသည်ကို ယခုအခါ လယ်တီဆရာတော်ကြီးအကြောင်း ရေးသားထားသော စာအုပ်စာတမ်း ပေါပါများများ မရှိခြင်းက သက်သေခံနေပေသည်။
လယ်တီဆရာတော်ကြီးသက်တော်ထင်ရှားရှိစဉ်အခါ ၁၂၆၈ ခုနှစ်၊ သီတင်းကျွတ်လတွင် ဆရာတော်ကြီး၏ သက်တော် ၆၀၊ ဝါတော် ၄၀ ပြည့် ဝိဇာတမင်္ဂလာပူဇော်ပွဲကို မုံရွာမြို့မဟာလယ်တီတိုက်ကြီးအတွင်း အကြီးအကျယ်ကျင်းပခဲ့ရာ ထိုပွဲတွင် ရွတ်ဆိုပူဇော်ရန် ထိုစဉ်က ရဟန်းပျိုလယ်တီပဏ္ဍိတဦးမောင်ကြီးက ဘုန်းတော်ဘွဲ့ထေရုပ္ပတ္တဂါထာ ငါးဆယ်တို့ကို ဖွဲ့ဆိုရေးသားခဲ့ပါသည်။ ထိုဘုန်းတော်ဘွဲ့ထေရုပ္ပတ္တဂါထာတို့သည် လယ်တီဆရာတော်ကြီး သက်တော်ထင်ရှားရှိစဉ် ရေးသားခြင်းဖြစ်ပြီး ထေရုပ္ပတ္တိရှင်ဖြစ်သော ဆရာတော်ကြီး၏ မျက်မှောက်မှာပင် ရွတ်ဆိုပူဇော်ခဲ့သည်ဖြစ်၍ ထေရုပ္ပတ္တိဆိုင်ရာ အချက်အလက်များအနေဖြင့် တိကျမှန်ကန်မှုရာနှုန်းပြည့်ရှိပေလိမ့်မည်။ သို့သော် ထိုထေရုပ္ပတ္တိတွင် ဆရာတော်ကြီး၏ မွေးဖွားသည်မှာ သက်တော်ခြောက်ဆယ်အထိ အကြောင်းအရာတို့ကိုသာ ဖွဲ့ဆိုဖော်ပြထားသောကြောင့် ပျံလွန်တော်မူချိန်တိုင်အောင် ဆက်လက်၍ ဖြည့်စွက်ပြီး ရေးဖွဲ့စရာများစွာ ကျန်နေပေသေးသည်။ သို့ ကျန်နေမှန်းသိမည်ဖြစ်သော်လည်း လယ်တီပဏ္ဍိတဆရာ ဦးမောင်ကြီးသည် ဆက်၍ရေးဖွဲ့ခြင်းမပြုဘဲ နေခဲ့သည်။
ဤသို့ လယ်တီပဏ္ဍိတဆရာဦးမောင်ကြီး၏နေနိုင်ပုံကို အားမလိုအားမရဖြစ်နေသော သိပ္ပံမောင်ဝက သူရိယမဂ္ဂဇင်းမှနေ၍ “လယ်တီပဏ္ဍိတသည် လယ်တီဆရာတော်ကြီးနှင့်အနီးကပ်ဆုံးနေခဲ့ရသူဖြစ်ပြီး ကလောင်အစွမ်းထက်သူလည်း ဖြစ်သည်။ သို့ဖြစ်၍ လယ်တီဆရာတော်ကြီးအကြောင်း ပြည့်ပြည့်စုံစုံ ရေးသားရန် တာဝန်သည် လယ်တီပဏ္ဍိတအပေါ်၌ ကျရောက်နေသည်” စသည်ဖြင့် ဝေဖန်ရေးသားခဲ့သည်။
ထိုသို့သိပ္ပံမောင်ဝ၏ ရေးသားချက်အား ဆရာဦးမောင်ကြီးမည်သို့ တုံ့ပြန်ခဲ့ပုံကို မသိရသော်လည်း ဆရာဦးမောင်ကြီးမဆုံးပါးမီ မုံရွာမြို့၌နေထိုင်စဉ်အတွင်း လယ်တီဓမ္မကထိကဦးတိုက်ဝမ်းက ဆရာဦးမောင်ကြီးအား “ဆရာကြီးခင်ဗျား၊ ဆရာတော်ကြီး၏ ထေရုပ္ပတ္တိတစ်စောင်တစ်ဖွဲ့ ကျယ်ကျယ်လွင့်လွင့်ရေးပါဦး” ဟု တိုက်တွန်းသောအခါ ဆရာဦးမောင်ကြီးက “ဆရာတော်ကြီးရဲ့ဂုဏ်တွေက ကြီးမားလွန်းလို့ ဆရာကုန်စင်အောင်ရေးမပြနိုင်ပါဘူးကွယ်”ဟု ဖြေကြားပြီး ဘဝတစ်သက်တာ ကွယ်လွန်ချိန်တိုင်အောင် လယ်တီဆရာတော်ကြီးအကြောင်းဟု ဘာမျှမရေးသားခဲ့ပေ။
ထို့ပြင်လယ်တီဆရာတော်ကြီး ပျံလွန်တော်မူသော ၁၂၈၅ ခုနှစ်က ဆရာတော်ကြီး၏ စျာပနအခမ်းအနားတွင် ဒဂုန်မဂ္ဂဇင်းအယ်ဒီတာဆရာရွှေစီစဉ်သော 'လယ်တီမဟာထေရုပ္ပတ္တိကထာ'ဟု စာအုပ်ကလေးတစ်အုပ်ကို ပညာ့အလင်းသတင်းစာတိုက်မှ ပုံနှိပ်ပြီးဖြန့်ဝေခဲ့ဖူးသည်။ ထိုစာအုပ်ကလေးတွင် ဆရာတော်ကြီးအကြောင်း ပြည့်ပြည့်စုံစုံမပါလှဘဲ စစ်တွေမြို့သို့ ဆရာတော်ကြီး ကြွတော်မူသောအကြောင်းသာ ခပ်များများပါလေသည်။ ဆရာတော်ကြီးရေးဖွဲ့သောတေးထပ်၊ လေးချိုးအချို့နှင့် အခြားပုဂ္ဂိုလ်များ ရေးစပ်သောသံဝေဂဂါထာများ၊ တေးထပ်များလည်း ပါရှိသည်။ ထိုစာအုပ်ငယ်ကိုပင် လယ်တီဆရာတော်ကြီး၏ ထေရုပ္ပတ္တိစာအုပ်ဟူ၍ ကိုင်တွယ်ကြည့်ရှုနေကြရသည်။ ထိုစာအုပ်ငယ်နှင့်စပ်လျဉ်း၍ သိပ္ပံမောင်ဝက 'လယ်တီဆရာတော်ကြီးကဲ့သို့ ဂုဏ်သိက္ခာကြီးကျယ်သော ပုဂ္ဂိုလ်ကြီးအတွက် ဤမျှသေးငယ်သောစာအုပ်ကလေး ရေးသားထုတ်ဝေခြင်းသည် သင်၏ဂုဏ်သည် ပိုးစုန်းကြူး၏ အရောင်ကဲ့သို့ တောက်ပလှပါပေသည်ဟု မတော်တရော်ချီးကျူးသည်နှင့်တူနေသည်။ ဤသို့ စာအုပ်ငယ်မျိုး မထုတ်သင့်' စသည်ဖြင့် ဝေဖန်ခဲ့ပါသည်။
သို့ဖြင့် လယ်တီဆရာတော်ကြီး၏ ထေရုပ္ပတ္တိစာအုပ်ဟူ၍ ကောင်းကောင်းထွက်မလာတော့ပေ။ ၁၃၁၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်အတွင်း စစ်ဘေးစစ်ဒဏ်ခံရရှာသော မုံရွာမြို့မဟာလယ်တီတိုက်ကြီး ပြုပြင်စဉ်က အလှူခံရာတွင် ဝေငှရန် ဘိုးဘိုးဦးတေဇိန္ဒ၏အစီအစဉ်ဖြင့် ဆရာဦးစိုးရေးသော “လယ်တီထေရုပ္ပတ္တအကျဉ်းချုပ်”စာအုပ်ကလေး၊ ၁၃၂၁ ခုနှစ်တွင် လယ်တီဆရာတော်ကြီး၏ ရွှေချက်သိုရာ စိုင်ပြင်ရွာ၌ လယ်တီဗိမာန် စတင်ဆောက်လုပ်ကြစဉ်က အလှူခံရန် ဝေငှသည့်အနေဖြင့် ဗမာ့ခေတ်သတင်းစာတိုက်မှ ထုတ်ဝေသော 'လယ်တီထေရုပ္ပတ္တိအကျဉ်းချုပ်' စာအုပ်ငယ်တို့သာ ထွက်ပေါ်လာလေသည်။ ထိုစာအုပ်ငယ်များထွက်သည့် အချိန်တွင် သိပ္ပံမောင်ဝသာ သက်ရှိထင်ရှားရှိဦးမည်ဆိုပါက မည်သို့ဝေဖန်လေဦးမည်မသိ။
စစ်ပြီးခေတ်တွင် ပဲရော့ဦးဆန်နီတိုက်တွန်း၍ ဆရာတော်ကြီး၏တပည့်အရင်း လယ်တီဦးဝဏ္ဏိတ(ဆရာကြီးဦးလှတင်)ရေးသော မဟာလယ်တီထေရုပ္ပတ္တိကထာနှင့် လယ်တီဦးကောဝိဒ၏ တပည့်အရင်း လယ်တီဦးလှပိုင်ရေးသော 'လယ်တီဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ' စာအုပ်တို့ထွက်ပေါ်လာရာ၊ ထိုစာအုပ်များမှာ လယ်တီအငွေ့အသက်များစွာပါဝင်၍ ဂုဏ်ယူထိုက်သော လယ်တီထေရုပ္ပတ္တိဂန္ထဝင်ကျမ်းများ ဖြစ်လေသည်။
မည်သို့ပင်ဖြစ်စေ လယ်တီဆရာတော်ကြီးအကြောင်းကို ကြီးမှအဟုတ် ငယ်မှမဟုတ် စာတိုပေစမှအစ ကျမ်းကြီးကျမ်းခိုင်အထိ မပြတ်မလပ်ရေးနေကြဖို့လိုပေသည်။ အရေးဘဲနေကြလျှင် မည်မျှကြီးမားသောပုဂ္ဂိုလ်ကြီးဖြစ်စေကာမူ ဒဏ္ဍာရီတွင်းကလိုလို ဖြစ်သွားတတ်လေသည်။
ဆရာဦးချစ်စံဝင်းသည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်ကျော်ကျော်ကပင် ဒီပရင်း၊ စိုင်ပြင်၊ ဘုတလင်၊ မုံရွာစသည်ဒေသများသို့ အကြိမ်ကြိမ်သွားရောက်ကာ လယ်တီဆရာတော်ကြီးအကြောင်းကို စုဆောင်းရှာဖွေနေခဲ့ပြီး စုဆောင်းမိသမျှကိုလည်း၊ မကြာမကြာဆိုသလို ပြည်သူသို့ အသိပေးဝေငှသောအနေဖြင့် မြတ်လယ်တီ(စာအုပ်)၊ လယ်တီဆရာတော်ကြီး၏ဘဝနှင့်စာပေ (စာတန်း)စသည်တို့ကို ရေးသားခဲ့ပါသည်။ သို့ပါ၍ဆရာဦးချစ်စံဝင်းအား “လယ်တီအင်းနံဘေးမှ ခြင်္သေ့မင်းဟိန်းသံ”ကဲ့သို့ပင် လယ်တီဆရာတော်ကြီး၏ ဘဝဖြစ်စဉ်အကြောင်းအရာများ၊ သာသနာရေးအတွက် ဆောင်ရွက်ချက်များ၊ လယ်တီဆရာတော်ကြီး၏ စံထားထိုက်လောက်သော စာပေပြုစုရေးသားခဲ့ပုံများတို့ကို ဆက်၍ရေးသားပါဦးဟူ၍ လယ်တီသာသနာအစဉ်ထွန်းတောက်စေရန် ရည်သန်ပြီး တိုက်တွန်းအပ်ပါသည်။
မေတ္တာဖြင့်....
ဦးအောင်မွန်(မြတ်ဆုမွန်)
တရားရှာဖွေခဲ့သော အင်းဖြစ်၏။ ယခင်က ထိုအရပ်တွင် အင်းကြီးကိုးအင်း ရှိရာ လယ်တီအင်းသည် တစ်အင်းအပါအဝင် ဖြစ်၏။ လယ်တီဆရာတော်ကြီးသည် မန္တလေးမြို့ မြောက်ပြင် စံကျောင်းကြီး၌ စာသင်စာချဆရာတော်အဖြစ် သီတင်းသုံးတော်မူပြီး ၁၂၄၄ ခုနှစ် တပို့တွဲလဆန်း ၁၄ ရက်နေ့တွင် မုံရွာမြို့သို့ ပြန်လည်ကြွချီသီတင်းသုံး၏။ မုံရွာမြို့သည် ဆရာတော်ကြီး၏ ဘူမိနက်သန်အမှန်ပင်ဖြစ်၏။ တောရဆောက်တည်ခြင်း၊ တရားဓမ္မဟောကြားခြင်း၊ တပည့်ရဟန်းတို့အား စာပေပို့ချခြင်း၊ လယ်တီဆရာတော်ဟူ၍ နာမည်ပြုလာခြင်းတို့သည် မုံရွာမြို့တွင်ပင် အစတည်ခဲ့သောအဖြစ်အပျက်များ ဖြစ်သည်။
လယ်တီဆရာတော်မရောက်ခင်ကပင် ဤအရပ်၌ လယ်တီအင်းကြီးသည်တည်ရှိ၏။ လယ်တီအင်းနဘေးတွင် ကြွရောက်သီတင်းသုံးသော ဆရာတော်ကြီးအား လယ်တီဆရာတော်ဟု ခေါ်တွင်ခဲ့၏။
လယ်တီဆရာတော်ကြီးသည် လယ်တီအင်းနံဘေးမှပင် မြန်မာသိ ကမ္ဘာသိရလောက်အောင် သာသနာပြုလုပ်ငန်းကို လုပ်ဆောင်၏။ ဒီပနိကျမ်းအစောင်စောင်ကို ရေးသား၏။ လယ်တီဆရာတော်ကြီးသည် လူသူကင်းဝေး၍ သစ်ပင်ချုံပင်တို့ဖြင့် ထူထပ်သော၊ မြေကြမ်းသော၊ ဤအရပ်မှာပင် ခြင်္သေ့မင်းဟိန်းသလို ပေါ်ထွက်ကာ ဘာသာ သာသနာအကျိုး၊ နိုင်ငံအကျိုး၊ တပည့်ဒကာတို့၏အကျိုး၊ မြန်မာလူမျိုး မြန်မာစာပေအကျိုးကို ကမ္ဘာသူကမ္ဘာသားတို့၏ သယ်ပိုးထွန်းကားစေသောကြောင့် အင်္ဂါသား လယ်တီဆရာတော်ကြီး၏ ထေရုပ္ပတ္တိဖြစ်သော ဤစာအုပ်အား ရေးသားပူဇော် အမည်ပေးရာတွင် 'လယ်တီအင်းနံဘေးမှ ခြင်္သေ့မင်းဟိန်းသံ'ဟု အမည်ပြု ထုတ်ဝေလိုက်ခြင်း ဖြစ်ပါသည်။
ချစ်စံဝင်း
ကျေးဇူးရှင် ပထမလယ်တီဆရာတော်ဘုရားကြီး
သာသနာ့အာဇာနည် မြတ်လယ်တီ
အခန်း ( ၁ )
လယ်တီဆရာတော်ကြီးသည် သာသနာ့အာဇာနည်ဆရာတော်ကြီးတစ်ပါး ဖြစ်တော်မူသည်။ မြန်မာသာသနာကိုဝင်ကဏ္ဍတွင် လယ်တီဆရာတော်ကြီး၏ ကျေးဇူးတရားများသည် အလွန်မှ ကြီးမားလှသည်။ သာသနာရေးဘက်တွင် ထူးခြားပြောင်မြောက်စွာ စွမ်းဆောင်ခဲ့သည်သာမက စာပေရေးရာနှင့် အမျိုးသားရေးရာဘက်များတွင်လည်း ထူးထူးခြားခြား စွမ်းဆောင်တော်မူခဲ့သော ဆရာတော်ကြီးဖြစ်သည်။ မြန်မာနိုင်ငံသည် ပုဂံခေတ်မှ စတင်၍ ယနေ့ကာလတိုင် စစ်မှန်သော ထေရာဝါဒ သာသနာတော်ကြီး ထွန်းကားစည်ပင်ရာနိုင်ငံဖြစ်သည်။ မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှု စသည်တို့သည် ဗုဒ္ဓသာသနာတော်နှင့် ခွဲခြားမရဘဲ မြန်မာ့သမိုင်းသည် ဗုဒ္ဓအဆုံးအမခံ သမိုင်းဖြစ်သလို မြန်မာယဉ်ကျေးမှုသည်လည်း ဗုဒ္ဓအဆုံးအမ အဆိုအမိန့်တို့ကို ဦးထိပ်ထား၍ ထွန်းကားတည်ရှိခဲ့သော ယဉ်ကျေးမှုဖြစ်သည်။ မြန်မာနိုင်ငံသည် သာသနာတော်သုံးရပ်စလုံး မြင့်မားစွာတည်ရှိနေသည့် နိုင်ငံဖြစ်သည်။
ထိုကြောင့် မြန်မာနိုင်ငံအနှံ့တွင် ဘုရားပုထိုး ဂူကျောင်း ပြာသာဒ်တို့ဖြင့် တပြောင်ပြောင် တဝင်းဝင်း၊ စည်သံ၊ ဗြောသံများလည်း တညံညံဝေစည်၍ ပရိယတ်၊ ပဋိပတ် အကျော်အမော် ဆရာတော်ကြီးများ ပေါ်ထွန်းရာနိုင်ငံဖြစ်သည်။ ထိုကဲ့သို့ စွယ်စုံပြောင်မြောက်၊ ထွန်းပေါက်ခဲ့သော ဆရာတော်ကြီးများအနက် မဟာလယ်တီဆရာတော်ကြီးသည် ပရိယတ္တိ၊ ပဋိပတ္တိ စွယ်စုံထူးချွန်ပြီး သာသနာ့အလံတော်ကို မြင့်မြင့်မားမားစိုက်ထူတော်မူခဲ့သည့် သာသနာ့ကျက်သရေဆောင် ဆရာတော်ကြီးတစ်ပါး ဖြစ်ပေသည်။
လယ်တီဆရာတော်ကြီးသည် မိမိဘဝတစ်သက်တာကာလပတ်လုံး စာပို့ချခြင်း၊ ဒီပနီကျမ်းစာများရေးသားခြင်း၊ ကိုယ်တိုင်ကမ္မဋ္ဌာန်းအားထုတ်တရားရှာဖွေခြင်း၊ တရားဓမ္မဟောကြားခြင်း အလုပ်တို့ကို မနားမနေလုပ်ဆောင်ခဲ့သည့် ဆရာတော်ကြီးဖြစ်သလို မြန်မာနိုင်ငံအရပ်ရပ်သို့ လှည့်လည်ကြွရောက်တော်မူပြီး တရားဟောကြားသာသနာပြုသော ဆရာတော်ကြီးလည်းဖြစ်သည်။ ထို့ပြင် ပရမတ္တသံခိပ်အသင်းများကို ထူထောင်၍ ဝတ်ရွတ်စေခြင်း၊ နွားသားမစားရန် ဟောပြောမေတ္တာရပ်ခံခြင်း၊ ပလိပ်ရောဂါဖြစ်ပွားသောအခါများနှင့် မိုးခေါင်မိုးနည်းသောအခါများတွင် ပရိတ်တရားတော်များကို ရွတ်ဆိုအကာအကွယ်ပေး၍ မိုးကြီးပေါက္ခရဝဿာရွာသွန်းအောင် ဆောင်ရွက်တော်မူခဲ့သည့် ဆရာတော်ကြီးဖြစ်သည်။ ထို့ကြောင့်လယ်တီဆရာတော်ကြီးသည် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ လောကချမ်းသာ၊ လောကုတ္တရာချမ်းသာ နှစ်ဖြာတရားတို့အမြဲတိုးပွားအောင် အစဉ်ဆောင်ရွက်တော်မူခဲ့သည့် ဆရာတော်ကြီးလည်း ဖြစ်သည်။ လယ်တီဆရာတော်ကြီးသည် မျိုးချစ်ပုဂ္ဂိုလ်ကြီးလည်းဖြစ်၍ မြန်မာများကြီးပွားချမ်းသာစေလိုသောစိတ်၊ မြန်မာလူမျိုးများမနိမ့်ကျစေလိုသောဝါဒ၊ မြန်မာများ ရှေ့တန်းရောက်စေသောဆန္ဒကြီးမားသော ဆရာတော်ကြီးဖြစ်သည်။
ပရမတ္တဒီပနီကို ရေးသားရာတွင် အဘိဓမ္မာအရာ၌ သီဟိုဠ်ထက်မြန်မာက ပိုတော်ကြောင်း လက်ခမောင်းခတ်ပြလိုသည့်အတွက် ရေးသားခဲ့ခြင်းဖြစ်သည်။ ပရမတ္တဒီပနီကျမ်းသည် တကယ်ပင် သီဟိုဠ်သားတို့ လန့်ဖျပ်သွားရလောက်အောင် အဆင့်အတန်းမြင့်သည်။ ပထမကမ္ဘာစစ်၌ မက်ဆိုပိုတေးနီးယား စစ်မျက်နှာပြင်သို့ မြန်မာစစ်သားများ သွားရောက်ရေးကို လယ်တီဆရာတော်ကြီးက အားပေးခဲ့ခြင်းသည် မြန်မာ့သွေးကို အင်္ဂလိပ်တို့အပေါ် ပြလိုသောအချက်ပါဝင်၏။ ပထမကမ္ဘာစစ်ကိုသွားရောက်မည့် မြန်မာစစ်သားများအတွက် လယ်တီဆရာတော်က လက်ဖွဲ့များကို စီရင်ပေးအပ်၏။
လယ်တီဆရာတော်ကြီးသည် လန်ဒန်မြို့ရှိ 'ဂရိတ်ဘရိတ်တန် အိုင်ယာလန် ဗုဒ္ဓသာသနာပြုအသင်းကြီး' နှင့် 'လန်ဒန် ပါဠိစာပေအသင်း'တို့၏ မေးမြန်းလျှောက်ထားချက်များကို မဆိုင်းမတွေ မထစ်မငေါ့ဘဲ ယုံကြည်အားထားရလောက်အောင် ဖြေဆိုတော်မူခဲ့သည်သာမက အနောက်နိုင်ငံများ၌ ဗုဒ္ဓသာသနာထွန်းလင်းစေရန် နိုင်ငံခြားသာသနာပြုအသင်းကြီးကိုလည်း ကိုယ်တိုင်ကြီးကြပ်ကြီးမှူး ဖွဲ့စည်းတည်ထောင်ခဲ့သည်။
နိုင်ငံခြားသာသနာပြုအသင်းကြီး တည်ထောင်သည့်ရည်ရွယ်ချက်သည် ကမ္ဘာ၌ မြန်မာရယ်ဟူ၍ ပြသရန်၊ အင်္ဂလိပ်တွေထက် မြန်မာတို့မညံ့ကြောင်း ပြသလိုသည့်အတွက် အသင်းကြီးကို တည်ထောင်ခြင်းဖြစ်သည်။
ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူများအတွက် ဂုဏ်ကျေးဇူးကြီးမားလှသည့် လယ်တီဆရာတော်ကြီးသည် 'ဂန္တဝိဒူပါရဂူ'ဟု တစ်ဆူတည်းပေါက်၊ တစ်ယောက်တည်းထူး၊ တစ်ဦးတည်းပေါ်၊ ကျော်သည်ထက်ကျော်၊ ငါသော်တမူ၊ တလူလူကို၊ နိဗ္ဗုသောင်မြို့၊ ဆောင်မပို့က၊ ငါသို့ဘယ်သူ၊ တာဝန်ယူလိမ့်'ဟုဆိုကာ ကြီးစွာသောစေတနာတော်ကို ထားရှိ၍ ဒီပနီကျမ်းအဆူဆူကို ရေးသားတော်မူသည်။
လယ်တီဆရာတော်ကြီးသည် သုံးဖြာပိဋကတ်ကို တတ်ရာကချွန်၊ ချွန်ရာကပို၊ ပိုရာကမောက်၊ မောက်ရာကလွန်၊ လွန်ရာကကဲ၊ လိုသည်မရှိ၊ သမာဓိဖြင့်၊ အဘိဓမ္မ၊ ဒေသနာကို၊ မြန်မာခရိုင်၊ တစ်နိုင်ငံလုံး၊ သိမ့်သိမ့်ကျုံးမျှ၊ နှလုံးမွှေ့လျော်၊ လှည့်လည်ပျော်လျက်၊ ပင်ပန်းမှုကို ဂရုမထား၊ ကိုယ်တိုင်အားထုတ်ဟောကြားတော်မူခဲ့သော ဆရာတော်ကြီးလည်း ဖြစ်တော်မူသည်။
လယ်တီဆရာတော်ကြီးသည် “လူသာမန်တို့ပြုရန်ခက်ခဲသော တောတောင်ထွက်လျက်၊ နေ့ရက်ရှည်ကြာ၊ ဘာဝနာစခန်း၌ လက်တွေ့တရားရှာဖွေသောလုပ်ငန်းကို ရွှင်လန်းအားခဲ ဇွဲနဘဲနှင့် ရိုးရေခန်းခြောက်လောက်အောင် အားထုတ်လုပ်ဆောင်ခဲ့သည့် ဆရာတော်ကြီးလည်း ဖြစ်သည်။ မြတ်ဗုဒ္ဓဒေသနာတော်ကို ယုံမှားသံသယ ဒွိဟမဖြစ်စေရအောင် စိစစ်ဆုံးဖြတ်ဟောကြားပေးရုံသာမက ဗုဒ္ဓသာသနာတော် ကို ကမ္ဘာကသိအောင် ဖြန့်ကြက်ပွားစည်တော်မူသည့် သာသနာ့အာဇာနည်ဆရာတော်ကြီးလည်း ဖြစ်သောကြောင့် ပန်းမျိုးတစ်ရာစာပေမှ 'လယ်တီအင်းနံဘေးက ခြင်္သေ့မင်း ဟိန်းသံ'စာအုပ်ကို ပြုစုရေးသား၍ ဗုဒ္ဓဘာသာဝင်အပေါင်း သူတော်ကောင်းတို့ ဖတ်ရှုကုသိုလ်ပွားနိုင်ရန် ဖြန့်ချိထုတ်ဝေရပါသည်။ ဆရာတော်ကြီး၏ ထေရုပ္ပတ္တိကထာကို မရေးသားမီ လယ်တီဆရာတော်ကြီး၏ သုံးလူ့ရှင်ပင် ကျွန့်ထိပ်တင် ဘုရားရှိခိုးဖြင့် မြတ်စွာဘုရားအား ရိုသေစွာ ရှိခိုးပူဇော်အပ်ပါသည်။
သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြဝဠာ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့် ရတုနဂို၊ ရွှန်းရွန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြု၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့ ကိန်းပါကို။
သန္ဓေယူခါ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံညီ၊ လုမ္ဗနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့လမ်းပါကို။
ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊ စုံမြိုင်ပင်ရိပ်ခမ်းမှာကို။
ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြု၊ နေတော်မူလျက်၊ ရန်မြုခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဖော်လူတို့ငြိမ်းပါကို။
ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စင်္ကြာရွှေဖွား၊ ဖြန့်ချိသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတသောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေကြွေလျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည်ရွမ်းတယ်ကို။
တရားနတ်စည်၊ ဆော်ရွှမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တသောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊ သတ္တဝါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ဝါလေးဆယ်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနိုင်းမယုတ်၊ ကုဿိန္နာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗု၊ စံတော်မူသည်၊ ဝှန်းဆူသောင်းလုံးကျော်တယ်ကို။
နိဗ္ဗုစံပြီး၊ ရှုမအီသာ၊ သခီရွှေလှော်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်။ မွေ့တော်ရှစ်စိတ် ကြွင်းတယ်ကို။
ဇာတိဒီပဲရင်း သာဘိခြင်း
အခန်း ( ၂ )
သာသနာ့အာဇာနည် ဧကန်စင်စစ်ဖြစ်တော်မူသည့် ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ရွှေချက်သိုရာ ဇာတိမြေသည် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲရင်းမြို့နယ်၊ စိုင်ပြင်ကြီးကျေးရွာဖြစ်သည်။ ဒီပဲရင်းမြို့သည် သဖန်းဆိပ်ရေလှောင်တမံ၏ ကင်းတပ်လက်ဝဲတူးမြောင်းနှင့် ရေဦးတူးမြောင်းကို အမှီပြု၍ ရေသွင်းစိုက်ပျိုးသည့် ဆည်ရေသောက်မြို့နယ်တစ်မြို့နယ်ဖြစ်သည်။ စပါး၊ ပဲ၊ ပြောင်း၊ မြေပဲ၊ ငရုတ် သီးနှံစုံ စိုက်ပျိုးသည်။
ဒီပဲရင်းမြို့သည် မြန်မာ့သမိုင်းတွင် ထင်ရှားသောမြို့တစ်မြို့ဖြစ်၏။ ဒီပဲရင်းသည် ပုဂံ၏ ရှေ့တန်းခံတပ်မြို့တစ်မြို့ဖြစ်ပြီး ပုဂံခေတ်က ထိပေသျှင်ဟု ခေါ်တွင်၏။ ပုဂံခေတ်က ရေးထိုးခဲ့သော သမထီးကျောက်စာတွင် ဒီပဲရင်းမည်သောအရပ်ရှိကြောင်း ရေးထိုးပါရှိ၏။ မြို့သမိုင်းတွင် “ဒီပဲရင်းတည် စဘုံဘေးမ”ဟု မှတ်သားထားပြီး သက္ကရာဇ် ၅၅၅ တွင် အလောင်းစည်သူမင်းကြီး တည်ထောင်တော်မူသည်ဟု အမှတ်အသားများ၌ ဆို၏။ ယခင်က မြို့ဝန်နေထိုင်ရာမြို့ဖြစ်ပြီး ကဝိလက္ခဏာသတ်ပုံကျမ်းတွင် 'ဒီပဲရင်းဝယ်၊ ကိုသန်းပယ်၊ ထိုနယ်လေးမျက်နှာ'လို့ ရေးသားထားသည်။ တတိယရွှေကျင်သာသနာပိုင် ဒီပဲရင်းဆရာတော်ကြီး၊ အရှင်အဂ္ဂသမာဓိ၊ လယ်တီဆရာတော်ကြီး၊ တောင်တန်းသာသနာပြုဆရာတော်အရှင်ဥတ္တမသာရစသည် သာသနာ့အာဇာနည်ကြီးတွေ ပေါ်ထွန်းရာအရပ်ဖြစ်သကဲ့သို့ စစ်ရေးပါရဂူကြီးနှင့် တော်လှန်ရေးခေါင်းဆောင်ကြီးများ ပေါ်ထွန်းရာအရပ်လည်းဖြစ်သည်။
ဒီပဲရင်းမင်း၊ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တောင်သူလယ်သမားခေါင်းဆောင်ကြီး ဆရာစံ၊ မြန်မာ့ဒဿနိကပညာရှင် အယူတော်မင်္ဂလာဦးနိုးတို့သည်လည်း ဒီပဲရင်းနယ်သားများဖြစ်ကြသည်။
ဒီပဲရင်းမြို့သည် မုံရွာ-ရေဦး မော်တော်ကားလမ်းမကြီးပေါ်၌ တည်ရှိပြီး မြောက်ဘက်တွင် ရေဦးမြို့နယ်၊ အရှေ့ဘက်တွင် ရွှေဘိုမြို့နယ်၊ တောင်ဘက်တွင် အရာတော်မြို့နယ်နှင့် မုံရွာမြို့နယ်တို့ရှိကြပြီး မြို့နယ်၏အရှေ့ဘက်တွင် မူးမြစ်က ဖြတ်သန်းစီးဆင်းလျက်ရှိသည်။ အနောက်ဘက်တွင် ချင်းတွင်းမြစ်စီးဆင်းလျက်ရှိသည်။ ဒီပဲရင်းသည် သာသနာ့အာဇာနည်ပုဂ္ဂိုလ်အကျော်အမော်များနှင့် တော်လှန်ရေးခေါင်းဆောင်ကြီးများ ထွက်ရှိသကဲ့သို့ မြန်မာနိုင်ငံ၏အကောင်းဆုံးစိတ်ပုတီးနှင့် အကောင်းဆုံးမြန်မာ့ဓားများ ထွက်ရှိရာအရပ်လည်းဖြစ်သည်။ ဒီပဲရင်းမှ ထွက်ရှိသောဓားသည် ကောင်းမွန်လွန်း၍ “ဓား...ဒီပဲရင်း၊ ဆား...ဆားလင်း၊ ငါး...ငါးကြင်း”ဟု ဆိုရိုးရှိ၏။ ဓားကောင်းဓားသန့်များ ထွက်ရှိရာဒီပဲရင်းမြို့သည်
လယ်တီဆရာတော်ဘုရားကြီးမွေးဖွားရာ ဇာတိဖြစ်သော ဒီပဲရင်းမြို့ အင်းဝမှသည် ကုန်းဘောင်ခေတ်တိုင်အောင် နေပြည်တော်သို့ လက်နက်ကိရိယာထောက်ပံ့သည့် မြို့တစ်မြို့လည်းဖြစ်သည်။
ဒီပဲရင်းစိတ်ပုတီးသည် အလွန်ခိုင်ခံ့ပြီး ပုတီးတစ်ကုံးကို တစ်သက်လို့ ဆိုရလောက်အောင် အနှစ် ၄၀ မှ ၅၀ ထိ စွဲကိုင်နိုင်သည်။ ဒီပဲရင်းမြို့နယ်သည် ရှေးဟောင်းကျောင်းကန်ဘုရား၊ သိမ်၊ ဇရပ်စသည်တို့ဖြင့် သာယာသည့်မြို့နယ်တစ်မြို့ဖြစ်သည်။ မြို့လယ်၌ရှိသော ရှေးဟောင်းရွှေဇာလီဘုရားသည် ကြည်ညိုသဒ္ဓါပွားဖွယ်ဖြစ်သည်။ ထိုကဲ့သို့ထင်ရှားသာယာလှသော ဒီပဲရင်းမြို့နယ်၊ စိုင်ပြင်ကြီးရွာတွင် ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးကို ဖွားမြင်တော်မူခဲ့သည်။
ရွှေချက်သိုရာ စိုင်ပြင်ရွာ
အခန်း (၃ )
မြန်မာ့သာသနာဝင်သမိုင်းတွင် လယ်တီဆရာတော်ကြီး၏ အခန်းကဏ္ဍသည် တုနှိုင်းမရလောက်အောင် ကြီးမားလွန်းလှသည်။ ပိဋကတ်သုံးပုံကို တစ်ဖက်ကမ်းခတ်တတ်မြောက်တော်မူသည့် ပိဋကတ္တယပါရဂူလည်းဖြစ်သည်။ သာသနာရေးဘက်တွင်သာမက စာပေရေးရာဘက်၌လည်း ကျမ်းတတ်စာတတ် စာပေပါရဂူတစ်ဆူဖြစ်တော်မူ၏။ ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် နေတစ်ဆူ လတစ်စင်းပမာ ထင်ရှားခဲ့သည့် စာဆိုတော်တစ်ပါးလည်းဖြစ်ပြီး အမျိုးသားစိတ် အမျိုးသားမာန် ဇာတိသွေး ဇာတိမာန် ရင့်သန်ခိုင်မာသော ဆရာတော်ကြီးလည်းဖြစ်သည်။
ကျမ်းပြုသာသနာပြု ကျေးဇူးရှင် လယ်တီဆရာတော်ကြီးကို ဒီပဲရင်းမြို့မှ ခုနစ်မိုင်ခန့်အကွာ စိုင်ပြင်ကြီးရွာတွင် ခမည်းတော်ဦးထွန်းသာနှင့် မယ်တော်ဒေါ်ကြုံးတို့က ၁၂၀၈ ခု နတ်တော်လဆန်း ၁၃ ရက် အင်္ဂါနေ့ နံနက် တစ်ချက်တီးအချိန်တွင် မွေးဖွားသန့်စင်ခဲ့သည်။
လယ်တီဆရာတော်ကြီးကို မီးရှုးသန့်စင်မွေးဖွားစဉ်ကာလ၌ အံ့ဖွယ်သူရဲဖြစ်ပေါ်သည့် မင်္ဂလာနိမိတ်ထူးမှာ အိမ်ဥပစာရှိ မန်ကျည်းပင်ကြီး၌ စုရုံးထောင်ထားသော ဝါးလုံးတွေထဲမှ စို့သက်တံရေးခေါ် သက်တံကြီးသည် မီးရှုးမီးပန်းကြီးတမျှ ပေါ်ထွက်လာရုံသာမက အချိန်အခါမဟုတ်ပါဘဲနှင့် မိုးကြီးသည်းထန်စွာရွာသွန်းခြင်းတို့ ဖြစ်သည်။ အချိန်အခါမဟုတ်ဘဲ ရွာသွန်းသည့်မိုးကို အညာဒေသတွင် ဆင်ရာတိမ်မိုးဟုခေါ်၏။
တကယ်တော့ ရွှေဘိုခရိုင် ဒီပဲရင်းမြို့နယ်သည် မိုးခေါင်ရေရှားဒေသတွင် ပါဝင်ပြီး ရေရှားပါးသည့်မြို့နယ်တစ်ခုဖြစ်သည်။ ရေဦးတူးမြောင်းနှင့် မရကန်တူးမြောင်း နှစ်ခုတို့က ရရှိသောရေနှင့်သာ စိုက်ပျိုးရေးလုပ်ကိုင်ရသော အရပ်ဒေသဖြစ်သော်လည်း လယ်တီဆရာတော်ကြီး၏ ဇာတိချက်ကြွေမွေးရပ်မြေ စိုင်ပြင်းကြီးရွာတွင် ယနေ့အထိ မြေကိုခွဲ၍ ရေပန်းများအလိုအလျောက် အထက်အမြင့်ရှစ်တောင်အထိ ပန်းထွက်နေသည်ကို အံ့ဖွယ်သူရဲတွေ့မြင်ရသည်။
လယ်တီဆရာတော်ကြီး၏ ငယ်မည်သည် မောင်တက်ခေါင်ဖြစ်ပြီး မွေးချင်းခြောက်ယောက်ရှိသည်။ ပထမအကြီးဆုံးသားမှာ ငယ်စဉ်ကပင်ကွယ်လွန်ခဲ့ပြီး ဒုတိယမြောက်သားမှာ လယ်တီဆရာတော်လောင်းလျာဖြစ်သည်။ အခြားမွေးချင်းများမှာ မောင်တက်စွာ၊ မောင်တက်ပွား၊ မောင်တက်ထွားနှင့် ညီမထွေး မမြလေးတို့ဖြစ်သည်။ လယ်တီဆရာတော်ကြီး၏ ငယ်မည်မှာ မောင်တက်ခေါင်ဖြစ်သည်။
ထို့ကြောင့်လယ်တီဆရာတော်ကြီး၏ (၅၆)ကြိမ်မြောက်မွေးနေ့ပွဲတွင် ယခု နဝမ ပဓာန နာယက လယ်တီဆရာတော် လယ်တီအရှင်ကေလာသက ပထမလယ်တီဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်းစကြာလည်ရပိုဒ်စုံကို ဤသို့ ရေးဖွဲ့စပ်ဆိုပူဇော်ခဲ့သည်။
ကျွန်းမြတ်ဇမ္ဗု-မြေအငူ၌၊ သုံးဆူလောက
ကောလာဟလဟု၊ ထွန်းပဟိတ်ဖြာ၊ အတိတ်လာသား
မုံရွာမြို့မြောက်၊ လေးတစ်ထောက်တွင်
ဟောက်လိမ့်ကေသရာ၊
ထိုအခါ၌၊ သာသနာဝင်း၊ ရောင်တောက်လင်းလိမ့်
သောင်းတွင်းစက္ကဝါ၊ ပဲ့တင်ဖြာသည်
သုံးရပ်ဘုံတွင်၊ ထပ်ပဲ့တင်ကြောင့်၊ စိုင်ပြင်ဂါမ
ရပ်ဌာနတွင်၊ နာမသညာ၊ ဦးထွန်းသာနှင့်
ဖြုစွာနှလုံး၊ ဒေါ်ဒေါ်ကြုံး၏၊ သန္ဓေငြိ၍
သုတိဝေစည်၊ သောင်းလုံးချီသည်
လယ်တီရှင်မြတ်အလောင်းတည်း။
လောင်းမြတ်လယ်တီ၊ သန္ဓေမှီ၍၊ ဆယ်လီမာသ၊
စုံပြည့်ထသော်၊ အဌသုည၊ ဒွိဧကာဟု
ကောဇာသက္ကရာဇ်၊ ရောက်တုံလစ်က၊ ဆန်းသစ်နတ်တော်
ဆယ့်သုံးဖော်ဟု၊ ကြုံသော်ရက်တွင်း၊ ခြင်္သေ့မင်း၏
ညဉ့်ခင်းချိန်တွင်၊ ဖွားသန့်စင်သည်
ငလျင်တော်လဲခြိမ့်သဲတည်း...။

ယနေ့တည်ဆောက်လျှက်ရှိသော လယ်တီဗိမ္မာန်တော်ကြီး
ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ရွှေချက်သိုရာ စိုင်ပြင်ကြီးရွာသည် ရွာဟုဆိုရသော်လည်း ယခုအခါ လယ်တီဗိမာန်အဆောက်အအုံတော်ကြီးနှင့်အတူ ကျောင်းကန်ဘုရား၊ ဈေးဆိုင်ကနား၊ ဆေးရုံ၊ အထက်တန်းကျောင်း၊ ဆန်စက်၊ ဆီစက်၊ ပဲခွဲစက်များနှင့် မြို့ကြီးတမျှ စည်ကားလျက်ရှိသည်။
စိုင်ပြင်သည် မုံရွာရေဦးလမ်းပေါ်တွင် စခန်းတစ်ထောက်နားရာမြို့ငယ်တစ်ခုအဖြစ် တည်ရှိနေပြီး ဆရာတော်ကြီး၏ ဘုန်းတန်ခိုးတော်ကြောင့် မြေကြီးမှ အလိုလိုပန်းထွက်နေသည့် ရေပန်းကြီးတွေ ထွက်ရှိနေသည့်အတွက် စိမ်းစိုသာယာ၍နေသည်။
ထို့ကြောင့် လယ်တီပဏ္ဍိတ ဦးမောင်ကြီးက လယ်တီဆရာတော်ကြီး၏ ဇာတိရပ်ရွာကို တင်စားဖွဲ့ဆိုရာတွင်
'ဖွားရာချက်ကြွေ
စိုင်ပြင်မြေဝယ်
ကျက်သရေ တန်ခိုး
တိုးကြီးတိုး၍
မိုးပေါက္ခရ
ရွာသွန်းချသို့
အေးမြကြည်သာ
စိုင်ပြင်ရွာ'
ဟု ရေးသားစပ်ခဲ့၏။ငယ်စဉ် စာသင်သားဘဝ
အခန်း ( ၄ )
လယ်တီဆရာတော်ကြီး၏ မိဘများသည် စီးပွားရေးပြည့်စုံသည့် လယ်ရှင်ယာရှင်များဖြစ်ကြသည်။ လယ်တီလောင်းလျာ မောင်တက်ခေါင်လေးသည် ငယ်စဉ်တည်းက လူချစ်လူခင်များပြီး အရီးကြီး အရီးလေး စသည့်ဆွေမျိုးသားချင်းတွေ၏ လက်ပေါ်တွင် ကြီးပြင်းလာခဲ့ရာ အသက် ၆ နှစ်အရွယ်တွင် မိဘများက စိုင်ပြင်ရွာတောင်ဘက် ဖျောက်ဆိပ်ပင်ကျောင်းတိုက်ဆရာတော် ဦးနန္ဒထံ၌ ပညာရင်နို့သောက်စို့ရန် အပ်နှံသည်။ မောင်တက်ခေါင်သည် ဖျောက်ဆိပ်ပင်ကျောင်းတွင်သာမက မြင်ထင်ကျောင်းဘုန်းတော်ကြီး ဦးဓမ္မထံတွင်လည်း ပညာသင်ယူခဲ့သည်။
သက္ကရာဇ် ၁၂၂၃ ခု၊ အသက် ၁၅ နှစ်အရွယ်တွင် ဖျောက်ဆိပ်ပင်ကျောင်းဆရာတော်ဦးနန္ဒထံတွင် သာမဏေပြုခဲ့၍ ဘွဲ့တော်မှာ ရှင်ဉာဏဓဇဖြစ်သည်။ ရှင်ဉာဏဓဇသည် ဖျောက်ဆိပ်ပင်ဆရာတော်ကြီး၏ သင်ကြားမှု၊ ပင်ကိုဉာဏ်ထက်မြက်မှုများကြောင့် စာပေသင်ယူရာ၌ လျင်မြန်ထက်မြက်ခဲ့သည်။ ဖျောက်ဆိပ်ပင်ဆရာတော်သည် ပိဋကတ်သုံးပုံနှင့်တကွ ဗေဒင်၊ လက္ခဏာအစရှိသော ပညာရပ်များကို တတ်သိလိမ္မာသော ဆရာတော်ကြီးဖြစ်သည်နှင့်အညီ အရှင်ဉာဏဓဇကိုလည်း ဗေဒင်ပညာရပ်များကို သင်ကြားပေးသည်။ အရှင်ဉာဏဓဇသည် ရှင်သာမဏေဘဝမှာပင် အဟော်ကျေးစေခန်းရတု၊ ကိုးခန်းပျို့နှင့် ရတုကဗျာများ၊ ရှင်လောင်းလှည့်သျှိုးတိက်ရတုများကို ရေးသားခဲ့သည်။ သာမဏေဝတ်ပြီး သုံးနှစ်အကြာ အသက် ၁၈ နှစ်အရွယ် အရှင်ဉာဏဓဇသည် မိဘများကိုထောက်ညှာပြီး အလုပ်အကျွေးပြုလိုသောကြောင့် ရှင်လိင်ပြန်၍ ဖခင်ကြီးနှင့်အတူ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ လူဝတ်လဲ၍ ရှစ်လကြာတွင် ဖျောက်ဆိပ်ပင်ဆရာတော်ကြီး၏ ဖျောင်းဖျဟောပြောချက်အရ သာသနာဘောင်ကို ပြန်ဝင်သည်။
ရှင်ဉာဏဓဇသည် ၁၂၂၈ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်နေ့တွင် ဖျောက်ဆိပ်ပင်ဆရာတော်ဦးနန္ဒကို ဥပဇ္ဈာယ်ပြု၍ စိုင်ပြင်ရွာရှိ ဖျောက်ဆိပ်ပင်၊ ကျောင်းမ၊ မြင်ထင်၊ ရွှေကျောင်း၊ အုတ်ရှင်ပင်အစရှိသော ကျောင်းတို့မှ ကာရကသံဃာ နှစ်ကျိပ်ကျော်တို့၏ ချီးမြှောက်မှုနှင့် မြင့်မြတ်သော ရဟန်းဘဝကို ရောက်ရှိသည်။ သာသနာ့ဘောင်ကို ပြန်ဝင်ပြီးသောအခါ၌ အရှင်ဉာဏဓဇသည် စိုင်ပြင်ရွာတောင်ဘက်ရှိ ရဲထွက်ရွာအရှေ့ပိုင်း ပိတောက်ပင်တောရဘုန်းတော်ကြီး ဦးဂန္ဓမာထံတွင် မကာရန္တတွက်ရိုးဟောင်းကို သင်ယူခဲ့သည်။ ဘုန်းတော်ကြီးဦးဂမ္ဓမာက အရှင်ဉာဏဓဇကို သင်ကြားပေးရာတွင် ဒီပဲရင်းမြို့နယ်အတွင်း အနီးအဝေးရှိ ဘုန်းတော်ကြီးကျောင်းစာတိုက်များအတွင်းမှ စာပေအားလုံးကို လေ့လာဖတ်ရှုဖြစ်ခဲ့သည်။
လယ်တီခေတ် မြန်မာဘုန်းတော်ကြီးကျောင်း
လယ်တီဆရာတော်ကြီးသည် ၁၂၂၈ ခု ဝါဆိုလတွင် စိုင်ပြင်ရွာရှိ ဥပဇ္ဈာယ်ဆရာတော်၏ ခြေတော်ရင်းတွင်ပင် ပထမဝါကို ကပ်ဆိုတော်မူခဲ့ပြီး မန္တလေးရွှေမြို့တော်သို့ ပညာဆက်လက်သင်ကြားနိုင်ရန်အတွက် ထွက်သည်။
တော်လဲငလျင်၊ ဖွားသန့်စင်၍၊
လူ့ခွင်ရောက်လစ်၊ ဆယ်ငါးနှစ်၌၊
ပဗ္ဗဇ္ဇိတာ၊ သွတ်သွင်းပါ၍၊
သက်မှာ ဝီသတိ၊ ရောက်တုံဘိသော်၊
ဥတ္တိစတုတ္တံ၊ ပဉ္ဇင်းခံလျက်၊
စိရံကာလ၊ နှစ်ဝါရတွင်၊
မြန်းကြွတလီ၊ မန်းဌာနီဝယ်၊
ခိုမှီကိန်းဝပ် စံကျောင်းတည်း။
မြောက်ပြင်စံကျောင်းကြီး
အခန်း ( ၅ )
လယ်တီဆရာတော်လောင်းလျာ အရှင်ဉာဏဓဇဟာ ပထမဝါကို ဥပဇ္ဈာယ်ဆရာတော်ရဲ့ ခြေတော်ရင်းမှာပဲ ခိုလှုံဝါဆိုတော်မူပြီးတဲ့နောက်မှာတော့ ရတနာပုံမင်းနေပြည်တော်ကို ပညာဆည်းပူးဖို့ ကြွရောက်ရန် ကြိုးပမ်းတော်မူခဲ့ပါတယ်။
ရတနာပုံနေပြည်တော်ကြီးသည် နန်းမြို့ရိုး၊ ကျုံးပြာသာဒ်၊ ပြအိုးနှင့် အလွန်မှ လှပတင့်တယ်ပြီး ခန့်ငြားထည်ဝါလှသည်။ ရတနာပုံမင်းနေပြည်တော်ကြီးကို သိကြားမင်းစံပျော်ရာ အမရဝတီမြို့တော်ကြီး၏ အရိပ်ထင်နေဘိသကဲ့သို့ ရှိသည်ဟု တင်စားဖွဲ့ဆိုကြသည်။ သာသနာပြု မင်းတုန်းမင်းကြီးကို အကြောင်းပြု၍ တစ်နိုင်ငံလုံးမှ သာသနာ့ဝန်ထမ်း ရဟန်းတော်တွေ စုဝေးရောက်ရှိ ပညာသင်ကြားယူရာမြို့ကြီးဖြစ်၍ ရတနာပုံနေပြည်တော်ကြီးကို သာသနာ့တက္ကသိုလ်မြို့တော်ကြီးဟုပင် ခေါ်ဆိုကြသည်။
မင်းတုန်းမင်းကြီးသည် ကျောင်းတိုက်ကြီး ၄၀၀ ကျော်တွင် သီတင်းသုံးနေထိုင်လျက်ရှိကြသည့် သံဃာတော်များကို ဆွမ်း၊ သင်္ကန်း၊ ဆေး၊ မပြတ်လပ်စေဘဲ အလုပ်အကျွေးပြုကာ သာသနာ့ဒါယကာအဖြစ် ခံယူတော်မူသူဖြစ်ပြီး ပဉ္စမသင်္ဂါယနာတင်မင်းအဖြစ်လည်း ထင်ရှားခဲ့သူဖြစ်သည်။ မြို့တည်နန်းတည် မင်းတုန်းမင်းတရားကြီး၏ လက်ထက်တွင် မန္တလေးနေပြည်တော်ကြီးသည် သာသနာတော် နေလိုထွန်းလင်းပြီး သာသနာသုံးရပ်ထွန်းလင်းတောက်ပသည့်အချိန်ဖြစ်၍ ကြက်ပျံမကျ စည်ကားလှသည်။ ထို့ကြောင့်လည်း အရှင်ဉာဏဓဇသည် ရတနာပုံနေပြည်တော်သို့ ကြွရောက်၍ ပညာဆည်းပူးရန် စိတ်အကြံဖြစ်ပေါ်ရခြင်းဖြစ်၏။
လယ်တီဆရာတော်ကြီးသည် ထိုသို့သောစိတ်အကြံဖြင့် မန္တလေးသို့ကြွရောက်ပြီး ဆက်လက်ပညာသင်ကြားရန် ကြိုးစားခဲ့သော်လည်း ၁၂၂၈ ခု ဒုတိယဝါဆိုလဆန်း ၇ ရက်နေ့တွင် မြင်ကွန်း၊ မြင်းခုံတိုင်အရေးပေါ်လာပြီး ကနောင်ကိုယ်တော်ကြီး လုပ်ကြံခံရခြင်းကြောင့်လည်းကောင်း၊ ပတိန်းမင်းသားအရေးတော်ပုံ၊ ဒီပဲရင်းဝန်ဗိုလ်မောင်တွန်၏ အရေးကိစ္စတို့ကြောင့် ထိုနှစ်က မန္တလေးသို့မကြွဖြစ်ခဲ့ဘဲ မင်းတုန်းမင်းကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ပြီးသည့် ၁၂၂၉ ခုနှစ်ရောက်မှသာ မန္တလေးသို့ကြွဖြစ်တော်မူသည်။
မန္တလေးကို ကြွတော်မူရာတွင် တူတော်ဖိုးဝါဆိုလည်း လိုက်ပါခဲ့သည်။ ထိုခေတ်အခါက မော်တော်ကားလမ်း၊ ရထားလမ်းများကလည်း မပေါ်သေး၍ ဆရာတော်ကြီးသည် စိုင်ပြင်ရွာမှ ဝါးတောမရွာ၊ ထိုမှတစ်ဆင့် အရာတော်ရွာ၊ နမသင်းရွာ၊ သလဲပါရွာ၊ ဆင်သလယ်ရွာ၊ ရွာထောင်ရွာတို့ကိုဖြတ်၍ စစ်ကိုင်းအထိ ကုန်းကြောင်းကြွခဲ့ရ၏။ စစ်ကိုင်းမှ ဧရာဝတီမြစ်ကိုဖြတ်ပြီး မန္တလေးရွှေမြို့တော်သို့ ရောက်ရှိ၏။ ဆရာတော်အရှင်ဉာဏဓဇအတွက် ဤခရီးသည် ဘဝတစ်လျှောက်လုံးအတွက် အရေးကြီးသောခရီးဖြစ်သည်။
မန္တလေးသို့ရောက်လာသောအခါ မန္တလေးတောင်တော်၏ အနောက်မြောက် သစ်ဆိမ့်တိုက်တွင် အာဂန္တုအဖြစ် ခေတ္တတည်းခိုနေရသည်။ ပြီးမှ မြင်းခြံမင်းကျောင်းဆရာတော်အရှင်ဝိမလကို အာမခံထားပြီး မြောက်ပြင်စံကျောင်းကြီးတွင် ဝင်ရောက်သီတင်းသုံးရသည်။
လယ်တီဆရာတော်ကြီးရယ်လို့ ဖြစ်လာဖို့ ပိဋကတ်ပင်လယ်ကို ကူးခတ်ရာတွင် မြောက်ပြင်စံကျောင်းကြီးသည် အရေးကြီးသောဌာနကြီး ဖြစ်သည်။
လယ်တီဆရာတော်ကြီးငယ်စဉ်က ပညာရှားမှီခဲ့သော မန္တလေးမြို့ မြောက်ပြင်စံကျောင်းကြီးသည် မန္တလေးနန်းမြို့နှင့်အတူ မင်းတုန်းမင်းကြီးကိုယ်တိုင် တည်ဆောက်ခဲ့သည်အတွက် အလွန်မှ ခမ်းနားလှသည်။ မြောက်ပြင်စံကျောင်းတော်ကြီးကို မင်းတုန်းမင်းကြီးသည် မိမိ၏ငယ်ဆရာဖြစ်သော စန္ဒိမာဘိသိရီဓဇပဝရမဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော်ရ ဆရာတော်ဦးစန္ဒိမာ သီတင်းသုံးနေထိုင်ရန် ဆက်ကပ်လှူဒါန်းသော ကျောင်းတော်ကြီးဖြစ်သည်။
မင်းတုန်းမင်းကြီးသည် အမရပူရမှနေ၍ နန်းမြို့ကို ရတနာပုံသို့ ပြောင်းရွှေ့တည်ဆောက်ရာတွင် ယာယီရေနန်းတော်ကို တက်သေးအင်းဘေးတွင် တည်ဆောက်ခဲ့၏။ မြောက်ပြင်စံကျောင်းတော်ကြီးသည် ထိုရေနန်းတော်ကိုဖျက်၍ ပြန်လည်တည်ဆောက်ထားခြင်းဖြစ်၏။
မြောက်ပြင်စံကျောင်းကြီးသည် မဟာရံတံတိုင်းကြီးနှစ်ထပ်နှင့်အလွန်မှ ခမ်းနားလှသည်။ ကျောင်းရံပေါင်း ၂၀ ကျော်ရှိသည်။ မြောက်ပြင်စံကျောင်းကြီး၏ ကြီးကျယ်ခမ်းနားပုံကို လယ်တီသုတေသီအောင်မြတ်က 'ထိပေသျှင်မှ အာဇာနည်များ' စာအုပ်တွင် “ကျောင်းရံ ၂၀ ကျော်၊ မုတ်ထွက်ခြောက်ခု၊ ထောင်ပြာသာဒ်ရှစ်ဆူနှင့်တကွ၊ ကျောင်းဦးပြာသာဒ်၊ ဓနု, ဘောဂလေးထပ်, စမြင့်ခံဖန်မှန်, မသာရကန်စတဲ့ အလျှံကျောက်ရွဲပုလဲရတနာတို့နဲ့ စီရင်အပ်တဲ့ စက္ကတော်ပြာသာဒ် ၃ ခုတို့လည်း ပါရှိပြီး တစ်ကျောင်းလုံးကို ရွှေအပြည့်ချထားပါသတဲ့။ တိုက်တော်ကို ဇောတိကာရာမ၊ ကျောင်းတော်ကို ရတနာပုံစံကျောင်းတော်လို့ သမုတ်ကြောင်း ရေးသားဖော်ပြထားသည်။
မင်းတုန်းမင်းတရားကြီးကိုယ်တော်တိုင် မိမိဆရာရင်းအတွက် ဆက်ကပ်လှူဒါန်းသော ကုသိုလ်တော်ဖြစ်၍ အံ့ဘနန်းကြီးကျယ်ခမ်းနားလွန်းပြီး ကျောင်းတော်ကြီးမှာ လှေကားရှစ်စင်းရှိသည်။ ဘုရင်နှင့် မိဖုရားတို့၏ ကုသိုလ်တော်များတွင်မှ လှေကားရှစ်စင်းတပ်ရသည်။
စံကျောင်းတော်ကြီး၏ ကြီးကျယ်ပုံကို မိုင်းခိုင်းဆရာတော် ဦးပဏ္ဍိတက
“မဟာဇောတိကာရာမ၊ သာလှအမည်
ရွှေဘွဲ့ချီလျက်၊ အောင်စည်ရိုက်ဟည်း
တိုက်ကြီးအလယ်၊ ရှုဖွယ်မငြီး
ရတနာပုံစံ၊ ရွှေဘွဲ့နှံသော
ရွှေကျောင်းကြီး”
ဟု ရေးသားတော်မူ၏။
ရမည်းသင်းမြို့ ရွှေစောလူးဆရာတော် အရှင်နန္ဒိယကလည်း မြောက်ပြင်စံကျောင်းတော်ကြီးကို
“လွန်ဆန်းကြယ်သော၊ သာယာသော
မင်္ဂလာရွှေဘုံ၊ ကျောင်းတော်မြတ်သိရိဂုဏ်ကို
ဤလူ့ဘုံဌာန၊ ဥဒါဟရုဏ်မရသော
ဇောတိကာရာမ နာမသမိုက်၊ စံကျောင်းတိုက်”
ရယ်လို့ ရေးဖွဲ့တော်မူသည်။
လယ်တီဆရာတော်ကြီးသည် မြောက်ပြင်စံကျောင်းတော်ကြီးတွင် ၁၂၂၉ ခု ဝါဆိုလမှစ၍ ၁၂၄၄ ခုနှစ် နှောင်းတန်ခူးလတိုင် ၁၆ နှစ်ကြာ ၁၇ ဝါမျှ သီတင်းသုံးပြီး ပညာရှာမှီးတော်မူခဲ့သည်။
ပညာဆည်းပူးခြင်း
အခန်း ( ၆ )
မင်းတုန်းမင်းကြီး၏ ဆရာတော်ဦးစန္ဒိမာသည် ၁၂၂၅ ခုနှစ်တွင် ပျံလွန်တော်မူသည်။ ဆရာတော်ဦးစန္ဒိမာပျံလွန်တော်မူသောအခါ မန္တလေးတောင် မဏ္ဍလာရာမတိုက်တွင် သီတင်းသုံးနေသော ပြည်ဆရာတော်ဦးမေဓာက ဒုတိယစံကျောင်းဆရာတော်အဖြစ် ဆက်ခံခဲ့သည်။ ပြည်ဆရာတော်သည် စံကျောင်းကြီးကို ရောက်သည့်နှစ်တွင်ပင် ပျံလွန်တော်မူသည့်အတွက် ဦးသုဒဿနသည် တတိယစံကျောင်းဆရာတော် ဖြစ်လာသည်။
တတိယစံကျောင်းဆရာတော်ဦးသုဒဿန၏ လက်ထက်တွင် လယ်တီဆရာတော်ကြီးသည် မြောက်ပြင်စံကျောင်းကြီးကို ရောက်ရှိလာသည်။ ဆရာတော်ဦးသုဒဿန၏ ရဟန်းဒါယကာသည် သာယာဝတီမင်းသားဖြစ်သည်။ ဆရာတော်ဦးသုဒဿနသည် စာတတ်ပေတတ် ဆရာတော်ကြီးတစ်ပါးဖြစ်၏။ စည်းကမ်းအလွန်ကြီး၍ စံကျောင်းကြီးတွင် ဆရာတော်ကြီးတစ်ကြိမ်စာချပါက စာလိုက်သံဃာအပါး ၅၀၀ ခန့် အနည်းဆုံးရှိတတ်သည်။ စံကျောင်းဆရာတော်ဦးသုဒဿနသည် ထင်ရှားသည့် အကျော်အမော် ဆရာတော်အများအပြားကို မွေးထုတ်ပေးခဲ့သည့်အနက် လယ်တီဆရာတော်ကြီးသည် တစ်ပါးအပါအဝင်ဖြစ်သည်။
စံကျောင်းကြီးသည် စည်းကမ်းလည်းကြီး၊ နာမည်ကလည်း ကျော်စော၊ မင်းကိုးကွယ်သည့်ကျောင်းလည်းဖြစ်၍ ရဟန်းတိုင်း စံကျောင်းတော်ကြီးကို ဝင်ရန်မလွယ်ကူ။ ထို့ကြောင့် လယ်တီဆရာတော်သည်လည်း ပထမအကြိမ် မန္တလေးကိုရောက်ရောက်ချင်း စံကျောင်းကြီးကို မဝင်နိုင်ဘဲ သစ်ဆိမ့်တိုက်ဘုန်းကြီးဦးရွှေနှင့်အတူ သွားရောက်သီတင်းသုံးရ၏။ နောက်တွင်မှသာ စံကျောင်းကြီးသို့ ပြောင်းရွှေ့နေရသည်စံကျောင်းကြီး၌ စာသင်သားလက်ခံရာတွင် ပါတိမောက်ဒွေမာတိကာကိုရမှ လက်ခံသည့်စည်းမျဉ်းရှိ၏။
ဒွေမာတိကာကို ရ၍ စံကျောင်းကြီး၍ နေခွင့်ရသော်လည်း လယ်တီဆရာတော်သည် စံကျောင်းကြီး၌ နေရာထိုင်ခင်းကျကျနနရရှိတာမဟုတ်ဘဲ ကျိန်းစက်စရာတစ်နေရာစာလောက်သာ ရရှိခြင်းဖြစ်၏။
ကျိန်းစက်စရာ တစ်နေရာရရှိသည့်နေရာကလည်း အခြားသံဃာတော်တို့၏ခြေရင်း၊ သောက်ရေအိုးအနီး၌ ကျိန်းစက်ရုံသက်သက်လောက်သာ နေရာရခြင်းဖြစ်သည်။ ထိုနေရာလေးတွင် ရွာမှပါလာသော သားရေနယ်လေးကို ဖျာကြမ်းတစ်ချပ်နှင့်ဆက်ခင်း၍ ဝါးပိုးကြမ်းကြီးတစ်ခုကို ခေါင်းအုံးပြီး ကျိန်းရသည်။ ထိုနေရာကလည်း နေ့ဆိုလျှင် နေလို့မရဘဲ ညကျိန်းရုံသာ ကျိန်းရတာဖြစ်သည်။ တစ်ခါတလေ စာသင်သားသံဃာများက သောက်ရေရေကျန်များကို ထိုနေရာတွင်ပင် သွန်ခဲ့လျှင် ရေစိုထဲမှာပင် ကျိန်းရသည်ဟု မိမိ၏စာသင်သားဘဝအခြေအနေကို လယ်တီဆရာကြီးက ကိုယ်တိုင်မိန့်ဆို၏။
လယ်တီဆရာတော်ကြီးသည် စံကျောင်းရောက်စက အနေဆင်းရဲသော်လည်း မကြာမီ စာတော်သည့်ဦးပဉ္စင်းအဖြစ် နာမည်ကြီးလာ၍ စံကျောင်းဆရာတော်ကြီးကိုယ်တိုင်က လယ်တီဆရာတော်ကိုခေါ်ပြီး စံကျောင်းတိုက်၏ စာတတ်အကျော်အမော်တစ်ဦးဖြစ်သည့် စလင်းဦးပဏ္ဍိစ္စလက်ထဲသို့ ကိုယ်တိုင်အပ်ခဲ့၏။ စလင်းဆရာတော်ထံတွင် လယ်တီဆရာတော်ကြီး တပည့်ခံယူခွင့်ရခြင်းသည် အလွန်မှကံကောင်း၏။ စလင်းဆရာတော်သည် စာပို့ချရာတွင် အလွန်နာမည်ကြီးပြီး စာလိုက်သူနားလည်အောင် ပို့ချနိုင်သူ ဆရာတော်ကြီးတစ်ပါးဖြစ်၏။
စလင်းဆရာတော်သည် လယ်တီဆရာတော်ကို ကံ့ကူလက်လှည့်ဆရာသဖွယ် အသေအချာသင်ကြားပေးရုံသာမက တပည့်မျှလောက်သာ သဘောထားခြင်းမရှိဘဲ ညီငယ်တစ်ယောက်လို ပြုစုစောင့်ရှောက်၏။
လယ်တီဆရာတော်မြောက်ပြင်စံကျောင်းကို ရောက်ရှိပြီး ရှစ်နှစ်အကြာ ၁၂၃၉ ခု ရဟန်းရှစ်ဝါရသောအခါ “ပထမစာတော်ချ”ဘွဲ့ကို ဆက်ကပ်ချီးမြှင့်ခြင်းခံယူရရှိသည်။ ပထမစာတော်ချဘွဲ့ဆိုသည်မှာ အင်္ဂါငါးပါးနှင့် ပြည့်စုံ၏။
“ငါးဖြာမချို့ရှိသူတို့ စာပို့ပထမာ၊ ဧကရာဇ်မင်း ဆောက်လသွင်း ငါးအင်ဆန်တော်မှာ”ဟု ဆိုခဲ့သည်နှင့်အညီ ဘုရင်မင်းမြတ်၏ ဆန်တော်ငါးတင်းကို အလှူခံရရှိတော်မူသည်။ ဘုရင်စာတော်ပြန်အဖွဲ့၏ ဆန်အပြင် ငါးပိ၊ ဆီ၊ ဆား၊ ငရုပ်နှင့် ကြက်သွန်ရိက္ခာတော် ထောက်ပံ့မှုကိုလည်းရသည်။ ပထမစာတော်ချဘွဲ့ဆိုသည်မှာ အင်္ဂါငါးပါးနှင့်ပြည့်မှ ချီးမြှင့်ခြင်းဖြစ်သည်။ အင်္ဂါငါးပါးဆိုသည်မှာ
(က) ဝါကျသွား ဝါကျလာကို အကျယ်ဝေဖန်နိုင်၍ ပုဒ်၊ ပါဌ်၊ ဝိဂြိုလ်၊ ဝစနများကို မှန်ကန်စွာပြုနိုင်ခြင်း၊
(ခ) ဂါထာ၊ ပါဠိရေးသားဖွဲ့ဆိုနိုင်ခြင်း၊ ပဒ၊ ဒေါသစသော လင်္ကာနည်းတို့ကို အကြွင်းမဲ့သိခြင်း၊
(ဂ) နေတ္ထိနည်းကို အကျယ်သိခြင်း၊
(ဃ) ပဋိစ္စသမုပ္ပါဒ်နည်းကို အကျယ်သိခြင်း၊
(င) ပဌာန်းနည်းကို အကျယ်သိခြင်း
တို့ဖြစ်သည်။လယ်တီဆရာတော်သည် စာချအလွန်ညက်ညောပြီး တပည့်စာလိုက်သံဃာများလည်း အလွန်များသည်ဟုသိရ၏။ မြောက်ပြင်စံကျောင်းကြီး၌ သီတင်းသုံးစဉ်ကာလအတွင်း ယောအတွင်းဝန် ဦးဖိုးလှိုင်ထံ၌လည်း စာပေလေ့လာသင်ယူ၏။
၁၂၂၅ ခုနှစ်မှ ၁၂၃၀ ပြည့်နှစ်အတွင်း မင်းတုန်းမင်းကြီးက ပိဋိကတ်သုံးပုံကို ကျောက်ထက်အက္ခရာတင်၍ ပဉ္စမသံဂါယနာတင်ရာတွင် သစ်ဆိမ့်တိုက်က ဝိနည်း၊ စလင်းတိုက်က သုတ္တန်၊ စံကျောင်းတိုက်က အဘိဓမ္မာပိဋကတ်တော်များကို ရွှေနန်းတော်ဗြဲတိုက်ရာဇပလ္လင်တွင် တစ်လှည့်စီ ပြန်ဆိုကြရာ လယ်တီဆရာတော်ကြီးက စံကျောင်းတိုက်မှနေ၍ ကထာဝတ္ထပါဠိတော်ကြီးကို အရကျက်ပြန်ဆိုတော်မူသည်။
သက္ကရာဇ် ၁၂၄၄ ခုနှစ်တွင် စလင်းဆရာတော်သည် စလင်းသို့ ပြန်ကြွသွားခဲ့၏။ ထိုအချိန်မှစ၍ စလင်းဆရာတော်နှင့် လယ်တီဆရာတော်တို့သည် ပြန်လည်မတွေ့ရဘဲ စလင်းဆရာတော်ပျံလွန်တော်မူသောအခါမှပင် လယ်တီဆရာတော်သည် ကိုယ်တော်တိုင်လိုက်သွားပြီး သင်္ဂြိုလ်သည်။
လယ်တီဆရာတော်သည် စံကျောင်းကြီး၌ သီတင်းသုံးစဉ်က ပါဠိဘာသာကို လေ့လာလိုက်စားရုံမျှမက တစ်ဖက်ကမ်းခတ် တက် မြောက်အောင်လည်း ကြိုးစားသည်။ စာရေးခြင်းအမှုကိုလည်း ပြု သည်။ နောက်ပိုင်းတွင်စံကျောင်းအတွင်းမှကျောင်းရံတစ်ဆောင်ဖြစ် သော ခရေပင်ကျောင်းကို ပြောင်းရွှေ့ သီတင်းသုံးခွင့်ရသည်။
၁၂၄၄ ခုနှစ်၊ မန္တလေးမြောက်ပြင် မီးလောင်သောအခါ ခရေပင် ကျောင်း မီးထဲသို့ပါသွား၍လယ်တီဆရာတော် စုဆောင်ထားသော ပုရပိုက် ၄၀ ကျော် မီးသင့်ခံရသည်။
မိမိဆရာရင်း စလင်းဆရာတော်ကလည်းမရှိ၊ သီတင်းသုံးစရာ ကျောင်းကလည်း မီးလောင်၊ ခေတ်ကာလကလည်း မကောင်းသော ကြောင့် ဆရာတော်သည် မန္တလေးမှနေ မုံရွာကို ပြန်ကြွသွားခဲ့၏။ မြောက်ပြင်စံကျောင်းကြီးသည် ၁၉၄၅ ခု၊ ဇန်နဝါရီလအတွင်း၌ အင်္ဂလိပ်နှင့် ဂျပန်တို့ တိုက်ကြသည်တိုက်ပွဲတွင် ဗုံးဒဏ် မီးဒဏ် သင့်ပြီး ရစရာမရှိအောင် ပျက်စီးသွားခဲ့၏။
မုံရွာသို့ ကြွရောက်သီတင်းသုံးခြင်း
အခန်း ( ၇ )
လယ်တီဆရာတော်ကြီးသည် မိမိဆရာရင်း စလင်းဆရာတော် ကလည်း မရှိ၊ နေစရာကျောင်းကလည်း မီးလောင်၊ ခေတ်ကာလ ကလည်း အကောင်းသည့်အချိန်တွင် မုံရွာ ရွှေစည်းခုံကျောင်းတိုက် ဆရာတော်က ပင့်လျှောက်သည့်အတွက် သက္ကရာဇ် ၁၂၄၄ ခုနှစ် တပို့တွဲလဆန်း ၁၄ ရက်တွင် မန္တလေးမြို့ စံကျောင်းတိုက်ကြီးမှ တပည့်ကြီး တစ်ကျိပ်ကျော်နှင့်အတူ မုံရွာသို့ ကြွလာတော်မူ၏။
မုံရွာမြို့ကမှတစ်ဆင့် စိုင်ပြင်ရွာရှိ ခမည်းတော်၊ မယ်တော်နှင့် ဆွေမျိုးတွေထံ ပြန်ကြွပြီး စိုင်ပြင်ရွာတွင် ရက်အနည်းငယ် သီတင်းသုံး တော်မူသည်။ ထို့နောက် လယ်တီဆရာတော်ကြီးသည် မုံရွာမြို့ ရွှေစည်းခုံတိုက်တွင် ၁၇ ဝါမြောက်ဝါဆိုတော်မူသည် မုံရွာအရောက် တွင် ရွှေစည်းခုံဆရာတော်ကြီး၏ ချီးမြောက်မှုကို ခံယူပြီး ပရိယတ္တိ သာသနာတော်ကို ပြုစု၏။ ရွှေစည်းခုံတိုက်တွင်ရှိသော သံဃာ နှစ်ကျိပ်၊ မိမိနောက်ပါ တပည့်တစ်ကျိပ် စုစုပေါင်း သံဃာတော် သုံးကျိပ်တို့ကို ပညာသင်ကြားပို့ချရုံသာမက ရွှေစည်းခုံဘုရားကြီး၏ ပတ်ဝန်းကျင်ကို တင့်တယ်သပ္ပယ်စွာရှိအောင် ဆောင်ရွက်၏။ ဆရာတော်ကြီးသည် ဘုရားကြီး၏ တံမြက်ဝတ် ရေဝတ်များကိုလည်း အမြဲ ပြုလုပ်တော်မူ၏။
စာသင်သား သံဃာတော်များ ဆွမ်းကိစ္စ ပင်ပန်းနွမ်းရိခြင်း မရှိအောင် ကိုယ်တော်တိုင် ဆွမ်းခံဝတ်ကိုအမြဲတမ်းပြုတော်မူ၏။ ထို့အပြင် လယ်တီဆရာတော်ကြီးသည် စာသင်သား သံဃာများ အတွက် သောက်ရေ၊ သုံးရေ၊ ချိုးရေတို့ကို ကိုယ်တိုင်ခပ်ပြီင်္း လုံလောက်အောင်ထား ရှိပေး၏။ ထိုလုပ်ငန်းကို မြောက်ပြင်စံကျောင်း ကြီး၌ နေစဉ်ကပင် ပြုလုပ်ခဲ့သလို မိမိဘဝတစ်လျှောက် အခွင့်ရရင် ရသလို လုပ်ဆောင်ခဲ့သော လုပ်ငန်းလည်း ဖြစ်သည်။
စာသင်သားများအတွက် ချိုးရေ သုံးရေ သောက်ရေ ဝတ်နိဗဒ်ကို ဆောင်ရွက်တော်မူရာ၌ အချို့စာသင်သား သံဃာများက မချိုးဝံ့ မသုံးဝံ့မည်ကို စိုးသည့်အတွက် နံနက်သုံးနာရီ၊ လေးနာရီ ထပြီး သံဃာတော်တွေ မသိအောင် ရေဖြည့်တော်မူ၏။
ဆရာတော်ကြီးသည် ၁၂၄၆ ခုနှစ်တွင်တော့ မုံရွာမြို့တောင်ပိုင်း ညောင်တစ်ပင်ရပ် သင်္ဂြိုဟ်ဦးဝိုင်းကျောင်းတိုက်တွင် သီတင်သုံး တော်မူ၏။ ထိုနှစ်တွင် ခမည်းတော်ဦးထွန်းသာ ကွယ်လွန်သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံကို အင်္ဂလိပ်တို့က သိမ်းပိုက်သည့်အတွက် တစ်နိုင်ငံလုံး သူ့ကျွန်ဖြစ်ရသည့်အချိန်တွင် သာသနာတော်ကိုအားပေး သည့် ဘုရင်ဧကရာဇ်မင်းမြတ်လည်း မရှိ၊ အင်္ဂလိပ်တို့အုပ်စိုးသည့် ခေတ်သို့လည်းရောက်၊ အင်္ဂလိပ်အစိုးရကို တော်လှန်ပုန်ကန်သူများနှင့် တိုင်းပြည်မငြိမ်မသက်ဖြစ်နေ၍လယ်တီဆရာတော်ကြီးသည် ဝေးဝေး လံလံ ဘယ်ကိုမှမကြွဘဲ မုံရွာမြို့၌ပင် သီတင်းသုံးတော်မူသည်။
ဦးဝိုင်းကျောင်းသို့ ရောက်လာသောအခါ ဆရာတော်သည် ခန္ဓာ၊ အာယတန၊ ဓာတ်၊ ပဋိစ္စသမုပ္ပါဒ်သစ္စဟု ဆိုအပ်သော ဝိပဿနာ တရားတော်ကို တွင်တွင်ကြီး စတင်ဟောကြားတော်မူသည်။ ထို့ကြောင့် ဦးဝိုင်းကျောင်းက မန်းပြန်ဘုန်းကြီး တရားဟော တရားပြ အလွန် ကောင်းတယ်လို့ နာမည်ကြီး၏။ လယ်တီဆရာတော်ကြီးသည် ၁၂၄၆-၁၂၄၇-၄၈ ခုနှစ်များတွင် မုံရွာမြို့တစ်ဝိုက်တွင် တရား စဟော၏။ နောက်ပိုင်းတွင် ဦးဝိုင်းကျောင်းကို တပည့်ဖြစ်သူအား စွန့်ခဲ့ပြီး လယ်တီတောရသို့ ခိုဝင်တော်မူသည်။
လယ်တီတောရ
အခန်း ( ၈ )
လယ်တီဆရာတောကြီင်္းသည် တောရတည်ဆောက်မှုကို အလွန် ခုံမင် နှစ်သက်မြတ်နိုးတော်မူသည်။ ဤလုပ်ငန်းသည် လယ်တီ ဆရာတော် အသက်ထက်ဆုံး လုပ်ဆောင်သွားသည့် လုပ်ငန်းတစ်ရပ် လည်း ဖြစ်သည်။ ဝါတွင်းကာလများတွင် လူသူကင်းရှင်းသည့်နေရာ တွေကို ရွေးချယ်ပြီး တောရဆောက်တည်ရင်း သီတင်းသုံးလေ့ရှိ၏။ ဆရာတော်ကြီးသည် ရွှေစည်းခုံနှင့် ဦးဝိုင်ကျောင်းတို့တွင် သီတင်း သုံးနေထိုင်ရင်းက တောရဝင်ခဲ့ခြင်း ဖြစ်သည်။ တောရဝင်ခဲ့ပုံမှာ ဆရာတော်ကြီးသည် ဆွမ်းဘုဉ်းပေးပြီးသည့်အခါ သပိတ်ကိုဆေး၍ ထိုသပိတ်ထဲတွင် ရေထည့်ပြီး အခုလယ်တီကျောက်စာတိုက်ကြီး၏ စနေထောင့်တွင်ရှိသော ဇောင်းကြမ်းပင်ကြီးအောက်တွင် သွားရောက်ပြီး တရားထိုင်လေ့ရှိ၏
ဇောင်းကြမ်းပင်ကြီးအောက်တွင်ဆူးရစ်ချုံကြီင်္း အုပ်နေသည်။ ထိုဆူးရစ်အုပ်ကြီးအောက်တွင် တရားရှာဖွေခြင်းဖြစ်၏။ ဆရာတော်ကြီး တရားရှာသည့်နေရာကို အဘိဓ္မာဆရာသဲကြီးက ထွက်ပေါက်ဝင်ပေါက်နှင့် သီတင်းသုံးသည့်နေရာများကို ရှင်းပေး၏။ ထိုစဉ်က ဆရာသဲကြီးက နွားကျောင်းသားအဖြစ်ပဲ ရှိသေးသည်ဟု သိရ၏။ ဆရာသဲကြီးက ဆရာတော်ကြီး၏ နေရာကို ရှင်းရင်း ထန်းဖလပ်ကွပ်ပျစ်လေး လုပ်ပေးထားလို့အဲ့ဒီကွပ်ပျစ်လေးမှာ သီတင်း သုံးသည်။ ပထမအစတွင် ဆွမ်းစားပြီးချိန်လောက်ပဲ တောရဝင် သီတင်းဆောက်တည်သော်လည်း တစ်ညတွင်တော့ 'ငါမပြန်ဘူး၊ ဒီမှာပဲ သီတင်းသုံးနေတော့မယ်'ဆိုပြီး သီတင်းသုံးရာက တပည့်များ က ဆရာတော်ကြီးဆီ အလုပ်အကျွေးပြုဖို့လာရင်းဥပုသ်သည်တွေ ကလည်း ဆရာတော်ကြီးထံ သီတင်းသီလဆောက်တည်ဖို့ လာကြ ရင်းမှ တစ်စတစ်စနှင့် လယ်တီကျောင်းတိုက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု သိရ၏။ လယ်တီတောရနေရာသည် ထိုစဉ်က တော ခေါင်ခေါင်နေရာဖြစ်၏။ အနှောင့်အယှက်များရှိ၍ မြေကလည်းကြမ်း သည်။ လယ်တီဆရာတော် တောရဆောက်တည်သော အနီးအနား တွင် အင်းကိုးအင်း ရှိသည်။ ထိုအထဲတွင် လယ်တီအင်းသည် တစ်ခုအပါအဝင်ဖြစ်၏။
လယ်ဆိုသည်က လယ်ယာမြေဖြစ်သည်။ တောရိုင်းမြေဆိုးကို တီလို့ခေါ်၏။ ထိုကြောင့် တောရိုင်းမြေဆိုးလယ်နေရာများကို အစဉ် အဆက် လယ်တီလို့ ခေါ်၏။ တောရိုင်းမြေဆိုးလယ်နေရာအနီးရှိ အင်းကို လယ်တီအင်းလို့ခေါ်ကြသည်။ ထိုတောရိုင်းမြေဆိုးနေရာမှာ လာရောက်ကျောင်းတည်သည့်အခါ ထိုကျောင်းကိုလည်း လယ်တီ ကျောင်းဟု ခေါ်ဆိုခဲ့ကြ၏။ ထိုကြောင့်ဤနေရာသည် လယ်တီဆရာ တော်ကြီး ကြွရောက်သီတင်းသုံးမှု မရှိစဉ်ကတည်းက လယ်တီရယ်လို့ ခေါ်တွင်နေသော နေရာဖြစ်သည်။
((img src="64_pic0006.png"/))
ထိုအခါက ဆရာတော် သီတင်းသုံးသည့် တောရကျောင်း ဆိုသည်မှာ ထန်းလက်မိုး ထန်းလက်ကာ သစ်မပါ သံမရိုက် တစ်နှစ်ခံ ထန်းလက်တဲမျှသာ ဖြစ်သည်။ လယ်တီဆရာတော်ကြီး သည် ငါ့ကျောင်း ငါ့ဇရပ်လို့ အစွဲပြင်းထန်လာမှာစိုး၍ ထိုအကာ အရံ ဆောက်လုပ်လှူဒါန်းလိုသည့် ဒါယကာ ဒါယိကာမများကို ထိုခေတ်ကာက တန်ဖိုး၂၀၀ ကျပ်ထက် မပိုသည့် အဆောက်အအုံ ကိုသာ ဆောက်လုပ်လှူဒါန်းခွင့် ပေးသည်။ ထိုသို့ သတ်မှတ်ခြင်းသည် ဆရာတော်ကြီး၏ လူပုဂ္ဂိုလ်များကို ငဲ့ညှာသည့်သဘော ပါဝင်သလို ရိုးစင်းစွာနေလိုသည့်သဘောလည်း ပါဝင်၏။
လယ်တီဆရာတော်ကြီးသည် ၁၂၅၀ ပြည့်နှစ်က စပြီး လယ်တီ တောရကျောင်းဝင်းအတွင်း၌ စတင် တရားဟောကြားတော်မူ၏။ ညအခါတွင်သာ တရားဟောလေ့ရှိပြီး တရားနာသော ဒကာ၊ ဒကာမ များသည် အဖိတ်နေ့ညနေကစပြီး ကျောင်းသို့ လာရောက် ဥပုသ် စောင့်ကြ၊ အိပ်ကြပြီး တရားနာကြသည်။ ဆရာတော်ကြီးသည် စင်္ကြံကျောင်းလေးထဲမှ တရားဟောပြီး တရားနာပရိသတ်က အနီး အနားက သစ်ပင်၊ ဝါးပင်ရိပ်တွေ အောက်ကနေ တရားနာယူကြ သည်။ မုံရွာမြို့ပေါ် ဆုတောင်းပြည့်ဘုရားရင်ပြင်နှင့်မြို့လယ်ဇရပ်ဝိုင်း ဘုရားတို့မှာလည်း တရားပွဲများချီးမြှင့်သည်။ ဆရာတော်ကြီး တရားပွဲ ရှိလျှင် အဘိဓမ္မာဆရာသဲကြီးနှင့် ဦးကြာမြင့်တို့က ကြေးစည်ထမ်း၍ လှေကူး၊ မုံရွာတစ်ဝိုက် ကြေညာပေးကြ၏။ နောက်ပိုင်းမှာတော့ လယ်တီဆရာတော်ကြီးသည် အထက်အောက် မြန်မာနိုင်ငံအနှံ့ နှစ်ရှည်လများ တရားလှည့်လည် ဟောကြားတော်မူ၏။
လယ်တီဆရာတော်ကြီး၏ ခေတ်က အသံချဲ့စက်အပေါ်သေးဘဲ ဆရာတော်ကြီးသည် မိမိပင်ကိုအသံနှင့်ပင် တရားဟောကြားကြရ၏။ လယ်တီဆရာတော်ကြီး၏ အသံ သဒ္ဒရုပ် အလွန်ကောင်းသည်ဟု ဆိုကြ၏။ အသံသည် အလွန်အောင်၊ ဟိန်းလည်းဟိန်းသည်
လူ ပရိသတ် လေးငါးခြောက်ထောင်ကို ပေါက်အောင်ဟောကြားနိုင် ကြောင်း သိရ၏။ လယ်တီဆရာတော်ကြီးက တရားဟောရတာကို မွေ့လျော်နှစ်သက်၏။ တရားပွဲကြီးတွေဆိုလျှင် တစ်နေရာတည်း လေးငါးည ဆက်ဟောတတ်၏။
လယ်တီဆရာတော်ကြီးကမိမိထံ လာရောက်၍ကျောင်းဆောက်လှူဒါန်းလိုပါတယ်လို့ လျှောက်ထား သူများကို ဦးစားမပေးတတ်ဘဲ တရားနာလိုသူများကို ဦးစားပေးတတ် သည်ဟု ဆရာတော်ကြီးကို ကောင်းစွာမီလိုက်သည့်မြို့ရွှေဂူတိုက် ဆရာတော်ကြီး အရှင်ကေသရသိရိက ပြန်လည်ြွမက်ကြားဖူးသည်။
ဆရာတော်ကြီးသည် ဂရိတ်ဦးဘိုးစိန်၊ ရုပ်သေးမင်းသမီးကြီး ဦးဖူးညိုတို့နှင့် ယှဉ်ပြီး တရားဟောသည်ဟုလည်း မှတ်သားရသည်။ ဘိုးစိန်ကြီး၊ ဦးဖူးညိုတို့သည် လယ်တီတရားပွဲရှိရင် ဇာတ်မကပြဘဲ ရှောင်လေ့ရှိသည်။ လယ်တီဆရာတော်ကြီးက ဘုရားပွဲ ကျောင်းပွဲများ တွင် ဇာတ် အငြိမ့် ရုပ်သေးထည့်ခြင်းကို မကြိုက်။ ထို့ကြောင့် ဘုရားပွဲများတွင် အငြိမ့်ပွဲ ဇာတ်ပွဲ ရုပ်သေးသွင်းမယ့်အစား ငါတရား ဟောမယ်ဆိုပြီး တရားဟောခြင်းဖြစ်သည်။ မဟာဝိသုဒ္ဓါရုံဆရာတော် ကြီး၏ “တစ်နှစ် တစ်ခါ ငရဲရှာ၊ လူ့ရွာ ဘုရားပွဲ” ဆိုသည့်ဆောင်ပုဒ် ကို ရွတ်ပြီး ပွဲလမ်းသဘင်ကို ပယ်၍ ဘုရားပွဲ ကျောင်းပွဲတွင် တရားပွဲ သာထည့်ဖို့ လယ်တီဆရာတော်ကြီးက ြွမက်ကြားတော်မူတတ်၏။
မုံရွာမြို့ပေါ်မှအပ ဆရာတော်ကြီး ပထမဆုံး နိုင်ငံလှည့် တရား ဟောသော ခုနှစ်က ၁၂၆၇ ခုနှစ်ဖြစ်၍ တရားဟောသည့်ဌာနသည် မန္တလေးမြို့ ကင်းဝန်မင်းကြီးဦးကောင်း၏ အိမ်တော်တွင်ဖြစ်၏။ ဒုတိယတရားဟောသည့်မြို့မှာ ပျဉ်းမနားမြို့ဖြစ်သည်။ ၁၂၆ရခုနှစ်ကို ရောက်သောအခါတွင်တော့ ရန်ကုန်၊ မော်လမြိုင်၊ သထုံမှအစမြန်မာ တစ်နိုင်ငံလုံးသို့ ကြွရောက်ပြီး တရားရေအေး အမြိုက်ဆေး တိုက် ကျွေးတော်မူသည်။
မိုက်မလင်းနိုင်လို့
အခန်း ( ၉ )
နှစ်ပေါင်း ၁၀၀၀ ကျော်ရှည်လျားသည့် မြန်မာ့သမိုင်းတွင် နောက်ဆုံးမင်းနှစ်ဆက်၌ နိုင်ငံကာကွယ်ရေးတာဝန်၊ သံတမန်ရေးရာ တာဝန် စသည့် ကြီးလေးသည့်တာဝန်များကို ထမ်းရွက်ခဲ့ပြီး နန်းတွင်း အရေးတော်ပုံများနှင့် ရင်ဆိုင်ခဲ့ရသော၊ ကုန်းဘောင်မင်းဆက်တွင် လူအများ စိတ်ဝင်စားခြင်းခံရသောသူများတွင် ကင်းဝန်မင်းကြီးသည် တစ်ဦးဖြစ်သည်။ မင်းတုန်းမင်းကြီးသည် မြင်ကွန်း နှင့် မြင်းခုံတိုင် အရေး ပေါ်ပေါက်လာပြီးနောက် ကင်းဝန်မင်းကြီးကို မင်းကြီး မဟာစည်သူဘွဲ့နှင့် ဝန်ထောက်တော်ရာထူးကို ပေးအပ်သည်
ကြည်း ကင်း၊ ရေကင်းတို့ကို အုပ်ချုပ်ရ၍ ကင်းဝန်မင်းကြီးဦးကောင်းဟု ကျော်ကြား၏။ နောက်ပိုင်းတွင် သေနတ်ဝန်ရာထူးကိုပါ ရရှိပြီး ကြည်းတပ်ကို တိုက်ရိုက်အုပ်ချုပ်ရသည်။
ကင်းဝန်မင်းကြီးသည် အင်္ဂလန် ပြင်သစ် အစရှိသောနိုင်ငံများသို့ ရောက်ရှိခဲ့ပြီး မိမိနိုင်ငံအခြေအနေကိုလည်း ကောင်းစွာ အကဲခတ်နိုင် သူလည်း ဖြစ်၏။ သီပေါမင်းလက်ထက်တွင် မိမိဩဇာကလည်းကျ၊ ထင်တိုင်းမပေါက်ဘဲ သေနတ်ဝန်ရာထူးမှ ရုပ်သိမ်းခြင်းလည်း ခံရ သည့်ပြင် အင်္ဂလိပ်များ အထက်မြန်မာပြည်ကို တက်ရောက်သိမ်းယူ သောအခါတွင် ကင်းဝန်ဘိုးဘိုးသည် အင်မတန်ခက်ခဲသော အနေ အထားမှာတွင် ရပ်တည်နေခဲ့ရသူဖြစ်သည်။
'ဦးကောင်းလိမ်ထုတ်၊ မင်းဆက်ပြုတ်' ဟူ၍ တဘောင်စကား ပေါ်ထွက်ခဲ့ရသော ကင်းဝန်မင်းကြီး၏ ဘဝကို ပြန်ပြီး တွက်စစ် မည်ဆိုပါက တစ်စက်ကလေးမှ ရတက်မအေးရသည်ကို လယ်တီ ဆရာတော်ကြီးသည် မြောက်ပြင်စံကျောင်းကြီး၌ နေစဉ်ကတည်းက သိရှိသည်။ ကင်းဝန်မင်းကြီးသည် လယ်တီဆရာတော်ဘုရားထက် အသက် ၂၅ နှစ်ကြီး၏။ လယ်တီဆရာတော် မန္တလေးမြို့တွင် ပညာ ရှာမှီးနေသောအချိန်တွင် ကင်းဝန်ဘိုးဘိုးသည် နန်းတွင်း နန်းပြင် လျှမ်းလျှမ်းတောက်နေခဲ့သော်လည်း သီပေါမင်း နန်းတက်သည့်အခါ တွင်တော့ သီပေါနှင့် စုဖုရားလတ်တို့၏ မျက်နှာသာပေးမှုကိုလည်း မရ၊ အင်္ဂလိပ်သစ္စာခံယူသူဟု ယိုးစွပ်ခံရ၍ လယ်တီဆရာတော်ကြီး သည် ကင်းဝန်မင်းကြီး၏ ဘဝကို စာနာပြီး ကင်းဝန်မင်းကြီး၏ မွေးစားသား ဦးခင်မောင်ကြီး မုံရွာမှ မန္တလေးသို့ အပြန်တွင် “မိုက် မလင်းနိုင်လို့” အစချီ သံဝေဂလေးချိုးကြီးကို စပ်ဆိုပြီး ကင်းဝန် မင်းကြီးထံပါးလိုက်သည်။
လေးချိုးကြီးကို ဆရာတော် ရေးစပ်သီကုံးသောနှစ်သည် ၁၂၆၆ ခုနှစ် ဖြစ်သည်။ ထိုအချိန်တွင် လယ်တီဆရာတော်ကြှီး၏ အသက် သည် ၅၈ နှစ်မျှရှိနေပြီ ဖြစ်၏။ သံဝေဂလေးချိုးကြီးကို ကင်းဝန် မင်းကြီး၏ ဘဝနှင့်ယှဉ်ပြီး လေ့လာပါက ပို၍ သံဝေဂရဖွယ်ရာ ဖြစ်၏။ တစ်နေ့ထက်တစ်နေ့ အသက်ကြီးကြီးလာသော်လည်း ကင်းဝန်ဘိုးဘိုးသည် အလင်းကိုမတွေ့နိုင်သည့်အဖြစ်နှင့်သာ ကြုံနေ ခဲ့ရပြီး အချိန်နာရီတွေ ရွှေ့ပြောင်း၍ မကြာမှီပင် ဇရာလက်တွင်း အသက်နှင်းရတော့မှာ ဧကန်ဖြစ်လို့ တရားဓမ္မများကို လုပ်ဆောင်ဖို့ သတိပေးသည့် သံဝေဂလေးချိုးကြီးဖြစ်သည်။
“မိုက်မလင်းနိုင်လို့ မြိုက်ခင်းညာစီမှာ၊ ခါတော်မီ သီမဝေ့နိုင်ဘု၊
သည်ကွေ့တွင် နေကုန်မျောပြန်ရ၊ အတောဘယ်မသတ်နိုင်တဲ့
ရဟတ်ဗွေ၊ ငါးရပ်ကယ်စုံညီ၊ ဒုလ္လဘီငယ် ကြုံမီခုခေတ်၊
မြန်ခင်းဇဗ္ဗု၊ မှန်ကင်းငယ်ထူ၊ လူ့ထက်လူဖြစ်ပါလျက်၊
အနှစ်ကယ်အနွယ်၊ အကာတောမှာဗျာမောကျယ်လို့၊
အေကယ်ယောင်ယောင်၊ အမြင်မဖြောင့်၊ အဉာဉ် ထောင့်မှောင့်
ထက်မှောင်၊ သန်းခေါင်လမိုက်၊ မိုးတိမ်မြှေးတဲ့၊ မီးသွေးတိုက်မှာ၊
အလိုက်ကယ်ဘာသာ၊ အမြင်မငွေ့၊ အထင်ရွေ့နှင့်သာ
အလေ့ရှာလျက်၊ အခါနာရီ၊ ရွေ့ရွ့ငယ်ချီ၊
တိထီဆန်းဆုတ်၊ ရတုအစဉ်၊ လုလုငယ်နှင်၊
အတွင်ချဉ်လို့၊ သုတ်သုတ် ကယ်ရက်ရေ၊ ဇရာလက်မှာ
အသက်သာကြွေတော့တယ်၊ အသေသတ် လက်မရွံ့ကို၊
အသက်ခွန်ပဏ္ဍာသွင်းရန်ဖို့၊ ထမင်းအစာစုံနှင့်၊ ခန္ဓာရုံ မြုံပြတီးဆီက၊ အငြီးဖြေကာစောင့်ရှာ ကြ စိုးနှောင့်သင်္ချေ။
((img src="64_pic0007.png"/))
ကင်းဝန်မင်းကြီးဦးကောင်း
သို့ပါမူလည်း၊ ပူနွယ်ဆွေးနွယ်၊ အရေးကျယ်တွေကို၊
အေးဖွယ်ထင်မှတ်၊ အစမမြင်၊ ဘဝအလျဉ်၊
အစဉ်ငယ်ဟာမို့၊ မသတ်ကယ်အာသာ၊ အာရုံဓမ္မ၊
ပြာပုံမွမှာ၊ ရသရှာလျက်၊ ငါတလူလူ၊
ပမာမူ၊ ရွာသူတို့ဝက်၊ အစာများထူ၊
အသားလူ၊ ဆူလေလေ ခက်ပါလျက်၊
ရမ္မက်ကယ်မာန်ဝင်၊ သူ့အသင်းမှာ သူမင်းပဲထင်လိုက်လို့၊
ရွှင်နိုင်မျှ ဝက်သဏ္ဌာန်လို၊ အချက်မှန် ပေါ်မလင်းစေဖို့၊
ဖော်သင်းရွေ မိတ်သင်ယှက်သည့်ပြင်၊ ခင်မက်ဖွယ်အရံစုံပ၊
မာန်တဂုဏ်ဟန်ပုံနှင့်ဖုံးရှာကြ၊ ရှုံးပလေ၊ ထုံးမြေပြာစု မိတ်တွေမို့။
ငါတလုံးနှယ် အနှုန်းငယ်ကျယ်သည်၊ သုံးသွယ်မြုံသိုက်။
ဘုံတလိုက်မှာ၊ တုန်ရိုက်ကယ်ဆူညံ၊ မြုမချန်၊
ပူလျှံသော်ညီး၊ အမြဲတစေ၊ အစဲချွေ၊
အသေမီးတဲ့၊ အပြီးငယ်ကုန်စင်၊ ဘုံတခွင်ကို၊
အတွင်လောင်မြိုက်၊ အပြောင်တိုက်လို့၊ အမိုက်ကယ်ဝဋ်နွယ်၊
အဖြစ်မစဲ၊ သစ်သစ်လဲ သဲသဲကြွယ်လည်သဲသဲကြွယ်လည်း၊ အကယ်မလောက်၊
သူကသာမောက်တော့၊ နောက်နောက်ကမ္ဘာ၊ ဖန်ဖန်လာလည်း၊
အစာသူ့တွင်အစာသူ့တွင်၊တခုသာဝင်ကြရ၊သင်္ခတရုပ်နာမ်ငယ်၊
အဟုတ်ဉာဏ် မတင်စီးနိုင်ရ၊ သည်မီးတာ
ဘယ်တကိန်းမှာမှ၊ ငြိမ်းပါမယ်လို့။”
ကင်းဝန်မင်းကြီးသည် သက်တော် ၈၀ ကျော်တဲ့တိုင် အဝိဇ္ဇာ တရားတွေ ပိတ်ဖုံးကာနေရသည်။ သစ္စာလေးပါးတရားကို မမြင်၊ သံသရာဝဲဩဃအတွင်းမှလည်း ရုန်းမထွက်နိုင်၊ သံသရာစက်ဝန်း ထဲ၌ပင််််် ရဟတ်လို၊ ပတ်ချာလည်နေရရှာသည်က အတောမသတ်နိုင် ပါလားဟု လယ်တီဆရာတော်ကြီးက သတိပေးကာ နိဗ္ဗာန်ရောက် ကြောင်းတရားကို အချိန်မီအားထုတ်ဖို့ တိုက်တွန်းသည့် လေးချိုးကြီးဖြစ်သည်။ ဒီသတိပေးစာကို ဖတ်ရသည့်အခါတွင် ကင်းဝန်ဘိုးဘိုး သည် အထူးစိတ်လှုပ်ရှားခဲ့ရသည်။
လယ်တီဆရာတော်ကြီးသည် ၁၂၆၆ ခုနှစ်၊ တပေါင်းလ၌ မန္တလေးသို့ ကြွရောက်သည့်အခါ ကင်းဝန်မင်းကြီး၏ အိမ်၌ သီတင်း သုံး၍ လေးညနှင့်ငါးရက်တိုင်တိုင် တရားဟောကြားတော်မူ၏။ ဆရာ တော်ကြီး၏ တရားကို နာယူပြီး ကင်းဝန်မင်းကြီးက တပည့်တော် အသိနောက်ကျခဲ့ရပါတယ်ဘုရားလို့ လျှောက်ထားကြောင်း သိရ သည်။ ဖန်ချက်ဝန် ဦးရွှေအိုး၊ ဝက်မစွတ်ဝန်ထောက် အစရှိသည့် ပုဂ္ဂိုလ်များလည်း တရားနာ ကြွရောက်လာကြသည်။ အသက်၆၈ နှစ်အရွယ် ရောက်နေပြီဖြစ်သည့် ဖန်ချက်ဝန်ဦးရွှေအိုးက မျက်ရည် လည်ရွဲနှင့် အတ္တဒိဌိကို တွန်းလှန်ဖြိုဖျက်၍ အနတ္တသမ္မာဒိဋ္ဌိမဂ္ဂင် ဝိဇ္ဇာဉာဏ် အလင်းနယ်သို့ ဆိုက်ရောက်အောင် ဟောပြောသည့် အဘိဓမ္မာတရားမျိုး အရှင်မင်းတုန်းမင်းကြီး မကြားလိုက်ရလေခြင်း ဟုဆိုကာ ကြီးစွာပူဆွေးလျက် မိမိအရှင်ကို သတိရမဆုံးဖြစ်ခဲ့သည် ဟု ဆိုသည်။
လယ်တီဆရာတော်ကြီး၏ အမျိုးသားစိတ်
အခန်း ( ၁၀ )
လယ်တီဆရာတော်ကြီးသည် ရတနာပုံ မင်းနေပြည်တော်ကြီး ခေတ်ကောင်းစဉ်ကာလ၌ မင်းတုန်းမင်းတရားကြီးနှင့် သီပေါမင်း တို့၏ ရိက္ခာတော်ရ စာချကိုယ်တော်တစ်ပါးဖြစ်သည်။ မြန်မာမင်း တို့၏ သာသနာတော်ကို ချီးမြှောက်ပုံကို ကိုယ်တိုင်ကြုံခဲ့သည်။ ပဥ္ဓမသင်္ဂါယနာတင် အခမ်းအနားကြီး၌လည်း မြောက်ပြင်စံကျောင်း တော်ကြီးမှ စာချကိုယ်တော်တစ်ပါးအနေနှင့် ပါဝင်ခဲ့သည်။ မိစ္ဆာ အင်္ဂလိပ်အစိုးရ တက်လာသောအခါ ဆရာတော်ကြီးသည် သာသနာ တော်ကြီး အားနည်းကွယ်ပျောက်သွားမည်ကို အထူးစိုးရိမ်တော်မူရှာ သည်။ ဆရာတော်ကြီးက လူမျိုးမပျောက်သမျှ သာသနာမပျောက်နိုင်၊ လူမျိုးပျောက်ရင် သာသနာပါပျောက်မည်ဟု တွက်ဆပြီး မြန်မာ ဆိုသည့်လူမျိုး မတိမ်ကောမပပျောက်ရေးအတွက် ကြိုးပမ်းအားထုတ် တော်မူသည်။ ဆရာတော်ကြီးလုပ်ဆောင်ခဲ့သည် လှုပ်ရှားမှုတွေထဲ၌ အမျိုးဘာသာ သာသနာ မတိမ်ကောရေးဆိုသော အမျိုးသားစိတ် အုပ်စိုးမှုကို လက်မခံသည်သဘောနှင့် အင်္ဂလိပ်လူမျိုးတွေလုပ်ဆောင် လေ့ရှိသော အကျင့်စရိုက်များကို ဆန့်ကျင်သည်။ အင်္ဂလိပ်များ၏ စရိုက်ကို ဆန့်ကျင်ခြင်းသည် အင်္ဂလိပ်ကို ဆန့်ကျင်ခြင်းဖြစ်၏။ တစ်နည်းအားဖြင့်ဆိုလျှင် အင်္ဂလိပ်ကိုတော်လှန်ပုန်ကန် အံတုခြင်း ဖြစ်သည်။ အင်္ဂလိပ်ကို အနုနည်းနှင့် ဆန့်ကျင်သည်အလုပ်ကို အစော ဆုံး လုပ်ဆောင်ခဲ့သူသည် လယ်တီဆရာတော်ကြီးပင်ဖြစ်သည်။
အင်္ဂလိပ်တို့၏ အမဲသတ်လိုင်စင်များ ချပေးပြီး သားသတ်မှု၊ အရက်လိုင်စင်များချထားပြီး အရက်ရောင်းချမှု၊ လောင်းကစားဝိုင်များ ဖွင့်လှစ်ပြီး စာရိတ္တပျက်ပြားအောင် ဆောင်ရွက်မှုတွေကို ဆရာတော် ကြီးက ဦးဆောင်ဆန့်ကျင်သည်။ ဆန့်ကျင်ရာတွင် အုပ်စိုးသူ အင်္ဂလိပ် တွေကို တိုက်ရိုက်ဆန့်ကျင်တာမျိုး မဟုတ်ဘဲ အမဲသား မစားရေး၊ သေရည်သေရက် မသောက်ရေး၊ လောင်းကစားကို ထီမှအစ ရှောင်ကျဉ်ရေးများကို လှုံ့ဆော်ဟောကြားသည်။
လယ်တီဆရာတော်ကြီးက အင်္ဂလိပ်အုပ်စိုးမှုနှင့် ပတ်သက်၍ မိမိ၏သဘောထားကို ဖော်ထုတ်ရာတွင် တစ်မျိုးသားလုံး နယ်ချဲ့၏ လက်အောက် သူ့ကျွန်ဘဝကိုရောက်ခဲ့ပြီး သူ့ကျွန်ဖြစ်လာရသည့်ဘဝ ကို ဟိုလူကြောင့် ဒီလူကြောင့်၊ ဘုရင်ကြောင့်၊ မိဖုရားကြောင့်၊ ဘယ်သူဘယ်ဝါကြောင့်ရယ်လို့ အပြစ်ဖို့ ပုံချမနေကြတော့ဘဲ တိုင်း ပြည်၏ ကံကြမ္မာလို့သာ သဘောထား၍ မိမိကိုယ်မိမိကောင်းအောင်၊ မိမိကိုယ်မိမိ တရားမပျက် စောင့်ထိန်းနေဖို့ ပြောကြားခဲ့၏။
“ခေတ်ကာလ ယခု၊ ဖြစ်လာရတဲ့အမှုမှာ၊
ဘယ်သူ့ကို ကိုးစား၊ ဘယ်သူ့ကို ငြိုးထားမည်၊
ယိုးမှားလို့မသင့်၊ စဉ်းစားဖို့အခွင့်မှာ၊
ချိန်သင့်ခါမှုန်းမည်ဟု၊ တစ်တိုင်းလုံးကြမ္မာ”
ဟု ရေးသားဆုံးမတော်မူ၏။
ဆရာတော်ကြီးအနေနှင့်သူ့ကျွန်ဖြစ်ရသည်ကို ယိုးမယ်ဖွဲ့မနေဘဲ အင်္ဂလိပ်ကို မကြိုက်ပါက သူတို့လုပ်နေတာတွေကို လိုက်မလုပ်ဖို့၊ ကိုယ့်အမျိုး ကိုယ့်ဘာသာစည်းဝိုင်းအတွင်းမှာသာ နေထိုင်စားသောက် ဖို့ သတိပေးခဲ့သည်။ သီပေါမင်း နန်းကျပြီးနောက် ၁၈၈၅ ခုနှစ်မှ ၁၈၉၀ ပြည့်တိုင် အနယ်နယ်အရပ်ရပ်တွင် တရားဟောပြီး အင်္ဂလိပ် များကို ဆန့်ကျင်ခဲ့မှုကြောင့် အင်္ဂလိပ်များသည် လယ်တီဆရာတော် ကြီးအပေါ် မယုံမကြည်ရှိခဲ့သည်။
လယ်တီဆရာတော်က စိုင်ပြင်သေရည်သေရက်မေတ္တာစာမှာ-
“အဓမ္မခေတ်အတွင်းပေမို့၊
မငြင်းသာ၊ မဖယ်သာ၊
စိတ်ကပင် မပါသော်လည်း၊
မိစ္ဆာတို့ စရိုက်အားကိုး၊
လိုက်စားကာ ဇွတ်တိုး၍”ဟု ရေးသားတော်မူခဲ့၏။
လိုက်စားကာ ဇွတ်တိုး၍”
နယ်ချဲ့အင်္ဂလိပ်တွေ စိုးမိုးသည့်ခေတ်ကို အဓမ္မခေတ်လို့ တိတိ ကျကျ သတ်မှတ်ခဲ့သည်။ အဓမ္မခေတ်တွင် အုပ်စိုးသူတွေ၏ ဓလေ့ စရိုက်တွေကို မငြင်းသာမဖယ်သာ၊ စိတ်မပါဘဲ လိုက်လျောနေရတာ ဆိုပြီး၊ အကြောင်းမပြကြနှင့် ရွာအကျိုး ရပ်အကျိုးအတွက် မလွှဲ မရှောင်သာ သေရည်သေရက်ကို အားပေးနေရတာပါ ဆိုပြီးလည်း အရက်သောက်ခြင်းသည် မိစ္ဆာများ၏ စရိုက်ဟု ဆရာတော်က သတ်မှတ်၏။ နယ်ချဲ့အင်္ဂလိပ်ကို ဆရာတော်က မိစ္ဆာဟု တိတိ လင်းလင်း ြွမတ်ကြားသည်။ စိုင်ပြင် သေရည်သေရက် မေတ္တာစာတွင် ဆရာတော်ကြီးက
“လူ့ဗာလကလည်း တက်တက်မိုက်၊
ခုကာလကလည်း သက်သက်ဆိုက်၊
ဓာတ်ခိုက်နှင့် နတ်ကြိုက်၊
ဆိုက်တိုက်သည့်အခါ၊
သံသရာမှာ စျေးကြောင်းပေါက်၊
မှောက်လိုမှောက်၊ မှားလိုမှား၊
ငါ့လမ်းနှင့် ငါသွားမည်ဟု၊
တရားကို လုံးလုံးပစ်၍
ခေတ်ကာလစရိုက်အတွင်းမှာ၊ အမှိက်သင်းဘက်ပါလျှင်” ဟု ရေးသား၏။
“လူ့ဗာလကလည်း တက်တက်မိုက်၊
ခုကာလကလည်း သက်သက်ဆိုက်”
ဆိုသည်ကခုကာလဆိုခြင်းသည်အင်္ဂလိပ်နယ်ချဲ့တွေအုပ်စိုးသည့် အမိုက်ကာလကို တန်းတန်းမတ်မတ် ဆိုက်ရောက်နေတာကိုရေးသား ခြင်း ဖြစ်သည်။ အင်္ဂလိပ်နယ်ချဲ့တွေ စိုးမိုးအုပ်ချုပ်သည့်ကာလကို ဆရာတော်က မိုးကုတ်မြို့မှ သူဌေးဦးမှတ်ထံပေးသော ပတ္တမြား မေတ္တာစာတွင်
“ကုလားမင်းဝင်စ
သမယအခိုက်၊
ဝိပ္ပတ္တိအဆိုက်တွင်” ဟု ရေးသား၏။ အင်္ဂလိပ်တို့အုပ်စိုးသော ခေတ်ကို ဆရာတော်က ဝိပ္ပတ္တိခေတ်ဟု တိတိလင်းလင်းဆို၏။
ဝိပ္ပတ္တိခေတ်ဆိုသည်မှာ မပြည့်စုံသောခေတ်ဖြစ်၏။ မင်းကလည်း မင်းကျင့်တရားနှင့် မပြည့်စုံ၊ တိုင်းပြည်လိုအပ်ချက်တွေကလည်း မပြည့်စုံဘဲရှိနေကာ အစစအရာရာ မပြည်စုံသည့်ခေတ် ဖြစ်သည်။ လယ်တီဆရာတော်ကြီးက အင်္ဂလိပ်တွေရဲ့ အုပ်စိုးမှုနှင့်ပတ်သက်၍ ရေးသားရာတွင် ပွင့်ပွင့်လင်းလင်း ဘွင်းဘွင်းကြီးရေးသားခဲ့ပုံမှာ
“တိုင်းနိုင်ငံအလုံး၊
ထီးစည်ပါအဆုံး၊
သဒ္ဒါလှန်ပျက်ပြုန်း၊
သွက်သွက်လည်မှုန်းပြီးလျှင်၊
တပြည်လုံး အမိုက်သီးတွေကို၊
မြေကြီးပါအောက်စောင်း၊
အပယ်သို့ မှောက်လောင်းမည်”ဟု ရေးခဲ့၏။
အင်္ဂလိပ်နယ်ချဲ့ စိုးမိုးအုပ်ချုပ်တာကို လယ်တီဆရာကြီးက 'ထီးကျိုးစည်ပေါက် တစ်နိုင်ငံလုံး ကျွမ်းသဒ္ဒါလှန်ပျက်ပြုန်း၊ သွက်သွက်လည်မှုန်းပြီး လမ်းဆုံးတိုင်ရောက်ခြင်း'လို့ အဓိပ္ပယ်ဖွင့်ဆို၏။ သူတစ်ပါးလက်အောက် အမိနိုင်ငံကြရောက်ပြီး ကျွန်သပေါက် ဖြစ်ရသည်ကို လယ်တီဆရာတော်က ရိုးရိုးပျက်ပြုန်းခြင်းမျိုးမဟုတ်၊ ကျွမ်သဒ္ဒါလန်အောင် ပျက်ပြုန်းခြင်းဟု အဓိပ္ပာယ်ဖွင့်၏။
နွားသားမစားရေး၊ သေရည်သေရက်မသောက်သုံးရေး လှုပ်ရှားမှု အရှိန်အဟုန်သည် ကြီးမားလာပြီး တစ်ပြည်လုံး တစ်နိုင်ငံလုံး အတိုင်း အတာထိ ရောက်ရှိကာ ထိုမှတစ်ဆင့် မြန်မာတို့၏ မျိုးချစ်စိတ် နိုင်ငံချစ်စိတ်များလည်း နိုးကြားလာစေခဲ့၏။
ဤလှုပ်ရှားမှုကြီးသည် လွပ်လပ်ရေးတိုက်ပွဲများအထိ ရောက်ရှိ လမ်းပွင့်သွားခဲ့သည်။ အစုအဝေးအလိုက် အမဲသားစားခြင်းကို ဆန့်ကျင်ခြင်းသည် လူစုလူဝေးဖြစ်ပေါ်မှုကို စတင်ထူထောင်ပေးမှု လည်း ဖြစ်သည်။ ဆရာတော်ကြီးက တစ်နိုင်ငံလုံးခရီးထွက်၍ နိဗ္ဗာန် ရောက်ကြောင်းတရားပွဲတွေကို ဟောကြားရာတွင် သာသနာတော် ဖွံ့ဖြိုးတည်တံ့မှု သာသနာအဓွန့်ရှည်တည်တံ့ရေး လုပ်ဆောင်ရမည့် အကြောင်းများ ပါရှိသော်လည်း ထိုတရားပွဲကြီးများက တစ်ဆင့် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားစုစည်းမှု အရှိန်အဟုန်ကြီးကို ဖြစ်ပေါ် စေခဲ့သည်။
ဆရာတော်ကြီး ကိုယ်တိုင်ရေးပြီး ရဟန်းရှင်လူ ကျောင်းသား လူငယ်များ အဖွဲ့လိုက်ရွတ်ဆိုသည့် ပရမတ္တသံခိပ်ရွတ်ဆိုပွဲများသည် အမျိုးသားရေး အင်အားပြပွဲများဖြစ်သည်။ ရောဂါဘယ ကင်းရှင်း ရေးအတွက် အနယ်နယ် အရပ်ရပ်တွင်ဆရာတော်ကြီးရွတ်ဆိုခဲ့သည့် ပရိတ်တရားတော်များသည်လည်း ရောဂါပျောက်ကင်းရေးသာမက အင်္ဂလိပ်များ အုပ်စိုးသည့် ဝိပတ္တိခေတ် ကုန်ဆုံးဖို့အတွက် မိစ္ဆာတွေ ပပျောက်လွင့်စဉ်သွားဖို့အတွက် ရွတ်ဆိုသည့် ပရိတ်ပွဲများပင် ဖြစ်ပါ သည်။
အနယ်နယ် အရပ်ရပ်သို့
အခန်း ( ၁၁ )
လယ်တီဆရာတော်ကြီး၏ ဘဝတစ်သက်တာလုပ်ငန်းများတွင် အနယ်နယ်အရပ်ရပ် လှည့်လည်တရားဟောခြင်းသည် ထူးခြားသော ဘာသာရေးဆိုင်ရာ လုပ်ငန်းကြီးတစ်ရပ်ဖြစ်သည်။ ထိုသို့ ဒုက္ခခံ၍ အနယ်နယ်အရပ်ရပ်သို့ ကြွရောက် တရားဟောခြင်းသည် မြန်မာများ အဘိဓမ္မတရားကို သိစေချင်လွန်း၍၊ မြန်မာများ အဘိဓမ္မာ စာတတ် ပေတတ်တွေ ဖြစ်စေချင်လွန်း၍၊ ဗုဒ္ဓ၏ အဆုံးအမတွေကို ခံယူစေချင် လွန်း၍၊ နိဗ္ဗာန်မဂ်ဖိုလ်တရားတွေ ထွန်းကားစေချင်လွန်း၍ ဒုက္ခခံပြီး လှည့်လည်တရားဟောခြင်းဖြစ်၏။
လယ်တီမတိုင်ခင်ခေတ်က တရားဟောရာတွင် တရားဟော ဓမ္မာကထိကသည် အချင်းသုံးပေလောက်ရှိသော ပေရွက်ယပ်တောင် ကြီးနှင့်ကွယ်၍ အစအဆုံး တစ်သံတည်းနှင့် ဟောလေ့ရှိ၏။
အရင်ခေတ်က ပုံနှိပ်စက်ကလည်း မပေါ်သေး၍ တရားဓမ္မကို စာအုပ်ရိုက်နှိပ်ဖြန့်ဝေဖို့ ဆိုသည်လည်း မရှိသေး။ မန္တလေးနန်းတွင်း၌ ဘိုးဝဇီရ ပုံနှိပ်တိုက် ပေါ်လာသောအခါ စာအုပ်ပုံနှိပ်သည့် အရေ အတွက်က တစ်ကြိမ်ရိုက်လျှင် ၁၀၀ လောက်ပဲရှိသည့်အတွက် ဘုရင် မိဖုရား မင်းညီမင်းသားတွေလောက်နှင့် ကုန်၏။ ထို့ကြောင့် ဆရာ တော်ကြီးက အများပြည်သူလူထု တရားဓမ္မတွင် မွေ့လျော်ပျော်ပိုက် နိုင်အောင် နယ်လှည့်တရားဟောခြင်းဖြစ်သည်။ လယ်တီဆရာတော် တို့ခေတ် မတိုင်ခင်က ဆရာတော်ကြီးများသည် တရားဓမ္မာဆိုတာ လောကီလူသား လူဝတ်ကြောင်များနှင့် မအပ်စပ်တဲ့အရာဟုဆိုပြီး ဒကာ ဒကာမများက တရားတောင်းသည့်အခါများတွင်ပင် ကျယ် ကျယ်ဝင့်ဝင့် တရားဓမ္မဟောကြားတာမျိုး မရှိခဲ့။
လယ်တီဆရာတော်ကတော့ ကျယ်ကျယ်ဝင့်ဝင့် ဟောကြားရုံ သာမက တစ်နေရာတည်းတွင် လေးငါးညဆက်ပြီး တရားဟောတာ မျိုးလည်း ရှိသည်။ တစ်နိုင်ငံလုံး လှည့်လည်တရားဟောရာတွင် ပါဠိတွေကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ရွတ်ဆိုတရားဟောသည့်နည်းကို ရှောင်ပြီး တရားနာပရိသတ် တရားဓမ္မကို ကွက်ကွက်ကွင်းကွင်း ထင်းခနဲ လင်းခနဲ ဝင်းခနဲဖြစ်သွားအောင် မြန်မာဆန်ဆန် လူပိန်း နားလည်အောင် ဟောကြားတော်မူသည်။
ပါဠိများ လှိုင်လှိုင်ထည့်ပြောပြီး တရားဟောလျှင် တရားနာသူ တွေ့အဖို့ ကြည်ညိုသဒ္ဒါစိတ်နှင့် ကုသိုလ်တော့ ရပါ၏။ သို့သော် မြတ်စွာဘုရား၏ နက်နဲသောတရားတော်များကို ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား သိနားလည်ဖို့ ခက်ခဲသည့်အတွက် တရားနာပရိသတ် နားလည်အောင် အရိုးဆုံးအရှင်းဆုံးနည်းနှင့် တရားဟောတော်မူခြင်း ဖြစ်၏။
လယ်တီဆရာတော်ကြီးသည် ၁၂၆၅ ခုနှစ်မှစ၍ အနယ်နယ် အရပ်ရပ်တွင် တရားလှည့်လည် ဟောကြားသည်။
တရားလှည့်လည်ဟောကြားရင်း ဝါဆိုသင့်သောနေရာရောက် လျှင် လယ်တီတောရကို ပြန်မလာတော့ဘ ဲဝါဆိုသီတင်းသုံးလေ့ရှိ၏။ ၁၂၆၅ ခုနှစ်က ကင်းဝန်မင်းကြီး၏ လျှောက်ထားချက်အရ မန္တလေး မြို့ကို ကြွရောက်တရားဟောပြီး ၁၂၆၆ ခုနှစ်တွင် ပျဉ်းမနားမြို့ မြောက်ဘက် အင်ကြင်းမြိုင်တောကို ကြွရောက် ဝါဆိုတော်မူ၏။ ၁၂၆၇ ခုနှစ်တွင် မြင်းခြံမြို့၌ ဝါဆိုပြီး ထိုနှစ်က ရန်ကုန်မြို့သို့လည်း ကြွရောက် တရားဟောကြားသည်။
၁၂၆၈ ခုနှစ်တွင် ဆရာတော်ကြီးသည် ပြည်မြို့ ဝိပဿနာကုန်း တောရမှာတွင် ဝါဆို၍ ဟင်္သာတ၊ ကြံခင်း၊ ဝါးခယ်မတို့မှတစ်ဆင့် မန္တလေးမြို့ကိုကြွပြီး မစိုးရိမ်တိုက်မှာတွင် တရားပွဲများ ကျင်းပ၏။ ၁၂၆၉ ခုနှစ်တွင် မင်းလှနှင့် စစ်တွေမြို့၊ ၁၂၇၀ ပြည့်နှစ်တွင် မော်လမြိုင်၊ပုသိမ်၊၁၂၇၁ခုနှစ်တွင် သာပေါင်း၊ ၁၂၇၃ခုနှစ်တွင် ရန်ကုန်၊ ညောင်တုန်း၊ ၁၂၇၄ ခုနှစ်တွင် စစ်ကိုင်း၊ ၁၂၇၅-၇၆-၇၇ ခုနှစ်များ တွင် မန္တလေး၊ ၁၂၇၈ ခုနှစ်တွင် ပျဉ်းမနား။ ၁၂၇၉ ခုနှစ်တွင် မုံရွာကို ပြန်လည်ကြွရောက် ဝါဆိုတော်မူပြီး ၁၂၈၀ ခုနှစ်တွင် တော့ပျဉ်းမနားကို ပြန်လည်ကြွတော်မူ၍ တရားပွဲများကို အဆက် မပြတ် ဟောကြားတော်မူသည်။
နွားသားမစားရေး လှုံ့ဆော်ခြင်း
အခန်း ( ၁၂ )
မြန်မာတစ်နိုင်ငံလုံးကို အင်္ဂလိပ်များ စတင် အုပ်စိုးချိန်မှစ၍ နွားသတ်ရုံ၊ ဝက်သတ်ရုံနှင့် ဆိတ်သတ်ရုံများကို ဖွင့်လှစ်ပေးခဲ့၍ သတ္တဝါများ သေကြေခဲ့ကြ၏။ လယ်တီဆရာတော်ကြီးသည် အင်္ဂလိပ် များ၏ စရိုက်ကိုလည်း ဆန့်ကျင်၊ ကျွဲ နွားတွေလည်း အသက် ချမ်းသာရာရစေဖို့ သူ့အသက်သတ်ခြင်းကြောင့်ဖြစ်သည့် အကုသိုလ် တရားမှလည်း လွတ်လပ်စေရလေအောင် နွားသားမစားရေးတရားကို နိုင်ငံနှင့်အဝန်း လှည့်လည်ဟောကြားသည်။
မြန်မာနိုင်ငံသည် ကျွဲနွားနှင့် ထွန်ယက်စားသောက်သော စိုက်ပျိုး ရေးနိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည့်အတွက် နွားများသည် လူများနှင့် စီးပွားဖက်ဖြစ်ရုံသာမက ကျွဲ နွားများသည် မြန်မာတို့ အတွက် ခရီးသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးတွင်မှာပါ အသုံး ဝင်သည်။ လယ်တီဆရာတော်ကြီး၏ ဇာတိရပ်ရွာဖြစ်သော ဒီပဲရင်း၊ ဘုတလင်၊ မောင်းထောင် စသော အရပ်များတွင် သီတင်းကျွတ် လပြည့်နေ့ည၌ ကျွဲနွားများကို “အမောင်တို့၊ ဘုရားကို အာရုံပြု၍ ဤဆီမီးဖြင့် ပူဇော်ပါ၊ မိုးတွင်းအခါက အမောင်တို့ကို ရိုက်မိငေါက်မိ သည်များကိုလည်း သည်းခံပါ၊ အပြစ်မယူပါနှင့်”ဟူ၍ တောင်းပန် သည့်အလေ့ ရှိ၏။ ရှေးလူကြီးများက 'နွားသားစားသူ' 'အမဲသားစား သူ'ဟု ခေါ်လျှင် နစ်နစ်နာနာ ဆဲလိုက်သလိုမျိုး အလွန်ခံရခက်လှ သည့် စကားရပ်ဖြစ်သည်ဟု မှတ်ယူကြ၏။
မြန်မာမင်းလက်ထက်က မျိုးစပါးထောက်ပံ့သလို နွားမျိုးကောင်း မျိုးသန့်ကိုလည်း ထောက်ပံ့သည်။ မင်းတုန်မင်းကြီးလက်ထက်က ရွှေမြို့တော်အတွင်း၌ နွားကိုမသတ်ရ၊ မစားကြရ။ နွားကို မသတ်ရုံမျှ သာမက နွားအသားကိုလည်း သယ်ဆောင်သွားလာခွင့်မပြု။ နွား သတ်သူများကို ထောင်ဒဏ်၊ ကြိမ်ဒဏ် ငွေဒဏ်အပြစ်များ သတ်မှတ် သည်။ အမဲသားစားသူများကို တွေ့ရှိခဲ့လျှင် အမဲသားစားသူဟူ၍ စာဆွဲပြီး မောင်းတီးကြေညာခံရသည်။
ရန်ကုန်မြို့ကို အင်္ဂလိပ် သိမ်းယူပြီးနောက် ၁၂၃၄ ခုနှစ်တွင် ရန်ကုန်မြို့ သိမ်ကြီးဈေး အနီးအနားတွင် အမဲဈေး ဖွင့်လှစ်ခဲ့တာကို လယ်တီဆရာတော်ကြီး သိတော်မူ၏။ မန္တလေး မင်းနေပြည်တော် ကြီးကို သိမ်းဆည်းပြီးသောအခါတွင်လည်း ရန်ကုန်မှာလိုပင် အမဲဈေး ဖွင့်မည် အမှန်ဖြစ်သည်မို့ အမဲသားရှောင်ကြဉ်ရေးကို ဆော်ဩမှ ဖြစ်တော့မည်၊ အမျိုးဘာသာ သာသနာအတွက်နှိုးဆော်မှ သင့်တော် မည်ဟု ယူဆပြီး နွားမေတ္တာစာကို ရေးသားဖြန့်ဝေတော်မူခြင်းဖြစ်၏။ လယ်တီဆရာတော်ကြီး၏ နွားမေတ္တာစာ မပေါ်မီက ဆီးပန်းနီဆရာ တော်၊ ဓနုဖြူအရှင်အာစရနှင့် မဟာဝိသုဒ္ဒါရုံ ဆရာတော်ကြီးတို့လည်း အမဲသားမစားရေး လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်။
လယ်တီဆရာတော်ဘုရားကြီး အသုံးပြုခဲ့သော ကျောက်ခွက်
လယ်တီဆရာတော်ကြီး၏ နွားမေတ္တာစာသည် အလွန်ထိမိသည့် အတွက် လယ်တီဆရာတော်ကြီး၏ အမဲသားမစားရေး လှုံ့ဆော်ချက် သည် အောင်မြင်ခဲ့၏။ တစ်နိုင်ငံလုံးရှိ ပရမတ္တသံခိပ်အသင်း၊ ပဋိစ္စ သမုပ္ပါဒ်အသင်း၊ မဟာစက်ပရိတ်အသင်း၊ ဓာတ်ကမ္မဋ္ဌာန်းအသင်း များကို လယ်တီဆရာတော်ကြီး လှုံ့ဆော်ဖွဲ့စည်းပေးခဲ့သည့်အသင်းများ ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံအနှံ့ ရပ်ကွက်၊ ကျေးရွာများတွင် လူများသည် အလိုအလျောက် စိတ်သဘောတူသူတွေ စုပေါင်း၍ နွားသားရှောင်ကြဉ်ရေးအသင်းများ ဖွဲ့စည်းပေါ်ပေါက်မှုသည် ဆရာ တော်ကြီး၏ မေတ္တာစာစွမ်းအားကြောင့်သာလျှင် ဖြစ်၏။
ဆရာတော်ကြီး တရားဟော ကြွရောက်လာသောအခါတွင် ဗုဒ္ဓဘာသာ သူတော်စင်များသည် ဆရာတော်ကြီး၏ ရှေ့မှောက်၌ နွားသားကို ရာသက်ပန် ရှောင်သူ၊ နှစ်အကန့်အသတ်နှင့်ရှောင်သူ တို့၏ စာရင်းတွေကို ဖတ်ပြပြီး သာဓုခေါ်လေ့ရှိသည်။
လယ်တီဆရာတော်ကြီး၏ နွားသားရှောင်ကြဉ်ရေးလုပ်ငန်းစဉ်ကို အတိုက်အခံပြု စောင်းချိတ်ပြောဆိုသူများ ပေါ်ပေါက်သည်။ နွားသတ် လိုင်စင်နှင့် သားရေကုမ္ပဏီမှ လူပြန်တော် မောင်ကျော်ထွန်းသည် လယ်တီဆရာတော်၏ နွားသားရှောင်ကြဉ်ရေးတရားပွဲတွေကိုငွေပေး ပြီး ပျက်ပြားအောင် လုပ်ဆောင်ဖူး၏။ အချို့ကလည်း
“ကျွဲနွားကိုညှာ၊ ဘဲငါးသတ္တဝါနဲ့
ကြက်ဝက်ပါ ချန်မထားတယ်
လယ်တီရေ...စားစေတဲ့လား”
ဆိုသောကဗျာတွေကိုဖြန့်ဝေပြီး ခနဲ့ကြတာမျိုးလည်း ရှိသည်။ တချို့ကလည်း
'နွားသားပျောက်လို့ ဝက်သားပေါ်
လယ်တီဆရာတော် ဟောတဲ့တရား'ဟု ခနိုးခနဲ့ ရေးကြ၏။
လယ်တီဆရာတော်ကြီးအောက်ပြည်အောက်ရွာသို့ ရောက်သော အခါ တချို့က 'နွားသတ္တဝါရဲ့ အသက်ကိုသာ ကာကွယ်စောင့်ရှောက် တော်မူပါတယ်။ အခြားသတ္တဝါများရဲ့ အသက်ကိုတော့ မကယ်တော့ ဘူးလားဘုရားလို့' လျှောက်ထားတဲ့အခါ လယ်တီဆရာတော်ကြီးက 'အေး...ဟုတ်တယ်ကွဲ့၊ ငါ့မှာတော့ ဒကာတို့သိတဲ့အတိုင်း ရွာရိုးမြို့ရိုး လျှောက်ပြီး တရားလည်းဟောရ၊ ရောဂါအန္တရာယ်တွေ ငြိမ်းအောင် လည်း ပရိတ်တော်ရွတ်ရနဲ့ အဲသည့်အထဲက နွားတစ်မျိုးတည်းကိုသာ ဆွဲသွားနိုင်တယ်။ ကျန်တဲ့ ဝက် ဆိတ် ကြက် ငှက်တို့ကိုတော့ ဒကာတို့ရဲ့ ဆရာတော်များ ဆွဲထုတ်ဖို့ လျှောက်ထားကြလို့' တုံ့ပြန် မိန့်ကြားတော်မူသည်။
မောင်းထောင်ကြီးရွာဇာတိ သံချိုဆရာကြီး ဦးကျော်လှသည် လယ်တီဆရာတော်ကြီးကို
'ဂေါတမသခင်၊ စောဘဂဝါအရှင်လောက်မှတ်ကြ သောဠသာပြည်ခွင်ကျော်တဲ့
ဆရာတော်လယ်တီဘုန်း' ဆိုပြီး လယ်တီဆရာတော်ကြီးကိုမဆန့် ကျင်ကြနှင့်၊ ခုလို ခေတ်ဆိုးကြီးထဲတွင် ဂေါတမသခင် စောဘဂဝါရှင် လောက် မှတ်ကြလို့ ရှင်းရှင်းပဲ ရေးသားခဲ့သည်။
၁၂၇၅ ခုနှစ်တွင် လယ်တီဆရာတော်ကြီးသည် ရေနံ ချောင်းမြို့သို့ ကြွရောက်တရားဓမ္မဟောကြားသည်။ မြို့သူမြို့သား ၅၅၀၀ သည် ကျွဲနွားအသား မစားမသောက်တော့ပါဟုဆိုပြီး ဆရာ တော်ထံ လှူဒါန်း၏။ ထိုအခါက ယစ်မျိုးငါးပါးကို မသောက်မစား လှူဒါန်းသူ ၁၉၀၀ ကျော်ရှိခဲ့ပြီး ကြက်၊ ဝက် မစားပါဟု လှူဒါန်းသူ ဦးရေ ၁၅၀၀ ရှိသည်။ ခြေလေးချောင်းသတ္တဝါနှင့် ကုန်းသတ္တဝါများ မစားပါဟု လှူဒါန်းသူ ၂၀၀ ကျော်ရှိသည်။ ယစ်မျိုးငါးပါး မသောက် မစားပါဟု ဆိုသည့်အတွက် အရက်သာမက မူးယစ်စေတဲ့ အရာတွေ ပါ ရှောင်ကြဉ်ရာရောက်သည့်အတွက် လယ်တီဆရာတော်၏ အရက် ဆန့်ကျင်ရေးလှုပ်ရှားမှုသည် မူးယစ်ဆေးဝါးနှင့် ဘိန်းဆန့်ကျင်မှုများ လည်း ပါဝင်သည်ဟု ဆိုရမည်ဖြစ်၏။
ဇလွန်မြို့နယ်အတွင်း ထောင့်ကြီးရွာတွင် လယ်တီဆရာတော် ဘုရားကြီး တရားဓမ္မဟောကြားရာ အရပ်သူ အရပ်သား ၅၀၀ ကျော်တို့က ကျွဲနွားအသား လှူဒါန်းခဲ့ပြီး အရက်လှူဒါန်း ၁၂၀၀ ကျော်နှင့် ဘယ်သောအခါမှ လောင်းကစားမှု မပြုပါဟု လှူဒါန်းသူ ၁၀၀၀ ကျော်ရှိ၏။
ဇလွန်မြို့ကို ရောက်ရှိရာတွင် ကျွဲနွားအသား လှူဒါန်းသူ ၂၄၄၀ ကျော် အပါအဝင် ကြက်ဘဲအသား ကုန်းသတ္တဝါ လှူဒါန်းသူများ၊ အရက်လှူဒါန်းသူများ၊ ငှက်ပစ်မှုကို ရှောင်ရှားသူများ အများအပြား ရှိ၏။
တစ်နိုင်ငံလုံး အတိုင်းအတာနှင့်ဆိုပါက လယ်တီဆရာတော် ထံပါး၌ ကျွဲ နွား အသားမစားဘဲ လှူဒါန်းသူ သိန်းဂဏန်းအထိ ရှိခဲ့သည်။
နွားသားမစားရေး မေတ္တာစာ
အခန်း ( ၁၃ )
လယ်တီဆရာတော်ကြီး၏ 'စက်လေးစုံလွင်သာ' အစချီ နွား မေတ္တာစာသည် မြန်မာစာပေသမိုင်းတွင် ထူးခြားသည့် မေတ္တာစာ တစ်ပုဒ် ဖြစ်သည်။ အကြိမ်ကြိမ်ရိုက်နှိပ်ဖြန့်ဝေခဲ့ရသော မေတ္တာစာ ဖြစ်သည်။ အချို့ဆိုလျှင် ဤမေတ္တာစာကို အာဂုံဆောင်၍ ရွတ်ဆို ပြပြီး နွားသားမစားရန် တိုက်တွန်းပြောကြားခဲ့သူများ ရှိသည်။ နွားသားမစားရေး မေတ္တာစာသည် အင်္ဂလိပ်တို့ မြန်မာနိုင်ငံလုံးကို သိမ်းပိုက်ချိန်၊ ၁၈၈၅ ခုနှစ် ဆရာတော်ဘုရားကြီး ၁၉ ဝါမြောက် အချိန်၊ မုံရွာမြို့ ဦးဝိုင်းကျောင်၌ သီတင်းသုံးချိန်တွင် ရေးသားသော မေတ္တာစာဖြစ်သည်။
ဤမေတ္တာစာကိုရေးရာတွင်ဆရာတော်သည်မိမိကိုယ်တော်တိုင် အမဲသား အရောင်းအဝယ်လုပ်နေသည်ကို ကိုယ်တိုင်တွေ့ ကိုယ်တိုင် မြင်ဘိသကဲ့သို့ ရေးသားထားသည်ကို တွေ့ရသည်။ နွားသားမစားရေး မေတ္တာစာတွင် ရေးဟန်ရော အကျိုးအကြောင်း ဆက်စပ်တင်ပြပုံ များပါ အလွန်ထိမိလွန်းသည်။ ဤမေတ္တာစာကို ကြားနာရုံမျှနဲ့ အမဲသားစားမိသူများသည် စားရင်းတန်းလန်း ပါးစပ်ထဲမှ အမဲသား တုံး ပြုတ်ကျမတတ် ထက်မြက်စူးရှသော အရေးအသားဟုလည်း ဆိုကြသည်။
ဆရာတော်၏ နွားမေတ္တာစာသည် ကျေးဇူးဖက် ကျေးဇူးရှင်များ ကို မပြစ်မှားအပ်ကြောင်း၊ ကျေးဇူးဖက်တို့ကို ပြစ်မှားပါက
“စီးပွားသစ်မတိုး၊ စီးပွားဟောင်းညှိုးသည့်ပြင် ဘေးမျိုးစုံသောကနှင့်၊ မောရမည်တကယ်”
ဟု ရေးသားထားသည်။
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထို့ကြောင့် ကျွဲနွားကိုမှီ၍သာ အသက်မွေးမှု ပြုကြရသည်ကို ဆရာ တော်ကြီးက...
“မြန်မာတို့ဒေသသည်၊ ဇင်္ဂလပီပီ
နွားကျွဲကို အားမှီလျက်၊ ဘိုးဘေးဘီအစဉ်
သက်မွေးမှုတွင်သည်ကို၊ မျက်မြင်ပင်ဖြစ်ပါသည်” ဟု ရေးသား၏။
ထို့ကြောင့် ကျေးဇူးပြု စီးပွားဖက် မိတ်ရင်းစစ်လှသည့် ကျွဲနွား အသားအသက်တို့ကို မသတ်အပ်၊ မစားအပ်၊ သတ်စားမိပါက အောက်အဝီစိရောက်မည့်အကြောင်းကို
“သို့ သနစ်ကြောင်းရင်း၊ သိကြလျက် အခင်းပါကို သနားခြင်းကွာဝေးသည့်၊ ငရဲခွေးအစာ
လူဒုဿီ ပြိတ္တာတို့
မာန်မိစ္ဆာယှဉ်ပူး၍၊ ကျေးဇူးပြုစီးပွားဖက်
မြန်မာနွယ်အဆက်၊ ကမ္ဘာကဖက်ခဲ့၍
အသက်၏ သဏ္ဌာန်၊ မိတ်ရင်းစစ်မှန်လှသော
တိရစ္ဆာန်ကျွဲနွားကို၊ သားမယားမွေးမှုနှင့်
ကရုဏမကပ်ဘဲ၊ သတ်ဖြတ်၍ ရောင်းသူမှာ
လမ်းနှစ်ကြောင်းမရှိ၊ အဝီစိအောက်ရွာမှာ
ကမ္ဘာကို ရက်တွက်၍၊ ထောင်တသက်သွားတော့မည်” ဟူ၍ ရေးပြီး ဝယ်ယူရှိ၍၊ ရောင်းသူရှိရာ၊ ရောင်းသူနှင့်ဝယ်သူ ဝယ်သူက မူလ၊ ရောင်းသူက ဘူတဖြစ်ကြောင်းကို
“ယုတ္တိနှင့်စဉ်းစားလျှင်၊ ရောင်းသမား ဝယ်သမား
နှစ်ဦးသားသဘောတူ၊ ဝယ်သူက မူလ
ရောင်းသူရွှင်မှ တွင်တွင်သတ်
နဘေထပ်လွန်းပေါင်းတင်သည့်အတိုင်း မြင်ကြလျက်
ဇွတ်ငင်သည့်တဏှာကြောင့်၊ ဟင်းလျာသည်ဆိုလျှင်ပင်
ခိုပြိုသည့်အတိုင်း၊ ဝိုင်းကြသည် ကျွတ်ကျွတ်ဆူ
သူမရ၊ ငါမရ၊ ငွေစကို တပြင်ပြင်
ချိန်ခွင်ကို တခါခါ၊ နက်ဖြန်လည်းလာပါနော်
သန်ဘက်လည်းမျှော်ပါမည်၊ ခေါ်လိုက်သူတချို့
လက်တို့၍မှာသူမှာ၊ ဟင်းလျာသည် လာခဲ့ဟု
စိတ်ထဲက တ,သူတ၊ သို့ဖြစ်၍နေကြလျက်၊
ပါးစပ်က ပရိယာယ်၊ ရောင်းလာလို့ ဝယ်ပါသည် ဘယ်အပြစ်မရှိပေါင်ဟု၊ ယောင်လို့များမဟနှင့်
ဝမ်းထဲကသဘောကို၊ မပြေဘဲကုန်စင်အောင်
မြင်ရင်းစွဲဖြစ်ကြသည်”
ဟု ကျိုးကြောင်းပြ ရေးသားခဲ့သည်။
ဆရာတော်သည် နွားသားစားမှုကိုရှောင်ရန် တရားဟောရာတွင် ဆန့်ကျင်သူတွေ ပေါ်ပေါက်ခဲ့ရာ စားသင့်၊ မစားသင့်၊ မင်းကိုယ်တိုင် နွားဖြစ်လျှင် မည်ကဲ့သို့ဖြစ်လိမ့်မလဲဟု မေးလိုက်ရင်း “လူတို့လိုတီတာတာ၊ မပြောတတ်ရှာကြလို့
ငုတ်တုတ်သာမပြန်လှန်၊ ပြုသမျှခံရသည်
ဌာန်ကရိုဏ်းပြတ်သား
နှုတ်လျှာများတတ်အားလျှင်၊ နွားတို့ကဆိုရန်
ခွင့်ရှိသည်အမှန်မှာ၊ မြန်မာနှင့်ကုလား
နှစ်ပြည်ထောင်တိုင်းသားတို့၊ ဖြစ်ပွားသည့် တွက်တာသည်
ငါတို့မှာ သေတ္တု၊ အကုန်းလုံးစုချေသည်
သူတို့ဘေး သူတို့ဘိုး၊ သူတို့နွယ်တရိုး
တမျိုးလုံး တဆွေလုံး
ဆန်စပါးပြောင်းနှမ်း၊ ဗူးခရမ်း ပဲအမျိုး
မြေပြင်လုံးမောက်ဖြိုးအောင်၊ တိုးတက်သည့်ဘဏ္ဌာန်နှင့်
လိုရာတိုင်းပြည့်စုံ၊ ကုံလုံကြအသီးသီး
ကျောင်းကြီးဆောက် ဘုရားတည်
တတိုင်းလုံးကြွယ်သည်မှာ
ဘယ်သူက အရင်းဟု၊ စဉ်းစာဖွယ်မရှိ
ထင်အလင်းသိပါလျက်၊ သတိပင်မပေါ်
ကျေးဇူးကိုမမြှော်၊ စိတ်အချော်တိမ်းပါး
မိတ်မတော်စိမ်းကားလျက်၊ တို့အသား တို့အသဲ
တို့အဆီရွှဲရွဲကို၊ ထမင်းပွဲအလယ်
အနင့်သားတယ်ပြီးလျှင်၊ ရယ်ကာနှင့်ပြုံးကာ
အရသာခံစား၍၊ လင်မယားတတွေ
မြုံ့ကြသည့်အနေ၊ မြိန်နိုင်ပေ့သူတို့ကိုယ်
မျိုရက်ပေ့ သူ့ခံတွင်း၊ တို့လုပ်သည့် ထမင်းကို
တို့ဟင်းလျာအသားနှင့်၊ စားကြသည့်ဖြစ်နဲကို
တို့ အသည်းနာလိုက်ကဲ့”ဟု ရေးသားခဲ့သည်။
ဆက်လက်၍ ဆရာတော်ကြီးက ယခုကဲ့သို့ စီးပွားဖက်ကို သတ်စားနေလျှင် နွားများက လူတို့၏လက်ထဲတွင် နေရသည်ထက် တောကျားတွေပါးစပ်တွင် ခေါင်းပြတ်၍ သေရခြင်းက အလွန်အမင်း မြတ်သည့်အကြောင်းကိုလည်း
“သည့်လောက်တောင် ရိုင်းငြားသည့်
လူသားတို့လက်ထဲတွင်၊ ဖွဲပြောင်းရိုးမြက်ရေ
သုံးစား၍နေသည်ထက်၊ တောကျားတွေပါးစပ်မှာ
ခေါင်းပြတ်၍သေရခြင်းသည်။ အလွန်အမင်းမြတ်သေး၏” ဟု ရေးသည်။
နွားများ အချင်းချင်းပြောကြသည့်ဟန်နှင့် နွားများဘက်မှ ကိုယ်စားပြုဘက်လိုက်ရေးဖွဲ့သည့် 'နွားမေတ္တာစာ'သည် ဆရာတော် ၏ ဂန္တဝင်မြောက် စာကောင်းစာမွန်တစ်ပုဒ် ဖြစ်သည်။
သေရည် သေရက် မေတ္တာစာ
အခန်း ( ၁၄ )
လယ်တီဆရာတော်ကြီးသည် သေရည်သေရက် မေတ္တာစာကို အင်္ဂလိပ်အစိုးရအား ဆန့်ကျင်သည့်အနေနှင့် ရေးသားခဲ့ခြင်းဖြစ်သည်။ သေရည်သေရက်မေတ္တာစာသည် ဆရာတော်ကြီး၏ နွားမေတ္တာစာ ကဲ့သို့ ပြောင်မြောက်သောလက်ရာတစ်ခု ဖြစ်ပါ၏။ မေတ္တာစာ ဆိုသည်မှာ မြစ်တားသင့်သည့် ကိစ္စရပ်ပေါ် မေတ္တာထား ရေးသား ပေးပို့သည့်စာ ဖြစ်၏။ လယ်တီဆရာတော်ကြီး၏ ဘဝနှင့် စာပေကို လေ့လာမည်ဆိုပါက နွားသားမစားရေးမေတ္တာစာနှင့် သေရည်သေရက် မေတ္တာစာနှစ်ပုဒ်သည် အရေးကြီးသောမေတ္တာစာများ ဖြစ်၏။ ဆရာ တော်ကြီးသည် သေရည်သေရက်မေတ္တာစာနှစ်ပုဒ်ကို ရေးသားခဲ့၏။ ပထမ သေရည်သေရက်မေတ္တာစာကို ၁၂၄၈ခုနှစ်က ရေးသားခဲ့ တာဖြစ်သည်။ ထိုမေတ္တာစာက 'စိုင်ပြင် သေရည်သေရက်မေတ္တာစာ' ဖြစ်ပြီး ဒုတိယမေတ္တာစာသည် ၁၂၄၉ ခုနှစ်က ရေးသားသည့် 'ဒီပဲရင်း သေရည်သေရက်မေတ္တာစာ' ဖြစ်သည်။
စိုင်ပြင် သေရည်သေရက်မေတ္တာစာကို ဆရာတော်သည် မိမိဆန္ဒ အလျောက် ရေးသားပြီး ဒီပဲရင်းမေတ္တာစာကို ဒီပဲရင်းမှ ဒါယကာ တို့က လျှောက်ထား၍ ရေးတာဖြစ်သည်။ မေတ္တာစာ နှစ်ပုဒ်စလုံး သည် ထိမိကောင်းမွန်၏။
ဤမေတ္တာစာနှစ်ခုစလုံးသည် ဆရာတော်၏ ရှင်းလင်းသော အရေးအသား ဒိုးဒိုးဒေါက်ဒေါက် ထိထိမိမိရှိသည့် ရေးဟန်များကို တွေ့ရ၏။
စိုင်ပြင် သေရည်သေရက်မေတ္တာစာကိုဆရာတော်ရေးသားချိန် သည် မြန်မာတစ်နိုင်ငံလုံးကို အင်္ဂလိပ်တို့ စိုးမိုးအုပ်ချုပ်ပြီး တစ်နှစ်ခန့် အကြာတွင်ဖြစ်သည်။ သူတစ်ပါး၏ လက်အောက်တွင် အမျိုးဘာသာ သာသနာ ကျဆင်းရချိန်တွင် မြန်မာတစ်မျိုးသားလုံးက ကျစ်ကျစ် လျစ်လျစ် စည်းစည်းလုံးလုံးရှိရမည်။ မကောင်းမှု ဒုစရိုက်တွေကို ဖယ်ရှားပြီး တစ်မျိုးသားလုံးက စည်းစည်းလုံးလုံးရှိရမယ့်အချိန်လည်း ဖြစ်သည်။
ဒီလိုအချိန်တွင် ဆရာတော်က ဒါယကာရင်းဖြစ်သော စိုင်ပြင်ရွာ သူကြီးဦးဆိုင်းသည် အရက်ကလေးတမြမြနှင့် ဖြစ်နေသည်ကို ဆရာ တော် တွေ့ခဲ့၏။ ထိုအခါ ဆရာတော်က ဆုံးမဩဝါဒပေးမှ ဖြစ်တော့ မယ်ဆိုပြီး အများဗိုလ်လူထဲမှာတော့ ဆုံးမလို့ မတော်ပေဘူးလို့ ယူဆပြီး နှစ်ကိုယ်ချင်းတွေ့မှာ ဆုံးမဖို့အချိန်စောင့်နေခဲ့သည်။ ထိုကဲ့သို့ စောင့်နေပြီးမှ နောက်ဆုံးအခွင့်မကြုံတာနှင့် ဆုံးမစာကို ရေးသား ဆုံးမ ပေးပို့ခဲ့ဖြစ်၏။
“ယမန်အခါ၊ စိုင်ပြင်ရွာသို့
ဆရာတစ်ယောက်၊ လေးငါးရက်ကြာ
ကိစ္စတာနှင့်၊ လာစဉ်ခေါက်က
သောက်မှုစားမှု၊ ကစားမှုများကို
ဘယ်သူဟုမရွေး၊ တို့ထိုက်တို့ကံ
တို့အရာမ်နှင့်၊ ဆက်ဆံသူအပေါင်းတို့
ကောင်းကောင်းကြီး၊ ဩဝါဒပေးမည်ဟု
အရေးတစ်ခု၊ အကြံပြုပြီးမှ
အနုအရင့်၊ အမှုကို ချင့်ပြန်သော်
ဩော်...တို့ကျောင်းဒကာ၊ နဂိုရင်းက
မဖျင်ဘူးပါဘဲနှင့်
ခုခါမှ လျောက်လျားလူ့စာဂ ဖောက်ပြား၍
မှောက်မှားသည့်အချက်ကို၊ အရှက်ကြီးတမင်ခွဲသလို
လူထဲတွင် မတော်တတ်ပေဟု၊ ပရိသတ်မပါ
နှစ်ကိုယ်ကောင်းတွေ့ခါမှ၊ သာယာချောမော
အဆိုးအကောင်း အကျိုးအကြောင်း
ကောင်းကောင်းကြီးဟောရလျှင်၊ ချောပေမည် ဧကန်ဟု
အကြံနှင့်ချောင်းပါသည်ကို၊ နှစ်ကိုယ်ကောင်းသက်သက်
မတွေ့သည့်အတွက်ကြောင့်
ဟု မေတ္တာစာ ရေးသားရသည့်အကြောင်းကို ဖော်ပြပြီး “ယခုအခါမှာ၊ ဆရာလည်းအား
လူကြုံလမ်းကြုံ၊ စခန်းကြုံနှင့်
ဆုံခိုက်ငြားသောကြောင့်၊ တရားကျမ်းဂန်
တုတ်တိုင်းကို ပြန်လိုက်မည်”
ဟုဆိုကာ ဆရာတော်သည် စိုင်ပြင်သေရည်သေရက် မေတ္တာစာ ကို ဆက်ရေးသား၏။
“လူရုပ်မပေါ်၊ လူစော်မနံ
လူဟန်မရ၊ လူစတိတုံး
လူတိုင်းမုန်းစရာ၊ လူယုတ်မာ အဖြစ်မှာမူကား
အသင်္ချေယျော၊ မရေတွက်နိုင်ဟု
သေသောက်သူဖြစ်ပုံကို၊ သနစ်ကုန်ဖြတ်ပိုင်း၍
သည်အတိုင်းလာချေသည်”
ဟု စတင်ရေးသားထားပြီး ဦးဆိုင်အား ဆက်လက်ဆုံးမရာတွင် “သင် ကျောင်းဒကာ၊ စိုင်ပြင်ရွာ သူကြီးမှာလည်း အမျိုးမှန်သည့်၊ အဖိုးတန်ဖြစ်ပါလျက်
ကံစုတ်ဉာဏ်ယုတ်၊ ဘာမဟုတ်သည့်
လူနုပ်လူမွဲ၊ လူဆန်ကွဲ
လူ့ဗလချာ၊ လူရာမရောက်
လူဘောက်သောက်တို့၊ သောက်ကြစားကြ
မှောက်မှားကြ၍၊ အဓမ္မညစ်တီ
အလဇ္စိ အကျင့်ဆိုးများကို၊ အမျိုးနှင့်ချင့်ချိန်
ဂုဏ်သိမ်နှင့်ချင့်နွယ်၊ အရွယ်နှင့်ချင့်စား
တရားနှင့်ချင့်မျှော်၍၊ ပီပီသားမလျော်
မတော်သည့်အမှုများကို၊ စဉ်းစားကြီးဖြစ်ဘိ၍
ယခင်က လယ်တီဗိမာန်တည်ဆောက်ရန်အတွက်မန္နက်ချအုတ်တက် ခဲ့သော်လည်း အဆောက်အဦးပြီးမြောက်ခဲ့သည်အထိ မဖြစ်ခဲ့၊ မပြီးပြတ်ခဲ့သော ဗိမာန်ရှေ့တွင် အမှတ်တရ
ပဝတ္တိ-မဋိသန်၊ အသိဉာဏ်အကြွယ်သားနှင့်
အပါယ်လားမခံပါလင့်”
ဟု ရေးသားထားသည်။
ဆရာတော်က အရက်နှင့်ပတ်သက်၍
“အရိုင်းတွင် သေရက်
အခက်တွင် ပိဋကတ်
အမြတ်တွင် နိဗ္ဗာန်
အမြန်တွင် သိန္ဗော”
ဟု သရုပ်ခွဲဖော်ပြ၏။
စိုင်ပြင် သေရည်သေရက် မေတ္တာစာကို ရေးသားပြီး တစ်နှစ် အကြာတွင် ဒီပဲရင်းမြို့နယ်မှ ဒါယိကာ ဒါယိကာမတို့၏ လျှောက် ထားချက်အရ ဒီပဲရင်း သေရည်သေရက်မေတ္တာစာကို ဆရာတော် ရေးသား၏။ ဒီပဲရင်း သေရည်သေရက်မေတ္တာစာကို စိုင်ပြင်သေရည် သေရက်မေတ္တာစာကို ကျယ်ဝန်းနက်ရိုင်းစွာ၊ လောကအကြောင်း၊ ဓမ္မအကြောင်း၊ သမိုင်းကြောင်းတို့နှင့် ပြည်ပြည်စုံစုံကြီး ရေးသား၏။
သေရည်သေရက် သောက်သုံးသူတွေအဖို့ အပြစ်ခြောက်ပါးနှင့် ကြုံတွေ့ရကြောင်းကို ကျမ်းအကိုးအကားနှင့်တကွ ဖော်ပြရာတွင်
၁။ ဥစ္စာစည်းစိမ် ပျက်စီးတတ်၏။
၂။ ရောဂါအမျိုးမျိုးတို့ ကျရောက်တတ်၏။
၃။ ဂုဏ်သရေကင်းမဲ့၍ အများကဲ့ရဲ့ပြောဆိုခြင်းကို ခံရတတ်၏
၄။ အရှက်တကွဲလည်း ဖြစ်တတ်၏။
၅။ ခိုက်ရန် ဖြစ်ပွားတတ်၏။
၆။ ပညာသေးနုတ်ခြင်း၊ အလိမ္မာ သေးနုတ်ခြင်း ဖြစ်တတ် သည်ဟု ဆရာတော်က ဆို၏။
“ထိုသုတ္တန်ပါဠိကို၊ အဓိပ္ပာယ်ညှိလိုက်သော်
သိလေမယုတ်၊ မုချမှန်စွာ
သူရာငါးဝ၊ မေရယငါးထွေ
ထန်းရည်ချဉ်ခါး၊ နေညမသွေ
မေ့လျော့စေ၊ ပေလှအောင် သောက်စားက
ကိုယ့်စီးပွား ကိုယ့်ဥစ္စာတို့သည်
မျက်မှောက်မှာနွမ်းညှိုး၊ တက်ဆင့်ကာ မဖွံ့ဖြိုးဘဲ၊ အကျိုးမဲ့ကုန်ဆုံးလျက်
ပျက်ပြုန်းသည်တခြား၊
တရားနှင့်မဖက်၊ စကားဆိုးထွက်ပြီးလျှင် တစ်ဖက်သားမနာလိုအောင်
ပြောဆိုမိ အတန်တန်ကြောင့်
ခိုက်ရန်ကြီးဖြစ်ပွား၍
အချင်းများတတ်သည်တစ်ခု
စားသောက်မှုအရေးဝယ်၊ သတိဝေးကင်းကွာ၍ ပညာဖြင့်မချင့်နှိုင်း၊ စားချင်တိုင်းသောက်စား၍ နာဖျားခြင်းဗျာဓိနှင့်၊ တိုင်းမသိရောဂါကို ငြိုငြင်စွာ ခံစားရခြင်းတခြား၊
မည်သူ၏သတို့သားသည်၊ တရား၌မကပ် မျိုးဇာတ်ကိုမညှာ၊ ရပ်ရွာကိုမငဲ့ဟု
ချိုးဖဲ့သောသတင်းနှင့်
ကျော်ဇောခြင်းပျောက်ကွယ်၍
ကဲ့ရဲ့ဖွယ်ဖြစ်တတ်သည် တဖြာ၊
သူရာတန်ခိုးဖြင့်၊ ပုဆိုးကိုယ်ဝတ်
သူရာတန်ခိုးဖြင့်၊ ပုဆိုးကိုယ်ဝတ်
ယွင်းချွတ်ကင်းကွာ၊ အင်္ဂါကြီးငယ်
မတင့်တယ်နှင့်၊ ပွဲလယ်မှာရူးသောကြောင့်
သူတထူးမြင်ပြန်လည်း၊ ကိုယ့်ပုံဟန် မတင့်တယ် မျက်နှာလွှဲဖယ်ကြ၍၊ မဖွယ်ရာလုံးလုံး
ကိုယ့်ဘဝကိုယ်ဖြုန်းလျက်၊ သက်ဆုံးကျိုးနည်း ရှက်အိုးကြီး ကွဲရသည် တစ်ဌာန၊
သောက်ဝ မူးဝေ၊ သူရာယစ်က
သောက်ဝ မူးဝေ၊ သူရာယစ်က
တခေတ္တ သေသောကြောင့်
ဉာဏ်ပေတုံးကာ၊ မှေးပညာနှင့်
ပေစာမတတ်၊ မမှတ်သတိ
ဒိဌိမိစ္ဆာ၊ ပြိတ္တာသမုတ်
လူယုတ်လူနေ၊ လူ့ဗာလဖြစ်ရသည်တစခန်း ဤခြောက်ရပ်နည်းလမ်းကို၊ စည်းကမ်းသတ်ဥပဒေဖြင့် ဟောတော်မူခဲ့ပေသည်”ဟု ရေးသားခဲ့၏။
သေရည်သောက်သုံးသူများ ယခုမျက်မှောက်ဘဝတွင် ခံစား တတ်ပုံများနှင့် ပတ်သက်၍
“သောက်ကြုးသူတသင်း၊ ပုလင်းကြိုက် လူ့ဗာလာ၏
ဖြစ်နေကျဓလေ့မှာ၊ ရှိသရွေ့ဥစ္စာ
စုပါသော်လည်း ဖတပ်မတင်၊ အိုးပေါက်တွင်ရေလောင်းသို့
ဆင်းရဲကြောင်းစင်းစင်း၊ မွဲပြာကျ ပြောင်တလင်းနှင့်
ဖွတ်မင်းကြီး ပြာထိုင်သော်၊ ဥစ္စာပိုင်ဘာမရှိ
မိတ်ဆွေကောင်းနတ္တိ၊ ဖော်ကြင်ရာအိမ်သူမိက မချိအောင်ကျိန်ဆဲ၊ အိမ်ထဲတွင် ထပ်မနား
အရပ်ကြားအောင်ဟစ်အော်၊ လူစော်မှလည်းမနံဘိ
ဓာတ်မသိ သူကြီးခေါင်းက၊ ထောင်းလိုက်သည့် မင်းမှုငွေ
မြီကြွေးတွေ ဗရဖွာ၊ လာလိုက်သည့် အချေးတောင်း
မပေးလျှင်ထောင်းမည်ဟု၊ ရွှဲ့စောင်းလျက်ထပ်,ထပ်ငြိုး
ငွေညွှန့်တိုးများလည်း၊ ထမ်းပိုးတွေဆယ်ဆပွား
ဝန်ဆောင်သည်နွားလား၊ ညွှန်ပျောင်း၌တွားသကဲ့သို့
ခါးချဲ့ရင်ပွ၊ ဆင်မလှ
မြင်သမျှ မကောင်းကြံ၍
ပေါင်းစုံသောဝေဒနာ၊ ဖျားနာကနှိပ်စက်
စိတ်လက်ကမသာ၊ ဆေးကုစရာလည်းငွေမရှိ
ရောဂါကြီး ဖိသောခါ၊ အင်မတိ အင်မတန်
ဇောငါးချက်အပြန်တွင်၊ ကိုးကွယ်ရန်ရှာမရ
ငရဲကောင် နိမိတ်ပြ၍၊ အနိစ္စ အရက်အိုးမှာ သေချင်းဆိုး သေရလေသတည်း”ဟု ရေးသားခဲ့သည်။
လယ်တီဆရာတော်ကြီးက အရက်သမားတို့ကို သေချင်းဆိုး သရုံနှင့် မရပ်စေဘဲ
“သေလျှင်သေချင်း၊ ယမမင်း ငယ်သား
အပါယ်ဘုံ ပုလိပ်များက၊ ခါးကြိုးနှင့်နားကြိုး
သံတံကျင်ထိုးပြီးလျှင်၊ ဓားမိုးကာတလက်လက်
လှံတံဖြင့် ရိုက်နှက်၍၊ သေအရက်
သကောင့်သားကို၊ သံပြားကြီး တဝင်းဝင်း
သံပူရည်အိုးတွင်းသို့၊ ဆင်းဟဲ့ဟုပစ်ချ
မဆင်းဘဲနေလျှင်၊ ဧရကြိမ်လုံး
လှံမ-ချွန်းတောင်း၊ ခက်ရင်းကောင်းဖြင့်
ကြောင်းမဟန်မှုန်းလေသည်။
မဆုံးနိုင်အဖန်ဖန်၊ သံနှုတ်သီးတဝင်းဝင်း
ကျီး၊ လင်းတတစ်သင်းက၊ အတင်းပင်ထိုးဆွ
ကြောက်စရာ့ ခွေးဘီးလူး
အစွယ်ကြီး ငှက်ပျောဖူးနှင့်၊ ပြုးတူးတူး ကြောင်ကျားကျား
ကိုက်ခဲ၍ ဝါးပြန်သော်၊ ပြေးအားလည်းဘာမရှိ
သင်တုန်းစက်မိပြန်လျှင်၊ မချိနိုင်တဖြန်းဖြန်း
ဦးခေါင်းမှ သွေးပန်း၍၊ တစခန်းဒုက္ခတွေ့
ငရဲမီးအငွေ့ကြောင့်၊ တဆွေ့ဆွေ့ တခုန်ခုန်
တတုန်တုန် တဟိုက်ဟိုက်၊ သံပူရည်ကျိုက်ကျိုက်မှ
ဆင်းလိုက်ချည် တက်လိုက်ချည်၊ မြင့်ကြာရှည် နှစ်ပေါင်း
လွန်မင်းစွာ ရှည်ညောင်း၍၊ ကံကောင်းကြောင့်လွတ်ပြန်လည်း
ကြမ္မာကံ ရှေးအဟုန်၊ အကျိုးပေးမကုန်၍
ပြိတ္တာဘုံ ဌာနဝယ်၊ သီသဉ္စ နဝယောဇနံ
ဇိဝှဉ္စသတ္တယောဇနံ၊ ကျမ်းဂန်အရှိ
ပြိတ္တာရုပ်ဇာတိနှင့်၊ ဖြစ်ရချည့် ဖန်တခါ
ကိုးယူဇနာဦးခေါင်း၊ တောင်စောင်းကြီးတမျှ
လျှာထုတ်က ခုနှစ်ယူဇနာ၊ ကိုယ်ထည်မှာနှစ်ဆယ့်ငါး
ယူဇနာကြီးမား၍၊ အမြီးဖျားအစ
ဦးခေါင်းသို့ကျလေအောင်၊ အမြဲပင်မီးလောင်လျက်
ပြိတ္တာကောင်ပြောက်ကျားမှာ၊ သောက်စားရန်ရှာမရ
ဒုက္ခတွေ အနန္တနှင့်၊ ပုနပ္ပုနံ
အကြိမ်ကြိမ်ခံပြီးမှ၊ ကံကြမ္မာအလျောက်
ပြိတ္တာကလွတ်မြောက်လည်း၊ နောက်နောက်က သေအရက်
အကျိုးပေးဆက်ပြန်၍၊ ရှက်စရာအထူးထူး
ခွေးရူးနှင့်ဝက်ရူး၊ ဖန်ငါးရာရူးပြီးသော်
လူရူးလည်း ဖန်ငါးရာ၊ လူဖြစ်ပါလည်း သုံးမကျ
လူအ လူနုံ၊ လူအင်္ဂါမစုံသောဘဝမှာ
အနန္တ အသေင်္ချေယျော၊ မရေနိုင်ပေါသည့်
ဘုရားဟောဒေသနာ၊ ထင် အလင်းလာချေသည်”
သေပြီးသည့်နောင်ဘဝ တွေ့ရမည့်ဒုက္ခစုံ အသည်းရင်တုန်
လောက်အောင် ရေးသားထားသည်။
ထီမေတ္တာစာ
အခန်း ( ၁၅ )
လယ်တီဆရာတော်ကြီး၏ မေတ္တာစာများကို တင်ပြမည်ဆိုပါက ထီမေတ္တာစာအကြောင်းကိုလည်း ချန်လှပ်၍ မထားသင့်ပေ။
ထီမေတ္တာစာတွင် ဆရာတော်က ထီလိုက်သူ၊ သေရည်ကြိုက်သူ နှင့် မိန်းမလိုက်သူတွေကို
'မိန်းမကြုး,သေရည်ကြိုက်၊
ထီလိုက်သူတသင်း၊
သုံးဦးသားအဖျင်းသည်'
လို့ ရှင်းရှင်းကြီးရေး၏။
ထီမေတ္တာစာတွင် ဆရာတော်၏ ထူးခြားသည့် အယူအဆ သဘောထားတစ်ရပ်ကို တွေ့ရ၏။ ဤအယူအဆမှာ ဝိသမလောဘ နှင့် ခေါင်းပုံဖြတ်ရရှိထားသော ပစ္စည်းဥစ္စာများနှင့် ဘုရားတည် ကျောင်းဆောက်၊ ဘုရားတကာအမည်ခံပြီး အသက်တစ်ရာလောက် ရှည်နေရခြင်းထက် သမ္မာအာဇီဝနည်းနှင့် အသက်မွေးမှုပြုပြီး အသက် တိုတိုနေရခြင်းက ပိုသင့်မြတ်လှသည်ဟု ရေးသားခဲ့၏။
လယ်တီဆရာတော်ကြီး၏ လက်ထက်ကလည်း အချို့သူများ သည် ဘုရားဒကာ ကျောင်းဒကာ အမည်ခံ၍ တစ်ဖက်မှလည်း ခေါင်းပုံဖြတ် အမြတ်ရှာစားနေသော လုပ်ငန်းများကို လုပ်ကြဟန် ရှိ၏။
ဝိသမလောဘနှင့်ရရှိသော အမြတ်တွေကို ဘုရားတည် ကျောင်း ဆောက်ကာ ဘုရားဒကာခံကြသည်။ ထိုကဲ့သို့ ဘုရားဒကာ ကျောင်း ဒကာခံကြသည်ထက် မည်သူ့ကိုမှ ခေါင်းပုံမဖြတ်၊ မတရားမလုပ်ဘဲ သမ္မာအာဇီဝ အသက်မွေးမှုှနှင့် အသက်တိုတိုနေရတာက ပိုမြတ် ကြောင်းကို လယ်တီဆရာတော်ကြီးက
“ဆန်းပွေမှုပယောဂ၊ ဝိသမလောဘကြောင့်
ဘောဂတွေများကြွယ်၍၊ ဘုရားတည်ကျောင်းဆောက်
ကျက်သရေဂုဏ်ရောက်လျက်၊ တရာလောက်အသက်ရှည်
လူလုပ်ကာနေရသည်ထက်၊ ဓမ္မေနသမေန
အာဇီဝဖြုဖြုနှင့် လူကြည်ညို
နတ်ကြည်ညို၊ အသက်ပင်တိုသော်လည်း
ထိုသူသာအမြတ်ဆုံး”ဟူ၍ ရေးသားခဲ့သည်။
ထိုသူသာအမြတ်ဆုံး”
ဝိသမလောဘနှင့် ဥစ္စာရှာပုံကို ဆရာတော်ရေးသားဆုံးမထား ခြင်းသည် ယနေ့ထက်တိုင် ခေတ်မီနေဆဲဖြစ်သည်။
ဆရာတော်က ထီမေတ္တာစာတွင် အရပ်၌ မကြာခဏ ကြားရ မြင်ရတတ်သော
“ဗျို့ ကျောင်းဒကာကြီးရဲ့၊ အနိစ္စ ဒုက္ခ အနတ္တ ဆိုတဲ့တရား တွေက မည်သို့မည်ပုံ၊ ဘုရား တရား သံဃာဆိုတာက ဘယ်ပုံဘယ်နည်း”ဟု ပါးစပ်က တတွတ်တွတ် ပြောနေတတ်ပါပေမယ့် လက်တွေ့တွင် ဆီထဲကို ရေနွေးရော၊ ဆေးရွက်ထဲကို ရွက်ချပ်ညှပ်၊ ရေနံထဲရေစွပ်၊ လက်ဖက်ရောင်းရာမှာ ရေထိုးပြီး ပါးစပ်က မိမိတို့ ကုန်ပစ္စည်းတွေဟာ မည်သည့်ပစ္စည်းနဲ့မျှမတူ၊ တကယ်ကောင်း၊ အဟုတ်ကောင်းပြောကာ လိမ်လည်ရောင်းသူများသည်၊ အမှန်စင်စစ် ပလီဉာဏ် လောဘနှင့် ဝစီကံစောရတွေသာဖြစ်ကြောင်းကို အောက်ပါ အတိုင်း ရေးသားသည်။
'ခင်ဗျားတို့ ကျွန်တော်တို့ သေရမည် မချို့ပြီ
နောက် အဖို့ပါကြအောင်
ဒါနမျိုး သီလမျိုး ဘာဝနာမျိုးများကို
ကြိုးစားမှ တော်တန်မည်ဟု
အပေါ်ယံတသောသော၊ တွေ့သူနှင့် လိုက်လျောအောင်
အပြောမှာနောက်မကျ၊ ရောင်းဝယ်ရေးကိစ္စ ပစ္စည်းရေးကျခဲ့လျှင်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ မြိုင်မြိုင်နှင
ပစ္စည်းရေးကျခဲ့လျှင်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ မြိုင်မြိုင်နှင့်
ကိုင်လိုက်ချည့်ဗိုင်းဗိုင်းလဲ၊ ဆီထဲမှာရေနွေး
ဆေးထဲမှာ ရွက်ချပ်၊ ဗျပ်ထဲမှာမုရင်းဆန်
ရေနံမှာရေစွက်၊ လက်ဖက်မှာရေကူ
ဘယ်ကုန်မျိုးမဟူးပြီ၊ တူသာတူပလေစေ
ညစ်နည်းတွေကိုယ်စီနှင့် ပဘီဉာဏ်လောဘ ဝစီကံစောရကို မနောဇပတ္တမြားကဲ့သို့
အားကိုးဖွယ်အတတ်၊ အလိမ္မာကောင်း
ထင်မှတ်၍ ဂုဏ်ဒြပ်ဟိတ်တွေနှင့် စိတ်အနေမြင့်ကြသည်။'
အပြောတစ်မျိုး အလုပ်တစ်မျိုးလုပ်တတ်သောများအား ဆရာတော်ကြီးက
“အသက်မွေး သပွတ်အူ၊ သူတော်ကောင်းစိမ့်ဆတ်
အုတ်မနပ်ငှက်ပြေလု်၊ မနောက ကလိမ်ချုံ
အပြောက ဝတိံဘုံ
ယုံလောက်အောင်ဖွဲ့နွဲ့၊ ကုန်လောက်အောင် ဉာဏ်ချဲ့၍ အရွဲ့နှင့်အကဲဆစ်၊ အထဲညစ် အပေါ်ပြောင်
မတွေ့မှအနိုင်ရှောင်၊ သူတော်ယောင်တဖက်လှ
ပါးစပ်ပြောက ပျားသကာ၊ ဓာတ်သဘောက ခါးတမာ
မပြုသာလျှင် ငရဲကြောက်
ပြုသာလျှင် အလဲမှောက်”
---
ပလိပ်ရောဂါတားဆီးရေးနှင့် မိုးခေါ်တရား
အခန်း ( ၁၆ )
လယ်တီဆရာတော်ကြီး၏ဘဝတစ်သက်တာတွင် ရောဂေါဆိုး ကြီးများ ကပ်အသွင်ပေါ်ပေါက်လာသည့်အခါတိုင်း အန္တရာယ်ကင်း ပရိတ်တွေရွတ်ဆိုကာ တားဆီးပေးခြင်းလုပ်ငန်းများကိုလည်း စွဲမြဲစွာ လုပ်ဆောင်ပေးသည်။
ဆရာတော်ကြီးက မိမိမြို့ မိမိရွာတွင် ကပ်ရောဂါပေါ်ပေါက်လာ ပါကမြို့ရွာရှိ ဆရာတော်၊ သံဃာတော်တို့ အစုံအညီ စည်းဝေးစေပြီး ရပ်ရွာလူကြီးများနှင့် တိုင်ပင်ကာ မြို့ရွာသန့်ရှင်းရေး ပြုလုပ်ရမည်။ ထို့နောက် မဏ္ဍာပ်ကနား ဆောက်လုပ်ကာ ပရိတ်အိုး၊ ပရိတ်ချည်၊ ပရိတ်ရေ၊ ပရိတ်ပန်း၊ ပရိတ်သဲတို့ကို အသီးသီး စီရင်စေပြီး မြို့ရွာရှိ နတ်များကိုပင့်ဖိတ်ကာ ရောဂါတားဆီးရေးအတွက် ပရိတ်တရားတော် များ ရွတ်ဆိုရမည်ဟု ရောဂန္တရ ဒီပနီကျမ်းတွင် ရေးသားတော်မူ၏။
ရွတ်ဆိုရာတွင်
- ပရိတ်ကြီး
- မဟာသမယသုတ်
- အာဋာနာဋိယသုတ်
- ဗုဒ္ဓဝင်ပါဠိတော်
- ပဌာန်းပါဠိတော်
- ဥပ္ပါတသန္တိကျမ်း
- ဗြဟ္မာ့ဇာလကျမ်း
- ၆၂ ပါး ဒိဌိခဏ်း
- သုတ်မဟာဝါမဟာပဒါနသုတ်များကိုရွတ်ဆိုရမည်ဟုဆို၏။
ပရိတ်ရွတ်မည်ဆိုပါက မြို့စောင့်နတ်၊ ရွာစောင့်နတ်များကို နေ့စဉ်
လယ်တီဆရာတော်ကြီးရေချိုးရာတွင်အသုံးပြုတော်မူခဲ့သောရေကန်
ဖိတ်စာရေး၍ ဖိတ်ကြားရမည်ဟု ဆို၏။ မြို့ရွာများမှ ရောဂါကျ ရောက်လာလျှင်
- အစိုးရမင်းတို့၏ အစွမ်း
- ဆေးပညာရှင်တို့၏ အစွမ်း
- ရပ်ရွာလူကြီးတို့၏ အစွမ်း
- ရပ်ရွာလူငယ်တို့၏ အစွမ်း
- မြို့ရွာရှိ ရဟန်းသံဃာတို့၏ အစွမ်းများနှင့် ဖယ်ရှားရန် နည်းလမ်းများရှိသည့်အနက် အစိုးရမင်းများက ဖယ်ရှားနိုင်မှု စွမ်း ပကားသည် အစွမ်းအကြီးဆုံးဖြစ်သည်။ အန္တရာယ်ကင်း ပရိတ်တရား တော်များကို ရွတ်ဆိုရခြင်းသည် အင်္ဂလိပ်တို့ မစွမ်းဆောင်နိုင်သည့် ကိစ္စကို ဗုဒ္ဓတရားတော် ပ
ရောဂါဘေးဥပဒ်များ ကပ်အသွင်ကျရောက်တော့မည် ဆိုပါက ငှက်ဆိုးထိုးခြင်း၊ ခွေးအူခြင်း၊ ကျီးထိုးခြင်း စသည့် နိမိတ်တွေ ကပ်ဥပဒ် ကြီးစွာဆိုက်ရောက်သည်။ သီဟိုဠ်ကျွန်း၌လည်း ကပ်ဥပဒ် ကျရောက်ဖူးကြောင်း မဟာဝင် အဌကထာများတွင် ဖော်ပြထားသည်။ ၁၂၇၀ပြည့်နှစ်က ကျိုက်ထိုမြို့တွင် ပလိတ်ရောဂါကြီး ကပ်အသွင် ပေါ်ပေါက်ခဲ့သလို တောင်ငူ၊ မိတ္ထီလာတို့တွင်လည်း ပေါ်ပေါက်ခဲ့ သည်။ ၁၂၆၄ ခုနှစ် ကသာမြို့တွင် ရောဂါကပ်ကြီး ကျရောက်ရာ မာန်လည်ဆရာတော်ကြီးက ပရိတ်တရားတော်တွေကို ရွတ်ဆိုပေးပြီး ရောဂါဘေးမှ ကင်းဝေးစေခဲ့ဖူးသည်။ လယ်တီဆရာတော်ကြီးက မိမိကိုယ်တိုင် သွားရောက်နိုင်သော အရပ်များသို့ ကိုယ်တိုင်သွား၍ ပရိတ်တရားတော်များကို ရွတ်ဆို၊ ကပ်ရောဂါများကို တားဆီးပေး သောလည်း အချို့မြို့၊ အချို့ရွာများတွင်တော့ လယ်တီဆရာတော်၏ အမိန့်ပြန်တမ်းကို ဖတ်ကြားပြီး တားဆီးမှုပြုသည်။
မြန်မာနိုင်ငံအရပ်ရပ်တွင် မကြာခဏ မိုးခေါင်သည်။ မိုးခေါင် သည့်အခါ စိုက်ပျိုးသစ်ပင်သီးနှံတွေလည်း ပျက်စီး၊ ကျွဲနွားသတ္တဝါ တို့တွေလည်း သေကျေ၊ ကပ်ရောဂါများလည်း ကျရောက်၍ ဆိုးကျိုး အလီလီကို ကြုံတွေ့ရသည်။ ထို့ကြောင့် လယ်တီဆရာတော်ကြီးက မိုးခေါင်သည့်အရပ်ဒေသများအတွက် မိမိ၏မေတ္တာ၊ ပရိတ်တရား တော်တွေ၏ တန်ခိုးနှင့် မိုးခေါ်ပေးတတ်၏။
လယ်တီဆရာတော်ကြီး မိုးခေါ်ပုံမှာ ဘယ်အရပ်မှာမဆို မိုးခေါင် သည့်ရပ်ရွာရှိ ရဟန်းသံဃာများသည် နံနက် ၈ နာရီမှာတစ်ကြိမ်၊ နေ့လယ် ၁၂ နာရီမှာတစ်ကြိမ်၊ ညနေ ၄ နာရီမှာတစ်ကြိမ် မိုးပရိတ် ကို ရွတ်ကြရမည်ဟု ဆို၏။
ရွတ်ဖတ်ရန်မှာ မဟာဘြကာသကြီး အစချီပြီး ဘုရားကန်တော့ ကာ “ဝိပဿီ၊ ဗုဒ္ဓေါ ဘဂဝါ” အစချီ (၇) ဆူစက်ပရိတ်၊ ၂၈ ဆူ စက်ပရိတ်တော်ကြီးတို့ကို ညီညာစွာ ရွတ်ဆိုရမည်။ ပုနာပရံ ယဒါ ဟောမိ အစချီ ငါးရံ့မင်းပရိတ်ကို အခေါက်ပေါင်း၃၀၊ မနက်တစ်ခါ၊ နေ့လယ်တစ်ခါ၊ ညနေတစ်ခါ ရွတ်ဆိုရမည်ဟု ဆို၏။ လယ်တီဆရာတော်ကြီးသည် မိုးကမ္မဝါကြီးကိုလည်း ကိုယ်တော် တိုင် စီရင်ရေးသားသည်။ မိုးကမ္မဝါကို ကိုယ်တိုင်ရေးသားနိုင်ခြင်း သည် ဆရာတော်ကြီးအနေနှင့် ပါဠိအရာတွင် တစ်ဖက်ကမ်း တတ် မြောက်တော်မူတာကို ပြဆို၏။
လယ်တီဆရာတော်ကြီး ပြည်မြို့တွင် သီတင်းသုံးနေတော်မူစဉ် ဟင်္သာတမြို့ကြီး မိုးခေါင်သောကြောင့် ဟင်္သာတအရေးပိုင်က လယ်တီ ဆရာတော်ကြီးကို ပင့်ဖိတ်စေရာ ဆရာတော်ကြီးသည် ဟင်္သာတသို့ မကြွမီညကပဲ ပရိတ်များကို ရွတ်ဆို၍ မိုးခေါ်၏။ လမ်းတစ်လျှောက် လုံးမှာလည်း မိုးနှင့်သက်ဆိုင်သူတွေကို မေတ္တာပို့၊ မိုးခေါ်ပရိတ်တော် များကိုလည်း အဆက်မပြတ် ရွတ်ဆိုသွားရာ ဆရာတော်ကြီး စီးလာ သောသင်္ဘော ဟင်္သာတမြို့ မဆိုက်ခင်မှာပင် မိုးကြီးသည်းထန်စွာ ရွာတော်မူသည်ဟု မှတ်တမ်းများအရ သိရသည်။
---
နိုင်ငံခြားသာသနာပြုလုပ်ငန်း
အခန်း ( ၁၇ )
လယ်တီဆရာတော်ကြီး လုပ်ဆောင်ခဲ့သည့် လုပ်ငန်းများစွာ အနက် ကန့်ကွက်သူမရှိ၊ တစ်နိုင်ငံလုံဝိုင်းဝန်းထောက်ခံပါဝင်ခဲ့သော လုပ်ငန်းသည် နိုင်ငံခြားသာသနာပြုလုပ်ငန်း ဖြစ်၏။
ဗုဒ္ဓဘာသာ သာသနာပြုမင်း ရှိပါက သာသနာပြုသောလုပ်ငန်း သည် မင်း၏တာဝန်ဖြစ်သည်။ ယခုအခါ သာသနာပြုမင်း မရှိခဲ့၍ ယင်းတာဝန်သည် ဗုဒ္ဓဘာသာဝင် ရှင်ရှင်လူလူ တိုင်းသူပြည်သား လူအများ၏ ပခုံးပေါ်တွင် ကျရောက်လျှက်ရှိသည်။ ယင်းတာဝန်ကြီး ကို ထမ်းဆောင်ရန်ဟူသော ရည်ရွယ်ချက်နှင့် လယ်တီဆရာတော်ကြီး ကိုယ်တိုင် ဦးစီးဦးဆောင်ပြုပြီး နိုင်ငံခြား ဗုဒ္ဓသာသနာပြု အသင်းကြီး ကို ဖွဲ့စီးတည်ထောင်၏။ နိုင်ငံခြားဗုဒ္ဓသာသနာပြုအသင်းကြီးကို ထူထောင်ရာတွင် ထားရှိသည့် အခြားရည်ရွယ်ချက်တစ်ရပ်မှာ မြန်မာ တို့သည် အင်္ဂလိပ်တွေထက်သာသည် ဆိုသည့်အကြောင်းကို ပြသလို သော အချက်တစ်ချက်လည်း ပါဝင်၏။ အင်္ဂလိပ်များက မြန်မာတို့ ကို လွှမ်းမိုးအုပ်ချုပ်ထားသော်ငြား ပါဠိ အဘိဓမ္မာလုပ်ငန်းများတွင် မြန်မာတို့က သာကြောင်း ဆရာတော်ကြီး ပြသလို၏။ ဒီအချက်သည် ဆရာတော်ကြီးက ဇာတိသွေးဇာတိမာန်ကို ပြသလိုခြင်းလည်းဖြစ်၏။
နိုင်ငံခြား ဗုဒ္ဓဘာသာ သာသနာပြုအသင်းကြီးကို မန္တလေးမြို့ တွင်အခြေစိုက်၍ ၁၂၇၅ ခုနှစ်တွင် ဆရာတော်ကြီး ဦးစီးပြီး တည် ထောင်၏။ ဒီအသင်းကြီး၏ အကြီးအချုပ် နာယကဆရာတော်အဖြစ် လယ်တီဆရာတော်ကြီးက ဆောင်ရွက်ပြီး အသင်းဥက္ကဌအဖြစ် ဦးကျော်ရန်က ဆောင်ရွက်သည်။ ဒုတိယဥက္ကဌများက ဗဟိုဘဏ် လီမိတက် ဥက္ကဌ ဦးဘတုတ်၊ အငြိမ်းစား စစ်ကဲကြီး ဦးဒွေး၊ ပွဲစားကြီး ဦးမှုန်တို့က ဆောင်ရွက်ကာ အသင်း၏ အထွေထွေ အတွင်းရေးမှုးက ဗုဒ္ဓသာသနာနုဂ္ဂဟ ဟိုက်စကူး ကျောင်းအုပ်ကြီး ဦးဘ ဖြစ်၏။ ငွေထိန်းကတော့ သမာဓိမြို့ဝန် ဦးဘိုးရင်ဖြစ်ပြီး စာရင်းစစ်အဖြစ် အမိန့်တော်ရရှေ့နေကြီးများဖြစ်သည့် ဦးကြော့နှင့် ဦးစံဖေတို့ ဖြစ်ကြသည်။
အသင်းကြီးအနေနှင့် အသင်းဝင်များထဲမှ အလှုငွေများ ကောက်ခံ ကာ နိုင်ငံခြားသာသနာပြုလုပ်ငန်းတွေကို ဆောင်ရွက်သည်။ နိုင်ငံခြား ဗုဒ္ဓဘာသာ သာသနာပြုအသင်းကြီး၏ လုပ်ငန်းများမှာ ယေဘုယျ နိုင်ငံခြားသာသနာပြုလုပ်ငန်းအပြင်
( က ) အင်္ဂလန်ရှိ ပါဠိပညာအသင်းမှ သံဂါယနာတင် ပိဋကတ် ကျမ်းစာများကို အင်္ဂလိပ်ဘာသာ ပြန်ဆိုရာတွင် စရိတ် ထောက်ပံ့ရေး။
လယ်တီဒီပနီထွန်းကားပြန့်ပွားရေးအဖွဲ့မှ ဒုတိယအကြိမ်ထုတ်ဝေခဲ့ သည့် ဆရာတော်ဘုရားကြီး ပြုစုရေးသားတော်မူခဲ့သော ဘောကမ္မဋ္ဌာနဒီပနီစာအုပ်၏ လှပခန့်ညားသေသပ်မှုရှိသော မျက်နှာဖုံး
( ခ ) အင်္ဂလန်ရှိ ဂရိတ် ဗြိတိန်၊ အိုင်ယာလန် ဗုဒ္ဓသာသနာပြု အသင်းကြီးနှင့်အခြားဗုဒ္ဓသာသနာပြုအသင်းများတိုးတက်ရေးအတွက် ထောက်ပံ့ရေး။
( ဂ ) လယ်တီဆရာတော်ကြီးကိုယ်တိုင် ရေးသားတော်မူသော ဒီပနီကျမ်းများအနက်မှ နိုင်ငံခြား၌ အကျိုးကျေးဇူးထူးမည့် ကျမ်းများကို အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုပုံနှိပ်ရာတွင် ကုန်ကျစရိတ်များကိုထောက်ပံ့ရေးဆိုသည့်ရည်ရွယ်ချက် များ ပါရှိ၏။
အသင်းကြီးသည်မူလရည်မှန်းချက်များထက်ပိုမိုအောင်မြင်၏။ ပြည်တွင်း၌လည်း ထောက်ခံမှု၊ အားပေးမှု အပြည့်ရရှိပြီး နိုင်ငံခြားတွင် လည်းအောင်မြင်သည်။
နိုင်ငံခြား ဗုဒ္ဓဘာသာ သာသနာပြုအသင်းကြီးတည်ထောင်ပြီး နောက် နိုင်ငံခြားမှ ပညာရှင်များ မေးမြန်းသည့် အမေးများကို ဆရာတော်ကြီးကိုယ်တိုင် ဖြေဆိုပြီး အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနှင့် ပုံနှိပ်ရိုက်ဝေဖြန့်ဖြုး၏။ အထူးသဖြင့် ရိုက်စ်ဒေးဗစ်(လန်ဒန်ပါဠိဒေဝီ) ၏ အမေးများနှင့် ခရစ်ယာန်အသင်းအဖွဲ့များ၏ ခက်ခဲသောအမေး များကို ကိုယ်တော်တိုင်ဖြေဆိုပြီး အသင်းကြီးမှတစ်ဆင့် ပြန်ကြား ပေး၏။
လန်ဒန်မြို့ ပါဠိအသင်း၏ တောင်းပန်ချက်အရ ဆရာတော်ကြီး သည် နိယာမ ဒီပနီ၊ ယမိုက်အဖြေကျမ်းနှင့် မူလ ပရိယာယသုတ် အဖွင့်ကျမ်းများကို ပါဠိဘာသာနှင့် ရေးသားပြီး နိုင်ငံခြားဗုဒ္ဓသာသနာ ပြုအသင်းကြီးမှတစ်ဆင့် ပေးပို့၏။ ယမိုက်အဖြေကျမ်းကို အင်္ဂလိပ် ဘာသာနှင့် ပြန်ဆိုထုတ်ဝေ၏။
ဗုဒ္ဓဘာသာနှင့်ပတ်သက်ပြီး နိုင်ငံခြားက အမေးရှိလာသမျှကို ဆရာတော်ကြီး ဖြေဆိုခဲ့ရာတွင် နိုင်ငံခြားမှ ပညာရှင်များသည် ဆရာတော်ကြီး၏ အဖြေများကို အလွန်နှစ်သက်ကြသောကြောင့် ဆရာတော်ကြီးဆီသို့ စာအတန်တန် ရေးသားဆက်သွယ်ကြ၏။ အနောက်နိုင်ငံသားတွေနှင့် အထူးသင့်တော်သော ဆရာတော်ကြီး ၏ သာသန သမ္ပတ္တုဒီပနီကျမ်း၊ ဥရောပ ဗုဒ္ဓဘာသာအလင်းပြကျမ်း တို့ကိုလည်း ပါဠိဘာသာနှင့်ရေး၍ အနောက်နိုင်ငံ၌ ဖြန့်ချီ၏။ လယ်တီဆရာတော်ကြီး၏ နိုင်ငံခြား ဗုဒ္ဓသာသနာပြုအသင်းကြီး အောင်မြင်မှုရှိကြောင်းနှင့် ပတ်သက်၍ ဟံသာဝတီသတင်းစာ၊ သူရိယ သတင်းစာ၊ မြန်မာ့အဆွေသတင်းစာ၊ မြန်မာ့သံတော်ဆင့်သတင်းစာ၊ မန္တလေးမြို့ထုတ် မြန်မာ့တာရာသတင်းစာများမှ ချီးကျုးထောက်ခံ သည့် သတင်းဆောင်းပါးခေါင်းကြီးများ ရေးသားဂုဏ်ပြု ပူဇော်ခဲ့ ကြ၏။
လယ်တီဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းနှင့်ပတ်သက်၍ ဆရာတော်ကြီးသခင်ကိုယ်တော်မှိုင်းက'လယ်တီနိုင်ငံခြားသာသနာပြု ဘွဲ့' လေးချိုးကြီးကို သူရိယသတင်းစာတွင် ရေးသားထည့်သွင်း ဖော်ပြ၏။
သာသနာတဝက်သီသီ နင်းခါမှ၊ ကမ္ဘာမှာ စက်ခြည်လင်း စေဖို့၊
သည်အသင်းအချိန်ကျပြီလို့ နှလုံးဝယ်ရည်၊
( ပဏ္ဍိတရယ် ) ထေရ်သနင်း မဟိန္ဒလိုပ ဘုန်းလယ်တီ။
ဩော်...ဘုရားပဲစူးပါစေ့၊ကြားဖူးပေသည်တစ်ခါပ၊
ပြည်မြန်မာထွန်းလာရတာက၊ အင်္ဂလန်ကျွန်းသာစွဆီသို့၊
ဗုဒ္ဓသာသနာရောင်နှင့်၊
ဓမ္မာဖောင်မာလိန်မှုူးပေမို့၊
ထူးသပေါ့ ပဝေဏီမှာ နော်ကွယ်၊ကူးတော့ချေပြီ။
ကန်တော့ချင်သူ ပဏ္ဏာသရပါတဲ့၊
ဂျော့ဘုရင် နရာသဘတောင်မှ၊
ထာဝရကိုတဲ့ ခိုမမှီ၊
မွန်းတောင်သူရေ၊ နဂိုဝသီမှာတော့ မိစ္ဆာတလွဲ။
လူ့တန်းမှာ၊ ဥဒါန်းတမည်သာဖို့၊
သည်တခါ အကြံနိပ်လိုက်တာက၊ ပြည်မြန်မာ တမ္ပဒိပ် တွင်မှ၊
တောင်ထိပ် ရွှေပဒုမ္မာနှင့်၊
သူရိယာ ဩဘာစက်ဟာက၊
ဇမ္ဗုလှည့်ကာ ဂေါယာက ထွက်သလိုပ၊
ဖိုလ်မဂ် သယ်မည်ပြင်
လယ်တီအရှင်မှာ ရဟန္တာကလည်း မဟုတ်တာကြောင့်
နယ်ပြည်တခွင်မှာ ကျမ်းစာအုပ်တွေနှင့်
အမယ်မင်း...ကမ်းကာ လှမ်းကာ ထုတ်ရပေသပေါ့၊
လုပ်သမျှ အရာရာစွဲစေဖို့၊
ရမ်းကာသန်းကာ ရှုပ်ကြလျှင်ဖြင့်
ဒုက္ခမဟာငရဲပါကွဲ့။
ဩော်...နန်းအမတာ ကုတ်ရအောင်ပ၊
ကျုပ်နှမ သဒ္ဓါ မနည်းလေနဲ့
( မစန္ဒာရယ် )မန်းရတနာစမုခ်ဆီက ဗုဒ္ဓသာသနာကပဲ..။
---
ပရမတ္တသံခိပ်အသင်းများ
အခန်း (၁၈ )
လယ်တီဆရာတော်ကြီးသည် ၁၂၆၅ ခုနှစ်တွင် ပရမတ္တသံခိပ် ကျမ်းကို စီရင်ရေးသားတော်မူ၏။ ရေးသားခြင်း၏ ရည်ရွယ်ချက် သည်ခက်ခဲနက်နဲသော အဘိဓမ္မာသဘောကို လူတိုင်းနားလည်ပြီး မြန်မာတစ်မျိုးသားလုံး အဘိဓမ္မာတတ် စာတတ် ပေတတ် ဖြစ်စေ ချင်သည့်အချက်၊ အန္ဓပုထုဇဉ်ဘဝမှ ကလျာဏပုထုဇဉ် ဖြစ်စေချင် သည့် အချက်တို့က အဓိကဖြစ်သည်။ တစ်နည်းအားဖြင့် လောက ဓာတ်ပညာကိုပခုံးချင်းယှဉ်လိုသည့်အတွက် ပရမတ္တသံခိပ်ကျမ်းကို ရေးသားတော်မူခြင်းလည်း ဖြစ်၏။ မြန်မာနိုင်ငံ အနှံအပြားတွင် အင်္ဂလိပ်ကျောင်းတွေ ပေါ်လာပြီး ပထဝီ သိပ္ပံ စသည့် ဘာသာရပ် တွေကို သင်ကြားသည့်အခါတွင် ပထဝီမှာက ကမ္ဘာတည်ပုံ၊ သမုဒ္ဒရာ ကြီးများ စီးဆင်းပုံတွေကို သင်ကြားပို့ချသည်ဟု သိရသောအခါ ငါတို့မှာလည်းကမ္ဘာတည်ပုံရှိတယ်၊ ငရဲပြည် နတ်ပြည်ရှိတယ်၊ သင်းတို့ထက် ပိုပြီးနက်နဲတယ်ဆိုပြီး ပရမတ္တသံခိပ်ကိုရေး၍ သံခိပ်အသင်းတွေ တည်ထောင်ရွတ်ဆိုကာ အင်္ဂလိပ်ကိုတစ်နည်းတစ်ဖုံ ဆန့်ကျင်သည်လည်း ဖြစ်သည်။
ရှေးအခါ အရှင်အနုရုဒ္ဓါ စီရင်ရေးသားတော်မူသော အဘိဓမ္မတ္တ သင်္ဂြိုဟ်ကျမ်း ရှိသည်။ ဤကျမ်းသည် ပါဠိကို ရေးသားစီရင်ထား သဖြင့် ပါဠိနားမလည် မတတ်ကျွမ်းသူတို့ အပြီးတိုင် နားလည် သဘောပေါက်ရန် အတော်ခက်ခဲ၏။
လယ်တီဆရာတော်ကြီးသည် ပရမတ္တသံခိပ်ကျမ်းကို အဘိဓမ္မတ္တ သင်္ဂြိုဟ်ကျမ်းကြီးနှင့် တစ်ထပ်တည်းဖြစ်အောင် စီရင်ရေးသား၏။ ပရမတ္တသံခိပ်ကျမ်းသည် ကျက်ရတာလွယ်ပြီး ဖတ်ရှုရုံနှင့် အဓိပ္ပါယ် နားလည်ပါ၏။ တရားသဘောကို မှတ်မိပြီး နှုတ်ငုံဆောင်ရတာလည်း လွယ်၏။ စာဖတ်ရင်း စိတ်ပါပျော်မွေ့လာနိုင်၏။ ခက်ခဲမှုလည်းမရှိ။ ပရမတ္တသံခိပ်ကျမ်းသည် အဘိဓမ္မ ခုနှစ်ကျမ်းကို အကျဉ်းချုပ် ရေးသားတော်မူခြင်းဖြစ်၏။
၂၆၆ ခုနှစ်တွင် ဆရာတော်ကြီးသည် မြန်မာနိုင်ငံ အမြို့မြို့ အနယ်နယ်သို့ ဒေသစာရီ ကြွချီတော်မူပြီး ပရမတ္တသံခိပ်အသင်းများ ကို စတင်ဖွဲ့စည်း ရွတ်ဆိုစေ၏။
ပရမတ္တသံခိပ်အသင်းများ ပေါ်ပေါက်လာသောအခါတွင် ရုပ်သေး မင်းသမီး စပယ်သက်ကြီးက လယ်တီနှင့်သံခိပ်ကိုတွဲ၍
“ကုဏ္ဍလာ ရေကြည် အမှန်စိတ်မပွားရအောင်လို့
မုံရွာလယ်တီ သံခိပ်တရားရယ်က
ရောက်ပ ကျောက်စီမျိုး
ပေါက္ခရမိုး အထက်မှာ ရွာသေးတာ
ပွဲငှားလာတဲ့ အစ်ကိုတို့ရယ်
စရံစရိတ်ပေးကြလျှင်ဖြင့်
သံခိပ်စင်ကို မေးလိုက်ပါတော့
မန္တလေးနယ်ကနက် စပယ်သက်လာပေါ့ကွယ်” လို့ စာချိုးခဲ့၏။
သံခိပ်အသင်းများသည် ဘယ်လောက်များ များလာသလဲဆိုလျှင် ပွဲငှားချင်ရင် သံခိပ်စင်မေးလိုက်ပါတော့ ဆိုရာလောက်အောင် ပွားများ ခဲ့၏။
သံခိပ်အသင်းများကို တိုင်းပြည်ကလည်း အားပေးကြ၏။ ပရမတ္တ သံခိပ်ရွတ်ဆိုသံများသည် တစ်နိုင်ငံလုံးအနှံ့ရှိ၏။ ပရမတ္တသံခိပ် အသင်းဝင်ပေါင်း လေးသိန်းခန့်ရှိ၏။
အင်္ဂလိပ်လက်အောက်တွင် နိုင်ငံရေး အစုအဖွဲ့အနေနှင့် အမျိုး သားရေး စုစည်းမှု လုပ်ဆောင်ရေးဆိုသည်မှာ လုံးဝမဖြစ်နိုင်။ ပရမတ္တ သံခိပ်အသင်းများသည် ဘာသာရေးအခြေခံ စုစည်းမှုဖြစ်ရုံသာမက နောင်ဖြစ်ပေါ်လာမည့် ဗုဒ္ဓဘာသာအသင်းများ ပေါ်ပေါက်လာဖို့ အတွက် အခြေခံ အစပျိုးသကဲ့သို့လည်း ဖြစ်၏။ ပရမတ္တသံခိပ် အသင်းများမှနေ၍ ဗုဒ္ဓကလျာဏယုဝအသင်းများ ပေါ်ပေါက်လာပြီး ဘာသာရေးအတွက်သာမက နိုင်ငံရေး လူမှုရေး တောင်းဆိုချက်များ ပါ ပါရှိသော ဂျီစီဘီအေကဲ့သို့သော အသင်းများ ပေါ်ပေါက်လာရကာ လွတ်လပ်ရေးကြိုးပမ်းမှုအထိ ရောက်ရှိခဲ့သည်။
---
သဒ္ဒါ အဘိဓမ္မာနှင့် လယ်တီဆရာတော်ကြီး
အခန်း ( ၁၉ )
မြန်မာ့ သာသနာရေးလောကနှင့် စာပေလောကမှာ လယ်တီဟု ဆို လျှင်အဘိဓမ္မာအကြောင်းများနှင့် သဒ္ဒါအကြောင်းများက ပူးတွဲ ပါရစမြဲဖြစ်၏။
ရှေးအခါသီရိလင်္ကာသားတို့က မြန်မာနိုင်ငံတွင် သဒ္ဒါတတ်သူ မရှိသောကြောင့် သဒ္ဒါနှင့်ဆိုင်သောကျမ်းစာတစ်ဆောင်တစ်ဖွဲ့ကို တောင် ရေးသားထားတာမျိုး မရှိသည့်အပြင် သီရိလင်္ကာသားတွေ အလေးဂရုမပြုသော ကစ္စည်းသဒ္ဒါကိုပဲ အလေးထားပြီး သင်ကြားပို့ချ ကြရသည်။ အလားတူ မြန်မာနိုင်ငံတွင် အဘိဓမ္မာတတ်သူလည်း မရှိ၊ အဘိဓမ္မာကျမ်းတစ်စောင် ပေတစ်ဖွဲ့မျှလည်း မရှိ၊ မရှိရုံမျှမက ချွတ်ချော်မှားယွင်းမှုတွေနှင့် ပြည့်နှက်နေသော အဘိဓမ္မတ္တ ဝိဘာဝနီ ဋိကာကျမ်းကိုပင် အလေးအမြတ်ပြုနေရပြန်သေးသည်ဟု ပြော ဆို၏။
သို့သော် သီရိလင်္ကာသားများသည် မြန်မာနိုင်ငံတွင် သဒ္ဒနီတိ ကဲ့သို့သော ကျမ်းကို တွေ့ကြရသောအခါ မြန်မာနိုင်ငံတွင် သဒ္ဒါတတ်
လက်ရှိ နဝမပဓါန နာယကဆရာတော်လယ်တီအရှင်ကေလာသ
သူမရှိဆိုသော စွပ်စွဲချက်ကို ပယ်ဖျက်ခဲ့ကြ၏။ သဒ္ဒနီတိကျမ်းကို ပြုစုရေးသားသူသည် အရှင်အဂ္ဂဝံသမထေရ်မြတ် ဖြစ်သည်။
အရှင်အဂ္ဂဝံသမထေရ်က သဒ္ဒနီတိကို ပြုစုသည်ဟု သီဟိုဠ်သား တို့ကြားသောအခါ မြန်မာနိုင်ငံသို့လာရောက်ပြီး သဒ္ဒါနီတိကျမ်းကို အသေအချာ လေ့လာကြ၏။ လေ့လာပြီးသည့်နောက်မှ သီရိလင်္ကာ သားတို့ အရှင်အဂ္ဂဝံသမထေရ်၏ သဒ္ဒနီတိကျမ်းသည် အလွန်ကောင်း မြတ်သော ကျမ်းကြီးတစ်စောင်ဖြစ်သည်။ ဤကျမ်းကို ရေးသားသူ အရှင်မြတ်သည်လည်း သဒ္ဒါမှာတစ်ဖက်ကမ်းခတ် သဒ္ဒါပါရဂူဆိုရ လောက်သည်ဟုချီးမွမ်းကြ၏။
သို့သော် သီရိအလင်္ကာသားများက မြန်မာနိုင်ငံတွင် အဘိဓမ္မာ တတ်ကျွမ်းသူတွေ အမှန်တကယ် မရှိသေးဟု ဆက်လက်ပြောဆိုမြဲ ပြောဆိုကြ၏။
လယ်တီဆရာတော်ကြီးသည် ငယ်စဉ် စာသင်သားဘဝကပင် မြန်မာနိုင်ငံတွင် အဘိဓမ္မာတတ်ကျွမ်းသူမရှိ ဆိုသော စွပ်စွဲချက်ကို မိမိဖြိုဖျက်အံ့ဟု စိတ်ထဲ၌ အရဲအဝံ့ ဆုံးဖြတ်ချက်ချခဲ့သူဟု ဆိုနိုင်၏။ သီရိလင်္ကာသားတွေ၏ စွပ်စွဲချက်သည် လုံးဝ မမှန်ကန်။ မြန်မာများ သည် အဘိဓမ္မတ္တိဝိဘာနီဋိကာကို လေ့လာဖတ်ရှုကြသူများ ရှိသင့် သလောက် ရှိကြသောလည်း မင်းတုန်မင်းလက်ထက် မန္တလေးမြို့ တော်ရှိ စာတတ်အကျော်အမော် ဆရာတော်တို့က အဘိဓမ္မတ္တဝိဘာဝနီ ဋီကာ (ဋီကာကျော်)နှင့် မဏိသာရ မဉ္ဇသာဋီကာတို့ကို သင်ကြားခြင်း မပြုကုန်လင့်ဟု မိန့်ကြားကာ အဘိဓမ္မတ္တဝိဘာဝနီဋီကာမှာ ချွတ်ချော် တိမ်းပါးမှုများ ရှိသည်ဟု မိန့်ကြားချက်များ ရှိ၏။
လယ်တီဆရာတော်ကြီးသည် အဘိဓန္မတ္တဝိဘာနီဋီကာကို ဘုရား ဟောပိဋကတ်ကျမ်းစာအုပ်များနှင့်အညီ အကြိမ်ကြိမ်ညှိနှိုင်းကာ ချွတ်ချော်ချက်တွေကို ရှာဖွေပြီး ၁၂၅၉ ခုနှစ်၊ တန်ဆောင်မုန်းလတွင် အဘိဓမ္မဆိုင်ရာအဖွင့် ပရမတ္တဒီပနီမည်သော ဋီကာသစ်ပါဠိကျမ်းကြီး တစ်စောင်ကို ရေးသားတော်မူ၏။ အဘိဓမ္မတ္တဝိဘာနီဋီကာကျမ်းကို ဋီကာကျော်လို့ ခေါ်ဆိုခဲ့ကြပြီး လယ်တီဆရာတော်ကြီး ပြုစုသည့် ပရမတ္တဒီပနီကျမ်းကို ဋီကာမော်လို့ ခေါ်ခဲ့ကြသည်။
လယ်တီဆရာတော်ကြီး ပရမတ္တဒီပနီကျမ်းကို ရေးသားပြီးနောက် ယင်းကျမ်းကို ဝိသုဒ္ဒါရုံဆရာတော်ကြီးထံ ပို့သောအခါ ဆရာတော်ကြီး က ပရမတ္တဒီပနီကျမ်းကို အကြိမ်ကြိမ်လေ့လာပြီး “ဤကျမ်းသည် သဒ္ဒါအနက် ဝါကျအထားအသိုမှစ၍ ထပ်မံပြင်ဆင်ဖွယ်ရာ မရှိ။
ပါဠိတော်အထောက်အထား စုံလင်၍ ကျမ်းကောင်တစ်ဆူဖြစ်သည်။ စာသင်သားတို့၏ အကျိုးငှာ အမြန်ပုံနှိပ်သင့်သည်“လို့ စာပြန်ခဲ့၏။ ပရမတ္ထဒီပနီကျမ်းကို ၁၂၅၆ ခုနှစ်တွင် ပုံနှိပ်ခဲ့၏။ ပရမတ္ထဒီပနီကျမ်း တွင် ဆရာတော်ကြီးက ဋီကာကျော်၏ အမှားပေါင်း ၂၄၅ ချက်ကို ထုတ်နုတ်ပြသည်။
၁။ စိတ်ပိုင်းနှင့်ပတ်သက်သောအမှား ရဝ-ခု
၂။ စေတသိက်ပိုင်းနှင့်ပတ်သက်သောအမှား ၁၂-ခု
၃။ ပကိဏ်းပိုင်းနှင့်ပက်သက်သောအမှား ၃၂-ခု
၄။ ဝိထိပိုင်းနှင့်ပတ်သက်သောအမှား ၂၆-ခု
၅။ ဝိထိမုတ်ပိုင်းနှင့်ပတ်သက်သောအမှား ၃၄-ခု
၆။ ရုပ်ပိုင်းနှင့်ပတ်သက်သောအမှား ၂၉-ခု
၇။ သမုစ္စည်းပိုင်းနှင့်ပတ်သက်သောအမှား ၂၀-ခု
၈။ ပစ္စည်းပိုင်းနှင့်ပတ်သက်သောအမှား ၁၉-ခု
၉။ ကမ္မဋ္ဌာန်းပိုင်းနှင့်ပတ်သက်သောအမှား ၃-ခု
စုစုပေါင်း အပိုင်း ၉ ပိုင်းတွင် အမှား ၂၄၅ ခုကို ထုတ်ပြ၏။
ထိုအမှားများထဲမှ သဒ္ဒါမှားမှု၊ အယူအဆမှားမှု၊ အနက်မှားမှု စတာ တွေ ပါရှိ၏။
ပရမတ္တဒီပနီကျမ်းသည် ပါဠိဘာသာအနေနှင့် အရေးအသား အလွန်ညက်ညောပြောင်မြောက်၍ ဆရာတော်ကြီးသည် ပါဠိဘုရင် တစ်ဆူဖြစ်ကြောင်း သက်သေပြစရာ အထောက်အထားတစ်ခု ဖြစ် သည်။ ပရမတ္တဒီပနီကျမ်း(ဋီကာမော်)ထွက်ပေါ်လာသောအခါ လယ်တီဆရာတော်ကြီးကို ရဟန်းရှင်လူတို့က ဆန့်ကျင်မှုတွေများ ဖြစ်ခဲ့သည်။
လယ်တီနှင့်သဒ္ဒါ
အခန်း ( ၂၀ )
လယ်တီဆရာတော်ကြီးသည် အဘိဓမ္မာနှင့်ပတ်သက်၍ မိမိ၏ အစွမ်းကို ဖော်ထုတ်သကဲ့သို့ သဒ္ဒါနှင့်ပတ်သက်၍လည်း လယ်တီ သဒ္ဒါချနည်းကို တီထွင်တော်မူ၏။
လယ်တီသဒ္ဒါနည်းသည် ရူပသိဒ္ဓိပေစာကို အခြေခံထားပြီး သင်ကြားသော သဒ္ဒါချနည်းဖြစ်၏။ လယ်တီဆရာတော်သည် စာချ အဖြစ် နေတော်မူစဉ် တစ်နေ့တွင် သစ်ဆိမ့်ကျောင်းတိုက် ဘုန်းကြီး ဦးရွှေရထံကို အလည်ကြွမြန်းခဲ့သည်။ သစ်ဆိမ့်ကျောင်းတိုက်မှ စာတို ပေစများကို လယ်တီဆရာတော် လှန်လှောကြည့်မိရာမှ ရူပသိဒ္ဓိ ကျမ်းကို တွေ့ခဲ့သည်ဟု လယ်တီမဟာထေရုပ္ပတ္တိကထာမှာ လယ်တီ ဦးဝဏ္ဏိတက ရေးသားထား၏။
ရူပသိဒ္ဓိပေစာကို လယ်တီစာချနည်းစာတမ်းတွင်ကား စံကျောင်း ပိဋကတ်တိုက်အတွင်းမှ တွေ့ရှိသည်ဟုဆို၏။ ထိုစာတမ်းကိုလည်း ဤစာအုပ်တွင် ဖော်ပြပါရှိ၏။ တွေ့ရှိရာမှ လယ်တီဆရာတော်သည် ထိုကျမ်းစာကို ဖတ်ကြည့်ပြီး ဤကျမ်းသည် သဒ္ဒါနှင့်ပတ်သက်၍ အရေးကြီးကြောင်း ချက်ချင်းသိတော်မူက ရူပသိဒ္ဓိကျမ်းကို ဝီရိယ စိုက်ပြီး သေသေချာချာ ပို့ချပါက သဒ္ဒါဘက်တွင် တစ်ဖက်ကမ်းခတ် နိုင်သည်ဟုဆိုကာ ယင်းကျမ်းစာကို လေ့လာ၏။
ရူပသိဒ္ဓိစာပေကို ဆရာတော်ကြီး အမြော်အမြင်ကြီးစွာနှင့် လေ့လာခဲ့သော်လည်း ထိုစာပေကို သင်ကြားခံယူမည့်သူ မရှိသော ကြောင့် အချို့သာမဏေကြီးများကို ထီး၊ ဖိနပ်၊ သင်္ကန်း စသည်တို့ ပေးပြီး ချော့မော့သင်ကြားရသည်ဟု ဆို၏။ သင်ကြားကြည့်တဲ့အခါ သင်ကြားခံရသူ စာသင်သားများသည် သဒ္ဒါကို တစ်ဖက်ကမ်းခတ် တတ်မြောက်ကြောင်း သိရ၏။
လယ်တီဆရာတော်ကြီးသည် သဒ္ဒါကျမ်းနှင့်ပတ်သက်၍ နိရုတ္တိ ဒီပနီ မည်သော ကျမ်းတစ်စောင်ကိုလည်း ၁၂၆၅ ခုနှစ်မှာ ရေးသား ပြုစုတော်မူ၏။ နိရုတ္တိဒီပနီကျမ်းသည် ပါဠိကျမ်းကြီးတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံထုတ် အဓိကရ ပါဠိကျမ်းများအနက် ထင်ရှားလှသော ကျမ်းကြီးတစ်စောင်ဖြစ်၏။
လယ်တီဆရာတော်ကြီး၏ ဋီကာမော်ကို များစွာသော ရဟန်း ရှင်လူတို့က ဆန့်ကျင်ခဲ့ကြသော်လည်း သီရိလင်္ကာနိုင်ငံမှ အလေး ထား၏။ အလေးအနက်ထားရုံသာမက ပရမတ္တဒီပနီကို သီရိလင်္ကာ နိုင်ငံတွင်ပင် ထုတ်ဝေဖို့ စီစဉ်ခဲ့၏။ မြန်မာများအဖို့ အထူးဂုဏ်ယူ ဖွယ်ရာ ဖြစ်၏။
လယ်တီဆရာတော်ကြီးသည် အဘိဓမ္မာနှင့် သဒ္ဒါဆိုင်ရာကျမ်း များကိုသာ ယခုလို တုန်လှုပ်ချောက်ချားဖွယ်ရာ ရေးခဲ့သည်မဟုတ်၊ အခြားကျမ်းပေါင်း တစ်ရာကျော်ကိုလည်း ရေးသားတော်မူသည်။
ဆရာတော်ကြီး ရေးသားခဲ့သည့်ကျမ်းများထဲတွင် သမ္မာဒိဌိဒီပနီ၊ စတုသစ္ဓဒီပနီ၊ ဗောဓိပက္ခိဒီပနီ၊ ဥတ္တမပုရိသ ဒီပနီ၊ အဂ္ဂင်္ဂဒီပနီ၊ ပဋိစ္ဓသမုပ္ပါဒဒီပနီ၊ အစရှိသော ဒီပနီကျမ်းများကို ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်တို့တွင် ဗုဒ္ဓကျမ်းစာသင်ယူနေသော ကျောင်းသားများအတွက် သင်ကြားလေ့လာဖို့ ပြဌာန်း၏။
သမ္မာဒိဌိဒီကနီကျမ်းကို ဆရာတော်ကြီးက ပါဠိဘာသာနှင့် ရေးသားပြီး ယင်းကျမ်းထဲ၌ မိစ္ဆာဒိဌိကို ရှင်းလင်းသည်။
စတုသစ္စဒီပနီကျမ်းတွင် သစ္စာလေးပါးအကြောင်းကို အကျယ် တဝင့် ရှင်းလင်းသော ဒီပနီကျမ်းဖြစ်၏။
ဗောဓိပက္ခိယဒီပနီကျမ်းမှာ ပိဋိကတ်သုံးပုံကို ခြုံကြည့်ပါက သတိပဌာန်းလေးပါး၊ သမ္မပ္ပဓာန်လေးပါး၊ ဣဒ္ဓိပါဒ်လေးပါး၊ ဣန္ဒြေ ငါးပါး၊ ဗိုလ်ငါးပါး၊ ဗောဇျ္စင်ခုနှစ်ပါး၊ မဂ္ဂင်ရှစ်ပါးဖြစ်သည့် ဗောဓိ ပက္ခိယတရား၃၇ ပါးရှိပြီး သူ့ကို အဆီထုတ်လိုက်ပါက သီလ၊ သမာဓိ၊ ပညာ စတဲ့ သိက္ခာသုံးပါးသာရှိကြောင်း ပြဆိုသော ကျမ်း ဖြစ်၏။
ဥတ္တမပုရိသဒီပနီကျမ်းသည် ယောက်ျားမြတ်တို့၏ အကြောင်းကို ပြဆိုထားသောကျမ်း ဖြစ်၏။ မြန်မာဘာသာနှင့် ရေးသားထားပြီး ပါရမီ ၁၀ ပါး အဓိပ္ပာကို ရှင်းရှင်းလင်းလင်း ဖွင့်ဆို၏။
ဆရာတော်ကြီးသည် မဟော်ကျေးစေခန်း၊ သံဝေဂ ကဗျာများ၊ လေးချိုးကြီးများ၊ မေတ္တာစာများ၊ တေးထပ်များ၊ အန္တရာယ်ကင်း အမိန့်တော်ပြန်တမ်းများကိုလည်း ရေးသားခဲ့သည်။
ရန်ကုန်မြို့ဟံသာဝတီပိဋကတ်ပုံနှိပ်တိုက်မှ ထုတ်ဝေသည့် လယ်တီဦးဝဏ္ဏိတ စီရင်ရေးသားသော လယ်တီဆရာတော်ကြီး၏ မဟာထေရုပ္ပတ္တိကထာ စာအုပ်မျက်နှာဖုံး
ထိုကဲ့သို့ ပါဠိမြန်မာကျမ်းစာများကို စီရင်ရေးသားတော်မူနိုင်သည့် အတွက် အင်္ဂလိပ်တို့က လယ်တီဆရာတော်ကြီးအား အဂ္ဂမဟာ ပဏ္ဍတဘွဲ့နှင့် ဒီလစ်ခေါ် စာပေပါရဂူဘွဲ့ကို ဆက်ကပ်လှူဒါန်းသည်။ သို့သော် ထိုဘွဲ့နှစ်ခုစလုံးကို ဆရာတော်ကြီးက သွားရောက် လက်ခံ ယူခြင်းမရှိဟု သိရသည်။
---လယ်တီ စာပေဟန်
အခန်း ( ၂၁ )
လယ်တီဆရာတော်သည် ယောအတွင်းဝန် ဦးဘိုးလှိုင်၏ တပည့် ရင်း ဖြစ်သည့်အားလျော်စွာ စာပေအရေးအသားတွင် ချောမွေ့ပြီး စကားလုံးအနုအရွကလေးများကိုလည်း အသုံးပြုသည်။ ဆရာတော် ကြီးသည် ကဗျာဉာဏ်ရင့်သန်ရုံသာမက ထိထိမိမိ ချက်ခနဲ ဒက်ခနဲ ပြောဆိုရေးသားနိုင်စွမ်းလည်း ရှိသည်။
ဆရာတော်ကြီးက စိုင်ပြင် သေရည်သေရက် မေတ္တာစာတွင် အရက်၏ သရုပ်ကိုဖော်ရာ၌
“အရိုင်းတွင် သေရက်၊
အခက်တွင် ပိဋကတ်၊
အမြတ်တွင် နိဗ္ဗာန်၊
အမြန်တွင် သိန္ဓော”
လို့ ရေးခဲ့သလို
နွားမေတ္တာစာမှာတော့
“မြိန်နိုင်ပေ့ သူတို့ကိုယ်၊
မျိုရက်ပေ့ သူ့ခံတွင်း။
တို့လုပ်သည့် ထမင်းကို၊
တို့ဟင်းလျာ အသားနှင့်၊
စားကြသည့် ဖြစ်နဲကို၊
တို့အသဲနာလိုက်ကဲ့”
လို့ ဆိုပြီး နွားတွေကိုယ်တိုင် ပြောဆိုသလိုမျိုး ရေးသားသည်။
ဒေးဒရဲမေတ္တာစာတွင်
“အသဲတွေခြောက်၊
စိတ်ဗွက်ပေါက်လျက်၊
သောက်လေ သောက်လေ၊
ငတ်မပြေသည်၊
ရေငန် ဆားကျင်း၊
နွားတသင်းသို့၊
အလင်းဝေး၍၊
အမြှေးရစ်ပတ်၊
အညစ်ထပ်၊
အငတ်နယ်ကြီး ရှည်ခဲ့ပြီ”
စသည့်အရေးအသားများကို တွေ့ရ၏။
ထီမေတ္တာစာတွင် ဆရာတော်ကြီးက
“အသက်မွေး သပွတ်အူ၊ သူတော်ကောင်း စိမ်ဆတ်၊
အုပ်မနပ် ငှက်ပျောလို၊ မနောက ကလိမ်ချုံ၊
အပြောက ဝတဘုံ၊ ယုံလောက်အောင် ဖွဲ့နွဲ့၊
ကုန်လောက်အောင် ဉာဏ်ချဲ့၍၊ အရွဲ့နှင့် အကဲဆစ်၊
အထဲညစ်အပေါ်ပြောင်၊ မတွေ့မှ အနိုင်ရှောင်၊
သူတော်ယောင် တဖက်လှ၊ ပါးစပ်ပြောက ပျားသကာ၊
ဓတ်သဘောက ခါးတမာ၊ မပြုသာလျှင် ငရဲကြောက်၊
ပြုသာလျှင် အလဲမှောက်၊ သံသရာမှာ စျေးကြောင်းပေါက်၊
အပယ်ဘေး ရွေးမျှမကြောက်၊ ခုမျက်မှောက် ဒိဌကိုသာ၊
နိဗ္ဗာန်လောက်စိတ်ချ၍”
ဟူသောအရေးအသားများသည် ကဗျာ အရာမှာ ဆရာတော်ကြီး ပေါ်ပေါ်လွင်လွင် ထင်ထင်ရှားရှား ရေးသား နိုင်မှုများ ပြဆိုခြင်းဖြစ်၏။
လယ်တီဆရာတော်ကြီး၏ ထိထိမိမိ အရေးအသားအချို့ကို ဆက်လက်တင်ပြရမည်ဆိုပါက ဆရာတော်ကြီးတွင် မောင်ဩဇာ ဆိုသည့် တပည့်ရင်းတစ်ဦး ရှိသည်။ ဆရာတော်ကြီးက မောင်ဩဇာ ကို ရပ်ဝေး ရပ်နီးကိစ္စတွေကို စေခိုင်းတတ်သည်။ တစ်ခါတွင် တပည့်မောင်ဩဇာသည် စီးပွားရေးဇောကပ်ပြီး တရားပစ် ဘုရားခွာ လုပ်နေတာကို ဆရာတော်ကြီးက သိတော်မူ၍ စီးပွားရှာအလုပ်နှင့် ပူပင်သောကရောက်နေရရှာသည့် မောင်ဩဇာ၏အဖြစ်ကို မကြည့်လို တဲ့အတွက် မောင်ဩဇာကို ဆုံးမဖို့ ဆုံးမစာတစ်ပုဒ် ရေးသားခဲ့သည်။ ထိုဆုံးမစာဟာ ဩဇာအတွက်သာမက မောင်ဩဇာလို ပုဂ္ဂိုလ်များစွာ ကိုလည်း ဆုံးမပြီးဖြစ်၏။
ဆရာတော်ကြီး၏ ပစ္စည်းရှာအလုပ်နှင့် အစချီ ဆုံးမစာတွင်
“ပစ္စည်းရှာ အလုပ်နှင့် နေ့ပုပ်လို့ ရက်ကုန်၊
နှမျောလို့ အသက်ကုန်တယ်၊ တွက်ပုံဖြင့် မကောင်း၊
ခုလိုဖြင့် သံသာဗွေမှာ ခန္ဓာတွေ များခဲ့စတောင်း။
သက်မွေးမှု စခန်းပိုအောင်၊
ဝမ်းကိုသာ နင်ကျောင်း၊
လေးဆယ်ကျော် အရွယ်နှောင်းခါမှ၊
သူကြွယ်လောင်းလုပ်ချင်၊
မိုးကုန်ပြီ ထွန်မချချင်နှင့်၊
ရွံ့စရာ့ မှားဖို့ဖြစ်အင်၊
နွားအိုကြီး အမော့သင်သလို၊
မလျော့လျှင် ဘဝဆုံးရှာတော့၊
အစတုံး နင်အဆင်၊ လွဲဖို့သာပြင်၊
တရားသို့ မသက်ဝင်လျှင်၊
အခက်နင် ကြုံတွေ့ဖို့လေး”ဟု ရေးသား၏။
ဆရာတော်ကြီးသည် တပည့်မောင်ဩဇာကို အတော်ချစ်ခင်ပုံ ရသည်။ ဩဝါဒတေးထပ်ကို စပ်ဆိုပြီး ဆုံးမသော်လည်း မောင်ဩဇာ က နားဝင်ခြင်းမရှိ၊ လောဘနောက်ကို လိုက်ပြီးသာ စီးပွားဆက်ရှာ နေသောအခါ ဆရာတော်ကြီးက အာရုံငါးပါး၏ နောက်ကိုသာ လိုက်ပြီး စီးပွားရှာအမှုနှင့် တစ်နေ့တစ်နေ့ အချိန်တွေကုန်ရတယ်။ ဒီအတိုင်းနေပါက တပည့်ကြီင်္း မောင်ဩဇာသည် အဝီစီမှာ၊ ခေါင်း မပြုနိုင်လောက်အောင် နစ်မွန်းတော့မည်ဖြစ်ကြောင်းကို စပ်ဆို၍ ဆုံးမခဲ့ပြန်သည်။
“ငါးအာရုံ ဘင်အစု၊ ခင်မှုနှင့် နေ့ကုန်၊
နင်ယခုမေ့ပုံကို၊ တွေ့မကြုံစခန်း၊
ပါယ်လေးဝ သောကဘုံမှာ၊
မျောရရုံရှိတော့ခမန်း၊
အောက်အဝီစီ သောင်းအငူမှာ၊
ခေါင်းမပြုစတမ်း၊
နှစ်အရှည် နစ်မည် လမ်းကိုလ၊
နင်မြှောက်စမ်း နင့်ကိုယ်၊
ဒေသနာ ထင်အလင်းရယ်နှင့်၊
နင် အဖျင်းပိုထက်သာပို၊
သည်လောဘစရိုက်အိုကို၊
မလိုက်လိုရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊
ကောင်းဖို့အစဉ်”
“ခွင့်သာခိုက်မှအလိုက်ချင်လျှင်၊ အမိုက်နှင့်ပြင်ရှိသေးလေလိမ်လား
ခွင့်သာဆဲမှ မခဲချင်လျှင် အလွဲနင့်ပြင် ရှိသေးလေလိမ့်လား
ခွင့်သာတုန်းမ ှမရုန်းချင်လျှင်၊ အရှုံး နင့်ပြင် ရှိသေးလေလိမ့်လား...”
အထက်ပါတေးထပ်များကဲ့သို့ပင် အဝိဇ္ဇပိတ်ကာဆို့ အစချီ တေးထပ်မှာ ဆရာတော်ကြီးက မိမိတို့ အလွန်ချစ်မြတ်နိုး ခင်တွယ်နေ သည့် ဤခန္ဓကိုယ်ကြီး၏ ရွံရှာစက်ဆုပ်ဖွယ်ရာအဖြစ်ကို ရေးသား ထားပုံသည် စာဖတ်ပြီးသည်နှင့် တစ်ပြိုင်နက် မိမိကိုယ်ကြီးကို မိမိစွန့်ချင်စိတ် ပေါ်ပေါက်လာရလောက်အောင် ထိမိ၏။
အဝိဇ္ဇာ ပိတ်ကာဆို့၊ မိစ္ဆာမြို့ပြင်ပြင်၊
ဣဌာလို့ ခင်မင်လျှင်၊ လွင့်စဉ်မည်မလွဲ၊
အရွတ်စု အပုပ်ကောင်ကို၊ အဟုတ်ယောင် မှားဖို့ဟန်နဲ့၊
အသုဘရှင် တစ္ဆေငယ်၊ မဟုတ်လေ ကိုယ်ထဲ၊
အပုပ်ရေ စိုတရွှဲဟာမို့၊ ယိုမစဲ သူ့မှာ၊
သွေးသည်းခြေပြည်သလိပ်တွေက၊
တည်မဆိတ်လျှမ်းပြည့်သည်သာ၊
သို့ကလောက် ရွံစရာကို၊ လွန်တဏှာမက်စွဲလို့၊
စက်ဝဲမှာ တပေပေ၊ မွန်းနစ်ကြပလေ။
“တဏှာဖမ်းတဲ့ အကန်းတွေမှာ၊ အပန်းမပြေ ဟိုက်မောရှာကြလေး။ တဏှာပူးတဲ့ အရူးတွေမှာ၊ အမူးမပြေ မိုက်မောရှာကြလေး။ တဏှာလိုက်တဲ့အမိုက်တွေမှာ၊ အဟိုက်မပြေ ပင်ပန်းရှာကြလေ” ခန္ဓာကိုကြီးကို တွယ်တာမိ၊ ခင်မင်မိမှာစိုးပြီး ခန္ဓာကိုယ်ကြီး၏ စက်ဆုပ်ဖွယ်ရာအဖြစ်ကို ဆရာတော်ကြီးက
“ကိုယ်ခန္ဓာ ကောင်ရုပ်က၊
ဟောင်ပုပ်ပုပ် နံညှီ၊
ကိုးဒွါရ ြွပန်နဒီမှာ၊
ရွံစလီပါပဲ၊
ဤကာယ ရုပ်အရှင်ကို၊
အဟုတ်ပင် မှတ်ကြမစဲ၊
သုသာန်နှင့် တစပြင်မှာ၊
သူသေသွင် မလွဲ၊
ချွေးမျက်ရည် နှပ်ချွဲက၊
ပြတ်မစဲ စီးယို၊
အိုင်း အနာနူ အရွှဲငယ်နှင့်၊
တူတူပဲမှတ်ကြ ကိုယ့်ကိုယ်“လို့ စပ်ဆိုခဲ့ပြီး
'နှစ်မပါ ဗလာသုံး၊ အကာဖြုန်း စင်စင်၊
မသာတုံးပြင်ပြင်၊ ထင်မြင်ဖွယ်မှန်စွ၊
အနတ္တဤရုပ်ကောင်ငယ်၊
ညှီပုပ်အောင် ဆိုးညစ်တန်လှ”ဟူ၍ ရေးသားတော်မူသည်။
တစ်ခါကလည်း ဆရာတော်ကြီးသည် မောင်ရောင်နီ ဆိုသူကို တေးထပ်တစ်ပုဒ် စပ်ဆိုဆုံးမတော်မူ၏။ တေးထပ်တွေကို စပ်ဆိုရာ တွင် ဆရာတော်ကြီးက မိမိပြောလိုသောအရာကို ပိုင်ပိုင်ကြီး နာလန် မထူနိုင်အောင် ပြောချတတ်ကြောင်း တွေ့ရ၏။
မောင်ရောင်နီသည်မုံရွာမြို့အနီးဆားတုံရွာသားဖြစ်ပြီးအဘိဓမ္မာ မောင်ရောင်နီဟု အမည်ရ၏။ မောင်ရောင်နီသည် အပြောသန်၊ အငြင်းသန်သူတစ်ဦးဖြစ်၏။ သူသိသမျှ တတ်သမျှလေးနှင့် ထောင် လွှားလွှားလုပ်နေသည်ကို ဆရာတော်ကြီးက အောက်ပါတေးထပ်နှင့် အဘိဓမ္မာအစွယ်ကို ချိုး၏။
“တပိုင်းကြောင် ကျက်စာရရုံနှင့်၊
ခက်ပါလှသဘောဉာဏ်၊
ထက်မာန အပြောသန်တယ်၊
ဒေါသမာန်ထူပွား၊
စောဒက တုဖက်လာလျှင်၊
သူ့ထက်ငါ ငြင်းတဲ့လူစား၊
ဘုရားဟော မြတ်ဓမ္မခဏ်ကို
တတ်လေဟန် ယောင်ဝါး၊ ပရမတ်ပြန် အကြောင်းသမားတွေတို့၊
ထောင်လွှားကြ သူ့ထက်ငါ၊
အသိဉာဏ် တစ်ထွာလောက်ကယ်နှင့်၊
ညှာမထောက် ဟောတတ်လှပါ။
ပရိသတ် ထောမနာအောင်၊
စောဒနာဉာဏ်အကောက်တွေနှင့်၊
ကန်အကြောက် အတင်းမရှောင်၊
ငြင်းကြ လူ့ဘောင်၊
ပိဋကတ်အစွယ် ထောင်လျှင်၊
အပါယ်ဘောင် ဆင်းရလိမ့်လေး”
ဦးထွန်းဦးနဲ့ ဦးထွန်းလှအမည်ခံ အဘိဓမ္မာဆရာနှစ်ဦးကို ဆုံးမ သည့် ဩဝါဒ တေးထပ်ကလည်း ဆရာတော်၏ တေးထပ်များ အနက် တေးထပ်ကောင်းတစ်ပုဒ်ဖြစ်၏။ ဦးထွန်းဦးနှင့် ဦးထွန်းလှ တို့သည် အလုံမြို့၌ အဘိဓမ္မာဆရာနှစ်ဦးအဖြစ် ထင်ရှားပြီး သူတို့ နှစ်ဦးသည် စာပေအဟောအပြောကိုသာ အားသန်ပြီး ကမ္မဋ္ဌာန်း ဘာဝနာ ဝိပဿနာကိစ္စများကို အားမထုတ်ဘဲနေကြသူများဖြစ်၏။ ထို့ကြောင့် ဆရာတော်ကြီးက ဦးထွန်းဦးနှင့် ဦးထွန်းလှတို့ အတွက် လွမ်းစရာနှင့်လူ တေးထပ်ကို ရေးစပ်တော်မူခဲ့၏။ ဆရာတော်ကြီင်္းက ဤတေးထပ်ကို ၁၂၆၄ ခုနှစ်၊ အလုံမြို့ တောင်ဘက်ရွှေတောင်ဦးတောင်၌ သီတင်းသုံးနေစဉ် ရေးစပ် ဆုံးမတော်မူခြင်း ဖြစ်သည်။
“ထွန်းဦးနှင့် ထွန်းလှ၊ လွမ်းစရာ့နှစ်လူ၊
ကျမ်းဓမ္မအဆူဆူမှာ၊ သူမတူ ဉာဏ်သွား၊
ပြောဟောမှုထွေတလာ၊ ပဒေသာ နှုတ်လျှာကပါး၊
အလုပ်နှင့် အဟုတ်တယ်လျှင်၊ ဆုတ်ပြယ်ပြယ် လူစား။
တကယ်ဆို ရှောင်သမား၊ ပြောက်ကြွားကြွား ဟန်ပို၊
ပြေဟောဉာဏ်စာအရေးမှာတော့၊ လျှာကလေး သွက်ကြသကို၊
သိလျက်သားနှင့်အမှားကိုခို၊ စကားထိုထို ရမယ်ဖွဲ့လို့၊
ဘယ်တဲ့ညာတဲ့ ယောင်ယောင်ပေါင်ပေါင်၊
ပြောကြဟန်ဆောင်၊ နစ်မြဲနစ်ဖို့၊ အလွတ်ရှောင်လျှင်၊
အကျွတ်ဟိုနောင်၊ ကွာလှမ်းရှာလိမ့်လေး။”
ယောအတွင်းဝန်နှင့်လယ်တီ
အခန်း (၂၂ )
ရွှေပြည်အတွင်းဝန်ဟူ၍လည်းကောင်း၊ ယောမင်းကြီး ဟူ၍ လည်းကောင်း အလွန်ကျော်ကြားသည့် ယောအတွင်းဝန် ဦးဖိုးလှိုင် သည် လယ်တီဆရာတော်ကြီး၏ သင်ဆရာ မြင်ဆရာ ကြားဆရာ ဖြစ်သည်။ လယ်တီဆရာတော်သည် ယောမင်းကြီးထံမှ စာပေ အယူအဆ၊ အတွေးအခေါ်၊ စကားပြေအရေးအသား၊ ကဗျာအစပ် အဟပ် စတာများကို နည်းနာခံယူသည်။ လယ်တီဆရာတော်သည် ဦးဖိုးလှိုင်ထံမှသာမက ထိုအခါက ထင်ရှားသော စာတတ်ပေတတ် လူပြန်တော် ဦးဖားထံမှလည်း စာပေရေးရာများကို လေ့လာသင်ကြား နာယူသည်။
လယ်တီဆရာတော် စံကျောင်းတွင်နေစဉ်က ယောမင်းကြီးထံ မကြာခဏ သွားရောက်၏။ ယောမင်းကြီးသည် ပထမပိုင်းတွင် လယ်တီဆရာတော်လောင်းလျာ အရှင်ဉာဏဓဇကို လက်ခံတွေ့ဆုံ ခြင်း မပြု။ ဆရာတော်ဟာ စိတ်ပျက်ခြင်းမရှိဘဲ ဇွဲကောင်းကောင်းနှင့် ဆက်သွားရာမှ တစ်နေ့တွင် ယောမင်းကြီးက “မောင်ပဉ္စင်း လာလှ ချည်လား၊ ဘယ်တိုက်မှာ သီတင်းသုံးလဲ” လို့ မေးသည်။
လယ်တီဆရာတော်လောင်းလျာက “စံကျောင်းမှာ သီတင်းသုံး ပါတယ်။ ဒကာတော်ဆီက စာပေနည်းနာခံယူချင်လွန်းလို့ ခဏခဏ လာနေရခြင်း ဖြစ်ပါတယ်“လို့ ဆိုသောအခါ ယောအတွင်းဝန်က ကထာဝတ္ထု ပါဠိတော်တွေကို နေတ္တိနည်းနှင့် သကပက္ခငါးရာ၊ ပရပက္ခငါးရာ နိုင်နင်းကွဲပြားအောင် ကြည့်ပြီးတော့ ဂန္တရာ ဗဟုသုတ တွေကိုလည်းလေ့လာ၊ စာတတ်ကရောဟု ဆိုလိုက်ပါသည်။ အရှင် ဉာဏဓဇက စာတော့တတ်ပြီ၊ ကဗျာတတ်ချင်လို့ဟု ဆိုသည်နှင့် ယောအတွင်းဝန်က ကဗျာတတ်ချင်ရင် လေးလုံးစပ်သင်၊ ကဗျာတတ် ကရောဟု ဆိုသည်။
တကယ်တော့ လယ်တီဆရာတော်လောင်းလျာ အရှင်ဉာဏဓဇ သည် စိုင်ပြင်ကြီးမှာ နေကတည်းက ကဗျာတတ်နေသူ ဖြစ်၏။ ယောမင်းကြီးထံမှ တပည့်ခံခြင်းသည် စာပေအရာ၌ တစ်ဖက်ကမ်း ခတ် တတ်မြောက်ဖို့ တပည့်ခံခြင်းဖြစ်သည်။ လယ်တီသည် ယောထံ မှ နည်းနာများခံယူကာ ကဗျာနှင့်စာကို တစ်ဖက်ကမ်းခတ် စွယ်စုံ တတ်မြောက်၏။
ယောအတွင်းဝန် ဦးဖိုးလှိုင်
ယောမင်းကြီးသည် ဖက်ပြိုင်သူမရှိလောက်အောင် ထူးချွန်ထက် မြက်၏။ မြောက်ပြင်စံကျောင်းကြီးမှ ဆရာတော် ဦးစန္ဒိမာသည် ယောမင်းကြီး ကိုးကွယ်သည့် ဆရာတော်ကြီးလည်း ဖြစ်၏။
ယောမင်းကြီးသည် စာကို အရိုးဆုံး အရှင်းဆုံးရေးသည်။ ထို အရေးအသားကို လယ်တီဆရာတော်က ယောမင်းကြီးဆီက ဆက်ခံ ၏။ လယ်တီဆရာတော်သည် ပိဋကတ်တော်ကိုသာမက စကားပြေ ကို အရိုးဆုံး အရှင်းဆုံး ရေးသားခဲ့ခြင်းသည် ယောအတွင်းဝန် ပေးလိုက်သော ပညာဖြစ်၏။ လယ်တီဆရာတော်သည် ယောမင်းကြီး ၏ ဝါကျတိုတိုနှင့် လိုရင်းကိုရေးသည့် စနစ်နှင့် ဒီပနီကျမ်းများကို ထိအောင် မိအောင် ရေးသားနိုင်၏။
ထိုခေတ်အခါလောက်က ရတနာပုံသတင်းစာတွင် ဘိုးဝဇီရက သတင်းရေးသည့်အခါ ကာရန်နဘေ၊ အစပ်အဟပ်၊ လုံးချင်းထပ်တွေ ခေတ်စားသောခေတ် ဖြစ်သော်လည်း ယောအတွင်းဝန်သည် နဘေ ကာရန်တွေနှင့် ထပ်ပြီးရေးသော အရေးအသားကို တော်လှန်၍ အဓိပ္ပာယ်ပြည့်စုံသော ဝါကျတိုတို စာသားကျစ်ကျစ်လစ်လစ်တွေနှင့် စာကို ရေးခဲ့သည်။ လူထုနှင့် အနီးစပ်ဆုံးဖြစ်အောင်ရေးသူသည် ယောဖြစ်သည်။ ထို့ကြောင့် မြန်မာစာပေစကားပြေအရေးအသားတွင် ယောသည် ခေတ်ရှေ့ပြေး ဦးဆောင်ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်သည်။ ယော၏ အရေးအသားကို လယ်တီက မပယ်ရှားဘဲ လိုက်နာ၏။
လယ်တီဆရာတော်ကြီးသည် ပိဋကတ်တော်အုပ် ဦးယံ၊ စာတော် ပြင်အရာရှိ ဦးဖာတို့ထံသို့ သွားရောက်၍ စာပေသင်ယူဆည်းပူးသည်။ အရိုးဆုံး အရှင်းဆုံး ဝါကျတိုတို အရေးအသားကို လယ်တီထံက လက်လွှဲယူခဲ့သူသည် ဆရာကြီးဦးဖေမောင်တင် ဖြစ်၏။ ဦးဖေမောင် တင်ကသူ၏ ဒေါင်းဖတ်စာတွင် သုံးလူ့ရှင်ပင် ဗုဒ္ဓဝင်ဘုရားရှိခိုးကို ထည့်သွင်းသည်။ နောက်ပိုင်း၌တော့ ရန်ကုန်တက္ကသိုလ် မြန်မာစာ အသိုင်းအဝိုင်းက လယ်တီဆရာတော်၏ အရေးအသားကို ဦးဖေ မောင်တင်ကနေ တစ်ဆင့် လက်ခံကျင့်သုံး၏။
အများနားလည်အောင် ပိဋကတ်ကို ဘာသာပြန်ခြင်းကို လယ်တီ မှ စခြင်းဖြစ်၏။ နိဿယခေတ်ကို တော်လှန်သူသည် လယ်တီပင် ဖြစ်သည်။ အရိုးဆုံး အရှင်းဆုံး အထိမိဆုံး မြင်လုံးထွားအောင် ရေးသားသည့် အရေးအသားသည် ယောမင်းကြီးဆီမှ တိုက်ရိုက် ရယူခဲ့သော အရေးအသားဖြစ်သည်။
လယ်တီသည် ဘိုးဝဇီရ၏ သတင်းစာအရေးအသားကိုလည်း အတုခိုး၏။
ထို့ပြင် ဝိပဿနာကိုလည်း လယ်တီပင် စခဲ့ခြင်းဖြစ်သည်။ ဝိပဿနာအစ လယ်တီကလို့ ဆိုရလောက်အောင် လယ်တီခေတ် မတိုင်ခင်က ကမ္မဋ္ဌာန်းဝိပဿနာလုပ်ငန်းသည် လူဝတ်ကြောင်တွေ၏ အရာမဟုတ်၊ လူဝတ်ကြောင်များအားထုတ်ရန် မသင့်ဟု ယူဆခဲ့သော် လည်းလယ်တီဆရာတော်သည် ကိုယ်တိုင် လက်တွေ့တရား အားထုတ်ပြီး ကိုယ်တိုင်ကျင့် ကိုယ်တိုင်တရားပြရာမှ ဝိပဿနာ လုပ်ငန်းများ ယနေ့ထက်တိုင် စည်ပင်ပြန့်ပွားလာသည်။
လယ်တီနှင့် ကဗျာလင်္ကာ
အခန်း (၂၃ )
လယ်တီဆရာတော်၏ ကဗျာ လင်္ကာ စပ်ဆိုတွင် လက်ဦး ဆရာတော်သည် ဘုတလင်မြို့နယ် ရဲထွတ်ရွာ အရှေ့ပိတောက်ပင် တောရဘုန်းတော်ကြီး ဦးဂန္ဓမာဖြစ်သည်။ လယ်တီလောင်းလျာရှင် ဉာဏဓဇသည် သက္ကရာဇ် ၁၂၂၇ ခု ( ၁၈၆၅ ) ရဲထွတ်ရွာ အရှေ့ပိတောက်ပင်တောရ ဘုန်းတော်ကြီး ဦးဂန္ဓမာထံ၌ ဗေဒင် သင်ရင်း သံပေါက်စပ်နည်း၊ လင်္ကာစပ်နည်း၊ ရတုစပ်နည်းများကို သင်၏။ လယ်တီဆရာတော်သည် မကာရန္တတွက်ရိုး ဆောင်ပုဒ် ပြုလုပ်ထားသော ကျည်းကန် ကိုရင်ကြီး၏ သုံးပါးမြတ်စွာ အစချီ လက်ရိုးလင်္ကာကို အာဂုံဆောင် ကျက်မှတ်ပြီး လက်ရိုးလင်္ကာတစ်မျိုး ကို စမ်းသပ်၍သီကုံးခဲ့သည်ဟု အဆိုရှိ၏။ ထိုစဉ်က ဒီပဲရင်းမြို့နယ် အတွင်း ရှင်လောင်းလှည့်ရာ၌ ရွတ်ဆိုလေ့ရှိသော သျှိုးလိုက်ရတုများ ကိုလည်း စပ်ဆို၏။
လယ်တီဆရာတော်၏ ကဗျာဆိုင်ရာ ဒုတိယဆရာသည် စစ်ကိုင်း မြို့နေ ညောင်ပင်သာ ဦးပုညဖြစ်၏။ ညောင်ပင်သာ ဦးပုညသည် စလေဦးပုညနှင့်အပြိုင် ကျော်ကြားသောစာဆို ဖြစ်သည်။ လယ်တီဆရာတော်သည် မြောက်ပြင်စံကျောင်းကြီး၌ နေစဉ် ရဟန်း ၂ ဝါ ကနေ ၁၇ ဝါတိုင် စစ်ကိုင်းမြို့ အနောက်ဖျားရှိ အစီရင်ခံရပ်် ညောင်ပင်သာကျောင်းတိုက်တွင် သီတင်းသုံးသော ညောင်ပင်သာ ဆရာတော် ဦးပုညထံမှ ကဗျာစပ်ဆိုနည်းများကို သင်ယူခဲ့သည်။
လယ်တီဆရာတော်ကြီးသည် ယောမင်းကြီးထံမှ စကားပြေရေး နည်း၊ ဂန္တရကျမ်းစာဝေဖန်ပုံးသပ်နည်း၊ လောကီပညာသွေး စမ်းနည်း၊ လိပိဒီပိကာ ကျမ်းပါအက္ခရာပညာရပ်များလေ့လာနည်း၊ သဒ္ဒါဗဟုသုတနည်းတွေကို သင်ယူခဲ့သည်ဟုအမှတ်အသားများရှိ၏။
လယ်တီဆရာတော်ကြီး၏ သီကုံးနှုန်းဖွဲ့မှုတွေနှင့် ပတ်သက်လို့ ဆရာကြီးဦးဖေမောင်တင်က “ဆရာတော်ဟာ စကားပြေစာပေတွင် သာမက ကဗျာဘက်တွင်လည်း နှိုက်နှိုက်ချွတ်ချွတ် ဉာဏ်ကျက်စား ခဲ့၍ ဆရာတော်၏ ဓမ္မအကြောင်းနှင့် ပတ်သက်သော ကဗျာအစောင် စောင်တို့ကို အများဗိုလ်လူတို့ လေ့လာကျက်မှတ်ကြဆဲ ဖြစ်သည်။ ဆရာတော်ရဲ့ ကဗျာများဟာ ဓမ္မအကြောင်းနှင့် ပတ်သက်၍ လွန်စွာ ယဉ်နု နက်နဲသဖြင့် လောကီလောကုတ္တရာနှစ်ဖြာသောအကျိုးကို ဖြစ်စေသည်” လို့ဆို၏။
ထို့ပြင် ဆရာကြီးဦးဖေမောင်တင်က လယ်တီဆရာတော်ကြီး နှင့်ပတ်သက်၍ ပြောကြားရာတွင် လယ်တီဆရာတော်ကြီးသည် လင်္ကာ စကားပြေ နှစ်ထွွေရောယှက်သော မေက္တာစာမျိုးကိုသာ ကျွမ်းသည်မဟုတ်၊ လင်္ကာသက်သက် ဒွေးချိုး၊ လေးချိုး၊ တေးထပ် အရပ်ရပ်တို့၌လည်း တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တတ်မြောက်သည်။ လယ်တီဆရာတော်ကြီးသည် မြတ်စွာဘုရားကို ပူဇော်ရာတွင်
“သုံးလူတို့နတ်၊ မြတ်ထက် မြတ်သား၊
ကိုယ်တော်ဖျားကို၊ သုံးပါးမှန်စွာ၊ ဝန္ဒနာနှင့်” လို့ တစ်နေရာမှာပူဇော်ပြီး မြတ်စွာဘုရားကို ကြည်ညို ရာ၌ အားမရနိုင်လွန်း၍အခြားတစ်နေရာတွင်
“လူမင်းတကာတို့၏ ဥက္ကဌ၊
နတ်မင်းတကာတို့၏ ခေါင်ဖျား၊
သိကြားမင်းတကာတို့၏ ရာဇာ၊
ဗြဟ္မာမင်းတကာတို့၏ မကိုဋ်၊
သောင်းတိုက်ရပ်ငူ၊
ဝေနေယျ ဗိုလ်လူဝယ်၊
တစ်ဆူတည်းပေါ်ထွန်း၍၊
နေဝန်းကြီးသဖွယ် ဖြစ်တော်မူသော မြတ်စွာဘုရား”
ဆိုပြီး ရေးသားခဲ့၏။
ဆရာတော်ကြီး ငယ်စဉ် ဉာဏ်မီးတောက်စအချိန်က ရေးသား သော ကဗျာများသည် အနုအလှများနှင့် အင်မတန်မှ အဆန်းအပြား ရှိ၏။
ဆရာတော်ကြီး၏ မဟော်ကျေးစေ ရတုကဗျာ၌ ကျေးသားကို
“မြသက်တင့်သွေး၊ နုနုရေးသည်
ညွတ်ကွေးသူ့အတောင်၊ သန္တာနှုတ်သီး
ရှုမငြီးသည်“လို့ ဖွဲ့ထားသည်။
ထိုရတုကဗျာမှာပင် မဟော်ကျေးနှင့် သာလိကာမလေးကို
“ပီယကောင်းသည်၊ နွဲ့နှောင်း ရဲတမာန်
သာလိကာ ညိုစိမ့်၊ ကိုယ်လုံးဖိမ့်မျှ
သိမ့်သိမ့်တုန်” သိမ့်သိမ့်တုန်“ဆိုပြီး ဖွဲ့သည်။ သို့သော်လည်း ဦးအောင်မွန်က အထက်ပါအဖွဲ့သည် ဆရာတော်ကြီးသည် အလွန်လေးနက်သည့် အမူအကျင့်ရှိ၍ ကျေးစေရတုသည် ဆရာတော်ကြီး၏စာဟုတ် မဟုတ် မသေချာဟု ဆို၏။ အချို့ကတော့ ဆရာတော်ကြီး၏ နုငယ်စဉ်က အရေးအသား အစစ်အမှန်ဟုဆိုသည်။ ဆရာတော်ကြီး ၏ အရေးအသားများထဲ၌ ခေတ်ကိုရောင်ပြန်ဟပ်စေသော စကားလုံး တွေနှင့် အဓိပ္ပာယ် အလွန်သိပ်သည်းကျစ်လျစ်သည့် စာများကိုလည်း မကြာခဏ တွေ့ရသည်။
လယ်တီဆရာတော်ကြီးက ဒီပဲရင်း သေရည်သေရက်မေတ္တာစာ တွင် 'အပါယ်ဘုံ ပုလိပ်သား' ဟူ၍လည်းကောင်း၊ နွားမေတ္တာစာတွင် 'သတင်းစာကမ်းလိုက်သည်' ဟူသော အသုံးအနှုန်းကိုလည်းကောင်း သုံးနှုန်းသည်။ ပုလိပ်ဆိုသောစကားမှာ အင်္ဂလိပ်စကားဖြစ်ပြီး အပါယ် ဘုံနဲ့တွဲ၍သုံးထားခြင်းသည် ဆရာတော်ကြီး၏ နယ်ချဲ့ဆန့်ကျင်မှုကို ပြဆိုသော အရေးအသားဟု ဆိုနိုင်၏။
တစ်စုံတစ်ဦးက ရှင်းရှင်းလင်းလင်း သေသေချာချာ နားလည် ခြင်းကို မြင်လုံးထွားသည် မြင်လုံးထွားသည်ဆိုသည့် မြန်မာစကားလုံးနှင့် ထင်ထင် ရှားရှားဖြစ်အောင် ဆရာတော်ကြီးက ရေးသား၏။ တစ်ခါက စံကျောင်း ဆရာတော်ကြီးသည် ဘုရားရှင်၊ ပစ္စေကဗုဒ္ပါသာဝကတို့၏ ပါရမီတော်များနှင့် စပ်လျဉ်း၍အမေးပုစ္ဆာ ၂၀ ကို ပါဠိဘာသာနှင့် ရေးသားပြီးပညာရှိသူများ ကျမ်းဂန်အထောက်အထားများနှင့် ဖြေဆို ကြပါဟုဆိုကာ ဖြန့်ဝေသည်။ လယ်တီဆရာတော်သည် ထိုစဉ်က ၁၄ ဝါရ ပထမစာချအဖြစ် စံကျောင်းမှာရှိနေဆဲဖြစ်သည်။ စံကျောင်း ဆရာတော်ကြီး၏ အမေးပုစ္ဆာများကိုအချက်အလက်အထောက် အထားများနှင့်တကွ ရေးသားဖြေဆို၍စံကျောင်းဆရာတော်ကြီးကို ပြသသောအခါ စံကျောင်းဆရာတော်ကြီးက “နင့်လိုလူကို ငါ ရည်ရွယ်မေးသည် မဟုတ်၊ သည်ပုစ္ဆာ နင့်အရာလော” ဟုဆိုကာ ထိုစာကို ဖတ်မျှပင်မကြည့်ဘဲ လွှင့်ပစ်သည်ဟုဆို၏။ ထိုအခါ အနီးရှိ ရဟန်းတစ်ပါးက ကောက်ယူသိမ်းထားလိုက်သည်။ ထိုစာသည် နောင်အခါ၌ ပါရမီဒီပနီကျမ်းတစ်စောင်အဖြစ် ထင်ရှားခဲ့၏။ အချို့ ပါဠိကျွမ်းကျင်သူတို့က ပါဠိလို စံကျောင်းဆရာတော်ကြီး ရေးထား သော အမေးတွေထက် လယ်တီဆရာတော်၏ ဖြေဆိုထားသော အဖြေများက ပါဠိအရေးအသား ပို၍ ညက်ညက်ညောညောရှိသည်ဟု ဆိုကြသည်။
---လွယ်ကူရှင်းလင်းစွာ ရေးသားတော်မူခြင်း
အခန်း (၂၄ )
လယ်တီဆရာတော်ကြီး၏ ထူးခြားသော စာပေတော်လှန်မှု တစ်ရပ်သည် စာကဗျာ လကာင်္များကို ရေးသားရာတွင် အတတ် နိုင်ဆုံး လွယ်ကူအောင် ရေးသားခြင်း ဖြစ်သည်။ လွယ်လွယ်နှင့် ရှင်းရှင်းရေးခြင်းသည် လယ်တီ၏ စာရေးဟန်ဖြစ်၏။ ရှင်းလင်း လွယ်ကူအောင် ရေးခြင်းသည် ဆရာတော်ကြီး၏ စေတနာဖြစ်သည်။ လယ်တီဆရာတော်ကြီးသည် သဒ္ဒါ၊ အဘိဓမ္မာ စသည်ခက်ခဲသော အရာများကို အလွယ်ကူဆုံးဖြစ်အောင် ရေးသားခဲ့၏။
လယ်တီဆရာတော်ကြီး၏ ခေတ်အထိ စာပေအရေးအသားများ သည် ပါဠိလို ရေးသားမှုများပြီး ပါဠိသံများများနှင့် ပြောဆိုရေးသားမှ ပညာရှိ ပညာတတ်လို့ ထင်မှတ်ကြသည်။ လယ်တီဆရာတော်ကြီး သည် ထိုအချက်ကိုတော်လှန်ခဲ့၏။
၁၂၇၀ ပြည့်နှစ် ဆရာတော်ကြီး ပုသိမ်ကိုကြွရောက်တရားဟော ရာတွင် ပါဠိတစ်တိုတစ်စ မပါဘဲ မြန်မာစကားပြေသက်သက်နှင့် ဟောတော်မူရာ ပုသိမ်သူ ပုသိမ်သားတွေက လယ်တီဆရာတော်၏ တရားသည် ပါဠိတစ်တိုတစ်စမပါ၊ ဆားမပါသည့်ဟင်းလို ပေါ့ပျက် ပျက်ရှိသည်ဟု ပြော၏။ ထိုအခါလယ်တီ ဆရာတော်ကြီးက “တို့ဗမာလူမျိုးတွေ ခက်နေတာက ကိုယ်နားမလည်တဲ့၊ ကိုယ် မပိုင်တဲ့၊ ပါဠိတွေကို ရွတ်ဆိုပြီး မြိုင်မြိုင်ဆိုင်ဆိုင် လှိုင်လှိုင်ကြီးဟော ပြောတဲ့ ပုဂ္ဂိုလ်မျိုးကိုမှ လူတော်လူကောင်း၊ လူတတ်လူမြတ်လို့ ပင့် မြှောက်ချီးကျုးလိုကြတယ်။ တို့ဗမာလူမျိုးမှာ ဗမာလို တိကျမှန်ကန် စွာ ပြန်ဆို၍ ဗမာနားမှာ ကွက်ကွက်ကွင်းကွင်း ထင်းခနဲ လင်းခနဲ ဝင်းခနဲ ရှင်းခနဲ မြင်လုံးထွားအောင် ဗမာဆန်ဆန် ဘာသာပြန်ကိန်း ကြီး လိုနေတယ်ကွဲ့” ဟု မိန့်ကြားကြောင်း သိရ၏။
ဆရာတော်ကြီးက “ ငါတို့သဘောက ကျမ်းပြုဆရာတွေ ဂုဏ် မထင်ပေါ်ချင် နေပါစေ၊ စာကြည့်ရှုတဲ့ စာကြည့်ပရိတ်သတ်တွေ ကွက် ကွက်ကွင်းကွင်း ထင်းခနဲ လင်းခနဲ ဝင်းခနဲ အသိအလိမ္မာဉာဏ် ရှင်းမှုကိုသာ ပဓနထားပြီး ရေးသားလိုသည်။ ပါဠိအကိုးအကား များမှာ မထည့်လျှင် အဖြစ်မှသာ ထည့်လိုသည်။ ပါဠိပါဌ်သား နည်းနိုင်သမျှနည်းအောင် ဂရုစိုက်၍ရေးသည်။ သို့သော် ပါဠိတော် စည်းမျဉ်း၊ ဓမ္မစည်းမျဉ်း အလွတ်ရေးသည်မဟုတ်၊ စည်းမျဉ်းကိုက် ညီအောင် ရေးသည်။ အချို့က တို့ကျမ်းစာအုပ်တွေ ပါဠိ ပါဌ်သား မပါဘူး။ ပေါ့ပျက်ပျက်ရှိလှသည်ဟု ကဲ့ရဲ့ကြသည်။ တို့ဗမာလူမျိုးများ အတွက် ရေးသည်၊ ပါဠိလူမျိုးမျးအတွက် ရေးသည်မဟုတ်”ဟု ဆက်လက်မိန့်ကြားကြောင်း သိရ၏။
ဆရာတော်ကြီးသည် ပါဠိဘုရင်တစ်ဆူပီပီ ပါဠိဘာသာနှင့်ပင် ကျမ်းကြီး ကျမ်းငယ်တို့ကို ပြုနိုင်ပြီး ပါဠိအရေးအသားမှာ ဆရာတော်ကြီးအား မီသူ ရှာမှရှားသည်။ သို့သော် ဆရာတော်ကြီးက မိမိ စာရေးခြင်းသည် မြန်မာလူမျိုးများအတွက်ဖြစ်သည်။ ပါဠိလူမျိုး များအတွက်မဟုတ်ဟု ဆို၏။ ထိုအချက်သည် လယ်တီဆရာတော်၏ အရေးအသားဆိုင်ရာ သဘောထားဖြစ်သည်။
ဆရာတော်ကြီးက အရေးတွင်ရော၊ အဟောတွင်ပါ ရှင်းရှင်း လင်းလင်းရေးပြီး ရှင်းရှင်းလင်းလင်းဟောသည်။
၁၂၆၈ ခု၊ ပြာသိုလအတွင်း မန္တလေးမြို့၌ ဆရာတော်ကြီးက ခန္ဓာ၊ အာယတန၊ ဓတ်၊ ပဋိစ္စသမုပ္ပါဒ၊ သစ္စာလေးပါး၊ အဘိဓမ္မာ တရားကြီးကို မြန်မာစကားနှင့် ပြတ်ပြတ်သားသားကြီး ပေါ်လွင် အောင် ဟောကြား၏။
ရှင်းရှင်းနှင့် လွယ်လွယ်ရေးသည့် လယ်တီဆရာတော်ကြီးက သညာကို အဓိပ္ပါယ်ဖွင့်ရာတွင်
“သညာဆိုသည်ကား လောက၌ တတ်သိလိမ္မာခြင်း၊သိကြားလိမ္မာခြင်း၊ ကျွမ်းကျင်လိမ္မာခြင်းကို ဆိုသတည်း။ ထိုကျွမ်းကျင်လိမ္မာခြင်းဟူသော အလိမ္မာမျိုးသည် ကုသိုလ် အကုသိုလ် နှစ်ပါး၌ပင်ဆိုင်၏။ မုဆိုးအလုပ်မျိုးမှာ မုဆိုးသည် ကျွမ်းကျင်လိမ္မာ၏။ ကြောင်အမှုမှာ ကြောင်၊ ကျား သညာက္ခန္ဓာနယ်ကြီးကျယ်ပုံကိုလည်းကောင်း၊ သတ္တဝါ၏ အရေးအရာတွင််် သညာက္ခန္ဓာအလိမ္မာသည် အချုပ်အချာကြီး ဖြစ်နေပုံလည်းကောင်း အကုန်မြော်မြင်ကြလေ”ဟုရေးသားဖွင့်ဆို၏။
လယ်တီဆရာတော်၏ ရှင်းလင်းသည့် အရေးအသားကို သုံးလူ့ ရှင်ပင် ဘုးရားရှိခိုး၌ အထင်အရှား တွေ့ရ၏။ သုံးလူ့ရှင်ပင် ဘုရား ရှိခိုးသည် ဆိုရလွယ်ကူ၏။ အဓိပ္ပါယ်ရှင်းလင်း၏။ ကျယ်ဝန်းသည့် ဗုဒ္ဓဝင်ကို ခုနှစ်ပိုဒ်၊ စာလုံးရေး လေးရာလောက်နှင့် ရှင်းလင်း လွယ်ကူ စွာ ရေးသား၏။ လူငယ်များ၊ ကျောင်းသူ ကျောင်သားများအတွက် ဆိုရ ဖတ်ရ လွယ်ကူခြင်းကြောင့် နှုတ်တိုက်ရွရွ ရွတ်ဆိုနိုင်ကြ၏။ ဆရာတော်ကြီးသည် သုံးလူ့ရှင်ပင် ဘုရးရှစ်ခိုးတွင် ချမ်းမြေ့ ဆိုသော စကားလုံး
ချမ်းမြေ့ကြည်ဖြု၊
ချမ်းမြေ့စုံစီ၊
ချမ်းမြေ့ရဂုံ၊
ချမ်းမြေ့နိဗ္ဗု၊
ချမ်းမြေ့သာချို၊
စသဖြင့် သုံးနှုန်းထားတာကို တွေ့ရသည်။
ယင်းစကားလုံးများနှင့် တွဲဖက်ပြီး တက်ကြွလှုပ်ရှားသမျှကို ပြဆိုရန်
မဟီလှိုက်ဆူ၊
သောင်းလုံးကျော်သည်၊
ကြွေကြွေလျှံ့တက်၊
ဝှမ်းဆူသောင်းလုံး စသဖြင့် သုံးစွဲသည်။
ထိုအပြင် ယင်းဘုးရားရှိခိုးမှာပင် လှပသောစကားလုံးများနှင့်
ရွှန်းရွှန်းစိုသည်၊
ဘုန်းသစ်လျှံ့သူ၊
မငြီးကြည်ဖြု၊
သဂီရွေလှော်
စသည့်စကားများကို တွေ့ရ၏။
လယ်တီဆရာတော်ကြီးသည် မည်မျှ ရှင်းရှင်းလင်းလင်း လွယ် လွယ်ကူကူ ရေးလိုသနည်းဆိုလျှင်
“စာတိုက်ဗီရိုနားတွင်စာရေးလျှင်စာတိုက်ဗီရိုတွင်ရှိသောကျမ်းစာ များကိုထုတ်ပြီးကြည့်ရှုရေးသားရသောကြောင့်ပါဠိအကိုးအကားများနှင့့့့််််် စာတိုက်သံ၊ဗီရိုသံတွေများနေ၍လူပြိန်းတို့နားမလည်ကြချေထို့ အတွက် ငါတို့တောထဲတောင်ထဲချုံထဲမှာနေပြီးရေးသည်ငါတို့ို့ို့ို့ု့ စာအုပ်တွေကတော့တောသံတောင်သံချုံသံတွေများသဖြင့်တောသူ တောင်သားလူပြိန်းများနားလည်ကြသည်ငါတို့စီရင်ရေးသားအပ်သော “စာအုပ်များကိုဖတ်နေလျှင်ကမ္မဋ္ဌာန်းအားထုတ်နေသလိုပဲရှိသည်”ဟု မိန့်တော်မူကြောင်း သိရ၏။
လယ်တီဆရာတော်ကြီးက စာအုပ်များစွာကို မိမိကိုယ်တိုင် လက်တွေ့ကျင့်ကြံ အားထုတ်ပြီးမှ တွေ့တဲ့အတိုင်း၊ ဖြစ်တဲ့အတိုင်း၊ မြင်တဲ့အတိုင်း ရေးသားထားသောကြောင့် စာဖတ်နေရခြင်းသည်ပင် ကမ္မဋ္ဌာန်းအားထုတ်နေရသလို ဖြစ်သည်ဟု ဆို၏။
၁၂၆၁ ခုနှစ်က ဆရာတော်ကြီး ရေးသားသောဥတ္တမပုရိသဒီပနီ ကျမ်း နိဒါန်းတွင် မိမိသည် ဤစာအုပ်ကို ပါဠိပါဌ်သားမပါ၊ မြန်မာ လို ရှင်းရှင်းရေးပေးလိုက်ကြောင်း၊ ထိုသို့ ရေးပေးရခြင်းမှာ အများ နားလည်စေလိုခြင်းကြောင့် ဖြစ်ကြောင်းဖြင့် ဆရာတော်ကြီးက “မြန်မာစကားသက်သေနှင့် အချက်ထိထိ ဉာဏ်မျက်စိကွင်း ကွင်း အသိဉာဏ်လင်းလောက်အောင် နက်နဲခက်ခဲရာအရပ်ဟူ၍ အထပ်ထပ်အခါခါဥပမာဥဒါဟရုဏ်များနှင့်တကွ ဖော်ပြရေးသား လိုက်သည်။ ပါဠိပါဌ်သားနှင့်ရေးလျှင် စကားစဉ် စကားဆက် ကွာ လှမ်း၍ ပြောတတ် ဟောတတ် ရှိရုံမျှကိုပင် အင်မတန်ကြီး ကြံရလိမ့် မည်။ ပြောဖို့ ဟောဖို့ကားလိုရင်းအဟုတ်။ မိမိကိုယ်မှာ ကလျာဏ ပုထုဇဉ် ဉာဏ်မျက်စိတစ်လုံး ပေါက်မှုသည်သာ အမြတ်ဖြစ်သည်”ဟု မိန့်ကြားခဲ့၏။
ဆရာတော်ကြီးသည် မည်သူကမျှ အထင်မကြီးလျှင် နေပါစေ၊ မိမိရေးသားလိုသမျှကို အားလုံးနားလည်စေလိုသည်။
ဆရာတော်ကြီးသည် ဥတ္တမ ပုရိသ ဒီပနီကျမ်းတွင် “သစ္စာ” ဆိုတဲ့ စကားကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ “သစ္စာဟူသည် မုသားကို အချင်းခပ်သိမ်း ပယ်ခြင်းတည်း” လို့ အဓိပ္ပာယ်ဖွင့်ဆို၏။
ဆရာတော်ကြီးက “အဓိဌာန်” ဆိုတဲ့စကားကို “ဤအမှုကို ပြုမည်ဟု နှုတ်ပဋိညာဉ် စိတ်ပဋိညာဉ်ထားပြီးသည့်နောက် ပြောင်းရွှေ့ လှုပ်ရှားခြင်း မရှိခြင်းတည်း” လို့အဓိပ္ပာယ်ဖွင့်ဆို၏။
တစ်ဖန် “မေတ္တာ” ဆိုသောစကားကို “တွေ့သမျှ မြင်သမျှသော သတ္တဝါကိုချမ်းသာစေချင်သောစိတ်၊ ကောင်းစေချင်သောစိတ်၊ အမြဲတည် ခြင်း” လို့ အဓိပ္ပာယ်ဖွင့်ဆို ရေးသားသည်။
ထို့ပြင်“ဥပေက္ခာ“ဆိုသည့်စကားနှင့်ပတ်သက်၍ဆရာတော်ကြီး က“မိမိကြည်ညိုလေးမြတ်သောသူ၊ ပူဇော်သောသူ၊ ချီးမွမ်းသောသူ၊ ညှဉ်းပန်းနှိပ်စက်သောသူ၊ ကဲ့ရဲ့သောသူဟူ၍လည်း မသာယာခြင်းမရှိ ထိုသူနှစ်ဦးတို့၌ စိတ်နှစ်မျိုး မရှိခြင်း” လို့အဓိပ္ပာယ်ဖွင့်ဆိုရေးသား၏။
ဆရာတော်ကြီးက ပါရမီဆယ်ပါးကို ပိုမိုရှင်းလင်း စေရန် ဘုရား လောင်းမျောက်မင်း ဝတ္ထုနှင့် ရှင်းလင်းရာမှာအလောင်းတော်မျောက် မင်းသည် အသူတစ်ရာနက်သော ချောက်၌ ကျနေသည့် ပုဏ္ဏားကို ကျောပေါ်၌ ထမ်း၍ ကုန်းပေါ်သို့တင်၏။ ထို့နောက် မောပန်းလှ သဖြင့် ပုဏ္ဏား၏ ပေါင်ပေါ်၌ ခေါင်းထား၍ ခဏအိပ်လေ၏။ထိုအခါ ပုဏ္ဏားက တောမျောက်သားကို မယားအတွက်ယူရန် ဟူသောအကြံ ဖြင့် မျောက်မင်း၏ ဦးခေါင်းကို ကျောက်တုံးဖြင့် ထုလေ၏။ မျောက် မင်း၏ ဦးခေါင်းမှ သွေးတို့သည် ပန်း၍ထွက်၏။ သို့သော်လည်း မျောက်မင်းသည် ပုဏ္ဏားအား ရပ်ရွာသို့ ချမ်းသာစွာရောက်အောင် ပို့ဆောင်ဦးမည်ဟုသာ သစ်ပင်တစ်ပင်မှ တစ်ပင်သို့ ကူး၍ ခေါင်းမှ ကျသော သွေးစက်တို့ဖြင့် လမ်းပြလေ၏။
ဤဝတ္ထုတွင် ဆရာတော်ကြီးက
ချောက်ထဲကျနေသော ပုဏ္ဏားကိုမြင်သောအခါ မိမိသားငယ် ချောက်ထဲကျ၍နေသည်ကို မြင်သကဲ့သို့ ပုဏ္ဏား၏အကျိုးကို တောင့်တလိုလားခြင်းသည် မေတ္တာ။
အသူတစ်ရာနက်သည့်ချောက်မှ ကမ်းပေါ်သို့ ချောမောစွာရောက် စေသောအကြောင်းကို ကြံစည်နိုင်ခြင်းသည် ပညာ။
ထိုအခါ မည်ကဲ့သို့ ကမ်းပေါ်သို့ ချောမောအောင် ရောက်စေမည် နည်းဟု ကြံကာ ကြံစည်၍ သိမြင်သည့်အတိုင်း သက်စွန့် ကြိုးပမ်း အားထုတ်ခြင်းသည် ဝီရိယ။
ဦးခေါင်းကို ကြီးစွာသောကျောက်နှင့်ထုရာ အရေထူအရေပါး တို့ စုတ်၍ အရိုးကွဲမျှ ပြင်းထန်လှသည့် ဒုက္ခဒဏ်ချက်ကြီး ထိပါးသည်ကိုပင် နာသည်ကျင်သည်ဟု အမှုမထား၊ညစ်ညူးမှုထိပါးသည်ကိုပင် နာသည်ကျင်သည်ဟု အမှုမထား၊ညစ်ညူးမှု၊ ညည်းညူမှုမရှိ၊ပကတိကြည်လင်သောစိတ်အတိုင်းနေနိုင်ခြင်း သည် ခန္တီ။
မျောက်မင်းသည်ပုဏ္ဏားအပေါ်ဤမျှလောက်အပင်ပန်းခံ၍ ဆောင်ရွက်ခဲ့သည့်တိုင်ပုဏ္ဏားသည်ဤမျှလောက်အကျိုးမဲ့ ပြုဘိ၏ဟုပုဏ္ဏားအပေါ်စိတ်မကွက်ဘဲထားနိုင်ခြင်းသည်ဥပေက္ခာ။
အသူတစ်ရာနက်သောချောက်ကြီးထဲမှပုဏ္ဏားအားကယ်ရာ တွင် အခန့်မတော်ပါကသေနိုင်၏သေလောက်သောအချက်ပင်ဖြင့်လင့်ကစားအသက်ကိုစွန့်လှု၍ဆောင်ရွက်တော်မူနိုင် ခြင်းသည် ဒါန။
အသက်ကိုအသေပြုသောပုဏ္ဏားအားပြန်၍အနှိပ်စက်၊ ကြမ်းကြုတ်သောစကားကိုမျှမဆိုဆြွမက်စောင့်ရှောက်ခြင်းသည်သီလ။
ပုဏ္ဏားကိုကယ်တင်သည့်အတွက်ကြောင့်ကောင်းမှုကုသိုုုုလ်၏ အကျိုးကိုမျှတောင့်တသာယာခြင်းမရှိခြင်းသည်ကားနိက္ခမ။
ပုဏ္ဏား၏အကျိုးကိုအဆုံးရောက်အောင်ဆောင်ရွက်မည်ဟု ဆုံးဖြတ်ထားသည့်အတိုင်းပုဏ္ဏားကဒုက္ခကြီးစွာပေးသော်လည်း မူလဆုံးဖြတ်ထားသောစိတ်ကို၏မရွှေ့မပြောင်းထားရှိနိုင်ခြင်း သည် အဓိဌာန်။
မျောက်မင်းကပုဏ္ဏားအားသင့်ကိုငါကယ်တင်မည်ဟုပြော ကြားသောနှုတ် ပဋိညာဉ်ကို မပျက်ခြင်းသည် သစ္စာ။ ပါရမီဆယ်ပါးကို ဆရာတော်ကြီးက ယခုုကဲ့သို့ ရေးသားတင်ပြ ရာမှာ အဓိပ္ပာယ်ဖွင့်ဆိုမှု ရှင်းလင်းရုံမျှမက ဥပမာပေးမှုသည်လည်း လွယ်ကူကာ ရှင်းလင်းလှ၏။ ဆရာတော်ကြီး၏ ဒီပနီကျမ်းများးသည် ဤသို့သောရှင်းလင်းမှုတွေနှင့်သာ ပြည့်စုံနေ၏။
---မဟာသရဏဂုံတော်ကြီး
အခန်း (၂၅ )
သရဏဂုံ ဆိုသည်မှာ ဗုဒ္ဓသာသနာတော်၏ ပန္နက်ဖြစ်သည်။ သရဏဂုံ မတည်ပါက ဗုဒ္ဓဘာသာဝင်မဖြစ်နိုင်။ သရဏဂုံတည်မှသာ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်၏။
ဘုရားသာသနာတွင် သရဏဂုံသုံးပါး ရှိ၏။ ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာမြတ်သုံးပါးသည် ဗုဒ္ဓသာသနာ၏ သရဏဂုံသုံးပါးပဲဖြစ်၏။
“မြတ်စွာဘုရားအား ရိုသေမြတ်နိုး ရှိခိုးပူဇော် ကန်တော့ ပါ၏။
မြတ်စွာဘုရား၏တရားတော်မြတ်အားရိုသေမြတ်နိုးရှိခိုးပူဇော် ကန်တော့ပါ၏
သံဃာတော်မြတ်တို့အားရိုသေမြတ်နိုးရှိခိုးပူဇော်ကန်တော့ပါ၏” သရဏဂုံဆိုသော အဓိပ္ပာယ်မှာ ကိုးကွယ်ရာ၊ မှီခိုရာ၊ အားထား ရာဟု အဓိပ္ပာယ်ရ၏။ ရတနာမြတ်သုံးပါးသည်
- လောက၌ တွေ့ကြုံသော ရန်သူမျိုးငါးပါး၊
- တမလွန် လောက၌ ကြုံတွေ့ရသော အပါယ်လေးပါး၊
-ခန္တာကိုယ်တွင် စွဲမြဲ၍ အမြဲမပြတ် နှိပ်စက်အပ်သော သေမှု၊ နာမှု၊ အိုမှု ဟူသောအရာတို့မှ ကင်းလွတ်အောင် မှီခို အားထား ကိုးကွယ်ရာသည် သရဏဂုံသုံးပါးမှတစ်ပါး အခြားမရှိပါ။
ထို့ကြောင့် ထိုထိုသောဘေးတို့မှ ကင်းလွတ်စေရန် ရတနာသုံးပါး ကို ဆည်းကပ်ကိုးကွယ်ကြ၏။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ
ဘုရားကို ကိုးကွယ်ပါ၏။
တရားကို ကိုးကွယ်ပါ၏။
သံဃာကို ကိုးကွယ်ပါ၏။
လယ်တီိဆရာတော်ကြီးသည် မြတ်စွာဘုရား ဟောကြားတော်မူ သည့် သုံးပုံသော ပိဋကတ်တို့ကို တစ်ဖက်ကမ်းခတ် တတ်မြောက် တော်မူသည့် ပါဠိပါရဂူ တစ်ဆူပီပီ မြတ်စွာဘုရား၏ ကျေးဇူးတော် အနန္တကို သိရှိတော်မူ၏။ မြတ်စွာဘုရား၏ ကျေးဇူးတော် တန်ခိုး တော်အနန္တ မည်မျှကြီးမားသည်ဆိုခြင်းကို ဗုဒ္ဓမြတ်စွာဘုရားကဲ့သို့ သော ဘုရားတစ်ဆူကသာလျှင် ပြောကြားမှ ပြည့်စုံသည်။ သာမန် အားဖြင့် ပြည့်စုံအောင် ပြောဆိုဖို့ စွမ်းဆောင်နိုင်သူမရှိ။ လယ်တီ ဆရာတော်ကြီးသည် ကြီးမားလှသော မြတ်စွာဘုရား၏ကျေးဇူးတော် တန်ခိုးတော်တို့ကို ပြည့်စုံစွာ ထုတ်ဖော်ပြီးပူဇော်လိုသောစိတ်ရှိ၏။ ဆရာတော်ကြီးသည် ဘုရားကို ပူဇော်ခြင်း၊ တရားကိုပူဇော်ခြင်း၊ သံဃာကိုပူဇော်ခြင်းတို့၌ တင်းတိမ်ရောင့်ရဲမှုမရှိ၊ ဆရာတော်ကြီးသည် တပည့် သံဃာတို့၏ ရေဝတ် ဆွမ်းဝတ်တို့ကိုပင် ပြုစုပြီး သံဃာများ ကျေးဇူးပြု၍ သံဃာဂုဏ်ကိုဆောင်၏။
မြတ်စွာဘုရား၏ ကြီးမြတ်သောဂုဏ်တော်အနန္တကို ထုတ်ဖော် ပူဇော်ရန် ပြင်းပြသည့် လယ်တီဆရာတော်ကြီးသည် မဟာသရဏဂုံ တော်ကြီးကို စီရင်ခြင်းသည် ရတနာမြတ်သုံးပါးကို အားရပါးရ၊ စိတ်ရှိလက်ရှိ၊ ပူဇော်ကန်တော့ရန် စီရင်ရေးသားခြင်းဖြစ်၏။
မဟာသရဏဂုံတော်ကြီး ဆိုသည်မှာ သရဏဂုဏ် သုံးပါးကို မြတ်စွာဘုရား၏ တရားအစုစုတို့နှင့် တန်ဆာဆင်ပြီး ပူဇော်ခြင်း ဖြစ်၏။ ဗုဒ္ဓမြတ်စွာဘုရား၏ တန်ခိုးတော် ကျေးဇူးတော်များကို မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်များနှင့် အထူးပြု ပူဇော်ဖို့ စိတ်ကူးဉာဏ် ရရှိခြင်းသည် ဆရာတော်ကြီး၏အလွန်တရာ ကြီးမြတ်လှစွာသော ဖန်တီးမှုတစ်ခု ဖြစ်သည်။
မဟာသရဏဂုံတော်ကြီးသည် မြတ်စွာဘုရားဟောကြားတော်မူ သောသစ္စာ( ၄ )ပါး၊ အာယတန( ၁၂ )ပါး၊ ဓာတ်( ၁၈ )ပါး၊ ပဋိစ္စ သမုပ္ပါဒ် အင်္ဂါ( ၁၂ )ပါး၊ တဏှာ(၃ )ပါး၊ ကိလေသာ( ၁၀ )ပါး၊ဝိသုဒ္ဓိ ( ၇ )ပါး၊ ဗောဓိပက္ခိယတရား(၃၇ )ပါး၊ ဉာဏ်စဉ်( ၁၀ )ပါး၊ ဖလ သမာပတ်( ၄ )ပါး၊ နိဗ္ဗာနဓာတ်( ၁၇ )ပါး အစရှိသော ဓမ္မအစုစုတို့ကို သစ္စာဉာဏ်၊ကိစ္စဉာဏ်၊ ကတဉာဏ်တို့နှင့်အညီ ရတနာသုံးပါးကို ပူဇော်ခြင်းဖြစ်သည်။
လယ်တီဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မမူမှီ ၆ နှစ် အလို ၁၂၇၉ ခု၊ တန်ဆောင်မုန်းလ ၁ ရက်နေ့၌ မုံရွာမြို့ မြောက် ဘက် သုံးမိုင်ခန့်အကွာ ယာကြီးကုန်းတောရသို့ ကြွချီပြီး ၅၀၁ ပုဒ်မျှ ပါရှိသော မဟာသရဏဂုံတော်ကြီးကို ကိုယ်တော်တိုင် ဖွဲ့ဆို သီကုံး၍ ငါးလကြာ ရွတ်ဆိုပြီး ရတနာသုံးပါးကို ပူဇော်ကန်တော့၏။
တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့မှ တပေါင်းလပြည့်ကျော် ၁၅ ရက်နေ့အထိ ၅ လတိုင် တစ်နေ့ ၁၄၄၀၀ ကြိမ်နဲ့ ၅ လအကြာ ၂၁၁၆၈၀၀ ကြိမ်မျှ မနေမနား ရတနာသုံးပါးကို ပူဇော်ခြင်းသည် ဆရာတော်ကြီး၏ မြတ်စွာဘုရားအပေါ် ကြည်ညိုမှု၊ ပူဇော်မှု၊ ကိုးကွယ်မှု စွမ်းအားသည် ကြောက်ခမန်းလိလိဟု ဆိုရမှာဖြစ်၏။
ငါးလတိတိ ဝီရိယအဓိပတိနှင့် အကြိမ်ပေါင်း နှစ်သန်းတစ်သိန်း ကျော် မဟာသရဏဂုံကြီးကို ရွတ်ဆိုပူဇော်မှုကြောင့် လယ်တီဆရာ တော်ကြီး၏ ရတနာသုံးပါးအပေါ် ကြည်ညိုမှုနှင့်ပတ်သက်၍ ချီးကျုး မဆုံး၊ အံ့ဩမကုန်၊ မကြည်ညိုသူမရှိရလောက်အောင်မြန်မာတစ်နိုင်ငံ လုံးသို့ ပဲ့တင်ထပ်မျှ ရိုက်ခတ်၏။ သရဏဂုံသုံးပါးသည် သုံးတတ် လျှင် သုံးတတ်သလောက်ကျယ်ဝန်းပြီး ဗုဒ္ဓသာသနာ၏ ပန္နက်ဖြစ် သည်။ လယ်တီဆရာတော်ကြီးသည် သရဏဂုံကို ဓမ္မာနု ဓမ္မပဋိပတ် ဖြင့် ဖွဲ့စည်းပူဇော်မှုကြောင့် အလွန့်အလွန်မှ အချိုးစားနား ကျနစွာ ပူဇော်မှုလည်း ဖြစ်၏။
အဟာသရဏဂုံတော်ကြီးကို ဓမ္မအမွေတော်အဖြစ် စီရင်တီထွင် ခြင်းသည် မြတ်စွာဘုရား၏ ရုပ် နာမ် ခန္တာ၊ အာယာတန ဓာတ်သစ္စာ ပဋိစိသမုပ္ပါဒ်တို့ကို သိမြင်၍နိဗ္ဗာန်သို့ထုတ်ချင်းပေါက် ရောက် ရှိအောင် ဆရာတော်ကြီး ဉာဏ်ချဲ့၍ ရေးသားတော်မူခြင်းလားလို့ စဉ်းစားကာ သဒ္ဓါပွားဖွယ်ရာလည်း ဖြစ်၏။
ယခုအခါ လယ်တီနဝမပဓာနဆရာတော်ကြီး အရှင်ကောလသ သည် မြန်မာနိုင်ငံအရပ်ရပ်တွင် မဟာသရဏဂုံ အသင်းများကို ဖွဲ့စည်းထားရိှိရာ မဟာသရဏဂုံတော်ကြီးကို နှုတ်ဝယ်ရွရွ ရွတ်ဆိုကြ သော အသင်းပေါင်း ၅၀၀ ကျော်၊ အသင်းဝင်ပေါင်း တစ်သောင်းကျော်လည်းရှိ၏။ လယ်တီ နဝမ ပဓာန ဆရာတော်ကြီးသည် မဟာသရဏဂုံ ကုန်းတော်မြတ်ကိုလည်း ရှာဖွေ၍ ယင်းကုန်းမြေအား သာသနာသမိုင်းဝင် မှတ်တိုင်အဖြစ် စိုက်ထူရန်ကိုလည်း ဆောင်ရွက် လျက်ရှိသည်။
မုံရွာလယ်တီကျောက်စာတိုက်အတွင်း၌လည်း မဟာသရဏဂုံ တော်ကြီး ကျောက်စာချပ်သုံးချပ်ရှိသည်။ မဟာသရဏဂုံတော်ကြီးပါဌ် ကျောက်စာချပ်တို့သည် ကျောက်စာနံပါတ် ၆၃၇ ဖြစ်ပြီး နိဿယ ကျောက်စာနှစ်ချပ်က နံပါတ် ၄၅၆ နဲ့ ၄၅၉ တို့ဖြစ်သည်။
ထို့ကြောင့် ကျေးဇူးရှင်လယ်တီဆရာတော်ကြီး၏ကျေးဇူးတရား များကို ပွားများရင်း မဟာသရဏဂုံတော်ကြီးကို နေ့ညမပြတ် ရွတ်ဆို ဘုရားပူဇော်အပ်၏။
အဇ္ဇတဂ္ဂေ ပါဏု ပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
အဇ္ဇတဂ္ဂေ ပါဏု ပေတံ ဓမ္မံ သရဏံ ဂစ္ဆာမိ
အဇ္ဇတဂ္ဂေ ပါဏု ပေတံ သံဃံ သရဏံ ဂစ္ဆာမိ
ဒုတိယံပိ----------------------------------
---
တတိယံပိ---------------------------------
---
---
---
နေမင်းကြီးတစ်ဆူဝင်တော်မူခြင်း
အခန်း (၂၆ )
သာသနာအာဇာနည် ဧကန်စင်စစ်ဖြစ်တော်မူသော လယ်တီဆရာ တော်ကြီး သာသနာရေးရာဘက်တွင်သာမက မြန်မာစာပေရေးရာ၊ မြန်မာ့အမျိုးသားရေးရာဘက်များတွင်ပါ ဆောင်ရွက်မှုများနှင့်တကွ ဒီပနီကျမ်းများရေးခြင်း၊ နယ်လှည့်တရားဓမ္မဟောကြားခြင်း၊ ပြည်တွင်း ပြည်ပ သာသနာပြုလုပ်ငန်းတွေကို လုပ်ဆောင်ခြင်းတို့ကို မနေမနား လုပ်ဆောင်ခဲ့သည်များနှင့် ပတ်သက်၍ ဤစာအုပ်ငယ်ဖြင့် ဖွင့်ဆို တင်ပြခဲ့ပြီး ဖြစ်၏။
ထိုကဲ့သို့ မြန်မာပြည်သူတို့အပေါ် ကျေးဇူးတရားကြီးမားလှသော ကျေးဇူးတော်ရှင် ဆရာတော်ကြီးသည် သက္ကရာဇ် ၁၂၈၅ ခုနှစ် ပထမဝါဆိုလဆန်း ၁၅ ရက်၊ လပြည့်နေ့ နေ့လည် ၂ နာရီ၊၃၀ မိနစ်အချိန်၊ သက်တော် ၇၇ နှစ်၊ သိက္ခာတော် ၅၇ ဝါ၌ ပျဉ်းမနားမြို့၊ သူဌေး ဦးလန်း၊ ဒေါ်မမလေးတို့လှုဒါန်းသည့်လယ်တီစံကျောင်းတွင် ဘဝနတ်ထံ ပျံလွန်တော်မူသည်။
လယ်တီဆရာတော်ကြီး ပျံလွန်တော်မူသောအခါ သေက္ချတောင် ဆရာတော် ဦးတိလောက က
'တပည့်တပန်းရဟန်းအပေါင်းတို့၏ရှေ့ဆောင်နွားမင်းဥသဘကြီး ဖြစ်တော်မူသော၊
တပည့်အပေါင်းတို့အားစာပေကျမ်းဂန်တတ်မြောက်လိမ္မာအောင် သင်ကြားပို့ချတော်မူသော၊
ခုနှစ်ဆယ့်ခုနစ် အသက်အရွယ်ရှိတော်မူသော၊ အကြင်မဟာထေရ်မြတ်သည်ထက်နတ်ပြည်မှပင့်ချီလာ၍ကြွသွား တော်မူလေပြီ'
ဟူ၍ရင့်ကျုးတော်မူ၏။
လယ်တီဆရာတော်ကြီး ပျံလွန်တော်မူသောအခါ လယ်တီ ဦးပဒုမနှင့် လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးတို့ကလည်း 'သမုဒ်လေးသွယ်၊ရေပင်လယ်မျှ၊ကြီးကျယ်ပျံ့ပျုး၊မြင့်ခေါင် ကျုးသည့်၊ကျေးဇူးတော်ဂုဏ်၊အဖုံဖုံနှင့်၊ပြည့်စုံတော်မူထသော၊ များစွာသိန်းသောင်းရဟန်းအပေါင်းတို့၏ထိပ်ဆောင်းဥကင် ဘုရင်စောထီး၊မြင်းမိုရ်တောင်ကြီးဖြစ်တော်မူသော လယ်တီဆရာတော်ဘုရားကြီးဟာကိုးဆယ့်ခြောက်ဖြာဘေး ရောဂါဖြင့်သီလ၊သမာဓိ၊ပညာတော်ဂုဏ်အဖုံဖုံလည်းအကုန် လက်လျှော့ကြလေတော့ဟုဆိုသောအလား၊မတန့်စားဘဲ တိမ်းပါးပြိုလဲတော်မူလေပြီ'
လို့ ကြွေးကြော်ခဲ့သည်။
ဆရာတော်ကြီး ပျံလွန်တော်မူသည်ဆိုသော သတင်းကို ကြားရ သောအခါ တပည့်ဒကာအပေါင်းတို့သည် မရွှင်သောက သံဝေဂအထွေထွေညှိုးလျခွေလျက် ယူကျုံးမရ ဗျာပါဒတို့နှင့် မလှမျက်နှာ ဖြစ်ခဲ့ကြရသည်။
လယ်တီဆရာတော်ကြီးိး ဘဝနတ်ထံ ပျံလွန်တော်မူခြင်းသည် ဗုဒ္ဓဘာသာဝင်တို့အဖို့ နေလနှစ်ပါးကွယ်ပျောက်၍ အမှောင်ထုကြီး ကျရောက်ပြီး ရွှေမြင်းမိုရ်ပြိုလဲကာ မဟာသမုဒ္ဒရာကြီး သွေ့ခြောက် လျက် ထောက်ထားအားကိုးဖွယ်ရာမဲ့ရသည့် အဖြစ်ဆိုးကိုရောက်ခဲ့ ရခြင်းပင်ဖြစ်၏။ လယ်တီဆရာတော်ကြီး ပျံလွန်တော်မူခြင်းသည် မြန်မာဗုဒ္ဓဘာသာဝင် သူတော်စင်တို့သာမက ကမ္ဘာ့ပညာရှင်တို့ကပါ မှီခိုအားထားရာ ဓမ္မမဏ္ဍိုင်၊ သာသနာ့မဏ္ဍိုင်ကြီး ပြိုလဲရာအဖြစ်သို့ ရောက်ခဲ့ပါ၏။
---လယ်တီကျောက်စာတိုက်
အခန်း (၂၇ )
လယ်တီကျောက်စာတိုက်ဆိုသည်မှာ လယ်တီဆရာတော်ကြီး ရေးသားတော်မူသော ကျမ်းပေါင်း ၉၇ ကျမ်းကို ကျောက်ချပ်ပေါင်း ၈၀၆ ချပ်နှင့် ရေးထိုးမှတ်တမ်းတင်ထားသော ကျောက်စာတိုက်ကြီးကို လယ်တီကျောက်စာတိုက်ဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည။်လယ်တီကျောက် စာတိုက်သည် မုံရွာ မဟာလယ်တီကျောင်းတိုက်ကြီး အတွင်း၌ တည်ရှိ၏။
လယ်တီကျောက်စာတိုက်ကို လယ်တီဆရာတော်ကြီး ပျံလွန် တော်မူသည့် နောက်တစ်နှစ် ၁၂၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၅ ရက်နေ့တွင် တပည့်ဒကာများဖြစ်ကြသော ရဟန်းပုဂ္ဂိုလ်၃၀၀ ကျော်နှင့်လူပုဂ္ဂိုလ် ၂၀၀၀ ကျော်တို့စုဝေးပြီး လယ်တီကျောက်စာ အသင်းကြီးကို စတင်တည်ထောင်ခြင်းဖြစ်သည်။ တည်ထောင်ရာတွင် မန္တလေးမြို့ စံကျောင်းတိုက်ဆရာတော် ဦးစိန္တာကို အကြီးအမှူးနာယကပြု၍ ကျောက်စာအသင်းကြီးကို တည်ထောင်သည်။ အသင်း ကြီး၏ အတိုင်ပင်ခံဥက္ကဌ ဆရာတော် ၇ ပါး ရှိ၏။ အထွေထွေ အကျိုးဆောင်ဆရာတော်သည် စစ်ကိုင်းတောင်ရိုး ရန်ကုန်ချောင် ဆရာတော် ဦးဓမ္မာစာရီ ဖြစ်သည်။
အသင်းကြီး၏ ပထမအကြိမ် အစည်းအဝေးတွင် လယ်တီဆရာတော်ကြီး၏ ဒီပနီကျမ်းစာများကို လယ်တီတိုက် ကြီးအတွင်း၌ ကျောက်ထက်အက္ခရာတင်ပြီး ပုဒ်ပါဌ်အက္ခရာကျနစွာ တည်းဖြတ်လျက် ကောင်းမွန်စွာရေးသား တည်ထားကိုးကွယ်ထိုက် ကြောင်း၊ ကြွရောက်လာကြသောရဟန်း၊ လူပရိတ်သတ်အပေါင်းတို့က သောင်းသောင်းဖြဖြ သဘောတူညီကြပြီး ဝမ်းမြောက်ဝမ်းသာ လက်မှတ်ရေးထိုးလျက် ကျောက်စာပြတိုက် ဖြစ်မြောက်ရန် ဆုံးဖြတ် အတည်ပြုကြသည်။
ဒီပနီကျမ်းစာများကို ကျောက်ထက်အက္ခရာတင်ရန် ရဟန်း ပညာရှိ လူပညာရှိများကို ရွေးကောက်ပြီး ဆပ်ကော်မတီ အသီးသီး ဖွဲ့စည်းခဲ့၏။ မြန်မာပြည်အထက်အောက် လှည့်လည်လျက် ကျောက် စာအလှုတော်ငွေများရရှိဖို့အတွက် ဟောပြောကောက်ခံရန်ကျောက် စာနည်လှည့် ဓမ္မကထိက အကျော်အမော် ဆရာတော် ၆ ပါးကိုလည်း ရွေးချယ်တင်မြောက်ခဲ့သည်။
အသင်းကြီး၏ ဥက္ကဌ၊ ငွေထိန်း၊ စာရင်းစစ်၊ အတွင်းရေးမှုး၊ အလုပ်အမှုဆောင်ကော်မတီလူကြီးများတို့ကိုလည်း အသီးသီး ရွေး ကောက်ကြပြီး အစည်းအဝေးကြီးကို အောင်မြင်စွာကျင်းပ၍ ကျောက် စာနယ်လှည့် ဓမ္မကထိက ပုဂ္ဂိုလ်ကျော် ၆ ပါး ရွေးချယ်ခဲ့သည်ကိုလယ်တီဦးပဒုမ အရှင်မြတ်က အောက်ပါအတိုင်းကဗျာဖွဲ့၍ မှတ်တမ်း တင်သည်။
ကျေးဇူးရှင် ပထမလယ်တီဆရာတော်ကြီး၏ ခဲလက်ရေးမူ
ဦးဣန္ဒ၊ ဦးဓမ္မစာရီ
ဦးပဒုမ၊ ဦးခေမိန်ထေရ်
ဦးဝဏ္ဏိတ၊ ဦးနန္ဒမာသည်
ဤခြောက်ပါး ကြိုးစားကြပေသည်။
လယ်တီိဆရာတော်ဘုရားကြီး၏ တပည့်ကြီးများထဲမှ ကျောက် စာတိုက်ဖြစ်မြောက်ရေး နယ်လှည့်ဓမ္မကထိက ကြောင်ပန်းဆရာတော်သည် လယ်တီကျောက်စာတည်ဆောက်ရေး လုပ်ငန်းတွင် လွန်စွာ အရေးပါလှသည့် ဆရာတော်ဖြစ်သည်။ ကြောင်ပန်းဆရာတော်သည် ကျောက်စာနယ်လှည့်တရားဟောတာဝန်နှင့် ပန်းသာနယ်ကို လှည့် လည်ရာမှာ ရက်အနည်းငယ်အတွင်း အလငွေ နှစ်သောင်းကျော်မျှ ရရှိသည့်အတွက် လယ်တီဦးပဒုမဆရာတော်က
သက်တော်ရှည်ကြီး၊ ထေရ်ကြီးဇာနည်
ကျောက်စာငွေပေါင်း၊ ထောင်သောင်းအလီလီ လယ်တီတိုက်သို့၊ ပို့လိုက်နိုင်သည်
ထေရ်ကြောင်ပန်း၊ အောင်ခန်းတိုင်ပါစီ။
လို့ ကဗျာစပ်ပြီး မှတ်တမ်းတင်၏။
ကျောက်စာအသင်း စည်းဝေးသည့်နေ့မှာတွင် မုံရွာမှ လှူဒါန်းကြ သူ အမြောင်မမြား ပေါ်ထွက်၏။ ထိုနှစ် သီတင်းကျွတ်တစ်လ တွင်ပင် မုံရွာခရိုင်က အလတော်ငွေပေါင်း လေးသောင်းကျော်မျှ ရရှိ၏။ တစ်နှစ်အတွင်း မြန်မာပြည်အရပ်ရပ်မှ အလငွေပေါင်း တစ်သိန်းငါးသောင်းမျှ ရရှိသည်။
ပေပေါင်း (၁၅၀)ပတ်လည်ရှိ လယ်တီကျောက်စာတိုက်ကြီးကို ၁၂၈၆ ခုနှစ်၌ တည်ထောင်ခဲ့ရာ ၁၂၉၈ ခုအထိ ၁၂ နှစ်အတွင်း သုံးသိန်းကျော်မျှ ရရှိသည်။
ဒုတိယကမ္ဘစစ်မဖြစ်မီအထိ အောင်မြင်ပြီးစီးခဲ့သော ကျောက်စာ ချပ်ရေမှာ ၆၃၀ တိတိရှိ၏။
စစ်ပြီးခေတ် ၁၃၀၉ ခုနှစ်တွင် စတုတ္တလယ်တီဆရာတော် ဦးနန္ဒဝံသကို ဥက္ကဌထား၍ “ကျောက်စာရုံ“အသင်းကြီးကို အသစ် ဖွဲ့စည်း ဆောင်ရွက်၏။
၁၃၂၄ ခုနှစ်တွင် ဆဋ္ဌမဆရာတော် ဦးတေဇိန္ဒအား အကြီးအမှူး ပြုပြီး လယ်တီကျောက်စာတိုက်ကြီး ပြန်လည်ပြုပြင်ရေးအသင်းကြီးကို ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ယခုလက်ရှိ ကျောက်ချပ်ရေပေါင်း ၈၀၆ ချပ် တည်ဆောက်နိုင်သည်။ လယ်တီကျောက်စာများကို မန္တလေးမြို့ မြောက်ပြင်ထားဝယ်ကျုံးထိပ်မှ ကျောက်စာစာရေး ဦးဘနုက ဆောင် ရွက်သည်။
၁၃၄၄ ခုနှစ်တွင် အဋ္ဌမဆရာတော် ဦးဣန္ဒက ကြီးမးပြီး ကျောက်စာတိုက်ကြီး၏ အလယ်စေတီတော်ကြီးကို ထီးတော်တင် သည်။
ယခုအခါတွင် မဟာလယ်တီကျောက်စာတိုက် ဘက်စုံဖွဲ့ဖြိုးတိုး တက်ရေးအဖွဲ့သည် အဂ္ဂမဟာပဏ္ဍိတလယ်တီနဝမပဓာန နာယက ဆရာတော် ဦးကေလာသ၏ ဩဝါဒခံယူ၍ ကျောက်စာတိုက်ကြီး ရေရှည်တည်တံ့ရန် လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်လျက် ရှိသည်။ ယဉ်ကျေးမှုဝန်ကြီးဌာနမှလည်း မွမ်းမံဖွယ် လုပ်ငန်းတွေကို ဆောင်ရွက်ပေးသည်။
လယ်တီကျောက်စာတိုက်ကြီးတွင် ကျမ်းပေါင်း ၉၇ ကျမ်း၊ ကျောက်ချပ်ရေ ၈၀၆ ချပ်စိုက်ထူးထားရာတွင်စာပေအမျိုးအစားအား ဖြင့် ပါဋ္ဌိ ၁၇ ကျမ်း၊ နိဿယ ၁၈ ကျမ်း၊ မြန်မာ ၆၂ ကျမ်း ပါဝင်သည်။ကျမ်းအမျိုးအစားအနေနှင့် ခွဲခြားစိစစ်မည် ဆိုပါက ဒီပနီ ၃၆ ကျမ်း၊ ဝိသဇ္ဇနာ ၈ ကျမ်း၊ ဝိနိစ္ဆ ၉ ကျမ်းနှင့် အခြား၃၄ ကျမ်း ဖြစ်၏။
ကျမ်းပေါင်းများစွာ ကိန်းဝပ်လျက်ရှိသော လယ်တီကျောက်စာ တိုက်ကြီးသည် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးအရပ်ရပ်ကို အစဉ်သတိပြု အောင်မေ့ဖွယ်ရာ လယ်တီဆရာတော၏ ဓမ္မပူဇာ သာသနိကရေးရာ အဓိပတိမဏ္ဍကြီး ဖြစ်သည်။ မြန်မာပြည်သူတို့ အစဉ်ထာဝရ ဂုဏ်ယူဖွယ်ရာ တည်ထောင်သည့်ဓမ္မစေတီတော်မြတ် လည်း ဖြစ်သည်။
လယ်တီစာချနည်း
နောက်ဆက်တွဲ (က)
သာသနာတော်သည် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓဟူ၍ သုံးပါးရှိရာ ထိုသာသနာသုံးပါးတို့တွင် ပရိယတ္တိသာသနာတော်သည်သာလျှင် သာသနာတော်၏ အရင်းမူလဖြစ်သည်။ ထိုပရိယတ္တိသာသနာတော်၏ အနက်မှန်၊ သဘောမှန်ကို သိရှိနားလည်နိုင်စေရန်အတွက် သဒ္ဒါကို ကျွမ်းကျင်တတ်မြောက်ရန် အရေးကြီးလှပေသည်။ သဒ္ဒါတတ်ကျွမ်းမှသာ စာပေပရိယတ္တိကို မှန်ကန်စွာ နားလည်သဘောပေါက်နိုင်သည်။ သဒ္ဒါမတတ်ကျွမ်းလျှင် သရဏဂုံကို ပီသစွာ မရွတ်ဖတ်နိုင်ပေ။ သရဏဂုံကို ပီသစွာမရွတ်ဖတ်နိုင်လျှင် မှန်ကန်သော အနက်သဘောကို မသိရှိနိုင်ပေ။ ထိုသို့ ပရိယတ္တိ၏ အနက်မှန်၊ ပဋိပတ္တိမှန်ကို မရရှိနိုင်လျှင် ပဋိဝေဓကို မသိရှိနိုင်တော့ပေ။ ထိုသို့ဖြစ်လျှင် သာသနာတော် ကွယ်ပျက်သွားမည်။ ထို့ကြောင့် သာသနာတော်တွင် ပရိယတ္တိသာသနာသည် အရင်းမူလဖြစ်သည်။ ဤသို့ဖြင့် “သဒ္ဒါတတ်မှ စာတတ်သည်”ဟု ဆိုရိုးစကားနှင့်အညီ ပရိယတ္တိသင်ကြားပို့ချရာ၌ အဓိပ္ပာယ်အကောက်အယူ မှန်ကန်နိုင်သမျှ မှန်ကန်အောင် သဒ္ဒါကို အဓိကထား၍ သင်ကြားပို့ချတော်မူကြသည်။
သဒ္ဒါကို ကျွမ်းကျင်တတ်မြောက်စေရန် သင်ကြားပို့ချတော်မူကြရာတွင် ဆရာတော်ကြီးများသည် ခေတ်အဆက်ဆက်ကပင် ကစ္စိယ ကျမ်း၊ နျာသ်ကျမ်း၊ အထူးသဖြင့် ပဒရူပသိဒ္ဓိကျမ်း၊ သဒ္ဒနီတိကျမ်း၊ မောဂ်ဂလ္လာန်ကျမ်း စသော သဒ္ဒါကျမ်းကြီးများကို လက်ကိုင်ပြုတော်မူကြသည်။ ထိုသဒ္ဒါကျမ်းအများအနက် ပဒရူပသိဒ္ဓိကျမ်းသည် လယ်တီစာချနည်း၏ အရင်းမူလအခြေခံ ဖြစ်ပါသည်။
ပဒရူပသိဒ္ဓိကျမ်းကို ကျစွာမင်းလက်ထက် အေဒီ ၁၃ ရာစုနှစ်တွင် ကျော်ကြားခဲ့သော သဒ္ဒနီတိကျမ်းပြုဆရာတော် “အရှင်အဂ္ဂဝံသ”နှင့် ခေတ်ပြိုင် “ရှင်ဗုဒ္ဓပိယ”က ပြုစုတော်မူထားခဲ့သည်။ အရှင်ဗုဒ္ဓပိယ၏ “ပဒရူပသိဒ္ဓိကျမ်း”သည် ကစ္စိယကျမ်း၏ သုတ်စဉ်ကိုစွန့်၍ ပြယုဂ်စဉ်အားဖြင့်သာ ပဒမာလာပြု၍ ရေးသားထားခြင်း၊ မကျဉ်းမကျယ် အလယ်အလတ်ဖြစ်ခြင်း၊ ပြေပြစ်ချောမောခြင်း၊ သိလွယ်နားလည်လွယ်သော ပုဒ်ဝါကျတို့နှင့် ရှင်းလင်းထားခြင်းတို့ကြောင့် စာသင်သားများအတွက် များစွာအကျိုးဖြစ်ထွန်းစေသည်။
သို့သော် ပဒရူပသိဒ္ဓိကျမ်းသည် ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်တို့တွင် အရေးမပါလှပေ။ ညောင်ကန်ဆရာတော် ဦးဗုဓ်သည် ဤကျမ်းကြီးကို နိဿယပြန်တော်မူခဲ့သော်လည်း မန္တလေးရတနာပုံခေတ် ရောက်အထိ ပဒရူပသိဒ္ဓိကျမ်းမှာ အရေးပါခြင်းမရှိခဲ့ပေ။
ပဒရူပသိဒ္ဓိကျမ်းကြီး ထင်ရှားလာခြင်း
လယ်တီဆရာတော်ကြီးသည် ၁၈၆၈ ခုနှစ်၊ ရဟန်းသိက္ခာ ၂ ဝါတွင် မန္တလေးမြို့ စံကျောင်းတိုက်သို့ ရောက်ရှိ၍ စံကျောင်းဆရာတော်ထံ ပညာအရပ်ရပ်ကို သင်ကြားတော်မူပြီးနောက် ၁၈၇၆ ခုနှစ်မှ ၁၈၈၄ ခုနှစ်အထိ ပထမစာချဆရာတော်အဖြစ်ဖြင့် သီတင်းသုံးနေတော်မူစဉ် စံကျောင်းပိဋကတ်တိုက်အတွင်းမှ ပဒရူပသိဒ္ဓိကျမ်းပေထုပ်ကို တွေ့ရှိခဲ့သည်။ ထိုအခါ ပဒရူပသိဒ္ဓိကျမ်းသည် အခြားသော သဒ္ဒါကျမ်းများထက် စာသင်သားတို့အတွက် သဒ္ဒါတတ်မြောက်ရန် ပိုမိုလွယ်ကူစေလိမ့်မည်ဟု ယူဆခဲ့သည်။ ထို့ပြင် လယ်တီဆရာတော်၏ စာချဆရာတော်ဖြစ်သည့် စလင်းဆရာတော် အရှင်ပဏ္ဍိစ္စ၏ ညွှန်ပြချက်ဖြင့် ဆရာတော်ဦးဗုဓ်၏ ပဒရူပသိဒ္ဓိနိဿယကျမ်းကိုလည်း ရှာဖွေလေ့လာခဲ့သည်။
ထိုသို့ စံကျောင်းတိုက်ကြီးတွင် စာချဆရာတော်အဖြစ်ဖြင့် သီတင်းသုံးစဉ်ကပင် ပဒရူပသိဒ္ဓိကျမ်းကို ပို့ချရန် ကြိုးပမ်းခဲ့သည်။ သို့ရာတွင် အစဉ်အလာမဟုတ်၊ ပို့ချရိုးထုံးစံလည်း မရှိသော ကျမ်းဂန်ဖြစ်သဖြင့် မည်သည့်စာသင်သားမျှ သင်ကြားလိုသူမရှိဟု ဆိုပါသည်။ သို့ရာတွင် လယ်တီဆရာတော်ထံ စာဝါလိုက်နေသော စာသင်သားများအနက် ကျောက်ပန်းတောင်းနယ်၊ ဂွေးချိုရွာဇာတိ သာမဏေရှင်ညဏသာဂရသည် ပဒရူပသိဒ္ဓိကျမ်းကို ဆုံးခန်းတိုင်အောင် ထုတ်ယူသင်ယူ၍ သဒ္ဒါကို တတ်မြောက်ကျွမ်းကျင်သည်ကို တွေ့မြင်ရသည်။
ထိုအချိန်မှစ၍ လယ်တီဆရာတော်သည် ပဒရူပသိဒ္ဓိကျမ်းကို ကြိုးပမ်းပို့ချတော်မူခဲ့ပါသည်။
လယ်တီဆရာတော်သည် စံကျောင်းဆရာတော်ထံတွင် ပညာသင်ကြားစဉ်အခါက ညဉ့်အခါ စံကျောင်းဆရာတော်က ရုပ်ထွက်ခိုင်းရာတွင် “ဣစ္စေတံ”ကို လယ်တီဆရာတော်က “ဣတိဧကံ”ဟု ပုဒ်ဖြတ်၍ “တိ”ကို “စ”ပြု၍ ရူပသိဒ္ဓိကျမ်းနည်းအရ တွက်ချက်ပြသောအခါ အခြားရဟန်းတို့က ပျက်ရယ်ပြုကြသည်။ ထိုအခါ စံကျောင်းဆရာတော်က မည်သည့်အဖွင့်ကိုကြည့်၍ ဤကဲ့သို့ ရုပ်ထွက်သနည်းဟု မေးမြန်းရာ လယ်တီဆရာတော်က ရူပသိဒ္ဓိကျမ်းတွင် ထိုသို့ “တိ”ကို “စ”ပြုရန် ဖွင့်ဆိုထားကြောင်း တွေ့ရှိရပါသည်ဟု လျှောက်ထားပြီး စာတိုက်အတွင်းမှ ရူပသိဒ္ဓိကျမ်းပေထုပ်ကို ထုတ်ယူ၍ ပြသလိုက်ရာ ရဟန်းတို့ အံ့ဩချီးမွမ်းကြသည်ဟု အစဉ်အလာမှတ်သားချက် ရှိဖူးသည်။ ထိုစဉ်က နျာသကျမ်း အဆိုအရ “တ”ကို “စ”မပြုဘဲ “တ”ထက်၌ “ဣ”ကို “ယ”ပြု၍ “တျ”ဖြစ်ပြီးမှ ၎င်း “တျ”ကို “စ”ပြု၍ ရုပ်ထွက်ရိုး ထုံးစံရှိသည်။ ထို့ကြောင့် သီပေါမင်းလက်ထက်မှစ၍ ပဒရူပသိဒ္ဓိကျမ်းသည် ထင်ရှားလာပါသည်။
လယ်တီပဒမာလာကို တီထွင်ပို့ချခြင်း
လယ်တီဆရာတော်သည် စံကျောင်းတိုက်၌ ပဒရူပသိဒ္ဓိကျမ်းကို ပို့ချသင်ကြားရာတွင် ပဒရူပသိဒ္ဓိကျမ်းလာ “ပဒမာလာ”ကို ညဝါအဖြစ် အသစ်တီထွင်ကာ ပို့ချခဲ့သည်။ ထို့ကြောင့် လယ်တီဂိုဏ်းတွင် ပဒရူပသိဒ္ဓိကျမ်းကို “နေ့ဝါကျမ်း”၊ ပဒမာလာတို့ကို “ညဝါဆိုရိုး” ဟူ၍ အသိအမှတ်ပြုချက်တစ်ရပ် ပေါ်လာသည်။ လယ်တီဆရာတော်သည် ၁၈၈၂ ခုနှစ်တွင် မိမိ၏ဖွားရာဇာတိဖြစ်သော ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရွာသို့ ပြန်လာကြွရောက်ပြီးနောက် ၁၈၈၆ ခုနှစ်တွင် လယ်တီကျောင်းတိုက်ကို တည်ထောင်၍ ပိဋကတ်သုံးပုံ ပါဠိ၊ အဋ္ဌကထာ၊ ဋီကာတို့နှင့်တကွ သဒ္ဒါဘက်ဆိုင်ရာတွင် ပဒရူပသိဒ္ဓိကျမ်းကို နေ့ဝါ၊ ညဝါ ခွဲခြား၍ အမြဲပို့ချခဲ့ရာမှ လယ်တီဆရာတော်၏ ပို့ရိုးချရိုးနည်းသည် လယ်တီပဒမာလာ ဟူ၍ ထင်ရှားသည်။
အမှန်စင်စစ် မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရာမိကဆရာတော်ကြီးက လယ်တီဆရာတော်အား ဆန္ဒောမဉ္ဇရီဋီကာ (ဆန်းဋီကာ) ရေးရန် တိုက်တွန်းသည်။ ၁၈၉၉ ခုနှစ်၊ မေလတွင် လယ်တီဆရာတော်က ပြန်လည်လျှောက်ကြားရာ ၎င်းလျှောက်ကြားချက်သည် “လယ်တီစာချနည်း” သို့မဟုတ် “လယ်တီစာသင်နည်း”ဟု အမည်တွင်လာခြင်း ဖြစ်ပါသည်။
လယ်တီဆရာတော်၏ အလိုအရ လယ်တီစာချနည်း၌ ကျမ်းဂန်အချင်းချင်း အယူအဆ တူညီမှုမရှိသည်ကို ညှိနှိုင်းလျက် “သဒ္ဒါတတ်မှ၊ စာတတ်လှ၊ အတ္ထအမှန်သိ”ဟူသော ဆောင်ပုဒ်အတိုင်း သဒ္ဒါကို အလွယ်ကူဆုံး၊ အမြန်ဆုံးနည်းဖြင့် တတ်ကျွမ်းစေရန် ရည်ရွယ်ထားပါသည်။ ထို့ပြင် ကစ္စိယသဒ္ဒါကျမ်းကြီးကို သုတ်ပြီး၊ ရုပ်ပြီးရုံမျှ သင်ပြစေလိုသည်။ ထိုသို့ သင်ကြားပို့ချပြီးမှ ရူပသိဒ္ဓိဂိုဏ်းကို နားလည်စေလိုသည်။ မောဂ်ဂလာန်ကျမ်းကိုလည်း သုတ်ပြီး၊ ရုပ်ပြီးရုံမျှ သင်ပြစေလိုသည်။ ထိုသို့ သင်ပြီးမှ ဂိုဏ်းကို နားလည်စေလိုသည်။
ဤသို့ ပါဠိဘာသာ သင်ကြားပို့ချနည်းသစ်ကို ထွင်ရခြင်းနှင့်ပတ်သက်၍ လယ်တီဆရာတော်သည် အောက်ပါအတိုင်း မိန့်ကြားခဲ့ပါသည်။
“ယခုလောကမှာ ရုပ်ပြီးပိုင်မှုသည်သာ သဒ္ဒါတတ်ကြောင်း၊ စာတတ်ကြောင်း၊ ကျမ်းတတ်ကြောင်းဟု မသိကြ။ ထိုသို့ သဒ္ဒဝိနိစ္ဆယ၊ အတ္ထဝိနိစ္ဆယတို့ကို များများတတ်လျှင် သဒ္ဒါတတ်သည်၊ စာတတ်သည်ဟု မှတ်ထင်ကြ၍ သဒ္ဒါတတ်ရန်၊ စာတတ်ရန်
- သဒ္ဒါကြီးကို သံဝဏ္ဏနာလှည့်၍ ချသူချ၊
- နျာသ်ကျမ်း၊ သံပျင်းကျမ်းများကို ချသူချ၊
- သဒ္ဒါငယ်ကျမ်းတို့ကို ချသူချ၊ ဆောင်သူဆောင်၊
- နိယံသံပေါက်နိုင်မှု မရှိဘဲ ဋီကာကျော်၊ ကင်္ခါစသော ကျမ်းဂန်များကို ပုဒ်စေ့၊ ပါဌ်စေ့၊ စုဒ်စောဒနာတွေနှင့် နှစ်လရှည်ကြာ ဗလဖွာတတ်တိုင်း အလှိုင်းတကြီး ပြောဆို၍ ချသူချ၊
သို့ဖြစ်၍ နေကြသော ဤလောကအလယ်မှာ
- ရုပ်ပြီး သဒ္ဒါကျမ်း ဘယ်လိုပင်ကောင်းသော်လည်း အသုံးတွင်ကျယ်ရန် အခွင့်ကို မမြင်ပါသည်တစ်ကြောင်း၊
- တောနေလိုသော စိတ်ဆန္ဒ သန်လျက်ရှိနေပါသည်တစ်ကြောင်း၊
- စာပေပို့ချမှုကလည်း မကင်းဘဲရှိနေပါသည်တစ်ကြောင်း၊
- စာချမှုနှင့် စာရေးမှု ဖက်စပ်၍နေပြန်လျှင် စာချမှုလည်း မတွင်ကျယ်၊ စာရေးမှုလည်း အညီအညွတ်၊ အစေ့အစပ်မရှိသည်တစ်ကြောင်း၊
သို့အကြောင်းများကြောင့် ရေးမိစမိသော မောဂ္ဂလ္လနဒီပနီကိုပင် ဖြတ်လှပ်၍ ရုပ်သိမ်း၍ထားရပါသည်။”
(သာသနာဝေသောဓနီ၊ တတိယတွဲ၊ စာမျက်နှာ ၂၁၅-၆)ဟု မိန့်ဆိုထားပါသည်။
လယ်တီဆရာတော်၏ အလိုအရ ရုပ်ပြီးလိမ္မာမှုသည်သာ မူလပဓာန ဖြစ်သည်။ ရုပ်ပြီး ကောင်းကောင်းလိမ္မာခဲ့လျှင် သဒ္ဒဝိနိစ္ဆယ၊ သဒ္ဒတ္ထဝိနိစ္ဆယ၊ ခက်ဆစ်ခက်ရင်ကို ကြည့်ရှုကာမျှဖြင့် သိရှိနိုင်သည်။ သဒ္ဒါဝိနိစ္ဆယ၊ အတ္ထဝိနိစ္ဆယ မည်မျှပင် တတ်ကျွမ်းသော်လည်း ရုပ်ပြီး မစေ့စပ်ပါလျှင် သဒ္ဒါတတ်သည်၊ စာတတ်သည်ဟု မဆိုနိုင်ပေ။ စာသင်သားငယ်တို့ကို အလွယ်တကူ နားလည်သဘောပေါက်စေရန် သုတ်ပြီး၊ ရုပ်ပြီး အနုစိတ်မြင်လာအောင် ပို့ချခြင်းမပြုလျှင် မူလပဓာနဖြစ်သော သဒ္ဒါမှုကို အလေးဂရုပြုခြင်း လျော့နည်းလာသည်ဟု ဆိုပါသည်။
လယ်တီဆရာတော်ကြီးက သဒ္ဒါကြီးမှာ သင်ကြားစသော စာသင်သားငယ်တို့အဖို့ နားလည်ရန် အလွန်ခက်ခဲလှသည်။ ရုပ်ပြီးမှုကို ပဓာနမပြုဘဲ ပါဠိရလျှင် တတ်သည်ဟု ထင်ကြရာ သဒ္ဒါ၊ သင်္ဂြိုဟ်၊ ဆန်း၊ အလင်္ကာ၊ အဘိဓာန်၊ မာတိကာ၊ ဓာတုကထာ၊ ယမိုက်၊ ပဋ္ဌာန်း၊ ကုသလတိတ်တို့ကို အာဂုံဆောင်ကျက်မှတ်စေပြီး သုဓမ္မာဇရပ်မှာ အလွတ်ပြန်ဆိုစေခြင်းသည် သာသနာတော်အတွက် အကျိုးမရှိ အကျိုးမများဟု ဝေဖန်ပါသည်။ လယ်တီဆရာတော်သည် ရုပ်ထွက်ရာတွင် စာသင်သားငယ်များ လိုရင်းကို နားလည်လွယ်အောင် တိုတိုကျဉ်းကျဉ်း ပို့ချရန် တိုက်တွန်းပါသည်။ လယ်တီဆရာတော်က အကျိုးမရှိ အကျိုးမများဘဲနှင့် စာသင်သား ပင်ပန်းခဲ့သော်လည်းကောင်း၊ အကျိုးပင်များသော်လည်း အင်အားနှင့် မတန်၍ စာသင်သားများ ပင်ပန်းခဲ့သော်လည်းကောင်း ဆရာ၏အပြစ်တည်း (သာသနဝိသောဓနီ၊ တတိယတွဲ၊ စာမျက်နှာ ၂၂၀)ဟူ၍ ဝေဖန်ပါသည်။
ထို့ကြောင့် လယ်တီဆရာတော်၏ စာချနည်းသစ်မှာ ရုပ်ပြီးမှုကို အဓိကထားသည်။ သဒ္ဒါကြီး ပါဠိကိုရသော်လည်း ရုပ်ကောင်းကောင်းကြီး မပြီးလျှင် ပင်ပန်းရုံမျှသာ ဖြစ်သည်။ ပါဠိမရသော်လည်း သုတ်စဉ်ကိုရ၍ ဂိုဏ်းဂဏစဉ်မှုနှင့်တကွ ရုပ်ပြီးလျှင် သဒ္ဒါကိစ္စပြီးသည်ဟု ယူဆပါသည်။
ထို့ပြင် သင်္ဂြိုဟ် သင်ကြားပို့ချရာတွင်လည်း ဝီထိနည်း၊ ပဋ္ဌာန်းသုံးချက်စု၊ ပစ္စည်းပြိုင်များကို ကျွမ်းကျင်စွာတတ်ကျွမ်းလျှင် မာတိကာ၊ ဓာတုကထာ၊ ယမိုက်၊ ပဋ္ဌာန်းတတ်သည်။ သင်္ဂြိုဟ်အကျေညက်လျှင် ညဝါဆယ်ထပ်ပင်ကျသော်လည်း အဘိဓမ္မာမတတ်ဟု ယုံကြည်ပါသည်။
ရုပ်ပြီးလွယ်အောင် သဒ္ဒါချနည်းနှင့်ပတ်သက်၍ “နာမ်လုပ်ပိုင်း”ကို စာသင်သား မပင်ပန်းဘဲ အလွယ်တကူ နားလည်လွယ်အောင် တိုတိုနှင့် လိုရင်းကို ပို့ချရန် အောက်ပါအတိုင်း နမူနာပြသခဲ့ပါသည်။
၁။ သဒ္ဒါကြီးကို ပုဒ်စေ့၊ ပါဌ်စေ့ရုံ အနက်လွယ်လွယ်ချ။
၂။ တစ်သုတ်မှာ တစ်ရုပ်တန်သည်၊ နှစ်ရုပ်တန်သည် ရုပ်ပြီး။
၃။ နေ့ကို စာကိုင်၍ အနက်သွက်သွက်လည်အောင် လှည့်စေ။
၄။ ပါဠိမကျက်စေနှင့်။
၅။ အနက်၊ ရုပ်ညကို ပြန်နိုင်အောင် မလုပ်စေနှင့်၊ ပင်ပန်းသည်။ စာကိုကြည့်က နေ့လှည့်မူကား မပင်ပန်း (သာသနာဝိသောဓနီ၊ တတိယတွဲ၊ စာမျက်နှာ ၂၂၀) ဟူ၍ ညွှန်ကြားပြသပါသည်။ ထို့ပြင် ဆက်လက်၍
ညအခါ၌မူကား။ ။ ဝိဘတ်သွယ်၊ သဒ္ဒါစစ်၊ ပုဒ်စစ်များကို တတ်သမျှချ၍ ကျေကျေမွမွ အံစေ။
သဒ္ဒါကြီးကုန်သောအခါ။ ။ နေ့၌ နာမ်ရူပသိဒ္ဓိကိုချ၊ သုံးချပ်လေးချပ် ပေါက်လျှင် (ပေချပ်ကို ဆိုလိုသည်) နာမ်သုတ်နက် ညအခါ၌ချ၊ ည၌မချဘဲ နေ့မှာချရုံနှင့် ရုပ်မမြင်။ ရုပ်သို့ရောက်လျှင် ပုရိသ၊ သဒ္ဒါ၏ ရုပ်စဉ်တစ်ခုမှာ တစ်ပုဒ်လျှင် တစ်ရုပ်စီ ကျေကျေမွမွချ၊ (သာသနာ့ဝိသောဓနီ၊ တတိယတွဲ၊ စာမျက်နှာ ၂၂၀) ဟူ၍ ရုပ်ပြီးလွယ်အောင် နာမ်နည်းကို ညွှန်ပြခဲ့ပါသည်။
ဤသို့ဖြင့် လယ်တီဆရာတော်သည် အစဉ်အလာက ပို့ချခဲ့သော နည်းဟောင်းများသည် ငယ်ရွယ်သော စာသင်သားများအား ပင်ပန်းစေပြီး နားလည်ရန် ခက်ခဲသဖြင့် စာသင်သားများ မပင်ပန်းစေဘဲ အလွယ်တကူ သဒ္ဒါတတ်ကျွမ်းလာစေရန် တိုတိုကျဉ်းကျဉ်း လိုရင်းကို ပို့ချသည့် စာချနည်းသစ်ကို တီထွင်သည်။
ထို့ကြောင့်ပင် ချောင်းဦးမြို့၊ ရွှေတောင်ကျောင်း ဆရာတော်က စာချဆရာတော်နှင့် စာသင်သားတို့မှာ အစဉ်အဆက်ကတည်းက ပဒရူပသိဒ္ဓိကျမ်းသည် “ကြည့်စာ”၊ နျာသ်ကျမ်းသည် “တက်စာ” ဟူ၍ ဆိုရိုးရှိခဲ့ရာ လယ်တီဆရာတော်၏ အသစ်တီထွင်မှုကြောင့် ပဒရူပသိဒ္ဓိကျမ်းသည် “တက်စာ”၊ နျာသ်ကျမ်းသည် “ကြည့်စာ” ဖြစ်လာရသည်ဟု မိန့်ဆိုဖူးသည်ဟု အစဉ်အလာ မှတ်သားချက်ရှိခဲ့ပါသည်။
လယ်တီပဒမာလာကျမ်း
လယ်တီဆရာတော်ကြီးသည် ၁၉၂၃ ခုနှစ်တွင် ပျံလွန်တော်မူပြီးနောက် ဒုတိယလယ်တီဆရာတော်သည် လယ်တီဆရာတော်၏ ချရိုးပို့ရိုးအတိုင်း ပဒရူပသိဒ္ဓိကျမ်း နေ့စာ၊ ညဝါတို့ကို အလေးထားပို့ချခဲ့သည်။ ဒုတိယလယ်တီဆရာတော်သည် ၁၉၃၄ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။ ဤသို့ဖြင့် ဆရာတော်ကြီးနှစ်ပါး သင်ကြားပို့ချခဲ့သော ပဒရူပသိဒ္ဓိကျမ်းသည် လယ်တီတိုက်ကြီး၏ အသည်းနှလုံးကဲ့သို့ ဖြစ်လာပါသည်။ လယ်တီပို့ရိုးချရိုးနည်းကို အခြေပြု၍ ပထမကျော်ဆရာတော် ဦးကောဝိဒက ၁၉၈၃ ခုနှစ်တွင် လယ်တီပဒမာလာကျမ်းကို ရေးသားပြုစုခဲ့ပါသည်။ ထိုကျမ်းကြီးသည် လယ်တီဆရာတော်ဘုရားကြီး၏ ချပို့ရိုးမူမှန်ဖြစ်ခြင်း၊ ဆရာတော်ဘုရားကြီး ပြုစုသော နိရုတ္တိဒီပနီကျမ်းမှ ထုတ်နုတ်ဆုံးဖြတ်အပ်သော သက်ဆိုင်ရာ အဆုံးအဖြတ်များကို ထည့်သွင်းထားခြင်း၊ ပဒရူပသိဒ္ဓိကျမ်းကို မူရင်းထား၍ မာဂဓဗျာကရုဏ်းကျမ်းကြီးများနှင့် သက္ကတဗျာကရုဏ်းကျမ်းတို့၏ စည်းမျဉ်းဥပဒေကို လက်မလွှတ်ခြင်း စသော ဂုဏ်အင်္ဂါရပ်များနှင့် ပြည့်စုံသောကြောင့် လယ်တီဂိုဏ်း၏ စာချလက်စွဲကျမ်း ဖြစ်လာပါသည်။
လယ်တီစာချနည်း
မဟာလယ်တီကျောင်းတိုက်တွင် သဒ္ဒါကျမ်း၊ ဆန်းကျမ်း၊ အလင်္ကာကျမ်း၊ နိကာယ်ငါးရပ် အမျိုးမျိုးတို့ကို သင်ကြားပို့ချလျက် ရှိခဲ့ရာ တစ်ခုကောင်း နာမည်ထွက်သော စာသင်တိုက်တို့၏ ထုံးစံအတိုင်း လယ်တီကျောင်းတိုက်မှာ သဒ္ဒါနည်းနှင့် အဘိဓမ္မာနည်းတို့၌ အထူးသဖြင့် ထင်ရှားကျော်ဇောသော ကျောင်းတိုက် ဖြစ်ပါသည်။
လယ်တီကျောင်းတိုက်တွင် ပဒရူပသိဒ္ဓိကျမ်းကို သင်ကြားပို့ချရာ၌ ရှေးဦးစွာ နာမ်၊ အာခ်ျတ်၊ ကိတ်တို့ကို ပို့ချသည်။ ထို့နောက် တဒ္ဓိတ်၊ သမာသ်၊ ကာရက၊ သိဒ္ဓိကျမ်းတို့ကို အစီအစဉ်အတိုင်း ပို့ရိုးချရိုးဖြစ်သည်။ သင်္ဂြိုဟ်ကို သင်လျှင် ရှေးဦးစွာ စိတ်ပိုင်း၊ နောက် စေတသိက်ပိုင်း၊ နောက် အစီအစဉ်အတိုင်း ပကိဏ်းပိုင်း၊ ရုပ်ပိုင်း၊ သမုစ္စည်းပိုင်း၊ ကမ္မဋ္ဌာန်းပိုင်း၊ ဝီထိပိုင်း၊ ဘုံပိုင်းနှင့် ပစ္စည်းပိုင်းတို့ကို အစီအစဉ်အလိုက် ချပို့ရိုးပြုသည်။
လယ်တီစာချနည်းသည် ပဒမာလာကို ဦးစားပေးအလေးထားသည်။ ပဒမာလာဟူသည်မှာ ပုဒ်တစ်ပုဒ်ကို ပိဋကတ်သုံးပုံ၌ တွေ့နိုင်သမျှသော ပုံစံအားလုံးကို တစ်နေရာတည်းတွင် စုပုံ၍ ဝိဘတ်စဉ်အားလျော်စွာ ရုပ်တို့ကိုစဉ်၍ ပြဆိုထားခြင်းကို ဆိုလိုသည်။
ဥပမာအားဖြင့် “ပုရိသ” ဟူသော ပုဒ်တစ်ပုဒ်ကို “ပူရိသော”၊ “ပူရိသာ”၊ “ဘောပုရိသ”၊ “ဘောပုရိသာ”၊ “ဘွန္တောပုရိသာ”၊ “ပုရိသံ”၊ “ပုရိသေ”၊ “ပုရိသေန” စသည်ဖြင့် “ပုရိသံ”နှင့် ဝိဘတ်များကို ဆက်သွယ်စီစဉ်ပြထားသည်။
စာပို့ချသင်ကြားရန် နည်းလမ်းအစီအစဉ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
- နာမ်၊ အာခ်ျတ်၊ ကိတ် စသော ညဝါကျမ်းများ၏ အနက်၊ ရှေးဦးစွာ နာမ်ပဒမာလာညဝါကို ချပို့သင်ကြားရသည်။
- ထိုနာမ်ပဒမာလာညဝါကျမ်းတွင်လည်း အစဦးဆုံး “နာမ်ဆိုရိုး”ကို သင်ကြားပို့ချရသည်။
- ထို့နောက် “ရုပ်ဆိုရိုး”ကို ဆက်လက်ပို့ချရသည်။
- ထို့နောက် “ပုရိသော” စသော ပဒမာလာတို့ကို ချပို့သင်ကြားရသည်။
- ထိုအစီအစဉ်အတိုင်း သင်ကြားပို့ချရာတွင်လည်း ဆရာဖြစ်သူက နေ့ဝါမှာ လာရှိသည်ထက် ပိုမိုချဲ့ထွင်ပြီး အခြားသော သဒ္ဒါကျမ်းတို့မှာ လာရှိသော အဓိပ္ပာယ်အယူအဆများကို ထိုက်တန်ရုံမျှ ဟောပြောပို့ချရပါသည်။ ပဒရူပသိဒ္ဓိကျမ်း လာရှိသော အဓိပ္ပာယ်မှာ ကျဉ်းလွန်း၍ စာသင်သားတို့အတွက် ရုပ်ထွက်ရုံမျှသာ နားလည်ပေမည်။ အဓိပ္ပာယ်ပြောရာမှာလည်း ပါဌ်လျှောက် အဓိပ္ပာယ်မျိုးပြောလျှင် အချိန်ကုန်လူပင်ပန်း၍ အကျိုးကျေးဇူး များစွာမရှိဟု ယူဆသည်။ ထို့ကြောင့် နက်နက်နဲနဲမဟုတ်စေကာမူ သဒ္ဒါသံပါရုံမျှ ပါဌ်လျှောက်မဟုတ်သော အဓိပ္ပာယ်ကို ဆရာလုပ်သူက ပို့ချရပါသည်။
- ဆရာလုပ်သူသည် ဆိုရိုးပဒမာလာကို သင်ကြားရာတွင် စာသင်သား၏ ဉာဏ်အနုအရင့်ကို ချိန်ဆပြီး ပိုင်းဖြတ်သင့်သည့်နေရာတွင် ပိုင်းဖြတ်၍ ပို့ချတတ်ရသည်။ ကျမ်းမြန်မြန်ပေါက်စေရန် အဆောတလျင် ပို့ချခြင်းမပြုရချေ၊ အလွန်နှေးကန်လေးလံသော ပို့ချခြင်းလည်း မပြုရပေ။ နှေးနှေးမှန်မှန် ပို့ချရပါသည်။
- ဆရာဖြစ်သူက နေ့မှာ နေ့ဝါ ရူပသိဒ္ဓိကို ချပို့ပြီး အနက်အဓိပ္ပာယ် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုကာ ဋီကာနှင့်တွဲ၍ ပို့ချပြီးလျှင် အခြားကျမ်း၊ ဝါဒများနှင့် ညှိနှိုင်းပြောဟောရသည်။ ညနေ ညဝါပို့ချသောအခါ ရှေးဦးစွာ စာချဆရာတော်အလာ မရောက်မီ တပည့်တို့က ဝိုင်းဖွဲ့၍ ညဝါဆိုပြီးသားကို ရွတ်ဆိုပြီးမှ ဆရာက အဓိပ္ပာယ်ကျဉ်းကျဉ်းနှင့် ရုပ်တွက်နည်းကိုပြော၍ ဂိုဏ်းစဉ်ကို ၁ နာရီမှ ၂ နာရီအတွင်း ပြီးစီးအောင် ပို့ချရပါသည်။
ဤသို့ဖြင့် လယ်တီစာချနည်းသည် ပဒရူပသိဒ္ဓိကျမ်းလာ ပဒမာလာကို လွယ်ကူအောင် တီထွင်၍ လယ်တီပဒမာလာဟူသော အမည်ဖြင့် ထင်ရှားကျော်စောလာပါသည်။
ပရိယတ္တိ သင်ကြားပို့ချရာတွင် မန္တလေးမြို့ စာသင်တိုက်များနှင့် ပခုက္ကူစာသင်တိုက်ကြီးတို့မှာ ထင်ရှားသကဲ့သို့ မုံရွာမြို့၊ မဟာလယ်တီတိုက်မှာလည်း ဆရာအစဉ်ဆက် ထင်ရှားကျော်စောသည်။ မန္တလေးစာချနည်းမှာ စာပို့ချရာတွင် ကျမ်းတစ်ကျမ်းကို “သွားနည်းလာနည်း”ဟု ခေါ်သော ဝါကျတစ်ကြောင်းနှင့် တစ်ကြောင်း ဆက်သွယ်ပုံကို စောဒနာ (အမေး)နှင့် သောဒနာ (အဖြေ)ထုတ်၍ အကျယ်ရှင်းပြသောနည်း ဖြစ်ပါသည်။ အနက်အဓိပ္ပာယ်သိရုံမျှမဟုတ်ဘဲ ပုဒ်တစ်ပုဒ်နှင့်စပ်လျဉ်း၍ သိသင့်သမျှသော အတက်အထွက် ကျမ်းရိုးငါးချက်ဖြင့် ကျယ်ပြန့်စွာ ရှင်းပြသောနည်း ဖြစ်ပါသည်။
ပခုက္ကူစာချနည်းမှာ အဓိပ္ပာယ်ကို ရှင်းလင်းမည့်အစား အနက်ဟောဇနာရာမှာ နည်းမျိုးစုံထည့်သွင်းဟောဇနာ၍ ပို့ချသောနည်း ဖြစ်သည်။ ကျမ်းများကို ကျမ်းလုံးပေါက်အောင် ပို့ချသောနည်း ဖြစ်သည်။
လယ်တီစာချနည်းမှာ ပဒရူပသိဒ္ဓိကျမ်းလာ ပဒမာလာကို အခြေခံပြီး စာသင်သားအလွယ်တကူ နားလည်စေရန် တိုတိုနှင့် လိုရင်းကို ပဓာနထားပို့ချသောနည်း ဖြစ်သည်။ လယ်တီပဒမာလာ၏ ကျော်ကြားမှုဂုဏ်ကြောင့် မန္တလေးစာချဘုန်းကြီးများက ကျော်ရာကိုစွဲ၍ လယ်တီတိုက်မှ ဖားများသည် “သဗ္ဗတော ဥံ၊ ဣ၊ သု ဟု မည်ကြကုန်၏”ဟု ဆိုကြပါသည်။ (သဗ္ဗတော=အလုံးစုံသောဓာတ်တို့နောင်မှ၊ ဥံ=ဥံဝိဘတ်၊ ဣ=ဣဝိဘတ်၊ သု=သုဝိဘတ်၊ ဟောတိ=ဖြစ်၏။) ဤလယ်တီစာချနည်းကို ယခုတိုင် မဟာလယ်တီတိုက်အတွင်း၌ သင်ကြားပို့ချဆဲပင်ရှိသည်။ ထို့ကြောင့် မဟာလယ်တီကျောင်းတိုက်မှ ပထမငယ်၊ ပထမလတ်၊ ပထမကြီးနှင့် စာချဓမ္မာစရိယတို့တွင် ထူးချွန်သော ရဟန်းသာမဏေများ ပေါ်ထွန်းလျက်ရှိသည်။
(မုံရွာလယ်တီကျောင်းတိုက်ကြီး၏ လယ်တီစာချနည်းစာတမ်းမှ)
နောက်ဆက်တွဲ (ခ)
နိယာမဒီပနီကျမ်းညွှန်း
နိယာမဒီပနီကျမ်းကို ရေးသားပြုစုတော်မူသော ပုဂ္ဂိုလ်ကြီးမှာ ကျေးဇူးရှင် ပထမလယ်တီဆရာတော်ဘုရားကြီး (၁၂၀၈-၁၂၈၅) ဖြစ်သည်။ ဆရာတော်ဘုရားကြီးသည် နိယာမဒီပနီကို ပါဠိဘာသာဖြင့်လည်းကောင်း (ကျမ်းညွှန်း-၁၆)၊ မြန်မာဘာသာဖြင့်လည်းကောင်း (ကျမ်းညွှန်း-၇၃) ရေးသားတော်မူခဲ့သည်။
ရေးသားတော်မူဖြစ်သည့်အကြောင်းမှာ ရန်ကုန်မြို့၊ ဓမ္မသဝနအသင်းကြီး၏ ဥက္ကဋ္ဌ အငြိမ်းစားဝန်ထောက်ကြီး “မောင်ရွှေဂိုင်”နှင့် အသင်းသားတစ်စုတို့က နိယာမတရားငါးပါး၏ သဘောအဓိပ္ပာယ်များကို ကွဲကွဲပြားပြား ထင်ရှားစွာ သိမှတ်လိုကြပါကြောင်း မြန်မာသက္ကရာဇ် ၁၂၇၂ ခုနှစ်၊ ဒုတိယဝါဆိုလဆုတ် (၆) ရက်နေ့တွင် လျှောက်ထားစာ ရောက်လာသောကြောင့် ဖြစ်သည်။ ထိုသို့လျှောက်ထားချက်အရ မုံရွာမြို့၊ လယ်တီတောရကျောင်းတိုက်အတွင်း၌ မုံရွာမြို့၊ ကမ်းနားရပ်နေ အမိန့်တော်ရရှေ့နေ “မောင်ကျော့”၊ “မောင်စံလင်း”တို့ အစရှိသော မုံရွာသားတို့ ဆောက်လုပ်စေအပ်သော “မနောရမ္မံစကြဝဠ်ကျောင်းကြီး”၌ ရေးသားခဲ့သည်။ နိယာမဒီပနီ ရေးသားပြီးစီးသောအချိန်မှာ ၁၂၇၂ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ ဖြစ်သည်။
ဆရာတော်ဘုရားကြီးသည် ဤနိယာမဒီပနီကျမ်းကို ရေးသားရာတွင် “အဋ္ဌသာလိနိအဋ္ဌကထာ”ကို မှီငြမ်းပြု၍ ရေးသားတော်မူခဲ့ခြင်းဖြစ်သည်။ ဤကျမ်းကြီးကို ပါဠိဘာသာဖြင့်လည်းကောင်း၊ မြန်မာဘာသာဖြင့်လည်းကောင်း မဟာလယ်တီကျောက်စာတိုက်တွင် ကျောက်ထက်အက္ခရာတင်ပြီးဖြစ်သည်။ အကြိမ်ကြိမ်လည်း ပုံနှိပ်ထုတ်ဝေပြီးဖြစ်သည်။
ဆရာတော်ဘုရားကြီးက “နိယာမဒီပနီ”ကျမ်းကို “သဘောယုတ္တိ၊ လုံလောက်ဘိ၍၊ ကြည့်သူခပင်း၊ လင်းကြီးလင်းအောင်၊ ကောင်းခြင်းအထူးနှင့် ပြည့်စုံသော နိယာမဒီပနီကျမ်းစာသစ်” ဟူ၍ နိဒါန်းတွင် ညွှန်းဆိုခဲ့ပါသည်။ ထို့ပြင် နိယာမတရားငါးပါးနှင့်ပင် လောကသုံးပါးလုံး ပြီးစီးနိုင်ရန် အတန်ကြီးချဲ့၍ ရေးလိုက်ရကြောင်းလည်း ဖော်ပြထားပါသည်။ ယခု နိယာမဒီပနီကျမ်း၏ အညွှန်းကို ရေးသားတင်ပြမည် ဖြစ်ပါသည်။
နိယာမဒီပနီတွင် ပါဝင်သော အကြောင်းအရာ
နိယာမဒီပနီတွင် အောက်ပါအကြောင်းအရာများ ပါဝင်ပါသည်။
(၁) နိယာမအဓိပ္ပာယ်နှင့် နိယာမတရားငါးပါး
၁-၁ နိယာမအဓိပ္ပာယ်
၁-၂ ပဓာနစကားကြီးသုံးခွန်း
၁-၃ နိယာမစကားကြီး ငါးခွန်း
၁-၃-(၁) ဗီဇနိယာမ
၁-၃-(၂) ဥတုနိယာမ
၁-၃-(၃) ကမ္မနိယာမ
၁-၃-(၄) ဓမ္မနိယာမ
၁-၃-(၅) စိတ္တနိယာမ
(၂) နိယာမတို့၏ အစွမ်းသတ္တိ
၂-၁ ပညတ်ပရမတ်နှစ်ပါး
၂-၂ နိယာမတို့၏ အစွမ်း
၂-၃ ကပ်ကြီးလေးပါးနိယာမ
(၃) လောကသုံးပါးနှင့် နိယာမတရား
၃-၁ ဩကာသလောက
၃-၂ သင်္ခါရလောက
၃-၃ ဩကာသလောကနှင့် သင်္ခါရလောက
(၄) သတ္တလောကနှင့် နိယာမတရား
၄-၁ သတ္တလောက၌ ကမ္မနိယာမ
၄-၂ သတ္တလောက၌ စိတ္တနိယာမ
၄-၃ သတ္တလောက၌ ဓမ္မနိယာမ
(၅) ပညတ်နှင့် ပရမတ်ခွဲပုံ
၅-၁ သစ္စာနှစ်မျိုး
၅-၂ ရုပ်ဓာတ်ခွဲပုံ
၅-၃ နာမ်ဓာတ်ခွဲပုံ
(၆) လောကသုံးပါး၏ အချုပ်အခြာ
၆-၁ ဩကာသလောက အချုပ်အခြာ
၆-၂ သင်္ခါရလောက အချုပ်အခြာ
၆-၃ သတ္တလောက အချုပ်အခြာ
၆-၄ လောကကြီးသုံးပါး အချုပ်အခြာ
နိယာမဒီပနီကျမ်းတွင် ပါဝင်သော အကြောင်းအရာအညွှန်း
၁-၁ နိယာမ၏ အဓိပ္ပာယ်
“နိယာမတရားဆိုသည်ကား တစ်စုံတစ်ယောက်သော လူ၊ နတ်၊ သိကြား၊ ဗြဟ္မာ၊ ထာဝရဘုရားတို့၏ ပြုလုပ်မှု၊ ဖန်ဆင်းမှုတို့နှင့် မစပ်ဆိုင်ဘဲ ဓာတ်သဘာဝအလျောက် မဖောက်မပြန် အမှန်အမြဲ မလွှဲမပြောင်း၊ သူ့အကြောင်းနှင့် သူ့အကျိုး၊ သူ့အနွယ်နှင့် သူ့အမျိုး၊ အရိုးမပျက်၊ အစဉ်မပျက်၊ အဆက်ဆက်ဖြစ်ပွား၍နေမှုကို နိယာမတရားဟု ဆိုသည်”ဟု ဖွင့်ဆိုထားပါသည်။
၁-၂ ပဓာနစကားကြီး သုံးခွန်း
၁။ သစ်ပင်စသည်တို့မှ မျိုးစေ့ရှိပါမှ ဖြစ်နိုင်ကြသည် ဟူသောစကား၊
၂။ လူတို့၏ ပစ္စည်းဥစ္စာ၊ ချမ်းသာစီးပွားဖြစ်ပွားမှုတို့မှာ ရှေးကုသိုလ်ကံရှိပါမှ ဖြစ်နိုင်ကြသည် ဟူသောစကား၊
၃။ လူတို့၏ ယခုဘဝ၊ ယခုသန္တာန်တွင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ရရေးမှာ ရှေးပါရမီရှိမှ ရနိုင်ကြသည် ဟူသောစကား။
ထိုစကားသုံးခွန်းတို့တွင် ပထမပဓာနစကားကြီး၌ မျိုးစေ့ဟူသည် ပဓာနစကားဖြစ်ကြောင်း၊ ဘုရားသာသနာလုပ်ငန်းကြီးများမှာ အကျဉ်းအားဖြင့် သီလ၊ သမာဓိ၊ ပညာ ဟူသော သိက္ခာ (၃) ပါးကို ဆိုလိုကြောင်း၊ အလတ်အားဖြင့် ဗောဓိပက္ခိယတရား ၃၇ ပါးကို ဆိုလိုကြောင်း၊ အကျယ်အားဖြင့် ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ၊ ပိဋကတ်သုံးပုံအရ ပဋိပတ္တိဓမ္မတို့ကို ဆိုလိုကြောင်း ရှင်းလင်းဖော်ပြထားပါသည်။
၁-၃ နိယာမစကားကြီး ငါးခွန်း
နိယာမစကားကြီးငါးခွန်း ဆိုသည်ကား
(၁) ဗီဇနိယာမ
(၂) ဥတုနိယာမ
(၃) ကမ္မနိယာမ
(၄) ဓမ္မနိယာမ
(၅) စိတ္တနိယာမတို့ ဖြစ်သည်။
၁-၃ (၁) ဗီဇနိယာမ။ ။ ဗီဇနိယာမဆိုသည် တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သတ္တဝါဖြစ်သူ မပြုပြင်ဘဲလျက် ပြုပြင်ပြီးသကဲ့သို့ မြက်သစ်ပင်တို့ကို မျိုးစေ့၏တန်ခိုးဖြင့် အဖောက်မပြန်ဘဲ အစဉ်အမြဲသော အမူအရာထူးမျိုးကို ဆိုသည်။
ကုလားပဲပင်တို့မှာ မြောက်အရပ်သို့ အညွန့်အဖျားမူခြင်း၊ ဒက္ခိဏနွယ်မျိုးတို့မှာ သစ်ပင်ကို တောင်အရပ်မှ နွယ်ခြင်း၊ နေကြာပန်းတို့မှာ နေရှိရာသို့ မျက်နှာမူခြင်း၊ မာလောနွယ်တို့မှာ သစ်ပင်ရှိရာသို့ ရှေ့ရှုခြင်း၊ အုန်းသီးတို့မှာ ထိပ်၌ အပေါက်ရောက်ခြင်း၊ ထိုသို့ မျိုးစေ့တို့မှ ဖြစ်သော အပင်၏ အသီးတို့သည် မျိုးစေ့နှင့်တူစွာသီးကြခြင်း စသည်တို့သည် ဗီဇနိယာမတန်ခိုး ဖြစ်သည်။
၁-၃ (၂) ဥတုနိယာမ။ ။ ဥတုနိယာမဆိုသည်မှာ ရှေးနည်းတူ စီရင်သူမရှိဘဲ ဥတု၏အစွမ်းဖြင့် မြက်သစ်ပင်တို့၌ အစဉ်အမြဲသော အမူအရာထူးမျိုးကို ဆိုသည်။ တန်ခူးလ၊ ကဆုန်လ အစရှိသော ထိုထိုကာလသမယတို့၌ သူ့အခါကာလနှင့် သူ့သစ်ပင်မျိုး ပွင့်မှုသီးမှုစသည် မြဲခြင်းဖြစ်သည်။
၁-၃ (၃) ကမ္မနိယာမ။ ။ ကမ္မနိယာမဆိုသည်ကား သတ္တဝါတို့မှာ ရှေး၌ပြုခဲ့သော ကံအမှုနှင့်တူစွာ အကျိုးပေးမှုမြဲခြင်း ဖြစ်သည်။
ကမ္မနိယာမကို ရှင်းလင်းပြရာတွင် ကျီးဝတ္ထုကို သာဓကပြထား၏။ ရှေးဘဝ လူဖြစ်စဉ်က ကြမ်းတမ်းသောနွားကို အဆုံးမနိုင်၍ နွား၏လည်ပတ် ကောက်ရိုးစည်းကို ဖွဲ့ချည်လျက် မီးတိုက်လွှတ်လိုက်ရာ နွားသေ၏။ ထိုသူသေလွန်၍ နောက်ဘဝ၌ ကျီးဖြစ်၏။ လူ့ဘဝကံကြောင့် ကျီးဘဝ၌ သာဝတ္ထိမြို့တံခါးတွင် မီးလောင်စဉ် မီးနှင့်တကွ ပျံတက်သော မြက်ကရွတ်ခွေတစ်ခုသည် ကောင်းကင်တွင် ပျံလာသော ထိုကျီး၏လည်ပင်းတွင် စွပ်မိလေ၍ ကျီးသည် မြေသို့ကျကာ သေလေ၏။ အလားတူပင် သင်္ဘောသူကြီးကတော်ဝတ္ထု၊ ရဟန်းတစ်ပါးဝတ္ထုတို့နှင့် ကံကောင်း၏အကျိုးပေးမှုမြဲခြင်းကို ရှင်းပြ၏။ ထို့နောက်
“ကောင်းကင်၌ တည်သောသူသည်လည်းကောင်း၊ သမုဒ္ဒရာအလယ်၌ တည်သောသူသည်လည်းကောင်း၊ တောင်တို့၏ အပေါက်တွင်းသို့ဝင်၍ တည်သောသူသည်လည်းကောင်း၊ မိမိပြုခဲ့သော မကောင်းမှုအကျိုးမှ လွတ်နိုင်ရာသော ဩကာသလောက ရပ်ဒေသသည် မရှိသည်သာတည်း” ဟူ၍ ပါဠိဂါထာနိဿယဖြင့် ပြဆိုထား၏။
၁-၃ (၄) ဓမ္မနိယာမ။ ။ ဓမ္မနိယာမဆိုသည်ကား ပစ္ဆိမဘဝက ဘုရားအလောင်းတော်တို့၏ ပဋိသန္ဓေယူသောအခါ၊ ဘုရားဖြစ်တော်မူသောအခါ၊ ဓမ္မစကြာဒေသနာကို ဟောတော်မူသောအခါ၊ အာယုသင်္ခါရကို လွှတ်တော်မူသောအခါ၊ ပရိနိဗ္ဗာန်စံတော်မူသောအခါ၌ အလွန်ကြီးကျယ်စွာသော ပုညဓမ္မသမ္ဘရတို့၏ တန်ခိုးတော်ကြောင့် လောကဓာတ်တစ်သောင်းတို့၏ တစ်ပြိုင်နက်အားဖြင့် လှုပ်ရှားခြင်းမြဲမှုကို ဓမ္မနိယာမဆိုသည်။
၁-၃ (၅) စိတ္တနိယာမ။ ။ စိတ္တနိယာမဆိုသည်ကား အဆင်း၊ အသံ အစရှိသော အာရုံတို့သည် မျက်စိ၊ နား အစရှိသော ပသာဒတို့၌ ထိခိုက်ကြကုန်သည်ရှိသော် စီမံဖန်ဆင်းရှိကြပါကုန်ပဲလျက် ပဉ္စဒွါရဝဇ္ဇန်း၊ ပဉ္စဝိညာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ အစရှိကုန်သော ဝီထိစိတ်တို့၏ အစဉ်အတိုင်း သူ့ကိစ္စနှင့်သူ ဖြစ်ခြင်းမြဲကြသည်ကို ဆိုလိုသည်။
ဖော်ပြပါ နိယာမတရားငါးပါးအကျယ်ကို “အဋ္ဌသာလိနိအဋ္ဌကထာကြီး”၌ လာရှိသည့်အတိုင်း သိသာရုံ ဖော်ပြထားပါသည်။
(၂) နိယာမတို့၏ အစွမ်းသတ္တိ
၂-၁ ပညတ် ပရမတ်နှစ်ပါး
ပညတ်သမားနှင့် ပရမတ်သမားတို့သည် အသိဉာဏ်တရား ခြားနား၏။ ပုံစံအားဖြင့် လူဆောက်၍ အိမ်ဖြစ်လာရာ၌ ပညတ်သမား လူအများသည် လူဟူ၍၊ အိမ်ဟူ၍ သိကြကုန်၏။ ပရမတ်သမားတို့ကား လူဟူ၍၊ အိမ်ဟူ၍ အမှတ်သညာသိဖြင့် သိ၏။ လူခေါ်သော ဝတ္ထုမှာ ဓာတ်ပေါင်းမည်မျှ၊ အိမ်ခေါ်သော ဝတ္ထုမှာ ဓာတ်ပေါင်းမည်မျှရှိသည်၊ ဓာတ်မဟုတ်သော ပညတ်သဏ္ဌာန်ကို လူခေါ်သည်၊ အိမ်ခေါ်သည်။ လူသည် အိမ်သည် ဓာတ်မဟုတ်၊ ဓာတ်ခဲဓာတ်စုသည်သာ အမှန်ရှိ၊ အမှန်ဟုတ် ဖြစ်သည်။ သဏ္ဌာန်ရှိသည် အဟုတ်ရှိ၊ အမှန်ရှိမျိုးအဟုတ်။ စိတ်ထဲတွင်သာ ထင်မြင်ရသော ဒြပ်မျိုးဖြစ်သည်ဟူ၍ ခွဲခြားပြ၏။ အိမ်ဆောက်သော ဓာတ်စွမ်းကောင်းကြီးကို စေတနာ (သို့မဟုတ်) ကံဟု ခေါ်သည်။ အလားတူပင် အလုံးစုံသောကိစ္စတို့သည် စေတနာကို အရင်းခံသည်။ ကိုယ်စိတ်အင်္ဂါတို့ကို တစ်ပြိုင်နက်တည်း ထို့အတူ ခပ်သိမ်းသော ကိုယ်၊ နှုတ်၊ စိတ်အမှုတို့တွင် ကံသည် အမှုသည်အရင်းကြီးဖြစ်၍ ကံဟု ခေါ်သည်။ ထို့ကြောင့် စေတနာနှင့် ကံသည် အတူတူဖြစ်ကြောင်း မြတ်စွာဘုရား၏ “စေတနာဟံ ဘိက္ခဝေကမ္မံဝဒါမိ။ စေတယိတွာ ကမ္မံကရောတိ ကာယေန ဝါစာယ မနသာ” ဟူသော ဂါထာကို ကိုးကား၍ ရှင်းပြထားသည်။
တစ်ဖန် ရုပ်တွင် မီးဓာတ်၊ နာမ်တွင် စေတနာတို့သည် လှုံ့ဆော်ရေးသမားများ ဖြစ်သည်။ ဥပမာအနေဖြင့် ... မီးရထားလှုပ်ရှားမှုသည် မီးဓာတ်အရင်းအခံ၊ သတ္တဝါတို့ ကိုယ်၊ နှုတ်၊ စိတ်လှုပ်ရှားမှုသည် စေတနာအရင်းခံ ဖြစ်သည်။ မီးရထား မီးအိုး၌ စိတ်သည် ထင်းနှင့်တူ၍ စေတနာသည် ထင်း၌စွဲသောမီးနှင့်တူကြောင်း ရှင်းပြ၍ စိတ်နှင့် စေတနာဓာတ် ခွဲခြားထား၏။ အလားတူ အိမ်ဆောက်ဥပမာ၊ ဟင်းချိုဥပမာတို့ဖြင့် စိတ်နှင့်စေတနာ ခွဲပြထားသည်။
ထို့ကြောင့် အချုပ်အားဖြင့် စေတနာသည် ကံပေး၍၊ အလိမ္မာသည် ဉာဏ်ပေး၍၊ လုံ့လသည် ဝီရိယပေး၍သာ ရကြကုန်ကြောင်း ကံ၊ ဉာဏ်၊ ဝီရိယကို အားကိုးစွဲမြဲခြင်းငှာ ဗုဒ္ဓဘာသာပညာရှိ ပြောထုံးဖြစ်ကြောင်းဖြင့် ချုပ်ထား၏။
၂-၂ နိယာမတို့၏ အစွမ်းသတ္တိ
နိယာမတရားငါးပါးတို့တွင် ဥတုနိယာမ၊ ဗီဇနိယာမနှစ်ပါးနှင့် ကမ္မနိယာမ၊ စိတ္တနိယာမနှစ်ပါးတို့သည် သတ္တလောကနှင့်ဆိုင်၏။ ဓမ္မနိယာမသည် လောကသုံးပါးနှင့်ဆိုင်ကြောင်း အကျဉ်းပြထား၏။
ထို့နောက် ကမ္ဘာကြီးတည်နေပုံ၊ အထက်ဆုံးဘုံနှင့် လူ့ဘုံအကွာအဝေး၊ ဩကာသလောက တည်နေချိန်၊ ကမ္ဘာပျက်ပုံတို့ကို အကြမ်းဖျင်းမျှ ပြဆိုသည်။
၂-၃ ကပ်ကြီးလေးပါးနိယာမ
ဤအပိုင်းတွင် ကမ္ဘာအကြောင်းကို အကျယ်ပြဆိုသည်။ ကမ္ဘာကပ်လေးမျိုးရှိသည်။ သံဝဋ္ဌကပ် (ပျက်ဆဲကာလ)၊ သံဝဋ္ဌဌာယီကပ် (တစ်စုံတစ်ခုဖြစ်ပေါ်မှုမရှိသေးဘဲ ပျက်ပြီးအတိုင်း ရှိနေသောကာလ)၊ ဝိဝဋ္ဌကပ် (တည်ဆောက်ဆဲကာလ)၊ ဝိဝဋ္ဌဌာယီကပ် (တည်ဆောက်ပြီးအတိုင်းတည်ဆဲသောကာလ) တို့ဖြစ်သည်။ ကပ်လေးပါးအပေါင်းကို မဟာကပ်ကြီးခေါ်သည်။ ယင်းကပ်ကြီးတို့သည် ဥတုခေါ်သော မီးဓာတ်ကြီး၏အစွမ်းဖြင့် ဖြစ်ပေါ်ရ၊ ပျက်ဆုံးရသည်။
(၃) လောကသုံးပါးနှင့် နိယာမတရား
၃-၁ ဩကာသလောက
ဩကာသလောကသည် တစ်ဂါဝုတ် (တစ်ဂါဝုတ် = တစ်တိုင်ခွဲနှင့် တာပေါင်းတစ်ရာ အတိုင်းအရှည်ရှိ) အလျား၊ အနံ၊ အမြင့်ရှိသော ကျောက်အတိပြီးသည့် တောင်ကြီးကို အနှစ်တစ်ရာကြာမှ တစ်ကြိမ်တစ်ကြိမ် အလွန်သိမ်မွေ့သော ဝါဂွမ်းဖြင့် အနန္တအများကြီး ပွတ်တိုက်ဖန်များ၍ ထိုကျောက်တောင်ကြီး ကုန်ရာ၏။ သို့သော် ဩကာသလောကသက်တမ်း ကာလရှည်ကြာ၏။
ဩကာသလောကကြီးသည် ကြီးကျယ်လှသော ဓမ္မနိယာမ၏အစွမ်းအားဖြင့် ရှေး၌လည်း အစမရှိ၊ နောက်၌လည်း အဆုံးမရှိ၊ အနမတဂ္ဂသံသရာ ကမ္ဘာအဆက်ဆက်ကြီး ဖြစ်ရလေသည်။
၃-၂ သင်္ခါရလောက
သစ်ပင်ဝါးပင် ချုံနွယ်ပင်တို့သည် မျိုးစေ့ငါးပါးတို့မှ ပေါက်ရောက်ကုန်ကြ၏။ ၎င်းတို့မှာ
(၁) မူလဗီဇ - အမြစ်မျိုးစေ့
(၂) ခန္ဓဗီဇ - ပင်ကိုမျိုးစေ့
(၃) ဖဠုဗီဇ - အဆစ်မျိုးစေ့
(၄) အဂ္ဂဗီဇ - အညွန့်မျိုးစေ့
(၅) ဗီဇဗီဇ - အစေ့မျိုးစေ့တို့ဖြစ်သည်။
ယင်းသစ်ပင်ဝါးပင်တို့၏ သင်္ခါရလောကသည် “ဗီဇနိယာမ၊ ဥတုနိယာမ” နှစ်ပါးကြောင့် သင်္ခါရလောကဖြစ်ရသည်။ အဘိဓမ္မာနည်းအားဖြင့် မျိုးစေ့တစ်ခုတွင် ဓာတ်ရှစ်ပါး ရှိသည်။ ၎င်းတို့မှာ
(၁) မြေဓာတ်
(၂) ရေဓာတ်
(၃) မီးဓာတ်
(၄) လေဓာတ်
(၅) အဆင်းဓာတ်
(၆) အနံ့ဓာတ်
(၇) ရသဓာတ်
(၈) ဩဇာဓာတ်တို့ ဖြစ်သည်။
ထိုရှစ်ပါးတို့တွင် “မီးဓာတ်” တစ်ပါးသည်သာလျှင် အပင်အညှောက်တို့ကို ပေါက်ရောက်စေသော မျိုးစေ့အမှန်ဖြစ်သည်။ ကျန်ခုနစ်ပါးတို့သည် အပင်အညှောက်ပေါက်ရောက်စေတတ်သော သတ္တိမရှိ၍ မျိုးစေ့မဟုတ်ကြကုန်။ မျိုးစေ့ဓာတ်၏ အဆောက်အအုံ၊ အခြံအရံမျှသာ ဖြစ်သည်။
ဥပမာအားဖြင့် သရက်စေ့မှ သရက်ပင်ပေါက်ကို ပြသည်။ သရက်စေ့၌ တည်ရှိသော ဥတုခေါ်သော တေဇောမီးဓာတ်မှ အပင်ဖြစ်ရသည်။ စိမ်းစိုသော သစ်ပင်တို့ကို ပေါက်ရောက်စေတတ်၍ “ဟရိတဓာတ်မီး”ဟု ခေါ်သည်။ ထိုဟရိတဓာတ်မီးအထူးသည်သာလျှင် သစ်ပင်တို့၏ ဗီဇအမှန်ဖြစ်သည်။
ဤဗီဇနိယာမသည် သစ်ပင်၏အညှောက်အတိုင်း အခက်အရွက်၊ အညွန့်၊ အဖူး၊ အငုံ၊ အပွင့်၊ အသီး၊ အစေ့၊ အဆံ၊ အပွေး၊ အခွံအခေါက်၊ အသားအနှစ်၊ အဆင်းအနံ့အရသာ အလုံးစုံတို့ကို အုပ်စိုးသည်။ ဗီဇ၏ အမျိုးအရိုးကို အကုန်လိုက်ကြရသည်ဟူ၍ ဗီဇနိယာမ၏အစွမ်းကို ရှင်းပြထားသည်။
တစ်ဖန် “ဥတုနိယာမ” အစွမ်းမူကား တန်ခူး၊ ကဆုန်စသော တစ်ဆယ့်နှစ်ရာသီတို့တွင် ထိုထိုလ၊ ထိုထိုသမယတို့၌ သူ့အခါ၊ သူ့သမယနှင့်သူ ပွင့်ကြမြဲဖြစ်သည်။ တစ်စုံတစ်ယောက်သောသူ၏ စီမံဖန်ဆင်းမှုမရှိဘဲ ဥတုလျှင် ဥတုချင်း အဆင့်ဆင့်ပြုပြင်ချက်နှင့် ကမ္ဘာပျက်သည့်တိုင်အောင် ဥတုသုံးပါး နှစ်စဉ်လစဉ် ဆက်လက်၍သွား၏။ သစ်ပင်ချုံမြက်တို့ သုံးပါးလည်း ဥတုသုံးပါး၏ ပြုပြင်ချက်အတိုင်း အစဉ်လိုက်ကြကုန်၏။ ဤသို့လျှင် သင်္ခါရလောက၌ “ဥတုနိယာမ”၏ အရာကို ရှင်းပြထား၏။
၃-၃ ဩကာသလောကနှင့် သင်္ခါရလောက
ဓာတ်စပ်သော ဓမ္မနိယာမကို ရှင်းပြသည်။ အဘိဓမ္မအလိုအားဖြင့် ပုဂ္ဂိုလ်ဟူ၍မရှိ၊ သတ္တဝါမရှိ၊ တောမရှိ၊ တောင်မရှိ။ အလုံးစုံသော ဩကာသလောက အဆောက်အအုံစု၊ သင်္ခါရလောက အဆောက်အအုံစုသည် ဓာတ်ပုံ၊ ဓာတ်စု၊ ဓာတ်တုံး၊ ဓာတ်ခဲတို့သာ ဖြစ်သည်။ ထိုဓာတ်မျိုးတို့တွင် အနည်းနှင့်အများ တန်ခိုးအစွမ်းရှိ၏။ မြေကြီးသည် ခပ်သိမ်းသော သင်္ခါရလောက၊ သတ္တလောကတို့ကို ရွက်ဆောင်နိုင်သော တန်ခိုးအစွမ်းရှိ၏။ မိုးရေသည် သင်္ခါရနှင့် သတ္တလောကတို့ကို ချီးမြှောက်စောင့်ရှောက်နိုင်သော တန်ခိုးရှိ၏။ မီးသည်လည်းကောင်း၊ နေဗိဗ္ဗာန်သည်လည်းကောင်း၊ ခပ်သိမ်းသော သင်္ခါရနှင့် သတ္တလောကတို့၌ ရင့်ခြင်း၊ ကျက်ခြင်း၊ ထက်သန်ခြင်း၊ အရောင်အလင်း ထွန်းလင်းတောက်ပခြင်းတို့ကို ဖြစ်စေနိုင်သော တန်ခိုးအစွမ်းရှိ၏။ တောတောင်ရှိ ဆေးပင်ဆေးမြစ်တို့သည် အနာရောဂါပျောက်စေနိုင်သော တန်ခိုးရှိ၏။ ပုဂ္ဂိုလ်သတ္တဝါတို့၌ ထိုတန်ခိုးမျိုးမရှိ၊ သိတတ်သောစိတ်နှင့် ဉာဏ်သာရှိ၏။ ထို့ကြောင့် ရေ၏ဆိုင်ရာရေ၊ မီး၏ဆိုင်ရာမီးကို ရှာကြံအသုံးပြုတတ်ကြ၏။
အချုပ်အားဖြင့် ဩကာသလောကနှင့် သင်္ခါရလောကတို့၌ ပြုလုပ်ဖန်ဆင်းသူ သတ္တဝါမရှိပါဘဲလျက် ဖြစ်ပေါ်ရန် အကြောင်းစုံလင်ခဲ့သော် သူ့အကြောင်းနှင့်သူ၊ သူ့အခါနှင့်သူ အသီးသီး ဖြစ်ပေါ်မှုမြဲခြင်း၊ ဆုတ်ယုတ်ချိန်၊ ပျက်ချိန်ကျလျှင်လည်း ဆုတ်ယုတ်ပျက်ဆုံးမှုမြဲခြင်း၊ အလုံးစုံတို့သည် ဓမ္မနိယာမအားဖြင့် ပြီးစီးကြရကုန်သည်။
(၄)သတ္တလောကနှင့်နိယာမတရား
၄-၁ သတ္တလောက၌ကမ္မနိယာမ
ရုပ်ဓာတ်အစဉ်ဟူသော ကိုယ်အကောင်သဏ္ဍာန်သည် တစ်ဘဝ တစ်ဘဝလျှင် သေရာ၌ တစ်ခါတစ်ခါ အစဉ်ပြတ်၏။ နာမ်ဓာတ်အစဉ်သည်မူကား အစဉ်ပြတ်သည်ဟူ၍မရှိ။ အနမတဂ္ဂ သံသရာ၌ အနန္တရပစ္စည်း တစ်ဆက်တည်း ဆက်လျက်ရှိ၏။ နာမ်အစဉ်ရောက်ရာ ရောက်ရာ၌ ရုပ်ခန္ဓာတို့သည်လည်း အသစ် အသစ် ဖြစ်ပေါ်ရ၏။ ထို့ကြောင့် တစ်စုံတစ်ယောက်သောသူ ပြုလုပ်ဖန်ဆင်းမှုမရှိဘဲ ကမ္မနိယာမအားဖြင့် သတ္တလောက ဖြစ် နေရ၏။
ကံဆိုသည်ကား နာမ်အစဉ်မှာ စိတ်ဝိဉာဏ်နှင့်အတူပါသော “စေတနာဓာတ်ကြီး“ကို ဆိုလိုသည်။ စေတနာသည် ခပ်သိမ်း သောအရေးကိစ္စတို့၌ စိတ်ဝိဉာဏ်ကို အတွင်လှုံ့ဆော်၍ ထကြွ သမားကြီးဖြစ်၏။ လှုံ့ဆော်မှုရှိမှ ကိစ္စပြီး၏။ ထို့ကြောင့် ခပ်သိမ်းသောကိစ္စတို့မှာ အမှုသည် အရင်းကြီးသည် လှုံ့ဆော်မှု (စေတနာ)သာ ဖြစ်သည်။
စေတနာမျိုးစေ့မှာ လူပင်၊ နတ်ပင် ဖြစ်ရသည်။ ပဋိသန္ဓေ ဝိဉာဏ်နာမ်ပင်တွေပေါက်ရသည်။ ထိုစေတနာကံသည် သတ္တဝါ တစ်ဦး၏ သဏ္ဍာန်တွင် သူ့စရိုက်ကံ၊ အမျိုးမျိုးရှိ၏။ ထိုသုကိုလ်ကံ၊အကုသိုလ်ကံမျိုးစေ့တို့သည် ကျရောက်ရာ ဘုံဘဝ၌ပဋိသန္ဓေ၊ ခန္ဓအပင်ပေါက်စေကုန်၏။
သစ်ပင်ဝါးပင် စသော သင်္ခါရလောက၌ ဟရိတခေါ်သော ဗီဇဓာတ်ကြီးသည် အသက်မရှိ၊ စိတ်မရှိ၊ ဉာဏ်မရှိပါဘဲလျက် အပင်အသစ်အသစ် ပေါက်ပွားရန် တန်ခိုးအစွမ်း ကြီးလှ၏။ သတ္တလောကတို့၏ ဗီဇကြီးဖြစ်ပွားသော စေတနာဓာတ်ကြီးမှာမူ အသက်လည်းရှိ၏၊ စိတ်လည်းရှိ၏၊ ဉာဏ်လည်းရှိ၏။ ထို့ ကြောင့်ဘဝအသစ်အသစ် ခန္ဓာအသစ်သစ် ဖြစ်ပွားမှု၌ တန်ခိုးအစွမ်းကြီးလှပေသည်။
ထို့ပြင် ဗီဇနိယာမသည သစ်ပင်တို့၌သာ ရသည်မဟုတ်၊ သတ္တဝါတို့၌လည်း ရထိုက်၏။ သတ္တဝါတို့၌ ဗီဇနိယာမ ဆိုသည်မှာ မိဘနှစ်ပါးတို့မှာ ဖြစ်ပွားသော “သုတ္တသောဏိတ” ခေါ်သော ဗိဇဓာတ်မျိုး၏ နိယာမအချက်ဖြစ်သည်။ ထိုဗီဇ နိယာမသည် သားငယ်၏ သန္တာန်၌“ကမ္မနိယာမ“၏ အဖော် အဖြစ်ရှိနေသည်။ ထို့ကြောင့် ကမ္မနိယာမတွင် “ဗီဇနိယာမ” ရောနှောနေသည်။
၄-၂သတ္တလောက၌စိတ္တနိယာမ
စိတ်အမျိုး ခြောက်မျိုးရှိသည်။ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ လျှက်စိတ်၊ တွေ့စိတ်၊ ကြံစိတ်ဟူ၍ ဖြစ်သည်။ စိတ်နှစ်မျိုးကွဲ၍ တစ်ပြိုင်တည်းဖြစ်ပေါ်သည်ဟူ၍ မရှိ။ တစ်ခုပျက်ဆုံးမှ တစ်ခု ပေါ်ရသည်။
ထို့နောက် စိတ်တို့၏ ဖြစ်ရာဌာနကို ရှင်းပြသည်။ စိတ် တို့၏ရှေ့နောက်စီတန်း၍ ဖြစ်စဉ်ကို “ဝီထိ”ဟု ခေါ်သည်။ မြင်ဝီထိ၊ကြားဝီထိ၊ နံဝီထိ၊ လျက်ဝီထိ၊ တွေ့ဝီထိ၊ သိဝီထိ၊ ခြောက်မျိုးရှိသည်။ မြင်ဝီထိဖြစ်ပုံမှာ ဆင်ခြင်စိတ်၊ မြင်စိတ်၊ ခံယူစိတ်၊ စုံစမ်းစိတ်၊ ပြဋ္ဌာန်းစိတ်၊ ကံစားစိတ်၊ နောက်လိုက်စိတ် ဟူ၍စိတ်ခုနစ်မျိုး အစဉ်အတိုင်း ဖြစ်မြဲဖြစ်၏။ မြင်စိတ်သည် မျက်လုံး၌ဖြစ်၍ ကျန်ခြောက်မျိုးသည် နှလုံးအိမ်အတွင်းမှ ဖြစ်ကြ သော စိတ်မျိုးဖြစ်၏။ ထိုအတူ ကြားစိတ်သည် နား၊ နံစိတ်သည် နှာခေါင်း၊ လျက်စိတ်သည် လျှာ၊ တွေ့စိတ်သည် ကိုယ်အင်္ဂါတို့ ဖြစ်၍ကြွင်းသောစိတ်ခြောက်မျိုးတို့သည် နှလုံးအိမ်အတွင်း မှာချည်းဖြစ်ကုန်၏ဟူ၍ ပဉ္ဇဒွါရ ငါးဝီထိဖြစ်ပုံကို ရှင်းပြသည်။
ဆက်လက်၍ မနောဒွါရ သိဓီထိဖြစ်ပုံကို ရှင်းပြ၏။ သိဝီထိ ဖြစ်ပုံမှာ (၁) ဆင်ခြင်စိတ်၊ (၂) တွင်ကျယ်စိတ်၊ (၃) နောက် လိုက်စိတ်ဟူ၍(၃)မျိုးရှိ၏။ ပဉ္ဇဒွါရငါးဝီထိတို့၌ ခံစားစိတ်နှင့် မနောဒွါရဝီထိ၌ တွင်ကျယ်စိတ်တိ့ကို“ဇောစိတ်”ဟူ၍ ခေါ်၏။ မနောဒွါရဇောစိတ်သည် အတွင်ကျယ်ဆုံးဖြစ်သည့် နှလုံးတွင်း၌ မနောဒွါရဇောစိတ်ပေါ်မှသာ ဖြစ်မှန်း၊ ကြားမှန်း၊ နံမှန်း၊ လျက်မှန်း၊တွေ့မှန်း သိကြကုန်၏။ ထို့ကြောင့် အနောဒွါရဝီထိ စိတ်သည် များစွာ ဖြစ်ပွားကုန်၏။
ဤသို့ မနောဒွါရဝီထိစိတ် များစွာဖြစ်ပွားကုန်သည်မှာ မည်သူတစ်ဦးတစ်ယောက်မျှ ထိုသို့ဖြစ်ကြရန် စီမံဖန်ဆင်းရသည် မဟုတ်။ “စိတ္တနိယာမ“အားဖြင့် အလိုလိုစီစဉ်ပြီး တစ်စည်း တစ်ရုံးတစ်လုံးတစ်ဖွဲ့တည်း ဖြစ်မြဲဓမ္မတာအတိုင်း ဖြစ်ကြရ ကုန်သည်။ဤသို့လျှင် သတ္တလောက၌ စိတ္တနိယာမဖြစ်ပုံကို ရှင်းပြ ထား၏။
၄-၃သတ္တလောက၌ဓမ္မနိယာမ
နိဒါနဝဂ္ဂသံယုတ်ပါဠိတော်တွင် ပဋိစ္စသမုပ္ပါဒ်တရားကို သတ္တလောက၏ ဓမ္မနိယာမတရားဟူ၍ ဟောတော်မူထား၏။ “အဝိဇ္ဇာပစ္စယသင်္ခါရာ၊ နာမရူပစ္စယာဝိညာဏံ၊ ဝိညာဏ ပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာသဠာယတနံ၊ သဠာယတနပစ္စယာ ဖသော၊ ဖဿပစ္စယာဝေဒနာ၊ ဝေဒနာပစ္စယာတဏှာ၊ တဏှာ ပစ္စယာဥပါဒါနံ၊ ဥပဒါနံပစ္စယာဘဝေါ၊ ဘဝပစ္ဆယာဇာတိ၊ ဇာတိ ပစ္စယာဇရာမရဏံ”ဟူသော ပဋိစသမုပ္ပါဒ်အစုံ(၁၁)စုံ၏ အနက် ကိုအကျဉ်းမျှ ရှင်းပြထား၏။
အဝိဇ္ဇာနှင့် သင်္ခါရသည် အတိတ်ဘဝ၌ ရှိခဲ့သောတရား နှစ်ပါး၊ဝိဉာဏ်၊ နာမ်ရုပ်၊ သဠယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ဥပါဒါန်း၊ ဘဝတို့သည် ယခု ပစ္စပ္ပန်တရားရှစ်ပါး၊ ဇာတိဇာရာမရဏတရားသုံးပါးသည် အနာဂတ်၌ ဖြစ်ပေါ်အံ့ သောတရားဟူ၍ ခွဲခြားပြသည်။ ယင်းတရားတို့ကြောင့် အနာဂတ်သံသရာ၌ အနမတဂ္ဂအဆုံးအမရှိ ပေါ်ရလေသည်။ အဝိဇ္ဇာတဏှာတို့ကို ပယ်သတ်နိုင်မှ ဆုံးတော့သည်။ ဤသို့လျှင် တစ်စုံတစ်ယောက်သောသူ ပြုလုပ်ဖန်ဆင်းမှုမရှိဘဲ အနမတဂ္ဂ သံသရာကာလ၌ နာမ်ဓမ္မ ရုပ်ဓမ္မတို့၏ အကြောင်းအကျိုး အဆက်ဆက် အစဉ်အမြဲနေသည်ကို ဓမ္မနိယာမဟုဆိုသည်။ ဤသို့လျှင် သတ္တလောက၌ ဓမ္မနိယာမဖြစ်ပုံကို ရှင်းပြထားသည်။
(၅)ပညတ်နှင့်ပရမတ်ခွဲပုံ
၅-၁ သစ္စာနှစ်မျိုး
လောကသုံးပါးတွင် သစ္စာနှစ်မျိုးရှိသည်။ ယင်းတို့မှာ သမုတိ သစ္စာနှင့် ပရမတ္တသစ္စာတို့ ဖြစ်သည်။ သမုတိသစ္စာသည် လူ အများခေါ်ဝေါ်မှုသို့ အစဉ်လိုက်၏။ လူအများညီညာလျှင် ပြောင်းချင်တိုင်း ပြောင်းနိုင်၏။ ပရမတ္တသစ္စာ ဆိုသည်ကား ဓာတ်သဘာဝ၊ ဓမ္မသဘာဝတို့နှင့် အဖြောင့်ကျ၏။
ပညတ်နှင့် ပရမတ် ခွဲရာတွင် သံသပိတ်ကို ဥပမာပေး ထား၏၊သမုတိသစ္စာအလိုအားဖြင့် သံသည်ပင်လျှင် သပိတ် သပိတ်သည်ပင်လျှင်သံ၊ သံနှင့်သပိတ် မကွဲအပြား ပြောကြကုန် သည်။ ပရမတ္တသစ္စာအလိုအားဖြင့် သံသည် သပိတ်အဟုတ်၊ သပိတ်သည် သံမဟုတ်၊ သံတခြား၊ သပိတ်တခြားဟူ၍ ပြော ရာ၏။ ဤသို့လျှင် သစ္စာနှစ်မျိုးကို ခွဲခြားပြ၏။
၅-၂ရုပ်ဓာတ်ခွဲပ
ပရမတ္တသစ္စာနည်းဖြင့် သတ္တဝါဟူသည် မရှိ။ ရုပ် နာမ် တရား နှစ်ပါးသာရှိသည်။ ထိုနှစ်ပါးသည် ယခုဘဝမှာပင် တစ်ဌာနက တစ်ဌာနသို့ ပြောင်းရွေ့ခြင်းမရှိ၊ ဖြစ်ရာ ဖြစ်ရာ ဌာန၌ပင်လျှင် ချုပ်ဆုံးကြ၏။
ရုပ်ဓာတ်ခွဲပုံ ဥပမာအဖြစ် သဲလမ်းကြီးဖြင့် ရှင်းပြထား၏။ ဤသဲလမ်းကြီးသည် သမုတိသစ္စာနည်းအားဖြင့် ရှိ၏။ အလျား၊ အနံ၊ထု၊ အကောက်အကွေ့၊ အနိမ့်အမြင့်ဟူ၍ ပြောပေရာ၏။ အဘိဓမ္မာနည်းဖြင့်ပြောမူကား လမ်းဟူ၍မရှိ၊ အလွန်သိမ်မွေ့ သော သဲလုံးတို့သာ ရှိကုန်၏။ သဲပုံသဲစုကြီးသာဖြစ်၏။ ရုပ် သဏ္ဍန်၊ မြင့်မိုရ်တောင်သဏ္ဍာန်တို့သည်လည်း ဉာဏ်၌ အကုန် ကွယ်ပျောက်၏။ မြေမှုန့်အစု၊ ကျောက်မှုန့်အစုသာ ရှိကြကုန်၏။ သစ်ပင်ချုံနွယ်အပေါင်းကို ထောင်းထုကြိတ်နယ်၍ ရှုခဲ့သော် သူ့သဏ္ဍာန်စု၊ အမည်စု၊ အကုန်ကွယ်ပျောက်၍ မြေမှုန့်စုသာ ကျန်၏။
ရုပ်နာမ်အစုသည် တစ်ဌာနမှတစ်ဌာနသို့ ပြောင်းရွေ့မှုမရှိ။ ထွက်သက်ခဏ၌ ဖြစ်ပေါ်သော ရုပ်နာမ်စုသည် ထွက်သက် ခဏ၌ ချုပ်၏။ ဝင်သက်ခဏ၌ ဖြစ်ပေါ်သောရုပ်နမ်စုသည် ဝင်သက်ခဏ၌ပင် ချုပ်ကုန်၏။ ရုပ်နာမ်ချုပ်ပုံကို စီး၍နေသော မြစ်ရေနှင့် ပုံစံပေးထား၏။ စီးနေသောမြစ်ရေကို စေ့စေ့ရှုလျှင် တလှုပ်လှုပ် တရွရွနေသည်ကို မြင်ရ၏။ လှုပ်မှုရွမှုဟူသည် ရုပ်သစ်ရုပ်ဟောင်း ပြောင်းလဲမှုဖြစ်သည်။ ဖြစ်မှုတည်မှု ပျက်မှု သုံးခုရှိ၏။ အမူအရာတစ်မျိုးတစ်မျိုး ကွယ်ဆုံးသည်ကား ရုပ် ကလာပ်ဟောင်း ချုပ်မှုပျက်မှုတည်း။ ဖြစ်ပေါ်မှု ကွယ်ဆုံးမှု နှစ်ခုတို့၏အကြား၌ ဖြစ်ပေါ်သည့်အတိုင်း အမူအရာမပျက်ဘဲ တည်နေသည်ကား တည်မှုဖြစ်၏။ အနုစိတ်ကြည့်သော် စီးနေ သော မြစ်ရေတစ်ပြင်လုံးမှာ တည်မှုကို ရှာကြံ၍မရ။ ဖြစ်မှုပျက်မှု နှစ်ခုကိုသာ မြင်ရ၏။
မစီးသောရေသေတို့၌လည်း ဥတုဟူသော မီးဓာတ်ကြီး ကြောင့် ပူရှိန်တရွရွ အေးရှိန်တရွရွ ထလျက်သာရှိ၏။ ပူရှိန်သည် ပံသုပထဝီမြေမျုး၌လည်း ပွားစီး၍ နေ့နေ့ညည တရှိန်ရှိန် တရွရွ ရှိကြကုန်၏။ သီလာပထဝီမြေကြီးနှင့် မြင့်မိုရ်တောင်၊ ကျောက် ဓာတ်မျိုး၊ ကြေးဓာတ်မျိုး၊ သံဓာတ်မျိုးတို့သည်လည်း အေးရှိန် ဥတုပွားစီးမှုနှင့် တရှိန်ရှိန်တရွရွ ရှိကြကုန်၏။
သဲလမ်းကြီးဥပမာ၊ စီးနေသောမြစ်ရေ ဥပမာအစဉ်ကဲ့သို့ သတ္တဝါတို့၏ သန္တာန်မှာလည်း အသစ်အဟောင်း အပြောင်း အလဲမစဲ မပြတ် ရုပ်ဓာတ်၊ နာမ်ဓာတ်၊ ဝိဉာဏ်ဓာတ်တို့၏ အစဉ်အားဖြင့်သာလျှင် “ဤဘဝချုပ်၍ ထိုဘဝပေါ်သည်” ဟု ပြောဆိုရာ၏။
ရုပ်တရားသည် ရုန့်ရင်းကြမ်းတမ်းသော တရားမျိုးဖြစ်၍ အကာအဆီးရှိလျှင် တိုက်ခိုက်၍နေတတ်၏။ ဖောက်ထွင်း၍ မသွားနိုင်၊ အာရုံကိုယူတတ်သောတရားမဟုတ်။ အာရုံကို လှမ်းမှု ယူမှုမရှိ။ ရုပ်အစဉ်ရွေ့လျား၍ သွားမှုလာမှုရှိ၏။ နီးလျှင် နီးသည့်အလျှောက် အလျင်ရောက်၏။ ဝေးလျှင် ဝေးသည့် အလျှောက် နောက်မှရောက်တတ်သောသဘော ရှိလေသည်။
၅-၃နာမ်ဓာတ်ခွဲပုံ
နာမ်တရားသည် အလွန်သိမ်မွေ့သောတရားမျိုးဖြစ်၍ တစ်ကြောင်း၊ အာရုံကို သိမှုယူမှုရှိသည်တစ်ကြောင်းတို့ကြောင့် ရုပ်ကဲ့သို့ အကာအဆီး အနီးအဝေး၊ ခြားနားခြင်းမရှိ၊ အာရုံပြု လိုလျှင် မဟာအဝီစိငရဲကို လှမ်းယူသမှု အာရုံပြုနိုင်၏။ ယခု နတ်ပြည်ဖြစ်လိုက ဖြစ်နိုင်၏။ နာမ်တရားဖြစ်ရာမှာ ရုပ်ခန္ဓာ လည်းပေါ် ရတော့သည်။ ထိုထိုဘဝ၌ နာမ်ခန္ဓာ၊ ရုပ်ခန္ဓာ ဆက်လက်ကာပေါ်ခဲ့လျှင် သမုတိသစ္စာနည်းအားဖြင့် “ဘယ်လူ သည် ယခုသေ၍ ငရဲပြည်ဖြစ်သည်၊ နတ်ပြည်ဖြစ်သည်” ဟု ပြောဆိုကြရတော့၏။
ပရမတ္တ အလိုအားဖြင့်မူ ပုဂ္ဂိုလ်၊ သတ္တဝါဟူ၍ မရှိသော ကြောင့်မရှိသည်ကို အရှိလုပ်၍ ပြောဆိုစရာမရှိ၊ သံသပိတ် ဥပမာကဲ့သို့ပင်ဖြစ်၏။ သတ္တဝါတို့၏သန္တာန်၌ ရုပ်ဓာတ်သား၊ နာမ်ဓာတ်သားစုသည် သံသားနှင့်တူ၏။ ပုဂ္ဂိုလ်သဏ္ဌာန် သတ္တဝါသဏ္ဌာန်၊ လူသဏ္ဌာန်၊ နတ်သဏ္ဌာန် စသော သဏ္ဌာန်ကြီးငယ်စုသည် သပိတ်သဏ္ဌာန်နှင့်တူ၊ ဤနည်းဖြင့် အတ္တ၊ အနတ္တခွဲနည်းကို ရှင်းပြထား၏။
သတ္တလောကဓမ္မနိယာမပိုင်းတွင် ဆက်လက်၍“ဥစ္ဆေဒဒိဌိ သဿတဒိဌိ၊ အတ္တဇီဝအယူမျိုးရှိသောဒိဌိ (ဣဿာရနိမ္မာနဝါဒ) ဖြစ်ပုံတို့ကို ပြဆိုထား၏။
( ၆ ) လောကသုံးပါးအချုပ်အခြာ
၆-၁ ဩကာသလောကအချုပ်အခြာ
ဩကာသလောက၌ သံဝဋ္ဋကပ်၊ သံဝဋ္ဋဌာယီကပ်၊ဝိဝဋ္ဋ ကပ်၊ဝိဝဋ္ဋကပ်ဟူသော အသံင်္ချေယျ ကပ်ကြီးလေးပါးနှင့် ထိုကပ်ကြီးလေးပါးကို အစဉ်အတိုင်း ပြုပြင်သော သံဝဋ္ဋမီးဓာတ်၊ သံဝဋ္ဋဌာယီမီးဓာတ်၊ ဝိဝဋ္ဋမီးဓာတ်၊ ဝိဝဋ္ဋဌာယီမီးဓာတ်ဟူ၍ ကမ္ဘာမီးဓာတ်ကြီးလေးပါးသည် အလုံးစုံ အုပ်ခြုံမိသော အချုပ် ဖြစ်သည်။ ဥဏှတေဇော၊ သီတတေဇောနှစ်ပါးသည် အထူး ထင်ရှားသောအခြာဖြစ်သည်။
၆-၂ သင်္ခါရလောကအချုပ်အခြာ
သင်္ခါရလောက၌ ဂိမန္တဥတု၊ ဝသန္တဥတု၊ ဟေမန္တဥတု ဟူသောဥတုပါးနှင့် မျိုးစေ့ကြီးငါးပါးသည် အလုံးစုံ အုပ်ခြုံ မိသောအချုပ် ဖြစ်သည်။ ဥဏှတေဇော၊ သီတတေဇော နှစ်ပါး တို့သည် အထူးထင်ရှားသော အခြားဖြစ်သည်။
၆-၃ သတ္တလောကအချုပ်အခြာ
သတ္တလောက၌ ပဋိစ္စသမုပ္ပါဒ် အင်္ဂါတစ်ဆယ့်နှစ်ပါးနှင့် အဝိဇ္ဇာတဏှာဟူသော မူလနှစ်ပါးသည် အလုံးစုံ အုပ်ခြုံမိသော အချုပ်ဖြစ်သည်။ ကုသိုလ်ကံ အကုသိုလ်ကံသည် အထူးထင်ရှား သော အခြာဖြစ်သည်။
၆-၄ လောကကြီးသုံးပါးအချုပ်အခြာ
လောကကြီးသုံးပါး၌ ရုပ်ဓာတ်၊ နာမ်ဓာတ်၊ တရားနှစ်ပါးနှင့် နိယာမတရားငါးပါးသည် အလုံးစုံ အုပ်ခြုံမိသောအချုပ်ဖြစ်၏။ ဇာတ်ဇရာမရဏတရားသုံးပါးနှင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တတရား သုံးပါးသည် အထူးထင်ရှားသော အခြာဖြစ်၏။
ဤသို့လျှင် နိယာမဒီပနီကျမ်း၏ နိဂုံးပိုင်းတွင် လောက သုံးပါး၏ အချုပ်အခြာကို အသေးစိတ် ခွဲခြားဖော်ပြ နိဂုံးချုပ် ထားပါသည်။
ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ နိယာမဒီပနီတွင် ပါဝင်သော အကြောင်းအရာတို့ကို အနှစ်ချုပ်၍ ညွှန်းဆိုတင်ပြပြီး ဖြစ်ပါသည်။ နိယာမဒီပနီသည် အဘိဓမ္မာပိုင်း ဖြစ်သည်နှင့်အညီ ခက်ခဲနက်နဲလှသော အကြောင်းအရာများ ဖြစ်ပါသည်။ ခက်ခဲနက်နဲ လှသော အကြောင်းအရာတို့ကို ဆရာတော်ဘုရားကြီးသည် ကြည့်သူ လူခပင်း ထင်လင်းအောင် ရေးသားထားကြောင်း၊ နိယာမတရား ငါးပါးနှင့်ပင် လောကသုံးပါးလုံး ပြီးစီးနိုင်ရန် အတန်ကြီး ချဲ့ရေး လိုက်ကြောင့် မိန့်ကြားထားပါသည်။
ထို့ပြင် ဤနိယာမဒီပနီကျမ်းသည် ဗြဟ္မဏဝါဒ၊ ထာဝရ ဘုရား သခင်က လောကကြီးကို ဖန်ဆင်းသည်ဟူသောဝါဒတို့ကို ဗုဒ္ဓဝါဒအရ နိယာမတရားငါးပါးဖြင့် လောကကြီးဖြစ်ပုံ၊ တည်ပုံ၊ ပျက်ပုံတို့ကို အကျယ်ဖွင့်ဆို ရှင်းလင်းရေးသားထားခြင်းဖြင့် ဖြေရှင်းထားသော ကျမ်းလည်း ဖြစ်ပါသည်။
တစ်ဖန် ဗုဒ္ဓဘာသာဝင်တို့အဖို့ နိယာမဒီပနီကျမ်းကို ဖတ်ရှုရခြင်း အကျိုးကြောင့် ဧကတ္တနည်းဖြင့် “ဥစ္ဆေဒဒိဌိ” ကင်းစင်နိုင်ခြင်း၊ နာနတ္တ နည်းဖြင့် “သဿတဒိဌိ” မှ ကင်းစင်နိုင်ခြင်း၊ အဗျာပါရနည်းဖြင့် “ဣဿရနိမ္မာနဝါဒ“မှ ကင်းစင်နိုင်ခြင်း၊ ဧဝံဓမ္မတာနည်းဖြင့် “အဟေတုက အကြိယဒိဋ္ဌိ“မှ ကင်းစင်နိုင်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။
ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ နိယာမဒီပနီ ကျမ်းညွှန်းကို ရေးသားရာတွင် ဆရာတော်ဘုရားကြီး၏ ဆိုလိုရင်း အာဘော် မယွင်းချော်စေရန် အထူးဂရုပြု၍ ရေးသားထားပါသည်။ စကားအသုံးအနှုန်းအစ ဝါကျတည်ဆောက်ပုံအဆုံး ဆရာတော် ဘုရားကြီး၏မူကိုသုံး၍ ရေးသားတင်ပြထားခြင်းဖြစ်ကြောင်း ဖော်ပြ လျက် နိဂုံးချုပ်အပ်ပါသည်။
မုံရွာမြို့၊ ကျေးဇူးရှင်ပထမလယ်တီဆရာတော်ဘုရားကြီး၏ နိယာမဒီပနီကျမ်းညွှန်းစာတမ်းမှ
Comments
Post a Comment